س ق ط
ကျဆင်းသည်၊ ပဲ့ကျသည်၊ ပြိုကျသည်၊ အကျ
ရင်းမြစ် س ق ط သည် ပုံစံ ၄-မျိုးဖြင့် ကျမ်းမြတ်ကုရ်အာန်တွင် ၈-ကြိမ် ပါဝင်သည်။
| ကျမ်းချက် အမှတ် | အဓိပ္ပာယ် | အာရ်ဗီ မူရင်း ကျမ်းချက် |
|---|---|---|
| ၆း၅၉ | ကြွေကျသည် | وَمَا تَسْقُطُ مِنْ وَرَقَةٍ إِلَّا يَعْلَمُهَا |
| ၇း၁၄၉ | ကျလျှက် (ကျသည်) | وَلَمَّا سُقِطَ فِي أَيْدِيهِمْ وَرَأَوْا أَنَّهُمْ قَدْ ضَلُّوا قَالُوا لَئِنْ لَمْ يَرْحَمْنَا رَبُّنَا وَيَغْفِرْ لَنَا لَنَكُونَنَّ مِنَ الْخَاسِرِينَ |
| ၉း၄၉ | ကျဆင်းနေကြ၏ | وَمِنْهُمْ مَنْ يَقُولُ ائْذَنْ لِي وَلَا تَفْتِنِّي أَلَا فِي الْفِتْنَةِ سَقَطُوا |
| ၁၉း၂၅ | ကျလာလိမ့်မည် | وَهُزِّي إِلَيْكِ بِجِذْعِ النَّخْلَةِ تُسَاقِطْ عَلَيْكِ رُطَبًا جَنِيًّا |
| ၁၇း၉၂ | ကွဲပြိုကျစေသော်လည်း | أَوْ تُسْقِطَ السَّمَاءَ كَمَا زَعَمْتَ عَلَيْنَا كِسَفًا |
| ၂၆း၁၈၇ | ပြိုကျစေလော့ | فَأَسْقِطْ عَلَيْنَا كِسَفًا مِنَ السَّمَاءِ إِنْ كُنْتَ مِنَ الصَّادِقِينَ |
| ၃၄း၉ | ပဲ့ကျခြင်း | إِنْ نَشَأْ نَخْسِفْ بِهِمُ الْأَرْضَ أَوْ نُسْقِطْ عَلَيْهِمْ كِسَفًا مِنَ السَّمَاءِ |
| ၅၂း၄၄ | ပြိုကျသည် | وَإِنْ يَرَوْا كِسْفًا مِنَ السَّمَاءِ سَاقِطًا يَقُولُوا سَحَابٌ مَرْكُومٌ |
( မှတ်ချက် ) ကျမ်းမြတ်ကုရ်အာန်ပါ ဝေါဟာရများ၏ အဓိပ္ပါယ်များမှာ အလွန်ကြွယ်သဖြင့် ဘာသာပြန်ကိုယ်စီတွင် ဝေါဟာရ ရွေးချယ်မှု ကွဲပြားနိုင်ပါသည်။
သို့သော် ဇစ်မြစ်အဓိပ္ပါယ် ဆန့်ကျင်ခြင်း မရှိပါ။