ع ر ج -အပေါ်သို့တက်သည်၊ ဉာဏ်သမာပတ်တက်လှမ်းသည်၊ တက်ရောက်လာသူ


အပေါ်သို့တက်သည်၊ ဉာဏ်သမာပတ်တက်လှမ်းသည်၊ တက်ရောက်လာသူ

ရင်းမြစ် ع ر ج သည်ပုံစံ ၃-မျိုးဖြင့် ကျမ်းမြတ်ကုရ်အာန်တွင် ၉-ကြိမ် ပါဝင်သည်။

ကျမ်းချက် အမှတ်အဓိပ္ပာယ်အာရ်ဗီ မူရင်း ကျမ်းချက်
၁၅း၁၄တက်သွားနိုင်ရန်وَلَوْ فَتَحْنَا عَلَيْهِمْ بَابًا مِنَ السَّمَاءِ فَظَلُّوا فِيهِ يَعْرُجُونَ
၃၂း၅ပြန်တက်သွား၏ثُمَّ يَعْرُجُ إِلَيْهِ فِي يَوْمٍ كَانَ مِقْدَارُهُ أَلْفَ سَنَةٍ مِمَّا تَعُدُّونَ
၃၄း၂တက်သော အရာ وَمَا يَنْزِلُ مِنَ السَّمَاءِ وَمَا يَعْرُجُ فِيهَا وَهُوَ الرَّحِيمُ الْغَفُورُ
၅၇း၄တက်သော အရာ وَمَا يَنْزِلُ مِنَ السَّمَاءِ وَمَا يَعْرُجُ فِيهَا وَهُوَ مَعَكُمْ أَيْنَ مَا كُنْتُمْ
၇၀း၄တက်လှမ်း၏تَعْرُجُ الْمَلَائِكَةُ وَالرُّوحُ إِلَيْهِ
နာမ်၊ أَعْرَج ၂-ကြိမ်
၂၄း၆၁တက်ရောက်သူများ၊ တက်လာသူများلَيْسَ عَلَى الْأَعْمَىٰ حَرَجٌ وَلَا عَلَى الْأَعْرَجِ حَرَجٌ
၄၈း၁၇တက်ရောက်သူများ၊ တက်လာသူများلَيْسَ عَلَى الْأَعْمَىٰ حَرَجٌ وَلَا عَلَى الْأَعْرَجِ حَرَجٌ
၂၄း၆၁ နှင့် ၄၈း၁၇ တွင် ဖေါ်ပြသော الْأَعْرَجِ ကို ဆရာတော်များ "ဒုက္ခိတများ" ဟု ဘာသာပြန်သည်ကို တွေ့ရပေသည်။ ဖေါ်ပြပါ ကျမ်းချက်များ၏ အခြေအနေမှာ အလှုဒါန ဧည့်ခံကျွေးသည့် အနေအထားဖြစ်ကြောင်း သိနိုင်ပါသည်။ ထို အခြေအနေအတွင် အခြားသော တက်ရောက်လာသူများမှာ မျက်မမြင်များ၊ နာမကျမ်းသူများ ဖြစ်ခြင်းကြောင့် ဤ စကားလုံး الْأَعْرَجِ တက်ရောက်လာသူများအား "ဒုက္ခိတများ" ဟု ပြန်ဆိုဟန်ရှိပေသည်။ သို့မဟုတ် ထိုမျက်မမြင်များ၊ နာမကျမ်းသူများနှင့်အတူ အလှုဧည်ခံကျွေးမွေးပွဲသို့ တက်ရောက်လာသူများသည် (ထိုခေတ်ထိုအချိန်က) ဒုက္ခိတများ ဖြစ်သောကြောင့်လည်း- ထိုတက်ရောက်လာသူများကို "ဒုက္ခိတများ" ဟု အစဉ်အလာဖြင့် ပြန်ဆိုဟန်ရှိပေသည်။
နာမ်၊ مَعَارِج ၂-ကြိမ်
၄၃း၃၃တက်လမ်းများ၊ လှေကားများلَجَعَلْنَا لِمَنْ يَكْفُرُ بِالرَّحْمَٰنِ لِبُيُوتِهِمْ سُقُفًا مِنْ فِضَّةٍ وَمَعَارِجَ عَلَيْهَا يَظْهَرُونَ
၇၀း၃ဉာဏ်သမာပတ်တက်လမ်းများمِنَ اللَّهِ ذِي الْمَعَارِجِ

Comments are closed.