The Holy Islam

အစ္စလာမ် သာသနာတော်

အစ္စလာမ် သာသနာတော်

ဘာသာပြန် (အာရ်ဗီ-မြန်မာ)
မြန်မာ ဘာသာပြန် သီးသန့်

ကုရ်အာန် မြန်မာ ဘာသာပြန် သီးသန့်

ဦးဌေးလွင်ဦး ဘာသာပြန်ဆိုသည်။
ဦးဌေးလွင်ဦး ဘာသာပြန်ဆိုသည်။
~~~ အမှာစာ ~~~
ဤဘာသာပြန်သည် အစ္စလာမ် သာသနာဝင်များ၏ အဓိက ပင်မ လက်ခံ ယုံကြည် ထားသော ကုရ်အာန်ကျမ်းစာအားတစ်မြေတည်းနေ တစ်ရေတည်းသောက် ဘာ သာစကားတူ လူသားညီအစ်ကို မောင်နှမများအတွက် နားလည်ရ လွယ်ကူ စေရန် လုံ့လပြု အားထုတ်ထားခြင်းဖြစ်သည်။
~~~ ဘုရားရှင် ~~~
ကမ္ဘာ့ ဘာသာတရားတိုင်းက ဘုရားရှိသည်ဟု လက်ခံ ယုံကြည်ကြ၏။ သို့သော် ဘုရားဟူသည်နှင့် ပတ်သက်၍ ခံစားယုံကြည်မှု မတူညီကြပေ။ ဟိန္ဒူ၊ ရေ၀တီ (ဂျူး)၊ ခရစ်ယာန်နှင့် အစ္စလာမ် ဘာသာများက ဘုရားဟူ သည်မှာ လောက ခပ်သိမ်းအားဖန်ဆင်းသော အရှင် ဖြစ်သည်ဟု ယုံကြည်ကြပြီး၊ ဗုဒ္ဓဘာသာကမူ ဖန်ဆင်းရှင်မရှိ- ဘုရားဟူသည် လူသားမှ ပွင့်ပေါ် ခြင်းဖြစ်သည်ဟု ယုံကြည်၏။
ဤသည် အများနားလည်ထားသော ယေဘုယျ သဘော ဖြစ်ပြီး၊ ထိုထက် ပို၍ လေ့လာလျှင်-
ဟိန္ဒူဘာသာဝင်များက “ဖန်ဆင်းသော ဘုရားမှသည် လူ့လောကသို့ လူသားအဖြစ် ဝင်စားလျက် လူသားအပေါင်းအားတရားအလင်းရောင် သွန်သင်ပြသ ညွှန်ကြားတော်မူ၏ သို့ဖြစ်၍ ဖန်ဆင်းရှင် ဘုရားနှင့် လူသားအသွင် ပွင့်ပေါ်သော ဘုရားသည် အတူတူပင် ဖြစ်သည်”ဟု ခံစားယုံကြည်ကြ၏။ ဤယုံကြည်မှုမှာ ခရစ်ယာန် ဘာသာ၏ ခံစားယုံကြည်ချက်နှင့် တူညီသည်ဟု မှတ်ချက်ပြုနိုင်၏။
တဖန် ထိုသို့ ခံစားယုံကြည်ချက်သည် မဟာယန ဗုဒ္ဓ ဘာသာတို့၏ တြိကာယ ယုံကြည်ချက်နှင့် အသွင်တူနေသည်ကို တွေ့ရပြန်ပါသည်။ တြိကာယ ဟူမူ- ဓမ္မကာယ။ နိမ္မာနကာယ၊ သံဘောဂကာယ ဟု ကာယ သုံးပါးဖြစ်၍ ဓမ္မကာယ သည် စကြာ၀ဠာ အပေါင်း၌ တည်ရှိနေသော မူလတရားကိုယ်၊ ထို တရားကိုယ်မှ တရားဉာဏ်စဉ် အဖြစ် နိမ္မာနကာယဖြင့် လူသားမှ ပွင့်ပေါ်သော သံဘောဂကာယ သို့ ဝင်စားခြင်းဖြစ်၏။ ၎င်းမှာ ခရစ်ယာန်တို့၏ “ခမည်းတော်၊ သန့်ရှင်းသော ဝိဉာည်တော်၊ ခရစ်တော်” ဟူသည့် သဘောတရားမှာ အတူတူပင် ဖြစ်၏၊ သို့သော် မဟာယနများက ဓမ္မကာယအားဖန်ဆင်းရှင်ဟု မသတ်မှတ်ဘဲ မူလပင်မ တရားကိုယ် ဟုသာ ယုံကြည်ကြပေသည်။
ဤအယူအဆနှင့် ဆင်တူသည့်- အမြဲတည်ရှိသော ဓမ္မဓိဌာန် ဗုရားမှ ကိန်းအောင်း၍ လူတွင်ထင်ရှားလူသားသမ္မာသမ္ဗုဒ္ဓ ပုဂ္ဂလဓိဌာန် ဘုရားများပွင့်ပေါ်ရသည်ဟု- မြန်မာ ထေရဝါဒ ဆရာတော်များဖြစ်သည့် လယ်တီ ဆရာတော်နှင့် ဓမ္မစေတီ ဆရာတော်တို့၏ “သမ္မာစိတ္တ ဘာသာကျမ်း”၊ ဓမ္မစေတီ ဆရာတော်၏ “နိဗ္ဗာန် လမ်းပြ ဓမ္မကထိက ပဒေသာလက်သုံးကျမ်း”၊ ဘုရားဒကာ ဦးလူငယ်၏ “သဗ္ဗညုတ စိန္တာမဏိကျမ်း”နှင့် အခြားသော ဝိပဿနာ၌ ထုံသော ဆရာတော်များ၏ “ဗုဒ္ဓ”၏ အနက် ဖွင့်ဆိုချက် ကျမ်းပေါင်းများစွာတွင် တွေ့ရှိရ၏။
ရေ၀တီ (ဂျူး) နှင့် အစ္စလာမ်ဘာသာများက ဘုရားရှင်သည် ကမ္ဘာလောက၌ လူသားအဖြစ် ဝင်စားခြင်းမရှိ၊ လူသားတို့အားတရားပြရန် ပွင့်ပေါ်သော လူပုဂ္ဂိုလ်များမှာ ဘုရားရှင်က စေစားသော သတင်းတော်ဆောင်၊ ဉာဏ်စဉ်တော် ဆောင်များသာ ဖြစ်၏၊ ထို လူ ပုဂ္ဂိုလ် သတင်းတော်ဆောင်၊ ဉာဏ်စဉ်တော်ဆောင် များအားပရမတ်ဘုရားရှင်က သဗ္ဗညုတဉာဏ်စဉ် ကိန်းဝပ်ပေးခြင်းသာ ဖြစ်၍ သုံးပါးတစ်ဆူ တြိကာယ မဟုတ်၊ သူ့ကဏ္ဍနှင့် သူ သီးသန့်စီ ဖြစ်၏-ဟု အယူရှိ ကြသည်။
သို့သော် ရေ၀တီ (ဂျူး)တို့က ဘုရားရှင်၏ ပုံသဏ္ဌာန်သည် လူသားကဲ့သို့ ဖြစ် သည်ဟု ယုံကြည်ကြ၍၊ အစ္စလာမ်ဘာသာကမူ ဘုရားရှင် ဟူသည် ပရမတ် ဖြစ်၍ အတုမရှိ၊ မနှိုင်းယှဉ်အပ်၊ ပုံမဖွဲ့နိုင်ဟု ယုံကြည်ကြသည်။
အာရာမစ်၊ အာရ်ဗီနှင့် ဟီးဘရူးစာပေတွင် ဘုရားရှင် အတွက် သုံးသော သဒ္ဒါမှာ သီးသန့်အများကိန်းပုံစံ ဖြစ်၍ ပါဠိ၊ ဂရိ၊ လက်တင်၊ အင်္ဂလိပ်၊ မြန်မာပေများတွင် ထိုသို့သော သီးသန့်အများကိန်းပုံစံ မရှိပေ။ ရိုးရိုးအနည်းကိန်း၊ အများကိန်းပုံစံသာ ရှိနေသဖြင့် သမ္မာကျမ်းစာအားဘာသာပြန်ဆိုသူများက ဟီးဘရူးစာပေ လာ ဘုရားရှင် ဟူသည့် ဝေါဟာရအား“အများကိန်းဖေါ်ပြမှု တြိကာယ သုံးပါးတစ်ဆူ ဖြစ်သည်” ဟုလည်းထင်ယောင်ထင်မှားဖွင့်ဆိုသည်ကို တွေ့ရပေသည်။
သီးသန့်အများကိန်းပုံစံဆိုသည်မှာ အနည်းလည်းမဟုတ်၊ အများလည်းမဟုတ် ကိန်းဂဏန်းဖြင့် ရေတွက်နိုင်ခြင်းမရှိသော ပရမတ်စစ်စစ် ဖြစ်သည်ဟု ဆိုလိုခြင်းပင် ဖြစ်သည်။
ထို့ကြောင့် ဤကုရ်အာန် ဘာသာပြန်တွင် အစ္စလာမ်တို့ သက်ဝင်ယုံကြည်သော ဘုရားရှင်အား“ပရမတ်ဘုရားရှင်” ဟု ဘာသာပြန် တင်ပြအပ်ပါသည်။
~~~ ဉာဏ်စဉ်ရပုဂ္ဂိုလ်များ ~~~
ကမ္ဘာ့လောက၌ တရားပြရန် ပွင့်ပေါ်လာသည့် လူသားဉာဏ်စဉ်ရ ပုဂ္ဂိုလ် များကို ဟိန္ဒူ၊ ဗုဒ္ဓဘာသာနှင့် ခရစ်ယာန်တို့က “ဘုရား”ဟုပင် ခေါ်တွင် သုံးစွဲသည် ကို တွေ့ရသည်။ အဆိုပါ လူဘုရားသည် မူလပင်မ ဇစ်မြစ် ဘုရားမှ လူသားအဖြစ် ဝင်စား၍ သတ္တဝါ အပေါင်းအားတရားပြသည်ဟု ယုံကြည်ကြသည်။ နည်းငယ် ရှင်းရသော်- ခရစ်ယာန်တို့က ယေရှုခရစ်တော်သည် ဘုရားသခင်၏ သားတော်ဟု အသုံးများသော်လည်းအဆိုပါ ယေရှုခရစ်တော်သည် ဘုရားပင် ဖြစ်သည်ဟု ယုံကြည်ထားကြပေသည်။ ဟိန္ဒူဘာသာ၏ အယူမှာ မူလဇစ်မြစ် ဘုရားမှ လောက အပေါင်းအားကယ်တင် စောင့်ရှောက်ရန် လူသားအဖြစ် ဝင်စား၍ လောက၌ ပွင့်ပေါ်ခြင်းကြောင့် အဆိုပါ လူသားသည် မူလဇစ်မြစ် ဘုရားနှင့် အတူတူပင် ဖြစ်၏၊ ခွဲခြား၍ မရဟု ခံယူသည်။ မဟာယန ဗုဒ္ဓ ဝါဒ၌ မူလပင်မ တရားကိုယ် ဓမ္မကာယသည် နိမ္မာနကာယ အားဖြင့် လူသားထံ ကျိန်းဝပ်လျက် သံဘောဂ ကာယ ဘောဓိသတ္တ လူသားဘုရားအဖြစ် ပွင့်ပေါ်သည် ဟု ယုံကြည်သည်။ မြန်မာ ထေရဝါဒ ဗုဒ္ဓ ဘာသာဝင် ဆရာစဉ် အဟောအပြောများတွင် မူလပင်မ ဘုရားဟူသည် မှေးမှိန်နေလျက် လူသားမှ သမ္မာသမ္ဗုဒ္ဓ အဆင့်ထိ ကိန်းဆိုက်၍ ပွင့်ပေါ်ခြင်းဖြစ်သည်ဟု ခံယူကြ၏။ သို့သော် လယ်တီ ဆရာတော်၊ ဓမ္မစေတီ ဆရာတော်၊ အပါအဝင် ဝိပဿနာ၌ အားသန်သော ဆရာတော်များက ဗုဒ္ဓ ဟူသော အနက်ကို ရှင်းလင်းတင်ပြရာတွင် - ဓမ္မဓိဌာန် ဗုရားမှ ကိန်းအောင်း၍ လူတွင် ထင်ရှားလူသားသမ္မာသမ္ဗုဒ္ဓ ပုဂ္ဂလ ဓိဌာန်ဘုရားများပွင့်ပေါ်ရသည် ဟု- သွန်သင် ထားသည်များရှိပေရာ- လူသား၌ ပွင့်ပေါ်သော ဉာဏ်စဉ်ရ ပုဂ္ဂိုလ်တို့အားဘုရားဟုပင် ခံစားယုံကြည် သည်ကို တွေ့ရသည်။ လူသားဉာဏ်စဉ်ရ ပုဂ္ဂိုလ်တို့အားဘုရားဟု ခံစားယုံကြည်ကြသော်လည်းဟိန္ဒူ နှင့် ဗုဒ္ဓဘာသာတို့မှာ မူလပင်မ ဘုရားမှ လူ့လောက၌ လူသားအဖြစ် ဝင်စားခြင်းသို့မဟုတ် ကျိန်းဝပ်ခြင်းဟု နီးစပ်မှု ရှိ၍ ခရစ်ယာန်တို့ကမူ မူလဇစ်မြစ် ဘုရားအားလူသားအသွင်ဖြင့် ခံစားလျက် လောက၌ ပွင့်ပေါ် သော ပုဂ္ဂိုလ်မှာ ဘုရားနှင့် လူ ကပြားဖြစ်သည့် ဘုရားအဖြစ် ယုံကြည်ကြပေသည်။ ရေ၀တီ (ဂျူး)နှင့် အစ္စလာမ် ဘာသာများတွင် လူသားဉာဏ်စဉ်ရ ပုဂ္ဂိုလ်များမှာ လူသားပင် ဖြစ်၍- မူလပင်မ ဘုရားရှင်နှင့် မသက်ဆိုင်- မူလပင်မ ဘုရားသည် လောကအပေါင်းအားတရားပြရန် လူသားထဲမှာ ရွေးချယ်၍ ဉာဏ်စဉ်ကိန်းဝပ် တရားပြပေးသည်ဟု ယုံကြည်ကြသည်။ ရေ၀တီ (ဂျူး)များက ဘုရားသခင် ထံမှ ဗျာဒိတ်ပေးခံရသော သူတို့အားဘုရားဟု ခေါ်သည် ဟု “ဓမ္မသစ် ရှင်ယောဟန် ၁ဝး၃၄၊ ၃၅ ” တွင် တွေ့ရ သော်လည်း၊ ရေ၀တီများက ဓမ္မသစ်အားလက်မခံ- ၎င်းတို့ လက်ခံယုံကြည်သော ဓမ္မဟောင်းကျမ်းများတွင် လူပုဂ္ဂိုလ် ဉာဏ်စဉ်ရသူများအားဘုရားဟု ခေါ်သည်ကို မတွေ့ရ ပေ။ သို့သော် အချို့သော ပုဂ္ဂိုလ်များအားဘုရားသခင်၏ သားတော်၊ သားဦးဟု ခေါ်သည်ကို တွေ့ရပေ၍။ ရေ၀တီ ဘာသာဝင်များက ဉာဏ်စဉ်ရ ပုဂ္ဂိုလ်များအားတမန်တော် (ဘုရားသခင်၏ သံတမန်) အဖြစ် ခေါ်တွင် ယုံကြည်ကြပေသည်။ အစ္စလာမ်ဘာသာ၌မူ လူသားမှ ဉာဏ်စဉ်ရ ပုဂ္ဂိုလ်များအားသတင်းပေးသူ သတင်းတော်ဆောင်၊ ဉာဏ်စဉ်အသိအားဖြန့်ချီသူ ဉာဏ်စဉ်တော်ဆောင် ဟု ခေါ်တွင်ပေ၏၊ (ရှေးဆရာစဉ်များက ရေ၀တီ (ဂျူး)များ၏ ဘာသာပြန်ဆိုမှု အလို ကို လိုက်၍ တမန်တော်များဟု ခေါ်ဆိုသည်ကိုလည်းတွင်တွင် ကျယ်ကျယ်တွေ့ ရ၏။ အဆိုပါ ပုဂ္ဂိုလ်များသည် မူလပင်မ ဘုရားက ဝင်စားခြင်းလည်းမဟုတ်၊ ဘုရားကပြားလည်းမဟုတ် အများသူငါကဲ့သို့ လူသားစင်စစ်သာ ဖြစ်ပြီးလူသားစင်စစ်ထဲမှ ဉာဏ်စဉ်အဆင့် အမြင့်ဆုံးကိန်းဆိုက်သူ ဟုသာ သတ်မှတ်၍ ပရမတ်ဘုရားရှင်နှင့် ခွဲခြားနားလည်ရန် သွန်သင်ထားသည်ကို တွေ့ရပေသည်။
~~~ ဓမ္မ ~~~
ဓမ္မဟူသည် လောကစကြာ၀ဌာ အနှံ့ ပြန့်နှံ့လွှမ်းခြုံ တည်ရှိသော လောက နိယာမ ဓမ္မနှင့် ဉာဏ်စဉ်ရ ပုဂ္ဂိုလ်များမှ လူသားအပေါင်းအားဟောပြော သွန်သင် လမ်းပြသည့် တရားဓမ္မဟူ၍ ရှိကြောင်းဘာသာတရားတိုင်းက လက်ခံယုံကြည် ထားသည်ကို တွေ့ရသည်။ ဉာဏ်စဉ်ရ ပုဂ္ဂိုလ်များ၏ ဟောပြောသွန်သင်မှုများ၊ ပညတ် ဥပဒေများအားမှတ်တမ်းတင်ထားသည် များအားဘာသာရေးကျမ်းများဟု သတ်မှတ်ပြီး။ ဘဂ၀ဂီတ၊ ပိဋကတ်၊ တိုရာဟ် (ဓမ္မဟောင်း)၊ ဧဝံဂလိ ခရစ်ဝင် (ဓမ္မသစ်)နှင့် ကုရ်အာန်ကျမ်းများမှာ ထင်ရှားသည်။ ကုရ်အာန်ကျမ်းမှ အပ အခြားကျမ်းများတွင် ဉာဏ်စဉ်ရ ပုဂ္ဂိုလ်များ၏ ဉာဏ်စဉ်ကိန်းဝပ်မှု အသိဖြင့်ဟောပြောမှု နှင့် ဉာဏ်စဉ်ရ ပုဂ္ဂိုလ်တို့၏ ဉာဏ်စဉ် ကိန်းဝပ်စဉ်ကာလ မဟုတ်သော အချိန် ပုဂ္ဂလိက လူသားဆင်ခြင်တုံ တရားဖြင့် ဟောပြောသွန်သင်မှုတို့အားရောနှော၍ မှတ်တမ်းတင်ထားမှုများကို တွေ့ရပြီး- ကုရ်အာန်ကျမ်းသည်သာ ဉာဏ်စဉ် ကိန်းဝပ်မှုအားသီးသန့် မှတ်တမ်းဖြစ်၍- ဉာဏ်စဉ်ဆောင်၏ ပုဂ္ဂလိက ဆင်ခြင်တုံဖြင့် ဟောပြော သွန်သင်မှုများအားသီးခြားကျမ်းများဖြင့် ခွဲခြားမှတ်တမ်းတင်ထားသည်ကို တွေ့ရ၏၊ ထိုကျမ်းများအားဟဒီးဆ် ခေါ် ဆင့်ပြန်ကျမ်းများဟု ထင်ရှားပေသည်။ သတိထားမိသည်မှာ- ကုရ်အာန်ကျမ်းတွင် အကြောင်းအရာ တစ်ခုကို တင်ပြတိုင်းရှေ့ယခင်က ဖြစ်ပျက်ခဲ့သော သမိုင်းကြောင်းများနှင့် ရှေးမှ လူတို့၏ အကျင့်၊ စရိုက်များသူတို့မှ ပွင့်ပေါ်ခဲ့သော ဉာဏ်စဉ်ဆောင်များအားအာခံမှု၊ နာခံမှု၊ စသည်တို့ကို ဥပမာပေးတင်ပြလေ့ရှိသည်ပင်။
~~~ မေတ္တာရပ်ခံချက် ~~~
ဘာသာပြန်မူအားစာချောသည်ထက် ချောရင် ကြိုးစားလိုသော်လည်း- မူရင်းမှ တိုက်ရိုက်ပြန်ဆိုရ၍- အနည်းငယ် စာထောက်သည်များရှိပါသည်။ ထို့ပြင် စာဖတ်ရ ပေါ့ပါးစေရန် ရည်ရွယ်သော်လည်း- ကျမ်းဖြစ်နေသည့် အတွက် စာလေးသည်များလည်းရှိနေပါသည်။ သို့သော်လည်းဗဟုသုတနှင့် အတွေးအခေါ် ကို လိုလားသူများအတွက်- စာထောက်ခြင်း၊ စာလေးခြင်းများသည် မပြောတန်ရာ ပေ။ ဤဘာသာပြန်ကြောင့် မည်သည့် ဘာသာတရားအချင်းချင်းကြားပြသနာဖြစ်ရန် လုံးဝ မရည်ရွယ်ပါ။ လူသားချင်းသင့်မြတ်မှု၊ ငြိမ်းချမ်းစွာ အတူနေထိုင်မှုကိုသာ အထူးရည်သန်ပါသည်။
ဓမ္မခန္ဓာ (၁) သော့
ဉာဏ်စဉ်ကိန်းဝပ်ပေးမှု အမှတ်စဉ် (၅)၊ သုတ်ဒေသနာ (၇)ပါး၊
၁း၁။ ကရုဏာရှင်၊ အကြင်နာရှင် ဖြစ်တော်မူသော ပရမတ်ဘုရားရှင်၏ ဂုဏ်တော်အားဖြင့်။-
၁း၂။ ရည်သန် စူးစိုက်မှုတည်ရာ ပရမတ်ဘုရားရှင်သည် ကပ်ကမ္ဘာအပေါင်း၏ ကံကြမ္မာရှင်။-
၁း၃။ ကရုဏာရှင်၊ အကြင်နာရှင်။-
၁း၄။ စီရင်မိန့်ချသည့်နေ့၏ အရှင်သခင် ဖြစ်တော်မူ၏။
၁း၅။ အရှင့်ကိုသာ ကိုးကွယ်ပါ၏၊ အရှင်၏ ပံ့ပိုးမှုကိုသာ မျှော်ကိုးပါ၏။
၁း၆။ တပည့်တော်တို့အား မြဲမြံနေသော ဝါဒလမ်းစဉ်သို့ ညွှန်ပြပေးတော်မူပါ။
၁း၇။ အရှင့် ဂုဏ်ပေးခံရသော သူများ၏ လမ်းစဉ်မျိုး ဖြစ်၍- ကံကြီးသင့်သူ၊ အပါယ်သွားသူတို့၏ အဖြစ်မှ ကင်းရပါလို၏။
ဓမ္မခန္ဓာ (၁) ဤတွင် ပြီး၏။
ဓမ္မခန္ဓာ (၂) ထိုနွားပျိုမ
ဉာဏ်စဉ်ကိန်းဝပ်ပေးမှု အမှတ်စဉ် (၈၇)၊ သုတ်ဒေသနာ (၂၈၆)ပါး
ကရုဏာရှင် အကြင်နာရှင် ဖြစ်တော်မူသော ပရမတ်ဘုရားရှင်၏ ဂုဏ်တော်အားဖြင့်-
၂း၁။ ငါသည် ကုန်စင်သိနေတော်မူသော ပရမတ်ဘုရားရှင် ဖြစ်တော်မူ၏။
၂း၂။ ဤသည် သံသယ ဝင်နိုင်ဘွယ်ရာ အလျဉ်းမရှိသော စည်းစောင့်သူများ အတွက် လမ်းညွှန်ကျမ်းတော် ဖြစ်၏။
၂း၃။ သူတို့သည်ကား စက္ခုလွန်များကို ယုံကြည်ကြ၏၊ ဝတ်ပြု မြဲကြ၏၊ ငါအရှင်ပေးရာ ရိက္ခာများမှ ပေးကမ်း သုံးစွဲကြကုန်၏။
၂း၄။ သူတို့သည်ကား သင့်ထံသို့ ချမှတ်ပေးရာ၊ သင့် ရှေ့အလျင် ချမှတ်ပေးရာများကို ယုံကြည်ကြ၏၊ နောင်ဘဝကိုလည်း ဒိဋ္ဌ ယုံကြည်ကြကုန်၏။
၂း၅။ ကံကြမ္မာရှင်၏ လမ်းညွှန်မှု၌ ရှိသော ထိုသူတို့သည်ကား အောင်မြင် ပေါက်မြောက်သူများ ဖြစ်ကြ၏။
၂း၆။ ဖုံးကွယ်သောသူတို့သည် သူတို့အား သတိပေးသည် ဖြစ်စေ၊ သို့တည်းမဟုတ် သတိမပေးသည် ဖြစ်စေ၊ အလားတူပင် ယုံကြည်ကြမည် မဟုတ်ပေ။
၂း၇။ ပရမတ်ဘုရားရှင်သည် သူတို့၏ နှလုံးသားများ၊ သူတို့၏ ကြားနာမှုများကို အဆုံးသတ်လိုက်ပြီ၊ သူတို့၏ အမြင်များအပေါ် လွှမ်းခြုံမှု ရှိနေ၏၊ သူတို့အတွက် မဟာ ဝဋ်ကြွေးကြီး ရှိနေ၏။
၂း၈။ လူတချို့က “ကျွန်ုပ်တို့သည် ပရမတ်ဘုရားရှင်နှင့် နောက်ဆုံးနေ့ကို ယုံကြည်ပါ၏၊” ဟု ပြောကြ၏၊ သူတို့သည်ကား ယုံကြည်သူများ မဟုတ်ချေ။
၂း၉။ ပရမတ်ဘုရားရှင်နှင့် ယုံကြည်သော သူတို့အား လှည့်စားလိုသော ထိုသူတို့သည် မိမိတို့၏ ဉာဉ်စရိုက်ကိုသာ လှည့်စားမိကြပြီ၊ သူတို့ကား သတိမမူနိုင်ကြပေ။
၂း၁၀။ သူတို့၏ နှလုံးသား၌ ရောဂါရှိနေ၏၊ ပရမတ်ဘုရားရှင်သည် သူတို့၏ရောဂါကို တိုးစေတော်မူပြီ၊ သူတို့၏ ငြင်းဆန်မှုများကြောင့် စူးနစ်သော ဝဋ်ကြွေးသည် ရှိနေ၏။
၂း၁၁။ သူတို့အား “မြေကမ္ဘာ၌ အဖျက်မလုပ်နှင့်၊” ဟု ပြောသောအခါ “ကျွန်ုပ်တို့သည် ပြုပြင်သူများ ဖြစ်ကြ၏၊” ဟု ပြောကြ၏။
၂း၁၂။ သူတို့သည် အဖျက်ကောင်များသာ ဖြစ်ကြ၏၊ သို့သော် သူတို့ကား သတိမမူနိုင်ကြပေ။
၂း၁၃။ ယုံကြည်သူတို့ကဲ့သို့ ယုံကြည်ကြရန် သူတို့အား ပြောသောအခါ၊ “တုံးအသူများ ကဲ့သို့ ကျွန်ုပ်တို့ ယုံကြည်ရမည်လော၊” ဟု ပြန်ပြောကြ၏၊ သူတို့သည်သာ တုံးအသူများ ဖြစ်ချေပြီ၊ သို့သော် သူတို့ သိကြသည် မဟုတ်ပေ။
၂း၁၄။ တဖန်၊ ယုံကြည်သောသူများနှင့် ဆုံသောအခါ “ကျွန်ုပ်တို့လည်း ယုံကြည်ကြ၏၊” ဟု ပြောလျက်၊ သူတို့ မကောင်းဆိုးဝါးချည်း စုမိလျှင် “သင်တို့နှင့် ကျွန်ုပ်တို့ အတူတူပင်ရှိ၏၊ ကျွန်ုပ်တို့သည် လှောင်ပြောင်သူများပင်၊” ဟု ပြောကြ၏။
၂း၁၅။ ပရမတ်ဘုရားရှင်သည် လှောင်ပြောင်မှုကို သူတို့ဘက်သို့ တိုးရွေ့စေပြီ၊ သူတို့မှာမူ စည်းဖျက်မှုထဲ၌ မျက်ကန်းတောတိုး ဖြစ်ကြ၏။
၂း၁၆။ သူတို့သည် လမ်းညွှန်မှန်ကို လမ်းလွဲဖြင့် ဖလှယ်သောသူတို့ ဖြစ်၏၊ သူတို့၏ ရောင်းဝယ်မှု၌ အမြတ် မရှိ၊ လမ်းညွှန်ခံရမည့်သူများ မဟုတ်ချေ။
၂း၁၇။ သူတို့၏ပမာကား မီးမွှေးသောသူ ကဲ့သို့ ဖြစ်၏၊ သူ၏ ပတ်လည်၌ မီးရောင်တောက်ပစဉ် ပရမတ်ဘုရားရှင်က ၎င်း၏အထဲမှ အလင်းကို သိမ်းယူလိုက်ပြီး သူတို့အား မှောင်အတိတွင် ချန်ထားလိုက်၏၊ သူတို့ မြင်နိုင်တော့မည် မဟုတ်ချေ။
၂း၁၈။ ပင်းသူ၊ အသူ၊ ကန်းသူ၊ ထိုသူတို့သည် ဦးလှည့်ကြမည် မဟုတ်ချေ။
၂း၁၉။ သို့တည်းမဟုတ် ကောင်းကင်ယံမှ ထိခိုက်မှုအလား အမှောင်စီး၊ မိုးကြိုးပစ်၊ လျှပ်ပြက်ချိန်၌ လျှပ်စစ်ကွင်းကြောင့် ထွက်သက်ကို သတိဝင်လျက် သူတို့၏ နားများကို လက်ချောင်းများဖြင့် စီစဉ်နေကြ၏၊ ပရမတ်ဘုရားရှင်သည် ဖုံးကွယ်သူတို့အား ဝိုင်းဝန်းထားလေပြီ။
၂း၂၀။ သူတို့၏ အမြင်အား သိမ်းသွားလုနီး ဖြစ်သော လျှပ်စက်ကွင်း၌၊ လင်းလက်စဉ် သွားလာကြ၍ သူတို့အား အမိုက်မှောင် စီးတိုင်း ရပ်နေကြ၏၊ ပရမတ်ဘုရားရှင်သည် စံချိန်အတိုင်း သူတို့၏ အကြားအမြင်ကို ရုပ်သိမ်းနိုင်တော်မူ၏၊ ဧကန်ပင် ပရမတ်ဘုရားရှင်သည် သဗ္ဗလုံးစုံအား စည်းချိန် ချမှတ်တော်မူ၏။
၂း၂၁။ အို-လူသားတို့၊ သင်တို့ စည်းစောင့်နိုင်အံ့ငှာ- သင်တို့နှင့် သင်တို့၏ ရှေ့အလျင် ဖြစ်သူများအား ဖြစ်တည်စေသည့် သင်တို့၏ ကံကြမ္မာရှင်အား ကိုးကွယ်ကြကုန်လော့။
၂း၂၂။ အရှင်သည် သင်တို့အတွက် မြေပြင်ကို နားခိုရာနှင့်၊ ကောင်းကင်ကို ထပ်ခိုးအဖြစ် စီစဉ်ပေးသောအရှင် ဖြစ်၏၊ ကောင်းကင်ယံမှ ချပေးသော ရေဖြင့် ပေါက်ပွားစေသည့် သီးနှံများမှ သင်တို့အတွက် အစာရိက္ခာ ဖြစ်စေ၏၊ သို့- သိနေပါလျက် ပရမတ်ဘုရားရှင်အား ဂုဏ်တုပြိုင်ဘက် မစီစဉ်ကြနှင့်။
၂း၂၃။ ငါ၏ အမှုတော်ဆောင်သို့ ချမှတ်ပေးရာ၌ သင်တို့ သံသယ ဖြစ်ကြလျှင် ၎င်းမှ ဓမ္မခန္ဓာတစ်ခု ကဲ့သို့ ပေးအပ်ကြလော့၊ သင်တို့သည် ဖြောင့်မှန်သူများ ဖြစ်ကြလျှင် ပရမတ်ဘုရားရှင်မှ လွဲ၍ သင်တို့၏ သက်သေများကို ခေါ်ကြလော့။
၂း၂၄။ သင်တို့ မပြုလုပ်နိုင်ခဲ့၊ ပြုလုပ်နိုင်မည်လည်း မဟုတ်ချေ၊ ထို့ကြောင့် လူသားများ၊ ကျောက်သားများကို လောင်စာလုပ်လျက် ဖုံးကွယ်သူများ အတွက် တွက်ချက် ပြင်ဆင်ထားသော မီးမှ ကင်းရန် စည်းစောင့်ကြလော့။
၂း၂၅။ ယုံကြည်၍ ပြုပြင် ပြောင်းလဲမှု ကျင့်ကြံသောသူ- ထိုသူတို့အတွက် ရိက္ခာများရှိသည့် အောက်ခင်း၌ စမ်းချောင်းရေသွင် စီးဆင်းနေသော ဥယျာဉ်များ၊ ထို၌ “ရှေ့ယခင်က ကျွန်ုပ်တို့ ရိက္ခာရဘူးပါ၏၊” ဟု အချိန်တိုင်း ပြောရလောက်သော ဆင်တူ သီးနှံ၊ ရိက္ခာများဖြင့် ချီးမြှင့်ခံရမည့် အကြောင်း၊ သန့်စင်သည့် စုဖွဲ့ဖေါ်များ ရှိကြောင်း၊ ထို၌ အစဉ် စံစားရမည်ဖြစ်ကြောင်း သတင်းကောင်းကို ပါးလော့။
၂း၂၆။ ပရမတ်ဘုရားရှင်သည် မည်သည့်ပမာဖြင့် ဥပမာ ပေးမှုကိုမဆို- ခြင်မ တစ်ကောင်မျှ၊ ထိုထက်မကပင် ဖြစ်စေကာမူ ရှက်ဘွယ်လိလိဟု မသတ်မှတ်ပေ၊ ယုံကြည်သောသူများကမူ ၎င်းသည်ပင် ကံကြမ္မာရှင်၏ထံမှ သစ္စာတရားဟု သိကြလတ္တံ့၊ ဖုံးကွယ်သောသူများကမူ “ပရမတ်ဘုရားရှင်က ဤပမာဖြင့် ဘာကို ဆိုလိုသနည်း၊” ဟု ပြောလိုကြ၏၊ ၎င်းဖြင့် များစွာတို့မှာ လမ်းလွဲကြ၍ ၎င်းဖြင့်ပင် များစွာတို့မှာ လမ်းညွှန်မှန်ကို ရကြ၏၊ ယုတ်မာသူများသည်သာ ၎င်းအားဖြင့် လမ်းလွဲကြကုန်၏။
၂း၂၇။ ပရမတ်ဘုရားရှင်၏ ပဋိညာဉ်အား အာမဘန္တေ ပြုပြီးနောက်မှ ချိုးဖေါက်ကြ၍ ပရမတ်ဘုရားရှင်က ပူးပေါင်းကြဟု ညွှန်ကြားသည်ကို ဖြတ်တောက်လျက် ကမ္ဘာတဝန်း အဖျက်လုပ်ကြသော ထိုသူတို့သည် ဆုံးရှုံးရမည့်သူများပင်။
၂း၂၈။ သင်တို့အား သေခြင်းမှ ရှင်ခြင်းသို့ ဖြစ်စေသော ပရမတ်ဘုရားရှင်အား သင်တို့ မည်သို့ ဖုံးကွယ်အံ့နည်း၊ သင်တို့အား တဖန် သေစေ၍ တဖန် ရှင်စေတော်မူမည်၊ ထို့နောက် အရှင့်ထံသို့ လှည့်ပြန်ရမည်ပင်။
၂း၂၉။ ထိုအရှင်သည် ကမ္ဘာတဝန်းမှ အားလုံးကို သင်တို့အတွက် ဖြစ်တည်စေ၏၊ ထို့ပြင် အလားတူ ကောင်းကင်ယံသို့ အာကာ ခုနစ်ဆက် ပုံစံချခဲ့၏၊ ထိုအရှင်သည် သဗ္ဗလုံးစုံအား သိနေတော်မူသော အရှင် ဖြစ်၏။
၂း၃၀။ သင်၏ ကံကြမ္မာရှင်က နိမိတ်ဆောင်တို့အား “မြေကမ္ဘာ၌ သမ္မတမင်းကို ငါ စီစဉ်မည်၊” ဟု မိန့်ဆိုသော်၊ “အဖျက်လုပ် သွေးထွက်သံယို ဖြစ်စေသူအား အရှင် စီစဉ်ပါမည်လော၊ တပည့်တော်တို့ကား အရှင်၏ မြင့်မြတ်မှုကို ရည်သန် စူးစိုက် ဦးထိပ်ထားပါသည်” ဟု လျှောက်ကြ၏၊ အရှင်က “ငါသည်ကား သင်တို့ မသိသည်ကို သိနေတော်မူ၏၊” ဟု မိန့်တော်မူ၍။-
၂း၃၁။ အရှင်သည် အာဒံအား အမည်များ ကိုယ်စီကို သင်ပေးကာ နိမိတ်ဆောင်များ၏ အပေါ် ဘောင်ဝင်စေရန် “သင်တို့သည် ဖြောင့်မှန်သူများ ဖြစ်ကြလျှင် ၎င်းတို့၏ အမည်များကို ငါ့အား သတင်းပေးကြလော့၊” ဟု မိန့်ဆို၏။
၂း၃၂။ သူတို့က “အရှင်သည် ဦးထိပ်ထားရာ ဖြစ်ပါ၏၊ တပည့်တော်တို့သည် သင်ပေးခံခဲ့ရသည် မှအပ အသိပညာ မရှိပါ၊ အရှင်သည်သာ သိနေသောအရှင်၊ ဓမ္မသတ်ရှင် ဖြစ်ပါသည်၊” ဟု လျှောက်တင်ကြ၏၊၊
၂း၃၃။ အရှင်က “အေ- အာဒံ၊ ၎င်းတို့၏ အမည်များကို သတင်းထုတ်ပြန်လော့၊” ဟု မိန့်ဆို၏၊ သို့ဖြစ်၍ သူသည် ထိုအမည်များကို သတင်းထုတ်ပြန်သော်- အရှင်က “ကောင်းကင်များနှင့် မြေကမ္ဘာ၏ စက္ခုလွန်များကို ငါသိနေကြောင်း၊ သင်တို့၏ ဖွင့်ဟရာနှင့် ထိမ်ဝှက်လေ့ ရှိရာများကို ငါ သိနေကြောင်း၊ သင်တို့အား ငါ မပြောခဲ့သလော၊” ဟု မိန့်ဆို၍။-
၂း၃၄။ ငါက နိမိတ်ဆောင်တို့ကို “အာဒံအား ဦးချကြလော့၊” ဟု မိန့်မြွက်သော် ဦးချကြကုန်၏၊ သို့သော် ရှေးရိုးစွဲသူသည် ဖီဆန်၍ မောက်မာ၏၊ သူသည်ကား ဖုံးကွယ်သူတို့၏ အနက်မှ ဖြစ်ရပြီ။
၂း၃၅။ ငါက “အေ- အာဒံ၊ သင်နှင့် သင့်အဖေါ်သည် ဥယျာဉ်မြေ၌ စံချိန်အတိုင်း အခြေချ၍ နေရာတိုင်း၌ ပေါပေါသီသီ စားသုံးကြလော့၊ သို့သော် ဤအပင်သို့ မချဉ်းကပ်နှင့်၊ သို့မဟုတ်က အမိုက်ကောင်များမှ ဖြစ်ချေမည်၊” ဟု မိန့်မြွက်၏။
၂း၃၆။ ထို့နောက် မကောင်းဆိုးဝါးက သူတို့အား ချော်ထွက်စေ၏၊ သူတို့ကို ရှိနေရာမှ ပယ်ထုတ်ခဲ့၏၊ ထို့ကြောင့် “ဆင်းသွားကြလော့၊ သင်တို့မှ အချို့သည် အချို့အား စည်းဖေါက်သူများ ဖြစ်စေလော့၊ မြေကမ္ဘာ၌ တည်ငြိမ် ချမ်းမြေ့ရာ ကာလတစ်ခု ရှိနေ၏၊” ဟု ငါ မိန့်၏။
၂း၃၇။ ထို့နောက် အာဒံသည် ကံကြမ္မာရှင်၏ထံမှ မုက္ခပတ်တော်အား ခင်းကျင်းခံရ၏၊ သို့ဖြစ်၍ သူသည် အရှင့်ထံ၌ ခဝါချလေ၏၊ အရှင်သည်ကား သင်ပုန်းချေပေးသောအရှင်၊ အကြင်နာရှင် ဖြစ်၏။
၂း၃၈။ ငါ မိန့်ကြားသည်မှာ “အားလုံး- ဆင်းသွားကြလော့၊ ငါ၏ထံမှ လမ်းညွှန်ချက်များ သင့်တို့ထံသို့ ချီးမြှင့်သောအခါ ငါ၏ လမ်းညွှန်ချက်ကို လိုက်နာသူ၊ ထိုသူတို့အား ကြောက်ရွံ့ရစေမည် မဟုတ်၊ သောက ရောက်ရစေမည်လည်း မဟုတ်ချေ။
၂း၃၉။ သို့သော် ဖုံးကွယ်သောသူ၊ ငါ၏ သုတ်ဒေသနာများကို ငြင်းဆန်သူ၊ ထိုသူများသည် အပူမီး၏ ပေါင်းဖေါ်များ ဖြစ်ကြ၏၊ ထို၌ အစဉ် စံမြန်းရလတ္တံ့။”
၂း၄၀။ အို- ဂျူးလူမျိုးတို့၊ သင်တို့အား ငါ ဂုဏ်ပေးသည့် ဂုဏ်ပုဒ်များကို သတိရကြလော့၊ ငါ့ထံရှိ ပဋိညာဉ်ကို ပြီးပြည့်စေလော့၊ ငါသည်လည်း သင်တို့အပေါ်ရှိ ပဋိညာဉ်ကို ပြီးပြည့်စေပြီ၊ ငါ့ကို သာလျှင် ကြောက်ရွံ့ကြလော့။
၂း၄၁။ သင်တို့နှင့် အတူရှိသည်ကို ဖြောင့်မှန်စေသည့်- ငါချမှတ်ပေးရာ၌ ယုံကြည်ကြလော့၊ ၎င်းအား ရှေ့ဆုံးမှ ဖုံးကွယ်သူများ မဖြစ်ကြနှင့်၊ ငါ၏ သုတ်ဒေသနာများကို တန်ဘိုးချ မရောင်းစားကြနှင့်၊ ငါ့အား သာလျှင် စည်းစောင့်ကြလော့။
၂း၄၂။ အမှန်ကို အမှားဖြင့် မဆင်ယင်ကြနှင့်၊ သင်တို့ သိနေလျက် အမှန်ကို မထိမ်ဝှက်ကြနှင့်။
၂း၄၃။ ဝတ်ပြုခြင်း၌ မြဲကြလော့၊ အခွန်ငွေဖြူ ပေးကြလော့၊ ဦးညွှတ်သူများနှင့် အတူ ဦးညွှတ်ကြကုန်လော့။
၂း၄၄။ သင်တို့၏ စရိုက်ကို သင်တို့မေ့လျက် လူသားတို့အား ကောင်းမှုဆောင်တာ ညွှန်ကြားကြသလော၊ သင်တို့သည် ကျမ်းတော်ကို ရွတ်ဖတ်လျက် အတွေးအခေါ် မရှိကြသလော။
၂း၄၅။ သည်းခံခြင်း၊ ဝတ်ပြုခြင်းဖြင့် ပံ့ပိုးမှုကို ရှာကြလော့၊ ၎င်းသည် ကျို့ငဲ့သူများအတွက် မှအပ ဝန် ကြီးလှ၏။
၂း၄၆။ သူတို့သည် ကံကြမ္မာရှင်နှင့် ဆုံတွေ့ရမည်၊ အရှင့်ထံသို့သာ ဦးလှည့်ပြန်ရမည်ဟု စဉ်းစားကြကုန်၏။
၂း၄၇။ အို- ဂျူးလူမျိုးတို့၊ သင်တို့အား ငါ ဂုဏ်ပေးသည့် ဂုဏ်ပုဒ်များကို သတိရကြလော့၊ ငါသည် သင်တို့ကို လောကခပ်သိမ်း အပေါ်၌ သိက္ခာပေးခဲ့ပြီ။
၂း၄၈။ ဉာဉ်တစ်ခုက ဉာဉ်တစ်ခုအတွက် တစ်စုံတစ်ရာ အစားမပေးနိုင်သော၊ အမျှဝေ၍ အကိုးမပြည့်သော၊ တန်ရာတန်ကြေးကို လက်မခံသော၊ အကူအညီမဲ့နေ့ ကာလအတွက် စည်းစောင့်ကြလော့။
၂း၄၉။ ထို့ပြင် သင်တို့၏ သားယောက်ျားများကို သုတ်သင်ကာ မိန်းမများကိုသာ အသက်ဆက်ခွင့်ပေးသည့် ဖာရိုးမင်းဆက်၏ အကုသိုလ်ဝဋ်ကြွေး အမှတ်သညာ ဖြစ်စေသူများမှ သင်တို့အား ငါ လွတ်မြောက်စေခဲ့ပြီ၊ ထို၌ သင်တို့အား သင်တို့၏ ကံကြမ္မာရှင်မှ မဟာ စုံစမ်းမှုကြီး ရှိနေ၏။
၂း၅၀။ ထို့ပြင် ငါသည် သင်တို့အတွက် ပင်လယ်ပြင်ကို ခွဲခဲ့ပြီ၊ သင်တို့အား လွတ်မြောက်စေ၍ သင်တို့ ကြည့်နေစဉ်ပင် ဖာရိုး မင်းဆက်အား နစ်စေခဲ့ပြီ။
၂း၅၁။ ငါသည် မူဆာအား ညပေါင်းလေးဆယ် ကတိထားစဉ် သူ့ နောက်ကွယ်၌ ဤနွားငယ်အား သင်တို့ အယူထားကြ၏၊ သင်တို့သည် အမိုက်ကောင်များ ဖြစ်ကြ၏။
၂း၅၂။ တဖန် ထို့နောက်တွင် သင်တို့အား ကျေအေးပေးခြင်းမှာ သင်တို့ ကျေးဇူးသိတတ်အံ့ငှာ။-
၂း၅၃။ မူဆာအား ကျမ်းတော်နှင့် ခွဲခြမ်းစိတ်ဖြာ ဖွင့်ဆိုမှုကို ပေးအပ်ခြင်းမှာ သင်တို့ လမ်းညွှန်ကို ရအံ့ငှာ ဖြစ်၏။
၂း၅၄။ မူဆာက သူ့ လူမျိုးအား “အို- ကျွန်ုပ်၏လူမျိုးတို့၊ သင်တို့သည် ထိုနွားငယ်ကို အယူပိုက်၍ သင်တို့စရိုက်ကို သင့်တို့ မိုက်ကြေးခွဲကြပြီ၊ ထိုစရိုက်ကို သတ်၍ စင်ကြယ်သည့် အရှင်၌ ခဝါချကြလော့၊ ၎င်းသည် စင်ကြယ်သော အရှင့်ထံ၌ သင်တို့အတွက် ပိုကောင်း၏၊ အရှင်သည် သင်တို့အပေါ်တွင် သင်ပုန်းချေတော်မူပြီ၊ အရှင်သည်ကား သင်ပုန်းချေသောအရှင်၊ အကြင်နာရှင် ဖြစ်၏၊” ဟု ပြောသောအခါ။-
၂း၅၅။ သင်တို့က “ဟေး- မူဆာ၊ ပရမတ်ဘုရားရှင်ကို ပေါ်ပေါ်ထင်ထင် မရှုမြင်ရသ၍ သင့်ကို ကျွန်ုပ်တို့ မယုံကြည်နိုင်ပါ၊” ဟု ပြောကြသဖြင့် သင်တို့ စောင့်ကြည့်နေစဉ် သင်တို့အား တော်လည်းသံကြီးဖြင့် ဖမ်းယူလေပြီ။
၂း၅၆။ တဖန် သင်တို့ ကျေးဇူးသိတတ်အံ့ငှာ သင်တို့အား ဘဝသေပြီးနောက် နိုးကြွစေခဲ့ပြီ။
၂း၅၇။ သင်တို့အား တိမ်လိပ်ဖြင့် ငါ အရိပ်ပေးတော်မူ၏၊ သုဓာနှင့် ငုံးငှက်တို့ကို ချပေးတော်မူ၏၊ ငါပေးသည့် ရိက္ခာများမှ စင်ကြယ်ရာကို စားသုံးကြလော့၊ သင်တို့အား ငါက အဝိဇ္ဇာသင့်စေသည် မဟုတ်၊ သို့ရာတွင် သူတို့၏စရိုက်ကို သူတို့ မိုက်ကြေးခွဲခြင်း ဖြစ်ကြပြီ။
၂း၅၈။ သူတို့အား “ဤအရပ်သို့ ဝင်လော့၊ စံချိန်အတိုင်း နေရာတိုင်း၌ ပေါပေါသီသီ စားသုံးလော့၊ သံဝေဂစကား ပြောဆိုလျက် နှိမ့်ချ၍ တံခါးပေါက်၌ ဝင်ကြလော့၊ သင်တို့အား အမှားများမှ ငါ လွတ်ငြိမ်းစေမည်၊ သုမင်္ဂလာ ပြုသူများအား တိုးပွားစေမည်၊” ဟု ငါ မိန့်မြွက်၏။
၂း၅၉။ မိုက်ကြေးခွဲသော သူများသည် သူတို့အတွက် မဟုတ်သော စကားတော်ကို လွှဲပြောင်း ပြောဆိုကြ၏၊ သူတို့၏ ယုတ်မာလေ့ ရှိခြင်းများကြောင့် ထို မိုက်ကြေးခွဲသော သူများအတွက် ကောင်းကင်ယံမှ ဆိုးကျိုးကို ငါ ချမှတ်တော်မူ၏၊
၂း၆၀။ သူ့လူမျိုးအတွက် သောက်ရေရရန် မူဆာ ဆုတောင်းသော် “သင့် လက်ထောက်ကို ကျောက်တောင်သို့ ခရီးနှင်စေလော့၊” ဟု ငါ မိန့်၏၊ ထို၌ စိမ့်စမ်း ဆယ့်နှစ်သွယ် စီးထွက်၍ လူစုကိုယ်စီ သောက်ရေရှိရာကို သိကြပြီ၊ ပရမတ် ဘုရားရှင်၏ ရိက္ခာများမှ စားကြ- သောက်ကြလော့၊ ကမ္ဘာ၌ ညစ်ညမ်း စုတ်ပဲ့ အဖျက်ကောင်များ မဖြစ်ကြနှင့်။-
၂း၆၁။ သင်တို့က “အို- မူဆာ၊ ကျွန်ုပ်တို့သည် အစာတစ်မျိုးတည်းနှင့် သည်းမခံနိုင်ပါ၊ ကျွန်ုပ်တို့အဘို့ မြေမှထွန်းသော ဟင်းရွက်၊ သခွား၊ ဂျုံ၊ ပဲ၊ ကြက်သွန်များ ပေါက်ရောက်စေရန် သင့်ကံကြမ္မာရှင်၌ ဆုတောင်းလော့၊” ဟု ဆိုသော် သူက “ပိုကောင်းရာကို လောကီရမက်ဖြင့် သင်တို့ လွှဲပြောင်းလိုသလော၊ မြို့ဘက်သို့ ဆင်းသွားလော့၊ သို့မှသာ သင်တို့ တောင်းဆိုခြင်းများ ရနိုင်ကောင်း၏၊” ဟု ပြန်ပြော၏၊ ထို့နောက် သူတို့အား နှိမ်ခံရခြင်း၊ နွမ်းပါးခြင်းတို့ ထိစေပြီ၊ ပရမတ်ဘုရားရှင်၏ထံတော်မှ ကံကြီးသင့်မှုကို ဆွဲယူကြပြီ၊ ဤသည်မှာ ပရမတ်ဘုရားရှင်၏ သုတ်ဒေနာများကို ဖုံးကွယ်ခြင်း၊ သတင်းတော်ဆောင်များကို သစ္စာမဲ့စွာ သတ်ဖြတ်ခြင်းတို့ကြောင့် ဖြစ်၏၊ ယင်းမှာ သူတို့၏ အာခံမှုနှင့် စည်းဖေါက်မှုကြောင့် ဖြစ်၏။
၂း၆၂။ ဧကန်ပင်- ယုံကြည်သောသူ၊ ရေဝတီ၊ ခရစ်ယာန်နှင့် ရေသန့်အယူ ရှိသောသူများ၊ မည်သူမဆို ပရမတ်ဘုရားရှင်နှင့် နောင်ဘဝနေ့ ကာလကို ယုံကြည်လျက် ပြုပြင် ပြောင်းလဲမှု ကျင့်ကြံ၏၊ ထိုသူတို့အတွက် ဆုလာဘ်သည် ကံကြမ္မာရှင်၏ထံ၌ ရှိ၏၊ သူတို့အား ကြောက်ရွံ့ရစေမည် မဟုတ်၊ သောက ရောက်ရစေမည်လည်း မဟုတ်ချေ။
၂း၆၃။ ထို့ပြင် ငါသည် သင်တို့၏ ကတိခံဝန်ချက်ကို ယူ၍ သင်တို့အပေါ်၌ တောင်တော်ကို မြှောက်စားခဲ့ပြီ၊ သင်တို့သည် စည်းစောင့်နိုင်အံ့ငှာ- ငါအရှင် ပေးအပ်ရာ၌ အစွမ်းရှိရှိ အယူမြဲလော့၊ ထို၌ သတိတရ ရှိကြလော့။
၂း၆၄။ တဖန်၊ သည့်နောက်တွင်မှ သင်တို့ ပြန်လှည့်ခဲ့၏၊ သင်တို့အပေါ်သို့ ပရမတ်ဘုရားရှင်၏ သိက္ခာပေးမှုနှင့် ကရုဏာတော် မသက်ခဲ့လျှင် သင်တို့သည် ဆုံးရှုံးသူများမှ ဖြစ်ချေပြီ။
၂း၆၅။ သင်တို့မှ သီတင်းနေ့၌ စည်းဖေါက်သော သူအား “သင်တို့သည် ရှက်ဘွယ်လိလိ မျောက်များ ဖြစ်ကြလော့၊” ဟု ငါ မိန့်ဆိုသည်ကို သင်တို့ သိကြ၏။
၂း၆၆။ ပစ္စုပ္ပန်နှင့် အနာဂတ်အတွက် နမူနာအဖြစ်၊ စည်းစောင့်သူများအတွက် ဩဝါဒအဖြစ်၊ ငါ စီစဉ်တော်မူ၏။
၂း၆၇။ မူဆာက သူ့လူမျိုးအား “သင်တို့သည် နွားမကို လှီးသတ်လော့၊” ဟု ပရမတ်ဘုရားရှင်၏ ညွှန်ကြားမှုကို ပြောဆိုသော် “ကျွန်ုပ်တို့ကို လှောင်ပြောင် ဖမ်းစားနေသလော၊” ဟု ပြောကြ၏၊ သူက “ကျွန်ုပ်သည် ပညာမဲ့တို့မှ မဖြစ်ရန် ပရမတ်ဘုရားရှင်၌ ခိုလှုံပါ၏၊” ဟု ပြန်ပြော၏။
၂း၆၈။ သူတို့က “ဘယ် နွားမ ဖြစ်သနည်း၊ ကျွန်ုပ်တို့ ရှင်းလင်းစေရန် သင့်ကြမ္မာရှင်၌ ဆုတောင်းလော့၊” ဟု ပြောကြ၏၊ သူက “အရှင်မိန့်သည်မှာ သူမသည် အသုံးပြုပြီး မဟုတ်၊ နုလွန်းသည်လည်း မဟုတ်၊ ယင်းကြားမှ ပံ့ပိုးနိုင်သော နွားမ ဖြစ်၏၊ ညွှန်ကြားချက်အတိုင်း ပြုလုပ်ကြလော့၊” ဟု ပြန်ပြော၏။
၂း၆၉။ သူတို့က “ဘယ်အရောင်နည်း၊ ကျွန်ုပ်တို့ ရှင်းလင်းစေရန် သင့် ကြမ္မာရှင်၌ ဆုတောင်းလော့၊” ဟု ပြောပြန်သော် “အရှင်မိန့်သည်မှာ၊ ကြည့်သူတို့ ကြိတ်ကြည်နူးကြသည့် ရွှေအိုရောင် နွားမပင်၊” ဟု ဆို၏။
၂း၇၀။ “နွားမများမှာ ကျွန်ုပ်တို့အဘို့ ဆင်တူများ ဖြစ်ပါ၏၊ ဘယ်သူမ ဖြစ်ကြောင်း ကျွန်ုပ်တို့ ရှင်းလင်းစေရန် ဆုတောင်းလော့၊ ပရမတ်ဘုရားရှင်၏ စံချိန်ပြည့်ခဲ့သော် ကျွန်ုပ်တို့သည် လမ်းညွှန်ခံရမည့်သူများ ဖြစ်၏” ဟု ပြောကြ၏။
၂း၇၁။ သူက “အရှင်မိန့်သည်မှာ သူမသည် မြေနိမ့်ကို တူးဖေါ်ခြင်း မရှိ၊ ထွန်ယက်မျိုးချ စိုက်ပျိုးခြင်း မရှိ၊ အေးအေးလူလူ အပြစ်အနာကင်းသော နွားမပင်၊” ဟု ပြောသောအခါ “ယခုမှ သင်သည် အမှန်တရားဖြင့် ရောက်လာပြီ၊” ဟု ပြောကြလျက် သူမကို လှီးသတ်လိုက်၏၊ သို့သော် ပြုလုပ်ရန် မနီးစပ်လိုကြချေ။
၂း၇၂။ သင်တို့သည် စရိုက်တစ်ခုကို သတ်ခဲ့၍ ၎င်း၌ ပလပ်လိုကြ၏၊ ပရမတ်ဘုရားရှင်သည် သင်တို့၏ ထိမ်ဝှက်ထားလေ့ ရှိရာကို ဖေါ်ထုတ်ခဲ့လေပြီ။
၂း၇၃။ သို့ဖြင့် ငါက “ထိုမှ အချို့ဖြင့် နည်းလမ်းရှာလော့၊” ဟု မိန့်ခြွေ၏၊ ဤသို့ ပရမတ် ဘုရားရှင်သည် သေနေရာမှ ရှင်ပြန်စေတော်မူပြီ၊ သင်တို့ အတွေးအခေါ် ရှိအံ့ငှာ သင်တို့အား အရှင်၏ သုတ်ဒေသနာများကို ပြသတော်မူ၏။
၂း၇၄။ တဖန်၊ ထို့နောက်တွင် သင်တို့၏ နှလုံးသားများသည် ခက်ထန်လာ၏၊ ၎င်းသည် ကျောက်တုံးကဲ့သို့၊ သို့တည်းမဟုတ် ထို့ထက်ပင် ခက်ထန်ကြ၏၊ ကျောက်ခဲများ၌ စမ်းချောင်း စီးထွက်သည်လည်း ရှိ၏၊ အက်ကွဲ၍ ရေများ စိမ့်ယိုသည်လည်း ရှိ၏၊ ပရမတ်ဘုရားရှင်အား ကြောက်ရွံ့၍ ပြိုဆင်းသည်လည်း ရှိ၏၊ ပရမတ်ဘုရားရှင်သည်ကား ကျင့်ကြံလေသမျှကို မေ့လျော့ထားသည် မဟုတ်ပေ။
၂း၇၅။ သူတို့မှ တစ်ဖွဲ့သည် သင်တို့ကို ယုံကြည်လိမ့်မည်ဟု သင်တို့ မျှော်လင့်နေသလော၊ သူတို့သည် ပရမတ်ဘုရားရှင်၏ ဓမ္မတော်များကို နာယူ၍ ပြီးနောက်မှ အတွေးအခေါ် ရှိပါလျက်၊ သိနေပါလျက် ၎င်းကို လှည့်ပြောင်းကြ၏။
၂း၇၆။ ယုံကြည်သောသူများနှင့် ဆုံသောခါ “ကျွန်ုပ်တို့လည်း ယုံကြည်၏၊” ဟု ပြောကြလျက် သူတို့မှ အချို့က အချို့ကို “သင်တို့အား ပရမတ်ဘုရားရှင်က ထွက်ပေါက် ပေးထားသည်ကို ဆင့်ပြန်လိုက်သလော၊ သူတို့က ၎င်းအားဖြင့် ကံကြမ္မာရှင်၏ထံ၌ သင်တို့ကို စောကြောနိုင်ရာ၏၊ သင်တို့၌ အတွေးအခေါ် မရှိကြသလော၊” ဟု ပြောဆိုကြ၏။
၂း၇၇။ ပရမတ်ဘုရားရှင်သည် သူတို့၏ ကြိတ်ကြံရာ၊ လူသိရှင်ကြား ပြုရာများကို သိနေတော်မူကြောင်း သူတို့ မသိကြသလော။
၂း၇၈။ သူတို့၌ ဆန္ဒရမက်စွက်သော စဉ်းစားချက်မှအပ ကျမ်းတော်ကို မသိကြသော စာမတတ်သူများ ရှိ၏။
၂း၇၉။ တန်ဘိုးချ ရောင်းစားရန် အလို့ငှာ သူတို့၏လက်ဖြင့် ပြဌာန်းသော ကျမ်းစာကို “ဤသည် ပရမတ်ဘုရားရှင်၏ထံမှတည်း၊” ဟု ပြောဆိုသော သူတို့သည် ပျက်စီးရမည်သာတည်း၊ သူတို့၏လက်ဖြင့် ပြဌာန်းသောကြောင့် ပျက်စီးရမည်သာတည်း၊ သူတို့၏ ကျင့်ဆောင်မှုကြောင့် ပျက်စီးရမည်သာတည်း။
၂း၈၀။ သူတို့က “အပူမီးမှာ ကျွန်ုပ်တို့အား တွက်ချက် သတ်မှတ်ထားသော ရက်များမျှသာ ထိကပ်နိုင်မည်” ဟု ဆိုကြ၏၊ သူတို့အား “ပရမတ်ဘုရားရှင်၏ထံမှ ပဋိညာဉ်ကို သင်တို့ ရယူထားကြသလော၊ သို့ဖြစ်လျှင် ပရမတ်ဘုရားရှင်က ပဋိညာဉ်အား ပေါ့ပျက်မည် မဟုတ်၊ သို့တည်းမဟုတ် ပရမတ်ဘုရားရှင်နှင့် စပ်လျဉ်း၍ သင်တို့ မသိသည်ကို ပြောနေကြသလော၊” ဟု မေးမြန်းလော့။
၂း၈၁။ အမှန်မှာ အကုသိုလ် ကျင့်ဆောင်သူအား သူ၏အမှားက ဝိုင်းထားလေပြီ၊ သူတို့သည် အပူမီး၏ ပေါင်းဖေါ်များ ဖြစ်ကြ၏၊ ထို၌ အစဉ် ခံစားရမည်ပင်။
၂း၈၂။ ယုံကြည်၍ ပြုပြင် ပြောင်းလဲမှု ကျင့်ကြံသော သူတို့သည်ကား သုခဘုံ၏ ပေါင်းဖေါ်များ ဖြစ်ကြ၏၊ ထို၌ အစဉ် စံစားရမည်ပင်။
၂း၈၃။ ငါသည် ဂျူးတို့ထံမှ “ပရမတ်ဘုရားရှင်ကိုသာ ကိုးကွယ်ရန်၊ မွေးမိဘများ၊ ဆွေမျိုးနီးစပ်များ၊ မိဘမဲ့များနှင့် နွမ်းပါးသူများအပေါ် သုမင်္ဂလာပြုရန်၊ လူသားတို့အား တင့်တင့်တယ်တယ် ပြောဆိုကြရန်၊ ဝတ်ပြု မြဲကြရန်၊ အခွန်ငွေဖြူ ပေးကြရန်” ပဋိညာဉ်ကို ယူခဲ့၏၊ တဖန် သင်တို့အနက် အနည်းငယ်မှ အပ လှည့်သွားကြလေပြီ၊ သင်တို့သည်ကား ဘောင်ကန့်ထားသူများ ဖြစ်ကြ၏။
၂း၈၄။ သွေးထွက်သံယို မပြုရန်၊ သင်တို့၏ စရိုက်များကို ဗိမာန်တော်မှ မောင်းမထုတ်ရန်၊ သင်တို့ထံမှ ပဋိညာဉ်ကို ငါ ယူခဲ့ပြီ၊ သင်တို့ အတည်ပြုခဲ့သည်မှာ သင်တို့ကိုယ်တိုင် သက်သေပင်။
၂း၈၅။ တဖန်၊ သင်တို့သည် စရိုက်ကောင်းများကို သုတ်သင်ပစ်၏၊ သင်တို့မှ တစ်ဖွဲ့ကို သူတို့၏ ဗိမာန်များမှ နှင်ထုတ်ကြ၏၊ ပြစ်မှုနှင့် စည်းဖေါက်မှု၌ ကျောထောက်နောက်ခံ ပြုကြ၏၊ သင်တို့ထံသို့ သုံ့ပန်းများ ရောက်လာလျှင် သူတို့ကို ရွေးယူသင့်၏၊ သူတို့အား မောင်းထုတ်ခြင်းမှ သင်တို့အား တားမြစ်ပြီး ဖြစ်၏၊ သင်တို့သည် ကျမ်းတော်မှ တချို့ကို ယုံကြည်၍ တချို့ကို ဖုံးကွယ်ကြသလော၊ သင်တို့၌ ထိုသို့ပြုလုပ်သူ၏ အစားရမှုမှာ လောကီသက်တမ်း၌ အရှက်ရစေ၍၊ ရပ်တည်ရသောနေ့၌ ပြင်းထန်သော ဝဋ်ကြွေးဆီသို့ ပြန်ပို့ခံရလတ္တံ့၊ ပရမတ် ဘုရားရှင်သည် ကျင့်ကြံသမျှကို မေ့လျော့ထားသည် မဟုတ်ပေ။
၂း၈၆။ နောင်ဘဝအား လောကီဘဝဖြင့် ရောင်းစားသောသူတို့- ထိုသူတို့နှင့် စပ်လျဉ်းသည့် ဝဋ်ကြွေးကို ပေါ့ပါးစေမည် မဟုတ်၊ သူတို့သည် ကူညီခံရမည်လည်း မဟုတ်ချေ။
၂း၈၇။ ဧကန်မုချ ငါသည် မူဆာအား ကျမ်းတော် ပေးအပ်ခဲ့၏၊ သူ၏နောက် ဉာဏ်စဉ်ဆောင်များကို စဉ်ဆက် ထပ်ဆင့် ပွင့်ပေါ်စေခဲ့ပြီ၊ မာရိ၏သား ယေရှုကိုလည်း ရှင်းလင်းချက်များ ပေးအပ်၍ မြတ်သော ဉာဏ်စဉ်တော်ဖြင့် ထောက်ပံ့ခဲ့၏၊ ဉာဏ်စဉ်ဆောင်တစ်ပါးသည် သင်တို့၏ စရိုက်၊ လိုဘ၊ မကိုက်ညီရာနှင့် သင်တို့ထံသို့ ရောက်လာတိုင်း သင်တို့ မာန တက်နေကြသည် မဟုတ်လော၊ သင်တို့သည် တစ်ဖွဲ့ကို ငြင်းဆန်ပြီး၊ တစ်ဖွဲ့ကို သတ်ခဲ့ကြချေပြီ။
၂း၈၈။ သူတို့က “ကျွန်ုပ်တို့၏ နှလုံးသားကို ပိတ်ထားပြီးပြီ၊” ဟု ဆိုကြ၏၊ အမှန်မှာ သူတို့၏ ဖုံးကွယ်မှုနှင့် အနည်းငယ်မျှပင် မယုံကြည်မှုတို့ကြောင့် ပရမတ်ဘုရားရှင်က သူတို့အား မေတ္တာဝေးစေပြီ။
၂း၈၉။ သူတို့ထံ၌ ရှိရာကို ဖြောင့်မှန်စေသည့် ကျမ်းတော်တစ်ဆူသည် ပရမတ်ဘုရားရှင်ထံမှ သူတို့ထံသို့ ရောက်လာစဉ် ရှေ့အလျင်ကပင် ဖုံးကွယ်လေ့ရှိသော သူတို့အား ဖွင့်ပေးစေလိုကြ၏၊ သို့သော် သူတို့ သိမှတ်ရာ ရောက်လာသော် ၎င်းကို သူတို့ကိုယ်တိုင် ဖုံးကွယ်ကြ၏၊ သို့ဖြစ်၍ ပရမတ်ဘုရားရှင်က ထိုဖုံးကွယ်သူတို့အား မေတ္တာဝေးစေပြီ။
၂း၉၀။ သူတို့သည် ပရမတ်ဘုရားရှင် ချမှတ်ပေးသည်ကို ဖုံးကွယ်ခြင်း၊ ပရမတ်ဘုရားရှင်က စံချိန်ပြည့် အမှုတော်ဆောင်များအား သိက္ခာပေးခြင်းကို အပြစ်ရှာလျက် သူတို့၏ စရိုက်ကို အမင်္ဂလာဖြင့် ရောင်းစားခြင်းဖြင့် ကံကြီးသင့်မှု၊ ကံကြီးသင့်ခြင်းကို ဆွဲယူကြပြီ၊ ထို့ကြောင့် ဖုံးကွယ်သူများအတွက် နိမ့်ကျသော ဝဋ်ကြွေးသည် ရှိနေ၏။
၂း၉၁။ “ပရမတ်ဘုရားရှင် ချမှတ်ပေးရာ၌ ယုံကြည်ကြလော့၊” ဟု ပြောသောအခါ “ကျွန်ုပ်တို့အား ချမှတ်ပေးသည်ကိုသာ ယုံကြည်ပေပြီ၊” ဟု ပြန်ပြောကြလျက် သူတို့၌ရှိသည်ကို ဖြောင့်မှန်စေသည့် သစ္စာတရားအား ဖုံးကွယ် ငြင်းဆန်၍ ကွယ်ကာပစ်သော သူတို့အား “သင်တို့သည် ယုံကြည်သူများ ဖြစ်ကြလျှင် ရှေ့အလျင်က ပရမတ်ဘုရားရှင်၏ သတင်းတော်ဆောင်များကို အဘယ့်ကြောင့် သတ်ခဲ့လေသနည်း၊” ဟု မေးမြန်းလော့။
၂း၉၂။ သင်တို့ထံသို့ မူဆာသည် ရှင်းလင်းချက်များဖြင့် မုချ ရောက်လာပြီ၊ တဖန်၊ သူ့နောက်တွင်မှ သင်တို့သည် နွားငယ်ကို အယူထားလျက် အမိုက်ကောင်များ ဖြစ်ကြပြီ။
၂း၉၃။ ထို့ပြင် “သင်တို့အပေါ်၌ တောင်တော်ကို မြှောက်စားခဲ့ပြီ၊ ငါ ပေးအပ်ရာ၌ အစွမ်းရှိရှိ အယူမြဲလော့၊ နာယူကြလော့၊” ဟု သင်တို့၏ ကတိခံဝန်ကို ငါ ယူသောအခါ-” “တပည့်တော်တို့ နားထောင်သော်လည်း အာခံရပါမည်၊” ဟု ပြောကြ၏၊ ထိုသို့ သူတို့၏ ဖုံးကွယ်မှုများကြောင့် ထိုနွားငယ်က သူတို့၏ နှလုံးသွေးကို စုပ်လေပြီ၊ “သင်တို့သည် ယုံကြည်သူများ ဖြစ်ကြလျှင် သင်တို့၏ ယုံကြည်မှုက သင်တို့အား အမင်္ဂလာကို ညွှန်ကြားထားပြီ၊” ဟု ဟောလော့။
၂း၉၄။ “ပရမတ်ဘုရားရှင်၏ထံ၌ ရှိသော နောက်ဆုံးစွန် ဗိမာန်သည် လူသားအပေါင်းမှ လွဲ၍ သင်တို့အတွက် သီးသန့်ဖြစ်သော် သင်တို့သည် ဖြောင့်မှန်သူများ ဖြစ်ကြလျှင် သေလိုသည့်ဇော ရှိကြကုန်၊” ဟု ပြောကြားလော့။
၂း၉၅။ သူတို့၏ စုံရပ်ခံခဲ့သော လက်ချက်များကြောင့် မည်သည့်ခါမှ သေလိုသည့်ဇော မရှိကြပေ၊ ပရမတ်ဘုရားရှင်သည် အမိုက်ကောင်များကို သိနေတော်မူသောအရှင် ဖြစ်၏။
၂း၉၆။ သူတို့သည် ရောပြွန်း ကိုးကွယ်သော သူများထက်ပင် ဤလောကီအား ဆန္ဒဇော ကပ်နေသော လူသားများဖြစ်ကြောင်း သင် တွေ့ရလိမ့်မည်၊ သူတို့ တစ်ယောက်ချင်းစီ နှစ်တစ်ထောင် ဘဝသံသရာကို ရလိုကြ၏၊ ထိုသို့ ဘဝသံသရာကို ရငြားသော်လည်း ဝဋ်ကြွေးမှ ဖယ်ရှားခံရမည် မဟုတ်ပေ၊ ပရမတ်ဘုရားရှင်သည် သူတို့၏ ကျင့်ကြံသမျှအား မြင်နေသောအရှင် ဖြစ်၏။
၂း၉၇။ ဟောပြောလော့၊ “ပရမတ်ဉာဏ်စဉ်အား စည်းဖေါက်သူသည် မည်သူ ဖြစ်သနည်း၊” ပရမတ်ဘုရားရှင်၏ ခွင့်ပြုချက်ဖြင့် သင်၏ နှလုံးသား၌ ချမှတ်ပေးသော ထိုအရာသည် ပစ္စုပ္ပန်များကို ဖြောင့်မှန်စေ၍ ယုံကြည်သူများ အတွက် လမ်းညွှန်မှန်နှင့် သတင်းကောင်းပင် ဖြစ်၏။
၂း၉၈။ မည်သူမဆို ပရမတ်ဘုရားရှင်၊ အရှင်၏ နိမိတ်ဆောင်များ၊ အရှင်၏ ဉာဏ်စဉ်ဆောင်များ၊ ပရမတ် ဉာဏ်စဉ်နှင့် လောကပါလဓမ္မတို့အား စည်းဖေါက်သူ ဖြစ်အံ့- ဧကန်ပင် ပရမတ်ဘုရားရှင်သည် ဖုံးကွယ်သူများအတွက် တန်ပြန် စည်းဖေါက်သူ ဖြစ်၏။
၂း၉၉။ သင့်အား ရှင်းလင်းသော သုတ်ဒေသနာများကို ငါ ချမှတ်ပေးတော်မူပြီ၊ ယုတ်မာသူများသည်သာ ၎င်းကို ဖုံးကွယ်ကြလိမ့်မည်။
၂း၁၀၀။ ပဋိညာဉ်ပြု ပဋိညာဉ်ထားတိုင်း သူတို့မှ တစ်ဖွဲ့သည် ၎င်းကို စွန့်ပစ်ကြသည် မဟုတ်လော၊ အမှန်မှာ သူတို့မှ အများစုသည် ယုံကြည်မှု မရှိကြပေ။
၂း၁၀၁။ သူတို့၌ ရှိရာကို ဖြောင့်မှန်စေသည့် ပရမတ်ဘုရားရှင်၏ထံမှ ဉာဏ်စဉ်ဆောင်တစ်ပါး သူတို့ထံသို့ ရောက်လာစဉ် ကျမ်းပေးခံရသောသူများမှ တစ်ဖွဲ့သည် စွန့်ပစ်လျက် ပရမတ်ဘုရားရှင်၏ ကျမ်းတော်ဟု မသိသယောင် ကျောခိုင်း ကွယ်ကာပစ်ကြ၏။
၂း၁၀၂။ သူတို့သည် ဆိုလိုင်မံ၏ ဩဇာအာဏာကို ကျော်၍ မကောင်းဆိုးဝါးတို့ ရွတ်ဖတ်ရာကိုသာ လိုက်နာကြ၏၊ ဆိုလိုင်မံသည် ဖုံးကွယ်သည် မဟုတ်၊ သို့သော် မကောင်းဆိုးဝါးတို့သည်သာ ဖုံးကွယ်ကြ၏၊ သူတို့သည် ဘေဘီလုံ နိမိတ်ဆောင်နှစ်ဦးဖြစ်သော ဟာရူးတ်နှင့် မာရူးတ်တို့ထံသို့ ချမှတ်ပေးရာ ဖြစ်သည့် လူသားတို့အား လှည့်စားမှုကို သင်ပေးကြ၏၊ သူတို့က “ကျွန်ုပ်တို့သည် စမ်းသပ်ခြင်းသာ ဖြစ်၏၊ ဖုံးကွယ်ခြင်း မဟုတ်ပါ၊” ဟု မပြောဘဲ တစ်ဦးတစ်ယောက်ကိုမှ သင်မပေးခဲ့ချေ၊ ၎င်းတို့သည် သူတို့နှစ်ဦးထံမှ လူသားတို့ စုဖွဲ့မှုကြား ခွဲခြင်းကိုသာ သင်ယူကြ၏၊ သူတို့သည် ပရမတ်ဘုရားရှင်၏ ခွင့်ပြုချက်မရှိဘဲ တစ်စုံတစ်ယောက်ကိုမှ မနစ်နာစေနိုင်သော၊ သူတို့ကိုယ်သာ နစ်နာစေမည့် အကျိုးမရှိရာကို သင်ယူကြလေပြီ၊ ထိုအရာကို ရောင်းဝယ်သူတို့အတွက် အနာဂတ် ဖြစ်တည်မှု မရှိကြောင်း သူတို့ မုချ သိကြကုန်၏၊ သူတို့၏ စရိုက်များကို အမင်္ဂလာဖြင့် ရောင်းစားကြပြီ၊ သူတို့ သိကြပါလေစ။
၂း၁၀၃။ အကယ်၍ သူတို့သည် သက်ဝင် ယုံကြည်လျက် စည်းစောင့်ကြလျှင် ပရမတ်ဘုရားရှင်၏ထံမှ အကျိုးဆက်သည် ပိုကောင်း၏၊ သူတို့ သိကြပါလေစ။
၂း၁၀၄။ အို- ယုံကြည်သောသူတို့၊ “ကျွန်ုပ်တို့ကို ထိန်းကျောင်းပါ၊” ဟု မပြောကြနှင့်၊ “ကျွန်ုပ်တို့အား ကြည့်ရှုပါ၊” ဟု ပြောကြလော့၊ ကြားနာကြလော့၊ ဖုံးကွယ်သူများအတွက် စူးနစ် နာကျင်သော ဝဋ်ကြွေးသည် ရှိနေ၏။
၂း၁၀၅။ ကျမ်းစာ ဝိုင်းသားများမှ ဖုံးကွယ်သောသူနှင့် ရောပြွန်း ကိုးကွယ်သူများသည် သင်တို့အား ကံကြမ္မာရှင်ထံမှ ချမှတ်ပေးသည့် အကောင်းကို မလိုလားကြပေ၊ ပရမတ်ဘုရားရှင်သည် စံချိန်ပြည့်သူအား ကရုဏာဖြင့် ရွေးကောက်တော်မူ၏၊ ပရမတ်ဘုရားရှင်သည် မဟာ့ မဟာ သိက္ခာပေးသောအရှင် ဖြစ်၏။
၂း၁၀၆။ မည်သည့် သုတ်ဒေသနာကိုမဆို ငါက ကမ္ပည်းထိုးစေသည် ဖြစ်စေ၊ ပယ်ဖျက်စေသည် ဖြစ်စေ၊ ထို့ထက် ပိုကောင်းရာ၊ သို့မဟုတ် ပမာတူရာကို ပေးအပ်တော်မူ၏၊ ဧကန်ပင် ပရမတ်ဘုရားရှင်သည် သဗ္ဗလုံးစုံအား စည်းချိန် ချမှတ်တော်မူကြောင်း သင်တို့ မသိကြလေသလော။
၂း၁၀၇။ ဧကန်ပင် ပရမတ်ဘုရားရှင်သည် ကောင်းကင်များနှင့် မြေတို့၏ အရှင်သခင် ဖြစ်ကြောင်း သင်တို့ မသိကြသလော၊ ပရမတ်ဘုရားရှင်မှ လွဲ၍ မဟာမိတ်၊ ကူညီသူဟူ၍ သင်တို့အတွက် မရှိပေ။
၂း၁၀၈။ သို့တည်းမဟုတ်၊ သင်တို့အတွက် ပွင့်ပေါ်သော ဉာဏ်စဉ်ဆောင်အား- ရှေ့အလျင်က မူဆာအား တောင်းဆိုသကဲ့သို့ တောင်းဆို လိုကြသလော၊ ယုံကြည်ချက်အစား ဖုံးကွယ်ခြင်းဖြင့် လဲလှယ်သောသူအတွက် မုချပင် ပုံစံချပြီး လမ်းစဉ်မှ လွဲချော်ရလတ္တံ့။
၂း၁၀၉။ ကျမ်းစာဝိုင်းသားများမှ အများစုသည် သူတို့စရိုက်၏ မနာလိုမှုများကြောင့်- သူတို့အတွက် သစ္စာတရားကို ရှင်းလင်းစေပြီး နောက်မှ သင်တို့အား ယုံကြည်ပြီးနောက်မှ ဖုံးကွယ်သူအဖြစ် ပြန်လှည့်စေလိုကြ၏၊ ပရမတ်ဘုရားရှင်၏ ညွှန်ကြားချက် ပေးရောက်သည့်တိုင် ကျေအေး၍ ဉပေက္ခာပြုထားလော့၊ ဧကန်ပင် ပရမတ်ဘုရားရှင်သည် သဗ္ဗလုံးစုံအား စည်းချိန် ချမှတ်တော်မူ၏။
၂း၁၁၀။ ဝတ်ပြု မြဲကြလော့၊ အခွန်ငွေဖြူ ပေးကြလော့၊ သင်တို့၏ စရိုက်အတွက် ကောင်းစွာ စုံရပ်ခံခဲ့ခြင်းတို့အား ပရမတ်ဘုရားရှင်၏ထံ၌ တွေ့ရလတ္တံ့၊ ဧကန်ပင် ပရမတ်ဘုရားရှင်သည် ကျင့်ကြံသမျှကို မြင်နေသောအရှင် ဖြစ်၏။
၂း၁၁၁။ “ရေဝတီ၊ သို့မဟုတ် ခရစ်ယာန် မဟုတ်သူသည် သုခဘုံသို့ မဝင်ရ၊” ဟု ပြောကြ၏၊ ၎င်းသည် သူတို့၏ ဇောဆန္ဒပေတည်း၊ “သင်တို့သည် ဖြောင့်မှန်သူများ ဖြစ်ကြလျှင် သက်သေပြချက် ယူခဲ့ကြ၊” ဟု ပြောကြားလော့။
၂း၁၁၂။ အမှန်မှာ ပရမတ်ဘုရားရှင်အား မျက်နှာမူ၍ ငြိမ်းချမ်းရေး ပြုသော- ထို သုမင်္ဂလာပြုသူ အတွက် ဆုလာဘ်မှာ ကံကြမ္မာရှင်၏ထံ၌ ရှိနေပြီ၊ သူတို့အား ကြောက်ရွံ့ရစေမည် မဟုတ်၊ သောက ရောက်ရစေမည်လည်း မဟုတ်ချေ။
၂း၁၁၃။ ရေဝတီတို့က ခရစ်ယာန်တို့အား “မဟုတ်မဟတ်” ဟု ပြောကြ၍ ခရစ်ယာန်တို့ကလည်း ရေဝတီ တို့ကို “မဟုတ်မဟတ်” ဟု ပြောကြ၏၊ သူတို့သည် ကျမ်းစာကို ရွတ်ဖတ်နေကြလျက် ဤသို့ အသိမရှိသောသူများ ပြောသည့်ပမာ ပြောဆိုနေကြ၏၊ သို့ဖြစ်၍ ပရမတ်ဘုရားရှင်သည် သူတို့ချင်းကြား ရှိသော ကွဲလွဲချက်များကို ရပ်တည်ရသောနေ့၌ စီရင်ထုံးချတော်မူမည်။
၂း၁၁၄။ အရှင်၏ဂုဏ်တော်များအား သတိရ ရှုမှတ်သောသူများကို ပရမတ်ဘုရားရှင်၏ ဝတ်ကျောင်းတော်မှ ပိတ်ပင်၍ သူတို့အား ဖြိုဖျက်ရန် လုံးပန်းနေသူထက် မည်သူက ပို၍ အမိုက်စီးဘိသနည်း၊ သူတို့ကိုယ်တိုင် စိုးရိမ်ကြီးစွာဖြင့် ဝင်လာသူများ ဖြစ်သင့်၏၊ သူတို့အတွက် လောကီ၌ အရှက်ရခြင်းနှင့် နောင်ဘဝ၌ မဟာ ဝဋ်ကြွေးကြီး ရှိနေ၏။
၂း၁၁၅။ နေထွက်ရာ၊ နေဝင်ရာတိုင်းသည် ပရမတ်ဘုရားရှင်၏ အချုပ်အခြာ၌ ရှိ၏၊ သင်တို့၏လှည့်ရာ ဘက်တိုင်းသည် ပရမတ်ဘုရားရှင်၏ မျက်မှောက်တော် ဖြစ်၏၊ ဧကန်ပင် ပရမတ်ဘုရားရှင်သည် အသိဉာဏ်တော် ဖြန့်ကျက်ထားသောအရှင် ဖြစ်၏။
၂း၁၁၆။ “ပရမတ်ဘုရားရှင်သည် ကိုယ်ပွား ထားရှိ၏၊” ဟု ပြောကြ၏၊ အမှန်မှာ အရှင်သည် ဦးထိပ်ထားရာ ဖြစ်၏၊ မိုးမြေ၌ ရှိသမျှတို့သည် အရှင်၏ အချုပ်အခြာ၌ ရှိ၏၊ ခပ်သိမ်းကုန်သည် အရှင့်အား နာခံနေရ၏။
၂း၁၁၇။ မိုးမြေတို့၏ မူလအရှင်က အပြီးသတ် ညွှန်ကြားချက် “ဖြစ်” ဟု မိန့်သော်၊ သို့ဖြင့် ဖြစ်လာရမည်ပင်။
၂း၁၁၈။ အသိ မရှိသော သူများက “ပရမတ်ဘုရားရှင်က ကျွန်ုပ်တို့အား မုက္ခပတ်တော်၊ သို့မဟုတ် သုတ်ဒေသနာတော် အဘယ်ကြောင့် မပေးသနည်း၊” ဟု ပြောကြ၏၊ သူတို့မတိုင်မီသူများ ပြောသည့်ပမာ ဤအတိုင်းပင် ပြောကြ၏၊ သူတို့၏ နှလုံးသားမှာ ဆင်တူနေ၏၊ ဒိဋ္ဌ ယုံသော လူမျိုးအတွက် သုတ်ဒေသနာများကို ငါ ရှင်းလင်းထားပြီး ဖြစ်၏။
၂း၁၁၉။ ငါသည် သင့်အား သစ္စာတရားအားဖြင့် သတင်းကောင်းပါးသူ၊ သတိပေးသူအဖြစ် စေစားတော်မူ၏၊ ငရဲမီး ပေါင်းဖေါ်များနှင့် စပ်လျဉ်း၍ သင့်အား စစ်ကြောမည် မဟုတ်ပေ။
၂း၁၂၀။ ရေဝတီများ ခရစ်ယာန်များက သူတို့၏ ကျင့်စဉ်ကို မလိုက်နာသ၍ သင့်အား ကျေနပ်မည် မဟုတ်ပေ၊ “ပရမတ်ဘုရားရှင်၏ လမ်းညွှန်မှုသည်သာ လမ်းညွှန်မှန် ဖြစ်၏၊” ဟု ဟောပြောလော့၊ သင့်ထံသို့ အသိပညာ ရောက်လာပြီးမှ သူတို့၏ လိုဘများကို လိုက်နာလျှင် ပရမတ်ဘုရားရှင်၏ထံမှ မဟာမိတ်နှင့် ကူညီသူသည် သင့်အတွက် မရှိပြီ။
၂း၁၂၁။ ငါ ကျမ်းစာပေးသော သူများသည် ၎င်းကို မှန်မှန်ကန်ကန် ရွတ်ဖတ်ခြင်းဖြင့် ရွတ်ဖတ်ကြသော် ၎င်း၌ ယုံကြည်သူများ ဖြစ်ကြ၏၊ ၎င်းကို ဖုံးကွယ်သူများသည် ဆုံးရှုံးသူများ ဖြစ်ချေပြီ။
၂း၁၂၂။ အို- ဂျူးလူမျိုးတို့၊ သင်တို့အား ငါ ဂုဏ်ပေးသည့် ဂုဏ်ပုဒ်များကို သတိရကြလော့၊ ငါသည် သင်တို့ကို လောကခပ်သိမ်း အပေါ်၌ သိက္ခာပေးခဲ့ပြီ။
၂း၁၂၃။ ဉာဉ်တစ်ခုက ဉာဉ်တစ်ခုအတွက် တစ်စုံတစ်ရာ အစားမပေးနိုင်သော၊ တန်ရာတန်ကြေး အကိုးမပြည့်သော၊ အမျှဝေခြင်း အကျိုးမဖြစ်သော၊ အကူအညီမဲ့နေ့ ကာလအတွက် စည်းစောင့်ကြလော့။
၂း၁၂၄။ အီဗရာဟီးမ်အား ကံကြမ္မာရှင်က မုက္ခပတ်တော်ဖြင့် စုံစမ်းသောအခါ သူသည် ပြည့်စုံစေခဲ့၏၊ အရှင်က “ငါသည် သင့်အား လူသားတို့၏ ရှေ့ဆောင်အဖြစ် စီစဉ်တော်မူပြီ၊” ဟု မိန့်ဆိုသော် သူက “တပည့်တော်၏ သားမြေးများမှကော၊” ဟု ပြန်လျှောက်၏၊ “ငါ့ ပဋိညာဉ်အား အမိုက်ကောင်များ မဆွတ်ခူးနိုင်၊” ဟု မိန့်တော်မူ၏။
၂း၁၂၅။ ငါသည် အိမ်တော်အား လူသားအပေါင်း အကျိုးနှင့် ယုံကြည် စိတ်ချရာအဖြစ် စီစဉ်တော်မူ၏၊ အီဗရာဟီးမ်၏ ရပ်တည်ခဲ့သည်အား ဝတ်ပြုသည့် နေရာအဖြစ် ယူမှတ်ကြလော့၊ ငါသည် အီဗရာဟီးမ်နှင့် အီစ္စမာအီးလ်တို့အား “လှည့်လည်သူ၊ ဝဇီပိတ်ကျင့်သူ၊ ဦးညွှတ်သူ၊ ဦးချသူတို့အတွက် ငါ၏အိမ်တော်ကို သန့်စင်စေကြလော့၊” ဟု ပဋိညာဉ် ပြုထား၏။
၂း၁၂၆။ အီဗရာဟီးမ်က “အို- ကံကြမ္မာရှင်၊ ဤမြို့တော်အား မြို့သားများ ယုံကြည် စိတ်ချရရန် စီစဉ်တော်မူပါ၊ ပရမတ်ဘုရားရှင်နှင့် နောက်ဆုံးနေ့ကို ယုံကြည်သူတို့အား သီးနှံရိက္ခာများ ပြည့်စေတော်မူပါ၊” ဟု လျှောက်တင်သော် အရှင်က “ဖုံးကွယ်သူကိုလည်း အနည်းငယ်မျှ ချမ်းမြေ့စေမည်၊ ထို့နောက် အမင်္ဂလာ ပန်းတိုင်ဖြစ်သည့် စစ်မီး ဝဋ်ကြွေးသို့ တွန်းပို့ခံရမည်၊” ဟု မိန့်၏။
၂း၁၂၇။ အီဗရာဟီးမ် နှင့် အီစ္စမာအီးလ်တို့သည် အိမ်တော်၏ အုတ်မြစ်ကို မြှင့်တင်သောအခါ- “အို- ကံကြမ္မာရှင်၊ တပည့်တော်တို့အား ဆန္ဒပြည့်စေတော်မူပါ၊ အရှင်သည် ကြားနေသောအရှင်၊ သိနေသောအရှင် ဖြစ်ပါ၏။”
၂း၁၂၈။ “အို- ကံကြမ္မာရှင်၊ တပည့်တော်တို့အား ငြိမ်းချမ်းရေး ပြုသူများအဖြစ်၊ တပည့်တော်တို့၏ သားမြေးတို့အား ငြိမ်းချမ်းရေးပြုသူ အသိုင်းအဝိုင်းအဖြစ် စီစဉ်ပေးပါ၊ တပည့်တော်တို့အား ဝတ်ဖြည့်နည်းကို ပြသပေးပါ၊ တပည့်တော်တို့အား သင်ပုန်း ချေပေးတော်မူပါ၊ အရှင်သည် သင်ပုန်း ချေပေးသော၊ ကရုဏာသက်သောအရှင် ဖြစ်ပါ၏။”
၂း၁၂၉။ “အို- ကံကြမ္မာရှင်၊ သူတို့အား အရှင်၏ သုတ်ဒေသနာများကို ရွတ်ဖတ်ပြရန်၊ ကျမ်းတော်နှင့် စီရင်ထုံးကို သင်ကြားပေးရန်၊ သန့်ရှင်း ဖြူစင်စေရန် ဉာဏ်စဉ်ဆောင်တစ်ပါးကို သူတို့အထဲမှ ပွင့်ပေါ်စေတော်မူပါ၊ အရှင်သည် ဘုန်းတော်အရှင်၊ ဓမ္မသတ်ရှင် ဖြစ်ပါ၏၊” ဟု လျှောက်ထားကြ၏။
၂း၁၃၀။ စရိုက်ပျက် မိုက်မဲသူသည်သာ အီဗရာဟီးမ်၏ ကျင့်စဉ်တော်ကို ဦးစားမပေး၊ ငါသည် သူ့အား ဤဘဝ၌ ရွေးချယ်၍ နောင်ဘဝအတွက် ပြုပြင် ပြောင်းလဲသူများ၏ အနက်မှ ဖြစ်စေတော်မူမည်။
၂း၁၃၁။ သူ့အား ကံကြမ္မာရှင်က “ငြိမ်းချမ်းစေလော့၊” ဟု မိန့်သောအခါ၊ “လောကခပ်သိမ်း၏ ကံကြမ္မာရှင်အတွက် ငြိမ်းချမ်းရေး ပြုနေကြောင်းပါ၊” ဟု သူ လျှောက်ထား၏။
၂း၁၃၂။ အီဗရာဟီးမ်နှင့် ယာကုဗ်တို့က သားမြေးတို့အား “အို- သားမြေးတို့၊ ပရမတ်ဘုရားရှင်သည် သင်တို့အတွက် သာသနာတော်ကို ရွေးချယ်ပြီ၊ သင်တို့သည် ငြိမ်းချမ်းရေးပြုသူ အဖြစ်မှအပ ဘဝ မပြောင်းကြစေနှင့်၊” ဟု မှာကြား၏။
၂း၁၃၃။ သို့တည်းမဟုတ် ယာကုဗ်၏ အာယုသင်္ခါရ လွှတ်ချိန်၌ သင်တို့သည် မျက်မြင် သက်သေဖြစ်ကြသလော၊ သားမြေးတို့အား “ကျွန်ုပ်၏နောက်၌ မည်သူ့အား သင်တို့ ကိုးကွယ်ကြမည်နည်း၊” ဟု သူကမေးသော် “ကိုယ်တော်၏ ဘုရားရှင်၊ သင်၏ ဘဘိုးများဖြစ်သော အီဗရာဟီးမ်၊ အီစ္စမာအီလ်၊ အီစ္စဟာ့က်တို့၏ တစ်ပါးတည်း ဘုရားရှင်ကိုသာ ကိုးကွယ်ကြပါမည်၊ ကျွန်ုပ်တို့သည် အရှင့်အတွက် ငြိမ်းချမ်းရေး ပြုသူများ ဖြစ်ပါ၏၊” ဟု ပြောကြပြီ။
၂း၁၃၄။ ဤအသိုင်းအဝိုင်းသည် လွန်ခဲ့လေပြီ၊ သူတို့၏ ကျင့်ဆောင်မှုသည် သူတို့အတွက်၊ သင်တို့၏ ကျင့်ဆောင်မှုသည် သင်တို့အတွက်ပင် ဖြစ်၏၊ သူတို့၏ ကျင့်ကြံလေ့ ရှိရာများကြောင့် သင်တို့အား စစ်ကြောမည် မဟုတ်ပေ။
၂း၁၃၅။ “လမ်းညွှန်တရားရရန် ရေဝတီ၊ သို့မဟုတ် ခရစ်ယာန်များ ဖြစ်ကြလော့၊” ဟု ပြောသည်တို့အား ပြန်ပြောလော့- “အီဗရာဟီးမ်၏ ကျင့်စဉ်သည် ဧကန်ပင် အယူသန့်၏၊ သူသည် ရောပြွန်း ကိုးကွယ်သူမှ မဟုတ်ပေ။”
၂း၁၃၆။ “ကျွန်ုပ်တို့သည် ပရမတ်ဘုရားရှင်၊ ကျွန်ုပ်တို့ထံသို့ ချမှတ်ပေးရာ၊ အီဗရာဟီးမ်၊ အီစ္စမာအီးလ်၊ အီစ္စဟာ့က်၊ ယာကုဗ်နှင့် လူမျိုးစုများထံသို့ ချမှတ်ပေးရာ၊ မူဆာနှင့် ယေရှုတို့ထံသို့ ပေးအပ်ရာနှင့် သတင်းတော်ဆောင်တိုင်းအား ကံကြမ္မာရှင်၏ထံမှ ပေးအပ်ရာတို့ကို ယုံကြည်ကြ၏၊ ထိုကိုယ်တော်များကြား တစ်ပါးနှင့်တစ်ပါး ခွဲခြားမှု မပြုပါ၊ ကျွန်ုပ်တို့သည် အရှင့်အတွက် ငြိမ်းချမ်းရေး ပြုသူများ ဖြစ်ကြ၏၊” ဟု ပြောဦးလော့။
၂း၁၃၇။ သူတို့သည် သင်တို့ ယုံကြည်သကဲ့သို့ ယုံကြည်ကြလေလျှင် လမ်းညွှန် တရားကို မုချရပေအံ့၊ အကယ်၍ လှည့်သွားကြလေလျှင် ဂိုဏ်းခွဲသူများမှ ဖြစ်ကြ၏၊ သူတို့နှင့် ပတ်သက်၍ ပရမတ်ဘုရားရှင်သည် လုံလောက်တော်မူ၏၊ အရှင်သည် ကြားနေသောအရှင်၊ သိနေသောအရှင် ဖြစ်၏။
၂း၁၃၈။ “ပရမတ်ဘုရားရှင်၏ ဓါတ်တော်အား ကူးကြလော့၊ ဓါတ်တော်ကူးပေးရာ၌ ပရမတ်ဘုရားရှင်ထက် မည်သူက ပို၍ တင့်တယ်စေအံ့နည်း၊ ကျွန်ုပ်တို့သည်ကား အရှင့်ကိုသာ ကိုးကွယ်သူများ ဖြစ်ကြ၏။”
၂း၁၃၉။ “ပရမတ်ဘုရားရှင်၊” ဟု ဟော၍ ကျွန်ုပ်အား စောကြောကြသလော၊ အရှင်သည် သင်တို့၏ ကံကြမ္မာရှင်၊ ကျွန်ုပ်၏ ကံကြမ္မာရှင် ဖြစ်၏၊ သင်တို့ ကျင့်ကြံမှုသည် သင်တို့အတွက်၊ ကျွန်ုပ် ကျင့်ကြံမှုသည် ကျွန်ုပ်အတွက်ပင် ဖြစ်၏၊ ကျွန်ုပ်တို့သည် အရှင့်ကိုသာ သန့်သန့်ထား ကိုးကွယ်ပါ၏။
၂း၁၄၀။ “သို့တည်းမဟုတ် အီဗရာဟီးမ်၊ အီစ္စမာအီးလ်၊ အီစ္စဟာ့က်၊ ယာကုဗ်နှင့် လူမျိုးစုတို့သည် ရေဝတီ၊ သို့မဟုတ် ခရစ်ယာန်များ ဖြစ်ကြ၏ ဟု ပြောကြသလော၊ သို့တည်းမဟုတ် သင်တို့သည် ပရမတ်ဘုရားရှင်ထက် ပို၍ သိကြကုန်သလော၊” ဟု မေးမြန်းလော့၊ ပရမတ်ဘုရားရှင်၏ သက်သေတော် သူ့ထံ၌ ရှိလျက် ထိမ်ဝှက်ထားသူထက် မည်သူက ပို၍ အမိုက်စီးဘိသနည်း၊ ပရမတ်ဘုရားရှင်သည် ကျင့်ကြံသမျှကို မေ့လျော့ထားသည် မဟုတ်ပေ။
၂း၁၄၁။ ဤအသိုင်းအဝိုင်းသည် လွန်ခဲ့လေပြီ၊ သူတို့၏ ကျင့်ဆောင်မှုသည် သူတို့အတွက်၊ သင်တို့၏ ကျင့်ဆောင်မှုသည် သင်တို့အတွက်ပင် ဖြစ်၏၊ သူတို့၏ ကျင့်ကြံလေ့ ရှိရာများကြောင့် သင်တို့အား စစ်ကြောမည် မဟုတ်ပေ။
၂း၁၄၂။ လူသားတို့အနက် တုံးအသူများက “သူတို့၏ ရှိနေခဲ့သော ရှေ့ရှုမှုကို ဘယ်အရာက ဘက်လှည့်စေသနည်း၊” ဟု မေးကြလတ္တံ့၊ ဟောလော့၊ “နေထွက်ရာ နေဝင်ရာတိုင်းသည် ပရမတ်ဘုရားရှင်၏ အချုပ်အခြာ၌ ရှိ၏၊ စံချိန် ပြည့်သူအား မြဲမြံ တည်တံ့သော လမ်းစဉ်သို့ ညွှန်တော်မူသတည်း။”
၂း၁၄၃။ ငါသည် သင်တို့အား ဤသို့ တော်ဝင် အသိုင်းအဝိုင်းအဖြစ် စီစဉ်ပေးခြင်းမှာ သင်တို့သည် လူသားတို့အပေါ်၌ သက်သေ ဖြစ်အံ့သောငှာ၊ ဉာဏ်စဉ်ဆောင်သည် သင်တို့အပေါ်၌ သက်သေ ဖြစ်အံ့သောငှာ ဖြစ်၏၊ သင်တို့၏ ရှိနေခဲ့သော ရှေ့ရှုခဲ့မှုကို ငါ စီစဉ်ခဲ့သည် မဟုတ်၊ သို့သော် မည်သူသည် ဉာဏ်စဉ်ဆောင်အား လိုက်နာ၍ မည်သူသည် သူ့နိဂုံးသို့ ဦးလှည့်သည်ကို သိနိုင်ရန်သာ ဖြစ်၏၊ အမှန်သော် ပရမတ်ဘုရားရှင်၏ လမ်းညွှန်ခံရသောသူ အတွက်မှအပ ဝန် ကြီးလှပေ၏၊ ပရမတ်ဘုရားရှင်သည် သင်တို့၏ ယုံကြည်ချက်ကို အလဟဿ မဖြစ်စေပေ၊ ပရမတ်ဘုရားရှင်သည် လူသားတို့အပေါ်၌ ညှာတာသောအရှင်၊ ကြင်နာသောအရှင် ဖြစ်၏။
၂း၁၄၄။ ကောင်းကင်ယံသို့ သင် မျက်နှာမူ ဦးလှည့်နေသည်ကို ငါ မြင်တော်မူ၏၊ သို့ဖြင့် သင်စိတ်ကျေနပ်သည့် ရှေ့ရှုမှုသို့ ဘက်လှည့်စေတော်မူပြီ၊ “ဘေးမဲ့ ဝတ်ကျောင်းတော်ဘက်သို့ မျက်နှာမူလှည့်လော့၊ သင်တို့သည် မည်သည့်အရပ်၌ ရှိစေ၊ ထိုဘက်သို့ မျက်နှာမူလှည့်လော့၊ ကျမ်းစာ ပေးခံရသောသူတို့က ၎င်းသည် ကံကြမ္မာရှင်၏ထံမှ သစ္စာတရား ဖြစ်သည်ဟု ဧကန်သိကြလတ္တံ့၊” ပရမတ်ဘုရားရှင်သည် ကျင့်ကြံလေသမျှကို မေ့လျော့ထားသည် မဟုတ်ပေ။
၂း၁၄၅။ ကျမ်းပေးခံရသူတို့ထံသို့ ရှိသမျှ သုတ်ဒေသနာများကို သင် ယူဆောင်ခဲ့သော်လည်း သင်၏ ရှေ့ရှုမှုသို့ သူတို့ လိုက်နာသူများ မဟုတ်ချေ၊ သင်လည်း သူတို့၏ ရှေ့ရှုမှုကို လိုက်နာသူ မဟုတ်ပေ၊ သူတို့မှ အချို့၏ ရှေ့ရှုမှုကို အချို့က လိုက်နာကြမည် မဟုတ်ပေ၊ သင့်ထံသို့ အသိပညာ ရောက်လာပြီးမှ သူတို့၏ လိုဘသို့ လိုက်လေလျှင် သင်သည် အမိုက်ကောင်များမှ ဖြစ်ချေပြီ။
၂း၁၄၆။ ကျမ်းပေးခံရသူတို့သည် သူတို့၏ သားမြေးများကို သိမှတ်သကဲ့သို့ သူ့အား သိမှတ်သင့်၏၊ သူတို့မှ တစ်ဖွဲ့သည် အမှန်တရားကို သိနေလျက်နှင့် ဧကန် ထိမ်ဝှက်နေကြ၏။
၂း၁၄၇။ အမှန်တရားသည် သင်၏ ကံကြမ္မာရှင်ထံမှ ဖြစ်၏၊ သို့ဖြစ်၍ သင်တို့သည် အချင်းများသူတို့မှ မဖြစ်သင့်ပေ။
၂း၁၄၈။ ဦးတည် မျက်မှောက်ပြုမှု ကိုယ်စီ ရှိကြ၏၊ သို့ဖြစ်ရာ ကောင်းမှုများ၌ ပြိုင်ဆိုင်ကြလော့၊ သင်တို့သည် မည်သည့်နေရာ၌ ရှိစေ၊ ပရမတ်ဘုရားရှင်သည် သင်တို့အား အတူစုရာ ရှိစေပြီ၊ ဧကန်ပင် ပရမတ်ဘုရားရှင်သည် သဗ္ဗလုံးစုံအား စည်းချိန်ချမှတ်တော်မူ၏။
၂း၁၄၉။ မည်သည့်နေရာသို့ ထွက်ခွာသည်ဖြစ်စေ၊ သင်တို့သည် ဘေးမဲ့ ဝတ်ကျောင်းတော်ဘက်သို့ ရှေ့ရှု၍ လှည့်လော့၊ မှတ်သားလော့၊ အမှန်တရားသည် ကံကြမ္မာရှင်၏ထံမှ ဖြစ်၏၊ ပရမတ်ဘုရားရှင်သည် ကျင့်ကြံလေသမျှကို မေ့လျော့ထားသည် မဟုတ်ပေ။
၂း၁၅၀။ မည်သည့်နေရာသို့ ထွက်ခွာသည် ဖြစ်စေ၊ သင်တို့သည် ဘေးမဲ့ ဝတ်ကျောင်းတော်သို့ မျက်နှာမူလှည့်လော့၊ မည်သည့် နေရာ၌ ရှိသည်ဖြစ်စေ၊ လူသားတို့ အကျိုးရှိစေရန် ထိုဘက်သို့ မျက်နှာမူလှည့်လော့၊ သူတို့မှ မိုက်ကြေးခွဲသောသူများမှ လွဲ၍ သင်တို့ကို မစောကြောနိုင်ရန် ဖြစ်၏၊ သူတို့အား မကြောက်ကြနှင့်၊ ငါ့ကိုသာ ကြောက်ကြလော့၊ သင်တို့သည် လမ်းညွှန်မှန်ကို ရကောင်းအံ့ငှာ သင်တို့အား ဂုဏ်မင်္ဂလာဖြင့် ပြည့်စုံစေတော်မူပြီ။
၂း၁၅၁။ သင်တို့၏အနက်မှ ဉာဏ်စဉ်ဆောင်တစ်ပါးအား စေစားသကဲ့သို့ပင်၊ သူသည် ငါ၏ သုတ်ဒေသနာများကို သင်တို့အား ရွတ်ဖတ်ပြ၏၊ သင်တို့အား သန့်ရှင်း ဖြူစင်စေ၏၊ ကျမ်းတော်နှင့် စီရင်ထုံးကို သင်ကြားပေး၏၊ သင်တို့ မသိခဲ့သည်များကို သင်ပေး၏။
၂း၁၅၂။ ငါ့ကိုသာ အာရုံပြုလော့၊ ငါသည် သင်တို့အား အာရုံပြုတော်မူမည်၊ ကျေးဇူး သိကြကုန်လော့၊ မဖုံးကွယ်ကြကုန်နှင့်။
၂း၁၅၃။ အို- ယုံကြည်သောသူတို့၊ ဝတ်ပြုခြင်း၊ သည်းခံခြင်းများဖြင့် ပံ့ပိုးမှုကို ရှာကြလော့၊ ဧကန်ပင် ပရမတ်ဘုရားရှင်သည် ခန္တီပါရမီရှင်တို့နှင့် အတူရှိတော်မူ၏။
၂း၁၅၄။ ပရမတ်ဘုရားရှင်၏ လမ်းစဉ်တော်၌ လုပ်ကြံခံရသူများအား သေကြပြီဟု မပြောဆိုနှင့်၊ သူတို့သည် ရှင်နေလျက်ပင်၊ သို့သော် သင်တို့ သတိမမူနိုင်ကြပေ။
၂း၁၅၅။ ငါသည် သင်တို့အား ကြောက်ရွံမှု၊ ငတ်မွတ်မှု၊ ဥစ္စာပစ္စည်း၊ ဉာဉ် စရိုက်၊ သီးနှံများ ယုတ်လျော့မှု၊ စသော အရာများဖြင့် စုံစမ်းတော်မူမည်၊ ခန္တီပါရမီရှင်တို့အား သတင်းကောင်းပါးလော့။
၂း၁၅၆။ သူတို့အား ထိခိုက်မှုတစ်ခု ထိခိုက်စေသောအခါ သူတို့က “ကျွန်ုပ်တို့သည် ပရမတ်ဘုရားရှင် အတွက်ပင်၊ အရှင့်ထံသို့သာ ကျွန်ုပ်တို့ ဦးလှည့်ရမည်သာတည်း၊” ဟု ရင့်ကျူးကြ၏။
၂း၁၅၇။ သူတို့အပေါ်သို့ ကံကြမ္မာရှင်၏ မေတ္တာ၊ ကရုဏာတော်သည် သက်၏၊ သူတို့သည် လမ်းညွှန် ခံရသူများ ဖြစ်၏။
၂း၁၅၈။ ဧကန်ပင် ဆွဖာရ်နှင့် မရ်ဝါတောင်တို့သည် ပရမတ်ဘုရားရှင် သတ်မှတ်သည့် သတိမူစေရာများမှ ဖြစ်၏၊ မည်သူမဆို ဝတ်ကျောင်းတော်၌ ကံဆောင်ပရိဝါသ်ပြုသော်၊ သို့မဟုတ် ဂါယာပြုသော်၊ ထိုတောင်တို့အား လှည့်လည်ခြင်းကြောင့် အပြစ် မတင်ထိုက်ပေ၊ စိတ်ပြတ်စွာဖြင့် အကောင်းလုပ်သူအတွက် ဧကန်ပင် ပရမတ်ဘုရားရှင်သည် ကျေးဇူးပြန်သောအရှင်၊ သိနေသောအရှင် ဖြစ်၏။
၂း၁၅၉။ ရှင်းလင်းသော လမ်းညွှန်များကို ငါ ချမှတ်ပေးပြီးနောက် လူသားတို့အတွက် ကျမ်းစာမှ ရှင်းလင်းချက်များကို ထိမ်ဝှက်ထားသော သူတို့၏ အပေါ်သို့ ပရမတ်ဘုရားရှင်က မေတ္တာဝေးစေပြီ၊ မေတ္တာမဲ့ခွင့်ရှိသူတို့၏ မေတ္တာဝေးစေပြီ။
၂း၁၆၀။ ခဝါချ၊ ပြုပြင်၊ ရှင်းရှင်းလင်းလင်းရှိသော သူတို့အပေါ် သင်ပုန်း ချေပေးလတ္တံ့၊ ငါသည် သင်ပုန်းချေပေးသောအရှင်၊ အကြင်နာရှင် ဖြစ်၏။
၂း၁၆၁။ ဖုံးကွယ်သောသူ- ထိုဖုံးသွယ်သူ အဖြစ်နှင့်ပင် ဘဝပြောင်း၏၊ ထိုသူတို့အား ပရမတ် ဘုရားရှင်၊ နိမိတ်ဆောင်များနှင့် လူသားအပေါင်း၏ မေတ္တာဝေးစေခြင်း။-
၂း၁၆၂။ -၌ အစဉ် အမြဲ ဖြစ်၏၊ သူတို့အတွက် ဝဋ်ကြွေးမှာ ပေါ့ပါးစေမည် မဟုတ်၊ စောင့်ကြည့်ခွင့် ပေးမည်လည်း မဟုတ်ပေ။
၂း၁၆၃။ သင်တို့၏ ဘုရားရှင်မှာ တစ်ဆူတည်းသာ ဖြစ်၏၊ ထိုကရုဏာရှင်၊ အကြင်နာရှင်မှအပ အခြား ဘုရားဟူ၍ မရှိပြီ။
၂း၁၆၄။ မိုးမြေများကို ဖြစ်တည်စေခြင်း၊ နေ့ညများကို အလှည့်ကျ ဖြစ်စေခြင်း၊ လူသားတို့အကျိုးငှာ လှေ သင်္ဘောများကို ပင်လယ်ပြင်၌ ရွက်လွှင့်စေခြင်း၊ သေနေပြီးသော မြေကမ္ဘာကို မိုးတိမ်တိုက်မှ ပရမတ်ဘုရားရှင်က ချပေးသည့် ရေဖြင့် ပြန်ရှင်စေလျက် သတ္တဝါမျိုးစုံ ပျံ့ပွားစေခြင်း၊ လေ လမ်းကြောင်းများအား ဘက်ပြန်စေခြင်းနှင့် မိုးနှင့်မြေကြား ရှိသမျှအား အသုံးခံ ဖြစ်စေခြင်းတို့မှာ အတွေးအခေါ်ရှိသော လူမျိုးအတွက် သုတ်ဒေသနာများပင် ဖြစ်ချေ၏။
၂း၁၆၅။ လူသားတို့အနက် ပရမတ်ဘုရားရှင်မှလွဲ၍ ဂုဏ်တုပြိုင်လျက် အယူထားသူတို့ ရှိ၏၊ သူတို့အား ပရမတ်ဘုရားရှင်အား နှစ်သက်သလို နှစ်သက်နေကြ၏၊ ယုံကြည်သော သူတို့သည်ကား ပရမတ်ဘုရားရှင်၌ နှစ်သက်မှုမှာ ပြတ်သားလှချေ၏၊ ဝဋ်ကြွေးကို မြင်တွေ့ရသောအခါ အစွမ်းသတ္တိ အားလုံးသည် ပရမတ်ဘုရားရှင်၌သာ ရှိ၏၊ ပရမတ်ဘုရားရှင်သည် ပြင်းထန်စွာ ဝဋ်ဒဏ်သင့်စေ၏ ဟု မိုက်ကြေးခွဲသောသူတို့ မြင်တွေ့ရလတ္တံ့။
၂း၁၆၆။ ကိုးကွယ်ခံများသည် တပည့်ဒကာတို့မှ ကင်းရှင်းကုန်အံ့၊ ဝဋ်ကြွေးကို မြင်တွေ့ရကုန်အံ့၊ ထိုအခါ သူတို့၏ နှောင်ဖွဲ့မှုများ ပြတ်တောက်သွားလတ္တံ့။
၂း၁၆၇။ တပည့်ဒကာများက “အကယ်၍သာ ကျွန်ုပ်တို့အဘို့ အလှည့်ပြန်ရလျှင် ကျွန်ုပ်တို့အား ကင်းရှင်းခဲ့သလို သူတို့ကို ကင်းရှင်းပစ်ကြမည်၊” ဟု ပြောဆိုလတ္တံ့၊ ပရမတ်ဘုရားရှင်သည် သူတို့၏ ကျင့်ကြံခဲ့ရာမှာ သူတို့အတွက် ကြေကွဲစရာ ဖြစ်ကြောင်း မြင်တွေ့စေမည်၊ သူတို့သည် အပူမီးမှ ထွက်ကြရမည့်သူများ မဟုတ်ပေ။
၂း၁၆၈။ အို- လူသားအပေါင်းတို့၊ မြေကမ္ဘာ၌ တရားဝင် စင်ကြယ်ရာကို စားသုံးကြလော့၊ မကောင်းဆိုးဝါး၏ ခြေရာနောက်သို့ မလိုက်နာကြနှင့်၊ သူသည် သင်တို့အတွက် ရှင်းလင်းထင်ရှားစွာ စည်းဖေါက်သူ ဖြစ်၏။
၂း၁၆၉။ သူသည် သင်တို့အား အကုသိုလ်မှု ကိုယ်ကျင့်ပျက်မှုနှင့် ပရမတ်ဘုရားရှင်အပေါ် သင်တို့ မသိသည် များကို ပြောဆိုရန် ညွှန်ကြားလတ္တံ့။
၂း၁၇၀။ သူတို့အား “ပရမတ်ဘုရားရှင် ချမှတ်ပေးသည်ကို လိုက်နာကြလော့၊” ဟု ပြောသောအခါ “ကျွန်ုပ်တို့ တွေ့ရှိရာ မိရိုးဖလာကို လိုက်နာပါပြီ၊” ဟု ပြန်ပြောကြ၏၊ အမှန်မှာ သူတို့၏ ဘဘိုးများသည် အတွေးအခေါ် တစ်စုံတစ်ရာ မရှိ၊ လမ်းညွှန်မှန်၌ မရှိချေ။
၂း၁၇၁။ ဖုံးကွယ်သောသူများအတွက် ဥပမာကား ဖိတ်ကြားသံ အော်ခေါ်သံမှအပ ကြားနိုင်စွမ်း မရှိသော အော်ဟောက်ရသော သူပမာ ဖြစ်၏၊ ပင်းသူ၊ အသူ၊ ကန်းသူ၊ ထိုသူတို့သည် တွေးခေါ်နိုင်ကြမည် မဟုတ်ချေ။
၂း၁၇၂။ အို- ယုံကြည်သောသူတို့၊ သင်တို့အား ငါပေးရာ ရိက္ခာမှ စင်ကြယ်ရာကို စားသုံးကြလော့၊ သင်တို့သည် ပရမတ်ဘုရားရှင်ကိုသာ ကိုးကွယ်ကြလျှင် အရှင့်အား ကျေးဇူးသိကြကုန်လော့။
၂း၁၇၃။ အရှင် တားမြစ်သည်မှာ အသေသား၊ သွေး၊ ဝက်သား၊ ပရမတ်ဘုရားရှင်မှကင်း၍ အခြားအရာကို တိုင်တည် လှီးသတ်သော အသားတို့ ဖြစ်၏၊ အပြစ်ရှာခြင်း ကင်းလျက် စည်းမဖေါက်လိုဘဲ တွန်းပို့ခံရသူအတွက် အကုသိုလ် မဟုတ်ချေ၊ ပရမတ်ဘုရားရှင်သည် လွတ်ငြိမ်းစေသောအရှင်၊ အကြင်နာရှင် ဖြစ်တော်မူ၏။
၂း၁၇၄။ ပရမတ်ဘုရားရှင် ချမှတ်ပေးသည့် ကျမ်းတော်မှ တစ်စိတ်တစ်ပိုင်းကို ထိမ်ဝှက်လျက် ၎င်းကို တန်ဘိုးချ ရောင်းစားသော သူတို့သည် သူတို့၏ ဝမ်းတွင်းသို့ မီးကိုသာ စားမြိုခြင်းမည်၏၊ ရပ်တည်ရသောနေ့၌ ပရမတ်ဘုရားရှင်က ဗျာဒိတ်တော်ပေးမည် မဟုတ်၊ သန့်ရှင်း ဖြူစင်စေမည်လည်း မဟုတ်ပေ။ သူတို့အတွက် စူးနစ်သော ဝဋ်ကြွေးသည် ရှိ၏။
၂း၁၇၅။ လမ်းလွဲအား လမ်းညွှန်မှန်ကို ဝဋ်ကြွေးအား လွတ်ငြိမ်းခွင့်ဖြင့် ရောင်းဝယ်သော သူတို့သည် မည်သို့မည်ပုံ အပူမီး၌ ကြံကြံခံနိုင်အံ့နည်း။
၂း၁၇၆။ ဤသည်မှာ ပရမတ်ဘုရားရှင်သည် သစ္စာတရားအားဖြင့် ကျမ်းတော်အား ချမှတ်ပေးသောကြောင့်တည်း၊ ဧကန်ပင် ကျမ်းတော်၌ သဘောကွဲသော သူတို့သည် ဂိုဏ်းခွဲ နောက်ကျန်ရစ်ကြ၏။
၂း၁၇၇။ အရှေ့၊ အနောက်တို့အား ရှေ့ရှု မျက်နှာလှည့်ခြင်းဖြင့် သင်တို့အတွက် ကောင်းမှုမမည်သေး၊ သို့ရာတွင်- ပရမတ်ဘုရားရှင်၊ နောင်ဘဝနေ့ ကာလ၊ နိမိတ်ဆောင်များ၊ ကျမ်းတော်နှင့် သတင်းတော်ဆောင်များကို ယုံကြည်သူ၊ မိမိ နှစ်သက်သော ဥစ္စာပစ္စည်းကို ဆွေမျိုးနီးစပ်၊ မိဘမဲ့၊ နွမ်းပါးသူ၊ ခရီးသည်၊ တောင်းခံသူနှင့် ကျွန်စနစ် ဖျက်သိမ်းရေးအတွက် ပေးကမ်းသူ၊ ဝတ်ပြုမြဲ၍ အခွန် ငွေဖြူပေးသူ၊ ပဋိညာဉ် ပြုသောအခါ ပဋိညာဉ်၌ ပြီးပြည့်စေသူ၊ အမင်္ဂလာ နစ်နာရခြင်းနှင့် အမင်္ဂလာ ခေတ်ဆိုး၌ ခန္တီပါရမီ ရှိသူတို့သည်သာ၊ သီလရှိသူတို့သည်သာ၊ ကောင်းမှု မည်၏၊ သူတို့သည်ကား ဖြောင့်မှန်သောသူများ ဖြစ်ကြ၏၊ သူတို့သည်ကား စည်းစောင့်သူများ ဖြစ်ကြ၏။
၂း၁၇၈။ အို- ယုံကြည်သောသူတို့၊ လူသတ်မှုများအတွက် ဖေါ်ပြမှုမှာ လူလွတ်အတွက် လူလွတ်၊ ဝန်ထမ်းအတွက် ဝန်ထမ်း၊ လိင်မအတွက် လိင်မဟူ၍ သင်တို့အား ပြဌာန်းပြီ၊ သို့သော် ခံရသူ၏ သားချင်းများက လျော်ကြေး တစ်စုံတစ်ရာဖြင့် ကျေအေးရန် ကမ်းလှမ်းလျှင် အသိအမှတ်ပြု လိုက်နာ၍ သူ့ကို တင့်တယ်စွာ ဆက်ဆံရမည်၊ ဤသည် ကံကြမ္မာရှင်၏ထံမှ ပေါ့ပါးစေခြင်းနှင့် ကရုဏာသက်ခြင်းပင် ဖြစ်၏၊ မည်သူမဆို တဖန် စည်းဖေါက်သူဖြစ်လျှင် စူးနစ်သော ဝဋ်ကြွေးသည် ရှိ၏။
၂း၁၇၉။ ထိုဖေါ်ပြမှု၌ သင်တို့အတွက် အသက်ဆက်ခွင့် ရှိ၏၊ အို- သဘောပေါက်နိုင်စွမ်း ရှိသူတို့၊ သင်တို့ စည်းစောင့်အံ့ငှာ ဖြစ်၏။
၂း၁၈၀။ သင်တို့မှ တစ်စုံတစ်ဦးသည် အနိစ္စ ရောက်ချိန်တန်လျှင် မွေးမိဘများ၊ ဆွေမျိုးနီးစပ်များ အတွက် ကောင်းမွန်စွာ အသိအမှတ်ပြု သေတမ်းစာ ချန်ထားခဲ့ရန် သင်တို့အား ပြဌာန်းသည်မှာ- စည်းစောင့်သူတို့အတွက် သစ္စာ ဖြစ်၏။
၂း၁၈၁။ မည်သူမဆို ၎င်းကို ကြားနာပြီးမှ လွှဲပြောင်းခဲ့သော် ထိုလွှဲပြောင်းသောသူများ အပေါ်၌သာ အပြစ်ရှိ၏၊ ဧကန်ပင် ပရမတ်ဘုရားရှင်သည် ကြားနေသောအရှင်၊ သိနေသောအရှင် ဖြစ်ပေ၏။
၂း၁၈၂။ သို့သော် သေတမ်းစာရေးသူ၏ မှားယွင်းမှု၊ သို့မဟုတ် ပြစ်မှုကိုစိုးရိမ်၍ သူတို့၏ကြား ပြုပြင်လိုသောသူသည် အပြစ်မရှိချေ၊ ဧကန်ပင် ပရမတ်ဘုရားရှင်သည် လွတ်ငြိမ်းစေသောအရှင်၊ အကြင်နာရှင် ဖြစ်၏။
၂း၁၈၃။ အို- ယုံကြည်သောသူတို့၊ သင်တို့ ရှေ့အလျင် သူများအား ပြဌာန်းသကဲ့သို့ သင်တို့အပေါ်၌ ဥပုသ်စောင့်ရန် ပြဌာန်းတော်မူပြီ၊ သင်တို့ စည်းစောင့်အံ့ငှာ။-
၂း၁၈၄။ တွက်ချက်ထားသော ရက်များပင်၊ အကြင်သူသည် ဖျားနာနေ၊ သို့မဟုတ် လမ်းခရီး၌ ရှိနေလျှင် နောင်၌ တွက်ချက် ရက် ဖြည့်ရမည်၊ အင်အားရှိသောသူ၏ အပေါ်၌- နွမ်းပါးသူအား ကျွေးမွေး၍ အစားထိုးနိုင်၏၊ စိတ်ပြတ်စွာဖြင့် အကောင်းလုပ်သူ၏- ထိုကောင်းမှုသည် သူ့အတွက်ပင် ဖြစ်၏၊ ဥပုသ်စောင့်ခြင်းသည် ပိုကောင်း၏၊ သင်တို့ သိကြပါလေစ။
၂း၁၈၅။ ရမ်ဿွန်လ- ထိုလ၌ လူသားတို့အား လမ်းညွှန်ချက်၊ လမ်းညွှန်တော်မှ ရှင်းလင်းချက်များနှင့် ခွဲခြမ်းစိတ်ဖြာ ဖွင့်ဆိုသည့် ကုရ်အာန်အား ချမှတ်ပေးတော်မူ၏၊ သင်တို့အနက် ထိုလအား မျက်မှောက်သက်သေ ရှိသူသည် ဥပုသ် စောင့်ရမည်၊ အကြင်သူသည် ဖျားနာနေ၊ သို့မဟုတ် လမ်းခရီး၌ ရှိနေလျှင် နောင်၌ တွက်ချက် ရက် ဖြည့်ရမည်၊ ပရမတ်ဘုရားရှင်သည် သင်တို့အား လွယ်ကူစေလို၍ သင်တို့အတွက် ခက်ခဲစေလိုတော် မမူခြင်းမှာ သင်တို့သည် တွက်ချက် ဖြည့်ဆည်းနိုင်ရန်၊ ပရမတ်ဘုရားရှင်- ကြီးကျယ်ကြောင်းကို မှတ်နိုင်ရန်၊ သင်တို့ လမ်းညွှန်မှန် ရနိုင်ရန်နှင့် ကျေးဇူးသိတတ်အံ့ငှာ ဖြစ်၏။
၂း၁၈၆။ ငါနှင့် ပတ်သက်၍ ငါ၏ အမှုတော်ဆောင်ထံ၌ သင်တို့ မေးမြန်းကြပြီ၊ ငါသည်ကား နီးကပ်စွာ ရှိ၏၊ ငါ့အား တသ၍ တသ ဆုတောင်းသူ၏ တသခြင်းကို ငါ တုန့်ပြန်တော်မူ၏၊ သူတို့သည်လည်း ဖြောင့်မတ်အံ့ငှာ ငါ့အား ယုံကြည်မှုဖြင့် တုန့်ပြန်စေလော့။
၂း၁၈၇။ ဥပုသ်ညများ၌ သင်တို့၏ အမျိုးသမီးများနှင့် မေထုံပြုခြင်းသည် သင်တို့အဘို့ တရားဝင်၏၊ သူတို့သည် သင်တို့အတွက် ဆင်ယင်စရာ၊ သင်တို့သည် သူတို့အတွက် ဆင်ယင်စရာပင် ဖြစ်၏၊ သင်တို့၏ဉာဉ်၌ သစ္စာမခိုင် ဖြစ်ခဲ့ရသည်ကို ပရမတ်ဘုရားရှင် သိတော်မူ၍ သင်တို့အား သင်ပုန်းချေတော်မူပြီ၊ သင်တို့အား ကျေအေးတော်မူပြီ၊ သို့ဖြစ်၍ သူမတို့နှင့် ပေါင်းသင်းနိုင်၏၊ သင်တို့အတွက် ပရမတ် ဘုရားရှင် ပြဌာန်းထားသည်ကို ရှာဖွေကြလော့၊ အဖြူမျှင်သည် အမည်းမျှင်မှ ရှင်းလင်းစေသည့် ဖြာထွက်ချိန်အထိ စားကြ- သောက်ကြကုန်လော့၊ ထို့နောက် ည သို့တိုင် ဥပုသ်သီလ ပြီးပြည့်စေလော့၊ သင်တို့သည် ဝတ်ကျောင်းတော်များ၌ ဝဇီပိတ်ကျင့်နေစဉ် သူမတို့နှင့် မပေါင်းသင်းရ၊ ယင်းသည် ပရမတ်ဘုရားရှင်၏ စည်းမျဉ်းဖြစ်၍ ထိုအပါးသို့ မချဉ်းကပ်ကြနှင့်၊ ပရမတ်ဘုရားရှင်သည် လူသားတို့အတွက် သုတ်ဒေသနာများကို ဤကဲ့သို့ ရှင်းလင်းထားခြင်းမှာ သူတို့ စည်းစောင့် နိုင်အံ့ငှာ ဖြစ်၏။
၂း၁၈၈။ သင်တို့ချင်းကြား ဥစ္စာပစ္စည်းများကို အမှားပြုလျက် မစားသုံးကြနှင့်၊ လူသားတို့၏ ဥစ္စာခွဲတမ်းဟု သိနေပါလျက် အပြစ်သင့်စွာ စားသုံးရန် စီရင်ထုံးချ သူတို့ထံ မဖားကြနှင့်။
၂း၁၈၉။ လဆန်းပက္ခများအကြောင်း မေးကြသူတို့အား ပြောလော့၊ “၎င်းတို့သည် လူသားတို့အတွက် ပြက္ခဒိန် ပြဌာန်းရန်နှင့် ကံဆောင်ပရိဝါသ်အတွက် ဖြစ်၏၊” “အိမ်များကို နောက်မှ ချဉ်းကပ်ခြင်းသည် ကောင်းမှု မဟုတ်ချေ၊ သို့သော် စည်းစောင့်ခြင်းသည်သာ ကောင်းမှု ဖြစ်၏၊ အိမ်များကို တံခါးပေါက်များမှ ဝင်ကြလော့၊ အောင်မြင် ပေါက်မြောက်အံ့ငှာ ပရမတ်ဘုရားရှင်အား စည်းစောင့်ကြလော့။”
၂း၁၉၀။ သင်တို့အား တိုက်ခိုက်သော သူများကို ပရမတ်ဘုရားရှင်၏ လမ်းစဉ်တော်၌ ခုခံတိုက်ကြလော့၊ သို့သော် စည်းမဖေါက်ကြနှင့်၊ ပရမတ်ဘုရားရှင်သည် စည်းဖေါက်သူများအား နှစ်သက်တော်မမူချေ။
၂း၁၉၁။ သူတို့အား ထိပ်ဆိုင်တိုးရာ နေရာတိုင်း၌ ခုခံတိုက်ကြလော့၊ သင်တို့အား နှင်ထုတ်သော နေရာများမှ သူတို့အား နှင်ထုတ်ကြလော့၊ သွေးတိုးစမ်းခြင်းသည် သတ်ဖြတ်ခြင်းထက် ပို၍ ပြင်းထန်၏၊ ဘေးမဲ့ ဝတ်ကျောင်းတော်၏အပါး၌ သင်တို့အား မတိုက်ခိုက်သ၍ သူတို့အား မတိုက်ခိုက်ကြနှင့်၊ သို့သော် သူတို့က တိုက်ခိုက်လာလျှင် သူတို့အား ခုခံ တိုက်ခိုက်ကြလော့၊ ဤသည်မှာ ဖုံးကွယ်သူများအတွက် အစားပေးခြင်း ဖြစ်၏။
၂း၁၉၂။ သို့သော် သူတို့ဘက်က ရပ်စဲကြလျှင် ဧကန်ပင် ပရမတ်ဘုရားရှင်သည် လွတ်ငြိမ်းစေသောအရှင်၊ အကြင်နာရှင် ဖြစ်၏။
၂း၁၉၃။ သွေးတိုးစမ်းခြင်း မရှိတော့သည်ထိ သူတို့အား ခုခံ တိုက်ခိုက်ကြလော့၊ သာသနာသည် ပရမတ်ဘုရားရှင် အတွက်သာ ဖြစ်သင့်၏၊ သို့သော် သူတို့ဘက်က ရပ်စဲကြသော် အမိုက်ကောင်များအပေါ်မှ လွဲ၍ စည်းမဖေါက်ကြနှင့်။
၂း၁၉၄။ ဘေးမဲ့လများသည် ဘေးမဲ့လများနှင့် အခြားသော ဘေးမဲ့ပေးထားသည့် ဖေါ်ပြမှုများအတွက် ဖြစ်၏၊ သင်တို့အပေါ် စည်းဖေါက်သူအား သင်တို့ကို စည်းဖေါက်မှုနှင့် အလားတူ စည်းဖေါက်နိုင်၏၊ ပရမတ်ဘုရားရှင်အား စည်းစောင့်ကြကုန်လော့၊ သိကြကုန်လော့၊ ပရမတ်ဘုရားရှင်သည် စည်းစောင့်သူများနှင့်အတူ ရှိတော်မူ၏။
၂း၁၉၅။ ပရမတ်ဘုရားရှင်၏ လမ်းစဉ်၌ သုံးစွဲကြလော့၊ သင်တို့၏ လက်များကြောင့် တိမ်ကောမှုဆီသို့ မဆုံတွေ့စေနှင့်၊ သုမင်္ဂလာပြုကြလော့၊ ဧကန်ပင် ပရမတ်ဘုရားရှင်သည် သုမင်္ဂလာ ပြုသူများအား နှစ်သက်တော်မူ၏။
၂း၁၉၆။ ကံဆောင် ပရိဝါသ်နှင့် ဂါယာပြုခြင်းကို ပရမတ်ဘုရားရှင်အတွက် ပြီးပြည့်စေလော့၊ သို့သော် သင်တို့ ထိန်းချုပ်ခံထားရလျှင် လွယ်ကူသော အလှုဝတ္ထုကို ပို့လော့၊ အလှုဝတ္ထုများ ဘောင်ဝင်ရာသို့ မဆိုက်မြိုက်မီ ဦးခေါင်းများကို မရိတ်ကြနှင့်၊ သင်တို့မှ ဖျားနာသူ၊ ဦးခေါင်း ထိခိုက်ထားသူတို့ ဖြစ်လျှင် ဥပုသ်စောင့်ခြင်း၊ အလှုပေးခြင်း၊ ဝတ်ဖြည့်ခြင်းများဖြင့် အစားထိုးနိုင်၏၊ စိတ်ချမ်းမြေ့စွာ၊ ဂါယာပြုရင်း ပရိဝါသ်ပြုသောအခါ သင်တို့အတွက် လွယ်ကူသောဝတ္ထုကို လှုလော့၊ ကိုယ်တွေ့ မဖြစ်နိုင်သူသည် ပရိဝါသ်အတွင်း ဥပုသ် သုံးရက်၊ ပြန်လာသောအခါ ခုနှစ်ရက်၊ စုပေါင်း ဆယ်ရက်ပြည့် စောင့်ရမည်၊ ၎င်းသည် ဘေးမဲ့ ကျောင်းတော်၏ အသင့်နေ နယ်ခံသား မဟုတ်သူတို့ အတွက် ဖြစ်၏၊ ပရမတ်ဘုရားရှင်အား စည်းစောင့်ကြလော့၊ သိကြကုန်လော့၊ ပရမတ်ဘုရားရှင်သည် ပြတ်သားစွာ ချုပ်ကိုင်နိုင်တော်မူ၏။
၂း၁၉၇။ ကံဆောင် ပရိဝါသ်ပြုရန် လများမှာ သိရှိစေပြီး ဖြစ်၏၊ ထိုလများ၌ ကံဆောင် ပရိဝါသ်ပြုရန် တာဝန်ရှိသူသည် ပရိဝါသ်တွင်း၌ မေထုံမပြုရ၊ မယုတ်မာရ၊ မငြင်းခုံရပေ၊ မည်သည့် ကောင်းမှုကိုမဆို ပြုလုပ်အံ့၊ ပရမတ်ဘုရားရှင်က သိနေတော်မူ၏၊ ပြင်ဆင် စီမံကြလော့၊ အကောင်းဆုံး ပြင်ဆင်စီမံမှုမှာ စည်းစောင့်မှုပင် ဖြစ်၏၊ အို- သဘောပေါက် နိုင်စွမ်း ရှိသူတို့၊ ငါ့အား စည်းစောင့်ကြကုန်လော့။
၂း၁၉၈။ သင်တို့၏ ကံကြမ္မာရှင်ထံမှ သိက္ခာရမှုကို ရှာဖွေသူတွင် အပြစ်မရှိပေ၊ အာရာဖတ်ရင်ပြင်မှ သင်တို့ စုပြုံလာစဉ် ဘေးမဲ့မှတ်တိုင်၌ ပရမတ်ဘုရားရှင်အား သတိရ ရှုမှတ်ကြလော့၊ သင်တို့အား လမ်းညွှန်ထားသည့်အတိုင်း အရှင့်အား သတိရကြလော့၊ ရှေ့အလျင်က သင်တို့သည် လမ်းလွဲသူများမှ ဖြစ်ခဲ့ကြ၏။
၂း၁၉၉။ တဖန် လူအများ စုပြုံလာသော နေရာမှ စုပြုံလာကြ၍ ပရမတ်ဘုရားရှင်၏ထံ၌ လွတ်ငြိမ်းဆု ပန်ကြလော့၊ ဧကန်ပင် ပရမတ်ဘုရားရှင်သည် လွတ်ငြိမ်းစေသောအရှင်၊ အကြင်နာရှင် ဖြစ်တော်မူ၏။
၂း၂၀၀။ သင်တို့၏ ဝတ်ဖြည့်မှုများ ပြီးပြတ်သော် ပရမတ်ဘုရားရှင်အား သင်တို့၏ ဘဘုရားများကို သတိရသကဲ့သို့ သတိရကြလော့၊ သို့မဟုတ် ထို့ထက် ပြတ်သားစွာ သတိရကြလော့၊ လူသားတို့အနက် “အို- ကံကြမ္မာရှင်၊ တပည့်တော်တို့အား လောကီဆုကိုသာ ပေးပါ၊” ဟု တောင်းဆိုသူများ အတွက် အနာဂတ် ဖြစ်တည်မှု မရှိပေ။
၂း၂၀၁။ သူတို့မှ “အို- ကံကြမ္မာရှင်၊ တပည့်တော်တို့အား လောကီဘဝ၌ တင့်တယ်မှုနှင့် နောင်ဘဝ၌ တင့်တယ်မှုကို ပေးတော်မူပါ၊ အပူမီး ဝဋ်ကြွေးမှ ကာကွယ်တော်မူပါ၊” ဟု တသသူများ ရှိ၏။
၂း၂၀၂။ ထိုသူများအဘို့ သူတို့ ကျင့်ဆောင်ခဲ့ရာ၏ ပင်ပန်းရကျိုးသည် ရှိနေ၏၊ ပရမတ်ဘုရားရှင်သည် အချိန်နှင့် တပြေးညီ စာရင်းစစ်နေတော်မူ၏။
၂း၂၀၃။ တွက်ချက်ထားသော ရက်များတွင် ပရမတ်ဘုရားရှင်အား သတိတရ ရှိလော့၊ စည်းစောင့်သူဖြစ်လျှင် နှစ်ရက်အလျင် စော၍ ပြန်သူအတွက် အပြစ်မရှိပေ၊ နောက်ကျသူ အတွက်လည်း အပြစ် မရှိပေ၊ ပရမတ်ဘုရားရှင်အား စည်းစောင့်ကြလော့၊ သင်တို့သည် အရှင့်ထံသို့သာ စုစည်းခံရမည်ကို သိကြကုန်လော့။
၂း၂၀၄။ လူတို့အနက် သင်တို့အား လောကီသက်တမ်း၌ အံ့ဩလောက်အောင် ပြော၍ သူ၏ နှလုံးသားကိုပင် ပရမတ်ဘုရားရှင်၌ သက်သေထားပြသူ ရှိ၏၊ သူသည် ရန်လို အချေအတင် ပြုသူများ ဖြစ်၏။
၂း၂၀၅။ သူသည် အလှည့်ပေးသောခါ နယ်မြေတလျှောက် အဖျက်လုပ်ငန်း လုံ့ပန်းကြ၏၊ စိုက်ပျိုးထားရာများ၊ စုဆောင်းထားရာများကို တိမ်ကောစေ၏၊ ပရမတ်ဘုရားရှင်သည် အဖျက်လုပ်ခြင်းကို နှစ်သက်တော်မမူပေ။
၂း၂၀၆။ ပရမတ်ဘုရားရှင်အား စည်းစောင့်ရန် သူ့ကို ပြောဆိုသောအခါ သူ၏ဘုန်းကံက သူ့အား အကုသိုလ်သို့ ဆွဲယူသွား၏၊ အမင်္ဂလာ ငြိမ့်ညောင်းရာ ငရဲဘုံသည် သူ့အတွက် စာရင်းချုပ် ဖြစ်၏။
၂း၂၀၇။ လူတို့အနက် မိမိ၏ ဉာဉ်စရိုက်အား ပရမတ်ဘုရားရှင်၏ နှစ်သက် ကျေနပ်မှုကို ရှာဖွေရန် ရောင်းချသူ ရှိ၏၊ ပရမတ်ဘုရားရှင်သည် အမှုတော်ဆောင်များအတွက် ညှာတာတော်မူသောအရှင် ဖြစ်၏။
၂း၂၀၈။ အို- ယုံကြည်သောသူတို့၊ အစ္စလာမ်သာသနာတွင်းသို့ ယတိပြတ် ဝင်ကြကုန်လော့၊ မကောင်းဆိုးဝါး၏ ခြေရာကို မလိုက်နာကြနှင့်၊ သူသည် သင်တို့အတွက် ရှင်းလင်းထင်ရှားစွာ စည်းဖေါက်သူ ဖြစ်၏။
၂း၂၀၉။ သင်တို့၏ထံသို့ ရှင်းလင်းချက်များ ရောက်လာစေပြီးမှ သင်တို့ ချော်ထွက်ခဲ့သော် ဧကန်ပင် ပရမတ်ဘုရားရှင်သည် ဘုန်းတော်အရှင်၊ ဓမ္မသတ်ရှင် ဖြစ်ကြောင်းကို သိကြကုန်လော့။
၂း၂၁၀။ ပရမတ်ဘုရားရှင်က တိမ်လိပ် အရိပ်ထဲမှ အပြီးသတ် ညွှန်ကြားချက်ကို နတ်ဒေဝတာများဖြင့် ရောက်လာစေမည်ဟုသာ စောင့်ကြည့်နေကြသလော၊ အမှန်မှာ ညွှန်ကြားချက်များသည် ပရမတ်ဘုရားရှင်၏ ထံသို့သာ ဦးလှည့်ရမည်သာတည်း။
၂း၂၁၁။ ရှင်းလင်းသော သုတ်ဒေသနာများမှ သူတို့အား မည်၍မည်မျှ ပေးအပ်ခဲ့သည်ကို ဂျူးလူမျိုးတို့အား သင် မေးမြန်းလော့၊ ပရမတ်ဘုရားရှင်၏ ဂုဏ်ပေးမှု ရောက်လာစေပြီးမှ မည်သူမဆို ၎င်းကို လွှဲပြောင်းခဲ့သော် ဧကန်ပင် ပရမတ်ဘုရားရှင်သည် ပြတ်သားစွာ ချုပ်ကိုင်နိုင်တော်မူ၏။
၂း၂၁၂။ လောကီ သက်တမ်း၏ ဖမ်းစားခံထားရသော ဖုံးကွယ်သူတို့က ယုံကြည်သောသူတို့အား ပျက်ရယ်ပြုကြ၏၊ ရပ်တည်ရသောနေ့ ကာလတွင် စည်းစောင့်သောသူတို့သည် အသာစီးရမည်ပင်၊ ဧကန်ပင် ပရမတ်ဘုရားရှင်သည် စံချိန်ပြည့်သူအား စာရင်းမဲ့ ရိက္ခာထောက်တော်မူ၏။
၂း၂၁၃။ လူသားသည် အသိုင်းအဝိုင်း တစ်ခုတည်းမှ ဖြစ်ခဲ့၏၊ ပရမတ်ဘုရားရှင်သည် သတင်းတော်ဆောင်များကို သတင်းကောင်းပါးသူများ သတိပေးသူများအဖြစ် ပွင့်ပေါ်စေတော်မူ၏၊ လူသားတို့အကြား ကွဲလွဲမှုများကို စီရင်ထုံးချနိုင်ရန် အလို့ငှာ ထိုကိုယ်တော်များဖြင့် သစ္စာဓမ္မ ကျမ်းတော်ကို ကိန်းဝပ် ချမှတ်ပေးတော်မူ၏၊ ယင်း၌ ကွဲလွဲမှု အလျဉ်းမရှိ၊ ပေးအပ်ခံရသော သူတို့ထံသို့ ရှင်းလင်းချက်များ ရောက်လာစေပြီးမှသာ သူတို့ချင်းကြား အပြစ်ရှာလိုကြ၏၊ ပရမတ်ဘုရားရှင်သည် ကွဲလွဲမှုများနှင့် စပ်လျဉ်း၍ ယုံကြည်သော သူတို့အား သစ္စာတရားကို အရှင့် ခွင့်ပြုချက်အလျောက် လမ်းညွှန်တော်မူပြီ၊ ဧကန်ပင် ပရမတ်ဘုရားရှင်သည် စံချိန်ပြည့်သူအား ဖြောင့်မှန်သော လမ်းစဉ်သို့ ညွှန်တော်မူပေသတည်း။
၂း၂၁၄။ သို့တည်းမဟုတ် သင်တို့သည် သုခဘုံသို့ ဝင်ရလိမ့်မည်ဟု စိတ်ကူးယဉ်နေကြသလော၊ အမှန်မှာ လွန်ခဲ့သော သင်တို့ရှေ့မှ ဖြစ်သူများထံသို့ ထိသက်သော အမင်္ဂလာ၊ နစ်နာရမှု၊ တုန်လှုပ်ရမူကဲ့သို့ သင်တို့ထံသို့ မရောက်သေးပေ၊ ဉာဏ်စဉ်ဆောင်နှင့် အပါးတော်မှ ယုံကြည်သောသူ အပေါင်းသည်ပင် “ပရမတ်ဘုရားရှင်၏ ကူညီစောင်မမှု မည်သည့်အခါ ရအံ့နည်း၊” ဟု တသခဲ့ရ၏၊ ယခုမူ- ဧကန်ပင် ပရမတ်ဘုရားရှင်၏ ကူညီစောင်မမှုမှာ နီးကပ်လျက်ပင် ရှိချေပြီ။
၂း၂၁၅။ “မည်သည့်အရာအား သုံးစွဲရမည်နည်း၊” ဟု မေးကြသူတို့အား “ကောင်းမွန်ရာမှ မည်သည့်အရာကိုမဆို- မွေးမိဘများ၊ ဆွေမျိုးနီးစပ်များ၊ မိဘမဲ့များ၊ နွမ်းပါးသူများ၊ ခရီးသည်များအတွက် သုံးစွဲကြလော့၊ ပြုလုပ်သော ကောင်းမှုများကို ပရမတ်ဘုရားရှင်က ဧကန်မုချ သိနေတော်မူသောအရှင် ဖြစ်၏၊” ဟု ဟောကြားလော့။
၂း၂၁၆။ သင်တို့ မကြိုက်သော်လည်း ခုခံစစ်ဆင်နွှဲရန် သင်တို့အား ပြဌာန်းတော်မူပြီ၊ သင်တို့ မကြိုက်သောအရာသည် သင်တို့အတွက် အကောင်းဖြစ်နိုင်၍ သင်တို့ နှစ်သက်သောအရာသည် သင်တို့အတွက် အဆိုး ဖြစ်နိုင်ရာ၏၊ ပရမတ် ဘုရားရှင်သည် သိနေတော်မူ၏၊ သင်တို့သည်ကား သိကြသည် မဟုတ်ချေ။
၂း၂၁၇။ ဘေးမဲ့လများ၌ စစ်ခံတိုက်ခြင်းနှင့် ပတ်သက်၍ မေးလာသူတို့အား ဟောပြောလော့၊ “စစ်ခံတိုက်ခြင်းသည် ကြီးလေးလှ၏၊ သို့ရာတွင် ပရမတ်ဘုရားရှင်၏ လမ်းစဉ်တော်မှ ဖယ်ခိုင်းခြင်း၊ ၎င်းကို ဖုံးကွယ်ခြင်း၊ ဘေးမဲ့ ဝတ်ကျောင်းတော်မှ ကျောင်းတော်သားများကို မောင်းထုတ်ခြင်းများသည် ပရမတ်ဘုရားရှင်၏ ထံတော်၌ ပို၍ ကြီးလေးလှချေ၏၊ သွေးတိုးစမ်းခြင်းသည် သတ်ဖြတ်ခြင်းထက် ပို၍ ကြီးလေး၏၊ တတ်နိုင်လျှင် သင်တို့သည် သင်တို့၏ သာသာနာမှ လှည့်မပြန်သ၍ သင်တို့အား တိုက်ခိုက်ခြင်းကို ရပ်နားကြမည် မဟုတ်ချေ၊ သင်တို့အနက် သာသာနာတော်မှ ဖေါက်ပြန်၍ ဖုံးကွယ်သူအဖြစ်ဖြင့် အနိစ္စ ရောက်သောသူသည် သူတို့၏ ကျင့်ကြံခဲ့မှုများမှာ ဤဘဝ၊ နောင်ဘဝ အတွက် အချည်းနှီးပင် ဖြစ်၏၊ သူတို့သည် အပူမီး၏ ပေါင်းဖေါ်များ ဖြစ်ကြ၍ ထို၌ အစဉ် ခံစားရမည်ပင်။”
၂း၂၁၈။ ဧကန်ပင် ယုံကြည်သောသူ၊ ထို့နောက် ပြောင်းရွှေ့ခဲ့ရ၍ ပရမတ်ဘုရားရှင်၏ လမ်းစဉ်၌ အားစိုက်ဆောင်ရွက်သော သူတို့သည် ပရမတ်ဘုရားရှင်၏ ကရုဏာတော်ကို မျှော်ကိုးကြကုန်၏၊ ဧကန်ပင် ပရမတ်ဘုရားရှင်သည် လွတ်ငြိမ်းစေသောအရှင်၊ အကြင်နာရှင် ဖြစ်တော်မူ၏။
၂း၂၁၉။ ယစ်မူးခြင်းနှင့် လောင်းကစားခြင်း အကြောင်းကို မေးကြသူတို့အား ဟောပြောလော့၊ “ထိုနှစ်မျိုးလုံးတွင် ကြီးသော အကုသိုလ် ရှိ၏၊ လူသားတို့အတွက် အကျိုးရှိသော်လည်း ၎င်းတို့၏ အကုသိုလ်မှာ အကျိုးတရားထက် ပို၍ ကြီး၏၊” “မည်သည်ကို စွန့်လှု သုံးစွဲရမည်နည်း၊” ဟု မေးလာသူတို့အား၊ “ခွင့်လွှတ်လိုက်ကြ၊” ဟု ပြန်ပြောလော့၊ ဤသို့ပင် သင်တို့ စဉ်းစား သုံးသပ်နိုင်ရန် အလို့ငှာ ပရမတ်ဘုရားရှင်က သုတ်ဒေသနာများကို ရှင်းလင်း ထင်ရှားစေ၏။
၂း၂၂၀။ ပစ္စုပ္ပန်၊ အနာဂတ်၌ မိဘမဲ့တို့နှင့် စပ်လျဉ်း၍ မေးကြသူတို့အား ဟောပြောလော့၊ “သူတို့အတွက် ပြုပြင်ပေးခြင်းသည် ကောင်း၏၊ သူတို့နှင့် ပူးပေါင်းကြလျှင် သင်တို့၏ သားချင်းများ ဖြစ်ကြ၏၊ ဧကန်ပင် ပရမတ်ဘုရားရှင်သည် အဖျက်ကောင်နှင့် ပြုပြင်သူများကို သိနေတော်မူ၏၊ ပရမတ်ဘုရားရှင်သည် စံချိန်အလျောက် သင်တို့အား စိတ်ပင်ပန်းစေနိုင်၏၊ ဧကန်ပင် ပရမတ်ဘုရားရှင်သည် ဘုန်းတော်ရှင်၊ ဓမ္မသတ်ရှင် ဖြစ်၏။”
၂း၂၂၁။ ရောပြွန်း ကိုးကွယ်သော သူမအား ယုံကြည်သူ မဖြစ်သ၍ မသိမ်းဆည်းကြကုန်နှင့်၊ သင်တို့ အံ့ဩစေလောက်သော်လည်း ယုံကြည်သူ အိမ်ဖေါ်မသည် ရောပြွန်း ကိုးကွယ်သူမထက် ပို၍ ကောင်း၏၊ ရောပြွန်း ကိုးကွယ်သောသူဖြင့်- သူသည် ယုံကြည်သူ မဖြစ်သ၍ မသိမ်းဆည်းစေနှင့်၊ သင်တို့ အံ့ဩစေလောက်သော်လည်း ယုံကြည်သူ ဝန်ထမ်းသည် ရောပြွန်း ကိုးကွယ်သူထက် ပို၍ ကောင်း၏၊ သူတို့သည် အပူမီးထဲသို့ ဖိတ်ခေါ်နေကြ၏၊ ပရမတ်ဘုရားရှင်သည်ကား သုခဘုံနှင့် လွတ်ငြိမ်းခွင့်ဆီသို့ အရှင့် ခွင့်ပြုချက်အလျှောက် ဖိတ်ခေါ်နေ၏၊ လူသားတို့အတွက် ဆင်ခြင်သတိ ရှိစေအံ့ငှာ သုတ်ဒေသနာများကို ရှင်းလင်းစေတော်မူပြီ။
၂း၂၂၂။ ရာသီပန်းအကြောင်းအား မေးကြသူတို့အား ဟောပြောလော့၊ “၎င်းသည် ကိုယ်စိတ် နာကျင်မှု ဖြစ်၏၊” ရာသီပန်း ပွင့်ချိန်၌ အမျိုးသမီးများမှ ခွာ၍ နေကြလော့၊ ပြန်လည် သန့်စင်သည်အထိ သူမတို့ထံ မချဉ်းကပ်ကြနှင့်၊ သန့်စင်သောအခါ ပရမတ်ဘုရားရှင်၏ ညွှန်ကြားထားသည့်အတိုင်း သူမတို့ ရှိနေရာသို့ ဝင်နိုင်ကြ၏၊ ဧကန်ပင် ပရမတ်ဘုရားရှင်သည် ခဝါချသူများကို နှစ်သက်၏၊ သန့်စင်သူများကို နှစ်သက်တော်မူ၏။
၂း၂၂၃။ အမျိုးသမီးများသည် သင်တို့အဘို့ စိုက်ပျိုးမြေများ ဖြစ်၏၊ သင်တို့၏ စံချိန်အလျှောက် ဝင်ရောက် ထွန်ယက် စိုက်ပျိုးကြကုန်၊ သင်တို့၏ ဉာဉ်စရိုက်အတွက် စုံရပ်ခံကြလော့၊ ပရမတ်ဘုရားရှင်အား စည်းစောင့်ကြလော့၊ သင်တို့သည် အရှင်နှင့် ဆုံတွေ့ရမည်ကို သိကြကုန်လော့၊ ယုံကြည်သူများအား သတင်းကောင်းကို ပါးလော့။
၂း၂၂၄။ လူသားများအကြား သင်တို့၏ ကုသိုလ်ကောင်းမှု၊ စည်းစောင့်မှု၊ ပြုပြင်မှုများကို ပရမတ်ဘုရားရှင်ထံ ဘောင်ဝင်ရန် အတင်း မစီစဉ်ကြနှင့်၊ ပရမတ်ဘုရားရှင်သည် ကြားနေသောအရှင်၊ သိနေသောအရှင် ဖြစ်၏။
၂း၂၂၅။ ပရမတ်ဘုရားရှင်သည် သင်တို့၏ ပွစိပွစိ အားစိုက်မှုအား အရေးယူမည် မဟုတ်၊ နှလုံး လှိုက်လှဲ ကျင့်ဆောင်မှုကို အရေးယူတော်မူမည်၊ ပရမတ်ဘုရားရှင်သည်ကား လွတ်ငြိမ်းစေသောအရှင်၊ နူးညံ့သိမ်မွေ့သောအရှင် ဖြစ်၏။
၂း၂၂၆။ ဇနီးမိန်းမထံသို့ မသွားလာပါဟု ကိုးထားသောသူသည် လေးလ စောင့်ဆိုင်းရမည်၊ ထို့နောက် ပြန်ယိမ်းညွတ်လျှင် ဧကန်ပင် ပရမတ်ဘုရားရှင်သည် လွတ်ငြိမ်းစေသောအရှင်၊ အကြင်နာရှင် ဖြစ်တော်မူ၏။
၂း၂၂၇။ အကယ်၍ ကွာရှင်းမှုကို ဆုံးဖြတ်ကြလျှင် ဧကန်ပင် ပရမတ်ဘုရားရှင်သည် ကြားနေသောအရှင်၊ သိနေသောအရှင် ဖြစ်၏။
၂း၂၂၈။ ကွာရှင်းခံ အမျိုးသမီးသည် ဓမ္မတာ သုံးကြိမ်အထိ မိမိကိုယ်မိမိ စောင့်ဆိုင်းရမည်၊ ပရမတ် ဘုရားရှင်နှင့် နောက်ဆုံးနေ့ကို ယုံကြည်ကြလျှင် သူမတို့၏ ဝမ်းကြာတိုက်၌ ပရမတ်ဘုရားရှင်၏ ဖြစ်တည်ပေးမှုကို ထိမ်ဝှက်ထားခြင်းမှာ တရားမဝင်ပေ၊ သူမတို့၏ လင်ယောက်ျားများက ပြုပြင်မှုကို လိုလားကြလျှင် ထိုအတောအတွင်း ပြန်လည် ပေါင်းစည်းခြင်းမှာ ပို၍ မှန်ကန်၏၊ သူမတို့အားလည်း အလားတူ အသိအမှတ် ပြုရမည်၊ အမျိုးသားများတွင် သူမတို့ထက် အခွင့်အလမ်း ပိုရှိ၏၊ ဧကန်ပင် ပရမတ်ဘုရားရှင်သည် ဘုန်းတော်ရှင်၊ ဓမ္မသတ်ရှင် ဖြစ်တော်မူ၏၊
၂း၂၂၉။ ကွာရှင်းမှုသည် နှစ်ကြိမ် ဖြစ်နိုင်၏၊ ထို့နောက် အသိအမှတ်ပြု၍ ထိန်းထားရမည်၊ သို့မဟုတ် တင့်တင့်တယ်တယ် လွတ်လပ်ခွင့် ပေးရမည်၊ ပရမတ်ဘုရားရှင်၏ စည်းမျဉ်းတော်များ၌ သူတို့နှစ်ဦး ရပ်တည်နိုင်မည် မဟုတ်ဟု စိုးရိမ်ရခြင်း မှအပ အမျိုးသမီးအား ပေးပြီးသည်မှ တစ်စုံတစ်ရာ ပြန်ယူခြင်းသည် တရားမဝင်ချေ၊ သင်တို့သည် ပရမတ်ဘုရားရှင်၏ စည်းမျဉ်းတော်များကို ရပ်တည်ရန် စိုးရိမ်မကင်း ဖြစ်ခဲ့လျှင် အမျိုးသမီးဘက်မှ လျော်ကြေးပေးခဲ့သော် သူတို့နှစ်ဦးအား အပြစ် မတင်ထိုက်ပေ၊ ဤသည် ပရမတ်ဘုရားရှင်၏ စည်းမျဉ်းတော်များပင် ဖြစ်၏၊ ၎င်းတို့ကို စည်းမဖေါက်ကြနှင့်၊ ပရမတ်ဘုရားရှင်၏ စည်းမျဉ်းတော်များအား စည်းဖေါက်သူ- ထိုသူတို့သည် အမိုက်ကောင်များ ဖြစ်ကြ၏။
၂း၂၃၀။ အကယ်၍ ကွာရှင်းပြီးလျှင် အခြား တွဲဘက်တစ်ဦးနှင့် ပေါင်းဘက်သည့်တိုင် သူ့အတွက် တရားမဝင်ပေ၊ တဖန် ခွဲခွာကြပြန်၍ သူတို့နှစ်ဦးသည် ပရမတ်ဘုရားရှင်၏ စည်းမျဉ်းတော်များ၌ ရပ်တည်နိုင်မည်ဟု စဉ်းစားလျက် ပြန်လည် ပေါင်းစည်းကြလျှင် သူတို့အား အပြစ် မတင်ထိုက်ပေ၊ ဤသည် အသိရှိသော လူမျိုးအတွက် ရှင်းလင်းထားသည့် ပရမတ်ဘုရားရှင်၏ စည်းမျဉ်းတော်များ ဖြစ်၏။
၂း၂၃၁။ အမျိုးသမီးများအား ကွာရှင်း၍ သူမတို့၏ သတ်မှတ်ကာလ ဆိုက်ရောက်သောအခါ သူမတို့အား အသိအမှတ်ပြု၍ ထိန်းထားကြလော့၊ သို့မဟုတ် အသိအမှတ်ပြု လွတ်လပ်စေကြလော့၊ စည်းဖေါက်ရန် စေတနာယုတ်ဖြင့် မထိန်းထားကြနှင့်၊ ထိုသို့ ပြုလုပ်သူသည် သူ၏ ဉာဉ်ကိုသာ မုချ မိုက်ကြေးခွဲ၏၊ ပရမတ်ဘုရားရှင်၏ သုတ်ဒေသနာများအား လှောင်ပြောင်ဘွယ်ရာ မယူမှတ်ကြနှင့်၊ ပရမတ်ဘုရားရှင်က သင်တို့ကို ဂုဏ်ပေးသည့် သင်တို့အား ချမှတ်ပေးရာ ကျမ်းတော်မှ စီရင်ထုံးနှင့် ၎င်းမှ အဆုံးအမများကို သတိရကြလော့၊ ပရမတ် ဘုရားရှင်အား စည်းစောင့်ကြလော့၊ ဧကန်ပင် ပရမတ်ဘုရားရှင်သည် သဗ္ဗလုံးစုံ သိနေတော်မူသော အရှင်ဖြစ်ကြောင်း သိကြကုန်လော့။
၂း၂၃၂။ အမျိုးသမီးများအား ကွာရှင်းပြီး သူမတို့၏ သတ်မှတ်ကာလ ဆိုက်ရောက်သောအခါ သူတို့ချင်းကြား ကျေနပ်၍ သူမတို့၏ စုဖွဲ့ဖေါ်များနှင့် အသိအမှတ်ပြု ပေါင်းဘက်ကြသော် သင်တို့ မချုပ်ချယ်ကြကုန်နှင့်၊ ဤသည် သင်တို့မှ ပရမတ်ဘုရားရှင်နှင့် နောက်ဆုံးနေ့ကို ယုံကြည်သူအတွက် အဆုံးအမပင် ဖြစ်၏၊ ဤသည်မှာ သင်တို့အတွက် ပိုမို သန့်စင်စေ၏၊ ပိုမို ဖြူစင်စေ၏၊ သင်တို့ မသိသည်ကို ပရမတ်ဘုရားရှင်သည် သိနေတော်မူ၏။
၂း၂၃၃။ ကာလအပြည့် နို့တိုက်လိုသော မွေးမိခင်များသည် ရင်သွေးများအား နှစ်နှစ် ပတ်လည် နို့တိုက်နိုင်၏၊ သူမတို့၏ စားဝတ်နေရေးအား အသိအမှတ်ပြုရန် မွေးဖခင်၌ ဝတ္တရား ရှိ၏၊ ဉာဉ်တစ်ခုသည် မနိုင်ဝန်ကို မထမ်းစေရ၊ ရင်သွေးကြောင့် မွေးမိခင်သည်- ထို့အတူ ရင်သွေးကြောင့် မွေးဖခင်သည် မနစ်နာစေရ၊ အမွေဆိုင်တို့သည် ထို၌ အလားတူပင် ဖြစ်၏၊ နှစ်ဦးနှစ်ဘက် ဆွေးနွေး၍ နို့ဖြတ်လိုလျှင် သူတို့အား အပြစ်မတင်ထိုက်ပေ၊ အကယ်၍ သင်တို့ ရင်သွေးကို နို့ထိန်း၌ အပ်လိုကလည်း ငြိမ်းချမ်းစွာဖြင့် အသိအမှတ်ပြု ပေးကမ်းလျှင် အပြစ် မတင်ထိုက်ပေ၊ ပရမတ်ဘုရားရှင်အား စည်းစောင့်ကြလော့၊ သိကြကုန်လော့- ပရမတ်ဘုရားရှင်သည် သင်တို့ ကျင့်ကြံသမျှကို မြင်နေသောအရှင် ဖြစ်၏။
၂း၂၃၄။ သင်တို့မှ သက်တမ်းကုန်သောသူ၏ ချန်ခဲ့သော ပေါင်းဖေါ်တို့- သူမတို့ကိုယ် သူမတို့ လေးလနှင့် ဆယ်ရက် စောင့်ဆိုင်းရမည်၊ သတ်မှတ်ကာလ ဆိုက်ရောက်သော် သူမတို့စိတ်ဖြင့် အသိအမှတ်ပြု ပြုလုပ်မှုများကို အပြစ် မတင်ထိုက်ပေ၊ ဧကန်ပင် ပရမတ်ဘုရားရှင်သည် ကျင့်ကြံသမျှအား သတင်း ရနေတော်မူ၏။
၂း၂၃၅။ အမျိုးသမီးတို့အား ဘောင်ဝင်စေရန် တဆင့်နားဖေါက်ခြင်း၊ သို့မဟုတ် ပရမတ်ဘုရားရှင် သိနေသော၊ သင်တို့ ဧကန်ဆတ်ဆတ် သတိရနေသည့် သူမတို့အား စိတ်ထဲ၌ ကွယ်ထားခြင်းများသည် အပြစ်မရှိပေ၊ သို့သော် သူမတို့နှင့် လက်တွင်းကြိတ် ပဋိညာဉ် မပြုကြနှင့်၊ အသိအမှတ်ပြု ပြောဆိုခြင်းကိုသာ ပြောဆိုကြလော့၊ မှတ်တမ်းတင် သတ်မှတ်ကာလ မဆိုက်ရောက်မီ သိမ်းဆည်း ထုံးဖွဲ့မှုကို မဆုံးဖြတ်ကြနှင့်၊ သိကြကုန်လော့၊ သင်တို့၏ ဉာဉ်စရိုက်၌ ရှိရာကို ပရမတ်ဘုရားရှင်က ဧကန် သိနေတော်မူ၏၊ အရှင်နှင့် ပတ်သက်၍ သတိထားကြကုန်လော့၊ သိကြကုန်လော့၊ ပရမတ်ဘုရားရှင်သည် ဧကန်ပင် လွတ်ငြိမ်းစေသောအရှင်၊ နူးညံ့ သိမ်မွေ့သောအရှင် ဖြစ်၏။
၂း၂၃၆။ သင်တို့ မထိတွေ့ခဲ့သော အမျိုးသမီးများ၊ သို့မဟုတ် ဝတ္တရားကို သင်တို့တာဝန် မသတ်မှတ်သေးသော သူမတို့အား၊ ခွဲခွာခဲ့သော် အပြစ် မတင်ထိုက်ချေ၊ သို့သော် မျက်နှာကြီးသူသည် သူ့စည်းချိန် အလျောက်၊ မျက်နှာမွဲသူသည် သူ့စည်းချိန် အလျောက်၊ သူမတို့အား ချမ်းမြေ့စေရမည်၊ အသိအမှတ်ပြု၍ ချမ်းမြေ့စေရန်မှာ သုမင်္ဂလာ ပြုသူများအတွက် သစ္စာပင် ဖြစ်၏။
၂း၂၃၇။ သူမတို့အတွက် ဝတ္တရားကို တာဝန် သတ်မှတ်ပြီးနောက် သင်တို့ မထိတွေ့မီအလျင် သူမတို့အား ခွဲခွာခဲ့သော် သူမက ကျေအေးခြင်း၊ သို့မဟုတ် သိမ်းဆည်း ထုံးဖွဲ့မှုကို လက်ဝယ်ထားသော သူဘက်မှ ကျေအေးခြင်းမှအပ တာဝန် သတ်မှတ်မှု၏ ထက်ဝက်ကို သင်တို့ပေးရမည်၊ ဧကန်ပင် ကျေအေးခြင်းသည် စည်းစောင့်မှုနှင့် ပိုမိုနီးစပ်၏၊ သင်တို့ချင်းကြား သိက္ခာပေးခြင်းကို မမေ့လျော့ကြနှင့်၊ ဧကန်ပင် ပရမတ်ဘုရားရှင်သည် ကျင့်ကြံသမျှကို မြင်နေသောအရှင် ဖြစ်၏။
၂း၂၃၈။ ဝတ်ပြုခြင်း၊ အလယ်အလတ်ကျသော ဝတ်ပြုခြင်း၌ စောင့်ထိန်းကြလော့၊ ပရမတ်ဘုရားရှင်အား ရိုကျိုး နာခံသူအဖြစ် ရပ်ကြလော့။
၂း၂၃၉။ သင်တို့သည် စိုးရိမ်ရမှု၌ ရှိစဉ် လူချည်းဖြစ်စေ၊ အစီးအနင်းပေါ်၌ ဖြစ်စေ၊ သင်တို့ လုံခြုံ စိတ်ချရသောအခါ သင်တို့ မသိခဲ့သည်ကို သင်ပေးသည့် ပုံစံအတိုင်း ပရမတ်ဘုရားရှင်အား သတိရကြကုန်လော့။
၂း၂၄၀။ သင်တို့မှ သက်တမ်းကုန်သောသူ၏ ချန်ခဲ့သော ပေါင်းဖေါ်တို့၊ ထိုပေါင်းဖေါ်များအား နှင်ထုတ်ခြင်းမပြုဘဲ စိတ်ချမ်းမြေ့စွာ ဆက်နေခွင့်ရှိသော သေတမ်းစာ ရှိစေရမည်၊ သူမတို့စိတ်ဖြင့် ထွက်သွား၍ အသိအမှတ်ပြု ပြုလုပ်မှုများ၌ သင်တို့ကို အပြစ် မတင်ထိုက်ပေ၊ ပရမတ်ဘုရားရှင်သည်ကား ဘုန်းတော်ရှင်၊ ဓမ္မသတ်ရှင် ဖြစ်တော်မူ၏။
၂း၂၄၁။ ကွာရှင်းခံ အမျိုးသမီးများအား အသိအမှတ်ပြု၍ စိတ်ချမ်းမြေ့စေရန်မှာ စည်းစောင့်သူများအတွက် သစ္စာပင် ဖြစ်၏။
၂း၂၄၂။ သင်တို့ အတွေးအခေါ် ရှိအံ့သောငှာ ပရမတ်ဘုရားရှင်က သုတ်ဒေသနာများကို သင်တို့အတွက် ဤသို့ ရှင်းလင်းတော်မူ၏။
၂း၂၄၃။ သေဘေးကို သတိဝင်၍ ထောင်နှင့်ချီသောသူများ သူတို့၏ အိမ်များမှ ထွက်ပြေးရသည်ကို သင် မမြင်သလော၊ ထို့နောက် ပရမတ်ဘုရားရှင်က “အသင်တို့ သေကြလော့၊” ဟု ဆိုလျက် တဖန် သူတို့အား ပြန်လည် ရှင်သန်စေခဲ့ပြီ၊ ဧကန်ပင် ပရမတ်ဘုရားရှင်သည် လူသားတို့အား သိက္ခာပေးသောအရှင် ဖြစ်၏၊ သို့သော် လူများစုသည် ကျေးဇူး မသိတတ်ချေ။
၂း၂၄၄။ ပရမတ်ဘုရားရှင်၏ လမ်းစဉ်တော်၌ ခုခံတိုက်ကြလော့၊ သိကြကုန်လော့၊ ဧကန်ပင် ပရမတ်ဘုရားရှင်သည် ကြားနေသောအရှင်၊ သိနေသောအရှင် ဖြစ်၏။
၂း၂၄၅။ ပရမတ်ဘုရားရှင်အား တင့်တင့်တယ်တယ် ဆက်ကပ်ခြင်းဖြင့် ဆက်ကပ်သောသူ- ထိုသူအား မြောက်မြားစွာ ထပ်တိုးစေမည်ပင်၊ ဧကန်ပင် ပရမတ်ဘုရားရှင်သည် ဆုတ်ယုတ်စေတော်မူ၏၊ တိုးပွားစေတော်မူ၏၊ အရှင်ထံသို့သာ ဦးလှည့်ရမည်ပင်။
၂း၂၄၆။ မူဆာ၏ နောက်ပိုင်း၌ ဂျူးလူမျိုးမှ အကြံပေးများကို သင် မမြင်သလော၊ သူတို့အတွက် သတင်းတော်ဆောင်အား “ပရမတ်ဘုရားရှင်၏ လမ်းစဉ်တော်၌ ကျွန်ုပ်တို့ စစ်တိုက်ရန် ကျွန်ုပ်တို့အတွက် ဘုရင်တစ်ပါး ပေါ်ထွန်းစေပါ၊” ဟု ပြောကြ၏၊ ကိုယ်တော်က “စစ်တိုက်ရန် ပြဌာန်းလျှင် သင်တို့သည် တော်လှန်သူများ မဖြစ်တန်ပေလော၊” ဟု မိန့်၏၊ သူတို့က “ကျွန်ုပ်တို့နှင့် သားသမီးများသည် အိမ်များမှ မောင်းထုတ်ခံရပြီ၊ ပရမတ်ဘုရားရှင်၏ လမ်းစဉ်တော်၌ အဘယ်ကြောင့် စစ်မတိုက်ရမည်နည်း၊” ဟု ပြန်ပြောကြ၏၊ သူတို့ထံ စစ်တိုက်ခြင်းကို ပြဌာန်းလေသော် သူတို့တွင် အနည်းစုမှအပ လှည့်ပြေးကြ၏၊ ပရမတ်ဘုရားရှင်သည်ကား အမိုက်ကောင်များကို သိနေသောအရှင် ဖြစ်၏။
၂း၂၄၇။ သတင်းတော်ဆောင်က “ပရမတ်ဘုရားရှင်သည် သင်တို့အတွက် တွာလု(တ်)အား ဘုရင်အဖြစ် ပေါ်ထွန်းစေပြီ၊” ဟု ပြော၏၊ သူတို့က “သူသည် ကျွန်ုပ်တို့အတွက် မည်သို့ ဘုရင် ဖြစ်နိုင်မည်နည်း၊ ကျွန်ုပ်တို့သည် သူ့ထက် ဘုရင် ဖြစ်သင့်သည်မှာ ပို၍ မှန်ကန်၏၊ သူသည် ဥစ္စာဓန ဖြန့်ကျက်နိုင်မှု ချီးမြှင့်ခံရသူလည်း မဟုတ်၊” ဟု ပြန်ပြောကြ၏၊ “ဧကန်ပင် ပရမတ်ဘုရားရှင်သည် သူ့ကို သင်တို့ အထက်မှ ရွေးချယ်တော်မူ၏၊ သူ့အား အသိပညာ၊ ကာယဗလ တိုးပွား ဖွံ့ဖြိုးစေပြီ၊ ပရမတ်ဘုရားရှင်သည် စံချိန်ပြည့်သူအား ဘုရင်အရာကို ပေးတော်မူ၏၊ ပရမတ်ဘုရားရှင်သည် အသိဉာဏ်တော် ဖြန့်ကျက်ထားသောအရှင် ဖြစ်၏၊” ဟု မိန့်ဆို၍။-
၂း၂၄၈။ သူတို့အား သတင်းတော်ဆောင်က “သူ၏ ဘုရင် ဖြစ်ထိုက်မှု နိမိတ်မှာ သင်တို့အား နှလုံးရည် ပေးအပ်မှုပေတည်း၊ ယင်း၌ မူဆာ၏ အဆက်များ၊ ဟာရွန်၏ အဆက်များ ချန်ထားခဲ့သည့်၊ နိမိတ်ဆောင်များက သယ်ပိုး တည်တံ့စေခဲ့သည့်၊ သင်တို့၏ ကံကြမ္မာရှင်ထံမှ တည်ငြိမ်စေမှုများ ရှိ၏၊ သင်တို့သည် ယုံကြည်သူများ ဖြစ်ကြလျှင် ဤသည်၌ သုတ်ဒေသနာ တစ်ရပ်ရှိနေ၏၊” ဟု မိန့်ဆို၏။
၂း၂၄၉။ တွာလု(တ်)သည် စစ်တပ်ဖြင့် စစ်ချီစဉ် “ဧကန်ပင် ပရမတ်ဘုရားရှင်က သင်တို့အား မြစ်တစ်ခုဖြင့် စုံစမ်းတော်မူမည်၊ ထိုမှ သောက်သုံးသူသည် ကျွန်ုပ်နှင့် မဆိုင်၊ မမြိုမိသူ၊ လက်ဖြင့် တစ်ခုပ်စာမျှ ခပ်ယူမိသူသည်သာ ကျွန်ုပ်နှင့် ဆိုင်၏၊” ဟု ရှင်းလင်း ဆုံးဖြတ် ပြောဆို၏၊ သူတို့၌ အနည်းငယ်မှအပ သောက်သုံးကြလေပြီ၊ ၎င်းကို ဖြတ်ကျော်ပြီးစဉ် သူနှင့် အတူရှိသော ယုံကြည်သောသူများက “ယနေ့၌ ကျွန်ုပ်တို့မှာ ဂျာလု(တ်)နှင့် သူ၏ စစ်တပ်အတွက် အင်အားမရှိပါ၊” ဟု ဆိုကြ၏၊ ပရမတ်ဘုရားရှင်နှင့် ဆုံတွေ့ရမည်ဟု စဉ်းစားသောသူများက ပြောသည်မှာ “ပရမတ်ဘုရားရှင်၏ ခွင့်ပြုချက်ဖြင့် တပ်အနည်းက တပ်အများကို အကြိမ်မည်မျှ အနိုင်ယူခဲ့ပြီနည်း၊ ပရမတ်ဘုရားရှင်သည်ကား ခန္တီပါရမီရှင်များနှင့် အတူရှိ၏၊” ဟု ဖြစ်၏။
၂း၂၅၀။ သူတို့သည် ဂျာလု(တ်)နှင့် သူ၏စစ်တပ်ဆီသို့ ထွက်လာရသောအခါ “အို- ကံကြမ္မာရှင်၊ တပည့်တော်တို့အား ခန္တီပါရမီဖြင့် အားဖြည့်ပေးတော်မူပါ၊ စုံရပ်ခံမှုကို ခိုင်မာစေတော်မူပါ၊ ဖုံးကွယ်သော လူမျိုးအား လွှမ်းမိုးရန် ကူညီတော်မူပါ၊” ဟု လျှောက်ထားကြ၏။
၂း၂၅၁။ ပရမတ်ဘုရားရှင်၏ ခွင့်ပြုချက်ဖြင့် သူတို့သည် ချေမှုန်းနိုင်ခဲ့ပြီ၊ ဒါဝိဒ်က ဂျာလု(တ်)အား ကွပ်မျက်ခဲ့ပြီ၊ ပရမတ်ဘုရားရှင်က သူ့အား ဘုရင်အရာ ပေးအပ်ပြီး စီရင်ထုံးနှင့် စံချိန်ပြည့်မီရာကို သင်ပေးခဲ့ပြီ၊ ပရမတ်ဘုရားရှင်က လူသားတို့တွင်- သူတို့မှ အချို့ကို အချို့ဖြင့် မခုခံစေခဲ့မူ ကမ္ဘာမြေသည် အဖျက်ခံရပြီး ဖြစ်လတ္တံ့၊ သို့ရာတွင် ပရမတ်ဘုရားရှင်သည် လောကခပ်သိမ်းအား သိက္ခာပေးသောအရှင် ဖြစ်၏။
၂း၂၅၂။ ဤသည် ပရမတ်ဘုရားရှင်၏ သုတ်ဒေသနာများ ဖြစ်၏၊ သင့်အား ၎င်းတို့ကို သစ္စာတရားဖြင့် ရွတ်ဖတ်စေပြီ၊ သင်သည်ကား ဉာဏ်စဉ်ဆောင်များအနက်မှ မုချဖြစ်၏။
၂း၂၅၃။ ငါသည် ဉာဏ်စဉ်ဆောင်များအား ဤသို့ အချို့ကို အချို့ထက် သိက္ခာပေးတော်မူ၏၊ ပရမတ်ဘုရားရှင်က ဗျာဒိတ်ပေးသူများနှင့် သူတို့မှ အချို့အား အခွင့်အလမ်းများ ချီးမြှင့် မြှောက်စားသည်လည်း ရှိ၏၊ ငါသည် မာရိ၏သား ယေရှုအား ရှင်းလင်းချက်များ ပေးခဲ့၍ သူ့အား မြတ်သော ဉာဏ်စဉ်အားဖြင့် ထောက်ပံ့ခဲ့ပြီ၊ အကယ်၍ ပရမတ်ဘုရားရှင်၏ စံချိန်ပြည့်ခဲ့လျှင် သူတို့ထံသို့ ရှင်းလင်းချက်များ ရောက်လာစေပြီးမှ နောက်ပိုင်း အချင်းချင်း စစ်ဖြစ်ကြမည် မဟုတ်ပေ၊ သို့ရာတွင် သဘောထား ကွဲပြားကြကုန်၏၊ သူတို့မှ ယုံကြည်သူများ ရှိ၍ သူတို့အနက် ဖုံးကွယ်သူများလည်း ရှိ၏၊ အကယ်၍ ပရမတ်ဘုရားရှင်၏ စံချိန်ပြည့်ခဲ့လျှင် အချင်းချင်း စစ်ဖြစ်ကြမည် မဟုတ်ပေ၊ သို့ရာတွင် ပရမတ်ဘုရားရှင်သည် အလိုတော်ရှိသည်ကို ပြုလုပ်တော်မူမည်ပင်။
၂း၂၅၄။ အို- ယုံကြည်သောသူတို့၊ ငါအရှင်ပေးရာ ရိက္ခာများမှ ပေးကမ်းနိုင်မှု မရှိသော၊ အတွင်းလူအဖြစ် ကတိသစ္စာ မရှိနိုင်သော၊ အမျှအတန်း မဝေနိုင်သောနေ့ မကျရောက်မီ သုံးစွဲကြကုန်လော့၊ ဖုံးကွယ်သော- ထိုသူများသည် အမိုက်ကောင်များ ဖြစ်ကြ၏။
၂း၂၅၅။ ပရမတ်ဘုရားရှင်မှအပ အခြား ဘုရားဟူ၍ မရှိ၊ အရှင်သည် နိစ္စဓူဝ ဖြစ်၏၊ အရှင်အား မှိန်းစက်ခြင်း၊ ကျိန်းစက်ခြင်းက မဖမ်းယူနိုင်၊ မိုးများ၊ မြေများ၌ ရှိသမျှတို့သည် အရှင်၏ အချုပ်အခြာ၌ ရှိ၏၊ အထံတော်၌ အရှင့် ခွင့်ပြုချက် မရှိဘဲ အဘယ်သူက အမျှ ဝေနိုင်အံ့နည်း၊ အရှင်သည် သူတို့၏ ပစ္စုပ္ပန်၊ အနာဂတ် အရာများကို ကုန်စင် သိနေတော်မူ၏၊ သူတို့သည် အရှင်၏ စံချိန်ပြည့်သည် မှအပ အရှင့် အသိဉာဏ်စဉ်တော်အနက် တစ်စုံတစ်ရာကိုမျှ ခြုံငုံနိုင်ခြင်း မရှိချေ၊ မိုးများ၊ မြေများအား အရှင့် စိုးစံရာက ဖြန့်ကျက်ထား၏၊ ၎င်းတို့အား စောင့်ရှောက်ရခြင်းသည် အရှင့်အတွက် အပန်းမကြီးပေ၊ အရှင်သည် မဟာ့ မဟာ အထွဋ်အထိပ် ဖြစ်တော်မူ၏၊
၂း၂၅၆။ သာသနာ၌ အဓမ္မ မရှိစေရ၊ ဖြောင့်မတ်ခြင်းသည် တိမ်းပါးခြင်းမှ ရှင်းလင်းလျက် ရှိနေ၏၊ မည်သူမဆို မိစ္ဆာတရားကို ဖုံးကွယ် ငြင်းဆန်၍ ပရမတ်ဘုရားရှင်အား ယုံကြည်အံ့၊ ထိုသူသည် ကျိုးပျက်ခြင်းမရှိသော လက်ကိုင်ကို ဆုပ်ကိုင်သည် မည်၏၊ ပရမတ်ဘုရားရှင်သည် ကြားနေသောအရှင်၊ သိနေသောအရှင် ဖြစ်၏။
၂း၂၅၇။ ပရမတ်ဘုရားရှင်သည် ယုံကြည်သောသူများ၏ မဟာမိတ် ဖြစ်၏၊ သူတို့အား အမိုက်မှောင်မှ အလင်းရောင်သို့ ထုတ်ယူ၏၊ မိစ္ဆာသည်ကား ဖုံးကွယ်သောသူတို့၏ မဟာမိတ်ဖြစ်၍ သူတို့အား အလင်းမှ အမှောင်သို့ ဆွဲထုတ်၏၊ သူတို့သည် အပူမီး၏ ပေါင်းဖေါ်များ ဖြစ်ရလျက် ထို၌ အစဉ် ခံစားရမည်ပင်။
၂း၂၅၈။ ပရမတ်ဘုရားရှင်က သူ့အား ဘုရင်အရာကို ပေးအပ်ထားသောကြောင့်- ကံကြမ္မာရှင်နှင့် ပတ်သက်၍ အီဗရာဟီးမ်အား စောကြောသော သူကို သင် မမြင်ယောင်မိသလော၊ အီဗရာဟီးမ်က “ကျွန်ုပ်၏ ကံကြမ္မာရှင်သည် ရှင်ခြင်း သေခြင်း၏ အရှင်ဖြစ်၏၊” ဟု ပြောသောအခါ၊ သူက “ကျွန်ုပ်သည်လည်း ရှင်စေနိုင်၊ သေစေနိုင်၏၊” ဟု ဆို၏၊ အီဗရာဟီးမ်က “သို့ဖြစ်လျှင် ပရမတ်ဘုရားရှင်သည်ကား နေကို အရှေ့ဘက်မှ ထွက်စေ၏၊ ၎င်းကို သင်က အနောက်ဘက်မှ ထွက်စေလော့၊” ဟု ပြောလျက် ဖုံးကွယ်သောသူအား အရှိုက်ထိစေ၏၊ ပရမတ်ဘုရားရှင်သည် မိုက်ကြေးခွဲသော လူမျိုးအား လမ်းညွှန်တော်မမူချေ။
၂း၂၅၉။ သို့တည်းမဟုတ် အထပ်များ ပြိုပျက်နေသည့် ဒေသတစ်ခုကို ဖြတ်သွားသော သူ၏ကဲ့သို့- သူက “ဤသေပြီးသည်ကို ပရမတ်ဘုရားရှင်က မည်သို့ ပြန်ရှင်စေသနည်း၊” ဟု ဆို၏၊ သို့ဖြင့် ပရမတ်ဘုရားရှင်သည် သူ့အား ရာစုနှစ်တစ်ခု သေနေစေ၍ တဖန် နိုးကြွစေခဲ့ပြီး “မည်မျှ စောင့်ဆိုင်းခဲ့ရသနည်း၊” ဟု မေးသော် သူက “တစ်နေ့ သို့မဟုတ် တစ်နေ့၏ အချို့ စောင့်ဆိုင်းခဲ့ရပါသည်၊” ဟု ပြန်ဖြေ၏၊ အရှင်က “သင်သည် ရာစုနှစ် တစ်ခုတိုင် စောင့်ဆိုင်းခဲ့ရပြီ၊ သင်၏ အစားအသောက်ကို ကြည့်လော့၊ နှစ်ပရိစ္ဆေဒက ၎င်းအား တိုက်စားခြင်းမရှိ၊ သင်၏ မြည်းကို ကြည့်လော့၊ ငါသည် သင့်အား လူသားများအတွက် နိမိတ်လက္ခဏာအဖြစ် စီစဉ်ပြီ၊ အရိုးများကို ကြည့်လော့၊ ငါသည် ၎င်းတို့ကို မည်သို့ ထရပ်စေ၍ တဖန် အသားအရေဖြင့် မည့်သို့ ဆင်ယင်ပေးသနည်း၊” ဟု မိန့်၍ သူ့အတွက် ရှင်းလင်း ထင်ရှားစေသောအခါ သူက “ပရမတ်ဘုရားရှင်သည် သဗ္ဗလုံးစုံအား စည်းချိန် ချမှတ်တော်မူကြောင်း တပည့်တော် သိပါ၏၊” ဟု လျှောက်လေ၏။
၂း၂၆၀။ အီဗရာဟီးမ်က “အို- ကံကြမ္မာရှင်၊ အသေများအား မည်သို့ ရှင်စေသည်ကို တပည့်တော်အား ပြတော်မူပါ၊” ဟု လျှောက်သောအခါ- “သင် မယုံသလား၊” ဟု အရှင်က မိန့်၏၊ သူက “မဟုတ်ရပါ၊ သို့သော် တပည့်တော်၏ နှလုံး၌ ဘဝင်ကျလိုပါ၏၊” ဟု လျှောက်လေ၏၊ အရှင်က “ငှက်တို့မှ လေးကောင်ကို ယူကာ သင့်ထံသို့ လိုက်ရန် လေ့ကျင့်ပြီး တောင်ကိုယ်စီ၌ ၎င်းတို့ကို ခွဲ၍ စီစဉ်လော့၊ တဖန် ၎င်းတို့အား ခေါ်လော့၊ သင့်ထံသို့ လုံးပန်း၍ လာကြလိမ့်မည်၊ ဧကန်ပင် ပရမတ်ဘုရားရှင်သည် ဘုန်းတော်ရှင်၊ ဓမ္မသတ်ရှင် ဖြစ်ကြောင်းကို သိမှတ်လော့၊” ဟု မိန့်ဆို၏။
၂း၂၆၁။ ပရမတ်ဘုရားရှင်၏ လမ်းစဉ်တော်၌ မိမိတို့ ဥစ္စာပစ္စည်းများအား သုံးစွဲသောသူတို့၏ ပမာသည်ကား အစေ့ပေါင်း တစ်ရာစီရှိသော ကောက်နှံ ခုနှစ်နှံတို့ ဖြစ်ထွန်းစေသကဲ့သို့ ဖြစ်၏၊ ပရမတ်ဘုရားရှင်သည်ကား စံချိန်ပြည့်သူအား နလံထူ တိုးပွားစေ၏၊ ဧကန်ပင် ပရမတ်ဘုရားရှင်သည် အသိဉာဏ်တော် ဖြန့်ကျက်ထားသောအရှင် ဖြစ်၏။
၂း၂၆၂။ မိမိတို့၏ ဥစ္စာပစ္စည်းကို ပရမတ်ဘုရားရှင်၏ လမ်းစဉ်တော်၌ သုံးစွဲ၍ တဖန် ထိုသုံးစွဲမှု၌ အသားယူလျက် စိတ်ထိခိုက်မှုကို မလိုက်သော သူများအတွက် ကံကြမ္မာရှင်၏ထံမှ ဆုလာဘ် ရှိနေ၏၊ သူတို့အား ကြောက်ရွံ့ရစေမည် မဟုတ်၊ သောက ရောက်ရစေမည်လည်း မဟုတ်ချေ။
၂း၂၆၃။ အသိအမှတ်ပြု ပြောဆို၍ လွတ်ငြိမ်းခွင့် ပေးခြင်းသည် ဒါနပြု၍ စိတ်ဒဏ်ရာဖြစ်ရန် လိုက်နာစေခြင်းထက် ပို၍ ကောင်း၏၊ ပရမတ်ဘုရားရှင်သည် ကုံလုံပြည့်စုံသောအရှင်၊ နူးညံ့ သိမ်မွေ့သောအရှင် ဖြစ်၏။
၂း၂၆၄။ အို- ယုံကြည်သောသူတို့၊ သင်တို့၏ အလှုဒါနကို အသားယူခြင်း၊ စိတ်ဒဏ်ရာ ပေးခြင်းများဖြင့် အမှား မဖြစ်စေနှင့်၊ ပရမတ်ဘုရားရှင်နှင့် နောက်ဆုံးနေ့ကို မယုံကြည်ဘဲလျက် လူမြင်ကောင်းရန် လှုဒါန်းသောသူ၏ ဥစ္စာသည်ကား- အကျိုးဆက် ထိခိုက်၍ အပေါ်ယံ မြေမှုန့်များကို ချန်ထားခဲ့ရသော ကျောက်ချောတုံး ပမာကဲ့သို့ ဖြစ်၏၊ ကျင့်ဆောင်ခဲ့သမျှအား တစ်စုံတစ်ရာမျှ ကြပ်မတ်နိုင်မည် မဟုတ်ပေ၊ ပရမတ်ဘုရားရှင်သည် ဖုံးကွယ်သော လူမျိုးအား လမ်းညွှန်တော်မမူချေ။
၂း၂၆၅။ ပရမတ်ဘုရားရှင်၏ ကျေနပ်နှစ်သက်မှုကို ရှာဖွေရန်၊ စိတ်ဓါတ်ရေးရာ ခိုင်မာစေရန် မိမိတို့၏ ဥစ္စာများကို သုံးစွဲသောသူ၏ ပမာသည်ကား- အကျိုးဆက် ထိခိုက်လျှင်လည်း အစားအစာ နှစ်ဆ၊ မိုးပါး၍ အကျိုးဆက် မထိခိုက်လျှင်လည်း နှစ်ဆပေးသည့် ဥယျာဉ်သာကဲ့သို့ ဖြစ်၏၊ ပရမတ်ဘုရားရှင်သည် သင်တို့ ကျင့်ကြံသမျှကို မြင်နေသောအရှင်ဖြစ်၏။
၂း၂၆၆။ သင်တို့အနက် သားမြေးများလည်း မသန်စွမ်း- မိမိသည်လည်း ဇရာထောင်းချိန်၌ မီးငွေ့ထိ၍ လောင်ကျွမ်းရသော- အောက်ခြေ၌ စမ်းချောင်းရေသွင် စီးဆင်းနေသည့် စွန်ပလွံ၊ စပျစ်၊ သီးနှံ မျိုးစုံ၊ ဥယျာဉ်မျိုးကို လိုလားသူ တစ်ဦးတစ်ယောက် ရှိကြသလော၊ သင်တို့ စဉ်းစား သုံးသပ်အံ့ငှာ ပရမတ်ဘုရားရှင်သည် သင်တို့အား သုတ်ဒေသနာများကို ဤသို့- ရှင်းလင်း ထင်ရှားစေပြီ။
၂း၂၆၇။ အို- ယုံကြည်သောသူတို့၊ သင်တို့ ကျင့်ဆောင် ရှာဖွေရာမှ စင်ကြယ်ရာနှင့် ငါအရှင်က သင်တို့အတွက် မြေကမ္ဘာမှ ထုတ်ပေးရာကို သုံးစွဲကြလော့၊ သင်တို့ကိုယ်တိုင် မယူလိုသော- မကောင်းရာများအား ပေးကမ်းသုံးစွဲရန် မရည်ရွယ်နှင့်၊ ဧကန်ပင် ပရမတ်ဘုရားရှင်သည် ပြည့်စုံသောအရှင်၊ ရည်သန် စူးစိုက်မှုတည်ရာအရှင် ဖြစ်ကြောင်း သိကြကုန်လော့။
၂း၂၆၈။ သင်တို့အား ဆင်းရဲသွားလိမ့်မည်ဟု မကောင်းဆိုးဝါးက ကတိပေး၍ ကိုယ်ကျင့်ပျက်ရန် ညွှန်ကြား၏၊ ပရမတ်ဘုရားရှင်သည် သင်တို့အား အထံတော်မှ လွတ်ငြိမ်းခွင့်နှင့် သိက္ခာပေးခြင်းကို ကတိထားတော်မူ၏၊ ပရမတ်ဘုရားရှင်သည် အသိဉာဏ်တော် ဖြန့်ကျက်ထားသောအရှင် ဖြစ်၏။
၂း၂၆၉။ စံချိန်ပြည့်သူအား ဓမ္မသတ်ကို ပေးတော်မူ၏၊ ဓမ္မသတ်ကို ပေးအပ်ခြင်းခံရသူသည် များစွာသော ကောင်းခြင်းတရားကို မုချ ပေးအပ်ခံရသည် မည်၏၊ သဘောပေါက်နိုင်စွမ်း ရှိသူတို့မှအပ ဆင်ခြင်သတိ မရှိကြချေ။
၂း၂၇၀။ သင်တို့၏ ပေးကမ်းသုံးစွဲသော မည်သည့် သုံးစွဲမှု၊ သို့မဟုတ် ရည်သန်သော မည်သည့် ရည်သန်မှုကိုမဆို ဧကန်ပင် ပရမတ်ဘုရားရှင်သည် သိနေတော်မူ၏၊ အမိုက်ကောင်များအတွက် ကူညီမည့်သူ မရှိပြီ။
၂း၂၇၁။ ပွင့်ပွင့်လင်းလင်း အလှုဒါနပြုလျှင် ဂုဏ်ရှိ၏၊ ဆင်းရဲသားတို့အား သိုသိုသိပ်သိပ် ပေးကမ်းလျှင် သင်တို့အတွက် ပို၍ ကောင်း၏၊ ယင်းသည် သင်တို့ထံမှ အကုသိုလ်များကို ဖုံးကွယ်ပေးလတ္တံ့၊ ပရမတ်ဘုရားရှင်သည် ကျင့်ကြံသမျှကို သတင်းရနေတော်မူ၏။
၂း၂၇၂။ သူတို့အား လမ်းညွှန်မှန်ရစေဟု သင်သည် တာဝန်ခံရသူ မဟုတ်၊ သို့ရာတွင် ပရမတ်ဘုရားရှင်သည် စံချိန်ပြည့်သူအား လမ်းညွှန်မှန်ရစေ၏၊ မည်သည့် ကောင်းခြင်းမှမဆို ပေးကမ်းသုံးစွဲကြအံ့၊ သင်တို့၏ ဉာဉ်အတွက်သာတည်း၊ ပရမတ်ဘုရားရှင်၏ မျက်မှောက်ပြုမှုကို ရှာဖွေရန်မှအပ သုံးစွဲကြခြင်း မဟုတ်၊ မည်သည့် ကောင်းခြင်းမှမဆို သုံးစွဲကြအံ့၊ သင်တို့ထံ ပြန်လည် ပြီးပြည့်စေတော်မူမည်၊ သင်တို့အား အဝိဇ္ဇာသင့်စေခြင်း မရှိချေ။
၂း၂၇၃။ မည်သည့် ကောင်းသော သုံးစွဲမှုကိုမဆို ပရမတ်ဘုရားရှင်သည် သိနေတော်မူသောအရှင် ဖြစ်၏၊ ၎င်းကို ပရမတ်ဘုရားရှင်၏ လမ်းစဉ်တော်၌ ချုပ်မိနေသောကြောင့် မြေကမ္ဘာ၌ သွားလာရန် မတတ်နိုင်၍ ဆင်းရဲသော သူတို့အတွက် ဖြစ်စေရမည်၊ သူတို့၏တည်ငြိမ်မှု၊ လူသားများထံမှ အခွင့်အရေးယူ တောင်းခံသည်ဟု သိမှတ်စရာ မရှိမှုကြောင့် ပညာမဲ့တို့က သူတို့အား ပြည့်စုံသူများဟု စဉ်းစားကြ၏။
၂း၂၇၄။ မိမိတို့၏ ဥစ္စာပစ္စည်းများကို နေ့ညမရွေး လက်တွင်းကြိတ်၍ တစ်မျိုး၊ လူသိရှင်ကြားတဖုံ ပေးကမ်းသုံးစွဲသော သူတို့အတွက် ကံကြမ္မာရှင်၏ထံ၌ ဆုလာဘ်ရှိ၏၊ သူတို့အား ကြောက်ရွံ့ရစေမည်မဟုတ်၊ သောက ရောက်ရစေမည်လည်း မဟုတ်ချေ။
၂း၂၇၅။ ထပ်ပြန်တိုးစားသော သူတို့သည် မကောင်းဆိုးဝါး ထိကပ်၍ ရှုပ်ထွေးနေသော သူတို့၏ ရပ်တည်ခြင်းမျိုးဖြင့် ရပ်တည် ရင်ဆိုင်ရပေမည်၊ ယင်းမှာ “ကူးသန်းရောင်းဝယ်မှုသည် ထပ်ပြန်တိုးကဲ့သို့သာ ဖြစ်၏၊” ဟု သူတို့၏ အပြောကြောင့်ပင်၊ ပရမတ်ဘုရားရှင်သည် ကူးသန်းရောင်းဝယ်မှုကို တရားဝင် ဖြစ်စေ၍ ထပ်ပြန်တိုး စနစ်ကို တားမြစ်တော်မူ၏၊ သူ၏ထံသို့ ကံကြမ္မာရှင်၏ ဆုံးမဩဝါဒတော် ရောက်လာ၍ ရပ်စဲလိုက်လျှင် အတိတ်မှ ပြီးဆုံးခဲ့သည်နှင့် သူ့အတွက် ညွှန်ကြားချက်သည် ပရမတ်ဘုရားထံ၌ ရှိ၏၊ ဆက်လုပ်သူများသည် အပူမီး၏ ပေါင်းဖေါ်များ ဖြစ်ကြ၏၊ ထို၌ အစဉ် ခံစားရမည်ပင်။
၂း၂၇၆။ ပရမတ်ဘုရားရှင်သည် ထပ်ပြန်တိုးစနစ်ကို မှေးမှိန်စေတော်မူမည်၊ အလှုဒါနအဖြစ် လျော်ခြင်းကို တိုးပွားစေတော်မူမည်၊ ပရမတ်ဘုရားရှင်သည် မည်သည့် ဖုံးကွယ်သူ၊ အကုသိုလ်ကောင်ကိုမျှ နှစ်သက်တော် မမူချေ။
၂း၂၇၇။ ယုံကြည်၍ ပြုပြင် ပြောင်းလဲမှု ကျင့်ကြံကာ ဝတ်ပြု မြဲကြလျက် အခွန်ငွေဖြူ ပေးသော သူတို့၏ ဆုလာဘ်သည် သူတို့၏ ကံကြမ္မာရှင်ထံ၌ ရှိ၏၊ သူတို့အား ကြောက်ရွံ့ရစေမည် မဟုတ်၊ သောက ရောက်ရစေမည်လည်း မဟုတ်ချေ။
၂း၂၇၈။ အို- ယုံကြည်သောသူတို့၊ သင်တို့သည် ဧကန်ပင် ယုံကြည်သူများ ဖြစ်ကြလျင် ပရမတ်ဘုရားရှင်အား စည်းစောင့်ကြလော့၊ ထပ်ပြန်တိုးမှ လက်ကျန်များကို ချန်ပစ်ကြလော့။
၂း၂၇၉။ အကယ်၍ သင်တို့ မပြုလုပ်ကြလျှင်- ပရမတ်ဘုရားရှင်နှင့် အရှင်၏ ဉာဏ်စဉ်ဆောင်ထံမှ စစ်ကြေညာခြင်းကို ခံရလတ္တံ့၊ သင်တို့ ခဝါချခဲ့လျှင် အဦးဆုံး မတည်မှုများကို ပြန်ယူလော့၊ မိုက်ကြေး မခွဲကြနှင့်၊ မိုက်ကြေးခွဲ မခံကြနှင့်။
၂း၂၈၀။ သို့သော် သူသည် ခက်ခဲသူဖြစ်လျှင် လွယ်ကူသည်အထိ စောင့်ကြည့်ပေးရမည်၊ အလှုအဖြစ် လျော်ပေးကြလျှင် သင်တို့အတွက် ကောင်း၏၊ သင်တို့ သိကြပါလေစ။
၂း၂၈၁။ ပရမတ်ဘုရားရှင်ထံသို့ ဦးလှည့်ပြန်၍ ဉာဉ်တိုင်းကိုယ်စီ ကျင့်ဆောင်ခဲ့ရာကို စုဆုံ ပြီးပြည့်စေမည့်နေ့ ကာလအတွက် စည်းစောင့်ကြကုန်လော့၊ သင်တို့ မိုက်ကြေးခွဲ ခံရမည် မဟုတ်ချေ။
၂း၂၈၂။ အို- ယုံကြည်သောသူတို့၊ သင်တို့ချင်းကြား ကာလသတ်မှတ်၍ အကြွေးဖြင့် ဝယ်ရောင်း ချုပ်ဆိုသောအခါ မှတ်တမ်းတင်ကြလော့၊ သင်တို့၏ အကြား၌ စာရေးသူအား တန်းတူညီမျှ မှတ်တမ်းတင်စေလော့၊ စာရေးသူသည် ပရမတ်ဘုရားရှင် သင်ပေးသည့် နည်းမှန်အတိုင်း သူ့အား မှတ်တမ်းတင်စေခြင်းကို မဖီဆန်ဘဲ မှတ်တမ်းတင်စေလော့၊ အကြွေးယူသူက စာချစေလော့၊ သူ၏ ကံကြမ္မာရှင် ပရမတ်ဘုရားရှင်အား စည်းစောင့် သစ္စာမြဲစေလော့၊ တစ်စုံတစ်ရာမျှ လျော့ပေါ့ခြင်း မပြုရ၊ အကယ်၍ သူသည် မှန်ကန်စွာ နားလည်နိုင်စွမ်း မရှိသူဖြစ်လျှင်၊ သို့မဟုတ် အားနည်းချက်ရှိသူ၊ သို့မဟုတ် နည်းကျရန် တတ်နိုင်သူ မဟုတ်လျှင်၊ သူ၏ မဟာမိတ်က ညီမျှစွာ နည်းချ ပေးစေလော့၊ သင်တို့အနက် အမျိုးသားများမှ သက်သေနှစ်ဦးကို သက်သေထားလော့၊ အကယ်၍ အမျိုးသား နှစ်ဦး မရှိခဲ့သော် အမျိုးသားတစ်ဦးနှင့်- သက်သေများအနက် သင်တို့ စိတ်ကျေနပ်သော အမျိုးသမီးနှစ်ဦးကို ထားရှိစေလော့၊ သူမတို့မှ တစ်ဦးဦးက ချွတ်ချော်ခဲ့သော် ကျန်တစ်ဦးက သတိပေးနိုင်၏၊ ဖိတ်ခေါ်ခံရသော သက်သေများသည် မဖီဆန်ရ၊ ငယ်သည်ဖြစ်စေ၊ ကြီးသည်ဖြစ်စေ၊ ကာလသတ်မှတ် မှတ်တမ်းတင်ခြင်းကို စိတ် မပင်ပန်းကြနှင့်၊ ဤသည် ပရမတ်ဘုရားရှင်၏ ထံတော်၌ အမျှတဆုံး ဖြစ်၏၊ သက်သေ အခိုင်မြဲဆုံး ဖြစ်၏၊ သံသယ မဖြစ်စေရန် အနီးစပ်ဆုံး ဖြစ်၏၊ သို့သော် သင်တို့ချင်းကြား အသင့် အပေးအယူ ဖလှယ် ရောင်းဝယ်ခြင်း၌ မှတ်တမ်းတင်ခြင်း မရှိလျှင်လည်း အပြစ်မရှိ၊ သို့သော် သင်တို့ စပ်ကြား သက်သေများ ထားကြကုန်လော့၊ သင်တို့ ကတိသစ္စာပြုသောအခါ စာရေးသူနှင့် သက်သေများကို မနစ်နာစေနှင့်၊ အကယ်၍ သင်တို့သည် ကျူးလွန်အံ့၊ သူသည် သင်တို့အနက် ယုတ်မာသူ ဧကန်ဆတ်ဆတ် ဖြစ်၏၊ ပရမတ်ဘုရားရှင်အား စည်းစောင့်ကြလော့၊ ပရမတ်ဘုရားရှင်သည်ကား သင်တို့အား သင်ကြားတော်မူပြီ၊ ပရမတ်ဘုရားရှင်သည် သဗ္ဗလုံးစုံအား သိနေတော်မူသောအရှင် ဖြစ်၏။
၂း၂၈၃။ အကယ်၍ သင်တို့သည် လမ်းခရီး၌ဖြစ်၍ စာရေးသူ မတွေ့ရှိခဲ့လျှင် အာမခံပစ္စည်းကို လက်ဆုပ်လက်ကိုင် ပြုစေလော့၊ အကယ်၍ သင်တို့မှ အချို့သည် အချို့ကို ယုံကြည် စိတ်ချကြလျှင် ယုံကြည်ခြင်းခံရသော သူက ယုံကြည်မှု အပ်ထည်ကို ပေးအပ်စေလော့၊ သူ၏ ကံကြမ္မာရှင် ပရမတ်ဘုရားရှင်အား စည်းစောင့်စေလော့၊ သက်သေသက်ကန်ကို ထိမ်ဝှက် ဖျောက်ဖျက်ခြင်း မပြုရ၊ ထိမ်ဝှက် ဖျောက်ဖျက်ခဲ့မူ သူသည် အပြစ်ရှိသော နှလုံးသားပိုင်ရှင် ဖြစ်၏၊ ပရမတ်ဘုရားရှင်သည် ကျင့်ကြံသမျှကို သိနေတော်မူသောအရှင် ဖြစ်၏။
၂း၂၈၄။ မိုးမြေ၌ ရှိသမျှသည် ပရမတ်ဘုရားရှင်၏ အချုပ်အခြာ၌ ရှိ၏၊ သင်တို့၏ ဉာဉ်စရိုက်မှ ဖွင့်ဟရာ၊ သို့မဟုတ် ထိမ်ဝှက်ထားရာတို့အတွက် ပရမတ်ဘုရားရှင်က စာရင်းစစ်တော်မူမည်၊ စံချိန်ပြည့်သူအား လွတ်ငြိမ်းစေ၍ စံချိန်ပြည့်သူအား ဝဋ်ကြွေး သင့်စေတော်မူမည်၊ ပရမတ်ဘုရားရှင်သည် သဗ္ဗလုံးစုံအား စည်းချိန် ချမှတ်တော်မူ၏။
၂း၂၈၅။ ဉာဏ်စဉ်ဆောင်နှင့် ယုံကြည်သူများသည် သူ၏ ကံကြမ္မာရှင်က သူ့ထံသို့ ချမှတ်ပေးရာကို ယုံကြည်ကြ၏၊ သူတို့ အားလုံးသည် ပရမတ်ဘုရားရှင်၊ အရှင်၏ နိမိတ်ဆောင်များ၊ အရှင်၏ ကျမ်းဂန်တော်များ၊ အရှင်၏ ဉာဏ်စဉ်ဆောင်များကို ယုံကြည်ကြ၏၊ “တပည့်တော်တို့သည် အရှင်၏ ဉာဏ်စဉ်ဆောင်များကြား တစ်ပါးနှင့်တစ်ပါး ခွဲခြားမှု မရှိပါ၊ ထို့နောက် သူတို့က တပည့်တော်တို့ ကြားနာပါ၏၊ နာခံပါ၏၊ တပည့်တော်တို့အား လွတ်ငြိမ်းစေတော်မူပါ၊ အို- ကံကြမ္မာရှင်၊ အရှင့်ထံသို့သာ အန္တိမပန်းတိုင် ဖြစ်ပါ၏၊” ဟု ရင့်ကျူးကြ၏။
၂း၂၈၆။ ပရမတ်ဘုရားရှင်သည် မည်သည့် ဉာဉ်စရိုက်ကိုမှ မနိုင်ဝန် မထမ်းစေပေ၊ သူ့အတွက် သူကျင့်ဆောင်ရာသည် ရှိ၍ သူ့အပေါ်၌ သူကျင့်ဆောင်ရာသည် တင်ရှိ၏၊ “အို- ကံကြမ္မာရှင်၊ တပည့်တော်တို့၏ မေ့လျော့ မှားယွင်းမှု၌ အရေးမယူပါနှင့်၊ အို- ကံကြမ္မာရှင်၊ တပည့်တော်တို့ မတိုင်မီ ဖြစ်သောသူများအား သယ်ပိုးစေသကဲ့သို့ တပည့်တော်တို့အား ဝန်ထုတ်ဝန်ပိုး မသယ်ပိုးစေပါနှင့်၊ အို- ကံကြမ္မာရှင်၊ တပည့်တော်တို့ အင်အားမမျှသည်ကို တပည့်တော်တို့အား မသယ်ပိုးစေပါနှင့်၊ တပည့်တော်တို့အား ကျေအေးပေးတော်မူပါ၊ လွတ်ငြိမ်းစေတော်မူပါ၊ ကရုဏာသက်တော်မူပါ၊ အရှင်သည် တပည့်တော်တို့၏ မဟာမိတ် ဖြစ်တော်မူပါ၏၊ ဖုံးကွယ်သော လူမျိုးထက် သာရန် ကူညီတော်မူပါ၊” ဟု တောင်းဆုပြုလော့။
ဓမ္မခန္ဓာ (၂) ဤတွင် ပြီး၏။
ဓမ္မခန္ဓာ (၃) အင်မရာမ်၏ ဝိုင်းသားများ
ဉာဏ်စဉ်ကိန်းဝပ်ပေးမှု အမှတ်စဉ် (၈၉)၊ သုတ်ဒေသနာ အပါး(၂၀၀)
ကရုဏာရှင် အကြင်နာရှင် ဖြစ်တော်မူသော ပရမတ်ဘုရားရှင်၏ ဂုဏ်တော်အားဖြင့်-
၃း၁။ ငါသည် ကုန်စင်သိနေတော်မူသော ပရမတ်ဘုရားရှင် ဖြစ်တော်မူ၏။
၃း၂။ ပရမတ်ဘုရားရှင်- နိစ္စဓူဝ ဖြစ်တော်မူသော ထိုအရှင်မှအပ အခြား ဘုရားဟူ၍ မရှိ။
၃း၃။ အရှင်သည် သင့်အား ပစ္စုပ္ပန်မျက်မှောက် ဖြောင့်မှန်စေသည့် ကျမ်းတော်ကို ပရမတ္ထသစ္စာဖြင့် ချမှတ်ပေး၍- ဓမ္မဟောင်းနှင့် ဓမ္မသစ်ကိုလည်း ချမှတ်ပေးခဲ့ပြီ။
၃း၄။ ရှေ့အလျင်ကလည်း လူသားတို့အဘို့ လမ်းညွှန်နှင့် ခွဲခြမ်းစိတ်ဖြာ ဖွင့်ဆိုချက်အား ချမှတ်ပေးခဲ့ပြီ၊ ပရမတ်ဘုရားရှင်၏ သုတ်ဒေသနာများအား ဖုံးကွယ်သောသူများ အတွက် ပြင်းထန်သော ဝဋ်ကြွေးသည် ရှိနေ၏၊ ပရမတ်ဘုရားရှင်သည် ဘုန်းတော်ရှင်၊ တန်ပြန်စေသောအရှင် ဖြစ်၏။
၃း၅။ ဧကန်ပင် မိုးများနှင့် မြေ၌ ရှိရာတို့သည် ပရမတ်ဘုရားရှင်၏ ထံတော်တွင် ထိမ်ဝှက်ထားနိုင်ခြင်း မရှိ။
၃း၆။ ထိုအရှင်သည် မည်သို့ စံချိန်ပြည့်သည် နှင့်အညီ သင်တို့အား ဝမ်းကြာတိုက်၌ ပုံစံချပေး၏၊ ဘုန်းတော်ရှင်၊ ဓမ္မသတ်ရှင် ဖြစ်သော ထိုအရှင်မှအပ အခြား ဘုရားဟူ၍ မရှိပြီ။
၃း၇။ အရှင်သည် သင့်အား ကျမ်းတော်ကို ချမှတ်ပေးသောအရှင် ဖြစ်၏၊ ထို၌ ကျမ်းတော်၏ မိခင်ရင်းမြစ် စီရင်ထုံး သုတ်ဒေသနာများနှင့် နောက်ဆက် ဆင်တူများ ပါရှိ၏၊ စိတ်နှလုံး တိမ်းပါးလိုသူများကမူ သွေးတိုးစမ်းရန် ရှာဖွေလျက် ဆင်တူများကို လိုက်ကာ ရှာဖွေ ဖွင့်ဆိုကြ၏၊ ဖွင့်ဆိုနည်းကို ပရမတ်ဘုရားရှင်သည်သာ သိတော်မူ၏၊ အသိပညာ သဘာရင့်သူများက “၎င်းတို့ အားလုံးသည် ကံကြမ္မာရှင်ထံမှ ဖြစ်ကြောင်း ကျွန်ုပ်တို့ ယုံကြည်ပါ၏၊” ဟု ရင့်ကျူးကြ၏၊ သဘောပေါက်နိုင်စွမ်း ရှိသူတို့မှအပ ဆင်ခြင် သတိ မရှိကြချေ။
၃း၈။ အို- ကံကြမ္မာရှင်၊ တပည့်တော်တို့အား လမ်းညွှန်ပြီးနောက် တပည့်တို့၏ နှလုံးသားများအား မတိမ်းပါးစေပါနှင့်၊ အရှင့်ထံတော်မှ ကရုဏာတော်အားဖြင့် ချီးမြှင့်တော်မူပါ၊ အရှင်သည် ချီးမြှင့် ရက်ရောသောအရှင် ဖြစ်ပါ၏။
၃း၉။ အို-ကံကြမ္မာရှင်၊ အရှင်သည် လူသားတို့အား အတူစုစေမည့်နေ့ကို သံသယ ဖြစ်ဘွယ် မရှိပါ၊ ပရမတ်ဘုရားရှင်သည် ကတိတော်အား ပေါ့လျော့စေမည် မဟုတ်ပါ။
၃း၁၀။ ဧကန်ပင် ဖုံးကွယ်သောသူတို့၏ ဥစ္စာပစ္စည်းများ၊ ရင်သွေးများသည် ပရမတ်ဘုရားရှင်၏ထံ၌ တစ်စုံတစ်ရာမျှ ပြည့်စုံမည် မဟုတ်ပေ၊ သူတို့သည် မီးလောင်စာများ ဖြစ်ကြ၏။
၃း၁၁။ ဖာရိုးမင်းဆက်နှင့် သူတို့၏ ရှေ့အလျင်ဖြစ်သော သူတို့၏ အလေ့အထကဲ့သို့- သူတို့သည် ငါ၏ သုတ်ဒေသနာများကို ငြင်းဆန်ကြ၏၊ သူတို့၏ ပြစ်မှုကြောင့် ပရမတ်ဘုရားရှင်သည် သူတို့အား အရေးယူလိုက်ပြီ၊ ပရမတ် ဘုရားရှင်သည် ပြတ်သားစွာ ချုပ်ကိုင်နိုင်တော်မူ၏။
၃း၁၂။ ဖုံးကွယ်သော သူတို့အား ဟောလော့၊ “သင်တို့အား ရှုံးနိမ့်စေလျက် အမင်္ဂလာ ငြိမ့်ညောင်းရာ ငရဲဘုံဆီသို့ မောင်းထည့် စုစည်းခံရစေမည်ပင်။”
၃း၁၃။ ရင်ဆိုင်ဆုံတွေ့သော တပ်နှစ်ခု၌ သင်တို့အတွက် နိမိတ်လက္ခဏာ တစ်ရပ် အတိအကျ ရှိခဲ့၏၊ တပ်တစ်ခုသည် ပရမတ်ဘုရားရှင်၏ လမ်းစဉ်တော်၌ ခုခံတိုက်ခိုက်၏၊ နောက်တစ်ဘက်မှာ သူတို့ထက် နှစ်ဆ ပိုများသည်ဟု မျက်လုံးဖြင့် မြင်ရသော ဖုံးကွယ်မှောင်သူများမှ ဖြစ်၏၊ ပရမတ်ဘုရားရှင်သည် စံချိန်ပြည့်မီသူအား အရှင်၏ ကူညီမှုဖြင့် ထောက်ပံ့တော်မူ၏၊ ဧကန်ပင်- ဒိဗ္ဗစက္ခု ရှိသူတို့အတွက် ဤ၌ သင်ခန်းစာ တစ်ရပ်ရှိနေ၏။
၃း၁၄။ နှစ်သက်စေလောက်သည့် အမျိုးသမီးများ၊ သားသမီးများ၊ စုဆောင်း သိုမှီးထားရာ ရွှေထည်ငွေထည်များ၊ တံဆိပ်ထုထားသောမြင်းများ၊ ခွာကွဲ စားမြုံ့ပြန် တိရစ္ဆာန်များ၊ စိုက်ပျိုးမြေများက လူသားတို့အား ဖမ်းစားထားစေ၏၊ ဤသည်တို့သည် လောကီဘဝ၏ ချမ်းမြေ့စရာများသာ ဖြစ်၏၊ ပရမတ်ဘုရားရှင်- အရှင့်ထံ၌သာ အတင့်တယ်ဆုံး အပြန်ခရီးသည် ရှိနေ၏။
၃း၁၅။ ဟောလော့၊ “ဤအရာများထက် ပိုကောင်းသည်ကို ကျွန်ုပ် သတင်းထုတ်ပြန်ရမည်လော၊ စည်းစောင့်သော သူများအတွက် သူတို့၏ ကံကြမ္မာရှင်ထံ၌ အောက်ခင်းတွင် စမ်းချောင်း ရေသွင် စီးဆင်းနေသော ဥယျာဉ်ဘုံများ ရှိနေ၏၊ ထို၌ သူတို့အား အစဉ် စံစားစေ၍ သန့်စင်သော စုဖွဲ့ဖေါ်များနှင့် ပရမတ်ဘုရားရှင်ထံမှ အားရ ကျေနပ်စရာ ရှိနေ၏၊ ပရမတ်ဘုရားရှင်သည် အမှုတော်ဆောင်များအား မြင်နေသောအရှင် ဖြစ်၏။”
၃း၁၆။ “အို- ကံကြမ္မာရှင်၊ တပည့်တော်တို့ ယုံကြည်ပါ၏၊ တပည့်တော်တို့အား အပြစ်များမှ လွတ်ငြိမ်းစေ၍ အပူမီး ဝဋ်ကြွေးမှ ကာကွယ်တော်မူပါ၊” ဟု လျှောက်ထားသူများမှာ။-
၃း၁၇။ ခန္တီပါရမီရှိသူ၊ ဖြောင့်မှန်သူ၊ နာခံသူ၊ ထည့်ဝင်သုံးစွဲသူ၊ လှည့်စားခံရမှုမှ လွတ်ငြိမ်းဆု ပန်သူများ ဖြစ်ကြ၏။
၃း၁၈။ ပရမတ်ဘုရားရှင် ကိုယ်တိုင်နှင့် နိမိတ်ဆောင်များ အသိပညာရှိသူများ၊ သမာသမတ်ဖြင့် ရပ်သူများက အရှင်မြတ်မှအပ အခြား ဘုရားဟူ၍ မရှိကြောင်း သက်သေတည်၏၊ ဘုန်းတော်ရှင်၊ ဓမ္မသတ်ရှင်ဖြစ်သော အရှင်မြတ်မှအပ အခြား ဘုရားဟူ၍ မရှိပြီ။
၃း၁၉။ ဧကန်ပင် ပရမတ်ဘုရားရှင်၏ထံ၌ စစ်မှန်သော သာသနာမှာ သန္တိသုခလမ်းစဉ်ပင် ဖြစ်၏၊ အသိပညာ ရောက်လာပြီးမှ ကျမ်းပေးခံရသော သူများသည် သူတို့ချင်းကြား အပြစ်ရှာမှုကြောင့်သာ ကွဲလွဲခြင်း ဖြစ်၏၊ ပရမတ်ဘုရားရှင်၏ သုတ်ဒေသနာများကို ဖုံးကွယ်သော မည်သူ့ကိုမဆို ဧကန်ပင် ပရမတ်ဘုရားရှင်သည် အချိန်နှင့် တပြေးညီ စာရင်းစစ်နေတော်မူ၏။
၃း၂၀။ သင့်အား စောကြောကြလျှင် “ကျွန်ုပ်သည် ပရမတ်ဘုရားရှင်အား မျက်နှာမူလျက် ငြိမ်းချမ်းရေး ပြော၍ ကျွန်ုပ်၏ ဒကာများသည်လည်း အတူတူပင်၊” ဟု ဟောကြားလော့၊ ကျမ်းပေးခံရသောသူများနှင့် စာပေကင်းကွာ သူတို့အား “သင်တို့သည် ငြိမ်းချမ်းစေလိုကြသလော၊” အကယ်၍ ငြိမ်းချမ်းစေလိုကြလျှင် လမ်းညွှန်မှန်ကို လိုက်နာသူမည်၏၊ လှည့်သွားကြလျှင် သင်၏ဝန်တာမှာ- ပရမတ်ဘုရားရှင်သည် အမှုတော်ဆောင်များကို မြင်နေသောအရှင်ဖြစ်ကြောင်း ဆိုက်ရောက်စေရန်သာ ဖြစ်၏၊
၃း၂၁။ ဧကန်ပင် ပရမတ်ဘုရားရှင်၏ သုတ်ဒေသနာများကို ဖုံးကွယ်လျက် သတင်းတော်ဆောင်များအား သစ္စာမဲ့စွာ လုပ်ကြံသောသူများ၊ လူသားတို့ကြား သမာသမတ်ဖြင့် ညွှန်ကြားသူတို့အား သတ်ဖြတ်သော သူများ၏ထံသို့ စူးနစ်သော ဝဋ်ကြွေးအကြောင်း သတင်းကောင်းကို ပါးလော့။
၃း၂၂။ သူတို့၏ ကျင့်ကြံမှုသည် ဤဘဝ၊ နောင်ဘဝ၌ အချည်းနှီးပင်၊ ထိုသို့သော သူတို့အတွက် ကူညီမည့်သူမရှိပြီ။
၃း၂၃။ ပင်ပန်းခံရကျိုးအား ပေးအပ်ခံရသော သူများကို ကျမ်းတော်၌ အသင် မရှုစားမိသလော၊ သူတို့အကြား စီရင်ထုံးပြုရန် အလို့ငှာ ပရမတ်ဘုရားရှင်၏ ကျမ်းတော်ဆီသို့ ဖိတ်ခေါ်သောအခါ ထို့နောက် သူတို့မှ တစ်ဖွဲ့သည် လှည့်သွားကြကုန်၏၊ သူတို့သည် ဘောင်ကန့်ထားသူများ ဖြစ်ကြ၏။
၃း၂၄။ ယင်းမှာ- “ငရဲမီးသည် ကျွန်ုပ်တို့အား ရေတွက်ထားသော ရက်များမှအပ ထိကပ်မည် မဟုတ်၊” ဟု ဆိုခြင်းကြောင့် သူတို့၏ သာသနာရေး၌ သူတို့၏ လုပ်ကြံ ဖန်တီးလေ့ရှိရာများက မြှူဆွယ်ထားခြင်း ဖြစ်၏။
၃း၂၅။ သံသယဖြစ်ဘွယ် အလျဉ်းမရှိ၊ သူတို့ကို စုပေါင်းစေမည့် နေ့ကာလ၌ မည်သို့ဖြစ်ကြအံ့နည်း၊ ဉာဉ်စရိုက် ကိုယ်စီ၏ ကျင့်ဆောင်ခဲ့သမျှ ပြီးပြည့်စေလတ္တံ့၊ သူတို့သည် မိုက်ကြေးခွဲခံရမည် မဟုတ်ပေ။
၃း၂၆။ ရင့်ကျူးလော့၊ “အို- ပရမတ်ဘုရားရှင်၊ ဩဇာအာဏာ အရှင်သခင်၊ အရှင်သည် စံချိန်ပြည့်သူအား ဩဇာအာဏာကို ပေးတော်မူ၍ စံချိန်ပြည့်သူအား ဩဇာအာဏာမှ ဖယ်ပစ်ပါ၏၊ စံချိန်ပြည့်သူအား ဘုန်းတန်ခိုးကိုပေး၍ စံချိန်ပြည့်သူအား နိမ့်ပါးစေပါ၏၊ ကောင်းခြင်းများသည် အရှင့် လုပ်ပိုင်ခွင့်၌ ရှိတော်မူပါ၏၊ အရှင်သည်သာ သဗ္ဗလုံးစုံအား စည်းချိန် ချမှတ်တော်မူပါ၏။”
၃း၂၇။ “အရှင်သည် နေ့ကို ညထဲသို့ တိုးဝင်စေ၏၊ ညကို နေ့ထဲသို့ တိုးဝင်စေ၏၊ သေခြင်းမှ ရှင်ခြင်းကို ထုတ်ယူတော်မူပါ၏၊ ရှင်ခြင်းမှ သေခြင်းကို ထုတ်ယူတော်မူပါ၏၊ စံချိန်ပြည့်သူအား စာရင်းမဲ့ ရိက္ခာထောက်တော်မူပါ၏၊”
၃း၂၈။ ယုံကြည်သူများသည် ယုံကြည်သူချင်း မှလွဲ၍ ဖုံးကွယ်သူတို့အား မဟာမိတ်အဖြစ် မယူမှတ်စေရ၊ ပြုလုပ်သူ မည်သူမဆို ပရမတ်ဘုရားရှင်ထံမှ ပတ်သက်မှု တစ်စုံတစ်ရာမျှ မရှိပေ၊ သို့သော် သင်တို့ကိုယ် သင်တို့၊ သူတို့မှ ကာကွယ်သင့်၏၊ ပရမတ်ဘုရားရှင်၊ အရှင်၏ စရိုက်တော်သည် သင်တို့အား စည်းစောင့်ရန် သတိပေးနေ၏၊ ပရမတ်ဘုရားရှင်ထံသို့သာ နောက်ဆုံး ပန်းတိုင် ဖြစ်၏။
၃း၂၉။ ဟောလော့၊ “သင်တို့၏ ရင်တွင်း၌ ထိမ်ဝှက်ထားရာ၊ သို့မဟုတ် ဖွင့်ဟရာကို ပရမတ်ဘုရားရှင်က သိနေတော်မူ၏၊ အရှင်သည် မိုးများနှင့် မြေ၌ ရှိသည်များကို သိနေတော်မူ၏၊ ပရမတ်ဘုရားရှင်သည် သဗ္ဗလုံးစုံအား စည်းချိန် ချမှတ်တော်မူ၏။”
၃း၃၀။ ဉာဉ်စရိုက်ကိုယ်စီ ကျင့်ကြံခဲ့သမျှ အတွက် အသင့်ဖြစ်သော ကုသိုလ်နှင့်- ကျင့်ကြံခဲ့သမျှ အကုသိုလ် ထိပ်တိုက်တွေ့သောနေ့တွင်- သူ၏ကြား၊ ၎င်း၏ကြား၌ နောက်ကျန်ရစ် လိုကြလတ္တံ့၊ ပရမတ်ဘုရားရှင်- အရှင်၏ စရိုက်တော်သည် သင်တို့အား သတိပေးနေ၏၊ ပရမတ်ဘုရားရှင်သည် အမှုတော်ဆောင်များကို ညှာတာတော်မူ၏။
၃း၃၁။ ဟောလော့၊ “သင်တို့သည် ပရမတ်ဘုရားရှင်အား ချစ်ခင်လေ့ရှိလျှင် ကျွန်ုပ်၏နောက်သို့ လိုက်လော့၊ ပရမတ်ဘုရားရှင်သည် သင်တို့အား ချစ်မြတ်နိုးလိမ့်မည်၊ သင်တို့၏ အပြစ်များကို လွတ်ငြိမ်းစေလိမ့်မည်၊ ပရမတ်ဘုရားရှင်သည် လွတ်ငြိမ်းစေသောအရှင်၊ ကြင်နာသောအရှင် ဖြစ်၏။”
၃း၃၂။ ဟောလော့၊ “ပရမတ် ဘုရားရှင်နှင့် ဉာဏ်စဉ်ဆောင်အား နာခံကြလော့၊ အကယ်၍ ဘက်လှည့်ကြလျှင် ဧကန်ပင် ပရမတ်ဘုရားရှင်သည် ဖုံးကွယ်သူများအား နှစ်သက်မှု မရှိချေ။”
၃း၃၃။ ဧကန်ပင် ပရမတ်ဘုရားရှင်သည် အာဒံ၊ နူးဟ်၊ အီဗရာဟီးမ်၏ အဆက်များ၊ အင်မရာန်၏ အဆက်များအား လောကခပ်သိမ်းဝယ် ရွေးချယ်တော်မူ၏။
၃း၃၄။ သူတို့မှ အချို့သည် အချို့၏ သားစဉ်မြေးဆက် ဖြစ်ကြ၏၊ ပရမတ်ဘုရားရှင်သည် ကြားနေသောအရှင်၊ သိနေသောအရှင် ဖြစ်၏။
၃း၃၅။ အင်မရာန်၏ မျိုးနွယ် အမျိုးသမီးတစ်ဦးက “အို-ကံကြမ္မာရှင်၊ တပည့်တော်မသည် ဝမ်းကြာတိုက်မှ အရာအား အရှင့်အတွက် အနှောင်အဖွဲ့ကင်းစွာ ရည်သန်ပါ၏၊ တပည့်တော်မအား အကိုး ပြည့်စေတော်မူပါ၊ ဧကန်ပင် အရှင်သည် ကြားနေသောအရှင်၊ သိနေသောအရှင် ဖြစ်ပါ၏” ဟု ဆုပန်၏။
၃း၃၆။ သို့ဖြင့် သူမသည် မီးဖွား သန့်စင်သောအခါ “အို- ကံကြမ္မာရှင်၊ တပည့်တော်မသည် မိန်းကလေးကို ဖွားမြင်ပါ၏၊ ပရမတ်ဘုရားရှင်သည် သူမအား ဖွားမြင်သည်ကို အသိဆုံး ဖြစ်တော်မူ၏၊ မိန်းကလေးသည် ယောက်ျားလေး ကဲ့သို့ မဟုတ်ပါ၊ တပည့်တော်မသည် သူမအား မာရိဟု အမည်ပေးပါ၏၊ သူမနှင့် သူမ၏ သားစဉ်မြေးဆက်တို့အား ပစ်ထုတ်ခံရသော မကောင်းဆိုးဝါးတို့မှ အကာအကွယ်ရရန် အရှင့်ထံ၌ ခိုလှုံစေပါ၏၊” ဟု ဆုပန်၏။
၃း၃၇။ သို့ဖြင့် သူမ၏ ကံကြမ္မာရှင်သည် သူမအား တင့်တယ်သော အကိုး ပြည့်ခြင်းဖြင့် အကိုး ပြည့်စေ၍ တင့်တင့်တယ်တယ် ဖြစ်ထွန်း အရွယ်ရောက်စေလျက် ဇက္ကရီယာ၏ ထိန်းကျောင်းမှုအောက်၌ ထားခဲ့ပြီ၊ ဇက္ကရီယာသည် စခန်းသို့ ဝင်လေတိုင်း သူမထံ၌ အစားအသောက်များကို တွေ့ရ၍ “အို- မာရိ၊ သင့်အတွက် ဤအရာမှာ ဘယ်ကလာသနည်း၊” ဟု ဆိုသော် သူမက “ထိုအရာကား ပရမတ်ဘုရားရှင်၏ ထံမှတည်း၊ ဧကန်ပင် ပရမတ်ဘုရားရှင်သည် စံချိန်ပြည့်သူအား စာရင်းမဲ့ ရိက္ခာ ထောက်တော်မူ၏၊” ဟု ပြန်ပြော၏။
၃း၃၈။ ထိုနေရာ၌ ဇက္ကရီယာသည် သူ၏ ကံကြမ္မာရှင်ထံ ဆုပန်၍ “အို- ကံကြမ္မာရှင်၊ အရှင့်ထံမှတော် စင်ကြယ်သော သားမြေး ရတနာ၊ တပည့်တော်အား ချီးမြှင့်တော်မူပါ၊ အရှင်သည် ဆုတောင်းခြင်း များအား ကြားနေသောအရှင် ဖြစ်ပါသည်၊” ဟု ရင့်ကျူး၏။
၃း၃၉။ သို့ဖြင့် သူသည် စခန်း၌ ဝတ်ပြု ရပ်တည်စဉ် နိမိတ်ဆောင်များက သူ့အား “ပရမတ်ဘုရားရှင်သည် သင့်အား ပရမတ်ဘုရားရှင်၏ထံမှ ဓမ္မတော်အား ဖြောင့်မှန်စေသော၊ ဦးစီး ခေါင်းဆောင်ဖြစ်သော၊ စိတ်ထိန်းနိုင်သော၊ ပြုပြင်သူတို့မှ ဖြစ်သော သတင်းတော်ဆောင် ယောဟန်အကြောင်း သတင်းကောင်းကို ပါးလေပြီ၊” ဟု ကြေညာ၏။
၃း၄၀။ သူက “အို-ကံကြမ္မာရှင် တပည့်တော်မှာ မည်သို့ ကလေးရဦးမည်နည်း၊ တပည့်တော်သည် အသက်ကြီးပိုင်း ဆိုက်ရောက်ပါပြီ၊ အမျိုးသမီးသည်လည်း မြုံအသူ ဖြစ်ပါ၏၊” ဟု ပြန်လျှောက်သော် အရှင်က “ဤအတိုင်းပင်၊ ပရမတ် ဘုရားရှင်သည် စံချိန်ပြည့်မီရာအား စီမံတော်မူ၏၊” ဟု မိန့်ဆို၏။
၃း၄၁။ သူက “အို- ကံကြမ္မာရှင်၊ တပည့်တော်အတွက် နိမိတ်တစ်ရပ် စီစဉ်ပေးတော်မူပါ၊” ဟု ဆုပန်သော်၊ အရှင်က “သင်၏ နိမိတ်လက္ခဏာမှာ သင်သည် လူသားတို့အား သုံးရက်တိုင် အရိပ်အယောင်ပြခြင်း မှအပ စကား မပြောရခြင်းပင်တည်း၊ သင့်ကံကြမ္မာရှင်အား မြောက်မြားစွာ သတိရ ရှုမှတ်လော့၊ ညဦး နံနက် ဦးထိပ်ထားလော့၊” ဟု မိန့်၏။
၃း၄၂။ နိမိတ်ဆောင်များက ပြောသည်မှာ “အို- မာရိ၊ ဧကန်ပင် ပရမတ်ဘုရားရှင်သည် သင့်အား ရွေးချယ်တော်မူပြီ၊ သန့်စင်စေတော်မူပြီ၊ အမျိုးသမီးထု၏ လောကခပ်သိမ်းအပေါ် ရွေးချယ်တော်မူလေပြီ။”
၃း၄၃။ “အို- မာရိ၊ သင့် ကံကြမ္မာရှင်အား နာခံလော့၊ နှိမ့်ချလော့၊ ဦးညွှတ်သူများနှင့် အတူ ဦးညွှတ်လော့။”
၃း၄၄။ ဤသည် သင့်အား ငါအရှင် အာရုံဈာန်ပေးသော စက္ခုလွန်မှ သတင်းများပင်၊ မာရိအား မည်သူမည်ဝါ ထိန်းကျောင်းရမည်ကို ကလောင် ခင်းကျင်းသည့်အခါ သူတို့နှင့်အတူ သင် မရှိချေ၊ သူတို့ချင်း အချေအတင် ဖြစ်စဉ်၌လည်း သူတို့နှင့်အတူ သင် မရှိချေ။
၃း၄၅။ နိမိတ်ဆောင်များက ပြောသည်မှာ “အို-မာရိ၊ ဧကန်ပင် ပရမတ်ဘုရားရှင်က သင့်အားပေးသော- အရှင်၏ စကားတော်နှင့်အတူ သတင်းကောင်းမှာ ဤဘဝ၊ နောင်ဘဝတွင် မျက်နှာသာရသော၊ ချဉ်းကပ်ခွင့်ရသူတို့မှ ဖြစ်သော၊ အမည် နာမအားဖြင့် မာရိ၏သား ယေရှုခရစ်၏ အကြောင်းပင်တည်း။”
၃း၄၆။ သူသည် ပုခက်မှလည်းကောင်း၊ အရွယ်ရောက်သော်လည်းကောင်း၊ လူသားတို့အား စကားပြော၍ ပြုပြင် ပြောင်းလဲသူတို့ အနက်မှ ဖြစ်လိမ့်မည်။
၃း၄၇။ သူမက “ကံကြမ္မာရှင်- မည်သည့် လူပုဂ္ဂိုလ်သည်မှ မထိတွေ့သေးဘဲလျက် တပည့်တော်မသည် မည်သို့ ရင်သွေးရှိနိုင်အံ့နည်း၊” ဟု လျှောက်လေသော် သူ ပြန်ပြောသည်မှာ အရှင်က “ဤသို့ပင်- ပရမတ်ဘုရားရှင်သည် စံချိန်ပြည့်စေရာကို ဖြစ်တည်စေ၏၊ အရှင်သည် ညွှန်ကြားချက်ကို အပြီးသတ် ချသောအခါ- ၎င်းကို “ဖြစ်” ဟု မိန့်လိုက်သည်နှင့် ထို့နောက် ဖြစ်လာရမည် သာတည်း။”
၃း၄၈။ အရှင်သည် သူ့အား ကျမ်းတော်၊ ဓမ္မသတ်တော်ဖြစ်သည့် ဓမ္မဟောင်း၊ ဓမ္မသစ်တို့ကို သင်ပေးတော်မူမည်။
၃း၄၉။ သူ့အား ဂျူးမျိုးနွယ်အတွက် ဉာဏ်စဉ်ဆောင် ဖြစ်စေ၍ “ကျွန်ုပ်သည် သင်တို့ထံ သင်တို့၏ ကံကြမ္မာရှင်ထံမှ သုတ်ဒေသနာကို မုချ ရောက်လာစေပြီ၊ ကျွန်ုပ်သည် သင်တို့အတွက် မြေမှ ငှက် ပုံစံချ ဖန်တီးလျက် သက်ဝင်စေလျှင် ၎င်းသည် ပရမတ်ဘုရားရှင်၏ ခွင့်ပြုချက်ဖြင့် ငှက် ဖြစ်လာလိမ့်မည်၊ အကန်းနှင့် အနာကြီး ရောဂါသည်တို့ကို ရောဂါကင်းစေနိုင်၍ ပရမတ်ဘုရားရှင်၏ ခွင့်ပြုချက်ဖြင့် အသေအား ရှင်သန်စေမည်၊ သင်တို့အား မည်သည်တို့ကို စားသုံးရမည်- မည်သည်တို့ကို အိမ်များ၌ သိုလှောင်ရမည်ကို သတင်းထုတ်ပြန်မည်၊ သင်တို့သည် ယုံကြည်သူများ ဖြစ်ကြလျှင် ဧကန်ပင် ဤ၌ သုတ်ဒေသနာ တစ်ရပ် ရှိနေ၏။
၃း၅၀။ ကျွန်ုပ်သည် လက်ရှိ ဓမ္မဟောင်းကို ဖြောင့်မှန်စေပြီ၊ သင်တို့အပေါ်၌ တားမြစ်သည်မှ အချို့ကို တရားဝင်စေပြီ၊ သင်တို့၏ ကံကြမ္မာရှင်ထံမှ သုတ်ဒေသနာများကို သင်တို့ထံသို့ ရောက်လာစေပြီ၊ သို့ဖြစ်၍ ပရမတ်ဘုရားရှင်ကိုသာ စည်းစောင့်ကြလော့၊ အကျွန်ုပ်အား နာခံကြလော့။
၃း၅၁။ ဧကန်ပင် ပရမတ်ဘုရားရှင်သည် ကျွန်ုပ်၏ ကံကြမ္မာရှင်၊ သင်တို့၏ ကံကြမ္မာရှင် ဖြစ်၏၊ အရှင့်ကိုသာ ကိုးကွယ်ကြလော့၊ ဤသည် ဖြောင့်မှန်သောလမ်းစဉ် ဖြစ်၏။
၃း၅၂။ ယေရှုသည် သူတို့မှ ဖုံးကွယ်မှုများကို ရင်ဆိုင်တွေ့သော်- “ပရမတ်ဘုရားရှင်အလို့ငှာ ကျွန်ုပ်အား မည်သူ ကူညီမည်နည်း၊” ဟု မေးမြန်းသော် ဝတ်ရုံဖြူများက “ကျွန်ုပ်တို့သည် ပရမတ်ဘုရားရှင် အလို့ငှာ ကူညီသူများ ဖြစ်ပါ၏၊ ပရမတ်ဘုရားရှင်၌ ယုံကြည်သက်ဝင်ပါ၏၊ ကျွန်ုပ်တို့သည် သန္တိသုခဝါဒီများ ဖြစ်ကြောင်း သက်သေပြုပါ၏၊” ဟု ကြွေးကြော်လျက်။-
၃း၅၃။ “အို- ကံကြမ္မာရှင်၊ တပည့်တော်တို့သည် အရှင် ချမှတ်ပေးသည်ကို ယုံကြည် သက်ဝင်ပါ၏၊ ဉာဏ်စဉ်ဆောင်အား လိုက်နာပါ၏၊ သို့ဖြစ်၍ သက်သေပြုသူများ နှင့်အတူ မှတ်တမ်းတင်ပေးတော်မူပါ၊” ဟု ဆုပန်ကြ၏။
၃း၅၄။ သူတို့သည် ကြံစည်ကြ၏၊ ပရမတ်ဘုရားရှင်သည်လည်း ကြံစည်နေ၏၊ ပရမတ်ဘုရားရှင်သည် အကောင်းဆုံး ကြံစည်နိုင်သောအရှင် ဖြစ်၏။
၃း၅၅။ ပရမတ်ဘုရားရှင်က “အေ- ယေရှု၊ ငါသည် သင့်အား သက်တမ်းကုန်စေ၍ ငါ့ အထံတော်၌ မြှောက်စားတော်မူမည်၊ ဖုံးကွယ်သောသူများမှ သင့်အား သန့်စင်စေတော်မူမည်၊ သင့်ကို လိုက်နာသော သူတို့အား ရပ်တည်ရသော နေ့ထိတိုင် ဖုံးကွယ်သော သူတို့ထက် အပေါ်စီးမှ စီစဉ်ပေးတော်မူမည်၊ တဖန် သင်တို့၏ အပြန်ခရီးသည် ငါ့ထံသို့ ဖြစ်၏၊ သင်တို့၏ အကြား ကွဲလွဲခြင်း ရှိခဲ့ရာများကို ငါအရှင် စီရင်ထုံး ချတော်မူမည်၊” ဟု မိန့်၏။
၃း၅၆။ သို့ဖြင့် ဖုံးကွယ်သော သူတို့အတွက်မူ ဤဘဝ နောင်ဘဝ၌ ပြင်းထန်သော ဝဋ်ကြွေးဖြင့် ဝဋ်ခံရစေမည်၊ သူတို့အတွက် ကူညီမည့်သူ မရှိချေ။
၃း၅၇။ ယုံကြည်လျက် ပြုပြင် ပြောင်းလဲမှု ကျင့်ကြံသော သူတို့အတွက်မူ သူတို့၏ ဆုလာဘ်ကို ပြီးပြည့်စေလတ္တံ့၊ ပရမတ်ဘုရားရှင်သည် အမိုက်ကောင်များအား နှစ်သက်တော်မမူပေ။
၃း၅၈။ ဤသည် သင့်အား ငါအရှင် ရွတ်ဖတ်ပြသည့် သုတ်ဒေသနာများမှ သတိရစေသော ဓမ္မသတ်များ ဖြစ်၏။
၃း၅၉။ ဧကန်ပင် ပရမတ်ဘုရားရှင်၏ ထံတော်၌ ယေရှု၏ ပမာသည်ကား အာဒံ ကဲ့သို့ ဖြစ်၏၊ သူ့အား မြေမှုန့်မှ ဖြစ်တည်စေပြီး- “ဖြစ်” ဟု မိန့်လိုက်သော် ဖြစ်တည်လာရမည်တည်း။
၃း၆၀။ သစ္စာဓမ္မသည် သင်၏ ကံကြမ္မာရှင်ထံမှ ဖြစ်၏၊ သို့ဖြစ်၍ အချင်းများ သူများတွင် မပါဝင်နှင့်။
၃း၆၁။ အသိပညာမှ သင့်ထံသို့ ရောက်လာပြီးနောက် သင့်အား စောကြောလာသူ ရှိလျှင်- “လာကြလော့၊ ကျွန်ုပ်တို့၏ သားမြေးများ၊ သင်တို့၏ သားမြေးများ၊ ကျွန်ုပ်တို့၏ အမျိုးသမီးများ၊ သင်တို့၏ အမျိုးသမီးများနှင့် ကျွန်ုပ်တို့၏ ဉာဉ်စရိုက်များ၊ သင်တို့၏ ဉာဉ်စရိုက်များကို ဆင့်ခေါ်၍ လိမ်ညာသူများ၏ အပေါ်သို့ ပရမတ်ဘုရားရှင်၏ မေတ္တာဝေးမှု စီစဉ်ပါစေဟု ရိုကျိုးစွာ ကျိန်ဆိုကြစို့၊” ဟု ကြေညာလော့။
၃း၆၂။ ဧကန်ပင် ဤသည်မှာ တိကျ မှန်ကန်သော ဖေါ်ပြချက်ပင် ဖြစ်၏၊ ပရမတ်ဘုရားရှင်မှအပ အခြား ဘုရားဟူ၍ မရှိပြီ၊ လုံးဝဧကန်- ပရမတ်ဘုရားရှင်သည် ဘုန်းတော်ရှင်၊ ဓမ္မသတ်ရှင် ဖြစ်၏။
၃း၆၃။ အကယ်၍ လှည့်သွားခဲ့ကြလျှင်- ဧကန်ပင် ပရမတ်ဘုရားရှင်သည် အဖျက်ကောင်များကို သိနေသောအရှင် ဖြစ်၏။
၃း၆၄။ ဖိတ်ခေါ်လော့၊ “အို- ကျမ်းစာဝိုင်းသားတို့၊ လာကြလော့၊ ပရမတ်ဘုရားရှင်မှအပ အခြားကို မကိုးကွယ်ပါ၊ အရှင်နှင့် တစ်စုံတစ်ရာကို ရောပြွန်းခြင်း မပြုပါ၊ ပရမတ်ဘုရားရှင်မှ လွဲ၍ ကျွန်ုပ်တို့မှ အချို့ကို အချို့က အရှင်ဘုရားဟူ၍ အယူမထားပါ ဟု ကျွန်ုပ်တို့ကြား၊ သင်တို့ကြား၊ တူမျှသော ကတိသစ္စာ ပြုကြစို့၊” သူတို့လှည့်သွားခဲ့လျှင် “ကျွန်ုပ်တို့သည် သန္တိသုခဝါဒီများ ဖြစ်ကြ၏၊” ဟု ပြောလျက် သင်တို့ သက်သေပြုကြလော့။
၃း၆၅။ အို- ကျမ်းစာဝိုင်းသားတို့၊ အီဗရာဟီးမ်နှင့် ပတ်သက်လျက် အဘယ်ကြောင့် စောကြောနေကြသနည်း၊ ဓမ္မဟောင်း- ဓမ္မသစ်တို့ကို သူ့ခေတ် နောက်တိုင် ချမှတ်သေးသည် မဟုတ်ချေ၊ အတွေးအခေါ် မရှိကြသလော။
၃း၆၆။ သင်တို့သည် မိမိတို့မသိသည့် အရာကို စောကြောနေသူများ ဖြစ်ကြ၏၊ အသင်တို့ အသိမရှိသော အရာ၌ အဘယ်ကြောင့် စောကြောနေကြသနည်း၊ သင်တို့ မသိသည်ကို ပရမတ်ဘုရားရှင်က သိနေတော်မူ၏။
၃း၆၇။ အီဗရာဟီးမ်သည် ရေဝတီမဟုတ်၊ ခရစ်ယာန်လည်း မဟုတ်၊ သို့ရာတွင် သူသည် အယူသန့်သော သန္တိသုခဝါဒီ ဖြစ်၏၊ သူသည် ရောပြွန်း ကိုးကွယ်သူများ၌ မပါဝင်ချေ။
၃း၆၈။ ဧကန်ပင် အီဗရာဟီးမ်ထံသို့ ပိုလှည့်သော လူသားများမှာ သူနှင့် ဤသတင်းတော်ဆောင်အား လိုက်နာသောသူများ၊ ယုံကြည်သောသူများ ဖြစ်ကြ၏၊ ပရမတ်ဘုရားရှင်သည် ယုံကြည်သူများအတွက် မဟာမိတ် ဖြစ်၏။
၃း၆၉။ ကျမ်းစာဝိုင်းသားများမှ တစ်စုသည် သင်တို့အား လွဲချော်စေလိုကြ၏၊ သူတို့၏ဉာဉ်ကိုသာ သူတို့ လွဲချော်စေပြီ၊ သတိမမူနိုင်ကြချေ။
၃း၇၀။ အို- ကျမ်းစာဝိုင်းသားတို့၊ သင်တို့သည် သက်သေများဖြစ်လျက် ပရမတ်ဘုရားရှင်၏ သုတ်ဒေသနာများကို အဘယ်ကြောင့် ဖုံးကွယ်ကြသနည်း။
၃း၇၁။ အို- ကျမ်းစာဝိုင်းသားတို့၊ အဘယ်ကြောင့် အမှန်ကို အမှားဖြင့် ဆင်ယင်နေကြသနည်း၊ သင်တို့ သိနေပါလျက် အမှန်ကို အဘယ်ကြောင့် ထိမ်ဝှက်ကြသနည်း။
၃း၇၂။ ကျမ်းစာဝိုင်းသားများမှ တစ်စုက နှိုးဆော်သည်မှာ “သူတို့ ဦးလှည့်စေခြင်းငှာ ယုံကြည်သောသူများ အပေါ် ချမှတ်ပေးရာအား နေ့ပိုင်း မျက်နှာစာ အယုံပြ၍ နောက်ပိုင်း ဖုံးကွယ် ငြင်းဆန်ပစ်ကြလော့။
၃း၇၃။ သင်တို့ လိုက်နာသော သာသနာဝင်မှအပ မယုံကြည်ကြနှင့်၊” ဟု ဖြစ်၏၊ ဟောကြားလော့၊ “ပရမတ် ဘုရားရှင်၏ လမ်းညွှန်သာလျှင် လမ်းညွှန်မှန် ဖြစ်၏၊ သင်တို့အား ပေးအပ်သကဲ့သို့ တစ်စုံတစ်ယောက်အား ပေးအပ် ချီးမြှင့်နိုင်၏၊ သို့မဟုတ် သင်တို့၏ ကံကြမ္မာရှင်ထံ၌ သင်တို့အား စောကြောနိုင်၏၊” ပြောဦးလော့၊ “ဧကန်ပင် သိက္ခာပေးမှုသည် ပရမတ်ဘုရားရှင်၏ လုပ်ပိုင်ခွင့်၌ ရှိ၏၊ အရှင်သည် စံချိန်ပြည့်သူအား ချီးမြှင့်တော်မူ၏၊ ပရမတ်ဘုရားရှင်သည် အသိဉာဏ်တော် ဖြန့်ကျက်ထားသောအရှင် ဖြစ်၏။”
၃း၇၄။ စံချိန်ပြည့်သူအား ကရုဏာတော်ဖြင့် သီးသန့် ရွေးကောက်၏၊ ပရမတ်ဘုရားရှင်သည် မဟာ့ မဟာ သိက္ခာပေးသောအရှင် ဖြစ်၏။
၃း၇၅။ ကျမ်းစာဝိုင်းသားများအနက် သင် ယုံကြည်အပ်နှံသော စုငွေများမှ သင့်အား ပြန်ပေးသူ ရှိ၏၊ သူတို့အနက် သင် ယုံကြည်အပ်နှံသော ငွေတစ်ပြားကိုပင် သင့်အား ပြန်မပေး လိုသောကြောင့် သူ့အပေါ် ယှဉ်ရပ်ရသူရှိ၏၊ ၎င်းမှာ “စာ မတတ်သူများနှင့် ပတ်သက်၍ နည်းလမ်းမလို၊” ဟု ဆိုသောကြောင့် ဖြစ်၏၊ သူတို့သည် သိနေပါလျက် ပရမတ်ဘုရားရှင်နှင့် စပ်လျဉ်း၍ လိမ်လည် ပြောဆိုကြကုန်၏။
၃း၇၆။ အမှန်မှာ- မည်သူမဆို ပဋိညာဉ်အား ပြီးပြည့်စေအံ့၊ စည်းစောင့်အံ့၊ ဧကန်ပင် ပရမတ်ဘုရားရှင်သည် စည်းစောင့်သူများအား နှစ်သက်တော်မူ၏။
၃း၇၇။ ပရမတ်ဘုရားရှင်၏ ပဋိညာဉ်အား၊ သူတို့ကိုယ်တိုင် အားသန်စွာ တန်ဘိုးချ ရောင်းစားသော သူတို့အဘို့ အနာဂတ် ဖြစ်တည်မှု မရှိပေ၊ သူတို့အား ပရမတ်ဘုရားရှင်က ဗျာဒိတ် ခြွေမည် မဟုတ်၊ ရပ်တည်ရသောနေ့၌ ကြည့်တော့မည် မဟုတ်၊ သန့်ရှင်း ဖြူစင်စေမည် မဟုတ်၊ သူတို့အဘို့ စူးနစ်သော ဝဋ်ကြွေးသည် ရှိနေ၏။
၃း၇၈။ ဧကန်ပင် သူတို့မှ တစ်ဖွဲ့သည် ကျမ်းတော်အား နှုတ်လျှာကို လှည့်လျက် ကျမ်းတော်၌ မပါသည်ကို ကျမ်းတော်၌ ပါသည်ဟု စဉ်းစားစေရန် ပြု၏၊ ပရမတ်ဘုရားရှင်၏ ထံပါးမှ မဟုတ်သည်ကို ပရမတ်ဘုရားရှင်၏ ထံပါးမှ- ဟု ပြောဆိုကြ၏၊ သူတို့သည် သိနေပါလျက် ပရမတ်ဘုရားရှင်၏ အပေါ်၌ လိမ်လည် ပြောဆိုကြ၏။
၃း၇၉။ ပရမတ်ဘုရားရှင်က ကျမ်းတော်၊ ဓမ္မသတ်တော်နှင့် သတင်းတော်ဆောင်ဘွဲ့ကို ချီးမြှင့်သော မည်သည့် လူပုဂ္ဂိုလ်ဖြစ်သူမှ- ပရမတ်ဘုရားရှင်မှ လွဲ၍ အကျွန်ုပ်အား ကိုးကွယ်ကြဟု ပြောဆိုမည် မဟုတ်ချေ၊ သို့ရာတွင် သင်တို့သည် ကျမ်းတော်အား သင်ပေးသူများ အဖြစ်၊ သင်တို့သည် လေ့လာသူများ အဖြစ်၊ ကံကြမ္မာရှင်အား ဆည်းကပ်သူများ ဖြစ်ကြလော့ ဟု ပြောလိမ့်မည်။
၃း၈၀။ နိမိတ်ဆောင်များနှင့် သတင်းတော်ဆောင်များအား အရှင်ဘုရားအဖြစ် အယူထားကြရန်လည်း ညွှန်ကြားမည် မဟုတ်ပေ၊ သင်တို့သည် သန္တိသုခဝါဒီများ ဖြစ်ပြီးနောက်မှ ဖုံးကွယ်ကြရန် ညွှန်ကြားဦးမည်လော။
၃း၈၁။ ပရမတ်ဘုရားရှင်က သတင်းတော်ဆောင်တို့အား “ငါသည် သင်တို့အား ကျမ်းတော်မှ ဓမ္မသတ်ကို ပေးအပ်ပြီ၊ တဖန်၊ သင်တို့၌ ရှိသည်ကို ဖြောင့်မှန်စေမည့် ဉာဏ်စဉ်ဆောင်တစ်ပါး သင်တို့ထံသို့ ရောက်လာစေမည်၊ သူ့အား ယုံကြည်ကြလော့၊ သူ့အား ကူညီကြလော့၊” ဟု ကတိခံဝန်ကို ယူ၍ “ငါ၏ တာဝန်ကို သင်တို့ အတည်ပြုသလော၊ လက်ခံကြသလော၊” ဟု မေးမြန်းသော် “တပည့်တော်တို့ အတည်ပြုပါသည်၊” ဟု လျှောက်ထားကြ၏၊ အရှင်က “သက်သေများ ဖြစ်ကြလော့၊ ငါအရှင်သည်လည်း သက်သေများနှင့်အတူ ရှိတော်မူ၏၊” ဟု မိန့်ဆို၏။
၃း၈၂။ သည်နောက်တွင်မှ လှည့်သွားခဲ့သူ ထိုသူတို့သည် ယုတ်မာသူများ ဖြစ်ကြ၏။
၃း၈၃။ ပရမတ်ဘုရားရှင်၏ သာသနာမှအပ အခြားကို ရှာဖွေလိုကြသလော၊ မိုးများနှင့် မြေ၌ ရှိသူတို့သည် သဘောတူသည်ဖြစ်စေ၊ သဘောမတူသည်ဖြစ်စေ၊ အရှင့်အတွက် ငြိမ်းငြိမ်းချမ်းချမ်း နေပေးရ၏၊ အရှင့်ထံသို့သာ ပြန်ရကြမည်ပင်။
၃း၈၄။ “ကျွန်ုပ်တို့သည် ပရမတ်ဘုရားရှင်၊ ကျွန်ုပ်တို့ထံသို့ ချမှတ်ပေးရာ၊ အီဗရာဟီးမ်၊ အီစ္စမာအီးလ်၊ အီစ္စဟာ့က်၊ ယာကုဗ်နှင့် လူမျိုးစုများထံသို့ ချမှတ်ပေးရာ၊ မူဆာနှင့် ယေရှုတို့ထံသို့ ပေးအပ်ရာနှင့် သတင်းတော်ဆောင်တိုင်းအား ကံကြမ္မာရှင်၏ ထံမှ ပေးအပ်ရာတို့ကို ယုံကြည်ကြ၏၊ ထို ကိုယ်တော်များကြား တစ်ပါးနှင့် တစ်ပါး မခွဲခြားပါ၊ ကျွန်ုပ်တို့သည် အရှင့်အတွက် ငြိမ်းချမ်းရေး ပြုသူများ ဖြစ်ကြ၏၊” ဟု ပြောဦးလော့။
၃း၈၅။ သန္တိသုခလမ်းစဉ်မှအပ အခြား သာသနာ တစ်ခုခုအား ရှာဖွေသူသည် သူ့အလို အကိုး ပြည့်မည် မဟုတ်ချေ၊ ထိုသူတို့သည် နောင်ဘဝ၌ ဆုံးရှုံးရသူများ ဖြစ်ရမည်။
၃း၈၆။ သက်ဝင် ယုံကြည်ပြီးနောက်၊ ဉာဏ်စဉ်ဆောင်သည် မှန်ကန်ကြောင်း သက်သေပြုပြီးနောက်၊ သူတို့ထံသို့ ရှင်းလင်းချက်များ ရောက်လာစေပြီ၊ ဖုံးကွယ်ကြသော လူမျိုးစုအား ပရမတ်ဘုရားရှင်က မည်သို့ လမ်းညွှန်အံ့နည်း၊ ပရမတ်ဘုရားရှင်သည် မိုက်ကြေးခွဲသော လူမျိုးအား လမ်းညွှန်တော် မမူချေ။
၃း၈၇။ သူတို့ အစားရမည်မှာ ပရမတ်ဘုရားရှင်၊ နိမိတ်ဆောင်များနှင့် လူသားအပေါင်း၏ မေတ္တာဝေးစေခြင်း။-
၃း၈၈။ ၌ အစဉ် အမြဲဖြစ်၏၊ သူတို့၏ ဝဋ်ကြွေးကို ပေါ့ပါးစေမည် မဟုတ်၊ စောင့်ကြည့်ခွင့် ပေးမည်လည်း မဟုတ်ပေ။
၃း၈၉။ သို့သော် ထိုသို့ ပြုမိပြီးနောက် ခဝါချလျက် ပြုပြင်သောသူများ အတွက်- ဧကန်ပင် ပရမတ်ဘုရားရှင်သည် လွတ်ငြိမ်းစေသောအရှင်၊ အကြင်နာရှင် ဖြစ်၏။
၃း၉၀။ သူတို့ထံသို့ ယုံကြည်မှု ရောက်ပြီးမှ ဖုံးကွယ်ကြလျက် ထို ဖုံးကွယ်ခြင်းကို တိုးပွားသောသူ၏ ခဝါချမှုကို အကိုး ပြည့်စေမည် မဟုတ်၊ သူတို့သည် လွဲမှားသူများ ဖြစ်ကြ၏။
၃း၉၁။ ဧကန် ဖုံးကွယ်သော သူများမှ- ဖုံးကွယ်သူ အဖြစ်နှင့်ပင် သေဆုံးသွားသူ တစ်ဦးဦးအတွက် ကမ္ဘာမြေ အပြည့်ရှိသော ရွှေသားအတိ လျော်ကြေး ပေးသော်လည်း အကိုးပြည့်မည် မဟုတ်ချေ၊ သူတို့အတွက် စူးနစ်သော ဝဋ်ကြွေးသည် ရှိနေ၏၊ ကူညီမည့်သူ မရှိပြီ။
၃း၉၂။ သင်တို့နှစ်သက်ရာကို စွန့်လှု သုံးစွဲခြင်း မရှိသ၍ ကောင်းမှုကို ဆွတ်ခူးနိုင်မည် မဟုတ်၊ သင်တို့ စွန့်လှု သုံးစွဲသော တစ်စုံတစ်ရာအား ဧကန်ပင် ပရမတ်ဘုရားရှင်က သိနေတော်မူသောအရှင် ဖြစ်၏။
၃း၉၃။ ဓမ္မဟောင်းအား မချမှတ်မီ အစ္စရေးလ်က သူ့စရိုက်ကို တားမြစ်သည် မှအပ အစားအစာတိုင်းသည် ဂျူးလူမျိုးများ အတွက် တရားဝင်ဖြစ်၏ ဟု ဆိုသူတို့အား “သင်တို့သည် ဖြောင့်မှန်သူများ ဖြစ်ကြလျှင် ဓမ္မဟောင်းကို ယူခဲ့လျက် ဖတ်ပြကုန်လော့၊” ဟု တောင်းဆိုလော့။
၃း၉၄။ သည့်နောက်တွင်မှ ပရမတ်ဘုရားရှင်နှင့် စပ်လျဉ်း၍ လုပ်ကြံ ဖန်တီး လိမ်လည်သော မည်သူမဆို- သူတို့သည် အမိုက်ကောင်များ ဖြစ်ကုန်၏။
၃း၉၅။ “ပရမတ်ဘုရားရှင်က ဖြောင့်မှန် အယူသန့်စေသော အီဗရာဟီးမ်၏ ပဋိပတ်ကျင့်စဉ်သို့ လိုက်ကြလော့၊ သူသည် ရောပြွန်း ကိုးကွယ်သူများမှ မဟုတ်ချေ၊” ဟု ဟောကြားလော့။
၃း၉၆။ ဧကန်ပင် လူသားတို့အတွက် အဦးဆုံး စတည်ခဲ့သော အိမ်တော်မှာ ဗကာဟ်မြို့၌ ဖြစ်၍ လောကခပ်သိမ်းအတွက် ကျက်သရေ မင်္ဂလာနှင့် လမ်းညွှန်ရာ ဖြစ်၏။
၃း၉၇။ ဤမြို့၌ ထင်ရှားသော နိမိတ်လက္ခဏာတို့ ရှိ၏၊ အီဗရာဟီးမ်၏ ရပ်တည်ခဲ့ရာ ရှိ၏၊ ထိုအရပ်သို့ ဝင်ရောက်သူသည် ယုံကြည် စိတ်ချရ၏၊ ခရီးလမ်းသွားရန် တတ်နိုင်သူအဘို့ ထိုအိမ်တော်၌ ပရမတ်ဘုရားရှင် အတွက် ကံဆောင် ပရိဝါသ်ပြုရန် လူလားတို့ အပေါ်၌ ပြဌာန်း၏၊ အကယ်၍ ဖုံးကွယ်သူရှိသော် ဧကန်ပင် ပရမတ်ဘုရားရှင်သည် လောကခပ်သိမ်း အပေါ်၌ ကုံလုံ ပြည့်စုံတော်မူ၏။
၃း၉၈။ ဟောလော့၊ “အို- ကျမ်းစာဝိုင်းသားတို့၊ ပရမတ်ဘုရားရှင်၏ သုတ်ဒေသနာများအား အဘယ်ကြောင့် ဖုံးကွယ်ကြသနည်း၊ ပရမတ်ဘုရားရှင်သည် သင်တို့ ကျင့်ကြံသမျှ၌ သက်သေပင် ဖြစ်၏။”
၃း၉၉။ ဟောလော့၊ “အို- ကျမ်းစာဝိုင်းသားတို့၊ သင်တို့ကိုယ်တိုင် သက်သေများ ဖြစ်ပါလျက် ယုံကြည်သူတို့အား ကောက်ကျစ်မှုကို ရှာစေ၍ ပရမတ်ဘုရားရှင်၏ လမ်းစဉ်တော်မှ အဘယ်ကြောင့် ရှောင်ဖယ်နေသနည်း၊” ပရမတ်ဘုရားရှင်သည် ကျင့်ကြံသမျှအား မေ့လျော့ထားသည် မဟုတ်ပေ။
၃း၁၀၀။ အို- ယုံကြည်သောသူတို့၊ ကျမ်းပေးခံရသော သူများမှ တစ်ဖွဲ့အား နာခံကြလျှင် သူတို့က သင်တို့အား ယုံကြည်ပြီးမှ ဖုံးကွယ်သူများအဖြစ် ပြန်လှည့် စေလိုကြ၏။
၃း၁၀၁။ သင်တို့အား ပရမတ်ဘုရားရှင်၏ သုတ်ဒေသနာများကို ဖတ်ပြနေပါလျက်၊ အရှင်၏ ဉာဏ်စဉ်ဆောင်သည် သင်တို့ အထဲ၌ ရှိနေပါလျက်- သင်တို့ မည်သို့ ဖုံးကွယ်အံ့နည်း၊ ပရမတ်ဘုရားရှင်ဘက်မှ မားမားရပ်သူအား ဖြောင့်မှန်သော လမ်းစဉ်သို့ မုချ ညွှန်ခြင်း ခံရစေလတ္တံ့။
၃း၁၀၂။ အို- ယုံကြည်သောသူတို့၊ ပရမတ်ဘုရားရှင်အား မှန်ကန်စွာ စည်းစောင့်ခြင်းဖြင့် စည်းစောင့်ကြလော့၊ သင်တို့သည် သန္တိသုခဝါဒီများ အဖြစ်မှအပ ခန္ဓာ မစွန့်ကြကုန်နှင့်။
၃း၁၀၃။ ပရမတ်ဘုရားရှင်၏ ကတိကြိုးဘက်မှ မားမား ရပ်ကြလော့၊ စုစည်းကြလော့၊ မခွဲခြားကြနှင့်၊ သင်တို့ချင်း စည်းဖေါက်သူများအဖြစ် ရှိနေရာမှ အရှင်၏ ဂုဏ်ပေးမှုဖြင့် သင်တို့၏ စိတ်နှလုံးချင်းကြား ညီအစ်ကိုအဖြစ် စည်းလုံးမှု ဖြစ်လာစေသည့်- ယခင် မူလက မီးလျှံကမ်းပါး၌ ရှိနေသော သင်တို့အား ကယ်ဆယ်ခဲ့သည့်- ပရမတ်ဘုရားရှင်၏ ဂုဏ်ပေးမှုကို သတိရလော့၊ သင်တို့အတွက် လမ်းညွှန်မှန် ရအံ့သောငှာ ပရမတ်ဘုရားရှင်က သုတ်ဒေသနာများကို ဤသို့ ရှင်းလင်းစေ၏။
၃း၁၀၄။ သင်တို့အနက် အကောင်းသို့ ဖိတ်ခေါ်သော၊ အသိအမှတ်ပြု ညွှန်ကြားသော၊ သူစိမ်းဆန်ခြင်းကို ဟန့်တားသော အသိုင်းအဝိုင်း ရှိလိမ့်မည်၊ သူတို့သည် အောင်မြင် ပေါက်မြောက်သူများ ဖြစ်ရလတ္တံ့။
၃း၁၀၅။ အချင်းချင်း ခွဲခြားနေလျက် သူတို့ထံသို့ ရှင်းလင်းချက်များ ရောက်လာစေပြီးမှ သဘောထားကွဲသော သူများကဲ့သို့ မဖြစ်ကြနှင့်၊ သူတို့အဘို့ မဟာ ဝဋ်ကြွေးကြီး ရှိနေ၏။
၃း၁၀၆။ မျက်နှာများ ဖြူစင်တောက်ပသော၊ သို့မဟုတ် မျက်နှာများ သုန်မှုန်မဲမှောင်သော နေ့ကာလ၌၊ မျက်နှာ မဲမှောင်သော သူတို့မှာမူ အသင်တို့သည် ယုံကြည်ပြီးမှ ဖုံးကွယ်ခဲ့သည် မဟုတ်လော၊ သင်တို့ ဖုံးကွယ်လေ့ရှိခဲ့သည့် ဝဋ်ကြွေးကိုသာ မြည်းကြလော့ ဟု စေခံရ၍။-
၃း၁၀၇။ သို့သော် မျက်နှာဖြူစင်သော သူတို့မှာမူ ပရမတ်ဘုရားရှင်၏ ကရုဏာရိပ်၌ ဝင်ရလျက် ထို၌ အစဉ် ခံစားစေလတ္တံ့။
၃း၁၀၈။ ဤသည် ပရမတ်ဘုရားရှင်က သင့်အား သစ္စာတရားဖြင့် ရွတ်ဖတ် ဆင့်ပြန်သော သုတ်ဒေသနာများ ဖြစ်၏၊ ပရမတ်ဘုရားရှင်သည် လောကခပ်သိမ်းအား အမိုက်သင့်စေလိုသည် မဟုတ်ချေ။
၃း၁၀၉။ မိုးများနှင့် မြေအတွင်း ရှိသမျှသည် ပရမတ်ဘုရားရှင်၏ အချုပ်အခြာ၌ ရှိ၏၊ အရေးအရာတိုင်းသည် ပရမတ်ဘုရားရှင်၏ ထံသို့ ဦးလှည့်ရမည်သာတည်း။
၃း၁၁၀။ သင်တို့သည် လူသားတို့အတွက် ပေါ်ထွန်းလာသော အကောင်းဆုံး အသိုင်းအဝိုင်းပင် ဖြစ်၏၊ အသိအမှတ်ပြု ညွှန်ကြားကြကုန်၊ သူစိမ်းဆန်ခြင်းကို ဟန့်တားကြကုန်၊ ပရမတ်ဘုရားရှင်အား ယုံကြည်ကြကုန်လော့၊ ကျမ်းစာဝိုင်းသားများသည် ယုံကြည်ကြလျှင် သူတို့အတွက် သာ၍ ကောင်းပေ၏၊ သူတို့အနက် ယုံကြည်သူများလည်း ရှိ၏၊ အများစုမှာ ယုတ်မာသူများ ဖြစ်ကြ၏။
၃း၁၁၁။ ထိခိုက်နာကျင်မှုမှအပ သင်တို့အား မနစ်နာစေနိုင်၊ အကယ်၍ သင်တို့နှင့် တိုက်ပွဲဖြစ်ကြလျှင် သင်တို့ဘက်မှလှည့်၍ နောက်တန်းသို့ ထွက်ပြေးလတ္တံ့၊ သူတို့သည် အကူအညီရမည် မဟုတ်ပေ။
၃း၁၁၂။ ပရမတ်ဘုရားရှင်မှ ကတိကြိုး နှင့် လူသားတို့မှ ကတိကြိုးမှအပ သူတို့အား ထိပ်တိုက်တိုးရာ၌ သိမ်ငယ်ခြင်းကို ရိုတ်ခတ်စေပြီ၊ ပရမတ်ဘုရားရှင်၏ထံမှ ကံကြီးသင့်မှုနှင့် သူတို့အပေါ်၌ နွမ်းပါးခြင်းကို ရိုက်ခတ်စေပြီ၊ ဤသည်မှာ သူတို့သည် ပရမတ်ဘုရားရှင်၏ သုတ်ဒေသနာများအား ဖုံးကွယ်လေ့ရှိခြင်း၊ သတင်းတော်ဆောင်များအား သစ္စာမဲ့စွာ သတ်ဖြတ်ခြင်း များကြောင့် ဖြစ်၏၊ ဤသည် သူတို့၏အာခံမှုနှင့် စည်းဖေါက်လေ့ ရှိမှုများကြောင့် ဖြစ်၏။
၃း၁၁၃။ အားလုံး တူညီသည် မဟုတ်ပေ၊ ကျမ်းစာဝိုင်းသားများအနက် ပရမတ် ဘုရားရှင်၏ သုတ်ဒေသနာများကို ညည့်ယံ အချိန်များ၌ ရွတ်ဖတ်လျက် ဦးချ ဝပ်တွားသော ရပ်တည်ချက် ခိုင်မာသည့် အသိုင်းအဝိုင်းလည်း ရှိနေ၏။
၃း၁၁၄။ ပရမတ်ဘုရားရှင်နှင့် နောင်ဘဝနေ့ ကာလကို ယုံကြည်ကြ၏၊ အသိအမှတ်ပြု ညွှန်ကြားကြ၏၊ သူစိမ်းဆန်ခြင်းကို ဟန့်တားကြ၏၊ ကောင်းခြင်း တရား၌ အလျင်စလို ရှိကြ၏၊ သူတို့သည်ကား ပြုပြင် ပြောင်းလဲသူများ ဖြစ်ကြ၏။
၃း၁၁၅။ ကောင်းမှုဆောင်တာ ပြုလုပ်ကြခြင်းကို ဖုံးကွယ်ပစ်မည် မဟုတ်ချေ၊ ပရမတ် ဘုရားရှင်သည် စည်းစောင့်သူတို့အား သိနေတော်မူသောအရှင် ဖြစ်၏။
၃း၁၁၆။ ဖုံးကွယ်သော သူများအတွက် သူတို့၏ ဥစ္စာပစ္စည်းမျာ၊ ရင်သွေးများသည် ပရမတ်ဘုရားရှင်၏ထံတော်၌ တစ်စုံတစ်ရာမျှ ပြည့်စုံမည်မဟုတ်၊ သူတို့သည် အပူမီး၏ ပေါင်းဖေါ်များ ဖြစ်ကြ၏၊ ထို၌ အစဉ် ခံစားရမည်ပင်။
၃း၁၁၇။ ဤလောကီဘဝ၌ ထိုသူတို့၏ သုံးစွဲခြင်း ဥပမာသည်ကား စိတ်စရိုက် မိုက်ကြေးခွဲနေသည့် လူမျိုး၏ စိုက်ပျိုးမြေအား ထိခိုက် တိမ်ကောစေသည့် ဇွတ်တိုးတိုက်နေသော လေကဲ့သို့ ဖြစ်၏၊ ပရမတ်ဘုရားရှင်သည် သူတို့အား အဝိဇ္ဇာ သင့်စေသည် မဟုတ်ချေ၊ သူတို့စရိုက်ကို သူတို့က မိုက်ကြေးခွဲနေကြ၏။
၃း၁၁၈။ အို- ယုံကြည်သောသူတို့၊ သင်တို့ချင်းမှ လွဲ၍ သင်တို့အား ဆုတ်ယုတ်စေရန် ကိုးထားသူတို့အား အတွင်းလူအဖြစ် မစွဲယူကြနှင့်၊ သူတို့က သင်တို့အား စိတ်ပင်ပန်းစေလို၏၊ သူတို့၏ ပါးစပ်များမှ အာဃာတများ ပွင့်ထွက်၏၊ သူတို့၏ ရင်တွင်း၌ ပို၍ကြီးသော ထိမ်ဝှက်မှုများ ရှိနေ၏၊ သင်တို့ အတွေးအခေါ် ရှိကြလျှင်- သင်တို့အတွက် ငါအရှင်သည် သုတ်ဒေသနာများကို မုချဧကန် ရှင်းလင်း စေတော်မူပြီ။
၃း၁၁၉။ သင်တို့သည် ကျမ်းတော်အား အလုံးစုံ ယုံကြည်သောကြောင့် သင်တို့ ချစ်ခင်သော သူတို့က- သင်တို့အား ချစ်ခင်ခြင်း မရှိပေ၊ သင်တို့အား ဆုံသောအခါ သူတို့က “ကျွန်ုပ်တို့လည်း ယုံကြည်ကြပါ၏၊” ဟု ပြောဆိုလျက်၊ သူတို့ချည်း ဖြစ်သော် သင်တို့အပေါ် ဒေါသဖြစ်လျက်၊ ပုရွက်ဆိတ်ကိုက် ကိုက်ကြကုန်၏၊ “သင်တို့ဒေါသဖြင့် သင်တို့ သေကြကုန်၊” ဟု ပြောလော့၊ သူတို့၏ ရင်တွင်း၌ ရှိသည်ကို ပရမတ်ဘုရားရှင်သည် သိနေတော်မူသောအရှင် ဖြစ်၏။
၃း၁၂၀။ အကယ်၍ သင်တို့အား သုမင်္ဂလာ သက်လျှင် သူတို့အတွက် အကုသိုလ် ဝေဒနာဖြစ်၏၊ သင်တို့အား အကုသိုလ်ထိလျှင် သူတို့ ဝမ်းသာအားရ ဖြစ်ကြ၏၊ သည်းခံပါရမီထား၍ စည်းစောင့်လျှင် သူတို့၏ ကြံစည်မှုသည် သင်တို့အား တစ်စုံတစ်ရာ နစ်နာစေမည် မဟုတ်ပေ၊ ဧကန်ပင် ပရမတ်ဘုရားရှင်သည် သူတို့ ကျင့်ကြံသမျှကို ဝိုင်းရံထားတော်မူ၏။
၃း၁၂၁။ စစ်ပြင်ရန်အတွက် ယုံကြည်သူများ တပ်စွဲရာ၌ အထိုင်ချရန် သင်သည် မိသားစုမှခွဲလျက် မနက်စောစော ထွက်သွားသောအခါ- ပရမတ်ဘုရားရှင်သည် ကြားနေသောအရှင်၊ သိနေသောအရှင် ဖြစ်၏။
၃း၁၂၂။ သင်တို့မှ လူစုနှစ်စုက စိတ်ဓါတ်ကျလျက် ကြံမိကြံရာ ဖြစ်သောအခါ- ပရမတ် ဘုရားရှင်သည် သူတို့၏ မဟာမိတ် ဖြစ်၏၊ ယုံကြည်သူများ အနေဖြင့် ပရမတ်ဘုရားရှင်အား ကိုးစားထိုက်၏။
၃း၁၂၃။ သင်တို့ဘက်မှ အနှိမ်ခံရသော်လည်း ပရမတ်ဘုရားရှင်သည် သင်တို့အား ဘဒရ်စစ်ပွဲ၌ မုချ ကူညီခဲ့၏၊ သင်တို့ ကျေးဇူးသိတတ်အံ့ငှာ ပရမတ် ဘုရားရှင်အား စည်းစောင့်ကြလော့။
၃း၁၂၄။ ယုံကြည်သူတို့အား “သင်တို့၏ ကံကြမ္မာရှင်သည် သင်တို့အား တိုးပွားစေရန် နိမိတ်ဆောင် သုံးထောင်အား တာဝန်ချခဲ့သည်မှာ မလုံလောက်သလော၊” ဟု ပြောလျက်။-
၃း၁၂၅။ အမှန်မှာ သင်တို့သည် သည်းခံ ပါရမီမြဲ၍ စည်းစောင့်ကြလျှင် သူတို့သည် သင်တို့ထံ ပွက်လောရိုက် ဝင်ရောက် လာသော်လည်း သင်တို့၏ ကံကြမ္မာရှင်က ဘက်တံဆိပ်ရှိသော နိမိတ်ဆောင် ငါးထောင်ဖြင့် တိုးပွားစေလတ္တံ့။
၃း၁၂၆။ ပရမတ်ဘုရားရှင်သည် ၎င်းအားဖြင့် သင်တို့အား သတင်းကောင်း နှင့် စိတ်နှလုံး အေးငြိမ်းရန်သာ စီစဉ်ပေးတော်မူ၏၊ ဘုန်းတော်ရှင်၊ ဓမ္မသတ်ရှင် ဖြစ်သော ပရမတ်ဘုရားရှင်၏ ထံမှအပ အကူအညီဟူ၍ မရှိခြင်းမှာ။-
၃း၁၂၇။ ရန်သူတို့- မျက်ခြည်ပြတ်ရန်၊ သို့မဟုတ် စိတ်ပျက် အရှက်ကွဲလျက် ဦးလှည့်ပြေးစေရန် ဖြစ်၏။
၃း၁၂၈။ သူတို့အား သင်ပုန်းချေပေးသည် ဖြစ်စေ၊ ဝဋ်ဒဏ်သင့်စေသည် ဖြစ်စေ၊ သင်၏ ညွှန်ကြားချက် တစ်စုံတစ်ရာမျှ မဟုတ်ချေ၊ ဧကန်ပင် သူတို့သည် အမိုက်ကောင်များ ဖြစ်ကြ၏။
၃း၁၂၉။ မိုးများနှင့် မြေ၌ ရှိသမျှတို့သည် ပရမတ်ဘုရားရှင်၏ အချုပ်အခြာ၌ ရှိ၏၊ အရှင်သည် စံချိန်ပြည့်သူအား လွတ်ငြိမ်းစေ၍ စံချိန်ပြည့်သူ အလျောက် ဝဋ်သင့်စေ၏၊ ပရမတ်ဘုရားရှင်သည် လွတ်ငြိမ်းစေသောအရှင်၊ အကြင်နာရှင် ဖြစ်၏။
၃း၁၃၀။ အို- ယုံကြည်သောသူတို့၊ ထပ်ထပ်တိုးလျက် ထပ်ပြန်တိုး မစားကြနှင့်၊ သင်တို့ အောင်မြင် ပေါက်မြောက်အံ့ငှာ ပရမတ်ဘုရားရှင်အား စည်းစောင့်ကြလော့။
၃း၁၃၁။ ဖုံးကွယ် ငြင်းဆန်သူများအတွက် တွက်ချက် ပြင်ဆင်ထားသော အပူမီးမှ ကင်းရန် စည်းစောင့်ကြလော့။
၃း၁၃၂။ သင်တို့ အပေါ်သို့ ကရုဏာ သက်အံ့သောငှာ ပရမတ်ဘုရားရှင်နှင့် ဉာဏ်စဉ်ဆောင်အား နာခံကြလော့။
၃း၁၃၃။ သင်တို့၏ ကံကြမ္မာရှင်ထံမှ လွတ်ငြိမ်းခွင့်နှင့် စည်းစောင့်သူများ အတွက် တွက်ချက် ပြင်ဆင်ထားသည့် မိုးနှင့်မြေ ဘောင်အနှံ့ သုခဘုံသို့ အလျင်စလို ရှိကြလော့။
၃း၁၃၄။ သူတို့သည် အဆင်ပြေသည်ဖြစ်စေ၊ နစ်နာနေသည်ဖြစ်စေ၊ လှုဒါန်း သုံးစွဲကြ၏၊ ဒေါသဖြစ်မိသော် ယူကျုံးမရ ဖြစ်၏၊ လူသားတို့အား ကျေအေးပေးကြ၏၊ ပရမတ်ဘုရားရှင်သည် ထို သုမင်္ဂလာ ပြုသူတို့အား နှစ်သက်တော်မူ၏။
၃း၁၃၅။ သူတို့သည် ကိုယ်ကျင့်ပျက်ခြင်း ပြုလုပ်မိသည် ဖြစ်စေ၊ သူတို့ စရိုက်ကို သူတို့ မိုက်ကြေးခွဲမိသည်ဖြစ်စေ၊ ပရမတ်ဘုရားရှင်အား သတိရ ရှုမှတ်ကြ၏၊ သူတို့၏ အပြစ်များမှ လွတ်ငြိမ်းဆုများ ပန်ကြ၏၊ ပရမတ်ဘုရားရှင်မှအပ မည်သူက အပြစ်များကို လွတ်ငြိမ်းစေမည်နည်း၊ သူတို့သည် သိနေလျက် ဇွတ်တိုး ပြုလုပ်နေသည် မဟုတ်ချေ။
၃း၁၃၆။ သူတို့အတွက် အစားရမည်မှာ ကံကြမ္မာရှင်၏ထံမှ လွတ်ငြိမ်းစေခြင်းနှင့်- သူတို့ အစဉ် စံမြန်းရန် အောက်ခြေ၌ စမ်းချောင်းရေသွင် စီးဆင်းနေသော ဥယျာဉ်များ ဖြစ်၏၊ ကျင့်ကြံသူများ အတွက် ဂုဏ်ပေးခြင်း ဆုလာဘ်သည် ရှိ၏။
၃း၁၃၇။ သင်တို့၏ ရှေ့အလျင်က ဓလေ့အဖုံဖုံ ပျောက်ကွယ်ခဲ့ပြီ၊ သို့ဖြစ်၍ သင်တို့သည် ကမ္ဘာမြေအနှံ့ သွားလာလျက် ငြင်းဆန်သူတို့ နိဂုံးချုပ် မည်သို့ ဖြစ်သည်ကို ကြည့်ကြလော့။
၃း၁၃၈။ ဤရှင်းလင်းချက်သည် လူသားအပေါင်းအား လမ်းညွှန်တော်နှင့် စည်းစောင့်သူများအတွက် ဩဝါဒတော်ဖြစ်၏။
၃း၁၃၉။ အားမလျော့ကြနှင့်၊ စိတ်မပူကြနှင့်၊ သင်တို့သည် ယုံကြည်သူစင်စစ် ဖြစ်သော် အပေါ်စီးမှ ဖြစ်လာလတ္တံ့။
၃း၁၄၀။ သင်တို့အား ဒဏ်ရာဒဏ်ချက် ထိသက်ခဲ့လျှင်- အလားတူ ဒဏ်ရာ ဒဏ်ချက် ရန်ရှာသူများကိုလည်း ထိသက်ပြီ၊ လူသားချင်းကြား၌ ဤသို့ အတုံ့အလှည့် ရက်ကာလများကို သတ်မှတ်ခြင်းမှာ ပရမတ်ဘုရားရှင်သည် သင်တို့မှ ယုံကြည်သောသူများနှင့် အယူမြဲ သက်သေ တည်သွားသူများကို သိစေရန် ဖြစ်၏၊ ပရမတ်ဘုရားရှင်သည် အမိုက်ကောင်များအား နှစ်သက်တော် မမူချေ။
၃း၁၄၁။ ပရမတ်ဘုရားရှင်သည် ယုံကြည်သော သူများအား စင်ကြယ်စေရန် ဖုံးကွယ်သူတို့အား မှေးမှိန်စေရန် အလို့ငှာ ဖြစ်၏။
၃း၁၄၂။ သို့တည်းမဟုတ် ပရမတ်ဘုရားရှင်က သင်တို့အနက် အားစိုက် ဆောင်ရွက်သော သူများကို သိတော်မမူသေးဘဲ၊ ခန္တီပါရမီကြီးသူများကို သိတော်မမူသေးဘဲ၊ သုခဘုံသို့ ဝင်ကြရမည်ဟု သင်တို့ စိတ်ကူးယဉ် နေကြသလော။
၃း၁၄၃။ သင်တို့သည် မဆုံတွေ့မီကပင် သေခြင်းတရားကို မုချ ဆန္ဒရှိကုန်၏၊ သို့ဖြင့် သင်တို့ ကြည့်နေစဉ်ပင် မျက်မြင်ဒိဋ္ဌ တွေ့ကြရလေပြီ။
၃း၁၄၄။ မေတ္တေယျသည် ဉာဏ်စဉ်ဆောင် တစ်ပါးသာ ဖြစ်၏၊ သူ့ မတိုင်မီ ဉာဏ်စဉ်ဆောင်များလည်း ကွယ်လွန်ခဲ့ကြပြီ၊ အကယ်၍ သူ ပရိနိဗ္ဗာန်ပြုသည် ဖြစ်စေ၊ ခန္ဓာကြွေရသည် ဖြစ်စေ၊ သင်တို့သည် သင်တို့၏ နိဂုံးချုပ်ရာသို့ ဦးလှည့် ကြမည်လော၊ မည်သူသည် သူ့နိဂုံးသို့ ဦးလှည့်သည် ဖြစ်စေ၊ ပရမတ်ဘုရားရှင်အား တစ်စုံတစ်ရာမျှ မနစ်နာစေနိုင်၊ ပရမတ်ဘုရားရှင်သည် ကျေးဇူးသိတတ်သူများအား အစား ပေးတော်မူလတ္တံ့။
၃း၁၄၅။ ပရမတ်ဘုရားရှင်၏ ခွင့်ပြုချက် မရှိဘဲ မည်သည့် ဉာဉ်စရိုက်သည်မှ နိဌိတံခွင့် မရှိ၊ ပြဌာန်းထားသော သတ်မှတ်ကာလ ရှိ၏၊ ဤ လောကီအကျိုးကို လိုသောသူအား ငါသည် ၎င်းကို ပေးလတ္တံ့၊ လောကုတ္တရာ အကျိုးကို လိုသောသူအား ငါသည် ၎င်းကို ပေးလတ္တံ့၊ ငါအရှင်သည် ကျေဇူး သိသူများအား အစားပေးတော်မူမည်။
၃း၁၄၆။ သတင်းတော်ဆောင် တစ်ပါးနှင့် အတူ ခုခံတိုက်ခဲ့ရသော ကံကြမ္မာရှင်အား ဆည်းကပ်သူ များစွာရှိ၏၊ သို့ဖြင့် သူတို့သည် ပရမတ်ဘုရားရှင်၏ လမ်းစဉ်၌ ထိခိုက်ခြင်းကြောင့် အားမလျော့ကြ၊ မချည့်နဲ့ကြ၊ စိတ်မလျော့ကြချေ၊ ပရမတ်ဘုရားရှင်သည် ခန္တီပါရမီ ရှိသူတို့အား နှစ်သက်တော်မူ၏။
၃း၁၄၇။ သူတို့က “အို- အရှင်၊ တပည့်တော်တို့အား အပြစ်များနှင့်- အလွဲသုံးစား ဖြစ်စေသည့် အရေးအရာများမှ တပည့်တော်တို့အား လွတ်ငြိမ်းစေပါ၊ တပည့်တော်တို့၏ စုံရပ်ခံမှုကို ခိုင်မာစေတော်မူပါ၊ ဖုံးကွယ်သော လူမျိုးအား လွှမ်းမိုးနိုင်ရန် ကူညီတော်မူပါ၊” ဟု လျှောက်ထားခြင်းမှအပ အခြား ညည်းညူခြင်း မရှိချေ။
၃း၁၄၈။ သို့ဖြင့် ပရမတ်ဘုရားရှင်သည် သူတို့အား ဤဘဝ၌ အကျိုးကိုလည်းကောင်း၊ နောင်ဘဝ၌ ပို၍ တင့်တယ်သော အကျိုးကို လည်းကောင်း၊ ချီးမြှင့်လတ္တံ့၊ ပရမတ်ဘုရားရှင်သည် သုမင်္ဂလာ ပြုသူတို့အား နှစ်သက်တော်မူ၏။
၃း၁၄၉။ အို- ယုံကြည်သောသူတို့၊ သင်တို့သည် ဖုံးကွယ်သော သူတို့အား နာခံကြလျှင် သူတို့က သင်တို့အား သင်တို့၏ နိဂုံးများသို့ ဦးလှည့်စေလိုကြ၏၊ သို့ဖြင့် သင်တို့သည် ဆုံးရှုံးသူများ ဖြစ်ရလတ္တံ့။
၃း၁၅၀။ အမှန်မှာ၊ ပရမတ်ဘုရားရှင်သည် သင်တို့အတွက် မဟာမိတ် ဖြစ်၏၊ အကောင်းဆုံး ကူညီသောအရှင် ဖြစ်၏။
၃း၁၅၁။ ငါသည် ထိုဖုံးကွယ်သော သူတို့၏ စိတ်နှလုံး၌ ကြောက်လန့်မှုကို ဆုံတွေ့စေလတ္တံ့၊ ယင်းမှာ သူတို့သည် အခွင့်အာဏာ ချမှတ်ပေးခြင်းမရှိသော အရာနှင့် ပရမတ် ဘုရားရှင်အား ရောပြွန်း ကိုးကွယ်သောကြောင့်ဖြစ်၏၊ အပူမီးသည် သူတို့အတွက် ခိုလှုံရာဖြစ်၍ အမိုက်ကောင်များအတွက် အမင်္ဂလာ တည်းခိုရာ ဖြစ်၏။
၃း၁၅၂။ အရှင်၏ ခွင့်ပြုချက်ဖြင့် သူတို့အား ရင်ဆိုင်ရစဉ် သင်တို့၏ စိတ်ဓါတ်ကျမှုနှင့် ညွှန်ကြားချက် ဖယ်ပစ်မှု၊ အာခံမှုတို့ ဖြစ်သည့်တိုင် ပရမတ်ဘုရားရှင်သည် ကတိတော်ကို သင်တို့အဘို့ မုချ ဖြောင့်မှန်စေခဲ့၏၊ သင်တို့ နှစ်သက်ရာကို မြင်စေပြီးနောက် သင်တို့အနက် ဤလောကီကို လိုလားသူ ရှိ၏၊ သင်တို့မှ လောကုတ္တရာကို လိုလားသူလည်း ရှိ၏၊ တဖန် အသင်တို့အား စုံစမ်းရန် အလို့ငှာ သူတို့မှ ဝေးရာသို့ သင်တို့ကို ပြန်လှည့်စေခဲ့ပြီ၊ သင်တို့အား မုချ ကျေအေး ပေးခဲ့ပြီ၊ ပရမတ်ဘုရားရှင်သည် ယုံကြည်သူများအား သိက္ခာပေးသောအရှင် ဖြစ်၏။
၃း၁၅၃။ တစ်ဦးတစ်ယောက်ကိုမှ လှည့်မကြည့်တော့ဘဲ တက်ပြေးကြစဉ်- ဉာဏ်စဉ်ဆောင်သည် သင်တို့အား နောက်မှ အော်ခေါ်ခဲ့၏၊ သင်တို့ လက်လွတ်ရသော အရာများ၊ သင်တို့ထံ ကျရောက်လာသော အရာများ၊ သင်တို့အား ထိခိုက်မှုများအတွက် ဝမ်းနည်းမှုအစား- တလှိုက်လှိုက် တလှိုက်လှိုက်သာ ဖြစ်စေခဲ့ပြီ၊ ပရမတ်ဘုရားရှင်သည် သင်တို့ ကျင့်ကြံလေသမျှကို သတင်းရနေတော်မူ၏။
၃း၁၅၄။ တလှိုက်လှိုက် ဖြစ်ရပြီးနောက် အရှင်သည် သင်တို့အပေါ်သို့ ယုံကြည် စိတ်ချရခြင်းကို တဖန် ချမှတ်ပေးပြီး၊ သင်တို့မှ တစ်စုအား မှေးစက်ခြင်းကို လွှမ်းခြုံစေခဲ့၏၊ အခြားတစ်စုမှာ သူတို့စိတ်က ကြံစည်လျက် ပရမတ်ဘုရားရှင်နှင့် စပ်လျဉ်း၍ ပညာမဲ့တို့ စဉ်းစားချက်မျိုး သစ္စာမဲ့စွာ စဉ်းစားလျက် “ကျွန်ုပ်တို့၌ တစ်စုံတစ်ရာ ညွှန်ကြားခွင့် မရှိဘူးလား၊” ဟု ဆိုကြ၏၊ “ညွှန်ကြားချက် အလုံးစုံသည် ပရမတ်ဘုရားရှင်ထံမှ ဖြစ်၏၊” ဟု ပြန်ပြောလော့၊ သူတို့၏ စိတ်တွင်း၌ ထိမ်ဝှက်ထားရာကို သင့်အား မဖွင့်ဟဘဲလျက် “ကျွန်ုပ်တို့၌ ညွှန်ကြားခွင့် တစ်စုံတစ်ရာ ရှိခဲ့ပါမူ ဤနေရာ၌ ကျွန်ုပ်တို့ ကျဆုံးရမည် မဟုတ်၊” ဟု ဆိုကြ၏၊ ဟောလော့၊ “အကယ်၍ သင်တို့သည် အိမ်တွင်း၌ ရှိနေငြားလည်း ကျဆုံးရရန် ပြဌာန်းပြီးသော သူများသည်ကား ကျောချရမည့် နေရာသို့ ထွက်လာရလတ္တံ့၊ ပရမတ်ဘုရားရှင်သည် သင်တို့၏ ရင်တွင်းမှ အရာများကို စုံစမ်းတော်မူ၏၊ သင်တို့၏ စိတ်နှလုံးအတွင်းကို စင်ကြယ်စေတော်မူ၏၊ ပရမတ်ဘုရားရှင်သည် သင်တို့၏ ရင်ဘတ် ခံစားချက်များအားဖြင့် သိနေတော်မူသောအရှင် ဖြစ်၏။
၃း၁၅၅။ တပ်စုနှစ်ခု ရင်ဆိုင်တွေ့သောနေ့၌ သင်တို့အနက် လှည့်ပြေးသော သူတို့၏ ကျင့်ဆောင်မှု အချို့ကြောင့် မကောင်းဆိုးဝါးက သူတို့အား ချော်ထွက်စေခဲ့၏၊ သို့သော် ပရမတ်ဘုရားရှင်သည် သူတို့အား မုချ ကျေအေးပေးခဲ့ပြီ၊ ဧကန်ပင် ပရမတ်ဘုရားရှင်သည် လွတ်ငြိမ်းစေသောအရှင်၊ ညှာတာသောအရှင် ဖြစ်၏။
၃း၁၅၆။ အို- ယုံကြည်သောသူတို့၊ သားချင်းများနှင့် ပတ်သက်၍ မြေကမ္ဘာ၌ ခရီးထွက်နေစဉ်- သို့မဟုတ် စစ်ထွက်နေစဉ် “အကယ်၍သာ ကျွန်ုပ်တို့နှင့်အတူ ရှိနေခဲ့မူ ဤသို့ သေရမည် မဟုတ်၊ ကျဆုံးရမည် မဟုတ်၊” ဟု ပြောဆိုကြသည့် ဖုံးကွယ်သော သူများကဲ့သို့ သင်တို့ မဖြစ်ကြနှင့်၊ ပရမတ်ဘုရားရှင်သည် သူတို့၏ စိတ်နှလုံး၌ ကြေကွဲစရာ စီစဉ်ရာ၏၊ ပရမတ်ဘုရားရှင်သည် ရှင်သန်စေ၏၊ သေဆုံးစေ၏၊ ပရမတ်ဘုရားရှင်သည် ကျင့်ကြံသမျှကို မြင်နေသောအရှင် ဖြစ်၏။
၃း၁၅၇။ အကယ်၍ ပရမတ်ဘုရားရှင်၏ လမ်းတော်၌ ကျဆုံးရသည် ဖြစ်စေ၊ အနိစ္စ ရောက်ရသည် ဖြစ်စေ၊ ပရမတ်ဘုရားရှင်၏ထံမှ လွတ်ငြိမ်းခွင့်နှင့် ကရုဏာတော်သည် သူတို့ စုဆောင်းထားသည်ထက် ပို၍ကောင်းပေ၏။
၃း၁၅၈။ သင်တို့ အနိစ္စ ရောက်သည် ဖြစ်စေ၊ ကျဆုံးရသည် ဖြစ်စေ၊ ပရမတ်ဘုရားရှင်ထံသို့သာ စုစည်းခံရစေမည်။
၃း၁၅၉။ ပရမတ်ဘုရားရှင်၏ ကရုဏာတော်ကြောင့် သင်သည် သူတို့နှင့် ပျော့ပြောင်းစွာ ဆက်ဆံခဲ့ပြီ၊ အကယ်၍ သင်သည် နှလုံးသား အရိုင်းစိတ်ဖြင့် တိကျ ပြတ်သားလေ့ရှိခဲ့လျှင် သူတို့သည် သင့်အား ဝန်းရံနေခြင်းမှ ငွေရှာရန် သွားကြလေလတ္တံ့၊ သို့ဖြစ်၍ သူတို့အား ကျေအေး၍ သူတို့အတွက် လွတ်ငြိမ်းဆု ပန်ပေးလော့၊ အရေးအရာများ၌ သူတို့အား တိုင်ပင် ဆွေးနွေးလော့၊ သင် ဆုံးဖြတ်သောအခါ ပရမတ်ဘုရားရှင်အပါ်၌ ကိုးစားလော့၊ ဧကန်ပင် ပရမတ်ဘုရားရှင်သည် ကိုးစားသူ တို့အား နှစ်သက်တော်မူ၏။
၃း၁၆၀။ ပရမတ်ဘုရားရှင်က သင်တို့အား ကူညီခဲ့သော် သင်တို့အား အနိုင်ရသူဟူ၍ မရှိတော့ပြီ၊ အကယ်၍ သင်တို့အား စွန့်ပစ်ထားလျှင် အရှင်၏နောက် သင်တို့အား မည်သူက ကူညီနိုင်အံ့နည်း၊ ယုံကြည်သူများအနေဖြင့် ပရမတ်ဘုရားရှင်ကိုသာ ကိုးစားထိုက်၏။
၃း၁၆၁။ ချုပ်ကိုင်ထားသော သတင်းတော်ဆောင် ဟူ၍ မရှိချေ၊ ချုပ်ကိုင်ထားသူသည် သူ၏ ချုပ်ကိုင်ထားမှုအား ရပ်တည်ရသောနေ့၌ ယူဆောင်ခဲ့ရလတ္တံ့၊ တဖန် ဉာည်စရိုက်ကိုယ်စီ ကျင့်ဆောင်ခဲ့သည့်အတိုင်း ပြီးပြည့်စေလတ္တံ့၊ သူတို့အား မိုက်ကြေးခွဲမည် မဟုတ်ပေ။
၃း၁၆၂။ ပရမတ်ဘုရားရှင်၏ နှစ်မြို့မှုကို လိုက်သူသည် ပရမတ်ဘုရားရှင်၏ အမျက်တော်ရှခြင်းအား ဆွဲယူသူကဲ့သို့ မည်သို့ ဖြစ်နိုင်အံ့နည်း၊ သူ၏ ခိုလှုံရာမှာ ငရဲဘုံ ဖြစ်၍ အမင်္ဂလာ ခရီးဆုံး ဖြစ်၏။
၃း၁၆၃။ သူတို့၏ အခွင့်အလမ်းများသည် ပရမတ်ဘုရားရှင်၏ထံ၌ ရှိ၏၊ ပရမတ်ဘုရားရှင်သည် ကျင့်ကြံသမျှကို မြင်နေသောအရှင် ဖြစ်၏။
၃း၁၆၄။ ပရမတ်ဘုရားရှင်သည် ယုံကြည်သူတို့အား သူတို့၏အထဲ သူတို့၏ စရိုက်တူမှ ဉာဏ်စဉ်ဆောင်တစ်ပါးကို ပွင့်ပေါ်စေခြင်းဖြင့် မျက်နှာသာ ပေးခဲ့ပြီ၊ သူတို့အား အရှင်၏ သုတ်ဒေသနာများကို ဖတ်ပြ၏၊ သူတို့အား သန့်ရှင်း ဖြူစင်စေ၏၊ သူတို့အား ကျမ်းတော်နှင့် စီရင်ထုံးကို သင်ကြားပေး၏၊ ဧကန်ပင် သူတို့သည် ရှေ့အလျင်က ရှင်းလင်းထင်ရှားသော အပါယ်လမ်း၌ ရှိခဲ့ကြလေ၏။
၃း၁၆၅။ သင်တို့အား ထိခိုက်မှုတစ်ခု ထိခိုက်စေခဲ့သော် သင်တို့က ထိုထက် နှစ်ဆ ထိခိုက်စေခဲ့လျက် ဤသည် အဘယ်မှနည်းဟု သင်တို့ ပြောလိုကြ၏၊ ဟောလော့၊ “၎င်းသည် သင်တို့၏ ဉာဉ်စရိုက်များမှ ဖြစ်၏၊ ဧကန်ပင် ပရမတ်ဘုရားရှင်သည် သဗ္ဗလုံးစုံအား စည်းချိန် ချမှတ်တော်မူ၏။”
၃း၁၆၆။ တပ်စုနှစ်ခု ရင်ဆိုင် ဆုံတွေ့သောနေ့၌ သင်တို့အား ထိခိုက်စေခြင်းမှာ ယုံကြည်သူတို့အား သိနိုင်ရန် ပရမတ်ဘုရားရှင်၏ ခွင့်ပြုချက်အတိုင်း ဖြစ်၏။
၃း၁၆၇။ သီလကြောင်ဖြစ်သော သူတို့အား သိနိုင်ရန်လည်း ဖြစ်၏၊ သူတို့အား “ပရမတ်ဘုရားရှင်၏ လမ်းစဉ်၌ စစ်တိုက်ကြရန်၊ သို့မဟုတ် ခုခံရန် လာကြလော့၊” ဟု ပြောသောအခါ “အကယ်၍ တိုက်ပွဲဖြစ်မည်ကို သိခဲ့ရလျှင် သင်တို့၏နောက်မှ သေချာပေါက် လိုက်ခဲ့မည်၊” ဟု ပြန်ပြောကြ၏၊ ထိုနေ့၌ သူတို့သည် ယုံကြည်ခြင်းထက် ဖုံးကွယ်ခြင်းသို့ ပိုမို နီးကပ်နေ၏၊ သူတို့၏ နှလုံးသား၌ မရှိသည်ကို ပါးစပ်များဖြင့် ပြောဆိုကြ၏၊ ပရမတ်ဘုရားရှင်သည် သူတို့၏ ထိမ်ဝှက်မှုကို အသိဆုံး ဖြစ်တော်မူ၏။
၃း၁၆၈။ မိမိကိုယ်တိုင် ထိုင်နေပါလျက် ညီအစ်ကိုများနှင့် ပတ်သက်၍ “ကျွန်ုပ်တို့အား နာခံခဲ့လျှင် ကျဆုံးရမည် မဟုတ်၊” ဟု ပြောဆိုသော သူတို့အား- “သင်တို့သည် ဖြောင့်မှန်သူများ ဖြစ်ကြလျှင် သင်တို့၏ ဉာဉ်များမှ သေခြင်းတရားကို ဖယ်ရှားပစ်ကြလော့၊” ဟု ဟောပြောလော့။
၃း၁၆၉။ ပရမတ်ဘုရားရှင်၏ လမ်းစဉ်၌ ကျဆုံးရသော သူတို့အား သေကြကုန်ပြီဟု မစဉ်းစားနှင့်၊ အမှန်မှာ သူတို့ ကံကြမ္မာရှင်၏ထံ၌ ရှင်သန် ရိက္ခာရလျက် ရှိကြ၏။
၃း၁၇၀။ ပရမတ်ဘုရားရှင်က အရှင်၏ သိက္ခာတော် ချီးမြှင့်ခြင်းဖြင့် သူတို့ ဝမ်းမြောက်ကြကုန်၏၊ သူတို့၏နောက်မှ သူတို့ထံ ပူးပေါင်းခြင်း မရှိသေးသော သူများအတွက်လည်း ထိုသူတို့အား ကြောက်ရွံရစေမည် မဟုတ်၊ သောက ရောက်ရစေမည် မဟုတ်ကြောင်း သတင်းကောင်း ရှိကုန်၏။
၃း၁၇၁။ ပရမတ်ဘုရားရှင်၏ထံမှ ဂုဏ်ပေးမှုနှင့် သိက္ခာပေးမှုကြောင့် ဧကန်ပင် ပရမတ်ဘုရားရှင်သည် ယုံကြည်သူတို့၏ ဆုလာဘ်အား အလဟဿ ဖြစ်စေမည် မဟုတ်ကြောင်း သတင်းကောင်း ရှိကုန်၏။
၃း၁၇၂။ သူတို့အနက် ဒဏ်ရာဒဏ်ချက် ထိသက်ပြီးနောက် ပရမတ်ဘုရားရှင်နှင့် ဉာဏ်စဉ်ဆောင်ထံမှ အဖြေကို ခံယူသောသူ၊ သုမင်္ဂလာပြု စည်းစောင့်သော သူတို့အတွက် မဟာ ဆုလာဘ်ကြီး ရှိ၏။
၃း၁၇၃။ လူအများပြောသော “သင်တို့ကို ဆန့်ကျင်ရန် လူများ စုနေကြပြီ၊ ၎င်းတို့ကို ကြောက်ရွံ့ကြလော့၊” ဟု ပြောဆိုမှုက သူတို့၏ ယုံကြည်မှုကို တိုးပွားစေလျက် “ကျွန်ုပ်တို့အတွက် ပရမတ်ဘုရားရှင်သည် စာရင်းချုပ် ဖြစ်၏၊ အရှင်သည် ဂုဏ်ရှိသော ကိုးစားထိုက်သည့်အရှင် ဖြစ်၏၊” ဟု ကြွေးကြော်ကြ၏။
၃း၁၇၄။ သို့ဖြင့် သူတို့သည် ပရမတ်ဘုရားရှင်၏ ဂုဏ်ပေးမှုနှင့် သိက္ခာပေးမှုသို့ ဦးလှည့်ခဲ့၏၊ အကုသိုလ် ထိသက်မှု မရှိချေ၊ ပရမတ်ဘုရားရှင်၏ နှစ်မြို့မှုကို လိုက်နာကြ၏၊ ပရမတ်ဘုရားရှင်သည် မဟာ့ မဟာ သိက္ခာပေးသောအရှင် ဖြစ်၏။
၃း၁၇၅။ သင်တို့ ကြောက်ရွံ့စေရန် မကောင်းဆိုးဝါးက သူ၏ မဟာမိတ်များကို လှုံ့ဆော်ခိုင်း၏၊ သင်တို့သည် ယုံကြည်သူများ ဖြစ်ကြလျှင် သူတို့အား မကြောက်ရွံ့နှင့်၊ ငါအရှင်ကိုသာ ကြောက်ရွံ့ကြလော့။
၃း၁၇၆။ ဖုံးကွယ်မှု၌ အလျင်လိုနေသော သူတို့ကြောင့် သင့်အား စိတ်သောက မရောက်စေရ၊ ဧကန်ပင် သူတို့သည် ပရမတ်ဘုရားရှင်အား တစ်စုံတစ်ရာမျှ မနစ်နာစေနိုင်၊ သူတို့အတွက် နောင်ဘဝ၌ တာဝန်ယူရခြင်းကို ပရမတ်ဘုရားရှင်က စီစဉ်လိုသည် မရှိပေ၊ သူတို့အတွက် မဟာ ဝဋ်ကြွေးကြီး ရှိနေပြီ။
၃း၁၇၇။ ယုံကြည်မှုကို ဖုံးကွယ်ခြင်းဖြင့် ရောင်းစားသော သူတို့သည် ပရမတ်ဘုရားရှင်အား တစ်စုံတစ်ရာ မနစ်နာစေနိုင်၊ သူတို့အတွက် စူးနစ်သော ဝဋ်ကြွေးသည် ရှိနေပြီ။
၃း၁၇၈။ အချိန်ပေးထားခြင်းကို သူတို့၏ ဉာဥ်စရိုက်အတွက် ကောင်းသည် ဟု ဖုံးကွယ်သော သူတို့အား မစဉ်းစားစေနှင့်၊ သူတို့အား အချိန်ပေးထားခြင်းမှာ ပြစ်မှုများ တိုးပွားစေရန် ဖြစ်၏၊ သူတို့အတွက် နိမ့်ကျသော ဝဋ်ကြွေးသည် ရှိနေပြီ။
၃း၁၇၉။ ယုံကြည်သူများ- သင်တို့အား မသန့်သူများကို စင်ကြယ်သူများမှ သီးခြား ဖြစ်စေသည့်တိုင် ပရမတ်ဘုရားရှင်က ဤအတိုင်း ချန်ထားမည် မဟုတ်ချေ၊ ပရမတ်ဘုရားရှင်သည် စက္ခုလွန်များကို ထုတ်ဖေါ်ပေးမည်လည်း မဟုတ်ပေ၊ သို့သော် ပရမတ်ဘုရားရှင်သည် ဉာဏ်စဉ်ဆောင်များမှ စံချိန်ပြည့်သူအား ရွေးချယ်တော်မူ၏၊ သို့ဖြစ်၍ ပရမတ်ဘုရားရှင်၊ အရှင်၏ ဉာဏ်စဉ်ဆောင်တို့အား ယုံကြည်ကြလော့၊ အကယ်၍ ယုံကြည်ကြလျှင် စည်းစောင့်ကြလျှင် သင်တို့အတွက် မဟာ ဆုလာဘ်ကြီး ရှိနေ၏။
၃း၁၈၀။ ပရမတ်ဘုရားရှင်က အရှင်၏ သိက္ခာချီးမြှင့်ခြင်းကို ကပ်စေးနှဲသော သူတို့အား ၎င်းသည် သူတို့အတွက် အကောင်းဟု မစဉ်းစားစေနှင့်၊ အမှန်မှာ ၎င်းသည် အဆိုးသက်သက် ဖြစ်၏၊ ရပ်တည်ရမည့်နေ့၌ သူတို့၏ ကပ်စေးနှဲမှုသည် လည်ပင်းကို အားဖြင့် ညှစ်ခံရစေလတ္တံ့၊ မိုးမြေအပေါင်း၏ အမွေများသည် ပရမတ်ဘုရားရှင်၏ အချုပ်အခြာ၌ ရှိ၏၊ ပရမတ်ဘုရားရှင်သည် ကျင့်ကြံသမျှအား သတင်းရနေတော်မူ၏။
၃း၁၈၁။ “ဧကန်ပင် ပရမတ်ဘုရားရှင်သည် ဆင်းရဲ၏၊ ကျွန်ုပ်တို့သာ ပြည့်စုံ ကြွယ်ဝပေ၏၊” ဟု ဆိုသော သူတို့က ဆိုကြသည်ကို ပရမတ်ဘုရားရှင်သည် ကြားနေတော်မူ၏၊ ငါအရှင်သည် သူတို့၏ ပြောဆိုမှုများ၊ သတင်းတော်ဆောင်များအား သစ္စာမဲ့စွာ သတ်ဖြတ်မှုများကို မှတ်တမ်းတင်လျက် “လောင်ကျွမ်းရခြင်း ဝဋ်ကြွေးကို မြည်းစမ်းကြလော့၊” ဟု မိန့်တော်မူမည်ပင်။
၃း၁၈၂။ ဤသည် သင်တို့၏ စုံရပ်ခံခဲ့သော လက်ချက်များ ဖြစ်၏၊ ဧကန်ပင် ပရမတ်ဘုရားရှင်သည် အမှုတော်ဆောင်များအား အဝိဇ္ဇာ သင့်စေခြင်း မရှိပေ။
၃း၁၈၃။ “မီးပူဇော် ချဉ်းကပ်မှုကို ကျွန်ုပ်တို့အတွက် မပေးဆောင်သော မည်သည့် ဉာဏ်စဉ်ဆောင်ကိုမျှ မယုံကြည်ရဟု ပရမတ်ဘုရားရှင်က ကျွန်ုပ်တို့ အပေါ် ပဋိညာဉ်ရှိပြီ၊” ဟု ဆိုသော သူတို့အား “သင်တို့သည် ဖြောင့်မှန်သူများ ဖြစ်ကြလျှင် ကျွန်ုပ်မတိုင်မီ သင်တို့တောင်းဆိုခဲ့ရာ- ရှင်းလင်းချက်များ ရောက်လာစေသည့် ဉာဏ်စဉ်ဆောင်များအား အဘယ်ကြောင့် သတ်ခဲ့ကြသနည်း၊” ဟု မေးမြန်းလော့။
၃း၁၈၄။ သင့်အား ငြင်းဆန်ကြလျှင်- သင့် ရှေ့အလျင်က ရှင်းလင်းချက်များ၊ ကျမ်းငယ်များ၊ တရားရောင်ဝါရှိသော ကျမ်းတော်ဖြင့် ရောက်လာခဲ့သော ဉာဏ်စဉ်ဆောင်များသည်လည်း ငြင်းဆန်ခံခဲ့ရပြီ။
၃း၁၈၅။ ဉာဉ်စရိုက်တိုင်း နိဌိတံခြင်းကို မြည်းစမ်းရမည်ပင်၊ ရပ်တည်ရသောနေ့၌ သင်တို့၏ ဆုလာဘ်များကို ဖြည့်ဆည်း ခံရပေမည်၊ အပူမီးမှ ဖယ်ရှားခံရ၍ သုခဘုံသို့ ဝင်ရောက်ရသူသည် မုချ အောင်ပွဲခံလေပြီ၊ ဤလောကီဘဝသည် သာယာသည်ဟု မြှူဆွယ်မှုမျှသာ ဖြစ်၏။
၃း၁၈၆။ သင်တို့၏ ဥစ္စာပစ္စည်းများ၊ ဉာဉ်စရိုက်များ၌ စုံစမ်းခြင်းကို ခံရပေမည်၊ သင်တို့၏ ရှေ့အလျင် ကျမ်းပေးခံရသော သူများနှင့် ရောပြွန်း ကိုးကွယ်သော သူများ၏ထံမှ စိတ်ဒဏ်ရာ ဖြစ်စရာ များစွာကို ကြားရပေမည်၊ သည်းခံကြလျှင်၊ စည်းစောင့်ကြလျှင်၊ ၎င်းသည်ပင် ညွှန်ကြားချက်များအား ဆုံးဖြတ်နည်း ဖြစ်၏။
၃း၁၈၇။ ပရမတ်ဘုရားရှင်သည် ကျမ်းပေးခံရသော သူများထံမှ “သင်တို့သည် ၎င်းကို လူသားတို့အတွက် ရှင်းလင်း တင်ပြရမည်၊ ၎င်းကို ထိမ်ဝှက်မထားရ၊” ဟု ပဋိညာဉ်ကို ယူခဲ့၏၊ သို့သော် သူတို့သည် ကျောခိုင်း ကွယ်ကာ စွန့်ပစ်ကြ၏၊ မင်္ဂလာ မရှိဆုံး ရောင်းစားမှုဖြစ်သည့် တန်ဘိုးချ ရောင်းစားကြ၏။
၃း၁၈၈။ မစဉ်းစားနှင့်၊ ဝမ်းမြောက်ဝမ်းသာ အသားယူတတ်သော၊ မပြုလုပ်သည်ကို ချီးကျူးခံရန် နှစ်သက်သော၊ ထိုသူတို့သည် ဝဋ်ကြွေးမှ အောင်ပွဲခံနေပြီဟု အလျဉ်း စိတ်ကူး မယဉ်စေနှင့်၊ သူတို့အတွက် စူးနစ်သော ဝဋ်ကြွေးရှိနေ၏။
၃း၁၈၉။ ပရမတ်ဘုရားရှင်သည် မိုးများနှင့် မြေကမ္ဘာ၏ အချုပ်အခြာ အရှင်သခင် ဖြစ်၏၊ ပရမတ်ဘုရားရှင်သည် သဗ္ဗလုံးစုံအား စည်းချိန် ချမှတ်တော်မူ၏။
၃း၁၉၀။ မိုးများနှင့် မြေကမ္ဘာအား ဖြစ်တည်စေခြင်း၊ နေ့နှင့်ညကို အလှည့်ကျ ဖြစ်စေခြင်း၌ သဘောပေါက်နိုင်စွမ်း ရှိသူတို့အဘို့ သုတ်ဒေသနာများ ရှိနေ၏။
၃း၁၉၁။ သူတို့သည် ပရမတ်ဘုရားရှင်အား ရပ်လျက်၊ ထိုင်လျက်၊ နံဘေးများပေါ် လှဲလျက် သတိရ ရှုမှတ်ကြ၏၊ မိုးများနှင့်မြေကမ္ဘာအား ဖြစ်တည်စေခြင်း၌ သုံးသပ်ကြလျက်- “အို- ကံကြမ္မာရှင်၊ အရှင်သည် ဤအရာအား မှားယွင်းစွာ ဖြစ်တည်စေသည် မဟုတ်ပေ၊ အရှင့်အား ဦးထိပ်ထားပါ၏၊ တပည့်တော်တို့အား အပူမီး ဝဋ်ကြွေးမှ ကာကွယ်တော်မူပါ။
၃း၁၉၂။ အို- ကံကြမ္မာရှင်၊ အရှင်က အပူမီးထဲသို့ ဝင်စေသောသူသည် အရှက်ကွဲရသူ ဖြစ်၏၊ အမိုက်ကောင်များအတွက် ကူညီမည့်သူ မရှိချေ။”
၃း၁၉၃။ အို- ကံကြမ္မာရှင်၊ တပည့်တော်တို့သည် “သင်တို့၏ ကံကြမ္မာရှင်အား ယုံကြည်ကြလော့၊” ဟု ယုံကြည်မှုဆီသို့ ဖိတ်ခေါ်သော ဖိတ်ခေါ်သူအား ကြားနာလျက် ယုံကြည်ခဲ့ပါပြီ၊ “အို- ကံကြမ္မာရှင်၊ တပည့်တော်တို့၏ အပြစ်များကို လွတ်ငြိမ်းစေတော်မူပါ၊ အကုသိုလ်များကို ဖုံးကွယ်ပေးတော်မူပါ၊ ကောင်းမှု ပြုသူများနှင့်အတူ သက်တမ်း ကုန်စေတော်မူပါ။
၃း၁၉၄။ အို- ကံကြမ္မာရှင်၊ အရှင်၏ ဉာဏ်စဉ်ဆောင်များမှ တဆင့် ကတိတော်ထားသည်ကို တပည့်တော်တို့အား ပေးတော်မူပါ၊ ရပ်တည်ရသောနေ့၌ တပည့်တော်တို့အား အရှက် မကွဲစေပါနှင့်၊ ဧကန်ပင် အရှင်သည် ကတိတော်အား ပေါ့ပျက်စေခြင်း မရှိပါ၊” ဟူသော။-
၃း၁၉၅။ သူတို့၏ ရင့်ကျူးမှုအား ကံကြမ္မာရှင်က တုန့်ပြန်တော်မူ၏၊ ငါအရှင်သည် သင်တို့အနက် ကျင့်ကြံသူ၏ ကျင့်ကြံမှုကို အလဟဿ မဖြစ်စေပေ၊ ယောက်ျားဖြစ်စေ၊ မိန်းမဖြစ်စေ၊ သင်တို့မှ အချို့သည် အချို့ကို မှီတည်နေ၏၊ သူတို့သည် ပြောင်းရွှေ့ခဲ့ရ၏၊ အိမ်များမှ နှင်ထုတ်ခံရ၏၊ ငါ၏ လမ်းစဉ်တော်၌ ထိခိုက်ခဲ့ရ၏၊ ခုခံတိုက်ခဲ့ရ၏၊ ကျဆုံးခဲ့ရ၏၊ သူတို့၏ အကုသိုလ်မှုများကို ဖုံးကွယ်ပစ်တော်မူလတ္တံ့၊ အောက်ခင်း၌ စမ်းချောင်းရေသွင် စီးဆင်းနေသော သုခဘုံများသို့ ဝင်ရောက်စေတော်မူလတ္တံ့၊ ပရမတ်ဘုရားရှင်၏ထံမှ အကျိုးထူးပင် ဖြစ်၏၊ ပရမတ်ဘုရားရှင်၊ အရှင်၏ထံတော်၌ အတင့်တယ်ဆုံးသော အကျိုးထူးသည် ရှိနေ၏။
၃း၁၉၆။ မြို့ပြများ၌ ဖုံးကွယ်သောသူတို့၏ ဦးတည်လှုပ်ရှားမှုက သင့်အား မမြှူဆွယ်စေနှင့်။
၃း၁၉၇။ ၎င်းမှာ အနည်းငယ်မျှ သာယာစေခြင်းပင်၊ ထို့နောက် သူတို့၏ ခိုလှုံရာမှာ အမင်္ဂလာ ငြိမ့်ညောင်းရာ ငရဲပြည်ပင် ဖြစ်၏။
၃း၁၉၈။ သို့ရာတွင် ကံကြမ္မာရှင်၌ စည်းစောင့်သောသူ၊ ထိုသူတို့အတွက် အောက်ခင်း၌ စမ်းချောင်းရေသွင် စီးဆင်းနေသော သုခဘုံများ ရှိ၏၊ ထို၌ အစဉ် စံစားစေခြင်း အဆင့်ဆင့်မှာ ပရမတ်ဘုရားရှင်၏ထံမှ ဖြစ်၍ ကောင်းမှု ပြုသူများအဘို့ အကောင်းဆုံးသည် ပရမတ်ဘုရားရှင်၏ထံ၌ ရှိ၏။
၃း၁၉၉။ ဧကန်ပင် ကျမ်းစာဝိုင်းသားများ၌ ပရမတ်ဘုရားရှင်အား လည်းကောင်း၊ သင်တို့ထံ၌ ချမှတ်ပေးရာ၊ သူတို့ထံ၌ ချမှတ်ပေးရာများကို ယုံကြည်ကြလျက် ပရမတ်ဘုရားရှင်အား ကျို့ငဲ့ကြ၍ ပရမတ်ဘုရားရှင်၏ သုတ်ဒေသနာများအား တန်ဘိုးချ ရောင်းချခြင်းလည်း မရှိ၊ သူတို့အတွက် ဆုလာဘ်မှာ သူတို့၏ ကံကြမ္မာရှင်ထံ၌ ရှိ၍ ဧကန်ပင် ပရမတ်ဘုရားရှင်သည် အချိန်နှင့် တပြေးညီ စာရင်း စစ်နေတော်မူ၏။
၃း၂၀၀။ အို- ယုံကြည်သောသူတို့၊ သည်းခံကြလော့၊ ခံနိုင်ရည် ရှိကြလော့၊ တက်တက်ကြွကြွ ရှိကြလော့၊ အောင်မြင် ပေါက်မြောက်အံ့ငှာ ပရမတ်ဘုရားရှင်အား စည်းစောင့်ကြလော့။
ဓမ္မခန္ဓာ (၃) ဤတွင် ပြီး၏။
ဓမ္မခန္ဓာ (၄) အမျိုးသမီးများ
ဉာဏ်စဉ်ကိန်းဝပ်ပေးမှု အမှတ်စဉ် (၉၂)၊ သုတ်ဒေသနာ (၁၇၆)ပါး
ကရုဏာရှင် အကြင်နာရှင် ဖြစ်တော်မူသော ပရမတ်ဘုရားရှင်၏ ဂုဏ်တော်အားဖြင့်-
၄း၁။ အို- လူသားတို့၊ သင်တို့၏ ကံကြမ္မာရှင်အား စည်းစောင့်ကြလော့၊ အရှင်သည် သင်တို့အား ဉာဉ်စရိုက် တစ်မျိုးထဲမှ ဖြစ်တည်စေ၏၊ ထိုမှ ၎င်း၏ စုဖွဲ့ဖေါ်ကို ဖြစ်တည်စေ၏၊ ထို့နောက် ယောက်ျား မိန်းမ များစွာကို ပျံ့ပွားစေ၏၊ ပရမတ်ဘုရားရှင်နှင့် သင်တို့အား အချင်းချင်း တောင်းဆိုခွင့်ပေးသော မွေးရာပါ အခွင့်အရေးကို စည်းစောင့်ကြလော့၊ ဧကန်ပင် ပရမတ်ဘုရားရှင်သည် သင်တို့အား စောင့်ကြည့်နေသောအရှင် ဖြစ်၏။
၄း၂။ မိဘမဲ့တို့အား သူတို့၏ ဥစ္စာပစ္စည်းများကို ပေးအပ်ကြလော့၊ စင်ကြယ်ရာကို မသန့်ရာဖြင့် လဲမထားကြနှင့်၊ သူတို့၏ ဥစ္စာပစ္စည်းများကို သင်တို့၏ ဥစ္စာပစ္စည်းထဲသို့ ထည့်လျက် မစားသုံးကြနှင့်၊ ၎င်းသည် ကြီးမားသော ပြစ်မှု ဒုစရိုက် ဖြစ်၏။
၄း၃။ သင်တို့သည် မိဘမဲ့များနှင့် ပတ်သက်၍ မျှတနိုင်မည် မဟုတ်ဟု စိုးရိမ်မိလျှင် သင်တို့အတွက် ကြည်ဖြူသော အမျိုးသမီးများမှ နှစ်ဦးဖြစ်စေ၊ သုံးဦး ဖြစ်စေ၊ လေးဦးဖြစ်စေ၊ သိမ်းဆည်းကြကုန်လော့၊ သို့သော် တန်းတူ ထားနိုင်မည် မဟုတ်ဟု ကြောက်ရွံမိလျှင် တစ်ဦးတည်း၊ သို့မဟုတ် သင်တို့၏ လက်အောက် ဩဇာခံသာ ဖြစ်ရမည်၊ ဤသည် မဟာပုရိဿဝါဒ မဖြစ်ရန် ပိုမိုနီးစပ်၏။
၄း၄။ အမျိုးသမီးများအား ထိုက်တန်သော လက်ဆောင်ပဏ္ဏာ ပေးအပ်ကြလော့၊ သို့သော် သူမတို့စိတ်ဖြင့် ၎င်းမှ သင်တို့အား တစ်စုံတစ်ရာ ကြည်ဖြူလျှင် ကျေကျေနပ်နပ် နှစ်ဦးတူ စားသုံးနိုင်၏။
၄း၅။ ပရမတ်ဘုရားရှင်က သင်တို့အား ရပ်တည်နိုင်ရန် စီစဉ်ပေးသော ဥစ္စာပစ္စည်းများကို တုံးအသူတို့အား မပေးအပ်ကြနှင့်၊ ၎င်းမှ သူတို့အား ရိက္ခာထောက်လော့၊ ဆင်ယင်ပေးလော့၊ သူတို့အား အသိအမှတ်ပြု စကား ပြောဆိုကြလော့။
၄း၆။ မိဘမဲ့တို့အား စိစစ်လျက် သူတို့သည် ဖြောင့်မတ် တည်ငြိမ်စွာ သိမ်းဆည်းနိုင်သည့် အရွယ်ရောက်သည်ထိ သူတို့၏ ဥစ္စာပစ္စည်းများကို စောင့်ရှောက်ပေးကြလော့၊ သူတို့ ကြီးပြင်းလာမည်ဟု ၎င်းတို့အား အလွဲသုံးစား မစားသုံးကြနှင့်၊ ပြည်စုံသူသည် ၎င်းကို ရှောင်ကြဉ်ရမည်၊ ဆင်းရဲသူသည် အသိအမှတ်ပြုသလောက် စားသုံးနိုင်၏၊ သူတို့၏ ဥစ္စာပစ္စည်းများကို သူတို့အား စောင့်ရှောက်ပေးစဉ် သူတို့နှင့်အတူ သက်သေများ ထားကြလော့၊ ပရမတ်ဘုရားရှင်သည် စာရင်းစစ်အဖြစ် လုံလောက်တော်မူ၏။
၄း၇။ ယောက်ျားများအတွက် မွေးမိဘများနှင့် ဆွေမျိုးနီးစပ်များ ချန်ခဲ့ရာမှ ပင်ပန်းရကျိုးသည် ရှိ၏၊ မိန်းမများအတွက်လည်း မွေးမိဘများနှင့် ဆွေးမျိုးနီးစပ်များ ချန်ခဲ့ရာမှ ပင်ပန်းရကျိုးသည် ရှိ၏၊ ၎င်းမှ နည်းများမဟူ တာဝန် သတ်မှတ်ပြီး ပင်ပန်းရကျိုး ရှိနေ၏။
၄း၈။ တိုင်တည်ချိန် ရောက်သောအခါ ၎င်းမှ ဆွေမျိုးနီးစပ်မှု ရှိသူများ၊ မိဘမဲ့များ၊ နွမ်းပါးသူများအား ရိက္ခာထောက်လော့၊ သူတို့အား အသိအမှတ်ပြု စကား ပြောဆိုကြလော့။
၄း၉။ သူတို့အား သူတို့၏ ချည့်နဲ့သော သားမြေးများကို ချန်ခဲ့မည့် အရေးကဲ့သို့ ၎င်းတို့အပေါ်၌ စိုးရိမ်စေလော့၊ ပရမတ်ဘုရားရှင်၌ စည်းစောင့်စေလော့၊ ခိုင်မာ တည်ကြည်သော စကားကိုသာ ပြောဆိုစေလော့။
၄း၁၀။ မိဘမဲ့များ၏ ဥစ္စာပစ္စည်းများကို မိုက်ကြေးခွဲ၍ စားသုံးသော သူတို့သည် သူတို့၏ ဝမ်းတွင်းသို့ မီးကို စားမျိုခြင်းပင် ဖြစ်၏၊ မီးလောင်စာ၌ လောင်ကျွမ်းရမည်ပင်။
၄း၁၁။ သင်တို့၏ ရင်သွေးများနှင့် ပတ်သက်၍ ပရမတ်ဘုရားရှင်၏ မိန့်မှာချက်မှာ သား၏ တာဝန်ယူရမှုသည် သမီးနှစ်ဦးကဲ့သို့ ဖြစ်၏၊ အမျိုးသမီးများမှ နှစ်ဦး အပေါ်၌ ဖြစ်လျှင် သူမတို့အတွက် ချန်ထားခဲ့ရာ၏ သုံးပုံနှစ်ပုံ ဖြစ်၏၊ တစ်ဦးတည်း ဖြစ်သော် သူမအတွက် ထက်ဝက် ဖြစ်၏၊ မိဘနှစ်ပါးအတွက်- အကယ်၍ သူ့၌ ရင်သွေးတစ်ယောက် ရှိခဲ့သော် မိဘမှ တစ်ဦးစီအတွက် ချန်ထားခဲ့ရာ၏ ခြောက်ပုံ တစ်ပုံ၊ သူ့၌ အမွေခံ ရင်သွေးမရှိ၊ မိဘသာ ရှိလျှင် မိခင်အတွက် သုံးပုံတစ်ပုံ၊ သို့သော် ညီအစ်ကို မောင်နှမများ ရှိခဲ့လျှင် မိခင်အတွက် ခြောက်ပုံတစ်ပုံတို့ကို သူ့သေတမ်းစာပါ မှာကြားချက်နှင့် ကြွေးမြီများကို ဆပ်ပြီးနောက် ဖြစ်စေရမည်၊ သင်တို့၏မိဘများ၊ သားသမီးများမှ မည်သူသည် သင်တို့အတွက် ကောင်းကျိုးနှင့် နီးစပ်မည်ကို သင်တို့ မမှန်းနိုင်ကြချေ၊ ဤသည် ပရမတ်ဘုရားရှင်၏ထံမှ တာဝန် သတ်မှတ်ချက် ဖြစ်၏၊ ဧကန်ပင် ပရမတ်ဘုရားရှင်သည် သိနေသောအရှင်၊ ဓမ္မသတ်ရှင် ဖြစ်၏။
၄း၁၂။ သင်တို့အတွက်ကား- သင်တို့၏ ပေါင်းဖေါ် ကြင်ဘက်များ၌ ရင်သွေးမရှိလျှင် သူမတို့ ချန်ခဲ့ရာ၏ ထက်ဝက်၊ ရင်သွေးရှိလျှင် သူမတို့ ချန်ခဲ့ရာ၏ လေးပုံ တစ်ပုံကို သူမတို့၏ သေတမ်းစာပါ မှာကြားချက်နှင့် ကြွေးမြီများကို ဆပ်ပြီးနောက် ဖြစ်စေရမည်၊ သူမတို့အတွက်မူ သင်တို့၌ ရင်သွေးမရှိလျှင် သင်တို့ ချန်ခဲ့ရာ၏ လေးပုံတစ်ပုံ၊ သင်တို့၌ ရင်သွေးရှိခဲ့လျှင် သင်တို့ ချန်ခဲ့ရာ၏ ရှစ်ပုံတစ်ပုံ၊ သေတမ်းစာပါ သင်တို့၏ မှာကြားချက်နှင့် ကြွေးမြီများကို ဆပ်ပြီးနောက် ဖြစ်စေရမည်၊ အမွေထားခဲ့သူသည် ယောက်ျားဖြစ်စေ၊ မိန်းမဖြစ်စေ၊ မိဘ သားသမီး မရှိ၊ အကိုအမသာရှိလျှင် သူတို့ နှစ်ဦးအနက် တစ်ဦးစီအတွက် ခြောက်ပုံတစ်ပုံ၊ မောင်နှမ အများရှိလျှင် သုံးပုံတစ်ပုံကို အစုစပ်အဖြစ် သေတမ်းစာပါ မှာကြားချက်နှင့် ကြွေးမြီများကို ဆပ်ပြီးနောက် ဖြစ်စေရမည်၊ နစ်နာဆုံးရှုံးခြင်း မဖြစ်စေရ၊ ဤ ဩဝါဒသည် ပရမတ်ဘုရားရှင်၏ထံမှ ဖြစ်၏၊ ပရမတ်ဘုရားရှင်သည် သိနေသောအရှင်၊ နူးညံ့ သိမ်မွေ့သောအရှင် ဖြစ်၏။
၄း၁၃။ ဤသည် ပရမတ်ဘုရားရှင်၏ စည်းမျဉ်းတော်ပင် ဖြစ်၏၊ ပရမတ်ဘုရားရှင်နှင့် အရှင်၏ ဉာဏ်စဉ်ဆောင်အား နာခံသူသည် အောက်ခင်း၌ စမ်းချောင်းရေသွင် စီးဆင်းနေသော အစဉ် စံမြန်းရမည့် သုခဘုံများသို့ ဝင်ရောက်ရလတ္တံ့၊ ဤသည် မဟာအောင်ပွဲ ဖြစ်၏။
၄း၁၄။ ပရမတ်ဘုရားရှင်နှင့် အရှင်၏ ဉာဏ်စဉ်ဆောင်အား အာခံ၍ စည်းမျဉ်းတော်ကို စည်းဖေါက်သူအား အပူမီးထဲသို့ ဝင်စေလျက် ထို၌ အစဉ် ခံစားစေလတ္တံ့၊ သူ့အတွက် နိမ့်ကျသော ဝဋ်ကြွေးသည် ရှိနေ၏။
၄း၁၅။ သင်တို့၏ အမျိုးသမီးများအနက် ကိုယ်ကျင့်ပျက်သော သူမတို့အတွက် သင်တို့မှ အသိသက်သေ လေးဦး ရှိစေလော့၊ သက်သေခိုင်မာလျှင် သူမတို့အား သက်တမ်းကုန်သည်ထိ၊ သို့မဟုတ် ပရမတ်ဘုရားရှင်မှ သူမတို့အား နည်းလမ်း စီစဉ်ပေးသည်ထိ အကျယ်ချုပ်ဖြင့် ထိန်းထားကြလော့။
၄း၁၆။ သင်တို့မှ ထိုအမှုကို အထမြောက်သောသူ နှစ်ဦးလုံးအား ဒဏ်ပေးကြလော့၊ သူတို့ ခဝါချကြလျှင်၊ ပြုပြင် ကြလျှင်လည်း ဘောင်ထားလော့၊ ဧကန်ပင် ပရမတ်ဘုရားရှင်သည် သင်ပုန်းချေသောအရှင်၊ အကြင်နာရှင် ဖြစ်၏။
၄း၁၇။ သင်ပုန်းချေခြင်းသည် ပရမတ်ဘုရားရှင်၏အပေါ်၌ တည်၏၊ ပညာမဲ့စွာဖြင့် အကုသိုလ်ကို ကျင့်ကြံမိသောသူတို့- မရှေးမနှောင်းပင် သူတို့ ခဝါချကြလျှင် ပရမတ်ဘုရားရှင်သည် သူတို့အား သင်ပုန်းချေ ပေးတော်မူလတ္တံ့၊ ဧကန်ပင် ပရမတ်ဘုရားရှင်သည် သိနေသောအရှင်၊ ဓမ္မသတ်ရှင် ဖြစ်၏။
၄း၁၈။ သူတို့မှ တစ်စုံတစ်ယောက်သည် ခဝါချခြင်း မရှိ၊ အကုသိုလ်ကို ကျင့်ကြံသောသူ ဖြစ်လျက် သေတွင်းသို့ ရောက်ချိန်မှ “ယခုပင် တပည့်တော်သည် ခဝါချပါ၏၊” ဟု ဆိုသူ၊ သူတို့မှ ဖုံးကွယ်သူ အဖြစ်နှင့်ပင် သေဆုံးသူ၊ ထိုသူများအတွက် စူးနစ်သော ဝဋ်ကြွေးကို ပြင်ဆင်ထား၏။
၄း၁၉။ အို- ယုံကြည်သောသူတို့၊ အမျိုးသမီးတို့ထံမှ အဓမ္မ အမွေသိမ်းခြင်းသည် တရားမဝင်ချေ၊ သူမတို့သည် ကိုယ်ကျင့်ပျက်သည်ဟု ရှင်းလင်းစွာ ရှိသည်မှ အပ သူမတို့အား ပေးခဲ့သည်မှ အချို့ကို သိမ်းယူရန် အလို့ငှာ မချုပ်ချယ်ကြနှင့်၊ သူမတို့အတွက် တင်းပြည့်ကျပ်ပြည့် အသိအမှတ် ပြုပေးကြလော့၊ သူမတို့အား တစ်စုံတစ်ရာ ငြိုငြင်မိလျှင် ပရမတ်ဘုရားရှင်က ကောင်းခြင်းများစွာ စီစဉ်ပေးသည်ကို ငြိုငြင်မိနိုင်၏။
၄း၂၀။ သင်တို့သည် ပေါင်းဖေါ်တစ်ဦး နေရာတွင် အခြား ပေါင်းဖေါ်ကို ပြောင်းလိုလျှင် သူမတို့မှ တစ်ဦးတစ်ယောက်အား ပေးထားသည့် စုငွေများကို တစ်စုံတစ်ရာမျှ ပြန်ယူခွင့်မရှိပေ၊ ပုတ်ခတ်စွပ်စွဲခြင်း၊ ရှင်းလင်း ထင်ရှားသော ပြစ်မှု ပြုခြင်းဖြင့် ပြန်ယူလိုကြသလော။
၄း၂၁။ သင်တို့မှ အချို့သည် အချို့ကို စပ်ယှက် ပတ်သက်ခဲ့ပြီး၊ သင်တို့ထံမှ တိကျ ပြတ်သားသော ကတိခံဝန်ကို ရယူခဲ့ပြီးမှ ၎င်းကို မည်သို့ ပြန်ယူကြအံ့နည်း။
၄း၂၂။ အတိတ်ဖြစ်ရပ်မှအပ သင်တို့၏ အဖေများ သိမ်းဆည်းခဲ့ပြီး အမျိုးသမီးတို့အား မသိမ်းဆည်းကြနှင့်၊ ၎င်းသည် ကိုယ်ကျင့်ပျက်မှု၊ ရွံမုန်းဘွယ်ရာနှင့် အကုသိုလ် လမ်းစဉ် ဖြစ်၏။
၄း၂၃။ သင်တို့အတွက် တားမြစ်ထားသည်မှာ- သင်တို့ ၏အမေများ၊ သမီးများ၊ အစ်မ နှမများ၊ အရီးများ၊ အဒေါ်များ၊ ညီ အကိုတို့၏ သမီးများ၊ အစ်မ နှမတို့၏ သမီးများ၊ နို့တိုက်သော မိခင်များ၊ နို့စို့ဘက် အစ်မ နှမများ၊ ဇနီးသည်တို့၏ မိခင်များ၊ သင်တို့ အခိုင်အမာ စောင့်ရှောက်ထားသည့် သင်တို့ ဝင်ထွက်ပြီးသော အမျိုးသမီးတို့၏ သမီးများ ဖြစ်၍- သင်တို့သည် သူမထံသို့ ဝင်ခဲ့ခြင်း မရှိသော် သင်တို့အား အပြစ် မတင်ထိုက်ပေ၊ ထို့ပြင် အတိတ်ဖြစ်ရပ်မှ အပ သင်တို့ သားအရင်း၏ တရားဝင် ဇနီးများနှင့် ညီအစ်မ နှစ်ဦးကြား အတူစု၍ ယူခြင်းများ ဖြစ်၏၊ ဧကန်ပင် ပရမတ်ဘုရားရှင်သည် လွတ်ငြိမ်းစေသောအရှင်၊ အကြင်နာရှင် ဖြစ်၏။
၄း၂၄။ သင်တို့လက်အောက် ဩဇာခံ အမျိုးသမီးများမှ အပ ထိန်းသိမ်း စောင့်ရှောက်ခံများ ဖြစ်၏၊ ပရမတ်ဘုရားရှင်က သင်တို့အတွက် ဤသို့ တရားဝင် ပြဌာန်းခြင်းအား ကွယ်ကာထားရန် မရှိ၊ သို့ဖြစ်၍ ကာမဂုဏ်မြူးရန် မဟုတ်ဘဲ ထိန်းသိမ်း စောင့်ရှောက်ရန် သင်တို့၏ ဥစ္စာပစ္စည်းများဖြင့် ရှာဖွေကြလော့၊ သူမတို့အနက် သင်တို့ စိတ်ချမ်းသာသော သူအား ဝတ္တရားရှိသော မင်္ဂလာ ဆုလာဘ်ကို ပေးအပ်ကြလော့၊ ဝတ္တရား ရှိပြီးနောက် သင်တို့ချင်း ကျေနပ်ကြလျှင် အပြစ် မထိုက်ပေ၊ ဧကန်ပင် ပရမတ်ဘုရားရှင်သည် သိနေသောအရှင်၊ ဓမ္မသတ်ရှင် ဖြစ်တော်မူ၏၊
၄း၂၅။ သင်တို့အနက် ထိန်းသိမ်း စောင့်ရှောက်နိုင်သည့် ယုံကြည်သူမတို့အား သိမ်းဆည်း ထိမ်းမြားနိုင်ရန် ဓန အင်အား တတ်နိုင်မှု မရှိသူအဘို့ သင်တို့ လက်အောက် ဩဇာခံ ယုံကြည်သူ လုံမများ ရှိ၏၊ ပရမတ်ဘုရားရှင်သည် သင်တို့၏ သက်ဝင်ယုံကြည်မှုကို အသိဆုံး ဖြစ်တော်မူ၏၊ သင်တို့မှ အချို့သည် အချို့နှင့် ဆက်စပ်နေ၏၊ သူမတို့၏ မိသားစုများ ခွင့်ပြုချက်ဖြင့် သိမ်းဆည်း ထိမ်းမြားကြလော့၊ အသိအမှတ်ပြု မင်္ဂလာဆုလာဘ်ကို ပေးအပ်ကြလော့၊ ကာမဂုဏ်မြူးရန် မဟုတ်ဘဲ၊ လျှို့ဝှက် မသိမ်းပိုက်ဘဲ ထိန်းသိမ်း စောင့်ရှောက်ကြလော့၊ သူမတို့အား ထိန်းသိမ်း စောင့်ရှောက်ပြီးနောက် ကိုယ်ကျင့်ပျက်ခဲ့သော် လွတ်လပ်စွာ ထိန်းသိမ်း စောင့်ရှောက်နိုင်သော သူမတို့အား ပေးသည့် ပြစ်ဒဏ်၏ ထက်ဝက်ကို ပေးလော့၊ ဤသည် သင်တို့အနက် ကာမေသုကံ အတွက် စိတ်ပင်ပန်းရသူတို့ အဘို့ ဖြစ်၏၊ အကယ်၍ သင်တို့သည် သည်းခံပါရမီ ရှိကြလျှင် ပို၍ကောင်း၏၊ ပရမတ်ဘုရားရှင်သည် လွတ်ငြိမ်းစေသောအရှင်၊ အကြင်နာရှင် ဖြစ်၏။
၄း၂၆။ ပရမတ်ဘုရားရှင်သည် သင်တို့အတွက် ရှင်းလင်းစေလို၏၊ သင်တို့၏ ရှေ့ဖြစ်သော သူတို့၏ ဓလေ့များကို ညွှန်တော်မူ၏၊ သင်တို့အား သင်ပုန်းချေ ပေးတော်မူ၏၊ ပရမတ်ဘုရားရှင်သည် သိနေသောအရှင်၊ ဓမ္မသတ်ရှင် ဖြစ်တော်မူ၏။
၄း၂၇။ ပရမတ်ဘုရားရှင်သည် သင်တို့အား သင်ပုန်းချေ ပေးလို၏၊ သို့သော် မိမိတို့၏ အာသာရမက်ကို လိုက်လိုကြသော သူတို့သည် မဟာ ချွတ်ချော်တိမ်းပါးမှု ဖြစ်၏။
၄း၂၈။ ပရမတ်ဘုရားရှင်သည် သင်တို့နှင့် ပတ်သက်၍ ပေါ့ပါးစေလို၏၊ အမှန်သော် လူသားသည် ချည့်နဲ့ခြင်းဖြင့် ဖြစ်တည်ခံရ၏။
၄း၂၉။ အို- ယုံကြည်သောသူတို့၊ သင်တို့၏ ကျေနပ်စွာ ရောင်းဝယ်ခြင်း မှတပါး သင်တို့ချင်းကြား ဥစ္စာပစ္စည်းများကို အမှားပြု၍ မစားသုံးကြနှင့်၊ သင်တို့၏ စရိုက်တူချင်း မလုပ်ကြံကြနှင့်၊ ဧကန်ပင် ပရမတ်ဘုရားရှင်သည် သင်တို့အား အကြင်နာ သက်နေတော်မူ၏။
၄း၃၀။ ဤသို့ စည်းဖေါက်- မိုက်ကြေးခွဲ ပြုလုပ်သူအား များမကြာမီ အပူမီး၌ လောင်ကျွမ်းစေလတ္တံ့၊ ဤသည် ပရမတ်ဘုရားရှင်အတွက် လွယ်ကူတော်မူ၏။
၄း၃၁။ ဟန့်တားထားသော ကြီးလေးသည့် အကုသိုလ်များမှ ကင်းသန့်ကြလျှင် သင်တို့၏ အပြစ်များကို ဖုံးကွယ်ပေးတော်မူလျက် ကျက်သရေရှိသော တံခါးတော်မှ ဝင်ရောက်စေတော်မူမည်ပင်။
၄း၃၂။ ပရမတ်ဘုရားရှင်က သင်တို့မှ အချို့ကို အချို့ထက် သိက္ခာပေးသည်ကို ရမက် မဖက်ကြနှင့်၊ ယောက်ျားများအတွက် သူတို့ ကျင့်ဆောင်ခဲ့ရာ ပင်ပန်းရကျိုး ရှိ၍၊ မိန်းမတို့အဘို့လည်း သူမတို့ ကျင့်ဆောင်ခဲ့ရာ ပင်ပန်းရကျိုး ရှိနေ၏၊ ပရမတ်ဘုရားရှင်၏ သိက္ခာပေးခြင်းကို တောင်းခံကြလော့၊ ဧကန်ပင် ပရမတ်ဘုရားရှင်သည် သဗ္ဗလုံးစုံအား သိနေသောအရှင် ဖြစ်၏။
၄း၃၃။ ငါသည် သင်တို့ ကိုယ်စီအား မွေးမိဘ၊ ဆွေမျိုးနီးစပ်များ ချန်ခဲ့သည်၏ အလှည့်ကျ ဆက်ခံသူများအဖြစ် စီစဉ်ပေးပြီ၊ သင်တို့၏ ကတိထုံးဖွဲ့ထားသော လက်အောက်ခံတို့ကိုလည်း သူတို့၏ ပင်ပန်းရကျိုး ရှိစေလော့၊ ဧကန်ပင် ပရမတ်ဘုရားရှင်သည် သဗ္ဗလုံးစုံ၏ သက်သေ ဖြစ်တော်မူ၏။
၄း၃၄။ ပရမတ်ဘုရားရှင်သည် သူတို့မှ အချို့ကို အချို့ထက် သိက္ခာပေးခြင်း၊ သူတို့၏ ဥစ္စာပစ္စည်းများကို သုံးစွဲစေခြင်းဖြင့် အမျိုးသားတို့အား အမျိုးသမီးများ အပေါ်ဝယ် ရပ်တည်ပေးသူများ ဖြစ်စေ၏၊ သို့ဖြစ်၍ ပြုပြင်လိုသော သူမတို့သည် လိုက်နာကြ၏၊ ပရမတ်ဘုရားရှင်က မျက်ကွယ်ဖြစ်ရန် ထိန်းသိမ်းစေသည်များကို ထိန်းသိမ်း စောင့်ရှောက်ကြ၏။
၄း၃၅။ သင်တို့သည် သူတို့နှစ်ဦးကြား ကွဲလွဲမှုကို စိုးရိမ်ခဲ့သော် အိမ်ရှင်ဘက်မှ စီရင်ထုံး ပြုသူတစ်ဦး၊ အိမ်ရှင်မဘက်မှ စီရင်ထုံးပြုသူ တစ်ဦးကို ဖေါ်ထုတ်ကြလော့၊ ထိုသူတို့သည် ပြန်လည် ပေါင်းစည်းလိုပါက ပရမတ်ဘုရားရှင်သည် သူတို့ကြား သင့်တင့်စေတော်မူအံ့၊ ဧကန်ပင် ပရမတ်ဘုရားရှင်သည် သိနေသောအရှင်၊ သတင်းရနေသောအရှင် ဖြစ်၏။
၄း၃၆။ ပရမတ်ဘုရားရှင်ကိုသာ ကိုးကွယ်ကြလော့၊ အရှင်နှင့် ရောပြွန်း တုပခြင်း တစ်စုံတစ်ရာ မပြုကြနှင့်၊ မွေးမိဘများ ဆွေမျိုးနီးစပ်များ၊ မိဘမဲ့များ၊ နွမ်းပါးသူများ၊ အနီးကပ် ကာကွယ်သူများ၊ နံဘေးမှ ကာကွယ်သူများ၊ နံဘေးမှ ပေါင်းဖေါ်သင်းဘက်များ၊ လမ်းစဉ်တော်၏ သားသမီးများနှင့် သင်တို့၏ လက်အောက် ဩဇာခံများအား တင့်တင့်တယ်တယ် ဆက်ဆံကြလော့၊ ဧကန်ပင် ပရမတ်ဘုရားရှင်သည် ဝင့်ဝါ မော်ကြွားသူအား နှစ်သက်တော် မမူချေ။
၄း၃၇။ မိမိကိုယ်တိုင် စေးနှဲ၍ လူသားအပေါင်းအား စေးနှဲရန် ညွှန်ကြားယုံမျှ မက၊ ပရမတ်ဘုရားရှင်က ချီးမြှင့်သိက္ခာ ပေးထားသည်ကိုလည်း ထိမ်ဝှက်ထားသော သူတို့၊ ထိုဖုံးကွယ်သူတို့ အဘို့ နိမ့်ကျသော ဝဋ်ကြွေးကို ပြင်ဆင်ထား၏။
၄း၃၈။ ပရမတ်ဘုရားရှင်နှင့် နောက်ဆုံးနေ့အား ယုံကြည်မှု မရှိဘဲလျက် လူမြင်ကောင်းရန် မိမိတို့၏ ဥစ္စာပစ္စည်းများကို သုံးစွဲကြသောသူတို့- သူတို့အဘို့ မကောင်းဆိုးဝါးသည် အဆက်အနွယ်ဖြစ်အံ့၊ ၎င်းသည် အကုသိုလ်ကောင် အဆက်အနွယ်ပင် ဖြစ်၏။
၄း၃၉။ ပရမတ်ဘုရားရှင်နှင့် နောက်ဆုံးနေ့အား ယုံကြည်ကြလျှင် ပရမတ်ဘုရားရှင်က ရိက္ခာထောက်ရာမှ ပေးကမ်းသုံးစွဲကြလျှင် မည်သို့ နစ်နာအံ့နည်း၊ ဧကန်ပင် ပရမတ်ဘုရားရှင်သည် သူတို့အား သိနေသောအရှင် ဖြစ်၏။
၄း၄၀။ ဧကန်ပင် ပရမတ်ဘုရားရှင်သည် ပရမံနုမြူ အလေးချိန်မျှပင် အဝိဇ္ဇာ သင့်စေသည် မဟုတ်ချေ၊ အကယ်၍ မင်္ဂလာတစ်ခုရှိအံ့၊ အရှင်က ၎င်းအား နလံထူစေ၍ အထံတော်မှ မဟာဆုလာဘ်ကြီး ကို ချီးမြှင့်တော်မူလတ္တံ့။
၄း၄၁။ အသိုင်းအဝိုင်းတိုင်းမှ သက်သေခံတစ်ဦးကို ငါ ရောက်လာစေ၍ သင့်အားလည်း သူတို့အတွက် သက်သေခံအဖြစ် ရောက်လာစေတော်မူလျှင် မည်သို့ ဖြစ်အံ့နည်း။
၄း၄၂။ ထို့နေ့၌- ဉာဏ်စဉ်ဆောင်အား ဖုံးကွယ်၍ အာခံသောသူများက သူတို့ကိုယ်တိုင် မြေသားနှင့်အညီ ဖြစ်လိုငြားလည်း ပရမတ်ဘုရားရှင်ထံ၌ မည်သည့် ဆင့်ပြန်ချက်ကိုမှ ထိမ်ဝှက်ထား၍ မရချေ။
၄း၄၃။ အို- ယုံကြည်သောသူတို့၊ အသင်တို့ ယစ်မူးနေစဉ် ပြောဆိုမှုကို မသိသမျှ သန့်ရှင်းပစ်ရမည် ဖြစ်သော် လမ်းခရီး၌ မဟုတ်ခဲ့လျှင် မဆေးကြောသမျှ ဝတ်ပြုမှုသို့ မချဉ်းကပ်ကြနှင့်၊ အကယ်၍ သင်တို့သည် ဖျားနာနေလျှင်၊ သို့မဟုတ် သင်ခန်းစာ ဖြစ်စေသည့် လမ်းခရီး၌ဖြစ်လျှင်၊ သို့မဟုတ် သင်တို့မှ တစ်စုံတစ်ယောက်သည် ကျင်စွန့်ရာမှ ရောက်လာလျှင်၊ သို့မဟုတ် အမျိုးသမီးများနှင့် ထိတွေ့နှီးနှောခဲ့၍ ရေ မတွေ့ခဲ့လျှင်၊ သင်တို့၏ မျက်နှာပြင်များ၊ သင်တို့၏ လက်များအား စင်ကြယ်သော အပေါ်မြေကို ကိုင်လျက် ပွတ်သပ်ကြလော့၊ ဧကန်ပင် ပရမတ်ဘုရားရှင်သည် ကျေအေးသောအရှင်၊ လွတ်ငြိမ်းစေသောအရှင် ဖြစ်၏။
၄း၄၄။ ကျမ်းတော်၌ ပင်ပန်းခံရကျိုးအား ပေးအပ်ခံရသော သူများကို သင် မရှုစားမိသလော၊ သူတို့သည် လမ်းလွဲကို ရောင်းဝယ်နေကြ၏၊ သင်တို့အားလည်း အပါယ်ကျရန် လိုလားကြ၏။
၄း၄၅။ ပရမတ်ဘုရားရှင်သည် သင်တို့မှ စည်းဖေါက်သူများကို အသိဆုံးဖြစ်တော်မူ၏၊ ဧကန်ပင် ပရမတ်ဘုရားရှင်သည် မဟာမိတ်အဖြစ် လုံလောက်တော်မူ၏၊ ကူညီသူအဖြစ် လုံလောက်တော်မူ၏။
၄း၄၆။ ရေဝတီတို့အနက် ဓမ္မတော်များကို မူရင်းမှ လှည့်၍ ပြောဆိုလျက် “ကျွန်ုပ်တို့ ကြားရပါ၏၊ အာခံရပါမည်၊ အာရုံမရှိဘဲ နားထောင်ရပါ၏၊” ဟု လည်းကောင်း၊ လျှာကို လိပ်လျက် “ထိန်းကျောင်းပါ၊” ဟု လည်းကောင်း၊ သာသနာတော်အား နာမည်ဖျက်သော သူတို့ ရှိ၏၊ အကယ်၍ သူတို့သည် “ကျွန်ုပ်တို့ ကြားနာပါ၏၊ နာခံလျက် နားထောင်ပါ၏၊ ကျွန်ုပ်တို့ကို ကြည့်ရှုပေးပါ၊” ဟု ပြောဆိုကြလျှင် သူတို့အတွက် ပို၍ကောင်း၏၊ ပို၍ ခိုင်မြဲ၏၊ သို့ရာတွင် သူတို့၏ ဖုံးကွယ်မှု၊ အနည်းငယ်မျှပင် မယုံကြည်မှု တို့ကြောင့် ပရမတ်ဘုရားရှင်က သူတို့အား မေတ္တာ ဝေးစေပြီ။
၄း၄၇။ အို- ကျမ်းပေးခံရသောသူတို့၊ ရှေ့အလျင်က သင်တို့၌ ရှိသည်ကို ဖြောင့်မှန်စေသော ငါ ချမှတ်ပေးသည့် အရာအား မျက်နှာများကို အရေကွာစေ၍ ရှေ့နောက် မလှန်ပစ်မီ၊ သတင်းသီလ ဖေါက်ဖျက်သော ပေါင်းဖေါ်များအား မေတ္တာ ဝေးစေသကဲ့သို့ မေတ္တာ မဝေးစေမီ၊ သက်ဝင် ယုံကြည်ကြလော့၊ ပရမတ်ဘုရားရှင်၏ ညွှန်ကြားချက်သည် စီမံပြီးဖြစ်၏။
၄း၄၈။ ပရမတ်ဘုရားရှင်သည် အရှင်နှင့် ရောပြွန်းလျက် ကိုးကွယ်မှုအား လွတ်ငြိမ်းစေတော် မမူချေ၊ ထိုမှအပသော အရာမှ စံချိန်ပြည့်သူအား လွတ်ငြိမ်းစေတော်မူအံ့၊ ပရမတ်ဘုရားရှင်အား ရောပြွန်း ကိုးကွယ်သောသူသည် မဟာ ပြစ်မှုကြီး အကြောင်းကို လုပ်ကြံ ဖန်တီးပြီ။
၄း၄၉။ ဉာဉ်စရိုက် သန့်ရှင်း ဖြူစင်သည်ဟု ဟန်လုပ်သော သူတို့အား သင် မရှုစားမိသလော၊ အမှန်မှာ ပရမတ်ဘုရားရှင်သာလျှင် စံချိန် ပြည့်သူအား သန့်ရှင်း ဖြူစင်စေ၏၊ အမှုန်အမွှားမျှပင် အဝိဇ္ဇာ သင့်စေမည် မဟုတ်ချေ။
၄း၅၀။ ပရမတ်ဘုရားရှင်အပေါ်၌ မည်သို့ လုပ်ကြံဖန်တီး လိမ်လည်ကြသည်ကို ကြည့်လော့၊ ၎င်းသည်ပင် ရှင်းလင်း ထင်ရှား၍ လုံလောက်သော ပြစ်မှု ဖြစ်၏။
၄း၅၁။ ကျမ်းတော်၌ ပင်ပန်းခံရကျိုး ပေးအပ်ခံရသော သူများအား သင် မရှုစားမိသလော၊ သူတို့သည် ဆင်းတုများနှင့် မိစ္ဆာများကို ယုံကြည်လျက် ဖုံးကွယ်သော သူများအား “သူတို့သည် ယုံကြည်သော သူများထက် လမ်းစဉ်မှန်ကို ပိုညွှန် ခံရသည်၊” ဟု ဆိုကြ၏။
၄း၅၂။ သူတို့သည် ပရမတ်ဘုရားရှင်က မေတ္တာ ဝေးစေသော သူတို့ ဖြစ်၏၊ ပရမတ်ဘုရားရှင်က မေတ္တာ ဝေးစေသူသည် သူ့အတွက် ကူညီနိုင်သူကို တွေ့ရမည် မဟုတ်ပေ။
၄း၅၃။ သို့တည်းမဟုတ် သူတို့၌ ပင်ပန်းခံရကျိုး ဩဇာ အာဏာ ရှိကြသလော၊ ရှိငြားသော်လည်း လူသားတို့အား လေဖြင့် မှုတ်သလောက်ပင် ပေးကမ်းလိမ့်မည် မဟုတ်ချေ။
၄း၅၄။ သို့တည်းမဟုတ်- သူတို့သည် ပရမတ်ဘုရားရှင်က အရှင်၏ သိက္ခာ ပေးခြင်းမှ လူသားတို့အား ချီးမြှင့်ခြင်း၌ မနာလို ဖြစ်ကြသလော၊ ငါသည် အီဗရာဟီးမ်၏ အဆက်အနွယ်အား ကျမ်းတော်နှင့် စီရင်ထုံးကို မုချ ချီးမြှင့်ခဲ့ပြီ၊ သူတို့အား ဂုဏ်ဒြပ်ကြီးသော အာဏာကိုလည်း ပေးခဲ့ပြီ။
၄း၅၅။ သူတို့အနက် သူ့အား ယုံကြည်သူ ရှိ၍ သူတို့အနက် သူ့ကို ရှောင်ဖယ်သူလည်း ရှိ၏၊ ငရဲမီးသည် လောင်စာဖြင့် ပြည့်စုံလျက် ရှိ၏။
၄း၅၆။ ဧကန်ပင် ငါ၏ သုတ်ဒေသနာများကို ဖုံးကွယ်သော သူတို့အား မီးထဲ၌ လောင်ကျွမ်းစေလတ္တံ့၊ သူတို့၏ အရေပြားများ မီးကျက်သွားတိုင်း ဝဋ်ကြွေးကို မြည်းစမ်းစေရန် အခြားသော အရေပြားဖြင့် လွှဲပြောင်းပေးလတ္တံ့၊ ဧကန်ပင် ပရမတ် ဘုရားရှင်သည် ဘုန်းတော်ရှင်၊ ဓမ္မသတ်ရှင် ဖြစ်တော်မူ၏။
၄း၅၇။ ယုံကြည်လျက် ပြုပြင်မှု ကျင့်ကြံသောသူသည် အောက်ခင်း၌ စမ်းချောင်းရေသွင် စီးဆင်းနေသော သုခဘုံများသို့ ဝင်၍ ထို၌ ကာလပိုင်းခြားမဲ့ အစဉ် စံစားရလတ္တံ့၊ ထို၌ သူတို့အတွက် သန့်စင်သော စုဖွဲ့ဖေါ်များ ရှိနေ၏၊ သူတို့အား အရိပ်စစ်စစ် အရိပ်ထဲသို့ ဝင်စေလတ္တံ့။
၄း၅၈။ ယုံကြည်စွာ အပ်နှံသော ပစ္စည်းများကို ပိုင်ဆိုင်ခွင့် ရှိသူထံ ပေးအပ်ကြရန် သင်တို့အား ပရမတ်ဘုရားရှင်က ဧကန် ညွှန်ကြားတော်မူပြီ၊ လူသားချင်းကြား စီရင်ထုံး၌ တန်းတူစွာ စီရင်ထုံးချရမည်၊ ဧကန်ပင် ပရမတ်ဘုရားရှင်၏ ဩဝါဒတော်သည် ဂုဏ်ရှိလှ၏၊ ဧကန်ပင် ပရမတ်ဘုရားရှင်သည် ကြားနေသောအရှင်၊ မြင်နေသောအရှင် ဖြစ်ပေ၏။
၄း၅၉။ အို- ယုံကြည်သောသူတို့၊ ပရမတ်ဘုရားရှင်အား နာခံကြလော့၊ ဉာဏ်စဉ်ဆောင်နှင့် သင်တို့မှ ညွှန်ကြားခွင့် ရှိသူတို့အား နာခံကြလော့၊ သင်တို့သည် ပရမတ်ဘုရားရှင်နှင့် နောက်ဆုံးနေ့အား သက်ဝင် ယုံကြည်ကြလျှင် သင်တို့ ချင်း မည်သည့် ဖယ်ပစ်နေသည်များကိုမဆို ပရမတ်ဘုရားရှင်နှင့် ဉာဏ်စဉ်ဆောင် ဘက်သို့ ဆက်သကြလော့၊ ဤသည် အကောင်းဆုံး၊ အတင့်တယ်ဆုံး ဖွင့်ဆိုမှု ဖြစ်၏။
၄း၆၀။ သင့်ထံ၌ ချမှတ်ပေးရာနှင့် သင့် ရှေ့အလျင် ချမှတ်ပေးရာတို့ကို ယုံကြည်ပါ၏ဟု ရပ်တည် ပြောဆိုသောသူများ ဖြစ်ပါလျက် မိစ္ဆာဒိဋ္ဌိထံ၌ စီရင်ထုံး လိုလားကြသော သူများကို သင် မမြင်မိသလော၊ ၎င်းအား ငြင်းပယ်ရန် မိန့်ညွှန်ပြီး ဖြစ်၏၊ မကောင်းဆိုးဝါးသည် သူတို့အား နောက်ကျန် လွဲချော် လွဲမှားစေလို၏။
၄း၆၁။ ပရမတ်ဘုရားရှင် ချမှတ်ပေးရာသို့၊ ဉာဏ်စဉ်ဆောင်၏ ဘက်သို့၊ လာကြလော့ဟု သူတို့အား ပြောဆိုသော် အသင့်အား ရှောင်ဖယ် ရှောင်ဖယ်ပြုသော သီလကြောင်များကို မြင်တွေ့ရလတ္တံ့။
၄း၆၂။ သူတို့၏ စုံရပ်ခံခဲ့သော လက်ချက်များကြောင့် ထိခိုက်မှုတစ်ခု သူတို့အား ထိခိုက်သောအခါ မည်သို့ ဖြစ်အံ့နည်း၊ “သုမင်္ဂလာနှင့် ပြန်လည် ပေါင်းစည်းခြင်းကိုသာ ကျွန်ုပ်တို့ လိုလားခဲ့ပါ၏၊” ဟု ပရမတ်ဘုရားရှင်အား တိုင်တည်ပြလျက် သင့်ထံသို့ ရောက်လာကြလတ္တံ့။
၄း၆၃။ သူတို့သည်- သူတို့၏ စိတ်နှလုံးထဲမှ အရာအား ပရမတ်ဘုရားရှင်က သိနေသောသူများ ဖြစ်၏၊ သူတို့အား ဘောင်ထားလော့၊ ဆုံးမလော့၊ သူတို့၏ စရိုက်များအတွင်းထိ စကား ဆိုက်ရောက်အောင် ဟောပြောလော့။
၄း၆၄။ ပရမတ်ဘုရားရှင်၏ ကြေညာချက်အား နာခံစေရန်မှအပ ဉာဏ်စဉ်ဆောင် တစ်ပါးကိုမျှ စေစားတော်မူသည် မဟုတ်၊ အကယ်၍ သူတို့မှ မိမိတို့၏ စရိုက်အား မိုက်ကြေးခွဲ၍ သင့်ထံသို့ လာလျက် ပရမတ်ဘုရားရှင်၏ထံ၌ လွတ်ငြိမ်းဆု ပန်သော်၊ ဉာဏ်စဉ်ဆောင်ကလည်း သူတို့အတွက် လွတ်ငြိမ်းဆု ပန်သော်၊ ပရမတ်ဘုရားရှင်သည် သင်ပုန်းချေသောအရှင်၊ ကရုဏာရှင်ဖြစ်ကြောင်း သင် တွေ့ရလတ္တံ့။
၄း၆၅။ အမှန်မှာ- သင်၏ ကံကြမ္မာရှင်အားဖြင့်- သူတို့အကြား ကွဲလွဲချက်၌ သင့်အား ခုံသမ္မာဓိအဖြစ် မစိုက်ထူသမျှ၊ သင်၏ အပြီးသတ် ဆုံးဖြတ်ရာကို သူတို့၏ ဉာဉ်စရိုက်၌ အခက်အခဲမရှိ ငြိမ်းငြိမ်းချမ်းချမ်း အေးအေးလူလူ မတွေ့ရသမျှ၊ သူတို့သည် ယုံကြည်သူများ မဟုတ်ချေ။
၄း၆၆။ အကယ်၍ ငါအရှင်က သူတို့အား “သင်တို့၏ ဉာဉ်စရိုက်များကို ပယ်သတ်ကြကုန်၊ သို့တည်းမဟုတ် သင်တို့၏ အိမ်များမှ ထွက်သွားကြကုန်၊” ဟု ပြဌာန်းခဲ့လျှင် သူတို့အနက် အနည်းငယ်မှအပ ပြုလုပ်ကြမည် မဟုတ်ချေ၊ အကယ်၍ သူတို့သည် ဩဝါဒအတိုင်း ပြုလုပ်ခဲ့ကြလျှင် သူတို့အတွက် ပို၍ ကောင်း၏၊ ပို၍ တည်တံ့ ခိုင်မာ၏။
၄း၆၇။ ထိုအခါ သူတို့အား ငါအရှင့်ထံတော်မှ မဟာ ဆုလာဘ်ကြီးကို ချီးမြှင့်ပေအံ့။
၄း၆၈။ သူတို့အား မြဲမြံ တည်တံ့သော လမ်းစဉ်တော်အား ညွှန်တော်မူပေအံ့။
၄း၆၉။ ပရမတ်ဘုရားရှင်နှင့် ဉာဏ်စဉ်ဆောင်အား နာခံသူသည် ပရမတ်ဘုရားရှင်မှ ဂုဏ်ပေးသော သူများဖြစ်သည့် သတင်းတော်ဆောင်များ၊ ဖြောင့်မှန်သူများ၊ သက်သေ တည်သူများ၊ ပြုပြင်သူများနှင့် အတူ ဖြစ်ရပေအံ့၊ သူတို့သည် အတင့်တယ်ဆုံး အကျွမ်းဝင်သူများ ဖြစ်ကြ၏။
၄း၇၀။ ဤသည် ပရမတ်ဘုရားရှင်မှ သိက္ခာပေးမှု ဖြစ်၏၊ ပရမတ်ဘုရားရှင်သည် သိနေသောအရှင်အဖြစ် လုံလောက်၏။
၄း၇၁။ အို- ယုံကြည်သောသူတို့၊ အသင်တို့သည် လက်နက်များ အသင့် သတိရှိလော့၊ အသုတ်လိုက် ချီတက်လော့၊ သို့မဟုတ် အတူစု၍ ချီတက်ကြလော့။
၄း၇၂။ သင်တို့၏အထဲ၌ ချောင်ခိုသူများ ရှိ၏၊ အကယ်၍ ထိခိုက်မှုတစ်ခု သင်တို့အား ထိခိုက်ခဲ့လျှင် “ပရမတ်ဘုရားရှင်က ကျွန်ုပ်အား ဂုဏ်ပေးခဲ့၏၊ သို့ဖြစ်၍ ကျွန်ုပ်သည် သူတို့နှင့်အတူ မျက်မှောက်၌ မရှိခဲ့၊” ဟု ရင့်ကျူး၏။
၄း၇၃။ အကယ်၍ သင်တို့အား ပရမတ်ဘုရားရှင်ထံမှ သိက္ခာပေးခြင်း သက်သော် သူ့ကြား၊ သင်တို့ကြား၊ လိုလားမှု မရှိဘဲ “ကျွန်ုပ်သည် သူတို့နှင့် အတူဖြစ်ခဲ့လျှင် ကောင်းလေစွ၊ ကျွန်ုပ်သည်လည်း မဟာ အောင်ပွဲကို အောင်ပွဲခံရလတ္တံ့၊” ဟု ညည်းညူ၏။
၄း၇၄။ ဤလောကီဘဝကို လောကုတ္တရာအတွက် ရောင်းဝယ်သော သူများသည် ပရမတ်ဘုရားရှင်၏ လမ်းစဉ်တော်၌ ခုခံတိုက်ခိုက်ကြ၏၊ ပရမတ်ဘုရားရှင်၏ လမ်းစဉ်တော်၌ ခုခံ တိုက်ခိုက်သူတို့သည် ကျဆုံးရသည်ဖြစ်စေ၊ အနိုင်ယူနိုင်သည် ဖြစ်စေ၊ မဟာ ဆုလာဘ်ကြီးကို တမဟုတ်ချင်း ချီးမြှင့်ခံရလတ္တံ့။
၄း၇၅။ “အို- ကံကြမ္မာရှင်၊ တပည့်တော်တို့အား ဤ မိုက်ကြေးခွဲနေသော ဤဒေသသားတို့ထံမှ ထွက်နိုင်ခွင့် ပေးပါ၊ တပည့်တော်တို့အတွက် အရှင့်ထံတော်မှ မဟာမိတ်တစ်ဦးအား စီစဉ်ပေးပါ၊ အရှင့်ထံတော်မှ ကူညီနိုင်သူ တစ်ဦးကို စီစဉ်ပေးပါ၊” ဟု ဆုပန်နေကြသော အင်အားချည့်နဲ့သည့် အမျိုးသား၊ အမျိုးသမီး၊ ရင်သွေးငယ်များအတွက် ပရမတ်ဘုရားရှင်၏ လမ်းစဉ်တော်၌ အသင်တို့ စစ်မတိုက်ရန် အဘယ်အကြောင်း ရှိနေသနည်း။
၄း၇၆။ ယုံကြည်သောသူတို့သည် ပရမတ်ဘုရားရှင်၏ လမ်းစဉ်တော်၌ ခုခံ တိုက်ခိုက်ကြ၍ ဖုံးကွယ်သော သူတို့သည်ကား မိစ္ဆာလမ်းစဉ်၌ စစ်ခင်းကြ၏၊ မကောင်းဆိုးဝါး၏ မဟာမိတ်များကို ခုခံ တိုက်ခိုက်ကြလော့၊ ဧကန်ပင် မကောင်းဆိုးဝါး၏ နည်းဗျူဟာသည် ချည့်နဲ့လှပေ၏။
၄း၇၇။ “သင်တို့၏ လက်များကို ထိန်းချုပ် ဟန့်တားလျက် ဝတ်ပြုခြင်း မြဲကြလော့၊ အခွန်ငွေဖြူ ပေးကြလော့၊” ဟု ပြောထားရသော သူများကို သင် မရှုစားမိသလော၊ သူတို့အား စစ်တိုက်ရန် ပြဌာန်းလိုက်စဉ် သူတို့မှ တစ်ဖွဲ့က ပရမတ်ဘုရားရှင်အား ကြောက်ရွံ့သကဲ့သို့ လူသားများကို ကြောက်ရွံ့လျက်၊ သို့မဟုတ် ထိုထက် ပြင်းထန်စွာ ကြောက်ရွံ့လျက် “အို- ကံကြမ္မာရှင်၊ တပည့်တော်တို့အား အဘယ်ကြောင့် စစ်တိုက်ရန် ပြဌာန်းရပါသနည်း၊ အဘယ်ကြောင့် နောက်ထပ် သတ်မှတ် ကာလ နီးကပ်လှပါသနည်း၊” ဟု လျှောက်ထားကြ၏၊ ဟောကြားလော့၊ “လောကီ ပျော်ပါးမှုသည် အနည်းငယ်မျှသာ ဖြစ်၏၊ စည်းစောင့်သူများအတွက် နောင်ဘဝသည်သာ ပို၍ ကောင်း၏၊ အမှုန်အမွှားမျှပင် မိုက်ကြေးခွဲခံရမည် မဟုတ်ချေ။
၄း၇၈။ သင်တို့သည် မည်သည့်နေရာ၌ရှိစေ၊ မြင့်မားသော မျှော်စင်ထဲတွင် ဖြစ်စေ၊ သေခြင်းတရားသည် သင်တို့ထံသို့ ခြုံလွှမ်းလာလတ္တံ့၊ သူတို့ထံသို့ သုမင်္ဂလာသက်လျှင် “ဤသည် ပရမတ်ဘုရားရှင်၏ထံမှ ဖြစ်၏၊” ဟု ပြောဆိုလျက်၊ သူတို့အား အကုသိုလ် ထိခိုက်လျှင် “ဤသည် သင့်ထံမှ၊” ဟု စွပ်စွဲကြ၏၊ ဟောကြားလော့၊ “ခပ်သိမ်းကုန်သည် ပရမတ်ဘုရားရှင်၏ထံမှ ဖြစ်၏၊” ဤလူမျိုးသည် မည်သည့် ဆင့်ပြန်ချက်ကို မဆို အဘယ်ကြောင့် နားလည်မှု မနီးစပ်ကြသနည်း။
၄း၇၉။ သင့်အား ထိသက်ရာ သုမင်္ဂလာသည် ပရမတ်ဘုရားရှင်၏ထံမှ ဖြစ်၍ သင့်အား ထိခိုက်ရာ အကုသိုလ်သည် သင့်စရိုက်ကြောင့်သာ ဖြစ်၏၊ ငါသည် သင့်အား လူသားတို့အတွက် ဉာဏ်စဉ်ဆောင်တစ်ပါး အဖြစ် စေစားတော်မူပြီ၊ ပရမတ်ဘုရားရှင်သည် သက်သေအဖြစ် လုံလောက်တော်မူ၏။
၄း၈၀။ ဉာဏ်စဉ်ဆောင်အား နာခံသောသူသည် ပရမတ်ဘုရားရှင်အား နာခံသည် မည်၏၊ လှည့်သွားသူ- သူတို့အတွက် အသင့်အား စောင့်ရှောက်ရသူအဖြစ် စေစားသည် မဟုတ်ချေ။
၄း၈၁။ “နာခံပါ၏၊” ဟု ပြောကြလျက် သူတို့မှ တစ်စုသည် သင့်ထံမှ ထွက်လာသောအခါ သူတို့ ပြောဆိုခဲ့ရာနှင့် ဆန့်ကျင်ဘက်ကို မှောင်ချ ကြံစည်ကြ၏၊ ပရမတ်ဘုရားရှင်သည် သူတို့၏ မှောင်ချ ကြံစည်ချက်ကို မှတ်တမ်း တင်ထားတော်မူပြီ၊ သို့ဖြစ်၍ သူတို့အား ဘောင်ထားလော့၊ ပရမတ်ဘုရားရှင်အား ကိုးစားလော့၊ ပရမတ်ဘုရားရှင်သည် ကိုးစားထိုက်သည့် အရှင်အဖြစ် လုံလောက်တော်မူ၏။
၄း၈၂။ ဤကုရ်အာန်အား အရင်းအမြစ် မစစ်ကြကုန်သလော၊ အကယ်၍ ၎င်းသည် ပရမတ်ဘုရားရှင်၏ ထံတော်မှ မဟုတ်ခဲ့လျှင် ယင်း၌ မညီညွတ်မှုပေါင်း များစွာကို တွေ့ကြရကုန်လတ္တံ့။
၄း၈၃။ သူတို့ထံသို့ ယုံကြည် စိတ်ချဘွယ်ရာ၊ သို့မဟုတ် ချောက်ချားဘွယ်ရာ အရေးအကြောင်း ရောက်လာခဲ့သော် ၎င်းကို ဖြန့်ချီကြကုန်၏၊ ထိုအကြောင်းကို ဉာဏ်စဉ်ဆောင်၏ထံသို့၊ သို့မဟုတ် သူတို့မှ ညွှန်ကြားခွင့် ရှိသူ၏ထံသို့ ပြန်ပို့လျက် သူတို့အနက် ၎င်းကို သိသူများက ၎င်းကို ဆန်းစစ်သော သူများ ဖြစ်သင့်၏၊ အကယ်၍ ပရမတ်ဘုရားရှင်သည် သူတို့အား သိက္ခာမပေးခဲ့၊ ကရုဏာ မသက်ခဲ့လျှင် အနည်းစုမှ အပ မကောင်းဆိုးဝါး၏ နောက်သို့ လိုက်ကြရလတ္တံ့။
၄း၈၄။ ပရမတ်ဘုရားရှင်၏ လမ်းစဉ်တော်၌ ခုခံ တိုက်ခိုက်လော့၊ သင့်စရိုက်အတွက်သာ သင့်ကို ဝန်ဆောင်စေပြီ၊ ယုံကြည်သူတို့အား သွေးနွေးစေလော့၊ ပရမတ်ဘုရားရှင်သည် ဖုံးကွယ်သော သူတို့ထံမှ အမင်္ဂလာများကို ထိန်းချုပ် ဟန့်တားနိုင်ရာ၏၊ ပရမတ်ဘုရားရှင်သည်ကား အမင်္ဂလာ တန်ပြန်ရာ၌ ပြတ်သားတော်မူ၏၊ နမူနာပေးရာ၌ ပြတ်သားတော်မူ၏။
၄း၈၅။ ကြားဝင်မှုကို တင့်တယ်စွာ ကြားဝင်ဆောင်ရွက်သူ၊ သူ့အတွက် ထို၌ ပင်ပန်းရကျိုးရှိ၏၊ အကုသိုလ် ကြားဝင်မှုဖြင့် ကြားဝင် ဆောင်ရွက်သူ၊ သူ့အတွက် ထိုမှ ထိန်းထားရာရှိ၏၊ ဧကန်ပင် ပရမတ်ဘုရားရှင်သည် သဗ္ဗလုံးစုံအား ထိန်းညှိထားသောအရှင် ဖြစ်၏။
၄း၈၆။ သင်တို့အား နှုတ်ခွန်းဆက်သောအခါ ပို၍ တင့်တယ်စွာ နှုတ်ဆက်ကြလော့၊ သို့မဟုတ် ပြန်လည်၍ နှုတ်ဆက်ကြလော့၊ ဧကန်ပင် ပရမတ်ဘုရားရှင်သည် သဗ္ဗလုံးစုံအား စစ်ဆေးနေသောအရှင် ဖြစ်၏။
၄း၈၇။ ပရမတ်ဘုရားရှင်- အရှင်မှအပ အခြား ဘုရားဟူ၍ မရှိ၊ သံသယ အလျဉ်း မဝင်နိုင်သော ရပ်တည်ရသော နေ့၌ သင်တို့အား စုပေါင်းစေတော်မူမည်၊ ပရမတ်ဘုရားရှင်ထက် မည်သူက ဖြောင့်မှန်စွာ ဆင့်ပြန်နိုင်အံ့နည်း။
၄း၈၈။ သို့ဖြင့် သင်တို့သည် သီလကြောင်များအတွက် အဘယ်ကြောင့် နှစ်တပ် ကွဲနေကြသနည်း၊ ပရမတ်ဘုရားရှင်သည် သူတို့၏ ကျင့်ဆောင်မှုများကြောင့် သူတို့ကို ဦးချိုးထား တော်မူပြီ၊ ပရမတ်ဘုရားရှင်က အပါယ်သို့ ရောက်စေသူအား လမ်းညွှန် ရစေလိုသလော၊ ပရမတ်ဘုရားရှင်က အပါယ်သို့ ရောက်စေသူအတွက် မည်သည့်လမ်းကိုမှ တွေ့ရမည် မဟုတ်ချေ။
၄း၈၉။ သူတို့သည် ဖုံးကွယ်သူများ ဖြစ်ခဲ့သည့်နည်းတူ၊ အလားတူ သင်တို့အား ဖုံးကွယ်သူများ ဖြစ်စေလို၏၊ ထို့ကြောင့် ပရမတ်ဘုရားရှင်၏ လမ်းစဉ်တော်၌ ပြောင်းရွှေ့ မလာသမျှ- သူတို့အနက်မှ မဟာမိတ်များအဖြစ် မမှတ်ယူနှင့်၊ သို့သော် သူတို့သည် လှည့်လာကြလျှင် သူတို့အား တွေ့သည့်နေရာတိုင်း၌ ဖမ်းဆီးကြလော့၊ ခုခံ တိုက်ကြလော့၊ သူတို့မှ မဟာမိတ်အဖြစ်၊ သို့မဟုတ် ကူညီသူအဖြစ်၊ မယူမှတ် ကြကုန်နှင့်။
၄း၉၀။ သင်တို့နှင့် ပူးပေါင်းထားသော လူမျိုးများထံသို့၊ သို့မဟုတ် သင်တို့အား တိုက်ခိုက်လိုခြင်း၊ သို့မဟုတ် သင်တို့ကြား သူတို့၏ လူမျိုးအကြား စစ်ဖြစ်လိုခြင်း ဟူသည့် ရင်ဘတ်ကို ချုပ်ထိန်း၍ သင်တို့ထံ ရောက်လာသူများသည် ချွင်းချက် ဖြစ်၏၊ ပရမတ်ဘုရားရှင်၏ စံချိန်ပြည့်ခဲ့လျှင် အရှင်သည် သူတို့အား သင်တို့ထက် အခွင့်အာဏာ ပေးနိုင်တော်မူ၏၊ သို့ဖြစ်လျှင် သူတို့သည် သင်တို့ကို တိုက်ခိုက်နိုင်ရာ၏၊ သို့ဖြစ်၍ သင်တို့ကို မတိုက်ခိုက်ကြဘဲ စစ်ရှောင်လျက် ငြိမ်းချမ်းရေး ကမ်းလှမ်းလျှင် သူတို့အား ဆန့်ကျင်ရန်အတွက် ပရမတ်ဘုရားရှင်က သင်တို့အား နည်းလမ်း မစီစဉ်ပေးပေ။
၄း၉၁။ သင်တို့ထံမှ ယုံကြည်ရမှု၊ သူတို့၏ လူမျိုးချင်းထံမှ ယုံကြည်ရမှုများကို လိုလားသော အခြားသူများကို တွေ့ရလတ္တံ့၊ သူတို့အား ပြန်လည် သိမ်းသွင်းခဲ့သော် သွေးတိုးစမ်းမှုဘက်သို့ အချိန်တိုင်း ဦးစိုက်နေကြ၏၊ အကယ်၍ သူတို့သည် သင်တို့အား စစ်ရှောင်ခြင်း၊ ငြိမ်းချမ်းရေး ကမ်းလှမ်းခြင်း၊ လက်များကို ထိန်းချုပ် ဟန့်တားခြင်းများ မပြုကြသော် သူတို့အား ထိပ်တိုက်တိုးရာ နေရာ၌ ဖမ်းဆီးကြလော့၊ ခုခံ တိုက်ကြလော့၊ သင်တို့က သူတို့အပေါ် ထိုသို့ပြုရန် အခွင့်အာဏာ ရှင်းလင်း ထင်ရှားစွာ ငါ စီစဉ်ပေး၏။
၄း၉၂။ မှားယွင်းစွာမှအပ- ယုံကြည်သူအား လုပ်ကြံခြင်းသည် ယုံကြည်သူ တစ်ဦး၏ ဂုဏ်အင်္ဂါ မဟုတ်ချေ၊ ယုံကြည်သူ တစ်ဦးအား မှားယွင်းစွာ လုပ်ကြံမိသူသည် သေသူ အိမ်သားတို့ဘက်အား ဖြောင့်မှန်စွာ ပြေငြိမ်းကြေး ပေးရမည်၊ ယုံကြည်သူ ကျွန်တစ်ဦးအား လွှတ်ပေးရမည်၊ အကယ်၍ သေသူသည် ယုံကြည်သူ ဖြစ်၍ သင်တို့အား စည်းဖေါက်သော လူမျိုးမှ ဖြစ်အံ့၊ ယုံကြည်သူ ကျွန်တစ်ဦးအား လွှတ်ပေးရမည်၊ သေသူသည် သင်တို့ကြား၊ သူတို့ကြား၊ ညွန့်ပေါင်း စာချုပ်ရှိသော လူမျိုးမှဖြစ်လျှင် သူ၏ အိမ်သားတို့အား ပြေငြိမ်းကြေး ပေးရမည်၊ ယုံကြည်သူ ကျွန်တစ်ဦးအား လွှတ်ပေးရမည်၊ ၎င်းတို့အား ကိုယ်တွေ့ မဖြစ်နိုင်သူ အတွက် ပရမတ်ဘုရားရှင်၏ထံမှ ခဝါချရန် နည်းနာမှာ နှစ်လတိတိ ဥပုသ်စောင့်တည်ရမည်၊ ဧကန်ပင် ပရမတ်ဘုရားရှင်သည် သိနေသောအရှင်၊ ဓမ္မသတ်ရှင် ဖြစ်တော်မူ၏။
၄း၉၃။ ယုံကြည်သူအား ပစ်မှတ်ထား၍ လုပ်ကြံသူ၏ အစားရခြင်းမှာ ငရဲမီးပင် ဖြစ်၏၊ ထို၌ အစဉ် ခံစားရလတ္တံ့၊ ပရမတ်ဘုရားရှင်က မေတ္တာဝေးစေမည်၊ ကရုဏာ ဝေးစေမည်ပင်၊ သူ့အတွက် မဟာ ဝဋ်ကြွေးကြီးကို တွက်ချက် ပြင်ဆင်ထားပြီ။
၄း၉၄။ အို- ယုံကြည်သောသူတို့၊ ပရမတ်ဘုရားရှင်၏ လမ်းစဉ်၌ ခရီးထွက်ကြသောအခါ ရှင်းရှင်းလင်းလင်း ဖြစ်စေလော့၊ သင်တို့အား ငြိမ်းချမ်းရေး ကမ်းလှမ်းသူကို “သင်သည် ယုံကြည်သူမဟုတ်၊” ဟု မပြောကြနှင့်၊ လောကီဘဝဘောင်ကို ရှာဖွေကြသလော၊ ပရမတ်ဘုရားရှင်၏ထံ၌ စစ်လျှော်ကြေး များစွာ ရှိကုန်၏၊ သင်တို့သည်လည်း ရှေ့အလျင်က ထိုကဲ့သို့ပင် ဖြစ်ခဲ့၍ ပရမတ်ဘုရားရှင်က မျက်နှာသာ ပေးခဲ့ပြီ၊ သို့ဖြစ်၍ ရှင်းရှင်းလင်းလင်း ရှိကြလော့၊ သင်တို့၏ ကျင့်ကြံသမျှကို ပရမတ်ဘုရားရှင်က ဧကန် သတင်း သိနေတော်မူ၏။
၄း၉၅။ ယုံကြည်သူများအနက် အနာတရရှိသူ မဟုတ်ဘဲ ထိုင်နေသူများနှင့် ပရမတ်ဘုရားရှင်၏ လမ်းစဉ်တော်၌ ဥစ္စာ၊ စရိုက်များစွန့်၍ အားစိုက် ဆောင်ရွက်သူများ တူညီကြသည် မဟုတ်ချေ၊ ပရမတ်ဘုရားရှင်သည် ဥစ္စာ၊ စရိုက်များ စွန့်၍ အားစိုက် ဆောင်ရွက်သူများကို ထိုင်နေသူများထက် သိက္ခာတင် အခွင့်အလမ်း ပေးခဲ့ပြီ၊ သူတို့ကိုယ်စီအား ပရမတ်ဘုရားရှင်က အတင့်တယ်ဆုံး ကတိထားတော်မူပြီ၊ ပရမတ်ဘုရားရှင်သည် အားစိုက် ဆောင်ရွက်သူတို့အား ထိုင်နေသူများထက် သိက္ခာပေးမည့် မဟာ ဆုလာဘ်ကြီးမှာ။-
၄း၉၆။ အခွင့်အလမ်းများ၊ လွတ်ငြိမ်းခွင့်နှင့် ကရုဏာတို့ ဖြစ်၏၊ ဧကန်ပင် ပရမတ်ဘုရားရှင်သည် လွတ်ငြိမ်းစေသောအရှင်၊ အကြင်နာရှင် ဖြစ်တော်မူ၏။
၄း၉၇။ မိမိစရိုက်ကို မိမိ မိုက်ကြေးခွဲနေကြစဉ် နိမိတ်ဆောင်တို့က ဇီဝိန်ချွေပစ်သော သူတို့အား “သင်တို့ မည်သို့ ရပ်တည်ခဲ့သနည်း၊” ဟု ဆိုသော် “ကျွန်ုပ်တို့သည် ဤမြေ၌ အဖိနှိပ်ခံများ ဖြစ်ပါ၏၊” ဟု ပြန်ဖြေ၏၊ သူတို့အား “သင်တို့ ပြောင်းရွှေ့ နေထိုင်ရန် ပရမတ်ဘုရားရှင်က ကမ္ဘာမြေအား ဖြန့်ကျက်ပေးထားသည် မဟုတ်လော၊” ဟု မေးမြန်း၏၊ သူတို့အတွက် ခိုလှုံရာမှာ ငရဲဘုံပင် ဖြစ်တော့၏၊ ယင်းသည် အကုသိုလ် ပန်းတိုင် ဖြစ်၏။
၄း၉၈။ ဖိနှိပ်ခံ ဖြစ်နေသော အမျိုးသား၊ အမျိုးသမီး၊ ရင်သွေးငယ်များသည် တတ်နိုင်သည့် ဝန်းကျင်မရှိ၊ လမ်းညွှန် လမ်းစဉ်မရှိလျှင်။-
၄း၉၉။ ပရမတ်ဘုရားရှင်သည် သူတို့အား ကျေအေးပေးနိုင်ရာ၏၊ ဧကန်ပင် ပရမတ်ဘုရားရှင်သည် ကျေအေးပေးသောအရှင်၊ လွတ်ငြိမ်းစေသောအရှင် ဖြစ်၏။
၄း၁၀၀။ ပရမတ်ဘုရားရှင်၏ လမ်းစဉ်တော်၌ ပြောင်းရွှေ့သူသည် မြေကမ္ဘာ၌ ခိုလှုံရာများစွာနှင့် ဖြန့်ကျက်နိုင်မှု မြောက်မြားစွာကို တွေ့ရလတ္တံ့၊ နေအိမ်မှ ထွက်ခွာ၍ ပရမတ်ဘုရားရှင်နှင့် အရှင်၏ ဉာဏ်စဉ်ဆောင်အတွက် ပြောင်းရွှေ့ခဲ့ရသူသည် အနိစ္စတရား ခြုံလွှမ်းလာသော် သူ့အတွက် ဆုလာဘ်မှာ ပရမတ်ဘုရားရှင်၏ထံ၌ တည်ရှိပြီး ဖြစ်၏၊ ပရမတ်ဘုရားရှင်သည် လွတ်ငြိမ်းစေသောအရှင်၊ အကြင်နာရှင် ဖြစ်တော်မူ၏။
၄း၁၀၁။ မြေကမ္ဘာ၌ ခရီးသွားနေစဉ် ဧကန်စင်စစ် သင်တို့အား ရှင်းလင်း ထင်ရှားစွာ စည်းဖေါက်သူ ဖြစ်သည့် ဖုံးကွယ်သောသူများ၊ ထိုဖုံးကွယ်သူတို့၏ သွေးတိုးစမ်းမည်ကို စိုးရိမ်၍ ဝတ်ပြုခြင်းအား ရပ်စဲထားလျှင် သင်တို့တွင် အပြစ်မရှိပေ၊၊
၄း၁၀၂။ သူတို့၏အထဲ၌ သင်ရှိနေ၍ သူတို့အတွက် ဝတ်ပြုမှု ဆောက်တည်ရလျှင် သူတို့မှ တစ်စုအား လက်နက်များကို ယူထားစေ၍ သတိရှိစေလျက် သင်နှင့်အတူ ရပ်စေလော့၊ ဦးချပြီးသောအခါ သူတို့အား ကွယ်ရာသို့ ဆုတ်စေကာ ဝတ်မပြုသေးသော အခြားတစ်စုအား လက်နက်များကို ယူထားစေ၍ သတိရှိလျက် ပေးရောက်စေကာ သင်နှင့်အတူ ဝတ်ပြုစေရမည်၊ ဖုံးကွယ်သော သူတို့သည် သင်တို့အား ချွတ်ချော် တိမ်းပါးစေရန် သင်တို့အား လက်နက်များ၊ သည်းခြေကြိုက်များကို မေ့လျော့စေလိုကြ၏၊ သို့သော် မိုးသည်းထဲ၌ ဒဏ်ရာရနေသော်၊ သို့မဟုတ် ဖျားနာနေသော်၊ သင်တို့၏ လက်နက်များကို ချထားခြင်းကြောင့် အပြစ်မတင်ထိုက်ချေ၊ သို့သော် လက်နက်များကို ယူဆောင်ထားကြလော့၊ ဧကန်ပင် ပရမတ်ဘုရားရှင်သည် ရန်သူများအတွက် နိမ့်ကျသော ဝဋ်ကြွေးကို တွက်ချက် ပြင်ဆင် ထားတော်မူ၏။
၄း၁၀၃။ သင်တို့ ဝတ်ပြုခြင်း ပြီးပြတ်သော် ပရမတ်ဘုရားရှင်အား ရပ်လျက်၊ ထိုင်လျက်၊ နံဘေးများပေါ် လှဲလျက် သတိရ ရှုမှတ်ကြလော့၊ သင်တို့သည် ငြိမ်းအေးသောအခါ ဝတ်ပြုခြင်း၌ မြဲကြလော့၊ ဧကန်ပင် ဝတ်ပြုခြင်းသည် ယုံကြည်သူများ အတွက် ချိန်ကိုက် ပြဌာန်းပြီး ဖြစ်၏။
၄း၁၀၄။ ရန်ရှာသူများအား လိုက်ရှာမှုကို အားမလျော့ကြနှင့်၊ သင်တို့သည် ထိခိုက်ကြလျှင် သင်တို့ ထိခိုက်သကဲ့သို့ သူတို့လည်း ထိခိုက်ကြ၏၊ သို့သော် သူတို့ မမျှော်ကိုးသော အရာများကို သင်တို့က ပရမတ်ဘုရားရှင်၏ထံမှ မျှော်ကိုးကြ၏၊ ဧကန်ပင် ပရမတ်ဘုရားရှင်သည် သိနေသောအရှင်၊ ဓမ္မသတ်ရှင် ဖြစ်၏။
၄း၁၀၅။ ဧကန်ပင် ပရမတ်ဘုရားရှင်သည် သင့်ကို မြင်တွေ့စေသည့်အတိုင်း လူသားချင်း ကြား၌ စီရင်ထုံးချရန်၊ သစ္စာဖေါက်သူတို့ဘက်မှ အချေအတင်ပြုပေးသူ မဖြစ်ရန်၊ ဤကျမ်းတော်အား ပရမတ္ထသစ္စာဖြင့် သင့်၌ ချမှတ်ပေးတော်မူပြီ။
၄း၁၀၆။ ပရမတ်ဘုရားရှင်၌ လွတ်ငြိမ်းဆု ပန်လော့၊ ဧကန်ပင် ပရမတ်ဘုရားရှင်သည် လွတ်ငြိမ်းစေသောအရှင်၊ အကြင်နာရှင် ဖြစ်၏။
၄း၁၀၇။ မိမိတို့၏ ဉာဉ်စရိုက်များကိုယ်တိုင် သစ္စာမဲ့သော သူတို့ဘက်မှ စောဒက တက်မပေးကြနှင့်၊ ဧကန်ပင် ပရမတ်ဘုရားရှင်သည် သစ္စာဖေါက် အပြစ်ကောင်တို့အား နှစ်သက်တော် မမူချေ။
၄း၁၀၈။ သူတို့သည် လူသားတို့မှ ပုန်းကွယ်လိုကြ၏၊ ပရမတ်ဘုရားရှင်ထံမှ ပုန်းကွယ်၍ မရချေ၊ အရှင် မနှစ်သက်ရာများကို မှောင်ချ ကြံစည် ပြောဆိုကြစဉ် သူတို့၏ကြား၌ အရှင်ရှိနေ၏၊ ဧကန်ပင် ပရမတ်ဘုရားရှင်သည် သူတို့ ကျင့်ကြံသမျှကို ဝန်းရံထားတော်မူ၏။
၄း၁၀၉။ သင်တို့သည် ဤလောကီဘဝ၌ သူတို့အတွက် စောဒက တက်ပေးကြ၏၊ ရပ်တည်ရသောနေ့၌ ပရမတ်ဘုရားရှင်ထံဝယ် အဘယ်သူက သူတို့အတွက် စောဒက တက်နိုင်အံ့နည်း၊ သို့တည်းမဟုတ် သူတို့အတွက် အဘယ်သူက ကိုးစားထိုက်သူ ဖြစ်အံ့နည်း။
၄း၁၁၀။ အကုသိုလ်ကို ကျင့်ကြံမိ၏၊ သို့မဟုတ် မိမိဉာဉ်ကို မိမိ မိုက်ကြေး ခွဲမိ၏၊ ထို့နောက် ပရမတ်ဘုရားရှင်၏ထံ၌ လွတ်ငြိမ်းဆု ပန်သူအား ပရမတ်ဘုရားရှင်သည် လွတ်ငြိမ်းစေသောအရှင်၊ အကြင်နာရှင် ဖြစ်သည်ကို တွေ့ရလတ္တံ့။
၄း၁၁၁။ ပြစ်မှုကို ကျင့်ဆောင်သူသည် သူ၏ စရိုက်အတွက်သာ ကျင့်ဆောင်သူ ဖြစ်၏၊ ဧကန်ပင် ပရမတ်ဘုရားရှင်သည် သိနေသောအရှင်၊ ဓမ္မသတ်ရှင် ဖြစ်တော်မူ၏။
၄း၁၁၂။ အမှားနှင့် ပြစ်မှုကို ကျင့်ဆောင်လျက် ကင်းလွတ်သူအပေါ် လေပစ် စွပ်စွဲသူသည် သိက္ခာမဲ့မှုနှင့် ရှင်းလင်း ထင်ရှားသော ပြစ်မှုအား သယ်ပိုးသူ ဖြစ်၏။
၄း၁၁၃။ ပရမတ်ဘုရားရှင်၏ သိက္ခာပေးမှုနှင့် ကရုဏာတော် သင့်အပေါ်သို့ မသက်ခဲ့လျှင် သူတို့မှ တစ်စု၏ စိတ်၌ သင့်အား လမ်းလွဲစေရန် ကြံစည်ကြ၏၊ အမှန်မှာ သူတို့စရိုက်ကိုသာ သူတို့ လမ်းလွှဲမိကြပြီ၊ သင့်အား တစ်စုံတစ်ရာမျှ နစ်နာစေနိုင်သည် မဟုတ်ချေ၊ ပရမတ်ဘုရားရှင်သည် သင့်အား ကျမ်းတော်နှင့် ဓမ္မသတ်ကို ချမှတ်ပေးခြင်းဖြင့် သင်မသိခဲ့သော အရာများကို သင်ပေးတော်မူ၏၊ ဧကန်ပင် သင့်အား ပရမတ်ဘုရားရှင်၏ သိက္ခာပေးမှုသည် ဂုဏ်ဒြပ်ကြီးလှ၏။
၄း၁၁၄။ လူသားချင်းကြား လှုဒါန်းဒါနပြုရန်၊ အသိအမှတ်ပြုရန်၊ ပြုပြင် ပြောင်းလဲရန် ညွှန်ကြားသူမှအပ သူတို့၏ သီးခြား တိုင်ပင်ခြင်းများအနက် များစွာမှာ အကောင်းဘက်သို့ မဆောင်ပေ၊ ပရမတ်ဘုရားရှင်၏ နှစ်မြို့မှုကို ရှာဖွေ၍ ထိုသို့ ပြုလုပ်သူအတွက် မဟာ ဆုလာဘ်ကြီးကို တမဟုတ်ချင်း ပေးအပ်လတ္တံ့။
၄း၁၁၅။ လမ်းညွှန်မှန်သည် ရှင်းလင်း ထင်ရှားပြီးမှ ဉာဏ်စဉ်ဆောင်အား ဂိုဏ်းခွဲသူ၊ ယုံကြည်သူတို့၏ လမ်းစဉ် မဟုတ်သည်ကို လိုက်နာသူတို့အား သူလှည့်လိုရာ လောင်ကျွမ်းခြင်း အကုသိုလ်ပန်းတိုင် ငရဲဘုံသို့ လှည့်ပေး၏။
၄း၁၁၆။ ဧကန်ပင် ပရမတ်ဘုရားရှင်သည် အရှင်နှင့် ရောပြွန်း ကိုးကွယ်ခြင်းကို လွတ်ငြိမ်းစေတော်မမူ၊ ထိုမှအပသော အရာမှ စံချိန်ပြည့်သူအား လွတ်ငြိမ်းစေတော်မူ၏၊ ပရမတ်ဘုရားရှင်အား ရောပြွန်း ကိုးကွယ်သူသည် မုချ နောက်ကျန် လွဲချော် လမ်းလွဲရသူ ဖြစ်လေ၏။
၄း၁၁၇။ အမှန်မှာ အရှင်မှလွဲ၍ “မယ်တော်” များတွင် ဆုတောင်း ပန်ထွာကြ၏၊ ထကြွနေသော မကောင်းဆိုးဝါးများ၌သာ ဆုတောင်း ပန်ထွာကြကုန်၏။
၄း၁၁၈။ ပရမတ်ဘုရားရှင်က သူ့အား မေတ္တာဝေးစေပြီ၊ သူ ရင့်ကျူးသည်မှာ “တပည့်တော်သည် အရှင်၏ အမှုတော်ဆောင်များအတွက် ဝတ္တရားရှိပြီး ပင်ပန်းရကျိုးကို ရယူပါမည်။
၄း၁၁၉။ တပည့်တော်သည် သူတို့အား လမ်းလွဲစေမည်၊ လောဘ ရမက် တက်စေမည်၊ ကပ္ပိယသတ္တဝါတို့၏ နားရွက်များကို ဖြတ်ရန် အမိန့်ပေးမည်၊ ပရမတ်ဘုရားရှင်၏ ဖြစ်တည်စေခြင်းကို ပြောင်းလဲပစ်ရန် အမိန့်ပေးမည်၊” ဟု ဖြစ်၏၊ ပရမတ်ဘုရားရှင်မှ လွဲ၍ မကောင်းဆိုးဝါးအား မဟာမိတ်အဖြစ် အယူထားသူသည် ရှင်းလင်း ထင်ရှားစွာ ဆုံးရှုံးခြင်းဖြင့် ဆုံးရှုံးရသူ ဖြစ်၏။
၄း၁၂၀။ ကတိပေးမှု၊ လောဘစိတ်သွင်းမှု- မကောင်းဆိုးဝါး၏ ထို ကတိပေးမှုများသည် မြှူဆွယ်မှုသာ ဖြစ်၏။
၄း၁၂၁။ သူတို့၏ ခိုလှုံရာ ပန်းတိုင်မှာ ငရဲဘုံဖြစ်၍ ထိုမှအပ လွတ်လမ်းကို တွေ့ရမည် မဟုတ်ချေ။
၄း၁၂၂။ ယုံကြည်လျက် ပြုပြင် ပြောင်းလဲမှု ကျင့်ကြံသော သူများသည် အောက်ခင်း၌ စမ်းချောင်းရေသွင် စီးဆင်းနေသော ဥယျာဉ်ဘုံများသို့ ဝင်ရောက်၍ ကာလပိုင်းခြားမဲ့ အစဉ် စံမြန်းရလတ္တံ့၊ ပရမတ်ဘုရားရှင်၏ ကတိတော်သည် သစ္စာပင် ဖြစ်၏၊ မိန့်ဆိုရာ၌ ပရမတ်ဘုရားရှင်ထက် မည်သူက ဖြောင့်မှန်ပေအံ့နည်း။
၄း၁၂၃။ သင်တို့၏ ဆန္ဒအတိုင်း၊ ကျမ်းစာဝိုင်းသားတို့၏ ဆန္ဒအတိုင်းဖြစ်မည် မဟုတ်ချေ၊ အကုသိုလ် ကျင့်ကြံသူအတွက် အစားပေးမှုသည် ရှိပြီးဖြစ်၏၊ ပရမတ်ဘုရားရှင်မှလွဲ၍ ကူညီသူ မဟာမိတ်ဟူ၍ တွေ့ရမည် မဟုတ်ချေ။
၄း၁၂၄။ အမျိုးသား အမျိုးသမီးမဟူ ပြုပြင် ပြောင်းလဲမှု ကျင့်ကြံသူ၊ သက်ဝင်ယုံကြည်သူ၊ မည်သူမဆို သုခဘုံသို့ ဝင်ရလတ္တံ့၊ လေဖြင့် မှုတ်သလောက်ပင် မိုက်ကြေးခွဲ ခံရမည် မဟုတ်ချေ။
၄း၁၂၅။ ပရမတ်ဘုရားရှင်အား မျက်နှာမူလျက် ငြိမ်းချမ်းမှု ပြုသူ၊ သုမင်္ဂလာ ပြုသူ၊ အယူသန့်သော အီဗရာဟီးမ်၏ ပဋိပတ်ကျင့်စဉ်ကို လိုက်နာသူထက် မည်သူက သာသနာတော်၌ ပိုမို တင့်တယ်စေအံ့နည်း၊ ပရမတ်ဘုရားရှင်သည် အီဗရာဟီးမ်အား အတွင်းလူအဖြစ် မှတ်ယူတော်မူ၏။
၄း၁၂၆။ မိုးများအတွင်း၊ မြေများအတွင်း ရှိသမျှသည် ပရမတ်ဘုရားရှင်၏ အချုပ်အခြာ၌ ရှိ၏၊ ပရမတ်ဘုရားရှင်သည် သဗ္ဗလုံးစုံအား ဝန်းရံထားတော်မူ၏။
၄း၁၂၇။ အမျိုးသမီးများနှင့် စပ်လျဉ်း၍ စူးစမ်းကြသော် ပြောကြားလော့၊ “ပရမတ်ဘုရားရှင်ထံ သင်တို့ စူးစမ်းသည့် သူမတို့နှင့် စပ်လျဉ်းသော အကြောင်းသည် သင်တို့အား ရွတ်ဖတ်ပြသော ကျမ်းတော်၌ ပါရှိ၏၊ မိဘမဲ့ အမျိုးသမီးများ အကြောင်းလည်း ပါရှိ၏၊ သူမတို့အား သင်တို့ သိမ်းဆည်းလိုခြင်းကို ဦးစားပေးသော်လည်း သူမတို့အပေါ် ပြဌာန်းချက်အတိုင်း သင်တို့ မပေးအပ်ပေ၊ ရင်သွေးများမှ ချည့်နဲ့သူများ၏ အကြောင်းလည်း ပါရှိ၏၊ မိဘမဲ့များနှင့် စပ်လျဉ်း၍ သမာသမတ်ဖြင့် ရပ်တည်ကြလော့၊ ကောင်းနိုးရာရာ ပြုလုပ်မှု ဟူသမျှကို ပရမတ်ဘုရားရှင်သည် သိနေသောအရှင် ဖြစ်၏။
၄း၁၂၈။ အကယ်၍ အမျိုးသမီးသည် လင်ယောက်ျားဘက်မှ ရောင့်တက်ခြင်း၊ စွန့်ပစ်ခံရခြင်းကို စိုးရိမ်ခဲ့သော် သူတို့နှစ်ဦးကြား ပြုပြင် ပြောင်းလဲရေးကို ဆောင်ရွက်မှုအား အပြစ်မတင်ထိုက်ချေ၊ အကောင်းဆုံး ပြုပြင်မှုဖြင့် ပြုပြင်ရာ၏၊ စိတ်စရိုက်များသည် အလိုရမက်ကြီးမှု၌ ဘောင်ကန့်ထိုက်၏၊ သို့သော် သုမင်္ဂလာပြု စည်းစောင့်ကြလျှင် ပရမတ်ဘုရားရှင်သည် ကျင့်ကြံသမျှကို သတင်း ရတော်မူပေ၏။
၄း၁၂၉။ မည်မျှပင် ဆန္ဒရှိသော်လည်း အမျိုးသမီးများကြား၌ တန်းတူထားရန် တတ်နိုင်မည် မဟုတ်ချေ၊ တစ်ဘက်သို့ အမျှင်အတန်းကဲ့သို့ ချန်ထား၍ တစ်ဘက်စီအား ချွတ်ချော် တိမ်းပါးခြင်း မဖြစ်စေနှင့်၊ ပြုပြင်ပြောင်းလဲ၍ စည်းစောင့်ကြလျှင် ပရမတ်ဘုရားရှင်သည် လွတ်ငြိမ်းစေသောအရှင်၊ အကြင်နာရှင် ဖြစ်တော်မူ၏။
၄း၁၃၀။ သူတို့ ခွဲခွာကြလေလျှင် ပရမတ်ဘုရားရှင်က အရှင်၏ ဖြန့်ကျက်ထားခြင်းမှ ကိုယ်စီ ကိုယ်ငှ ပြည့်စုံစေလတ္တံ့၊ ပရမတ်ဘုရားရှင်သည် ဓမ္မသတ်တော် ဖြန့်ကျက်ထားသောအရှင် ဖြစ်၏။
၄း၁၃၁။ မိုးများအတွင်း၊ မြေအတွင်း ရှိမျှသည် ပရမတ်ဘုရားရှင်၏ အချုပ်အခြာ၌ ရှိ၏၊ အရှင်သည် သင်တို့၏ ရှေ့အလျင် ကျမ်းပေးခံရသော သူတို့ကိုဖြစ်စေ၊ သင်တို့ကိုဖြစ်စေ၊ ပရမတ်ဘုရားရှင်အား စည်းစောင့်ရန် မှာကြားတော်မူ၏၊ သင်တို့ ဖုံးကွယ်ကြသော် ဧကန်ပင် မိုးများအတွင်း၊ မြေအတွင်း ရှိမျှသည် ပရမတ်ဘုရားရှင်၏ အချုပ်အခြာ၌ ရှိ၏၊ ပရမတ်ဘုရားရှင်သည် ကုံလုံ ပြည့်စုံတော်မူ၏၊ ရည်သန် စူးစိုက်ရာ ဖြစ်တော်မူ၏။
၄း၁၃၂။ မိုးများအတွင်း မြေအတွင်း ရှိမျှသည် ပရမတ်ဘုရားရှင်၏ အချုပ်အခြာ၌ ရှိ၏၊ ပရမတ်ဘုရားရှင်သည် ကိုးစားထိုက်သည့် အရှင်အဖြစ် လုံလောက်တော်မူ၏။
၄း၁၃၃။ အရှင်၏ စံချိန်ပြည့်လျှင်- အို- လူသားတို့၊ သင်တို့အား ရုပ်သိမ်းပြီး နောက်မျိုးဆက်ကို ယူဆောင်ခဲ့နိုင်၏၊ ဧကန်ပင် ဤအချင်းအရာအား ပရမတ်ဘုရားရှင်သည် စည်းချိန်ချမှတ်နိုင်၏။
၄း၁၃၄။ မည်သူမဆို လောကီအကျိုးကို လိုလားကြသော်- ပရမတ်ဘုရားရှင်၏ ထံတော်၌ လောကီ လောကုတ္တရာ အကျိုးသည် ရှိနေ၏၊ ပရမတ်ဘုရားရှင်သည် ကြားနေသောအရှင်၊ မြင်နေသောအရှင် ဖြစ်၏။
၄း၁၃၅။ အို- ယုံကြည်သောသူတို့၊ သမာသမတ်ဖြင့် ရပ်တည်သူများ ဖြစ်ကြလော့၊ သင်တို့စရိုက်၊ မွေးမိဘ၊ ဆွေမျိုး နီးစပ်များနှင့် ဆန့်ကျင်သည် ဖြစ်စေ၊ ပရမတ်ဘုရားရှင်အား ရည်စူးလျက် သက်သေ ထွက်ဆိုကြကုန်၊ ဆင်းရဲသူ ပြည့်စုံသူမခွဲ၊ ပရမတ်ဘုရားရှင်သည် နှစ်ဦးလုံးထံ လှည့်နေတော်မူ၏၊ တန်းတူမဖြစ်ရန် လိုဘကို မလိုက်နာကြနှင့်၊ အကယ်၍ သင်တို့သည် လှည့်ပတ်သော်၊ သို့မဟုတ် ဘောင်ထားသော်- ပရမတ်ဘုရားရှင်သည် ကျင့်ကြံသမျှကို သတင်းရနေတော်မူ၏။
၄း၁၃၆။ အို- ယုံကြည်သောသူတို့၊ ပရမတ်ဘုရားရှင်၊ အရှင်၏ ဉာဏ်စဉ်ဆောင်၊ အရှင့်ဉာဏ်စဉ်ဆောင်၌ ချမှတ်ပေးရာ ကျမ်းတော်၊ သင်တို့၏ ရှေ့အလျင်က ချမှတ်ပေးရာ ကျမ်းတော်တို့အား ယုံကြည်ကြလော့၊ ပရမတ်ဘုရားရှင်အား၊ အရှင်၏ နိမိတ်ဆောင်များအား၊ ကျမ်းဂန်များအား၊ ဉာဏ်စဉ်ဆောင်များအား၊ ရပ်တည်ရမည့်နေ့အား ဖုံးကွယ်ကြလျှင် ဧကန်ပင် နောက်ကျန် လွဲချော် လမ်းလွဲရချေပြီ။
၄း၁၃၇။ အကြင်သူသည် ယုံကြည်၏၊ ထို့နောက် ဖုံးကွယ်၏၊ ထို့နောက် ယုံကြည်ပြန်၏၊ ထို့နောက် ဖုံးကွယ်ပြန်၏၊ တဖန် ဖုံးကွယ်မှု၌ ထပ်တိုးသွားပြန်၏၊ သူတို့အား ပရမတ်ဘုရားရှင်ထံမှ လွတ်ငြိမ်းစေမည်မဟုတ်၊ လမ်းညွှန်ရာရကြောင်း နည်းလမ်းရှိစေမည် မဟုတ်ချေ။
၄း၁၃၈။ စူးနစ်သော ဝဋ်ကြွေးသည် သူတို့အတွက် ဖြစ်ကြောင်း သီလကြောင်တို့အား သတင်းကောင်းပါးလော့။
၄း၁၃၉။ ယုံကြည်သူချင်း မှလွဲ၍ ဖုံးကွယ်သူတို့အား မဟာမိတ်အဖြစ် မှတ်ယူသော သူတို့- သူတို့ထံ၌ ဘုန်းကံကို ရှာဖွေကြသလော၊ အမှန်မှာ ဘုန်းကံ အားလုံးသည် ပရမတ်ဘုရားရှင်၌သာ ရှိ၏။
၄း၁၄၀။ မုချဧကန် သင်တို့ထံသို့ ကျမ်းတော်မှ ချမှတ်ထားတော်မူသည်မှာ ပရမတ်ဘုရားရှင်၏ သုတ်ဒေသနာများကို ဖုံးကွယ် ပြောင်လှောင်သည်ကို ကြားသောအခါ ထို ပြက်လုံးထုတ် ဆင့်ပြန်ချက်များကို မပြောင်းသ၍ သူတို့နှင့် ထိုင်ဝိုင်း မဖွဲ့ကြနှင့်၊ သို့မဟုတ်က သင်တို့လည်း သူတို့ကဲ့သို့ပင် ဖြစ်သွားချေမည်၊ ဧကန်ပင် ပရမတ်ဘုရားရှင်သည် သီလကြောင်များ၊ ဖုံးကွယ်သူများ အားလုံးကို ငရဲဘုံ၌ အတူစုစေမည်။
၄း၁၄၁။ သင်တို့အား စောင့်ကြည့်နေသော သူတို့က ပရမတ်ဘုရားရှင် ထံတော်မှ ထွက်ပေါက်သည် သင်တို့တွက် ဖြစ်ခဲ့သော် “ကျွန်ုပ်တို့သည် သင်တို့နှင့် အတူ မဖြစ်ခဲ့ဘူးလော၊” ဟု ပြောဆိုကြပြီး၊ ဖုံးကွယ်သူများအတွက် ပင်ပန်းရကျိုး တစ်စုံတစ်ရာ ရှိခဲ့လျှင် “သင်တို့ အောင်နိုင်မှုအတွက် ကျွန်ုပ်တို့က ပံ့ပိုးခဲ့သည် မဟုတ်လော၊ ယုံကြည်သူများထံမှ ဟန့်တားပေးခဲ့သည် မဟုတ်လော၊” ဟု သွားပြောကြ၏၊ သင်တို့ကြားမှ ဖြစ်ပျက်မှုကို ရပ်တည်ရသောနေ့၌ ပရမတ်ဘုရားရှင်က စီရင်ချက် ချတော်မူမည်၊ ပရမတ်ဘုရားရှင်သည် ဖုံးကွယ်သူများအား ယုံကြည်သူများအပေါ် လွှမ်းမိုးနိုင်သည့် နည်းလမ်း စီစဉ်တော်မူမည် မဟုတ်ချေ။
၄း၁၄၂။ သီလကြောင်များသည် ပရမတ်ဘုရားရှင်အား လှည့်စားကြကုန်၏၊ အရှင်က သူတို့ကိုသာ လှည့်စားမှု သင့်စေပြီ၊ သူတို့သည် ဝတ်ပြုခြင်း၌ ရပ်တည်သော် စိတ်မပါဘဲ လူမြင်ကောင်းစေရန် ရပ်တည်ကြကုန်၏၊ ပရမတ်ဘုရားရှင်အား သတိရ ရှုမှတ်ခြင်း အနည်းငယ်မျှပင် မရှိချေ။
၄း၁၄၃။ ဟိုဘက် သည်ဘက် စပ်ကြား၌ ယိမ်းထိုးနေစေ၏၊ ပရမတ်ဘုရားရှင်က အပါယ်၌ ပစ်ထားသူအား သူ့အတွက် နည်းလမ်းဟူ၍ တွေ့ရမည် မဟုတ်ချေ။
၄း၁၄၄။ အို- ယုံကြည်သောသူတို့၊ ယုံကြည်သူချင်း ပြိုင်ဆိုင်၍ ဖုံးကွယ်သူတို့အား မဟာမိတ်အဖြစ် မယူမှတ်ကြနှင့်၊ ပရမတ်ဘုရားရှင်၏ စီစဉ်ပေးသည်ထက် ရှင်းလင်းသော အခွင့်အာဏာကို သင်တို့ လိုလားကြသလော။
၄း၁၄၅။ ဧကန်ပင် သီလကြောင်တို့သည် ငရဲမီး၏ အနိမ့်ဆုံး၌ ခြုံလွှမ်းခံရလတ္တံ့၊ သူတို့အတွက် ကူညီနိုင်သူ တွေ့ရမည် မဟုတ်ချေ။
၄း၁၄၆။ ခဝါချ၊ ပြုပြင်သောသူများ၊ ပရမတ်ဘုရားရှင်အား အယူသန့်လျက် သူတို့၏ သာသနာ၌ မားမားရပ်သူ များသည်သာ- ယုံကြည်သူများနှင့် အတူ ဖြစ်၏၊ ပရမတ်ဘုရားရှင်သည် ယုံကြည်သူတို့အား မဟာ ဆုလာဘ်ကြီးကို ချီးမြှင့်တော်မူလတ္တံ့။
၄း၁၄၇။ သင်တို့သည် ယုံကြည်လျက် ကျေးဇူးသိတတ်လျှင် အဘယ်ကြောင့် ပရမတ်ဘုရားရှင်က ဝဋ်ကြွေးကို စီမံအံ့နည်း၊ ပရမတ်ဘုရားရှင်သည် ကျေးဇူးတော်အရှင်၊ သိနေသောအရှင် ဖြစ်၏။
၄း၁၄၈။ မိုက်ကြေးခွဲ ခံရသူမှအပ အကုသိုလ် စကားလုံး ဖြင့် အော်ကြီးဟစ်ကျယ် လုပ်ခြင်းကို ပရမတ်ဘုရားရှင်က မနှစ်သက်ချေ၊ ပရမတ်ဘုရားရှင်သည် ကြားနေသောအရှင်၊ သိနေသောအရှင် ဖြစ်၏။
၄း၁၄၉။ ကောင်းမှုကို ဖေါ်ကျူး၍ အကုသိုလ်ကို မြိုသိပ် ကျေအေးကြလျှင် ပရမတ်ဘုရားရှင်သည် ကျေအေးသောအရှင်၊ စည်းချိန် ချမှတ်သောအရှင် ဖြစ်၏။
၄း၁၅၀။ ပရမတ်ဘုရားရှင်နှင့် အရှင်၏ ဉာဏ်စဉ်ဆောင်များအား ဖုံးကွယ်သော သူတို့သည် ပရမတ်ဘုရားရှင်နှင့် အရှင်၏ ဉာဏ်စဉ်ဆောင်များအကြား ခွဲခြားလိုကြပြီး “ကျွန်ုပ်တို့သည် အချို့ကို လက်ခံယုံကြည်၍ အချို့ကို ငြင်းပယ်ပါ၏၊” ဟု ပြောဆိုကာ ထိုစပ်ကြား၌ နည်းလမ်းတစ်ခုကို ရယူလိုကြ၏။
၄း၁၅၁။ သူတို့သည် ဖုံးကွယ်သူများ စင်စစ် ဖြစ်၏၊ ငါသည် ဖုံးကွယ်သူများအတွက် နိမ့်ကျသော ဝဋ်ကြွေးကို ပြင်ဆင်ထားပြီ။
၄း၁၅၂။ ပရမတ်ဘုရားရှင်နှင့် အရှင်၏ ဉာဏ်စဉ်ဆောင်များအား ယုံကြည်၍ ကိုယ်တော်များအကြား တစ်ပါးနှင့်တစ်ပါး ခွဲခြားမှု မရှိသော ထိုသူတို့သည် သူတို့၏ ဆုလာဘ်ကို ချီးမြှင့်ခြင်း ခံရလတ္တံ့၊ ပရမတ်ဘုရားရှင်သည် လွတ်ငြိမ်းစေသောအရှင်၊ အကြင်နာရှင် ဖြစ်တော်မူ၏။
၄း၁၅၃။ ကျမ်းစာဝိုင်းသားများက “သူတို့ထံသို့ ကောင်းကင်ယံမှ ကျမ်းစာတစ်အုပ် ချမှတ်ပေးရန်” အသင့်ထံ၌ တောင်းဆိုလိမ့်မည်၊ အမှန်ပင် မူဆာ၏ထံ၌ ဤထက်ပို၍ ကြီးမားစွာ တောင်းဆိုခဲ့သည်မှာ “ပရမတ်ဘုရားရှင်အား ပေါ်ပေါ်ထင်ထင် ရှုမြင်ခွင့်ပေးပါ၊” ဟု ဆိုခြင်းပင်၊ သို့ဖြင့် သူတို့၏ မိုက်ကြေးခွဲမှုကြောင့် ငါသည် သူတို့အား တော်လည်းသံကြီးဖြင့် ဖမ်းဆီးခဲ့ပြီ၊ တဖန် သူတို့ထံသို့ ရှင်းလင်းချက်များ ရောက်လာစေပြီးမှ ထိုနွားငယ်၌ အယူထားခဲ့သည်ကို ငါအရှင် ကျေအေးပေးခဲ့၏၊ မူဆာအား ရှင်းလင်းသော အခွင့်အာဏာကို ပေးအပ်ခဲ့ပြီ။
၄း၁၅၄။ သူတို့၏ ကတိခံဝန်ချက်ဖြင့် ငါသည် သူတို့အပေါ်၌ တောင်တော်ကို မြှောက်စားခဲ့၍ ငါက “နှိမ့်ချ၍ တံခါးကို ဝင်ကြလော့၊” ဟု သူတို့အား မိန့်မြွက်၍ “သီတင်းနေ့၌ စည်းမဖေါက်ကြနှင့်၊” ဟု မိန့်ကြား၏၊ တဖန် ငါသည် တိကျပြတ်သားသော ကတိခံဝန်ကို ယူခဲ့ပြီ။
၄း၁၅၅။ သို့ဖြင့် သူတို့၏ - ကတိခံဝန်အား ချိုးဖောက်မှု၊ ပရမတ်ဘုရားရှင်၏ သုတ်ဒေသနာများကို ဖုံးကွယ်မှု၊ သတင်းတော်ဆောင်များအား သစ္စာမဲ့စွာ သတ်ဖြတ်မှုနှင့် ကျွန်ုပ်တို့၏ နှလုံးသားသည် ပိတ်ထားပြီးဟု ပြောဆိုမှုကြောင့်- အမှန်မှာ ပရမတ်ဘုရားရှင်က သူတို့အား ဖုံးကွယ်မှုဖြင့် တံဆိပ်ထုထားလေပြီ၊ အနည်းငယ်မှ အပ ယုံကြည်ကြမည် မဟုတ်ချေ။
၄း၁၅၆။ သူတို့၏ ဖုံးကွယ်မှု- မာရိအား အကြီးအကျယ် ပုတ်ခတ်ပြောဆိုမှုများ။-
၄း၁၅၇။ ကျွန်ုပ်တို့သည် ပရမတ်ဘုရားရှင်၏ ဉာဏ်စဉ်ဆောင်ဖြစ်သော မာရိ၏သား၊ ယေရှုခရစ်အား သတ်ဖြတ်ခဲ့သည်ဟု ဆိုခြင်းများကြောင့် ဖြစ်၏၊ သူ့အား သတ်နိုင်ခဲ့သည် မဟုတ်၊ ကားစင် တင်နိုင်ခဲ့သည်လည်း မဟုတ်ဘဲ သို့ရာတွင် သူတို့အဘို့ ဆင်တူသာ ဖြစ်၏၊ ဧကန်ပင် ၎င်း၌ သဘောကွဲပြားသော သူတို့သည် ဒွိဟ၌သာ ရှိ၏၊ ထို၌ စဉ်းစားချက်ကို လိုက်နေသည်မှအပ အသိ မရှိကြပေ၊ သူ့အား တိတိကျကျ သတ်နိုင်ခဲ့သည် မဟုတ်ချေ။
၄း၁၅၈။ ပရမတ်ဘုရားရှင်သည် သူ့အား အပါးတော်၌ မြှောက်စားခဲ့ပြီ၊ ပရမတ်ဘုရားရှင်သည် ဘုန်းတော်ရှင်၊ ဓမ္မသတ်ရှင် ဖြစ်တော်မူ၏။
၄း၁၅၉။ သူမသေမီက ကျမ်းစာဝိုင်းသားများသည် ထိုအကြောင်းကို ယုံကြည်ခဲ့သည်သာ ဖြစ်၏၊ ရပ်တည်ရသောနေ့၌ သူသည် ၎င်းတို့ အပေါ်၌ သက်သေ ဖြစ်ရလိမ့်မည်။
၄း၁၆၀။ စင်ကြယ်၍ ဘောင်ဝင်ခဲ့သည်များမှ ရေဝတီဖြစ်သူတို့အတွက် တားမြစ်မှုများ ရှိသည်မှာ သူတို့၏ မိုက်ကြေးခွဲမှု၊ ပရမတ်ဘုရားရှင်၏ လမ်းစဉ်မှ မြောက်မြားစွာ ဖယ်ရှားမှုများကြောင့် ဖြစ်၏။
၄း၁၆၁။ သူတို့အား ဟန့်တားထားသည့် ထပ်ပြန်တိုးစနစ်ဖြင့် သိမ်းယူမှု၊ လူသားတို့၏ ဥစ္စာပစ္စည်းများကို အမှားပြု စားသုံးမှုများကြောင့်- ငါအရှင်သည် ဖုံးကွယ်သူတို့ အတွက် စူးနစ်သော ဝဋ်ကြွေးကို ပြင်ဆင်ထား၏။
၄း၁၆၂။ သို့သော် သူတို့အနက် အသိပညာ သဘာရင့်သူများနှင့် ယုံကြည်သူများက သင်ထံ၌ ချမှတ်ပေးရာကို လည်းကောင်း၊ သင့် ရှေ့အလျင်က ချမှတ်ပေးရာကို လည်းကောင်း၊ သက်ဝင် ယုံကြည်ကြကုန်၏၊ ဝတ်ပြုမြဲသူများ ဖြစ်ကြ၏၊ အခွန် ငွေဖြူ ပေးသူတို့ ဖြစ်ကြ၏၊ ပရမတ်ဘုရားရှင်နှင့် ရပ်တည် မြဲမြံသောနေ့ကို ယုံကြည်သူတို့ ဖြစ်ကြ၏၊ သူတို့အား မဟာ ဆုလာဘ်ကြီးကို ချီးမြှင့်လတ္တံ့။
၄း၁၆၃။ ငါအရှင်က သင့်အား အာရုံဈာန်ပေးသည်မှာ နူးဟ်နှင့် သူ၏နောက် သတင်းတော်ဆောင်များအား အာရုံဈာန်ပေးသကဲ့သို့၊ အီဗရာဟီးမ်၊ အီစ္စမာအီးလ်၊ အီစ္စဟာ့က်၊ ယာကုဗ်နှင့် မျိုးနွယ်စုများ၊ ယေရှု၊ အိုင်ယုဘ်၊ ယူနွတ်စ်၊ ဟာရွန်၊ ဆိုလိုင်မံတို့အား အာရုံဈာန် ပေးခြင်းမျိုး ဖြစ်၏၊ ငါအရှင်သည် ဒါဝိဒ်အား ကျမ်းငယ်ကို ပေးတော်မူ၏။
၄း၁၆၄။ သင့် ရှေ့အလျင်က ဉာဏ်စဉ်ဆောင်များမှ သင့်အား ဖေါ်ပြသော ဉာဏ်စဉ်ဆောင်များ ရှိ၍ သင့်အား ဖေါ်မပြသည်လည်း ရှိ၏၊ ပရမတ်ဘုရားရှင်က မူဆာအား ဆွေးနွေး စကား ပြောဆိုရန် မိန့်၏။
၄း၁၆၅။ ပရမတ်ဘုရားရှင်အား မစောကြောနိုင်ရန် ဉာဏ်စဉ်ဆောင်များ၏နောက် ဉာဏ်စဉ်ဆောင်များကို လူသားတို့အတွက် သတင်းကောင်းပါးသူ၊ သတိပေးသူများ ဖြစ်စေ၏၊ ပရမတ်ဘုရားရှင်သည် ဘုန်းတော်ရှင်၊ ဓမ္မသတ်ရှင် ဖြစ်၏။
၄း၁၆၆။ သို့ရာတွင် ပရမတ်ဘုရားရှင်သည် သင့်ထံအား ချမှတ်ပေးရာ၌ သက်သေ တည်တော်မူ၏၊ ၎င်းကို အရှင်၏ အသိဖြင့် ချမှတ်ပေး၏၊ နိမိတ်ဆောင်များသည်လည်း သက်သေများ ဖြစ်ကြ၏၊ သက်သေအဖြစ် ပရမတ်ဘုရားရှင်သည် လုံလောက်တော်မူ၏။
၄း၁၆၇။ ဧကန်ပင် ပရမတ်ဘုရားရှင်၏ လမ်းစဉ်တော်မှ ရှောင်ဖယ် ဖုံးကွယ်သော သူတို့သည် မုချပင် နောက်ကျန် လွဲချော် လမ်းလွဲကြကုန်၏။
၄း၁၆၈။ ဧကန်ပင် ဖုံးကွယ်သောသူ၊ မိုက်ကြေးခွဲသူတို့အား ပရမတ်ဘုရားရှင်သည် လွတ်ငြိမ်းစေမည် မဟုတ်ချေ၊ သူတို့အတွက် သာယာသော လမ်းညွှန်လည်း မရှိပေ။
၄း၁၆၉။ ငရဲဘုံ၌ ကာလပိုင်းခြားမဲ့ အစဉ် ခံစားရန် ပြေပြစ်သော လမ်းသာ ရှိချေ၏၊ သို့ပြုရန် ပရမတ်ဘုရားရှင် အတွက် လွယ်ကူလှ၏။
၄း၁၇၀။ အို-လူသားတို့၊ ဉာဏ်စဉ်ဆောင်သည် သင်တို့ထံသို့ ကံကြမ္မာရှင်၏ထံမှ ပရမတ္ထသစ္စာကို ရောက်လာစေပြီ၊ သို့ဖြစ်၍ ယုံကြည်ကြလော့၊ ယင်းသည် သင်တို့အဘို့ ပို၍ ကောင်း၏၊ ငြင်းပယ် ဖုံးကွယ်ကြလျှင်- မိုးများနှင့် မြေအတွင်း ရှိသမျှသည် ပရမတ်ဘုရားရှင်၏ အချုပ်အခြာ၌ ရှိ၏၊ ပရမတ်ဘုရားရှင်သည် သိနေသောအရှင်၊ ဓမ္မသတ်ရှင် ဖြစ်၏။
၄း၁၇၁။ အို- ကျမ်းစာဝိုင်းသားတို့၊ သင်တို့၏ သာသနာ၌ မချဲ့ထွင်ကြနှင့်၊ ပရမတ်ဘုရားရှင်နှင့် စပ်လျဉ်း၍ အမှန်မှအပ မပြောကြနှင့်၊ မာရိ၏သား ယေရှုခရစ်သည် ပရမတ်ဘုရားရှင်၏ ဉာဏ်စဉ်ဆောင်တစ်ပါးသာ ဖြစ်၏၊ မာရိထံ မျက်မှောက် ပြုစေသော အရှင့် စကားတော် ဖြစ်၏၊ အရှင့်ထံမှ ဉာဏ်ဘွဲ့ ဖြစ်၏၊ သို့ဖြစ်၍ ပရမတ်ဘုရားရှင်နှင့် အရှင်၏ဉာဏ်စဉ်ဆောင်အား ယုံကြည်ကြလော့၊ သုံးပါးတစ်ဆူ မပြောကြဘဲ ရပ်စဲကြလျှင် သင်တို့အတွက် ကောင်းလှ၏၊ ပရမတ်ဘုရားရှင်သည် ဧကောဒိ ဘုရားရှင် ဖြစ်၏၊ ဦးထိပ်ထားရာ ဖြစ်၏၊ ကိုယ်ပွား မရှိချေ၊ မိုးများအတွင်း၊ မြေအတွင်း ရှိသမျှတို့သည် အရှင်၏ အချုပ်အခြာ၌ ရှိ၏၊ ပရမတ်ဘုရားရှင်သည် ကိုးစားထိုက်သည့်အရှင် အဖြစ် လုံလောက်တော်မူ၏။
၄း၁၇၂။ ခရစ်တော်သည် ဖြစ်စေ၊ ချဉ်းကပ်ခွင့်ရသော နိမိတ်ဆောင်များသည် ဖြစ်စေ၊ ပရမတ်ဘုရားရှင်၏ အမှုတော်ဆောင် ဖြစ်ရခြင်းကို အားမငယ်ကြချေ၊ အရှင်၏ အမှုတော်ဆောင်ဖြစ်ခြင်းကို သေးသိမ်သည်ဟု မာန ထောင်လွှားသူတို့အား အရှင့်ထံ၌ အားလုံးကို စုစည်းခံရစေလတ္တံ့။
၄း၁၇၃။ ယုံကြည်၍ ပြုပြင် ပြောင်းလဲမှု ကျင့်ကြံသော သူများမှာမူ- သူတို့ အတွက် ဆုလာဘ်ကို ပြီးပြည့်စုံစေမည်၊ အရှင်၏ သိက္ခာပေးခြင်းကို တိုးပွားလတ္တံ့၊ သေးသိမ်သည်ဟု မောက်မာသော သူတို့မှာမူ စူးနစ်သော ဝဋ်ကြွေးဖြင့် ဝဋ်သင့်ရစေလတ္တံ့၊ ပရမတ်ဘုရားရှင်မှလွဲ၍ ကူညီမည့်သူ မဟာမိတ်ကို တွေ့ရမည် မဟုတ်ချေ။
၄း၁၇၄။ အို- လူသားတို့၊ သင်တို့ထံသို့ ကံကြမ္မာရှင်၏ထံမှ ခိုင်မာသော သက်သေပြချက်နှင့် ရှင်းလင်း ထင်ရှားသော အလင်းတော်ကို ချမှတ်ပေးတော်မူပြီ။
၄း၁၇၅။ သို့ဖြစ်၍ ပရမတ်ဘုရားရှင်အား ယုံကြည်လျက် ထို၌ မားမားရပ်တည်သူမှာမူ အရှင်၏ ကရုဏာတော်၌ ခိုဝင်ရလတ္တံ့၊ သိက္ခာပေးလျက် အရှင်၏ဆီသို့ ဖြောင့်မတ်သော လမ်းစဉ်ကို ပြညွှန်တော်မူလတ္တံ့။
၄း၁၇၆။ သင့်ထံ၌ စူးစမ်းကြသော် ပြောလော့၊ “ပရမတ်ဘုရားရှင်ထံ သင်တို့ စူးစမ်းသည့် အိမ်ထောင်မဲ့များ အကြောင်းမှာ- ရင်သွေးမရှိသော ကွယ်လွန်သူ တစ်ဦးတွင် နှမ ရှိအံ့- သူမ၏အတွက် သူချန်ခဲ့ရာ၏ ထက်ဝက်သည် ဖြစ်၏၊ သူမတွင် ရင်သွေး မရှိခဲ့သော် သူသည် သူမထံမှ အလားတူ အမွေဆိုင်၏၊ နှမ နှစ်ယောက် ဖြစ်လျှင် သူမတို့အတွက် သူချန်ခဲ့ရာ၏ သုံးပုံနှစ်ပုံသည် ဖြစ်၏၊ ညီအကို မောင်နှမများ ရှိကြလျှင် အမျိုးသားများ၏ တာဝန်ယူရမှုသည် အမျိုးသမီး နှစ်ဦးကဲ့သို့ ဖြစ်၏၊ သင်တို့ မလွဲမှားစေအံ့ငှာ ပရမတ်ဘုရားရှင်က ရှင်းလင်းထားတော်မူ၏၊ ပရမတ်ဘုရားရှင်သည် သဗ္ဗလုံးစုံ သိနေသောအရှင် ဖြစ်၏၊
ဓမ္မခန္ဓာ (၄) ဤတွင် ပြီး၏။
ဓမ္မခန္ဓာ (၅) စတုဒိသာ
ဉာဏ်စဉ်ကိန်းဝပ်ပေးမှု အမှတ်စဉ် (၁၁၂)၊ သုတ်ဒေသနာ (၁၂၀)ပါး၊
ကရုဏာရှင် အကြင်နာရှင် ဖြစ်တော်မူသော ပရမတ်ဘုရားရှင်၏ ဂုဏ်တော်အားဖြင့်-
၅း၁။ အို- ယုံကြည်သောသူတို့၊ သင်တို့၏ ကတိထုံးဖွဲ့မှုကို ပြီးပြည့်ကြစေလော့၊ သင်တို့အား ရွတ်ဖတ်ပြသော ကပ္ပိယအသားများ မှအပ သင်တို့အဘို့ တရားဝင် ဖြစ်၏၊ သင်တို့ ဝတ်ကြောင်စွန့်ထားစဉ် အမဲလိုက်ခြင်းသည် တရားမဝင်ပေ၊ ဧကန်ပင် ပရမတ်ဘုရားရှင်သည် အလိုတော်ရှိသည်ကို စီရင်ထုံးပြုတော်မူ၏။
၅း၂။ အို- ယုံကြည်သောသူတို့၊ ပရမတ်ဘုရားရှင် သတ်မှတ်သည့် နေရာများ၊ ဘေးမဲ့လများ၊ အလှုဝတ္ထုများ၊ ပန်းကုံးစွပ် ရွေးချယ်ရာများ၊ ကံကြမ္မာရှင်၏ သိက္ခာပေးမှု၊ နှစ်မြို့မှုကို ရှာဖွေရန် ဘေးမဲ့ ဝတ်ကျောင်းတော်သို့ ဦးတည်လာသူတို့ အပေါ် ဥပဒေမဲ့ မပြုမူရ၊ သင်တို့အား တရားဝင် ပြဌာန်းပေးသောအခါ အမဲလိုက်နိုင်၏၊ သင်တို့အား ဘေးမဲ့ ဝတ်ကျောင်းတော်မှ ဖယ်ခိုင်းခဲ့သည့် လူမျိုးအား စည်းဖေါက်လျက် ရာဇဝတ်မှု မပြုရ၊ ကောင်းမှုနှင့် စည်းစောင့်မှု၌သာ ပံ့ပိုးကြလော့၊ အကုသိုလ်မှု စည်းဖေါက်မှုများကို မပံ့ပိုးကြနှင့်၊ ပရမတ်ဘုရားရှင်၌ စည်းစောင့်ကြလော့၊ ဧကန်ပင် ပရမတ်ဘုရားရှင်သည် ပြတ်သားစွာ ချုပ်ကိုင်နိုင်တော်မူ၏။
၅း၃။ သင်တို့အား တားမြစ်သည်များမှာ- အသေကောင်၊ သွေး၊ ဝက်သား၊ ပရမတ်ဘုရားရှင်မှအပ အခြားအရာအား တိုင်တည် လှီးသတ်ရာများ၊ လည်ညှစ်သတ်ရာ၊ ရိုက်သတ်ရာ၊ ကျသေရာ၊ တိုက်သေရာ၊ သင်တို့ လှီးဖြတ်ရန် မမီသော သားရဲကိုက်စားရာ၊ အကိုးထိုးရန် လှီးသတ်ရာနှင့် တိုင်တည် ကံစမ်း မြှားပစ်ခြင်းများ၊ ဖြစ်၏၊ ၎င်းတို့သည် ကောက်ကျစ် ယုတ်မာမှုများ ဖြစ်၏၊ ဤနေ့တွင် ဖုံးကွယ်သော သူတို့သည် သင်တို့၏ သာသနာအား လက်လျော့ရပြီ၊ သူတို့အား မကြောက်ကြကုန်နှင့်၊ ငါ့ကိုသာ ကြောက်ရွံ့ကြလော့၊ ဤနေ့၌ ငါသည် သင်တို့အတွက် သာသနာကို ငါ၏ ဂုဏ်ပေးနှစ်သက်မှုဖြင့် သင်တို့အပေါ် ပြည့်စုံစေပြီ၊ သင်တို့အတွက် သန္တိသုခ လမ်းစဉ်ကို သာသနာအဖြစ် သတ်မှတ်တော်မူပြီ၊ အမှား အပြစ် ကင်းလျက် တွန်းပို့ခံရသူအတွက် ဧကန်ပင် ပရမတ်ဘုရားရှင်သည် လွတ်ငြိမ်းစေသောအရှင်၊ အကြင်နာရှင် ဖြစ်၏။
၅း၄။ ဘယ်အရာက တရားဝင်သနည်းဟု မေးကြသူတို့အား “စင်ကြယ်သည်များမှာ သင်တို့အတွက် တရားဝင်၏၊” ဟု ပြောကြားလော့၊ ပရမတ်ဘုရားရှင်က သင်တို့အား သင်ပေးသည့်အတိုင်း သင်ပေးထားသော သင်တို့၏ သင်ပေးခံ အမဲလိုက် ခွေးများက ဖမ်းဆီးထားသော အသားများကို- စားသုံးရာတွင် ပရမတ်ဘုရားရှင်၏ ဂုဏ်တော်အား သတိရကြကုန်၊ ပရမတ်ဘုရားရှင်အား စည်းစောင့်ကြကုန်၊ ဧကန်ပင် ပရမတ်ဘုရားရှင်သည် အချိန်နှင့်တပြေးညီ စာရင်းစစ်နေတော်မူ၏။
၅း၅။ ဤနေ့၌ စင်ကြယ်ရာများသည် သင်တို့အတွက် တရားဝင်၏၊ ကျမ်းပေးခံရသော သူတို့၏ အစာများသည် သင်တို့အတွက် တရားဝင်၍ သင်တို့၏ အစာများသည်လည်း သူတို့အတွက် တရားဝင်၏၊ ယုံကြည်သူမများမှ ထိန်းသိမ်း စောင့်ရှောက်ခွင့် ရှိသူများ၊ ရှေ့အလျင် ကျမ်းပေးခံရသော သူမများမှ ထိန်းသိမ်း စောင့်ရှောက်ခွင့် ရှိသူများအား သူမတို့အား မင်္ဂလာဆုလာဘ် ပေးကြလော့၊ လျှို့ဝှက် သိမ်းပိုက်၍ ကာမမြူးရန် မဟုတ်ဘဲ ထိန်းသိမ်း စောင့်ရှောက်ကြလော့၊ သက်ဝင် ယုံကြည်မှုကို ဖုံးကွယ်သူ၏ ကျင့်ကြံမှုသည် အချည်းနှီးဖြစ်၏၊ သူသည် နောင်ဘဝ၌ ဆုံးရှုံးရသူ ဖြစ်၏။
၅း၆။ အို- ယုံကြည်သောသူတို့၊ ဝတ်ပြုရန် ရပ်တည်ခြင်းဆီသို့ သွားသော်- မျက်နှာများနှင့် လက်များကို တံတောင်ဆစ်အထိ၊ ဦးခေါင်းကို ပွတ်သပ်လျက်၊ ခြေများကို ခြေမျက်စေ့အထိ၊ ဆေးကြလော့၊ သန့်ရှင်းပစ်ရမည်ဖြစ်လျှင် သန့်စင်ပစ်ကြလော့၊ အကယ်၍ သင်တို့သည် ဖျားနာနေလျှင်၊ သို့မဟုတ် လမ်းခရီး၌ ဖြစ်လျှင်၊ သို့မဟုတ် သင်တို့မှ တစ်စုံတစ်ယောက်သည် ကျင်စွန့်ရာမှ ရောက်လာလျှင်၊ သို့မဟုတ် အမျိုးသမီးများနှင့် ထိတွေ့နှီးနှောခဲ့၍ ရေ မတွေ့ခဲ့လျှင်၊ စင်ကြယ်သော အပေါ်မြေဖြင့် ရည်ရွယ်လျက် မျက်နှာပြင်များ လက်များကို ပွတ်သပ်ကြလော့၊ ပရမတ်ဘုရားရှင်သည် သင်တို့အား ခက်ခဲခြင်းကို မစီစဉ်လိုပေ၊ သို့သော် သင်တို့အား သန့်စင်စေလို၍ ကျေးဇူးသိတတ်အံ့ငှာ အရှင်၏ ဂုဏ်ပေးမှုကို ပြည့်စုံစေတော်မူ၏။
၅း၇။ သင်တို့သည် ပရမတ်ဘုရားရှင်၏ ဂုဏ်ပေးခြင်းနှင့် သင်တို့က “တပည့်တော်တို့ နာယူပါ၏၊ နာခံပါ၏၊” ဟု ပြောဆို၍ ကတိခံဝန်ချက် ရှိသော ပဋိညာဉ်တို့ကို သတိရကြလော့၊ ပရမတ်ဘုရားရှင်အား စည်းစောင့်ကြလော့၊ ဧကန် ပရမတ်ဘုရားရှင်သည် သင်တို့၏ ရင်ဘတ် ခံစားချက်အားဖြင့် သိနေသောအရှင် ဖြစ်၏။
၅း၈။ အို- ယုံကြည်သောသူတို့၊ ပရမတ်ဘုရားရှင်၏ သမာသမတ်ဖြင့် ရပ်တည်သော သက်သေများ ဖြစ်ကြလော့၊ ရန်ငြိုးစိတ်ဖြင့် လူမျိုးတစ်မျိုးအား ရာဇဝတ်မှု မပြုကြနှင့်၊ တန်းတူမှု တန်းတူညီမျှမှုသည် စည်းစောင့်ခြင်းနှင့် နီးကပ်၏၊ ပရမတ်ဘုရားရှင်အား စည်းစောင့်ကြလော့၊ ဧကန်ပင် ပရမတ်ဘုရားရှင်သည် ကျင့်ကြံသမျှကို သတင်းရနေတော်မူ၏။
၅း၉။ ပရမတ်ဘုရားရှင်၏ ကတိတော်မှာ ယုံကြည်၍ ပြုပြင်မှု ကျင့်ကြံသောသူတို့အတွက် လွတ်ငြိမ်းခွင့်နှင့် မဟာ ဆုလာဘ်ကြီး ရှိနေ၏။
၅း၁၀။ ဖုံးကွယ်သောသူ၊ ငါ၏ သုတ်ဒေသနာများအား ငြင်းဆန်သူ၊ ထိုသူတို့သည် ငရဲမီး၏ ပေါင်းဖေါ်များ ဖြစ်ကြ၏။
၅း၁၁။ အို- ယုံကြည်သောသူတို့၊ သင်တို့အပေါ်၌ ပရမတ်ဘုရားရှင်၏ ဂုဏ်ပေးမှုကို သတိရကြလော့၊ အရှင်သည် လူမျိုးတစ်မျိုးက သင်တို့အား လက်ပါးစေ ဖြစ်ရန် သင်တို့အပေါ် ကြံရွယ် ဆန့်ထုတ်သော သူတို့၏လက်များကို ထိန်းချုပ် ဟန့်တားခဲ့ပြီ၊ ပရမတ်ဘုရားရှင်အား စည်းစောင့်ကြလော့၊ ယုံကြည်သူတို့သည် ပရမတ်ဘုရားရှင်အား ကိုးစားကြလော့။
၅း၁၂။ မုချဧကန် ပရမတ်ဘုရားရှင်သည် ဂျူးလူမျိုးတို့ထံမှ ကတိခံဝန်ကို ယူ၍ သူတို့အထဲမှ ထိုးဖေါက်သူ ဆယ့်နှစ်ဦးကို ပေါ်ထွန်းစေပြီး၊ ပရမတ်ဘုရားရှင်က “ငါသည် သင်တို့ဘက်မှ ဖြစ်၏၊ သင်တို့သည် ဝတ်ပြုခြင်း၌ မြဲကြလျှင်၊ အခွန် ငွေဖြူပေးကြလျှင်၊ ငါ၏ ဉာဏ်စဉ်ဆောင်များကို ယုံကြည်လျက် လေးစား ဂုဏ်ပေးကြလျှင်၊ ပရမတ်ဘုရားရှင်အား တင့်တင့်တယ်တယ် ဆက်ကပ်ခြင်းဖြင့် ဆက်ကပ်ကြလျှင်၊ သင်တို့၌ သင့်နေသော အကုသိုလ်များကို ဖုံးကွယ်၍ အောက်ခင်း၌ စမ်းချောင်းရေသွင် စီးနေသော ဥယျာဉ်ဘုံများသို့ ဝင်ရလတ္တံ့၊ ထို့နောက်တွင်မှ သင်တို့အနက် ဖုံးကွယ်သူသည် ပုံစံချပြီး လမ်းစဉ်မှ လွဲရလတ္တံ့၊” ဟု မိန့်ဆို၏။
၅း၁၃။ ပဋိညာဉ်ကို ချိုးဖောက်ခြင်းကြောင့် သူတို့အား မေတ္တာဝေးစေပြီ၊ သူတို့၏ နှလုံးသားများ ခက်ထန်မှုကို ငါ စီစဉ်ပြီ၊ သူတို့သည် ဓမ္မတော်များကို မူရင်းမှ လှည့်ပြောင်းကြ၏၊ သူတို့အား သတိရစေသောအရာမှ တာဝန်ယူရမည်ကို မေ့ပစ်ကြ၏၊ သူတို့အနက် အနည်းငယ်မှအပ သူတို့၏ မရပ်မနား သစ္စာမဲ့မှုကို သင် မြင်သာလာလိမ့်မည်၊ သူတို့အား ကျေအေး၍ ဉပေက္ခာပြုထားလော့၊ ဧကန်ပင် ပရမတ်ဘုရားရှင်သည် သုမင်္ဂလာ ပြုသူများကို နှစ်သက်တော်မူ၏။
၅း၁၄။ ကျွန်ုပ်တို့သည် ခရစ်ယာန်များ ဖြစ်ကြ၏ ဟု ဆိုသော သူများမှ ကတိခံဝန်ကို ငါ ယူခဲ့၏၊ သို့သော် သူတို့အား သတိရစေသော အရာမှ တာဝန်ယူရမည်ကို မေ့ပစ်ကြ၏၊ သို့ဖြစ်၍ သူတို့၏ကြား၌ ရပ်တည်ရသောနေ့ထိတိုင် အားပြိုင်မှု၊ စည်းဖေါက်မှုနှင့် အာဃာတကို ဖြစ်စေပြီ၊ သူတို့ မည်သည့် တည်ဆောက်လေ့ ရှိခဲ့ရာကိုမဆို ပရမတ်ဘုရားရှင်က သူတို့အား သတင်း ထုတ်ပြန်တော်မူလတ္တံ့။
၅း၁၅။ အို- ကျမ်းစာဝိုင်းသားတို့၊ ငါ၏ ဉာဏ်စဉ်ဆောင်သည် သင်တို့ထံသို့ ရောက်လာခဲ့ပြီ၊ ကျမ်းဂန်မှ သင်တို့၏ ထိမ်ဝှက်မှု ရှိရာတို့အနက် များစွာတို့ကို ရှင်းလင်းစေပြီး မြောက်မြားစွာ ကျေအေးခဲ့ပြီ၊ မုချပင် သင်တို့ထံသို့ ပရမတ်ဘုရားရှင်ထံမှ အလင်းတော်နှင့် ရှင်းလင်းထင်ရှားသော ကျမ်းတော်သည် ရောက်လာခဲ့ပြီ။
၅း၁၆။ ၎င်းအားဖြင့် ပရမတ်ဘုရားရှင်သည် အရှင်၏နှစ်မြို့မှုကို လိုက်သော သူတို့အား သန္တိသုခလမ်းစဉ်များကို ညွှန်တော်မူပြီ၊ အရှင်၏ ခွင့်ပြုချက်ဖြင့် အမိုက်မှောင်မှ အလင်းရောင်ဆီသို့ ထုတ်ယူတော်မူပြီ၊ သူတို့အား ဖြောင့်မတ် မှန်ကန်သော လမ်းဆီသို့ လမ်းညွှန်တော်မူပြီ။
၅း၁၇။ “မာရိ၏သား ခရစ်တော်သည် ပရမတ်ဘုရားရှင် ဖြစ်၏၊” ဟု ဆိုသော သူတို့သည် ဖုံးကွယ်သူ မုချ ဖြစ်၏၊ ဟောလော့၊ “ပရမတ်ဘုရားရှင်သည် မာရိ၏သား ခရစ်တော်ကို ဖြစ်စေ၊ သူ၏မိခင်ကို ဖြစ်စေ၊ မြေကမ္ဘာ၌ ရှိသမျှ အားလုံးကို ဖြစ်စေ၊ တိမ်ကောစေလိုလျှင် အရှင့်အား တစ်စုံတစ်ရာ အာဏာ သက်နိုင်သူ ရှိသလော၊ ဧကန်ပင် မိုးများနှင့် မြေ၊ ထိုနှစ်ခုကြား ရှိသမျှတို့၏ ဩဇာအာဏာသည် ပရမတ်ဘုရားရှင်၏ အချုပ်အခြာ၌ ရှိ၏၊ အရှင်သည် စံချိန်ပြည့်မီရာကို ဖြစ်တည်စေ၏၊ ဧကန်ပင် ပရမတ်ဘုရားရှင်သည် သဗ္ဗလုံးစုံအား စည်းချိန် ချမှတ်တော်မူ၏။”
၅း၁၈။ ရေဝတီနှင့် ခရစ်ယာန်တို့က “ကျွန်ုပ်တို့သည် ပရမတ်ဘုရားရှင်၏ သားတော်များ၊ အရှင်၏ အချစ်တော်များ ဖြစ်ကြသည်၊” ဟု ဆိုကြ၏၊ ဟောပြောလော့၊ “သို့ဖြစ်လျှင် သင်တို့၏ အပြစ်များအတွက် အဘယ်ကြောင့် ဝဋ်ကြွေးသည် ရှိနေသနည်း၊” အမှန်မှာ သင်တို့သည် ဖြစ်တည်ခံ လူပုဂ္ဂိုလ်များ ဖြစ်ကြ၏၊ စံချိန် ပြည့်သူအလျောက် လွတ်ငြိမ်းခွင့်ရစေ၍ စံချိန်ပြည့်သူအလျောက် ဝဋ်ကြွေးသင့်စေမည် ဖြစ်၏၊ ဧကန်ပင် မိုးများနှင့် မြေ၊ ထိုနှစ်ခုကြား ရှိသမျှတို့၏ ဩဇာအာဏာသည် ပရမတ်ဘုရားရှင်၏ အချုပ်အခြာ၌ ရှိ၏၊ ခရီးဆုံး ပန်းတိုင်သည် အရှင့်ထံသို့သာ ဖြစ်၏။
၅း၁၉။ အို- ကျမ်းစာဝိုင်းသားတို့၊ “တပည့်တော်တို့ထံသို့ သတင်းကောင်းပါးသူ၊ သတိပေးသူ ရောက်မလာပြီ တကား၊” ဟု မပြောဆိုနိုင်ရန် ဉာဏ်စဉ်ဆောင်များ ဆိတ်ငြိမ်ကာလတွင် ငါအရှင်၏ ဉာဏ်စဉ်ဆောင်သည် သင်တို့ထံသို့ ရှင်းလင်း ထင်ရှားစွာ ရောက်လာစေပြီ၊ မုချဧကန် သင်တို့ထံသို့ သတင်းကောင်းပါးသူ၊ သတိပေးသူ ရောက်လာလေပြီ၊ ပရမတ်ဘုရားရှင်သည် သဗ္ဗလုံးစုံအား စည်းချိန် ချမှတ်တော်မူ၏။
၅း၂၀။ မူဆာက သူ့လူမျိုးတို့အား “အို- ကျွန်ုပ်၏လူမျိုးတို့၊ သင်တို့အား ပရမတ်ဘုရားရှင်က ဂုဏ်ပေးခဲ့သည့် သင်တို့ထဲမှ သတင်းတော်ဆောင်များ စီစဉ်ခဲ့ခြင်း၊ အုပ်ချုပ်သူများ စီစဉ်ပေးခဲ့ခြင်း၊ လောကခပ်သိမ်း၌ တစ်ဦးတစ်ယောက်ကိုမှ မပေးအပ်ခဲ့သည်ကို ပေးအပ်ချီးမြှင့်ခြင်းအား သတိတရ ရှိလော့။
၅း၂၁။ အို- ကျွန်ုပ်၏ လူမျိုးတို့၊ သင်တို့အဘို့ ပရမတ်ဘုရားရှင် ပြဌာန်းထားသည့် မြတ်သောမြေသို့ ဝင်ကြလော့၊ နောက်ခံဘက်သို့ ပြန်မပြေးကြနှင့်၊ ဦးလှည့်ခဲ့သော် ရှုံးနိမ့်သူများ ဖြစ်လတ္တံ့၊” ဟု ပြောသောအခါ။-
၅း၂၂။ သူတို့က “အို- မူဆာ၊ ထိုနေရာ၌ ပုန်ကန်သော လူမျိုးသည် ရှိနေ၏၊ သူတို့ကို မမောင်းထုတ်သရွေ့ ကျွန်ုပ်တို့ ဝင်နိုင်မည် မဟုတ်ပါ၊ သူတို့အား မောင်းထုတ်ခဲ့လျှင် ကျွန်ုပ်တို့ ဝင်နိုင်ပါမည်၊” ဟု ပြန်ပြောကြ၏။
၅း၂၃။ ကြောက်ရွံ့ကြသော သူများအနက် ပရမတ်ဘုရားရှင်က ဂုဏ်ပေးသော လူနှစ်ဦးက “သူတို့အား တံခါးမှ ဝင်ကြလော့၊ ထိုမှ ဝင်နိုင်လျှင် သင်တို့သည် အနိုင်ရသူများ ဖြစ်ချေပြီ၊ သင်တို့သည် ယုံကြည်သူများဖြစ်လျှင် ပရမတ်ဘုရားရှင်ကိုသာ၊ ကိုးစားကြလော့၊” ဟု ဆို၏။
၅း၂၄။ သူတို့က “အို- မူဆာ၊ ၎င်းတို့ ရှိနေသမျှ ကျွန်ုပ်တို့ ဘယ်သောအခါမှ ဝင်မည် မဟုတ်ပါ၊ သို့ဖြစ်၍ သင်နှင့် သင်၏ ကံကြမ္မာရှင်သည် သုတ်ခြေတင်လျက် စစ်ခင်းပါ၊ ကျွန်ုပ်တို့ ဤနေရာမှပင် ထိုင်စောင့်နေပါမည်၊” ဟု ဆိုကြ၏။
၅း၂၅။ သူက “အို- ကံကြမ္မာရှင်၊ တပည့်တော်သည် မိမိစိတ်နှင့် နောင်တော်မှအပ ဩဇာ မလွှမ်းမိုးနိုင်ပါ၊ တပည့်တော်တို့ကြားနှင့် ယုတ်မာသော လူမျိုးအကြား ခွဲခြားပေးတော်မူပါ၊” ဟု ဆုတောင်း၏။
၅း၂၆။ အရှင်က “သို့ဖြစ်၍ သူတို့အား နှစ်ပေါင်း လေးဆယ် တားမြစ်လိုက်ပြီ၊ သူတို့သည် မြေကမ္ဘာ၌ တဝဲလည်လည် ဖြစ်ရလတ္တံ့၊ ယုတ်မာသော လူမျိုးအတွက် အသင်သည် ဝမ်းနည်းခြင်း မရှိနှင့်၊” ဟု မိန့်တော်မူ၏။
၅း၂၇။ သူတို့အား အာဒံ သားနှစ်ယောက်၏ သတင်းကို မှန်ကန်စွာ ရွတ်ပြလော့၊ သူတို့သည် ပူဇော်ချဉ်းကပ်၍ ချဉ်းကပ်ကြစဉ် သူတို့အနက် တစ်ဦးအား အကိုး ပြည့်စေ၏၊ အကိုး မပြည့်သည့် နောက်တစ်ဦးက “သင့်အား တိုက်ခိုက်မည်၊” ဟု ဆိုသော်- ကျန်တစ်ဦးက “ပရမတ်ဘုရားရှင်သည် စည်းစောင့်သူများ ထံမှသာ အကိုး ပြည့်စေ၏။
၅း၂၈။ အကယ်၍ ကျွန်ုပ်အား တိုက်ရန် သင်၏လက်ကို ဆန့်သော်လည်း၊ သင့်ကို တိုက်ရန် ကျွန်ုပ်လက်ကို ဆန့်ထုတ်မည် မဟုတ်ပေ၊ ကျွန်ုပ်သည်ကား စကြဝဠာများ၏ ကံကြမ္မာရှင်၊ ပရမတ်ဘုရားရှင်အား ကြောက်ရွံ့ပါ၏။
၅း၂၉။ ကျွန်ုပ်၏ အကုသိုလ်၊ သင်၏ အကုသိုလ်တို့ကို သင် ဆွဲယူလို၏၊ သင်သည် အပူမီး၏ ပေါင်းဖေါ်များ ဖြစ်ရလိမ့်မည်၊ ဤသည် အမိုက်ကောင်တို့၏ အစားရခြင်းပင် ဖြစ်သည်၊” ဟု ပြောသော်လည်း။-
၅း၃၀။ သတ်ဖြတ်မှုကို နာခံသော သူ့စရိုက်ဖြင့်၊ နောင်တော်ကို သတ်ဖြတ်၏၊ သို့ဖြင့် သူသည် ဆုံးရှုံးသူတို့မှ ဖြစ်သွားခဲ့၏။
၅း၃၁။ နောင်တော်၏ အသုဘအား မည်သို့ ကွယ်ရမည်ကို သူ့အား ပြသရန် ပရမတ်ဘုရားရှင်သည် မြေကို တူးဆွသည့် ကျီးတစ်ကောင်အား ပေါ်လာစေ၏၊ သူက “ကျွန်ုပ်မှာ ကျွန်ုပ်နောင်တော်၏ အသုဘအား ကွယ်စေရန် ဤကျီးကဲ့သို့ပင် မစွမ်းပြီတကား၊” ဟု ညည်းညူ၏၊ သို့ဖြင့် သူသည် ယူကျုံးမရသူတို့မှ ဖြစ်သွားခဲ့၏။
၅း၃၂။ သို့ အကြောင်းခံ၍ ငါသည် ဂျူးလူမျိုးအား ပြဌာန်းမှု သတ်မှတ်ကာလ ရှိခဲ့သည်မှာ ဉာဉ်တစ်ခုအစား ဉာဉ်တစ်ခုကို၊ သို့မဟုတ် မြေကမ္ဘာတွင် အဖျက်မလုပ်ဘဲ တိုက်ခိုက်အံ့၊ လူသားအားလုံးကို တိုက်သည်မည်၏၊ အသက်ဆက်ခွင့် ပေးအံ့၊ လူသားအားလုံးကို အသက်ဆက်ခွင့် ပေးသည်မည်၏၊ ငါ၏ ဉာဏ်စဉ်ဆောင်များကို ရှင်းလင်းသော ဒေသနာများဖြင့် သူတို့ထံ၌ ရောက်လာစေခဲ့ပြီ၊ သို့ပြီးနောက်မှ သူတို့အနက် အများစုမှာ အလွဲသုံးစား ပြုသူများ ဖြစ်ကြ၏။
၅း၃၃။ ပရမတ်ဘုရားရှင်နှင့် အရှင်၏ ဉာဏ်စဉ်ဆောင်အား စစ်ဆင်၍ မြေကမ္ဘာ၌ အဖျက်လုပ်ရန် လုံးပန်းနေသော သူတို့အား အစားပေးခြင်းအဖြစ် ခုခံ တိုက်ခိုက်ကြလော့၊ သို့မဟုတ် ကားစင်တင်ကြလော့၊ သို့မဟုတ် ဆက်လုပ်နိုင်မည့် လက်များ ခြေများအား ဖြတ်တောက်ကြလော့၊ သို့မဟုတ် ဤလောက၌ ၎င်းတို့ အရှက်ရရန် ထိန်းသိမ်းရေးမြေသို့ ပို့ကြလော့၊ နောင်ဘဝ၌လည်း သူတို့အတွက် မဟာ ဝဋ်ကြွေးကြီး ရှိနေ၏။
၅း၃၄။ သင်တို့ စည်းမကြပ်မီ ခဝါချသော သူတို့အား သိကြကုန်လော့၊ ဧကန်ပင် ပရမတ်ဘုရားရှင်သည် လွတ်ငြိမ်းစေသောအရှင်၊ မေတ္တာတော်ရှင် ဖြစ်တော်မူ၏။
၅း၃၅။ အို- ယုံကြည်သောသူတို့၊ ပရမတ်ဘုရားရှင်အား စည်းစောင့်ကြလော့၊ အရှင်မြတ်အပါးသို့ နီးကပ်မှုကို ရှာဖွေကြလော့၊ အောင်မြင် ပေါက်မြောက်အံ့ငှာ အရှင်၏ လမ်းစဉ်တော်၌ အားစိုက် ဆောင်ရွက်ကြလော့။
၅း၃၆။ ဧကန်ပင် ဖုံးကွယ်သောသူများ- သူတို့၏ မြေကမ္ဘာ၌ ရှိသမျှအားလုံး၊ ထိုပမာဏခန့် သူတို့ ပိုင်လျက် ရပ်တည်ရသောနေ့၏ ဝဋ်ကြွေးအတွက် လျော်ကြေးပေးသော်လည်း အကိုး ပြည့်စေမည် မဟုတ်ချေ၊ စူးနစ်သော ဝဋ်ကြွေးသည် သူတို့အတွက် ရှိနေ၏။
၅း၃၇။ သူတို့သည် အပူမီးမှ ထွက်လိုကြသော်လည်း ထိုမှ ရုန်းထွက်နိုင်မည် မဟုတ်ပေ၊ သူတို့အတွက် မြဲမြံသော ဝဋ်ကြွေးသည် ရှိနေပြီ။
၅း၃၈။ သူခိုး၊ သူခိုးမတို့အား သူတို့ ကျင့်ဆောင်ရာအား အစားပေးရန် သူတို့၏ လုပ်ပိုင်ခွင့်ကို ဖြတ်တောက်ကြလော့၊ ပရမတ်ဘုရားရှင်၏ ထံမှ နမူနာ ဖြစ်၏၊ ဧကန်ပင် ပရမတ်ဘုရားရှင်သည် ဘုန်းတော်ရှင်၊ အဆုံးအဖြတ်ရှင် ဖြစ်၏။
၅း၃၉။ မိုက်မဲခဲ့ပြီးနောက် ခဝါချလျက် ပြုပြင် ပြောင်းလဲသူတို့အား ဧကန်ပင် ပရမတ်ဘုရားရှင်သည် သင်ပုန်းချေတော်မူမည်၊ ဧကန်ပင် ပရမတ်ဘုရားရှင်သည် လွတ်ငြိမ်းစေသောအရှင်၊ အကြင်နာရှင် ဖြစ်တော်မူ၏။
၅း၄၀။ ဧကန်ပင် မိုးများနှင့် မြေ၏ ဩဇာအာဏာသည် ပရမတ်ဘုရားရှင်၏ အချုပ်အခြာ၌ ရှိခြင်းကို သင်တို့ မသိကြသလော၊ စံချိန်ပြည့်သူ အလျောက် ဝဋ်ကြွေးသင့်စေ၏၊ စံချိန်ပြည့်သူအား လွတ်ငြိမ်းစေတော်မူ၏၊ ဧကန်ပင် ပရမတ်ဘုရားရှင်သည် သဗ္ဗလုံးစုံအား စည်းချိန် ချမှတ်တော်မူ၏။
၅း၄၁။ အို- ဉာဏ်စဉ်ဆောင်၊ ဖုံးကွယ်မှု၌ အလျင်လိုနေကြသော- နှလုံးသား၌ မယုံကြည်ဘဲ ပါးစပ်များဖြင့် ယုံကြည်ပါသည်ဟု ပြောသောသူများ၊ ရေဝတီ ဖြစ်သူများမှ မုသားစကားကိုသာ နားဝင်ချိုသူများ၊ နောက်လူမျိုးကို နားယောင်သူများ၊ သင့်ထံသို့ လာသူတို့အား မူရင်းမှ သူတို့ လှည့်ပြောင်းပြီး တရားများကို ပေးအပ်ပြီးနောက် လက်ခံကြရန်၊ မပေးအပ်လျှင် ရှောင်ဖယ်ကြရန်၊ ပြောဆိုသူများကြောင့် သင် သောကမဖြစ်နှင့်၊ သတိထားလော့၊ ပရမတ်ဘုရားရှင်က စမ်းသပ်လိုသူ အတွက် ပရမတ်ဘုရားရှင်နှင့် ဆန့်ကျင်၍ အသင့်၌ ဩဇာအာဏာ တစ်စုံတစ်ရာ မရှိချေ၊ ပရမတ်ဘုရားရှင်သည် သူတို့၏ နှလုံးသားအား သန့်စင်စေလိုသော သူများ မဟုတ်ပေ၊ သူတို့အတွက် ဤဘဝ၌ အရှက်ရခြင်းနှင့် နောင်ဘဝ၌ မဟာ ဝဋ်ကြွေးကြီး ရှိနေ၏။
၅း၄၂။ မုသားစကားကိုသာ နားဝင်ချိုသူများ၊ တားမြစ်သည်ကို စားသုံးသူများ- သင့်ထံသို့ရောက်လာလျှင် သူတို့ကြား၌ စီရင်ထုံး ပြုပေးလော့၊ သို့မဟုတ် သူတို့အား ဘောင်ထားလော့၊ ဘောင်ထားလျှင် သင့်အား တစ်စုံတစ်ရာ နစ်နာစေမည် မဟုတ်ချေ၊ အကယ်၍ စီရင်ထုံးပြုလျှင် သူတို့ကြား၌ သမာသမတ်ဖြင့် စီရင်ထုံးပြုလော့၊ ပရမတ်ဘုရားရှင်သည် သမာသမတ် ရှိသူတို့အား နှစ်သက်တော်မူ၏။
၅း၄၃။ သူတို့၌ ပရမတ်ဘုရားရှင်က စီရင်ထုံး ပြုပေးထားသော ဓမ္မဟောင်း ရှိနေပါလျက် တဖန် ဤနောက်တွင် သင့်ထံမှ လှည့်သွားသူတို့အား အသင်က မည်သို့ စီရင်ထုံး ပြုပေးနိုင်အံ့နည်း၊ သူတို့သည် ယုံကြည်သူများ မဟုတ်ပေ။
၅း၄၄။ ဧကန်ပင် ငါသည် လမ်းညွှန်နှင့် အလင်းဆောင်သည့် ဓမ္မဟောင်းကို ချမှတ်ပေးခဲ့ပြီ၊ ငြိမ်းချမ်းရေးပြုသော သတင်းတော်ဆောင်များက ၎င်းဖြင့် ရေဝတီဖြစ်သူများအား စီရင်ထုံး ပြုကြကုန်၏၊ ဆရာတော်များ ဓမ္မစရိယများကိုလည်း ပရမတ်ဘုရားရှင်၏ ကျမ်းတော်ကို စောင့်ထိန်းစေခဲ့၏၊ သူတို့သည် ယင်း၌ သက်သေများ ဖြစ်ကြ၏၊ လူသားတို့အား မကြောက်ရွံ့နှင့်၊ ငါ့ကိုသာ ကြောက်ရွံ့ကြလော့၊ ငါ၏ သုတ်ဒေသနာများအား တန်ဘိုးချ ရောင်းမစားကြနှင့်၊ ပရမတ်ဘုရားရှင်က ချမှတ်ပေးရာနှင့် စီရင်ထုံး မပြုသူသည် ဖုံးကွယ်သူများ ဖြစ်ကြ၏။
၅း၄၅။ ထိုကျမ်း၌ သူတို့အား ဉာဉ်စရိုက် ဆိုလျှင် ဉာဉ်စရိုက်၊ မျက်လုံး ဆိုလျှင် မျက်လုံး၊ နှာခေါင်း ဆိုလျှင် နှာခေါင်း၊ နားရွက် ဆိုလျှင် နားရွက်၊ သွား ဆိုလျှင် သွား၊ ဒဏ်ရာဒဏ်ချက်အလိုက် ပြဌာန်း ဖေါ်ပြပေးထား၏၊ အကယ်၍ ၎င်းကို အလှုအဖြစ် လျော်ပေးသူ- သူ့အတွက် ပလပ်ခွင့်ရှိ၏။ ပရမတ်ဘုရားရှင် ချမှတ်ပေးသည့်အတိုင်း စီရင်ထုံး မပြုခဲ့လျှင် သူတို့သည် အမိုက်ကောင်များ ဖြစ်ကြ၏။
၅း၄၆။ ငါသည် သူတို့၏ ရိုးရာလိုက်မြဲဖြစ်သော လက်ရှိ ဓမ္မဟောင်းအား ဖြောင့်မှန်စေအံ့ငှာ မာရိ၏သား ယေရှုအား ထပ်ဆင့် ပွင့်ပေါ်စေခဲ့၏။ သူအား စည်းစောင့်သူများအတွက် လမ်းညွှန် အဆုံးအမဖြစ်သော လက်ရှိ ဓမ္မဟောင်းအား ဖြောင့်မှန်စေသည့် လမ်းညွှန် အလင်းရောင် ဓမ္မသစ်ကို ချီးမြှင့်ခဲ့ပြီ။
၅း၄၇။ ဓမ္မသစ် အသင်းသားများသည် ထိုကျမ်းပါ ပရမတ်ဘုရားရှင် ချမှတ်သည့်အတိုင်း စီရင်ထုံး ပြုရပေမည်၊ ပရမတ်ဘုရားရှင် ချမှတ်ပေးသည့် အတိုင်း စီရင်ထုံး မပြုခဲ့လျှင် သူတို့သည် ယုတ်မာသူများ ဖြစ်ကြ၏။
၅း၄၈။ ငါသည် လက်ရှိ ကျမ်းများထက် ဖြောင့်မှန်စေသည့် ပရမတ္ထသစ္စာဖြင့် စောင့်ရှောက်ထားသည့် ကျမ်းတော်ကို အသင့်အား ချမှတ်ပေးတော်မူ၏၊ သူတို့၏ ကြား၌ ပရမတ်ဘုရားရှင် ချမှတ်ပေးရာဖြင့် စီရင်ထုံးပြုလော့၊ သင့်အပေါ်၌ သစ္စာတရားအား ရောက်လာစေပြီ၊ သူတို့၏ လိုဘနောက်သို့ မလိုက်နှင့်၊ ငါသည် သင်တို့အဘို့ တရားဥပဒေနှင့် နည်းဥပဒေ ကိုယ်စီ စီစဉ်ပေးပြီ၊ အကယ်၍ ပရမတ်ဘုရားရှင်၏ စံချိန်ပြည့်ခဲ့လျှင် သင်တို့အား အသိုင်းအဝိုင်း တစ်ခုတည်း စီစဉ်တော် မူခဲ့လတ္တံ့၊ သို့ရာတွင် သင်တို့အား ချီးမြှင့်ပေးရာအားဖြင့် စုံစမ်းတော်မူပြီ၊ ကောင်းမှု၌ ပြိုင်ဆိုင်ကြကုန်လော့၊ သင်တို့ အားလုံး ပရမတ်ဘုရားရှင်၏ ထံသို့သာ အပြန်ခရီး ရှိ၏။ အရှင်သည် သင်တို့၏ ကွဲလွဲမှု ရှိခဲ့ရာအား သတင်း ထုတ်ပြန်တော် မူလတ္တံ့။
၅း၄၉။ သူတို့ကြား၌ ပရမတ်ဘုရားရှင် ချမှတ်ပေးသည့်အတိုင်း စီရင်ထုံး ပြုလော့၊ သူတို့၏ လိုဘနောက်သို့ မလိုက်နှင့်၊ ပရမတ်ဘုရားရှင်က သင့်ထံ ချမှတ်ပေးသည်၏ တချို့မှ သူတို့က သင့်အား သွေးတိုးစမ်းလိုသည်ကို သတိထားလော့၊ အကယ်၍ လှည့်သွားခဲ့ကြလျှင် ပရမတ်ဘုရားရှင်သည် သူတို့၏ ပြစ်မှုများအတွက် အချို့အား ထိသက်စေလိုသည်ကို သိကြလော့၊ လူသားတို့အနက် များစွာမှာ ယုတ်မာသူများ ဖြစ်ကြ၏။
၅း၅၀။ ပညာမဲ့ခေတ်မှ စီရင်ထုံးများကို ရှာဖွေလိုကြသလော၊ ဒိဋ္ဌ ယုံသော လူမျိုးတို့အတွက် ပရမတ်ဘုရားရှင်ထက် ပိုမို တင့်တယ်သော ဓမ္မသတ်ရှင်သည် အဘယ်သူ ရှိအံ့နည်း။
၅း၅၁။ အို- ယုံကြည်သောသူတို့၊ ရေဝတီနှင့် ခရစ်ယာန်တို့အား မဟာမိတ်အဖြစ် မယူမှတ်ကြနှင့်၊ သူတို့မှ အချို့သည် အချို့၏ မဟာမိတ်များ ဖြစ်ကြ၏၊ သင်တို့အနက် သူတို့ထံ လှည့်သူသည် သူတို့၏အဖွဲ့ဝင် ဖြစ်၏၊ ဧကန်ပင် ပရမတ်ဘုရားရှင်သည် မိုက်ကြေးခွဲသော လူမျိုးအား လမ်းညွှန်တော် မမူချေ။
၅း၅၂။ ၎င်းတို့ထဲသို့ ပြေးပေါင်းကြသော စိတ်နှလုံး၌ ရောဂါရှိသူတို့အား သင် မြင်ရလတ္တံ့၊ သူတို့က “ကျွန်ုပ်တို့သည် ရုံးတင်ခံရခြင်း ထိမည်ကို ကြောက်မိ၏၊” ဟု ဆိုကြ၏၊ ပရမတ်ဘုရားရှင်သည် ထွက်ရပ်လမ်း၊ သို့မဟုတ် သူတို့၏ ဉာဉ်စရိုက်၌ ကြိတ် ကြံစည်သည်ကို ယူကျုံးမရ ဖြစ်သွားစေမည့်- အရှင့်ထံမှ ညွှန်ကြားချက်ကို ရောက်စေနိုင်ရာ၏။
၅း၅၃။ ယုံကြည်သော သူများအား- ပရမတ်ဘုရားရှင်ကို အင်တိုက်အားတိုက် အားသန်စွာဖြင့် တိုင်တည်သော ထိုသူတို့က “သူတို့သည် သင်တို့နှင့်အတူ ဖြစ်ခဲ့ကြောင်း၊” ဟု ဆိုကြ၏၊ သူတို့၏ ကျင့်ကြံမှုများသည် အချည်းနှီးပင်၊ သူတို့သည် ဆုံးရှုံးရသူများ ဖြစ်သွားခဲ့ကြ၏။
၅း၅၄။ အို- ယုံကြည်သောသူတို့၊ သင်တို့အနက် သာသနာတော်မှ လှည့်ပြေးသော သူအစား- ပရမတ်ဘုရားရှင် နှစ်သက်သော၊ သူတို့ကလည်း အရှင့်အား နှစ်သက်သော၊ လူမျိုးတစ်မျိုးကို ဆောင်ကြဉ်းယူလတ္တံ့၊ သူတို့သည် ယုံကြည်သူတို့ အပေါ်၌ နှိမ့်ချကြ၍ ဖုံးကွယ်သူများ အပေါ်တွင် ဘုန်းကံကို ပြလျက် ပရမတ်ဘုရားရှင်၏ လမ်းစဉ်၌ အားစိုက် ဆောင်ရွက်ကြ၏၊ အပြစ်တင်သူ၏ ပြစ်တင်မှုကိုလည်း မတုန်လှုပ်ကြချေ၊ ဤသည် ပရမတ်ဘုရားရှင်၏ စံချိန်ပြည့်သူ အလျောက် သိက္ခာကို ချီးမြှင့်ခံရ၏၊ ပရမတ်ဘုရားရှင်သည် အသိဉာဏ်တော် ဖြန့်ကျက်ထားသောအရှင် ဖြစ်၏။
၅း၅၅။ အသင်တို့အတွက် မဟာမိတ်သည်ကား ပရမတ်ဘုရားရှင်၊ အရှင်၏ ဉာဏ်စဉ်ဆောင်နှင့် ဝတ်ပြုခြင်း၌ မြဲကြသော၊ အခွန်ငွေဖြူပေးကြသော၊ ယုံကြည်သူများပင် ဖြစ်၏၊ သူတို့သည် ဦးညွှတ်သူများ ဖြစ်ကြ၏။
၅း၅၆။ ပရမတ်ဘုရားရှင်၊ အရှင်၏ ဉာဏ်စဉ်ဆောင်နှင့် ယုံကြည်သော သူတို့ထံ လှည့်သူသည် ပရမတ်ဘုရားရှင်၏ အသင်းသားများ ဖြစ်ကြ၍ သူတို့သည် အနိုင်ရသူများ ဖြစ်ကြ၏။
၅း၅၇။ အို- ယုံကြည်သောသူတို့၊ သင်တို့၏ ရှေ့အလျင် ကျမ်းပေးခံရသော သူများနှင့် ဖုံးကွယ်သူများ အနက်မှ သင်တို့၏ သာသနာအား လှောင်ပြောင် ဟာသ လုပ်စရာဟု မှတ်ယူသော သူများအား မဟာမိတ်အဖြစ် မယူမှတ်နှင့်၊ သင်တို့သည် ယုံကြည်သူ စင်စစ်ဖြစ်ကြလျှင် ပရမတ်ဘုရားရှင်အား စည်းစောင့်ကြလော့။
၅း၅၈။ အသင်တို့အား ဝတ်ပြုခြင်းသို့ ဖိတ်ခေါ်သောအခါ လှောင်ပြောင် ဟာသလုပ်စရာဟု ယူမှတ်ကြ၏၊ ၎င်းမှာ သင်တို့သည် အတွေးအခေါ် မရှိသော လူမျိုးကြောင့် ဖြစ်၏။
၅း၅၉။ ဟောပြောလော့၊ “အို- ကျမ်းစာဝိုင်းသားတို့၊ ကျွန်ုပ်တို့သည် ပရမတ်ဘုရားရှင်- ကျွန်ုပ်တို့အား ချမှတ်ပေးရာ၊ ရှေ့အလျင်က ချမှတ်ပေးရာတို့ကိုသာ ယုံကြည်သောကြောင့် ကျွန်ုပ်တို့အား လက်တုန့်ပြန်ကြသလော၊ သင်တို့အနက် အများစုမှာ ယုတ်မာသူများ ဖြစ်ကြ၏။”
၅း၆၀။ ဟောပြောလော့၊ “ပရမတ်ဘုရားရှင်ထံမှ ဤထက် ဆိုးဝါးသော အကျိုးဆက်ဖြစ်သည့် အရှင့်ထံမှ မေတ္တာဝေးသော၊ ပရမတ်ဘုရားရှင်က ကံကြီး သင့်စေသော၊ သူတို့အနက်မှ မျောက်များ၊ ဝက်များ၊ မိစ္ဆာကောင်အား ကိုးကွယ်သူ အဖြစ် စီစဉ်ခံရသူ၏ အကြောင်းကို သတင်း ထုတ်ပြန်ရမည်လော၊ သူတို့၏ ဘဝဆက်သည် ပိုမို ဆိုးဝါးလှ၏၊ ပုံစံချပြီး လမ်းစဉ်မှ ပို၍ လွဲချော်ကြကုန်၏။”
၅း၆၁။ သင်တို့ထံသို့ လာသောအခါ “ကျွန်ုပ်တို့သည် သက်ဝင် ယုံကြည်ပါ၏၊” ဟု ဆိုကြ၏၊ ဧကန်ပင် သူတို့သည် ဖုံးကွယ်ခြင်းဖြင့် ဝင်ချီ ထွက်ချီ ပြုကြ၏၊ ပရမတ်ဘုရားရှင်သည် သူတို့ ထိမ်ဝှက်လေ့ ရှိသည်များကို အသိဆုံး ဖြစ်တော်မူ၏။
၅း၆၂။ သူတို့အနက်မှ များစွာတို့သည် ပြစ်မှု၊ စည်းဖေါက်မှုနှင့် တားမြစ်သည်ကို စားသုံးမှုများ၌ အလျင်လိုနေကြသည်ကို သင် မြင်ရလတ္တံ့၊ သူတို့သည် အမင်္ဂလာကိုသာ ကျင့်ကြံလေ့ရှိ၏။
၅း၆၃။ ဆရာတော်များနှင့် ဓမ္မစရိယများသည် အကုသိုလ် စကားပြောခြင်း၊ တားမြစ်ထားသည်ကို စားသုံးခြင်းများမှ အဘယ်ကြောင့် မဟန့်တားကြသနည်း၊ သူတို့သည် အမင်္ဂလာကိုသာ တည်ဆောက်လေ့ရှိ၏။
၅း၆၄။ “ပရမတ်ဘုရားရှင်၏ လက်ကို ချုပ်ကိုင်ထား၏” ဟု ပြောကြသော ရေဝတီတို့၊ သူတို့၏ လက်များသည်သာ ချုပ်ကိုင်ခံထားရပြီ၊ ထို ပြောဆိုမှုကြောင့် မေတ္တာဝေးစေပြီ၊ အမှန်မှာ အရှင်၏ လက်တော်များသည် ဆန့်လျက် မည်သို့ စံချိန်အလျောက် ပေးကမ်း သုံးစွဲလျက်ရှိ၏၊ ထို့အပြင် ကံကြမ္မာရှင်မှ သင့်အား ချမှတ်ပေးရာကြောင့် သူတို့မှ အများစုသည် စည်းဖျက်မှု၊ ဖုံးကွယ်မှုများ တိုးပွားကြလိမ့်မည်၊ သူတို့၏ကြား၌ စည်းဖေါက်မှု အာဃာတကို ရပ်တည်ရသောနေ့ ထိတိုင် ခင်းကျင်း ထားတော်မူ၏၊ သူတို့သည် စစ်ပွဲမီးလျှံကို မွှေးသည့်အခါတိုင်း ပရမတ်ဘုရားရှင်သည် ငြိမ်းစေတော်မူခဲ့ပြီ၊ သူတို့သည် မြေကမ္ဘာ၌ အဖျက်လုပ်ရပ်ကို လုံးပန်းကြ၏၊ ပရမတ်ဘုရားရှင်သည် အဖျက်ကောင်များအား နှစ်သက်တော် မမူချေ။
၅း၆၅။ ကျမ်းစာဝိုင်းသားများသည် ယုံကြည်၍ စည်းစောင့်ကြလေလျှင် သူတို့၏ အကုသိုလ်အား ဖုံးကွယ်၍ ဂုဏ်ရှိသော သုခဘုံများသို့ ဝင်ရလတ္တံ့။
၅း၆၆။ သူတို့သည် ဓမ္မဟောင်း၊ ဓမ္မသစ်နှင့် သူတို့ထံသို့ ကံကြမ္မာရှင် ချမှတ်ပေးရာများ၌ ရပ်တည်ကြလျှင် သူတို့၏ အပေါ်မှ၊ ခြေများအောက်မှ၊ စားစရာများရှိလတ္တံ့၊ သူတို့အနက် အလယ်အလတ်ကျသော အသိုင်းအဝိုင်းသည် ရှိ၏၊ သို့သော် အများစုမှာ အကုသိုလ်မှုကိုသာ ကျင့်ကြံနေကြ၏။
၅း၆၇။ အို- ဉာဏ်စဉ်တော်ဆောင်၊ သင့် ကံကြမ္မာရှင်၏ထံမှ သင့်ထံသို့ ချမှတ်ပေးရာကို ဆိုက်ရောက်စေလော့၊ အကယ်၍ မပြုလုပ်ခဲ့လျှင် အရှင်၏ စေပို့ချက်များကို မဆိုက်ရောက်စေခြင်း မည်၏၊ လူသား၏ ဘေးမှကင်းရန် ပရမတ်ဘုရားရှင်သည် သင့်ဘက်မှ မားမားရပ်ပေးလတ္တံ့၊ ဧကန်ပင် ပရမတ်ဘုရားရှင်သည် ဖုံးကွယ်သော လူမျိုးတို့အား လမ်းညွှန်တော် မမူချေ။
၅း၆၈။ ဟောပြောလော့၊ “အို- ကျမ်းစာဝိုင်းသားတို့၊ သင်တို့သည် ဓမ္မဟောင်း၊ ဓမ္မသစ်နှင့် ကံကြမ္မာရှင်ထံမှ သင်တို့ထံ ချမှတ်ပေးရာများကို မရပ်တည်သ၍ သင်တို့သည် တစ်စုံတစ်ရာမှ မဟုတ်ချေ၊” သူတို့အနက် များစွာမှာ ကံကြမ္မာရှင်မှ သင့်ထံသို့ ချမှတ်ပေးရာ၌ စည်းဖျက်ရန် ဖုံးကွယ်ရန်သာ တိုးပွားနေကြ၏၊ ဖုံးကွယ်သော လူမျိုးအတွက် သင်သည် ဝမ်းနည်းခြင်း မရှိနှင့်။
၅း၆၉။ ယုံကြည်သောသူများ၊ ရေဝတီဖြစ်သူများ၊ ရေသန့်အယူ ရှိသူများ၊ ခရစ်ယာန်များမှ မည်သူမဆို ပရမတ်ဘုရားရှင်နှင့် နောင်ဘဝနေ့ ကာလကို ယုံကြည်၍ ပြုပြင် ပြောင်းလဲမှု ကျင့်ကြံသူများအား ကြောက်ရွံ့ရစေမည် မဟုတ်၊ သောက ရောက်ရစေမည်လည်း မဟုတ်ချေ။
၅း၇၀။ ငါသည် ဂျူးလူမျိုးများထံမှ ပဋိညာဉ်ကို ရယူလျက် သူတို့ထံသို့ ဉာဏ်စဉ်တော်ဆောင်များကို စေစားပြီ၊ ဉာဏ်စဉ်တော်ဆောင် တစ်ပါးပါးသည် သူတို့၏ စရိုက်၊ လိုဘ မကိုက်ညီရာဖြင့် ရောက်လာလေတိုင်း သူတို့သည် တစ်ဖွဲ့ကို ငြင်းဆန်ကြပြီး တစ်ဖွဲ့ကို လုပ်ကြံ သတ်ဖြတ်ကြ၏။
၅း၇၁။ သို့အတွက် စမ်းသပ်ခံရမည် မဟုတ်ဟု သူတို့ စဉ်းစားကြ၏၊ သူတို့အား အကန်းအပင်းများ ဖြစ်စေပြီ၊ တဖန် ပရမတ်ဘုရားရှင်သည် သူတို့အား သင်ပုန်းချေပေးတော်မူ၏၊ တဖန် သူတို့အနက်မှ များစွာသည် အကန်းအပင်းများ ဖြစ်ကြပြန်၏၊ ပရမတ်ဘုရားရှင်သည် ကျင့်ကြံသမျှကို မြင်နေသောအရှင် ဖြစ်၏။
၅း၇၂။ “ပရမတ်ဘုရားရှင်သည် မာရိ၏သား ခရစ်တော်ပင် ဖြစ်၏” ဟု ဆိုသော သူသည် ဖုံးကွယ်သူ ဖြစ်၏၊ ခရစ်တော်က “အို- ဂျူးလူမျိုးတို့၊ ကျွန်ုပ်၏ ကံကြမ္မာရှင်၊ သင်တို့၏ ကံကြမ္မာရှင် ဖြစ်သော ပရမတ်ဘုရားရှင်ကိုသာ ကိုးကွယ်ကြလော့၊ မည်သူမဆို ပရမတ်ဘုရားရှင်အား ရောပြွန်း ကိုးကွယ်အံ့၊ ပရမတ်ဘုရားရှင်က သူ့အတွက် သုခဘုံကို တားမြစ်ထား၏၊ အပူမီးသည်သာ သူ့အတွက် ခိုလှုံရာ ဖြစ်၏၊ အမိုက်ကောင်များအတွက် ကူညီမည့်သူ မရှိချေ၊” ဟု ဆို၏။
၅း၇၃။ “ပရမတ်ဘုရားရှင်သည် တြိကာယမှ တတိယမြောက် ဖြစ်၏” ဟု ဆိုသောသူသည် ဖုံးကွယ်သူ ဖြစ်၏၊ တစ်ပါးတည်းသော ဘုရားရှင်မှအပ အခြား ဘုရား ဟူ၍ မရှိပြီ၊ သူတို့၏ အပြောအဆိုများကို မရပ်စဲလျှင် သူတို့အနက် ဖုံးကွယ်သော သူများအား စူးနစ်သော ဝဋ်ကြွေးသည် ထိလတ္တံ့။
၅း၇၄။ သူတို့သည် ပရမတ်ဘုရားရှင်ထံ၌ ခဝါချခြင်း၊ လွတ်ငြိမ်းဆု ပန်ခြင်းကို မပြုကြသလော၊ ဧကန်ပင် ပရမတ်ဘုရားရှင်သည် လွတ်ငြိမ်းစေသောအရှင်၊ အကြင်နာရှင် ဖြစ်တော်မူ၏။
၅း၇၅။ မာရိ၏သား ယေရှုခရစ်သည် ဉာဏ်စဉ်ဆောင် တစ်ပါးမျှသာ ဖြစ်၏၊ သူ့ ရှေ့အလျင် ဉာဏ်စဉ်ဆောင်များလည်း ပရိနိဗ္ဗာန်ပြုခဲ့ရပြီ၊ သူ၏မိခင်သည် သမာဓိရှင် ဖြစ်၏၊ သူတို့နှစ်ဦးလုံး အစာ စားသုံးလေ့ ရှိ၏၊ ၎င်းတို့အား သုတ်ဒေသနာများ မည်သို့ ရှင်းလင်းပြသည်ကို သင်ကြည့်လော့၊ တဖန် မည်သို့ လှည့်စားခံနေရကြောင်း သင်ကြည့်လော့။
၅း၇၆။ “ပရမတ်ဘုရားရှင်မှလွဲ၍ သင်တို့အား ကောင်းကျိုး ဆိုးကျိုးသက်ရန် ဩဇာအာဏာ မရှိရာများကို ကိုးကွယ်ကြမည်လော၊” ဟု မေးမြန်းလော့၊ ပရမတ်ဘုရားရှင်- ထိုအရှင်သည် ကြားနေသောအရှင်၊ သိနေသောအရှင် ဖြစ်၏။
၅း၇၇။ ဟောပြောလော့၊ “အို- ကျမ်းစာဝိုင်းသားတို့၊ သင်တို့၏ သာသနာအား သစ္စာမဲ့စွာ မချဲ့ထွင်ကြနှင့်၊ ရှေ့အလျင်က လမ်းလွဲသွားသော၊ များစွာတို့ကို လမ်းလွဲစေသော ပုံစံချပြီး လမ်းစဉ်မှ လွဲချော်သွားသော၊ လူမျိုးတို့၏ လိုဘ နောက်သို့ မလိုက်နာကြနှင့်၊”
၅း၇၈။ ဂျူးလူမျိုးတို့အနက် ဖုံးကွယ်သော သူများသည် ဒါဝိဒ်နှင့် မာရိ၏သား ယေရှုတို့၏ နှုတ်လျှာမှ မေတ္တာမဲ့ခြင်းကို ခံရ၏၊ ၎င်းမှာ အာခံမှုနှင့် စည်းဖေါက်လေ့ ရှိမှုများကြောင့် ဖြစ်၏။
၅း၇၉။ သူတို့သည် သူစိမ်းဆန်သည့် ပြုလုပ်ခြင်းကို ဟန့်တားလေ့ မရှိ၊ အမင်္ဂလာကိုသာ ပြုလုပ်လေ့ ရှိကြ၏။
၅း၈၀။ သူတို့အနက် များစွာသည် ဘက်လှည့်သွားသော ဖုံးကွယ်သောသူများ ဖြစ်ကြကြောင်း သင် မြင်တွေ့ရလိမ့်မည်၊ သူတို့၏ စရိုက်သည် အမင်္ဂလာ၌ စုံရပ်ခံကြ၏၊ ပရမတ်ဘုရားရှင်က သူတို့အား အမျက်တော်ရှ၏၊ သူတို့သည် ဝဋ်ကြွေးထဲ၌ အစဉ် ခံစားရမည်ပင်။
၅း၈၁။ အကယ်၍ သူတို့သည် ပရမတ်ဘုရားရှင်၊ သတင်းတော်ဆောင်နှင့် သူ့ထံ၌ ချမှတ်ပေးရာကို ယုံကြည်ခြင်း ရှိလျှင် ထိုသူတို့အား မဟာမိတ်များဟု ယူမှတ်တော့မည် မဟုတ်ချေ၊ သို့ရာတွင် သူတို့မှ အများစုသည် ယုတ်မာသူများ ဖြစ်ကြ၏။
၅း၈၂။ ယုံကြည်သော သူများအပေါ် အပြင်းထန်ဆုံး စည်းဖေါက်သည့် လူသားများမှာ ရေဝတီများနှင့် ရောပြွန်း ကိုးကွယ်သောသူများ ဖြစ်သည်ကို သင် တွေ့ရလတ္တံ့၊ ယုံကြည်သော သူများအပေါ် အနီးဆုံး လိုလားသူများမှာ “ကျွန်ုပ်တို့သည် ခရစ်ယာန်များပင်၊” ဟု ဆိုသော သူများကို တွေ့ရလတ္တံ့၊ ၎င်းမှာ သူတို့၌ ရှိသော ပညာတတ်များနှင့် ဘုန်းတော်ကြီးများကြောင့် ဖြစ်၏၊ သူတို့သည် မာန ထောင်လွားခြင်း မရှိကြချေ။
၅း၈၃။ ဉာဏ်စဉ်ဆောင်အား ချမှတ်ပေးရာကို ကြားနာရသောအခါ သစ္စာတရား ဖြစ်သည်ဟု သိမှတ်လျက် မျက်လုံးများမှ မျက်ရည်များ ပြည့်လျှံလာသည်ကို သင် မြင်ရလိမ့်မည်၊ သူတို့ ဆုတောင်းသည်မှာ “အို- ကံကြမ္မာရှင်၊ တပည့်တော်တို့ ယုံကြည်ပါ၏၊ တပည့်တော်တို့အား သက်သေ တည်သူများနှင့်အတူ မှတ်တမ်း တင်တော်မူပါ။
၅း၈၄။ သစ္စာတရားမှ တပည့်တော်တို့ထံ ရောက်လာသည့် အရာနှင့် ပရမတ်ဘုရားရှင်အား တပည့်တော်တို့ မယုံကြည်နိုင်ရန် မရှိပါ၊ အို- ကံကြမ္မာရှင်၊ တပည့်တော်တို့အား ပြုပြင်သော လူမျိုးနှင့်အတူ ဝင်ခွင့်ရရန် မျှော်လင့်ပါ၏၊” ဟု ဖြစ်၏။
၅း၈၅။ ထိုရင့်ကျူးမှုများကြောင့် ပရမတ်ဘုရားရှင်သည် အစဉ် စံစားစေရန် အောက်ခင်း၌ စမ်းချောင်းရေသွင် စီးဆင်းနေသော ဥယျာဉ်ဘုံများကို သူတို့၏ အကျိုးဆက် ဖြစ်စေပြီ၊ ဤသည် သုမင်္ဂလာ ပြုသူတို့အတွက် အစားပေးခြင်းဖြစ်၏။
၅း၈၆။ ငါ၏ သုတ်ဒေသနာများကို ဖုံးကွယ်သောသူများ၊ ငြင်းဆန်သူများ၊ ထိုသူများသည် ငရဲမီး၏ ပေါင်းဖေါ်များ ဖြစ်ကြ၏။
၅း၈၇။ အို- ယုံကြည်သောသူတို့၊ ပရမတ်ဘုရားရှင်က သင်တို့အတွက် တရားဝင်ပြုထားသည့် စင်ကြယ်ရာများကို မတားမြစ်နှင့်၊ စည်းမဖေါက်ကြနှင့်၊ ဧကန်ပင် ပရမတ်ဘုရားရှင်သည် စည်းဖေါက်သူများကို နှစ်သက်တော် မမူချေ။
၅း၈၈။ ပရမတ်ဘုရားရှင်က သင်တို့အတွက် တရားဝင်ပြုသော စင်ကြယ်ရာ ရိက္ခာများကို စားသုံးကြလော့၊ သင်တို့သည် ယုံကြည်မှု၌ ရှိသူများ ဖြစ်ကြလျှင် ပရမတ်ဘုရားရှင်အား စည်းစောင့်ကြကုန်လော့။
၅း၈၉။ ပရမတ်ဘုရားရှင်သည် သင်တို့၏ ပွစိပွစိ အားစိုက်မှုအတွက် အရေးယူမည် မဟုတ်ချေ၊ သို့သော် ကတိ ထုံးဖွဲ့ အားစိုက်မှုများကို အရေးယူတော်မူမည်၊ ထိုအတွက် ပလပ်ခွင့်မှာ သင်တို့၏ အိမ်သားများကို ကျွေးမွေးသည့်တန်းတူ နွမ်းပါးသူ ဆယ်ဦးကို ကျွေးမွေးရမည်၊ သို့မဟုတ် ဆင်ယင်ပေးရမည်၊ သို့မဟုတ် ကျွန် တစ်ဦးကို လွှတ်ပေးရမည်၊ ထိုသို့ ကိုယ်တွေ့ မဖြစ်နိုင်သူသည် ဥပုသ် သုံးရက် စောင့်တည်ရမည်၊ ဤသည် အားသန်စွာ တိုင်တည်ထားစဉ် ထိုအားစိုက်မှုအတွက် ပလပ်စေခြင်းပင်၊ သင်တို့၏ တိုင်တည်မှုကို စောင့်ထိန်းကြလော့၊ ဤသည်တို့မှာ ပရမတ်ဘုရားရှင်က သင်တို့ ကျေးဇူး သိတတ်အံ့ငှာ သင်တို့အတွက် သုတ်ဒေသနာများကို ရှင်းလင်းချက်ပင် ဖြစ်၏။
၅း၉၀။ အို- ယုံကြည်သောသူတို့၊ ယစ်မူးခြင်း၊ လောင်းကစားခြင်း၊ အကိုးထိုး ခြင်း၊ ကံစမ်း မြှားပစ်ခြင်းများသည် မကောင်းဆိုးဝါး၏ ကျင့်ကြံမှု အညစ်အကြေးများ ဖြစ်၏၊ သင်တို့ အောင်မြင် ပေါက်မြောက်အံ့ငှာ ၎င်းတို့မှ ကင်းသန့်ကြလော့။
၅း၉၁။ မကောင်းဆိုးဝါးသည် မူးယစ်သေစာ၊ လောင်းကစားတို့၌ သင်တို့ချင်းကြား စည်းဖေါက်မှုနှင့် အာဃာတ တည်တံ့စေရန်သာ လိုလား၏၊ ပရမတ်ဘုရားရှင်အား သတိရ ရှုမှတ်ခြင်း၊ ဝတ်ပြုခြင်းများကို ဖယ်ခိုင်း၏၊ သင်တို့သည် ချင့်ချိန်သူများ ဖြစ်ကြမည်လော။
၅း၉၂။ ပရမတ်ဘုရားရှင်အား နာခံကြလော့၊ ဉာဏ်စဉ်ဆောင်အား နာခံကြလော့၊ အမြဲ သတိရှိကြလော့၊ အကယ်၍ သင်တို့ လှည့်သွားကြလျှင် သိကြကုန်လော့၊ ငါ့ ဉာဏ်စဉ်ဆောင်၏ ဝန်တာမှာ ဓမ္မကို ဆိုက်ရောက်စေရန်သာ ဖြစ်၏။
၅း၉၃။ စားမိခဲ့သည်များကြောင့် ယုံကြည်လျက် ပြုပြင်မှု ကျင့်ကြံသောသူများ အပေါ်၌ အပြစ်မရှိပေ၊ စည်းစောင့် ယုံကြည်သောအခါ ပြုပြင် ပြောင်းလဲမှု ကျင့်ကြံကြလော့၊ တဖန် စည်းစောင့် ယုံကြည်ကြလော့၊ တဖန် စည်းစောင့်၍ သုမင်္ဂလာ ပြုကြလော့၊ ပရမတ်ဘုရားရှင်သည် သုမင်္ဂလာ ပြုသူများကို နှစ်သက်တော်မူ၏။
၅း၉၄။ အို- ယုံကြည်သောသူတို့၊ စက္ခုလွန်၌ ပရမတ်ဘုရားရှင်အား မည်သူက ကြောက်ရွံ့ရိုကျိုးမှု ရှိသည်ကို သိစေအံ့ငှာ ပရမတ်ဘုရားရှင်သည် သင်တို့၏ လက်များ၊ သို့မဟုတ် ကိရိယာများဖြင့် ဖမ်းဆီးရမိသော အမဲများ၊ စသော အရာများဖြင့် စုံစမ်းတော်မူမည်၊ ဤနောက်တွင်မှ စည်းဖေါက်သော မည်သူ့အတွက် မဆို စူးနစ်သော ဝဋ်ကြွေးသည် ရှိနေ၏။
၅း၉၅။ အို- ယုံကြည်သောသူတို့၊ သင်တို့သည် ဝတ်ကြောင် စွန့်ထားစဉ် အမဲလိုက် သတ်ဖြတ်မှု မပြုကြနှင့်၊ သင်တို့အနက် မဏ္ဍိုင်ထား၍ သတ်ဖြတ်သူသည် သတ်မိသည်နှင့် ညီမျှသော ကပ္ပိယသတ္တဝါများကို အစားပေးရမည်၊ ထိုအမှုကို သင်တို့မှ တန်းတူစိတ်ရှိသူ နှစ်ဦးက စီရင်ထုံးပြုရ၍ ကာအ်ဘာ ကျောင်းတော်သို့ အလှုဝတ္ထုအဖြစ် ဆိုက်ရောက်စေရမည်၊ သို့မဟုတ် နွမ်းပါးသူတို့အား ကျွေးမွေး ခြင်းဖြင့် ပလပ်စေရမည်၊ သို့မဟုတ် ထိုနှင့်အညီ ဥပုသ်စောင့် တည်ရမည်၊ ဤသည် သူ့အစီအမံ၏ အကျိုးဆက်ကို သူ မြည်းစမ်းရခြင်းပင်၊ ပရမတ်ဘုရားရှင်သည် အတိတ် ဖြစ်ရပ်များကို ကျေအေးတော်မူ၏၊ ပရမတ်ဘုရားရှင်သည် ဆက်လုပ်သူအား တန်ပြန်စေတော်မူမည်၊ ပရမတ်ဘုရားရှင်သည် ဘုန်းတော်အရှင်၊ တန်ပြန်စေသောအရှင် ဖြစ်၏။
၅း၉၆။ သင်တို့နှင့် ခရီးသည်တို့၏ ချမ်းမြေ့အံ့ငှာ ရေသတ္တဝါများကို တံငါ လုပ်စားခြင်းသည် သင်တို့အတွက် တရားဝင်၏၊ ဝတ်ကြောင်စွန့်ထားသမျှ ကုန်းမြေတွင် အမဲလိုက်ခြင်းကို တားမြစ်တော်မူပြီ၊ ပရမတ်ဘုရားရှင်အား စည်းစောင့်ကြလော့၊ အရှင်ထံ၌သာ စုစည်းခံရမည်သာတည်း။
၅း၉၇။ ပရမတ်ဘုရားရှင်သည် လူသားတို့ အတွက် ရပ်တည်ရန် ဘေးမဲ့ ကျောင်းတော်အဖြစ် ကအ်ဘာ၊ ဘေးမဲ့လများ၊ အလှုဝတ္ထုများ၊ ပန်းကုံးများကို စီစဉ်တော်မူ၏၊ ဤသည်မှာ ပရမတ်ဘုရားရှင်သည် မိုးများအတွင်း၊ မြေအတွင်း ရှိနေသည်များကို သိနေတော်မူကြောင်း သင်တို့ သိကြစေရန် ဖြစ်၏၊ ပရမတ်ဘုရားရှင်သည် သဗ္ဗလုံးစုံအား သိနေသောအရှင် ဖြစ်၏။
၅း၉၈။ သိကြလော့၊ ပရမတ်ဘုရားရှင်သည် ပြတ်သားစွာ ချုပ်ကိုင်သောအရှင်၊ လွတ်ငြိမ်းစေသောအရှင်၊ အကြင်နာရှင် ဖြစ်၏။
၅း၉၉။ ဉာဏ်စဉ်ဆောင်၌ ဝန်တာမှာ- ပရမတ်ဘုရားရှင်သည် ဖွင့်ဟရာများ၊ ထိမ်ဝှက်ရာများကို သိနေတော်မူကြောင်း ဆိုက်ရောက်စေရန်သာ ဖြစ်၏။
၅း၁၀၀။ ဟောပြောလော့၊ “မသန့်ပြန့်ရာများ ပေါများခြင်းကြောင့် သင့်အား အံ့ဩစေလောက်သော်လည်း မသန့်ပြန့်ရာသည် စင်ကြယ်ရာနှင့် မတူညီချေ၊ အို-သဘောပေါက်နိုင်စွမ်း ရှိသူတို့၊ အောင်မြင် ပေါက်မြောက်အံ့ငှာ ပရမတ်ဘုရားရှင်အား သင်တို့ စည်းစောင့်ကြလော့။
၅း၁၀၁။ အို- ယုံကြည်သောသူတို့၊ သင်တို့အား ဖွင့်ပြောလျှင် အကုသိုလ် သင့်နိုင်မည့် အရာများကို သင်တို့ မမေးကြကုန်နှင့်၊ သို့သော် ကုရ်အာန်ကို ချမှတ်ပေးနေစဉ် မေးမြန်းကြလျှင် သင်တို့အတွက် ဖေါ်ပြနိုင်၏၊ ထို၌ ပရမတ်ဘုရားရှင်သည် ကျေအေးတော်မူ၏၊ ပရမတ်ဘုရားရှင်သည် လွတ်ငြိမ်းစေသောအရှင်၊ နူးညံ့ သိမ်မွေ့သောအရှင် ဖြစ်၏။
၅း၁၀၂။ မုချပင် သင်တို့၏ ရှေ့အလျင် လူမျိုးသည်လည်း မေးမြန်းခဲ့ကြပြီ၊ ပြီးနောက်မှ ၎င်း၌ ဖုံးကွယ်သူများ ဖြစ်သွားခဲ့၏။
၅း၁၀၃။ နို့ကိုး၊ အသက်ကိုး၊ အမ နှစ်ကြိမ်မွေး၊ သက်စေ့မျိုးစပ်တို့အား ပသရမည်ဟု ပရမတ်ဘုရားရှင်က စီစဉ်တော် မမူချေ၊ သို့သော် ဖုံးကွယ်သော သူတို့သည်ကား ပရမတ်ဘုရားရှင်နှင့် စပ်လျဉ်း၍ လိမ်လည် လုပ်ကြံ ဖန်တီးကြကုန်၏၊ သူတို့အနက် အများစုသည် အတွေးအခေါ် မရှိကြချေ။
၅း၁၀၄။ သူတို့အား “ပရမတ်ဘုရာရှင် ချမှတ်ပေးရာ ဘက်သို့၊ ဉာဏ်စဉ်ဆောင်၏ ဘက်သို့ လာကြလော့” ဟု ပြောသောအခါ၊ “ကျွန်ုပ်တို့၏ မိရိုးဖလာ တွေ့ရှိမှုသည် ကျွန်ုပ်တို့အတွက် စာရင်းချုပ်နေပြီ၊” ဟု ပြန်ပြောကြ၏၊ သူတို့၏ ရှိရင်းစွဲ မိရိုးဖလာသည် အသိပညာ တစ်စုံတစ်ရာမျှ မရှိ၊ လမ်းညွှန်မှန်လည်း မရှိခဲ့ချေ။
၅း၁၀၅။ အို- ယုံကြည်သောသူတို့၊ သင်တို့၏ ဉာဉ်စရိုက်အတွက် သင်တို့၌သာ ဝတ္တရား ရှိ၏၊ သင်တို့သည် လမ်းညွှန်ခံနေရလျှင် လမ်းလွဲသူသည် သင်တို့အား မနစ်နာစေနိုင်ပေ၊ သင်တို့အားလုံး ပရမတ်ဘုရားရှင်၏ ထံသို့သာ အပြန်ခရီးရှိ၏၊ သင်တို့၏ ကျင့်ကြံလေ့ ရှိခဲ့ရာတို့အား သတင်း ထုတ်ပြန်တော်မူလတ္တံ့။
၅း၁၀၆။ အို- ယုံကြည်သောသူတို့၊ သင်တို့အနက် တစ်စုံတစ်ယောက်သည် ကွယ်လွန်ချိန် တန်လာ၍ သေတမ်းစာ ရေးသောအခါ သင်တို့မှ တန်းတူစိတ်ရှိသူ နှစ်ဦးကို မျက်မှောက် သက်သေအဖြစ် ထားရမည်၊ သို့တည်းမဟုတ် ကမ္ဘာမြေ၌ ခရီးသွားနေစဉ် သေခြင်းကျရောက် ထိသက်လာလျှင် သင်တို့ မဟုတ်သော သူများထဲမှ ဖြစ်နိုင်သည်၊ သူတို့အား သံသယ ရှိကြလျှင် သူတို့အား ဝတ်ပြုပြီးသည်ထိ ချုပ်ထိန်းထားပြီး ပရမတ်ဘုရားရှင်အား တိုင်တည်လျက် “ဆွေမျိုးနီးစပ် ဖြစ်လင့်ကစား ၎င်းကို တန်ဘိုးဖြင့် မရောင်းစားပါ၊ ပရမတ်ဘုရားရှင်၏ သက်သေ တည်စေသော ပညတ်ကို မထိမ်ဝှက်ပါ၊ ဤသို့ပြုခဲ့သော် ကျွန်ုပ်တို့သည် အကုသိုလ် သင့်သူများမှ ဖြစ်ပါစေ၊” ဟု ကျိန်စေလော့။
၅း၁၀၇။ အကယ်၍ ထိုနှစ်ဦးသည် အပြစ်ရှိကြောင်း အမှန်ကို ရှာဖွေ တွေ့ရှိစေလျှင် ထိုရပ်တည်သူ နှစ်ဦးအစား သူတို့အတွက် အမှန်တရားသို့ ဘက်လှည့်သော နှစ်ဦးအား ရပ်တည်စေ၍ “ကျွန်ုပ်တို့၏ သက်သေခံချက်သည် ထိုနှစ်ဦး သက်သေခံချက်ထက် ပို၍ မှန်ပါသည်၊ အကယ်၍ ကျွန်ုပ်တို့သည် စည်းဖေါက်ကြပါမူ အမိုက်ကောင်များမှ ဖြစ်ကြပါစေ၊” ဟု ပရမတ်ဘုရားရှင်ထံ တိုင်တည်စေလော့။
၅း၁၀၈။ ဤသည် မျက်နှာရစေသော သက်သေခံချက်ကို ဆိုက်ရောက်စေရန်၊ သို့မဟုတ် သူတို့၏ ကျိန်ဆိုပြီးနောက် ထပ်ဆင့် ကျိန်ဆိုခံရခြင်းမှ စိုးကြောက်စေရန်၊ အနီးစပ်ဆုံးပင် ဖြစ်၏၊ ပရမတ်ဘုရားရှင်အား စည်းစောင့်ကြလော့၊ နာယူကြလော့၊ ပရမတ်ဘုရားရှင်သည် ယုတ်မာသောလူမျိုးအား လမ်းညွှန်တော် မမူချေ။
၅း၁၀၉။ ပရမတ်ဘုရားရှင်က ဉာဏ်စဉ်ဆောင်များအား စုပေါင်းစေသော နေ့၌ “မည်သို့ တုန့်ပြန်ခံရသနည်း၊” ဟု မေးသော်၊ “တပည့်တော်တို့သည် အသိပညာ မရှိပါ၊ အရှင်သည်သာ စက္ခုလွန်များကို သိနေသောအရှင် ဖြစ်ပါ၏” ဟု လျှောက်ကြလတ္တံ့။
၅း၁၁၀။ ပရမတ်ဘုရားရှင်က “အေ- မာရိ၏သား ယေရှု၊ ငါအရှင်က သင်နှင့် သင်၏ မွေးမိခင်အပေါ်၌ ဂုဏ်ပေးမှုကို သတိရကြလော့၊ သင့်အား မြတ်သော ဉာဏ်စဉ်အားဖြင့် ထောက်ပံ့ခဲ့ပြီ၊ သင့်အား လူသားတို့နှင့် ပုခက်တွင်းမှ လည်းကောင်း၊ အရွယ်ရောက်သော် လည်းကောင်း၊ စကားပြောစေ၏၊ သင့်အား ကျမ်းတော်၊ ဓမ္မသတ်တော်နှင့် ဓမ္မဟောင်း၊ ဓမ္မသစ်ကို သင်ပေးတော်မူ၏၊ သင့်အား မြေမှ ငှက် ပုံစံချ ဖန်တီးလျက် ငါ၏ ခွင့်ပြုချက်ဖြင့် သက်ဝင်စေလျှင် ၎င်းသည် ငါ၏ ခွင့်ပြုချက်ဖြင့် ငှက် ဖြစ်လာလတ္တံ့၊ ငါ၏ ခွင့်ပြုချက်ဖြင့် အကန်းနှင့် အနာကြီး ရောဂါသည်တို့အား ရောဂါ ကင်းစေနိုင်လတ္တံ့၊ ငါ၏ ခွင့်ပြုချက်ဖြင့် သူသေများကို ပြန်လည် ထွန်းပေါက်စေခဲ့၏၊ အသင်သည် ဂျူးလူမျိုးတို့ထံသို့ ရှင်းလင်းချက်များကို ရောက်လာစေသောအခါ သင့်ကို အန္တရာယ်ပေးခြင်းမှ သူတို့အား ထိန်းချုပ် ဟန့်တားထား၏၊” ဟု မိန့်သော် သူတို့အနက် ဖုံးကွယ်သော သူများက “ဤသည် ရှင်းလင်း ထင်ရှားသော မှော်အတတ်သာ ဖြစ်၏၊” ဟု ပြောဆိုကြ၏။
၅း၁၁၁။ ဝတ်ရုံဖြူများထံသို့ “ငါအရှင်နှင့် ငါ၏ ဉာဏ်စဉ်ဆောင်အား ယုံကြည်ကြလော့၊” ဟု ငါ အာရုံပေးသော် “တပည့်တော်တို့ ယုံကြည်ပါ၏၊ တပည့်တော်တို့သည် သန္တိသုခ ဝါဒီများအဖြစ် သက်သေဖြစ်ပါ၏” ဟု ပြန်ပြောကြ၏။
၅း၁၁၂။ ဝတ်ရုံဖြူများက “အို- မာရိ၏သား ယေရှု၊ ကျွန်ုပ်တို့အတွက် စတုဒိသာကို သင်၏ ကံကြမ္မာရှင်က ကောင်းကင်ယံမှ ချမှတ်ပေးရန် တတ်နိုင်သလော၊” ဟု တောင်းဆိုသောအခါ သူက “သင်တို့သည် ယုံကြည်သူများ ဖြစ်ကြလျှင် ပရမတ်ဘုရားရှင်အား စည်းစောင့်ကြလော့၊” ဟု ဟောပြော၏။
၅း၁၁၃။ သူတို့က “ကျွန်ုပ်တို့သည် ၎င်းမှ စားသုံးနိုင်ရန်၊ ကျွန်ုပ်တို့၏ စိတ်နှလုံး၌ ဘဝင်ကျနိုင်ရန်၊ သင်သည် ဖြောင့်မှန်သည်ကို သိနိုင်စေရန်၊ ထိုအပေါ်၌ ကျွန်ုပ်တို့ သက်သေ တည်သူများဖြစ်ရန် လိုလားကြ၏၊” ဟု ပြန်ပြောကြ၏။
၅း၁၁၄။ မာရိ၏သား ယေရှုက “အို- ကံကြမ္မာရှင်၊ ပရမတ်ဘုရားရှင်၊ တပည့်တော်တို့အတွက် ကောင်းကင်ယံမှ စတုဒီသာကို ချမှတ်ပေးပါ၊ တပည့်တော်တို့၏ ရှေ့လူ နောက်လူများအတွက် အရှင့်ထံမှ နိမိတ်လက္ခဏာအဖြစ် တပည့်တော်တို့အား ဆက်ဖြစ်စေတော်မူပါ၊ ရိက္ခာထောက်တော်မူပါ၊ အရှင်သည် အကောင်းဆုံး ရိက္ခာထောက်သည့် အရှင်ဖြစ်ပါ၏၊” ဟု ဆုပန်သော်။-
၅း၁၁၅။ ပရမတ်ဘုရားရှင်က “သူတို့အပေါ်၌ ၎င်းကို ငါ ချပေးတော်မူပြီ၊ သို့နောက်မှ သင်တို့အနက် ဖုံးကွယ်သူအား လောကခပ်သိမ်း၌ တစ်ဦးတစ်ယောက်ကိုမျှ မသင့်သည့် ဝဋ်ကြွေးဖြင့် ဝဋ်ကြွေး သင့်စေမည်၊” ဟု မိန့်လေ၏။
၅း၁၁၆။ ပရမတ်ဘုရားရှင်က မာရိ၏သား ယေရှုအား- လူသားတို့အား “ပရမတ်ဘုရားရှင်မှ လွဲ၍ ကျွန်ုပ်နှင့် ကျွန်ုပ်၏မိခင်အား ဘုရားနှစ်ပါးအဖြစ် ယူမှတ်ရန် သင် ဟောသလော၊” ဟု မိန့်သောအခါ သူ လျှောက်ထားသည်မှာ “အရှင်အား ဦးထိပ်ထားပါ၏၊ အမှန်တရားမှအပ တပည့်တော် မပြောသင့်သော မအပ်မရာကို မပြောပါ၊ အကယ်၍ ပြောခဲ့မိလျှင် အရှင် သိပြီးသား ဖြစ်ပါ၏၊ တပည့်တော်၏ ဉာဉ်ထဲ၌ ရှိသည်ကို အရှင်သိပါ၏၊ အရှင်၏ ဉာဉ်တော်အား တပည့်တော် မသိနိုင်ပါ၊ ဧကန်ပင် အရှင်သည်သာ စက္ခုလွန်များကို သိနေသောအရှင် ဖြစ်၏။
၅း၁၁၇။ တပည့်တော်အား ညွှန်ကြားသည့်အတိုင်း ကျွန်ုပ်၏ ကံကြမ္မာရှင်၊ သင်တို့၏ ကံကြမ္မာရှင်ဖြစ်သော ပရမတ်ဘုရားရှင်ကိုသာ ကိုးကွယ်ကြရန် သူတို့အား ဟောပြောပါ၏၊ တပည့်တော်သည် သူတို့နှင့်အတူ ရှိနေခဲ့သမျှ သူတို့အတွက် သက်သေဖြစ်ပါ၏၊ တပည့်တော်အား သက်တမ်း ကုန်စေခဲ့သောအခါ အရှင်သည် သူတို့အား စောင့်ကြည့်သောအရှင် ဖြစ်ပါ၏၊ အရှင်သည်သာ သဗ္ဗလုံးစုံအား အသိ သက်သေ ဖြစ်ပါ၏။
၅း၁၁၈။ သူတို့သည်ကား အရှင်၏ အမှုတော်ဆောင်များ ဖြစ်ကြ၏၊ အရှင်က သူတို့အား ဝဋ်ကြွေး သင့်စေနိုင်၏၊ လွတ်ငြိမ်းခွင့် ပေးနိုင်ပါ၏၊ ဧကန်ပင် အရှင်သည်သာ ဘုန်းတော်ရှင်၊ ဓမ္မသတ်ရှင် ဖြစ်တော်မူပါ၏။”
၅း၁၁၉။ ပရမတ်ဘုရားရှင် မိန့်တော်မူသည်မှာ “ဤသည်ကား ဖြောင့်မှန်သူများ အတွက် ဖြောင့်မှန်သော အကျိုးရှိမည့်နေ့ပင်တည်း၊ သူတို့အဘို့ အောက်ခင်း၌ စမ်းချောင်းရေသွင် စီးဆင်းနေသော ဥယျာဉ်ဘုံများ ရှိ၏၊ ထို၌ ကာလပိုင်းခြားမဲ့ အစဉ် စံစားရမည်ပင်၊” ပရမတ်ဘုရားရှင်သည် သူတို့အား နှစ်မြို့တော်မူ၏၊ သူတို့ကလည်း ပရမတ်ဘုရားရှင်အား နှစ်မြို့ကြကုန်၏၊ ဤသည် မဟာ အောင်ပွဲဖြစ်၏။
၅း၁၂၀။ မိုးများနှင့် မြေ- ထိုနှစ်ခုတွင် ရှိရာတို့သည် ပရမတ်ဘုရားရှင်၏ အချုပ်အခြာ အာဏာ၌ ရှိ၏၊ အရှင်သည် သဗ္ဗလုံးစုံအား စည်းချိန် ချမှတ်တော်မူ၏။
၅းဓမ္မခန္ဓာ (၅) ဤတွင် ပြီး၏။
ဓမ္မခန္ဓာ (၆) ကပ္ပိယသတ္တဝါများ
ဉာဏ်စဉ်ကိန်းဝပ်ပေးမှု အမှတ်စဉ် (၅၅)၊ သုတ်ဒေသနာ (၁၆၅)ပါး၊
ကရုဏာရှင် အကြင်နာရှင် ဖြစ်တော်မူသော ပရမတ်ဘုရားရှင်၏ ဂုဏ်တော်အားဖြင့်-
၆း၁။ ရည်သန် စူးစိုက်မှု အပေါင်းသည် မိုးများနှင့် မြေအား ဖြစ်တည်စေသော၊ အမှောင်နှင့် အလင်းကို စီစဉ်ပေးသော၊ ပရမတ်ဘုရားရှင် အဘို့သာတည်း၊ တဖန်- ဖုံးကွယ်သော သူတို့သည် ကံကြမ္မာရှင်ဖြင့် တန်းတူ ပြုလိုကြ၏။
၆း၂။ အရှင်သည် သင်တို့အား မြေမှ ဖြစ်တည်စေ၏၊ တဖန် သက်တမ်းကို ဆုံးဖြတ်ထား၏၊ သက်တမ်းသည် အရှင့်ထံ၌ သတ်မှတ်ချက်ရှိ၏၊ တဖန်- သင်တို့သည် အချင်းများ လိုကြ၏။
၆း၃။ အရှင်သည် မိုးများအတွင်း၊ မြေအတွင်း ရှိသမျှတို့၏ ပရမတ်ဘုရားရှင် ဖြစ်၏၊ အရှင်သည် သင်တို့၏ ကြိတ်၍ ဖြစ်ခြင်း၊ ကျယ်လောင်စွာ ဖြစ်ခြင်းများကို သိနေတော်မူ၏၊ သင်တို့ ကျင့်ဆောင်ရာများကိုလည်း သိနေတော်မူ၏။
၆း၄။ သူတို့ ကံကြမ္မာရှင်၏ သုတ်ဒေသနာများမှ သူတို့ထံ ပေးရောက်စေသော မည်သည့် သုတ်တော်ကိုမဆို ထို၌ သူတို့ ဘောင်ကန့်ထားသူများသာ ဖြစ်ကြ၏။
၆း၅။ သူတို့ထံသို့ သစ္စာတရား ရောက်လာစေတိုင်း မုချ ငြင်းဆန်ကြ၏၊ မကြာမီ- သူတို့ လှောင်ပြောင်လေ့ရှိရာ၏ သတင်းများအား သူတို့ထံ၌ ပေးအပ်လေလတ္တံ့။
၆း၆။ သူတို့၏ ရှေ့အလျင်- မည်မျှသော မျိုးဆက်များအား တိမ်ကောစေခဲ့ သည်ကို သူတို့ မမြင်ကြသလော၊ မြေကမ္ဘာ၌ သင်တို့အား ထူထောင်ပေးသကဲ့သို့ သူတို့အား ထူထောင်ပေးခဲ့သည် မဟုတ်ချေ၊ ငါအရှင်သည် သူတို့ပေါ်သို့ အကျိုးကျေးဇူး များစွာကို ကောင်းကင်မှ စေစားခဲ့၏၊ သူတို့၏ အောက်မှ မြစ်ချောင်းကြီးများ စီးဆင်းရန် စီစဉ်ခဲ့၏၊ သူတို့၏ အပြစ်များကြောင့် သူတို့အား တိမ်ကောစေခဲ့၏၊ သူတို့နောက် အခြားသော မျိုးဆက်ကို ပေါ်ထွန်းစေခဲ့ပြီ။
၆း၇။ အသင့်ထံသို့ စာရွက်စာတမ်းဖြင့် ကျမ်းတော်ကို ချမှတ်ပေးလျက် ၎င်းကို သူတို့၏ လက်များဖြင့် ထိတွေ့ရသော်လည်း ဖုံးကွယ်သော သူများက “ဤသည် ရှင်းလင်း ထင်ရှားသော မှော်အတတ်သာ ဖြစ်၏” ဟု ဆိုကြလတ္တံ့။
၆း၈။ “သူ့အား အဘယ်ကြောင့် နတ်တစ်ပါး ဝန်တာ မချမှတ်သနည်း၊” ဟု ပြောကြ၏၊ အကယ်၍ နတ်တစ်ပါးအဖြစ် တာဝန်ချခဲ့သော် ညွှန်ကြားချက်သည် အပြီးသတ် ပြီးလေပြီ၊ စောင့်ကြည့်ခွင့် ပေးမည်လည်း မဟုတ်ပေ။
၆း၉။ ငါသည် သူ့အား နတ်တစ်ပါးအဖြစ် စီစဉ်ခဲ့သော် ၎င်းကို လူသားအဖြစ်သာ စီစဉ်တော်မူ၍ သူတို့အား အဆင်အယင်များဖြင့် ဆင်ယင်စေလတ္တံ့။
၆း၁၀။ သင့် ရှေ့အလျင် ဉာဏ်စဉ်ဆောင်များသည်လည်း မုချပင် လှောင်ပြောင် ခံခဲ့ရ၏၊ ထိုပျက်ရယ်ပြုသော သူတို့အား သူတို့၏ လှောင်ပြောင်လေ့ ရှိသည်များက ပိတ်ဖုံးလိုက်လေပြီ။
၆း၁၁။ ငြင်းဆန်သူတို့၏ နိဂုံးချုပ် မည်သို့ဖြစ်ရသည်ကို ကမ္ဘာအနှံ့ သွားလာ၍ ကြည့်ကြကုန်ဟု ဟောပြောလော့။
၆း၁၂။ မိုးများနှင့် မြေအတွင်း ရှိသမျှသည် မည်သူ၏ အချုပ်အခြာ၌ ရှိသနည်း- ဟု မေးမြန်းလော့၊ ဟောကြားလော့၊ ပရမတ်ဘုရားရှင်၏ အချုပ်အခြာ၌သာ ရှိ၏၊ အရှင်သည် မိမိ၏ စရိုက်တော်အား ကရုဏာအဖြစ် ပြဌာန်းထားတော်မူ၏၊ သံသယဖြစ်ဘွယ် အလျဉ်းမရှိသော ရပ်တည်ရသောနေ့၌ သင်တို့ အားလုံးကို စုပေါင်းစေတော်မူမည်၊ မိမိ၏ စရိုက်အား ပျက်စီးစေသော သူတို့သည် မယုံကြည်သူများ ဖြစ်ကြ၏။
၆း၁၃။ ည၌၊ နေ့၌ ကျက်စားသော အရာအားလုံးသည် အရှင်၏ အချုပ်အခြာ၌ ရှိ၏၊ အရှင်သည် ကြားနေသောအရှင်၊ သိနေသောအရှင် ဖြစ်၏။
၆း၁၄။ ဟောပြောလော့၊ မိုးများနှင့် မြေကမ္ဘာ၏ မူလလက်သည် ဖြစ်သော ပရမတ်ဘုရားရှင်မှအပ အခြားကို မဟာမိတ်အဖြစ် အယူထားမည်လော၊ အရှင်သည် ကျွေးမွေးသူ ဖြစ်၏၊ ဆွမ်းကပ်ခံ မဟုတ်ချေ၊ ဟောပြောလော့၊ ကျွန်ုပ်သည် သန္တိသုခဝါဒ ဦးသျှောင်ဖြစ်ရန် ရောပြွန်း ကိုးကွယ်သူတို့မှ မဖြစ်ရန် ညွှန်ကြားခံရ၏။
၆း၁၅။ ကျွန်ုပ်၏ ကံကြမ္မာရှင်အား အာခံမိလျှင် ဝဋ်ကြွေးသင့်နေ့ကြီးကို ကျွန်ုပ် ကြောက်ရွံ့ပါ၏၊ ဟု ဟောပြောလော့။
၆း၁၆။ ထိုနေ့မှ ပြန်လှည့်ခံရသူသည် မုချဧကန် အရှင်၏ ကရုဏာ သက်ခံရသူ ဖြစ်၏၊ ဤသည်ပင် ရှင်းလင်း ထင်ရှားသော အောင်ပွဲဖြစ်၏။
၆း၁၇။ အသင့်အား ပရမတ်ဘုရားရှင်က ဆိုးကျိုးသက်စေသည် ဖြစ်စေ၊ ကောင်းခြင်း သက်စေသည် ဖြစ်စေ၊ အရှင်မှအပ ဖယ်ရှားနိုင်သူ ဟူ၍ မရှိချေ၊ အရှင်သည် သဗ္ဗလုံးစုံအား စည်းချိန် ချမှတ်တော်မူ၏။
၆း၁၈။ အရှင်၏ အမှုတော်ဆောင်များ အပေါ်မှ အရှင်သည် ဖူးခြာ ဖြစ်၏၊ အရှင်သည် ဓမ္မသတ်ရှင်၊ သတင်းရနေသောအရှင် ဖြစ်တော်မူ၏။
၆း၁၉။ သက်သေတော်အတွက် မည်သည့်အရာသည် အကြီးမြတ်ဆုံး ဖြစ်သနည်း- ဟု မေးမြန်းလော့၊ ဟောလော့၊ ပရမတ်ဘုရားရှင်ပင်တည်း၊ အရှင်သည် ကျွန်ုပ်၏ကြား၊ သင်တို့ကြား၌ သက်သေ ဖြစ်၏၊ သင်တို့နှင့် သာသနာပြုခံ သူတို့အား သတိပေးရန် ဤကုရ်အာန်ကို ကျွန်ုပ်ထံသို့ အာရုံဈာန်ပေး၏၊ သင်တို့သည် ပရမတ်ဘုရားရှင်နှင့် တွဲဘက်လျက် အခြားသော ဘုရားများ ရှိသည်ဟု သက်သေ ခံရဲကြသလော၊ “ကျွန်ုပ်သော်ကား သက်သေ မဟုတ်ချေ၊” ဟု ပြောလော့၊ ဟောလော့၊ အရှင်သည်သာ တစ်ဆူတည်းသော ဘုရားရှင် ဖြစ်၏၊ ကျွန်ုပ်သည်ကား ရောပြွန်း ကိုးကွယ်မှ ကင်းသန့်၏။
၆း၂၀။ ကျမ်းတော် ပေးအပ်ခံရသော သူများက သူ့အား သူတို့၏ သားမြေးများကို သိမှတ်သကဲ့သို့ သိမှတ်ကြ၏၊ သူတို့၏ ဉာဉ်စရိုက်အား ဆုံးရှုံးစေသော သူများသည် ယုံကြည်ကြမည် မဟုတ်ချေ။
၆း၂၁။ ပရမတ်ဘုရားရှင်နှင့် စပ်လျဉ်း၍ လုပ်ကြံ ဖန်တီး ငြင်းဆန်ကြ၏၊ အရှင်၏ ဒေသနာတော်အား ငြင်းဆန်နေသူများထက် မည်သူက ပို၍ အမိုက်စီးဘိသနည်း၊ ဧကန်ပင် အမိုက်ကောင်များသည် အောင်မြင် ပေါက်မြောက်မည် မဟုတ်ချေ။
၆း၂၂။ သူတို့အားလုံးကို စုစည်းစေသောနေ့၌ ရောပြွန်း ကိုးကွယ်သော သူများအား “သင်တို့ ရပ်တည် ပြောဆိုလေ့ရှိသော ရောပြွန်း ကိုးကွယ်ခံများသည် အဘယ်မှာနည်း၊” ဟု မေးလတ္တံ့။
၆း၂၃။ ကျွန်ုပ်တို့၏ ကံကြမ္မာရှင်၊ ပရမတ်ဘုရားရှင်အားဖြင့်၊ “ကျွန်ုပ်တို့သည် ရောပြွန်း ကိုးကွယ်သူများမှ မဟုတ်ခဲ့ပါ၊” ဟု ပြောနိုင်ခြင်းမှအပ သူတို့ သွေးတိုး မစမ်းနိုင်တော့ပေ။
၆း၂၄။ သူတို့၏စရိုက်အား သူတို့ လိမ်ခဲ့ကြသည့် ထို လုပ်ကြံ ဖန်တီးလေ့ ရှိရာများက သူတို့ထံမှ မည်သို့ သွေဖယ်သွားသည်ကို သင် ကြည့်လော့။
၆း၂၅။ သူတို့အနက် သင့်အား နားစွင့်သူတို့ရှိ၏၊ ငါသည် သူတို့၏ နားလည်မှု ချည့်နဲ့စေရန် နှလုံးသား၌ ကွယ်ကာမှုနှင့် သူတို့၏နားများ လေးနေခြင်းကို စီစဉ်ထား၏၊ သူတို့သည် သုတ်ဒေသနာ အလုံးစုံကို မြင်တွေ့ငြားသော်လည်း ထို၌ ယုံကြည်ကြမည် မဟုတ်ချေ။ ဤသို့ သင့်ထံသို့ ရောက်လာကြသည့်တိုင် သင့်အား စောဒက တက်ကြလျက် ဖုံးကွယ်သော သူများက “ဤသည် ရှေးသရောအခါက ဒဏ္ဍာရီများသာ ဖြစ်၏၊” ဟု ဆိုကြ၏။
၆း၂၆။ သူတို့သည် ၎င်းမှ ဟန့်တားကြ၏၊ ၎င်းမှ ကင်းကင်းနေကြ၏၊ သူတို့သည် မိမိ၏ စရိုက်ကိုသာ တိမ်ကောစေ၏၊ သူတို့ သတိ မမူနိုင်ကြချေ။
၆း၂၇။ အပူမီးပေါ်၌ ရပ်စေသောအခါ “ကျွန်ုပ်တို့မှာ ပြန်ပို့ခံရလျှင် ကံကြမ္မာရှင်၏ သုတ်ဒေသနာများကို မငြင်းဆန်တော့ပါ၊ ဧကန်ပင် ယုံကြည်သူများ အနက်၌ ပါဝင်ပေတော့မည်၊” ဟု ညည်းညူကြသည်ကို သင်မြင်ရလတ္တံ့။
၆း၂၈။ အမှန်မှာ ရှေ့အလျင်က သူတို့ ထိမ်ဝှက်လေ့ ရှိရာများသည် သူတို့အဘို့ ဖေါ်ပြခြင်း ဖြစ်၏၊ သူတို့အား ပြန်ပို့ခဲ့လျှင်လည်း ဟန့်တားသည်ကို ဆက်လုပ်အံ့၊ သူတို့မှာ လိမ်ညာသူများသာ ဖြစ်ချေ၏။
၆း၂၉။ သူတို့က “လောကီသက်တမ်းသည်သာ ရှိ၏၊ ကျွန်ုပ်တို့သည် နိုးထရမည် မဟုတ်ချေ၊” ဟု ပြောဆိုကြ၏။
၆း၃၀။ သူတို့အား ကံကြမ္မာရှင်၏ ရှေ့မှောက်၌ ရပ်စေသောအခါ “ဤသည် အမှန်တရားပင် မဟုတ်လော၊” ဟု မေးမြန်းခံရလတ္တံ့၊ သူတို့က “မှန်လှပါ ကံကြမ္မာရှင်၊” ဟု ဖြေကြားလိမ့်မည်၊ ထိုအခါ “အသင်တို့ ဖုံးကွယ်လေ့ရှိသည့် ဝဋ်ကြွေးအား မြည်းစမ်းကြလော့၊” ဟု မိန့်တော်မူသည်ကို သင် မြင်ရလတ္တံ့။
၆း၃၁။ ပရမတ်ဘုရားရှင်အား ဖူးတွေ့ရမည်ကို ငြင်းဆန်သော သူတို့သည် ဆုံးရှုံးရသူများ ဖြစ်၏၊ ထိုအခိုက်အတန့်သည် ရုတ်တရက် ဆိုက်ရောက်လာသော်- သူတို့က “ကျွန်ုပ်တို့၏ လက်လွတ်စပယ်မှုများ အတွက် ကြေကွဲရလေခြင်း၊” ဟု ညည်းညူကြလတ္တံ့၊ သူတို့သည် အကုသိုလ် ဝန်ထုတ်ဝန်ပိုးများကို ကျောကုန်းထက်၌ ထမ်းလျက် သယ်ပိုးရပေမည်။
၆း၃၂။ လောကီဘဝသည် မြူးတူး ပျော်ပါးစရာ ဟာသမျှ ဖြစ်၏၊ စည်းစောင့်သော သူများအတွက် နောင်ဘဝ ဘုံဗိမာန်သည် အကောင်းဆုံး ဖြစ်၏၊ အတွေးအခေါ် မရှိကြသလော။
၆း၃၃။ ထိုပြောဆိုသော သူများကြောင့် သင့်အား သောက ဖြစ်စေသည်ကို ငါအရှင် မုချ သိနေတော်မူ၏၊ အမှန်မှာ သူတို့သည် သင့်အား လိမ်လည်သည်ဟု မဆိုချေ၊ သို့ရာတွင် အမိုက်ကောင်များသည် ပရမတ်ဘုရားရှင်၏ သုတ်ဒေသနာများကို ပယ်ပစ်နေခြင်း ဖြစ်၏။
၆း၃၄။ သင့် ရှေ့အလျင် ဉာဏ်စဉ်ဆောင်များသည်လည်း မုချ ငြင်းဆန်ခြင်း ခံခဲ့ရပြီ၊ သို့သော် ငါ၏ ကူညီမှုများ ပေးအပ်သည် အထိ ငြင်းဆန်မှုများ၊ ထိခိုက် နစ်နာများကို ကြံ့ကြံ့ခံခဲ့ရပြီ၊ ပရမတ်ဘုရားရှင်၏ ဓမ္မတော်အား လွှဲပြောင်းနိုင်သူ မရှိချေ၊ မုချပင် ဉာဏ်စဉ်ဆောင်များ၏ သတင်းများ သင့်ထံသို့ ရောက်လာစေပြီ။
၆း၃၅။ သင်သည် တတ်နိုင်၍ မြေလျှိုးနိုင်ရန် လည်းကောင်း၊ မိုးပျံနိုင်ရန် လည်းကောင်း၊ နိမိတ်လက္ခဏာကို ရှာဖွေ ယူလာခဲ့သော်လည်း သူတို့၏ ဘောင်ကန့်ခြင်းသည် သင့်အတွက် ဝန် ကြီးလှလျှင်၊ ပရမတ်ဘုရားရှင်၏ စံချိန်ပြည့်မီလျှင်၊ သူတို့အား လမ်းညွှန်မှန်ပေါ် အတူစုပေးပြီ၊ သင်သည် ပညာမဲ့တို့၏ အနက်မှ မဖြစ်စေနှင့်။
၆း၃၆။ နာယူသောသူများသည်သာ ဖြေကြားခံရသူများ ဖြစ်ကြ၏၊ ပရမတ်ဘုရားရှင်သည် ဘဝ သေနေသူများကို နိုးကြွစေတော်မူ၏၊ ထို့နောက် အရှင့်ထံသို့သာ ဦးလှည့်ရမည်သာတည်း။
၆း၃၇။ ကံကြမ္မာရှင်၏ထံမှ နိမိတ်လက္ခဏာ တစ်ပါးပါး သူ့ထံသို့ အဘယ်ကြောင့် မချမှတ်သနည်း၊ ဟု ပြောဆိုကြကုန်၏၊ ဟောလော့၊ ပရမတ်ဘုရားရှင်သည် ချမှတ်ပေးသည့် သုတ်ဒေသနာ၌ စည်းကြပ်မတ်ထား၏၊ သို့ရာတွင် သူတို့အနက် များစွာတို့မှာ မသိကြချေ။
၆း၃၈။ မြေ၌ တွားသွား သတ္တဝါ၊ အတောင်နှစ်ဘက်ဖြင့် ပျံသော ငှက်သည် သင်တို့ကဲ့သို့ အသိုင်းအဝိုင်းများဖြင့် ဖြစ်ကြ၏၊ ငါ၏ကျမ်းတော်၌ လက်လွတ်စပယ် တစ်စုံတစ်ရာမျှ မရှိချေ၊ ထို့နောက် သူတို့၏ ကံကြမ္မာရှင်ထံသို့သာ စုစည်း ခံရစေမည်ပင်။
၆း၃၉။ ငါ၏ သုတ်ဒေသနာများအား ငြင်းဆန်သော သူတို့သည် အမှောင်၌ ရှိသော ပင်းသူ၊ အသူများ ဖြစ်ကြ၏၊ ပရမတ်ဘုရားရှင်သည် စံချိန် ပြည့်မီသူအား အပါယ်သို့ ရောက်စေ၍ စံချိန်ပြည့်မီသူအား ဖြောင့်မတ် မှန်ကန်သောလမ်း၌ ရှိရန် စီစဉ်တော်မူ၏။
၆း၄၀။ ဟောပြောလော့၊ “သင်တို့သည် ဖြောင့်မှန်သူများ ဖြစ်ကြလျှင် ပရမတ်ဘုရားရှင်၏ ဝဋ်ကြွေးဒဏ်သည် သင်တို့ထံသို့ ပေးရောက်သော်၊ သို့မဟုတ် ထိုအခိုက်အတန့် ပေးရောက်ခဲ့သော်၊ ပရမတ်ဘုရားရှင်မှကင်း၍ ဆုတောင်းစရာကို မြင်ကြသလော။”
၆း၄၁။ အမှန်မှာ အရှင့်ထံ၌သာ ဆုတောင်းကြလတ္တံ့၊ ဆုတောင်းမှုများပေါ်၌ ဖယ်ရှားတော်မူအံ့၊ စံချိန်ပြည့်လျှင် သင်တို့သည် ရောပြွန်း ကိုးကွယ်ခဲ့သည်များကို မေ့ပစ်ကြလတ္တံ့။
၆း၄၂။ ငါသည် သင့်ရှေ့အလျင် အသိုင်းအဝိုင်းတို့ထံ ဉာဏ်စဉ်ဆောင်များ စေစား၏၊ ထို့နောက် သူတို့အား နိဝါတတရား ရှိအံ့သောငှာ၊ အမင်္ဂလာ ဆိုးကျိုးများ ဖြင့် အရေးယူခဲ့၏။
၆း၄၃။ သူတို့ထံ အမင်္ဂလာ ရောက်လာစေပြီး ထိသက်စေသော်လည်း နှိမ့်ချခြင်း မရှိကြချေ၊ သူတို့၏နှလုံးသားသည် ခက်ထန်ကြ၏၊ မကောင်းဆိုးဝါးက သူတို့၏ ကျင့်ကြံလေ့ ရှိရာများကြောင့် ဖမ်းစားထား၏။
၆း၄၄။ သူတို့အား သတိရစေသည်ကို မေ့ပစ်ကြကုန်၏၊ သူတို့အား ပေးအပ်ရာများ၌ ဝမ်းသာအားရ ဖြစ်နေသည့်တိုင် ငါသည် သူတို့အပေါ်၌ ခပ်သိမ်းသော ထွက်ပေါက်များကို ဖွင့်ထားတော်မူ၍ သူတို့အား ရုတ်တရက် အရေးယူလိုက်သော် တွေဝေသွားကြကုန်၏။
၆း၄၅။ မိုက်ကြေးခွဲသော လူမျိုးတို့၏ အခြေအမြစ်များကို ဖြတ်တောက်ပစ်တော်မူ၏၊ ရည်သန် စူးစိုက်မှုအပေါင်းသည် စကြဝဠာများ၏ ကံကြမ္မာရှင်၊ ပရမတ်ဘုရားရှင် အဘို့သာ ဖြစ်၏။
၆း၄၆။ ဟောလော့၊ “ပရမတ်ဘုရားရှင်သည် သင်တို့၏ အကြားအမြင်ကို သုတ်ယူပစ်၍ သင်တို့၏ နှလုံးသားကို အဆုံးသတ်လိုက်လျှင် ပရမတ်ဘုရားရှင်မှ အပ ၎င်းကို သင်တို့ထံသို့ ချီးမြှင့်နိုင်သော အခြားဘုရားဟူ၍ ရှိသေးသည်ဟု သင်တို့ ရှုစားမိကြသလော၊” အရှင်သည် သုတ်ဒေသနာများကို မည်သို့ ထပ်ပြန် တလဲလဲ ရှင်းပြသည်ကို ကြည့်လော့၊ ထို့နောက် သူတို့သည် ဘက်လှည့် ပြေးကြကုန်၏။
၆း၄၇။ ဟောလော့၊ “ပရမတ်ဘုရားရှင်ထံမှ ဝဋ်ကြွေးဒဏ်သည် သင်တို့ထံသို့ ရုတ်တရက်၊ သို့မဟုတ် ပေါ်ပေါ်ထင်ထင် ပေးရောက်ခဲ့သော် မိုက်ကြေးခွဲသော လူမျိုးမှအပ အခြားသူအား တိမ်ကောစေမည်ဟု သင်တို့ မြင်ကြသလော။”
၆း၄၈။ ငါသည် ဉာဏ်စဉ်ဆောင်များအား သတင်းကောင်းပါးသူ၊ သတိပေးသူများ အဖြစ်မှအပ စေစားသည် မဟုတ်၊ ယုံကြည်လျက် ပြုပြင် ပြောင်းလဲမှု ပြုသူ မည်သူမဆို သူတို့အား ကြောက်ရွံ့ရစေမည် မဟုတ်၊ သောက ဖြစ်ရစေမည်လည်း မဟုတ်ချေ။
၆း၄၉။ ငါ၏ သုတ်ဒေသနာများကို ငြင်းဆန်သော သူတို့အား၊ သူတို့၏ ယုတ်မာလေ့ ရှိမှုများကြောင့် ဝဋ်ကြွေးဒဏ်များ ထိစေမည်။
၆း၅၀။ ဟောလော့၊ “ပရမတ်ဘုရားရှင်၏ ဘဏ္ဍာများ၊ စက္ခုလွန်များကို သိနိုင်စွမ်းများ ကျွန်ုပ်၌ ရှိသည်ဟု သင်တို့အား ပြောခဲ့သလော၊ ကျွန်ုပ်သည် နတ်မင်းကြီးတစ်ပါး ဖြစ်သည်ဟုလည်း မပြောခဲ့ပေ၊ ကျွန်ုပ်အား အာရုံဈာန် ပေးသည်ကိုသာ လိုက်နာ၏၊” “အကန်းနှင့် မြင်နိုင်သူသည် တူညီသလော၊ စဉ်းစား သုံးသပ်နိုင်စွမ်း မရှိကြသလော၊” ဟု မေးမြန်းလော့။
၆း၅၁။ အရှင်မှလွဲ၍ သူတို့အတွက် မဟာမိတ် မရှိ၊ ကြားဝင်ပေးနိုင်သူ မရှိ၊ ကံကြမ္မာရှင်၏ ထံသို့သာ စုစည်း ခံရစေမည်ဟု စိုးကြောက်သော သူများအား စည်းစောင့်အံ့ငှာ သတိပေးလော့။
၆း၅၂။ မနက်စောစောနှင့် ညဦး၌ ကံကြမ္မာရှင်အား မျက်မှောက်ပြု၍ ဆုတောင်းလိုသော သူတို့အား မောင်းမထုတ်နှင့်၊ သူတို့အတွက် သင်သည် တစ်စုံတစ်ရာမျှ စစ်ဆေးခံရမည် မဟုတ်၊ သူတို့သည်လည်း သင့်အတွက် တစ်စုံတစ်ရာမျှ စစ်ဆေးခံရမည် မဟုတ်ပေ၊ သူတို့အား မောင်းထုတ်ခဲ့လျှင် သင်သည် အမိုက်ကောင်များမှ ဖြစ်ရချေပြီ။
၆း၅၃။ “ကျွန်ုပ်တို့အနက် ဤသူများကိုသာ ပရမတ်ဘုရားရှင်က မျက်နှာသာ ပေးသလော၊” ဟု မေးမြန်းရရန် ငါသည် သူတို့မှ အချို့ကို အချို့အားဖြင့် ဤသို့ စမ်းသပ်တော်မူ၏၊ ပရမတ်ဘုရားရှင်သည် ကျေးဇူးသိသူတို့အား အသိဆုံးပင် မဟုတ်လော။
၆း၅၄။ ငါ၏ သုတ်ဒေသနာတို့အား ယုံကြည်သောသူများသည် သင့်ထံသို့ ရောက်လာသောအခါ “သင်တို့၌ ငြိမ်းချမ်းမှု ခပါစေ၊ သင်တို့၏ ကံကြမ္မာရှင်သည် အရှင်၏ စရိုက်တော်အား ကရုဏာအဖြစ် ပြဌာန်းထား၏၊ သင်တို့အနက် ပညာမဲ့စွာ အကုသိုလ် ကျင့်ကြံမိသူသည် ပြီးနောက်မှ ခဝါချလျက် ပြုပြင်ကြလျှင် အရှင်သည် လွတ်ငြိမ်းစေသောအရှင်၊ အကြင်နာရှင် ဖြစ်တော်မူ၏၊” ဟု ဆိုကြလတ္တံ့။
၆း၅၅။ ရာဇဝတ်ကောင်တို့၏ လမ်းစဉ်ကို ရှင်းလင်းစေရန် သုတ်ဒေသနာများကို ဤသို့ ရှင်းလင်း ဆုံးဖြတ်ပေးတော်မူ၏။
၆း၅၆။ ဟောလော့၊ “ပရမတ်ဘုရားရှင်မှ လွဲ၍ ဆုတောင်းရာတို့အား ကိုးကွယ်ခြင်းမှ ကျွန်ုပ်အား ဟန့်တားတော်မူ၏။” “ကျွန်ုပ်အား လမ်းညွှန်ရသူတို့မှ မဖြစ်နိုင်သော အသင်တို့၏ လွဲမှားစေသည့်- လိုဘများသို့ ကျွန်ုပ် လိုက်နာမည် မဟုတ်ချေ၊” ဟု ထပ်ပြောလော့။
၆း၅၇။ ဟောလော့၊ “ကျွန်ုပ်သည် သင်တို့က ငြင်းဆန်သော ကံကြမ္မာရှင်၏ ရှင်းလင်းချက်တော်၌ ရှိ၏၊ သင်တို့ အလျင်လိုသည့် အရာသည် ကျွန်ုပ်ထံ၌ မရှိချေ၊ သစ္စာတရားအား ဖေါ်ပြပေးသော ပရမတ်ဘုရားရှင်သည်သာ စီရင်ထုံး ပြုပေးတော်မူ၏၊ အရှင်သည်သာ အကောင်းဆုံး ရှင်းလင်း ဆုံးဖြတ်ပေးသောအရှင် ဖြစ်၏။”
၆း၅၈။ ဟောပြောလော့၊ “သင်တို့ အလျင်လိုနေသော အရာသည် ကျွန်ုပ်ထံ၌ ရှိခဲ့လျှင် ကျွန်ုပ်၏ကြား၊ သင်တို့ကြား၌ ညွှန်ကြားချက်ကို ဆုံးဖြတ်ပြီးလတ္တံ့၊ ပရမတ်ဘုရားရှင်သည် အမိုက်ကောင်တို့အား အသိဆုံး ဖြစ်တော်မူ၏၊”
၆း၅၉။ အရှင်မှအပ သိနိုင်သူ မရှိသော စက္ခုလွန်များအတွက် သော့များသည် အရှင့်ထံ၌ ရှိနေ၏၊ အရှင်သည် မြေ၊ ရေ၊ နှစ်ပါး၌ ရှိသည်တို့ကို သိနေတော်မူ၏၊ သစ်တစ်ရွက် ကြွေကျလေလျှင် အရှင်သိနေသည်သာ ဖြစ်၏၊ မြေကမ္ဘာ၏ အမှောင်တွင်းမှ သစ်စေ့တစ်စေ့၊ လတ်ဆတ်ခြင်း၊ ခြောက်သွေ့ခြင်းတို့သည် ရှင်းလင်း ထင်ရှားသော မှတ်တမ်း၌ ရှိနေသည်သာ ဖြစ်၏။
၆း၆၀။ ထိုအရှင်သည် ည့ဉ်၌ သင်တို့အား အားပြည့်စေတော်မူ၍၊ နေ့၌ သင်တို့ လုပ်လိုက်သမျှကို သိနေသောအရှင် ဖြစ်၏၊ တဖန် သတ်မှတ်သက်တမ်းအား ပြီးဆုံးစေရန် သင်တို့အား နိုးကြွစေ၏၊ ထို့နောက် သင်တို့သည် အရှင့်ထံသို့သာ အပြန်ခရီး ရှိ၍ အသင်တို့၏ ကျင့်ကြံခြင်း ရှိခဲ့သည်ကို သတင်း ထုတ်ပြန်တော်မူလတ္တံ့။
၆း၆၁။ အရှင်သည် အမှုတော်ဆောင်များ အပေါ်မှ ဖူးခြာ ဖြစ်၏၊ သင်တို့အနက် တစ်စုံတစ်ယောက်ထံသို့ အနိစ္စတရား ရောက်လာသည့်တိုင် စောင့်ရှောက်သူအား စေထားတော်မူ၍ သူ့အား ငါ၏ ဉာဏ်စဉ်ဆောင်များက သက်တမ်း ကုန်စေ၏၊ သူတို့သည် လက်လွတ်စပယ် မရှိချေ။
၆း၆၂။ ထို့နောက် အားကိုးရမည့်အရှင် အစစ်အမှန်ဖြစ်သော ပရမတ်ဘုရားရှင်၏ ဘက်သို့ ပြန်ပို့ခံရလတ္တံ့၊ ဓမ္မသတ်သည် အရှင်၏ အချုပ်အခြာ၌သာ ရှိ၍ အရှင်သည် အချိန်နှင့်တပြေးညီ စာရင်းစစ်နေတော်မူ၏။
၆း၆၃။ ဟောကြားလော့၊ “သင်တို့အား ရေ၊ မြေ၊ အမှောင်ထုမှ မည်သူက လွတ်မြောက်စေခဲ့သနည်း၊” “ကျွန်ုပ်တို့အား ဤမှ လွတ်မြောက်စေလျှင် ကျွန်ုပ်တို့သည် ကျေးဇူး သိတတ်သူများမှ ဖြစ်ကြမည်” ဟု နှိမ့်ချ၍ အရှင့်အား လျှို့ဝှက် ဆုတောင်းခဲ့ကြ၏၊”
၆း၆၄။ ဟောလော့၊ ပရမတ်ဘုရားရှင်သည် ထိုမှ- ချောက်ချားစေမှုတိုင်းမှ လွတ်မြောက်စေခဲ့၏၊ တဖန် သင်တို့သည် ရောပြွန်း ကိုးကွယ်သူများ ဖြစ်ကြကုန်သတည်း။
၆း၆၅။ ဟောလော့၊ အရှင်သည် အသင်တို့၏အပေါ်မှ၊ ခြေများအောက်မှ ဝဋ်ကြွေးပြစ်ဒဏ်ကို ပေါ်ပေါက်စေရန်၊ သို့တည်းမဟုတ် သင်တို့ချင်း ဂိုဏ်းကွဲမှုကို ဆင်ယင်လျက် အချို့၏ အတိုက်အခိုက်ကို အချို့အား မြည်းစမ်းစေရန် စည်းချိန် ချမှတ်နိုင်၏၊ အသင်တို့ နားလည်စေအံ့ငှာ ငါ၏ သုတ်ဒေသနာများကို မည်သို့ ထပ်ပြန် တလဲလဲ ရှင်းပြသည်ကို ကြည့်ကြကုန်လော့။
၆း၆၆။ ၎င်းကို သင့် လူမျိုးတို့က ငြင်းဆန်ခဲ့ကြပြီ၊ ၎င်းသည် ပကတိ အမှန်တရား ဖြစ်၏၊ ဟောလော့၊ “ကျွန်ုပ်သည် သင်တို့၏ ကိုးစားခံရသူ မဟုတ်ချေ။
၆း၆၇။ သတင်းတိုင်းအတွက် တည်နေချိန်သည် ရှိ၏၊ မကြာမီ အသင်တို့ သိကြရလတ္တံ့။”
၆း၆၈။ ငါ၏ သုတ်ဒေသနာများအား ပြက်လုံးထုတ်သော သူတို့ကို မြင်တွေ့သော် သူတို့သည် ဆင့်ပြန်ချက်အား ပြက်လုံး မထုတ်တော့သည်အထိ သင် ဘောင်ကန့်ထားလော့၊ အကယ်၍ မကောင်းဆိုးဝါးက သင့်အား မေ့လျော့နေစေခဲ့လျှင် သတိဝင်ပြီးနောက် သင်သည် မိုက်ကြေးခွဲသော လူမျိုးနှင့်အတူ ထိုင်ဝိုင်းမဖွဲ့နှင့်။
၆း၆၉။ စည်းစောင့်သောသူများ အပေါ်၌ စာရင်းရှင်းခြင်း တစ်စုံတစ်ရာမျှ ရှိမည် မဟုတ်ချေ၊ သို့ရာတွင် စည်းစောင့်နိုင်အံ့ငှာ သတိဖေါ်ပေးရန်သာ ရှိ၏။
၆း၇၀။ သူတို့၏ သာသနာအား မြူးတူးပျော်ပါး ဟာသလုပ်စရာ အဖြစ် ယူမှတ်သောသူများနှင့် လောကီဘဝ၏ မြှူဆွယ်ခံထားရ သူတို့အား အသင် ချန်ထားခဲ့လော့၊ သို့သော် ကျင့်ဆောင်မှုကြောင့် စရိုက်ကို ဖျက်စေမည့်သူအား သတိဖေါ်ပေးလော့၊ ပရမတ်ဘုရားရှင်မှ လွဲ၍ အမျှဝေနိုင်သူ မဟာမိတ်ဟု မရှိချေ၊ အလုံးစုံကို တန်းတူညီမျှ၊ တန်းတူ လျော်သော်လည်း လက်ခံမည် မဟုတ်ချေ၊ သူတို့သည် မိမိတို့၏ ကျင့်ဆောင်မှုများကြောင့် ဖျက်သိမ်းခံရသော သူတို့ ဖြစ်၏၊ ဖုံးကွယ်လေ့ ရှိခြင်းများကြောင့် သူတို့အတွက် သောက်စေရန် ရေနွေးပူနှင့် စူးနစ်သော ဝဋ်ကြွေးသည် ရှိနေ၏။
၆း၇၁။ ဟောလော့၊ “ပရမတ်ဘုရားရှင်မှ လွဲ၍ ကျွန်ုပ်တို့အား ကောင်းကျိုး ဆိုးကျိုး မပြုသော အရာများထံ ဆုတောင်း ရမည်လော၊ ပရမတ်ဘုရားရှင်သည် ကျွန်ုပ်တို့အား လမ်းညွှန်ပြီးနောက် လမ်းညွှန်မှန်ရှိရာ ကျွန်ုပ်တို့ထံသို့ လာလော့၊ ဟု ဖိတ်ခေါ်သည့် ပေါင်းဖေါ်များရှိလျက် မြေကမ္ဘာ၌ မကောင်းဆိုးဝါး၏ လိုဘနောက်ကို လိုက်သော ဝေတွေသူကဲ့သို့ နိဂုံးများသို့ ကျွန်ုပ်တို့ ပြန်လှည့်ရမည်လော၊” “ပရမတ်ဘုရားရှင်၏ လမ်းညွှန်သာလျှင် လမ်းညွှန်မှန် ဖြစ်၏၊ ကျွန်ုပ်တို့အား စကြဝဠာများ၏ ကံကြမ္မာရှင်အတွက် ငြိမ်းချမ်းရေးပြုရန် ညွှန်ကြားခံရ၏၊” ဟု ဟောပြောလော့။
၆း၇၂။ ဝတ်ပြုခြင်း မြဲကြလော့၊ အရှင့်အား စည်းစောင့်ကြလော့၊ ထိုအရှင်သည် သင်တို့အား အရှင့်ထံသို့ စုစည်းစေလတ္တံ့။
၆း၇၃။ ထိုအရှင်သည် မိုးများနှင့် မြေကို တိကျမှန်ကန်စွာ ဖြစ်တည်စေခဲ့၏၊ “ဖြစ်” ဟု မိန့်သောကာလ၌ “ဖြစ်တည်လာရ၏၊” အရှင်၏ စကားတော်သည် ပရမတ္ထသစ္စာ ဖြစ်၏၊ ပုံစံ သက်ဝင်စေသော ကာလ၏ ဩဇာအာဏာသည် အရှင်၏ အချုပ်အခြာ၌ ရှိ၏၊ စက္ခုလွန်နှင့် မျက်မှောက်ရှိသည် များကို သိနေသောအရှင်၊ ထိုအရှင်သည် ဓမ္မသတ်ရှင်၊ ဘုန်းတော်ရှင် ဖြစ်တော်မူ၏။
၆း၇၄။ အီဗရာဟီးမ်က သူ့၏ ခမည်းတော် အဇာရ်အား “ဆင်းတုများကို ဘုရားရှင်များအဖြစ် အယူထားပါသလော၊ ကျွန်ုပ်သည် သင်နှင့် သင့်လူမျိုးတို့အား ရှင်းလင်း ထင်ရှားသော လွဲမှားမှု၌ မြင်ရပြီ၊” ဟု ပြောဆိုသောအခါ။-
၆း၇၅။ ဤနည်းဖြင့်၊ အီဗရာဟီးမ်အား ဒိဋ္ဌ ယုံကြည်သူတို့မှ ဖြစ်စေအံ့ငှာ ငါသည် မိုးများနှင့် မြေအား အစိုးရသောအရှင် ဖြစ်ကြောင်း ပြသခဲ့၏။
၆း၇၆။ ည၏ အရိပ်သည် သူ့အား လွှမ်းသောအခါ ကြယ်တစ်ပွင့်ကို မြင်၍ သူက “ဤသည် ကျွန်ုပ်၏ ကံကြမ္မာရှင် ဖြစ်၏၊” ဟု ရေရွတ်လျက် ပျယ်သွားသော် “ကျွန်ုပ်သည် ပျယ်တတ်သည်ကို နှစ်သက်ခြင်း မရှိချေ၊” ဟု ရင့်ကျူး၏။
၆း၇၇။ လ ထွက်လာသည်ကို မြင်သော် “ဤသည် ကျွန်ုပ်၏ ကံကြမ္မာရှင် ဖြစ်၏၊” ဟု ရေရွတ်၍ ပျယ်သွားပြန်သော် “ကံကြမ္မာရှင်သည် တပည့်တော်အား လမ်းမညွှန်လျှင် လမ်းလွဲသော လူမျိုးမှ ဖြစ်ရလိမ့်မည်၊” ဟု ညည်းညူ၏။
၆း၇၈။ နေ ထွက်လာသည်ကို မြင်သောအခါ “ဤသည် ကျွန်ုပ်၏ ကံကြမ္မာရှင် ဖြစ်၏၊ ဤသည် အကြီးဆုံးဖြစ်၏၊” ဟု ရေရွတ်၍ ပျောက်ကွယ်သွားသော် “အို- ကျွန်ုပ်၏ လူမျိုးတို့၊ ကျွန်ုပ်သည် သင်တို့ ရောပြွန်း ကိုးကွယ်သည်များမှ ကင်းသန့်ပေ၏။”
၆း၇၉။ ကျွန်ုပ်၏ မျက်နှာမူရာအဖြစ် မိုးမြေတို့၏ မူလလက်သည် အရှင်ဘက်သို့ အယူသန့်စွာ မျက်မှောက်ပြုပါ၏၊ ကျွန်ုပ်သည် ရောပြွန်း ကိုးကွယ်သူများမှ မဟုတ်ပြီ၊ ဟု ကြွေးကြော်၏။
၆း၈၀။ သူ့လူမျိုးများက စောကြောသောအခါ သူက “ကျွန်ုပ်အား လမ်းညွှန်ပေးသော ပရမတ်ဘုရားရှင်၌ သင်တို့ စောကြောကြသလော၊” ကျွန်ုပ်သည် ကံကြမ္မာရှင် စံချိန်ပြည့်စေသည်မှအပ သင်တို့၏ ရောပြွန်း ကိုးကွယ်ရာများကို မကြောက်ပေ၊ ကံကြမ္မာရှင်သည် အရာအားလုံးကို ဖြန့်ကျက်ထား၍ သဗ္ဗလုံးစုံသည် အရှင့်အသိတော်၌ ရှိ၏၊ ဆင်ခြင်သတိ ရှိကြပါလေစ။
၆း၈၁။ သင်တို့အား အခွင့်အာဏာ ချမှတ်ပေးခြင်း မရှိ၊ သင်တို့ ကိုယ်တိုင် ပရမတ်ဘုရားရှင်နှင့် ရောပြွန်း ကိုးကွယ်ရမည်ကို ကြောက်ရွံ့မှု မရှိသော သင်တို့၏ ရောပြွန်း ကိုးကွယ်ရာများကို ကျွန်ုပ် မည်သို့ ကြောက်ရွံ့အံ့နည်း၊ သင်တို့၌ အသိရှိကြလျှင် အဖွဲ့ခွဲ နှစ်ခုမှ မည်သူက ပို၍မှန်ကန်စွာ ယုံကြည် စိတ်ချရမှု ရှိသနည်း၊” ဟု ဆို၏။
၆း၈၂။ မိမိတို့၏ ယုံကြည်မှုအား မိုက်ကြေးခွဲခြင်းဖြင့် မဆင်ယင်သည့် ယုံကြည်သောသူများ- ထိုသူများသည်သာ ယုံကြည်စိတ်ချရ၏၊ လမ်းညွှန်ခံရသူတို့ ဖြစ်ကြ၏။
၆း၈၃။ ၎င်းသည် အီဗရာဟီးမ်အား သူ့လူမျိုးတို့က စောကြောကြစဉ် ချီးမြှင့်ခြင်းဖြစ်၏၊ စံချိန်ပြည့်သူအား အခွင့်အလမ်း မြှောက်စားတော်မူ၏၊ ကံကြမ္မာရှင်သည် ဓမ္မသတ်ရှင်၊ သိနေသောအရှင် ဖြစ်၏။
၆း၈၄။ သူ့အား အီစ္စဟာ့က်နှင့် ယာကုဗ်ကို ချီးမြှင့်တော်မူ၏၊ သူတို့ကိုယ်စီအား ငါ လမ်းညွှန်ပေး၏၊ ရှေ့အလျင် နူးဟ်နှင့် သူ၏ သားစဉ်မြေးဆက်ဖြစ်သော ဒါဝိဒ်၊ ဆိုလိုင်မံ၊ အိုင်ယုဘ်၊ ယူဆွဖ်၊ မူဆာနှင့် ဟာရွန်တို့ကို ငါ လမ်းညွှန်ပေး၏၊ ဤသည်မှာ သုမင်္ဂလာ ပြုသူတို့အတွက် အစားပေးမှုပင်တည်း။
၆း၈၅။ ဇက္ကရီယာ၊ ယောဟန်၊ ယေရှုနှင့် အီးလ်ယာ့ဆ်တို့ ကိုယ်စီအား ပြုပြင် ပြောင်းလဲသူများမှ ဖြစ်စေ၏။
၆း၈၆။ အီစ္စမာအီးလ်၊ ယာဆ်အ၊ ယူနွတ်စ်နှင့် လု(တ်)တို့ ကိုယ်စီအား လောကခပ်သိမ်း အပေါ်ဝယ် သိက္ခာပေးခဲ့၏။
၆း၈၇။ သူတို့၏ အဖေများ၊ သားစဉ်မြေးဆက်များ၊ ညီအကို မောင်နှမများမှ ငါအရှင် ရွေးချယ်သူများရှိ၍ သူတို့အား ဖြောင့်မှန်သော လမ်းတော်သို့ လမ်းညွှန်ခဲ့၏။
၆း၈၈။ ဤကား ပရမတ်ဘုရားရှင်၏ လမ်းညွှန်ပင်ဖြစ်၏၊ အရှင်သည် အမှုတော်ဆောင်များ အနက် စံချိန်ပြည့်သူအား လမ်းညွှန်တော်မူ၏၊ သူတို့မှ ရောပြွန်း ကိုးကွယ်ကြသော်- သူတို့၏ ကျင့်ကြံလေ့ ရှိရာများသည် အချည်းနှီး ဖြစ်ရလတ္တံ့၊
၆း၈၉။ ကျမ်းတော်၊ ဓမ္မသတ်တော်နှင့် သတင်းတော်ဆောင်ဘွဲ့၊ ချီးမြှင့်ခံရသော ထိုသူများသည် ၎င်းတို့ကို ဖုံးကွယ်ခဲ့လျှင် မုချပင် ငါသည် ၎င်းတို့အား မဖုံးကွယ်သော လူမျိုးထံအား ကိုးစားစေလတ္တံ့။
၆း၉၀။ ပရမတ်ဘုရားရှင်က လမ်းညွှန်သော ထိုသူတို့အား ထိုလမ်းညွှန်မှု၌ လိုက်စေလော့၊ “ကျွန်ုပ်သည် ထို့အတွက် အကျိုးဆုလာဘ် မတောင်းခဲ့ချေ၊ ၎င်းသည် လောကခပ်သိမ်းအတွက် သတိပေး တရားတော်သာ ဖြစ်၏၊” ဟု ဟောလော့။
၆း၉၁။ ပရမတ်ဘုရားရှင်အား မှန်ကန်သော ချင့်ချိန်မှုဖြင့် ချင့်ချိန်ကြသည် မဟုတ်၊ လူပုဂ္ဂိုလ်အပေါ်၌ မည်သည့် တစ်စုံတစ်ရာကိုမှ ချမှတ်ပေးခြင်း မရှိဟု ပြောကြသောအခါ “ဖေါ်ပြခြင်းများစွာကို ထိမ်ဝှက်ထားသော သင်တို့ စီစဉ်သည့် စာရွက်စာတမ်းများနှင့် သင်တို့သည် မိရိုးဖလာ ဝါဒီများသာ ဖြစ်ကြ၏၊ သင်တို့ မသိရာကို သင်ပေးခံရသော- လူသားတို့အတွက် လမ်းညွှန်အလင်းရောင် ဖြစ်သော- မူဆာဖြင့် ရောက်လာစေသည့် ကျမ်းတော်အား မည်သူက ချမှတ်ပေးသနည်း၊” ဟု မေးမြန်းလျက် “ပရမတ်ဘုရားရှင်ပင် ဖြစ်၏၊” ဟု ပြောပြလော့၊ ထို့နောက် သူတို့အား ဟာသလုပ် ပြက်လုံးထုတ်နေခြင်း၌ ချန်ထားခဲ့လော့။
၆း၉၂။ ငါ ချမှတ်ပေးသည့် ကျက်သရေရှိသော ဤကျမ်းတော်သည် လက်ရှိ-ရှေ့မှောက်များကို ဖြောင့်မှန်စေ၍ မြို့ပြဒေသနှင့် ၎င်း၏ဝန်းကျင်တို့အား သတိပေးဘို့ရာ ဖြစ်၏၊ နောင်ဘဝကို ယုံကြည်သော သူတို့သည် ၎င်းအား ယုံကြည်ကြ၏၊ သူတို့သည် ဝတ်ပြုခြင်းကို စောင့်ထိန်းကြ၏။
၆း၉၃။ ပရမတ်ဘုရားရှင်နှင့် စပ်လျဉ်း၍ လုပ်ကြံ ဖန်တီး လိမ်လည်သူ၊ သို့မဟုတ် သူ့ထံ အာရုံဈာန်ရခြင်း တစ်စုံတစ်ရာ မရှိဘဲ ကျွန်ုပ်ထံ အာရုံဈာန်ရသည် ဟု ပြောသူ၊ ပရမတ်ဘုရားရှင်က ချမှတ်ပေးသကဲ့သို့ ကျွန်ုပ်သည်လည်း ချမှတ် ပေးအံ့ဟု ဆိုသူများထက် မည်သူက ပို၍ အမိုက်စီးဘိသနည်း၊ ထို အမိုက်ကောင်များထံ ကတုန်ကယင် သေခြင်းတရား ဆိုက်စေ၍ နိမိတ်ဆောင်များက လက်များ ဆန့်လျက် သင်တို့သည် ပရမတ်ဘုရားရှင်နှင့် စပ်လျဉ်း၍ မမှန်မကန် ပြောဆိုလေ့ ရှိသောကြောင့်၊ သင်တို့သည် သုတ်ဒေသနာများ အပေါ် မောက်မာရှိသောကြောင့်၊ သင်တို့၏ ဉာဉ်များကို ယနေ့ ထုတ်ပစ်လော့၊ နိမ့်ကျသော ဝဋ်ကြွေးအား အစားယူလော့ဟု ဆိုသည်ကို သင် မြင်ရပါလေစ။
၆း၉၄။ ပထမအကြိမ် သင်တို့ကို ဖြစ်တည်စေသည့်အတိုင်း ငါ့ထံသို့ သင်တို့ချည်း ရောက်လာခဲ့ပြီ၊ ငါ နှစ်သိမ့်ခဲ့သည်များကို သင်တို့၏နောက်၌ ကွယ်လျက် သင်တို့ ချန်ခဲ့ရပြီ၊ သင်တို့ ရောပြွန်း ကိုးကွယ်ရာဟု ရပ်တည် ပြောဆိုခဲ့သော အမျှဝေပေးမည့် သူများကို သင်တို့နှင့်အတူ ငါ မြင်တွေ့တော် မမူချေ၊ မုချပင် သင်တို့ကြား၌ ပြတ်တောက် သွားကြလေပြီ၊ သင်တို့၏ ရပ်တည် ပြောဆိုလေ့ ရှိသည်များ သင်တို့ထံမှ ရှောင်လွှဲသွားကြလေပြီ။
၆း၉၅။ ဧကန်ပင် ပရမတ်ဘုရားရှင်သည် ကောက်ပဲသီးနှံ၊ သစ်စေ့များကို အက်ကွဲစေတော်မူ၏၊ သက်ရှိကို သက်မဲ့မှ ထုတ်ယူတော်မူ၏၊ သက်မဲ့ကို သက်ရှိမှ ထုတ်ယူတော်မူ၏၊ ယင်းသို့ ပြုစေခြင်းမှာ ပရမတ်ဘုရားရှင်ပင် ဖြစ်၏၊ သို့ဖြင့် အသင်တို့သည် မည်သို့ လှည့်စားခံနေကြကုန်သနည်း။
၆း၉၆။ နံနက်စကို ကွဲဖြာ ထွက်စေ၏၊ အနားယူရန် ညနှင့် နေ၊ လကို စိစစ် တွက်ချက် စီစဉ်တော်မူ၏၊ ဤသည် ဘုန်းတော်အရှင်၊ သိနေသောအရှင်၏ စည်းချိန်ချမှတ်မှုပင် ဖြစ်၏။
၆း၉၇။ သင်တို့အတွက် ရေ၊ မြေ၊ အမှောင်ထု၌ လမ်းညွှန်ဖြစ်စေရန် ကြယ်တာရာများကို စီစဉ်တော်မူသော ထိုအရှင်သည်- အသိရှိသော လူမျိုးတို့အတွက် သုတ်ဒေသနာများ ကို မုချ ဤသို့ ရှင်းလင်း ဆုံးဖြတ်ပေးထားပြီ။
၆း၉၈။ အရှင်သည် သင်တို့အား ဉာဉ်စရိုက် တစ်မျိုးတည်းမှ ပေါက်ပွားစေသော အရှင် ဖြစ်၏၊ တည်ငြိမ်စွာနေရန် ကင်းရှင်းစွာ နေရန်တို့ ရှိစေ၏၊ နားလည်မှု ရှိသော လူမျိုးအတွက် သုတ်ဒေသနာများကို မုချ ဤသို့ ရှင်းလင်း ဆုံးဖြတ်ပေးထားပြီ။
၆း၉၉။ အရှင်သည် ကောင်းကင်မှ ရေကို သွန်းချစေသော ၎င်းဖြင့် သီးနှံ ဖြစ်ထွန်းခြင်း အလုံးစုံအား ထွက်ပေါ်စေ၍ ထိုမှ စိမ်းလန်းခြင်းကို ထွက်ပေါ်စေသော အရှင်ဖြစ်၏၊ ထိုမှ ကောက်ပဲသီးနှံများကို ကုန်စည် ဖြစ်စေ၏၊ စွန်ပလွံပင်၏ ဝတ်ဆံမှ အဖူးအခိုင်များမှာ အနီးကပ်ရှိစေ၏၊ စပျစ်၊ သံလွင်၊ သလဲသီး၊ ဥယျာဉ် များကို အသွင်တူ အသွင်ကွဲ ဖြစ်စေ၏၊ ထိုမှ သီးသည့် အသီးမှည့်များကို ကြည့်ကြလော့၊ ထို၌ မျက်တွေ့ယုံသော လူမျိုးများအတွက် သုတ်ဒေသနာများ ရှိနေ၏။
၆း၁၀၀။ သူတို့သည် ဖြစ်တည်ခံ ပုထုဇဉ်များကို ပရမတ်ဘုရားနှင့် ရောပြွန်း ကိုးကွယ်ရာအဖြစ် စီစဉ်ကြ၏၊ အသိပညာ မရှိဘဲလျက် အရှင့်၌ ကိုယ်ပွား၊ သားသမီးများ ရှိသည်ဟု သတင်းမှား ဖေါက်ခွဲကြ၏၊ အရှင်သည် ဦးထိပ်ထားရာ ဖြစ်၏၊ အရှင်သည် သူတို့ တင်ပြသည်ထက် အထွဋ်အထိပ် ဖြစ်တော်မူ၏။
၆း၁၀၁။ အရှင်သည် မိုးများနှင့် မြေ၏ မူလအရှင် ဖြစ်၏၊ ငါအရှင်တွင် ပေါင်းဖေါ်သင်းဘက် မရှိချေ၊ ငါ့၌ မည်သို့ ရင်သွေး ရှိပေအံ့နည်း၊ အရှင်သည် သဗ္ဗလုံးစုံကို ဖြစ်တည်စေ၏၊ ထိုအရှင်သည် သဗ္ဗလုံးစုံ သိနေသောအရှင် ဖြစ်၏။
၆း၁၀၂။ အရှင်သည် သင်တို့၏ ကံကြမ္မာရှင် ပရမတ်ဘုရားရှင် ဖြစ်၏၊ သဗ္ဗလုံးစုံအား ဖြစ်တည်စေသော ထိုအရှင်မှအပ အခြား ဘုရားရှင်ဟူ၍ မရှိ၊ အရှင့်အား ကိုးကွယ်ကြလော့၊ အရှင်သည် အလုံးစုံ ကိုးစားခံထိုက်သောအရှင် ဖြစ်၏။
၆း၁၀၃။ အမြင်များဖြင့် အရှင့်အား ခြုံလွှမ်းနိုင်သည် မဟုတ်ချေ၊ အရှင်သည်သာ အမြင်များကို ခြုံလွှမ်း၏၊ အရှင်သည် သက်ညှာတော်မူ၏၊ သတင်းသိနေတော်မူ၏။
၆း၁၀၄။ ကံကြမ္မာရှင်၏ထံမှ သင်တို့ထံသို့ အမြင်ပေါက်ခြင်း ရောက်လာစေပြီ၊ မြင်တတ်သူသည် သူ့၏ စရိုက်အတွက် ဖြစ်၍ ကန်းနေသူသည် သူ့အပေါ် ၌သာ သင့်စေ၏၊ ကျွန်ုပ်သည်ကား သင်တို့အား စောင့်ရှောက်ရသူ မဟုတ်ချေ။
၆း၁၀၅။ ငါသည် သုတ်ဒေသနာများကို ဤသို့ ထပ်ပြန် တလဲလဲ ရှင်းပြ၍ သူတို့က “သင်သည် ဖတ်ရှုလေ့လာထားပြီ၊” ဟု ဆိုကြ၏၊ အသိရှိသော လူမျိုးတို့အတွက် ငါသည် ဤသို့ ရှင်းလင်းပေးတော်မူ၏။
၆း၁၀၆။ ကံကြမ္မာရှင်ထံတော်မှ သင့်အား အာရုံဈာန် ပေးသည်ကိုသာ လိုက်နာလော့၊ အရှင်မှအပ အခြား ဘုရားဟူ၍ မရှိ၊ ရောပြွန်း ကိုးကွယ်သူများအား ဘောင်ထားလော့။
၆း၁၀၇။ ပရမတ်ဘုရားရှင်၏ စံချိန်ပြည့်ခဲ့လျှင် သူတို့သည် ရောပြွန်း ကိုးကွယ်သူများ ဖြစ်ကြမည် မဟုတ်ချေ၊ ငါသည် သင့်အား သူတို့အပေါ် စောင့်ရှောက်သူအဖြစ် မစီစဉ်ခဲ့၊ သင်သည် သူတို့၏ ကိုးစားခံရသူလည်း မဟုတ်ချေ။
၆း၁၀၈။ ပရမတ်ဘုရားရှင်မှ အပသော ဆုတောင်းသည်များကို မရစ်ကြနှင့်၊ သို့ဖြစ်လျှင် အသိမရှိ စည်းဖေါက်လျက် ပရမတ်ဘုရားရှင်အား ပြန်ရစ်ကြလိမ့်မည်၊ အသိုင်းအဝိုင်း ကိုယ်စီ၏ ကျင့်ကြံမှုများကို ဤသို့ ဖမ်းစားထားစေး၏၊ ထို့နောက် သူတို့ အားလုံး ကံကြမ္မာရှင်ထံသို့သာ အပြန် ခရီးရှိ၍ သူတို့၏ ကျင့်ကြံလေ့ ရှိရာများကို သတင်း ထုတ်ပြန်တော်မူလတ္တံ့။
၆း၁၀၉။ သူတို့ထံသို့ သုတ်ဒေသနာတစ်ပါး ရောက်လာသော် “၎င်းကို ယုံကြည်ပါ၏၊” ဟု ပရမတ်ဘုရားရှင်အား အင်တိုက်အားတိုက် တိုင်တည် ကျိန်ဆိုကြ၏၊ ဟောပြောလော့၊ “သုတ်ဒေသနာများသည် ပရမတ်ဘုရားရှင်၏ ထံ၌သာ ရှိ၏၊” ထိုသို့ ရောက်လာသောအခါ သူတို့ ယုံကြည်မည် မဟုတ်သည်ကို သင်တို့အား မည်သည်က သတိမူမိစေမည်နည်း။
၆း၁၁၀။ ပထမအကြိမ်က မယုံကြည်ခဲ့ကြသကဲ့သို့ သူတို့၏ စိတ်နှလုံးများ အမြင်များကို ဦးလှည့်စေပြီ၊ သူတို့အား မျက်ကန်းတောတိုး ဘဝဖြင့် စည်းဖျက်မှုထဲ၌ ချန်ထားလေပြီ။
၆း၁၁၁။ ငါသည် သူတို့ထံသို့ နိမိတ်ဆောင်များကို တာဝန် ချပေးသည် ဖြစ်စေ၊ သူသေများကို စကားပြောစေသည် ဖြစ်စေ၊ ခပ်သိမ်းသော အရာများကို မျက်နှာချင်းဆိုင် စုစည်းခဲ့သည် ဖြစ်စေ၊ ပရမတ်ဘုရားရှင်၏ စံချိန်ပြည့်လျှင် မှအပ ယုံကြည်လာကြမည် မဟုတ်ချေ၊ သို့ရာတွင် များစွာတို့သည် ပညာမဲ့များ ဖြစ်ကြ၏။
၆း၁၁၂။ ဤသို့ပင် ငါသည် သတင်းတော်ဆောင် ကိုယ်စီအတွက် စည်းဖေါက်သူအဖြစ် ကလျာဏနှင့် အန္ဓပုထုဇဉ်မှ မကောင်းဆိုးဝါးများကို စီစဉ်ထားတော်မူ၏၊ ၎င်းတို့မှ အချို့သည် အချို့အား မြှူဆွယ်ရန် ရွှေကွပ်သော စကားဖြင့် အာရုံ ဖြစ်စေ၏၊ သင့် ကံကြမ္မာရှင်၏ စံချိန်ပြည့်မီခဲ့လျှင် ပြုလုပ်နိုင်ကြမည် မဟုတ်ချေ၊ သူတို့အား လုပ်ကြံဖန်တီးမှု၌ ချန်ထားခဲ့လော့။
၆း၁၁၃။ နောင်ဘဝအား မယုံကြည်သော သူများ၏ စိတ်နှလုံးတို့သည် ထို၌ တိမ်းညွတ်ကြလျက် သူတို့၏ အသားကျမြဲ အသားကျခြင်း၌ ကျေနပ် နှစ်သက်နေကြ၏။
၆း၁၁၄။ ပရမတ်ဘုရားရှင်မှအပ ဓမ္မသတ်ရှင် ရှာဖွေဦးမည်လော၊ အရှင်သည် ရှင်းလင်း ဆုံးဖြတ်ချက် ကျမ်းတော်ကို သင်တို့အား ချမှတ်ပေးလေပြီ၊ ကျမ်းပေးခံရသော သူများက ၎င်းအား သင့် ကံကြမ္မာရှင်၏ထံမှ သစ္စာတရားဖြင့် ချမှတ်ပေးကြောင်း သိကြကုန်၏၊ သို့ဖြစ်၍ သင်သည် အချင်းများသူများမှ မဖြစ်စေနှင့်။
၆း၁၁၅။ သင့်ကံကြမ္မာရှင်၏ ဓမ္မတော်သည် ဖြောင့်မှန်မှု၊ တန်းတူညီမျှမှု၌ ပြီးပြည့်စုံ၏၊ အရှင်၏ ဓမ္မတော်အား လွှဲပြောင်းနိုင်သူ မရှိချေ၊ အရှင်သည် ကြားနေသောအရှင်၊ သိနေသောအရှင် ဖြစ်၏။
၆း၁၁၆။ မြေကမ္ဘာမှ များစွာသော သူတို့အား နာခံလျှင် အသင့်အား ပရမတ်ဘုရားရှင်၏ လမ်းစဉ်တော်မှ လွဲဖယ်စေအံ့၊ သူတို့သည် စဉ်းစားချက်ကိုသာ လိုက်နာနေကြ၏၊ သူတို့သည်ကား မှန်းဆသူများသာ ဖြစ်ကုန်၏။
၆း၁၁၇။ ဧကန်ပင် သင့် ကံကြမ္မာရှင်သည် မည်သူက အရှင်၏ လမ်းစဉ်တော်မှ လွဲဖယ်သွားသည်ကို အသိဆုံး ဖြစ်တော်မူ၏၊ အရှင်သည် လမ်းညွှန်ခံရမည့် သူများကိုလည်း အသိဆုံး ဖြစ်တော်မူ၏၊
၆း၁၁၈။ အသင်တို့သည် အရှင်၏ သုတ်ဒေသနာများကို ယုံကြည်သူများ ဖြစ်လျှင် ပရမတ်ဘုရားရှင်၏ ဂုဏ်တော်၌ သတိရ ရည်စူးသည့် အရာများကို စားသုံးကြလော့။
၆း၁၁၉။ ပရမတ်ဘုရားရှင်၏ ဂုဏ်တော်၌ သတိရ ရည်စူးသည့် အရာအား မစားသုံးရန် အဘယ်အကြောင်း ရှိသနည်း၊ တွန်းပို့ခံရသည်မှအပ- သင်တို့အတွက် တားမြစ်သည်များကို မုချဧကန် ရှင်းလင်း ဆုံးဖြတ်ပေးထားပြီ၊ များစွာတို့သည် လိုဘများကြောင့် အသိမရှိဘဲ လွဲချော်ကြကုန်၏၊ ဧကန်ပင်- သင့် ကံကြမ္မာရှင်သည် စည်းဖေါက်သူများအား အသိဆုံး ဖြစ်တော်မူ၏။
၆း၁၂၀။ ဗဟိဒ္ဓ၊ အဇ္ဈတ္တ ပြစ်မှုများကို ချန်ပစ်ကုန်လော့၊ ဧကန်ပင် အကုသိုလ်အား ကျင့်ဆောင်သော သူများသည် သူတို့၏ အသားကျလေ့ ရှိသည်များအတွက် အစားပေး ခံရလတ္တံ့။
၆း၁၂၁။ ပရမတ်ဘုရားရှင်၏ ဂုဏ်တော်၌ သတိရခြင်း မရှိသော အရာအား မစားသုံးကြနှင့်၊ ၎င်းတွင် ကောက်ကျစ် ယုတ်မာမှု ရှိနေ၏၊ သင်တို့အား စောဒကတက်ရန် မကောင်းဆိုးဝါးသည် သူ၏ မဟာမိတ်များကို အာရုံဖြစ်စေ၏၊ သူတို့အား နာခံလျှင် သင်တို့သည် ရောပြွန်း ကိုးကွယ်သူများမှ ဖြစ်ရလတ္တံ့။
၆း၁၂၂။ သေနေခဲ့သူအား ငါအရှင်က ရှင်ပြန်စေလျက် သူ့အတွက် အလင်းရောင်ကို စီစဉ်ပေး၍ ၎င်းဖြင့် လူဘုံအလယ်၌ သွားလာနိုင်သော သူသည် အမိုက် မှောင်ထဲ၌ ထွက်ပေါက်မဲ့ရသော သူကဲ့သို့ ဖြစ်သလော၊ ဤနည်းအတိုင်းပင် ဖုံးကွယ်သူတို့အဘို့ သူတို့၏ ကျင့်ကြံလေ့ ရှိရာများကြောင့် ဖမ်းစားခံရစေ၏။
၆း၁၂၃။ ဤသို့ပင် ငါသည် ဒေသတိုင်း၌ အကြီးအကဲတို့အား သူတို့၏ ကြံစည်မှုများကြောင့် ရာဇဝတ်ကောင်များအဖြစ် စီစဉ်တော်မူ၏၊ သူတို့သည် သူတို့၏ စရိုက်ကိုသာ မကောင်းကြံကြ၏၊ သတိမမူနိုင်ကြချေ။
၆း၁၂၄။ သူတို့ထံသို့ သုတ်ဒေသနာတစ်ပါး ရောက်လာစေသော် “ပရမတ်ဘုရားရှင်၏ ဉာဏ်စဉ်ဆောင်များထံသို့ ချီးမြှင့်သကဲ့သို့ ကျွန်ုပ်တို့အား မချီးမြှင့်သမျှ ယုံကြည်မည် မဟုတ်ချေ၊” ဟု ဆိုကြ၏၊ ပရမတ်ဘုရားရှင်သည် မည်သည့်နေရာ၌ အရှင်၏ ဉာဏ်စဉ်ဆောင်ဘွဲ့နှင့် စီစဉ်ရမည်ကို အသိဆုံး ဖြစ်တော်မူ၏၊ ရာဇဝတ်မှု ပြုသောသူတို့အား သူတို့၏ ကြံစည် အားထုတ်လေ့ ရှိရာများကြောင့် ပရမတ်ဘုရားရှင်၏ ထံတော်မှ သေးသိမ်ရခြင်းနှင့် ပြင်းထန်သော ဝဋ်ကြွေးကို ထိသက်စေတော်မူလတ္တံ့။
၆း၁၂၅။ ပရမတ်ဘုရားရှင်က လမ်းညွှန်လိုသော သူအား သန္တိသုခလမ်းစဉ်အတွက် သူ၏ရင်ကို ကျယ်ဝန်းစေ၍ အပါယ်၌ ထားလိုသောသူအား မိုးကောင်းကင်အား တက်ရသူကဲ့သို့ သူ၏ရင်ကို ကျဉ်းမြောင်း ခက်ခဲရန် စီစဉ်တော်မူ၏၊ ဤသို့ပင် ပရမတ်ဘုရားရှင်သည် ယုံကြည်မှုမရှိသော သူတို့အား အညစ်အကြေးများဖြင့် စီစဉ် ထားတော်မူ၏။
၆း၁၂၆။ ဤသည် ကံကြမ္မာရှင်ထံမှ ဖြောင့်မတ်မှန်ကန်သော လမ်းတော် ဖြစ်၏၊ ဆင်ခြင် သတိရှိသော လူမျိုးတို့အတွက် သုတ်ဒေသနာများအား ရှင်းလင်း ဆုံးဖြတ်ပေးထားပြီ။
၆း၁၂၇။ သူတို့အတွက် ကံကြမ္မာရှင်၏ ထံတော်၌ သန္တိသုခ ဘုံနန်းသည် ရှိနေ၏၊ သူတို့၏ ကျင့်ကြံလေ့ ရှိရာများကြောင့် အရှင်သည် သူတို့၏ မဟာမိတ် ဖြစ်တော်မူ၏။
၆း၁၂၈။ သူတို့အားလုံးကို စုစည်းစေသောနေ့၌ “အို- တစ်ကျိတ်တစ်ကြံတည်း ဖြစ်သော အန္ဓပုထုဇဉ်တို့၊ သင်တို့သည် လူဖြစ်ခြင်းမှ များစွာ လိုသေး၏၊” သူတို့၏ မဟာမိတ် လူသားများက “အို- ကံကြမ္မာရှင်၊ တပည့်တော်တို့မှ အချို့သည် အချို့ ကြောင့် စိတ်ချမ်းမြေ့ခဲ့ရ၍ တပည့်တော်တို့ အတွက် သတ်မှတ်ကာလ၊ ထို သတ်မှတ်ချိန်သည် ဆိုက်ရောက်ပါပြီ၊” ဟု ဆိုကြသော် “ပရမတ်ဘုရားရှင်၏ စံချိန် ပြည့်ရာမှအပ သင်တို့ အစဉ် စံစား တည်းခိုရမည်မှာ အပူမီးပင် ဖြစ်လေ၏၊” ဟု မိန့်တော်မူ၏၊ ဧကန်ပင် ကံကြမ္မာရှင်သည် ဓမ္မသတ်ရှင်၊ သိနေသောအရှင် ဖြစ်၏။
၆း၁၂၉။ သူတို့၏ ကျင့်ဆောင်လေ့ ရှိရာများကြောင့် ဤသို့ပင် အမိုက်ကောင်များ အချို့သည် အချို့အား အလှည့်ပေးကြ၏။
၆း၁၃၀။ အို- တစ်ကျိတ်တစ်ကြံတည်း ဖြစ်သော ကလျာဏနှင့် အန္ဓပုထုဇဉ်တို့၊ သင်တို့အား ငါ၏ သုတ်ဒေသနာတော်များနှင့် သင်တို့အား သတိပေးသော- ဤ သင်တို့ ဆုံတွေ့ရမည့်နေ့အား ဖေါ်ပြပေးရန် သင်တို့အနက် ဉာဏ်စဉ်ဆောင်များ မချီးမြှင့်ခဲ့သလော၊- “တပည့်တော်တို့၏ ဉာဉ်စရိုက်အပေါ်၌ တပည့်တော်တို့ သက်သေ ဖြစ်ပါ၏၊” ဟု လျှောက်တင်ကြ၏၊ သူတို့အား လောကီဘဝက မြှူဆွယ်ထားခဲ့ပြီ၊ သူတို့သည် ဖုံးကွယ်သူများ ဖြစ်ကြောင်း သူတို့စရိုက် အပေါ်၌ သူတို့သည် သက်သေများ ဖြစ်ကြ၏။
၆း၁၃၁။ ဤသည်မှာ သင်၏ ကံကြမ္မာရှင်သည် သူတို့အား တိမ်ကောစေသည် မဟုတ်၊ မေ့လျော့နေသော အရပ်ဒေသများအား သူတို့၏ မိုက်ကြေးခွဲများကြောင့် ဖြစ်စေ၏။
၆း၁၃၂။ သူတို့ ကျင့်ကြံသည်နှင့်အညီ အခွင့်အလမ်း ကိုယ်စီရှိ၏၊ ကံကြမ္မာရှင်သည် ကျင့်ကြံသမျှကို မေ့လျော့ထားသည် မဟုတ်ပေ။
၆း၁၃၃။ သင်၏ ကံကြမ္မာရှင်သည် ကုံလုံပြည့်စုံသောအရှင်၊ ကရုဏာအပေါင်း၏အရှင် ဖြစ်၏၊ အရှင်၏ စံချိန်ပြည့်လျှင် သင်တို့အား အခြားသောလူမျိုးတို့မှ သားမြေးအဖြစ် ပေါက်ပွား စေခဲ့သကဲ့သို့ သင်တို့အား ရုပ်သိမ်း၍ စံချိန်ပြည့်သော သင်တို့၏ နောက်မျိုးဆက်ကို ဆက်ခံစေတော်မူမည်။
၆း၁၃၄။ သင်တို့က မချည့်နဲ့စေနိုင်သော ကတိတော်အား ပေးရောက်စေမည်ပင်။
၆း၁၃၅။ ဟောလော့၊ “အို- ကျွန်ုပ်၏လူမျိုးတို့၊ သင်တို့ နေသားကျပြီးအတိုင်း ကျင့်ကြံကြလော့၊ ကျွန်ုပ်လည်း ကျင့်ကြံသူ ဖြစ်၏၊ ချုပ်ငြိမ်းရာဘုံသည် မည်သူ့အတွက် ဖြစ်သည်ကို သိကြရကုန်လတ္တံ့၊ ဧကန်ပင် အမိုက်ကောင်များသည် အောင်မြင် ပေါက်မြောက်မည် မဟုတ်ချေ။”
၆း၁၃၆။ ပရမတ်ဘုရားရှင်အတွက်- အရှင်က ပွားများစေသည့် စိုက်ပျိုးမြေများနှင့် ကပ္ပိယသတ္တဝါများမှ ပင်ပန်းရကျိုးကို စီစဉ်လျက် သူတို့၏ ရပ်တည် ပြောဆိုချက်ဖြင့် “ဤသည် ပရမတ်ဘုရားရှင်အတွက်၊ ဤသည်ကား ကျွန်ုပ်တို့၏ ရောပြွန်း ကိုးကွယ်ရာတို့အတွက်” ဟု ဆိုကြ၏၊ ပရမတ်ဘုရားအရှင်၏ အတွက်မှ သူတို့၏ ရောပြွန်း ကိုးကွယ်မှုများသို့ ပေါင်းထည့်ကြ၍ ရောပြွန်း ကိုးကွယ်ရာများ၏ အတွက်မှ ပရမတ်ဘုရားရှင်သို့ မပေါင်းထည့်ကြချေ၊ စီရင်ထုံး ပြုမှုများသည် အကုသိုလ်သာ ဖြစ်၏။
၆း၁၃၇။ ဤသို့ပင် ရောပြွန်း ကိုးကွယ်ခံများက ရောပြွန်း ကိုးကွယ်သူ များစွာအား ကျရှုံးစေရန်၊ သူတို့၏ သာသနာက သူတို့အား အဆင်အယင် ဖြစ်နေစေရန်၊ သူတို့၏ ရင်သွေးများအား လုပ်ကြံနေရန် ဖမ်းစားထားစေ၏၊ ပရမတ်ဘုရားရှင်၏ စံချိန်ပြည့်ခဲ့လျှင် ယင်းသို့ ပြုလုပ်နိုင်ကြမည် မဟုတ်ချေ၊ သူတို့၏ လုပ်ကြံ ဖန်တီးမှု၌ သူတို့အား ချန်ထားပစ်လော့။
၆း၁၃၈။ “ထို ကပ္ပိယသတ္တဝါများ၊ စိုက်ပျိုးထွက်ကုန်များကို ကျွန်ုပ်တို့ စံချိန် သတ်မှတ်သူမှအပ မစားကြရန် တံတိုင်းပိတ်ထား၏၊ ထိုတိရစ္ဆာန်များ၏ ကျောကုန်းကိုလည်း တားမြစ်ထား၏၊” ဟု သူတို့၏ ရပ်တည် ပြောဆိုချက်အတိုင်း ပြောဆိုကြ၏၊ ထိုသတ္တဝါတို့အား လှီးဖြတ်ရာ၌ ပရမတ်ဘုရားရှင်၏ ဂုဏ်တော်အား သတိရခြင်း မရှိချေ၊ ထို၌ သူတို့ လုပ်ကြံ ဖန်တီးကြ၏၊ လုပ်ကြံ ဖန်တီးလေ့ ရှိမှုများကြောင့် သူတို့သည် အစားပေးခြင်း ခံရလတ္တံ့။
၆း၁၃၉။ “ဤသတ္တဝါများ၏ ဝမ်းတွင်း၌ ရှိရာများသည် ကျွန်ုပ်တို့ ယောက်ျားများအတွက် သီးသန့်ဖြစ်၍ ကျွန်ုပ်တို့၏ ပေါင်းဖေါ်များအတွက် တားမြစ်ပြီး ဖြစ်၏၊ အကယ်၍ အသေ ဖြစ်နေလျှင် ထို၌ သူတို့အားလုံး အစုစပ်များပင် ဖြစ်၏” ဟု သူတို့၏ ပြောဆို တင်ပြမှုများ အတွက် အစားပေးခြင်း ခံရလတ္တံ့၊ အရှင်သည် ဓမ္မသတ်ရှင်၊ သိနေသောအရှင် ဖြစ်၏။
၆း၁၄၀။ အသိပညာ မရှိဘဲ မိမိတို့၏ ရင်သွေးများအား ရူးမိုက်စွာ သတ်ခဲ့ကြသော သူတို့သည် မုချ ဆုံးရှုံးရသူများ ဖြစ်၏၊ ပရမတ်ဘုရားရှင်က ရိက္ခာပေးခဲ့သည် များကိုလည်း ပရမတ်ဘုရားရှင်နှင့် စပ်လျဉ်း၍ လုပ်ကြံ ဖန်တီးလျက် တားမြစ်ခဲ့ကြ၏၊ သူတို့သည် လမ်းညွှန်ခံရသူများ မဟုတ်ခဲ့ခြင်းကြောင့် လမ်းလွဲရသူများ ဖြစ်ကြ၏။
၆း၁၄၁။ အရှင်သည် အထပ်ထပ် တက်သောအပင်၊ အထပ်ထပ် မတက်သော အပင်၊ စွန်ပလွံပင်၊ အစားအစာ ကွဲပြားသော သီးနှံပင် ဥယျာဉ်များ၊ အသွင်တူ အသွင်မတူ သံလွင်ပင်၊ သလဲသီးပင်များကို စိုက်ပျိုးပင်များ ဖြစ်စေ၏၊ ထိုမှ သီးသည့် အသီးများကို စားသုံးကြလော့၊ ရိတ်သိမ်းသောနေ့တွင် မှန်ကန်စွာ ပေးကမ်းကြလော့၊ အလွဲသုံးစား မပြုကြနှင့်၊ အရှင်သည် အလွဲသုံးစား ပြုသူများအား နှစ်သက်တော်မမူချေ။
၆း၁၄၂။ ဝန်တင်သော၊ အနားပေးထားသော- ကပ္ပိယသတ္တဝါများမှ ပရမတ်ဘုရားရှင်က ရိက္ခာပေးရာကို စားသုံးကြလော့၊ မကောင်းဆိုးဝါး၏ ခြေရာကို မလိုက်ကြနှင့်၊ သူသည် သင်တို့အား ရှင်းလင်း ထင်ရှားစွာ စည်းဖေါက်သူ ဖြစ်၏။
၆း၁၄၃။ အစုဖွဲ့ ရှစ်ကောင်- သိုးမှ နှစ်ကောင်၊ ဆိတ်မှ နှစ်ကောင်၊ ဟောပြောလော့၊ “အရှင်သည် အထီး နှစ်ကောင်၊ သို့တည်းမဟုတ် အမ နှစ်ကောင်၊ သို့တည်းမဟုတ် အမ နှစ်ကောင်၏ ဝမ်းတွင်း ဘယ်ဘက်မှ အရာကို တားမြစ်ခဲ့လေသလော၊ သင်တို့ သည် ဖြောင့်မှန်သူများ ဖြစ်ကြလျှင် အသိတရားဖြင့် ငါ့ထံသို့ သတင်း တင်ပြကြလော့။”
၆း၁၄၄။ ကုလားအုပ်မှ နှစ်ကောင်၊ နွားမများမှ နှစ်ကောင်၊ ဟောပြောလော့၊ “အရှင်သည် အထီး နှစ်ကောင်၊ သို့တည်းမဟုတ် အမ နှစ်ကောင်၊ သို့တည်းမဟုတ် အမ နှစ်ကောင်၏ ဝမ်းတွင်း ဘယ်ဘက်မှအရာကို တားမြစ်ခဲ့သလော၊ သို့တည်းမဟုတ် ပရမတ်ဘုရားရှင်က သင်တို့အား ဤပညတ်ကို မှာကြားစဉ် သင်တို့သည် မျက်မှောက်သက်သေ ဖြစ်သလော၊ အသိပညာ မရှိဘဲ လူသားအပေါင်းအား လွဲမှားစေရန် ပရမတ်ဘုရားရှင်နှင့် စပ်လျဉ်း၍ လုပ်ကြံ ဖန်တီး လိမ်လည်သူထက် မည်သူက ပို၍ အမိုက်စီးဘိသနည်း၊ ပရမတ်ဘုရားရှင်သည် မိုက်ကြေးခွဲသော လူမျိုးအား လမ်းညွှန်တော် မမူချေ။
၆း၁၄၅။ ဟောကြားလော့၊ ကျွန်ုပ်အား အာရုံဈာန်ဖြစ်ရာ၌- အသေကောင်၊ ကာမရာဂ ကြွစေသော သွေး၊ ဝက်သား၊ မသန့်ပြန့်သော သို့မဟုတ် ကောက်ကျစ် ယုတ်မာသောအရာ၊ ပရမတ်ဘုရားရှင်မှအပ အခြားကို တိုင်တည် လှီးသတ်ရာများ မှအပ- စားသူအတွက် တားမြစ်ထားသည့် စားစရာကို မတွေ့ရပေ၊ အပြစ်မသင့်လို၊ စည်းမဖေါက်လိုဘဲ တွန်းပို့ခံရသူ အတွက် ပရမတ်ဘုရားရှင်သည် လွတ်ငြိမ်းစေသောအရှင်၊ အကြင်နာရှင် ဖြစ်တော်မူ၏။
၆း၁၄၆။ ရေဝတီ ဖြစ်သူတို့အပေါ်၌ ခွာဆက် တိရစ္ဆာန်တိုင်းကို တားမြစ်၏၊ နွား၊ သိုးများမှ ကျောကုန်း၊ အူများနှင့် အရိုးတွင် ပိုးနေသော အဆီများမှအပ အခြားသော အဆီများကိုလည်း တားမြစ်၏၊ သူတို့၏ အပြစ်ရှာမှုကြောင့် ဤသို့ အစားပေးတော်မူ၏၊ ငါသည် ဖြောင့်မတ် မှန်ကန်ဆုံးသော အရှင်ဖြစ်၏။
၆း၁၄၇။ အကယ်၍ သင့်အား ငြင်းဆန်ကြလျှင် ဟောပြောလော့၊ “သင်တို့၏ ကံကြမ္မာရှင်သည် ကရုဏာတော် ဖြန့်ကျက်ထားသောအရှင် ဖြစ်၏၊ သို့သော် ရာဇဝတ်ကောင် လူမျိုးတို့၏ အမင်္ဂလာကို ပြန်လှည့်ပေးမည် မဟုတ်ချေ။
၆း၁၄၈။ ရောပြွန်း ကိုးကွယ်သော သူများက “ပရမတ်ဘုရားရှင်သာ စံချိန်ပြည့်ခဲ့လျှင် ကျွန်ုပ်တို့၊ ကျွန်ုပ်တို့၏ မိရိုးဖလာသည် ရောပြွန်း ကိုးကွယ်မည် မဟုတ်ပါ၊ တစ်စုံတစ်ရာကိုမျှ တားမြစ်တော့မည် မဟုတ်ပါ၊” ဟု ဆိုကြလတ္တံ့၊ ဤသို့ပင် သူတို့၏ ရှေ့အလျင် ဖြစ်သူများလည်း အမင်္ဂလာကို မြည်းစမ်းရသည်အထိ ငြင်းဆန်ကြ၏၊ ဟောလော့၊ “သင်တို့၌ ကျွန်ုပ်အား ထုတ်ပြနိုင်ရန် အသိပညာ ရှိကြသလော၊ သင်တို့သည် စဉ်းစားချက်ကိုသာ လိုက်နာနေကြ၏၊ သင်တို့သည် မှန်းဆသူများသာ ဖြစ်ကြ၏။
၆း၁၄၉။ ဟောလော့၊ “စောကြောမှုတို့၏ ဆိုက်ရောက်ရာသည် ပရမတ် ဘုရားရှင်၏ အချုပ်အခြာသို့ ဖြစ်၏၊ စံချိန်ပြည့်ခဲ့လျှင် သင်တို့ အားလုံးကို လမ်းညွှန်တော်မူပေအံ့။
၆း၁၅၀။ ဟောလော့၊ “ပရမတ်ဘုရားရှင်က ဤသည်ကို တားမြစ်ထားသည်ဟု သက်သေခံနိုင်သော သင်တို့၏ သက်သေများကို ရှေ့ထွက်စေလော့၊” မဖြစ်နိုင်ဘဲ သက်သေခံကြလျှင် သူတို့နှင့်အတူ သက်သေ မဖြစ်ကြနှင့်၊ ငါ၏ သုတ်ဒေသနာများအား ငြင်းဆန်သောသူ၊ နောင်တမလွန်အား မယုံကြည်သောသူ၊ ကံကြမ္မာရှင်ဖြင့် တန်းတူပြုလိုသူတို့၏ လိုဘများကို မလိုက်နာကြနှင့်။
၆း၁၅၁။ ဟောလော့၊ “လာကြကုန်လော့၊ သင်တို့အား ကံကြမ္မာရှင်က တားမြစ်ထားသည်များကို ကျွန်ုပ် ရွတ်ပြပေအံ့၊ အရှင်နှင့် ရောပြွန်း ကိုးကွယ်ခြင်း တစ်စုံတစ်ရာ မပြုရ၊ မွေးမိဘတို့အပေါ် တင့်တယ်စေရမည်၊ ချို့တဲ့မှုကြောင့် ရင်သွေးတို့အား မသတ်ဖြတ်ရ၊ ငါသည် သူတို့အား ရိက္ခာထောက်တော်မူမည်၊ အပြင်အရာ၊ အတွင်းအရာများမှ ကိုယ်ကျင့်ပျက်ခြင်းကို မချဉ်းကပ်ရ၊ တရားမျှတရန်မှအပ ပရမတ်ဘုရားရှင်က တားမြစ်ထားသော ဉာဉ်စရိုက်ကို မသတ်ဖြတ်ရ၊ သင်တို့ အတွေးအခေါ် ရှိစေအံ့ငှာ ဤသို့ မှာကြားတော်မူပြီ။”
၆း၁၅၂။ မိဘမဲ့တို့ တင့်တင့်တယ်တယ် အရွယ်ရောက် ရင့်ကျက်သည့်တိုင် သူတို့၏ ဥစ္စာပစ္စည်းများသို့ မချဉ်းကပ်ရ၊ ချိန်တွယ်ရာ၌ ပြည့်စေလော့၊ ချိန်ခွင်ကို သမာသမတ် ဖြစ်စေလော့၊ ငါသည် မည်သည့် ဉာဉ်ကိုမှ မနိုင်ဝန်ကို မထမ်းစေပေ၊ ဆွေမျိုးနီးချင်း ဖြစ်သည့်တိုင် တန်းတူစွာ ပြောဆိုရမည်၊ ပရမတ်ဘုရားရှင်နှင့် ပဋိညာဉ်အား ပြီးပြည့်စေရမည်၊ သင်တို့ ဆင်ခြင် သတိရှိအံ့ငှာ ဤသို့ မှာကြားတော်မူပြီ။
၆း၁၅၃။ ဤသည် ဖြောင့်မတ် မှန်ကန်သော လမ်းစဉ် မုချ ဖြစ်၏၊ ၎င်းကို လိုက်နာကြလော့၊ ထိုလမ်းစဉ်နှင့် သင်တို့အား ခွဲခွာစေမည့် လမ်းစဉ်များကို မလိုက်နာကြကုန်နှင့်၊ သင်တို့သည် စည်းစောင့်အံ့သောငှာ ဤသို့ မှာကြားတော်မူပြီ။
၆း၁၅၄။ တဖန် ငါသည် မူဆာအား ကျမ်းတော်ကို ချီးမြှင့်တော်မူ၏၊ သုမင်္ဂလာ ပြုသောသူအား ပြည့်စုံစေတော်မူ၏၊ သဗ္ဗလုံးစုံအား ရှင်းလင်း ဆုံးဖြတ် ပေးတော်မူ၏၊ သက်ဝင်ယုံကြည်သော၊ ကံကြမ္မာရှင်အား ဖူးတွေ့ရအံ့ငှာ သူတို့အား လမ်းညွှန် ကရုဏာကို သက်စေတော်မူ၏။
၆း၁၅၅။ ဤသည် ငါ ချမှတ်ပေးသော ကျက်သရေမင်္ဂလာ ကျမ်းတော် ဖြစ်၏၊ ၎င်းအား လိုက်နာကြလော့၊ ကရုဏာ သက်ခံရအံ့ငှာ စည်းစောင့်ကြကုန်လော့။
၆း၁၅၆။ သို့မဟုတ်က “ကျမ်းစာသည် ကျွန်ုပ်တို့၏ ရှေ့အလျင် အုပ်စုနှစ်စုအား ချမှတ်ပေးခြင်းသာ ဖြစ်၍ သူတို့၏ လေ့လာခြင်းကို ကျွန်ုပ်တို့ မေ့လျော့ ပေါ့ပျက်လေ့ ရှိခဲ့ပြီဟု ပြောကြလိမ့်မည်။”
၆း၁၅၇။ သို့တည်းမဟုတ် အကယ်၍သာ ကျွန်ုပ်တို့အား ကျမ်းတော် ချမှတ်ပေးခဲ့လျှင် ကျွန်ုပ်တို့သည်လည်း လမ်းညွှန်ပိုရ၍ သူတို့အထဲမှပင် ဖြစ်ချေမည်ဟု ပြောကြလိမ့်မည်၊ မုချပင် သင်တို့ထံသို့ ကံကြမ္မာရှင်၏ထံမှ ရှင်းလင်းချက်၊ လမ်းညွှန်ချက်နှင့် ကရုဏာတော်များ ရောက်လာစေပြီ၊ ပရမတ်ဘုရားရှင်၏ သုတ်ဒေသနာများအား ငြင်းဆန်သူ၊ ထိုမှ ဘက်လှည့်သူထက် မည်သူက ပို၍ အမိုက်စီးဘိသနည်း၊ ငါ၏ သုတ်ဒေသနာများမှ ဘက်လှည့်သော သူများအား သူတို့၏ ဘက်လှည့်လေ့ ရှိခြင်းကြောင့် အကုသိုလ် ဝဋ်ကြွေးကို အစား ပေးတော်မူလတ္တံ့။
၆း၁၅၈။ သူတို့ထံသို့ သိကြားမင်းကြီး ရောက်လာမည်ဟု၊ သင့် ကံကြမ္မာရှင် ရောက်လာမည်ဟု၊ ကံကြမ္မာရှင်၏ထံမှ သုတ်ဒေသနာတချို့ ရောက်လာမည် ဟုသာ စောင့်ကြည့် နေကြသလော၊ ကံကြမ္မာရှင်၏ထံမှ သုတ်ဒေသနာတချို့ ရောက်လာသောနေ့၌ ရှေ့အလျင်က ယုံကြည်ခြင်း မရှိခဲ့သော၊ ယုံကြည်မှု၌ အကောင်းကို မကျင့်ဆောင်ခဲ့သော၊ စရိုက်အတွက် ယုံကြည်ခြင်းသည် အကျိုး မဖြစ်ထွန်းချေ၊ “စောင့်ကြည့်ကြလော့၊ ကျွန်ုပ်တို့လည်း စောင့်ကြည့်နေသူများ ဖြစ်၏၊” ဟု ဟောကြားလော့။
၆း၁၅၉။ ဧကန်ပင် သူတို့သည် သာသနာအား ဂိုဏ်းအမျိုးမျိုး ဖြစ်ရန် ခွဲကြသောသူတို့ ဖြစ်၏၊ သင်သည် ထို သူတို့အထဲမှ တစ်စုံတစ်ရာ မပါဝင်ချေ၊ သူတို့၏ အရေးအရာများသည် ပရမတ်ဘုရားရှင်၏ထံ၌ ရှိ၏၊ သူတို့၏ ပြုလုပ်လေ့ ရှိရာများကို သူတို့အား သတင်း ထုတ်ပြန်တော်မူလတ္တံ့။
၆း၁၆၀။ သုမင်္ဂလာ ရောက်လာစေသူ အတွက် ၎င်း၏ ဆယ်ဆသည် ရှိ၏၊ အကုသိုလ်ကို ရောက်လာစေသူ အတွက် ၎င်း၏ ဆတူမျှသာ အစားပေးခံရမည်၊ သူတို့သည် မိုက်ကြေးခွဲခံရမည် မဟုတ်ချေ။
၆း၁၆၁။ ဟောကြားလော့၊ “ကျွန်ုပ်၏ ကံကြမ္မာရှင်သည် ကျွန်ုပ်အား အယူသန့်သော အီဗရာဟီးမ်၏ ကျင့်စဉ်နှင့် ခိုင်မြဲသော သာသနာ၊ ဖြောင့်မတ် မှန်ကန်သော လမ်းစဉ်သို့ ညွှန်ခဲ့ပြီ၊ သူသည် ရောပြွန်း ကိုးကွယ်သူများ၌ မပါဝင်ချေ။”
၆း၁၆၂။ ဟောလော့၊ “ကျွန်ုပ်၏ ဝတ်ပြုခြင်း၊ ဝတ်ဖြည့်ခြင်း၊ ရှင်သန်ခြင်း၊ သေဆုံးခြင်းတို့သည် လောကခပ်သိမ်း၏ ကံကြမ္မာရှင် ပရမတ်ဘုရားရှင်၏ အဘို့သာတည်း။”
၆း၁၆၃။ အရှင်နှင့် ရောပြွန်း ကိုးကွယ်ရာ မရှိ၊ ကျွန်ုပ်အား ဤသို့ ညွှန်ကြား၏၊ ကျွန်ုပ်သည်ကား ဦးဦးဖျားဖျား သန္တိသုခဝါဒီ ဖြစ်၏။
၆း၁၆၄။ ဟောကြားလော့၊ “ကျွန်ုပ်သည် ပရမတ်ဘုရားရှင်မှအပ အခြား ကံကြမ္မာရှင်အား ရှာဖွေရမည်လော၊ အရှင်သည် သဗ္ဗလုံးစုံ၏ ကံကြမ္မာရှင် ဖြစ်၏၊ စရိုက် ကိုယ်စီအတွက် သူ၏ ကျင့်ဆောင်ခဲ့ရာသည် ရှိ၏၊ မိမိအတွက် ဝန် ထမ်းနေရသူသည် အခြားသူ၏ ဝန်အား မထမ်းပေးနိုင်ချေ၊ အသင်တို့ အားလုံး ကံကြမ္မာရှင်ထံသို့သာ အပြန်ခရီး ရှိ၍ ထို့ပြင် သင်တို့၏ ကွဲလွဲလေ့ ရှိခဲ့ခြင်းအား သတင်း ထုတ်ပြန်တော်မူလတ္တံ့။
၆း၁၆၅။ အရှင်သည် သင်တို့အား မြေကမ္ဘာ၏ သမ္မတများအဖြစ် စီစဉ်သော အရှင် ဖြစ်၏၊ ချီးမြှင့်ပေးသည်တို့၌ စုံစမ်းတော်မူရန် သင်တို့မှ အချို့ကို အချို့ထက် အခွင့်အလမ်း မြှောက်စားတော်မူ၏၊ ဧကန်ပင် ကံကြမ္မာရှင်သည် လျှင်မြန်စွာ ချုပ်ကိုင်နိုင်တော်မူ၏၊ ဧကန်ပင် အရှင်သည် လွတ်ငြိမ်းစေသောအရှင်၊ အကြင်နာရှင် ဖြစ်တော်မူ၏။
ဓမ္မခန္ဓာ (၆) ဤတွင် ပြီး၏။
ဓမ္မခန္ဓာ (၇) အသိအမှတ်ပြုခြင်း
ဉာဏ်စဉ်ကိန်းဝပ်ပေးမှု အမှတ်စဉ် (၃၉)၊ သုတ်ဒေသနာ (၂၀၆)ပါး၊
ကရုဏာရှင် အကြင်နာရှင် ဖြစ်တော်မူသော ပရမတ်ဘုရားရှင်၏ ဂုဏ်တော်အားဖြင့်-
၇း၁။ ငါသည် အကြွင်းမဲ့ သိတော်မူသော၊ ဖြောင့်မတ် မှန်ကန်ဆုံးသော ပရမတ်ဘုရားရှင် ဖြစ်၏။
၇း၂။ သင့်ထံ၌ ချမှတ်ပေးသော ကျမ်းတော်၊ ၎င်းကြောင့် သင်၏ ရင်ကို ခက်ခဲစေသည် မဟုတ်၊ ယုံကြည်သူတို့အား သတိပေးဘို့ရာ၊ ဆင်ခြင်သတိ ဖြစ်စေဘို့ရာ ဖြစ်၏။
၇း၃။ သင်တို့၏ ကံကြမ္မာရှင်ထံမှ သင်တို့အား ချမှတ်ပေးရာကို လိုက်နာကြလော့၊ အရှင်မှအပ အခြား မဟာမိတ်များကို မလိုက်နာကြနှင့်၊ အနည်းစုသည်သာ ဆင်ခြင်သတိ ရှိကြ၏။
၇း၄။ ထို့ပြင် ငါသည် ဒေသမည်မျှကို တိမ်ကောစေခဲ့သနည်း၊ မှောင်ကျနေစဉ်၊ သို့မဟုတ် နေ့ မှိန်းစက်ချိန်၌ အမင်္ဂလာသည် ရောက်လာ၏။
၇း၅။ ငါ့ထံမှ အမင်္ဂလာ ရောက်လာသောအခါ “တပည့်တော်တို့သည် အမိုက်ကောင်များ ဖြစ်ခဲ့၏၊” ဟု ဆိုခြင်းမှအပ ကြွေးကြော်နိုင်မှု မရှိချေ။
၇း၆။ ဉာဏ်စဉ်ဆောင် စေစားခံရသော သူတို့အား ငါ မေးမြန်းတော်မူမည်၊ ဉာဏ်စဉ်ဆောင်တို့ကိုလည်း မေးမြန်းတော်မူမည်ပင်။
၇း၇။ ထို့နောက် သူတို့အား ငါ သိနေတော်မူကြောင်းကို ဖေါ်ပြတော်မူမည်၊ ငါ၏ မျက်ကွယ်ဟု မရှိချေ။
၇း၈။ ထိုနေ့တွင် ချိန်ခွင်လျှာသည် လုံးဝမှန်ကန်၏၊ ချိန်ခွင်၌ အလေးစီးသော မည်သူမဆို- သူတို့သည် အောင်မြင် ပေါက်မြောက်သူများ ဖြစ်ကြ၏။
၇း၉။ ချိန်ခွင်လျှာ အလေးပေါ့သော မည်သူမဆို- သူတို့သည် ငါ၏ သုတ်ဒေသနာများအား မိုက်ကြေးခွဲလေ့ ရှိသောကြောင့် သူတို့၏ဉာဉ်ကို ဆုံးရှုံးသူများ ဖြစ်ကြ၏။
၇း၁၀။ သင်တို့အား မြေကမ္ဘာ၌ ငါ ထူထောင်စေပြီး ထို၌ ဘဝ တည်ဆောက်နည်းကို စီစဉ်ပေးတော်မူ၏၊ အနည်းစုသည်သာ ကျေးဇူး သိတတ်ကြကုန်၏။
၇း၁၁။ မုချဧကန် သင်တို့ကို ငါ ဖြစ်တည်စေ၏၊ ထို့နောက် ပုံစံချပေး၏၊ ထို့ပြင် နိမိတ်ဆောင်တို့ကို “အာဒံအား ဦးချလော့၊” ဟု မိန့်သော် ဦးချကြ၏၊ သို့သော် ရှေးရိုးစွဲ သူသည် ဦးချသူများ၌ မပါချေ။
၇း၁၂။ “ငါ ညွှန်ကြားလျှင် ဦးမချရန် သင့်အား ဘယ်အရာက ဟန့်တားထားသနည်း၊” ဟု မိန့်သော် သူက “အရှင်က မီးမှ ဖြစ်တည်စေသော တပည့်တော်သည် မြေမှ ဖြစ်တည်စေသော သူ့ထက် ပို၍ ကောင်း၏၊” ဟု ပြန်ပြော၏။
၇း၁၃။ အရှင်က “ထိုမှ ဆင်းသွားလော့၊ သင့်အတွက် မာန တက်နေစရာ မရှိ၊ သို့ဖြစ်၍ ထိုမှ ထွက်သွားလော့၊ သင်သည် သေးသိမ်သူတို့၏ အနက်မှ ဖြစ်၏၊” ဟု မိန့်၏။
၇း၁၄။ သူက “တပည့်တော်အား နိုးကြွစေသည့်နေ့ အထိ စောင့် ကြည့်ခွင့်ပေးပါ၊” ဟု လျှောက်တင်သော်။-
၇း၁၅။ အရှင်က “အသင်သည် စောင့်ကြည့်နေခွင့် ရသူတို့မှ ဖြစ်၏၊” ဟု မိန့်လေ၏။
၇း၁၆။ သူက “အရှင်သည် တပည့်တော်အား တိမ်းပါးရစေသဖြင့် သူတို့အား ဖြောင့်မှန်သော အရှင်၏ လမ်းတော်မှ ပိတ်၍ ထိုင်နေမည်၊” ဟု ပြန်ပြော၏။
၇း၁၇။ ထို့နောက် တပည့်တော်သည် သူတို့ထံသို့ သူတို့၏ လက်ရှိ- ရှေ့တင်မှ၊ နောက်မှ၊ သူတို့၏ လက်ယာ၊ လက်ဝဲမှ ထိရောက် စေမည်၊ အရှင်သည် ကျေးဇူး သိတတ်သူများအဖြစ် အများစုကို တွေ့ရမည် မဟုတ်ပါ။
၇း၁၈။ အရှင် မိန့်သည်မှာ “သိက္ခာမဲ့ ပစ်ပယ်ခံရသူအဖြစ် ထိုမှ ထွက်သွားလော့၊ သူတို့မှ သင့်အား လိုက်နာသူ အားလုံးကို သင်နှင့်အတူ ငရဲဘုံတွင် ဖြည့်တော်မူမည်။”
၇း၁၉။ “အေ- အာဒံ၊ သင်နှင့် သင့်ပေါင်းဖေါ်သည် ဥယျာဉ်တွင် အခြေချ၍ နေရာတိုင်း၌ စံချိန်အလျောက် စားသုံးကြလော့၊ သို့သော် ဤအပင်နားသို့ မချဉ်းကပ်နှင့်၊ သို့မဟုတ်က အမိုက်ကောင်များမှ ဖြစ်ရလတ္တံ့” ဟု ဖြစ်၏။
၇း၂၀။ မကောင်းဆိုးဝါးက သူတို့၏ ကွယ်နေသည်များကို ဖေါ်ထုတ်ပေးနိုင်သည်ဟု တီးတိုး လှုံ့ဆော်၍ “သင်တို့၏ ကံကြမ္မာရှင်က သင်တို့အား ဤသစ်ပင်မှ ဟန့်တားခြင်းမှာ သင်တို့သည် နိမိတ်ဆောင်များ မဖြစ်စေရန်၊ သို့မဟုတ် အစဉ်အမြဲ မဖြစ်ရစေရန် အတွက်သာ၊” ဟု ပြော၍။-
၇း၂၁။ “ကျွန်ုပ်သည် သင်တို့အတွက် စိတ်ထား ဖြူစင်သူများမှ ဖြစ်သည်” ဟု တိုင်တည်၏။
၇း၂၂။ သို့သော် သူသည် သူတို့အား မြှူဆွယ်၍ ညွှန်ပြ၏၊ သို့ဖြင့် သူတို့သည် အပင်အား မြည်းစမ်းသောအခါ ရှေ့တင်၌ ကိုယ်ထည်များ ပေါ်သွားတော့၏၊ သူတို့သည် ဥယျာဉ်မှ အရွက်များဖြင့် သူတို့ကိုယ်သူတို့ စတင် ဖုံးအုပ်ကြလေ၏၊ ထိုအခါ သူတို့၏ ကံကြမ္မာရှင်က “သင်တို့အား ဤအပင်မှ ငါ မဟန့်တားခဲ့သလော၊ သင်တို့အတွက် မကောင်းဆိုးဝါးသည် ရှင်းလင်း ထင်ရှား စည်းဖေါက်သူဟု ငါ မပြောခဲ့သလော၊” ဟု မိန့်မြွက်သော်။-
၇း၂၃။ သူတို့က “အို- ကံကြမ္မာရှင်၊ တပည့်တော်တို့သည် မိမိစရိုက်ကို မိမိ မိုက်ကြေးခွဲမိပါပြီ၊ အရှင်သည်သာ လွတ်ငြိမ်းခွင့် မပေးခဲ့လျှင်၊ ကရုဏာ မသက်ခဲ့လျှင် တပည့်တော်တို့သည် ဆုံးရှုံးသူများမှ ဖြစ်ရချေပါပြီ၊” ဟု လျှောက်တင်ကြ၏။
၇း၂၄။ အရှင်က “ဆင်းသွားကြလော့၊ သင်တို့မှ အချို့သည် အချို့အတွက် စည်းဖေါက်သူများ ဖြစ်စေလော့၊ မြေကမ္ဘာ၌ ချမ်းမြေ့ တည်ငြိမ်ရာ ကာလတစ်ခုထိ ရှိနေ၏၊” ဟု မိန့်မြွက်၏။
၇း၂၅။ အရှင်က “သင်တို့သည် ထို၌ ရှင်သန်ကြရမည်၊ ထို၌ပင် သေဆုံးရမည်၊ ထိုမှပင် ထွက်ခွာကြရမည်၊” ဟု မိန့်ဆို၏။
၇း၂၆။ အို- အာဒံ၏ မျိုးနွယ်တို့၊ ဧကန်ပင် ငါသည် သင်တို့အား ထည်ဝါစေရန်၊ ကွယ်ကာစေရန်၊ အဆင်အယင်ကို ချမှတ်တော်မူ၏၊ စည်းစောင့်ခြင်း အဆင်အယင်- ယင်းသည် အကောင်းဆုံး ဖြစ်၏၊ ဤသည် သင်တို့ ဆင်ခြင်သတိ ရှိအံ့ငှာ ပရမတ်ဘုရားရှင်၏ သုတ်ဒေသနာများမှ ဖြစ်၏။
၇း၂၇။ အို- အာဒံ၏ မျိုးနွယ်တို့၊ မကောင်းဆိုးဝါးသည် သင်တို့၏ အဘများအား သူတို့၏ အဆင်အယင်များကို ချွတ်လျက် သူတို့၏ အရှက်များကို ပြသစေသည့် အတွက် ဥယျာဉ်ဘုံမှ မောင်းထုတ်သကဲ့သို့ သင်တို့အား သွေးတိုးစမ်းခွင့် မပေးနှင့်၊ သူသည် သင်တို့အား မြင်နေ၏၊ သူ၏ မူလ လူမျိုးတို့သည် သင်တို့ မမြင်နိုင်သော နေရာမှ ရှိနေကြ၏၊ ငါသည် မကောင်းဆိုးဝါးအား မယုံကြည်သော သူတို့အတွက် မဟာမိတ်အဖြစ် စီစဉ်ထားပြီ။
၇း၂၈။ ကိုယ်ကျင့်ပျက်ခြင်းကို ပြုလေတိုင်း “ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ မိရိုးဖလာ၌ ဤသို့ပင် တွေ့ပါ၏၊ ပရမတ် ဘုရားရှင်ကလည်း ကျွန်ုပ်တို့အား ဤသို့ပင် ညွှန်ကြား၏၊” ဟု ဆိုကြကုန်၏၊ “ဧကန်ပင် ပရမတ်ဘုရားရှင်သည် ကိုယ်ကျင့်ပျက်ရန် ညွှန်ကြားခြင်း မရှိ၊ ပရမတ် ဘုရားရှင်နှင့် စပ်လျဉ်း၍ သင်တို့ မသိသောအရာကို ပြောဆိုကြမည်လော၊” ဟု မေးမြန်းလော့။
၇း၂၉။ ဟောလော့၊ “ကံကြမ္မာရှင်က ကျွန်ုပ်အား ညွှန်ကြားသည်မှာ သမာသမတ်ကျသည့် ဝတ်ကျောင်းတော်တိုင်းတွင် မျက်မှောက်ပြု ရပ်တည်ရန်၊ သာသနာတော်၌ အရှင့်အား သန့်သန့်ထား ဆုပန်ရန် ဖြစ်၏၊ သင်တို့အား စတည်စေခဲ့သည့် နည်းတူ ဆက်ဖြစ်ရလတ္တံ့။”
၇း၃၀။ အဖွဲ့ခွဲတစ်ခုအား လမ်းညွှန်ပေး၏၊ တစ်ဖွဲ့ကိုကား လမ်းလွဲသည် သူတို့အတွက် အမှန်တရား ဖြစ်စေ၏၊ သူတို့သည် ပရမတ်ဘုရားရှင်မှ လွဲ၍ မကောင်းဆိုးဝါးကို မဟာမိတ်အဖြစ် အယူထားကြ၏၊ လမ်းညွှန်ရကြသူ- ထိုသူတို့အား စဉ်းစားစေ၏။
၇း၃၁။ အို- အာဒံ၏ မျိုးနွယ်တို့၊ ဝတ်ကျောင်းတော်တိုင်းသို့ ချဉ်းကပ်တိုင်း စွဲမက်စေရာများကို သိမ်းထားကြလော့၊ စားကြလော့၊ သောက်ကြလော့၊ အလွဲသုံးစား မလုပ်ကြနှင့်၊ အလွဲသုံးစား ပြုသူတို့အား အရှင် မနှစ်သက်ချေ။
၇း၃၂။ ဟောလော့၊ “ပရမတ်ဘုရားရှင်က အရှင်၏ အမှုတော်ဆောင်များ အတွက် ထုတ်လုပ်ပေးသော စွဲမက်စေရာများ ရိက္ခာများမှ စင်ကြယ်ရာကို မည်သူက တားမြစ်လေသနည်း၊” “ယင်းသည် ဤဘဝနှင့် ရပ်တည်ရမည့်နေ့ကို အယူသန့်သန့် ယုံကြည်သော သူများအတွက် ဖြစ်၏၊ အသိရှိသော လူမျိုးအတွက် သုတ်ဒေသနာများကို ဤသို့ ရှင်းလင်း ဆုံးဖြတ်ပေးတော်မူ၏၊” ဟု ဆိုလော့။
၇း၃၃။ ဟောလော့၊ “ကံကြမ္မာရှင်သည် အပြင်အရာ၊ အတွင်းအရာများမှ ကိုယ်ကျင့် ပျက်မှုများ၊ အကုသိုလ်မှုများ၊ သစ္စာမဲ့စွာ အပြစ်ရှာမှုများ၊ အရှင့်ထံမှ အခွင့်အာဏာ ချမှတ် မထားသည်များကို ပရမတ်ဘုရားရှင်နှင့် ရောပြွန်း ကိုးကွယ်ခြင်းများနှင့် အသိပညာ မရှိဘဲ ပရမတ်ဘုရားရှင်နှင့် စပ်လျဉ်း၍ ပြောဆိုမှုများကိုသာ တားမြစ်တော်မူ၏။”
၇း၃၄။ အသိုင်းအဝိုင်းတိုင်း အတွက် သတ်မှတ်ချိန် ရှိ၏၊ သတ်မှတ်ချိန်သို့ ရောက်လာသောအခါ အခိုက်အတန့်ပင် နောက်မဆုတ်နိုင်၊ ရပ်မထားနိုင်ချေ။
၇း၃၅။ အို- အာဒံ၏ မျိုးနွယ်တို့၊ ငါ၏ သုတ်ဒေသနာများကို ဖေါ်ပြရန် သင်တို့၏ထံသို့ သင်တို့၏ အနက်မှပင် ဉာဏ်စဉ်ဆောင်များကို ပေးရောက်စေခဲ့သော်- စည်းစောင့်သူ၊ ပြုပြင် ပြောင်းလဲသူ မည်သူမဆို၊ ထိုသူတို့သည် ကြောက်ရွံ့ရမည် မဟုတ်၊ သောက ဖြစ်ရမည်လည်း မဟုတ်ချေ။
၇း၃၆။ ငါ၏ သုတ်ဒေသနာများအား ငြင်းဆန်၍ မာနတက်သောသူ၊ ထိုသူတို့သည် အပူမီး၏ ပေါင်းဖေါ်များဖြစ်၏၊ ထို၌ အစဉ် ခံစားရမည်ပင်။
၇း၃၇။ ပရမတ်ဘုရားရှင်နှင့် စပ်လျဉ်း၍ လုပ်ကြံ ဖန်တီး ငြင်းဆန်သူ၊ သို့တည်းမဟုတ် အရှင်၏ သုတ်ဒေသနာများကို လိမ်လည်သူထက် မည်သူက ပို၍ အမိုက်စီးဘိသနည်း၊ သူတို့အား သက်တမ်းကုန်စေမည့် ငါ၏ ဉာဏ်စဉ်ဆောင်များ ရောက်လာသည့်တိုင် ပင်ပန်းရကျိုးကို ကျမ်းတော်မှ ဆွတ်ခူးစေ၍ “ပရမတ်ဘုရားရှင်မှ လွဲ၍ သင်တို့ ဆုပန် ချဉ်းကပ်ခဲ့ရာများ အဘယ်မှာနည်း၊” ဟု မေးကြသော်၊ “ကျွန်ုပ်တို့အား ဖယ်ခွာသွားကြပါပြီ၊” ဟု ပြောခြင်းဖြင့် ဖုံးကွယ်သူများ ဖြစ်ကြောင်း သူတို့စရိုက်ကို သူတို့ သက်သေတည်ကြ၏။
၇း၃၈။ အရှင်က “သင်တို့ မတိုင်မီ လွန်လေပြီးသော- အပူမီးထဲမှ ကလျာဏနှင့် အန္ဓပုထုဇဉ် အသိုင်းအဝိုင်းထဲသို့ ဝင်ကြကုန်လော့၊” ဟု မိန့်တော်မူ၏၊ “အသိုင်းအဝိုင်းတစ်ခုထံ ဝင်ရောက်စေတိုင်း ထို၌ ခြုံလွှမ်း စုမိကြသောအခါ နောက်မျိုးဆက်က ရှေးလူများအား “အို- ကံကြမ္မာရှင်၊ ဤသူများသည် တပည့်တော်တို့အား လွဲမှားစေပါ၏၊ သူတို့အတွက် အပူမီးကို ဝဋ်ကြွေး နှစ်ဆပေးပါ” ဟု လျှောက်တင်သော် ညီနောင်ချင်း မေတ္တာမဲ့နေသူတို့အား အရှင်က “ကိုယ်စီအတွက် နှစ်ဆ ဖြစ်စေပြီ၊ သို့ရာတွင် အသိပညာ မရှိကြချေ၊” ဟု မိန့်တော်မူ၍။-
၇း၃၉။ ရှေးလူများက နောက်မျိုးဆက်အား “သင်တို့သည်လည်း ကျွန်ုပ်တို့ထက် ပို၍ သိက္ခာမရှိချေ၊ သို့ဖြစ်၍ သင်တို့ ကျင့်ဆောင်လေ့ရှိသော ဝဋ်ကြွေးအား မြည်းစမ်းကြလော့၊” ဟု ဆိုလေ၏။
၇း၄၀။ ငါ၏ သုတ်ဒေသနာများအား ငြင်းဆန်သူ၊ ၎င်းနှင့် စပ်လျဉ်း၍ မာန တက်နေသော သူတို့အဘို့ ကုလားအုပ်အတန်းသည် အပ်ချည်ပေါက်တွင်းသို့ တိုးဝင်နိုင်သည့်တိုင် သုခဘုံသို့ ဝင်ရမည် မဟုတ်၊ သူတို့အတွက် ကောင်းကင် တံခါးများကိုလည်း ဖွင့်မည် မဟုတ်ချေ၊ ဤသည် ရာဇဝတ်ကောင်များ အတွက် အစားပေးမှုပေတည်း။
၇း၄၁။ သူတို့အတွက် ငြိမ့်ညောင်းစေရာ ငရဲဘုံ၊ သူတို့အပေါ်မှ လွှမ်းခြုံထား၏၊ ဤသည် အမိုက်ကောင်များအား အစားပေးခြင်းပင်။
၇း၄၂။ ယုံကြည်၍ ပြုပြင်မှု ကျင့်ကြံသော သူတို့အတွက် ဉာဉ်စရိုက်ဖြင့် မနိုင်ဝန်ကို မထမ်းဆောင်စေရ၊ သူတို့သည် သုခဘုံ၏ ပေါင်းဖေါ်များ ဖြစ်ကြ၏၊ ထို၌ အစဉ် စံစားရမည်ပင်။
၇း၄၃။ ငါသည် သူတို့၏ ရင်ဘတ်တွင်း၌ ချုပ်တီး ထားရသည်များကို ဖယ်ပစ်တော်မူ၏၊ သူတို့၏ အောက်ခြေ၌ စမ်းချောင်းရေသွင် စီးဆင်းလျက်ရှိ၍ သူတို့က “ရည်သန်စူးစိုက်မှု အပေါင်းသည် တပည့်တော်တို့အား ဤနေရာသို့ လမ်းညွှန်တော်မူသော ပရမတ်ဘုရားရှင် အဘို့သာ ဖြစ်၏၊ ပရမတ်ဘုရားရှင်ကသာ လမ်းမညွှန်ခဲ့လျှင် တပည့်တော်တို့သည် လမ်းညွှန်မှန်ရသူများ မဖြစ်နိုင်ပါ၊ ကံကြမ္မာရှင်၏ ဉာဏ်စဉ်ဆောင်များသည် ပရမတ္ထ သစ္စာဖြင့် မုချဧကန် ရောက်လာခဲ့၏၊” ဟု ဆိုကြ၏၊ “ဤသည် သင်တို့၏ ကျင့်ကြံမှုများကြောင့် သုခဘုံသည် သင်တို့၏ အမွေ ဖြစ်၏၊” ဟု ကြေညာနေ၏။
၇း၄၄။ သုခဘုံ ပေါင်းဖေါ်များက အပူမီး ပေါင်းဖေါ်များအား “ကျွန်ုပ်တို့အား ကံကြမ္မာရှင်က ကတိထားခဲ့သည်မှာ မှန်ကန်ကြောင်း ကျွန်ုပ်တို့ တွေ့ရ၏၊ သင်တို့ကော ကံကြမ္မာရှင်က ကတိထားသည်မှာ မှန်ကန်ကြောင်း တွေ့ကြသလော၊” ဟု အော်မေးသော် “ဟုတ်ကဲ့ပါ” ဟု ဆိုကြ၏၊ သူတို့ကြားမှ ကြေညာသူက “အမိုက်ကောင်များ အပေါ်၌ ပရမတ်ဘုရားရှင်သည် မေတ္တာဝေးစေပြီ၊” ဟု ကြေညာနေ၏။
၇း၄၅။ ပရမတ်ဘုရားရှင်၏ လမ်းစဉ်တော်မှ ရှောင်ဖယ်သော သူတို့သည် ထို၌ ကောက်ကျစ်မှုကိုသာ ရှာဖွေခဲ့၏၊ နောင်ဘဝကိုလည်း ဖုံးကွယ်သူများ ဖြစ်ကြ၏။
၇း၄၆။ ထိုနှစ်ခုကြား၌ စည်းခြားမှု ရှိနေ၏၊ အသိအမှတ်ပြုခြင်း အပေါ်၌လည်း အမှတ်သညာ ကိုယ်စီဖြင့် အသိအမှတ် ပြုခံရသော လူသားများ ရှိနေ၍ သုခဘုံ ပေါင်းဖေါ်တို့အား “သင်တို့အပေါ်သို့ ငြိမ်းချမ်း သာယာမှု ခပါစေ၊” ဟု ကြေညာနေ၏၊ ထိုနေရာသို့ မဝင်ရသေးသော်လည်း သူတို့၌ မျှော်လင့်ချက် ရှိနေ၏။
၇း၄၇။ သူတို့၏ အမြင်များအား အပူမီး ပေါင်းဖေါ်များဘက်သို့ လှည့်ဆုံ စေသောအခါ “ကံကြမ္မာရှင်သည် တပည့်တော်တို့အား မိုက်ကြေးခွဲသော လူမျိုးထဲမှ မစီစဉ်ပေ၊” ဟု ဆိုကြ၏။
၇း၄၈။ ထို့ပြင် အမှတ်သညာများဖြင့် အသိအမှတ်ပြု ခံရသော၊ အသိအမှတ်ပြု ခံရခြင်း၌ ရှိသူ ပေါင်းဖေါ်- လူသားများက အော်လျက် “သင်တို့၏ အုပ်စုကြီးမှာ ပြည့်စုံမှု မရှိတော့ပြီ၊ သင်တို့သည် မာန မကြီးနိုင်တော့ပေ၊” ဟု ဆိုကြ၏။
၇း၄၉။ သူတို့သည်ကား ပရမတ်ဘုရားရှင်က သူတို့အား ကရုဏာ ဆွတ်ခူး စေလိမ့်မည် မဟုတ်ဟု၊ သင်တို့ကို တိုင်တည်ခဲ့သော သူများ မဟုတ်လော၊ “သင်တို့ သုခဘုံသို့ ဝင်ကြလော့၊ ကြောက်ရွံ့ရစေမည် မဟုတ်၊ သောက ဖြစ်ရစေမည်လည်း မဟုတ်ပေ။”
၇း၅၀။ အပူမီး ပေါင်းဖေါ်များက သုခဘုံ ပေါင်းဖေါ်တို့ထံ “ကျွန်ုပ်တို့အား ရေ၊ သို့မဟုတ် ပရမတ်ဘုရားရှင်က သင်တို့အား ရိက္ခာပေးသည်မှ စုပြုံ လောင်းချပေးပါ၊” ဟု အော်ပြောကြသော် “ပရမတ်ဘုရားရှင်သည် ဖုံးကွယ်သူများအတွက် ၎င်းတို့အား တားမြစ်ထားပြီ၊” ဟု ပြန်ပြောကြ၏။
၇း၅၁။ သူတို့၏ သာသနာအား မြူးတူးပျော်ပါး ဟာသလုပ်စရာ အဖြစ် ယူမှတ်လျက် ဤလောကီဘဝ၏ မြှူဆွယ် ခံနေရသော သူများအား ဤနေ့၌- သူတို့က ဤ ဆုံတွေ့ရမည့်နေ့ကို မေ့ထား၍ ငါ၏ သုတ်ဒေသနာများကို မေ့ပစ်ထားလေ့ ရှိသကဲ့သို့ ငါသည် သူတို့အား ပယ်ပစ်ထားလိုက်ပြီ။
၇း၅၂။ ငါသည် အသိပညာ ရှင်းလင်း ဆုံးဖြတ်ချက် ကျမ်းတော်ကို သူတို့ထံသို့ မုချ ရောက်လာစေပြီ၊ ယုံကြည်သော လူမျိုးအတွက် လမ်းညွှန် ကရုဏာဖြစ်၏။
၇း၅၃။ ထိုမှအပ ဖွင့်ဆိုမှုများကိုသာ စောင့်ကြည့်နေကြသလော၊ ဖွင့်ဆို ရှင်းလင်းချက် ပေးအပ်သောနေ့၌ “၎င်းအား မေ့ထားသော သူများက ယခင်က ကံကြမ္မာရှင်၏ထံမှ ဉာဏ်စဉ်ဆောင်များသည် ပရမတ္ထသစ္စာဖြင့် ရောက်လာခဲ့ပြီ၊ ကျွန်ုပ်တို့ အတွက် အမျှဝေပေးမည့် အမျှဝေပေးနိုင်သူ ရှိလေသလော၊ သို့တည်းမဟုတ် ကျင့်ကြံလေ့ ရှိရာမှ ဆန့်ကျင်လျက် ကျင့်ကြံနိုင်ရန် ပြန်လည် ပို့ပေးခြင်း ခံရမည်လော၊” ဟု ဆိုကြလတ္တံ့၊ ဧကန်ပင် သူတို့သည် ဉာဉ်စရိုက်ကို ဆုံးရှုံးစေခဲ့ပြီ၊ သူတို့၏ လုပ်ကြံ ဖန်တီးလေ့ရှိရာ များသည်လည်း သူတို့ထံမှ ဖယ်ခွာသွားကြလေပြီ။
၇း၅၄။ ဧကန်ပင် သင်တို့၏ ကံကြမ္မာရှင် ပရမတ်ဘုရားရှင်သည် မိုးများနှင့် မြေကမ္ဘာကို ကာလ ခြောက်ခုဖြင့် ဖြစ်တည်စေသောအရှင် ဖြစ်၏၊ ထို့ပြင် ထပ်ဆင့် ကွပ်ကဲမှုကို ပုံစံချ၏၊ အရှင်သည် စဉ်ဆက်မပြတ် အမီလိုက်နေသော ဖုံးအုပ်သည့် ညကို နေ့ပေါ်သို့ လွှမ်းခြုံစေ၏၊ နေ၊ လ၊ ကြယ်တာရာများအား အရှင်၏ ညွှန်ကြားမှုဖြင့် စဉ်ဆက် အသုံးခံစေ၏၊ ဖြစ်တည်စေမှု၊ ညွှန်ကြားမှုတို့သည် အရှင်၏ အချုပ်အခြာ၌သာ ရှိ၏၊ လောကခပ်သိမ်း၏ ကံကြမ္မာရှင်၊ ပရမတ်ဘုရားရှင်သည် ဂုဏ်ကျက်သရေ အပေါင်းနှင့် ပြည့်စုံတော်မူ၏။
၇း၅၅။ သင်တို့၏ ကံကြမ္မာရှင်ထံ၌ နှိမ့်ချလျက် လျှို့ဝှက်စွာ ဆုပန်ကြလော့၊ အရှင်သည် စည်းဖေါက်သူများအား နှစ်သက်တော်မမူချေ။
၇း၅၆။ ပြုပြင် ပြောင်းလဲပြီးနောက် မြေကမ္ဘာ၌ အဖျက် မလုပ်ကြနှင့်၊ အရှင့်အား အကြောက်ထား၍ မျှော်လင့်ချက်ဖြင့် ဆုပန်လော့၊ ဧကန်ပင် ပရမတ်ဘုရားရှင်၏ ကရုဏာတော်သည် သုမင်္ဂလာ ပြုသူများနှင့် နီးကပ်လှချေ၏။
၇း၅၇။ အရှင်သည် မျက်မှောက်တော်မှ ကရုဏာအဖြစ် သတင်းကောင်းဆောင် လေများကို စေပို့တော်မူ၏၊ ၎င်းတို့အား လေးလံသော မိုးတိမ်တိုက်ကို လွင့်စေ၍ မြေသေ မြို့ရွာများအထိ မောင်းနှင်လျက် ထိုမှ ရေကို သွန်းချစေ၏၊ ၎င်းဖြင့် သစ်သီးဝလံမျိုးစုံကို ပေါက်ရောက် ထွက်ပေါ်စေ၏၊ ဤကဲ့သို့ပင် သင်တို့သည် ဆင်ခြင်သတိ ရှိအံ့သောငှာ အသေများကို ပြန်လည် ထွက်ပေါ်စေတော်မူ၏။
၇း၅၈။ ကံကြမ္မာရှင်၏ ခွင့်ပြုချက်ဖြင့်- စင်ကြယ်သော မြို့ဒေသမှ သီးနှံဖြစ်ထွန်း ထွက်စေ၍၊ ညံ့သော မြေမှ ခဲယဉ်းစွာ ထွက်စေ၏၊ ဤသို့ပင် ငါသည် ကျေးဇူးသိသော လူမျိုးတို့အား သုတ်ဒေသနာများကို ထပ်တလဲလဲ ရှင်းပြတော်မူ၏။
၇း၅၉။ ဧကန်ပင် ငါသည် နူးဟ်ကို သူ၏လူမျိုးအတွက် စေစားတော်မူ၏၊ သူက “အို- ကျွန်ုပ်၏ လူမျိုးတို့၊ ပရမတ်ဘုရားရှင်ကိုသာ ကိုးကွယ်ကြလော့၊ သင်တို့အတွက် အရှင်မှအပ အခြားဘုရား ဟူ၍ မရှိပြီ၊ ကျွန်ုပ်သည် သင်တို့အတွက် ဝဋ်ကြွေးသင့်မည့် နေ့ကြီးကို ကြောက်ရွံ့မိပါ၏၊” ဟု ဆို၏။
၇း၆၀။ သူ့လူမျိုး အကြံပေးများက “ကျွန်ုပ်တို့သည် သင့်အား ရှင်းလင်း ထင်ရှားသော လွဲချော်မှု၌သာ မြင်ရပြီ၊” ဟု ပြောသော်။-
၇း၆၁။ သူ ပြောသည်မှာ “အို- ကျွန်ုပ်၏ လူမျိုးတို့၊ ကျွန်ုပ်သည် လမ်းလွဲ၌ မရှိပါ၊ ကျွန်ုပ်သည် စကြဝဠာများ၏ ကံကြမ္မာရှင်ထံမှ ဉာဏ်စဉ်ဆောင်ပင် ဖြစ်ပါ၏။
၇း၆၂။ ကံကြမ္မာရှင်၏ထံမှ စေပို့ချက်များကို သင်တို့ထံသို့ ဆိုက်ရောက်စေ၏၊ သင်တို့အပေါ် ကျွန်ုပ် စိတ်ထားဖြူစင်၏၊ ပရမတ်ဘုရားရှင်၏ထံမှ သင်တို့ မသိသည်များကို ကျွန်ုပ်သိပါ၏။
၇း၆၃။ ကံကြမ္မာရှင်၏ထံမှ သတိပေးခြင်းများကို သင်တို့အနက် လူတစ်ယောက်မှ တဆင့် ရောက်လာစေသည်ကို အံ့ဩ ကြကုန်သလော၊ သင်တို့အား ကရုဏာသက်စေအံ့ငှာ သတိပေးရန်၊ စည်းစောင့်စေရန်သာ ဖြစ်၏။”
၇း၆၄။ သို့ဖြင့် သူ့အား ငြင်းဆန်ကြလေ၏၊ သို့ဖြစ်၍ ငါသည် သူ၊ သူနှင့်အတူ သင်္ဘောပေါ်၌ ရှိသောသူတို့ကို လွတ်မြောက်စေ၍ ငါ၏ သုတ်ဒေသနာများကို ငြင်းဆန်သော သူတို့အား နစ်မြုပ်စေတော်မူ၏၊ သူတို့သည်ကား ကန်းနေသောလူမျိုး ဖြစ်၏။
၇း၆၅။ အာဒ်တို့ထံသို့ သူတို့၏ ညီနောင်ဖြစ်သော ဟူဒ်အား “အို- ကျွန်ုပ်၏ လူမျိုးတို့၊ ပရမတ်ဘုရားရှင်ကိုသာ ကိုးကွယ်ကြလော့၊ အရှင်မှအပ အခြား ဘုရားဟူ၍ သင်တို့အတွက် မရှိ၊ သင်တို့ စည်းစောင့်ပါလေစ၊” ဟု ဟောခိုင်း၏။
၇း၆၆။ သူ့လူမျိုးမှ ဖုံးကွယ်သော အကြံပေးများက “ကျွန်ုပ်တို့သည် သင့်အား တုံးအသူအဖြစ် မြင်ရ၏၊ ကျွန်ုပ်တို့သည် သင့်အား လိမ်ညာသူများမှ ဟု စဉ်းစားမိ၏၊” ဟု ဆိုကြ၏။
၇း၆၇။ သူ ပြောသည်မှာ “အို- ကျွန်ုပ်၏ လူမျိုးတို့၊ ကျွန်ုပ်သည် တုံးအသူ မဟုတ်ချေ၊ သို့သော် စကြဝဠာများ၏ ကံကြမ္မာရှင်ထံမှ ဉာဏ်စဉ်ဆောင် ဖြစ်၏။
၇း၆၈။ ကံကြမ္မာရှင်၏ထံမှ စေပို့ချက်များကို သင်တို့ထံသို့ ဆိုက်ရောက်စေ၏၊ ကျွန်ုပ်သည် သင်တို့အတွက် ယုံကြည် စိတ်ချလောက်သည့် စိတ်ထားဖြူစင်သူ ဖြစ်၏၊
၇း၆၉။ သင်တို့ သတိတရ ရှိစေရန် ကံကြမ္မာရှင်၏ထံမှ သတိပေးခြင်းများကို သင်တို့အနက် လူတစ်ယောက်မှ တဆင့် ရောက်လာစေသည်ကို အံ့ဩကြကုန်သလော၊ နူးဟ်၏ လူမျိုးများနောက်တွင် သင်တို့အား ဆက်ခံသူများအဖြစ် စီစဉ်ပေးခဲ့ခြင်း၊ အင်အား တောင့်တင်း တိုးပွားမှု ဖြစ်တည်စေခဲ့ခြင်းကို သတိရကြလော့၊ သင်တို့သည် အောင်မြင် ပေါက်မြောက်အံ့ငှာ ပရမတ်ဘုရားရှင်၏ ကျေးဇူးပြုခြင်းများအား သတိရကြလော့။”
၇း၇၀။ သူတို့က “သင်သည် ကျွန်ုပ်တို့အတွက် ပရမတ်ဘုရားရှင် တစ်ပါးတည်းကိုသာ ကိုးကွယ်စေ၍ ကျွန်ုပ်တို့၏ မိရိုးဖလာ ကိုးကွယ်လေ့ရှိသည်ကို ချန်ခဲ့စေသလော၊ သင်သည် ဖြောင့်မှန်သူများမှ ဖြစ်လျှင် ကျွန်ုပ်တို့အား ကတိပေးသည်ကို ဆိုက်လာစေလော့၊” ဟု ဆိုကြ၏။
၇း၇၁။ သူက “ကံကြမ္မာရှင်ထံမှ သင်တို့အား မသန့်ပြန့်မှုနှင့် ကံကြီးသင့်မှုကို တည်ရှိစေပြီ၊ ပရမတ်ဘုရားရှင်က အခွင့်အာဏာ ချမှတ်ပေးခြင်း မရှိဘဲ သင်တို့၏ မိရိုးဖလာက ကင်ပွန်းတပ်ထားသော ဂုဏ်တော်များနှင့် စပ်လျဉ်း၍ သင်တို့သည် ကျွန်ုပ်အား စောဒက တက်ကြမည်လော၊ စောင့်ကြည့်ကြလော့၊ ကျွန်ုပ်သည်လည်း သင်တို့နှင့်အတူ စောင့်ကြည့်နေ သူများမှ ဖြစ်၏၊” ဟု ဟောကြား၏။
၇း၇၂။ သူ၊ သူနှင့်အတူ ရှိသောသူများကို ကရုဏာတော်အားဖြင့် ငါ လွတ်မြောက်စေ၍ ငါ၏ သုတ်ဒေသနာများအား ငြင်းဆန်သော သူတို့အား သူတို့၏ ယုံကြည်လေ့ မရှိမှုများကြောင့် သူတို့၏ အခြေအမြစ်များကို ဖြတ်တောက်တော်မူ၏။
၇း၇၃။ သူတို့၏ ညီနောင်ဖြစ်သော ဆွာလေဟ်က သမူဒ်တို့အား ဟောသည်မှာ “အို- ကျွန်ုပ်၏လူမျိုးတို့၊ ပရမတ်ဘုရားရှင်အား ကိုးကွယ်ကြလော့၊ သင်တို့အတွက် အရှင်မှအပ အခြားသော ဘုရားဟူ၍ မရှိ၊ သင်တို့ထံသို့ ကံကြမ္မာရှင်၏ထံမှ ရှင်းလင်းချက်များ ရောက်လာလတ္တံ့၊ ဤသည် သင်တို့အတွက် နိမိတ်လက္ခဏာ ဖြစ်သော ပရမတ်ဘုရားရှင်၏ ကုလားအုပ်မပင်တည်း၊ သို့ဖြစ်၍ သူမအား ချန်ထားပေး၍ ပရမတ်ဘုရားရှင်၏ မြေကမ္ဘာ၌ စားသုံးစေလော့၊ သူမအား အကုသိုလ်ဖြင့် မထိနှင့်၊ သို့မဟုတ်က စူးနစ်သော ဝဋ်ကြွေးဖြင့် သင်တို့အား အရေးယူလိမ့်မည်။
၇း၇၄။ အာဒ်၏နောက် သင်တို့အား ဆက်ခံသူများအဖြစ် စီစဉ်ပေးခဲ့သည်ကို- မြေကမ္ဘာ၌ သင်တို့အား နေရာချပေးခဲ့သည်ကို- သတိရကြလော့၊ သင်တို့သည် လွင်ပြင်များမှ ရပ်နားရာများကို သိမ်းပိုက်ခဲ့၍ တောင်များကို ထုဆစ်လျက် အိမ်များ တည်ခဲ့ပြီ၊ ပရမတ်ဘုရားရှင်၏ ကျေးဇူးပြုခြင်းများအား သတိရကြလော့၊ ကမ္ဘာ၌ ညစ်ညမ်းစုတ်ပဲ့၊ အဖျက်ကောင်များ မဖြစ်ကြနှင့်၊” ဟု ဖြစ်၏။
၇း၇၅။ သူ့လူမျိုးမှ မောက်မာသည့် အကြံပေးများက ယုံကြည်သူများအနက် ချည့်နဲ့သည်ဟု ထင်ရသော သူတို့အား “ဆွာလေဟ်သည် ကံကြမ္မာရှင်၏ထံမှ ဉာဏ်စဉ်ဆောင်ဟု သိကြကုန်သလော၊” ဟု မေးကြသော် “ကျွန်ုပ်တို့သည် သူ့အားဖြင့် စေစားမှုကို ယုံကြည်ကြပါ၏၊” ဟု ပြန်ပြောကြ၏။
၇း၇၆။ မောက်မာသောသူများက “ကျွန်ုပ်တို့သည် သင်တို့ ယုံကြည်သည့် အရာကို ငြင်းပယ်သူများ ဖြစ်၏၊” ဟု ဆိုကြ၍။-
၇း၇၇။ သို့ဖြင့် ကုလားအုပ်မအား မျိုးအ စေကြလျက် ကံကြမ္မာရှင်၏ ညွှန်ကြားမှုကို အာခံကာ “အို- ဆွာလေဟ်၊ သင်သည် ဉာဏ်စဉ်ဆောင်များမှ ဖြစ်လျှင် သင် ကတိပေးသည်ကို ကျွန်ုပ်တို့ထံ ဆိုက်ရောက်စေလော့၊” ဟု ဆိုကြ၏။
၇း၇၈။ သို့ဖြင့် သူတို့အား ငလျင်ကြီးဖြင့် သိမ်းယူလိုက်၍ နံနက်၌ သူတို့၏ အိမ်များတွင် ရုပ်ကလပ်များ ဖြစ်သွားစေ၏။
၇း၇၉။ သူသည် ၎င်းတို့ထံမှ လှည့်ပြန်ခဲ့ပြီး “အို- ကျွန်ုပ်၏ လူမျိုးတို့၊ ကျွန်ုပ်သည် ကံကြမ္မာရှင်၏ထံမှ စေပို့ချက်များကို သင်တို့ထံ ဆိုက်ရောက်စေခဲ့ပြီ၊ သင်တို့အပေါ် ကျွန်ုပ် စိတ်ထားဖြူစင်၏၊ သို့ရာတွင် သင်တို့က စိတ်ထားဖြူစင်သူအား မနှစ်သက်ကြချေ၊” ဟု ဆို၏။
၇း၈၀။ လု(တ်)က သူ့ လူမျိုးအား ပြောသည်မှာ “လောကခပ်သိမ်းတွင် တစ်စုံတစ်ယောက်ကမှ သင်တို့အား မသတ်မှတ်ပေးခဲ့သည့် ကိုယ်ကျင့်ပျက်မှုကို သင်တို့ ယူခဲ့ကြမည်လော။
၇း၈၁။ အသင်တို့သည် အမျိုးသမီးများကို ပ’လျက် ယောက်ျား များထံ၌ အာသာရမက်ဖြေရန် ချဉ်းကပ်၏၊ အမှန်မှာ သင်တို့သည် အလွဲသုံးစား ပြုသောလူမျိုး ဖြစ်ကြ၏၊”
၇း၈၂။ သူ့လူမျိုးများထံမှ “ထိုသန့်စင်သည်ဟူသည့် လူသားများအား သင်တို့၏ အရပ်ဒေသများမှ မောင်းထုတ်ပစ်ကြ၊” ဟု ဆိုခြင်းမှအပ အခြား အဖြေ ပြန်မရချေ။
၇း၈၃။ ငါသည် သူ့အိမ်ရှင်မ မှအပ သူနှင့် သူ့ဒကာတို့အား လွတ်မြောက်စေတော်မူ၏၊ သူမသည် ကျန်ရစ်သူများမှ ဖြစ်၏။
၇း၈၄။ ငါသည် သူတို့ အပေါ်၌ ပြည်ဖျက်မိုးကို ရွာသွန်းစေ၏၊ ရာဇဝတ်ကောင်များ၏ နိဂုံး မည်သို့ ချုပ်ရသည်ကို ကြည့်ကြလော့။
၇း၈၅။ သူတို့၏ ညီနောင်ဖြစ်သော ရှုအိုက်(ဘ်)က မီဒီယံတို့အား ပြောသည်မှာ “အို- ကျွန်ုပ်၏ လူမျိုးတို့၊ ပရမတ်ဘုရားရှင်ကိုသာ ကိုးကွယ်ကြလော့၊ သင်တို့အတွက် အရှင်မှအပ အခြား ဘုရားဟူ၍ မရှိ၊ သင်တို့ထံသို့ ကံကြမ္မာရှင်၏ထံမှ ရှင်းလင်းချက်များ ရောက်လာပြီ၊ ချိန်တွယ်ရာ၌ ပြည့်စေလော့၊ လူသားတို့၏ အရာဝတ္ထုများကို ချိန်ခွင် မလျော့စေနှင့်၊ ပြုပြင် ပြောင်းလဲပြီးနောက် မြေကမ္ဘာ၌ အဖျက်မလုပ်ကြနှင့်၊ သင်တို့သည် ယုံကြည်သူများ ဖြစ်ကြလျှင်- ဤသည်မှာ ပို၍ ကောင်းလေ၏။
၇း၈၆။ ပရမတ်ဘုရားရှင်၌ ယုံကြည်သူအား အရှင့်လမ်းစဉ်၌ ကတိထားသည်ကို ဖယ်ခိုင်းခြင်းနှင့် ထို၌ ကောက်ကျစ်မှုကို ရှာဖွေလျက် မည်သည့် လမ်းတော်တွင်မှ ပိတ်- မထိုင်ကြကုန်နှင့်၊ သင်တို့အား အနည်းစုမှ အများစု ဖြစ်စေခဲ့သည်ကို သတိရကြလော့၊ အဖျက်ကောင်များ၏ နိဂုံး မည်သို့ ချုပ်ရသည်ကို ကြည့်ကြလော့၊” ဟု ဖြစ်၏။
၇း၈၇။ သင်တို့မှ တစ်စုသည် ကျွန်ုပ်အား စေစားရာ၌ သက်ဝင် ယုံကြည်၍ တစ်စုသည် ယုံကြည်ခြင်း မရှိခဲ့လျှင် ကျွန်ုပ်တို့ စပ်ကြား ပရမတ်ဘုရားရှင်က စီရင်ထုံး ပြုသည်ထိ သည်းခံကြလော့၊ အရှင်သည် အကောင်းဆုံး ဓမ္မသတ်ချုပ် ဖြစ်၏။
၇း၈၈။ သူ့လူမျိုးမှ မောက်မာသော အကြံပေးများက “အို- ရှုအိုက်(ဘ်)၊ အသင်၊ သင်နှင့်အတူ ယုံကြည်သောသူများကို ကျွန်ုပ်တို့၏ အရပ်ဒေသမှ မောင်းထုတ်ပစ်မည်၊ သို့မဟုတ်က ကျွန်ုပ်တို့၏ ကျင့်စဉ်၌ ဆက်ကျင့်လော့၊” ဟု ဆိုသော် သူက “မည်သို့နည်း၊ ကျွန်ုပ်တို့က အောင့်သက်သက် ခံစားရမည်လော၊” ဟု ပြန်ပြော၏။
၇း၈၉။ ပရမတ်ဘုရားရှင်က ကျွန်ုပ်တို့အား သင်တို့၏ ကျင့်စဉ်ထဲမှ လွတ်မြောက်စေပြီးမှ ထိုသို့ ကျွန်ုပ်တို့ ဆက်လုပ်လျှင် ကျွန်ုပ်တို့သည် ပရမတ်ဘုရားရှင်နှင့် စပ်လျဉ်း၍ လုပ်ကြံ ဖန်တီး လိမ်လည်ခြင်းသာ ဖြစ်လိမ့်မည်၊ ကံကြမ္မာရှင်ဖြစ်သော ပရမတ်ဘုရားရှင်၏ စံချိန် ပြည့်မီခြင်းဖြင့်သာ ကျွန်ုပ်တို့သည် ထိုသို့ ဆက်လုပ်ရန် မဖြစ်နိုင်ချေ၊ ကံကြမ္မာရှင်သည် ဖြန့်ကျက်နေတော်မူ၏၊ ကံကြမ္မာရှင်သည် သဗ္ဗလုံးစုံ သိနေတော်မူ၏၊ ကျွန်ုပ်တို့သည် ပရမတ်ဘုရားရှင်ကိုသာ ကိုးစားလေပြီ၊ “အို- ကံကြမ္မာရှင်၊ တပည့်တော်တို့၏ကြား၊ တပည့်တော်တို့၏ လူမျိုးများကြား ပရမတ္ထ သစ္စာဖြင့် ထွက်ပေါက် ပေးတော်မူပါ၊ အရှင်သည် အကောင်းဆုံး ထွက်ပေါက် ပေးတော်မူသည့် အရှင် ဖြစ်ပါ၏၊” ဟု ဆုတောင်း၏။
၇း၉၀။ သူ့လူမျိုးမှ ဖုံးကွယ်သော အကြံပေးများက “အကယ်၍ သင်တို့သည် ရှုအိုက်(ဘ်)အား လိုက်နာသူများ ဖြစ်ကြလျှင် သင်တို့သည် ဆုံးရှုံးရသူများ ဖြစ်လေပြီ၊” ဟု ဆိုကြ၏။
၇း၉၁။ သို့ဖြင့် သူတို့အား ငလျင်ကြီးဖြင့် သိမ်းယူလိုက်၍ သူတို့၏ အိမ်များတွင် နံနက်၌ ရုပ်ကလပ်များ ဖြစ်သွားစေ၏။
၇း၉၂။ ရှုအိုက်(ဘ်)အား ငြင်းဆန်သော သူတို့သည် ထို၌ ပြည့်စုံမှုများ မရှိတော့ပြီ၊ ရှုအိုက်(ဘ်)အား ငြင်းဆန်သော သူတို့သည် ဆုံးရှုံးသူများ ဖြစ်ရ၏။
၇း၉၃။ သူသည် ၎င်းတို့ထံမှ လှည့်ပြန်ခဲ့ပြီး “အို- ကျွန်ုပ်၏ လူမျိုးတို့၊ ကျွန်ုပ်သည် ကံကြမ္မာရှင်၏ထံမှ စေပို့ချက်များကို သင်တို့ထံသို့ ဆိုက်ရောက်စေခဲ့ပြီ၊ သင်တို့အပေါ် ကျွန်ုပ် စိတ်ထားဖြူစင်၏၊ ကျွန်ုပ်သည်ကား ငြင်းပယ် ဖုံးကွယ်သော လူမျိုးတို့အတွက် မည်သို့ ဝမ်းနည်းပေးရမည်နည်း၊” ဟု ဆို၏။
၇း၉၄။ ငါက အရပ်ဒေသတစ်ခုသို့ သူတို့သည် နိဝါတတရား ရှိစေအံ့ငှာ- ဒေသသားတို့အား အမင်္ဂလာသင့်ခြင်း၊ ဘေးဥပဒ် ဖြစ်ခြင်းများဖြင့် သိမ်းယူတော်မူရန် မှအပ သတင်းတော်ဆောင် တစ်ပါးပါးကို စေစားခြင်း မရှိချေ။
၇း၉၅။ တဖန် ငါသည် သူတို့ကို ကျေအေးပေး၍ “ဘေးဒုက္ခနှင့် အဆင်ပြေမှုသည် ကျွန်ုပ်တို့ ဘဘိုးများကိုသာ ထိခဲ့၏၊” ဟု ပြောဆိုနိုင်သည် အထိ သူတို့၏ ဘဝဆက်ကို အကုသိုလ်မှ သုမင်္ဂလာသို့ လွှဲပြောင်းပေးခဲ့၏၊ ထို့နောက် သူတို့ သတိမမူမိစဉ် ရုတ်တရက် သိမ်းယူပစ်လိုက်၏။
၇း၉၆။ အကယ်၍ အရပ်ဒေသသားများသည် ယုံကြည်လျက် စည်းစောင့်ကြလေလျှင် ငါသည် သူတို့အား မိုးနှင့်မြေများမှ ကျက်သရေအပေါင်းနှင့် ဖွင့်ပေးလတ္တံ့၊ သို့သော် ငြင်းဆန်သူတို့အား သူတို့၏ ကျင့်ဆောင်လေ့ ရှိရာများကြောင့် သိမ်းယူတော်မူအံ့။
၇း၉၇။ အရပ်သားတို့သည် မှောင်ကျ အိပ်စက်နေစဉ် ငါ့ထံမှ အမင်္ဂလာ ဆိုက်ရောက်စေမည်ကို လုံခြုံသည်ဟု ယုံကြည်နေကြသလော။
၇း၉၈။ သို့တည်းမဟုတ် အရပ်သားတို့သည် နေထိန်ထိန် ပူချိန်၌ ပွဲလုပ်နေကြစဉ် ငါ့ထံမှ အမင်္ဂလာ ဆိုက်ရောက်စေမည်ကို လုံခြုံသည်ဟု ယုံကြည်နေကြသလော။
၇း၉၉။ ပရမတ်ဘုရားရှင်၏ ဗျူဟာမှ လုံခြုံပြီဟု ယုံကြည်နေကြသလော၊ ဆုံးရှုံးရမည့် လူမျိုးမှအပ ပရမတ်ဘုရားရှင်၏ ဗျူဟာမှ လုံခြုံပြီဟု ယုံကြည်နေသူ မရှိချေ။
၇း၁၀၀။ မြေကမ္ဘာ၌ ယခင် နေခဲ့သူများ၏နောက် အမွေဆက်ခံသော သူတို့အဘို့ အကယ်၍ ငါ့ စံချိန်ပြည့်ခဲ့လျှင် သူတို့၏ အပြစ်များအတွက် ထိခိုက်စေနိုင်ကြောင်း ညွှန်ပြမခံရသလော၊ သူတို့၏ နှလုံးသားကို ငါအရှင် တံဆိပ်ထုထား၏၊ သူတို့သည် နာယူနိုင်သူများ မဟုတ်ချေ။
၇း၁၀၁။ ဤသည် သင့်အား ငါ သတင်းထုတ်ပြန် ဖေါ်ပြပေးသော အရပ်ဒေသတို့၏ အကြောင်းပေတည်း၊ သူတို့ထံသို့ ငါ၏ ဉာဏ်စဉ်ဆောင်များကို ရှင်းလင်းချက်များဖြင့် ရောက်လာစေပြီ၊ သို့သော် သူတို့သည် ဤမတိုင်မီကပင် ယုံကြည်လေ့မရှိ ငြင်းဆန်ကြသည်သာ၊ ဤသို့ပင် ပရမတ်ဘုရားရှင်သည် ဖုံးကွယ်သူတို့၏ နှလုံးသားကို တံဆိပ်ထုထား၏။
၇း၁၀၂။ အများစုအား ပဋိညာဉ်ပေါ်၌ ရှိသည်ကို ငါ မတွေ့ရ၊ အများစုအား ယုတ်မာသူများ အဖြစ်သာ ငါတွေ့ရ၏။
၇း၁၀၃။ တဖန်၊ သူတို့၏နောက် မူဆာအား ငါ၏ သုတ်ဒေသနာများဖြင့် ဖာရိုးနှင့် သူ၏ အကြံပေးများထံသို့ ပွင့်ပေါ်စေ၏၊ သူတို့သည် ထို၌ မိုက်ကြေးခွဲကြ၏၊ ထို့ကြောင့် အဖျက်ကောင်များ၏ နိဂုံး မည်သို့ ချုပ်ရသည်ကို ကြည့်ကြလော့။
၇း၁၀၄။ မူဆာက ပြောသည်မှာ “အို- ဖာရိုးမင်း၊ ကျွန်ုပ်သည် လောကခပ်သိမ်း၏ ကံကြမ္မာရှင်ထံမှ ဉာဏ်စဉ်ဆောင်ပင် ဖြစ်၍။-
၇း၁၀၅။ ပရမတ်ဘုရားရှင်နှင့် စပ်လျဉ်း၍ အမှန်ကို ပြောခြင်းသည်သာ ကျွန်ုပ်၌ရှိသော သစ္စာတရား ဖြစ်၏၊ သင်တို့ထံသို့ ကံကြမ္မာရှင်၏ထံမှ ရှင်းလင်းချက်များ ရောက်လာစေပြီ၊ သို့ဖြစ်၍ ဂျူးလူမျိုးတို့အား ကျွန်ုပ်နှင့်အတူ ထည့်ပေးလိုက်လော့၊” ဟု ဖြစ်သော်-
၇း၁၀၆။ သူက “အသင်သည် သုတ်ဒေသနာကို ရောက်လာစေသူဖြစ်လျှင်၊ ဖြောင့်မှန်သူတို့မှ ဖြစ်လျှင် ၎င်းကို ပေးအပ်လော့” ဟု ဆို၏။
၇း၁၀၇။ သို့ဖြင့် သူ၏ လက်ထောက်အား ခင်းကျင်းသော် ၎င်းသည် ရှင်းလင်း ထင်ရှားသော မြွေနဂါး ဖြစ်လာ၏။
၇း၁၀၈။ သူ၏လက်ကို ဆွဲထုတ်လိုက်သော် ၎င်းသည် စောင့်ကြည့်သူတို့အဘို့ ဖြူစင်လျက် ဖြစ်၏။
၇း၁၀၉။ ဖာရိုး၏ လူမျိုး အကြံပေးများမှ ပြောသည်မှာ “ဧကန်ပင် ဤသည် မှော်ပညာရှင်သာ ဖြစ်၏။
၇း၁၁၀။ သူသည် သင်တို့အား သူတို့၏နယ်မြေမှ ထုတ်ယူလိုခြင်းပင် ဖြစ်၏၊ မည်သို့ ညွှန်ကြားကြမည်နည်း၊” ဟု ဖြစ်၏။
၇း၁၁၁။ ပြန်ပြောကြသည်မှာ “သူနှင့် သူ့အစ်ကိုအား စောင့်ခိုင်းထားပြီး မြို့နယ်များ အတွင်း စည်းရုံးရေးမှုးများ စေစား၍။-
၇း၁၁၂။ မှော်ပညာရှင် ကိုယ်စီအား သင့်ထံသို့ စုရောက်စေကြလော့၊” ဟု ဖြစ်၏။
၇း၁၁၃။ ဖာရိုးထံသို့ မှော်ဆရာများ ရောက်လာ၍ “ကျွန်ုပ်တို့သည် အနိုင်ရသူများ ဖြစ်ကြလျှင် ကျွန်ုပ်တို့အတွက် အကျိုးဆုလာဘ်များ ရှိမည်လော၊” ဟု မေးကြ၏။
၇း၁၁၄။ သူက “ကောင်းပြီ၊ သင်တို့သည် ချဉ်းကပ်ခွင့်ရသူများ ဖြစ်ရစေမည်၊” ဟု ဆို၏။
၇း၁၁၅။ သူတို့က “အို- မူဆာ၊ သို့မဟုတ် အသင်က ခင်းကျင်းမည်လော၊ သို့မဟုတ် ကျွန်ုပ်တို့သည် ခင်းကျင်းသူများ ဖြစ်ရမည်လော၊” ဟု ဆိုသော်။-
၇း၁၁၆။ သူက “ခင်းကျင်းကြလော့” ဟု ဆို၍ သူတို့ ခင်းကျင်းသောအခါ လူသားတို့၏ မျက်လုံးကို ပြုစား၍ ကြောက်ရွံ့စေ၏၊ သူတို့သည် ကြီးမားသော ပြုစားမှုကို ရောက်လာစေ၏။
၇း၁၁၇။ ငါက မူဆာထံ အာရုံဖြစ်စေလျက် “သင်၏ လက်ထောက်ကို ခင်းကျင်းလော့၊ ထိုအခါ ၎င်းသည် သူတို့၏ လှည့်စားမှုတို့အား မြိုလေတော့၏။”
၇း၁၁၈။ သို့ဖြင့် ပရမတ္ထသစ္စာသည် အတည်ဖြစ်၍ သူတို့၏ ကျင့်ကြံလေ့ ရှိသည်များမှာ အမှား ဖြစ်ရ၏။
၇း၁၁၉။ သူတို့သည် ထိုနေရာ၌ပင် အနိုင်ယူခံရလျက် သေးသိမ်စွာဖြင့် ဦးလှည့် ပြန်ရကုန်၏။
၇း၁၂၀။ ခင်းကျင်းသော မှော်ဆရာများသည် ဦးချကြလျက်။-
၇း၁၂၁။ ပြောကြသည်မှာ “ကျွန်ုပ်တို့သည် လောကခပ်သိမ်း၏ ကံကြမ္မာရှင်အား သက်ဝင် ယုံကြည်ကြပါပြီ။
၇း၁၂၂။ အရှင်သည် မူဆာနှင့် ဟာရွန်တို့၏ ကံကြမ္မာရှင် ဖြစ်ပါ၏၊” ဟု ဖြစ်၏။
၇း၁၂၃။ ဖာရိုးက ကြုံးဝါးသည်မှာ “သင်တို့သည် ကျွန်ုပ်၏ ကြေညာချက် မထုတ်မီ ၎င်းအား ယုံကြည်ကြသလော၊ ဤသည် သင်တို့၏ အကြံအစည်သာ ဖြစ်၏၊ သင်တို့သည် မြို့အတွင်း နေသူတို့အား ထုတ်ယူရန် အလို့ငှာ ထိုအကြံအစည်အား လျှို့ဝှက် တိုင်ပင်ခဲ့သည် မဟုတ်လော၊ မကြာမီ သင်တို့ သိကြရလတ္တံ့။
၇း၁၂၄။ သင်တို့၏ ဆက်လုပ်မည့် လက်များ၊ ခြေများကို ဖြတ်တောက်ပစ်မည်၊ ထို့နောက် သင်တို့အားလုံးကို ကားစင်သို့ တင်မည်၊” ဟု ဖြစ်၏။
၇း၁၂၅။ သူတို့က ပြန်ပြောသည်မှာ “ဧကန်ပင် ကျွန်ုပ်တို့သည် ကံကြမ္မာရှင်၏ ထံသို့သာ ဦးလှည့်ရမည့်သူများ ဖြစ်၏။
၇း၁၂၆။ ကံကြမ္မာရှင်မှ ကျွန်ုပ်တို့ထံသို့ ရောက်လာစေသည့် သုတ်ဒေသနာများကို ကျွန်ုပ်တို့ ယုံကြည်သည့် အကြောင်းမှအပ သင် လက်တုံ့ပြန်နိုင်မည် မဟုတ်ချေ၊” ဟု ဖြစ်၏၊ “အို- ကံကြမ္မာရှင်၊ တပည့်တော်တို့အား သည်းခံနိုင်မှု စွမ်းရည်ကို အားပြည့်စေတော်မူပါ၊ ငြိမ်းချမ်းရေး ဝါဒီများ အဖြစ်နှင့် သက်တမ်း ကုန်စေတော်မူပါ၊” ဟု ဆုပန်ကြ၏။
၇း၁၂၇။ ဖာရိုး၏ လူမျိုး အကြံပေးများက “သင်သည် မူဆာနှင့် သူ့လူမျိုးအား မြေကမ္ဘာ၌ အဖျက်လုပ်နိုင်ရန်၊ သင်၏ ကိုးကွယ်ရာတို့အား သင် ချန်ပစ်မိရန် သူ့ကို လွှတ်ထားမည်လော၊” ဟု ဆိုသော် သူက “ကျွန်ုပ်တို့သည် သူတို့၏ သားယောက်ျားများကို သတ်၍ သူတို့၏ အမျိုးသမီးများကိုသာ အသက်ဆက်ခွင့် ပေးလတ္တံ့၊ ကျွန်ုပ်တို့က သူတို့အပေါ်မှ ဖူးခြာများ ဖြစ်၏၊” ဟု ကြိမ်းဝါး၏။
၇း၁၂၈။ မူဆာက သူ့လူမျိုးတို့အား “ပရမတ်ဘုရားရှင်၌ ပံပိုးမှုကို ရှာကြလော့၊ သည်းခံကြလော့၊ မြေကမ္ဘာသည် ပရမတ်ဘုရားရှင်၏ အချုပ်အခြာ၌ ဧကန်ရှိ၏၊ အရှင်သည် စံချိန်ပြည့်သော အမှုတော်ဆောင်များအား အမွေပေးတော်မူ၏၊ ချုပ်ငြိမ်းခြင်းသည် စည်းစောင့်သူတို့ အတွက်သာ ဖြစ်၏” ဟု ဆိုသောအခါ။
၇း၁၂၉။ သူတို့က “ဤမတိုင်မီနှင့် ကျွန်ုပ်တို့ထံသို့ သင် ရောက်လာပြီးနောက် ဒဏ်ပေးခံနေရပါ၏၊” ဟု ဆိုကြ၏၊ သူက “ကံကြမ္မာရှင်သည် သင်တို့အပေါ်၌ စည်းဖေါက်သူအား မကြာမီ တိမ်ကောစေတော်မူ၍ သင်တို့ကို မြေကမ္ဘာ၏ ဆက်ခံသူများ ဖြစ်စေနိုင်ရာ၏၊ သူတို့ မည်သို့ ကျင့်ကြံသည်ကို စောင့်ကြည့်ကြလော့၊” ဟု ဟောကြား၏။
၇း၁၃၀။ ငါသည် ဖာရိုး မင်းဆက်အား ၎င်းတို့ ဆင်ခြင်သတိရှိအံ့ငှာ သစ်သီးဝလံများ ယုတ်လျော့ခြင်း နှစ်များဖြင့် သိမ်းဆည်းတော်မူ၏။
၇း၁၃၁။ သူတို့ထံ သုမင်္ဂလာ ရောက်လာစေသောအခါ “ဤသည် ကျွန်ုပ်တို့ကြောင့်၊” ဟု ပြောဆိုကြ၍ အကုသိုလ် ထိသက်လျှင်- “မူဆာ၊ သူနှင့်အတူ ရှိသူများ၏ လူးလားဆန်ခတ် လုပ်မှုကြောင့်၊” ဟု ဖြစ်၏၊ မှတ်သားလော့၊ လူးလားဆန်ခတ် ဖြစ်စေခြင်းများသည် ပရမတ်ဘုရားရှင်၏ထံမှ ဖြစ်၏၊ သို့ရာတွင် အများစုသည် အသိ မရှိကြချေ။
၇း၁၃၂။ ထို့အပြင် သူတို့က “ကျွန်ုပ်တို့အား ပြုစားရန် မည်သည့် သုတ်ဒေသနာကိုမဆို သင် ယူလာသော်လည်း သင့်အား ယုံကြည်မည် မဟုတ်ချေ၊” ဟု ဆိုကြ၏။
၇း၁၃၃။ သို့ဖြင့် ရှင်းလင်းဆုံးဖြတ်ချက် နိမိတ်လက္ခဏာအဖြစ် သူတို့အပေါ်၌ လေပွေမုန်တိုင်း၊ နှံကောင်များ၊ သန်းများ၊ ဖားများ၊ သွေးများကို ငါ စေပို့၏၊ သို့သော် သူတို့သည် မာန်တက်လျက် ရာဇဝတ်ကောင် လူမျိုး ဖြစ်နေဆဲပင်။
၇း၁၃၄။ သူတို့ အပေါ်၌ ဆိုးကျိုးသည် တည်လာသောအခါ “အို- မူဆာ၊ သင်ထံ၌ ပဋိညာဉ်ရှိသည့် အတိုင်း ကျွန်ုပ်တို့အဘို့ ကံကြမ္မာရှင်ထံ၌ ဆုတောင်းလော့၊ ဆိုးကျိုးကို ကျွန်ုပ်တို့မှ ဖယ်ရှားပေးလျှင် ကျွန်ုပ်တို့သည် သင့်အား ယုံကြည်လျက် သင်နှင့်အတူ ဂျူးလူမျိုးများကို စေလွှတ်ပေးပါမည်၊” ဟု ပြောဆိုကြ၏။
၇း၁၃၅။ သတ်မှတ်ကာလ တစ်ခုထိ သူတို့ထံမှ ဆိုးကျိုးကို ဖယ်ရှားပေးသောအခါ ထိုအချိန် ဆိုက်ရောက်သည်နှင့် သူတို့သည် ကတိ ဖေါက်ဖျက်ကြကုန်၏။
၇း၁၃၆။ သို့ဖြင့် သူတို့သည် ငါ၏ သုတ်ဒေသနာများကို ငြင်းဆန်မှုကြောင့် သူတို့အား တန်ပြန်စေ၍ သူတို့အား မြစ်ဝ၌ နစ်စေခဲ့ပြီ၊ သူတို့သည် မေ့လျော့နေသူများ ဖြစ်ကြ၏။
၇း၁၃၇။ ငါသည် အင်အား ချည့်နဲ့ခဲ့သည့် လူမျိုးအား ထိုမြေ၏ နေထွက်ရာ နေဝင်ရာ ဒေသများကို အမွေပေးခဲ့ပြီ၊ ထိုမြေအား ကျက်သရေ အဖြာဖြာနှင့် ပြည့်စုံစေပြီ၊ ဂျူးလူမျိုးများ အပေါ်၌ သူတို့၏ သည်းခံမှုများကြောင့် ကံကြမ္မာရှင်၏ တင့်တယ်သော ကတိ ဗျာဒိတ်တော်ကို ဖြည့်ဆည်းပေးခဲ့ပြီ၊ ဖာရိုးနှင့် သူ့လူမျိုးတို့၏ အရိုက်အရာ အထပ်ထပ်ကို လုံးဝ ပျက်စီးစေတော်မူပြီ။
၇း၁၃၈။ ငါသည် ဂျူးလူမျိုးတို့အား ပင်လယ်ဝကို ဖြတ်ကျော်စေ၍ ရုပ်ပွားဆင်းတုအပေါ် ဝဇီပိတ် လက်ခံနေသော လူမျိုးထံသို့ ရောက်စေသောအခါ “အို- မူဆာ၊ ကျွန်ုပ်တို့အတွက်လည်း သူတို့၏ ကိုးကွယ်စရာကဲ့သို့ ကိုးကွယ်ရာတစ်ခု စီစဉ်ပေးပါ၊” ဟု တောင်းဆိုကြ၏၊ သူက ဟောပြောသည်မှာ “အသင်တို့သည် ပညာမဲ့သော လူမျိုးပင် ဖြစ်၏။
၇း၁၃၉။ ထိုသူတို့သည်ကား ဖျက်ဆီးခံရမည့်သူများ ဖြစ်၏၊ သူတို့၏ ကျင့်ဆောင်မှုများကြောင့် အမှားထဲမှ ဖြစ်ရ၏။”
၇း၁၄၀။ “သင်တို့အတွက် ပရမတ်ဘုရားရှင်မှအပ အခြား ဘုရားကို ရှာပေးရမည်လော၊ အရှင်သည် သင်တို့အား လောကခပ်သိမ်းထက် သိက္ခာပေးခဲ့ပြီး ဖြစ်၏။” ဟု ဆို၏။
၇း၁၄၁။ ထို့ပြင် သင်တို့၏ သားယောက်ျားများကို သုတ်သင်ကာ အမျိုးသမီးများကိုသာ အသက်ဆက်ခွင့် ပေးသည့် ဖာရိုး မင်းဆက်၏ အကုသိုလ် ဝဋ်ကြွေး အမှတ်သညာ ဖြစ်စေသူများမှ သင်တို့အား ငါ လွတ်မြောက်စေခဲ့ပြီ၊ ထို၌ သင်တို့အား သင်တို့၏ ကံကြမ္မာရှင်မှ မဟာ စုံစမ်းမှုကြီး ရှိနေ၏။
၇း၁၄၂။ ငါသည် မူဆာအား ညပေါင်း သုံးဆယ် ကတိထား၍ ထို၌ ဆယ်ညကို ထပ်ဖြည့်စေလျက် ကံကြမ္မာရှင်၏ ပြဌာန်းကာလသည် ညပေါင်း လေးဆယ် ပြည့်စေ၏၊ မူဆာက သူ့အကို ဟာရွန်အား “ကျွန်ုပ်၏ လူမျိုး၌ သင်သည် ကျွန်ုပ် ကိုယ်စား ဖြစ်၏၊ ပြုပြင် ပြောင်းလဲလော့၊ အဖျက်ကောင်တို့၏ လမ်းစဉ်အား မလိုက်နာနှင့်၊” ဟု ဆို၏။
၇း၁၄၃။ မူဆာသည် ငါ၏ ပြဌာန်းကာလ စေ့ရောက်သော် သူ့အား ကံကြမ္မာရှင်က ဗျာဒိတ်ခြွေ၏၊ သူက “အို- ကံကြမ္မာရှင်၊ တပည့်တော်အား ကိုယ်ရုံပြတော်မူပါ၊ အရှင့်ထံ ဖူးမျှော်လိုပါ၏၊” ဟု ဆုပန်သော် အရှင်က “ငါ့အား ရှုမြင်နိုင်သည် မဟုတ်၊ သို့ရာတွင် တောင်ဆီသို့ ကြည့်လော့၊ ၎င်းသည် ထိုနေရာ၌ တည်ရှိနေလျှင် ငါ့အား ရှုမြင်နိုင်မည်၊” ဟု မိန့်၍ သူ၏ ကံကြမ္မာရှင်သည် တောင်ပေါ်၌ ဘုန်းတော်ကို တောက်ပစေလျက် ၎င်းအား ကြေမွအောင် စီစဉ်တော်မူ၏၊ မူဆာသည်လည်း အသံကြောင့် လဲကျ မိန်းမောသွား၍ ပြန်ထသောအခါ “အရှင်သည် ဦးထိပ်ထားရာ ဖြစ်ပါ၏၊ တပည့်တော်သည် အရှင့်ထံ ခဝါချလျက် ဦးဦးဖျားဖျား သက်ဝင် ယုံကြည်ပါ၏၊” ဟု ရင့်ကျူး၏။
၇း၁၄၄။ အရှင်က “အေ- မူဆာ၊ ငါသည် သင့်အား- လူသားတို့အပေါ်၌ ငါ၏ ဉာဏ်စဉ်ဆောင်၊ ငါ့ ဗျာဒိတ်ဆောင်အဖြစ် ရွေးချယ်တော်မူပြီ၊ သို့ဖြစ်၍ ငါ ချီးမြှင့်ရာအား အယူထားလော့၊ ကျေးဇူးသိတတ်သူတို့မှ ဖြစ်လော့၊” ဟု မိန့်ခြွေ၏။
၇း၁၄၅။ သူ့အဘို့ ခပ်သိမ်းကုန်၏ အဆုံးအမများနှင့် ခပ်သိမ်းကုန်အတွက် ရှင်းလင်း ဆုံးဖြတ်ချက်ကို ကျောက်ပြား၌ ငါ ရေးမှတ်စေခဲ့ပြီ၊ သို့ဖြစ်၍ ၎င်းအား အစွမ်းရှိရှိ အယူမြဲလော့၊ တင့်တယ်သော အယူရှိရန် သင့်လူမျိုးအား ညွှန်ကြားလော့၊ သင်တို့အား ယုတ်မာသူများ၏ ဗိမာန်အား ပြသတော်မူလတ္တံ့။
၇း၁၄၆။ မြေကမ္ဘာ၌ သစ္စာမဲ့စွာဖြင့် မာနကြီးနေသော သူတို့အား ငါ၏ သုတ်ဒေသနာတိုင်းမှ ဘက်လှည့်ထားတော်မူလတ္တံ့၊ သူတို့သည် နိမိတ် လက္ခဏာများကို မြင်ရငြားလည်း ထို၌ ယုံကြည်ကြမည် မဟုတ်ချေ၊ ဖြောင့်မတ်သော လမ်းစဉ်အား မြင်ရငြားလည်း ၎င်းကို လမ်းစဉ်အဖြစ် ယူမှတ်မည် မဟုတ်ချေ၊ တိမ်းပါးသော လမ်းစဉ်ကို မြင်ရသော် ၎င်းကိုသာ လမ်းစဉ်အဖြစ် ယူမှတ်ကြပေအံ့၊ ဤသည်မှာ သူတို့သည် ငါ၏ သုတ်ဒေသနာများကို ငြင်းဆန်မှု၊ ထို၌ မေ့လျော့နေသူများ ဖြစ်ခြင်းကြောင့်ပင်တည်း။
၇း၁၄၇။ ငါ၏ သုတ်ဒေသနာများ၊ နောင်ဘဝ၏ ဆုံတွေ့ရခြင်းများအား ငြင်းဆန်သောသူတို့၏ ကျင့်ကြံမှုများသည် အချည်းနှီးပင် ဖြစ်၏၊ မိမိတို့သည် ကျင့်ကြံခဲ့ခြင်း မရှိသည်ကိုသာ အစားပေး လိုချင်ကြသလော။
၇း၁၄၈။ မူဆာ၏ လူမျိုးများသည် သူ့နောက်ကွယ်တွင် သူတို့၏ လက်ဝတ် တန်ဆာများဖြင့် နွားငယ်ကိုယ်ထည်နှင့် ထိုမှ အသံထွက်ရန်လုပ်ယူကြ၏၊ ၎င်းသည် သူတို့အား စကားလည်းမပြော၊ မည်သည့် လမ်းစဉ်ကိုမှလည်း ညွှန်ပြခြင်း မရှိသည်ကို မမြင်ကြသလော၊ ၎င်းအား အယူထားသူသည် အမိုက်ကောင်များပင် ဖြစ်၏။
၇း၁၄၉။ သူတို့သည် စိတ်ပျက် လက်ပန်းကျလျက် လမ်းလွဲနေကြပြီ ဖြစ်ကြောင်း တွေ့မြင်သောအခါ “ကျွန်ုပ်တို့၏ ကံကြမ္မာရှင်သည် ကျွန်ုပ်တို့အား ကရုဏာ မသက်ခဲ့လျှင်၊ လွတ်ငြိမ်းခွင့် မပေးခဲ့လျှင်၊ ကျွန်ုပ်တို့သည် ဆုံးရှုံးသူများမှ ဖြစ်ရေချေပြီ၊” ဟု ညည်းညူကြ၏။
၇း၁၅၀။ မူဆာသည် သူ့လူမျိုးများထံသို့ ပြန်လာသောအခါ ထူပူ ဒေါသဖြင့် “သင်တို့သည် ကျွန်ုပ်၏ ကိုယ်စားလှယ်အဖြစ်မှ ကျွန်ုပ်၏ နောက်ကွယ်၌ အမင်္ဂလာကို စီစဉ်ခဲ့ပြီ၊ ကံကြမ္မာရှင်၏ ညွှန်ကြားမှုမရှိမီ သင်တို့ အလျင်လို လှချေတကား၊” ဟု ဆို၍ ကျောက်စာကို ခင်းကျင်းပြ၏၊ ထို့နောက် သူ့အကို၏ ခေါင်းကို သူ့ထံသို့ ဆွဲယူသော် “အို- အမေ၏ သား၊ ဤလူမျိုးသည် ကျွန်ုပ်အား ချည့်နဲ့သူဟု သတ်မှတ်လျက် ကျွန်ုပ်အား သတ်ဖြတ်ရန် တကဲကဲ ပြုကြ၏၊ သို့ဖြစ်၍ စည်းဖေါက်သူများ အားရအောင် မပြုပါနှင့်၊ ကျွန်ုပ်အား မိုက်ကြေးခွဲသော လူမျိုးများထဲမှ ဖြစ်ရန် မစီစဉ်ပါနှင့်၊” ဟု ဆို၏။
၇း၁၅၁။ သူက “အို- ကံကြမ္မာရှင်၊ တပည့်တော်နှင့် တပည့်တော်၏ အကိုအား လွတ်ငြိမ်းစေတော်မူပါ၊ အရှင်၏ ကရုဏာတွင်းသို့ ဝင်ခွင့်ပြုတော်မူပါ၊ အရှင်သည် ကရုဏာရှင်၊ အကြင်နာရှင် ဖြစ်တော်မူပါ၏၊” ဟု ဆုပန်လေ၏။
၇း၁၅၂။ ဧကန်ပင် နွားငယ်ကို အယူထားသော သူတို့အား ကံကြမ္မာရှင်၏ထံမှ ကံကြီးသင့်ခြင်း ဆွတ်ခူးစေလတ္တံ့၊ ဤလောကီဘဝ၌ ဂုဏ်သိမ် နိမ့်ပါးစေလတ္တံ့၊ ဤသည် လုပ်ကြံ ဖန်တီးသူတို့အတွက် အစားပေးမှုပင် ဖြစ်၏။
၇း၁၅၃။ အကုသိုလ်များကို ကျင့်ကြံမိသော သူတို့သည် တဖန် ထို့နောက်တွင်မှ ချဝါချလျက် သက်ဝင် ယုံကြည်အံ့၊ ဤပြီးနောက်တွင် ကံကြမ္မာရှင်သည်- ဧကန်ပင် လွတ်ငြိမ်းစေသောအရှင်၊ အကြင်နာရှင် ဖြစ်တော်မူ၏။
၇း၁၅၄။ မူဆာသည် စိတ်ဒေါသ ပျယ်ပျောက်သွားသော် ကံကြမ္မာရှင်အား ကြောက်ရွံ့သော သူတို့အတွက် လမ်းညွှန်နှင့် ကရုဏာတော် ကမ္ပည်းထိုးထားသော ကျောက်ပြားကို သိမ်းယူလိုက်၏။
၇း၁၅၅။ မူဆာသည် သူ့လူမျိုးမှ ယောက်ျား ခုနှစ်ဆယ်ကို ငါ့ ရက်ချိန်းအတွက် ရွေးချယ်ခဲ့၏၊ သူတို့အား ငလျင်ကြီးဖြင့် အရေးယူသောအခါ သူ ဆုပန်သည်မှာ “အို- ကံကြမ္မာရှင်၊ အရှင့် စံချိန်ပြည့်ခဲ့လျှင် တပည့်တော်ကို ဖြစ်စေ၊ သူတို့ကို ဖြစ်စေ၊ ရှေ့အလျင်ကပင် တိမ်ကော ပပျောက်ပြီး ဖြစ်စေလတ္တံ့၊ တပည့်တော်တို့၏ အနက်မှ တုံးအသူများ၏ ပြုလုပ်မှုကြောင့် တပည့်တော်တို့အား တိမ်ကောစေမည်လော၊ ၎င်းသည် စံချိန်ပြည့်သူအလျှောက် လွဲမှားစေသော၊ စံချိန်ပြည့်သူအလျှောက် လမ်းညွှန်ပေးသော အရှင့် စမ်းသပ်မှုသာ ဖြစ်ပါ၏၊ အရှင်သည် တပည့်တော်တို့၏ မဟာမိတ် ဖြစ်ပါ၏၊ တပည့်တော်တို့အား လွတ်ငြိမ်းစေတော်မူပါ၊ ကရုဏာသက်တော်မူပါ၊ အရှင်သည် အကောင်းဆုံး လွတ်ငြိမ်းစေသောအရှင် ဖြစ်ပါ၏။
၇း၁၅၆။ တပည့်တော်တို့အတွက် ဤဘဝ၊ နောင်ဘဝတွင် တင့်တယ်မှုကို ပြဌာန်းပေးတော်မူပါ၊ တပည့်တော်တို့သည် အရှင်ထံသို့သာ ဦးညွတ်ခဲ့ပါပြီ၊” ဟု ဖြစ်၏၊ အရှင်က “ငါ၏ ဝဋ်ကြွေးဒဏ်ကို စံချိန်ပြည့်သူ အတွက်သာ ထိသက်စေ၏၊ ငါ၏ ကရုဏာတော်သည် သဗ္ဗလုံးစုံသို့ ဖြန့်ကျက်နေတော်မူ၍ ၎င်းအား စည်းစောင့်၍ အခွန်ငွေဖြူပေးသော သူတို့အတွက် ပြဌာန်းထားတော်မူ၏၊ ထိုသူတို့သည် ငါ၏ သုတ်ဒေသနာများအား သက်ဝင် ယုံကြည်ကြ၏၊” ဟု မိန့်တော်မူ၏။
၇း၁၅၇။ သူတို့၏ အပေါ်၌ ချုပ်ကိုင်ထားသည့် ဝန်ထုပ်များကို လျော့ချပေးသော၊ စင်ကြယ်ရာများကို တရားဝင်ပြုပေး၍ မသန့်စင်ရာများကို တားမြစ်ပေးသော၊ သူစိမ်းဆန်ခြင်းအား ဟန့်တားသော၊ အသိအမှတ်ပြု ညွှန်ကြားသော၊ သူတို့ထံရှိ ဓမ္မဟောင်း၊ ဓမ္မသစ်တွင် မှတ်တမ်းတင်ထားသည်ကို တွေ့ရသော၊ စာပေသမား မဟုတ်၊ သတင်းတော်ဆောင် ဖြစ်သည့် ဉာဏ်စဉ်ဆောင်အား လိုက်နာသည့်သူများ၊ သူ့အား ယုံကြည်သောသူများ၊ လေးစားဂုဏ်ပေးသူများ၊ ကူညီသူများ၊ သူနှင့်အတူ ချမှတ်ပေးသည့် အရာမှ အလင်းတော်အား လိုက်နာသူများ၊ ထိုသူများသည် အောင်မြင် ပေါက်မြောက်သူများ ဖြစ်ရလတ္တံ့။
၇း၁၅၈။ ဟောလော့၊ “အို- လူသားတို့၊ ဧကန်ပင် ကျွန်ုပ်သည် အသင်တို့ အားလုံးအတွက် ပရမတ်ဘုရားရှင်၏ ဉာဏ်စဉ်ဆောင် ဖြစ်၏၊ အရှင်သည် မိုးများနှင့် မြေကမ္ဘာ၏ အရှင်သခင် ဖြစ်၏၊ နိစ္စ၊ အနိစ္စကို ဖြစ်စေသော ထိုအရှင်မှအပ အခြား ဘုရားဟူ၍ မရှိပြီ၊ ပရမတ်ဘုရားရှင်နှင့် အရှင်၏ ဉာဏ်စဉ်ဆောင်အား ယုံကြည်ကြလော့၊ သူသည် ပရမတ်ဘုရားရှင်နှင့် အရှင်၏ဓမ္မတော်အား ယုံကြည်သော စာပေသမား မဟုတ်သည့် သတင်းတော်ဆောင် ဖြစ်၏၊ လမ်းညွှန်ရအံ့သောငှာ သူ့အား လိုက်နာကြလော့။”
၇း၁၅၉။ မူဆာ၏ လူမျိုးတွင် သစ္စာတရားဖြင့် လမ်းညွှန်ကြလျက် တန်းတူညီမျှ ဖြစ်စေသော အသိုင်းအဝိုင်းသည် ရှိ၏။
၇း၁၆၀။ ငါသည် သူတို့အား အသိုင်းအဝိုင်းအဖြစ် လူမျိုးနွယ် ဆယ့်နှစ်စု ခွဲခဲ့ပြီ၊ သူ၏ လူမျိုးတို့က သောက်ရေရရန် တောင်းသောအခါ ငါသည် မူဆာထံ “သင့်လက်ထောက်ကို ကျောက်တောင် သို့ ခရီးနှင်စေလော့၊” ဟု အာရုံဖြစ်စေ၏၊ သို့ဖြင့် စိမ့်စမ်း ဆယ့်နှစ်သွယ် စီးထွက်၍ လူစုကိုယ်စီ သောက်ရေရှိရာကို သိကြပြီ၊ ငါသည် သင်တို့အား တိမ်လိပ်ဖြင့် အရိပ် ပေးတော်မူ၏၊ သုဓာနှင့် ငုံးငှက်တို့ကို ချပေးတော်မူ၏၊ ငါပေးသည့် ရိက္ခာများမှ စင်ကြယ်ရာများကို စားသုံးကြလော့၊ သူတို့သည် ငါ့အား မိုက်ကြေးခွဲနိုင်သည် မဟုတ်၊ သို့ရာတွင် သူတို့စရိုက်ကို သူတို့ကသာ မိုက်ကြေးခွဲကြပြီ။
၇း၁၆၁။ သူတို့အား “ဤအရပ်၌ အခြေချ၍ နေရာတိုင်း၌ စံချိန်အလျောက် စားသုံးလော့၊ သံဝေဂစကား ပြောဆို၍- နှိမ့်ချ၍ တံခါးပေါက်၌ ဝင်ကြလော့၊ သင်တို့အား အမှားများမှ ငါ လွတ်ငြိမ်းစေမည်၊ သုမင်္ဂလာပြုသူများအား တိုးပွား စေမည်၊” ဟု မိန့်သောအခါ။-
၇း၁၆၂။ သို့သော် မိုက်ကြေးခွဲသောသူများသည် သူတို့အား မိန့်ဆိုခဲ့ခြင်း မဟုတ်သည်ကို ပြောဆိုကြ၏၊ သူတို့၏ မိုက်ကြေးခွဲလေ့ ရှိခြင်းများကြောင့် ကောင်းကင်ယံမှ ဆိုးကျိုးကို ထိုသူများ၏ အပေါ်သို့ ငါ စေပို့တော်မူ၏။
၇း၁၆၃။ သူတို့ကို ပင်လယ် ကမ်းစပ်ရှိရာ ဒေသတစ်ခုအား စောကြောစေလော့၊ သီတင်းနေ့တွင် ငါးများ ပေါ်ပေါက် ပေးရောက်စေသောအခါ ထိုသီတင်းနေ့၏ ဥပဒေအား သူတို့ စည်းဖေါက်ကြ၏၊ သီတင်းနေ့ မဟုတ်သော နေ့များတွင် ၎င်းတို့ကို ပေးရောက်စေခြင်း မရှိချေ၊ သူတို့၏ ယုတ်မာမှုများကြောင့် သူတို့အား စုံစမ်းခြင်းပင် ဖြစ်၏။
၇း၁၆၄။ သူတို့မှ အသိုင်းအဝိုင်း တစ်ခုက “ပရမတ်ဘုရားရှင်သည် တိမ်ကောစေမည့်၊ သို့မဟုတ် ပြင်းထန်သော ဝဋ်ကြွေးဖြင့် ဝဋ်သင့်စေမည့် လူမျိုးအား အဘယ်ကြောင့် ဆုံးမနေကြသနည်း၊” ဟု ဆိုသော် သူတို့က “သူတို့သည် ကံကြမ္မာရှင်ထံ တောင်းပန်လျက် စည်းစောင့်နိုင်အံ့ငှာ ဖြစ်၏၊” ဟု ပြန်ပြောကြ၏။
၇း၁၆၅။ သူတို့အား သတိပေးသည်ကို မေ့နေစဉ် အကုသိုလ်များကို ဟန့်တားသော သူတို့အား ငါသည် လွတ်မြောက်စေ၍ မိုက်ကြေးခွဲသော သူတို့အား သူတို့၏ ယုတ်မာမှုများကြောင့် အမင်္ဂလာ ဝဋ်ကြွေးဖြင့် အရေးယူတော်မူ၏။
၇း၁၆၆။ သူတို့အား ဟန့်တားသည်များကို အာခံကြသောအခါ ငါက သူတို့အား “သင်တို့သည် ရှက်ဘွယ်လိလိ မျောက်များ ဖြစ်ကြကုန်လော့၊” ဟု မိန့်လေ၏။
၇း၁၆၇။ ကံကြမ္မာရှင်သည် “သူတို့အပေါ်၌ ရပ်တည်ရသော နေ့ထိတိုင် သူတို့အား ဖိနှိပ်သော အကုသိုလ် ဝဋ်ကြွေး အမှတ်သညာ ဖြစ်စေသူများကို ပေါ်ပေါက် စေတော်မူအံ့၊” ဟု ကြေညာ၏၊ ဧကန်ပင် ကံကြမ္မာရှင်သည် လျင်မြန်စွာ ချုပ်ကိုင် နိုင်တော်မူ၏၊ ဧကန်ပင် အရှင်မြတ်သည် လွတ်ငြိမ်းစေသောအရှင်၊ အကြင်နာရှင် ဖြစ်တော်မူ၏။
၇း၁၆၈။ ငါသည် သူတို့အနက် မြေကမ္ဘာ၌ ပြုပြင်သူများနှင့် ထိုမှအပသော အတိုက်အခံ အုပ်စုအဖြစ် သူတို့ကို အသိုင်းအဝိုင်းများ ခွဲတော်မူ၍ သူတို့သည် ဦးလှည့်စေအံ့ငှာ တင့်တယ်သန့်ရှင်းမှု၊ အကုသိုလ်မှုများဖြင့် စုံစမ်းတော်မူ၏။
၇း၁၆၉။ တဖန် သူတို့၏နောက် သူတို့ကို ဆက်ခံသူတို့အား ဆက်ခံစေ၏၊ ကျမ်းတော်ကို အမွေရစေသော်လည်း ဤလောကီ ဘောင်ကိုသာ စွဲမက်ယူကြလျက် “ကျွန်ုပ်တို့အား လွတ်ငြိမ်းစေမည်ပင်၊” ဟု ပြောကြသေး၏၊ သူတို့အား ထိုဘောင်နှင့် အလားတူ ပေးအပ်လျှင်လည်း ၎င်းကို သူတို့ယူကြမည်ပင်၊ ကျမ်းတော်တွင် ပရမတ်ဘုရားရှင်နှင့် စပ်လျဉ်း၍ မှန်ကန်သည်ကိုသာ ပြောဆိုပါမည်ဟူသော သူတို့ထံမှ ယူခဲ့သည့် ကတိခံဝန် ရှိနေသည်သာမက ထို၌ ပါဝင်သည်ကို သူတို့ကိုယ်တိုင် လေ့လာပြီး ဖြစ်၏၊ စည်းစောင့်သော သူများအတွက် နောင်ဘဝ ဗိမာန်သည် ပိုကောင်းသည် ဟု သူတို့တွင် အတွေးအခေါ် မရှိကြသလော။
၇း၁၇၀။ ကျမ်းတော်အားဖြင့် ဆုပ်ကိုင်လျက် ဝတ်ပြုခြင်း မြဲကြသောသူတို့- ဧကန်ပင် ငါသည် ပြုပြင်သူတို့၏ ဆုလာဘ်ကို အလဟဿ ဖြစ်စေတော်မမူချေ။
၇း၁၇၁။ ငါသည် သူတို့အပေါ်၌ အရိပ်စီးစေရန် တောင်အား မြှင့်မိုးပေးသော် ၎င်းသည် သူတို့ အပေါ်သို့ ပြိုကျလိမ့်မည်ဟု သူတို့ စဉ်းစား၏၊ သင်တို့အား ငါအရှင် ချီးမြင့်ရာ၌ အစွမ်းရှိရှိ အယူတည်မြဲလော့၊ စည်းစောင့်နိုင်အံ့ငှာ ထို၌ သတိတရ ရှိကြလော့။
၇း၁၇၂။ ကံကြမ္မာရှင်သည် အာဒံ၏ သားမြေးတို့အား သူတို့၏ ကျောကုန်းများနှင့် သူတို့၏ မျိုးဆက်များမှ ထုတ်ယူခဲ့လျက် ရပ်တည်ရသောနေ့၌ တပည့်တော်တို့သည် ဤသည်တို့အတွက် မေ့လျော့ခဲ့ပါသည်ဟု ပြောရစေရန်၊ အမှန်မှာ တပည့်တော်တို့ ကိုယ်တိုင် သက်သေများ ဖြစ်ပါသည်ဟု ပြောရစေရန်၊ “ငါသည် သင်တို့၏ ကံကြမ္မာရှင် မဟုတ်တုံလော၊” ဟု သူတို့၏ ဉာဉ်အတွက် သူတို့အား သက်သေတည်ခဲ့ပြီ။
၇း၁၇၃။ သို့မဟုတ်က “တပည့်တော်တို့၏ မိရိုးဖလာသည်လည်း ရှေ့အလျင်ကပင် ရောပြွန်း ကိုးကွယ်ခဲ့သည်သာ ဖြစ်၏၊ တပည့်တော်တို့သည် သူတို့၏ နောက်မှ သားစဉ်မြေးဆက်များသာ ဖြစ်ပါ၏၊ မိစ္ဆာဒိဋ္ဌိများ၏ ပြုလုပ်မှုကြောင့် တပည့်တော်တို့အား တိမ်ကောစေမည်လော၊” ဟု လျှောက်တင်ကြလတ္တံ့။
၇း၁၇၄။ သူတို့ ဦးလှည့်စေအံ့ငှာ သုတ်ဒေသနာများကို ဤသို့ ရှင်းလင်း ဆုံးဖြတ်ပေးတော်မူ၏။
၇း၁၇၅။ ငါ၏ သုတ်ဒေသနာတော်အား ချီးမြှင့်ပေးသော်လည်း သူ့ကိုယ်သူ ထိုမှဖြတ်ကျော်၍ မကောင်းဆိုးဝါးအား လိုက်နာလျက် တိမ်းပါးရသူတို့၌ ဖြစ်သွားရသောသူ၏ သတင်းအား အသင် ရွတ်ပြလော့။
၇း၁၇၆။ ငါ၏ စံချိန်ပြည့်ခဲ့လျှင် သူ့အား ထို၌ မြှောက်စားပြီး ဖြစ်လတ္တံ့၊ သို့သော် မြေကြီးသို့ ဖက်တွယ်လျက် လိုဘကိုလိုက်သော သူ၏ပမာသည် သင်က ဝန်ပိစေလျှင်လည်း ဟဲထိုး လျှာထုတ်နေသော၊ ချန်ထားလျှင်လည်း ဟဲထိုး လျှာထုတ်နေသော ခွေးကဲ့သို့ ဖြစ်၏၊ ငါ၏ သုတ်ဒေသနာများအား ငြင်းဆန်သောလူမျိုး၏ ဥပမာသည် ဤသို့ပင် ဖြစ်၏၊ ဖေါ်ပြချက်ကို စဉ်းစား သုံးသပ်အံ့ငှာ သူတို့အား ပြန်လည် ဖေါ်ပြလော့။
၇း၁၇၇။ ငါ၏ သုတ်ဒေသနာများအား ငြင်းဆန်သော၊ မိမိစရိုက်ကို မိမိ မိုက်ကြေးခွဲသော လူမျိုးသည် အကုသိုလ်ကောင်များ ပမာ ဖြစ်၏။
၇း၁၇၈။ ပရမတ်ဘုရားရှင်က လမ်းညွှန်သောသူသည် လမ်းညွှန်ခံရသူ ဖြစ်၏၊ လမ်းလွဲစေသောသူ ထိုသူတို့သည် ဆုံးရှုံးရသူများ ဖြစ်၏။
၇း၁၇၉။ ဧကန်ပင် များစွာသော ကလျာဏနှင့် အန္ဓပုထုဇဉ်တို့အတွက် ငရဲဘုံကို ငါ ပွားများစေ၏၊ သူတို့၌ နှလုံးသား ရှိ၏၊ ၎င်းဖြင့် ခံစား နားလည်မှု မရှိ၊ သူတို့၌ မျက်လုံးများ ရှိ၏၊ ၎င်းဖြင့် အမြင်မရှိ၊ သူတို့၌ နားများရှိ၏၊ ၎င်းဖြင့် အကြား မရှိကြချေ၊ ထိုသူများသည် တိရစ္ဆာန်များကဲ့သို့ ဖြစ်၍ ထို့ထက်ပင် ပို၍ လွဲမှားနေကြ၏၊ ထိုသူများသည်ကား မေ့လျော့နေသူများ ဖြစ်ကြ၏။
၇း၁၈၀။ ပရမတ်ဘုရားရှင်အတွက် အလွန် သပ္ပါယ်သော ဂုဏ်တော်များ ရှိ၏၊ ၎င်းတို့အားဖြင့် တသ ဆုတောင်းကြလော့၊ အရှင်၏ ဂုဏ်တော်များအား လှီးလွှဲသောသူများ၏ အဖြစ်ကို ချန်ခဲ့ကြလော့၊ ကျင့်ကြံလေ့ ရှိမှုများကြောင့် အစားပေးခြင်း ခံရလတ္တံ့။
၇း၁၈၁။ ငါ ဖြစ်တည်ပေးသည့် အသိုင်းအဝိုင်းများတွင် အမှန်တရားအား လမ်းညွှန်လျက် တန်းတူညီမျှ ဖြစ်စေသူတို့ ရှိ၏။
၇း၁၈၂။ ငါ၏ သုတ်ဒေသနာများအား ငြင်းဆန်သော သူများကို သူတို့မသိသော နေရာမှ အခွင့်အလမ်း လျော့ပါးနေစေ၏။
၇း၁၈၃။ သူတို့အတွက် အချိန် ပေးထား၏၊ ဧကန်ပင် ငါ၏ နည်းဗျူဟာသည် အင်အားကောင်းတော်မူ၏။
၇း၁၈၄။ သူတို့၏ ပေါင်းဖေါ်သည် ရူးနေသူ မဟုတ်ကြောင်း၊ သူသည် ရှင်းလင်း ထင်ရှားသော သတိပေးသူသာ ဖြစ်ကြောင်း စဉ်းစား သုံးသပ်မိခြင်း မရှိသလော။
၇း၁၈၅။ မိုးများနှင့် မြေကမ္ဘာအား အစိုးရခြင်း၊ ပရမတ်ဘုရားရှင်၏ ဖြစ်တည်ပေးသမျှသော အရာအားလုံးနှင့် သူတို့၏ သတ်မှတ်ကာလသည် နီးကပ်လာနိုင်ရာ၏ ဟူသည်ကို မကြည့်မိကြသလော၊ ဤသည်၏နောက် မည်သည့် ဆင့်ပြန်ချက်အား သက်ဝင် ယုံကြည်ကြမည်နည်း။
၇း၁၈၆။ ပရမတ်ဘုရားရှင်က အပါယ်၌ထားသော သူအတွက် လမ်းညွှန်သူ မရှိချေ၊ သူတို့အား မျက်ကန်းတောတိုး ဘဝဖြင့် စည်းဖျက်မှုထဲ၌ ချန်ထားခဲ့၏။
၇း၁၈၇။ ရပ်တန့်နေမည့် အခိုက်အတန့် အကြောင်း မေးမြန်းသူတို့အား ဟောလော့၊ “၎င်းအား သိခြင်းပညာသည် ကံကြမ္မာရှင်၏ ထံ၌သာ ရှိ၏၊ ရက်ချိန်းစေ့လျှင် အရှင်မှအပ ၎င်းအား တောက်ပစေနိုင်သူ ဟူ၍ မရှိ၊ ၎င်းသည် မိုးများနှင့် မြေအား အလေးစီးလျက် သင်တို့ထံသို့ ရုတ်တရက် ဆိုက်ရောက်လာလိမ့်မည်၊” ၎င်း၌ သင့်အား တွန်းတိုက် မေးလာသူတို့အား ဟောလော့၊ “ထိုအရာအား သိခြင်း ပညာမှာ ပရမတ်ဘုရားရှင်၏ ထံ၌သာ ရှိ၏၊ သို့ရာတွင် လူသား အများစုသည် သိကြသည် မဟုတ်ချေ။”
၇း၁၈၈။ ဟောလော့၊ “ကျွန်ုပ်သည် ပရမတ်ဘုရားရှင် စံချိန်ပြည့်စေသည် မှအပ ကျွန်ုပ်၏ စရိုက်အတွက် ကောင်းကျိုး ဆိုးကျိုးကိုပင် အစိုးရခြင်း မရှိချေ၊ အကယ်၍ ကျွန်ုပ်သည် မျက်ကွယ်များကို သိနိုင်ခဲ့လျှင် အကောင်းပေါင်း များစွာကို ရယူပြီး ဖြစ်၍ ကျွန်ုပ်၌ အကုသိုလ် ထိသက် မည်ဟူ၍ မရှိချေ၊ ဧကန်ပင် ကျွန်ုပ်သည် သက်ဝင်ယုံကြည်သော လူမျိုးအတွက် သတိပေးသူ၊ သတင်းကောင်းပါးသူ မျှသာ ဖြစ်၏။
၇း၁၈၉။ အရှင်သည် သင်တို့အား ဉာဉ်စရိုက် တစ်မျိုးထဲမှ ဖြစ်တည်စေ၏၊ သူသည် သူမထံ အခြေချစေရန် စုဖွဲ့မှုကို စီစဉ်တော်မူ၏၊ သူသည် သူမအား လွှမ်းခြုံသောအခါ သူမသည် ပေါ့ပါးသော ကိုယ်ဝန်ကို သယ်ပိုးလျက် ဆက်လက် သွားလာ၏၊ အလေးစီးလာသော် ပရမတ်ဘုရားရှင်ထံ၌ “အို- ကံကြမ္မာရှင်၊ တပည့်တော်တို့အား ပြုပြင် ပြောင်းလဲသူကို ပေးအပ်လေလျှင် တပည့်တော်တို့သည် ကျေဇူး သိတတ်သူများမှ ဖြစ်ရပါမည်၊” ဟု ဆုပန်၏။
၇း၁၉၀။ သို့သော် ငါသည် သူတို့အား ပြုပြင်သူအား ပေးသောအခါ ငါပေးသော အရာနှင့် ငါ့အား ရောပြွန်း ကိုးကွယ်မှုကို စီစဉ်ကြ၏၊ ပရမတ်ဘုရားရှင်သည် သူတို့ ရောပြွန်း ကိုးကွယ်သော အရာထက် အထွဋ်အထိပ် ဖြစ်တော်မူ၏။
၇း၁၉၁။ တစ်စုံတစ်ရာကိုမှ ဖြစ်တည်နိုင်ခြင်း မရှိ၊ ဖြစ်တည်ခံဖြစ်သော အရာများကို ရောပြွန်း ကိုးကွယ်ကြကုန်သလော။
၇း၁၉၂။ ၎င်းတို့သည် ကူညီရန် မတတ်နိုင်ကြ၊ မိမိဉာဉ်ကိုပင် မိမိ ကူညီနိုင်ခြင်း မရှိကြ။
၇း၁၉၃။ ၎င်းတို့အား လမ်းညွှန်မှုဆီသို့ ဖိတ်ခေါ်သောအခါ သင်တို့ကို မလိုက်နာကြချေ၊ သူတို့အား ဖိတ်ခေါ်သည် ဖြစ်စေ၊ သို့တည်းမဟုတ် ဘာသိဘာသာ နေသည်ဖြစ်စေ၊ အလားတူပင် ဖြစ်၏။
၇း၁၉၄။ သင်တို့က ပရမတ်ဘုရားရှင်မှ လွဲ၍ ချဉ်းကပ် ဆုတောင်း နေကြသော သူများသည် သင်တို့ကဲ့သို့ အမှုဆောင်များသာလျှင် ဖြစ်ကြ၏၊ သင်တို့သည် ဖြောင့်မှန်သူများ ဖြစ်ကြလျှင် သူတို့၌ ဆုတောင်း၍ သူတို့အား အဖြေပေးစေလော့။
၇း၁၉၅။ သူတို့၌ သွားလာနိုင်ရန် ခြေများ ရှိကြသလော၊ သို့တည်းမဟုတ် ကိုင်တွယ်နိုင်ရန် လက်များ ရှိကြသလော၊ သို့တည်းမဟုတ် အမြင်ရရန် မျက်လုံးများ ရှိကြသလော၊ သို့တည်းမဟုတ် ကြားနာ မှတ်သားနိုင်ရန် နားများ ရှိကြသလော၊ ဟောလော့၊ “သင်တို့၏ ရောပြွန်း ကိုးကွယ်ရာများ၌ ဆုတောင်းကြလော့၊ ငါ့အား စောင့်ကြည့်နေခွင့် မရှိစေဘဲ ဆန့်ကျင်ရန် ကြံစည်ကြလော့။”
၇း၁၉၆။ ကျွန်ုပ်၏ မဟာမိတ်မှာ ကျမ်းတော်ကို ချမှတ်ပေးသောအရှင်၊ ပရမတ်ဘုရားရှင်သည် ဖြစ်၏၊ အရှင်သည် ပြုပြင်သူတို့ထံ လှည့်တော်မူ၏။
၇း၁၉၇။ အရှင့်မှလွဲ၍ ဆုတောင်းခံများသည်ကား အသင်တို့အား ကူညီရန် မတတ်နိုင်ကြ၊ သူတို့ စရိုက်ကိုလည်း သူတို့ မကူညီနိုင်ကြချေ။
၇း၁၉၈။ အကယ်၍ အသင်တို့က လမ်းညွှန်မှုဆီသို့ ဖိတ်ခေါ်လျှင်လည်း ကြားနိုင်ကြသည် မဟုတ်ချေ၊ သူတို့က အသင့်ထံ ကြည့်နေသည်ဟု သင် မြင်ရသော်လည်း အမြင်ရှိကြသူများ မဟုတ်ချေ။
၇း၁၉၉။ ကျေအေးခြင်းကို စွဲယူလျက် အသိအမှတ်ပြုအောင် ညွှန်ကြားလော့၊ ပညာမဲ့တို့နှင့် စပ်လျဉ်း၍ ဘောင်ထားလော့။
၇း၂၀၀။ မကောင်းဆိုးဝါး၏ သွေးခွဲခြင်းဖြင့် သင့်အား သွေးခွဲခံရသော် ပရမတ်ဘုရားရှင်၌ ခိုလှုံလော့၊ ဧကန်ပင် အရှင်သည် ကြားနေသောအရှင်၊ သိနေသောအရှင် ဖြစ်၏။
၇း၂၀၁။ စည်းစောင့်သော သူတို့သည် မကောင်ဆိုးဝါး၏ လှည့်ပတ်မှု ထိသက်သောအခါ ဆင်ခြင်သတိ ရှိကြ၏၊ သို့ဖြင့် ခွဲခြား မြင်နိုင်ကြ၏။
၇း၂၀၂။ သူတို့၏ ညီနောင် သားချင်းများသည် သူတို့အား တိမ်းပါးမှုသို့ တိုးရွေ့စေ၏၊ သူတို့သည် မရပ်တန့် နိုင်ကြချေ။
၇း၂၀၃။ သူတို့အား နိမိတ် လက္ခဏာတစ်ရပ် မပေးရောက်လျှင် “သင်သည် အဘယ်ကြောင့် မရွေးချယ်သနည်း၊” ဟု ဆိုကြ၏၊ ဟောလော့၊ “ကျွန်ုပ်သည်ကား ကံကြမ္မာရှင်က ကျွန်ုပ်ထံ အာရုံဈာန် ပေးသည်ကိုသာ လိုက်နာသူ ဖြစ်၏၊ ဤသည် ယုံကြည်သော လူမျိုးအတွက် ကံကြမ္မာရှင်၏ထံမှ အမြင်ပေါက်ခြင်း၊ လမ်းညွှန် ကရုဏာတော် ဖြစ်၏။”
၇း၂၀၄။ ကုရ်အာန်အား ရွတ်ဖတ်နေစဉ် ကရုဏာ သက်ခံရအံ့ငှာ ၎င်းအား ဂရုတစိုက် ကြားနာကြလော့။
၇း၂၀၅။ သင်၏ စိတ်တွင်း၌ နိဝါတတရား၊ ကြောက်ရွံ့ ရိုသေမှု တရားဖြင့် မနက်စောစောနှင့် နေကျချိန်များ၌ စကားသံ မကျယ်ဘဲ ကံကြမ္မာရှင်အား ရှုမှတ် သတိရလော့၊ မေ့လျော့နေသူများမှ မဖြစ်စေနှင့်။
၇း၂၀၆။ ကံကြမ္မာရှင်၏ထံ၌ ရှိသော သူများသည် အမှုတော်ထမ်းခြင်းနှင့် အရှင်အား ဦးထိပ်ထားခြင်းကို အံတုလျက် မာနတက်နေသူများ မဟုတ်ချေ၊ အရှင့်အား ဦးချ ရိုကျိုးလျက်ရှိ၏။
ဓမ္မခန္ဓာ (၇) ဤတွင် ပြီး၏။
ဓမ္မခန္ဓာ (၈) အပိုထည့်ဝင်ခြင်း
ဉာဏ်စဉ်ကိန်းဝပ်ပေးမှု အမှတ်စဉ် (၈၈)၊ သုတ်ဒေသနာ (၇၅)ပါး၊
ကရုဏာရှင် အကြင်နာရှင် ဖြစ်တော်မူသော ပရမတ်ဘုရားရှင်၏ ဂုဏ်တော်အားဖြင့်-
၈း၁။ အပိုထည့်ဝင်ခြင်းများနှင့် စပ်လျဉ်း၍ မေးမြန်းလာလျှင် ဟောလော့၊ “အပိုထည့်ဝင်ခြင်းများသည် ပရမတ်ဘုရားရှင်နှင့် ဉာဏ်စဉ်ဆောင်တို့အဘို့ ဖြစ်၏၊ ပရမတ်ဘုရားရှင်အား စည်းစောင့်ကြလော့၊ သင်တို့စပ်ကြား အခြေအနေကို ပြုပြင်ကြလော့၊ သင်တို့သည် ယုံကြည်သူများ ဖြစ်ကြလျှင် ပရမတ်ဘုရားရှင်နှင့် အရှင်၏ ဉာဏ်စဉ်ဆောင်အား နာခံကြလော့။
၈း၂။ သတိယူ ရှုမှတ်သောအခါ စိတ်နှလုံး တုန်လှုပ်ခြင်း ရှိသောသူ၊ အရှင်၏ သုတ်ဒေသနာများအား ရွတ်ဖတ်သောအခါ ယုံကြည် သက်ဝင်ခြင်း၌ တိုးပွား၍ ယုံကြည်သူများသည် ကံကြမ္မာရှင်အား ကိုးစားကြ၏။
၈း၃။ သူတို့သည် ဝတ်ပြု မြဲကြ၏၊ ငါအရှင်ပေးရာ ရိက္ခာများမှ ပေးကမ်း သုံးစွဲကြကုန်၏။
၈း၄။ ထိုသူများသည်သာ ယုံကြည်သူ စင်စစ်များ ဖြစ်၏၊ သူတို့အတွက် ကံကြမ္မာရှင်၏ထံပါး၌ အခွင့်အလမ်း၊ လွတ်ငြိမ်းခွင့်နှင့် ကျက်သရေရှိသော ရိက္ခာကောင်းများ ရှိနေ၏။
၈း၅။ ကံကြမ္မာရှင်က သင့်အား သင်၏အိမ်မှ အမှန်အကန် ထွက်ခွာစေသကဲ့သို့ ယုံကြည်သူများမှ တစ်ဖွဲ့သည် စိတ်ပြတ်သားမှု မရှိကြချေ။
၈း၆။ ထို အမှန်တရားအား ရှင်းလင်း ထင်ရှားစေပြီးနောက်- ကြည့်နေစဉ်ပင် သူတို့အား သေခြင်းတရား ဆီသို့ မောင်းထည့် ခံရသည့်အလား သင့်အား စောဒက တက်ကြ၏။
၈း၇။ ပရမတ်ဘုရားရှင်က အုပ်စုနှစ်စုမှ တစ်စုသည် သင်တို့အတွက်ဟု ကတိတော်ထားသောအခါ သင်တို့သည် လက်နက်မကိုင်သော အုပ်စုကိုသာ သင်တို့ အတွက် ဖြစ်စေလိုကြ၏၊ ပရမတ်ဘုရားရှင်သည် အရှင်၏ သစ္စာတရားတော်အား အမှန်အတိုင်းဖြစ်စေရန်၊ ရန်သူတို့၏ အခြေအမြစ်များကို ဖြတ်တောက်ပစ်ရန် လိုလား၏။
၈း၈။ ရာဇဝတ်ကောင်များက မကြိုက်လျှင်လည်း အမှန်သည် အမှန်ပင် ဖြစ်၍ အမှားသည် အမှားပင် ဖြစ်၏။
၈း၉။ သင်တို့သည် ကံကြမ္မာရှင်ထံ အသနားခံသောအခါ အရှင်သည် သင်တို့အား ကျောမှကပ်လျက် နိမိတ်ဆောင် တစ်ထောင်ဖြင့် တိုးပွားစေမည်ဟု တုံ့ပြန်ခဲ့၏။
၈း၁၀။ ပရမတ်ဘုရားရှင်သည် ၎င်းကို သတင်းကောင်းအဖြစ်နှင့် သင်တို့၏ စိတ်နှလုံးများ ဘဝင်ကျစေရန်မှအပ စီစဉ်ပေးခြင်း မဟုတ်ချေ၊ ကူညီမှုများသည် ပရမတ်ဘုရားရှင်၏ ထံမှသာဖြစ်၏၊ ဧကန်ပင် ပရမတ်ဘုရားရှင်သည် ဘုန်းတော်ရှင်၊ ဓမ္မသတ်ရှင် ဖြစ်တော်မူ၏။
၈း၁၁။ သင်တို့အား ယုံကြည်စိတ်ချစွာ မှေးစက်ခြင်းကို လွှမ်းခြုံပေး၏၊ သန့်စင်နိုင်ရန်၊ မကောင်းဆိုးဝါး၏ ဆိုးကျိုးများကို ရုပ်သိမ်းစေရန်၊ စိတ်နှလုံးများ တက်ကြွစေရန်၊ စုံရပ်ခံမှုကို ခိုင်မာစေရန်၊ သင်တို့အပေါ်သို့ ကောင်ကင်းယံမှ ရေကို သွန်းချပေးတော်မူ၏။
၈း၁၂။ ကံကြမ္မာရှင်က နိမိတ်ဆောင်များထံ အာရုံဖြစ်စေသည်မှာ “ငါအရှင်သည် သင်တို့နှင့်အတူ ရှိ၏၊ သို့ဖြစ်၍ သင်တို့သည် ယုံကြည်သော သူများအား ရပ်တည်ချက် ခိုင်မာစေလော့၊ ရန်သူတို့၏ စိတ်နှလုံးသို့ ကြောက်လန့်မှုကို ငါ ခင်းကျင်းပေးလတ္တံ့၊ သို့ဖြစ်၍ သူတို့၏ တပ်ဦးများကို ဖြတ်တိုက်ကြလော့၊ တပ်ဆွယ် ကိုယ်စီအား ဖြတ်တိုက်ကြလော့။
၈း၁၃။ ဤသည်မှာ ပရမတ်ဘုရားရှင်နှင့် အရှင်၏ ဉာဏ်စဉ်ဆောင်အား ဂိုဏ်းခွဲမှုကြောင့်ပင်၊ ပရမတ်ဘုရားရှင်နှင့် အရှင်၏ ဉာဏ်စဉ်ဆောင်အား ဂိုဏ်းခွဲသော မည်သူ့အားမဆို ဧကန်ပင် ပရမတ်ဘုရားရှင်သည် ပြတ်သားစွာ ချုပ်ကိုင်နိုင်တော်မူ၏။
၈း၁၄။ ဤသို့- ၎င်းအား မြည်စမ်းကြလော့၊ ယင်းသည် ရန်သူများအတွက် အပူမီး ဝဋ်ကြွေးပင် ဖြစ်၏။
၈း၁၅။ အို- ယုံကြည်သောသူတို့၊ အသင်တို့သည် ရန်သူထိုးစစ်နှင့် ထိပ်တိုက်ဆုံသော် နောက်တန်းသို့ ဘက်မလှည့်ကြနှင့်။
၈း၁၆။ ထိုကာလ၌ စစ်ချီ စစ်ပြောင်း၊ စစ်ကူပေါင်းရန်မှတပါး တပ်နောက်တန်းသို့ လှည့်သူသည် ပရမတ်ဘုရားရှင်၏ ထံမှ ကံကြီးသင့်မှုကို ဆွဲယူနေ၍ အမင်္ဂလာ ခရီးဆုံးဖြစ်သည့် ငရဲဘုံသည် သူ၏ ခိုလှုံရာ ဖြစ်၏။
၈း၁၇။ သင်တို့သည် သူတို့အား ခုခံ တိုက်ခိုက်သည် မဟုတ်၊ ပရမတ်ဘုရားရှင်က သူတို့အား ခုခံ တိုက်ခိုက်ခြင်း ဖြစ်၏၊ သင်သည် သူတို့အား ပစ်ခတ်သောအခါ သင် ပစ်ခတ်သည် မဟုတ်၊ ပရမတ်ဘုရားရှင်က ပစ်ခတ်ခြင်းသာဖြစ်၏၊ အရှင်သည် ယုံကြည်သူတို့အား တင့်တယ်သော စုံစမ်းခြင်းဖြင့် စုံစမ်းတော်မူ၏၊ ဧကန်ပင် ပရမတ်ဘုရားရှင်သည် ကြားနေသောအရှင်၊ သိနေသောအရှင် ဖြစ်၏။
၈း၁၈။ ဤသည်မှာ ပရမတ်ဘုရားရှင်အား ရန်သူတို့၏ နည်းဗျူဟာအား အားပျော့စေအံ့ငှာ ဖြစ်၏။
၈း၁၉။ ထွက်ပေါက်ကို တောင်းဆိုကြလျှင် ထွက်ပေါက်သည် သင်တို့ထံသို့ မုချ ရောက်လာပေအံ့၊ အကယ်၍ စစ်ရပ်စဲကြလျှင် သင်တို့အဘို့ ပို၍ ကောင်း၏၊ အကယ်၍ ဆက်တိုက်ကြလျှင် ငါသည်လည်း ဆက်တိုက်တော်မူအံ့၊ ထိုအခါ သင်တို့သည် မည်မျှပင် များပြားစေကာမှု သင်တို့၏တပ်သည် တစ်စုံတစ်ရာ ပြည့်စုံမည် မဟုတ်ချေ၊ ဧကန်ပင် ပရမတ်ဘုရားရှင်သည် ယုံကြည်သူများနှင့် အတူတကွ ရှိတော်မူ၏။
၈း၂၀။ အို- သက်ဝင်ယုံကြည်သော သူတို့၊ ပရမတ်ဘုရားရှင်နှင့် အရှင့် ဉာဏ်စဉ်ဆောင်အား နာခံကြလော့၊ သင်တို့သည် ကြားနာလျက် ဘက်မလှည့်ကြကုန်နှင့်။
၈း၂၁။ ကျွန်ပ်တို့ ကြားပါသည်ဟု ဆိုလျက် မနာယူသော ထိုသူတို့ကဲ့သို့ မဖြစ်စေနှင့်။
၈း၂၂။ ဧကန်ပင် ပရမတ်ဘုရားရှင်၏ထံ၌ အဆိုးဆုံးသော သတ္တဝါမှာ ပင်း- အ- အတွေးအခေါ် မရှိသော ပြိတ္တာပင် ဖြစ်၏။
၈း၂၃။ ပရမတ်ဘုရားရှင်သည် သူတို့ထံ၌ ကောင်းမှု တစ်စုံတစ်ရာကို သိခဲ့ရလျှင် သူတို့အား ကြားနာစေတော်မူအံ့၊ အကယ်၍ သူတို့အား ကြားနာစေတော်မူငြားလည်း သူတို့သည် ဘက်လှည့်၍ ဘောင်ကန့် ထားသူများ ဖြစ်ကြ၏။
၈း၂၄။ အို- ယုံကြည်သောသူတို့၊ ပရမတ်ဘုရားရှင်နှင့် အရှင်၏ ဉာဏ်စဉ်ဆောင်က သင်တို့အား အသက်ရှင်ကြောင်း တရားသို့ ဖိတ်ခေါ်သောအခါ အဖြေပေးကြလော့၊ ပရမတ်ဘုရားရှင်သည် ရုပ်နှင့် နာမ်စပ်ကြား စည်းဖြစ်ကြောင်း သိကြကုန်လော့၊ ဧကန်ပင် အရှင်၏ထံသို့သာ စုစည်းခံရစေမည် ဖြစ်၏။
၈း၂၅။ သင်တို့အနက် မိုက်ကြေးခွဲသောသူများ အတွက်သာ ရွေးချယ်၍ စမ်းသပ်ခံရမည် မဟုတ်သော ဆိုးကျိုးဆက်မှ စည်းစောင့်ကြလော့၊ ဧကန်ပင် ပရမတ်ဘုရားရှင်သည် ပြတ်သားစွာ ချုပ်ကိုင်နိုင်တော်မူသည်ကို သိကြကုန်လော့။
၈း၂၆။ သင်တို့သည် မြေကမ္ဘာ၌ အားအင်ချည့်နဲ့သော အနည်းစု ဖြစ်ခဲ့၍ လူသားများက သင်တို့အား အင်အားသုံး သုတ်သင်ပစ်မည်ကို ကြောက်ရွံ့နေရစဉ် အရှင်သည် သင်တို့အား ခိုလှုံရာပေးခဲ့ခြင်း၊ ကူညီ ထောက်ပံ့ခဲ့ခြင်း၊ သင်တို့ ကျေးဇူး သိတတ်အံ့ငှာ စင်ကြယ်ရာများမှ ရိက္ခာပေးခဲ့ခြင်းများကို သတိရကြလော့။
၈း၂၇။ အို- ယုံကြည်သောသူတို့၊ သင်တို့သည် ပရမတ်ဘုရားရှင်နှင့် ဉာဏ်စဉ်ဆောင်အား သစ္စာမမဲ့ကြနှင့်၊ သင်တို့၌ ယုံကြည်စွာ အပ်နှံထားသည်များကို သိနေလျက်နှင့် သစ္စာမမဲ့ကြကုန်နှင့်။
၈း၂၈။ သိကြကုန်လော့၊ သင်တို့၏ ဥစ္စာပစ္စည်းများ၊ ရင်သွေးများသည် စမ်းသပ်မှုတစ်ရပ်ပင် ဖြစ်၏၊ ဧကန်ပင် ပရမတ်ဘုရားရှင်၏ ထံပါး၌ မဟာ ဆုလာဘ်ကြီး ရှိ၏။
၈း၂၉။ အို- ယုံကြည်သောသူတို့၊ ပရမတ်ဘုရားရှင်အား စည်းစောင့်ကြလေလျှင် အရှင်သည် သင်တို့အတွက် ခွဲခြမ်းစိတ်ဖြာ ဖွင့်ဆိုချက်ကို စီစဉ်ပေးတော် မူလတ္တံ့၊ သင်တို့၏ အကုသိုလ်များကို ဖုံးကွယ်ပေးလျက် သင်တို့အား လွတ်ငြိမ်း စေတော်မူလတ္တံ့၊ ပရမတ်ဘုရားရှင်သည်ကား မဟာ့ မဟာ သိက္ခာပေးသောအရှင် ဖြစ်၏။
၈း၃၀။ ရန်သူတို့သည် သင့်အား မလှုပ်ရှားနိုင်ရန်၊ သတ်ဖြတ်ရန်၊ ပြည်နှင်ရန်၊ ကြံစည်ကြသောအခါ သူတို့ ကြံစည်သည်နှင့် အညီ ပရမတ်ဘုရားရှင်သည် ကြံစည်နေတော်မူ၏၊ ပရမတ်ဘုရားရှင်သည် အကောင်းဆုံး ကြံစည်နိုင်သောအရှင် ဖြစ်၏။
၈း၃၁။ သူတို့အား ငါ၏ သုတ်ဒေသနာများကို ရွတ်ဖတ်ပြသောအခါ ကျွန်ုပ်တို့ ကြားဘူးပြီ ဖြစ်၏၊ ကျွန်ုပ်တို့လည်း စံချိန်ပြည့်ခဲ့လျှင် ဤကဲ့သို့ ပြောပြနိုင်၏၊ ဤသည် ရှေးသရောအခါက ဒဏ္ဍာရီများသာဟု ဆိုကြလေ၏။
၈း၃၂။ သူတို့က အို- ပရမတ်ဘုရားရှင်၊ ဤသည် အရှင်၏ ထံတော်မှ အစစ်အမှန် ဖြစ်ခဲ့သော် တပည့်တော်တို့ အပေါ်သို့ ကျောက်တုံးများကို ကောင်းကင်ထက်မှ ရွာသွန်းစေတော်မူပါ၊ သို့မဟုတ် အလွန်စူးနစ်သော ဝဋ်ကြွေးကို ဆိုက်ရောက်စေပါဟု ဆိုကြ၏။
၈း၃၃။ သူတို့အထဲတွင် သင်ရှိနေသဖြင့် ပရမတ်ဘုရားရှင်က သူတို့အား ဝဋ်ကြွေးသင့်စေမည် မဟုတ်။ ပရမတ်ဘုရားရှင်က သူတို့အား ဝဋ်ကြွေး သင့်သူများ မဖြစ်စေပေ၊ သူတို့သည် လွတ်ငြိမ်းဆု ပန်နေကြ၏။
၈း၃၄။ သို့သော် သူတို့အား ပရမတ်ဘုရားရှင်က ဝဋ်ဒဏ် မသင့်စေရန် အကြောင်းမရှိချေ၊ သူတို့သည် ဘေးမဲ့ ဝတ်ကျောင်းတော်မှ ဖယ်ခိုင်းကြ၏၊ သူတို့သည် ၎င်း၏ မဟာမိတ်များ မဟုတ်ချေ၊ စည်းစောင့်သူများသည်သာ မဟာမိတ်များ ဖြစ်ကြ၏၊ သို့ရာတွင် အများစုကြီးမှာ အသိ မရှိကြချေ။
၈း၃၅။ အမှန်မှာ အိမ်တော်၌ သူတို့၏ ဝတ်ပြုခြင်းသည် လေချွန်ခြင်း၊ လက်ခုပ်တီးခြင်းမျှသာ ဖြစ်၏၊ သင်တို့သည် ဖုံးကွယ်လေ့ ရှိသည့်အတွက် ဝဋ်ကြွေး ဒဏ်အား မြည်းကြလော့။
၈း၃၆။ ဖုံးကွယ်သော သူတို့သည် သူတို့၏ ဥစ္စာပစ္စည်းများကို ပရမတ်ဘုရားရှင်၏ လမ်းစဉ်တော်မှ ရှောင်ဖယ်စေရန် သုံးစွဲကြကုန်၏၊ သို့- သုံးစွဲလျက်ပင် ၎င်းတို့သည် သူတို့အတွက် ကြေကွဲစရာ ဖြစ်ရလတ္တံ့၊ သူတို့သည် အနိုင်ယူ ခံရလတ္တံ့၊ ထို့နောက် ဖုံးကွယ်သော သူတို့အား ငရဲဘုံသို့ စုစည်း ခံရစေမည်ပင်။
၈း၃၇။ ပရမတ်ဘုရားရှင်သည် မသန့်သူများကို စင်ကြယ်သူများမှ သီးခြားစီစဉ်၍ အချို့ မသန့်သူများ အပေါ် အချို့ကို ဆင့်ကာ ငရဲဘုံတွင်း အားလုံး စုပြုံသူများအဖြစ် စီစဉ်လတ္တံ့၊ သူတို့သည် ဆုံးရှုံးရသူတို့ ဖြစ်၏။
၈း၃၈။ ဖုံးကွယ်သော သူများအား ဟောကြားလော့၊ စစ်ရပ်စဲကြလျှင် အတိတ်ဖြစ်ရပ်များမှ သူတို့အား လွတ်ငြိမ်းစေလတ္တံ့၊ ဆက်တိုက်ကြလျှင် ရှေးလူများအတွက် ဆုံးဖြတ်ပြီး ဓလေ့အတိုင်း ဖြစ်စေ လတ္တံ့။
၈း၃၉။ သွေးတိုးစမ်းခြင်း မရှိတော့သည်ထိ သူတို့အား ခုခံ တိုက်ကြလော့၊ သာသနာအလုံးစုံသည် ပရမတ်ဘုရားရှင် အတွက်သာ ဖြစ်သင့်၏၊ အကယ်၍ သူတို့ဘက်မှ ရပ်စဲကြလျှင် ဧကန်ပင် ပရမတ်ဘုရားရှင်သည် ကျင့်ကြံသမျှကို မြင်နေသောအရှင် ဖြစ်၏။
၈း၄၀။ အကယ်၍ သင်တို့သည် ဘက်လှည့်ခံခဲ့ရလျှင် ဧကန်ပင် ပရမတ်ဘုရားရှင်သည် သင်တို့အတွက် မဟာမိတ် ဖြစ်ကြောင်း သိကြကုန်လော့၊ အရှင်သည် ဂုဏ်ပေးသော မဟာမိတ်၊ ဂုဏ်ပေးသော ကူညီသူ ဖြစ်၏။
၈း၄၁။ ငါ ပရမတ်ဘုရားရှင်က ခွဲခြားသိသောနေ့နှင့် တပ်စုနှစ်ခု ရင်ဆိုင်တွေ့သောနေ့၌ ငါ၏ အမှုတော်ဆောင်အား ချမှတ်ပေးသည်တို့ကို သင်တို့ ယုံကြည်ကြလျှင် စစ်လျော်ကြေး ရသည်များမှ ငါးပုံတစ်ပုံသည် ပရမတ်ဘုရားရှင်၊ ဉာဏ်စဉ်ဆောင်၊ ကိုယ်စောင့်တပ်များ၊ မိဘမဲ့များ၊ နွမ်းပါးသူများနှင့် လမ်းစဉ်တော်၏ သားများအတွက် ဖြစ်သည်ကို သင်တို့ သိကြကုန်လော့၊ ဧကန်ပင် ပရမတ်ဘုရားရှင်သည် သဗ္ဗလုံးစုံအား စည်းချိန် ချမှတ်တော်မူ၏။
၈း၄၂။ သင်တို့က ဤမှာဘက်၊ သူတို့က ဝေးကွာသောဘက်နှင့် ကုန်သည် ယာဉ်တန်းက သင်တို့ထက် အနိမ့်ဘက်တွင် ရှိနေသောအခါ အကယ်၍သာ သင်တို့သည် ထိုသို့ ကတိထားလျှင်ပင် ထိုကတိသည် လွဲခဲ့ကြမည်ပင်၊ သို့ရာတွင် ပျက်သုဉ်းစေမည့်သူအား ရှင်းလင်းစွာ ပျက်သုဉ်းစေရန်၊ ရှင်သန်သူအား ရှင်းလင်းစွာ ရှင်သန်နိုင်ရန်၊ ပရမတ်ဘုရားရှင်သည် ညွှန်ကြားချက်အား ဆုံးဖြတ်ပြီးဖြစ်၏၊ ဧကန်ပင် ပရမတ်ဘုရားရှင်သည် ကြားနေသောအရှင်၊ သိနေသောအရှင် ဖြစ်တော်မူ၏။
၈း၄၃။ ပရမတ်ဘုရားရှင်သည် သင် အိပ်စက်စဉ်၌ သူတို့၏ အင်အားကို အနည်းငယ်သာ မြင်စေ၏၊ အကယ်၍ သူတို့၏ အင်အားကို မြောက်မြားစွာ မြင်စေခဲ့လျှင် သင်တို့သည် စိတ်ဓါတ်ကျမည့် အပြင် ထိုအရေး၌ သင်တို့ အချင်းချင်း ဖယ်ပစ်နေကြမည်ပင်၊ သို့ရာတွင် ပရမတ်ဘုရားရှင်သည် သင်တို့အား ငြိမ်ချမ်းစေတော်မူ၏၊ ဧကန်ပင် အရှင်မြတ်သည် သူတို့၏ ရင်ဘတ် ခံစားချက်များအားဖြင့် သိနေသောအရှင် ဖြစ်၏၊
၈း၄၄။ သင်တို့ ဆုံတွေ့သောအခါ သင်တို့ မျက်လုံးတွင် သူတို့၏ အင်အားကို အနည်းငယ်ဟု မြင်စေ၏၊ သင်တို့သည်လည်း အနည်းငယ်မျှသာ ဟု သူတို့ မျက်လုံးတွင် ထင်စေ၏၊ ပရမတ်ဘုရားရှင်က ညွှန်ကြားချက်အား ဆုံးဖြတ် စီမံပြီး ဖြစ်၏၊ အရေးအရာများသည် ပရမတ်ဘုရားရှင်၏ထံသို့သာ ဦးလှည့်ရမည် သာတည်း။
၈း၄၅။ အို- ယုံကြည်သောသူတို့၊ တပ်တစ်ခုနှင့် ထိပ်တိုက် ဆုံသောအခါ ရပ်တည်ချက် ခိုင်မာကြလော့၊ အောင်မြင် ပေါက်မြောက်အံ့ငှာ ပရမတ်ဘုရားရှင်အား မြောက်မြားစွာ သတိရ ရှုမှတ်ကြလော့။
၈း၄၆။ ပရမတ်ဘုရားရှင်နှင့် အရှင်၏ ဉာဏ်စဉ်ဆောင်အား နာခံကြလော့၊ မဖယ်ပစ်ကြနှင့်၊ စိတ်ဓါတ် မကျကြနှင့်၊ သို့ဖြစ်လျှင် လေ လျော့နည်းနိုင်၏၊ သည်းခံပါရမီ ရှိကြလော့၊ ဧကန်ပင် ပရမတ် ဘုရားရှင်သည် သည်းခံပါရမီ ရှိသူများနှင့်အတူ ရှိနေတော်မူ၏။
၈း၄၇။ လူသားတို့အား ပြစားရန် သူတို့၏ အိမ်များမှ ဟန်ရေးထုတ် ထွက်ခွာလာကြလျက် ပရမတ်ဘုရားရှင်၏ လမ်းစဉ်တော်မှ ရှောင်ဖယ်ကြသော သူများကဲ့သို့ မဖြစ်ကြကုန်နှင့်၊ ပရမတ်ဘုရားရှင်သည် ကျင့်ကြံလေသမျှအား ဝိုင်းဝန်းထားတော်မူ၏။
၈း၄၈။ သူတို့၏ ကျင့်ကြံမှုအား မကောင်းဆိုးဝါးက ဖမ်းစားထားလျက် “ဤနေ့၌ သင်တို့အား အနိုင်ရမည့်သူ တစ်ဦးတစ်ယောက်မှ မရှိ၊ ကျွန်ုပ်သည်ကား သင်တို့အား ကာကွယ်ထားသူ ဖြစ်၏၊” ဟု ကြွေးကြော်၏၊ သို့သော် တပ်နှစ်ခု ပက်ပင်းတိုးသောအခါ သူသည် သူ့နိဂုံးသို့ လှည့်ပြေးလျက် “ကျွန်ုပ်သည် သင်တို့ထံမှ ကင်းရှင်း၏၊ သင်တို့ မမြင်နိုင်သည်များကို ကျွန်ုပ်မြင်၏၊ ကျွန်ုပ်သည် ပရမတ်ဘုရားရှင်အား ကြောက်ရွံပါ၏၊ ပရမတ်ဘုရားရှင်သည်ကား ပြတ်သားစွာ ချုပ်ကိုင်နိုင်တော်မူ၏၊” ဟု ဆိုလေ၏။
၈း၄၉။ သီလကြောင်များနှင့် စိတ်နှလုံး၌ ရောဂါရသူများက “ဤသူတို့အား သူတို့၏ သာသနာက မြှူဆွယ်ထားလေပြီ၊” ဟု ဆိုကြ၏၊ ပရမတ်ဘုရားရှင်အား ကိုးစားသော မည်သူမဆို “ဧကန်ပင် ပရမတ်ဘုရားရှင်သည် ဘုန်းတော်ရှင်၊ ဓမ္မသတ်ရှင် ဖြစ်တော်မူ၏။”
၈း၅၀။ ဖုံးကွယ်သော သူတို့အား နိမိတ်ဆောင်များက သူတို့၏ မျက်နှာချင်းဆိုင်မှ၊ ကျောနောက်မှ၊ ဗျူဟာချ သက်တမ်း ကုန်စေသောအခါ ဤလောင်ကျွမ်းရခြင်း ဝဋ်ကြွေးအား မြည်းစမ်းကြကုန်လော့ ဟု ဆိုကြသည် ကို သင် တွေ့မြင်ရလေပြီ။
၈း၅၁။ ဤသည် သင်တို့၏ စုံရပ်ခံခဲ့သော လက်ချက်များပင် ဖြစ်၏၊ ဧကန်ပင် ပရမတ်ဘုရားရှင်သည် အမှုတော်ဆောင်များအား အဝိဇ္ဇာ သင့်စေခြင်း မရှိချေ။
၈း၅၂။ ဖာရိုး မင်းဆက်နှင့် သူတို့၏ ရှေ့အလျင် ဖြစ်သူတို့၏ အလေ့အထများ သည်ကား- သူတို့သည် ပရမတ်ဘုရားရှင်၏ သုတ်ဒေသနာများကို ဖုံးကွယ်ကြ၏၊ သူတို့၏ ပြစ်မှုများကြောင့် ပရမတ်ဘုရားရှင်က သူတို့အား အရေးယူတော်မူပြီ၊ ဧကန်ပင် ပရမတ်ဘုရားရှင်သည် တန်ခိုးတော်ရှင် ဖြစ်၏၊ ပြတ်သားစွာ ချုပ်ကိုင် နိုင်တော်မူ၏။
၈း၅၃။ ဤသို့ပင်- လူမျိုးတစ်မျိုးသည် သူတို့၏ စရိုက်များကို မပြောင်းလဲသ၍ ပရမတ်ဘုရားရှင်သည် သူတို့အပေါ်သို့ ဂုဏ်ပေးခြင်းဖြင့် ပြောင်းလဲပေးမည် မဟုတ်ပေ၊ ဧကန်ပင် ပရမတ်ဘုရားရှင်သည် ကြားနေသောအရှင်၊ သိနေသောအရှင် ဖြစ်တော်မူ၏။
၈း၅၄။ ဖာရိုး မင်းဆက်နှင့် သူတို့၏ ရှေ့အလျင် ဖြစ်သူတို့၏ အလေ့အထ များသည်ကား ကံကြမ္မာရှင်၏ သုတ်ဒေသနာများအား ငြင်းဆန် ပယ်ချကြ၏၊ သူတို့၏ ပြစ်မှုများကြောင့် သူတို့အား တိမ်ကော ပပျောက်စေပြီ၊ သူတို့ကိုယ်စီ အမိုက်ကောင်များ ဖြစ်ခြင်းကြောင့် ဖာရိုး မင်းဆက်အား နစ်မြုပ်စေခဲ့ပြီ။
၈း၅၅။ ပရမတ်ဘုရားရှင်၏ ထံတော်၌ အဆိုးဆုံးသော သတ္တဝါမှာ ယုံကြည်ခြင်း မရှိသော ဖုံးကွယ်သော သူများပင် ဖြစ်၏။
၈း၅၆။ သင်နှင့် ပဋိညာဉ်ပြုသော သူများသည် သူတို့၏ ပဋိညာဉ် အကြိမ်တိုင်းအား ချိုးဖောက်ကြ၏၊ သူတို့သည် စည်းစောင့်ကြသည် မဟုတ်ချေ။
၈း၅၇။ သို့ဖြစ်၍ စစ်ပွဲ၌ သင်သည် သူတို့အား ထိပ်တိုက်တိုးသော် ထိုသူများ ဆင်ခြင်သတိ ရှိလာအံ့ငှာ သူတို့၏ နောက်ခံလူများအား အင်အား ဖြိုခွဲလော့။
၈း၅၈။ လူတစ်မျိုးထံမှ သစ္စာဖေါက်မည်ကို သင်တို့ စိုးရိမ်ရစဉ် သူတို့အား အလားတူ စွန့်ပစ်နိုင်၏၊ ပရမတ်ဘုရားရှင်သည်ကား သစ္စာဖေါက်တို့အား နှစ်သက်တော် မမူချေ။
၈း၅၉။ ရန်သူဖြစ်သော သူတို့သည် သတ်မှတ်ချက် ရှိသည်ဟု မစဉ်းစားစေနှင့်၊ သူတို့ ဧကန် မစွမ်းနိုင်ကြချေ။
၈း၆၀။ ပရမတ်ဘုရားရှင်အား စည်းဖေါက်သူများ၊ သင်တို့အား စည်းဖေါက်သူများနှင့် အခြားသော ပရမတ်ဘုရားရှင်သာ သိနိုင်၍ သင်တို့ မသိနိုင်သော သူတို့အား အရှိန်အဝါ ပြထားနိုင်ရန် သူတို့မှလွဲ၍ သင်တို့၏ တတ်နိုင်သမျှသော အစွမ်းဖြင့် တက်ကြွသော အစီးအနင်းများကို တွက်ချက် ပြင်ဆင်ထားလော့၊ ပရမတ်ဘုရားရှင်၏ လမ်းစဉ်တော်၌ မည်သည့် အရာကို သုံးစွဲသည်ဖြစ်စေ၊ သင်တို့ထံ ပြန်ပြည့်စေလတ္တံ့၊ သင်တို့သည် မိုက်ကြေးခွဲခံရမည် မဟုတ်ချေ။
၈း၆၁။ အကယ်၍ သူတို့ဘက်မှ ငြိမ်းချမ်းရေးကို ယိမ်းညွတ်ခဲ့သော် ၎င်းကို ယိမ်းညွတ်ကြ၍ ပရမတ်ဘုရားရှင်အား ကိုးစားလော့၊ အရှင်သည် ကြားနေသောအရှင်၊ သိနေသောအရှင် ဖြစ်၏။
၈း၆၂။ အကယ်၍ သူတို့သည် သင့်အား လှည့်စားလိုကြလျှင် ပရမတ်ဘုရားရှင်သည် အသင့်အတွက် စာရင်းချုပ် ဖြစ်တော်မူ၏၊ အရှင်သည် အသင့်အား အရှင်၏ အကူအညီများဖြင့်၊ ယုံကြည်သူများ အားဖြင့် ထောက်ပံ့ခဲ့ပြီ။
၈း၆၃။ သူတို့၏ စိတ်နှလုံးချင်းကြား စည်းလုံးစေလော့၊ သင်သည် မြေကမ္ဘာမှ အားလုံးကို ပုံ၍ သုံးသော်လည်း သူတို့၏ စိတ်နှလုံးချင်းကြား စည်းလုံးစေနိုင်မည် မဟုတ်ချေ၊ သို့ရာတွင် ပရမတ်ဘုရားရှင်သည် သူတို့ချင်းကြား စည်းလုံးစေခဲ့ပြီ၊ အရှင်သည် ဘုန်းတော်ရှင်၊ ဓမ္မသတ်ရှင် ဖြစ်တော်မူ၏။
၈း၆၄။ အို- သတင်းတော်ဆောင်၊ ပရမတ်ဘုရားရှင်နှင့် သင့် နောက်လိုက် ဖြစ်သော ယုံကြည်သူများသည် အသင့်အတွက် စာရင်း လုံလောက်၏။
၈း၆၅။ အို- သတင်းတော်ဆောင်၊ ယုံကြည်သူများအား ခုခံ တိုက်ခိုက်ရန် သွေး နွေးစေလော့၊ အကယ်၍ သင်တို့၌ သည်းခံ ပါရမီရှိသူ နှစ်ဆယ်ရှိလျှင် လူနှစ်ရာကို အနိုင်ယူနိုင်၏၊ အသင်တို့၌ လူတစ်ရာရှိလျှင် ဖုံးကွယ်သော သူများမှ တစ်ထောင်ကို အနိုင်ယူနိုင်၏၊ အဘယ်ကြောင့်ဆိုသော် သူတို့သည် နားလည်ခြင်းမရှိသော လူမျိုးတစ်မျိုး ဖြစ်၏။
၈း၆၆။ လက်ရှိအခြေအနေ၌ ပရမတ်ဘုရားရှင်သည် သင်တို့အား ပေါ့ပါးစေခဲ့ပြီ၊ အရှင်သည် သင်တို့၌ အားနည်းသည်ကို သိရှိ၏၊ သို့ဖြစ်၍ သင်တို့၌ သည်းခံ ပါရမီကြီးသူ တစ်ရာရှိသော် လူနှစ်ရာကို အနိုင်ယူနိုင်၏၊ သင်တို့၌ လူတစ်ထောင် ရှိလျှင် ပရမတ်ဘုရားရှင်၏ ခွင့်ပြုချက်ဖြင့် လူနှစ်ထောင်ကို အနိုင်ယူနိုင်၏၊ ပရမတ် ဘုရားရှင်သည် သည်းခံသူများနှင့် အတူ ရှိနေတော်မူပေ၏။
၈း၆၇။ မြေကမ္ဘာ၌ တိုက်ပွဲ မနိုင်သော မည်သည့် သတင်းတော်ဆောင်မှ စစ်သုံ့ပန်းများ ပိုင်ဆိုင်ခွင့် မရှိချေ၊ သင်တို့သည် လောကီဘောင်ကို လိုလားကြ၏၊ ပရမတ်ဘုရားရှင်သည် သင်တို့အား လောကုတ္တရာကိုသာ လိုလားစေလို၏၊ ပရမတ်ဘုရားရှင်သည်ကား ဘုန်းတော်ရှင်၊ ဓမ္မသတ်ရှင် ဖြစ်တော်မူ၏။
၈း၆၈။ အကယ်၍ ပရမတ်ဘုရားရှင်၏ထံမှ ပြဌာန်းမှုသည် သတ်မှတ်ချက် မရှိခဲ့လျှင် သင်တို့၏ အယူကြောင့် မဟာ ဝဋ်ကြွေးကြီး ထိသက်ပြီးလတ္တံ့။
၈း၆၉။ သင်တို့၏ စစ်လျော်ကြေး ရသည်များမှ စင်ကြယ်ရာများကို တရားဝင် စားသုံးကြလော့၊ ပရမတ်ဘုရားရှင်အား စည်းစောင့်ကြလော့၊ ဧကန်ပင် ပရမတ်ဘုရားရှင်သည် လွတ်ငြိမ်းစေသောအရှင်၊ အကြင်နာရှင် ဖြစ်တော်မူ၏။
၈း၇၀။ အို- သတင်းတော်ဆောင်၊ သင်တို့လက်ဝယ်ရှိ စစ်သုံ့ပန်းများအား “ပရမတ်ဘုရားရှင်သည် သင်တို့၏ စိတ်နှလုံးတွင်းရှိ စေတနာကောင်းကို သိရှိလျှင် အရှင်သည် သင်တို့ထံမှ ယူခဲ့သည်ထက် ပို၍ ကောင်းမြတ်သည်ကို သင်တို့အား ချီးမြှင့်တော်မူအံ့၊ သင်တို့အား လွတ်ငြိမ်းစေအံ့၊ ပရမတ်ဘုရားရှင်သည်ကား လွတ်ငြိမ်းစေသောအရှင်၊ အကြင်နာရှင် ဖြစ်တော်မူ၏၊” ဟု ဟောပြောလော့။
၈း၇၁။ အကယ်၍ သူတို့သည် သင့်အား သစ္စာမဲ့စွာ ကြံစည်လိုကြလျှင် ဧကန်ပင် သူတို့သည် ရှေ့အလျင်ကလည်း ပရမတ်ဘုရားရှင်အား သစ္စာမဲ့စွာ ကြံစည်ခဲ့စဉ် အရှင်သည် သူတို့ထက် သင့်အား ထူထောင်ပေးလတ္တံ့၊ ပရမတ်ဘုရားရှင်သည်ကား သိနေသောအရှင်၊ ဓမ္မသတ်ရှင်ဖြစ်တော်မူ၏။
၈း၇၂။ ဧကန်ပင် သက်ဝင် ယုံကြည်လျက် ပြောင်းရွှေ့ခဲ့ရ၍ ပရမတ်ဘုရားရှင်၏ လမ်းစဉ်တော်၌ သူတို့၏ ဉာဉ်စရိုက် ဥစ္စာပစ္စည်းအားဖြင့် အားစိုက် ဆောင်ရွက်ကြသော သူများနှင့် ခိုလှုံရာပေး၍ ကူညီစောင်မသည့် သူတို့မှ အချို့သည် အချို့၏ မဟာမိတ်များ ဖြစ်ကြ၏၊ ယုံကြည်သော်လည်း ပြောင်းရွှေ့ခြင်း မရှိသော သူတို့အဘို့ သူတို့သည် မပြောင်းရွှေ့ခဲ့သမျှ သူတို့အတွက် အလှည့်ကျ စီမံပေးရန် တစ်စုံတစ်ရာ မရှိချေ၊ သို့သော် သာသနာရေး အတွက် အကူအညီ တောင်းခဲ့သော် သင်တို့၏ကြား၊ မဟာမိတ် ချုပ်ဆိုထားသော လူမျိုးတို့ကြား၊ မဆက်စပ်သည့် အကူအညီများကို ပေးလော့၊ ပရမတ်ဘုရားရှင်သည် ကျင့်ကြံသမျှကို မြင်နေသောအရှင် ဖြစ်၏။
၈း၇၃။ ဖုံးကွယ်သောသူများမှ အချို့သည် အချို့၏ မဟာမိတ်များ ဖြစ်ကြ၏၊ အကယ်၍သာ သင်တို့သည် စီမံမှု မရှိလျှင် မြေကမ္ဘာတွင် သွေးတိုးစမ်း ခံခြင်းနှင့် ကြီးကျယ်စွာ အဖျက် လုပ်လာကြလတ္တံ့။
၈း၇၄။ သက်ဝင် ယုံကြည်လျက် ပြောင်းရွှေ့ခဲ့၍ ပရမတ်ဘုရားရှင်၏ လမ်းစဉ်တော်၌ အားစိုက် ဆောင်ရွက်ကြသော သူများနှင့် ခိုလှုံရာပေး၍ ကူညီစောင်မသော သူများ- ထိုသူများသည် စစ်မှန်သော သက်ဝင် ယုံကြည်သူများ ဖြစ်ကြ၏၊ သူတို့အတွက် လွတ်ငြိမ်းခွင့်နှင့် ကျက်သရေရှိသော ရိက္ခာများသည် ရှိနေ၏။
၈း၇၅။ နောက်ပိုင်းတွင်မှ သက်ဝင် ယုံကြည်လာလျက် ပြောင်းရွှေ့ခဲ့၍ သင်တို့နှင့်အတူ အားစိုက် ဆောင်ရွက်ကြသော သူများသည် သင်တို့၏ အထဲမှ ဖြစ်၏၊ ပရမတ်ဘုရားရှင်၏ ပြဌာန်းမှု၌ သူတို့မှ အချို့အား အချို့ကို မွေးရာပါ အခွင့်အရေး အလှည့် ပေးစေ၏၊ ဧကန်ပင် ပရမတ်ဘုရားရှင်သည် သဗ္ဗလုံးစုံ သိနေသောအရှင် ဖြစ်၏၊
ဓမ္မခန္ဓာ (၈) ဤတွင် ပြီး၏။
ဓမ္မခန္ဓာ (၉) ကင်းလွတ်ခွင့်
ဉာဏ်စဉ်ကိန်းဝပ်ပေးမှု အမှတ်စဉ် (၁၁၃)၊ သုတ်ဒေသနာ (၁၂၉)ပါး၊
ကရုဏာရှင် အကြင်နာရှင် ဖြစ်တော်မူသော ပရမတ်ဘုရားရှင်၏ ဂုဏ်တော်အားဖြင့်-
၉း၁။ သင်တို့နှင့် ပဋိညာဉ်ရှိသော ရောပြွန်း ကိုးကွယ်သူများထံ ပရမတ်ဘုရားရှင်နှင့် ဉာဏ်စဉ်တော်ဆောင်မှ ကင်းလွတ်ခွင့်။-
၉း၂။ သူတို့အား ဤမြေ၌ လေးလတိုင် စောင့်တည်စေနိုင်၏၊ သိကြလော့၊ သင်တို့က ပရမတ်ဘုရားရှင်အား ချည့်နဲ့စေနိုင်သည် မဟုတ်၊ ဧကန်ပင် ပရမတ်ဘုရားရှင်သည် ဖုံးကွယ်သူတို့အား အရှက်ရစေလတ္တံ့။
၉း၃။ ကံဆောင်ပရိဝါသ် နေ့ကြီးကာလ၌ ပရမတ်ဘုရားရှင်နှင့် အရှင်၏ ဉာဏ်စဉ်ဆောင်မှ လူသားတို့ထံသို့ ကြေညာချက်- “ပရမတ်ဘုရားရှင်နှင့် အရှင်၏ ဉာဏ်စဉ်ဆောင်သည် ရောပြွန်း ကိုးကွယ်သူများနှင့် စပ်လျဉ်း၍ ကင်းလွတ်ကြောင်း၊” သို့သော် ခဝါချကြလျှင် သင်တို့အတွက် အကောင်းဆုံးဖြစ်၏၊ အကယ်၍ သင်တို့ လှည့်သွားကြလျှင်- သိကြကုန်လော့၊ သင်တို့က ပရမတ်ဘုရားရှင်အား ချည့်နဲ့စေနိုင်သည် မဟုတ်၊ ဖုံးကွယ်သော သူတို့အတွက် စူးနစ်သော ဝဋ်ကြွေးသည် ရှိကြောင်း သတင်းကောင်းကို ပါးလော့။
၉း၄။ သို့သော် သင်တို့နှင့် ပဋိညာဉ်ရှိလျက် သင်တို့အပေါ်၌ တစ်စုံတစ်ရာ ယုတ်လျော့မှု မရှိ၊ သင်တို့၏ ဆန့်ကျင်ဘက် တစ်ဦးတစ်ယောက်ကိုမှ ကျောထောက် နောက်ခံ မပြုသော- ရောပြွန်း ကိုးကွယ်သူများထံ သူတို့နှင့်ထားသည့် ပဋိညာဉ်ကို ဆက်တိုး ပြည့်စုံစေလော့၊ ပရမတ်ဘုရားရှင်သည် စည်းစောင့်သူများအား နှစ်သက်တော်မူ၏။
၉း၅။ သို့ဖြစ်၍ ဤဘေးမဲ့လများ ကျော်ခဲ့သော် ရောပြွန်း ကိုးကွယ်သူများအား ထိပ်ဆိုင်တွေ့သည့် နေရာ၌ ခုခံ တိုက်ကြလော့၊ ဖမ်းဆီးကြလော့၊ ချုပ်နှောင်ကြလော့၊ သူတို့အတွက် ကင်းစောင့်စခန်းကိုယ်စီ အထိုင်ချလော့၊ အကယ်၍ သူတို့သည် ခဝါချကြလျက် ဝတ်ပြုမြဲကြ၍ အခွန်ငွေဖြူ ပေးကြသော် သွားလိုရာ လမ်းကို ထွက်သွားစေလော့၊ ဧကန်ပင် ပရမတ်ဘုရားရှင်သည် လွတ်ငြိမ်းစေသောအရှင်၊ အကြင်နာရှင် ဖြစ်တော်မူ၏။
၉း၆။ ရောပြွန်း ကိုးကွယ်သူတစ်ဦးသည် သင့်ထံ၌ အကာအကွယ် ရလိုခဲ့လျှင် သူ့အား ပရမတ်ဘုရားရှင်၏ ဓမ္မတော် ကြားနာရသည်ထိ ကာကွယ်ထားလော့၊ ထို့နောက် ယုံကြည် စိတ်ချရာသို့ ဆိုက်ရောက်စေလော့၊ ဤသည် အသိပညာ မရှိသော လူမျိုး၏ အကြောင်းကြောင့်တည်း။
၉း၇။ ဘေးမဲ့ကျောင်းတော်၌ သင်တို့ ပဋိညာဉ်ရှိသော သူများမှအပ အခြား ရောပြွန်း ကိုးကွယ်သူများသည် ပရမတ် ဘုရားရှင်ထံ၌၊ အရှင်၏ ဉာဏ်စဉ်ဆောင်ထံ၌၊ မည်သို့ ပဋိညာဉ် ပြုနိုင်အံ့နည်း၊ သင်တို့ အပေါ်၌ မြဲမြံနေသမျှ သူတို့အပေါ်၌လည်း မြဲမြံကြလော့၊ ပရမတ် ဘုရားရှင်သည် စည်းစောင့်သူများကို နှစ်သက်တော်မူ၏။
၉း၈။ ပေါ်ပြူလာ ဖြစ်လာလျှင် သင်တို့အပေါ် အမျိုးတော်သည်ကိုပင် မထောက်ထားသူများနှင့် မည်သို့ ဖြစ်နိုင်အံ့နည်း၊ သူတို့သည် ပါးစပ်များဖြင့် ကျေနပ်စေလျက် စိတ်နှလုံးမှ ဖီဆန်နေကြ၏၊ သူတို့မှ အများစုသည် ယုတ်မာသူများ ဖြစ်ကြ၏။
၉း၉။ ပရမတ်ဘုရားရှင်၏ သုတ်ဒေသနာတော်များအား တန်ဘိုးချ ရောင်းစားကြ၏၊ အရှင်၏ လမ်းစဉ်တော်မှ ရှောင်ဖယ်ကြ၏၊ သူတို့၏ ကျင့်ကြံလေ့ ရှိရာများကြောင့် ဧကန် သူတို့ အကုသိုလ်သင့်ရ၏။
၉း၁၀။ ယုံကြည်သူနှင့် ပတ်သက်၍ အမျိုးတော်သည်ကိုပင် မထောက်ထားကြ၊ သူတို့သည်ကား စည်းဖေါက်သူများ ဖြစ်ကြ၏။
၉း၁၁။ အကယ်၍ သူတို့သည် ခဝါချကြလျက် ဝတ်ပြုမြဲကြ၍ အခွန်ငွေဖြူ ပေးကြသော် သူတို့သည် သာသနာရေး၌ သင်တို့၏ ညီနောင်များ ဖြစ်ကြ၏၊ ငါသည် အသိပညာရှိသော လူမျိုးအဘို့ သုတ်ဒေသနာများအား ဤသို့ ရှင်းလင်း ဆုံးဖြတ်ပေးတော်မူ၏။
၉း၁၂။ အကယ်၍ သူတို့သည် ကတိပြုပြီးနောက်မှ သူတို့၏ အားစိုက် ကျိန်ဆိုမှုအား ဖေါက်ဖျက်လျက် သင်တို့၏ သာသနာအား နာမည်ဖျက်ကြလျှင် ထိုဖုံးကွယ်ခြင်း ရှေ့ဆောင်များ၏ အားစိုက် ကျိန်ဆိုမှုမှာ အချည်းနှီးသာ ဖြစ်၍ သူတို့အား စစ်ရပ်စဲသည်ထိ ခုခံ တိုက်ကြလော့။
၉း၁၃။ မိမိ၏ အားစိုက် ကျိန်ဆိုမှုကို ဖေါက်ဖျက်လျက် ဉာဏ်စဉ်ဆောင်အား မောင်းထုတ်ပစ်ရန် ကြံစည်သော၊ သင်တို့အား ဦးစွာပထမ စတင် တိုက်ခိုက်သော၊ လူမျိုးအား သင်တို့ ခုခံ တိုက်ကြမည် မဟုတ်လော၊ သူတို့အား ကြောက်ရွံ့ကြသလော၊ သင်တို့သည် ယုံကြည်သူများ ဖြစ်ကြလျှင် ပရမတ်ဘုရားရှင်ကိုသာ ကြောက်ရွံ့အပ်သည်မှာ ပိုမို မှန်ကန်၏။
၉း၁၄။ သူတို့အား ခုခံ တိုက်ကြလော့၊ ပရမတ်ဘုရားရှင်သည် သူတို့အား သင်တို့၏ လက်များဖြင့် ဝဋ်ဒဏ်သင့်စေအံ့၊ အရှက်ကွဲစေတော်မူအံ့၊ သူတို့ကို ဆန့်ကျင်၍ သင်တို့အား ကူညီတော်မူအံ့၊ သက်ဝင် ယုံကြည်သောလူမျိုး၏ ရင်ကို သက်သာစေတော်မူ၍။-
၉း၁၅။ သူတို့၏ စိတ်နှလုံးမှ ဒေါသစိတ်ကို သိမ်းယူပစ်တော်မူအံ့၊ ပရမတ်ဘုရားရှင်သည် စံချိန်ပြည့်သူအား သင်ပုန်းချေ ပေးတော်မူလတ္တံ့၊ ပရမတ်ဘုရားရှင်သည်ကား သိနေသောအရှင်၊ ဓမ္မသတ်ရှင် ဖြစ်တော်မူ၏။
၉း၁၆။ သို့တည်းမဟုတ် သင်တို့မှ မည်သူသည် အားစိုက် ဆောင်ရွက်လျက် ပရမတ်ဘုရားရှင်၊ အရှင်၏ ဉာဏ်စဉ်ဆောင်နှင့် ယုံကြည်သူများမှလွဲ၍ အခြား သူများကို ထဲထဲဝင်ဝင် ယူမှတ်သော သူများအား ပရမတ်ဘုရားရှင်က သိရသော် သင်တို့အား ချန်ပေးထားမည်ဟု စိတ်ကူးယဉ် နေကြသလော၊ ပရမတ်ဘုရားရှင်သည်ကား ကျင့်ကြံသမျှကို သတင်း သိနေတော်မူ၏။
၉း၁၇။ မိမိစရိုက်ကို မိမိရန်သူဟု သက်သေပြသူ၊ ရောပြွန်း ကိုးကွယ်သူတို့သည် ပရမတ်ဘုရားရှင်၏ ဝတ်ကျောင်းတော်အား လည်ပတ်ခွင့် မရှိ၊ သူတို့၏ ကျင့်ကြံမှုသည် အချည်းနှီးပင် ဖြစ်၏၊ သူတို့သည် အပူမီး၌ အစဉ် ခံစားရလတ္တံ့။
၉း၁၈။ ပရမတ်ဘုရားရှင်နှင့် နောက်ဆုံးနေ့ကို ယုံကြည်လျက် ဝတ်ပြု မြဲကြသော၊ အခွန်ငွေဖြူပေးကြသော၊ ပရမတ်ဘုရားရှင်ကိုသာ ကြောက်ရွံ့ ရိုကျိုးကြသော သူတို့သည်သာ ပရမတ်ဘုရားရှင်၏ ဝတ်ကျောင်းတော်အား ဂါယာပြုနိုင်၏၊ ထိုသူတို့သည်သာ တရားလမ်းညွှန် ရသူတို့မှ ဖြစ်ရနိုင်ရာ၏။
၉း၁၉။ ကံဆောင် ပရိဝါသ်ပြုရာ၌ သင်တို့၏ သောက်ရေ ဒါနပြုခြင်းနှင့် ဘေးမဲ့ ဝတ်ကျောင်းတော်အား ဂါယာပြုမှု စီစဉ်ခြင်းများသည် ပရမတ်ဘုရားရှင်နှင့် နောက်ဆုံးနေ့အား ယုံကြည်လျက် ပရမတ်ဘုရားရှင်၏ လမ်းစဉ်တော်၌ အားစိုက် ဆောင်ရွက်ခြင်း ကဲ့သို့ ဖြစ်ကြသလော၊ ပရမတ်ဘုရားရှင်၏ထံ၌ အလျဉ်း မတူညီချေ၊ ပရမတ်ဘုရားရှင်သည် မိုက်ကြေးခွဲသော လူမျိုးအား လမ်းညွှန်တော်မမူချေ။
၉း၂၀။ ယုံကြည်လျက် ပြောင်းရွှေ့ခဲ့ရ၍ ပရမတ်ဘုရားရှင်၏ လမ်းစဉ်တော်၌ သူတို့၏ ဉာဉ်စရိုက် ဥစ္စာပစ္စည်းများဖြင့် အားစိုက် ဆောင်ရွက်သော သူများ၏ အခွင့်အလမ်းမှာ ပရမတ်ဘုရားရှင်၏ ထံတော်၌ ဂုဏ်ဒြပ် ပိုကြီး၏၊ ထိုသူတို့သည် အောင်ပွဲခံသူများ ဖြစ်ကြ၏။
၉း၂၁။ သူတို့အတွက် ကံကြမ္မာရှင်၏ထံမှ အရှင်၏ ကရုဏာနှင့် အားရ ကျေနပ်စရာ သတင်းကောင်းမှာ- သူတို့အတွက် ဂုဏ်ရှိခြင်း၊ မြဲမြံ တည်တံ့ခြင်း၊ သုခဘုံများပင် ဖြစ်၏။
၉း၂၂။ ထို၌ ကာလပိုင်းခြားမဲ့ အစဉ် စံစားရမည်ပင်၊ ဧကန်ပင် ပရမတ်ဘုရားရှင်- အရှင်၏ထံတော်၌ မဟာ ဆုလာဘ်ကြီး ရှိနေ၏။
၉း၂၃။ အို- ယုံကြည်သောသူတို့၊ သင်တို့၏ အဖေများ၊ သင်တို့၏ ညီနောင် သားချင်းများသည် ယုံကြည်မှုထက် ဖုံးကွယ်မှုကို ပို၍ ချစ်ခင် စုံမက်နေကြလျှင် သူတို့အား မဟာမိတ်အဖြစ် မယူမှတ်ကြနှင့်၊ သင်တို့အနက် သူတို့အား အလှည့်ပေးသူ- ထိုသူတို့သည် အမိုက်ကောင်များမှ ဖြစ်၏။
၉း၂၄။ ဟောကြားလော့၊ သင်တို့၏ အဖေများ၊ ညီအစ်ကိုများ၊ အိမ်ထောင်ဘက်များ၊ တစ်ကျိတ်တစ်ကြံတည်း နီးစပ်သူများ၊ အသားကျနေသော ဥစ္စာပစ္စည်းများ၊ သပိတ်မှောက်ခံရမည်ဟု စိုးရိမ်နေသော ရောင်းဝယ်မှုများ၊ စိတ်ကျေနပ်နေသော အိမ်ဝန်းများသည် သင်တို့အတွက် ပရမတ်ဘုရားရှင်ထက်၊ အရှင့် ဉာဏ်စဉ်ဆောင်ထက်၊ အရှင်၏ လမ်းစဉ်တော်၌ အားစိုက် ဆောင်ရွက်ခြင်းထက်၊ ပို၍ ချစ်စရာများ ဖြစ်နေခဲ့လျှင် ပရမတ်ဘုရားရှင်၏ ညွှန်ကြားချက် ပေးရောက်သည့်တိုင် စောင့်ဆိုင်း၍ နေကြကုန်လော့၊ ပရမတ်ဘုရားရှင်သည် ယုတ်မာသော လူမျိုးအား လမ်းညွှန်တော် မမူချေ။
၉း၂၅။ သင်တို့၏ အံ့ဩလောက်သော အင်အား များပြားမှုသည် သင်တို့ အတွက် အသုံးမဝင်၊ တစ်စုံတစ်ရာမျှ ပြည့်စုံခြင်း မရှိ၊ ကျယ်ပြောသော မြေကမ္ဘာသည် သင်တို့အတွက် ကျဉ်းမြောင်းလှ၏၊ သင်တို့ ဘက်လှည့်ရသောအခါ ဧကန်မုချပင် ပရမတ်ဘုရားရှင်သည် သင်တို့အား ဟိုနန်ဒေသများ နေ့ကာလ၌ မြောက်မြားစွာ ကူညီခဲ့ပြီ။
၉း၂၆။ ထို့နောက် ပရမတ်ဘုရားရှင်သည် အရှင်၏ ဉာဏ်စဉ်ဆောင်နှင့် ယုံကြည်သူများ၏ အပေါ်သို့ တည်ငြိမ် အေးချမ်းမှုကို ချမှတ် ပေးတော်မူ၏၊ ထို့နောက် ဖုံးကွယ်သော သူများအား ဝဋ်ဒဏ်ခတ်ရန်- မမြင်နိုင်သော စစ်သည်တော်များကို ချမှတ်ပေးတော်မူ၏၊ ဤသည် ရန်သူများအတွက် အစားပေးမှုပင် ဖြစ်၏။
၉း၂၇။ တဖန် ထို့နောက်တွင်မှ ပရမတ်ဘုရားရှင်သည် စံချိန်ပြည့်သူအား သင်ပုန်းချေ ပေးတော်မူ၏၊ ပရမတ်ဘုရားရှင်သည် လွတ်ငြိမ်းစေသောအရှင်၊ အကြင်နာရှင် ဖြစ်တော်မူ၏။
၉း၂၈။ အို- ယုံကြည်သောသူတို့၊ ရောပြွန်း ကိုးကွယ်သူတို့သည် အယူ မသန့်သူများ ဖြစ်၏၊ သို့ဖြစ်၍ ဤနှစ်ကုန်ပြီးနောက် သူတို့အား ဘေးမဲ့ ကျောင်းတော်အပါးသို့ မချဉ်းကပ်စေရ၊ အကယ်၍ သင်တို့သည် ချို့တဲ့မည်ကို စိုးရိမ်ခဲ့သော် ပရမတ်ဘုရားရှင်သည် အရှင်၏ သိက္ခာပေးမှုဖြင့် စံချိန်ပြည့်လျှင် ပြည့်စုံ ကြွယ်ဝစေလတ္တံ့၊ ဧကန်ပင် ပရမတ်ဘုရားရှင်သည် သိနေသောအရှင်၊ ဓမ္မသတ်ရှင် ဖြစ်တော်မူ၏။
၉း၂၉။ ကျမ်းပေးခံရသော သူများအနက် ပရမတ်ဘုရားရှင်နှင့် နောက်ဆုံးနေ့အား မယုံကြည်၊ ပရမတ်ဘုရားရှင်နှင့် အရှင်၏ ဉာဏ်စဉ်ဆောင်က တားမြစ် ထားသည်များကို မတားမြစ်၊ မှန်ကန်သော ဖွဲ့စည်းပုံဥပဒေအား ဥပဒေအဖြစ် လက်မခံသော သူတို့အား လက်နက်ချ၍ ဆက်သရသည်အထိ ခုခံ တိုက်ကြလော့၊ သူတို့သည် သေးသိမ်သူများ ဖြစ်ကြ၏။
၉း၃၀။ ရေဝတီများက အုဇိုင်သည် ပရမတ်ဘုရားရှင်၏ သားတော်ဟု ဆိုကြ၍ ခရစ်ယာန်များက ခရစ်တော်သည် ပရမတ်ဘုရားရှင်၏ သားတော်ဟု ပြောကြ၏၊ ယင်းသည် သူတို့၏ ပါးစပ်များဖြင့် ပြောဆိုခြင်းပင် ဖြစ်၏၊ သူတို့သည် ဤမတိုင်မီက ဖုံးကွယ်သော သူများ၏ အဆိုကို အတုခိုးကြ၏၊ ပရမတ်ဘုရားရှင်သည် သူတို့ အား ခုခံ တော်လှန်တော်မူလတ္တံ့၊ သူတို့သည် မည်သို့ လှည့်စား ခံနေကြသနည်း။
၉း၃၁။ သူတို့သည် ပရမတ်ဘုရားရှင်မှလွဲ၍ သူတို့၏ ဓမ္မစရိယများ၊ ဘုန်းတော်ကြီးများနှင့် မာရိ၏သား ခရစ်တော်အား အယူထားကြ၏၊ သူတို့အား တစ်ပါးတည်း ဘုရားရှင်ကိုသာ ကိုးကွယ်ကြရန် ညွှန်ကြားခြင်း ခံခဲ့ရ၏၊ ထိုအရှင်မှအပ အခြား ဘုရားဟူ၍ မရှိချေ၊ အရှင်သည် ရောပြွန်း ဖက်စပ်ခြင်းမှ ကင်းသည့် ဦးထိပ်ထားရာ ဖြစ်တော်မူ၏။
၉း၃၂။ ပရမတ်ဘုရားရှင်၏ ရောင်ခြည်တော်အား သူတို့၏ ပါးစပ်များဖြင့် မှုတ်ငြိမ်းလိုကြ၏၊ ဖုံးကွယ်သူတို့ မကြိုက်လျှင်လည်း ပရမတ်ဘုရားရှင်သည် အတည်ပြုသည် မဟုတ်၊ မိမိ၏ ရောင်ခြည်တော်ကိုသာ ပြည့်စုံစေတော်မူမည်။
၉း၃၃။ ရောပြွန်း ကိုးကွယ်သူများက မကြိုက်သော်လည်း သာသနာကိုယ်စီ ပေါ်လွင်စေရန် လမ်းညွှန်တော်၊ စစ်မှန်သော သာသနာတော်အားဖြင့် ဉာဏ်စဉ်ဆောင်အား အရှင် စေစားတော်မူ၏။
၉း၃၄။ အို- ယုံကြည်သောသူတို့၊ ဧကန်ပင် များစွာသော ဓမ္မစရိယများ၊ ဘုန်းတော်ကြီးများသည် လူသားတို့၏ ဥစ္စာပစ္စည်းများကို အမှားပြု၍ စားသုံးလျက် ပရမတ်ဘုရားရှင်၏ လမ်းစဉ်တော်မှ ရှောင်ဖယ်ကြ၏၊ ရွှေ၊ ငွေများကို ဥစ္စာစောင့်လျက် ပရမတ်ဘုရားရှင်၏ လမ်းစဉ်တော်၌ သုံးစွဲခြင်း မရှိသော သူများလည်း ဖြစ်၏၊ သူတို့အား စူးနစ်သော ဝဋ်ကြွေးအကြောင်း သတင်းကောင်းကို ပါးလော့။
၉း၃၅။ ငရဲဘုံ၏ အပူမီးထဲ၌ ရှို့မြှိုက်ခံရသော ကာလ၌ သူတို့၏နဖူးများ၊ နံဘေးများနှင့် ကျောကုန်းများကို ၎င်းအားဖြင့် အမှတ်တံဆိပ် ခပ်နှိပ်လတ္တံ့၊ ဤသည် သင်တို့၏ စရိုက်အတွက် သင်တို့၏ ရတနာများ ဖြစ်၏၊ သို့ဖြစ်၍ သင်တို့၏ ရတနာများကို မြည်းစမ်းကြလော့။
၉း၃၆။ ပရမတ်ဘုရားရှင်ထံတော်၌ လများ၏ အရေအတွက်မှာ ဆယ့်နှစ်လ ဖြစ်၍၊ မိုးများနှင့် မြေအား ဖြစ်တည်စေသည့် နေ့ကာလမှ စ၍ ၎င်းတို့မှ လေးလသည် ပရမတ်ဘုရားရှင်၏ ပြဌာန်းမှု၌ ဘေးမဲ့လများ ဖြစ်၏၊ ဤသည် တည်တံ့ ခိုင်မြဲသော သာသနာပေတည်း၊ ထိုလများအတွင်း မိမိတို့၏ စရိုက်များအား အမိုက် မစီးစေကြနှင့်၊ သင်တို့အား တိုက်ခိုက်ကြသည့် နည်းအားလုံးဖြင့် ရောပြွန်း ကိုးကွယ်သူများအား ခုခံ တိုက်ကြလော့၊ ဧကန်ပင် ပရမတ်ဘုရားရှင်သည် စည်းစောင့်သူများနှင့် အပြည့်အဝ ရှိတော်မူကြောင်းကို သိကြကုန်လော့။
၉း၃၇။ အချိန်ဆွဲထားခြင်းသည် ဖုံးကွယ်ခြင်း၌ တိုးပွားစေခြင်းသာ ဖြစ်၏၊ ဖုံးကွယ် လွှဲဖယ်သောသူသည် ၎င်းအား တစ်နှစ်တွင် တရားဝင်ပြုသည်ကို တားမြစ်ကြ၏၊ နောင်နှစ်တွင် ပရမတ်ဘုရားရှင်က တားမြစ်ထားသည်ကို တက်လှမ်း၍ တရားဝင် ပြုကြ၏၊ ဤသို့ တားမြစ်မှု၊ အကုသိုလ် ကျင့်ကြံမှုများကို ပရမတ်ဘုရားရှင်က သူတို့အဘို့ ဖမ်းစားထားစေ၏၊ ပရမတ်ဘုရားရှင်သည် ဖုံးကွယ်သော လူမျိုးအား လမ်းညွှန်တော်မမူချေ။
၉း၃၈။ အို- ယုံကြည်သောသူတို့၊ ပရမတ်ဘုရားရှင်၏ လမ်းစဉ်တော်အတွက် ချီတက်ကြရန် ပြောသောအခါ အဘယ်ကြောင့် မြေ၌ လေးလံနေကြကုန်သနည်း၊ သင်တို့သည် ဤလောကီဘဝကို နောင်ဘဝထက် ပို၍ ကျေနပ် နှစ်သက်နေသလော၊ ဤလောကီဘဝ၏ ချမ်းမြေ့မှုသည် နောင်ဘဝနှင့် ယှဉ်လျှင် အနည်းငယ်မျှသာ ဖြစ်ချေ၏။
၉း၃၉။ ချီမတက်ကြလျှင် သင်တို့အား စူးနစ်သော ဝဋ်ဒဏ်အားဖြင့် ဝဋ်ဒဏ်သင့်စေ၍ သင်တို့အား အခြားလူမျိုးဖြင့် ပြောင်းလဲပစ်လတ္တံ့၊ သင်တို့သည် အရှင့်အား တစ်စုံတစ်ရာမျှ နစ်နာစေနိုင်သည် မဟုတ်ချေ၊ ပရမတ်ဘုရားရှင်သည် သဗ္ဗလုံးစုံအား စည်းချိန် ချမှတ်တော်မူ၏။
၉း၄၀။ သင်တို့သည် သူ့အား မကူညီသော်လည်း သူ့အား ဖုံးကွယ်သော သူများက နှင်ထုတ်သောအခါ ပရမတ်ဘုရားရှင်က ကူညီခဲ့၏၊ သူသည် နှစ်ယောက် အနက် ဒုတိယ ဖြစ်၍ သူတို့သည် လျှိုထဲ၌ ရှိနေစဉ် သူ၏ ပေါင်းဖေါ်အား “စိတ်မပူနှင့်၊ ဧကန်ပင် ပရမတ်ဘုရားရှင်သည် ကျွန်ုပ်တို့နှင့် အတူရှိ၏” ဟု ပြောသောအခါ ပရမတ်ဘုရားရှင်သည် သူ့အား စိတ်တည်ငြိမ်မှုကို ချမှတ်ပေး၏၊ သူ့အပေါ်၌ မမြင်နိုင်သော စစ်တပ်ကြီးဖြင့် ထောက်ပံ့ပေး၍ ဖုံးကွယ်သောသူတို့၏ စကားများကို အနိမ့်ဆုံးသို့၊ ပရမတ်ဘုရားရှင်၏ စကားတော်အား အထွဋ်အထိပ်သို့ ဖြစ်ရန် စီစဉ်ပေး၏။ ပရမတ်ဘုရားရှင်သည်ကား ဘုန်းတော်ရှင်၊ ဓမ္မသတ်ရှင် ဖြစ်တော်မူ၏။
၉း၄၁။ လျင်မြန် ပေါ့ပါးစွာဖြစ်စေ၊ အေးဆေး တည်ငြိမ်စွာဖြစ်စေ၊ ပရမတ်ဘုရားရှင်၏ လမ်းစဉ်တော်၌ ချီတက်လျက် မိမိ၏စရိုက်များ၊ ဥစ္စာများဖြင့် အားစိုက် ဆောင်ရွက်လော့၊ ဤသည် သင်တို့အဘို့ ပိုကောင်း၏၊ သင်တို့ သိကြပါလေစ။
၉း၄၂။ အကယ်၍ ဘောင်ဝင်မှု နီးစပ်လျက် လမ်းခရီးသည်လည်း ဖြတ်လမ်းဖြစ်လျှင် သင့်နောက်သို့ လိုက်ကြကုန်လတ္တံ့၊ သို့သော် သူတို့အတွက် နောက်ကျမည်ဟု စိတ်ပင်ပန်းလျှင် ပရမတ်ဘုရားရှင်အား တိုင်တည်ကာ “ကျွန်ုပ်တို့သာ တတ်နိုင်ခဲ့ပါက သင်နှင့်အတူ ထွက်ခွာမည်ပင်၊” ဟု သူတို့၏ စရိုက်များကို တိမ်ကောစေကြပြီ၊ သူတို့သည် မုသားကောင်များ ဖြစ်သည်ကို ပရမတ်ဘုရားရှင်သည် သိနေတော်မူ၏။
၉း၄၃။ ပရမတ်ဘုရားရှင်သည် သင့်အား ကျေအေးပေး၏၊ ဖြောင့်မှန်သော သူများ ဖြစ်သည်ဟု မရှင်းလင်းမီ အဘယ်ကြောင့် ကျန်နေခွင့် ပြုလေသနည်း၊ သူတို့သည် မုသားကောင်များ ဖြစ်သည်ကို သိကြကုန်လော့။
၉း၄၄။ ပရမတ်ဘုရားရှင်နှင့် နောက်ဆုံးနေ့ကို ယုံကြည်သော သူများက သူတို့၏ ဥစ္စာပစ္စည်းများ ဉာဉ်စရိုက်များအားဖြင့် အားစိုက် ဆောင်ရွက်ခြင်းမှ သင့်ထံ၌ ကင်းလွတ်ခွင့် တောင်းကြသည် မဟုတ်၊ ပရမတ်ဘုရားရှင်သည် စည်းစောင့်သူများအား သိနေသောအရှင် ဖြစ်၏။
၉း၄၅။ ပရမတ်ဘုရားရှင်နှင့် နောင်ဘဝနေ့ ကာလကို မယုံကြည်သော သူများသည်သာ ကင်းလွတ်ခွင့်ကို သင့်ထံမှ တောင်းကြ၏၊ သူတို့၏ စိတ်နှလုံးများသည် သံသယ၌ ရှိ၏၊ သို့ဖြင့် သူတို့၏ သံသယက သူတို့အား နောက်ပြန်ပို့နေ၏။
၉း၄၆။ အကယ်၍ သူတို့သည် ထွက်ခွာလိုလျှင် တွက်ချက် ပြင်ဆင်ရမည်ကို တွက်ချက် ပြင်ဆင်ထားကြလတ္တံ့၊ သို့ရာတွင် သူတို့၏ ထင်ပေါ်လိုခြင်းကို ပရမတ်ဘုရားရှင် မကြိုက်ချေ၊ သို့ဖြစ်၍ သူတို့အား ထားခဲ့လျက် ထိုင်နေသူများနှင့်အတူ ထိုင်နေခဲ့ရန် မိန့်ဆို၏။
၉း၄၇။ သူတို့သည် သင်တို့နှင့်အတူ ထွက်ခွာခဲ့လျှင် သင်တို့အား တိုးပွားစေခြင်း မရှိ၊ ဆုတ်ယုတ်ခြင်းသာ ရှိ၏၊ သင်တို့၏အတွင်း၌ နေရာချလျက် သင်တို့အား သွေးတိုးစမ်းမှုကို ရှာဖွေကာ သူတို့အတွက် နားစွင့်သူများ ဖြစ်ကြ၏၊ ပရမတ်ဘုရားရှင်သည် အမိုက်ကောင်များအား သိနေသောအရှင် ဖြစ်၏၊
၉း၄၈။ သူတို့သည် ရှေ့အလျင်ကလည်း သွေးတိုးစမ်းမှုကို ရှာဖွေခဲ့ပြီ၊ သင့် အတွက် အမှန်တရားနှင့် ညွှန်ကြားချက် ရောက်လာသည့်တိုင် ဦးလှည့်နေသေး၏၊ သူတို့ မကြည်ဖြူသော်လည်း ပရမတ်ဘုရားရှင်၏ ညွှန်ကြားချက်သည် ပေါ်လွင်လာခဲ့ပြီ။
၉း၄၉။ သူတို့အနက် “ကျွန်ုပ်အား ခွင့်ပြုပေးပါ၊ ကျွန်ုပ်အား သွေးတိုး မစမ်းပါနှင့်၊” ဟု ပြောသူလည်း ရှိ၏၊ သူတို့သည်သာ သွေးတိုးစမ်းခံရခြင်းသို့ ကျဆင်းကြ၏၊ ဧကန်ပင် ငရဲဘုံသည် ဖုံးကွယ်သူများအား ဝန်းရံထားလေပြီ။
၉း၅၀။ သင့်အား သုမင်္ဂလာ သက်လျှင် သူတို့အတွက် အကုသိုလ် ဖြစ်ကြ၏၊ ထိခိုက်မှု တစ်ခုထိလျှင် “ကျွန်ုပ်တို့သည် ရှေ့အလျင်ကပင် ညွှန်ကြားချက် ယူထား၏၊” ဟု ဆိုလျက် ဝမ်းမြောက်ဝမ်းသာဖြင့် လှည့်ထွက်သွားကြ၏။
၉း၅၁။ ဟောလော့၊ “ပရမတ်ဘုရားရှင်၏ ပြဌာန်းချက်မှအပ ကျွန်ုပ်တို့အား ထိခိုက်မည် မဟုတ်၊ အရှင်သည် ကျွန်ုပ်တို့အတွက် မဟာမိတ် ဖြစ်၏၊ သက်ဝင် ယုံကြည်သူ အပေါင်းသည် ပရမတ်ဘုရားရှင်ကိုသာ ကိုးစားကြကုန်၏။
၉း၅၂။ ဟောလော့၊ “အတင့်တယ်ဆုံးသော အရာနှစ်ခုအနက် တစ်ခုခုသည် ကျွန်ုပ်တို့အတွက် ဖြစ်၏ ဆိုသည်မှအပ အသင်တို့ စောင့်ကြည့်နိုင်ကြသလော၊ ကျွန်ုပ်တို့သည် သင်တို့အား ပရမတ်ဘုရားရှင်၏ထံမှ၊ သို့မဟုတ် ကျွန်ုပ်တို့၏ လက်များဖြင့် ဝဋ်ဒဏ်ထိစေရန် စောင့်ကြည့်နေကြ၏၊ ထို့ကြောင့် စောင့်ကြည့်ကြလော့၊ ကျွန်ုပ်တို့လည်း သင်တို့နှင့်အတူ စောင့်နေကြ၏။”
၉း၅၃။ ဟောပြောလော့၊ “သင်တို့မှ သဘောတူစွာ၊ သို့မဟုတ် သဘောမတူဘဲ ထည့်ဝင် သုံးစွဲမှုများအတွက် အကိုးပြည့်စေမည် မဟုတ်၊ သင်တို့သည် ယုတ်မာသူ လူမျိုးပင် ဖြစ်၏။”
၉း၅၄။ ပရမတ်ဘုရားရှင်နှင့် အရှင့်ဉာဏ်စဉ်ဆောင်အား ကျေးစွပ် ဖုံးကွယ်ခြင်းကြောင့်သာ သူတို့၏ ထည့်ဝင် သုံးစွဲခြင်းကို အကိုး မပြည့်စေရ ဟု ဟန့်တားခဲ့ ခြင်း ဖြစ်၏၊ သူတို့သည် ဝတ်ပြုခြင်းအား စိတ်မပါဘဲသာ လာကြ၏၊ မကြည်ဖြူဘဲသာ ထည့်ဝင် သုံးစွဲနေကြ၏။
၉း၅၅။ ထို့ကြောင့် သူတို့၏ ဥစ္စာပစ္စည်းများ၊ ရင်သွေးများက သင့်အား အံ့ဩလောက်စရာ မဖြစ်စေနှင့်၊ ပရမတ်ဘုရားရှင်သည် ၎င်းတို့အားဖြင့် သူတို့အား ဤဘဝ ရှင်သန်မှု၌ ဝဋ်ဒဏ် သင့်စေလို၏၊ သူတို့အား ဖုံးကွယ်သူများ အဖြစ်နှင့်ပင် ဉာဉ်စရိုက်များကို ခွဲခွာစေတော်မူမည်။
၉း၅၆။ “ကျွန်ုပ်တို့မှာ သင်တို့ထဲမှပင် ဖြစ်၏၊” ဟု ပရမတ်ဘုရားရှင်အား သူတို့ တိုင်တည်ကြ၏၊ သူတို့သည် သင်တို့ထဲမှ မဟုတ်ချေ၊ အမှန်မှာ သူတို့သည် ခွဲနေသော လူမျိုးသာ ဖြစ်ပေ၏။
၉း၅၇။ အကယ်၍ သူတို့သည် ခိုကပ်စရာ၊ သို့မဟုတ် လျှို၊ သို့ဟုတ် ဝင်ပေါက်တစ်ခုကို တွေ့လေလျှင် ထိုဘက်သို့ လှည့်လျက် တဟုန်ထိုး ရှောင်ပြေးကြလတ္တံ့။
၉း၅၈။ သူတို့အနက် အလှုဒါနနှင့် စပ်လျဉ်း၍ အသင့်အား ဝေဖန် ပုတ်ခတ်သူလည်း ရှိ၏၊ ၎င်းမှ သူတို့အား လက်ဆောင် ပေးလျှင် စိတ်ကျေနပ်ကြ၍ သူတို့အား လက်ဆောင် မပေးလျှင် စိတ်ဆိုးကြကုန်၏။
၉း၅၉။ ပရမတ်ဘုရားရှင်နှင့် အရှင့် ဉာဏ်စဉ်ဆောင်က ပေးကမ်းသည်ကို ကျေနပ်ကြလျက် “ပရမတ်ဘုရားရှင်သည် ကျွန်ုပ်တို့အတွက် စာရင်းချုပ် ဖြစ်၏၊ ပရမတ်ဘုရားရှင်နှင့် အရှင်၏ ဉာဏ်စဉ်ဆောင်သည် အရှင်၏ သိက္ခာပေးခြင်းမှ ကျွန်ုပ်တို့အား ချီးမြှင့်လတ္တံ့၊ ကျွန်ုပ်တို့သည် ပရမတ်ဘုရားရှင်ထံသို့သာ ဦးစားပေးသူများ ဖြစ်ပါ၏” ဟု ဆိုကြပါလေစ။
၉း၆၀။ အလှုဒါနများသည် ဆင်းရဲသူများ၊ လိုအပ်သူများ၊ စိတ်နှလုံး စည်းလုံးရန် ကျင့်ကြံသူများနှင့် ကျွန်စနစ် ဖျက်သိမ်းရန် လည်းကောင်း၊ ကြွေးတင်နေရသူများ၊ ပရမတ်ဘုရားရှင်၏ လမ်းစဉ်တော်နှင့် ခရီးသည်များအတွက် လည်းကောင်း၊ ဖြစ်ရမည်ဟု ပရမတ်ဘုရားရှင်၏ထံမှ တာဝန်ပေး၏၊ ပရမတ်ဘုရားရှင်သည် သိနေသောအရှင်၊ ဓမ္မသတ်ရှင် ဖြစ်တော်မူ၏။
၉း၆၁။ သူတို့အနက်မှ “သူသည် နားပါးသူသာ ဖြစ်၏၊” ဟု ပြောဆို၍ သတင်းတော်ဆောင်အား ထိခိုက် နစ်နာစေသော သူများလည်းရှိ၏၊ ဟောပြောလော့၊ “ပရမတ်ဘုရားရှင်အား ယုံကြည်သူ၊ သက်ဝင် ယုံကြည်သူများအား ယုံကြည်သူ၊ သင်တို့အတွက် ကောင်းကျိုး၌ နားပါးသူ ဖြစ်၏၊ သင်တို့အနက်မှ ယုံကြည်သော သူများအတွက် ကရုဏာလည်း ဖြစ်၏၊” ဉာဏ်စဉ်ဆောင်အား ထိခိုက်စေသော သူများအတွက် ပရမတ်ဘုရားရှင်၏ စူးနစ်သော ဝဋ်ကြွေးဒဏ်သည် ရှိနေ၏။
၉း၆၂။ သင်တို့ ကျေနပ်စေရန် ပရမတ်ဘုရားရှင်အား သူတို့ တိုင်တည်ကြ၏၊ သူတို့သည် ယုံကြည်သူ စင်စစ်များ ဖြစ်ကြလျက် အရှင့်အား ကျေနပ်စေလျှင် ပရမတ်ဘုရားရှင်၊ အရှင်၏ ဉာဏ်စဉ်ဆောင်အား ပိုမို မှန်ကန်စွာ ချဉ်းကပ်သင့်၏။
၉း၆၃။ ပရမတ်ဘုရားရှင်နှင့် အရှင်၏ ဉာဏ်စဉ်ဆောင်အပေါ် မာရေကျောရေရှိသော မည်သူမဆို သူ့အတွက် ထို၌ အစဉ် စံစားရန် ငရဲမီးသည် ရှိနေကြောင်း၊ ယင်းသည် မဟာ အရှက်ကွဲရမှု ဖြစ်ကြောင်း သူတို့ မသိကြသလော။
၉း၆၄။ သူတို့၏ စိတ်နှလုံးတွင်း၌ ရှိသည်ကို ဖေါ်ထုတ်သော ဓမ္မခန္ဓာတစ်ခု သူတို့အတွက် ချမှတ်ပေးမည်ကို သီလကြောင်တို့မှာ သတိထားနေကြ၏၊ ဟောလော့၊ “သင်တို့ လှောင်ပြောင်နေလော့၊ ဧကန်ပင် ပရမတ်ဘုရားရှင်သည် သင်တို့ သတိထား နေသည်ကိုပင် သတင်း ထုတ်ပြန်တော်မူလတ္တံ့။”
၉း၆၅။ သူတို့အား မေးလျှင် “ကျွန်ုပ်တို့ ဟာသလုပ် ပြက်လုံးထုတ်ခြင်းသာ ဖြစ်၏၊” ဟု ဆိုကြလတ္တံ့၊ “ပရမတ်ဘုရားရှင်၊ အရှင်၏ သုတ်ဒေသနာများနှင့် အရှင်၏ ဉာဏ်စဉ်ဆောင်အား အသင်တို့ လှောင်ပြောင်ကြသည် မဟုတ်လော၊” ဟု မေးမြန်းလော့။
၉း၆၆။ မတောင်းပန်ကြနှင့်၊ သင်တို့သည် ယုံကြည်ပါသည် ဟု ဆိုပြီးမှ ဖုံးကွယ်ကြ၏၊ ငါသည် သင်တို့မှ တစ်စုကို ကျေအေးတော်မူမည်၊ တစ်စုအား သူတို့သည် ရာဇဝတ်ကောင်များ ဖြစ်ခဲ့ခြင်းကြောင့် ဝဋ်သင့်စေတော်မူမည်။
၉း၆၇။ သီလကြောင်များ၊ သီလကြောင်မများမှ အချို့သည် အချို့ဖြင့် ဆက်စပ်နေ၏၊ သူတို့သည် သူစိမ်းဆန်ခြင်းကို ညွှန်ကြား၍ အသိအမှတ်ပြုမှုကို ဟန့်တား၏၊ သူတို့၏ လက်များကို ဆုပ်ထားကြ၏၊ သူတို့သည် ပရမတ်ဘုရားရှင်အား မေ့ပစ်ထားသောကြောင့် သူတို့အား အရှင်က မေ့ထားပစ်၏၊ ဧကန်ပင် သီလကြောင်များသည် ယုတ်မာသူများ ဖြစ်၏။
၉း၆၈။ ပရမတ်ဘုရားရှင်သည် သီလကြောင်များ၊ သီလကြောင်မများနှင့် ဖုံးကွယ်သူများအား ငရဲ၏မီး၌ အစဉ် ခံစားရရန် ကတိထားတော်မူ၏၊ ၎င်းသည် သူတို့အတွက် စာရင်းချုပ် ဖြစ်၏၊ ပရမတ်ဘုရားရှင်၏ထံမှ မေတ္တာ ဝေးကွာခြင်းလည်း ဖြစ်၏၊ သူတို့အတွက် မြဲမြံ တည်တံ့သော ဝဋ်ကြွေးပင်တည်း။
၉း၆၉။ သင်တို့၏ ရှေ့အလျင် သင်တို့ထက် အစွမ်း ပြတ်သား၍ ဥစ္စာပစ္စည်း ရင်သွေးများစွာဖြင့် တည်ဆောက်လျက် ချမ်းမြေ့ သာယာနေသော သူများကဲ့သို့ သင်တို့သည်လည်း တည်ဆောက် ပျော်ပါးနေကြ၏၊ သင်တို့မတိုင်မီ သူတို့၏ တည်ဆောက်ထားမှု၌ လေပေါနေသော သူများသကဲ့သို့ သင်တို့သည်လည်း လေပေါနေကြ၏၊ ဤဘဝ၊ နောင်ဘဝ၌ အချည်းနှီးသော ကျင့်ကြံမှုများတွင် ရှိသောသူ၊ ထိုသူတို့သည်ကား ဆုံးရှုံး နစ်နာသူများ ဖြစ်ကြ၏။
၉း၇၀။ သူတို့၏ ရှေ့အလျင်က သတင်းအကြောင်းများ ဖြစ်သည့် နူးဟ်၊ အာဒ်၊ သမူဒ်၏ လူမျိုးများ၊ အီဗရာဟီးမ်၏ လူမျိုးများ၊ မီဒီယံ ပေါင်းဖေါ်များ၊ ပြောင်းပြန်လန်သွားသော မြို့များအကြောင်း၊ သင်တို့ထံ သတင်း မရောက်သလော၊ သူတို့ထံသို့ ရှင်းလင်းချက်များဖြင့် ဉာဏ်စဉ်ဆောင်များ ရောက်စေခဲ့ပြီ၊ သို့ဖြင့် ပရမတ်ဘုရားရှင်သည် သူတို့အား အမိုက်စီးစေခဲ့သည် မဟုတ်၊ သူတို့၏ စရိုက်ကိုသာ သူတို့ မိုက်ကြေးခွဲခဲ့ခြင်း ဖြစ်၏။
၉း၇၁။ ယုံကြည်သူ၊ ယုံကြည်သူမများမှ အချို့သည် အချို့အတွက် မဟာမိတ်များ ဖြစ်ကြ၏၊ အသိအမှတ်ပြုမှုကို ညွှန်ကြားကြ၏၊ သူစိမ်းဆန်ခြင်းကို ဟန့်တား ကြ၏၊ ဝတ်ပြု မြဲကြ၏၊ အခွန်ငွေဖြူပေးကြ၏၊ ပရမတ်ဘုရားရှင်နှင့် အရှင်၏ ဉာဏ်စဉ်ဆောင်အား နာခံကြ၏၊ ထိုသူတို့အား ပရမတ်ဘုရားရှင်၏ မဟာ ကရုဏာတော် ကိန်းသက်လတ္တံ့၊ ဧကန်ပင် ပရမတ်ဘုရားရှင်သည် ဘုန်းတော်အရှင်၊ ဓမ္မသတ်ရှင် ဖြစ်တော်မူ၏။
၉း၇၂။ ယုံကြည်သူ၊ ယုံကြည်သူမများအား စမ်းချောင်းရေသွင် စီးဆင်းနေသော သုခဘုံများ- ထို၌ အစဉ် စံစားရမည်၊ ထိုတည်မြဲခြင်း သုခဘုံများ၌ စင်ကြယ်စွာ အခြေချရမည်ဟု ပရမတ်ဘုရားရှင်က ကတိထားတော်မူ၏၊ ဤသည် ပရမတ်ဘုရားရှင်ထံမှ ကြီးကျယ်လွန်းသော ကျေနပ်စေမှု ဖြစ်၏၊ ဤသည် မဟာ အောင်ပွဲပင် ဖြစ်၏။
၉း၇၃။ အေ- သတင်းတော်ဆောင်၊ ဖုံးကွယ်သူများနှင့် သီလကြောင်များကို ဆန့်ကျင်လျက် အားစိုက် ဆောင်ရွက်လော့၊ သူတို့အပေါ်၌ တိကျ ပြတ်သားလော့၊ သူတို့၏ ခိုလှုံရာသည် ငရဲဘုံနှင့် အမင်္ဂလာ ခရီးဆုံး ဖြစ်၏။
၉း၇၄။ သူတို့သည် “မပြောဆိုရပါ၊” ဟု ပရမတ်ဘုရားရှင်အား တိုင်တည်ကြ၏၊ အမှန်ပင် သူတို့သည် အစ္စလာမ်အဖြစ် ခံယူပြီးမှ ဖုံးကွယ်မှုနှင့် ဖုံးကွယ်သော စကားများကို ပြောဆိုကြ၏၊ သူတို့ မဆွတ်ခူးနိုင်သည်ကို ကြံစည်ကြ၏၊ ပရမတ်ဘုရားရှင်နှင့် အရှင့် ဉာဏ်စဉ်ဆောင်၏ သိက္ခာပေးခြင်းနှင့် ပြည့်စုံခြင်းမရှိလျှင် လက်တုံ့ပြန်ကြမည် မဟုတ်ချေ၊ သို့ဖြစ်၍ သူတို့သည် ခဝါချကြလျှင် သူတို့အတွက် ပိုကောင်း၏၊ အကယ်၍ သူတို့ လှည့်သွားခဲ့လျှင် ပရမတ်ဘုရားရှင်က သူတို့အတွက် စီမံထားသည့် ဝဋ်ကြွေးမှာ ဤဘဝ၊ နောင်ဘဝ၌ စူးနစ်သော ဝဋ်ကြွေးပင် ဖြစ်၏၊ မြေကမ္ဘာ၌ သူတို့အတွက် ကူညီမည့်သူ မဟာမိတ်ဟူ၍ မရှိပြီ။
၉း၇၅။ သူတို့အနက် အရှင်၏ သိက္ခာပေးခြင်းမှ ကျွန်ုပ်တို့အား ချီးမြှင့်လျှင် ကျွန်ုပ်တို့သည် အလှုဒါနပြုလျက် ပြုပြင်သူများမှ ဖြစ်ကြပေမည်ဟု ပရမတ် ဘုရားရှင်အား ပဋိညာဉ်ထားသူများ ရှိ၏။
၉း၇၆။ သို့သော် အရှင်၏ သိက္ခာပေးခြင်းမှ သူတို့အား ချီးမြှင့်သောအခါ ကပ်စေးနှဲကြကုန်၏၊ လှည့်ပြန်လျက် သူတို့သည် ဘောင်ကန့်ထားသူများ ဖြစ်ကြ၏။
၉း၇၇။ ပရမတ်ဘုရားရှင်၌ထားသော ကတိအား ဖြည့်ဆည်းရန် ပေါ့ပျက်ခြင်း၊ လိမ်လည်ခြင်း များကြောင့် အရှင့်အား ဆုံတွေ့ရသည့် နေ့တိုင် သူတို့၏ နှလုံးသား၌ သီလကြောင်စိတ်များ ချုပ်ကိုင်ကြလေပြီ။
၉း၇၈။ သူတို့၏ ကြိတ်၍ ကြံစည်မှုနှင့် သီးခြား တိုင်ပင်ခြင်းများကို ပရမတ်ဘုရားရှင်သည် ကုန်စင် သိနေတော်မူကြောင်း သူတို့ မသိကြသလော၊ ဧကန်ပင် ပရမတ်ဘုရားရှင်သည် စက္ခုလွန်များကို သိနေသောအရှင် ဖြစ်၏။
၉း၇၉။ အလှုဒါနအား စိတ်ပြတ်စွာ ပေးကမ်းသည့် ယုံကြည်သော သူများနှင့် ကိုယ်တွေ့မဖြစ်နိုင်၍ မိမိ၏ အားစိုက် ဆောင်ရွက်သော သူတို့အား ဝေဖန် ပုတ်ခတ် သောသူများ- ထိုသူတို့မှ ပျက်ရယ်ပြုခြင်းအား ပရမတ်ဘုရားရှင်က သူတို့၌သာ ပျက်ရယ်မှု သင့်စေ၏၊ သူတို့အတွက် စူးနစ်နာကျင်သော ဝဋ်ကြွေးသည် ရှိနေ၏။
၉း၈၀။ သူတို့အတွက် လွတ်ငြိမ်းခွင့် ပန်သည်ဖြစ်စေ၊ လွတ်ငြိမ်းခွင့် မပန်သည်ဖြစ်စေ၊ အကြိမ်ခုနှစ်ဆယ် လွတ်ငြိမ်းခွင့် ပန်သော်လည်း ပရမတ်ဘုရားရှင်သည် သူတို့အား လွတ်ငြိမ်းစေမည် မဟုတ်ချေ၊ ၎င်းမှာ- ပရမတ်ဘုရားရှင်နှင့် အရှင်၏ ဉာဏ်စဉ်ဆောင်အား သူတို့၏ ငြင်းပယ် ဖုံးကွယ်မှုကြောင့် ဖြစ်၏၊ ပရမတ်ဘုရားရှင်သည် ယုတ်မာသော လူမျိုးအား လမ်းညွှန်တော် မမူချေ။
၉း၈၁။ နောက်ချန်ခဲ့သော သူများသည် ပရမတ်ဘုရားရှင်၏ ဉာဏ်စဉ်ဆောင်၏ နောက်ချန် ထိုင်နေရခြင်းကို ဝမ်းမြောက်၏၊ ပရမတ်ဘုရားရှင်၏ လမ်းစဉ်တော်၌ ဥစ္စာပစ္စည်း၊ ဉာဉ်စရိုက်များဖြင့် အားစိုက် ဆောင်ရွက်ရမည်ကို မကြိုက်ကြ၊ “အပူထဲ၌ ချီမတက်ကြနှင့်၊” ဟု ဆိုကြ၏၊ “ငရဲမီးသည် ပိုမို၍ ပူပြင်းလှ၏၊” ဟု ဟောလော့၊ နားလည်ကြပါလေစ။
၉း၈၂။ မဖြစ်စလောက် ရယ်မောကြစေလော့၊ သူတို့၏ ကျင့်ဆောင်လေ့ ရှိရာများကြောင့် မျက်ရည်များစွာ အစားပေးရလတ္တံ့။
၉း၈၃။ သို့ဖြင့် ပရမတ်ဘုရားရှင်သည် သင့်အား သူတို့အနက် တစ်စုဆီသို့ ပြန်လာစေ၍ သူတို့က သင့်ထံ၌ ချီတက်ခွင့် တောင်းသော် “သင်တို့သည် ကျွန်ုပ်နှင့်အတူ ချီတက်ရန် မည်သည့်အခါမှ အကြောင်းမရှိ၊ စည်းဖေါက်သူများအား ခုခံတိုက်ရန်လည်း အကြောင်းမရှိ၊ ဧကန်ပင် သင်တို့သည် ပထမအကြိမ်၌ ထိုင်နေခြင်းဖြင့် ကျေနပ်ခဲ့ပြီ၊ သို့ဖြစ်၍ ယခုလည်း နောက်ချန် နေခဲ့သူများနှင့်အတူ ထိုင်၍ပင် နေခဲ့လော့၊” ဟု ဟောကြားလော့။
၉း၈၄။ သူတို့မှ သေသူတစ်ဦး၏ ဈာပနသို့ မည်သည့်အခါမှ မတက်ရောက်နှင့်၊ ဝတ်မပြုနှင့်၊ ဧကန်ပင် သူတို့သည် ပရမတ်ဘုရားရှင်နှင့် အရှင့်ဉာဏ်စဉ်ဆောင်အား ငြင်းပယ်ကြ၍ ယုတ်မာသူများ အဖြစ်ဖြင့် သေဆုံးခြင်း ဖြစ်၏။
၉း၈၅။ သူတို့၏ ဥစ္စာပစ္စည်း၊ ရင်သွေးများက သင့်အား အံ့ဩလောက်စရာ မဖြစ်စေနှင့်၊ ပရမတ်ဘုရားရှင်သည် ထိုအရာများဖြင့် သူတို့အား ဤလောက၌ ဝဋ်ကြွေး သင့်စေလို၏၊ သူတို့သည် ဖုံးကွယ်သူများ ဖြစ်နေစဉ် သူတို့၏ စရိုက်များအား ခွဲခွာစေလို၏။
၉း၈၆။ ပရမတ်ဘုရားရှင်အား ယုံကြည်ကြလော့၊ အရှင်၏ ဉာဏ်စဉ်ဆောင်နှင့်အတူ အားစိုက် ဆောင်ရွက်ကြလော့ ဟူသော ဓမ္မခန္ဓာတစ်ခုအား ချမှတ်ပေးသောအခါ သူတို့အနက်မှ ဓန အင်အား ရှိသူတို့က “ကျွန်ုပ်တို့အား ထိုင်နေခဲ့သူများနှင့် အတူ ချန်ထားခဲ့ပါ၊” ဟု သင့်ထံ၌ ခွင့်တောင်းကြကုန်၏။
၉း၈၇။ သူတို့သည် နောက်ချန်ခဲ့သူများနှင့် အတူနေခဲ့ရခြင်းကို ကျေနပ်နေ၏၊ သူတို့၏ နှလုံးသားကို တံဆိပ်ထုထားလေပြီ၊ သူတို့၌ နားလည်နိုင်စွမ်း မရှိကြချေ။
၉း၈၈။ ဉာဏ်စဉ်တော်ဆောင်၊ သူနှင့် အတူရှိသော ယုံကြည်သော သူများသည်ကား သူတို့၏ ဉာဉ်စရိုက်၊ ဥစ္စာပစ္စည်းများဖြင့် အားစိုက် ဆောင်ရွက်ကြကုန်၏၊ သူတို့သည်သာ ကောင်းသောသူများ ဖြစ်၏၊ သူတို့သည်သာ အောင်မြင် ပေါက်မြောက်သူများ ဖြစ်ကုန်၏။
၉း၈၉။ ပရမတ်ဘုရားရှင်သည် သူတို့အတွက် အောက်ခင်း၌ စမ်းချောင်းရေသွင် စီးဆင်းနေသော ဥယျာဉ်ဘုံများနှင့် ထို၌ အစဉ် စံစားရမည်ကို တွက်ချက် ပြင်ဆင်ထားတော်မူ၏၊ ဤသည် မဟာ အောင်ပွဲပင် ဖြစ်၏။
၉း၉၀။ ကန္တာရတိုင်းရင်းသားများမှ မေတ္တာရပ်ခံသူများ ရောက်လာကြ၍ ပရမတ်ဘုရားရှင်နှင့် အရှင့် ဉာဏ်စဉ်ဆောင်အား လိမ်လည်သော သူများက ထိုင်နေရစ်ခဲ့ကြ၏၊ သူတို့မှ ဖုံးကွယ်သော သူတို့အတွက် စူးနစ်သော ဝဋ်ကြွေးအား ထိသက်စေလတ္တံ့။
၉း၉၁။ မသန်စွမ်းသူများ၊ ဖျားနာသူများ၊ သုံးစွဲရန် ကိုယ်တွေ့မဖြစ်နိုင်သော သူများသည် ပရမတ်ဘုရားရှင်နှင့် အရှင့် ဉာဏ်စဉ်ဆောင်အပေါ် စိတ်ထားဖြူစင် နေသ၍ အပြစ်မသင့်ချေ၊ သုမင်္ဂလာ ပြုသူတို့အား ခက်ခဲစေတော်မမူ၊ ပရမတ်ဘုရားရှင်သည် လွတ်ငြိမ်းစေသောအရှင်၊ အကြင်နာရှင် ဖြစ်တော်မူပေ၏။
၉း၉၂။ သူတို့အား သယ်သွားပါရန်- သင့်ထံသို့ရောက်စဉ် သင်က “သင်တို့အား သယ်ဆောင် သွားစရာ ကျွန်ုပ် ရှာမတွေ့ပါ၊” ဟု ဆိုသောကြောင့်၊ သူတို့၌ သုံးစွဲရန် ကိုယ်တွေ့ မဖြစ်နိုင်သည်ကို သောကများဖြင့် မျက်ရည်လျှံလျက် လှည့်သွားရသော သူများသည်လည်း (အပြစ် မရှိချေ)။
၉း၉၃။ ပြည့်စုံပါလျက် သင့်ထံ၌ လာရောက် ခွင့်တောင်းသော သူများကိုသာ အပြစ်တင်လမ်း ရှိ၏၊ သူတို့သည် နောက်ချန်သူများနှင့်အတူ နေခဲ့ခြင်းကို ကျေနပ်ကြ၏၊ ပရမတ်ဘုရားရှင်က သူတို့၏ နှလုံးသားကို တံဆိပ်ထုထားလေပြီ၊ သူတို့ သိကြမည် မဟုတ်ချေ။
၉း၉၄။ သင်တို့သည် သူတို့ထံသို့ ပြန်လာသော် သင်တို့ထံ၌ ဝန်ရှောင်ခွင့် တောင်းပန်ကြလိမ့်မည်၊ “ဝန်ရှောင်ခွင့် မတောင်းပန်ကြနှင့်၊ သင်တို့အား ယုံကြည်ရန် ကျွန်ုပ်တို့၌ အကြောင်းမရှိချေ၊ သင်တို့၏ သတင်းအကြောင်းကို ပရမတ်ဘုရားရှင်သည် ကျွန်ုပ်တို့အား သတင်းထုတ်ပြန်လေပြီ၊ ပရမတ်ဘုရားရှင်နှင့် အရှင့် ဉာဏ်စဉ်ဆောင်သည် သင့်တို့၏ ကျင့်ကြံမှုများအား မြင်နေတော်မူလတ္တံ့။ စက္ခုလွန်များကို သိနေတော်မူသော အရှင့်ထံသို့ သင်တို့အား ပြန်ပို့လျက် သင်တို့၏ ကျင့်ကြံလေ့ ရှိသမျှအား သက်သေ ဖြစ်စေတော်မူလတ္တံ့၊ သတင်း ထုတ်ပြန်တော် မူလတ္တံ့” ဟု ဆိုလော့။
၉း၉၅။ သင်တို့ လှည့်ပြန်ကြသောအခါ သူတို့အပေါ် ဘောင်မထားရန် ပရမတ်ဘုရားရှင်၌ သူတို့ တိုင်တည်ကြလတ္တံ့၊ သူတို့နှင်စပ်လျဉ်း၍ ဘောင်ထားလော့၊ သူတို့သည် မသန့်စင်သူများ ဖြစ်၏၊ သူတို့၏ ကျင့်ဆောင်လေ့ ရှိရာများအတွက် ခိုလှုံရာ ငရဲဘုံကိုသာ အစားပေးခံရလတ္တံ့။
၉း၉၆။ သူတို့အပေါ် သင်တို့ ကျေနပ်စေရန်လည်း သူတို့ တိုင်တည်ကြလိမ့်မည်၊ သင်တို့က သူတို့အား ကျေနပ်ငြားသော်လည်း ပရမတ်ဘုရားရှင်သည် ယုတ်မာသော လူမျိုးအား ကျေနပ်တော်မမူချေ။
၉း၉၇။ ကန္တာရ တိုင်းရင်းသားများသည် ဖုံးကွယ်စိတ်နှင့် သီလကြောင်စိတ်၌ ပြင်းထန်လှ၏၊ ပရမတ်ဘုရားရှင်က အရှင့် ဉာဏ်စဉ်ဆောင်ထံမှ ချမှတ်ပေးရာအား မသိနိုင်ရန် စည်းမျဉ်းလုပ် ကာဆီးထား၏၊ ပရမတ်ဘုရားရှင်သည်ကား သိနေသောအရှင်၊ ဓမ္မသတ်ရှင် ဖြစ်တော်မူ၏။
၉း၉၈။ ကန္တာရ တိုင်းရင်းသားများအနက် အပို ထည့်ဝင်ရခြင်းကို အကြွေးပိသည်ဟု ယူမှတ်လျက် သင်တို့သည် ရုံးတင်ခြင်း ခံရမည်ကို စောင့်ကြည့်သူ ရှိ၏၊ သူတို့သည်သာ ရုံးတင်ခံရခြင်း အကုသိုလ် သင့်လတ္တံ့၊ ပရမတ်ဘုရားရှင်သည် ကြားနေသောအရှင်၊ သိနေသောအရှင် ဖြစ်၏။
၉း၉၉။ ကန္တာရ တိုင်းရင်းသားများအနက် ပရမတ်ဘုရားရှင်နှင့် နောင်ဘဝနေ့ ကာလကို ယုံကြည်ကြလျက် အပိုထည့်ဝင်ခြင်းသည် ပရမတ်ဘုရားရှင်ထံ၌ နီးစပ်ခွင့်၊ ဉာဏ်စဉ်ဆောင်၏ မေတ္တာသက်ခြင်းကို ခံစားရမည်ဟု အယူထားသူများ ရှိ၏၊ ဧကန်ပင် ၎င်းတို့သည် နီးစပ်ချဉ်းကပ်မှု ဖြစ်၏၊ သူတို့အား ပရမတ်ဘုရားရှင်၏ ကရုဏာတော်သို့ ဝင်စေလတ္တံ့၊ ဧကန်ပင် ပရမတ်ဘုရားရှင်သည် လွတ်ငြိမ်းစေသောအရှင်၊ အကြင်နာရှင် ဖြစ်၏။
၉း၁၀၀။ လက်ဦး ပထမ ပြောင်းရွှေ့လာသူများနှင့် ကူညီသူများ၊ သုမင်္ဂလာ ပြုရာ၌ သူတို့၏နောက်သို့ လိုက်သောသူများ၊ ထိုသူများကို ပရမတ်ဘုရားရှင် အားရ ကျေနပ် ရှိတော်မူ၍ သူတို့ကလည်း အရှင့်အား အားရ ကျေနပ် ရှိလေ၏၊ သူတို့အဘို့ အောက်ခင်း၌ စမ်းချောင်းရေသွင် စီးဆင်းနေသော ဥယျာဉ်ဘုံများနှင့် ထို၌ ကာလပိုင်းခြားမဲ့ အစဉ် စံစားစေရန် တွက်ချက် ပြင်ဆင်ထား၏၊ ဤသည် မဟာ အောင်ပွဲပင် ဖြစ်၏။
၉း၁၀၁။ သင်တို့ ပတ်ဝန်းကျင်ရှိ ကန္တာရ တိုင်းရင်းသားများနှင့် မြို့သားများအနက် သီလကြောင်များ ရှိ၏၊ သူတို့သည် ယုံကြည် ဟန်ဆောင်၍ ထကြွနေသည်ကို သင်သည် သူတို့အား မသိပေ၊ ငါသည်သာ သိနေတော်မူ၏၊ သူတို့အား ဝဋ်ကြွေးဒဏ် နှစ်ကြိမ်နှစ်ခါ သင့်စေလတ္တံ့၊ တဖန် မဟာ ဝဋ်ကြွေးဆီသို့ ပြန်ပို့ခံရလတ္တံ့။
၉း၁၀၂။ သူတို့၏ အပြစ်များကို မှတ်မိသော အခြားသူများလည်း ရှိ၏၊ သူတို့သည် ပြုပြင် ပြောင်းလဲခြင်း ကျင့်ကြံမှုတစ်ခုအား သူတို့၏ အခြား အကုသိုလ်ဖြင့် ရောပေါင်းထားကြ၏၊ ပရမတ်ဘုရားရှင်သည် သူတို့အား သင်ပုန်းချေ ပေးနိုင်ရာ၏၊ ဧကန်ပင် ပရမတ်ဘုရားရှင်သည် လွတ်ငြိမ်းစေသောအရှင်၊ အကြင်နာရှင် ဖြစ်တော်မူပေ၏။
၉း၁၀၃။ သူတို့၏ ဥစ္စာပစ္စည်းမှ အလှုဒါနကို လက်ခံလော့၊ ၎င်းအားဖြင့် သူတို့အား သန့်စင်စေလော့၊ ဖြူစင်စေလော့၊ သူတို့အား မေတ္တာပို့ပေးလော့၊ သင်၏ မေတ္တာသက်ခြင်းသည် သူတို့အား တည်ငြိမ်စေ၏၊ ပရမတ်ဘုရားရှင်သည်ကား ကြားနေသောအရှင်၊ သိနေသောအရှင် ဖြစ်တော်မူ၏။
၉း၁၀၄။ ဧကန်ပင် ပရမတ်ဘုရားရှင်သည် အရှင့် အမှုတော်ဆောင်များထံမှ ခဝါချခြင်းကို အကိုး ပြည့်စေတော်မူ၏၊ အလှုဒါနများကို အကိုး ပြည့်စေ၏၊- ဟူသည်ကို မသိကြသလော၊ ဧကန်ပင် ပရမတ်ဘုရားရှင်သည် သင်ပုန်း ချေတော်မူသောအရှင်၊ အကြင်နာရှင် ဖြစ်တော်မူ၏။
၉း၁၀၅။ ကျင့်ကြံကြလော့၊ အရှင်၏ ဉာဏ်စဉ်ဆောင်နှင့် ယုံကြည်သူ- သင်တို့၏ ကျင့်ကြံမှုတို့အား ပရမတ်ဘုရားရှင်သည် မြင်နေ၏၊ သင်တို့သည် စက္ခုလွန်နှင့် ပစ္စုပ္ပန်တို့အား သိနေတော်မူသော အရှင့်ထံသို့သာ ပြန်ပို့ခံရလတ္တံ့၊ ထို့နောက် သင်တို့ ကျင့်ကြံလေ့ ရှိသမျှအား သတင်း ထုတ်ပြန်တော်မူလတ္တံ့၊” ဟု ဟောပြောလော့။
၉း၁၀၆။ သို့မဟုတ် သူတို့အား ဝဋ်ကြွေးဒဏ်သင့်စေရန်၊ သို့မဟုတ် သင်ပုန်း ချေပေးရန် ပရမတ်ဘုရားရှင်၏ ညွှန်ကြားချက်ကို မျှော်လင့်နေကြသော အခြား သူများလည်း ရှိ၏၊ ဧကန်ပင် ပရတ်ဘုရားရှင်သည် သိနေသောအရှင်၊ ဓမ္မသတ်ရှင် ဖြစ်တော်မူ၏။
၉း၁၀၇။ ဒုက္ခပေးရန်၊ ဖုံးကွယ်ခြင်းသို့ တိမ်းရန်၊ ယုံကြည်သူများအကြား ခွဲခြားရန်၊ ဤမတိုင်မီက ပရမတ်ဘုရားရှင်နှင့် အရှင်၏ ဉာဏ်စဉ်ဆောင်အတွက် စစ်တိုက်ခဲ့သူအား ကင်းထောက်ရန်- ကျောင်းတည်ဆောက်သော သူတို့က “ကျွန်ုပ်တို့သည် သုမင်္ဂလာကိုသာ လိုလားပါ၏၊” ဟု တိုင်တည်သော်လည်း ပရမတ်ဘုရားရှင်က သူတို့သည် လိမ်ညာသူများဖြစ်ကြောင်း သက်သေခံတော်မူလတ္တံ့။
၉း၁၀၈။ ထို၌ မည့်အခါမှ မရပ်တည်ကြနှင့်၊ ရှေးဦး နေ့ကာလကပင် စည်းစောင့်ရန် အလို့ငှာ အုတ်မြစ်ချထားသော ကျောင်းတော်သည်သာ ပိုမိုမှန်ကန်၍ ထို၌ ရပ်တည်ကြလော့၊ ထို၌ မိမိကိုယ်မိမိ သန့်စင်မှုကို ချစ်မြတ်နိုးသော လူသားတို့ရှိ၏၊ ပရမတ်ဘုရားရှင်သည်ကား သန့်စင်သူတို့အား နှစ်သက်တော်မူ၏။
၉း၁၀၉။ ပရမတ်ဘုရားရှင်၏ ကျေနပ်နှစ်သက်ခြင်းကို ရှာမှီးကာ စည်းစောင့်ခြင်း၌ အဆောက်အဦး အုတ်မြစ်ချသူ ရှိ၍ သို့တည်းမဟုတ် ပြိုကျသော အငူစွန်းတွင် အဆောက်အဦး အုတ်မြစ်ချကာ ၎င်းသည် သူနှင့်အတူ အပူ ငရဲမီးထဲသို့ ပြိုကျသွားခြင်း ခံရသူလည်း ရှိ၏၊ မည်သူသည် ပို၍ကောင်းသနည်း၊ ပရမတ်ဘုရားရှင်သည် မိုက်ကြေးခွဲသော လူမျိုးအား လမ်းညွှန်တော် မမူချေ။
၉း၁၁၀။ သူတို့ဆောက်သော အဆောက်အအုံသည် သူတို့အား စိတ်နှလုံးအတွင်း သံသယကိုသာ မရပ်မနား ဖြစ်စေ၍ နှလုံးသားကို ပြတ်တောက် ကြေမွစေလတ္တံ့၊ ပရမတ်ဘုရားရှင်သည် သိနေသောအရှင်၊ ဓမ္မသတ်ရှင် ဖြစ်တော်မူ၏။
၉း၁၁၁။ ပရမတ်ဘုရားရှင်သည် ယုံကြည်သူတို့ထံမှ သူတို့၏ ဉာဉ်စရိုက်နှင့် ဥစ္စာပစ္စည်းများကို ဝယ်ယူတော်မူပြီ၊ ထို့အတွက် သူတို့အဘို့ သုခဘုံသည် ရှိနေ၏၊ သူတို့သည် ပရမတ်ဘုရားရှင်၏ လမ်းစဉ်တော်၌ ခုခံတိုက်ကြ၏၊ သို့ဖြစ်၍ ခုခံ တိုက်ရခြင်း၊ ကျဆုံးရခြင်းများ ရှိ၏၊ ကတိတော်သည် အရှင့်၌ တာဝန်ရှိသည်ဟု ဓမ္မဟောင်း၊ ဓမ္မသစ်နှင့် ကုရ်အာန်တွင် လာ၏၊ ပရမတ်ဘုရားရှင်ထက် သာ၍ မည်သူက ပဋိညာဉ်ကို ပြီးပြည့်စေမည်နည်း၊ သင်တို့နှင့် ကတိသစ္စာ ပြုသူ၊ အရှင်မြတ်နှင့် ကတိသစ္စာ ပြုသော သူအတွက် သတင်းကောင်း ရှိလေပြီ၊ ဤအရာသည် မဟာ အောင်ပွဲပင် ဖြစ်၏။
၉း၁၁၂။ ခဝါချသူများ၊ ကိုးကွယ် ဆည်းကပ်သူများ၊ ရည်သန် စူးစိုက်သူများ၊ စောင့်တည်သူများ၊ ဦးညွှတ်သူများ၊ ဦးချသူများ၊ အသိအမှတ်ပြုမှုကို မိန့်ညွှန်သူများ၊ သူစိမ်းဆန်ခြင်းကို ဟန့်တားသူများ၊ ပရမတ်ဘုရားရှင်၏ စည်းမျဉ်းများအား ထိန်းသိမ်း စောင့်ရှောက်သူများ၊ ထိုယုံကြည်သူများအား သတင်းကောင်းကို ပါးလော့။
၉း၁၁၃။ သူတို့သည် ငရဲမီး၏ ပေါင်းဖေါ်များ ဖြစ်သည်ဟု ရှင်းလင်း ထင်ရှားပြီးနောက် ဆွေမျိုးနီးစပ် ရှိသူများ ဖြစ်သော်လည်း သတင်းတော်ဆောင်နှင့် ယုံကြည်သော သူတို့သည် ရောပြွန်း ကိုးကွယ်သူတို့အတွက် လွတ်ငြိမ်းခွင့် မပန်သင့်ပေ။
၉း၁၁၄။ အီဗရာဟီးမ်သည် သူ့ခမည်းတော်၌ ကတိရှိပြီး ကတိကြောင့်သာ လွတ်ငြိမ်းဆု ပန်ပေး၏၊ ဧကန်ပင် သူသည် ပရမတ်ဘုရားရှင်အား စည်းဖေါက်သူ ဖြစ်သည်ဟု ရှင်းလင်းသောအခါ သူနှင့် ကင်းရှင်းကြောင်း ကြေညာ၏၊ ဧကန်ပင် အီဗရာဟီးမ်သည် နူးညံ့သိမ်မွေ့၍ သနားတတ်သူ ဖြစ်၏။
၉း၁၁၅။ ပရမတ်ဘုရားရှင်သည် လူမျိုးတစ်မျိုးအား လမ်းညွှန်ပြပြီးနောက် သူတို့ စည်းစောင့်ရမည့် အရာကို ရှင်းလင်းစေသည့်တိုင် သူတို့အား လမ်းလွဲစေသည် မဟုတ်ချေ၊ ဧကန်ပင် ပရမတ်ဘုရားရှင်သည် သဗ္ဗလုံးစုံ သိနေသောအရှင် ဖြစ်၏။
၉း၁၁၆။ ဧကန်ပင် ပရမတ်ဘုရားရှင်သည် မိုးများနှင့် မြေကမ္ဘာ၏ အရှင်သခင်၊ ဘုရားရှင် ဖြစ်တော်မူ၏၊ နိစ္စ၊ အနိစ္စကို ဖြစ်စေ၏၊ ပရမတ်ဘုရားရှင်မှလွဲ၍ ကူညီသူ မဟာမိတ် ဟူ၍ မရှိပြီ။
၉း၁၁၇။ မုချဧကန် ပရမတ်ဘုရားရှင်သည် သတင်းတော်ဆောင်နှင့် သူ၏ အခက်အခဲဖြစ်သော အချိန်အခိုက်အတန့်တွင် သူ့ နောက်မှလိုက်သော ပြောင်းရွှေ့ရသူများ၊ ကူညီခဲ့သူများကို သင်ပုန်းချေ ပေးတော်မူ၏၊ သူတို့မှ တစ်ဖွဲ့၏ နှလုံးသားများသည် တိမ်းပါးလုမတတ် ဖြစ်သောအခါ သူတို့အား သင်ပုန်းချေ ပေးတော်မူ၏၊ ဧကန်ပင် အရှင်သည် ညှာတာသောအရှင်၊ ကြင်နာသောအရှင် ဖြစ်တော်မူပေ၏။
၉း၁၁၈။ နောက်မှ ဆက်ခံသော လူသုံးမျိုးသည်လည်း ကျယ်ဝန်းသော မြေကမ္ဘာသည် သူတို့အတွက် ကျဉ်းမြောင်းသောအခါ ပရမတ်ဘုရားရှင် ထံမှအပ ခိုကပ်စရာ မရှိဟု စဉ်းစားစေသည့် တိုင်အောင် သူတို့၏ စိတ်စရိုက်အား ကျပ်တည်းစေ၏၊ ထို့နောက် သူတို့သည် ခဝါချအံ့သောငှာ သူတို့အား သင်ပုန်းချေ ပေးတော်မူ၏၊ ဧကန်ပင် ပရမတ်ဘုရားရှင်သည် သင်ပုန်းချေပေးသောအရှင်၊ အကြင်နာရှင် ဖြစ်တော်မူပေ၏။
၉း၁၁၉။ အို- ယုံကြည်သောသူတို့၊ ပရမတ်ဘုရားရှင်အား စည်းစောင့်ကြလော့၊ ဖြောင့်မတ်သူများနှင့် အတူရှိကြလော့။
၉း၁၂၀။ မြို့သားများနှင့် ၎င်း၏ ဝန်းကျင်နေ ကန္တာရ တိုင်းသားတို့သည် ပရမတ်ဘုရားရှင်၏ ဉာဏ်စဉ်ဆောင် နောက်ကွယ်၌ မကျန်ရစ်ထိုက်ပေ၊ သို့မဟုတ် သူတို့၏ စိတ်စရိုက်ကို ကိုယ်တော်၏ စိတ်ဆန္ဒထက် ဦးစားမပေးသင့်ချေ၊ ပရမတ်ဘုရားရှင်၏ လမ်းစဉ်တော်၌ သူတို့အား ထိသက်သော ရေဆာခြင်း၊ ပင်ပန်းဆင်းရဲခြင်း၊ ဆာလောင် ငတ်မွတ်ခြင်းများ၊ ဖုံးကွယ်သူတို့အား ဒေါသဖြစ်လောက်သည့် တက်လှမ်းမှုများ တက်လှမ်းရခြင်း၊ ရန်သူထံမှ ဖမ်းဆီးရ၍ ထိုဖမ်းဆီးမှုအတွက် မှတ်တမ်းတင် ခံရခြင်းတို့သည် သူတို့၏ ပြုပြင် ပြောင်းလဲသော ကျင့်ကြံမှုကြောင့်သာ ဖြစ်၏၊ ဧကန်ပင် ပရမတ်ဘုရားရှင်သည် သုမင်္ဂလာ ပြုသူတို့၏ ဆုလာဘ်ကို အလဟဿ ဖြစ်စေတော်မမူချေ။
၉း၁၂၁။ သူတို့သည် ကြီးငယ်မဟူ သုံးစွဲရန် မသုံးစွဲနိုင်သော်လည်း၊ ချိုင့်ဝှမ်းဒေသအား မဖြတ်သန်းနိုင်သော်လည်း၊ သူတို့၏ သုမင်္ဂလာ ကျင့်ကြံလေ့ ရှိရာများကို ပရမတ်ဘုရားရှင်က အစား ပြန်ပေးရန်သာ မှတ်တမ်းတင် ထားတော်မူ၏။
၉း၁၂၂။ ယုံကြည်သူများသည် အားလုံး အတူတကွ စစ်မချီအပ်၊ တပ်ရင်း တစ်ရင်းမှ တပ်သားတစ်ဖွဲ့စီ ခွဲ၍ စစ်ချီအပ်၏၊ ကျန်သူများက ဥပဒေရေးရာ နားလည်ရန် ပြုအပ်၏၊ သို့ဖြင့် သူတို့၏လူမျိုးများ ပြန်လာသောအခါ သူတို့အနေဖြင့် သတိမူမိရန် အလို့ငှာ သူတို့အား သတိပေးနိုင်ရာ၏။
၉း၁၂၃။ အို- ယုံကြည်သောသူတို့၊ သင်တို့ထံ လှည့်ကပ်လာသော ဖုံးကွယ်သူတို့မှ ရန်ပြုသော သူတို့အား ခုခံ တိုက်ကြလော့၊ သင်တို့၏ တိကျ ပြတ်သားမှုကို သူတို့အား ကြုံတွေ့စေလော့၊ သိကြလော့- ပရမတ်ဘုရားရှင်သည်ကား စည်းစောင့်သူများနှင့် အတူရှိတော်မူ၏။
၉း၁၂၄။ အသင်တို့ထံသို့ ဓမ္မခန္ဓာတစ်ခု ချမှတ်ပေးတော်မူတိုင်း သူတို့အနက်မှ “၎င်းမှ မည်သည်က သင်တို့အား ယုံကြည်မှု တိုးပွားစေသနည်း၊” ဟု ပြောသူတို့ ရှိ၏၊ ယုံကြည်သူတို့မှာမူ ၎င်းကြောင့် ယုံကြည်မှုကို တိုးပွားကြ၍ သတင်းကောင်း ရှိလေပြီ။
၉း၁၂၅။ နှလုံးသား၌ ရောဂါရှိနေသူတို့မှာမူ ၎င်းကြောင့် ညစ်ညမ်းမှုပေါ် ညစ်ညမ်းမှု တိုးပွားစေ၍ သူတို့သည် ဖုံးကွယ်သူများ အဖြစ်ဖြင့်သာ သေဆုံးကြမည်ပင်။
၉း၁၂၆။ နှစ်တိုင်းပင် သူတို့အား တစ်ကြိမ်၊ နှစ်ကြိမ်၊ စမ်းသပ်တော် မူသည်ကို မမြင်မိကြသလော၊ သို့သော် သူတို့သည် ခဝါချခြင်း မရှိကြ၊ ဆင်ခြင်သတိလည်း မရှိကြချေ။
၉း၁၂၇။ သူတို့အား ဓမ္မခန္ဓာတစ်ပါး ချမှတ်ပေးတော်မူတိုင်း သူတို့မှ အချို့ သည် အချို့အား ငေးကြည့်ကြလျက် “အသင်တို့အား တစ်စုံတစ်ယောက်က မြင်ပါသလား၊” ဟု မေးမြန်းကြ၍ ဘက်ပြန်ပြေးကြ၏၊ သူတို့သည် နားလည်နိုင်စွမ်း မရှိသော လူမျိုး ဖြစ်သောကြောင့် ပရမတ်ဘုရားရှင်က သူတို့၏ နှလုံးသားအား ဘက်ပြန်နေစေ၏။
၉း၁၂၈။ သင်တို့၏ စရိုက်တူမှ ဉာဏ်စဉ်ဆောင်သည် သင်တို့ထံ ရောက်လာခဲ့ပြီ၊ သင်တို့ စိတ်ပင်ပန်းရသည်ကို သူ့ ဘုန်းကံသက်၏၊ သင်တို့အပေါ် ဆန္ဒဇောကြီး၏။ ယုံကြည်သူများ အပေါ်၌ ညှာတာ၏၊ အကြင်နာပွား၏။
၉း၁၂၉။ သူတို့သည် လှည့်သွားကြလေလျှင် “ကျွန်ုပ်အတွက် ပရမတ်ဘုရားရှင်သည် စာရင်းချုပ်ဖြစ်၏၊ အရှင်မှအပ အခြား ဘုရားဟူ၍ မရှိပြီ၊ အရှင့်ကိုသာ ကိုးစားပါ၏၊ အရှင်သည် မဟာ့ မဟာ ထပ်ဆင့် ကွပ်ကဲမှုကြီး၏ ကံကြမ္မာရှင် ဖြစ်၏၊” ဟု ပြောလော့။
ဓမ္မခန္ဓာ (၉) ဤတွင် ပြီး၏။
ဓမ္မခန္ဓာ (၁၀) ယူနွတ်စ်
ဉာဏ်စဉ်ကိန်းဝပ်ပေးမှု အမှတ်စဉ် ၅၁၊ သုတ်ဒေသနာ ၁၀၉ ပါး။
ကရုဏာရှင် အကြင်နာရှင် ဖြစ်တော်မူသော ပရမတ်ဘုရားရှင်၏ ဂုဏ်တော်အားဖြင့်-
၁၀း၁။ “ငါသည် ကုန်စင် မြင်နေတော်မူသော ပရမတ်ဘုရားရှင် ဖြစ်၏၊” ဤသည် ဓမ္မသတ် ကျမ်းတော်၏ သုတ်ဒေသနာများပင် ဖြစ်၏။
၁၀း၂။ ငါသည် သူတို့မှ လူတစ်ဦး၌ အာရုံ ဖြစ်စေလျက်- လူသားတို့ထံသို့ “ယုံကြည်သော သူများအတွက် သူတို့၏ ကံကြမ္မာရှင်ထံ၌ တည်မြဲ ဖြောင့်မတ်မှု ရှိသည်ဟု သတင်းကောင်းပေး၊ သတိပေးလော့၊” ဟု စေသည်ကို လူသားတို့ အံ့ဩကြသလော၊ ဖုံးကွယ်သူများက “ဧကန်ပင် ဤသည် ရှင်းလင်း ထင်ရှားသော မှော်ဆရာပင် ဖြစ်၏၊” ဟု ဆိုကြ၏။
၁၀း၃။ ဧကန်ပင် သင်တို့၏ ကံကြမ္မာရှင်သည် မိုးများနှင့် မြေကမ္ဘာအား ကာလ ခြောက်ခုတွင်း ဖြစ်တည်စေသော အရှင်ဖြစ်၏၊ တဖန် ထပ်ဆင့် ကွပ်ကဲမှုကို ပုံစံချ၍ ညွှန်ကြားချက်များကို ကျောထောက် နောက်ခံ ဖြစ်စေ၏၊ ထို့နောက် အရှင်၏ ခွင့်ပြုချက် မရှိဘဲ ကြားဝင် အမျှဝေ ပေးနိုင်သူဟူ၍ မရှိချေ၊ အရှင်သည် သင်တို့၏ ကံကြမ္မာရှင်၊ ပရမတ်ဘုရားရှင် ဖြစ်တော်မူ၏၊ အရှင့်ကိုသာ ကိုးကွယ်အပ်၏၊ သင်တို့သည် ဆင်ခြင်သတိ ရှိကြမည် မဟုတ်လော။
၁၀း၄။ သင်တို့ အားလုံး၏ အပြန်ခရီးမှာ အရှင်ထံသို့သာ ဖြစ်၏၊ ဤသည် ပရမတ်ဘုရားရှင်၏ ပရမတ္ထ ကတိသစ္စာ ဖြစ်၏၊ အရှင်သည် ဖြစ်တည်စေခြင်းကို အစပြု၏၊ ယုံကြည်၍ သမာသမတ်ဖြင့် ပြုပြင်မှု ကျင့်ကြံသော သူတို့အား အစားပေးရန် ဆက်စီမံထား၏၊ ဖုံးကွယ်သော သူတို့အတွက်မူ သူတို့၏ ဖုံးကွယ်လေ့ ရှိမှုများကြောင့် သောက်စေရန် ရေနွေးပူနှင့် စူးနစ်နာကျင်သော ဝဋ်ကြွေးသည် ရှိနေ၏။
၁၀း၅။ အရှင်သည် နေ အား ထွန်းတောက်ခြင်း၊ လ အား ရောင်ပြန်စေခြင်းကို စီစဉ်ပေးလျက် သင်တို့သည် ခုနှစ်များ တွက်ချက် သိနိုင်အံ့ငှာ ၎င်း၏အဆင်းများကို စည်းချိန်ချထား၏၊ ပရမတ်ဘုရားရှင်သည် မှန်ကန် ညီညွတ်ခြင်းဖြင့်သာ ဤသို့ ဖြစ်တည်စေတော်မူ၍ အသိပညာရှိသော လူမျိုးအတွက် ရှင်းလင်း ဆုံးဖြတ်ချက် သုတ်ဒေသနာများပါရှိ၏။
၁၀း၆။ ဧကန်ပင် နေ့နှင့်ညအား အလှည့်ကျ ဖြစ်စေခြင်း၊ မိုးများနှင့် မြေအတွင်း ပရမတ်ဘုရားရှင်၏ ဖြစ်တည်ပေးခြင်းများ၌ စည်းစောင့်သော လူမျိုးအတွက် နိမိတ် လက္ခဏာများ ပါရှိ၏။
၁၀း၇။ ဧကန်ပင်၊ ငါအရှင်အား ဖူးတွေ့ရန် မမျှော်ကိုး၊ လောကီဘဝအား နှစ်သက်လျက် ၎င်းအား ဘဝင်ကျနေသောသူ၊ ငါ၏ နိမိတ် လက္ခဏာများကို မေ့လျော့နေသောသူ။-
၁၀း၈။ သူတို့၏ ကျင့်ဆောင်လေ့ ရှိရာများကြောင့် ထိုသူတို့သည် အပူမီး၌ ခိုလှုံရလတ္တံ့။
၁၀း၉။ ဧကန်ပင် ယုံကြည်လျက် ပြုပြင်မှု ကျင့်ကြံသော သူတို့အား သူတို့၏ ယုံကြည်ခြင်း သီလကြောင့် သူတို့၏ ကံကြမ္မာရှင်က သူတို့အား လမ်းညွှန်တော်မူ၏၊ အောက်ခင်း၌ စမ်းချောင်းရေသွင် စီးဆင်းနေသော ဂုဏ်ရှိသည့် ဥယျာဉ်ဘုံများ ရှိနေ၏။
၁၀း၁၀။ ထိုနေရာ၌ “အရှင့်အား ဦးထိပ်ထားပါ၏၊ အို- ပရမတ်ဘုရားရှင်၊” ဟု သူတို့သည် ရင့်ကျူး၍ “ငြိမ်းချမ်းပါစေ၊” ဟု နှုတ်ခွန်းဆက်ကြကာ နောက်ဆုံး၌ “ရည်သန် စူးစိုက်မှုအပေါင်းသည် လောကခပ်သိမ်း၏ ကံကြမ္မာရှင်၊ ပရမတ်ဘုရားရှင် အဘို့သာတည်း၊” ဟု ကြွေးကြော်ကြ၏။
၁၀း၁၁။ လူသားသည် ကောင်းကျိုးကို အလျင်စလို ဖြစ်သကဲ့သို့ ပရမတ်ဘုရားရှင်က သူတို့ ရထိုက်သော ဆိုးကျိုးကို အလျင်စလို ဖြစ်ခဲ့လျှင် သူတို့အတွက် သတ်မှတ်ကာလကို ပြီးဆုံးခဲ့ချေပြီ၊ ငါ့အား ဖူးတွေ့ရန် မမျှော်ကိုးသော သူတို့အား မျက်ကန်းတောတိုး ဘဝဖြင့် စည်းဖျက်မှုထဲ၌ ချန်ထားခဲ့ပြီ။
၁၀း၁၂။ လူသားအား ဆိုးကျိုး ထိသောအခါ နံဘေးပေါ်လှဲ၍၊ ထိုင်၍၊ ရပ်၍ ငါ့ထံ၌ ဆုတောင်းပန်ထွာ၏၊ သို့သော် ဆိုးကျိုးမှ ဖယ်ရှားပေးသည်နှင့် သူသည် မည်သည့် ဆိုးကျိုးထိခြင်းအတွက်မှ ငါ့ထံ၌ ဆုမပန်ခဲ့သကဲ့သို့ သွားမြဲလမ်းကို သွားလေ၏၊ ဤသို့ပင် သူတို့၏ ကျင့်ကြံလေ့ ရှိရာများကြောင့် အလွဲသုံးစား ပြုသူတို့အား ဖမ်းစားထား၏။
၁၀း၁၃။ ငါသည် သင်တို့၏ရှေ့အလျင် မျိုးဆက်များကို သူတို့ မိုက်ကြေးခွဲနေစဉ် တိမ်ကောစေခဲ့ပြီ၊ သူတို့ထံသို့ ဉာဏ်စဉ်ဆောင်များသည် ရှင်းလင်းချက်များဖြင့် ရောက်လာခဲ့ပြီ၊ သူတို့သည် ယုံကြည်ခြင်း မရှိကြ၊ ငါသည် ရာဇဝတ်ကောင် လူမျိုးတို့အား ညီမျှသော အစားပေးမှုကို ရစေပြီ။
၁၀း၁၄။ တဖန် ငါသည် သင်တို့ကို၊ သင်တို့ မည်သို့ ကျင့်ကြံကြမည်ကို စောင့်ကြည့်ရန် သူတို့နောက် မြေကမ္ဘာ၌ အမွေခံ မျိုးဆက်အဖြစ် စီစဉ်တော်မူခဲ့ပြီ။
၁၀း၁၅။ ငါ၏ ရှင်းလင်း ထင်ရှားသော သုတ်ဒေသနာများအား ရွတ်ဖတ်ပြသောအခါ ငါ့အား ဖူးတွေ့ရမည်ကို မမျှော်ကိုးသော သူများက “ဒီအပြင် ကုရ်အာန် အစားထိုး ကျမ်းတော်ကို ယူဆောင်ခဲ့လော့၊ သို့မဟုတ် ၎င်းအား ပြောင်းလဲပစ်လော့၊” ဟု ဆိုကြ၏၊ “၎င်းကို ကျွန်ုပ်၏စိတ်ဖြင့် လွှဲပြောင်း ခင်းကျင်းခွင့် မရှိချေ၊ ကျွန်ုပ်ထံသို့ အာရုံဈာန် ဖြစ်စေသည်ကိုသာ ကျွန်ုပ်သည် လိုက်နာရ၏၊ ကျွန်ုပ်၏ ကံကြမ္မာရှင်အား အာခံမိလျှင် ဝဋ်ကြွေးသင့်မည့် နေ့ကြီးအား ကျွန်ုပ် ကြောက်ရွံ့ပါ ၏၊” ဟု ဟောပြောလော့။
၁၀း၁၆။ ဟောလော့၊ “ပရမတ်ဘုရားရှင်၏ စံချိန်မပြည့်ခဲ့သော် ၎င်းကို သင်တို့ထံ၌ ကျွန်ုပ် ရွတ်ပြမည်မဟုတ်၊ သို့မဟုတ် ၎င်းမှ တစ်စုံတစ်ရာကိုသော်မျှ သင်တို့အား မှန်းပြောမည် မဟုတ်ချေ၊ ဤအလျင်က သင်တို့နှင့်အတူ ကျွန်ုပ်သည် ဘဝ သံသရာတစ်လျောက် နေခဲ့ပြီးပြီ၊ သင်တို့၌ အတွေးအခေါ် မရှိကြသလော။”
၁၀း၁၇။ ပရမတ်ဘုရားရှင်နှင့် စပ်လျဉ်း၍ လုပ်ကြံ ဖန်တီး လိမ်လည်သူ၊ အရှင်၏ သုတ်ဒေသနာများကို လိမ်လည်သူထက် မည်သူက ပို၍ အမိုက်စီးဘိသနည်း၊ ရာဇဝတ်ကောင်များသည်ကား အောင်မြင် ပေါက်မြောက်မည် မဟုတ်ချေ။
၁၀း၁၈။ ပရမတ်ဘုရားရှင်မှလွဲ၍ သူတို့အား အဆိုး၊ အကျိုး၊ မပြုနိုင်သောအရာများကို ကိုးကွယ်ကြကုန်၍ “ဤသည်တို့မှာ ပရမတ်ဘုရားရှင်၏ထံပါး၌ ကျွန်ုပ်တို့အတွက် အမျှဝေပေးပါမည်၊” ဟု ပြောဆိုကြ၏၊ “မိုးများနှင့် မြေကမ္ဘာ၌ ပရမတ်ဘုရားရှင် မသိရာ ရှိသည်ဟု သတင်း ထုတ်ပြန်လိုကြသလော၊” ဟု မေးမြန်းလော့၊ အရှင်သည် ဦးထိပ်ထားရာ ဖြစ်တော်မူ၏၊ သင်တို့ ရောပြွန်း ကိုးကွယ်သည်များထက် အထွဋ်အထိပ် ဖြစ်တော်မူ၏။
၁၀း၁၉။ လူသားသည် အသိုင်းအဝိုင်း တစ်ခုတည်းသာ ဖြစ်၏၊ ထို့နောက်မှ သဘောထား ကွဲကြကုန်၏၊ သင့် ကံကြမ္မာရှင်၏ ထံတော်မှ ဓမ္မတော် မသတ်မှတ်ခဲ့ပြီးလျှင် သူတို့၏ကြား သဘောထားကွဲမှုကို ဆုံးဖြတ်ပြီးလေလတ္တံ့။
၁၀း၂၀။ သူ့ထံသို့ သူ၏ကံကြမ္မာရှင်မှ နိမိတ်လက္ခဏာတစ်ပါး အဘယ်ကြောင့် မချမှတ်ပေးသနည်း၊” ဟု မေးသူတို့အား ဟောလော့၊ “စက္ခုလွန်များသည် ပရမတ်ဘုရားရှင်၏ အချုပ်အခြာ၌ ရှိ၏၊ ထို့ကြောင့် စောင့်ကြည့်ကြလော့၊ ကျွန်ုပ်လည်း သင်တို့နှင့်အတူ စောင့်ကြည့်နေသူများမှ ဖြစ်၏။”
၁၀း၂၁။ ဘေးဒုက္ခ ထိသက်ပြီးနောက် လူသားတို့အား ငါ၏ ကရုဏာတော်ကို မြည်းစမ်းစေသောအခါ ငါ၏ သုတ်ဒေသနာများကို ဆန့်ကျင်ရန် ကြံစည်ကြ၏၊ ဟောကြားလော့၊ “ပရမတ်ဘုရားရှင်သည် ကြံစည်ရာ၌ ပိုမိုလျင်မြန်၏၊” ဧကန်ပင် ငါ၏ ဉာဏ်စဉ်ဆောင်များသည် ကြံစည်မှုများကို မှတ်တမ်းတင်နေကြ၏။
၁၀း၂၂။ အရှင်သည် သင်တို့အား ရေ၊ မြေ နှစ်ပါး၌ သွားလာနိုင်စေ၏၊ သင်တို့သည် လှေသင်္ဘောများကို ရွက်လွှင့်စဉ်တွင် စင်ကြယ်သောလေဖြင့် ဝမ်းသာစွာ ရောက်လာနိုင်၏၊ သူတို့အား လွင့်ပါးစေသော လေ ကျရောက်လာ၍ လှိုင်းတံပိုးများသည် အဘက်ဘက်မှ လွှမ်းခြုံလာသည်ဟု စဉ်းစားကြသော် သာသနာအားဖြင့် အရှင်ကိုသာ သီးသန့်တိုင်တည်လျက်- ပရမတ်ဘုရားရှင်၌ ဆုတောင်းကြသည်မှာ “ဤအခြေအနေမှ လွတ်မြောက်စေပါလျှင် တပည့်တော်တို့သည် ကျေးဇူး သိတတ်သူများ၏ အနက်မှ ဖြစ်ရချေမည်၊” ဟု ဖြစ်၏။
၁၀း၂၃။ သို့သော် သူတို့အား လွတ်မြောက်စေသည်နှင့် သူတို့သည် မြေကမ္ဘာ၌ သစ္စာမဲ့ခြင်းကို ရှာဖွေကြ၏၊ အို- လူသားတို့၊ သင်တို့၏ အပြစ်ရှာမှုသည် သင်တို့၏ စရိုက်အတွက်သာ ဖြစ်၏၊ သင်တို့သည် လောကီဘဝ၌ ချမ်းမြေ့ခဲ့ပြီးနောက် ငါ့ထံသို့သာ အပြန်ခရီးရှိ၏၊ ထို့အခါ သင်တို့၏ ကျင့်ကြံလေ့ ရှိခဲ့သမျှကို သတင်း ထုတ်ပြန်တော်မူလတ္တံ့။
၁၀း၂၄။ ဤလောကီဘဝ၏ ပမာသည်ကား လူနှင့်တိရစ္ဆာန်များ စားသုံးနိုင်ရန် အပင်မျိုးစုံကို ဖြစ်ထွန်းစေ၍ ငါအရှင် သွန်းချစေသည့် ကောင်းကင်၌ စုပ်ယူ ပေါင်းစပ်နေသော ရေကဲ့သို့ ဖြစ်၏၊ ကမ္ဘာမြေကြီးသည် စွဲမက်စဘွယ် ရွှေသား အလား ဖြစ်၍ ကမ္ဘာသားတို့က ၎င်းကို စည်းကြပ်နိုင်သည်ဟု စဉ်းစားကြ၏၊ ငါ၏ ညွှန်ကြားချက်သည် ညချင်း နေ့ချင်း ဆိုက်ရောက်လာလျက် ယခင်နေ့များက ထိုအရာများ မပြည့်စုံခဲ့သကဲ့သို့ လုံးဝ ရိတ်သိမ်း ကြိတ်နယ်ပြီးသား စီစဉ်လိုက်၏၊ ဤသို့ ရှင်းလင်း ဆုံးဖြတ်ချက် သုတ်ဒေသနာများကို စဉ်းစားသုံးသပ်သော လူမျိုးအတွက် ဖြစ်စေ၏။
၁၀း၂၅။ ပရမတ်ဘုရားရှင်သည် သင်တို့အား သန္တိသုခ ဗိမာန်သို့ ဖိတ်ခေါ်တော်မူ၏၊ စံချိန်ပြည့်သူအား ဖြောင့်မတ် မှန်ကန်သော လမ်းစဉ်သို့ ညွှန်တော်မူ၏။
၁၀း၂၆။ သုမင်္ဂလာပြုသော သူများအတွက် သုမင်္ဂလာ ရှိစေ၍ တိုးပွားရမည်ပင်၊ သူတို့၏ မျက်နှာများ၌ ဖေါက်ပြန်ခြင်း မရှိ၊ အနှိမ်ခံ မျက်နှာမွဲဖြစ်ရခြင်းများ မရှိချေ၊ သူတို့သည် သုခဘုံ၏ ပေါင်းဖေါ်များ ဖြစ်ကြ၍ ထို၌ အစဉ် စံစားရမည်ပင်။
၁၀း၂၇။ အကုသိုလ်မှုကို ကျင့်ဆောင်သော သူတို့အဘို့ ပမာတူ အစားပေး အကုသိုလ် ရှိနေ၍ နှိမ်ခံရခြင်း ဖိစီးမှုရှိလတ္တံ့၊ ပရမတ်ဘုရားရှင်နှင့် ဆန့်ကျင်၍ သူတို့ဘက်မှ မားမားရပ်ပေးနိုင်သူ မရှိ၊ သူတို့၏ မျက်နှာများမှာ ညမိုက်ကြီး၏ အစိတ်အပိုင်း လွှမ်းခြုံသကဲ့သို့ ရှိ၏၊ သူတို့သည် အပူမီး၏ ပေါင်းဖေါ်များ ဖြစ်ကြလျက် ထို၌ အစဉ် ခံစားရမည်ပင်။
၁၀း၂၈။ သူတို့ အားလုံးကို စုစည်းစေသောနေ့ ကာလ၌ ရောပြွန်း ကိုးကွယ်သော သူတို့အား “သင်တို့နှင့် သင်တို့၏ ရောပြွန်း ကိုးကွယ်ခံများကြား အဆက် ရပ်လော့၊” ဟု မိန့်တော်မူ၍ သပ်သပ် ခွဲပစ်တော်မူအံ့၊ ထိုအခါ သူတို့၏ ရောပြွန်း ကိုးကွယ်ခံများက “သင်တို့သည် ကျွန်ုပ်တို့အား ကိုးကွယ်ခဲ့သည်မဟုတ်။
၁၀း၂၉။ ကျွန်ုပ်တို့သည် သင်တို့၏ အမှုတော်ဆောင်ခြင်းအား အလေးမထားခဲ့ကြောင်း ကျွန်ုပ်တို့ ကြား၊ သင်တို့ကြား၌ ပရမတ်ဘုရားရှင်သည် သက်သေအဖြစ် လုံလောက်တော်မူ၏၊” ပြောကြ၏။
၁၀း၃၀။ ၎င်းသည် စရိုက်ကိုယ်စီ သူတို့၏ အတိတ်များအား စစ်ဆေးခြင်း ခံရချိန် ဖြစ်၍ သူတို့၏ အမှန်တကယ် အားကိုးရမည့်အရှင် ပရမတ်ဘုရားရှင်၏ ထံသို့ ပြန်ပို့ခံရလတ္တံ့၊ သူတို့ လုပ်ကြံ ဖန်တီးလေ့ ရှိသောအရာများသည် သူတို့နှင့် လွဲဖယ်ရလေပြီ။
၁၀း၃၁။ “သို့တည်းမဟုတ် သင်တို့အား မိုးများနှင့် မြေမှ စားရေရိက္ခာကို မည်သူပေးသနည်း၊ အကြား အမြင်ဂုဏ်ကို မည်သူ အစိုးရသနည်း၊ သက်မဲ့မှ သက်ရှိသို့ မည်သူ ထုတ်ပေးသနည်း၊ သက်ရှိမှ သက်မဲ့သို့ မည်သူ ထုတ်ပေးသနည်း၊ ညွှန်ကြားချက်များအား မည်သူက ကျောထောက်နောက်ခံ ပြုသနည်း၊” ဟု မေးသော် “ပရမတ်ဘုရားရှင်ပင် ဖြစ်၏၊” ဟု ဆိုကြလိမ့်မည်၊ “သို့ဖြစ်လျှင် စည်း စောင့်ကြမည်လော၊” ဟု မေးမြန်းလော့။
၁၀း၃၂။ သို့ဖြင့် သင်တို့၏ ပရမတ်ဘုရားရှင်သည် သင်တို့၏ မှန်ကန်သော ကံကြမ္မာရှင် ဖြစ်၏၊ ထိုသစ္စာတရားပြီးနောက် လွဲမှားခြင်းများသာ ရှိ၍ သို့ဖြင့် သင်တို့မှာ မည်သို့ ဘက်လှည့်နိုင်အံ့နည်း။
၁၀း၃၃။ ဤသို့- သင့်ကံကြမ္မာရှင်၏ ဗျာဒိတ်တော်သည် ယုတ်မာသောသူများ အပေါ်၌ အမှန်ဖြစ်၏၊ သူတို့သည်ကား ယုံကြည်ကြမည် မဟုတ်ချေ။
၁၀း၃၄။ “သင်တို့၏ ရောပြွန်း ကိုးကွယ်ခံများတွင် ဖြစ်တည်မှုကို စတည်ခြင်း၊ ဆက်စီမံခြင်းကို ပြုနိုင်သူ ရှိလေသလော၊” ဟု မေးမြန်း၍ ဟောလော့၊ “ပရမတ်ဘုရားရှင်သည် ဖြစ်တည်မှုကို စတည်၏၊ တဖန် ဆက်စီမံ၏၊ သို့တိုင် သင်တို့သည် မည်သို့ လှည့်စားခံနေကြသနည်း။”
၁၀း၃၅။ “သင်တို့၏ ရောပြွန်း ကိုးကွယ်ခံများတွင် ပရမတ္ထသစ္စာသို့ ညွှန်ပြနိုင်သူ ရှိလေသလော၊” ဟု မေးမြန်း၍ ဟောလော့၊ “ပရမတ် ဘုရားရှင်သည်သာ ပရမတ္ထသစ္စာသို့ ညွှန်ပြတော်မူ၏၊ မည်သူက သစ္စာတရားအား ပရမတ္ထသစ္စာဖြင့် လမ်းညွှန်နိုင်သနည်း၊ သို့တည်းမဟုတ် လမ်းလည်း မညွှန်နိုင်၊ ကိုယ်တိုင် လမ်းညွှန်လိုအပ်သူအား လိုက်နာသင့်သလော၊ သင်တို့၏ စီရင်ထုံးပြုမှုသည် မည်သို့ ရှိအံ့နည်း။”
၁၀း၃၆။ သူတို့မှ အများစုသည် စဉ်းစားချက်ကိုသာ လိုက်နာနေကြ၏၊ စဉ်းစားချက်သည် သစ္စာတရားထက် တစ်စုံတစ်ရာမျှ မပြည့်စုံနိုင်ချေ၊ ဧကန်ပင် ပရမတ်ဘုရားရှင်သည် ပြုလုပ်သမျှအား သိနေသောအရှင် ဖြစ်၏၊
၁၀း၃၇။ ဤသည် ကုရ်အာန်ကျမ်းတော် ဖြစ်၏၊ ပရမတ်ဘုရားရှင်အား တုပ၍ အခြားသူက လုပ်ကြံ ဖန်တီးခြင်း မဟုတ်၊ သို့သော် ၎င်းသည် ပစ္စုပ္ပန်များကို ဖြောင့်မှန်စေသော ရှင်းလင်း ဆုံးဖြတ်ချက် ကျမ်းတော်ဖြစ်၏၊ လောကခပ်သိမ်း၏ ကံကြမ္မာရှင်ထံတော်မှ ဖြစ်၍ သံသယ ဝင်နိုင်ဘွယ် အလျဉ်းမရှိပေ။
၁၀း၃၈။ သို့တည်းမဟုတ် “၎င်းကို သူက လုပ်ကြံ ဖန်တီးထားသည်၊” ဟု ဆိုချင်ကြသလော၊ “သို့ဖြစ်က သင်တို့သည် ဖြောင့်မှန်သူများ ဖြစ်ကြလျှင် ပရမတ်ဘုရားရှင်မှလွဲ၍ တတ်နိုင်သူများကို ဖိတ်ခေါ်လျက် ဤမှ ဓမ္မခန္ဓာ တစ်ပါးကဲ့သို့ ယူခဲ့ကြလော့၊” ဟု တောင်းဆိုလော့။
၁၀း၃၉။ အမှန်မှာ သူတို့သည် ခြုံငုံနိုင်သော အသိပညာ မရှိဘဲလျက် ဖွင့်ဆို ရှင်းပြချက် မပေးရောက်မီအလျင် ၎င်းကို ငြင်းဆန်ကြကုန်၏၊ သူတို့မတိုင်မီ မျိုးဆက်များက ငြင်းဆန်ခဲ့သကဲ့သို့ပင် ဖြစ်၏၊ သို့ဖြစ်၍ အမိုက်ကောင်များ၏ နိဂုံး၊ မည်သို့ ချုပ်ရသည်ကို စောင့်ကြည့် ကြကုန်လော့။
၁၀း၄၀။ သူတို့အနက် ၎င်းကို ယုံကြည်သူလည်း ရှိ၏၊ မယုံကြည်သူများလည်း ရှိ၏၊ သင်၏ ကံကြမ္မာရှင်သည် အဖျက်ကောင်များအား အသိဆုံး ဖြစ်တော်မူ၏၊
၁၀း၄၁။ သင့်အား ငြင်းဆန်ကြလျှင် ဟောလော့၊ “ကျွန်ုပ် ကျင့်ကြံမှုသည် ကျွန်ုပ်အတွက်၊ သင်တို့ ကျင့်ကြံမှုသည် သင်တို့၏ အတွက်ပင်၊ သင်တို့သည် ကျွန်ုပ်၏ ကျင့်ကြံမှုအတွက်မှ ကင်းရှင်း၏၊ ကျွန်ုပ်သည်လည်း သင်တို့၏ ကျင့်ကြံမှု အတွက်မှ ကင်းရှင်း၏။”
၁၀း၄၂။ သူတို့အနက် သင့်အား နားစွင့်သူများလည်း ရှိ၏၊ သို့သော် အတွေးအခေါ် မရှိ၊ နားပင်းနေသူအား သင်သည် ကြားအောင် ပြုနိုင်သလော။
၁၀း၄၃။ သူတို့အနက် သင့်အား ကြည့်နေသူများလည်း ရှိ၏၊ သို့သော် အမြင် မရှိကြဘဲ ကန်းနေသူများအား သင်သည် လမ်းညွှန်နိုင်သလော။
၁၀း၄၄။ ဧကန်ပင် ပရမတ်ဘုရားရှင်သည် လူသားအား တစ်စုံတစ်ရာ အဝိဇ္ဇာ သင့်စေသည် မဟုတ်၊ သို့သော် လူသားသည် မိမိတို့၏ စရိုက်ကိုသာ မိမိတို့ မိုက်ကြေးခွဲ နေကြကုန်၏။
၁၀း၄၅။ သူတို့အား စုစည်းသောနေ့၌ သူတို့သည် တစ်နေ့တာ၏ အခိုက်အတန့်သာ နေထိုင်ခဲ့သည်ဟု ခံစားရ၍ အချင်းချင်းကြား မှတ်မိနေကြလတ္တံ့၊ ပရမတ်ဘုရားရှင်အား ဖူးတွေ့ရမည်ကို ငြင်းဆန်သော၊ လမ်းညွှန်ခြင်းလည်း မခံရသော သူတို့သည်ကား ပျက်စီး ဆုံးရှုံးရလတ္တံ့။
၁၀း၄၆။ သို့မဟုတ် ငါသည် သူတို့အား ကတိထားသည်များမှ အချို့ကို သင့်အား ပြသသည် ဖြစ်စေ၊ ထိုမတိုင်မီ သက်တမ်းကုန်စေသည် ဖြစ်စေ၊ သူတို့၏ အပြန်ခရီးသည် ငါ၏ထံသို့သာ ဖြစ်၏၊ ပရမတ်ဘုရားရှင်သည် ပြုလုပ်သမျှအား အသိသက်သေ ဖြစ်တော်မူ၏။
၁၀း၄၇။ အသိုင်းအဝိုင်းတိုင်းအတွက် ဉာဏ်စဉ်ဆောင်သည် ရှိ၏၊ သူတို့အတွက် ဉာဏ်စဉ်ဆောင် ရောက်လာသောအခါ သူတို့ကြား သမာသမတ်ဖြင့် ဆုံးဖြတ်ပေး၏၊ သူတို့အား မိုက်ကြေးခွဲသည် မဟုတ်ချေ။
၁၀း၄၈။ “သင်တို့သည် ဖြောင့်မှန်သူများ ဖြစ်ကြလျှင် ဤကတိတော်သည် မည်သည့် အခါတွင် ဆိုက်ရောက်မည်နည်း၊” ဟု မေးမြန်းကြ၏။
၁၀း၄၉။ ဟောလော့၊ “ပရမတ်ဘုရားရှင်ထံ၌ စံချိန်ပြည့်မီသည်မှအပ ကျွန်ုပ်သည် မိမိ၏ ဉာဉ်ကိုပင် ဆိုးကျိုး၊ ကောင်းကျိုး အစိုးမရချေ၊ အသိုင်းအဝိုင်းတိုင်း အတွက် သတ်မှတ်ချိန်သည် ရှိနေ၏၊ သူတို့အတွက် သတ်မှတ်ချိန် ရောက်လာသောအခါ သူတို့သည် ၎င်းကို အခိုက်အတန့်မျှပင် နောက်မဆုတ်နိုင်၊ ရပ်မထားနိုင်ချေ။”
၁၀း၅၀။ “အရှင်၏ ဝဋ်ကြွေးဒဏ်သည် သင်တို့ထံသို့ မှောင်ချိန်၌၊ သို့မဟုတ် နေ့၌၊ ဆိုက်ရောက်လာမည်ဟု မြင်မိကြသလော၊ ရာဇဝတ်ကောင်များသည် မည်သည်ကို အလျင်လိုနေကြသနည်း။”
၁၀း၅၁။ တဖန် သင်တို့အား တကယ်ထိတော့မှ ယုံကြည်ကြမည်လော၊ ယခုမူ အဘယ်ကြောင့်နည်း၊ ၎င်း၌ သင်တို့သည် အလျင်လို နေကြသလော၊” ဟု မေးမြန်းလော့၊
၁၀း၅၂။ ထို့နောက် မိုက်ကြေးခွဲသော သူများအား “ဝဋ်ကြွေးအား အစဉ် မြည်းစမ်းကြလော့၊ အသင်တို့ ကျင့်ဆောင်လေ့ ရှိခဲ့သည်မှအပ အခြား အစားပေးသလော၊” ဟု မိန့်ဆိုလတ္တံ့။
၁၀း၅၃။ “၎င်းသည် အမှန်ပင်လော၊” ဟု သတင်းမေးကြ၏၊ ပြောလော့၊ “မုချစင်စစ် ကျွန်ုပ်၏ ကံကြမ္မာရှင်အားဖြင့်- ယင်းသည် လုံးဝ မှန်ကန်သည် ဖြစ်၏၊ သင်တို့သည် ၎င်းကို ချည့်နဲ့စေနိုင်မည် မဟုတ်ချေ။”
၁၀း၅၄။ မိုက်ကြေးခွဲသော ဉာဉ်တိုင်းသည် ကမ္ဘာပေါ်ရှိ အရာအားလုံးကို ပိုင်ဆိုင်လျှင် ၎င်းကို လျော်ကြေးအဖြစ် ကမ်းလှမ်းလိုကြ၏၊ ဝဋ်ကြွေးဒဏ်ကို မြင်သောအခါ သူတို့သည် ကြိတ်၍ ယူကျုံးမရ ဖြစ်ရလတ္တံ့၊ သို့သော် သူတို့၏ကြား သမာသမတ်ဖြင့် ဆုံးဖြတ်ပြီးချေပြီ၊ သူတို့အား မိုက်ကြေး မခွဲခဲ့ချေ။
၁၀း၅၅။ မှတ်သားလော့၊ မိုးများနှင့် မြေအတွင်း ရှိသမျှတို့သည် ပရမတ်ဘုရားရှင်၏ အချုပ်အခြာ၌ ရှိ၏၊ ဧကန်ပင် ပရမတ်ဘုရားရှင်၏ ကတိတော်သည် သစ္စာတစ်ရပ် ဖြစ်၏၊ သို့ရာတွင် အများစုကြီးမှာ သိနိုင်ကြသည် မဟုတ်ချေ။
၁၀း၅၆။ အရှင်သည် နိစ္စ၊ အနိစ္စကို ဖြစ်စေ၏၊ အလုံးစုံသည် အရှင့်ထံသို့သာ ဦးလှည့်ရမည် သာတည်း။
၁၀း၅၇။ အို- လူသားတို့၊ သင်တို့ထံသို့ သင်တို့၏ ကံကြမ္မာရှင်ထံမှ အဆုံးအမတော် ရောက်ရှိလာပြီ၊ ရင်ဘတ်အတွင်းမှ ဝေဒနာအတွက် ဆေးတော် တစ်ဖုံလည်း ဖြစ်၏၊ သက်ဝင် ယုံကြည်သူများအတွက် လမ်းညွှန် ကရုဏာလည်း ဖြစ်၏။
၁၀း၅၈။ ဟောကြားလော့၊ “ပရမတ်ဘုရားရှင်၏ သိက္ခာပေးမှုနှင့် ကရုဏာတော်အားဖြင့် ဝမ်းမြောက်ဝမ်းသာ ဖြစ်ကြလော့- ၎င်းသည် သူတို့ စုဆောင်းထားသည် များထက် သာလွန် ကောင်းမြတ်၏။”
၁၀း၅၉။ ဟောလော့၊ “ပရမတ်ဘုရားရှင်သည် သင်တို့အား စားရေရိက္ခာ မျိုးစုံ ချမှတ်ပေးတော်မူသည်၊ ၎င်းတို့အား သင်တို့က တားမြစ်ခြင်း၊ တရားဝင်လုပ်ခြင်း စီစဉ်ကြသည်များကို မြင်ကြပြီလော၊” မေးမြန်းလော့၊ “ပရမတ်ဘုရားရှင်က ခွင့်ပြု ပြီးပြီလော၊ သို့တည်းမဟုတ် ပရမတ်ဘုရားရှင်နှင့် စပ်လျဉ်း၍ လုပ်ကြံ ဖန်တီး ကြသလော။”
၁၀း၆၀။ ပရမတ်ဘုရားရှင်နှင့် စပ်လျဉ်း၍ လုပ်ကြံ ဖန်တီး၊ လိမ်ညာသော သူများသည် ရပ်တည်ရမည့်နေ့ ကာလကို မည်သို့ စဉ်းစားချက် ရှိသနည်း၊ ဧကန်ပင် ပရမတ်ဘုရားရှင်သည် လူသားတို့အား သိက္ခာပေးသော အရှင်ဖြစ်၏၊ သို့ရာတွင် အများစုကြီးမှာ ကျေးဇူး မသိတတ်ချေ။
၁၀း၆၁။ သင်တို့သည် မည်သည့်ကိစ္စ၌ ရှိနေသည် ဖြစ်စေ၊ ကုရ်အာန်မှ ဖတ်ပြနေသည် ဖြစ်စေ၊ မည်သည့်ကျင့်ကြံမှုကို ကျင့်ကြံနေသည် ဖြစ်စေ၊ ထို၌ စိတ်စုပြုံထားသော် ငါသည် မျက်မှောက်သက်သေ ဖြစ်၏၊ မိုးများနှင့် မြေအတွင်းဝယ် ပရမံနုမြူပမာ အလေးချိန်မျှပင် သင့်ကံကြမ္မာရှင်၏ထံမှ လွတ်ကင်းသည်ဟူ၍ မရှိချေ၊ ထို့ထက် သေးငယ်သောအရာ၊ ကြီးသောအရာတို့သည် ရှင်းလင်း ထင်ရှားစွာ မှတ်တမ်း၌ ရှိ၏။
၁၀း၆၂။ ပရမတ်ဘုရားရှင်၏ မဟာမိတ်များမှာမူကား သူတို့အား ကြောက်ရွံ့ ရစေမည်မဟုတ်၊ သောက ဖြစ်ရစေမည်လည်း မဟုတ်ချေ။
၁၀း၆၃။ သူတို့သည် ယုံကြည်သောသူများ ဖြစ်၍ စည်းစောင့်လေ့ ရှိကြ၏။
၁၀း၆၄။ သူတို့အဘို့ ဤဘဝ၊ နောင်ဘဝ၌ သတင်းကောင်းများ ရှိ၏၊ ပရမတ်ဘုရားရှင်၏ စကားတော်သည် လွှဲပြောင်းခြင်း မရှိ၊ ၎င်းသည် သူတို့အတွက် မဟာ အောင်ပွဲ ဖြစ်၏။
၁၀း၆၅။ သူတို့၏ ပြောဆိုချက်များကြောင့် စိတ်သောကမဖြစ်နှင့်၊ ဘုန်းကံ အားလုံးသည် ပရမတ်ဘုရားရှင်၏ အချုပ်အခြာ၌ ရှိ၏၊ အရှင်သည် ကြားနေသောအရှင်၊ သိနေသောအရှင် ဖြစ်တော်မူ၏။
၁၀း၆၆။ ဧကန်ပင် မိုးများနှင့် မြေအတွင်း ရှိသမျှတို့သည် ပရမတ်ဘုရားရှင်၏ အချုပ်အခြာ၌ ရှိ၏၊ ပရမတ်ဘုရားရှင်မှလွဲ၍ ရောပြွန်း ကိုးကွယ်မှုများထံ ဆုတောင်းသော သူတို့သည် မည်သည့် အရာ၏ နောက်လိုက် ဒကာမှ မဟုတ်ချေ၊ စဉ်းစားချက်ကိုသာ လိုက်နာနေကြကုန်၏၊ သူတို့သည် မှန်းဆသူများသာ ဖြစ်ချေ၏။
၁၀း၆၇။ အရှင်သည် နားနေစေရာ ညကို၊ ခွဲခြား မြင်နိုင်ဘို့ရာ နေ့ကို၊ စီစဉ်တော်မူ၏၊ ကြားနာနိုင်သော လူမျိုးအတွက် ထို၌ သက်သေနိမိတ်များ ပါရှိ၏။
၁၀း၆၈။ “ပရမတ်ဘုရားရှင်၌ ကိုယ်ပွားထား၏၊” ဟု ပြောဆိုကြ၏၊ အရှင်သည် ဦးထိပ်ထားရာ ဖြစ်၏၊ ကုံလုံ ပြည့်စုံတော်မူ၏၊ မိုးများနှင့် မြေအတွင်း ရှိသမျှတို့သည် အရှင်၏ အချုပ်အခြာ၌ ရှိနေ၏၊ သင်တို့၌ ထိုသို့ စွပ်စွဲရန် အခွင့်အာဏာ မရှိချေ၊ ပရမတ်ဘုရားရှင်၏ အကြောင်းအား မသိဘဲလျက် ပြောဆိုကြကုန် သလော။
၁၀း၆၉။ “ပရမတ်ဘုရားရှင်နှင့် စပ်လျဉ်း၍ လုပ်ကြံ ဖန်တီး၊ လိမ်ညာသော သူတို့သည် အောင်မြင် ပေါက်မြောက်မည် မဟုတ်” ဟု ဟောကြားလော့။
၁၀း၇၀။ လောကီ၌ ချမ်းမြေ့မှု ရှိရာ၏၊ ထို့နောက် ငါ့ထံသို့သာ သူတို့ အပြန်ခရီးရှိ၏၊ သူတို့၏ ဖုံးကွယ်လေ့ ရှိမှုများကြောင့် ပြင်းထန်သော ဝဋ်ကြွေးကို မြည်းစမ်းစေမည်ပင်။
၁၀း၇၁။ နူးဟ်၏ သတင်းအကြောင်းကို သူတို့အား ရွတ်ပြလော့၊ သူက သူ့လူမျိုးတို့အား ပြောသည်မှာ “အို- ကျွန်ုပ်၏ လူမျိုးတို့၊ သင်တို့သည် ကျွန်ုပ်၏ ရပ်တည်မှုနှင့် ကျွန်ုပ် ကိုးစားသော ပရမတ်ဘုရားရှင်၊ ထို ပရမတ်ဘုရားရှင်၏ သုတ်ဒေသနာများဖြင့် သတိဖေါ်ပေးခဲ့သည်ကို မာနကြီးနေလျှင် သင်တို့နှင့် သင်တို့၏ ရောပြွန်း ကိုးကွယ်ခံများ အတူပူးပေါင်း၍ ညွှန်ကြားကြလော့၊ သင်တို့၏ ညွှန်ကြားမှုများသည် တလှိုက်လှိုက် မဖြစ်စေနှင့်၊ ထို့နောက် ကျွန်ုပ်အတွက် ဆုံးဖြတ်ပေးလော့၊ စောင့်ကြည့်နေခွင့် မပြုကြနှင့်။
၁၀း၇၂။ အကယ်၍ သင်တို့ လှည့်သွားကြလျှင် ကျွန်ုပ်သည် သင်တို့ထံမှ အကျိုးဆုလာဘ် မတောင်းခဲ့ချေ၊ ကျွန်ုပ်အတွက် ဆုလာဘ်သည် ပရမတ်ဘုရားရှင် ထံ၌သာ ရှိ၏၊ ကျွန်ုပ်အား သန္တိသုခဝါဒီများမှ ဖြစ်ရန် ညွှန်ကြားခံရ၏။”
၁၀း၇၃။ သို့သော် သူ့အား ငြင်းဆန်ကြ၏၊ သို့ဖြင့် ငါသည် သင်္ဘောပေါ်ရှိသူ၊ သူနှင့်အတူ ရှိသူများကို လွတ်မြောက်စေတော်မူ၍ ဆက်ခံသူများအဖြစ် စီစဉ်တော်မူ၏၊ ငါ၏ သုတ်ဒေသနာများအား ငြင်းဆန်သော သူတို့အား နစ်မြုပ်စေပြီ၊ သတိပေး ခံခဲ့ရသူတို့သည် နိဂုံး မည်သို့ ချုပ်ရသည်ကို ကြည့်ကြကုန်လော့။
၁၀း၇၄။ တဖန် သူ့နောက်တွင် သက်ဆိုင်ရာ လူမျိုးများထံသို့ ဉာဏ်စဉ်ဆောင်များကို ပွင့်ပေါ်စေတော်မူ၍ သူတို့ထံသို့ ရှင်းလင်းချက်များဖြင့် ရောက်လာစေ၏၊ သို့သော် ရှေ့ကပင် ငြင်းဆန်ခဲ့ရာများကို သူတို့ ယုံကြည်ကြမည် မဟုတ်ချေ၊ စည်းဖေါက်သူများ၏ နှလုံးသားကို ငါ တံဆိပ်ထုထားတော်မူပြီ။
၁၀း၇၅။ သူတို့၏နောက်တွင် မူဆာနှင့် ဟာရွန်အား ဖာရိုးမင်းဆက်နှင့် သူ၏ အကြံပေးများထံသို့ ငါ၏ သုတ်ဒေသနာများအားဖြင့် ပွင့်ပေါ်စေတော်မူ၏၊ သို့သော် သူတို့သည် မောက်မာသော ရာဇဝတ်ကောင် လူမျိုး ဖြစ်၏။
၁၀း၇၆။ ငါ၏ထံမှ သစ္စာတရားသည် သူတို့ထံသို့ ရောက်သောအခါ “ဤသည် ရှင်းလင်း ထင်ရှားသော မှော်အတတ်သာ ဖြစ်၏၊” ဟု ဆိုကြ၏။
၁၀း၇၇။ မူဆာက “သင်တို့ထံသို့ သစ္စာတရား ရောက်လာသည်ကို ယင်းသို့ ပြောကြသလော၊ ဤသည် မှော်အတတ် ဖြစ်လေသလော၊ မှော်ဆရာတို့သည် အောင်မြင် ပေါက်မြောက်ကြမည် မဟုတ်ချေ၊” ဟု ပြောဆိုသော်။-
၁၀း၇၈။ သူတို့က “သင်သည် ကျွန်ုပ်တို့အား တွေ့ရှိ လိုက်နာနေသော မိရိုးဖလာမှ နောက်ပြန်လှည့်ရန်၊ သို့မဟုတ် သင်တို့နှစ်ဦးသည် ဤတိုင်းပြည်၌ အကြီးအကဲ ဖြစ်လာရန်၊ ရောက်လာကြသလော၊ ကျွန်ုပ်တို့သည် သင်တို့အတွက် ယုံကြည်သူများ ဖြစ်လာမည် မဟုတ်ချေ၊” ဟု ပြောကြလျက်။-
၁၀း၇၉။ ဖာရိုးမင်းက “မှော်ပညာရှင် ကိုယ်စီအား ကျွန်ုပ်ထံသို့ ခစားစေလော့၊” ဟု မိန့်ဆို၏။
၁၀း၈၀။ မှော်ဆရာများ ရောက်လာစဉ် မူဆာက “အသင်တို့ ခင်းကျင်းစရာအား ခင်းကျင်းလော့၊” ဟု ဆိုလိုက်၍။-
၁၀း၈၁။ သူတို့ခင်းကျင်းသော် မူဆာက “သင်တို့ ရောက်လာစေခဲ့သည်မှာ လှည့်စားမှုမျှသာ ဖြစ်၍ ပရမတ်ဘုရားရှင်က ၎င်းအား မှောက်မှားစေလတ္တံ့၊ ဧကန်ပင် ပရမတ်ဘုရားရှင်သည် အဖျက်ကောင်များ၏ ကျင့်ကြံမှုအား ပြုပြင် ပြောင်းလဲစေတော် မမူချေ။
၁၀း၈၂။ ရာဇဝတ်ကောင်များက မည်မျှပင် မကြိုက်သော်လည်း ပရမတ်ဘုရားရှင်သည် မိမိ၏ တရားတော်အားဖြင့် သစ္စာတရားအား ပို၍ မှန်ကန် ခိုင်မာစေတော်မူ၏၊” ဟု ပြောဆို၏။
၁၀း၈၃။ သို့သော် သူ့လူမျိုးများမှ သူ၏ သားမြေးမှအပ မူဆာအား ယုံကြည်သူ မရှိချေ၊ ဖာရိုးနှင့် သူ့အကြံပေးများ၏ သွေးတိုးစမ်းမှုကြောင့် ကြောက်စိတ် လွှမ်းနေ၏၊ ဧကန်ပင် ဖာရိုးသည် တိုင်းပြည်၌ ထိပ်သီး ဖြစ်၏၊ သူသည် အလွဲသုံးစား ပြုသူတို့မှ ဖြစ်၏။
၁၀း၈၄။ မူဆာက “အို- ကျွန်ုပ်၏ လူမျိုးတို့၊ သင်တို့သည် ပရမတ်ဘုရားရှင်အား ယုံကြည်သူများ ဖြစ်ကြလျှင်၊ သင်တို့သည် ငြိမ်းချမ်းရေးဝါဒီများ ဖြစ်ကြလျှင်၊ အရှင့်အား ကိုးစားကြလော့၊” ဟု ဟောကြားသော်။-
၁၀း၈၅။ သူတို့က “ပရမတ်ဘုရားရှင်၌ ကျွန်ုပ်တို့သည် ကိုးစားပါ၏၊” “အို- တပည့်တော်တို့၏ ကံကြမ္မာရှင်၊ တပည့်တော်တို့အား မိုက်ကြေးခွဲနေသော လူမျိုးတို့၏ သွေးတိုး မစမ်းနိုင်ရန် စီစဉ်ပေးတော်မူပါ။
၁၀း၈၆။ ဖုံးကွယ်သော လူမျိုးမှ လွတ်မြောက်စေရန် တပည့်တော်တို့အား အရှင့် ကရုဏာ သက်တော်မူပါ၊” ဟု ဆုတောင်းကြ၏။
၁၀း၈၇။ မူဆာနှင့် သူ့အစ်ကိုထံသို့ “သင်တို့၏ လူမျိုးများအတွက် အိမ်များကို အီဂျစ်၌ နေရာချစေလော့၊ သင်တို့၏ အိမ်များကို ရှေ့ရှုရာအဖြစ် စီစဉ်ကြလော့၊ ဝတ်ပြု မြဲကြလော့၊ ယုံကြည်သူများအတွက် သတင်းကောင်း ပါးလော့၊” ဟု ငါ အာရုံဈာန်ပေး၏။
၁၀း၈၈။ မူဆာက “အို- ကံကြမ္မာရှင်၊ အရှင်သည် ဖာရိုးနှင့် သူ့အကြံပေးတို့အား ဤလောကီဘဝ၌ စွဲမက်စရာနှင့် ဥစ္စာကို ပေးထား၏၊ အို- ကံကြမ္မာရှင်၊ သူတို့သည် အရှင်၏လမ်းစဉ်မှ လွဲဖယ်စေရန် ပြုနေ၏၊ အို- ကံကြမ္မာရှင်၊ သူတို့၏ ဥစ္စာများကို အရေကွာစေတော်မူပါ၊ စူးနစ်နာကျင်သော ဝဋ်ကြွေးအား မြင်ရသည့်တိုင် ယုံကြည်ခြင်း ကင်းမဲ့စေရန် သူတို့၏ နှလုံးသားကို မာပြင်းစေတော်မူပါ၊” ဟု ဆုတောင်းသော်။-
၁၀း၈၉။ “သင်တို့ ညီနောင်၏ ဆုတောင်းကို ငါ တုံ့ပြန်တော်မူပြီ၊ သင်တို့သည် ရပ်တည်မှုရှိလော့၊ အသိပညာမရှိသော သူများ၏ လမ်းစဉ်အား မလိုက်လေနှင့်၊” ဟု ငါ မိန့်မြွက်၏။
၁၀း၉၀။ ငါသည် ဂျူးလူမျိုးတို့အား ပင်လယ်ကို ဖြတ်စေ၏၊ ဖာရိုးနှင့် သူ၏ စစ်တပ်က အပြစ်ရှာ စည်းဖေါက်၍ အမီလိုက်ကြ၏၊ ရေနစ် ဖုံးလွှမ်းခြင်း ခံရသောအခါမှ “ဂျူးလူမျိုးများ ယုံကြည်သော အရှင်၊ ထိုအရှင်မှအပ အခြား ဘုရား မရှိပါ၊ တပည့်တော် ယုံကြည်ပါပြီ၊ ဧကန်ပင် တပည့်တော်သည် ငြိမ်းချမ်းရေးဝါဒီများမှ ဖြစ်ပါပြီ၊” ဟု ဝန်ခံ၏။
၁၀း၉၁။ အလို- ယခုမှ၊ အသင်သည် အဖျက်ကောင်များမှ ဖြစ်၍ ရှေ့အလျင်ကပင် အာခံခဲ့လေပြီ။
၁၀း၉၂။ ယနေ့၌ နောင်မျိုးဆက်များအတွက် လက္ခဏာတစ်ရပ် ဖြစ်စေရန် သင်၏ ရုပ်ကလပ်ကို ငါ လွတ်မြောက်စေတော်မူပြီ၊ ဧကန်ပင် လူသား တို့မှ အများစုသည် ငါ၏ သက်သေ လက္ခဏာများကို မေ့လျော့နေကြ၏။
၁၀း၉၃။ ငါသည် ဂျူးလူမျိုးတို့အား နေရာထိုင်ခင်းဖြင့် မှန်မှန်ကန်ကန် နေရာချပေးခဲ့၏၊ စင်ကြယ်ရာများမှ ရိက္ခာထောက်ခဲ့၏၊ သူတို့ထံသို့ ဤအသိ ရောက်မလာမီအထိ သဘောထားကွဲမှု မရှိသေးချေ၊ သူတို့၏ကြား၌ ရှိသော ကွဲလွဲမှုများကို သင်၏ ကံကြမ္မာရှင်သည် ရပ်တည်ရသောနေ့၌ အပြီးသတ်စေလတ္တံ့။
၁၀း၉၄။ သင့်ထံသို့ ငါ ချမှတ်ပေးရာ၌ ဒွိဟဖြစ်လျှင် သင့်ရှေ့အလျင် ကျမ်းစာဖတ်သော သူများကို မေးမြန်းလော့၊ ဧကန်ပင် သစ္စာတရားသည် သင့်ထံသို့ သင်၏ ကံကြမ္မာရှင်ထံမှ ရောက်လာ၏၊ သို့ဖြစ်၍ သင်သည် အချင်းများသူများ၌ မပါနှင့်။
၁၀း၉၅။ ထို့ပြင် သင်သည် ပရမတ်ဘုရားရှင်၏ သုတ်ဒေသနာများအား ငြင်းဆန်သော သူများ၌ မပါဝင်နှင့်၊ သို့မဟုတ်က သင်သည် ဆုံးရှုံးသူများမှ ဖြစ်ရလတ္တံ့။
၁၀း၉၆။ ဧကန်ပင် သင့်ကံကြမ္မာရှင်၏ စကားတော်သည် သူတို့အပေါ်၌ အမှန် ဖြစ်၏၊ သူတို့သည် ယုံကြည်ကြမည် မဟုတ်ချေ။
၁၀း၉၇။ မည်သည့် သုတ်ဒေသနာများ ရောက်လာသည်ဖြစ်စေ၊ စူးနစ်နာကျင်သောဝဋ်ကြွေးကို မမြင်ရသ၍ အရေးမပါချေ။
၁၀း၉၈။ ယုံကြည်မှုအတွက် ယုံကြည်မှု၏ အကျိုးမခံစားရသော အရပ်ဒေသဟူ၍ မရှိ၊ ယူနွတ်စ်၏လူမျိုး၊ သူတို့၏ ယုံကြည်ချက်ကြောင့် သူတို့သည် ဤလောကီ ဘဝ၌ အရှက်ကွဲရခြင်း ဝဋ်ကြွေးမှ ဖယ်ရှားခံရ၍ ချမ်းမြေ့သောခေတ်ကို ကာလတစ်ခုထိ ပိုင်ခဲ့၏။
၁၀း၉၉။ သင့်ကံကြမ္မာရှင်၏ စံချိန်ပြည့်ပြီးဖြစ်လျှင် မြေပေါ်၌ ရှိသမျှသော သူအားလုံးသည် ယုံကြည်ပြီး ဖြစ်လတ္တံ့၊ သင်သည် လူသားတို့အား ယုံကြည်သူများ ဖြစ်သည့်တိုင်အောင် အဓမ္မပြုမည်လော။
၁၀း၁၀၀။ ပရမတ်ဘုရားရှင်၏ ခွင့်ပြုချက်မရှိဘဲ မည်သည့် ဉာဉ်သည်မှ ယုံကြည်လာမည် မဟုတ်ချေ၊ အတွေးအခေါ် မရှိသောသူများကို ညစ်ညမ်းစေရန် စီစဉ်ထားတော်မူလတ္တံ့။
၁၀း၁၀၁။ မိုးများနှင့် မြေ၌ ရှိသောအရာများကို ကြည့်ကြလော့၊ ယုံကြည်မှု မရှိသော လူမျိုးအတွက် ပြည့်စုံသော သက်သေလက္ခဏာများ၊ သတိပေးသူများ ရှိနေသည် မဟုတ်လော၊” ဟု ဟောကြားလော့။
၁၀း၁၀၂။ သူတို့၏ရှေ့အလျင် ကွယ်လွန်ခဲ့ပြီးသော သူများ၏ နေ့ကာလများ ကဲ့သို့သာ သူတို့ စောင့်ကြည့် နေကြသလော၊ ဟောလော့၊ “သင်တို့ စောင့်ကြည့်ကြလော့၊ ကျွန်ုပ်သည်လည်း စောင့်ကြည့်နေသူများမှ ဖြစ်၏။”
၁၀း၁၀၃။ တဖန် ငါ၏ ဉာဏ်စဉ်ဆောင်များနှင့် ယုံကြည်သော သူများအား ငါ လွတ်မြောက်စေတော်မူ၏၊ ဤသို့ ယုံကြည်သူများအား လွတ်မြောက်စေခြင်းမှာ ငါ၏ မဖေါက်ပြန်သော ပြဌာန်းချက် ဖြစ်၏။
၁၀း၁၀၄။ ဟောလော့၊ “အို- လူသားတို့၊ သင်တို့သည် ပရမတ်ဘုရားရှင်မှလွဲ၍ ကိုးကွယ်နေသော အရာများကို ကိုးကွယ်ခြင်း မရှိသည့် ကျွန်ုပ်၏ သာသနာ၌ ဒွိဟ ဖြစ်ကြသလော၊ ကျွန်ုပ်သည် ပရမတ်ဘုရားရှင်ကိုသာ ကိုးကွယ်၏၊ အရှင်သည် သင်တို့၏ အသက်တာကို ပိုင်၏၊ ကျွန်ုပ်အား ယုံကြည်သူများ၌ ပါဝင်ရန် ညွှန်ကြားခံရသည်မှာ။-
၁၀း၁၀၅။ သာသနာ၌ အယူသန့်သူအဖြစ် မျက်မှောက်ပြု ရပ်တည်လော့၊ ရောပြွန်း ကိုးကွယ်သူများမှ မဖြစ်နှင့်။
၁၀း၁၀၆။ ပရမတ်ဘုရားရှင်မှလွဲ၍ ကောင်းကျိုး၊ ဆိုးကျိုး၊ မပေးနိုင်သော အရာများ၌ ဆုမတောင်းနှင့်၊ အကယ်၍ ပြုလုပ်ခဲ့လျှင် အသင်သည် အမိုက်ကောင်များ၏ အနက်၌ ပါဝင်ရချေပြီ။
၁၀း၁၀၇။ အကယ်၍ ပရမတ်ဘုရားရှင်က သင့်အား ဆိုးကျိုး သက်စေသော် အရှင်မှအပ ၎င်းအား ဖယ်ရှားနိုင်သူ မရှိ၊ အရှင်က အကောင်း ဖြစ်စေလိုလျှင် အရှင်၏ သိက္ခာပေးမှုအား တားဆီးနိုင်သူ မရှိ၊ အရှင်သည် အမှုတော်ဆောင်များမှ စံချိန် ပြည့်သူအား တိုးပွားမှု ထိသက်စေ၏၊ အရှင်သည် လွတ်ငြိမ်းစေသောအရှင်၊ အကြင်နာရှင် ဖြစ်တော်မူ၏။”
၁၀း၁၀၈။ ဟောလော့၊ “အို- လူသားတို့၊ သစ္စာတရားသည် သင်တို့၏ ကံကြမ္မာရှင်ထံမှ ရောက်ရှိလာပြီ၊ သို့ဖြစ်၍ လမ်းညွှန်သို့ လိုက်သူသည် သူ၏ ဉာဉ်စရိုက်အတွက် လမ်းညွှန်သို့ လိုက်ခြင်း ဖြစ်၏၊ လမ်းလွဲသို့ လိုက်သူသည် သူ့အတွက် လမ်းလွဲသို့ လိုက်ခြင်း ဖြစ်၏၊ ကျွန်ုပ်သည် သင်တို့၏ ကိုးစားခံရသူ မဟုတ်ချေ။”
၁၀း၁၀၉။ သင့်ထံသို့ အာရုံဈာန်ပေးရာကို လိုက်နာလော့၊ ပရမတ်ဘုရားရှင်၏ စီရင်ထုံး ပြုသည်အထိ သည်းခံလော့၊ အရှင်သည် အကောင်းဆုံး ဓမ္မသတ်ချုပ် ဖြစ်တော်မူ၏။
ဓမ္မခန္ဓာ (၁၀) ဤတွင် ပြီး၏။
ဓမ္မခန္ဓာ (၁၁) “ဟူဒ်”
ဉာဏ်စဉ်ကိန်းပေးမှု အမှတ်စဉ်- ၅၂။ သုတ်ဒေသနာ- ၁၂၃ ပါး။
ကရုဏာရှင် အကြင်နာရှင် ဖြစ်တော်မူသော ပရမတ်ဘုရားရှင်၏ ဂုဏ်တော်အားဖြင့်-
၁၁း၁။ “ငါသည် ကုန်စင် မြင်နေတော်မူသော ပရမတ်ဘုရားရှင် ဖြစ်၏၊” ဤသည်- ဓမ္မသတ်ရှင်၊ သတင်းသိနေသော အရှင်၏ထံမှ ရှင်းလင်း ဆုံးဖြတ်ချက် သုတ်ဒေသနာများဖြင့် ဥပဒေကျမ်းတော် ဖြစ်၏။
၁၁း၂။ ပရမတ်ဘုရားရှင်မှအပ မကိုးကွယ်ကြနှင့်၊ သင်တို့အဘို့ ကျွန်ုပ်သည် အရှင့်ထံမှ သတိပေးသူ၊ သတင်းကောင်း ပါးသူပင် ဖြစ်၏။
၁၁း၃။ သင်တို့၏ ကံကြမ္မာရှင်ထံ၌ လွတ်ငြိမ်းဆုများ ပန်ကြလော့၊ ထို့နောက် အရှင့်ထံသို့ ခဝါချကြလော့၊ အရှင်သည် သင်တို့အား သတ်မှတ်ချိန်ထိ တင့်တယ်သော ချမ်းမြေ့မှုကို ဖြည့်ဆည်းတော်မူလတ္တံ့၊ သိက္ခာ ပေးတတ်သူတိုင်းအား သိက္ခာ ပြန်ပေးခြင်း ခံရလတ္တံ့၊ အကယ်၍ လှည့်သွားကြလျှင် အသင်တို့အတွက် ဝဋ်ကြွေးသင့်မည့် နေ့တော်ကြီးအား ကျွန်ုပ် စိုးရိမ်လှချေ၏။
၁၁း၄။ သင်တို့၏ အပြန် ခရီးသည် ပရမတ်ဘုရားရှင် ထံသို့သာ ဖြစ်၏၊ အရှင်သည် သဗ္ဗလုံးစုံအား စည်းချိန် ချမှတ်တော်မူ၏။
၁၁း၅။ အရှင့်ထံမှ ထိမ်ဝှက်ရန် အလို့ငှာ သူတို့၏ ရင်ဘတ်များကို နှစ်ခေါက် ချိုးထားကြကုန်၏၊ သူတို့ကိုယ် သူတို့ ခြုံထည်ဖြင့် လွှမ်းခြုံစဉ်ကာလ၊ အရှင်သည် သူတို့၏ ကြိတ်ကြံစည်ရာ၊ လူသိရှင်ကြား ပြုရာများကို သိနေတော်မူ၏၊ အရှင်သည် ရင်တွင်း ခံစားချက်များအားဖြင့် သိနေသောအရှင် ဖြစ်၏။
၁၁း၆။ ဤလောက၌ ရိက္ခာအတွက် ပရမတ်ဘုရားရှင်အား မတည်မှီရသော သတ္တဝါဟူ၍ မရှိချေ၊ အရှင်သည် ၎င်း၏ တည်ငြိမ်စွာနေခြင်း၊ ကင်းရှင်းစွာနေခြင်းကို သိနေတော်မူ၏၊ ခပ်သိမ်းကုန်သည် ရှင်းလင်း ထင်ရှားသော မှတ်တမ်း၌ ရှိ၏။
၁၁း၇။ အရှင်သည် မိုးများနှင့် မြေကမ္ဘာအား ကာလ ခြောက်ခုဖြင့် ဖြစ်တည်စေ၏၊ အရှင်၏ ထပ်ဆင့် ကွပ်ကဲမှုကို ရေသို့ လွှမ်းစေ၏၊ ၎င်းမှာ သင်တို့အနက်မှ သုမင်္ဂလာ ကျင့်ကြံမှုအား စစ်ဆေးသိရှိရန် အလို့ငှာ ဖြစ်၏၊ သို့သော် “သင်တို့သည် သေပြီးနောက် ပြန်လည် နိုးထရမည်” ဟု သင် ပြောသောအခါ ဖုံးကွယ်သော သူများက “ဤသည် ရှင်းလင်း ထင်ရှားသော မှော်အတတ်ပင်တည်း၊” ဟု ဆိုကြလတ္တံ့။
၁၁း၈။ အသိုင်းအဝိုင်း တစ်ခုအား သူတို့နှင့် စပ်လျဉ်းသည့် ဝဋ်ကြွေးကို တွက်ချက်ထားသည့် အချိန်ထိ ငါ နောက်ဆုတ် ထားတော်မူလျှင် “မည်သည်က ချုပ်ထိန်းထားသနည်း၊” ဟု မေးကြလတ္တံ့၊ အမှန်စင်စစ် သူတို့ထံသို့ ၎င်းတို့အား ဆိုက်ရောက်စေသော နေ့ကာလ၌ ဘက်ပြန်နိုင်သူ မရှိချေ၊ သူတို့၏ လှောင်ပြောင်လေ့ ရှိသောအရာသည် သူတို့အား ပိတ်ဖုံးထားစေလတ္တံ့။
၁၁း၉။ လူသားအား ငါ၏ ကရုဏာတော်ကို မြည်စမ်းစေပြီး၊ တဖန် ၎င်းကို သူ့ထံမှ ဖယ်ပစ်သောအခါ သူသည် လက်လျော့၍ ဖုံးကွယ်တော့၏။
၁၁း၁၀။ သူ့အား ဒုက္ခ ထိပြီးနောက် ဂုဏ်ရှိခြင်းကို မြည်းစေသောအခါ “အကုသိုလ်များသည် ကျွန်ုပ်အား မယူသွားနိုင်ပေ၊” ဟု ရင့်ကျူးလျက် အူမြူး ကြွားဝါတော့၏။
၁၁း၁၁။ သို့သော် သည်းခံလျက် ပြုပြင်မှု ကျင့်ကြံသောသူများမှာ ထိုသို့ မဟုတ်၊ ထိုသူများအတွက် လွတ်ငြိမ်းခွင့်နှင့် ကြီးမားသော အကျိုးဆုလာဘ် ရှိနေ၏။
၁၁း၁၂။ သူ့အပေါ် ရတနာမိုး အဘယ်ကြောင့် မသွန်းဖြိုးသနည်း၊ သို့မဟုတ် သူနှင့်အတူ နတ်ဒေဝတာတစ်ပါး အဘယ်ကြောင့် မရောက်လာစေသနည်း၊” ဟု ဆိုခြင်းကြောင့် သင့်ထံသို့ အာရုံဈာန်ပေးရာမှ အချို့ကို ချန်ထားနိုင်ရာ၏၊ သင့် ရင်ကို ကျပ်တည်းစေရာ၏၊ သင်သည် သတိပေးသူမျှသာ ဖြစ်၏၊ ပရမတ်ဘုရားရှင်သည်ကား သဗ္ဗလုံးစုံ ကိုးစားခံထိုက်သည့် အရှင် ဖြစ်၏။
၁၁း၁၃။ သို့တည်းမဟုတ် “သူသည် ဤသည်ကို လုပ်ကြံ ဖန်တီးထား၏၊” ဟု ဆိုကြသူတို့အား “အသင်တို့သည် ဤကဲ့သို့ ဓမ္မခန္ဓာ ဆယ်ပါးကို လုပ်ကြံ ဖန်တီး ယူလာပြလော့၊ သင်တို့သည် ဖြောင့်မှန်သူများ ဖြစ်ကြလျှင်၊ ထို့အတွက် ပရမတ် ဘုရားရှင်မှလွဲ၍ သင်တို့ တတ်နိုင်သူများကို ခေါ်ခဲ့ကြလော့၊” ဟု ပြောလော့။
၁၁း၁၄။ သူတို့မှ တုံ့ပြန်နိုင်ခြင်း မရှိလျှင် ဤသည် ပရမတ်ဘုရားရှင်က အသိပညာဖြင့် ချမှတ်ပေးခြင်း ဖြစ်၍ အရှင်မှအပ အခြား ဘုရားဟူ၍ မရှိကြောင်း သူတို့အား အသိပေးလျက် “သင်တို့သည် ငြိမ်းချမ်းရေးဝါဒီများ ဖြစ်ကြမည်လော၊” ဟု မေးမြန်းလော့။
၁၁း၁၅။ ဤလောကီဘဝအား လိုလားလျက် စွဲမက်ခြင်း ရှိသူတို့အား သူတို့၏ ကျင့်ကြံမှု လုပ်အားခကို ပြီးပြည့်စေလတ္တံ့၊ လုံးဝ လျော့ပေါ့ခြင်း မရှိစေရ။
၁၁း၁၆။ ထိုသို့သော သူများ၏အတွက် နောင်ဘဝတွင် အပူမီးမှအပ အခြား မရှိချေ၊ သူတို့၏ တည်ဆောက်မှုများသည် အချည်းနှီးသာ ဖြစ်၍ သူတို့၏ ကျင့်ကြံလေ့ ရှိရာများကြောင့် အမှားချည်းသာ ဖြစ်ရ၏။
၁၁း၁၇။ သူသည် ကံကြမ္မာရှင်၏ထံမှ ရှင်းလင်းချက်ပေးသော အရာပေါ်၌ ရှိသူ ဖြစ်သလော၊ အရှင့်ထံမှ သက်သေတစ်ပါးက ၎င်းကို ရွတ်ဖတ်ပြ၏၊ ဤ ရှေ့အလျင်က ရှေ့ဆောင်လမ်းပြနှင့် ကရုဏာတော်ဖြစ်သည့် မူဆာ၏ ကျမ်းတော်ရှိ၏၊ သူတို့သည် ထိုကျမ်း၌ ယုံကြည်ကြ၏၊ ဂိုဏ်းအမျိုးမျိုးမှ ကျမ်းတော်အား ဖုံးကွယ်သူတို့အတွက် အပူမီးသည် ကတိဖြစ်၏၊ ထို့ကြောင့် ၎င်း၌ အချင်း မများကြနှင့်၊ ဤသည် သင့် ကံကြမ္မာရှင်၏ထံမှ သစ္စာတရားပင် ဖြစ်၏၊ သို့သော် လူသား အများစုကြီးမှာ ယုံကြည်ကြသည် မဟုတ်ချေ။
၁၁း၁၈။ ပရမတ်ဘုရားရှင်နှင့် စပ်လျဉ်း၍ လုပ်ကြံ ဖန်တီး လိမ်လည်သူထက် မည်သူက ပို၍ အမိုက်စီးဘိသနည်း၊ သူတို့သည် ကံကြမ္မာရှင်၏ ဘောင်တွင်းမှ ဖြစ်ရလတ္တံ့၊ ထိုအခါ သက်သေများက “ဤသူတို့သည် ကံကြမ္မာရှင်နှင့် စပ်လျဉ်း၍ လိမ်လည်သောသူများ ဖြစ်ကြ၏၊” ဟု ထွက်ဆိုကြ၍ အမိုက်ကောင်များ အပေါ်သို့ ပရမတ်ဘုရားရှင်၏ထံမှ မေတ္တာဝေးစေလတ္တံ့။
၁၁း၁၉။ သူတို့သည် ပရမတ်ဘုရားရှင်၏ လမ်းစဉ်တော်မှ ဖယ်ခိုင်းကြ၍ ကောက်ကျစ်ခြင်းကို ရှာဖွေကြ၏၊ နောင်ဘဝကိုလည်း ဖုံးကွယ်သူများ ဖြစ်ကြ၏။
၁၁း၂၀။ ကမ္ဘာ၌ သူတို့က ချည့်နဲ့စေနိုင်သူများ မဟုတ်၊ ပရမတ်ဘုရားရှင်အား တုနိုင်သော မဟာမိတ်များလည်း မရှိချေ၊ သူတို့အတွက် ဝဋ်ကြွေးကို နလံထူစေပြီ၊ ကြားရန် တတ်နိုင်ခြင်း မရှိကြ၊ အမြင်လည်း မရှိကြချေ။
၁၁း၂၁။ မိမိတို့၏ ဉာဉ်စရိုက်ကိုသာ ဆုံးရှုံးစေသော ထိုသူများအား- သူတို့၏ လုပ်ကြံ ဖန်တီးလေ့ ရှိသည်များက သူတို့ကို လွှဲဖယ်သွားကြလေပြီ။
၁၁း၂၂။ ရာဇဝတ်မှု မပြုကြနှင့်၊ ထိုသူတို့သည် နောင်ဘဝ၌ ဆုံးရှုံးမှု ကြီးသူများ ဖြစ်ကြ၏။
၁၁း၂၃။ ယုံကြည်လျက် ပြုပြင်မှုကို ကျင့်ကြံကာ ကံကြမ္မာရှင်၏ ထံတော်သို့ နှိမ့်ချခြင်း များစွာ ရှိသူ- ထိုသူတို့သည် သုခဘုံ၏ ပေါင်းဖေါ်များ ဖြစ်ကြ၍ ထို၌ အစဉ် စံစားရမည်ပင်။
၁၁း၂၄။ အဖွဲ့နှစ်ခု၏ ပမာသည်ကား ကန်းသူ၊ ပင်းသူ များနှင့်၊ မြင်သူ၊ ကြားသူများကဲ့သို့ ဖြစ်၏၊ သူတို့၏ ပမာသည် တူညီကြသလော၊ သို့ဖြစ်လျှင် သင်တို့သည် ဆင်ခြင်သတိ ရှိကြမည် မဟုတ်လော။
၁၁း၂၅။ နူးဟ်ကို သူ့ လူမျိုးထံသို့ ငါ စေပို့လျက် “ကျွန်ုပ်သည် သင်တို့အတွက် ရှင်းလင်း ထင်ရှားသော သတိပေးသူပင်။
၁၁း၂၆။ ပရမတ်ဘုရားမှအပ အခြားကို သင်တို့ မကိုးကွယ်ကြနှင့်၊ သင်တို့အတွက် စူးနစ်နာကျင်သော နေ့ကာလ၏ ဝဋ်ကြွေးကို ကျွန်ုပ် စိုးရိမ်၏၊” ဟု ဟောစေ၏။
၁၁း၂၇။ သူ့လူမျိုးမှ ဖုံးကွယ်သော အကြံပေးများက “သင်သည် ကျွန်ုပ်တို့ကဲ့သို့ လူပုဂ္ဂိုလ်မျှသာ ဖြစ်သည်ကို မြင်ရ၏၊ ကျွန်ုပ်တို့အနက် ဉာဏ်နိမ့်သည်ဟု မြင်ရသော သူများသာ သင့်အား လိုက်နာသည်ကို မြင်ရ၏၊ သင့်၌ ကျွန်ုပ်တို့ထက် ပေါ်လွင်သော သိက္ခာကို မြင်ရသည် မရှိ၊ သင်တို့သည် လူလိမ်များဟုသာ ကျွန်ုပ်တို့ စဉ်းစားမိ၏၊” ဟု ဆိုကြ၏။
၁၁း၂၈။ သူက ပြောသည်မှာ “အို- ကျွန်ုပ်၏ လူမျိုးတို့၊ ကံကြမ္မာရှင်၏ထံမှ ရှင်းလင်းချက်ပေါ်၌ ကျွန်ုပ်ရှိသည်ကို သင်တို့ မမြင်မိသလော၊ အရှင့်ထံမှ ကရုဏာတော်ကို ကျွန်ုပ် ဆောင်ခဲ့၏၊ သို့သော် သင်တို့ စုံလုံးကန်း နေကြ၏၊ သင်တို့က ၎င်းအား မုန်းတီးသောအခါ အသင်တို့ကို ကျွန်ုပ် တွန်းအားပေးနိုင်သလော။
၁၁း၂၉။ အို- ကျွန်ုပ်၏ လူမျိုးတို့၊ ထို့အတွက် သင်တို့ထံမှ ဥစ္စာပစ္စည်း ကျွန်ုပ် တောင်းခံခြင်း မရှိချေ၊ ကျွန်ုပ်အတွက် အကျိုးဆုလာဘ်မှာ ပရမတ်ဘုရားရှင်၏ ထံ၌ ရှိ၏၊ ယုံကြည်သော သူတို့အား ကျွန်ုပ် မောင်းထုတ်မည် မဟုတ်၊ ကံကြမ္မာရှင်အား သူတို့ ဖူးတွေ့ရလတ္တံ့၊ သင်တို့သည် ပညာမဲ့လူမျိုး ဖြစ်ကြောင်း ကျွန်ုပ် မြင်ရ၏။
၁၁း၃၀။ အို- ကျွန်ုပ်၏ လူမျိုးတို့၊ သူတို့အား ကျွန်ုပ် မောင်းထုတ်ပစ်လျှင် ပရမတ်ဘုရားရှင်ထံ၌ ကျွန်ုပ်အား မည်သူက ကူညီမည်နည်း၊ သင်တို့ ဆင်ခြင် သတိ ရှိကြမည် မဟုတ်လော။
၁၁း၃၁။ ကျွန်ုပ်ထံ၌ ပရမတ်ဘုရားရှင်၏ ဘဏ္ဍာများသည် ရှိသည်ဟု၊ စက္ခုလွန်ကို သိသည်ဟု၊ မပြောခဲ့ချေ၊ ကျွန်ုပ်သည် နတ်ဒေဝတာတစ်ပါး ဖြစ်သည်ဟုလည်း မပြောခဲ့ပေ၊ အသင်တို့ မျက်လုံးများ၌ အဘက်မတန်ဟု မြင်သောသူများကို ပရမတ်ဘုရားရှင်က ကောင်းကျိုးဆုလာဘ် ပေးလိမ့်မည်မဟုတ် ဟု ကျွန်ုပ် မဆိုပေ၊ ပရမတ်ဘုရားရှင်သည် သူတို့၏ ဉာဉ်စရိုက်ကို အသိဆုံး ဖြစ်တော်မူ၏၊ သို့မဟုတ်က ကျွန်ုပ်သည် အမိုက်ကောင်များမှ ဖြစ်သွားချေမည်၊” ဟု ဖြစ်၏။
၁၁း၃၂။ သူတို့က “အို- နူးဟ်၊ အသင်သည် ကျွန်ုပ်တို့အား စောဒကတက်၏၊ စောဒက များစွာတက်၏၊ သင်သည် ဖြောင့်မှန်သူများမှ ဖြစ်လျှင် သင်၏ ကတိကို ပေးရောက်စေလော့၊” ဟု ဆိုကြသဖြင့်။-
၁၁း၃၃။ သူပြန်ပြောသည်မှာ “ပရမတ်ဘုရားရှင်၏ စံချိန်ပြည့်လျှင် အရှင်သည် ၎င်းအား သင်တို့ထံသို့ ပေးရောက်လတ္တံ့၊ ၎င်းကို သင်တို့ ချည့်နဲ့စေနိုင်မည် မဟုတ်ချေ။
၁၁း၃၄။ သင်တို့အပေါ် ကျွန်ုပ် စိတ်ထား ဖြူစင်သော်လည်း ပရမတ်ဘုရားရှင်က သင်တို့အား တိမ်းပါးနေခြင်း၌ ပစ်ထားတော်မူလိုလျှင် ကျွန်ုပ်၏ ဖြူစင်မှုသည် သင်တို့အတွက် အကျိုးထူးမည် မဟုတ်ချေ၊ အရှင်သည် သင်တို့၏ ကံကြမ္မာရှင် ဖြစ်၍ အရှင့်ထံသို့သာ သင်တို့ ဦးလှည့်ရမည်ပင်၊” ဟု ဖြစ်၏။
၁၁း၃၅။ သို့တည်းမဟုတ် သူတို့က “၎င်းကို သူက လုပ်ကြံဖန်တီး၏၊” ဟု ပြောကြလျှင် ဟောလော့၊ “ကျွန်ုပ်သာ လုပ်ကြံ ဖန်တီးလျှင် ကျွန်ုပ်၏ ရာဇဝတ်မှု ဖြစ်၏၊ အသင်တို့၏ ရာဇဝတ်မှု ပြုခြင်းနှင့်ကား ကျွန်ုပ် ကင်းရှင်း၏။”
၁၁း၃၆။ နူးဟ်ထံသို့ အာရုံဈာန် ဖြစ်စေသည်မှာ “ယုံကြည်ပြီးသူမှအပ အခြားသော သင့်လူမျိုးများသည် ယုံကြည်လာကြမည် မဟုတ်ချေ၊ သူတို့၏ ပြုလုပ်လေ့ ရှိရာများကြောင့် အမင်္ဂလာ မဖြစ်စေနှင့်။
၁၁း၃၇။ ငါ အာရုံဈာန် ဖြစ်စေသည့် အတိုင်း သင်္ဘောတစ်စီးအား ငါ့ စက္ခုရှေ့၌ တည်ဆောက်လော့၊ မိုက်ကြေးခွဲသော သူများအတွက် မလျှောက်တင်နှင့်၊ သူတို့အား နစ်မြုပ်စေလတ္တံ့။
၁၁း၃၈။ သင်္ဘောတစ်စီးအား တည်ဆောက်နေစဉ် သူ့အပါးမှ ဖြတ်ကျော်သွားတိုင်း သူ့လူမျိုးမှ အကြံပေးများက သူ့အား ပျက်ရယ်ပြုကြ၏၊ သူ ပြောသည်မှာ “ကျွန်ုပ်ကို သင်တို့က ပျက်ရယ်ပြုကြ၏၊ သင်တို့ ပျက်ရယ်ပြုသည့် နည်းတူ ကျွန်ုပ်လည်း သင်တို့ကို ပျက်ရယ်ပြု၏။
၁၁း၃၉။ အရှက်ရစေသော ဝဋ်ကြွေးသည် မည်သူ့အား ထိသက်သည်ကို မကြာမီ သင်တို့ သိကြရလတ္တံ့၊ ၎င်းသည် ထိုသူ့ အပေါ်၌ တည်တံ့စေသော တရားဝင် ဝဋ်ကြွေး ဖြစ်လတ္တံ့။”
၁၁း၄၀။ ငါ၏ ညွှန်ကြားချက် ရောက်လာ၍ တောင်ကြားမှ ရေများ ပွက်လော ရိုက်လာသည့်တိုင် “သင်၏ ဝိုင်းသားများအနက် ငါ ကြိုတင် သတ်မှတ် ပြောပြီးသူမှအပ အစုဖွဲ့ နှစ်ခုစီမှ ယုံကြည်သူများကိုသာ ၎င်းပေါ်၌ သယ်ဆောင်လော့၊” ဟု ငါမိန့်၏၊ သူနှင့်အတူ ယုံကြည်သူများကား နည်းပါးလှချေ၏။
၁၁း၄၁။ သူက “ကုန်းပတ်ပေါ်သို့ တက်ကြလော့၊ ၎င်း၏ စီးမျောခြင်း၊ ကျောက်ချခြင်းသည် ပရမတ်ဘုရားရှင်၏ ဂုဏ်တော်အားဖြင့် ဖြစ်စေလော့၊ ကျွန်ုပ်၏ ကံကြမ္မာရှင်သည် လွတ်ငြိမ်းစေသောအရှင်၊ အကြင်နာရှင် ဖြစ်ပေ၏၊” ဟု ဆို၏။
၁၁း၄၂။ တောင်လုံးပမာ လှိုင်းတံပိုး၌ ၎င်းသည် စီးမျောနေစဉ် နူးဟ်က ရှောင်ခွာ ခံနေရသော သူ့၏သားအား “အို-ချစ်သား ကျွန်ုပ်တို့နှင့်အတူ ကုန်းပတ်ပေါ်သို့ တက်လော့၊ ဖုံးကွယ်သူများ၌ မပါဝင်နှင့်၊” ဟု ဟစ်အော်သော်။-
၁၁း၄၃။ “ရေမှကင်းရန် ကျွန်ုပ် မားမားရပ်နိုင်သည့် တောင်ကုန်းသို့ တက်၍ ခိုလှုံပါမည်၊” ဟု ပြန်ပြော၏၊ သူက “ယနေ့တွင် ပရမတ်ဘုရားရှင်၏ ကရုဏာ သက်သူမှအပ အရှင်၏ ညွှန်ကြားချက်အား ဆန့်ကျင်၍ မားမား ရပ်နိုင်သူ မရှိပြီ၊” ဟု ပြန်ပြောနေစဉ်ပင် သူတို့၏ ကြား၌ လှိုင်းတံပိုး ဝန်းရံလျက် သူ့သားသည် နစ်မြုပ်သူတို့၌ ပါသွားတော့၏။
၁၁း၄၄။ အရှင်က “အို- ကမ္ဘာမြေ၊ သင်၏ ရေကို အဖတ်မတင်စေနှင့်၊ အို- ကောင်းကင်၊ သင်လည်း စဲစေလော့၊” ဟု မိန့်တော်မူ၏၊ ရေသည် ကျဆင်းသွားပြီး ညွှန်ကြားချက်သည်လည်း အပြီးသတ်၍ ၎င်းအား ဂျူဒီ တောင်ထိပ်၌ ပုံစံ ကျစေလျက် “မိုက်ကြေးခွဲသော လူမျိုးအား နောက်ကျန်ရစ်စေ၊” ဟု မိန့်တော်မူ၏။
၁၁း၄၅။ သူ့ကံကြမ္မာရှင်၌ နူးဟ်က “အို- ကံကြမ္မာရှင်၊ တပည့်တော်၏ သားသည် တပည့်တော်၏ ဝိုင်းသားများမှ ဖြစ်ပါ၏၊ အရှင်၏ ကတိတော်သည် မှန်ကန်ပါ၏၊ အရှင်သည် ဓမ္မသတ် ချမှတ်ခြင်း၌ ဓမ္မသတ်ချုပ် ဖြစ်ပါ၏၊” ရင့်ကျူးစဉ်။-
၁၁း၄၆။ အရှင်က “အေ- နူးဟ်၊ သူသည် သင်၏ ဝိုင်းသားထဲမှ မဟုတ်၊ သူ့ ကျင့်ကြံမှုသည် ပြုပြင်ခြင်း မဟုတ်၊ သင် အသိ မရှိရာကို ငါ့ထံ၌ မတောင်းဆိုနှင့်၊ သင့်အား ပညာမဲ့သူတို့မှ မဖြစ်စေအံ့ငှာ ငါအရှင် ဆုံးမသွန်သင်၏၊” ဟု မိန့်သော်။-
၁၁း၄၇။ “အို- ကံကြမ္မာရှင်၊ တပည့်တော်သည် မိမိအသိ မရှိရာအား တောင်းဆိုမိခြင်းမှ ကင်းအံ့သောငှာ အရှင့်ထံ၌သာ ခိုလှုံပါ၏၊ အရှင်သည် တပည့်တော်အား လွတ်ငြိမ်းခွင့် မပြုပါလျှင်၊ ကရုဏာ မသက်ပါလျှင်၊ ဆုံးရှုံးသူများမှ ဖြစ်ရပါပြီ၊” ဟု သူ လျှောက်ထား၏။
၁၁း၄၈။ အရှင်က “အေ- နူးဟ်၊ သင်နှင့် အသိုင်းအဝိုင်းသည် ငါ ပေးသော ငြိမ်းချမ်းမှု၊ ဂုဏ်ကျက်သရေဖြင့် ဆင်းသွားကြလော့၊ သူတို့မှ အသိုင်းအဝိုင်းများကို ချမ်းမြေ့သော ကာလတစ်ခု ပေးတော်မူမည်၊ ထို့နောက် နာကျင်သော ဝဋ်ကြွေးကို ထိသက်စေလတ္တံ့၊” ဟု မိန့်ဆို၏။
၁၁း၄၉။ ဤသည် သင့်ထံသို့ အာရုံဈာန် ဖြစ်စေသည့် စက္ခုလွန် သတင်းများမှ ဖြစ်၏၊ ဤမတိုင်မီက သင်နှင့် သင့်လူမျိုးသည် ဤအကြောင်းကို သိခဲ့ခြင်း မရှိချေ၊ သို့ဖြစ်၍ သည်းခံလော့၊ ချုပ်ငြိမ်းခြင်းသည် စည်းစောင့်သူများ အတွက် ဖြစ်၏။
၁၁း၅၀။ အာဒ် တို့ထံသို့ သူတို့၏ ညီနောင်ဖြစ်သော ဟူဒ်ကို စေလျက် ပြောစေသည်မှာ “အို- ကျွန်ုပ်၏လူမျိုးတို့၊ ပရမတ်ဘုရားရှင်အား ကိုးကွယ်ကြလော့၊ သင်တို့အတွက် အရှင်မှအပ အခြား ဘုရားဟူ၍ မရှိပြီ၊ အသင်တို့သည် လုပ်ကြံ ဖန်တီးသူများသာ ဖြစ်ကြ၏။
၁၁း၅၁။ အို- ကျွန်ုပ်၏ လူမျိုးတို့၊ ကျွန်ုပ်သည် သင်တို့ထံမှ အကျိုးဆုလာဘ် တောင်းခြင်းမရှိ၊ ကျွန်ုပ်အတွက် ဆုလာဘ်မှာ ကျွန်ုပ်၏ မူလလက်သည် အရှင့် ထံမှသာ ဖြစ်၏၊ သင်တို့၌ အတွေးအခေါ် မရှိကြသလော။
၁၁း၅၂။ အို- ကျွန်ုပ်၏ လူမျိုးတို့၊ သင်တို့၏ ကံကြမ္မာရှင်၌ လွတ်ငြိမ်းဆု ပန်ကြလော့၊ အရှင့်ထံ၌ ခဝါချကြလော့၊ အရှင်သည် သူတို့ပေါ်သို့ အကျိုးကျေးဇူး များစွာကို ကောင်းကင်မှ စေစားခဲ့၏၊ သင်တို့အား တန်ခိုး အစွမ်းသတ္တိ တိုးပွားစေတော်မူ၏၊ ရာဇဝတ်ကောင်များ အဖြစ် လှည့်မသွားကြကုန်နှင့်၊” ဟု ဖြစ်၏။
၁၁း၅၃။ သူတို့က ပြန်ပြောသည်မှာ “အို- ဟူဒ်၊ သင်သည် ကျွန်ုပ်တို့ထံသို့ ရှင်းလင်းချက်ကို ရောက်လာစေသည် မရှိချေ၊ သင်ပြောယုံမျှဖြင့် ကျွန်ုပ်တို့၏ ဘုရားများကို ချန်ပစ်မည် မဟုတ်ပေ၊ ကျွန်ုပ်တို့သည် သင်နှင့်အတူ ယုံကြည်ကြမည်လည်း မဟုတ်ချေ။
၁၁း၅၄။ ပြောရသော် ကျွန်ုပ်တို့၏ ဘုရားရှင်က သင့်အား အကုသိုလ်ဖြင့် ဖမ်းပြီ” ဟု ဖြစ်၏၊ သူ ပြန်ပြောသည်မှာ “ကျွန်ုပ်သည် ပရမတ်ဘုရားရှင်အား သက်သေပြုပါ၏၊ ကျွန်ုပ်သည် ရောပြွန်း ကိုးကွယ်ခြင်းမှ ကင်းကြောင်း သင်တို့လည်း သက်သေ ပြုကြလော့။
၁၁း၅၅။ အရှင်မှလွဲ၍ အသင်တို့ အားလုံးသည် ကျွန်ုပ်အား ကြံစည်ကြလော့၊ စောင့်ကြည့်နေခွင့် မပြုနှင့်။
၁၁း၅၆။ ကျွန်ုပ်သည် ကျွန်ုပ်၏ ကံကြမ္မာရှင်၊ သင်တို့၏ ကံကြမ္မာရှင်ဖြစ်သော ပရမတ်ဘုရားရှင်၌သာ ကိုးစားပါ၏၊ အရှင်သည် မည်သည့် သတ္တဝါကိုမဆို ငယ်ထိပ်မှ ဆွဲယူလတ္တံ့၊ ကံကြမ္မာရှင်သည် မြဲမြံ တည်တံ့သော လမ်းစဉ်၌ ရှိ၏။
၁၁း၅၇။ သင်တို့ လှည့်သွားကြလျှင်လည်း သင်တို့ထံသို့ စေပို့သော အကြောင်းများကို ကျွန်ုပ် ဆိုက်ရောက်စေပြီ၊ ကျွန်ုပ်၏ ကံကြမ္မာရှင်သည် သင်တို့အစား အခြားလူမျိုးကို ဆက်ခံစေတော်မူလတ္တံ့၊ အရှင့်အား နစ်နာစေမည့် တစ်စုံတစ်ရာ မရှိချေ၊ ဧကန်ပင် ကျွန်ုပ်၏ ကံကြမ္မာရှင်သည် သဗ္ဗလုံးစုံအား ထိန်းသိမ်း စောင့်ရှောက် ထားတော်မူ၏။”
၁၁း၅၈။ ငါ၏ ညွှန်ကြားချက် ရောက်လာစဉ် ငါ၏ ကရုဏာတော်အားဖြင့် ဟူဒ်နှင့် ယုံကြည်သော သူများကို လွတ်မြောက်စေ၏၊ သူတို့အား တိကျ ပြတ်သားသော ဝဋ်ကြွေးမှ လွတ်မြောက်စေ၏။
၁၁း၅၉။ ဤသည် အာဒ်တို့၏ အကြောင်းပင် ဖြစ်၏၊ သူတို့သည် ကံကြမ္မာရှင်ထံမှ သုတ်ဒေသနာများကို ပယ်ပစ်ကြ၏၊ အရှင့် ဉာဏ်စဉ်ဆောင်များအား အာခံကြ၏၊ ခေါင်းမာသော ပုန်ကန်သူတိုင်း၏ ညွှန်ကြားမှုကို လိုက်နာကြ၏။
၁၁း၆၀။ ထို့ကြောင့် မေတ္တာမဲ့ ခံရမှုမှာ သူတို့အား ဤဘဝ၌ ဖြစ်စေ၊ ရပ်တည်ရမည့်နေ့ ကာလ၌ ဖြစ်စေ၊ ထပ်ကြပ်မကွာ လိုက်နေ၏၊ မှတ်သားလော့၊ အာဒ်တို့သည် သူတို့၏ ကံကြမ္မာရှင်အား ဖုံးကွယ်ကြ၏၊ ဟူဒ်၏ လူမျိုး အာ့ဒ်တို့အား နောက်ကျန် ရစ်စေပြီ။
၁၁း၆၁။ သမူဒ်တို့ထံသို့ သူတို့၏ ညီနောင်ဖြစ်သော ဆွာလေဟ်အား စေလျက် “အို- ကျွန်ုပ်၏ လူမျိုးတို့၊ ပရမတ်ဘုရားရှင်အား ကိုးကွယ်ကြလော့၊ သင်တို့အတွက် အရှင်မှအပ အခြား ဘုရားဟူ၍ မရှိပြီ၊ အရှင်သည် သင်တို့အား မြေကမ္ဘာ၌ ပေါက်ပွားစေ၍ ထို၌ပင် ဘဝသံသရာ လည်စေ၏၊ သင်တို့သည် အရှင့်ထံ၌ လွတ်ငြိမ်းဆုပန်ရာ၏၊ တဖန် အရှင့်ထံ၌ ခဝါချအပ်၏၊ ကျွန်ုပ်၏ ကံကြမ္မာရှင်သည် အနီးဆုံး ဖြစ်တော်မူ၍ ဖြေကြားပေးနေတော်မူ၏၊” ဟု ဆိုသော်။-
၁၁း၆၂။ သူတို့က “အို- ဆွာလေဟ်၊ ဤရှေ့အလျင်ထိ သင်သည် ကျွန်ုပ်တို့ အထဲ၌ မျှော်လင့်ခံရသူ ဖြစ်ခဲ့၏၊ ကျွန်ုပ်တို့၏ မိရိုးဖလာ ကိုးကွယ်ခဲ့သည်ကို မကိုးကွယ်ရန် ကျွန်ုပ်တို့အား သင် ဟန့်တားသလော၊ သင် ဆင့်ဆိုသော တရား၌ ကျွန်ုပ်တို့ ဒွိဟဖြစ်၏၊ ထို၌ သံသယရှိ၏၊” ဟု ဆိုကြ၏။
၁၁း၆၃။ သူက ပြောသည်မှာ “အို- ကျွန်ုပ်၏ လူမျိုးတို့၊ သင်တို့ မမြင်မိသလော၊ ကျွန်ုပ်အား ကံကြမ္မာရှင်၏ထံမှ ရှင်းလင်းချက်တော်နှင့် အရှင့်ထံတော်မှ ကရုဏာတော်၊ ပေးအပ်ခြင်း ဖြစ်၏၊ ကျွန်ုပ်သည် အာခံခဲ့မိလျှင် ပရမတ်ဘုရားရှင်အား တုလျက် မည်သူက ကူညီမည်နည်း၊ သင်တို့သည် ကျွန်ုပ်အား ဆုံးရှုံးစေခြင်းမှအပ အခြားကို ပွားစေမည် မဟုတ်ချေ။
၁၁း၆၄။ အို- ကျွန်ုပ်၏ လူမျိုးတို့၊ ဤသည် သင်တို့အတွက် နိမိတ်လက္ခဏာ ဖြစ်သော ပရမတ်ဘုရားရှင်၏ ကုလားအုပ်မ ဖြစ်၏၊ သို့ဖြစ်၍ သူမအား ချန်ထားလျက် ပရမတ်ဘုရားရှင်၏ မြေကမ္ဘာ၌ စားသုံးစေလော့၊ သူမအား အကုသိုလ်ဖြင့် မထိနှင့်၊ သို့မဟုတ်က နီးကပ်သော ဝဋ်ကြွေးသည် သင်တို့အား သိမ်းယူလတ္တံ့၊” ဟု ဖြစ်၏။
၁၁း၆၅။ သို့သော် ကုလားအုပ်မအား မျိုးအ’စေကြ၏၊ ထိုအခါ သူက “သင်တို့သည် အိမ်များ၌ သုံးရက်မျှသာ ပျော်နေကြလော့၊ ဤကတိတော်သည် လိမ်ညာ လီဆယ်မှု မဟုတ်ချေ၊” ဟု ဆို၏။
၁၁း၆၆။ ငါ၏ ညွှန်ကြားချက် ရောက်လာစေစဉ် ငါ့ထံမှ ကရုဏာအားဖြင့် ဆွာလေဟ်နှင့် ယုံကြည်သော သူများကို အရှက်ရသည့်နေ့မှ လွတ်မြောက်စေတော်မူ၏၊ သင်၏ ကံကြမ္မာရှင်သည် တန်ခိုးတော်ရှင်၊ ဘုန်းတော်ရှင် ဖြစ်တော်မူ၏။
၁၁း၆၇။ အသံလှိုင်းကြီးက မိုက်ကြေးခွဲသော သူများအား သိမ်းယူလိုက်၍ နံနက်၌ သူတို့၏ အိမ်များတွင် ရုပ်ကလပ်များ ဖြစ်သွားစေ၏။
၁၁း၆၈။ ၎င်းသည် သူတို့ မပြည့်စုံခဲ့သော အရပ်ကဲ့သို့ ဖြစ်သွားခဲ့၏၊ သမူဒ်တို့သည် သူတို့၏ ကံကြမ္မာရှင်အား ဖုံးကွယ်၏၊ ထို့ ကြောင့် သမူဒ်တို့အား နောက်ကျန်ရစ်စေပြီ။
၁၁း၆၉။ ငါ၏ ဉာဏ်စဉ်ဆောင်များသည် အီဗရာဟီးမ်ထံသို့ သတင်းကောင်း ဖြင့် ရောက်လာ၍ “ငြိမ်းချမ်းပါစေ၊” ဟု နှုတ်ဆက်သော်- သူကလည်း “ငြိမ်းချမ်းပါစေ၊” ဟု နှုတ်ဆက်လျက် တုံ့ဆိုင်းမနေဘဲ နွားကင် တစ်ကောင်ဖြင့် ရောက်လာ၏။
၁၁း၇၀။ သူတို့သည် ၎င်းအား အကျွမ်းမဝင်၊ လက်မလှမ်းကြ ဖြစ်သည်ကို မြင်သောအခါ သူသည် စိုးရိမ်စိတ် ခံစားမိ၏၊ သူတို့က “မစိုးရိမ်လေနှင့်၊ ကျွန်ုပ်တို့သည် လု(တ်)၏ လူမျိုးထံသို့ စေပို့ခံရသူများ ဖြစ်၏၊” ဟု ဆို၏။
၁၁း၇၁။ သူ့အပါးတွင် ရပ်နေသော ဇနီးအား အီစ္စဟာ့က်နှင့် အီစ္စဟာ့က်၏ နောက်ကွယ်၊ ယာကုဗ် အကြောင်း သတင်းကောင်းကို ပါးသော် သူမက ရယ်မောလျက်။-
၁၁း၇၂။ “အလိုလေး- ကျွန်မသည် အဘွားအို ဖြစ်ပြီ၊ ရင်သွေး မည်သို့ ရအံ့နည်း၊ ဤမှာ ကျွန်မ၏ လင်ယောက်ျားလည်း အိုလှပြီ၊ ဧကန်ပင် ဤသည် အံ့ဩစရာ ဖြစ်၏၊” ဟု ဆိုသော်။-
၁၁း၇၃။ သူတို့က “သင်တို့သည် ပရမတ်ဘုရားရှင်၏ ညွှန်ကြားချက်အား အံ့ဩပါသလော၊ ပရမတ်ဘုရားရှင်၏ ကရုဏာနှင့် ကျက်သရေမင်္ဂလာသည် သင်တို့ အပေါ်သို့ သက်ရောက်ပါစေ၊- အိမ်သားအပေါင်းတို့၊ အရှင်သည် ရည်သန် စူးစိုက်မှု တည်ရာ ဖြစ်၏၊ ကြီးကျယ် မြင့်မြတ်တော်မူ၏၊” ဟု ဟောပြော၏။
၁၁း၇၄။ အီဗရာဟီးမ်သည် စိုးရိမ်စိတ် ပြေသွားစဉ် သူ့ထံသို့ သတင်းကောင်း ရောက်လာ၏၊ သူသည် လု(တ်)၏ လူမျိုးအတွက် ငါ့ထံ၌ ထုချေလွှာ တင်ပေး၏။
၁၁း၇၅။ ဧကန်ပင် အီဗရာဟီးမ်သည် နူးညံ့သိမ်မွေ့၏၊ သနားတတ်၏၊ အရှင့်ထံ ဘက်လှည့်၏။
၁၁း၇၆။ အရှင်က “အို- အီဗရာဟီးမ်၊ ဤသည်နှင့် စပ်လျဉ်း၍ ဘောင်ထားလော့၊ သင့် ကံကြမ္မာရှင်၏ ညွှန်ကြားချက်သည် ရောက်လာစေပြီ။ သူတို့ထံ- သူတို့ မတန်ပြန်နိုင်သော ဝဋ်ကြွေးအား ပေးရောက်စေပြီ။”
၁၁း၇၇။ ငါ၏ ဉာဏ်စဉ်ဆောင်တို့သည် လု(တ်)ထံသို့ ရောက်လာစဉ် အကုသိုလ် သင့်သူများကြောင့် သူတို့အတွက် လက်ပန်းကျ စိတ်ကျပ်တည်းလျက် “ဤသည် အဖွဲ့ဆုံသော နေ့ပင်တည်း၊” ဟု ညည်းညူ၏။
၁၁း၇၈။ သူ့ လူမျိုးများသည် သူ့ထံသို့ အလျင်စလို ရောက်လာကြ၏၊ သူတို့သည် ရှေ့ကပင် အကုသိုလ်များ ကျင့်ကြံလျက် ရှိခဲ့၏၊ သူက “အို- ကျွန်ုပ်၏ လူမျိုးတို့၊ ဤမှာ ကျွန်ုပ် သမီးများ ရှိ၏၊ သူတို့သည် သင်တို့အတွက် ပိုမို သန့်စင်စေ၏၊ ပရမတ်ဘုရားရှင်အား စည်းစောင့်ကြလော့၊ ဧည့်သည်များကို စော်ကားခြင်းဖြင့် ကျွန်ုပ်အား အရှက်မခွဲကြနှင့်၊ သင်တို့၌ ယောက်ျားပီသသူ တစ်ဦးမျှ မရှိကြသလော၊” ဟု ဆို၏။
၁၁း၇၉။ သူတို့က “သင်၏ သမီးများသည် ကျွန်ုပ်တို့အတွက် မဟုတ်ကြောင်း သင် သိ၏၊ ကျွန်ုပ်တို့ အမှန်အကန် လိုလားရာကိုလည်း သင် သိ၏၊” ဟု ပြောကြ၏။
၁၁း၈၀။ သူက “ကျွန်ုပ်သည် သင်တို့အား ခုခံရန် အစွမ်းရှိလျှင်၊ သို့မဟုတ် မှီခိုရာ သန်မာသော အမှီရှိလျှင်၊ ကောင်းလေစွ၊” ဟု ညည်းညူ၏။
၁၁း၈၁။ သူတို့က “အို- လု(တ်)၊ ကျွန်ုပ်တို့သည် သင့်ကံကြမ္မာရှင်ထံမှ ဉာဏ်စဉ်ဆောင်များ ဖြစ်၏၊ သူတို့သည် သင့်ထံ မပူးပေါင်းနိုင်ရာ၊ သင်သည် ဝိုင်းသားများ နှင့်အတူ ည အစိတ်အပိုင်း၌ ခရီးနှင်လော့၊ သင့်ဇနီးမှအပ သင်တို့အထဲမှ တစ်ယောက်ကိုမှ နောက်ဆံ မတင်းစေနှင့်၊ ဧကန်ပင် သူတို့အား ထိခိုက်စေမည့် အရာသည် သူမအားလည်း ထိခိုက်စေမည်၊ သူတို့အတွက် ကတိထားချိန်သည် နံနက်စ ဖြစ်၏၊ နံနက်သည် နီးကပ်လာနေပြီ မဟုတ်လော၊” ဟု ဆို၏။
၁၁း၈၂။ ငါ၏ ညွှန်ကြားချက် ရောက်လာစဉ် သူတို့အား အပေါ်ဆုံးမှ အနိမ့်ဆုံး သို့ စီစဉ်ပစ်၍ သူတို့အပေါ်သို့ ဖျက်အားကောင်းသော လှိမ့်ချသည့် ကျောက်မိုး အထပ်ထပ် ရွာစေ၏။
၁၁း၈၃။ ၎င်းသည် သင့် ကံကြမ္မာရှင်၏ထံ၌ တံဆိပ်တပ်ပြီး ဖြစ်၍ ၎င်းသည် အမိုက်ကောင်များ အတွက် နောက်ကျနေသည် မဟုတ်ချေ။
၁၁း၈၄။ မီဒီယံတို့ထံသို့ သူတို့၏ ညီနောင်ဖြစ်သော ရှုအိုက်(ဘ်)ကို စေ၍ ဟောစေသည်မှာ “အို- ကျွန်ုပ်၏ လူမျိုးတို့၊ ပရမတ်ဘုရားရှင်အား ကိုးကွယ်ကြလော့၊ သင်တို့အတွက် အရှင်မှအပ အခြား ဘုရားဟူ၍ မရှိပြီ၊ ချိန်တွယ်ရာ၌ ချိန်ခွင် မလျော့စေနှင့်၊ သင်တို့၌ ကောင်းခြင်းများကို ကျွန်ုပ်မြင်၏၊ သင်တို့အတွက် ဝဋ်ကြွေးများ ဝိုင်းဝန်းထားသောနေ့ ကာလကို ကျွန်ုပ် ကြောက်မိ၏။
၁၁း၈၅။ အို- ကျွန်ုပ်၏ လူမျိုးတို့၊ အချိန်အတွယ်နှင့် ချိန်ခွင်ကို သမာသမတ်ဖြင့် ပြည့်စေကြလော့၊ လူသားတို့၏ အရာဝတ္ထုများအား မလျော့ပေါ့စေနှင့်၊ ကမ္ဘာ၌ ညစ်ညမ်း စုတ်ပဲ့၊ အဖျက်ကောင်များ မပြုကြနှင့်။
၁၁း၈၆။ သင်တို့သည် ယုံကြည်သူများ ဖြစ်လျှင် ပရမတ်ဘုရားရှင်၏ တည်ထားပေးရာသည် သင်တို့အဘို့ အကောင်းဆုံး ဖြစ်၏၊ ကျွန်ုပ်သည် သင်တို့အား ထိန်းသိမ်း စောင့်ရှောက်ရသူ မဟုတ်ချေ၊” ဟု ဖြစ်၏။
၁၁း၈၇။ သူတို့က “အို- ရှုအိုက်(ဘ်)၊ သင်၏ ဝတ်ပြုခြင်းက ကျွန်ုပ်တို့အား မိရိုးဖလာ ကိုးကွယ်ခြင်းနှင့် ကျွန်ုပ်တို့၏ ဥစ္စာပစ္စည်းအား စံချိန်ပြည့် ပွားများအောင် လုပ်ခြင်းမှ ချန်ပစ်ရန် ညွှန်ကြားသလော၊ ဧကန်ပင် သင်သည် စိတ်နူးညံ့သူ၊ စိတ်ဓါတ် ဖြောင့်မတ်သူ ဖြစ်၏၊” ဟု ဆိုသော်။-
၁၁း၈၈။ သူ ဟောပြောသည်မှာ “အို- ကျွန်ုပ်၏ လူမျိုးတို့၊ ကျွန်ုပ်၏ ကံကြမ္မာရှင်သည် ကျွန်ုပ်အား ရှင်းလင်းစေပြီ၊ အရှင့်ထံမှ ရိက္ခာများဖြင့် တင့်တယ်စွာ ရိက္ခာထောက်၏၊ အသင်တို့ မြင်မိကြသလော၊ သင်တို့အား ကျွန်ုပ် ဟန့်တားရာကို- သင်တို့ကို ဆက်ခံ၍ ကျွန်ုပ်လည်း ကျူးလွန်လိုသည် မဟုတ်၊ ကျွန်ုပ်ကိုယ်တိုင် တတ်နိုင်သမျှ ပြုပြင်လို၏၊ ကျွန်ုပ်သည် ပရမတ်ဘုရားရှင်ဖြင့်သာ ပေါင်းစည်းလိုပါ၏၊ အရှင့်ကိုသာ ကိုးစားပါ၏၊ အရှင့်ထံသို့ ဘက်လှည့်ကြ၏။
၁၁း၈၉။ အို- ကျွန်ုပ်၏ လူမျိုးတို့၊ ကျွန်ုပ်၏ ကွဲလွဲမှုများကြောင့် သင်တို့ ရာဇဝတ်ပြုမည်ဆိုက နူးဟ်၏ လူမျိုး၊ ဟူဒ်၏ လူမျိုး၊ ဆွာလေဟ်၏ လူမျိုးနှင့် နောက်ကျမကျန်မီက လု(တ်)၏ လူမျိုးများအပေါ်၌ ထိခိုက်စေသကဲ့သို့ သင်တို့အား ထိခိုက်လတ္တံ့။
၁၁း၉၀။ သင်တို့၏ ကံကြမ္မာရှင်၌ လွတ်ငြိမ်းဆု ပန်ကြလော့၊ အရှင့်ထံ၌ ခဝါချကြလော့၊ အရှင်သည် အကြင်နာရှင်၊ ချစ်ခင်သောအရှင် ဖြစ်တော်မူ၏၊” ဟု ဖြစ်၏။
၁၁း၉၁။ သူတို့က “အို- ရှုအိုက်(ဘ်)၊ သင်၏ ဟောပြောချက် အများစုကို ကျွန်ုပ်တို့ နားမလည်နိုင်ချေ၊ သင်သည် ကျွန်ုပ်တို့ အထဲတွင် အင်အားချည့်နဲ့သူ အဖြစ်သာ မြင်ရ၏၊ သင်၏ မျိုးရိုးကြောင့်သာ မဟုတ်ခဲ့လျှင် သင့်အား ပစ်ထုတ်ပြီးလတ္တံ့၊ သင့်တွင် မည်သည့် ဘုန်းကံမှ မရှိချေ၊” ဟု ပြောကြ၏။
၁၁း၉၂။ သူ ပြန်ပြောသည် မှာ “အို- ကျွန်ုပ်၏ လူမျိုးတို့၊ ကျွန်ုပ်၏ မျိုးရိုးက ပရမတ်ဘုရားရှင်ထက် ဘုန်းကံ မြင့်စေသလော၊ သင်တို့သည် ကျောခိုင်းလျက် ကွယ်ပစ်လိုက်သော အရာကဲ့သို့ အရှင့်အပေါ်၌ အယူမထားကြ၊ ကျွန်ုပ်၏ ကံကြမ္မာရှင်သည် ကျင့်ကြံလေသမျှကို ဝိုင်းရံထားတော်မူ၏။
၁၁း၉၃။ အို- ကျွန်ုပ်၏ လူမျိုးတို့၊ သင်တို့ နေသားကျပြီးအတိုင်း ကျင့်ကြံကြလော့၊ ကျွန်ုပ်လည်း ကျင့်ကြံနေ၏၊ မည်သူ့အား အရှက်ရစေသော ဝဋ်ကြွေးသည် ထိမည်၊ မည်သူသည် လူလိမ် ဖြစ်သည်ကို မကြာမီ သိရလတ္တံ့၊ စောင့်ကြည့်နေကြလော့၊ ကျွန်ုပ်သည်လည်း သင်တို့နှင့်အတူ စောင့်ကြည့်နေ၏၊” ဟု ဖြစ်၏။
၁၁း၉၄။ ငါ၏ ညွှန်ကြားချက် ရောက်ရှိလာစဉ် ငါ့ထံမှ ကရုဏာတော်အားဖြင့် ရှုအိုက်(ဘ်)နှင့် ယုံကြည်သော သူများကို လွတ်မြောက်စေတော်မူ၏၊ မိုက်ကြေးခွဲသော သူများအား အသံလှိုင်းကြီးဖြင့် သိမ်းယူလိုက်၍ နံနက်၌ သူတို့၏ အိမ်များတွင် ရုပ်ကလပ်များ ဖြစ်သွားစေ၏။
၁၁း၉၅။ သမူဒ်တို့သည် ထို၌ သူတို့ မပြည့်မစုံဖြင့် နောက်ကျန်ရစ်သည်မှာ မီဒီယံတို့ နောက်ကျန်ရစ်သကဲ့သို့ ဖြစ်၏၊
၁၁း၉၆။ ငါသည် ရှင်းလင်း ထင်ရှားသော အခွင့်အာဏာနှင့် ငါ၏ သုတ်ဒေသနာများအားဖြင့် မူဆာကို မုချ စေပို့ခဲ့သည်မှာ။-
၁၁း၉၇။ ဖာရိုးနှင့် သူ့အကြံပေးများ ထံသို့ ဖြစ်၏၊ သူတို့သည် ဖာရိုး၏ ညွှန်ကြားချက်ကိုသာ လိုက်နာကြ၏၊ ဖာရိုး၏ ညွှန်ကြားချက်သည် ဖြောင့်မတ် မှန်ကန်မှု မရှိချေ။
၁၁း၉၈။ သူသည် သူ့လူမျိုးအား စုံရပ်ရမည့်၊ ရပ်တည်ရသောနေ့၌ ရဲနေသည့် အမင်္ဂလာ မီး ရဲရဲထဲ၌ မီးခဲရဲရဲ ဖြစ်စေလတ္တံ့။
၁၁း၉၉။ မေတ္တာမဲ့ခံရမှုသည် ဤ၌ ရပ်တည်ရသောနေ့ ကာလ၌ သူတို့နောက်သို့ လိုက်နေ၏၊ အမင်္ဂလာ လက်ဆောင်ကိုသာ လက်ဆောင်ပေး ခံရလတ္တံ့။
၁၁း၁၀၀။ ဤသည် သင့်အား ဖေါ်ပြပေးသည့် မြဲနေသေးသော၊ ရိတ်သိမ်း ကြိတ်နယ်ပြီးသော၊ အရပ်ဒေသတို့၏ သတင်းပင်တည်း။
၁၁း၁၀၁။ ငါသည် သူတို့အား အမိုက်သင့်စေသည် မဟုတ်၊ သူတို့စရိုက်ကိုသာ သူတို့ မိုက်ကြေးခွဲကြ၏၊ သင့် ကံကြမ္မာရှင်၏ထံမှ ညွှန်ကြားချက် ရောက်ရှိလာစဉ် ပရမတ်ဘုရားရှင်မှလွဲ၍ သူတို့ ဆုတောင်းခဲ့သော ဘုရားများသည် သူတို့အတွက် တစ်စုံတစ်ရာ ပြည့်စုံစေခြင်း မရှိချေ၊ သူတို့အတွက် ပျက်စီး ဆုံးရှုံးခြင်းမှအပ အခြားကိုသာ တိုးပွားစေသည် မရှိချေ။
၁၁း၁၀၂။ ဤသို့ အရပ်ဒေသများသည် အယူမှားလျက် အမိုက်စီးနေစဉ်တွင် သင်၏ ကံကြမ္မာရှင်က အရေးယူတော်မူ၏၊ ဧကန်ပင် အရှင်၏ အရေးယူခြင်းသည် ပြင်းထန် စူးနစ်လှပေ၏။
၁၁း၁၀၃။ ဧကန်ပင် ဤ၌ နောင်ဘဝ၏ ဝဋ်ကြွေးအား စိုးရိမ်တတ်သူတို့အဘို့ သက်သေ လက္ခဏာရပ် ရှိနေ၏၊ ၎င်းသည် လူသားတို့အား အတူစုစေသည့်နေ့ ကာလ ဖြစ်၏၊ ၎င်းသည် မျက်မှောက် သက်သေပြုရသောနေ့ ကာလ ဖြစ်၏။
၁၁း၁၀၄။ ငါအရှင်သည် ၎င်းကို တွက်ချက်၍ အချိန် နောက်ဆုတ်ထားတော်မူ၏။
၁၁း၁၀၅။ ထို ရောက်လာမည့်နေ့ ကာလ၌ မည်သည့် ဉာဉ်စရိုက်သည်မှ အရှင်၏ ခွင့်ပြုချက် မရှိဘဲ ပြောဆိုပိုင်ခွင့် မရှိ၊ သူတို့အနက် ကံဆိုးရသူ၊ စိတ်ပျော်သူများ ရှိလတ္တံ့။
၁၁း၁၀၆။ ကံဆိုးရသောသူများမှာမူ အပူမီးထဲသို့ ဖြစ်၍ သူတို့အတွက် ထို၌ ညည်းတွားရခြင်း၊ ငိုကြွေးရခြင်းတို့ ရှိ၏။
၁၁း၁၀၇။ သင့်ကံကြမ္မာရှင်၏ စံချိန် ပြည့်ရာမှ အပ သူတို့သည် ထို၌ မိုးများနှင့် မြေ တည်ရှိသမျှ အစဉ် ခံစားရလတ္တံ့၊ သင့် ကြမ္မာရှင်သည် အလိုတော်ရှိသည်ကို စီမံသောအရှင် ဖြစ်၏။
၁၁း၁၀၈။ စိတ်ပျော်ရသော သူတို့အတွက်မူ သင့်ကံကြမ္မာရှင်၏ စံချိန် ပြည့်သည့်အလျောက် သုခဘုံ၌ အစဉ် စံစားရလျက် ထို၌ မိုးများနှင့် မြေ တည်ရှိသမျှ စံစားရ၍ မချိုးဖျက်ခံရသော လက်ဆောင်သည် ရှိလတ္တံ့။
၁၁း၁၀၉။ ထိုသူများ ကိုးကွယ်သည့် အရာများကြောင့် သင် အချင်းမများနှင့်၊ သူတို့သည် သူတို့၏ရှေ့က မိရိုးဖလာ ကိုးကွယ်ခြင်းကိုသာ ကိုးကွယ်နေကြ၏၊ ငါသည် သူတို့ ရထိုက်သော ပင်ပန်းရကျိုးကို မလျော့မပေါ့၊ ပြီးပြည့်စေလတ္တံ့။
၁၁း၁၁၀။ ငါသည် မူဆာအား ကျမ်းတော်တစ်ဆူ ပေးအပ်တော်မူရာ သူတို့သည် ၎င်း၌ သဘောထား ကွဲကြ၏၊ သင့်ကံကြမ္မာရှင်ထံမှ စကားတော် သတ်မှတ်ပြီး မဟုတ်ခဲ့လျှင် သူတို့ကြား၌ ဆုံးဖြတ်ပြီး ဖြစ်လတ္တံ့၊ ဧကန်ပင် သူတို့သည် ဒွိဟဖြစ်၏၊ ထို၌ သံသယရှိ၏။
၁၁း၁၁၁။ သင့်ကံကြမ္မာရှင်သည် သူတို့၏ ကျင့်ကြံမှု ကိုယ်စီအား ဧကန် ပြီးပြည့်စေလတ္တံ့၊ အရှင်သည် ကျင့်ကြံသမျှကို သတင်းသိနေတော်မူ၏။
၁၁း၁၁၂။ သင်နှင့်အတူ ခဝါချသူများအား သင့်ကို ညွှန်ကြားသည့်အတိုင်း ရပ်တည်စေလော့၊ စည်း မဖျက်ကြနှင့်၊ အရှင်သည် ကျင့်ကြံသမျှကို မြင်နေသောအရှင် ဖြစ်၏။
၁၁း၁၁၃။ သင်တို့အား အပူမီး ထိသက်အံ့ငှာ မိုက်ကြေးခွဲသော သူများ၏ ဘက်သို့ မယိမ်းညွတ်နှင့်၊ ပရမတ်ဘုရားရှင်မှလွဲ၍ သင်တို့အတွက် မဟာမိတ် မရှိချေ၊ ကူညီနိုင်သူလည်း မရှိချေ။
၁၁း၁၁၄။ နေ့၏ မျက်ခြည်ဆုံးချိန်များ၌၊ ညသို့ ချဉ်းကပ်ချိန်၌၊ သင်တို့ ဝတ်ပြု မြဲကြလော့၊ သုမင်္ဂလာသည် အကုသိုလ်များကို ဧကန် သိမ်းယူပစ်၏၊ ဤသည် သတိရ ရှုမှတ်သူတို့အဘို့ သတိပေး တရားတော် ဖြစ်၏။
၁၁း၁၁၅။ သည်းခံ ပါရမီ ရှိကြလော့၊ ဧကန်ပင် ပရမတ်ဘုရားရှင်သည် ကုသိုလ်မှု ပြုသူတို့၏ ဆုလာဘ်ကို အလဟဿ မဖြစ်စေပေ။
၁၁း၁၁၆။ သင်တို့ မတိုင်မီ မျိုးဆက် ဖြစ်သူများအနက် ကမ္ဘာမြေ၌ အဖျက်လုပ်ရပ် မကြံစည်ဘို့ရာ ဟန့်တားသည့် ပညာရှိများ ရှိခဲ့၏၊ သူတို့မှ အနည်းစုကို ငါအရှင် လွတ်မြောက်စေခဲ့ပြီ၊ မိုက်ကြေးခွဲသော သူများသည်ကား စည်းစိမ်ယစ်မှုများကို လိုက်နေကြ၏၊ သူတို့သည် ရာဇဝတ်ကောင်များပင် ဖြစ်ကြ၏။
၁၁း၁၁၇။ သင်၏ ကံကြမ္မာရှင်သည် အရပ်ဒေသသားများ ပြုပြင် ပြောင်းလဲနေစဉ် အဝိဇ္ဇာသင့် တိမ်ကောစေသည် ဟူ၍ မရှိချေ။
၁၁း၁၁၈။ သင့်ကံကြမ္မာရှင်၏ စံချိန်ပြည့်ခဲ့လျှင် လူသားတို့အား အသိုင်းအဝိုင်း တစ်ခုတည်းအဖြစ် စီစဉ်ပြီးလတ္တံ့၊ သို့သော် မရပ်မနား ငြင်းခုံ ကွဲလွဲနေကြသည်မှာ။-
၁၁း၁၁၉။ သင့်ကံကြမ္မာရှင်၏ ကရုဏာသက်သူတို့မှ အပ ဖြစ်၏၊ ထိုအကြောင်းကြောင့် သူတို့အား ဖြစ်တည်စေ၍ “ကလျာဏနှင့် အန္ဓပုထုဇဉ်များအား ငရဲဘုံ၌ အားလုံး အတူ ဖြည့်ပစ်မည်” ဟူသည့် သင့်ကံကြမ္မာရှင်၏ စကားတော်သည် ပြည့်စုံစေလတ္တံ့။
၁၁း၁၂၀။ ဉာဏ်စဉ်ဆောင်များ၏ သတင်းကိုယ်စီအား သင့်ထံ ဖေါ်ပြပေးခြင်းမှာ စိတ်နှလုံး ရပ်တည်ချက် ခိုင်မာစေရန် ဖြစ်၏၊ သင့်ထံသို့ ဤအမှန်တရားများ ရောက်လာစေပြီ၊ ၎င်းသည် ယုံကြည်သူများအတွက် အဆုံးအမနှင့် သတိပေး တရားတော် ဖြစ်၏။
၁၁း၁၂၁။ မယုံကြည်သော သူတို့အား ဟောလော့၊ “သင်တို့ နေသားကျပြီး အတိုင်း ကျင့်ကြံကြလော့၊ ကျွန်ုပ်လည်း ကျင့်ကြံနေ၏။
၁၁း၁၂၂။ စောင့်ကြည့် နေကြလော့၊ ကျွန်ုပ်တို့လည်း စောင့်ကြည့်နေသူများ ဖြစ်၏။”
၁၁း၁၂၃။ မိုးများနှင့် မြေကမ္ဘာအတွင်း စက္ခုလွန်များသည် ပရမတ်ဘုရားရှင်၏ အချုပ်အခြာ၌ ရှိ၏၊ အရှင့်ထံသို့သာ ဦးလှည့်ရမည် ဖြစ်၍ ညွှန်ကြားချက် အားလုံးသည် အရှင့်ထံမှ ဖြစ်၏၊ အရှင့်ကိုသာ ကိုးကွယ်ကြလော့၊ ကိုးစားကြလော့၊ သင်၏ ကံကြမ္မာရှင်သည် ကျင့်ကြံလေသမျှအား မေ့လျော့ထားသည် မဟုတ်ပေ။
ဓမ္မခန္ဓာ (၁၁) ဤတွင် ပြီး၏။
ဓမ္မခန္ဓာ (၁၂) ယူဆွဖ်
ဉာဏ်စဉ်ကိန်းဝပ်ပေးမှု အမှတ်စဉ် ၅၃၊ သုတ်ဒေသနာ ၁၁၁ ပါး။
ကရုဏာရှင် အကြင်နာရှင် ဖြစ်တော်မူသော ပရမတ်ဘုရားရှင်၏ ဂုဏ်တော်အားဖြင့်-
၁၂း၁။ “ငါသည် ကုန်စင် မြင်နေတော်မူသော ပရမတ်ဘုရားရှင် ဖြစ်၏၊” ဤသည် ရှင်းလင်း ထင်ရှားသော ကျမ်းတော်၏ သုတ်ဒေသနာတော်များ ဖြစ်၏။
၁၂း၂။ သင်တို့ အတွေးအခေါ်ရှိအံ့ငှာ ငါသည် ၎င်းကို အာရ်ဗီ ကုရ်အာန်အဖြစ် ချမှတ်ပေး၏။
၁၂း၃။ ဤကုရ်အာန်အား သင့်ထံ၌ အာရုံဈာန် ဖြစ်စေခြင်းဖြင့် သင့်အား အတင့်တယ်ဆုံးသော ဖေါ်ပြချက်များကို ငါ ဖေါ်ပြပေး၏၊ ဤအလျင်က သင်သည် မေ့လျော့နေသူများမှ ဖြစ်ခဲ့၏။
၁၂း၄။ ယူဆွဖ်က သူ၏ ဖခင်အား “အို- အဖေ၊ ကျွန်ုပ်သည် ဂြိုလ် ဆယ့်တစ်လုံး၊ နေနှင့် လတို့ကို အမြင်ရ၏၊ ၎င်းတို့က ကျွန်ုပ်အား ဦးချနေကြောင်း အမြင်ရ၏၊” ဟု ပြောသောအခါ။-
၁၂း၅။ သူက “အို- ချစ်သား၊ သင့်အား ဆန့်ကျင်၍ မကြံစည်အပ်သည်ကို မကြံစည်အံ့ငှာ သင့် အမြင်အား သင့် ညီအစ်ကိုတို့ထံ မဖေါ်ပြလေနှင့်၊ ဧကန်ပင် မကောင်းဆိုးဝါးသည် လူသားတို့အား ရှင်းလင်း ထင်ရှားစွာ စည်းဖေါက်သူ ဖြစ်၏။
၁၂း၆။ ဤသို့ သင်၏ ကံကြမ္မာရှင်သည် သင့်အား ရွေးချယ်တော်မူ၏၊ ဆင့်ပြန်ချက်တို့အား ဖွင့်ဆို ရှင်းပြနိုင်ရန် သင်ပေးတော်မူ၏၊ ရှေ့က သင်၏ ဘဘိုး အီဗရာဟီးမ်နှင့် အီစ္စဟာ့က်တို့အား ဂုဏ်ပေးခြင်းကို ပြည့်စုံစေသကဲ့သို့ သင်နှင့်တကွ ယာကုဗ်၏ အနွယ်တို့အပေါ် ပြည့်စုံစေ၏၊ ဧကန်ပင် သင့် ကံကြမ္မာရှင်သည် သိနေသောအရှင်၊ ဓမ္မသတ်ရှင် ဖြစ်တော်မူ၏၊” ဟု ဆို၏။
၁၂း၇။ မေးမြန်း တောင်းဆိုသူတို့အဘို့ ယူဆွဖ်နှင့် သူ၏ ညီအစ်ကိုများ၌ သက်သေ လက္ခဏာများ ရှိနေ၏။
၁၂း၈။ သူတို့ ပြောကြသည်မှာ “ကျွန်ုပ်တို့သည် ပို၍ အဖွဲ့တောင့်သော်လည်း ယူဆွဖ်နှင့် သူ့ညီက အဖေ၏ အချစ်ကို ပိုရ၏၊ အမှန်ပင် အဖေသည် ရှင်းလင်း ထင်ရှားစွာ လမ်းလွဲနေပြီ။
၁၂း၉။ ယူဆွဖ်အား သတ်ပစ်ကြစို့၊ သို့မဟုတ် တစ်နေရာရာ၌ ပစ်ထားကြပါစို့၊ အချိန်လွန်လျှင် အဖေသည် သင်တို့အား မျက်နှာသာ ပေးလိမ့်မည်၊ ထို့နောက် သင်တို့သည် ပြုပြင်သော လူမျိုးစု ဖြစ်လာလိမ့်မည်၊” ဟု ဖြစ်သောအခါ။-
၁၂း၁၀။ သူတို့အနက် ပြောသူတစ်ဦးက “ယူဆွဖ်အား မသတ်ပါနှင့်၊ သင်တို့သည် တစ်စုံတစ်ခု ပြုလုပ်ရမည် ဖြစ်လျှင် ခရီးသည် အချို့က ကောက်ယူသွားအံ့ငှာ သူ့အား တွင်းနက် ကွယ်ရာထဲ၌ ချပေးထားလော့၊” ဟု ဆိုလျက်။-
၁၂း၁၁။ “အို- အဖေ၊ ကျွန်ုပ်တို့သည် စိတ်ထား ဖြူစင်သူများ ဖြစ်ပါလျက် ယူဆွဖ်နှင့် စပ်လျဉ်း၍ ကျွန်ုပ်တို့အား အဘယ်ကြောင့် မယုံကြည်ပါသနည်း။
၁၂း၁၂။ ကျွန်ုပ်တို့နှင့်အတူ ပျော်ရွှင်စွာ ဆော့ကစားနိုင်ရန် မနက်စောစော သူ့အား စေပို့လော့၊ ကျွန်ုပ်တို့သည် သူ့အား စောင့်ရှောက်သူများ ဖြစ်ပါမည်၊” ဟု ပြောကြ၏။
၁၂း၁၃။ သူက “ဧကန်ပင်၊ ကျွန်ုပ်သည် သူ့အား ယူသွားမည်ကို စိတ်ပူမိ၏၊ သင်တို့ မေ့လျော့နေစဉ်တွင် သူ့အား ဝံပုလွေ စားပစ်မည်ကို စိုးရိမ်၏၊” ဟု ဆို၏။
၁၂း၁၄။ သူတို့က “ကျွန်ုပ်တို့သည် အုပ်ဖွဲ့တောင့်၏၊ ကျွန်ုပ်တို့ ပျက်စီးပြီးမှ သူအား ဝံပုလွေ စားနိုင်လိမ့်မည်၊” ဟု ဆိုကြ၏။
၁၂း၁၅။ သူ့အား ယူသွားကြသောအခါ သူတို့အတူ ပူးပေါင်းကာ သူ့အား တွင်းနက် ကွယ်ရာထဲ၌ စီစဉ်ထား၏၊ ငါက သူ့ ထံသို့ “သူတို့ သတိမမူမိသော အချိန်၌ သင်သည် ဤအကြောင်းကို သူတို့အား သတင်းထုတ်ပြန် ညွှန်ကြားရလတ္တံ၊” ဟု အာရုံဖြစ်ပေါ်စေ၏။
၁၂း၁၆။ သူတို့သည် ညဦးတွင် ဖခင်ထံသို့ မျက်ရည်စက်လက်ဖြင့် ရောက်လာကြလျက်။-
၁၂း၁၇။ “အို အဖေ၊ ကျွန်ုပ်တို့သည် ယူဆွဖ်အား ကျွန်ုပ်တို့၏ ပစ္စည်းများ အပါး၌ ချန်ထား၍ အချင်းချင်း အပြေးပြိုင် ပျော်ပါးနေကြစဉ် သူ့အား ဝံပုလွေ စားသွားပါ၏၊ ကျွန်ုပ်တို့သည် ဖြောင့်မှန်သူများ ဖြစ်သော်လည်း ကျွန်ုပ်တို့အား ယုံကြည်မည် မဟုတ်ပါ၊” ဟု ဆိုကြ၍။-
၁၂း၁၈။ သူတို့သည် သူ့အင်္ကျီအပေါ် လိမ်ညာသော သွေးများဖြင့် ရောက်လာကြ၏၊ သူက “မဟုတ်တန်ရာ၊ သင်တို့၏စရိုက်က သင်တို့အား လှုံ့ဆော် ညွှန်ကြားလေပြီ၊ သို့သော် သည်းခံခြင်းသည် အမြင်လှ၏၊ သင်တို့၏ တင်ပြမှုများအပေါ် ပရမတ်ဘုရားရှင်၏ထံ၌သာ ပံ့ပိုးမှု ရှာသူ ဖြစ်ရတော့မည်၊” ဟု ညည်းတွား၏။
၁၂း၁၉။ ခရီးသွားတစ်စုသည် ထိုအနားသို့ ရောက်လာကြ၍ ရေချသူ တစ်ဦးအား စေစားလိုက်သော် သူသည် ရေကုန်းခပ်ရန် ခါးကုန်းလိုက်သောအခါ “သတင်းကောင်းပင်၊ ဤမှာ ကလေးတစ်ဦး၊” ဟု ဆို၍ ရောင်းကုန်အဖြစ် မှောင်ခို သယ်သွား၏၊ ပရမတ်ဘုရားရှင်သည် ကျင့်ကြံသမျှအား သိနေသောအရှင် ဖြစ်၏။
၁၂း၂၀။ သူတို့သည် ငွေကြေးတန်ဘိုးဖြင့် တွက်ချက်လျက် ရောင်းစားကြ၏၊ သူတို့က သူ့အား တန်ဘိုး မထားတတ် သူများမှ ဖြစ်ကြ၏။
၁၂း၂၁။ အီဂျစ်ပြည်သားထဲမှ သူ့အား ဝယ်သောသူက ဇနီးသည်အား “သူ့အား ကျက်သရေရှိစွာ တည်းခိုစေလော့၊ ကျွန်ုပ်တို့အတွက် သူသည် အကျိုးရှိနိုင်ရာ၏၊ သို့မဟုတ် ရင်သွေးဟု သိမ်းဆည်းသင့်၏၊” ဟု ဆို၏၊ သူ့အား ဆင့်ပြန်ချက်တို့အား ဖွင့်ဆို ရှင်းပြနိုင်ရန် သင်ပေးတော်မူ၍ ငါသည် မြေကမ္ဘာ၌ ယူဆွဖ်အား ဤသို့ ထူထောင်ပေး၏၊ ပရမတ်ဘုရားရှင်သည် စီမံချက်များအပေါ် အနိုင်ရသူ ဖြစ်၏၊ သို့သော် လူသား အများစုကြီးကား သိနိုင်ကြသည် မဟုတ်ချေ။
၁၂း၂၂။ သူသည် အရွယ်ရောက် ရင့်ကျက်သောအခါ သူ့အား အသိပညာနှင့် စီရင်ထုံး ပြုနိုင်စွမ်းကို ပေးအပ်၏၊ ဤသို့ ငါသည် သုမင်္ဂလာပြုသူများကို အစား ပေးတော်မူ၏။
၁၂း၂၃။ သူနေသော အိမ်မှ အိမ်ရှင်မက သူ့အား စိတ်ရိုင်းဝင်ရန် နှိုးဆွ၏၊ တံခါးများကို အလုံပိတ်လျက် “လာခဲ့- ဒီမှာ သင့် အတွက်၊” ဟု ဆိုသော် သူက “ပရမတ်ဘုရားရှင်ထံ ခိုလှုံပါ၏၊ အရှင်သည် ကျွန်ုပ်၏ ကံကြမ္မာရှင် ဖြစ်၍ ကျွန်ုပ်အား သုမင်္ဂလာရှိသော တည်းခိုရာကို ပေး၏၊ အမိုက်ကောင်များသည် အောင်မြင် ပေါက်မြောက်မည် မဟုတ်ချေ၊” ဟု ဆို၏။
၁၂း၂၄။ သူမသည် သူ့ကို ကြံစည်မိ၏၊ သူ့ကံကြမ္မာရှင်၏ထံမှ သက်သေပြချက်ကို မတွေ့မြင်ခဲ့ရလျှင် သူသည်လည်း သူမအား ကြံစည်မိလတ္တံ့၊ ဤသို့ ငါသည် သူ့ထံမှ အကုသိုလ်နှင့် ကိုယ်ကျင့်ပျက်မှုကို ဘက်ပြန်စေ၏၊ သူသည် ငါ့အား သန့်သန့်ထား ကိုးကွယ်သူများမှ ဖြစ်၏။
၁၂း၂၅။ သူတို့နှစ်ဦး တံခါးဝသို့ အပြိုင်ပြေးကြစဉ် သူမက သူ့အင်္ကျီအား ကျောဘက်မှ ဆွဲဆုတ်၏၊ သူမ၏ အိမ်ထောင်ဦးစီးအား တံခါးဝတွင် တွေ့သောအခါ သူမက “သင့် အိမ်ရှင်မအား အကုသိုလ်မှု ပြုလိုသူအား ထောင်ဒဏ်၊ သို့မဟုတ် နာကျင်သော ဝဋ်ကြွေးမှအပ မည်သည်ကို အစားပေးလိုသနည်း၊” ဟု ဆိုသော်။-
၁၂း၂၆။ သူက “သူမသည် ကျွန်ုပ်၏ စိတ်ကို နှိုးဆွပါ၏၊” ဟု ပြောပြ၏၊ သူမ၏ အိမ်သားများထဲမှ သက်သေတစ်ဦးက သက်သေခံသည်မှာ “အကယ်၍ အင်္ကျီသည် ရှေ့မှ စုတ်ပြဲလျှင် သူမသည် ဖြောင့်မှန်၍ သူသည် လူလိမ်များမှ ဖြစ်၏။
၁၂း၂၇။ အကယ်၍ အင်္ကျီသည် နောက်မှ စုတ်ပြဲလျှင် သူမသည် လိမ်ညာ၍ သူသည် ဖြောင့်မှန်သူမှ ဖြစ်၏၊” ဟု ဝင်ပြော၏။
၁၂း၂၈။ အင်္ကျီမှာ နောက်ဘက်မှ စုတ်ပြဲနေသည်ကို အိမ်ရှင် မြင်သောအခါ “ဧကန်ပင် ဤသည်မှာ သင်မ၏ ကြံစည်မှုသာ ဖြစ်၏၊ သင်မ၏ ကြံစည်မှုသည် ကြီးမားလှ၏။
၁၂း၂၉။ ယူဆွဖ်- ဤကိစ္စသည် သင်နှင့် ဘောင်ကန့်ထား၏၊ သင်မ မှာကား သင့်အပြစ်မှ လွတ်ငြိမ်းဆု ပန်လော့၊ သင်မသည် အမှားကျူးလွန်သူများ၌ ပါ၏၊” ဟု ပြော၏။
၁၂း၃၀။ မြို့မှ အမျိုးသမီးများက “ဝန်ကြီး၏ ကတော်သည် လုလင်ထံမှ စိတ်ကြွမှုကို တောင်း၏၊ မုချပင် သူမသည် ချစ်စိတ် မွှန်နေ၏၊ သူမသည် ရှင်းလင်း ထင်ရှားစွာ လမ်းလွဲနေသည်ကို ကျွန်ုပ်တို့ မြင်ရပြီ၊” ဟု ဆိုကြသည်ကို။-
၁၂း၃၁။ သူမ ကြားသော် သူမတို့ထံ စေစား၍ သူမတို့အတွက် ဗျူဟာချလျက် နောက်မှီ စားပွဲဝိုင်း ပြင်ဆင်ကာ တစ်ဦးစီအား ဓါးငယ်တစ်ချောင်း ပေးထား၍ သူ့အား “သူမတို့ဆီသို့ ထွက်သွားလော့၊” ဟု ဆို၏၊ သူမတို့သည် သူ့အား မြင်ရစဉ် ကြီးကျယ်လှရဲ့ဟု ရေရွတ်လျက် သူမတို့လက်ကို သူမတို့ ဖြတ်မိကြပြီး “အိုး-ဘုရားရေ မပြောကောင်း မဆိုကောင်း၊ ဤသည်မှာ လူပုဂ္ဂိုလ် မဟုတ်ပေ၊ ကျက်သရေရှိသော နတ်မင်းသားပင် ဖြစ်၏၊” ဟု ဆိုကြ၏။
၁၂း၃၂။ သူမက “ကျွန်ုပ်အား သင်မတို့ ချစ်မိုက်မှားသည်ဟု ပြစ်တင်ခြင်းမှာ သူ့ကြောင့် ဖြစ်၏၊ ကျွန်ုပ်သည် သူ့စိတ်ကို နှိုးဆွမိ၏၊ သူ့ကိုယ်သူ ရပ်တည်နိုင်၏၊ အကယ်၍ သူသည် ကျွန်ုပ် ညွှန်ကြားသည်ကို မပြုလုပ်လျှင် သူ့အား ထောင်ဒဏ် ကျစေမည်၊ သေးသိမ် အရှက်ကွဲသူများမှ ဖြစ်ရေစေမည်၊” ဟု ဆိုသော်။-
၁၂း၃၃။ သူက “အို- ကံကြမ္မာရှင်၊ တပည့်တော်အား သူမတို့ ဖိတ်ခေါ်သောအရာထက် ထောင်ကို ပို၍ နှစ်သက်ပါ၏၊ အကယ်၍ အရှင်သည် သူမတို့၏ ကြံစည်မှုကို တပည့်တော်ထံမှ ဘက်မပြန်ပေးလျှင် တပည့်တော်သည် ပညာမဲ့သူအဖြစ် သူမတို့ဘက်သို့ စိတ် ကစားမိပေမည်၊” ဟု ရင့်ကျူး၏။
၁၂း၃၄။ သူ့ ကံကြမ္မာရှင်သည် သူ၏ ဆုတောင်းအား တုံ့ပြန်လျက် သူမတို့၏ ကြံစည်မှုမှ ဘက်ပြန်ပေး၏၊ ဧကန်ပင် အရှင်သည် ကြားနေသောအရှင်၊ သိနေသောအရှင် ဖြစ်၏။
၁၂း၃၅။ သို့ဖြင့် သူတို့အား နိမိတ် လက္ခဏာများကို ဖေါ်ပြပြီး သူ့အား ကာလ တစ်ခုအထိ ထောင်ချထား၏။
၁၂း၃၆။ သူနှင့်အတူ ထောင်ထဲသို့ ဝင်လာသူ လုလင်နှစ်ဦး ရှိ၏၊ သူတို့မှ တစ်ဦးက “ကျွန်ုပ်သည် အရက်ရရန် အငွေ့ခံနေသည် ဟု အမြင်ရ၏၊” ဟု ဆို၍ အခြားတစ်ဦးက “ကျွန်ုပ်သည် မုန့်များကို ခေါင်းပေါ်၌ ရွက်ထားစဉ် ၎င်းအား ငှက်များ စားနေသည်ကို အမြင်ရ၏၊ ၎င်းတို့ကို ဖွင့်ဆို၍ သတင်း ထုတ်ပြန်ပေးပါ၊ အသင်သည် သုမင်္ဂလာပြုသူများမှ ဖြစ်ကြောင်း ကျွန်ုပ်တို့ မြင်တွေ့ရ၏၊” ဟု ဆိုသော်။-
၁၂း၃၇။ သူက ပြောသည်မှာ “သင်တို့ထံ အစာရိက္ခာအား မပေးရောက်သေးသော်လည်း ထိုသို့ မပေးရောက်မီ သင်တို့အား ကျွန်ုပ် ဖွင့်ဆို၍ သတင်း ထုတ်ပြန်ပေးမည်၊ ဤသည်တို့မှာ ကျွန်ုပ်၏ ကံကြမ္မာရှင်ထံမှ ကျွန်ုပ်အား သင်ပေးခြင်းမှ ဖြစ်၏၊ ဧကန်ပင် ကျွန်ုပ်သည် ပရမတ်ဘုရားရှင်နှင့် နောင်ဘဝအား မယုံကြည်သော ဖုံးကွယ်သူ လူမျိုးများ၏ ပဋိပတ်ကို ချန်ပစ်ခဲ့၍။-
၁၂း၃၈။ ကျွန်ုပ်၏ ဘဘိုးဖြစ်သော အီဗရာဟီးမ်၊ အီစ္စဟာ့က်၊ ယာကုဗ်တို့၏ ပဋိပတ်ကို လိုက်နာ၏၊ ကျွန်ုပ်တို့သည် ပရမတ်ဘုရားရှင်အား တစ်စုံတစ်ရာဖြင့် ရောပြွန်း ကိုးကွယ်သူများမှ မဟုတ်ချေ၊ ကျွန်ုပ်တို့နှင့် လူသားအပေါင်းအား ပရမတ်ဘုရားရှင်၏ သိက္ခာပေးမှုသည် ရှိ၏၊ သို့သော် လူသား အများစုသည် ကျေးဇူး မသိတတ်ချေ။
၁၂း၃၉။ အို- ကျွန်ုပ်၏ ထောင်ကျဖေါ်တို့၊ ခွဲခြားကွဲပြားနေသော အရှင်သခင် များနှင့်၊ သို့တည်းမဟုတ် တစ်ဆူတည်း ဖူးခြာ ဖြစ်သော ပရမတ်ဘုရားရှင်မှာ မည်သူက ပို၍ မြတ်သနည်း။
၁၂း၄၀။ အရှင့်မှလွဲ၍ သင်တို့၏ ကိုးကွယ်ရာများသည် သင်တို့နှင့် သင်တို့၏ ဘဘိုးတို့က ဂုဏ်တော်သတ်မှတ် အမည် ပေးထားရာများသာ ဖြစ်၏၊ ပရမတ်ဘုရားရှင်သည် ထိုအတွက် အခွင့်အာဏာ ချမှတ်ထားခြင်း မရှိချေ၊ စီရင်ထုံးအားလုံးသည် ပရမတ်ဘုရားရှင်၏ အချုပ်အခြာ၌ ရှိ၏၊ အရှင်မှအပ အခြားကို မကိုးကွယ်ကြရန် သင်တို့အား ညွှန်ကြားထား၏၊ ဤသည် တည်တံ့ ခိုင်မြဲသော သာသနာပေတည်း၊ သို့သော် လူသား အများစုမှာ သိနိုင်ကြသည် မဟုတ်ချေ။
၁၂း၄၁။ အို- ကျွန်ုပ်၏ ထောင်ကျဖေါ်တို့၊ သင်တို့အနက် တစ်ဦးမှာမူ သူ၏ အရှင်အတွက် အရက်တော် ဆက်ရမည်၊ အခြား တစ်ဦးမှာမူကား ကြိုးစင်တင် ခံရလိမ့်မည်၊ သို့ဖြင့် သူ့ဦးခေါင်းမှ ငှက်များ ထိုးဆိတ်စားလိမ့်မည်၊ သင်တို့ စူးစမ်းသော အရေးကိစ္စ အပြီးသတ် ဖြစ်လာမည်မှာ ဤအတိုင်း ဖြစ်၏၊” ဟု ဖြစ်၏။
၁၂း၄၂။ သူတို့မှ လွတ်မြောက်မည်ဟု စဉ်းစားမိသောသူအား “သင့်အရှင်၏ထံ၌ ကျွန်ုပ်အကြောင်းကို သတိဖေါ်ပေးလော့၊” ဟု မှာလိုက်၏၊ သို့သော် သူ့အရှင်ရှေ့၌ သတိဖေါ်ပေးရန် မကောင်းဆိုးဝါးက ထိုသူအား မေ့လျော့ လစ်ဟင်းစေ၏၊ ထို့ကြောင့် သူသည် ထောင်ထဲတွင် နှစ်များ ကူးသန်းရင်း ဆိုင်းနေလိုက်ရ၏။
၁၂း၄၃။ ဘုရင်မင်းက “ကျွန်ုပ်သည် အဟာရပြတ်သော နွားမ ခုနစ်ကောင်က အဟာရပြည့်သော ခုနစ်ကောင်ကို စားနေသည်ကို လည်းကောင်း၊ စိမ်းစိုသော စပါး ခုနစ်နှံနှင့် အခြား အနှံခြောက်များကို လည်းကောင်း၊ အမြင်ရ၏၊ အို- ကျွန်ုပ်၏ အကြံပေးတို့၊ သင်တို့သည် အမြင်ရမှုများကို သင်ခန်းစာယူတတ်လျှင် ကျွန်ုပ်၏ အမြင်ရမှုအား စူးစမ်းပေးကြလော့၊” ဟု ဆိုသော်။-
၁၂း၄၄။ သူတို့က “မှုန်ဝါးဝါး အိပ်မက်၊ ကျွန်ုပ်တို့သည် ဤသို့ အိပ်မက်များကို ဖွင့်ဆိုရန် ပညာရှင်များ မဟုတ်ပါ၊” ဟု ဆိုကြ၏။
၁၂း၄၅။ ထိုအခါ အသိုင်းအဝိုင်း၏နောက် လွတ်လာသောသူထဲမှ တစ်ယောက်က သတိရလာ၍- “ကျွန်ုပ်သည် ၎င်းကို ဖွင့်ဆို၍ သတင်းထုတ်ပြန်နိုင်၏၊ သို့ဖြစ်၍ ကျွန်ုပ်ကို စေစားပါ၊” ဟု ဆိုလျက်။-
၁၂း၄၆။ “ယူဆွဖ်၊ အို- အဖြောင့် ပြောသူ၊ ကျွန်ုပ်သည် လူသားတို့ထံ ပြန်၍ အသိပေးနိုင်အံ့ငှာ၊ အဟာရပြတ်သော နွားမ ခုနစ်ကောင်က အဟာရပြည့်သော ခုနစ်ကောင်ကို စားနေခြင်း၊ စိမ်းစိုသော စပါးခုနစ်နှံနှင့် အခြား အနှံခြောက်များ ဖြစ်နေခြင်းကို စူးစမ်းပေးပါ၊” ဟု မေးမြန်းသော်။-
၁၂း၄၇။ သူ ပြန်ပြောသည်မှာ “သင်တို့သည် စိုက်ပျိုးရေး အလေ့အထ ခုနစ်နှစ် လုပ်လော့၊ ၎င်းတို့အား ရိတ်သိမ်းသောအခါ သင်တို့စားသုံးသော အနည်းငယ်မှအပ အနှံအစေ့ မကြွေစေဘဲ ချန်ထားလော့။
၁၂း၄၈။ ထို့နောက် ခြောက်သွေ့ ပြင်းထန်သော ခုနစ်နှစ် ရောက်လာလိမ့်မည်၊ အနည်းငယ်မျှသာ စားသုံး၍ စုံရပ်ခံလျက် ထိန်းသိမ်း ထားကြလော့။
၁၂း၄၉။ ထို့နောက် မိုးရွာသော နှစ် ရောက်လာ၍ ၎င်းကာလ၌ လူသားများသည် အရက်ချက်ကြလိမ့်မည်၊” ဟု ဖြစ်၏။
၁၂း၅၀။ ဘုရင်မင်းက “သူ့ကို ကျွန်ုပ်ထံသို့ ယူခဲ့လော့၊” ဟု ဆို၍ စေစားခံရသူသည် သူ့ဆီ ရောက်လာစဉ် “သင့် အရှင်ထံသို့ သင်ပြန်၍ လက်ကို ဖြတ်မိကြသော အမျိုးသမီးများ အခြေအနေကို မေးမြန်းလော့၊ ကျွန်ုပ်၏ ကံကြမ္မာရှင်သည် သူမတို့၏ ကြံစည်မှုအား သိနေသောအရှင် ဖြစ်သည်ဟု ပြောလော့၊” ဟု မှာလိုက်၍။-
၁၂း၅၁။ “သင်တို့သည် ယူဆွဖ်၏ စိတ်အား နှိုးဆွမိသည်ကို မည်သို့ လျှောက်တင်ကြမည်နည်း၊” ဟု မင်းကြီးက မေးသော် သူတို့က “အိုး- ဘုရားရေ၊ မပြောကောင်း မဆိုကောင်း၊” “ကျွန်မတို့သည် သူ့ထံမှ မည်သည့် အကုသိုလ်ကိုမှ မသိခဲ့ပါ၊” ဟု ဆိုကြ၏၊ ဝန်ကြီး၏ကတော်က “ယခုမှာကား အမှန်တရား ကြည်လင် ပြတ်သားလာပြီ၊ ကျွန်မသည် သူ့ စိတ်ကို နှိုးဆွမိခဲ့၏၊ သို့သော် သူသည် ဖြောင့်မှန်သူများမှ ဖြစ်၏၊” ဟု ဆို၏။
၁၂း၅၂။ ယူဆွဖ်က “ဤသည်မှာ- ကျွန်ုပ်သည် ဝန်ကြီး၏ မျက်ကွယ်၌ သူ့အား သစ္စာ မဖေါက်ကြောင်းကို သိစေဘို့ရာ ဖြစ်၏၊ ဧကန်ပင် ပရမတ်ဘုရားရှင်သည် သစ္စာဖေါက်တို့၏ အကြံအစည်ကို လမ်းညွှန်တော်မမူချေ။
၁၂း၅၃။ အပြစ်ကင်းသော စိတ်ဟု မဆိုလိုပါ၊ ကံကြမ္မာရှင်၏ ကရုဏာသက်ခံရခြင်း မှအပ ဧကန်ပင် စိတ်သည် အကုသိုလ်ကိုသာ ညွှန်ကြားနေ၏၊ ကံကြမ္မာရှင်သည်ကား လွတ်ငြိမ်းစေသောအရှင်၊ အကြင်နာရှင် ဖြစ်ပေ၏။” (ဟု ဆို၏။)
၁၂း၅၄။ ဘုရင်မင်းက “စိတ်တိုင်းကျ ရွေးချယ်နိုင်အံ့ငှာ သူ့အား ကျွန်ုပ်ထံသို့ ခစားစေလော့၊” ဟု ဆိုပြီး သူနှင့် ပြောဆိုပြီးသောအခါ “ယနေ့၌ သင်သည် ကျွန်ုပ်တို့ထံ၌ ယုံကြည်စိတ်ချရသော အမြဲဝန် ဖြစ်ပြီ၊” ဟု ဆိုသော်။-
၁၂း၅၅။ သူက “ကျွန်ုပ်အား တိုင်းပြည်၏ ဘဏ္ဍာထိန်း အဖြစ် စီစဉ်ပေးပါ၊ ကျွန်ုပ်သည် စောင့်ထိန်းနည်းကို သိသူ ဖြစ်၏။” ဟု ဆို၏။
၁၂း၅၆။ တိုင်းပြည်၌ သူ့စံချိန်အတိုင်း နေရာချနိုင်ရန် ငါသည် ယူဆွဖ်အား ဤသို့ ထူထောင်ပေးတော်မူ၏၊ စံချိန်ပြည့်သူအား ငါ့ထံမှ ကရုဏာကို သက်စေ၏၊ သုမင်္ဂလာပြုသူတို့၏ အကျိုးဆုလာဘ်ကို အလဟဿ မဖြစ်စေပေ။
၁၂း၅၇။ ယုံကြည်လျက် စည်းစောင့်လေ့ရှိသော သူတို့အဘို့ နောင်ဘဝ၏ အကျိုးဆုလာဘ်သည် ပို၍ ကောင်းပေ၏။
၁၂း၅၈။ ယူဆွဖ်၏ ညီအစ်ကိုများ ရောက်လာ၍ သူထံ၌ ဝင်ရောက်ခစားစဉ် ၎င်းတို့ကို သူ မှတ်မိနေ၏၊ သို့သော် ၎င်းတို့က သူ့ကို သူစိမ်း ဖြစ်နေ၏။
၁၂း၅၉။ သူတို့အား အထောက်အပံ့ ထောက်ပံ့ပြီးသောအခါ ပြောလိုက်သည်မှာ “နောင်တစ်ကြိမ်၌ သင်တို့၏ ဖခင်ထံမှ သင်တို့၏ ညီငယ်အား ကျွန်ုပ်ထံသို့ ယူဆောင်ခဲ့လော့၊ ကျွန်ုပ်သည် သင်တို့အား ကုန်ဖလှယ်မှုကို အပြည့်အဝပေးသူ၊ အကောင်းဆုံး ကျေပွန်သူများမှ ဖြစ်ကြောင်း၊ သင်တို့ မြင်သည် မဟုတ်လော။
၁၂း၆၀။ အကယ်၍ သူ့အား ကျွန်ုပ်ထံသို့ မယူဆောင်ခဲ့လျှင် သင်တို့အတွက် ကုန်ဖလှယ်ခြင်း ကျွန်ုပ်ထံ၌ မရှိပြီ၊ ချဉ်းကပ်ခွင့်လည်း ရမည်မဟုတ်၊” ဟု ဖြစ်၏။
၁၂း၆၁။ သူတို့က “သူ့ကို ဖခင်ထံမှ ရအောင် ကျွန်ုပ်တို့ တိုက်တွန်းပါမည်၊ အမှန်ပင် ပြုလုပ်ပါမည်၊” ဟု ပြောကြ၏။
၁၂း၆၂။ သူက သူ၏ လုလင်များအား “သူတို့၏ ရောင်းကုန်များကို သူတို့၏ အထုပ်များအတွင်း စီစဉ်ထားလော့၊ သို့ဖြင့် သူတို့၏ မိသားစုများထံ ဦးလှည့် ပြန်သောအခါ ၎င်းတို့ကို မှတ်မိနိုင်၍ ပြန်လာနိုင်ကောင်း၏၊” ဟု မှာကြား၏။
၁၂း၆၃။ သူတို့သည် ဖခင်ထံသို့ ပြန်လာသောအခါ “အို- အဖေ၊ ကျွန်ုပ်တို့ထံမှ ကုန်ဖလှယ်ခြင်းကို ပိတ်ပင်လေပြီ၊ ကျွန်ုပ်တို့ ကုန်ဖလှယ်နိုင်အံ့ငှာ ကျွန်ုပ်တို့နှင့်အတူ ညီငယ်အား ထည့်ပေးလိုက်ပါ၊ ကျွန်ုပ်တို့သည် သူ့အား ကောင်းစွာ စောင့်ရှောက်သူများ ဖြစ်ပါမည်၊” ဟု ဆိုကြသော်။-
၁၂း၆၄။ သူက “ရှေ့အလျင်က သူ့အစ်ကိုနှင့် စပ်လျဉ်း၍ သင်တို့ကို ယုံကြည်ခဲ့သလို သူ့အတွက် ယုံကြည်ရမည်လော၊ ပရမတ်ဘုရားရှင်သည် အကောင်းဆုံး စောင့်ရှောက်သည့် အရှင်ဖြစ်၏၊ အရှင်သည် ကရုဏာရှင်၊ အကြင်နာရှင် ဖြစ်၏၊” ဟု ဆို၏။
၁၂း၆၅။ သူတို့သည် သူတို့၏ အထုပ်အထည်များကို ဖွင့်သောအခါ သူတို့ထံ ပြန်ပေးထားသော ရောင်းကုန်များကို တွေ့ရ၍ “အို- အဖေ၊ ကျွန်ုပ်တို့သည် မည်သည်ကို ရှာဖွေရအံ့နည်း၊ ဤမှာ ရောင်းကုန်များကို ကျွန်ုပ်တို့ထံ ပြန်ပေးလိုက်လေပြီ၊ ကျွန်ုပ်တို့သည် မိသားစုများအတွက် စားနပ်ရိက္ခာ ပို၍ ရနိုင်ပါသည်၊ ညီငယ်အား စောင့်ရှောက်ပါမည်၊ ထို့နောက် ကုလားအုပ်တစ်စီးတင် အလေးချိန်လည်း ထပ်တိုး ရရှိပါမည်၊ ဤသည် လွယ်ကူသော ကုန်ဖလှယ်ခြင်း ဖြစ်၏၊” ဟု ဆိုကြ၏။
၁၂း၆၆။ သူက “သင်တို့အတွက် ထွက်ပေါက် မဲ့သွားသည်မှအပ သင်တို့သည် သူ့အား ကျွန်ုပ်ထံသို့ ယူဆောင်လာမည်ဟု ပရမတ်ဘုရားရှင်၏ ထံ၌ ကတိခံဝန် မပေးလျှင် သင်တို့နှင့်အတူ သူ့အား စေပို့နိုင်မည် မဟုတ်၊” ဟု ဆို၍– ကတိခံဝန် ပေးကြသော် သူက “ပရမတ်ဘုရားရှင်သည် ပြောဆိုလေသမျှ၌ ကိုးစားထိုက်သော အရှင် ဖြစ်၏၊” ဟု ပြော၏။
၁၂း၆၇။ တဖန် “အို- သားတော်တို့၊ သင်တို့သည် တံခါး တစ်ပေါက်တည်းမှ မဝင်ကြနှင့်၊ တံခါးပေါက်များမှ ခွဲ၍ ဝင်ကြကုန်လော့၊ ပရမတ်ဘုရားရှင်၏ထံရှိ အရာများမှ သင်တို့အဘို့ ကျွန်ုပ် ပြည့်စုံစေနိုင်ခြင်း မရှိ၊ ပရမတ်ဘုရားရှင်သည်သာ စီရင်ထုံး ပြုပေးတော်မူ၏၊ ကျွန်ုပ်သည် အရှင့်ကိုသာ ကိုးစားပါ၏။ ကိုးစားသူတို့သည် အရှင့်ကိုသာ ကိုးစားကြကုန်၏၊” ဟု ဆို၏။
၁၂း၆၈။ သူတို့သည် ဖခင် ညွှန်ကြားသည့် အတိုင်း နေရာများမှ ဝင်ကြ၏၊ သို့သော် ၎င်းသည် ငါ ပရမတ်ဘုရားရှင်၏ထံရှိ အရာများမှအပ သင်တို့အဘို့ ပြည့်စုံနိုင်စွမ်း မရှိချေ၊ ယာကုဗ်သည် သူ့စိတ်ဆန္ဒ ပြီးပြည့်ရန် အကြောင်းပြချက်သာ ဖြစ်၏၊ သူသည် ငါအရှင် သင်ပေးသည့် တတ်သိပညာရှင် ဖြစ်၏၊ သို့ရာတွင် လူသား များစွာသည် သိနိုင်ကြသည် မဟုတ်ချေ။
၁၂း၆၉။ သူတို့သည် ယူဆွဖ်ထံသို့ ဝင်ရောက်သောအခါ သူ့ညီအား အပါးသို့ ခိုလှုံစေ၍ “ကျွန်ုပ်သည် သင့်အစ်ကို ဖြစ်၏၊ သူတို့၏ ကျင့်ဆောင်လေ့ ရှိရာများကြောင့် အမင်္ဂလာ မဖြစ်စေနှင့်၊” ဟု ပြောပြ၏။
၁၂း၇၀။ သူတို့အား အထောက်အပံ့ ထောက်ပံ့ပြီးသောအခါ သူ့သောက်ရေခွက်ကို သူ့ညီ၏ အထုပ်ထဲ၌ စီစဉ်ထား၍ ကြေညာသူတစ်ဦးအား “အို- ကုန်သည်တို့၊ သင်တို့သည် သူခိုးများပင် ဖြစ်ကြ၏၊” ဟု ကြေညာစေ၏။
၁၂း၇၁။ သူတို့က ရှေ့တိုးလာလျက် “သင်တို့၌ ဘယ်အရာ ပျောက်ဆုံးနေသနည်း၊” ဟု မေးမြန်းကြသော်။-
၁၂း၇၂။ ကျွန်ုပ်တို့၌ အာဏာပိုင်၏ ဖလားတော် ပျောက်ဆုံးပါ၏၊ ၎င်းအား ပြန်အပ်သူကို ကုလားအုပ် တစ်စီးတင် ပေးပါမည်၊ ကျွန်ုပ်သည် ထို့အတွက် ရပ်တည် ပြောဆိုပေးရပါမည်၊” ဟု ဆို၏။
၁၂း၇၃။ သူတို့က “ဘုရားရေ၊ ကျွန်ုပ်တို့သည် ဤဒေသသို့ အဖျက်လုပ်ရန် လာခြင်းမဟုတ်၊ သူခိုးများလည်း မဟုတ်ကြောင်းကို အသင် မုချသိပါ၏၊” ဟု ပြောကြသော်။-
၁၂း၇၄။ သင်တို့သည် လူလိမ်များ ဖြစ်ကြလျှင် မည်သို့ အစားပေးရမည်နည်း၊” ဟု သူတို့အား မေးမြန်း၏။
၁၂း၇၅။ သူတို့က “အစားပေးမှု အဖြစ်၊ မည်သူ၏ အထုပ်ထဲတွင် တွေ့အံ့၊ ထိုသူအား အစားပေးပါမည်၊ ဤသည် အမိုက်ကောင်တို့အတွက် အစားပေးခြင်းပင် ဖြစ်၏၊” ဟု ပြန်ဖြေ၏။
၁၂း၇၆။ သို့ဖြင့် ရှေ့အလျင် စတင်၍ သူတို့၏အိတ်များ၊- ပြီး- သူ့ညီ၏ အိတ်၊ ထို့နောက် အိတ်ထဲမှ ဆွဲထုတ်လိုက်၏၊ ငါသည် ယူဆွဖ်အတွက် ထိုသို့ ဗျူဟာချပေး၏၊ ပရမတ်ဘုရားရှင်၏ စံချိန်မပြည့်ဘဲ ရှင်ဘုရင်၏ ဥပဒေ၌ သူသည် သူ့ညီအား သိမ်းယူနိုင်မည် မဟုတ်ချေ၊ ငါသည် စံချိန်ပြည့်သူအား အခွင့်အလမ်းဖြင့် မြှောက်စားတော်မူ၏၊ အရှင်သည် တတ်သိပညာရှင် ကိုယ်စီထက် ပို၍ သိနေတော်မူသောအရှင် ဖြစ်ပေ၏။
၁၂း၇၇။ သူတို့က “သူသည် ခိုးမှုကျူးလွန်လျှင် သူ့အစ်ကို တစ်ဦးသည်လည်း ရှေ့အလျင်က ခိုးမှုကို ကျူးလွန်ခဲ့၏၊” ဟု ဆိုကြ၏။ ယူဆွဖ်သည် စိတ်တွင်း၌ ကြိတ်ကြံ၍ သူတို့အား ဖေါ်ပြခြင်း မရှိဘဲ “သင်တို့သည် ဆိုးဝါးမှု၌ ရှိကြ၏၊ ပရမတ်ဘုရားရှင်သည် သင်တို့၏ တင်ပြချက်ကို အသိဆုံးဖြစ်တော်မူ၏၊” ဟု ဆို၏။
၁၂း၇၈။ သူတို့က “အို- ဝန်ကြီး၊ သူ့၌ ကြီးရင့် အိုမင်းသော ဖခင် ရှိပါ၏၊ သူ့အစား ကျွန်ုပ်တို့မှ ဖြစ်သော တစ်ယောက်ကို ဖမ်းယူထားပါ၊ အသင်သည် သုမင်္ဂလာပြုသူတို့မှ ဖြစ်ကြောင်း ကျွန်ုပ်တို့ မြင်ပါ၏၊” ဟု ပြောကြသော်။-
၁၂း၇၉။ သူက “ကျွန်ုပ်တို့၏ သည်းခြေကြိုက်ကို သူ့ထံ၌ တွေ့သူမှအပ အခြားသူကို မဖမ်းယူရန် ပရမတ်ဘုရားရှင်ထံ ခိုလှုံထား၏၊ သို့မဟုတ်က ကျွန်ုပ်တို့သည် အမိုက်ကောင်များ ဖြစ်ပေလိမ့်မည်၊” ဟု ပြန်ပြော၏။
၁၂း၈၀။ သူတို့သည် သူ့အား လက်လျော့ရသောအခါ သူတို့ချည်း သီးခြား တိုင်ပင်ကြလျက် သူတို့မှ အကြီးဆုံးသူက ပြောသည်မှာ သင်တို့၏ ဖခင်သည် ပရမတ်ဘုရားရှင်ထံ၌ ကတိခံဝန်ကို သင်တို့ထံမှ ယူထားသည်ကို မသိကြသလော၊ ရှေ့အလျင်က ယူဆွဖ်အတွက်လည်း သင်တို့ လက်လွတ်စပယ် ဖြစ်ခဲ့၏၊ သို့ဖြစ်၍ ဖခင်၏ ခွင့်ပြုချက် မရသ၍ သို့မဟုတ် ပရမတ်ဘုရားရှင်က စီရင်ထုံး မပြုပေးသ၍ ကျွန်ုပ်သည် ဤဒေသမှ ထွက်ခွာမည် မဟုတ်၊ အရှင်သည် အကောင်းဆုံးသော ဓမ္မသတ်ချုပ် ဖြစ်၏။
၁၂း၈၁။ သင်တို့သည် ဖခင်ထံသို့ ပြန်ကြ၍ ပြောရမည်မှာ “အို- အဖေ၊ အသင့် သားငယ်သည် ခိုးမှုကျူးလွန်ပါ၏၊ ကျွန်ုပ်တို့ မသိသည်ကို ကျွန်ုပ်တို့ သက်သေမခံနိုင်ပါ၊ မျက်ကွယ်ကို စောင့်ရှောက်နိုင်သူများလည်း မဟုတ်ပါ။
၁၂း၈၂။ ကျွန်ုပ်တို့ တည်းခိုခဲ့သော အရပ်ဒေသနှင့် ကျွန်ုပ်တို့၏ ရှေ့ဖြစ်သော ကုန်သည်များကို မေးကြည့်ပါ၊ ဧကန်ပင် ကျွန်ုပ်တို့သည် ဖြောင့်မှန်သူများ ဖြစ်ပါသည်၊” ဟု စေလိုက်၏။
၁၂း၈၃။ ဖခင်က “မဟုတ်တန်ရာ၊ သင်တို့၏ စိတ်စရိုက်က သင်တို့အား လှုံ့ဆော် ညွှန်ကြားလေပြီ၊ သည်းခံခြင်းသည်သာ အမြင်လှ၏၊ ပရမတ်ဘုရားရှင်သည် သူတို့ အားလုံးကို ကျွန်ုပ်ထံသို့ ပြန်ပေးအပ်နိုင်ရာ၏၊ အရှင်သည် သိနေသောအရှင်၊ ဓမ္မသတ်ရှင် ဖြစ်တော်မူ၏၊” ဟု ဆို၍။-
၁၂း၈၄။ သူတို့ထံမှ လှည့်သွားလျက် “ကျွန်ုပ်မှာ ယူဆွဖ်အတွက် ကြောင့်ကြရပြီ၊” ဟု ဆိုကာ သောကများဖြင့် မျက်လုံးများ အရောင်လက်လာ၏၊ သူသည် ယူကျုံးမရ ဖြစ်၏။
၁၂း၈၅။ သူတို့က “ပရမတ်ဘုရားရှင်အား တိုင်တည်ပါ၏၊ အသင်သည် ကိုယ်ပူတက်၍ သို့မဟုတ် ခန္ဓာယွင်းသည့်တိုင်အောင် ယူဆွဖ်အား သတိရခြင်းကို ဖြေ မဆည်နိုင်ချေ၊” ဟု ဆိုကြသော်။-
၁၂း၈၆။ သူက “ကျွန်ုပ်၏ သောကပွားမှုအား ပရမတ် ဘုရားထံ၌သာ လျှောက်လဲပါ၏၊ ပရမတ်ဘုရားရှင်ထံမှ သင်တို့ မသိသည်ကို ကျွန်ုပ်သိနေ၏။
၁၂း၈၇။ သားတော်တို့၊ ယူဆွဖ်နှင့် သူ့ညီအကြောင်းကို အမြန်သွား၍ ရင်ဆိုင် စုံစမ်းကြလော့၊ ပရမတ်ဘုရားရှင်၏ ဉာဏ်စဉ်သက်ခြင်းအား လက်မလျော့ကြနှင့်၊ ဖုံးကွယ်သော လူမျိုးမှအပ ပရမတ်ဘုရားရှင်၏ ဉာဏ်စဉ်သက်ခြင်းအား လက်လျော့သူ ဟူ၍ မရှိချေ၊” ဟု ဆို၏။
၁၂း၈၈။ သူတို့သည် အထံတော်သို့ ပြန်ဝင်၍ “အို- ဝန်ကြီး၊ ကျွန်ုပ်တို့နှင့် မိသားစုများအား ဘေးဒုက္ခကြီး ထိနေပါပြီ၊ လေလွင့် ရောင်းကုန်ဖြင့်သာ ကျွန်ုပ်တို့ ရောက်လာနိုင်ပါ၏၊ ကျွန်ုပ်တို့အား ကုန်ဖလှယ်ရာ၌ အပြည့် ပေးတော်မူပါ၊ ကျွန်ုပ်တို့အပေါ်၌ အလှုအဖြစ် ပေးတော်မူပါ၊ ဧကန်ပင် ပရမတ်ဘုရားရှင်သည် အလှုဒါန ပြုသူတို့အား အစားပေးတော်မူပါမည်၊” ဟု လျှောက်ထားကြသော်။-
၁၂း၈၉။ သူက “သင်တို့သည် ပညာမဲ့နေစဉ် ယူဆွဖ်နှင့် သူ့ညီအား မည်သို့ ပြုခဲ့သည်ကို သိနေကြသလော၊” ဟု မေးမြန်း၏။
၁၂း၉၀။ သူတို့က “သင်သည်ကား ယူဆွဖ်ပင် ဖြစ်ရမည်၊” ဟု ပြောသောအခါ သူက “ကျွန်ုပ်သည် ယူဆွဖ် ဖြစ်၍ ဤသည် ကျွန်ုပ် ညီငယ် ဖြစ်၏၊ ပရမတ် ဘုရားရှင်ထံမှ ကျွန်ုပ်တို့အား မျက်နှာသာပေး၏၊ ဧကန်ပင် စည်းစောင့်၍ သည်းခံသူ အတွက် ပရမတ်ဘုရားရှင်သည် သုမင်္ဂလာပြုသူတို့၏ အကျိုးဆုလာဘ်ကို အလဟဿ မဖြစ်စေပေ၊” ဟု ဆို၏။
၁၂း၉၁။ သူတို့က “ဘုရားရေ၊ မုချပင် ပရမတ်ဘုရားရှင်သည် သင့်အား ကျွန်ုပ်တို့၏ အပေါ်ဝယ် အစဉ်အလာ ဖြစ်စေပြီ၊ ကျွန်ုပ်တို့သည်ကား အမှား ကျူးလွန်သူများ ဖြစ်ပါ၏၊” ဟု ဝန်ခံကြ၏။
၁၂း၉၂။ သူက “သင်တို့အပေါ်၌ ယနေ့တွင် စကားနာ မထိုးပါ၊ ပရမတ်ဘုရားရှင်သည် သင်တို့အား လွတ်ငြိမ်းစေအံ့၊ အရှင်သည် ကရုဏာရှင်၊ အကြင်နာရှင် ဖြစ်တော်မူ၏။
၁၂း၉၃။ ဤ ကျွန်ုပ်၏အင်္ကျီကို ယူသွား၍ ဖခင်၏ မျက်မှောက်၌ ခင်းကျင်းလော့၊ သူသည် အမြင် ကြည်လာလိမ့်မည်၊ ကျွန်ုပ်ထံသို့ သင်တို့ မိသားစုများ အတူစု၍ လာခဲ့ကြလော့၊” ဟု ဆို၏။
၁၂း၉၄။ ကုန်သည်များ ရှင်းလင်းပြီးဆုံးသော် သူတို့၏ ဖခင်က “ကျွန်ုပ်အား စိတ်ပျော့သည်ဟု စွပ်စွဲငြားလည်း ကျွန်ုပ်၌ ယူဆွဖ်၏ ရနံ့ ထိတွေ့နေ၏။
၁၂း၉၅။ ပရမတ်ဘုရားရှင်အား တိုင်တည်ပါ၏၊ သင်သည် စုံရပ်ခံမှုသည် လွဲချော်နေပါပြီ၊” ဟု ပြန်ပြောကြ၏။
၁၂း၉၆။ ထို့နောက် သတင်းကောင်းပါးသူ ရောက်လာ၍ သူ့မျက်မှောက်၌ ခင်းကျင်းသော် သူသည် အမြင်ကြည်လာ၍ “ပရမတ်ဘုရားရှင်၏ထံမှ သင်တို့ မသိသည်ကို ကျွန်ုပ်သိနေသည်ဟု သင်တို့အား ကျွန်ုပ်မပြောခဲ့သလော၊” ဟု ဆို၏။
၁၂း၉၇။ သူတို့က “အို- အဖေ၊ ကျွန်ုပ်တို့သည် အမှားကျူးလွန်သူများ ဖြစ်ပါ၏၊ အပြစ်များမှ လွတ်ငြိမ်းဆုပန်ပေးပါ၊” ဟု တောင်းပန်သော်။-
၁၂း၉၈။ သူက “ကျွန်ုပ်၏ ကံကြမ္မာရှင်ထံ၌ သင်တို့အတွက် လွတ်ငြိမ်းဆု ပန်ပါမည်၊ အရှင်သည် လွတ်ငြိမ်းစေသောအရှင်၊ အကြင်နာရှင် ဖြစ်တော်မူသည်၊” ဟု ပြန်ပြော၏။
၁၂း၉၉။ ယူဆွဖ်ထံသို့ ဝင်သောအခါ သူသည် မိဘများကို အပါးသို့ ခိုလှုံစေ၍ “အီဂျစ်ပြည်သို့ ဝင်ရောက်ရန် ဖိတ်လျက် ပရမတ်ဘုရားရှင်၏ စံချိန်ပြည့်မီလျှင် ဤ၌ ယုံကြည်စိတ်ချရ၏၊” ဟု ဆိုလေ၏။
၁၂း၁၀၀။ သူသည် မိဘများအား ကွပ်ကဲမှုအဆင့် တင်မြှောက်၍ သူတို့က သူ့အား ပြဝပ် ဦးညွှတ်ကြ၏၊ သူ ရင့်ကျူးသည်မှာ “အို- အဖေ၊ ဤသည် ရှေ့အလျင်က ကျွန်ုပ် အမြင်ရခဲ့ခြင်း၏ အဓိပ္ပါယ်များပင် ဖြစ်၏၊ ကျွန်ုပ်၏ ကံကြမ္မာရှင်သည် အမှန်တရားဖြင့် သုမင်္ဂလာကို စီစဉ်ခဲ့ပြီ၊ ကျွန်ုပ်အား ထောင်တွင်းမှ ထွက်စေခဲ့ပြီ၊ မကောင်းဆိုးဝါးသည် ကျွန်ုပ်၏ကြား၊ ညီအစ်ကိုတို့ကြား၌ သွေးကွဲစေပြီးနောက် အသင့်အား တောသားဘဝမှ ကျွန်ုပ်ထံသို့ ရောက်လာစေခဲ့ပြီ၊ ကံကြမ္မာရှင်သည် စံချိန်အလျောက် သက်ညှာတော်မူ၏၊ အရှင်သည် သိနေသောအရှင်၊ ဓမ္မသတ်ရှင် ဖြစ်တော်မူ၏။”
၁၂း၁၀၁။ အို- ကံကြမ္မာရှင်၊ အရှင်သည် တပည့်တော်အား အာဏာပိုင်အဖြစ် အပ်နှင်း၍ ဆင့်ပြန်ချက်အား ဖွင့်ဆိုခြင်းကို သင်ပေး၏၊ မိုးများနှင့် မြေကမ္ဘာ၏ မူလလက်သည် ဖြစ်ပါ၏၊ အရှင်သည် ဤဘဝ၊ နောင်ဘဝ၌ တပည့်တော်၏ မဟာမိတ် ဖြစ်ပါ၏၊ တပည့်တော်အား ငြိမ်းချမ်းရေးဝါဒီ အဖြစ် သက်တမ်း ကုန်စေတော်မူပါ၊ ပြုပြင်သူများနှင့်အတူ ဖြစ်စေတော်မူပါ၊” ဟု ဖြစ်၏။
၁၂း၁၀၂။ ဤသည် သင့်ထံသို့ ငါအရှင် အာရုံဈာန် ဖြစ်စေသော စက္ခုလွန် သတင်းများမှ ဖြစ်၏၊ သူတို့သည် အတူပူးပေါင်း၍ ညွှန်ကြားကြစဉ်၌ သင်သည် မျက်မှောက်ရှိနေသည် မဟုတ်ချေ၊ သူတို့သည် ကြံစည်နေသူများ ဖြစ်လေ၏။
၁၂း၁၀၃။ သင်က မည်မျှပင် ဆန္ဒရှိသော်လည်း လူသား အများစုမှာ ယုံကြည်ကြသည် မဟုတ်ချေ။
၁၂း၁၀၄။ လောကခပ်သိမ်းအား သတိဖေါ်ပေးခြင်း မှအပ သင်သည် သူတို့ထံမှ အကျိုးဆုလာဘ် တောင်းဆိုခြင်း မရှိချေ။
၁၂း၁၀၅။ မိုးများနှင့် မြေကမ္ဘာ၌ နိမိတ် လက္ခဏာပေါင်း မည်မျှပင် ရှိသော်လည်း ၎င်းတို့ကို ကျော်လွန်၍ သူတို့သည် ဘောင်ကန့်ထားသူများ ဖြစ်ကြ၏။
၁၂း၁၀၆။ များစွာသော သူတို့မှာ ရောပြွန်း ကိုးကွယ်ခြင်း မှအပ ပရမတ်ဘုရားရှင်အား ယုံကြည်ကြသည် မဟုတ်ချေ။
၁၂း၁၀၇။ ပရမတ်ဘုရားရှင် သတ်မှတ်သည့် လွှမ်းခြုံမှု ပေးအပ်ထားရာ ဝဋ်ကြွေးမှ၊ သို့မဟုတ် သူတို့ သတိမမူမိစဉ် ရုတ်တရက် ဆိုက်ရောက်လာမည့် အခိုက်အတန့်မှ လုံခြုံပြီ ဟု သူတို့ ယုံကြည်နေကြသလော။
၁၂း၁၀၈။ ဟောလော့၊ “ဤသည် ကျွန်ုပ်၏ လမ်းစဉ် ဖြစ်၏၊ ကျွန်ုပ်နှင့် ကျွန်ုပ်၏ နောက်လိုက်တို့သည် အမြင်ပေါက်ခြင်းအားဖြင့် ပရမတ်ဘုရားထံသို့ ဖိတ်ခေါ်နေ၏၊ ပရမတ်ဘုရားရှင်သည် ဦးထိပ်ထားရာ ဖြစ်၏၊ ကျွန်ုပ်တို့သည် ရောပြွန်း ကိုးကွယ်သူများမှ မဟုတ်ချေ။”
၁၂း၁၀၉။ သင့် ရှေ့အလျင် အရပ်ဒေသသားများမှ လူသားများကိုသာ သူတို့ထံ ငါအရှင် အာရုံဖြစ်စေ၍ စေစားတော်မူ၏၊ သူတို့ ရှေ့အလျင် မျိုးဆက်များ နိဂုံး မည်သို့ ချုပ်ရသည်ကို ကမ္ဘာမြေအနှံ့ သွားလာ၍ မကြည့်ကြသလော၊ စည်းစောင့်သော သူများအတွက် နောင်ဘဝ ဗိမာန်သည် အကောင်းဆုံးဖြစ်ကြောင်း အတွေးအခေါ် မရှိကြကုန်သလော။
၁၂း၁၁၀။ ဉာဏ်စဉ်ဆောင်များသည် လက်လျော့၍ သူတို့အား ငြင်းဆန်ခံရသည်ဟု စဉ်းစားမိသောအခါ ငါ၏ထံမှ ကူညီမှုသည် သူတို့ထံသို့ ရောက်လာစေ၏၊ ရာဇဝတ်ကောင် လူမျိုးများအား မတုံ့ပြန်နိုင်သော အမင်္ဂလာထိချိန် စံချိန် ပြည့်မီသူအား ငါ လွတ်မြောက်စေတော်မူ၏။
၁၂း၁၁၁။ မုချပင် သူတို့အကြောင်း ဖေါ်ပြချက်များ၌ သဘောပေါက်နိုင်စွမ်း ရှိသူများအဘို့ သင်ခန်းစာ ပါရှိ၏၊ ဤသည် လုပ်ကြံ ဖန်တီးထားသော ဆင့်ပြန်ချက် မဟုတ်ပေ၊ သို့ရာတွင် သူတို့၏ ပစ္စုပ္ပန်များကို ဖြောင့်မှန်စေ၏၊ သဗ္ဗလုံးစုံအား ရှင်းလင်း ဆုံးဖြတ်ထား၏၊ ယုံကြည်သူသော လူမျိုးအတွက် လမ်းညွှန်တော်၊ ကရုဏာတော်ဖြစ်၏။
ဓမ္မခန္ဓာ (၁၂) ဤတွင် ပြီး၏။
ဓမ္မခန္ဓာ (၁၃) မိုးကြိုးသံ
ဉာဏ်စဉ်ကိန်းဝပ်ပေးမှု အမှတ်စဉ်- ၉၆၊ သုတ်ဒေသနာ- ၄၃ ပါး။
ကရုဏာရှင် အကြင်နာရှင် ဖြစ်တော်မူသော ပရမတ်ဘုရားရှင်၏ ဂုဏ်တော်အားဖြင့်-
၁၃း၁။ ငါသည် ကုန်စင် သိနေ မြင်နေသော ပရမတ်ဘုရားရှင် ဖြစ်တော်မူ၏၊ ဤသည် ကျမ်းတော်၏ သုတ်ဒေသနာများ ဖြစ်၏၊ သင့်ကံကြမ္မာရှင်က သင့်ထံသို့ ချမှတ်ပေးရာသည် ပရမတ္ထသစ္စာပင် ဖြစ်၏၊ သို့ရာတွင် လူသား အများစုမှာ ယုံကြည်ကြသည် မဟုတ်ချေ။
၁၃း၂။ ပရမတ်ဘုရား အရှင်သည် မိုးများကို မဏ္ဍိုင်မရှိဘဲ မြှင့်တင်ထားတော် မူသည်ကို သင်တို့ မြင်နိုင်၏၊ ထို့ပြင် ထပ်ဆင့် ကွပ်ကဲမှုကို ပုံစံချ၍ နေ နှင့် လ အား အသုံးခံဖြစ်စေရန် သတ်မှတ်ထားသော အချိန်ကာလအတိုင်း ကိုယ်စီ စီးမျော သွားလာစေ၏၊ သင်တို့သည် ကံကြမ္မာရှင်အား ဖူးတွေ့ရမည်ကို ဒိဋ္ဌ ယုံအံ့ငှာ ရှင်းလင်း ဆုံးဖြတ်ချက် သုတ်ဒေသနာများကို စီမံချက်ဖြင့် ကျောထောက်နောက်ခံ ပြုထား၏။
၁၃း၃။ အရှင်သည် မြေကမ္ဘာအား တိုးရွေ့စေလျက် ထို၌ တိုက်ကြီးများ၊ မြစ်များကို စီစဉ်တော်မူ၏၊ သီးနှံမျိုးစုံမှ- ထိုအထဲတွင် ဖွဲ့တည်မှု နှစ်မျိုး စီစဉ်ပေးပြီး ညည့်ကို နေ့ပေါ်သို့ လွှမ်းခြုံစေ၏၊ ဤ၌ စဉ်းစား သုံးသပ်သော လူမျိုးအတွက် သက်သေ လက္ခဏာများ ရှိနေ၏။
၁၃း၄။ မြေပေါ်၌ ကာကွယ်ထားသော လယ်ကွက်များ၊ စပျစ်ဥယျာဉ်များ၊ စိုက်ခင်းများ၊ ကိုင်းကူး- မျိုးချ စွန်ပလွံပင်များသည် ရှိ၏၊ ၎င်းတို့သည် တစ်ခုတည်းသော ရေကို သွင်းပေးခြင်း ခံရသော်လည်း စားသုံးရာတွင် အချို့ကို အချို့ထက် ထူးကဲစေတော်မူ၏၊ ဤ၌ အတွေးအခေါ် ရှိသော လူမျိုးအတွက် သက်သေ လက္ခဏာများ ရှိနေ၏။
၁၃း၅။ အသင်သည် အံ့ဩတတ်လျှင် “ကျွန်ုပ်တို့သည် မြေမှုန့် ဖြစ်ပြီးနောက် အသစ်တဖန် ဖြစ်တည်ခြင်း ခံရမည်လော၊” ဟူသော သူတို့၏ အပြောသည် ပို၍ အံ့ဩစရာပင်၊ သူတို့သည် သူတို့၏ ကံကြမ္မာရှင်အား ဖုံးကွယ်ကြ၏၊ ထိုသူများသည် ဂုတ်ပိုး ချုပ်ကိုင်ခံရသောသူများ ဖြစ်၏၊ သူတို့သည် အပူမီး၏ ပေါင်းဖေါ်များ ဖြစ်ကြ၏၊ ထို၌ အစဉ် ခံစားရမည့်သူများ ဖြစ်၏။
၁၃း၆။ တင့်တယ်စေခြင်း မတိုင်မီ အကုသိုလ်ကိုသာ သင့်ထံ၌ အလျင်စလို တောင်းဆိုကြ၏၊ သူတို့၏ ရှေးကုန်လွန်ခဲ့သော ဥပမာများစွာလည်း ရှိခဲ့ပြီ၊ သင်၏ ကံကြမ္မာရှင်သည် လူသားတို့၏ မိုက်မဲမှုအား လွတ်ငြိမ်းခွင့်ပိုင်ရှင် ဖြစ်၏၊ ဧကန်ပင် သင့်ကံကြမ္မာရှင်သည် ပြတ်သားစွာ ချုပ်ကိုင်နိုင်တော်မူ၏။
၁၃း၇။ ဖုံးကွယ်သောသူများက “သူ့ကံကြမ္မာရှင်၏ထံမှ သူ့ထံသို့ သက်သေ လက္ခဏာတစ်ပါး ချမှတ်ပေးပါလေစ၊” ဟု ဆိုကြ၏၊ သင်သည် သတိပေးသူ၊ လူမျိုး ကိုယ်စီအား လမ်းညွှန်သူသာ ဖြစ်ပေ၏။
၁၃း၈။ ပရမတ်ဘုရားရှင်သည် လိင်မ ကိုယ်စီ၏ ကိုယ်ဝန်ဆောင်မှု၊ ဝမ်းကြာတိုက်တွင် အဖတ်မတင်ခြင်းနှင့် တိုးပွားခြင်းကို သိနေတော်မူ၏၊ အရာခပ်သိမ်းသည် အရှင့်ထံပါး၌ စည်းချိန်ချမှတ်ပြီး ဖြစ်၏။
၁၃း၉။ စက္ခုလွန်များ၊ မျက်မှောက် သက်သေများကို သိတော်မူသည့် အရှင်သည် အကြီးကျယ်ဆုံး အထွဋ်အထိပ် ဖြစ်တော်မူ၏၊
၁၃း၁၀။ သင်တို့အနက် ကြိတ်၍ ပြောသူ၊ ကျယ်ကျယ် ဖွင့်ဟသူ၊ ည၌ ငြိမ်သက်၍ နေ့၌ သွက်လက်သူ၊ မည်သူမဆို အတူတူပင် ဖြစ်၏။
၁၃း၁၁။ ပရမတ်ဘုရားရှင်၏ ညွှန်ကြားချက်ဖြင့် သူ့အတွက် သူ့ ပစ္စုပ္ပန် အနာဂတ်မှ ချုပ်ကိုင်ရန် စောင့်ကြပ်ထား၏၊ မိမိ စရိုက်ကို မပြောင်းလဲသ၍ ထိုလူမျိုးအား ပရမတ်ဘုရားရှင်က ပြောင်းလဲပေးခြင်း မရှိချေ၊ ပရမတ်ဘုရားရှင်က အကုသိုလ် သင့်စေလိုသော လူမျိုးအတွက် ၎င်းကို ရပ်တန့်နိုင်ရာ မရှိချေ၊ သူတို့အတွက် အရှင်မှလွဲ၍ မဟာမိတ် မရှိချေ။
၁၃း၁၂။ အရှင်သည် သင်တို့အား ထိတ်လန့်ဘွယ်ရာနှင့် မျှော်လင့်ချက် ဖြစ်သော၊ လျှပ်စစ်ရောင်နှင့် ပေါက်ပွားလာသော၊ လေးလံသည့် မိုးတိမ်တိုက်ကို ပြသတော်မူ၏။
၁၃း၁၃။ မိုးကြိုးသံသည် အရှင့်အား ဦးထိပ်ထား ရည်သန် စူးစိုက်၍ နိမိတ်ဆောင်တို့သည်လည်း ကြက်သီးမွေးညင်း ထကြ၏၊ တော်လည်းသံအား စေပို့လျက် စံချိန်ပြည့်သူအား ၎င်းဖြင့် ထိသက်စေ၏၊ သူတို့သည် ပရမတ်ဘုရားရှင်နှင့် စပ်လျဉ်း၍ စောဒက တက်နေကြ၏၊ အရှင်သည်ကား ပြတ်သားသော ဘုန်းတန်ခိုးတော်ရှင် ဖြစ်တော်မူ၏။
၁၃း၁၄။ အရှင့်ထံ၌ ဆုတောင်းခြင်းသည် မှန်ကန်မှု ဖြစ်၏၊ အရှင်မှလွဲ၍ သူတို့ ဆုတောင်းသော အရာများသည် တစ်စုံတစ်ရာ တုံ့ပြန်နိုင်ခြင်း မရှိချေ၊ ပါးစပ်ထဲသို့ ရေ ရောက်မည်လောဟု လက်ကိုချုပ်လျက် ရေဘက်သို့ ဆန့်ထားသူနှင့် တူ၍ ရေ သည် ရောက်လာမည် မဟုတ်ချေ၊ ဖုံးကွယ်သူတို့၏ ဆုတောင်းခြင်းသည် လွဲချော် လျက်သာ ရှိ၏။
၁၃း၁၅။ မိုးများနှင့် မြေကမ္ဘာ၌ ရှိသမျှတို့သည် သဘောတူသည် ဖြစ်စေ၊ သဘောမတူသည် ဖြစ်စေ၊ ပရမတ်ဘုရားရှင်အား ဦးချနေရ၏၊ မနက်စောစောနှင့် နေ ကျအားဖြင့် သူတို့၏ အရိပ်များလည်း ပါ၏။
၁၃း၁၆။ “မိုးများနှင့် မြေကမ္ဘာ၏ ကံကြမ္မာရှင်သည် မည်သူနည်း၊” ဟု မေး၍ “ပရမတ်ဘုရားရှင်ပင် ဖြစ်၏၊” ဟု ဖြေကြားလော့၊ ဟောကြားလော့၊ “သူတို့၏ စရိုက်အား ကောင်းကျိုး၊ ဆိုးကျိုး၊ အစိုးမရရာများကို ပရမတ်ဘုရားရှင်မှ လွဲ၍ မဟာမိတ်အဖြစ် အယူထားကြမည်လော၊” မေးမြန်းလော့၊ “ကန်းနေသူနှင့် မြင်နိုင်သူသည် တူညီကြသလော၊ သို့တည်းမဟုတ် အမှောင်ထုနှင့် အလင်းရောင်သည် တူညီသလော၊” “သို့တည်းမဟုတ် သူတို့သည် ပရမတ်ဘုရားရှင်နှင့် ရောပြွန်း ကိုးကွယ်ရန် စီစဉ်ကြသလော၊ ၎င်းတို့က အရှင်၏ ဖြစ်တည်ပေးခြင်းနှင့် ဆင်တူ ဖြစ်တည်စေနိုင်သလော၊ မည်သည့် ဖြစ်တည်ပေးခြင်းက သူတို့အား မပီပြင် ဖြစ်စေသနည်း၊” ဟောလော့၊ “ပရမတ်ဘုရားရှင်သည် သဗ္ဗလုံးစုံအား ဖြစ်တည်ပေးတော်မူ၏၊ အရှင်သည် တစ်ဆူတည်း ဖူးခြာ ဖြစ်တော်မူ၏။”
၁၃း၁၇။ အရှင်သည် ကောင်းကင်ယံမှ မိုးရေ သွန်းချပေး၍ ချိုင့်ဝှမ်းဒေသများသို့ သူ့စည်းချိန်အလျောက် စီးစေလျက် ရေစီးသည် အမြှုပ်များကို သယ်သွား၏၊ လက်ဝတ်တန်ဆာများ၊ သို့မဟုတ် စိတ်ပျော်စရာများ ဖြစ်ရန် နည်းလမ်းရှာ မီးထဲ၌ ဖုတ်သည့် အရာများသည်လည်း အလားတူ အမြှုပ်များ၊ အချေးများ ရှိကြ၏၊ ဤသို့ ပရမတ်ဘုရားရှင်သည် အမှန်နှင့် အမှားကို နည်းလမ်း ရှာစေ၏၊ အမြှုပ်အချေးမှာမူ အသုံးမဝင် လွင့်သွား၍ လူတို့အတွက် အကျိုးရှိရာသည်မူ မြေကမ္ဘာ၌ သောင်တင် ကျန်နေ၏၊ ပရမတ်ဘုရားရှင်သည် ဤသို့ ပုံစံတူ ပမာပေးတော်မူ၏။
၁၃း၁၈။ သူတို့၏ ကံကြမ္မာရှင်အား ပြန်လည် ဖြေကြားသော သူသည် မင်္ဂလာရှိ၏၊ အရှင့်အား ပြန်ဖြေပေးခြင်း မရှိသော သူအဘို့ သူတို့သည် ကမ္ဘာမြေ၌ ရှိသမျှ အားလုံးကို ပိုင်ဆိုင်ကာ- ထိုနှင့်အတူ ညီတူညီမျှရှိ၍ လျော်ကြေးပေးသော်လည်း သူတို့၏ စာရင်းချုပ်သည် အကုသိုလ်ပင် ဖြစ်၏၊ သူတို့အတွက် ခိုလှုံရာမှာ အမင်္ဂလာ ငြိမ့်ညောင်းရာ ငရဲပင် ဖြစ်၏။
၁၃း၁၉။ သင့်ထံသို့ သင့်ကံကြမ္မာရှင်က ချမှတ်ပေးရာသည် ပရမတ္ထသစ္စာ ဖြစ်၏ ဟု သိသူသည် ကန်းသူကဲ့သို့ ဖြစ်သလော၊ သို့သော် သဘောပေါက်နိုင်စွမ်း ရှိသူတို့သည်သာ ဆင်ခြင်သတိ ရှိကြ၏။
၁၃း၂၀။ သူတို့သည် ပရမတ်ဘုရားရှင်အား ထားသော ပဋိညာဉ်ကို ပြီးပြည့်စေကြ၏၊ အဓိဋ္ဌာန်အား ချိုးဖေါက်မှု မရှိချေ။
၁၃း၂၁။ သူတို့သည် ပရမတ်ဘုရားရှင်က ပူးပေါင်းစေရန် ညွှန်ကြားချက်အတိုင်း ပူးပေါင်းသောသူများ ဖြစ်ကြ၏၊ ကံကြမ္မာရှင်အား ရိုကျိုး တုန်လှုပ်ကြ၏၊ အကုသိုလ် အချုပ် စာရင်းကို စိုးရိမ်ကြ၏။
၁၃း၂၂။ သူတို့သည် သူတို့၏ ကံကြမ္မာရှင်ထံမှ မျက်နှာသာ ရမှုအား သည်းခံစွာ ရှာဖွေကြ၏၊ ဝတ်ပြုမြဲကြ၏၊ ငါပေးသည့် ရိက္ခာများမှာ ကြိတ်၍ဖြစ်စေ၊ လူသိရှင်ကြား ဖြစ်စေ၊ ပေးကမ်း သုံးစွဲကြ၏၊ အကုသိုလ်အား သုမင်္ဂလာဖြင့် ဖယ်ရှားကြ၏၊ ထိုသူများအတွက် ချုပ်ငြိမ်းခြင်း ဗိမာန်သည် ရှိနေ၏။
၁၃း၂၃။ သူတို့၏ ဘဘိုးများ၊ သူတို့၏ အိမ်ထောင်ဘက်များ၊ သူတို့၏ သားစဉ် မြေဆက်များမှ ပြုပြင် ပြောင်းလဲသူများသည် တည်မြဲခြင်း သုခဘုံများသို့ ဝင်ရောက် စံစားရလတ္တံ့၊ နိမိတ်ဆောင်များသည်လည်း သူတို့ထံသို့ ဝင်ပေါက်တိုင်းမှ ဝင်လာကြ၍ ဆိုကြသည်မှာ။-
၁၃း၂၄။ “သင်တို့၏ သည်းခံမှုကြောင့် သင်တို့သည် ငြိမ်းချမ်းပါစေသော်၊ ချုပ်ငြိမ်းခြင်း ဗိမာန်သည် မည်မျှ ဂုဏ်ရှိလှသနည်း။”
၁၃း၂၅။ ပရမတ်ဘုရားရှင်၏ ညွှန်ကြားချက်အတိုင်း ပူးပေါင်းကြရန် ပရမတ်ဘုရားရှင်နှင့် အဓိဋ္ဌာန်ပြုပြီးနောက် ပဋိညာဉ်ကို ဖြတ်တောက် ချိုးဖောက်၍ မြေကမ္ဘာ၌ အဖျက်လုပ်သော ထိုသူတို့အတွက် မေတ္တာမဲ့ ခံရမှုသည် ရှိနေ၍ သူတို့အတွက် အကုသိုလ် ဗိမာန်သည် ရှိနေ၏။
၁၃း၂၆။ ပရမတ်ဘုရားရှင်သည် အရှင့် စံချိန် ပြည့်သူအား ရိက္ခာ တိုးပွားပေးခြင်း၊ ကျပ်တည်းခြင်းကို စည်းကြပ်မတ်တော်မူ၏၊ သူတို့သည် ပစ္စုပ္ပန်ဘဝ၌ ဝမ်းမြောက်နေကြ၏၊ ပစ္စုပ္ပန်ဘဝ၏ သာယာမှုမှာ အနာဂတ်ဘဝ၌ အစိတ်အပိုင်းမျှ ဖြစ်၏။
၁၃း၂၇။ ဖုံးကွယ်သော သူများက “သူ့ကံကြမ္မာရှင်၏ထံမှ သူ့အပေါ် သက်သေ လက္ခဏာတစ်ပါး ချမှတ်ပေးပါစ၊” ဟု ပြောကြ၏၊ ဟောလော့၊ “ဧကန်ပင် ပရမတ်ဘုရားရှင်သည် လမ်းလွဲနေသူအား သူ့ စံချိန်အလျှောက် လမ်းညွှန်၍ အရှင့်ထံသို့ ဘက်လှည့်သူ ဖြစ်စေ၏။”
၁၃း၂၈။ ယုံကြည်သော သူများသည် ပရမတ်ဘုရားရှင်အား ရှုမှတ် သတိရခြင်းဖြင့် နှလုံးအဟာရ ငြိမ်းအေးကြ၏၊ အေးငြိမ်းသော နှလုံးသားဖြင့် ပရမတ်ဘုရားရှင်အား သတိရ ရှုမှတ်ကြကုန်၏။
၁၃း၂၉။ ယုံကြည်လျက် ပြုပြင် ပြောင်းလဲမှု ကျင့်ကြံသော သူတို့အတွက် စင်ကြယ်ခြင်းနှင့် တင့်တယ်သော အပြန် ခရီးသည် ရှိနေ၏။
၁၃း၃၀။ ဤသို့ပင် ငါသည် သင့်အား အသိုင်းအဝိုင်း တစ်ခုထဲသို့ စေစား၏၊ ရှေ့မှ လွန်ခဲ့သော အသိုင်းအဝိုင်းများလည်း ရှိခဲ့၏၊ သင့်ထံသို့ အာရုံဈာန် ဖြစ်ပေးရာကို သူတို့အား ရွတ်ဖတ်ပြရန် ဖြစ်၏၊ ကရုဏာတော် အရှင်အား ဖုံးကွယ်သော ထိုသူတို့အား “အရှင်သည် သင်တို့၏ ကံကြမ္မာရှင် ဖြစ်၏၊ အရှင်မှအပ အခြား ဘုရားဟူ၍ မရှိပြီ၊ အရှင့်ကိုသာ ကိုးစားလော့၊ အရှင့်ထံသို့သာ ခဝါချအပ်၏၊” ဟု ဟောကြားလော့။
၁၃း၃၁။ အကယ်၍ ကုရ်အာန်သည် တောင်တန်းများကို ရွေ့လျောစေခြင်း၊ ကမ္ဘာမြေအား အပိုင်းပိုင်း ပြတ်စေခြင်း၊ သေနေသူများကို စကားပြောစေခြင်း၊ ဖြစ်ခဲ့သော် အမှန်မှာ ရှိသမျှအားလုံးသည် ပရမတ်ဘုရားရှင်၏ ညွှန်ကြားချက်သာ ဖြစ်၏၊ ပရမတ်ဘုရားရှင်၏ စံချိန်ပြည့်ခဲ့သော် လူသား အားလုံးသည် လမ်းညွှန်ခံရလတ္တံ့၊ ယုံကြည်သောသူများမှာ လက်လျော့စရာ မဟုတ်ပေ၊ ဖုံးကွယ်သော သူတို့အတွက် သူတို့၏ တည်ဆောက်မှု ကပ်ဆိုးကြီးသည် ထိနေစေ၏၊ သို့မဟုတ် ဥပဒေစိုးမိုးမှုသည် သူတို့၏ အိမ်များသို့ နီးကပ်လာနေ၏၊ ပရမတ်ဘုရားရှင်၏ ထားရှိသော ကတိတော် ပေးရောက်လာနေ၏၊ ပရမတ်ဘုရားရှင်သည် ကတိတော်အား ပေါ့လျော့ခြင်း မရှိချေ။
၁၃း၃၂။ သင့် ရှေ့အလျင် ဉာဏ်စဉ်ဆောင်များသည်လည်း လှောင်ပြောင်ခြင်းကို ခံခဲ့ရ၏၊ ငါသည် ဖုံးကွယ်သော သူတို့အား အချိန်ပေးထား၍ တဖန် ငါ၏ ချုပ်ကိုင်မှုမှာ မည်သို့ရှိသည်ဟု သူတို့အား အရေးယူတော်မူ၏။
၁၃း၃၃။ အရှင်သည် ဉာဉ်စရိုက် ကိုယ်စီ၏ ကျင့်ဆောင်ခြင်းပေါ်၌ ရပ်တည်ပေးနေသောအရှင် မဟုတ်လော၊ ပရမတ်ဘုရားရှင်နှင့် ရောပြွန်း ကိုးကွယ်မှုကို စီစဉ်ကြသလော၊ ဟောလော့၊ “၎င်းတို့အား အမည်ပေးကြလော့၊ သို့တည်းမဟုတ် သင်တို့သည် ကမ္ဘာ၌ အရှင် မသိရာ ရှိသည်ဟု သတင်း ထုတ်ပြန်ကြမည်လော၊ သို့မဟုတ် အပြင်ပန်းများကို ပြောနေကြသလော၊ အမှန်မှာ ဖုံးကွယ်သောသူများ၏ ကြံစည်မှုသည် သူတို့အား ဖမ်းစားထား၏၊ သူတို့သည် လမ်းစဉ်တော်မှ လွဲချော်နေကြ၏၊ ပရမတ်ဘုရားရှင်က အပါယ်လမ်း၌ ထားသောသူအား လမ်းညွှန်နိုင်ရာ မရှိချေ။
၁၃း၃၄။ သူတို့အတွက် ဤလောကီ သက်တမ်း၌ ဝဋ်ဒုက္ခသည် ရှိ၍ နောင်ဘဝ၌လည်း ပိုကြေမွသော ဝဋ်ကြွေးသည် ရှိနေ၏၊ သူတို့အတွက် ပရမတ်ဘုရားရှင်အား ဆန့်ကျင်၍ ကာကွယ်နိုင်သူ မရှိချေ။
၁၃း၃၅။ စည်းစောင့်သူများအတွက် ကတိတော်ထားသည့် သုခဘုံ၏ ဥပမာမှာ အောက်ခင်း၌ စမ်းချောင်းရေသွင် စီးဆင်းနေလျက် အစားအစာများ၊ အရိပ်အဝါသများ၊ အစဉ် ရှိနေ၏၊ ဤသည် စည်းစောင့်သောသူများ အတွက် နိဂုံးဖြစ်၍ ဖုံးကွယ်သူများ အတွက် နိဂုံးချုပ်မှာ အပူမီးသာလျှင် ဖြစ်၏။
၁၃း၃၆။ ငါ၏ ကျမ်းပေးခံရသော သူများသည် သင့်ထံသို့ ချမှတ်ပေးရာတွင် ဝမ်းမြောက်ကြ၏၊ ထိုမှ ဂိုဏ်းခွဲများက ၎င်းမှ အချို့ကို အကျွမ်းမဝင်လိုကြပေ၊ ဟောလော့၊ “ကျွန်ုပ်အား ပရမတ်ဘုရားရှင်ကိုသာ ကိုးကွယ်ရန် အရှင့်အား ရောပြွန်း ကိုးကွယ်ခြင်း မပြုရန် ညွှန်ကြားခံရ၏၊ ကျွန်ုပ်သည် အရှင့်၌ ဆုပန်၏၊ အပြန်ခရီးမှာ အရှင့်ထံသို့သာ ဖြစ်၏။”
၁၃း၃၇။ ဤသို့ ငါသည် ဓမ္မသတ်ကို အာရ်ဗီဘာသာဖြင့် ချမှတ်ပေးတော်မူ၏၊ အသိပညာမှ အသင့်ထံသို့ ရောက်လာစေပြီးနောက် အသင်သည် သူတို့၏ လိုဘများကို လိုက်နာအံ့၊ သင့်အတွက် ပရမတ်ဘုရားရှင်အား ဆန့်ကျင်၍ မဟာမိတ်၊ ကာကွယ်နိုင်သူ မရှိချေ။
၁၃း၃၈။ သင့် အလျင်က ဉာဏ်စဉ်ဆောင်များကို ငါအရှင် စေပို့ခဲ့၍ သူတို့အဘို့ အိမ်ထောင်ဘက်များ၊ သားမြေးများကို ငါ အရှင်က မုချ စီစဉ်ပေးခဲ့၏၊ ပရမတ်ဘုရားရှင်၏ ခွင့်ပြုချက် မရှိဘဲ မည်သည့် ဉာဏ်စဉ်ဆောင်မှ သက်သေလက္ခဏာ တစ်ပါးမျှ ပေးရောက်နိုင်ခွင့် မရှိချေ၊ အလုံးစုံအား သတ်မှတ်ကာလ ပြဌာန်းပြီး ဖြစ်၏။
၁၃း၃၉။ ပရမတ်ဘုရားရှင်သည် ပျက်ပျယ်ခြင်းကို စံချိန်အလျောက် ဖြစ်စေ၏၊ ခိုင်မာခြင်းနှင့် မိခင်ရင်းမြစ် ကျမ်းတော်သည် အရှင့်ထံတော်၌ ရှိ၏။
၁၃း၄၀။ သူတို့အား ငါ ကတိတော်ထားရာမှ အချို့ကို သင့်အား မြင်စေသည် ဖြစ်စေ၊ သင့်အား သက်တမ်း ကုန်စေသည် ဖြစ်စေ၊ သင့် ဝန်တာမှာ- “စာရင်းချုပ်သည် ငါအရှင် အပေါ်၌သာ တည်ကြောင်း၊” ဆိုက်ရောက်စေရန်သာ ဖြစ်၏။
၁၃း၄၁။ ငါသည် ကမ္ဘာကို မျက်ခြည်အဆုံးများမှ စ၍ ကျစ်လျစ် ပေးစုတော်မူသည်ကို သူတို့ မမြင်ကြသလော၊ ပရမတ်ဘုရားရှင်က စီရင်ထုံးပြုမှု၊ ထိုစီရင်ထုံးအား ချုပ်ကိုင်နိုင်သူ မရှိ၊ အရှင်သည် အချိန်နှင့်တပြေးညီ စာရင်းစစ် နေတော်မူ၏။
၁၃း၄၂။ သူတို့၏ ရှေ့အလျင် မျိုးဆက်သည်လည်း ကြံစည်ခဲ့ကြ၏၊ သို့သော် ကြံစည်ခြင်း အားလုံးသည် ပရမတ်ဘုရားရှင်၏ အချုပ်အခြာထဲ၌ ရှိ၏၊ အရှင်သည် ဉာဉ်စရိုက် ကိုယ်စီ၏ ကျင့်ဆောင်ခြင်းကို သိနေတော်မူ၏၊ ဖုံးကွယ်သူတို့သည် သူတို့အား ချုပ်ငြိမ်းခြင်း ဗိမာန်သည် မည်သူ့အတွက် ဖြစ်သည်ကို သိကြရလတ္တံ့။
၁၃း၄၃။ ဖုံးကွယ်သော သူတို့က အသင်သည် ဉာဏ်စဉ်တော်ဆောင် မဟုတ်ဟု ပြောဆိုကြ၏၊ ဟောလော့၊ “ပရမတ်ဘုရားရှင်နှင့် ကျမ်းတော်၌ အသိပညာ ရှိသူတို့သည် ကျွန်ုပ်၏ကြား၊ သင်တို့ကြား၌ လုံလောက်သော မျက်မှောက် သက်သေများ ဖြစ်ကြ၏။”
ဓမ္မခန္ဓာ (၁၃) ဤတွင် ပြီး၏။
ဓမ္မခန္ဓာ (၁၄) “အီဗရာဟီးမ်”
ဉာဏ်စဉ်ကိန်းဝပ်ပေးမှု အမှတ်စဉ်- ၇၂၊ သုတ်ဒေသနာ- ၅၂ ပါး။
ကရုဏာရှင် အကြင်နာရှင် ဖြစ်တော်မူသော ပရမတ်ဘုရားရှင်၏ ဂုဏ်တော်အားဖြင့်-
၁၄း၁။ “ငါသည် ကုန်စင် မြင်နေတော်မူသော ပရမတ်ဘုရားရှင် ဖြစ်၏၊” လူသားတို့အား သူတို့ ကံကြမ္မာရှင်၏ ခွင့်ပြုချက်ဖြင့် ဘုန်းတော်အရှင်၊ ရည်သန် စူးစိုက်အပ်သော အရှင်၏ လမ်းတော်ဆီသို့၊ အမှောင်မှ အလင်းသို့၊ ထုတ်ဆောင်သည့် သင့်ထံ၌ ချမှတ်ပေးသော ကျမ်းတော် ဖြစ်၏။
၁၄း၂။ မိုးများနှင့် မြေကမ္ဘာအတွင်း ရှိသမျှတို့သည် ပရမတ်ဘုရားရှင်၊ အရှင်၏ အချုပ်အခြာ၌ ရှိ၏၊ ဖုံးကွယ်သူတို့ သည်ကား ပြင်းထန်သော ဝဋ်ကြွေးထဲ၌ ပျက်စီး ဆုံးရှုံးရလတ္တံ့။
၁၄း၃။ နောင်ဘဝထက် ဤလက်ရှိသက်တမ်းကို ချစ်ခင်စုံမက်၍ ပရမတ်ဘုရားရှင်၏ လမ်းစဉ်တော်မှ ဖယ်ခိုင်းလျက် ထို၌ ကောက်ကျစ်မှုကို ရှာဖွေသော သူတို့သည် နောက်ကျန်ရစ်လျက် လွဲချော်မှု၌ ရှိနေပြီ။
၁၄း၄။ ငါသည် လူမျိုးတစ်မျိုးထံသို့ သူတို့အား ရှင်းလင်းပြနိုင်ရန် သူတို့၏ ဘာသာစကားဖြင့်သာ ဉာဏ်စဉ်ဆောင်များကို စေစား၏၊ ပရမတ်ဘုရားရှင်သည် လမ်းလွဲသို့ စံချိန်ပြည့်သူ၊ လမ်းညွှန်ရန် စံချိန်ပြည့်သူကို ပြဌာန်းထား၏၊ အရှင်သည် ဘုန်းတော်ရှင်၊ ဓမ္မသတ်ရှင် ဖြစ်တော်မူ၏။
၁၄း၅။ ငါသည် မူဆာအား ငါ၏ သုတ်ဒေသနာများဖြင့် သင့်လူမျိုးအား အမှောင်မှ အလင်းသို့ ကယ်ထုတ်ရန်၊ ပရမတ် ဘုရားရှင်၏ သတ်မှတ်ရက်များကို သတိဖေါ်ပေးရန်ဟု စေစား၏၊ ဤ၌ သည်းခံသူ၊ ကျေးဇူး သိတတ်သူတိုင်းအဘို့ သက်သေလက္ခဏာများ ပါရှိ၏။
၁၄း၆။ မူဆာဖြင့် သူ့လူမျိုးအား ပြောစေသောအခါ “သင်တို့အား ပရမတ်ဘုရားရှင်က ဂုဏ်ပေးမှုများကို သတိရကြလော့၊ သင်တို့၏ သားများကို သုတ်သင်ကာ အမျိုးသမီးများကိုသာ အသက်ဆက်ခွင့်ပေးသည့် ဖာရိုးမင်းဆက်၏ အကုသိုလ် ဝဋ်ကြွေး အမှတ်သညာ ဖြစ်စေသူများမှ သင်တို့အား ငါ လွတ်မြောက်စေခဲ့ပြီ၊ ထို၌ သင်တို့အား သင်တို့၏ ကံကြမ္မာရှင်မှ မဟာ စုံစမ်းမှုကြီး ရှိနေပြီ၊” ဟု ဖြစ်၏။
၁၄း၇။ သင်တို့၏ ကံကြမ္မာရှင်က ကြေညာသည်မှာ- သင်တို့သည် ကျေးဇူး သိတတ်လျှင် သင်တို့အား တိုးပွားစေမည်၊ သင်တို့သည် ဖုံးကွယ်ကြသော် ပြင်းထန်သော ဝဋ်ကြွေးသည် ရှိနေ၏။
၁၄း၈။ မူဆာက “သင်တို့နှင့် ကမ္ဘာမြေမှ အားလုံးသည် ဖုံးကွယ်ငြားသော်လည်း ပရမတ်ဘုရားရှင်သည် ကုံလုံပြည့်စုံ၏၊ ရည်သန် စူးစိုက်မှုတည်ရာ ဖြစ်၏၊” ဟု ဟောကြား၏။
၁၄း၉။ သင်တို့၏ ရှေ့အလျင် ဖြစ်သော နူးဟ်၊ အာဒ်၊ သမူဒ်နှင့် သူတို့နောက် လူမျိုးများ၏ သတင်းများကို သင်တို့ထံ ငါ မပေးအပ်ခဲ့သလော၊ ပရမတ်ဘုရားရှင်မှအပ သူတို့ကို သိသူ မရှိချေ၊ သူတို့အတွက် ဉာဏ်စဉ်ဆောင်များသည် ရှင်းလင်းချက်များဖြင့် သူတို့ထံ ရောက်လာ၏၊ သို့သော် သူတို့သည် သူတို့၏ ပါးစပ်များ၊ လက်ချောင်းများဖြင့် တန်ပြန်လျက် “သင်တို့အား စေစားခြင်းကို ကျွန်ုပ်တို့ လက်မခံ၊ ကျွန်ုပ်တို့အား ဖိတ်ခေါ်မှု၌ ဒွိဟဖြစ်၏၊ ၎င်းကို သံသယရှိ၏၊” ဟု ဆိုကြ၏။
၁၄း၁၀။ သူတို့၏ ဉာဏ်စဉ်ဆောင်များက “မိုးများနှင့် မြေကမ္ဘာ၏ ဇစ်မြစ်တော်၊ ပရမတ်ဘုရှားရှင်၌ ဒွိဟ ဖြစ်ကြကုန်သလော၊ အရှင်သည် သင်တို့အား လွတ်ငြိမ်းခွင့်ပေးရန် သတ်မှတ်ကာလ အချိန်ထိ သင်တို့၏ ပြစ်မှုများကို နောက်ဆုတ်ပေးရန် ဖိတ်ခေါ်၏၊” ဟု ဆိုသော် သူတို့က “သင်တို့သည် ကျွန်ုပ်တို့ကဲ့သို့ လူပုဂ္ဂိုလ်မျှသာ ဖြစ်၍ ကျွန်ုပ်တို့ ဘဘိုးများ ကိုးကွယ်လေ့ရှိခဲ့ရာမှ ကျွန်ုပ်တို့အား ဖယ်ရှားလိုသူများသာ ဖြစ်၏၊ ရှင်းလင်း ထင်ရှားသော အခွင့်အာဏာကို ကျွန်ုပ်တို့အား ပေးအပ်လော့၊” ဟု ဆိုကြ၏။
၁၄း၁၁။ သူတို့၏ ဉာဏ်စဉ်ဆောင်များက သူတို့အား ပြောသည်မှာ “ကျွန်ုပ်တို့သည် သင်တို့ကဲ့သို့ လူပုဂ္ဂိုလ်မျှသာ ဖြစ်၏၊ သို့သော် ပရမတ်ဘုရားရှင်သည် အရှင်၏ အမှုတော်ဆောင်များမှ စံချိန်ပြည့်သူအား မျက်နှာသာ ရစေတော်မူ၏၊ ပရမတ်ဘုရားရှင်၏ ခွင့်ပြုချက် မရှိဘဲ ကျွန်ုပ်တို့သည် သင်တို့အား အခွင့်အာဏာ ပေးအပ်နိုင်ခြင်း မရှိချေ၊ ယုံကြည်သူများသည် ပရမတ်ဘုရားရှင်၌ ကိုးစားအပ်၏။
၁၄း၁၂။ ကျွန်ုပ်တို့သည် ပရမတ်ဘုရားရှင်အား အဘယ်ကြောင့် မကိုးစားအပ်သနည်း။ အရှင်သည် ကျွန်ုပ်တို့အား လမ်းစဉ်များကို ညွှန်ပြပြီ၊ ကျွန်ုပ်တို့သည် သင်တို့၏ ဒဏ်ပေးမှုကို ကြံ့ကြံ့ခံရပေတော့မည်၊ ကိုးစားသူတို့သည် ပရမတ်ဘုရားရှင်ကိုသာ ကိုးစားကြကုန်၏၊” ဟု ဖြစ်၏၊
၁၄း၁၃။ ဖုံးကွယ်သော သူများက ဉာဏ်စဉ်ဆောင်များအား “ကျွန်ုပ်တို့၏ ဘာသာ၌ ဆက်မကျင့်လျှင် ကျွန်ုပ်တို့သည် သင်တို့အား ကျွန်ုပ်တို့ကမ္ဘာမှ မောင်းထုတ်ရလတ္တံ့၊” ဟု ဆိုသော် သူတို့ထံသို့ ကံကြမ္မာရှင်က “ငါသည် အမိုက်ကောင်များကို တိမ်ကော ပျက်စီးစေမည်၊” ဟု အာရုံဖြစ်ပေါ်စေ၏။
၁၄း၁၄။ “သူတို့၏နောက် ထိုကမ္ဘာ၌ သင်တို့အား နေရာချပေးလတ္တံ့၊ ဤသည် ငါရှေ့၌ ကြောက်ရွံ့စွာ ရပ်တည်သူ၊ ကတိတော်အား ကြောက်ရွံ့သူတို့အတွက် ဖြစ်၏။
၁၄း၁၅။ ထွက်ပေါက် တောင်းဆိုမှုများကြောင့်- ခေါင်းမာ ပုန်ကန်သူတိုင်းသည် စိတ်ပျက် ကျဆုံးရလေ၏။
၁၄း၁၆။ ကွယ်နေသော ငရဲက သူ့အား ရေပုပ်ကိုသာ တိုက်ကျွေးလတ္တံ့။
၁၄း၁၇။ ၎င်းကို တစ်ကျိုက်ချင်း ခံတွင်းမတွေ့နိုင်၊ သေခြင်းသည် သူ့ထံသို့ အဘက်ဘက်မှ ဆိုက်ရောက်နေ၏၊ သေ၍မရနိုင်၊ သူ့အတွက် တိကျ ပြတ်သားသော ဝဋ်ကြွေးသည် အကွယ်မှ ရှိနေ၏။
၁၄း၁၈။ ကံကြမ္မာရှင်အား ဖုံးကွယ်သော သူတို့၏ ပမာသည်ကား သူတို့၏ ကျင့်ကြံမှုများသည် လေတိုက်သော နေ့တွင် လွင့်ပါးသော ပြာမှုန်ကဲ့သို့ ဖြစ်၏၊ သူတို့၏ ကျင့်ဆောင်မှုကို တစ်စုံတစ်ရာ စည်း မကြပ်မတ်နိုင်ပေ၊ ဤသည် နောက်ကျန် လွဲချော်ရခြင်းပင် ဖြစ်၏။
၁၄း၁၉။ ပရမတ်ဘုရားရှင်သည် မိုးများနှင့် မြေကို မှန်ကန်ညီညွတ်စွာ ဖြစ်တည်စေ၏၊ စံချိန်ပြည့်လျှင် သင်တို့အား ရုပ်သိမ်းလျက် မျိုးဆက်သစ်ကို ဖြစ်တည် ယူဆောင်လာနိုင်သည်ဟု သင်တို့ မမြင်မိသလော။
၁၄း၂၀။ ထို့အတွက် ပရမတ်ဘုရားရှင်၏ ဘုန်းတော် မဲ့မသွားချေ။
၁၄း၂၁။ ပရမတ်ဘုရားရှင်ထံသို့ အားလုံးက ပြန်ထွက်လာရချိန်တွင် အင်အား ချည့်နဲ့သူများက အကြီးအကဲ ဖြစ်သူများကို “ကျွန်ုပ်တို့သည် သင်တို့၏ နောက်လိုက် ဒကာများ ဖြစ်ခဲ့၏၊ ပရမတ်ဘုရားရှင် ချမှတ်သော ကျွန်ုပ်တို့ထံမှ ဝဋ်ကြွေး တစ်စုံတစ်ရာသည် သင်တို့အတွက် ပြည့်စုံပါမည်လော၊” ဟု မေးသော်- သူတို့က “ပရမတ် ဘုရားရှင်က ကျွန်ုပ်တို့အား လမ်းညွှန်ခဲ့အံ့၊ ကျွန်ုပ်တို့သည် သင်တို့အား လမ်းညွှန်ခဲ့မည်ပင်၊ ကျွန်ုပ်တို့လည်း အတူတူပင် ဖြစ်၏၊ ကျွန်ုပ်တို့ ဒဏ်မခံနိုင် ဖြစ်စေ၊ သို့တည်းမဟုတ် သည်းခံနိုင်သည် ဖြစ်စေ၊ လွတ်လမ်း မရှိပေ၊” ဟု ဆိုကြ၏။
၁၄း၂၂။ ညွှန်ကြားချက်အား အပြီးသတ်စဉ် မကောင်းဆိုးဝါးက “ပရမတ်ဘုရားရှင်က သင်တို့အား ကတိပြုခြင်းသည် မှန်ကန်သော ကတိပင် ဖြစ်၏၊ ကျွန်ုပ်က သင်တို့ကို ပြုသော ကတိအား တည်ရန် ကျွန်ုပ် ပေါ့ပျက်ခဲ့၏၊ သင်တို့ အပေါ်၌ ကျွန်ုပ် ဩဇာအာဏာ မရှိချေ၊ သင်တို့အား ကျွန်ုပ် ဖိတ်ခေါ်သည်ကို သင်တို့က အဖြေပေးပြီး ဖြစ်၍ ကျွန်ုပ်ကို အပြစ်မတင်ကြနှင့်၊ သင်တို့၏ စရိုက်ကိုသာ သင်တို့ အပြစ်တင်ကြလော့၊ ကျွန်ုပ်သည် သင်တို့အား သနားနိုင်သူ မဟုတ်၊ သင်တို့လည်း ကျွန်ုပ်အား သနားနိုင်သူ မဟုတ်ပေ၊ ဤမတိုင်မီ ကျွန်ုပ်အား သင်တို့က ရောပြွန်း ကိုးကွယ်ခဲ့သည်ကို ကျွန်ုပ် လက်မခံ၊ အမိုက်ကောင်များ အဘို့ နာကျင်သော ဝဋ် ဒုက္ခသည် ရှိနေ၏၊” ဟု ပြောတော့၏။
၁၄း၂၃။ ယုံကြည်လျက် ပြုပြင်မှုကို ကျင့်ကြံသော သူတို့သည် အောက်ခင်း၌ စမ်းချောင်း စီးဆင်းနေသော ဥယျာဉ်ဘုံများသို့ ဝင်လော့၊ သူတို့ကံကြမ္မာရှင်၏ ခွင့်ပြုချက်ဖြင့် ထို၌ အစဉ် စံစားစေ၍၊ ထို၌ “ငြိမ်းချမ်းပါစေ၊” ဟု နှုတ်ခွန်း ဆက်သကြကုန်၏။
၁၄း၂၄။ စင်ကြယ်သော စကားတစ်ခွန်းသည် ခိုင်မာစွာ အမြစ်တွယ်လျက် ကောင်းကင်ဘနန်းထိ အခက်ဖြာသော စင်ကြယ်သည့် သစ်ပင်ကဲ့သို့ ဖြစ်ကြောင်း ပရမတ်ဘုရားရှင် ပေးသော ပမာသည် မည်သို့ ဥပမာဖြစ်သည် ဟု မမြင်မိကြသလော။
၁၄း၂၅။ ကံကြမ္မာရှင်၏ ခွင့်ပြုချက်ဖြင့် ထိုမှ စားစရာများကို ရာသီတိုင်း၌ ပေးလျက် ရှိ၏၊ လူသားတို့သည် ဆင်ခြင်သတိရှိအံ့ငှာ ပရမတ်ဘုရားရှင်က ပမာပြု ဥပမာပေးတော်မူ၏။
၁၄း၂၆။ မသန့်စင်သော စကားတစ်ခွန်းသည် ကမ္ဘာမြေပြင်ပေါ်သို့ ဆွဲနှုတ်ခံရသော မကောင်းသော အပင်ကဲ့သို့ ဖြစ်၏၊ ၎င်းသည် အတည်တကျ မဟုတ်ချေ။
၁၄း၂၇။ ပရမတ်ဘုရားရှင်သည် ယုံကြည်သောသူတို့အား ခိုင်မာသော ဓမ္မတော်အားဖြင့် ဤဘဝသက်တမ်းနှင့် နောင်ဘဝတွင် ခိုင်မာစေတော်မူ၏၊ ပရမတ်ဘုရားရှင်သည် အမိုက်ကောင်များအား လမ်းလွဲစေလတ္တံ့၊ ပရမတ်ဘုရားရှင်သည် စံချိန်ပြည့်သည်ကို စီမံတော်မူ၏။
၁၄း၂၈။ ပရမတ်ဘုရားရှင်၏ ဂုဏ်ပေးမှုကို ဖုံးကွယ်ခြင်းဖြင့် လွှဲပြောင်းသော သူတို့၏ လူမျိုးများကို ပျက်စီး ကြေမွရခြင်းဘုံအား ဥပဒေပြုပေးသူများကို သင် မမြင်မိသလော။
၁၄း၂၉။ သူတို့အား လောင်ကျွမ်းစေမည့် ငရဲပြည်သည် အမင်္ဂလာ အတည်တကျရှိ၏။
၁၄း၃၀။ သူတို့သည် ပရမတ်ဘုရားရှင်အား ဂုဏ်တုပြိုင်ဘက် စီစဉ်ကြ၏၊ အရှင့်လမ်းစဉ်တော်မှာ လမ်းလွှဲကြ၏၊ “ပျော်မြူးနေကြလော့၊ သင်တို့၏ ပန်းတိုင်သည် အပူမီးသို့ ဖြစ်၏၊” ဟု ဟောကြားလော့။
၁၄း၃၁။ ယုံကြည်ကြသော ငါ၏ အမှုတော်ဆောင်များအား “ကိုယ်စားခံယူခွင့် မရှိ၊ အတွင်းလူ ထားခွင့် မရှိသောနေ့ ကာလသို့ မဆိုက်ရောက်မီ ဝတ်ပြု မြဲကြရန်၊ သင်တို့အား ငါအရှင် ရိက္ခာပေးရာမှ ကြိတ်၍ဖြစ်စေ၊ လူသိရှင်ကြား ဖြစ်စေ၊ ပေးကမ်း သုံးစွဲကြရန်၊” ဟောပြောလော့။
၁၄း၃၂။ ပရမတ်ဘုရားရှင်သည် မိုးများနှင့် မြေကို ဖြစ်တည်စေသော အရှင် ဖြစ်၏၊ ကောင်းကင်ယံမှ ရေကို သွန်းချပေး၍ ၎င်းဖြင့် သင်တို့အတွက် သီးနှံ၊ ရိက္ခာများကို ပေါက်ရောက်စေ၏၊ အရှင်၏ ညွှန်ကြားချက်ဖြင့် သင်တို့အတွက် ပင်လယ်ပြင်၌ စီးမျောနိုင်သော သင်္ဘောများကို အသုံးခံ ဖြစ်စေ၏၊ သင်တို့၏ အသုံးခံအဖြစ် မြစ်ချောင်းများကို စီမံပေး၏။
၁၄း၃၃။ သင်တို့အတွက် အသုံးခံရန် နေနှင့်လကို အလေ့အထ ဖြစ်စေ၏၊ ညနှင့်နေ့ကိုလည်း သင်တို့အတွက် အသုံးခံ ဖြစ်စေ၏။
၁၄း၃၄။ အရှင့်ထံမှ သင်တို့ တောင်းခံရာတိုင်းကို ပေးအပ်တော်မူ၏၊ အကယ်၍ ပရမတ်ဘုရားရှင်၏ ဂုဏ်ပေးမှုကို ရေတွက်လျှင် အမှတ်စဉ် မှတ်နိုင်မည် မဟုတ်ချေ၊ ဧကန်ပင် လူသားသည် မိုက်ကြေးခွဲ ဖုံးကွယ်မှောင်ချသူ ဖြစ်၏။
၁၄း၃၅။ အီဗရာဟီးမ်က ရင့်ကျူးသည်မှာ “အို- ကံကြမ္မာရှင်၊ ဤမြို့တော်အား ယုံကြည်စိတ်ချရရန် စီစဉ်တော်မူပါ၊ တပည့်တော်နှင့် သားမြေးတို့အား ရုပ်ပွား ဆင်းတု ကိုးကွယ်ခြင်းမှ ကင်းသန့်စေတော်မူပါ။
၁၄း၃၆။ အို- ကံကြမ္မာရှင်၊ ၎င်းတို့သည် လူသားများစွာတို့ကို လွဲမှားစေပါပြီ၊ တပည့်တော်အား လိုက်နာသူသည် တပည့်တော်နှင့်အတူ ဖြစ်၍ တပည့်တော်အား အာခံသူအတွက် အရှင်သည် လွတ်ငြိမ်းစေသောအရှင်၊ အကြင်နာရှင် ဖြစ်ပါ၏။
၁၄း၃၇။ အို- ကံကြမ္မာရှင်၊ တပည့်တော်၏ သားမြေးလျက်ကို အရှင်၏ ဘေးမဲ့ အိမ်တော်ထံပါး စိုက်ပျိုးမဖြစ်သော ချိုင့်ဝှမ်းဒေသ၌ နေရာချထားပါ၏၊ အို- ကံကြမ္မာရှင်၊ သူတို့အား ဝတ်ပြု မြဲဘို့ရာ၊ သို့ဖြင့် လူသားတို့အား နှလုံးပိုက်စေလျက် ၎င်းတို့ဘက်သို့ လိုဘရှိဘို့ရာ စီစဉ်တော်မူပါ၊ ကျေးဇူးတော်အား သိတတ်အံ့ငှာ သူတို့အား သစ်သီးဝလံ ရိက္ခာများ ထောက်တော်မူပါ။
၁၄း၃၈။ အို- ကံကြမ္မာရှင်၊ တပည့်တော်၏ ထိမ်ဝှက်ထားရာ၊ လူသိရှင်ကြား ပြုရာများကို အရှင်သည် အသိဆုံး ဖြစ်ပါ၏၊ မြေကမ္ဘာ၌ ကောင်းကင်များ၌ ပရမတ်ဘုရားရှင်၏ထံမှ ထိမ်ဝှက်ထားနိုင်ရာ တစ်စုံတစ်ရာ မရှိပါ။
၁၄း၃၉။ တပည့်တော်၏ ကြီးရင့်ချိန်၌ အီစ္စမာအီးလ်နှင့် အီစ္စဟာ့က်တို့အား ချီးမြှင့်ခဲ့သော ပရမတ်ဘုရားရှင်သည် ရည်သန် စူးစိုက်မှုတည်ရာ အရှင် ဖြစ်ပါ၏၊ ကံကြမ္မာရှင်သည် တောင်းဆုများကို ကြားနေသောအရှင် ဖြစ်ပါ၏။
၁၄း၄၀။ အို- ကံကြမ္မာရှင်၊ တပည့်တော်နှင့် သားမြေးများမှ ဝတ်ပြု မြဲစေရန် စီစဉ်ပေးတော်မူပါ၊ အို- ကံကြမ္မာရှင်၊ တောင်းဆုများကို အကိုး ပြည့်စေတော်မူပါ။
၁၄း၄၁။ အို- ကံကြမ္မာရှင်၊ တပည့်တော်နှင့် မွေးမိဘများ၊ ယုံကြည်သူများအား ရပ်တည်ရမည့်နေ့တွင် စာရင်းရှင်းရခြင်းမှ လွတ်ငြိမ်းစေတော်မူပါ၊” ဟု ဖြစ်၏။
၁၄း၄၂။ အမိုက်ကောင်များ၏ ကျင့်ကြံလေသမျှကို ပရမတ်ဘုရားရှင်သည် မေ့လျော့ထားသည်ဟု မစဉ်းစားလေနှင့်၊ သူတို့အား အမြင်များ ကြောင်တောင် ငေးနေရသော နေ့အထိ အချိန် နောက်ဆုတ် ထားတော်မူ၏။
၁၄း၄၃။ ပြာပြာသလဲ ဦးခေါင်းများ ရှေ့ထိုးလျက် နောက်မလှည့်နိုင်၊ သူတို့ကိုယ် သူတို့ မျက်ခြည်ပြတ်ကာ စိတ်နှလုံးများမှာ လိုဘဇော တက်နေရ၏။
၁၄း၄၄။ ဝဋ်ကြွေးဒဏ်ကြီး ဆိုက်ရောက်မည့်နေ့ကို လူသားတို့အား သတိပေးလော့၊ မိုက်ကြေးခွဲသော သူများက “အို- ကံကြမ္မာရှင်၊ တပည့်တော်တို့အား သတ်မှတ်ချိန်အား နောက်ဆုတ်ပေးပါ၊ အရှင့် ဖိတ်ခေါ်မှုအား နီးကပ်စွာ တုံ့ပြန်၍ ဉာဏ်စဉ်ဆောင်များကိုလည်း လိုက်နာပါမည်၊” ဟု ဆိုကြ၏၊ ကျွန်ုပ်တို့သည် အဆုံးထိ မရွေ့တော့ဟု ဤရှေ့အလျင်က သင်တို့ တိုင်တည်ခဲ့ကြသည် မဟုတ်လော။
၁၄း၄၅။ သူတို့၏စရိုက်ကို သူတို့ မိုက်ကြေးခွဲသော သူတို့၏ အခြေချနေရာတွင် သင်တို့အား အခြေချစေခဲ့ပြီ မဟုတ်လော၊ ငါသည် သူတို့အား မည်သို့ စီမံခဲ့ကြောင်း၊ သင်တို့အဘို့ မည်သို့ ပမာပြု၊ ဥပမာပေးခဲ့ကြောင်း သင်တို့အား ရှင်းလင်းစေခဲ့ပြီ မဟုတ်လော။
၁၄း၄၆။ သူတို့၏ ကြံစည်မှုကို သူတို့ ကြံစည်ကြ၏၊ သူတို့ ကြံစည်လေသမျှသည် ပရမတ်ဘုရားရှင်၏ အထံတော်၌ ရှိနေ၏၊ သူတို့၏ ကြံစည်မှုမှာ တောတောင်ကို ရွှေ့ပစ်မလောက်ပင်။
၁၄း၄၇။ ပရမတ်ဘုရားရှင်သည် အရှင်၏ ဉာဏ်စဉ်ဆောင်များ၌ ထားသော ကတိကို ပေါ့လျော့ထားမည်ဟု မစဉ်းစားနှင့်၊ ပရမတ်ဘုရားရှင်သည်ကား ဘုန်းတော်အရှင်၊ တန်ပြန်စေသောအရှင် ဖြစ်ပေ၏။
၁၄း၄၈။ ကမ္ဘာအား အခြားကမ္ဘာအဖြစ် ကောင်းကင်များကိုလည်း ထိုသို့ လွှဲပြောင်းစေသော နေ့၌ တစ်ဆူတည်း ဖူးခြာ ဖြစ်သော ပရမတ်ဘုရားရှင်၏ ထံတော်သို့ ပြန်ထွက်လာရလတ္တံ့။
၁၄း၄၉။ ထိုနေ့၌ ရာဇဝတ်ကောင်များကို ခြေကျင်းများဖြင့် သီထားသည်ကို သင်မြင်ရလတ္တံ့။
၁၄း၅၀။ သူတို့၏ အဝတ်အထည်မှာ ကြေးရည်ဖြင့် ပြုလုပ်ထား၍ သူတို့၏ မျက်နှာများကို အပူမီးက လွှမ်းခြုံလတ္တံ့။
၁၄း၅၁။ ပရမတ်ဘုရားရှင်သည် ဉာဉ်စရိုက်ကိုယ်စီအား သူ ကျင့်ဆောင်ခဲ့သည့်အတိုင်း အစားပေးတော်မူမည်၊ ဧကန်ပင် ပရမတ်ဘုရားရှင်သည် အချိန်နှင့် တပြေးညီ စာရင်းစစ်နေတော်မူ၏။
၁၄း၅၂။ ဤ လူသားတို့အတွက် ဆိုက်ရောက်စေခြင်းမှာ- “သတိပေးရန်၊ အရှင်သည် ဧကောဒိ ဘုရားရှင် ဖြစ်ကြောင်း သိကြစေရန်၊ သဘောပေါက်နိုင်စွမ်း ရှိသူများ ဆင်ခြင်သတိ ရှိနိုင်ရန်” – ဖြစ်၏။
၁၄းဓမ္မခန္ဓာ (၁၄) ဤတွင် ပြီး၏။
ဓမ္မခန္ဓာ (၁၅) ကျောက်ဆစ်မြို့
ဉာဏ်စဉ်ကိန်းဝပ်ပေးမှု အမှတ်စဉ် ၅၄၊ သုတ်ဒေသနာ ၉၉ ပါး။
ကရုဏာရှင် အကြင်နာရှင် ဖြစ်တော်မူသော ပရမတ်ဘုရားရှင်၏ ဂုဏ်တော်အားဖြင့်-
၁၅း၁။ “ငါသည် ကုန်စင် မြင်နေတော်မူသော ပရမတ်ဘုရားရှင် ဖြစ်၏၊” ဤသည် သုတ်ဒေသနာများနှင့် ရှင်းလင်း ထင်ရှားသော ကုရ်အာန် ကျမ်းတော်ပင် ဖြစ်၏။
၁၅း၂။ မကြာခဏပင် ဖုံးကွယ်သော သူများက သူတို့သည် သန္တိသုခဝါဒီများ ဖြစ်လိုကြ၏။
၁၅း၃။ သူတို့အား စားသောက်၊ ပျော်မြူးလျက် မျှော်လင့်ချက်ထဲ၌ ချန်ထားခဲ့လော့၊ မကြာမီ သူတို့ သိကြရလတ္တံ့။
၁၅း၄။ အသိပေး ပြဌာန်းမှု မရှိဘဲ မည်သည့် အရပ်ဒေသသားများကိုမှ ငါသည် တိမ်ကောစေခြင်း မရှိချေ။
၁၅း၅။ သတ်မှတ်ကာလအား လွန်ဆန်နိုင်သော၊ နောက်ဆုတ် နိုင်သော၊ အသိုင်းအဝိုင်းဟူ၍ မရှိချေ။
၁၅း၆။ သူတို့ ပြောကြသည်မှာ “အို- သတိပေးတရားကို ချမှတ်ပေးခံရသော သူ၊ အသင်သည် ရူးနေသူသာ ဖြစ်၏။
၁၅း၇။ သင်သည် ဖြောင့်မှန်သူ ဖြစ်လျှင် အဘယ်ကြောင့် နိမိတ်ဆောင်များ ရံလျက် မလာရောက်ခဲ့သနည်း၊” ဟု ဖြစ်၏။
၁၅း၈။ ငါသည် နိမိတ်ဆောင်များကို တိကျသော ကိစ္စအတွက်သာ တာဝန်ချပေးတော်မူ၏၊ ထိုအခါ စောင့်ကြည့်နေခွင့် ရတော့မည် မဟုတ်ချေ။
၁၅း၉။ ဧကန်ပင် ငါသည် သတိပေးတရားတော်ကို ချမှတ်ပေး၍ ငါသည်သာ ၎င်းအား စောင့်ရှောက်သော အရှင် ဖြစ်၏။
၁၅း၁၀။ သင့် ရှေ့အလျင် ရှေးကျသော ဂိုဏ်းအုပ်စုများထဲ၌လည်း မုချ စေစားခဲ့ပြီ။
၁၅း၁၁။ ဉာဏ်စဉ်ဆောင်တစ်ပါး သူတို့ထံ ရောက်လာသော် သူ့အား လှောင်ပြောင် ကြသည်သာ ဖြစ်၏။
၁၅း၁၂။ ရာဇဝတ်ကောင်များ၏ စိတ်နှလုံးကို ထိုသို့ ဖေါက်ဝင်စေတော်မူပြီ။
၁၅း၁၃။ ကုန်လွန်ခဲ့သော ရှေးလူဟောင်းတို့၏ ဓလေ့ထုံးတမ်းများ ကဲ့သို့ပင် သူ့အား ယုံကြည်ကြသည် မဟုတ်ချေ။
၁၅း၁၄။ ငါသည် သူတို့အပေါ်၌ သူတို့ ဆက်၍ တက်သွားနိုင်ရန် အာကာသ တံခါးပေါက်ကို ဖွင့်ပေးတော်မူသော်လည်း။-
၁၅း၁၅။ ကျွန်ုပ်တို့၏ အမြင်များ ယစ်မူးနေခြင်းသာ၊ အမှန်မှာ ကျွန်ုပ်တို့သည် ပြုစားခံရသော လူမျိုးသာ ဖြစ်၏၊” ဟု ဆိုကြလတ္တံ့။
၁၅း၁၆။ မုချပင် ငါသည် ကောင်းကင်ယံ၌ နဂါးငွေ့တန်းများကို စီစဉ်ထားပြီး ကြည့်သူတို့အား ဖမ်းစားစေပြီ။
၁၅း၁၇။ ငါသည် ၎င်းကို ပစ်ထုတ်ခံ မကောင်းဆိုးဝါး ကိုယ်စီမှ ကာကွယ် စောင့်ရှောက်ထား၏။
၁၅း၁၈။ ခိုး၍ နားစွင့်သူကိုသာ ရှင်းလင်း ထင်ရှားသော မီးဒုံးသည် နောက်ယောင်ခံလိုက်စေ၏။
၁၅း၁၉။ တိုးရွေ့နေသော မြေသားဂြိုလ်၊ ၎င်းကို တိုက်ကြီးများဖြင့် ခင်းကျင်း ထားပေး၏၊ သီးနှံများဖြစ်ထွန်းစေ၏၊ သဗ္ဗလုံးစုံ စရွေးကိုက် ဖြစ်စေ၏။
၁၅း၂၀။ သင်တို့အတွက် ထို၌ ဘဝ တည်ဆောက်နည်းကို စီစဉ်ပေးတော်မူပြီ၊ ထို့အတွက် သင်တို့သည် ဆွမ်းကပ်ရသူများ မဟုတ်ချေ။
၁၅း၂၁။ ငါ့ထံတော်မှ ကင်းလွတ်နိုင်သော အရာဟူ၍ မရှိ၊ အရှင်၏ ဘဏ္ဍာများသာ ဖြစ်၏၊ သူ့စည်းချိန်အလျောက် အရှင်က ချမှတ် အသိပေးတော်မူ၏။
၁၅း၂၂။ မြေဆီဩဇာကောင်းသော လေများကို ငါ စေစားတော်မူ၏၊ ကောင်းကင်ယံမှ ရေကို သွန်းချပေးတော်မူ၍ သင်တို့ အတွက် သောက်သုံးရေ ဖြစ်စေ၏၊ သင်တို့သည် ၎င်းကို သိုလှောင်ထားရသူများ မဟုတ်ချေ။
၁၅း၂၃။ ဧကန်ပင် ငါသည်သာ နိစ္စ၊ အနိစ္စကို ဖြစ်စေ၏၊ ငါသည် အမွေပေးသော အရှင် ဖြစ်၏။
၁၅း၂၄။ သင်တို့အနက် စုံရပ်နေသူများကို မုချ ငါ သိနေ၏၊ နောက်ခေတ် မျိုးဆက်ကိုလည်း ငါ သိနေတော်မူ၏။
၁၅း၂၅။ ဧကန်ပင် သင်၏ ကံကြမ္မာရှင်သည် သူတို့ကို စုစည်းတော်မူမည်၊ အရှင်သည် ဓမ္မသတ်ရှင်၊ သိနေသောအရှင် ဖြစ်၏။
၁၅း၂၆။ ကလျာဏပုထုဇဉ်အား ထုသားကြေ မြေသား အမဲမှ ငါ ဖြစ်တည်စေတော်မူ၏။
၁၅း၂၇။ အန္ဓပုထုဇဉ်ကို မီး အပူထု၏ ရှေ့မှ ငါ ဖြစ်တည်စေတော်မူ၏။
၁၅း၂၈။ နိမိတ်ဆောင်တို့အား “ငါသည် လူပုဂ္ဂိုလ်ကို ထုသားကြေ မြေသား အမဲမှ ဖြစ်တည်စေခဲ့၏။
၁၅း၂၉။ သူ့အား ပုံစံချ၍ ထို့နောက် သူ့ထံ၌ ငါ၏ ဉာဏ်စဉ် သက်ဝင်စေ၏၊ သူ့အား ထိုင်လျက် ဦးချလော့၊” ငါ မိန့်သော်။-
၁၅း၃၀။ သို့ဖြင့်၊ နိမိတ်ဆောင်ကိုယ်စီ အတူစု၍ ဦးချကြကုန်၏။
၁၅း၃၁။ ရှေးရိုးစွဲသည် ဖီဆန်လျက် သူသည် ဦးချသူများ၌ မပါဝင်လိုချေ။
၁၅း၃၂။ အရှင်က “အို- ရှေးရိုးစွဲ၊ အဘယ်ကြောင့် ဦးချသူများ၌ သင် မပါဝင်လိုသနည်း၊” ဟု မေးသော်။-
၁၅း၃၃။ “အရှင်က ထုသားကြေ မြေသား အမဲမှ ဖြစ်တည်ပေးသော လူ ပုဂ္ဂိုလ်အား တပည့်တော် ဦးမချနိုင်ပါ၊” ဟု ပြန်ဖြေ၏။
၁၅း၃၄။ “သို့ဖြစ်လျှင် သင်သည် ထွက်သွားလော့၊ သင်သည်ကား ပစ်ထုတ်ခံရသူ ဖြစ်၏။
၁၅း၃၅။ စီရင်မိန့်ချသည့် နေ့ထိတိုင် သင့်အပေါ်၌ မေတ္တာ ကင်းဝေးစေသတည်း၊” ဟု အရှင်က မိန့်လေသောအခါ။-
၁၅း၃၆။ သူက “အို- ကံကြမ္မာရှင်၊ တပည့်တော်အား နိုးကြွစေသည့်နေ့ထိ စောင့်ကြည့်ခွင့်ပေးပါ၊” ဟု လျှောက်တင်သော်။-
၁၅း၃၇။ အရှင်က “သင်သည် စောင့် ကြည့်နေခွင့် ရသူများမှ ဖြစ်၏။
၁၅း၃၈။ အသိပေးပြီး ရက်ချိန်း နေ့အထိ ဖြစ်၏၊” ဟု မိန့်လေ၏၊
၁၅း၃၉။ ထိုအခါ သူ ပြောသည်မှာ “အို- ကံကြမ္မာရှင်၊ တပည့်တော်အား တိမ်းပါးစေသဖြင့် ၎င်းတို့အား မြေကမ္ဘာ၌ ဖမ်းစားထားလျက် သူတို့ အားလုံးကို တိမ်းပါးစေမည်ပင်။
၁၅း၄၀။ သူတို့အနက် အရှင့်အား အယူသန့်စွာ ကိုးကွယ်ဝတ်ပြု သူတို့ကား မပါဝင်ချေ၊” ဟု ဖြစ်သော်။-
၁၅း၄၁။ အရှင်က “ယင်းသည် ငါ့ထံ၌ ဖြောင့်မတ် မှန်ကန်သော လမ်းပင် ဖြစ်၏။
၁၅း၄၂။ သင့်အား လိုက်နာသည့် တိမ်းပါးသူများမှအပ- ငါ့ အမှုတော်ဆောင်များ အပေါ်၌ သင်သည် ဩဇာလုံးဝ မရှိချေ။”
၁၅း၄၃။ ငရဲပြည်သည် သူတို့ အားလုံးတွက် ကတိထားရာ ဖြစ်၏။
၁၅း၄၄။ ၎င်းတွင် တံခါးများ ခုနှစ်ပေါက်ရှိ၍ တံခါးများကိုယ်စီ၌ သူတို့အတွက် တိုင်တည်ပြီး ခွဲတမ်းများ ရှိ၏။
၁၅း၄၅။ စည်းစောင့်သူတို့အတွက် သုခဘုံများ၌ စိမ့်စမ်းများ ရှိနေ၏။
၁၅း၄၆။ ထို့၌ ငြိမ်းချမ်းမှု၊ ယုံကြည်စိတ်ချရမှုကို ဝင်ရောက် စံစားရမည်ပင်။
၁၅း၄၇။ ငါသည် သူတို့၏ ရင်ဘတ်တွင်း၌ ချုပ်တီးထားရသည်များကို ဖယ်ပစ်လျက် မျက်နှာချင်းဆိုင် ဇိမ်ခံ ခုံများပေါ်၌ ညီနောင်သားချင်းများ ဖြစ်စေလတ္တံ့။
၁၅း၄၈။ ထို၌ သူတို့အား ပင်ပန်း ဆင်းရခြင်း ထိသက်မည်မဟုတ်၊ ထိုမှ နှင်ထုတ်ခံရမည်လည်း မဟုတ်ချေ။
၁၅း၄၉။ ငါ၏ အမှုတော်ဆောင်များအား သတင်းထုတ်ပြန်လော့- ငါသည် လွတ်ငြိမ်းစေသောအရှင်၊ အကြင်နာရှင် ဖြစ်၏။
၁၅း၅၀။ ငါ့ထံ၌ နာကျင်စေသော ဝဋ်ကြွေး၊ ဝဋ်ဒဏ်လည်း ရှိ၏၊” ဟု ဖြစ်၏။
၁၅း၅၁။ အီဗရာဟီးမ်၏ ဧည့်သည်များ အကြောင်းကို သတင်းထုတ်ပြန်လော့။
၁၅း၅၂။ သူတို့သည် “ငြိမ်းချမ်းပါစေ၊” ဟု ဆိုကြလျက် သူ့ထံသို့ ဝင်ရောက်သော် သူက “ကျွန်ုပ်သည် သင်တို့အား တုန်လှုပ်မိ၏၊” ဟု ဆို၏။
၁၅း၅၃။ သူတို့က “မတုန်လှုပ်နှင့်၊ ကျွန်ုပ်တို့မှာ သင့်ထံသို့ ပညာရှင် ကလေးရမည့် သတင်းကောင်းပါးသူများ၊” ဟု ဆိုကြ၏။
၁၅း၅၄။ သူက “ကျွန်ုပ်အား မည်သို့ သတင်းကောင်း ပါးနိုင်အံ့နည်း၊ ကျွန်ုပ်ကား ဇရာထောင်းခဲ့ပြီ၊ သို့တိုင် သတင်းကောင်း ပါးနေဦးမည်လော၊” ဟု ပြန်ပြောသောအခါ။-
၁၅း၅၅။ သူတို့က “သင့်အတွက် သတင်းကောင်းသည် အမှန်တရား ဖြစ်၏၊ စိတ်ပျက်သူများမှ မဖြစ်နှင့်၊” ဟု ဆိုကြ၏။
၁၅း၅၆။ သူက “ကံကြမ္မာရှင်၏ထံမှ ကရုဏာတော်အား လွဲမှားသူများသည်သာ စိတ်ပျက်၏၊” ဟု ပြန်ပြော၍။-
၁၅း၅၇။ “အို- ဉာဏ်စဉ်ဆောင်တို့၊ သင်တို့၌ မိန့်ခြွေချက် ရှိပါသလော၊” ဟု မေးသော်။-
၁၅း၅၈။ သူတို့က “ကျွန်ုပ်တို့သည် ရာဇဝတ်ကောင် လူမျိုးဆီသို့ စေစားခြင်း ခံရ၏။
၁၅း၅၉။ လု(တ်)၏ အဆက်အနွယ်များ၊ ကျွန်ုပ်တို့သည် သူတို့ အားလုံးကို လွတ်မြောက်စေရမည်။
၁၅း၆၀။ သူ့ဇနီးသည် မပါ၊” ဟု ပြောကြ၏၊ ငါ့ စည်းချိန် အလျောက် သူမသည် ကျန်ရစ်သူများ၌ ပါဝင်၏။
၁၅း၆၁။ ဉာဏ်စဉ်ဆောင်များသည် လု(တ်)၏ အဆက်အနွယ်များထံသို့ ရောက်လာစဉ်။-
၁၅း၆၂။ သူက “သင်တို့သည် မသိကျွမ်းသော လူမျိုးပင် ဖြစ်၏၊” ဟု ဆို၏။
၁၅း၆၃။ သူတို့က ပြောသည်မှာ “အမှန်မှာ- သူတို့ အချင်းများနေသော အရာများကို သင့်ထံသို့ ရောက်လာစေပြီ။
၁၅း၆၄။ သင့်အား အမှန်တရားကို ချီးမြှင့်ပြီ၊ ကျွန်ုပ်တို့သည် ဖြောင့်မှန်သူများ ဖြစ်၏၊” ဟု ဖြစ်၏။
၁၅း၆၅။ သင်သည် ဝိုင်းသားများ နှင့်အတူ ည အစိတ်အပိုင်း၌ ခရီးနှင်လော့၊ သင်သည် သူတို့၏ နောက်မှနေ၍ မည်သူ တစ်ယောက်ကိုမှ နောက်ဆံ မတင်းစေနှင့်၊ သင့်အား ညွှန်ကြားသည့် အတိုင်း ရှေ့ဆက်လော့။”
၁၅း၆၆။ သူ့အပေါ် ညွှန်ကြားချက်ကို ဤသို့ ငါ ဆုံးဖြတ်၏၊ နံနက်စတွင် သူတို့၏ အခြေအမြစ်များကို ဖြတ်တောက်ပစ်လတ္တံ့။
၁၅း၆၇။ မြို့သူမြို့သားများသည် သတင်းကောင်းဖြင့် သူ့ထံသို့ ရောက်လာကြ၏။
၁၅း၆၈။ သူက “ဤသူများသည် ကျွန်ုပ်၏ ဧည့်သည်များ ဖြစ်၏၊ ကျွန်ုပ်အား မျက်နှာမဖျက်ကြနှင့်။
၁၅း၆၉။ -ပရမတ်ဘုရားရှင်အား စည်းစောင့်ကြလော့၊ ကျွန်ုပ်အား အရှက်မခွဲကြနှင့်၊” ဟု ပြောသော်။-
၁၅း၇၀။ သူတို့က “အသင့်အား အပြင်လောကနှင့် ဟန့်တားထားသည် မဟုတ်လော၊” ဟု ပြောကြ၏။
၁၅း၇၁။ သူက “အသင်တို့ ပြုလုပ်လိုပါလျှင် ဤမှာ ကျွန်ုပ်၏ သမီးများ ရှိပါ၏၊” ဟု ပြန်ပြော၏။
၁၅း၇၂။ သင့်ဘဝ သံသရာအား တိုင်တည်လျက် သူတို့သည် မျက်ကန်းတောတိုး ဘဝ၌ ယစ်မူးနေကြ၏။
၁၅း၇၃။ နံနက်ပိုင်းတွင် သူတို့အား အသံလှိုင်းကြီးဖြင့် အရေးယူလိုက်လေပြီ။
၁၅း၇၄။ သူတို့အား အပေါ်ဆုံးမှ အနိမ့်ဆုံးသို့ စီစဉ်ပစ်၍ သူတို့အပေါ်သို့ လှိမ့်ချသည့် ကျောက်ခဲမိုးများ သွန်းစေ၏။
၁၅း၇၅။ ဧကန်ပင် တံဆိပ်ကပ်လိုသူများ အတွက် ဤ၌ သက်သေလက္ခဏာ ရှိနေ၏။
၁၅း၇၆။ ၎င်းသည် တည်နေဆဲဖြစ်၏၊ လမ်းမပေါ်၌ ဖြစ်၏။
၁၅း၇၇။ ယုံကြည်သော လူမျိုးအတွက် သက်သေလက္ခဏာ ရှိနေ၏။
၁၅း၇၈။ တောတွင်းနေ ပေါင်းဖေါ်တို့သည်လည်း အမှောင်ကျနေသူများ ဖြစ်၏။
၁၅း၇၉။ သူတို့အား တန်ပြန်မှု ဖြစ်စေပြီ၊ သူတို့နှစ်မျိုးလုံးသည် ရှင်းလင်း ထင်ရှားသော ရှေ့ဆောင်လမ်းပြများ ဖြစ်ကြ၏။
၁၅း၈၀။ ကျောက်တောင်များနေ‌ ပေါင်းဖေါ်တို့သည် သူတို့၏ ဉာဏ်စဉ်ဆောင်များအား ငြင်းဆန်ခဲ့ကြ၏။
၁၅း၈၁။ သူတို့အား သုတ်ဒေသနာများကို ပေးအပ်သော်လည်း သူတို့သည် ဘောင်ကန့်ထားသူများ ဖြစ်ကြ၏။
၁၅း၈၂။ သူတို့သည် တောင်များကို ထုဆစ်လေ့ရှိလျက် ယုံကြည်စိတ်ချရသော အိမ်များဖြင့် နေထိုင်သူများ ဖြစ်၏။
၁၅း၈၃။ သို့သော် နံနက်စတွင် သူတို့အား အသံလှိုင်းကြီးဖြင့် အရေးယူလိုက်ပြီ။
၁၅း၈၄။ သူတို့၏ ကျင့်ဆောင်လေ့ရှိသည်များမှာ သူတို့အတွက် ပြည့်စုံခြင်း မရှိပေ။
၁၅း၈၅။ ငါသည် မိုးများနှင့် မြေ၊ ထိုနှစ်ခုကြား ရှိသမျှကို မှန်ကန် ညီညွတ်စွာဖြင့်သာ ဖြစ်တည်စေပြီ၊ ထိုအခိုက်အတန့်သည် ရှေ့သို့ လာနေ၏၊ သို့ဖြစ်၍ အမြင်လှသော ဥပက္ခာပြုခြင်းဖြင့် ဥပက္ခာပြုထားလော့။
၁၅း၈၆။ ဧကန်ပင် သင့်ကံကြမ္မာရှင်သည် ဖြစ်တည်စေသောအရှင်၊ သိနေသောအရှင် ဖြစ်တော်မူ၏။
၁၅း၈၇။ ငါသည် သင့်အား ကုရ်အာန်ကျမ်းတော်ကြီးကို မဏ္ဍိုင် ခုနစ်ခုဖြင့် ချီးမြှင့်ပေးတော်မူ၏။
၁၅း၈၈။ သူတို့အနက် အစုဖွဲ့များအား ငါပေးထားသော ချမ်းမြေ့စရာများထံ သင့်မျက်လုံးများ မတိုးရွေ့စေနှင့်၊ သူတို့ကြောင့် စိတ်သောက မဖြစ်နှင့်၊ ယုံကြည်သူများ အပေါ်၌ သင်၏ လက်ရုံးကို နှိမ့်ချမှုရှိလော့။
၁၅း၈၉။ ကျွန်ုပ်သည်ကား ရှင်းလင်း ထင်ရှားသော သတိပေးသူသာ ဖြစ်၏၊” ဟု ဟောကြားလော့။
၁၅း၉၀။ ငါသည် သူ့အား တာဝန်ချပေးတော်မူသည်မှာ တိုင်တည်လျက်။-
၁၅း၉၁။ ကုရ်အာန်အား အနုပ်နုပ်ဖြစ်ရန် စီစဉ်ကြသော သူတို့ထံသို့ ဖြစ်၏။
၁၅း၉၂။ သင့်ကံကြမ္မာရှင်အား တိုင်တည်လျက် သူတို့ အားလုံးကို မေးမြန်း စုံစမ်းမည်မှာ။-
၁၅း၉၃။ သူတို့၏ ကျင့်ကြံလေ့ရှိရာများကြောင့်။-
၁၅း၉၄။ ထို့ကြောင့် သင့်အား ညွှန်ကြားပေးသည်ကို ဖွင့်ထုတ်လော့၊ ရောပြွန်း ကိုးကွယ်သူများအား ဘောင်ထားလော့။
၁၅း၉၅။ လှောင်ပြောင်သူများနှင့် စပ်လျဉ်း၍ ငါသည် သင့်အတွက် လုံလောက်တော်မူ၏။
၁၅း၉၆။ သူတို့သည် ပရမတ်ဘုရားရှင်နှင့်အတူ အခြားဘုရားများကို စီစဉ်ကြ၏၊ မကြာမီ သိကြရလတ္တံ့။
၁၅း၉၇။ သူတို့ ပြောဆိုမှုများကြောင့် သင့်ရင်ကို ကျပ်တည်းစေကြောင်း မုချ ငါ သိနေတော်မူ၏။
၁၅း၉၈။ သင့်ကံကြမ္မာရှင်အား ရည်သန် စူးစိုက်လော့၊ ဦးထိပ်ထားလော့၊ ဦးချသူများ၏ အနက်မှ ဖြစ်လော့။
၁၅း၉၉။ သင့်ထံ၌ ဒိဋ္ဌ ယုံကြည်မှု ဆိုက်ကပ်သည်ထိ သင့်ကြမ္မာရှင်အား ကိုးကွယ် ဆည်းကပ်လော့။
ဓမ္မခန္ဓာ (၁၅) ဤတွင် ပြီး၏။
ဓမ္မခန္ဓာ (၁၆) ပျား
ဉာဏ်စဉ်ကိန်းဝပ်ပေးမှု အမှတ်စဉ် ၇၀၊ သုတ်ဒေသနာ ၁၂၈ ပါး။
ကရုဏာရှင် အကြင်နာရှင် ဖြစ်တော်မူသော ပရမတ်ဘုရားရှင်၏ ဂုဏ်တော်အားဖြင့်-
၁၆း၁။ ပရမတ်ဘုရားရှင်၏ ညွှန်ကြားချက်ကို ပေးရောက်လတ္တံ့၊ ၎င်းကို အလျင်မလိုကြနှင့်၊ အရှင်သည် ဦးထိပ်ထားရာ ဖြစ်၏၊ ရောပြွန်း ကိုးကွယ်ကြရာ များထက် အထွဋ်အထိပ် ဖြစ်တော်မူ၏။
၁၆း၂။ အရှင်သည် နိမိတ်ဆောင်များအား အရှင့် ညွှန်ကြားချက်များကို ဉာဏ်စဉ်ဖြင့် ဆောင်လျက် အမှုတော်ဆောင်များမှ စံချိန်ပြည့်သူထံသို့ တာဝန်ချ၍ သတိပေးစေသည်မှာ- ငါမှအပ အခြား ဘုရားဟူ၍ မရှိ၊ ငါ့အား စည်းစောင့်ကြဟု ဖြစ်၏။
၁၆း၃။ အရှင်သည် မိုးများနှင့် မြေကမ္ဘာအား မှန်ကန် ညီညွတ်ခြင်းဖြင့် ဖြစ်တည်စေ၏၊ အရှင်သည် ရောပြွန်း ကိုးကွယ်ရာများထက် အထွဋ်အထိပ် ဖြစ်တော်မူ၏။
၁၆း၄။ အရှင်သည် လူသားကို သုတ်ပိုးတစ်ကောင်မှ ဖြစ်တည်စေ၏၊ သို့သော် သူသည် ဗြောင် ငြင်းခုံသူ ဖြစ်၏။
၁၆း၅။ သင်တို့အဘို့ နွေးထွေးစေရန်၊ အကျိုးဖြစ်ရန်၊ စားသုံးနိုင်ရန် ကပ္ပိယ သတ္တဝါများကိုလည်း ဖြစ်တည်စေ၏။
၁၆း၆။ ၎င်းတို့အား ဝင်စေချိန်၌၊ လွှတ်ပေးချိန်၌ သင်တို့အတွက် အမြင်လှစေ၏။
၁၆း၇။ သင်တို့သည် စိတ်ထောင်းကိုယ်ကြေ မဖြစ်ဘဲ မဆိုက်ရောက်နိုင်သော မြို့များသို့ သင်တို့၏ ဝန်ထုပ်များကို ၎င်းတို့က သယ်ဆောင်ပေး၏၊ သင်တို့၏ ကံကြမ္မာရှင်သည် ညှာတာသောအရှင်၊ အကြင်နာရှင် ဖြစ်တော်မူ၏။
၁၆း၈။ မြင်းများ၊ မြည်းများ၊ လားများကိုလည်း သင်တို့ စီနင်းဘို့ရာ စွဲမက်စေဘို့ရာ ဖြစ်စေ၏၊ သင်တို့ မသိသေးသော အရာများကိုလည်း ဖြစ်တည်စေတော်မူမည်ပင်။
၁၆း၉။ ပရမတ်ဘုရားရှင်သည် လမ်းစဉ်များကို အလယ်အလတ် ကျစေ၍ ၎င်းကို ကာကွယ်ထား၏၊ စံချိန်ပြည့်မီခဲ့လျှင် အရှင်သည် သင်တို့ အားလုံးကို လမ်းညွှန်တော်မူမည်ပင်။
၁၆း၁၀။ အရှင်သည် ကောင်းကင်ယံမှ ရေကို သွန်းချစေလျက် ထိုမှ သင်တို့ သောက်သုံးရန်နှင့် ၎င်းဖြင့် သစ်ပင် သစ်တောစည်းဝိုင်းများကို ဖြစ်စေ၏။
၁၆း၁၁။ ၎င်းဖြင့် သံလွင်ပင်များ၊ စွန်ပလွံပင်များ၊ စပျစ်ပင်များနှင့် သစ်သီးဝလံမျိုးစုံကို သင်တို့အဘို့ငှာ စိုက်ပျိုးရေး ဖြစ်ထွန်းစေ၏၊ စဉ်းစားသုံးသပ်သော လူမျိုးအတွက် ဤ၌ သက်သေလက္ခဏာ ရှိနေ၏။
၁၆း၁၂။ အရှင်၏ ညွှန်ကြားချက်ဖြင့် ည၊ နေ့၊ နေ၊ လ တို့ကို သင်တို့အတွက် အသုံးခံဖြစ်စေ၏၊ ကြယ်တာရာများကိုလည်း အသုံးခံများ ဖြစ်စေ၏၊ ဤ၌ အတွေးအခေါ်ရှိသော လူမျိုးအတွက် သက်သေလက္ခဏာ ရှိနေ၏။
၁၆း၁၃။ သင်တို့အား ကမ္ဘာမြေ၌ အသွေးအရောင်များ ကွဲပြားလျက် ပွားများစေ၏၊ ဤ၌ ဆင်ခြင်သတိရှိသော လူမျိုးအတွက် သက်သေလက္ခဏာ ရှိနေ၏။
၁၆း၁၄။ အရှင်သည် ပင်လယ်သမုဒ္ဒရာကို အသုံးခံဖြစ်စေ၍ ထိုမှ လတ်ဆတ်သော အသားများကို စားသုံးဘို့ရာ ဖြစ်စေ၏၊ ဆင်ယင်ဘို့ရာ လက်ဝတ်တန်ဆာ များကိုလည်း ထိုမှ ထွက်စေတော်မူ၏၊ ထို၌ ရှပ်တိုက်သွားလာသော သင်္ဘောများကို မြင်နိုင်ရာ၏၊ သို့ဖြစ်၍ သင်တို့ ကျေးဇူးသိတတ်အံ့ငှာ အရှင်၏ သိက္ခာပေးခြင်းကို ရှာဖွေကြလော့။
၁၆း၁၅။ သင်တို့ လမ်းညွှန်ခံရအံ့သောငှာ- မြေကမ္ဘာ၌ ဖြန့်ကျဲမသွားစေရန် တိုက်ကြီးများကို ငါ ခင်းကျင်းထား၍ သင်တို့အတွက် မြစ်များ၊ လမ်းကြောင်းများကို ဖြစ်စေ၏။
၁၆း၁၆။ သိနိုင်သော မှတ်တိုင်များ၊ ကြယ်တာရာများ၊ ၎င်းတို့သည် လမ်းညွှန်များ ဖြစ်ကြ၏။
၁၆း၁၇။ ဖြစ်တည်စေသော အရှင်သည် ဖြစ်တည်ပေးခြင်း မပြုနိုင်သူကဲ့သို့ ဖြစ်သလော၊ ဆင်ခြင်သတိ ရှိကြမည် မဟုတ်လော။
၁၆း၁၈။ ပရမတ်ဘုရားရှင်၏ ဂုဏ်ပေးမှုများကို ရေတွက်လျှင် အမှတ်စဉ် မှတ်နိုင်မည် မဟုတ်ချေ၊ ဧကန်ပင် ပရမတ်ဘုရားရှင်သည် လွတ်ငြိမ်းစေသောအရှင်၊ အကြင်နာရှင် ဖြစ်တော်မူ၏။
၁၆း၁၉။ ပရမတ်ဘုရားရှင်သည် ကြိတ်ကြံစည်ရာ၊ လူသိရှင်ကြား ပြုရာများကို သိနေတော်မူ၏။
၁၆း၂၀။ ပရမတ်ဘုရားရှင် မှလွဲ၍ ဆုတောင်းခံများသည် တစ်စုံတစ်ရာကိုမျှ ဖြစ်တည်ပေးနိုင်ခြင်း မရှိ၊ သူတို့သည်ပင် ဖြစ်တည်ခံများ ဖြစ်ကြလျက်။-
၁၆း၂၁။ သက်မဲ့များသာ ဖြစ်၍ အသက်ရှင်ခြင်း မရှိကြချေ၊ မည်သည့်အချိန်၌ သူတို့ နိုးထရမည်ကို သတိမမူနိုင်ကြချေ။
၁၆း၂၂။ သင်တို့၏ ဘုရားရှင်မှာ ဧကောဒိ ဘုရားရှင် ဖြစ်၏၊ နောင်ဘဝအား မယုံကြည်သော သူတို့မှာ သူတို့၏ နှလုံးသားသည် မကြုံစဖူး မာန်မာန တက်နေကြ၏။
၁၆း၂၃။ ရာဇဝတ်မှု မပြုကြနှင့်၊ ဧကန်ပင် ပရမတ်ဘုရားရှင်သည် ကြိတ် ကြံစည်ရာများ၊ လူသိရှင်ကြား ပြုရာများကို သိနေတော်မူ၏၊ အရှင်သည် မာန်မာန တက်နေသူများကို နှစ်သက်တော်မမူပေ။
၁၆း၂၄။ သူတို့အား “သင်တို့၏ ကံကြမ္မာရှင်က ချမှတ်ပေးရာသည် မည်သည်နည်း၊” ဟု မေးမြန်းသော် “ရှေးသရောအခါက ဒဏ္ဍာရီများသာ ဖြစ်၏၊” ဟု ဆိုကြလတ္တံ့။
၁၆း၂၅။ ရပ်တည်ရမည့်နေ့၌ သူတို့သည် သူတို့၏ ဝန်ထုပ် အပြည့်အဝနှင့် အသိပညာမဲ့လျက် သူတို့က လမ်းလွဲစေခဲ့သော သူများ၏ ဝန်ထုပ်လျက်ကို သယ်ပိုးရလတ္တံ့၊ ထိုဝန်ထုပ်များသည် အကုသိုလ် ဖြစ်၏။
၁၆း၂၆။ သူတို့၏ ရှေ့အလျင် မျိုးဆက်သည်လည်း ကြံစည်ခဲ့ကြပြီ၊ သို့သော် ပရမတ်ဘုရားရှင်သည် သူတို့အား ဆိုက်ရောက်စေသည်မှာ သူတို့၏ အဆောက်အအုံအား အုတ်မြစ်မှပင် လှန်၍ သူတို့ထံသို့ အပေါ်မိုးသည် အပေါ်မှ ပြုတ်ကျ၏၊ ဝဋ်ကြွေးသည် မည်သည့် နေရာမှ ပေးရောက်လာမည်ကို သတိမမူနိုင်ကြချေ။
၁၆း၂၇။ တဖန် ရပ်တည်ရသော နေ့၌ သူတို့အား အရှက်ရစေလျက် “၎င်းတို့မှ သင်တို့ ဂိုဏ်းခွဲသူများ ဖြစ်သော ငါနှင့် ဖက်စပ်ခဲ့သူများ အဘယ်မှာနည်း၊” ဟု မေးမြန်းသော် အသိပညာ ချီးမြှင့်ခံရသော သူများက “ဤနေ့တွင် ဖုံးကွယ်သူတို့အား အရှက်ရစေပြီ၊ အကုသိုလ်သင့်စေပြီ၊” ဟု ဆိုကြ၏။
၁၆း၂၈။ မိမိ စရိုက်များကို မိမိ မိုက်ကြေးခွဲနေစဉ် နိမိတ်ဆောင်များက သူတို့ကို သက်တမ်း ကုန်စေသော် “ကျွန်ုပ်တို့သည် ငြိမ်းချမ်းရေး ကမ်းလှမ်း၏၊ အကုသိုလ် ကျင့်ကြံခဲ့ခြင်း မရှိပါ၊” ဟု ဆိုကြလတ္တံ့၊ အမှန်မှာ သင်တို့ ကျင့်ကြံလေ့ ရှိသမျှအား ဧကန်ပင် ပရမတ်ဘုရားရှင်သည် သိနေသောအရှင် ဖြစ်၏။
၁၆း၂၉။ ထို့ကြောင့် ငရဲဘုံ၏ တံခါးများမှ ဝင်၍ ထို၌ အစဉ် ခံစားလာ့၊ သို့ဖြင့်- မာနတက် သူတို့အဘို့ အမင်္ဂလာ တည်းခိုရာ ဖြစ်စေ၏။
၁၆း၃၀။ စည်းစောင့်သော သူတို့အား “သင်တို့၏ ကံကြမ္မာရှင်က ချမှတ်ပေးရာသည် မည်သည်နည်း၊” ဟု မေးမြန်းသော် “အကောင်းတရားပင်၊” ဟု ဖြေကြားကြ၏။ သုမင်္ဂလာပြုသော သူများအတွက် ဤလောကီ၌ တင့်တယ်ခြင်း ရှိ၍ နောင်ဘဝ၏ ဘုံနန်းသည် သာလွန် ကောင်းပေ၏၊ စည်းစောင့်သူများ၏ ဘုံနန်းသည် ဂုဏ်ရှိလှ၏။
၁၆း၃၁။ သူတို့အား ဝင်စေမည့် တည်မြဲခြင်း သုခဘုံများသည် အောက်ခင်း၌ စမ်းချောင်းရေသွင် စီးဆင်းနေ၏၊ သူတို့၏ စံချိန်အလျောက် ထို၌ ရှိ၏၊ ဤသည် ပရမတ်ဘုရားရှင်က စည်းစောင့်သူများအား အစားပြန်ပေးခြင်း ဖြစ်၏။
၁၆း၃၂။ သူတို့အား နိမိတ်ဆောင်တို့က ဘဝ ပြောင်းစေသော် စင်ကြယ်သူများအား “သင်တို့သည် ငြိမ်းချမ်းကြပါစေ၊ သင်တို့၏ ကျင့်ကြံလေ့ ရှိရာများကြောင့် သုခဘုံသို့ ဝင်ကြလော့၊” ဟု ဆိုလတ္တံ့။
၁၆း၃၃။ သူတို့ထံသို့ နိမိတ်ဆောင်များအား ဆိုက်ရောက်လာမည်ကို စောင့်ကြည့် နေကြသလော၊ သို့မဟုတ် သင့်ကံကြမ္မာရှင်၏ ညွှန်ကြားချက်ကို ဆိုက်ရောက်စေရမည်လော၊ သူတို့မတိုင်မီ ဖြစ်သူများလည်း ဤသို့ ပြုလုပ်ခဲ့ပြီ၊ ပရမတ်ဘုရားရှင်က သူတို့အား အမိုက်သင့်စေသည် မဟုတ်၊ သူတို့၏စရိုက်ကိုသာ သူတို့ မိုက်ကြေးခွဲလေ့ ရှိကြပြီ။
၁၆း၃၄။ ကျင့်ကြံခဲ့ရာ အကုသိုလ်များက သူတို့အား ထိခိုက်စေပြီ၊ သူတို့၏ လှောင်ပြောင်လေ့ ရှိရာများက သူတို့အား ပိတ်ဖုံးနေပြီ။
၁၆း၃၅။ ရောပြွန်း ကိုးကွယ်သောသူများက “ပရမတ်ဘုရားရှင်၏ စံချိန်ပြည့်ခဲ့လျှင် ကျွန်ုပ်တို့နှင့် ဘဘိုးတို့သည် အရှင်မှလွဲ၍ တစ်စုံတစ်ရာကိုမှ ကိုးကွယ်မည် မဟုတ်ချေ၊ အရှင်မှလွဲ၍ တစ်စုံတစ်ရာကိုမှလည်း တားမြစ်ခဲ့မည် မဟုတ်ချေ၊” ဟု ဆိုကြ၏၊ သူတို့မတိုင်မီ ဖြစ်သူများလည်း ဤအတိုင်း ပြုလုပ်ခဲ့ပြီ၊ ဉာဏ်စဉ်ဆောင် များ၏ ဝန်တာမှာ ရှင်းလင်းချက်များအား ဆိုက်ရောက်စေရန်သာ ဖြစ်၏။
၁၆း၃၆။ မုချဧကန် အသိုင်းအဝိုင်း ကိုယ်စီ၌ ဉာဏ်စဉ်ဆောင် ပွင့်ပေါ်စေခဲ့၍ ပရမတ်ဘုရားရှင်အား ကိုးကွယ်စေလျက် သူတို့အား မိစ္ဆာဒိဋ္ဌိအဖြစ်မှ ကင်းသန့်စေခဲ့ပြီ၊ သူတို့အနက် သူ့ကိုယ်သူ လမ်းလွဲကို အမှန်ဟု ဖြစ်သူရှိစဉ် သူတို့အနက် ပရမတ်ဘုရားရှင်က လမ်းညွှန်ခဲ့သူများ ရှိ၏၊ သို့ဖြစ်၍ ငြင်းဆန်သူများသည် နိဂုံး မည်သို့ ချုပ်ရသည်ကို ကမ္ဘာမြေအနှံ့ သွားလာ၍ ကြည့်ကြလော့။
၁၆း၃၇။ သူတို့အား ဆန္ဒဇောဖြင့် လမ်းညွှန်လိုသော်လည်း ပရမတ်ဘုရားရှင်က လမ်းမညွှန်လေလျှင် သူသည် လမ်းလွဲနေမည်ပင်၊ သူတို့အတွက် ကူညီနိုင်သူ မရှိချေ။
၁၆း၃၈။ ပရမတ်ဘုရားရှင်သည် သူသေများအား ပြန်လည် နိုးထစေမည် မဟုတ်ဟု အင်တိုက်အားတိုက် အားသန်စွာဖြင့် ပရမတ်ဘုရားရှင်အား တိုင်တည်ကြ၏၊ အမှန်မှာ အရှင်၏ ကတိတော်သည် သစ္စာတရား ဖြစ်၏၊ သို့သော် လူသား အများစုကြီးမှာကား သိကြသည် မဟုတ်ချေ။
၁၆း၃၉။ သဘောထား ကွဲနေသည်များကို သူတို့ ရှင်းလင်းစေရန်၊ ဖုံးကွယ်သော သူများသည်လည်း သူတို့သည် လိမ်ညာသူများ ဖြစ်ကြောင်းကို သိနိုင်စေရန်။-
၁၆း၄၀။ ဖြစ်လိုရာအား ငါ၏ အဆိုအမိန့် “ဖြစ်” ဟု မိန့်ဆိုရုံမျှသာ၊ သို့ဖြင့် ဆင့်ကဲ ပြည့်စုံ ဖြစ်လာရမည်သာတည်း။
၁၆း၄၁။ မိုက်ကြေးခွဲခံရပြီးနောက် ပရမတ်ဘုရားရှင်၏ လမ်း၌ ပြောင်းရွေ့ခဲ့ရသော သူတို့အတွက် လောကီဘဝကို တင့်တယ်စွာ နေရာချပေးတော်မူမည်၊ နောင်ဘဝ၏ အကျိုးဆုလာဘ်သည် ပိုမိုကြီးကျယ်၏၊ သိကြပါလေစ။
၁၆း၄၂။ သည်းခံ၍ သူတို့၏ ကံကြမ္မာရှင်၌ ကိုးစားကြသော သူများကြောင့် ဖြစ်၏။
၁၆း၄၃။ သင့် မတိုင်မီက သူတို့ထံ အာရုံဖြစ်စေလျက် ငါ စေစားသူများမှာ လူသား စင်စစ်များသာ ဖြစ်၏၊ သင်တို့ အသိ မရှိကြလျှင် သတိပေး တရားတော် ရသူများကို မေးမြန်းလော့။
၁၆း၄၄။ ရှင်းလင်းချက်များ၊ ကျမ်းငယ်များအားဖြင့် သူတို့ထံသို့ ချမှတ်ပေးရာအား သူတို့ စဉ်းစား သုံးသပ်အံ့ငှာ သတိပေး တရားတော်ကို သင့်အား ငါ ချမှတ်ပေးပြီ။
၁၆း၄၅။ အကုသိုလ် ကြံစည်သော သူတို့အတွက် ပရမတ်ဘုရားရှင်သည် သူတို့ကို မြေကမ္ဘာ၏ မြိုချခြင်းမှ ဖြစ်စေ၊ မည်သည့် နေရာမှ ပေးရောက်လာမည်ဟု သတိ မမူနိုင်သော ဝဋ်ကြွေးမှ ဖြစ်စေ၊ လုံခြုံပြီဟု ယုံကြည်နေကြသလော။
၁၆း၄၆။ သို့မဟုတ် သူတို့ ဦးလှည့်နေစဉ် သူတို့အား အရေးယူခြင်းကို ချည့်နဲ့စေနိုင်မည် မဟုတ်ချေ။
၁၆း၄၇။ သို့မဟုတ် သူတို့သည် ကြောက်ရွံ့ စိုးရိမ်နေစဉ်တွင် အရေးယူ ခံရနိုင်၏၊ သင်၏ ကံကြမ္မာရှင်သည် ညှာတာသောအရှင်၊ အကြင်နာရှင် ဖြစ်တော်မူ၏။
၁၆း၄၈။ ပရမတ်ဘုရားရှင်က ဖြစ်တည်စေသော အရာအလုံးစုံကို သင် မမြင်နိုင်သလော၊ ၎င်းတို့သည် ဝပ်တွား နှိမ့်ချလျက် ၎င်းတို့၏ အရိပ်များ ဘယ်သို့၊ ညာသို့၊ ယိမ်းညွတ်လျက် ပရမတ်ဘုရားရှင်အား ဦးချနေကြ၏။
၁၆း၄၉။ မိုးများအတွင်း မြေအတွင်း ရှိသမျှ သတ္တဝါအပေါင်းနှင့် နိမိတ်ဆောင်တို့၏ ဦးချ ရိုကျိုးမှုသည် ပရမတ်ဘုရားရှင် အတွက်သာ ဖြစ်၏၊ သူတို့သည် မာန တက်မနေကြချေ။
၁၆း၅၀။ သူတို့အပေါ်မှ ကံကြမ္မာရှင်အား ကြောက်ရွံ့ ရိုကျိုးကြ၏၊ သူတို့အား စီမံ မိန့်ဆိုရာကို ပြုလုပ်ကြ၏။
၁၆း၅၁။ ပရမတ်ဘုရားရှင်က “ဘုရား နှစ်ဆူဟု အယူမထားကြနှင့်၊ အရှင်သည် တစ်ပါးတည်းသာ ဖြစ်၏၊ ငါ့ကိုသာ ကြောက်ရွံ့ ရိုသေကြလော့၊” ဟု မိန့်တော်မူ၏။
၁၆း၅၂။ မိုးများနှင့် မြေကမ္ဘာတွင် ရှိသမျှသည် အရှင်၏ အချုပ်အခြာ၌ ရှိ၍ သာသနာ၏ အနှစ်သည် အရှင်၏ အချုပ်အခြာ၌ ရှိ၏၊ ထို့ကြောင့် ပရမတ်ဘုရားရှင်မှအပ စည်းစောင့် အားထားရာရှိသလော။
၁၆း၅၃။ သင်တို့အတွက် ဂုဏ်ပေးမှုသည် ပရမတ်ဘုရားရှင်၏ထံမှ ဖြစ်ခဲ့သော်လည်း ထို့နောက် ဘေးဥပဒ် ထိသောအခါမှ အရှင့်ဘက်သို့ အသနား ခံကြသလော။
၁၆း၅၄။ တဖန် သင်တို့၏ ဥပဒ်ကို ဖယ်ပေးသည်နှင့် သင်တို့မှ တစ်ဖွဲ့သည် သူတို့၏ ကံကြမ္မာရှင်နှင့် ရောပြွန်း ကိုးကွယ်ရာပြု၏။
၁၆း၅၅။ သူတို့အား ငါ ပေးအပ်သည်ကို ဖုံးကွယ်ရန် အလို့ငှာ ဖြစ်၏၊ ထိုသို့- သာယာနေပါစေ၊ မကြာမီ သိကြရလတ္တံ့။
၁၆း၅၆။ ငါ ရိက္ခာထောက်ရာမှ သူတို့ မသိရာများကို စီစဉ်၍ ပင်ပန်းခံနေကြ၏၊ ပရမတ်ဘုရားရှင်အား တိုင်တည်လျက်- သင်တို့၏ လုပ်ကြံ ဖန်တီးလေ့ ရှိရာများနှင့် စပ်လျဉ်း၍ မေးမြန်း စစ်ဆေးလိမ့်မည်။
၁၆း၅၇။ ပရမတ်ဘုရားရှင်၌ သမီးများ ရှိသည်ဟု စီစဉ်ကြ၏၊ အရှင်သည် ဦးထိပ်ထားရာ ဖြစ်တော်မူ၏၊ ၎င်းမှာ သူတို့၏ အာသီသ ဖြစ်၍။-
၁၆း၅၈။ သူတို့မှ တစ်စုံ တစ်ယောက်အား သမီးရတနာရကြောင်း သတင်းကောင်းပါးသော် မျက်နှာ ကုပ်လျက် မဲသွား၏၊ သူသည် ယူကျုံးမရဖြစ်၏။
၁၆း၅၉။ ထိုသတင်းအား အကုသိုလ်ဟု သူ့လူမျိုးထံမှ ပုန်းကွယ်နေ၏၊ ၎င်းအား နိမ့်ကျစွာ ထိန်းထားမည်လော၊ သို့တည်း မဟုတ် မြေထဲတွင် မြှုပ်ပစ်မည်လော၊- စီရင်ထုံးများသည် အကုသိုလ်သာ ဖြစ်၏။
၁၆း၆၀။ နောင်ဘဝအား မယုံကြည်သော သူတို့၏ပမာသည် အကုသိုလ်ဖြစ်၍ ပရမတ်ဘုရားရှင်၏ ပမာသည်ကား အထွဋ်အထိပ် ဖြစ်၏၊ အရှင်သည် ဘုန်းတော် အရှင်၊ ဓမ္မသတ်ရှင် ဖြစ်တော်မူ၏။
၁၆း၆၁။ လူသားတို့၏ မိုက်ကြေးခွဲမှုကြောင့် ပရမတ်ဘုရားရှင်က အရေးယူခဲ့ပြီး ဖြစ်လျှင် ချန်ထားသော သတ္တဝါဟူ၍ မရှိပြီ၊ သို့သော် ၎င်းတို့အား သတ်မှတ်ကာလ အချိန်ထိ နောက်ဆုတ်ပေးနေ၏၊ သတ်မှတ်ကာလ ရောက်လာသောအခါ အခိုက်အတန့်မျှပင် နောက်မဆုတ်နိုင်၊ ရပ်မထားနိုင်ချေ။
၁၆း၆၂။ သူတို့ မကြိုက်သော အရာများကို ပရမတ်ဘုရားရှင် အတွက်ဟု စီစဉ်ကြ၍ အတင့်တယ်ဆုံးများကို သူတို့အတွက်ဟု သူတို့၏နှုတ်လျှာမှ လိမ်လည် တင်ပြကြ၏၊ ရာဇဝတ်မှု မပြုကြနှင့်၊ သူတို့အဘို့ အပူမီးသာ ရှိ၏၊ သူတို့သည် လက်လွတ်စပယ် ပြုသူများ ဖြစ်၏။
၁၆း၆၃။ ပရမတ်ဘုရားရှင်အား တိုင်တည်လျက် သင့် ရှေ့အလျင် အသိုင်းအဝိုင်းများ ထံသို့လည်း ငါ၏ စေစားခြင်းကို ပြုခဲ့ပြီ၊ သူတို့အား မကောင်းဆိုးဝါးက သူတို့၏ ကျင့်ကြံမှုများကို ဖမ်းစားခဲ့၏၊ ယနေ့၌ သူသည် သူတို့အတွက် မဟာမိတ် ဖြစ်၏၊ သူတို့အတွက် နာကျင်သော ဝဋ်ကြွေးသည် ရှိနေပြီ။
၁၆း၆၄။ သဘောထား ကွဲနေသည်များကို သူတို့ ရှင်းလင်းစေရန်၊ ယုံကြည်သော လူမျိုးအား လမ်းညွှန်ပေးရန်၊ ကရုဏာသက်ရန်သာ ငါသည် သင့်အား ဤ ကျမ်းတော်ကို ချမှတ်ပေးပြီ။
၁၆း၆၅။ မြေကမ္ဘာအား သေပြီးနောက်မှ ရှင်လာစေရန် ကောင်းကင်ယံမှ ရေကို ပရမတ်ဘုရားရှင်သည် သွန်းချစေတော်မူ၏၊ ကြားနာနိုင်စွမ်းရှိသော လူမျိုးအတွက် ဤ၌ သက်သေလက္ခဏာ ရှိနေ၏။
၁၆း၆၆။ ဧကန်ပင် ကပ္ပိယသတ္တဝါများ၌ သင်တို့အတွက် သင်ခန်းစာတစ်ရပ် ရှိနေ၏၊ ၎င်း၏ ဝမ်းတွင်း အစာဟောင်းအိမ်နှင့် အသွေးကြားမှ သောက်သုံးသူတို့ ခံတွင်းတွေ့စေသော သောက်ရန် နို့ရည်သန့်ကို သင်တို့အတွက် ရစေ၏။
၁၆း၆၇။ စွန်ပလွံ၊ စပျစ် စသော သစ်သီးဝလံများမှ သင်တို့သည် မူးယစ်ရည် နှင့် တင့်တယ်သော ရိက္ခာများကို ရယူကြ၏၊ အတွေးအခေါ်ရှိသော လူမျိုးအတွက် ဤ၌ သုတ်ဒေသနာ တစ်ရပ် ရှိနေ၏။
၁၆း၆၈။ ထို့ပြင် သင့်ကံကြမ္မာရှင်သည် ပျားထံသို့ “တောင်များ၊ အဆောက်အအုံများ၊ သစ်ပင်များ၌ အိမ်များ အထပ်ထပ် တည်ကြလော့။
၁၆း၆၉။ ထို့နောက် သစ်သီးဝလံမျိုးစုံမှ စားသုံးလော့၊ သင့်ကံကြမ္မာရှင်၏ လမ်းစဉ်ပေါ်၌ ထဲထဲဝင်ဝင် နှိမ့်ချကြလော့၊” ဟု အာရုံဖြစ်စေ၏၊ သူတို့၏ ဝမ်းတွင်းမှ အရောင်များ ကွဲပြားလျက် သောက်သုံးရန် ထုတ်ပေး၏၊ ထို၌ လူသားတို့အတွက် ဆေးကောင်းတလက် ဖြစ်စေ၏၊ ဧကန်ပင် စဉ်းစား သုံးသပ်သော လူမျိုးအတွက် ဤ၌ သက်သေလက္ခဏာ ရှိနေ၏။
၁၆း၇၀။ ပရမတ်ဘုရားရှင်သည် သင်တို့အား ဖြစ်တည်စေ၏၊ ထို့နောက် သက်တမ်းကုန်စေ၏၊ သင်တို့အထဲမှ ဘဝသံသရာ နောက်ပြန်လျက် သိခဲ့ပြီးနောက် တစ်စုံတစ်ရာမျှ မသိနိုင်တော့သည်ထိ ဖြစ်သူလည်း ရှိစေ၏။ ဧကန်ပင် ပရမတ်ဘုရားရှင်သည် သိနေသောအရှင်၊ စည်းချိန် ချမှတ်သောအရှင် ဖြစ်တော်မူ၏။
၁၆း၇၁။ ပရမတ်ဘုရားရှင်သည် သင်တို့မှ အချို့ကို အချို့ထက် ရိက္ခာထောက် သိက္ခာပေးခဲ့၏၊ ထို သိက္ခာပေးခံရသော သူများသည် ရိက္ခာများကို သူတို့၏ လက်အောက် ဩဇာခံများနှင့် တူညီစွာ ခံစားလိုခြင်း မရှိချေ၊ ပရမတ်ဘုရားရှင်၏ ဂုဏ်ပေးမှုကို ပယ်ပစ်ကြသလော။
၁၆း၇၂။ ပရမတ်ဘုရားရှင်သည် သင်တို့၏ စရိုက်တူထဲမှပင် စုဖွဲ့ဖေါ်ကို စီစဉ်ပေးတော်မူပြီ၊ သင်တို့၏ အိမ်ထောင်ဘက်များမှ သင်တို့အတွက် သားသမီး၊ မြေးမြစ်များကို စီစဉ်ပေးတော်မူ၍ သင်တို့အတွက် စင်ကြယ်များမှ ရိက္ခာထောက်၏၊ ပရမတ်ဘုရားရှင်၏ ဂုဏ်ပေးမှုကို ဖုံးကွယ်လျက် အမှားတရားကို ယုံကြည်ကြမည်လော။
၁၆း၇၃။ သို့ပါလျက် ပရမတ်ဘုရားရှင်မှလွဲ၍ မိုးများနှင့် မြေကမ္ဘာမှ သူတို့ အတွက် ရိက္ခာထောက်ခွင့် ဩဇာအာဏာ တစ်စုံတစ်ရာမရှိ၊ တတ်နိုင်ခြင်း မရှိသော အရာတို့အား ကိုးကွယ်နေကြ၏။
၁၆း၇၄။ ပရမတ်ဘုရားရှင်အား ပမာတူ ဥပမာ မပြုကြနှင့်၊ ပရမတ်ဘုရားရှင်သည် သင်တို့ မသိသည်ကို ဧကန် သိနေတော်မူ၏။
၁၆း၇၅။ တစ်စုံတစ်ရာမျှ စည်းကြပ်မတ် နိုင်ခွင့်မရှိသော လက်အောက် ဝန်ထမ်းနှင့်- ငါအရှင်က ရိက္ခာဖြင့် တင့်တယ်စွာ ရိက္ခာထောက်သောကြောင့် လက်တွင်းကြိတ်၍၊ ကျယ်လောင်စွာ ဖွင့်ဟ၍၊ ပေးကမ်း သုံးစွဲသူ၊ ထိုသူတို့ ပမာတူ ဖြစ်ကြသလောဟု ပရမတ်ဘုရားရှင်က ဥပမာပေး၏၊ ရည်သန် စူးစိုက်မှု တည်ရာသည် ပရမတ်ဘုရားရှင်၌ ဖြစ်၏၊ အမှန်မှာ သူတို့မှ အများစုသည် သိကြသည် မဟုတ်ချေ။
၁၆း၇၆။ ပရမတ်ဘုရားရှင်သည် လူနှစ်ဦးကို ဥပမာပေး၏၊ တစ်ဦးသည် အ’သူ- တစ်စုံတစ်ရာကိုမှ စည်းမကြပ်မတ်နိုင်ဘဲ မဟာမိတ်ထံ၌ အလုံးစုံ မှီခိုနေရ၏၊ မည်သည်ကို မျက်နှာလွှဲသည် ဖြစ်စေ၊ အကောင်းကို ပြန်မပေးနိုင်သော ထိုသူသည် တန်းတူညီမျှ ညွှန်ကြားလျက် မြဲမြံသော ဝါဒ၌ ရှိသူကဲ့သို့ ဖြစ်သလော။
၁၆း၇၇။ မိုးများနှင့် မြေကမ္ဘာတွင်း စက္ခုလွန်များသည် ပရမတ်ဘုရားရှင်၏ အချုပ်အခြာ၌ ရှိ၏၊ အခိုက်အတန့်ဖြစ်မည့် ညွှန်ကြားချက်သည် အမြင်တစ်ဝှေ့၊ သို့မဟုတ် ထို့ထက် ပို၍ နီးကပ်၏၊ ဧကန်ပင် ပရမတ်ဘုရားရှင်သည် သဗ္ဗလုံးစုံအား စည်းချိန် ချမှတ်တော်မူ၏။
၁၆း၇၈။ ပရမတ်ဘုရားရှင်သည် သင်တို့အား သင်တို့ မိခင်များ၏ ဝမ်းကြာတိုက်မှ တစ်စုံတစ်ရာ မသိသော ဘဝဖြင့် ထုတ်ယူတော်မူ၏၊ ထို့နောက် သင်တို့ ကျေးဇူးသိတတ်အံ့ငှာ အကြား- အမြင်- စိတ်နှလုံးများကို စီစဉ်ပေးတော်မူ၏။
၁၆း၇၉။ ကောင်းကင် ဟင်းလင်းပြင်တွင် ပျက်ရယ် ပြုနိုင်သော ငှက်များကို သင်တို့ မမြင်မိသလော၊ ၎င်းတို့အား ပရမတ်ဘုရားရှင်သည်သာ ထိုသို့ ထိန်းထားစေနိုင်၏၊ ယုံကြည်သော လူမျိုးအတွက် ဤ၌ သက်သေလက္ခဏာ ရှိနေ၏။
၁၆း၈၀။ ပရမတ်ဘုရားရှင်သည် သင်တို့အတွက် အခြေချရန် အိမ်များကို စီစဉ်ပေး၍ သင်တို့ ခရီးသွားနေ့၊ ရပ်နားနေ့များ အတွက် ပေါ့ပါး လွတ်လပ်စွာ အသုံးပြုရန် တိရိစ္ဆာန်သားရေဖြင့် တဲအိမ်များကို စီစဉ်ပေးတော်မူ၏၊ ၎င်းတို့၏ အမွေးနု၊ အမွေးညှင်း၊ အမွေးအမျှင်များကို အသုံးအဆောင်ပြု၍ ကာလတစ်ခုထိ ချမ်းမြေ့စေတော်မူ၏။
၁၆း၈၁။ ဖြစ်တည်ပေးထားရာများမှ သင်တို့ အရိပ်ရစေရန် ပရမတ်ဘုရားရှင်က စီစဉ်ပေးသည်လည်း ရှိ၏၊ သင်တို့အတွက် တောတောင်အတွင်း အကာအကွယ်များကို စီစဉ်ပေး၏၊ အပူမှ ခံနိုင်ရည်ရှိရန် အဝတ်အထည်များ၊ အတိုက်အခိုက်များ၌ သင်တို့အတွက် ကာကွယ်ရန် အဝတ်အထည်များကို စီစဉ်ပေးတော်မူ၏၊ သင်တို့သည် ငြိမ်းချမ်းရေး ပြုအံ့သောငှာ သင်တို့အပေါ်၌ ဤသို့ ဂုဏ်ပေးခြင်းကို ပြည့်စုံစေ၏။
၁၆း၈၂။ သူတို့ လှည့်သွားကြလျှင်လည်း သင်၏ဝန်တာမှာ ဓမ္မကို ဆိုက်ရောက်စေရန်သာ ဖြစ်၏။
၁၆း၈၃။ သူတို့သည် ပရမတ်ဘုရားရှင်၏ ဂုဏ်ပေးမှုကို အသိအမှတ် ပြုသော်လည်း တဖန် ၎င်းကို အကျွမ်း မဝင်လိုကြပေ၊ သူတို့မှ အများစုသည် ဖုံးကွယ်သူ များပင် ဖြစ်ကြ၏။
၁၆း၈၄။ အသိုင်းအဝိုင်း ကိုယ်စီမှ သက်သေတော်များကို ပေါ်ပေါက်စေသောနေ့ ကာလ၌ ဖုံးကွယ်သော သူများသည် ခွင့်ပြုချက်မရှိ၊ အယူခံခွင့် ရှိသူများလည်း မဟုတ်ချေ။
၁၆း၈၅။ မိုက်ကြေးခွဲသော သူတို့သည် ဝဋ်ဒုက္ခကို မြင်တွေ့ရသောအခါ သူတို့နှင့် စပ်လျဉ်း၍ ပေါ့ပါးစေမည် မဟုတ်၊ သူတို့သည် စောင့်ကြည့်နေခွင့်လည်း မရှိတော့ပြီ။
၁၆း၈၆။ ရောပြွန်း ကိုးကွယ်သော သူများက သူတို့ ရောပြွန်း ကိုးကွယ်ခဲ့ရာများကို မြင်တွေ့သောအခါ “အို- ကံကြမ္မာရှင်၊ တပည့်တော်တို့သည် အရှင်မှလွဲ၍ ရောပြွန်း ကိုးကွယ် ဆုတောင်းလေ့ ရှိခဲ့သောသူတို့မှာ သူတို့ပင် ဖြစ်၏၊” ဟု ဆိုသော် ၎င်းတို့က သူတို့အား “သင်တို့သည် လိမ်ညာ ပြောဆိုသူများသာ ဖြစ်၏၊” ဟု ရင်ဆိုင် ပြန်ပြောကြလတ္တံ့။
၁၆း၈၇။ ထိုနေ့ကာလ၌ သူတို့သည် ပရမတ်ဘုရားရှင် အတွက်သာ ငြိမ်းချမ်းရေး ကမ်းလှမ်းကြ၏၊ သူတို့ လုပ်ကြံ ဖန်တီးလေ့ ရှိခဲ့ရာများသည် သူတို့ထံမှ လွှဲဖယ်သွားလေပြီ။
၁၆း၈၈။ ဖုံးကွယ်လျက် ပရမတ်ဘုရားရှင်၏ လမ်းစဉ်တော်မှ ဖယ်ခိုင်းသော သူတို့သည် သူတို့၏ အဖျက်လုပ်လေ့ ရှိသောကြောင့် ဝဋ်ဒဏ်အပေါ် ဝဋ်ဒဏ် တိုးပွားစေ၏။
၁၆း၈၉။ အသိုင်းအဝိုင်း ကိုယ်စီမှ သက်သေများကို သူတို့၏ စရိုက်တူများ အတွက် ရောက်လာစေသောနေ့ ကာလ၌ သင့်ကိုလည်း ထိုသူများ အပေါ်၌ သက်သေ ဖြစ်စေပြီ၊ သဗ္ဗလုံးစုံအား ရှင်းလင်းချက်၊ လမ်းညွှန်ချက်၊ ကရုဏာနှင့် ငြိမ်းချမ်းရေးဝါဒီများ အတွက် သတင်းကောင်းအဖြစ် ဤကျမ်းတော်ကို သင့်ထံ၌ ချမှတ်ပေးပြီ။
၁၆း၉၀။ ဧကန်ပင် ပရမတ်ဘုရားရှင်သည် တန်းတူညီမျှ ဖြစ်ရန်၊ တင့်တယ်စွာ ပြုမူရန်၊ နီးစပ်သူများကို ပေးကမ်းဝေငှရန် ညွှန်ကြားတော်မူ၏၊ သူစိမ်းဆန်မှု၊ ကိုယ်ကျင့်ပျက်မှု၊ အပြစ်ရှာမှုကို ဟန့်တားတော်မူ၏၊ သင်တို့ ဆင်ခြင်သတိ ရှိနိုင်အံ့ငှာ ဩဝါဒများ ဖြစ်၏။
၁၆း၉၁။ သင်တို့သည် ပဋိညာဉ်ပြုသောအခါ ပရမတ်ဘုရားရှင်၏ ပဋိညာဉ်ကို ပြီးပြည့်စေလော့၊ သေချာစေပြီးမှ ချိုးဖောက်မှုကို အားမသန်ကြရန် သင်တို့ကိုယ် သင်တို့ စီစဉ်ကြလော့၊ ပရမတ်ဘုရားရှင်သည် သင်တို့အား ထိန်းကျောင်းသူ ဖြစ်၏၊ ဧကန်ပင် ပရမတ်ဘုရားရှင်သည် ပြုလုပ်သမျှကို သိနေတော်မူပေ၏။
၁၆း၉၂။ ချည်ကြိုးကို စွမ်းရန် လုပ်ပြီးနောက် အမျှင်ဖတ် ထုတ်သည့် ကြိုးလွန်းဖျက်သော သူမ ကဲ့သို့ မဖြစ်ကြနှင့်၊ သင်တို့ချင်းကြား အသိုင်းအဝိုင်း တစ်ခုက အသိုင်းအဝိုင်း တစ်ခုကို ဝင်ရောက် မောင်ပိုင်စီးရန် အယူသန်နေကြ၏၊ ပရမတ်ဘုရားရှင်သည် ဤအမှုဖြင့် သင်တို့အား စစ်ဆေးတော်မူမည်၊ ထို၌ သင်တို့၏ ကွဲလွဲ ငြင်းခုံလေ့ ရှိရာများကို ရပ်တည်ရသောနေ့၌ သင်တို့အတွက် ရှင်းလင်း ထင်ရှားစေမည်ပင်။
၁၆း၉၃။ ပရမတ်ဘုရားရှင်၏ စံချိန်ပြည့်ခဲ့လျှင် သင်တို့ကို အသိုင်းအဝိုင်း တစ်ခုတည်း အဖြစ် စီစဉ်ပြီးလတ္တံ့၊ သို့ရာတွင် စံချိန်ပြည့်သူအလျောက် လမ်းလွဲစေ၍ စံချိန်ပြည့်သူအလျောက် လမ်းညွှန်ရစေ၏၊ သင်တို့ ကျင့်ကြံလေ့ ရှိခဲ့သမျှကို မေးမြန်း စစ်ဆေးခံရလတ္တံ့။
၁၆း၉၄။ သင်တို့ချင်းကြား ဝင်ရောက် စွပ်ဖက်ရန် အယူမသန်ကြနှင့်၊ ယင်းသည် စုံရပ်ခံမှု ခိုင်မာစေပြီးနောက်မှ ချော်ထွက်စေ၏၊ ပရမတ်ဘုရားရှင်၏ လမ်းစဉ်မှ ဖယ်ခိုင်းမှုကြောင့် အကုသိုလ်ကို မြည်းစမ်းရလိမ့်မည်၊ သင်တို့အတွက် မဟာ ဝဋ်ကြွေးကြီး ရှိနေပြီ။
၁၆း၉၅။ ပရမတ်ဘုရားရှင်နှင့် ရှိသော ပဋိညာဉ်အား တန်ဘိုးချ မရောင်းစားကြနှင့်၊ ဧကန်ပင် ပရမတ်ဘုရားရှင်၏ ထံတော်၌ ရှိသောအရာသည် သင်တို့အတွက် ပို၍ ကောင်း၏၊ သင်တို့ သိကြပါလေစ။
၁၆း၉၆။ သင်တို့ထံ၌ ရှိရာသည် တခဏ၊ ပရမတ်ဘုရားရှင်၏ ထံတော်၌ ရှိရာသည်သာ ထာဝရ ဖြစ်၏၊ သည်းခံမှုကြီးသော သူများအား သူတို့၏ ကျင့်ကြံလေ့ ရှိရာများကြောင့် တင့်တယ်သော ဆုလာဘ်ဖြင့် အစားပေးတော်မူမည်ပင်။
၁၆း၉၇။ ယုံကြည်လျက် ပြုပြင် ပြောင်းလဲမှု ကျင့်ကြံသူ အမျိုးသား၊ အမျိုးသမီး မဟူ၊ သူ့အား စင်ကြယ်သော ဘဝကို ချီးမြှင့်တော်မူမည်၊ သူတို့၏ ကျင့်ကြံလေ့ ရှိရာများကြောင့် တင့်တယ်သော ဆုလာဘ်ဖြင့် အစားပေးတော်မူမည်ပင်။
၁၆း၉၈။ ကုရ်အာန်အား ရွတ်ဖတ်သောအခါ ပစ်ထုတ်ခံ မကောင်းဆိုးဝါးမှ ကင်းရန် ပရမတ်ဘုရားရှင်၌ ခိုလှုံလော့။
၁၆း၉၉။ ဧကန်ပင် ကံကြမ္မာရှင်အား ယုံကြည်လျက် ကိုးစားသောသူတို့ အပေါ်၌ မကောင်းဆိုးဝါးသည် လုပ်ပိုင်ခွင့် မရှိချေ။
၁၆း၁၀၀။ သူ့ဘက်သို့ လှည့်သောသူများနှင့် သူ့အား ရောပြွန်း ကိုးကွယ်ကြသော သူတို့အပေါ်၌သာ ဩဇာညောင်းနိုင်၏။
၁၆း၁၀၁။ သုတ်ဒေသနာတစ်ပါး နေရာတွင် သုတ်တော်တစ်ပါးကို လွှဲပြောင်းသောအခါ ပရမတ်ဘုရားရှင်သည် ချမှတ်ပေးခဲ့သည်ကို အသိဆုံး ဖြစ်တော်မူ၏၊ သူတို့က “သင်သည် လုပ်ကြံ ဖန်တီးသူ ဖြစ်၏၊” ဟု ဆိုကြ၏၊ အမှန်မှာ သူတို့မှ အများစုသည် သိကြသည် မဟုတ်ချေ။
၁၆း၁၀၂။ “ယုံကြည်သော သူတို့အား ရပ်တည်မှု ခိုင်မာစေရန်၊ ငြိမ်းချမ်းရေးဝါဒီများ အတွက် လမ်းညွှန်နှင့် သတင်းကောင်းဖြစ်ရန်၊ ၎င်းကို သင်၏ ကံကြမ္မာရှင်ထံမှ မြတ်သောဉာဏ်စဉ်က မှန်ကန်စွာ ချမှတ်ပေးခြင်း ပင်၊” ဟု ဟောလော့။
၁၆း၁၀၃။ “လူပုဂ္ဂိုလ်တစ်ဦးက သူ့အား သင်ပေးနေသည်၊” ဟု ပြောစကားများကို ငါ သိနေ၏၊ သူတို့ လှီးလွှဲ ပြောလိုသူ၏ ဘာသာစကားမှာ လူမျိုးခြားဖြစ်၍ ဤသည် ရှင်းလင်း ထင်ရှားသော အာရ်ဗီ ဘာသာစကား ဖြစ်၏။
၁၆း၁၀၄။ ဧကန်ပင် ပရမတ်ဘုရားရှင်၏ သုတ်ဒေသနာများကို မယုံကြည်သော သူတို့၊ ထိုသူတို့အား ပရမတ်ဘုရားရှင်က လမ်းညွှန်မည် မဟုတ်၊ သူတို့အဘို့ စူးနစ်သော ဝဋ်ကြွေးသည် ရှိနေ၏။
၁၆း၁၀၅။ လိမ်ညာ လုပ်ကြံ ဖန်တီး သူများသည်သာ ပရမတ်ဘုရားရှင်၏ သုတ်ဒေသနာများကို မယုံကြည်သော သူတို့ ဖြစ်၏၊ ထိုသူများသည် လိမ်ညာသူများ ဖြစ်ကြ၏။
၁၆း၁၀၆။ နှလုံးသား၌ ယုံကြည်ခြင်းကို ဘဝင်ကျပြီးနောက် အဓမ္မ နှိပ်ကွပ် ခံရသူမှအပ သက်ဝင် ယုံကြည်ပြီးမှ ပရမတ်ဘုရားရှင်နှင့် စပ်လျဉ်း၍ ဖုံးကွယ်သူ၊ သူ၏ ရင်အား ဖုံးကွယ်ခြင်းအတွက် လမ်းဖွင့်ထားသူ၊ ထိုသူတို့အား ပရမတ်ဘုရားရှင်၏ထံမှ ကံကြီးသင့်မှု သက်စေ၏၊ သူတို့အတွက် မဟာ ဝဋ်ကြွေးကြီး ရှိနေပြီ။
၁၆း၁၀၇။ ၎င်းမှာ သူတို့သည် ဤလောကီဘဝကို နောင်ဘဝထက် ချစ်ခင် စုံမက်သောကြောင့် ဖြစ်၏၊ ဧကန်ပင် ပရမတ်ဘုရားရှင်သည် ဖုံးကွယ်သော လူမျိုးအား လမ်းညွှန်တော်မမူချေ။
၁၆း၁၀၈။ ထိုသူများသည် သူတို့၏ နှလုံးသားများ၊ အကြား၊ အမြင်များအား ပရမတ်ဘုရားရှင်က တံဆိပ်ထုထားသော သူတို့ ဖြစ်၏၊ ထိုသူတို့သည်ကား မေ့လျော့နေသူများ ဖြစ်ကြ၏။
၁၆း၁၀၉။ ရာဇဝတ်မှု မပြုကြနှင့်၊ သူတို့သည် နောင်ဘဝ၌ ဆုံးရှုံးရသူတို့ ဖြစ်ကြ၏။
၁၆း၁၁၀။ သွေးတိုးစမ်းခံရပြီးနောက် ပြောင်းရွှေ့သွားရသောသူများ၊ အားစိုက် ဆောင်ရွက်ရသူများ၊ သည်းခံပါရမီ ကြီးသူများအတွက် သင်၏ ကံကြမ္မာရှင်သည် ဧကန်ရှိ၏၊ ဧကန်ပင် သင်၏ ကံကြမ္မာရှင်သည် ထိုဖြစ်ရပ်များနောက် လွတ်ငြိမ်းစေသောအရှင်၊ အကြင်နာရှင် ဖြစ်တော်မူပေ၏။
၁၆း၁၁၁။ ပြန်ပေးအပ်သောနေ့ ကာလ၌ ဉာဉ်စရိုက်တိုင်းသည် သူ့အကျင့်စရိုက် အလျောက် ထုချေရမည်ပင်၊ ဉာဉ်စရိုက်တိုင်းအား ကျင့်ကြံခဲ့ရာကို ပြန်ပြည့်စေလတ္တံ့၊ သူတို့အား အဝိဇ္ဇာ သင့်စေမည် မဟုတ်ချေ။
၁၆း၁၁၂။ ပရမတ်ဘုရားရှင်က ပမာပေးသော ဥပမာတစ်ခုမှာ အဘက်ဘက်မှ ရိက္ခာများ ဖောဖောသီသီ စုရောက်လာသော ယုံကြည် စိတ်ချ ငြိမ်းအေးသည့် အရပ် တစ်ခု ရှိ၏၊ သို့သော် ၎င်းတို့သည် ပရမတ်ဘုရားရှင်၏ ဂုဏ်ပေးမှုကို ဖုံးကွယ်ကြ၏၊ သို့ဖြင့် သူတို့၏ တည်ဆောက်လေ့ ရှိရာများကြောင့် ပရမတ်ဘုရားရှင်က ငတ်မွတ်မှု၊ စိုးရိမ် ကြောက်လန့်ရမှု အဆင်အယင်ကို သူတို့အား မြည်းစမ်းစေတော်မူ၏။
၁၆း၁၁၃။ သူတို့အတွက် ဉာဏ်စဉ်ဆောင်တစ်ပါးကို သူတို့အထဲမှပင် ရောက်လာစေပြီ၊ သူ့အား ငြင်းဆန်ကြ၏၊ သို့ဖြစ်၍ ထို အမိုက်ကောင်များကို ဝဋ်ဒဏ်ဖြင့် အရေးယူလိုက်လေပြီ။
၁၆း၁၁၄။ ပရမတ်ဘုရားရှင် ရိက္ခာပေးရာမှ စင်ကြယ်ရာများကို တရားဝင် စားသုံးကြလော့၊ သင်တို့သည် အရှင့်ကိုသာ ကိုးကွယ်ကြလျှင် ပရမတ်ဘုရားရှင်၏ ဂုဏ်ပေးမှုကို ကျေးဇူးတင်ကြလော့။
၁၆း၁၁၅။ သင်တို့အား တားမြစ်ထားသည်မှာ- အသေ ကောင်၊ သွေး၊ ဝက်သား၊ ပရမတ်ဘုရားရှင်မှအပ အခြားကို တိုင်တည် လှီးသတ်ရာတို့ ဖြစ်၏၊ အပြစ်မသင့်လို စည်းမဖေါက်လိုဘဲ တွန်းပို့ခံရသူအတွက် ဧကန်ပင် ပရမတ်ဘုရားရှင်သည် လွတ်ငြိမ်းစေသောအရှင်၊ အကြင်နာရှင် ဖြစ်တော်မူ၏။
၁၆း၁၁၆။ ပရမတ်ဘုရားရှင်နှင့် စပ်လျဉ်း၍ လိမ်ညာလျက် “ဤသည်ကား တရားဝင်၏၊ ဤသည်ကား တားမြစ်ထား၏၊” ဟု လုပ်ကြံ ဖန်တီးရန် သင်တို့၏ နှုတ်လျှာမှ လိမ်ညာပြောဆို၍ မတင်ပြနှင့်၊ ပရမတ်ဘုရားရှင်နှင့် စပ်လျဉ်း၍ လိမ်ညာ လုပ်ကြံ ဖန်တီးသော သူတို့သည် အောင်မြင် ပေါက်မြောက်မည် မဟုတ်ချေ။
၁၆း၁၁၇။ အနည်းငယ် ပျော်ပါးခွင့်သာ ရှိ၏၊ သို့သော် သူတို့အတွက် နာကျင်သော ဝဋ်ကြွေးသည် ရှိနေ၏။
၁၆း၁၁၈။ သင့်ထံ ဖေါ်ပြသည်များကို ရှေ့အလျင်ကပင် ရေဝတီဖြစ်သူတို့ အပေါ်၌လည်း တားမြစ်ပြီး ဖြစ်၏၊ ငါသည် သူတို့အား အဝိဇ္ဇာ သင့်စေသည် မဟုတ်၊ သို့ရာတွင် သူတို့၏ စရိုက်ကို သူတို့ကသာ မိုက်ကြေးခွဲလေ့ ရှိကြ၏။
၁၆း၁၁၉။ ပညာမဲ့စွာဖြင့် အကုသိုလ်မှုကို ကျင့်ကြံမိ၍ ဤနောက်တွင် ကံကြမ္မာရှင်ထံ၌ ခဝါချလျက် ထို့နောက် ပြုပြင် ပြောင်းလဲကြသူတို့ အတွက် သင့်ကံကြမ္မာရှင်သည် လွတ်ငြိမ်းစေသောအရှင်၊ အကြင်နာရှင် ဖြစ်တော်မူ၏။
၁၆း၁၂၀။ ဧကန်ပင် အီဗရာဟီးမ်သည် ရှေ့ဆောင်ရှေ့ရပ် ဖြစ်၏၊ သူသည် ပရမတ်ဘုရားရှင်အား အယူသန့်စွာ နာခံ၏၊ သူသည် ရောပြွန်း ကိုးကွယ်သူများမှ မဟုတ်ချေ။
၁၆း၁၂၁။ သူသည် အရှင်၏ ဂုဏ်ပေးမှုကို ကျေးဇူးသိ၍ သူ့အား ရွေးချယ်၍ မြဲမြံသော ဝါဒလမ်းစဉ်သို့ လမ်းညွှန်တော်မူ၏။
၁၆း၁၂၂။ သူ့အား ပစ္စုပ္ပန်၌ တင့်တယ်စေခြင်းနှင့် အနာဂတ်၌ ပြုပြင် ပြောင်းလဲသူတို့မှ ဖြစ်ရန် ချီးမြှင့်တော်မူ၏။
၁၆း၁၂၃။ ထို့နောက် သင့်ထံ အာရုံဈာန် ဖြစ်စေသည်မှာ အယူသန့်သော အီဗရာဟီးမ်၏ ကျင့်စဉ်အတိုင်း လိုက်လော့၊ သူသည် ရောပြွန်း ကိုးကွယ်သူများမှ မဟုတ်ချေ။
၁၆း၁၂၄။ သီတင်းဥပုသ်ကို၊ ထို၌ ကွဲလွဲကြသော သူတို့အဘို့သာ စီစဉ်ခဲ့၏၊ ထို၌ သူတို့၏ ကွဲလွဲလေ့ရှိသည်များကို ရပ်တည်ရသောနေ့ ကာလတွင် သူ့တို့ အကြား၌ သင့် ကံကြမ္မာရှင်က စီရင်ထုံး ချပေးလိမ့်မည်။
၁၆း၁၂၅။ သင့်ကံကြမ္မာ၏ လမ်းစဉ်တော်သို့ အရှင်၏ ဓမ္မသတ်နှင့်အညီ တင့်တယ်စွာ ဩဝါဒပေး ဖိတ်ခေါ်လော့၊ အချေအတင်ဖြစ်လျှင် ထို၌ အတင့်တယ်ဆုံး ပြုမူလော့၊ မည်သူသည် အရှင်၏ လမ်းစဉ်တော်မှ လွဲဖယ်ကြောင်း သင့် ကံကြမ္မာရှင်သည် အသိဆုံး ဖြစ်တော်မူ၏၊ လမ်းညွှန်ခံရသူများကိုလည်း အရှင်သည် အသိဆုံး ဖြစ်တော်မူ၏။
၁၆း၁၂၆။ သင်တို့သည် ချုပ်ကိုင်လိုလျှင် သင်တို့အား ချုပ်ကိုင်ခဲ့သကဲ့သို့သာ ချုပ်ကိုင်ကြလော့၊ သို့သော် သင်တို့သည် သည်းခံပေးလိုက်လျှင် သည်းခံနိုင်သူသည် ပို၍ကောင်း၏။
၁၆း၁၂၇။ သည်းခံကြလော့၊ ပရမတ်ဘုရားရှင်ကြောင့်သာလျှင် သည်းခံ ပါရမီကို ဖြစ်စေ၏၊ သူတို့ကြောင့် စိတ်မပူနှင့်၊ သူတို့၏ ကြံစည်မှုကြောင့်လည်း သင် စိတ်မကျပ်တည်းနှင့်။
၁၆း၁၂၈။ ဧကန်ပင် ပရမတ်ဘုရားရှင်သည် စည်းစောင့်သော သူများ၊ သုမင်္ဂလာ ပြုသောသူများနှင့် အတူရှိတော်မူ၏။
ဓမ္မခန္ဓာ (၁၆) ဤတွင် ပြီး၏။
ဓမ္မခန္ဓာ (၁၇) ဂျူးလူမျိုးများ
ဉာဏ်စဉ်ကိန်းဝပ်ပေးမှု အမှတ်စဉ် ၅၀၊ သုတ်ဒေသနာ ၁၁၁ ပါး။
ကရုဏာရှင် အကြင်နာရှင် ဖြစ်တော်မူသော ပရမတ်ဘုရားရှင်၏ ဂုဏ်တော်အားဖြင့်-
၁၇း၁။ ဦးထိပ်ထားအပ်သော အရှင်သည် အရှင်၏ အမှုတော်ဆောင်အား ညတစ်ည၌ အရှင်၏ သုတ်ဒေသနာများကို မြင်တွေ့စေရန် ဘေးမဲ့ ဝတ်ကျောင်းတော်မှ ကျက်သရေ မင်္ဂလာ ဝန်းရံခသည့် အဝေး၌ရှိသော ဝတ်ကျောင်းတော်သို့ ခရီးနှင်စေ၏၊ ဧကန်ပင် အရှင်သည် ကြားနေသောအရှင်၊ မြင်နေသောအရှင် ဖြစ်တော်မူ၏။
၁၇း၂။ ငါသည် မူဆာအား ကျမ်းတော်တစ်ပါးကို ချီးမြှင့်ခဲ့၏၊ ၎င်းကို ဂျူးလူမျိုးတို့အတွက် “ငါမှလွဲ၍ အခြား ကိုးစားသူကို အယူမထားကြနှင့်၊” ဟု လမ်းညွှန်အဖြစ် စီစဉ်တော်မူ၏။
၁၇း၃။ သူတို့သည် နူးဟ်နှင့်အတူ ငါ သယ်ဆောင်လာသူများ၏ သားစဉ်မြေးဆက် ဖြစ်၏၊ သူသည် ကျေးဇူးသိတတ်သော အမှုတော်ဆောင် ဖြစ်၏။
၁၇း၄။ ကျမ်းတော်တွင် ဂျူးလူမျိုးတို့အား ငါ ဆုံးဖြတ်သည်မှာ “သင်တို့သည် မြေကမ္ဘာ၌ အဖျက် နှစ်ကြိမ် လုပ်ကြလတ္တံ့၊ အကြီးအကျယ် အထွဋ်အထိပ် ကိန်းကြီးခန်းကြီး ဖြစ်ကြလတ္တံ့၊” ဟု ဖြစ်၏။
၁၇း၅။ ထိုနှစ်ခုအနက် ရှေးကတိတစ်ခု ရောက်လာသောအခါ ပြင်းထန်စွာ တိုက်ခိုက်နိုင်စွမ်းရှိသော ငါ၏ အမှုတော်ဆောင်များကို သင်တို့ထက် နိုးကြွစေ၍ သင်တို့၏ အိမ်များအတွင်း စီးနင်းစေ၏၊ ငါသည် ကတိတော်ကို စီမံပြီး ဖြစ်၏။
၁၇း၆။ တဖန် သင်တို့အား ထိုသူတို့ထက် အလှည့် ပြန်ပေးခဲ့၏၊ ဥစ္စာပစ္စည်း၊ သားသမီး အခြွေအရံများကိုလည်း တိုးစေခဲ့၏၊ များစွာသော စစ်အင်အားကိုလည်း စီစဉ်ပေးခဲ့၏။
၁၇း၇။ သင်တို့သည် သုမင်္ဂလာပြုလျှင် ထိုသုမင်္ဂလာသည် သင်တို့၏ စရိုက်အတွက် ဖြစ်၏၊ အကုသိုလ်သည်လည်း ကိုယ်ပိုင်ပင် ဖြစ်၏၊ ထို့နောက် နောက်ကတိတော် ရောက်လာသောအခါ (ဝင်ရောက်လာသူတို့က) သင်တို့အား အကုသိုလ်ကို မျက်မှောက် ဆိုက်စေတော့၏၊ သူတို့သည် ဝတ်ကျောင်းတော်သို့ ပထမအကြိမ် ဝင်ခဲ့သကဲ့သို့ ဝင်ရောက် သွားကြလတ္တံ့၊ သူတို့သည် အပေါ်စီးမှ အဖျက်ဆီးကြီး ဖျက်ဆီးပစ်ကြလတ္တံ့။
၁၇း၈။ သင်တို့၏ ကံကြမ္မာရှင်သည် သင်တို့အား ကရုဏာ သက်နိုင်ကောင်း၏၊ သို့သော် ဆက်လုပ်နေကြလျှင် ဖုံးကွယ်သူတို့အတွက် ငရဲမီး အကျဉ်းထောင်ကို ဆက်လက်၍ စီစဉ်တော်မူပြီ။
၁၇း၉။ ဧကန်ပင် ဤ ကုရ်အာန်သည် လမ်းညွှန်ဖြစ်၏၊ ၎င်းသည် အခိုင်မြဲဆုံး ဖြစ်၍ ပြုပြင် ပြောင်းလဲမှု ကျင့်ကြံသော ယုံကြည်သူများအတွက် သတင်းကောင်း ဖြစ်၏၊ သူတို့အတွက် အကြီးကျယ်ဆုံး အကျိုးဆုလာဘ်သည် ရှိနေ၏။
၁၇း၁၀။ ဧကန်ပင် နောင်ဘဝအား ယုံကြည်မှု မရှိသော သူတို့အတွက် ငါသည် သူတို့အဘို့ စူးနစ်သော ဝဋ်ကြွေးကို ပြင်ဆင်ထား၏။
၁၇း၁၁။ လူသားသည် ကောင်းကျိုးကို ဆုတောင်းမည့်အစား ဆိုးကျိုးကို ဆုတောင်းတတ်၏၊ လူသားသည် အလျင်လိုလျက် ရှိ၏။
၁၇း၁၂။ ငါသည် နေ့နှင့် ညကို လက္ခဏာ နှစ်ရပ်အဖြစ် စီစဉ်ပြီး ည၏ လက္ခဏာကို ပျယ်လွင့်စေ၍ သင်တို့၏ ကံကြမ္မာရှင်ထံမှ သိက္ခာပေးမှုအား ရှာဖွေနိုင်ရန် မြင်ကွင်းအဖြစ် နေ့၏လက္ခဏာကို စီစဉ်တော်မူ၏၊ နှစ်အစဉ်အား တွက်ချက် သိနိုင်ကြရန် ဖြစ်စေ၏၊ ငါသည် သဗ္ဗလုံးစုံအား ရှင်းလင်း ဆုံးဖြတ်ချက်ဖြင့် ရှင်းလင်း ဆုံးဖြတ်ပေးတော်မူပြီ။
၁၇း၁၃။ ငါသည် လူသားကိုယ်စီ၏ လှုပ်ရှား လူးလား ဆန်ခတ်မှုသည် သူ့ လည်ကုပ်၌ တွန်းအား ဖြစ်လာစေ၏၊ ရပ်တည်ရသောနေ့ ကာလ၌ သူ့အတွက် ထုတ်ယူလာ၍ ထိုမှတ်တမ်း နိုးကြွနေသည်ကို ဆုံတွေ့စေတော်မူအံ့။
၁၇း၁၄။ သင့်မှတ်တမ်းကို ဖတ်လော့၊ ယနေ့တွင် သင့်စရိုက်အတွက် သင်သည် လုံလောက်သော စာရင်းစစ် ဖြစ်၏။
၁၇း၁၅။ လမ်းညွှန်မှန်၌ ရှိသူသည် သူ့စရိုက် အတွက် လမ်းညွှန် ဖြစ်၏၊ အပါယ်လမ်း၌ ရှိသူသည် ထိုအပါယ်လမ်းမှာ သူ့ကိုယ်ပိုင် ဖြစ်၏၊ မိမိအတွက် ဝန်ထမ်းနေရသူသည် အခြားသူ၏ ဝန်ကို မထမ်းဆောင်နိုင်ချေ၊ ဉာဏ်စဉ်ဆောင်တစ်ပါး မပွင့်ပေါ်မီ အထိ- ဝဋ်သင့်သူများ မဖြစ်စေပေ။
၁၇း၁၆။ ငါသည် ဒေသတစ်ခုကို တိမ်ကောစေလိုလျှင် ထိုမှ စည်းစိမ်ယစ်နေသော ယုတ်မာသူများ အပေါ် ငါ၏ ညွှန်ကြားချက် ချမှတ်၍ ၎င်းကို သစ္စာဓမ္မတော် ဖြစ်စေ၏၊ ထို့နောက် သူတို့အား အပျက်စီးခြင်း အတိဖြင့် ပျက်စီးစေ၏။
၁၇း၁၇။ နူးဟ်၏နောက် မျိုးဆက် မည်မျှကို တိမ်ကောစေခဲ့ပြီနည်း၊ ငါသည် အမှုတော်ဆောင်များ၏ ပြုမူမှုများကို သတင်းရနေသောအရှင်၊ မြင်နေသောအရှင် အဖြစ် လုံလောက်တော်မူပေ၏။
၁၇း၁၈။ အလျင်စလို လိုလားသူအား သူ့စံချိန်အလျောက် အလျင်အမြန် အလို ပြည့်စေ၏၊ တဖန် သူ့အတွက် ထောက်ထားသူမဲ့၊ ပစ်ပယ်ခံအဖြစ်ဖြင့် လောင်ကျွမ်းရန် ငရဲဘုံကို စီစဉ်ထားတော်မူပြီ။
၁၇း၁၉။ နောင်ဘဝကို လိုလား၍ ယုံကြည်သူအဖြစ်ဖြင့် လုံးပန်းထိုက်သမျှ လုံးပန်းသူများ၊ ထိုသူများအတွက် လုံးပန်းမှုများကို ကျေးဇူး ပြုတော်မူ၏။
၁၇း၂၀။ ငါသည် ဤသူများ၊ ထိုသူများ ကိုယ်စီအား သင့် ကံကြမ္မာရှင်၏ထံမှ လက်ဆောင် တိုးစေခဲ့၏၊ သင့်ကံကြမ္မာရှင်၏ လက်ဆောင်မှာ ဘောင်ခတ်ထားသည် မရှိချေ။
၁၇း၂၁။ သူတို့မှ အချို့ကို အချို့ထက် မည်သို့ သိက္ခာပေးခဲ့သည်ကို ကြည့်ကြလော့၊ နောင်ဘဝ၏ အကြီးကျယ်ဆုံးသော အခွင့်အလမ်းသည် ပိုမို ကြီးကျယ်သော သိက္ခာပေးခြင်းပင်။
၁၇း၂၂။ ထောက်ထားသူမဲ့ စွန့်ပယ်ခံအဖြစ် အထိုင်ချရန် ပရမတ်ဘုရားရှင်နှင့် အတူ နောက်ဆက်တွဲ ဘုရား မစီစဉ်ကြနှင့်။
၁၇း၂၃။ သင့် ကံကြမ္မာရှင်က ဆုံးဖြတ်သည်မှာ အရှင်မှအပ အခြားကို မကိုးကွယ်ကြနှင့်၊ မွေးမိဘတို့အပေါ် တင့်တယ်စေကြလော့၊ သူတို့မှ တစ်ဦး ဖြစ်စေ၊ သို့မဟုတ် နှစ်ဦးလုံး ဖြစ်စေ၊ ကြီးရင့်လာ၍ သင်နှင့်အတူရှိသော် သူတို့အား ရွံစရာကောင်းသည်ဟု မဆိုကြနှင့်၊ ခွန်းတုံ့ မလှန်ကြနှင့်၊ သူတို့အား ကျက်သရေ ရှိသော စကားကို ပြောဆိုကြလော့။
၁၇း၂၄။ ကရုဏာပိုင်စိုးသော လက်ရုံးရည်ဖြင့် သူတို့ အတွက် နှိမ့်ချလော့၊ “အို- ကံကြမ္မာရှင်၊ တပည့်တော်အား ငယ်စဉ်မှစ၍ ကြီးထွားလာစေသကဲ့သို့ အရှင်သည် သူတို့အား ကရုဏာ သက်တော်မူပါ၊” ဟု ဆုတောင်း ပေးကြလော့။
၁၇း၂၅။ သင်တို့၏ ကံကြမ္မာရှင်သည် သင်တို့၏ စိတ်စရိုက်ကို အသိဆုံး ဖြစ်တော်မူ၏၊ သင်တို့သည် ပြုပြင်မှု၌ ရှိလျက် ပြန်လှည့်သူ ဖြစ်လျှင် အရှင်သည် လွတ်ငြိမ်းစေသောအရှင် ဖြစ်၏။
၁၇း၂၆။ နီးစပ်သူများ၊ နွမ်းပါးသူများ၊ ခရီးသည်များကို မှန်ကန်စွာ ပေးကမ်းကြလော့၊ အလေအလွင့် မဖြုန်းတီးကြနှင့်။
၁၇း၂၇။ ဖြုန်းတီးသူများသည် မကောင်းဆိုးဝါး၏ ညီနောင်များ ဖြစ်ကြ၏၊ မကောင်းဆိုးဝါးသည် သူ့ကံကြမ္မာရှင်အား ဖုံးကွယ်သူ ဖြစ်၏။
၁၇း၂၈။ သို့မဟုတ် သင့် ကံကြမ္မာရှင်၏ထံမှ သင်မျှော်ကိုးသည့် ကရုဏာတော်အား ရှာဖွေနေစဉ် သူတို့အား ဘောင်ထားရလျှင် သူတို့အား လွယ်ကူ ပြေပြစ်သော စကားကို ဆိုလော့။
၁၇း၂၉။ သင်၏လက်အား ချုပ်တီးလျက် လည်ကုပ်ပေါ်၌ တင်ထားခြင်းနှင့် အလုံးစုံ လက်ဖွာခြင်းကို မစီစဉ်နှင့်၊ လက်ဖွာလွန်းသူသည် ကိုယ်တိုင် အပြစ်တင်မိလျက် ကြေကွဲစွာ ထိုင်နေရတတ်၏။
၁၇း၃၀။ ဧကန်ပင် သင်၏ ကံကြမ္မာရှင်သည် စံချိန်ပြည့်သူအလျောက် ရိက္ခာ တိုးပွားစေတော်မူ၏၊ စည်းကြပ်မတ်တော်မူ၏၊ အရှင်သည် အမှုတော်ဆောင်များကို သတင်းရနေသော၊ မြင်နေသောအရှင် ဖြစ်၏။
၁၇း၃၁။ ချို့တဲ့ နွမ်းပါးမည်ကို ကြောက်၍ သင်တို့၏ ရင်သွေးများကို မသတ်ကြနှင့်၊ သူတို့နှင့် သင်တို့ကို ငါ ရိက္ခာထောက်တော်မူ၏၊ သူတို့အား သတ်ဖြတ်ခြင်းသည် ကြီးကျယ်လှသော အမှားကျူးလွန်မှု ဖြစ်၏။
၁၇း၃၂။ လိင်စည်းဖေါက်ခြင်းကို မချဉ်းကပ်ကြနှင့်၊ ၎င်းသည် ကိုယ်ကျင့်ပျက်မှု ဖြစ်၍ အကုသိုလ် လမ်းစဉ် ဖြစ်၏။
၁၇း၃၃။ အမှန်တရားအတွက် မှအပ ဉာဉ်စရိုက်တစ်ခုအား မသတ်ဖြတ်နှင့်၊ ပရမတ်ဘုရားရှင်သည် ၎င်းကို တားမြစ်ထား၏၊ အမိုက်စီးစွာ သတ်ဖြတ်မိသူ အတွက် ထိုသတ်ဖြတ်မှု၌ အခွင့်အာဏာကို အလွဲသုံးစား မပြုရန် အလှည့်ကျ ဆက်ခံသူကို ငါ စီစဉ်ပေးပြီ၊ သူသည် အကူအညီကို ရရှိနိုင်၏။
၁၇း၃၄။ မိဘမဲ့တို့၏ ဥစ္စာပစ္စည်းများကို သူတို့ တင့်တင့်တယ်တယ် ရင့်ကျက်သော အရွယ်သို့ ရောက်အထိ မချဉ်းကပ်ကြနှင့်၊ ပဋိညာဉ်ကို ပြီးပြည့်စေလော့၊ ဧကန်ပင် ပဋိညာဉ်သည် စစ်ဆေးပြီး ဖြစ်ရမည်။
၁၇း၃၅။ ချိန်တွယ်သောအခါ အလေးချိန်ကို ပြည့်စေလော့၊ အချိန်အဆမှန်စွာ ရပ်တည်၍ ချိန်လော့၊ ဤသည် ပို၍ ကောင်း၏၊ တင့်တယ်သော အဓိပ္ပါယ် ဖြစ်၏။
၁၇း၃၆။ သင့်၌ အသိဉာဏ် ဗဟုသုတ မရှိသော အရာအား ထပ်ဆင့် မဖြန့်နှင့်၊ ဧကန်ပင် အကြား၊ အမြင်၊ စိတ်နှလုံးများ- ၎င်းတို့ ကိုယ်စီ စစ်ဆေးခံရလတ္တံ့။
၁၇း၃၇။ မြေကမ္ဘာပေါ်၌ ပမာမခန့် မသွားလာကြနှင့်၊ သင်သည် မြေကမ္ဘာကို မခွဲပစ်နိုင်၊ တောင်ထိပ်အမြင့်ထိ မဆိုက်နိုင်ပေ။
၁၇း၃၈။ ဤ အကုသိုလ် ကိုယ်စီသည် သင့် ကံကြမ္မာရှင်၏ ထံတော်၌ မနှစ်မြို့ဘွယ်များ ဖြစ်၏။
၁၇း၃၉။ ဤသည် သင့်ထံသို့ သင့်ကံကြမ္မာရှင်၏ ဓမ္မသတ်တော်မှ အာရုံ ဖြစ်စေရာတို့ ဖြစ်၏၊ အပြစ်တင်ခံရ၊ လောင်ကျွမ်းရမည့် ငရဲထဲ၌ ခင်းကျင်းမခံရရန် ပရမတ်ဘုရားရှင်နှင့်အတူ နောက်ဆက်တွဲ ဘုရားများ မစီစဉ်ကြနှင့်။
၁၇း၄၀။ အသို့နည်း၊ သင်တို့၏ ကံကြမ္မာရှင်က သင်တို့အတွက် သား ယောက်ျားများကို ရွေးချယ်၍ အရှင်ကိုယ်တိုင် အတွက်မူ နတ်ဒေဝတာများမှ သမီးများကို ယူလေသလော၊ သင်တို့သည် ဝန် ကြီးလှသော စကားကို ပြောဆိုကြ၏။
၁၇း၄၁။ သူတို့ ဆင်ခြင် သတိရှိစေရန် ဤ ကုရ်အာန်၌ ထပ်ပြန် တလဲလဲ ရှင်းပြ၏၊ သို့သော် ၎င်းသည် သူတို့အတွက် စစ်သွေးကြွစိတ်ကိုသာ တိုးစေ၏။
၁၇း၄၂။ သူတို့ပြောသကဲ့သို့ အခြားဘုရားများသည် အရှင်နှင့်အတူ ရှိနေလျှင် သူတို့သည် ထပ်ဆင့် ကွပ်ကဲသည့် အရှင်ထံသို့ ရောက်မည့်လမ်းကို ရှာဖွေကြလတ္တံ့ ဟု ဟောပြောလော့။
၁၇း၄၃။ ဦးထိပ်ထားအပ်သော အရှင်သည် အကြီးအကျယ် အထွဋ်အထိပ် ပြောကြခြင်းထက် အထွဋ်အထိပ် ဖြစ်တော်မူ၏။
၁၇း၄၄။ အရှင့်အား ဦးထိပ်ထားကြလော့၊ အာကာ ခုနစ်ဆက်နှင့် မြေကမ္ဘာကြား အရာများသည် အရှင်အား ရည်သန် စူးစိုက် ဦးထိပ်ထားနေသော ဝတ္ထုချည်းသာ ဖြစ်၏၊ သို့သော် သူတို့၏ ဦးထိပ်ထားခြင်းကို သင်တို့ နားမလည်နိုင်ကြချေ၊ အရှင်သည် နူးညံ့သိမ်မွေ့၏၊ လွတ်ငြိမ်းစေသောအရှင် ဖြစ်ပေ၏။
၁၇း၄၅။ သင်သည် ကုရ်အာန်အား ရွတ်ဖတ်သောအခါ သင်၏ကြား၊ နောင်ဘဝအား မယုံကြည်သော သူတို့၏ကြား၌ ပုန်းကွယ်နေသော စည်းခြားမှု စီစဉ် ထားတော်မူ၏။
၁၇း၄၆။ သူတို့၏ နှလုံးသား၌ ကွယ်ကာမှုနှင့် သူတို့၏ နားများ လေးလျက် နားမလည်ခြင်းကို ငါ စီစဉ်ထားပြီ၊ ကုရ်အာန်မှ သင့် ကံကြမ္မာရှင်၏ ဧကောဒိဂုဏ်ကို သင် သတိ ဖေါ်ပေးသောအခါ သူတို့သည် စစ်သွေးကြွစိတ်ဖြင့် လှည့်သွားကြ၏။
၁၇း၄၇။ သူတို့သည် သင့်ဘက်သို့ နားစွင့်သောအခါ မည်သည့်အရာကို သူတို့ နားထောင်ချင်ကြောင်း ငါ အသိဆုံး ဖြစ်တော်မူ၏၊ သူတို့ချင်း သီးခြား တိုင်ပင်သောအခါ အမိုက်ကောင်များက “သင်တို့သည် ပြုစားခံရသော လူကိုသာ လိုက်နာနေကြပြီ၊” ဟု ဆိုကြ၏။
၁၇း၄၈။ သင့်အား မည်သို့ ပမာများဖြင့် ဥပမာပေးသည်ကို ကြည့်လော့၊ သူတို့သည် လမ်းလွဲကြကုန်၏၊ အခြား တတ်နိုင်မည့် လမ်းစဉ် မရှိချေ။
၁၇း၄၉။ သူတို့က “ကျွန်ုပ်တို့သည် အရိုးများဖြစ်ပြီး၊ ဆွေးမြေ့ ကြေမွပြီးသော် အသစ်တဖန် ဖြစ်တည် နိုးထရမည်လော၊” ဟု မေးကြ၏။
၁၇း၅၀။ ဟောလေ့၊ “သင်တို့သည် ကျောက်ခဲ၊ သို့မဟုတ် သံအတိ ဖြစ်ငြားသော်လည်း။-
၁၇း၅၁။ သို့မဟုတ် သင်တို့သည် ရင်တွင်း၌ ပို၍ မာနကြီးသော ဖြစ်တည်ခံများ ဖြစ်သော်လည်း၊-” “မည်သူက ကျွန်ုပ်တို့အား ဆက်၍ ဖြစ်စေသနည်း၊” ဟု သူတို့ ပြောကြလတ္တံ့၊ ဟောလော့၊ “ပထမအကြိမ်က သင်တို့၏ မူလလက်သည် အရှင်ပင် ဖြစ်၏၊” ထိုအခါ သူတို့၏ ဦးခေါင်းများကို ခါလျက် သင့်အား “၎င်းသည် မည်သည့် အချိန်တွင် ဖြစ်မည်နည်း၊” ဟု မေးကြလတ္တံ့၊ ဟောလော့၊ “ယင်းသည် အလွန် နီးကပ်နိုင်ရာ၏။”
၁၇း၅၂။ သင်တို့အား ဖိတ်ခေါ်သောနေ့ ကာလ၌ အရှင့်အား ရည်သန် စူးစိုက်လျက် အဖြေပေးကြလော့၊ သင်တို့သည် ခေတ္တခဏမျှသာ ဆိုင်းနေခဲ့ရသည်ဟု စဉ်းစားမိလတ္တံ့။
၁၇း၅၃။ ငါ၏ အမှုတော်ဆောင်များအား- ဟောလော့၊ ပြောဆိုရာတွင် ထို၌ တင့်တယ်စေလော့၊ မကောင်းဆိုးဝါးသည် သူတို့၏ ကြား၌ သွေးကွဲစေလိမ့်မည်၊ မကောင်းဆိုးဝါးသည် လူသားတို့အား ရှင်းလင်း ထင်ရှားစွာ စည်းဖေါက်သူ ဖြစ်၏။
၁၇း၅၄။ သင်တို့၏ ကံကြမ္မာရှင်သည် သင်တို့အကြောင်းကို အသိဆုံး ဖြစ်တော်မူ၏၊ စံချိန်ပြည့်မီသည့် အလျောက် သင်တို့အား ကရုဏာ သက်တော်မူ၍ စံချိန်ပြည့်မီနှင့်အညီ သင်တို့အား ဝဋ်ကြွေးသင့်စေမည်ပင်၊ ငါသည် သင့်အား သူတို့၏ ကိုးစားခံရသူ အဖြစ် စေစားသည် မဟုတ်ချေ။
၁၇း၅၅။ သင့် ကံကြမ္မာရှင်သည် မိုးများနှင့် မြေ၌ ရှိသူတို့၏ အကြောင်းကို အသိဆုံး ဖြစ်တော်မူ၏၊ အရှင်သည် သတင်းတော်ဆောင်များအနက် အချို့ကို အချို့ထက် သိက္ခာရှိစေခဲ့ပြီ၊ ငါသည် ဒါဝိဒ်အား ကျမ်းငယ်ကို ချီးမြှင့်ခဲ့၏။
၁၇း၅၆။ ဟောလော့၊ “အရှင်မှလွဲ၍ သင်တို့ ရပ်တည် ပြောဆိုသော သူများထံ၌ ဆုတောင်းကြည့်လော့၊ သူတို့သည် သင်တို့၌ သက်သောဆိုးကျိုးကို ဖယ်ရှားနိုင်သည့် ဩဇာအာဏာ မရှိ၊ စည်းတား ထားနိုင်သည်လည်း မဟုတ်ချေ။”
၁၇း၅၇။ သူတို့သည်ပင် သူတို့၏ ကံကြမ္မာရှင်ထံ၌ ဆုတောင်းလျက် အရှင်နှင့် နီးကပ်မှု ရှာဖွေနေကြ၏၊ အရှင်၏ ကရုဏာတော်အား မျှော်ကိုးကြ၏၊ ဝဋ်ကြွေးဒဏ်အား ကြောက်ရွံ့ကြ၏၊ သင့်ကံကြမ္မာရှင် ပြဌာန်းသော ဝဋ်ကြွေးသည် သတိထားစရာပင် ဖြစ်၏။
၁၇း၅၈။ ရပ်တည်ရမည့်နေ့ ကာလ မတိုင်မီ ငါသည် အရပ်ဒေသများအား တိမ်ကောစေမည်၊ သို့မဟုတ် ပြင်းထန်သော ဝဋ်ကြွေးဖြင့် ဝဋ်ကြွေးသင့်စေမည်၊ ၎င်းကို လောကဓမ္မ၌ ရေးမှတ်ထားပြီး ဖြစ်၏။
၁၇း၅၉။ ရှေးမျိုးဆက်များသည် သုတ်ဒေသနာများအား ငြင်းဆန်ခြင်းကြောင့်သာ ငါ၏ စေစားရာများကို ပိတ်ပင်စေ၏၊ ငါသည် သမူဒ်တို့ထံ မြင်သာသော ကုလားအုပ်မကို ချီးမြှင့်ခဲ့၏၊ သူတို့သည် သူမအပေါ် အဝိဇ္ဇာ သင့်ကြ၏၊ သုတ်ဒေသနာများအား စိုးကြောက်တတ်စေရန် အတွက်သာ ငါ စေစားတော်မူ၏။
၁၇း၆၀။ သင့်အား ငါ မိန့်သည်မှာ သင့် ကံကြမ္မာရှင်သည် လူသားတို့အား ဝန်းရံထားတော်မူ၏၊ ငါက သင့်အား မြင်စေသော အမြင်ရမှုမှာ လူသားတို့အား စမ်းသပ်ခြင်းနှင့် ကုရ်အာန်လာ မေတ္တာမဲ့ သစ်ပင်ကို စီစဉ်ထားခြင်းသာ ဖြစ်၏၊ သူတို့အား စိုးကြောက်စေသော်လည်း သူတို့သည် ကြီးစွာသော စည်းဖျက်မှုကိုသာ တိုးပွားနေကြ၏။
၁၇း၆၁။ နိမိတ်ဆောင်တို့ကို “အာဒံအား ဦးချကြလော့၊” ဟု ငါ မိန့်သော် ဦးချကြကုန်၏၊ သို့သော် ရှေးရိုးစွဲက “မြေမှုန့်မှ ဖြစ်တည်စေသော သူအား ဦးချ ရမည်လော၊” ဟု ဆို၍။-
၁၇း၆၂။ “အရှင်သည် တပည့်တော်ထက် ပို၍ ကျက်သရေ ရှိသော သူအား မြင်ကြည့်ပါလော့၊ တပည့်တော်အား ရပ်တည်ရသောနေ့ ကာလထိ နောက်ဆုတ်ပေးထားပါလျှင် အနည်းငယ်မှအပ သူ၏ သားစဉ်မြေးဆက်များကို တပည့်တော် အကျင့်ဖျက်နိုင်ပါ၏၊” ဟု ပြောသော်။-
၁၇း၆၃။ အရှင်မိန့်သည်မှာ “သွားလော့၊ သူတို့မှ သင့်အား လိုက်နာသူများအား အစားပေးခြင်းမှာ အပြည့်အဝ အစားပေးခြင်း၊- ငရဲဘုံ ဖြစ်၏။
၁၇း၆၄။ သူတို့မှ သင်တို့ တတ်နိုင်သူတို့အား သင် အသံလွှင့် တပ်လှန့်လော့၊ သူတို့နှင့် ဆန့်ကျင်၍ သင်၏ ခြေမြန်တပ်၊ ခြေလျှင်တပ်များဖြင့် ကာကွယ်လော့၊ သူတို့၏ ဥစ္စာပစ္စည်း ရင်သွေးများနှင့် ကတိရှိသူများ ရောပြွန်း ပါဝင်စေလော့၊ မကောင်းဆိုးဝါး၏ ကတိသည် မြှူဆွယ်ခြင်းသာ ဖြစ်၏။
၁၇း၆၅။ ငါ၏ အမှုတော်ဆောင်များအပေါ် သင် ဩဇာ အာဏာ မရှိချေ၊ သင့် ကံကြမ္မာရှင်သည် သူတို့အတွက် ကိုးစားထိုက်သည့် အရှင် အဖြစ် လုံလောက်၏၊” ဟု ဖြစ်၏။
၁၇း၆၆။ အရှင်၏ သိက္ခာပေးခြင်းမှ ရှာဖွေနိုင်ရန် သင်တို့၏ ကံကြမ္မာရှင်သည် သင်တို့ အဘို့ငှာ သင်္ဘောများကို ပင်လယ်ပြင်၌ ရွေ့လျားစေသောအရှင် ဖြစ်၏၊ အရှင်သည် သင်တို့အတွက် အကြင်နာ သက်နေသောအရှင် ဧကန် ဖြစ်၏။
၁၇း၆၇။ ပင်လယ်ပြင်၌ သင်တို့အား ဘေးဥပဒ် ထိသက်သော် အရှင်မှအပ အခြား ဆုတောင်းခံများကို လွှဲဖယ်ခဲ့၍ သို့သော် အရှင်သည် သင်တို့အား ကုန်းမြေသို့ လွတ်မြောက်စေသောခါ ချက်ချင်း ဘောင်ကန့်ပစ်ကြကုန်၏၊ လူသားသည်ကား ဖုံးကွယ်တတ်သူပင် ဖြစ်၏။
၁၇း၆၈။ သင်တို့အား မြေနံရံပြို၊ မြိုစေခြင်းမှ၊ သို့မဟုတ် သင်တို့ထံသို့ သဲမုန်တိုင်းကို စေစားခံရခြင်းမှ လုံခြုံပြီဟု ယုံကြည်နေကြသလော၊ သို့ဖြစ်ခဲ့သော် သင်တို့အတွက် ကိုးစားနိုင်မည့်သူကို တွေ့ရမည် မဟုတ်ချေ။
၁၇း၆၉။ သို့တည်းမဟုတ် သင်တို့၏ ဖုံးကွယ်မှုများအတွက် အရှင်သည် သင်တို့အား နောက်တစ်ကြိမ် ဆက် မဖြစ်တော့ဟု၊ သင်တို့အား နစ်မြုပ်စေမည့် လေမုန်တိုင်းကို မစေတော့ဟု၊ ယုံကြည် နေကြသလော၊ တဖန် ထိုအဖြစ်သနစ်၌ ငါ့အား ဆန့်ကျင်၍ လိုက်နာရမည့်သူကို တွေ့ရမည် မဟုတ်ချေ။
၁၇း၇၀။ မုချပင် ငါသည် အာဒံ၏ သားသမီးများအား ကျက်သရေရှိစေ၏၊ ကုန်းလမ်း၊ ရေလမ်းဖြင့် သယ်ဆောင်ပေးတော်မူ၏၊ သူတို့အား စင်ကြယ်ရာများမှ ရိက္ခာ ထောက်ပေး၏၊ ငါ ဖြစ်တည်ပေးသောသူ များစွာထက် သိက္ခာပေးခြင်းဖြင့် သိက္ခာ ပေးတော်မူ၏။
၁၇း၇၁။ လူသားကိုယ်စီ သူတို့၏ ရှေ့ဆောင်များနှင့်အတူ ဖိတ်ခေါ်ခံရသော နေ့၌ သူ့ မှတ်တမ်းအား အားသန်ရာ လက်သို့ ပေးအပ်ခံရသူသည် သူတို့၏ စာအုပ်ကို သူတို့ ဖတ်ရလတ္တံ့၊ သူတို့အား အမှုန်အမွှားမျှပင် အဝိဇ္ဇာသင့်စေမည် မဟုတ်ချေ။
၁၇း၇၂။ ဤပစ္စုပ္ပန်၌ ကန်းသူသည် အနာဂတ်တွင်လည်း အကန်းဖြစ်လျက် ပို၍ လွဲမှားသော လမ်းစဉ်၌ ရှိလတ္တံ့။
၁၇း၇၃။ သူတို့သည် သင့်အား သင့်ထံ၌ အာရုံဈာန် ဖြစ်စေရာမှ သွေးတိုးစမ်း လို၏၊ ငါ့ကို ဆန့်ကျင်လျက် ၎င်းထက် အခြားအရာကို လုပ်ကြံ ဖန်တီးစေလို၏၊ သို့မှသာ သင့်အား အတွင်းလူ အဖြစ် မှတ်ယူလိုကြ၏။
၁၇း၇၄။ ငါသည် သင့်အား မခိုင်မာစေခဲ့လျှင် သူတို့ဘက်သို့ တစ်စုံတစ်ရာ အနည်းငယ် သင် ယိမ်းညွတ်နိုင် ကောင်း၏။
၁၇း၇၅။ သို့ဖြစ်သော် ငါသည် သင့်အား ဤသက်တမ်း၌ နှစ်ဆ၊ ခန္ဓာဝန် ချပြီးနောက် နှစ်ဆ၊ မြည်းစမ်းစေမည်ပင်၊ တဖန် ငါ့အား ဆန့်ကျင်၍ ကူညီမည့်သူကို တွေ့ရမည် မဟုတ်ချေ။
၁၇း၇၆။ သူတို့သည် သင့်အား တိုင်းပြည်မှ လှန့်ထုတ်ရန်၊ ထိုမှ နှင်ထုတ်ပစ်ရန်၊ တကဲကဲပြု၏၊ သင်မရှိသည့်နောက် သူတို့သည် ခေတ္တမျှသာ စောင့်ဆိုင်းရပေတော့မည်။
၁၇း၇၇။ သင့် ရှေ့အလျင် စေစားသော ငါ၏ ဉာဏ်စဉ်ဆောင်များသည်လည်း မုချပင် ဤဓလေ့တော် အတိုင်းရှိ၏၊ ငါ၏ ဓလေ့တော်အား စည်းတားထားနိုင်သူဟု တွေ့ရမည် မဟုတ်ချေ။
၁၇း၇၈။ နေ မွန်းလွဲမှ ညဘက် အေးစိမ့်မှောင်လာချိန်ထိ ဝတ်ပြု မြဲကြလော့၊ အလင်းဖြာထွက်- ကုရ်အာန်၊ ဧကန်ပင် အလင်းဖြာထွက် ကုရ်အာန်ကို သက်သေ ဖြစ်စေ၏။
၁၇း၇၉။ ည၌ သင့်အား ထပ်ပေါင်း၍ အိပ်သတိရှိစေ၏၊ သင့် ကံကြမ္မာရှင်သည် သင့်အား ရည်သန် စူးစိုက်ခံရသော ရပ်တည်မှု ခိုင်မာသော အဆင့်သို့ ပေါက်မြောက် စေနိုင်ရာ၏။
၁၇း၈၀။ “ကံကြမ္မာရှင်၊ တပည့်တော်အား ဖြောင့်မတ်သော ဝင်ခြင်းဖြင့် ဝင်ခွင့် ပြုပါ၊ ဖြောင့်မတ်သော ထွက်ခွာခြင်းဖြင့် ထွတ်ခွာ ခွင့်ပြုပါ၊ အရှင့်ထံတော်မှ တန်ခိုး အာဏာဖြင့် တပည့်တော်အား ကူညီမှု စီစဉ်တော်မူပါ၊” ဟု ဆုတောင်းလော့။
၁၇း၈၁။ ဟောလော့၊ “သစ္စာတရား ရောက်ရှိလာပြီ၊ မိစ္ဆာတရား ခွဲခွာ ပျောက်ကွယ်ရပြီ၊ ဧကန်ပင် မိစ္ဆာတရားသည် ခွဲခွာ ပျောက်ကွယ်ရမည်သာတည်း။”
၁၇း၈၂။ ငါသည် ကုရ်အာန်မှ- ယုံကြည်သူတို့အတွက် ကုစားရာနှင့် ကရုဏာတော်အား ချမှတ်တော်မူပြီ၊ အမိုက်ကောင်များအား ပျက်စီး ဆုံးရှုံးရခြင်းကိုသာ တိုးပွားစေ၏။
၁၇း၈၃။ ငါသည် လူသားအား ဂုဏ်ပေးသောအခါ သူသည် ဘေးတိုက် ဘောင်ကန့်၍ ကင်းကင်းနေ၏၊ သူ့အား ဆိုးကျိုးသင့်သောအခါ လက်လျော့တော့၏။
၁၇း၈၄။ ဟောလော့၊ “ပုံစံ ကိုယ်စီဖြင့် ကျင့်ကြံနေကြ၏၊ သင်တို့၏ ကံကြမ္မာရှင်က မည်သူသည် ညွှန်ပြသော လမ်းစဉ်၌ ရှိသည်ကို အသိဆုံး ဖြစ်တော်မူ၏၊”
၁၇း၈၅။ ဉာဏ်စဉ်တော်နှင့် စပ်လျဉ်း၍ မေးမြန်းကြသူတို့အား ဟောလော့၊ “ဉာဏ်စဉ်တော်သည် ကံကြမ္မာရှင်၏ ညွှန်ကြားချက်မှ ဖြစ်၏၊ သင်တို့အား ချီးမြှင့်ခြင်းမှာ အသိကွန်ယက်မှ အနည်းငယ်မျှသာ ဖြစ်၏။”
၁၇း၈၆။ စံချိန်ပြည့်မီလျှင် သင့်၌ ငါ အာရုံဈာန် ဖြစ်စေခဲ့ရာကို ပြန်လည် ရုပ်သိမ်းပစ်နိုင်၏၊ သို့ဖြစ်လျှင် ငါ့အား ဆန့်ကျင်၍ သင့်အတွက် ကိုးစားနိုင်မည့်သူကို တွေ့ရမည် မဟုတ်ချေ။
၁၇း၈၇။ ဤသည် သင့် ကံကြမ္မာရှင်၏ထံမှ ကရုဏာ ဖြစ်၏၊ အရှင်၏ သိက္ခာပေးခြင်းသည် သင့်အပေါ်၌ ဧကန် ကြီးမားလှ၏။
၁၇း၈၈။ ဟောလော့၊ “ကလျာဏနှင့် အန္ဓပုထုဇဉ်တို့သည် ဤကုရ်အာန်ကဲ့သို့ ယူခဲ့ရန် စုပေါင်းကြသော်လည်း ထိုကဲ့သို့ ယူခဲ့နိုင်သည် မဟုတ်ချေ၊ သူတို့မှ အချို့သည် အချို့ကို ကျောထောက် နောက်ခံ ပြုသူများ ဖြစ်ကြ၏။”
၁၇း၈၉။ ငါသည် လူသားများအတွက် ဤကုရ်အာန်၌ ဥပမာ ကိုယ်စီဖြင့် ထပ်ပြန်တလဲလဲ ရှင်းပြ၏၊ သို့သော် လူသား အများစုသည် ဖီဆန်လျက် ဖုံးကွယ်ခြင်း၌သာ ရှိကြ၏။
၁၇း၉၀။ သူတို့က ပြောကြသည်မှာ “ကျွန်ုပ်တို့အတွက် မြေအောက် ရေအိတ်မှ ပန်းထွက်စေသည့်တိုင် သင့်အား ယုံကြည်မည် မဟုတ်။
၁၇း၉၁။ သို့မဟုတ် သင့်၌ စွန်ပလွံ၊ စပျစ်၊ ဥယျာဉ် တစ်ခုရှိ၍ စမ်းချောင်းကို အတွင်းမှ ရေပန်း စီးထွက်စေသော်လည်း။-
၁၇း၉၂။ သို့မဟုတ် သင် ရပ်တည် ပြောဆိုသကဲ့သို့ ကောင်းကင်ယံသည် ကျွန်ုပ်တို့ အပေါ်သို့ အစိတ်စိတ် ပြိုကျစေသော်လည်း၊ သို့မဟုတ် ပရမတ်ဘုရားရှင်နှင့် နတ်ဒေဝတာများကို ကျွန်ုပ်တို့ရှေ့သို့ ယူခဲ့သော်လည်း။-
၁၇း၉၃။ သို့မဟုတ် သင့်တွင် ရွှေနန်းပြာသာဒ် ရှိသော်လည်း၊ သို့မဟုတ် သင်သည် ကောင်းကင်၌ ဈာန်ပျံပြသော်လည်း၊ သင် ဈာန်ပျံခြင်းသည် ကျွန်ုပ်တို့ ဖတ်နိုင်သော ကျမ်းတစ်ဆူ မချမှတ်နိုင်သ၍ ယုံကြည်မည် မဟုတ်ချေ၊” ဟု ဖြစ်၏၊ ဟောလော့၊ “ဦးထိပ်ထားသော- ကျွန်ုပ်၏ ကံကြမ္မာရှင်အားဖြင့် ကျွန်ုပ်သည် လူပုဂ္ဂိုလ် ဉာဏ်စဉ်တော်ဆောင် တစ်ပါးမျှသာ ဖြစ်၏။”
၁၇း၉၄။ သူတို့ထံသို့ လမ်းညွှန်တရား ရောက်လာသောအခါ “ပရမတ် ဘုရားရှင်သည် လူပုဂ္ဂိုလ်ကို ဉာဏ်စဉ်ဆောင်အဖြစ် ပွင့်ပေါ်စေ၏၊” ဟု ပြောဆိုခြင်း မှအပ အခြားက လူသားတို့အား ယုံကြည်ခြင်းမှ ပိတ်ပင်ထားသည် မဟုတ်ချေ။
၁၇း၉၅။ ဟောလော့၊ “မြေကမ္ဘာ၌ နတ်ဒေဝတာများ ဘဝင်တကျ သွားလာနေကြလျှင် ငါသည် သူတို့ထံသို့ ကောင်းကင်ယံမှ နတ်တစ်ပါးကို ဉာဏ်စဉ်ဆောင်အဖြစ် ချမှတ်ပေးလတ္တံ့။”
၁၇း၉၆။ ဟောလော့၊ “ကျွန်ုပ်၏ကြား၊ သင်တို့ကြား၌ ပရမတ်ဘုရားရှင်သည် သက်သေအဖြစ် လုံလောက်ပေ၏၊ အရှင်သည် အမှုတော်ဆောင်များကို သတင်းရနေသော၊ မြင်နေသောအရှင် ဖြစ်၏။”
၁၇း၉၇။ ပရမတ်ဘုရားရှင်က လမ်းညွှန်သူသည် လမ်းညွှန်မှန်၌ ရှိ၏၊ လမ်းလွဲစေသူ- ထိုသူများအတွက် အရှင်မှလွဲ၍ မဟာမိတ်ဟူ၍ တွေ့ရမည် မဟုတ်ချေ၊ ရပ်တည်ရသော နေ့၌ သူတို့အား ကန်းသူ၊ အသူ၊ ပင်းသူ၊ မျက်နှာများဖြင့် စုစည်းခံရစေလတ္တံ့၊ သူတို့၏ ခိုလှုံရာသည် ငရဲဘုံ ဖြစ်၍ အချိန်တိုင်း တအိအိ တိုးလျက် လောင်စာ တောက်နေစေလတ္တံ့။
၁၇း၉၈။ ဤသည် ငါ၏ သုတ်ဒေသနာများကို ဖုံးကွယ်ခြင်းကြောင့် သူတို့အတွက် အစားပေးခြင်း ဖြစ်၏၊ သူတို့က “ကျွန်ုပ်တို့သည် အရိုးများ ဖြစ်ပြီး၊ ဆွေးမြေ့ ကြေမွပြီးသော် အသစ်တဖန် ဖြစ်တည် နိုးထရမည်လော၊” ဟု ဆိုကြ၏။
၁၇း၉၉။ ပရမတ်ဘုရားရှင်သည် ဧကန်ပင် မိုးများနှင့် မြေကမ္ဘာအား စည်းချိန်တကျ ဖြစ်တည်စေသကဲ့သို့ သူတို့အား ဖြစ်တည်စေနိုင်သည်ကို မမြင်ကြသလော၊ အရှင်သည် သံသယဖြစ်ဘွယ် မရှိသော သတ်မှတ်ကာလကို စီစဉ်ထားပြီ၊ အမိုက်ကောင်များသည်ကား ဖီဆန်လျက် ဖုံးကွယ်ခြင်း၌သာ ရှိကြ၏။
၁၇း၁၀၀။ ဟောလော့၊ “သင်တို့သည် ကျွန်ုပ်ကံကြမ္မာရှင်၏ ကရုဏာ၊ ဘဏ္ဍာတော်များကို အစိုးရလျှင် သုံးစွဲရမည်ကို ကြောက်ရွံ့လျက် ထိန်းထားကြလတ္တံ့၊ ဧကန်ပင် လူသားသည် စေတနာ မွဲလှ၏။”
၁၇း၁၀၁။ ငါသည် မူဆာအား သုတ်ဒေသနာ ကိုးပါးဖြင့် ချီးမြှင့်တော်မူ၍ ဂျူးလူမျိုးတို့အား မေးမြန်းတော်မူ၏၊ သူတို့ထံသို့ သူရောက်လာသောအခါ ဖာရိုးက သူ့အား “အို- မူဆာ၊ သင့်အား ပြုစားခံရသူဟု ကျွန်ုပ် စဉ်းစားမိ၏၊” ဟု ဆိုသော်။-
၁၇း၁၀၂။ သူက “ဤ ချမှတ်ပေးသော အရာများသည် မိုးများနှင့် မြေ၏ ကံကြမ္မာရှင်၏ထံမှ အမြင်ပေါက်ခြင်းသာ ဖြစ်ကြောင်း အသင် မုချ သိပါ၏၊ အို- ဖာရိုး၊ သင်သည် ဖျက်ပယ်ခံရမည့်သူဟု ကျွန်ုပ် စဉ်းစားမိ၏၊” ဟု ပြန်ပြောသဖြင့်။-
၁၇း၁၀၃။ သူတို့အား တိုင်းပြည်မှ လှန့်ထုတ်လို၏၊ ငါသည် ဖာရိုးနှင့်တကွ သူ့လူ အားလုံးကို နစ်မြုပ်စေခဲ့ပြီ။
၁၇း၁၀၄။ သူ၏နောက် ငါသည် ဂျူးလူမျိုးတို့အား “တိုင်းပြည်တွင်း အခြေချကြလော့၊ အနာဂတ်နှင့် စပ်လျဉ်းသော ကတိတော် ရောက်လာသောအခါ သင်တို့အား လုံးထွေး ရစ်ပတ်လျက် ငါထံသို့ ရောက်လာစေလတ္တံ့၊” ဟု မိန့်တော်မူခဲ့၏။
၁၇း၁၀၅။ ပရမတ္ထသစ္စာဖြင့် ၎င်းကို ငါ ချမှတ်ပေးတော်မူ၏၊ သစ္စာတရားသည် ချမှတ်ခံခဲ့ရပြီ၊ သင့်အား သတင်းကောင်းပါးသူ၊ သတိပေးသူ အဖြစ်ဖြင့်သာ စေပို့တော်မူ၏။
၁၇း၁၀၆။ ငါသည် ကုရ်အာန်အား အရစ်ကျ ဖြစ်စေခြင်းမှာ လူသားတို့ အပေါ် တင်ကျန်နေရန် သင် ရွတ်ပြနိုင်အံ့ငှာ ဖြစ်၏၊ ငါသည် ၎င်းကို အဆင့်ဆင့် ချမှတ်ပေး၏။
၁၇း၁၀၇။ ဟောလော့၊ “ထို၌ ယုံကြည်သည် ဖြစ်စေ၊ မယုံကြည်သည် ဖြစ်စေ၊ ဤရှေ့အလျင်က အသိပညာ ချီးမြှင့်ခံရသော သူများသည် သူတို့အား ရွတ်ဖတ် ပြသောအခါ မျက်နှာချ၊ ဦးချ ပြဝပ်ကြ၏။”
၁၇း၁၀၈။ သူတို့က “တပည့်တော်တို့၏ ကံကြမ္မာရှင်အား ဦးထိပ်ထားပါ၏၊ ဧကန်ပင် တပည့်တော်တို့အား ပေးခဲ့သည့် ကတိတော်ကို စီမံပြီးလေပြီ၊” ဟု ရင့်ကျူးကြ၏။
၁၇း၁၀၉။ သူတို့သည် မျက်နှာချ၊ ပြဝပ်၍ သူတို့အား ကျို့ငဲ့ခြင်းစိတ်ကို ပွားစေသော မျက်ရည်များကျ၏။
၁၇း၁၁၀။ ဟောလော့၊ “ပရမတ်ဘုရားရှင်ဟု တသလော့၊ သို့မဟုတ် တသလေ့ရှိမြဲ ကရုဏာရှင် ဟု တသလော့၊ သပ္ပါယ်သော ဂုဏ်တော်များသည် အရှင့်အဘို့ ဖြစ်၏၊ သင်တို့၏ ဝတ်ပြုမှုအား အသံမကျယ်လွန်း၊ မတိုးလွန်း၊ ထိုနှစ်ရပ်ကြား နည်းလမ်းကို ရှာဖွေလော့။”
၁၇း၁၁၁။ “ပရမတ်ဘုရားရှင်သည် ရည်သန် စူးစိုက်မှုတည်ရာ ဖြစ်၏၊ ကိုယ်ပွား ယူထားခြင်း မရှိ၊ အရှင်၏ ဩဇာအာဏာ၌ ရောပြွန်း ဖက်စပ်မရှိ၊ နိမ့်ပါးခြင်း ကင်း၍ မဟာမိတ် မလိုချေ၊ အရှင်၏ ကြီးကျယ်မှုသည် အကြီးကျယ်ဆုံး ဖြစ်တော်မူ၏၊” ဟု ဟောပြောလော့။
ဓမ္မခန္ဓာ (၁၇) ဤတွင် ပြီး၏။
ဓမ္မခန္ဓာ (၁၈) လိုဏ်ဂူ
ဉာဏ်စဉ်ကိန်းဝပ်ပေးမှု အမှတ်စဉ် ၆၉၊ သုတ်ဒေသနာ အပါး ၁၁၀။
ကရုဏာရှင် အကြင်နာရှင် ဖြစ်တော်မူသော ပရမတ်ဘုရားရှင်၏ ဂုဏ်တော်အားဖြင့်-
၁၈း၁။ ရည်သန် စူးစိုက်မှုအပေါင်းသည် အရှင့် အမှုတော်ဆောင်ထံ၌ ကျမ်းတော်ကို ချမှတ်ပေးသည့် ပရမတ်ဘုရားရှင် အဘို့သာတည်း၊ ၎င်း၌ ကောက်ကျစ်မှု စီစဉ်ထားသည် မရှိချေ။
၁၈း၂။ အရှင့်ထံတော်မှ ပြင်းထန်သော အမင်္ဂလာ အကြောင်း သတိပေးဘို့ရာ၊ ပြုပြင် ပြောင်းလဲမှု ကျင့်ကြံသော သူများအတွက် သတင်းကောင်း ဖြစ်ဘို့ရာ၊ တည်တံ့ ခိုင်မြဲစေ၏၊ ဧကန်ပင် သူတို့အတွက် တင့်တယ်သော ဆုလာဘ်သည် ရှိနေ၍။-
၁၈း၃။ ထို၌ ကာလပိုင်းခြားမဲ့ သောင်တင်နေထိုင်ရမည်ပင်။
၁၈း၄။ ပရမတ်ဘုရားရှင်သည် ကိုယ်ပွား ယူထား၏ ဟု ဆိုသော သူတို့အား သတိပေးလော့။
၁၈း၅။ သူတို့နှင့် သူတို့၏ မိရိုးဖလာသည် ထို၌ အသိပညာ မရှိဘဲ ပါးစပ်များမှ ထုတ်သော စကားသည် ကြီးကျယ်လှ၏၊ မုသားကိုသာ ပြောနေကြ၏။
၁၈း၆။ ဤ ဆင့်ပြန်ချက်အား သူတို့၏ မယုံကြည်သော ရိုးရာကြောင့် သင့် စိတ်ကို သင် ဖြေမဆယ်နိုင် ဖြစ်ရာ၏။
၁၈း၇။ သူတို့မှ တင့်တယ်သော ကျင့်ကြံမှုများကို စုံစမ်းရန် အလို့ငှာ ကမ္ဘာမြေပေါ်၌ စွဲမက်စရာများကို ငါ စီစဉ်ထားတော်မူပြီ။
၁၈း၈။ ဧကန်ပင်- ၎င်းကို ကုန်းပြောင်ပြောင် မြေခေါင်ခေါင် အဖြစ် ငါ စီစဉ်တော်မူအံ့။
၁၈း၉။ သို့တည်းမဟုတ် လိုဏ်ဂူတွင်း ပေါင်းဖေါ်များနှင့် သူတို့၏ ရေးခြစ် ထားခြင်းများသည် ငါ၏ သုတ်ဒေသနာများ အနက် အံ့ဘွယ်များဟု သင် စဉ်းစားသလော။
၁၈း၁၀။ လုလင်များသည် လိုဏ်ဂူထဲသို့ ခိုလှုံရာ ရှာခဲ့ကြ၍ “အို- ကံကြမ္မာရှင်၊ တပည့်တော်တို့အား အရှင့်ထံမှ ကရုဏာတော်အား ချီးမြှင့်တော်မူပါ၊ တပည့်တော်တို့အား ဖြောင့်မတ်သော ညွှန်ကြားမှုများ ပုံစံချပေးတော်မူပါ၊” ဟု ဆုပန်၏။
၁၈း၁၁။ သို့ဖြင့် ငါသည် သူတို့၏ နားများကို လိုဏ်ဂူထဲ၌ နှစ် အရေအတွက် ပေါင်းများစွာ သွားလာစေ၍။-
၁၈း၁၂။ ထို့နောက် ထိုနှစ်ဂိုဏ်းအနက် ထို၌ မည်မျှနေခဲ့သည့် ကာလကို အစဉ်လိုက် သိနိုင်စေရန် သူတို့အား နိုးထစေခဲ့၏။
၁၈း၁၃။ ဤသတင်းများကို အမှန်သစ္စာအဖြစ် သင့်အား ငါ ဖေါ်ပြပြီ၊ ထို လုလင်များသည် သူတို့၏ ကံကြမ္မာရှင်အား ယုံကြည်သဖြင့် လမ်းညွှန်မှန်၌ တိုးပွားစေခဲ့ပြီ။
၁၈း၁၄။ ငါသည် သူတို့၏ နှလုံးသားကို တက်ကြွစေခဲ့ပြီ၊ သူတို့က ရပ်တည်လျက် ကြေညာကြသည်မှာ “ကျွန်ုပ်တို့၏ ကံကြမ္မာရှင်မှာ မိုးများနှင့် မြေကမ္ဘာ၏ ကံကြမ္မာရှင် ဖြစ်၏၊ အရှင်မှလွဲ၍ အခြားသော ဘုရားဟူ၍ ဆုတောင်းရာ မရှိတော့ပြီ၊ သို့မဟုတ်က ကျွန်ုပ်တို့၏ ပြောဆိုမှုမှာ မတရားမှု ဖြစ်ချေလတ္တံ့။-
၁၈း၁၅။ ဤကျွန်ုပ်တို့၏ လူမျိုးများသည် သူတို့အပေါ် ရှင်းလင်းသော လုပ်ပိုင်ခွင့် မပေးအပ် ထားသော်လည်း အရှင်မှလွဲ၍ ဘုရား အများ အယူထားနေ၏၊ ပရမတ်ဘုရားရှင်နှင့် စပ်လျဉ်း၍ လုပ်ကြံ ဖန်တီး လိမ်ညာသူထက် မည်သူက ပို၍ အမိုက်စီးဘိသနည်း၊” ဟု ဖြစ်၏။
၁၈း၁၆။ ပရမတ်ဘုရားရှင်မှအပ သူတို့ ကိုးကွယ်သည်များနှင့် သူတို့ထံမှ သင်တို့ ရှောင်ခွာသွားလျက် လိုဏ်ဂူထဲတွင် ခိုနေသောအခါ သင်တို့၏ ကံကြမ္မာရှင်က ကရုဏာတော်ဖြင့် နိုးကြွနေစေအံ့၊ အကျွမ်း လာမည့်သော ညွှန်ကြားချက်များကို သင်တို့အတွက် ပုံစံချပေးလတ္တံ့။
၁၈း၁၇။ နေထွက်လာသောအခါ သူတို့လိုဏ်ဂူ၏ ညာဘက်မှ လှည့်ပတ်သွား၍ ၎င်းသည် နေဝင်ချိန်၌ သူတို့၏ ဘယ်ဘက်မှ ကပ်သွားသည်ကို သင်မြင်ရလတ္တံ့၊ သူတို့သည် ၎င်း၏ လဟာပြင်ကျယ်၌ ရှိ၏၊ ဤသည် ပရမတ်ဘုရားရှင်ထံမှ နိမိတ် လက္ခဏာ တစ်ရပ် ဖြစ်၏၊ ပရမတ်ဘုရားရှင်က လမ်းညွှန်ပေးသော သူသည် လမ်းညွှန်မှန်၌ ရှိ၍ လမ်းလွဲစေသူအတွက် အရှင့်အား တုပြိုင်လျက် ဖြောင့်မတ်သော မဟာမိတ်ကို တွေ့ရမည် မဟုတ်ချေ။
၁၈း၁၈။ သူတို့ အိပ်ပျော်နေသော်လည်း နိုးလျက်ရှိသည်ဟု သင် စဉ်းစားမိလတ္တံ့၊ ငါသည် သူတို့အား ဘယ်၊ ညာ၊ ခေါင်းလှည့်နေစေ၏၊ သူတို့၏ ခွေးကား လက်နှစ်ဘက်ကို ဆန့်၍ ဝင်ပေါက်ပိတ်လျက် ရှိ၏၊ သင်သည် သူတို့အား ဖြည့်၍ ရုပ်လုံးဖေါ်လျှင် ကြောက်လန့် လှည့်ပြေးမိလတ္တံ့။
၁၈း၁၉။ ငါသည် သူတို့အား ဤသို့ နိုးထစေ၍ သူတို့ချင်းကြား မေးသူတစ်ဦးအား မေးမြန်းစေသည်မှာ “ထို၌ သင်တို့သည် မည်မျှနေခဲ့သနည်း၊” ဟု ဆိုသော် “ကျွန်ုပ်တို့သည် တစ်ရက် သို့မဟုတ် တစ်ရက်၏ အချို့ နေခဲ့ရ၏” ဟု ဖြေကြ၍ ဆက်ပြောသည်မှာ “သင်တို့၏ ကံကြမ္မာရှင်သည် သင်တို့ မည်မျှနေခဲ့ကြောင်း အသိဆုံး ဖြစ်တော်မူ၏၊ သင်တို့အနက်မှ တစ်ဦးကို နိုးကြားစေ၍ ဤငွေစက္ကူဖြင့် မြို့ထဲသို့စေလော့၊ ထို့နောက် မည်သည့် စားဘွယ်သည် သန့်ရှင်း ဖြူစင်ဆုံး ဖြစ်သည်ကို ကြည့်စေလော့၊ ထိုမှ သင်တို့အတွက် ရိက္ခာကို ယူလာစေလော့၊ သင်တို့ အကြောင်းအား တစ်ယောက်မှ သတိမမူမိစေရန် သူ့အား သိမ်သိမ်မွေ့မွေ့ ရှိစေလော့။
၁၈း၂၀။ သူတို့ထံ၌ သင်တို့အကြောင်း ပေါ်သွားလျှင် သင်တို့အား ပစ်ထုတ်ကြလတ္တံ့၊ သို့မဟုတ် သူတို့၏ဘာသာ၌ ဆက်ကျင့်စေလတ္တံ့၊ သို့ဖြစ်လျှင် သင်တို့သည် မည်သည့်အခါမှ အောင်မြင် ပေါက်မြောက်မည် မဟုတ်ချေ၊” ဟု ဖြစ်၏။
၁၈း၂၁။ ပရမတ်ဘုရားရှင်၏ ကတိတော်သည် သစ္စာတရား ဖြစ်ကြောင်း သိနိုင်စေရန်၊ ထိုအခိုက်အတန့် ဖြစ်လာမည်မှာ သံသယဖြစ်ဘွယ် မရှိကြောင်းကို ရှာဖွေ တွေ့ရှိစေရန်၊ သူတို့နှင့် ပတ်သက်၍ ဤသို့ ပြသတော်မူ၏၊ သူတို့၏ ညွှန်ကြားချက်များ၌ အချင်းချင်းကြား ဖယ်ပစ်နေကြသောအခါ “သူတို့ပတ်လည်၌ ထပ်မြင့်တိုက်များ ဆောက်လုပ်ကြစို့၊” ဟု ဆိုကြ၏၊ အနိုင်ရသော သူများက “ကျွန်ုပ်တို့သည် သူတို့ ပတ်လည်၌ ဝတ်ကျောင်း တစ်ဆောင်ကို ရယူလတ္တံ့၊” ဟု ပြောကြသည်ကို သူတို့၏ ကံကြမ္မာရှင်သည် အသိဆုံး ဖြစ်တော်မူ၏။
၁၈း၂၂။ “သုံးယောက်၊ သူတို့၏ ခွေးသည် စတုတ္ထ ဖြစ်၏၊” ဟု ပြောကြသော် အချို့က “ငါးယောက်၊ သူတို့၏ ခွေးမှာ ဆဌမ ဖြစ်၏၊” ဟု မျက်ကွယ်ကို လေပစ် ပြောဆိုကြ၏၊ အချို့ကလည်း “ခုနစ်ယောက်၊ သူတို့၏ ခွေးသည် အဌမ ဖြစ်၏၊” ဟု ဆိုကြ၏၊ ဟောပြောလော့၊ “ကျွန်ုပ်၏ ကံကြမ္မာရှင်သည် သူတို့၏ အရေအတွက်ကို အသိဆုံး ဖြစ်တော်မူ၏၊ လူနည်းစုသာလျှင် ထိုအကြောင်းကို သိကြ၏၊ ထို့ကြောင့် အပြင်ပန်း အချေအတင်မှအပ သူတို့၏အကြောင်းနှင့် အချင်းမများကြနှင့်၊ သူတို့နှင့် စပ်လျဉ်း၍ မည်သူ တစ်ဦးတစ်ယောက် ထံတွင်မှ မစူးစမ်းလေနှင့်၊”
၁၈း၂၃။ “ဤအရာကို မနက်ဖြန်၌ ပြုလုပ်မည်၊” ဟု မည်သည့်အရာကိုမှ မပြောလေနှင့်။
၁၈း၂၄။ ပရမတ်ဘုရားရှင်၏ စံချိန်ပြည့်မီခဲ့လျှင်ဟု ဆိုကြလော့၊ မေ့နေခဲ့သော် သင့်ကံကြမ္မာရှင်အား သတိရလျက် “ကျွန်ုပ်၏ ကံကြမ္မာရှင်သည် ကျွန်ုပ်အား လမ်းညွှန်၍ ဤထက် နီးကပ်စွာ ဖြောင့်မတ်ပေးနိုင်ရာ၏၊” ဟု ပြောဆိုလော့။
၁၈း၂၅။ သူတို့သည် ဂူတွင်း၌ သုံးရာ၊ ကိုးနှစ် တိုးနေခဲ့၏၊
၁၈း၂၆။ ဟောလော့၊ “ပရမတ်ဘုရားရှင်သည် ထို၌ သူတို့ မည်မျှ နေခဲ့ကြောင်းကို အသိဆုံး ဖြစ်တော်မူ၏၊ အရှင်သည် မိုးများနှင့် မြေကမ္ဘာ၏ စက္ခုလွန်ကို ပိုင်စိုးသော၊ မြင်နေ၊ ကြားနေသည့်၊ အရှင် ဖြစ်၏၊ သူတို့အတွက် အရှင်မှလွဲ၍ မဟာမိတ် ဟူ၍ မရှိချေ၊ စီရင်ထုံးပြုရာ၌ မည်သူ တစ်ဦးတစ်ယောက်သည်မှ အရှင်နှင့် ဖက်စပ် ရောပြွန်းခွင့် မရှိချေ။”
၁၈း၂၇။ သင့်အား အာရုံဈာန်ပေးသည့် ကံကြမ္မာရှင်၏ ကျမ်းတော်မှ ဖတ်ပြလော့၊ အရှင်၏ဓမ္မတော်သည် အပြောင်းအလဲ မရှိ၊ အရှင်မှလွဲ၍ လှီးလွှဲ ရှောင်ကွေ့ရာကိုလည်း တွေ့နိုင်မည် မဟုတ်ချေ။
၁၈း၂၈။ အရှင့်ထံ မျက်နှာရရန် လိုလား၍ မနက်စောစောနှင့် ညဦး၌ ဆုတောင်းကြသော သူများနှင့် အတူ သင့်စိတ်ကို ကြံ့ခိုင်စေလော့၊ လောကီဘဝ၏ စွဲမက်စရာအား လိုလားလျက် သူတို့အား မျက်ခြည် ပြတ်သွားခြင်း မရှိစေနှင့်၊ ငါ့အား သတိမရစေရန် နှလုံးသားကို မေ့လျော့ထားသူ၊ မိမိ၏ လိုဘနောက်ကိုသာ လိုက်နေသူ၊ အရှင်၏ ညွှန်ကြားချက်အား လက်လွတ်စပယ် ရှိသူကို မနာခံနှင့်။
၁၈း၂၉။ ဟောလော့၊ “သစ္စာတရားသည် သင်တို့၏ ကံကြမ္မာရှင်ထံမှ ဖြစ်၏၊ သို့ဖြစ်၍ သူ့စံချိန်အလျောက် သူယုံကြည်ပါစေ၊ သူ့စံချိန်အလျောက် သူ ဖုံးကွယ်ပါစေ၊ အမိုက်ကောင်များအတွက် ငါသည် သူတို့၏ ပတ်လည်၌ နံရံများခတ်လျက် အပူမီးကို ပြင်ဆင်ထား၏၊ သူတို့သည် ရေရရန် အသနားခံလျှင် သူတို့၏ မျက်နှာများကို လောင်မြိုက်စေသော ကြေးနီရည်ကဲ့သို့ ပေးသနား၏၊ အကုသိုလ် အကျွမ်းဝင်သည့် ဆိုဝါးလှသော သောက်ရေ ဖြစ်၏။”
၁၈း၃၀။ ယုံကြည်လျက် ပြုပြင်မှု၌ ကျင့်ကြံသော သူတို့အတွက်မူ မှတ်သားလော့၊ ငါသည် သုမင်္ဂလာ ကျင့်ကြံသူများ၏ ဆုလာဘ်ကို အလဟဿ ဖြစ်စေတော် မမူချေ။
၁၈း၃၁။ ထိုသူတို့တွက် အောက်ခင်း၌ စမ်းချောင်းရေသွင် စီးဆင်းနေသည့် တည်မြဲခြင်း သုခဘုံများ ရှိ၏၊ သူတို့အား ရွှေစလွယ်ဖြင့် ဆင်ယင်စေမည်၊ စိမ်းစိုသည့် ပိုးဖဲကတ္တီပါများကို ခြုံထည် ဖြစ်စေမည်၊ ပလ္လင်များပေါ်၌ မှီလှဲ စံစားရစေမည်၊ ဂုဏ်ရှိသော အကျိုးဆက်နှင့် အတင့်တယ်ဆုံး အကျွမ်းဝင်လာစေမည်။
၁၈း၃၂။ သူတို့၏အတွက် လူနှစ်ဦးကို ပမာတည် ဥပမာပြ၏၊ ငါသည် သူတို့မှ တစ်ဦးအား စိုက်ခင်း နှစ်ခုကြား စွန်ပလွံပင်များ၊ ခြံစည်း စီစဉ်ထားသည့် စပျစ် ဥယျာဉ်၊ နှစ်ခုကို စီစဉ်ပေး၏။
၁၈း၃၃။ ဥယျာဉ်နှစ်ခုလုံးမှ အစားအစာများကို ပေးစေ၏၊ ထိုမှ အမှောင်ကျသည်ဟု တစ်စုံတစ်ရာ မရှိချေ၊ ၎င်းတို့အတွင်းမှ စမ်းချောင်းတစ်ခု စီးထွက်နေ၏။
၁၈း၃၄။ ထို့ကြောင့် သူ့တွင် သစ်သီးဝလံများ ပိုင်ဆိုင်၍ သူ့အဖေါ်အား အသားယူ ပြောသည်မှာ “ကျွန်ုပ်သည် သင့်ထက် ဥစ္စာများစွာ ပိုရှိ၏၊ ဘုန်းကံမြင့် လူလုံးပြနိုင်၏၊” ဟု ဖြစ်၏။
၁၈း၃၅။ သူသည် သူ့စရိုက်ကိုသူ အမိုက်စီးလျက် ဥယျာဉ်ထဲသို့ ဝင်သွား၍ ပြောသည်မှာ “ဤသည် မည်သည့်အခါမျှ ပျက်သုန်းမည် မဟုတ်ဟု ကျွန်ုပ် စဉ်းစားမိ၏။
၁၈း၃၆။ အခိုက်အတန့်သည် ရပ်နေမည်ဟု ကျွန်ုပ် မစဉ်းစားမိ၊ ကျွန်ုပ်၏ ကံကြမ္မာရှင်ထံသို့ ဦးလှည့်ရလျှင်လည်း ဤထက် ပိုကောင်းသော ဌာနကို တွေ့ရလတ္တံ့၊” ဟု ဖြစ်၏။
၁၈း၃၇။ သူ့အဖေါ်က သူ့အား ပြန်လည် အသားယူသည်မှာ သင့်အား မြေမှုန့်မှ၊ ထို့နောက် သုတ်ပိုး တစ်ကောင်မှ၊ ထို့နောက် လူသားအဖြစ် ပုံစံချ ဖြစ်တည်ပေးသော အရှင်အား ဖုံးကွယ်လေသလော။
၁၈း၃၈။ ကျွန်ုပ်မှာမူ အရှင်သည် ကျွန်ုပ်၏ ကံကြမ္မာရှင်၊ ပရမတ်ဘုရားရှင် ဖြစ်၏၊ ကျွန်ုပ်၏ ကံကြမ္မာရှင်အား တစ်စုံတစ်ရာနှင့်မှ ရောပြွန်း ဖက်စပ်ခြင်း မရှိပါ။
၁၈း၃၉။ သင်သည် ဥယျာဉ်သို့ ဝင်သောအခါ “ပရမတ်ဘုရားရှင်၏ စံချိန်အတိုင်းသာ၊ ပရမတ်ဘုရားရှင်သည်သာ တန်ခိုးတော်ရှိပါ၏၊” ဟု ပြောအပ်၏၊ ကျွန်ုပ်အား သင့်ထက် ဥစ္စာ၊ ရင်သွေး၊ နည်းပါးသည်ဟု မြင်ရသော်လည်း။-
၁၈း၄၀။ သင့် ဥယျာဉ်ထက် ပို၍ ကောင်းသည်ကို ကျွန်ုပ်၏ ကံကြမ္မာရှင်က ကျွန်ုပ်အား ပေးနိုင်ရာ၏၊ ၎င်းကို မိုးကောင်းကင်မှ စိစစ် တွက်ချက် စေစားလျက် နံနက်တွင် စောင်းရွဲ့ ပြိုဆင်း မြေဖုံးသွားနိုင်၏။
၁၈း၄၁။ သို့မဟုတ် နံနက်တွင် ရေကြောသည် ငုပ်လျှိုးသွားလျက် အမီ မလိုက်နိုင် ဖြစ်ရာ၏။
၁၈း၄၂။ ထို့နောက် သူ့သီးနှံပုံ ပတ်လည်ဖြင့် သူသည် ထို၌ အသုံးစရိတ် ချုပ်တီး၍ လှည့်ချေးရတော့၏၊ အထပ်ထပ် ပြိုကျလျက် “ကျွန်ုပ်မှာဖြင့် ကံကြမ္မာရှင်အား တစ်စုံတစ်ရာဖြင့် ရောပြွန်း မကိုးကွယ်မိလျှင် ကောင်းလေစွ၊” ဟု ညည်းညူရနိုင်၏။
၁၈း၄၃။ ပရမတ်ဘုရားရှင်မှလွဲ၍ သူ့အား ကူညီမည့် တပ် မရှိပေ၊ သူ့ကိုယ်သူလည်း ကူညီနိုင်ခြင်း မရှိချေ။
၁၈း၄၄။ ဤ အလှည့်ကျ ဖြစ်စဉ်များသည် ပရမတ်ဘုရားရှင်ထံမှ အမှန်တရား ဖြစ်၏၊ အရှင်သည် အကောင်းဆုံး အကျိုးဆက်နှင့် အကောင်းဆုံး ချုပ်ငြိမ်းစေသောအရှင် ဖြစ်၏။
၁၈း၄၅။ သူတို့အတွက် ဤလောကီဘဝ၏ ပမာအား ဥပမာ ပေးသည်မှာ ကောင်းကင်၌ ပေါင်းစပ်စေသော သွန်းချပေးသည့် ရေကဲ့သို့ ဖြစ်၏၊ ၎င်းဖြင့် မြေကမ္ဘာအား သီးနှံဖြစ်ထွန်း စိမ်းစိုစေ၏၊ ထို့နောက် ၎င်းတို့ကို ခြောက်သွေ့မှု ဖြစ်သွားစေ၍ ဖြန့်ကြဲသော လေများဖြင့် လွင့်စင်စေ၏၊ ပရမတ်ဘုရားရှင်သည် သဗ္ဗလုံးစုံအား စည်းချိန် ချမှတ်သောအရှင် ဖြစ်ပေ၏။
၁၈း၄၆။ ဥစ္စာပစ္စည်း၊ သားသမီးများသည် ဤလောကီဘဝ၏ စွဲမက်စရာများ ဖြစ်၏၊ သို့သော် စဉ်ဆက်မပြတ် ပြုပြင် ပြောင်းလဲခြင်းသည် သင့် ကံကြမ္မာရှင်၏ ထံ၌ ပို၍ ကောင်း၏၊ အကျိုးဆက်နှင့် ပိုကောင်းသော မျှော်လင့်ချက် ရှိ၏။
၁၈း၄၇။ တောတောင်များ ပြတ်ရွေ့၍ မြေကမ္ဘာသည် ပြန်ထွက်ခွာ လာရသည်ကို သင်မြင်ရသောနေ့ ကာလ၌ သူတို့မှ တစ်စုံတစ်ခုမျှ မချွင်းချန်ဘဲ သူတို့အား ငါ စုစည်းစေမည်ပင်။
၁၈း၄၈။ သင့် ကံကြမ္မာရှင်၏ထံ၌ သူတို့အား ဘောင်ဝင်စေရန် စီတန်းစေ၍ “သင်တို့အား ပထမအကြိမ် ဖြစ်တည်စေခဲ့သကဲ့သို့ ငါ့ထံသို့ မုချ ရောက်လာစေခဲ့ပြီ၊ အမှန်မှာ- သင်တို့အတွက် ကတိတော်ကို ငါ စီစဉ်မည် မဟုတ်ဟု သင်တို့ ရပ်တည် ပြောဆိုခဲ့ကြ၏။”
၁၈း၄၉။ မှတ်တမ်းကို ချထားပေး၏၊ ရာဇဝတ်ကောင်များမှာ ထို၌ ရှိသည်ကို စိုးထိတ်နေကြ၏၊ “ကျွန်ုပ်တို့များနှယ်- ဤသည် ကြီးငယ်မဟူ အမှတ်စဉ် မချွင်းချန်သော မှတ်တမ်း ဖြစ်၏၊” ဟု ညည်းတွားကြသည်ကို သင် မြင်ရတ္တံ့၊ သူတို့ ကျင့်ကြံခဲ့သမျှ သူတို့အတွက် အသင့် ဖြစ်နေသည်ကို တွေ့ရလတ္တံ့၊ သင့် ကံကြမ္မာရှင်သည် တစ်စုံတစ်ယောက်ကိုမှ အဝိဇ္ဇာ သင့်စေခဲ့သည် မဟုတ်ချေ။
၁၈း၅၀။ ငါက နိမိတ်ဆောင်တို့အား “အာဒံကို ဦးချလော့၊” ဟု မိန့်သော် ဦးချကြကုန်၏၊ သို့သော် ရှေးရိုးစွဲသည် မပါ၊ သူသည် အန္ဓပုထုဇဉ်များမှ ဖြစ်၏၊ ကံကြမ္မာရှင်၏ ညွှန်ကြားချက်နှင့် စပ်လျဉ်း၍ ယုတ်မာ၏၊ သင်တို့သည် ငါမှလွဲ၍ သူနှင့် သူ့သားမြေးများကို မဟာမိတ်အဖြစ် ယူမှတ်ကြမည်လော၊ သူတို့သည် သင်တို့အပေါ် စည်းဖေါက်သူများ မဟုတ်လော၊ အပြောင်းအလွှဲသည် အမိုက်ကောင်များအတွက် အမင်္ဂလာပင် ဖြစ်၏။
၁၈း၅၁။ မိုးများနှင့် မြေအား ငါ ဖြစ်တည်စေရာ၌၊ သူတို့၏ စရိုက်အား ဖြစ်တည်စေရာ၌၊ သူတို့ကို သက်သေများ ဖြစ်စေသည် မဟုတ်ချေ၊ လမ်းလွဲစေသူ များအား လက်ရုံးများ အဖြစ်လည်း ယူမှတ်ခဲ့ခြင်း မရှိချေ။
၁၈း၅၂။ “ငါနှင့် ရောပြွန်း ကိုးကွယ်ရာဟု သင်တို့ ရပ်တည် ပြောဆိုခဲ့သော သူများထံ အော်တောင်းကြလော့၊” ဟု အရှင် မိန့်သောနေ့ ကာလ၌ သူတို့သည် ဆုတောင်းကြလိမ့်မည်၊ သို့သော် သူတို့အား တုံ့ပြန်လိမ့်မည် မဟုတ်ချေ၊ သူတို့၏ ကြား၌ တားဆီး ကာရံမှုကို ငါ စီစဉ်ထားတော်မူလတ္တံ့။
၁၈း၅၃။ ရာဇဝတ်ကောင်များသည် အပူမီးကို မြင်တွေ့ရ၍ ထို၌ တည်နေရမည် ဟု တွေးမိနေပြီ၊ ထိုမှ ဘက်ပြန် ပြေးနိုင်သည်ကို တွေ့ရမည် မဟုတ်ချေ။
၁၈း၅၄။ မုချပင် ဤကုရ်အာန်၌ ငါသည် လူသားများအတွက် ဥပမာ ကိုယ်စီဖြင့် ထပ်ပြန်တလဲလဲ ရှင်းပြ၏၊ သို့သော် လူသားသည် များစွာသော အရာများ၌ အကြီးအကျယ် စောဒကတက်၏။
၁၈း၅၅။ သူတို့ထံသို့ လမ်းညွှန်တရား ရောက်လာသောအခါ သူတို့၏ ကံကြမ္မာရှင်ထံ၌ လွတ်ငြိမ်းဆုပန်ခြင်းမှ၊- ယုံကြည်ခြင်းမှ၊- လူသားအား ဟန့်တားခံနေရသည်မှာ- သူတို့၏ ရှေးဟောင်း ဓလေ့များကို ယူလာခြင်းကြောင့်၊ သို့မဟုတ် ဝဋ်ကြွေးကို ရှေ့ဆိုင် တိုးယူလိုခြင်းကြောင့် ဖြစ်၏။
၁၈း၅၆။ ဉာဏ်စဉ်ဆောင်များကို သတင်းပေးသူ၊ သတိပေးသူများ အဖြစ်ဖြင့်သာ ငါ စေစားတော်မူ၏၊ ဖုံးကွယ်သော သူတို့သည် သစ္စာတရားကို မိစ္ဆာတရားဖြင့် စောဒကတက် တိုက်ခိုက်၏၊ ငါ၏ သုတ်ဒေသနာများနှင့် သတိပေးချက်များကို လှောင်ပြောင်စရာဟု ယူမှတ်ကြ၏။
၁၈း၅၇။ ကံကြမ္မာရှင်၏ သုတ်ဒေသနာများကို သတိဖေါ် ပေးခံရပြီး ၎င်းကို ဘောင်ကန့်ထားသူ၊ သူ့လက်များက မည်သည်အား စုံရပ်ခံလျက် မေ့ပျောက်နေသူထက် မည်သူက ပို၍ အမိုက်စီးဘိသနည်း၊ မှတ်သားလော့၊ သူတို့၏ နှလုံးသား၌ ကွယ်ကာမှုနှင့် သူတို့၏ နားများ လေးလျက် နားမလည်ခြင်းကို ငါ စီစဉ်ထားပြီ၊ သူတို့အား လမ်းညွှန်ဘက်သို့ ဖိတ်ခေါ်သော်လည်း မည်သည့်အခါမှ လမ်းညွှန်ရမည် မဟုတ်ချေ။
၁၈း၅၈။ သင့်ကံကြမ္မာရှင်သည် လွတ်ငြိမ်းစေသောအရှင်၊ ကရုဏာတော်အရှင် ဖြစ်၏၊ သူတို့၏ ကျင့်ဆောင်မှုများကြောင့် သူတို့အား အရေးယူခဲ့လျှင် သူတို့၏ ဝဋ်ကြွေးအတွက် သူတို့အား အလျင်မြန်ပြီး ဖြစ်လတ္တံ့၊ အမှန်မှာ သူတို့အတွက် ကတိချိန် ရှိ၏၊ ထိုမှလွဲ၍ ထွက်ပြေး လွတ်မြောက်ရာကို တွေ့ရမည် မဟုတ်ချေ။
၁၈း၅၉။ သူတို့ အမိုက်စီးနေစဉ်တွင် ငါသည် ဤဒေသများကို တိမ်ကောစေခဲ့ပြီ၊ သူတို့၏ တိမ်ကောချိန်ကို ငါ စီစဉ် ကတိထားပြီး ဖြစ်၏။
၁၈း၆၀။ မူဆာက သူ၏ လုလင်အား “ကျွန်ုပ်သည်- ရောက်ရန် မည်မျှကြာသည် ဖြစ်စေ၊ မြစ်နှစ်စင်း ဆုံရာသို့ မရောက်မချင်း ကြာမြင့်စွာ ခရီးဆက်နေမည်၊” ဟု ဆို၏။
၁၈း၆၁။ သူတို့သည် ထိုနှစ်ခု ဆုံရာသို့ ရောက်သောအခါ သူတို့၏ ငါးကို မေ့နေကြ၏၊ ၎င်းသည် မြစ်ထဲ၌ သူ့လမ်းကို ရယူ၍ လှစ်ကနဲ ထွက်ပြေးသွား၏။
၁၈း၆၂။ သူတို့ မြစ်ကို ဖြတ်ကျော်ပြီးနောက် သူက သူ့လုလင်အား “မနက်စာကို ကျွန်ုပ်တို့ ထံသို့ ပေးလော့၊ ဤ ဆုံရသော လမ်းခရီးသည် ကျွန်ုပ်တို့အား အတော်ပန်းစေ၏၊” ဟု ပြောဆိုသော်။-
၁၈း၆၃။ လုလင်က “အသင် မြင်ယောင်မိပါသလော၊ ကျောက်တုံးပေါ်၌ ကျွန်ုပ်တို့ ခိုနားစဉ် ၎င်းကို ကျွန်ုပ် မေ့သွား၏၊ မကောင်းဆိုးဝါးက ကျွန်ုပ်အား သတိဖေါ်ပေးရန် မေ့နေစေပါ၏၊ ၎င်းသည် မြစ်ထဲ၌ သူ့လမ်းကို ရယူသွားပါပြီ၊ အံ့ဩလောက်ပါ၏၊” ဟု ပြန်ပြော၏။
၁၈း၆၄။ သူက ဤသည် ကျွန်ုပ်တို့ ရှာဖွေသည့်လမ်း ဖြစ်သည်ဟု ဆို၍ ဖေါ်ပြသည့် ခြေရာအတိုင်း လိုက်ခဲ့ကြ၏။
၁၈း၆၅။ သို့ဖြင့် သူတို့သည် ငါ့ထံပါး၌ ကရုဏာ သက်ခံရသူ၊ ငါ့ထံတော်မှ အသိပညာအားဖြင့် ပညာအလင်း ချီးမြှင့်ခံရသူ ဖြစ်သော ငါ့ အမှုတော်ဆောင် တစ်ဦးအား တွေ့ရ၏။
၁၈း၆၆။ မူဆာက သူ့အား “အသင် သင်ကြားခံရသည်များမှ ဖြောင့်မတ်မှုကို ကျွန်ုပ်အား ပြန်သင်ပေးအံ့ငှာ သင့်နောက်သို့ လိုက်ခွင့်ပြုပါ၊” ဟု တောင်းဆိုသော်။-
၁၈း၆၇။ သူက “သင်သည် ကျွန်ုပ်အား သည်းခံနိုင်မည် မဟုတ်ချေ။
၁၈း၆၈။ သင် သတင်း ဂျပ်ပိတ်နေသည်ကို မည်သို့ သည်းခံနိုင်အံ့နည်း၊” ဟု ပြန်ပြော၏။
၁၈း၆၉။ မူဆာက “ပရမတ်ဘုရားရှင်၏ စံချိန်ပြည့်မီလျှင် ကျွန်ုပ်ထံ၌ သည်းခံခြင်းကို တွေ့ရလိမ့်မည်၊ သင့် ညွှန်ကြားချက်ကို ကျွန်ုပ် အာခံမည် မဟုတ်ချေ၊” ဟု ပြန်ပြောသောအခါ။-
၁၈း၇၀။ သူက “ကျွန်ုပ်နောက်သို့ လိုက်လျှင် ကျွန်ုပ်က သင့်အား သတိဖေါ် မဆင့်ပြန်ပေးသ၍ မည်သည့်အရာကိုမှ မေးခွန်း မထုတ်နှင့်၊” ဟု ပြော၍။-
၁၈း၇၁။ သူတို့ ထွက်ခွာခဲ့ကြရာ သင်္ဘောကုန်းပတ်၌ ရှိစဉ် ၎င်းကို ဖေါက်သော အခါ မူဆာက “သင်သည် သင်္ဘောရှိ သူများ နစ်မြုပ်စေရန် အပေါက် ဖေါက်သလော၊ ဧကန်ပင် ဆိုးသော စီမံချက်ကို သင် ပေးရောက်ခဲ့ပြီတကား” ဟု ဆိုသော်။-
၁၈း၇၂။ သူက “သင်သည် ကျွန်ုပ်အား သည်းခံနိုင်မည် မဟုတ်ဟု ကျွန်ုပ် မပြောခဲ့သလော၊” ဟု ဆို၏။
၁၈း၇၃။ မူဆာက “ကျွန်ုပ်၏ မေ့နေမှုအတွက် အရေးမယူပါနှင့်၊ ကျွန်ုပ်၏ အစီအမံကြောင့် မခက်ခဲစေပါနှင့်၊” ဟု တောင်းပန်၏။
၁၈း၇၄။ ထွက်ခွာခဲ့ပြန်ရာ- ကလေးတစ်ယောက်ကို တွေ့ပြီး သူ သတ်လိုက်သောအခါ “အခြား ဉာည်တစ်ခုအစား သန့်ရှင်း ဖြူစင်သော ဉာည်တစ်ခုကို သင် သတ်လိုက်၏၊ မကြုံဘူးသည့် အရာကို သင် ပေးရောက်စေပြန်ပြီ၊” ဟု ပြောပြန်၏။
၁၈း၇၅။ သူက “ကျွန်ုပ်အား သင် သည်းခံနိုင်မည် မဟုတ်ဟု ကျွန်ုပ် မပြောခဲ့သလော၊” ဟု ဆိုရပြန်၏။
၁၈း၇၆။ မူဆာက “ဤနောက်တွင် သင့်အား တစ်စုံတစ်ရာ မေးမိပါလျှင် ကျွန်ုပ်ကို အဖေါ်ပြုရန် မလိုတော့ ဟူသော ကျွန်ုပ်ထံမှ ခွင့်ပြုချက်ကို အပ်ပါပြီ၊” ဟု ဆို၏။
၁၈း၇၇။ ထွက်ခွာခဲ့ကြပြန်ရာ- အရပ်ဒေသသားတို့ထံ ဆိုက်ရောက်လာ၍ သူတို့အတွက် ထိုအရပ်သားတို့ထံမှ အစားအစာကို တောင်းကြသော်လည်း ၎င်းတို့က လက်မခံ၊ ဧည့်ဝတ် မကျေကြချေ၊ ထို၌ ပြိုလုဆဲဆဲ အုတ်တံတိုင်းကို တွေ့၍ သူသည် ၎င်းကို တည်မြဲရန် ပြုလိုသဖြင့် သူက “သင် စံချိန်ပြည့်ခဲ့သော် ထို့အတွက် အကျိုးဆုလာဘ် ယူနိုင်၏၊” ဟု ပြောမိပြန်၍။-
၁၈း၇၈။ သူက “သင်နှင့် ကျွန်ုပ်အကြား ဤ၌ ခွဲခြားသွားပေပြီ၊ သို့သော် သင် သည်းမခံနိုင်သော သတင်းကို ကျွန်ုပ် ဖွင့်ဆို ရှင်းပြပေအံ့၊” ဟု ဆို၍။-
၁၈း၇၉။ သင်္ဘောအကြောင်းမှာမူ ၎င်းသည် မြစ်ပြင်၌ ကျင့်ကြံ ကျက်စားရသော နွမ်းပါးသူပိုင် ဖြစ်၏၊ ၎င်းကို ကျွန်ုပ် ပေါက်ကျစေလိုခြင်းမှာ သူတို့၏ နောက်ကွယ်၌ ဘုရင်တစ်ပါးရှိ၍ သူသည် လှေသင်္ဘောတိုင်းကို အတင်းအဓမ္မ သိမ်းပိုက်သောကြောင့် ဖြစ်၏။
၁၈း၈၀။ ကလေးအကြောင်းမူကား သူ့မိဘများသည် ယုံကြည်သူများ ဖြစ်၏၊ သူ၏ စည်းဖျက်မှုကြောင့်၊ ဖုံးကွယ် လိမ်ညာမှုကြောင့်၊ သူတို့အား ဖိစီးခံရမည်ကို ကျွန်ုပ် စိုးရိမ်၏။
၁၈း၈၁။ သူတို့အတွက် သူ့ထက် သန့်ရှင်း ဖြူစင်သော၊ ကရုဏာစိတ်နှင့် နီးကပ်သော၊ ပို၍ ကောင်းသည့် သူကို သူ့နေရာတွင် ကျွန်ုပ် ပြောင်းလွှဲစေလို၏။
၁၈း၈၂။ အုတ်တံတိုင်းမှာမူ ၎င်းသည် မြို့တွင်းရှိ မိဘမဲ့ ကလေးနှစ်ယောက်ပိုင် ဖြစ်၏၊ ထိုအောက်၌ သူတို့ပိုင် ရတနာသိုက် ရှိ၏၊ သူတို့၏ ဖခင်မှာ ပြုပြင် ပြောင်းလဲသူ ဖြစ်၏၊ ကံကြမ္မာရှင်သည် သူတို့အား အရွယ်ရောက် ရင့်ကျက်လာလျက် သူတို့၏ ရတနာအား ကံကြမ္မာရှင်၏ ကရုဏာတော်အားဖြင့် ဖေါ်ယူနိုင်သည်ကို လိုလား၏၊ ကျွန်ုပ်သည် ၎င်းကို ကျွန်ုပ်၏ စီမံချက်ဖြင့် ပြုလုပ်သည် မဟုတ်၊ ဤသည် သင် သည်းမခံနိုင်သော အကြောင်းတို့အတွက် ဖွင့်ဆို ရှင်းပြမှုပင် ဖြစ်၏။
၁၈း၈၃။ သင့်ထံ၌ ကာရ်နိုင်မင်းနှင့် စပ်လျဉ်း၍ မေးသူတို့အား “သူ့ အကြောင်းကို သင်တို့အား သတိဖေါ် ရွတ်ပြပေအံ့၊” ဟု ဆို၍။-
၁၈း၈၄။ ငါသည် သူ့အား မြေကမ္ဘာ၌ တည်ထောင်စေ၍ အလုံးစုံမှ ပြည်ထောင်စုမူကို ပေးအပ်သော်။-
၁၈း၈၅။ သူသည် ပြည်ထောင်စုမူကို လိုက်၏။
၁၈း၈၆။ သူသည် နေ၏ ဝင်ရာသို့ ရောက်သော် ပင်လယ်နက်ထဲသို့ နေဝင်သည်ကို သူတွေ့ရ၏၊ ထို၌ လူတစ်မျိုးကိုလည်း တွေ့ရ၍ ငါက “အေ- မင်းကြီး ကာရ်နိုင်၊ သင်သည် ပြစ်ဒဏ်ပေးခြင်းကို ဖြစ်စေ၊ သို့မဟုတ် သူတို့မှ တင့်တယ်သော အရာကို ဖြစ်စေ၊ ယူခွင့်ရပြီ၊” ဟု မိန့်၏။
၁၈း၈၇။ သူ ပြောသည်မှာ “မိုက်မဲသူများ အတွက်မူ ကျွန်ုပ် ပြစ်ဒဏ်ပေးမည်၊ ထို့နောက် သူတို့အား သူ့ကံကြမ္မာရှင်ထံသို့ ပြန်လှည့်စေမည်၊ သူ့အား မကြုံဘူးသည့် ပြစ်ဒဏ်ဖြင့် ပြစ်ဒဏ်ပေးလေလတ္တံ့။-
၁၈း၈၈။ ယုံကြည်လျက် ပြုပြင် ပြောင်းလဲမှုအား ကျင့်ကြံသူ အတွက်မူ တင့်တယ်သော အစားပေးမှုရှိ၍ ကျွန်ုပ်တို့ထံမှ လွယ်ကူသော စီမံချက်များကို ပြောပြပါမည်၊” ဟု ဖြစ်၏။
၁၈း၈၉။ ထို့ပြင် သူသည် ပြည်ထောင်စု အတွက် လိုက်ပြန်၏။
၁၈း၉၀။ သူသည် နေ၏ ထွက်လာရာ အရပ်သို့ ရောက်လာသော် ထိုနေပူကို ပုန်းကွယ်ရန် ငါအရှင် စီစဉ်ပေးမထားသော လူမျိုးတစ်မျိုး အပေါ်မှ နေထွက်လာသည်ကို သူတွေ့ရ၏။
၁၈း၉၁။ ဤသို့ ငါသည် သူ့ကိုယ်သူ တိုင်ပတ်နေသည့် အရာကို သတင်းသိနေတော်မူ၏။
၁၈း၉၂။ တဖန် သူသည် ပြည်ထောင်စုဖြစ်ရန် လိုက်ပြန်၏။
၁၈း၉၃။ သူသည် တောင်တံတိုင်း နှစ်ခုကြားသို့ ရောက်သော် သူတို့ လူမျိုးချင်းမှလွဲ၍ သဘောပေါက်မှု မနီးစပ်သော သူများကို တွေ့၏။
၁၈း၉၄။ သူတို့က “အို- မင်းကြီး ကာရ်နိုင်၊ ဂေါဂနှင့် မာဂေါဂတို့သည် မြေကမ္ဘာ၌ အဖျက်ကောင်များ ဖြစ်ကြ၏၊ သင့်ထံမှ ကျွန်ုပ်တို့ ခွဲထွက်ရန် စီစဉ်ရမည်လော၊ သို့မဟုတ် ကျွန်ုပ်တို့ကြား၊ သူတို့ကြား၌ သင် တံတိုင်း တည်ဆောက်ရန် စီစဉ်မည်လော၊” ဟု ပြောကြသော်။-
၁၈း၉၅။ သူ ပြောသည်မှာ “ကျွန်ုပ်၏ ကံကြမ္မာရှင်က ထူထောင်ပေးခြင်းသည် ပိုမိုကောင်း၏၊ ကျွန်ုပ်အား အလုပ် စွမ်းအားဖြင့်သာ ပံ့ပိုးပေးပါ၊ သင်တို့၏ကြား၊ သူတို့ကြား၌ ခိုင်ခန့်သော စည်းရိုး ကျွန်ုပ် စီစဉ်ပါမည်။
၁၈း၉၆။ ကျွန်ုပ်ထံသို့ သံပုံများကို ပေးကြလော့၊” ဟု ဖြစ်၏၊ သူသည် တောင်ပြိုင်နှစ်ခုကြား ပုံစံချသော် “၎င်းကို စီစဉ်သောအခါ မီးသား ဖြစ်သည်ထိ ပန်းဘဲထိုးလော့၊” ဟု ဆို၍ “ထိုအပေါ်၌ ဖြည့်ရန် ကြေးရည်ပူကို ပေးလော့၊”ဟု ပြော၏။
၁၈း၉၇။ သို့ဖြင့် သူတို့သည် ၎င်းကို ကျော်တက်ရန် တတ်နိုင်ခြင်း မရှိ၊ ၎င်းအား ထိုးဖေါက်ရန်လည်း တတ်နိုင်ခြင်း မရှိ။
၁၈း၉၈။ သူက “ဤသည် ကြမ္မာရှင်၏ထံမှ ကရုဏာ ဖြစ်၏၊ ကံကြမ္မာရှင်၏ ထံမှ ကတိတော် ရောက်လာသောအခါ ၎င်းကို ကြေမွ ပျက်စီးစေရန် စီစဉ်ပစ်လိမ့်မည်၊ ကံကြမ္မာရှင်၏ ကတိတော်သည် သစ္စာတရား ဖြစ်၏၊” ဟု ဆို၏။
၁၈း၉၉။ ထိုနေ့ကာလ၌ ငါသည် သူတို့အား ချန်၍ အချို့အပေါ် အချို့ကို လှိုင်းရိုက်စေလျက်၊ ပုံစံ သက်ဝင်စေလျက် သူတို့ အားလုံးကို စုပေါင်းစေတော်မူမည်။
၁၈း၁၀၀။ ထိုနေ့၌ ငရဲဘုံကို ဘောင်အတိုင်း ဖုံးကွယ်သူများအတွက် ဘောင်တွင်းမှ ဖြစ်စေ၏။
၁၈း၁၀၁။ သူတို့၏ ရှိနေသော မျက်လုံးများသည် ငါ၏ သတိ ဖေါ်ပေးခြင်းမှ ကာထား၏၊ သူတို့သည် ကြားနာရန်လည်း မတတ်နိုင်ချေ။
၁၈း၁၀၂။ ဖုံးကွယ်သော သူများသည် “ငါ မှလွဲ၍ ငါ၏ အမှုတော်ဆောင်များကို မဟာမိတ်အဖြစ် ယူမှတ်နိုင်သည်၊” ဟု စဉ်းစားကြသလော၊ ငါသည် ဖုံးကွယ်သူများ အတွက် ငရဲဘုံ အဆင့်ဆင့်ကို ပြင်ဆင်ထားတော်မူ၏။”
၁၈း၁၀၃။ သင် ဟောရမည်မှာ “မည်သူသည် အကျင့်အကြံ၌ ဆုံးရှုံးမှု ကြီးရသည်ကို ကျွန်ုပ် သတင်း ထုတ်ပြန်ရမည်လော။
၁၈း၁၀၄။ ဤလောကီဘဝ၌ လွဲမှားမှုကို လုံးပန်းနေလျက် ၎င်းကို သုမင်္ဂလာ တည်ဆောက်မှုဟု သူတို့ကိုယ် သူတို့ စိတ်ကူးယဉ်သော သူများ။-
၁၈း၁၀၅။ သူတို့၏ ကံကြမ္မာရှင်ထံမှ သုတ်ဒေသနာများနှင့် အရှင့်အား ဖူးတွေ့ရမည်ကို ဖုံးကွယ်သောသူများ၊ ထိုသူများ၏ ကျင့်ကြံမှုများသည် အချည်းနှီးပင်၊ ရပ်တည်ရမည့်နေ့၌ သူတို့အတွက် ချိန်ခွင်လျှာသည် တည်ငြိမ်နေမည် မဟုတ်ချေ၊” ဟု ဖြစ်၏။
၁၈း၁၀၆။ ဤသည် သူတို့အတွက် အစားပေးခြင်း ဖြစ်၏၊ ငရဲဘုံမှာ၊- ငါ၏ သုတ်ဒေသနာများနှင့် ဉာဏ်စဉ်ဆောင်များကို လှောင်ပြောင်စရာအဖြစ် ဖုံးကွယ် ယူမှတ်သောကြောင့် ဖြစ်၏။
၁၈း၁၀၇။ ယုံကြည်လျက် ပြုပြင် ပြောင်းလဲမူ ကျင့်ကြံသောသူများ- သူတို့အတွက် နိဗ္ဗာန် ဥယျာဉ်များ အဆင့်ဆင့်သည် ရှိစေ၏။
၁၈း၁၀၈။ ထို၌ အစဉ် စံစားရလတ္တံ့၊ ထို၌ ပရဝုဏ် အကန့်အသတ်ဟူ၍ ရှာမတွေ့နိုင်ချေ။
၁၈း၁၀၉။ ဟောလော့၊ “သမုဒ္ဒရာသည် ကံကြမ္မာရှင်၏ ဓမ္မတော်အတွက် တိုးရွေ့နေသော်လည်း ကံကြမ္မာရှင်၏ ဓမ္မတော် မခမ်းခြောက်မီ သမုဒ္ဒရာသည်- သို့မဟုတ် ပမာတူ ထပ်တိုး ဖြည့်ရောက်နေခြင်းသည်- ခမ်းခြောက်ရလတ္တံ့။
၁၈း၁၁၀။ ဟောလော့၊ “ကျွန်ုပ်သည် သင်တို့ကဲ့သို့ လူပုဂ္ဂိုလ်မျှသာ ဖြစ်၏၊ ကျွန်ုပ်ထံ အာရုံဈာန်ရသည်မှာ သင်တို့၏ ဘုရားရှင်သည် တစ်ဆူတည်းသော ဘုရားရှင် ဖြစ်၏၊ ကံကြမ္မာရှင်အား ဖူးတွေ့ရမည်ကို မျှော်ကိုးလျှင် ပြုပြင် ပြောင်းလဲသော အကျင့်ကို ကျင့်ကြံ၍ ကံကြမ္မာရှင်အား အမှုတော်ထမ်းခြင်း၌ တစ်စုံတစ်ရာနှင့် ရောပြွန်း ကိုးကွယ်ခြင်းမှ ကင်းရပေမည်။”
ဓမ္မခန္ဓာ (၁၈) ဤတွင် ပြီး၏။
ဓမ္မခန္ဓာ (၁၉) မာရိ
ဉာဏ်စဉ်ကိန်းဝပ်ပေးမှု အမှတ်စဉ် ၄၄၊ သုတ်ဒေသနာ ၉၈ ပါး။
ကရုဏာရှင် အကြင်နာရှင် ဖြစ်တော်မူသော ပရမတ်ဘုရားရှင်၏ ဂုဏ်တော်အားဖြင့်-
၁၉း၁။ ကုံလုံ ပြည့်စုံတော်မူသော၊ လမ်းညွှန်တရားကို ပေးတော်မူသော၊ အို-ကုန်စင်သိ သစ္စာတော်အရှင်- ဟုတိုင်တည်၍။-
၁၉း၂။ သင့် ကံကြမ္မာရှင်က အရှင့်အမှုတော်ဆောင် ဇက္ကရီယာအား ကရုဏာ သက်ပုံကို သတိဖေါ်ပေးလော့။
၁၉း၃။ သူသည် သူ့ကံကြမ္မာရှင်ထံ တနုံ့နုံ့ အော်ဟစ် တောင်းဆို၍။-
၁၉း၄။ လျှောက်ထားသည်မှာ “အို- ကံကြမ္မာရှင်၊ တပည့်တော်၏ အရိုးအဆစ်များသည် အားလျော့လာပါပြီ၊ ဦးခေါင်းလည်း ဆွတ်ဆွတ် ဖြူဖွေးလာပါပြီ၊ တပည့်တော် တောင်းဆုပြုပါ၏၊ အို- ကံကြမ္မာရှင်၊ တပည့်တော်သည် ကံဆိုးခဲ့ရသည်ဟု မရှိခဲ့ပါ။-
၁၉း၅။ တပည့်တော်၏ နောက်ကွယ်တွင် ကျန်ရစ်မည့် တပည့်တော်၏ အလှည့် ဆက်ခံသူများ အတွက် စိုးရိမ်မိပါ၏၊ တပည့်တော်၏ အမျိုးသမီးသည်လည်း မြုံအ နေပါ၏၊ တပည့်တော်အား အရှင့်ထံမှ အလှည့်ကျ ဆက်ခံသူ ချီးမြှင့်တော်မူပါ။-
၁၉း၆။ သူ့အား တပည့်တော်၏ အမွေခံ- ယာကုဗ် အဆက်အနွယ်တို့၏ အမွေခံ- ဖြစ်စေတော်မူပါ၊ အို- ကံကြမ္မာရှင်၊ သူ့အား ကျေနပ်လောက်သူအဖြစ် စီစဉ်ပေးတော်မူပါ၊” ဟု ဖြစ်၏။
၁၉း၇။ “အေ- ဇက္ကရီယာ၊ ငါသည် သင့်အား ယောဟန်မည်သော ကလေးအကြောင်း သတင်းကောင်း ပါးတော်မူပြီ၊ သူ့ကဲ့သို့ ရှေ့အလျင်က ငါအရှင် မစီစဉ်ခဲ့ချေ။”
၁၉း၈။ ထိုအခါ သူက “အို- ကံကြမ္မာရှင်၊ တပည့်တော်သည် မည်သို့ ကလေး ရနိုင်အံ့နည်း၊ ဇနီးသည်မှာ အမြုံဖြစ်၍ တပည့်တော်သည်လည်း ထိန်းမနိုင် အိုမင်းချိန်သို့ ဆိုက်ရောက်နေပါပြီ၊” ဟု လျှောက်ထား၏။
၁၉း၉။ အရှင်က “ဤသည် သင့် ကံကြမ္မာရှင်၏ စကားတော် ဖြစ်၏၊ ၎င်းသည် ငါ့အတွက် လွယ်ကူလှ၏၊ ငါသည် သင့်ကို ဖြစ်တည်စေခဲ့ပြီ၊ ရှေ့အလျင်က သင်သည် တစ်စုံတစ်ရာမျှ မရှိခဲ့ချေ၊” ဟု မိန့်၍။-
၁၉း၁၀။ သူက “အို- ကံကြမ္မာရှင်၊ တပည့်တော်အတွက် နိမိတ်လက္ခဏာ တစ်ရပ် စီစဉ်ပေးပါ၊” ဟု လျှောက်ထား၏၊ အရှင်က “သင့်အတွက် လက္ခဏာမှာ သင်သည် သုံးည ပုံစံချပြီး- လူသားတို့အား စကားပြောဆိုခြင်း မပြုရ၊” ဟု မိန့်၍။-
၁၉း၁၁။ သူ့လူမျိုးထံ စခန်းမှ သူထွက်လာသောအခါ သူတို့အား မနက်ပိုင်းနှင့် ညဦးတွင် အရှင့်အား ဦးထိပ်ထားရန် အာရုံဖြစ်စေ၏။
၁၉း၁၂။ “အေ- ယောဟန်၊ သင်သည် ကျမ်းတော်အား အစွမ်းကုန် စွဲကိုင်လော့၊” ငါသည် သူ့အား အရွယ်ရောက်စကပင် စီရင်ထုံး ပြုနိုင်ခြင်းကို ပေးအပ်၏။
၁၉း၁၃။ သူ့အား ငါ့ထံတော်မှ ညှာတာမှုနှင့် သန့်ရှင်း ဖြူစင်စေ၏၊ သူသည် စည်းစောင့်လေ့ရှိ၏။
၁၉း၁၄။ မွေးမိဘကို ကောင်းမှုပြု၏၊ သူသည် စိတ်သရမ်းသူ အာခံသူ မဟုတ်ချေ။
၁၉း၁၅။ သူ့အား မွေးဖွားသောနေ့၊ ခန္ဓာဝန်ချသောနေ့၊ နိုးထစေသောနေ့၌ ငြိမ်းချမ်းမှုအတိ ဖြစ်စေ၏။
၁၉း၁၆။ ကျမ်းတော်လာ မာရိ၏ အကြောင်းကို သတိဖေါ်ပေးလော့၊ သူမသည် သူမ၏ မိသားစုအား စွန့်၍ အရှေ့ဘက်၌ နေ၏။
၁၉း၁၇။ သူတို့ထံမှ သီးခြားအယူဖြင့် စည်းခြားနေစဉ် ငါသည် သူမထံသို့ သူမကဲ့သို့ ဉာဏ်စဉ်တော်ဘွဲ့ ပုံစံချပြီး လူ ပုဂ္ဂိုလ်ကို စေပို့သော်။-
၁၉း၁၈။ သူမက “ကျွန်ုပ်သည် အသင့် ကရုဏာရှင်၏ထံ၌ ခိုလှုံပါ၏၊ အသင်သည် စည်းစောင့်ခြင်းရှိသူ ဖြစ်ပါလေစ၊” ဟု ဆို၍။-
၁၉း၁၉။ သူက “ကျွန်ုပ်သည် သင့်အား သန့်ရှင်း ဖြူစင်သော ကလေး ချီးမြှင့်ရန် သင့်ကံကြမ္မာရှင်၏ထံမှ ဉာဏ်စဉ်ဆောင် ဖြစ်၏၊” ဟု ပြန်ပြော၏။
၁၉း၂၀။ သူမက “ကျွန်ုပ်သည် မည်သို့ ကလေး ရနိုင်အံ့နည်း၊ မည်သည့် လူ ပုဂ္ဂိုလ်မှ ကျွန်ုပ်အား မထိစပ်ခဲ့ပါ၊ ကျွန်ုပ်သည် အပြစ်အနာရှိသူလည်း မဟုတ်ပါ၊” ဟု ဆိုသော်။-
၁၉း၂၁။ သူက “ဤသို့- သင့်ကံကြမ္မာရှင်၏ စကားမှာ၊” “၎င်းသည် ငါ့ အတွက် လွယ်ကူလှ၏၊ ငါသည် သူ့အား လူသားတို့အတွက် နိမိတ် လက္ခဏာအဖြစ် စီစဉ်တော်မူမည်၊ သူသည် ငါ့ထံမှ ကရုဏာတော် ဖြစ်၏၊ ညွှန်ကြားချက်သည် ဆုံးဖြတ်ချက် ဖြစ်၏၊” ဟု ဆို၏။
၁၉း၂၂။ သို့ဖြင့် သူမသည် ၎င်းကို ကိုယ်ဝန်ယူ၍ ဝေးကွာသော အရပ်သို့ စွန့်ခွာသွား၏။
၁၉း၂၃။ သူမသည် သားဖွား ဝေဒနာဖြင့် စွန်ပလွံပင် ရှိရာသို့ ရောက်လာ၍ “ဤ မတိုင်မီ သေရလျှင် ကောင်းလေစွ၊ မေ့မြော မေ့လျော့သွားလျှင် ကောင်းလေစွ၊” ဟု ညည်းညူ၏။
၁၉း၂၄။ သူမအား သူမ၏အောက်မှ တင်ပြသည်မှာ “သောက မဖြစ်နှင့်၊ သင့် ကံကြမ္မာရှင်က သင့်အောက်၌ ခရီးစဉ် စီစဉ်ပေးပြီ။
၁၉း၂၅။ စွန်ပလွံပင်ကို သင့်ထံသို့ လှုပ်လော့၊ လတ်ဆတ်သော အသီးမှည့်တို့ သင့်ထံသို့ ကျလာလိမ့်မည်၊” ဟု ဖြစ်၏။
၁၉း၂၆။ ထို့ကြောင့် စားလော့၊ သောက်လော့၊ မျက်လုံးများကို တည်ငြိမ် အေးချမ်းစေလော့၊ လူပုဂ္ဂိုလ် တစ်စုံတစ်ယောက်အား မြင်တွေ့လျှင် ကျွန်ုပ်သည် ကရုဏာရှင်ထံ၌ ဥပုသ်စောင့်ရန် ရည်စူးထား၏၊ သို့ဖြစ်၍ ယနေ့ လူသားတို့နှင့် စကားပြောနေမည် မဟုတ်ဟု ဆိုလော့။
၁၉း၂၇။ ထို့နောက် သူမသည် သူ့အား သယ်ဆောင်ကာ သူမ၏ လူမျိုးထံသို့ ရောက်လာခဲ့၏၊ သူတို့က ပြောကြသည်မှာ “အို- မာရိ၊ သင်သည် လုပ်ကြံ ဖန်တီးရာကို ခေါ်ဆောင်လာခဲ့ပြီ။
၁၉း၂၈။ အို- ဟာရွန်၏ နှမ၊ သင့်အဖေသည် အကုသိုလ်ကောင် မဟုတ်၊ သင့်အမေသည်လည်း အပြစ်ရှိသူ မဟုတ်၊” ဟု ဖြစ်၏။
၁၉း၂၉။ သူမက သူနှင့် ဆွေးနွေးစေသော် သူတို့က “ပုခက်ထဲက အရွယ် ရောက်စလေးနှင့် ကျွန်ုပ်တို့ မည်သို့ စကားပြောအံ့နည်း၊” ဟု ဆိုကြ၏။
၁၉း၃၀။ သူ ပြန်ပြောသည်မှာ “ကျွန်ုပ်သည် ပရမတ်ဘုရားရှင်၏ အမှုတော်ဆောင် ဖြစ်၏၊ အရှင်သည် ကျွန်ုပ်အား ကျမ်းတော်ကို ပေးအပ်၏၊ သတင်းတော်ဆောင် အဖြစ် စီစဉ်၏။”
၁၉း၃၁။ “ကျွန်ုပ်သည် မည်သည့်နေရာ၌ ရှိစေ၊ အရှင်က ကျက်သရေမင်္ဂလာ စီစဉ်ထား၏၊ ကျွန်ုပ် အသက်နှင့် ရှိနေသမျှ ဝတ်ပြုရန်နှင့် သန့်ရှင်း ဖြူစင်စေရန် ကျွန်ုပ်အား မှာကြား၏။”
၁၉း၃၂။ “ကျွန်ုပ်၏ မွေးမိခင်အား ကောင်းမှုပြု၏၊ ကျွန်ုပ်အား ကံဆိုးရသူ၊ ပုန်ကန်သူ အဖြစ် စီစဉ်တော်မမူချေ။”
၁၉း၃၃။ “ကျွန်ုပ်၏ မွေးဖွားသောနေ့၊ ခန္ဓာဝန် ချသောနေ့၊ နိုးထစေသောနေ့၌ ငြိမ်းချမ်း သာယာမှု ခစေ၏၊” ဟု ဖြစ်၏။
၁၉း၃၄။ ဤသည် မာရိ၏သား ယေရှု၏ အကြောင်းပင်၊ သူတို့ အချင်းများနေသော အကြောင်းအရာ၏ အမှန်တရားပေတည်း။
၁၉း၃၅။ ပရမတ်ဘုရားရှင်၊ အရှင့်၌ ကိုယ်ပွား ယူထားခြင်း မရှိ၊ အရှင်သည် ဦးထိပ်ထားရာဖြစ်၏၊ အပြီးသတ် ညွှန်ကြားချက်အား ထိုအရာသည် “ဖြစ်” ဟု မိန့်မြွက်သော် “ဆင့်ကဲ ပြည့်စုံ ဖြစ်လာရမည်တည်း။”
၁၉း၃၆။ “ပရမတ်ဘုရားရှင်သည် ကျွန်ုပ်၏ ကံကြမ္မာရှင်၊ သင်တို့၏ ကံကြမ္မာရှင် ဖြစ်၏၊ သို့ဖြစ်၍ အရှင့်အား ကိုးကွယ်ကြလော့၊ ဤသည် မြဲမြံနေသော ဝါဒလမ်းစဉ် ဖြစ်၏။”
၁၉း၃၇။ သူတို့၌ ဂိုဏ်းအသင်းများ ကွဲပြားကြကုန်၏၊ မျက်မှောက်သက်သေ ပြုရသော နေ့တော်ကြီး၌ ဖုံးကွယ်သော သူတို့သည် ပျက်စီးရမည်သာတည်း။
၁၉း၃၈။ ငါ့ထံသို့ ဆိုက်ရောက်ရသော နေ့ကာလ၌ သူတို့အကြောင်း ကြားရ၊ မြင်ရလတ္တံ့၊ သို့ရာတွင် အမိုက်ကောင်တို့သည် ရှင်းလင်း ထင်ရှားသော လွဲချော်မှု၌ ရှိနေကြ၏။
၁၉း၃၉။ ညွှန်ကြားချက်များကို ဆုံးဖြတ်သော ကြေကွဲစရာ နေ့အကြောင်း သူတို့အား သတိပေးလော့၊ သူတို့သည် မေ့လျော့နေကြ၏၊ သူတို့သည် မယုံကြည်ကြချေ။
၁၉း၄၀။ မှတ်သားလော့၊ ငါသည် မြေကမ္ဘာနှင့် ထို၌ ရှိသမျှတို့၏ အမွေခံ ဖြစ်၏၊ အလုံးစုံသည် ငါ့ထံသို့ ပြန်ကြရမည်ပင်။
၁၉း၄၁။ ကျမ်းတော်လာ အီဗရာဟီးမ်၏ အကြောင်းကို သတိဖေါ်ပေးလော့၊ သူသည် ဖြောင့်မှန်သူ- သတင်းတော်ဆောင်တစ်ပါး ဖြစ်၏။
၁၉း၄၂။ သူက သူ့ဖခင်အား “အို- အဖေ၊ အကြားမရှိ၊ အမြင်မရှိ၊ သင့်အား တစ်စုံတစ်ရာ ပြည့်စုံစေခြင်း မရှိနိုင်သော အရာအား အဘယ်ကြောင့် ကိုးကွယ်နေသနည်း။
၁၉း၄၃။ အို- အဖေ၊ ကျွန်ုပ်သည် သင် ချီးမြှင့် မခံခဲ့ရသော အသိပညာကို ဆိုက်မြိုက်ပါ၏၊ ထို့ကြောင့် ကျွန်ုပ်၏ နောက်သို့ လိုက်လော့၊ ပုံစံချပြီး လမ်းကို သင့်အား ညွှန်ပြပါမည်။
၁၉း၄၄။ အို- အဖေ၊ မကောင်းဆိုးဝါးအား မကိုးကွယ်ပါနှင့်၊ ဧကန်ပင် မကောင်း ဆိုးဝါးသည် ကရုဏာရှင်အား အာခံသူ ဖြစ်၏။
၁၉း၄၅။ အို- အဖေ၊ သင့်အား ကရုဏာရှင်ထံမှ ဝဋ်ဒဏ် သင့်စေ၍ မကောင်းဆိုးဝါး၏ မဟာမိတ် ဖြစ်ရမည်ကို ကျွန်ုပ် ကြောက်မိပါ၏၊” ဟု ပြောသောအခါ။-
၁၉း၄၆။ ဖခင်က “အို- အီဗရာဟီးမ်၊ သင်သည် ကျွန်ုပ်၏ ဘုရားများကို ဦးစား မပေးသလော၊ သင်သည် မရပ်စဲလျှင် သင့်အား ကျွန်ုပ် ပစ်ထုတ်ရလိမ့်မည်၊ ကျွန်ုပ်အား အချိန်အကြာကြီး ခွဲသွားလော့၊” ဟု ပြန်ပြော၏။
၁၉း၄၇။ သူက “သင် ငြိမ်းချမ်း သာယာပါစေ၊ ကျွန်ုပ်၏ ကံကြမ္မာရှင်ထံ၌ သင့်အတွက် လွတ်ငြိမ်းဆု ပန်ပါ၏၊ အရှင်သည် ကျွန်ုပ်ဘက်၌ အားပေးနေတော်မူ၏။
၁၉း၄၈။ အသင်နှင့်၊ အသင်က ပရမတ်ဘုရားရှင်မှလွဲ၍ ဆုတောင်းရာတို့မှ၊ ကျွန်ုပ် ရှောင်ခွာပါ၏၊ ကျွန်ုပ်၏ ကံကြမ္မာရှင်ထံ၌ ဆုပန်ပါ၏၊ ကျွန်ုပ်၏ ကံကြမ္မာရှင်ထံ၌ ဆုတောင်းခြင်းသည် ကံဆိုးရခြင်းကို မဖြစ်တန်ရာ” ဟု ပြန်ပြော၏။
၁၉း၄၉။ ပရမတ်ဘုရားရှင်မှ လွဲ၍ သူတို့နှင့်၊ သူတို့၏ ကိုးကွယ်နေကြသည်များမှ ရှောင်ခွာသွားသောအခါ ငါသည် သူ့အား အီစ္စဟာ့က်နှင့် ယာကုဗ်တို့အား ချီးမြှင့်၍ သူတို့ကိုယ်စီအား သတင်းတော်ဆောင်အဖြစ် စီစဉ်ခဲ့၏။
၁၉း၅၀။ ငါသည် သူတို့အား ကရုဏာတော်အား ချီးမြှင့်ခဲ့၏၊ သူတို့အား သမာဓိရှိသော အထွဋ်အထိပ် နှုတ်လျှာ ပိုင်ရှင်များအဖြစ် စီစဉ်ခဲ့၏။
၁၉း၅၁။ ကျမ်းတော်လာ မူဆာ၏ အကြောင်းကို သတိဖေါ်ပေးလော့၊ သူသည် အယူသန့်သူ ဖြစ်၏၊ သူသည် ဉာဏ်စဉ်တော်ဆောင်၊ သတင်းတော်ဆောင် ဖြစ်၏။
၁၉း၅၂။ ငါသည် သူ့အား တောင်တော်၏ ညာဘက် နံဘေးမှ ခေါ်တော်မူ၍ သီးသန့် ဗျာဒိတ်ခံယူရန် ချဉ်းကပ်စေ၏။
၁၉း၅၃။ ငါသည် သူ့အား ကရုဏာတော်မှ ချီးမြှင့်တော်မူ၍ သူ၏ အစ်ကို ဟာရွန်အား သတင်းတော်ဆောင် ဖြစ်စေ၏။
၁၉း၅၄။ ကျမ်းတော်လာ အီစ္စမာလ်အီးလ်၏ အကြောင်းကို သတိဖေါ်ပေးလော့၊ သူသည် ကတိပြုလေတိုင်း ဖြောင့်မှန်သူ ဖြစ်၏၊ သူသည် ဉာဏ်စဉ်တော်ဆောင်၊ သတင်းတော်ဆောင် ဖြစ်၏။
၁၉း၅၅။ သူသည် သူ့ဝိုင်းသားများကို ဝတ်ပြုရန်၊ သန့်ရှင်း ဖြူစင်စေရန် ညွှန်ကြား၏၊ သူသည် အထံတော်၌ ကျေနပ်မှုရသူ ဖြစ်၏။
၁၉း၅၆။ ကျမ်းတော်ပါ အီဒရီးစ်၏ အကြောင်းကို သတိဖေါ်ပေးလော့၊ သူသည် ဖြောင့်မှန်သူ၊ သတင်းတော်ဆောင် ဖြစ်၏။
၁၉း၅၇။ ငါသည် သူ့အား အထွဋ်အထိပ် အဆင့်သို့ မြှောက်စားတော်မူ၏။
၁၉း၅၈။ ပရမတ်ဘုရားရှင်၏ထံမှ ဂုဏ်ပေးခံရသော သူများမှာ- သတင်းတော်ဆောင်များမှ၊ အာဒံ၊ နူးဟ်နှင့်အတူ သယ်ဆောင်ခဲ့သူတို့၏ သားမြေးတို့မှ၊ အီဗရာဟီးမ်နှင့် အစ္စရေးလ်တို့၏ သားမြေးတို့မှ၊ ငါ လမ်းညွှန်ခဲ့သော ရွေးချယ်ခဲ့သော သူများမှ ဖြစ်၏၊ သူတို့အား ကရုဏာရှင်၏ သုတ်ဒေသနာတို့အား ရွတ်ဖတ် ပြသောအခါ သူတို့သည် ပြဝပ် ဦးချကြ၏၊ မျက်ရည်ကျကြ၏။
၁၉း၅၉။ သူတို့၏ နောက်တွင် ဝတ်ပြုခြင်းအား အလဟဿ ဖြစ်စေသည့် အာသာရမက်နောက်သို့ လိုက်သော ဆက်ခံသူများသည် ဆက်ခံခဲ့ကြ၏၊ ထို့ကြောင့် တိမ်းပါးရမှုကိုသာ ဆုံတွေ့ရလတ္တံ့။
၁၉း၆၀။ သို့သော် ခဝါချသူ၊ ယုံကြည်၍ ပြုပြင် ပြောင်းလဲမှုကို ကျင့်ကြံသူတို့သည် သုခဘုံသို့ ဝင်ရောက်ရလတ္တံ့၊ တစ်စုံတစ်ရာ အဝိဇ္ဇာသင့်စေမည် မဟုတ်ချေ။
၁၉း၆၁။ တည်မြဲခြင်း သုခဘုံများ ဖြစ်၍ ကရုဏာရှင်က အမှုတော်ဆောင်တို့အား ကတိ ထားတော်မူသည့် စက္ခုလွန်မှ ဖြစ်၏၊ မှတ်သားလော့၊ အရှင်၏ ကတိတော်သည် ဆိုက်ရောက်လာမည် သာတည်း။
၁၉း၆၂။ ထို၌ ငြိမ်းချမ်းပါစေ ဆိုသည်မှအပ ပွစိပွစိ ပြောသံများကို မကြားရချေ၊ သူတို့အတွက် မနက်ပိုင်းနှင့် ညဦးတွင် ရိက္ခာထောက်လျက် ရှိ၏။
၁၉း၆၃။ ငါ၏ အမှုတော်ဆောင်များမှ စည်းစောင့်ခြင်း ရှိသူတို့အား အမွေပေးမည်မှာ ထိုသို့ သုခဘုံပင် ဖြစ်၏။
၁၉း၆၄။ သင့်ကံကြမ္မာရှင်၏ ညွှန်ကြားချက်ဖြင့်သာ ကျွန်ုပ်တို့ ဆင်းသက်လာရ၏၊ ကျွန်ုပ်တို့၏ ပစ္စုပ္ပန်၊ ကျွန်ုပ်တို့၏ အနာဂတ်၊ ထိုစပ်ကြား ရှိသမျှတို့သည် အရှင်၏ အချုပ်အခြာ၌ ရှိ၏၊ သင့်ကံကြမ္မာရှင်သည် မေ့ပစ်ထားခြင်း မရှိချေ။
၁၉း၆၅။ မိုးများနှင့် မြေ၊ ထိုနှစ်ခုစပ်ကြား ရှိသမျှတို့၏ ကံကြမ္မာရှင်၊ အရှင့်ကိုသာ ကိုးကွယ်ကြလော့၊ အရှင့်အား အမှုတော်ထမ်းရာ၌ စိတ်ရှည် သည်းခံလော့၊ အရှင်အတွက် အခြား ဂုဏ်တော်ဟူ၍ သင် သိထားခြင်း ရှိသလော။
၁၉း၆၆။ လူသားက “ကျွန်ုပ်သည် သေရပြီးသော် ကျွန်ုပ်သည် ရှင်ပြန် ထွက်ပေါ်ရမည်လော၊” ဟု ဆိုလတ္တံ့။
၁၉း၆၇။ ရှေ့အလျင်က တစ်စုံတစ်ရာမရှိ နတ္ထိမှ သူ့ကို ဖြစ်တည်စေခဲ့သည်ကို လူသားသည် သတိမရ ဖြစ်နေသလော။
၁၉း၆၈။ သင့် ကံကြမ္မာရှင်အားဖြင့် သူတို့နှင့် မကောင်းဆိုးဝါးတို့အား စုစည်းစေမည်ပင်၊ သူတို့အား ငရဲပတ်လည်တွင် အသင့်ပြင် ဒူးထောက်စေလတ္တံ့။
၁၉း၆၉။ ထို့နောက် ကရုဏာရှင်အား ခေါင်းအမာဆုံးသော အာခံသူများကို ဂိုဏ်းကွဲတိုင်းမှ ဆွဲထုတ်ပစ်တော်မူလတ္တံ့။
၁၉း၇၀။ လောင်ကျွမ်းခြင်း အလှည့်ကျသော သူများကို ငါသည် အသိဆုံး ဖြစ်တော်မူ၏။
၁၉း၇၁။ သင်တို့အနက် ထို၌ မီးခဲရဲရဲ ဖြစ်ရသူသာရှိ၍ ရှောင်လွှဲ မရနိုင်သော သင့်ကံကြမ္မာရှင်၏ ဆုံးဖြတ်ချက်ပေါ်၌ ရှိကြ၏။
၁၉း၇၂။ ထို့နောက် ငါသည် စည်းစောင့်သော သူတို့အား လွတ်မြောက်စေတော်မူ၍ အမိုက်ကောင်တို့အား ထို၌ ဒူးထောက်လျက် ချန်ပစ်ခဲ့လတ္တံ့။
၁၉း၇၃။ ငါ၏ ရှင်းလင်းသော သုတ်ဒေသနာများကို ရွတ်ဖတ်ပြသောအခါ ဖုံးကွယ်သော သူတို့က ယုံကြည်သော သူတို့အား အဖွဲ့နှစ်ခုမှ မည်သည်က ပိုမို ကောင်းမွန် ခိုင်မြဲသနည်း၊ မည်သည့် ဖိတ်ကြားခံများက ပိုမို တင့်တယ်သနည်း၊” ဟု ဆို၏။
၁၉း၇၄။ ငါသည် သူတို့၏ ရှေ့အလျင် အသုံးအဆောင်များနှင့် တင့်တင့်တယ်တယ် မြင်ရသည့် မျိုးဆက်မည်မျှကို တိမ်ကောစေခဲ့သနည်း။
၁၉း၇၅။ ဟောလော့၊ “လွဲမှားမှု၌ တိုးရွေ့လျက် ရှိသူအား ကရုဏာရှင်သည် သူအား ကတိထားသည့် ဝဋ်ကြွေးအား၊ သို့မဟုတ် မြင်တွေ့ရမည့် အခိုက်အတန့် အထိ ရွေ့နေစေလတ္တံ့၊ ထိုအခါ မည်သူသည် ဆိုးဝါးချည့်နဲ့သော စစ်တပ်ဘက်၌ ရှိသည်ကို သူတို့ သိကြရလတ္တံ့။”
၁၉း၇၆။ လမ်းညွှန်၌ရှိသော သူအား ပရမတ်ဘုရားရှင်သည် လမ်းညွှန်ကို တိုးပွားစေ၏၊ စဉ်ဆက်မပြတ် ပြုပြင် ပြောင်းလဲခြင်းသည် သင့် ကံကြမ္မာရှင်၏ ထံပါး၌ ပိုကောင်း၏၊ ထိုအကျိုးဆက်သည် အပြန်ခရီးကောင်း ဖြစ်၏။
၁၉း၇၇။ ငါ၏ သုတ်ဒေသနာတို့အား ဖုံးကွယ်လျက် “ကျွန်ုပ်အား ဥစ္စာပစ္စည်းနှင့် ရင်သွေးများ ချီးမြှင့်ခံရ၏၊” ဟု ပြောသော သူကို သင် မရှုစားမိသလော။
၁၉း၇၈။ သူသည် စက္ခုလွန်ကို ဖေါ်ထုတ်နိုင်သလော၊ သို့တည်းမဟုတ် ကရုဏာရှင်ထံမှ ပဋိညာဉ် ရယူထားသလော။
၁၉း၇၉။ အမှန်မှာ ငါသည် သူ၏ဆိုစကားကို မှတ်တမ်းတင်ထားလတ္တံ့၊ သူ၏ တိုးရွေ့နေသော ဝဋ်ကြွေးကို တိုးရွေ့နေစေလတ္တံ့။
၁၉း၈၀။ သူပြောဆိုသော အရာအား ငါ အမွေသိမ်းတော်မူ၍ သူ့ချည်းသပ်သပ် ငါ့ထံသို့ ဆိုက်ရောက်ရလတ္တံ့။
၁၉း၈၁။ သူတို့အတွက် ဘုန်းကံကြီးရန် ပရမတ်ဘုရားရှင်မှလွဲ၍ ဘုရား အများကို အယူထားနေကြ၏။
၁၉း၈၂။ အမှန်မှာ ၎င်းတို့က သူတို့၏ အမှုတော်ထမ်းခြင်းကို မကြာမီ ဖုံးကွယ်ပယ်ချ၍ ဆန့်ကျင်ဘက်များ ဖြစ်ရလတ္တံ့။
၁၉း၈၃။ ငါသည် မကောင်းဆိုးဝါးအား စေစား၍ ဖုံးကွယ်သူတို့အား မြှောက်ပင့် တိုက်တွန်းစေသည်ကို သင် မမြင်မိသလော။
၁၉း၈၄။ သို့ဖြစ်၍ သူတို့အပေါ်၌ အလျင် မလိုနှင့်၊ သူတို့အား နံပါတ်စဉ်အတိုင်း နံပါတ်တပ်ပြီး ဖြစ်၏။
၁၉း၈၅။ စည်းစောင့်သူများအား အထူးကိုယ်စားလှယ်အဖြစ် ကရုဏာရှင်၏ထံသို့ စုစည်းစေသောနေ့ ကာလ၌။-
၁၉း၈၆။ ရာဇဝတ်ကောင်များအား ရဲရဲတောက် ငရဲဘုံသို့ မောင်းထည့်စဉ်။-
၁၉း၈၇။ ကရုဏာရှင်၏ထံတော်မှ ပဋိညာဉ် ရယူထားသူများမှအပ အခြား အမျှဝေ ဆုတောင်းနိုင်ခြင်း ဩဇာအာဏာ မရှိချေ။
၁၉း၈၈။ ကရုဏာရှင်၌ ကိုယ်ပွားယူထား၏ ဟု ပြောဆိုမှုများမှာ။-
၁၉း၈၉။ ဧကန် မုချ တုန်လှုပ် ကြောက်မက်ဘွယ်ရာကို သင်တို့ ရောက်လာစေခြင်း ဖြစ်၏။
၁၉း၉၀။ ကောင်းကင်များသည် အသစ် ပြန်ဖြစ်လု၊ မြေကမ္ဘာသည် ကြေမွလု၊ တောတောင်များသည် ဖွာထွက်လု ဖြစ်ရသည်မှာ။-
၁၉း၉၁။ ကရုဏာရှင်အား ကိုယ်ပွားထား တသခြင်းကြောင့် ဖြစ်၏။
၁၉း၉၂။ ကရုဏာရှင်အတွက် ကိုယ်ပွား အယူထားရန် မရှာဖွေကြနှင့်။
၁၉း၉၃။ မိုးများနှင့် မြေကမ္ဘာတွင်း ရှိသူ ကိုယ်စီသည် ကရုဏာရှင်၏ အမှုတော်ဆောင် အဖြစ်ဖြင့်သာ ရောက်ရမည်ပင်။
၁၉း၉၄။ မုချပင် ၎င်းတို့အား နံပတ်စဉ်အတိုင်း နံပတ်တပ် အမှတ်စဉ် မှတ်ထား၏။
၁၉း၉၅။ ရပ်တည်ရသောနေ့၌ သူတို့ကိုယ်စီ အရှင့်ထံသို့ သပ်သပ်စီ ရောက်ရလတ္တံ့။
၁၉း၉၆။ ဧကန်ပင် ယုံကြည်၍ ပြုပြင် ပြောင်းလဲမှု ကျင့်ကြံသော သူများ၊ သူတို့အတွက် ကရုဏာရှင်သည် ချစ်ခြင်းတရားကို စီစဉ်ထားလတ္တံ့။
၁၉း၉၇။ သို့ဖြင့် ၎င်းကို သင်၏ ဘာသာစကားဖြင့် လွယ်ကူစေ၏၊ ၎င်းဖြင့် စည်းစောင့်သူတို့အား သတင်းကောင်းပါးရန်၊ ရန်လိုသော လူမျိုးအား သတိပေးရန် ဖြစ်စေ၏။
၁၉း၉၈။ ငါသည် သူတို့၏ ရှေ့အလျင် မျိုးဆက်မည်မျှကို တိမ်ကောစေခဲ့သနည်း၊ သင်သည် သူတို့မှ တစ်စုံတစ်ယောက်ကို ရင်ဆိုင်တွေ့ဖြစ်သလော၊ သို့မဟုတ် သူတို့၏ အသံတစ်ခုမျှပင် ကြားရနိုင်သလော။
ဓမ္မခန္ဓာ (၁၉) ဤတွင် ပြီး၏။
ဓမ္မခန္ဓာ (၂၀) စိတ်ငြိမ်သူ
ဉာဏ်စဉ်ကိန်းဝပ်ပေးမှု အမှတ်စဉ် ၄၅၊ သုတ်ဒေသနာ ၁၃၅ ပါး။
ကရုဏာရှင် အကြင်နာရှင် ဖြစ်တော်မူသော ပရမတ်ဘုရားရှင်၏ ဂုဏ်တော်အားဖြင့်-
၂၀း၁။ အေ - စိတ်တည်ငြိမ်သူ။-
၂၀း၂။ ငါသည် သင့်ထံ၌ ကုရ်အာန်ကို ချမှတ်ပေးသည်မှာ ကံဆိုးရစေရန် မဟုတ်။
၂၀း၃။ ကြောက်ရွံ့ ရိုကျိုးတတ်သူတို့အား သတိ ဖေါ်ပေးရန်သာ ဖြစ်၏။
၂၀း၄။ အပေါ်လွှာ အာကာသများနှင့် မြေကမ္ဘာအား ဖြစ်တည်စေသည့် အရှင်ထံမှ ချမှတ်ပေးခြင်း ဖြစ်၏။
၂၀း၅။ ထပ်ဆင့် ကွပ်ကဲမှုကို ပုံစံချသော ကရုဏာရှင်။-
၂၀း၆။ မိုးများအတွင်း၊ မြေအတွင်း၊ ထိုနှစ်ခု စပ်ကြားနှင့် မြေဆီလွှာအောက် ရှိသည်တို့သည် အရှင်၏ အချုပ်အခြာ၌ ရှိ၏။
၂၀း၇။ သင် စကားကျယ်ကျယ် ပြောလျှင်လည်း ကြိတ်၍ မြိုသိပ်ထားရာကို အရှင်သည် သိနေတော်မူ၏။
၂၀း၈။ ပရမတ်ဘုရားရှင်၊ အရှင်မှလွဲ၍ အခြား ဘုရားဟူ၍ မရှိ၊ အသပ္ပါယ်ဆုံးသော ဂုဏ်တော်တို့သည် အရှင့်အဘို့ ဖြစ်၏။
၂၀း၉။ မူဆာ၏ အကြောင်း ဆင့်ပြန်ချက်သည် သင့်ထံသို့ ရောက်လာပြီလော။
၂၀း၁၀။ သူသည် မီးကို မြင်သောအခါ သူ၏ ဝိုင်းသားတို့အား “စောင့်နေကြလော့၊ ကျွန်ုပ်သည် မီးကို တွေ့ရ၏၊ သင်တို့အတွက် ထိုမှ မီးတောက်ကို ယူပေးနိုင်ရာ၏၊ သို့မဟုတ် ထိုမီးပေါ်၌ လမ်းညွှန်တစ်ခုကို တွေ့ရှိနိုင်ရာ၏၊” ဟု ပြော၏။
၂၀း၁၁။ သူသည် ထိုသို့ ရောက်လာသောအခါ “အို- မူဆာ၊” ဟု ဖိတ်ခေါ် ခံရ၍။-
၂၀း၁၂။ မှတ်သားလော့၊ ငါသည် သင့်ကံကြမ္မာရှင် ဖြစ်၏၊ သင့်ခြေနင်းကို ချွတ်လော့၊ ဧကန်ပင် သင်သည် မြတ်သော တောင်ခြေ ချိုင့်ဝှမ်း၌ ရောက်နေ၏။
၂၀း၁၃။ သင့်ကို ငါ ရွေးချယ်ပြီ၊ သို့ဖြစ်၍ ငါ- အာရုံဈာန် ဖြစ်ပေးရာအား နာယူလော့။
၂၀း၁၄။ မှတ်သားလော့၊ ငါသည် ပရမတ်ဘုရားရှင် ဖြစ်၏၊ ငါမှအပ အခြား ဘုရား ဟူ၍ မရှိ၊ ငါ့ကိုသာ ကိုးကွယ်ကြလော့၊ ငါအား သတိယူလျက် ဝတ်ပြု မြဲကြလော့။
၂၀း၁၅။ အခိုက်အတန့်သည် ဧကန် လာနေ၏၊ ဉာဉ်စရိုက် ကိုယ်စီ လုံးပန်းမှုများ အတွက် အစားရအံ့ငှာ ၎င်းကို မြင်ရလုမတတ် ဖြစ်စေလတ္တံ့။
၂၀း၁၆။ ကျရှုံးခြင်း မရှိစေရန် ၎င်းကို မယုံကြည်ဘဲ လိုဘနောက်သို့ လိုက်နေသူက သင့်အား ၎င်းမှ မဖယ်ရှားစေနှင့်။
၂၀း၁၇။ သင်၏ ညာလက်တွင် မည်သည့်အရာနည်း၊ အေ- မူဆာ၊ ဟု မေးသော်။-
၂၀း၁၈။ သူက “ဤသည် တပည့်တော်၏ လက်ထောက် ဖြစ်၏၊ ၎င်းကို တပည့်တော် မှီရ၏၊ သိုးများအတွက် သစ်ရွက်ခြွေရ၏၊ တပည့်တော်အတွက် နောက်ဆက်တွဲ အသုံးပြုမှုများလည်း ရှိ၏။” ဟု ဆို၏။
၂၀း၁၉။ အရှင်က “အို- မူဆာ၊ ၎င်းကို ခင်းကျင်းလော့၊” ဟု မိန့်လိုက်၍။-
၂၀း၂၀။ ၎င်းကို ခင်းကျင်းသောအခါ ၎င်းသည် အသက်ဝင် လုံးပန်း လှုပ်ရှားလာ၏။
၂၀း၂၁။ အရှင်က “၎င်းကို စွဲကိုင်လော့၊ မကြောက်ရွံ့နှင့်၊ ၎င်းကို ပထမ လာလမ်းအတိုင်း ငါ ဆက်ဖြစ်စေလတ္တံ့” ဟု မိန့်၏။
၂၀း၂၂။ ထို့နောက် သင်၏ လက်ကို သင့်လက်ရုံးရည်ဖြင့် ချုပ်တီးလော့၊ ၎င်းသည် အကုသိုလ်ကင်းသော အဖြူထည်သက်သက် ထွက်လာလိမ့်မည်၊ နောက်ထပ် နိမိတ်လက္ခဏာပင် ဖြစ်၏။
၂၀း၂၃။ သင့်အား ငါ၏ ကြီးကျယ်သော နိမိတ် လက္ခဏာတို့အား မြင်တွေ့စေဘို့ရာ။-
၂၀း၂၄။ ဖာရိုးထံသို့ သွားလော့၊ သူသည် စည်းဖျက်သူ ဖြစ်၏။
၂၀း၂၅။ ထိုအခါ မူဆာက “အို- ကံကြမ္မာရှင်၊ တပည့်တော်၏ရင်ကို ကျယ်ဝန်း စေတော်မူပါ။
၂၀း၂၆။ တပည့်တော်၏ စီမံချက်ကို လွယ်ကူစေတော်မူပါ။
၂၀း၂၇။ တပည့်တော်၏ ဘာသာစကား အထုံးအဖွဲ့များကို ဘောင်ဝင်စေတော်မူပါ။
၂၀း၂၈။ တပည့်တော်၏ အပြောအဆိုအား သူတို့အား နားလည်စေတော်မူပါ။
၂၀း၂၉။ တပည့်တော်၏၊ ဝိုင်းတော်သားထဲမှ တပည့်တော်အတွက် သံဝန်ထမ်းတစ်ဦး စီစဉ်ပေးတော်မူပါ။
၂၀း၃၀။ တပည့်တော်၏ အစ်ကို ဟာရွန်။-
၂၀း၃၁။ သူ့ဖြင့် တပည့်တော်အား အင်အား ကောင်းစေတော်မူပါ။
၂၀း၃၂။ တပည့်တော်၏ စီမံချက်၌ သူ့အား တပည့်တော်နှင့် ဖက်စပ်သူ ဖြစ်စေတော်မူပါ။
၂၀း၃၃။ အရှင့်အား မြောက်မြားစွာ ဦးထိပ်ထားဘို့ရာ ဖြစ်ပါ၏။
၂၀း၃၄။ အရှင့်အား များစွာ သတိတရ ရှိဘို့ရာလည်း ဖြစ်ပါ၏။
၂၀း၃၅။ အရှင်သည် တပည့်တော်တို့အား မြင်နေသော အရှင်ဖြစ်ပါ၏၊” ဟု လျောက်ထား၏။
၂၀း၃၆။ အရှင် မိန့်သည်မှာ “သင်၏ တောင်းခံချက်ကို ပြည့်စေတော်မူပြီ၊ အေ- မူဆာ။-
၂၀း၃၇။ မုချပင်၊ ငါသည် သင့်အား နောက်တစ်ကြိမ် မျက်နှာသာ ပေးတော်မူပြီ။”
၂၀း၃၈။ ငါသည် သင့်မိခင်ထံသို့ အာရုံရစေရန် အာရုံဈာန်ပေးစဉ်က။-
၂၀း၃၉။ သူ့အား ရင်ထဲ၌ ပိုက်ထားလော့၊ ထို့နောက် မြစ်အား သူ့ကို ခင်းကျင်း စေလော့၊ မြစ်သည် ကမ်းခြေ၌ သူ့ကို ခင်းကျင်းပေးလိမ့်မည်၊ ငါ့အား စည်းဖေါက်သူ၊ သူ့အား စည်းဖေါက်သူ ဖြစ်သည့် သူက သူ့အား ယူဆောင်သွားလတ္တံ့၊ ငါ့ စက္ခု ရှေ့မှောက် သင့်အား တည်ဆောက်ပေးစေခြင်းငှာ ငါသည် သင့်အပေါ်၌ ချစ်မေတ္တာဖြင့် လွှမ်းထားတော်မူပြီ။
၂၀း၄၀။ သင့် အမသည် သူတို့ထံသို့ လျှောက်သွား၍ “သူ့အား ထိန်းကျောင်းမည့်သူကို သင်တို့အား ညွှန်ပြရမည်လော၊” ဟု ပြောဆိုလျက် သို့ဖြင့် ငါသည် သင့်အား သင့်မိခင်ထံသို့ ပြန်ပို့ပေး၏၊ သူမသည် မျက်လုံးများ တည်ငြိမ် အေးချမ်းလာ၏၊ သောကများ ပြေသွား၏၊ သင်သည် ဉာဉ်တစ်ခုကို ခုခံတိုက်ခဲ့စဉ်က တလှိုက်လှိုက် ဖြစ်နေရခြင်းမှ သင့်အား ငါ လွတ်မြောက်စေခဲ့၍ သင့်အား စမ်းသပ်ခြင်းဖြင့် စမ်းသပ်ခဲ့၏၊ သင်သည် မီဒီယံ ဝိုင်းသားများနှင့် နှစ်များစွာ နေခဲ့ရ၍ အေ- မူဆာ၊ စည်းချိန်အလျောက် သင် ပြန်ရောက်လာခဲ့ရ၏။
၂၀း၄၁။ ငါ၏ စရိုက်တော်အတွက် သင့်အား တည်ဆောက်ယူတော်မူပြီ။
၂၀း၄၂။ သင်နှင့် သင့်အကိုသည် ငါ၏ သုတ်ဒေသနာများနှင့်အတူ သွားလော့၊ ငါ့အား သတိတရ ရှိခြင်း၌ နမော်နမဲ့ မဖြစ်နှင့်။
၂၀း၄၃။ ဖာရိုးထံသို့ သင်တို့နှစ်ဦး သွားလော့၊ သူသည် စည်းဖျက်သူ ဖြစ်၏။
၂၀း၄၄။ သူ ဆင်ခြင် သတိရှိအံ့ငှာ၊ သို့မဟုတ် အကြောက်တရား ရှိအံ့ငှာ၊ ပျော့ပြောင်းသော အပြောဖြင့် ပြောလော့၊” ဟု ဖြစ်၏။
၂၀း၄၅။ သူတို့က “အို- ကံကြမ္မာရှင်၊ တပည့်တော်တို့အား သူ၏ လက်လွတ်စပယ် စည်းဖျက်မည်ကို တပည့်တော်တို့ စိုးကြောက်ပါ၏။” ဟု ဆိုသော်။-
၂၀း၄၆။ အရှင်က “မကြောက်ရွံ့နှင့်၊ ငါသည် ကြားနေ မြင်နေလျက် သင်တို့နှင့် အတူ ရှိ၏” ဟု မိန့်၍။-
၂၀း၄၇။ သူ့ထံသို့ အရောက်သွား၍ ပြောရမည်မှာ “ကျွန်ုပ်တို့သည် သင့် ကံကြမ္မာရှင်၏ ဉာဏ်စဉ်ဆောင်များ ဖြစ်ကြ၏၊ ဂျူးလူမျိုးတို့အား ကျွန်ုပ်တို့နှင့် အတူ စေစားလော့၊ သူတို့အား ဝဋ်ဒဏ် မသင့်စေနှင့်၊ ကျွန်ုပ်တို့သည် သင့်ထံသို့ သင့် ကံကြမ္မာရှင်၏ထံမှ သုတ်ဒေသနာတော် ရောက်လာစေပြီ၊ လမ်းညွှန်ကို လိုက်နာသူတို့ အပေါ်သို့ ငြိမ်းချမ်း သာယာကြပါစေ။
၂၀း၄၈။ ငြင်းဆန် ဘက်လှည့်သူ အပေါ်သို့ ဝဋ်ကြွေးဒဏ် ရှိသည်ဟု ကျွန်ုပ်တို့ထံ ဧကန် မုချ အာရုံဈာန် ရရှိ၏၊” ဟု ဖြစ်၏။
၂၀း၄၉။ သူက “အို- မူဆာ၊ သင့်ကံကြမ္မာရှင်သည် မည်သူ ဖြစ်သနည်း၊” ဟု မေးသော်။-
၂၀း၅၀။ မူဆာက “ကျွန်ုပ်တို့၏ ကံကြမ္မာရှင်မှာ သဗ္ဗလုံးစုံသော ဖြစ်တည်ခံတို့အား လက်ဆောင်ပေး၏၊ လမ်းညွှန်၏၊” ဟု ဆို၏။
၂၀း၅၁။ သူက “သို့ဖြစ်လျှင် ရှေးပထမ မျိုးဆက်များမှာ အခြေအနေ မည်သို့နည်း၊” ဟု မေးမြန်း၏။
၂၀း၅၂။ မူဆာက ပြန်ပြောသည်မှာ “၎င်းအား သိနိုင်မှုသည် ကံကြမ္မာရှင်၏ထံပါးမှ မှတ်တမ်း၌ ရှိ၏၊ ကျွန်ုပ်၏ ကံကြမ္မာရှင်သည် လွဲမှားခြင်း၊ မေ့ပစ်ခြင်း မရှိချေ။
၂၀း၅၃။ အရှင်သည် သင်တို့အတွက် မြေကမ္ဘာကို ငြိမ့်ညောင်းရာ အဖြစ် စီစဉ်ပေး၏၊ ထို၌ သင်တို့အတွက် လမ်းကြောင်းများ ဖေါက်စေပြီ၊ ကောင်းကင်မှ ရေကို သွန်းချစေ၍ ၎င်းဖြင့် မတူကွဲပြား အစုဖွဲ့များ သီးနှံထွန်းစွာ ထွက်စေ၏။
၂၀း၅၄။ စားသုံးကြလော့၊ သင်တို့၏ တိရိစ္ဆာန်များ အတွက် ထိန်းကျောင်းရာ ဖြစ်စေလော့၊ ဤ၌ အကင်းပါးမှု ရှိသူများအတွက် သက်သေ လက္ခဏာ ရှိနေ၏၊” ဟု ဖြစ်၏။
၂၀း၅၅။ သင်တို့အား ထိုမှ ဖြစ်တည်စေ၍ သင်တို့အား ထို၌ ဆက်ဖြစ်စေကာ သင်တို့အား နောက်ထပ်တစ်ကြိမ် ငါထုတ်ယူလတ္တံ့။
၂၀း၅၆။ ငါသည် ငါ၏ သုတ်ဒေသနာ ကိုယ်စီအား သူ့ကို မုချ မြင်စေသော်လည်း သူသည် ငြင်းဆန်၊ ပယ်ချ၍။-
၂၀း၅၇။ ဖာရိုးက “အို- မူဆာ၊ သင်၏ မှော်အတတ်ဖြင့် ကျွန်ုပ်တို့အား မြေကမ္ဘာမှ မောင်းထုတ်ရန် ကျွန်ုပ်တို့ထံသို့ ရောက်လာသလော။
၂၀း၅၈။ ကျွန်ုပ်တို့သည်လည်း အလားတူ မှော်အတတ်ကို သင့်ထံသို့ ပေးရောက်စေအံ့၊ ထို့ကြောင့် ကျွန်ုပ်တို့၏ကြား၊ သင်တို့ကြား၌ ကျွန်ုပ်တို့၊ သင်တို့သည် မချိုးမဖျက် မျှတသော နေရာသို့ ကတိချိန် စီစဉ်ကြပါစို့၊” ဟု ပြောသော်။-
၂၀း၅၉။ သူက “သင်တို့၏ ကတိချိန်သည် ပွဲတော်နေ့ ဖြစ်သင့်၏၊ လူသားတို့အား နေထိန်ထိန် ပူချိန်၌ စုစည်းကြစေ၊” ဟု ပြော၏။
၂၀း၆၀။ ဖာရိုးသည် လှည့်ပြန်၍ သူ၏ဗျူဟာများကို စုကာ တဖန် ရောက်လာ၏။
၂၀း၆၁။ မူဆာက “သင်တို့ ပျက်စီးရလတ္တံ့၊ ပရမတ်ဘုရားရှင်နှင့် စပ်လျဉ်း၍ တားမြစ်ထားသည်ကို လိမ်ညာ လုပ်ကြံ ဖန်တီးလျက် ဝဋ်ကံ မသင့်စေနှင့်၊ လုပ်ကြံ ဖန်တီး သူတို့သည် စိတ်ပျက် ကျဆုံးရလတ္တံ့၊” ဟု သူတို့ကို ပြော၏။
၂၀း၆၂။ သူတို့၏ ညွှန်ကြားချက်အား အချင်းချင်းကြား ဖယ်ပစ်နေကြ၍ ကြိတ်ကြံစည်ကာ သီးခြားတိုင်ပင်လျက်။-
၂၀း၆၃။ ပြောကြသည်မှာ “သူတို့နှစ်ဦးသည် မှော်ဆရာများ ဖြစ်ကြ၏၊ သူတို့သည် သူတို့၏ မှော်အတတ်ဖြင့် သင်တို့၏မြေမှ သင်တို့အား မောင်းထုတ်လိုကြ၍ သင်တို့၏ အသားကျပြီး လမ်းကို ရုပ်သိမ်းပစ်ကြ၏။
၂၀း၆၄။ ထို့ကြောင့် သင်တို့၏ ဗျူဟာများကို အတူ ပူးပေါင်းကြလော့၊ ထို့နောက် ဝါစဉ်အတိုင်း လာရောက်လော့၊ ယနေ့၌ မုချပင် အပေါ်စီးမှ အောင်နိုင် ပေါက်မြောက်ရလတ္တံ့၊” ဟု ဖြစ်၏။
၂၀း၆၅။ သူတို့က “အို- မူဆာ၊ အသင် ခင်းကျင်းမည်လော၊ သို့မဟုတ် ကျွန်ုပ်တို့က အရင်အဦး ခင်းကျင်းသူများ ဖြစ်ရမည်လော၊” ဟု ဆိုသော်။-
၂၀း၆၆။ သူက “အမှန်- ခင်းကျင်းလော့၊” ဟု ဆို၏၊ ထိုအခါ သူတို့၏ မှော်အတတ်ကြောင့် သူတို့၏ ဂုဏ်ဆောင်ကြိုးများနှင့် လက်ထောက်များသည် သူ့ထံသို့ လုံးပမ်း လှုပ်ရှားလာ၏။
၂၀း၆၇။ မူဆာသည် သူ့စိတ်၌ စိုးရိမ်စိတ် ခံစားမိ၏။
၂၀း၆၈။ ငါ မိန့်သည်မှာ “သင် မစိုးရိမ်နှင့်၊ သင်သည် အပေါ်စီးမှ ရှိနေ၏။
၂၀း၆၉။ သင့် ညာလက်၌ ရှိရာကို ခင်းကျင်းလော့၊ ၎င်းသည် သူတို့၏ တည်ဆောက်ထားခြင်းကို မြိုလိုက်လိမ့်မည်၊ သူတို့၏ တည်ဆောက်ထားခြင်းသည် မှော်ဆရာ၏ ဗျူဟာသာ ဖြစ်၏၊ မှော်ဆရာဟူသည် မည်သည့်နေရာမှ ရောက်လာသည်ဖြစ်စေ၊ အောင်မြင် ပေါက်မြောက်မည် မဟုတ်ချေ၊” ဟု ဖြစ်၏။
၂၀း၇၀။ သို့ဖြင့် ခင်းကျင်းသော မှော်ဆရာတို့မှာ ဦးချကြလျက် “မူဆာနှင့် ဟာရွန်တို့၏ ကံကြမ္မာရှင်အား ကျွန်ုပ်တို့ သက်ဝင် ယုံကြည်ပါပြီ၊” ဟု ဆိုကြ၏။
၂၀း၇၁။ ဖာရိုးက “သင်တို့သည် ကျွန်ုပ်၏ ခွင့်ပြုချက်မရမီ ၎င်းအား ယုံကြည်ကြသလော၊ သူသည် သင်တို့အား မှော်အတတ် သင်ပေးသော သင်တို့၏ အကြီးအကဲ ဖြစ်ရမည်၊ ကျွန်ုပ်သည် သင်တို့၏ ဆက်လုပ်မည့် လက်များ၊ ခြေများကို ဖြတ်တောက်လတ္တံ့၊ သင်တို့အား စွန်ပလွံပင်များ၌ ကားစင်တင်ပစ်လတ္တံ့၊ ကျွန်ုပ်တို့ မှ မည်သူသည် သင်တို့အား ပြတ်သား တည်တံ့သော ဝဋ်ဒဏ်ကို ပေးနိုင်ကြောင်း သိရလတ္တံ့၊” ဟု ကြုံးဝါး၏။
၂၀း၇၂။ သူတို့က ပြောသည်မှာ “ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ မူလလက်သည် အရှင်ထံမှ ကျွန်ုပ်တို့ထံသို့ ရောက်လာသော ရှင်းလင်းချက်ထက် အသင့်အား အစဉ်အလာ မပြုနိုင်၊ သို့ဖြစ်၍ သင် ဆုံးဖြတ်မည်ကို ဆုံးဖြတ်လော့၊ သင်သည် ဤလောကီ သက်တမ်း၌သာ ဆုံးဖြတ်နိုင်ရာ၏။
၂၀း၇၃။ ကျွန်ုပ်တို့၏ မေ့ပြစ်များ၊ သင်က ကျွန်ုပ်တို့အား အဓမ္မခိုင်းစေသော မှော်အတတ်များမှ လွတ်ငြိမ်းစေအံ့ငှာ ကျွန်ုပ်တို့၏ ကံကြမ္မာရှင်အား သက်ဝင် ယုံကြည်ပါ၏၊ ပရမတ်ဘုရားရှင်သည် အမြတ်ဆုံးဖြစ်၏၊ ထာဝရ ဖြစ်၏။”
၂၀း၇၄။ မည်သူမဆို သူ့ကံကြမ္မာရှင်၏ထံသို့ ရာဇဝတ်ကောင်အဖြစ် ရောက်လာ၏၊ သူ့အတွက် ဧကန်ပင် ငရဲဘုံသည် ရှိ၏၊ ထို၌ သေရမည် မဟုတ်၊ ရှင်ရမည်လည်း မဟုတ်ချေ။
၂၀း၇၅။ သက်ဝင် ယုံကြည်ချက်ဖြင့် ရောက်လာ၍ ပြုပြင်မှု ကျင့်ကြံသူ၊ သူတို့အတွက် အခွင့်အလမ်းမှာ အပေါ်စီးမှ ဖြစ်၏။
၂၀း၇၆။ အောက်ခင်း၌ စိမ့်စမ်း ရေသွင် စီးဆင်းနေသော တည်တံ့ခြင်း သုခဘုံများ၌ အစဉ် စံစားရမည်ပင်၊ ဤသည် သန့်ရှင်း ဖြူစင်သူများအဘို့ အစားပေးခြင်းပင် ဖြစ်၏။
၂၀း၇၇။ ငါက မူဆာထံသို့ အာရုံဖြစ်စေသည်မှာ “ငါ၏ အမှုဆောင်များဖြင့် ခရီးနှင်လော့၊ သူတို့အတွက် ပင်လယ်ဝကို ဖြတ်လျက် ခြောက်သွေ့သောလမ်းမှ ချီလော့၊ သင်တို့အား လွှမ်းခြုံလိမ့်မည်ဟု မကြောက်နှင့်၊ တုန်လှုပ်ခြင်းလည်း မရှိနှင့်။
၂၀း၇၈။ သူတို့အား ဖာရိုးနှင့် သူ၏ စစ်တပ်သည် လိုက်၏၊ ထိုအခါ မြစ်ပြင်၏ လွှမ်းခြုံခြင်းက သူတို့အား လွှမ်းခြုံလိုက်၏။
၂၀း၇၉။ ဖာရိုးသည် သူ့လူမျိုးအား လမ်းလွဲစေ၏၊ လမ်းမှန်ကို မညွှန်ချေ။
၂၀း၈၀။ အို- ဂျူးလူမျိုးတို့၊ သင်တို့၏ ရန်သူထံမှ သင်တို့အား လွတ်မြောက်စေခဲ့ပြီ၊ တောင်၏ ညာ၊ နံဘေး ငြိမ်းအေးသော နေရာအား ကတိတော်ထားခဲ့ပြီ၊ သင်တို့ အပေါ်သို့ သုဓာနှင့် ငုံးငှက်တို့ကို ချမှတ်ပေးခဲ့ပြီ။
၂၀း၈၁။ သင်တို့အား ရိက္ခာပေးသည်မှ စင်ကြယ်ရာများကို စားသုံးကြလော့၊ သင့်တို့အား ကံကြီး မသင့်စေအံ့ငှာ ဥပဒေ ဘောင်မှ စည်းမဖျက်ကြနှင့်၊ ငါ့ထံမှ ကံကြီးသင့်ခြင်း၌ ဘောင်ဝင်သူသည် ဧကန်မုချ လိုဘကြီးနေသူ ဖြစ်၏။
၂၀း၈၂။ ခဝါချ ယုံကြည်လျက် ပြုပြင်မှု ကျင့်ကြံသူအား ငါသည် လွတ်ငြိမ်းစေသောအရှင်၊ တဖန် လမ်းညွှန်သောအရှင် ဖြစ်၏။
၂၀း၈၃။ အေ- မူဆာ၊ အဘယ်အရာက သင့်အား သင်၏ လူမျိုးထက် အလျင်လိုစေခဲ့သနည်း၊” ဟု ဖြစ်၏၊
၂၀း၈၄။ သူက “သူတို့သည် တပည့်တော်၏ လိုက်မြဲခရီး၌ ရှိ၏၊ အရှင်၏ ကျေနပ်စေခြင်းငှာ တပည့်တော်သည် ကံကြမ္မာရှင်၊ အရှင့်ထံသို့ အလျင်လိုလျက် ရှိပါ၏၊” ဟု လျှောက်ထား၏။
၂၀း၈၅။ အရှင်က “သင့်နောက်၌ သင့်လူမျိုးအား ငါ စမ်းသပ်၏၊ စာမရီသည် သူတို့အား လမ်းလွဲစေ၏၊” ဟု မိန့်သော်။-
၂၀း၈၆။ မူဆာသည် သောကဖြင့် သူ့လူမျိုးထံသို့ လှည့်ပြန်လျက် “အို- ကျွန်ုပ်၏ လူမျိုးတို့၊ သင်တို့၏ ကံကြမ္မာရှင်သည် သင်တို့အား တင့်တယ်သော ကတိတော်ဖြင့် ကတိ မထားခဲ့လေသလော၊ သင်တို့အပေါ်သို့ ပဋိညာဉ်သည် ရှည်ကြာလှသလော၊ သို့တည်းမဟုတ် ကံကြမ္မာရှင်၏ထံမှ ကံကြီးသင့်စေမှုသည် သင်တို့အတွက် တရားဝင်ဖြစ်စေရန် ကတိသစ္စာအား ချိုးဖျက်လိုကြသလော၊” ဟု ဆို၏။
၂၀း၈၇။ သူတို့ ပြန်ပြောသည်မှာ “ကျွန်ုပ်တို့သည် သင်နှင့်ထားသော ကတိအား ကျွန်ုပ်တို့၏ အာဏာဖြင့် ချိုးဖျက်ခြင်း မဟုတ်၊ သို့သော် ကျွန်ုပ်တို့သည် အမျိုးသားထု၏ အစွဲအလန်းများကို ထမ်းဆောင်ရ၍ ၎င်းတို့အား စွန့်ပစ်လိုက်ကြ၏၊ ယင်းသည် စာမရီ၏ ခင်းကျင်းချက် ဖြစ်၏။
၂၀း၈၈။ သူသည် ၎င်းတို့မှ နွားငယ် ကိုယ်ထည်နှင့် အသံထွက်ရန် ပြုလုပ်၏၊ ထို့နောက် သူတို့က “ဤသည် သင်တို့၏ ဘုရားရှင်၊ မူဆာ၏ ဘုရားရှင် ဖြစ်၏၊ သို့သော် သူသည် မေ့နေခြင်း ဖြစ်၏၊” ဟု ဆိုကြောင်းပင် ဖြစ်၏။
၂၀း၈၉။ ၎င်းသည် သူတို့အား စကား ပြန်ပြောခြင်းမရှိ၊ ဆိုးကျိုး၊ ကောင်းကျိုးအား အစိုး မရသည်ကို သူတို့ မမြင်ကြသလော။
၂၀း၉၀။ ဤရှေ့အလျင် ဟာရွန်က သူတို့အား “အို- ကျွန်ုပ်၏ လူမျိုးတို့၊ သင်တို့သည် ဤအမှုဖြင့် စမ်းသပ်ကြလေပြီ၊ သင်တို့၏ ကံကြမ္မာရှင်သည် ကရုဏာရှင် ဖြစ်၏၊ သို့ဖြစ်၍ ကျွန်ုပ်နောက်သို့ လိုက်ကြလော့၊ ကျွန်ုပ်၏ ညွှန်ကြားချက်ကို နာခံကြလော့၊” ဟု မုချ ဟောပြောသော်။-
၂၀း၉၁။ သူတို့က ကျွန်ုပ်တို့ထံသို့ မူဆာ ပြန်လာသည်အထိ ၎င်းအပေါ် နှုတ်ဆိတ် စွဲကိုင်နေခြင်းကို ရပ်စဲမည် မဟုတ်” ဟု ဆိုကြ၏။
၂၀း၉၂။ မူဆာက “အို- ဟာရွန်၊ သူတို့ လမ်းလွဲနေသည်ကို သင် မြင်ပါလျက် သင့်အား အဘယ်အရာ ဟန့်တားထားသနည်း။
၂၀း၉၃။ ကျွန်ုပ်အား မလိုက်နာသလော၊ ကျွန်ုပ်၏ ညွှန်ကြားချက်အား အာခံလေသလော၊” ဟု ဆိုသော်။-
၂၀း၉၄။ သူက “အို- အမေ့သား၊ ကျွန်ုပ်၏ မုတ်ဆိတ်၊ ဦးခေါင်းကို မဆွဲပါနှင့်၊ ကျွန်ုပ်သည် ဂျူးလူမျိုးများကြား ခွဲခြမ်းပစ်သည်၊” “ကျွန်ုပ်၏စကားကို မထိန်းထားနိုင် ဟု သင်က ပြောလာမည်ကို ကျွန်ုပ် စိုးထိတ်ခဲ့ပါ၏၊” ဟု ပြန်ပြော၏။
၂၀း၉၅။ မူဆာက “သင့်၌ မည်သည့် လျှောက်တင်စရာ ရှိသနည်း၊ စာမရီ၊” ဟု မေး၏။
၂၀း၉၆။ သူက “သူတို့ မမြင်ရာကို ကျွန်ုပ်မြင်ခဲ့၏၊ ထို့ကြောင့် ကျွန်ုပ်သည် ဉာဏ်စဉ်တော်ဆောင်၏ ခြေရာမှ တစ်ဆုပ်စာခန့် ဆုပ်ခဲ့၏၊ ထို့နောက် ၎င်းကို စွန့်ပစ်ခဲ့၏၊ ၎င်းသည် ကျွန်ုပ်၏စိတ်အား ဤသို့ လှုံဆော်ခဲ့၏၊” ဟု ဆို၏။
၂၀း၉၇။ မူဆာက “သွားလိုက်လော့၊ သင့်အနေဖြင့် ဤဘဝ၌ ကျွန်ုပ်ကို မထိနှင့်ဟု ပြောနိုင်၏၊ သို့သော် သင် မချိုးဖျက်နိုင်သော ကတိသည် ရှိနေ၏၊ သင် ဝဇီပိတ် ကုပ်တွယ်နေသော သင်၏ ဘုရားဆီသို့ မျှော်ကြည့်လော့၊ ကျွန်ုပ်တို့သည် ၎င်းကို မီးရှို့ပစ်လတ္တံ့၊ ထို့နောက် မြစ်ထဲသို့ ပက်ကြဲ လွှင့်ပစ်လတ္တံ့” ဟု ဆို၏။
၂၀း၉၈။ သင်တို့၏ ဘုရားရှင်သည် ပရမတ်ဘုရားရှင်ပင် ဖြစ်၏၊ အရှင်မှ အပ အခြား ဘုရားဟူ၍ မရှိ၊ အရှင်သည် ခပ်သိမ်းကုန်သို့ ဖြန့်ကျက်နေတော်မူ၏၊ သဗ္ဗလုံးစုံ သိနေတော်မူ၏။
၂၀း၉၉။ ငါသည် သင့်အား သတ်မှတ်ချက် သတင်းများကို ဤသို့ ဖေါ်ပြ၏၊ ငါ့ထံတော်မှ သတိပေး တရားတော်ကို မုချ ချီးမြှင့်ပေး၏။
၂၀း၁၀၀။ ၎င်းအား ဘောင်ကန့်ထားသူသည် ရပ်တည်ရမည့်နေ့ ကာလ၌ ဝန်ထုပ်ဝန်ပိုးကို သယ်ဆောင်ရမည်ပင်။
၂၀း၁၀၁။ ထို၌ အစဉ်အမြဲပင် သူတို့အတွက် အကုသိုလ်သည် ရပ်တည်ရမည့်နေ့ ကာလ၌ သယ်ပိုးစရာ ဖြစ်ရလိမ့်မည်။
၂၀း၁၀၂။ ပုံစံ သက်ဝင်စေသောနေ့ ကာလ၊ ရာဇဝတ်ကောင်များကို စုစည်းစေသော် ထိုနေ့၌ မျက်ဖြူဆိုက်ရလတ္တံ့။
၂၀း၁၀၃။ “ကျွန်ုပ်တို့သည် ဆယ်စုမျှသာ နေခဲ့ရ၏၊” ဟု သူတို့ချင်းကြား ရေရွတ်ကြ၏။
၂၀း၁၀၄။ ငါသည် သူတို့ ပြောဆိုသမျှကို အသိဆုံး ဖြစ်တော်မူ၏၊ သူတို့မှ ပမာအကောင်းဆုံး လမ်းကျသူက “သင်တို့ နေခဲ့ရသည်မှာ တစ်ရက်မျှသာ ဖြစ်၏၊” ဟု ဆို၏။
၂၀း၁၀၅။ သင့်ထံ၌ တောင်တန်းကြီးများ အကြောင်းကို မေးလာသူတို့အား ဟောလော့၊ “၎င်းတို့အား ကျွန်ုပ်၏ ကံကြမ္မာရှင်သည် ပက်ကြဲ လွင့်စင်စေလတ္တံ့။
၂၀း၁၀၆။ ၎င်းတို့အား အပြန့်လိုက် တစ်ညီတည်း ချန်ပစ်ခဲ့လတ္တံ့။
၂၀း၁၀၇။ ထို၌ ကောက်ကွေ့နေခြင်းကို မြင်ရမည် မဟုတ်၊ မို့မောက် ဖုထစ်နေသည်လည်း မရှိချေ။
၂၀း၁၀၈။ ထိုနေ့ကာလ၌ ကောက်ကျစ်မှု မရှိသော ဖိတ်ခေါ်သူ၏ နောက်သို့ လိုက်ကြရ၍ ကရုဏာရှင်၏ ရှေ့၌ ကျို့ငဲ့သော၊ တိုးညှင်းသော၊ အသံတို့ကိုသာ ကြားရလတ္တံ့။
၂၀း၁၀၉။ ထိုနေ့ကာလ၌ ကရုဏာရှင် အလိုတူ ခွင့်ပြုသော ပြောဆိုမှုကို ကျေနပ်မှုရှိသော သူမှအပ အခြားသူ၏ အမျှဝေပေးခြင်းသည် အကျိုးထူးမည် မဟုတ်။
၂၀း၁၁၀။ သူတို့ကိုယ်တိုင် အသိ ငုံမိခြင်း မရှိသော သူတို့၏ လက်ရှိ၊ ရှေ့မှောက်၊ သူတို့နောက်ကို အရှင် သိနေတော်မူ၏။
၂၀း၁၁၁။ နိစ္စ၊ ဓူဝ ဖြစ်တော်မူသော အရှင်၏ ရှေ့၌ မျက်နှာအားလုံး အပိုးသေနေလတ္တံ့၊ အဝိဇ္ဇာထုပ်ကို သယ်ရသူသည် မုချ စိတ်ပျက် ကျဆုံးရလေပြီ။
၂၀း၁၁၂။ ပြုပြင် ပြောင်းလဲရေး၌ ကျင့်ကြံသူ၊ ထို ယုံကြည်ချက် ရှိသူသည် အဝိဇ္ဇာသင့်ခြင်းနှင့် အကျိုးဆက်အတွက် စိတ်နုနေရန် မလိုချေ၊” ဟု ဖြစ်၏။
၂၀း၁၁၃။ ဤသို့ ငါသည် ၎င်းကို အာရ်ဗီဘာသာ ကုရ်အာန်အဖြစ် ချမှတ်ပေး၍ ကတိတော်များကို ထပ်တလဲလဲ ရှင်းပြခြင်းမှာ သူတို့အဘို့ စည်းစောင့်နိုင်အံ့ငှာ၊ သို့မဟုတ် သူတို့အား သတိတရားရှိရန် ဆင့်ပြန်နိုင်ဘို့ရာ ဖြစ်၏။
၂၀း၁၁၄။ အထွဋ်အထိပ် ဖြစ်တော်မူသော ပရမတ်ဘုရားရှင်သည် အရှင်သခင် ဖြစ်တော်မူ၏၊ ပရမတ္ထသစ္စာ ဖြစ်တော်မူ၏၊ သင့်အား အာရုံဈာန် ကိန်းဝပ်ပေးမှု မပြီးပြည့်မီ ကုရ်အာန်အား အလျင်မလိုနှင့်၊ “တပည့်တော်အား ပညာတိုးစေတော်မူပါ ကံကြမ္မာရှင်၊” ဟု ဆုတောင်းလော့။
၂၀း၁၁၅။ ရှေ့အလျင်က ငါသည် အာဒံအား မုချ ပဋိညာဉ်ထားခဲ့၏၊ သို့သော် သူသည် မေ့နေ၏၊ သူ့၌ ဆုံးဖြတ်နိုင်ခြင်း မတွေ့ရချေ။
၂၀း၁၁၆။ ငါက နိမိတ်ဆောင်တို့အား “အာဒံကို ဦးချကြလော့၊” ဟု မိန့်၏၊ ရှေးရိုးစွဲမှအပ ဦးချကြ၏၊ သူသည် ဖီဆန်၏။
၂၀း၁၁၇။ ငါက မိန့်သည်မှာ “အေ- အာဒံ၊ ဤသူသည် သင်နှင့် သင့် စုဖွဲ့ဖေါ်အား စည်းဖေါက်သူ ဖြစ်၏၊ သင်တို့အား ဥယျာဉ်ဘုံမှ မမောင်းထုတ်စေနှင့်၊ သို့မဟုတ်က ကံဆိုးရနိုင်၏။
၂၀း၁၁၈။ ဧကန်ပင် ထို၌ သင့်အတွက် ငတ်မွတ်ခြင်း မရှိ၊ ဗလာလက်မဲ့ မဖြစ်စေရ။
၂၀း၁၁၉။ ဧကန်ပင် ထို၌ သင့်အတွက် ရေဆာခြင်း မရှိ၊ နေပူလောင်ခြင်းလည်း မဖြစ်စေရ” ဟု ဖြစ်၏။
၂၀း၁၂၀။ မကောင်းဆိုးဝါးက သူ့အား တီးတိုး လှုံ့ဆော်၍ “အို- အာဒံ၊ အစဉ် ထာဝရ အစစ်အဆေးမရှိ၊ အာဏာပိုင်သော အပင်ကို ညွှန်ရမည်လော၊” ဟု ဆို၏။
၂၀း၁၂၁။ သူတို့သည် ထိုမှ စားသုံးကြ၏၊ သို့ဖြင့် ရှေ့တင်၌ သူတို့၏ အရှက်များ ပေါ်သွားတော့၏၊ သူတို့သည် ဥယျာဉ်မှ အရွက်များဖြင့် သူတို့ကိုယ် သူတို့ စတင် ဖုံးအုပ်ကြလေ၏၊ အာဒံသည် သူ့ကံကြမ္မာရှင်အား အာခံမိ၍ တိမ်းပါးရ၏။
၂၀း၁၂၂။ တဖန် သူ့ကံကြမ္မာရှင်သည် သူ့အား ပြန်ရွေးချယ်လျက် သင်ပုန်းချေပေး၍ သူ့အား လမ်းညွှန်ပေး၏။
၂၀း၁၂၃။ အရှင်မိန့်သည်မှာ “အားလုံး ဆင်းသွားကြလော့၊ သင်တို့မှ အချို့သည် အချို့အတွက် စည်းဖေါက်သူများ ဖြစ်စေလော့၊ ငါ၏ လမ်းညွှန်ချက်များ သင့်တို့ထံသို့ ပေးရောက်စေမည်၊ ငါ၏ လမ်းညွှန်ချက်ကို လိုက်နာသူသည် အပါယ်ရောက်မည် မဟုတ်၊ ကံဆိုးရမည် မဟုတ်။
၂၀း၁၂၄။ ငါ၏ သတိပေး တရားတော်အား ဘောင်ကန့်ထားသူသည် ရပ်တည်ရမည့်နေ့၌ ဧကန်ပင် သူ့အတွက် ကျဉ်းမြောင်းသော ဘဝဖြင့် အကန်းအဖြစ် စုစည်း ခံရလတ္တံ့၊” ဟု ဖြစ်၏။
၂၀း၁၂၅။ သူက “ကံကြမ္မာရှင်၊ တပည့်တော်သည် အမြင် ရှိခဲ့ပါလျက် အဘယ့်ကြောင့် အကန်းအဖြစ် စုစည်းခံရပါသနည်း၊” ဟု ဆိုသော်။-
၂၀း၁၂၆။ အရှင်က “ယင်းမှာ သင့်အား ငါ၏ သုတ်ဒေသနာများကို ပေးအပ်၏၊ ထို့နောက် ၎င်းတို့ကို မေ့ပစ်၏၊ ဤနေ့၌ သင့်အား ထိုသို့ မေ့ပစ်ခံရစေပြီ၊” ဟု မိန့်၏။
၂၀း၁၂၇။ ငါသည် အလွဲသုံးစား လုပ်သူများ၊ သူ့ကံကြမ္မာရှင်၏ သုတ်ဒေသနာများကို မယုံကြည်သူများကို ယင်းသို့ အစားပေးတော်မူ၏၊ နောင်ဘဝ၏ ဝဋ်ကြွေးသည် ပိုမို ပြင်းထန်၏၊ တည်တံ့၏။
၂၀း၁၂၈။ ၎င်းသည် မြို့ရွာများမှ သွားလာ၍ အခြေချခဲ့ကြသော သူတို့မတိုင်မီ မျိုးဆက်ပေါင်း မည်မျှကို တိမ်ကောစေခဲ့ကြောင်း မညွှန်ပြလေသလော၊ ဧကန်ပင် ဆင်ဆင်ခြင်ခြင် ရှိသူများအတွက် ဤ၌ သက်သေလက္ခဏာ ရှိနေ၏။
၂၀း၁၂၉။ တွန်းအားတစ်ခု အတွက် သတ်မှတ်ကာလ အချိန်ရှိပြီး ဟု သင့် ကံကြမ္မာရှင်၏ထံမှ ဓမ္မတော်ရှိသည် မဟုတ်တုံလော။
၂၀း၁၃၀။ သို့ဖြစ်၍ သူတို့၏ ပြောဆိုမှုမျာကို သည်းခံလော့၊ သင့်ကံကြမ္မာရှင်အား နေမထွက်မီနှင့် နေမဝင်မီ၌ ရည်သန်စူးစိုက် ဦးထိပ်ထားလော့၊ ညအချိန်များနှင့် နေ့ မျက်ခြည်ဆုံးချိန်များ၌ သင့်အား ကျေနပ်နှစ်သက်အံ့ငှာ ဦးထိပ်ထားလော့။
၂၀း၁၃၁။ သူတို့အနက်မှ အစုဖွဲ့များ၏ ချမ်းမြေ့စရာများထံ အသင်၏ မျက်လုံးအား မတိုးရွေ့စေနှင့်၊ သူတို့အား စမ်းသပ်ရန်အတွက် လောကီဘဝ၏ ဆွဲဆောင်မှု ဖြစ်၏၊ သင့်ကံကြမ္မာရှင်၏ ရိက္ခာထောက်ခြင်းသည် ပို၍ကောင်း၏၊ တည်တံ့ခြင်း ရှိ၏။
၂၀း၁၃၂။ သင့် ဝိုင်းသားတို့အပေါ် မေတ္တာတရားဖြင့် ညွှန်ကြားလော့၊ ထို အပေါ်တွင် သည်းခံကြစေလော့၊ ငါသည် ဆွမ်းကပ်ခံခြင်း မရှိ၊ ငါကသာ ရိက္ခာ ထောက်တော်မူ၏၊ စည်းစောင့်မှုအတွက် ချုပ်ငြိမ်းခြင်းသည် ရှိ၏။
၂၀း၁၃၃။ သူတို့က “သူ့ကံကြမ္မာရှင်၏ထံမှ ကျွန်ုပ်တို့အတွက် အဘယ်ကြောင့် သုတ်ဒေသနာ တစ်ပါး မပေးအပ်ခဲ့သနည်း၊” ဟု ဆိုကြ၏။ ရှေး ပရပိုက်များတွင် ပါသည့် ရှင်းလင်းချက်များကို သူတို့အား ပေးရောက်စေပြီ မဟုတ်တုံလော။
၂၀း၁၃၄။ ဤရှေ့အလျင် သူတို့အား ဝဋ်ကြွေးသင့် တိမ်ကောစေခဲ့လျှင် “အို- ကံကြမ္မာရှင်၊ တပည့်တော်တို့၏ နိမ့်ပါးရခြင်း၊ အရှက်ကွဲရခြင်း၊ မတိုင်မီ အရှင့် သုတ်ဒေသနာများကို တပည့်တော်တို့ လိုက်နာစေရန် တပည့်တော်တို့ထံသို့ ဉာဏ်စဉ်ဆောင်တစ်ပါး အဘယ်ကြောင့် မစေပို့ခဲ့သနည်း၊” ဟု ဆိုကြလတ္တံ့။
၂၀း၁၃၅။ ဟောလော့၊ “အားလုံးကိုယ်စီ စောင့်ကြည့်နေကြ၏၊ ထို့ကြောင့် စောင့်ကြည့်နေကြလော့၊ မည်သူ့ ပေါင်းဖေါ်များက ပုံစံကျပြီး လမ်းစဉ်၌ ရှိ၏၊ မည်သူက လမ်းညွှန်မှန်၌ ရှိ၏ ဆိုသည်ကို သိလာကြရလတ္တံ့။”
ဓမ္မခန္ဓာ (၂၀) ဤတွင် ပြီး၏။
ဓမ္မခန္ဓာ (၂၁) သတင်းတော်ဆောင်များ
ဉာဏ်စဉ်ကိန်းဝပ်ပေးမှု အမှတ်စဉ် ၇၃၊ သုတ်ဒေသနာ ၁၁၂ ပါး။
ကရုဏာရှင် အကြင်နာရှင် ဖြစ်တော်မူသော ပရမတ်ဘုရားရှင်၏ ဂုဏ်တော်အားဖြင့်-
၂၁း၁။ လူသားတို့အတွက် သူတို့၏ အချုပ်စာရင်းသည် နီးကပ်လာနေ၏၊ သူတို့သည်ကား မေ့လျော့ ဘောင်ကန့်ထားသူများ ဖြစ်ကြ၏။
၂၁း၂။ သူတို့၏ ကံကြမ္မာရှင်ထံမှ သတိပေး ဆင့်ပြန်မှု ပေးရောက်လာလျှင် သူတို့သည် ၎င်းကို ပေါ့ပျက်ပျက် ကြားနာကြ၏။
၂၁း၃။ သူတို့၏နှလုံးသားသည် အလေးအနက် မရှိချေ၊ မိုက်ကြေးခွဲသော သူတို့က “ဤသည် သင်တို့ကဲ့သို့ လူပုဂ္ဂိုလ်မျှသာ ဖြစ်၏၊ သင်တို့ မြင်နေလျက်နှင့်ပင် သင်တို့အား မှော်အတတ်ကို ပေးအပ်နေ၏၊” ဟု သီးခြား တိုင်ပင်ကြ၏။
၂၁း၄။ သူက “ကျွန်ုပ်၏ ကံကြမ္မာရှင်သည် မိုးများနှင့် မြေအတွင်း ပြောဆိုသမျှကို သိနေတော်မူ၏၊ အရှင်သည် ကြားနေသောအရှင်၊ သိနေသောအရှင် ဖြစ်၏၊” ဟု ဟောကြားသော်။-
၂၁း၅။ သူတို့က “အမှန်မှာ- မှုန်ဝါးဝါး အိပ်မက်သာ ဖြစ်၏၊ အမှန်မှာ ၎င်းကို သူ လုပ်ကြံ ဖန်တီး၏၊ အမှန်မှာ သူသည် ကဗျာဆရာသာ ဖြစ်၏၊ ရှေးက စေစားခံရသူများ ပမာ ကျွန်ုပ်တို့ထံသို့ နိမိတ် လက္ခဏာတစ်ရပ် ပေးရောက်စေလော့၊” ဟု ဆိုကြ၏။
၂၁း၆။ သူတို့မတိုင်မီ တိမ်ကော ပျက်စီးစေသော အရပ်သားတို့သည် ယုံကြည်ခဲ့သည် မဟုတ်ချေ၊ သူတို့သည်ကော ယုံကြည်ဦးမည်လော။
၂၁း၇။ သင့်မတိုင်မီ သူတို့ထံသို့ အာရုံဈာန် ဖြစ်စေ၍ စေစားခံရသူများမှာလည်း လူသားများမှ လွဲ၍ အခြား မဟုတ်ချေ၊ သင်တို့ မသိလျှင် သတိပေး တရားတော် ဝိုင်းသားများကို မေးလော့။
၂၁း၈။ ငါသည် သူတို့အား အစာအဟာရ စားသုံးရန် မလိုသော ခန္ဓာကိုယ်များနှင့် အစဉ် နေရခြင်းကို စီစဉ်မပေးချေ။
၂၁း၉။ ငါသည် သူတို့အား ကတိတော်ကို ဖြောင့်မှန်စေ၏၊ ငါ၏ စံချိန်ပြည့်သူများကို လွတ်မြောက်စေတော်မူ၍ အလွဲသုံးစား ပြုသူများကို တိမ်ကောစေတော်မူ၏။
၂၁း၁၀။ မုချပင် ငါသည် သင်တို့ထံသို့ သတိပေးခြင်းပါသော ကျမ်းတော်ကို ချမှတ်ပေးပြီ၊ အတွေးအခေါ် မရှိကြသလော။
၂၁း၁၁။ အမိုက်စီးနေသော အရပ်ဒေသ မည်မျှကို တစ်စစီ ဖြစ်စေ၍ ၎င်းနောက်- နောက်လူမျိုးများကို ငါ ပေါက်ပွားစေခဲ့သနည်း။
၂၁း၁၂။ သူတို့သည် ငါ့ထံမှ အမင်္ဂလာ သက်စေမှု ခံစားရသောအခါ ထိုမှ ထွက်ပြေးကြသည်ကို ရင်ဆိုင်ကြလတ္တံ့။
၂၁း၁၃။ ထွက်မပြေးကြနှင့်၊ သင်တို့အား စစ်ဆေးရန် အလို့ငှာ သင်တို့ ဦးတည်ခဲ့သော စည်းစိမ်ယစ်သည့် အခြေချခဲ့ရာများသို့ ပြန်ခဲ့ကြလော့။
၂၁း၁၄။ သူတို့က “ကျွန်ုပ်တို့ ပျက်စီးရလေပြီ၊ ကျွန်ုပ်တို့သည် အမိုက်ကောင်များ ဖြစ်ခဲ့ချေ၏၊” ဟု ညည်းညူ၏။
၂၁း၁၅။ သူတို့အား မျိုးသုဉ်း ကြိတ်နယ်ရန် စီစဉ်ပြီးသည့်တိုင် သူတို့၏ အော်ကြွေးခြင်းကို ငါ ရပ်နားစေမည် မဟုတ်ချေ။
၂၁း၁၆။ ငါသည် မိုးများ၊ မြေကမ္ဘာနှင့် ထိုနှစ်ခုကြား အရာများကို ပေါ့ပျက်ပျက် ဖြစ်တည်စေသည် မဟုတ်။
၂၁း၁၇။ ပျော်မြူးခြင်းကို ငါ ရယူတော်မူလိုသော် ငါ စီမံလိုလျှင် ၎င်းကို ငါ့ထံတော်၌ ရယူခဲ့ပြီးလတ္တံ့။
၂၁း၁၈။ အမှန်မှာ ငါသည် မိစ္ဆာတရားကို ဦးဏှောက်ကွဲစေခြင်းငှာ သစ္စာတရားကို ဝန်ပေး၏၊ ၎င်းသည် ခွဲခွာ ပျောက်ကွယ်သောအခါ သင်တို့၏ တင်ပြခဲ့မှုများကြောင့် သင်တို့ ပျက်စီးရလေပြီ။
၂၁း၁၉။ မိုးများနှင့် မြေအတွင်း ရှိသမျှသည် အရှင်၏ အချုပ်အခြာ၌ ရှိ၏၊ အရှင့်ထံပါး ရှိသူများသည် အရှင့်အား အမှုတော်ဆောင်ရန် မာနကြီးလွန်းနေသည် မဟုတ်ချေ၊ ကြေကွဲ ပင်ပန်းနေသည်လည်း မဟုတ်ချေ။
၂၁း၂၀။ သူတို့သည် နေ့၊ ည မဟူ ဆိတ်ငြိမ်ခြင်း မရှိ၊ အရှင့်အား ဦးထိပ်ထားနေကြ၏။
၂၁း၂၁။ သို့တည်းမဟုတ် သူတို့အား နိုးကြွ ရှင်ပြန်စေနိုင်သော ဘုရား၊ မြေကမ္ဘာ၌ ရှိသည်ဟု အယူထားနေကြသလော။
၂၁း၂၂။ ပရမတ်ဘုရားရှင်မှအပ အခြား ဘုရား သူတို့အထဲ၌ ရှိခဲ့လျှင် သူတို့သည် အဖျက်ခံရပြီး ဖြစ်လတ္တံ့၊ သို့ဖြစ်၍ သူတို့၏ တင်ပြခဲ့ခြင်းများနှင့် စပ်လျဉ်း၍ ထပ်ဆင့် ကွပ်ကဲသော ကံကြမ္မာရှင်၊ ပရမတ်ဘုရားရှင်ထံ၌ ဦးထိပ်ထားလော့။
၂၁း၂၃။ အရှင်၏ ပြုလုပ်မှုအတွက် အရှင့်အား စစ်ဆေးနိုင်မည် မဟုတ်၊ သူတို့သည်သာ စစ်ဆေးခံရလိမ့်မည်။
၂၁း၂၄။ သို့တည်းမဟုတ် အရှင်မှလွဲ၍ အခြား ဘုရားများ ရှိသည်ဟု အယူထား နေကြသလော၊ ဟောလော့၊ “သင်တို့၏ သက်သေပြချက်ကို ယူခဲ့ကြလော့၊ ဤသည် ကျွန်ုပ်နှင့်အတူ ရှိသူတို့အတွက် သတိပေး တရားတော်၊ ကျွန်ုပ်မတိုင်မီ ဖြစ်သူတို့အတွက် သတိပေး တရားတော် ဖြစ်၏၊ အမှန်မှာ သူတို့မှ အများစုသည် သစ္စာတရားကို သိကြသည် မဟုတ်၊ သို့ဖြင့် သူတို့သည် ဘောင်ကန့်ထားသူများ ဖြစ်ကြ၏။”
၂၁း၂၅။ သင့်ရှေ့အလျင် ဉာဏ်စဉ်ဆောင်များမှ သူ့ထံ၌ “ဧကန်ပင် ငါ အရှင်မှ လွဲ၍ အခြား ဘုရားဟူ၍ မရှိ၊ သို့ဖြစ်၍ ငါ့အား ကိုးကွယ်ကုန်လော့၊” ဟု အာရုံဈာန် မရစေဘဲ စေစားသည်ဟု မရှိချေ။
၂၁း၂၆။ “ကရုဏာရှင်၌ ကိုယ်ပွား ယူထား၏၊” ဟုလည်း ဆိုကြသေး၏၊ အရှင်သည် ဦးထိပ်ထားရာ ဖြစ်၏၊ အမှန်မှာ ၎င်းတို့သည် ဘိသိက်မြှောက်ခံရသော အရှင့် အမှုတော်ဆောင်များ ဖြစ်ကြ၏။
၂၁း၂၇။ အရှင့် ဓမ္မတော် မဟုတ်သည်ကို သူတို့ မသတ်မှတ်ကြ၊ အရှင့် ညွှန်ကြားချက် မရှိဘဲလျက် သူတို့ မကျင့်ကြံကြချေ။
၂၁း၂၈။ အရှင်သည် သူတို့၏ လက်ရှိ-မျက်မှောက်၊ သင်တို့နောက်ကို သိနေတော်မူ၏၊ အရှင်၏ ကျေနပ် လက်ခံမှု မရှိသူတို့အတွက် အမျှဝေ ပေးနိုင်သည်လည်း မဟုတ်ချေ၊ သူတို့သည် အရှင့်အား ကြောက်ရွံ့သူများ ဖြစ်ကြ၏။
၂၁း၂၉။ သူတို့အနက် “အရှင်မှလွဲ၍ ကျွန်ုပ်သည် ဘုရား ဖြစ်၏၊” ဟု ဆိုသူရှိခဲ့မူ ဤအတွက် သူ့အား ငရဲဘုံကို အစားပေးလတ္တံ့၊ ဤသည် အမိုက်ကောင်များအတွက် အစားပေးမှုဖြစ်၏။
၂၁း၃၀။ မိုးများနှင့် မြေကမ္ဘာသည် ကပ်ငြိလျက် ဖြစ်ခဲ့၍၊ သို့ပြီးမှ ၎င်းတို့ကို ဟကွဲစေခဲ့သည်ကို ဖုံးကွယ်သော သူများသည် မမြင်တတ်ကြသလော၊ ငါသည် သဗ္ဗလုံးစုံသော သက်ရှိကို ရေမှ စီစဉ်ခဲ့၏၊ ယုံကြည်နိုင်ခြင်း မရှိကြသလော။
၂၁း၃၁။ သူတို့ လမ်းညွှန်ရအံ့ငှာ- မြေကမ္ဘာ ဖြန့်ကျဲမသွားစေရန် တိုက်ကြီးများကို ငါ စီစဉ်တော်မူ၏၊ ၎င်း၌ အဝေးပြေး လမ်းများကိုလည်း စီစဉ်ပေးတော်မူ၏။
၂၁း၃၂။ မိုးကောင်းကင်ကိုလည်း စောင့်ရှောက်ထားသော မျက်နှာကျက်အဖြစ် ငါသည် စီစဉ်ထားတော်မူ၏၊ သို့သော် သူတို့သည် ထိုသက်သေ လက္ခဏာများအား ဘောင်ကန့်ထားသူများ ဖြစ်ကြ၏။
၂၁း၃၃။ အရှင်သည် ည၊ နေ့၊ နေ၊ လ တို့ကို ဖြစ်တည်စေ၍ ၎င်းတို့ကို ကိုယ်စီ ဂြိုလ်ပတ်လမ်း၌ တစိုက်မတ်မတ် ဖြစ်စေ၏။
၂၁း၃၄။ သင့်ရှေ့အလျင် မည်သည့် လူပုဂ္ဂိုလ်ကိုမှ အစဉ် နေရခြင်းကို ငါ စီစဉ်မပေးခဲ့ချေ၊ သင်သည်လည်း ခန္ဓာဝန်ချရမည်သာ၊ သို့ဖြစ်လျှင် သူတို့အတွက် မသေ သက်တမ်း ရလိမ့်မည်လော။
၂၁း၃၅။ ဉာဉ်စရိုက်တိုင်းသည် သေခြင်းတရားကို မြည်းစမ်းရမည် သာတည်း၊ ငါသည် သင်တို့အား ဆိုးခြင်း၊ ကောင်းခြင်းများဖြင့် ကျပ်တည်းစွာ စမ်းသပ်တော်မူ၏၊ ငါထံတော်သို့သာ ဦးလှည့် ပြန်ကြရလတ္တံ့။
၂၁း၃၆။ ဖုံးကွယ်သော သူများက သင့်အား မြင်တွေ့သောအခါ “သင်တို့၏ ဘုရားများအကြောင်း သတိဖေါ်ပေးသော သူမှာ ဤသူ မဟုတ်လော၊” ဟု သင့်အား လှောင်ပြောင်စရာဟု အယူထားကြ၏၊ သူတို့သည် ကရုဏာတော်အရှင်၏ သတိပေး တရားတော်အား ဖုံးကွယ်သူများ ဖြစ်ကြ၏။
၂၁း၃၇။ လူသားသည် အလျင်လို- လောကြီးသော ဖြစ်တည်ခံပင်၊ သင်တို့အား ငါ၏ သုတ်ဒေသနာများကို ပြသတော်မူမည်၊ အလျင် မလိုကြကုန်နှင့်။
၂၁း၃၈။ သူတို့က “သင်တို့သည် ဖြောင့်မှန်သူများ ဖြစ်ကြလျှင် ဤကတိသည် မည်သည့်အခါနည်း၊” ဟု ဆိုကြလိမ့်မည်။
၂၁း၃၉။ ဖုံးကွယ်သော သူတို့သည် သူတို့၏ မျက်နှာများ၊ ကျောကုန်းများမှ အပူမီးကို မဟန့်တားနိုင်သော၊ ကူညီခံရမှု မရှိသော အချိန်ကို သိခဲ့ပါလေစ။
၂၁း၄၀။ အမှန်မှာ ၎င်းကို သူတို့ထံသို့ ရုတ်တရက် ပေးရောက်စေ၍ သို့ဖြင့် သူတို့အား အရှိုက် ထိစေ၏၊ သူတို့သည် ၎င်းကို တန်ပြန်ရန် မတတ်နိုင်ကြ၊ စောင့်ကြည့်နေခွင့်လည်း မရှိကြတော့ချေ။
၂၁း၄၁။ သင့်ရှေ့အလျင် ဉာဏ်စဉ်ဆောင်များသည်လည်း မုချ လှောင်ပြောင်ခံခဲ့ရ၏၊ သို့ဖြင့် သူတို့မှ ပျက်ရယ်ပြုသော သူတို့သည် သူတို့၏ လှောင်ပြောင်လေ့ ရှိသည်၌သာ ပိတ်ဖုံးနေရတော့၏။
၂၁း၄၂။ ကရုဏာရှင်ထံမှ ကင်းရန် သင်တို့အား နေ့ရော ညပါ မည်သူက ကာကွယ်ထားနိုင်သနည်း၊” ဟု ဟောလော့၊ အမှန်မှာ သူတို့သည် သူတို့၏ ကံကြမ္မာရှင်ထံမှ သတိပေး တရားတော်အား ဘောင်ကန့်ထားသူများ ဖြစ်ကြ၏။
၂၁း၄၃။ သို့တည်းမဟုတ် ငါမှလွဲ၍ သူတို့အား ဟန့်တားပေးနိုင်သော ဘုရားများ ရှိကြသလော၊ သူတို့စရိုက်ကိုပင် သူတို့ကူညီရန် မတတ်နိုင်ကြ၊ သူတို့သည် ငါအရှင်နှင့် ကင်းရန် အဖေါ်အပေါင်းလည်း မရှိကြချေ။
၂၁း၄၄။ အမှန်မှာ- ငါသည် ဤသူများနှင့် သူတို့၏ ဘဘိုးတို့အား သူတို့၏ ဘဝသံသရာ ရှည်ကြာလာသည့်တိုင် ချမ်းမြေ့စေ၏၊ ငါသည် သူတို့အတွက် ကမ္ဘာမြေကို မျက်ခြည်အဆုံးများမှ စ၍ ကျစ်လျစ် ပေးစုတော်မူသည်ကို သူတို့ မမြင်လေသလော၊ သူတို့သည် အနိုင်ရသူများ ဖြစ်ကြသလော။
၂၁း၄၅။ ကျွန်ုပ်သည် ကျွန်ုပ်ရသော အာရုံဈာန်ဖြင့် သင်တို့အား သတိပေးရန်သာ ဖြစ်၏၊” ဟု ဟောကြားလော့။ သတိပေးခံရသော်လည်း အပင်းသည် ဖိတ်ခေါ်သံကို မကြားနာချေ။
၂၁း၄၆။ သင့်ကံကြမ္မာရှင်၏ထံမှ ဝဋ်ကြွေးအငွေ့ကို သူတို့အား သင့်စေသော် “ကျွန်ုပ်တို့ ပျက်စီးရပြီ၊ ကျွန်ုပ်တို့သည် အမိုက်ကောင်များ ဖြစ်ခဲ့ပြီ၊” ဟု ပြောကြလတ္တံ့။
၂၁း၄၇။ ရပ်တည်ရသောနေ့ ကာလ၌ သမာဓိ ချိန်ခွင်အား ချထားတော်မူ၍ မည်သည့် ဉာဉ်စရိုက်ကိုမှ တစ်စုံတစ်ရာ အဝိဇ္ဇာ မသင့်စေရ၊ အနုမြူခန့် အလေးချိန် ရှိသော်လည်း ၎င်းကို ပေးအပ်တော်မူလတ္တံ့၊ စာရင်းရှင်းဘို့ရာ ငါနှင့် လုံလောက်တော်မူ၏။
၂၁း၄၈။ ငါသည် စည်းစောင့်သူတို့ကို သတိဖေါ်ပေးဘို့ရာ မူဆာနှင့် ဟာရွန်တို့အား ခွဲခြမ်းစိတ်ဖြာ ဖွင့်ဆိုမှုနှင့် ဝိဇ္ဇာအလင်းတော်ကို ပေးအပ်တော်မူ၏။
၂၁း၄၉။ သူတို့သည် ကံကြမ္မာရှင်အား မျက်ကွယ်၌လည်း ကြောက်ရွံ့ ရိုကျိုးကြ၏၊ ထိုအခိုက်အတန့်ကို စိုးထိတ်ကြ၏။
၂၁း၅၀။ ဤသည် ကျက်သရေရှိသော သတိပေး တရားတော် ဖြစ်၏၊ ၎င်းကို ငါချမှတ်တော်မူ၏၊ သို့ဖြစ်လျက် ၎င်းကို သင်တို့ သူစိမ်းဆန်နေကြသလော။
၂၁း၅၁။ ရှေ့ကပင်- ငါသည် အီဗရာဟီးမ်အား သူ၏ ဖြောင့်မတ်မှုကို မုချ ပေးခဲ့၏၊ ငါသည် သူ့အား သိနေသောအရှင် ဖြစ်၏။
၂၁း၅၂။ သူက သူ့ဖခင်နှင့် သူ့လူမျိုးအား “သင်တို့ နှုတ်ဆိတ် တွယ်ကပ်နေသော ဤပုံတူ ဆင်းတုတို့သည် မည်သည့် အရာများ ဖြစ်သနည်း၊” ဟု ဆိုသော်။-
၂၁း၅၃။ သူတို့က “ကျွန်ုပ်တို့၏ မိရိုးဖလာက ၎င်းအား ကိုးကွယ်နေသူများကို ကျွန်ုပ်တို့ တွေ့ရ၏၊” ဟု ပြန်ပြော၏။
၂၁း၅၄။ သူက “မုချပင်၊ သင်တို့နှင့် သင်တို့၏ ဘဘိုးတို့သည် ရှင်းလင်း ထင်ရှားသော အပါယ်လမ်း၌ ရှိ၏၊” ဟု ပြောပြန်သော်။-
၂၁း၅၅။ သူတို့က “သင်သည် ကျွန်ုပ်တို့ထံသို့ သစ္စာတရားကို ရောက်လာစေသလော၊ သို့တည်းမဟုတ် သင်သည် ပြောင်စပ်စပ်လုပ်သူ ဖြစ်သလော၊” ဟု ပြန်ပြော၏။
၂၁း၅၆။ သူပြောသည်မှာ “အမှန်မှာ သင်တို့၏ ကံကြမ္မာရှင်သည် မိုးများနှင့် မြေကမ္ဘာ၏ ကံကြမ္မာရှင်ဖြစ်၏၊ အရှင်သည် ၎င်းတို့၏ မူလလက်သည် ဖြစ်၏၊ ကျွန်ုပ်သည်ကား ထိုအရာများအတွက် သက်သေခံသူများမှ ဖြစ်၏။
၂၁း၅၇။ ပရမတ်ဘုရားရှင်အား တိုင်တည်လျက် သင်တို့ နောက်သို့ လှည့်သွားပြီးနောက် သင်တို့၏ ရုပ်ပွားများအတွက် ကျွန်ုပ်၌ ဗျူဟာရှိ၏၊” ဟု ဖြစ်၏။
၂၁း၅၈။ သို့ဖြင့် သူတို့သည် ထိုဘက်သို့ ပြန်လှည့်လာခြင်းငှာ- ၎င်းတို့မှ အကြီးဆုံးမှအပ ၎င်းတို့ကို ချိုးဖျက် စီစဉ်လိုက်၏။
၂၁း၅၉။ သူတို့က “ကျွန်ုပ်တို့၏ ဘုရားများကို မည်သူ စီရင်လိုက်သနည်း၊ ဧကန်- သူသည် အမိုက်ကောင်များမှ ဖြစ်၏၊” ဟု ဆိုကြ၍။-
၂၁း၆၀။ “သူတို့အား သတိပေးသောသူ၊ အီဗရာဟီးမ် ဆိုသည့် စပ်စုသူ အကြောင်း ကျွန်ုပ်တို့ ကြားခဲ့၏၊” ဟု ပြောကြ၏။
၂၁း၆၁။ “သူတို့ သက်သေပြနိုင်ဘို့ရာ သူ့အား လူထုမျက်လုံးရှေ့သို့ ပေးရောက်စေလော့၊” ဟု ပြောကြပြန်၏။
၂၁း၆၂။ သူတို့က “အို- အီဗရာဟီးမ်၊ သင်သည် ကျွန်ုပ်တို့ ကိုးကွယ်သည့် ဘုရားများကို စီရင်လေသလော၊” ဟု ပြောသော်။-
၂၁း၆၃။ သူက “အမှန်မှာ ၎င်းကို စီရင်ခဲ့၏၊ ဤသည် သူတို့၏ အကြီးအကဲ ဖြစ်၏၊ သူတို့ စကားပြောတတ်လျှင် သူတို့ကို မေးကြည့်လော့၊” ဟု ဆို၏။
၂၁း၆၄။ သူတို့၏ အကျင့်စရိုက်ဘက်သို့ သူတို့ ဦးလှည့်လျက် ပြောကြသည်မှာ “ဧကန် သင်တို့သည်၊ သင်တို့သည်သာ အမိုက်ကောင်များ ဖြစ်၏၊”
၂၁း၆၅။ တဖန် သူတို့သည် ဦးခေါင်းကျိုးလျက် “၎င်းတို့သည် စကား မပြောနိုင်ကြောင်းကို သင် မုချ သိ၏၊” ဟု ဖြစ်သော်။-
၂၁း၆၆။ သူပြောသည်မှာ “သို့ဖြစ်လျှင် ပရမတ်ဘုရားရှင်မှလွဲ၍ သင်တို့အား အကျိုး၊ အဆိုး ပေးခြင်း တစ်စုံတစ်ရာ မရှိသည်များကို ကိုးကွယ်ကြမည်လော။
၂၁း၆၇။ သင်တို့အတွက် ပရမတ်ဘုရားရှင်မှလွဲ၍ သင်တို့၏ ကိုးကွယ်ရာများအတွက် ရွံစရာ ကောင်း၏၊ သင်တို့၌ အတွေးအခေါ် မရှိကြသလော၊” ဟု ဖြစ်၏။
၂၁း၆၈။ သူတို့က “သင်တို့ လုပ်လိုသူများ ဖြစ်လျှင် သူ့အား မီးရှို့၍ သင်တို့၏ ဘုရားများကို ကူညီကြလော့၊” ဟု ဆိုလေ၏။
၂၁း၆၉။ ငါအရှင်က “အို- မီး၊ အေးစေလော့၊ အီဗရာဟီးမ် အပေါ်သို့ ငြိမ်းချမ်းမှု ခစေလော့၊” ဟု မိန့်လိုက်၏။
၂၁း၇၀။ သူတို့သည် သူနှင့်စပ်လျဉ်း၍ ဗျူဟာချလို၏၊ သို့ဖြင့် ငါသည် သူတို့အား ဆုံးရှုံးရသူများ အဖြစ် စီစဉ်လိုက်၏။
၂၁း၇၁။ ငါသည် သူနှင့် လု(တ်)တို့အား လောကခပ်သိမ်းအတွက် ကျက်သရေ ရှိစေသော ကမ္ဘာသို့ လွတ်မြောက်စေခဲ့၏။
၂၁း၇၂။ ငါသည် သူ့အား အိစ္စဟာ့က် ထပ်ပေါင်း၍ ယာကုဗ်ကို ချီးမြှင့်တော်မူ၏၊ သူတို့ကိုယ်စီအား ပြုပြင် ပြောင်းလဲသူများ အဖြစ် စီစဉ်ပေးတော်မူ၏။
၂၁း၇၃။ ငါသည် သူတို့အား ငါ၏ ညွှန်ကြားချက်ဖြင့် လမ်းပြ ရှေ့ဆောင်များ အဖြစ် စီစဉ်ခဲ့၏၊ ငါသည် သူတို့ထံ ကောင်းမှုများ ပြုလုပ်ရန်၊ ဝတ်ပြု မြဲကြရန်၊ အခွန်ငွေဖြူ ပေးကြရန်၊ ငါ့ကိုသာ ကိုးကွယ်သူများဖြစ်ရန်၊ အာရုံ ဖြစ်စေ၏။
၂၁း၇၄။ လု(တ်)၊ ငါသည် သူ့အား ဓမ္မသတ်နှင့် အသိပညာကို ချီးမြှင့်၏၊ ယုတ်ညံ့မှု ကျင့်ကြံနေသော အရပ်ဒေသမှ သူ့ကို လွတ်မြောက်စေခဲ့၏၊ ထိုသူတို့သည် အကုသိုလ်သင့်၊ ယုတ်မာသည့် လူမျိုး ဖြစ်၏။
၂၁း၇၅။ သူ့အား ငါ၏ ကရုဏာတွင်း သို့ ဝင်ခွင့်ပြု၏၊ ဧကန်ပင် သူသည် ပြုပြင် ပြောင်းလဲသူတို့မှ ဖြစ်၏။
၂၁း၇၆။ ရှေ့အလျင်က- နူးဟ် တင်ပြသောအခါ ငါအရှင် တုံ့ပြန်တော်မူခဲ့၏၊ သူနှင့် သူ့ဝိုင်းသားများကို မဟာ ချောက်ချားမှုကြီးမှ လွတ်မြောက်စေခဲ့၏။
၂၁း၇၇။ ငါသည် သူ့အား ငါ၏ သုတ်ဒေသနာများကို ငြင်းဆန်သော လူမျိုးမှ ကင်းရန် ကူညီခဲ့၏၊ ဧကန်ပင် သူတို့သည် အကုသိုလ်သင့်သည့် လူမျိုး ဖြစ်ကြ၏၊ သူတို့ အားလုံးကို နစ်မြုပ်စေခဲ့ပြီ။
၂၁း၇၈။ ဒါဝိဒ်နှင့် ဆိုလိုင်မံ- သူတို့သည် အခြားလူမျိုး၏ သိုးများကြောင့် ဝါးဖတ်ဖြစ်ရသော လယ်မြေကိစ္စအား စီရင်ထုံး ပြုသောအခါ သူတို့၏ စီရင်ထုံး၌ ငါသည် သက်သေသက်ကန် ဖြစ်၏။
၂၁း၇၉။ ငါသည် ဆိုလိုင်မံအား ၎င်းကို နားလည် သဘောပေါက်စေ၏၊ သူတို့ကိုယ်စီ ဓမ္မသတ်နှင့် အသိပညာကို ချီးမြှင့်ခံရ၏၊ ငါသည် ဒါဝိဒ်နှင့်အတူ ဦးထိပ်ထားနေသော တောင်များနှင့် အလုပ်လုပ်သော ငှက်များကို အသုံးခံ ဖြစ်စေ၏။
၂၁း၈၀။ သင်တို့အား အတိုက်အခိုက်များ၌ ထိန်းသိမ်းကာကွယ်ရန် သင်တို့အတွက် အဆင်အယင် တည်ဆောက်နည်းကို ငါသင်ပေးတော်မူ၏၊ သင်တို့ ကျေးဇူး သိတတ်မည် မဟုတ်လော။
၂၁း၈၁။ ဆိုလိုင်မံအတွက် လေကို လွင့်စေ၍ အရှင့် ညွှန်ကြားချက်ဖြင့် ထို၌ ငါအရှင် ကျက်သရေ ရှိစေသော ကမ္ဘာသို့ စီးမျောစေ၏၊ ငါသည် သဗ္ဗလုံးစုံ သိနေသောအရှင် ဖြစ်၏။
၂၁း၈၂။ သူ့အတွက် ရေငုပ်ပေးသူ၊ ထိုမှ အပသော ကျင့်ကြံမှုများအား ကျင့်ကြံပေးသူတို့ကို မကောင်းဆိုဝါးတို့မှ ဖြစ်စေ၏၊ ငါသည် သူတို့ကို ထိန်းသိမ်း စောင့်ရှောက်သောအရှင် ဖြစ်၏။
၂၁း၈၃။ အိုင်ယုဘ်က သူ့ကံကြမ္မာရှင်ထံ၌ “တပည့်တော်အား ဘေးဥပဒ် သက်ပါပြီ၊ အရှင်သည် ကရုဏာရှင် အကြင်နာရှင် ဖြစ်ပါ၏၊” ဟု တင်ပြသောအခါ။-
၂၁း၈၄။ သူ့အား ငါ တုံ့ပြန်တော်မူ၏၊ သူ့၌ရှိသော ဘေးဥပဒ်ကို ဖယ်ရှားပေးခဲ့၍ သူတို့နှင့်အတူ သူတို့ကဲ့သို့ သူ့ဝိုင်းတော်သားများကို သူ့အား ချီးမြှင့်ခဲ့၏၊ ငါ့ထံတော်မှ ကရုဏာတော် ဖြစ်၏၊ ကိုးကွယ် ဆည်းကပ်သူ တို့အတွက် သတိပေး တရားတော်လည်း ဖြစ်၏။
၂၁း၈၅။ ထို့ပြင် အီစ္စမာအီးလ်၊ အီဒရီးစ်၊ ကပိလပြည့်ရှင်၊ သူတို့ကိုယ်စီသည် ခန္တီပါရမီရှင်တို့မှ ဖြစ်၏။
၂၁း၈၆။ သူတို့အား ငါ၏ကရုဏာတွင်းသို့ ဝင်ခွင့်ပြု၏၊ ဧကန်ပင် သူတို့သည် ပြုပြင် ပြောင်းလဲသူများ ဖြစ်ကြ၏။
၂၁း၈၇။ ထို့နောက် ငါ၏အရှင်၊ သူသည် အမျက်ထွက်လျက် သွားခဲ့၏၊ ငါသည် သူ့အပေါ်၌ စည်းကြပ်မည် မဟုတ်ဟု စဉ်းစား၏၊ သို့သော် သူသည် အဝိဇ္ဇာတွင်းမှ “အရှင်မှအပ အခြား ဘုရားမရှိပါ၊ အရှင့်အား ဦးထိပ်ထားပါ၏၊ ဧကန်ပင် တပည့်တော်သည်ကား အမိုက်ကောင်များမှ ဖြစ်ရပါပြီ၊” ဟု တင်ပြ၏။
၂၁း၈၈။ သို့ဖြင့် ငါသည် သူ့အား တုံ့ပြန်တော်မူ၍ သူ့အား တလှိုက်လှိုက် ဖြစ်နေရခြင်းမှ လွတ်မြောက်စေခဲ့၏၊ ဤသို့ ငါသည် ယုံကြည်သူတို့အား လွတ်မြောက်စေတော်မူ၏။
၂၁း၈၉။ ဇက္ကရီယာက သူ့ကံကြမ္မာရှင်အား “အို- ကံကြမ္မာရှင်၊ တပည့်တော်အား ထီးထီးကြီး ချန်မထားပါနှင့်၊ အရှင်သည် အကောင်းဆုံး အမွေပေးသူ ဖြစ်တော် မူပါ၏၊” ဟု တင်ပြသော်။-
၂၁း၉၀။ ငါသည် သူ့အား တုံ့ပြန်တော်မူ၍ ယောဟန်အား ချီးမြှင့်ခဲ့၏၊ သူ့အိမ်ထောင်ဘက်အား ထိုအတွက် ပြုပြင်ပေး၏၊ သူတို့သည် ကောင်းမှုများ၌ အလျင်စလို ရှိကြ၏၊ ငါ့ထံ၌ ကြောက်ရွံ့ခြင်းဖြင့် ဦးစားပေး ဆုတောင်းကြ၏၊ ငါ့ထံ၌ ကြောက်လန့် တုန်လှုပ်မှု ရှိကြ၏။
၂၁း၉၁။ အရှက်အင်္ဂါအား ထိန်းသိမ်းသော သူမ- သူမထံသို့ ငါ၏ ဉာဏ်စဉ်မှ သက်ဝင်စေ၏၊ ထို့ပြင် သူမနှင့် သူမ၏သားကို လောကခပ်သိမ်းအတွက် နိမိတ် လက္ခဏာအဖြစ် ငါ စီစဉ်တော်မူ၏။
၂၁း၉၂။ ဧကန်ပင် သင်တို့၏ အသိုင်းအဝိုင်းသည် တစ်ခုတည်းသော အသိုင်းအဝိုင်း ဖြစ်၏၊ ငါသည် သင်တို့၏ ကံကြမ္မာရှင် ဖြစ်၏၊ ငါ့ကိုသာလျှင် ကိုးကွယ် ဆည်းကပ်ကြလော့။
၂၁း၉၃။ သူတို့သည် သူတို့ချင်းကြား အစီအမံများကို ဖြတ်တောက်ကြ၏၊ အားလုံးကိုယ်စီ ငါထံသို့သာ ဦးလှည့်ပြန်ခဲ့ရမည်ပင်။
၂၁း၉၄။ ပြုပြင် ပြောင်းလဲမှုမှ ကျင့်ကြံသူ- ထိုသူသည် ယုံကြည်သူ ဖြစ်အံ့၊ သူ၏ လုံးပန်းမှုကို ဖုံးကွယ်ပစ်မည် မဟုတ်ချေ၊ ဧကန်ပင် ငါသည် သူ့အတွက် မှတ်တမ်းတင်သူများ ရှိစေ၏။
၂၁း၉၅။ တိမ်ကောစေပြီး အရပ်ဒေသအား သူတို့ ဦးမလှည့်နိုင်ရန်- ငါ တားမြစ်ထားသည်မှာ။-
၂၁း၉၆။ ဂေါဂနှင့် မာဂေါဂတို့အား ဖွင့်ပေးသည့်တိုင် ဖြစ်၏၊ သူတို့သည် အသာစီး နေရာကိုယ်စီမှ စုရောက်လာကြ၏။
၂၁း၉၇။ ပရမတ္ထ ကတိသစ္စာသည် နီးကပ်လာနေ၏၊ ထိုစဉ် ဖုံးကွယ်သော သူတို့၏ အမြင်များ ကြောင်တောင်ငေးနေလျက် “ကျွန်ုပ်တို့ ပျက်စီးရလေပြီ၊ ကျွန်ုပ်တို့သည် ဤ၌ မုချ မေ့လျော့မှု၌ ရှိခဲ့ပြီ၊ အမှန်မှာ ကျွန်ုပ်တို့သည် အမိုက်ကောင်များ ဖြစ်ကြ၏၊” (ဟု ခံစားကြ၏။)
၂၁း၉၈။ ဧကန်ပင် သင်တို့အတွက် ပရမတ်ဘုရားရှင်မှလွဲ၍ သင်တို့၏ ကိုးကွယ်ရာများသည် ငရဲမီးအား လေပင့်လျက် သင်တို့ကို မီးခဲရဲရဲ ဖြစ်စေလတ္တံ့။
၂၁း၉၉။ ၎င်းတို့သာ ဘုရားများ ဖြစ်ကြလျှင် ထိုသို့ မီးခဲရဲရဲ ဖြစ်ရမည် မဟုတ်ချေ၊ အားလုံးကိုယ်စီ ထို၌ အစဉ် ခံစားရလတ္တံ့။
၂၁း၁၀၀။ သူတို့အဘို့ ထို၌ ညည်းတွားရခြင်း၊ သူတို့အဘို့ ထို၌ ကြားနာမှု ကင်းမဲ့ခြင်းသာ ရှိ၏။
၂၁း၁၀၁။ ငါ့ထံမှ သုမင်္ဂလာကို ထိုသူတို့အတွက် သတ်မှတ်ပြီးသော် ထိုသူတို့သည် ထိုငရဲမှ နောက်ကျန်ရစ်ပြီး ဖြစ်လတ္တံ့။
၂၁း၁၀၂။ ၎င်းမှ ရင်တွင်းညည်းသံကို ကြားရမည်မဟုတ်၊ ထို၌ သူတို့၏ စိတ်ဉာဉ်တို့ အာသီသအပြည့် အစဉ် စံစားရလတ္တံ့။
၂၁း၁၀၃။ ကြီးမားစွာ ကြောက်ရွံ့ ချောက်ချားရခြင်းသည်ပင် သူတို့အား သောကဖြစ်ရစေမည် မဟုတ်၊ နိမိတ်ဆောင်တို့က “ဤသည် သင်တို့အား ကတိ ပေးထားတော်မူသည့် သင်တို့၏နေ့ ကာလပင် ဖြစ်၏၊” ဟု တွေ့ဆုံ နှုတ်ဆက်လတ္တံ့။
၂၁း၁၀၄။ ရေးမှတ်ရန် လှိမ့်တုံးအား လိပ်သကဲ့သို့ ကောင်းကင်ယံအား လိပ်သောနေ့ ကာလ၌ ငါသည် အဦးအစ ဖြစ်တည်စေသကဲ့သို့ ၎င်းအား ဆက်ဖြစ်စေလတ္တံ့၊ ကတိတော်သည် ငါ့အတွက် တည်၏၊ ဧကန်ပင် ငါသည် စီမံတော်မူသောအရှင် ဖြစ်၏။
၂၁း၁၀၅။ ငါ့အား ကိုးကွယ်သည့် ပြုပြင် ပြောင်းလဲသူတို့သည် မြေကမ္ဘာအား အမွေရလိမ့်မည်ဟု သတိဖေါ်ပေးပြီးနောက်- အခန်းကဏ္ဍထဲ၌ မုချ ငါ မှတ်တမ်း တင်ထားတော်မူ၏။
၂၁း၁၀၆။ ဧကန်ပင် ဤအထဲ၌ ပါဝင်စေသည်မှာ ကိုးကွယ် ဆည်းကပ်သော လူမျိုးအတွက် ဖြစ်၏။
၂၁း၁၀၇။ သင့်အား လောက ခပ်သိမ်းအတွက် ကရုဏာရှင် အဖြစ်သာ ငါ စေစားတော်မူ၏။
၂၁း၁၀၈။ ဟောလော့၊ “ကျွန်ုပ်ထံ အာရုံဈာန် ကိန်းဝပ်သည်မှာ သင်တို့၏ ဘုရားရှင်သည် တစ်ဆူတည်းသော ဘုရားရှင် ဖြစ်၏၊ သင်တို့သည် ငြိမ်းချမ်းရေး ဆောင်သူများ ဖြစ်ကြမည် မဟုတ်လော။”
၂၁း၁၀၉။ သူတို့ လှည့်သွားကြလျှင် “သင်တို့အား ကတိထားရာသည် နီး၏၊ သို့တည်းမဟုတ် နောက်ကျန်ရစ်၏ကို ကျွန်ုပ် မမှန်းနိုင်သော်လည်း ကျွန်ုပ်သည် သင်တို့အား တူညီစွာ သတိဖေါ်ပြီးလေပြီ၊” ဟု ကြေညာလော့။
၂၁း၁၁၀။ ဧကန်ပင် ဖွင့်ပြောဆိုရာကို အရှင် သိနေတော်မူ၏၊ ထိမ်ဝှက် မြိုသိပ် ထားရာကိုလည်း သိနေတော်မူ၏။
၂၁း၁၁၁။ သင်တို့အတွက် စမ်းသပ်မှု ရှိနိုင်ကောင်း၏၊ ကာလတစ်ခုထိ ချမ်းမြေ့မှု ရှိနိုင်ကောင်း၏ ကို ကျွန်ုပ် မမှန်းတတ်ချေ။
၂၁း၁၁၂။ “အို- ကံကြမ္မာရှင်၊ အရှင်၏ စီရင်ထုံးသည် အမှန်သစ္စာ ဖြစ်၏၊ တပည့်တော်တို့၏ ကံကြမ္မာရှင်သည် ကရုဏာရှင် ဖြစ်ပါ၏၊ သင်တို့၏ စွပ်စွဲ တင်ပြမှုများမှ ကင်းရန် အရှင့်ထံမှ ပံ့ပိုးမှုရှာသူ ဖြစ်ပါ၏၊” ဟု ပြောလော့။
ဓမ္မခန္ဓာ (၂၁) ဤတွင် ပြီး၏။
ဓမ္မခန္ဓာ (၂၂) ကံဆောင်ပရိဝါသ်
ဉာဏ်စဉ်ကိန်းဝပ်ပေးမှု အမှတ်စဉ် ၁၀၃၊ သုတ်ဒေသနာ ၇၈ ပါး။
ကရုဏာရှင် အကြင်နာရှင် ဖြစ်တော်မူသော ပရမတ်ဘုရားရှင်၏ ဂုဏ်တော်အားဖြင့်-
၂၂း၁။ အို- လူသားတို့၊ သင်တို့၏ ကံကြမ္မာရှင်အား စည်းစောင့်ကြလော့၊ ဧကန်ပင် တုန်လှုပ်ရမည့် အခိုက်အတန့်သည် ကြီးမားသော အရာ ဖြစ်၏။
၂၂း၂။ ၎င်းကို မြင်တွေ့ရသောနေ့ ကာလ၌ နို့တိုက်မိခင်ကိုယ်စီ သူ၏ နို့တိုက်ခြင်းကို မေ့နေလတ္တံ့၊ ကိုယ်ဝန်ဆောင် ကိုယ်စီ သူမဆောင်သော ကိုယ်ဝန် ပျက်ကျလတ္တံ့၊ လူသားတို့သည် မူးဝေနေသည်ကို သင်မြင်ရလတ္တံ့၊ သူတို့သည် မူးနေခြင်း မဟုတ်၊ သို့ရာတွင် ပရမတ်ဘုရားရှင်၏ ဝဋ်ကြွေးဒဏ်သည် ပြင်းထန်လှချည်တကား။
၂၂း၃။ လူတို့အနက်- အသိပညာ မရှိဘဲ ပရမတ်ဘုရားရှင်နှင့် စပ်လျဉ်း၍ စောဒက တက်ကြလျက် ထကြွနေသော မကောင်းဆိုးဝါးသို့ ကိုယ်စီကိုယ်ငှ လိုက်နာကြလတ္တံ့။
၂၂း၄။ သူ့အကြောင်းကို မှတ်တမ်းတင်ထားသည်မှာ- ဧကန်ပင် သူ့အား မည်သူက အလှည့်ပေးသည်၊ သူက ၎င်းအား လမ်းလွဲစေ၍ မီးလောင်စာ ဝဋ်ကြွေးထဲသို့ လမ်းညွှန်လေသည်- ဟု ဖြစ်၏။
၂၂း၅။ အို- လူသားတို့၊ နိုးထရခြင်းကို သင်တို့ သံသယ ရှိနေလျှင် ဧကန်ပင် သင်တို့အား မြေမှုန့်မှ၊ ထို့နောက် သုတ်ပိုးတစ်ကောင်မှ၊ ထို့နောက် သွေးမျှော့ဥမှ၊ ဖြစ်တည်ပြီးသားနှင့် မဖြစ်တည်သေးသော အသားဖတ်မှ၊ ငါသည် ဖြစ်တည်စေခြင်းမှာ သင်တို့အတွက် ရှင်းလင်းစေအံ့ငှာ ဖြစ်၏၊ ငါ၏ သတ်မှတ်ကာလ အချိန် စံချိန် ပြည့်သည်အထိ သားအိမ်တွင်း၌ တည်ရှိနေစေ၏၊ ထို့နောက် သင်တို့အား ကလေးငယ် ဘဝဖြင့် ထုတ်ယူတော်မူ၏၊ ထို့နောက် အရွယ်ရောက် ရင့်ကျက်စေတော်မူ၏၊ သင်တို့မှ သက်တမ်းကုန်စေသူ ရှိ၏၊ သင်တို့အထဲမှ ဘဝသံသရာ နောက်ပြန်လျက် သိခဲ့ပြီးသည်ကို တစ်စုံတစ်ရာ မသိနိုင်တော့သည်ထိ ဖြစ်သူလည်း ရှိစေ၏၊ တဖန် သင်သည် စိုက်ပျိုးခက်သော မြေကမ္ဘာအား မြင်ကြည့်လော့၊ ထိုမြေပေါ်သို့ ရေကို ငါ သွန်းချစေသောအခါ ၎င်းသည် လှုပ်ခါ ကြွဖေါင်းလာလျက် ရှုချင်စဖွယ် စုဖွဲ့ကိုယ်စီ ဖြစ်ထွန်းလာစေ၏။
၂၂း၆။ ယင်းမှာ ပရမတ်ဘုရားရှင်ကြောင့် ဖြစ်၏၊ အရှင်သည် ပရမတ္ထသစ္စာ ဖြစ်၏၊ အရှင်သည် သက်မဲ့ကို သက်ရှိ ဖြစ်စေ၏၊ အရှင်သည် သဗ္ဗလုံးစုံအား စည်းချိန်ချမှတ်တော်မူ၏။
၂၂း၇။ ထိုအခိုက်အတန့်သည် ဆိုက်ရောက်လာနေ၏၊ ထို၌ သံသယ ဖြစ်ဘွယ် မရှိပြီ၊ ဧကန်ပင် ပရမတ်ဘုရားရှင်သည် သင်္ချိုင်းတွင်းမှ သူများကို နိုးထ စေတော်မူမည်ပင်။
၂၂း၈။ လူတို့အနက်- အသိပညာမရှိ၊ လမ်းညွှန်ချက်မရှိ၊ တရားရောင်ဝါ ရှိသော ကျမ်းတော်လည်း မရှိဘဲလျက် ပရမတ်ဘုရားရှင်နှင့် စပ်လျဉ်း၍ စောဒက တက်၍။-
၂၂း၉။ ပရမတ်ဘုရားရှင်၏ လမ်းစဉ်တော်မှ လွဲဖယ်စေရန် နှစ်ပင်လိမ်သူ ရှိ၏၊ သူ့အဘို့ လောကီ၌ အရှက်ရစေ၍ ရပ်တည်ရမည့်နေ့၌ လောင်ကျွမ်းရခြင်း ဝဋ်ကြွေးကို မြည်းစမ်းစေလတ္တံ့။
၂၂း၁၀။ ဤသည် စုံရပ်ခဲ့သော သင့်လက်ချက်ကြောင့်ပင် ဖြစ်၏၊ ဧကန်ပင် ပရမတ်ဘုရားရှင်သည် အမှုတော်ဆောင်များအား အဝိဇ္ဇာ သင့်စေခြင်း အလျဉ်းမရှိချေ။
၂၂း၁၁။ လူတို့အနက် လှည့်ပြောင်းနိုင်သော နေရာမှ- ပရမတ်ဘုရားရှင်အား ကိုးကွယ် ဆည်းကပ်သူ ရှိ၏၊ သူ့အား ကောင်းကျိုး ထိသက်လျှင် ထို၌ ဘဝင်ကျလျက် သူ့အား စမ်းသပ်မှု ထိသက်လျှင် မျက်နှာမူ ဦးလှည့်၏၊ သူသည် ဤဘဝ၊ နောင်ဘဝတွင် ဆုံးရှုံးရမည်ပင်၊ ဤသည် ရှင်းလင်း ထင်ရှားသော ဆုံးရှုံးရခြင်း ဖြစ်၏။
၂၂း၁၂။ ပရမတ်ဘုရားရှင်မှလွဲ၍ သူ့အား အဆိုး၊ အကျိုးဖြစ်စေခြင်း မရှိသော အရာထံ၌ ဆုတောင်း၏၊ ဤသည် နောက်ကျန် လွဲချော်မှုပေတည်း။
၂၂း၁၃။ ထိုသို့ ဆုတောင်းခြင်းမှာ သူ့အတွက် အကျိုးကျေးဇူးထက် အဆိုးသည် ပို၍ နီးကပ်၏၊ ၎င်းသည် အမင်္ဂလာ မဟာမိတ်၊ အမင်္ဂလာ တစ်ကျိတ်ပင် ဖြစ်၏။
၂၂း၁၄။ ဧကန်ပင်- ပရမတ်ဘုရားရှင်သည် ယုံကြည်၍ ပြုပြင် ပြောင်းလဲမှု ကျင့်ကြံသော သူများအား အောက်ခင်း၌ စမ်းချောင်းရေသွင် စီးဆင်းနေသည့် ဥယျာဉ်ဘုံများသို့ ဝင်ရောက်စေ၏၊ ဧကန်ပင်- ပရမတ်ဘုရားရှင်သည် အလိုတော် ရှိရာကို စီမံတော်မူ၏။
၂၂း၁၅။ ပရမတ်ဘုရားရှင်က သူ့အား လောကီ လောကုတ္တရာ၌ ကူညီတော်မူမည် မဟုတ်ဟု စဉ်းစားသူ ရှိအံ့၊ သူ့အား ကောင်းကင်သို့ ရစ်ပတ်လှည့်မွှေ့ တိုးရွေ့ တက်စေလော့၊ တဖန် ဖြတ်တောက်စေလော့၊ သို့ဖြင့် သူသည် သူ့အား ဒေါသ ဖြစ်စေသော သူ့ကြံစည်မှုအား ရုပ်သိမ်းပစ်နိုင်သလောဟု စောင့်ကြည့်စေလော့။
၂၂း၁၆။ ဤသို့- ငါသည် ၎င်းကို ရှင်းလင်းသော သုတ်ဒေသနာများဖြင့် ချမှတ်ပေးတော်မူ၏၊ ဧကန်ပင် ပရမတ်ဘုရားရှင်သည် အလိုတော် ရှိသူတို့အား လမ်းညွှန်တော်မူ၏။
၂၂း၁၇။ ဧကန်ပင်- ယုံကြည်သော သူများ၊ ရေဝတီဖြစ်သူများ၊ ရေသန့်အယူ ရှိသူများ၊ ခရစ်ယာန်များ၊ မဂျူစီများ၊ ရောပြွန်း ကိုးကွယ်သော သူများ၊- ရပ်တည်ရမည့်နေ့ ကာလတွင် ပရမတ်ဘုရားရှင်သည် သူတို့၏ကြား၌ ဧကန်ပင် ရှင်းလင်း ဆုံးဖြတ်တော်မူလတ္တံ့၊ ဧကန်ပင်- ပရမတ်ဘုရားရှင်သည် သဗ္ဗလုံးစုံ အတွက် သက်သေသက်ကန် ဖြစ်၏။
၂၂း၁၈။ ဧကန်ပင် မိုးများအတွင်း၊ မြေအတွင်း၊- နေ၊ လ၊ ကြယ်တာရာများ၊ တောတောင်များ၊ သစ်ပင်များ၊ သတ္တဝါအပေါင်းနှင့် လူသားပေါင်း များစွာသည် ပရမတ်ဘုရားရှင်အား ဦးချ ရိုကျိုးနေကြသည်ကို သင် မမြင်တွေ့သလော၊ ကျန် များစွာမှာလည်း ဝဋ်ကြွေးဒဏ် အမှန်အကန် သင့်ရ၏၊ ပရမတ်ဘုရားရှင်က နှိမ့်ချထားသူ- ထိုသူအား ကျက်သရေ ဆောင်ပေးနိုင်သူ မရှိချေ၊ ဧကန်ပင် ပရမတ်ဘုရားရှင်သည် စံချိန်ပြည့်မီသည့် အရာအား စီမံတော်မူပေ၏။
၂၂း၁၉။ ဤတွင် သူတို့၏ ကံကြမ္မာရှင်နှင့် စပ်လျဉ်း၍ အချေအတင် ဖြစ်နေသော အချေအတင် အုပ်စုနှစ်ခု ရှိ၏၊ ဖုံးကွယ်သောသူ- ထိုသူတို့အတွက် မီးသား ခြုံထည်စကို ညှပ်ပြီး သူတို့ ဦးခေါင်းပေါ်မှ ရေနွေးပူကို သွန်းလောင်းလတ္တံ့။
၂၂း၂၀။ သူတို့၏ ဝမ်းတွင်းနှင့် အရေပြားများကို အရည်ပျော်စေလတ္တံ။
၂၂း၂၁။ သူတို့အတွက် သံ ခြေကျင်းသည် ရှိနေ၏။
၂၂း၂၂။ ထိုအရာမှ တလှိုက်လှိုက် ဖြစ်နေရခြင်းမှ ထွက်မြောက် လိုကြသော အခါတိုင်း ထို၌ပင် ဆက်ရှိစေလျက် လောင်ကျွမ်းခြင်း ဝဋ်ကြွေးအား မြည်းစမ်းစေမည်။
၂၂း၂၃။ ဧကန်ပင် ပရမတ်ဘုရားရှင်သည် ယုံကြည်လျက် ပြုပြင် ပြောင်းလဲခြင်း ကျင့်ကြံသော သူများအား အောက်ခင်း၌ စမ်းချောင်းရေသွင် စီးဆင်းနေသော ဥယျာဉ်ဘုံများသို့ ဝင်ရောက်စေမည်ပင်၊ ထို၌ သူတို့အား ရွှေစလွယ် ပုလဲတို့ဖြင့် ဆင်မြန်းပေးမည်၊ ထို၌ သူတို့၏ ဆင်ယင်စရာမှာ ပိုးဖဲကတ္တီပါတို့ ဖြစ်၏။
၂၂း၂၄။ သူတို့အား စင်ကြယ်သော အဆိုအမိန့်များဆီသို့ လမ်းညွှန်ခံရပြီ၊ ရည်သန် စူးစိုက်ရာ လမ်းစဉ်သို့ လမ်းညွှန်ခံရပြီ။
၂၂း၂၅။ ဧကန်ပင်၊ ပရမတ်ဘုရားရှင်၏ လမ်းစဉ်တော်၌- ဝဇီပိတ်ကျင့်သူနှင့် လူသာမန်မဟူ၊ လူသားချင်း အတူတူ ဖြစ်စေရမည်ဟု ငါအရှင်က စီစဉ်ပေးထားသော ဘေးမဲ့ဝတ်ကျောင်းတော်မှ- ဖယ်ခိုင်းသောသူ၊ ဖုံးကွယ်သောသူ၊ ထို၌ လှီးလွှဲခြင်း အဝိဇ္ဇာသို့ တွန်းပို့လိုသူတို့အား စူးနစ်သော ဝဋ်ကြွေးဒဏ်ကို မြည်းစမ်းစေမည်။
၂၂း၂၆။ ငါသည် အီဗရာဟီးမ်အား အိမ်တော်တည်ရာကို နေရာချပေးသောအခါ ငါနှင့် တစ်စုံတစ်ရာကိုမှ မရောပြွန်းစေရ၊ လှည့်နေသူ၊ ရပ်နေသူ၊ ဦးညွှတ်သူ၊ ဦးချသူတို့အတွက် ငါ၏ အိမ်တော်ကို သန့်စင်စေရမည်ဟု (မိန့်၏၊)။
၂၂း၂၇။ ကံဆောင် ပရိဝါသ်ပြုကြရန် လူသားတို့အား ကြေညာလော့၊ သင့်ထံသို့ လူချည်းဖြစ်စေ၊ အားလုံးကိုယ်စီ ခရီးပန်းခြင်းပေါ်၌ ဖြစ်စေ၊ လာရောက်ကြမည်၊ အဝေးမှ အဝေးပြေးကိုယ်စီဖြင့် လာရောက်ကြမည်မှာ။-
၂၂း၂၈။ သူတို့၏ အကျိုးအတွက် သက်သေခံရန်၊ ပရမတ်ဘုရားရှင်၏ ဂုဏ်တော်အား သတိရ ဘာဝနာပွားရန် ဖြစ်၏၊ သိရှိစေပြီး ရက်များအတွင်း ကပ္ပိယ နို့တိုက်သတ္တဝါများကို သင်တို့အတွက် ရိက္ခာ ဖြစ်စေ၏၊ သို့ဖြစ်၍ ၎င်းကို စားသုံးကြလော့၊ ကံဆိုး ချို့တဲ့သူတို့အား ကျွေးမွေး ကြလော့။
၂၂း၂၉။ ထို့နောက် သူတို့အား ပြဌာန်းသည့် တာဝန်ကို ပြီးဆုံးစေလော့၊ သူတို့၏ သန္နိဋ္ဌာန်အား ဖြည့်စေလော့၊ ရှေးဟောင်းအိမ်တော်ကို လှည့်ပတ် ဂါယာ ပြုစေလော့။
၂၂း၃၀။ ဤသို့- ပရမတ်ဘုရားရှင်၏ ဘေးမဲ့ပေးထားခြင်းများအား အထွဋ်အမြတ် ထားသူ- ထိုသူအတွက် သူ့ကံကြမ္မာရှင်၏ထံ၌ အကောင်းဆုံး ရှိ၏၊ သင်တို့အား ရွတ်ဖတ်ပြပြီးသည်မှအပ ကပ္ပိယသတ္တဝါများသည် သင်တို့အဘို့ တရားဝင် ဖြစ်၏၊ ညစ်ညမ်းသည့် ဆင်းတုရုပ်ပွားများမှ ကင်းသန့်ကြလော့၊ လှည့်ပတ်ပြောဆိုမှုမှ ကင်းသန့်ကြလော့။
၂၂း၃၁။ ပရမတ်ဘုရားရှင်၌ အယူသန့်သန့် ရှိစေလော့၊ အရှင်နှင့် ရောပြွန်း ကိုးကွယ်ရာ မရှိစေနှင့်၊ ပရမတ်ဘုရားရှင်နှင့် ရောပြွန်း ကိုးကွယ်ရာ ထားသူသည် ကောင်းကင်မှ ဦးဇောက်ပြုတ်ကျ၍ ငှက်များ၏ ထိုးသုတ်ခံရသူကဲ့သို့၊ သို့မဟုတ် လေ အလိုက်သင့် အဝေးသို့ ရောက်ရသူကဲ့သို့ ဖြစ်၏။
၂၂း၃၂။ ဤသို့- ပရမတ်ဘုရားရှင်က သတိမူစေသည်များကို အထွဋ်အမြတ် ထားသူသည် ဧကန်ပင် ၎င်းသည် နှလုံးသား၌ စည်းစောင့်ခြင်းများမှ ဖြစ်၏။
၂၂း၃၃။ ထို၌ သတ်မှတ်ကာလ အချိန်ထိ သင်တို့အဘို့ အကျိုးတရား ရှိ၏၊ တဖန် သူတို့အား ရှေးဟောင်း အိမ်တော်သို့ တရားဝင် ဖြစ်စေကြလော့။
၂၂း၃၄။ သင်တို့အား ရိက္ခာပေးထားသည့် ကပ္ပိယ နို့တိုက်သတ္တဝါတို့ အပေါ်၌ ပရမတ်ဘုရားရှင်၏ ဂုဏ်တော်ကို သတိရစေရန် အသိုင်းအဝိုင်း ကိုယ်စီအတွက် ဝတ်ဖြည့်နည်းကို ငါ စီစဉ်ပြီး ဖြစ်၏၊ သင်တို့၏ ဘုရားရှင်သည် တစ်ဆူတည်းသော ဘုရားရှင် ဖြစ်၏၊ အရှင့်အတွက် ငြိမ်းချမ်းရေး ပြုကြလော့၊ နှိမ့်ချမှု ရှိသူတို့အား သတင်းကောင်းကို ပါးလော့။
၂၂း၃၅။ ပရမတ်ဘုရားရှင်က သူတို့အား သတိဖေါ်ပေးသောအခါ သူတို့၏ စိတ် နှလုံးများ တုန်လှုပ် ရိုကျိုးကြ၏၊ သူတို့အား ထိခိုက်သော အရာအား သည်းခံသူများ၊ ဝတ်ပြု မြဲကြသူများ၊ ရိက္ခာပေးရာမှ ပေးကမ်းသုံးစွဲသူများ ဖြစ်ကြ၏။
၂၂း၃၆။ အလှုဝတ္ထု ရုပ်ကလပ်များ- ပရမတ်ဘုရားရှင်က သင်တို့အတွက် ၎င်းတို့ကို သတိမူစေသည်များမှ စီစဉ်ပြီး ၎င်း၌ သင်တို့အတွက် ကောင်းကျိုးရှိစေပြီ၊ ၎င်းတို့အား စီတန်းထားသောအခါ ထိုအပေါ်၌ ပရမတ်ဘုရားရှင်၏ ဂုဏ်တော်ကို သတိရ ဆင်ခြင်လော့၊ ၎င်းတို့၏ နံဘေးများသည် လဲကျသောအခါ ထိုမှ စားသုံး ကြလော့၊ ရည်ရွယ်ထားသူများနှင့် ရှေ့တန်းထွက်ရသူများကို ကျွေးမွေးကြလော့၊ သင်တို့ ကျေးဇူး သိတတ်အံ့သောငှာ ငါသည် ၎င်းတို့အား ဤသို့ သင်တို့၏ အသုံးခံ ဖြစ်စေ၏။
၂၂း၃၇။ ၎င်းတို့၏ အသား၊ ၎င်းတို့၏ အသွေးများသည် ပရမတ်ဘုရားရှင်ထံသို့ ဆိုက်ရောက်သည် မဟုတ်၊ သို့ရာတွင် သင်တို့၏ စည်းစောင့်ခြင်းသည်သာ အရှင့်ထံသို့ ဆိုက်ရောက်၏၊ သင်တို့အား လမ်းညွှန်ပေးခြင်း၌ ပရမတ်ဘုရားရှင်၏ ကြီးကျယ်မှုကို သတိရအံ့သောငှာ အရှင်သည် ၎င်းတို့ကို သင်တို့၏ အသုံးခံ ဖြစ်စေ၏၊ သုမင်္ဂလာပြုသူတို့အား သတင်းကောင်းပါးလော့။
၂၂း၃၈။ ဧကန်ပင်- ပရမတ်ဘုရားရှင်သည် ယုံကြည်သော သူတို့နှင့် စပ်လျဉ်း ၍ ခုခံ ကာကွယ်ပေး၏၊ ဧကန်ပင်- ပရမတ်ဘုရားရှင်သည် သစ္စာဖေါက်သူ၊ ဖုံးကွယ်သူ၊ ကိုယ်စီအား နှစ်သက်တော် မမူပေ။
၂၂း၃၉။ မိုက်ကြေးခွဲ သတ်ဖြတ်ခံရသော သူတို့အတွက် ခုခံမှုကို ခွင့်ပြုပေးတော်မူ၏၊ ဧကန်ပင်- ပရမတ်ဘုရားရှင်သည် သူတို့အပေါ် ကူညီခြင်း၌ ဥပဒေပြုပေးတော်မူ၏။
၂၂း၄၀။ သူတို့က “ကျွန်ုပ်တို့၏ ကံကြမ္မာရှင်သည် ပရမတ်ဘုရားရှင်သာ ဖြစ်သည်၊” ဟု ဆိုခြင်းကြောင့် သူတို့၏ အိမ်ဗိမာန်များမှ သစ္စာမဲ့စွာဖြင့် မောင်းထုတ်ခံရသော သူများ ဖြစ်၏၊ အကယ်၍ ပရမတ်ဘုရားရှင်သည် လူသားတချို့ကို တချို့အားဖြင့် မခုခံစေခဲ့လျှင် ဘုန်းကြီးကျောင်းများ၊ ခရစ်ယာန် ဘုရားကျောင်းများ၊ ဂျူး ဘုရားကျောင်းများ၊ ပရမတ်ဘုရားရှင်၏ ဂုဏ်တော်အား များစွာ သတိရ ဘာဝနာပြုသော အစ္စလာမ် ဝတ်ကျောင်းများသည် ဖျက်ဆီး ခြေမွှခံရပြီး ဖြစ်လတ္တံ့၊ အရှင့်အတွက် ကူညီသူအား ဧကန်ပင်- ပရမတ်ဘုရားရှင်သည် သူ့အား ကူညီတော်မူ၏၊ ဧကန်ပင်- ပရမတ်ဘုရားရှင်သည် တန်ခိုးတော်ရှင်၊ ဘုန်းတော်အရှင် ဖြစ်တော်မူ၏။
၂၂း၄၁။ အကယ်၍ သူတို့အား ငါအရှင်က မြေကမ္ဘာ၌ ထူထောင်ပေးလျှင် သူတို့သည်၊ ဝတ်ပြု မြဲကြမည်၊ အခွန်ငွေဖြူ ပေးကြမည်၊ အသိအမှတ်ပြု ညွှန်ကြားကြမည်၊ သူစိမ်းဆန်ခြင်းကို ဟန့်တားကြမည် ဖြစ်၏၊ ပရမတ်ဘုရားရှင်သည်ကား နိဂုံးချုပ် ညွှန်ကြားသောအရှင် ဖြစ်၏။
၂၂း၄၂။ အသင့်အား ငြင်းဆန်ကြလျှင် သူတို့မတိုင်မီ ငြင်းဆန်ကြသူများမှာ နူးဟ်၏၊ အာ့ဒ်၏၊ သမူဒ်၏ လူမျိုး။-
၂၂း၄၃။ အီဗရာဟီးမ်၏ လူမျိုး၊ လု(တ်)၏ လူမျိုးတို့ နှင့်။-
၂၂း၄၄။ မီဒီယံ ပေါင်းဖေါ်များ ဖြစ်၏၊ မူဆာကိုလည်း ငြင်းဆန်ခဲ့ပြီ၊ ငါသည် ဖုံးကွယ်သူတို့အား အချိန်ပေးထားတော်မူ၏၊ တဖန် သူတို့အား အရေးယူလိုက်၏၊ သို့ဖြင့် မကြုံဘူးသည့် ပြစ်ဒဏ်သည် မည်သို့ ဖြစ်ဘိသနည်း။
၂၂း၄၅။ ထို၌ အမိုက်မှောင်စီးနေကြစဉ်- ငါသည် အရပ်ဒေသသား မည်မျှအား တိမ်ကောစေခဲ့သနည်း၊ ၎င်းတို့သည် အမိုးထပ်မှ အောက်ခြေထိ၊ စွန့်ပစ်ခံရသည့် မြေတွင်းနှင့် မြင့်မားသော ရပ်နားရာစခန်းထိ၊ ပြိုကျခဲ့ရ၏။
၂၂း၄၆။ သူတို့၌ အတွေးအခေါ်ရှိသော နှလုံးသား၊ ကြားနိုင်သော နားများ ဖြစ်လာစေရန် သူတို့သည် ကမ္ဘာ၌ ခရီး မထွက်ကြသလော၊ ဧကန်အမှန် သူတို့သည် အမြင် ကန်းနေခြင်း မဟုတ်၊ ရင်ဘတ်တွင်းမှ နှလုံးသား ကန်းနေခြင်းသာ ဖြစ်၏။
၂၂း၄၇။ သူတို့သည် သင့်ထံတွင် ဝဋ်ကြွေးဒဏ်ကို အလျင်စလို တောင်းကြ၏၊ ပရမတ်ဘုရားရှင်သည် ကတိတော်အား ပေါ့လျော့ထားသည် မဟုတ်၊ ဧကန်ပင်- ကံကြမ္မာရှင်၏ထံ၌ တစ်ရက်တာသည် သင်တို့ ရေတွက်မှုဖြင့် နှစ် ထောင်ချီ ရှိ၏။
၂၂း၄၈။ ထို၌ အမိုက်မှောင်စီးနေကြစဉ်- ငါသည် အရပ်ဒေသမှ မည်မျှအား အချိန်ပေးထားခဲ့သနည်း၊ တဖန် အရေးယူလိုက်၏၊ ခရီးဆုံးပန်းတိုင်သည် ငါ့ထံသို့သာ ဖြစ်၏။
၂၂း၄၉။ ဟောလော့၊ “အို- လူသားတို့၊ ကျွန်ုပ်သည် သင်တို့အတွက် ရှင်းလင်း ထင်ရှားသော သတိပေးသူ ဖြစ်၏။”
၂၂း၅၀။ ယုံကြည်လျက် ပြုပြင် ပြောင်းလဲမှု ကျင့်ကြံသော သူများ၊ သူတို့အတွက် လွတ်ငြိမ်းခွင့်နှင့် ကျက်သရေရှိသော ရိက္ခာ ရှိ၏။
၂၂း၅၁။ ငါ၏သုတ်ဒေသနာများကို မှေးမှိန်စေရန် လုံးပန်းသောသူ၊ ထိုသူတို့သည် ငရဲမီး၏ ပေါင်းဖေါ်များ ဖြစ်၏။
၂၂း၅၂။ သင့်အလျင် ဉာဏ်စဉ်တော်ဆောင် သတင်းတော်ဆောင်ကို စေစားသောအခါ သူ၏ဆန္ဒအပေါ်၌ မကောင်းဆိုးဝါးက ၎င်း၏ ဆန္ဒကို ခင်းကျင်းလို၏၊ သို့သော် ပရမတ်ဘုရားရှင်သည် မကောင်းဆိုးဝါး၏ ခင်းကျင်းမှုကို ကမ္ပည်း ထိုးထားစေ၏၊ ထို့နောက် ပရမတ်ဘုရားရှင်သည် အရှင့် သုတ်ဒေသနာများဖြင့် ဓမ္မသတ် ပေးတော်မူ၏၊ ပရမတ်ဘုရားရှင်သည် သိနေသောအရှင်၊ ဓမ္မသတ်ရှင် ဖြစ်တော်မူ၏။
၂၂း၅၃။ အရှင်သည် မကောင်းဆိုးဝါး၏ ခင်းကျင်းမှုကို နှလုံးသား၌ ရောဂါရှိနေသော၊ စိတ်နှလုံး ခက်ထန်သော သူတို့အား စမ်းသပ်ရန် စီစဉ်တော်မူ၏၊ အမိုက်ကောင်တို့ သည်ကား ဂိုဏ်းခွဲ နောက်ကျန်နေကြ၏။
၂၂း၅၄။ အသိပညာ ချီးမြှင့်ခံရသော သူတို့မှာကား ၎င်းသည် သင့်ကံကြမ္မာရှင်၏ထံမှ ဖြစ်ကြောင်း သိနိုင်ကောင်း၏၊ သို့ဖြင့် သူတို့၏ နှလုံးသားသည် အရှင့်ထံ နှိမ့်ချလျက် ၎င်း၌ ယုံကြည်လတ္တံ့၊ ဧကန်ပင် ပရမတ်ဘုရားရှင်သည် ယုံကြည်သော သူတို့အား မြဲမြံ တည်တံ့သော လမ်းစဉ်သို့ လမ်းညွှန်သူ ဖြစ်၏။
၂၂း၅၅။ ထိုအခိုက်အတန့်အား သူတို့ထံသို့ ရုတ်တရက် ပေးရောက်လာသည့်တိုင်၊ သို့မဟုတ် မျိုးသုဉ်းသွားစေသော ဝဋ်ကြွေးနေ့ ကာလသည် သူတို့ထံသို့ ပေးရောက်လာသည့်တိုင်- ဖုံးကွယ်သော သူတို့သည် ၎င်း၌ အချင်းများနေခြင်းကို ရပ်နားကြမည် မဟုတ်ချေ။
၂၂း၅၆။ ထိုနေ့ကာလသည် ပရမတ်ဘုရားရှင်၏ အာဏာစက်၌ ရှိ၏၊ အရှင်သည် သူတို့ကြား၌ စီရင်ထုံးချလိမ့်မည်၊ ယုံကြည်လျက် ပြုပြင် ပြောင်းလဲမှု ကျင့်ကြံသော သူများသည် ဂုဏ်ရှိသော ဥယျာဉ်များ၌ စံစားရမည်ပင်။
၂၂း၅၇။ ငါ၏ သုတ်ဒေသနာများကို ဖုံးကွယ်၊ ငြင်းဆန်သော သူတို့- ထိုသို့သော သူတို့အတွက် နိမ့်ကျသော ဝဋ်ကြွေး ရှိ၏။
၂၂း၅၈။ ပရမတ်ဘုရားရှင်၏ လမ်းစဉ်တော်အတွက် ပြောင်းရွှေ့ခဲ့ရ၍ တဖန် အသတ်ခံခဲ့ရ၊ သို့မဟုတ် သေဆုံးရသော သူတို့အား ပရမတ်ဘုရားရှင်သည် တင့်တယ်သော ရိက္ခာဖြင့် ရိက္ခာထောက်တော်မူမည်၊ ဧကန်ပင် ပရမတ်ဘုရားရှင်- အရှင်သည် အကောင်းဆုံး ရိက္ခာထောက်သည့်အရှင် ဖြစ်တော်မူ၏။
၂၂း၅၉။ အရှင်သည် သူတို့အား ကျေနပ်အားရသော ဝင်ခြင်းဖြင့် ဝင်စေလတ္တံ့၊ ဧကန်ပင် ပရမတ်ဘုရားရှင်သည် သိနေသောအရှင်၊ နူးညံ့သိမ်မွေ့သောအရှင် ဖြစ်၏။
၂၂း၆၀။ သူ့အား ချုပ်ကိုင်သည်နှင့် အညီ- ဤသို့ ပြန်ချုပ်ကိုင်သူ၊ တဖန် သူ့ကို အပြစ်ရှာလျှင် ပရမတ်ဘုရားရှင်သည် သူ့အား ကူညီတော်မူမည်၊ ဧကန်ပင် ပရမတ်ဘုရားရှင်သည် ကျေအေးပေးသောအရှင်၊ လွတ်ငြိမ်းစေသောအရှင် ဖြစ်၏။
၂၂း၆၁။ ဧကန်ပင် ပရမတ်ဘုရားရှင်အားဖြင့်- ညကို နေ့ထဲသို့ တိုးဝင်စေ၏၊ ဤသို့ နေ့ကို ညထဲသို့ တိုးဝင်စေ၏၊ ဧကန်ပင် ပရမတ်ဘုရားရှင်သည် ကြားနေသောအရှင်၊ မြင်နေသောအရှင် ဖြစ်၏။
၂၂း၆၂။ ဧကန်ပင် ပရမတ်ဘုရားရှင်အားဖြင့်- အရှင်သည် ပရမတ္ထသစ္စာ ဖြစ်၏၊ ဤသို့ပင်- အရှင်မှလွဲ၍ သူတို့၏ ဆုတောင်းသော အရာများသည် အမှားချည်းသာ ဖြစ်၏၊ ဧကန်ပင် ပရမတ်ဘုရားရှင်- အရှင်သည် အထွဋ်အထိပ် ဖြစ်တော်မူ၏၊ ကြီးကျယ်တော်မူ၏။
၂၂း၆၃။ ဧကန်ပင် ပရမတ်ဘုရားရှင်သည် ကောင်းကင်မှ ရေကို သွန်းချစေလျက် သို့ဖြင့်- မြေကမ္ဘာသည် စိမ်းစိုမှု ဖြစ်လာစေကြောင်း အသင် မမြင်သလော၊ ဧကန်ပင် ပရမတ်ဘုရားရှင်သည် သက်ညှာတော်မူ၏၊ သတင်းရနေတော်မူ၏။
၂၂း၆၄။ မိုးများအတွင်း၊ မြေအတွင်း၊ ရှိသမျှတို့သည် အရှင်၏ အချုပ်အခြာ၌ ရှိ၏၊ ဧကန်ပင် ပရမတ်ဘုရားရှင်- အရှင်သည် ကုံလုံ ပြည့်စုံတော်မူ၏၊ ရည်သန် စူးစိုက်မှုတည်ရာ ဖြစ်တော်မူ၏။
၂၂း၆၅။ ဧကန်ပင် ပရမတ်ဘုရားရှင်သည် ကမ္ဘာ၌ ရှိသော အရာများ၊ အရှင့် ညွှန်ကြားချက်ဖြင့် ပင်လယ်ပြင်၌ စီးမျော သွားလာစေသော သင်္ဘောများကို သင်တို့အတွက် အသုံးခံ ဖြစ်စေကြောင်း သင် မမြင်သလော၊ အရှင့်ခွင့်ပြုချက် မရှိလျှင် ကောင်းကင်သည် ဆိုင်းနေလျက် ကမ္ဘာအပေါ်၌ တည်တံ့နေစေ၏၊ ဧကန်ပင် ပရမတ်ဘုရားရှင်သည် လူသားတို့အား ညှာတာသောအရှင်၊ ကရုဏာ သက်နေသောအရှင် ဖြစ်၏။
၂၂း၆၆။ အရှင်သည် သင်တို့ကို သက်ရှိ ဖြစ်စေ၏၊ တဖန် သက်မဲ့ ဖြစ်စေ၏၊ တဖန် သက်ရှိ ဖြစ်စေ၏၊ ဧကန်ပင် လူသားသည် ဖုံးကွယ် မှောင်ချသူ ဖြစ်၏။
၂၂း၆၇။ အသိုင်းအဝိုင်း ကိုယ်စီအား သူတို့၏ ဝတ်ဖြည့်ရန် ဝတ်ဖြည့်နည်းကို ငါ စီစဉ်ပေးပြီ၊ သို့ဖြစ်၍ အရေးအရာများ၌ သင့်ကို မဖယ်စေကြနှင့်၊ သင့် ကံကြမ္မာရှင်၏ ဘက်သို့ ဖိတ်ခေါ်လော့၊ ဧကန်ပင် သင်သည် မြဲမြံ တည်တံ့သော လမ်းညွှန်၌ ရှိ၏။
၂၂း၆၈။ သင့်အား စောဒကတက်ကြလျှင် “ပရမတ်ဘုရားရှင်သည် ကျင့်ကြံသမျှအား အသိဆုံး ဖြစ်တော်မူ၏၊” ဟု ဟောလော့။
၂၂း၆၉။ သင်တို့၏ ထို ကွဲလွဲမှုများကို ရပ်တည်ရသောနေ့၌ ပရမတ်ဘုရားရှင်သည် သင်တို့အကြား စီရင်ထုံး ချပေးလိမ့်မည်။
၂၂း၇၀။ မိုးများနှင့် မြေကမ္ဘာတွင်း ရှိသမျှအား ပရမတ်ဘုရားရှင်က သိနေတော်မူကြောင်း သင် မသိသလော၊ ဧကန်ပင် ၎င်းသည် လောကဓမ္မ အတွင်းမှ ဖြစ်၏၊ ဧကန်ပင် ၎င်းသည် ပရမတ်ဘုရားရှင် အဘို့ငှာ လွယ်ကူလှချေ၏။
၂၂း၇၁။ ပရမတ်ဘုရားရှင်မှလွဲ၍ သူတို့ ကိုးကွယ်နေကြသည်မှာ မည်သည့်အရာကိုမှ ဩဇာအာဏာ ချမှတ်ပေးနိုင်ခြင်း မရှိရာများ ဖြစ်ကြ၏၊ ၎င်းနှင့် ပတ်သက်၍ သူတို့၌ အသိပညာ လုံး၀ မရှိချေ၊ အမိုက်ကောင်များအား ကူညီမည့် သူလည်း မရှိချေ။
၂၂း၇၂။ ငါ၏ ရှင်းလင်းသော သုတ်ဒေသနာများကို သူတို့အား ရွတ်ဖတ်ပြသောအခါ ဖုံးကွယ်သော သူတို့၏ မျက်နှာများ၌ သူစိမ်းဆန်ခြင်းကို သင် သိမှတ်နိုင်၏၊ ငါ၏ သုတ်ဒေသနာများကို သူတို့အား ဖတ်ပြသော သူတို့အား သတ်ဖြတ်တော့မလို ပြု၏၊ ဟောကြားလော့၊ “ဤထက် ပိုဆိုးသော အပူမီး၏ အကြောင်းကို သင်တို့ အား သတင်း ထုတ်ပြန်ရမည်လော၊ ပရမတ်ဘုရားရှင်သည် ၎င်းကို ဖုံးကွယ်သော သူတို့အတွက် ကတိပြုထား၏၊ အမင်္ဂလာ ခရီးဆုံးပင် ဖြစ်၏။
၂၂း၇၃။ အို- လူသားတို့၊ ပမာတည် ဥပမာပေးအံ့၊ ၎င်းကို ကြားနာကြလော့၊ ဧကန်ပင် ပရမတ်ဘရားရှင်မှလွဲ၍ သင်တို့ ဆုတောင်းနေကြသော အရာများသည် သူတို့အတူ စုပေါင်းကြသော်လည်း ယင်တစ်ကောင်ကိုသော်မျှ မဖြစ်တည်စေနိုင်ပေ၊ ထိုယင်ကောင်သည် သူတို့ထံမှ တစ်စုံတစ်ရာအား ချီသွားသော်လည်း ထိုအရာကို ၎င်းထံမှ သူတို့ မကယ်ဆယ်နိုင်ကြချေ၊ အမီလိုက်သူနှင့် အမီလိုက်ခံတို့မှာ ချည့်နဲ့လှချေ၏။
၂၂း၇၄။ ပရမတ်ဘုရားရှင်အား မှန်ကန်သော ချင့်ချိန်မှုဖြင့် ချင့်ချိန်ကြသည် မဟုတ်၊ ဧကန်ပင် ပရမတ်ဘုရားရှင်သည် တန်ခိုးတော်ရှင်၊ ဘုန်းတော်ရှင် ဖြစ်တော်မူ၏။
၂၂း၇၅။ ပရမတ်ဘုရားရှင်သည် နိမိတ်ဆောင်များနှင့် ကလျာဏ ပုထုဇဉ်များထဲမှ ဉာဏ်စဉ်ဆောင်ကို ရွေးချယ်တော်မူ၏၊ ဧကန်ပင် ပရမတ်ဘုရားရှင်သည် ကြားနေသောအရှင်၊ မြင်နေသောအရှင် ဖြစ်တော်မူ၏။
၂၂း၇၆။ အရှင်သည် သူတို့၏ လက်ရှိ-မျက်မှောက်၊ သင်တို့နောက်ကို သိနေတော်မူ၏၊ အရေးအရာ အားလုံး ဦးလှည့်ရာသည် ပရမတ်ဘုရားရှင်၏ ထံသို့သာ ဖြစ်၏။
၂၂း၇၇။ အို- ယုံကြည်သောသူတို့၊ ဦးညွှတ်ကြလော့၊ ဦးချကြလော့၊ သင်တို့၏ ကံကြမ္မာရှင်အား ကိုးကွယ် ဆည်းကပ်ကြလော့၊ သင်တို့အတွက် အောင်မြင် ပေါက်မြောက်အံ့ငှာ ကောင်းမြတ်မှုများကို ပြုလုပ်ကြကုန်လော့။
၂၂း၇၈။ မှန်ကန်သော အားစိုက် ဆောင်ရွက်မှုဖြင့် ပရမတ်ဘုရားရှင်အတွက် အားစိုက် ဆောင်ရွက်ကြလော့၊ အရှင်သည် သင်တို့အား ရွေးချယ်တော်မူပြီ၊ သာသနာရေး၌ သင်တို့အား ခက်ခဲခြင်းကို မစီစဉ်ပေ၊ သင်တို့၏ ဘဘိုး အီဗရာဟီးမ်၏ ကျင့်စဉ်အတိုင်း ဖြစ်၏၊ အရှင်သည် ရှေ့အလျင်ကပင် သင်တို့အား ငြိမ်းချမ်းရေး ဝါဒီများဟု အမည် ကင်ပွန်းတပ်ပေး၏၊ ယင်းမှာ ဉာဏ်စဉ်ဆောင်သည် သင်တို့အတွက် သက်သေဖြစ်အံ့သောငှာ၊ သင်တို့သည် လူသားများအတွက် သက်သေ ဖြစ်အံ့သောငှာ၊ ဖြစ်၏၊ ဝတ်ပြု မြဲကြလော့၊ အခွန်ငွေဖြူ ပေးကြလော့၊ ပရမတ်ဘုရားရှင်အားဖြင့်- မားမား ရပ်တည်ကြလော့၊ အရှင်သည် သင်တို့၏မဟာမိတ်၊ ဂုဏ်ရှိသောမဟာမိတ်၊ ဂုဏ်ရှိသောကူညီသူ ဖြစ်၏။
ဓမ္မခန္ဓာ (၂၂) ဤတွင် ပြီး၏။
ဓမ္မခန္ဓာ (၂၃) ယုံကြည်သူများ
ဉာဏ်စဉ်ကိန်းပေးမှု အမှတ်စဉ်- ၇၄။ သုတ်ဒေသနာ- ၁၁၈ ပါး။
ကရုဏာရှင် အကြင်နာရှင် ဖြစ်တော်မူသော ပရမတ်ဘုရားရှင်၏ ဂုဏ်တော်အားဖြင့် -
၂၃း၁။ ယုံကြည်သူများသည် မုချ အောင်မြင် ပေါက်မြောက်ရလတ္တံ့။
၂၃း၂။ သူတို့သည် ဝတ်ပြုခြင်း၌ ကျို့ငဲ့သူများ။-
၂၃း၃။ ပွစိပွစိ ပြောဆိုခြင်းအား ဘောင်ကန့်ထားသူများ။-
၂၃း၄။ သန့်ရှင်းဖြူစင်ရန် စီမံကြသောသူများ ဖြစ်ကြ၏။
၂၃း၅။ သူတို့သည် သူတို့၏ အရှက်အင်္ဂါကို စောင့်ထိန်းသည်မှာ။-
၂၃း၆။ သူတို့၏ အိမ်ထောင်ဘက်၊ သို့မဟုတ် သူတို့အား အပြစ်မသင့်စေသော သူတို့၏ လက်အောက် ဩဇာခံတို့မှ အပ- ဖြစ်၏။
၂၃း၇။ ထိုထက် နောက်ကွယ်ထိ ရှာဖွေသောသူ၊ သူတို့သည် စည်းဖေါက်သူများ ဖြစ်၏။
၂၃း၈။ သူတို့အား ယုံကြည်စွာ အပ်နှံမှုနှင့် သူတို့၏ ပဋိညာဉ်အား ထိန်းကျောင်းသော သူများ။-
၂၃း၉။ ဝတ်ပြုခြင်းအား စောင့်ထိန်းသော သူများ ဖြစ်ကြ၏။
၂၃း၁၀။ သူတို့သည်ကား အမွေစား အမွေခံများပင် ဖြစ်၏။
၂၃း၁၁။ မြတ်သောဘုံ၌ အမွေရမည့်သူများ ဖြစ်၏၊ သူတို့သည် ထို၌ အစဉ် စံစားရလေလတ္တံ့။
၂၃း၁၂။ မုချပင် ငါသည် လူသားအား စစ်ထားသော မြေမှ ဖြစ်တည်စေ၏။
၂၃း၁၃။ တဖန် ၎င်းအား အတည်တကျ တည်ကပ်ရာ၌ သုတ်ပိုးတစ်ကောင်အဖြစ် ငါ စီစဉ်တော်မူ၏။
၂၃း၁၄။ တဖန် ၎င်းအား သုတ်ပိုးမှ သွေးမျှော့ဥအဖြစ် ငါ ဖြစ်တည်စေ၏၊ သွေးမျှော့ဥမှ အသားတစ်အဖြစ် ငါ ဖြစ်တည်စေ၏၊ ထို အသားတစ်မှ အရိုးများအဖြစ် ငါ ဖြစ်တည်စေ၏၊ ထိုအရိုးများအား အသားအရေဖြင့် ငါ ဆင်ယင်ပေး၏၊ တဖန် ၎င်းအား ပေါက်ပွားစေ၍ အခြားသော ဖြစ်တည်ဆင့်များ ဖြစ်စေ၏၊ ထိုသို့- ပရမတ်ဘုရားရှင်သည် ကျက်သရေအပေါင်းနှင့် ပြည့်စုံသောအရှင်၊ အတင့်တယ်ဆုံး ဖြစ်တည်ပေးသောအရှင် ဖြစ်၏။
၂၃း၁၅။ တဖန် ဤ-နောက်ပိုင်းတွင် သေရခြင်းသည် သင်တို့အတွက် ဧကန် ရှိနေ၏။
၂၃း၁၆။ တဖန် ရပ်တည်ရမည့်နေ့ ကာလ၌ သူတို့အား နိုးထစေမည်ပင်။
၂၃း၁၇။ မုချပင် ငါသည် သင်တို့၏အပေါ်၌ လမ်းကြောင်း ခုနစ်ဆက်ကို ဖြစ်တည်ပေးတော်မူ၏၊ ငါသည် ဖြစ်တည်ပေးခြင်း၌ မေ့လျော့ ပေါ့ပျက်ခြင်း မရှိချေ။
၂၃း၁၈။ ငါသည် ကောင်းကင်ယံမှ ရေကို စည်းချိန်အလျောက် သွန်းချစေ၏၊ ထို့နောက် ၎င်းကို မြေ၌ အခြေတည်စေ၏၊ ဧကန်ပင် ငါသည် ၎င်းကို ရုပ်သိမ်းရန် စည်းချိန်ချနိုင်၏။
၂၃း၁၉။ ၎င်းအားဖြင့် သင်တို့အတွက် စွန်ပလွံ၊ စပျစ်၊ ဥယျာဉ်များကို ငါ ပေါက်ပွားစေ၏၊ ထိုမှ သင်တို့အဘို့ သစ်သီးဝလံ များစွာကို ဖြစ်စေ၍ သင်တို့ စားသုံးနိုင်ရန် ဖြစ်၏။
၂၃း၂၀။ ငါသည် ဆိုင်းနိုင်းတောင်မှ ဗောဓိပင်ကို ပေါက်စေ၏၊ ဖြစ်ထွန်းသော ၎င်းမှ ဆီဖြင့် စားသုံးသူတို့ အရောင်တင်သည်လည်း ရှိ၏။
၂၃း၂၁။ ခွါကွဲ စားမြုံ့ပြန် တိရိစ္ဆာန်များ၌ သင်တို့အတွက် သင်ခန်းစာတစ်ရပ် ရှိသည်မှာ သင်တို့ သောက်သုံးဘို့ရာ သူတို့၏ ဝမ်းတွင်းမှ နို့ရည်ကို ပေး၏၊ ထို၌ သင်တို့အတွက် အကျိုးကျေးဇူးများစွာ ရှိနေ၏၊ ထိုမှ စားသုံးရန်လည်း ရ၏။
၂၃း၂၂။ ၎င်းတို့ အပေါ်၌၊ သင်္ဘောများပေါ်၌၊ သင်တို့ ဝန်တင်နိုင်ကြ၏။
၂၃း၂၃။ ငါသည် နူးဟ်အား သူ့လူမျိုးထံသို့ မုချ စေစားလျက် “အို- ကျွန်ုပ်၏ လူမျိုးတို့၊ ပရမတ်ဘုရားရှင်အား ကိုးကွယ်ကြလော့၊ သင်တို့အဘို့ အရှင်မှအပ အခြား ဘုရားဟူ၍ မရှိပြီ၊ သင်တို့ စည်းစောင့်ကြမည် မဟုတ်လော၊” ဟု ဟောစေ၏။
၂၃း၂၄။ သူ့လူမျိုးထဲမှ အကြံပေး ဖုံးကွယ်သော သူများက ပြောကြသည်မှာ “ဤသူသည် သင်တို့ကဲ့သို့ လူပုဂ္ဂိုလ်သာလျှင် ဖြစ်ချေ၏၊ သူသည် သင်တို့အပေါ်၌ အဖြေပေးနိုင်သူ ဖြစ်လို၏၊ အကယ်၍ ပရမတ်ဘုရားရှင်၏ စံချိန်ပြည့်မီခဲ့လျှင် အရှင်သည် နိမိတ်ဆောင်တစ်ပါးကို တာဝန်ချပေးနိုင်၏၊ ကျွန်ုပ်တို့သည် ရှေးယခင် ဘဘိုးစဉ်ဆက် ဤသို့ မကြားနာခဲ့ဘူးချေ။
၂၃း၂၅။ ဧကန် ထိုသူသည် ရူးသွပ်နေသူ လူသားမျှသာ ဖြစ်၏၊ သူ့အား အချိန်ပေး စောင့်ကြည့်ကြလော့၊” ဟု ဖြစ်၏။
၂၃း၂၆။ သူက “အို- ကံကြမ္မာရှင်၊ သူတို့၏ ငြင်းဆန်မှုမှ တပည့်တော်အား ကူညီတော်မူပါ၊” ဟု ဆုပန်၏။
၂၃း၂၇။ သူ့ထံသို့ ငါ အာရုံဖြစ်စေသည်မှာ “ငါ အာရုံဖြစ်စေသည့်အတိုင်း ငါ့ စက္ခုရှေ့မှောက်- သင်္ဘော တည်ဆောက်လော့၊ ငါ့ ညွှန်ကြားချက် ရောက်လာ၍ တောင်ကြားမှ ရေများ ပွက်လော ရိုက်လာသည့်တိုင် အစုဖွဲ့ နှစ်ခုစီမှနှင့် ငါ ကြိုတင် သတ်မှတ် ပြောပြီးသူမှအပ သင့်ဝိုင်းသားများကို ထိုအထဲသို့ ဝင်စေလော့၊ မိုက်ကြေး ခွဲသောသူများ အတွက် မလျှောက်တင်နှင့်၊ သူတို့အား နစ်မြုပ်စေလတ္တံ့။
၂၃း၂၈။ သို့ဖြင့်- သင့်အား ပုံစံကျစေပြီးသောအခါ သင်၊ သင်နှင့်အတူ သင်္ဘောပေါ်၌ ပါလာသောသူတို့အား “ရည်သန် စူးစိုက်မှုအပေါင်းသည် တပည့်တော်တို့အား မိုက်ကြေးခွဲသည့် လူမျိုးမှ လွတ်မြောက်စေသည့် ပရမတ်ဘုရားရှင် အတွက်သာ ဖြစ်၏၊” ဟု ရင့်ကျူးစေလော့။
၂၃း၂၉။ “အို- ကံကြမ္မာရှင်၊ တပည့်တော်အား ကျက်သရေရှိရှိ သွန်းဖြိုးသော မြေသို့ ချမှတ်ပေးတော်မူပါ၊ အရှင်သည် အကောင်းဆုံး ချမှတ်ပေးသောအရှင် ဖြစ်ပါ၏၊” ဟု ဆုတောင်းလော့။
၂၃း၃၀။ ဧကန်ပင် ဤ၌ နိမိတ်လက္ခဏာ တစ်ရပ် ရှိနေ၏၊ ဧကန်ပင် ငါသည် စုံစမ်း စစ်ဆေးနေတော်မူ၏။
၂၃း၃၁။ တဖန် သူတို့၏နောက်၌ ငါသည် နောက်မျိုးဆက်ကို ပေါက်ပွားစေတော်မူ၏။
၂၃း၃၂။ ငါသည် သူတို့ထဲမှပင် သူတို့အတွက် ဉာဏ်စဉ်ဆောင်ကို စေစားတော်မူ၍ “ပရမတ်ဘုရားရှင်အား ကိုးကွယ်ကြလော့၊ သင်တို့အတွက် အရှင်မှအပ အခြား ဘုရားဟူ၍ မရှိ၊ သင်တို့ စည်းစောင့်ကြမည် မဟုတ်လော၊” ဟု ဟောစေ၏။
၂၃း၃၃။ သူ့လူမျိုးမှ ဖုံးကွယ်၍ နောင်ဘဝအား ဆုံတွေ့ရမည်ကို ငြင်းဆန်ကြလျက် ငါအရှင်က လောကီဘဝ၌ စည်းစိမ်ယစ်နေစေသော အကြံပေးများက ပြောကြသည်မှာ- “ဤသူသည် သင်တို့ကဲ့သို့ လူပုဂ္ဂိုလ်မျှသာ ဖြစ်၏၊ သင်တို့ စားသုံးသည်ကို သူစားသုံး၏၊ သင်တို့ သောက်သကဲ့သို့ သူသောက်၏။
၂၃း၃၄။ သင်တို့ကဲ့သို့သော လူပုဂ္ဂိုလ်အား သင်တို့ နာခံကြလျှင် သင်တို့သည် ဆုံးရှုံးရသူများသာ ဖြစ်မည်တည်း။
၂၃း၃၅။ ထိုသူက သင်တို့သည် သေပြီးသောအခါ မြေမှုန့်များ အရိုးများ ဖြစ်ပြီးမှ သင်တို့အား ပြန်လည် ထုတ်ယူခြင်းခံရမည် ဟု ကတိပေးသလော။
၂၃း၃၆။ ဝေးလေစွ၊ သူ့ ကတိမှာ ဖြစ်နိုင်ရန် ဝေးလေစွ။
၂၃း၃၇။ ဧကန်ပင် ကျွန်ုပ်တို့သည် ဤလောကီ၌ ရှင်ရမည်သာ ဖြစ်၏၊ ကျွန်ုပ်တို့သည် သေရမည်၊ ရှင်ရမည်သာ ရှိ၏၊ ကျွန်ုပ်တို့သည် နိုးထရမည် မဟုတ်ချေ။
၂၃း၃၈။ သူသည် ပရမတ်ဘုရားရှင်နှင့် စပ်လျဉ်း၍ လိမ်ညာ လုပ်ကြံ ဖန်တီးသော လူသာ ဖြစ်၏၊ ကျွန်ုပ်တို့သည် သူ့အား မယုံကြည်နိုင်ပေ၊” ဟု ဖြစ်၏။
၂၃း၃၉။ သူက “အို- ကံကြမ္မာရှင်၊ သူတို့ ငြင်းဆန်မှုပေါ်၌ တပည့်တော်အား ကူညီတော်မူပါ၊” ဟု ဆုတောင်းသော်။-
၂၃း၄၀။ အရှင်က “ခဏတာမျှသာ၊ ထို့နောက် သူတို့သည် ယူကျုံးမရ ဖြစ်သွားရလတ္တံ့၊” ဟု မိန့်ဆို၏။
၂၃း၄၁။ သူတို့အား အသံလှိုင်းကြီးဖြင့် အမှန်အကန် အရေးယူ၏၊ သူတို့အား အမှိုက်သရိုက် အဖြစ် စီစဉ်လိုက်၏၊ သို့ဖြင့် မိုက်ကြေးခွဲသော လူမျိုးအား နောက်ကျကျန်ရစ်စေ၏။
၂၃း၄၂။ တဖန်၊ သူတို့၏နောက် နောက်မျိုးဆက်သစ်ကို ပေါက်ပွားစေ၏။
၂၃း၄၃။ မည်သည့် အသိုင်းအဝိုင်းသည်မှ သတ်မှတ်ကာလအား ရှေ့တိုး၍မရ၊ နောက်ဆုတ်၍လည်း မရချေ။
၂၃း၄၄။ တဖန် ငါသည် ဉာဏ်စဉ်ဆောင်များကို ဆင့်ကာ စေစားတော်မူ၏၊ အသိုင်းအဝိုင်း ကိုယ်စီထံသို့ ဉာဏ်စဉ်ဆောင်တစ်ပါး ရောက်လာစေလျှင် သူ့အား ငြင်းဆန်ကြ၏၊ သို့ဖြစ်၍ ငါသည် သူတို့မှ အချို့ကို အချို့နောက်သို့ လိုက်ပါစေ၍ သူတို့အတွက် ဆင့်ပြန်ချက်များ စီစဉ်တော်မူ၏၊ ယုံကြည်ခြင်း မရှိသော လူမျိုးအား နောက်ကျ ကျန်ရစ်စေ၏။
၂၃း၄၅။ တဖန် မူဆာနှင့် သူ့အစ်ကို ဟာရွန်အား ငါ၏ သုတ်ဒေသနာများ၊ ရှင်းလင်းသော လုပ်ပိုင်ခွင့်များဖြင့် စေစားသည်မှာ။-
၂၃း၄၆။ ဖာရိုးနှင့် သူ့အကြံပေးတို့ ထံသို့ ဖြစ်၏၊ သူတို့သည် မောက်မာကြ၏၊ ကိန်းကြီးခန်းကြီး လူမျိုး ဖြစ်၏။
၂၃း၄၇။ သို့ဖြင့် သူတို့က “ကျွန်ုပ်တို့ကဲ့သို့ လူပုဂ္ဂိုလ်နှစ်ဦးကို ယုံကြည်ရမည်လော၊ သူတို့၏လူမျိုးမှာ ကျွန်ုပ်တို့၏ အခိုင်းအစေများ ဖြစ်၏၊” ဟု ဆိုကြ၍။-
၂၃း၄၈။ သူတို့နှစ်ဦးအား ငြင်းဆန်ကြသောကြောင့် တိမ်ကော ပျက်စီးရသူတို့မှ ဖြစ်သွားရတော့၏။
၂၃း၄၉။ သူတို့အား လမ်းညွှန်ရစေအံ့ငှာ မူဆာအား ကျမ်းတော်ကို ငါ မုချ ချီးမြှင့်ခဲ့၏။
၂၃း၅၀။ ငါသည် မာရိ၏သားနှင့် သူ့မိခင်အား နိမိတ်လက္ခဏာ အဖြစ် စီစဉ်တော်မူ၏၊ ငါသည် သူတို့အား စိမ့်စမ်းများနှင့် ဖို့မြေ တည်ရှိရာသို့ ခိုလှုံစေ၏။
၂၃း၅၁။ အို- ဉာဏ်စဉ်တော်ဆောင်၊ စင်ကြယ်ရာများမှ စားသုံးလော့၊ ပြုပြင် ပြောင်းလဲမှုကို ကျင့်ကြံလော့၊ ငါအရှင်သည် ကျင့်ကြံလေသမျှကို သိနေသောအရှင် ဖြစ်၏။
၂၃း၅၂။ ဧကန်ပင် ဤ သင့်အသိုင်းအဝိုင်းသည် တစ်ခုတည်းသော အသိုင်းအဝိုင်း ဖြစ်၏၊ ငါသည် သင်တို့၏ ကံကြမ္မာရှင် ဖြစ်၏၊ သို့ဖြစ်၍ ငါ့ကိုသာလျှင် စည်းစောင့် ကြကုန်လော့။
၂၃း၅၃။ သို့သော် သူတို့ချင်းကြား ဖြတ်တောက်ကြလျက် ကျမ်းခွဲများကို ညွှန်ကြားကြ၍ အင်အားစုတိုင်းသည် သူတို့၌ရှိရာဖြင့် ဝမ်းသာနေကြ၏။
၂၃း၅၄။ သို့ဖြစ်၍ သူတို့အား ကတုန်ကယင် ဖြစ်ရသည့် ကာလတစ်ခု၌ ချန်ထားခဲ့လော့။
၂၃း၅၅။ သူတို့ စိတ်ကူးယဉ်နေကြသလော၊- သူတို့အား တိုးပွားစေသည့် ဥစ္စာပစ္စည်း သားသမီးများဖြင့်။-
၂၃း၅၆။ သူတို့၏ ကောင်းကျိုးကို အစောတလျင် ငါ ဆောင်ရွက်မည် ဟု၊ အမှန်မှာ သူတို့ သတိမမူနိုင်ကြချေ။
၂၃း၅၇။ ဧကန်ပင် ကြောက်ရွံ့တတ်သော သူများမှ ကံကြမ္မာရှင်အား ကြောက်ရွံ့ ရိုကျိုးသူများ။-
၂၃း၅၈။ သူတို့၏ ကံကြမ္မာရှင်ထံမှ သုတ်ဒေသနာများကို ယုံကြည်သောသူများ။-
၂၃း၅၉။ သူတို့၏ ကံကြမ္မာရှင်အား ရောပြွန်း ကိုးကွယ်ခြင်း မပြုသောသူများ။-
၂၃း၆၀။ သူတို့၏ ကံကြမ္မာရှင်ထံသို့ ဦးလှည့်ပြန်ရမည့်အတွက် နှလုံးသည်းပွတ် တုန်လှုပ်လျက် သူတို့အား ပေးထားသည်မှ ပေးကမ်း ဒါနပြုသောသူများ။-
၂၃း၆၁။ ထိုသူများသည် ကောင်းမှု၌ အလျင်လိုကြလျက် သူတို့သည် လက်ဦးသူတို့ ဖြစ်၏။
၂၃း၆၂။ ငါက မနိုင်ဝန်ကို ထမ်းစေသော ဉာဉ်ဟူ၍ မရှိ၊ ငါ့ထံတော်၌ သစ္စာတရားကို စကားပြောသော လောကဓမ္မ ရှိ၏၊ သူတို့အား အဝိဇ္ဇာသင့်စေခြင်း မရှိချေ။
၂၃း၆၃။ အမှန်မှာ သူတို့၏ နှလုံးသားသည် ဤမှဝေးလျက် ကတုန်ကယင် ဖြစ်နေကြ၏၊ ဤအတိုင်း ကျင့်ကြံရမည် မှလွဲ၍ ကျင့်ကြံ အားထုတ်နေသူများ။-
၂၃း၆၄။ စည်းစိမ်ယစ်နေသော သူများအား ဝဋ်ကြွေးဒဏ်ဖြင့် အရေးယူသည့်တိုင် ဖြစ်၏၊ ထိုအခါတွင်မှ သူတို့ အသနားခံကြ၏။
၂၃း၆၅။ ယနေ့ကာလတွင်မှ အသနားမခံကြနှင့်၊ ငါ့ထံတွင် အကူအညီ မရှိချေ။
၂၃း၆၆။ သင်တို့အား ငါ၏ သုတ်ဒေသနာများကို ရွတ်ပြပေးပြီ၊ သို့သော် သင်တို့သည် သင်တို့၏ နိဂုံးသို့ လှည့်ပြေးလေ့ရှိကြ၏။
၂၃း၆၇။ မောက်မာမာန်တက် နေကြ၏၊ ၎င်းအား ခွဲခွာလျက် မောဟ အမှောင် နစ်နေကြ၏။
၂၃း၆၈။ ဓမ္မတော်အား အရင်းအမြစ် မစစ်ကြကုန်သလော၊ သို့တည်းမဟုတ် ရှေးယခင်က သူတို့၏ ဘဘိုးတို့အား မပေးအပ်ခဲ့သည်ကို သူတို့ထံသို့ ရောက်လာစေသလော။
၂၃း၆၉။ သူတို့၏ ဉာဏ်စဉ်ဆောင်အား အသိအမှတ် မပြုကြသလော၊ သို့တည်းမဟုတ် သူ့အား သူစိမ်းဆန်နေကြသလော။
၂၃း၇၀။ သို့တည်းမဟုတ် သူ့အား ရူးသွပ်နေသူဟု ဆိုကြသလော၊ အမှန်မှာ သူသည် သူတို့ထံသို့ သစ္စာတရားကို ရောက်လာစေ၏၊ သူတို့မှ အများစုကြီးသည် သစ္စာတရားကို မုန်းတီးကြကုန်၏။
၂၃း၇၁။ အကယ်၍သာ သစ္စာတရားတော်သည် သူတို့၏ လိုဘများကို လိုက်နာလျှင် မိုးများ၊ မြေနှင့် ထိုအကြားရှိ အရာများသည် အဖျက်ခံရပြီး ဖြစ်လတ္တံ့၊ အမှန်မှာ ငါသည် သူတို့အား သတိပေး တရားကို ပေးအပ်ခဲ့ပြီ၊ သို့ဖြင့် သူတို့သည် ထို သတိပေး တရားတော်အား ဘောင်ကန့်ထားသူများ ဖြစ်ကြ၏။
၂၃း၇၂။ သို့တည်းမဟုတ် သင်သည် သူတို့ထံမှ လခထုတ်ပေးရန် တောင်းခံသလော၊ သင့်ကံကြမ္မာရှင်မှ ထုတ်ပေးခြင်းသည် အကောင်းဆုံး ဖြစ်သလော၊ အရှင်သည် အကောင်းဆုံး ရိက္ခာထောက်သောအရှင် ဖြစ်၏။
၂၃း၇၃။ ဧကန်ပင် သင်သည် သူတို့အား မြဲမြံ တည်တံ့သော လမ်းစဉ်သို့ ဖိတ်ခေါ်နေ၏။
၂၃း၇၄။ နောင်ဘဝအား မယုံကြည်သော သူတို့သည်ကား လမ်းစဉ်မှန်မှ ထွက်သွားကြကုန်၏။
၂၃း၇၅။ သူတို့အား ငါ ကရုဏာ သက်ငြားသော်လည်း၊ သူတို့အား ရှိနေသော ဆိုးကျိုးမှ ဖယ်ပေးသော်လည်း၊ သူတို့သည် မျက်ကန်းတောတိုးဘဝဖြင့် စည်းဖျက်မှုထဲ၌ တိုးဝှေ့နေကြ၏။
၂၃း၇၆။ သူတို့အား ဝဋ်ကြွေးဒဏ်ဖြင့် မုချ အရေးယူတော်မူပြီ၊ သို့သော် သူတို့သည် သူတို့ ကံကြမ္မာရှင်အား အရှုံးမပေးကြ၊ နှိမ့်ချခြင်း မရှိကြသည် မှာ။-
၂၃း၇၇။ သူတို့အတွက် ပြင်းထန်သော ဝဋ်ကြွေးဒုက္ခ တံခါးကို ငါ ဖွင့်သည့်တိုင် ဖြစ်၏၊ ထိုအခါ ၎င်း၌ တွေဝေနေရလတ္တံ့။
၂၃း၇၈။ အရှင်သည် သင်တို့အတွက် အကြားအမြင်၊ စိတ်နှလုံးများကို ဖွံ့ထွားစေ၏၊ အနည်းစုသည်သာ ကျေးဇူးတရားကို သိတတ်၏။
၂၃း၇၉။ အရှင်သည် သင်တို့အား မြေကမ္ဘာ၌ ပွားများစေသောအရှင် ဖြစ်၏၊ ထို့နောက် အရှင့်ထံသို့သာ စုစည်း ခံရလတ္တံ့။
၂၃း၈၀။ အရှင်သည် နိစ္စ၊ အနိစ္စကို ဖြစ်စေသောအရှင် ဖြစ်၏၊ ညနှင့် နေ့ကို အလှည့်ကျ ဖြစ်စေ၏၊ အတွေးအခေါ် မရှိကြသလော။
၂၃း၈၁။ အမှန်မှာ သူတို့သည် ရှေးဦးလူတို့ ပြောဆိုသကဲ့သို့သာ ပြောဆိုကြကုန်၏။
၂၃း၈၂။ သူတို့က “ကျွန်ုပ်တို့သည် သေပြီးသောအခါ မြေမှုန့်နှင့် အရိုးများ ဖြစ်ပြီးနောက် ကျွန်ုပ်တို့အား နိုးထစေဦးမည်လော။
၂၃း၈၃။ ကျွန်ုပ်တို့နှင့် ဤမတိုင်မီ ဘဘိုးတို့အား ပေးသော ဤကတိမှာ ရှေးသရောအခါက ဒဏ္ဍာရီများသာတည်း၊” ဟု ပြောကြသည်၏။
၂၃း၈၄။ “သင်တို့ သိကြလျှင် မဟာပထဝီမြေနှင့် ထို၌ရှိရာကို မည်သူ ပိုင်စိုးသနည်း၊” ဟု မေးလော့။
၂၃း၈၅။ “ပရမတ်ဘုရားရှင်၏ အချုပ်အခြာ၌ ရှိ၏၊” ဟု ပြောကြလိမ့်မည်၊ “သို့ဖြစ်လျှင် ဆင်ခြင်သတိ ရှိကြမည်လော၊” ဟု မေးလော့။
၂၃း၈၆။ “အာကာ ခုနစ်ဆက်၏ ကံကြမ္မာရှင်၊ မဟာ့ မဟာ ထပ်ဆင့် ကွပ်ကဲမှု၏ ကံကြမ္မာရှင်သည် မည်သူနည်း၊” ဟု မေးလော့။
၂၃း၈၇။ “ပရမတ်ဘုရားရှင်၏ အချုပ်အခြာ၌ပင်၊” ဟု ပြောကြလတ္တံ့၊ “သို့ဖြစ်လျှင် စည်းမစောင့်ကြသလော၊” ဟု မေးလော့။
၂၃း၈၈။ “သင်တို့ သိကြလျှင် သဗ္ဗလုံးစုံ၏ အပေါ်၌ အစိုးရခြင်းသည် မည်သူ၏ လုပ်ပိုင်ခွင့်၌ ရှိသနည်း၊ အရှင်သည် ကာကွယ်ပေး၏၊ ကာကွယ်ပေးခံ မဟုတ်ချေ၊” ဟု ပြောလော့။
၂၃း၈၉။ “ပရမတ်ဘုရားရှင်၏ အချုပ်အခြာ၌၊” ဟု ပြောကြလတ္တံ့၊ “သို့ဖြစ်က မည်သို့ မှိုင်းမိခံနေကြသနည်း၊” ဟု ဆိုလော့။
၂၃း၉၀။ အမှန်မှာ ငါသည် သူတို့အား ပရမတ္ထသစ္စာကို ချီးမြှင့်ခဲ့ပြီ၊ သူတို့သည်ကား မုသာဝါဒီများ ဖြစ်ကြ၏။
၂၃း၉၁။ ပရမတ်ဘုရားရှင်သည် ကိုယ်ပွား ယူထားခြင်း မရှိပြီ၊ အရှင်နှင့်အတူ အခြား ဘုရားဟု မရှိချေ၊ ရှိခဲ့လျှင် ထိုဘုရား ကိုယ်စီသည် မိမိ ဖြစ်တည်ပေးသော အရာများကို ရုပ်သိမ်းနိုင်လတ္တံ့၊ သို့မဟုတ် အချို့သည် အချို့ထက် အထွဋ်အထိပ် ဖြစ်လတ္တံ့၊ ဦးထိပ်ထားအပ်သော ပရမတ်ဘုရားရှင်သည် ၎င်းတို့တင်ပြသည်များနှင့် ကင်းသန့်ပေ၏။
၂၃း၉၂။ မျက်ကွယ်၊ မျက်မှောက်ကို သိနေသောအရှင်၊ အထွဋ်အထိပ် ဖြစ်တော်မူသောအရှင်၊ ရောပြွန်း ကိုးကွယ်ရာများမှ ကင်းသန့်သောအရှင် ဖြစ်၏။
၂၃း၉၃။ “အို- ကံကြမ္မာရှင်၊ ကတိရှိရာတို့အား တပည့်တော်အား ပြသတော်မူပါ။
၂၃း၉၄။ အို- ကံကြမ္မာရှင်၊ တပည့်တော်အား မိုက်ကြေးခွဲသော လူမျိုးထဲမှ မစီစဉ်ပါနှင့်၊” ဟု ဆုတောင်းလော့။
၂၃း၉၅။ ဧကန်ပင် သူတို့အပေါ်ထားသော ငါ၏ ကတိတော်ကို သင့်အား ပြသရန် ငါ စည်းချိန်ချမှတ်နိုင်၏။
၂၃း၉၆။ သူတို့၏ အကုသိုလ်ကို သင် တင့်တင့်တယ်တယ် ခုခံလော့၊ သူတို့၏ တင်ပြမှုများကို ငါ အသိဆုံးဖြစ်တော်မူ၏။
၂၃း၉၇။ “အို- ကံကြမ္မာရှင်၊ တပည့်တော်သည် မကောင်းဆိုးဝါးတို့၏ ဂုဏ်သရေ ဖျက်ခံရခြင်းမှ ကင်းရန် အရှင့် ထံ၌ ခိုလှုံပါ၏၊” ဟု ဆုတောင်းလော့။
၂၃း၉၈။ “ကံကြမ္မာရှင်၊ အရှင့်ထံ၌ ခိုလှုံပါ၏၊” အချိန်တန်လာသော။-
၂၃း၉၉။ အနိစ္စ တရားသည် သူတို့မှ တစ်ယောက်ယောက်ထံ ရောက်လာသောအခါ သူ ဆုတောင်း သည်မှာ “အို- ကံကြမ္မာရှင်၊ တပည့်တော်အား ဦးလှည့်ပြန်ပို့ပေးပါ။
၂၃း၁၀၀။ တပည့်တော် ချန်ထားခဲ့သည်များကို ပြုပြင် ပြောင်းလဲ ကျင့်ကြံပါမည်၊” ဟု ဖြစ်၏၊ အမှန်မှာ ဤသည် သူ၏အပြော သူ့စကားသာ ဖြစ်၏၊ နိုးထရမည့်နေ့ ကာလတိုင် ရင်ဆိုင် ဖြေရှင်းစရာများ သူတို့အတွက် ကွယ်ထားလျက် ရှိနေ၏။
၂၃း၁၀၁။ ပုံစံ သက်ဝင်စေသောအခါ ထိုနေ့ကာလ၌ သူတို့၏ ကြားတွင် သွေးသား တော်စပ်ခြင်း၊ မေးမြန်း ပြောဆိုခြင်းများ မရှိရစေပြီ။
၂၃း၁၀၂။ ချိန်ခွင်လျှာ အလေးစီးသူ၊ ထိုသူတို့သည် အောင်မြင် ပေါက်မြောက်သူများ ဖြစ်ကြ၏။
၂၃း၁၀၃။ ချိန်ခွင်လျှာ အလေးပေါ့သောသူ၊ ထိုသူတို့သည် ဆုံးရှုံးရသူများ ဖြစ်ကြ၏၊ သူတို့၏ ဉာဉ်စရိုက်အား ငရဲဘုံ၌ အစဉ်ခံစားစေမည်ပင်။
၂၃း၁၀၄။ အပူမီးသည် သူတို့၏ မျက်နှာများကို မြိုက်လျက် ထိုသူတို့သည် ထို၌ မဲ့ရွဲ့ ခံစားရတော့၏။
၂၃း၁၀၅။ သင်တို့ထံသို့ ငါ၏ သုတ်ဒေသနာများကို ရွတ်ဖတ် မပြလေသလော၊ သင်တို့သည်ကား ၎င်းကို ငြင်းဆန်လေ့ရှိခဲ့ပြီ။
၂၃း၁၀၆။ သူတို့က ဆိုကြသည်မှာ “အို- ကံကြမ္မာရှင်၊ တပည့်တော်တို့၏ ကံဆိုးခြင်းများက တပည့်တော်တို့အား အနိုင်ယူပါပြီ၊ တပည့်တော်တို့သည်ကား လမ်းလွဲသော လူမျိုး ဖြစ်ပါ၏။
၂၃း၁၀၇။ အို- ကံကြမ္မာရှင်၊ တပည့်တော်တို့အား ဤမှ ကယ်ထုတ်တော်မူပါ၊ တပည့်တော်တို့ ဆက်လွဲနေရလျှင် အမိုက်ကောင်များ ဖြစ်ရလတ္တံ့” ဟု ဖြစ်၏။
၂၃း၁၀၈။ အရှင်က “ထို၌ ရှက်ဖွယ်လိလိပင်၊ လျှောက်လဲချက် မပေးကြနှင့်၊” ဟု မိန့်ဆို၏။
၂၃း၁၀၉။ ငါ့၏ အမှုတော်ဆောင်များမှ တစ်ဖွဲ့က ပြောဆိုသည်မှာ “အို- ကံကြမ္မာရှင်၊ တပည့်တော်တို့ ယုံကြည်ပါ၏၊ ထို့ကြောင့် တပည့်တော်တို့အား လွတ်ငြိမ်းစေ၍ ကရုဏာသက်တော်မူပါ၊ အရှင်သည် အကောင်းဆုံးသော အကြင်နာရှင် ဖြစ်ပါ၏၊” ဟု ဖြစ်၏။
၂၃း၁၁၀။ သို့သော် သင်တို့သည် ယုံကြည်သူတို့အား ပျက်ရယ်စရာဟု အယူထားလျက် ငါ့အား သတိရရန် မေ့နေစေသည်ထိ ဖြစ်ခဲ့၏၊ သင်တို့သည် သူတို့အား ဟားတိုက် ရယ်မောလေ့ ရှိခဲ့၏။
၂၃း၁၁၁။ သူတို့၏ ခန္တီပါရမီအတွက် ဤနေ့၌ ငါ အစား ပေးတော်မူပြီ၊ သူတို့သည် အောင်ပွဲခံသူများ ဖြစ်ကြ၏။
၂၃း၁၁၂။ အရှင်က “မြေကမ္ဘာ၌ သင်တို့ နှစ်အရေအတွက် မည်မျှ နေခဲ့သနည်း၊” ဟု ဆိုသော်။-
၂၃း၁၁၃။ သူတို့က “တပည့်တော်တို့သည် တစ်ရက်၊ သို့မဟုတ် တစ်ရက်၏ အချို့ နေခဲ့၏၊ တွက်ချက်ထားသူတို့အား မေးတော်မူပါ၊” ဟု လျှောက်တင်ကြ၏။
၂၃း၁၁၄။ အရှင်က “သင်တို့သည် ခေတ္တမျှသာ နေခဲ့ရ၏၊ သင်တို့ သိကြပါလေစ၊” ဟု ဆို၏။
၂၃း၁၁၅။ သင်တို့အား ငါက အဓိပ္ပါယ်မဲ့ ဖြစ်တည်စေခဲ့သည်ဟု၊ သင်တို့သည် ငါ့ထံတော်သို့ မပြန်ရတော့ဟု စိတ်ကူးခဲ့သလော။
၂၃း၁၁၆။ ပရမတ်ဘုရားရှင်သည် အထွဋ်အထိပ် ဖြစ်တော်မူ၏၊ အရှင်သခင် ဖြစ်တော်မူ၏၊ ပရမတ္ထသစ္စာ ဖြစ်တော်မူ၏၊ ကျက်သရေရှိသော ထပ်ဆင့် ကွပ်ကဲမှု၏ ကံကြမ္မာရှင်- အရှင်မှအပ အခြား ဘုရားဟူ၍ မရှိချေ။
၂၃း၁၁၇။ ပရမတ်ဘုရားရှင်နှင့် အတူထား၍ အခြားသော ဘုရားများကို ဆုတောင်းနေသူ၊ ထိုသူအတွက် သက်သေပြချက် မရှိချေ၊ သူ့ကံကြမ္မာရှင်၏ ထံတော်၌ သူ့အား စာရင်းရှင်းလေလတ္တံ့၊ ဖုံးကွယ် မှောင်ချသူသည် အောင်မြင် ပေါက်မြောက်မည် မဟုတ်ချေ။
၂၃း၁၁၈။“အို- ကံကြမ္မာရှင်၊ တပည့်တော်အား လွတ်ငြိမ်းစေတော်မူပါ၊ ကရုဏာသက်တော်မူပါ၊ အရှင်သည် အကောင်းဆုံးသော အကြင်နာရှင် ဖြစ်ပါ၏၊” ဟု ဆုတောင်းလော့။
ဓမ္မခန္ဓာ (၂၃) ဤတွင် ပြီး၏။
ဓမ္မခန္ဓာ (၂၄) ရောင်ခြည်တော်
ဉာဏ်စဉ်ကိန်းပေးမှု အမှတ်စဉ်- ၁၀၂။ သုတ်ဒေသနာ- ၆၄ ပါး။
ကရုဏာရှင် အကြင်နာရှင် ဖြစ်တော်မူသော ပရမတ်ဘုရားရှင်၏ ဂုဏ်တော်အားဖြင့်-
၂၄း၁။ တာဝန် သတ်မှတ်ပေးသော ဓမ္မခန္ဓာ တစ်ပါးကို ငါ ချမှတ်ပေး၏၊ ထို၌ သင်တို့ ဆင်ခြင်သတိ ရှိအံ့ငှာ ရှင်းလင်း ထင်ရှားသော သုတ်ဒေသနာများကို ငါ ချမှတ်ပေးတော်မူ၏။
၂၄း၂။ လိင်စည်းဖေါက်သူမ၊ လိင်စည်းဖေါက်သူ၊ သူတို့တစ်ယောက်စီအား သားရေဖြင့် တစ်ရာစီ ရိုက်လော့၊ သင်တို့သည် ပရမတ်ဘုရားရှင်နှင့် နောင်ဘဝနေ့ ကာလအား ယုံကြည်ကြလျှင် ပရမတ်ဘုရားရှင်၏ သာသနာ၌ သူတို့အား ညှာမထားကြနှင့်၊ ပြစ်ဒဏ်ပေးခြင်းတွင် ယုံကြည်သူမှ တစ်စုအား သက်သေ သက်ကန် ဖြစ်စေလော့။
၂၄း၃။ လိင်စည်းဖေါက်သူသည် လိင်စည်းဖေါက်သူမ၊ သို့မဟုတ် ရောပြွန်း ကိုးကွယ် သူမကိုသာ ပေါင်းဖက်နိုင်၏၊ လိင်စည်းဖေါက်သူမ သည်လည်း လိင် စည်းဖေါက်သူ၊ သို့မဟုတ် ရောပြွန်း ကိုးကွယ်သူကိုသာ ပေါင်းဖက်နိုင်၏၊ ထိုကိစ္စကို ယုံကြည်သူများ အတွက် တားမြစ်ပြီး ဖြစ်၏။
၂၄း၄။ ထိန်းထိန်းသိမ်းသိမ်းရှိသည့် သူမအား လေပစ် စွပ်စွဲသော သူများ၊ ထိုသူတို့သည် သက်သေ လေးဦးကို မယူခဲ့နိုင်လျှင် သူတို့အား သားရည်ဖြင့် ရှစ်ဆယ်စီ ရိုက်လော့၊ ထို့နောက် သူတို့၏ သက်သေထွက်ချက်ကို မည်သည့် အခါတွင်မှ အတည် မဖြစ်စေနှင့်၊ ထိုသူတို့သည် ယုတ်မာသူများ ဖြစ်ကြ၏။
၂၄း၅။ ဤနောက်တွင် ခဝါချ၍ ပြုပြင် ပြောင်းလဲကြသော သူများကိုသာ- ဧကန်ပင် ပရမတ်ဘုရားရှင်သည် လွတ်ငြိမ်းစေသောအရှင်၊ အကြင်နာရှင် ဖြစ်တော်မူ၏။
၂၄း၆။ မိမိ စိတ်ထင်ရာမှအပ အခြား သက်သေ မရှိဘဲလျက် အိမ်ထောင်ဘက် များအား လေပစ် စွပ်စွဲသောသူများ၊ ထိုသူတို့မှ သက်သေခံသူ တစ်ဦးကို- ပရမတ် ဘုရားရှင်အား တိုင်တည်စေလျက် သူသည် ဖြောင့်မှန်သူမှ ဧကန် ဖြစ်ပါ၏၊ ဟု လေးကြိမ် သက်သေခံစေ၍။-
၂၄း၇။ ငါးကြိမ်မြောက်၌ သူသည် လိမ်ညာသူများမှ ဖြစ်လျှင် သူ့အား ပရမတ်ဘုရားရှင်၏ မေတ္တာကင်းပါစေ ဟု ဖြစ်ရမည်။
၂၄း၈။ သူမအတွက်မူ၊ သူသည် လိမ်ညာသူများမှ ဖြစ်ပါသည်ဟု- ပရမတ်ဘုရားရှင်၌ သက်သေတည်၍ လေးကြိမ်မြောက် သက်သေပြုပြီးသော် ပြစ်ဒဏ်ကို ပလပ်စေရမည်။
၂၄း၉။ ငါးကြိမ်မြောက်၌ အကယ်၍ သူသည် ဖြောင့်မှန်သူများမှ ဖြစ်လျှင် သူမအား ပရမတ်ဘုရားရှင်၏ထံမှ ကံကြီးသင့်ရပါစေ ဟု ကျိန်ဆိုစေရမည်။
၂၄း၁၀။ ပရမတ်ဘုရားရှင်၏ သိက္ခာပေးခြင်းနှင့် ကရုဏာသည် သင်တို့အပေါ် ၌ မသက်ခဲ့သော်- ဧကန်ပင် ပရမတ်ဘုရားရှင်သည် သင်ပုန်းချေပေးသောအရှင်၊ အကြင်နာရှင် ဖြစ်တော်မူ၏။
၂၄း၁၁။ ဧကန်ပင် လုပ်ဇာတ်ကို ရောက်စေသော သူများမှာ သင်တို့ထဲမှ တစ်ဖွဲ့ ဖြစ်၏၊ ၎င်းကို သင်တို့အတွက် အဆိုးဟု မတွေးနှင့်၊ အမှန်မှာ ၎င်းသည် သင်တို့အတွက် အကောင်းပင် ဖြစ်၏၊ သူတို့မှ တစ်ဦးချင်းစီအတွက် သူတို့ ကျင့်ဆောင်ခဲ့သော ပြစ်မှုသည် ရှိ၏၊ သူတို့မှ အကြီးဆုံး လှည့်ကွက်ဆင်သောသူ အတွက် မဟာ ဝဋ်ကြွေးကြီး ရှိနေ၏။
၂၄း၁၂။ ထိုအကြောင်းကို ကြားရသော် ယုံကြည်သူ၊ ယုံကြည်သူမများသည် သူတို့ စရိုက်တူချင်း- “ဤသည် ရှင်းလင်း ထင်ရှားသော လုပ်ဇာတ် အပြောစကား များ” ဟု အကောင်းကိုသာ စဉ်းစားသင့်၏။
၂၄း၁၃။ ထို့အတွက် သက်သေ လေးဦး မရောက်လာခဲ့သော် သက်သေများ မယူခဲ့နိုင်သော သူတို့သည် ပရမတ်ဘုရားရှင်၏ ထံတော်၌ လိမ်ညာသူများသာ ဖြစ်၏။
၂၄း၁၄။ ဤဘဝ၊ နောင်ဘဝတွင် သင်တို့အပေါ်၌ ပရမတ်ဘုရားရှင်၏ သိက္ခာပေးမှုနှင့် ကရုဏာတော် မရှိခဲ့သော် ဤစုပြုံမှုအတွက် သင်တို့အား မဟာ ဝဋ်ကြွေးကြီး သင့်ပြီးစေလတ္တံ့။
၂၄း၁၅။ သင်တို့သည် တပ်အပ် မသိဘဲလျက် ထိုအကြောင်းကို လျှာဖြင့် ခင်းကျင်း၊ ပါးစပ်များဖြင့် ပြောဆိုသောအခါ ထိုအရာကို အသေးအဖွဲ့ဟု စဉ်းစား၏၊ ထိုအရာသည် ပရမတ်ဘုရားရှင်၏ ထံတော်၌ ကြီးမားလှပေ၏။
၂၄း၁၆။ ထိုအကြောင်းကို ကြားသောအခါ “ဤမဖြစ်နိုင်မှုကို ကျွန်ုပ်တို့ မပြောဆိုအပ်၊ အရှင့်အား ဦးထိပ်ထားလျက် ဤသည် အကြီးအကျယ် ပုတ်ခတ်မှု ဖြစ်၏၊” ဟု သင်တို့ ပြောသင့်၏။
၂၄း၁၇။ သင်တို့သည် ယုံကြည်သူများ ဖြစ်လျှင် ဤကဲ့သို့ အမြဲ ဆက်မကျင့်ရန် ပရမတ်ဘုရားရှင်က ဩဝါဒပေး၏။
၂၄း၁၈။ ပရမတ်ဘုရားရှင်သည် သင်တို့အတွက် သုတ်ဒေသနာများကို ရှင်းလင်း ထင်ရှားစေ၏၊ ပရမတ်ဘုရားရှင်သည်ကား သိနေသောအရှင်၊ ဓမ္မသတ်ရှင် ဖြစ်တော်မူ၏။
၂၄း၁၉။ ယုံကြည်သော သူများ၏အကြား၌ ကိုယ်ကျင့်ပျက်၊ ဂိုဏ်းကွဲစေရန် စုံမက်နေသော သူတို့သည်ကား သူတို့အတွက် ဤဘဝ၊ နောင်ဘဝတွင် စူးနစ် နာကျင်သော ဝဋ်ကြွေးဒဏ်သည် ရှိနေ၏၊ ပရမတ်ဘုရားရှင်သည်ကား သိနေတော်မူ၏၊ သင်တို့ မသိနိုင်ကြချေ။
၂၄း၂၀။ သင်တို့၏ အပေါ်၌ ဤဘဝ၊ နောင်ဘဝတွင် ပရမတ်ဘုရားရှင်၏ သိက္ခာပေးမှုနှင့် ကရုဏာ မသက်ခဲ့လေလျှင်- ဧကန်ပင် ပရမတ်ဘုရားရှင်သည် ညှာတာသောအရှင်၊ အကြင်နာရှင် ဖြစ်တော်မူ၏။
၂၄း၂၁။ အို- ယုံကြည်သောသူတို့၊ မကောင်းဆိုးဝါး၏ ခြေရာနောက်သို့ မလိုက်နာကြနှင့်၊ မကောင်းဆိုးဝါး၏ ခြေရာနောက်သို့ လိုက်နာသောသူ- ထိုသူအား ၎င်းက သူစိမ်းဆန်မှုနှင့် ကိုယ်ကျင့်ပျက်မှုသို့ ညွှန်ကြားလတ္တံ့၊ သင်တို့အပေါ်သို့ ပရမတ်ဘုရားရှင်က သိက္ခာပေးမှုနှင့် ကရုဏာ မသက်ခဲ့လေသော် သင်တို့အနက် မည်သူတစ်ဦးသည်မှ၊ မည်သည့်အခါမှ၊ သန့်ရှင်းဖြူစင်သူ ဖြစ်လာတော့မည် မဟုတ် ချေ၊ သို့ရာတွင် ပရမတ်ဘုရားရှင်သည် စံချိန်ပြည့်သူအလျောက် သန့်ရှင်း ဖြူစင်စေ၏၊ ပရမတ်ဘုရားရှင်သည် ကြားနေသောအရှင်၊ သိနေသောအရှင် ဖြစ်၏။
၂၄း၂၂။ သင်တို့အနက်မှ ဖြန့်ကျက်နိုင်မှု၊ ဥစ္စာပစ္စည်းများဖြင့် သိက္ခာပေးခံရမှု ရှိသူများအား မိမိတို့၏ ဆွေမျိုးနီးစပ် ရှိသူများ၊ နွမ်းပါးသူများ၊ ပရမတ်ဘုရားရှင်၏ လမ်းစဉ်တော်အတွက် ပြောင်းရွှေ့ခဲ့ရသူများကို မပေးကမ်း ဟု မကိုးမိစေနှင့်၊ ကျေအေး၍ ဥပက္ခာပြုထားလော့၊ ပရမတ်ဘုရားရှင်က လွတ်ငြိမ်းခွင့်ပေးမည်ကို သင်တို့ မနှစ်သက်ကြသလော၊ ပရမတ်ဘုရားရှင်သည်ကား လွတ်ငြိမ်းစေသောအရှင်၊ အကြင်နာရှင် ဖြစ်တော်မူ၏။
၂၄း၂၃။ မေ့လျော့ လစ်ဟင်းမိသော- ထိန်းသိမ်းမှုရှိသည့်သူမ၊ ယုံကြည်သူမ တို့အား လေပစ် စွပ်စွဲသည့် သူတို့သည် ဤဘဝ၊ နောင်ဘဝ၌ မေတ္တာမဲ့ခြင်း ခံရစေမည်၊ သူတို့အတွက် မဟာဝဋ်ကြွေးကြီး ရှိနေ၏။
၂၄း၂၄။ သူတို့၏ ကျင့်ကြံလေ့ ရှိသည်များကြောင့် သူတို့၏ လျှာများ၊ သူတို့၏ လက်များ၊ သူတို့၏ ခြေများအား သူတို့ အပေါ်၌ သက်သေဖြစ်စေသော နေ့ကာလ၌။-
၂၄း၂၅။ ထိုနေ့ကာလ၌ ပရမတ်ဘုရားရှင်သည် မှန်ကန်သော ဥပဒေဖြင့် သူတို့အတွက် ပြီးပြည့်စေတော်မူ၍ သူတို့က ပရမတ်ဘုရားရှင်- ထိုအရှင်သည် ရှင်းလင်း ထင်ရှားသော အမှန်တရား၌ ရှိကြောင်း၊ သူတို့ ဧကန် သိကြလတ္တံ့။
၂၄း၂၆။ မသန့်စင်သော သူမတို့သည် မသန့်စင်သူတို့ အတွက်၊ မသန့်စင်သော သူမတို့အတွက် မသန့်စင်သူတို့သည် ဖြစ်၏၊ စင်ကြယ်သော သူမတို့သည် စင်ကြယ် သူတို့အတွက်၊ စင်ကြယ်သော သူမတို့အတွက် စင်ကြယ်သူတို့သည် ဖြစ်၏၊ ထိုသူတို့သည် ၎င်းတို့ ပြောဆိုကြရာများနှင့် ကင်းလွတ်သူများ ဖြစ်၏၊ သူတို့အတွက် လွတ်ငြိမ်းခွင့်နှင့် ကျက်သရေရှိသော ရိက္ခာများ ရှိ၏။
၂၄း၂၇။ အို- ယုံကြည်သောသူတို့၊ သင်တို့၏ အိမ်များမှအပ အခြားအိမ်များသို့ အိမ်ရှင်ထံမှ ခွင့်မတောင်းဘဲ၊ ငြိမ်းချမ်းပါစေဟု မဆိုဘဲ၊ မဝင်ကြကုန်နှင့်၊ ဤသည် သင်တို့အတွက် အကောင်းဆုံးဖြစ်၏၊ သင်တို့ ဆင်ခြင်သတိ ရှိအံ့ငှာ ဖြစ်၏။
၂၄း၂၈။ ထို၌ တစ်စုံတစ်ယောက်မှ မတွေ့ခဲ့လျှင်လည်း သင်တို့အား ခွင့်ပြုချက် မရလျှင် မဝင်ရောက်ကြကုန်နှင့်၊ အကယ်၍ သင်တို့အား ပြန်ရန် ပြောလျှင် ပြန်ကြလော့၊ ၎င်းသည် သင်တို့အတွက် သန့်ရှင်းဖြူစင်၏၊ ပရမတ်ဘုရားရှင်သည်ကား ကျင့်ကြံလေသမျှကို သိနေသောအရှင် ဖြစ်၏။
၂၄း၂၉။ အခြေချနေသူ မရှိသော အိမ်များသို့ သင်တို့၏ ချမ်းမြေ့မှုအတွက် ဝင်ရောက်ခြင်းသည် သင်တို့အပေါ် အပြစ်မရှိချေ၊ သင်တို့၏ ဖွင့်ဟဝန်ခံရာ၊ ထိမ်ဝှက်ထားရာ အားလုံးကို ပရမတ်ဘုရားရှင်သည် သိနေတော်မူ၏။
၂၄း၃၀။ ယုံကြည်သူများအား စက္ခုအိန္ဒြေ ရှိရန်၊ သူတို့၏ အရှက်အင်္ဂါများကို စောင့်ထိန်းရန် ဟောကြားလော့၊ ဤသည် သူတို့အတွက် သန့်ရှင်း ဖြူစင်၏၊ သူတို့၏ တည်ဆောက်မှုများကို ပရမတ်ဘုရားရှင်သည် ဧကန်ပင် သတင်း သိနေတော်မူ၏။
၂၄း၃၁။ ယုံကြည်သူမတို့အား စက္ခုအိန္ဒြေ ရှိကြရန်၊ သူမတို့၏ အရှက်အင်္ဂါများကို စောင့်ထိန်းရန် ဟောကြားလော့၊ မြင်ကွင်းကျသည်မှအပ သူမတို့၏ ကိုယ် အလှများကို မဖေါ်ကြနှင့်၊ သူမတို့၏ ရင်သားများပေါ်၌ အတွင်းခံများကို ဝတ်ဆင်စေလော့၊ သူမတို့၏ ကိုယ်အလှများကို သူမတို့၏ လင်ယောက်ျားများ၊ သို့မဟုတ် သူမတို့၏ ဖခင်များ၊ သို့မဟုတ် သူမတို့ လင်ယောက်ျားတို့၏ ဖခင်များ၊ သို့မဟုတ် သူမတို့၏ သားများ၊ သို့မဟုတ် သူမတို့၏ လင်ပါသားများ၊ သို့မဟုတ် သူမတို့၏ အကိုမောင်များ၊ သို့မဟုတ် သူမတို့ အကိုမောင်တို့၏ သားများ၊ သို့မဟုတ် သူမတို့ ညီအမတို့၏ သားများ၊ သို့မဟုတ် မိန်းမချင်းနှင့် သူမတို့၏ လက်အောက် ဩဇာခံများ၊ သို့မဟုတ် ကာမအသုံးပြုခြင်း မရှိ၊ တာဝန် လိုက်နာရသူ အမျိုးသားများ၊ သို့မဟုတ် အမျိုးသမီးတို့၏ ဝတ်လစ်စားလစ်အား မသိနိုင်သော ကလေးသူငယ်များ၏ ရှေ့မှအပ မပေါ်စေကြနှင့်၊ သူမတို့၏ ကိုယ်အလှများ မဖုံးနိုင် သိသာစေနိုင်ရန် သူမတို့၏ ခြေများကို မကျဲကြစေနှင့်၊ အို- ယုံကြည်သူတို့၊ သင်တို့သည် အောင်မြင် ပေါက်မြောက်အံ့ငှာ ပရမတ်ဘုရားရှင်၏ထံသို့ အားလုံးကုန် ခဝါချကြလော့။
၂၄း၃၂။ သင်တို့အနက် တကိုယ်တည်း နေသူများ၊ သင်တို့၏ ဝန်ထမ်း အမျိုးသား၊ ဝန်ထမ်း အမျိုးသမီးများမှ ပြုပြင် ပြောင်းလဲသူများ၊ ထိုသူတို့သည် ဆင်းရဲ ချို့တဲ့ကြလျှင် သူတို့အား ပေါင်းဖက် ပေးကြလော့၊ ပရမတ်ဘုရားရှင်သည် အရှင်၏ သိက္ခာပေးခြင်းဖြင့် သူတို့အား ပြည့်စုံစေလတ္တံ့၊ ပရမတ်ဘုရားရှင်သည် အသိဉာဏ်တော် ဖြန့်ကျက်ထားသော အရှင် ဖြစ်၏။
၂၄း၃၃။ ပရမတ်ဘုရားရှင်က အရှင်၏ သိက္ခာပေးမှုဖြင့် ပေါင်းဖက် နေထိုင်ခြင်း ပြည့်စုံသည်အထိ ကိုယ်တွေ့မဖြစ်နိုင်သော သူတို့အား တည်တည်ငြိမ်ငြိမ် နေစေလော့၊ သင်တို့၏ လက်အောက် ဩဇာခံများမှ သင်တို့ထံတွင် မှတ်တမ်းစာချုပ် ရှာဖွေသော သူတို့၌ အကောင်းကို သင်တို့သိရလျှင် သူတို့အတွက် ရေးသားပေးကြလော့၊ ပရမတ်ဘုရားရှင်က သင်တို့အား ချီးမြှင့်ထားရာတို့မှ ဥစ္စာပစ္စည်းများကို သူတို့အား ပေးကမ်းကြလော့၊ သင်တို့၏ လောကီဘဝဘောင်ကို ရှာဖွေရန် ထိန်းထိန်းသိမ်းသိမ်း ရှိလိုသည့် လုလင်မများအား အပြစ်အနာရှိသူ အဖြစ်သို့ အဓမ္မ မပြုကျင့်နှင့်၊ သူမတို့အား အဓမ္မပြုကျင့်ခဲ့လျှင် ထိုသို့ အဓမ္မ ပြုကျင့်ခံရပြီးနောက် ဧကန်ပင် ပရမတ်ဘုရားရှင်သည် လွတ်ငြိမ်းစေသောအရှင်၊ အကြင်နာရှင် ဖြစ်တော်မူ၏။
၂၄း၃၄။ မုချပင်၊ သင်တို့၏ ရှေ့အလျင် လွန်လေပြီးသော သူတို့၏ ပမာပမည်းများဖြင့်- ရှင်းလင်းချက် သုတ်ဒေသနာများကို သင်တို့ထံ ငါ ချမှတ်ပေးတော်မူ၏၊ စည်းစောင့်သူများအတွက် ဩဝါဒတော်ဖြစ်၏။
၂၄း၃၅။ ပရမတ်ဘုရားရှင်သည် မိုးများနှင့် မြေကမ္ဘာ၏ ရောင်ခြည်တော် ဖြစ်၏၊ အရှင်၏ ရောင်ခြည်တော် ပမာမှာ ကြေးမုံမှန် သားပြင်ထဲမှ မီးအိမ်ကဲ့သို့ ဖြစ်၏၊ ထိုမီးအိမ်သည် အကျိုးများစွာ ရှိသော ပုလဲဖြူရောင် ကြယ်ပွင့်ကဲ့သို့ ဖြစ်၏၊ ၎င်းကို အရှေ့စွန်း အနောက်စွန်းမှ မဟုတ်သော ကျက်သရေရှိသည့် သံလွင်ပင်မှ ထွန်းညှိထား၏၊ ထိုမှ အဆီသည် မီးထိကူးခြင်း မရှိဘဲ ပင်ကိုယ် တောက်ပမှု တကဲကဲရှိ၏၊ ရောင်ခြည်ပေါ်၌ ရောင်ခြည် ထပ်ဆင့်လျက် ရှိ၏၊ ပရမတ်ဘုရားရှင်သည် စံချိန်ပြည့်သူအား အရှင်၏ ရောင်ခြည်တော်သို့ လမ်းညွှန်နေတော်မူ၏၊ ပရမတ်ဘုရားရှင်သည် လူသားတို့အား ဤသို့ ပမာဆောင် ဥပမာ ပေး၏၊ ပရမတ်ဘုရားရှင်သည် သဗ္ဗလုံးစုံ သိနေသောအရှင် ဖြစ်၏။
၂၄း၃၆။ ထိုဘုန်းရောင်ခြည်အား မြှောက်စားဘို့ရာ ပရမတ်ဘုရားရှင်က ခွင့်ပြုတော်မူသော အိမ်တော်များ၌ အရှင်၏ဂုဏ်တော်အား သတိရစေ၏၊ မနက်စောစောနှင့် နေကျချိန်တွင် အရှင်အား ဦးထိပ်ထား ရင့်ကျူးစေလော့။
၂၄း၃၇။ လူသားသည် ပရမတ်ဘုရားရှင်အား ရှုမှတ်သတိရခြင်း၊ ဝတ်ပြု မြဲခြင်း၊ အခွန်ငွေဖြူ ပေးကမ်းခြင်းများထက် စီးပွားလုပ် ရောင်းဝယ်ခြင်းများ၌ မပျော်မြူးစေအပ်၊ နှလုံးသားများ၊ စက္ခုအာရုံများအား ဦးလှည့်ထားမည့် တစ်နေ့ကို သူတို့ ကြောက်ရွံ့ စိုးထိတ်အပ်၏။
၂၄း၃၈။ ကျင့်ကြံမှုများအတွက် သူတို့အား ပရမတ်ဘုရားရှင်က တင့်တင့်တယ်တယ် အစားပေးလတ္တံ့၊ အရှင့်၏ သိက္ခာပေးခြင်းသည် သူတို့အား တိုးပွားစေလတ္တံ့၊ ပရမတ်ဘုရားရှင်သည် စံချိန်ပြည့်သူအား စာရင်းမဲ့ ရိက္ခာ ထောက်တော်မူ၏။
၂၄း၃၉။ ဖုံးကွယ်သော သူတို့သည်ကား သူတို့၏ ကျင့်ကြံမှုများမှာ မြေပြန့်မှ တံလျှပ်ပမာ ဖြစ်၏၊ ရေဆာသူသည် ၎င်းကို ရေဟု တွေးထင် စဉ်းစား၍ လိုက်၏၊ သို့သော် ရောက်လာသောအခါ မည်သည့်အရာကိုမျှ မတွေ့ရ၊ ပရမတ်ဘုရားရှင်၏ အထံတော်ကိုသာ ဖူးတွေ့ရ၏၊ သို့ဖြင့် သူသည် စာရင်းအပြည့် ရှင်းရလေပြီ၊ ပရမတ်ဘုရားရှင်သည် အချိန်နှင့် တပြေးညီ စာရင်းစစ်နေတော်မူ၏။
၂၄း၄၀။ သို့မဟုတ် လှိုင်း အပေါ် လှိုင်း၊ အပေါ်မှ လွှမ်းခြုံလျက်- အချို့ အပေါ် အချို့၊ အမှောင်စီးလျက် မိုးတိမ်ထု ဖိထားသော ပင်လယ်တွင်းမှ တိုးဝှေ့နေသည့် အမှောင်ထုကြီးကဲ့သို့ ဖြစ်၏၊ သူ့လက်ကို ဆွဲထုတ်လျှင်ပင် ၎င်းကို မမြင်ရလုမတတ် ဖြစ်၏၊ ပရမတ်ဘုရားရှင်သာ သူ့အတွက် အလင်းကို မစီစဉ်ပေးသော် သူ့အတွက် အလင်းရောင် မရှိတော့ပေ။
၂၄း၄၁။ မိုးများနှင့် မြေကမ္ဘာအတွင်း ရှိသူများ၊ စီတန်းနေသော ငှက်များသည် ပရမတ်ဘုရားရှင်အား ဧကန်ပင် ဦးထိပ်ထားနေသည်ကို သင် မမြင်မိသလော၊ ကိုယ်စီကိုယ်ငှ ဝတ်ပြုခြင်းနှင့် ဦးထိပ်ထားမှုကို သိနေ၏၊ ပရမတ်ဘုရားရှင်သည် ပြုလုပ်သမျှကို သိနေသောအရှင် ဖြစ်၏။
၂၄း၄၂။ မိုးများနှင့် မြေကမ္ဘာ၏ ဩဇာအာဏာသည် ပရမတ်ဘုရားရှင်၏ အချုပ်အခြာ၌ ရှိ၏။ ပရမတ်ဘုရားရှင်၏ ထံသို့သာ ခရီးဆုံး ပန်းတိုင် ဖြစ်၏။
၂၄း၄၃။ ပရမတ်ဘုရားရှင်သည် တိမ်ဆိုင်များကို ရွေ့လျားစေ၍ ၎င်းတို့အား အတူ စည်းလုံးစေလျက် တဖန် ၎င်းတို့ကို အစုအပြုံ ဖြစ်ရန် စီစဉ်၏၊ သင် မြင်နိုင်သော မိုးအား ထိုမိုးတိမ်ထုကြားမှ ထွက်လာစေသည်ကို သင် မရှုစားမိသလော၊ အရှင်သည် တောတောင်များအတွင်း ကောင်းကင်ယံမှ မိုးရေအေးအား သွန်းချစေ၍ ၎င်းဖြင့် စံချိန်ပြည့်သူထံ လွှမ်းခြုံ ထိသက်စေ၏၊ စံချိန်ပြည့်သူထံမှ ဘက်ပြန် ပျယ်လွင့်ပေး၏၊ အရှင်၏ လျှပ်စစ်ရောင်သည် အမြင်များကို သိမ်းသွားမတတ် ဖြစ်၏။
၂၄း၄၄။ ပရမတ်ဘုရားရှင်သည် နေ့နှင့်ညကို လှည့်နေစေ၏၊ ဧကန်ပင် ဒိဗ္ဗစက္ခုရှိသူတို့ အဘို့ ဤ၌ သင်ခန်းစာတစ်ရပ် ရှိနေ၏။
၂၄း၄၅။ ပရမတ်ဘုရားရှင်သည် သတ္တဝါတိုင်းကို ရေမှ ဖြစ်တည်စေ၏၊ ၎င်းတို့ အနက် ဝမ်းဗိုက်ဖြင့် သွားလာသော၊ ၎င်းတို့အနက် ခြေနှစ်ချောင်းဖြင့် သွားလာသော၊ ၎င်းတို့အနက် ခြေလေးချောင်းဖြင့် သွားလာသော အကောင်များကို ရှိစေ၏၊ ပရမတ်ဘုရားရှင်သည် စံချိန်ပြည့်ရာကို ဖြစ်တည်စေ၏၊ ဧကန်ပင် ပရမတ်ဘုရားရှင်သည် သဗ္ဗလုံးစုံအား စည်းချိန်ချမှတ်တော်မူ၏။
၂၄း၄၆။ မုချပင် ငါသည် ရှင်းလင်းချက် သုတ်ဒေသနာများကို ချမှတ်ပေးတော်မူ၏၊ ပရမတ်ဘုရားရှင်သည် စံချိန်ပြည့်သူအား မြဲမြံ တည်တံ့သော လမ်းစဉ်သို့ ညွှန်တော်မူ၏။
၂၄း၄၇။ ကျွန်ုပ်တို့သည် ပရမတ်ဘုရားရှင်နှင့် ဉာဏ်စဉ်ဆောင်အား ယုံကြည်ပါ၏၊ နာခံပါ၏၊” ဟု ဆိုကြ၍ တဖန် သူတို့မှ တစ်ဖွဲ့သည် သည့်နောက်တွင်မှ လှည့်သွားကြ၏၊ သူတို့သည်ကား ယုံကြည်သူများ မဟုတ်ကြချေ။
၂၄း၄၈။ သူတို့၏ကြား၌ စီရင်ထုံး ပြုပေးရန် ပရမတ်ဘုရားရှင်နှင့် ဉာဏ်စဉ်ဆောင်ဆီသို့ ဖိတ်ခေါ်သောအခါ သူတို့မှ တစ်ဖွဲ့သည် ဘောင်ကန့်ထားသူများ ဖြစ်ကြ၏။
၂၄း၄၉။ သူတို့ဘက်၌ အမှန်တရား ရှိလေလျှင် သူတို့သည် သူ့ထံသို့ စိတ်တူကိုယ်မျှ ဆိုက်မြိုက်လာလတ္တံ့။
၂၄း၅၀။ သူတို့၏ နှလုံးသား၌ ရောဂါရှိနေကြသလော၊ သို့တည်းမဟုတ် သံသယ ဝင်နေကြသလော၊ သို့တည်းမဟုတ် ပရမတ်ဘုရားရှင်နှင့် ဉာဏ်စဉ်ဆောင်က သူတို့အား မတရားပြုမည်ဟု စိုးကြောက်နေကြသလော၊ အမှန်မှာ ထိုသူတို့သာလျှင် အမိုက်ကောင်များ ဖြစ်ကြ၏။
၂၄း၅၁။ သူတို့၏ကြား၌ စီရင်ထုံး ပြုပေးရန် ပရမတ်ဘုရားရှင်နှင့် ဉာဏ်စဉ်ဆောင်ဆီသို့ ဖိတ်ခေါ်သောအခါ ယုံကြည်သောသူများ၏ အပြောမှာ- “ကျွန်ုပ်တို့ ကြားနာပါ၏၊ နာခံပါ၏၊” ဟူသော ပြောဆိုမှုပင် ဖြစ်၏၊ ထိုသူများသည်သာ အောင်မြင် ပေါက်မြောက်သူများ ဖြစ်ကြ၏။
၂၄း၅၂။ ပရမတ်ဘုရားရှင်နှင့် ဉာဏ်စဉ်ဆောင်အား နာခံသော၊ ပရမတ်ဘုရားရှင်အား ကြောက်ရွံ့တုန်လှုပ်သော၊ အရှင့်အတွက် စည်းစောင့်သူ၊ ထိုသူတို့သည် အောင်ပွဲခံသူများ ဖြစ်ကြ၏။
၂၄း၅၃။ သူတို့အား သင် ညွှန်ကြားလျှင် ရှေ့တန်းထွက်ပါမည်ဟု ပရမတ်ဘုရားရှင်၌ အင်တိုက်အားတိုက် အားသန်စွာ တိုင်တည်ကြ၏၊ “မတိုင်တည်ကြနှင့်၊ အသိအမှတ်ပြု၍ နာခံကြလော့၊ ပရမတ်ဘုရားရှင်သည် ကျင့်ကြံလေသမျှကို သတင်း သိနေတော်မူ၏၊” ဟု ဟောလော့။
၂၄း၅၄။ ဟောလော့၊ “ပရမတ်ဘုရားရှင်အား နာခံကြလော့၊ ဉာဏ်စဉ်ဆောင်အား နာခံကြလော့၊” အကယ်၍ သူတို့ လှည့်သွားကြလျှင် သူ့အပေါ်၌ သူ့သယ်ပိုးရာသည် ရှိ၍ သင်တို့အပေါ်၌လည်း သင်တို့၏ သယ်ပိုးရာသည် ရှိ၏၊ သင်တို့သည် သူ့ကို နာခံကြလျှင် လမ်းညွှန်ခြင်း ခံရလတ္တံ့၊ ဉာဏ်စဉ်ဆောင်၏ ဝန်တာမှာ ဓမ္မကို ဆိုက်ရောက်စေရန်သာ ဖြစ်၏။
၂၄း၅၅။ သင်တို့အနက် ယုံကြည်လျက် ပြုပြင် ပြောင်းလဲမှု ကျင့်ကြံသော သူတို့အား ပရမတ်ဘုရားရှင်မှ ထားသော ကတိမှာ သူတို့၏ ရှေ့အလျင် သမ္မတ ဖြစ်စေခဲ့သော သူတို့ကဲ့သို့ သင်တို့အား မြေကမ္ဘာ၌ သမ္မတများ ဖြစ်စေတော်မူမည်၊ သူတို့အတွက် သာသနာတော်ကို ထူထောင်ပေး၍ ကျေနပ် အားရစရာ ဖြစ်စေ၏၊ ကြောက်ရွံ့ရပြီးနောက် ယုံကြည် စိတ်ချရသော အခြေအနေသို့ သူတို့အား လွှဲပြောင်းပေး၏၊ သူတို့သည် ငါအရှင်အား ကိုးကွယ် ဆည်းကပ်ကြ၏၊ ငါ့အား တစ်စုံတစ်ရာနှင့် ရောပြွန်း ကိုးကွယ်ခြင်း မရှိ၊ သည့်နောက်တွင်မှ ဖုံးကွယ်သူ- ထိုသူတို့သည် ယုတ်မာသူများ ဖြစ်ကြ၏။
၂၄း၅၆။ သင်တို့အား ကရုဏာ ကိန်းသက်အံ့ငှာ- ဝတ်ပြုမြဲကြလော့၊ အခွန်ငွေဖြူ ပေးကြလော့၊ ဉာဏ်စဉ်ဆောင်အား နာခံကြကုန်လော့။
၂၄း၅၇။ ဖုံးကွယ်သော သူတို့က ကမ္ဘာ၌ ချည့်နဲ့စေနိုင်သည်ဟု စိတ်ကူးမယဉ်ကြစေနှင့်၊ သူတို့အတွက် ခိုလှုံရာသည် အပူမီး ဖြစ်၍ အမင်္ဂလာ ခရီးဆုံးပင် ဖြစ်၏။
၂၄း၅၈။ အို- ယုံကြည်သော သူတို့၊ သင်တို့၏ လက်အောက် ဩဇာခံသော သူများနှင့် အရွယ်မရောက် စိတ်နုနယ်သော သူတို့သည် အချိန်သုံးပါး၌ သင်တို့ထံမှ အခွင့်တောင်းခံရမည်၊ အလင်းဖြာထွက် ဝတ်ပြုချိန်၏ မတိုင်မီ ပူအိုက်၍ ခြုံထည်များ ချွတ်ထားသော မွန်းတည့်ချိန်၊ ညဦး ဝတ်ပြုပြီးနောက် အချိန်တို့ ဖြစ်၏၊ သင်တို့အတွက် ပုဂ္ဂလိက လွတ်လပ်သည့် အချိန်သုံးပါး ဖြစ်၏၊ ထို့နောက် အချိန်များတွင် သင်တို့မှ အချို့ထံ အချို့ သွားလာ လည်ပတ်ခြင်းသည် သင်တို့၊ သူတို့တွင် အပြစ်မရှိချေ၊ သင်တို့အတွက် ပရမတ်ဘုရားရှင်သည် သုတ်ဒေသနာများကို ဤသို့ ရှင်းလင်းပေးတော်မူ၏၊ ပရမတ်ဘုရားရှင်သည်ကား သိနေသောအရှင်၊ ဓမ္မသတ်ရှင် ဖြစ်တော်မူ၏။
၂၄း၅၉။ သင်တို့အနက်မှ ကလေးသူငယ်များသည် အရွယ်ရောက်လာခဲ့သော် သူတို့၏ ရှေ့အလျင် ဖြစ်သူများ၏ ခွင့်ပြုချက် တောင်းခံခဲ့သကဲ့သို့ အခွင့် တောင်းခံစေလော့၊ ဤသို့ ပရမတ်ဘုရားရှင်သည် သင်တို့အဘို့ရာ သုတ်ဒေသနာများကို ရှင်းလင်းပေးတော်မူ၏၊ ပရမတ်ဘုရားရှင်သည်ကား သိနေတော်မူသောအရှင်၊ ဓမ္မသတ်ရှင် ဖြစ်တော်မူ၏။
၂၄း၆၀။ ဓမ္မတာဆိုင်း၍ ထိမ်းမြား ပေါင်းသင်းရန် မမျှော်လင့်နိုင်တော့သော အမျိုးသမီးများအနေဖြင့် ကိုယ်အလှများကို ကိုယ်ဟန်ပြခြင်း မဟုတ်ဘဲ ခြုံထည်များအား ချွတ်ထားမိခြင်းသည် အပြစ်မရှိချေ၊ သို့သော် တည်ငြိမ်မှုရှိလျှင် သူမတို့အတွက် ပိုမို ကောင်းမွန်၏၊ ပရမတ်ဘုရားရှင်သည် ကြားနေတော်မူသောအရှင်၊ သိနေတော်မူသောအရှင် ဖြစ်၏။
၂၄း၆၁။ သင်တို့၏အိမ်၌၊ သို့မဟုတ် သင်တို့၏ ဖခင်များ၏အိမ်၌၊ သို့မဟုတ် သင်တို့၏ မိခင်များ၏အိမ်၌၊ သို့မဟုတ် သင်တို့၏ ညီအကိုများ၏အိမ်၌၊ သို့မဟုတ် သင်တို့၏ အမများ၏အိမ်၌၊ သို့မဟုတ် သင်တို့ ဦးလေးများ၏အိမ်၌၊ သို့မဟုတ် သင်တို့ အရီးများ၏အိမ်၌၊ သို့မဟုတ် သင်တို့၏ ဘထွေးများ၏အိမ်၌၊ သို့မဟုတ် သင်တို့ အဒေါ်များ၏အိမ်၌၊ သို့မဟုတ် သင်တို့အတွက် သော့ဖွင့်ခွင့် ရှိသော၊ သို့မဟုတ် မိတ်ဆွေမှန်များထံ၌ သင်တို့ စားသုံးနိုင်၏၊ မျက်မမြင်များလည်း ခက်ခဲမှု မရှိစေသင့်၊ တက်ရောက်သူများလည်း မခက်ခဲစေသင့်၊ ဖျားနာနေသူများနှင့် သင်တို့၏ စိတ်စရိုက်ကိုလည်း မခက်ခဲစေသင့်၊ သူတို့နှင့် အတူစု၍၊ သို့မဟုတ် ခွဲ၍ စားသုံးခြင်းကြောင့် အပြစ်မရှိချေ၊ သင်တို့သည် အိမ်များအတွင်းသို့ ဝင်သောအခါ “သင်တို့၏ စိတ်ဉာဉ်များ အပေါ်သို့ ငြိမ်းချမ်းခြင်း ရှိပါစေ၏၊” ဟု “ပရမတ်ဘုရားရှင်၏ ထံတော်မှ စင်ကြယ်သော ကျက်သရေ ကိန်းသက်ပါစေ၊” ဟု နှုတ်ဆက်စကား ဆိုကြလော့၊ သင်တို့၌ အတွေးအခေါ် ရှိအံ့ငှာ သင်တို့အတွက် ပရမတ်ဘုရားရှင်သည် သုတ်ဒေသနာတော်များကို ဤသို့ ရှင်းလင်းပေးတော်မူ၏။
၂၄း၆၂။ ယုံကြည်သူ စစ်စစ်တို့သည် ပရမတ်ဘုရားရှင်နှင့် ဉာဏ်စဉ်ဆောင်အား ယုံကြည်ကြ၏၊ သူတို့သည် အစည်းအဝေး အစီအစဉ်၌ သူနှင့်အတူ ရှိကြသော် သူတို့အား အခွင့်မပေးဘဲ ထွက်သွားခြင်း မရှိကြပေ၊ သင့်ထံမှ ခွင့်တောင်းသောသူများ၊ ထိုသူများသာလျှင် ပရမတ်ဘုရားရှင်နှင့် အရှင့် ဉာဏ်စဉ်ဆောင်အား ယုံကြည်သောသူများ ဖြစ်၏၊ သို့ဖြစ်၍ သူတို့၏ ကိုယ်ရေးကိစ္စကြောင့် အချို့ ခွင့်တောင်းလာခဲ့သော် သူတို့မှ သင် စံချိန်ပြည့်သူအား ခွင့်ပြုလော့၊ သူတို့အတွက် ပရမတ်ဘုရားရှင်၏ထံမှ လွတ်ငြိမ်းဆု ပန်ပေးလော့၊ ဧကန်ပင် ပရမတ်ဘုရားရှင်သည် လွတ်ငြိမ်းစေသောအရှင်၊ အကြင်နာရှင် ဖြစ်တော်မူပေ၏။
၂၄း၆၃။ ဉာဏ်စဉ်ဆောင်၏ ဖိတ်ခေါ်ခြင်းကို သင်တို့ချင်းကြား၊ အချို့က အချို့ကို ဖိတ်ခေါ်မှုများကဲ့သို့ မစီစဉ်ကြနှင့်၊ ပရမတ်ဘုရားရှင်သည် သင်တို့အနက်မှ ခိုကပ်၍ အတင်းထွက်သွားသော သူကို မုချ သိနေတော်မူ၏၊ သို့ဖြစ်၍ သူ ညွှန်ကြားသည်မှာ ၎င်းကိုဆက်ခံသော သူတို့သည် သူတို့ထံသို့ စမ်းသပ်မှုထိမည်ကို၊ သို့မဟုတ် စူးနစ်နာကျင်သော ဝဋ်ကြွေး ထိသက်ရမည်ကို သတိထားစေကြလော့။
၂၄း၆၄။ အချိန်မလပ်- ဧကန်ပင် မိုးများနှင့် မြေကမ္ဘာတွင် ရှိသမျှတို့သည် ပရမတ်ဘုရားရှင်၏ အချုပ်အခြာ၌ ရှိ၏၊ အရှင်သည် သင်တို့၏ အခြေအနေကို သိနေတော်မူ၏၊ သူတို့သည့် အရှင့်ထံသို့ ဦးလှည့် ပြန်ရမည့်နေ့ ကာလ၌ ကျင့်ကြံခဲ့သမျှကို သတင်း ထုတ်ပြန်တော်မူလတ္တံ့၊ ပရမတ်ဘုရားရှင်သည်ကား သဗ္ဗလုံးစုံ သိနေသောအရှင် ဖြစ်၏။
ဓမ္မခန္ဓာ (၂၄) ဤတွင် ပြီး၏။
ဓမ္မခန္ဓာ (၂၅) “ခွဲခြမ်းစိတ်ဖြာဖွင့်ဆိုချက်”
ဉာဏ်စဉ်ကိန်းပေးမှု အမှတ်စဉ်- ၄၂။ သုတ်ဒေသနာ- ၇၇ ပါး။
ကရုဏာရှင် အကြင်နာရှင် ဖြစ်တော်မူသော ပရမတ်ဘုရားရှင်၏ ဂုဏ်တော်အားဖြင့် -
၂၅း၁။ လောကခပ်သိမ်းအတွက် သတိပေးသူ ဖြစ်စေခြင်းငှာ အရှင့် အမှုတော်ဆောင်၏ ထံသို့ “ခွဲခြမ်းစိတ်ဖြာ ဖွင့်ဆိုချက်အား” ချမှတ်ပေးသည့် အရှင်သည် ကျက်သရေအပေါင်းနှင့် ပြည့်စုံတော်မူ၏။
၂၅း၂။ အရှင်သည် မိုးများနှင့် မြေကမ္ဘာ၏ အရှင်သခင်ဖြစ်၏၊ အချုပ်အခြာသည် အရှင့်အတွက် ဖြစ်၏၊ အရှင်၌ ကိုယ်ပွား ယူထားခြင်း မရှိ၊ အရှင့် ဩဇာအာဏာ၌ ရောပြွန်း ပတ်သက်သူ ဟူ၍မရှိ၊ အရှင်သည် သဗ္ဗလုံးစုံအား ဖြစ်တည်စေရာ၌ စည်းချိန်တကျ စည်းချိန် ချမှတ်တော်မူ၏။
၂၅း၃။ အရှင်မှလွဲ၍ သူတို့က ဘုရားဟူ၍ အယူထားနေကြသည်မှာ တစ်စုံတစ်ရာကိုမှ ဖြစ်တည်ပေးနိုင်ခြင်း မရှိ၊ သူတို့ကိုယ်တိုင် ဖြစ်တည်ခံမျှသာ ဖြစ်သော သူတို့၏စရိုက်ကိုပင် ဆိုးကျိုး၊ ကောင်းကျိုး အစိုးမရသော၊ အနိစ္စ၊ နိစ္စနှင့် ရှင်ပြန် နိုးကြွရမည်ကို အစိုးမရသော အရာများ ဖြစ်နေ၏။
၂၅း၄။ ဖုံးကွယ်သော သူတို့က “ဤသည် သူ လုပ်ကြံ ဖန်တီးသော လုပ်ဇာတ်မျှသာ ဖြစ်၏၊ ထိုအတွက် အခြားလူမျိုးက သူ့အား ပံ့ပိုးကြ၏၊ သို့ဖြင့် အဝိဇ္ဇာတရားနှင့် လှည့်ပတ်ပြောဆိုခြင်းကို သူတို့ ရောက်လာစေကြပြီ၊” ဟု ဆိုကြ၏။
၂၅း၅။ “သူ သီကုံးသော ရှေးဟောင်း ဒဏ္ဍာရီများသာ ဖြစ်၍ သူတို့က သူ့အား နံနက်နှင့် နေကျချိန်တွင် အချိန်ပေးနေ၏၊” ဟုလည်း ဆိုကြ၏။
၂၅း၆။ ဟောလော့၊ “မိုးများနှင့် ကမ္ဘာအတွင်း လျှို့ဝှက်ချက်များကို သိနေတော်မူသော အရှင်က ၎င်းကို ချမှတ်ပေးခြင်း ဖြစ်၏၊ ဧကန်ပင် အရှင်သည် လွတ်ငြိမ်းစေသောအရှင်၊ အကြင်နာရှင် ဖြစ်တော်မူ၏။”
၂၅း၇။ သူတို့ ပြောကြသည်မှာ “မည်သို့ ဉာဏ်စဉ်ဆောင် ဖြစ်လေသနည်း၊ အစာလည်း စား၏၊ ဈေးများ၌လည်း သွားလာ၏၊ သူနှင့်အတူ သတိပေးသူအဖြစ် သူ့ထံသို့ အဘယ်ကြောင့် နတ်ဒေဝတာ တစ်ပါးကို တာဝန်မချပေးသနည်း။
၂၅း၈။ သို့မဟုတ် သူ့ထံသို့ အခင်းအကျင်း ရတနာများနှင့် သူစားသုံးရန် ဥယျာဉ်တစ်ခု မရှိရလေခြင်း၊” ဟု ဖြစ်၏၊ အမိုက်ကောင်များမှ “သင်တို့သည် ပြုစားခံရသော လူ၏ နောက်သို့ လိုက်နေကြသည်သာ ဖြစ်၏၊” ဟု ဆိုသူ ရှိ၏။
၂၅း၉။ သင့်အား မည်သို့ ပမာဆောင် ဥပမာပေးကြသည်ကို ကြည့်လော့၊ သူတို့မှာကား လမ်းလွဲသွားကြကုန်၏၊ အခြား တတ်နိုင်သည့် လမ်းစဉ်လည်း မရှိကြ။
၂၅း၁၀။ ကျက်သရေ ရှိတော်မူသော အရှင်သည် စံချိန်ပြည့်မီသည်နှင့် အညီ ဤထက် ပို၍ ကောင်းမွန်သော၊ အောက်ခင်း၌ စမ်းချောင်းရေသွင် စီးဆင်းနေသော၊ ဥယျာဉ်များကို သင့်အတွက် စီစဉ်ပေးတော်မူလတ္တံ့၊ ရပ်နားရာ စခန်းများကိုလည်း သင့်အတွက် စီစဉ်ပေးတော်မူလတ္တံ့။
၂၅း၁၁။ အမှန်မှာ သူတို့သည် ထိုအခိုက်အတန့်အား ငြင်းဆန်ခြင်းသာ ဖြစ်၏၊ ထိုအခိုက်အတန့်အား ငြင်းဆန်သူအတွက် မီးလောင်စာကို ငါ ပြင်ဆင်ထားလေပြီ။
၂၅း၁၂။ ၎င်းအား နောက်ကျန်ရစ်သော အရပ်မှ မြင်ရလျှင်ပင် ဒေါသသံ၊ ညည်းတွားသံကို ကြားရလေ၏။
၂၅း၁၃။ သူတို့အား အကျဉ်းအကျပ်ထဲ၌ အသီလိုက် ခင်းကျင်းခံရသောအခါ ဖျက်ပယ်မှုကို ညည်းတွား အော်တောင်းကြ၏။
၂၅း၁၄။ ဤနေ့၌ ဖျက်ပယ်မှု တစ်ခုအတွက် အော် မနေကြနှင့်၊ ဖျက်ပယ်မှု များစွာကို အော် တောင်းကြလော့။
၂၅း၁၅။ ဟောလော့၊ “သို့တည်းမဟုတ် စည်းစောင့်သူများ အတွက် ကတိထားတော်မူသော ထာ၀ရသုခဘုံထက်- ဤသည်က ပို၍ ကောင်းဘိသလော၊ သုခဘုံသည် သူတို့အတွက် အစားပေးမှုနှင့် ပန်းတိုင်ပင် ဖြစ်၏။”
၂၅း၁၆။ ထို၌ သူတို့အတွက် စံချိန်ပြည့်မီရာသည် ရှိ၍ အစဉ် စံစားရမည်ပင်၊ ၎င်းသည် တောင်းခံသူများအတွက် သင့် ကံကြမ္မာရှင်၏ ကတိတော်ပင် ဖြစ်၏။
၂၅း၁၇။ ပရမတ်ဘုရားရှင်မှလွဲ၍ သူတို့၏ ကိုးကွယ်ရာများနှင့် သူတို့အား စုစည်းစေသောနေ့ ကာလ၌ “ငါ့ အမှုဆောင်၊ ထိုသူတို့အား သင်တို့က လမ်းလွဲစေသလော၊ သို့တည်းမဟုတ် သူတို့ကိုယ်သူတို့ လွဲမှားသော လမ်းစဉ်ကို ရွေးကြသလော၊” ဟု မေးတော်မူလတ္တံ့။
၂၅း၁၈။ သူတို့က “အရှင့်အား ဦးထိပ်ထားပါ၏၊ အရှင်မှလွဲ၍ အရှင်သခင်များ အယူထားရန် တပည့်တော်တို့ မရှာခဲ့ပါ၊ သို့ရာတွင် အရှင်သည် သူတို့နှင့်၊ သူတို့၏ ဘဘိုးတို့အား သတိပေး တရားတော်ကို မေ့ပစ်သည်ထိ ချမ်းမြေ့မှု ပေးခဲ့၍ သူတို့သည် ပျက်စီးကြေမွရမည့် လူမျိုး ဖြစ်ရပါ၏၊” ဟု လျှောက်တင်ကြ၏။
၂၅း၁၉။ သင်တို့၏ ပြောဆိုမှု၌ပင် သင်တို့သည် မုချ ငြင်းဆန်နေကြပြီ၊ သင်တို့၌ တန်ပြန်ရန် တတ်နိုင်ခြင်း မရှိ၊ အကူအညီလည်း မရှိကြ၊ သင်တို့အနက်မှ မိုက်ကြေးခွဲသူအား ကြီးမားသော ဝဋ်ကြွေးဒဏ်ကို မြည်းစမ်းစေမည်ပင်။
၂၅း၂၀။ သင့်မတိုင်မီ ဉာဏ်စဉ်ဆောင်များကို- သူတို့မှ အစာ မစားသော၊ ဈေးများတွင် မသွားလာသော၊ သူဟူ၍ ငါ စေစားခဲ့ခြင်း မရှိချေ၊ ငါသည် သင်တို့မှ အချို့ကို အချို့အတွက် စမ်းသပ်ရန် စီစဉ်တော်မူပြီ၊ သည်းခံတရား ရှိကြမည် မဟုတ်လော၊ သင့်ကံကြမ္မာရှင်သည် မြင်နေတော်မူသောအရှင် ဖြစ်၏။
၂၅း၂၁။ ငါ့အား ဖူးတွေ့ရမည်ကို မမျှော်ကိုးသော သူတို့က “ကျွန်ုပ်တို့ထံသို့ နတ်ဒေဝတာများကို အဘယ်ကြောင့် တာဝန် မချပေးသနည်း၊ သို့မဟုတ် ကျွန်ုပ်တို့၏ ကံကြမ္မာရှင်အား အဘယ်ကြောင့် မမြင်ရလေသနည်း၊” ဟု ဆိုကြ၏၊ မုချပင် သူတို့သည် မာနကြီးသော ဉာဉ်စရိုက်၌ ရှိ၍ ကြီးသော အာခံခြင်းဖြင့် အာခံ၏။
၂၅း၂၂။ နိမိတ်ဆောင်များကို မြင်တွေ့ရသောနေ့ ကာလ၌ ရာဇဝတ်ကောင်များ အတွက် ထိုနေ့တွင် သတင်းကောင်း မရှိချေ၊ ထိုအခါ “ကျောက်တံတိုင်း ကျောက်ထရံကြီး ရှိပါစေ၊” ဟု ပြောဆိုကြ၏။
၂၅း၂၃။ ငါသည် သူတို့ ကျင့်ကြံခဲ့သော ကျင့်ကြံမှု အပေါ် စုံရပ်စေ၏၊ သူတို့အား ဝဲလွင့်သော အမှုန့်များ အဖြစ် စီစဉ်တော်မူအံ့။
၂၅း၂၄။ ထိုနေ့၌ သုခဘုံ အဖေါ်များအတွက် ပိုကောင်း၍ အတင့်တယ်ဆုံး တည်ငြိမ်သည့် မှိန်းစက်ရာများ ရှိစေလတ္တံ့။
၂၅း၂၅။ ကောင်းကင်သည် တိမ်လိပ်များဖြင့် ပြိုကွဲ၍ တာဝန်ချခံရသော နိမိတ်ဆောင်များအား တာဝန်ချသောနေ့။-
၂၅း၂၆။ ကရုဏာတော်အရှင်သည် ထိုနေ့အား အစစ်အမှန် အစိုးရ၏၊ ၎င်းသည် ဖုံးကွယ်သူတို့ အတွက် ပြဿဒါးနေ့ ဖြစ်၏။
၂၅း၂၇။ အမိုက်ကောင်သည် သူ့လက်ကို ကိုက်လျက် ထိုနေ့၌ ဆိုမည်မှာ “ကျွန်ုပ်များနှယ်၊ ဉာဏ်စဉ်ဆောင်၏ လမ်းစဉ်အား အယူထားခဲ့လျှင် တော်လေစွ။
၂၅း၂၈။ အိုး- ပျက်စီးရလေပြီ၊ ကျွန်ုပ်အား ပျက်စီးရစေသော ဤအရာအား အတွင်းလူအဖြစ် မယူခဲ့လျှင် ကောင်းလေစွ။
၂၅း၂၉။ ကျွန်ုပ်ထံသို့ သတိပေး တရားတော် ရောက်ရှိလာပြီးမှ သူက ကျွန်ုပ်အား လမ်းလွဲစေခဲ့ပြီ၊ မကောင်းဆိုးဝါးသည် လူသားအား စွန့်ပစ်သွားလေ့ရှိသူ ဖြစ်သည်၊” ဟူ၏။
၂၅း၃၀။ ဉာဏ်စဉ်တော်ဆောင်က “အို- ကံကြမ္မာရှင်၊ တပည့်တော်၏ လူမျိုးသည် ဤကုရ်အာန်ကျမ်းအား ခွဲခွာရန် အယူပိုက်ကြလေပြီ၊” ဟု ပြောဆိုလတ္တံ့။
၂၅း၃၁။ ဤသို့ သတင်းတော်ဆောင် ကိုယ်စီအတွက် ရာဇဝတ်ကောင်များမှ စည်းဖေါက်သူကို ငါ စီစဉ်တော်မူပြီ၊ သင့် ကံကြမ္မာရှင်သည် လမ်းညွှန်သောအရှင်၊ ကူညီသောအရှင် အဖြစ် လုံလောက်တော်မူ၏။
၂၅း၃၂။ ဖုံးကွယ်သော သူများက “ကုရ်အာန်ကျမ်းအား အဘယ့်ကြောင့် ဝါကျ တစ်သီတည်း ချမှတ်မပေးသနည်း၊” ဟု ဆိုကြ၏၊ ဤနည်းဖြင့် ၎င်းအား သင့်စိတ် ခိုင်မာစေ၏၊ ၎င်းကို ကျနသော ရွတ်ဆိုခြင်းဖြင့် ငါ ရွတ်ဆိုစေတော်မူ၏။
၂၅း၃၃။ သူတို့ သည် သင့်အား ဥပမာပေး၍ပင် မတင်ပြနိုင်ချေ၊ ငါအရှင်က သင့်ထံသို့ သစ္စာတရား နှင့် အတင့်တယ်ဆုံး အဋ္ဌကထာကို ရောက်လာစေတော်မူပြီ။
၂၅း၃၄။ ငရဲဘုံသို့ မျက်နှာဇောက်ထိုး ဆွဲစုခံရသောသူ၊ ထိုသူတို့သည် အဆိုးဆုံး အဆင့်သို့ ဆိုက်ရလျက် လမ်းစဉ်တော်မှ ပို၍ လွဲချော်ရလေ၏။
၂၅း၃၅။ မုချပင် ငါသည် မူဆာအား ကျမ်းတော် ချီးမြှင့်၍ သူ၏ သံဝန်ထမ်းအဖြစ် သူ့အစ်ကို ဟာရွန်အား စီစဉ်ပေးလျက်။-
၂၅း၃၆။ “ငါ၏ သုတ်ဒေသနာတော်များ ဖြင့် ငြင်းဆန်သော လူမျိုးထံသို့ သင်တို့ သွားကြလော့၊” ဟု ငါ မိန့်၏၊ သို့ဖြင့် ထိုသူတို့အား ပျက်စီးခြင်း အတိဖြင့် ပျက်စီးစေတော်မူလိုက်၏။
၂၅း၃၇။ နူးဟ်၏ လူမျိုးတို့၊ သူတို့သည် ဉာဏ်စဉ်ဆောင်အား ငြင်းဆန်သောအခါ ထိုသူတို့အား နစ်မြုပ်စေတော်မူ၍ လူသားတို့အတွက် သက်သေလက္ခဏာ အဖြစ် စီစဉ်တော်မူ၏၊ အမိုက်ကောင်များ အတွက် စူးနစ်သော ဝဋ်ကြွေးဒဏ်ကို ငါ ပြင်ဆင်ထား၏။
၂၅း၃၈။ အာဒ်၊ သမူဒ်နှင့် ရာ့ဆ်၏ ပေါင်းဖေါ်များနှင့်၊ ထိုစပ်ကြားမှ များစွာသော မျိုးဆက်များ။-
၂၅း၃၉။ သူတို့ကိုယ်စီအား ပမာဆောင် ဥပမာပေးသော်လည်း ကိုယ်စီကိုယ်ငှ အဖျက်ဆီးကြီး ဖျက်ဆီးခံရလတ္တံ့။
၂၅း၄၀။ သူတို့သည် အကုသိုလ် မိုးကြီးဖြင့် မိုးကြီးထိထားသော အရပ်ဒေသသို့ ဖြတ်သွားဘူးကြ၏၊ ၎င်းကို သူတို့ မမြင်တတ်သလော၊ အမှန်မှာ သူတို့သည် ရှင်ပြန် နိုးကြားရမည်ကို မမျှော်လင့်ခြင်းသာ ဖြစ်၏။
၂၅း၄၁။ သင့်ကို သူတို့ တွေ့မြင်သောအခါ ဤသူသည် ပရမတ်ဘုရားရှင်က ပွင့်ပေါ်စေသော ဉာဏ်စဉ်တော်ဆောင်ဆိုပဲ၊” ဟု လှောင်ပြောင်စရာ အဖြစ်သာ ယူမှတ်ကြ၍။-
၂၅း၄၂။ ကျွန်ုပ်တို့သာ ကျွန်ုပ်တို့၏ ဘုရားများအပေါ်၌ ခန္တီကြီးစွာ မရှိခဲ့လျှင် သူက ကျွန်ုပ်တို့အား ထိုမှ လွဲမှားစေမတတ်ပင် ဟု ဆို၏၊ ဝဋ်ကြွေးဒဏ်အား မြင်ရချိန်၌ မည်သူသည် အပါယ်လမ်းစဉ်၌ ရှိသည်ကို သူတို့ သိကြရလတ္တံ့။
၂၅း၄၃။ မိမိ၏ လိုဘအား ဘုရားဟု အယူထားသူကို သင် မြင်မိသလော၊ သူသည် သင့်အတွက် ကိုးစားထိုက်သူ ဖြစ်သလော။
၂၅း၄၄။ သို့တည်းမဟုတ် သူတို့မှ အများစုကြီးသည် ကြားနာနိုင်သည်၊ အတွေးအခေါ် ရှိကြသည် ဟု သင် စဉ်းစားသလော၊ သူတို့သည် တိရိစ္ဆာန်ကဲ့သို့မျှသာ ဖြစ်၏၊ အမှန်မှာ သူတို့သည် အပါယ် လမ်းစဉ်၌ ရှိကြ၏။
၂၅း၄၅။ သင့်ကံကြမ္မာရှင်သည် အရိပ်အား မည်သို့ တိုးရွေ့စေသည်ကို သင် မရှုစားမိသလော၊ စံချိန်ပြည့်ခဲ့လေသော် ငါသည် ၎င်းကို မြဲတည်ရန် စီစဉ်နိုင်၏၊ ငါသည် နေကို ၎င်းအတွက် လမ်းညွှန် အဖြစ် စီစဉ်တော်မူ၏။
၂၅း၄၆။ တဖန် ငါ့ထံသို့ ၎င်းကို လွယ်လွယ်ကူကူ ဆုတ်- ဆုတ်လာစေ၏။
၂၅း၄၇။ အရှင်သည် သင်တို့အတွက် ညကို အဆင်အယင် အဖြစ်၊ အိပ်စက် နားနေဘို့ရာ အဖြစ်၊ စီစဉ်ပေးတော်မူ၏၊ နေ့ကို ရှင်ပြန် နိုးကြွဘို့ရာ စီစဉ်ပေးတော်မူ၏။
၂၅း၄၈။ အရှင့်ကရုဏာ၏ လက်ရှိ-မျက်မှောက်၊ သတင်းကောင်းအဖြစ် လေများကို အရှင် စေစားတော်မူ၏၊ ကောင်းကင်ယံမှ သန့်စင်သောရေကို သွန်းချစေတော်မူ၏။
၂၅း၄၉။ ၎င်းဖြင့် သေနေသော မြို့အား ရှင်သန်စေတော်မူ၏၊ ၎င်းဖြင့် ငါ ဖြစ်တည်ပေးသည့် လူသား၊ တိရိစ္ဆာန်၊ များစွာတို့ကို ရေတိုက်ကျွေး၏။
၂၅း၅၀။ သူတို့သည် ဆင်ခြင်သတိရရှိရန် သူတို့ကြား၌ ငါ ထပ်တလဲလဲ ရှင်းပြစေ၏၊ သို့သော် လူသား အများစုကြီးသည် ဖီဆန်လျက် ဖုံးကွယ်ခြင်းကိုသာ ပြု၏။
၂၅း၅၁။ စံချိန်ပြည့်မီခဲ့သည်ရှိသော် အရပ်ဒေသတိုင်းတွင် သတိပေးသူ တစ်ဦးစီ ပွင့်ပေါ်စေတော်မူလတ္တံ့။
၂၅း၅၂။ ဖုံးကွယ်သူများကို မနာခံနှင့်၊ သူတို့ကို ဆန့်ကျင်၍ ၎င်းအားဖြင့် ကြီးသော အားစိုက်မှုဖြင့် အားစိုက် ဆောင်ရွက်ကြလော့။
၂၅း၅၃။ အရှင်သည် ပင်လယ်နှစ်ခုအား အရှိန်သေစေ၍၊ ဤသည် ခံစားရ ချို၍၊ ဤသည် ဆားဓါတ် ငံတူးစေ၏၊ အရှင်သည် ထိုနှစ်ခုကြား၊ ရင်ချင်းကပ်လျက် ကျောက်ချပ် အုတ်မြစ် ခွဲ၍ စီစဉ်ထားတော်မူပြီ။
၂၅း၅၄။ အရှင်သည် လူပုဂ္ဂိုလ်ကို ရေမှ ဖြစ်တည်စေတော်မူ၍ သွေးသားများ၊ အိမ်ထောင်ဘက် အမျိုးများကို စီစဉ်ပေးတော်မူပြီ၊ သင့် ကံကြမ္မာရှင်သည် စည်းချိန် ချမှတ်သောအရှင် ဖြစ်၏။
၂၅း၅၅။ သူတို့သည်ကား ပရမတ်ဘုရားရှင်မှလွဲ၍ သူတို့အား ကောင်းကျိုး၊ ဆိုးကျိုး မပေးနိုင်ရာ များကို ကိုးကွယ်ကြကုန်၏၊ ဖုံးကွယ်သူသည် သူ၏ ကံကြမ္မာရှင်အား ကျောခိုင်းပစ်သူ ဖြစ်၏။
၂၅း၅၆။ သင့်အား သတင်းကောင်းပါးသူ၊ သတိပေးသူ အဖြစ်ဖြင့်သာ ငါ စေစားတော်မူ၏။
၂၅း၅၇။ ဟောလော့၊ “ကံကြမ္မာရှင်၏ လမ်းစဉ်သို့ အယူထားရာ၌ စံချိန် ပြည့်မီသူ ဖြစ်ရန်သာ- ထို့အတွက် သင်တို့ထံ၌ ကျွန်ုပ်သည် အကျိုးဆုလာဘ် မတောင်းခံချေ။
၂၅း၅၈။ နိစ္စဓူဝ ဖြစ်သော၊ မရဏတရား မလွှမ်းနိုင်သော အရှင့်ကိုသာ ကိုးစားကြလော့၊ အရှင့်အား ရည်သန်စူးစိုက် ဦးထိပ်ထားလော့၊ အရှင်သည် အမှုတော်ဆောင်များ၏ အပြစ်များကို လုံလောက်စွာ သတင်း သိနေတော်မူ၏။
၂၅း၅၉။ အရှင်သည် မိုးများနှင့် မြေကမ္ဘာ၊ ထိုနှစ်ခုကြား ရှိသည်များကို ကာလ ခြောက်ခုဖြင့် ဖြစ်တည်စေတော်မူ၏၊ ထို့နောက် ထပ်ဆင့် ကွပ်ကဲမှုကို ပုံစံချပေးသော ကရုဏာရှင် ဖြစ်တော်မူ၏၊ အရှင့်အကြောင်းကို သတင်းရသူများထံ၌ မေးမြန်းကြလော့။”
၂၅း၆၀။ သူတို့အား ကရုဏာတော် အရှင်ကိုသာ ဦးချ ရိုကျိုးကြရန် ပြောဆိုသောအခါ “ကရုဏာရှင် ဆိုသည်မှာ မည်သည့် အရာနည်း၊ သင် ညွှန်ကြားသည့် အတိုင်း ကျွန်ုပ်တို့ ဦးချ ရိုကျိုးရမည်လော၊” ဟု ပြန်ပြောကြ၏၊ သို့ဖြင့် သူတို့သည် စစ်သွေးကြွစိတ်ကိုသာ တိုးပွားကြလေ၏။
၂၅း၆၁။ အာကာသ၌ နဂါးငွေ့တန်းများကို စီစဉ်တော်မူသော၊ ထိုအထဲ၌ လင်းရောင်ခြည်နှင့် အလင်းရောင်ဝါ လ တို့ကို စီစဉ်ပေးသော၊ အရှင်သည် ကျက်သရေအပေါင်းနှင့် ပြည့်စုံသောအရှင် ဖြစ်၏။
၂၅း၆၂။ ဆင်ခြင်သတိ ရှိလိုသူ၊ ကျေးဇူး သိတတ်လိုသူများအတွက် အရှင်သည် နေ့နှင့် ညကို အလှည့်ကျ စီစဉ်ထားတော်မူ၏။
၂၅း၆၃။ ကရုဏာရှင်၏ အမှုတော်ဆောင်များသည် ကမ္ဘာပေါ်၌ နှိမ့်ချစွာ သွားလာသောသူများ ဖြစ်ကြ၏၊ ပညာမဲ့များကို တင်ပြ ပြောဆိုသောအခါ ငြိမ်းချမ်းပါစေဟု ပြောကြ၏။
၂၅း၆၄။ သူတို့သည် သူတို့၏ ကံကြမ္မာရှင်အား ဦးချလျက်၊ ခိုင်မာစွာ ရပ်တည်လျက်၊ ညပိုင်းကို ကျော်လွန်စေကြ၏။
၂၅း၆၅။ သူတို့က “အို- ကံကြမ္မာရှင်၊ ငရဲဘုံ၏ ဝဋ်ကြွေးသည် တပည့်တော်တို့ထံမှ ဘက်ပြန်စေတော်မူပါ၊ ဧကန်ပင် ဝဋ်ကြွေးသည် အကြွေးဆိုး ဖြစ်ပါ၏။
၂၅း၆၆။ ၎င်းသည် အကုသိုလ် တည်မြဲခြင်း ရပ်တည်ရာ ဖြစ်ပါ၏” ဟု ဖြစ်၏၊ ဆုတောင်း ကြကုန်၏။
၂၅း၆၇။ ပေးကမ်း သုံးစွဲသောအခါ အလွဲသုံးစား မဟုတ်၊ စေတနာမွဲ မဟုတ်၊ ထိုနှစ်ခုကြား ရပ်တည်သူသောတို့။-
၂၅း၆၈။ သူတို့သည် ပရမတ်ဘုရားရှင်နှင့် အတူ အခြားသော ဘုရားထား၍ ဆုတောင်းခြင်း မရှိကြ၊ သစ္စာဓမ္မ အတွက်မှအပ ပရမတ်ဘုရားရှင်က တားမြစ်သည့်အတိုင်း ဉာဉ်စရိုက်ကို မသတ်ဖြတ်ကြ၊ အပြစ်ရှိခြင်းကို တွေ့ရမည့် လိင် စည်းဖေါက်ခြင်းများကို ပြုလုပ်ခြင်း ကင်းကြ၏။
၂၅း၆၉။ ထို(လိင်စည်းဖေါက်ခြင်း)အတွက် ရပ်တည်ရသောနေ့၌ နလံ ပြန်ထူလာသော၊ ထို၌ အစဉ်အမြဲ နှိမ့်ချခံရမည်ဖြစ်သော၊ ဝဋ်ကြွေးသည် ရှိ၏။
၂၅း၇၀။ သို့သော် ခဝါချသူ၊ ယုံကြည်၍ ပြုပြင် ပြောင်းလဲသော အကျင့်ကို ကျင့်ကြံသူ၊ သူတို့အတွက် ပရမတ်ဘုရားရှင်သည် အကုသိုလ်များကို လွှဲပြောင်းလျက် တင့်တယ်စေတော်မူမည်ပင်၊ ဧကန်ပင် ပရမတ်ဘုရားရှင်သည် လွတ်ငြိမ်းစေသောအရှင်၊ အကြင်နာရှင် ဖြစ်တော်မူ၏။
၂၅း၇၁။ ခဝါချသူ၊ ပြုပြင် ပြောင်းလဲခြင်းကို ကျင့်ကြံသူ၊ ဧကန်ပင် သူသည် ပရမတ်ဘုရားရှင်ထံသို့ ခဝါချခြင်းဖြင့် ခဝါချသူ ဖြစ်၏။
၂၅း၇၂။ သူတို့သည် လှည့်ပတ်ပြောဆို သက်သေလိုက်ခြင်း မရှိ၊ ပွစိပွစိ လုပ်နေရာများသို့ ဖြတ်သွားသောအခါ ဂုဏ်ကျက်သရေရှိရှိ ဖြတ်သွားကြကုန်၏။
၂၅း၇၃။ သူတို့၏ ကံကြမ္မာရှင်ထံမှ သုတ်ဒေသနာများကို သတိဖေါ်ပေးသောအခါ သူတို့သည် ပင်းနေ ကန်းနေသော ပြဝပ်သူများ မဟုတ်ချေ။
၂၅း၇၄။ သူတို့က “အို- ကံကြမ္မာရှင်၊ တပည့်တော်တို့၏ အိမ်ထောင်ဘက်များ၊ သားစဉ်မြေးဆက်များဖြင့် တပည့်တော်တို့၏ မျက်လုံးများ တည်ငြိမ်အေးချမ်းမှုကို ချီးမြှင့်တော်မူပါ၊ တပည့်တော်တို့အား စည်းစောင့်သူများ အတွက် ရှေ့ဆောင်ရှေ့ရပ် အဖြစ် စီစဉ်ပေးတော် မူပါ၊” ဟု ဆုတောင်း၏။
၂၅း၇၅။ သူတို့၏ သည်းခံမှုများကြောင့် လုံးချင်းအိမ်ရာများ အစားပေး ခံရလတ္တံ့၊ ထို၌ ပျူငှာခြင်း၊ ငြိမ်းချမ်းစေခြင်းများ တွေ့ရလတ္တံ့။
၂၅း၇၆။ ထို၌ အစဉ် စံစားရလတ္တံ့၊ ၎င်းသည် အတင့်တယ်ဆုံး တည်ရာနှင့် ရပ်တည်ရာဘုံ ဖြစ်၏။
၂၅း၇၇။ ဟောလော့၊ “သင်တို့၏ ဆုတောင်းခြင်းသာ မရှိလျှင် ကံကြမ္မာရှင်သည် သင်တို့အား အရေးတယူရှိမည် မဟုတ်၊ သို့သော် သင်တို့သည် မုချ ငြင်းဆန်ကြပြီ၊ ၎င်းသည် မကြာမီ တွန်းအား ဖြစ်လာလတ္တံ့။
ဓမ္မခန္ဓာ (၂၅) ဤတွင် ပြီး၏။
ဓမ္မခန္ဓာ (၂၆) “ကဗျာဆရာများ”
ဉာဏ်စဉ်ကိန်းပေးမှု အမှတ်စဉ်- ၄၇။ သုတ်ဒေသနာ- ၂၂၇ ပါး။
ကရုဏာရှင် အကြင်နာရှင် ဖြစ်တော်မူသော ပရမတ်ဘုရားရှင်၏ ဂုဏ်တော်အားဖြင့်
၂၆း၁။ “ဆိုင်းနိုင်းတောင်၌ မူဆာအား ချမှတ်ပေးသော ကျမ်းတော်ကဲ့သို့”။-
၂၆း၂။ ဤသည် ရှင်းလင်း ထင်ရှားသော ကျမ်းတော်၏ သုတ်ဒေသနာတော်များ ဖြစ်၏။
၂၆း၃။ သူတို့၏ မယုံကြည်မှုများကြောင့် သင့်စိတ်ကို သင် ဖြေမဆယ်နိုင် ဖြစ်ရာ၏။
၂၆း၄။ စံချိန်ပြည့်မီလျှင် သူတို့၏ လည်ကုပ်ကို ခွစီး ကုပ်တွယ်စေမည့် ကောင်းကင်ယံမှ သက်သေ လက္ခဏာတော်ကို ငါ ချမှတ်ပေးလတ္တံ့။
၂၆း၅။ ကရုဏာရှင်၏ထံမှ သူတို့ထံသို့ သတိပေး ဆင့်ပြန်မှု ပေးရောက်တိုင်း ၎င်းအား ဘောင်ကန့်ထား သူများသာ ဖြစ်ကြ၍။-
၂၆း၆။ မုချ ငြင်းဆန်ကြပြန်ပြီ၊ သို့ဖြစ်၍ သူတို့၏ လှောင်ပြောင်လေ့ ရှိခဲ့သော သတင်းအား သူတို့ထံသို့ ပေးရောက်လာလတ္တံ့။
၂၆း၇။ သို့မဟုတ် မြေကမ္ဘာသို့ မရှုမြင်ကြသလော၊ ထို၌ ကျက်သရေရှိသော စုဖွဲ့ကိုယ်စီ မည်မျှကို ငါ ဖြစ်ထွန်းစေသနည်း။
၂၆း၈။ ဧကန်ပင်၊ ၎င်း၌ သက်သေ လက္ခဏာရပ် ရှိနေ၏၊ သို့သော် သူတို့မှ အများစုကြီးသည် ယုံကြည်ကြသည် မဟုတ်ချေ။
၂၆း၉။ ဧကန်ပင် သင့်ကံကြမ္မာရှင်သည် ဘုန်းတော်ရှင်၊ အကြင်နာရှင် ဖြစ်တော်မူ၏။
၂၆း၁၀။ သင့်ကံကြမ္မာရှင်က မူဆာအား “မုချ အရောက်သွားလော့၊ မိုက်ကြေး ခွဲနေသည့် လူမျိုးဖြစ်သော။-
၂၆း၁၁။ ဖာရိုး၏ လူမျိုးထံသို့- သူတို့အား စည်းစောင့်စေရန်” ဟု ဆင့်ဆိုတော်မူ၏။
၂၆း၁၂။ သူက “အို- ကံကြမ္မာရှင်၊ သူတို့၏ ငြင်းဆန်မည်ကို တပည့်တော် စိုးရိမ်ပါ၏။”
၂၆း၁၃။ “တပည့်တော်၏ ရင်သည် မွန်းကျပ်လှပါ၏၊ တပည့်တော်၏ လျှာသည် စကားမထွက်နိုင်ပါ၊ သို့ဖြစ်၍ ဟာရွန်ကိုလည်း စေစားပေးပါ။”
၂၆း၁၄။ “တပည့်တော်၏ အပေါ်တွင် သူတို့၏ ပြစ်ဒဏ်ရှိပါ၏၊ သို့ဖြစ်၍ သူတို့၏ သတ်ဖြတ်မည်ကို ကြောက်မိပါ၏၊” ဟု လျှောက်ထားသော်။-
၂၆း၁၅။ အရှင်က “အကြောင်းမရှိ၊ သင်တို့သည် ငါ့ သုတ်ဒေသနာများဖြင့် သွားကြလော့၊ ငါသည် သင်တို့နှင့်အတူ ရှိ၏၊ ကြားသိနေတော်မူ၏၊” ဟု မိန့်၏။
၂၆း၁၆။ သို့ဖြင့် ဖာရိုးထံသို့ အရောက်သွားလျက် “ကျွန်ုပ်တို့သည် လောက ခပ်သိမ်း၏ ကံကြမ္မာရှင်ထံမှ ဉာဏ်စဉ်ဆောင်များ ဖြစ်၏။
၂၆း၁၇။ ဂျုးလူမျိုးများကို ကျွန်ုပ်တို့နှင့်အတူ ပါသွားစေလော့၊” ဟု ပြောသော်။-
၂၆း၁၈။ သူက “ကျွန်ုပ်တို့သည် သင့်အား မွေးကင်းစမှ ကြီးထွားသည်ထိ ပြုစုခဲ့သည် မဟုတ်လော၊ သင့်ဘဝ သံသရာမှ နှစ်များစွာကို ကျွန်ုပ်တို့အထဲ၌ နေစေခဲ့သည် မဟုတ်လော။
၂၆း၁၉။ သင် ပြုလုပ်ခဲ့သော ပြုလုပ်မှု- ထိုပြုလုပ်မှုသည် ရှိနေ၏၊ သင်သည်ကား ဖုံးကွယ်သူများမှ ဖြစ်၏၊” ဟု ပြန်ပြော၏။
၂၆း၂၀။ မူဆာက “၎င်းကို ကျွန်ုပ် ပြုလုပ်ခဲ့သည်မှာ ကျွန်ုပ်သည် လွဲမှားနေသူ များထဲ၌ ရှိစဉ် ဖြစ်၏။
၂၆း၂၁။ သို့ဖြင့် သင်တို့ကို ကြောက်ရွံ့၍ သင်တို့ထံမှ ကျွန်ုပ် ထွက်ပြေးခဲ့၏၊ ထို့နောက် ကျွန်ုပ်၏ ကံကြမ္မာရှင်သည် ကျွန်ုပ်အား ဓမ္မသတ်ကို ချီးမြှင့်တော်မူ၍ ဉာဏ်စဉ်ဆောင်များ အနက်မှ စီစဉ်ပေး၏။
၂၆း၂၂။ ကျွန်ုပ်အား ဤသို့ သင် မျက်နှာသာပေး၊ ဂုဏ်ပေးလျက်၊ ဂျူးလူမျိုးတို့အား ကျွန်ဇာတ်သွင်းမည်လော၊” ဟု ပြောသော်။-
၂၆း၂၃။ ဖာရိုးက “လောကခပ်သိမ်း၏ ကံကြမ္မာရှင် ဆိုသည်မှာ အဘယ်အရာနည်း၊” ဟု မေး၏။
၂၆း၂၄။ သူက “မိုးများနှင့် မြေကမ္ဘာ၊ ထိုနှစ်ခုကြား၊ ရှိသမျှတို့၏ ကံကြမ္မာရှင် ဖြစ်၏၊ သင် ဒိဋ္ဌ ယုံကြည်နိုင်ပါစ၊” ဟု ဆို၏။
၂၆း၂၅။ ဖာရိုးက သူ့ပတ်လည်ရှိ သူများအား “မကြားကြဘူးလား၊” ဟု မေးသော်။-
၂၆း၂၆။ မူဆာက “သင်တို့၏ ကံကြမ္မာရှင်၊ သင်တို့၏ ရှေးဦး ပထမ ဘဘိုး တို့၏ ကံကြမ္မာရှင် ဖြစ်၏၊” ဟု ပြန်ပြော၏။
၂၆း၂၇။ ဖာရိုးက “သင်တို့ထံသို့ စေစားသော သင်တို့၏ ဉာဏ်စဉ်ဆောင်သည် အရူး တစ်ယောက်ပင် ဖြစ်၏၊” ဟု ဆိုသော်။-
၂၆း၂၈။ မူဆာက “နေထွက်ရာ၊ နေဝင်ရာတို့နှင့် ထိုနှစ်ခုကြား ရှိသမျှတို့၏ ကံကြမ္မာရှင် ဖြစ်၏၊ သင် အတွေးအခေါ် ရှိပါလေစ၊” ဟု ပြောပြန်၏။
၂၆း၂၉။ ဖာရိုးက “သင်သည် ကျွန်ုပ်မှအပ အခြားကို ဘုရားဟု အယူထားခဲ့လျှင် သင့်အား ထောင်ကျသားတို့မှ ဖြစ်ရန် ကျွန်ုပ် စီစဉ်လတ္တံ့၊” ဟု ဆို၏။
၂၆း၃၀။ မူဆာက “အကယ်၍ ကျွန်ုပ်သည် သင့်ထံသို့ ရှင်းလင်းချက် တစ်စုံတစ်ရာအား ရောက်လာစေခဲ့သော်-” ဟု မေးရာ။-
၂၆း၃၁။ ဖာရိုးက “သင်သည် ဖြောင့်မှန်သူများမှ ဖြစ်လျှင် ကျွန်ုပ်အား ပေးအပ်လော့၊” ဟု ပြောသဖြင့်။-
၂၆း၃၂။ သူ၏ လက်ထောက်အား ခင်းကျင်းသောအခါ ၎င်းသည် ရှင်းလင်း ထင်ရှားသော မြွေနဂါး ဖြစ်လာ၏။
၂၆း၃၃။ သူ၏လက်ကို ဆွဲထုတ်လိုက်သောအခါ ၎င်းသည် စောင့်ကြည့်သူတို့ အဘို့ အဖြူထည်သက်သက် ဖြစ်၏။
၂၆း၃၄။ ဖာရိုးက ပတ်လည်မှ အကြံပေးများအား “ဤသူသည် မှော် ပညာရှင် ဖြစ်၏။
၂၆း၃၅။ သူသည် သင်တို့၏နယ်မြေမှ သင်တို့အား ထုတ်ယူလိုခြင်းပင် ဖြစ်၏၊ သူ့ မှော်အတတ်ဖြင့် သင်တို့အား မည်သို့ ညွှန်ကြားမည်နည်း၊” ဟု ပြောသောအခါ။-
၂၆း၃၆။ သူတို့က “သူနှင့် သူ့အစ်ကိုအား စောင့်ခိုင်းထားပါ၊ မြို့နယ်များမှ စည်းရုံးရေးမှုးများ ဖေါ်ထုတ်၍။-
၂၆း၃၇။ မှော်ပညာရှင် ကိုယ်စီအား သင့်ထံသို့ လာရောက်စေပါ” ဟု ပြန်ပြောကြ၏။
၂၆း၃၈။ ထို့နောက် မှော်ဆရာများကို အသိပေး၍ ရက်ချိန်းနေ့၌ စုစည်းစေကာ။-
၂၆း၃၉။ လူထုကြီးအား “သင်တို့သည် စုစည်းကြမည်လော၊” ဟု မေးမြန်းရာ။-
၂၆း၄၀။ လူထုက “မှော်ဆရာများက အနိုင်ရသူများ ဖြစ်ခဲ့သော် ကျွန်ုပ်တို့သည် သူတို့၏ နောက်သို့ လိုက်နိုင်ရာ၏၊” ဟု ဆိုကြ၏။
၂၆း၄၁။ ဖာရိုးထံသို့ မှော်ဆရာများ ရောက်လာစဉ် “ကျွန်ုပ်တို့သည် အနိုင်ရသူများ ဖြစ်ကြလျှင် ကျွန်ုပ်တို့အတွက် အကျိုး ဆုလာဘ်များ ရှိမည်လော၊” ဟု မေးကြရာ။-
၂၆း၄၂။ သူက “ကောင်းပြီ၊ သင်တို့သည် ချဉ်းကပ်ခွင့်ရသူများ ဖြစ်ရစေမည်၊” ဟု ဆို၏။
၂၆း၄၃။ သူတို့အား မူဆာက “သင်တို့ ခင်းကျင်းစရာအား ခင်းကျင်းလော့၊” ဟု ဆိုသော်။-
၂၆း၄၄။ သူတို့၏ ကြိုးများ၊ လက်ထောက်များကို ခင်းကျင်းစဉ် သူတို့က “ဖာရိုး၏ ဘုန်းတော်ဖြင့် ကျွန်ုပ်တို့သည် အနိုင်ရသူများ ဖြစ်ရမည်သာတည်း၊” ဟု ဆိုကြ၏။
၂၆း၄၅။ မူဆာသည် သူ၏ လက်ထောက်ကို ခင်းကျင်းစဉ် ထိုအခါ ၎င်းသည် သူတို့၏ လှည့်စားမှုတို့အား မြိုလေတော့၏။
၂၆း၄၆။ ခင်းကျင်းသော မှော်ဆရာများသည် ဦးချကြလျက်။-
၂၆း၄၇။ “ကျွန်ုပ်တို့သည် လောကခပ်သိမ်း၏ ကံကြမ္မာရှင်အား သက်ဝင် ယုံကြည်ကြပါပြီ။
၂၆း၄၈။ အရှင်သည် မူဆာနှင့် ဟာရွန်တို့၏ ကံကြမ္မာရှင် ဖြစ်ပါ၏၊” ဟု ရင့်ကျူးကြ၏။
၂၆း၄၉။ ဖာရိုးက “သင်တို့သည် ကျွန်ုပ်၏ ခွင့်ပြုချက်မရမီ သူ့အား ယုံကြည်ကြသလော၊ သူသည် သင်တို့အား မှော်အတတ် သင်ပေးသော သင်တို့၏ အကြီးအကဲ ဖြစ်ရမည်၊ သင်တို့ သိကြရလတ္တံ့၊ ကျွန်ုပ်သည် သင်တို့၏ ဆက်လုပ်မည့် လက်များ၊ ခြေများကို ဖြတ်တောက်လတ္တံ့၊ သင်တို့ အားလုံးကို ကားစင် တင်ပစ်လတ္တံ့၊” ဟု ကြုံးဝါး၏။
၂၆း၅၀။ သူတို့က “မထိခိုက်ပါ၊ ကျွန်ုပ်တို့သည် ကံကြမ္မာရှင်၏ထံသို့ ဦးလှည့် ရမည့်သူများပင် ဖြစ်၏။
၂၆း၅၁။ ကျွန်ုပ်တို့၏ ကံကြမ္မာရှင်သည် ကျွန်ုပ်တို့အား မေ့ပြစ်များမှ လွတ်ငြိမ်းစေခြင်းကို မျှော်လင့်၏၊ ကျွန်ုပ်တို့သည် ဦးဦးဖျားဖျား ယုံကြည်သူများ ဖြစ်လို၏၊” ဟု ပြန်ပြောကြ၏။
၂၆း၅၂။ မူဆာထံသို့ “သင်တို့အား နောက်မှ လိုက်ကြလိမ့်မည်၊ သင်သည် ငါ့ အမှုတော်ဆောင်များနှင့် အတူ ခရီးနှင်လော့၊” ဟု ငါ အာရုံဖြစ်စေ၏။
၂၆း၅၃။ ဖာရိုးက မြို့နယ်များသို့ စည်းရုံးရေးမှုးများကို စေစားလျက်။-
၂၆း၅၄။ ဧကန်ပင် တစ်ဆုပ်စာ အနည်းငယ်ဖြစ်သော ထိုသူများ။-
၂၆း၅၅။ ထိုသူများက ကျွန်ုပ်တို့အား ရန်စကြပြီ။
၂၆း၅၆။ ကျွန်ုပ်တို့ အားလုံး သတိ၊ (ဟု တပ်လှန့်၏။)
၂၆း၅၇။ သို့ဖြင့် ငါက သူတို့ကို ထုတ်ပယ်လိုက်သည်မှာ စိမ့်စမ်း ဥယျာဉ်များ အတွင်းမှ။-
၂၆း၅၈။ ကျက်သရေရှိသော ရတနာ စီရီ ဘုံဌာနေမှ ဖြစ်၏။
၂၆း၅၉။ ဤသို့ဖြင့် ငါသည် ဂျူးလူမျိုးတို့ကို အမွေ ဆက်ခံစေတော်မူ၏။
၂၆း၆၀။ ဖာရိုးတပ်သည် သူတို့အား အရှေ့ဘက်မှ လိုက်၏။
၂၆း၆၁။ တပ်စုနှစ်ခု ပက်ပင်း တိုးသောအခါ မူဆာ၏ ပေါင်းဖေါ်များက “ကျွန်ုပ်တို့မှာ လွှမ်းခြုံခံရလတ္တံ့၊” ဟု ပြောကြ၏။
၂၆း၆၂။ သူက “မဟုတ်ပြီ၊ ကံကြမ္မာရှင်သည် ကျွန်ုပ်နှင့် အတူရှိ၍ ကျွန်ုပ်အား လမ်းညွှန်တော်မူအံ့၊” ဟု ဆို၏။
၂၆း၆၃။ မူဆာထံသို့ “သင့် လက်ထောက်ဖြင့် ပင်လယ်ဝမှ ခရီးနှင်လော့၊” ဟု ငါ အာရုံဈာန် ဖြစ်စေ၏၊ သို့ဖြင့် ကွဲပြားသွားခဲ့၏၊ တောင်နံရံကြီးကဲ့သို့ ကိုယ်စီ ခွဲခြားပြီး ဖြစ်၏။
၂၆း၆၄။ ထိုနေရာသို့ နောက်မှလိုက်သူများကို ချဉ်းကပ် လာနေစေတော်မူ၏။
၂၆း၆၅။ မူဆာ၊ သူ့နှင့်အတူ အားလုံးကို ငါ လွတ်မြောက်စေတော်မူ၍။-
၂၆း၆၆။ အခြားသူတို့အား နစ်မြုပ်စေခဲ့ပြီ။
၂၆း၆၇။ ဧကန်ပင် ဤ၌ သက်သေ လက္ခဏာရပ် ရှိနေ၏။ သို့သော် သူတို့မှ အများစုမှာ ယုံကြည်ကြသည် မဟုတ်ချေ။
၂၆း၆၈။ ဧကန်ပင် သင့် ကံကြမ္မာရှင်သည် ဘုန်းတော်ရှင်၊ အကြင်နာရှင် ဖြစ်တော်မူ၏။
၂၆း၆၉။ အီဗရာဟီးမ်၏ သတင်းအကြောင်း သူတို့အား ရွတ်ပြလော့။
၂၆း၇၀။ သူက သူ့ဖခင်နှင့် သူ့လူမျိုးအား “မည်သည့် အရာကို ကိုးကွယ်နေကြသနည်း၊” ဟု မေးသော်။-
၂၆း၇၁။ သူတို့က “ဆင်းတုတော်များကို ကျွန်ုပ်တို့ ကိုးကွယ်၏၊ ၎င်းတို့ကို ဝဇီပိတ်၍ ကုပ်တွယ်ထားပြီ၊” ဟု ပြန်ပြော၏။
၂၆း၇၂။ သူက “သင်တို့ ဆုတောင်းသည်ကို ၎င်းတို့ ကြားကြသလော။
၂၆း၇၃။ သို့မဟုတ် သင်တို့အား အကျိုး ပေးနိုင်သလော၊ အဆိုးကော ပေးနိုင်သလော၊” ဟု မေးသော်။-
၂၆း၇၄။ သူတို့က “အမှန်မှာ ဤသို့ ပြုလုပ်နေသည်ကို မိရိုးဖလာ အလျောက် ကျွန်ုပ်တို့ တွေ့ရ၏၊” ဟု ပြန်ပြော၏။
၂၆း၇၅။ သူက ပြောသည်မှာ “သင်တို့ ကိုးကွယ်လေ့ ရှိရာများကို မြင်သလော။
၂၆း၇၆။ သင်တို့နှင့် သင်တို့၏ ဘဘိုးများ စုံရပ်ခံခဲ့ကြပြီ။
၂၆း၇၇။ ၎င်းတို့သည် ကျွန်ုပ်အား စည်းဖေါက်များသူ ဖြစ်၏၊ ကျွန်ုပ်အတွက်မူ လောကခပ်သိမ်း၏ ကံကြမ္မာရှင်သာ ရှိ၏။
၂၆း၇၈။ ကျွန်ုပ်အား ဖြစ်တည်စေသော အရှင်သည် ကျွန်ုပ်အား လမ်းညွှန်ပေး၏။
၂၆း၇၉။ ထိုအရှင်သည် ကျွန်ုပ်အား အစာ ကျွေး၏၊ သောက်ရေပေး၏။
၂၆း၈၀။ ကျွန်ုပ် ဖျားသောအခါ ဆေးကုပေး၏။
၂၆း၈၁။ အရှင်သည် ကျွန်ုပ်အား သေခြင်းကို ဖြစ်စေ၏၊ တဖန် ရှင်ခြင်းကို ဖြစ်စေ၏။
၂၆း၈၂။ စီရင်မိန့်ချသည့်နေ့ ကာလ၌ အရှင်သည် ကျွန်ုပ်၏ မေ့မှားပြစ်များကို လွတ်ငြိမ်းစေမည်ဟု ကျွန်ုပ် မျှော်လင့်မိ၏၊” ဟု ဖြစ်၏။
၂၆း၈၃။ အို- ကံကြမ္မာရှင်၊ တပည့်တော်အား စီရင်ထုံး ပြုနည်းကို ချီးမြှင့်တော်မူပါ၊ ပြုပြင်သူများဖြင့် အတူ ဖြစ်စေတော်မူပါ။
၂၆း၈၄။ နောင်လာနောက်သားတို့၏ နှုတ်လျှာတွင် တပည့်တော်အား သမာဓိရှင်အဖြစ် စီစဉ်ပေးတော်မူပါ။
၂၆း၈၅။ ဂုဏ်ရှိသော သုခဘုံများ၌ အမွေစား အမွေခံအဖြစ် စီစဉ်ပေးတော်မူပါ။
၂၆း၈၆။ အပါယ်လမ်း၌ ရှိနေသော တပည့်တော်၏ ဖခင်အား လွတ်ငြိမ်းခွင့်ပေးတော်မူပါ။
၂၆း၈၇။ နိုးထရမည့်နေ့ ကာလ၌ တပည့်တော်သည် အရှက်ရစေသူမှ မဖြစ်ပါရစေနှင့်။
၂၆း၈၈။ ထိုနေ့တွင် ဥစ္စာပစ္စည်း၊ သားသမီးများက အကျိုးပေးနိုင်ခြင်း မရှိချေ။
၂၆း၈၉။ ပရမတ်ဘုရားရှင်၏ထံသို့ ငြိမ်းချမ်းသော နှလုံးသားဖြင့် လာသူသည်သာ ကင်းလွတ်၏။
၂၆း၉၀။ စည်းစောင့်သူများဘက်သို့ သုခဘုံသည် ချဉ်းကပ်လာနေစေ၏။
၂၆း၉၁။ ငရဲမီးသည် တိမ်းပါးနေသူများအတွက် ချဉ်းကပ်ရာဘုံ ဖြစ်၏။
၂၆း၉၂။ သူတို့အား မေးမည်မှာ “သင်တို့ ကိုးကွယ်လေ့ရှိရာများ အဘယ်မှာနည်း။
၂၆း၉၃။ ပရမတ်ဘုရားရှင်မှလွဲ၍ သင်တို့အား ကူညီနိုင်သလော၊ သို့မဟုတ် သူတို့ကိုယ် သူတို့ ကူညီနိုင်သလော၊” ဟု ဖြစ်၏။
၂၆း၉၄။ ထို၌ အလှည့်ပြန်ခံရသူများမှာ တိမ်းပါးနေသူများနှင့်။-
၂၆း၉၅။ ရှေးရိုးစွဲ တပ်အင်အားစု အားလုံးပင် ဖြစ်၏။
၂၆း၉၆။ သူတို့ချင်း အချေအတင် ဖြစ်မှု၌ ပြောကြမည်မှာ။-
၂၆း၉၇။ ပရမတ်ဘုရားရှင်အား တိုင်တည်လျက် ကျွန်ုပ်တို့သည်ကား ရှင်းလင်း ထင်ရှားသော အပါယ်လမ်း၌ ရှိကြပြီ။
၂၆း၉၈။ ကျွန်ုပ်တို့က လောကခပ်သိမ်း၏ ကံကြမ္မာရှင်ဖြင့် ပုံစံတူဟု မှတ်သော သင်တို့။-
၂၆း၉၉။ ရာဇဝတ်ကောင်များက ကျွန်ုပ်တို့အား လမ်းမှားစေခဲ့သည်သာ။-
၂၆း၁၀၀။ ကျွန်ုပ်တို့ အတွက်မူ အမျှဝေပေးနိုင်သူ မရှိလေတကား။
၂၆း၁၀၁။ နွေးထွေးသော မိတ်ဆွေမှန်လည်း မရှိလေပြီ။
၂၆း၁၀၂။ အကယ်၍ ကျွန်ုပ်တို့မှာ အလှည့် ပြန်ရခဲ့လျှင် ယုံကြည်သူများ အနက်မှ ဖြစ်ရပေအံ့၊” ဟု ဖြစ်၏။
၂၆း၁၀၃။ ဧကန်ပင် ဤ၌ သက်သေ လက္ခဏာရပ် ရှိနေ၏၊ သို့သော် သူတို့ အများစုကြီးသည် ယုံကြည်ကြသည် မဟုတ်ချေ။
၂၆း၁၀၄။ ဧကန်ပင် သင့် ကံကြမ္မာရှင်သည် ဘုန်းတော်ရှင်၊ အကြင်နာရှင် ဖြစ်တော်မူ၏။
၂၆း၁၀၅။ နူးဟ်၏ လူမျိုးတို့သည် ဉာဏ်စဉ်ဆောင်များကို ငြင်းဆန်ကြ၏။
၂၆း၁၀၆။ သူတို့၏ ညီနောင်ဖြစ်သော နူးဟ်က ပြောသည်မှာ “သင်တို့သည် စည်းစောင့်ကြမည် မဟုတ်လော။
၂၆း၁၀၇။ ကျွန်ုပ်သည် သင်တို့အတွက် ယုံကြည် စိတ်ချရသော ဉာဏ်စဉ်ဆောင် ဖြစ်၏။
၂၆း၁၀၈။ ပရမတ်ဘုရားရှင်အား စည်းစောင့်ကြလော့၊ ကျွန်ုပ်အား နာခံကြကုန်လော့။
၂၆း၁၀၉။ ကျွန်ုပ်သည် ထို့အတွက် သင်တို့ထံမှ အကျိုးဆုလာဘ်ကို မတောင်းချေ၊ ကျွန်ုပ်အတွက် ဆုလာဘ်မှာ လောကခပ်သိမ်း၏ ကံကြမ္မာရှင် ထံမှသာ ဖြစ်၏။
၂၆း၁၁၀။ သို့ဖြစ်၍ ပရမတ်ဘုရားရှင်အား စည်းစောင့်ကြလော့၊ ကျွန်ုပ်အား နာခံကြကုန်လော့၊” ဟု ဖြစ်၏။
၂၆း၁၁၁။ သူတို့က “ကျွန်ုပ်တို့ သင့်ကို ယုံကြည်ရမည်လော၊ သင့်အား ဉာဏ်နိမ့်သူတို့သာ လိုက်နာနေကြ၏၊” ဟု ဆို၏။
၂၆း၁၁၂။ သူက ပြန်ပြောသည်မှာ “သူတို့ မည်သို့ ကျင့်ကြံလေ့ ရှိသည်များကို ကျွန်ုပ် မည်သို့သိအံ့နည်း။”
၂၆း၁၁၃။ သူတို့အား စာရင်းရှင်းခြင်းသည် ကံကြမ္မာရှင်နှင့်သာ ဆိုင်၏၊ သင်တို့ သတိမူမိ နိုင်ပါစ။
၂၆း၁၁၄။ ကျွန်ုပ်အနေဖြင့် ယုံကြည်သူများကို မောင်းထုတ်မည် မဟုတ်ချေ။
၂၆း၁၁၅။ ကျွန်ုပ်သည်ကား ရှင်းလင်း ထင်ရှားသော သတိပေးသူ ဖြစ်သည်၊” ဟု ဖြစ်သော်။-
၂၆း၁၁၆။ သူတို့က “အသင်သည် မရပ်စဲလျှင်၊ အို- နူးဟ်၊ သင်သည် ပစ်ထုတ် ခံရသူများမှ ဖြစ်ရချေမည်၊” ဟု ဆိုကြ၏။
၂၆း၁၁၇။ သူက “အို- ကံကြမ္မာရှင်၊ တပည့်တော်၏ လူမျိုးသည် ငြင်းဆန်ကြပေပြီ။
၂၆း၁၁၈။ တပည့်တော်၏ကြား၊ သူတို့ကြား၌ ထွက်ပေါက် ဖွင့်ပေးတော်မူပါ၊ တပည့်တော်၊ တပည့်တော်နှင့် အတူရှိသော ယုံကြည်သူများကို လွတ်မြောက်စေတော်မူပါ၊” ဟု ဆုတောင်း၏။
၂၆း၁၁၉။ ငါသည် သူ၊ သူနှင့်အတူရှိသော သူတို့ကို ဝန်တင် သင်္ဘောဖြင့် လွတ်မြောက်စေတော်မူ၏။
၂၆း၁၂၀။ ထို့နောက်တွင် နောက်ကျန် တည်ရှိသူများကို နစ်မြုပ်စေခဲ့ပြီ။
၂၆း၁၂၁။ ဧကန်ပင် ဤ၌ သက်သေ လက္ခဏာရပ် ရှိနေ၏၊ သို့သော် သူတို့ အများစုကြီးသည် ယုံကြည်ကြသည် မဟုတ်ချေ။
၂၆း၁၂၂၊ ဧကန်ပင် သင့်ကံကြမ္မာရှင်သည် ဘုန်းတော်ရှင်၊ အကြင်နာရှင် ဖြစ်တော်မူ၏။
၂၆း၁၂၃။ အာဒ်တို့သည် ဉာဏ်စဉ်ဆောင်များကို ငြင်းဆန်ခဲ့ကြပြီ။
၂၆း၁၂၄။ သူတို့၏ ညီနောင်ဖြစ်သော ဟူဒ်က ပြောသည်မှာ “သင်တို့သည် စည်းစောင့်ကြမည် မဟုတ်လော။
၂၆း၁၂၅။ ကျွန်ုပ်သည် သင်တို့အတွက် ယုံကြည် စိတ်ချရသော ဉာဏ်စဉ်ဆောင်ဖြစ်၏။
၂၆း၁၂၆။ ပရမတ်ဘုရားရှင်အား စည်းစောင့်ကြလော့၊ ကျွန်ုပ်အား နာခံကြကုန်လော့။
၂၆း၁၂၇။ ကျွန်ုပ်သည် ထို့အတွက် သင်တို့ထံမှ အကျိုးဆုလာဘ်ကို မတောင်းချေ၊ ကျွန်ုပ်အတွက် ဆုလာဘ်မှာ လောကခပ်သိမ်း၏ ကံကြမ္မာရှင်ထံမှသာ ဖြစ်၏။
၂၆း၁၂၈။ သင်တို့သည် အဓိပ္ပါယ်မဲ့ အောင်လံ ကိုယ်စီ လွှင့်ထူရန် တည်ဆောက် နေကြသလော။
၂၆း၁၂၉။ အစဉ် တည်တံ့နိုင်အံ့ငှာ တည်ဆောက်ထားသည်များကို သိမ်းယူကြကုန်၏။
၂၆း၁၃၀။ ကိုင်တွယ်သောအခါ ပုန်ကန်သူများအဖြစ် သင်တို့ ကိုင်တွယ်ကြ၏။
၂၆း၁၃၁။ ပရမတ်ဘုရားရှင်အား စည်းစောင့်ကြလော့၊ ကျွန်ုပ်အား နာခံကြကုန်လော့။
၂၆း၁၃၂။ သင်တို့ကို တိုးပွားသည့် အရှင်အား သိထားသည့်အတိုင်း စည်းစောင့်ကြကုန်လော့။
၂၆း၁၃၃။ အရှင်က သင်တို့အား တိုးပွားစေသည်မှာ တိရိစ္ဆာန်များ၊ သားသမီးများ။-
၂၆း၁၃၄။ ဥယျာဉ်ခြံများ၊ စိမ့်စမ်းများ၊ ဖြစ်၏။
၂၆း၁၃၅။ သင်တို့အား ဝဋ်ကြွေးသင့်မည့် နေ့ကြီးကို ကျွန်ုပ် ကြောက်မိသည်၊” ဟု ဖြစ်၏။
၂၆း၁၃၆။ သူတို့ ပြန်ပြောသည်မှာ “ကျွန်ုပ်တို့အား ဩဝါဒ ပေးသည် ဖြစ်စေ၊ သို့တည်းမဟုတ် ဩဝါဒ မပေးသည် ဖြစ်စေ၊ မထူးပြီ။
၂၆း၁၃၇။ ဤသည်မှာကား ရှေး သူဟောင်းတို့၏ လုပ်ဇာတ်အတိုင်းသာ ဖြစ်၏။
၂၆း၁၃၈။ ကျွန်ုပ်တို့သည် ဝဋ်သင့်ကောင် များ မဟုတ်ဟု။-
၂၆း၁၃၉။ သူတို့သည် ငြင်းဆန်ကြကုန်၏၊ သို့ဖြင့် ငါသည် သူတို့အား တိမ်ကောစေခဲ့ပြီ၊ ဧကန်ပင် ဤ၌ သက်သေ လက္ခဏာရပ် ရှိနေ၏၊ သို့သော် သူတို့ အများစုကြီးသည် ယုံကြည်ကြသည် မဟုတ်ချေ။
၂၆း၁၄၀။ ဧကန်ပင် သင့်ကံကြမ္မာရှင်သည် ဘုန်းတော်ရှင်၊ အကြင်နာရှင် ဖြစ်တော်မူ၏။
၂၆း၁၄၁။ သမူဒ်တို့သည် ဉာဏ်စဉ်ဆောင်များကို ငြင်းဆန်ခဲ့ကြပြီ။
၂၆း၁၄၂။ သူတို့၏ ညီနောင်ဖြစ်သော ဆွာလေဟ်က ပြောသည်မှာ “သင်တို့သည် စည်းစောင့်ကြမည် မဟုတ်လော။
၂၆း၁၄၃။ ကျွန်ုပ်သည် သင်တို့အတွက် ယုံကြည်စိတ်ချရသော ဉာဏ်စဉ်တော်ဆောင် ဖြစ်၏။
၂၆း၁၄၄။ ပရမတ်ဘုရားရှင်အား စည်းစောင့်ကြလော့၊ ကျွန်ုပ်အား နာခံကြကုန်လော့။
၂၆း၁၄၅။ ထို့အတွက် သင်တို့ထံမှ အကျိုးဆုလာဘ်ကို ကျွန်ုပ် မတောင်းချေ၊ ကျွန်ုပ်အတွက် ဆုလာဘ်မှာ လောကခပ်သိမ်း၏ ကံကြမ္မာရှင်ထံမှသာ ဖြစ်၏။
၂၆း၁၄၆။ သင်တို့အား အမြဲ ချန်ထားပေးမည်ဟု သင်တို့ ယုံကြည် စိတ်ချနေခြင်းမှာ။-
၂၆း၁၄၇။ ဥယျာဉ်များ၊ စိမ့်စမ်းများ၌။-
၂၆း၁၄၈။ စိုက်ခင်းများ၊ သီးပွင့်နုတို့ဖြင့် စွန်ပလွံပင်များ၌။-
၂၆း၁၄၉။ တောင်များကို ကျွမ်းကျင်စွာ ထုဆစ်ထားသော အဆောက်အဦများ၌၊- မဟုတ်ပေလော။
၂၆း၁၅၀။ ပရမတ်ဘုရားရှင်အား စည်းစောင့်ကြလော့၊ ကျွန်ုပ်အား နာခံကြကုန်လော့။
၂၆း၁၅၁။ အလွဲသုံးစား ပြုသူများ၏ ညွှန်ကြားချက်ကို မနာခံကြကုန်နှင့်။
၂၆း၁၅၂။ သူတို့သည် မြေကမ္ဘာအား အဖျက်အမှောင့် လုပ်ကြ၏၊ ပြုပြင် ပြောင်းလဲခြင်း မရှိချေ၊” ဟု ဖြစ်၏။
၂၆း၁၅၃။ သူတို့က ပြန်ပြောသည်မှာ “အမှန်မှာ အသင်သည် ပြုစားခံရသူများမှ ဖြစ်၏။
၂၆း၁၅၄။ အသင်သည် ကျွန်ုပ်တို့ကဲ့သို့ လူပုဂ္ဂိုလ်မျှသာ ဖြစ်၏၊ သင်သည် ဖြောင့်မှန်သူများမှ ဖြစ်လျှင် သက်သေ လက္ခဏာရပ်ကို ပေးအပ်လော့၊” ဟု ဖြစ်သော်။-
၂၆း၁၅၅။ သူက ပြောသည်မှာ “ဤမှာ ကုလားအုပ်မ အသိပေးသောနေ့တွင် သူမအတွက် သောက်ရေ၊ သင်တို့အတွက် သောက်ရေသည် ရှိစေရမည်။
၂၆း၁၅၆။ သူမအား အကုသိုလ်ဖြင့် မထိနှင့်၊ သို့ဖြစ်က ဝဋ်ကြွေးသင့်မည့် နေ့ကြီးက သင်တို့အား အရေးယူလတ္တံ့၊” ဟု ဖြစ်၏။
၂၆း၁၅၇။ သူတို့သည် သူမအား မျိုးအစေကြပြီ၊ သို့ဖြင့် ယူကျုံးမရ ဖြစ်သွားရလေ၏။
၂၆း၁၅၈။ ဝဋ်ကြွေးဖြင့် သူတို့အား အရေးယူလေပြီ၊ ဧကန်ပင် ဤ၌ သက်သေ လက္ခဏာရပ် ရှိနေ၏၊ သို့သော် သူတို့မှ အများစုကြီးသည် ယုံကြည်ကြသည် မဟုတ်ချေ။
၂၆း၁၅၉။ ဧကန်ပင် သင့်ကံကြမ္မာရှင်သည် ဘုန်းတော်ရှင်၊ အကြင်နာရှင် ဖြစ်တော်မူ၏။
၂၆း၁၆၀။ လု(တ်)၏ လူမျိုးတို့သည် ဉာဏ်စဉ်ဆောင်များအား ငြင်းဆန်ခဲ့ကြပြီ။
၂၆း၁၆၁။ သူတို့၏ ညီနောင်ဖြစ်သော လု(တ်)က ပြောသည်မှာ “သင်တို့သည် စည်းစောင့်ကြမည် မဟုတ်လော။
၂၆း၁၆၂။ ကျွန်ုပ်သည် သင်တို့အတွက် ယုံကြည် စိတ်ချရသော ဉာဏ်စဉ်တော်ဆောင် ဖြစ်၏။
၂၆း၁၆၃။ ပရမတ်ဘုရားရှင်အား စည်းစောင့်ကြလော့၊ ကျွန်ုပ်အား နာခံကြကုန်လော့။
၂၆း၁၆၄။ ထို့အတွက် သင်တို့ထံမှ အကျိုး ဆုလာဘ်ကို ကျွန်ုပ် မတောင်းချေ၊ လောကခပ်သိမ်း၏ ကံကြမ္မာရှင်ထံ၌သာ ကျွန်ုပ်အတွက် ဆုလာဘ်မှာ ရှိ၏။
၂၆း၁၆၅။ လောကခပ်သိမ်း၌ လိင်ဖိုများထံသို့သာ သင်တို့ လာလိုကြသလော။
၂၆း၁၆၆။ သင်တို့အတွက် သင်တို့၏ ကံကြမ္မာရှင်က ဖြစ်တည်ပေးထားသော စုဖွဲ့ဖေါ် ဇနီးများကို ချန်ခဲ့ကြသလော၊ အမှန်မှာ သင်တို့သည် စည်းဖေါက်သည့် လူမျိုးပင်၊-” ဟု ဖြစ်သော်။-
၂၆း၁၆၇။ သူတို့က “သင်သည် မရပ်စဲလျှင်၊ အိုး- လု(တ်)၊ သင်သည် မောင်းထုတ် ခံရသူအနက်မှ ဖြစ်ရလတ္တံ့၊” ဟု ပြန်ပြော၏။
၂၆း၁၆၈။ သူက “ကျွန်ုပ်သည် သင်တို့၏ အကျင့်အကြံများကို စက်ဆုပ်သူများမှ ဖြစ်၏၊” ဟု ပြော၍။-
၂၆း၁၆၉။ အို- ကံကြမ္မာရှင်၊ တပည့်တော်နှင့် ဝိုင်းသားတို့အား သူတို့၏ အကျင့်များမှ လွတ်မြောက်စေတော်မူပါ၊” ဟု ဆုတောင်းသဖြင့်။-
၂၆း၁၇၀။ သူနှင့် သူ့ဝိုင်းသား အားလုံးကို ငါ လွတ်မြောက်စေခဲ့ပြီ။
၂၆း၁၇၁။ သို့သော် အဘွားကြီးအား ကျန်ရစ်သူများမှ ဖြစ်စေ၏။
၂၆း၁၇၂။ တဖန် နောက်လူများကို ပျက်စီးစေတော်မူလိုက်၏။
၂၆း၁၇၃။ သူတို့အပေါ်သို့ မိုးကြီး ရွာသွန်းစေ၏၊ သတိပေးခံရသူများအား အကုသိုလ် မိုးထိလေ၏။
၂၆း၁၇၄။ ဧကန်ပင် ဤ၌ သက်သေ လက္ခဏာရပ် ရှိနေ၏၊ သို့သော် သူတို့မှ အများစုကြီးသည် ယုံကြည်ကြသည် မဟုတ်ချေ။
၂၆း၁၇၅။ ဧကန်ပင် သင့်ကံကြမ္မာရှင်သည် ဘုန်းတော်ရှင်၊ အကြင်နာရှင် ဖြစ်တော်မူ၏။
၂၆း၁၇၆။ တောတွင်းနေ ပေါင်းဖေါ်များသည် ဉာဏ်စဉ်ဆောင်များအား ငြင်းဆန်ခဲ့ကြပြီ။
၂၆း၁၇၇။ ရှုအိုက်ဘ်က ပြောသည်မှာ “သင်တို့သည် စည်းစောင့်ကြမည် မဟုတ်လော။
၂၆း၁၇၈။ ကျွန်ုပ်သည် သင်တို့အတွက် ယုံကြည် စိတ်ချရသော ဉာဏ်စဉ်ဆောင် ဖြစ်၏။
၂၆း၁၇၉။ ပရမတ်ဘုရားရှင်အား စည်းစောင့်ကြလော့၊ ကျွန်ုပ်အား နာခံကြကုန်လော့။
၂၆း၁၈၀။ ထို့အတွက် သင်တို့ထံမှ အကျိုးဆုလာဘ်ကို ကျွန်ုပ် မတောင်းချေ၊ ကျွန်ုပ်အတွက် ဆုလာဘ်မှာ လောကခပ်သိမ်း၏ ကံကြမ္မာရှင်ထံမှသာ ဖြစ်၏။
၂၆း၁၈၁။ ကုန်ဖလှယ်ရာ၌ ပြည့်စေကြလော့၊ လျော့ပေါ့ပေးသူတို့မှ မဖြစ်စေကြနှင့်။
၂၆း၁၈၂။ အချိန်အဆ မှန်စွာရပ်တည်၍ ချိန်လော့။
၂၆း၁၈၃။ လူသားတို့အတွက် သူတို့ရမည့် အရာကို မလျော့ကြနှင့်၊ ကမ္ဘာ၌ ညစ်ညမ်းစုတ်ပဲ့၊ အဖျက်ကောင်များ မဖြစ်ကြနှင့်။
၂၆း၁၈၄။ သင်တို့နှင့် ရှေးဦးပထမ တောတွင်း မျိုးဆက်များကို ဖြစ်တည်စေသော အရှင်အား စည်းစောင့်ကြလော့၊” ဟု ဖြစ်၏။
၂၆း၁၈၅။ သူတို့က ပြန်ပြောသည်မှာ “အမှန်မှာ အသင်သည် ပြုစားခံရသူများမှ ဖြစ်၏။
၂၆း၁၈၆။ အသင်သည် ကျွန်ုပ်တို့ကဲ့သို့ လူပုဂ္ဂိုလ်မျှသာ ဖြစ်၏၊ သင်သည် လူလိမ်များမှဟု ကျွန်ုပ်တို့ စဉ်းစားမိ၏။
၂၆း၁၈၇။ သင်သည် ဖြောင့်မှန်သူများမှ ဖြစ်ခဲ့လျှင် ကောင်းကင် အစိတ်စိတ် ကျွန်ုပ်တို့အပေါ်သို့ ပြိုကျစေလော့၊” ဟု ဖြစ်၏။
၂၆း၁၈၈။ သူက “ကျွန်ုပ်၏ ကံကြမ္မာရှင်သည် သင်တို့ ကျင့်ကြံသမျှအား အသိဆုံး ဖြစ်တော်မူ၏” ဟု ပြန်ပြောသော်လည်း။-
၂၆း၁၈၉။ သူတို့သည် သူ့အား ငြင်းဆန်ကြကုန်၏၊ သို့ဖြင့် ဝဋ်ကြွေးသင့်မည့်နေ့၏ လောင်းရိပ်က သူတို့အား အရေးယူလေပြီ၊ ယင်းသည် ဝဋ်ကြွေးသင့်သော နေ့ကြီးပင် ဖြစ်၏။
၂၆း၁၉၀။ ဧကန်ပင် ဤ၌ သက်သေ လက္ခဏာရပ် ရှိနေ၏၊ သို့သော် သူတို့မှ အများစုကြီးသည် ယုံကြည်ကြသည် မဟုတ်ချေ။
၂၆း၁၉၁။ ဧကန်ပင် သင့်ကံကြမ္မာရှင်သည် ဘုန်းတော်ရှင်၊ အကြင်နာရှင် ဖြစ်တော်မူ၏။
၂၆း၁၉၂။ ဧကန်ပင်- ဤသည် လောကခပ်သိမ်း၏ ကံကြမ္မာရှင်ထံမှ ချမှတ်ပေးခြင်း ဖြစ်၏။
၂၆း၁၉၃။ ၎င်းအားဖြင့် ယုံကြည် စိတ်ချရသော ဉာဏ်စဉ်တော်ကို ချမှတ်ပေး၏။
၂၆း၁၉၄။ သင်သည် သတိပေးသူတို့မှ ဖြစ်စေခြင်းငှာ ၎င်းကို သင်၏နှလုံးသား၌ လွှမ်းစေ၏။
၂၆း၁၉၅။ အာရ်ဗီ ဘာသာစကားဖြင့် ရှင်းရှင်းလင်းလင်းပင် ဖြစ်၏။
၂၆း၁၉၆။ ၎င်းကို ရှေးလူဟောင်းတို့၏ ကျမ်းငယ်များ၌ ဖေါ်ပြပြီး ဖြစ်၏။
၂၆း၁၉၇။ ဂျူးလူမျိုးမှ ပညာရှင်တို့သည် ၎င်းကို သိကြလျှင် သူတို့အတွက် ၎င်းသည် သက်သေ လက္ခဏာရပ် မဟုတ်ပေလော။
၂၆း၁၉၈။ ငါသည် ၎င်းကို လူမျိုးခြားအချို့ထံ ချမှတ်ပေးခဲ့ပြီး။-
၂၆း၁၉၉။ အကယ်၍ သူက ၎င်းတို့အား ရွတ်ဖတ်ပြလျှင် သူတို့သည် ၎င်းကို ယုံကြည်လိမ့်မည် မဟုတ်ချေ။
၂၆း၂၀၀။ ငါသည် ရာဇဝတ်ကောင်များ၏ နှလုံးသားသို့ ၎င်းကို ဤသို့ ဖေါက်ဝင်သွားစေ၏။
၂၆း၂၀၁။ သို့သော် သူတို့သည် စူးနစ်သော ဝဋ်ကြွေးကို မြင်ရသည့်တိုင် ၎င်း၌ ယုံကြည်ကြမည် မဟုတ်ချေ။
၂၆း၂၀၂။ သူတို့ သတိမမူနိုင်မီ ထိုဝဋ်ကြွေးအား သူတို့ထံသို့ ရုတ်တရက် ပေးရောက်လာလတ္တံ့။
၂၆း၂၀၃။ သို့ဖြစ်လျှင် သူတို့က ပြောမည်မှာ “ကျွန်ုပ်တို့အတွက် စောင့်ကြည့်နေခွင့် ရဦးမည်လော။
၂၆း၂၀၄။ ဝဋ်ကြွေးဒဏ်သည် အလျင်စလို ရှိမည်လော၊” ဟု ဖြစ်၏။
၂၆း၂၀၅။ သင် မြင်ပြီလော၊ ငါသည် သူတို့အား နှစ်ရှည်လများ ချမ်းမြေ့စေကာမူ။-
၂၆း၂၀၆။ သူတို့အား ကတိရှိသည့်အရာ သူတို့ထံသို့ ရောက်လာ၏။
၂၆း၂၀၇။ သူတို့အား ချမ်းမြေ့စေခဲ့ရာများသည် သူတို့အတွက် ပြည့်စုံခြင်း မရှိချေပြီ။
၂၆း၂၀၈။ ငါသည် သတိပေးသူ မရှိစေဘဲလျက် မည်သည့် အရပ်ဒေသကိုမှ တိမ်ကောစေခြင်း မရှိချေ။
၂၆း၂၀၉။ သတိဖေါ်ပေးရန် ဖြစ်၏၊ ငါသည် မည်သို့မှ အဝိဇ္ဇာ မသင့်စေပေ။
၂၆း၂၁၀။ ၎င်းဖြင့် မကောင်းဆိုးဝါးကို ချမှတ်ပေးသည် မဟုတ်ချေ။
၂၆း၂၁၁။ သူတို့အတွက် ရှာဖွေနိုင်သည်မရှိ၊ သူတို့ တတ်နိုင်သည်လည်း မဟုတ်ချေ။
၂၆း၂၁၂။ သူတို့အား ကြားနာနိုင်ခြင်းမှ ဝေးစွာ ရှောင်ခွာထားစေပြီ။
၂၆း၂၁၃။ သို့ဖြစ်၍ ဝဋ်သင့်သူများမှ မဖြစ်စေခြင်းငှာ ပရမတ်ဘုရားရှင်နှင့် တွဲဘက်၍ အခြား ဘုရားများထံ ဆုမတောင်းနှင့်။
၂၆း၂၁၄။ သင်နှင့် တစ်ကျိတ်တစ်ကြံတည်း နီးကပ်သူများကို သတိပေးလော့။
၂၆း၂၁၅။ သင့်အား လိုက်နာသော ယုံကြည်သူများ အပေါ် သင်၏ လက်ရုံးကို နှိမ့်ချလော့။
၂၆း၂၁၆။ သင့်အား အာခံကြလျှင် “သင်တို့၏ ကျင့်ကြံမှုများမှ ကျွန်ုပ် ကင်းရှင်းသည်၊” ဟု ဟောကြား၍။-
၂၆း၂၁၇။ ဘုန်းတော်ရှင်၊ အကြင်နာရှင်ထံ၌ ယုံပုံ ကိုးစားလော့။
၂၆း၂၁၈။ အရှင်သည် သင့်အား ကြည့်ရှုနေတော်မူသည်မှာ- သင်၏ ရပ်တည်နေသော အချိန်၌။-
၂၆း၂၁၉။ ဦးညွှတ် နှိမ့်ချမှုအတွင်း ဦးတည်သော စိတ်ကို ဖြစ်၏။
၂၆း၂၂၀။ ဧကန်ပင် အရှင်သည် ကြားနေသောအရှင်၊ သိနေသောအရှင် ဖြစ်၏။
၂၆း၂၂၁။ မကောင်းဆိုးဝါးသည် မည်သူ့အား ချမှတ်ပေးသည်ကို သင်တို့ထံ သတင်း ထုတ်ပြန်ရမည်လော။
၂၆း၂၂၂။ အပြစ်ရှိသော လုပ်ဇာတ်ဆင်သူ ကိုယ်စီအား ချမှတ်လေ၏။
၂၆း၂၂၃။ ကြားနာဟန် ပြကြ၏၊ သူတို့မှ အများစုကြီးမှာ မုသာဝါဒီများပင် ဖြစ်၏။
၂၆း၂၂၄။ ကဗျာလင်္ကာဆရာများ၊ သူတို့အား တိမ်းပါးနေသူများက လိုက်နာကြ၏။
၂၆း၂၂၅။ သင် မမြင်မိသလော၊ သူတို့အား ချိုင့်ဝှမ်းဒေသ ကိုယ်စီ၌ တိုင်ပတ်နေစေ၏။
၂၆း၂၂၆။ သူတို့ မပြုလုပ်ရာကို သူတို့ ပြောဆိုနေကြ၏။
၂၆း၂၂၇။ ယုံကြည်၍ ပြုပြင် ပြောင်းလဲမှု ကျင့်ကြံသော သူများသည်သာ ပရမတ်ဘုရားရှင်အား မြောက်မြားစွာ သတိရ ရှုမှတ်ကြ၏၊ သူတို့အား မိုက်ကြေးခွဲ ခံရပြီးနောက် သူတို့ကိုယ် သူတို့ ကူညီကြ၏၊ မိုက်ကြေးခွဲသော သူတို့သည် မည်သည့် ဦးလှည့်ခြင်းသို့ သူတို့ ဦးလှည့်ရမည်ကို သိလာရလတ္တံ့။
ဓမ္မခန္ဓာ (၂၆) ဤတွင် ပြီး၏။
ဓမ္မခန္ဓာ (၂၇) နာမ်လ်မျိုးနွယ်စု
ဉာဏ်စဉ်ကိန်းပေးမှု အမှတ်စဉ်- ၂၇။ သုတ်ဒေသနာ- ၉၃ ပါး။
ကရုဏာရှင် အကြင်နာရှင် ဖြစ်တော်မူသော ပရမတ်ဘုရားရှင်၏ ဂုဏ်တော်အားဖြင့် -
၂၇း၁။ ဆိုင်းနိုင်းတောင်အား တိုင်တည်လျက်- ဤ သုတ်ဒေသနာများသည် ကုရ်အာန်မှ ဖြစ်၍- ရှင်းလင်း ထင်ရှားသော ကျမ်းတော်တစ်ပါး ဖြစ်၏။
၂၇း၂။ ယုံကြည်သူများအတွက် လမ်းညွှန်တော်နှင့် သတင်းကောင်း ဖြစ်၏။
၂၇း၃။ သူတို့သည်ကား ဝတ်ပြု မြဲကြ၏၊ အခွန်ငွေဖြူ ပေးကြ၏၊ နောင်ဘဝကိုလည်း ဒိဋ္ဌယုံကြကုန်၏။
၂၇း၄။ နောင်ဘဝအား မယုံကြည်သော သူတို့သည်ကား သူတို့၏ ကျင့်ကြံမှုများက သူတို့အား ဖမ်းစားထား၍ မျက်ကန်းတောတိုး ဖြစ်နေ၏။
၂၇း၅။ ထိုသို့သော သူများအတွက် အကုသိုလ် ဝဋ်ဒဏ် ရှိ၏၊ ထိုသူတို့မှာ နောင်ဘဝတွင်လည်း ဆုံးရှုံးသူများ ဖြစ်ရလတ္တံ့။
၂၇း၆။ ဧကန်ပင် သင်သည် ဓမ္မသတ်ရှင်၊ သိနေသော အရှင့်ထံတော်မှ ကုရ်အာန်ကို မျက်မှောက်ပြုရပြီ။
၂၇း၇။ မူဆာက သူ့ ဝိုင်းသားတို့အား “ကျွန်ုပ်သည် မီးကို မြင်ရ၏၊ သင်တို့ အတွက် ထိုမှ သတင်း ယူပေးနိုင်ရာ၏၊ သို့မဟုတ် သင်တို့ မီးလှုံနိုင်အံ့ငှာ မီးရှို့ထားသော မီးတောက် တစ်ခုကို ယူပေးနိုင်ရာ၏၊” ဟု ပြော၍။-
၂၇း၈။ ထိုနေရာသို့ သူ ရောက်လာစဉ် “မီးအတွင်းမှ ရှိသူ၊ ၎င်းဝန်းကျင်မှ ရှိသူများသည် ကျက်သရေပြည့်စုံ၏၊” ဟု ဖိတ်မန္တက ပြုခံရ၏၊ လောကခပ်သိမ်း၏ ကံကြမ္မာရှင်၊ ပရမတ်ဘုရားရှင်သည် ဦးထိပ်ထားရာ ဖြစ်၏။
၂၇း၉။ “အို- မူဆာ၊ ဧကန် အရှင်သည် ငါပင် ဖြစ်၏၊ ဘုန်းတော်ရှင်၊ ဓမ္မသတ်ရှင်၊ ဖြစ်တော်မူသော ပရမတ်ဘုရားရှင် ဖြစ်၏။
၂၇း၁၀။ သင့် လက်ထောက်ကို ခင်းကျင်းလော့၊” ၎င်းကို မြွေတစ်ကောင်အဖြစ် လှုပ်လာသည်ကို သူ မြင်၍ မချုပ်ကိုင်မိဘဲ နောက်သို့ လှည့်၏၊ “အို- မူဆာ၊ မကြောက်ရွံ့နှင့်၊ ငါ၏ထံပါး၌ ဉာဏ်စဉ်ဆောင်တို့သည် မကြောက်ရွံ့ကြချေ။
၂၇း၁၁။ သို့မဟုတ် မိုက်မိခဲ့သောသူ၊ ထို့နောက် ထိုသူသည် သုမင်္ဂလာပြုပြီး အကုသိုလ်ကို လွှဲပြောင်းသော်- ဧကန်ပင် ငါအရှင်သည် လွတ်ငြိမ်းစေသောအရှင်၊ အကြင်နာရှင် ဖြစ်တော်မူ၏။
၂၇း၁၂။ သင့်လက်ကို ရင်ခွင်ထဲသို့ သွင်းလော့၊ ၎င်းသည် အကုသိုလ်ကင်းသော အဖြူထည်သက်သက် ထွက်လာ၍ ဖာရိုးနှင့် သူ့လူမျိုးအတွက် နိမိတ် လက္ခဏာ ကိုးရပ်ထဲမှ ဖြစ်လတ္တံ့၊ သူတို့သည်ကား ယုတ်မာသော လူမျိုးပင် ဖြစ်၏။”
၂၇း၁၃။ မြင်သာသော ငါ၏ သက်သေ လက္ခဏာများ သူတို့ထံသို့ ရောက်လာစဉ် “ဤသည် ရှင်းလင်း ထင်ရှားသော မှော် အတတ်သာ ဖြစ်၏၊” ဟု ဆိုကြလေ၏။
၂၇း၁၄။ သူတို့၏ ဉာဉ်စရိုက်များ ယုံကြည်မှု အပြည့်ဖြင့် အဝိဇ္ဇာစီးလျက်၊ ကိန်းကြီးခန်းကြီး လုပ်လျက်၊ ၎င်းတို့ကို ပယ်ပစ်ကြကုန်၏၊ အဖျက်ကောင်တို့၏ နိဂုံး၊ မည်သို့ ချုပ်ရသည်ကို ကြည့်ကြလော့။
၂၇း၁၅။ ငါသည် ဒါဝိဒ်နှင့် ဆိုလိုင်မံတို့အား အသိပညာကို မုချ ချီးမြှင့်ခဲ့၏၊ သူတို့က “တပည့်တော်တို့အား အရှင်၏ အမှုတော်ဆောင် ယုံကြည်သူများထက် သိက္ခာများစွာ ပေးသော ပရမတ်ဘုရားရှင်သည် ရည်သန် စူးစိုက်မှုတည်ရာ ဖြစ်ပါ၏၊” ဟု ရင့်ကျူး၏။
၂၇း၁၆။ ဆိုလိုင်မံသည် ဒါဝိဒ်၏ အမွေခံဖြစ်၏၊ သူက “အို- လူသားတို့၊ ကျွန်ုပ်တို့သည် ငှက်တို့၏ သဒ္ဒဗေဒကို သင်ကြားခံရပြီ၊ ကျွန်ုပ်တို့အား သဗ္ဗလုံးစုံမှ ချီးမြှင့်ခံရပြီ၊ ဤသည် ရှင်းလင်း ထင်ရှားသော သိက္ခာပေးခြင်း၊” ဟု ဆို၏။
၂၇း၁၇။ ဆိုလိုင်မံသည် သူ့တပ်များ ဖြစ်သည့် ကလျာဏနှင့် အန္ဓပုထုဇဉ်များ၊ ငှက်များကို စုစည်းစေ၍ သူတို့အား ရာထူးပေး၍။-
၂၇း၁၈။ နာမ်လ်လူမျိုးစု ချိုင့်ဝှမ်းဒေသသို့ သူတို့ ရောက်လာသောအခါ နာမ်လ်တစ်ဦးက “အို- နာမ်လ်အပေါင်းတို့၊ ဆိုလိုင်မံနှင့် သူ့စစ်တပ်တို့သည် သတိမမူဘဲ သင်တို့အား ခြေမွှမပစ်ရန် သင်တို့၏ အခြေချရာများသို့ ဝင်နေကြလော့၊”ဟု ဆို၏။
၂၇း၁၉။ သူမ၏ ပြောဆိုမှုကြောင့် ဆိုလိုင်မံသည် အံ့ဩစွာ ပြုံးရယ်မိပြီး “အို- ကံကြမ္မာရှင်၊ တပည့်တော်နှင့် တပည့်တော်၏ မွေးမိဘအပေါ် ဂုဏ်ပေးခဲ့သည့် အရှင်၏ ဂုဏ်ပေးမှုကြောင့် တပည့်တော်အား ကျေးဇူးသိတတ်သော ရာထူးကို ပေးတော်မူပါ၊ အရှင်၏ ကျေနပ်မှုရှိသော ပြုပြင် ပြောင်းလဲခြင်းကို ကျင့်ကြံခွင့် ပြုတော်မူပါ၊ အရှင်၏ ကရုဏာဖြင့် အရှင့် အမှုတော်ဆောင် ပြုပြင် ပြောင်းလဲသူများ၏ အထဲသို့ တပည့်တော်အား ဝင်ခွင့်ပြုပါ၊” ဟု ရင့်ကျူး၏။
၂၇း၂၀။ ငှက်တို့အား အပျောက် စာရင်းစစ်၍ သူ ပြောသည်မှာ “ဘီးတောင်ပိုကို မမြင်ရပါတကား၊ သို့တည်းမဟုတ် သူသည် မျက်ကွယ်၌ ရှိသူတို့မှ ဖြစ်သလော။
၂၇း၂၁။ ပြင်းထန်သော အပြစ်ပေးခြင်းဖြင့် သူ့အား ကျွန်ုပ် အပြစ်ပေးလတ္တံ့၊ သို့မဟုတ် သုတ်သင်ရလတ္တံ့၊ သို့မဟုတ် ကျွန်ုပ်အား ရှင်းလင်းသော အထောက်အထားကို ပေးအပ်ရမည်” ဟု ဖြစ်သော်။-
၂၇း၂၂။ နောက်ကျလွန်းစွာ စောင့်မနေလိုက်ရပေ၊ သူ တင်ပြသည်မှာ “သင် မလွှမ်းခြုံမိသေးသော အရာတစ်ခုကို ကျွန်ုပ် လွှမ်းခြုံခဲ့၏၊ အသင့်ထံသို့ ဆဗာမှ တိတိကျကျ သတင်းတစ်ခုကို ရောက်လာစေပါပြီ။
၂၇း၂၃။ သူတို့အား အုပ်ချုပ်နေသော အမျိုးသမီးတစ်ဦးကို ကျွန်ုပ် တွေ့ခဲ့၏၊ သူမအား သဗ္ဗလုံးစုံ ပေးဆက်ကြ၍ မဟာ ထပ်ဆင့် ကွပ်ကဲမှုသည် သူမအတွက် ဖြစ်၏။
၂၇း၂၄။ သူမနှင့် သူမ၏လူမျိုးသည် ပရမတ်ဘုရားရှင်မှလွဲ၍ နေကို ဦးချ ဝပ်တွားနေကြောင်း ကျွန်ုပ် တွေ့ရ၏၊ သူတို့၏ ကျင့်ကြံမှုများကို မကောင်းဆိုးဝါးက ဖမ်းစားထား၍ လမ်းစဉ်တော်မှ ဖယ်စေ၏၊ သို့ဖြစ်၍ သူတို့သည် လမ်းညွှန်မှန်ကို မရနိုင်ချေ။
၂၇း၂၅။ ထို့ကြောင့် သူတို့သည် မိုးများနှင့် မြေကမ္ဘာမှ လျှို့ဝှက် နိယာမကို ထုတ်ဖေါ်ပေးသော၊ ကြိတ်ကြံစည်ရာ လူသိရှင်ကြား ပြုရာများကို သိနေတော်မူသော၊ ပရမတ်ဘုရားရှင်အား သူတို့ ဦးချ ရိုကျိုးမှု မရှိပါ။
၂၇း၂၆။ ပရမတ်ဘုရားရှင်- မဟာ့မဟာ ထပ်ဆင့်ကွပ်ကဲမှု၏ ကံကြမ္မာရှင်- အရှင်မှ အပ အခြား ဘုရားဟူ၍ မရှိပါ၊” ဟု ဖြစ်၏။
၂၇း၂၇။ ဆိုလိုင်မံက “သင် ဖြောင့်မှန်သလောဟု ကျွန်ုပ်တို့ စောင့်ကြည့်လတ္တံ့၊ သို့မဟုတ်က သင်သည် လိမ်လည်သူများမှ ဖြစ်၏၊” ဟု ပြောကာ။-
၂၇း၂၈။ ဤ ကျွန်ုပ်၏ စာကို ယူသွား၍ သူတို့ထံသို့ ခင်းကျင်းလော့၊ တဖန် လှည့်လာ၍ သူတို့၏အပြန်ကို စောင့်ကြည့်လော့၊” ဟု (စေ၏။)
၂၇း၂၉။ သူမက ပြောသည်မှာ “အို- အကြံပေးတို့၊ ကျွန်ုပ်ထံသို့ ကျက်သရေ ရှိသော စာချွန်ကို ခင်းကျင်းခံရပြီ။
၂၇း၃၀။ ၎င်းသည် ဆိုလိုင်မံထံမှ ဖြစ်၏၊ ဧကန်ပင် ၎င်း၌ ကရုဏာရှင်၊ အကြင်နာရှင်ဖြစ်သော ပရမတ်ဘုရားရှင်၏ ဂုဏ်တော်အားဖြင့်။-
၂၇း၃၁။ သင်၏ အထွဋ်အထိပ် ဖြစ်မှုသည် ကျွန်ုပ်အား မဆန့်ကျင်၊ ငြိမ်းချမ်းရေးကိုသာ ကျွန်ုပ်အား ဆက်သလော့၊” ဟု ဖြစ်၏။
၂၇း၃၂။ သူမက “အို- အကြံပေးတို့၊ ကျွန်ုပ်၏ အရေးအရာ၌ စူးစမ်းပေးကြလော့၊ သင်တို့၏ သက်သေခံချက်မရှိဘဲ အရေးအရာများကို ကျွန်ုပ် ဆုံးဖြတ်လေ့မရှိချေ၊” ဟု ပြောသော်။-
၂၇း၃၃။ သူတို့က “ကျွန်ုပ်တို့သည် အစွမ်းရှိသူများ၊ ပြင်းထန်စွာ တိုက်ခိုက်နိုင်ခြင်း ရှိသူများ ဖြစ်၍ ညွှန်ကြားချက်သည် သင့်သဘော ဖြစ်၏၊ သို့ဖြင့် ညွှန်ကြားချက်ကိုသာ စောင့်ကြည့်နေပါ၏၊” ဟု ဆိုကြ၏။
၂၇း၃၄။ သူမ ပြန်ပြောသည်မှာ “အာဏာထွားသူတို့သည် အရပ်ဒေသတို့ကို ဝင်သောအခါ ၎င်း၌ အဖျက်လုပ်ကြ၏၊ အရပ်သားတို့၏ ဘုန်းကံကို အနိမ့်ဆုံး ဖြစ်ရန် စီစဉ်ကြ၏၊ သူတို့ ဤသို့ ပြုလုပ်ကြသည် သာတည်း။
၂၇း၃၅။ ကျွန်ုပ်သည်မူ သူတို့ထံသို့ လက်ဆောင်ဝတ္ထု စေပို့၍ စေစားသူများ အပြန်ကို ကြည့်နေလတ္တံ့၊” ဟု ဖြစ်၏။
၂၇း၃၆။ သို့ဖြင့် ၎င်းသည် ဆိုလိုင်မံထံသို့ ရောက်လာစဉ် သူ ပြောသည်မှာ “ကျွန်ုပ်အား ဥစ္စာပစ္စည်းကို တိုးပွားစေကြသလော၊ ကျွန်ုပ်အား ပရမတ်ဘုရားရှင် ချီးမြှင့်သည်မှာ အရှင်က သင်တို့အား ချီးမြှင့်ထားသည်ထက် ပိုကောင်း၏၊ လက်ဆောင်ဝတ္ထုများ အတွက် သင်တို့ ဝမ်းမြောက်နေကြသလော။
၂၇း၃၇။ သူတို့ထံသို့ ပြန်ကြလော့၊ သူတို့ ရှေ့မတက်နိုင်သော ကျွန်ုပ်တို့၏ တပ်မဖြင့် ချီတက်လာလတ္တံ့၊ ထို့နောက် သူတို့အား ထိုမှ သိက္ခာချ၍ မောင်းထုတ်ပစ်လတ္တံ့၊ သူတို့သည် သေးသိမ်စွာ စွန့်ခွာရလတ္တံ့၊” ဟု ဖြစ်၏။
၂၇း၃၈။ သူက “အို- အကြံပေးတို့၊ သူမသည် ငြိမ်းချမ်းရေး ဆောင်သူအဖြစ် ရောက်မလာမီ သူမ၏ ထပ်ဆင့် ကွပ်ကဲမှုအား ကျွန်ုပ်ထံသို့ သင်တို့မှ မည်သူက အပ်နှင်းနိုင်မည်နည်း၊” ဟု မေးသော်။-
၂၇း၃၉။ အန္ဓပုထုဇဉ်များမှ စစ်သူရဲတစ်ဦးက “သင်သည် သင်၏ နန်းတော်မှ ထမရပ်မီ ၎င်းကို သင် ရပ်တည်နေသည့် နေရာသို့ ကျွန်ုပ် ဆက်သပါမည်၊ ထို့အတွက် ကျွန်ုပ်သည် ယုံကြည် စိတ်ချရသော အစွမ်းရှိသူ ဖြစ်ပါ၏၊” ဟု ဆို၏။
၂၇း၄၀။ သူ့အပါး ကျမ်းစာသိကျွမ်းသူ တစ်ဦးက “မျက်ခြည်တစ်လှည့် မတိုင်မီ ၎င်းကို သင့်ထံသို့ ကျွန်ုပ် ဆက်သနိုင်ပါ၏၊” ဟု ဆို၏၊ ထို့နောက် တည်ငြိမ်စေရာကို သူ့အပါး၌ တွေ့မြင်သောအခါ သူ ပြောသည်မှာ “ဤသည် ကံကြမ္မာရှင်မှ သိက္ခာပေးခြင်း ဖြစ်၏၊ ကျေးဇူး သိတတ်သလော၊ သို့တည်းမဟုတ် ဖုံးကွယ်တတ်သလော၊ ဟု ကျွန်ုပ်အား စုံစမ်းခြင်း ဖြစ်၏၊ ကျေးဇူးကို သိတတ်သူသည် သူ့ဉာဉ်စရိုက် အတွက် ကျေးဇူး သိတတ်သည် မည်၏၊ ဖုံးကွယ်သူ အတွက်မူ ဧကန်ပင် ကျွန်ုပ်၏ ကံကြမ္မာရှင်သည် ကုံလုံ ပြည့်စုံတော်မူ၏၊ ကျက်သရေ အပေါင်းနှင့် ပြည့်စုံတော်မူ၏။”
၂၇း၄၁။ “သူမ၏ ထပ်ဆင့် ကွပ်ကဲမှုကို သူမအတွက် ပုံစံသစ် ပြုလုပ်လော့၊ သူမသည် လမ်းညွှန်ကို လိုက်သလော၊ သို့တည်းမဟုတ် လမ်းညွှန် ဆက်မလိုက်သောသူ ဖြစ်သလောကို စောင့်ကြည့်လော့၊” ဟု ဆို၍။-
၂၇း၄၂။ သူမ ရောက်လာစဉ် “သင်၏ ထပ်ဆင့် ကွပ်ကဲမှုအတိုင်း ဖြစ်သလော၊” ဟု မေးသော် သူမက “ဖြစ်မြဲပင်၊ ဤတိုင်မီပင် ကျွန်ုပ်တို့ထံ အသိပေးခြင်း ခံခဲ့ရပေပြီ၊ ကျွန်ုပ်တို့သည် ငြိမ်းချမ်းရေး ဆောင်သူများ ဖြစ်ပါ၏၊” ဟု ဆို၏။
၂၇း၄၃။ သူမသည် ပရမတ်ဘုရားရှင်မှလွဲ၍ ကိုးကွယ်လေ့ ရှိခဲ့ခြင်းက သူမအား အပယ်ခံ ဖြစ်စေပြီ၊ သူမသည် ဖုံးကွယ်သော လူမျိုးမှ ဖြစ်ခဲ့ရ၏။
၂၇း၄၄။ သူမအား “နန်းတော်သို့ ဝင်ရောက်ပါ၊” ဟု ဖိတ်ခေါ်၍ သူမ လှိုင်း ကြက်ခွပ် ထနေသည်ဟု တွေ့မြင် စဉ်းစားမိသောကြောင့် ခြေသလုံးကို ဖယ်မိ၏၊ သူက “ဤသည် ဖေါင်းကြွများဖြင့် တည်ငြိမ်နေသော နန်းတော်ပင် ဖြစ်၏၊” ဟု ဆို၏၊ သူမက “အို- ကံကြမ္မာရှင်၊ တပည့်တော်မသည် ဉာဉ်စရိုက်ကို အဝိဇ္ဇာ စီးမိခဲ့ပါပြီ၊ လောကခပ်သိမ်း၏ ကံကြမ္မာရှင်ဖြစ်သော ပရမတ်ဘုရားရှင်အတွက် ဆိုလိုင်မံနှင့် အတူ ငြိမ်းချမ်းရေး ပြုပါတော့မည်၊” ဟု ရင့်ကျူး၏။
၂၇း၄၅။ ငါသည် သမူဒ်တို့ ထံသို့- သူတို့မှ အဖွဲ့နှစ်ဖွဲ့ အချေအတင် ဖြစ်စဉ် “ပရမတ်ဘုရားရှင်ကိုသာ ကိုးကွယ် ဆည်းကပ်ကြရန်၊” သူတို့၏ ညီနောင်ဖြစ်သော ဆွာလေဟ်ကို မုချ စေစား၍။-
၂၇း၄၆။ သူက “အို- ကျွန်ုပ်၏ လူမျိုးတို့၊ သင်တို့အပေါ် ကရုဏာ သက်အံ့သောငှာ ပရမတ်ဘုရားရှင်ထံ၌ လွတ်ငြိမ်းဆုပန်ခြင်း ဟူသည့် သုမင်္ဂလာ မတိုင်မီ အကုသိုလ်မှု၌ အဘယ်ကြောင့် အလျင်လိုနေကြသနည်း၊” ဟု ဆိုသော်။-
၂၇း၄၇။ သူတို့က “အသင်၊ အသင်နှင့်အတူ ရှိသူတို့ကြောင့် ကျွန်ုပ်တို့မှာ လူးလားဆန်ခတ်ဖြစ်ရ၏၊” ဟု ဆို၏၊ သူက “သင်တို့ လူးလား ဆန်ခတ်ဖြစ်ရခြင်းမှာ ပရမတ်ဘုရားရှင်၏ထံမှ ဖြစ်၏၊ အမှန်မှာ အသင်တို့သည် စမ်းသပ်ခံ လူမျိုးပင် ဖြစ်၏၊” ဟု ပြန်ပြော၏။
၂၇း၄၈။ မြို့တွင်း၌ မြေကမ္ဘာအား အဖျက်လုပ်သော မျိုးရိုး ခေါင်းဆောင် ကိုးယောက် ရှိ၏၊ သူတို့သည် ပြုပြင်သူများ မဟုတ်ချေ။
၂၇း၄၉။ သူတို့အချင်းချင်း ပရမတ်ဘုရားရှင်အား တိုင်တည်လျက် “ကျွန်ုပ်တို့သည် သူနှင့် သူ့ဝိုင်းတော်သားများကို မှောင်ချ သုတ်သင်ရေး ပြုလုပ်မည်၊ ထို့နောက် “သူ့ဝိုင်းသားများ တိမ်ကောရခြင်း၌ ကျွန်ုပ်တို့ သက်သေများ မဟုတ်ပါ၊ ကျွန်ုပ်တို့သည် ဖြောင့်မှန်သူများ ဖြစ်ပါ၏၊ ဟု သူ့ မဟာမိတ်အား ပြောကြမည်” ဟု ဆိုကြ၏။
၂၇း၅၀။ သူတို့သည် အကြံအစည် ကြံစည်နေကြ၏၊ ငါလည်း အကြံအစည် ကြံစည် နေတော်မူ၏၊ သူတို့ သတိမမူနိုင်ကြချေ။
၂၇း၅၁။ သူတို့ ကြံစည်မှု၏ နိဂုံးမှာ မည်သို့ ဖြစ်ကြောင်း စောင့်ကြည့်လော့၊ ငါသည် သူတို့လူမျိုးအားလုံးကို ပျက်စီးစေတော်မူလိုက်၏။
၂၇း၅၂။ ဤမှာ သူတို့၏ မိုက်ကြေးခွဲမှုများကြောင့် ပြိုပျက်နေသော သူတို့၏ အိမ်ရာများပင် ဖြစ်၏၊ ဧကန်ပင် ဤ၌ အသိရှိသော လူမျိုးအတွက် လက္ခဏာရပ် ရှိ နေ၏။
၂၇း၅၃။ ယုံကြည်၍ စည်းစောင့်လေ့ရှိ‌သော သူတို့ကို ငါ လွတ်မြောက်စေတော်မူ၏။
၂၇း၅၄။ လု(တ်)က သူ့လူမျိုးအား ပြောသည်မှာ “သင်တို့သည် မြင်နေလျက်နှင့် ကိုယ်ကျင့်ပျက်မှုကို အတည်ပြုကြသလော။
၂၇း၅၅။ သင်တို့သည် အမျိုးသမီးများကို ပ’လျက် အမျိုးသားများထံ အာသာရမက်ဖြေရန် ချဉ်းကပ်နေကြ၏၊ အမှန်မှာ သင်တို့သည် ပညာမဲ့သော လူမျိုးသာ ဖြစ်သတည်း၊” ဟု ဖြစ်၏။
၂၇း၅၆။ ထို သန့်စင်သည်ဟူသည့် လူသားများ၊ လု(တ်)နှင့် သူ့အဆက်အနွယ်များကို သင်တို့၏အရပ်မှ မောင်းထုတ်ကြ၊” ဟု ဆိုခြင်းမှအပ သူ့လူမျိုးထံမှ အခြား အဖြေ မရှိပြီ။
၂၇း၅၇။ သူ့အမျိုးသမီးမှအပ သူနှင့် သူ့ဝိုင်းသားများကို ငါ လွတ်မြောက်စေတော်မူ၏၊ ငါ၏ စည်းချိန်အလျောက် သူမသည် ကျန်ရစ်သူများမှ ဖြစ်၏။
၂၇း၅၈။ ငါသည် သူတို့အပေါ်သို့ မိုးကြီး ရွာသွန်းစေ၏၊ သတိပေး ခံရသူများအား အကုသိုလ် မိုးထိလေပြီ။
၂၇း၅၉။ “ရည်သန် စူးစိုက်မှုအပေါင်းသည် ပရမတ်ဘုရားရှင်အဘို့ ဖြစ်၏၊ အရှင့် ရွေးချယ်ခံရသော အမှုတော်ဆောင်များ အပေါ်သို့ ငြိမ်းချမ်းမှု ခပါစေ၊ ပိုမို မြင့်မြတ်သည်မှာ ပရမတ်ဘုရားရှင်လော၊ သို့တည်းမဟုတ် ရောပြွန်း ကိုးကွယ်ခံများလော၊” ဟု ဟောပြောလော့။
၂၇း၆၀။ သို့တည်းမဟုတ် အရှင်သည် မိုးများနှင့် မြေကို ဖြစ်တည်စေသည်၊ သင်တို့အဘို့ ကောင်းကင်ယံမှ ရေကို သွန်းချစေသည် မဟုတ်လော၊ ငါသည် ၎င်းဖြင့် ရှုချင်စဖွယ် စိုက်ခင်းများကို ဖြစ်ထွန်းစေ၏၊ ထိုမှ သစ်ပင်များကို သင်တို့ ဖြစ်ထွန်းစေနိုင်ခြင်း မရှိခဲ့ချေ၊ ပရမတ်ဘုရားရှင်နှင့်အတူ အခြား ဘုရားဟု ရှိသလော၊ အမှန်မှာ သူတို့သည် တန်းတူ ပြုလိုသော လူမျိုးသာ ဖြစ်ကြ၏။
၂၇း၆၁။ သို့တည်းမဟုတ် အရှင်သည် အတည်တကျ မြေကမ္ဘာကို စီစဉ်ပေး၏၊ ၎င်း၌ မြစ်များကို စီစဉ်ပေး၏၊ ၎င်းအတွက် တိုက်ကြီးများကို စီစဉ်ပေး၏၊ ပင်လယ်နှစ်ခုကြား အကာအရံကို စီစဉ်ပေး၏ မဟုတ်လော၊ ပရမတ်ဘုရားရှင်နှင့် အတူ အခြား ဘုရားဟု ရှိသလော၊ အမှန်မှာ သူတို့မှ အများစုသည် အသိရှိကြသည် မဟုတ်ချေ။
၂၇း၆၂။ သို့တည်းမဟုတ် အရှင်သည် ဒုက္ခခံရသူတို့၏ ဆုတောင်းခြင်းကို တုံ့ပြန်တော်မူ၍ အကုသိုလ်မှ ဖယ်ရှားပေး၏၊ သင်တို့အား ကမ္ဘာမြေ၏ သမ္မတမင်းများ အဖြစ် စီစဉ်ပေး၏ မဟုတ်လော၊ ပရမတ်ဘုရားရှင်နှင့်အတူ အခြား ဘုရားဟု ရှိသလော၊ အနည်းငယ်မျှပင် ဆင်ခြင်သတိ မရှိချေတကား။
၂၇း၆၃။ သို့တည်းမဟုတ် မြေ၊ ရေ၊ နှစ်ပါး အမှောင်ထုမှ သင်တို့အား လမ်းညွှန်ပြခဲ့သည့် အရှင်သည် အရှင်၏ လက်ရှိ-မျက်မှောက်၊ ကရုဏာ သတင်းကောင်းဆောင် လေများကို စေပို့ခဲ့သည် မဟုတ်လော၊ ပရမတ်ဘုရားရှင်နှင့်အတူ အခြား ဘုရားဟု ရှိသလော၊ ပရမတ်ဘုရားရှင်သည် သူတို့ ရောပြွန်း ကိုးကွယ်ရာများထက် အထွဋ်အထိပ် ဖြစ်တော်မူ၏။
၂၇း၆၄။ သို့တည်းမဟုတ် အရှင်သည် ဖြစ်တည်စေခြင်းကို စ၏၊ ၎င်းကို ဆက် ဖြစ်နေစေ၍ အရှင်သည် သင်တို့အား မိုးများနှင့် မြေမှ ရိက္ခာ ထောက်နေသည် မဟုတ်လော၊ ပရမတ်ဘုရားရှင်နှင့်အတူ အခြား ဘုရားဟု ရှိသလော၊ “သင်တို့သည် ဖြောင့်မှန်သူများ ဖြစ်လျှင် သင်တို့၏ သက်သေပြချက်များကို ယူခဲ့ကြ၊” ဟု ဟောပြောလော့။
၂၇း၆၅။ ဟောလော့၊ “ပရမတ်ဘုရားရှင်မှအပ မိုးများနှင့် မြေအတွင်း မည်သူမျှ စက္ခုလွန်ကို မသိနိုင်ချေ၊ သူတို့သည် မည်သည့်အခါတွင် နိုးထမည်ကိုလည်း သတိမမူမိကြချေ။”
၂၇း၆၆။ အမှန်မှာ သူတို့၏ သိနိုင်အားသည် နောင်ဘဝထိ မလွှမ်းခြုံနိုင်၊ အမှန်မှာ သူတို့သည် ထို၌ ဒွိဟ ဖြစ်၏၊ အမှန်မှာ ၎င်းနှင့် ပတ်သက်၍ အကန်းများသာ ဖြစ်ကြကုန်၏။
၂၇း၆၇။ ဖုံးကွယ်သော သူများက ပြောကြသည်မှာ “ကျွန်ုပ်တို့နှင့် ကျွန်ုပ်တို့၏ ဘဘိုးတို့သည် မြေမှုန့်ဖြစ်ပြီးသောအခါ ပြန်လည် ထုတ်ယူခြင်း ခံရမည်လော။
၂၇း၆၈။ ကျွန်ုပ်တို့နှင့် ကျွန်ုပ်တို့၏ ဘဘိုးများထံ ဤသို့ တူညီသော ကတိကို ရှေ့အလျင်ကလည်း မုချ ပေးခဲ့ချေပြီ၊ ဤသည် ရှေးအခါက ဒဏ္ဍာရီများသာတည်း၊” ဟု ဖြစ်၏။
၂၇း၆၉။ “မြေကမ္ဘာအနှံ့ သွားလာ၍ ရာဇဝတ်ကောင်များ၏ နိဂုံး မည်သို့ ချုပ်ခဲ့ရသည်ကို ကြည့်ကြ၊” ဟု ဟောလော့။
၂၇း၇၀။ သူတို့ကြောင့် စိတ်မပူနှင့်၊ သူတို့၏ ကြံစည်မှုများကြောင့် စိတ်ကျပ်တည်းခြင်း မရှိနှင့်။
၂၇း၇၁။ သင်တို့သည် ဖြောင့်မှန်သူများ ဖြစ်ကြလျှင် ထိုကတိသည် မည်သည့်အခါ ရောက်လာမည်နည်း ဟု ပြောလိုကြ၏။
၂၇း၇၂။ ဟောလော့၊ “သင်တို့ အလျင်လိုသော အရာ၏ အချို့သည် သင်တို့ထံသို့ နောက်ကျော ကပ်လျက် ရှိနိုင်ရာ၏။”
၂၇း၇၃။ ဧကန်ပင် သင့် ကံကြမ္မာရှင်သည် လူသားတို့အား သိက္ခာပေးသော အရှင် ဖြစ်၏၊ သို့ရာတွင် သူတို့မှ အများစုကြီးသည် ကျေးဇူး မသိတတ်ကြချေ။
၂၇း၇၄။ ဧကန်ပင် သင်၏ ကံကြမ္မာရှင်သည် သူတို့၏ ရင်တွင်း၌ ကွယ်ထားရာ၊ လူသိရှင်ကြား ပြုရာများကို သိနေတော်မူ၏။
၂၇း၇၅။ မိုးများနှင့် မြေကမ္ဘာအတွင်း ရှိသည်များသည် မျက်ကွယ် ဖြစ်နေသည်ဟု မရှိ၊ ရှင်းလင်း ထင်ရှားသော လောကဓမ္မ၌ ရှိနေသည်သာ ဖြစ်၏။
၂၇း၇၆။ ဧကန်ပင် ဂျူးလူမျိုးမှ အများစု၏ ကွဲပြားနေမှုများကို ဤကုရ်အာန်၌ ဖေါ်ပြ၏။
၂၇း၇၇။ ဧကန်ပင် ထိုကုရ်အာန်သည် ယုံကြည်သူများအတွက် လမ်းညွှန်တော်၊ ကရုဏာတော် ဖြစ်၏။
၂၇း၇၈။ ဧကန်ပင် သင့်ကံကြမ္မာရှင်သည် သူတို့ကြား၌ ဓမ္မသတ်ဖြင့် ဆုံးဖြတ်လိမ့်မည်၊ အရှင်သည် ဘုန်းတော်အရှင်၊ သိနေတော်မူသောအရှင် ဖြစ်၏။
၂၇း၇၉။ သို့ဖြစ်၍ ပရမတ်ဘုရားရှင်အား ယုံပုံ ကိုးစားလော့၊ ဧကန်ပင် အသင်သည် ရှင်းလင်း ထင်ရှားသော သစ္စာတရား၌ ရှိ၏။
၂၇း၈၀။ သင်သည် သေနေသူများကို မကြားစေနိုင်၊ နောက်သို့ လှည့်သော အပင်းများကိုလည်း ကြားအောင် မဖိတ်ခေါ်နိုင်ချေ။
၂၇း၈၁။ သင်သည် အကန်းများကိုလည်း သူတို့၏ လမ်းလွဲမှ ကင်းရန် လမ်းမညွှန်နိုင်ချေ၊ ငါ၏ သုတ်ဒေသနာတို့အား ယုံကြည်သူများကိုသာ ကြားနာစေနိုင်၏၊ သူတို့သည်ကား ငြိမ်းချမ်းရေးဝါဒီများ ဖြစ်ကြကုန်၏။
၂၇း၈၂။ သူတို့အတွက် ဗျာဒိတ်တော် အတည်ဖြစ်သော် လူသားတို့သည် ငါ၏ သုတ်ဒေသနာများကို ဒိဋ္ဌ ယုံကြည်ခြင်း မရှိသောကြောင့် သူတို့အား စကားပြောရန် မြေကမ္ဘာမှ သက်ရှိဝတ္ထုကို ငါ ထုတ်ပေးလတ္တံ့။
၂၇း၈၃။ ငါ၏ သုတ်ဒေသနာတို့အား ငြင်းဆန်သူများကို အသိုင်းအဝိုင်း ကိုယ်စီမှ အုပ်စုလိုက် ငါ စုစည်းသောနေ့၌ သူတို့အား ရာထူးသတ်မှတ်မည်ပင်။
၂၇း၈၄။ သူတို့ ရောက်လာသောအခါ အရှင်က “သင်တို့သည် အသိပညာဖြင့် မခြုံငုံနိုင်သော ငါ၏ သုတ်ဒေသနာများအား ငြင်းဆန်ခဲ့ကြသလော၊ သို့တည်းမဟုတ် သင်တို့ ကျင့်ကြံလေ့ ရှိသည်မှာ အဘယ်အရာများနည်း၊” ဟု မိန့်ဆို၏။
၂၇း၈၅။ မိုက်ကြေးခွဲခဲ့မှုကြောင့် သူတို့အပေါ် ပြောစကား တည်တံ့စေပြီ၊ သူတို့သည် လျှောက်လဲချက် တင်ခွင့် မရှိချေ။
၂၇း၈၆။ ညကို ထို၌ သူတို့ နားစေဘို့ရာ၊ နေ့ကို ခွဲခြား မြင်နိုင်ဘို့ရာ၊ ငါ စီစဉ်တော်မူသည်ကို သူတို့ မရှုစားမိသလော၊ ဧကန်ပင် ဤ၌ ယုံကြည်သော လူမျိုးအတွက် သက်သေ လက္ခဏာရပ် ရှိနေ၏။
၂၇း၈၇။ ပုံစံ သက်ဝင်စေသောနေ့ ကာလ၌ ပရမတ်ဘုရားရှင်၏ စံချိန်ပြည့်သော သူမှအပ မိုးများအတွင်း၊ မြေအတွင်း၊ ရှိသူများသည် ကြောက်ရွံ့ ချောက်ချား နေရလတ္တံ့၊ အားလုံးကိုယ်စီ ဝပ်တွား နှိမ့်ချလျက် လာကြရကုန်အံ့။
၂၇း၈၈။ မြဲမြံ ခိုင်ခန့်သည်ဟု သင် စဉ်းစားမိသော တောင်ကြီးများသည် ဖြတ်သန်းသွားသော မိုးတိမ်များကဲ့သို့ ဖြတ်သန်းသွားရမည်ကို သင် မြင်တွေ့ရလတ္တံ့၊ ယင်းမှာ သဗ္ဗလုံးစုံ ကုံလုံ ပြည့်စုံစေသောအရှင်၊ ပရမတ်ဘုရားရှင်၏ တည်ဆောက်မှုပင် ဖြစ်၏၊ ဧကန်ပင် အရှင်သည် ပြုလုပ်သမျှကို သတင်းရနေတော်မူ၏။
၂၇း၈၉။ သုမင်္ဂလာဖြင့် ရောက်လာသူ၊ သူ့အတွက် ထို့ထက် ပိုကောင်းခြင်းသည် ရှိ၏၊ သူတို့သည် ထို ကြောက်ရွံ့ ချောက်ချားရသည့်နေ့ ကာလမှ ကင်းရန် ယုံကြည် စိတ်ချရ၏။
၂၇း၉၀။ အကုသိုလ်ဖြင့် ရောက်လာသူ၊ သူတို့၏ မျက်နှာများကို အပူမီးထဲသို့ ဦးဇောက် ပစ်ထည့်လတ္တံ့၊ သင်တို့ ကျင့်ကြံလေ့ရှိခဲ့ရာမှ အပ အစားပေးခြင်း ခံရသလော။
၂၇း၉၁။ ဤမြို့အား ဘေးမဲ့မြေ ဖြစ်စေသော ၎င်း၏ ကံကြမ္မာရှင်ကိုသာ ကိုးကွယ်ရန် ကျွန်ုပ်အား ညွှန်ကြား၏၊ သဗ္ဗလုံးစုံသည် အရှင်၏ အချုပ်အခြာ၌ ရှိ၍ ကျွန်ုပ်အား သန္တိသုခဝါဒီတို့မှ ဖြစ်ရန် ညွှန်ကြားပေးကာ။-
၂၇း၉၂။ ကုရ်အာန်ကို ဖတ်ပြစေ၏၊ သို့ဖြင့် လမ်းညွှန်မှန်သို့ လိုက်သောသူသည် သူ၏ ဉာဉ်စရိုက်အတွက် လမ်းညွှန်ကို လိုက်သည် မည်၏၊ လွဲမှားနေသူတို့အား “ကျွန်ုပ်သည် သတိပေးသူတို့ အနက်မှသာ ဖြစ်၏၊” ဟု ဟောကြားလော့။
၂၇း၉၃။ ဟောလော့၊ “ရည်သန် စူးစိုက်မှုအပေါင်းသည် ပရမတ်ဘုရားရှင် အဘို့သာ ဖြစ်၏၊ အရှင်သည် သင်တို့ သိမှတ်စေရန် အရှင်၏ သုတ်ဒေသနာများကို ဖတ်ပြ၏၊ သင့်ကံကြမ္မာရှင်သည် ကျင့်ကြံလေသမျှကို မေ့လျော့ထားသည် မဟုတ်ပေ။
ဓမ္မခန္ဓာ (၂၇) ဤတွင် ပြီး၏။
ဓမ္မခန္ဓာ (၂၈) ဇာတ်ကြောင်းဖေါ်ပြချက်
ဉာဏ်စဉ်ကိန်းပေးမှု အမှတ်စဉ်- ၄၉။ သုတ်ဒေသနာ- ၈၈ ပါး။
ကရုဏာရှင် အကြင်နာရှင် ဖြစ်တော်မူသော ပရမတ်ဘုရားရှင်၏ ဂုဏ်တော်အားဖြင့် -
၂၈း၁။ “ဆိုင်းနိုင်းတောင်၌ မူဆာအား ချမှတ်ပေးသော ကျမ်းတော်ကဲ့သို့။”
၂၈း၂။ ဤသည် ရှင်းလင်း ထင်ရှားသော ကျမ်းတော်၏ သုတ်ဒေသနာတော်များ ဖြစ်၏။
၂၈း၃။ ယုံကြည်သူ လူမျိုးအတွက် မူဆာနှင့် ဖာရိုးတို့၏ သတင်းအချက်ကို သင့်အား ပရမတ္ထသစ္စာဖြင့် ငါ ရွတ်ဖတ်စေပြီ။
၂၈း၄။ တိုင်းပြည်၏ ထိပ်သီး ဖာရိုးက အရပ်သားများကို ဂိုဏ်းများဖွဲ့ရန် စီစဉ်၏၊ သူတို့မှ တစ်စု၏ သားယောက်ျားများကို သုတ်သင်လျက် အမျိုးသမီးများကိုသာ အသက်ဆက်စေ၍ အားနည်း ချည့်နဲ့စေ၏၊ သူသည်ကား အဖျက်ကောင်တို့မှ ဖြစ်ချေ၏။
၂၈း၅။ မြေကမ္ဘာ၌ ချည့်နဲ့ ရန်ပြုခံရသော သူတို့အား ငါ မျက်နှာသာပေးလို၏၊ သူတို့အား ရှေ့ဆောင်များအဖြစ် စီစဉ်ပေး၏၊ အမွေဆက်ခံသူများအဖြစ် စီစဉ်ပေး၏။
၂၈း၆။ သူတို့အတွက် မြေကမ္ဘာ၌ ငါ ထူထောင်ပေး၏၊ ဖာရိုး၊ ဟာမံနှင့် ၎င်းတို့၏ တပ်တို့ကို သတိပေးချက် အဖြစ် ငါ ပြသ၏။
၂၈း၇။ ငါသည် မူဆာ၏ မိခင်အား “သူ့ကို နို့ချို တိုက်ကျွေးလော့၊ သူ့အတွက် စိုးရိမ် ကြောက်ရွံ့ရသော် မြစ်ထဲ၌ ခင်းကျင်းထားလော့၊ မကြောက်ရွံ့နှင့်၊ စိတ်မပူနှင့်၊ သင့်ထံသို့ သူ့ကို ငါ ပြန်ပို့၍ သူ့ကို ဉာဏ်စဉ်ဆောင်များအနက်မှ စီစဉ်ပေးလတ္တံ့၊” ဟု အာရုံဖြစ်စေ၏။
၂၈း၈။ ဖာရိုး မင်းဆက်သည် သူတို့အတွက် စည်းဖေါက်၊ သောကပေးသူ ဖြစ်လာမည့် သူ့အား ကောက်ယူ မွေးစား၏၊ ဧကန်ပင် ဖာရိုး၊ ဟာမံနှင့် ၎င်းတို့၏ တပ်သည် အမှား ကျူးလွန်သူများ ဖြစ်မြဲပင်။
၂၈း၉။ ဖာရိုး၏ အမျိုးသမီးက “ကျွန်ုပ်နှင့် သင့်အတွက် မျက်လုံး တည်ငြိမ် အေးချမ်းမှု ဖြစ်၏၊ သူ့အား မသတ်ပါနှင့်၊ ကျွန်ုပ်တို့ အတွက် အကျိုးရှိနိုင်၏၊ သို့မဟုတ် သူ့အား ရင်သွေးဟု ယူမှတ်နိုင်ရာ၏၊” ဟု ဆို၏၊ သူတို့သည်ကား သတိ မမူနိုင်ကြချေ။
၂၈း၁၀။ မူဆာ၏ မိခင်သည် စိတ်ကို အားတင်းထားရ၍ ပေါက်ကွဲလုမတတ် ဖြစ်သွား၏၊ ငါသည် သူမအား ယုံကြည်သူများ အနက်မှ ဖြစ်စေရန် သူမ၏ စိတ်နှလုံးကို တက်ကြွစေတော်မူ၏။
၂၈း၁၁။ သူမက မူဆာ၏အမအား “သူ့အကြောင်း ဖေါ်ပြောလေလော့၊” ဟု ဆို၏၊ သူမသည် ခပ်ကင်းကင်းမှ မြင်နေ၏၊ သူတို့ သတိ မမူမိကြချေ။
၂၈း၁၂။ ငါသည် ဤမတိုင်မီက သူ့အတွက် နို့တိုက်မိခင် တရားဝင် မရှိစေချေ၊ သို့ဖြင့် သူမက “သူ့အတွက် ထိန်းကျောင်းမည့် အိမ်မှ အိမ်သားများကို သင်တို့အား ညွှန်ပြပေးရမည်လော၊ သူတို့သည် သူ့အပေါ် စိတ်ထား ဖြူစင်သူများ ဖြစ်လိမ့်မည်၊” ဟု ဆို၏။
၂၈း၁၃။ သို့ဖြင့် မိခင်ထံသို့ သူ့ကို ငါ ပြန်ပို့ပေး၏၊ သူမအား သောကကင်း၍ မျက်လုံး တည်ငြိမ် အေးချမ်းစေအံ့ငှာ၊ ပရမတ်ဘုရားရှင်၏ ကတိတော်သည် သစ္စာတရား ဖြစ်ကြောင်းကို သိစေအံ့ငှာ၊ ဖြစ်၏၊ သို့သော် သူတို့မှ အများစုသည် အသိ ရှိကြသည် မဟုတ်ပေ။
၂၈း၁၄။ သို့ဖြင့် သူသည် ပုံစံတကျ အရွယ်ရောက် ရင့်ကျက်သောအခါ သူ့အား ဓမ္မသတ်နှင့် အသိပညာကို ငါ ချီးမြှင့်တော်မူ၏၊ ဤနည်းဖြင့် သုမင်္ဂလာ ပြုသူတို့အား အစားပေးတော်မူ၏။
၂၈း၁၅။ အရပ်သားများ မေ့လျော့နေချိန်၌ သူသည် မြို့တွင်းသို့ ဝင်သွားခဲ့၍ ထို၌ လူနှစ်ဦး သတ်ဖြတ်နေကြသည်ကို သူ တွေ့ရ၏၊ သူ့ဂိုဏ်းမှ တစ်ဦး၊ သူ့အား စည်းဖေါက်သူဘက်မှ တစ်ဦး ဖြစ်၏၊ သူ့ဂိုဏ်းမှ ဖြစ်သူက စည်းဖေါက်သူဘက်အား ဆန့်ကျင်ရန် သူ့ထံ အော်ဟစ် အသနားခံ၏၊ မူဆာသည် သူ့အား တွန်းပစ်ကာ ဆုံးဖြတ်ပေးလိုက်၍ “ဤသည် မကောင်းဆိုးဝါးတို့၏ အကျင့်အကြံကြောင့်ပင်၊ ဧကန်ပင် ၎င်းသည် စည်းဖေါက်သူ ရှင်းလင်းစွာ လွဲမှားစေသူ” ဟု ပြော၍။-
၂၈း၁၆။ မူဆာသည် “အို- ကံကြမ္မာရှင်၊ တပည့်တော်သည် မိမိ၏စရိုက်ကို အဝိဇ္ဇာသင့်ခဲ့မိပြီ၊ တပည့်တော်အား လွတ်ငြိမ်းစေပါ၊” ဟု ဆုတောင်း၏၊ သို့ဖြင့် သူ့အား လွတ်ငြိမ်းစေခဲ့၏၊ အရှင်သည် လွတ်ငြိမ်းစေသောအရှင်၊ အကြင်နာရှင် ဖြစ်တော်မူ၏။
၂၈း၁၇။ သူက “အို- ကံကြမ္မာရှင်၊ တပည့်တော်အား ဂုဏ်ပေးတော်မူပါ၊ တပည့်တော်သည် ရာဇဝတ်ကောင်တို့အား ကျောထောက်နောက်ခံ ပြုသူ မဟုတ်ပါ၊” ဟု ဆုတောင်း၏။
၂၈း၁၈။ နံနက်စတွင် မြို့တွင်း၌ အကြောက်ဖြင့် တင်းကျပ်ထားပြီ၊ မနေ့က သူ့ထံမှ အကူအညီ တောင်းသောသူ တစ်ဦးက သူ့အား အသနားခံပြန်သော် မူဆာက သူ့အား “သင်သည်ကား ရှင်းလင်းစွာ တိမ်းပါးနေသူပင်၊” ဟု ဆို၏။
၂၈း၁၉။ သူသည် သူတို့ စည်းဖေါက်သူ နှစ်ဦးအား ကိုင်တွယ်လိုသောအခါ ထိုတစ်ဦးက “အို- မူဆာ၊ သင်သည် မနေ့က စိတ်ဉာဉ်တစ်ခုအား တိုက်ခိုက်ခဲ့သကဲ့သို့ ကျွန်ုပ်အား တိုက်ခိုက်လိုသလော၊ သင်သည် တိုင်းပြည်၌ ပုန်ကန်သူသာ ဖြစ်လိုပုံရ၏၊ ပြုပြင် ပြောင်းလဲသူတို့၏ အထဲမှ ဖြစ်လိုပုံမရချေ၊” ဟု ဆို၏။
၂၈း၂၀။ ထိုအခါ မြို့အစွန်မှ လူတစ်ယောက် လုံးပန်း၍ ရောက်လာလျက် “အို- မူဆာ၊ အကြံပေးတို့က သင့်အား တိုက်ခိုက် သတ်ဖြတ်ရန် ညွှန်ကြားနေကြ၏၊ သို့ဖြစ်၍ ထွက်ပြေးလော့၊ ကျွန်ုပ်သည်ကား သင့်အတွက် စိတ်ထား ဖြူစင်သူများမှ ဖြစ်၏၊” ဟု ဆို၏။
၂၈း၂၁။ ထိုမှ သူ ထွက်ခွာလာလျက် အကြောက်နှင့် စိတ်တင်းကျပ်နေ၍ “အို- ကံကြမ္မာရှင်၊ တပည့်တော်အား မိုက်ကြေးခွဲနေသော လူမျိုးမှ လွတ်မြောက်စေတော်မူပါ၊” ဟု ဆုတောင်း၏။
၂၈း၂၂။ ထို့နောက် မီဒီယံဘက်သို့ သူ့မျက်နှာကို ဦးတည်လျက် “ကံကြမ္မာရှင်သည် ကျွန်ုပ်အား ပုံစံချပြီး လမ်းစဉ်ကို ညွှန်နိုင်ရာ၏၊” ဟု ဆို၏။
၂၈း၂၃။ မီဒီယံ ရေပိုင်နက်သို့ ဆိုက်မြိုက်သော် ထိုမှ လူ့အသိုင်းအဝိုင်းတစ်ခု ရေချနေသည်ကို သူတွေ့ရ၏၊ ထိုသူများအပြင် နောက်ဖယ် ခံနေရသော အမျိုးသမီး နှစ်ဦးကို တွေ့ရ၍ သူက “သင်မတို့ မည်သို့ တင်ပြစရာ ရှိသနည်း၊” ဟု မေးသော် သူမတို့က “သိုးထိန်းများနှင့် ရင်ဘောင် မတန်းနိုင်သ၍ ကျွန်ုပ်တို့ ရေ မတိုက်နိုင်ပါ၊ ကျွန်ုပ်တို့၏ ဖခင်မှာလည်း အိုမင်း ကြီးရင့်လှပါပြီ၊” ဟု ဆို၏။
၂၈း၂၄။ သူသည် သူမတို့အတွက် ရေတိုက်ပေးလိုက်၏၊ တဖန် သူသည် အရိပ်ရှိရာသို့ လှည့်ထွက်ခဲ့ပြီး “အို- ကံကြမ္မာရှင်၊ တပည့်တော်အား အရှင့် ချမှတ်ပေးမှု ကောင်းခြင်းများမှ တပည့်တော်မှာ အဘယ့်ကြောင့် ချို့တဲ့နေပါနည်း၊” ဟု ဆုတောင်း၏။
၂၈း၂၅။ သူမတို့မှ တစ်ဦးက မရဲတရဲဖြင့် လမ်းလျောက် ရောက်လာ၍ “သင်သည် ကျွန်ုပ်တို့အတွက် ရေတိုက်ပေးသော အကျိုးဆုလာဘ်ကို ကျွန်ုပ်၏ ဖခင်က အစားပေးရန် သင့်အား ဖိတ်ခေါ်ပါ၏၊” ဟု ဆို၍ သူ့ထံသို့ ရောက်လာစဉ် မူဆာက သူ့နောက်ကြောင်း ဇာတ်ကြောင်းကို ဖေါ်ပြ၏၊ ထိုအခါ သူက “အသင် မကြောက်ရွံ့နှင့်၊ သင်သည် မိုက်ကြေးခွဲနေသော လူမျိုးမှ လွတ်မြောက်လာလေပြီ၊” ဟု ဆို၏။
၂၈း၂၆။ သူမတို့မှ တစ်ဦးက “အို- အဖေ၊ သူ့အား အခစား ခန့်ပါ၊ သူသည် ယုံကြည် စိတ်ချရသော အစွမ်းရှိသူ အကောင်းဆုံး အခစား ဖြစ်နိုင်၏၊” ဟု ဆိုသော်။-
၂၈း၂၇။ သူက “ကျွန်ုပ်ထံတွင် ပရိဝါသ် ရှစ်ကြိမ်ထိ သင် အခစားလုပ်လျှင် ကျွန်ုပ်၏ ဤသမီးနှစ်ဦးမှ တစ်ဦးကို သင် သိမ်းဆည်းစေရန် ကျွန်ုပ် လိုလား၏၊ ဆယ်ကြိမ်ထိ အပြည့် ဖြစ်လိုလျှင်လည်း သင့်သဘောသာ ဖြစ်၏၊ ကျွန်ုပ်သည် သင့်အား မကွဲလွဲ စေလိုပါ၊ ပရမတ်ဘုရားရှင်၏ စံချိန်ပြည့်လျှင် ကျွန်ုပ်အား ပြုပြင် ပြောင်းလဲသူတို့မှ ဖြစ်ကြောင်း သင် တွေ့ရလတ္တံ့၊” ဟု ဆို၏။
၂၈း၂၈။ မူဆာက “ဤသည် ကျွန်ုပ်၏ကြား၊ သင်၏ကြားမှ သတ်မှတ်ကာလများ ဖြစ်၏၊ ၎င်းအား ကျွန်ုပ် ပြီးဆုံးသော် ကျွန်ုပ်အား စည်းမဖေါက်ပါနှင့်၊ ပရမတ်ဘုရားရှင်သည် ကျွန်ုပ်တို့၏ ပြောစကားများ၌ ကိုးစားထိုက်သည့် အရှင် ဖြစ်၏၊” ဟု ဆို၏။
၂၈း၂၉။ မူဆာသည် သတ်မှတ်ကာလအား ပြီးဆုံးသောအခါ သူ့ဝိုင်းသားများနှင့် ခရီးထွက်ခဲ့၍ တောင်နံဘေး၌ မီးကို သတိထားမိ၏၊ သူက သူ့ဝိုင်းသားတို့အား “စောင့်နေကြလော့၊ ကျွန်ုပ်သည် မီးကို တွေ့ရ၏၊ သင်တို့အတွက် သတင်းတစ်ခု၊ သို့မဟုတ် သင်တို့ မီးလှုံနိုင်အံ့ငှာ တောက်နေသော မီးကျီးခဲတစ်ခုကို ယူပေးနိုင်ရာ၏၊” ဟု ပြော၏။
၂၈း၃၀။ ထိုနေရာသို့ ရောက်လာသောအခါ သူ့အား ချိုင့်ဝှမ်းဒေသ၏ ညာဘက်၊ အပင်၏ ကျက်သရေရှိသော အကိုင်းဘက်မှ ဆင့်ဆိုသည်မှာ “အေ- မူဆာ၊ ဤသည် လောကခပ်သိမ်း၏ ကံကြမ္မာရှင်ဖြစ်သော ပရမတ်ဘုရားရှင်၊ ငါ ဖြစ်တော်မူ၏။
၂၈း၃၁။ သင်၏ လက်ထောက်အား ခင်းကျင်းလော့၊” ၎င်းကို မြွေတစ်ကောင် အဖြစ် လှုပ်လာသည်ကို သူမြင်၍ မချုပ်ကိုင်မိဘဲ နောက်သို့လှည့်၏၊ “အေ- မူဆာ၊ ရှေ့တိုးလော့၊ မကြောက်ရွံ့နှင့်၊ သင်သည် ဘေးကင်း လုံခြုံသူတို့မှ ဖြစ်၏။
၂၈း၃၂။ သင့်လက်အား သင့်ရင်ခွင်၌ ထည့်လော့၊ ၎င်းသည် အကုသိုလ်ကင်းသော အဖြူထည် သက်သက် ထွက်လာလတ္တံ့၊ ကြောက်ရွံ့မှုကင်းစွာ သင့် လက်ရုံးကို ချုပ်တီး ထားလော့၊ ဤသည် သင့်ကံကြမ္မာရှင်က ဖာရိုးနှင့် သူ့အကြံပေးတို့ထံသို့ ပို့သည့် သက်သေပြချက်များမှ နှစ်ခု ဖြစ်၏၊ သူတို့သည်ကား ယုတ်မာသော လူမျိုးပင် ဖြစ်၏။
၂၈း၃၃။ သူ လျှောက်ထားသည်မှာ “အို- ကံကြမ္မာရှင်၊ တပည့်တော်သည် သူတို့မှ ဉာဉ်တစ်ခုကို တိုက်ခိုက်ခဲ့၏၊ သူတို့က ပြန်တိုက်ခိုက်မည်ကို ကြောက်မိပါ၏။”
၂၈း၃၄။ တပည့်တော်၏ အကို ဟာရွန်၊ သူသည် တပည့်တော်ထက် နှုတ်လျှာ သွက်လက်၏၊ ဖြောင့်မှန်သော အကူအဖြစ် သူ့အား တပည့်တော်နှင့်အတူ စေပို့ပေးပါ၊ သူတို့၏ ငြင်းဆန်ခြင်းကို တပည့်တော် စိုးရိမ်ပါ၏၊” ဟု ဖြစ်၏။
၂၈း၃၅။ အရှင်က “သင့်အား သင်၏အကိုဖြင့် လက်ရုံး အားဖြည့်ပေးလတ္တံ့၊ သင်တို့အား အလှမ်းမမီစေရန် ငါ၏ သက်သေလက္ခဏာများဖြင့် သင်တို့နှစ်ဦးထံ အစွမ်းအာဏာကို စီစဉ်ပေးတော်မူမည်၊ သင်တို့နှင့် သင်တို့အား လိုက်နာသူတို့သည် အနိုင်ရသူများ ဖြစ်လတ္တံ့၊” ဟု ဆို၏။
၂၈း၃၆။ မူဆာသည် ငါ၏ ထင်ရှားသော သက်သေ လက္ခဏာများဖြင့် သူတို့ထံသို့ ရောက်လာစဉ် သူတို့က “ဤသည် လုပ်ကြံ ဖန်တီးသော မှော်အတတ်သာ ဖြစ်၏၊ ရှေးဦးပထမ ကျွန်ုပ်တို့၏ ဘဘိုးလက်ထက်မှ ဤသို့ မကြားဘူးချေ၊” ဟု ဆိုကြ၏။
၂၈း၃၇။ မူဆာက “အရှင်၏ထံမှ လမ်းညွှန်ချက်အား ရောက်လာစေသူသည် အဘယ်သူ ဖြစ်ကြောင်း ကျွန်ုပ်၏ ကံကြမ္မာရှင်သည် အသိဆုံး ဖြစ်တော်မူ၏၊ ချုပ်ငြိမ်းမှု ဗိမာန်သည် မည်သူ့အတွက် ဖြစ်ကြောင်းကိုလည်း သိတော်မူ၏၊ ဧကန်ပင် အရှင်သည် အမိုက်ကောင်များအား အောင်မြင် ပေါက်မြောက်စေတော် မမူချေ၊” ဟု ဆို၏။
၂၈း၃၈။ ဖာရိုးက “အို- အကြံပေးတို့၊ ကျွန်ုပ်မှအပ အခြား ဘုရားဟူ၍ သင်တို့အတွက် ရှိသည်ကို ကျွန်ုပ် မသိခဲ့ချေ၊ သို့ဖြစ်၍ အို- ဟာမံ၊ မြေပေါ်၌ ကျွန်ုပ်အတွက် ဖိုထိုးလော့၊ မူဆာ၏ ဘုရား ဆိုသည်ကို ဖေါ်ထုတ်နိုင်အံ့ငှာ နန်းတော်စီစဉ်လော့၊ ကျွန်ုပ်သည်ကား သူ့အား လူလိမ်များမှဟု စဉ်းစားမိ၏၊” ဟု ဆို၏။
၂၈း၃၉။ သူနှင့် သူ့စစ်တပ်သည် သစ္စာမဲ့စွာဖြင့် မြေကမ္ဘာ၌ မောက်မာပလွှား ကြကုန်၏၊ သူတို့သည် ငါ့ထံသို့ မပြန်ရတော့ ဟု စဉ်းစားကြကုန်၏။
၂၈း၄၀။ သို့ဖြင့် ငါသည် သူနှင့် သူ့စစ်တပ်အား အရေးယူလျက် မြစ်တွင်းသို့ စွန့်ပစ်လိုက်၏၊ အမိုက်ကောင်တို့သည် နိဂုံး မည်သို့ ဖြစ်ရသည်ကို ကြည့်ကြလော့။
၂၈း၄၁။ သူတို့အား အပူမီးသို့ ဖိတ်ခေါ်စေသော ရှေ့ဆောင်များအဖြစ် ငါ စီစဉ်ပေးတော်မူ၏၊ ရပ်တည်ရသော နေ့၌ အကူအညီ မရှိချေ။
၂၈း၄၂။ ဤလောကီ၌ မေတ္တာမဲ့ခံရခြင်းသည် သူတို့၏ နောက်သို့ လိုက်စေ၏၊ ရပ်တည်ရသော နေ့၌ သူတို့အား ရွံရှာခံရသူတို့မှ ဖြစ်စေ၏။
၂၈း၄၃။ ရှေးမျိုးဆက်များကို တိမ်ကောစေပြီးသည့်နောက် မူဆာအား ကျမ်းတော် တစ်ပါးကို မုချ ငါ ချီးမြှင့်ခဲ့၏၊ လူသားတို့ ဆင်ခြင်သတိရှိအံ့ငှာ သူတို့အတွက် လမ်းညွှန်တော် ကရုဏာတော်နှင့် အမြင်အာရုံရခြင်းကို ဖြစ်စေ၏။
၂၈း၄၄။ မူဆာထံသို့ ညွှန်ကြားချက်ကို ငါ ဆုံးဖြတ်ပေးသောအခါ သင်သည် နေဝင်ရာ နံဘေးဘက်၌ ရှိမနေခဲ့ပေ၊ သင်သည် မျက်မြင်သက်သေလည်း မဟုတ်ခဲ့ချေ။
၂၈း၄၅။ သို့ရာတွင် ငါသည် မျိုးဆက်ပေါင်းများစွာကို ပေါက်ပွားစေခဲ့၍ သူတို့၏ ဘဝ သံသရာများကို ရှည်ကြာစေခဲ့၏၊ ငါသည် မီဒီယံ ဝိုင်းသားတို့အား ငါ၏ သုတ်ဒေသနာများကို ဖတ်ပြစဉ်လည်း သင်သည် သူတို့နှင့်အတူ တည်းခိုနေသူ မဟုတ်ချေ၊ သို့သော် ငါသည် ဉာဏ်စဉ်ဆောင်များ စေစားနေသောအရှင် ဖြစ်၏။
၂၈း၄၆။ ငါအရှင် ဖိတ်ခေါ်သောအခါ သင်သည် တောင်၏နံဘေးဘက်၌ မရှိခဲ့ချေ၊ သို့သော် သင့်အလျင် သတိပေးသူ ရောက်မလာသေးသော လူမျိုးတို့ ဆင်ခြင် သတိရှိအံ့ငှာ သင့် ကံကြမ္မာရှင်၏ထံမှ ကရုဏာနှင့် သတိပေး တရားတော် ဖြစ်၏။
၂၈း၄၇။ သူတို့၏ စုံရပ်ခံခဲ့သော လက်ချက်များကြောင့် သူတို့အား ထိခိုက်မှု တစ်ခု ထိခိုက်လျှင် အို- ကံကြမ္မာရှင်၊ တပည့်တော်တို့ထံသို့ ဉာဏ်စဉ်ဆောင် တစ်ပါး စေစားခဲ့ပါမူ တပည့်တော်တို့သည် အရှင်၏ သုတ်ဒေသနာများကို လိုက်နာလျက် ယုံကြည်သူများမှ ဖြစ်ခဲ့ရပါမည် ဟု မပြောဆိုနိုင်ရန် ဖြစ်၏။
၂၈း၄၈။ သူတို့ထံသို့ ငါ့ထံတော်မှ သစ္စာတရားတော် ရောက်လာစေသော် “မူဆာအား ပေးအပ်သကဲ့သို့ သူ့ကို အဘယ်ကြောင့် မပေးအပ်ခဲ့လေသနည်း၊” ဟု ဆိုကြ၏၊ သူတို့သည် ဤ ရှေ့အလျင်က မူဆာအား ချီးမြှင့်ခဲ့သည်ကိုလည်း “အချင်းချင်း ကျောထောက် နောက်ခံပြုသော- ကျွန်ုပ်တို့ ကိုယ်စီအား ဖုံးကွယ်သူများ ဖြစ်သည်ဟု ပြောသော မှော်အတတ်များပင်” ဟု ပြော၍ ဖုံးကွယ် ငြင်းဆန်ခဲ့ပြီ မဟုတ်လော။
၂၈း၄၉။ “သင်တို့သည် ဖြောင့်မှန်သူများ ဖြစ်ကြလျှင် ကျွန်ုပ် လိုက်နာဘို့ရာ ဤနှစ်ခုထက် ပိုမို လမ်းညွှန်ပေးသော ကျမ်းတစ်ပါးကိုမျှ ပရမတ်ဘုရားရှင်၏ ထံတော်မှ ယူလာပေးလော့၊” ဟု ပြောလော့။
၂၈း၅၀။ အကယ်၍ သင့်အား မတုံ့ပြန်ခဲ့လျှင် သိကြကုန်လော့၊ သူတို့သည် လိုဘများနောက်သို့ လိုက်နေသူများ ဖြစ်၏၊ ပရမတ်ဘုရားရှင်၏ လမ်းညွှန်ခြင်းမရှိဘဲ မိမိ လိုဘများနောက်သို့ လိုက်နေသော ပို၍ လမ်းလွဲသူ မည်သူနည်း၊ ဧကန်ပင် ပရမတ်ဘုရားရှင်သည် မိုက်ကြေးခွဲသော လူမျိုးအား လမ်းညွှန်တော် မမူချေ။
၂၈း၅၁။ သူတို့ ဆင်ခြင် သတိရှိအံ့ငှာ သူတို့အတွက် ဓမ္မတော်ကို မုချပင် ဆက်စပ်ဖေါ်ပြပေးခဲ့ပြီ။
၂၈း၅၂။ ဤ ရှေ့အလျင်က ကျမ်းတော် ပေးအပ်ခြင်းခံရသော သူများ၊ သူတို့သည် ၎င်းအား ယုံကြည်ကြ၏။
၂၈း၅၃။ ၎င်းကို သူတို့အား ရွတ်ဖတ်ပြသောအခါ “ကျွန်ုပ်တို့သည် ၎င်းကို ယုံကြည်ပါ၏၊ ၎င်းသည် ကံကြမ္မာရှင်၏ထံမှ ပရမတ္ထ သစ္စာ ဧကန်ဖြစ်၏၊ ကျွန်ုပ်တို့သည် ဤ ရှေ့အလျင်ကပင် သန္တိသုခဝါဒီများ ဖြစ်ခဲ့ကြပါပြီ၊” ဟု ဆိုကြလတ္တံ့။
၂၈း၅၄။ သူတို့၏ သည်းခံမှုများကြောင့် သူတို့သည် အကျိုးဆုလာဘ် နှစ်ကြိမ် ချီးမြှင့်ခြင်း ခံရလတ္တံ့၊ သူတို့သည် အကုသိုလ်မှုကို သုမင်္ဂလာဖြင့် ဖယ်ရှားကြ၏၊ သူတို့အား ငါအရှင် ရိက္ခာထောက်ရာများမှ ပေးကမ်း သုံးစွဲကြကုန်၏။
၂၈း၅၅။ သူတို့သည် ပွစိပွစိ ပြောသံများကို ကြားရသောအခါ ၎င်းကို ဘောင်ထားလျက် “ကျွန်ုပ်တို့အတွက် ကျွန်ုပ်တို့၏ ကျင့်ကြံမှုသည် ရှိ၏၊ သင်တို့အတွက် သင်တို့၏ ကျင့်ကြံမှုသည် ရှိ၏၊ သင်တို့ အပေါ်သို့ ငြိမ်းချမ်းသာယာပါစေ- ကျွန်ုပ်တို့သည် ပညာမဲ့သူများကို မရှာဖွေပေ၊” ဟု ဆိုကြကုန်၏။
၂၈း၅၆။ သင် နှစ်သက်သောသူအား သင်သည် လမ်းမညွှန်နိုင်ချေ၊ သို့ရာတွင် ပရမတ်ဘုရားရှင်သည်သာ စံချိန်ပြည့်မီသူအား လမ်းညွှန်တော်မူ၏၊ အရှင်သည် လမ်းညွှန် ခံရသူများကိုလည်း အသိဆုံး ဖြစ်တော်မူ၏။
၂၈း၅၇။ သူတို့က “သင်နှင့် အတူရှိသော လမ်းညွှန်တော်ကို လိုက်နာမိလျှင် ကျွန်ုပ်တို့အား တိုင်းပြည်မှ သုတ်သင်ပစ်လတ္တံ့၊” ဟု ပြောဆိုကြ၏၊ ငါသည် သူတို့အတွက် သဗ္ဗလုံးစုံသော သစ်သီးဝလံကို ရွေးချယ် တင်သွင်းသော ယုံကြည် စိတ်ချရရာ ဘေးမဲ့ဌာန ထူထောင်ပေးသည် မဟုတ်လော၊ ငါ့ထံတော်မှ ရိက္ခာ ထောက်တော်မူ၏၊ သို့ရာတွင် သူတို့မှ အများစုသည် အသိ ရှိကြသည် မဟုတ်ပေ။
၂၈း၅၈။ အတ္တဘဝ အတွက်သာ ဟန်ရေးထုတ်နေသော အရပ်ဒေသ မည်မျှကို ငါ တိမ်ကောစေခဲ့သနည်း၊ ဤသည် သူတို့ အခြေချခဲ့ရာများ ဖြစ်၏၊ သူတို့၏နောက် အနည်းငယ်မှအပ အခြေ မချနိုင်တော့ပြီ၊ ငါသည်သာ အမွေထိန်း ဖြစ်တော်မူ၏။
၂၈း၅၉။ သင်၏ ကံကြမ္မာရှင်သည် အရပ်ဒေသတစ်ခု၏ မိခင်မြို့ပြ၌ သူတို့အတွက် ငါအရှင်၏ သုတ်ဒေသနာများကို ရွတ်ဖတ်ပြရန် ဉာဏ်စဉ်ဆောင် တစ်ပါးကို မပွင့်ပေါ်စေဘဲ ၎င်းကို တိမ်ကောစေခြင်း မရှိချေ၊ ငါသည် မည်သည့် အရပ်ဒေသကိုမှ– ထိုမှ ဝိုင်းသားများသည် အမိုက်ကောင်များ မဟုတ်ဘဲ တိမ်ကောစေခြင်း မရှိချေ။
၂၈း၆၀။ သင်တို့အား ပေးအပ်သော အရာများသည် လောကီဘဝ၏ ချမ်းမြေ့ စွဲမက်စရာ အတွက်သာ ဖြစ်၏၊ ပရမတ်ဘုရားရှင်၏ ထံပါး၌ ရှိသည်မှာ ပို၍ ကောင်း၏၊ တည်တံ့၏၊ အတွေးအခေါ် မရှိကြသလော။
၂၈း၆၁။ ငါအရှင်၏ တင့်တင့်တယ်တယ် ကတိဖြင့် ကတိ ခင်းကျင်းခံရသူသည် လောကီဘဝ၏ ချမ်းမြေ့ခြင်းဖြင့် ချမ်းမြေ့စေပြီး ရပ်တည်ရမည့်နေ့ ကာလ၌ ဆင့်ခေါ်ခံရသူကဲ့သို့ ဖြစ်လေသလော။
၂၈း၆၂။ သူတို့အား ငါ ခေါ်ငင်သောနေ့ ကာလ၌ “ငါနှင့် ရောပြွန်း ကိုးကွယ်ခဲ့သော၊ သင်တို့ ရပ်တည် ပြောဆို ပေးလေ့ရှိသောသူများ အဘယ်မှာနည်း၊” ဟု ဆိုလတ္တံ့။
၂၈း၆၃။ သူတို့အပေါ်၌ ငါ၏စကား- အမှန် ဖြစ်ခံရသော သူများက “အို- ကံကြမ္မာရှင်၊ ဤသူတို့သည် တပည့်တော်တို့အား တိမ်းပါးစေခဲ့ပါပြီ၊ တပည့်တော်တို့သည်လည်း မိမိတို့အား တိမ်းပါးစေသကဲ့သို့ သူတို့အား တိမ်းပါးစေခဲ့ပါပြီ၊ တပည့်တော်တို့သည် အရှင့်ထံ၌ ကင်းရှင်းပါ၏၊ သူတို့သည် တပည့်တော်တို့အား ကိုးကွယ်လေ့ မရှိခဲ့ပါ၊” ဟု ဆိုကြ၏။
၂၈း၆၄။ သင်တို့ ရောပြွန်း ကိုးကွယ်ရာများကို ခေါ်ကြလော့ ဟု ဆိုသော် သူတို့သည် ၎င်းတို့ကို ခေါ်ကြ၏၊ သို့သော် သူတို့အား မတုံ့ပြန်ကြချေ၊ သူတို့သည် ဝဋ်ကြွေးကိုသာ မြင်ရ၏၊ သူတို့သည် လမ်းညွှန်မှန်၌ ရှိခဲ့ပါလေစ။
၂၈း၆၅။ သူတို့အား ခေါ်ငင်သောနေ့ ကာလ၌ “ဉာဏ်စဉ်ဆောင်တို့အား သင်တို့က မည်သို့ တုံ့ပြန်ခဲ့သနည်း၊” ဟု မေး၏။
၂၈း၆၆။ ထိုနေ့ကာလ၌ သူတို့အတွက် သတင်းများ စုံလုံးကန်းလျက် သူတို့ချင်း မေးမြန်းနိုင်တော့မည် မဟုတ်ချေ။
၂၈း၆၇။ ခဝါချ- ယုံကြည်လျက် ပြုပြင် ပြောင်းလဲခြင်း ကျင့်ကြံသူမှာမူ သူသည် အောင်မြင် ပေါက်မြောက်သူတို့မှ ဖြစ်နိုင်ရာ၏။
၂၈း၆၈။ သင်၏ ကံကြမ္မာရှင်သည် စံချိန်ပြည့်မီရာ၊ ရွေးချယ်ရာကို ဖြစ်တည်စေ၏၊ သူတို့အတွက် အကောင်းချည်းသာ ဖြစ်၏၊ ပရမတ်ဘုရားရှင်သည် ဦးထိပ်ထားရာ ဖြစ်ပါ၏၊ ရောပြွန်း ကိုးကွယ်ကြရာများထက် အထွဋ်အထိပ် ဖြစ်တော်မူ၏။
၂၈း၆၉။ သင့်ကံကြမ္မာရှင်သည် သူတို့၏ရင်တွင်း၌ ကွယ်ထားရာ လူသိရှင်ကြား ပြုရာများကို သိနေတော်မူ၏။
၂၈း၇၀။ အရှင်သည် ပရမတ်ဘုရားရှင် ဖြစ်၏၊ အရှင်မှအပ အခြား ဘုရားဟူ၍ မရှိ၊ အစမှ အဆုံးထိ ရည်သန် စူးစိုက်မှုအပေါင်းသည် အရှင့်အတွက်သာ ဖြစ်၏၊ စီရင်ထုံးတို့၏ အရှင်သခင် ဖြစ်၏၊ အရှင့်ထံသို့သာ လှည့်ပြန်ရမည်သာတည်း။
၂၈း၇၁။ “အကယ်၍ ပရမတ်ဘုရားရှင်သည် ညအား ရပ်တည်ရမည့်နေ့ ကာလအထိ တဆက်တည်း စီစဉ်ခဲ့သော် ပရမတ်ဘုရားရှင်မှအပ အခြားသော အဘယ်ဘုရားက သင်တို့အတွက် နေ့အလင်းရောင်ကို ပေးအပ်နိုင်မည်နည်း၊ ဟု ရှုစား မိကြသလော၊ ကြားနာနိုင်မှု မရှိကြသလော၊” ဟု ဟောပြောလော့။
၂၈း၇၂။ ဟောဦးလော့၊ “အကယ်၍ ပရမတ်ဘုရားရှင်သည် နေ့ကို ရပ်တည်ရမည့်နေ့ ကာလအထိ တဆက်တည်း စီစဉ်ခဲ့သော် ပရမတ်ဘုရားရှင်မှအပ အခြားသော အဘယ်ဘုရားက နားစေနိုင်သော ညကို သင်တို့အား ပေးအပ်နိုင်မည်နည်း၊ ဟု ရှုစား မိကြသလော၊ အမြင် မရှိကြသလော။”
၂၈း၇၃။ အရှင်၏ ကရုဏာတော်များမှ နားနေနိုင်ရန်၊ အရှင်၏ သိက္ခာပေးခြင်းကို ရှာဖွေနိုင်ရန်၊ သင်တို့အတွက် နေ့နှင့် ညကို စီစဉ်ပေးထား၏၊ သင်တို့အဘို့ ကျေးဇူး သိတတ်အံ့ငှာ ဖြစ်၏။
၂၈း၇၄။ သူတို့အား အရှင် ခေါ်ငင်သောနေ့၌ “ငါနှင့် ရောပြွန်း ကိုးကွယ်ခဲ့သည့် သင်တို့က ရပ်တည် ပြောဆိုပေးလေ့ ရှိသောသူများ အဘယ်မှာနည်း၊” ဟု ဆိုလတ္တံ့။
၂၈း၇၅။ ငါသည် အသိုင်းအဝိုင်း ကိုယ်စီမှ သက်သေ တစ်ဦးစီကို ဆွဲထုတ်၍ “သင်တို့၏ သက်သေပြချက်များကို ယူခဲ့ကြ၊” ဟု ဆိုသော် သစ္စာတရားသည် ပရမတ်ဘုရားရှင်၌ ရှိ၍ သူတို့၏ လုပ်ကြံ ဖန်တီးလေ့ ရှိရာများသည် သူတို့မှ သွေဖယ် သွားကြောင်းကို သူတို့ သိလာကြလတ္တံ့။
၂၈း၇၆။ ကာရူးန်သည် မူဆာ၏ လူမျိုးမှ ဖြစ်၍ သူသည် သူတို့ကို အပြစ်ရှာ၏၊ ငါသည် သူ့အား ဥစ္စာရတနာများကို ချီးမြှင့်၍ သူ၏ သော့များသည် အဖွဲ့တောင့်၊ အစွမ်းရှိသူများကိုပင် ဝန်ပိစေနိုင်၏၊ သူ့လူမျိုးက သူ့အား ပြောသည်မှာ “အူမြူး မနေနှင့်၊ ဧကန်ပင် ပရမတ်ဘုရားရှင်သည် အူမြူးနေသူများကို နှစ်သက်တော် မမူချေ။
၂၈း၇၇။ သင့်အား ပရမတ်ဘုရားရှင် ချီးမြှင့်ထားရာတို့ဖြင့် နောင်ဘဝ ဗိမာန်ကို ရှာဖွေလော့၊ လောကီမှ ပင်ပန်းရကျိုးကိုလည်း မမေ့ပျောက်စေနှင့်၊ ပရမတ်ဘုရားရှင်က သင့်အား သုမင်္ဂလာ ပြုစေသကဲ့သို့ သင်သည် သုမင်္ဂလာ ပြုလော့၊ မြေပေါ်တွင် အဖျက်လုပ်ရပ် မရှာမှီးနှင့်၊ ဧကန်ပင် ပရမတ်ဘုရားရှင်သည် အဖျက်ကောင်များကို နှစ်သက်တော်မမူချေ။”
၂၈း၇၈။ သူက “ကျွန်ုပ်သည် မိမိ၏ အသိပညာကြောင့်သာ ဤသည်ကို ချီးမြှင့်ခံရခြင်း ဖြစ်၏၊” ဟု ဆို၏၊ သူ့ရှေ့ မတိုင်မီ သူ့ထက် အစွမ်းသတ္တိ ပိုမိုသန်မာသော၊ အုပ်စုအင်အား ပိုများသော၊ မျိုးဆက်များကို ပရမတ်ဘုရားရှင်က တိမ်ကောစေ လိုက်သည်ကို သူ မသိသလော၊ ရာဇဝတ်ကောင်များအား သူတို့၏ အပြစ်များ အတွက် စစ်ဆေးရန်ပင် မလိုတော့ချေ။
၂၈း၇၉။ စွဲမက်စရာများဖြင့် သူ့လူမျိုးကြားသို့ သူထွက်လာခဲ့၏၊ လောကီ သက်တမ်းအား လိုလားသောသူက “ကာရူးန်အား ချီးမြှင့်ခံရသကဲ့သို့ ကျွန်ုပ်သည် ဖြစ်ချင်လှပါဘိ၊ ဧကန်ပင် သူသည် တာဝန်ကြီးကြီး ယူတတ်သူ ဖြစ်၏၊” ဟု ဆို၏။
၂၈း၈၀။ အသိပညာ ချီးမြှင့်ခြင်းခံရသော သူက “သင်တို့ ပျက်စီးရလေခြင်း၊ ယုံကြည်၍ ပြုပြင် ပြောင်းလဲမှု ကျင့်ကြံသူအတွက် ဖြစ်သည့် ပရမတ်ဘုရားရှင်၏ အကျိုးပေးသည် ပို၍ ကောင်းမွန်၏၊ ၎င်းကို ခန္တီပါရမီရှင်တို့သာ ဆုံတွေ့နိုင်၏၊” ဟု ဆို၏။
၂၈း၈၁။ သို့ဖြင့် ငါအရှင်သည် မြေကမ္ဘာကို သူနှင့် သူ့ဗိမာန်အား မြိုလိုက်စေ၏၊ ပရမတ်ဘုရားရှင်မှလွဲ၍ သူ့အား ကူညီနိုင်သော တပ်ဟူ၍ မရှိပြီ၊ သူသည် မိမိကိုယ် မိမိ ကူညီနိုင်ခြင်း မရှိချေ။
၂၈း၈၂။ မနေ့က သူ၏ အဆင့်ကို အားကျမိသော သူတို့က နံနက်စတွင် “ပရမတ်ဘုရားရှင်သည် အရှင်၏ အမှုတော်ဆောင်များမှ စံချိန်ပြည့်မီသူကို မပြတ်မလတ် ရိက္ခာ တိုးပွားစေ၏၊ စည်းကြပ်မတ်၏၊ အကယ်၍ ပရမတ်ဘုရားရှင်က ကျွန်ုပ်တို့အား မျက်နှာသာ မပေးခဲ့လျှင် ကျွန်ုပ်တို့သည်လည်း မြေမြိုခြင်း ခံရပေမည်၊ ဖုံးကွယ်သူတို့သည် အောင်မြင်ပေါက်မည် မဟုတ်ချေတကား၊” ဟု ဆိုကြ၏။
၂၈း၈၃။ နောင်ဘဝ ဗိမာန်တော်ကိုမူ မြေကမ္ဘာ၌ ကိန်းကြီးခန်းကြီးနှင့် အဖျက် မလုပ်လိုသော သူများအတွက် ငါ စီစဉ်ထား၏၊ ချုပ်ငြိမ်းခြင်းသည် စည်းစောင့်သူတို့ အတွက်ပင် ဖြစ်၏။
၂၈း၈၄။ သုမင်္ဂလာဖြင့် ရောက်လာသူ- သူ့အတွက် ထို၌ ပိုကောင်းခြင်းသည် ရှိ၏၊ အကုသိုလ်ဖြင့် ရောက်လာသူ- အကုသိုလ် ကျင့်ကြံသော သူများ၏ ကျင့်ကြံခဲ့လေ့ ရှိသည့် အလျောက်သာ အစားပေး ခံရလတ္တံ့။
၂၈း၈၅။ ကုရ်အာန်အား သင့်အပေါ်၌ တာဝန်ပေးသော အရှင်သည် သင့်အား ဆက်ဖြစ်မည့် အဆင့်သို့ ပြန်ပို့တော်မူလတ္တံ့၊ “ကျွန်ုပ်၏ ကံကြမ္မာရှင်က မည်သူသည် လမ်းညွှန်ချက်ဖြင့် ရောက်လာသည်၊ မည်သူသည် ရှင်းလင်း ထင်ရှားသော အပါယ်လမ်း၌ ရှိသည်ကို အသိဆုံးဖြစ်တော်မူ၏၊” ဟု ဟောကြားလော့။
၂၈း၈၆။ ဤမတိုင်မီက သင့်အား ကျမ်းတော်ကို ခင်းကျင်းပေးမည် ဟု သင် မျှော်လင့်ထားခြင်း မရှိခဲ့ချေ၊ သို့သော် ဤသည် သင့် ကံကြမ္မာရှင်၏ထံမှ ကရုဏာတော်သာ ဖြစ်၏၊ ထို့ကြောင့် ဖုံးကွယ်သူများအား ကျောထောက် နောက်ခံ ပြုသူ မဖြစ်နှင့်။
၂၈း၈၇။ သင့်ထံသို့ ချမှတ်ပေးပြီးနောက် ပရမတ်ဘုရားရှင်၏ သုတ်ဒေသနာများမှ သင့်ကို မဖယ်ထုတ်စေနှင့်၊ သင့် ကံကြမ္မာရှင်၏ ထံသို့သာ ဖိတ်ခေါ်လော့၊ ရောပြွန်း ကိုးကွယ်သူတို့မှ မဖြစ်ကြစေနှင့်။
၂၈း၈၈။ ပရမတ်ဘုရားရှင်မှအပ အခြား ဘုရားဟူ၍ ဆုမတောင်းကြစေနှင့်၊ အရှင်မှအပ အခြား ဘုရားဟူ၍ မရှိပြီ၊ အရှင်၏ ဥပတိတော်မှအပ သဗ္ဗလုံးစုံသည် တိမ်ကော ပျက်စီးရမည်သာတည်း၊ စီရင်ထုံး ပြုခြင်းသည် အရှင်၏ အချုပ်အခြာ၌ ရှိ၏၊ အရှင့်ထံသို့သာ လှည့်ပြန်ရမည်သာတည်း။
ဓမ္မခန္ဓာ (၂၈) ဤတွင် ပြီး၏။
ဓမ္မခန္ဓာ (၂၉) ပင့်ကူ
ဉာဏ်စဉ်ကိန်းပေးမှု အမှတ်စဉ်- ၈၅။ သုတ်ဒေသနာ- ၆၉ ပါး။
ကရုဏာရှင် အကြင်နာရှင် ဖြစ်တော်မူသော ပရမတ်ဘုရားရှင်၏ ဂုဏ်တော်အားဖြင့်-
၂၉း၁။ “ငါသည် ကုန်စင် သိနေတော်မူသော ပရမတ်ဘုရားရှင် ဖြစ်၏။”
၂၉း၂။ လူသားတို့က “ကျွန်ုပ်တို့သည် ယုံကြည်ပါ၏၊” ဟု ဆိုယုံမျှဖြင့် သူတို့အား စမ်းသပ်ခြင်း မရှိဘဲ ချန်ထားပေးမည်ဟု စိတ်ကူးယဉ်နေသလော။
၂၉း၃။ ဖြောင့်မှန်သော သူများကို သိသာစေရန်၊ မုသာဝါဒီများကို သိသာစေရန်၊ သူတို့၏ ရှေ့အလျင် ဖြစ်သူများကိုလည်း ပရမတ်ဘုရားရှင်က စမ်းသပ်ခဲ့ပြီ။
၂၉း၄။ သို့တည်းမဟုတ် အကုသိုလ်အား ကျင့်ကြံသော သူများသည် ငါ့ထံမှ လွတ်ကြောင်း သတ်မှတ်ချက် ရှိသည်ဟု စိတ်ကူးယဉ် နေကြသလော၊ သူတို့၏ စီရင်ထုံး ပြုမှုသည် အဆိုးသာလျှင် ဖြစ်၏။
၂၉း၅။ ပရမတ်ဘုရားရှင်အား ဖူးတွေ့ရမည်ကို မျှော်ကိုးသူများ ရှိ၏၊ ဧကန်ပင် ပရမတ်ဘုရားရှင်၏ သတ်မှတ်ကာလသည် ဆိုက်ရောက်လာနေ၏၊ အရှင်သည် ကြားနေသောအရှင်၊ သိနေသောအရှင် ဖြစ်တော်မူ၏။
၂၉း၆။ အားစိုက် ဆောင်ရွက်သူ၊ ထိုသူသည် သူ့ဉာဉ်စရိုက်အတွက် အားစိုက် ဆောင်ရွက်ခြင်း ဖြစ်၏၊ ဧကန်ပင် ပရမတ်ဘုရားရှင်သည် ကုံလုံပြည့်စုံ၏၊ လောက ခပ်သိမ်းအား မှီခိုခြင်းကင်း၏။
၂၉း၇။ ယုံကြည်၍ ပြုပြင် ပြောင်းလဲခြင်း ကျင့်ကြံသောသူ- ထိုသူများ၏ အကုသိုလ်များကို ဖုံးကွယ် ပလပ်ပေး၍ သူတို့ ကျင့်ကြံလေ့ ရှိသည်များအတွက် တင့်တင့်တယ်တယ် အစားပေးတော်မူမည်။
၂၉း၈။ ငါသည် လူသားတို့အား မွေးမိဘအပေါ် သုမင်္ဂလာပြုရမည်ဟု မှာကြား၏၊ သို့သော် သူတို့က သင်ကိုယ်တိုင် တပ်အပ် မသိသော အရာကို ငါအရှင်နှင့် ရောပြွန်း ကိုးကွယ်စေရန် အားစိုက် ဆောင်ရွက်ခဲ့လျှင် သူတို့အား မနာခံကြနှင့်၊ သင်တို့သည် ငါ့ထံသို့သာ အပြန်ခရီးရှိ၏၊ ထိုအခါ သင်တို့ ကျင့်ကြံလေ့ ရှိရာကို သတင်း ထုတ်ပြန်တော်မူလတ္တံ့။
၂၉း၉။ ယုံကြည်၍ ပြုပြင်ခြင်းကို ကျင့်ကြံသောသူ၊ သူတို့အား ငါအရှင်က ပြောင်းလဲရေးဝါဒီ၏ အထဲသို့ ဝင်စေတော်မူလတ္တံ့။
၂၉း၁၀။ လူသားတို့အနက် “ကျွန်ုပ်တို့သည် ပရမတ်ဘုရားရှင်အား ယုံကြည်ပါ၏၊” ဟု ဆိုသူများ ရှိ၏၊ သို့သော် ပရမတ်ဘုရားရှင်အတွက် သွေးတိုးစမ်း ခံရစေလျှင် လူသားတို့၏ ကျပ်တည်း ထိခိုက်ခြင်း စီစဉ်မှုကို ပရမတ်ဘုရားရှင်ထံမှ ဝဋ်ကြွေးအလား ခံစား၏၊ သို့သော် ကံကြမ္မာရှင်၏ထံမှ ကူညီစောင်မမှု ရောက်လာလျှင် “ကျွန်ုပ်တို့သည် သင်တို့နှင့် အတူ ဖြစ်ခဲ့၏၊” ဟု ဆိုကြ၏၊ ပရမတ်ဘုရားရှင်သည် လောကခပ်သိမ်း၏ ရင်တွင်းမှ အရာကို အသိဆုံးပင် မဟုတ်လော။
၂၉း၁၁။ ပရမတ်ဘုရားရှင်က ယုံကြည်သော သူများကို သိသာစေ၏၊ သီလကြောင်များကိုလည်း သိသာစေ၏။
၂၉း၁၂။ ဖုံးကွယ်သော သူများက ယုံကြည်သော သူများကို “ကျွန်ုပ်တို့၏ လမ်းစဉ်အား လိုက်နာကြလော့၊ သင်တို့၏ မှားပြစ်များကို သယ်ပိုးပေးမည်၊” ဟု ဆိုကြ၏၊ သူတို့သည် သူတို့၏ မှားပြစ်များမှ တစ်စုံတစ်ရာကိုပင် သယ်ပိုးနိုင်ကြသည် မဟုတ်ချေ၊ သူတို့သည် မုသာဝါဒီများသာ ဖြစ်ကြကုန်၏။
၂၉း၁၃။ သူတို့သည် သူတို့၏ ဝန်ထုပ်များ၊ သူတို့၏ ဝန်ထုပ်နှင့်အတူ အခြားဝန်ထုပ်များကို သယ်ပိုးရလိမ့်မည်၊ သူတို့၏ လုပ်ကြံ ဖန်တီးလေ့ ရှိသည်များနှင့် စပ်လျဉ်း၍ ရပ်တည်ရမည့်နေ့ ကာလ၌ စစ်ကြောခံကြရမည်ပင်။
၂၉း၁၄။ ငါသည် နူးဟ်ကို သူ့လူမျိုးထံသို့ မုချ စေစား၍ ဓလေ့နှစ် တစ်ထောင်မှ သူတို့ထဲ၌ အသက် နှစ်ငါးဆယ်သာ နေစေခဲ့၏၊ ထို့နောက် သူတို့အား လေပွေ မုန်တိုင်းဖြင့် အရေးယူခဲ့၏၊ သူတို့သည် အမိုက်ကောင်များပင် ဖြစ်ကြ၏။
၂၉း၁၅။ သူနှင့် ရေယာဉ်ပေါ်ရှိ ပေါင်းဖေါ်များကို ငါ လွတ်မြောက်စေ၍ လောက ခပ်သိမ်းအတွက် နိမိတ် လက္ခဏာအဖြစ် စီစဉ်ပေး၏။
၂၉း၁၆။ အီဗရာဟီးမ်က သူ့လူမျိုးအား ပြောသည်မှာ “ပရမတ်ဘုရားရှင်ကိုသာ ကိုးကွယ်ကြလော့၊ အရှင့်အား စည်းစောင့်ကြလော့၊ ယင်းသည် သင်တို့အတွက် ပိုကောင်း၏၊ သင်တို့ သိကြပါလေစ။
၂၉း၁၇။ သင်တို့သည် ပရမတ်ဘုရားရှင်မှလွဲ၍ ရုပ်ပွားဆင်းတုများကိုသာ ကိုးကွယ်ကြကုန်၏၊ လုပ်ဇာတ်များကို တီထွင်ကြကုန်၏၊ ပရမတ်ဘုရားရှင်မှလွဲ၍ သင်တို့၏ ကိုးကွယ်ခံများ ဖြစ်ကုန်သော အရာတို့သည် သင်တို့အတွက် ရိက္ခာထောက်နိုင်ရန်ပင် အစိုးမရချေ၊ သို့ဖြစ်၍ ပရမတ်ဘုရားရှင်၏ ထံတော်မှ ရိက္ခာများကို ရှာဖွေကြလော့၊ အရှင့်ကိုသာ ကိုးကွယ်ကြလော့၊ ကျေးဇူး သိတတ်ကြလော့၊ အရှင်ထံသို့သာ လှည့်ပြန်ရမည်သာတည်း။
၂၉း၁၈။ သင်တို့ ငြင်းဆန်ကြလျှင် သင်တို့၏ ရှေ့အလျင် အသိုင်းအဝိုင်းများသည်လည်း ငြင်းဆန်ခဲ့ကြပြီ၊ ဉာဏ်စဉ်ဆောင်၏ ဝန်တာမှာ ရှင်းလင်းချက်အား ဆိုက်ရောက်စေရန်သာ ဖြစ်၏။
၂၉း၁၉။ ပရမတ်ဘုရားရှင်က မည်သို့ စတင် ဖြစ်တည်စေ၍ ၎င်းအား ဆက် ဖြစ်နေစေသည်ကို မမြင်ကြသလော၊ ယင်းသည် ပရမတ်ဘုရားရှင်အတွက် လွယ်ကူလှချေ၏။
၂၉း၂၀။ ဟောလော့၊ “မြေကမ္ဘာ၌ သွားလာလျက်- မည်သို့ စတင် ဖြစ်တည်စေသည်၊ တဖန် ပရမတ်ဘုရားရှင်သည် နောက်ထပ် ပေါက်ပွားခြင်းများကို မည်သို့ ပေါက်ပွားစေသည်ကို ကြည့်ကြလော့၊ ဧကန်ပင် ပရမတ်ဘုရားရှင်သည် သဗ္ဗလုံးစုံအား စည်းချိန် ချမှတ်တော်မူ၏။
၂၉း၂၁။ စံချိန်ပြည့်သူ အလျောက် ဝဋ်ကြွေးသင့်စေ၍ စံချိန်ပြည့်သူ အလျောက် ကရုဏာသက်စေပြီ၊ အရှင်ထံသို့သာ ဦးလှည့်ရမည်ပင်။
၂၉း၂၂။ သင်တို့က မြေအတွင်း၊ မိုးများအတွင်း၌ ချည့်နဲ့စေနိုင်သည် မဟုတ်ချေ၊ သင်တို့အတွက် ပရမတ်ဘုရားရှင်မှလွဲ၍ ကူညီမည့်သူ မဟာမိတ် မရှိချေ။
၂၉း၂၃။ ပရမတ်ဘုရားရှင်၏ သုတ်ဒေသနာများနှင့် အရှင့်အား ဖူးတွေ့ရမည်ကို ဖုံးကွယ်သော သူတို့၊ ထိုသူတို့သည် ငါ၏ ကရုဏာအား လက်လျော့ရလေပြီ၊ ထိုသူတို့အတွက် စူးနစ်သော ဝဋ်ကြွေးသည် ရှိနေ၏။”
၂၉း၂၄။ သူ့လူမျိုးထံမှ “သူ့အား သတ်ပစ်ကြ၊ သို့မဟုတ် မီးရှို့ပစ်ကြ၊” ဟူသော အဖြေကိုသာ ရ၏၊ သို့သော် ပရမတ်ဘုရားရှင်သည် သူ့အား အပူမီးမှ လွတ်မြောက်စေခဲ့၏၊ ဧကန်ပင် ဤ၌ ယုံကြည်သူ လူမျိုးအတွက် နိမိတ်လက္ခဏာ ရှိနေ၏။
၂၉း၂၅။ သူက “သင်တို့သည် ပရမတ်ဘုရားရှင်မှလွဲ၍ ဆင်းတုရုပ်ပွားများကို အယူထားကြ၏၊ သင်တို့ချင်းကြား လိုလားမှုသည် ဤလောကီ သက်တမ်းအတွက်သာ ဖြစ်၏၊ ရပ်တည်ရမည့်နေ့ ကာလ၌ သင်တို့မှ အချို့သည် အချို့ကို ဖုံးကွယ်ကြလတ္တံ့၊ သင်တို့မှ အချို့သည် အချို့ကို မေတ္တာမဲ့ကြလတ္တံ့၊ သင်တို့အတွက် ခိုလှုံရာသည် အပူမီးသာလျှင် ဖြစ်၍ သင်တို့အတွက် ကူညီမည့်သူ မရှိချေ၊” ဟု ဟောပြော၏။
၂၉း၂၆။ လု(တ်)သည် သူ့အတွက် ရှိနေ၏၊ သူက “ကျွန်ုပ်သည် ကံကြမ္မာရှင်ထံသို့ ခရီးနှင်နေသူ ဖြစ်၏၊ အရှင်သည် ဘုန်းတော်အရှင်၊ ဓမ္မသတ်ရှင် ဖြစ်တော် မူ၏၊” ဟု ဆို၏။
၂၉း၂၇။ ငါသည် သူ့အား အီစ္စဟာ့က်နှင့် ယာကုဗ်ကို ချီးမြှင့်၍ သူ၏ သားစဉ်မြေးဆက်အား သတင်းတော်ဆောင်ဘွဲ့နှင့် ကျမ်းတော်များကို စီစဉ်ပေး၏၊ ငါသည် သူ့အား ဤလောက၌ အကျိုးဆုလာဘ်ကို ချီးမြှင့်တော်မူ၏၊ သူ့အား နောင်ဘဝ၌ ပြုပြင် ပြောင်းလဲသူတို့အနက်မှ ဖြစ်စေ၏။
၂၉း၂၈။ လု(တ်)က သူ့လူမျိုးအား ပြောသည်မှာ “သင်တို့ ရှေ့- လောက ခပ်သိမ်း၌ တစ်စုံတစ်ဦးကမှ သင်တို့အား မသတ်မှတ်ပေးခဲ့သည့် ကိုယ်ကျင့်ပျက်မှုသို့ သင်တို့ ချဉ်းကပ်ကြ၏။
၂၉း၂၉။ သင်တို့သည် အမျိုးသားချင်း ချဉ်းကပ်ကြ၏၊ လမ်းမများကို ဖြတ်တောက်ကြ၏၊ သင်တို့၏ ဖိတ်ကြားခံများ၌ မကြုံဘူးသည်များ ထိသက်စေကြ၏၊” ဟု ဖြစ်သော် သူ့လူမျိုးထံမှ အဖြေမှာ “သင်သည် ဖြောင့်မှန်သူများမှ ဖြစ်လျှင် ပရမတ်ဘုရားရှင်၏ထံမှ ဝဋ်ဒဏ်အား ကျွန်ုပ်တို့ထံသို့ ပေးရောက်စေလော့၊” ဟုသာ ဖြစ်၏။
၂၉း၃၀။ သူက “အို- ကံကြမ္မာရှင်၊ တပည့်တော်အား အဖျက်ကောင် လူမျိုးတို့ထံမှ ကူညီတော်မူပါ၊” ဟု ဆုတောင်း၏။
၂၉း၃၁။ ငါ့ ဉာဏ်စဉ်ဆောင်များသည် အီဗရာဟီးမ်၏ထံသို့ သတင်းကောင်းဖြင့် ရောက်လာစဉ် သူတို့က “ကျွန်ုပ်တို့သည် ဤအရပ်သားမှ အမိုက်ကောင်များ ဖြစ်သော ဝိုင်းသားတို့အား တိမ်ကောပစ်စေမည်” ဟု ဆိုကြ၏။
၂၉း၃၂။ သူက “ထို၌ လု(တ်) ရှိနေပါသည်၊” ဟု ဆိုသော် သူတို့က “ထို၌ မည်သူ ရှိသည်ကို ကျွန်ုပ်တို့ အသိဆုံး ဖြစ်ပါ၏၊ သူ့အမျိုးသမီးမှအပ သူနှင့် သူ့ဝိုင်းသားများကို ကျွန်ုပ်တို့ လွတ်မြောက်စေမည်၊ သူမသည် ကျန်ရစ်သူများမှ ဖြစ်၏၊” ဟု ဆိုကြ၏။
၂၉း၃၃။ ငါ၏ ဉာဏ်စဉ်ဆောင်များအား လု(တ်)ထံသို့ ရောက်လာစေစဉ် အကုသိုလ် သင့်သူများကြောင့် သူတို့အတွက် လက်ပန်းကျ စိတ်ကျပ်တည်းနေ၏၊ သူတို့က “မစိုးရိမ်နှင့်၊ စိတ်မပူနှင့်၊ သင်၏ အမျိုးသမီးမှအပ သင်နှင့် သင့်ဝိုင်းသားများကို ကျွန်ုပ်တို့ လွတ်မြောက်စေမည်၊ သူမသည်ကား ကျန်ရစ်သူများမှ ဖြစ်၏၊” ဟု ဆိုကြ၏။
၂၉း၃၄။ ဤအရပ်သားတို့၏ အပေါ်သို့ သူတို့၏ ယုတ်မာလေ့ ရှိမှုများကြောင့် ကောင်းကင်ယံမှ ဆိုးကျိုးကို ငါ ချမှတ်တော်မူလတ္တံ့။
၂၉း၃၅။ အတွေးအခေါ်ရှိသော လူမျိုးအတွက် ဤ၌ နိမိတ်လက္ခဏာရပ်ကို မုချ ချန်ထားပေးတော်မူ၏။
၂၉း၃၆။ ငါသည် မီဒီယံတို့ထံသို့ သူတို့၏ ညီနောင် ရှုအိုက်(ဘ်)ကို စေ၍ “အို- ကျွန်ုပ်၏ လူမျိုးတို့၊ ပရမတ်ဘုရားရှင်အား ကိုးကွယ်ကြလော့၊ နောင်ဘဝနေ့ ကာလကို မျှော်ကိုးကြလော့၊ ကမ္ဘာ၌ ညစ်ညမ်းစုတ်ပဲ့၊ အဖျက်ကောင်များ မဖြစ်ကြနှင့်၊” ဟု ဟောစေ၏။
၂၉း၃၇။ သူတို့သည် သူ့ကို ငြင်းဆန်ကြ၏၊ သို့ဖြင့် သူတို့အား မြေငလျင်ကြီးဖြင့် အရေးယူလိုက်၍ အိမ်များ၌ ရုပ်ကလပ်များ ဖြစ်သွား၏။
၂၉း၃၈။ အာ့ဒ်နှင့် သမူဒ်များ၊ သူတို့၏ အခြေချခဲ့ရာများအနက် သင်တို့ အတွက် ရှင်းလင်း ထင်ရှားမှုများ ရှိနေ၏၊ မကောင်းဆိုးဝါးသည် သူတို့၏ ကျင့်ကြံမှုများကို ဖမ်းစားထားစေ၏၊ သူတို့တွင် အမြင်အာရုံရှိပါလျက် သူတို့အား လမ်းစဉ်မှန်မှ ဖယ်ရှားခံရပြီ။
၂၉း၃၉။ ကာရူးန်၊ ဖာရိုးနှင့် ဟာမံ- သူတို့ထံသို့ မူဆာသည် ရှင်းလင်းချက်များဖြင့် ရောက်လာ၏၊ သို့သော် သူတို့သည် မြေကမ္ဘာ၌ မာနတက်နေကြ၏၊ သူတို့သည် လွန်ဆန်နိုင်သူများ မဟုတ်ချေ။
၂၉း၄၀။ အပြစ် ကိုယ်စီကြောင့် ငါ အရေးယူတော်မူ၏၊ သူတို့မှ သဲမုန်တိုင်းဒဏ် သင့်ခံရသူလည်း ရှိ၏၊ သူတို့မှ အသံလှိုင်းကြီးဖြင့် အရေးယူ ခံရသူလည်း ရှိ၏၊ သူတို့မှ မြေကမ္ဘာ၏ မြိုခြင်းကို ခံရသူလည်း ရှိ၏၊ ရေနစ်ဘေး သင့်ရသူလည်း ရှိ၏၊ ပရမတ်ဘုရားရှင်သည် သူတို့အား အဝိဇ္ဇာ သင့်စေသည် မဟုတ်ချေ၊ သူတို့ စရိုက်ကိုသာ သူတို့ မိုက်ကြေးခွဲလေ့ရှိ၏။
၂၉း၄၁။ ပရမတ်ဘုရားရှင်မှလွဲ၍ အားကိုးရသူများ ရှိသည်ဟု အယူထားသော သူ၏ ပမာသည်ကား သူ့အတွက် သူ့အိမ်ကိုဆောက်သော ပင့်ကူကဲ့သို့ ဖြစ်၏၊ အိမ်အပေါင်းတို့တွင် အားအပျော့ဆုံးမှာ ပင့်ကူအိမ်ပင် ဖြစ်၏၊ သူတို့ သိကြပါလေစ။
၂၉း၄၂။ အရှင်မှလွဲ၍ မည်သည့်အရာထံ ဆုတောင်းကြသည် ဖြစ်စေ၊ ပရမတ်ဘုရားရှင်သည် သိနေတော်မူ၏၊ အရှင်သည် ဘုန်းတော်ရှင်၊ ဓမ္မသတ်ရှင် ဖြစ်တော်မူ၏။
၂၉း၄၃။ ဤသို့ လူသားတို့အတွက် ပမာဆောင် ဥပမာပေး၏၊ ပညာရှင်များ မှအပ အတွေးအခေါ် ပေါက်မည် မဟုတ်ချေ။
၂၉း၄၄။ ပရမတ်ဘုရားရှင်သည် မိုးများနှင့် မြေကမ္ဘာအား မှန်ကန် ညီညွတ်စွာဖြင့် ဖြစ်တည်ပေး၏၊ ဤ၌ ယုံကြည်သူများ အတွက် နိမိတ်လက္ခဏာရပ် ရှိနေ၏။
၂၉း၄၅။ သင့်အား အာရုံဈာန် ဖြစ်ပေးသည့် ကျမ်းတော်မှ ဖတ်ပြလော့၊ ဝတ်ပြု မြဲကြလော့၊ ဝတ်ပြုခြင်းသည် ကိုယ်ကျင့်ပျက်မှုနှင့် သူစိမ်းဆန်ခြင်းကို ဟန့်တား၏၊ ပရမတ်ဘုရားရှင်၏ ကြီးကျယ်မှုကို သတိဖေါ်ပေးလော့၊ ပရမတ်ဘုရားရှင်သည် သင်တို့၏ တည်ဆောက်မှုများကို သိနေတော်မူ၏။
၂၉း၄၆။ ကျမ်းစာဝိုင်းသားများနှင့် တင့်တယ်စွာ ပြောပြခြင်းမှအပ စောဒက မတက်နှင့်၊ သူတို့မှ မိုက်ကြေးခွဲသော သူများကိုသာ “ကျွန်ုပ်တို့သည် ကျွန်ုပ်တို့ထံ ချမှတ်ပေးရာ၊ သင်တို့ထံ ချမှတ်ပေးရာတို့ကို ယုံကြည်၏၊ ကျွန်ုပ်တို့၏ ဘုရား၊ သင်တို့၏ ဘုရားသည် တစ်ပါးတည်း ဖြစ်၏၊ အရှင့်အတွက်သာ ကျွန်ုပ်တို့ ငြိမ်းချမ်းရေး ဝါဒီများ ဖြစ်၏၊” ဟု ဆိုလော့။
၂၉း၄၇။ ဤသို့ ငါသည် သင့်ထံသို့ ကျမ်းတော်ကို ချမှတ်ပေး၏၊ ငါက ကျမ်း ချီးမြှင့်ပေး၍ ထို၌ ယုံကြည်ကြသော သူတို့၊ ထိုသူတို့သည် ဤကျမ်းကို ယုံကြည်ကြလိမ့်မည်၊ ဖုံးကွယ်သူတို့မှအပ ငါ၏ သုတ်ဒေသနာများကို ပယ်ပစ်သူ မရှိချေ။
၂၉း၄၈။ ဤရှေ့အလျင် ကျမ်းများကို သင် ဖတ်ဘူးသည် မဟုတ်၊ မိစ္ဆာဒိဋ္ဌိများ သံသယ ဖြစ်လောက်အောင်- သင် အားသန်သလို ဤကျမ်းကို ရေးထုတ်ခဲ့သည် မဟုတ်ချေ။
၂၉း၄၉။ အမှန်မှာ အသိပညာ ချီးမြှင့်ခြင်းခံရသော သူတို့၏ ရင်တွင်း၌ ဤ ကျမ်းသည် ရှင်းလင်းသော သုတ်ဒေသနာများ အဖြစ် ရှိနေ၏၊ အမိုက်ကောင်များ မှအပ သုတ်ဒေသနာများကို ပယ်ပစ်သူ မရှိချေ။
၂၉း၅၀။ သူတို့က “ကံကြမ္မာရှင်ထံမှ တန်ခိုးနိမိတ်များကို အဘယ်ကြောင့် သူ့အား မချမှတ်ပေးသနည်း၊” ဟု ပြောဆိုကြ၏၊ “သုတ်ဒေသနာအပေါင်းသည် ပရမတ်ဘုရားရှင်၏ထံမှ ဖြစ်၏၊ ကျွန်ုပ်သည်ကား ရှင်းလင်းစွာ သတိပေးသူသာ ဖြစ်၏၊” ဟု ဟောလော့။
၂၉း၅၁။ သူတို့အား ရွတ်ဖတ်ပြရန် သင့်ထံ၌ ငါအရှင် ချမှတ်ပေးသော ဤ ကျမ်းတော်သည် သူတို့အတွက် လုံလောက်မှု မရှိသလော၊ ဧကန်ပင် ဤ၌ ကရုဏာ ဓါတ်ရှိနေ၍ ယုံကြည်သူ လူမျိုးအတွက် သတိပေး တရားတော် ဖြစ်၏။
၂၉း၅၂။ ဟောလော့၊ ကျွန်ုပ်၏ကြား၊ သင်တို့ကြားတွင် ပရမတ်ဘုရားရှင်သည် သက်သေသက်ကန် အဖြစ် လုံလောက်၏၊ အရှင်သည် မိုးများနှင့် မြေကမ္ဘာတွင်း ရှိသမျှကို သိနေတော်မူ၏၊ မိစ္ဆာတရား၌ ယုံကြည်လျက် ပရမတ်ဘုရားရှင်၏ ဂုဏ်တော်အား ဖုံးကွယ်သောသူ၊ ထိုသူတို့သည် ဆုံးရှုံးသူများ ဖြစ်ကြ၏။
၂၉း၅၃။ ဝဋ်ကြွေးဒဏ်အား အသင့်ထံမှ အလျင်စလို တောင်းဆိုကြ၏၊ သတ်မှတ်ကာလ အချိန် မရှိခဲ့လျှင် သူတို့ထံသို့ ဝဋ်ကြွေးဒဏ် ရောက်လာပြီး ဖြစ်လတ္တံ့၊ သူတို့ သတိမမူမိမီ ရုတ်တရက် ပေးအပ်ပြီး ဖြစ်လတ္တံ့။
၂၉း၅၄။ ဝဋ်ကြွေးဒဏ်အား အသင့်ထံမှ အလျင်စလို တောင်းဆိုကြ၏၊ ငရဲဘုံသည် ဖုံးကွယ်သူများအား ဝိုင်းရံလျက် ရှိချေပြီ။
၂၉း၅၅။ ဝဋ်ကြွေးဒဏ်သည် သူတို့၏ အပေါ်မှ၊ သူတို့၏ ခြေထောက်များ အောက်မှ၊ လွှမ်းခြုံသောနေ့ ကာလ၌ “သင်တို့၏ ကျင့်ကြံလေ့ ရှိသည်များအား မြည်းစမ်းကြလော့၊” ဟု ပြောဆိုခံရလတ္တံ့။
၂၉း၅၆။ အို- ငါ့ အမှုတော်ဆောင် ယုံကြည်သူတို့၊ ငါ၏ နိုင်ငံတော်အား ဖြန့်ကျက်ပေးထား၏၊ သို့ဖြစ်၍ ငါ့ကိုသာလျှင် ကိုးကွယ်ကြလော့။
၂၉း၅၇။ ဉာဉ်စရိုက်တိုင်း သေခြင်းတရားကို မြည်းစမ်းရမည်သာတည်း၊ တဖန် ငါ့ထံသို့ ဦးလှည့်ပြန် ခဲ့ရမည်ပင်။
၂၉း၅၈။ ယုံကြည်လျက် ပြုပြင် ပြောင်းလဲမှု ကျင့်ကြံသော သူတို့အား ငါသည် အောက်ခင်း၌ စမ်းချောင်းရေသွင် စီးဆင်းနေသော သုခဘုံ လုံးချင်းအိမ်ရာ၌ နေရာထိုင်ခင်း နေရာချပေးလျက် အစဉ် စံစားစေမည်ပင်၊ ကျင့်ကြံသူများ၏ ဂုဏ်ရှိသော ဆုလာဘ်ပင် ဖြစ်၏။
၂၉း၅၉။ သူတို့သည် ခန္တီပါရမီရှိကြ၏၊ ကံကြမ္မာရှင်၏ အပေါ်၌ ကိုးစားကြ၏။
၂၉း၆၀။ ရိက္ခာ သိုလှောင် သယ်ပိုး မထားနိုင်သော သက်ရှိသတ္တဝါများ များပြားလေစွ၊ ပရမတ်ဘုရားရှင်သည် ၎င်းတို့အား၊ သင်တို့အား၊ ရိက္ခာထောက်လျက် ရှိ၏။ အရှင်သည် ကြားနေသောအရှင်၊ သိနေသောအရှင် ဖြစ်၏။
၂၉း၆၁။ သင်က “မိုးများနှင့် မြေအား အဘယ်သူက ဖြစ်တည်စေသနည်း၊ နေနှင့် လ အား မည်သူက အသုံးခံ ဖြစ်စေသနည်း၊” ဟု မေးမြန်းခဲ့လျှင် သူတို့က “ပရမတ်ဘုရားရှင် ဖြစ်၏၊” ဟု ပြောကြပါလျက် သို့ဖြင့် မည်သို့ လှည့်စားခံ နေကြသနည်း။
၂၉း၆၂။ ပရမတ်ဘုရားရှင်သည် အမှုတော်ဆောင်များမှ စံချိန်ပြည့်မီသူအား ရိက္ခာ တိုးပွားစေ၏၊ ၎င်းအတွက် စည်းကြပ်မတ်တော်မူ၏၊ ဧကန်ပင် ပရမတ်ဘုရားရှင်သည် သဗ္ဗလုံးစုံ သိနေသောအရှင် ဖြစ်၏။
၂၉း၆၃။ “မြေကမ္ဘာအား သေစေပြီးနောက် ရှင်သန်စေရန် အဘယ်သူက ကောင်းကင်ယံမှ ရေကို သွန်းချစေသနည်း၊” ဟု သင် မေးမြန်းလျှင် “ပရမတ် ဘုရားရှင် ဖြစ်၏၊” ဟု ပြောကြလိမ့်မည်၊ “ရည်သန် စူးစိုက်မှုအပေါင်းသည် ပရမတ်ဘုရားရှင် အဘို့သာ ဖြစ်၏၊” ဟု ဟောပြောလော့၊ အမှန်မှာ သူတို့မှ အများစုသည် အတွေးအခေါ် မရှိကြချေ။
၂၉း၆၄။ ဤလောကီသက်တမ်းသည် မြူးတူး ပျော်ပါးရာ ဟာသမျှ ဖြစ်၏၊ နောင်ဘဝ ဗိမာန်သာလျှင် ဘဝအမှန် ဖြစ်၏၊ သိကြပါလေစ။
၂၉း၆၅။ သင်္ဘောများကို စီးသွားသောအခါ ပရမတ်ဘုရားရှင်ထံ ဆုတောင်းကြ၏၊ သာသနာရေး၌ အရှင့်ကိုသာ သန့်သန့်ထားကြ၏၊ သို့သော် ကုန်းမြေဆီသို့ လွတ်မြောက်စေသည်နှင့် သူတို့သည် ရောပြွန်း ကိုးကွယ်ကြတော့၏။
၂၉း၆၆။ ငါအရှင်၏ ချီးမြှင့်ပေးရာများကို ဖုံးကွယ်ရန်၊ ပျော်ပါး မြူးတူးရန်၊ အတွက်သာ ဖြစ်၏။ မကြာမီ သူတို့ သိကြရလတ္တံ့။
၂၉း၆၇။ သူတို့ ပတ်ဝန်းကျင်မှ လူသားတို့က ဝိုင်းသုတ်ပစ်လု ရှိနေစဉ်တွင် ငါ သည် ယုံကြည် စိတ်ချနိုင်ရာ ဘေးမဲ့ဌာန စီစဉ် ပေးထားသည်ကို သင်တို့ မရှုစား မိလေသလော၊ မိစ္ဆာတရားအား ယုံကြည်နေလျက် ပရမတ်ဘုရားရှင်၏ ဂုဏ်ပေးမှုကို ဖုံးကွယ် နေကြကုန်သလော။
၂၉း၆၈။ ပရမတ်ဘုရားရှင်အကြောင်း လိမ်ညာ လုပ်ကြံ ဖန်တီးလျက် သူ့ထံသို့ ရောက်လာသော ပရမတ္ထသစ္စာအား ငြင်းဆန်သူထက် မည်သူက ပို၍ အမိုက်စီးဘိသနည်း၊ ဖုံးကွယ်သူတို့အတွက် တည်းခိုရာသည် ငရဲဘုံ၌သာ မဟုတ်တုံလော။
၂၉း၆၉။ ငါ၏ သာသနာတော်၌ အားစိုက် ဆောင်ရွက်သော သူတို့၊ ထိုသူတို့အား ငါအရှင်၏ လမ်းစဉ်သို့ လမ်းညွှန်တော်မူ၏၊ ဧကန်ပင် ပရမတ်ဘုရားရှင်သည် သုမင်္ဂလာ ပြုသူများနှင့် အတူ ရှိနေတော်မူ၏။
ဓမ္မခန္ဓာ (၂၉) ဤတွင် ပြီး၏။
ဓမ္မခန္ဓာ (၃၀) ရောမအင်ပါယာ
ဉာဏ်စဉ်ကိန်းပေးမှု အမှတ်စဉ်- ၈၄။ သုတ်ဒေသနာ- ၆၀ ပါး။
ကရုဏာရှင် အကြင်နာရှင် ဖြစ်တော်မူသော ပရမတ်ဘုရားရှင်၏ ဂုဏ်တော်အားဖြင့် -
၃၀း၁။ “ငါသည် ကုန်စင် သိနေတော်မူသော ပရမတ်ဘုရားရှင် ဖြစ်၏။”
၃၀း၂။ ရောမအင်ပါယာ ကျရှုံးရလတ္တံ့။
၃၀း၃။ သူတို့၏ အနိုင်ရပြီးနောက်မှ အနီးအနား တိုင်းပြည်များမှ အနိုင်ပြန်ယူကြမည်မှာ။-
၃၀း၄။ နှစ် ကူးသန်းစဉ်အတွင်း ဖြစ်၏၊ ရှေ့ဖြစ် နောက်ဖြစ်များသည် ပရမတ်ဘုရားရှင်၏ ညွှန်ကြားချက်ပင် ဖြစ်၏၊ ထိုနေ့တွင် ယုံကြည်သူများသည် ဝမ်းမြောက်ရမည်သာတည်း။
၃၀း၅။ ပရမတ်ဘုရားရှင်၏ ကူညီမှု။ အရှင်သည် စံချိန်ပြည့်မီသူအား ကူညီတော်မူ၏၊ အရှင်သည် ဘုန်းတော်အရှင်၊ ဓမ္မသတ်ရှင် ဖြစ်တော်မူ၏။
၃၀း၆။ ပရမတ်ဘုရားရှင်၏ ကတိတော်၊ ပရမတ်ဘုရားရှင်သည် ကတိတော်အား ပေါ့ပျက်စေခြင်း မရှိချေ၊ သို့ရာတွင် လူသား အများစုမှာ သိကြသည် မဟုတ်ချေ။
၃၀း၇။ သူတို့သည် အပေါ်ယိက လောကီသက်တမ်းကိုသာ သိကြ၏၊ သို့သော် သူတို့သည် လောကုတ္တရာအား မေ့လျော့နေကြ၏။
၃၀း၈။ သူတို့သည် သူတို့၏ စရိုက်အတွင်းသို့ စဉ်းစားသုံးသပ်ခြင်း မရှိချေ၊ ပရမတ်ဘုရားရှင်သည် မိုးများနှင့် မြေ၊ ထိုနှစ်ခုကြားရှိ အရာများကို မှန်ကန် ညီညွတ်စွာဖြင့် သတ်မှတ်ကာလ အချိန်ဖြင့် သာ ဖြစ်တည်စေ၏၊ သို့သော် ကံကြမ္မာရှင်အား ဖူးတွေ့ရမည်ကို လူသားမှ များစွာတို့မှာ ဖုံးကွယ်သူများ ဖြစ်ကြ၏။
၃၀း၉။ သူတို့၏ ရှေ့အလျင် ဖြစ်သူများမှာ နိဂုံး မည်သို့ ချုပ်ရသည်ကို ကမ္ဘာလှည့် သွားလာ၍ မကြည့်ကြသလော၊ သူတို့မှ အစွမ်းသတ္တိ ပိုမို အားကောင်းသူများ၊ ပိုမို၍ မြေကမ္ဘာအား တူးဖေါ်လျက် ထို၌ ဘဝသံသရာ လည်ခဲ့ကြ၏၊ ဘဝ သံသရာပေါင်း များစွာ လည်နိုင်ခဲ့၏၊ သူတို့ထံသို့ သူတို့အတွက် ဉာဏ်စဉ်ဆောင်များသည် ရှင်းလင်းချက်များဖြင့် ရောက်လာခဲ့ပြီ၊ ပရမတ်ဘုရားရှင်သည် သူတို့အား အဝိဇ္ဇာ သင့်စေခဲ့သည် မဟုတ်၊ သူတို့၏ စရိုက်ကိုသာ သူတို့ မိုက်ကြေးခွဲလေ့ရှိ၏။
၃၀း၁၀။ ထို့နောက် အကုသိုလ်ပြုသော သူအတွက် အကုသိုလ် နိဂုံးသာ ရှိ၏၊ ၎င်းမှာ ပရမတ်ဘုရားရှင်၏ သုတ်ဒေသနာများအား ငြင်းဆန်သောကြောင့် ဖြစ်၏၊ သူတို့သည် လှောင်ပြောင်လေ့ ရှိခဲ့ကြ၏။
၃၀း၁၁။ ပရမတ်ဘုရားရှင်သည် ဖြစ်တည်ခြင်းကို စတည်၏၊ တဖန် ဆက် ဖြစ်နေစေ၏၊ တဖန် အရှင့်ထံသို့သာ လှည့်ပြန်ရလတ္တံ့။
၃၀း၁၂။ ရပ်တည်ရမည့်နေ့ ကာလ- ထိုအခိုက်အတန့်၌ ရာဇဝတ်ကောင်တို့သည် တွေဝေနေကြလတ္တံ့။
၃၀း၁၃။ သူတို့ ရောပြွန်း ကိုးကွယ်ခဲ့သူများမှ- သူတို့အတွက် အမျှဝေပေးနိုင်သူ မရှိချေ၊ သူတို့သည် သူတို့၏ ရောပြွန်း ကိုးကွယ်ခဲ့ရာများဖြင့် ဖုံးကွယ်သူများ ဖြစ်ကြ၏။
၃၀း၁၄။ ရပ်တည်ရမည့်နေ့ ကာလ အခိုက်အတန့်၊ ထိုနေ့ ကာလ၌ သူတို့အား ခွဲခြားပစ်လတ္တံ့။
၃၀း၁၅။ ယုံကြည်၍ ပြုပြင် ပြောင်းလဲခြင်း ကျင့်ကြံသော သူများမှာမူ သူတို့သည် စိမ်းလန်း စိုပြည်သည့် ဓမ္မပီတိ ရှိစေလတ္တံ့။
၃၀း၁၆။ ဖုံးကွယ်၍ ငါအရှင်၏ သုတ်ဒေသနာများနှင့် နောင်ဘဝအား ဆုံတွေ့ရမည်ကို ငြင်းဆန်သောသူ၊ ထိုသူတို့ အတွက်မူ ဝဋ်တွင်းသို့ ဆင့်ခေါ်ခံသူများ ဖြစ်ရလတ္တံ့။
၃၀း၁၇။ သို့ဖြစ်၍ ဆည်းဆာချိန်၊ အာရုဏ်ဦးချိန်များ၌ ပရမတ်ဘုရားရှင်အား ဦးထိပ်ထားလော့။
၃၀း၁၈။ မိုးများနှင့် မြေအတွင်း၊ မွန်းတည့်နှင့် ညဦးချိန်၌ ရည်သန် စူးစိုက်မှုအပေါင်းသည် ပရမတ်ဘုရားရှင် အဘို့သာ ဖြစ်၏။
၃၀း၁၉။ အရှင်သည် သက်မဲ့မှ သက်ရှိကို ထွက်လာစေမည်၊ သက်ရှိမှ သက်မဲ့ကို ထွက်လာစေမည်၊ မြေကမ္ဘာအား သေပြီးသည့်နောက် ရှင်ပြန် ထွက်လာစေမည်၊ ဤနည်းဖြင့် ရှင်ပြန် ထွက်လာခြင်းများကို ဖြစ်စေ၏။
၃၀း၂၀။ အရှင်၏ သက်သေ လက္ခဏာများအနက် သင်တို့အား မြေမှုန့်မှ ဖြစ်တည်စေခြင်း ဖြစ်၏၊ တဖန် သင်တို့အား ရှင်သန် နိုးကြွနေသည့် လူပုဂ္ဂိုလ်များ ဖြစ်စေပြီ။
၃၀း၂၁။ အရှင်၏ သက်သေ လက္ခဏာများအနက် သင်တို့၏ စရိုက်တူများမှ သင်တို့၏ အိမ်ထောင်ဘက်များကို ဖြစ်တည်စေ၏၊ ထိုနေရာများ၌ အခြေချဘို့ရာ ဖြစ်၏၊ သင်တို့ချင်းကြား လိုလားခြင်း၊ ကရုဏာသက်ခြင်းများကို စီစဉ်ပေး၏၊ စဉ်းစား သုံးသပ်သော လူမျိုးအတွက် ဤ၌ သက်သေ လက္ခဏာရပ် ရှိနေ၏။
၃၀း၂၂။ အရှင်၏ သက်သေ လက္ခဏာများအနက် မိုးများနှင့် မြေကို ဖြစ်တည်စေခြင်း၊ ဘာသာစကား အသားရောင်များ ကွဲပြားစေခြင်း ဖြစ်၏၊ ဧကန်ပင် ဤ၌ ပညာရှင်များအဘို့ သက်သေ လက္ခဏာရပ် ရှိနေ၏။
၃၀း၂၃။ အရှင်၏ သက်သေ လက္ခဏာများအနက် ည၌ သင်တို့အား အိပ်စက် နားစေဘို့ရာ၊ နေ့၌ အရှင်၏ သိက္ခာပေးခြင်းမှ ရှာဖွေစေဘို့ရာ ဖြစ်စေ၏၊ ဧကန်ပင် ကြားနာနိုင်သော လူမျိုးအတွက် သက်သေ လက္ခဏာရပ် ရှိနေ၏။
၃၀း၂၄။ အရှင်၏ နိမိတ် လက္ခဏာများအနက် သင်တို့အား ပြသသည့် လျှပ်ရောင်များသည် မျှော်ကိုးဘွယ်၊ ထိတ်လန့်ဘွယ်၊ ဖြစ်စေ၏၊ ကောင်းကင်ယံမှ ရေကို သွန်းချစေ၍ မြေကို သေပြီးနောက် ရှင်ပြန်စေ၏၊ အတွေးအခေါ်ရှိသော လူမျိုးအတွက် ဤ၌ သက်သေ လက္ခဏာရပ် ရှိနေ၏။
၃၀း၂၅။ အရှင်၏ နိမိတ် လက္ခဏာများအနက် အရှင်၏ ညွှန်ကြားချက်ဖြင့် ကောင်းကင်ယံနှင့် မြေကမ္ဘာသည် ရပ်တည်ရလတ္တံ့၊ ထို့နောက် တစ်ခါမျှ ခေါ်ယုံဖြင့် သင်တို့အား ခေါ်သောအခါ သင်တို့သည် မြေကမ္ဘာမှ ထွက်လာရကြကုန်၏။
၃၀း၂၆။ မိုးများနှင့် မြေကမ္ဘာတွင်း ရှိသူတို့သည် ပရမတ်ဘုရားရှင်၏ အချုပ်အခြာ၌ ရှိ၏၊ ကိုယ်စီကိုယ်ငှ အရှင့်အား ရိုကျိုး နာခံနေရ၏။
၃၀း၂၇။ ထိုအရှင်သည် ဖြစ်တည်ခြင်းကို စတည်၏၊ တဖန် ဆက် ဖြစ်နေစေ၏၊ ၎င်းမှာ အရှင့်အဘို့ လွယ်ကူလှ၏၊ မိုးများနှင့် မြေအတွက် ပမာဆောင်မှုသည် အထွဋ်အထိပ် ဖြစ်တော်မူသော အရှင်၏ အချုပ်အခြာ၌ ရှိ၏၊ အရှင်သည် ဘုန်းတော်ရှင်၊ ဓမ္မသတ်ရှင် ဖြစ်တော်မူ၏။
၃၀း၂၈။ အရှင်သည် သင်တို့အတွက် သင်တို့၏ ဉာဉ်စရိုက်များမှ ပမာတစ်ခု ဥပမာ ပေးသည်မှာ သင်တို့အား ငါ ရိက္ခာပေးရာမှ သင်တို့နှင့် သင်တို့၏ လက်အောက် ဩဇာခံများသည် သင်တို့ချင်း တန်းတူ ဖြစ်စေခြင်းငှာ ဂုဏ်တူ ဖက်စပ် ရှိသလော၊ သင်တို့၏ စိတ်ဉာဉ်အတွက် စိုးရိမ်သကဲ့သို့ သူတို့အတွက် စိုးရိမ်ကြသလော၊ အတွေးအခေါ်ရှိသော လူမျိုးအတွက် သုတ်ဒေသနာများကို ဤသို့ ရှင်းလင်း ဆုံးဖြတ်ပေးတော်မူ၏။
၃၀း၂၉။ အမှန်မှာ မိုက်ကြေးခွဲသော သူတို့သည် အသိပညာမဲ့လျက် လိုဘ နောက်သို့သာ လိုက်နေကြ၏၊ ပရမတ်ဘုရားရှင်က လမ်းလွဲစေသူအား မည်သူက လမ်းညွှန်နိုင်အံ့နည်း၊ သူတို့အတွက် ကူညီမည့်သူ မရှိချေ။
၃၀း၃၀။ သာသနာရေး၌ သင်၏ မျက်မှောက်ပြုမှုကို တဖြောင့်တည်း ရပ်တည်လော့၊ ပရမတ်ဘုရားရှင်သည် လူသားအား သန့်စင်သော မူလအစဖြင့် စတည်ပေး၏၊ ပရမတ်ဘုရားရှင်၏ ဖြစ်တည်စေခြင်း၌ အလွှဲအပြောင်း မရှိ၊ ဤသည် တည်တံ့ ခိုင်မြဲသော သာသနာပေတည်း၊ သို့သော် လူသားအများစုမှာ သိကြသည် မဟုတ် ချေ။
၃၀း၃၁။ ဤအတိုင်းပင် အရှင်ထံသို့ ဘက်လှည့်လော့၊ အရှင့်အား စည်းစောင့်လော့၊ ဝတ်ပြု မြဲကြလော့၊ ရောပြွန်း ကိုးကွယ်သူတို့မှ မဖြစ်စေကြနှင့်။
၃၀း၃၂။ သူတို့၏ သာသနာအား ခွဲခြမ်း၍ ဂိုဏ်းများကို ဖြစ်လာစေသော သူတို့- အင်အားစုတိုင်းက လက်ရှိအနေ၌ ဝမ်းသာနေကြ၏။
၃၀း၃၃။ သို့သော် ဘေးဥပဒ် ထိသက်သောအခါ လူသားတို့သည် သူတို့၏ ကံကြမ္မာရှင်သို့ ဘက်လှည့် ဆုတောင်း ကြကုန်၏၊ သို့သော် အရှင်ထံမှ ကရုဏာတော်အား မြည်းစမ်းရသည်နှင့် သူတို့မှ တစ်ဖွဲ့သည် သူတို့၏ ကံကြမ္မာရှင်နှင့် ရောပြွန်း ကိုးကွယ်ကြလေ၏။
၃၀း၃၄။ ငါအရှင် ချီးမြှင့်ရာအား ဖုံးကွယ်ကြကုန်၏၊ သို့- ပျော်ပါးနေစေလော့၊ မကြာမီ သူတို့ သိကြရလတ္တံ့။
၃၀း၃၅။ သို့တည်းမဟုတ် အရှင်နှင့် ရောပြွန်း ကိုးကွယ်မှု ရှိစေဘို့ရာ သူတို့အား အရှင်က ဗျာဒိတ်ပေး အခွင့်အာဏာ ချမှတ်ပေးခဲ့သလော။
၃၀း၃၆။ ငါသည် သူတို့အား ကရုဏာတော်ကို မြည်းစမ်းစေသောအခါ ထို၌ ဝမ်းမြောက်ကြကုန်၏၊ သူတို့၏ စုံရပ်ခံခဲ့သော လက်ချက်များကြောင့် အကုသိုလ် တစ်စုံတစ်ရာ ထိခိုက်စေလျှင် သူတို့သည် စိတ်ပျက်ကြကုန်၏။
၃၀း၃၇။ ပရမတ်ဘုရားရှင်သည် စံချိန်ပြည့်သူအား ရိက္ခာတိုးပွားစေ၍ စည်း ကြပ်မတ်တော်မူ၏၊ သူတို့ မမြင်ကြသလော၊ ဧကန်ပင် ယုံကြည်သော လူမျိုးအတွက် ဤ၌ နိမိတ် လက္ခဏာရပ် ရှိနေ၏။
၃၀း၃၈။ ထို့ကြောင့် သင်တို့သည် ဆွေမျိုးနီးစပ်များ၊ နွမ်းပါးသူများ၊ ခရီးသည်များအား မှန်ကန်စွာ ပေးကမ်းကြလော့၊ ဤသည် ပရမတ်ဘုရားရှင်၏ မျက်နှာပေးမှုအား လိုလားသော သူတို့အတွက် အကောင်းဆုံး ဖြစ်၏၊ ထိုသူတို့သည် အောင်မြင် ပေါက်မြောက်သူများ ဖြစ်ကြ၏။
၃၀း၃၉။ လူသားတို့၏ ဥစ္စာပစ္စည်းအတွင်း အတိုးရရန် ထပ်ပြန်တိုး ပေးခြင်းသည် ပရမတ်ဘုရားရှင်၏ထံ၌ တိုးပွားမည် မဟုတ်ချေ၊ ပရမတ်ဘုရားရှင်၏ထံမှ မျက်နှာရမှုကို လိုလား၍ အခွန်ငွေဖြူ ပေးကမ်းခြင်း မရှိသောသူ၊ ထိုသူတို့သည် အားနည်း ချည့်နဲ့ရမည်ပင်။
၃၀း၄၀။ ပရမတ်ဘုရားရှင်သည် သင်တို့အား ဖြစ်တည်စေသော အရှင် ဖြစ်၏၊ ထို့နောက် သင်တို့အား ရိက္ခာပေးတော်မူ၏၊ ထို့နောက် သင်တို့အား သေစေတော်မူ၏၊ ထို့နောက် သင်တို့အား ရှင်စေတော်မူ၏၊ သင်တို့ ရောပြွန်း ကိုးကွယ်သော အရာများသည် ထိုသို့ သင်တို့အား တစ်စုံတစ်ရာ ပြုလုပ်နိုင်သလော၊ အရှင်သည် ဦးထိပ်ထားရာ ဖြစ်၏၊ ရောပြွန်း ကိုးကွယ်ခံများထက် အထွဋ်အထိပ် ဖြစ်တော်မူ၏။
၃၀း၄၁။ လူသားတို့၏ ကျင့်ဆောင်ရာ လက်ချက်များကြောင့် မြေနှင့် ရေ၌ အဖျက်လုပ်ရပ်များ ပေါ်လွင်လာ၏၊ သူတို့ ဦးလှည့်နိုင်အံ့ငှာ သူတို့ ကျင့်ကြံခဲ့ရာများမှ အချို့ကို သူတို့အား မြည်းစမ်းစေပြီ။
၃၀း၄၂။ ရှေ့အလျင်က ရောပြွန်း ကိုးကွယ်သူတို့မှ အများစုသည် နိဂုံး မည်သို့ ချုပ်ရသည်ကို မြေကမ္ဘာ၌ သွားလာ၍ ကြည့်ကြ၊” ဟု ဟောကြားလော့။
၃၀း၄၃။ သို့ဖြစ်၍- ပရမတ်ဘုရားရှင်၏ထံတော်မှ လှည့်ပြေး၍ မရနိုင်သောနေ့ကို ပေးရောက်လာခြင်း မတိုင်မီ တည်တံ့ ခိုင်မြဲသော သာသနာအတွက် သင် မျက်မှောက်ပြု ရပ်တည်လော့၊ ထိုနေ့ ကာလ၌ သူတို့အား အက်ကွဲသွားစေလတ္တံ့။
၃၀း၄၄။ ဖုံးကွယ်သူသည် သူ့ကိုယ်သူ ဖုံးကွယ်ခြင်း ဖြစ်၏၊ ပြုပြင် ပြောင်းလဲခြင်းကို ကျင့်ကြံသူသည် သူတို့၏ စရိုက်များအတွက် သာယာ ငြိမ့်ညောင်းစေခြင်း ဖြစ်၏။
၃၀း၄၅။ ယုံကြည်၍ ပြုပြင် ပြောင်းလဲခြင်း ကျင့်ကြံသော သူတို့အား အရှင်၏ သိက္ခာပေးခြင်းမှ အစားပေးတော်မူ၏၊ အရှင်သည် ဖုံးကွယ်သူများကို နှစ်သက်ခြင်း မရှိချေ။
၃၀း၄၆။ အရှင်၏ သက်သေ လက္ခဏာတော်များ အနက် သတင်းကောင်းဆောင် လေများကို စေပို့ခြင်း ဖြစ်၏၊ ယင်းမှာ သင်တို့သည် အရှင်၏ ကရုဏာတော်အား မြည်းစမ်းစေရန်၊ အရှင့် ညွှန်ကြားချက်ဖြင့် သင်္ဘောများကို စီးမျော သွားလာစေရန်၊ ကျေးဇူး သိတတ်အံ့ငှာ အရှင်၏ သိက္ခာပေးခြင်းမှ ရှာဖွေရန်တို့ ဖြစ်၏။
၃၀း၄၇။ ငါသည် သင့်ရှေ့အလျင် သူများထံသို့ သူတို့၏ လူမျိုးဆီသို့ ဉာဏ်စဉ်ဆောင်များကို စေစားတော်မူ၏၊ သူတို့သည် ရှင်းလင်းချက်များဖြင့် ရောက်လာခဲ့၏၊ သို့ဖြင့် ရာဇဝတ်မှုပြုသော သူများအား တန်ပြန်စေတော်မူ၏၊ ယုံကြည်သူတို့အား ကူညီစောင်မရန်မှာ ငါ၏ အပေါ်၌ တာဝန်တစ်ရပ် ဖြစ်၏။
၃၀း၄၈။ ပရမတ်ဘုရားရှင်၊ အရှင်သည် လေများကို စေစားတော်မူ၍ ၎င်းတို့အား မိုးတိမ်ကို ဖွထုတ်စေ၏၊ ထို့နောက် ၎င်းတို့ကို ကောင်းကင်ယံ၌ မည်သို့မည်ပုံ စံချိန်ဖြင့် ဆန့်ထုတ်စေ၏၊ ထို့နောက် အစိတ်စိတ် စီစဉ်တော်မူ၏၊ သို့ဖြင့် သင်တို့ မြင်ရသော မိုးကို ၎င်းအတွင်းမှ ထွက်လာစေတော်မူ၏၊ သို့ဖြင့် အရှင့် အမှုတော်ဆောင်များမှ စံချိန်ပြည့်သူအတွက် ထိသက်စေသောအခါ သူတို့သည် သတင်းကောင်း ရရှိသူများ ဖြစ်ကြ၏။
၃၀း၄၉။ ဧကန်ပင် ဤ ရှေ့အလျင်သူတို့၏ အဖြစ်မှာ သူတို့အပေါ်သို့ ၎င်းကို ချမှတ်ပေးခြင်း မတိုင်မီ တွေဝေနေရလတ္တံ့။
၃၀း၅၀။ မြေကမ္ဘာအား သေနေပြီးနောက် မည်သို့ ပြန်ရှင်စေသည် ဟူသည် ပရမတ်ဘုရားရှင်၏ ကရုဏာ စဉ်ဆက်ကို ကြည့်ကြလော့၊ ဧကန်ပင် ဤသည်မှာ အသေကို ပြန်ရှင်စေခြင်း ဖြစ်၏၊ အရှင်သည် သဗ္ဗလုံးစုံအား စည်းချိန် ချမှတ်တော်မူ၏။
၃၀း၅၁။ ငါသည် လေကို စေစားတော်မူ၏၊ ၎င်းသည် ဝါဝင်းလာသည်ကို မြင်ပါလျက် သည့်နောက်တိုင် သူတို့သည် ဖုံးကွယ် မှောင်ချသူများထဲမှ ကုပ်တွယ်နေသေး၏။
၃၀း၅၂။ ဧကန်ပင် သင်သည် သေနေသူများကို မကြားစေနိုင်၊ နောက်သို့ လှည့်သော အပင်းများကိုလည်း ကြားအောင် မဖိတ်ခေါ်နိုင်ချေ။
၃၀း၅၃။ အသင်သည် အကန်းများကိုလည်း သူတို့ လမ်းလွဲနေစဉ် လမ်းမညွှန်နိုင်ချေ၊ ငါ၏ သုတ်ဒေသနာများကို ယုံကြည်သူ၊ ထို ငြိမ်းချမ်းရေးဝါဒီများကိုသာ ကြားနာအောင် လုပ်ဆောင်နိုင်၏။
၃၀း၅၄။ ပရမတ်ဘုရားရှင်၊ အရှင်သည် သင်တို့အား အားချည့်နဲ့သော အဖြစ်မှ ဖြစ်တည်စေ၏၊ အား ချည့်နဲ့ပြီးနောက် အစွမ်းရှိရန် စီစဉ်ပေး၏၊ တဖန် အစွမ်းရှိပြီးနောက် ဆံဖြူ ချည့်နဲ့ရန် စီစဉ်၏၊ အရှင်သည် စံချိန်ပြည့်ရာကို ဖြစ်တည်စေ၏၊ အရှင်သည်ကား သိနေသောအရှင်၊ စည်းချိန် ချမှတ်သောအရှင် ဖြစ်တော်မူ၏။
၃၀း၅၅။ ရပ်နေရမည့်နေ့ ကာလ အခိုက်အတန့်၌ ရာဇဝတ်ကောင်များက သူတို့သည် အခိုက်အတန့်မျှပင် မနေခဲ့ရကြောင်း တိုင်တည်ကြလတ္တံ့၊ ယင်းသို့ သူတို့သည် လှည့်စားခံနေရမြဲ ဖြစ်၏။
၃၀း၅၆။ ပညာဂုဏ်နှင့် ယုံကြည်ခြင်း ချီးမြှင့်ခံရသော သူများက “သင်တို့သည် ပရမတ်ဘုရားရှင် ပြဌာန်းသည့်အတိုင်း နိုးထရခြင်းနေ့တိုင် နေခဲ့ရ၏၊ ဤသည် နိုးထရခြင်းနေ့ ပင်တည်း၊ သို့သော် သင်တို့ သိကြသည် မဟုတ်ချေ၊” ဟု ဆိုကြ၏။
၃၀း၅၇။ ဤနေ့၌ မိုက်ကြေးခွဲသော သူတို့၏ တောင်းပန်မှုသည် အကျိုးမထူး၊ အယူခံခွင့် ရှိသူများလည်း မဟုတ်ချေ။
၃၀း၅၈။ ငါသည် လူသားတို့အတွက် ဤကုရ်အာန်၌ ပမာကိုယ်စီ ဥပမာပေးပြီ၊ သူတို့ထံသို့ သက်သေ လက္ခဏာရပ်ဖြင့် ရောက်လာသော်လည်း ဖုံးကွယ်သော သူတို့က “သင်တို့သည် မိစ္ဆာဒိဋ္ဌိများသာ ဖြစ်၏၊” ဟု ဆိုလတ္တံ့။
၃၀း၅၉။ ဤသို့ ပရမတ်ဘုရားရှင်သည် အသိ မရှိသော သူများ၏ နှလုံးသားများကို တံဆိပ် ထုထားလေပြီ။
၃၀း၆၀။ သို့ဖြစ်၍ သည်းခံ ပါရမီကြီးလော့၊ ပရမတ်ဘုရားရှင်၏ ကတိတော်သည် ပရမတ္ထသစ္စာ ဖြစ်၏၊ ဒိဋ္ဌ မယုံကြည်သောသူ အဖြစ်ဖြင့် သင့်အား ပေါ့ပျက်ပျက် မဖြစ်စေနှင့်။
ဓမ္မခန္ဓာ (၃၀) ဤတွင် ပြီး၏။
ဓမ္မခန္ဓာ (၃၁) “လုက်မန်”
ဉာဏ်စဉ်ကိန်းပေးမှု အမှတ်စဉ်- ၅၇။ သုတ်ဒေသနာ- ၃၄ ပါး။
ကရုဏာရှင် အကြင်နာရှင် ဖြစ်တော်မူသော ပရမတ်ဘုရားရှင်၏ ဂုဏ်တော်အားဖြင့် -
၃၁း၁။ “ငါသည် ကုန်စင် သိနေတော်မူသော ပရမတ်ဘုရားရှင် ဖြစ်၏။”
၃၁း၂။ ဤသည် ဓမ္မသတ် ကျမ်းတော်၏ သုတ်ဒေသနာတော်များ ဖြစ်၏။
၃၁း၃။ သုမင်္ဂလာပြုသူများအတွက် လမ်းညွှန်နှင့် ကရုဏာတော် ဖြစ်၏။
၃၁း၄။ ထိုသူတို့သည် ဝတ်ပြု မြဲကြ၏၊ အခွန်ငွေဖြူ ပေးကြ၏၊ သူတို့သည် နောင်ဘဝကိုလည်း ဒိဋ္ဌ ယုံကြည်ကြ၏။
၃၁း၅။ ထိုသူတို့သည် သူတို့ ကံကြမ္မာရှင်၏ လမ်းညွှန်ချက်၌ ရှိ၍ ထိုသူတို့သည်ကား အောင်မြင် ပေါက်မြောက်သူများပင် ဖြစ်၏။
၃၁း၆။ လူသားတို့အနက် အသိပညာမဲ့စွာဖြင့် ပရမတ်ဘုရားရှင်၏ လမ်းစဉ်တော်မှ လွဲဖယ်ရန် အူမြူးစရာ ဆင့်ပြန်စကားများကို ရောင်းဝယ်လျက် ၎င်းကို လှောင်ပြောင်စရာဟု အယူထားကြ၏၊ ထိုသူများအတွက် နိမ့်ကျသော ဝဋ်ကြွေးသည် ရှိနေလတ္တံ့။
၃၁း၇။ ငါ၏ သုတ်ဒေသနာတို့အား သူ့ကို ဖတ်ပြသောအခါ ထို၌ မကြား၊ နားများ လေးလျက် မာနတက် လှည့်ထွက်သွား၏၊ သူ့အတွက် သတင်းကောင်းမှာ စူးနစ်နာကျင်သော ဝဋ်ကြွေးသာ ဖြစ်၏။
၃၁း၈။ ယုံကြည်၍ ပြုပြင် ပြောင်းလဲမှု ကျင့်ကြံသောသူ၊ ထိုသူတို့အတွက် ဂုဏ်ရှိသော သုခဘုံများ ရှိနေ၏။
၃၁း၉။ ထို၌ အစဉ် စံစားရမည်ပင်၊ ပရမတ် ဘုရားရှင်၏ ကတိတော်သည် သစ္စာတစ်ရပ် ဖြစ်၏၊ အရှင်သည် ဘုန်းတော်ရှင်၊ ဓမ္မသတ်ရှင် ဖြစ်တော်မူ၏။
၃၁း၁၀။ သင်တို့ မြင်ရသည့်အတိုင်း မိုးကောင်းကင်ကို မဏ္ဍိုင်မရှိဘဲ ဖြစ်တည်စေ၏၊ သင်တို့အတွက် ငါသည် မြေကမ္ဘာ၌ ဖြန့်ကျဲမသွားစေရန် တိုက်ကြီးများကို ခင်းကျင်းထား၍ ထို၌ သတ္တဝါကိုယ်စီ ပြန့်ပွားစေ၏၊ ထို၌ ကျက်သရေ ရှိသော စုဖွဲ့ကိုယ်စီ ဖြစ်ထွန်းစေရန် ကောင်းကင်မှ ရေကို ချပေးတော်မူ၏။
၃၁း၁၁။ ဤသည် ပရမတ်ဘုရားရှင်၏ ဖြစ်တည်စေမှု နိယာမပင်တည်း၊ အရှင်မှလွဲ၍ ကိုးကွယ်ခံရသော သူများ၏ ဖြစ်တည်စေခြင်း နိယာမကို ကျွန်ုပ်အား ပြသလော့၊ အမှန်မှာ အမိုက်ကောင်များသည် ရှင်းလင်းသော အပါယ်လမ်း၌ ရှိ၏။
၃၁း၁၂။ ငါသည် လုက်မန်အား ပရမတ်ဘုရားရှင်အား ကျေးဇူးပြုရန် ကျေးဇူးပြုသူသည် သူ၏ ဉာဉ် စရိုက်အတွက်သာ ကျေးဇူးပြုခြင်း ဖြစ်ကြောင်း စီရင်ထုံးကို ချီးမြှင့်၏၊ မည်သူသည် ဖုံးကွယ်သော်လည်း ပရမတ်ဘုရားရှင်သည် ရည်သန် စူးစိုက်မှုအပေါင်းနှင့် ကုံလုံပြည့်စုံပေ၏။
၃၁း၁၃။ လုက်မန်၏ သားအတွက် ဩဝါဒ၌ သူက “အို- ချစ်သား၊ ပရမတ် ဘုရားရှင်နှင့် ရောပြွန်း ကိုးကွယ်ခြင်းကို မပြုနှင့်၊ ဧကန်ပင် ရောပြွန်း ကိုးကွယ်ခြင်းသည် အဝိဇ္ဇာစီးမှုကြီး ဖြစ်၏၊” ဟု ဆို၏။
၃၁း၁၄။ ငါအရှင်က လူသားအား မွေးမိဘနှင့် စပ်လျဉ်း၍ မှာကြားသည်မှာ မိခင်သည် ကိုယ်ဝန်ဆောင်၍ သူ့အား အားကုန်မတတ်၊ အားကုန်ခြင်းဖြင့် မွေးဖွားရ၏၊ သူ၏ နို့ဖြတ်ခြင်းသည် နှစ်နှစ်လည်၌ ဖြစ်၏၊ ငါအရှင့်အား လည်းကောင်း၊ သင့် မွေးမိဘအား လည်းကောင်း၊ ကျေးဇူး သိတတ်ရာ၏၊ ခရီးဆုံး ပန်းတိုင်သည် ငါ့ထံသို့သာ ဖြစ်၏။
၃၁း၁၅။ အကယ်၍ သူတို့က သင့်အား သင်မသိသော အရာကို ငါအရှင်နှင့် ရောပြွန်း ကိုးကွယ်စေရန် အားစိုက် ဆောင်ရွက်ခဲ့လျှင် သူတို့အား မနာခံနှင့်၊ လောကီမှု၌ သူတို့အား အသိအမှတ်ပြု အဖေါ်ပြုလော့၊ သို့သော် ငါ့ဘက်တော်သို့ ဦးတည်ချက် ရှိသူများကိုသာ လိုက်နာလော့၊ တဖန် သင်တို့ အားလုံးသည် ငါ့ထံသို့သာ အပြန်ခရီး ရှိ၏၊ သင်တို့၏ ကျင့်ကြံလေ့ ရှိခဲ့သည်များအား သတင်း ထုတ်ပြန်တော်မူလတ္တံ့။
၃၁း၁၆။ အို- ချစ်သား၊ အနုမြူ၏ အလေးချိန်သည် ကျောက်တုံးကြီး၏ အတွင်း၌ ဖြစ်စေ၊ မိုးများအတွင်း မြေအတွင်း၌ ဖြစ်စေ၊ ရှိငြားသော်လည်း ပရမတ်ဘုရားရှင်သည် ၎င်းကို ဆွဲထုတ်ယူခဲ့မည်ပင်၊ ဧကန်ပင် ပရမတ်ဘုရားရှင်သည် သက်ညှာတော်မူ၏၊ သတင်းရနေတော်မူ၏။
၃၁း၁၇။ အို- ချစ်သား၊ ဝတ်ပြု မြဲကြလော့၊ အသိအမှတ်ပြု ညွှန်ကြားလော့၊ သူစိမ်းဆန်ခြင်းကို ဟန့်တားလော့၊ သင်တို့ ထိခိုက်ရသောအရာ၌ သည်းခံလော့၊ ဧကန်ပင် ဤသည် ညွှန်ကြားချက်များအား ဆုံးဖြတ်နည်း ဖြစ်၏။
၃၁း၁၈။ လူသားတို့အား မထီလေးစား မျက်နှာထားဖြင့် မြေကမ္ဘာ၌ ပမာမခန့် မသွားလာနှင့်၊ ဧကန်ပင် ပရမတ်ဘုရားရှင်သည် ဂုဏ်ဖေါ် ကြွားဝါသူတိုင်းအား နှစ်သက်တော် မမူချေ။
၃၁း၁၉။ သွားလာခြင်း၌ အလယ်အလတ် ကျလော့၊ လေသံ လျော့ချလော့၊ မနှစ်မြို့ဘွယ် သူစိမ်းဆန်သော အသံသည် မြည်း၏ အသံ ဖြစ်၏။
၃၁း၂၀။ ပရမတ်ဘုရားရှင်က မိုးများအတွင်း မြေအတွင်း ရှိသောအရာတို့ကို သင်တို့အတွက် အသုံးခံဖြစ်စေကြောင်း၊ သင်တို့၏ အတွင်း၊ အပြင် နှစ်ဌာနလုံးကို ဂုဏ်ပေးခြင်းဖြင့် ကာရံထားကြောင်း၊ သင်တို့ မမြင်ကြသလော၊ သို့ပါလျက် လူတို့အနက် အသိပညာ၊ လမ်းညွှန်ချက်၊ တရားရောင်ဝါ ရှိသော ကျမ်းတော် မရှိဘဲလျက် ပရမတ်ဘုရားရှင်နှင့် စပ်လျဉ်း၍ စောဒက တက်လိုသူ ရှိနေ၏။
၃၁း၂၁။ ပရမတ်ဘုရားရှင်က ချမှတ်ပေးရာအား လိုက်နာကြကုန်လော့ ဟု သူတို့အား ပြောသောအခါ သူတို့က “အမှန်မှာ ကျွန်ုပ်တို့သည် မိရိုးဖလာမှ တွေ့ရှိချက်ကိုသာ လိုက်နာနေကြ၏၊” ဟု ပြန်ပြောကြ၏၊ “အလို- မကောင်းဆိုးဝါးသည် သူတို့အား မီးလောင်စာ ဝဋ်ကြွေးထဲသို့ ခေါ်ငင်ခဲ့ပြီ မဟုတ်တုံလော။”
၃၁း၂၂။ ပရမတ်ဘုရားထံသို့ မျက်မှောက်ပြု၍ ငြိမ်းချမ်းရေးပြုသူ၊ သုမင်္ဂလာ ပြုသောသူ၊ ထိုသူသည် ခိုင်မာ မြဲမြံသော လက်ကိုင်အား ဆုပ်ကိုင်သည် မည်၏၊ အရေးအရာများသည် ပရမတ်ဘုရားရှင်ထံသို့သာ ဆိုက်ရောက် ချုပ်ငြိမ်းရလတ္တံ့။
၃၁း၂၃။ ဖုံးကွယ်မှောင်ချသူ၊ သူ၏ ဖုံးကွယ်မှုကြောင့် သင် စိတ်မပူနှင့်၊ သူတို့၏ အပြန်ခရီးသည် ငါ့ထံသို့သာ ဖြစ်၏၊ သို့ဖြင့် သူတို့၏ ကျင့်ကြံခဲ့သမျှကို သူတို့အား သတင်း ထုတ်ပြန်ခံရစေလတ္တံ့၊ ဧကန်ပင် ပရမတ်ဘုရားရှင်သည် သူတို့၏ ရင်တွင်း ခံစားချက်များအားဖြင့် သိနေသောအရှင် ဖြစ်၏။
၃၁း၂၄။ သူတို့အား ယာယီ အနည်းငယ် ချမ်းမြေ့မှု ပေးထား၏၊ တဖန် တိကျ ပြတ်သားသော ဝဋ်ကြွေးထဲသို့ တွန်းပို့ပစ်မည်ပင်။
၃၁း၂၅။ “မိုးများနှင့် မြေကမ္ဘာအား အဘယ်သူက ဖြစ်တည်စေသနည်း၊” ဟု သူတို့အား မေးသော် “ပရမတ်ဘုရားရှင် ဖြစ်၏၊” ဟု ဆိုကြလိမ့်မည်၊ ဟောလော့၊ “ရည်သန် စူးစိုက်မှုအပေါင်းသည် ပရမတ်ဘုရားရှင် အဘို့သာ ဖြစ်၏၊” သို့သော် သူတို့မှ အများစုမှာ သိကြသည် မဟုတ်ချေ။
၃၁း၂၆။ မိုးများနှင့် မြေကမ္ဘာသည် ပရမတ်ဘုရားရှင်၏ အချုပ်အခြာ၌ ရှိ၏၊ ဧကန်ပင် ပရမတ်ဘုရားရှင်၊ အရှင်သည် ကုံလုံ ပြည့်စုံ၏၊ ရည်သန် စူးစိုက်မှု တည်ရာ ဖြစ်၏။
၃၁း၂၇။ အကယ်၍ မြေကမ္ဘာမှ သစ်ပင်များသည် ကလောင်များဖြစ်၍ သမုဒ္ဒရာ- ထိုပြီးနောက် သမုဒ္ဒရာ ခုနစ်ဆက်ကို တိုးရွေ့ပေးသော်လည်း ပရမတ် ဘုရားရှင်၏ ဓမ္မတော်သည် ခမ်းခြောက်ဘွယ် မရှိ၊ ဧကန်ပင် ပရမတ်ဘုရားရှင်သည် ဘုန်းတော်ရှင်၊ ဓမ္မသတ်ရှင် ဖြစ်တော်မူ၏။
၃၁း၂၈။ သင်တို့အား ဖြစ်တည်စေခြင်း၊ သင်တို့အား နိုးထခြင်းသည် ဉာဉ် တစ်ခုတည်းမှသာ ဖြစ်၏၊ ဧကန်ပင် ပရမတ်ဘုရားရှင်သည် ကြားနေသောအရှင်၊ မြင်နေသောအရှင် ဖြစ်၏။
၃၁း၂၉။ ပရမတ်ဘုရားရှင်သည် ညကို နေ့ထဲသို့ တိုးဝင်စေခြင်း၊ နေ့ကို ညထဲသို့ တိုးဝင်စေခြင်း၊ နေနှင့် လတို့အား အသုံးခံများ ဖြစ်စေရန် ကိုယ်စီ သတ်မှတ်ကာလ အချိန်အတိုင်း စီးမျောနေစေသည်ကို သင်တို့ မမြင်သလော၊ ဧကန်ပင် ပရမတ်ဘုရားရှင်သည် ကျင့်ကြံသမျှကို သတင်းရနေတော်မူ၏။
၃၁း၃၀။ ယင်းမှာ ဧကန်ပင် ပရမတ်ဘုရားရှင်၊ အရှင်သည် ပရမတ္ထသစ္စာ ဖြစ်၏၊ အရှင်မှလွဲ၍ ဆုတောင်းနေကြရာတို့သည် အမှားသာဖြစ်၏၊ ဧကန်ပင် ပရမတ်ဘုရားရှင်၊ အရှင်သည် အထွဋ်အထိပ် ဖြစ်တော်မူ၏၊ ကြီးကျယ်တော်မူ၏။
၃၁း၃၁။ ပရမတ်ဘုရားရှင်၏ ဂုဏ်ပေးမှုဖြင့် ပင်လယ်သမုဒ္ဒရာ၌ သင်္ဘောများ စီးမျောနေကြသည်ကို သင်တို့ မမြင်သလော၊ အရှင်၏ နိမိတ် လက္ခဏာများကို သင်တို့ မြင်နိုင်ရန် အလို့ငှာ ဖြစ်၏၊ ဧကန်ပင် ဤ၌ သည်းခံသူ၊ ကျေးဇူးသိသူတိုင်း အတွက် နိမိတ် လက္ခဏာရပ် ရှိနေ၏။
၃၁း၃၂။ လှိုင်းတံပိုးသည် အရိပ်စီး လွှမ်းခြုံသောအခါ ပရမတ်ဘုရားရှင်ထံ ဆုတောင်းကြ၏၊ သာသနာ၌ သန့်သန့်ထားကြ၏၊ သူတို့အား ကုန်းပေါ်သို့ လွတ်မြောက်စေသည်နှင့် သူတို့ထဲမှ အလယ်အလတ်ကျသူ ရှိ၏၊ သစ္စာဖေါက် ဖုံးကွယ်မှောင်ချသူ ကိုယ်စီမှအပ ငါ၏သုတ်ဒေသနာများကို ပယ်ပစ်သူ မရှိချေ။
၃၁း၃၃။ အို- လူသားတို့၊ သင်တို့၏ ကံကြမ္မာရှင်အား စည်းစောင့်ကြလော့၊ မွေးဖခင်က သူ့သားအား အစားမပေးနိုင်သော၊ သားက သူ့မွေးဖခင်အား တစ်စုံတစ်ရာ အစားမပေးနိုင်သော နေ့ ကာလကို ကြောက်ရွံ့ကြလော့၊ ပရမတ်ဘုရားရှင်၏ ကတိတော်သည် သစ္စာတစ်ရပ်ပင် ဖြစ်၏၊ လောကီသက်တမ်းက သင်တို့အား မမြှူဆွယ်စေနှင့်၊ မြှူဆွယ်သူက ပရမတ်ဘုရားရှင်မှ တိမ်းရန် သင်တို့အား မမြှူဆွယ်စေနှင့်။
၃၁း၃၄။ ဧကန်ပင် အခိုက်အတန့် အကြောင်းကို သိခြင်းမှာ ပရမတ်ဘုရားရှင်၏ ထံ၌သာ ရှိ၏၊ အရှင်သည် မိုးကို သွန်းဖြိုးစေ၏၊ ဝမ်းကြာတိုက်တွင်းမှ အရာအား သိနေတော်မူ၏၊ နောက်နေ့ စောစောတွင် မည်သည့်အရာအား ကျင့်ဆောင်ရရှိမည်ကို မှန်းနိုင်သော ဉာဉ်မရှိ၊ မည်သည့်မြေ၌ သေရမည်ကို မှန်းနိုင်သော ဉာဉ်မရှိ၊ ဧကန်ပင် ပရမတ်ဘုရားရှင်သည် သိနေသောအရှင်၊ သတင်းရနေသောအရှင် ဖြစ်၏၊၊
ဓမ္မခန္ဓာ (၃၁) ဤတွင် ပြီး၏။
ဓမ္မခန္ဓာ (၃၂) နာခံပုံအပ်ခြင်း
ဉာဏ်စဉ်ကိန်းပေးမှု အမှတ်စဉ်- ၇၅။ သုတ်ဒေသနာ- အပါး ၃၀။
ကရုဏာရှင် အကြင်နာရှင် ဖြစ်တော်မူသော ပရမတ်ဘုရားရှင်၏ ဂုဏ်တော်အားဖြင့် -
၃၂း၁။ “ငါသည် ကုန်စင် သိနေတော်မူသော ပရမတ်ဘုရားရှင် ဖြစ်၏။”
၃၂း၂။ သံသယဖြစ်ဘွယ် အလျှဉ်း မရှိသော ဤကျမ်းတော်ကို လောက ခပ်သိမ်း၏ ကံကြမ္မာရှင်ထံမှ ချမှတ်ပေးတော်မူ၏။
၃၂း၃။ သို့တည်းမဟုတ် လုပ်ကြံ ဖန်တီးချက်ဟု ဆိုကြသလော၊ အမှန်မှာ သင့်ရှေ့အလျင် သတိဖေါ်ပေးသူ မရောက်ရှိသေးသော လူမျိုးအတွက် သင့် ကံကြမ္မာရှင်ထံမှ သတိပေး တရားတော် ဖြစ်သည့် ၎င်းသည် ပရမတ္ထသစ္စာ ဖြစ်၏၊ သူတို့ လမ်းညွှန်မှန် ရနိုင်ကောင်း၏။
၃၂း၄။ ပရမတ်ဘုရားရှင်သည် မိုးများနှင့် မြေကမ္ဘာ၊ ထိုနှစ်ခုကြားရှိ အရာများကို ကာလ ခြောက်ခုဖြင့် ဖြစ်တည်စေသောအရှင် ဖြစ်၏၊ ထို့နောက် ထပ်ဆင့် ကွပ်ကဲမှုကို ပုံစံချ၏၊ သင်တို့အတွက် အရှင်မှလွဲ၍ အမျှဝေပေးနိုင်သူ မဟာမိတ် မရှိပြီ၊ ဆင်ခြင်သတိ ရှိကြမည် မဟုတ်လော။
၃၂း၅။ အရှင်သည် မိုးများမှ မြေကမ္ဘာတိုင် ညွှန်ကြားချက်များကို ကျောထောက်နောက်ခံ ဖြစ်စေ၏၊ တဖန် အရှင့်ထံတော်သို့ ထိုကာလအတွင်း ပြန်တက်သွား၏၊ ၎င်းသည် သင်တို့၏ ရေတွက်မှု စည်းချိန်အရ နှစ်ပေါင်း ထောင်ချီ ဖြစ်၏။
၃၂း၆။ ဤသို့ အရှင်သည် စက္ခုလွန်နှင့် မျက်မှောက် သက်သေများကို သိနေသောအရှင်၊ ဘုန်းတော်ရှင်၊ အကြင်နာရှင် ဖြစ်၏။
၃၂း၇။ အရှင်သည် သဗ္ဗလုံးစုံအား အတင့်တယ်ဆုံး ဖြစ်တည်စေတော်မူ၏၊ လူသားကို မြေမှ စတင် ဖြစ်တည်စေ၏။
၃၂း၈။ ထို့နောက် ၎င်းမှ ညှစ်ထုတ်ရသည့် သိုလှောင်ထားရာ တန်ဘိုးမဲ့ ရေ အဖြစ် စီစဉ်၏။
၃၂း၉။ ထို့နောက် ၎င်းအား ပုံစံချ၏၊ အရှင်၏ဉာဏ်စဉ်မှ သူ့အား သက်ဝင်စေ၍ သင်တို့အား အကြား၊ အမြင်၊ စိတ်နှလုံး၊ များကို စီစဉ်ပေး၏၊ သို့သော် အနည်းစုမှအပ ကျေးဇူးသိတတ်ခြင်း မရှိချေ။
၃၂း၁၀။ “ကျွန်ုပ်တို့သည် မြေကမ္ဘာမှ လွဲဖယ်ရသောအခါ ကျွန်ုပ်တို့အား အသစ် တစ်ဖန် ဖြစ်တည်စေမည်လော၊” ဟု သူတို့ မေးကြ၏၊ အမှန်မှာ သူတို့သည် သူတို့၏ ကံကြမ္မာရှင်အား ဖူးတွေ့ရမည်ကို ဖုံးကွယ်မှောင်ချသူများ ဖြစ်ကြ၏။
၃၂း၁၁။ ဟောလော့၊ “သင်တို့အား အုပ်ထိန်းသော သေမင်းက သင်တို့အား သက်တမ်းကုန်စေလတ္တံ့၊ ထို့နောက် ကံကြမ္မာရှင်၏ထံသို့ သင်တို့ လှည့်ပြန်ခဲ့ရလတ္တံ့။
၃၂း၁၂။ ရာဇဝတ်ကောင်များသည် ကံကြမ္မာရှင်၏ ထံတော်၌ ဦးခေါင်းများ ကျိုးလျက် “အို- ကံကြမ္မာရှင်၊ တပည့်တော်တို့ မြင်ရပါပြီ၊ ကြားရပါပြီ၊ ပြုပြင် ပြောင်းလဲခြင်း ကျင့်ကြံနိုင်အံ့ငှာ တပည့်တော်တို့အား လှည့်ပြန်စေတော်မူပါ၊ တပည့်တော်တို့ ဒိဋ္ဌ ယုံကြည်ပါပြီ၊” ဟု ဆိုကြသည်ကို သင်တို့ ရှုစားမိပါစ။
၃၂း၁၃။ ချီးမြှင့်ရန် ငါ၏ စံချိန်ပြည့်မီခဲ့လျှင် ဉာဉ်စရိုက်ကိုယ်စီအား လမ်းညွှန် ပေးလတ္တံ့၊ သို့ရာတွင် ငါ၏ တရားတော်သည် သစ္စာတစ်ရပ် ဖြစ်၏၊ ငါသည် ကလျာဏနှင့် အန္ဓပုထုဇဉ်တို့အား အတူစု၍ ငရဲဘုံ၌ ဖြည့်တော်မူမည်ပင်။
၃၂း၁၄။ သင်တို့ မေ့ထားခဲ့သည့် ဤဆုံတွေ့ရမည့်နေ့ ကာလကို မြည်းစမ်းလော့၊ သင်တို့အားလည်း ငါ မေ့ပစ်လိုက်ပြီ၊ သင်တို့ ကျင့်ကြံလေ့ ရှိခဲ့သည့်အတိုင်း ဝဋ်ကြွေးဒဏ်အား အစဉ် ထာ၀ရ မြည်းစမ်းလော့။
၃၂း၁၅။ ငါ၏ သုတ်ဒေသနာတော်များကို သူတို့အား သတိဖေါ်ပေးသောအခါ ယုံကြည်သူတို့သည်သာ ပြဝပ် ဦးချကုန်ကြ၏၊ သူတို့၏ ကံကြမ္မာရှင်အား ရည်သန် စူးစိုက်လျက် ဦးထိပ်ထားကြ၏၊ သူတို့သည် မာနကြီးနေသူများ မဟုတ်ချေ။
၃၂း၁၆။ သူတို့သည် သူတို့၏ နံဘေးများကို အိပ်ရာမှ စွန့်ထား၍ ကြောက်ရွံ့ခြင်း၊ မျှော်လင့်ခြင်းများဖြင့် သူတို့၏ ကံကြမ္မာရှင်၌ ဆုတောင်းကြ၏၊ သူတို့အား ရိက္ခာပေးရာမှ ပေးကမ်း သုံးစွဲကြ၏။
၃၂း၁၇။ သူတို့အတွက် ကွယ်ဝှက်နေသည့် မျက်လုံးများကြောင့် တည်ငြိမ် အေးချမ်းရမည်ကို သိခဲ့သော စိတ်ဉာဉ်ဟူ၍ မရှိချေ၊ သူတို့ ကျင့်ကြံလေ့ ရှိခဲ့ရာကို အစားရမည်ပင်။
၃၂း၁၈။ ယုံကြည်ခြင်း၌ ရှိသူသည် ယုတ်မာခြင်း၌ ရှိသူကဲ့သို့ ဖြစ်သလော၊ တူညီကြသည်ကား မဟုတ်ချေ။
၃၂း၁၉။ ယုံကြည်၍ ပြုပြင် ပြောင်းလဲခြင်းကို ကျင့်ကြံသောသူ အတွက်မူ ထိုသူတို့အတွက် ခိုလှုံရာသည် ဥယျာဉ်ဘုံများဖြစ်၍ သူတို့ ကျင့်ကြံလေ့ ရှိခဲ့ရာများကြောင့် စံစားရမှု အဆင့်ဆင့် ရှိနေ၏။
၃၂း၂၀။ ယုတ်မာသောသူ၊ သူတို့အတွက်မူ ခိုလှုံရာမှာ အပူမီးသာ ဖြစ်၏၊ သူတို့သည် ထိုမှ ထွက်ပြေးလိုတိုင်း ၎င်းအထဲ၌သာ ဆက်နေ နေရ၍ သူတို့အား “သင်တို့၏ ငြင်းဆန်လေ့ ရှိခဲ့ရာများကြောင့် အပူမီး ဝဋ်ကြွေးအား မြည်းစမ်းကြလော့၊” ဟု ပြောခံရလတ္တံ့။
၃၂း၂၁။ သူတို့ ဦးလှည့်ကြအံ့ငှာ သူတို့အား ဝဋ်ကြွေးဒဏ်ကြီး အပြင် နီးကပ်သော ဝဋ်ကြွေးများကို အရင်မြည်းစမ်းစေ၏။
၃၂း၂၂။ ကံကြမ္မာရှင်ထံမှ သုတ်ဒေသနာများဖြင့် သတိဖေါ်ပေးသောအခါ ဘောင်ကန့်ထားသူထက် မည်သူက ပို၍ အမိုက်စီးဘိသနည်း၊ ငါ၏ တိကျသော တုံ့ပြန်မှုသည် ရာဇဝတ်ကောင်များအတွက် ရှိနေ၏။
၃၂း၂၃။ ငါသည် မူဆာအား ကျမ်းတော်ကို ချီးမြှင့်ခဲ့၏၊ ထို့ကြောင့် ၎င်းအား ခင်းကျင်းပြသည်ကို အချင်းများလေ့ မရှိနှင့်၊ ငါသည် ၎င်းကို ဂျူးလူမျိုးတို့အတွက် လမ်းညွှန်အဖြစ် စီစဉ်တော်မူ၏။
၃၂း၂၄။ သူတို့သည် သည်းခံပါရမီ ရှိသောအခါ သူတို့မှ ရှေ့ဆောင်များ စီစဉ်ပေး၍ ငါ့ ညွှန်ကြားချက်အားဖြင့် လမ်းညွှန်တော်မူ၏၊ သူတို့သည် ငါ၏ သုတ်ဒေသနာများ၌ ဒိဋ္ဌ ယုံကြည်ခြင်း ရှိကြ၏။
၃၂း၂၅။ ရပ်တည်ရသောနေ့ ကာလ၌- ထို၌ သူတို့၏ ကွဲလွဲလေ့ ရှိရာများအတွက် သင်၏ ကံကြမ္မာရှင်က သူတို့ကြား၌ ရှင်းလင်း ဆုံးဖြတ်တော်မူလတ္တံ့။
၃၂း၂၆။ သူတို့၏ ရှေ့အလျင် မျိုးဆက်ပေါင်း မည်မျှကို တိမ်ကော ပျက်စီးစေခဲ့ပြီနည်း၊ ထိုအခြေချရာများ၌ သူတို့ သွား လာ နေပါလျက် ၎င်းတွင် သူတို့အတွက် လမ်းညွှန်ချက် မရှိသလော၊ ကြားနာတတ်သူများအတွက် ယင်း၌ နိမိတ် လက္ခဏာ ရှိနေသည် မဟုတ်လော။
၃၂း၂၇။ ငါသည် လွင်တီးခေါင်မြေသို့ ရေကို ဖြတ်မောင်း၍ ၎င်းအားဖြင့် စိုက်ခင်းများ ပေါက်ရောက်စေ၏၊ ထိုမှ သူတို့ကိုယ်တိုင်နှင့် သူတို့၏ တိရိစ္ဆာန်များကို စားသုံးစေကြသည်ကို မရှုစားမိသလော၊ သူတို့၌ အမြင် မရှိကြသလော။
၃၂း၂၈။ ထို့ပြင် သူတို့က “သင်တို့သည် ဖြောင့်မှန်သူများ ဖြစ်ကြလျှင် မည်သည့်အခါ ထွက်ပေါက်ရမည်နည်း၊” ဟု ပြောကြ၏။
၃၂း၂၉။ ဟောလော့၊ “ထွက်ပေါက်ရသောနေ့ ကာလ၌ ဖုံးကွယ်သောသူတို့၏ ယုံကြည်ခြင်းသည် သူတို့အား အကျိုး ရှိစေမည် မဟုတ်၊ သူတို့အား စောင့်ကြည့်ခွင့် ပေးတော့မည်လည်း မဟုတ်ချေ။
၃၂း၃၀။ သို့ဖြစ်၍ သူတို့အား ဘောင်ထားလော့၊ စောင့်ကြည့်ကြလော့၊ သူတို့သည်လည်း စောင့်ကြည့်နေသူများ ဖြစ်ကြ၏။
ဓမ္မခန္ဓာ (၃၂) ဤတွင် ပြီး၏။
ဓမ္မခန္ဓာ (၃၃) မဟာမိတ်များ
ဉာဏ်စဉ်ကိန်းပေးမှု အမှတ်စဉ်- ၉၀။ သုတ်ဒေသနာ- အပါး ၇၃။
ကရုဏာရှင် အကြင်နာရှင် ဖြစ်တော်မူသော ပရမတ်ဘုရားရှင်၏ ဂုဏ်တော်အားဖြင့် -
၃၃း၁။ အို- သတင်းတော်ဆောင်၊ ပရမတ်ဘုရားရှင်အား စည်းစောင့်လော့၊ ဖုံးကွယ်သူများနှင့် သီလကြောင်တို့အား မနာခံနှင့်၊ ဧကန်ပင် ပရမတ်ဘုရားရှင်သည် သိနေသောအရှင်၊ ဓမ္မသတ်ရှင် ဖြစ်တော်မူ၏။
၃၃း၂။ သင့်ထံသို့ သင့်ကံကြမ္မာရှင်မှ အာရုံဈာန် ဖြစ်ပေးသည်ကို လိုက်နာလော့၊ ဧကန်ပင် ပရမတ်ဘုရားရှင်သည် ကျင့်ကြံလေ့ ရှိသမျှအား သတင်း သိနေတော်မူ၏။
၃၃း၃။ ပရမတ်ဘုရားရှင်အား ကိုးစားလော့၊ ပရမတ်ဘုရားရှင်သည် ကိုးစားထိုက်သည့်အရှင် အဖြစ် လုံလောက်တော်မူ၏။
၃၃း၄။ ပရမတ်ဘုရားရှင်သည် မည်သည့် လူသားကိုမျှ စိတ်အတွင်း၌ နှလုံး နှစ်ခု စီစဉ် မပေးချေ၊ သင်တို့၏ စုဖွဲ့ဖေါ်များ- သူမတို့ကို ကျောခိုင်း၍ သင်တို့၏ မိခင်အဖြစ် စီစဉ် မပေးချေ၊ သင်တို့၏ မွေးစားသားများကိုလည်း သားရင်းအဖြစ် စီစဉ် မပေးချေ၊ ဤသည် သင်တို့၏ ပါးစပ်များဖြင့် ပြောစကားသာ ဖြစ်၏၊ ပရမတ်ဘုရားရှင်သည် သစ္စာစကားကိုသာ မိန့်ဆို၏၊ အရှင်သည် နည်းလမ်းတကျ လမ်းညွှန်တော်မူ၏။
၃၃း၅။ သူတို့၏ အဖေရင်းများကို ဖေါ်ပြောလော့၊ ၎င်းသည် ပရမတ်ဘုရားရှင်၏ထံ၌ အမျှတဆုံး ဖြစ်၏၊ အကယ်၍ သင်တို့သည် သူတို့၏ ဖခင်ရင်းများကို မသိခဲ့လျှင် သာသနာလမ်းစဉ်အရ သူတို့သည် သင်တို့၏ ညီနောင်များ ဖြစ်ကြ၏၊ သင်တို့၏ ရဲဘော်ရဲဘက်များ ဖြစ်ကြ၏၊ သင်တို့၏ နှလုံးသားမှ မဏ္ဍိုင် မရှိခဲ့သော် သင်တို့၏ မေ့မှားမှုများ အတွက် အပြစ်မရှိချေ၊ ဧကန်ပင် ပရမတ်ဘုရားရှင်သည် လွတ်ငြိမ်းစေသောအရှင်၊ အကြင်နာရှင် ဖြစ်တော်မူ၏။
၃၃း၆။ သတင်းတော်ဆောင်သည် ယုံကြည်သူများအတွက် သူတို့၏ စိတ်ဉာဉ်များထက် ပို၍ အလှည့်ပေး၏၊ သူ့ အိမ်ထောင်ဘက်တို့သည် သူတို့အတွက် မိခင်များ ဖြစ်၏၊ ပရမတ်ဘုရားရှင်၏ ပြဌာန်းချက်အရ မဟာမိတ်များအား သင်တို့ အသိအမှတ်ပြု စီမံမှုမှအပ၊ ယုံကြည်သူများ၊ ပြောင်းရွှေ့ခဲ့ရသူများမှ အချို့သည် အချို့ထက် မွေးရာပါ အခွင့်အရေး ပို၍ အလှည့်ပေးရန် ကျမ်းတော်တွင် ဤသို့ ရေးမှတ်ထား၏။
၃၃း၇။ ငါသည် သတင်းတော်ဆောင်များထံမှာ ကတိခံဝန်ချက် ယူခဲ့သည်မှာ- သင့်ထံမှ နူးဟ်၊ အီဗရာဟီးမ်၊ မူဆာနှင့် မာရိ၏သား ယေရှုထံမှ ဖြစ်၏၊ သူတို့ထံမှ တိကျ ပြတ်သားသော ပဋိညာဉ်ကို ယူခဲ့သည်မှာ။-
၃၃း၈။ ဖြောင့်မှန်သူတို့အား ဖြောင့်မှန်ခြင်းကို စောကြောနိုင်ရန် ဖြစ်၏၊ ဖုံးကွယ်သူတို့ အတွက် စူးနစ်နာကျင်သော ဝဋ်ကြွေးဒဏ်ကို တွက်ချက် ပြင်ဆင်ထား၏။
၃၃း၉။ အို- ယုံကြည်သောသူတို့၊ သင်တို့အား ပရမတ်ဘုရားရှင်က ဂုဏ်ပေးခဲ့သည်ကို သတိရကြလော့၊ သင်တို့ထံသို့ စစ်တပ်ကြီး ရောက်လာသောအခါ ငါသည် သူတို့အပေါ်သို့ မရှုမြင်နိုင်သော စစ်တပ်နှင့် လေကို စေပို့လိုက်၏၊ ဧကန်ပင် ပရမတ်ဘုရားရှင်သည် ကျင့်ကြံသမျှကို မြင်နေသောအရှင် ဖြစ်၏။
၃၃း၁၀။ သူတို့သည် သင်တို့ထံသို့ အပေါ်ပိုင်းမှ၊ အနိမ့်ပိုင်းမှ ရောက်လာကြသောအခါ သင်တို့၏ အမြင်များသည် တိမ်းပါးလျက် နှလုံးသွေးကြောသည် လည်မြိုသို့ ဆို့မတတ် ဖြစ်၏၊ ထို့အခါ သင်တို့သည် ပရမတ်ဘုရားရှင်အား မဆီလျော်သော စဉ်းစားချက်ဖြင့် စဉ်းစားကြ၏။
၃၃း၁၁။ ဤသည် ယုံကြည်သူများ အတွက် စုံစမ်းမှုကြီး ဖြစ်၏၊ ပြင်းထန်သော တုန်လှုပ်ခြင်းဖြင့် တုန်လှုပ်ကြရ၏။
၃၃း၁၂။ သီလကြောင်များနှင့် စိတ်နှလုံး၌ ရောဂါရှိသော သူများက “ကျွန်ုပ်တို့အတွက် ပရမတ်ဘုရားရှင်နှင့် အရှင်၏ ဉာဏ်စဉ်ဆောင်၏ ကတိမှာ မြှူဆွယ်ခြင်းသာ ဖြစ်၏၊” ဟု ဆိုကြ၏။
၃၃း၁၃။ သူတို့မှ အုပ်စုတစ်စုက “အို-ယာစ်ရိဗ်သား အပေါင်းတို့၊ သင်တို့၌ ရပ်တည်နိုင်အား မရှိ၊ လှည့်ပြန်ကြပါစို့၊” ဟု ဆိုကြ၍ သူတို့မှ တစ်ဖွဲ့က သတင်းတော်ဆောင်အား “ကျွန်ုပ်တို့၏ အိမ်များသည် ဟင်းလင်း ဖြစ်နေပါ၏၊” ဟု ပြောဆို ခွင့်တောင်းကြ၏၊ ၎င်းတို့မှာ ဗလာဟင်းလင်း မဟုတ်ချေ၊ သူတို့သည် ထွက်ပြေးလိုခြင်းသာ ဖြစ်၏။
၃၃း၁၄။ ပတ်ပတ်လည်မှ သူတို့ထံသို့ ဝင်ရောက်လာ၍ သင်တို့အား သွေးတိုးစမ်းရန် တောင်းဆိုကြလျှင် သူတို့ အလွယ်တကူ ဆောင်ရွက်ပြီးလတ္တံ့၊ သူတို့သည် စောင့်ဆိုင်းနေမည် မဟုတ်ပေ။
၃၃း၁၅။ နောက်သို့ လှည့်မည် မဟုတ်ပါ ဟု ဤမတိုင်မီက သူတို့သည် ပရမတ်ဘုရားရှင်၌ ပဋိညာဉ် ရှိခဲ့ကြ၏၊ ပရမတ်ဘုရားရှင်၌ ရှိခဲ့သော ပဋိညာဉ် အတွက် စစ်ကြောခံရမည်ပင်။
၃၃း၁၆။ ဟောလော့၊ “သင်တို့သည် အနိစ္စရောက်ရမည်မှ၊ ကျဆုံးရမည်မှ ထွက်ပြေးငြားသော်လည်း သင်တို့၏ ထွက်ပြေးခြင်းသည် အကျိုးမရှိချေ၊ မဆိုစလောက် အနည်းငယ်မျှ ချမ်းမြေ့နေစေလော့။”
၃၃း၁၇။ ဟောလော့၊ “သင်တို့အား ပရမတ်ဘုရားရှင် ထံတော်မှ အကုသိုလ် သင့်စေလိုသည် ဖြစ်စေ၊ ကရုဏာ သင့်စေလိုသည် ဖြစ်စေ၊ မားမား ရပ်ပေးနိုင်သောသူ ရှိသလော၊ ပရမတ်ဘုရားရှင်မှလွဲ၍ ကူညီမည့်သူ မဟာမိတ်ကို တွေ့ရနိုင်မည် မဟုတ်ချေ။
၃၃း၁၈။ သင်တို့အနက် သူတို့၏ ညီနောင်များအား “ကျွန်ုပ်တို့ ဘက်သို့ ရှေ့ထွက်လာလော့၊” ဟု သွေးထိုးပြောသူများကို ပရမတ်ဘုရားရှင်သည် သိနေတော်မူ၏၊” အနည်းငယ်မှအပ သူတို့သည် တိုက်ခိုက်ရာသို့ ရောက်လာကြမည် မဟုတ်ချေ။
၃၃း၁၉။ သင်တို့အပေါ်၌ နှမြောတွန့်တိုကြ၏၊ သို့သော် ကြောက်ရွံ့ရမှု ရောက်စေသောအခါ သူ့အပေါ်သို့ သေဘေး လွှမ်းခြုံခံရသူ၏ မျက်လုံးမျိုးဖြင့် သင့်ဘက်သို့ ခိုကိုး၍ ကြည့်နေကြသည်ကို သင်မြင်ရ၏၊ သို့သော် ကြောက်ရွံ့ရခြင်းအား ရုပ်သိမ်းသွားသောအခါ သင်တို့အပေါ် လျှာစောင်းထက်ကြ၏၊ သူတို့၏ ကောင်းကျိုးများ အတွက် နှမြောတွန့်တိုကြ၏၊ ထိုသူတို့သည် ယုံကြည်သူများ မဟုတ်ကြချေ၊ သို့ဖြစ်၍ ပရမတ်ဘုရားရှင်သည် သူတို့၏ ကျင့်ကြံမှုများကို အချည်းနှီး ဖြစ်စေပြီ၊ ယင်းသို့ ဖြစ်စေရန် ပရမတ်ဘုရားရှင်အတွက် လွယ်ကူလှချေ၏။
၃၃း၂၀။ ဂိုဏ်းပေါင်းစုံတို့သည် တပ်ခေါက် ရုပ်သိမ်းသွားမည်ဟု သူ့တို့ မစဉ်းစားမိကြချေ၊ ဂိုဏ်းပေါင်းစုံတို့ ပြန်ရောက်လာခဲ့သော် တောသားတို့မှ ကန္တာရသားများထံ သွားခိုပြီးလျှင် သင်တို့၏ သတင်းကို မေးမြန်းစုံစမ်း၍ နေလိုကြ၏၊ သူတို့သည် သင်တို့ အထဲ၌ ရှိနေခဲ့သော်လည်း အနည်းငယ်သည်သာ ခုခံ တိုက်ခိုက်ကြကုန်၏။
၃၃း၂၁။ သင်တို့အထဲမှ ပရမတ်ဘုရားရှင်နှင့် နောင်ဘဝနေ့ ကာလအား မျှော်ကိုး၍ ပရမတ်ဘုရားရှင်အား မြောက်မြားစွာ ရှုမှတ် သတိရခြင်း ရှိသူတို့အတွက် ပရမတ်ဘုရားရှင်၏ ဉာဏ်စဉ်ဆောင်၌ အတင့်တယ်ဆုံးသော စံနမူနာ ရှိနေ၏။
၃၃း၂၂။ ယုံကြည်သူများက ဂိုဏ်းပေါင်းစုံတို့အား တွေ့မြင်ရသောအခါ “ဤသည် ပရမတ်ဘုရားရှင်နှင့် အရှင်၏ ဉာဏ်စဉ်ဆောင် ကတိပေးထားရာ ဖြစ်၏၊ ပရမတ်ဘုရားရှင်နှင့် အရှင်၏ ဉာဏ်စဉ်ဆောင်သည် ဖြောင့်မှန်၏၊” ဟု ဆိုကြ၍ သူတို့၏ ယုံကြည်မှုနှင့် ငြိမ်းချမ်းရေးဆောင်မှုကို တိုးစေ၏။
၃၃း၂၃။ ယုံကြည်သူများ အနက် ပရမတ်ဘုရားရှင်နှင့်‌ ပဋိညာဉ်ရှိသည်ကို ဖြောင့်မှန်စွာ ရပ်တည်သော လူသားတို့ ရှိ၏၊ သူတို့အနက် သန္နိဋ္ဌာန်ကို ပြီးဆုံးအောင်လုပ်သူ ရှိ၏၊ စိုးစဉ်းမျှ မလွှဲမပြောင်း စောင့်ကြည့်နေသူများလည်း ရှိ၏။
၃၃း၂၄။ ပရမတ်ဘုရားရှင်သည် ဖြောင့်မှန်သူတို့အား ဖြောင့်မှန်ခြင်း အစားကို ပေးရန်၊ သီလကြောင်တို့အား စံချိန်အလျောက် ဝဋ်ကြွေးသင့်စေရန်၊ သို့မဟုတ် သင်ပုန်းချေပေးရန် အတွက် ဖြစ်၏၊ ဧကန်ပင် ပရမတ်ဘုရားရှင်သည် လွတ်ငြိမ်းစေသောအရှင်၊ အကြင်နာရှင် ဖြစ်တော်မူ၏။
၃၃း၂၅။ ပရမတ်ဘုရားရှင်သည် ဖုံးကွယ်သော သူတို့အား သူတို့၏ ဒေါသဖြင့်ပင် တန်ပြန်စေတော်မူ၏၊ သူတို့အတွက် ကောင်းကျိုး မဆွတ်ခူးနိုင်ချေ၊ စစ်ပွဲ၌ ပရမတ်ဘုရားရှင်သည် ယုံကြည်သူတို့အတွက် လုံလောက်တော်မူ၏၊ ဧကန်ပင် ပရမတ်ဘုရားရှင်သည် တန်ခိုးတော်ရှင်၊ ဘုန်းတော်အရှင် ဖြစ်တော်မူ၏။
၃၃း၂၆။ အရှင်သည် ကျမ်းစာဝိုင်းသားများမှ သူတို့အား ကျောထောက် နောက်ခံပေးသော သူများအား သူတို့၏ ခံတပ်များမှ မောင်းချတော်မူ၏၊ သူတို့၏ စိတ်နှလုံး၌ ကြောက်လန့် ဝန်ပိစေ၏၊ တစ်ဖွဲ့သည် သင်တို့၏ ခုခံတိုက်ခိုက်ခြင်းကို ခံရ၍ တစ်ဖွဲ့အား သုံ့ပန်းအဖြစ် ဖမ်းမိစေ၏။
၃၃း၂၇။ သင်တို့ မတက်လှမ်းခဲ့ဘူးသော သူတို့၏ မြေများ၊ သူတို့၏ အိုးအိမ်များ၊ သူတို့၏ ဥစ္စာပစ္စည်းများကို သင်တို့အား အမွေ ဆက်ခံစေ၏၊ ဧကန်ပင် ပရမတ်ဘုရားရှင်သည် သဗ္ဗလုံးစုံအား စည်းချိန်ချမှတ်သော အရှင်ဖြစ်၏။
၃၃း၂၈။ အို- သတင်းတော်ဆောင်၊ သင်၏ အိမ်ထောင်ဘက်တို့အား ဟောပြောရမည်မှာ “သင်မတို့သည် ဤလောကီသက်တမ်းနှင့် စွဲမက်စရာများကို လိုလားမှု ရှိကြလျှင် လာကြကုန်လော့၊ သင်မတို့အား စိတ်ချမ်းမြေ့စေမည်၊ ထို့နောက် အမြင်လှသော လွတ်လပ်ခြင်းဖြင့် လွတ်လပ်ခွင့် ပေးလိုက်မည်။
၃၃း၂၉။ အကယ်၍ သင်မတို့သည် ပရမတ်ဘုရားရှင်၊ အရှင်၏ ဉာဏ်စဉ်ဆောင်နှင့် နောင်ဘဝ ဗိမာန်ကို လိုလားမှု ရှိကြလျှင် ဧကန်ပင် ပရမတ်ဘုရားရှင်သည် သင်မတို့မှ သုမင်္ဂလာ ပြုသူများအတွက် မဟာ ဆုလာဘ်ကြီးကို တွက်ချက် ပြင်ဆင်ထားလေပြီ၊” ဟု ဖြစ်၏။
၃၃း၃၀။ အို- သတင်းတော်ဆောင်၏ အမျိုးသမီးတို့၊ သင်မတို့အနက် ကိုယ်ကျင့်ပျက်မှု၌ ရှင်းရှင်းလင်းလင်းရှိလျှင် ဝဋ်ကြွေးအား နှစ်ဆ ဖြစ်စေမည်၊ ဤသို့ နှစ်ဆဖြစ်စေရန် ပရမတ်ဘုရားရှင် အတွက် လွယ်ကူလှချေ၏။
၃၃း၃၁။ သင်မတို့မှ ပရမတ်ဘုရားရှင်နှင့် အရှင်၏ ဉာဏ်စဉ်ဆောင်အား နာခံ၍ ပြုပြင် ပြောင်းလဲမှုကို ကျင့်ကြံသူ၊ သူမအား အကျိုးဆုလာဘ် နှစ်ကြိမ် ချီးမြှင့်တော်မူ၏၊ ငါသည် သူမအတွက် ကျက်သရေရှိသော ရိက္ခာကို ပြင်ဆင်ထား၏။
၃၃း၃၂။ အို- သတင်းတော်ဆောင်၏ အမျိုးသမီးတို့၊ သင်မတို့သည် အခြား အမျိုးသမီး တစ်စုံတစ်ယောက်တို့ကဲ့သို့ မဟုတ်ချေ၊ သင်တို့သည် စည်းစောင့်ကြလျှင် နှလုံးသား၌ ရောဂါရှိနေသော သူတို့အား မျှော်လင့်ချက်ပေး စကားလုံး မဟနှင့်၊ အသိအမှတ် ပြုထားသော စကားလုံးဖြင့် ပြောဆိုကြလော့။
၃၃း၃၃။ သင်မတို့၏ အိမ်များ၌ တည်တည်ငြိမ်ငြိမ် နေကြလော့၊ ရှေးဦး ပထမ ပညာမဲ့ခေတ်က ကိုယ်ဟန်ပြသကဲ့သို့ ကိုယ်ဟန်မပြကြနှင့်၊ ဝတ်ပြု မြဲကြလော့၊ အခွန်ငွေဖြူ ပေးကမ်းကြလော့၊ ပရမတ်ဘုရားရှင်နှင့် အရှင်၏ ဉာဏ်စဉ်ဆောင်အား နာခံကြလော့၊ ပရမတ်ဘုရားရှင်သည် သင်မတို့ထံမှ ညစ်ညမ်းမှုများကို ရုပ်သိမ်းပစ်လို၏၊ အို- အိမ်တော်၏ ဝိုင်းသား အပေါင်းတို့၊ သင်တို့အား သန့်စင်မှုဖြင့် သန့်စင်စေကြလော့။
၃၃း၃၄။ သင်မတို့၏ အိမ်၌ ပရမတ်ဘုရားရှင်၏ သုတ်ဒေသနာများနှင့် စီရင်ထုံးများကို ရွတ်ဖတ်၊ လေ့လာ၊ သတိရစေကြလော့၊ ဧကန်ပင် ပရမတ်ဘုရားရှင်သည် သက်ညှာသောအရှင်၊ သတင်း သိနေသောအရှင် ဖြစ်တော်မူ၏။
၃၃း၃၅။ ဧကန်ပင် ငြိမ်းချမ်းရေးပြုသူ၊ ငြိမ်းချမ်းရေးပြုသော သူမ၊ ယုံကြည်သူ၊ ယုံကြည်သော သူမ၊ နာခံသူ၊ နာခံသော သူမ၊ အလှုရှင်၊ အလှုရှင်မ၊ သည်းခံသူ၊ သည်းခံသော သူမ၊ ရိုကျိုးသူ၊ ရိုကျိုးသော သူမ၊ သမာဓိရှင်၊ သမာဓိရှင်မ၊ ဥပုသ်သီလ စောင့်သူ၊ ဥပုသ်သီလ စောင့်သော သူမ၊ အရှက်အင်္ဂါများကို စောင့်ထိန်းသူ၊ စောင့်ထိန်းသော သူမ၊ ပရမတ်ဘုရားရှင်အား များစွာ ရှုမှတ် သတိရသူ၊ သတိရသော သူမ၊ ထိုသူများအတွက် ပရမတ်ဘုရားရှင်သည် လွတ်ငြိမ်းခွင့်နှင့် မဟာ ဆုလာဘ်ကြီးကို တွက်ချက် ပြင်ဆင်ထားတော်မူ၏။
၃၃း၃၆။ ပရမတ်ဘုရားရှင်နှင့် အရှင်၏ ဉာဏ်စဉ်ဆောင်က ညွှန်ကြားချက် တစ်ခုအား ဆုံးဖြတ်ပြီးသော် ယုံကြည်သူ၊ ယုံကြည်သော သူမတို့သည် သူတို့ အတွက် ညွှန်ကြားချက်မှာ အကောင်း မဟုတ်ဟု မဖြစ်အပ်၊ ပရမတ်ဘုရားရှင်နှင့် အရှင်၏ ဉာဏ်စဉ်ဆောင်အား အာခံခြင်းသည် ရှင်းလင်း ထင်ရှားသော လွဲမှားခြင်းဖြင့် လွဲမှားခြင်းသာ ဖြစ်၏။
၃၃း၃၇။ ပရမတ်ဘုရားရှင်က ဂုဏ်ပေးသောသူ၊ သင်ကလည်း ဂုဏ်ပေးသူ၊ ထိုသူအား သင်က “သင့် ပေါင်းဖေါ်အား ထိန်းထားလော့၊ ပရမတ်ဘုရားရှင်အား စည်းစောင့်လော့၊” ဟု ပြောသောအခါ သင်သည် လူသားတို့ကို စိုးကြောက်၍ ပရမတ်ဘုရားရှင်က ဖေါ်ပြသည်ကို သင့်စိတ်ဉာဉ်၌ ဖုံးဖိထား၏၊ ပရမတ်ဘုရားရှင်အား စိုးကြောက်ခြင်းသည်သာ သစ္စာတရား ဖြစ်၏၊ သို့ဖြင့် ဇိုဒ်၏ ကိစ္စအား ပြီးပြတ် ပြီးသောအခါ ငါသည် သူမကို သင်၏ ကြည့်ရှု စောင့်ရှောက်ခြင်း စုဖွဲ့ဖေါ် ဖြစ်စေပြီ၊ မွေးစားသားတို့၏ ပေါင်းဖေါ်များအား သူမတို့၏ အမှုကိစ္စ ပြီးပြတ်သောအခါ ကြည့်ရှု စောင့်ရှောက်ရာ၌ ယုံကြည်သူများအတွက် ခက်ခဲမှု မရှိရစေရန် ဖြစ်၏၊ ပရမတ်ဘုရားရှင်သည် ညွှန်ကြားချက်များကို စီမံပြီး ဖြစ်၏။
၃၃း၃၈။ ပရမတ်ဘုရားရှင်၏ တာဝန်ပေးမှုကြောင့် သတင်းတော်ဆောင်အား ခက်ခဲမှု မရှိစေရ၊ ရှေ့အလျင် လွန်လေပြီးသော သူများကိုလည်း ပရမတ်ဘုရားရှင်၏ ဤနည်းနာအတိုင်း ပြုစေ၏၊ ပရမတ်ဘုရားရှင်၏ ညွှန်ကြားချက်အား စည်းချိန် အလျောက် စည်းကြပ်မတ်ထား၏။
၃၃း၃၉။ သူတို့သည် ပရမတ်ဘုရားရှင်၏ စေပို့ချက်များကို ဆိုက်ရောက်စေခဲ့ကြ၏၊ အရှင့်ကိုသာ ကြောက်ရွံ့ ရိုကျိုးကြ၏၊ ပရမတ်ဘုရားရှင်မှအပ အခြား တစ်စုံ တစ်ယောက်ကိုမှ ကြောက်ရွံ့ခြင်း မရှိချေ၊ ပရမတ်ဘုရားရှင်သည် စာရင်းရှင်းရာ၌ လုံလောက်တော်မူ၏။
၃၃း၄၀။ မေတ္တေယျသည် သင်တို့၏ ယောက်ျားသားမှ မည်သူတစ်ယောက်၏ ဖခင်မှ မဟုတ်၊ သို့ရာတွင် ပရမတ်ဘုရားရှင်၏ ဉာဏ်စဉ်တော်ဆောင် ဖြစ်၏၊ သတင်းတော်ဆောင်များ၏ အချုပ် ဖြစ်၏၊ ပရမတ်ဘုရားရှင်သည် သဗ္ဗလုံးစုံ သိနေသောအရှင် ဖြစ်၏၊
၃၃း၄၁။ အို- ယုံကြည်သော သူတို့၊ ပရမတ်ဘုရားရှင်အား သတိရခြင်း များစွာဖြင့် သတိရကြကုန်လော့။
၃၃း၄၂။ နံနက်နှင့် နေကျချိန်တွင် အရှင့်အား ဦးထိပ် ထားကြလော့။
၃၃း၄၃။ ထိုအရှင်နှင့် အရှင်၏ နိမိတ်ဆောင်တို့သည် သင်တို့အား အမိုက်မှောင်မှ အလင်းသို့ ထုတ်ယူရန် သင်တို့အပေါ် မေတ္တာမျှနေကြ၏၊ အရှင်သည် ယုံကြည်သူများအားဖြင့် အကြင်နာရှင် ဖြစ်တော်မူ၏။
၃၃း၄၄။ အရှင့်အား ဖူးတွေ့ရသောနေ့ ကာလ၌ သူတို့အား “ငြိမ်းချမ်းကြစေသော်၊” ဟု နှုတ်ခွန်းဆက်၍ သူတို့အတွက် ကျက်သရေရှိသော ဆုလာဘ်တော်အား တွက်ချက် ပြင်ဆင်ထားတော်မူ၏။
၃၃း၄၅။ အို- သတင်းတော်ဆောင်၊ ငါသည် သင့်အား သက်သေအဖြစ် သတင်းကောင်းပါးသူ၊ သတိပေးသူအဖြစ် စေစားတော်မူ၏။
၃၃း၄၆။ အရှင့် ခွင့်ပြုချက်ဖြင့် ပရမတ်ဘုရားရှင်ဘက်သို့ ဖိတ်ခေါ်သူ၊ တရားရောင်ဝါဆောင်သော လင်းရောင်ခြည် ဖြစ်စေ၏။
၃၃း၄၇။ ယုံကြည်သူများ၊ သူတို့အတွက် သတင်းကောင်းမှာ ပရမတ်ဘုရားရှင်ထံမှ ကြီးကျယ်သော သိက္ခာပေးခြင်း ဖြစ်၏။
၃၃း၄၈။ ဖုံးကွယ်သူများနှင့် သီလကြောင်များအား မနာခံနှင့်၊ သူတို့၏ စိတ်ဒဏ်ရာပေးမှုတို့ကို လျစ်လျူရှုလော့၊ ပရမတ်ဘုရားရှင်အား ယုံပုံကိုးစားလော့၊ ပရမတ်ဘုရားရှင်သည် ကိုးစားထိုက်သည့် အရှင်အဖြစ် လုံလောက်တော်မူ၏။
၃၃း၄၉။ အို- ယုံကြည်သော သူတို့၊ သင်တို့သည် ယုံကြည်သော သူမတို့အား လက်ထပ် သိမ်းဆည်း၍ သူမတို့အား မထိတွေ့သေးမီအလျင် သူမတို့ကို ကွာရှင်းလေလျှင် သင်တို့သည် သူမတို့၏ ကိစ္စ၌ ရေတွက်ရက်ကို ရေတွက်နေရန် မလိုချေ၊ သူမတို့အား စိတ်ချမ်းမြေ့စေလော့၊ အမြင်လှသော လွတ်လပ်ခြင်းဖြင့် သူမတို့အား လွတ်လပ်ခွင့် ပေးလိုက်လော့။
၃၃း၅၀။ အို- သတင်းတော်ဆောင်၊ ငါအရှင်သည် သင့်အတွက် စုဖွဲ့ဖေါ်အဖြစ် တရားဝင် ပြုပေးသည်များမှာ သင်က မင်္ဂလာဆုလာဘ် ပေးအပ်ခဲ့သော သူမ၊ ပရမတ်ဘုရားရှင်က သင်၏ လက်အောက် ဩဇာခံအဖြစ် လိုက်လျောပေးသော သူမ၊ သင်နှင့်အတူ ပြောင်းရွှေ့ခဲ့ရသော သင့်ဘထွေး၏ သမီး၊ သင့်အရီး၏ သမီး၊ သင့်ဦးလေး၏ သမီး၊ သင့်အဒေါ်၏ သမီး၊ သတင်းတော်ဆောင်အား သူမ စိတ်ဆန္ဒဖြင့် ချီးမြှင့်၍ သတင်းတော်ဆောင်ကလည်း သိမ်းဆည်းလိုသော ယုံကြည်သူ အမျိုးသမီးတို့ ဖြစ်၏၊ သန့်သန့်စင်စင် ဖြစ်ခြင်းသည် သင်၌ အခြား ယုံကြည်သူများနှင့် သီးခြားဖြစ်၏၊ သူတို့အပေါ်၌ သူတို့၏စုဖွဲ့ဖေါ်များ သူတို့၏ လက်အောက် ဩဇာခံများ အပေါ်ထားရမည့် ဝတ္တရားအား ငါ အသိပေးပြီး ဖြစ်၏၊ ထို့အတွက် သင့်အား ခက်ခဲမှု မရှိရစေရန် ဖြစ်၏၊ ဧကန်ပင် ပရမတ်ဘုရားရှင်သည် လွတ်ငြိမ်း စေသောအရှင်၊ အကြင်နာရှင် ဖြစ်တော်မူ၏။
၃၃း၅၁။ သူမတို့မှ စံချိန် ပြည့်မီသူအလျောက် သင့်ထံသို့ မျှော်ကိုးနေသူလည်း ရှိစေ၊ စံချိန် ပြည့်မီသူအလျောက် ခိုကပ်လိုသူလည်း ရှိစေလော့၊ ခပ်ခွာခွာထားသော သူမတို့မှ သင့်အား ရှာဖွေစေခြင်းအတွက် သင့်အား အပြစ်မတင်ထိုက်ချေ၊ ဤသည် ပိုမို နီးစပ်စေ၍ သူတို့၏ မျက်လုံးများ တည်ငြိမ် အေးချမ်းလာလျက် သူမတို့အတွက် သောက ကင်းကွာလိမ့်မည်၊ သူမတို့ ကိုယ်စီအား သင်၏ ချီးမြှင့်မှုအတွက် သူမတို့ ကျေနပ် အားရလိမ့်မည်၊ ပရမတ်ဘုရားရှင်သည် သင်တို့၏ နှလုံးသား၌ ရှိသည်များကို သိနေတော်မူ၏၊ ပရမတ်ဘုရားရှင်သည် သိနေသောအရှင်၊ နူးညံ့ သိမ်မွေ့သောအရှင် ဖြစ်တော်မူ၏။
၃၃း၅၂။ ထိုထက်ပို၍ သင့်အတွက် တရားဝင်သော အမျိုးသမီးသည် မရှိချေ၊ သင်၏ လက်အောက် ဩဇာခံဖြစ်သော သူမ မှအပ၊ ထိုသူမတို့မှ လွဲ၍ အခြား တင့်တယ်၍ သင့်အား အံ့ဩလောက်စေသူ ဖြစ်လင့်ကစား အိမ်ထောင်ဘက် မပြောင်းလွှဲနှင့်၊ ပရမတ်ဘုရားရှင်သည် သဗ္ဗလုံးစုံ စောင့်ကြည့်နေသော အရှင် ဖြစ်တော်မူ၏။
၃၃း၅၃။ အို- ယုံကြည်သော သူတို့၊ ကြည့်နေစဉ် မည်သို့ စီစဉ်သော အစားအစာ အတွက်မှအပ သတင်းတော်ဆောင်၏ အိမ်သို့ သင်တို့အတွက် ခွင့်ပြုချက် မရှိဘဲ မဝင်ကြနှင့်၊ သင်တို့အား ဖိတ်ခေါ်လျှင် ဝင်ရောက်ကြလော့၊ စားသောက်ပြီးသော် နိုးကြား သွားလာကြလော့၊ ဆင့်ပြန်စကားအတွက် စောင့်ကြည့်သူတို့မှ မဖြစ်နှင့်၊ ဧကန်ပင် ၎င်းတို့သည် သတင်းတော်ဆောင်အား ထိခိုက်စေ၏၊ သူသည် သင်တို့နှင့် ပတ်သက်၍ အားနာလေ၏၊ ပရမတ်ဘုရားရှင်သည်ကား အမှန်တရား ချမှတ်ရာ၌ အားနာတော်မမူချေ၊ သင်တို့သည် သူမတို့ထံမှ စိတ်ကြိုက်ရာ တစ်ခုခုကို တောင်းခံသောအခါ စည်းခြားကွယ်ရာမှ တောင်းခံကြလော့၊ ဤသည် သင်တို့၏ စိတ်နှလုံးအတွက်၊ သူမတို့၏ စိတ်နှလုံးအတွက်၊ ပိုမို သန့်စင်စေ၏၊ သင်တို့သည် ပရမတ်ဘုရားရှင်၏ ဉာဏ်စဉ်တော်ဆောင်အား မထိခိုက်စေကြနှင့်၊ သူ မရှိသည့် နောက်ပိုင်းတွင် သူ့အိမ်ထောင်ဘက်တို့အား မည်သည့်အခါမှ မသိမ်းဆည်းကြနှင့်၊ ဧကန်ပင် ၎င်းသည် ပရမတ်ဘုရားရှင်၏ ထံပါး၌ ဝန် ကြီးလှပေ၏။
၃၃း၅၄။ ဖွင့်ဟသော၊ သို့မဟုတ် ထိမ်ဝှက်သော အရာ၊ ဧကန်ပင် ပရမတ်ဘုရားရှင်သည် သဗ္ဗလုံးစုံ သိနေသောအရှင် ဖြစ်၏၊
၃၃း၅၅။ သူမတို့၏ ဖခင်များကြောင့်၊ သူမတို့၏ သားများကြောင့်၊ သူမတို့၏ အကိုမောင်များကြောင့်၊ သူမတို့၏ အကိုမောင်တို့၏ သားများကြောင့်၊ သူမတို့၏ ညီအမတို့၏ သားများကြောင့်၊ အခြား အမျိုးသမီးများကြောင့်၊ သူမတို့၏ လက်အောက် ဩဇာခံများကြောင့်၊ သူမတို့အား အပြစ်မတင်ထိုက်ချေ၊ ပရမတ်ဘုရားရှင်အား စည်းစောင့်ကြလော့၊ ဧကန်ပင် ပရမတ်ဘုရားရှင်သည် သဗ္ဗလုံးစုံအတွက် သက်သေသက်ကန် ဖြစ်တော်မူ၏။
၃၃း၅၆။ ဧကန်ပင် ပရမတ်ဘုရားရှင်နှင့် အရှင့် နိမိတ်ဆောင်တို့သည် သတင်းတော်ဆောင်အပေါ်၌ မေတ္တာမျှနေကြ၏၊ အို- ယုံကြည်သောသူတို့၊ သူ့အပေါ်၌ ငြိမ်းချမ်းစေသော ငြိမ်းချမ်းမှုအတိဖြင့် မေတ္တာပို့ကြလော့။
၃၃း၅၇။ ဧကန်ပင် ပရမတ်ဘုရားရှင်နှင့် အရှင်၏ ဉာဏ်စဉ်ဆောင်အား ထိခိုက်စေသောသူ၊ ထိုသူတို့အား ဤဘဝ၊ နောင်ဘဝ၌ ပရမတ်ဘုရားရှင်က မေတ္တာဝေးစေပြီ၊ သူတို့အတွက် နိမ့်ကျသော ဝဋ်ကြွေးအား တွက်ချက် ပြင်ဆင်ထား၏။
၃၃း၅၈။ ယုံကြည်သူ၊ ယုံကြည်သူမ တို့အား သူတို့၏ ကျင့်ဆောင်မှု မရှိဘဲ ထိခိုက်စေသော သူတို့သည် ရှင်းလင်း ထင်ရှားသော အကုသိုလ်အား မုချ သယ်ပိုးကြကုန်၏။
၃၃း၅၉။ အို- သတင်းတော်ဆောင်၊ သင်၏ အိမ်ထောင်ဘက်များ၊ သင်၏ သမီးများ၊ ယုံကြည်သူ အမျိုးသမီးများအား သူမတို့အား အပေါ်အင်္ကျီကို အပေါ်မှ ထပ်ဝတ်ရန် ပြောလော့၊ ဤသည် မှတ်မိစေရန် ပိုမို နီးကပ်၏၊ အထိအခိုက် ကင်းနိုင်၏၊ ပရမတ်ဘုရားရှင်သည် လွတ်ငြိမ်းစေသောအရှင်၊ အကြင်နာရှင် ဖြစ်တော်မူ၏။
၃၃း၆၀။ သီလကြောင်များနှင့် စိတ်နှလုံး၌ ရောဂါရှိနေသော သူများသည် မြို့တော်အတွင်း လှုပ်ခါစေခြင်းနှင့် သင့်အား အားပြိုင်ခြင်းကို မရပ်စဲလျှင် ထို အတောအတွင်း သူတို့မှ အနည်းငယ်ကိုသာ အကာအကွယ် ပေးထားလော့။
၃၃း၆၁။ သူတို့အား မေတ္တာ ဝေးစေလတ္တံ့၊ သူတို့အား ထိပ်တိုက်တိုးရာ၌ ဖမ်းဆီးခြင်း၊ ခုခံ တိုက်ခိုက်ခြင်းကို ခံရစေလတ္တံ့။
၃၃း၆၂။ ရှေ့အလျင် လွန်လေပြီးသော သူတို့သည်လည်း ပရမတ်ဘုရားရှင်၏ ဤ နည်းနာ ဥပဒေအတိုင်းပင် ဖြစ်ရ၏၊ ပရမတ်ဘုရားရှင်၏ နည်းနာ ဥပဒေအား လွှဲပြောင်းနိုင်သူဟူ၍ သင် တွေ့ရမည် မဟုတ်ချေ။
၃၃း၆၃။ အခိုက်အတန့်၏ အကြောင်း မေးလာကြသော လူသားတို့အား “ထိုအရာအား သိခြင်းသည် ပရမတ်ဘုရားရှင်၏ ထံ၌သာ ရှိ၏၊ ထိုအခိုက်အတန့်သည် နီးကပ်၍ လာနေကြောင်း မည်သို့ မှန်းဆနိုင်မည်နည်း၊” ဟု ဟောလော့။
၃၃း၆၄။ ဧကန်ပင် ပရမတ်ဘုရားရှင်သည် ဖုံးကွယ်သူတို့အား မေတ္တာဝေးစေပြီ၊ သူတို့အတွက် မီးလောင်စာကို တွက်ချက် ပြင်ဆင်ထားပြီ။
၃၃း၆၅။ ထို၌ ကာလပိုင်းခြားမဲ့၊ အစဉ် ခံစားရလတ္တံ့၊ ကူညီမည့်သူ မဟာမိတ် ဟူ၍ မတွေ့နိုင်ချေ။
၃၃း၆၆။ သူတို့၏ မျက်နှာများအား အပူမီးသို့ ဦးလှည့်ထားသောနေ့၌ “အိုး- ပျက်စီးရလေခြင်း၊ ပရမတ်ဘုရားရှင်အား နာခံခဲ့ပါလေစ၊ ဉာဏ်စဉ်တော်ဆောင်အား နာခံခဲ့ပါလေစ” ဟု ညည်းညူကြလတ္တံ့။
၃၃း၆၇။ သူတို့ ဆက်၍ ပြောကြသည်မှာ “အို- ကံကြမ္မာရှင်၊ တပည့်တော်တို့သည် ဦးစီးခေါင်းဆောင်များနှင့် အကြီးအကဲများကို နာခံခဲ့ပါပြီ၊ သို့ဖြင့် တပည့်တော်တို့အား လမ်းစဉ် လွဲမှားစေခဲ့ပါပြီ။
၃၃း၆၈။ အို- ကံကြမ္မာရှင်၊ သူတို့အား ဝဋ်ကြွေး နှစ်ဆ ပေးပါ၊ မေတ္တာအမဲ့ကြီး မေတ္တာမဲ့ ခံရစေတော်မူပါ၊” ဟု ဖြစ်၏။
၃၃း၆၉။ အို- ယုံကြည်သောသူတို့၊ မူဆာအား ထိခိုက် နစ်နာစေခဲ့သော သူတို့ကဲ့သို့ မဖြစ်ကြကုန်နှင့်၊ ပရမတ်ဘုရားရှင်သည် သူ့အား ၎င်းတို့၏ ပြောဆိုသော အရာမှ ကင်းလွတ်စေခဲ့၏၊ ပရမတ်ဘုရားရှင်ထံ၌ မျက်နှာသာပေးမှုများ ရှိနေ၏။
၃၃း၇၀။ အို- ယုံကြည်သောသူတို့၊ ပရမတ်ဘုရားရှင်အား စည်းစောင့်ကြလော့၊ ခိုင်မာ တည်ကြည်သော စကားကိုသာ ပြောဆိုကြလော့။
၃၃း၇၁။ အရှင်သည် သင်တို့၏ ကျင့်ကြံမှုအား ပြုပြင် ပြောင်းလဲပေးမည်၊ ပရမတ်ဘုရားရှင်နှင့် အရှင်၏ ဉာဏ်စဉ်ဆောင်အား နာခံသူများမှ- သင်တို့၏ အပြစ်များကို လွတ်ငြိမ်းစေမည်၊ မဟာ အောင်ပွဲကို အောင်ပွဲခံစေမည်ပင်။
၃၃း၇၂။ ငါသည် မိုးများ၊ မြေကမ္ဘာနှင့် တောင်များအား ယုံကြည်အပ်နှံ့မှုကို ကမ်းလှမ်းသော် သူတို့သည် ၎င်းအား သယ်ပိုးရမည်ကို စိုးထိတ်ကြ၏၊ လူသားသည်သာ သယ်ပိုး၏၊ ဧကန်ပင် သူသည် မိုက်ကြေးခွဲသော ပညာမဲ့ ဖြစ်လာတော့၏။
၃၃း၇၃။ ထို့ကြောင့် ပရမတ်ဘုရားရှင်၏ ဝဋ်ကြွေးဒဏ်သည် သီလကြောင်များ၊ သီလကြောင်မများ၊ ရောပြွန်း ကိုးကွယ်သူများ၊ ရောပြွန်း ကိုးကွယ်သူမများ အတွက် ဖြစ်၏၊ ပရမတ်ဘုရားရှင်၏ သင်ပုန်းချေခြင်းသည် ယုံကြည်သူများ၊ ယုံကြည်သူမများ အတွက် ဖြစ်၏၊ ပရမတ်ဘုရားရှင်သည် လွတ်ငြိမ်းစေသောအရှင်၊ အကြင်နာရှင် ဖြစ်တော်မူ၏။
ဓမ္မခန္ဓာ (၃၃) ဤတွင် ပြီး၏။
ဓမ္မခန္ဓာ (၃၄) ရှီဗာ
ဉာဏ်စဉ်ကိန်းပေးမှု အမှတ်စဉ်- ၅၈။ သုတ်ဒေသနာ- ၅၄ ပါး
ကရုဏာရှင် အကြင်နာရှင် ဖြစ်တော်မူသော ပရမတ်ဘုရားရှင်၏ ဂုဏ်တော်အားဖြင့် -
၃၄း၁။ မိုးများနှင့် မြေကမ္ဘာတွင်း ရှိရာများသည် အရှင်၏ အချုပ်အခြာ၌ ရှိ၏၊ ၎င်းတို့သည် ပရမတ်ဘုရားရှင်အား ရည်သန် စူးစိုက်နေကြ၏၊ အနာဂတ်၌ ရည်သန် စူးစိုက်မှုများသည်လည်း အရှင်၏ အချုပ်အခြာ၌ ရှိ၏၊ အရှင်သည် ဓမ္မသတ်ရှင်၊ သတင်း သိနေသောအရှင် ဖြစ်၏။
၃၄း၂။ မြေကမ္ဘာသို့ တိုးဝင်သွားရာ၊ ထိုမှ ထွက်ပေါ်လာရာ၊ မိုးကောင်းကင်မှ သက်သောအရာ၊ ထို အတွင်းသို့ တက်သော အရာများကို အရှင်သည် သိနေတော်မူ၏၊ အရှင်သည် အကြင်နာရှင်၊ လွတ်ငြိမ်းစေသောအရှင် ဖြစ်၏။
၃၄း၃။ ဖုံးကွယ်သော သူတို့က “အခိုက်အတန့်အား ကျွန်ုပ်တို့ထံသို့ ပေးရောက်မည် မဟုတ်၊” ဟု ဆိုကြ၏၊ ဟောလော့၊ “အမှန်မှာ ကံကြမ္မာရှင်သည် သင်တို့ထံသို့ ပေးရောက်မည်သာတည်း၊ အရှင်သည် စက္ခုလွန်များကို သိနေသောအရှင် ဖြစ်၏၊ မိုးများနှင့် မြေကမ္ဘာတွင်း ပရမံနုမြူ၏ အလေးချိန်မျှဖြစ်စေ၊ ထိုထက် သေးငယ်သည် ဖြစ်စေ၊ ထိုထက် ကြီးမားသည် ဖြစ်စေ အရှင့်ထံမှ လွတ်ကင်းနိုင်သည် မဟုတ်ချေ၊ ရှင်းလင်း ထင်ရှားသော မှတ်တမ်း၌ ရှိနေရ၏။
၃၄း၄။ ယုံကြည်၍ ပြုပြင် ပြောင်းလဲမှု ကျင့်ကြံသော သူများအား အစားပေးရန်အတွက် ဖြစ်၏၊ သူတို့အတွက် လွတ်ငြိမ်းခွင့်နှင့် ကျက်သရေရှိသော ရိက္ခာထောက်မှု ရှိနေ၏။
၃၄း၅။ ငါ၏ သုတ်ဒေသနာတို့အား မှေးမှိန်စေရန် လုံးပန်းသော သူများ၊ သူတို့အတွက် စူးနစ် နာကျင်သော ဝဋ်ကြွေး ဆိုးကျိုး ရှိ၏။
၃၄း၆။ အသိပညာ ချီးမြှင့်ခြင်း ခံရသော သူသည် သင့်ကံကြမ္မာရှင်မှ သင့်ထံသို့ ချမှတ်ပေးသည်ကို ပရမတ္ထသစ္စာ၊ ဘုန်းတော်ရှင်၊ ရည်သန် စူးစိုက်မှုတည်ရာ အရှင်၏ လမ်းစဉ်တော်သို့ လမ်းညွှန်ချက် ဟု မြင်၏။
၃၄း၇။ ဖုံးကွယ်သော သူတို့က ပြောသည်မှာ “သင်တို့သည် အလုံးစုံ စိစိညက်ညက် ခြေမွှခံရပြီး- တဖန် အသစ် ဖြစ်တည်ရဦးမည်ဟု သတင်းထုတ်ပြန်သည့် လူသားကို ကျွန်ုပ်တို့ ညွှန်ပြရမည်လော။
၃၄း၈။ သူသည် ပရမတ်ဘုရားရှင်နှင့် စပ်လျဉ်း၍ လိမ်ညာ လုပ်ကြံ ဖန်တီးသလော၊ သို့တည်းမဟုတ် ရူးနေသူ ဖြစ်သလော၊” ဟု ဖြစ်၏၊ အမှန်မှာ နောင်ဘဝအား ယုံကြည်ခြင်းမရှိသော သူတို့သည် ဝဋ်ကြွေးတွင်း၊ နောက်ကျန် လွဲချော်ခြင်း၌ ရှိကြ၏။
၃၄း၉။ သူတို့၏ လက်ရှိ-မျက်မှောက်၊ သူတို့၏ နောက်မှ ညှပ်ထားသော မိုးကောင်းကင်နှင့် မြေကမ္ဘာသို့ မရှုစားကြသလော၊ စံချိန်ပြည့်သည့် အလျောက် ငါသည် သူတို့အား မြေကမ္ဘာ၏ မြိုခြင်း၊ သူတို့အပေါ်သို့ ကောင်းကင်မှ အစိတ်စိတ် ပြိုကျခြင်းများ ဖြစ်စေနိုင်၏၊ ဘက်လှည့်သော အမှုတော်ဆောင်တိုင်းအတွက် ဤ၌ နိမိတ် လက္ခဏာရပ် ရှိနေ၏။
၃၄း၁၀။ ငါသည် ဒါဝိဒ်အား ငါထံမှ သိက္ခာပေးခြင်းဖြင့် ချီးမြှင့်၏၊ အို-တောတောင်တို့၊ သူနှင့်အတူ ငါ့ဘက်သို့ ပြန်လှည့်လော့၊ ငှက်အပေါင်းတို့လည်း ပါ၏၊ ငါသည် သူ့အတွက် သံကို ပျော့ပျောင်းစေလျက်။-
၃၄း၁၁။ သံကွင်းများကို စည်းချိန်တကျ ဆက်၍ ကိုယ်ကာဖြစ်ရန် အားထုတ်စေပြီ၊ ပြုပြင် ပြောင်းလဲမှု ကျင့်ကြံလော့၊ ဧကန်ပင် ငါအရှင်သည် ကျင့်ကြံသမျှကို မြင်နေသောအရှင် ဖြစ်၏။
၃၄း၁၂။ ဆိုလိုင်မံအတွက် နေတက် တစ်လ၊ နေကျ တစ်လ လေတိုက်စေ၏၊ ကြေးရည် သွန်းဆင်းရာကို သူ့အတွက် ငါ စေစားစေ၏၊ ငါ့ ခွင့်ပြုချက်ဖြင့် အန္ဓပုထုဇဉ်များမှ သူ့ လက်ရှိ-မျက်မှောက်၌ ကျင့်ကြံ အားထုတ်ရသူတို့ ရှိ၏၊ သူတို့မှ ငါ့ ညွှန်ကြားချက်အား တိမ်းပါးစေသူအား လောင်စာ ဝဋ်ကြွေး မြည်းစမ်းစေလတ္တံ့။
၃၄း၁၃။ ၎င်းတို့သည် သူ့အတွက် စံချိန်ပြည့်ရာ စခန်းများ၊ ပုံတူဆင်းတုများ၊ ရေလှောင်ကန်ကြီးများ၊ စည်းချိန်ကျသော အခိုင်အမာ တည်ဆောက်မှုများ ဖြစ်ရန် ကျင့်ကြံ အားထုတ်ပေးရ၏၊ အို- ဒါဝိဒ်၏ အဆက်အနွယ်တို့၊ ကျင့်ကြံ အားထုတ်ကြလော့၊ ငါ့အမှုတော်ဆောင်တို့မှ အနည်းငယ်မျှသာ ကျေးဇူး သိတတ်ကြကုန်၏။
၃၄း၁၄။ ငါသည် သူ၏ ခန္ဓာချ ဈာပနအား ပြီးဆုံးစေသောအခါ မြေမှ သက်ရှိက သူ့ ဩဇာညောင်းချိန်ကို စား၍ ၎င်း ပြိုလဲသည်ကို ရှင်းလင်းစွာ ညွှန်ပြသည့် အချိန်ထိ အန္ဓပုထုဇဉ်တို့ကား သူ ခန္ဓာဝန်ချသည်ကို မရိပ်မိကြချေ၊ အကယ်၍ သူတို့ မျက်ကွယ်၌ ဖြစ်ခဲ့သည်ကို သိခဲ့ကြလျှင် နိမ့်ကျသော ဝဋ်ကြွေးထဲ၌ နေခဲ့ကြမည် မဟုတ်ချေ။
၃၄း၁၅။ ရှီဗာတို့အတွက် အခြေချရာ၌ နိမိတ် လက္ခဏာရပ် ရှိနေ၏၊ လက်ဝဲဘက်၊ လက်ယာဘက်၌ ဥယျာဉ်နှစ်ခု ရှိနေ၍ သင်တို့၏ ကံကြမ္မာရှင် ရိက္ခာပေးရာမှ စားကြကုန်လော့၊ စင်ကြယ်သော မြို့နှင့် လွတ်ငြိမ်းစေသော ကံကြမ္မာရှင်အတွက် ကျေးဇူး သိကြကုန်လော့။
၃၄း၁၆။ သို့သော် သူတို့သည် ဘောင်ကန့်သွားကြ၏၊ ထို့ကြောင့် သူတို့၏ ဥယျာဉ်နှစ်ခုနေရာ၌ ပြင်းထန်သော ရေစီးကို စေစား တာထိုးလျက် ဖန်သော၊ ခါးသော စားစရာများ၊ ထင်းရှူးပင်များနှင့် ဇီးပင်၊ စသောအရာများ အနည်းငယ် ပြွန်းသည့် ဥယျာဉ်နှစ်ခုဖြင့် လွှဲပြောင်း ဖြစ်စေခဲ့၏။
၃၄း၁၇။ သူတို့၏ ဖုံးကွယ်မှုများကြောင့် ငါသည် သူတို့အား ဤသို့ အစား ပေးတော်မူ၏၊ ငါသည် ဖုံးကွယ်သူတို့ကိုသာ ဤသို့ အစားပေးတော်မူသည် မဟုတ်လော။
၃၄း၁၈။ ငါသည် သူတို့ကြားနှင့် ငါက ကျက်သရေ ရှိစေသော ဒေသများ၏ ကြား၌ ပေါ်ပြူလာဖြစ်သည့် အရပ်များကို စီစဉ်ပေးတော်မူ၏၊ ထို၌ သွားလာခရီးတွင် စည်းချိန်ကျစေ၍ ည နေ့ မရွေး ယုံကြည် စိတ်ချစွာ ခရီးသွားလာစေ၏။
၃၄း၁၉။ သို့သော် သူတို့က “အို- ကံကြမ္မာရှင်၊ တပည့်တော်တို့၏ ကြား လမ်းခရီးကို ပိုမို နောက်ကျစေပါ၊” ဟု ဆုတောင်းကြ၏၊ သူတို့ စရိုက်ကို သူတို့ မိုက်မဲစေကြ၏၊ ငါသည် သူတို့အတွက် ဆင့်ပြန်စရာ ဖြစ်စေရန် စီစဉ်လိုက်၏၊ သူတို့အား အလုံးစုံ စိစိညက်ညက် ခြေမွှခံရပြီ၊ သည်းခံသူ၊ ကျေးဇူးသိသူတိုင်း အတွက် ဤ၌ နိမိတ် လက္ခဏာရပ် ရှိနေ၏။
၃၄း၂၀။ သူတို့အပေါ် ရှေးရိုးစွဲ၏ စဉ်းစားချက်မှာ ဖြောင့်မှန်သည်ဟု ယုံကြည်သူတို့မှ တစ်ဖွဲ့သာ သူ့နောက်သို့ လိုက်ကြ၏။
၃၄း၂၁။ သူတို့အပေါ်၌ သူသည် အခွင့်အာဏာ မရှိချေ၊ သို့သော် နောင်ဘဝအား ယုံကြည်သူနှင့် ထို၌ ဒွိဟဖြစ်နေသူအား သိစေရန်သာ ဖြစ်၏၊ ကံကြမ္မာရှင်သည် သဗ္ဗလုံးစုံအား စောင့်ထိန်းထားတော်မူ၏။
၃၄း၂၂။ ဟောလော့၊ “ပရမတ်ဘုရားရှင်မှလွဲ၍ သင်တို့ ရပ်တည် ပြောဆိုပေးခဲ့သော သူများထံ၌ ဆုတောင်းကြလော့၊ ၎င်းတို့သည် မြေကမ္ဘာတွင်း၊ မိုးများ အတွင်း၊ ပရမံနုမြူ အလေးချိန်မျှပင် အစိုးရသည် မဟုတ်ချေ၊ ထို၌ သူတို့အတွက် ဖက်စပ် ကူညီသူလည်း မရှိချေ၊ သူတို့အတွက် အရှင့်ထံမှ ကျောထောက် နောက်ခံလည်း မရှိချေ။”
၃၄း၂၃။ အရှင့်ထံမှ ခွင့်ပြုချက်ရသူမှအပ အမျှဝေပေးမှုသည် အကျိုး မပြုချေ၊ သူတို့၏ စိတ်နှလုံးများ ကြောက်ရွံ့ ချောက်ချားမှု လျော့လေသော် “သင်တို့၏ ကံကြမ္မာရှင်က အဘယ်အရာအား မိန့်ဆိုသနည်း၊” ဟု မေးကြ၍ “ပရမတ္ထ သစ္စာတရားပင်တည်း၊ အရှင်သည် အထွဋ်အထိပ် ဖြစ်တော်မူ၏၊ အကြီးကျယ်ဆုံး ဖြစ်တော်မူ၏၊” ဟု ပြောကြလတ္တံ့။
၃၄း၂၄။ “မိုးများနှင့် မြေမှ သင်တို့အား အဘယ်သူက ရိက္ခာ ထောက်နေသနည်း၊” ဟု မေး၍ ဟောလော့၊ “ပရမတ်ဘုရားရှင် ဖြစ်၏၊ သင်တို့နှင့် ကျွန်ုပ်သည် အဘယ်သူက လမ်းညွှန်မှန်၌ ရှိနေသနည်း၊ သို့မဟုတ် အဘယ်သူက ရှင်းလင်းသော လမ်းလွဲ၌ ရှိနေသနည်း။”
၃၄း၂၅။ ဟောလော့၊ “ကျွန်ုပ်တို့၏ ရာဇဝတ်မှုအတွက် သင်တို့သည် စစ်ဆေးခံရမည် မဟုတ်၊ သင်တို့၏ ကျင့်ကြံမှု အတွက်လည်း ကျွန်ုပ်တို့သည် စစ်ဆေးခံရမည် မဟုတ်ချေ။”
၃၄း၂၆။ ဟောလော့၊ “ကျွန်ုပ်တို့၏ ကံကြမ္မာရှင်သည် ကျွန်ုပ်တို့၏ကြား၌ အတူစုစေမည်၊ ထို့နောက် ကျွန်ုပ်တို့ကြား၌ သစ္စာတရားဖြင့် ထွက်ပေါက် ပေးလတ္တံ့၊ အရှင်သည် ထွက်ပေါက် ပေးတော်မူသော၊ သိနေတော်မူသောအရှင် ဖြစ်၏။”
၃၄း၂၇။ ဟောလော့၊ “အရှင်နှင့် ရောပြွန်း ကိုးကွယ်ရန် သင်တို့ ပူးပေါင်းထားသော သူများကို ကျွန်ုပ်အား ပြသလော့၊ အလျဉ်းမဟုတ်၊ အရှင်- ပရမတ်ဘုရားရှင်သည်သာ ဘုန်းတော်ရှင်၊ ဓမ္မသတ်ရှင် ဖြစ်တော်မူ၏။”
၃၄း၂၈။ သင့်အား လူမျိုးနွယ် အားလုံးအတွက် သတင်းကောင်းဆောင်သူ၊ သတိပေးသူ အဖြစ်သာ ငါ စေစားတော်မူ၏၊ သို့ရာတွင် လူသား အများစုကြီးကား သိကြသည် မဟုတ်ချေ။
၃၄း၂၉။ သူတို့က “သင်တို့သည် ဖြောင့်မှန်သူများ ဖြစ်ကြလျှင် ကတိတော်မှာ မည်သည့်အခါ၌ ဖြစ်မည်နည်း၊” ဟု ဆိုကြ၏။
၃၄း၃၀။ ဟောလော့၊ “သင်တို့အား ကတိထားသောနေ့ ကာလ၊ ၎င်းကို အခိုက်အတန့်ပင် နောက်မဆုတ်နိုင်၊ ရပ်မထားနိုင်ချေ။”
၃၄း၃၁။ ဖုံးကွယ်သော သူတို့က “ကျွန်ုပ်တို့သည် ဤကုရ်အာန်နှင့် ရှိနေပြီး ကျမ်းများ၌ မယုံကြည်ကြချေ၊” ဟု ဆိုကြ၏၊ အမိုက်ကောင်များအား သူတို့၏ ကံကြမ္မာရှင်ထံ၌ ရပ်စေသောအခါ သူတို့မှ အချို့သည် အချို့ထံ လှည့်ကြလျက် ချည့်နဲ့ခဲ့သော သူတို့က အကြီးအကဲ ဖြစ်သူတို့အား “သင်တို့ကြောင့် မဟုတ်ခဲ့လျှင် ကျွန်ုပ်တို့သည် ယုံကြည်သူများမှ ဖြစ်ခဲ့လတ္တံ့၊” ဟု ပြောဆိုသည့် စကားလုံးများကို သင် မြင်ရပါလေစ။
၃၄း၃၂။ အကြီးအကဲ ဖြစ်သူတို့က ချည့်နဲ့ခဲ့သော သူတို့အား “သင်တို့ထံ လမ်းညွှန်တရား ရောက်လာစေပြီးမှ ကျွန်ုပ်တို့က သင်တို့ကို ထိုမှ ဖယ်ခိုင်းခဲ့သလော၊ အမှန်မှာ သင်တို့သည် ရာဇဝတ်ကောင်များသာ ဖြစ်ကြ၏၊” ဟု ပြောသော်။-
၃၄း၃၃။ ချည့်နဲ့ခဲ့သော သူတို့က အကြီးအကဲ ဖြစ်သူတို့အား “အမှန်မှာ ပရမတ်ဘုရားရှင်အား ဖုံးကွယ်ထားလျက် အရှင့်အစား သင်တို့အား တစ်ဂိုဏ်းတည်းထား စီစဉ်စေရန် နေ့ ည မအား ကြံစည်၍ ကျွန်ုပ်တို့ကို ညွှန်ကြားခဲ့၏၊” ဟု ပြန်ပြောကြ၏၊ သူတို့သည် ဝဋ်ကြွေးကို မြင်ရသောအခါ ကြိတ်၍ ယူကျုံးမရ ဖြစ်ကြ၏၊ ငါသည် ဖုံးကွယ်သော သူတို့၏ ဂုတ်ပိုး၌ ချုပ်ကိုင်မှုကို စီစဉ်ထားလတ္တံ့၊ သူတို့ ကျင်ကြံလေ့ မရှိခဲ့ရာအတွက် အစားပေးခြင်း ခံရသလော။
၃၄း၃၄။ စည်းစိမ် ယစ်နေသူတို့က “သင်တို့ထံ စေစားလာသည်များကို ပယ်ချသူများမှာ ကျွန်ုပ်တို့ ဖြစ်၏၊” ဟု ပြောဆိုသော အရပ်ဒေသကိုသာ ငါအရှင်သည် သတိပေးသူ စေစားတော်မူ၏။
၃၄း၃၅။ သူတို့က “ကျွန်ုပ်တို့တွင် ဥစ္စာပစ္စည်း၊ ရင်သွေး များစွာ ရှိ၏၊ ကျွန်ုပ်တို့သည် ဝဋ်ကြွေးသင့်မည့်သူများ မဟုတ်” ဟု ပြောကြသေး၏။
၃၄း၃၆။ ဟောလော့၊ “သင့်ကံကြမ္မာရှင်သည် စံချိန်ပြည့်မီသူအား ရိက္ခာ တိုးပွားစေ၏၊ စည်းကြပ်မတ်တော်မူ၏၊ သို့ရာတွင် လူသား အများစုသည် သိကြသည် မဟုတ်ချေ။”
၃၄း၃၇။ သင်တို့၏ ဥစ္စာပစ္စည်း၊ သင်တို့၏ ရင်သွေးများသည် ငါ အရှင့်ထံတော်၌ မည်သည့် အဆင့်အတန်းနှင့်မျှ မချဉ်းကပ်နိုင်ချေ၊ ယုံကြည်၍ ပြုပြင် ပြောင်းလဲမှုကို ကျင့်ကြံသူ၊ ထိုသူတို့အတွက်သာ သူတို့ ကျင့်ကြံမှုအတွက် နှစ်ဆတိုးသော အစားပေးခံရမှု ရှိ၏၊ သူတို့သည် ယုံကြည် စိတ်ချရသော လုံးချင်း အိမ်ရာ၌ စံမြန်းရမည်ပင်။
၃၄း၃၈။ ငါ၏ သုတ်ဒေသနာတို့အား မှေးမှိန်စေရန် လုံးပန်းသောသူ၊ သူတို့အား ဝဋ်ကြွေးတွင်းသို့ ဆင့်ခေါ်ခံသူများ ဖြစ်ရလတ္တံ့။
၃၄း၃၉။ ဟောလော့၊ “ကျွန်ုပ်၏ ကံကြမ္မာရှင်သည် အမှုတော်ဆောင်များ အနက် စံချိန်ပြည့်မီသူအား ရိက္ခာ တိုးပွားစေ၏၊ ထို့နောက် သူ့အား စည်းကြပ်မတ်တော်မူ၏၊ သင်တို့သည် ထိုမှ တစ်စုံတစ်ရာ ပေးကမ်းသုံးစွဲသော် အရှင်က အကျိုးဆက်ရှိစေ၏၊ အရှင်သည် အကောင်းဆုံး ရိက္ခာ ထောက်ပံ့သည့်အရှင် ဖြစ်၏။
၃၄း၄၀။ သူတို့အားလုံး စုစည်းစေသောနေ့ ကာလ၌ အရှင်က နိမိတ်ဆောင်တို့အား “သူတို့က သင်တို့အား ကိုးကွယ် ဆည်းကပ်လေ့ ရှိခဲ့ကြသလော၊” ဟု မေးတော်မူအံ့။
၃၄း၄၁။ သူတို့က “အရှင့်အား ဦးထိပ်ထားပါ၏၊ သူတို့အား ဆန့်ကျင်၍ အရှင်သည်သာ တပည့်တော်တို့၏ မဟာမိတ် ဖြစ်ပါ၏၊ အမှန်မှာ သူတို့သည် အန္ဓပုထုဇဉ်များကိုသာ ကိုးကွယ်လေ့ရှိကြ၏၊ သူတို့မှ အများစုမှာ ၎င်းတို့ကိုသာ ယုံကြည်နေကြပါ၏၊” ဟု ဆိုကြ၏။
၃၄း၄၂။ ထိုနေ့ ကာလ၌ သူတို့မှ အချို့သည် အချို့ကို ကောင်းကျိုး၊ ဆိုးကျိုး ပေးနိုင်သော ဩဇာအာဏာ မရှိကြချေ၊ မိုက်ကြေးခွဲသော သူတို့အား “သင်တို့ ငြင်းဆန်လေ့ရှိရာ အပူမီး ဝဋ်ကြွေးကို မြည်းစမ်းကြလော့၊” ဟု ငါ မိန့်လတ္တံ့။
၃၄း၄၃။ သူတို့အား ငါ၏ ရှင်းလင်းချက် သုတ်ဒေသနာများကို ရွတ်ဖတ် ပြသောအခါ “ဤလူသားသည် သင်တို့အား မိရိုးဖလာ ကိုးကွယ်လေ့ရှိရာမှ ဖယ်ရှားသွားရန် လိုလားသူသာ ဖြစ်၏၊” ဟု ဆို၍ “ဤသည် လုပ်ကြံ ဖန်တီးထားသော လုပ်ဇာတ်သာ ဖြစ်၏၊” ဟု ဆက်ပြောကြ၏၊ သစ္စာတရားတော် သူတို့ထံသို့ ရောက်လာစဉ် ဖုံးကွယ်သော သူတို့က “ဧကန်ပင် ဤသည် ရှင်းလင်း ထင်ရှားသော မှော် အတတ်သာဖြစ်၏၊” ဟု ပြောကြ၏။
၃၄း၄၄။ သူတို့အား လေ့လာ ဆည်းပူးစေရန် အခြား မည်သည့်ကျမ်းစာကိုမှ ငါ မပေးအပ်ခဲ့ချေ၊ သင်မတိုင်မီ သူတို့ထံသို့ သတိပေးသူကိုလည်း မစေစားခဲ့ချေ။
၃၄း၄၅။ သူတို့၏ ရှေ့အလျင်ဖြစ်သော သူများက ငြင်းဆန်ကြကုန်၏၊ သူတို့ အား ငါ၏ ပေးအပ်မှုမှ ဆယ်ပုံတစ်ပုံမျှပင် မရောက်ရှိသေးချေ၊ သို့တိုင် သူတို့သည် ငါ၏ ဉာဏ်စဉ်ဆောင်တို့အား ငြင်းဆန်ကြကုန်၏၊ မကြုံဘူးသည့် ပြစ်ဒဏ်သည် မည်သို့ ရှိစေသနည်း။
၃၄း၄၆။ ဟောလော့၊ “သင်တို့အတွက် တစ်ခုတည်းသော ဩဝါဒမှာ နှစ်ဦး ဖြစ်စေ၊ သပ်သပ်စီ ဖြစ်စေ၊ ပရမတ်ဘုရားရှင်အတွက် ရပ်တည်ကြလော့၊ ထို့နောက် စဉ်းစား သုံးသပ်ကြလော့၊ သင်တို့၏ ပေါင်းဖေါ်သည် ရူးနေသူ မဟုတ်ချေ၊ သူသည် ပြင်းထန်သော ဝဋ်ကြွေးဒဏ်အား လက်ရှိ-မျက်မှောက်ပြု၍ သင်တို့အတွက် သတိပေးသူသာ ဖြစ်၏။”
၃၄း၄၇။ ဟောလော့၊ “ကျွန်ုပ်သည် သင်တို့မှ အကျိုးဆုလာဘ် မတောင်းချေ၊ သင်တို့၏ အတွက်သာ ဖြစ်၏၊ ကျွန်ုပ်အတွက် ဆုလာဘ်သည် ပရမတ်ဘုရားရှင်၌ ရှိ၏၊ အရှင်သည် သဗ္ဗလုံးစုံအတွက် သက်သေသက်ကန် ဖြစ်တော်မူ၏။”
၃၄း၄၈။ ဟောလော့၊ “ဧကန်ပင် ကံကြမ္မာရှင်၊ စက္ခုလွန်အား သိသောအရှင်သည် ကျွန်ုပ်အား ပရမတ္ထသစ္စာဖြင့် ဝန်ပေးတော်မူ၏။”
၃၄း၄၉။ ဟောလော့၊ “သစ္စာတရားတော် ရောက်ရှိလာပြီ၊ မိစ္ဆာတရားသည် မစတည်နိုင်၊ ဆက်မဖြစ်နိုင်တော့ချေ။”
၃၄း၅၀။ ဟောလော့၊ “ကျွန်ုပ်သည် လမ်းလွဲမိလျှင် ကျွန်ုပ်၏ စရိုက်အား လမ်းလွဲစေခြင်း ဖြစ်ရ၏၊ ကျွန်ုပ်သည် လမ်းညွှန်မှန်၌ ရှိလျှင် ကျွန်ုပ်အား ကျွန်ုပ်ကံကြမ္မာရှင်မှ အာရုံဈာန် ဖြစ်စေခြင်းကြောင့် ဖြစ်၏၊ ဧကန်ပင် အရှင်သည် ကြားနေသောအရှင်၊ အနီးကပ် ရှိနေသောအရှင် ဖြစ်၏။
၃၄း၅၁။ လွတ်မထွက်နိုင်ဘဲ အနီးကပ် ဖမ်းဆီးခံရ၍ သူတို့၏ ကြောက်ရွံ့ ချောက်ချားရနေပုံကို သင် မြင်ရပါလေစ။
၃၄း၅၂။ နောက်ကျန်ရစ်ပြီးမှ- “တပည့်တော်တို့ ထိုသစ္စာတရားကို ယုံကြည်ပါပြီ၊” ဟု ဆိုကြသူတို့အား မည်သို့ လက်ခံရမည်နည်း။
၃၄း၅၃။ ၎င်းကို ရှေ့အလျင်ကပင် သူတို့ ဖုံးကွယ်ခဲ့ကြ၏၊ သူတို့အား မျက်ကွယ်ဖြင့် ဝန်ပိလျက် နောက်ကျန်ရစ်တော့၏။
၃၄း၅၄။ ရှေ့အလျင်က သူတို့၏ ဂိုဏ်းဝင်များအား ပြုလုပ်ခဲ့သည့်ပမာ သူတို့၏ ကြား၊ သူတို့၏ အာသီသကြားကို ဝန်းခတ်ထားလေပြီ၊ သူတို့သည်ကား ဒွိဟ သံသယ၌ ရှိခဲ့ကြ၏။
ဓမ္မခန္ဓာ (၃၄) ဤတွင် ပြီး၏။
ဓမ္မခန္ဓာ (၃၅) သံသရာ၏အစ
ဉာဏ်စဉ်ကိန်းပေးမှု အမှတ်စဉ်- ၄၃။ သုတ်ဒေသနာ- ၄၅ပါး။
ကရုဏာရှင် အကြင်နာရှင် ဖြစ်တော်မူသော ပရမတ်ဘုရားရှင်၏ ဂုဏ်တော်အားဖြင့် -
၃၅း၁။ ရည်သန် စူးစိုက်မှုအပေါင်းသည် မိုးများနှင့် မြေကမ္ဘာ သံသရာ၏ ဇစ်မြစ် ဖြစ်တော်မူသော ပရမတ်ဘုရားရှင် အဘို့ ဖြစ်၍ အရှင်သည် နိမိတ်ဆောင်တို့အား လက်ရုံးရည် နှစ်တန်၊ သုံးတန်၊ လေးတန် ရှိခြင်းအားဖြင့် ဉာဏ်စဉ်ဆောင် အဖြစ် စီစဉ်ပေးတော်မူ၏၊ အရှင်သည် စံချိန်ပြည့်ရာ အလျောက် ဖြစ်တည်မှုကို တရိပ်ရိပ် တိုးစေ၏၊ ဧကန်ပင် ပရမတ်ဘုရားရှင်သည် သဗ္ဗလုံးစုံအား စည်းချိန် ချမှတ်တော်မူ၏။
၃၅း၂။ ပရမတ်ဘုရားရှင်က လူသားများအတွက် ဖွင့်ထားသော ကရုဏာတော်၊ ၎င်းအား ဆိုင်းထားနိုင်သူ မရှိချေ၊ အရှင်က ဆိုင်းထားစေလျှင်လည်း ထို့နောက်တွင် ၎င်းကို စေစားစေနိုင်သူ မရှိချေ၊ အရှင်သည် ဘုန်းတော်ရှင်၊ ဓမ္မသတ်ရှင် ဖြစ်တော်မူ၏။
၃၅း၃။ အို- လူသားတို့၊ ပရမတ်ဘုရားရှင်က သင်တို့အား ဂုဏ်ပေးခဲ့သည်ကို သတိရကြလော့၊ ပရမတ်ဘုရားရှင်မှအပ သင်တို့အား မိုးနှင့်မြေမှ ရိက္ခာကို ဖြစ်တည်ပေးသူ ရှိသလော၊ အရှင်မှအပ အခြား ဘုရားဟူ၍ မရှိ၊ သို့ပါလျက် မည်သို့ လှည့်စား ခံနေကြသနည်း။
၃၅း၄။ သူတို့က သင့်အား ငြင်းဆန်ကြလျှင် သင့် ရှေ့အလျင် ဉာဏ်စဉ်ဆောင်များသည်လည်း မုချ ငြင်းဆန်ခံခဲ့ရပြီ၊ အရေးအရာများသည် ပရမတ်ဘုရားရှင်ထံသို့သာ ဦးလှည့်ရမည်သာတည်း။
၃၅း၅။ အို- လူသားတို့၊ ဧကန်ပင် ပရမတ်ဘုရားရှင်၏ ကတိတော်သည် သစ္စာတရား ဖြစ်၏၊ သို့ဖြစ်၍ ဤလောကီဘဝက သင်တို့အား မမြှူဆွယ်စေနှင့်၊ မြှူဆွယ်သူများက ပရမတ်ဘုရားရှင်နှင့် စပ်လျဉ်း၍ သင်တို့အား မမြှူဆွယ်စေနှင့်။
၃၅း၆။ မကောင်းဆိုးဝါးသည် သင်တို့အား စည်းဖေါက်သူ ဖြစ်၏၊ သို့ဖြစ်၍ သူ့အား စည်းဖေါက်သူဟု ယူမှတ်လော့၊ သူသည် သူ့ ဂိုဏ်းသားတို့အား မီးလောင်စာ၏ ပေါင်းဖေါ်များ ဖြစ်စေရန် ဖိတ်ခေါ်၏။
၃၅း၇။ ဖုံးကွယ်သော သူတို့အတွက် ပြင်းထန်သော ဝဋ်ကြွေးသည် ရှိနေ၏၊ ယုံကြည်၍ ပြုပြင် ပြောင်းလဲမှုကို ကျင့်ကြံသော သူများအတွက် လွတ်ငြိမ်းခွင့်နှင့် ကြီးမားသော ဆုလာဘ်ရှိနေ၏။
၃၅း၈။ မိမိကျင့်ကြံသော အကုသိုလ်က သူ့အား ဖမ်းစား နေစေ၏၊ ထို့ကြောင့် တင့်တယ်သည်ဟု သူ မြင်သလော၊ ပရမတ်ဘုရားရှင်သည် စံချိန်ပြည့်မီသူအား လမ်းလွဲစေ၍ စံချိန်ပြည့်မီသူအား လမ်းညွှန်ရစေ၏၊ သို့ဖြစ်၍ သင်၏ စိတ်ဉာဉ်ကို သူတို့အတွက် မကြေကွဲစေနှင့်၊ သူတို့၏ တည်ဆောက်မှုများကို ပရမတ်ဘုရားရှင်သည် သိနေသောအရှင် ဖြစ်၏။
၃၅း၉။ ပရမတ်ဘုရားရှင်- အရှင်သည် မိုးတိမ်အား ဖွထုတ်စေသော လေများကို စေစား၏၊ ၎င်းအား သေနေသော မြို့ဒေသဆီသို့ မောင်းနှင်တော်မူ၏၊ ထို့နောက် ၎င်းအားဖြင့် မြေကမ္ဘာကို သေပြီးနောက် ပြန်ရှင်စေတော်မူ၏၊ ဤသို့ ရှင်ပြန် နိုးကြွစေတော်မူ၏။
၃၅း၁၀။ ဘုန်းတန်ခိုးကို လိုချင်သူ ရှိ၏၊ ဘုန်းတန်ခိုး အားလုံးသည် ပရမတ်ဘုရားရှင်၏ အချုပ်အခြာ၌ ရှိ၏၊ စင်ကြယ်သော တရားစကားများသည် အရှင့်ထံသို့ တက်ရ၏၊ ပြုပြင်သည့် အကျင့်အကြံရှိ သူတို့အား အရှင် မြှောက်စားတော်မူ၏၊ အကုသိုလ်မှုကို ကြံစည်သောသူ၊ ထိုသူတို့အတွက် ပြင်းထန်သော ဝဋ်ကြွေးသည် ရှိ၏၊ သူတို့၏ ကြံစည်မှုများသည် ပျက်စီး ကြေမွသွားရလတ္တံ့။
၃၅း၁၁။ ပရမတ်ဘုရားရှင်သည် သင်တို့အား မြေမှုန့်မှ၊ တဖန် သုတ်ပိုးမှ၊ ဖြစ်တည်စေ၏၊ တဖန် အိမ်ထောင်ဘက် အဖြစ် စီစဉ်ပေး၏၊ အရှင်၏ သိနေခြင်းမရှိဘဲ မည်သည့် လိင်မ သည်မှ ကိုယ်ဝန်ဆောင်ခြင်း၊ သားဖွားခြင်း မရှိနိုင်ချေ၊ လောကဓမ္မ၌ ရှိသည်မှအပ မည်သည့် ဘဝသံသရာကိုမှ သံသရာ တိုးပေးသည် မရှိ၊ မည်သည့် ဘဝ သံသရာအား ယုတ်လျော့စေသည်လည်း မရှိချေ၊ ဤသည် ပရမတ်ဘုရားရှင် အတွက် လွယ်ကူလှချေ၏။
၃၅း၁၂။ သမုဒ္ဒရာ နှစ်ခုသည် မတူညီကြချေ၊ ဤသည် ခံစားရ ချို၍ သောက်သုံးရ ခံတွင်းတွေ့၏၊ ဤသည် ဆားဓါတ် ငံတူးနေ၏၊ ၎င်းကိုယ်စီမှ သင်တို့ စားသုံးဘို့ရာ လတ်ဆတ်သော အသား၊ ဆင်ယင်ဘို့ရာ လက်ဝတ်တန်ဆာတို့ကို ထွက်စေ၏၊ အရှင်၏ သိက္ခာပေးမှုကို ရှာဖွေရန် ထို၌ ရှပ်တိုက်သွားလာသော သင်္ဘောများကို သင်တို့ မြင်စေနိုင်၏၊ သင်တို့ ကျေးဇူး သိတတ်အံ့ငှာလည်း ဖြစ်၏။
၃၅း၁၃။ အရှင်သည် ညကို နေ့ထဲသို့ တိုးဝင်စေ၏၊ နေ့ကို ညထဲသို့ တိုးဝင်စေ၏၊ နေနှင့်လအား ကိုယ်စီ သတ်မှတ်ကာလ အချိန်အတိုင်း စီးမျောလျက် အသုံးခံ ဖြစ်စေ၏၊ ဤသည် သင်တို့ ကံကြမ္မာရှင်၊ ပရမတ်ဘုရားရှင်ပင်၊ ဩဇာအာဏာ အပေါင်းသည် အရှင်၏ အချုပ်အခြာ၌ ရှိ၏၊ အရှင်မှလွဲ၍ ဆုတောင်းခံသော သူတို့သည် အမြှေးဖတ်ကိုပင် အစိုးရသည် မဟုတ်ချေ။
၃၅း၁၄။ ၎င်းတို့ထံ ဆုတောင်းကြလျှင် သင်တို့၏ ဆုတောင်းခြင်းကို ၎င်းတို့ မကြားနာနိုင်ချေ၊ အကယ်၍ ကြားခဲ့သည့်တိုင် သင်တို့အား မတုံ့ပြန်နိုင်ကြချေ၊ ရပ်တည်ရမည့်နေ့ ကာလ၌ သင်တို့၏ ရောပြွန်း ကိုးကွယ်မှုကို သူတို့က ဖုံးကွယ် ထားလတ္တံ့၊ သတင်းကုန်စင် သိနေသော အရှင်ကဲ့သို့ သင်တို့အား သတင်း ထုတ်ပြန်နိုင်သည် မဟုတ်ချေ။
၃၅း၁၅။ အို- လူသားတို့၊ သင်တို့သည် ပရမတ်ဘုရားရှင်အား တည်မှီ နေရသူများ ဖြစ်၏၊ ပရမတ်ဘုရားရှင်သည် ကုံလုံ ပြည့်စုံတော်မူ၏၊ ရည်သန် စူးစိုက်မှု တည်ရာ ဖြစ်၏။
၃၅း၁၆။ အကယ်၍ စံချိန်ပြည့်မီလျှင် အရှင်သည် သင်တို့အား ရုပ်သိမ်းလျက် မျိုးဆက်သစ်ကို ဖြစ်တည် ယူဆောင်လာလတ္တံ့။
၃၅း၁၇။ ဤအတွက် ပရမတ်ဘုရားရှင်၏ ဘုန်းတော် မဲ့မသွားချေ။
၃၅း၁၈။ မိမိအတွက် ဝန်ထမ်းနေရသူသည် အခြားသူ၏ ဝန်အား မထမ်းပေးနိုင်ချေ၊ မိမိ၏ ဝန်ထုပ်အား သယ်ပိုးပေးရန် နီးစပ်သူထံ အော်တောင်းသော်လည်း တစ်စုံတစ်ရာ သယ်ပိုးပေးနိုင်မည် မဟုတ်ချေ၊ မိမိတို့၏ ကံကြမ္မာရှင်အား မျက်ကွယ်ရာ၌ ကြောက်ရွံ့ရိုကျိုး ဝတ်ပြုမြဲသော သူများကိုသာ သင် သတိပေးနိုင်၏၊ သန့်ရှင်း ဖြူစင်သူသည် သူ၏ စိတ်စရိုက်အတွက် သန့်ရှင်း ဖြူစင်သည် မည်၏၊ ခရီးဆုံး ပန်းတိုင်သည် ပရမတ်ဘုရားရှင်၏ ထံသို့သာ ဖြစ်၏။
၃၅း၁၉။ ကန်းနေသူနှင့် မြင်နိုင်သူသည် မတူညီကြချေ။
၃၅း၂၀။ အမှောင်သည် အလင်းမဟုတ်။
၃၅း၂၁။ အေးရိပ်သည် အပူလဟာပြင် မဟုတ်။
၃၅း၂၂။ နိစ္စနှင့် အနိစ္စသည် မတူညီချေ၊ ပရမတ်ဘုရားရှင်သည် စံချိန်ပြည့်မီသူအား ကြားနိုင်စွမ်းရှိစေ၏၊ သင်သည် သချိုင်းထဲမှ သူအား ကြားနာစေနိုင်သည် မဟုတ်ချေ။
၃၅း၂၃။ သင်သည် သတိပေးသူမျှသာ ဖြစ်၏။
၃၅း၂၄။ ဧကန်ပင် သင့်အား ပရမတ္ထ သစ္စာအားဖြင့် သတင်းကောင်းဆောင်သူ၊ သတိပေးသူ၊ အဖြစ် စေစားခြင်း ဖြစ်၏၊ သတိပေးသူ မရှိခဲ့သော အသိုင်းအဝိုင်း ဟူ၍ အတိတ်၌ မရှိခဲ့ချေ။
၃၅း၂၅။ သင့်အား ငြင်းဆန်ကြလျှင် သူတို့၏ ရှေ့အလျင် ဖြစ်သူတို့ထံသို့ ရှင်းလင်းချက်များ၊ ကျမ်းငယ်များ၊ တရားရောင်ဝါရှိသော ကျမ်းတော်များဖြင့် ရောက်လာခဲ့သော ဉာဏ်စဉ်ဆောင်များကိုလည်း သူတို့ မုချ ငြင်းဆန်ခဲ့ကြပြီ။
၃၅း၂၆။ ထို့နောက် ဖုံးကွယ်သော သူများကို အရေးယူလိုက်ပြီ၊ မကြုံဘူးသည့် ပြစ်ဒဏ်သည် မည်သို့ ရှိလေသနည်း။
၃၅း၂၇။ ဧကန်ပင် ပရမတ်ဘုရားရှင်သည် ကောင်းကင်မှ ရေကို ချပေးတော်မူ၍ ၎င်းဖြင့် ရောင်စုံကွဲပြားသော သီးနှံများကို ပေါက်ရောက်စေကြောင်း သင် မမြင်မိသလော၊ တောင်များ၌ အဖြူ၊ အနီ၊ စင်းကြောင်းသစ်များ ကွဲပြားလျက် မဲမှောင် နက်ကြုတ်ခြင်းလည်း ရှိ၏။
၃၅း၂၈။ လူသား၊ သတ္တဝါနှင့် ကပ္ပိယတိရိစ္ဆာန်တို့တွင်လည်း အရောင်များ အမျိုးမျိုး ကွဲပြားလျက် ရှိ၏၊ အရှင့် အမှုတော်ဆောင်များမှ ပညာအလင်း ရသူတို့က ပရမတ်ဘုရားရှင်အား ရိုကျိုး ကြောက်ရွံ့တတ်အံ့ငှာ ဖြစ်၏၊ ဧကန်ပင် ပရမတ်ဘုရားရှင်သည် ဘုန်းတော်ရှင်၊ လွတ်ငြိမ်းစေသောအရှင် ဖြစ်၏။
၃၅း၂၉။ ဧကန်ပင် ပရမတ်ဘုရားရှင်၏ ကျမ်းတော်ကို ရွတ်ဖတ်သော၊ ဝတ်ပြု မြဲကြသော၊ ငါအရှင် ရိက္ခာထောက်ရာမှ လက်တွင်းကြိတ်၍ ဖြစ်စေ၊ လူသိရှင်ကြား ဖြစ်စေ၊ ပေးကမ်းသုံးစွဲကြသော- ပျက်စီး ကြေမွခြင်း မရှိသည့် ရောင်းဝယ်မှုကို မျှော်ကိုးသော သူတို့အား။-
၃၅း၃၀။ အရှင်သည် သူတို့၏ ဆုလာဘ်များကို ပြီးပြည့်စေတော်မူရန်၊ အရှင့်၏ သိက္ခာပေးမှုမှ တိုးပွားစေရန် ဖြစ်၏၊ ဧကန်ပင် အရှင်သည် လွတ်ငြိမ်းစေသောအရှင်၊ ကျေးဇူးတော်ရှင် ဖြစ်၏။
၃၅း၃၁။ ကျမ်းတော်မှ သင့်အား ငါအရှင် အာရုံဈာန် ဖြစ်ပေးရာသည် လက်ရှိ-မျက်မှောက်များကို ဖြောင့်မှန်စေသည့် ပရမတ္ထသစ္စာ ဖြစ်၏၊ ဧကန်ပင် ပရမတ်ဘုရားရှင်သည် အရှင်၏ အမှုတော်ဆောင်များကို သတင်းရနေသော၊ မြင်နေသောအရှင် ဖြစ်၏။
၃၅း၃၂။ ဤကျမ်းတော်အား ငါ၏ အမှုတော်ဆောင်များမှ ရွေးချယ်သောသူကို ငါ အမွေပေးတော်မူ၏၊ သူတို့မှ မိမိစရိုက်ကို အဝိဇ္ဇာသင့်စေသူ၊ သူတို့မှ အလယ်အလတ်ကျသူ၊ သူတို့မှ ပရမတ်ဘုရားရှင်၏ ခွင့်ပြုချက်ဖြင့် ကောင်းမူ ဆောင်လျက် ခေတ်ရှေ့ရောက်သူတို့ ရှိ၏၊ ဤသည် ကြီးကျယ်သော သိက္ခာပေးမှုပေတည်း။
၃၅း၃၃။ ထာ၀ရ ဥယျာဉ်ဘုံများ၊ ထိုသို့ ဝင်ရောက် စံမြန်းရမည်ပင်၊ သူတို့အား ရွှေစလွယ်၊ ပုလဲတို့ဖြင့် ဆင်မြန်းပေးမည်၊ ထို၌ သူတို့၏ ဆင်ယင်စရာမှာ ပိုးဖဲ ကတ္တီပါတို့ ဖြစ်၏။
၃၅း၃၄။ သူတို့ ရင့်ကျူးကြသည်မှာ “တပည့်တော်တို့ထံမှ သောကများအား ရုပ်သိမ်းပေးတော်မူသော ပရမတ်ဘုရားရှင်သည် ရည်သန် စူးစိုက်မှု တည်ရာအရှင် ဖြစ်ပါ၏၊ ဧကန်ပင် ကံကြမ္မာရှင်သည် လွတ်ငြိမ်းစေသောအရှင်၊ ကျေးဇူးရှင် ဖြစ်ပါ၏၊
၃၅း၃၅။ အရှင်သည် အရှင်၏ သိက္ခာပေးမှုဖြင့် မြဲမြံသည့် ဗိမာန်ကို တပည့်တော်တို့အား တရားဝင် ပြုပေး၏၊ ထို၌ တပည့်တော်တို့အား ဘေးသင့်ခြင်း ပင်ပန်း ဆင်းရဲမှု သင့်ခြင်း မရှိပေ။”
၃၅း၃၆။ ဖုံးကွယ်သော သူတို့အတွက်မူ ငရဲဘုံ အပူမီးသည် ရှိလတ္တံ့၊ သူတို့အား ဆုံးဖြတ်ချက်ချခြင်း၊ သေဆုံးစေခြင်း၊ ဝဋ်ကြွေးမှ ပေါ့ပါးစေခြင်း မရှိချေ၊ ဤသည် ဖုံးကွယ်သူ ကိုယ်စီအား အစားပေးခြင်းပင် ဖြစ်၏။
၃၅း၃၇။ သူတို့က “အို- ကံကြမ္မာရှင်၊ တပည့်တော်တို့အား ကယ်ထုတ်ပေးတော်မူပါ၊ တပည့်တော်တို့သည် ရှိနေသည့် အကျင့်များကို ပယ်၍ ပြုပြင် ပြောင်းလဲခြင်းကို ကျင့်ကြံပါမည်၊” ဟု အသနားခံကြလတ္တံ့၊ ငါသည် သင်တို့အား ဆင်ခြင်သတိ ရှိလိုသူများ၊ ဆင်ခြင်သတိ ရလောက်သည့် ဘဝသံသရာကို ပေးခဲ့သည် မဟုတ်လော၊ သင်တို့ထံသို့ သတိပေးသူ ရောက်မလာလေသလော၊ သို့ဖြစ်၍ ကူညီသူ မရှိသူများမှ အမိုက်ကောင်များအား မြည်းစမ်းကြကုန်လော့။
၃၅း၃၈။ ဧကန်ပင် ပရမတ်ဘုရားရှင်သည် မိုးများနှင့် မြေ၏ စက္ခုလွန်များကို သိနေသောအရှင် ဖြစ်၏၊ အရှင်သည် သင်တို့၏ ရင်တွင်း ခံစားချက်များအားဖြင့် သိနေတော်မူ၏။
၃၅း၃၉။ ထိုအရှင်သည် သင်တို့အား မြေကမ္ဘာ၏ ကိုယ်စားလှယ်များ အဖြစ် စီစဉ်ပေးတော်မူ၏၊ သို့ဖြစ်၍ ဖုံးကွယ်သူသည် သူ့ကိုယ်သူ ဖုံးကွယ်သည် မည်၏၊ ဖုံးကွယ်သူတို့၏ ဖုံးကွယ်ခြင်းများသည် ကံကြမ္မာရှင်၏ ထံပါး၌ ရွံမုန်းဘွယ်မှအပ တိုးပွားစေသည် မဟုတ်၊ ဖုံးကွယ်သူတို့၏ ဖုံးကွယ်ခြင်းများသည် ဆုံးရှုံးရမှုကိုသာ တိုးစေ၏။
၃၅း၄၀။ ဟောလော့၊ “ပရမတ်ဘုရားရှင်မှလွဲ၍ သင်တို့ ရောပြွန်း ကိုးကွယ်နေသည့် ဆုတောင်းခံသော သူများကို ရှုကြကုန်လော့၊ မြေကမ္ဘာ၌ သူတို့က ဖြစ်တည်ပေးရာကို ကျွန်ုပ်အား ပြလော့၊ သို့တည်းမဟုတ် မိုးကောင်းကင်၌ သူတို့တွင် ဖက်စပ်သူ ရှိသလော၊” သို့တည်းမဟုတ် ငါသည် သူတို့အား ကျမ်းတော်ကို ပေးအပ်၍ ရှင်းလင်းချက်များ ၎င်းအပေါ်၌ ရှိစေသည် မဟုတ်လော၊ အမှန်မှာ အမိုက်ကောင်များ၊ သူတို့မှ အချို့က အချို့ကို ထားသော ကတိသည် မြှူဆွယ်ခြင်းသာ ဖြစ်၏။
၃၅း၄၁။ ဧကန်ပင် ပရမတ်ဘုရားရှင်သည် မိုးများနှင့် မြေကမ္ဘာအား ရွေ့လျှော မသွားရန် ထိန်းထားတော်မူ၏၊ အကယ်၍ ၎င်းတို့ ရွေ့လျှောသွားခဲ့ပါမူ အရှင်၏နောက်၊ ထိန်းထားပေးနိုင်သူ တစ်စုံတစ်ယောက်မျှ မရှိချေ၊ အရှင်သည် နူးညံ့ သိမ်မွေ့၏၊ လွတ်ငြိမ်းစေသောအရှင် ဖြစ်တော်မူ၏။
၃၅း၄၂။ သူတို့ထံသို့ သတိပေးသူ ရောက်လာလျှင် သူတို့သည် အခြားသော မည်သည့် အသိုင်းအဝိုင်း တစ်ခုထက်မဆို ပိုမို လမ်းညွှန်ခံရသူများ ဖြစ်ကြမည်ဟု ပရမတ်ဘုရားရှင်အား အင်တိုက်အားတိုက် အားသန်စွာ တိုင်တည်၏၊ သို့သော် သူတို့ထံသို့ သတိပေးသူ ရောက်လာစဉ် သူတို့၌ စစ်သွေးကြွစိတ် တိုးပွားလေတော့၏။
၃၅း၄၃။ မြေကမ္ဘာ၌ မာန်မာန တက်နေကြလျက် အကုသိုလ်မှုကိုသာ ကြံစည်ကြ၏၊ အကုသိုလ် ကြံစည်မှုသည် သူ့ဝိုင်းသားများကိုသာ ပိတ်ဖုံးစေ၏၊ ရှေးသူဟောင်းတို့၏ နည်းနာကိုသာ ကြည့်နေကြသည် မဟုတ်လော၊ ပရမတ်ဘုရားရှင်၏ နည်းနာတွင် အလွှဲအပြောင်းဟူ၍ သင်တွေ့ရမည် မဟုတ်၊ ပရမတ်ဘုရားရှင်၏ နည်းနာသည် စည်းဘောင်ပျက်သည် ဟုလည်း သင်တွေ့ရမည် မဟုတ်ချေ။
၃၅း၄၄။ သူတို့၏ ရှေ့အလျင် ဖြစ်သူတို့၏ နိဂုံး မည်သို့ ချုပ်ရသည်ကို ကြည့်ရန် မြေကမ္ဘာ၌ မသွားလာကြသလော၊ ၎င်းတို့သည် သူတို့ထက် ပိုမို သန်မာသော အစွမ်းများ ရှိခဲ့၏၊ မိုးများနှင့် မြေကမ္ဘာ၌ ပရမတ်ဘုရားရှင်အား ချည့်နဲ့စေရန် ပြုနိုင်သော အရာ မရှိချေ၊ အရှင်သည် သိနေသောအရှင်၊ စည်းချိန် ချမှတ်သောအရှင် ဖြစ်တော်မူ၏။
၃၅း၄၅။ အကယ်၍ လူသားတို့အား သူတို့၏ ကျင့်ဆောင်မှုများကြောင့် ပရမတ်ဘုရားရှင်က အရေးယူခဲ့လျှင် အရှင်၏ ချန်ထားခဲ့ခြင်း နောက်ကျော၌ မည်သည့် သတ္တဝါမှ မရှိတော့ချေ၊ သို့သော် အရှင်သည် သူတို့အား ရောက်လာမည့် သတ်မှတ်ကာလ အချိန်ထိ သူတို့၏ သတ်မှတ်ကာလကို နောက်ဆုတ် ပေးထားတော်မူ၏၊ ဧကန်ပင် ပရမတ်ဘုရားရှင်သည် အရှင်၏ အမှုတော်ဆောင်များအား မြင်နေသောအရှင် ဖြစ်တော်မူ၏။
ဓမ္မခန္ဓာ (၃၅) ဤတွင် ပြီး၏။
ဓမ္မခန္ဓာ (၃၆) အို- လူသား
ဉာဏ်စဉ်ကိန်းပေးမှု အမှတ်စဉ်- ၄၁။ သုတ်ဒေသနာ- ၈၃ ပါး။
ကရုဏာရှင် အကြင်နာရှင် ဖြစ်တော်မူသော ပရမတ်ဘုရားရှင်၏ ဂုဏ်တော်အားဖြင့် -
၃၆း၁။ အို- လူသား။-
၃၆း၂။ ဓမ္မသတ် စင်စစ်ဖြစ်သော ကုရ်အာန်အားဖြင့်။-
၃၆း၃။ ဧကန်ပင် အသင်သည် ဉာဏ်စဉ်ဆောင်တို့ အနက်မှ ဖြစ်၍။-
၃၆း၄။ မြဲမြံ တည်တံ့သော လမ်းစဉ်တော်၌ ရှိ၏။
၃၆း၅။ ဤ ချမှတ်ချက်သည် ဘုန်းတော်ရှင်၊ အကြင်နာရှင်၏ထံမှ ဖြစ်၍။-
၃၆း၆။ ဘဘိုးစဉ်ဆက် သတိပေးခြင်း မခံရ၊ မေ့လျော့နေသော လူမျိုးအား သတိပေးရန် ဖြစ်၏။
၃၆း၇။ ဤတရားတော်သည် ယုံကြည်ခြင်း မရှိခဲ့သော အများစုအပေါ်၌ အမှန်တရား ဖြစ်၏။
၃၆း၈။ ငါအရှင်သည် သူတို့၏ ဂုတ်ပိုးမှ ချုပ်ကိုင်၍ သူတို့အား မေးစေ့မော့၊ ခေါင်းလှန်လျက် စီစဉ်ထား၏။
၃၆း၉။ ထို့ပြင် သူတို့ လက်ရှိ-မျက်မှောက်မှ တံတိုင်းဖြင့်၊ သူတို့၏နောက်မှ တံတိုင်းဖြင့် စီစဉ်ထား၏၊ သို့ဖြင့် သူတို့အား လွှမ်းခြုံထား၏၊ ထို့ကြောင့် သူတို့သည် အမြင် မရှိကြချေ။
၃၆း၁၀။ သူတို့ကို သတိပေးသည် ဖြစ်စေ၊ သို့တည်းမဟုတ် သတိ မပေးသည် ဖြစ်စေ၊ အတူတူပင် သူတို့ ယုံကြည်ကြမည် မဟုတ်။
၃၆း၁၁။ စက္ခုလွန်မှ ကရုဏာရှင်အား ကြောက်ရွံ့ရိုကျိုးသော၊ သတိဖေါ်ပေးခြင်းကို လိုက်နာသော၊ သူကိုသာ သင် သတိပေး ဆုံးမနိုင်၏၊ သူ့အား လွတ်ငြိမ်းခွင့်နှင့် ကျက်သရေရှိသော ဆုလာဘ်အကြောင်း သတင်းကောင်းကို ပါးလော့။
၃၆း၁၂။ ဧကန်ပင် အသေကို ငါ ရှင်ပြန်စေ၏၊ သူတို့၏ စုံရပ်ခံခဲ့သော ခြေရာ လက်ရာများကို ငါ မှတ်တမ်း တင်ထားတော်မူ၏၊ သဗ္ဗလုံးစုံအား ရှင်းလင်း ထင်ရှားသော ခေါင်းစီး အမှတ်စဉ်အတိုင်း ဖြစ်စေ၏။
၃၆း၁၃။ ဒေသတစ်ခု၏ ပေါင်းဖေါ်တို့ကို ပမာဆောင်၍ သူတို့အား ဥပမာပေးလော့၊ ထိုသို့ ဉာဏ်စဉ်ဆောင်များ ရောက်လာသောအခါ။-
၃၆း၁၄။ နှစ်ပါးကို ၎င်းတို့ထံသို့ ငါ စေစားသော်- သူတို့သည် ငြင်းဆန်ခံရ၏။ ငါသည် သူတို့အား သုံးပါးမြောက်ဖြင့် ဘုန်းလက်ရုံး တိုးစေ၍ သူတို့က “ကျွန်ုပ်တို့သည် သင်တို့အတွက် ဉာဏ်စဉ်ဆောင်များ ဖြစ်၏၊” ဟု ဆိုကြ၏။
၃၆း၁၅။ ၎င်းတို့က “သင်တို့သည် ကျွန်ုပ်တို့ကဲ့သို့ လူပုဂ္ဂိုလ်များသာ ဖြစ်၏၊ ကရုဏာရှင်က တစ်စုံတစ်ရာကိုမှ ချမှတ်ပေးခြင်း မရှိချေ၊ သင်တို့မှာ လိမ်ညာသူများသာ ဖြစ်၏၊” ဟု ပြန်ပြောကြ၏။
၃၆း၁၆။ သူတို့က “ကျွန်ုပ်တို့သည် သင်တို့အတွက် ဉာဏ်စဉ်ဆောင်များ ဖြစ်သည်ကို ကံကြမ္မာရှင်သည် သိနေတော်မူ၏။
၃၆း၁၇။ ကျွန်ုပ်တို့၏ ဝန်တာမှာ ဓမ္မကို ဆိုက်ရောက်စေရန်ပင်၊” ဟု ပြောကြသည်၏။
၃၆း၁၈။ ၎င်းတို့က “သင်တို့ကြောင့် လူးလားဆန်ခတ် ဖြစ်ရ၏၊ အသင်တို့ မရပ်စဲလျှင် သင်တို့အား ပစ်ထုတ်ပေအံ့၊ ကျွန်ုပ်တို့ထံမှ နာကျင်သော ဝဋ်ကြွေးကိုသာ သင်တို့အား ထိသက်စေလတ္တံ့၊” ဟု ဆိုကြ၏။
၃၆း၁၉။ သူတို့က “သင်တို့ လူးလားဆန်ခတ် ဖြစ်ရခြင်းသည် သင်တို့နှင့် အတူရှိ၏၊ ယခု သင်တို့ သတိ မပေါ်သေးသလော၊ အမှန်မှာ သင်တို့သည် အလွဲသုံးစားပြုသော လူမျိုးသာ ဖြစ်၏၊” ဟု ပြန်ပြော၏။
၃၆း၂၀။ ထိုစဉ်- မြို့စွန် အဝေးမှ လူတစ်ဦးသည် လုံးပန်း၍ ရောက်လာလျက် ပြောသည်မှာ “အို- ကျွန်ုပ်၏ လူမျိုးတို့၊ ဉာဏ်စဉ်ဆောင်များအား လိုက်နာကြကုန်လော့။
၃၆း၂၁။ သင်တို့ထံမှ အကျိုးဆုလာဘ် မတောင်းသူများကို လိုက်နာကြလော့၊ သူတို့သည် လမ်းညွှန်ခံရသူများ ဖြစ်ကြ၏။
၃၆း၂၂။ ကျွန်ုပ်အား စတည် ဖြစ်စေသော အရှင်ကို ဘယ်အရာက မကိုးကွယ်စေသနည်း၊ အရှင့်ထံသို့သာ ဦးလှည့်ပြန်ရမည်ပင်။
၃၆း၂၃။ အရှင်မှလွဲ၍ အခြားဘုရားကို အယူထားသင့်သလော၊ ကရုဏာရှင်က ကျွန်ုပ်အား ဘေးဥပဒ် သင့်စေလိုသော် ၎င်းတို့၏ အမျှဝေပေးခြင်းသည် ကျွန်ုပ်အတွက် တစ်စုံတစ်ရာ ပြည့်စုံသည် မဟုတ်၊ ကယ်ဆယ်နိုင်သည်လည်း မဟုတ်ချေ။
၃၆း၂၄။ ကျွန်ုပ်သည်ကား ရှင်းလင်း ထင်ရှားသော အပါယ်လမ်း၌ ဖြစ်ခဲ့ချေပြီ။
၃၆း၂၅။ သင်တို့၏ ကံကြမ္မာရှင်အား ကျွန်ုပ် ဧကန် ယုံကြည်ပါ၏၊ သို့ဖြစ်၍ ကြားနာကြပါကုန်၊” ဟု ဖြစ်၏။
၃၆း၂၆။ သူ့အား “ဥယျာဉ်ဘုံသို့ ဝင်လော့၊” ဟု မိန့်သော် သူက ပြောသည်မှာ “အလိုလေး- ကျွန်ုပ်၏ လူမျိုးတို့ သိကြပါလေစ။
၃၆း၂၇။ ကျွန်ုပ်၏ ကံကြမ္မာရှင်သည် ကျွန်ုပ်အား လွတ်ငြိမ်းစေပြီ၊ ဘိသိက်မြှောက် ခံရသူများထဲမှ စီစဉ်ပြီ၊” ဟု ဖြစ်၏။
၃၆း၂၈။ သူ၏နောက်တွင် သူ့လူမျိုး၏ထံသို့ ကောင်းကင်ယံမှ စစ်သည်များကို တာဝန်ချ မပေးချေ၊ ငါ အရှင်သည် ထိုသို့ တာဝန်ချပေးလေ့ မရှိချေ။
၃၆း၂၉။ အသံလှိုင်းကြီး တစ်ခုသာ ဖြစ်၏၊ ထိုအခါ သူတို့သည် မျိုးသုဉ်းကုန်တော့၏။
၃၆း၃၀။ အမှုဆောင်များအပေါ် ကြေကွဲရလေပြီ၊ သူတို့ထံသို့ ဉာဏ်စဉ်ဆောင် တစ်ပါး ရောက်လာလေတိုင်း သူတို့သည် လှောင်ပြောင်လေ့ ရှိကြကုန်၏။
၃၆း၃၁။ သူတို့ မတိုင်မီ မျိုးဆက်မည်မျှကို တိမ်ကောစေခဲ့ကြောင်း သူတို့ မမြင်ကြသလော၊ ၎င်းတို့ သည် သူတို့ထံသို့ ဦးလှည့် ပြန်လာမည် မဟုတ်ချေ။
၃၆း၃၂။ ၎င်းတို့ကိုယ်စီ ငါ၏ထံပါးသို့ အားလုံး ဆင့်ခေါ် ခံရသူများ ဖြစ်ရလတ္တံ့။
၃၆း၃၃။ သူတို့အတွက် နိမိတ် လက္ခဏာ တစ်ရပ်မှာ သေနေသော မြေကမ္ဘာ ဖြစ်၏၊ ငါသည် ၎င်းအား ရှင်ပြန်စေ၍ ထိုမှ ကောက်ပဲသီးနှံများကို ပေါက်ရောက်စေကာ ၎င်းမှ သူတို့ကို စားသုံးစေနိုင်၏။
၃၆း၃၄။ ၎င်း၌ စွန်ပလွံပင်၊ စပျစ်ပင်၊ ဥယျာဉ်များကို ငါ စီစဉ်ပေး၏၊ ၎င်းမှ စိမ့်စမ်းများကို စီးထွက်စေ၏။
၃၆း၃၅။ သူတို့၏ လက်ဖြင့် အားထုတ်ခဲ့ခြင်း မရှိသော အသီးများမှ သူတို့ စားသုံးနိုင်ရာ၏၊ ကျေးဇူး မသိထိုက်သလော။
၃၆း၃၆။ မြေကမ္ဘာပေါ် ဖြစ်ထွန်းရာမှ၊ သူတို့၏ ဉာဉ်စရိုက်များနှင့် သူတို့ မသိသေးရာများ ကိုယ်စီမှ- အစုဖွဲ့ ဖြစ်တည် ပေးတော်မူသော အရှင်အား ဦးထိပ်ထားကြလော့။
၃၆း၃၇။ ထို့နောက် သူတို့အတွက် နိမိတ် လက္ခဏာ တစ်ရပ်မှာ ည ဖြစ်၏၊ ငါသည် ထိုမှ နေ့ကို ဖြတ်ကျော်လိုက်သည်နှင့် သူတို့ အမှောင်ကျသွားတော့၏။
၃၆း၃၈။ နေသည် သူ့တည်ရာ အတိုင်း စီးမျောနေရ၏၊ ဤသည် ဘုန်းတော်ရှင်၊ သိနေသောအရှင်၏ စည်းချိန်ချမှတ်မှု ဖြစ်၏။
၃၆း၃၉။ လ- ၎င်းကို ဆက်၍ ကြွေမကျသော စွန်ပလွံကိုင်းကဲ့သို့ ဆင်းလာသည်ထိ စည်းချိန်ချထား၏။
၃၆း၄၀။ နေသည် သူမ – လ ကို အပြစ်ရှာ ခြုံလွှမ်းခွင့်မရှိ၊ ညသည် နေ့ကို လွန်ဆန်နိုင်ခွင့် မရှိချေ၊ ၎င်းတို့ကိုယ်စီ ဂြိုလ်ပတ်လမ်း၌ တစိုက်မတ်မတ် ဖြစ်စေ၏။
၃၆း၄၁။ သူတို့အတွက် နိမိတ် လက္ခဏာမှာ ငါသည် သူတို့၏ သားမြေးများကို ဝန်တင် သင်္ဘောဖြင့် သယ်ဆောင်ခဲ့ခြင်းပင်။
၃၆း၄၂။ သူတို့အတွက် ထိုကဲ့သို့ အရာကို ငါ ဖြစ်တည်စေတော်မူ၏၊ သူတို့ စီးသွားနိုင်ကြလတ္တံ့။
၃၆း၄၃။ စံချိန်အလျောက် သူတို့အား ငါ နစ်မြုပ်စေနိုင်၏၊ သူတို့အတွက် သနားသူမရှိ၊ သူတို့မှာ ကယ်ဆယ်ခံရမည်လည်း မဟုတ်ချေ။
၃၆း၄၄။ ငါ့ထံမှ ကရုဏာတော်သာ ရှိ၏၊ သူတို့အား ကာလတစ်ခုထိ ချမ်းမြေ့စေ၏။
၃၆း၄၅။ သူတို့အား “သင်တို့အပေါ် ကရုဏာသက်အံ့ငှာ သင်တို့၏ လက်ရှိ-မျက်မှောက်၊ သင်တို့၏နောက်များ၌ စည်းစောင့်ကြလော့၊” ဟု ပြောသောအခါ။-
၃၆း၄၆။ သူတို့ထံသို့ ကံကြမ္မာရှင်၏ သုတ္တန်များမှ မည်သည့် သုတ်ဒေသနာမဆို ရောက်ရှိလာသော် သူတို့သည် ဘောင်ကန့် ထားသူများသာ ဖြစ်ကြ၏။
၃၆း၄၇။ သူတို့အား “ပရမတ်ဘုရားရှင်က သင်တို့အား ရိက္ခာပေးရာမှ ပေးကမ်း သုံးစွဲကြလော့၊” ဟု ပြောသောအခါ ဖုံးကွယ်သော သူများက ယုံကြည်သော သူတို့အား “စံချိန်ပြည့်မီခဲ့သော် ပရမတ်ဘုရားရှင်က ကျွေးမွေးနိုင်ပါလျက် ကျွန်ုပ်တို့က ကျွေးမွေးရမည်လော၊ သင်တို့သည်ကား ရှင်းလင်း ထင်ရှားသော လမ်းလွဲ၌ ရှိနေ၏၊” ဟု ပြန်ပြောကြ၏။
၃၆း၄၈။ သူတို့က “သင်တို့သည် ဖြောင့်မှန်သူများ ဖြစ်ကြလျှင် ဤကတိတော်မှာ မည်သည့် အချိန်၌နည်း၊” ဟု ပြောကြသေး၏။
၃၆း၄၉။ သူတို့၏ စောင့်ကြည့်ခြင်းမှာ သူတို့ချင်း အချေအတင် ဖြစ်စဉ် အရေးယူသွားမည့် အသံလှိုင်းကြီး တစ်ခုတည်းသာ ဖြစ်၏။
၃၆း၅၀။ ထိုအခါ သူတို့သည် သေတမ်းစာရေးရန်၊ သူတို့၏ ဝိုင်းသားများထံသို့ လှည့်ပြန်ရန်၊ တတ်နိုင်တော့သည် မဟုတ်ချေ။
၃၆း၅၁။ ပုံစံ သက်ဝင်စေသောအခါ သင်္ချိုင်းဂူရှိသူများမှ ကံကြမ္မာရှင်၏ထံသို့ စုဆောင်းခံရလတ္တံ့။
၃၆း၅၂။ သူတို့က “ကျွန်ုပ်တို့များနှယ်၊ မည်သူက ကျွန်ုပ်တို့အား အိပ်ရာမှ နိုးထစေသနည်း၊” ဟု ဆိုကြ၏၊ ဤသည် ကရုဏာရှင်၏ ကတိတော်ပင် ဖြစ်၏၊ ဉာဏ်စဉ်ဆောင်တို့သည် ဖြောင့်မှန်ကြကုန်၏။
၃၆း၅၃။ ဤသည် အသံလှိုင်းကြီး တစ်ခုမျှသာ ဖြစ်၏၊ ထိုအခါ သူတို့အားလုံး ငါ၏ထံပါးသို့ ဆင့်ခေါ်ခံသူများ ဖြစ်ရလတ္တံ့။
၃၆း၅၄။ ထိုနေ့ကာလ၌ မည်သည့် ဉာဉ် စရိုက်သည်မှ တစ်စုံတစ်ရာ မိုက်ကြေးခွဲခံရမည် မဟုတ်၊ သင်တို့၏ ကျင့်ကြံလေ့ ရှိသည်ကိုသာ အစားပေးခံရလတ္တံ့။
၃၆း၅၅။ ဧကန်ပင် သုခဘုံ၏ ပေါင်းဖေါ်များသည် ထိုနေ့ ကာလ၌ သီးနှံ ရသကဲ့သို့ အလုပ်ရှုပ်နေကြ၏။
၃၆း၅၆။ သူတို့နှင့် သူတို့ စုဖွဲ့ဖေါ်တို့သည် အရိပ်ထဲ၌ ပလ္လင်များ ပေါ်၌ မှီလှဲနေရလတ္တံ့။
၃၆း၅၇။ သူတို့အတွက် သစ်သီးဝလံများနှင့် သူတို့ ဆုတောင်းသမျှ ရှိနေ၏။
၃၆း၅၈။ ငြိမ်းချမ်းစေသော်၊ ဟု ကြင်နာသော ကံကြမ္မာရှင်၏ ထံမှ စကားတော်လာရှိ၏။
၃၆း၅၉။ အို- ရာဇဝတ်ကောင်တို့၊ ယနေ့၌ သင်တို့သည် သီးခြားနေလော့။
၃၆း၆၀။ အို- အာဒံ၏ သားမြေးတို့၊ မကောင်းဆိုးဝါးတို့အား မကိုးကွယ်ရန် သင်တို့အား ငါ ပဋိညာဉ် မပြုခဲ့သလော၊ သူသည် သင်တို့အား ရှင်းလင်း ထင်ရှားစွာ စည်းဖေါက်သူ မဟုတ်တုံလော။
၃၆း၆၁။ ငါ့သာ ကိုးကွယ်အပ်သည် မဟုတ်လော၊ ဤသည် မြဲမြံ တည်တံ့သော လမ်းစဉ် ဖြစ်၏။
၃၆း၆၂။ သင်တို့မှ များစွာသော တောနေသူများကို သူက မုချ လမ်းလွဲစေခဲ့ပြီ၊ အတွေးအခေါ်ရှိသူများ သင်တို့ မဖြစ်ခဲ့သလော။
၃၆း၆၃။ ဤသည် သင်တို့အား ကတိပေးခဲ့သည့် ငရဲဘုံပင် ဖြစ်၏။
၃၆း၆၄။ သင်တို့၏ ဖုံးကွယ်လေ့ ရှိခြင်းကြောင့် ယနေ့တွင် သင်တို့သည် လောင်ကျွမ်းရမည်ပင်။
၃၆း၆၅။ ဤနေ့၌ သူတို့၏ ပါးစပ်များကို ငါ အဆုံးသတ်လိုက်ပြီ၊ သူတို့ ကျင့်ဆောင်လေ့ရှိသည့် အတွက် သူတို့၏ လက်များကို စကားပြောစေ၍ သူတို့၏ ခြေထောက်များကို သက်သေသက်ကန် ဖြစ်စေ၏။
၃၆း၆၆။ စံချိန်ပြည့်မီခဲ့လျှင် သူတို့ လမ်းကြောင်းကို အပြိုင်ရှာသောအခါ သူတို့၏ မျက်လုံးများအား အရေကွာစေလတ္တံ့၊ သို့ဖြင့် သူတို့ မည်သို့ မြင်နိုင်ပေအံ့နည်း။
၃၆း၆၇။ စံချိန်ပြည့်မီခဲ့လျှင် သူတို့၏ နေသားကျနေသည်ကိုပင် သူတို့အား အသွင် ပြောင်းပစ်လတ္တံ့၊ သူတို့သည် ဆက်လက်၍ ဖြစ်စေ၊ ပြန်လှည့်၍ ဖြစ်စေ၊ ရွေ့ရန် တတ်နိုင်ခြင်း မရှိပြီ။
၃၆း၆၈။ ဘဝသံသရာ၌ သူ့အား အားအင် ကျိုးလာစေရန် ငါ ဖြစ်တည် ပေးထားသည်ကို သင်တို့ အတွေးအခေါ် မရှိကြလော။
၃၆း၆၉။ ငါသည် သူ့အား ကဗျာ ရေးခြင်းကို သင်ပေးသည် မဟုတ်၊ ၎င်းဖြင့် သူ့အား အပြစ်ရှာနိုင်သည်လည်း မဟုတ်ချေ၊ ဤသည် သတိပေး တရားတော်နှင့် ရှင်းလင်း ထင်ရှားသော ကုရ်အာန်သာ ဖြစ်၏။
၃၆း၇၀။ ရှင်သူများကို သတိပေးရန် အလို့ငှာ ဖြစ်၏၊ ဖုံးကွယ်သူတို့အပေါ် ထားသော သစ္စာတရားတော်လည်း ဖြစ်၏။
၃၆း၇၁။ သူတို့အတွက် ငါ၏ ကျင့်ကြံ လုပ်ပိုင်ခွင့်ဖြင့် ဖြစ်တည်ပေးရာများမှ သူတို့ အုပ်ချုပ်နိုင်သည့် ကပ္ပိယတိရိစ္ဆာန်များကို မမြင်ကြကုန်သလော။
၃၆း၇၂။ သူတို့အတွက် ၎င်းတို့ကို ငါ နိမ့်ပါးစေ၏၊ ၎င်းတို့မှ သူတို့ စီးနင်းကြ၏၊ ၎င်းတို့မှ သူတို့ စားသုံးကြ၏။
၃၆း၇၃။ သူတို့အတွက် ၎င်းတို့မှ အခြားသော အကျိုးများ၊ သောက်သုံးရာများကို ရစေ၏၊ ကျေးဇူး မသိထိုက်လေသလော။
၃၆း၇၄။ သို့တိုင် ပရမတ်ဘုရားရှင်မှလွဲ၍ အခြားဘုရားများ ရှိသည်ဟု အကူအညီ ရလိုရငြား အယူထားနေကြ၏။
၃၆း၇၅။ ၎င်းတို့က သူတို့အား ကူညီရန် မတတ်နိုင်ကြ၊ ၎င်းတို့သည် သူတို့အတွက် ဆင့်ခေါ်ခံရသော စစ်သည်များ ဖြစ်၏။
၃၆း၇၆။ သို့ဖြစ်၍ သူတို့၏ အပြောများကြောင့် သောက မဖြစ်နှင့်၊ ငါအရှင်သည် ကြိတ်ကြံစည်ရာ လူသိရှင်ကြား ပြုရာများကို သိနေတော်မူ၏။
၃၆း၇၇။ ငါသည် သူ့အား သုတ်ပိုးမှ ဖြစ်တည်စေကြောင်း လူသားသည် မမြင်သလော၊ ထို့နောက် သူသည် ဗြောင်ငြင်းခုံသူ ဖြစ်၏။
၃၆း၇၈။ ထို့နောက် သူ့အား ဖြစ်တည်ပေးသည်ကို မေ့ပစ်လျက် ငါအရှင်အား ပမာဆောင် ဥပမာပေး၍ “တစ်စစီ ဖြစ်နေသည့် အရိုးများကို မည်သူက ပြန်ရှင်စေအံ့နည်း၊” ဟု ဆို၏။
၃၆း၇၉။ ဟောလော့၊ “၎င်းတို့အား ပထမအကြိမ် ပေါက်ပွားစေသည့် အရှင်က ပြန်ရှင်စေမည်ပင်၊ အရှင်သည် ဖြစ်တည်ပေးခြင်း ကိုယ်စီအား သိနေသောအရှင် ဖြစ်၏။”
၃၆း၈၀။ အရှင်သည် သင်တို့အတွက် အပင်စိမ်းမှ မီးကို စီစဉ်ပေး၏၊ သို့ဖြင့် သင်တို့သည် ၎င်းမှ မီးကူးကြ၏။
၃၆း၈၁။ မိုးများနှင့် မြေအား စည်းချိန်တကျ ဖြစ်တည်စေသော အရှင်သည် ၎င်းတို့ကို အလားတူ ဖြစ်တည်စေနိုင်သည် မဟုတ်လော၊ အမှန်မှာ အရှင်သည် ဖြစ်တည်စေသောအရှင်၊ သိနေတော်မူသောအရှင် ဖြစ်၏။
၃၆း၈၂။ တစ်စုံတစ်ရာအား ဖြစ်စေလိုလျှင် အရှင်၏ ညွှန်ကြားချက်၌ “ဖြစ်” ဟု မိန့်လိုက်သည်နှင့် ဆင့်ကဲ ပြည့်စုံ ဖြစ်လာရ၏။
၃၆း၈၃။ အရှင့်အား ဦးထိပ်ထားကြလော့၊ အရှင့်၏ လုပ်ပိုင်ခွင့်၌သာ သဗ္ဗလုံးစုံအား အစိုးရခြင်းသည် ရှိ၏၊ အရှင့်ထံသို့သာ ဦးလှည့်ပြန်ရမည်တည်း။
ဓမ္မခန္ဓာ (၃၆) ဤတွင် ပြီး၏။
ဓမ္မခန္ဓာ (၃၇) လျာထားခံရသူများ
ဉာဏ်စဉ်ကိန်းပေးမှု အမှတ်စဉ်- ၅၈။ သုတ်ဒေသနာ- ၁၈၂ပါး။
ကရုဏာရှင် အကြင်နာရှင် ဖြစ်တော်မူသော ပရမတ်ဘုရားရှင်၏ ဂုဏ်တော်အားဖြင့်-
၃၇း၁။ ဝါစဉ်အလိုက် လျာထားခံရသူများ အားဖြင့်။-
၃၇း၂။ အော်ဟောက်သူများက အော်ဟောက်ခြင်း အားဖြင့်။-
၃၇း၃။ သတိပေးတရားတော်အား ရွတ်ဖတ်သူများ အားဖြင့်။-
၃၇း၄။ သင်တို့၏ ဘုရားရှင်မှာ တစ်ဆူတည်း ဖြစ်၏။
၃၇း၅။ မိုးများနှင့် မြေကမ္ဘာ၊ ထိုနှစ်ခုကြား ရှိရာတို့၏ ကံကြမ္မာရှင် ဖြစ်၏၊ နေထွက်ရာတို့၏ ကံကြမ္မာရှင် ဖြစ်၏။
၃၇း၆။ ငါသည် လောကီ ကောင်းကင်အား စွဲမက်စရာများ ဂြိုလ်များဖြင့် ဖမ်းစားထားစေ၏။
၃၇း၇။ ၎င်းကို ထကြွနေသော မကောင်းဆိုးဝါး ကိုယ်စီမှ ကာကွယ် စောင့်ရှောက်ထား၏။
၃၇း၈။ အထွဋ်အထိပ်မှ ရှိသော အကြံပေးတို့အား သူတို့ ကြားနာနိုင်သည် မဟုတ်ချေ၊ နံဘေးကိုယ်စီမှ သူတို့အား ဝန်ပိနေစေ၏။
၃၇း၉။ ပစ်ပယ်ထားလော့၊ သူတို့အတွက် ဝဋ်ကြွေး အနှစ်သည် ရှိနေ၏။
၃၇း၁၀။ သုတ်ခနဲ လစ်ထွက်သွားသူကိုသာ သူ့နောက်သို့ ဖေါက်ထွင်းသော မီးဒုံးသည် လိုက်၏။
၃၇း၁၁။ “ငါအရှင်၏ ဖြစ်တည်ပေးခြင်းများထက်၊ သို့တည်းမဟုတ် သူတို့အား ဖြစ်တည်စေခြင်းကို ပိုမိုအားစိုက်ရသလော၊” ဟု သူတို့အား မေးခွန်းထုတ်လော့၊ ငါသည် သူတို့အား စီးကပ်သောမြေမှ ဖြစ်တည်စေ၏။
၃၇း၁၂။ အမှန်မှာ သင် အံ့ဩရမည်မှာ- သူတို့ ပျက်ရယ်ပြုလျှင်။-
၃၇း၁၃။ သူတို့အား သတိဖေါ်ပေးသောအခါ သတိမမူကြလျှင်။-
၃၇း၁၄။ သူတို့အား သုတ်ဒေသနာအား မြင်စေသောအခါ ပျက်ရယ်ပြုကြလျှင်၊- ဖြစ်၏။
၃၇း၁၅။ သူတို့က ပြောကြသည်မှာ “ဤသည် ရှင်းလင်း ထင်ရှားသော မှော် အတတ်သာ ဖြစ်၍။-
၃၇း၁၆။ ကျွန်ုပ်တို့ သေကြေပြီးသော် မြေမှုန့်များ၊ အရိုးများ ဖြစ်ပြီးမှ ပြန်လည် နိုးထရမည်လော။
၃၇း၁၇။ သို့မဟုတ် ကျွန်ုပ်တို့၏ ရှေးဦးပထမ ဘဘိုးများသည်ကော၊” ဟု ဖြစ်၏။
၃၇း၁၈။ “မှန်၏၊ သင်တို့သည် ဝပ်တွား နှိမ့်ချရမည်တည်း၊” ဟု ပြန်ပြောလော့။
၃၇း၁၉။ ၎င်းမှာ အော်ဟောက်သံ တစ်ခုမျှသာ ဖြစ်၏၊ ထိုအချိန်တွင် သူတို့ ကြည့်နေရလတ္တံ့။
၃၇း၂၀။ “ကျွန်ုပ်တို့များနှယ်၊ ဤသည် စီရင်ချက်ချသောနေ့ ကာလပါတကား၊” ဟု ညည်းညူရလတ္တံ့။
၃၇း၂၁။ ဤသည် သင်တို့ ငြင်းဆန်လေ့ ရှိခဲ့သော ရှင်းလင်း ဆုံးဖြတ်သည့်နေ့ ကာလပင်တည်း။
၃၇း၂၂။ မိုက်ကြေးခွဲသောသူတို့နှင့် သူတို့၏ စုဖွဲ့ဖေါ်များ၊ သူတို့ ကိုးကွယ်ခဲ့လေ့ ရှိသည်များကို စုစည်းမည်ပင်။
၃၇း၂၃။ ပရမတ်ဘုရားရှင်မှ လွဲ၍ သူတို့အား ငရဲမီးလမ်းဆီသို့ ညွှန်ခဲ့သည်ချည်း ဖြစ်၏။
၃၇း၂၄။ ရပ်တန်းက ရပ်စေ၍ သူတို့အား မေးမြန်းမည်မှာ။-
၃၇း၂၅။ “သင်တို့အား ဘယ်အရာက မကူညီစေနိုင်သနည်း၊” ဟု ဖြစ်၏။
၃၇း၂၆။ အမှန်မှာ ထိုနေ့ကာလ၌ သူတို့အား တိတ်ဆိတ် ငြိမ်သက်စေ၍။-
၃၇း၂၇။ သူတို့မှ အချို့သည် အချို့ထံသို့ ရှေ့တိုးလာလျက် မေးမြန်းကြလျက်။-
၃၇း၂၈။ “သင်တို့သည် ကျွန်ုပ်တို့ထံသို့ အားသန်ရာဘက်မှ ချဉ်းကပ် ရောက်လာလေ့ရှိခဲ့၏၊” ဟု ပြောဆိုကြ၏။
၃၇း၂၉။ သူတို့ ပြန်ပြောကြသည်မှာ “အမှန်မှာ သင်တို့ကိုယ်တိုင် ယုံကြည်ခဲ့သူများ မဖြစ်ခဲ့။
၃၇း၃၀။ ကျွန်ုပ်တို့မှာ သင်တို့အပေါ်၌ ဩဇာအာဏာ မရှိချေ၊ အမှန်မှာ သင်တို့သည် စည်းဖျက်သော လူမျိုးသာ ဖြစ်၏။
၃၇း၃၁။ ကံကြမ္မာရှင်၏ တရားတော်သည် သစ္စာတရားပင် ဖြစ်၏၊ ကျွန်ုပ်တို့ မြည်းစမ်းရမည်ပင်။
၃၇း၃၂။ ကျွန်ုပ်တို့ ကိုယ်တိုင် တိမ်းပါးသူများ ဖြစ်ခြင်းကြောင့် သင်တို့အား တိမ်းပါးစေခဲ့ပြီ၊” ဟု ဖြစ်၏။
၃၇း၃၃။ ထို့ကြောင့် ထိုနေ့ကာလ၌ သူတို့အားလုံး ရောပြွန်းလျက် ဝဋ်ကြွေးကို ခံရစေ၏။
၃၇း၃၄။ ဤကဲ့သို့ ရာဇဝတ်ကောင်တို့အတွက် ငါ စီမံတော်မူ၏။
၃၇း၃၅။ သူတို့အား “ပရမတ်ဘုရားရှင်မှအပ အခြား ဘုရားဟူ၍ မရှိ၊” ဟု ပြောသောအခါ သူတို့သည် မာနတက်နေကြ၍။-
၃၇း၃၆။ ကဗျာဆရာ အရူးတစ်ယောက်ကြောင့် ကျွန်ုပ်တို့၏ ဘုရားများကို ချန်ထားရမည်လော၊” ဟု ဆိုကြ၏။
၃၇း၃၇။ အမှန်မှာ သူသည် ပရမတ္ထ သစ္စာဖြင့် ရောက်လာပြီ၊ ဉာဏ်စဉ်ဆောင် အပေါင်းကိုလည်း ဖြောင့်မှန်ကြောင်းပြ၏။
၃၇း၃၈။ စူးနစ်နာကျင်သော ဝဋ်ကြွေးအား သင်တို့ ဧကန် မြည်းစမ်းကြကုန်လော့။
၃၇း၃၉။ သင်တို့ ကျင့်ကြံခဲ့သည်မှအပ အခြား အစားပေးခံရမည် မဟုတ်ချေ။
၃၇း၄၀။ ပရမတ်ဘုရားရှင်အား သန့်သန့်စင်စင် ကိုးကွယ်သူတို့သာ ကင်း၏။
၃၇း၄၁။ ထိုသူများအတွက် အသိပေးပြီး ရိက္ခာတို့မှာ။-
၃၇း၄၂။ သစ်သီးဝလံများ ဖြစ်၏၊ သူတို့အား ဘိသိက်မြှောက်ပေးမည်မှာ။-
၃၇း၄၃။ ဂုဏ်ပေးထားသော သုခဘုံများရှိ။-
၃၇း၄၄။ ဇိမ်ခံခုံများ ပေါ်၌ အချင်းချင်း မျက်နှာချင်းဆိုင်လျက် ဖြစ်၏။
၃၇း၄၅။ စမ်းရေခွက်ဖြင့် သူတို့ထံသို့ လှည့်လည်ပေး၍။-
၃၇း၄၆။ သောက်သုံးသူတို့ အတွက် ဖြူစင် အရသာ ရှိစေ၏။
၃၇း၄၇။ ထို၌ ခေါင်းမူးစေခြင်း မရှိ၊ ၎င်းတို့သည် ပျို့အံစေခြင်းလည်း မရှိချေ။
၃၇း၄၈။ သူတို့၏ထံပါး၌ ရှိသော မျက်ရိပ်မျက်ခြည် တည်တံ့သူတို့သည် မျက်လုံးများကို။-
၃၇း၄၉။ ကွဲတတ်သည့် ဥကဲ့သို့ ကာကွယ်ထား၏။
၃၇း၅၀။ သူတို့မှ အချို့ သည် အချို့သို့ ရှေ့တိုးလာလျက် မေးမြန်းကြသော်။-
၃၇း၅၁။ သူတို့မှ ပြောရေးဆိုခွင့် ရှိသူက ပြောသည်မှာ “ကျွန်ုပ်၌ အဆက်အနွယ် တစ်ဦး ရှိ၍။-
၃၇း၅၂။ ၎င်းက ဆိုသည်မှာ သင်သည် ဖြောင့်မှန်သူများမှ ဖြစ်သလော။
၃၇း၅၃။ ကျွန်ုပ်တို့ သေ၍ မြေမှုန့်များ အရိုးများ ဖြစ်ပြီးသော် ကျွန်ုပ်တို့အတွက် စီရင်ချက်ရှိသည်ဟု ဆိုသလော၊” ဟု ဖြစ်၏။
၃၇း၅၄။ သင်တို့အား ဖေါ်ထုတ် ပြရမည်လော ဟု ဆို၍။-
၃၇း၅၅။ သို့ဖြင့် ၎င်းသည် ပုံစံကျပြီး ငရဲမီးထဲ၌ ထွက်ပေါ်လာသည်ကို မြင်ရ၏။
၃၇း၅၆။ သူက ပရမတ်ဘုရားရှင်အား တိုင်တည်၍ ပြောသည်မှာ “သင် ငရဲသားသည် ကျွန်ုပ်အား ကျဆုံးစေတော့မလို ဖြစ်၏။
၃၇း၅၇။ အရှင်သည်သာ ကျွန်ုပ်အား ဂုဏ်မပေးခဲ့လျှင် ကျွန်ုပ်သည် ဆင့်ခေါ်ခံသူတို့မှ ဖြစ်ရလတ္တံ့။
၃၇း၅၈။ ကျွန်ုပ်တို့သည် မသေရတော့ပြီလော။
၃၇း၅၉။ ပထမအကြိမ် သေခြင်းသာ ရှိသလော၊ ကျွန်ုပ်တို့ သည် ဝဋ်ကြွေးသင့်မည့်သူများ မဟုတ်ပြီလော၊” ဟု ဖြစ်၏။
၃၇း၆၀။ ဧကန်ပင် ဤ မဟာအောင်ပွဲမှာ။-
၃၇း၆၁။ ဤသို့ ကျင့်ကြံစေခြင်းအား ကျင့်ကြံသူများ အတွက် ဥပမာပင် ဖြစ်၏။
၃၇း၆၂။ ဤသို့ စံစားရမှု အဆင့်ဆင့်သည် ပိုကောင်းသလော၊ သို့တည်းမဟုတ် ပဒိုင်းပင်ကို လိုသလော။
၃၇း၆၃။ ဧကန်ပင် ငါသည် ၎င်းကို အမိုက်ကောင်များ အတွက် စမ်းသပ်ဘို့ရာ စီစဉ်ထားပြီ။
၃၇း၆၄။ ၎င်းသည် ငရဲမီးတွင်း အမြစ်တွယ် ပေါက်ရောက်သော အပင်တစ်ပင် ဖြစ်၏။
၃၇း၆၅။ ၎င်းမှ မကောင်းဆိုးဝါး၏ ဦးခေါင်းကဲ့သို့ သီးပွင့်၏။
၃၇း၆၆။ ဧကန်ပင် သူတို့သည် ၎င်းမှ စားသုံးရ၍၊ ဗိုက်ပြည့် တင်းကား၍။-
၃၇း၆၇။ ထို့နောက် ဧကန်ပင် ထိုအပေါ်၌ ရေနွေးပူဖြင့် ထပ်ဖြည့်ခံရ၏။
၃၇း၆၈။ ထို့နောက် သူတို့၏ အပြန်ခရီးသည် ငရဲမီးဘက်သို့ ဖြစ်၏။
၃၇း၆၉။ သူတို့သည် သူတို့၏ မိရိုးဖလာအား လမ်းလွဲနေကြောင်း တွေ့ရတော့၏။
၃၇း၇၀။ သူတို့သည် ၎င်းတို့၏ ရိုးရာများပေါ် အလျင်စလို လိုက်၏။
၃၇း၇၁။ သူတို့မတိုင်မီ ရှေးဦးပထမ မျိုးဆက်များစွာသည် လွဲမှားခဲ့သည်ပင်။
၃၇း၇၂။ သူတို့ထဲမှ သတိပေးသူများကို ငါ စေစားခဲ့ပြီ။
၃၇း၇၃။ သတိပေးခံရသူများ နိဂုံး မည်သို့ ချုပ်ရသည်ကို ကြည့်ကြလော့။
၃၇း၇၄။ ပရမတ်ဘုရားရှင်အား သန့်သန့်စင်စင် ကိုးကွယ်သူတို့သာ ကင်း၏။
၃၇း၇၅။ နူးဟ်သည် ငါ့ထံ၌ မုချ ပန်ထွာတင်ပြ၏၊ ငါသည် ဂုဏ်ပေး ဖြေကြားပေးနေသော အရှင် ဖြစ်၏။
၃၇း၇၆။ သူနှင့် သူ့ဝိုင်းသားတို့အား မဟာ ချောက်ချားမှုကြီးမှ ငါ လွတ်မြောက်စေတော်မူ၏။
၃၇း၇၇။ သူ၏ သားစဉ်မြေးဆက်အား တည်ရှိသူများ အဖြစ် စီစဉ်တော်မူ၏။
၃၇း၇၈။ နောက်လာနောက်သား အတွင်း၌ သူ့အကြောင်းအား ချန်ထားခဲ့၍။-
၃၇း၇၉။ လောကခပ်သိမ်းအတွင်း နူးဟ်အား ငြိမ်းချမ်းမှုသက်စေသော်။
၃၇း၈၀။ ဤသို့ သုမင်္ဂလာပြုသူတို့အား ငါ အစားပေးတော်မူ၏။
၃၇း၈၁။ ဧကန်ပင် သူသည် ငါ့အား ယုံကြည်သူ အမှုတော်ဆောင်တို့မှ ဖြစ်၏။
၃၇း၈၂။ တဖန် နောက်လူများကို တိမ်မြုပ် စေတော်မူလိုက်၏။
၃၇း၈၃။ ဧကန်ပင် အီဗရာဟီးမ်သည် နူးဟ်၏ ဂိုဏ်းဝင်ထဲမှ ဖြစ်၍။-
၃၇း၈၄။ ကံကြမ္မာရှင်၏ထံသို့ ငြိမ်းချမ်းသော နှလုံးသားဖြင့် သူ ခရောက်၏။
၃၇း၈၅။ သူက သူ၏ ဖခင်နှင့် သူ့လူမျိုးတို့အား “သင်တို့သည် ဘယ်ရာကို ကိုးကွယ်နေကြသနည်း။
၃၇း၈၆။ ပရမတ်ဘုရားရှင်မှ အပသော လုပ်ဇာတ် ဘုရားများကို အလိုရှိကြသလော။
၃၇း၈၇။ လောကခပ်သိမ်း၏ ကံကြမ္မာရှင်အား မည်သို့ စဉ်းစားချက် ရှိသနည်း၊” ဟု မေး၏။
၃၇း၈၈။ ထို့နောက် သူသည် ကြယ်တာရာများသို့ ကြည့် - ကြည့်၍။-
၃၇း၈၉။ “ကျွန်ုပ်သည်ပင် ဖျားချင်ချင် ဖြစ်လာပြီ၊” ဟု ဆိုသော်။-
၃၇း၉၀။ သူတို့သည် သူ့ထံမှ နောက်သို့ လှည့်ပြေးတော့၏။
၃၇း၉၁။ သူသည် သူတို့၏ ဘုရားများထံသို့ လှည့်၍ “သင်တို့ ဆွမ်းစားကြသလော။
၃၇း၉၂။ သင်တို့ အဘယ်ကြောင့် စကားမပြောကြသနည်း၊” ဟု ပြော၍။-
၃၇း၉၃။ သူတို့ဘက်သို့ လှည့်ကာ ညာလက်ဖြင့် ရိုက်ဖျက်လိုက်၏။
၃၇း၉၄။ ထိုအခါ သူ့ထံသို့ အရှိန်အဟုန်နှင့် ရှေ့တိုးလာကြသူများကို။-
၃၇း၉၅။ သူ မေးသည်မှာ “သင်တို့ ထုဆစ်ထားသော အရာများအား ကိုးကွယ်ကြကုန်သလော။
၃၇း၉၆။ ပရမတ်ဘုရားရှင်သည် သင်တို့နှင့် သင်တို့ ကျင့်ကြံရာများကို ဖြစ်တည်စေတော်မူ၏၊” ဟု ဖြစ်၏။
၃၇း၉၇။ သူတို့က သူ့အတွက် အဆောက်အဦး တစ်ခုကို ဆောက်လော့၊ ထို့နောက် ငရဲမီး၌ ခင်းကျင်းပေးလော့၊ ဟု ဆို၏။
၃၇း၉၈။ သူ့အတွက် ဗျူဟာတစ်ရပ် ဖြစ်စေလို၏၊ သို့ဖြင့် သူတို့အား အနိမ့်ဆုံး ဖြစ်စေရန် ငါ စီစဉ်တော်မူ၏။
၃၇း၉၉။ သူဆုတောင်းသည်မှာ “တပည့်တော်သည် လမ်းညွှန် ပြနေတော်မူသော ကံကြမ္မာရှင် ထံသို့သာ သွားနေပါ၏။”
၃၇း၁၀၀။ “အို- ကံကြမ္မာရှင်၊ တပည့်တော်အား ပြုပြင် ပြောင်းလဲသူတို့မှ တစ်ဦးကို ချီးမြှင့်တော်မူပါ၊” ဟု ဖြစ်၏။
၃၇း၁၀၁။ သို့ဖြင့် ငါသည် “နူးညံ့သိမ်မွေ့သော ကလေးအကြောင်း သတင်းကောင်းကို ပါး၏။”
၃၇း၁၀၂။ ၎င်းသည် သူနှင့်အတူ လုံးပန်းနိုင်သော အရွယ်သို့ ရောက်သောအခါ သူက “အို- ချစ်သား၊ ကျွန်ုပ်သည် သင့်အား စတေးရကြောင်း အိပ်စက်စဉ်၌ မြင်၏၊ ထိုမြင်ကွင်းအား သင် မည်သို့ ကြည့်မိသနည်း၊” ဟု မေးသော် ၎င်းက “အို- ဖခင်၊ အသင့်အား ညွှန်ကြားသည့် အတိုင်း ပြုလုပ်လော့၊ ပရမတ်ဘုရားရှင်၏ စံချိန် ပြည့်မီစေလျှင် ကျွန်ုပ်အား သည်းခံနိုင်သူတို့မှ အသင် တွေ့ရပါလိမ့်မည်၊” ဟု ဆို၏။
၃၇း၁၀၃။ သူတို့သည် ငြိမ်းချမ်းရေး ပြုသောအခါ ၎င်းကို ဦးတိုက် ဆောင်ရွက်ကြ၏။
၃၇း၁၀၄။ ငါအရှင်က “အို- အီဗရာဟီးမ်၊” ဟု ခေါ်၍။-
၃၇း၁၀၅။ သင်သည် သင်၏ အမြင်ရမှုကို ဖြောင့်မှန်စွာပြု၏၊ သို့ဖြင့် ငါသည် သုမင်္ဂလာပြုသူတို့အား ဤသို့ အစားပေးတော်မူပြီ။
၃၇း၁၀၆။ ဧကန်ပင် ဤသည်မှာ ရှင်းလင်း ထင်ရှားသော စုံစမ်းမှုပင် ဖြစ်၏။
၃၇း၁၀၇။ ငါသည် ယင်းကို မဟာ စတေးမှုကြီးဖြင့် ရွေးယူတော်မူပြီ။
၃၇း၁၀၈။ နောက်လာနောက်သားများ၌ သူ့အကြောင်းအား ချန်ထား၍။-
၃၇း၁၀၉။ အီဗရာဟီးမ်အပေါ်သို့ ငြိမ်းချမ်းပါစေသော်။
၃၇း၁၁၀။ သုမင်္ဂလာပြုသူတို့ကို ဤသို့ ငါ အစားပေးတော်မူ၏။
၃၇း၁၁၁။ ဧကန်ပင် သူသည် ငါ့အား ယုံကြည်သူ အမှုတော်ဆောင်တို့ အနက်မှ ဖြစ်၏။
၃၇း၁၁၂။ ငါသည် သူ့အား ပြုပြင် ပြောင်းလဲသူတို့မှ ဖြစ်သော သတင်းတော်ဆောင် အီစ္စဟာ့က် အကြောင်း သတင်းကောင်းပါး၏။
၃၇း၁၁၃။ သူနှင့် အီစ္စဟာ့က်အပေါ် ငါသည် ကျက်သရေ ရှိစေ၏၊ သူတို့၏ သားမြေးတို့အနက် သုမင်္ဂလာပြုသူတို့ ရှိ၍ မိမိစရိုက်ကို မိမိ ရှင်းလင်း ထင်ရှားစွာ အဝိဇ္ဇာ သင့်စေသူတို့လည်း ရှိကြ၏။
၃၇း၁၁၄။ မုချပင် ငါသည် မူဆာနှင့် ဟာရွန်တို့အား မျက်နှာသာပေးခဲ့၍။-
၃၇း၁၁၅။ သူတို့နှင့် သူတို့၏ လူမျိုးတို့အား မဟာ ချောက်ချားမှုကြီးမှ လွတ်မြောက်စေခဲ့၏။
၃၇း၁၁၆။ သူတို့အား ငါအရှင် ကူညီစောင်မခဲ့၏၊ သူတို့သည် အနိုင်ရသူများ ဖြစ်လာခဲ့လေ၏။
၃၇း၁၁၇။ သူတို့အား အလွန် ကျော်ဇော ရှင်းလင်း ထင်ရှားသော ကျမ်းတော်ကို ချီးမြှင့်ခဲ့၏။
၃၇း၁၁၈။ မြဲမြံ တည်တံ့သည့် လမ်းစဉ်သို့လည်း ငါ လမ်းညွှန်ခဲ့၏။
၃၇း၁၁၉။ နောက်လာနောက်သားများ၌ သူတို့အကြောင်းအား ချန်ထား၍။-
၃၇း၁၂၀။ မူဆာနှင့် ဟာရွန်အပေါ်သို့ ငြိမ်းချမ်းပါစေသော်။
၃၇း၁၂၁။ သုမင်္ဂလာပြုသူတို့ကို ဤသို့ ငါ အစားပေးတော်မူ၏။
၃၇း၁၂၂။ ဧကန်ပင် သူတို့သည် ငါ့အား ယုံကြည်သူ အမှုတော်ဆောင်တို့ အနက်မှ ဖြစ်၏။
၃၇း၁၂၃။ ဧကန်ပင် အီးလ်ယာ့ဆ်သည် ဉာဏ်စဉ်ဆောင်တို့ အနက်မှ ဖြစ်၏။
၃၇း၁၂၄။ သူက သူ့လူမျိုးအား ပြောသည်မှာ “သင်တို့သည် စည်းမစောင့်ကြသလော။
၃၇း၁၂၅။ သင်တို့သည် အတင့်တယ်ဆုံး ဖြစ်တည်ပေးသည့် အရှင်ကို ချန်၍ နေနတ်ဘုရား၌ ဆုတောင်းကြမည်လော။
၃၇း၁၂၆။ ပရမတ်ဘုရားရှင်သည် သင်တို့၏ ကံကြမ္မာရှင်၊ သင်တို့ရှေ့ ရှေးဦး ပထမ ဘဘိုးများ၏ ကံကြမ္မာရှင်၏၊” ဟု ဖြစ်၏။
၃၇း၁၂၇။ သူ့အား ငြင်းဆန်ကြကုန်ပြီ၊ သို့ဖြင့် ငါသည် သူတို့အား ဆင့်ခေါ် ခံရသူများမှ ဖြစ်စေပြီ။
၃၇း၁၂၈။ ပရမတ်ဘုရားရှင်အား သန့်သန့်စင်စင် ကိုးကွယ်ကြသူတို့သာ ထိုမှ ကင်း၏။
၃၇း၁၂၉။ နောက်လာနောက်သား အတွင်း၌ သူ့အကြောင်းအား ချန်ထား၍။-
၃၇း၁၃၀။ အီးလ်ယာ့ဆ် အပေါ်သို့ ငြိမ်းချမ်းပါစေသော်။
၃၇း၁၃၁။ ငါသည် ဤသို့ သုမင်္ဂလာ ပြုသူတို့ကို အစားပေးတော်မူ၏။
၃၇း၁၃၂။ ဧကန်ပင် သူတို့သည် ငါ့အား ယုံကြည်သူ အမှုတော်ဆောင်တို့ အနက်မှ ဖြစ်၏။
၃၇း၁၃၃။ လု(တ်)သည် ဉာဏ်စဉ်ဆောင်တို့ အနက်မှ ဖြစ်၏။
၃၇း၁၃၄။ သူနှင့် သူ့ဝိုင်းသား အားလုံးကို ငါ လွတ်မြောက်စေခဲ့ပြီ။
၃၇း၁၃၅။ အဘွားကြီးကိုသာ ကျန်ရစ်သူများမှ ဖြစ်စေ၍။-
၃၇း၁၃၆။ နောက်ကျန်လူများအား ပျက်စီးစေတော်မူလိုက်၏။
၃၇း၁၃၇။ ထိုနေရာများမှ သင်တို့ ဖြတ်သန်း သွားလာခဲ့သည်မှာ နံနက်စနှင့်။-
၃၇း၁၃၈။ ညပိုင်းတို့၌ ဖြစ်၏၊ သင်တို့၌ အတွေးအခေါ် မရှိကြသလော။
၃၇း၁၃၉။ ဧကန်ပင် ယူနွတ်စ်သည် ဉာဏ်စဉ်ဆောင်တို့ အနက်မှ ဖြစ်၏။
၃၇း၁၄၀။ သူသည် ဝန်တင် သင်္ဘောဆီသို့ သုတ်ခြေတင်၍။-
၃၇း၁၄၁။ အခြားသူများနှင့် ဝင်ရော၏၊ သို့သော် သူသည် ငြင်းပယ်ခံရသူတို့မှ ဖြစ်ရ၏။
၃၇း၁၄၂။ သူ့အား ငါးကြီးသည် ပါးစပ်ဖြင့် ဟပ်၏၊ သူသည် အပြစ်တင်ခံရသူတို့မှ ဖြစ်၏။
၃၇း၁၄၃။ သူသည် ငါ့အား ဦးထိပ်ထားသူတို့မှ မဖြစ်ခဲ့လေလျှင်။-
၃၇း၁၄၄။ သူသည် နိုးထရမည့်နေ့ထိတိုင် ၎င်း၏ ဝမ်းတွင်း၌ နေ နေခဲ့ရလတ္တံ့။
၃၇း၁၄၅။ ထို့နောက် ငါသည် သူ့အား ဗလာလက်မဲ့ဖြင့် စွန့်ထား၍ သူသည် ဖျားနာ အားပျော့နေသူ ဖြစ်၏။
၃၇း၁၄၆။ သူ့အတွက် အသီးဝေနေသော အပင်ကို ဖြစ်ထွန်းနေစေ၏။
၃၇း၁၄၇။ ထို့နောက် ငါသည် သူ့အား ထောင်ပေါင်း ရာချီသော၊ သို့မဟုတ် ပို၍ တိုးပွားပေးသော၊ သူတို့ထံသို့ စေစား၍။-
၃၇း၁၄၈။ သူတို့သည် ယုံကြည်လာကြ၏၊ သို့ဖြင့် သူတို့အား ကာလတစ်ခုထိ ချမ်းမြေ့နေစေ၏။
၃၇း၁၄၉။ သူတို့အား “သင်တို့၏ ကံကြမ္မာရှင် အတွက် သမီးများ ရှိစေ၍ သင်တို့အတွက် သားများ ရှိစေကြသလော၊” ဟု မေးခွန်းထုတ်လော့။
၃၇း၁၅၀။ သို့တည်းမဟုတ် ငါသည် နိမိတ်ဆောင်များကို လိင်မများအဖြစ် ဖြစ်တည်စေခဲ့သလော၊ သူတို့သည် သက်သေများ ဖြစ်ကြသလော။
၃၇း၁၅၁။ ဧကန်ပင် သူတို့၏ လုပ်ဇာတ်များ အဖြစ် ပြောဆိုမှုများမှာ။-
၃၇း၁၅၂။ ပရမတ်ဘုရားရှင်၌ ကိုယ်ပွား ရှိသည်ဟူ၏၊ ဧကန် သူတို့သည် မုသာဝါဒီများ ဖြစ်၏။
၃၇း၁၅၃။ အရှင်သည် သားများထက် သမီးများကို ပို၍ ရွေးချယ်သလော။
၃၇း၁၅၄။ သင်တို့အား ဘယ်အရာက မည်သို့ စီရင်ထုံး ဖြစ်စေသနည်း။
၃၇း၁၅၅။ သင်တို့ ဆင်ခြင်သတိ မရှိကြသလော။
၃၇း၁၅၆။ သို့တည်းမဟုတ် သင်တို့၌ ရှင်းလင်းသော လုပ်ပိုင်ခွင့် ရှိကြသလော။
၃၇း၁၅၇။ သင်တို့သည် ဖြောင့်မှန်သူများ ဖြစ်ကြလျှင် သင်တို့၏ ကျမ်းများကို ပေးအပ်ကြလော့။
၃၇း၁၅၈။ သူတို့သည် အရှင်၏အကြား၊ အန္ဓပုထုဇဉ်၏ အကြား၌ သွေးသား စပ်သည်ဟု စီစဉ်ကြပြီ၊ အန္ဓပုထုဇဉ်တို့က သူတို့ကိုယ် သူတို့ ဆင့်ခေါ် ခံရမည့်သူများ ဖြစ်ကြောင်း သိနေကြ၏။
၃၇း၁၅၉။ ဦးထိပ်ထားအပ်သည့် ပရမတ်ဘုရားရှင်သည် သူတို့၏ သီအိုရီများနှင့် မဆိုင်ချေ။
၃၇း၁၆၀။ ပရမတ်ဘုရားရှင်အား သန့်သန့်စင်စင် ကိုးကွယ်သူများမှအပ။-
၃၇း၁၆၁။ သင်တို့နှင့် သင်တို့၏ ကိုးကွယ်ဆည်းကပ်ရာများ။-
၃၇း၁၆၂။ သင်တို့သည် အရှင့်အား သွေးတိုးစမ်းနိုင်ခြင်း မရှိဘဲ။-
၃၇း၁၆၃။ ငရဲမီး လောင်ကျွမ်းရမည့် သူများသာ ဖြစ်၏။
၃၇း၁၆၄။ ကျွန်ုပ်တို့အနက် အသိပေး မခံရသော ရပ်တည်ချက်၌ ရှိသူဟူ၍ မရှိချေ။
၃၇း၁၆၅။ ကျွန်ုပ်တို့သည် လျာထားခံရသူများ ဖြစ်၏။
၃၇း၁၆၆။ ကျွန်ုပ်တို့သည် အရှင့်အား ဦးထိပ်ထားနေသူများ ဖြစ်၏၊ ဟု ပြောသူများအား။-
၃၇း၁၆၇။ ဧကန်ပင် သူတို့ ပြန်ပြောဆိုလေ့ ရှိသည်မှာ။-
၃၇း၁၆၈။ ကျွန်ုပ်တို့ထံ၌ ရှေးဦးပထမ မျိုးဆက်မှ သတိပေး တရားတော် ရှိခဲ့လေလျှင်။-
၃၇း၁၆၉။ ကျွန်ုပ်တို့သည် ပရမတ်ဘုရားရှင်ကိုသာ သန့်သန့်စင်စင် ကိုးကွယ်ခဲ့မည်ပင်၊” ဟု ဖြစ်၏။
၃၇း၁၇၀။ သို့သော် သူတို့သည် ၎င်းကို ဖုံးကွယ်ထားကြ၏၊ မကြာမီ သူတို့ သိကြရလတ္တံ့။
၃၇း၁၇၁။ ငါ၏ အမှုတော်ဆောင် ဉာဏ်စဉ်ဆောင်များဖြင့် ဓမ္မတော်ကို မုချ ငါ သတ်မှတ်ခဲ့ပြီ။
၃၇း၁၇၂။ ဧကန်ပင် သူတို့သည် ကူညီစောင်မခြင်း ခံရမည်ပင်။
၃၇း၁၇၃။ ဧကန်ပင် ငါ၏ စစ်သည်တော်များသည် အနိုင်ရသူများ ဖြစ်ရလတ္တံ့။
၃၇း၁၇၄။ သို့ဖြစ်၍ ထိုဖုံးကွယ်သူတို့အား ကာလတစ်ခု အလှည့် ပေးထားလော့။
၃၇း၁၇၅။ သူတို့အား မျက်ခြည် မပြတ်စေနှင့်၊ သူတို့သည်လည်း မကြာမီ မြင်ရလတ္တံ့။
၃၇း၁၇၆။ သူတို့သည် ငါ ပြဌာန်းထားသော ဝဋ်ကြွေးကို အလျင်လိုနေသလော။
၃၇း၁၇၇။ သို့ဖြင့် သူတို့ပိုင် ဒေသသို့ ထိုဝဋ်ဒဏ်အား ချမှတ်သော် သတိပေး ခံထားရသော သူတို့အတွက် အကုသိုလ် နံနက်စ ဖြစ်ရလတ္တံ့။
၃၇း၁၇၈။ သူတို့ထံမှ ကာလတစ်ခု လှည့်ထွက်ခဲ့လော့။
၃၇း၁၇၉။ မျက်ခြည်မပြတ်စေနှင့်၊ သူတို့သည်လည်း မကြာမီ မြင်ရလတ္တံ့။
၃၇း၁၈၀။ ကံကြမ္မာရှင်အား ဦးထိပ်ထားလော့၊ အရှင်သည် သူတို့၏ သီ၀ရီတို့မှ ကင်းသော ဘုန်းတန်ခိုးတို့၏ ကံကြမ္မာရှင် ဖြစ်၏။
၃၇း၁၈၁။ ဉာဏ်စဉ်ဆောင် အပေါင်းတို့ အပေါ်သို့ ငြိမ်းချမ်းပါစေသော်။
၃၇း၁၈၂။ ရည်သန် စူးစိုက်မှုအပေါင်းသည် လောကခပ်သိမ်း၏ ကံကြမ္မာရှင် ဖြစ်သော ပရမတ်ဘုရားရှင် အဘို့သာ ဖြစ်၏။
၃၇းဓမ္မခန္ဓာ (၃၇) ဤတွင် ပြီး၏။
၃၈း၁။ ဖြောင့်မတ် မှန်ကန်သော အရှင်သည် သတိပေး တရားတော် ဖြစ်သော ဤ ကုရ်အာန်အားဖြင့် တိုင်တည်လျက်။-
၃၈း၂။ အမှန်မှာ ဖုံးကွယ်သော သူတို့သည် ဘုန်းကံလု ဂိုဏ်းခွဲနေကြ၏။
၃၈း၃။ သူတို့၏ ရှေ့အလျင် မျိုးဆက် မည်မျှကို ငါ တိမ်ကောစေခဲ့သနည်း၊ ပြေးလွတ်ချိန် လွန်သော အခါတွင်မှ သူတို့ တင်ပြကြကုန်၏။
၃၈း၄။ သူတို့ထံသို့ သူတို့အနက်မှပင် သတိပေးသူ ရောက်လာလျှင် အံဩနေကြ၏၊ ဖုံးကွယ်သူတို့က ပြောသည်မှာ “ဤသူသည် မှော်ဆရာ လူလိမ် ဖြစ်၏။
၃၈း၅။ သူသည် ကျွန်ုပ်တို့၏ ဘုရားများအစား ဘုရားတစ်ဆူဝါဒကို စီစဉ်သလော၊ ဤသည်မှာ အံဩစရာပင်၊” ဟု ဖြစ်၏။
၃၈း၆။ သူတို့မှ အကြံပေးများက “ဆက်လျှောက်ကြ၊ သင်တို့၏ ဘုရားများအပေါ် ဇွဲနပဲဖြင့် ရပ်တည်ကြ၊ ဧကန်ပင် ဤသည်မှာ သူ ဖြစ်စေလိုသော အရာပင်။”
၃၈း၇။ ဤအရာမျိုးကို အခြားသော ပဋိပတ် ကျင့်စဉ်များတွင် မကြားဘူးခဲ့ချေ၊ ဤသည်မှာ ဖန်တီးမှုသာ ဖြစ်၏။
၃၈း၈။ ကျွန်ုပ်တို့၏ကြားမှ သူ့ကိုသာ သတိပေး တရားတော် ချမှတ်ပေးသလော၊” ထွက်ပြောကြ၏၊ အမှန်မှာ သူတို့သည် ငါ၏ သတိပေး တရားတော်၌ ဒွိဟဖြစ်၏၊ အမှန်မှာ ငါ၏ ဝဋ်ကြွေးဒဏ်အား သူတို့ မမြည်းရသေးချေ။
၃၈း၉။ သို့တည်းမဟုတ် သူတို့ထံ၌ ကံကြမ္မာရှင်၏ ကရုဏာတော်၊ ဘုန်းတန်ခိုးတော်နှင့် ချီးမြှင့်ရက်ရောခြင်း ဘဏ္ဍာများ ရှိကြသလော။
၃၈း၁၀။ သို့တည်းမဟုတ် သူတို့သည် မိုးများနှင့် မြေကမ္ဘာ၊ ထိုနှစ်ခုကြား ရှိသမျှတို့ကို အစိုးရသလော၊ သို့ဖြစ်လျှင် ရစ်ပတ်လှည့်မွှေ့၍ တက်ပြစေကြလော့။
၃၈း၁၁။ ဂိုဏ်းပေါင်းစုံမှ စစ်သည်တို့သည် ဤနေရာ၌ ချေမှုန်းခံရလတ္တံ့။
၃၈း၁၂။ သူတို့မတိုင်မီ နူးဟ်၊ အာဒ်နှင့် အဘက်ဘက်မှ ခြေကုပ်ခိုင်သော ဖာရိုး၏ လူမျိုးတို့သည် ငြင်းဆန်ခဲ့ကြပြီ။
၃၈း၁၃။ သမူဒ်၊ လု(တ်)၏ လူမျိုး၊ တောတွင်းနေ ပေါင်းဖေါ်များလည်း ပါ၏၊ သူတို့သည် ဂိုဏ်းပေါင်းစုံ ဖြစ်ကြ၏။
၃၈း၁၄။ သူတို့ကိုယ်စီ ဉာဏ်စဉ်ဆောင်များအား ငြင်းဆန်ခဲ့သည်သာ၊ သို့ဖြစ်၍ ငါ၏ ချုပ်ကိုင်မှုကို အမှန်ပင် ဖြစ်စေ၏။
၃၈း၁၅။ သူတို့သည် အပေါ်စီးမှ ရှိသော အသံလှိုင်းကြီး တစ်ခုမှအပ အခြားကို စောင့်ကြည့်နေကြသည် မဟုတ်ချေ။
၃၈း၁၆။ သူတို့က “အို- ကံကြမ္မာရှင်၊ တပည့်တော်တို့၏ ခွဲတမ်းကို စာရင်းရှင်းမည့်နေ့ ကာလမတိုင်မီ အလျင်စလို ဖြစ်စေပါ၊” ဟု ဆိုကြ၏။
၃၈း၁၇။ သူတို့၏ ပြောစကားများပေါ်၌ သည်းခံနေလော့၊ ငါ၏ အမှုတော်ဆောင်ဖြစ်သော အင်အားပိုင်သည့် ဒါဝိဒ်အား သတိမူလော့၊ သူသည် အရှင့်ဘက်သို့ ပြန်လှည့်သူ စင်စစ် ဖြစ်၏။
၃၈း၁၈။ သူ့အတွက် တောင်များကို အသုံးခံ ဖြစ်စေ၏၊ သူနှင့်အတူ ညဦး နံနက်များတွင် အရှင့်အား ဦးထိပ်ထားစေ၏။
၃၈း၁၉။ ငှက်အပေါင်း စုစည်းလာကြ၍ ၎င်းတို့ကိုယ်စီ သူ့ဘက်သို့ ပြန်လှည့်ကြ၏။
၃၈း၂၀။ သူ၏ အာဏာကို အင်အားတိုးပေး၏၊ သူ့အား စီရင်ထုံးနှင့် ရှင်းလင်း ဆုံးဖြတ်သည့် မိန့်ခွန်းပညာကို ငါ ချီးမြှင့်ခဲ့၏။
၃၈း၂၁။ သူ၏ စခန်း စည်းထဲရှိ အမှုပြိုင်တို့ သတင်းအကြောင်း သင့်ထံသို့ ရောက်စေပြီလော။
၃၈း၂၂။ ဒါဝိဒ်ထံသို့ ဝင်လာကြသော် သူ ကြောက်ရွံ့ ချောက်ချားသွား၏၊ “မကြောက်ပါနှင့်၊ ကျွန်ုပ်တို့သည် အချို့အချို့ အချေအတင် ဖြစ်သူများပင်၊ သို့ဖြင့် ကျွန်ုပ်တို့ကြား၌ အမှန်ကို စီရင်ထုံးချပေးပါ၊ မတရား မဖြစ်စေပါနှင့်၊ ပုံစံချပြီး လမ်းသို့ ညွှန်ပြပေးပါ၊” ဟု ပြောကြ၏။
၃၈း၂၃။ ဤသည် ကျွန်ုပ်၏ အကို ဖြစ်၍ သူ့တွင် သိုးမ ကိုးဆယ်နှင့် ကိုးကောင် ရှိလျက် ကျွန်ုပ်တွင် သိုးမ တစ်ကောင်သာ ရှိပါ၏၊ ထို့နောက် သူက “၎င်းကို ကျွန်ုပ် ထိန်းမည်၊” ဟု ဆိုပါ၏၊ အမိန့်သံဖြင့် ပါဝါသုံးပါ၏၊” ဟု ပြောပြသော်။-
၃၈း၂၄။ ဒါဝိဒ်က “သူသည် သင်၏ သိုးမအား သူ့သိုးမ ဖြစ်ရန် တောင်းဆိုခြင်းဖြင့် မိုက်ကြေးခွဲ၏၊ အနည်းစုဖြစ်သော၊ ယုံကြည်၍ ပြုပြင် ပြောင်းလဲခြင်းကို ကျင့်ကြံသော- သူများမှအပ၊ ဧကန်ပင် များစွာသော အစုစပ် လုပ်သူတို့သည် အချို့ အချို့ အပြစ်ရှာကြ၏၊” ဟု ပြောလျက် ငါအရှင်၏ စမ်းသပ်ခြင်းသာ ဖြစ်သည်ဟု သူ စဉ်းစားမိကာ သူ့ကံကြမ္မာရှင်ထံ ဘက်လှည့် ဦးညွှတ် ပြဝပ်၍ လွတ်ငြိမ်းဆုပန်၏။
၃၈း၂၅။ ဤ၌ သူ့အား ငါ လွတ်ငြိမ်းစေတော်မူ၏၊ ဧကန်ပင် သူ့အတွက် ငါ့ထံသို့ ချဉ်းကပ်လာသည့် တင့်တယ်သော အပြန်ခရီး ရှိ၏။
၃၈း၂၆။ အို- ဒါဝိဒ်၊ ငါသည် သင့်အား မြေကမ္ဘာ၌ သမ္မတမင်းအဖြစ် စီစဉ်တော်မူပြီ၊ သို့ဖြစ်၍ လူသားတို့ကြား၌ မှန်ကန်စွာ စီရင်ထုံးပြုပေးလော့၊ ပရမတ်ဘုရားရှင်၏ လမ်းစဉ်တော်မှ လွဲချော်စေမည့် သင်၏ လိုဘနောက်သို့ မလိုက်နှင့်၊ ဧကန်ပင် ပရမတ်ဘုရားရှင်၏ လမ်းစဉ်တော်မှ လွဲချော်စေသောသူ၊ ထိုသူတို့အတွက် စာရင်း ရှင်းရမည့်နေ့ ကာလ၌ သူတို့၏ မေ့ပစ်မှုများကြောင့် ပြင်းထန်သော ဝဋ်ကြွေးသည် ရှိနေ၏။
၃၈း၂၇။ ဖုံးကွယ်သောသူတို့၏ စဉ်းစားချက်မျိုး- မိုးများနှင့် မြေကမ္ဘာ၊ ထိုနှစ်ခု စပ်ကြား ရှိသမျှအား မှားယွင်းစွာ ငါ ဖြစ်တည်စေခြင်း မဟုတ်ချေ၊ သို့ကြောင့်သာ ဖုံးကွယ်သော သူတို့သည် အပူမီး၌ ပျက်စီးသွားရကုန်၏။
၃၈း၂၈။ သို့တည်းမဟုတ် ယုံကြည်၍ ပြုပြင် ပြောင်းလဲခြင်း ကျင့်ကြံသော သူများအား မြေကမ္ဘာ၌ အဖျက်လုပ်သူကဲ့သို့ ငါ စီစဉ်မည်လော၊ သို့တည်းမဟုတ် စည်းစောင့်သူအား ဖေါက်ထွက်သူကဲ့သို့ စီစဉ်မည်လော။
၃၈း၂၉။ သင့်ထံသို့ ချမှတ်ပေးသော ကျမ်းတော်သည် ကျက်သရေအပေါင်း ပြည့်စုံ၏၊ ထိုမှ သုတ်ဒေသနာများကို အရင်းအမြစ် စိစစ်စေဘို့ရာ၊ သဘောပေါက်နိုင်စွမ်း ရှိသူများအတွက် ဆင်ခြင် သတိရှိစေဘို့ရာ ဖြစ်၏။
၃၈း၃၀။ ဒါဝိဒ်အား ဂုဏ်တော်ရ အမှုတော်ဆောင် ဆိုလိုင်မံကို ငါ ချီးမြှင့်၏၊ ဧကန်ပင် သူသည် အရှင့်ထံသို့ လှည့်သူ ဖြစ်၏။
၃၈း၃၁။ သူ့အတွက် ဘောင်ဝင်စေရန် လေ့ကျင့်ထားသော စစ်မြင်းများနှင့် ပတ်သက်၍ တစ်ခုသော ညဦးပိုင်း၌။-
၃၈း၃၂။ သူက ပြောသည်မှာ “၎င်းတို့အား စည်းကွယ်၌ ဖြစ်သည့်တိုင် ကံကြမ္မာရှင်၏ သတိဖေါ်ပေးမှုဖြင့် နှစ်သက်စရာ ကောင်းသည်များကို ကျွန်ုပ် နှစ်သက်၏။
၃၈း၃၃။ ၎င်းတို့ကို ကျွန်ုပ်ထံသို့ ပြန်ယူခဲ့လော့၊” ဟု ဖြစ်၏၊ သို့ဖြင့် သူသည် ၎င်းတို့၏ ခြေများ၊ လည်တိုင်များကို စတင် ကြပ်ထိုးပေး၏။
၃၈း၃၄။ သူ့ စိုးစံရာ၌ ကိုယ်ထည်တစ်ခုကို ငါ ခင်းကျင်း၍ မုချပင် ဆိုလိုင်မံအား ငါ စုံစမ်းခဲ့၏၊ ထို့ပြင် သူသည် ဘက်လှည့်လျက်။-
၃၈း၃၅။ အို- ကံကြမ္မာရှင်၊ တပည့်တော်အား လွတ်ငြိမ်းစေတော်မူပါ၊ တပည့်တော်၏နောက် မည်သူတစ်ဦးမှ အပြစ်မရှာနိုင်သည့် အာဏာအား ချီးမြှင့်တော်မူပါ၊ အရှင်သည် ချီးမြှင့် ရက်ရောသောအရှင် ဖြစ်ပါ၏၊” ဟု ဆုတောင်းခဲ့၏။
၃၈း၃၆။ ငါသည် သူ့အတွက် အသုံးခံရန် အရှင့် ညွှန်ကြားချက်ဖြင့် စီးမျောစေသော နေရာသို့ ထိသက် တိုက်ခိုက်သည့် လေ။-
၃၈း၃၇။ မကောင်းဆိုးဝါးများ၊ ဆောက်လုပ်ရေးသမားများ၊ ရေငုပ်သမားများ ကိုယ်စီနှင့်။-
၃၈း၃၈။ ခြေကျဉ်းများဖြင့် သီထားသော အခြား သူများကို ဖြစ်စေ၍။-
၃၈း၃၉။ ဤသည် သင့်အတွက် လက်ဆောင် ဖြစ်၏၊ သို့ဖြစ်၍ မျက်နှာသာပေးနိုင်၏၊ သို့မဟုတ် သင့်ထိန်းထားမှုအား စစ်ဆေး ခံရမည် မဟုတ်ချေ၊ ဟု ဖြစ်၏။
၃၈း၄၀။ ဧကန်ပင် ငါထံသို့ ချဉ်းကပ်လာသည့် တင့်တယ်သော အပြန်ခရီးသည် သူ့အတွက် ရှိ၏။
၃၈း၄၁။ ငါ့ အမှုတော်ဆောင် အိုင်ယုဘ်၏ အကြောင်းကို သတိရလော့၊ သူသည် ကံကြမ္မာရှင်၏ထံ၌ “မကောင်းဆိုးဝါးက တပည့်တော်အား ပင်ပန်းကြီးစေခြင်း ဝဋ်ကြွေးများဖြင့် ထိသက်စေပါပြီ၊” ဟု တင်ပြသော်။-
၃၈း၄၂။ သင့်ခြေဖြင့် ဆောင့်လော့၊ ဤ၌ ဆေးကြောရန်နှင့် သောက်သုံးရန် ရေအေး ရှိ၏။
၃၈း၄၃။ ငါသည် သူ့ဝိုင်းသားများနှင့် သူတို့နှင့်အတူ သူတို့ကဲ့သို့ သူများကို သူ့အား ချီးမြှင့်တော်မူ၏၊ ငါ့ထံမှ ကရုဏာတော်ပင် ဖြစ်၏၊ သဘောပေါက်နိုင်စွမ်း ရှိသူများအတွက် သတိပေး တရားတော် ဖြစ်၏။
၃၈း၄၄။ အာရုံကို လက်ရ ကိုင်စွဲလျက် ၎င်းဖြင့် ခရီးနှင်လော့၊ သင်သည် သစ္စာ မဖျက်နှင့်၊ သူ့အား ဇွဲနပဲ ကြီးသူ၊ ဂုဏ်တော်ရ အမှုတော်ဆောင်အဖြစ် ငါ တွေ့ရ၏၊ ဧကန်ပင် သူသည် အရှင့်ထံသို့ လှည့်သူ ဖြစ်၏။
၃၈း၄၅။ ငါ၏ အမှုတော်ဆောင် အီဗရာဟီးမ်၊ အီစ္စဟာ့က်၊ ယာကုဗ် တို့အား သတိရလော့၊ သူတို့သည် လက်ရုံးရည်နှင့် ဒိဗ္ဗစက္ခု ရှိသူများ ဖြစ်၏။
၃၈း၄၆။ ငါသည် သူတို့အား အယူသန့်စေ၏၊ ဗိမာန်တော်ကို အယူသန့်ခြင်းဖြင့် သတိရစေ၏။
၃၈း၄၇။ ဧကန်ပင် ငါသည် သူတို့အား ငါ၏ထံတော်၌ ရွေးချယ်ခံရသူ၊ အကောင်းဆုံးသူတို့မှ ဖြစ်စေ၏။
၃၈း၄၈။ အီစ္စမာလ်အီးလ်၊ ယာဆ်အ၊ ကပိလပြည့်ရှင်တို့အား သတိရကြလော့၊ သူတို့ကိုယ်စီ အကောင်းဆုံးသူတို့မှ ဖြစ်ကြ၏။
၃၈း၄၉။ ဤသည် သတိပေး တရားတော် ဖြစ်၏၊ ဧကန်ပင် စည်းစောင့်သူတို့ အတွက်မူ တင့်တယ်သော အပြန်ခရီး ရှိ၏။
၃၈း၅၀။ အေးငြိမ်းရာ ဥယျာဉ်ဘုံများ၊ သူတို့အတွက် တံခါးများ ဖွင့်ထားစေ၏။
၃၈း၅၁။ ထို၌ မှီလှဲ စံစားစေလျက်၊ ထို၌ သစ်သီးဝလံ မြောက်မြားစွာနှင့် သောက်သုံးရာတို့အားဖြင့် ဖိတ်ခေါ်လျက် ရှိကြ၏။
၃၈း၅၂။ သူတို့၏ ထံပါး၌ မျက်ရိပ်မျက်ခြည် တည်တံ့သည့် မြေလုပ်သားများ ရှိ၏။
၃၈း၅၃။ ဤသည် သင်တို့အား စာရင်းရှင်းမည့်နေ့ ကာလဟု ကတိပေးထားရာပင် ဖြစ်၏။
၃၈း၅၄။ ဧကန်ပင် ဤသည် ခမ်းခြောက်ခြင်း မရှိသော ငါအရှင်ပေးရာ ရိက္ခာများ ဖြစ်၏။
၃၈း၅၅။ ဤသည် စည်းဖျက်သူများ အတွက် ကံဆိုးရသော အပြန်ခရီး ဧကန် ဖြစ်၏။
၃၈း၅၆။ ငရဲဘုံသည် သူတို့ကို လောင်ကျွမ်းစေလတ္တံ့၊ အမင်္ဂလာ ငြိမ့်ညောင်းရာပင် ဖြစ်၏။
၃၈း၅၇။ သူတို့အား ဤ ရေနွေးပူနှင့် ရေခဲအား မြည်းစေလတ္တံ့။
၃၈း၅၈။ အခြားသော ပုံစံများမှာလည်း အတွဲလိုက်ပင် ဖြစ်၏။
၃၈း၅၉။ သင်တို့၌ စိတ်ပြတ်လိုသော ဤအုပ်စုလိုက်- သူတို့အား ခရီးဦးကြို မရှိချေ၊ သူတို့အား မီး လောင်ကျွမ်းရလတ္တံ့။
၃၈း၆၀။ “အမှန်မှာ သင်တို့အား ခရီးဦးကြို မရှိချေ၊ ၎င်းသည် သင်တို့ စုံရပ်ခံခဲ့မှု ဖြစ်၏၊” သို့ဖြစ်၍ “ကျွန်ုပ်တို့အတွက် အမင်္ဂလာသည် အတည်တကျ ဖြစ်ပြီ၊” ဟု ဆိုကြ၏။
၃၈း၆၁။ ဆက်၍ “အို- ကံကြမ္မာရှင်၊ တပည့်တော်တို့အား ဤသို့ စုံရပ် ခံစေခဲ့သူကို အပူမီးထဲ၌ ဝဋ်ကြွေး နှစ်ဆတိုး၍ ခံစားစေပါ၊” ဟု ဆိုကြ၏။
၃၈း၆၂။ ၎င်းတို့က ပြောကြသည်မှာ “ဘယ်အရာကြောင့်နည်း၊ ကျွန်ုပ်တို့က ဆိုးသွမ်းသူများဟု တွက်ထားလေ့ရှိသည့် လူသားများကို မမြင်ရပါတကား။
၃၈း၆၃။ ကျွန်ုပ်တို့သည် သူတို့အား ပျက်ရယ်ပြုရန် ယူမှတ်ခဲ့၏၊ သို့တည်းမဟုတ် ကျွန်ုပ်တို့ အမြင်များ တိမ်းပါးခဲ့လေသလော၊” ဟု ဖြစ်၏။
၃၈း၆၄။ ဧကန်ပင် ဤသည် အမှန်တရားပင် ဖြစ်၏၊ အပူမီး၏ ဝိုင်းသားတို့ သည် အချေအတင် ပြုသူများ ဖြစ်၏။
၃၈း၆၅။ ဟောလော့၊ “ကျွန်ုပ်သည် သတိပေးသူမျှသာ ဖြစ်၏၊ တစ်ဆူတည်း ဖူးခြာဖြစ်သော ပရမတ်ဘုရားရှင်မှအပ အခြား ဘုရားဟူ၍ မရှိပြီ။
၃၈း၆၆။ အရှင်သည် မိုးများနှင့် မြေကမ္ဘာ၊ ထိုနှစ်ခုကြားရှိ အရာအားလုံး၏ ကံကြမ္မာရှင်၊ ဘုန်းတော်ရှင်၊ လွတ်ငြိမ်းစေသောအရှင် ဖြစ်၏။”
၃၈း၆၇။ ဟောလော့၊ “၎င်းသည် မဟာ သတင်းကြီး ဖြစ်၍။-
၃၈း၆၈။ ၎င်းမှ သင်တို့ ဘောင်ကန့်ထားသူများ ဖြစ်ကြ၏။
၃၈း၆၉။ အထွဋ်အထိပ်မှ အကြံပေးတို့ အချေအတင်ဖြစ်စဉ် ထိုအကြောင်းကို ကျွန်ုပ်သည် သိနိုင်ခဲ့သူ မဟုတ်ချေ။
၃၈း၇၀။ ကျွန်ုပ်သည် ရှင်းလင်း ထင်ရှားသော သတိပေးသူသာ ဖြစ်ကြောင်း ကျွန်ုပ်ထံ၌ အာရုံဈာန်ရ၏။
၃၈း၇၁။ ကံကြမ္မာရှင်က နိမိတ်ဆောင်တို့အား ပြောဆိုသည်မှာ “ဧကန်ပင် ငါသည် လူပုဂ္ဂိုလ်ကို မြေမှ ဖြစ်တည်စေ၏။
၃၈း၇၂။ သို့ဖြင့် သူ့အား ပုံစံချ၏၊ ထို့နောက် ငါ၏ ဉာဏ်စဉ်မှ သူ့အား သက်ဝင်စေ၏၊ ထို့ကြောင့် ထိုင်ချ၍ သူ့အား ဦးချကြကုန်လော့၊” ဟု ဖြစ်၏။
၃၈း၇၃။ သို့ဖြင့် နိမိတ်ဆောင်တို့သည် သူတို့ကိုယ်စီ အတူစု၍ ဦးချကြကုန်၏။
၃၈း၇၄။ သို့သော် ရှေးရိုးစွဲ- သူသည် မောက်မာ၏၊ သူသည် ဖုံးကွယ်သူတို့ အနက်မှ ဖြစ်၏။
၃၈း၇၅။ အရှင်က “အေ- ရှေးရိုးစွဲ၊ ငါ၏ လုပ်ပိုင်ခွင့်ဖြင့် ဖြစ်တည်ပေးခြင်း၌ ဦးမချရန် သင့်အား အဘယ်အရာက ဟန့်တားထားသနည်း၊ သင်သည် စိတ်ကြီး ဝင်နေသူ၊ သို့တည်းမဟုတ် အထွဋ်အထိပ်မှ ဖြစ်သလော၊” ဟု ဆို၏။
၃၈း၇၆။ “အရှင်က မီးမှ ဖြစ်တည်စေသော တပည့်တော်သည် မြေမှ ဖြစ်တည်စေသော သူ့ထက် ပို၍ ကောင်းမွန်၏၊” ဟု သူ ဆိုသော်။-
၃၈း၇၇။ အရှင်က မိန့်သည်မှာ “သင်သည် ထိုမှ ထွက်သွားလော့၊ သင်သည် ပစ်ထုတ်ခံရသူတို့မှ ဖြစ်၏။
၃၈း၇၈။ စီရင်ဆုံးဖြတ်မည့်နေ့ ကာလတိုင် သင့်အား ငါ့ မေတ္တာဝေးစေပြီ၊” ဟု ဖြစ်၏။
၃၈း၇၉။ သူက “အို- ကံကြမ္မာရှင်၊ တပည့်တော်အား နိုးကြွစေရသည့်နေ့ ကာလအထိ စောင့်ကြည့်ခွင့် ပေးပါ၊” ဟု ဆို၏။
၃၈း၈၀။ အရှင်က “သင့်အား စောင့်ကြည့်နေခွင့် ရသူတို့မှ ဖြစ်စေပြီ။
၃၈း၈၁။ အသိပေးပြီး ရက်ချိန်းနေ့အထိ ဖြစ်သည်၊” ဟု မိန့်၍။-
၃၈း၈၂။ သူ ပြန်ပြောသည်မှာ “အရှင်၏ ဘုန်းတန်ခိုးတော်အားဖြင့် တပည့်တော်သည် သူတို့အားလုံးကို တိမ်းပါးစေပါမည်။
၃၈း၈၃။ သူတို့မှ အရှင့်အား သန့်သန့်စင်စင် ကိုးကွယ်သော သူသည်သာ ကင်း၏၊” ဟု ဖြစ်၏။
၃၈း၈၄။ အရှင် မိန့်သည်မှာ “ဤသည်မှာ အမှန်တရားပင်၊ ငါ ဆိုသော အမှန်တရား ဟူမူကား။-
၃၈း၈၅။ သင်နှင့် သူတို့အနက်မှ သင့်အား လိုက်နာသူတို့ အားလုံးကို ငရဲဘုံ၌ ဖြည့်မည်၊” ဟု ဖြစ်၏။
၃၈း၈၆။ ဟောလော့၊ “ကျွန်ုပ်သည် သင်တို့ထံမှ အကျိုး ဆုလာဘ်ကို မတောင်းချေ၊ ကျွန်ုပ်သည် လခစား ဝန်ထမ်းလည်း မဟုတ်ချေ။
၃၈း၈၇။ ဧကန်ပင် ထိုအမှန်တရားသည် လောကခပ်သိမ်းအတွက် သတိပေး တရားတော် ဖြစ်၏။
၃၈း၈၈။ ကာလတစ်ခုပြီးနောက် ထိုသတင်းကို သင်တို့ သိလာကြမည်ပင်။”
ဓမ္မခန္ဓာ (၃၈) ဤတွင် ပြီး၏။
၃၉း၁။ ချမှတ်ပေးသော ကျမ်းတော်သည် ဘုန်းတော်ရှင်၊ ဓမ္မသတ်ရှင် ဖြစ်သော ပရမတ်ဘုရားရှင်၏ထံမှ ဖြစ်၏။
၃၉း၂။ ဧကန်ပင် သင့်ထံ၌ ကျမ်းတော်အား ပရမတ္ထသစ္စာဖြင့် ငါ ချမှတ်ပေး၏၊ သို့ဖြစ်၍ ပရမတ်ဘုရားရှင်အား အမှုတော် ဆောင်လော့၊ သာသနာတော်သည် အရှင့်အတွက် သီးသန့် ဖြစ်စေလော့။
၃၉း၃။ သန့်ရှင်း စင်ကြယ်သော သာသနာမှာ ပရမတ်ဘုရားရှင်၏ အချုပ်အခြာ၌ ရှိ၏၊ အရှင်မှလွဲ၍ အားကိုးရသူများ ရှိသည်ဟု အယူထားသော သူတို့က ၎င်းတို့ကို ကိုးကွယ် ဆည်းကပ်ခြင်းမှာ ပရမတ်ဘုရားရှင်၏ထံသို့ ချဉ်းကပ်မှု အတွက် ဆောင်ကြဉ်းပေးစေရန်ဟု ဖြစ်၏၊ ပရမတ်ဘုရားရှင်သည် သူတို့၏အကြား၌ ကွဲလွဲမှုများကို စီရင်ထုံး ပြုတော်မူလတ္တံ့၊ ဧကန်ပင် ပရမတ်ဘုရားရှင်သည် လိမ်ညာသူ၊ ဖုံးကွယ်မှောင်ချသူအား လမ်းညွှန်တော် မမူချေ။
၃၉း၄။ အကယ်၍ ပရမတ်ဘုရားရှင်သည် ကိုယ်ပွား ယူထားလိုသော် အရှင်၏ ဖြစ်တည်ပေးသည့် စံချိန်ပြည့်ရာများမှ ရွေးချယ်နိုင်၏၊ အရှင်သည် ဦးထိပ်ထားရာ ဖြစ်၏၊ အရှင်သည် တစ်ဆူတည်း ဖူးခြာ ပရမတ်ဘုရားရှင် ဖြစ်တော်မူ၏။
၃၉း၅။ အရှင်သည် မိုးများနှင့် မြေကမ္ဘာအား မှန်ကန် ညီညွတ်စွာ ဖြစ်တည်စေ၏၊ အရှင်သည် နေ့ကို ညအပေါ်သို့ လှိမ့်ပတ်စေ၍ ညကို နေ့အပေါ်သို့ လှိမ့်ပတ်စေ၏၊ သတ်မှတ်ကာလ အချိန်၊ စီးကြောင်း ကိုယ်စီဖြင့် နေနှင့် လအား အသုံးခံ ဖြစ်စေ၏၊ ဧကန်မလွဲ အရှင်သည် ဘုန်းတော်အရှင်၊ လွတ်ငြိမ်းစေသောအရှင် ဖြစ်၏။
၃၉း၆။ ငါသည် သင်တို့အား စရိုက် တစ်မျိုးတည်းမှ ဖြစ်တည်စေ၏၊ ထို့နောက် ၎င်းမှ ၎င်း၏ စုဖွဲ့ဖေါ်ကို စီစဉ်တော်မူ၏၊ ထို့နောက် ငါသည် သင်တို့အတွက် ကပ္ပိယ တိရိစ္ဆာန် ရှစ်စုံကို ချမှတ်ပေးတော်မူ၏၊ အရှင်သည် သင်တို့အား သင်တို့ မိခင်များ၏ ဝမ်းကြာတိုက်တွင်း ဖြစ်တည်စေပြီးနောက် အမှောင်ဆင့် သုံးဆင့်အတွင်း ဖြစ်တည်စေ၏၊ ထိုအရှင်သည် ပရမတ်ဘုရားရှင်၊ သင်တို့၏ ကံကြမ္မာရှင်၊ ဩဇာအာဏာ တည်ရာအရှင် ဖြစ်၏၊ အရှင်မှအပ အခြား ဘုရားဟူ၍ မရှိပြီ၊ သို့ပါလျက် မည်သို့ ဘက်လှည့်နေကြသနည်း။
၃၉း၇။ သင်တို့က ဖုံးကွယ်ကြလျှင်လည်း ပရမတ်ဘုရားရှင်သည် ဧကန်ပင် ကုံလုံ ပြည့်စုံတော်မူ၏၊ သို့သော် ဖုံးကွယ်ထားမှုသည် အမှုတော်ဆောင်များ အတွက် ကျေနပ် နှစ်သက်ရာ မဟုတ်ချေ၊ သင်တို့သည် ကျေးဇူး သိတတ်လျှင် သင်တို့ကို ကျေနပ် နှစ်သက်တော်မူ၏၊ မိမိအတွက် ဝန်ထမ်းနေရသူသည် အခြားသူ၏ ဝန်အား မထမ်းပေးနိုင်ချေ၊ သင်တို့သည် ကံကြမ္မာရှင်၏ထံသို့သာ အပြန် ခရီးရှိ၏၊ ထိုအခါ သင်တို့ ကျင့်ကြံလေ့ ရှိခဲ့သည်များကို သင်တို့အား သတင်း ထုတ်ပြန်တော်မူလတ္တံ့၊ ဧကန်ပင် အရှင်သည် သင်တို့၏ ရင်တွင်း ခံစားချက်များအားဖြင့် သိနေသောအရှင် ဖြစ်၏၊
၃၉း၈။ လူသားအား ဆိုးကျိုး ထိသက်သောအခါ သူသည် ကံကြမ္မာရှင်ကိုသာ ဘက်လှည့်၍ အရှင့်ထံ၌ ဆုတောင်း၏၊ ထိုနောက် သူ့အား ဂုဏ်ပေး နှစ်သိမ့်သောအခါ သူသည် ရှေ့အလျင်က အရှင့်ဘက်သို့ ဘက်လှည့် ဆုတောင်းလေ့ ရှိသည်ကို မေ့ပစ်၍ အရှင်၏ လမ်းစဉ်မှ လွဲဖယ်စေသော အရှင်နှင့် တစ်ဂိုဏ်းတည်း ထားရာများကို စီစဉ်တော့၏၊ ဟောလော့၊ “ဖုံးကွယ်ခြင်းဖြင့် အနည်းငယ် ပျော်နေကြလော့၊ သင်သည် အပူမီး၏ ပေါင်းဖေါ်များသာ ဖြစ်၏။”
၃၉း၉။ နာခံလျက်၊ ည၏ အချိန်များ၌ ဦးချလျက်၊ မတ်မတ်ရပ်လျက်၊ နောင်ဘဝအား သတိထားသူ၊ သို့တည်းမဟုတ် ကံကြမ္မာရှင်၏ထံမှ ကရုဏာတော်အား မျှော်ကိုးသူ ဖြစ်သလော၊ ဟောလော့၊ “သိနေသောသူနှင့် မသိသောသူ၊ တူညီသလော၊” သဘောပေါက်နိုင်စွမ်း ရှိသူတို့သည်သာ ဆင်ခြင်သတိ ရှိကြ၏။
၃၉း၁၀။ ဟောလော့၊ “အို- ယုံကြည်သော အမှုတော်ဆောင်တို့၊ သင်တို့၏ ကံကြမ္မာရှင်အား စည်းစောင့်ကြလော့၊ ဤလောကကို သုမင်္ဂလာပြုသော သူတို့အတွက် သုမင်္ဂလာသည် ရှိ၏၊ ပရမတ်ဘုရားရှင်၏ ကမ္ဘာဂြိုလ်အား ဖြန့်ကျက် ပေးထား၏၊ ဧကန်ပင် သည်းခံပါရမီ ပြီးပြည့်စုံသူတို့၏ အကျိုးဆုလာဘ်မှာ စာရင်းအင်းမဲ့ ဖြစ်၏။
၃၉း၁၁။ ဟောလော့၊ “သာသနာတော်သည် အရှင့်အတွက် သီးသန့် ဖြစ်စေလျက် ပရမတ်ဘုရားရှင်အား ကိုးကွယ်ရန်ကိုသာ ကျွန်ုပ်အား ညွှန်ကြား၏။
၃၉း၁၂။ ဦးဦးဖျားဖျား ငြိမ်းချမ်းရေးပြုသူ ဖြစ်ရန်လည်း ကျွန်ုပ်အား ညွှန်ကြား၏။”
၃၉း၁၃။ ဟောလော့၊ “ကံကြမ္မာရှင်အား အာခံမိလျှင် ဝဋ်ကြွေးသင့်မည့် နေ့ကြီးအား ကျွန်ုပ် စိုးကြောက်၏။”
၃၉း၁၄။ ဟောလော့၊ “ကျွန်ုပ်သည် ပရမတ်ဘုရားရှင်အား ကိုးကွယ်၏၊ သာသနာတော်အား အရှင့်အတွက် သီးသန့် ဖြစ်စေ၏။
၃၉း၁၅။ သို့ဖြစ်၍ အရှင်မှလွဲ၍ သင်တို့ စံချိန်ထားရာကို သင်တို့ ကိုးကွယ်ကြလော့၊” “ရပ်တည်ရမည့် နေ့ကာလ၌ မိမိ၏ စရိုက်များ၊ မိမိ၏ ဝိုင်းသားများအား ဆုံးရှုံးစေသော သူသည် ဆုံးရှုံးရသူ ဧကန် ဖြစ်၏၊ ဧကန်မလွဲ ထိုသူသည် ရှင်းလင်း ထင်ရှားသော ဆုံးရှုံးသူ ဖြစ်ရ၏၊” ဟု ပြောလော့။
၃၉း၁၆။ သူတို့အပေါ်မှ အရိပ်၊ သူတို့အောက်မှ အရိပ်များမှာ သူတို့အတွက် အပူမီးမှ ဖြစ်၏၊ ပရမတ်ဘုရားရှင်သည် ၎င်းအားဖြင့် အရှင်၏ အမှုတော်ဆောင်များ ကို စိုးကြောက်စေ၏၊ အို- အမှုတော်ဆောင်တို့၊ ငါ့အား စည်းစောင့်ကြကုန်လော့။
၃၉း၁၇။ မိစ္ဆာအယူအား ကိုးကွယ်ခြင်းမှ ကင်းသန့်လျက် ပရမတ်ဘုရားရှင်ထံသို့ ဘက်လှည့်သောသူများ- ထိုသူတို့အတွက် သတင်းကောင်းသည် ရှိ၏၊ သို့ဖြစ်၍ ငါ၏ အမှုတော်ဆောင်တို့အား သတင်းကောင်းပါးလော့။
၃၉း၁၈။ သူတို့သည် စကားတော်ကို နားထောင်ကြ၏၊ တင့်တင့်တယ်တယ် လိုက်နာကြ၏၊ သူတို့သည် ပရမတ်ဘုရားရှင်၏ လမ်းညွှန်ပေးခြင်း ခံရသူများ ဖြစ်၏၊ သူတို့သည် သဘောပေါက်နိုင်စွမ်း ရှိသူများ ဖြစ်ကြ၏။
၃၉း၁၉။ မှန်ကန်သော တရားတော်အလျောက် ဝဋ်ကြွေးသင့်ခံရသူ၊ ထိုသူအား သင်သည် အပူမီးမှ ကယ်ဆယ်နိုင်သလော။
၃၉း၂၀။ သို့ရာတွင် ကံကြမ္မာရှင်အား စည်းစောင့်သောသူ၊ ထိုသူတို့အတွက် လုံးချင်းအိမ် အထပ်ထပ် တည်ဆောက်ထားသော လုံးချင်းအိမ်ရာ ရှိ၏၊ အောက်ခင်း၌ စမ်းချောင်းရေသွင် စီးဆင်းနေစေ၏၊ ဤသည် ပရမတ်ဘုရားရှင်၏ ကတိတော် ဖြစ်၏၊ ပရမတ်ဘုရားရှင်သည် ကတိတော်အား ပေါ့လျော့ထားသည် မဟုတ်ချေ။
၃၉း၂၁။ ဧကန်ပင် ပရမတ်ဘုရားရှင်သည် ကောင်းကင်ယံမှ ရေကို ချပေးတော်မူ၍ ၎င်းကို မြေအောက် ရေအိတ်များသို့ ဝင်စေခြင်း၊ ထို့နောက် ၎င်းအားဖြင့် အသွေးအရောင်များ ကွဲပြားသော စိုက်ခင်းများ ပေါက်စေခြင်း၊ ထို့နောက် တစ်စစ သင်မြင်ရသော အရွက်ဝါများ ဖြစ်လာခြင်း၊ ထို့နောက် အမှိုက်စများ ဖြစ်ရန် စီစဉ်ခြင်း၊ တို့ကို မရှုစားမိသလော၊ ဧကန်ပင် ဤ၌ သဘောပေါက်နိုင်စွမ်း ရှိသူတို့အတွက် သတိပေး တရားတော် ဖြစ်၏။
၃၉း၂၂။ သန္တိသုခလမ်းစဉ်အတွက် ပရမတ်ဘုရားရှင်က ရင်ကို ကျယ်ဝန်းစေ၍ ကံကြမ္မာရှင်၏ထံမှ အလင်းတော်ပေါ်၌ ရှိသူ ဖြစ်သလော၊ သို့ဖြင့် ပရမတ်ဘုရားရှင်၏ သတိပေး တရားအတွက် နှလုံးသား ခက်ထန်သူတို့သည် ပျက်စီးရလတ္တံ့၊ သူတို့သည် ရှင်းလင်း ထင်ရှားစွာ လွဲချော်နေကြ၏။
၃၉း၂၃။ ပရမတ်ဘုရားရှင်သည် အတင့်တယ်ဆုံး ဆင်တူ မဏ္ဍိုင်များဖြင့် ဆင့်ပြန်ချက် ကျမ်းတော်ကို ချမှတ်ပေးတော်မူပြီ၊ ကံကြမ္မာရှင်အား ကြောက်ရွံ ရိုကျိုးသော သူတို့၏ အရေပြားတွင် ၎င်းကြောင့် ကြက်သီးမွေး ညင်းထစေ၏၊ တဖန် သူတို့၏ အရေပြား၊ သူတို့၏ နှလုံးသားသည် ပရမတ်ဘုရားရှင်၏ သတိပေး တရားတော်ဆီသို့ ပျော့ပြောင်း တိမ်းညွတ်လာ၏၊ ဤသည် ပရမတ်ဘုရားရှင်က စံချိန်ပြည့်သူအား လမ်းညွှန်သည့် လမ်းညွှန်ချက်ပင် ဖြစ်၏၊ ပရမတ်ဘုရားရှင်က လမ်းလွဲစေသူအား သူ့အတွက် လမ်းညွှန် မရှိချေ။
၃၉း၂၄။ ရပ်တည်ရမည့်နေ့ ကာလ၏ အကုသိုလ် ဝဋ်ကြွေးအား မျက်မှောက်ပြု စည်းစာင့်သူ ဖြစ်သလော၊ အမိုက်ကောင်တို့အား “သင်တို့ ကျင့်ဆောင်လေ့ ရှိခဲ့သည်တို့အား မြည်စမ်းကြကုန်လော့၊” ဟု ပြောဆိုလတ္တံ့။
၃၉း၂၅။ သူတို့၏ ရှေ့အလျင် ဖြစ်သူများလည်း ငြင်းဆန်ခဲ့ကြပြီ၊ သို့ဖြစ်၍ သူတို့ထံသို့ ဝဋ်ကြွေး ဆိုက်ရောက်လေပြီ၊ မည်သည့်နေရာမှ ဆိုသည်ကို သတိမမူမိနိုင်ချေ။
၃၉း၂၆။ သို့ဖြစ်၍ ပရမတ်ဘုရားရှင်က သူတို့အား ဤလောကီဘဝ၌ အရှက်ရစေခြင်းကို မြည်းစမ်းစေပြီ၊ နောင်ဘဝ၏ ဝဋ်ကြွေးသည် သာလွန်ကြီးမား၏၊ သိနိုင်ကြပါလေစ။
၃၉း၂၇။ မုချပင် လူသားတို့အတွက် သူတို့ ဆင်ခြင် သတိရှိအံ့ငှာ ဤ ကုရ်အာန်၌ ပမာကိုယ်စီဖြင့် ငါ ဥပမာပေး၏။
၃၉း၂၈။ ကုရ်အာန်သည် အာရ်ဗီ ဘာသာဖြင့် ဖြစ်၏၊ ကောက်ကျစ်ခြင်း ကင်း၏၊ သူတို့ စည်းစောင့်အံ့ငှာ ဖြစ်၏။
၃၉း၂၉။ ပရမတ်ဘုရားရှင်က ပမာတစ်ခု ဥပမာပေးသည်မှာ ဖက်စပ်လုပ်လျက် ရန်ဖြစ်နေရသော လူသားသည် လူသား တစ်ဦးတည်း၏ ငြိမ်းချမ်းမှုရှိသော လူသားကဲ့သို့ ဖြစ်သလော၊ ပရမတ်ဘုရားရှင်အား ရည်သန် စူးစိုက်လော့၊ အမှန်မှာ သူတို့မှ အများစုသည် သိကြသည် မဟုတ်ချေ။
၃၉း၃၀။ အသင်သည် ခန္ဓာဝန် ချရမည်သာတည်း၊ သူတို့လည်း ကံကုန်ရမည် သာတည်း။
၃၉း၃၁။ တဖန် သင်တို့သည် ရပ်တည်ရမည့် နေ့ကာလတွင် သင်တို့၏ ကံကြမ္မာရှင်ထံပါး၌ အချေအတင် ဖြစ်ရမည်ပင်။
၃၉း၃၂။ ပရမတ်ဘုရားရှင်နှင့် စပ်လျဉ်း၍ ငြင်းဆန်သူ၊ ဖြောင့်မှန်ခြင်းတရား ရောက်လာသောအခါ ငြင်းဆန်သူထက် မည်သူက ပို၍ အမိုက်စီးဘိသနည်း၊ ဖုံးကွယ်သူတို့အတွက် တည်းခိုရာသည် ငရဲဘုံ၌သာ မဟုတ်တုံလော။
၃၉း၃၃။ ဖြောင့်မှန်ခြင်းဖြင့် ရောက်လာ၍ ဖြောင့်မှန်ခြင်း၌ ရှိသူ၊ ထိုသူတို့သည် စည်းစောင့်သူများ ဖြစ်ကြ၏။
၃၉း၃၄။ သူတို့အတွက် စံချိန်ပြည့်ရာသည် ကံကြမ္မာရှင်၏ ထံပါး၌ ရှိ၏၊ ဤသည် သုမင်္ဂလာပြုသူတို့အား အစားပေးမှုပင်။
၃၉း၃၅။ ပရမတ်ဘုရားရှင်သည် သူတို့၏ အကုသိုလ် ကျင့်ကြံမိသည်များကို ဖုံးကွယ် ပေးတော်မူမည်၊ သူတို့၏ တင့်တင့်တယ်တယ် ကျင့်ကြံလေ့ ရှိခဲ့သည်များကိုသာ ဆုလာဘ်အဖြစ် အစားပေးတော်မူမည်ပင်။
၃၉း၃၆။ ပရမတ်ဘုရားရှင်သည် အရှင်၏ အမှုတော်ဆောင်အတွက် မလုံလောက်လေသလော၊ သို့တိုင် အရှင်မှလွဲ၍ သူတို့၏ အားကိုးသူများဖြင့် သင့်အား ခြိမ်းခြောက်၏၊ ပရမတ်ဘုရားရှင်က လမ်းလွဲစေသူအား သူ့အတွက် လမ်းညွှန် မရှိချေ။
၃၉း၃၇။ ပရမတ်ဘုရားရှင်က လမ်းညွှန်သူ- သူသည် လွဲမှားစေသူမှ မဟုတ်ချေ၊ ပရမတ်ဘုရားရှင်သည် ဘုန်းတော်ရှင်၊ တန်ပြန်စေသောအရှင် မဟုတ်တုံလော။
၃၉း၃၈။ သင်က မိုးများနှင့် မြေကမ္ဘာအား အဘယ်သူက ဖြစ်တည်စေနည်းဟု မေးသော် “ပရမတ်ဘုရားရှင်သာ ဖြစ်၏၊” ဟု ပြောကြလိမ့်မည်၊ ဟောလော့၊ “သို့ ဖြစ်လျှင် ပရမတ်ဘုရားရှင်မှလွဲ၍ သင်တို့ ဆုတောင်းနေကြသည်များကို မြင်ကြသလော၊ အကယ်၍ ပရမတ်ဘုရားရှင်က ကျွန်ုပ်အား ဥပဒ်သက်စေလိုလျှင် သူတို့က ထိုဥပဒ်မှ ဖယ်ရှားပေးနိုင်မည်လော၊ အကယ်၍ အရှင်က ကျွန်ုပ်အား ကရုဏာတော် မြင်တွေ့စေလိုလျှင် သူတို့က ထိုကရုဏာတော်အား ဆိုင်းထားနိုင်သလော၊” ဟော လော့၊ “ပရမတ်ဘုရားရှင်သည် ကျွန်ုပ်အတွက် စာရင်းချုပ်ဖြစ်၏၊ ကိုးစားသူတို့သည် အရှင့်ကိုသာ ကိုးစားကြကုန်၏။”
၃၉း၃၉။ ဟောလော့၊ “အို- ကျွန်ုပ်၏ လူမျိုးတို့၊ သင်တို့ နေသားကျပြီးအတိုင်း ကျင့်ကြံကြလော့၊ ကျွန်ုပ်သည်လည်း ကျင့်ကြံနေ၏၊ မကြာမီ သိကြရမည်မှာ။-
၃၉း၄၀။ မည်သူအား အရှက်ကွဲခြင်း ဝဋ်ကြွေးကို ဆိုက်ရောက်စေ၍ သူ့အား မလွတ်ကျွတ်သော ဝဋ်ကြွေး၌ ဘောင်ဝင်စေသနည်း။”
၃၉း၄၁။ ဧကန်ပင် ငါသည် လူသားများအတွက် ကျမ်းတော်ကို သင့်ထံ၌ ပရမတ္ထသစ္စာဖြင့် ချမှတ်ပေး၏၊ လမ်းညွှန်လိုက်သူသည် သူ့စရိုက်အတွက် ဖြစ်၍ လမ်းလွဲလိုက်သူသည် သူ့ကိုယ်သူ လမ်းလွဲစေခြင်းသာ ဖြစ်၏၊ သင်သည် သူတို့၏ ကိုးစားခံရသူ မဟုတ်ချေ။
၃၉း၄၂။ ပရမတ်ဘုရားရှင်သည် ဉာဉ်စရိုက်အား ၎င်း၏ သေသည် မဟုတ်သော သေခြင်းဖြင့် အိပ်စက်နေစဉ်၌ အားပြည့်စေ၍ ထိန်းထားတော်မူ၏၊ ၎င်းအပေါ်၌ သေခြင်းကို ဆုံးဖြတ်ပြီးသော် ထိုမှအပ အခြားတို့ကို သတ်မှတ်ကာလ အချိန်ထိ စေစားထားတော်မူ၏၊ စဉ်းစား သုံးသပ်သော လူမျိုးအတွက် ဤ၌ နိမိတ် လက္ခာရပ် ရှိနေ၏။
၃၉း၄၃။ သို့တည်းမဟုတ် ပရမတ်ဘုရားရှင်မှ လွဲ၍ အမျှဝေ ပေးနိုင်သူ ရှိ၏၊ ဟု အယူထားနေကြသလော၊ ဟောလော့၊ “မည်သည်မှ မဟုတ်၊ သူတို့၌ အစိုးရနိုင်ခြင်း တစ်စုံတစ်ရာ မရှိ၊ အတွေးအခေါ်လည်း မရှိချေ။”
၃၉း၄၄။ ဟောလော့၊ “အမျှဝေပေးခွင့် အားလုံးသည် ပရမတ်ဘုရားရှင်၏ အချုပ်အခြာ၌ ရှိ၏၊ မိုးများနှင့် မြေကမ္ဘာ၏ ဩဇာအာဏာ အလုံးစုံသည် အရှင့်၏ အချုပ်အခြာ၌ ရှိ၏၊ တဖန် အရှင့်ထံသို့သာ ဦးလှည့်ကြရမည် သာတည်း။
၃၉း၄၅။ ပရမတ်ဘုရားရှင် တစ်ပါးတည်းကိုသာ သတိရစေသောအခါ နောင်ဘဝအား မယုံကြည်သော သူတို့၏ နှလုံးသားသည် ထိခိုက်ညှိုးငယ်၍ အရှင်မှလွဲသော အရာများအား သတိရစေသောအခါ သူတို့သည် သတင်းကောင်းရသူများ ဖြစ်ကြ၏။
၃၉း၄၆။ ရင့်ကျူးလော့၊ “အို- ပရမတ်ဘုရားရှင်၊ အရှင်သည် မိုးများနှင့် မြေကမ္ဘာ၊ သံသရာ၏ ဇစ်မြစ်တော် ဖြစ်ပါ၏၊ စက္ခုလွန်များနှင့် မျက်မှောက် သက်သေတို့အား သိနေသောအရှင် ဖြစ်၏၊ အရှင်သည်သာ အရှင့် အမှုတော်ဆောင်များ အကြား ကွဲလွဲလျက် ရှိသည်များကို စီရင်ထုံး ပြုပေးတော်မူပါ၏။”
၃၉း၄၇။ မိုက်ကြေးခွဲသော သူတို့တွင် မြေကမ္ဘာ၌ အားလုံးကို ပိုင်ဆိုင်လျက် ၎င်းနှင့်အတူ ထိုပမာဏ ရှိငြား၍ သူတို့က ရပ်တည်ရမည့်နေ့ ကာလမှ ဖေါ်ပြသော အကုသိုလ် ဝဋ်ကြွေးအတွက် ၎င်းဖြင့် လျောကြေးပေးလိုသော်လည်း သူတို့အတွက် ပရမတ်ဘုရားရှင်၏ထံ၌ သူတို့ မစဉ်းစားနိုင်ရာတို့ ရှိနေ၏။
၃၉း၄၈။ သူတို့အတွက် သူတို့ ကျင့်ဆောင်ခဲ့သည့် အကုသိုလ်များအား ဖေါ်ပြခံရစေလတ္တံ့၊ သူတို့ လှောင်ပြောင်လေ့ ရှိခဲ့ရာများက သူတို့အား ပိတ်ဖုံးထားလတ္တံ့။
၃၉း၄၉။ လူသားအား ဘေးဥပဒ် ထိသောအခါ သူသည် ငါ့ထံ၌သာ ဆုတောင်း၏၊ သူ့အား ငါ့ထံမှ ဂုဏ်ပေး နှစ်သိမ့်သောအခါ “ကျွန်ုပ်၏ အသိပညာကြောင့် ဤသည်ကို ဆိုက်မြိုက်ခြင်း၊” ဟု ဆို၏၊ အမှန်မှာ ၎င်းသည် စမ်းသပ်ခြင်း တစ်ရပ်သာ ဖြစ်၏၊ သူတို့မှ အများစုကြီးသည် သိကြသည် မဟုတ်ချေ။
၃၉း၅၀။ မုချပင် သူတို့၏ ရှေ့အလျင် ဖြစ်သူတို့လည်း ဤအတိုင်း ပြောခဲ့ကြ၏၊ သူတို့၏ ကျင့်ဆောင်လေ့ ရှိခဲ့ရာများသည် သူတို့အား ပြည့်စုံစေသည် မဟုတ်ချေ။
၃၉း၅၁။ ၎င်းတို့ ကျင့်ဆောင်သော အကုသိုလ်များသည် ၎င်းတို့အား ထိခိုက်၏၊ သူတို့မှ မိုက်ကြေးခွဲသော သူများ၏ ကျင့်ဆောင်ခြင်း အကုသိုလ်များသည်လည်း သူတို့အား ထိခိုက်စေလတ္တံ့၊ ၎င်းကို သူတို့ ချည့်နဲ့စေနိုင်မည် မဟုတ်ချေ။
၃၉း၅၂။ စံချိန်ပြည့်မီသူအား ပရမတ်ဘုရားရှင်က ရိက္ခာ တိုးပွားစေ၍ စည်းကြပ်မတ်ထားကြောင်း သူတို့ မသိကြသလော၊ ဧကန်ပင် ဤ၌ ယုံကြည်သော လူမျိုးအတွက် နိမိတ် လက္ခဏာရပ် ရှိနေ၏။
၃၉း၅၃။ ဟောလော့၊ “အို- မိမိစရိုက်ကို မိမိ အလွဲသုံးစားပြုမိသော သူတို့၊ ငါ၏ အမှုတော်ဆောင်တို့၊ ပရမတ်ဘုရားရှင်၏ ကရုဏာတော်အား စိတ်မပျက်ကြနှင့်၊ ပရမတ်ဘုရားရှင်သည် အပြစ်အားလုံးကို လွတ်ငြိမ်းစေတော်မူလတ္တံ့၊ အရှင်သည် လွတ်ငြိမ်းစေသောအရှင်၊ အကြင်နာရှင် ဖြစ်တော်မူ၏။
၃၉း၅၄။ သင်တို့၏ ကံကြမ္မာရှင်ဆီသို့ ဘက်လှည့်ကြလော့၊ သင်တို့ထံသို့ ဆိုက်ရောက်မည့် ဝဋ်ကြွေးမတိုင်မီ အရှင့်အတွက် ငြိမ်းချမ်းရေး ပြုကြလော့၊ ထို့နောက် အကူအညီ မရှိတော့ချေ။”
၃၉း၅၅။ သင်တို့ သတိမမူမိဘဲ သင်တို့ထံသို့ ရုတ်တရက် ဆိုက်ရောက်စေမည့် ဝဋ်ကြွေး မတိုင်မီ သင်တို့၏ ကံကြမ္မာရှင်ထံမှ ချမှတ်ပေးသည့် အတင့်တယ်ဆုံးသော အရာကို လိုက်နာကြလော့။
၃၉း၅၆။ ဉာဉ်စရိုက် တစ်ခုက “ကြေကွဲရလေခြင်း၊ ကျွန်ုပ်သည် လက်လွတ်စပယ် လုပ်မိ၍ ပရမတ်ဘုရားရှင်၏ အပြင်ဘက်မှ ဖြစ်ခဲ့ပြီ၊ ကျွန်ုပ်သည် ပျက်ရယ်ပြု သူတို့မှ ဖြစ်ခဲ့ရလေခြင်း၊” ဟု မညည်းညူရစေရန် ဖြစ်၏။
၃၉း၅၇။ သို့မဟုတ် “ပရမတ်ဘုရားရှင်က လမ်းညွှန်ခဲ့မူ ကျွန်ုပ်သည် စည်းစောင့်သူတို့မှ ဖြစ်ခဲ့မည်၊” ဟု မဆိုရစေရန် ဖြစ်၏။
၃၉း၅၈။ သို့မဟုတ် ဝဋ်ကြွေးကို မြင်ရချိန်၌ “ကျွန်ုပ်တွင် အလှည့်ပြန်ရလျှင် သုမင်္ဂလာပြုသူတို့မှ ဖြစ်ရမည်၊” ဟု မပြောရစေရန် ဖြစ်၏။
၃၉း၅၉။ အမှန်မှာ ငါ၏ သုတ်ဒေသနာများကို သင်ထံသို့ မုချ ရောက်လာစေပြီ၊ သို့သော် သင်သည် ၎င်းကို ငြင်းဆန်ခဲ့၏၊ သင်သည် မာနာကြီးနေ၏၊ သင်သည်ကား ဖုံးကွယ် မှောင်ချသူတို့မှ ဖြစ်၏။
၃၉း၆၀။ ရပ်တည်ရမည့် နေ့ကာလ၌ သင်သည် ပရမတ်ဘုရားရှင်နှင့် စပ်လျဉ်း၍ ငြင်းဆန်ခဲ့သော သူတို့၏ မျက်နှာများကို မဲပုပ်လျက် မြင်တွေ့ရမည်ပင်၊ ငရဲဘုံသည် မောက်မာသော သူတို့အတွက် တည်းခိုရာပင် မဟုတ်တုံလော။
၃၉း၆၁။ ပရမတ်ဘုရားရှင်သည် စည်းစောင့်သော သူများအား အောင်ပွဲခံ လွတ်မြောက်စေတော်မူမည်၊ သူတို့အား အကုသိုလ် သင့်စေမည် မဟုတ်ချေ၊ သူတို့သည် သောက ရောက်ရစေမည်လည်း မဟုတ်ချေ။
၃၉း၆၂။ ပရမတ်ဘုရားရှင်သည် သဗ္ဗလုံးစုံအား ဖြစ်တည်စေသောအရှင် ဖြစ်၏၊ သဗ္ဗလုံးစုံ ကိုးစားထိုက်သည့်အရှင် ဖြစ်၏။
၃၉း၆၃။ မိုးများနှင့် မြေကမ္ဘာ၏ သော့ချက်များသည် အရှင်၏ အချုပ်အခြာ၌ ရှိ၏၊ ပရမတ်ဘုရားရှင်၏ သုတ်ဒေသနာများအား ဖုံးကွယ်သောသူ၊ ထိုသူတို့သည် ဆုံးရှုံးရသူများ ဖြစ်ကြ၏။
၃၉း၆၄။ “ပရမတ်ဘုရားရှင်မှ မဟုတ်သောအရာကို ကိုးကွယ်ရန် ကျွန်ုပ်အား ညွှန်ကြားကြသလော၊ အို- ပညာမဲ့တို့၊” ဟု မေးလော့။
၃၉း၆၅။ သင့်ထံနှင့် သင့်ရှေ့အလျင် ဖြစ်သူတို့ထံသို့ အာရုံဈာန် ဖြစ်စေသည်မှာ “သင်သည် ရောပြွန်း ကိုးကွယ်လျှင် သင်၏ ကျင့်ကြံမှုသည် အချည်းနှီးသာ ဖြစ်၏၊ သင်သည် ဆုံးရှုံးရသူတို့မှ မဖြစ်စေနှင့်၊” ဟု ဖြစ်၏။
၃၉း၆၆။ အမှန်မှာ ပရမတ်ဘုရားရှင်ကိုသာ ကိုးကွယ်လော့၊ ကျေးဇူး သိတတ်သူတို့မှ ဖြစ်လော့။
၃၉း၆၇။ သူတို့သည် ပရမတ်ဘုရားရှင်အား မှန်ကန်သော ချင့်ချိန်မှုဖြင့် ချင့်ချိန်ကြသည် မဟုတ်ချေ၊ ရပ်တည်ရမည့်နေ့၌ မြေကမ္ဘာမှ အားလုံးသည် အရှင်၏ စည်းချိန်ထဲ၌ ရှိ၏၊ မိုးကောင်းကင်များအား အရှင်၏ ဩဇာဖြင့် ဆုပ်ကိုင်လျက် ရှိ၏၊ အရှင့်အား ဦးထိပ်ထားလော့၊ အရှင်သည် ရောပြွန်း ကိုးကွယ်ခံများထက် အထွဋ်အထိပ် ဖြစ်တော်မူ၏။
၃၉း၆၈။ ပုံစံ သက်ဝင်စေသောအခါ ပရမတ်ဘုရားရှင်၏ စံချိန် ပြည့်မီသူမှအပ မိုးများ၌ရှိသူ၊ မြေကမ္ဘာ၌ ရှိသူတို့သည် နားစည်ကွဲ သေနေကြလတ္တံ့၊ တဖန် ၎င်းအား နောက်တစ်ကြိမ် သက်ဝင်စေသောအခါ ရပ်လျက် စောင့်ကြည့် နေကြလတ္တံ့။
၃၉း၆၉။ ထို့နောက် မြေကမ္ဘာသည် ကံကြမ္မာရှင်၏ အလင်းတော်ဖြင့် ထွန်းလင်းရလတ္တံ့၊ မှတ်တမ်းကြီးကို ဖွင့်ချထားလျက် သတင်းတော်ဆောင်များနှင့် သက်သေ သက်ကန်များအား ရောက်လာစေလတ္တံ့၊ ထို့နောက် သူတို့အကြားတွင် မှန်ကန်ခြင်းဖြင့် ဆုံးဖြတ်တော်မူလတ္တံ့၊ သူတို့အား မိုက်ကြေးခွဲခဲ့လိမ့်မည် မဟုတ်ချေ။
၃၉း၇၀။ ဉာဉ်စရိုက် ကိုယ်စီ၏ ကျင့်ကြံခဲ့ရာသည် ပြန်ပြည့်ခံရလတ္တံ့၊ အရှင်သည် ပြုလုပ်ခဲ့သမျှကို အသိဆုံး ဖြစ်တော်မူ၏။
၃၉း၇၁။ ဖုံးကွယ်သော သူတို့အား ငရဲဘုံ အသင်းအဖွဲ့များသို့ မောင်းထည့်ခြင်း ခံရလတ္တံ့၊ သူတို့သည် ၎င်းသို့ ရောက်လာသောအခါ ၎င်း၏တံခါးများအား ဖွင့်လျက် ၎င်း၏ အစောင့်က သူတို့အား “သင်တို့၏ ကံကြမ္မာရှင်မှ သုတ်ဒေသနာများကို ဖတ်ပြရန်၊ သင်တို့ တွေ့ဆုံရမည့် ဤ နေ့ကာလအကြောင်း သင်တို့အား သတိပေးရန် သင်တို့အထဲမှ ဉာဏ်စဉ်တော်ဆောင်များ မပေးရောက်ခဲ့သလော၊” ဟု မေးသော် သူတို့က “အမှန်ပင်၊” ဟု ဆို၏၊ သို့သော် ဖုံးကွယ်သူတို့အပေါ်သို့ ဝဋ်သင့်မည်ဟု တရားတော်သည် အမှန်သစ္စာ ဖြစ်လေပြီ။
၃၉း၇၂။ ထို၌ အစဉ် ခံစားရန် တံခါးပေါက်များမှ ဝင်ကြလော့၊ မောက်မာသူတို့အတွက် အမင်္ဂလာ တည်းခိုရာပင် ဟု ပြောခံရလတ္တံ့။
၃၉း၇၃။ ကံကြမ္မာရှင်အား စည်းစောင့်သော သူတို့အား သုခဘုံ အသင်းအဖွဲ့များသို့ မောင်းထည့်ခြင်း ခံရလတ္တံ့၊ သူတို့သည် ၎င်းသို့ ရောက်လာသောအခါ ၎င်း၏ တံခါးများအား ဖွင့်လျက် ၎င်း၏ အစောင့်က သူတို့အား “သင်တို့ အပေါ်သို့ ငြိမ်းချမ်းပါစေ၊ သင်တို့သည် ကြည်ဖြူခံရသူများ ဖြစ်၏၊ သို့ဖြစ်၍ အစဉ် စံစားရန် ဝင်ရောက်ကြကုန်လော့၊” ဟု ဆိုလတ္တံ့။
၃၉း၇၄။ သူတို့က “ရည်သန် စူးစိုက်မှုအပေါင်းသည် ပရမတ်ဘုရားရှင် အဘို့ ဖြစ်ပါ၏၊ အရှင်သည် အရှင်၏ ကတိတော်ကို တပည့်တော်တို့အတွက် ဖြောင့်မှန်စေ၍ တပည့်တော်တို့အား မြေကမ္ဘာကို အမွေပေးခဲ့ပါပြီ၊ တပည့်တော်တို့သည် သုခဘုံ၌ မိမိ စံချိန်အလျောက် နေရာချရပေပြီ၊ သို့- ကျင့်ကြံသူများ အတွက် ဂုဏ်ရှိသော အကျိုးဆုလာဘ်ပင် ဖြစ်၏၊” ဟု လျှေက်တင်ကြလတ္တံ့။
၃၉း၇၅။ နိမိတ်ဆောင်တို့သည် ကံကြမ္မာရှင်အား ရည်သန် စူးစိုက် ဦးထိပ်ထားလျက် ထပ်ဆင့်ကွပ်ကဲမှု ပရဝုဏ် စည်းတွင်း၌ ရှိကြသည်ကို သင်မြင်ရလတ္တံ့၊ သူတို့၏ကြား၌ မှန်ကန် တိကျစွာ ဆုံးဖြတ်ခံရသော် “ရည်သန် စူးစိုက်မှုအပေါင်းသည် လောကခပ်သိမ်း၏ ကံကြမ္မာရှင် ဖြစ်သော ပရမတ်ဘုရားရှင် အဘို့သာတည်း၊” ဟု ရင့်ကျူးကြ၏။
ဓမ္မခန္ဓာ (၃၉) ဤတွင် ပြီး၏။
၄၀း၁။ ရည်သန် စူးစိုက်မှုတည်ရာ အရှင်၊ မြင့်မြတ်တော်မူသော အရှင်။-
၄၀း၂။ ဘုန်းတော်အရှင်၊ သိနေသောအရှင် ဖြစ်တော်မူသည့် ပရမတ်ဘုရားရှင်မှ ဤ ကျမ်းတော်အား ချမှတ်ပေး၏။
၄၀း၃။ အရှင်သည် အပြစ်များကို လွတ်ငြိမ်းစေ၏၊ ခဝါချခြင်းကို အကိုး ပြည့်စေ၏၊ ပြတ်သားစွာ ချုပ်ကိုင်နိုင်၏၊ အဆုံးမရှိ၊ အနန္တ ဖြစ်တော်မူသော အရှင်၊ အရှင်မှအပ အခြား ဘုရားဟူ၍ မရှိ၊ ခရီးပန်းတိုင်သည် အရှင့်ထံသို့သာ ဖြစ်၏။
၄၀း၄။ ဖုံးကွယ်သော သူများမှအပ မည်သူမျှ ပရမတ်ဘုရားရှင်၏ သုတ်ဒေသနာများကို စောဒက မတက်ကြချေ၊ မြို့များ၌ သူတို့၏ ဦးတည် လှုပ်ရှားနေခြင်းက သင့်အား မမြှူဆွယ်စေနှင့်။
၄၀း၅။ ၎င်းတို့မတိုင်မီ နူးဟ်၏ လူမျိုးနှင့် သူတို့နောက်ပိုင်း ဂိုဏ်းသား များစွာသည်လည်း ငြင်းဆန်ခဲ့ကြပြီ၊ သူတို့အတွက် ဉာဏ်စဉ်ဆောင်များကို သူတို့ အသိုင်းအဝိုင်း ကိုယ်စီက လုပ်ကြံကြ၏၊ ပရမတ္ထသစ္စာအား ယိုင်နဲ့စေရန် မိစ္ဆာတရားကို စွဲကိုင် စောဒက တက်ကြ၏၊ ထို့ကြောင့် သူတို့အား ငါ အရေးယူလိုက်ပြီ၊ ငါ၏ ချုပ်ကိုင်မှုသည် မည်သို့ ရှိကြသနည်း။
၄၀း၆။ သင့် ကံကြမ္မာရှင်၏ တရားတော်အား ဖုံးကွယ်သော သူတို့၏အပေါ်၌ ဤသို့ အမှန် ဖြစ်စေ၏၊ သူတို့သည် အပူမီး၏ ပေါင်းဖေါ်များ ဖြစ်ကြကုန်၏။
၄၀း၇။ ထပ်ဆင့် ကွပ်ကဲမှုကို သယ်ပိုးနေကြသော သူများနှင့် ၎င်း၏ပရဝုဏ်မှ ရှိသူများက သူတို့၏ ကံကြမ္မာရှင်အား ရည်သန်စူးစိုက် ဦးထိပ်ထားနေကြ၏၊ အရှင့်အား ယုံကြည်ကြ၍ ယုံကြည်သော သူများအတွက် လွတ်ငြိမ်းဆုပန်သည်မှာ “အို- ကံကြမ္မာရှင်၊ အရှင်၏ ကရုဏာတော်နှင့် အသိတော်သည် သဗ္ဗလုံးစုံအား ဖြန့်ကျက် နေတော်မူ၏၊ သို့ဖြစ်၍ ခဝါချသော၊ အရှင့်လမ်းစဉ်သို့ လိုက်နာသော၊ သူများကို လွတ်ငြိမ်းစေ၍ သူတို့အား ငရဲမီး ဝဋ်ကြွေးမှ ကာကွယ်တော်မူပါ။”
၄၀း၈။ “အို- ကံကြမ္မာရှင်၊ သူတို့၏ အဖေများ၊ သူတို့၏ အိမ်ထောင်ဘက်များ၊ သူတို့၏ သားမြေးများမှ ပြုပြင် ပြောင်းလဲသူများအတွက် ကတိတော်ထားသည့် တည်မြဲခြင်း သုခဘုံများသို့ ဝင်စေတော်မူပါ၊ အရှင်သည်သာ ဘုန်းတော်ရှင်၊ ဓမ္မသတ်ရှင် ဖြစ်ပါ၏။”
၄၀း၉။ “သူတို့အား အကုသိုလ်များမှ ကာကွယ်တော်မူပါ၊ အကုသိုလ်များမှ အရှင်၏ ကာကွယ်တော်မူခြင်း ခံရသူသည် ထို့နေ့တွင်ပင် အရှင်၏ ကရုဏာတော်သည် သူ့အား သက်တော်မူ၏၊ ဤသည် သူ့အဘို့ မဟာအောင်ပွဲပင်တည်း၊”ဟု ဖြစ်၏။
၄၀း၁၀။ “သင်တို့အား ယုံကြည်ခြင်းဆီသို့ ဖိတ်ခေါ်စဉ် သင်တို့က ဖုံးကွယ် လိုက်သောအခါ သင်တို့ စရိုက်ကို သင်တို့ ရွံမုန်းသည်ထက်၊ ပရမတ်ဘုရားရှင်က ပိုမို ကြီးမားစွာ ရွံမုန်းတော်မူ၏၊” ဟု ဖုံးကွယ်သော သူတို့အား ကြေညာသော်။-
၄၀း၁၁။ သူတို့က “အို- ကံကြမ္မာရှင်၊ အရှင်သည် တပည့်တော်တို့အား သေခြင်း နှစ်မျိုး၊ တပည့်တော်တို့အား ရှင်ခြင်း နှစ်မျိုး ဖြစ်စေခဲ့ပါပြီ၊ တပည့်တော်တို့၏ အပြစ်များကို မှတ်မိပါပြီ၊ ထွက်ပေါက်သို့ နည်းလမ်း ရှိပါ၏လော၊” ဟု ဆိုကြ၏။
၄၀း၁၂။ ယင်းမှာ ဧကောဒိ ပရမတ်ဘုရားရှင်ဆီသို့ သင်တို့အား ဖိတ်ခေါ်သောအခါ သင်တို့ ဖုံးကွယ် မှောင်ချကြ၍ အရှင်နှင့် ရောပြွန်း ကိုးကွယ်ခြင်းကို သင်တို့ ယုံကြည်ကြသောကြောင့် ဖြစ်၏၊ သို့ဖြစ်၍ စီရင်ထုံးသည် အထွဋ်အထိပ် ဖြစ်တော်မူသော၊ ကြီးကျယ်တော်မူသော၊ ပရမတ်ဘုရားရှင်၏ အချုပ်အခြာ၌ ရှိ၏။
၄၀း၁၃။ အရှင်သည် သင်တို့အား သုတ်ဒေသနာများကို ပြသပေးသော၊ မိုးကောင်းကင်မှ ရိက္ခာများကို ချမှတ်ပေးသော၊ အရှင် ဖြစ်၏၊ အရှင့်ထံသို့ ဘက်လှည့်သူများသည်သာ ဆင်ခြင်သတိ ရှိကြကုန်၏။
၄၀း၁၄။ သို့ဖြစ်၍ ပရမတ်ဘုရားရှင်၌ ဆုတောင်းကြလော့၊ ဖုံးကွယ်သူများ မကြိုက်သော်လည်း သာသနာတော်သည် အရှင့်အတွက် သန့်သန့် ဖြစ်စေလော့။
၄၀း၁၅။ ခင်းကျင်း ပြသခြင်းနေ့ ကာလအား သတိပေးရန် မြှောက်စားခြင်း၊ အခွင့်အလမ်းနှင့် ထပ်ဆင့်ကွပ်ကဲမှုအား ပိုင်စိုးသောအရှင်သည် အရှင်၏ ညွှန်ကြားချက်မှ ဉာဏ်စဉ်အား အရှင့် အမှုတော်ဆောင်များမှ စံချိန်ပြည့်မီသူအား ခင်းကျင်း ပေးတော်မူလတ္တံ့။
၄၀း၁၆။ ပြန်ထွက်လာရသောနေ့ ကာလ၌ သူတို့မှ တစ်စုံတစ်ရာကိုမျှ ပရမတ်ဘုရားရှင်၏ထံ၌ ထိမ်ဝှက်ထား၍ မရချေ၊ ဤနေ့ကာလကို မည်သူက အစိုးရ လေသနည်း၊ တစ်ဆူတည်း ဖူးခြာဖြစ်သော ပရမတ်ဘုရားရှင်သာ မဟုတ်ပေလော။
၄၀း၁၇။ ဉာဉ်စရိုက် ကိုယ်စီအား ကျင့်ဆောင်ခဲ့သမျှကို အစားပေးမည့်နေ့ ကာလသည် မိုက်ကြေးခွဲသောနေ့ ကာလ မဟုတ်ချေ၊ ဧကန်ပင် ပရမတ်ဘုရားရှင်သည် အချိန်နှင့် တပြေးညီ စာရင်း စစ်နေတော်မူ၏။
၄၀း၁၈။ စိတ်နှလုံးများ ချောက်ချားလျက် ယူကျုံးမရ ဖြစ်ကာ လည်မြိုထိ တရိပ်ရိပ် တက်လာရမည့်နေ့ ကာလအကြောင်းကို သတိပေးလော့၊ အမိုက်ကောင်များ အတွက် နွေးထွေးစေသူနှင့် နာခံသည့် အမျှပေးဝေနိုင်သူ ဟူ၍ မရှိချေ။
၄၀း၁၉။ အရှင်သည် မျက်လုံးများ၏ သစ္စာဖေါက်မှုနှင့် ရင်ဘတ်များ၏ ထိမ်ဝှက်ထားမှုများကို သိနေတော်မူ၏။
၄၀း၂၀။ ပရမတ်ဘုရားရှင်သည် မှန်ကန် ညီညွတ်စွာဖြင့် ဆုံးဖြတ်တော်မူ၏၊ အရှင်မှလွဲ၍ အခြားတို့၌ ဆုတောင်းနေကြ၏၊ သူတို့သည် တစ်စုံတစ်ရာကိုမျှ ဆုံးဖြတ်နိုင်ခြင်း မရှိချေ၊ ပရမတ်ဘုရားရှင် ဧကန်ပင် ထိုအရှင်သည် ကြားနေသောအရှင်၊ မြင်နေသောအရှင် ဖြစ်၏။
၄၀း၂၁။ သူတို့သည် မြေကမ္ဘာ၌ လှည့်လည် သွားလာခြင်း မရှိကြသလော၊ သို့ဖြင့် သူတို့၏ ရှေ့အလျင် ဖြစ်သောသူများ၊ နိဂုံး မည်သို့ ချုပ်ရသည်ကို ကြည့်နိုင်၏၊ ၎င်းတို့သည် သူတို့ထက် ပိုမို သန်မာစွာဖြင့် မြေကမ္ဘာ၌ အစွမ်းရှိသည့် အစဉ်အလာ ရှိခဲ့၏၊ ထို့နောက် သူတို့၏ အပြစ်များဖြင့် ပရမတ်ဘုရားရှင်က သူတို့အား အရေးယူလိုက်၏၊ သူတို့အတွက် ပရမတ်ဘုရားရှင်၏ နိယာမမှ ကာကွယ်ပေးနိုင်သူ မရှိချေ။
၄၀း၂၂။ ဤသည်မှာ သူတို့ထံသို့ သူတို့၏ ဉာဏ်စဉ်ဆောင်များသည် ရှင်းလင်းချက်များနှင့် ပေးရောက်စေပြီးသောကြောင့် ဖြစ်၏၊ သူတို့သည် ဖုံးကွယ် မှောင်ချခဲ့ကြ၏၊ သို့ဖြင့် ပရမတ်ဘုရားရှင်သည် သူတို့အား အရေးယူလိုက်ပြီ၊ ဧကန်ပင် အရှင်သည် တန်ခိုးတော်ရှင် ဖြစ်၏၊ ပြတ်သားစွာ ချုပ်ကိုင်နိုင်တော်မူ၏။
၄၀း၂၃။ မုချပင် ငါသည် သုတ်ဒေသနာများ၊ ရှင်းလင်း ထင်ရှားသော လုပ်ပိုင်ခွင့်များဖြင့် မူဆာအား စေစားသည်မှာ။-
၄၀း၂၄။ ဖာရိုး၊ ဟာမံနှင့် ကာရူးန်တို့ထံသို့ ဖြစ်၏၊ သို့သော် သူတို့က “မှော်ဆရာ၊ လူလိမ်၊” ဟုသာ ဆိုကြ၏။
၄၀း၂၅။ ငါ့ထံမှ ပရမတ္ထသစ္စာအား သူတို့ထံ ရောက်လာစေစဉ် သူတို့က “သူနှင့်အတူ ယုံကြည်သော သူများ၏ သားယောက်ျားများအား သုတ်သင်လော့၊ အမျိုးသမီးများကိုသာ အသက်ဆက်ခွင့်ပေးလော့၊” ဟု ဆို၏၊ ထိုဖုံးကွယ်သူတို့၏ ဗျူဟာသည် လွဲမှား ချွတ်ချော်ခြင်းသာ ဖြစ်လေ၏။
၄၀း၂၆။ ဖာရိုးက “ကျွန်ုပ်ကိုယ်တိုင် သုတ်သင်ရန် မူဆာအား ချန်ထားလော့၊ သူ့အား သူ့ကံကြမ္မာရှင်ထံ၌ ဆုတောင်းစေလော့၊ သူသည် သင်တို့၏ သာသနာအား လွှဲပြောင်းပစ်မည်- သို့မဟုတ် ကမ္ဘာမြေပေါ် အဖျက်လုပ်မည်ကို ကျွန်ုပ် စိုးကြောက်၏၊” ဟု ဆိုသော်။-
၄၀း၂၇။ မူဆာက “စာရင်းရှင်းရမည့်နေ့ ကာလအား မယုံကြည်သည့် မာနကြီးသူ ကိုယ်စီတို့မှ ကင်းရန် ကျွန်ုပ်သည် ကျွန်ု၏ ကံကြမ္မာရှင်၊ သင်တို့၏ ကံကြမ္မာရှင်ထံ၌ ခိုလှုံပါ၏၊” ဟု ဆို၏။
၄၀း၂၈။ ဖာရိုးမင်းဆက်မှ မိမိ၏ ယုံကြည်မှုကို ထိမ်ဝှက်ထားသော ယုံကြည်သည့် လူတစ်ဦးက ပြောသည်မှာ “လူတစ်ဦးက သူ၏ ကံကြမ္မာရှင်သည် ပရမတ်ဘုရားရှင် ဖြစ်သည်ဟု ဆို၍ သင်တို့ထံသို့ ကံကြမ္မာရှင်ထံမှ ရှင်းလင်းချက်များကို မုချ ရောက်လာစေသူအား တိုက်ခိုက်ကြမည်လော၊ သူသည် လူလိမ်ဖြစ်လျှင် သူ့ လိမ်လည်ခြင်းက သူ့ အဘို့ ဖြစ်၏၊ သူသည် ဖြောင့်မှန်သူဖြစ်လျှင် သင်တို့အတွက် သူပေးသောကတိမှ အချို့သည် သင်တို့အား ထိသက်နိုင်၏၊ ဧကန်ပင် ပရမတ်ဘုရားရှင်သည် အလွဲသုံးစားပြုသူ၊ လိမ်ညာသူအား လမ်းညွှန်တော် မမူချေ။
၄၀း၂၉။ အို- ကျွန်ုပ်၏ လူမျိုးတို့၊ ယနေ့မူကား အာဏာသည် သင်တို့အဘို့ ဖြစ်၍ ကမ္ဘာ၌ သင်တို့သည် ပေါ်ပြူလာဖြစ်ကြပြီ၊ သို့သော် ပရမတ်ဘုရားရှင်၏ အမင်္ဂလာ နိယာမသည် ကျွန်ုပ်ထို့ထံသို့ ရောက်လာခဲ့သော် မည်သူက ကူညီနိုင်အံ့နည်း၊” ဟု ဖြစ်သော် ဖာရိုးက “ကျွန်ုပ်၏ မြင်သည်ကိုသာ သင်တို့အား မြင်တွေ့စေ၏၊ ကျွန်ုပ်သည် သင်တို့အား ဖြောင့်မတ်သော လမ်းစဉ်ကိုသာ ညွှန်ပြ၏၊” ဟု ဆို၏။
၄၀း၃၀။ ယုံကြည်သောသူက ပြောသည်မှာ “အို- ကျွန်ုပ်၏ အမျိုးသားတို့၊ သင်တို့အတွက် ကျွန်ုပ် စိုးရိမ်သည်မှာ- ထိုဂိုဏ်း၊ အသင်းများ၏ နေ့ပမာ။-
၄၀း၃၁။ နူးဟ်၊ အာဒ်၊ သမူဒ်နှင့် သူတို့နောက်မှ ကျဆုံးသွားရသော လူမျိုးများ၏ အလေ့အထ များကဲ့သို့ပင် ဖြစ်၏၊ ပရမတ်ဘုရားရှင်သည် အမှုတော်ဆောင်တို့အား အဝိဇ္ဇာ သင့်စေလိုခြင်း မရှိချေ။
၄၀း၃၂။ အို- ကျွန်ုပ်၏ လူမျိုးတို့၊ သင်တို့အား ဆင့်ခေါ်မည့်နေ့ ကာလကို ကျွန်ုပ် စိုးကြောက်မိပါ၏။
၄၀း၃၃။ ထိုနေ့ကာလမှ သင်တို့သည် နောက်သို့ လှည့်ပြေးကြလတ္တံ့၊ သို့သော် သင်တို့သည် ပရမတ်ဘုရားရှင်၏ နိယာမမှ ကင်းရန် မားမား ရပ်ပေးနိုင်သူ မရှိချေ၊ ပရမတ်ဘုရားရှင်က လမ်းလွဲစေသူ၊ သူ့အတွက် လမ်းညွှန် မရှိချေ။
၄၀း၃၄။ ရှေ့အလျင်က ယူဆွဖ်သည် ရှင်းလင်းချက်များနှင့် အတူ သင်တို့ထံသို့ မုချ ရောက်လာခဲ့၏၊ သို့သော် သူရောက်လာစေခဲ့ရာ၌ သင်တို့သည် မရပ်မနား ဒွိဟ ဖြစ်နေ၏၊ သူ ကံကုန်သော်မှ “ပရမတ်ဘုရားရှင်သည် သူ၏နောက်တွင် ဉာဏ်စဉ်တော်ဆောင် မပွင့်ပေါ်စေတော့ပြီ၊” ဟု သင်တို့ ဆိုကြ၏၊ ပရမတ်ဘုရားရှင်သည် အလွဲသုံးစားပြုသူ၊ သံသယပွားသူကို ဤသို့ လမ်းလွဲနေစေ၏၊” ဟု ဖြစ်၏။
၄၀း၃၅။ သူတို့အား ဩဇာအာဏာ ပေးအပ်ခြင်းမရှိဘဲ ပရမတ်ဘုရားရှင်၏ သုတ်ဒေသနာများ၌ စောဒကတက်သော သူတို့သည် ပရမတ်ဘုရားရှင်ထံမှ၊ ယုံကြည်သော သူများ၏ထံမှ၊ ကြီးမားသော ရွံမုန်းမှုသို့ သက်ဆင်းသူများ ဖြစ်၏၊ ပရမတ်ဘုရားရှင်သည် မာနကြီးသူ၊ ပုန်ကန်သူတိုင်း၏ စိတ်နှလုံးကို ယင်းသို့ တံဆိပ်ထု ထားတော်မူပြီ။
၄၀း၃၆။ ဖာရိုးက ပြောသည်မှာ “အို- ဟာမံ၊ ရစ်ပတ် လှည့်မွှေ့ တက်ရောက်နိုင်ရန် ကျွန်ုပ်အတွက် နန်းတော် တည်ဆောက်လော့။
၄၀း၃၇။ ရစ်ပတ် လှည့်မွှေ့ ကောင်းကင်တက်လျက် မူဆာ၏ဘုရားကို ကျွန်ုပ် ဖေါ်ထုတ်လို၏၊ ကျွန်ုပ်သည် သူ့အား လူလိမ်ဟု စဉ်းစားမိ၏၊” ဟု ဖြစ်၏၊ ဤသို့ ဖာရိုး၏ အကုသိုလ် ကျင့်ကြံမှုကို သူ့ကိုယ်သူ ဖမ်းစားထားစေ၍ သူ့အား လမ်းစဉ်မှန်မှ ဖယ်ရှားထား၏၊ ဖာရိုး၏ ဗျူဟာသည်ကား ပျက်စီးဆုံးရှုံးခြင်း၌သာ ရှိ၏။
၄၀း၃၈။ ယုံကြည်သော သူက ပြောသည်မှာ “အို- ကျွန်ုပ်၏ လူမျိုးတို့၊ ကျွန်ုပ် နောက်သို့ လိုက်ကြလော့၊ ကျွန်ုပ်သည် သင်တို့အား ဖြောင့်မတ်သော လမ်းစဉ်အား ညွှန်ပြပါအံ့။
၄၀း၃၉။ အို- ကျွန်ုပ်၏ လူမျိုးတို့၊ ဤလောကီ သက်တမ်းသည် ချမ်းမြေ့ရာမျှသာ ဖြစ်၏၊ နောင်ဘဝသည်ကား အတည်တကျ ဗိမာန် ဖြစ်၏။
၄၀း၄၀။ အကုသိုလ်အား ကျင့်ကြံသူသည် ၎င်း၏ ဆတူကိုသာ အစားရစေ၍ ပြုပြင် ပြောင်းလဲမှုအား ကျင့်ကြံသူ ယောက်ျား၊ မိန်းမတို့သည် ယုံကြည်သူများ ဖြစ်၍ သူတို့အား သုခဘုံသို့ ဝင်စေကာ ထို၌ စာရင်းမဲ့ ရိက္ခာရစေလတ္တံ့။
၄၀း၄၁။ အို- ကျွန်ုပ်၏ လူမျိုးတို့၊ မည်သို့ပါနည်း၊ ကျွန်ုပ်က သင်တို့အား လွတ်မြောက်ခြင်းသို့ ဖိတ်ခေါ်၏၊ သင်တို့က ကျွန်ုပ်အား အပူမီးထဲသို့ ဖိတ်ခေါ်၏။
၄၀း၄၂။ သင်တို့က ကျွန်ုပ်ကို ပရမတ်ဘုရားအား ဖုံးကွယ်ရန်၊ ကျွန်ုပ် မသိသော အရာတို့အား အရှင်နှင့် ရောပြွန်း ကိုးကွယ်မှု ထားရန်၊ ဖိတ်ခေါ်၏၊ ကျွန်ုပ်က သင်တို့အား ဘုန်းတော်ရှင်၊ လွတ်ငြိမ်းစေသောအရှင် ဆီသို့ ဖိတ်ခေါ်၏။
၄၀း၄၃။ ဤဘဝ နောင်ဘဝအတွက် အချည်းနှီးဆီသို့ ဖိတ်ခေါ်မှုဖြင့် ကျွန်ုပ်အား ဖိတ်ခေါ်ခြင်း ရာဇဝတ်မှုကို မပြုကြနှင့်၊ ကျွန်ုပ်၏ အပြန်ခရီးမှာ ပရမတ်ဘုရားရှင် ထံသို့သာ ဖြစ်၏၊ အလွဲသုံးစား ပြုသူတို့သည် အပူမီး၏ ပေါင်းဖေါ်များသာ ဖြစ်ကြ၏။
၄၀း၄၄။ သင်တို့အား ကျွန်ုပ် ပြောသည်များကို သတိရလာလတ္တံ့၊ ကျွန်ုပ်သည် ကျွန်ုပ်၏ အရေးအရာများကို ပရမတ်ဘုရားရှင်ထံ ပုံအပ်ထား၏၊ ဧကန်ပင် ပရမတ်ဘုရားရှင်သည် အမှုတော်ဆောင်များကို မြင်နေသောအရှင် ဖြစ်၏။”
၄၀း၄၅။ သို့ဖြင့် ပရမတ်ဘုရားရှင်သည် သူ့အား ၎င်းတို့ကြံစည်သော အကုသိုလ်များမှ ကာကွယ်ထားတော်မူ၏၊ ဖာရိုး မင်းဆက်သည် အကုသိုလ် ဝဋ်ကြွေးသို့ သက်ဆင်းလေတော့၏။
၄၀း၄၆။ သူတို့အတွက် အပူမီးကို မနက်စောစောနှင့် မိုးချုပ်ချိန်ထိ ဘောင်ဝင်စေ၏၊ ရပ်တည်ရမည့်နေ့ ကာလ အခိုက်အတန့်၌ ဖာရိုးမင်းဆက်အား ပို၍ ပြင်းထန်သော ဝဋ်ကြွေးထဲသို့ ဝင်စေလော့။
၄၀း၄၇။ အပူမီးထဲ၌ စောကြောကြသည်မှာ အားနည်းသူတို့က အကြီးအကဲ ဖြစ်သူများကို “ကျွန်ုပ်တို့သည် သင်တို့၏ နောက်လိုက် ဒကာများသာ ဖြစ်၏၊ သို့ဖြစ်၍ ကျွန်ုပ်တို့အတွက် အပူမီးမှ ပင်ပန်းရကျိုးမှာ သင်တို့အတွက် ပြည့်စုံကြသလော၊” ဟု ဆိုသော်။-
၄၀း၄၈။ အကြီးအကဲ ဖြစ်သူတို့က “ကျွန်ုပ်တို့ ကိုယ်စီ ဤအထဲ၌ ရှိနေ၏၊ ပရမတ်ဘုရားရှင်သည် အမူတော်ဆောင်များ အကြား၌ စီရင်ထုံး ပြုတော်မူလေပြီ၊” ဟု ဆိုကြ၏။
၄၀း၄၉။ အပူမီးထဲမှ ဖြစ်သူများက ငရဲထိန်းတို့အား “ကျွန်ုပ်တို့အား ဝဋ်ကြွေးမှ တစ်ရက်မျှ ပေါ့ပါးစေရန် သင်တို့၏ ကံကြမ္မာရှင်ထံ၌ ဆုတောင်းပေးပါ၊” ဟု ဆိုသော်။-
၄၀း၅၀။ ၎င်းတို့က “သင်တို့ထံသို့ ရှင်းလင်းချက်များဖြင့် သင်တို့၏ ဉာဏ်စဉ်ဆောင်များကို ပေးရောက်စေခဲ့သည် မဟုတ်လော၊” ဟု ပြန်ပြောစဉ် သူတို့က “အမှန်ပင်၊” ဟု ပြောကြ၏၊ ၎င်းတို့က “သို့ဖြစ်သော်- ဖုံးကွယ်သူတို့ ဆုတောင်းသော ဆုတောင်းမှုသည် လွဲချော်နေသည်သာတည်း၊” ဟု ပြန်ပြောလတ္တံ့။
၄၀း၅၁။ ဧကန်ပင် ငါအရှင်သည် ငါ၏ ဉာဏ်စဉ်ဆောင်များနှင့် ယုံကြည်သော သူတို့အား လောကီဘဝ၌ ဖြစ်စေ၊ သက်သေ ရပ်တည်ရမည့်နေ့ ကာလ၌ ဖြစ်စေ၊ ကူညီ စောင်မတော်မူပြီ။
၄၀း၅၂။ ထိုနေ့ကာလ၌ အမိုက်ကောင်တို့၏ တောင်းပန်မှုသည် အကျိုးထူးမည် မဟုတ်ချေ၊ သူတို့အတွက် မေတ္တာဝေးစေပြီ၊ သူတို့အတွက် အကုသိုလ် ဗိမာန်သည် ရှိ၏။
၄၀း၅၃။ ငါသည် မူဆာအား လမ်းညွှန်တော်ကို ချီးမြှင့်၍ ဂျူးလူမျိုးတို့အား ကျမ်းတော်ကို အမွေပေး၏။
၄၀း၅၄။ သဘောပေါက်နိုင်စွမ်း ရှိသူတို့အတွက် လမ်းညွှန်နှင့် သတိပေး တရားတော် ဖြစ်စေ၏။
၄၀း၅၅။ သည်းခံပါရမီ ထားလော့၊ ပရမတ်ဘုရားရှင်၏ ကတိတော်သည် အမှန်သစ္စာဖြစ်၏၊ သင်၏ အပြစ်များအတွက် လွတ်ငြိမ်းဆုပန်လော့၊ ညဦးနှင့် မနက်ပိုင်း အချိန်၌ သင့်ကံကြမ္မာရှင်အား ရည်သန် စူးစိုက် ဦးထိပ်ထားလော့။
၄၀း၅၆။ သူတို့အား လုပ်ပိုင်ခွင့်များ ပေးအပ်ခြင်း မရှိဘဲလျက် ပရမတ်ဘုရားရှင်၏ သုတ်ဒေသနာများအား စောဒကတက်သော သူများသည် သူတို့၏ ရင်ဘတ်တွင်း၌ သူတို့ မဆိုက်ရောက်နိုင်သည့် ကြီးကျယ်ခြင်းသာ ရှိ၏၊ သို့ဖြစ်၍ ပရမတ်ဘုရားရှင်ဖြင့်သာ ခိုလှုံလော့၊ အရှင်သည် ကြားနေသောအရှင်၊ မြင်နေသောအရှင် ဖြစ်၏။
၄၀း၅၇။ မိုးများနှင့် မြေကမ္ဘာအား ဖြစ်တည်စေခြင်းသည် လူသားအား ဖြစ်တည်စေခြင်းထက် သာလွန် ကြီးကျယ်၏၊ သို့ရာတွင် လူသား အများစုကြီးသည် သိကြသည် မဟုတ်ချေ။
၄၀း၅၈။ ကန်းနေသူနှင့် မြင်နိုင်သူသည် ဖြစ်စေ၊ ယုံကြည်လျက် ပြုပြင် ပြောင်းလဲခြင်း ကျင့်ကြံသောသူနှင့် အကုသိုလ်ကောင်သည် ဖြစ်စေ၊ မတူညီကြချေ၊ အနည်းငယ်မျှပင် ဆင်ခြင် သတိ မရှိကြချေ။
၄၀း၅၉။ ဧကန်ပင် ထိုအခိုက်အတန့် ဆိုက်ရောက်လာနေ၏၊ ထို၌ သံသယ ဖြစ်ဘွယ် မရှိချေ၊ သို့သော် လူသားအများစုကြီးသည် ယုံကြည်ကြသည် မဟုတ်ချေ။
၄၀း၆၀။ သင်တို့၏ ကံကြမ္မာရှင်က “ငါ့ထံ၌ ဆုတောင်းကြလော့၊ ငါသည် တုံ့ပြန်တော်မူလတ္တံ့၊ ဧကန်ပင် ငါ့အား အမူတော်ဆောင်ရန် မာနကြီးနေသော သူတို့သည် ဝပ်တွား နှိမ့်ချလျက် ငရဲဘုံသို့ ဝင်ရလတ္တံ့၊” ဟု မိန့်ဆို၏။
၄၀း၆၁။ ပရမတ်ဘုရားရှင်သည် သင်တို့အတွက် ညအား ထို၌ နားနေဘို့ရာ၊ နေ့အား ခွဲခြား မြင်နိုင်ဘို့ရာ စီစဉ်ပေးသောအရှင် ဖြစ်၏၊ ဧကန်ပင် ပရမတ်ဘုရားရှင်သည် လူသားတို့အား သိက္ခာပေးသောအရှင် ဖြစ်၏၊ သို့သော် လူသား အများစုကြီးသည် ကျေးဇူး မသိတတ်ချေ။
၄၀း၆၂။ ဤသည် ပရမတ်ဘုရားရှင်၊ သင်တို့၏ ကံကြမ္မာရှင်၊ သဗ္ဗလုံးစုံအား ဖြစ်တည်စေသောအရှင်၊ ဖြစ်၏၊ အရှင်မှအပ အခြား ဘုရားဟူ၍ မရှိ၊ သို့ပါလျက် သင်တို့သည် မည်သို့ လှည့်စား ခံကြဦးမည်နည်း။
၄၀း၆၃။ ပရမတ်ဘုရားရှင်၏ သုတ်ဒေသနာတို့အား ပယ်ပစ်လေ့ရှိသူများသာ ဤသို့ လှည့်စား ခံကြရကုန်၏။
၄၀း၆၄။ ပရမတ်ဘုရားရှင်၊ အရှင်သည် သင်တို့အတွက် မြေကမ္ဘာအား အတည်ကျရာ၊ မိုးကောင်းကင်အား ထပ်ခိုးအဖြစ် စီစဉ်ပေး၏၊ သင်တို့အား ပုံစံချပေး၏၊ အတင့်တယ်ဆုံး ပုံစံဖြစ်စေ၏၊ စင်ကြယ်ရာများမှ သင်တို့အား ရိက္ခာပေး၏၊ ဤသည် ပရမတ်ဘုရားရှင်၊ သင်တို့၏ ကံကြမ္မာရှင် ဖြစ်၏၊ လောကခပ်သိမ်း၏ ကံကြမ္မာရှင် ဖြစ်သော ပရမတ်ဘုရားရှင်သည် ကျက်သရေ အပေါင်းနှင့် ပြည့်စုံ၏။
၄၀း၆၅။ အရှင်သည် နိစ္စထာဝရ ဖြစ်၏၊ အရှင်မှအပ အခြား ဘုရားဟူ၍ မရှိချေ၊ သာသနာတော်အား အရှင့်အတွက် သန့်သန့်ထား ဆုတောင်းလော့၊ လောက ခပ်သိမ်း၏ ကံကြမ္မာရှင်ဖြစ်သော ပရမတ်ဘုရားရှင်အား ရည်သန် စူးစိုက်လော့။
၄၀း၆၆။ ဟောလော့၊ “ကံကြမ္မာရှင်၏ထံမှ ရှင်းလင်းချက်များ ကျွန်ုပ်ထံသို့ ရောက်လာစေစဉ် ပရမတ်ဘုရားရှင်မှ လွဲ၍ သင်တို့ ဆုတောင်းနေသော သူတို့အား ကိုးကွယ်ခြင်းမှ ကျွန်ုပ်အား ဟန့်တားထား၏၊ လောကခပ်သိမ်း၏ ကံကြမ္မာရှင်အတွက် ငြိမ်းချမ်းရေးပြုရန် ကျွန်ုပ်အား ညွှန်ကြား၏။”
၄၀း၆၇။ ထိုအရှင်သည် သင်တို့အား မြေမှုန့်မှ၊ ထို့နောက် သုတ်ပိုးမှ၊ ထို့နောက် သွေးမျှော့ဥမှ၊ ဖြစ်တည်စေ၍ ထို့နောက် ကလေးသူငယ် အဖြစ် ထုတ်ပေးတော်မူ၏၊ ထို့နောက် အရွယ်ရောက် ရင့်ကျက်စေ၏၊ ထို့နောက် အရွယ် အိုစေ၍ သင်တို့မှ ရှေ့အလျင် သက်တမ်း ကုန်စေသူလည်း ရှိ၏၊ သတ်မှတ်ကာလ အချိန်ထိ စေ့ရောက်စေသူလည်း ရှိစေ၏၊ သင်တို့ အတွေးအခေါ် ရှိအံ့ငှာ ဖြစ်၏။
၄၀း၆၈။ ထိုအရှင်သည် နိစ္စ၊ အနိစ္စကို ဖြစ်စေသောအရှင် ဖြစ်၏၊ ညွှန်ကြားချက်အား ဆုံးဖြတ်ပြီးသော် ထိုအရာအား “ဖြစ်” ဟု မိန့်လိုက်လျင် သို့ဖြင့် ဆင့်ကဲ ပြည့်စုံ ဖြစ်လာရ၏။
၄၀း၆၉။ ပရမတ်ဘုရားရှင်၏ သုတ်ဒေသနာတို့၌ စောဒကတက်သော သူတို့အား သင် မမြင်မိသလော၊ သူတို့သည် မည်သို့ ဘက်လှည့်နေကြသနည်း။
၄၀း၇၀။ ငါစေစားသော၊ ငါ၏ ဉာဏ်စဉ်ဆောင်များအားဖြင့် ဖြစ်သော၊ ကျမ်းတော်အား ငြင်းဆန်သော သူတို့သည် မကြာမီ သိကြရလတ္တံ့။
၄၀း၇၁။ ထိုအခါ သူတို့၏ ဂုတ်ပိုးနှင့် မေးစေ့များမှ ချုပ်ကိုင်လျက် တွဲလောင်းကျစေမည်မှာ။-
၄၀း၇၂။ ရေနွေးပူထဲသို့၊ ထို့နောက် သူတို့အား အလျှံဟုန်ဟုန် မီးထဲသို့ ဖြစ်၏။
၄၀း၇၃။ ထို့နောက် သူတို့အား မေးမြန်းမည်မှာ “သင်တို့ ရောပြွန်း ကိုးကွယ်လေ့ ရှိခဲ့သော အရာများသည် အဘယ်မှာနည်း။
၄၀း၇၄။ ပရမတ်ဘုရားရှင်မှ လွဲ၍ အခြားများ ဖြစ်၏၊” ဟု ဖြစ်သော် သူတို့က “ကျွန်ုပ်တို့အား လွှဲဖယ်သွားကြပါပြီ၊ အမှန်မှာ ကျွန်ုပ်တို့သည် ရှေ့အလျင်က မည်သည့် အရာထံမှ ဆုတောင်းခဲ့ခြင်း မရှိပါ၊” ဟု ဆိုကြ၏၊ ဤသို့ ပရမတ်ဘုရားရှင်သည် ဖုံးကွယ်သူတို့အား အပါယ်သို့ ရောက်စေလတ္တံ့။
၄၀း၇၅။ ၎င်းမှာ သင်တို့သည် မြေကမ္ဘာ၌ သစ္စာမဲ့စွာ အူမြူးလျက်ရှိခြင်း၊ သင်တို့၏ ပမာမခန့် ပြုခြင်းများကြောင့်ပင်။
၄၀း၇၆။ ငရဲဘုံအား တံခါးပေါက်များမှ ဝင်ကြလော့၊ မာနကြီးနေသူများ အတွက် အမင်္ဂလာ တည်းခိုရာရှိ၏၊ ထို၌ အစဉ် ခံစားလော့။
၄၀း၇၇။ သင်သည် သည်းခံ ပါရမီထားလော့၊ ပရမတ်ဘုရားရှင်၏ ကတိတော်သည် သစ္စာတစ်ရပ် ဖြစ်၏၊ သူတို့အတွက်ထားသော ကတိမှ အချို့အား သင့်အား ပြသသည် ဖြစ်စေ၊ သို့မဟုတ် သင့်အား သက်တမ်း ကုန်စေသည် ဖြစ်စေ၊ သူတို့သည် ငါ့ထံသို့သာ ဦးလှည့် ပြန်ခဲ့ရမည်သာတည်း။
၄၀း၇၈။ သင့်ရှေ့အလျင် ဉာဏ်စဉ်ဆောင်များကို ငါ မုချ စေစားခဲ့ပြီ၊ သူတို့မှ သင့်အား ဖေါ်ပြသည်လည်း ရှိ၏၊ သူတို့မှ သင့်အား မဖေါ်ပြသည်လည်း ရှိ၏၊ ပရမတ်ဘုရားရှင်က ခွင့်မပြုဘဲ မည်သည့် ဉာဏ်စဉ်ဆောင်မျှ သုတ်ဒေသနာ တစ်ပါးကို ပေးရောက်စေနိုင်ခြင်း မရှိချေ၊ ပရမတ်ဘုရားရှင်၏ ညွှန်ကြားချက် ရောက်လာသောအခါ ၎င်းကို မှန်ကန် ညီညွတ်စွာ ဆုံးဖြတ်ပေး၏၊ မိစ္ဆာဒိဋ္ဌိတို့သည် ဆုံးရှုံး နစ်နာရလတ္တံ့။
၄၀း၇၉။ ပရမတ်ဘုရားရှင်သည် ကပ္ပိယတိရိစ္ဆာန်များအား စီစဉ်ပေးသော အရှင်ဖြစ်၏၊ ထိုမှ သင်တို့ စီးနင်းရန်၊ ထိုမှ သင်တို့ စားသုံးရန် ဖြစ်စေ၏။
၄၀း၈၀။ ထိုမှ သင်တို့အတွက် အကျိုးကျေးဇူးများလည်း ရှိစေ၏၊ ၎င်းတို့သည် သင်တို့၏ ရင်တွင်း ဆန္ဒ တပ်မက်ရာများကိုလည်း ဆိုက်ရောက်စေ၏၊ ၎င်းတို့၏ အပေါ်၌၊ သင်္ဘောများ၏ အပေါ်၌၊ ဝန် တင်ဆောင်နိုင်ကြ၏။
၄၀း၈၁။ အရှင်သည် သင်တို့အား အရှင်၏ သုတ်ဒေသနာများကို ပြသတော်မူ၏၊ ပရမတ်ဘုရားရှင်၏ မည်သည့် သုတ်ဒေသနာတော်အား သင်တို့ အကျွမ်း မဝင်လို ဖြစ်အံ့နည်း။
၄၀း၈၂။ သူတို့သည် မြေကမ္ဘာအား လှည့်ပတ်သွားလာ၍ သူတို့၏ ရှေ့အလျင် ဖြစ်သူများ နိဂုံး မည်သို့ ချုပ်ရသည်ကို မကြည့်ကြသလော၊ သူတို့သည် ၎င်းတို့ထက် ပိုမို များပြား၏၊ အစွမ်း ပို၍ သန်မာ၏၊ မြေကမ္ဘာ၌ အစဉ်အလာ ပိုရှိခဲ့၏၊ သို့သော် သူတို့၏ ကျင့်ဆောင်လေ့ရှိသည်များမှာ သူတို့အတွက် ပြည့်စုံမှု မရှိချေ။
၄၀း၈၃။ သူတို့ထံသို့ သူတို့၏ ဉာဏ်စဉ်ဆောင်များသည် ရှင်းလင်းချက်များဖြင့် ရောက်လာစဉ် သူတို့သည် သူတို့ထံ၌ ရှိသော အသိပညာ၌သာ အူမြူးနေခဲ့ကြ၏၊ သူတို့၏ ပြောင်လှောင်လေ့ ရှိရာများက သူတို့အား ပိတ်ဖုံးထားလေပြီ။
၄၀း၈၄။ အမင်္ဂလာကို မြင်ရသောအခါ သူတို့က “တပည့်တော်တို့သည် ပရမတ်ဘုရားရှင် တစ်ပါးတည်းကိုသာ ယုံကြည်ပါပြီ၊ တပည့်တော်တို့ ရောပြွန်း ကိုးကွယ်လေ့ ရှိရာများကို ဖုံးကွယ် ပစ်ပယ်ပါပြီ၊” ဟု ဆိုကြ၏။
၄၀း၈၅။ ငါ့ထံတော်မှ အမင်္ဂလာ သက်စေခြင်းအား မြင်ရသောအခါမှ ယုံကြည်ခြင်းသည် သူတို့အတွက် အကျိုးမရှိတော့ပေ၊ ၎င်းသည် အရှင်၏ အမှုတော်ဆောင်များ အတွက် ပရမတ်ဘုရားရှင်က ယခင်ကပင် သတ်မှတ်ပြီး နိယာမဖြစ်၏၊ ယင်းသို့ ဖုံးကွယ် မှောင်ချသူတို့အား ဆုံးရှုံးရစေ၏။
ဓမ္မခန္ဓာ (၄၀) ဤတွင် ပြီး၏။
၄၁း၁။ ရည်သန် စူးစိုက်မှုတည်ရာ အရှင်၊ မြင့်မြတ်တော်မူသော အရှင်။-
၄၁း၂။ ကရုဏာရှင်၊ အကြင်နာရှင်၏ထံမှ ချမှတ်ပေးသော။- ၃။ ကျမ်းတော်သည် အသိပညာ ရှိသော လူမျိုးအတွက် သုတ်ဒေသနာများကို ရှင်းလင်း ဆုံးဖြတ်သည့် အာရ်ဗီ ကုရ်အာန် ဖြစ်၍။-
၄၁း၄။ သတင်းကောင်းနှင့် သတိပေးချက် ဖြစ်၏၊ သို့သော် သူတို့မှ အများစုသည် ဘောင်ကန့်ထားလျက် မကြားနာကြချေ။
၄၁း၅။ သူတို့က “ကျွန်ုပ်တို့၏ နှလုံးသားများကို သင်၏ ဖိတ်ခေါ်ခြင်း- ထိုမှ ကွယ်ကာထား၏၊ ကျွန်ုပ်တို့၏ နားများ၌ လေးလံနေ၏၊ ကျွန်ုပ်တို့နှင့် သင်၏ကြား၌ စည်းခြားမှု ရှိနေ၏၊ သင် ကျင့်ကြံလော့၊ ကျွန်ုပ်တို့လည်း ကျင့်ကြံသူများ ဖြစ်၏၊” ဟု ဆိုကြ၏။
၄၁း၆။ ဟောလော့၊ “ကျွန်ုပ်သည် သင်တို့ကဲ့သို့ လူပုဂ္ဂိုလ်သာ ဖြစ်၏၊ သင်တို့၏ ဘုရားရှင်သည် တစ်ပါးတည်းသော ဘုရားရှင် ဖြစ်ကြောင်း ကျွန်ုပ်ထံသို့ အာရုံဈာန် ဖြစ်စေ၏၊ သို့ဖြစ်၍ အရှင့်အတွက် ရပ်တည်ချက် ရှိလော့၊ လွတ်ငြိမ်းဆုပန်လော့၊ ပျက်စီးရမည့် ရောပြွန်း ကိုးကွယ်သူများမှာ။-
၄၁း၇။ သူတို့သည် အခွန်ငွေဖြူ မပေးဆောင်ကြ၊ နောင်ဘဝ အကြောင်းကိုလည်း ဖုံးကွယ် မှောင်ချထားသူများ ဖြစ်ကြ၏။
၄၁း၈။ ဧကန်ပင် ယုံကြည်၍ ပြုပြင် ပြောင်းလဲမှု ကျင့်ကြံသောသူ၊ ထိုသူတို့အတွက် မျက်နှာ မပျက်ရသော အကျိုး ဆုလာဘ်သည် ရှိ၏။”
၄၁း၉။ ဟောလော့၊ “သင်တို့သည် မြေကမ္ဘာအား ကာလနှစ်ခုအတွင်း ဖြစ်တည်စေသော အရှင်ကို ဖုံးကွယ်ထားကြ၍ အရှင်နှင့် ဂုဏ်တု ပြိုင်ဘက်များကို စီစဉ်ကြသလော၊ အရှင်သည်ကား လောကခပ်သိမ်း၏ ကံကြမ္မာရှင် ဖြစ်၏။
၄၁း၁၀။ မေးမြန်း တောင်းဆိုသူတို့ အတွက် အလားတူ ဟန်ချက်ညီ ကာလ လေးခုအတွင်း တိုက်ကြီးများကို မြေမျက်နှာပေါ်၌ စီစဉ်ပေး၏၊ ၎င်းအား ကျက်သရေ ရှိစေ၍ ထို၌ အစားအစာများကို စည်းချိန်ချပေး၏။
၄၁း၁၁။ တဖန် အလားတူပင် အခိုးအငွေ့ဖြစ်သော ကောင်းကင်ယံသို့ ၎င်းနှင့် မြေကမ္ဘာအား “သဘောတူသည် ဖြစ်စေ၊ သဘောမတူသည် ဖြစ်စေ အတူလာကြလော့၊” ဟု မိန့်သော် ၎င်းတို့က “တပည့်တော်တို့ သဘောတူလျက် လာပါပြီ၊” ဟု လျှောက်တင်၏။
၄၁း၁၂။ သို့ဖြင့် အရှင်သည် အာကာ ခုနစ်ဆက်အား ကာလ နှစ်ခုအတွင်း အပြီးသတ်စေ၏၊ အာကာတစ်ခုစီအား သူ၏ အရေးအရာတို့အတွက် အာရုံဖြစ်စေ၏၊ လောကီ ကောင်းကင်ယံအား စတင် တောက်ပမှုများဖြင့် ဖမ်းစားထားစေ၍ စောင့်ရှောက်ထား၏၊ ယင်းသည် ဘုန်းတော်ရှင်၊ သိနေသောအရှင်၏ စည်းချိန် ချမှတ်မှုပင်တည်း။
၄၁း၁၃။ အကယ်၍ ဘောင်ကန့်ထားကြလျှင်- ဟောလော့၊ “ကျွန်ုပ်သည် သင်တို့အား သမူဒ်နှင့် အာဒ်တို့ကို ထိသော တော်လည်းသံကြီးကဲ့သို့ တော်လည်းသံကြီး အကြောင်း သတိပေးခြင်းသာ ဖြစ်၏။
၄၁း၁၄။ သူတို့ထံသို့ သူတို့၏ လက်ရှိ-မျက်မှောက်၊ သူတို့၏နောက်မှ ဉာဏ်စဉ်ဆောင်များ ရောက်လာ၍ “ပရမတ်ဘုရားရှင်မှအပ အခြား မကိုးကွယ်ကြကုန်နှင့်၊” ဟု ဆိုသော် သူတို့က “ကံကြမ္မာရှင်၏ စံချိန်ပြည့်မီသော် နတ်ဒေဝတာများကို တာဝန်ချပေးလလ္တံ့၊ သို့ဖြစ်၍ သင်တို့အား စေစားခြင်း၌ ငြင်းပယ် ဖုံးကွယ်သူများမှာ ကျွန်ုပ်တို့ ဖြစ်၏၊” ဟု ဆိုကြ၏။
၄၁း၁၅။ အာဒ်တို့မူကား မြေကမ္ဘာ၌ သစ္စာမဲ့စွာဖြင့် မောက်မာ မာန်တက်ကြ၍ “ကျွန်ုပ်တို့ထက် မည်သူက ပို၍ အစွမ်းသတ္တိ သန်မာနိုင်အံ့နည်း” ဟု ဆိုကြ၏၊ သူတို့အား ဖြစ်တည်စေသော ပရမတ်ဘုရားရှင်သည် သူတို့ထက် သာလွန်၊ အစွမ်းသတ္တိ ပို၍ သန်မာတော်မူသည်ကို သူတို့ မမြင်ကြသလော၊ သူတို့သည်ကား ငါ၏ သုတ်ဒေသနာများကို ပယ်ပစ်လေ့ ရှိကြကုန်၏။
၄၁း၁၆။ အပူလှိုင်း ဖြတ်သည့် နေ့များ၌ ဒေါသကြီးနေသော လေကို ငါ စေပို့တော်မူ၏၊ ဤလောကီဘဝ၌ သူတို့အား အရှက်ရခြင်း ဝဋ်ကြွေးကို မြည်းစမ်းရစေရန် ဖြစ်၏၊ နောင်ဘဝရှိ ဝဋ်ကြွေးသည် ပိုမို အရှက်ရစရာ ဖြစ်စေ၏၊ သူတို့သည် ကူညီခံရမည် မဟုတ်ချေ။
၄၁း၁၇။ သမူဒ်တို့မှာမူ ငါသည် သူတို့အား လမ်းညွှန်တော်မူသော်လည်း သူတို့သည်ကား လမ်းညွှန်ထက် အကန်းဘဝကို ပိုမို ချစ်ခင်စုံမက်၏၊ သူတို့၏ ကျင့်ဆောင်လေ့ ရှိသည်များကြောင့် သူတို့အား နိမ့်ကျသော ဝဋ်ကြွေး- တော်လည်း သံကြီးဖြင့် အရေးယူခြင်း ခံရပြီ။
၄၁း၁၈။ ယုံကြည်သော သူများနှင့် စည်းစောင့်လေ့ ရှိသူတို့အား ငါ လွတ်မြောက်စေတော်မူ၏။
၄၁း၁၉။ ပရမတ်ဘုရားရှင်အား စည်းဖေါက်သူတို့ကို အပူမီးဆီသို့ စုစည်းစေသော နေ့၌ သူတို့အား ရာထူးများ သတ်မှတ်လတ္တံ့။
၄၁း၂၀။ ထိုအချိန်၌ သူတို့၏ အကြား၊ သူတို့၏ အမြင်နှင့် သူတို့၏ အရေပြားတို့အား သူတို့နှင့် ဆန့်ကျင်လျက် သူတို့ ကျင့်ကြံလေ့ ရှိခဲ့သမျှကို သက်သေအဖြစ် ရောက်လာစေ၏။
၄၁း၂၁။ သူတို့က သူတို့၏ အရေပြားတို့အား “အဘယ်ကြောင့် သင်တို့က ကျွန်ုပ်တို့၏ ဆန့်ကျင် သက်သေ ဖြစ်ကြသနည်း၊” ဟု မေးသော် ၎င်းတို့က “သဗ္ဗလုံးစုံအား စကားပြောစေသော ပရမတ်ဘုရားရှင်က ကျွန်ုပ်တို့အား စကား ပြောစေပြီ၊ အရှင်သည် သင်တို့အား ပထမအကြိမ် ဖြစ်တည်စေခဲ့ပြီ၊ အရှင့်ထံသို့သာ ဦးလှည့်ပြန်လတ္တံ့၊” ဟု ပြန်ပြောကြ၏။
၄၁း၂၂။ သင်တို့သည် သင်တို့၏ အကြားအာရုံ၊ သင်တို့၏ အမြင်အာရုံ၊ သင်တို့၏ အရေပြားများက သင်တို့အား ဆန့်ကျင် သက်သေခံခြင်းမှ မပုန်းကွယ်နိုင်ခဲ့ချေ၊ သင်တို့၏ ကျင့်ကြံမှု အများစုကို ပရမတ်ဘုရားရှင်က မသိနိုင်ဟု စဉ်းစားခဲ့ကြ၏။
၄၁း၂၃။ ဤသို့ သင်တို့၏ ကံကြမ္မာရှင်အပေါ် စဉ်းစားသည့် သင်တို့၏ စဉ်းစားချက်က သင်တို့အား ကျရှုံးစေပြီ၊ သင်တို့သည် ဆုံးရှုံးရသူတို့၏ ဘောင်မှ ဖြစ်လာရ၏။
၄၁း၂၄။ သို့ဖြင့် သူတို့သည် ဇွဲနပဲ ကြီးသော်လည်း အပူမီးသည် သူတို့အတွက် တည်းခိုရာ ဖြစ်တော့၏၊ အယူခံ လျှောက်သော်လည်း သူတို့သည် အယူခံခွင့် ရှိသူများမှ မဟုတ်ချေ။
၄၁း၂၅။ ငါသည် သူတို့အတွက် သူတို့၏ လက်ရှိ-မျက်မှောက်၊ သူတို့၏ နောက်မှ ဖမ်းစားနိုင်သော အဆက်အနွယ်များကို အလုပ်ပေးထား၏၊ သူတို့၏ ရှေ့အလျင် လွန်လေပြီးသော ကလျာဏနှင့် အန္ဓပုထုဇဉ်တို့မှ အသိုင်းအဝိုင်းတို့ကဲ့သို့ သူတို့အပေါ်၌ တရားတော်မှာ အမှန် ဖြစ်ချေပြီ၊ သူတို့သည် ဆုံးရှုံးရသူတို့ပင် ဖြစ်၏။
၄၁း၂၆။ ဖုံးကွယ်သော သူတို့က “ဤကုရ်အာန်ကျမ်းကို နားမထောင်ကြနှင့်၊ သင်တို့ အနိုင်ယူနိုင်အံ့ငှာ ပွစိပွစိ လုပ်ကြလော့၊” ဟု ဆို၏။
၄၁း၂၇။ သို့ဖြစ်၍ ငါသည် ဖုံးကွယ်သော သူတို့အား ပြင်းထန်သော ဝဋ်ကြွေးကို မုချ မြည်းစမ်းစေလ္တံ့၊ အကုသိုလ် အဖြစ်ဆုံး ကျင့်ကြံမှုများ ရှိခဲ့ခြင်းကိုလည်း အစားပေးလတ္တံ့။
၄၁း၂၈။ ဤသည် စည်းဖေါက်သူများအတွက် ပရမတ်ဘုရားရှင်၏ အစားပေးမှုပင် ဖြစ်၏၊ အပူမီး- ၎င်းသည် သူတို့အတွက် ထာ၀ရ ခံစားရန် ဗိမာန်သာ ဖြစ်၍ ငါ၏ သုတ်ဒေသနာများကို ပယ်ပစ်လေ့ ရှိသောကြောင့် အစားပေးမှု ဖြစ်၏။
၄၁း၂၉။ ဖုံးကွယ်သော သူတို့က “အို- ကံကြမ္မာရှင်၊ ကလျာဏနှင့် အန္ဓပုထုဇဉ်တို့မှ တပည့်တော်တို့အား လမ်းလွဲစေခဲ့သော သူတို့အား ပြပေးတော်မူပါ၊ သူတို့အား တပည့်တော်တို့၏ ခြေဖဝါးအောက် အနိမ့်ဆုံးသို့ ဖြစ်ရန် စီစဉ်ပါမည်၊” ဟု ဆိုကြ၏။
၄၁း၃၀။ ဧကန်ပင် “ကျွန်ုပ်တို့၏ ကံကြမ္မာရှင်မှာ ပရမတ်ဘုရားရှင်သာ ဖြစ်၏၊” ဟု ပြောဆို၍ ရပ်တည်သောသူ၊ ထိုသူတို့ထံသို့ နိမိတ်ဆောင်များကို တာဝန်ချပေး၍ “မကြောက်ရွံ့ကြနှင့်၊ စိတ်မပူကြနှင့်၊ သင်တို့အတွက် ကတိတော် ရှိသော သုခဘုံအကြောင်း သတင်းကောင်းရှိလေပြီ။
၄၁း၃၁။ ကျွန်ုပ်တို့သည် သင်တို့၏ ဤ လောကီသက်တမ်းနှင့် နောင်ဘဝ၌ မဟာမိတ်များ ဖြစ်၏၊ ထို၌ သင်တို့၏ ဉာဉ် စရိုက်မှ အာသီသ ဖြစ်ရာသည် ရှိ၏၊ သူတို့အတွက် သင်တို့ ဆုတောင်းပေးသော အရာ ရှိ၏။
၄၁း၃၂။ လွတ်ငြိမ်းစေသောအရှင်၊ အကြင်နာရှင်၏ထံမှ စံစားစေခြင်း အဆင့်ဆင့် ဖြစ်၏၊” (ဟု ပြောစေပြီ။)
၄၁း၃၃။ ပရမတ်ဘုရားရှင်ဆီသို့ ဖိတ်ခေါ်ခြင်း စကားကို ဆိုသော၊ ပြုပြင် ပြောင်းလဲမှုကို ကျင့်ကြံသော၊ ကျွန်ုပ်သည် သန္တိသုခဝါဒီတို့မှ ဖြစ်၏၊ ဟု ပြောသော သူထက် မည်သူက ပိုမို တင့်တယ်အံ့နည်း။
၄၁း၃၄။ သုမင်္ဂလာပြုခြင်းသည် အကုသိုလ်နှင့် မတူညီချေ၊ သင့်ကြား၊ သူ့ကြား၊ စည်းဖေါက်သော သူအား တင့်တင့်တယ်တယ် ခုခံလော့၊ သူသည် နွေးထွေးသော မဟာမိတ် ဖြစ်လာနိုင်၏။
၄၁း၃၅။ ၎င်းကို သည်းခံ ပါရမီကြီးသော သူတို့သည်သာ မျက်မှောက်ပြုနိုင်၏၊ ၎င်းကို တာဝန်ကြီးကြီး ယူတတ်သူသာ မျက်မှောက်ပြုနိုင်၏။
၄၁း၃၆။ မကောင်းဆိုးဝါး၏ သွေးခွဲခြင်းဖြင့် သင့်အား သွေးခွဲခံရလျှင် ပရမတ်ဘုရားရှင်၏ထံ၌ ခိုလှုံလော့၊ ဧကန်ပင် အရှင်သည် ကြားနေတော်မူသောအရှင်၊ သိနေတော်မူသောအရှင် ဖြစ်၏။
၄၁း၃၇။ ညနှင့် နေ့၊ နေနှင့်လ တို့သည် အရှင်၏ နိမိတ် လက္ခဏာတော်များ အနက်မှ ဖြစ်၏၊ သင်တို့သည် နေ လ တို့အား ဦးမချကြကုန်နှင့်၊ အကယ်၍ သင်တို့သည် အရှင့်ကိုသာ ကိုးကွယ်ကြလျှင် သင်တို့အား ဖြစ်တည်စေသည့် ပရမတ်ဘုရားရှင်ကိုသာ ဦးချကြကုန်လော့။
၄၁း၃၈။ အကယ်၍ သူတို့သည် မာနကြီး နေကြလျှင်လည်း ကံကြမ္မာရှင်၏ အပါး၌ရှိသော သူတို့သည်ကား ည၊ နေ့၊ မပြတ် အရှင့်အား ဦးထိပ်ထားနေကြ၏၊ သူတို့သည်ကား မောပန်းသည်ဟု မရှိချေ။
၄၁း၃၉။ သင် မြင်ရသော ကျို့ငဲ့သည့် မြေကမ္ဘာ၊ သို့ဖြင့် ငါအရှင်က ထိုအပေါ်၌ ရေကို ချပေးသောအခါ ၎င်းသည် လှုပ်ခါ ဖေါင်းကြွလာခြင်းမှာ အရှင်၏ နိမိတ် လက္ခဏာတော်များ အနက်မှ ဖြစ်၏၊ ၎င်းအား ရှင်ပြန်စေသော အရှင်သည် အသေကိုလည်း ရှင်ပြန်စေသောအရှင် ဖြစ်၏၊ ဧကန်ပင် အရှင်သည် သဗ္ဗလုံးစုံအား စည်းချိန် ချမှတ်တော်မူ၏။
၄၁း၄၀။ ငါ၏ သုတ်ဒေသနာများကို လှီးလွှဲသော သူတို့သည် ငါထံတော်မှ ထိမ်ဝှက်ထားနိုင်သည် မဟုတ်ချေ၊ အပူမီး၌ ခင်းကျင်းခံရသူနှင့် သို့တည်းမဟုတ် ရပ်တည်ရမည့်နေ့၌ ယုံကြည် စိတ်ချရမှု ချီးမြှင့်ခံသူတို့၊ မည်သူက ပို၍ ကောင်းသနည်း၊ သင်တို့ စံချိန်ပြည့်ရာကို ကျင့်ကြံကြလော့၊ ဧကန်ပင် အရှင်သည် ကျင့်ကြံသမျှကို မြင်နေသောအရှင် ဖြစ်၏။
၄၁း၄၁။ သတိပေး တရားတော် သူတို့ထံသို့ ရောက်လာစဉ် သူတို့သည် ၎င်း၌ ဖုံးကွယ်သောသူတို့ ဖြစ်၏၊ ၎င်းသည်ကား ဘုန်းကံကြီးသော ကျမ်းတော်ပင်တည်း။
၄၁း၄၂။ မိစ္ဆာတရားသည် ၎င်းအား ၎င်း၏ လက်ရှိ-မျက်မှောက်၊ ၎င်း၏နောက်မှ ချဉ်းကပ်နိုင်ခြင်း မရှိ၊ ၎င်းကို ဓမ္မသတ်ရှင်၊ ရည်သန် စူးစိုက်မှုတည်ရာ အရှင်ထံမှ ချမှတ်ပေးခြင်း ဖြစ်၏။
၄၁း၄၃။ သင့် ရှေ့အလျင် ဉာဏ်စဉ်ဆောင်တို့အား မပြောဆိုခဲ့သည်ကို သင့်အား ပြောဆိုသည် မဟုတ်၊ ဧကန်ပင် သင့် ကံကြမ္မာရှင်သည် လွတ်ငြိမ်းခွင့်ကို စိုးပိုင်သောအရှင်၊ စူးနစ်စေသော ချုပ်ကိုင်မှုကို စိုးပိုင်သောအရှင် ဖြစ်၏။
၄၁း၄၄။ အကယ်၍ ငါသည် ကုရ်အာန်အား လူမျိုးခြား စကားဖြင့် စီစဉ်ပေးခဲ့သော် သူတို့က “ထိုမှ သုတ်ဒေသနာများကို အဘယ်ကြောင့် ရှင်းလင်း ဆုံးဖြတ်ချက် မရှိဘိသနည်း၊ အာရဗ်တစ်ဦးဖြင့် လူမျိုးခြားစကား ဖြစ်နေပြီ၊” ဟု ဆိုကြလတ္တံ့၊ ဟောလော့၊ “ယုံကြည်သော သူတို့အတွက် ၎င်းသည် လမ်းညွှန်နှင့် ဆေးတစ်ဖုံ ဖြစ်၏၊ မယုံကြည်သော သူတို့သည်ကား သူတို့၏ နားများ၌ လေးလံနေ၍ ၎င်း၌ သူတို့ ကန်းနေကြ၏၊ ထိုသူတို့သည်ကား ဖိတ်ခေါ်ခြင်းမှ နောက်ကျန်ရစ်ကြ၏။
၄၁း၄၅။ ငါသည် မူဆာအား ကျမ်းတော်တစ်ဆူ မုချ ချီးမြှင့်ခဲ့၏၊ သို့သော် ထို၌ ငြင်းခုံ ကွဲလွဲကြကုန်၏၊ သင့် ကံကြမ္မာရှင်ထံမှ ဓမ္မတော် မသတ်မှတ်ခဲ့ပြီးလျှင် သူတို့၏ ကြား၌ ဆုံးဖြတ်ပြီးလတ္တံ့၊ ဧကန်ပင် သူတို့သည် ဒွိဟ ဖြစ်၏၊ ထို၌ သံသယရှိ၏။
၄၁း၄၆။ ပြုပြင် ပြောင်းလဲခြင်း ကျင့်ကြံသူသည် သူ့ ဉာဉ်စရိုက်အတွက် ဖြစ်၏၊ အကုသိုလ်ပြုလျှင်လည်း သူ့အတွက်ပင် ဖြစ်၏၊ သင့် ကံကြမ္မာရှင်သည် အမှုတော်ဆောင်များအား အဝိဇ္ဇာ သင့်စေခြင်း မဟုတ်ချေ။
၄၁း၄၇။ အခိုက်အတန့်အား သိနေခြင်းသည် အရှင့်ထံသို့ ထင်ဟပ်လျက်ရှိ၏၊ အရှင် မသိဘဲလျက် မည်သည့် သီးနှံသည်မှ ၎င်း၏ အခွံထဲမှ မထွက်နိုင်၊ မည်သည့် အမသည်မှ ကိုယ်ဝန်ဆောင် သားမမွေးနိုင်ချေ၊ ငါအရှင် ခေါ်ယူတော်မူသော နေ့၌ သင်တို့က ငါနှင့် ရောပြွန်း ကိုးကွယ်ခဲ့သည် တို့သည် အဘယ်မှာနည်းဟု မေးသော် သူတို့က “အရှင့်အား တင်လျှောက်ပါ၏၊ တပည့်တော်တို့အနက် မည်သူမျှ သက်သေ သက်ကန် မဟုတ်ပါ၊” ဟု ဆိုကြလတ္တံ့။
၄၁း၄၈။ ရှေ့အလျင်က သူတို့၏ ဆုတောင်းလေ့ ရှိရာတို့သည် သူတို့အား လွှဲဖယ်သွားကြ၏၊ သူတို့၌ လွတ်လမ်း မရှိကြောင်း သူတို့ စဉ်းစားမိကြလတ္တံ့။
၄၁း၄၉။ လူသားသည် ကောင်းကျိုးကို ဆုတောင်း ပန်ထွာရာ၌ မောပန်းသည်ဟု မရှိချေ၊ သို့သော် သူတို့အား ဆိုးကျိုး ထိသက်သော် သူသည် မျှော်လင့်ခြင်းမဲ့ လက်လျော့တော့၏။
၄၁း၅၀။ သူ့အား ဆိုးကျိုး ထိသက်ပြီးနောက် ငါ့ထံမှ ကရုဏာတော်အား မြည်းစမ်းစေသောခါ သူက “ဤသည် ကျွန်ုပ်ကြောင့် ဖြစ်၏၊ ထိုအခိုက်အတန့် ရပ်နေမည်ဟု ကျွန်ုပ် စဉ်းစား၏၊ ကျွန်ုပ်၏ ကံကြမ္မာရှင်ထံသို့ ကျွန်ုပ် လှည့်ပြန်ရလျှင်ပင် အရှင့်ထံ၌ ကျွန်ုပ်သည် ပို၍ တင့်တယ်ခြင်းကို တွေ့ရလတ္တံ့၊” ဟု ဆို၏၊ ဧကန်ပင် ငါသည် ဖုံးကွယ်သော သူတို့အား သူတို့၏ ကျင့်ကြံမှုများအတွက် သတင်း ထုတ်ပြန်တော်မူလတ္တံ့၊ တိကျ ပြတ်သားသော ဝဋ်ကြွေးကို မြည်းစေလတ္တံ့။
၄၁း၅၁။ ငါက လူသားအား ဂုဏ်ပေးသောအခါ သူသည် ဘေးတိုက် ဘောင်ကန့်၍ ကင်းကင်းနေ၏၊ သူ့အား ဆိုးကျိုး ထိသက်သောအခါ သူသည် ဆုတောင်းလှိုင်လှိုင် ပြုတော့၏။
၄၁း၅၂။ ဟောလော့၊ “ဤသည် ပရမတ်ဘုရားရှင်၏ထံမှ မဟုတ်ဟု မြင်ကြသလော၊ ထို့နောက် ၎င်းကို သင်တို့ ဖုံးကွယ်ဘိသလော၊ ဂိုဏ်းခွဲ နောက်ကျန်နေသူထက် မည်သူက ပို၍ လွဲချော်ပေအံ့နည်း။”
၄၁း၅၃။ ဤသည် အမှန်တရား ဖြစ်ကြောင်း သူတို့အတွက် ရှင်းလင်းသည် အထိ မိုးကုတ်စက်ဝန်းများ အတွင်း၊ သူတို့၏ ဉာဉ်စရိုက်များ အတွင်း၊ နိမိတ် လက္ခဏာများကို သူတို့အား ငါ ပြသတော်မူလတ္တံ့၊ သင်၏ ကံကြမ္မာရှင်သည် သဗ္ဗလုံးစုံအတွက် သက်သေသက်ကန် ဖြစ်ကြောင်းသည် မလုံလောက်လေသလော။
၄၁း၅၄။ အမှန်ပင် သူတို့သည် ကံကြမ္မာရှင်အား ဖူးတွေ့ရမည်ကို အချင်းများ နေကြ၏၊ အရှင်သည်ကား သဗ္ဗလုံးစုံအား ဝန်းရံထားတော်မူလေသတည်း။
ဓမ္မခန္ဓာ (၄၁) ဤတွင် ပြီး၏။
၄၂း၁။ ရည်သန် စူးစိုက်မှုတည်ရာ အရှင်၊ မြင့်မြတ်တော်မူသော အရှင်။-
၄၂း၂။ ကုန်စင်သိ၊ ကုန်စင်ကြားနေ၍ ခပ်သိမ်းကုန်အား စည်းချိန် ချမှတ်တော်မူသောအရှင် အားဖြင့်။-
၄၂း၃။ ဤသည် ဘုန်းတော်ရှင်၊ ဓမ္မသတ်ရှင်ဖြစ်သော ပရမတ်ဘုရားရှင်၏ ထံမှ သင့်ရှေ့အလျင် ဖြစ်သူများထံကဲ့သို့ သင့်ထံသို့ အာရုံဈာန် ရစေ၏။
၄၂း၄။ မိုးများ အတွင်း၊ မြေအတွင်း၊ ရှိသမျှသည် အရှင်၏ အချုပ်အခြာ၌ ရှိ၏၊ အရှင်သည် မဟာ့ မဟာ အထွဋ်အထိပ် ဖြစ်တော်မူ၏။
၄၂း၅။ သူတို့အပေါ်မှ ကောင်းကင်များသည် အသစ် ပြန်ဖြစ်လုတွင် နိမိတ်ဆောင်တို့သည်ကား ကံကြမ္မာရှင်အား ဦးထိပ်ထားလျက် ရည်သန် စူးစိုက်နေကြ၍ မြေကမ္ဘာ၌ ရှိသူတို့အတွက် လွတ်ငြိမ်းဆု ပန်နေကြ၏၊ အမှန်သော်ကား ပရမတ်ဘုရားရှင်သည် လွတ်ငြိမ်းစေသောအရှင်၊ အကြင်နာရှင် ဖြစ်တော်မူ၏။
၄၂း၆။ ပရမတ်ဘုရားရှင်မှ လွဲ၍ မဟာမိတ်များ ရှိသည်ဟု အယူထားသော သူတို့- ထိုသူတို့အား ထိန်းကွပ်ထားတော်မူ၏၊ သင်သည် သူတို့၏ ကိုးစားခံရသူ မဟုတ်ချေ။
၄၂း၇။ သင်သည် အရပ်ဒေသတို့၏ မိခင်နှင့် ၎င်း၏ ပတ်ဝန်းကျင်၌ သတိပေးရန် ဤသို့ပင် ငါသည် သင့်ထံသို့ အာရ်ဗီ ကုရ်အာန်အား အာရုံဈာန် ဖြစ်စေခဲ့၏၊ သံသယဖြစ်ဘွယ် မရှိသော အတူစုပေါင်းရမည့်နေ့ ကာလအကြောင်း သတိပေးရန်လည်း ဖြစ်၏၊ တစ်ဖွဲ့သည် ဥယျာဉ်ဘုံထဲ၌၊ တစ်ဖွဲ့သည် မီးလောင်စာထဲ၌ ဖြစ်ရလတ္တံ့။
၄၂း၈။ ပရမတ်ဘုရားရှင်၏ စံချိန်ပြည့်မီခဲ့လျှင် အရှင်သည် သူတို့အား အသိုင်း အဝိုင်း တစ်ခုတည်းအဖြစ် စီစဉ်တော်မူခဲ့လတ္တံ့၊ သို့ရာတွင် စံချိန် ပြည့်မီသူတို့ကိုသာ ကရုဏာတော် အတွင်းသို့ ဝင်စေတော်မူ၍ အမိုက်ကောင်များ အတွက်မူ ကူညီသူ မဟာမိတ် ဟူ၍ မရှိပြီ။
၄၂း၉။ သို့တည်းမဟုတ် သူတို့သည် အရှင်မှလွဲ၍ မဟာမိတ်များ အယူထားခဲ့ကြသလော၊ ပရမတ်ဘုရားရှင်သည်သာ မဟာမိတ်ဖြစ်၍ အနိစ္စကို နိစ္စ ဖြစ်စေနိုင်သောအရှင် ဖြစ်၏၊ အရှင်သည်သာ သဗ္ဗလုံးစုံအား စည်းချိန် ချမှတ်တော်မူ၏။
၄၂း၁၀။ သင်တို့ ကွဲလွဲ ငြင်းခုံသည့်အရာ၏ ဓမ္မသတ်မှာ ပရမတ်ဘုရားရှင်၏ ထံ၌သာ ရှိ၏၊ ထိုပရမတ်ဘုရားရှင်သည် ကျွန်ုပ်၏ ကံကြမ္မာရှင် ဖြစ်၏၊ ကျွန်ုပ်သည် အရှင့်ကိုသာ ယုံပုံကိုးစား၏၊ ကျွန်ုပ်သည် အရှင့်ထံသို့ ဘက်လှည့်ပါ၏။
၄၂း၁၁။ မိုးများနှင့် မြေကမ္ဘာ၊ သံသရာ၏ ဇစ်မြစ်တော်အရှင်၊ ထိုအရှင်သည် သင်တို့အတွက် သင်တို့၏ စရိုက်တူမှပင် စုဖွဲ့ဖေါ်များကို စီစဉ်ပေး၍ တိရိစ္ဆာန်တို့အားလည်း အစုဖွဲ့များ ဖြစ်စေ၏၊ သို့ဖြင့် သင်တို့အား ပွားများစေ၏၊ တုနှိုင်းရန် တစ်စုံတစ်ရာမျှ မရှိသောအရှင်၊ ထိုအရှင်သည် ကြားနေသောအရှင်၊ မြင်နေသောအရှင် ဖြစ်၏။
၄၂း၁၂။ မိုးများနှင့် မြေကမ္ဘာ၏ သော့ချက်များသည် အရှင်၏ အချုပ်အခြာ၌ ရှိ၏၊ စံချိန်ပြည့်မီသူအား ရိက္ခာတိုးပွားစေ၍ စည်းကြပ်မတ်တော်မူ၏၊ ဧကန်ပင် အရှင်သည် သဗ္ဗလုံးစုံ သိနေသောအရှင် ဖြစ်၏။
၄၂း၁၃။ သင်တို့အတွက် ပညတ်သော သာသနာမှာ နူးဟ်အား မှာကြားခဲ့ပြီး ဖြစ်၏၊ ၎င်းအား သင့်၌ အာရုံဖြစ်စေသည်မှာ အီဗရာဟီးမ်၊ မူဆာ၊ ယေရှုတို့အား “သာသနာ၌ ရပ်တည်ကြလော့၊ ၎င်းကို မခွဲခြားပစ်ကြနှင့်၊” ဟု မှာကြားခြင်းမျိုးသာ ဖြစ်၏၊ သူတို့အား သင်၏ ဖိတ်ခေါ်ခြင်းမှာ ရောပြွန်း ကိုးကွယ်သူတို့ အတွက် ဝန် ကြီးလှချေ၏၊ ပရမတ်ဘုရားရှင်သည် စံချိန်ပြည့်မီသူအား အရှင့်ထံသို့ ရွေးချယ်တော်မူ၍ ဘက်လှည့်သူတို့အား အရှင့်ဆီသို့ လမ်းညွှန်တော်မူ၏။
၄၂း၁၄။ သူတို့ထံသို့ အသိပညာ ရောက်လာပြီးမှ သူတို့ချင်းကြား အပြစ်ရှာမှုများကြောင့် ဂိုဏ်းခွဲကြကုန်၏၊ ကာလ အချိန်တစ်ခုထိ ဟု သင့် ကံကြမ္မာရှင်၏ထံမှ ပြဌာန်းပြီး ဓမ္မတော် မသတ်မှတ်ခဲ့ပြီးလျှင် သူတို့၏ကြား ဆုံးဖြတ်ပြီးလတ္တံ့၊ သူတို့၏နောက် ကျမ်းတော်အား အမွေဆက်ခံသော သူတို့သည် ဒွိဟ ဖြစ်၏၊ ထို၌ သံသယ ရှိကြ၏။
၄၂း၁၅။ သို့ဖြစ်၍ ဖိတ်ခေါ်မှုပြုလော့၊ သင့်အား ညွှန်ကြားချက်အတိုင်း ရပ်တည်လော့၊ သူတို့၏ လိုဘများနောက်သို့ မလိုက်နာနှင့်၊ ဟောလော့၊ “ကျွန်ုပ်သည် ပရမတ်ဘုရားရှင်က ချမှတ်ပေးသည့် ကျမ်းတော်ကို ယုံကြည်၏၊ ကျွန်ုပ်တို့၏ကြား၊ သင်တို့၏ ကြား၌ တန်းတူညီမျှမှု အတွက် ညွှန်ကြား၏၊ ပရမတ်ဘုရားရှင်သည် ကျွန်ုပ်တို့၏ ကံကြမ္မာရှင်၊ သင်တို့၏ ကံကြမ္မာရှင် ဖြစ်၏၊ ကျွန်ုပ်တို့ အတွက် ကျွန်ုပ်တို့ ကျင့်ကြံရာသည် ရှိ၍ သင်တို့အတွက် သင်တို့၏ ကျင့်ကြံရာသည် ရှိ၏၊ ကျွန်ုပ်တို့ကြားနှင့် သင်တို့ကြား၌ စောကြောရန် မလိုပေ၊ ပရမတ်ဘုရားရှင်သည် ကျွန်ုပ်တို့အား အတူ စုတော်မူလတ္တံ့၊ အရှင်ထံသို့သာ ခရီးဆုံးပန်းတိုင်သည် ဖြစ်၏။”
၄၂း၁၆။ အရှင်အတွက် ဖြေကြားပြီးသည့် နောက်မှ ပရမတ်ဘုရားရှင်နှင့် စပ်လျဉ်း၍ စောကြောကြသော သူတို့၏ ငြင်းဆိုမှုသည် သူတို့၏ ကံကြမ္မာရှင်ထံပါး ၌ ပယ်ချခံရပေမည်၊ သူတို့အား ကံကြီးသင့်စေမည်သာ၊ သူတို့အတွက် ပြင်းထန်သော ဝဋ်ကြွေးသည် ရှိ၏။
၄၂း၁၇။ ပရမတ်ဘုရားရှင်၊ အရှင်သည် ကျမ်းတော်နှင့် တိကျသည့် စံချိန်ကို မှန်ကန် ညီညွတ်စွာ ချမှတ်ပေးတော်မူ၏၊ ထိုအခိုက်အတန့်သည် နီးကပ်လာနိုင်ကြောင်း သင် မည်သို့ မှန်းဆနိုင်မည်နည်း။
၄၂း၁၈။ မယုံကြည်သော သူတို့သည်သာ ၎င်းကို အလျင်လိုနေကြ၏၊ ယုံကြည်သော သူတို့သည် ၎င်းကို စိုးထိတ်လျက် ရှိ၍ ၎င်းသည် အမှန်တရားဟု သိနေကြ၏၊ ဧကန်အမှန်ပင် ထိုအခိုက်အတန့်နှင့် စပ်လျဉ်း၍ အချင်းများသော သူတို့သည် နောက်ကျန် လွဲချော်ခြင်း၌ ရှိကုန်၏။
၄၂း၁၉။ ပရမတ်ဘုရားရှင်သည် အရှင်၏ အမှုတော်ဆောင်များအား သက်ညှာနေတော်မူ၏၊ စံချိန်ပြည့်မီသူအား ရိက္ခာရစေတော်မူ၏၊ အရှင်သည် တန်ခိုးတော်ရှင်၊ ဘုန်းတော်ရှင် ဖြစ်တော်မူ၏။
၄၂း၂၀။ နောင်ဘဝအတွက် စိုက်ပျိုးလေ့ ရှိလိုသူအား ငါသည် သူ၏ စိုက်ပျိုးခြင်းကို တိုးပွားစေတော်မူပြီ၊ ဤဘဝအတွက်သာ စိုက်ပျိုးလေ့ ရှိလိုသူအား ထိုအတွက်ကို ပေးကမ်းလတ္တံ့၊ နောင်ဘဝ၌ သူ့အတွက် ပင်ပန်းရကျိုး မရှိချေ။
၄၂း၂၁။ သို့တည်းမဟုတ် ပရမတ်ဘုရားရှင်က ခွင့်ပြုခြင်း မရှိသည့် သာသနာမှ ယူ၍ ရောပြွန်း ကိုးကွယ်ခံတို့က သူတို့အတွက် ပညတ်ကြသလော၊ အကယ်၍ ရှင်းလင်း ဆုံးဖြတ်ချက် ဓမ္မတော် မရှိခဲ့လျှင် သူတို့၏ကြား၌ ဆုံးဖြတ်ပြီးဖြစ်လတ္တံ့၊ အမိုက်ကောင်များအတွက် စူးနစ် နာကျင်သော ဝဋ်ကြွေးသည် ရှိနေ၏။
၄၂း၂၂။ အမိုက်ကောင်များအား သူတို့ ကျင့်ဆောင်ခဲ့မှုများကြောင့် သူတို့အတွက် စိုးရိမ် ကြောက်လန့်ရခြင်း အတည်ဖြစ်သည်ကို သင် မြင်တွေ့ရလတ္တံ့၊ ယုံကြည်လျက် ပြုပြင် ပြောင်းလဲခြင်းကို ကျင့်ကြံသော သူများအတွက် စိမ်းလန်း စိုပြည်သော ဥယျာဉ်များ ရှိစေလတ္တံ့၊ သူတို့အတွက် စံချိန်ပြည့်ရာအလျောက် သူတို့ ကံကြမ္မာရှင်ထံ၌ ရှိ၏၊ ဤသည် ကြီးကျယ်သော သိက္ခာပေးမှုပင် ဖြစ်၏။
၄၂း၂၃။ ဤသည် ယုံကြည်လျက် ပြုပြင် ပြောင်းလဲမှု ကျင့်ကြံသော အရှင်၏ အမှုတော်ဆောင်များ အတွက် ပရမတ်ဘုရားရှင်ထံမှ သတင်းကောင်း ဖြစ်၏၊ ဟောလော့၊ “သင်တို့မှ ကျွန်ုပ် တောင်းဆိုသည့် အကျိုးဆုလာဘ်မှာ ဆွေမျိုးနီးချင်း လိုလားမှု ရှိခြင်းမှအပ အခြားမဟုတ်ချေ၊” တင့်တယ်စွာ အသားကျသူ အတွက် ငါသည် ထို၌ သုမင်္ဂလာ ဆင့်တိုးစေမည်ပင်၊ ဧကန်ပင် ပရမတ်ဘုရားရှင်သည် လွတ်ငြိမ်းစေသောအရှင်၊ ကျေးဇူးတော်အရှင် ဖြစ်တော်မူ၏။
၄၂း၂၄။ သို့တည်းမဟုတ် သူတို့က “သူသည် ပရမတ်ဘုရားရှင်နှင့် စပ်လျဉ်း၍ လိမ်ညာ လုပ်ကြံ ဖန်တီး၏၊” ဟု ဆိုကြသလော၊ အကယ်၍ စံချိန် ပြည့်မီခဲ့လျှင် ပရမတ်ဘုရားရှင်သည် သင်၏ နှလုံးသားကို အဆုံးသတ်ထားနိုင်၏၊ ပရမတ်ဘုရားရှင်သည် အမှားကို ပျက်ပျယ်စေလျက် အမှန်ကို သစ္စာတရားတော် ဖြစ်စေလတ္တံ့၊ ဧကန်ပင် အရှင်သည် ရင်တွင်း ခံစားချက်များ အားဖြင့် သိနေသောအရှင် ဖြစ်၏။
၄၂း၂၅။ အရှင်သည် အမှုတော်ဆောင်များ၏ ခဝါချမှုကို အကိုးပြည့်စေသော၊ အကုသိုလ်များကို ကျေအေးပေးသော၊ ပြုလုပ်သမျှကို သိနေတော်မူသောအရှင် ဖြစ်၏။
၄၂း၂၆။ ယုံကြည်လျက် ပြုပြင် ပြောင်းလဲခြင်း ကျင့်ကြံသော သူများအား ဖြေကြားတော်မူ၍ အရှင်၏ သိက္ခာပေးခြင်းမှ သူတို့အား တိုးပွားစေတော်မူ၏၊ ဖုံးကွယ်သူတို့အတွက်မူ ပြင်းထန်သော ဝဋ်ကြွေးသည် ရှိနေ၏။
၄၂း၂၇။ ပရမတ်ဘုရားရှင်သည် အရှင်၏ အမှုတော်ဆောင်များ အတွက် ရိက္ခာကို တိုးပွားစေခဲ့သော် သူတို့သည် မြေကမ္ဘာ၌ အပြစ်ရှာကြလတ္တံ့၊ သို့သော် စံချိန်ပြည့်ရာ စည်းချိန်အလျောက် အရှင် ချမှတ်ပေးတော်မူ၏၊ ဧကန်ပင် အရှင်သည် အမှုတော်ဆောင်တို့အား သတင်းရနေသော၊ မြင်နေသောအရှင် ဖြစ်၏။
၄၂း၂၈။ သူတို့သည် စိတ်ပျက် လက်မှိုင်ချနေပြီးနောက် အရှင်သည် မိုးရေကို သွန်းချစေတော်မူ၍ ကရုဏာတော်ဖြင့် နိုးကြွစေတော်မူ၏၊ အရှင်သည် ရည်သန်စူးစိုက်မှု တည်ရာအရှင်၊ မဟာမိတ် ဖြစ်တော်မူ၏။
၄၂း၂၉။ မိုးများ၊ မြေကမ္ဘာနှင့် ထို၌ ပြန့်ပွားစေသော သက်ရှိတို့အား ဖြစ်တည်စေခြင်းသည် အရှင်၏ သက်သေ လက္ခဏာများမှ ဖြစ်၏၊ အရှင်သည် စည်းချိန် စံချိန် ပြည့်မီသောအခါ ၎င်းတို့ကို အတူ စုပေါင်းစေ၏။
၄၂း၃၀။ သင်တို့အား ထိခိုက်မှုများမှ ထိခိုက်စေခြင်းသည် သင်တို့၏ လက်ဖြင့် ကျင့်ဆောင်ခဲ့ရာများ ဖြစ်၍ မြောက်မြားစွာအား ကျေအေးပေးပြီး ဖြစ်၏။
၄၂း၃၁။ သင်တို့က မြေကမ္ဘာ၌ ချည့်နဲ့စေနိုင်သည် မဟုတ်၊ သင်တို့အတွက် ပရမတ်ဘုရားရှင် မှလွဲ၍ ကူညီမည့်သူ မဟာမိတ် မရှိချေ။
၄၂း၃၂။ ပင်လယ်ပြင်၌ သိနိုင်လောက်သည့် သင်္ဘောများသည်လည်း အရှင်၏ နိမိတ် လက္ခဏာများမှ ဖြစ်၏။
၄၂း၃၃။ စံချိန်ပြည့်မီခဲ့လျှင် လေအား တည်ငြိမ်စေလျက် ထိုပင်လယ်၏ ကျောပြင်၌ လှိုင်းရပ်စေလိမ့်မည်၊ ဤသည် သည်းခံသူ၊ ကျေးဇူး သိသူတိုင်းအတွက် နိမိတ် လက္ခဏာများ ဖြစ်၏။
၄၂း၃၄။ သို့တည်းမဟုတ် သူတို့၏ ကျင့်ဆောင်မှုများကြောင့် သူတို့ကို တားဆီး ကာရံပေးနိုင်၏၊ အများစုကို ကျေအေးပေးခဲ့ပြီ။
၄၂း၃၅။ ငါ၏ နိမိတ် လက္ခဏာများကို စောဒကတက်သော သူတို့အား သူတို့အတွက် လွတ်လမ်းမရှိဟု သိစေလော့။
၄၂း၃၆။ သင်တို့အား ဤလောကီသက်တမ်း၌ ပေးခြင်းခံရသော အရာသည် ချမ်းမြေ့မှုမျှသာ ဖြစ်၏၊ ယုံကြည်လျက် ကံကြမ္မာရှင်၏အပေါ် ကိုးစားသော သူတို့အတွက် ပရမတ်ဘုရားရှင်၏ ထံပါး၌မူ ပိုကောင်း၏၊ တည်တံ့၏။
၄၂း၃၇။ သူတို့သည် ကြီးသော ပြစ်မှုများနှင့် ကိုယ်ကျင့်ပျက်မှုများမှ ကင်းသန့်ကြ၏၊ ဒေါသထွက်နေသည့်တိုင် လွတ်ငြိမ်းခွင့် ပေးကြ၏။
၄၂း၃၈။ သူတို့သည် ကံကြမ္မာရှင်အတွက် အဖြေပေးလျက် ရှိ၏၊ ဝတ်ပြု မြဲကြ၏၊ ညွှန်ကြားချက်များ အတွက် သူတို့ချင်းကြား ဆွေးနွေးမှု ရှိကြ၏၊ သူတို့အား ငါပေးသည့် ရိက္ခာများမှာ ပေးကမ်း သုံးစွဲကြကုန်၏။
၄၂း၃၉။ အပြစ်ရှာသောအခါ ထိခိုက်ခံရသောသူများ၊ ထိုသူတို့အား အကူအညီ ပေးနိုင်၏။
၄၂း၄၀။ အကုသိုလ် လွန်ကျူးခံရသည်နှင့် အညီ အကုသိုလ် အစားပေးခွင့် ရှိ၏၊ သို့သော် ကျေးအေးလျက် ပြုပြင် ပြောင်းလဲကြလျှင် ပရမတ်ဘုရားရှင်၏ ထံမှ ဆုလာဘ်သည် ရှိ၏၊ အရှင်သည် အမိုက်ကောင်တို့အား နှစ်သက်တော် မမူချေ။
၄၂း၄၁။ မိုက်ကြေးခွဲ ခံပြီးနောက် အကူအညီ ပေးသောသူ၊ ထိုသူတို့ အပေါ်၌ (အပြစ်ယူရန်) နည်းလမ်းမရှိချေ။
၄၂း၄၂။ လူသားတို့အပေါ်၌ မိုက်ကြေးခွဲ၍ မြေကမ္ဘာ၌ သစ္စာမဲ့စွာဖြင့် အပြစ်ရှာသော သူတို့အပေါ်၌သာ အရေးယူနိုင်သည့် နည်းလမ်းသည် ရှိ၏၊ ထိုသူတို့အတွက် စူးနစ်နာကျင်သော ဝဋ်ကြွေးသည် ရှိနေ၏။
၄၂း၄၃။ သည်းခံ၍ လွတ်ငြိမ်းခွင့် ပေးတတ်သူသည်- ဧကန်ပင် အရေးအရာများကို ဆုံးဖြတ်တတ်သူ ဖြစ်၏။
၄၂း၄၄။ ပရမတ်ဘုရားရှင်က လမ်းလွဲစေသူအတွက် အရှင်၏နောက် အခြား မဟာမိတ် မရှိချေ၊ အမိုက်ကောင်များသည် ဝဋ်ကြွေးအား မြင်တွေ့ကြသောအခါ “နောက်လှည့်ပြန်ရာသို့ နည်းလမ်းများ ရှိသလော၊” ဟု သူတို့ ပြောဆိုသည်ကို သင် မြင်ရလတ္တံ့။
၄၂း၄၅။ သူတို့အား ဘောင်တွင်းမှ ဖြစ်စေလျှင်- နိမ့်ပါး ကျို့ငဲ့လျက် “မျက်ရိပ်ဖြင့် ခိုးကြည့်သည်ကိုသာ သင် မြင်ရလတ္တံ့၊ ယုံကြည်သော သူတို့က “အမှန် ဆုံးရှုံးရသောသူမှာ သူတို့၏ ဉာဉ်စရိုက်များ၊ သူတို့၏ ဝိုင်းသားများအား ရပ်တည်ရမည့် နေ့၌ ဆုံးရှုံး နစ်နာစေသောသူ ဖြစ်၏၊ အမိုက်ကောင်တို့သည်ကား မြဲသော ဝဋ်ကြွေးထဲ၌ နေရလတ္တံ့၊” ဟု ဆိုကြ၏။
၄၂း၄၆။ ထိုသူတို့အတွက် ပရမတ်ဘုရားရှင် မှလွဲ၍ အကူအညီနှင့် မဟာမိတ် ဟူ၍ မရှိချေ၊ ပရမတ်ဘုရားရှင်က လမ်းလွဲစေသူ အတွက် လမ်းစ လမ်းန နတ္ထိပင်။
၄၂း၄၇။ ပရမတ်ဘုရားရှင်၏ထံမှ ပေးရောက်လာစေသည့် ဦးပြန် မလှည့်နိုင်သောနေ့ မတိုင်မီ သင်တို့၏ ကံကြမ္မာရှင် အတွက် ဖြေကြားလော့၊ ထိုနေ့ကာလ၌ သူတို့အတွက် ခိုကပ်ရာဟူ၍ မရှိ၊ သူတို့အတွက် မကြုံဘူးရရာ မရှိ။
၄၂း၄၈။ အကယ်၍ သူတို့သည် ဘောင်ကန့်ထားကြလျှင် ငါသည် သင့်အား စောင့်ရှောက်သူအဖြစ် သူတို့ထံသို့ မစေစားချေ၊ သင့်ဝန်တာမှာ (ဓမ္မကို) ဆိုက်ရောက်စေရန်သာ ဖြစ်၏၊ ငါသည် လူသားအား ငါ၏ ကရုဏာတော်အား မြည်းစမ်းစေသောအခါ ထို၌ ဝမ်းမြောက်နေ၏၊ သူတို့၏ စုံရပ်ခံခဲ့သော လက်ချက်များကြောင့် သူ့အား အကုသိုလ် ထိသက်စေလျှင် ဧကန်ပင် လူသားသည် ဖုံးကွယ် ကျေးစွပ်သူ ဖြစ်တော့၏။
၄၂း၄၉။ မိုးများနှင့် မြေကမ္ဘာအား အစိုးရခြင်းသည် ပရမတ်ဘုရားရှင်၏ အချုပ်အခြာ၌ ရှိ၏၊ အရှင်သည် စံချိန်ပြည့်မီရာကို ဖြစ်တည်စေ၏၊ စံချိန်ပြည့်သူအား သမီးရတနာကို ချီးမြှင့်၍၊ စံချိန်ပြည့်သူအား သားရတနာကို ချီးမြှင့်ပေးတော်မူ၏။
၄၂း၅၀။ သို့မဟုတ် ငါသည် သူတို့အား သားများ၊ သမီးများဖြင့် အဖေါ်စုံဘက် ဖြစ်စေ၏၊ မျိုးသုဉ်းမှု စံချိန်ပြည့်ရန် စီစဉ်ခံရသူလည်း ရှိ၏၊ ဧကန်ပင် အရှင်သည် သိနေသောအရှင်၊ စည်းချိန် ချမှတ်သောအရှင် ဖြစ်တော်မူ၏။
၄၂း၅၁။ အာရုံဈာန် ဖြစ်စေ၍ သို့မဟုတ် စည်းခြားနောက်ကွယ်မှ၊ သို့မဟုတ် အရှင့် ခွင့်ပြုချက်ဖြင့် စံချိန်ပြည့်မီသူ အာရုံဈာန် ဖြန့်ကျက်ခွင့်ရ ဉာဏ်စဉ်တော်ဆောင်များကို စေစား၍ မှအပ၊ ပရမတ်ဘုရားရှင်နှင့် တိုက်ရိုက် စကား ပြောဆိုနိုင်သော လူပုဂ္ဂိုလ် ဟူ၍ မရှိ၊ အရှင်သည် အထွဋ်အထိပ် ဖြစ်တော်မူ၏၊ ဓမ္မသတ်ရှင် ဖြစ်တော်မူ၏။
၄၂း၅၂။ ဤသို့ပင် ငါသည် ငါ့ ညွှန်ကြားချက်များမှ ဉာဏ်စဉ်တော်ကို သင့်ထံသို့ အာရုံဈာန် ဖြစ်စေပြီ၊ ကျမ်းတော်နှင့် ယုံကြည်ချက်ဟူသည်ကို သင် မှန်းခဲ့နိုင်သလော- သို့သော် ၎င်းကို အလင်းတစ်ဆောင်အဖြစ် စီစဉ်ပေး၏၊ စံချိန် ပြည့်မီသူ ငါ၏ အမှုတော်ဆောင်များအတွက် လမ်းညွှန် ဖြစ်စေ၏၊ ဧကန်ပင် သင်သည် မြဲမြံ တည်တံ့သော လမ်းစဉ်သို့ ညွှန်ပြသူ ဖြစ်၏။
၄၂း၅၃။ ယင်းမှာ မိုးများအတွင်း၊ မြေအတွင်း၊ ရှိသမျှတို့၏ အချုပ်အခြာကို ပိုင်သော ပရမတ်ဘုရားရှင်၏ထံသို့ လမ်းစဉ်တော် ဖြစ်၍ ဧကန်အမှန် အရေးအရာ အားလုံး၏ ခရီးဆုံး ပန်းတိုင်သည် ပရမတ်ဘုရားရှင်၏ထံသို့ ဖြစ်၏။
ဓမ္မခန္ဓာ (၄၂) ဤတွင် ပြီး၏။
၄၃း၁။ ရည်သန် စူးစိုက်မှုတည်ရာ အရှင်၊ မြင့်မြတ်တော်မူသော အရှင်။-
၄၃း၂။ ရှင်းလင်း ထင်ရှားသော ကျမ်းတော်အားဖြင့်။-
၄၃း၃။ ဧကန်ပင် သင်တို့ အတွေးအခေါ် ရှိအံ့ငှာ ၎င်းကို အာရ်ဗီ ကုရ်အာန်အဖြစ် ငါ စီစဉ်ပေးတော်မူ၏။
၄၃း၄။ ဧကန်ပင် ၎င်းသည် ငါ၏ အပါးတော်ရှိ မူလဘူတ ကျမ်းတော်မှ ဖြစ်၍ အထွဋ်အထိပ် ဖြစ်တော်မူ၏၊ ဓမ္မသတ်ရှင် ဖြစ်တော်မူ၏။
၄၃း၅။ ဥပမာအဖြစ် သင်တို့သည် အလွဲသုံးစားပြုသော လူမျိုးဖြစ်လျှင် သင်တို့အား သတိမပေး ဥပက္ခာ ပြုထားသင့်သလော။
၄၃း၆။ ရှေးဦးပထမ မည်မျှသော သတင်းတော်ဆောင်များကို ငါ စေစားခဲ့ပြီနည်း။
၄၃း၇။ သူတို့ထံသို့ သတင်းတော်ဆောင် တစ်ပါး ပေးရောက်စေလျှင် သူ့အား ၎င်းတို့က လှောင်ပြောင်လေ့ရှိကြ၏။
၄၃း၈။ ငါသည် ၎င်းတို့မှ သန်မာ အားကောင်းစွာ ဆက်လက် ကိုင်တွယ် ထားနိုင်သူတို့အား တိမ်ကောစေလိုက်ပြီ၊ ထို ရှေးဦးသူတို့သည် နမူနာပင် ဖြစ်၏။
၄၃း၉။ အကယ်၍ သင်က “မိုးများနှင့် မြေအား မည်သူက ဖြစ်တည်စေသနည်း၊” ဟု မေးလျှင် သူတို့က “ဘုန်းတော်ရှင်၊ သိနေသောအရှင်က ဖြစ်တည်စေခြင်းပင်၊” ဟု ဖြေကြလတ္တံ့။
၄၃း၁၀။ အရှင်သည် သင်တို့အတွက် မြေကမ္ဘာကို ညိမ့်ညောင်းရာ အဖြစ် စီစဉ်ပေး၏၊ သင်တို့အတွက် သင်တို့ လမ်းညွှန်မှန် ရကောင်းအံ့ငှာ ထို၌ လမ်းကြောင်းများကို စီစဉ်ပေး၏။
၄၃း၁၁။ အရှင်သည် ကောင်းကင်ယံမှ ရေကို စည်းချိန်အလျောက် ချပေးတော်မူ၏၊ သို့ဖြင့် သေနေသော မြို့အား နိုးကြွ ရှင်ပြန်စေ၏၊ ဤသို့ပင် သင်တို့အား ထွက်လာစေမည်ပင်။
၄၃း၁၂။ အရှင်သည် ခပ်သိမ်းကုန်အား အစုဖွဲ့ ဖြစ်တည်စေတော်မူ၏၊ သင်တိုအတွက် စီးနင်းဘို့ရာ သင်္ဘောများ၊ တိရိစ္ဆာန်များကို စီစဉ်ပေးတော်မူ၏။
၄၃း၁၃။ သင်တို့သည် ၎င်းတို့၏ ကျောပြင်ပေါ်၌ ပုံစံကျရန် အလို့ငှာ တဖန် ထိုသို့ ပုံစံချစဉ် သင်တို့ ကံကြမ္မာရှင်၏ ဂုဏ်ပေးမှုအား သတိရစေလျက် ရင့်ကျူးစေသည်မှာ “ဤအရာတို့အား တပည့်တော်တို့အတွက် အသုံးခံဖြစ်စေသော အရှင့်အား ဦးထိပ်ထားပါ၏၊ တပည့်တော်တို့သည် ထိုသို့ မချိတ်ဆက်နိုင်ပါ။
၄၃း၁၄။ တပည့်တော်တို့သည်ကား ဧကန်ပင် ကံကြမ္မာရှင်၏ ထံသို့သာ ဦးလှည့် ပြန်ရမည်သာတည်း။” ဟု ဖြစ်၏။
၄၃း၁၅။ သို့သော် အရှင်၏ အမှုတော်ဆောင်များမှ ခွဲတမ်းလုပ်၍ အရှင့် ကိုယ်ပွားဟု စီစဉ်ကြ၏၊ ဧကန်ပင် လူသားသည် ရှင်းလင်း ထင်ရှားသော ကျေးစွပ် ဖုံးကွယ်သူ ဖြစ်၏။
၄၃း၁၆။ သို့တည်းမဟုတ် အရှင်သည် အရှင့်အတွက် သမီးများကို ဖြစ်တည်ယူ၍ သင်တို့အတွက် သားတော်များကို ရွေးချယ်ပေးသလော။
၄၃း၁၇။ ကရုဏာရှင် အတွက် သူ ပမာဆောင် ဥပမာပြုရာကို သူတို့မှ တစ်စုံတစ်ယောက်အား သတင်းကောင်းပါးသော် သူ မျက်နှာ ကုပ်လျက် မဲသွား၏၊ သူသည် ယူကျုံးမရ ဖြစ်နေ၏။
၄၃း၁၈။ သို့မဟုတ် လက်ဝတ်တန်ဆာများဖြင့် ကြီးပြင်းရလျက် အငြင်းအခုံမှ ရှင်းလင်းစွာ မနေနိုင်သောသူပင် မဟုတ်လော။
၄၃း၁၉။ ထို့ပြင် ကရုဏာရှင်အား ဣတ္ထိလိင် နတ်ဒေဝတာများက အမှုတော်ဆောင်နေသည်ဟု စီစဉ်ကြ၏၊ ၎င်းတို့အား ဖြစ်တည်ပေးခြင်း၌ သူတို့သည် သက်သေသက်ကန် ဖြစ်သလော၊ သူတို့၏ သက်သေ ထွက်ချက်များကို မှတ်တမ်း တင်ထားလျက် စစ်ကြောခြင်း ခံရစေလတ္တံ့။
၄၃း၂၀။ သူတို့က “ကရုဏာရှင်၏ စံချိန် မပြည့်မီခဲ့လျှင် ကျွန်ုပ်တို့သည် ၎င်းတို့ကို ကိုးကွယ်ခဲ့မည် မဟုတ်၊” ဟု ဆိုကြ၏၊ ထိုအတွက် သူတို့၌ အသိပညာ မရှိ၊ မှန်းဆသူများသာ ဖြစ်၏။
၄၃း၂၁။ သို့တည်းမဟုတ် သူတို့ ဆုပ်ကိုင်ထားရန် ကျမ်းတစ်စောင်ကို ဤရှေ့အလျင်က သူတို့အား ပေးအပ်ဘူးသလော။
၄၃း၂၂။ အမှန်မှာ “ကျွန်ုပ်တို့သည် မိရိုးဖလာ အသိုင်းအဝိုင်းကို တွေ့ရ၏၊ ၎င်းတို့၏ အစဉ်အလာများသည် ကျွန်ုပ်တို့အား လမ်းညွှန် ဖြစ်၏၊” ဟု ဆိုကြ၏။
၄၃း၂၃။ ဤသို့ပင်၊ သင့်မတိုင်မီ ဒေသတစ်ခုသို့ သတိပေးသူတစ်ဦး ငါ စေစား၏၊ ထိုမှ စည်းစိမ်ယစ်နေသူတို့က “ကျွန်ုပ်တို့သည် မိရိုးဖလာ အသိုင်းအဝိုင်းကို တွေ့၏၊ ၎င်းတို့၏ အစဉ်အလာအတိုင်း ကျွန်ုပ်တို့ လိုက်ကြ၏၊” ဟု ဆိုကြသော်။-
၄၃း၂၄။ သူက “ကျွန်ုပ် ရောက်လာသည်မှာ သင်တို့ တွေ့ရှိသော မိရိုးဖလာထက် ပိုမို လမ်းညွှန်ပေးသည် မဟုတ်လော၊” ဟု မေး၏၊ သူတို့က “အသင်တို့အားဖြင့် စေစားရာကို ငြင်းဆန် ဖုံးကွယ်သူများမှာ ကျွန်ုပ်တို့ပင် ဖြစ်၏၊” ဟု ဆိုကြ၏။
၄၃း၂၅။ သို့ဖြင့် သူတို့အား တန်ပြန် ခံစားစေတော်မူ၏၊ ငြင်းဆန်သူတို့၏ နိဂုံး မည်သို့ ချုပ်ရသည်ကို ကြည့်ကြလော့။
၄၃း၂၆။ အီဗရာဟီးမ်က သူ့ဖခင်နှင့် သူ့လူမျိုးအား ပြောသည်မှာ “ကျွန်ုပ်သည် အသင်တို့ ကိုးကွယ်ရာနှင့် ကင်းရှင်း၏။
၄၃း၂၇။ ကျွန်ုပ်အဘို့ ကျွန်ုပ်အား စတည်သော အရှင်သာ ရှိ၏၊ အရှင်သည် ကျွန်ုပ်အား လမ်းညွှန်တော်မူ၏၊” ဟု ဖြစ်၍။-
၄၃း၂၈။ အချုပ်၌ ၎င်းကို တည်တံ့သော စကားဆိုအဖြစ် စီစဉ်၍ ၎င်းတို့ ဦးလှည့်နိုင်အံ့ငှာ ဖြစ်စေ၏။
၄၃း၂၉။ အမှန်မှာ ငါသည် သူတို့နှင့် သူတို့၏ ဘဘိုးတို့၊ သူတို့ထံသို့ သစ္စာတရားနှင့် ရှင်းလင်းသော ဉာဏ်စဉ်ဆောင် ရောက်လာသည့်တိုင် ပျော်ပါးနေစေ၏။
၄၃း၃၀။ သူတို့ထံသို့ သစ္စာတရားတော် ရောက်လာစဉ် သူတို့က “ဤသည် မှော် အတတ်သာ ဖြစ်၏၊ ကျွန်ုပ်တို့သည် ၎င်းကို ငြင်းပယ်သူများ ဖြစ်၏၊” ဟု ဆိုကြ၏။
၄၃း၃၁။ ထို့ပြင် သူတို့က “ဤကုရ်အာန်အား မဟာ ဒေသကြီးနှစ်ခုမှ အခြား လူအပေါ်သို့ အဘယ်ကြောင့် မချမှတ်ပေးသနည်း၊” ဟု ပြောကြ၏။
၄၃း၃၂။ သူတို့သည် သင့်ကံကြမ္မာရှင်၏ ကရုဏာတော်အား တိုင်တည် သတ်မှတ်ထားကြသလော၊ ငါသည်သာ သူတို့ကြား၌ ဤ လောကီသက်တမ်း ဘဝဖြစ်တည်မှုကို တိုင်တည် ထားတော်မူ၏၊ သူတို့မှ အချို့သည် အချို့ကို အသုံးပြုရာအဖြစ် ယူမှတ်နိုင်ရန်- သူတို့မှ အချို့ကို အချို့အပေါ် အခွင့်အလမ်း ပိုမို မြှောက်စားပေးတော်မူ၏၊ သင့် ကံကြမ္မာရှင်၏ ကရုဏာတော်သည် သူတို့ စုဆောင်း ထားရာတို့ထက် သာလွန် ကောင်းမွန်လှပေ၏။
၄၃း၃၃။ အကယ်၍ လူသားတို့သည် အသိုင်းအဝိုင်း တစ်ခုတည်း ဖြစ်မလာခဲ့သော် ကရုဏာရှင်အား ဖုံးကွယ် ကျေးစွပ်သူတို့အတွက် ငါ စီစဉ်ပေးထားမည်မှာ ငွေ ကွပ်ထားသော အိမ်များ၊ အပေါ်မိုးရှိသော တက်လမ်းများ။-
၄၃း၃၄။ သူတို့၏ အိမ်အဝင် တံခါးများ၊ သူတို့ လှဲမှီမည့် ဇိမ်ခံခုံများ ဖြစ်၍။-
၄၃း၃၅။ ရွှေထည်ဝတ္ထုတို့လည်း ပါ၏၊ ထိုအရာ အလုံးစုံသည် ဤလောကီဘဝ၏ ချမ်းမြေ့မှုမျှသာ ဖြစ်၏၊ သင့် ကံကြမ္မာရှင်၏ ထံတော်၌ ရှိသော နောင်ဘဝသည် စည်းစောင့်သူများအတွက် ဖြစ်၏။
၄၃း၃၆။ ညဦး၌ ကရုဏာရှင်အား သတိမရသူ၊ သူ့အတွက် အဆက်အနွယ် ဖြစ်ရန် မကောင်းဆိုးဝါးအား ငါ အလုပ်ပေးတော်မူလတ္တံ့။
၄၃း၃၇။ ၎င်းတို့က သူတို့အား လမ်းစဉ်တော်မှ ဧကန် ဖယ်ရှားထား၏၊ သို့သော် သူတို့ကိုယ်တိုင် သူတို့ လမ်းညွှန် ခံနေရသူများဟု စိတ်ကူးယဉ်နေ၍။-
၄၃း၃၈။ ငါ့ထံသို့ ရောက်လာသောအခါ သူက “ကျွန်ုပ်၏ကြား၊ သင်၏ကြား၌ နေထွက်ရာ အရပ်နှစ်ခုကဲ့သို့ နောက်ကျ ကျန်ရစ်ခဲ့လျှင် ကောင်းလေစွ၊ အမင်္ဂလာသည် အပါးတော်မြဲ ဖြစ်ရပြီ၊” ဟု ဆိုလတ္တံ့။
၄၃း၃၉။ သင်တို့၏ မိုက်ကြေးခွဲခဲ့မှုသည် ဝဋ်ကြွေးကို ပူးတွဲရယူရန်သာ ဖြစ်၍ ထိုနေ့၌ သင်တို့အား အကျိုးမပေးတော့ချေ။
၄၃း၄၀။ သင်သည် ပင်းနေသူကို ကြားစေနိုင်သလော၊ သို့တည်းမဟုတ် ကန်းနေသူ၊ ရှင်းလင်း ထင်ရှားသော လမ်းလွဲ၌ ရှိသူကို လမ်းညွှန်နိုင်သလော။
၄၃း၄၁။ သို့ဖြစ်၍ ငါသည် သင့်အား ရုပ်သိမ်းခဲ့သော်လည်း ငါသည် သူတို့အား တန်ပြန် ခံစားစေမည်ပင်။
၄၃း၄၂။ သို့မဟုတ် သူတို့နှင့် စပ်လျဉ်းသည့် ငါ့ ကတိတော်အား သင့်ကို ပြတော်မူအံ့၊ ငါသည် သူတို့အပေါ်၌ စည်းချိန် ချမှတ်သောအရှင် ဖြစ်၏။
၄၃း၄၃။ သို့ဖြစ်၍ သင့်အား အာရုံဈာန် ဖြစ်စေသည်ကို ဆုပ်ကိုင်လော့၊ ဧကန်ပင် သင်သည် မြဲမြံ တည်တံ့သော လမ်းစဉ်၌ ရှိ၏။
၄၃း၄၄။ ၎င်းသည် သင်နှင့် သင့်လူမျိုးအတွက် သတိပေး တရားတော် ဖြစ်၏၊ သင်တို့သည် စစ်ကြောခြင်း ခံရစေလတ္တံ့။
၄၃း၄၅။ သင့်ရှေ့အလျင် ငါစေစားသော ဉာဏ်စဉ်ဆောင်များကို မေးကြည့်လော့၊ ကရုဏာရှင်မှ လွဲ၍ ကိုးကွယ် ဆည်းကပ်ရန် ဘုရားများကို ငါ စီစဉ်ပေးဘူးသလော။
၄၃း၄၆။ မူဆာအား ဖာရိုးနှင့် သူ့အကြံပေးတို့ထံသို့ ငါ၏ သက်သေ လက္ခဏာများဖြင့် ငါ စေစား၍ “ကျွန်ုပ်သည် လောကခပ်သိမ်း၏ ကံကြမ္မာရှင်၏ ဉာဏ်စဉ်ဆောင် ဖြစ်၏၊” ဟု ကြွေးကြော်စေ၏။
၄၃း၄၇။ သူတို့ထံသို့ ငါ၏ သက်သေ လက္ခဏာများကို ရောက်လာစေစဉ် ထို၌ ဟားတိုက် ရယ်မောကြ၏။
၄၃း၄၈။ သူတို့အား ငါပြသသည့် သက်သေ လက္ခဏာများကို ၎င်းတို့မှ ဆက်နွှယ်မှုအား ပို၍ ကြီးလာစေ၏၊ ထို့ပြင် သူတို့ ဦးလှည့်အံ့ငှာ သူတို့အား ဝဋ်ကြွေးများဖြင့် အရေးယူလိုက်လေ၏။
၄၃း၄၉။ သူတို့က “အို- မှော်ဆရာ၊ ကျွန်ုပ်တို့ လမ်းညွှန်ခံရအံ့ငှာ၊ သင့်ထံမှ ပဋိညာဉ်ရှိသည့်အတိုင်း ကျွန်ုပ်တို့အဘို့ သင့်ကံကြမ္မာရှင်ထံ ဆုတောင်းပေးလော့၊” ဟု ဆိုကြ၏။
၄၃း၅၀။ သို့သော် သူတို့ထံမှ ဝဋ်ကြွေးကို ငါ ဖယ်ရှားပေးသည်နှင့် သူတို့ ကတိ ဖေါက်ဖျက်လေတော့၏။
၄၃း၅၁။ ဖာရိုးက သူ့လူမျိုးအား ကြေညာ ပြောဆိုသည်မှာ “အို- ကျွန်ုပ်၏ လူမျိုးတို့၊ ကျွန်ုပ်သည်သာ အီဂျစ်၏ ပြည့်ရှင်မင်းမြတ် မဟုတ်လော၊ ကျွန်ုပ်၏ အောက်၌ မြစ်ချောင်း အထွေထွေ စီးဆင်းနေရသည်ကို မမြင်ကြသလော။
၄၃း၅၂။ သို့တည်းမဟုတ် ကျွန်ုပ်သည် ဤ သူ့ကိုယ်သူ လိပ်ပတ်မလည် တန်ဘိုးမဲ့ အကောင်ထက် ပို၍ မကောင်းမွန်သလော။
၄၃း၅၃။ ရွှေစလွယ်များကို သူ့အတွက် အဘယ်ကြောင့် မခင်းကျင်းပေးသနည်း၊ သူနှင့်အတူ နိမိတ်ဆောင်များ အဆက်အနွယ်များ အဘယ်ကြောင့် မရောက်လာစေသနည်း၊” ဟု ဖြစ်၏။
၄၃း၅၄။ ဖာရိုးသည် သူ့လူမျိုးအား ပေါ့ပျက်ပျက် ဖြစ်စေ၍ သူ့ကိုသာ နာခံစေ၏၊ ဧကန်ပင် သူတို့သည် ယုတ်မာသော လူမျိုးပင် ဖြစ်လေ၏။
၄၃း၅၅။ ငါ့အား သောက ဂယက် ရိုက်စေသောအခါ သူတို့အား တန်ပြန်စေ၏၊ သူတို့အားလုံး ကို နစ်မြုပ်စေခဲ့ပြီ။
၄၃း၅၆။ သူတို့အား အတိတ်ပြယုဂ် စီစဉ်လိုက်၏၊ နောင်လာ နောက်သားတို့အတွက် ဥပမာပုံ ဖြစ်စေ၏။
၄၃း၅၇။ ငါသည် မာရိ၏သားအား ပမာဆောင် ဥပမာပေးသော် သင့်လူမျိုးတို့က ပယ်ချကြ၏။
၄၃း၅၈။ သူတို့က “သို့တည်းမဟုတ် ကျွန်ုပ်တို့၏ ဘုရားများက သူ့ထက် ပိုမကောင်းသလော၊” ဟု ဆိုကြ၏၊ သူတို့သည် စောဒကတက်ရန်သာ နည်းရှာကြကုန်၏၊ အမှန်မှာ သူတို့သည် အချင်းများတတ်သော လူမျိုးသာ ဖြစ်၏။
၄၃း၅၉။ သူသည် ငါအရှင် ဂုဏ်ပေးသော အမှုတော်ဆောင် တစ်ဦးမျှသာ ဖြစ်၏၊ ငါသည် သူ့အား ဂျူးလူမျိုးတို့အတွက် ပြယုဂ်အဖြစ် စီစဉ်ပေးတော်မူ၏။
၄၃း၆၀။ စံချိန်ပြည့်မီခဲ့လျှင် သင်တို့၏အနက်မှ နိမိတ်ဆောင်များကို မြေကမ္ဘာ၏ သမ္မတများအဖြစ် ငါ စီစဉ်တော်မူနိုင်၏။
၄၃း၆၁။ သူသည် အခိုက်အတန့်တစ်ခု အတွက် သိစရာဖြစ်၏၊ ထို၌ အချင်းမများကြနှင့်၊ ငါ့အား လိုက်နာကြလော့၊ ဤသည် မြဲမြံ တည်တံ့သော လမ်းစဉ်ပင် ဖြစ်၏။
၄၃း၆၂။ သင်တို့အား ရှင်းလင်း ထင်ရှားစွာ စည်းဖေါက်သူ ဖြစ်သော မကောင်းဆိုးဝါးက သင်တို့ကို မပယ်ချခိုင်းစေနှင့်။
၄၃း၆၃။ ယေရှုသည် ရှင်းလင်းချက်များနှင့် ရောက်လာ၍ ဟောပြောသည်မှာ “ကျွန်ုပ်သည် သင်တို့ထံသို့ စီရင်ထုံးကို ရောက်လာစေပြီ၊ သင်တို့၏ ငြင်းခုံ ကွဲလွဲချက် အချို့အား ရှင်းလင်းစေပြီ၊ သို့ဖြစ်၍ ပရမတ်ဘုရားရှင်အား စည်းစောင့်ကြလော့၊ ကျွန်ုပ်အား နာခံကြလော့။
၄၃း၆၄။ ပရမတ်ဘုရားရှင်သည် ကျွန်ုပ်၏ ကံကြမ္မာရှင်၊ သင်တို့၏ ကံကြမ္မာရှင် ဖြစ်၏၊ အရှင့်အား ကိုးကွယ်ကြကုန်လော့၊ ယင်းသည် မြဲမြံ တည်တံ့သော လမ်းစဉ်ပင်တည်း၊” ဟု ဖြစ်သော်။-
၄၃း၆၅။ သူတို့၏အကြား ဂိုဏ်းအသင်းများ ကွဲပြားကြ၏၊ သို့ဖြင့် မိုက်ကြေးခွဲသော သူတို့သည် စူးနစ်နာကျင်သော ဝဋ်ကြွေးသင့်နေ့ ကာလ၌ ပျက်စီး ဆုံးရှုံးရလတ္တံ့။
၄၃း၆၆။ သူတို့ သတိ မမူမိမီ သူတို့ထံသို့ ရုတ်တရက် ပေးရောက်လာမည့် အခိုက်အတန့်ကိုသာ သူတို့ စောင့်ကြည့် နေကြသလော။
၄၃း၆၇။ ထိုနေ့ကာလ၌ စည်းစောင့်သူတို့ မှအပ အခြား အတွင်းလူများမှ အချို့သည် အချို့အား စည်းဖေါက်သူ ဖြစ်ရလတ္တံ့။
၄၃း၆၈။ အို- ငါ့ အမှုတော်ဆောင်တို့၊ ထိုနေ့ကာလ၌ သင်တို့အား ကြောက်ရွံ့စေမည်၊ သင်တို့အား စိတ်ပူရစေမည် မဟုတ်သော။-
၄၃း၆၉။ ငါ၏ သုတ်ဒေသနာများဖြင့် ယုံကြည်ကြသောသူများ၊ ငြိမ်းချမ်းရေး ဝါဒီများ ဖြစ်ကြကုန်၏။
၄၃း၇၀။ သင်တို့နှင့် သင်တို့၏ စုဖွဲ့ဖေါ်တို့သည် ဓမ္မပီတိဖြင့် သုခဘုံသို့ ဝင်ရောက်ကြလော့။
၄၃း၇၁။ ရွှေပရပိုက်များဖြင့်- သူတို့၏ စိတ် အာသီသနှင့် မျက်လုံးများ၏ အရသာတို့ပါသော ရေခွက်များကို သူတို့ထံ လှည့်လတ္တံ့၊ သင်တို့သည် ထို၌ အစဉ် စံစားကြကုန်လော့။
၄၃း၇၂။ သင်တို့ ကျင့်ကြံလေ့ ရှိခဲ့မှုများကြောင့် ဤသည် သင်တို့အား အမွေ ဆက်ခံစေမည့် ဥယျာဉ်တော် ဖြစ်၏၊
၄၃း၇၃။ ထို၌ သင်တို့အတွက် သစ်သီးဝလံများ မြောက်မြားစွာ ရှိ၏၊ ထိုမှ စားသုံးကြကုန်လော့။
၄၃း၇၄။ ဧကန်ပင် ရာဇဝတ်ကောင်တို့မှာမူကား၊ ငရဲဘုံ ဝဋ်ကြွေးထဲ၌ အစဉ် ခံစားရမည်ပင်။
၄၃း၇၅။ သူတို့နှင့် စပ်လျဉ်း၍ ဆိတ်ငြိမ်နေမည် မဟုတ်၊ သူတို့သည် ထို၌ တွေဝေနေရလတ္တံ့။
၄၃း၇၆။ ငါသည် သူတို့အား အဝိဇ္ဇာသင့်စေသည် မဟုတ်၊ သူတို့သည်သာ အမိုက်ကောင်များ ဖြစ်ကြ၏။
၄၃း၇၇။ သူတို့က “အို- သခင်၊ သင့် ကံကြမ္မာရှင်သည် ကျွန်ုပ်တို့အား ဆုံးဖြတ်စေပါ၊” ဟု တင်ပြ၏၊ သူက“သင်တို့ စောင့်နေရဦးမည်၊” ဟု ဆို၏။
၄၃း၇၈။ မုချပင် ငါအရှင်သည် သင်တို့ထံသို့ သစ္စာတရားကို ရောက်လာစေပြီ၊ သို့ရာတွင် သင်တို့မှ အများစုကြီးသည် သစ္စာတရားအား မုန်းတီးကြကုန်၏။
၄၃း၇၉။ သို့တည်းမဟုတ် သူတို့သည် ညွှန်ကြားချက်ကို ယတိပြတ် ဖြစ်သလော၊ ငါ့ဘက်လည်း ယတိပြတ် ဖြစ်၏။
၄၃း၈၀။ သို့တည်းမဟုတ် သူတို့၏ ကြိတ် ကြံစည်မှုများနှင့် သီးခြား တိုင်ပင်မှုများကို ငါအရှင် ကြားနေခြင်း မရှိဟု သူတို့ စဉ်းစားနေကြသလော၊ အမှန်မှာ ငါ၏ ဉာဏ်စဉ်ဆောင်များသည် သူတို့၏ မျက်မှောက်၌ မှတ်တမ်း တင်နေကြကုန်၏။
၄၃း၈၁။ ဟောလော့၊ “အကယ်၍ ကရုဏာရှင်၌ ကိုယ်ပွားရှိခဲ့မူ ကျွန်ုပ်သည် ဦးဦးဖျားဖျား ကိုးကွယ်သူများမှ ဖြစ်လတ္တံ့။”
၄၃း၈၂။ ဦးထိပ်ထားရာဖြစ်သော၊ မိုးများနှင့် မြေကမ္ဘာ၏ ကံကြမ္မာရှင်၊ ထပ်ဆင့် ကွပ်ကဲ့မှု၏ ကံကြမ္မာရှင်သည် သူတို့၏ တင်ပြမှုများမှ ကင်းသန့်၏။
၄၃း၈၃။ တွေ့ဆုံရမည်ဟု သူတို့အား ကတိပေးထားသော နေ့ထိတိုင် သူတို့အား ဟာသ ပြက်လုံး ထုတ်နေခြင်း၌ ချန်ထားလော့။
၄၃း၈၄။ အရှင်သည် ကောင်းကင်များအတွင်းမှ ဘုရားရှင်၊ မြေကမ္ဘာအတွင်းမှ ဘုရားရှင် ဖြစ်တော်မူ၏၊ အရှင်သည် ဓမ္မသတ်ရှင်၊ သိနေသောအရှင် ဖြစ်တော်မူ၏။
၄၃း၈၅။ မိုးများနှင့် မြေကမ္ဘာ၊ ထိုနှစ်ခုကြား ရှိသမျှအား အစိုးရသော အရှင်သည် ကျက်သရေအပေါင်းနှင့် ပြည့်စုံ၏၊ ထိုအခိုက်အတန့်အား သိခြင်းဆိုင်ရာသည် အရှင့်ထံ၌သာ ရှိ၍ အရှင့်ထံသို့သာ ဦးလှည့်ပြန်ရမည် ဖြစ်၏။
၄၃း၈၆။ သူတို့သည် အမှန်သိလျက် သစ္စာတရားအားဖြင့် သက်သေတည်ခဲ့သော သူတို့မှအပ အရှင်မှလွဲ၍ ဆုတောင်းခံခဲ့သူများသည် အမျှဝေပေးရန် အခွင့်အာဏာ မရှိချေ။
၄၃း၈၇။ သူတို့အား မည်သူက ဖြစ်တည်စေသနည်းဟု မေးသော်၊ “ပရမတ် ဘုရားရှင် ဖြစ်၏၊” ဟု ဆိုကြလိမ့်မည်၊ သို့ဖြစ်လျှင် မည်သို့ လှည့်စား ခံနေကြကုန်သနည်း။
၄၃း၈၈။ သူ့ စကား၌ “အို- ကံကြမ္မာရှင်၊ ထိုသူတို့သည် ယုံကြည်ခြင်း မရှိသော လူမျိုးပင်-” ဟု ကျိန်ပြနေ၏။
၄၃း၈၉။ “သူတို့အား ဥပက္ခာ ပြုထားလော့၊ ငြိမ်းချမ်းပါစေ ဟု ပြောဆိုလော့၊ မကြာမီ သူတို့ သိကြရလတ္တံ့။”
ဓမ္မခန္ဓာ (၄၃) ဤတွင် ပြီး၏။
၄၄း၁။ ရည်သန် စူးစိုက်မှုတည်ရာ အရှင်၊ မြင့်မြတ်တော်မူသော အရှင်။-
၄၄း၂။ ရှင်းလင်း ထင်ရှားသော ကျမ်းတော်အားဖြင့်။-
၄၄း၃။ ၎င်းကို ကျက်သရေရှိသော ည၌ ငါ ချမှတ် ပေးတော်မူ၏၊ ဧကန်ပင် ငါသည် သတိပေးနေတော်မူ၏။
၄၄း၄။ ထို၌ ဓမ္မသတ် ဆိုင်ရာ ညွှန်ကြားချက် ကိုယ်စီ ခွဲခြမ်း စိတ်ဖြာ ဖွင့်ဆိုထား၏။
၄၄း၅။ ငါ့ထံတော်မှ ညွှန်ကြားချက် ဖြစ်၏၊ ဧကန်ပင် ဉာဏ်စဉ်ဆောင်များကို ငါ စေစားနေတော်မူ၏။
၄၄း၆။ သင့် ကံကြမ္မာရှင်၏ထံမှ ကရုဏာတော် ဖြစ်၏၊ ဧကန်ပင် အရှင်သည် ကြားနေသောအရှင်၊ သိနေသောအရှင် ဖြစ်၏။
၄၄း၇။ မိုးများနှင့် မြေကမ္ဘာ ထိုနှစ်ခုကြား ရှိသမျှတို့၏ ကံကြမ္မာရှင် ဖြစ်၏၊ သင်တို့ ဒိဋ္ဌ ယုံကြည်မိပါလေစ။
၄၄း၈။ နိစ္စ၊ အနိစ္စကို ဖြစ်စေသော သင်တို့၏ ကံကြမ္မာရှင်၊ သင်တို့ ဘဘိုး ရှေးဦးလူများ၏ ကံကြမ္မာရှင်၊ ထိုအရှင်မှအပ အခြား ဘုရားဟူ၍ မရှိပြီ။
၄၄း၉။ အမှန်မှာ သူတို့သည် ဒွိဟ ထဲ၌သာ ဟာသ လုပ်နေကြ၏။
၄၄း၁၀။ မိုးကောင်းကင်အား ရှင်းလင်း ထင်ရှားသော အခိုးထုဖြင့် ဆိုက်ရောက်လာမည့် နေ့ကာလကို စောင့်ကြည့်နေလော့။
၄၄း၁၁။ ၎င်းသည် လူသားတို့အား လွှမ်းခြုံလတ္တံ့၊ ဤသည် စူးနစ်နာကျင်သော ဝဋ်ကြွေးပင် ဖြစ်၏၊ ထိုအခါ။-
၄၄း၁၂။ “အို- ကံကြမ္မာရှင်၊ တပည့်တော်တို့အား ဤဝဋ်ကြွေးမှ ဖယ်ရှားပေးပါ၊ တပည့်တော်တို့သည် ယုံကြည်သူများ ဖြစ်ပါ၏၊” (ဟု ဆိုကြလတ္တံ့။)
၄၄း၁၃။ သူတို့အား မည်သို့ သတိ ထပ်ပေးရအံ့နည်း၊ ဉာဏ်စဉ်ဆောင်သည် သူတို့ထံသို့ ရှင်းလင်း ထင်ရှားစွာ ရောက်ခဲ့ပေပြီ။
၄၄း၁၄။ တဖန် သူ့ထံမှ လှည့်ထွက်ခဲ့လျက် “သင်တန်းဆင်း ဦးနှောက်ပြင် ခံထားရသူ” ဟု ဆိုကြ၏။
၄၄း၁၅။ ဝဋ်ကြွေး အနည်းငယ်အား ငါ ဖယ်ရှားပေးသည်နှင့် သင်တို့သည် ဆက်မိုက်နေမြဲသာ ဖြစ်၏။
၄၄း၁၆။ ကိုင်တွယ်မှုကြီးဖြင့် ကိုင်တွယ်သောနေ့ ကာလ၌ သူတို့ထံ တန်ပြန်စေလတ္တံ့။
၄၄း၁၇။ သူတို့မတိုင်မီ ဖာရိုး၏ လူမျိုးအား ငါ စမ်းသပ်ခဲ့ပြီ၊ သူတို့ထံသို့ ကျက်သရေရှိသော ဉာဏ်စဉ်ဆောင် ရောက်ရှိလာ၍။-
၄၄း၁၈။ ပရမတ်ဘုရားရှင်၏ အမှုတော်ဆောင်တို့၊ ကျွန်ုပ်ထံ၌ ပုံအပ်လော့၊ ကျွန်ုပ်သည် သင်တို့အတွက် ယုံကြည် စိတ်ချရသော ဉာဏ်စဉ်ဆောင် ဖြစ်၏။
၄၄း၁၉။ သင်တို့သည် ပရမတ်ဘုရားရှင်ထက် ပို၍ အထွဋ်အထိပ် မဟုတ်၊ ရှင်းလင်းသော လုပ်ပိုင်ခွင့်ဖြင့် သင်တို့ထံသို့ ကျွန်ုပ်အား ပေးရောက်ပြီ။
၄၄း၂၀။ သင်တို့ က ကျွန်ုပ်အား ပစ်ထုတ်သော်လည်း ကျွန်ုပ်၏ကံကြမ္မာရှင်၊ သင်တို့၏ကံကြမ္မာရှင်၌ ကျွန်ုပ် ခိုလှုံ၏။
၄၄း၂၁။ အကယ်၍ သင်တို့က မယုံကြည်ခဲ့လျှင် ကျွန်ုပ်အား ရှောင်ခွာ သွားခွင့်ပြုပါ၊ (ဟု ဆို၍။-)
၄၄း၂၂။ ကံကြမ္မာရှင်ထံ၌ “ဤသူတို့သည် ရာဇဝတ်ကောင် လူမျိုးသာ ဖြစ်ပါ၏၊” အော်ကြွေး၏။
၄၄း၂၃။ သို့ဖြင့် “ငါ့ အမှုတော်ဆောင်များဖြင့် ည၌ ခရီးနှင်လော့၊ ဧကန်ပင် သင်တို့ကို နောက်မှ လိုက်ကြလိမ့်မည်။
၄၄း၂၄။ ပင်လယ်ဝအား ဆိတ်ငြိမ်စွာ ချန်ထားခဲ့လော့၊ ၎င်းတို့ စစ်တပ်ကြီးအား နစ်မြုပ်စေလတ္တံ့။
၄၄း၂၅။ သူတို့သည် မည်မျှသော ဥယျာဉ်များ၊ စိမ့်စမ်းများကို နောက်၌ ချန်ထားခဲ့ရသနည်း။
၄၄း၂၆။ စိုက်ခင်းများ၊ ကျက်သရေရှိသော ဘုံဌာနေများ။-
၄၄း၂၇။ သူတို့ ဂုဏ်ပေးလေ့ရှိသော သီးနှံများ၊ -ပင်။
၄၄း၂၈။ ဤသို့ပင်၊ ငါသည် အခြားလူမျိုးအား သူတို့၏ အမွေကို ဆက်ခံစေ၏။
၄၄း၂၉။ မိုးနှင့် မြေသည် သူတို့အတွက် မျက်ရည်မကျ၊ သူတို့အတွက် စောင့်ကြည့်နေခွင့်လည်း မရှိတော့ချေ။
၄၄း၃၀။ ငါသည် အရှက်တကွဲ နိမ့်ကျသော ဝဋ်ကြွေးမှ ဂျူးလူမျိုးတို့အား မုချ လွတ်မြောက်စေခဲ့သည်မှာ။-
၄၄း၃၁။ အလွဲသုံးစားပြုသူတို့၏ ထိပ်သီး ဖာရိုးမင်းထံမှ ဖြစ်၏။
၄၄း၃၂။ ငါသည် သူတို့အား အသိပညာရှိသော လောကခပ်သိမ်းအပေါ် မုချ ရွေးချယ်တော်မူပြီ။
၄၄း၃၃။ သူတို့အား ငါ ပေးအပ်သည့် သုတ်ဒေသနာများ အနက် ထို၌ ရှင်းလင်း ထင်ရှားသော စုံစမ်းခြင်းမှုများ ရှိ၏။
၄၄း၃၄။ ဤသူတို့က ဧကန်ဆတ်ဆတ် ပြောကြမည်မှာ။-
၄၄း၃၅။ ပထမအကြိမ် သေခြင်းမှအပ အခြားမရှိ၊ ကျွန်ုပ်တို့ နိုးကြွ ရှင်ပြန်ရမည်လည်း မဟုတ်ချေ။
၄၄း၃၆။ သင်တို့သည် ဖြောင့်မှန်သူများဖြစ်လျှင် ကျွန်ုပ်တို့၏ ဘဘိုးများကို ပြန်ယူခဲ့လော့” ဟု ဖြစ်၏။
၄၄း၃၇။ သူတို့သည် တူဘာလူမျိုးနှင့် သူတို့၏ ရှေ့အလျင်ဖြစ်သူ များထက် ပို၍ ကောင်းသလော၊ ထိုသူတို့သည် ရာဇဝတ်ကောင်များ ဖြစ်ခြင်းကြောင့် သူတို့ အား ငါ တိမ်ကောစေခဲ့ပြီ။
၄၄း၃၈။ ငါသည် မိုးများနှင့် မြေကမ္ဘာ၊ ၎င်းတို့နှစ်ခုကြား အရာများကို ဖြစ်ကတတ်ဆန်း၊ ပေါ့ပျက်ပျက် ဖြစ်တည်စေခြင်း မဟုတ်ချေ။
၄၄း၃၉။ ၎င်းတို့ကို မှန်ကန် ညီညွတ်ခြင်းဖြင့်သာ ငါ ဖြစ်တည်စေ၏၊ သို့သော် သူတို့မှ အများစုသည် သိကြသည် မဟုတ်ချေ။
၄၄း၄၀။ ဧကန်ပင် ရှင်းလင်း ဆုံးဖြတ်မည့်နေ့ ကာလသည် သူတို့ အားလုံး အတွက် ရက်ချိန်း ဖြစ်၏။
၄၄း၄၁။ မဟာမိတ်တစ်ဦးက မဟာမိတ်တစ်ဦးကို တစ်စုံတစ်ရာ မပြည့်စုံစေနိုင်သော၊ သူတို့အတွက် အကူအညီ မရှိစေသောနေ့ ကာလတွင်။-
၄၄း၄၂။ ပရမတ်ဘုရားရှင်မှ ကရုဏာ သက်သူသည်သာ ကင်း၏၊ အရှင်သည် ဘုန်းတော်ရှင်၊ အကြင်နာရှင် ဖြစ်တော်မူ၏။
၄၄း၄၃။ ဧကန်ဆတ်ဆတ်၊ ပဒိုင်းပင်သည်။-
၄၄း၄၄။ အပြစ်ကောင်တို့၏ အစာ ဖြစ်၍။-
၄၄း၄၅။ ဝမ်းဗိုက်တွင်း၌ ကျိုက်ကျိုက်ဆူနေသော ကြေးနီးရည်ကဲ့သို့။-
၄၄း၄၆။ ကျိုက်ကျိုက်ဆူသော ရေနွေးပူကဲ့သို့၊ ဖြစ်၏။
၄၄း၄၇။ ထိုသူအား ဖမ်းဆီးလော့၊ ပုံစံချပြီး ငရဲမီးထဲသို့ ဆွဲချလော့။
၄၄း၄၈။ ထို့နောက် သူ့ခေါင်းပေါ်မှ ဝဋ်ကြွေး ရေနွေးပူကို သွန်းလောင်းလော့။
၄၄း၄၉။ ယင်းကို မြည်းစမ်းလော့၊ သင်သည်ကား ဘုန်းကံ ကျက်သရေ ရှိခဲ့လေ၏။
၄၄း၅၀။ ဤသည်ကား သင်တို့ အချင်းများလေ့ ရှိခဲ့ရာ ဖြစ်၏။
၄၄း၅၁။ ဧကန်ပင် စည်းစောင့်သူတို့သည် ယုံကြည် စိတ်ချရသော ဘုံဌာနေ၌။-
၄၄း၅၂။ ဥယျာဉ်များ စိမ့်စမ်း ရေသွင်များ၌။-
၄၄း၅၃။ ထည်ဝါ ခန့်ညားသော ပိုးဖဲ ကတ္တီပါများကို ဆင်ယင်လျက်၊ အချင်းချင်း မျက်နှာချင်းဆိုင်လျက်။-
၄၄း၅၄။ ဤသို့ပင် ငါသည် သူတို့အား ဖြူစင်သော မျက်လုံးပိုင်ရှင်များဖြင့် စုဖွဲ့ပေးတော်မူလတ္တံ့။
၄၄း၅၅။ ထို၌ သစ်သီးမျိုးစုံနှင့် ယုံကြည် စိတ်ချရမှုကို ဆုတောင်း ပြည့်စေ၏။
၄၄း၅၆။ ပထမအကြိမ် သေဆုံးခဲ့ခြင်း မှအပ ထို၌ သူတို့သည် သေခြင်းတရားကို မြည်းစမ်းရမည် မဟုတ်ချေ၊ ငရဲမီး ဝဋ်ကြွေးမှလည်း ကာကွယ် စောင့်ရှောက်ခံရပြီ။
၄၄း၅၇။ ဤသည် ကံကြမ္မာရှင်၏ထံမှ သိက္ခာပေးမှုပင်တည်း၊ ၎င်းမှာ မဟာအောင်ပွဲပင် ဖြစ်၏။
၄၄း၅၈။ သို့ဖြင့် ငါသည် ၎င်းကို လွယ်ကူစေခြင်းငှာ သင်၏ ဘာသာစကားဖြင့် ဖြစ်စေပြီ၊ သူတို့အတွက် ဆင်ခြင်သတိ ရှိအံ့ငှာလည်း ဖြစ်၏။
၄၄း၅၉။ သို့ဖြစ်၍ စောင့်ကြည့်နေကြလော့၊ သူတို့သည်လည်း စောင့်ကြည့်နေကြကုန်၏။
ဓမ္မခန္ဓာ (၄၄) ဤတွင် ပြီး၏။
၄၅း၁။ ရည်သန် စူးစိုက်မှုတည်ရာ အရှင်၊ မြင့်မြတ်တော်မူသော အရှင်။-
၄၅း၂။ ချမှတ်ပေးသော ကျမ်းတော်သည် ဘုန်းတော်ရှင်၊ ဓမ္မသတ်ရှင် ဖြစ်သော ပရမတ် ဘုရားရှင်၏ထံမှ ဖြစ်၏။
၄၅း၃။ မိုးများနှင့် မြေအတွင်း၌ ယုံကြည်သူများ အတွက် သက်သေ လက္ခဏာများ ရှိနေ၏။
၄၅း၄။ သင်တို့အား ဖြစ်တည်စေခြင်းနှင့် သတ္တဝါအပေါင်းအား ပြန့်ပွားစေခြင်းများ၌ ဒိဋ္ဌ ယုံသော လူမျိုးအတွက် သက်သေ လက္ခဏာများ ရှိ၏။
၄၅း၅။ ညနှင့် နေ့ကို အလှည့်ကျ ဖြစ်စေခြင်း၊ ပရမတ်ဘုရားရှင်က ကောင်းကင်ယံမှ ရိက္ခာ ချမှတ်ပေး၍ မြေအား သေပြီးနောက် ပြန်ရှင်စေခြင်း၊ လေများကို ဘက်ပြန်စေခြင်းများ၌ အတွေးအခေါ်ရှိသော လူမျိုးအတွက် သက်သေ လက္ခဏာများ ရှိ၏။
၄၅း၆။ ဤသည် သင့်အား မှန်ကန်စွာ ဖတ်ပြသော ပရမတ်ဘုရားရှင်၏ သုတ်ဒေသနာတော်များ ဖြစ်၏၊ ပရမတ်ဘုရားရှင်၏ သုတ်ဒေသနာများနောက် မည်သည့် ဆင့်ပြန်ချက်ကို ယုံကြည်ဦးမည်နည်း။
၄၅း၇။ အပြစ်ရှိသူ လုပ်ဇာတ်ဆင်သူတိုင်း ပျက်စီးရမည်သာတည်း။
၄၅း၈။ သူ့အား ကြားနာရန် ဖတ်ပြသော ပရမတ်ဘုရားရှင်၏ သုတ်ဒေသနာတို့အား သူ မကြားခဲ့ဟန်၊ မောက်မာ မာန်တက် ဇွတ်တိုးလျက်ပင် ရှိ၏၊ သူ့အား စူးနစ်သော ဝဋ်ကြွေးအကြောင်း သတင်းကောင်းပါးလော့။
၄၅း၉။ ငါ၏ သုတ်ဒေသနာ တစ်စုံတစ်ရာအား သိရသောအခါ လှောင်ပြောင်စရာဟု ယူမှတ်သောသူ၊ ထိုသူတို့ အတွက် နိမ့်ကျသော ဝဋ်ကြွေးသည် ရှိ၏။
၄၅း၁၀။ ငရဲသည် သူတို့အဘို့ ကွယ်လျက်ရှိ၏၊ သူတို့ ကျင့်ဆောင်ခဲ့သော အရာများ၊ ပရမတ်ဘုရားရှင်မှလွဲ၍ သူတို့ အယူထားခဲ့သော မဟာမိတ်များသည် သူတို့အတွက် ပြည့်စုံမည် မဟုတ်၊ မဟာ ဝဋ်ကြွေးကြီးသာ ရှိနေ၏။
၄၅း၁၁။ ဤသည် လမ်းညွှန်တော်ဖြစ်၏၊ ကံကြမ္မာရှင်၏ သုတ်ဒေသနာတို့အား ဖုံးကွယ်သောသူ ထိုသူတို့အတွက် စူးနစ်သော ဝဋ်ကြွေး ဆိုးကျိုးသည် ရှိ၏။
၄၅း၁၂။ ပရမတ်ဘုရားရှင်သည် အရှင်၏ ညွှန်ကြားချက်ဖြင့် ပင်လယ်ပြင်၌ စီးမျောစေသော သင်္ဘောများကို သင်တို့အတွက် အသုံးခံ ဖြစ်စေသည့် အရှင် ဖြစ်၏၊ အရှင်၏ သိက္ခာပေးခြင်းအား သင်တို့ ရှာဖွေအံ့ငှာ၊ ကျေးဇူးသိအံ့ငှာ ဖြစ်၏။
၄၅း၁၃။ အရှင်သည် မိုးများအတွင်း၊ မြေကမ္ဘာအတွင်း၊ ရှိသမျှအားလုံးကို သင်တို့အတွက် အသုံးခံ ဖြစ်စေ၏၊ ၎င်းတို့သည် အရှင့်ထံမှ ဖြစ်၏၊ ဧကန်ပင် စဉ်းစား သုံးသပ်သော လူမျိုးအတွက် ဤ၌ သက်သေ လက္ခဏာများ ရှိနေ၏။
၄၅း၁၄။ ပရမတ်ဘုရားရှင်၏နေ့ ကာလများအား မမျှော်လင့်ထားသော သူတို့အား လွတ်ငြိမ်းခွင့်ပေးရန်၊ ယုံကြည်သော သူတို့အား ဟောလော့၊ အရှင်သည် လူမျိုးတစ်မျိုးအား သူတို့၏ ကျင့်ဆောင်လေ့ ရှိခဲ့ရာအား အစားပေးတော်မူလတ္တံ့။
၄၅း၁၅။ ပြုပြင် ပြောင်းလဲမှု ကျင့်ကြံသူသည် သူ၏စရိုက်အတွက် ဖြစ်၍ အကုသိုလ် ကောင်သည်လည်း သူ့အတွက်ပင် ဖြစ်၏၊ ထို့နောက် ကံကြမ္မာရှင်၏ ထံသို့သာ ဦးလှည့် ပြန်ခဲ့ရမည်တည်း။
၄၅း၁၆။ ဂျူးလူမျိုးတို့အား ကျမ်းတော်၊ ဓမ္မသတ်တော်နှင့် သတင်းတော်ဆောင် ဘွဲ့များဖြင့် မုချ ငါ ချီးမြှင့်ခဲ့၏၊ သူတို့အား သန့်စင်ရာများမှ ရိက္ခာထောက်ခဲ့၏။ လောက ခပ်သိမ်းထက် သူတို့ကို သိက္ခာပေးခဲ့၏။
၄၅း၁၇။ ညွှန်ကြားချက်တော်မှ ရှင်းလင်းချက်အား သူတို့ကို ငါ ပေးအပ်ခဲ့ပြီ၊ သူတို့ထံသို့ အသိပညာ ရောက်လာပြီးမှသာ သူတို့ချင်းကြား အပြစ်ရှာမှုများကြောင့် သူတို့၏ကြား ကွဲပြားကြကုန်၏၊ ဧကန်ပင် ရပ်တည်ရသောနေ့၌ ကံကြမ္မာရှင်က သူတို့၏အကြား၌ ငြင်းခုံ ကွဲလွဲလေ့ ရှိခဲ့သည်တို့ကို ဆုံးဖြတ်တော်မူလတ္တံ့။
၄၅း၁၈။ ညွှန်ကြားချက် ဥပဒေအတွင်း၌ သင့်ကို ငါ စီစဉ်ပေးထား၏၊ သို့ဖြစ်၍ ၎င်းကို လိုက်နာလော့၊ အသိမရှိသော သူများ၏ လိုဘများနောက်သို့ မလိုက်နာနှင့်။
၄၅း၁၉။ ပရမတ်ဘုရားရှင်အား ကင်းလျက် သူတို့သည် သင့်ကို တစ်စုံတစ်ရာ မပြည့်စုံနိုင်ချေ၊ အမိုက်ကောင်များမှာ- သူတို့မှ အချို့သည် အချို့၏ မဟာမိတ်များဖြစ်၍ ပရမတ်ဘုရားရှင်သည် စည်းစောင့်သူတို့အတွက် မဟာမိတ်ပင် ဖြစ်၏။
၄၅း၂၀။ ဤသည် လူသားတို့အဘို့ အမြင်အာရုံရစေခြင်း ဖြစ်၏၊ ဒိဋ္ဌယုံသော လူမျိုးအတွက် လမ်းညွှန်တော်၊ ကရုဏာတော် ဖြစ်၏။
၄၅း၂၁။ သို့မဟုတ် အကုသိုလ်မှု၌ လုပ်ထည့်လိုက်သော သူတို့က ငါအရှင်သည် သူတို့အား ယုံကြည်လျက် ပြုပြင် ပြောင်းလဲခြင်း ကျင့်ကြံသော သူတို့ကဲ့သို့ စီစဉ်ပေးမည်ဟု စဉ်းစားနေကြသလော၊ သူတို့၏ ရှင်ခြင်း၊ သူတို့၏ သေခြင်းသည် အတူတူပင် ဖြစ်သလော၊ သူတို့၏ စီရင်ထုံးသည်ပင် အကုသိုလ် ဖြစ်၏။
၄၅း၂၂။ ဉာဉ်စရိုက် ကိုယ်စီ ကျင့်ဆောင်မှုအတွက် အစားရရန် ပရမတ်ဘုရားရှင်သည် မိုးများနှင့် မြေကို မှန်ကန် ညီညွတ်စွာ ဖြစ်တည်စေတော်မူ၏၊ သူတို့အား အဝိဇ္ဇာ သင့်စေမည် မဟုတ်ချေ။
၄၅း၂၃။ မိမိ၏ လိုဘအား ဘုရားအဖြစ် အယူထားသူကို သင် ရှုစားမိသလော၊ ပရမတ်ဘုရားရှင်သည် သိနေသော်လည်း သူ့အား လွှဲဖယ်ထားလိုက်၏၊ သူ၏ ကြားနာခြင်းနှင့် နှလုံးသားအား အဆုံးသတ်ထားပြီ၊ သူ့ အမြင်၌ လွှမ်းခြုံမှုကို စီစဉ်ထား၏၊ ပရမတ်ဘုရားရှင်၏နောက် သူ့အား မည်သူက လမ်းညွှန်ဦးမည်နည်း၊ သင်တို့သည် ဆင်ခြင်သတိ ရှိကြမည် မဟုတ်လော။
၄၅း၂၄။ သူတို့က “ဤလောကီ သက်တမ်းမှအပ အခြားမရှိချေ၊ ကျွန်ုပ်တို့ သည် အနိစ္စ၊ နိစ္စ ဖြစ်ရမည်ပင်၊ ခေတ်ကာလသည်သာ ကျွန်ုပ်တို့အား တိုက်စားလေ၏၊” ဟု ဆိုကြ၏၊ ဤအကြာင်းအရာ၌ သူတို့တွင် အသိပညာ မရှိချေ၊ စဉ်းစားမှုသာ ရှိလေ၏။
၄၅း၂၅။ ငါ၏ ရှင်းလင်းသော သုတ်ဒေသနာတို့ကို သူတို့အား ဖတ်ပြသောအခါ သူတို့သည် စောကြောခြင်း မရှိဘဲ ပြောကြသည်မှာ “သင်တို့သည် ဖြောင့်မှန်သူများ ဖြစ်လျှင် ကျွန်ုပ်တို့၏ ဘဘိုးများကို ပြန်ယူခဲ့လော့၊” ဟု ဖြစ်၏။
၄၅း၂၆။ ဟောလော့၊ “ပရမတ်ဘုရားရှင်သည် သင်တို့အား အသက်ကို ပေး၏၊ တဖန် သေဆုံးစေ၍ သံသယဖြစ်ဘွယ် မရှိသော ရပ်တည်ရမည့်နေ့ ကာလဆီသို့ စုပေါင်းစေလတ္တံ့၊ သို့သော် လူသား အများစုသည် သိကြသည် မဟုတ်ချေ။”
၄၅း၂၇။ မိုးများနှင့် မြေကမ္ဘာအား အစိုးရခြင်းသည် ပရမတ်ဘုရားရှင်၏ အချုပ်အခြာ၌ ရှိ၏၊ ရပ်တည်ရမည့်နေ့ ကာလ၊ ထိုနေ့ကာလ၏ အခိုက်အတန့်တွင် မိစ္ဆာဒိဋ္ဌိတို့သည် ဆုံးရှုံး ပျက်စီးရလတ္တံ့။
၄၅း၂၈။ အသိုင်းအဝိုင်း ကိုယ်စီအား ဒူးထောက်လျက် သင် မြင်ရလတ္တံ့၊ ထို အသိုင်းအဝိုင်းတိုင်း၏ သူတို့အတွက် မှတ်တမ်းဆီသို့ ခေါ်ငင်လျက် ဤနေ့၌ သင်တို့၏ ကျင့်ကြံလေ့ ရှိခဲ့သည်များကို အစားပေးခြင်း ခံရလတ္တံ့။
၄၅း၂၉။ ဤသည် ငါအရှင်၏ မှတ်တမ်းဖြစ်၍ ယင်းသည် သင်တို့အား မှန်ကန်စွာ စကားပြောလိမ့်မည်၊ ငါအရှင်သည် သင်တို့ ကျင့်ကြံလေ့ ရှိသမျှကို ကမ္ပည်းထိုး ထားတော်မူ၏။
၄၅း၃၀။ ယုံကြည်လျက် ပြုပြင် ပြောင်းလဲခြင်း ကျင့်ကြံသော သူများအတွက်မူ ကံကြမ္မာရှင်သည် အရှင်၏ ကရုဏာတော်သို့ ဝင်ရောက်ခွင့်ပြု၏၊ ဤသည် သူ့အတွက် ရှင်းလင်း ထင်ရှားသော အောင်ပွဲပင် ဖြစ်၏။
၄၅း၃၁။ ဖုံးကွယ်သော သူတို့အတွက်မူ ငါ၏ သုတ်ဒေသနာများကို သင်တို့အား ဖတ်ပြခဲ့သည် မဟုတ်လော၊ သို့ပါလျက် သင်တို့သည် မာန တက်နေကြ၍ သင်တို့ သည် ရာဇဝတ်ကောင် လူမျိုး ဖြစ်ကုန်၏။
၄၅း၃၂။ ပရမတ်ဘုရားရှင်၏ ကတိတော်သည် မှန်ကန်၏၊ ထိုအခိုက်အတန့်အား သံသယ မဖြစ်ကြကုန်နှင့်၊ ဟု ပြောသောအခါ သင်တို့က “ကျွန်ုပ်တို့သည် မည်သည့် အခိုက်အတန့်ကိုမျှ မမှန်းနိုင်၊ စဉ်းစားချက်မျှသာ ဖြစ်သည်ဟု ကျွန်ုပ်တို့ စဉ်းစားမိ၏၊ ကျွန်ုပ်တို့တွင် တိကျသေချာမှု မရှိချေ၊” ဟု ပြောကြ၏။
၄၅း၃၃။ သူတို့ ကျင့်ကြံသော အကုသိုလ်မှုသည် သူတို့အတွက် ဖေါ်ပြခံရလတ္တံ့။ သူတို့၏ လှောင်ပြောင်လေ့ ရှိသည်များက သူတို့အား ပိတ်ဖုံးစေလတ္တံ့။
၄၅း၃၄။ သူတို့အား ပြောဆိုမည်မှာ “သင်တို့ ဆုံတွေ့ရမည့်နေ့ ကာလကို သင်တို့ မေ့ပစ်ထားခဲ့ သကဲ့သို့ ဤနေ့၌ သင်တို့အား ငါ မေ့ပစ်လိုက်ပြီ၊ ဤသည် သင်တို့အတွက် ခိုလှုံရာ အပူမီး ဖြစ်၏၊ သင်တို့အတွက် ကူညီမည့်သူ မရှိပြီ။
၄၅း၃၅။ ယင်းမှာ သင်တို့သည် ပရမတ်ဘုရားရှင်၏ သုတ်ဒေသနာများကို လှောင်ပြောင်စရာ ဟု အယူထားခဲ့သောကြောင့်၊ သင်တို့အား လောကီ သက်တမ်းက မြှူဆွယ်ထားခြင်းကြောင့် ဖြစ်၏၊ သို့ဖြစ်၍ သူတို့သည် ဤနေ့မှ ထွက်လမ်း မရှိချေ၊ အယူခံခွင့် ရှိသူများလည်း မဟုတ်ချေ။
၄၅း၃၆။ ရည်သန်စူးစိုက်မှု အပေါင်းသည် မိုးများ၏ ကံကြမ္မာရှင်၊ မြေကမ္ဘာ၏ ကံကြမ္မာရှင်၊ လောကခပ်သိမ်း၏ ကံကြမ္မာရှင် ဖြစ်သော ပရမတ်ဘုရားရှင်၏ အတွက်သာ ဖြစ်၏။
၄၅း၃၇။ မိုးများနှင့် မြေမှ ကြီးကျယ် မြင့်မြတ်မှု အပေါင်းသည် အရှင်၏ အချုပ်အခြာ၌ ရှိ၏၊ အရှင်သည် ဘုန်းတော်ရှင်၊ ဓမ္မသတ်ရှင် ဖြစ်တော်မူ၏။
ဓမ္မခန္ဓာ (၄၅) ဤတွင် ပြီး၏။
၄၆း၁။ ရည်သန် စူးစိုက်မှုတည်ရာ အရှင်၊ မြင့်မြတ်တော်မူသော အရှင်။-
၄၆း၂။ ချမှတ်ပေးသော ကျမ်းတော်သည် ဘုန်းတော်ရှင်၊ ဓမ္မသတ်ရှင် ဖြစ်သော ပရမတ်ဘုရားရှင်၏ ထံမှ ဖြစ်၏။
၄၆း၃။ ငါသည် မိုးများနှင့် မြေကမ္ဘာရှိ အရာများ၊ ထိုနှစ်ခုကြားရှိ အရာများကို မှန်ကန်ခြင်းဖြင့်၊ သတ်မှတ်ကာလ အချိန်ဖြင့်၊ ဖြစ်တည်စေသော်လည်း ဖုံးကွယ်သော သူတို့သည် သတိပေး တရားတော်အား ဘောင်ကန့်ထားသူများ ဖြစ်ကြ၏။
၄၆း၄။ ဟောလော့၊ ပရမတ်ဘုရားရှင်မှ လွဲ၍ သင်တို့ ဆုတောင်းနေသည် များကို မြင်သလော၊ မြေကမ္ဘာ၌ သူတို့က ဖြစ်တည်ပေးနိုင်ရာတို့ ရှိလျှင် ကျွန်ုပ်အား ပြလော့၊ သို့မဟုတ် အာကာသ၌ ဖက်စပ်ပိုင်ဆိုင်မှု ရှိလေသလော၊ သင်တို့သည် ဖြောင့်မှန်သူများ ဖြစ်လျှင်- ရှေ့အလျင် ကျမ်းတော်၊ သို့မဟုတ် ရိုးရာစဉ်လာ ပညာများအား ကျွန်ုပ်ထံ ပေးအပ်ကြလော့။
၄၆း၅။ ပရမတ်ဘုရားရှင်မှ လွဲ၍ ရပ်တည်ရမည့်နေ့ ကာလတိုင် သူတို့အား အလိုတူ တုံ့ပြန်ပေးနိုင်ခြင်း မရှိသော အရာများထံ ဆုတောင်းနေသူများထက် ပို၍ မည်သူက လမ်းလွဲဦးမည်နည်း၊ သူတို့သည် သူတို့၏ ဆုတောင်းခြင်းအား မေ့လျော့ ပေါ့ပျက်သူများ ဖြစ်ကြ၏။
၄၆း၆။ လူသားတို့ကို စုစည်းခံရသောအခါ ထို ဆုတောင်းခံများက သူတို့အတွက် စည်းဖေါက်သူများ ဖြစ်၍ သူတို့၏ ကိုးကွယ်ခဲ့သည်တို့ကို ပယ်ချသူများ ဖြစ်ကြ၏။
၄၆း၇။ သူတို့အား ငါအရှင်၏ ရှင်းလင်းချက် သုတ်ဒေသနာများကို ရွတ်ဖတ် ပြသောအခါ သူတို့ထံသို့ ရောက်လာသော သစ္စာတရားကို ဖုံးကွယ်သော သူတို့က “ဤသည် ရှင်းလင်း ထင်ရှားသော မှော် အတတ်ပင်တည်း၊” ဟု ပြောဆိုကြ၏။
၄၆း၈။ သို့မဟုတ် “သူ၏ လုပ်ကြံဖန်တီးချက်၊” ဟု ပြောဆိုသည်များကို ဟောပြောလော့၊ “အကယ်၍ ကျွန်ုပ်သည် ၎င်းကို လုပ်ကြံ ဖန်းတီးခဲ့သော်လည်း ပရမတ်ဘုရားရှင်မှ အပ ကျွန်ုပ်အား သင်တို့ တစ်စုံတစ်ရာ အစိုးရနိုင်ခြင်း မရှိချေ၊ အရှင်သည် သင်တို့၏ စုပြုံ ပြောဆိုမှုကို အသိဆုံး ဖြစ်တော်မူ၏၊ သင်တို့၏ကြား၊ ကျွန်ုပ်၏ကြား၌ အရှင်သည် လုံလောက်သော သက်သေပင် ဖြစ်၏၊ အရှင်သည် လွတ်ငြိမ်းစေသောအရှင်၊ အကြင်နာရှင် ဖြစ်တော်မူ၏။”
၄၆း၉။ ဟောလော့၊ “ကျွန်ုပ်သည် ဉာဏ်စဉ်ဆောင်များအနက် အသစ်အဆန်း မဟုတ်ချေ၊ ကျွန်ုပ်၌ သင်တို့၌ မည်သို့ စီမံခံရမည်ကို ကျွန်ုပ် မမှန်းနိုင်၊ ကျွန်ုပ်သည် ကျွန်ုပ်ထံသို့ အာရုံဈာန်ရသည့် အတိုင်းသာ လိုက်နာ၏၊ ကျွန်ုပ်သည်ကား ရှင်းလင်း ထင်ရှားသော သတိပေးသူသာ ဖြစ်၏။”
၄၆း၁၀။ ဟောလော့၊ “သင်တို့ ဖုံးကွယ် မှောင်ချသော ထိုအရာသည် ပရမတ်ဘုရားရှင်၏ထံမှ ဖြစ်ကြောင်း မြင်မိသလော၊ ဂျူးလူမျိုးတို့ အနက်မှ သက်သေခံတစ်ဦးက ၎င်းသည် အလားတူဖြစ်သည်ဟု သက်သေခံလျက် ယုံကြည်သော်လည်း သင်တို့သည်ကား မာနတက်နေလျက်ပင် ရှိသေး၏၊ ဧကန်ပင် ပရမတ်ဘုရားရှင်သည် မိုက်ကြေးခွဲသော လူမျိုးအား လမ်းညွှန်တော် မမူချေ။”
၄၆း၁၁။ ဖုံးကွယ်သော သူတို့က ယုံကြည်သော သူတို့အား “ထို၌ ကောင်းခြင်း ရှိခဲ့လျှင် သူတို့သည် ကျွန်ုပ်တို့ထက် အလျင် ၎င်းကို သတ်မှတ်ပေးခဲ့မည် မဟုတ်ချေ၊ ထို့အတွက် သူတို့အား လမ်းညွှန်ခဲ့ခြင်းလည်း မရှိချေ၊” ဟု ပြောကြ၏၊ သို့ဖြင့် သူတို့က “ဤသည် ရှိနေခဲ့သော လုပ်ဇာတ်မျှသာ ဖြစ်၏၊” ဟု ဆိုကြသေး၏။
၄၆း၁၂။ ဤရှေ့အလျင် မူဆာခေတ်မှ ကျမ်းတော်သည် ရှေ့ဆောင်လမ်းပြနှင့် ကရုဏာကို ဆောင်၏၊ အာရ်ဗီ ဘာသာစကားဖြင့် ဖြစ်သော ဤကျမ်းသည် ဖြောင့်မှန်စေ၏၊ အဝိဇ္ဇာသင့်နေသော သူတို့အား သတိပေးရာ၊ သုမင်္ဂလာပြုသူတို့အား သတင်းကောင်းပေးရာ ဖြစ်၏။
၄၆း၁၃။ ဧကန်ပင် “ပရမတ်ဘုရားရှင်သည် ကျွန်ုပ်တို့၏ ကံကြမ္မာရှင် ဖြစ်၏၊” ဟု ပြောဆိုသောသူ၊ ရပ်တည်ချက်ရှိသူ၊ သူတို့အား ကြောက်ရွံ့ရစေမည် မဟုတ်၊ သောက ဖြစ်ရစေမည်လည်း မဟုတ်ချေ။
၄၆း၁၄။ ထိုသူတို့သည် ဥယျာဉ်ဘုံ၏ ပေါင်းဖေါ်များ ဖြစ်၍ ထို၌ အစဉ် စံစားရမည်ပင်၊ သူတို့၏ ကျင့်ကြံလေ့ ရှိရာများကို သူတို့အတွက် အစားပေးမှု ဖြစ်စေ၏။
၄၆း၁၅။ လူသားအား မွေးမိဘတို့အပေါ် တင့်တယ်စွာ ပြုမူရန် ငါ မှာကြား၏၊ မိခင်သည် သူ့အား ကြိတ်မှိတ်၍ ကိုယ်ဝန်ဆောင်ခဲ့ရပြီး ကြိတ်မှိတ်၍ မွေးဖွားခဲ့ရ၏၊ သူ၏ နို့ဖြတ်ခြင်း၊ သူ့အား သယ်ပိုးရခြင်းသည် လပေါင်းသုံးဆယ် ဖြစ်၏၊ သူသည် အရွယ်ရောက် ရင့်ကျက်၍ အသက်လေးဆယ်သို့ ဆိုက်ရောက်သော် “အို- ကံကြမ္မာရှင် တပည့်တော်နှင့် မွေးမိဘအား ဂုဏ်ပေးခဲ့သည့် ဂုဏ်သိက္ခာ အတွက် ကျေးဇူးသိတတ်သည့် ရာထူးကို ပေးတော်မူပါ၊ တပည့်တော်အား အရှင်၏ ကျေနပ်စေရာ ပြုပြင် ပြောင်းလဲခြင်းကို ကျင့်ကြံစေနိုင်၍ တပည့်တော်၏ သားစဉ်မြေးဆက်ကိုလည်း ပြုပြင် ပြောင်းလဲစေတော်မူပါ၊ တပည့်တော်သည် အရှင့်ထံ၌ ခဝါချပါ၏၊ တပည့်တော်သည် ငြိမ်းချမ်းရေး ဆောင်သူတို့မှ ဖြစ်ပါ၏၊” ဟု ရင့်ကျူး၏။
၄၆း၁၆။ သူတို့၏ သုမင်္ဂလာ ကျင့်ကြံမှုများကို အကိုးပြည့်စေ၍ အကုသိုလ်များအား ကျော်ဖြတ်ပေးခံရသူများ ဖြစ်၏။ သူတို့အား ဥယျာဉ်ဘုံ၏ ပေါင်းဖေါ်များ ဖြစ်စေ၍ သူတို့အား ပေးခဲ့သည့် ကတိတော်အား ဖြောင့်မှန်သော ကတိဖြစ်စေ၏။
၄၆း၁၇။ မွေးမိဘအား “ရွံစရာကြီးဗျာ- ပြန်ရှင်လာရမည်ဟု– ကျွန်ုပ်အား သင်တို့ ကတိရှိသလော၊ ကျွန်ုပ်၏ ရှေ့အလျင် မျိုးဆက်များလည်း လွန်ခဲ့လေပြီတည်း” ဟု ပြောဆိုသူ၊ သူတို့က ပရမတ်ဘုရားရှင်ထံ အသနားခံသည်မှာ “သင်သည် ပျက်စီးရလေခြင်း၊ ယုံကြည်ခြင်းရှိပါ၊ ပရမတ်ဘုရားရှင်၏ ကတိတော်သည် မှန်ကန်၏၊” ဟု ဖြစ်၏၊ သို့ဖြင့် သူက “ဤသည် ရှေးသရောအခါက ဒဏ္ဍာရီများသာတည်း” ဟု ပြောဆို၏။
၄၆း၁၈။ ကလျာဏနှင့် အန္ဓပုထုဇဉ်တို့၏ အနက်မှ သူတို့၏ ရှေ့အလျင် လွန်လေခဲ့ပြီးသော အသိုင်းအဝိုင်းများ၌ ဤသို့သော သူများအတွက် တရားတော်သည် မှန်ကန်ခဲ့၏၊ သူတို့သည်လည်း လုံးပါး ပျက်သုဉ်းရမည်ပင်။
၄၆း၁၉။ ကျင့်ကြံရာ အတိုင်းသာ အခွင့်အလမ်း ကိုယ်စီ ရှိစေ၏၊ သူတို့၏ ကျင့်ကြံမှုများအတွက် ပြန်ပြည့်စေလတ္တံ့၊ သူတို့အား အဝိဇ္ဇာသင့်စေမည် မဟုတ်ချေ။
၄၆း၂၀။ ဖုံးကွယ်သော သူတို့အား အပူမီး ဘောင်တွင်းမှ ဖြစ်စေသောနေ့၌ “သင်တို့သည် လောကီ သက်တမ်း၌ စင်ကြယ်ရာများကို ရုပ်သိမ်းပစ်လျက် သာယာခဲ့ကြ၏၊ သို့ဖြစ်၍ မြေကမ္ဘာ၌ သင်တို့၏ သစ္စာမဲ့စွာ မာနတက်နေမှု၊ သင်တို့၏ ယုတ်မာလေ့ ရှိမှုများကြောင့် ဤနေ့၌ သင်တို့အား နိမ့်ကျသော ဝဋ်ကြွေးကို အစားရစေမည်။”
၄၆း၂၁။ လွင်တီးခေါင်ထဲ၌ သတိပေး နှိုးဆော်သော အာဒ်၏ညီနောင် လူမျိုးများ အကြောင်းကို သတိဖေါ်ပေးလော့၊ သူ ကွယ်လွန်စဉ် သူ၏ လက်ရှိ-မျက်မှောက်၊ သူ၏နောက်တွင် “ပရမတ်ဘုရားရှင်ကိုသာ ကိုးကွယ်ကြလော့၊ ကျွန်ုပ်သည် သင်တို့အပေါ် ဝဋ်ကြွေးသင့်မည့် နေ့ကြီးကို ကြောက်မိပါ၏၊” ဟူသော သတိပေးသူများ ရှိခဲ့ပြီ။
၄၆း၂၂။ သူတို့က “ကျွန်ုပ်တို့၏ ဘုရားများကို ကျွန်ုပ်တို့က လှည့်စားပစ်စေအံ့ငှာ သင်ရောက်လာခြင်း ဖြစ်သလော၊ သင်သည် ဖြောင့်မှန်သူဖြစ်လျှင် သင်၏ ကတိအား ကျွန်ုပ်တို့ထံသို့ ရောက်စေလော့၊” ဟု ဆိုကြ၏။
၄၆း၂၃။ သူက “ကုန်စင် သိခြင်းသည် ပရမတ်ဘုရားရှင်၏ ထံ၌သာ ရှိ၏၊ ကျွန်ုပ်သည် ကျွန်ုပ်အား စေစားခံရသည်ကို သင်တို့ထံ ဆိုက်ရောက်စေခြင်းသာ ဖြစ်၏၊ သို့သော် သင်တို့သည် ပညာမဲ့သော လူမျိုးဖြစ်သည်ကို ကျွန်ုပ် မြင်ရပြီ၊” ဟု ဆို၏။
၄၆း၂၄။ သူတို့၏ ချိုင့်ဝှမ်းဒေသသို့ ရှေ့တိုးလာသော တိမ်အကန့်များကို သူတို့ မြင်သောအခါ “ဤတိမ်အကန့်များသည် ကျွန်ုပ်တို့ထံသို့ မိုးထုကို ဆောင်လာ၏၊” ဟု ဆိုကြ၏၊ အမှန်မှာ ၎င်းသည် သူတို့ အလျင်လိုနေသော စူးနစ်သည့် ဝဋ်ကြွေးကို ဆောင်လာသည့် လေပင် ဖြစ်၏။
၄၆း၂၅။ ၎င်း ကံကြမ္မာရှင်၏ ညွှန်ကြားချက်အတိုင်း ၎င်းက သဗ္ဗလုံးစုံကို တိုက်ဖျက်လိုက်၏၊ သို့ဖြင့် အခြေချခဲ့ရာမှအပ မြင်စရာမရှိ ဖြစ်သွားတော့၏၊ ငါသည် ရာဇဝတ်ကောင် လူမျိုးအား ဤသို့ အစားပေးတော်မူ၏။
၄၆း၂၆။ မုချပင်၊ သင်တို့အား ထူထောင်ပေးသကဲ့သို့ သူတို့အားလည်း ငါ ထူထောင်ပေးခဲ့၏၊ ထို့ပြင် သူတို့အား အကြား၊ အမြင်၊ စိတ်နှလုံးများကို စီစဉ်ပေးခဲ့၏၊ သို့သော် ပရမတ်ဘုရားရှင်၏ သုတ်ဒေသနာများကို ပယ်ပစ်ကြသောအခါ သူတို့၏အကြား၊ သူတို့၏အမြင်၊ သူတို့၏ စိတ်ခံစားချက်များသည် တစ်စုံတစ်ရာ မပြည့်စုံတော့ပေ၊ သူတို့၏ လှောင်ပြောင်လေ့ ရှိရာများက သူတို့အား ပိတ်ဖုံးထားလေပြီ။
၄၆း၂၇။ ငါသည် သင်တို့ ပတ်ဝန်းကျင်မှ အရပ်ဒေသများကို မုချ တိမ်ကောစေခဲ့ပြီ၊ သူတို့ ဦးလှည့်စေအံ့ငှာ သုတ်ဒေသနာများကို ထပ်ပြန်တလဲလဲ ရှင်းပြခဲ့၏။
၄၆း၂၈။ ပရမတ်ဘုရားရှင်အား တုပြိုင်လျက် သူတို့ ပူဇော် ချဉ်းကပ် အယူထားခဲ့သော သူများက သူတို့အား အဘယ်ကြောင့် မကူညီကြသနည်း၊ အမှန်မှာ ၎င်းတို့သည် သူတို့ထံမှ လွှဲဖယ်သွားကြပြီ၊ ဤသည် သူတို့၏ လုပ်ကြံ ဖန်တီးမှု လုပ်ဇာတ်များသာ ဖြစ်၏။
၄၆း၂၉။ ငါသည် ပုထုဇဉ်များမှ ချီတက်လာသူ တစ်စုအား ကုရ်အာန်ကို ကြားနာစေရန် သင့်ဘက်သို့ လှည့်စေ၏၊ အဆင်သင့် ဖြစ်သော် သူတို့က “ဂရုစိုက်ကြလော့၊” ဟု ဆို၏၊ သို့ဖြင့် ပြီးဆုံးသောအခါ သူတို့၏လူမျိုးထံသို့ လှည့်ပြန်လျက် သတိပေး။-
၄၆း၃၀။ ပြောဆိုကြသည်မှာ “အို- ကျွန်ုပ်တို့၏ လူမျိုးတို့ ကျွန်ုပ်တို့သည် မူဆာ၏နောက်၌ ချမှတ်ပေးသော ကျမ်းတော်ကို ကြားနာခဲ့ရ၏၊ ၎င်းသည် လက်ရှိ-မျက်မှောက်များကို ဖြောင့်မှန်စေ၏၊ ပရမတ္ထသစ္စာသို့၊ ဖြောင့်မတ် မြဲမြံသော လမ်းကြောင်းသို့ ညွှန်၏။
၄၆း၃၁။ အို- ကျွန်ုပ်တို့၏ လူမျိုးတို့၊ ပရမတ်ဘုရားရှင်၏ ဖိတ်ခေါ်သူအား အဖြေ ပေးကြလော့၊ အရှင့်အား ယုံကြည်ကြလော့၊ အရှင်သည် သင်တို့အား အပြစ်များမှ လွတ်ငြိမ်းစေလတ္တံ့၊ စူးနစ်နာကျင်သော ဝဋ်ကြွေးမှ ကာကွယ်ပေးတော်မူလတ္တံ့။
၄၆း၃၂။ ပရမတ်ဘုရားရှင်၏ ဖိတ်ခေါ်သူအား ပြန်မဖြေသော သူက မြေကမ္ဘာ၌ ချည့်နဲ့စေနိုင်ခြင်း မရှိ၊ အရှင်မှလွဲ၍ သူ့အတွက် မဟာမိတ်လည်း မရှိချေ၊ ထိုသူတို့သည် ရှင်းလင်း ထင်ရှားသော အပါယ်လမ်း၌သာ ရှိ၏။
၄၆း၃၃။ ဧကန်ပင် ပရမတ်ဘုရားရှင်၊ အရှင်သည် မိုးများနှင့် မြေကမ္ဘာအား ဖြစ်တည်စေတော်မူခြင်း၊ ထိုဖြစ်တည်ပေးခြင်း အတွက် နွမ်းလျတော်မမူခြင်း၊ စည်းချိန်အလျောက် ရှင်စေခြင်း၊ သေစေခြင်းတို့ကို မမြင်မိကြသလော၊ ဧကန်ပင် အရှင်သည် သဗ္ဗလုံးစုံအား စည်းချိန်ချမှတ်တော်မူ၏။
၄၆း၃၄။ ဖုံးကွယ်သော သူတို့အား အပူမီး ဘောင်တွင်းမှ ဖြစ်စေသောနေ့၌ ဤသည် အမှန် မဟုတ်လောဟု မေးသော် သူတို့က “ကံကြမ္မာရှင်အား တိုင်တည်လျက်- အမှန်ပင် ဖြစ်၏၊” ဟု ဆိုကြ၏၊ အရှင်က “သင်တို့၏ ဖုံးကွယ်လေ့ရှိသည်များ အတွက် ဝဋ်ကြွေးအား မြည်းစမ်းကြလော့၊” ဟု မိန့်တော်မူမည်ဟု ဖြစ်၏။
၄၆း၃၅။ သို့ဖြစ်၍ လောကဓံအား စိတ်ဆုံးဖြတ်၍ သည်းခံပါရမီရှိသူ ဉာဏ်စဉ်ဆောင်များကဲ့သို့ သင်သည်လည်း သည်းခံပါရမီ ရှိလော့၊ သူတို့နှင့် စပ်လျဉ်း၍ အလျင်မလိုနှင့်၊ သူတို့အား ကတိပေးထားသည့်အတိုင်း သူတို့ မြင်တွေ့ရသောနေ့ ကာလ၌ သူတို့သည် တစ်နေ့တာ၏ အခိုက်အတန့်မျှသာ နေခဲ့ရသည်ဟု ခံစားရခြင်းကို ဆိုက်ရောက်စေလော့၊ ယုတ်မာသော လူမျိုးမှအပ အခြား တိမ်ကောရသူ ရှိလေသလော။
ဓမ္မခန္ဓာ (၄၆) ဤတွင် ပြီး၏။
၄၇း၁။ ဖုံးကွယ်မှောင်ချ၍ ပရမတ်ဘုရားရှင်၏ လမ်းစဉ်တော်မှ ဖယ်ခိုင်းသော သူတို့၏ ကျင့်ကြံမှုများမှာ လွဲမှားခြင်းသာ ဖြစ်၏။
၄၇း၂။ ယုံကြည်လျက် ပြုပြင် ပြောင်းလဲခြင်း ကျင့်ကြံသော- မေတ္တေယျထံ၌ ချမှတ်ပေးသည်ကို ၎င်းသည် ကံကြမ္မာရှင်ထံမှ ပရမတ္ထသစ္စာ ဖြစ်သည်ဟု ယုံကြည်သော သူများအား သူတို့၏ အကုသိုလ်များကို ဖုံးပစ်လျက် အခြေအနေကို ပြုပြင်ပေးတော်မူမည်။
၄၇း၃။ ဤသည်မှာ ဖုံးကွယ်မှောင်ချသော သူတို့သည် မိစ္ဆာတရားကို လိုက်နာကြ၍ ယုံကြည်သော သူတို့သည် ကံကြမ္မာရှင်၏ထံမှ သစ္စာတရားကို လိုက်နာသောကြောင့် ဖြစ်၏၊ ဤသို့ ပရမတ်ဘုရားရှင်သည် လူသားတို့အတွက် ပမာဆောင် ဥပမာ ပေးတော်မူ၏။
၄၇း၄။ သင်တို့သည် ဖုံးကွယ်သော သူတို့နှင့် ထိပ်တိုက်တွေ့သောအခါ သူတို့ ကို ချုပ်ကိုင်နိုင်သည်ထိ စစ်လည်မြိုကို ဖြတ်တိုက်လော့၊ ထို့နောက် အင်အားဖြင့် ချုပ်နှောင်နိုင်၏၊ သို့မဟုတ် မျက်နှာသာပေးနိုင်၏၊ သို့မဟုတ် လျော်ကြေး တောင်းနိုင်၏၊ ဤသည် စစ်ပွဲ၌ လက်နက်ချစဉ် ဖြစ်၍ အကယ်၍ ပရမတ်ဘုရားရှင်၏ စံချိန်ပြည့်မီခဲ့လျှင် အရှင်သည် သူတို့အား ကူညီနိုင်၏၊ သို့သော် အရှင်သည် သင်တို့အား အချို့ကို အချို့အားဖြင့် စုံစမ်းတော်မူ၏၊ ပရမတ်ဘုရားရှင်၏ လမ်းစဉ်တော်၌ ကျဆုံးရသော သူများ၏ ကျင့်ကြံမှုတို့သည် လွဲမှားခြင်း မရှိချေ။
၄၇း၅။ အရှင်သည် သူတို့အား လမ်းညွှန်တော်မူလတ္တံ့၊ သူတို့၏ အခြေအနေကို ပြုပြင်ပေးတော်မူလတ္တံ့။
၄၇း၆။ သူတို့အတွက် အသိအမှတ်ပြုပြီးသော ဥယျာဉ်ဘုံသို့ ဝင်ရောက်စေတော်မူလတ္တံ့။
၄၇း၇။ အို- ယုံကြည်သော သူတို့၊ သင်တို့သည် ပရမတ်ဘုရားရှင်အား ကူညီမှုပြုလျှင် သင်တို့အား ကူညီခံရစေလတ္တံ့၊ သင်တို့၏ စုံရပ်ခံမှုကို ခိုင်မာစေလတ္တံ့။
၄၇း၈။ ဖုံးကွယ်မှောင်ချသော သူတို့အား ဆိတ်သုဉ်းစေလတ္တံ့၊ သူတို့၏ ကျင့်ကြံမှုများမှာ လွဲမှားနေကြ၏။
၄၇း၉။ ဤသည်မှာ သူတို့သည် ပရမတ်ဘုရားရှင်၏ ချမှတ်ပေးခြင်းကို မုန်းတီးသောကြောင့်ပင်၊ သို့ဖြင့် သူတို့၏ ကျင့်ကြံမှုများအား အချည်းနှီး ဖြစ်စေ၏။
၄၇း၁၀။ သူတို့သည် မြေကမ္ဘာအနှံ့ သွားလာလျက် သူတို့၏ ရှေ့အလျင် ဖြစ်သူများ နိဂုံး မည်သို့ ချုပ်ရသည်ကို မကြည့်ကြသလော၊ ပရမတ်ဘုရားရှင်သည် သူတို့အား ပျက်စီးစေလိုက်၏၊ ဖုံးကွယ် မှောင်ချသူတို့အတွက် ဥပမာပင် ဖြစ်၏။
၄၇း၁၁။ ဤသည်မှာ ပရမတ်ဘုရားရှင်သည် ယုံကြည်သော သူတို့အတွက် မဟာမိတ် ဖြစ်သောကြောင့်တည်း၊ ဖုံးကွယ်သူတို့ အတွက်မူ သူတို့အတွက် မဟာမိတ်ဟူ၍ မရှိချေ။
၄၇း၁၂။ ဧကန်ပင် ပရမတ်ဘုရားရှင်သည် ယုံကြည်၍ ပြုပြင် ပြောင်းလဲခြင်း ကျင့်ကြံသော သူများအား အောက်ခင်း၌ စမ်းချောင်းရေသွင် စီးဆင်းလျက်ရှိသော ဥယျာဉ်ဘုံများသို့ ဝင်စေတော်မူမည်ပင်၊ ဖုံးကွယ်၍ ပျော်ပါး မြူးတူးနေသော သူများသည်ကား တိရိစ္ဆာန်များ စားသကဲ့သို့သာ စားသုံးရမည်ပင်၊ အပူမီးသည် သူတို့အတွက် တည်းခိုရာ ဖြစ်၏။
၄၇း၁၃။ မည်မျှသော အရပ်ဒေသများသည် သင့်အား မောင်းထုတ်ခဲ့သော ဒေသထက် ပိုမို သန်မာသော အစွမ်းသတ္တိ ရှိခဲ့သနည်း၊ ငါအရှင်က သူတို့အား တိမ်ကောစေလျှင် သူတို့အတွက် ကူညီနိုင်သူ မရှိချေ။
၄၇း၁၄။ ကံကြမ္မာရှင်၏ ထံတော်မှ ရှင်းလင်းချက်များပေါ်၌ ရှိသူသည်- အကုသိုလ် ကျင့်ကြံမှုများ၏ ဖမ်းစားခံနေသူ၊ သူတို့၏ လိုဘများသို့ လိုက်နေသူကဲ့သို့ ဖြစ်သလော။
၄၇း၁၅။ စည်းစောင့်သူများ အတွက် ကတိတော်ထားသည့် ဥယျာဉ်တော်၏ ဥပမာပုံသည်ကား- ထို၌ ရေ ညစ်ညမ်းမှု မရှိသော မြစ်ချောင်းများ၊ အဟာရ မပြောင်းလဲသော နို့ရည် မြစ်ချောင်းများ၊ သောက်သုံးသူများ အတွက် အရသာ ရှိသော ယစ်ရွှေရည် မြစ်ချောင်းများ၊ ရွေးချယ်ထားသော ပျားရည် မြစ်ချောင်းများ ရှိ၏၊ ထို၌ သူတို့အတွက် ကံကြမ္မာရှင်၏ထံမှ လွတ်ငြိမ်းခွင့်ပေးထားသည့် သစ်သီးဝလံမျိုးစုံ ရှိ၏၊ ၎င်းသည် အပူမီးထဲ၌ အစဉ် ခံစားလျက် တိုက်မည့်ရေမှာ ရေနွေးပူ ဖြစ်၍ အူသိမ်အူမ ပြတ်ကျရသူကဲ့သို့ ဖြစ်သလော။
၄၇း၁၆။ သူတို့အနက် သင့်ထံတွင် ကြားနာကြလျက် သင့်ထံမှ ထွက်သွား၍ အသိပညာ ချီးမြှင့်ခံရသော သူတို့အား “သူက ယခု ဘာများ ပြောသေးသနည်း၊” ဟု ပြောသူတို့ ရှိ၏၊ သူပြောသည်မှာ “ပရမတ်ဘုရားရှင်က သူတို့၏ နှလုံးသားကို တံဆိပ်ထုထားသော သူတို့- ထိုသူတို့သည် သူတို့၏ လိုဘများသို့ လိုက်နေသူများ ဖြစ်ကြ၏။”
၄၇း၁၇။ လမ်းညွှန်ခြင်း ခံရသော သူတို့အား ပရမတ်ဘုရားရှင်က လမ်းညွှန်ခြင်းကို တိုးပွားစေလျက် စည်းစောင့်နိုင်ခြင်းကို ချီးမြှင့်တော်မူ၏။
၄၇း၁၈။ သူတို့သည် သူတို့ထံသို့ ရုတ်တရက် ပေးရောက်လာမည့် အခိုက်အတန့်အား စောင့်ကြည့် နေကြသလော၊ မုချပင် ထို့အတွက် အတိတ်နိမိတ်တို့ ရောက်လာပြီ- သို့လျှင် သူတို့ထံသို့ မည်သို့သော သတိပေး တရားတော် ရောက်လာစေမူ သူတို့အတွက် ကုံလုံ ပြည့်စုံနိုင်တော့မည်နည်း။
၄၇း၁၉။ သို့ဖြစ်၍ ပရမတ်ဘုရားရှင်မှအပ အခြား ဘုရားဟူ၍ မရှိကြောင်း သိကြလော့၊ သင်- ယုံကြည်သူများနှင့် ယုံကြည်သော သူမတို့၏ အပြစ်များမှ ကင်းရန် လွတ်ငြိမ်းဆုပန်လော့၊ ပရမတ်ဘုရားရှင်သည် သင်တို့၏ ဦးတည် လှုပ်ရှားမှုများ၊ သင်တို့၏ တည်းခိုမှုများကို သိနေတော်မူ၏။
၄၇း၂၀။ ယုံကြည်သော သူတို့က “အဘယ်ကြောင့် ဓမ္မခန္ဓာတစ်ပါး မချမှတ်ပေးသနည်း၊” ဟု ဆိုကြ၏၊ သို့သော် စီရင်ထုံးတည်သော ဓမ္မခန္ဓာတစ်ပါးကို ချမှတ်ပေး၍ ထို၌ ခုခံစစ်အကြောင်း သတိဖေါ်ပေးသော် စိတ်နှလုံး၌ ရောဂါရှိသော သူများက သူတို့ထံ လှည့်လာနေသော သေဘေး လွှမ်းခြုံခံရသည့် အကြည့်ဖြင့် သင့်အား ကြည့်နေသည်ကို သင် မြင်ရ၏။
၄၇း၂၁။ နာခံခြင်း၊ အသိအမှတ်ပြု ပြောဆိုခြင်း- ညွှန်ကြားချက် တစ်ခုအား ဆုံးဖြတ်သောအခါ သူတို့သည် ပရမတ်ဘုရားအပေါ် ဖြောင့်မှန်ကြလျှင် သူတို့ အတွက် ပို၍ ကောင်းလေ၏။
၄၇း၂၂။ အကယ်၍ သင်တို့အား အလှည့်ပေးလိုက်လျှင် သင်တို့သည် မြေကမ္ဘာ၌ အဖျက်လုပ်၍ သင်တို့၏ မွေးရာပါ အခွင့်အရေးများကို ဖြတ်တောက်သင့် သလော။
၄၇း၂၃။ ထိုသူတို့သည်ကား ပရမတ်ဘုရားရှင်၏ မေတ္တာဝေးစေပြီ၊ သို့ဖြစ်၍ သူတို့သည် နားပင်းခြင်း၊ အမြင်များ ကန်းခြင်းတို့ ဖြစ်ရ၏။
၄၇း၂၄။ သူတို့သည် အဘယ်ကြောင့် ကုရ်အာန်ကို အရင်းအမြစ် မစစ်ကြသနည်း၊ သို့တည်းမဟုတ် သူတို့၏ စိတ်နှလုံးကို သော့ခတ်ထားကြသလော။
၄၇း၂၅။ သူတို့အတွက် လမ်းညွှန်ခြင်းကို ရှင်းလင်းစေပြီးနောက်မှ ပြန်လှည့်သွားသော သူတို့သည် မကောင်းဆိုးဝါး၏ လှုံ့ဆော်မှုကို ခံရပြီ၊ သူတို့အား အချိန်လေလွင့်စေ၏။
၄၇း၂၆။ ယင်းမှာ သူတို့က ပရမတ်ဘုရားရှင်၏ ချမှတ်ပေးချက်ကို မုန်းတီးသော သူတို့အား “ညွှန်ကြားချက် အချို့တွင် ကျွန်ုပ်တို့သည် သင်တို့ကို နာခံပါမည်၊” ဟု ဆိုသောကြောင့် ဖြစ်၏၊ ပရမတ်ဘုရားရှင်သည် သူတို့၏ ကြိတ်၍ ကြံစည်မှုများကို သိနေတော်မူ၏။
၄၇း၂၇။ နိမိတ်ဆောင်တို့က သူတို့အား သက်တမ်းကုန်စေသော်၊ သူတို့၏ မျက်နှာများနှင့် နောက်ကျောများကို ရိုက်ခတ်သော်၊ မည်သို့ ရှိနိုင်အံ့နည်း။
၄၇း၂၈။ ယင်းမှာ- သူတို့သည် ပရမတ်ဘုရားရှင်၏ အမျက်တော်ရှခြင်းကို လိုက်နာကြလျက် အရှင်၏ နှစ်မြို့မှုကို ရွံမုန်းသောကြောင့် ဖြစ်၏၊ သို့ဖြစ်၍ သူတို့၏ ကျင့်ကြံမှုများအား အချည်းနှီး ဖြစ်စေ၏။
၄၇း၂၉။ သို့တည်းမဟုတ် စိတ်နှလုံး၌ ရောဂါရှိသောသူတို့က ပရမတ်ဘုရားရှင်သည် သူတို့၏ အမုန်းစိတ်များကို ဖေါ်ထုတ်တော်မူမည် မဟုတ်ဟု စိတ်ကူးယဉ် နေကြသလော။
၄၇း၃၀။ အကယ်၍ ငါအရှင်၏ စံချိန်ပြည့်မီခဲ့လျှင် သင်သည် သူတို့အား မြင်နိုင်စွမ်း၏၊ သူတို့၏ အမှတ်သညာများအားဖြင့် သင် မှတ်မိနိုင်၏၊ သူတို့၏ ပြောဆိုသံအားဖြင့် သင် မှတ်မိနိုင်၏၊ ပရမတ်ဘုရားရှင်သည် သင်တို့၏ ကျင့်ကြံမှုများကို သိနေတော်မူ၏။
၄၇း၃၁။ သင်တို့အနက် အားစိုက်ဆောင်ရွက်သူ၊ သည်းခံပါရမီ ကြီးသူအား သိသာသည့်တိုင် သင်တို့အား စုံစမ်းတော်မူမည်၊ သင်တို့၏ သတင်းကိုလည်း စုံစမ်းတော်မူမည်။
၄၇း၃၂။ သူတို့အတွက် လမ်းညွှန်တော်ကို ရှင်းလင်းစေပြီးနောက်မှ ပရမတ်ဘုရားရှင်၏ လမ်းစဉ်တော်မှ ဖယ်ခိုင်းသော၊ ဉာဏ်စဉ်ဆောင်အား ဂိုဏ်းခွဲသော၊ ဖုံးကွယ်သော၊ သူတို့သည် ပရမတ်ဘုရားရှင်အား နစ်နာစေနိုင်ခြင်း တစ်စုံတစ်ရာ မရှိချေ၊ သူတို့၏ ကျင့်ကြံမှုများအား အချည်းနှီး ဖြစ်စေ၏။
၄၇း၃၃။ အို- ယုံကြည်သော သူတို့၊ ပရမတ်ဘုရားရှင်အား နာခံကြလော့၊ ဉာဏ်စဉ်တော်ဆောင်အား နာခံကြလော့၊ သင်တို့၏ ကျင့်ကြံမှုများကို အမှား မဖြစ်စေနှင့်။
၄၇း၃၄။ ဧကန်ပင် ပရမတ်ဘုရားရှင်၏ လမ်းစဉ်တော်မှ ဖယ်ခိုင်းသည့် ဖုံးကွယ်သော သူတို့သည် ထို့နောက် ဖုံးကွယ်သူ အဖြစ်ဖြင့် သေဆုံးခဲ့သော် သူတို့အတွက် ပရမတ်ဘုရားရှင်ထံ၌ လွတ်ငြိမ်းခွင့် မရှိချေ။
၄၇း၃၅။ သင်တို့သည် အားလျော့လျက် ငြိမ်းချမ်းရေးကို မကြွေးကြော်ကြနှင့်၊ သင်တို့သည် အပေါ်စီးမှ ဖြစ်ရလတ္တံ့၊ ပရမတ်ဘုရားရှင်သည် သင်တို့နှင့်အတူ ရှိတော်မူ၏၊ သင်တို့၏ ကျင့်ကြံမှုအား အဆင့်မကျော်စေနှင့်။
၄၇း၃၆။ ဤလောကီ သက်တမ်းသည် မြူးတူး ပျော်ပါးရာ ဟာသမျှ ဖြစ်၏၊ သင်တို့သည် ယုံကြည်ကြလျှင်၊ စည်းစောင့်ကြလျှင်၊ သင်တို့အား အကျိုးဆုလာဘ် ပေးခံရလတ္တံ့၊ သင်တို့၏ ဥစ္စာပစ္စည်းများကို တောင်းခံလိမ့်မည် မဟုတ်ချေ။
၄၇း၃၇။ အကယ်၍ အရှင်သည် သင်တို့ထံမှ တောင်းဆိုခဲ့ခြင်းနှင့် သင်တို့အား တိုက်တွန်းခဲ့ခြင်းအတွက် သင်တို့သည် ကပ်စေးနှဲခဲ့လျှင် သင်တို့၏ အမုန်းစိတ်များကို ဖေါ်ထုတ်တော်မူမည်ပင်။
၄၇း၃၈။ ကြည့်လော့၊ သင်တို့သည် ပရမတ်ဘုရားရှင်၏ လမ်းစဉ်တော်၌ ပေးကမ်းသုံးစွဲရန်သာ ဖိတ်ခေါ်ခံရသူတို့ ဖြစ်၏၊ သို့သော် သင်တို့အနက် ကပ်စေးနှဲ သူတို့ ရှိ၏၊ ကပ်စေးနှဲသော သူသည် သူ၏စရိုက်ကိုသာ ကပ်စေးနှဲသူ ဖြစ်၏၊ ပရမတ်ဘုရားရှင်သည် ကုံလုံပြည်စုံ၍ သင်တို့သည်သာ ဆင်းရဲချို့တဲ့သူတို့ ဖြစ်၏၊ အကယ်၍ သင်တို့သည် လှည့်ပြေးကြလျှင် သင်တို့အစား သင်တို့ကဲ့သို့ မဟုတ်သော အခြားလူမျိုးကို လွှဲပြောင်းပေးတော်မူလတ္တံ့။
ဓမ္မခန္ဓာ (၄၇) ဤတွင် ပြီး၏။
၄၈း၁။ သင့်အား ရှင်းလင်း ထင်ရှားသော ထွက်ရပ်လမ်းအား ထွက်ရပ်ပေါက် စေခြင်းမှာ။-
၄၈း၂။ ပရမတ်ဘုရားရှင်သည် သင်၏ စုံရပ်ခံခဲ့မှုနှင့် အနာဂတ် ပြစ်မှုများကို လွတ်ငြိမ်းစေရန်၊ သင့်အပေါ်၌ ဂုဏ်ပေးမှုကို ပြည့်စုံစေရန်၊ သင့်အား မြဲမြံ တည်တံ့သော လမ်းစဉ်သို့ ညွှန်တော်မူရန် ဖြစ်၏။
၄၈း၃။ ပရမတ်ဘုရားရှင်သည် သင့်အား ဘုန်းကံတက်ရန် ကူညီမှုဖြင့် ကူညီတော်မူလတ္တံ့။
၄၈း၄။ ထို အရှင်သည် ယုံကြည်သူတို့၏ နှလုံးသား၌ ယုံကြည်ချက်ကို ထပ်လောင်း ယုံကြည်ချက် တိုးပွားစေရန် စိတ်တည်ငြိမ်ခြင်းကို ချမှတ်ပေးတာ်မူ၏၊ မိုးများနှင့် မြေကမ္ဘာရှိ စစ်သည်အပေါင်းသည် ပရမတ်ဘုရားရှင်၏ အချုပ်အခြာ၌ ရှိ၏၊ ပရမတ်ဘုရားရှင်သည် သိနေသောအရှင်၊ ဓမ္မသတ်ရှင် ဖြစ်တော်မူ၏။
၄၈း၅။ ယုံကြည်သူ၊ ယုံကြည်သူမတို့အား အောက်ခင်း၌ စမ်းချောင်းရေသွင် စီးဆင်းနေသော ဥယျာဉ်များသို့ ဝင်စေ၍ ထို၌ အစဉ် စံစားစေမည်ပင်၊ သူတို့၏ အကုသိုလ်များကို ဖုံးကွယ်ပေးမည်ပင်၊ ယင်းသည် ပရမတ်ဘုရားရှင်၏ ထံတော်မှ မဟာ အောင်ပွဲပင် ဖြစ်၏။
၄၈း၆။ သီလကြောင်များ၊ သီလကြောင်မများ၊ ရောပြွန်း ကိုးကွယ်သူများ၊ ရောပြွန်း ကိုးကွယ်သူမများအား ဝဋ်ကြွေးသင့်နိုင်ရာ၏၊ သူတို့သည် ပရမတ်ဘုရားရှင် အပေါ်၌ အကုသိုလ် စဉ်းစားချက်ဖြင့် စဉ်းစားသူများ ဖြစ်၏၊ သူတို့အား ရုံးတင်ခံရခြင်း အကုသိုလ် သင့်စေပြီ၊ ပရမတ်ဘုရားရှင်ထံမှ ကံကြီးသင့်စေပြီ၊ သူတို့အပေါ်သို့ မေတ္တာဝေးစေပြီ၊ သူတို့အတွက် ငရဲဘုံနှင့် အကုသိုလ် ပန်းတိုင်ကို တွက်ချက် ပြင်ဆင်ထားပေပြီ။
၄၈း၇။ မိုးများနှင့် မြေကမ္ဘာရှိ စစ်သည်အပေါင်းသည် ပရမတ်ဘုရားရှင်၏ အချုပ်အခြာ၌ ရှိ၏၊ ပရမတ်ဘုရားရှင်သည် ဘုန်းတော်ရှင်၊ ဓမ္မသတ်ရှင် ဖြစ်တော်မူ၏။
၄၈း၈။ ဧကန်ပင် သင့်အား သက်သေတော်၊ သတင်းကောင်းပါးသူ၊ သတိပေးသူအဖြစ် ငါ စေစားခြင်းမှာ။-
၄၈း၉။ ပရမတ်ဘုရားရှင်နှင့် အရှင့်ဉာဏ်စဉ်ဆောင်အား သင်တို့ ယုံကြည်စေရန်၊ သူ့အား လေးစားဂုဏ်ပေးရန်၊ အလေးအနက် ထားစေရန် ဖြစ်၏၊ နံနက်နှင့် နေကျချိန်၌ အရှင့်အား သင်တို့ ဦးထိပ်ထားစေရန်လည်း ဖြစ်၏။
၄၈း၁၀။ သင့်ထံ၌ ကတိသစ္စာပြုသော သူများသည် ပရမတ်ဘုရားရှင်၏ထံ၌ ကတိသစ္စာပြုသူ မည်၏၊ ပရမတ်ဘုရားရှင်၏ လုပ်ပိုင်ခွင့်တော်အား သူတို့၏ လက်များအပေါ်၌ ပေးအပ်သည် မည်၏၊ သစ္စာဖေါက်ဖျက်သူသည် သူ့ ဉာဉ်စရိုက် အတွက် ဖေါက်ဖျက်ခြင်းသာ ဖြစ်၏၊ ပရမတ်ဘုရားရှင်နှင့်အတူ ပဋိညာဉ်အား ပြီးပြည့်စေသူ- သူ့အား အရှင်က မဟာ ဆုလာဘ်ကြီးကို ပေးတော်မူလတ္တံ့။
၄၈း၁၁။ သင့်နောက်တွင် ချန်နေခဲ့သော ကန္တာရ တိုင်းရင်းသားတို့က သင့်အား ပြောကြမည်မှာ “ကျွန်ုပ်တို့၏ ဥစ္စာပစ္စည်းများ၊ ဝိုင်းသားများဖြင့် ကျွန်ုပ်တို့ အလုပ်ရှုပ်နေ၏၊ သို့ဖြစ်၍ ကျွန်ုပ်တို့အတွက် လွတ်ငြိမ်းခွင့်ပန်ပေးပါ၊” ဟု ဖြစ်၏၊ သူတို့ သည် နှလုံးသား၌ မရှိသည်ကို လျှာဖျားမှ ပြောဆိုကြ၏၊ ဟောလော့၊ “အကယ်၍ ပရမတ်ဘုရားရှင်သည် သင်တို့အား တစ်စုံတစ်ရာ အဆိုး ဖြစ်စေလိုသော်၊ သို့မဟုတ် အကျိုး ဖြစ်စေလိုသော်၊ မည်သူက စိုးမိုး ချုပ်ကိုင်ထားနိုင်သနည်း၊ အမှန်မှာ ပရမတ်ဘုရားရှင်သည် သင်တို့ ကျင့်ကြံသမျှကို သတင်းသိနေတော်မူ၏။
၄၈း၁၂။ အမှန်မှာ ဉာဏ်စဉ်တော်ဆောင်နှင့် ယုံကြည်သူတို့သည် သူတို့၏ ဝိုင်းသားများထံသို့ မည်သည့်အခါမျှ ဦးလှည့်လာတော့မည် မဟုတ်ဟု စဉ်းစားနေကြ၍ ယင်းသည် သင်တို့၏ နှလုံးသားများကို ဖမ်းစားစေကြ၏။ သင်တို့သည် အကုသိုလ် စဉ်းစားချက်ကိုသာ စဉ်းစားနေကြ၏၊ သင်တို့သည် ပျက်စီးကြေမွရမည့် လူမျိုးသာ ဖြစ်၏။”
၄၈း၁၃။ ပရမတ်ဘုရားရှင်နှင့် အရှင်၏ ဉာဏ်စဉ်တော်ဆောင်အား မယုံသောသူ၊ ထို ဖုံးကွယ် မှောင်ချသူတို့အတွက် ငါအရှင်သည် မီးလောင်စာကို ပြင်ဆင်ထား၏။
၄၈း၁၄။ မိုးများနှင့် မြေကမ္ဘာအား အစိုးရခြင်းသည် ပရမတ်ဘုရားရှင်၏ အချုပ်အခြာ၌ ရှိ၏၊ အရှင်သည် စံချိန်ပြည့်မီသူ အလျောက် လွတ်ငြိမ်းစေ၍ စံချိန် ပြည့်မီသူအလျောက် သူ့အား ဝဋ်ကြွေးသင့်စေ၏၊ ဧကန်ပင် ပရမတ်ဘုရားရှင်သည် လွတ်ငြိမ်းစေသောအရှင်၊ အကြင်နာရှင် ဖြစ်တော်မူ၏။
၄၈း၁၅။ သင်သည် စစ်လျော်ကြေး သိမ်းဆည်းနိုင်ရာသို့ ထွက်ခွာသော် သင့်နောက်တွင် ချန်နေခဲ့သော သူတို့က “ကျွန်ုပ်တို့သည် သင်တို့နှင့် လိုက်ပါရစေ” ဟု ပြောကြ၏၊ သူတို့သည် ပရမတ်ဘုရားရှင်၏ ဓမ္မတော်အား လွှဲပြောင်းလိုကြ၏၊ ဟောလော့၊ “ကျွန်ုပ်တို့နောက်သို့ မလိုက်ကြနှင့်၊ ဤသည် ပရမတ်ဘုရားရှင်၏ ရှေ့ပြေး စကားတော် ဖြစ်၏၊” သို့သော် သူတို့က “အမှန်မှာ သင်သည် ကျွန်ုပ်အား မနာလို ဖြစ်နေခြင်းပင်၊” ဟု ပြောကြလတ္တံ့၊ အမှန်မှာ သူတို့သည် အနည်းငယ်မျှပင် နားလည်မှု မရှိကြချေ။
၄၈း၁၆။ သင့်နောက်တွင် ချန်နေခဲ့သော ကန္တာရ တိုင်းရင်းသားတို့အား ဟောလော့၊ “ပြင်းထန်စွာ တိုက်ခိုက်နိုင်စွမ်းရှိသော လူမျိုးအား သူတို့ ငြိမ်းချမ်းရေး ကမ်းလှမ်းစေရန်၊ သို့မဟုတ် သူတို့အား ခုခံတော်လှန်ရန်၊ သင်တို့အား ဖိတ်ခေါ်ခြင်းကို သင်တို့ နာခံကြလျှင် ပရမတ်ဘုရားရှင်က သင်တို့အား တင့်တယ်သော ဆုလာဘ် ချီးမြှင့်တော်မူလတ္တံ့၊ သို့သော် သင်တို့သည် ရှေ့အလျင်က လှည့်သွားသကဲ့သို့ လှည့်သွားခဲ့လျှင် သင်တို့အပေါ်၌ စူးနစ်နာကျင်သော ဝဋ်ကြွေးဖြင့် ဝဋ်ကြွေးသည် သင့်လတ္တံ့။
၄၈း၁၇။ မျက်မမြင်တို့အား ခက်ခဲမှု မရှိစေသင့်၊ တက်ရောက်သူများကို မခက်ခဲစေသင့်၊ ဖျားနာနေသူများကို မခက်ခဲစေသင့်၊ ပရမတ်ဘုရားရှင်နှင့် အရှင်၏ ဉာဏ်စဉ်တော်ဆောင်အား နာခံသူအား အောက်ခင်း၌ စမ်းချောင်းရေသွင် စီးဆင်းနေသည့် ဥယျာဉ်ဘုံများသို့ ဝင်ရစေမည်ပင်၊ ဘက်လှည့်သူသည်သာ စူးနစ်နာကျင်သော ဝဋ်ကြွေးဖြင့် ဝဋ်ကြွေးသင့် ခံရလတ္တံ့။
၄၈း၁၈။ ယုံကြည်သူတို့သည် သင့်အား သစ်ပင်အောက်၌ ကတိသစ္စာ ပြုသောအခါ ပရမတ်ဘုရားရှင်သည် သူတို့အား ကျေနပ်တော်မူ၏၊ အရှင်သည် သူတို့၏ စိတ်နှလုံးကို သိနေတော်မူ၍ တည်ငြိမ် အေးချမ်းခြင်းကို ချမှတ်ပေးတော်မူ၏၊ သူတို့အပေါ်၌ ကုသိုလ်ဆက် ရှိ၍ ထွက်ရပ်ပေါက်ခြင်း နီးကပ်လာနေ၏။
၄၈း၁၉။ သူတို့သည် စစ်လျော်ကြေး များစွာ သိမ်းဆည်းရလတ္တံ့၊ ပရမတ်ဘုရားရှင်သည်ကား ဘုန်းတော်ရှင်၊ ဓမ္မသတ်ရှင် ဖြစ်တော်မူ၏။
၄၈း၂၀။ သင်တို့သည် စစ်လျော်ကြေးများစွာ သိမ်းဆည်းရလတ္တံ့ ဟု ပရမတ်ဘုရားရှင်က ကတိထားတော်မူ၏၊ လူသားတို့၏ လက်များကို သင်တို့က အလျင်အမြန် ချုပ်ကိုင်နိုင်စေ၍ ယုံကြည်သူတို့အတွက် သက်သေနိမိတ် ဖြစ်စေ၏၊ သင်တို့အား မြဲမြံ တည်တံ့သော လမ်းစဉ်သို့ ညွှန်တော်မူ၏။
၄၈း၂၁။ သင်တို့ စည်းမကြပ်နိုင်သော အခြားသူတို့အား မုချပင် ပရမတ်ဘုရားရှင်သည် သူတို့အား ဝန်းရံ ထားတော်မူ၏၊ ဧကန်ပင် ပရမတ်ဘုရားရှင်သည် သဗ္ဗလုံးစုံအား စည်းချိန် ချမှတ်တော်မူ၏။
၄၈း၂၂။ ဖုံးကွယ်သော သူတို့သည် သင်တို့အား တိုက်ခိုက်ခဲ့လျှင်လည်း သူတို့ သည် နောက်လှည့် ပြေးကြမည်သာတည်း၊ သူတို့အတွက် ကူညီမည့်သူ မဟာမိတ် ဟု တွေ့ရမည် မဟုတ်ချေ။
၄၈း၂၃။ ရှေ့အလျင် အတိတ်ကပင် ရှိနေသော ပရမတ်ဘုရားရှင်၏ နိယာမ- ပရမတ်ဘုရားရှင်၏ နိယာမသည် အလွှဲအပြောင်း ဟူ၍ တွေ့ရမည် မဟုတ်ချေ။
၄၈း၂၄။ အရှင်သည် သင့်တို့အား မက္ကာဟ် တောင်ကြား ချိုင့်ဝှမ်းပိုင်းကို ခြေကုပ်ယူစေပြီးနောက် သင်တို့အပေါ် သူတို့၏ လက်များကို ဟန့်တားထား၍၊ သင်တို့၏ လက်များကိုလည်း သူတို့အား ဆန့်ကျင်၍၊ နောက်ပြန် ဆွဲထားစေသောအရှင် ဖြစ်၏၊ ပရမတ်ဘုရားရှင်သည်ကား ကျင့်ကြံသမျှကို မြင်နေသောအရှင် ဖြစ်၏။
၄၈း၂၅။ ဖုံးကွယ်သော သူတို့သည် သင်တို့အား ဘေးမဲ့ ဝတ်ကျောင်းတော်မှ ဖယ်ခိုင်းကြ၏၊ အလှုဝတ္ထုများ ဘောင်ဝင်ရာသို့ ဆိုက်ရောက်ရမည်ကို ဝဇီပိတ် နေ၏၊ ထို၌ အသိမခံသော ယုံကြည်သူ အမျိုးသား၊ ယုံကြည်သူ အမျိုးသမီးတို့သည် ရှိနေလေပြီ၊ သင်တို့ ခွဲခြား မသိသောကြောင့် သူတို့အား နင်းချေမိနိုင်၏၊ ပရမတ်ဘုရားရှင်သည် စံချိန်ပြည့်မီသူအား အရှင်၏ ကရုဏာတွင်းသို့ ဝင်ရောက်စေလို၏။ သူတို့သည် သပ်သပ်စီ ရှိနေခဲ့မူ ငါအရှင်သည် ဖုံးကွယ်သော သူတို့အား စူးနစ် နာကျင်သော ဝဋ်ကြွေးဖြင့် ဝဋ်ကြွေးသင့်စေခဲ့မည်သာ။
၄၈း၂၆။ ဖုံးကွယ်သော သူတို့၏ နှလုံးသားတွင်း၌ ပညာမဲ့ခေတ်မှ အပူများဖြင့် ပူလောင်ရန် စီစဉ်ထားစဉ် ပရမတ်ဘုရားရှင်သည် အရှင်၏ ဉာဏ်စဉ်တော်ဆောင်နှင့် ယုံကြည်သူတို့၏ အပေါ်သို့ တည်ငြိမ် အေးချမ်းခြင်းကို ချမှတ်ပေးတော်မူ၏၊ သူတို့အား စည်းစောင့်ခြင်း တရားတော်ဖြင့် တွန်းအားဖြစ်စေခဲ့၏၊ သူတို့သည် ၎င်း၌ သစ္စာရှိသော ဝိုင်းတော်သားများ ဖြစ်ကြ၏၊ ဧကန်ပင် ပရမတ်ဘုရားရှင်သည် သဗ္ဗလုံးစုံ သိနေသောအရှင် ဖြစ်၏၊
၄၈း၂၇။ မုချပင် ပရမတ်ဘုရားရှင်သည် ဉာဏ်စဉ်တော်ဆောင်၏ အမြင်ရမှုကို သစ္စာဖြင့် ဖြောင့်မှန်စေခဲ့၏၊ ပရမတ်ဘုရားရှင်၏ စံချိန်ပြည့်မီချက်အရ သင်တို့သည် ဦးခေါင်းများကို ရိတ်လျက်၊ သို့မဟုတ် တိလျက်၊ ယုံကြည် စိတ်ချရစွာဖြင့် ဘေးမဲ့ ဝတ်ကျောင်းတော်သို့ ဝင်ရလတ္တံ့၊ ကြောင့်ကြရခြင်း လုံး၀ မရှိချေ၊ အရှင်သည် သင်တို့ မသိသော အရာကို သိနေတော်မူ၏၊ ဤမှလွဲ၍ အခြား နီးကပ်လာနေသည့် ထွက်ရပ်ပေါက်ခြင်းကို အရှင် စီစဉ်ပေးလတ္တံ့။
၄၈း၂၈။ အရှင်သည် ဉာဏ်စဉ်တော်ဆောင်အား လမ်းညွှန်တော်- ပရမတ္ထသစ္စာ သာသနာအားဖြင့် သာသနာအားလုံး၏ ဖူးခြာဖြစ်စေရန် စေစားတော်မူသော အရှင် ဖြစ်၏၊ ပရမတ်ဘုရားရှင်သည် သက်သေအဖြစ် လုံလောက်တော်မူ၏။
၄၈း၂၉။ မေတ္တေယျသည် ပရမတ်ဘုရားရှင်၏ ဉာဏ်စဉ်တော်ဆောင် ဖြစ်၏၊ သူနှင့်အတူရှိသော သူတို့သည် ဖုံးကွယ်သူတို့ အပေါ်၌ တိကျ ပြတ်သားကြ၍ သူတို့ချင်းကြား ကရုဏာပွားကြ၏၊ သူတို့သည် ပရမတ်ဘုရားရှင်၏ထံမှ သိက္ခာပေးမှု၊ နှစ်မြို့မှုကို ရှာဖွေရန် ဦးညွှတ်၊ ဦးချလျက် ရှိသည်ကို သင်မြင်ရလိမ့်မည်၊ သူတို့၏ မျက်နှာများပေါ်၌ ဦးချသည့် အမှတ်သညာ စွဲကပ်နေ၏၊ ဤသည်မှာ တိုရာဟ်ကျမ်းမှ ဥပမာပုံကဲ့သို့ ဖြစ်၏၊ သူတို့အတွက် သမ္မာကျမ်းမှ ဥပမာမှာ အားကောင်း မောင်းသန် အတက်များ ပုံစံကျသည့် ပျိုးစေ့ ဖြစ်၍- သန်မာ ဖွံ့ထွားသော အကိုင်း ပေါက်ခြင်းကြောင့် စိုက်ပျိုးသူတို့ အံ့ဩစေလောက်၏၊ အရှင်သည် သူတို့ကြောင့် ဖုံးကွယ်သူတို့ကို ဒေါသဖြစ်စေ၏၊ ပရမတ်ဘုရားရှင်သည် ယုံကြည်လျက် ပြုပြင် ပြောင်းလဲခြင်း ကျင့်ကြံသော သူများအား လွတ်ငြိမ်းခွင့် မဟာ ဆုလာဘ်ကြီးကို ကတိထားတော်မူ၏။
ဓမ္မခန္ဓာ (၄၈) ဤတွင် ပြီး၏။
၄၉း၁။ အို- ယုံကြည်သော သူတို့၊ ပရမတ်ဘုရားရှင်နှင့် အရှင့် ဉာဏ်စဉ်ဆောင်၏ လက်ရှိ-မျက်မှောက်တွင် ပေကပ်မခံကြနှင့်၊ ပရမတ်ဘုရားရှင်အား စည်းစောင့်ကြလော့၊ ဧကန်ပင် ပရမတ်ဘုရားရှင်သည် ကြားနေသောအရှင်၊ သိနေသောအရှင် ဖြစ်၏။
၄၉း၂။ အို- ယုံကြည်သော သူတို့၊ သင်တို့၏ အသံကို သတင်းတော်ဆောင်၏ အသံထက် ပို၍ မမြင့်စေနှင့်၊ သင်တို့မှ အချို့က အချို့အား အသံကျယ် ပြောသကဲ့သို့ သူ့အား အော်ကြီးဟစ်ကျယ် မလုပ်နှင့်၊ သင်တို့၏ ကျင့်ကြံမှုများ အချည်းနှီး ဖြစ်နိုင်ကောင်းသည်ကို သင်တို့ သတိမမူမိကြချေ။
၄၉း၃။ ဧကန်ပင် ပရမတ်ဘုရားရှင်၏ ဉာဏ်စဉ်ဆောင်ထံပါး၌ သူတို့၏ လေသံများကို လျော့ချစေလော့၊ သူတို့၏ နှလုံးသားကို ပရမတ်ဘုရားရှင်က စည်းစောင့်စေရန် စိစစ်ခံရသော သူတို့အဘို့ လွတ်ငြိမ်းခွင့်နှင့် မဟာ ဆုလာဘ်ကြီး ရှိ၏။
၄၉း၄။ ဧကန်ပင် ကျောက်တိုက်ဆောင်၏ နောက်ကွယ်မှ သင့်အား အော်ဟစ် ခေါ်သောသူ၊ သူတို့မှ အများစုသည် အတွေးအခေါ် မရှိကြချေ။
၄၉း၅။ သင်သည် သူတို့ထံသို့ ထွက်လာသည်တိုင် သည်းခံခဲ့လျှင် သူတို့ အတွက် ပို၍ ကောင်း၏၊ ပရမတ်ဘုရားရှင်သည် လွတ်ငြိမ်းစေသောအရှင်၊ အကြင်နာရှင် ဖြစ်တော်မူ၏။
၄၉း၆။ အို- ယုံကြည်သော သူတို့၊ အကယ်၍ သူယုတ်မာတစ်ဦးက သင်တို့ထံသို့ သတင်းတစ်ခုကို ရောက်လာစေလျှင် ပညာမဲ့စွာဖြင့် လူမျိုးတစ်မျိုးအား မထိခိုက်ရစေရန် ၎င်းအား ရှင်းရှင်းလင်းလင်း ဖြစ်စေလော့၊ သို့မဟုတ်က သင်တို့၏ ပြုလုပ်မှုကြောင့် သင်တို့သည် ယူကျုံးမရ ဖြစ်ရနိုင်ရာ၏။
၄၉း၇။ ပရမတ်ဘုရားရှင်၏ ဉာဏ်စဉ်တော်ဆောင်သည် သင်တို့၏ အထဲတွင် ရှိသည်ကို သိကြလော့၊ သူသည် ညွှန်ကြားချက် များစွာ၌ သင်တို့အား နာခံရလျှင် သင်တို့သည် စိတ်ပင်ပန်းရလတ္တံ့၊ သို့ရာတွင် ပရမတ်ဘုရားရှင်သည် သင်တို့အား ယုံကြည်ခြင်းကို နှစ်သက်မြတ်နိုးစေ၍ ၎င်းကို သင်တို့၏ နှလုံးသား၌ ဖမ်းစားစေ၏၊ အရှင်သည် သင်တို့အား ဖုံးကွယ်မှု၊ ယုတ်မာမှု၊ အာခံမှုများကို ရွံမုန်းစေတော်မူ၏၊ ထိုသူတို့သည် ဖြောင့်မတ် မှန်ကန်သူများ ဖြစ်ကြ၏။
၄၉း၈။ ဤသည် ပရမတ်ဘုရားရှင်၏ထံမှ သိက္ခာပေးခြင်း၊ ဂုဏ်ပေးခြင်းပင်တည်း၊ ပရမတ်ဘုရားရှင်သည်ကား သိနေသောအရှင်၊ ဓမ္မသတ်ရှင် ဖြစ်တော်မူ၏။
၄၉း၉။ ယုံကြည်သူတို့မှ အုပ်စုနှစ်စုသည် အချင်းချင်း စစ်ဖြစ်ကြသော် သူတို့ကြား၌ ပြုပြင် ပေးကြလော့၊ ၎င်းတို့မှ တစ်စုသည် အခြားသူအား အပြစ်ရှာခဲ့သော် ပရမတ်ဘုရားရှင်၏ ညွှန်ကြားချက်ဆီသို့ လိုက်လျောသည်ထိ ထို အပြစ်ရှာသူအား စုပေါင်း ခုခံတိုက်ကြလော့၊ ထို လိုက်လျောခြင်းရှိလျှင် သူတို့ချင်းကြား တန်းတူညီမျှ မျှတစွာ ပြုပြင်ပေးလော့၊ ဧကန်ပင် ပရမတ်ဘုရားရှင်သည် သမာသမတ်ရှိသူများကို နှစ်သက်တော်မူ၏။
၄၉း၁၀။ ယုံကြည်သူတို့သည် ညီနောင် သားချင်းများသာ ဖြစ်၏၊ ညီနောင် သားချင်းများကြား ပြုပြင် ပြောင်းလဲပေးကြလော့၊ သင်တို့အား ကရုဏာ သက်စေခြင်းငှာ ပရမတ်ဘုရားရှင်အား စည်းစောင့်ကြလော့။
၄၉း၁၁။ အို-ယုံကြည်သော သူတို့၊ လူတစ်မျိုးက လူတစ်မျိုးအပေါ် ပျက်ရယ် မပြုရ၊ ၎င်းတို့သည် သူတို့ထက် ပိုကောင်းနိုင်၏၊ အမျိုးသမီးများသည်လည်း အခြား အမျိုးသမီးများအပေါ် ယင်းသို့ မပြုရ၊ ၎င်းတို့သည် သူမတို့ထက် ပိုကောင်းနိုင်၏၊ သင်တို့ စရိုက်တူချင်း မပုတ်ခတ်ကြနှင့်၊ နာမည်ဖျက်၍ မခေါ်ကြနှင့်၊ ယုံကြည်ခြင်းတရား ရှိပြီးနောက် အမင်္ဂလာ အမည်ဖြင့် ခေါ်ခြင်းသည် ယုတ်မာမှုပင် ဖြစ်၏၊ ခဝါချခြင်း မရှိသောသူ- ထိုသူတို့သည် အမိုက်ကောင်များ ဖြစ်ကြ၏။
၄၉း၁၂။ အို- ယုံကြည်သော သူတို့၊ စဉ်းစားချက် အများစုမှ ကင်းသန့်ကြလော့၊ ဧကန်ပင် စဉ်းစားချက် အချို့သည် ပြစ်မှုများပင် ဖြစ်၏၊ သင်တို့မှ အချို့သည် အချို့ကို သူလျှိုဒလန် မလုပ်နှင့်၊ ကုန်းမချောကြနှင့်၊ သင်တို့မှ သေသူဖြစ်သော ညီအစ်ကို၏ အသားကို စားရန် နှစ်သက်သူ တစ်ဦး ရှိသလော၊ အော့နှလုံး နာကြပါဘိ၊ သို့ဖြစ်၍ ပရမတ်ဘုရားရှင်အား စည်းစောင့်ကြလော့၊ ဧကန်ပင် ပရမတ်ဘုရားရှင်သည် သင်ပုန်းချေပေးသောအရှင်၊ အကြင်နာရှင် ဖြစ်တော်မူ၏။
၄၉း၁၃။ အို- လူသားတို့၊ ငါအရှင်သည် သင်တို့အား လိင်ဖို၊ လိင်မဟူ၍ ဖြစ်တည်စေတော်မူ၏၊ သင်တို့ချင်း မှတ်မိစေရန် ကပြားများ၊ မူလလူမျိုးများကို စီစဉ်ပေးတော်မူ၏၊ သင်တို့အနက် ပရမတ်ပရားရှင်၏ထံတော်၌ စည်းအစောင့်ဆုံး သူသည်သာ ကျက်သရေအရှိဆုံး ဖြစ်၏၊ ဧကန်ပင် ပရမတ်ဘုရားရှင်သည် သိနေသောအရှင်၊ သတင်းရနေသောအရှင် ဖြစ်တော်မူ၏။
၄၉း၁၄။ ကန္တာရ တိုင်းရင်းသားတို့က “ကျွန်ုပ်တို့ ယုံကြည်ပါပြီ၊” ဟု ပြောကြ၏၊ ဟောလော့၊ “သင်တို့သည် ယုံကြည်သည် မဟုတ်သေး၊ သို့သော် ကျွန်ုပ်တို့သည် ငြိမ်းချမ်းရေး ဆောင်ပါပြီ ဟု ဆိုကြလော့၊ သင်တို့၏ နှလုံးသားသို့ ယုံကြည်ခြင်းသည် မဝင်သေးချေ၊ သင်တို့သည် ပရမတ်ဘုရားရှင်နှင့် အရှင်၏ ဉာဏ်စဉ်ဆောင်အား နာခံကြလျှင် အရှင်သည် သင်တို့၏ ကျင့်ကြံမှု တစ်စုံတစ်ရာကိုမျှ ပပျောက်စေမည် မဟုတ်ပေ၊ ဧကန်ပင် ပရမတ်ဘုရားရှင်သည် လွတ်ငြိမ်းစေသောအရှင်၊ အကြင်နာရှင် ဖြစ်တော်မူ၏၊”
၄၉း၁၅။ ယုံကြည်သူ ဟူမူကား- ပရမတ်ဘုရားရှင်နှင့် အရှင့် ဉာဏ်စဉ်ဆောင်အား ယုံကြည်ကြ၍ သံသယမစွက် သူတို့၏ ဥစ္စာပစ္စည်းများ၊ ဉာဉ်စရိုက်များကို ရင်း၍ ပရမတ်ဘုရားရှင်၏ လမ်းစဉ်တော်၌ အားစိုက် ဆောင်ရွက်သော သူတို့ပင် ဖြစ်၏၊ သူတို့သည် ဖြောင့်မှန်သူများ ဖြစ်ကြ၏။
၄၉း၁၆။ ဟောလော့၊ “သင်တို့သည် သင်တို့၏ သာသနာကို ပရမတ်ဘုရားရှင်အား သင်ကြားကြမည်လော၊ ပရမတ်ဘုရားရှင်သည် မိုးများအတွင်း၊ မြေကမ္ဘာအတွင်း၊ ရှိသမျှကို သိနေတော်မူ၏၊ ဧကန်ပင် ပရမတ်ဘုရားရှင်သည် သဗ္ဗလုံးစုံ သိနေသောအရှင် ဖြစ်၏။”
၄၉း၁၇။ သူတို့သည် ငြိမ်းချမ်းရေးဝါဒီ ဖြစ်ပြီဟု သင့်ထံမှ မျက်နှာသာ ရလိုကြ၏၊ ဟောလော့၊ “သင်တို့၏ ငြိမ်းချမ်းရေး ဆောင်ခြင်းမျှဖြင့် ကျွန်ုပ်ထံမှ မျက်နှာသာ မလိုချင်ကြနှင့်၊ အမှန်မှာ သင်တို့သည် ဖြောင့်မှန်သူများ ဖြစ်ကြလျှင် ပရမတ်ဘုရားရှင်သည် သင်တို့အား ယုံကြည်ခြင်းသို့ လမ်းညွှန်၍ မျက်နှာသာ ပေးပေလိမ့်မည်။”
၄၉း၁၈။ ဧကန်ပင် ပရမတ်ဘုရားရှင်သည် မိုးများနှင့် မြေကမ္ဘာ၏ စက္ခုလွန်များကို သိနေတော်မူ၏။ ပရမတ်ဘုရားရှင်သည်ကား ကျင့်ကြံသမျှကို မြင်နေသောအရှင် ဖြစ်၏။
ဓမ္မခန္ဓာ (၄၉) ဤတွင် ပြီး၏။
၅၀း၁။ ”ခပ်သိမ်းကုန်အား စည်းချိန် ချမှတ်” မြင့်မြတ်တော်မူသော ကုရ်အာန်အားဖြင့်။-
၅၀း၂။ အမှန်မှာ သူတို့ထံသို့ သတိပေးသူတစ်ဦး ရောက်လာသည်ကို အံ့ဩလျက်- ဖုံးကွယ်သူတို့က ပြောကြသည်မှာ “ဤသည် အံ့ဘွယ်စရာပင်။
၅၀း၃။ ကျွန်ုပ်တို့သည် သေဆုံးပြီး၊ မြေမှုန့်ဖြစ်ပြီးသော်မှ ယင်းသို့ နောက်ကျန်ရစ်သည်ကို ပြန်ရမည်လော၊” ဟု ဖြစ်၏။
၅၀း၄။ မုချပင် ငါသည် သူတို့အနက် မြေကမ္ဘာမှ ယုတ်လျော့သွားသူ အားလုံးကို သိနေတော်မူ၏၊ ငါ့ထံတော်၌ ထိန်းသိမ်း စောင့်ရှောက်ထားသော မှတ်တမ်းသည် ရှိနေ၏။
၅၀း၅။ အမှန်မှာ ပရမတ္ထသစ္စာဖြင့် သူတို့ထံသို့ ရောက်လာစဉ် သူတို့သည် ငြင်းဆန်ကြကုန်၏၊ သို့ဖြင့် သူတို့သည် အရှိန်သေနေသော အရေးကိစ္စထဲ၌ ဖြစ်ရပြီ။
၅၀း၆။ သူတို့သည် သူတို့၏ အပေါ်၌ရှိသော မိုးကောင်းကင်ကို မကြည့်မိသလော၊ ငါသည် ၎င်းကို မည်သို့ တည်ဆောက်ထားသနည်း၊ မည်သို့ ဖမ်းစားစေသနည်း၊ ၎င်းတွင် ဟနေခြင်း မရှိချေ။
၅၀း၇။ တိုးရွေ့နေသော ကမ္ဘာဂြိုလ်၊ ထို၌ တိုက်ကြီးများကို ခင်းကျင်းထား၏၊ ထို၌ ရှုချင်စဖွယ် စုဖွဲ့ကိုယ်စီ ဖြစ်ထွန်းစေသည်မှာ။-
၅၀း၈။ သံဝေဂ ယူတတ်သော၊ အရှင့်ထံသို့ လှည့်သည့် အမှုတော်ဆောင် ကိုယ်စီအတွက် အမြင် ရှိစေ၏။
၅၀း၉။ ငါသည် မိုးကောင်းကင်မှ ကျက်သရေရှိသော ရေကို ချပေးတော်မူ၍ ၎င်းဖြင့် ရိတ်သိမ်းရသော ကောက်ပဲသီးနှံ ဥယျာဉ်များကို ဖြစ်ထွန်းစေတော်မူ၏။
၅၀း၁၀။ အသီး အထပ်ထပ် စွန်ပလွံပင်မြင့်များကိုလည်း ပါဝင်စေ၍။-
၅၀း၁၁။ အမှုတော်ဆောင်များ အတွက် ရိက္ခာ ဖြစ်စေ၏၊ ငါသည် သေနေသော မြို့ကို ပြန်ရှင်စေ၏၊ ထိုသို့ပင် ရှင်ပြန် ထွက်ပေါ်စေတော်မူလတ္တံ့။
၅၀း၁၂။ သူတို့မတိုင်မီ နူးဟ်၏ လူမျိုး၊ ရာ့ဆ်၏ ပေါင်းဖေါ်များနှင့် သမူဒ်တို့သည်လည်း ငြင်းဆန်ခဲ့ပြီ။
၅၀း၁၃။ အာဒ်၊ ဖာရိုးနှင့် လု(တ်)၏ ညီနောင်များ။-
၅၀း၁၄။ တောတွင်းနေ ပေါင်းဖေါ်များနှင့် တူဘာလူမျိုးများလည်း ပါဝင်၏၊ သူတို့ကိုယ်စီ ဉာဏ်စဉ်ဆောင်အား ငြင်းဆန်ခဲ့ကြ၏၊ သို့ဖြစ်၍ ငါ၏ ကတိတော်သည် အမှန် ဖြစ်ချေပြီ။
၅၀း၁၅။ ဦးစွာ ဖြစ်တည်စေခြင်း အတွက် ငါ နွမ်းလျရမည်လော၊ အသစ် ထပ်မံ ဖြစ်တည်ခြင်းအတွက် သူတို့က ဆင်ယင် ပေးရမည်လော။
၅၀း၁၆။ မုချပင် ငါသည် လူသားကို ဖြစ်တည်စေ၏၊ သူသည် သူ့စရိုက်အား တီးတိုး လှုံ့ဆော်သည်ကို ငါ သိနေတော်မူ၏၊ ငါအရှင်သည် သူနှင့် သူ၏ လည်ပင်း သွေးကြောထက် သူနှင့် ပိုမို နီးကပ်လျက် ရှိ၏။
၅၀း၁၇။ သူ၏ ဘယ် ညာ၌ အထိုင်ချ ခင်းကျင်းသူများက ခင်းကျင်းနေကြ၏။
၅၀း၁၈။ သူသည် မရေရွတ်လေမှ၊ သို့မဟုတ်က သူ့အပါးတွင် စောင့်ကြည့်နေသူ အသင့် ရှိ၏။
၅၀း၁၉။ သေငယ်ဇောနှင့် မြောချိန်သို့ အမှန်အကန် ရောက်လာစေလတ္တံ့၊ ဤသည် သင် ရှောင်နေလေ့ရှိသော အရာဖြစ်၏။
၅၀း၂၀။ ပုံစံ သက်ဝင်စေ၏၊ ဤသည် ကတိတော်ထားသည့်နေ့ ကာလဖြစ်၏။
၅၀း၂၁။ ဉာဉ်စရိုက် ကိုယ်စီ မောင်းနှင်သူ သက်သေပြုသူနှင့် အတူ ရောက်လာစေလတ္တံ့။
၅၀း၂၂။ သင်သည် ဤအရာကို မေ့လျော့ ထားခဲ့၏၊ ထိုအကာကို ငါ ဖယ်ရှားလိုက်ပြီ၊ သို့ဖြစ်၍ ဤနေ့ကာလ၌ သင်သည် သံကိုပင် ဖေါက်မြင်ရလတ္တံ့။
၅၀း၂၃။ သူ့ အဆက်အနွယ်က “ဤသည် ကျွန်ုပ်ထံ၌ အဆင်သင့်ရှိသော အရာ ဖြစ်၏၊” ဟု ဆို၏။
၅၀း၂၄။ အရှင်က “ခေါင်းမာ ဖုံးကွယ်သူတိုင်းအား ငရဲဘုံ၌ ခင်းကျင်းလော့။
၅၀း၂၅။ သူသည် ကောင်းမှုအား ဟန့်တားသူ၊ စည်းဖေါက်သူ၊ သံသယကြီးသူ ဖြစ်၏။
၅၀း၂၆။ သူသည် ပရမတ်ဘုရားရှင်နှင့်အတူ အခြား ဘုရားရှိသည်ဟု စီစဉ်၏၊ သို့ဖြစ်၍ သူ့အား ပြင်းထန်သော ဝဋ်ကြွေး၌ ဆုံတွေ့စေလော့၊”(ဟု မိန့်၏။)
၅၀း၂၇။ သူ့ အဆက်အနွယ်က “အို- ကံကြမ္မာရှင်၊ တပည့်တော်သည် သူ့အား စည်းဖျက်ခြင်း မပြုခဲ့ပါ၊ သို့သော် သူသည် နောက်ကျန် လွဲချော်ခြင်း၌ ရှိခဲ့သူ ဖြစ်ပါ၏၊” ဟု လျှောက်ထားသော်။-
၅၀း၂၈။ အရှင်က မိန့်သည်မှာ “ငါထံပါး၌ အချေအတင် မပြုနှင့်၊ သင်တို့အတွက် ကတိတော်ဖြင့် စုံရပ်ခံစေခဲ့ပြီ။
၅၀း၂၉။ ငါ့ထံ၌ ဓမ္မစကားသည် လွှဲပြောင်းခြင်း မရှိ၊ ငါသည် အမူတော်ဆောင်တို့အား အဝိဇ္ဇာလည်း မသင့်စေရ” ဟု ဖြစ်၏။
၅၀း၃၀။ ငါက ငရဲဘုံအား “သင့်၌ ပြည့်ပြီလော၊” ဟု မေးသောနေ့၌ ၎င်းက “ထပ်တိုးရန် ရှိသေးသလော၊” ဟု ဖြေကြလတ္တံ့။
၅၀း၃၁။ ထို့ပြင် သုခဘုံအား စည်းစောင့်သူများထံသို့ ချဉ်းကပ်လာနေစေ၏၊ ယင်းသည် နောက်ကျန်ရစ်သည် မဟုတ်ချေ။
၅၀း၃၂။ ဤသည် အရှင့်ဘက်သို့ လှည့်သူ၊ စောင့်ထိန်းသူတိုင်းအတွက် ကတိတော်ပင် ဖြစ်၏။
၅၀း၃၃။ သူတို့သည် ကရုဏာရှင်အား မျက်ကွယ်၌ပင် စိတ်နှလုံး ဘက်လှည့် ချစ်ကြောက် ရိုကျိုးကြ၏။
၅၀း၃၄။ ထို ငြိမ်းချမ်းမှု သန္တိသုခသို့ ခိုဝင် ဆိုက်မြိုက်စေလော့၊ ဤနေ့ ကာလသည် ထာ၀ရ ဖြစ်စေသတည်း။
၅၀း၃၅။ ထို၌ သူတို့ စံချိန် ပြည့်မီရာများသည် သူတို့အတွက် ရှိ၏၊ ငါ့ထံ၌ ထိုထက် ထပ်တိုး၍ ရှိနေ၏။
၅၀း၃၆။ သူတို့မတိုင်မီ သူတို့ထက် အင်အားသန်မာစွာ ကိုင်တွယ်ထားနိုင်သော မျိုးဆက် မည်မျှကို ငါ တိမ်ကောစေခဲ့သနည်း၊ မြို့များအနှံ့ ထိုးဖေါက် ကျက်စားသော သူတို့သည် ထို၌ လွတ်လမ်း ရှိကြသလော။
၅၀း၃၇။ ဧကန်ပင် ဤ၌ နှလုံးသားပိုင်ရှင်၊ သို့မဟုတ် ကြားနာမှု စွင့်ထားသူအတွက် သတိပေး တရားတော် နှင့် သက်သေသက်ကန် ရှိနေ၏။
၅၀း၃၈။ မုချပင် ငါသည် မိုးများနှင့် မြေကမ္ဘာ၊ ထိုနှစ်ခုကြား အရာများကို ကာလ ခြောက်ခုဖြင့် ဖြစ်တည်စေတော်မူ၏၊ သို့အတွက် မောပန်းခြင်းသည် ငါ့အား မသက်ချေ။
၅၀း၃၉။ သို့ဖြစ်၍ သူတို့၏ ပြောစကားကို သည်းခံလျက် သင့် ကံကြမ္မာရှင်အား နေမထွက်မီ၊ နေမဝင်မီ၌ ရည်သန် စူးစိုက် ဦးထိပ်ထားလော့။
၅၀း၄၀။ ည ၌ အရှင့်အား ဦးထိပ်ထားလျက် ပြန်လည်၍ ဦးချကြလော့။
၅၀း၄၁။ နေ့ပိုင်း၌ သင်တို့၏ အနီးနားမှ ဖိတ်ခေါ်သူ၏ ဖိတ်ခေါ်ခြင်းကို အာရုံစိုက် နားထောင်လော့။
၅၀း၄၂။ သူတို့သည် အမှန်တရား အသံလှိုင်းကြီးအား ကြားရသောနေ့၊ ၎င်းသည် ပြန်ထွက်လာရမည့်နေ့ ကာလဖြစ်၏။
၅၀း၄၃။ ငါအရှင်သည် နိစ္စ၊ အနိစ္စကို ဖြစ်စေသောအရှင် ဖြစ်၏၊ ငါ့ထံသို့သာ ခရီးဆုံး ပန်းတိုင်သည် ဖြစ်၏။
၅၀း၄၄။ ကမ္ဘာမြေသည် သူတို့မှ အက်ကွဲသောနေ့ ကာလ၌ အလျင်စလို ရှိကြလတ္တံ့၊ သူတို့အား စုစည်းစေခြင်းသည် ငါ့အတွက် လွယ်ကူလှချေ၏။
၅၀း၄၅။ ငါအရှင်သည် သူတို့၏ ပြောသမျှကို အသိဆုံး ဖြစ်တော်မူ၏၊ သင်သည် သူတို့အား ပုန်ကန်သူ မဟုတ်ချေ၊ ငါ၏ ကတိတော်အား ကြောက်ရွံတတ်သူတို့ကို ကုရ်အာန်အားဖြင့် သတိဖေါ်ပေးလော့။
ဓမ္မခန္ဓာ (၅၀) ဤတွင် ပြီး၏။
၅၁း၁။ ပြန့်ကြဲစေရန် ဖြန့်ကြဲခြင်းအားဖြင့်။-
၅၁း၂။ သယ်ပိုးနေရသော တိမ်ထုအားဖြင့်။-
၅၁း၃။ လွယ်ကူချောမွေ့စွာ စီးမျောသော လေအားဖြင့်။-
၅၁း၄။ တိုင်တည်ထားသော ညွှန်ကြားချက်များ အားဖြင့်။-
၅၁း၅။ ဧကန်ပင် သင်တို့အား ကတိတော် ထားရာသည် ဖြောင့်မှန်လျက်ရှိ၏။
၅၁း၆။ ဧကန်ပင် သာသနာတော်သည် ခိုင်မာတည်တံ့လှ၏။
၅၁း၇။ လမ်းကြောင်း အပြည့်ရှိသော ကောင်းကင်ယံအားဖြင့်။-
၅၁း၈။ ဧကန်ပင် သင်တို့သည် ကွဲပြား ခြားနားသော စကားများ၌ ရှိကြ၏။
၅၁း၉။ ထိုမှ လှည့်စားသူသည် လှည့်စားသူတို့မှ ဖြစ်၏။
၅၁း၁၀။ မှန်းဆ ပြောသူတို့သည် ခုခံ တော်လှန်ခြင်း ခံရလတ္တံ့။
၅၁း၁၁။ သူတို့သည် အရေးမစိုက်မှု၌ ကတုန်ကယင်ဖြင့် ရှိနေ၏။
၅၁း၁၂။ “စီရင်မိန့်ချမည့် နေ့ကာလသည် မည်သည့်အခါနည်း၊” ဟု မေးကြ၏။
၅၁း၁၃။ သူတို့အား အပူမီးထဲ၌ စမ်းသပ်သောနေ့ ကာလပင်။
၅၁း၁၄။ စမ်းသပ်ခြင်းကို သင်တို့ မြည်းစမ်းကြလော့၊ ဤသည် သင်တို့ အလျင်စလို ရှိခဲ့သော အရာ ဖြစ်၏။
၅၁း၁၅။ ဧကန်ပင် စည်းစောင့်သူတို့သည် ဥယျာဉ်များ၊ စိမ့်စမ်းများ အတွင်း၌ ဖြစ်ရလတ္တံ့။
၅၁း၁၆။ ကံကြမ္မာရှင်၏ထံမှ ချီးမြှင့်ရာကို လက်ခံရယူလျက်ပင်၊ ဧကန်ပင် သူတို့သည် ဤမတိုင်မီက သုမင်္ဂလာ ပြုသူများ ဖြစ်ခဲ့ကြ၏။
၅၁း၁၇။ သူတို့သည် ညအချိန်၌ အနည်းငယ်သာ အိပ်မောကျလေ့ရှိခဲ့၏။
၅၁း၁၈။ လှည့်စားခံရသော် သူတို့သည် လွတ်ငြိမ်းဆု ပန်ကြကုန်၏။
၅၁း၁၉။ သူတို့၏ ဥစ္စာပစ္စည်းများမှ တောင်းခံရသူများနှင့် တားမြစ် ပိတ်ဆို့ခံရသူတို့အတွက် ရှိ၏။
၅၁း၂၀။ ဒိဋ္ဌ ဖြစ်လိုသူအဘို့ သက်သေ လက္ခဏာများမှာ မြေကမ္ဘာ၌။-
၅၁း၂၁။ သင်တို့၏ စိတ်စရိုက်များ အတွင်း၌ ရှိနေ၏၊ သင်တို့ မမြင်ကြသလော။
၅၁း၂၂။ ကောင်းကင်ယံ၌ သင်တို့၏ ရိက္ခာများ၊ ကတိတော်ထားရာများ ရှိနေ၏။
၅၁း၂၃။ မိုးများ နှင့် မြေကမ္ဘာ၏ ကံကြမ္မာရှင်အား တိုင်တည်လျက် ဤသည် ပရမတ္ထ သစ္စာတည်း၊ သင်တို့ စကား ပြောဆို သကဲ့သို့ပင်။
၅၁း၂၄။ အီဗရာဟီးမ်၏ ကျက်သရေရှိသော ဧည့်သည်များအကြောင်း ဆင့်ပြန်ချက် သင့်ထံသို့ ရောက်လာသလော။
၅၁း၂၅။ သူထံသို့ ဝင်ရောက်၍ “ငြိမ်းချမ်းပါစေ၊” ဟု ဆိုကြသော် သူကလည်း “ငြိမ်းချမ်းပါစေ၊” ဟု ပြန်ပြော၏၊ သူစိမ်း လူမျိုးများပင်။
၅၁း၂၆။ သူက ဝိုင်းသားများဆီသို့ လှည့်လျက် အဟာရပြည့်သော နွားကင် တစ်ကောင်ဖြင့် ရောက်လာ၏။
၅၁း၂၇။ သူတို့အား ချဉ်းကပ်လျက် “သုံးဆောင်ကြမည် မဟုတ်လော၊” ဟု မေး၏။
၅၁း၂၈။ ထို့နောက် သူသည် သူတို့အား စိုးရိမ်စိတ် ခံစားမိသော် သူတို့က “မစိုးရိမ်နှင့်၊” ဟု ဆိုလျက် ပညာရှင် ကလေး အကြောင်း သတင်းကောင်းကို ပါး၏။
၅၁း၂၉။ သူ့ဇနီးသည် ဇွတ်အတင်း ရှေ့ထွက်လျက် သူမ၏ မျက်နှာကို သပ်ကာ “ကျွန်ုပ်သည် မျိုးသုဉ်းနေသော အဘွားအို ဖြစ်ပါ၏” ဟု ဆိုသော်။-
၅၁း၃၀။ သူတို့က “ဤသည် ကံကြမ္မာရှင်၏ စကားတော် ဖြစ်၏၊ ဧကန်ပင် အရှင်သည် ဓမ္မသတ်ရှင်၊ သိနေသောအရှင် ဖြစ်၏၊” ဟု ဆို၏။
၅၁း၃၁။ သူက “အို- ဉာဏ်စဉ်ဆောင်တို့၊ သင်တို့၌ မည်သည့် မှာကြားချက် ရှိပါသနည်း၊” ဟု မေးသော်။-
၅၁း၃၂။ သူတို့က ပြောသည်မှာ “ကျွန်ုပ်တို့အား ရာဇဝတ်ကောင် လူမျိုးထံသို့ စေစားခြင်းဖြစ်၍။-
၅၁း၃၃။ ကျွန်ုပ်တို့သည် သူတို့အပေါ်သို့ မြေ ကျောက်ခဲများတို့အား စေရလိမ့်မည်။
၅၁း၃၄။ အလွဲသုံးစား ပြုသူတို့အတွက် သင့် ကံကြမ္မာရှင် ထံတော်၌ တံဆိပ်တပ်ပြီး ဖြစ်သည်၊” ဟု ဖြစ်၏။
၅၁း၃၅။ ထို့နောက် ငါသည် ယုံကြည်ခြင်း ရှိခဲ့သူများကို ထိုမှ ထွက်ခွာစေတော်မူ၏။
၅၁း၃၆။ ထို၌ ငြိမ်းချမ်းရေးဝါဒီတို့၏ အိမ်ဟူ၍ ငါ တွေ့တော်မမူချေ။
၅၁း၃၇။ ထို့နောက် စူးနစ်သော ဝဋ်ကြွေးကို ကြောက်ရွံ့သော သူတို့အဘို့ သက်သေ လက္ခဏာ ချန်ထားခဲ့တော်မူ၏။
၅၁း၃၈။ မူဆာ၌လည်း- ငါသည် သူ့အား ဖာရိုးထံသို့ ရှင်းလင်း ထင်ရှားသော လုပ်ပိုင်ခွင့်များဖြင့် စေစားတော်မူ၏။
၅၁း၃၉။ ဖာရိုးသည် သူ့အား ယိမ်းညွတ်သူများ ဘက်သို့ လှည့်လျက် “မှော်ဆရာ၊ အရူး၊” ဟု မူဆာအား ပြောသောကြောင့်။-
၅၁း၄၀။ သူနှင့် သူ့စစ်တပ်အား အရေးယူလျက် မြစ်တွင်းသို့ ငါ စွန့်ပစ်လိုက်၏၊ သူသည် အပြစ်တင် ခံရသူတို့မှ ဖြစ်၏။
၅၁း၄၁။ အာဒ်၌လည်း- ငါသည် သူတို့ထံသို့ သူတို့အား မျိုးသုဉ်းသွားစေသော လေကို စေစား၍။-
၅၁း၄၂။ ၎င်း လေသွားလမ်းတွင် ချန်ထားခဲ့ရာ တစ်စုံတစ်ရာမရှိ၊ သို့သော် တစ်စစီ စီစဉ်လိုက်သည်သာ ရှိ၏။
၅၁း၄၃။ သမူဒ်၌လည်း- သူတို့အား ကာလတစ်ခုအထိ သာယာနေကြလော့ ဟု ပြောသောခါ။-
၅၁း၄၄။ သူတို့သည် ကံကြမ္မာရှင်၏ ညွှန်ကြားချက်ကို အာခံကြကုန်၏၊ သူတို့ ကြည့်နေစဉ်ပင် သူတို့အား တော်လည်းသံကြီးဖြင့် အရေးယူလိုက်ပြီ။
၅၁း၄၅။ ရပ်တည်ရန် တတ်နိုင်ခြင်း မရှိကြ၊ မိမိကိုယ်မိမိ ကူညီနိုင်ခြင်းလည်း မရှိကြတော့ပေ။
၅၁း၄၆။ ရှေ့အလျင်က နူးဟ်၏ လူမျိုးများ- ဧကန်ပင် သူတို့သည် ယုတ်မာသော လူမျိုးပင် ဖြစ်၏။
၅၁း၄၇။ အာကာသ- ၎င်းကို လုပ်ပိုင်ခွင့်ဖြင့် တည်ဆောက်တော်မူ၍ ငါသည် ၎င်းကို ဖြန့်ကျယ်နေစေသော အရှင် ဖြစ်၏။
၅၁း၄၈။ မြေကမ္ဘာ- ငါသည် ၎င်းကို နားခိုစရာ ဂုဏ်ပေး၍ ဆိုင်းလျက် လွှဲနေစေရာ ဖြစ်စေ၏။
၅၁း၄၉။ သဗ္ဗလုံးစုံ သင်တို့ ဆင်ခြင်သတိ ရှိအံ့ငှာ ငါသည် ၎င်းတို့ကို စုဖွဲ့ ပေါင်းစည်း ဖြစ်တည်စေတော်မူ၏။
၅၁း၅၀။ သို့ဖြစ်၍ ပရမတ်ဘုရားရှင်၏ ထံသို့သာ အပြိုင် ပြေးကြလော့၊ ကျွန်ုပ်သည်ကား အရှင့်အတွက် သင်တို့အား ရှင်းလင်း ထင်ရှားသော သတိပေးသူသာ ဖြစ်၏။
၅၁း၅၁။ ပရမတ်ဘုရားရှင်နှင့်အတူ အခြားသော ဘုရားများကို မစီစဉ်ကြကုန်နှင့်၊ ကျွန်ုပ်သည်ကား အရှင့်အတွက် သင်တို့အား ရှင်းလင်း ထင်ရှားသော သတိပေးသူသာ ဖြစ်၏။
၅၁း၅၂။ ဤသို့ပင် သူတို့၏ ရှေ့အလျင် ဖြစ်သူတို့ထံသို့ ဉာဏ်စဉ်တော်ဆောင် ရောက်လာလေသော် သူတို့က “မှော်ဆရာ၊ အရူး၊” ဟု ပြောကြသည်သာ။
၅၁း၅၃။ ၎င်းကို သူတို့သည် လက်ဆင့်ကမ်း ကြကုန်၏၊ အမှန်မှာ သူတို့သည် စည်းဖျက်သော လူမျိုး ဖြစ်၏။
၅၁း၅၄။ သို့ဖြစ်၍ သူတို့ထံမှ လှည့်သွားလော့၊ သင်သည် သူတို့အား အပြစ် မတင်နှင့်။
၅၁း၅၅။ သတိဖေါ်ပေးလော့၊ သတိဖေါ်ပေးခြင်းသည် ယုံကြည်သူတို့အတွက် အကျိုးရှိနိုင်၏။
၅၁း၅၆။ ကလျာဏနှင့် အန္ဓပုထုဇဉ်တို့အား ငါ့ကို ကိုးကွယ်ရန်မှအပ ဖြစ်တည်စေခဲ့ခြင်း မဟုတ်။
၅၁း၅၇။ ငါသည် သူတို့ထံမှ ရိက္ခာကို မလိုလားချေ၊ ငါ့အား ဆွမ်းကပ်ရန်လည်း မလိုအပ်ချေ။
၅၁း၅၈။ ဧကန်ပင် ပရမတ်ဘုရားရှင်၊ အရှင်သည် ရိက္ခာပေးသောအရှင်၊ အစွမ်းသတ္တိ ပိုင်စိုးသည့် တန်ခိုးတော်ရှင် ဖြစ်၏။
၅၁း၅၉။ ဧကန်ပင် မိုက်ကြေးခွဲသော သူတို့အတွက် သူတို့၏ ပေါင်းဖေါ်များ ပြစ်ဒဏ် ခံရသကဲ့သို့ ပြစ်ဒဏ်သည် ရှိနေ၏၊ အလျင်မလိုလေနှင့်။
၅၁း၆၀။ ဖုံးကွယ်သော သူတို့သည် သူတို့အတွက် ကတိတော် ပေးထားသည့်နေ့ ကာလ၌ ပျက်စီး ဆုံးရှုံးရမည်သာတည်း။
ဓမ္မခန္ဓာ (၅၁) ဤတွင် ပြီး၏။
၅၂း၁။ တောင်တော်အားဖြင့်။-
၅၂း၂။ ဤ ရေးမှတ်ထားသော ကျမ်းတော်သည်။-
၅၂း၃။ အသက်ဝင်နိုးကြွနေသည့် အက္ခရာတင်လွှာ ဖြစ်ပေသတည်း။
၅၂း၄။ လည်ပတ်ကြသော ဝတ်ကျောင်းတော်အားဖြင့်။-
၅၂း၅။ မြှင့်ထားသော မျက်နှာကျက်အားဖြင့်။-
၅၂း၆။ ပြည့်လျှံလာသော ပင်လယ်သမုဒ္ဒရာအားဖြင့်။-
၅၂း၇။ သင့်ကံကြမ္မာရှင်ထံမှ ဝဋ်ကြွေးသည် ဧကန်ပင် ခိုင်မာတည်တံ့ပေ၏။
၅၂း၈။ ၎င်းကို ခုခံနိုင်သူ ဟူ၍ မရှိချေ။
၅၂း၉။ ကောင်းကင်ယံသည် သွက်သွက်ခါ လှုပ်သောနေ့ ကာလ၌။-
၅၂း၁၀။ တောင်တန်းများသည် ရွေ့မျော၊ ရွေ့လျားရလတ္တံ့။
၅၂း၁၁။ ထိုနေ့ကာလ၌ ငြင်းဆန်သူတို့သည် ပျက်စီး ဆုံးရှုံးရလတ္တံ့။
၅၂း၁၂။ သူတို့က ဟာသလုပ် ပျက်လုံးထုတ်ခဲ့သော။-
၅၂း၁၃။ အပူမီး ငရဲထဲသို့ သူတို့အား ဖိအားပေး၍ ဖိတွန်း ပို့ခံရသောနေ့ ကာလ၌။-
၅၂း၁၄။ ဤသည် သင်တို့ ငြင်းဆန်လေ့ရှိသည့် အပူမီးပင်တည်း။
၅၂း၁၅။ မှော်အတတ် ဖြစ်သလော၊ သို့တည်းမဟုတ် သင်တို့ အမြင် မရှိကြသလော။
၅၂း၁၆။ ထို၌ လောင်ကျွမ်းစေလတ္တံ့၊ သင်တို့ သည်းခံနိုင်သည် ဖြစ်စေ၊ သည်းမခံနိုင်သည် ဖြစ်စေ၊ သင်တို့အတွက် မထူးချေ၊ သင်တို့ ကျင့်ကြံလေ့ ရှိခဲ့ရာကိုသာ အစားပေးခံနေခြင်း ဖြစ်၏။
၅၂း၁၇။ ဧကန်ပင် စည်းစောင့်သူတို့သည် ဂုဏ်ရှိသော ဥယျာဉ်ဘုံများ၌ ဖြစ်ရစေမည်။
၅၂း၁၈။ ကံကြမ္မာရှင်၏ ချီးမြှင့်မှုကြောင့် သူတို့သည် သီးနှံရသကဲ့သို့ ဖြစ်ရလတ္တံ့၊ ကံကြမ္မာရှင်သည် သူတို့အား ငရဲမီး ဝဋ်ကြွေးမှ ကာကွယ်ထားတော်မူ၏။
၅၂း၁၉။ သင်တို့၏ ကျင့်ကြံလေ့ ရှိမှုများကြောင့် ကျေကျေနပ်နပ် စားကြ၊ သောက်ကြကုန်လော့။
၅၂း၂၀။ အစီအစဉ်ကျသော ဇိမ်ခံခုံများ၌ မှီလှဲ စံစားစေ၍ ငါသည် သူတို့အား ဖြူစင်သော မျက်လုံးပိုင်ရှင်များနှင့် စုဖွဲ့ပေးတော်မူမည်ပင်။
၅၂း၂၁။ ယုံကြည်သောသူ၊ သူတို့အား ယုံကြည်ခြင်းဖြင့် လိုက်နာသော သူတို့၏ သားမြေးများ- ငါသည် သူတို့နှင့် သူတို့၏ သားမြေးတို့အား အတူ ဖြစ်စေတော်မူမည်၊ သူတို့၏ ကျင့်ကြံမှု တစ်စုံတစ်ရာကိုမျှ ပပျောက်စေသည် မဟုတ်ချေ၊ တစ်ဦးချင်းစီ၏ ကျင့်ဆောင်မှုတိုင်းသည် အာမခံပစ္စည်းပင် ဖြစ်၏။
၅၂း၂၂။ ငါသည် သူတို့အား သစ်သီးဝလံများနှင့် အသားများကို သူတို့ အာသီသ ရှိသလောက် တိုးပွားစေတော်မူလတ္တံ့။
၅၂း၂၃။ ထို၌ ပွစိပွစိ မလုပ်၊ ဖယ်ပစ်ခြင်း မရှိသော သောက်သုံးခွက်ကို ကမ်းလှမ်း ပေးကြကုန်လတ္တံ့။
၅၂း၂၄။ မိမိကိုယ်မိမိ ပုလဲကဲ့သို့ ကာကွယ်ထားသော ကလေးများက သူတို့ထံပါး လှည့်လည် ဝိုင်းရံလျက် ရှိလတ္တံ့။
၅၂း၂၅။ သူတို့မှ အချို့က အချို့ထံသို့ ရှေ့တိုးလာလျက် မေးမြန်း။-
၅၂း၂၆။ ပြောဆိုကြမည်မှာ “ရှေ့အလျင်က- ကျွန်ုပ်တို့၏ ဝိုင်းသားများအတွင်း ကျွန်ုပ်တို့ စိုးထိတ်ခဲ့ရ၏။၊-
၅၂း၂၇။ သို့သော် ပရမတ်ဘုရားရှင်သည် ကျွန်ုပ်တို့အား မျက်နှာသာပေးခဲ့ပြီ၊ အရှင်သည် ကျွန်ုပ်တို့အား ဝဋ်ကြွေး အပူထုမှ ကာကွယ်ခဲ့၏။
၅၂း၂၈။ ကျွန်ုပ်တို့သည် အရှင့်ထံ ရှေ့ကပင် ဧကန် ဆုပန်ခြင်း ရှိ၏၊ အရှင်သည် ကောင်းမှုပြုသောအရှင်၊ အကြင်နာရှင် ဖြစ်တော်မူ၏၊” ဟု ဖြစ်၏။
၅၂း၂၉။ သို့ဖြစ်၍ ကံကြမ္မာရှင်၏ ဂုဏ်ပေးမှုဖြင့် သတိဖေါ်ပေးလော့၊ သင်သည် ဗေဒင်ဆရာလည်း မဟုတ်၊ ရူးသွပ်နေသူလည်း မဟုတ်ချေ။
၅၂း၃၀။ သို့တည်းမဟုတ် သူတို့က “သူသည် ကဗျာဆရာ ဖြစ်၏၊ သူ့အား သံသယဖြစ်ဘွယ် မျက်နှာသာရနေမှုကို ကျွန်ုပ်တို့ စောင့်ကြည့်နေ၏၊” ဟု ဆိုကြသလော။
၅၂း၃၁။ စောင့်ကြည့်ကြလော့၊ ကျွန်ုပ်သည်လည်း သင်တို့နှင့်အတူ စောင့်ကြည့်သူတို့မှ ဖြစ်၏၊” ဟု ဟောလော့။
၅၂း၃၂။ သူတို့၏ ဤ စိတ်ကူးက သူတို့အား ညွှန်ကြားသလော၊ သို့တည်းမဟုတ် သူတို့သည် စည်းဖျက်လူမျိုး ဖြစ်သလော။
၅၂း၃၃။ သို့မဟုတ် “ကုရ်အာန်ကို သူ တီထွင်ခြင်း၊” ဟု ပြောကြသလော၊ အမှန်မှာ သူတို့သည် ယုံကြည်သူများ မဟုတ်ချေ။
၅၂း၃၄။ သူတို့သည် ဖြောင့်မှန်သူများ ဖြစ်ကြလျှင် ထိုကဲ့သို့ ဆင့်ပြန်ချက် တစ်ခု ပေးအပ်စေလော့။
၅၂း၃၅။ သို့တည်းမဟုတ် သူတို့အား နတ္ထိမှ ဖြစ်တည်ခံရသည် မဟုတ်လော၊ သို့တည်းမဟုတ် သူတို့က ဖြစ်တည်ပေးနိုင်သူများ ဖြစ်သလော။
၅၂း၃၆။ သို့တည်းမဟုတ် သူတို့သည် မိုးများနှင့် မြေအား ဖြစ်တည်စေခဲ့သလော၊ အမှန်မှာ သူတို့သည် ဒိဋ္ဌ ယုံကြည်မှု မရှိကြချေ။
၅၂း၃၇။ သို့တည်းမဟုတ် သူတို့ထံ၌ ကံကြမ္မာရှင်၏ ဘဏ္ဍာတော်များ ရှိသလော၊ သို့တည်းမဟုတ် ရေးမှတ်နိုင်သူများ ဖြစ်ကြသလော။
၅၂း၃၈။ သို့တည်းမဟုတ် သူတို့သည် အကြားအာရုံ သန္တိသုခဈာန် ရထားသလော၊ သို့ဖြစ်လျှင် ကြားနာရသူများအား ရှင်းလင်းသော လုပ်ပိုင်ခွင့်ကို ပေးအပ်စေကုန်။
၅၂း၃၉။ သို့တည်းမဟုတ် အရှင့်အတွက် သမီးများ ရှိ၍ သင်တို့အတွက် သားများ ရှိကြသလော။
၅၂း၄၀။ သို့တည်းမဟုတ် သင်သည် သူတို့ထံမှ အကျိုးဆုလာဘ် တောင်းဘူးသလော၊ သို့အတွက် သူတို့မှာ အကြွေးဝန် ပိနေကြသလော။
၅၂း၄၁။ သို့တည်းမဟုတ် သူတို့ထံ၌ စက္ခုလွန်များသည် ရှိ၍ သူတို့ မှတ်တမ်း တင်ထားကြသလော။
၅၂း၄၂။ သို့တည်းမဟုတ် သူတို့သည် ကြံစည်လိုကြသလော၊ သို့သော် ဖုံးကွယ်သော သူတို့သည်သာ သူတို့ကိုယ် သူတို့ ကြံစည်ခြင်း၌ ငြိနေကြကုန်၏။
၅၂း၄၃။ သို့တည်းမဟုတ် သူတို့အဘို့ ပရမတ်ဘုရားရှင်မှ အပ အခြား ဘုရားသည် ရှိနေသလော၊ ဦးထိပ်ထားအပ်သော ပရမတ်ဘုရားရှင်သည် သူတို့၏ ရောပြွန်း ကိုးကွယ်ရာတို့မှ ကင်း၏။
၅၂း၄၄။ မိုးကောင်းကင် အစိတ်စိတ် ပြိုကျသည်ကို သူတို့အား မြင်စေသော် သူတို့က “မိုးတိမ် အစုအပြုံ၊” ဟု ပြောကြလတ္တံ့။
၅၂း၄၅။ သူတို့အား နားစည်ကွဲ၍ လဲနေသည့်နေ့ ကာလကို ဆုံတွေ့ရသည့်တိုင် သူတို့အား ချန်ထားခဲ့လော့။
၅၂း၄၆။ ထိုနေ့၌ သူတို့၏ ကြံစည်မှုများသည် သူတို့အတွက် တစ်စုံတစ်ရာ ပြည့်စုံခြင်း မရှိ၊ သူတို့အား အကူအညီလည်း မရှိချေ။
၅၂း၄၇။ ဧကန်ပင် မိုက်ကြေးခွဲသော သူများအတွက် ဤမှအပ ဝဋ်ကြွေးသည် ရှိသေး၏၊ သို့ရာတွင် သူတို့မှ အများစုကြီးသည် သိကြသည် မဟုတ်ချေ။
၅၂း၄၈။ သို့ဖြစ်၍ ကံကြမ္မာရှင်၏ ဓမ္မသတ်အား သည်းခံစောင့်လော့၊ ဧကန်ပင် သင်သည် ငါ့ စက္ခုရှေ့၌ ရှိ၏၊ သင်၏ ရပ်တည်ချိန်တွင် ကံကြမ္မာရှင်အား ရည်သန် စူးစိုက် ဦးထိပ်ထားလော့။
၅၂း၄၉။ ညပိုင်း- ကြယ်တာရာများ ကျောခိုင်းစဉ် အရှင့်အား ဦးထိပ်ထားလော့။
ဓမ္မခန္ဓာ (၅၂) ဤတွင် ပြီး၏။
၅၃း၁။ သူ့သဘော သူဆောင်သော ကြယ်တာရာအားဖြင့်။-
၅၃း၂။ သင်တို့၏ အဖေါ်သည် အယူလွဲနေခြင်း မရှိ၊ တိမ်းပါးစေခြင်းလည်း မရှိချေ။
၅၃း၃။ သူ၏ ပြောစကားများမှာ လိုဘ မဟုတ်။-
၅၃း၄။ ဧကန် အာရုံရစေသော အာရုံဈာန်မျှသာ ဖြစ်၏။
၅၃း၅။ ပညာအလင်းကို ပေးသူမှာ အစွမ်းသတ္တိ ပြတ်သားထင်ရှားသော။-
၅၃း၆။ ရင့်ကျက်စေသောအရှင် ဖြစ်၏၊ သို့ဖြစ်၍ သူသည် ရင့်သန် ဆိုက်မြိုက်ခဲ့၏။
၅၃း၇။ ထို့ပြင် သူသည် မိုးကုတ်စက်ဝန်း အထွဋ်အထိပ်သို့ ဆိုက်မြိုက်လျက်။-
၅၃း၈။ ဖြည်းဖြည်းချင်း ကွေးညွတ် နီးကပ်လာ၍။-
၅၃း၉။ လေးကိုင်းထိပ်နှစ်ဘက် အကွာ၊ သို့မဟုတ် ထို့ထက် နီးကပ်လာခဲ့၏။
၅၃း၁၀။ အရှင်သည် အရှင်၏ အမှုတော်ဆောင်ထံသို့ အာရုံဈာန်ဖြင့် အာရုံဈာန် ဖြစ်တည်စေ၏။
၅၃း၁၁။ စိတ်အာရုံသည် သူ မြင်သည်ကို ငြင်းဆန်ခြင်း မရှိချေ။
၅၃း၁၂။ သင်တို့သည် သူ မြင်သည်ကို အချင်းများလိုသလော။
၅၃း၁၃။ မုချပင် နောက်တဖန် ဆင်းသက်လာခြင်းကို သူ မြင်ရ၏။
၅၃း၁၄။ အန္တိမပန်းတိုင် ဇီးဗောဓိပင် အပါး၌။-
၅၃း၁၅။ ထိုအပါး၌ ခိုလှုံရာ ဥယျာဉ်ဘုံ ရှိ၏။
၅၃း၁၆။ ထိုဇီးဗောဓိပင်အား လွှမ်းခြုံရာဖြင့် လွှမ်းခြုံသောအခါ။-
၅၃း၁၇။ စက္ခုရုံသည် တိမ်းပါး-စည်းဖျက်မှု မရှိ။
၅၃း၁၈။ သူသည် ကံကြမ္မာရှင်၏ ကြီးကျယ်ဆုံးသော နိမိတ်တော်ကို မုချ မြင်ရ၏။
၅၃း၁၉။ သင်တို့သည် လာ့တ်နှင့် အုဇာရ်၏ အကြောင်းကို မြင်ကြပြီလော။
၅၃း၂၀။ သုံးပါးမြောက် အဖြစ် အခြားသော အရာမှာ မနတ် ဖြစ်သလော။
၅၃း၂၁။ သင်တို့အတွက် သားများကို ဖြစ်စေ၍ အရှင့်အတွက် သမီးများကို ဖြစ်စေသလော။
၅၃း၂၂။ ဤသည် လုံးဝ တရား မမျှသော တိုင်တည်မှု ဖြစ်၏။
၅၃း၂၃။ ဧကန်ပင် ၎င်းတို့၏ အမည်များမှာ သင်တို့နှင့် သင်တို့၏ မိရိုးဖလာမှ အမည် ပေးထားခြင်းသာ ဖြစ်၏၊ ပရမတ်ဘုရားရှင်သည် ၎င်းတို့အား လုပ်ပိုင်ခွင့် ချမှတ်ပေးခြင်း မရှိချေ၊ ဧကန်ပင် သူတို့သည် စဉ်းစားချက်များနှင့် စရိုက်လိုဘ နောက်သို့ လိုက်နေကြ၏၊ ကံကြမ္မာရှင်၏ထံမှ လမ်းညွှန်ချက်သည်ကား မုချ ရောက်လာခဲ့ချေပြီ။
၅၃း၂၄။ သို့တည်းမဟုတ် လူသားအတွက် အားကျမိသောအရာ ရှိသေးသလော။
၅၃း၂၅။ နောင်ဘဝနှင့် ရှေးဘဝများသည် ပရမတ်ဘုရားရှင်၏ အချုပ်အခြာ၌ ရှိ၏။
၅၃း၂၆။ ပရမတ်ဘုရားရှင်၏ စံချိန်ပြည့်မှု ကျေနပ်မှုဖြင့် အခွင့်ပေးထားပြီး သူ၏နောက် ကောင်းကင်ယံမှ စွမ်းအင်စုများသည်ပင် ၎င်းတို့အတွက် အမျှဝေပေးရန် တစ်စုံတစ်ရာ ပြည့်စုံခြင်း မရှိချေ။
၅၃း၂၇။ နောင်ဘဝအား မယုံကြည်သော သူတို့က နိမိတ်ဆောင်တို့အား လိင်မ အမည်များဖြင့် အမည်ပေးကြ၏။
၅၃း၂၈။ ၎င်းအတွက် သူတို့၌ အသိပညာ မရှိပေ၊ စဉ်းစားချက်ကိုသာ လိုက်နေကြ၏၊ ဧကန်ပင် စဉ်းစားချက်သည် အမှန်တရားထက် တစ်စုံတစ်ရာ ပြည့်စုံခြင်း မရှိချေ။
၅၃း၂၉။ ငါ၏ သတိပေးတရားကို ဘောင်ကန့်ထားလျက် လောကီဘဝကိုသာ လှည့်နေသူအား အရေးတယူ မရှိနှင့်။
၅၃း၃၀။ ဤသည် သူတို့၏ပညာ ဆိုက်ရောက်နိုင်အား ဖြစ်၏၊ ဧကန်ပင် လမ်းစဉ်တော်မှ လွှဲဖယ်သွားသူအား ကံကြမ္မာရှင်သည် အသိဆုံး ဖြစ်တော်မူ၏၊ အရှင်၏ လမ်းညွှန်၌ ရှိသူကိုလည်း အသိဆုံး ဖြစ်တော်မူ၏။
၅၃း၃၁။ မိုးများနှင့် မြေကမ္ဘာ၌ ရှိသည်များသည် ပရမတ်ဘုရားရှင်၏ အချုပ်အခြာ၌ ရှိ၏၊ အရှင်သည် အကုသိုလ်ပြုသော သူတို့အား သူတို့ ကျင့်ကြံမှုအတိုင်း အစားပေးတော်မူ၏၊ သုမင်္ဂလာပြုသော သူတို့ကိုလည်း သုမင်္ဂလာ အစားပေးတော်မူ၏။
၅၃း၃၂။ ရှေ့ကျွံခဲ့မိသည်မှပ ကြီးမားသော ပြစ်မှုနှင့် ကိုယ်ကျင့်ပျက်မှုများမှ ကင်းသန့်သော သူတို့အဘို့- ဧကန်ပင် ကံကြမ္မာရှင်သည် လွတ်ငြိမ်းခွင့်ဖြင့် ဖြန့်ကျက်ထားသော အရှင်ဖြစ်၏၊ အရှင်သည် သင်တို့အား မြေကမ္ဘာမှ ပေါက်ပွား စေခဲ့သောအခါ သင်တို့ မိခင်များ၏ ဝမ်းကြာတိုက်အတွင်း သန္ဓေသားဘဝမှအစ အသိဆုံး ဖြစ်တော်မူ၏၊ သို့ဖြစ်၍ သင်တို့၏ စရိုက်များသည် အဖြူထည် မဟုတ်ချေ၊ အရှင်သည် စည်းစောင့်သူများကို အသိဆုံး ဖြစ်တော်မူ၏၊
၅၃း၃၃။ လှည့်သွားသောသူကို သင် မြင်ကြသလော။
၅၃း၃၄။ သူသည် အနည်းအပါး လက်ဆောင်ပေး၍ တွန့်တိုတတ်၏။
၅၃း၃၅။ သူ့ထံ၌ စက္ခုလွန်အား သိနိုင်အား ရှိသလော၊ သို့မဟုတ် မြင်နိုင်သလော။
၅၃း၃၆။ သို့တည်းမဟုတ် မူဆာ၏ ပရပိုက်များပါ သတင်းကို ရမိသလော။
၅၃း၃၇။ တာဝန်အပြည့်ယူသော အီဗရာဟီးမ်အားဖြင့်။-
၅၃း၃၈။ မိမိအတွက် ဝန် ထမ်းနေရသူသည် အခြားသူ၏ ဝန်အား မထမ်းပေးနိုင်ချေ။
၅၃း၃၉။ လူသားတွင် မိမိ လုံးပန်းခဲ့ရာမှအပ အခြား မရှိချေ။
၅၃း၄၀။ လုံးပန်းခဲ့မှုများကို မကြာမီ မြင်ရစေလတ္တံ့။
၅၃း၄၁။ သူ့အား ပြီးပြည့်စုံသော အစားပေးခြင်းဖြင့် အစားပေးတော်မူမည်ပင်။
၅၃း၄၂။ ကံကြမ္မာရှင်၏ ထံသို့သာ အန္တိမ ပန်းတိုင် ဖြစ်၏။
၅၃း၄၃။ အရှင်သည် ရယ်မောစေသော၊ ငိုကြွေးစေသောအရှင်။-
၅၃း၄၄။ ရှင်စေသောအရှင်၊ သေစေသောအရှင် ဖြစ်၏။
၅၃း၄၅။ အရှင်က အဖို၊ အမ၊ စုဖွဲ့ ဖြစ်တည်စေသည်မှာ။-
၅၃း၄၆။ ဇောဖြင့် တွန်းထုတ်ရသော သုတ်ပိုးမှ ဖြစ်၍။-
၅၃း၄၇။ ဧကန် သူ့အား နောက်တဖန် ပေါက်ပွားစေ၏။
၅၃း၄၈။ အရှင်သည် ကုံလုံပြည့်စုံသော၊ ပြည့်စုံ လုံလောက်သောအရှင်။-
၅၃း၄၉။ အကာသ မြေပုံတို့၏ ကံကြမ္မာရှင် ဖြစ်၏။
၅၃း၅၀။ ရှေးဦးပထမ အာဒ်တို့အား တိမ်ကောစေသောအရှင် ဖြစ်၏။
၅၃း၅၁။ သမူဒ်တို့အားလည်း လက်ကျန်ထားခဲ့ခြင်း မရှိချေ။
၅၃း၅၂။ ရှေ့အလျင်က နူးဟ်၏ လူမျိုးတို့ကိုလည်း ယင်းသို့ ဖြစ်စေ၏၊ သူတို့သည် ပို၍ အမိုက်စီး၊ စည်းဖျက်လေ့ ရှိကြ၏။
၅၃း၅၃။ သူ့သဘောသူဆောင် ပြောင်းပြန် လန်သွားသော မြို့ရွာများ။-
၅၃း၅၄။ လွှမ်းခြုံခြင်းဖြင့် ၎င်းတို့အား လွှမ်းခြုံသွားစေ၏။
၅၃း၅၅။ အရှင်၏ ကျေးဇူးပြုခြင်းများမှ မည်သည်ကို သင် အချင်းများနိုင်အံ့နည်း။
၅၃း၅၆။ ဤသူသည် ရှေးဦးပထမ သတိပေးသူများ အနက်မှ သတိပေးသူ တစ်ဦး ဖြစ်၏။
၅၃း၅၇။ နီးလာနေသော ဖြစ်ခြင်း အကြောင်းသည် နီး၍ လာနေ၏။
၅၃း၅၈။ ပရမတ်ဘုရားရှင်မှလွဲ၍ ၎င်းကို ဖယ်ရှားပေးနိုင်သူ မရှိချေ။
၅၃း၅၉။ သို့ဖြစ်၍ မည်သူသည် ဤဆင့်ပြန်ချက်ကို အံ့ဩနေကြသနည်း။
၅၃း၆၀။ သင်တို့သည် မျက်ရည်မကျ ရယ်မောနေကြသလော။
၅၃း၆၁။ သင်တို့သည် အူမြူးနေကြသလော။
၅၃း၆၂။ သို့ဖြစ်၍ ပရမတ်ဘုရားရှင်အား ဦးချကြလော့၊ ကိုးကွယ် ဆည်းကပ် ကြကုန်လော့။
ဓမ္မခန္ဓာ (၅၃) ဤတွင် ပြီး၏။
၁။ ထိုအခိုက်အတန့်သည် နီးကပ်လာနေ၏၊ လလည်း ကွဲခဲ့ပြီ။
၂။ သုတ်ဒေသနာတော်ကို မြင်တွေ့ရလျှင် ဘောင်ကန့်ထားလျက် “လွန်လေခဲ့ပြီးသော မှော်အတတ်ပင်၊” ဟု ပြောကြ၏။
၃။ သူတို့သည် ငြင်းဆန်ကြ၏၊ လိုဘများနောက်သို့ လိုက်ကြ၏၊ အရေးအရာတိုင်းသည် ပြန် တည်ငြိမ်ရလတ္တံ့။
၄။ သူတို့ထံသို့ သတင်းဝါဒ မုချ ဖြန့်ချီခံရပြီ၊ ၎င်းကို အော်ဟောက် တားဆီးအပ်၏။
၅။ ဓမ္မသတ်ကို ဖြန့်ချီပေးသော်လည်း သတိပေးချက်သည် ပြည့်စုံသည် မဟုတ်ချေ။
၆။ သို့ဖြစ်၍ သူတို့မှ လှည့်သွားလော့၊ ဖိတ်ခေါ်သူ၏ တစ်စုံတစ်ရာမျှ မကြုံဘူးရာသို့ ဖိတ်ခေါ်သောနေ့ကာလ၌။-
၇။ သူတို့၏အမြင်များ ကျို့ငဲ့လျက် ထွက်လာသော နှံကောင်များကဲ့သို့ သူတို့သည် သင်္ချိုင်းဂူများမှ နိုးထလာရ၍။-
၈။ ဖိတ်ခေါ်သူထံသို့ ပြာပြာသလဲ ချဉ်းကပ်လျက် ဖုံးကွယ်သူတို့က “ဤသည် ပြဿဒါး နေ့ပင်တည်း၊” ဟု ဆိုလတ္တံ့။
၉။ သူတို့မတိုင်မီ နူးဟ်၏ လူမျိုးသည်လည်း ငြင်းဆန်ခဲ့ပြီ၊ သူတို့သည် ငါ၏ အမှုတော်ဆောင်အား ငြင်းဆန်၍ “အရူး” ဟု ဆိုကြ၏၊ ထို့နောက် ဟောက် ထုတ်၏။
၁၀။ သူက ကံကြမ္မာရှင်ထံ၌ “တပည့်တော်အား အနိုင်ကျင့်ကြပါပြီ၊ တပည့်တော်အား ကူညီတော်မူပါ၊” ဟု ဆုတောင်း၏။
၁၁။ သို့ဖြင့် ငါသည် ကောင်းကင်တံခါးကို ဖွင့်၍ ရေများ လောင်းချပေးတော်မူ၏။
၁၂။ ထို့နောက် ကမ္ဘာမြေမှ စိမ့်စမ်းများ စီးထွက်စေ၏၊ ညွှန်ကြားမှု အတိုင်း ရေများ ရင်ဆိုင်ဆုံစေရန် မုချ စည်းကြပ်မတ်၏။
၁၃။ ထို့နောက် အချပ်ပြား သပ်စို့များဖြင့် ပြုလုပ်ထားရာပေါ်သို့ သူ့အား တင်ဆောင်ပေးတော်မူ၏။
၁၄။ ၎င်းအား ငါ့ စက္ခုရှေ့ စီးမျောနေစေ၍ ဖုံးကွယ်လေ့ ရှိခဲ့သူတို့အတွက် အစားပေးခြင်းဖြစ်၏။
၁၅။ မုချပင် ထို၌ သက်သေ လက္ခဏာ တစ်ရပ် ချန်ထားစေ၏၊ သို့သော် နှလုံးပိုက်သူ ရှိလေသလော။
၁၆။ ငါ ပြဌာန်းသော ဝဋ်ကြွေး၊ သတိပေးချက်သည် မည်သို့ ရှိလေသနည်း။
၁၇။ ငါသည် ကုရ်အာန်အား သတိရ ရှုမှတ်ရန် မုချ လွယ်ကူစေ၏၊ သို့သော် နှလုံးပိုက်သူ ရှိလေသလော။
၁၈။ အာဒ်တို့လည်း ငြင်းဆန်ခဲ့ပြီ၊ သို့ဖြင့် ငါပြဌာန်းသော ဝဋ်ကြွေး သတိပေးချက်သည် မည်သို့ ရှိလေသနည်း။
၁၉။ ဧကန်ပင် ဒေါသကြီးနေသော လေကို သူတို့ အပေါ်သို့ အပူလှိုင်း ဖြတ်သည့်နေ့၌ ငါ ဖြတ်သန်းစေ၍။-
၂၀။ စွန်ပလွံ ပင်အိုများအား အမြစ်လှန်ပစ်သကဲ့သို့ လူသားတို့အား ဖယ်ထုတ်လွင့်စင်သွားစေ၏။
၂၁။ ငါပြဌာန်းသော ဝဋ်ကြွေး သတိပေးချက်သည် မည်သို့ ရှိလေသနည်း။
၂၂။ ငါသည် ကုရ်အာန်အား သတိရ ရှုမှတ်ရန် မုချ လွယ်ကူစေ၏၊ သို့သော် နှလုံးပိုက်သူ ရှိလေသလော။
၂၃။ သမူဒ်တို့သည်လည်း သတိပေးချက်ကို ငြင်းဆန်ခဲ့ကြပြီ။
၂၄။ သူတို့က ပြောကြသည်မှာ “ကျွန်ုပ်တို့အထဲမှ လူပုဂ္ဂိုလ် တစ်ဦးမျှသာ- သူ့နောက်ကို လိုက်သင့်သလော၊ ကျွန်ုပ်တို့သည် လွဲမှားမှု၌ လောင်စာဖြစ်နိုင်၏။
၂၅။ ကျွန်ုပ်တို့အနက် သူ့ကိုသာ သတိပေး တရားတော် ခင်းကျင်းပေးသလော၊ အမှန်မှာ သူသည် အရိုင်းအစိုင်း ငြင်းဆန်သူသာ ဖြစ်၏၊” ဟု ဖြစ်၏။
၂၆။ မည်သူသည် အရိုင်းအစိုင်း ငြင်းဆန်သူ ဖြစ်ကြောင်း စောစော သိလာရလေလတ္တံ့။
၂၇။ သူတို့အား စမ်းသပ်ရန် ကုလားအုပ်မအား သူတို့ထံသို့ ငါ စေစားတော်မူ၏၊ သို့ဖြစ်၍ သူတို့အား စောင့်ကြည့်နေလော့၊ သည်းခံခြင်းရှိလော့။
၂၈။ သူတို့ချင်းကြား ရေကို သောက်ရေ ကိုယ်စီ အသင့်ဟု တိုင်တည်ပြီး သတင်းထုတ်လော့။
၂၉။ သို့ဖြင့် သူတို့၏ အဖေါ်များကို ခေါ်၍ မျိုးအခြင်း လက်ဆောင်ကို ယူလိုက်ရ၏။
၃၀။ ငါပြဌာန်းသော ဝဋ်ကြွေး သတိပေးချက်သည် မည်သို့ ရှိလေသနည်း။
၃၁။ သူတို့ထံသို့ အသံလှိုင်းကြီး တစ်ခုကို ငါ စေစားလိုက်၍ ခြံဘောင်ခတ်သူ၏ သစ်ကိုင်းခြောက်များကဲ့သို့ ဖြစ်သွားရ၏။
၃၂။ ငါသည် ကုရ်အာန်အား သတိရ ရှုမှတ်ရန် မုချ လွယ်ကူစေ၏၊ သို့သော် နှလုံးပိုက်သူ ရှိလေသလော။
၃၃။ လု(တ်)၏ လူမျိုးတို့သည်လည်း သတိပေးချက်ကို ငြင်းဆန်ခဲ့ကြပြီ။
၃၄။ သူတို့အပေါ်သို့ သဲမုန်တိုင်းကို ငါ စေစားပြီ၊ သို့သော် လု(တ်)၏ အဆက်တို့မှာ ထိုမှကင်း၏၊ သူတို့အား လှည့်စားခံရမှုမှ လွတ်မြောက်စေတော်မူသည်မှာ။-
၃၅။ ငါ၏ ထံတော်မှ ဂုဏ်ပေးခြင်း ဖြစ်၏။ ကျေးဇူးသိသူတို့အား ယင်းသို့ အစားပေးတော်မူ၏။
၃၆။ ငါ မည်သို့ ကိုင်တွယ်မည်ကို သူက သူတို့အား သတိပေးသော် သတိပေးချက်အား အချင်းများကြ၏။
၃၇။ ဧည့်သည်များအား စွန့်ခဲ့ရန် သူ့ကို သူတို့က ဖိအားပေးကြ၏၊ သို့သော် ငါအရှင်က သူတို့၏ မျက်လုံးများကို အရေလှန်လိုက်၍ ငါ ပြဌာန်းသော ဝဋ်ကြွေးနှင့် သတိပေးချက်ကို မြည်းစမ်းစေရန်။-
၃၈။ တည်ငြိမ်သော ဝဋ်ကြွေးသည် အာရုဏ်ဦး၌ သူတို့အား ထိသက်လေပြီ။
၃၉။ ငါ ပြဌာန်းသော ဝဋ်ကြွေးနှင့် သတိပေးချက်ကို မြည်းစမ်းကြလော့။
၄၀။ ငါသည် ကုရ်အာန်အား သတိရ ရှုမှတ်ရန် မုချ လွယ်ကူစေ၏၊ သို့သော် နှလုံးပိုက်သူ ရှိလေသလော။
၄၁။ ဖာရိုး မင်းဆက်ထံသို့လည်း သတိပေးချက်သည် မုချ ရောက်လာခဲ့ပြီ။
၄၂။ သူတို့သည် ငါ၏ သုတ်ဒေသနာများကို ငြင်းဆန်ကြ၏၊ သို့ဖြင့် စည်းချိန် ချမှတ်သောအရှင်၊ ဘုန်းတော်ရှင်၏ အရေးယူခြင်းဖြင့် သူတို့ကိုယ်စီအား အရေးယူတော်မူပြီ။
၄၃။ သင်တို့သည် ထိုသူများထက် ပိုမိုကောင်းမွန်စွာ ဖုံးကွယ်သူများ ဖြစ်ကြသလော၊ သို့တည်းမဟုတ် သင်တို့သည် ကျမ်းမှတ်တမ်းပါ ကင်းလွတ်ခွင့်ကို ရထားကြသလော။
၄၄။ သို့တည်းမဟုတ် “ကျွန်ုပ်တို့သည် အကူအညီရသော တပ်ပေါင်းစု ဖြစ်သည်၊” ဟု ဆိုကြသလော။
၄၅။ ထိုတပ်ပေါင်းစုသည် ချေမှုန်းခြင်း ခံရလတ္တံ့၊ ၎င်းတို့သည် နောက်သို့ လှည့်ပြေးရလတ္တံ့။
၄၆။ ထိုအခိုက်အတန့်သည် ၎င်းတို့အတွက် ကတိတော်ဖြစ်၍ နာကျင်စွာ ဖြတ်သန်းစေသော အခိုက်အတန့် ဖြစ်လတ္တံ့။
၄၇။ ရာဇဝတ်ကောင် တို့သည်ကား လွဲမှားမှု၌ လောင်စာဖြစ်ရလျက်။-
၄၈။ အပူမီးထဲသို့ မျက်နှာ ဦးဇောက် တွဲကျစေမည့်နေ့ ကာလ၌ ငရဲ၏ ထိကပ်ခြင်းကို မြည်းစေလတ္တံ့။
၄၉။ ဧကန်ပင်- သဗ္ဗလုံးစုံအား စည်းချိန်အလျောက် ငါ ဖြစ်တည်ပေး၏။
၅၀။ ငါအရှင်၏ ညွှန်ကြားချက်သည် တစ်သမတ်တည်း ဖြစ်၍ အမြင်တစ်ဝှေ့တွင် အတည်ဖြစ်၏။
၅၁။ မုချပင် သင်တို့၏ ဂိုဏ်းသားတို့ကို တိမ်ကောစေခဲ့ပြီ၊ သို့တိုင် နှလုံးပိုက်သူ ရှိလေသလော။
၅၂။ သူတို့၏ ပြုလုပ်ခဲ့မှု သဗ္ဗလုံးစုံသည် ကျမ်းမှတ်တမ်းများ ရှိနေ၏။
၅၃။ ငယ်သည်မဟူ ကြီးသည်မခြား ကိုယ်စီ ရေးမှတ်ထား၏။
၅၄။ ဧကန်ပင် စည်းစောင့်သူများသည် ဥယျာဉ်များ မြစ်ချောင်းများဖြင့်။-
၅၅။ ဖြောင့်မှန်သော ထိုင်ခုံများဖြင့် စည်းချိန်ချမှတ်သော အရှင်သခင်၏ အပါးတော် မြဲများ ဖြစ်ရလတ္တံ့။
ဓမ္မခန္ဓာ (၅၄) ဤတွင် ပြီး၏။
၁။ မဟာကရုဏာရှင်သည်။-
၂။ ကုရ်အာန်အား သင်ကြားပေး၏။
၃။ လူသားကို ဖြစ်တည်စေ၏။
၄။ ရှင်းလင်းချက်ကို သင်ကြားပေး၏။
၅။ နေနှင့် လတို့ကို စိစစ် တွက်ချက်ထား၏။
၆။ ကြယ်တာရာများ၊ အပင်များသည် ဦးချနေရ၏။
၇။ အာကာသအား မြှင့်ထား၍ စရွေးချ ပေးထား၏။
၈။ သင်တို့သည် ထိုစရွေး၌ စည်းမဖျက်အပ်။
၉။ စရွေးစံချိန်၌ သမာသမတ်ဖြင့် ရပ်တည်ကြလော့၊ စရွေးစံချိန် မလျော့စေကြနှင့်။
၁၀။ မြေကမ္ဘာကို သတ္တဝါများ နေရာချရန် ဖြစ်စေ၏။
၁၁။ ထို၌ အခွံရှိ သစ်သီးဝလံများနှင့် စွန်ပလွံပင်များ ရှိစေ၍။-
၁၂။ ကောက်ပဲသီးနှံနှင့် ရနံ့သင်းသည့် အနံ့လွင့်ပင်များလည်း ရှိစေ၏။
၁၃။ သင်တို့၏ ကံကြမ္မာရှင်ထံမှ အကျိုးဆက်များအား မည်သို့ ငြင်းဆန်အံ့နည်း။
၁၄။ အရှင်သည် ကလျာဏပုထုဇဉ်အား ဝံ့ကြွားနိုင်သော မြေသားမှ ဖြစ်တည်စေ၍။-
၁၅။ အန္ဓပုထုဇဉ်ကို အရှိန်သေသော မီးမှ ဖြစ်တည်စေ၏။
၁၆။ သင်တို့၏ ကံကြမ္မာရှင်ထံမှ အကျိုးဆက်များအား မည်သို့ ငြင်းဆန်အံ့နည်း။
၁၇။ အရှင်သည် နေထွက်ရာ နှစ်ဘက်၊ နေဝင်ရာ နှစ်ဘက်တို့၏ ကံကြမ္မာရှင် ဖြစ်၏။
၁၈။ သင်တို့၏ ကံကြမ္မာရှင်ထံမှ အကျိုးဆက်များအား မည်သို့ ငြင်းဆန်အံ့နည်း။
၁၉။ ပင်လယ်နှစ်ပြင်ကို အရှိန်သတ် တွေ့ဆုံစေ၏။
၂၀။ ထိုနှစ်ခုကြား၌ အပြစ်မရှာနိုင်စေရန် တံတိုင်းကာပေးထား၏။
၂၁။ သင်တို့၏ ကံကြမ္မာရှင်ထံမှ အကျိုးဆက်များအား မည်သို့ ငြင်းဆန်အံ့နည်း။
၂၂။ ၎င်းတို့မှ ပုလဲရတနာ သန္တာတို့ကို ထွက်စေတော်မူ၏။
၂၃။ သင်တို့၏ ကံကြမ္မာရှင်ထံမှ အကျိုးဆက်များအား မည်သို့ ငြင်းဆန်အံ့နည်း။
၂၄။ ပင်လယ်၌ သိမှတ်သညာများ၊ သင်္ဘောများ၏ ကြွတက်မှု- တို့သည် အရှင်၏ အချုပ်အခြာ၌ ရှိ၏။
၂၅။ သင်တို့၏ ကံကြမ္မာရှင်ထံမှ အကျိုးဆက်များအား မည်သို့ ငြင်းဆန်အံ့နည်း။
၂၆။ အားလုံးကိုယ်စီ သင်္ခါရသာ ဖြစ်၍။-
၂၇။ ဂုဏ်သရေအရှိဆုံး၊ အမြင့်မြတ်ဆုံး၊ ဖြစ်တော်မူသော ကံကြမ္မာရှင်၏ ဥပတိသာ ထာ၀ရ ဖြစ်၏။
၂၈။ သင်တို့၏ ကံကြမ္မာရှင်ထံမှ အကျိုးဆက်များအား မည်သို့ ငြင်းဆန်အံ့နည်း။
၂၉။ မိုးများနှင့် မြေကမ္ဘာအတွင်း ရှိသမျှသည် အရှင့်ထံ၌ တောင်းခံနေရ၏၊ အရှင်သည် ကာလတစ်ခုစီ၌ သူ့ကိစ္စနှင့် သူ ဖြစ်စေ၏။
၃၀။ သင်တို့၏ ကံကြမ္မာရှင်ထံမှ အကျိုးဆက်များအား မည်သို့ ငြင်းဆန်အံ့နည်း။
၃၁။ သင်တို့ဘက်သို့ ငါ အားဖြည့်ပေးတော်မူလတ္တံ့၊ အို-ဝန်ထမ်းစုတို့။
၃၂။ သင်တို့၏ ကံကြမ္မာရှင်ထံမှ အကျိုးဆက်များအား မည်သို့ ငြင်းဆန်အံ့နည်း။
၃၃။ အို- တစ်ကျိတ်တစ်ကြံတည်း ဖြစ်သော ကလျာဏနှင့် အန္ဓပုထုဇဉ်တို့၊ သင်တို့သည် မိုးများနှင့် မြေကမ္ဘာ၏ စက်ကွင်းမှ ဖေါက်ထွက်ရန် တတ်နိုင်လျှင် ဖေါက်ထွက် သွားကြလော့၊ ငါအရှင်၏ အခွင့်အာဏာမရဘဲ ဖေါက်ထွက် သွားနိုင်မည် မဟုတ်ချေ။
၃၄။ သင်တို့၏ ကံကြမ္မာရှင်ထံမှ အကျိုးဆက်များအား မည်သို့ ငြင်းဆန်အံ့နည်း။
၃၅။ သင်တို့အပေါ်သို့ မီး၊ မီးလျှံ၊ မီးခိုးများကို စေစားလတ္တံ့၊ သင်တို့ကိုယ် သင်တို့ ကူညီနိုင်မည် မဟုတ်ပေ။
၃၆။ သင်တို့၏ ကံကြမ္မာရှင်ထံမှ အကျိုးဆက်များ အား မည်သို့ ငြင်းဆန်အံ့နည်း။
၃၇။ အာကာသသည် ကြေမွလျက် ဆီပွတ်ထားသော နှင်းဆီနီကဲ့သို့ ဖြစ်လာသောအခါ။-
၃၈။ သင်တို့၏ ကံကြမ္မာရှင်ထံမှ အကျိုးဆက်များအား မည်သို့ ငြင်းဆန်အံ့နည်း။
၃၉။ ထိုနေ့ကာလ၌ ကလျာဏနှင့် အန္ဓပုထုဇဉ်တို့အား မိမိ၏ ပြစ်မှုများကို စစ်ကြောနေတော့မည် မဟုတ်။
၄၀။ သင်တို့၏ ကံကြမ္မာရှင်ထံမှ အကျိုးဆက်များအား မည်သို့ ငြင်းဆန်အံ့နည်း။
၄၁။ ရာဇဝတ်ကောင်တို့အား သူတို့၏ အမှတ်သညာအားဖြင့် မှတ်မိစေလတ္တံ့၊ သူတို့အား ငယ်ထိပ်နှင့် ခြေဖဝါးများကို ဆွဲသိမ်းခံရစေလတ္တံ့။
၄၂။ သင်တို့၏ ကံကြမ္မာရှင်ထံမှ အကျိုးဆက်များအား မည်သို့ ငြင်းဆန်အံ့နည်း။
၄၃။ ဤသည် ရာဇဝတ်ကောင်များ ငြင်းဆန်လေ့ရှိသည့် ငရဲဘုံပင် ဖြစ်၏။
၄၄။ ထိုစပ်ကြား ရေနွေးရေပူ ကာလကြား၌ လှည့်ပတ် နေကြရလတ္တံ့။
၄၅။ သင်တို့၏ ကံကြမ္မာရှင်ထံမှ အကျိုးဆက်များအား မည်သို့ ငြင်းဆန်အံ့နည်း။
၄၆။ ကံကြမ္မာရှင်၌ ကြောက်ရွံ ရိုကျိုးစွာ ရပ်တည်သူအဖို့ ဥယျာဉ်နှစ်ခု ရှိ၏။
၄၇။ သင်တို့၏ ကံကြမ္မာရှင်ထံမှ အကျိုးဆက်များအား မည်သို့ ငြင်းဆန်အံ့နည်း။
၄၈။ အမျိုးမျိုး အဖုံဖုံ ပြည့်နှက်နေစေ၏။
၄၉။ သင်တို့၏ ကံကြမ္မာရှင်ထံမှ အကျိုးဆက်များအား မည်သို့ ငြင်းဆန်အံ့နည်း။
၅၀။ ထိုနှစ်ခု၌ စိမ့်စမ်းများ စီးဆင်းနေစေ၏။
၅၁။ သင်တို့၏ ကံကြမ္မာရှင်ထံမှ အကျိုးဆက်များအား မည်သို့ ငြင်းဆန်အံ့နည်း။
၅၂။ ထိုနှစ်ခု၌ သစ်သီးမျိုးစုံ စုဖွဲ့နေစေ၏။
၅၃။ သင်တို့၏ ကံကြမ္မာရှင်ထံမှ အကျိုးဆက်များအား မည်သို့ ငြင်းဆန်အံ့နည်း။
၅၄။ နားခိုရာများပေါ် မှီလှဲ စံစားစေလျက် သူတို့၏ အတွင်းခံများသည် ပိုးဖဲကတ္တီပါတို့ ဖြစ်၏၊ ဥယျာဉ်နှစ်ခုမှ အသီးမှည့်တို့သည် အနီးကပ် ရှိကြ၏။
၅၅။ သင်တို့၏ ကံကြမ္မာရှင်ထံမှ အကျိုးဆက်များအား မည်သို့ ငြင်းဆန်အံ့နည်း။
၅၆။ ထို၌ သူတို့မတိုင်မီ ကလျာဏနှင့် အန္ဓပုထုဇဉ်တို့ မထိတွေ့ဘူးသော မျက်ရိပ်မျက်ခြည် တည်တံ့သူတို့ ရှိ၏။
၅၇။ သင်တို့၏ ကံကြမ္မာရှင်ထံမှ အကျိုးဆက်များအား မည်သို့ ငြင်းဆန်အံ့နည်း။
၅၈။ သူတို့သည် ပတ္တမြား- သန္တာကဲ့သို့ ဖြစ်၏။
၅၉။ သင်တို့၏ ကံကြမ္မာရှင်ထံမှ အကျိုးဆက်များအား မည်သို့ ငြင်းဆန်အံ့နည်း။
၆၀။ သုမင်္ဂလာအတွက် အစားပေးခြင်းသည် သုမင်္ဂလာမှအပ ဖြစ်မည်လော။
၆၁။ သင်တို့၏ ကံကြမ္မာရှင်ထံမှ အကျိုးဆက်များအား မည်သို့ ငြင်းဆန်အံ့နည်း။
၆၂။ ထို၌ ယှဉ်တွဲလျက် ဥယျာဉ်နှစ်ခု ရှိ၏။
၆၃။ သင်တို့၏ ကံကြမ္မာရှင်ထံမှ အကျိုးဆက်များအား မည်သို့ ငြင်းဆန်အံ့နည်း။
၆၄။ စိမ်းစို ညို့မှိုင်းလျက် ရှိ၏။
၆၅။ သင်တို့၏ ကံကြမ္မာရှင်ထံမှ အကျိုးဆက်များအား မည်သို့ ငြင်းဆန်အံ့နည်း။
၆၆။ ထိုနှစ်ခု၌ စိမ့်စမ်းနှစ်သွယ် ပန်းထွက်လျက် ရှိ၏။
၆၇။ သင်တို့၏ ကံကြမ္မာရှင်ထံမှ အကျိုးဆက်များအား မည်သို့ ငြင်းဆန်အံ့နည်း။
၆၈။ ထိုနှစ်ခု၌ သစ်သီးဝလံများနှင့် စွန်ပလွံသီးများ ပုလဲသီးများ ရှိ၏။
၆၉။ သင်တို့၏ ကံကြမ္မာရှင်ထံမှ အကျိုးဆက်များအား မည်သို့ ငြင်းဆန်အံ့နည်း။
၇၀။ ထို၌ ကောင်းမွန် တင့်တယ်သူတို့ ရှိ၏။
၇၁။ သင်တို့၏ ကံကြမ္မာရှင်ထံမှ အကျိုးဆက်များအား မည်သို့ ငြင်းဆန်အံ့နည်း။
၇၂။ ဘုံနန်း ပြာသာဒ်များ၌ အဖြူထည် စောင့်တည်ထားသူများ ရှိ၏။
၇၃။ သင်တို့၏ ကံကြမ္မာရှင်ထံမှ အကျိုးဆက်များအား မည်သို့ ငြင်းဆန်အံ့နည်း။
၇၄။ သူတို့မတိုင်မီ ၎င်းတို့အား ကလျာဏနှင့် အန္ဓပုထုဇဉ်တို့ မထိတွေ့ဘူးချေ။
၇၅။ သင်တို့၏ ကံကြမ္မာရှင်ထံမှ အကျိုးဆက်များအား မည်သို့ ငြင်းဆန်အံ့နည်း။
၇၆။ ၎င်းတို့သည် တင့်တယ် ရင်သပ် ရှုမောဘွယ်ရာ မြစိမ်းရောင် မှီအုံးများပေါ်တွင် မှီလှဲစံစားနေကြ၏။
၇၇။ သင်တို့၏ ကံကြမ္မာရှင်ထံမှ အကျိုးဆက်များအား မည်သို့ ငြင်းဆန်အံ့နည်း။
၇၈။ ဂုဏ်သရေအရှိဆုံး၊ အမြင့်မြတ်ဆုံးအရှင်- ကံကြမ္မာရှင်၏ ဂုဏ်တော်သည် မင်္ဂလာအပေါင်းနှင့် ပြည်စုံတော်မူပေသတည်း။
ဓမ္မခန္ဓာ (၅၅) ဤတွင် ပြီး၏။
၁။ အဖြစ်အပျက်ကြီး ဖြစ်ပျက်သောအခါ။-
၂။ အဖြစ်အပျက်ကြီးကို လိမ်ညာ မထားနိုင်ချေ။
၃။ နှိမ့်ချခံရသူ၊ မြှောက်စားခံရသူတို့ ရှိလတ္တံ့။
၄။ မြေကမ္ဘာသည် တုန်ခါခြင်းဖြင့် တုန်ခါသောအခါ။-
၅။ တောင်တန်းကြီးများသည် အစိတ်စိတ် စိတ်မွကုန်လတ္တံ့။
၆။ သူတို့သည် ပျံ့လွင့်သော အမှုန့်များကဲ့သို့ ဖြစ်ရသော်။-
၇။ သင်တို့သည် စုဖွဲ့မှု သုံးမျိုး ဖြစ်လတ္တံ့။
၈။ လက်ယာရံ ပေါင်းဖေါ်များ- လက်ယာ ပေါင်းဖေါ်တို့သည် မည်သို့နည်း။
၉။ လက်ဝဲရံ ပေါင်းဖေါ်များ- လက်ဝဲရံ ပေါင်းဖေါ်တို့သည် မည်သို့နည်း။
၁၀။ လက်ဦးမှု ရထားသော- လက်ဦးမှု ယူထားသူများ ဖြစ်ကြ၏။
၁၁။ ထိုသူတို့သည် ချဉ်းကပ်ခွင့် ရသူများ ဖြစ်ကြ၍။-
၁၂။ ဂုဏ်ပေးထားသော ဥယျာဉ်ဘုံများ၌။-
၁၃။ ရှေးရှိပြီးသူ အဖွဲ့လိုက်နှင့်။-
၁၄။ နောက်ပေါင်းသူ အနည်းငယ်ခန့်သာ ဖြစ်၏။
၁၅။ ဆင်ယင်ထားသော ဇိမ်ခံခုံများပေါ်၌။-
၁၆။ မျက်နှာချင်းဆိုင် မှီလှဲ စံစားကြရလတ္တံ့။
၁၇။ ကာလစည်းခြား မရှိသော ကိုယ်ပွား ရင်သွေးများက သူတို့အား လှည့်လည် ဝိုင်းရံလျက်။-
၁၈။ ငှဲ့ပေးနေသည့် ရေတကောင်း၊ ရေဖလား၊ ရေခွက်များဖြင့် ဖြစ်၏။
၁၉။ ထိုရေတို့သည် ခေါင်းကွဲမတတ် ဖြစ်ခြင်း၊ ပျို့အံခြင်း၊ မရှိချေ။
၂၀။ လက်ရွေးစင် သစ်သီးဝလံများ။-
၂၁။ သူတို့ အာသီသဖြစ်သော ကြက်၊ ငှက်၊ အသားများ ရှိ၏။
၂၂။ အဖြူထည် မျက်လုံးများသည်။-
၂၃။ ကာကွယ်ထားသော ပုလဲကဲ့သို့ ဖြစ်၍။-
၂၄။ သူတို့ ကျင့်ကြံလေ့ ရှိခဲ့ရာအတွက် အစားပေးမှု ဖြစ်၏။
၂၅။ ထို၌ ပွစိပွစိ အပြစ်မကင်းသော စကားများကို မကြားရချေ။
၂၆။ ငြိမ်းချမ်းပါစ၊ ငြိမ်းချမ်းပါစေ၊” ဟု ပြောစကားသာ ရှိ၏။
၂၇။ လက်ယာရံ ပေါင်းဖေါ်များ- လက်ယာရံ ပေါင်းဖေါ်တို့သည် မည်သို့ ရှိကြသည် ဟူမူကား။-
၂၈။ အစူးမဲ့ ဇီးပင်များ။-
၂၉။ အသီးအထပ်ထပ် ငှက်ပျောပင်များ။-
၃၀။ တိုးရွေ့ နေသော အရိပ်အဝါသများ။-
၃၁။ စီးထွက်နေသော ရေများ။-
၃၂။ မြောက်မြားစွာသော သစ်သီးဝလံများသည်။-
၃၃။ ဖြတ်တောက်ထားခြင်းမရှိ၊ ဟန့်တားထားခြင်း မရှိ။
၃၄။ နားခိုရာနှင့် မြှောက်စားထားမှု ရှိ၏။
၃၅။ ဧကန်ပင် ငါအရှင်သည် ပေါက်ပွားနေသော သူမတို့အား ပေါက်ပွားနေစေရန်။-
၃၆။ သူမတို့အား နုရွယ်နေရန် စီစဉ်ပေးထား၏။
၃၇။ တိုင်းရင်းသား မြေလုပ်သားများသည်။-
၃၈။ လက်ယာရံ ပေါင်းဖေါ်တို့အတွက် ဖြစ်စေ၏။
၃၉။ ရှေးရှိပြီးသူ အဖွဲ့လိုက်နှင့်။-
၄၀။ နောက်ပေါင်းသူ အဖွဲ့လိုက်တို့ ဖြစ်၏။
၄၁။ လက်ဝဲရံ ပေါင်းဖေါ်များ- လက်ဝဲရံ ပေါင်းဖေါ်တို့သည် မည်သို့ ရှိကြသည် ဟူမူကား။-
၄၂။ ရေနွေးပူ အပူထုထဲ၌။-
၄၃။ ရေငွေ့ပူ လောင်းရိပ်၌။-
၄၄။ အေးမြခြင်း မရှိ၊ ဂုဏ်ကျက်သရေ မရှိ ဖြစ်ရလေပြီ။
၄၅။ သူတို့သည် ဤမတိုင်မီက စည်းစိမ်ရှိသော ဘဝဖြင့် ဖြစ်ခဲ့၏။
၄၆။ သူတို့သည် မဟာ သစ္စာပျက်မှုကြီးကို ဇွတ်တိုးလုပ်လေ့ရှိ၏။
၄၇။ သူတို့ ပြောလေ့ရှိသည်မှာ “ကျွန်ုပ်တို့သည် သေကြေပြီးသော် မြေမှုန့်များ၊ အရိုးများ၊ ဖြစ်ရပြီး နိုးထ ရဦးမည်လော။
၄၈။ ရှေးဦးပထမ ဘဘိုးများလည်း ပါသလော၊” ဟု ဖြစ်၏။
၄၉။ ဟောလော့၊ “ဧကန်ပင် ရှေးရှိပြီးသူ၊ နောက်ပေါင်းသူ အားလုံး။-
၅၀။ -အသိပေးပြီး ရက်ချိန်းနေ့သို့ အတူ စုခံရမည်ပင်။
၅၁။ ထို့နောက် သင်တို့၊ အို-လမ်းလွဲသူ၊ ငြင်းဆန်ခဲ့သူတို့။-
၅၂။ ပဒိုင်းပင်အား စားသုံးကြကုန်လော့။
၅၃။ ၎င်းဖြင့် သင်တို့ ဗိုက်ပြည့် တင်းကားနေကြလော့။
၅၄။ သို့ဖြင့် ထပ်၍ ရေနွေးပူကို သောက်စေလတ္တံ့။
၅၅။ အငမ်းမရ သောက်ကြလော့။
၅၆။ ဤသည် စီရင်မိန့်ချမည့်နေ့ ကာလ၏ ခံစားစေမှု အဆင့်ဆင့်ပင် ဖြစ်၏။
၅၇။ ငါအရှင်သည် သင်တို့အား ဖြစ်တည်စေ၏၊ သင်တို့ ဖြောင့်ချက် မပေးလိုသလော။
၅၈။ ဇောဖြင့် တွန်းထုတ်ရသော အရာကို သင်တို့ မြင်ကြသလော။
၅၉။ ၎င်းကို အသင်တို့က ဖြစ်တည်စေသလော၊ သို့တည်းမဟုတ် ငါအရှင်က ဖြစ်တည်စေသလော။
၆၀။ ငါသည် သင်တို့၏ကြား၌ သေခြင်းကို စည်းချိန်ချထား၏၊ ငါ့အား လွန်ဆန်နိုင်ရာ မရှိချေ။
၆၁။ ငါသည် သင်တို့၏ ပြယုဂ်ကို လွှဲပြောင်းစေတော်မူမည်၊ သင်တို့မသိခဲ့ခြင်းဖြင့် ပေါက်ပွားစေမည်ပင်။
၆၂။ သင်တို့အား ပထမအကြိမ် ပေါက်ပွားစေခဲ့ခြင်းကို မုချ သိနေပါလျက် သင်တို့တွင် ဆင်ခြင်သတိ မရှိသလော။
၆၃။ သင်တို့ ထွန်ယက် မျိုးချခဲ့သည့် အရာကို သင်တို့ မြင်ကြသလော။
၆၄။ ၎င်းကို သင်တို့က ပျိုးပေါက်စေသလော၊ သို့တည်းမဟုတ် ငါအရှင်က ပျိုးပေါက်စေသူ ဖြစ်သလော။
၆၅။ စံချိန်ပြည့်မီခဲ့လျှင် ငါသည် ၎င်းကို အမှိုက်စအဖြစ် စီစဉ်နိုင်၏၊ သို့ဖြင့် သင်တို့သည် ဆက်တိုက် သီးနှံပျက်လျက်။-
၆၆။ ကျွန်ုပ်တို့သည်ကား အကြွေး နစ်ရလေပြီ။
၆၇။ အမှန်မှာ ကျွန်ုပ်တို့သည် တားမြစ် ပိတ်ဆို့ခံရလေပြီ ဟု ဖြစ်ရ၏။
၆၈။ သင်တို့ သောက်သုံးသော ရေကို မြင်ကြသလော။
၆၉။ ၎င်းကို မိုးတိမ်သားမှ သင်တို့ သွန်းချပေးသလော၊ သို့မဟုတ် ငါအရှင်သည် သွန်းချပေးသောအရှင် မဟုတ်လော။
၇၀။ စံချိန်ပြည့်မီခဲ့လျှင် ငါသည် ၎င်းကို ငံတူးစေရန် စီစဉ်ပစ်နိုင်၏၊ သင်တို့ အဘယ်ကြောင့် ကျေးဇူး မသိထိုက်သနည်း။
၇၁။ ကွယ်နေသော မီးကို သင်တို့ မြင်ကြသလော။
၇၂။ ၎င်းကို သစ်ပင်မှ သင်တို့က ပေါက်ပွားစေသလော၊ သို့တည်းမဟုတ် ငါသည် ပေါက်ပွားစေသော အရှင် ဖြစ်သလော။
၇၃။ ငါသည် ၎င်းကို သတိပေးရာ အဖြစ် စီစဉ်တော်မူ၍ အစွမ်းသတ္တိရှိသူတို့ အဘို့ ချမ်းမြေ့စရာ ဖြစ်စေ၏။
၇၄။ သို့ဖြစ်၍ ကံကြမ္မာရှင်၏ အထွဋ်အမြတ် ဂုဏ်တော်အား ဦးထိပ်ထားလော့။
၇၅။ အမှန်ပင် ငါသည် ကြယ်တာရာများ စခန်းချရာကို တိုင်တည်လျက်။-
၇၆။ သင်တို့ သိခဲ့ကြလေလျှင်- ဤသည် မဟာတိုင်တည်မှုကြီး ဖြစ်၏။
၇၇။ ဤသည် ဂုဏ်ကျက်သရေရှိသော ကုရ်အာန်ဖြစ်၍။-
၇၈။ ကာကွယ်ထားသော မှတ်တမ်း၌ ရှိ၏။
၇၉။ ၎င်းကို သန့်စင်သူများမှအပ ထိတွေ့နိုင်သူ မရှိချေ။
၈၀။ လောကခပ်သိမ်း၏ ကံကြမ္မာရှင်ထံမှ ချမှတ်ပေးခြင်း ဖြစ်၏။
၈၁။ သို့ပါလျက် ဤဆင့်ပြန်ချက်ကို သင်တို့ လျော့ချလိုကြသလော။
၈၂။ ၎င်းကို ငြင်းဆန်ခြင်းဖြင့် သင်တို့အတွက် စားရေရိက္ခာရရန် စီစဉ်နေကြသလော။
၈၃။ အဘယ်ကြောင့် မဟုတ်ရသနည်း၊ အသက်ငင်ခြင်း ဆိုက်ရောက်နေသူအား။-
၈၄။ သင်တို့သည် စောင့်ကြည့်နေသော အချိန်၌။-
၈၅။ ငါသည် သင်တို့ထက် ပို၍ ထိုသူနှင့် နီးစပ်၏၊ သို့သော် သင်တို့ မြင်နိုင်ကြသည် မဟုတ်ချေ။
၈၆။ အဘယ်ကြောင့် မဟုတ်သနည်း- သင်တို့သည် ဥပဒေဘောင်တွင်း၌ မရှိကြလျှင်။-
၈၇။ သင်တို့သည် ဖြောင့်မှန်သူများ ဖြစ်ကြလျှင် အသက်ငင်ခြင်းကို ဦးလှည့်နိုင်မည်လော။
၈၈။ သူသည် ချဉ်းကပ်ခွင့်ရသူများ အနက်မှ ဖြစ်ခဲ့မူ။-
၈၉။ ဉာဏ်သမ္မာပတ် သင်းသည့် ဂုဏ်ရှိသော သုခဘုံ၌ ဖြစ်ရလတ္တံ့။
၉၀။ သူသည် လက်ယာရံ ပေါင်းဖေါ်များမှ ဖြစ်ခဲ့မူ။-
၉၁။ သင်သည် ငြိမ်းချမ်းပါစေ ဟု လက်ယာရံ ပေါင်းဖေါ်များမှ- (မေတ္တာပို့လတ္တံ့)။
၉၂။ အကယ်၍ သူသည် ငြင်းဆန်သူ လမ်းလွဲသူများမှ ဖြစ်ခဲ့မူ။-
၉၃။ ရေနွေးပူမှ အဆင့်ဆင့်တက်၍။-
၉၄။ ငရဲမီးဖြင့် လောင်ကျွမ်းစေလတ္တံ့။
၉၅။ ဧကန်ပင် ဤသည် ဒိဋ္ဌ အမှန်တရားပင် ဖြစ်၏။
၉၆။ သို့ဖြစ်၍ ကံကြမ္မာရှင်၏ အထွဋ်အမြတ် ဂုဏ်တော်အား ဦးထိပ် ထားကြကုန်လော့။
ဓမ္မခန္ဓာ (၅၆) ဤတွင် ပြီး၏။
၁။ မိုးများနှင့် မြေကမ္ဘာတွင် ရှိသမျှတို့သည် ပရမတ်ဘုရားရှင်၏ အချုပ်အခြာအား ဦးထိပ်ထားနေရ၏၊ အရှင်သည်ကား ဘုန်းတော်ရှင်၊ ဓမ္မသတ်ရှင် ဖြစ်တော်မူ၏။
၂။ မိုးများနှင့် မြေကမ္ဘာရှိ ဩဇာအာဏာနှင့် နိစ္စ၊ အနိစ္စတို့သည် အရှင်၏ အချုပ်အခြာ၌ ရှိ၏၊ အရှင်သည် သဗ္ဗလုံးစုံအား စည်းချိန်ချမှတ်တော်မူ၏။
၃။ အရှင်သည် ပထမနှင့် အန္တိမ၊ ဗဟိဒ္ဓနှင့် အစ္ဈတ္တ ဖြစ်တော်မူ၏၊ အရှင်သည် သဗ္ဗလုံးစုံ သိနေသောအရှင် ဖြစ်၏၊
၄။ အရှင်သည် မိုးများနှင့် မြေကမ္ဘာအား ကာလ ခြောက်ခုတွင်း ဖြစ်တည်စေသော အရှင်ဖြစ်၏၊ ထို့ပြင် ထပ်ဆင့်ကွပ်ကဲမှုကို ပုံစံကျစေ၍ မြေကမ္ဘာသို့ တိုးဝင်သွားရာ၊ ထိုမှထွက်သွားရာ၊ ကောင်းကင်မှ သက်သောအရာ၊ ထိုသို့ တက်သောအရာများကို သိနေတော်မူ၏၊ မည်သည့်နေရာ၌ သင်တို့ရှိစေ- အရှင်သည် သင်တို့နှင့်အတူ ဖြစ်တော်မူ၏၊ ထို ပရမတ်ဘုရားရှင်သည် ကျင့်ကြံသမျှကို မြင်နေသောအရှင် ဖြစ်၏။
၅။ မိုးများနှင့် မြေကမ္ဘာရှိ ဩဇာအာဏာနှင့် နိစ္စ၊ အနိစ္စတို့သည် အရှင်၏ အချုပ်အခြာ၌ ရှိ၏။ အရေးအရာတိုင်းသည် ပရမတ်ဘုရားရှင်၏ ထံသို့သာ ဦးလှည့် ပြန်ရမည်သာတည်း။
၆။ အရှင်သည် ညကို နေ့ထဲသို့ တိုးဝင်စေ၍ နေ့ကို ညထဲသို့ တိုးဝင်စေ၏၊ အရှင်သည်ကား ရင်တွင်း ခံစားချက်များအားဖြင့် သိနေသောအရှင် ဖြစ်၏။
၇။ ပရမတ်ဘုရားရှင်နှင့် အရှင်၏ ဉာဏ်စဉ်တော်ဆောင်အား ယုံကြည်ကြလော့၊ သင်တို့အား ကိုယ်စားလှယ်လွှဲ စီစဉ်ပေးထားရာတို့မှ ထည့်ဝင် သုံးစွဲကြလော့၊ သင်တို့အနက် ယုံကြည်၍ ထည့်ဝင် သုံးစွဲသော သူတို့အတွက် ကြီးမားသော အကျိုး ဆုလာဘ်သည် ရှိ၏။
၈။ ပရမတ်ဘုရားရှင်အား မယုံကြည်နိုင်လောက်အောင် သင်တို့အား ဘယ်အရာက ဖြစ်စေသနည်း၊ ဉာဏ်စဉ်ဆောင်သည် ကံကြမ္မာရှင်အား ယုံကြည်ရန် သင်တို့အား ဖိတ်ခေါ်လျက် ရှိ၏၊ သင်တို့သည် ယုံကြည်သူများ ဖြစ်ကြလျှင် သင်တို့၏ ပဋိညာဉ်ကို အရှင်က အတည်ယူတော်မူ၏။
၉။ သင်တို့အား အမိုက်မှောင်မှ အလင်းရောင်ဆီသို့ ထုတ်ယူဘို့ရာ အရှင်သည် အရှင်၏ အမှုတော်ဆောင်ထံသို့ ရှင်းလင်းသော သုတ်ဒေသနာများကို ချမှတ်ပေးသောအရှင် ဖြစ်တော်မူ၏၊ ဧကန်ပင် ပရမတ်ဘုရားရှင်သည် သင်တို့အား ညှာတာသောအရှင်၊ အကြင်နာရှင် ဖြစ်တော်မူ၏။
၁၀။ ပရမတ်ဘုရားရှင်၏ လမ်းစဉ်တော်၌ မသုံးစွဲကြရန် သင်တို့အား ဘယ်အရာက ဖြစ်စေသနည်း၊ မိုးများနှင့် မြေကမ္ဘာရှိ အမွေများသည် ပရမတ်ဘုရားရှင်၏ အချုပ်အခြာ၌ ရှိ၏၊ သင်တို့အနက် ထွက်ပေါက်မရမီအလျင် သုံးစွဲ၍ ခုခံတိုက်သူသည် အချိန်လွန်မှ သုံးစွဲ၍ ခုခံတိုက်သောသူတို့နှင့် အဆင့်မတူ၊ အခွင့်အလမ်းကြီး ရှိ၏၊ ပရမတ်ဘုရားရှင်သည်ကား အားလုံးအတွက် တင့်တင့်တယ်တယ် ကတိတော် ထား၏၊ ပရမတ်ဘုရားရှင်သည် ကျင့်ကြံသမျှကို သတင်းသိနေတော်မူ၏။
၁၁။ ပရမတ်ဘုရားရှင်အား တင့်တယ်စွာ ဆက်ကပ်ခြင်းဖြင့် ဆက်ကပ်သော သူသည် အရှင့်ထံမှ သူ့အတွက် နှစ်ဆ တိုးစေလတ္တံ့၊ သူ့အတွက် ကျက်သရေ ရှိသော အကျိုး ဆုလာဘ်သည် ရှိနေ၏။
၁၂။ ယုံကြည်သူ၊ ယုံကြည်သူမတို့၏ လက်ရှိ-မျက်မှောက်မှ၊ သူတို့၏ အားသန်ရာများမှ လုံးပန်းမှု လင်းဝင်းလာသည်ကို သင် မြင်ရသောနေ့ ကာလ၌- ထိုနေ့ ကာလ၌ သင်တို့အတွက် သတင်းကောင်း ရှိလတ္တံ့၊ အောက်ခင်း၌ စမ်းချောင်းရေသွင် စီးဆင်းလျက်ရှိသော ဥယျာဉ်များ၊ ထို၌ အစဉ် စံစားရလတ္တံ့၊ ဤသည် မဟာ အောင်ပွဲပင် ဖြစ်၏။
၁၃။ ထိုနေ့ ကာလ၌ သီလကြောင်၊ သီလကြောင်မများက ယုံကြည်သော သူတို့အား “ကျွန်ုပ်တို့အား ကြည့်ရှုပါ၊ သင်တို့၏ အလင်းရောင်မှ မီးတောက်ကို မျှဝေပေးပါ၊” ဟု ဆိုကြသော် “နောက်သို့ ပြန်လှည့်ကြ၍ အလင်းရောင်ကို ထိတွေ့ ကြလော့၊” ဟု ဆို၏၊ သူတို့၏ကြား၌ တံခါးရှိသော စည်းဖြင့် ကွယ်ပစ်လိုက်၏၊ ၎င်း၏ အတွင်း၌ ကရုဏာရှိနေ၏၊ ထိုမတိုင်မီ အပြင်ပန်း၌ ဝဋ်ကြွေးဒဏ်သည် ရှိနေ၏။
၁၄။ ၎င်းတို့က သူတို့အား “ကျွန်ုပ်တို့သည် သင်တို့နှင့်အတူ ဖြစ်ခဲ့သည် မဟုတ်လော၊” ဟု အော်ပြောကြသော် ပြန်ပြောမည်မှာ “အမှန်ပင်၊ သို့သော် သင်တို့သည် သင်တို့၏ စရိုက်များကို သွေးတိုးစမ်းခဲ့၏၊ စောင့်ကြည့်နေခဲ့၏၊ သံသယပွားခဲ့၏၊ ပရမတ်ဘုရားရှင်၏ ညွှန်ကြားချက်များ ရောက်လာသည့်တိုင် သင်တို့၏ ဆန္ဒရမက်များက သင်တို့ကို မြှူဆွယ်ထား၏၊ မြှူဆွယ်သူများက ပရမတ်ဘုရားရှင်နှင့် ကင်းရန် မြှူဆွယ်ထားလေ၏။
၁၅။ သို့ဖြစ်၍ ယနေ့ကာလတွင် သင်တို့ထံမှ၊ ဖုံးကွယ်သောသူများထံမှ လျော်ကြေးကို လက်ခံမယူချေ၊ သင်တို့၏ ခိုလှုံရာမှာ အပူမီးဖြစ်၏၊ ၎င်းသည် သူတို့၏ မဟာမိတ်၊ အမင်္ဂလာ ခရီးဆုံးပင် ဖြစ်၏။
၁၆။ ဤသည် ယုံကြည်သော သူတို့အတွက် ပရမတ်ဘုရားရှင်၏ သတိပေး တရားတော်နှင့် ပရမတ္ထသစ္စာမှ ချမှတ်ပေးရာတို့၌ နှလုံးသားကို ကျို့ငဲ့ရန် အချိန် မဟုတ်သလော၊ သူတို့သည် ရှေ့အလျင်က ကျမ်းတော်ပေးခြင်း ခံရသော သူများကဲ့သို့ မဖြစ်ထိုက်ချေ၊ ကာလ ရှည်ကြာလာသည်နှင့် ၎င်းတို့၏ နှလုံးသားသည် ခက်ထန်လာခဲ့၏၊ သူတို့မှ အများစုကြီးသည် ယုတ်မာသူများ ဖြစ်ကြ၏။
၁၇။ ဧကန်ပင် ပရမတ်ဘုရားရှင်သည် မြေကမ္ဘာအား သေနေစေပြီးနောက် အသက်ရှင်စေခဲ့သည်ကို သိကြကုန်လော့၊ သင်တို့ အတွေးအခေါ် ရှိအံ့ငှာ ငါအရှင်သည် သုတ်ဒေသနာများကို သင်တို့အတွက် ရှင်းလင်းစေခဲ့၏။
၁၈။ ဧကန်ပင် အလှုရှင်၊ အလှုရှင်မတို့၏ ပရမတ်ဘုရားရှင်အား တင့်တယ်စွာ ဆက်ကပ်ခြင်းဖြင့် ဆက်ကပ်မှုသည် သူတို့အတွက် နှစ်ဆ တိုးစေလတ္တံ့၊ သူတို့အတွက် ကျက်သရေရှိသော အကျိုးဆုလာဘ်သည် ရှိနေ၏။
၁၉။ ပရမတ်ဘုရားရှင်နှင့် အရှင်၏ ဉာဏ်စဉ်တော်ဆောင်အား ယုံကြည်သောသူ- ထိုသူတို့သည် ကံကြမ္မာရှင်၏ ထံပါး၌ ဖြောင့်မှန်သူများ၊ သက်သေ တည်သူများ ဖြစ်ကြ၏၊ သူတို့အတွက် သူတို့၏ ဆုလာဘ်၊ သူတို့၏ အလင်းရောင်သည် ရှိနေ၏၊ ဖုံးကွယ်သောသူများ၊ ငါအရှင်၏ သုတ်ဒေသနာများကို ငြင်းဆန်သူများ၊ ထိုသူတို့သည်ကား ငရဲမီး၏ ပေါင်းဖေါ်များ ဖြစ်ကြ၏။
၂၀။ သိကြလော့၊ လောကီ သက်တမ်းသည် မြူးတူး ပျော်ပါးရာ ဟာသမျှ ဖြစ်၏၊ သင်တို့ချင်းကြား ကြွားဝါလျက် ဥစ္စာပစ္စည်း ရင်သွေး မြောက်မြားစွာကို စွဲမက်နေကြ၏၊ ဖုံးကွယ်သူတို့ အံ့ဩလောက်စေရန် သစ်ပင်ပန်းမာလ် ဖြစ်ထွန်းစေသော မိုးရေကဲ့သို့ ဖြစ်၏၊ ထို့နောက် တစ်စစ ရော်ရွက်ဝါလာသည်ကို သင် မြင်ရ၏၊ ထို့နောက် ၎င်းသည် အမှိုက်စများ ဖြစ်လာခဲ့၏၊ နောင်ဘဝတွင်မူ ပြင်းထန်သော ဝဋ်ကြွေး၊ ပရမတ်ဘုရားရှင်၏ လွတ်ငြိမ်းခွင့်နှင့် ကျေနပ် နှစ်သက်ခြင်းသည် ရှိနေ၏၊ ဤလောကီဘဝသည်ကား မြှူဆွယ်ထားသော ဌာနေမျှသာ ဖြစ်၏။
၂၁။ ကံကြမ္မာရှင်၏ လွတ်ငြိမ်းစေခြင်းနှင့် မိုး၊ မြေ၊ ဘောင်အနှံ့မျှ သုခဘုံဆီသို့ ဘောင်တွင်းသို့ ကြိုတင် သတ်မှတ်ကြကုန်လော့၊ ပရမတ်ဘုရားရှင်နှင့် အရှင်၏ ဉာဏ်စဉ်တော်ဆောင်အား ယုံကြည်သော သူတို့အတွက် တွက်ချက် ပြင်ဆင်ထားပြီ၊ ယင်းသည် စံချိန်ပြည့်မီသူအား ပရမတ်ဘုရားရှင်က သိက္ခာပေးခြင်းပင်၊ ပရမတ်ဘုရားရှင်သည်ကား မဟာ့ မဟာ သိက္ခာပေးသော အရှင် ဖြစ်၏။
၂၂။ မြေကမ္ဘာတွင်း၌ သာမက သင်တို့၏ ဉာဉ်စရိုက်များအတွင်း ထိခိုက် စေသည်များမှ ထိခိုက်မှုများသည် ထိုအရာ မကပ်ငြိမီအလျင် ပြဌာန်းမှု နိယာမထဲ၌ ရှိနေ၏၊ ယင်းသည် ပရမတ်ဘုရားရှင်အတွက် လွယ်ကူလှချေ၏။
၂၃။ ယင်းမှာ သင်တို့သည် လက်လွတ်ရသော အရာအား ဝမ်းနည်းပူဆွေး မဖြစ်စေရန်၊ သင်တို့အား ချီးမြှင့်သောအရာ၌ အူးမြူး မနေကြရန် ဖြစ်၏၊ ပရမတ်ဘုရားရှင်သည် ဂုဏ်ဖေါ် ကြွားဝါသူတိုင်းအား နှစ်သက်တော်မမူချေ။
၂၄။ ကပ်စေးနှဲသော သူတို့က လူသားတို့အားလည်း ကပ်စေးနှဲရန် ညွှန်ကြားကြကုန်၏၊ လှည့်သွားသူအတွက် ဧကန်ပင် ပရမတ်ဘုရားရှင်သည် ကုံလုံ ပြည့်စုံတော်မူ၏၊ ရည်သန် စူးစိုက်မှုတည်ရာ ဖြစ်၏။
၂၅။ မုချပင် ငါ၏ ဉာဏ်စဉ်ဆောင်များကို ရှင်းလင်းချက်များဖြင့် ငါစေစားခဲ့၏၊ သူတို့နှင့်အတူ ကျမ်းဂန်များ စံချိန်များကို လူသားတို့အတွက် သမာသမတ်ဖြင့် ရပ်တည်အံ့ငှာ ချမှတ်ပေး၏၊ ငါသည် သံဝတ္ထုကို ချမှတ်ပေး၍ ၎င်း၌ ပြင်းထန်သော တိုက်ခိုက်အား ရှိစေပြီး လူသားတို့အတွက် အကျိုးရှိစေ၏၊ မည်သူသည် ပရမတ်ဘုရားရှင်နှင့် အရှင်၏ ဉာဏ်စဉ်တော်ဆောင်အား စက္ခုလွန်၌ ကူညီသည်ကို သိနိုင်အံ့ငှာ ဖြစ်စေ၏၊ ဧကန်ပင် ပရမတ်ဘုရားရှင်သည် တန်ခိုးတော်ရှင်၊ ဘုန်းတော်ရှင် ဖြစ်တော်မူ၏။
၂၆။ ငါသည် နူးဟ်နှင့် အီဗရာဟီးမ်တို့အား မုချ စေစားခဲ့၍ သူတို့၏ သားမြေးအတွင်းမှ သတင်းတော်ဆောင်ဘွဲ့နှင့် ကျမ်းတော်ကို စီစဉ်ပေးတော်မူ၏၊ သူတို့မှ လမ်းညွှန်ခံရသူတို့ ရှိ၍ သူတို့မှ အများစုသည် ယုတ်မာသူများ ဖြစ်ကြ၏။
၂၇။ တဖန် ငါ၏ ဉာဏ်စဉ်ဆောင်များကို သူတို့၏ ရိုးရာ စဉ်လာအတိုင်း ထပ်ဆင့် ပွင့်ပေါ်စေခဲ့၏၊ မာရိ၏သား ယေရှုကိုလည်း ထပ်ဆင့် ပွင့်ပေါ်စေခဲ့၍ သူ့အား ဓမ္မသစ်ကို ချီးမြှင့်တော်မူ၏၊ သူ့အား လိုက်နာသော သူတို့၏နှလုံးသား၌ ညှာတာခြင်း၊ ကရုဏာသက်ခြင်းကို စီစဉ်ပေးတော်မူ၏၊ ပုပ်ရဟန်းဝါဒသည် သူတို့၏ မူပိုင်ဖြစ်၍ ပရမတ်ဘုရားရှင်၏ ကျေနပ် နှစ်သက်ခြင်းအား ရှာဖွေရန်မှအပ ထိုဝါဒကို ငါ ပြဌာန်းတော်မမူချေ၊ သို့သော် သူတို့သည် သိုးထိန်း ဝန်တာကို မှန်ကန်စွာ ထိန်းကျောင်းခြင်း မရှိချေ၊ သူတို့အနက် ယုံကြည်သော သူတို့အား ငါသည် ဆုလာဘ် ချီးမြှင့်တော်မူ၏၊ သူတို့မှ အများစုသည်ကား ယုတ်မာသူများပင် ဖြစ်ကြ၏။
၂၈။ အို- ယုံကြည်သောသူတို့၊ ပရမတ်ဘုရားရှင်အား စည်းစောင့်ကြလော့၊ အရှင်၏ ဉာဏ်စဉ်တော်ဆောင်အား ယုံကြည်ကြလော့၊ အရှင်သည် သင်တို့အား ကရုဏာတော် နှစ်ဆ ထိန်းပေးထားတော်မူလတ္တံ့၊ သင်တို့အတွက် လျှောက်လှမ်းနိုင်ရန် အလင်းရောင်နှင့် လွတ်ငြိမ်းခွင့်ကို စီစဉ်ပေးလတ္တံ့၊ ပရမတ်ဘုရားရှင်သည်ကား လွတ်ငြိမ်းစေသောအရှင်၊ အကြင်နာရှင် ဖြစ်တော်မူ၏။
၂၉။ ယင်းမှာ ကျမ်းစာဝိုင်းသားတို့သည် ပရမတ်ဘုရားရှင်၏ သိက္ခာပေးမှုအား သူတို့သည် တစ်စုံတစ်ရာမျှ စည်းကြပ်နိုင်ခြင်း မရှိ၊ ဧကန်ပင် ပရမတ်ဘုရားရှင်၏ သိက္ခာပေးမှုသည် အရှင်၏ လုပ်ပိုင်ခွင့်၌သာ ရှိ၍ အရှင်သည် စံချိန်ပြည့်မီသူအား ချီးမြှင့်ကြောင်းကို သိစေရန် ဖြစ်၏၊ ပရမတ်ဘုရားရှင်သည်ကား မဟာ့ မဟာ သိက္ခာပေးသောအရှင် ဖြစ်၏။
ဓမ္မခန္ဓာ (၅၇) ဤတွင် ပြီး၏။
၁။ သူမ၏ အိမ်ထောင်ဘက်နှင့် စပ်လျဉ်း၍ သင့်ထံ၌ စောဒကတက်သော သူမ၏ ပရမတ်ဘုရားရှင်ထံ လျှောက်လဲချက်နှင့် ပြောစကားကို ပရမတ်ဘုရားရှင်သည် မုချ ကြားတော်မူ၏၊ ပရမတ်ဘုရားရှင်သည် သင်တို့နှစ်ဦး၏ အပြန်အလှန် ပြောဆိုခြင်းကို ကြားတော်မူ၏၊ ဧကန်ပင် ပရမတ်ဘုရားရှင်သည် ကြားနေသော အရှင်၊ မြင်နေသောအရှင် ဖြစ်၏။
၂။ သင်တို့အနက် တကယ် မဟုတ်ဘဲလျက် အမျိုးသမီးတို့အား သူတို့၏ မိခင်များ ဖြစ်သည်ဟု ကျိန်ဆို ကျောခိုင်းသောသူ ဖြစ်အံ့၊ အမှန်မှာ သူတို့အား မွေးဖွားသော သူမသည်သာ သူတို့၏ မိခင်များ ဖြစ်ကြ၏၊ အမှန်ပင် သူတို့သည် စကားကို စိမ်းစိမ်းကားကား လှည့်ပတ် ပြောဆိုခြင်း ဖြစ်၏၊ ဧကန်ပင် ပရမတ်ဘုရားရှင်သည် ကျေအေးသောအရှင်၊ လွတ်ငြိမ်းစေသောအရှင် ဖြစ်၏။
၃။ ထိုသို့ အမျိုးသမီးတို့အား ကျိန်ဆို ကျောခိုင်းနေသော သူတို့သည် သူတို့၏ ကျိန်ဆို ပြောစကားကို ဆက်မလုပ်လိုတော့လျှင် သူတို့ချင်း မထိတွေ့မီအလျင် ကျွန်တစ်ဦး လွှတ်ပေးရမည်၊ ဤသည် သင်တို့အတွက် အဆုံးအမပင် ဖြစ်၏၊ ပရမတ်ဘုရားရှင်သည် ကျင့်ကြံသမျှကို သတင်း သိနေတော်မူသည်ပင်။
၄။ ထိုသို့ ကိုယ်တွေ့ မဖြစ်နိုင်သူအတွက် သူတို့ချင်း မထိတွေ့မီအလျင် ဥပုသ်သီလ နှစ်လဆက်တိုက် စောင့်တည်ရမည်၊ ထိုသို့ မတတ်နိုင်သူသည် နွမ်းပါးသူ ခြောက်ဆယ်ကို ကျွေးမွေးရမည်၊ ဤသည် ပရမတ်ဘုရားရှင်နှင့် အရှင်၏ ဉာဏ်စဉ်တော်ဆောင်အား ယုံကြည်ခြင်းအတွက် ဖြစ်၏၊ ဤသည် ပရမတ်ဘုရားရှင်၏ စည်းမျဉ်းတော် ဖြစ်၏၊ ဖုံးကွယ်သူတို့ အတွက်မူ နာကျင်သော ဝဋ်ကြွေးသည် ရှိနေ၏။
၅။ ဧကန်ပင် ပရမတ်ဘုရားရှင်နှင့် အရှင်၏ ဉာဏ်စဉ်ဆောင်အပေါ် မာရေကျောရေရှိသော သူတို့သည် သူတို့၏ ရှေ့အလျင် ဖြစ်သူတို့အား အရှက်ကွဲစေ သကဲ့သို့ အရှက်ကွဲစေလတ္တံ့၊ ငါအရှင်သည် ရှင်းလင်းသော သုတ်ဒေသနာများကို မုချ ချမှတ်တော်မူပြီ၊ ဖုံးကွယ်သူတို့အတွက်မူ နိမ့်ကျသော ဝဋ်ကြွေးသည် ရှိနေ၏။
၆။ ပရမတ်ဘုရားရှင်သည် နိုးထစေသောနေ့ ကာလ၌ သူတို့ အားလုံး၏ ကျင့်ကြံခဲ့သမျှကို သတင်း ထုတ်ပြန်တော်မူလတ္တံ့၊ သူတို့သည် ၎င်းကို မေ့နေသော်လည်း ပရမတ်ဘုရားရှင်သည် အမှတ်စဉ် မှတ်ထား၏၊ ပရမတ်ဘုရားရှင်သည် သဗ္ဗလုံးစုံအတွက် သက်သေသက်ကန် ဖြစ်တော်မူသတည်း။
၇။ မိုးများအတွင်း၊ မြေကမ္ဘာအတွင်း ရှိသမျှကို ပရမတ်ဘုရားရှင်သည် သိနေတော်မူကြောင်း သင် မမြင်မိသလော၊ သုံးယောက် သီးခြား တိုင်ပင်နိုင်ခြင်း မရှိ၊ အရှင်သည် သူတို့မှ စတုတ္ထ ဖြစ်၏၊ ငါးယောက် ဖြစ်လျှင် အရှင်သည် သူတို့မှ ဆဌမ ဖြစ်၏၊ ဤထက် နည်းလျှင် ဖြစ်စေ၊ သို့မဟုတ် များလျှင် ဖြစ်စေ၊ မည်သည့် နေရာ၌ သူတို့ ရှိနေစေကာမူ အရှင်သည် သူတို့နှင့်အတူ ရှိနေ၏၊ သူတို့ ကျင့်ကြံသမျှအား ရပ်တည်ရမည့်နေ့ ကာလ၌ သူတို့အား သတင်း ထုတ်ပြန်တော်မူလတ္တံ့၊ ဧကန်ပင် ပရမတ်ဘုရားရှင်သည် သဗ္ဗလုံးစုံ သိနေသောအရှင် ဖြစ်၏၊
၈။ သီးခြား တိုင်ပင်ခြင်း ဟန့်တားခံထားရသော သူများသည် သူတို့အား ဟန့်တားသည်ကို ဆက်လုပ်၍ ပြစ်မှု၊ စည်းဖေါက်မှုနှင့် ဉာဏ်စဉ်ဆောင်အား အာခံမှုများအတွက် သီးခြား တိုင်ပင်ကြသည်ကို သင် မရှုစားမိသလော၊ သူတို့သည် သင့်ထံသို့ ရောက်လာသောအခါ ပရမတ်ဘုရားရှင်က နှုတ်ဆက်စေသကဲ့သို့ မဟုတ်ဘဲ နှုတ်ဆက်ကြ၍ သူတို့ စရိုက်တူချင်း “ပရမတ်ဘုရားရှင်က ကျွန်ုပ်တို့၏ ပြောဆိုမှုအတွက် ဝဋ်ကြွေး မသင့်စေဘူး၊” ဟု ပြောဆိုကြ၏၊ ငရဲဘုံသည် သူတို့အတွက် စာရင်းချုပ်ဖြစ်၏၊ ထို၌ လောင်ကျွမ်းရလတ္တံ့၊ ၎င်းသည် အမင်္ဂလာ ခရီးဆုံး ဖြစ်၏။
၉။ အို- ယုံကြည်သော သူတို့၊ သင်တို့ချင်း သီးခြား တိုင်ပင်ကြသောအခါ ပြစ်မှု၊ စည်းဖေါက်မှု၊ ဉာဏ်စဉ်ဆောင်အား အာခံမှုများကို သီးခြား မတိုင်ပင်ကြနှင့်၊ ကုသိုလ်ကောင်းမှု စည်းစောင့်မှုများကိုသာ သီးခြား တိုင်ပင်ကြလော့၊ ပရမတ်ဘုရားရှင်အား စည်းစောင့်ကြလော့၊ သင်တို့သည် အရှင်ထံသို့သာ စုစည်း ခံရစေမည်ပင်။
၁၀။ အမှန်မှာ မကောင်းဆိုးဝါးတို့၏ သီးခြား တိုင်ပင်ခြင်းများသည် ယုံကြည်သော သူတို့အား သောက ဖြစ်ရစေရန်သာ ဖြစ်၏၊ သို့သော် ပရမတ်ဘုရားရှင်၏ ခွင့်ပြုချက် မရှိဘဲ ၎င်းသည် တစ်စုံတစ်ရာကိုမျှ မနစ်နာစေနိုင်ချေ၊ ပရမတ်ဘုရားရှင်ကိုသာ ယုံကြည်သူတို့သည် ကိုးစားသင့်၏။
၁၁။ အို- ယုံကြည်သော သူတို့၊ သင်တို့အား “လူထုအစည်းအဝေး၌ နေရာပေးကြ၊” ဟု ပြောဆိုလျှင် နေရာပေးကြလော့၊ ပရမတ်ဘုရားရှင်သည် သင်တို့အတွက် နေရာ စီစဉ်ပေးလတ္တံ့၊ “မတ်တတ်ရပ်” ဟု ဆိုလျှင် ရပ်ကြကုန်လော့၊ သင်တို့မှ ယုံကြည်သောသူ၊ အသိပညာ ချီးမြှင့်ခံရသော သူတို့အား ပရမတ်ဘုရားရှင်သည် အခွင့်အလမ်း မြှောက်စားတော် မူလိမ့်မည်၊ ပရမတ်ဘုရားရှင်သည်ကား ကျင့်ကြံသမျှကို သတင်း သိနေတော်မူ၏။
၁၂။ အို- ယုံကြည်သော သူတို့၊ ဉာဏ်စဉ်ဆောင်နှင့် သင်တို့ သီးခြား တိုင်ပင်သောအခါ စုံရပ်နေခြင်းနှင့် သင်တို့၏ လက်ရှိ-မျက်မှောက်၊ သီးခြား တိုင်ပင်မှု၌ ဒါနပြုလော့၊ ဤသည် သင်တို့အတွက် ပိုကောင်း၏၊ ပိုမို သန့်စင်စေ၏၊ သင်တို့ ကိုယ်တွေ့ မဖြစ်နိုင်ခဲ့လျှင် ဧကန်ပင် ပရမတ်ဘုရားရှင်သည် လွတ်ငြိမ်းစေသောအရှင်၊ အကြင်နာရှင် ဖြစ်တော်မူ၏။
၁၃။ ပေကပ်ခံလျက် သင်တို့၏ လက်ရှိ-မျက်မှောက် သီးခြား တိုင်ပင်မှု၌ ဒါနပြုရမည်ကို စိုးထိတ်နေကြသလော၊ သင်တို့သည် ထိုသို့ မပြုလုပ် နိုင်ခဲ့သော်လည်း သင်တို့အပေါ်၌ ပရမတ်ဘုရားရှင်သည် သင်ပုန်းချေ ပေးတော်မူ၏၊ သို့ဖြစ်၍ ဝတ်ပြု မြဲကြလော့၊ အခွန်ငွေဖြူ ပေးကြလော့၊ ပရမတ်ဘုရားရှင်နှင့် အရှင်၏ ဉာဏ်စဉ်ဆောင်အား နာခံကြလော့၊ ပရမတ်ဘုရားရှင်သည် သင်တို့ ကျင့်ကြံသမျှကို သတင်း သိနေတော်မူ၏။
၁၄။ ပရမတ်ဘုရားရှင်မှ ကံကြီးသင့်စေသော လူမျိုးတို့ဘက်သို့ လှည့်နေသော သူများကို သင် မမြင်မိသလော၊ သူတို့သည် သင်တို့အထဲမှ မဟုတ်၊ ၎င်းတို့၏ အထဲမှလည်း မဟုတ်ချေ၊ သူတို့သည် သိနေလျက်နှင့် လိမ်ညာ တိုင်တည်နေကြ၏။
၁၅။ ပရမတ်ဘုရားရှင်သည် သူတို့အတွက် ပြင်းထန်သော ဝဋ်ကြွေးကို တွက်ချက် ပြင်ဆင်ထားပြီ၊ ဧကန်ပင် သူတို့၏ ကျင့်ကြံလေ့ ရှိရာတို့သည် အကုသိုလ်များသာ ဖြစ်၏။
၁၆။ သူတို့၏ အားသန်ချက်ကို သုခဟု အယူထား၍ ပရမတ်ဘုရားရှင်၏ လမ်းစဉ်တော်မှ ဖယ်ရှားကြ၏၊ သူတို့အတွက်မူ နိမ့်ကျသော ဝဋ်ကြွေးသည် ရှိနေ၏။
၁၇။ သူတို့၏ ဥစ္စာပစ္စည်း၊ သူတို့၏ ရင်သွေးများသည် ပရမတ်ဘုရားရှင်အား ဆန့်ကျင်ရန် တစ်စုံတစ်ရာ မပြည့်စုံနိုင်ချေ၊ ထိုသူတို့သည် အပူမီး၏ အဖေါ်များသာ ဖြစ်ကြ၍ ထို၌ သူတို့ အစဉ် ခံစားရလတ္တံ့။
၁၈။ ပရမတ်ဘုရားရှင်က သူတို့ အားလုံးကို နိုးထစေသောနေ့ ကာလ၌ “သင်တို့အား ယခု တိုင်တည်သကဲ့သို့ ပရမတ်ဘုရားရှင်အားလည်း တိုင်တည်ပြလိမ့်မည်၊ သူတို့အတွက် တစ်စုံတစ်ရာ ရှိသည်ဟု သူတို့ စိတ်ကူးယဉ်ကြ၏၊ ဧကန်ပင် သူတို့သည် မုသာဝါဒီများသာ ဖြစ်ကြ၏။
၁၉။ မကောင်းဆိုးဝါးက သူတို့အား လွှမ်းမိုး ချုပ်ကိုင်လျက် သူတို့အား ပရမတ်ဘုရားရှင်ကို သတိရခြင်းမှ မေ့နေစေ၏၊ သူတို့သည် မကောင်းဆိုးဝါး၏ ဂိုဏ်းသားများ ဖြစ်ကြ၏၊ ဧကန်ပင် မကောင်းဆိုးဝါး၏ ဂိုဏ်းများသည်သာ ဆုံးရှုံး နစ်နာရသူများ ဖြစ်၏။
၂၀။ ဧကန်ပင် ပရမတ်ဘုရားရှင်နှင့် အရှင်၏ ဉာဏ်စဉ်ဆောင်အပေါ် မာရေကျောရေရှိသော သူတို့- ထိုသူတို့သည်သာ နိမ့်ပါးရလတ္တံ့။
၂၁။ ငါနှင့် ငါ့ ဉာဏ်စဉ်ဆောင်သည်သာ အနိုင်ရ ရမည်၊” ဟု ပရမတ်ဘုရားရှင်က ပြဌာန်းထားပြီး ဖြစ်၏၊ ဧကန်ပင် ပရမတ်ဘုရားရှင်သည် တန်ခိုးတော်ရှင်၊ ဘုန်းတော်ရှင် ဖြစ်တော်မူ၏။
၂၂။ ပရမတ်ဘုရားရှင်၌၊ နောင်ဘဝကာလ၌၊ ယုံကြည်သူတို့သည်- သူတို့၏ အဖေများ၊ သို့မဟုတ် သူတို့၏ သားသမီးများ၊ သို့မဟုတ် သူတို့၏ သားချင်းများ၊ သို့မဟုတ် သူတို့၏ တစ်ကျိတ်တစ်ကြံတည်းများ၊ ဖြစ်ငြားလည်း ပရမတ်ဘုရားရှင်နှင့် အရှင်၏ ဉာဏ်စဉ်ဆောင်အပေါ် မာရေကျောရေရှိသော လူမျိုးအား လိုလိုလားလား ရှိမည်ဟု သင် တွေ့ရမည် မဟုတ်ချေ၊ ယင်းမှာ သူတို့၏ နှလုံးတွင်း၌ ယုံကြည်ခြင်းကို ပြဌာန်းထားသောကြောင့် သူတို့အား အရှင့်ထံမှ ဉာဏ်စဉ်တော်အားဖြင့် ထောက်ပံ့ပေးသောကြောင့် ဖြစ်၏၊ သူတို့အား အောက်ခင်း၌ စမ်းချောင်းရေသွင် စီးဆင်းနေသော ဥယျာဉ်ဘုံများသို့ ဝင်ရောက်စေ၍ ထို၌ အစဉ် စံစားစေမည်ပင်၊ သူတို့သည် ပရမတ်ဘုရားရှင်အား ကျေနပ် နှစ်သက်ကြ၏၊ အရှင်ကလည်း သူတို့ကို ကျေနပ် နှစ်သက်၏၊ သူတို့သည် ပရမတ်ဘုရားရှင်၏ အသင်းသားများ ဖြစ်၍ ပရမတ်ဘုရားရှင်၏ အသင်းသားများသည်သာ အောင်မြင် ပေါက်မြောက်သူများ ဖြစ်ကြ၏။
ဓမ္မခန္ဓာ (၅၈) ဤတွင် ပြီး၏။
၁။ မိုးများအတွင်း၊ မြေအတွင်း၊ ရှိသမျှသည် ပရမတ်ဘုရားရှင်အား ဦးထိပ် ထားနေကြ၏၊ အရှင်သည်ကား ဘုန်းတော်ရှင်၊ ဓမ္မသတ်ရှင် ဖြစ်တော်မူ၏။
၂။ အရှင်သည် ကျမ်းစာ ဝိုင်းသားများမှ ဖုံးကွယ်သော သူတို့အား သူတို့၏ အိုးအိမ်များမှ ပထမအကြိမ် အသုတ်လိုက် မောင်းထုတ်စေသော အရှင် ဖြစ်၏၊ သူတို့အား မောင်းထုတ်စေမည်ဟု သင်တို့ မစဉ်းစားခဲ့ချေ၊ သူတို့ကလည်း သူတို့၏ ထိန်းသိမ်း ကာကွယ်မှုသည့် ပရမတ်ဘုရားရှင်၏ထံမှ ဟန့်တားနိုင်မည်ဟု စဉ်းစားခဲ့၏၊ သို့သော် ပရမတ်ဘုရားရှင်သည် သူတို့ မစဉ်းစားထားသော နေရာမှ ရောက်ရှိလာစေ၍ သူတို့၏ စိတ်နှလုံးကို ကြောက်လန့် ဝန်ပိစေခဲ့၏၊ သို့ဖြင့် သူတို့၏ လက်များဖြင့်၊ ယုံကြည်သူများ၏ လက်များဖြင့် သူတို့၏ အိမ်ရာများကို ဖြိုဖျက်စေခဲ့၏၊ အို- ဒိဗ္ဗစက္ခုရှိသူတို့၊ သင်ခန်းစာ ယူကြကုန်လော့။
၃။ အကယ်၍ ပရမတ်ဘုရားရှင်သည် သူတို့အပေါ်၌ ကြည်လင် ပြတ်သားသော ပြစ်ဒဏ်ကို ပြဌာန်းတော် မမူခဲ့လျှင် သူတို့အတွက် ဤလောကီ ဘဝ၌ ကံဝဋ်ကြွေးသည် ရှိနေ၍ နောင်ဘဝ၌ အပူမီး ဝဋ်ကြွေးသည် ရှိလတ္တံ့။
၄။ ဤသည်မှာ သူတို့သည် ပရမတ်ဘုရားရှင်နှင့် အရှင်၏ ဉာဏ်စဉ်ဆောင်အား ဂိုဏ်းခွဲသောကြောင့် ဖြစ်၏၊ ပရမတ်ဘုရားရှင်အား ဂိုဏ်းခွဲသူအား ဧကန်ပင် ပရမတ်ဘုရားရှင်သည် ပြတ်သားစွာ ချုပ်ကိုင်နိုင်တော်မူ၏။
၅။ သင်တို့သည် အပင်ညွတ်အား ဖြတ်ပစ်သည် ဖြစ်စေ၊ ၎င်း၏ အမြစ်ပေါ်၌ ရပ်လျက် ချန်ထားခဲ့သည် ဖြစ်စေ၊ ပရမတ်ဘုရားရှင်၏ ခွင့်ပြုချက် အတိုင်းသာ ဖြစ်၏၊ ယုတ်မာသူတို့အား အရှက်ရစေရန် ဖြစ်၏။
၆။ သူတို့ထံမှ ပရမတ်ဘုရားရှင်က ဉာဏ်စဉ်ဆောင်အား လိုက်လျောပေးသော မြင်း၊ စီးနင်းနိုင်ရာ၌ သင်တို့ ဖိအား မပေးကြနှင့်၊ သို့ရာတွင် ပရမတ်ဘုရားရှင်သည် အရှင်၏ ဉာဏ်စဉ်ဆောင်အား စံချိန်ပြည့်မီသူ အပေါ်၌ ဩဇာအာဏာ ရှိစေ၏၊ ပရမတ်ဘုရားရှင်သည်ကား သဗ္ဗလုံးစုံအား စည်းချိန် ချမှတ်တော်မူ၏။
၇။ အရပ်သားများထံမှ ပရမတ်ဘုရားရှင်က ဉာဏ်စဉ်ဆောင်အား လိုက်လျောပေးရာတို့သည် ပရမတ်ဘုရားရှင်၊ ဉာဏ်စဉ်ဆောင်၊ နီးစပ်သောသူများ၊ မိဘမဲ့များ၊ နွမ်းပါးသူများ၊ ခရီးသည်များအတွက် ဖြစ်၏၊ ၎င်းသည် သင်တို့နှင့် ပြည်စုံသူတို့၏ စပ်ကြား မောင်ပိုင်စီးခြင်း မရှိရရန် ဖြစ်၏၊ ဉာဏ်စဉ်ဆောင်က ပေးကမ်းရာကို လက်ခံကြလော့၊ ဟန့်တားရာကို ရပ်စဲကြလော့၊ ပရမတ်ဘုရားရှင်အား စည်းစောင့်ကြလော့၊ ဧကန်ပင် ပရမတ်ဘုရားရှင်သည် ပြတ်သားစွာ ချုပ်ကိုင် နိုင်တော်မူ၏။
၈။ သူတို့၏ အိမ်ဂေဟာများ၊ ဥစ္စာပစ္စည်းများမှ မောင်းထုတ်ခံရ၍ ပြောင်းရွေ့ ခိုလှုံလာသော ချို့တဲ့သူများသည် ပရမတ်ဘုရားရှင်၏ထံမှ သိက္ခာပေးမှုနှင့် အရှင်၏ ကျေနပ် နှစ်သက်မှုကို ရှာဖွေကြ၍ ပရမတ်ဘုရားရှင်နှင့် အရှင်၏ ဉာဏ်စဉ်ဆောင်အား ကူညီ ထောက်ပံ့ကြကုန်၏၊ ထိုသူတို့သည် ဖြောင့်မှန်သူများ ဖြစ်ကြ၏။
၉။ သူတို့၏ ရှေ့အလျင်ကပင် ယုံကြည်ချက်ရှိပြီး သူများသည် အိမ်ဂေဟာ နှင့် နေရာတကျရှိပြီး ဖြစ်ကြ၍ သူတို့ထံသို့ ပြောင်းရွေ့လာသော သူများကို ချစ်ခင် ကြကုန်၏၊ သူတို့၏ ရင်တွင်း၌ ပြာပြာသလဲ ရှာဖွေ မတွေ့နိုင်လောက်အောင် ပေးကမ်းကြ၏၊ ရွေးချယ်မှုဒဏ် ထိသက်လေ့ ရှိသော်လည်း သူတို့၏ စိတ်ဉာဉ်များထက် ၎င်းတို့ကို အကျင့်ဖြစ်စေ၏၊ သူ၏ စိတ်ဉာဉ်ကို အလိုရမက်မှ ကာကွယ်သူ- ထိုသူတို့သည် အောင်မြင် ပေါက်မြောက်သူများ ဖြစ်၏။
၁၀။ သူတို့၏ နောက်တွင်မှ ရောက်လာသော သူများက “အို- ကံကြမ္မာရှင်၊ တပည့်တော်တို့နှင့် တပည့်တော်တို့ထက် အလျင် သတ်မှတ်ပေးခဲ့သော နောင်တော်တို့အား လွတ်ငြိမ်းစေတော်မူပါ၊ တပည့်တော်တို့၏ နှလုံးသား၌ ယုံကြည်သော သူတို့အပေါ် စိတ်ချုပ်တီးရမှု မစီစဉ်ပေးပါနှင့်၊ အို- ကံကြမ္မာရှင်၊ အရှင်သည် ညှာတာသောအရှင်၊ အကြင်နာရှင် ဖြစ်ပါ၏၊” ဟု ဆုတောင်းကြ၏။
၁၁။ သီလကြောင်ဖြစ်သော သူတို့က သူတို့၏ညီနောင် ကျမ်းစာ ဝိုင်းသားများမှ ဖုံးကွယ်သော သူတို့အား “သင်တို့ကို နှင်ထုတ်ခဲ့လျှင် ကျွန်ုပ်တို့သည်လည်း သင်တို့နှင့်အတူ ထွက်သွားကြမည်၊ သင်တို့အတွက် ကျွန်ုပ်တို့သည် မည်သူ တစ်ဦးတစ်ယောက်ကို မည်သည့်အခါတွင်မှ နာခံမည်မဟုတ်၊ သင်တို့ကို တိုက်ခိုက်ခဲ့လျှင် ကျွန်ုပ်တို့က သင်တို့အား ကူညီထောက်ပံ့မည်ပင်၊” ဟု ပြောဆိုခဲ့သည်ကို သင် မမြင်မိသလော၊ ပရမတ်ဘုရားရှင်သည်ကား သူတို့ လူလိမ်လူညာများ ဖြစ်ကြောင်း သက်သေပင် ဖြစ်၏။
၁၂။ ၎င်းတို့ မောင်းထုတ်ခြင်းခံရသော် သူတို့သည် အတူတကွ ထွက်ခွာ သွားကြသည် မဟုတ်ချေ၊ ၎င်းတို့သည် တိုက်ခိုက်ခံရသော်လည်း သူတို့သည် ကူညီကြမည် မဟုတ်ချေ၊ ကူညီ ထောက်ပံ့သည့်တိုင် သူတို့သည် နောက်သို့ လှည့်ပြေးကြမည်ပင်၊ တဖန် အကူအညီ ရတော့မည် မဟုတ်ချေ။
၁၃။ အမှန်မှာ သူတို့၏ ရင်တွင်း၌ သင်တို့အား ပရမတ်ဘုရားရှင်ထက် ပို၍ ကြောက်ရွံ့အား ကောင်းကြ၏၊ ယင်းမှာ သူတို့သည် နားလည်မှု မရှိသော လူမျိုး ဖြစ်သောကြောင့်ပင်တည်း။
၁၄။ သူတို့ အားလုံးသည် ထိန်းသိမ်း ကာကွယ်ထားသည့် ဒေသတွင်းမှ၊ သို့မဟုတ် ခံတပ်နောက်ကွယ်မှလွဲ၍ သင်တို့အား တိုက်ခိုက်ရဲသည် မဟုတ်ချေ၊ သူတို့ချင်းကြား ပဋိပက္ခမှာ ပို၍ ပြင်းထန်၏၊ သူတို့အား တပ်စုနေသည်ဟု စဉ်းစား နိုင်သော်လည်း သူတို့၏ နှလုံးသားများမှာ ကွဲပြားနေကြ၏၊ ယင်းမှာ သူတို့သည် အတွေးအခေါ် မရှိသော လူမျိုး ဖြစ်ခြင်းကြောင့်ပင်တည်း။
၁၅။ သူတို့သည် သူတို့၏ ရှေ့အလျင် မကြာသေးမီမှ သူတို့ကဲ့သို့ ဖြစ်၏၊ သူတို့ အစီအမံများ၏ အကျိုးဆက်ကို မြည်းစမ်းရတော့၏၊ သူတို့အတွက် စူးနစ် နာကျင်သော ဝဋ်ကြွေးသည် ရှိနေပြီ။
၁၆။ ၎င်းတို့သည် လူသားအား ဖုံးကွယ်မှုပြုရန် ပြောဆိုသော မကောင်း ဆိုးဝါး ကဲ့သို့ ဖြစ်၏၊ သူသည် ဖုံးကွယ်လေသော် ၎င်းက “ကျွန်ုပ်သည် သင်မှ ကင်း၏၊ ကျွန်ုပ်သည် လောကခပ်သိမ်း၏ ကံကြမ္မာရှင် ဖြစ်သော ပရမတ်ဘုရားရှင်အား ကြောက်ရွံ၏၊” ဟု ဆိုတော့၏။
၁၇။ သို့ဖြင့် သူတို့နှစ်ဦးလုံး၏ နိဂုံးမှာ သူတို့နှစ်ဦး အစဉ် စခန်းချရာ အပူမီးပင် ဖြစ်တော့၏၊ ဤသည် အမိုက်ကောင်များ အတွက် အစားပေး ခံရမှုပင်တည်း။
၁၈။ အို- ယုံကြည်သော သူတို့၊ ပရမတ်ဘုရားရှင်အား စည်းစောင့်ကြလော့၊ ဉာဉ်စရိုက်တို့အား မနက်ဖြန်အတွက် စုံရပ်ခံရမည်ကို စောင့်ကြည့်စေ၍ ပရမတ်ဘုရားရှင်အား စည်းစောင့်ကြလော့၊ ဧကန်ပင် ပရမတ်ဘုရားရှင်သည် ကျင့်ကြံသမျှကို သတင်း သိနေတော်မူ၏။
၁၉။ ပရမတ်ဘုရားဘုရားရှင်အား မေ့ထားသော သူတို့ကဲ့သို့ မဖြစ်စေနှင့်၊ သို့ဖြင့် အရှင်သည် သူတို့၏စရိုက်ကို သူတို့ မေ့နေစေ၏၊ ထိုသူတို့သည် ယုတ်မာသူများ ဖြစ်ကြ၏။
၂၀။ အပူမီး၏ ပေါင်းဖေါ်များနှင့် ဥယျာဉ်ဘုံ၏ ပေါင်းဖေါ်များသည် မတူညီကြချေ၊ ဥယျာဉ်ဘုံ၏ ပေါင်းဖေါ်များ- ထိုသူတို့သည် အောင်ပွဲခံသူများ ဖြစ်ကြ၏။
၂၁။ အကယ်၍ ငါအရှင်သည် ကုရ်အာန်အား တောင်တစ်ခုပေါ်သို့ ချမှတ်ပေးလျှင် ၎င်းသည် ပရမတ်ဘုရားရှင်အား ကြောက်ရွံ့ အက်ကွဲ တုန်လှုပ် သွားသည်ကို သင် မြင်တွေ့ရလတ္တံ့၊ လူသားတို့ စဉ်းစား သုံးသပ်အံ့ငှာ ဤပမာကို ဥပမာ ပေးတော်မူ၏။
၂၂။ ထိုအရှင်သည် ပရမတ်ဘုရားရှင် ဖြစ်၏၊ အရှင်မှအပ အခြား ဘုရား ဟူ၍ မရှိ၊ မျက်ကွယ်၊ မျက်မှောက်၊ သိနေသော ထိုအရှင်သည် ကရုဏာရှင်၊ အကြင်နာရှင် ဖြစ်တော်မူ၏။
၂၃။ ထိုအရှင်သည် ပရမတ်ဘုရားရှင် ဖြစ်၏၊ အရှင်မှအပ အခြား ဘုရား ဟူ၍ မရှိ၊ အရှင်သည် အာဏာတည်ရာအရှင်၊ မြတ်စွာသောအရှင်၊ ငြိမ်းချမ်းစေသောအရှင်၊ ယုံကြည် ပုံအပ်ရမည့်အရှင်၊ စောင့်ရှောက်သောအရှင်၊ ဘုန်းတော်ရှင်၊ မပုန်ကန်နိုင်သောအရှင်၊ အကြီးကျယ်ဆုံးသောအရှင် ဖြစ်၏၊ ဦးထိပ်ထားရာ ပရမတ်ဘုရားရှင်သည် ရောပြွန်း ကိုးကွယ်ရာတို့မှ ကင်းစင်၏။
၂၄။ အရှင်သည် ပရမတ်ဘုရားရှင် ဖြစ်၏၊ ဖြစ်တည်စေသောအရှင်၊ စင်ကြယ်သောအရှင်၊ ပုံစံချပေးသောအရှင် ဖြစ်၏၊ သပ္ပါယ်သော ဂုဏ်တော်တိုင်းသည် အရှင်၏ အချုပ်အခြာ၌ ရှိ၏၊ မိုးများအတွင်း၊ မြေအတွင်း၊ ရှိသမျှတို့သည် အရှင့်အား ဦးထိပ်ထားနေကြ၏၊ အရှင်သည် ဘုန်းတော်ရှင်၊ ဓမ္မသတ်ရှင် ဖြစ်တော်မူ၏။
ဓမ္မခန္ဓာ (၅၉) ဤတွင် ပြီး၏။
၁။ အို- ယုံကြည်သော သူတို့၊ ငါ့အား စည်းဖေါက်သူများ သင်တို့အား စည်းဖေါက်များအား မဟာမိတ်အဖြစ် မယူမှတ်ကြနှင့်၊ သင်တို့ထံသို့ ရောက်လာသော သစ္စာတရားကို ဖုံးကွယ်ပစ်လျက် သင်တို့သည် ပရမတ်ဘုရားရှင်၊ ကံကြမ္မာရှင်အား ယုံကြည်ခြင်းကြောင့် ဉာဏ်စဉ်ဆောင်နှင့် သင်တို့ကိုယ်တိုင်အား မောင်းထုတ်ခဲ့သော သူတို့အား လိုလိုလားလား ကမ်းလှမ်းကြမည်လော၊ သင်တို့ သည် ငါအရှင်၏ လမ်းစဉ်တော်၌ အားစိုက်ဆောင်ရွက်ရန် ထွက်ခွာခဲ့ကြ၍ ငါ အရှင်၏ ကျေနပ်နှစ်သက်မှုကို ရှာဖွေပါလျက် သူတို့အား ကြိတ်၍ လိုလားနေဦး မည်လော၊ ငါအရှင်သည် သင်တို့၏ လျှို့ဝှက်ရာ လူသိရှင်ကြား ပြုရာများကို အသိဆုံး ဖြစ်တော်မူ၏၊ သင်တို့အနက် ထိုသို့ ပြုလုပ်သူသည် ပုံစံချပြီး လမ်းစဉ်မှ မုချ လွဲချော်ရလေပြီ။
၂။ သူတို့သည် သင်တို့အား ထိပ်တိုက်တိုးလျင် သင်တို့အား စည်းဖေါက်သူများ ဖြစ်လတ္တံ့၊ သင်တို့ထံသို့ သူတို့၏ လက်များကို ဆန့်ထုတ်လျက် အကုသိုလ်များဖြင့် နှုတ်လျှာ ကြမ်းကြလတ္တံ့၊ သင်တို့အား ဖုံးကွယ် မှောင်ချသူများ ဖြစ်စေလိုကြ၏။
၃။ သင်တို့၏ မွေးရာပါ အခွင့်အရေးရှိသူများ၊ သင်တို့၏ ရင်သွေးများသည် သင်တို့အတွက် အကျိုးရှိစေမည် မဟုတ်ချေ၊ ရပ်တည်ရသောနေ့ ကာလ၌ သင်တို့၏ကြား၊ ရှင်းလင်း ဆုံးဖြတ်တော်မူလတ္တံ့၊ ပရမတ်ဘုရားရှင်သည် ကျင့်ကြံသမျှကို မြင်နေသောအရှင် ဖြစ်၏။
၄။ သင်တို့အတွက် အတင့်တယ်ဆုံး စံနမူတစ်ခု ရှိသည်မှာ- အီဗရာဟီးမ်နှင့် သူနှင့် အတူရှိသော သူတို့ ဖြစ်၏၊ သူတို့က သူတို့၏ လူမျိုးအား “သင်တို့နှင့် ဖြစ်စေ၊ ပရမတ်ဘုရားရှင်မှလွဲ၍ သင်တို့ ကိုးကွယ်သည့် အရာများနှင့် ဖြစ်စေ၊ ကျွန်ုပ်တို့ ကင်းရှင်း၏၊ ကျွန်ုပ်တို့သည် ပယ်ရှားလိုက်ပြီ၊ သင်တို့သည် ပရမတ်ဘုရားရှင်အား တစ်ပါးတည်း သီးသန့် မယုံကြည်သ၍ သင်တို့၏ကြား၊ ကျွန်ုပ်တို့၏ကြား၌ စည်းဖေါက်မှု အာဃာတ ထားမှုသာ ပေါ်နေလတ္တံ့၊” ဟု ပြောဆို၏၊ အီဗရာဟီးမ်က သူ၏ ဖခင်အား “ကျွန်ုပ်သည် သင့်၏ လွတ်ငြိမ်းခွင့်ကို ပန်ခဲ့၏၊ သို့သော် ပရမတ်ဘုရားရှင်အား ဂုဏ်ပြိုင်၍ သင့်အား အာဏာ သက်နိုင်စရာ ကျွန်ုပ်တွင် မရှိပါ၊” ဟု ဆိုခြင်းသည် သီးခြားဖြစ်၏၊ သူတို့က “အို- ကံကြမ္မာရှင်၊ တပည့်တော်တို့သည် အရှင့်အပေါ် ကိုးစားပါ၏၊ အရှင့်ထံသို့သာ ဘက်လှည့်ပါ၏၊ အရှင့်ထံသို့သာ တပည့်တော်တို့၏ ခရီးဆုံး ဖြစ်ပါ၏။
၅။ အို- ကံကြမ္မာရှင်၊ တပည့်တော်တို့အား ဖုံးကွယ်သော သူတို့၏ သွေးတိုးစမ်း ခံရခြင်းကို မစီစဉ်ပါနှင့်၊ တပည့်တော်တို့အား လွတ်ငြိမ်းစေတော်မူပါ၊ အို- ကံကြမ္မာရှင်၊ အရှင်သည်သာ ဘုန်းတော်ရှင်၊ ဓမ္မသတ်ရှင် ဖြစ်ပါ၏၊” ဟု ရင့်ကျူး၏။
၆။ သင်တို့အတွက် သူတို့ထဲ၌ အတင့်တယ်ဆုံး စံနမူ မုချ ရှိနေ၏၊ ပရမတ်ဘုရားရှင်နှင့် နောင်ဘဝ ကာလအား မျှော်ကိုးလေ့ ရှိသူတို့ အတွက်ပင် ဖြစ်၏၊ ဘက်လှည့်သွားသူတို့- ဧကန်ပင် ပရမတ်ဘုရားရှင်သည် ကုံလုံ ပြည့်စုံ၏၊ ရည်သန် စူးစိုက်မှုတည်ရာ ဖြစ်၏။
၇။ ပရမတ်ဘုရားရှင်သည် သင်တို့၏ကြား၊ သင်တို့အား စည်းဖေါက်သော သူများ၏ ကြားတွင် အချင်းချင်း လိုလားမှုကို စီစဉ်နိုင်ရာ၏၊ ပရမတ်ဘုရားရှင်သည်ကား စည်းချိန် ချမှတ်သောအရှင် ဖြစ်၏၊ ပရမတ်ဘုရားရှင်သည်ကား လွတ်ငြိမ်းစေသောအရှင်၊ အကြင်နာရှင် ဖြစ်တော်မူ၏။
၈။ ပရမတ်ဘုရားရှင်သည် သင်တို့အား သာသနာရေးကြောင့် စစ်မတိုက်သောသူ၊ သင်တို့၏ အိမ်ဂေဟာများမှ မနှင်ထုတ်သော သူများအတွက် ဟန့်တားတော် မမူချေ၊ သူတို့နှင့်အတူ ကောင်းမှုပြုလော့၊ သမာသမတ် ရှိကြလော့၊ ဧကန်ပင် ပရမတ်ဘုရားရှင်သည် သမာသမတ် ရှိသူတို့အား နှစ်သက်တော်မူ၏။
၉။ သင်တို့အား သာသနာရေးကြောင့် စစ်တိုက်သောသူ၊ သင်တို့၏ အိမ်ဂေဟာများမှ နှင်ထုတ်သောသူ၊ သင်တို့အား မောင်းထုတ်စဉ် ကျောထောက် နောက်ခံ ပြုသူတို့ထံ သင်တို့ ဘက်လှည့်ခြင်းကို ဟန့်တားတော်မူ၏၊ သူတို့ထံ ဘက်လှည့်သူ၊ ထိုသူတို့သည် အမိုက်ကောင်များ ဖြစ်ကြ၏။
၁၀။ အို- ယုံကြည်သော သူတို့၊ ယုံကြည်သူမတို့သည် သင်တို့ထံ ပြောင်းရွှေ့ ရောက်လာသောအခါ သူမတို့အား စိစစ်သင့်၏၊ ပရမတ်ဘုရားရှင်သည် သူမတို့၏ ယုံကြည်ချက်ကို အသိဆုံးဖြစ်၏၊ သူမတို့သည် ယုံကြည်သော သူမများ ဖြစ်သည်ဟု သင်တို့ တပ်အပ် သိကြလျှင် သူမတို့အား ဖုံးကွယ်သူများထံသို့ ပြန်မပို့ကြနှင့်၊ သူမတို့သည် သူတို့အတွက် တရားဝင် မဟုတ်ချေ၊ သူတို့သည်လည်း သူမတို့အတွက် တရားဝင် မဟုတ်တော့ချေ၊ သူတို့ သုံးစွဲခဲ့သည်များကို ပြန်ပေးလိုက်ကြလော့၊ သူမတို့အား မင်္ဂလာဆုလာဘ် လက်ဆောင်ပေး၍ သိမ်းဆည်းခြင်းသည် သင်တို့ကို အပြစ် မတင်ထိုက်ချေ၊ ဖုံးကွယ်သော သူမတို့ဘက်မှ မားမားရပ် ထိမ်းမထားကြနှင့်၊ သင်တို့ သုံးစွဲခဲ့သည်များကို ပြန်တောင်းကြလော့၊ သူတို့ သုံးစွဲခဲ့သည်များကိုလည်း ပြန်တောင်းစေလော့၊ ဤသည် ပရမတ်ဘုရားရှင်၏ စီရင်ထုံးပင် ဖြစ်၏၊ အရှင်သည် သင်တို့၏ ကြား၌ စီရင်ထုံး ပြုတော်မူ၏၊ ပရမတ်ဘုရားရှင်သည်ကား သိနေသောအရှင်၊ ဓမ္မသတ်ရှင် ဖြစ်တော်မူ၏။
၁၁။ သင်တို့၏ အိမ်ထောင်ဘက်များကြောင့် ဖုံးကွယ်သူများထံသို့ သင်တို့ တစ်စုံတစ်ရာ လက်လွတ်ခဲ့ရ၍ သင်တို့အား ချုပ်ကိုင်ခဲ့လျှင် အိမ်ထောင်ဘက် ထွက်သွားခဲ့သော သူအတွက် သူမတို့အား ပေးသုံးခဲ့သည့် ပမာဏအတိုင်း ပြန်လည် ပေးအပ်စေလော့၊ ပရမတ်ဘုရားရှင်အား စည်းစောင့်ကြလော့၊ အရှင်သည် သင်တို့ ယုံကြည်အပ်သည့် အရှင် ဖြစ်၏။
၁၂။ အို- သတင်းတော်ဆောင်၊ ယုံကြည်သူမတို့သည် သင့်ထံသို့ ရောက်ရှိလာခဲ့လျှင် သင့်ထံ၌ “ကျွန်ုပ်တို့သည် ပရမတ်ဘုရားရှင်နှင့် တစ်စုံတစ်ရာကို ရောပြွန်း ကိုးကွယ်ခြင်း မပြုပါ၊ ခိုးဝှက်ခြင်း မပြုပါ၊ လိင် စည်းဖေါက်ခြင်း မပြုပါ၊ ရင်သွေးများကို မသတ်ဖြတ်ပါ၊ ခြေစုံရပ်လျက် လက်ရှိ-မျက်မှောက်၊ သိက္ခာကျစရာ လုပ်ကြံ ဖန်တီးမှုကို ဆောင်ကြဉ်း ပုတ်ခတ်ခြင်း မပြုပါ၊ အသင့်ကို အသိအမှတ် ပြုခြင်း၌ အာမခံပါ၊” ဟူသော ကတိသစ္စာဖြင့် ကတိသစ္စာ ပြုစေ၍ သူမတို့အတွက် ပရမတ်ဘုရားရှင်ထံ၌ လွတ်ငြိမ်းဆု ပန်ပေးလော့၊ ဧကန်ပင် ပရမတ်ဘုရားရှင်သည် လွတ်ငြိမ်းစေသောအရှင်၊ အကြင်နာရှင် ဖြစ်၏။
၁၃။ အို- ယုံကြည်သော သူတို့၊ ပရမတ်ဘုရားရှင်က ကံကြီးသင့်စေသော လူမျိုးထံ ဘက်မလှည့်ကြနှင့်၊ သူတို့သည် သင်္ချိုင်းများ၏ ပေါင်းဖေါ်တို့အတွက် ဖုံးကွယ်သူတို့ လက်လျော့ခြင်းမျိုးဖြင့် နောင်ဘဝ၌ လက်လျော့ရကြလတ္တံ့။
ဓမ္မခန္ဓာ (၆၀) ဤတွင် ပြီး၏။
၁။ မိုးများအတွင်း၊ မြေကမ္ဘာအတွင်း ရှိသမျှတို့သည် ပရမတ်ဘုရားရှင်အား ဦးထိပ်ထားနေကြ၏၊ အရှင်သည်ကား ဘုန်းတော်ရှင်၊ ဓမ္မသတ်ရှင် ဖြစ်တော်မူ၏။
၂။ အို- ယုံကြည်သော သူတို့၊ သင်တို့ မပြုလုပ်သော အရာကို အဘယ်ကြောင့် ပြောဆိုကြသနည်း။
၃။ မပြုလုပ်သည်အား ပြောဆိုခြင်းသည် ပရမတ်ဘုရားရှင်၏ ထံတော်၌ ကြီးကျယ်သော ရွံမုန်းဘွယ် ဖြစ်၏။
၄။ ပရမတ်ဘုရားရှင်၏ လမ်းစဉ်တော်၌ အစီအစဉ်ဖြင့် ခုခံတော်လှန်သော သူများကို အရှင်သည် နှစ်သက်တော်မူ၏၊ သင်တို့သည် မဟာဗျူဟာမြောက် အဆောက်အအုံကဲ့သို့ ဖြစ်သင့်၏။
၅။ မူဆာက သူ့လူမျိုးတို့အား “အို- ကျွန်ုပ်၏ လူမျိုးတို့၊ ကျွန်ုပ်သည် သင်တို့ထံသို့ ပရမတ်ဘုရားရှင်၏ ဉာဏ်စဉ်တော်ဆောင် ဖြစ်သည်ကို မုချ သိနေပါလျက် အဘယ်ကြောင့် ကျွန်ုပ်အား ထိခိုက် နစ်နာစေသနည်း၊” ဟု ပြော၏၊ သို့သော် သူတို့ တိမ်းပါးနေကြစဉ် ပရမတ်ဘုရားရှင်သည် သူတို့၏ နှလုံးသားကို တိမ်းပါးစေ၏၊ ပရမတ်ဘုရားရှင်သည် ယုတ်မာသော လူမျိုးအား လမ်းညွှန်တော် မမူချေ။
၆။ မာရိ၏သား ယေရှုက “အို- ဂျူးလူမျိုးတို့၊ ကျွန်ုပ်သည် သင်တို့ထံသို့ ပရမတ်ဘုရားရှင်၏ ဉာဏ်စဉ်တော်ဆောင် ဖြစ်၏၊ သင်တို့၏ လက်ရှိ-မျက်မှောက်၊ တိုရာကျမ်းကို ဖြောင့်မှန်စေ၍ ကျွန်ုပ်၏နောက် ပွင့်ပေါ်မည့် မေတ္တာရှင်မည်သော ဉာဏ်စဉ်တော်ဆောင်အကြောင်း သတင်းကောင်းကို ပါး၏၊” ဟု ဆို၏၊ သို့သော် သူသည် သူတို့ထံ ရှင်းလင်းချက်များနှင့် ရောက်လာစဉ် သူတို့က “ဤသည် ရှင်းလင်း ထင်ရှားသော မှော်အတတ်သာ ဖြစ်၏၊” ဟု ပြောကြ၏။
၇။ အစ္စလာမ်ဘက်သို့ ဖိတ်ခေါ်ခံရပါလျက် ပရမတ်ဘုရားရှင်နှင့် စပ်လျဉ်း၍ လိမ်ညာ လုပ်ကြံ ဖန်တီးသူထက် မည်သူက ပို၍ အမိုက်စီးဘိသနည်း။ ပရမတ်ဘုရားရှင်သည် မိုက်ကြေးခွဲသော လူမျိုးအား လမ်းညွှန်တော် မမူချေ။
၈။ သူတို့သည် ပရမတ်ဘုရားရှင်၏ ရောင်ခြည်တော်အား သူတို့၏ ပါးစပ်များဖြင့် မှုတ်ငြိမ်းလိုကြ၏၊ ဖုံးကွယ်သူတို့သည် မည်မျှပင် မုန်းတီးငြားသော်လည်း ပရမတ်ဘုရားရှင်သည် အရှင်၏ ရောင်ခြည်တော်အား ပြည့်စုံစေလတ္တံ့။
၉။ အရှင်သည် အရှင်၏ ဉာဏ်စဉ်ဆောင်အား လမ်းညွှန်တော်၊ မှန်ကန်သော သာသနာတော်ဖြင့် စေစားသော အရှင် ဖြစ်၏၊ ရောပြွန်း ကိုးကွယ်သူတို့ မုန်းတီးသော်လည်း ၎င်းသည် သာသနာအားလုံး အပေါ်၌ ဖူးခြာ ဖြစ်စေလတ္တံ့။
၁၀။ အို- ယုံကြည်သောသူတို့၊ သင်တို့အား စူးနစ် နာကျင်သော ဝဋ်ကြွေးမှ လွတ်မြောက်စေမည့် ရောင်းဝယ်ခြင်းကို ငါ ညွှန်ပြရမည်လော။
၁၁။ ပရမတ်ဘုရားရှင်နှင့် အရှင်၏ ဉာဏ်စဉ်ဆောင်အား ယုံကြည်ကြလော့၊ ပရမတ်ဘုရားရှင်၏ လမ်းစဉ်တော်၌ သင်တို့၏ ဥစ္စာပစ္စည်း ဉာဉ်စရိုက်များဖြင့် အားစိုက် ဆောင်ရွက်လော့၊ ဤသည် သင်တို့အတွက် ပိုကောင်း၏၊ သင်တို့ သိကြပါလေစ။
၁၂။ သင်တို့၏ အပြစ်များမှ လွတ်ငြိမ်းစေ၍ သင်တို့အား အောက်ခင်း၌ စမ်းချောင်းရေသွင် စီးဆင်းနေသော ဥယျာဉ်ဘုံများသို့ ဝင်ရောက်စေလတ္တံ့၊ ထို ထာ၀ရ ဥယျာဉ်များ၌ စင်ကြယ်သော အခြေချရာတို့သည် ရှိ၏၊ ဤသည် မဟာ အောင်ပွဲပင် ဖြစ်၏။
၁၃။ သင်တို့အား နှစ်သက်စေသော အခြားတစ်ခုမှာ ပရမတ်ဘုရားရှင်၏ အကူအညီနှင့် ထွက်ပေါက်သည် နီးကပ်လာချေပြီ၊ ယုံကြည်သူများအတွက် သတင်းကောင်းကို ပါးလော့။
၁၄။ အို- ယုံကြည်သော သူတို့၊ သင်တို့သည် ဤသို့ ပရမတ်ဘုရားရှင်၏ ကူညီသူများ ဖြစ်ကြကုန်လော့၊ မာရိ၏သား ယေရှုက ဝတ်ရုံဖြူတို့အား “ပရမတ်ဘုရားရှင်အတွက် မည်သူသည် ကျွန်ုပ်အတွက် အကူဖြစ်သနည်း၊” ဟု မေးသော် ဝတ်ရုံဖြူများက “ကျွန်ုပ်တို့သည် ပရမတ်ဘုရားရှင်၏ ကူညီသူများ ဖြစ်ကြပါ၏၊” ဟု ပြန်ပြောကြ၏၊ သို့ဖြင့် ဂျူးလူမျိုးမှ တစ်စုသည် ယုံကြည်ကြ၍ တစ်စုသည် ဖုံးကွယ် မှောင်ချကြ၏၊ ငါအရှင်သည် ယုံကြည်သော သူတို့အား ထောက်ပံ့ပေး၍ သူတို့အပေါ် စည်းဖေါက်သူများထက် ပေါ်ပြူလာ ဖြစ်လာကြ၏။
ဓမ္မခန္ဓာ (၆၁) ဤတွင် ပြီး၏။
၁။ မိုးများအတွင်း၊ မြေအတွင်း ရှိသမျှတို့သည် အာဏာတည်ရာ အရှင်၊ မြတ်စွာသောအရှင်၊ ဘုန်းတော်ရှင်၊ ဓမ္မသတ်ရှင် ဖြစ်သော ပရမတ်ဘုရားရှင်အား ဦးထိပ်ထားနေကြ၏။
၂။ အရှင်သည် စာပေသမား မဟုတ်သူများထဲမှ သူတို့အား သုတ်ဒေသနာများကို ဖတ်ပြရန်၊ သူတို့အား သန့်ရှင်း ဖြူစင်စေရန်၊ ကျမ်းတော်နှင့် စီရင်ထုံးကို သင်ကြားပေးရန်၊ ဉာဏ်စဉ်ဆောင်အား ပွင့်ပေါ်စေသောအရှင် ဖြစ်၏၊ သူတို့သည် ရှေ့အလျင်က ရှင်းလင်း ထင်ရှားသော လွဲမှားမှု၌ ရှိခဲ့ကြ၏။
၃။ သူတို့ထံသို့ မပူးပေါင်းသေးသောသူ၊ အခြားသော သူများအတွက်လည်း ဖြစ်၏၊ အရှင်သည်ကား ဘုန်းတော်ရှင်၊ ဓမ္မသတ်ရှင် ဖြစ်တော်မူ၏။
၄။ ဤသည် စံချိန်ပြည့်မီသူအား ချီးမြှင့်သော ပရမတ်ဘုရားရှင်၏ သိက္ခာပေးမှု ဖြစ်၏၊ ပရမတ်ဘုရားရှင်သည် မဟာ့ မဟာ သိက္ခာပေးသောအရှင် ဖြစ်၏။
၅။ တိုရာဟ်ကျမ်းအား သယ်ဆောင်လျက် ၎င်းအား တာဝန်မထမ်းသော သူတို့၏ ပမာသည် လမ်းခရီးတစ်လျှောက် ဝန်တင်ထားသော မြည်းသတ္တဝါကဲ့သို့ ဖြစ်၏၊ ပရမတ်ဘုရားရှင်၏ သုတ်ဒေသနာတို့အား ငြင်းဆန်သော လူမျိုး၏ ဥပမာသည် အမင်္ဂလာ ဖြစ်၏၊ ပရမတ်ဘုရားရှင်သည် မိုက်ကြေးခွဲသော လူမျိုးအား လမ်းညွှန်တော် မမူချေ။
၆။ ဟောလော့၊ “အို- ရေဝတီ ဖြစ်သူတို့၊ အခြား လူသားများမှလွဲ၍ သင်တို့သည်သာ ပရမတ်ဘုရားရှင်၏ မဟာမိတ်များ ဖြစ်သည်ဟု ရပ်တည် ပြောဆိုကြသော် သင်တို့သည် ဖြောင့်မှန်သူများ ဖြစ်ကြလျှင် သေခြင်းတရားသို့ ဇောတက်ကြလော့။”
၇။ သူတို့၏ စုံရပ်ခံခဲ့သော လက်ချက်များကြောင့် မည်သည့်အခါမှ သူတို့ ဇောတက်ကြမည် မဟုတ်၊ ပရမတ်ဘုရားရှင်သည် အမိုက်ကောင်များအား သိနေသောအရှင် ဖြစ်၏၊
၈။ ဟောလော့၊ “သင်တို့ ထွက်ပြေး တိမ်းရှောင်နေသော သေခြင်းတရားက သင်တို့အား တွေ့ဆုံ ပွေ့ဖက်မည်သာတည်း၊ ထို့နောက် မျက်ကွယ်၊ မျက်မှောက်၊ သိနေသောအရှင်ထံသို့ သင်တို့အား ပြန်ပို့မည်သာတည်း၊ အရှင်သည် သင်တို့၏ ကျင့်ကြံလေ့ ရှိခဲ့သမျှကို သတင်း ထုတ်ပြန်တော်မူလတ္တံ့။
၉။ အို- ယုံကြည်သော သူတို့၊ လူထုစုဝေးပွဲနေ့၌ ဝတ်ပြုခြင်းသို့ ဖိတ်ခေါ်သောအခါ ပရမတ်ဘုရားရှင်အား သတိရ ရှုမှတ်ခြင်းဆီသို့ လုံးပန်းမှု ရှိကြ၍ စီးပွားကူးသန်းခြင်းကို ချန်ခဲ့ကြလော့၊ ယင်းသည် သင်တို့အတွက် ပို၍ ကောင်း၏၊ သင်တို့ သိကြပါလေစ။
၁၀။ ဝတ်ပြု ပြီးသောအခါ ပရမတ်ဘုရားရှင်၏ သိက္ခာပေးမှုအား ရှာဖွေရန် မြေကမ္ဘာ၌ နိုးကြား သွားလာကြလော့၊ သင်တို့သည် အောင်မြင် ပေါက်မြောက်အံ့ငှာ ပရမတ်ဘုရားရှင်အား မြောက်မြားစွာ သတိရ ရှုမှတ်ကြလော့။”
၁၁။ သူတို့သည် အရောင်းအဝယ်၊ သို့မဟုတ် အူမြူးစရာများကို မြင်လိုက်သည်နှင့် ထို့အတွက် သင့်အား မတ်တတ် ချန်ထားခဲ့လျက် ငွေရှာရန်သွားကြ၏၊ ဟောလော့၊ “အူမြူးစရာများထက်၊ အရောင်းအဝယ်ထက်၊ ပရမတ်ဘုရားရှင်၏ ထံပါး၌ ပိုမို ကောင်းမြတ်ရာသည် ရှိ၏၊ ပရမတ်ဘုရားရှင်သည်ကား အကောင်းဆုံး ရိက္ခာထောက်သည့်အရှင် ဖြစ်၏။”
ဓမ္မခန္ဓာ (၆၂) ဤတွင် ပြီး၏။
၁။ သင့်ထံသို့ သီလကြောင်များ ရောက်လာသောအခါ “အသင်သည် ပရမတ်ဘုရားရှင်၏ ဉာဏ်စဉ်ဆောင်ဖြစ်ကြောင်း ကျွန်ုပ်တို့ သက်သေတည်ပါ၏၊” ဟု ပြောဆိုကြ၏၊ သင်သည် အရှင်၏ ဉာဏ်စဉ်ဆောင်ဖြစ်ကြောင်းကို ပရမတ်ဘုရားရှင်သည် သိနေတော်မူ၏၊ ထို့ပြင် ပရမတ်ဘုရားရှင်က သီလကြောင်တို့သည် လိမ်ညာသူများ ဖြစ်ကြောင်းကိုလည်း သက်သေဖြစ်တော်မူ၏။
၂။ သူတို့၏ အားသန်ချက်ကို သုခဟု အယူထား၍ ပရမတ်ဘုရားရှင်၏ လမ်းစဉ်တော်မှ ဖယ်ရှားကြ၏၊ သူတို့၏ ကျင့်ကြံလေ့ ရှိသည်များမှာ အကုသိုလ်သာ ဧကန် ဖြစ်၏။
၃။ ထိုသို့ ဖြစ်ရခြင်းမှာ သူတို့သည် ယုံကြည်ကြ၏၊ ထို့နောက် ဖုံးကွယ်ကြကုန်၏၊ သို့ဖြင့် သူတို့၏ နှလုံးသားပေါ်၌ တံဆိပ်ထုထားလေပြီ၊ သူတို့၌ နားလည်နိုင်စွမ်း မရှိချေ။
၄။ သူတို့အား သင် မြင်ရသော် သူတို့၏ ဟိတ်ဟန် ကာယကြောင့် သင် အံ့ဩလောက်နိုင်၏၊ သူတို့ ပြောဆိုကြသော် သူတို့၏ အပြောအဆိုကို သင် နားထောင်လိုနိုင်၏၊ သူတို့သည် သစ်ခေါင်းပွ ဒေါက်ကဲ့သို့ ဖြစ်၏၊ သူတို့ထံ ကျသော အသံလှိုင်းတိုင်းကို ထင်ရာ စဉ်းစားကြ၏၊ သူတို့သည်သာ စည်းဖေါက်သူများ ဖြစ်ကြ၏၊ သူတို့အား သတိထားလော့၊ ပရမတ်ဘုရားရှင်က သူတို့အား သုတ်သင် ခံရစေလတ္တံ့၊ သူတို့သည် မည်သို့ လှည့်စား ခံနေကြသနည်း။
၅။ သူတို့အား “သင်တို့ကို လွတ်ငြိမ်းဆု ပန်ပေးရန် ပရမတ်ဘုရားရှင်၏ ဉာဏ်စဉ်ဆောင်ဘက်သို့ လာကြလော့၊” ဟု ပြောသောအခါ သူတို့ ဦးခေါင်းကို လှည့်သွားကြ၍ သူတို့က ဖယ်ရှားနေသည်ကို သင်မြင်ရ၏၊ သူတို့သည် မာန်တက် နေသူများ ဖြစ်ကြ၏။
၆။ သင်သည် သူတို့အတွက် လွတ်ငြိမ်းဆု ပန်သည် ဖြစ်စေ၊ သို့တည်းမဟုတ် လွတ်ငြိမ်းဆု မပန်သည် ဖြစ်စေ၊ မထူးချေ၊ ပရမတ်ဘုရားရှင်သည် သူတို့အား လွတ်ငြိမ်းစေမည် မဟုတ်ချေ၊ ဧကန်ပင် ပရမတ်ဘုရားရှင်သည် ယုတ်မာသော လူမျိုးအား လမ်းညွှန်တော် မမူချေ။
၇။ သူတို့သည် “ပရမတ်ဘုရားရှင်၏ ဉာဏ်စဉ်ဆောင်ထံပါး၌ ရှိသူများ အတွက် မသုံးစွဲကြနှင့်၊ သို့မှ သူတို့ ငွေရှာရန် သွားကြလတ္တံ့၊” ဟု ပြောဆိုသူများ ဖြစ်ကြ၏၊ မိုးများနှင့် မြေကမ္ဘာတွင် ရှိသည့် ဘဏ္ဍာတော်များသည် ပရမတ်ဘုရားရှင်၏ အချုပ်အခြာ၌ ရှိ၏၊ သို့ရာတွင် သီလကြောင်တို့သည်ကား နားလည်နိုင်စွမ်း မရှိချေ။
၈။ သူတို့က “နေပြည်တော်သို့ ပြန်လာလျှင် ကျွန်ုပ်တို့ ဘုန်းကံ မြင့်သူများက နိမ့်ပါးသူများကို ထိုမှ မောင်းထုတ်ပစ်မည်၊” ဟု ပြောဆို၏၊ ဘုန်းကံတို့သည် ပရမတ်ဘုရားရှင်၊ အရှင်၏ ဉာဏ်စဉ်ဆောင်နှင့် ယုံကြည်သူတို့၏ အချုပ်အခြာ၌ ရှိ၏၊ သို့သော် သီလကြောင်တို့ သိကြသည် မဟုတ်ချေ။
၉။ အို- ယုံကြည်သောသူတို့၊ ပရမတ်ဘုရားရှင်အား သတိရ ရှုမှတ်ခြင်းထက် သင်တို့၏ ဥစ္စာပစ္စည်း၊ သင်တို့၏ ရင်သွေးများက သင်တို့အတွက် အူမမြူးစေနှင့်၊ ထိုသို့ ပြုလုပ်သူဖြစ်က ထိုသူတို့သည် နစ်နာ ဆုံးရှုံးသူများ ဖြစ်ကြလတ္တံ့။
၁၀။ သေခြင်းတရားသည် သင်တို့မှ တစ်စုံတစ်ဦးထံ ပေးရောက်မလာမီ သင်တို့အား ရိက္ခာပေးထားရာမှ သုံးစွဲကြလော့၊ သို့ဖြင့် သူသည် “အို- ကံကြမ္မာရှင်၊ အရှင်သည် နီးကပ်လာသော သတ်မှတ်ကာလထိ တပည့်တော်အတွက် နောက်ဆုတ် မထားလေလျှင် တပည့်တော်သည် အလှုဒါနပြုခြင်းဖြင့် ပြုပြင် ပြောင်းလဲသူတို့မှ ဖြစ်ရလတ္တံ့၊” ဟု ပြောမည်ပင်။
၁၁။ သူ၏ သတ်မှတ်ကာလ ရောက်လာသောအခါ ပရမတ်ဘုရားရှင်သည် မည်သည့် ဉာဉ်စရိုက်အတွက်မျှ နောက်ဆုတ် မထားချေ၊ ပရမတ်ဘုရားရှင်သည်ကား ကျင့်ကြံသမျှကို သတင်း သိနေတော်မူ၏။
ဓမ္မခန္ဓာ (၆၃) ဤတွင် ပြီး၏။
၁။ မိုးများအတွင်း၊ မြေအတွင်း ရှိသမျှတို့သည် ပရမတ်ဘုရားရှင်အား ဦးထိပ်ထားနေကြ၏၊ ဩဇာအာဏာ တည်ရာသည် အရှင်၏ အချုပ်အခြာ၌ ရှိ၏၊ ရည်သန် စူးစိုက်မှု တည်ရာသည် အရှင်၏ အချုပ်အခြာ၌ ရှိ၏၊ အရှင်သည် သဗ္ဗလုံးစုံအား စည်းချိန် ချမှတ်တော်မူ၏။
၂။ အရှင်သည် သင်တို့အား ဖြစ်တည်စေ၏၊ သို့သော် သင်တို့မှ ဖုံးကွယ်သူ၊ သင်တို့မှ ယုံကြည်သူတို့ ရှိကြ၏၊ ပရမတ်ဘုရားရှင်သည်ကား ကျင့်ကြံသမျှကို မြင်နေသော အရှင်ဖြစ်၏။
၃။ မိုးများနှင့် မြေကမ္ဘာအား မှန်ကန် ညီညွတ်စွာ ဖြစ်တည်စေ၏၊ ထို့နောက် သင်တို့အား ပုံစံချပေး၏၊ ထို့နောက် သင်တို့အား အတင့်တယ်ဆုံး ပုံစံ ဖြစ်စေ၏၊ အန္တိမပန်းတိုင်သည် အရှင်ထံသို့သာ ဖြစ်၏။
၄။ မိုးများနှင့် မြေအတွင်း ရှိသမျှကို သိနေတော်မူ၏၊ ကြိတ်ကြံစည်ရာ လူသိရှင်ကြား ပြုရာများကို သိနေတော်မူ၏၊ ပရမတ်ဘုရားရှင်သည်ကား ရင်တွင်း ခံစားချက်များအားဖြင့် သိနေသောအရှင် ဖြစ်၏၊
၅။ ရှေ့အလျင်က ဖုံးကွယ်သော သူတို့၏ သတင်းချက်သည် သင်တို့ထံသို့ မရောက်လေသလော၊ သူတို့သည် သူတို့ ညွှန်ကြားချက်၏ အကျိုးဆက်ကို မြည်းစမ်းရ၏၊ သူတို့အတွက် စူးနစ် နာကျင်သော ဝဋ်ကြွေးသည် ရှိနေ၏။
၆။ ယင်းမှာ သူတို့ထံသို့ သူတို့အတွက် ဉာဏ်စဉ်ဆောင်များကို ရှင်းလင်းချက်များဖြင့် ပေးရောက်လာစဉ် “လူပုဂ္ဂိုလ်က ကျွန်ုပ်တို့အား လမ်းညွှန်မည်လော” ဟု ဆိုကြ၍ ဖုံးကွယ် မှောင်ချ လှည့်သွားသောကြောင့် ဖြစ်၏၊ ပရမတ်ဘုရားရှင်သည်ကား ကုံလုံပြည့်စုံ၏၊ ပရမတ်ဘုရားရှင်သည် ကုံလုံ ပြည့်စုံသော အရှင်၊ ရည်သန် စူးစိုက်မှု တည်ရာအရှင် ဖြစ်တော်မူ၏။
၇။ ဖုံးကွယ်သော သူတို့က- သူတို့သည် နိုးထရမည် မဟုတ်ဟု ရပ်တည် ပြောကြ၏၊ ဟောလော့၊ “ကံကြမ္မာရှင်အားဖြင့် နိုးထရမည်သာတည်း၊ ထို့နောက် သင်တို့ ကျင့်ကြံခဲ့သမျှကို သတင်း ထုတ်ပြန်တော်မူလတ္တံ့၊ ပရမတ်ဘုရားရှင်အတွက် ယင်းသည် လွယ်ကူလှချေ၏။
၈။ သို့ဖြစ်၍ ပရမတ်ဘုရားရှင်၊ အရှင်၏ ဉာဏ်စဉ်ဆောင်၊ ငါအရှင် ချမှတ်ပေးသော ရောင်ခြည်တော်အား ယုံကြည်ကြကုန်လော့၊ ပရမတ်ဘုရားရှင်သည် ကျင့်ကြံသမျှကို သတင်း သိနေတော်မူ၏။
၉။ နေ့- အတူစုရသော နေ့အတွက် သင်တို့အား အတူ စုစေလတ္တံ့၊ ယင်းသည် မျက်ဝါးထင်ထင် အရှုံးပေါ်ရသောနေ့ ဖြစ်၏၊ ပရမတ်ဘုရားရှင်အား ယုံကြည်၍ ပြုပြင် ပြောင်းလဲခြင်း ကျင့်ကြံသူ၊ ထိုသူမှ အကုသိုလ်များကို ဖုံးကွယ် ပေးတော်မူလျက် သူ့အား အောက်ခင်း၌ စမ်းချောင်းရေသွင် စီးဆင်းနေသော ဥယျာဉ်ဘုံများသို့ ဝင်စေပြီး၊ ထို၌ ကာလပိုင်းခြားမဲ့ အစဉ် စံစားစေလတ္တံ့၊ ဤသည် မဟာ အောင်ပွဲပင် ဖြစ်၏။
၁၀။ ဖုံးကွယ်၍ ငါ၏ သုတ်ဒေသနာများကို ငြင်းဆန်သောသူ၊ ထိုသူတို့သည် အပူမီး၏ ပေါင်းဖေါ်များ ဖြစ်ရ၍ ထို၌ အစဉ် ခံစားစေလတ္တံ့၊ ယင်းသည် အမင်္ဂလာ ခရီးဆုံး ဖြစ်၏။
၁၁။ ပရမတ်ဘုရားရှင်၏ ခွင့်ပြုချက် မရှိဘဲ မည်သည့် ထိခိုက်ခြင်းသည်မှ ထိခိုက်စေမည် မဟုတ်ချေ၊ ပရမတ်ဘုရားရှင်အား ယုံကြည်သောသူ၊ သူ၏ နှလုံးသားကို အရှင်သည် လမ်းညွှန်တော်မူမည်၊ ပရမတ်ဘုရားရှင်သည်ကား သဗ္ဗလုံးစုံအား သိနေသောအရှင် ဖြစ်၏၊
၁၂။ ပရမတ်ဘုရားရှင်အား နာခံကြလော့၊ ဉာဏ်စဉ်ဆောင်အား နာခံကြလော့၊ သင်တို့သည် လှည့်သွားကြလျှင် ငါ့ ဉာဏ်စဉ်ဆောင်၏ ဝန်တာမှာ ဓမ္မကို ဆိုက်ရောက်စေရန်သာ ဖြစ်၏။
၁၃။ ပရမတ်ဘုရားရှင်၊ ထိုအရှင်မှအပ အခြား ဘုရား ဟူ၍ မရှိ၊ ယုံကြည်သူတို့အား ပရမတ်ဘုရားရှင်ကိုသာ ယုံပုံ ကိုးစားစေလော့။
၁၄။ အို- ယုံကြည်သော သူတို့၊ သင်တို့၏ အိမ်ထောင်ဘက်များ သင်တို့၏ ရင်သွေးများမှ သင်တို့အတွက် စည်းဖေါက်သူများ ရှိနိုင်၏၊ သို့ဖြစ်၍ သူတို့အား သတိထားလော့၊ သင်တို့သည် သူတို့အား ကျေးအေး၊ ဥပက္ခာပြု၍ လွတ်ငြိမ်းစေကြလျှင် ဧကန်ပင် ပရမတ်ဘုရားရှင်သည် လွတ်ငြိမ်းစေသောအရှင်၊ အကြင်နာရှင် ဖြစ်တော်မူ၏။
၁၅။ သင်တို့၏ ဥစ္စာပစ္စည်းများ၊ သင်တို့၏ ရင်သွေးများသည် စမ်းသပ်သော အရာများ ဖြစ်၏၊ ပရမတ်ဘုရားရှင်- အရှင့်ထံ၌ မဟာဆုလာဘ်ကြီး ရှိနေ၏။
၁၆။ သို့ဖြစ်၍ သင်တို့သည် ပရမတ်ဘုရားရှင်အား တတ်အားသ၍ စည်းစောင့်ကြလော့၊ ကြားနာကြလော့၊ နာခံကြလော့၊ ထည့်ဝင် သုံးစွဲကြလော့၊ သင်တို့၏ ဉာဉ်စရိုက်အတွက် ပို၍ ကောင်းမြတ်၏၊ ဆန္ဒရမက်ကို ကာကွယ်နိုင်သူ- ထိုသူတို့သည် အောင်မြင် ပေါက်မြောက်သူများ ဖြစ်ကြ၏။
၁၇။ ပရမတ်ဘုရားရှင်အား တင့်တယ်စွာ ဆက်ကပ်ခြင်းဖြင့် ဆက်ကပ်လျှင် သင်တို့အတွက် ၎င်းကို နှစ်ဆ တိုးစေလတ္တံ့၊ သင်တို့အား လွတ်ငြိမ်းစေလတ္တံ့၊ ပရမတ်ဘုရားရှင်သည် ကျေးဇူးတော်အရှင်၊ နူးညံ့သိမ်မွေ့သောအရှင် ဖြစ်၏။
၁၈။ မျက်ကွယ်၊ မျက်မှောက်၊ သိနေတော်မူသော အရှင်သည် ဘုန်းတော်ရှင်၊ ဓမ္မသတ်ရှင် ဖြစ်တော်မူ၏။
ဓမ္မခန္ဓာ (၆၄) ဤတွင် ပြီး၏။
၁။ အို- သတင်းတော်ဆောင်၊ သင်တို့သည် အမျိုးသမီးတို့အား ကွာရှင်းကြသော် သူမတို့အတွက် ရက် ရေတွက်လျက် ကွာရှင်းကြလော့၊ ရေတွက်ခြင်းကို အမှတ်စဉ်အတိုင်း ဖြစ်စေလော့၊ သင်တို့၏ ကံကြမ္မာရှင် ဖြစ်သော ပရမတ်ဘုရားရှင်အား စည်းစောင့်ကြကုန်လော့၊ သူမတို့အား သူမတို့၏အိမ်များမှ မောင်း မထုတ်ကြနှင့်၊ ရှင်းလင်းစွာသော ကိုယ်ကျင့်ပျက်မှုမှ အပ ထွက်လည်း မသွားစေနှင့်၊ ဤသည် ပရမတ်ဘုရားရှင်၏ စည်းမျဉ်း ဖြစ်၏၊ ပရမတ်ဘုရားရှင်၏ စည်းမျဉ်းအား စည်းဖေါက်သူသည် သူ့စရိုက်ကိုသူ မိုက်ကြေးခွဲသူ ဖြစ်၏၊ ဤအစီအမံပြီးနောက် ပရမတ်ဘုရားရှင်က မည်သို့ ဆင့်ပြန်လိမ့်မည်ကို သင်တို့ မမှန်းဆနိုင်ကြချေ။
၂။ သူမတို့အတွက် သတ်မှတ်ကာလ ဆိုက်ရောက်ပြီးသော် သူမတို့အား အသိအမှတ်ပြု၍ ထိန်းထားကြလော့၊ သို့မဟုတ် အသိအမှတ်ပြု ခွဲခွာကြစေလော့၊ သင်တို့အနက်မှ တန်းတူညီမျှ ရပ်တည်သော သက်သေရှိစေ၍ ပရမတ်ဘုရားရှင် ဘက်၌ ရပ်တည်လျက် သက်သေခံစေကြလော့၊ ဤသည် ပရမတ်ဘုရားရှင်နှင့် နောင်ဘဝ ကာလအား ယုံကြည်ခြင်း၌ ရှိသူတို့အတွက် အဆုံးအမပင် ဖြစ်၏၊ ပရမတ်ဘုရားရှင်အား စည်းစောင့်သူအတွက် အရှင်သည် ထွက်ပေါက် လမ်းကို စီစဉ်ပေး၍။-
၃။ သူ မစဉ်းစားထားသော နေရာများမှ ရိက္ခာများ ထောက်ပေးလတ္တံ့၊ ပရမတ်ဘုရားရှင်အား ကိုးစားသူ၊ သူ့အတွက် ပရမတ်ဘုရားရှင်သည် စာရင်းချုပ် ဖြစ်၏၊ အရှင်သည် ညွှန်ကြားချက်အား ဆိုက်ရောက် စေတော်မူလတ္တံ့၊ ပရမတ်ဘုရားရှင်သည် သဗ္ဗလုံးစုံအား မုချ စည်းချိန်ချ စီစဉ်တော်မူ၏။
၄။ သင်တို့၏ အမျိုးသမီးများမှ ရာသီသွေး ဆုံးပါး၍ သူမတို့အတွက် သံသယ ဖြစ်နေလျှင် သူမတို့၏ ရေတွက်ရက်မှာ သုံးလ ဖြစ်စေရမည်၊ ရာသီသွေး မပေါ်သော သူမ- သူမသည် ကိုယ်ဝန်ဆောင်ဖြစ်လျှင် သူမတို့၏ သတ်မှတ်ကာလမှာ သူမတို့၏ ရှိနေသော ကိုယ်ဝန်ကို မွေးဖွားပြီးချိန်ထိ ဖြစ်စေရမည်၊ ပရမတ်ဘုရားရှင်အား စည်းစောင့်သူ၊ သူ့အတွက် အရေးကိစ္စများကို လွယ်ကူစေရန် အရှင်က စီစဉ်ပေးမည်ပင်။
၅။ ဤသည် သင်တို့ထံသို့ ချမှတ်ပေးသော ပရမတ်ဘုရားရှင်၏ ညွှန်ကြားချက်များပင် ဖြစ်၏၊ ပရမတ်ဘုရားရှင်အား စည်းစောင့်သူ- ထိုသူ၏ အကုသိုလ်များကို ဖုံးကွယ်ပေး၏၊ ဂုဏ်ဒြပ်ကြီးသော ဆုလာဘ်သည် သူ့အတွက် ဖြစ်လတ္တံ့။
၆။ သင်တို့ သွားတွေ့နိုင်သော သင်တို့၏ နေထိုင်ရာ နေရာများ၌ သူမတို့အား နေထိုင်စေကြလော့၊ သူမတို့အား စိတ်ကျပ်တည်းစေရန် ဒုက္ခမပေးနှင့်၊ သူမတို့သည် ကိုယ်ဝန်ဆောင်များ ဖြစ်ကြလျှင် သူမတို့၌ ရှိနေသော ကိုယ်ဝန်အား မွေးဖွားပြီးသည် အထိ ပေးကမ်း သုံးစွဲကြလော့၊ သင်တို့ကိုယ်စား နို့တိုက်ကျွေးသူ ဖြစ်လျှင် သူမတို့အား အကျိုးဆုလာဘ် ပေးကြလော့၊ သင်တို့ချင်းကြား အသိအမှတ်ပြု စီမံ ပြောဆိုကြလော့၊ သင်တို့သည် အခက်အခဲ ဖြစ်နေလျှင် အခြားတစ်ဦးအား ၎င်းအတွက် နို့ထိန်း ဖြစ်စေလော့။
၇။ ကျယ်ကျယ်ပြန့်ပြန့် ပိုင်သူအား ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲစေ၍ စည်းကြပ်မတ် ခံရသူသည် ပရမတ်ဘုရားရှင် ချီးမြှင့်သလောက် ရိက္ခာဖြင့် သုံးစွဲစေလော့၊ ပရမတ်ဘုရားရှင်သည် မည်သည့် ဉာဉ်စရိုက်ကိုမျှ အရှင် ချီးမြှင့်သည်ထက် ပိုမထမ်းစေရ၊ ပရမတ်ဘုရားရှင်သည် ခက်ခဲမှုနောက်၌ လွယ်ကူမှုကို စီစဉ်ပေးတော် မူမည်ပင်။
၈။ မည်မျှသော အရပ်ဒေသတို့သည် ကံကြမ္မာရှင်၏ ညွှန်ကြားချက်နှင့် အရှင်၏ ဉာဏ်စဉ်ဆောင်အား အာခံကြသနည်း၊ သို့ဖြင့် အရှင်သည် ပြတ်သားသော စာရင်းရှင်းခြင်းဖြင့် စာရင်းရှင်းတော်မူခဲ့၏၊ ထို့နောက် မကြုံဘူးသည့် ဝဋ်ကြွေးဖြင့် ဝဋ်ကြွေး သင့်စေခဲ့၏။
၉။ ၎င်း အစီအမံများ၏ အကျိုးဆက်ကို မြည်းစမ်းစေ၏၊ ၎င်း၏ နိဂုံးချုပ် အစီအမံမှာ ပျက်စီး ဆုံးရှုံးခြင်းပင် ဖြစ်၏။
၁၀။ ပရမတ်ဘုရားရှင်သည် သူတို့အတွက် ပြင်းထန်သော ဝဋ်ကြွေးကို တွက်ချက် ပြင်ဆင်ထားပြီ၊ သို့ဖြစ်၍ ပရမတ်ဘုရားရှင်အား စည်းစောင့်ကြလော့၊ အို- သဘောပေါက်နိုင်စွမ်း ရှိသူတို့၊ ယုံကြည်သောသူတို့၊ ပရမတ်ဘုရားရှင်သည် သင်တို့ထံသို့ မုချ ချမှတ်ပေးသည့် သတိဖေါ်တရားဖြစ်သော။-
၁၁။ ဉာဏ်စဉ်ဆောင်တစ်ပါးသည် ပရမတ်ဘုရားရှင်၏ ရှင်းလင်းချက် သုတ်ဒေသနာများကို သင်တို့အား ဖတ်ပြပြီ၊ ယုံကြည်၍ ပြုပြင် ပြောင်းလဲမှု ကျင့်ကြံသော သူများအား အမိုက်မှောင်မှ အလင်းရောင်သို့ ထွက်လာစေရန် ဖြစ်၏၊ ပရမတ်ဘုရားရှင်အား ယုံကြည်၍ ပြုပြင် ပြောင်းလဲခြင်း ကျင့်ကြံသူအား အောက်ခင်း၌ စမ်းချောင်းရေသွင် စီးဆင်းနေသော ဥယျာဉ်ဘုံများသို့ ဝင်ရောက်စေ၍ ထို၌ ကာလ ပိုင်းခြားမဲ့ အစဉ် စံစားစေမည်ပင်၊ သူ့အတွက် ပရမတ်ဘုရားရှင်သည် သုမင်္ဂလာ ရှိသော ရိက္ခာကို မုချ ထောက်ပံ့မည်။
၁၂။ ပရမတ်ဘုရားရှင်- အရှင်သည် မိုးများနှင့် မြေကမ္ဘာ၊ ၎င်းတို့နှင့် အလားတူ ခုနစ်ဆက်ကို ဖြစ်တည်စေတော်မူ၍ ၎င်းတို့၏ကြား၌ ညွှန်ကြားချက်ကို ချမှတ်တော်မူခြင်းမှာ ဧကန်ပင် ပရမတ်ဘုရားရှင်သည် သဗ္ဗလုံးစုံအား စည်းချိန် ချမှတ်တော်မူကြောင်းကို သိနိုင်စေရန် ဖြစ်၏၊ ဧကန်ပင် ပရမတ်ဘုရားရှင်သည် သဗ္ဗလုံးစုံအား အသိကွန်ယက်ဖြင့် ဝန်းရံထားတော်မူ၏။
ဓမ္မခန္ဓာ (၆၅) ဤတွင် ပြီး၏။
၁။ အို- သတင်းတော်ဆောင်၊ ပရမတ်ဘုရားရှင်က တရားဝင် ပြုထားသည်ကို အဘယ်ကြောင့် တားမြစ်လေသနည်း၊ သင့်အပေါ်၌ သင့်ပေါင်းဖေါ်များ၏ ကျေနပ်မှုကို ရှာဖွေသလော၊ ပရမတ်ဘုရားရှင်သည်ကား လွတ်ငြိမ်းစေသောအရှင်၊ အကြင်နာရှင် ဖြစ်တော်မူ၏။
၂။ ပရမတ်ဘုရားရှင်က- သင်တို့၏ အားသန်ချက်များကို ဘောင်ပြန်ဝင်စေရန် ဝတ္တရား ဖြစ်စေပြီ၊ ပရမတ်ဘုရားရှင်သည် သင်တို့အတွက် မဟာမိတ် ဖြစ်၏၊ အရှင်သည် သိနေသောအရှင်၊ ဓမ္မသတ်ရှင် ဖြစ်တော်မူ၏။
၃။ သတင်းတော်ဆောင်သည် သူ၏ပေါင်းဖေါ်များမှ အချို့ကို လက်တွင်းကြိတ် ဆင့်ပြန်၏၊ သူမသည် ၎င်းကို သတင်းပေးသောအခါ ပရမတ်ဘုရားရှင်က သူ့အား ဖေါ်ထုတ်ပေးတော်မူ၍ သူက ထိုအကြောင်းချက်မှ အချို့ကို သတင်းဆင့်လျက် အချို့ကို ဘောင်ထား၏၊ ထိုအခါ သူမက “ဤအကြောင်းကို မည်သူက သင့်အား သတင်းပေးသနည်း၊” ဟု ဆိုသော် သူက “သိနေတော်မူသော၊ သတင်း ရနေတော်မူသော အရှင်က ကျွန်ုပ်အား သတင်းပေး၏၊” ဟု ပြောဆို၏။
၄။ သင်တို့သည် ပရမတ်ဘုရားရှင်ထံ၌ ခဝါချကြလျှင် သင်တို့နှစ်ဦး၏ နှလုံးသားသည် တိမ်းညွတ်စေလိမ့်မည်၊ အကယ်၍ ၎င်းအား ဆန့်ကျင်ရန် ကျောထောက် နောက်ခံပြုကြလျှင် ဧကန်ပင် ပရမတ်ဘုရားရှင်- အရှင်သည် သူ၏ မဟာမိတ် ဖြစ်၏၊ ထို့ပြီးနောက် မြတ်သောဉာဏ်စဉ်၊ ပြုပြင် ပြောင်းလဲသော ယုံကြည်သူများနှင့် နိမိတ်ဆောင်တို့သည် သူ့အား ကျောထောက် နောက်ခံပြုသူများ ဖြစ်ကြ၏။
၅။ အကယ်၍ သူက သင်မတို့အား ခွဲခွာခဲ့သော် သင်မတို့ထက် ပို၍ ကောင်းမွန်သော ပေါင်းဖေါ်များကို သူ့အား ကံကြမ္မာရှင်က လွှဲပြောင်းပေးနိုင်ရာ၏၊ သူမတို့သည် ငြိမ်းချမ်းရေး ပြုသောသူမ၊ ယုံကြည်သူမ၊ နာခံသူမ၊ ခဝါချသူမ၊ ဝတ်ကျေသူမ၊ သီလမြဲသူမ၊ ကင်းရှင်းသူမနှင့် နုရွယ်သော သူမများ ဖြစ်ကြ၏။
၆။ အို- ယုံကြည်သော သူတို့၊ သင်တို့၏ ဉာဉ်စရိုက်များ၊ သင်တို့၏ ဝိုင်းသားများကို လူသား၊ ကျောက်သားများဖြင့် လောင်စာဖြစ်သော အပူမီးမှ ကင်းရန် စည်းစောင့်ကြလော့၊ ယင်းကို ပြတ်ပြတ်သားသား၊ တိကျ ပြတ်သားသော နိမိတ်ဆောင်များက လွှမ်းမိုးထား၏၊ ပရမတ်ဘုရားရှင်အား အာခံကြသည် မဟုတ်ချေ၊ သူတို့အား ညွှန်ကြားသည့် ညွှန်ကြားချက်အတိုင်း စီမံနေကြ၏။
၇။ အို- ဖုံးကွယ်သော သူတို့၊ ဤနေ့ကာလ၌ မတောင်းပန်ကြနှင့်၊ သင်တို့၏ ကျင့်ကြံခဲ့လေ့ ရှိရာသည် သင်တို့အတွက် အစားပေးခံရမည်ပင်။
၈။ အို- ယုံကြည်သော သူတို့၊ ပရမတ်ဘုရားရှင်၏ ထံတော်သို့ စိတ်ထား ဖြူစင်သော ခဝါချခြင်းဖြင့် ခဝါချကြလော့၊ ကံကြမ္မာရှင်သည် သင်တို့အား သင်တို့၏ အကုသိုလ်များမှ ဖုံးကွယ် ပလပ်ပေးနိုင်ကောင်း၍ အောက်ခင်း၌ စမ်းချောင်းရေသွင် စီးဆင်းနေသော ဥယျာဉ်ဘုံများသို့ ဝင်ရောက်စေနိုင်၏၊ ဤနေ့ ကာလ၌ ပရမတ်ဘုရားရှင်သည် သတင်းတော်ဆောင်နှင့် သူနှင့်အတူရှိသည့် ယုံကြည်သော သူတို့အား အရှက်ရစေမည် မဟုတ်ချေ၊ သူတို့၏ လက်ရှိ-မျက်မှောက်နှင့် သူတို့၏ အားသန်စွာ လုံးပန်းမှု အလင်းရောင်သည် ရှိလျက် “အို- ကံကြမ္မာရှင်၊ တပည့်တော်တို့၏ အလင်းရောင်အား တပည့်တော်တို့ အတွက် ပြည့်စုံစေပါပြီ၊ တပည့်တော်တို့အား လွတ်ငြိမ်းစေတော်မူပါ၊ ဧကန်ပင် အရှင်သည် သဗ္ဗလုံးစုံအား စည်းချိန် ချမှတ်တော်မူပါ၏၊” ဟု ရင့်ကျူးကြလတ္တံ့။
၉။ အို- သတင်းတော်ဆောင်၊ ဖုံးကွယ်သူများနှင့် သီလကြောင်များ အပေါ်၌ အားစိုက် ဆောင်ရွက်လော့၊ သူတို့အပေါ်၌ တိကျ ပြတ်သားလော့၊ သူတို့၏ ခိုလှုံရာသည် ငရဲဘုံ ဖြစ်၍ ယင်းသည် အမင်္ဂလာ ခရီးဆုံး ဖြစ်၏။
၁၀။ ဖုံးကွယ်သော သူတို့အတွက် ပရမတ်ဘုရားရှင် ပမာဆောင်သော ဥပမာမှာ နူးဟ်၏ အမျိုးသမီးနှင့် လု(တ်)၏ အမျိုးသမီးတို့ ဖြစ်၏၊ သူတို့နှစ်ဦးသည် ငါ၏ အမှုတော်ဆောင် နှစ်ဦးဖြစ်သည့် ပြုပြင် ပြောင်းလဲသော အမှုတော်ဆောင်များ၏ လက်အောက်၌ ဖြစ်ခဲ့သော်လည်း သူတို့အပေါ်၌ သစ္စာမဲ့ခဲ့၏၊ သို့သော် သူတို့သည် ပရမတ်ဘုရားရှင်အား ဆန့်ကျင်စရာ မပြည့်စုံခဲ့ဘဲ “အပူမီးသို့ ဝင်ရသူများနှင့် အတူ ဝင်ကြလော့၊” ဟုသာ အမိန့်ခံလိုက်ရ၏။
၁၁။ ယုံကြည်သော သူတို့အတွက် ပရမတ်ဘုရားရှင် ပမာဆောင်သော ဥပမာမှာ- ဖာရိုး၏ အမျိုးသမီးဖြစ်၏၊ သူမက “အို- ကံကြမ္မာရှင်၊ တပည့်တော်မအတွက် အရှင့်ထံပါး ဥယျာဉ်တော်၌ အိမ်တော်တစ်ဆောင် တည်ဆောက် ပေးတော်မူပါ၊ ဖာရိုးနှင့် သူ့အကျင့်အကြံများမှ တပည့်တော်မအား လွတ်မြောက်စေတော်မူပါ။ မိုက်ကြေးခွဲနေသော လူမျိုးမှလည်း လွတ်မြောက်စေတော်မူပါ၊” ဟု လျှောက်ထား၏။
၁၂။ အင်မရာန်၏ သမီးတော် မာရိသည်လည်း သူမ၏ အရှက်အင်္ဂါကို ထိန်းသိမ်းသော သူမ ဖြစ်၏၊ သို့ဖြင့် ထို၌ ငါ၏ ဉာဏ်စဉ်ကို သက်ဝင်စေ၏၊ သူမသည် သူမ ကံကြမ္မာရှင်၏ စကားတော်နှင့် အရှင်၏ ကျမ်းတော်ကို ဖြောင့်မှန်စွာ လက်ခံ၏၊ သူမသည်ကား နာခံသူတို့မှ ဖြစ်၏။
ဓမ္မခန္ဓာ (၆၆) ဤတွင် ပြီး၏။
၁။ အာဏာစက်အား ချုပ်ကိုင်ထားတော်မူသော အရှင်သည် ကျက်သရေ အပေါင်းနှင့် ပြည့်စုံတော်မူ၏၊ အရှင်သည် သဗ္ဗလုံးစုံအား စည်းချိန် ချမှတ်တော်မူ၏။
၂။ သင်တို့အနက် မည်သူသည် အတင့်တယ်ဆုံး ကျင့်ကြံသည်ကို စုံစမ်းရန် အလို့ငှာ အရှင်သည် အနိစ္စ၊ နိစ္စကို ဖြစ်တည်စေတော်မူ၏၊ အရှင်သည် ဘုန်းတော်ရှင်၊ လွတ်ငြိမ်းစေသောအရှင် ဖြစ်၏။
၃။ အရှင်သည် ကောင်းကင် ဂြိုလ်စဉ် ခုနစ်ဆက်ကို ဖြစ်တည်စေ၏၊ ကရုဏာရှင်၏ ဖြစ်တည်စေခြင်း၌ လွတ်ထွက်နေသည်ဟု သင် ရှုမြင်ရမည် မဟုတ်ချေ၊ ပြန်လှည့်ကြည့်လော့၊ မူလအတိုင်း ရှိသည်ကို ရှုစားမိသလော။
၄။ တဖန် မျက်စိ အကြိမ်ကြိမ် လှည့်ကြည့်စေလော့၊ သင့်အကြည့်သည် သင့်ထံသို့ အရှက်ရ ကြေကွဲစရာသာ ဦးလှည့်လတ္တံ့။
၅။ ငါအရှင်သည် လောကီ ကောင်းကင်ကို စတင် တောက်ပခြင်းများဖြင့် ဖမ်းစားထားစေ၍ ၎င်းကို မကောင်းဆိုးဝါးတို့ အတွက် ပစ်ဒုံးအဖြစ် စီစဉ်ထားပြီ၊ မီးလောင်စာ ဝဋ်ကြွေးအား သူတို့အတွက် ငါ ပြင်ဆင်ထား၏။
၆။ ကံကြမ္မာရှင်အား ဖုံးကွယ်သော သူတို့အဘို့ ငရဲ ဝဋ်ကြွေးသည် ရှိ၏၊ ၎င်းသည် အမင်္ဂလာ ခရီးဆုံးပင် ဖြစ်၏။
၇။ သူတို့အား ထို၌ ခင်းကျင်းသောအခါ ငိုကြွေးကြသည်ကို ကြားရလတ္တံ့၊ ယင်းသည် ပွက်လောရိုက်လျက် ဖြစ်၏။
၈။ ၎င်းသည် ဒေါသဟုန်းဟုန်း ကွဲထွက်မတတ် ဖြစ်နေ၏၊ ထို၌ အုပ်စုလိုက် ခင်းကျင်းလေတိုင်း ၎င်း၏ အစောင့်က “သင်တို့ထံသို့ သတိပေးသူ မပေးရောက်ခဲ့သလော၊” ဟု မေးမြန်းလတ္တံ့။
၉။ သူတို့က “အမှန်ပင်၊ ကျွန်ုပ်တို့ထံသို့ သတိပေးသူများ မုချ ရောက်လာခဲ့ပါ၏၊ သို့သော် သူ့တို့အား ကျွန်ုပ်တို့ ငြင်းဆန်၍ ပရမတ်ဘုရားရှင်သည် သင်တို့အား မည်သည်ကိုမှ ချမှတ်ပေးခဲ့ခြင်း မဟုတ်၊ သင်တို့သည် ကြီးစွာသော အပါယ်လမ်း၌ ရှိသူများ ဖြစ်၏- ဟု ပြောဆိုမိပါ၏၊” ဟု ပြန်ပြောကြ၏။
၁၀။ “အကယ်၍ ကျွန်ုပ်တို့သည် ကြားနာမှု၊ သို့မဟုတ် အတွေးအခေါ် ရှိခဲ့လျှင် ကျွန်ုပ်တို့သည် မီးလောင်စာ၏ ပေါင်းဖေါ်များ မဟုတ်ခဲ့ချေ၊” ဟုလည်း ပြောကြ၏။
၁၁။ ထိုသို့ သူတို့၏ အပြစ်များကို မှတ်မိကြလျက် မီးလောင်စာ၏ ပေါင်းဖေါ်တို့သည် အဝီစိသို့ ကျရပြီ။
၁၂။ စက္ခုလွန်၌ပင် ကံကြမ္မာရှင်အား ကြောက်ရွံ ရိုကျိုးသောသူတို့အဘို့ မူကား လွတ်ငြိမ်းခွင့်နှင့် ကြီးမားသော အကျိုး ဆုလာဘ်သည် ရှိနေ၏။
၁၃။ သင်တို့ ကြိတ်၍ ပြောခြင်း၊ သို့မဟုတ် ကျယ်လောင်စွာဖွင့်ဟခြင်း၊ အရှင်သည် သင်တို့၏ ရင်တွင်း ခံစားချက်များအားဖြင့် သိနေသောအရှင် ဖြစ်၏။
၁၄။ ဖြစ်တည်ပေးတော်မူသော အရှင်က မသိတုံသလော၊ အရှင်သည် သက်ညှာတော်မူ၏၊ သတင်း ရနေတော်မူ၏။
၁၅။ မြေကမ္ဘာအား နိမ့်ပါး စေခိုင်းရာအဖြစ် သင်တို့အတွက် စီစဉ်ပေးသောအရှင် ဖြစ်၏၊ ထိုမှ ထွက်၍ အရပ်တိုင်းအား သွားလာကြလော့၊ အရှင် ရိက္ခာထောက်ရာမှ စားသုံးကြလော့၊ အရှင့်ထံသို့သာ ရှင်ပြန် စုဆုံရမည်တည်း။
၁၆။ မြေကမ္ဘာ- ၎င်းသည် လှုပ်ခါသောအခါ သင်တို့အား မြိုလိမ့်မည် မဟုတ်ဟု- ကောင်းကင်မှ သင်တို့အား လုံခြုံပြီဟု- ယုံကြည်စေသလော။
၁၇။ သို့တည်းမဟုတ် သင်တို့ အပေါ်သို့ သဲမုန်တိုင်းအား စေစားမည် မဟုတ်ဟု- အထက်ကောင်းကင်မှ သင်တို့အား လုံခြုံပြီဟု- ယုံကြည်စေသလော၊ ငါအရှင်၏ သတိပေးချက်သည် မည်သို့ ဖြစ်သည်ကို သူတို့ သိလာရလတ္တံ့။
၁၈။ သူတို့၏ ရှေ့အလျင် ဖြစ်သူတို့သည် မုချ ငြင်းဆန်ခဲ့ကြပြီ၊ မကြုံဘူးသည့် ပြစ်ဒဏ်သည် မည်သို့ ဖြစ်ဘိသနည်း။
၁၉။ သူတို့ အပေါ်ရှိ ငှက်များမှာ အစီအရီ ယှက်သန်းလျက် ရှိသည်ကို မမြင်ကြသလော၊ ၎င်းတို့အား ကရုဏာရှင်သည်သာ ထိန်းထားခြင်း ဖြစ်၏၊ ဧကန်ပင် အရှင်သည် သဗ္ဗလုံးစုံအား မြင်နေသောအရှင် ဖြစ်၏။
၂၀။ သို့တည်းမဟုတ် ကရုဏာရှင်မှလွဲ၍ မည်သူသည် သင်တို့အား ကူညီနိုင်သည့် စစ်သည်တော်များ ဖြစ်သနည်း၊ ဖုံးကွယ်သူတို့၌ မြှူဆွယ်ခြင်း မှအပ အခြား မရှိချေ။
၂၁။ သို့တည်းမဟုတ် အကယ်၍ အရှင်က အရှင်၏ ရိက္ခာထောက်ခြင်းကို ဆိုင်းထားလျှင် သင်တို့အား မည်သူက ရိက္ခာထောက်နိုင်မည်နည်း၊ အမှန်မှာ သူတို့သည် အာခံမှုနှင့် စစ်သွေးကြွစိတ်၌ တိုးဝှေ့နေကြ၏။
၂၂။ သို့တည်းမဟုတ် မျက်နှာအောက်စိုက် သွားလာသူသည် မြဲမြံ တည်တံ့သော လမ်းစဉ်၌ ပုံစံတကျ သွားလာသူထက် ပိုမို လမ်းညွှန်ခံရသလော။
၂၃။ ဟောလော့၊ “ထို အရှင်သည် သင်တို့အား ပေါက်ပွားစေ၏၊ သင်တို့အား အကြား၊ အမြင်၊ စိတ်နှလုံးများကို စီစဉ်ပေး၏၊ သို့သော် အနည်းငယ်မျှသာ ကျေးဇူးသိတတ်ကြ၏။”
၂၄။ ဟောလော့၊ “အရှင်သည် သင်တို့အား မြေကမ္ဘာ၌ ပွားများစေ၏၊ သင်တို့သည် အရှင့်ထံသို့သာ စုစည်းခံရစေမည်ပင်။
၂၅။ သူတို့က “သင်တို့သည် ဖြောင့်မှန်သူများ ဖြစ်ကြလျှင် ထိုကတိတော်မှာ မည်သည့်အခါ ဖြစ်မည်နည်း၊” ဟု ဆိုကြ၏။
၂၆။ ဟောလော့၊ “ယင်းသည် ပရမတ်ဘုရားရှင်၏ထံမှ အသိတော်၌သာ ရှိ၏၊ ကျွန်ုပ်သည်ကား ရှင်းလင်း ထင်ရှားသော သတိပေးသူပင်။”
၂၇။ ၎င်းသည် ချဉ်းကပ်လာသည်ကို မြင်တွေ့သောအခါ ဖုံးကွယ်သော သူတို့၏ မျက်နှာများသည် အကုသိုလ်သင့်လျက် “ဤသည် သင်တို့ ဖိတ်ခေါ်လေ့ရှိရာများ ဖြစ်သလော၊” ဟု ဆိုကြ၏။
၂၈။ ဟောလော့၊ “သင်တို့ မြင်မိသလော၊ ပရမတ်ဘုရားရှင်သည် ကျွန်ုပ်၊ ကျွန်ုပ်နှင့်အတူ ရှိသူတို့အား တိမ်ကော ပျက်စီးစေသည် ဖြစ်စေ၊ ကရုဏာ သက်သည် ဖြစ်စေ၊ ဖုံးကွယ်သူတို့အား စူးနစ် နာကျင်သော ဝဋ်ကြွေးမှ မည်သူက ကာကွယ်ပေးနိုင်မည်နည်း။”
၂၉။ ဟောလော့၊ “အရှင်သည် မဟာ ကရုဏာရှင် ဖြစ်၏၊ ကျွန်ုပ်တို့သည် အရှင့်အား ယုံကြည်၏၊ အရှင့်အား ကိုးစား၏၊ မည်သူသည် ရှင်းလင်း ထင်ရှားသော လွဲမှားခြင်း၌ ရှိသည်ကို သင်တို့ သိလာရလတ္တံ့။”
၃၀။ ဟောလော့၊ “သင်တို့ မြင်မိသလော၊ သင်တို့၏ ရေသည် ငုပ်လျှိုး သွားလျှင် ထို့နောက် မည်သူက သင်တို့အား စိမ့်စမ်းရေကို ပေးနိုင်အံ့နည်း။”
ဓမ္မခန္ဓာ (၆၇) ဤတွင် ပြီး၏။
၁။ ကညစ်တံ၊ ကလောင်တံ၊ ရေးသားကြသော အရာများအားဖြင့်။-
၂။ သင့်ကရုဏာရှင်၏ ဂုဏ်ပေးခြင်းဖြင့်- သင်သည် ရူးသွပ်နေသူ မဟုတ်ချေ။
၃။ သင့်အတွက် မျက်နှာမပျက်ရသော ဆုလာဘ်သည် ဧကန် ရှိစေလတ္တံ့။
၄။ သင့်၌ မဟာ စိတ်ကူး တည်ဆောက်မှုကြီး ရှိနေ၏။
၅။ သို့ဖြင့် သင် မြင်ရမည်မှာ- သူတို့လည်း မြင်ရမည်မှာ။-
၆။ သင်တို့ကြား၌ မည်သူက သွေးတိုးစမ်းသူ ဟု- ဖြစ်၏။
၇။ ဧကန်ပင် ကံကြမ္မာရှင်၊ အရှင်သည် မည်သူက လမ်းစဉ်မှ လွဲချော်သည်ကို အသိဆုံး ဖြစ်တော်မူ၏၊ အရှင်သည် လမ်းညွှန်ခံရသူများကိုလည်း အသိဆုံး ဖြစ်တော်မူ၏။
၈။ မုသားဝါဒီများကို မနာခံနှင့်။
၉။ သူတို့သည် သင့်ဘက်က လျော့ချစေလို၍ သူတို့ဘက်ကလည်း လျော့ချပေးလိုသည်ဟု။-
၁၀။ တန်ဘိုးမဲ့ တိုင်တည်ပြသူတိုင်းအား မနာခံနှင့်။
၁၁။ သူသည် ဂုဏ်သရေဖျက်သူ၊ လျှောက်၍ သွားပုပ်လေလွင့် ပြောသူ။-
၁၂။ ကောင်းမှုကို ဟန့်တားသူ၊ စည်းဖေါက်သူ၊ ပြစ်မှုပြုသူ။-
၁၃။ ဆွဲချခံရသူ၊ ယင်းနောက် အသုံးမကျသူ- ဖြစ်၏။
၁၄။ အကြောင်းမှာ- သူသည် ဥစ္စာပစ္စည်း သားသမီးများ ပိုင်ဆိုင်သောကြောင့် ဖြစ်၏။
၁၅။ သူ့အား ငါအရှင်၏ သုတ်ဒေသနာများကို ဖတ်ပြသောအခါ “ရှေးသရောအခါက ဒဏ္ဍာရီများသာတည်း၊” ဟု ဆို၏။
၁၆။ သူ့ နှာခေါင်းဖျား၌ ငါ တံဆိပ် ကပ်ထားတော်မူပြီ။
၁၇။ သူတို့အား- ဥယျာဉ် ပေါင်းဖေါ်တို့အား စုံစမ်းသကဲ့သို့ ငါ စုံစမ်းတော်မူ၏၊ သူတို့သည် နံနက်စသောအခါ သစ်သီးခူးအံ့ဟု တိုင်တည်ကြ၏။
၁၈။ ဒုတိယမ္မိ မရှိချေ။
၁၉။ သူတို့ အိပ်စက်နေစဉ် ကံကြမ္မာရှင်၏ထံမှ လေပွေမုန်တိုင်းသည် ထိုအပေါ်၌ လှည့်မွှေ့တော့၏။
၂၀။ သို့ဖြင့် ၎င်းသည် ခူးချိန်လွန် ဖြစ်သွားတော့၏။
၂၁။ နံနက်စတွင် နှိုးဆော်ကြသည်မှာ။-
၂၂။ “သင်တို့သည် သီးနှံ ခူးလိုကြလျှင် သင်တို့၏ စိုက်ခင်းသို့ မနက်စောစော” ဟု ဖြစ်၏။
၂၃။ ထွက်ခွာလာကြစဉ် လေသံ တိုးတိုးဖြင့်။-
၂၄။ “ဤနေ့တွင် သင်တို့ထံသို့ မည်သည့် နွမ်းပါးသူမှ အဝင်မခံနှင့်၊” ဟုဆိုကြ၍။-
၂၅။ သူတို့သည် မနက်စောစော စည်းချိန်ကြပ်မတ် ဘုံဆုံးဖြတ်၏။
၂၆။ သို့သော် သူတို့သည် ၎င်းကို မြင်လိုက်ရသည်နှင့် ပြောကြသည်မှာ “ကျွန်ုပ်တို့ လွဲမှားသူများ ဖြစ်လေပြီ။
၂၇။ အမှန်မှာ ကျွန်ုပ်တို့သည် တားမြစ် ပိတ်ပင်ခံ ရချေပြီ၊” ဟု ဖြစ်၏။
၂၈။ သူတို့မှ အလယ်အလတ်ရှိသူက “ကျွန်ုပ်တို့သည် ဦးထိပ် မထားသင့်သလော ဟု ကျွန်ုပ် မပြောခဲ့သလော၊” ဟု ဆို၏။
၂၉။ သူတို့က “ကံကြမ္မာရှင်အား ဦးထိပ်ထားပါပြီ၊ ကျွန်ုပ်တို့သည် အမိုက်ကောင်များ ဖြစ်ခဲ့၏၊” ဟု ဆိုကြ၍။-
၃၀။ သူတို့မှ အချို့က အချို့ထံသို့ ရှေ့တိုးလာလျက် အပြစ်ဖို့ကြတော့၏။
၃၁။ သူတို့က ပြောကြသည်မှာ “ကျွန်ုပ်တို့နှယ် ပျက်စီးရလေခြင်း၊ ကျွန်ုပ်တို့သည် စည်းဖျက်သူများ ဖြစ်ခဲ့၏။
၃၂။ ကံကြမ္မာရှင်သည် ကျွန်ုပ်တို့အား ပို၍ ကောင်းသည်နှင့် လွှဲပြောင်းပေးနိုင်ရာ၏၊ ဧကန်ပင် ကျွန်ုပ်တို့သည် ကံကြမ္မာရှင်ထံသို့ ဦးစားပေးကြလတ္တံ့၊” ဟု ဖြစ်၏။
၃၃။ ဝဋ်ကြွေးဒဏ်သည် ယင်းသို့ ဖြစ်၏၊ နောင်ဘဝ၏ ဝဋ်ကြွေးသည်ကား ပို၍ ကြီးမား၏၊ သင်တို့ သိခဲ့ပါလေစ။
၃၄။ ဧကန်ပင် စည်းစောင့်သူတို့အဘို့ ကံကြမ္မာရှင်၏ထံတော်၌ ဂုဏ်ရှိသော ဥယျာဉ်များ ရှိ၏။
၃၅။ ငါသည် ငြိမ်းချမ်းရေး ဝါဒီတို့အား ရာဇဝတ်ကောင်များ ကဲ့သို့ စီစဉ်လိမ့်မည်လော။
၃၆။ သင်တို့၏ စီရင်ထုံးသည် မည်သို့ ဖြစ်ဘိသနည်း။
၃၇။ သို့တည်းမဟုတ် သင်တို့ လေ့လာ ဆည်းပူးဘို့ရာ ကျမ်းစာ တစ်အုပ် ရှိသလော။
၃၈။ ထို၌ သင်တို့ စိတ်ကြိုက် ထုတ်နုတ်စရာများ ရှိနေသလော။
၃၉။ သို့တည်းမဟုတ် ရပ်တည်ရသော နေ့သို့ ဆိုက်ရောက်သည့်တိုင် သင်တို့ စီရင်ထုံး ချမှတ်နိုင်သည် ဟု ငါ့ထံမှ ဩဇာကို သင်တို့ ရထားသလော။
၄၀။ ထိုမှ သူတို့အတွက် ရပ်တည် ပြောဆိုနိုင်မှု ရှိသလော ဟု မေးလော့။
၄၁။ သို့တည်းမဟုတ် သူတို့၌ ရောပြွန်း ကိုးကွယ်ရာ ရှိသလော၊ သူတို့သည် ဖြောင့်မှန်သူများ ဖြစ်ကြလျှင် သူတို့၏ ရောပြွန်း ကိုးကွယ်ရာတို့ကို ပေးအပ်စေလော့။
၄၂။ ခြေ ဖယ်ရှားခံရသောနေ့ ကာလ၌ ၎င်းတို့အား ဦးချ နာခံမှုသို့ ဖိတ်ခေါ် ခံရလတ္တံ့၊ သို့သော် ၎င်းတို့သည် တတ်နိုင်တော့သည် မဟုတ်ချေ။
၄၃။ သူတို့၏ အမြင်များသည် ကျို့ငဲ့လျက် နှိမ်ခံရခြင်းသည် သူတို့အား ဖိစီးမှု ရှိလတ္တံ့၊ သူတို့သည် ငြိမ်းချမ်းမှု ရှိစဉ်က ဦးချ ရိုကျိုးခြင်းဆီသို့ ဖိတ်ခေါ်ခြင်း ခံခဲ့ရပြီ။
၄၄။ သို့ဖြစ်၍ ဤ ဆင့်ပြန်ချက်အား ငြင်းဆန်သူတို့ကို ငါ့ထံ ချန်ထားခဲ့လော့၊ ငါသည် သူတို့အား သူတို့မသိသော နေရာမှ အခွင့်အလမ်း လျော့ပါးနေစေ၏။
၄၅။ သူတို့အား ငါအချိန်ပေးထား၏၊ ဧကန်ပင် ငါ၏ ဗျူဟာသည် အင်အား ကောင်းတော်မူ၏။
၄၆။ သို့တည်းမဟုတ် သင်သည် သူတို့ထံမှ အကျိုး ဆုလာဘ် တောင်းခံသောကြောင့် သူတို့မှာ အကြွေးဝန် ပိနေကြသလော။
၄၇။ သို့တည်းမဟုတ် သူတို့ထံ၌ မျက်ကွယ် အသိများရှိ၍ ၎င်းတို့ကို မှတ်တမ်း တင်နေကြသလော။
၄၈။ သို့ဖြစ်၍ ကံကြမ္မာရှင်၏ စီရင်ထုံးကို သင် သည်းခံ စောင့်ဆိုင်းလော့၊ သင်သည် ငါးကြီး၏ ပေါင်းဖေါ်က သူ ယူကျုံးမရ ဖြစ်နေစဉ် တင်ပြသကဲ့သို့ မဖြစ်စေနှင့်။
၄၉။ ကံကြမ္မာရှင်၏ထံမှ ဂုဏ်ပေးခြင်း မလွှမ်းခြုံလျှင် သူသည် ထောက်ထားသူမဲ့ ဗလာလက်ဖြင့် စွန့်ပစ်ခံရလတ္တံ့။
၅၀။ သို့သော် ကံကြမ္မာရှင်သည် သူ့အား ရွေးချယ်တော်မူ၍ သူ့အား ပြုပြင် ပြောင်းလဲသူတို့မှ စီစဉ်ပေး၏။
၅၁။ သတိပေး တရားတော်အား ကြားရသောအခါ ဖုံးကွယ်သော သူတို့က သင့်အား အမြင်စောင်း လေဖြင့် “သူသည်ကား အရူးပင်” ဟု ဆိုကြလတ္တံ့။
၅၂။ ဤကုရ်အာန်သည် လောကခပ်သိမ်းအတွက် သတိပေး တရားတော် မှအပ အခြား မဟုတ်ချေ။
ဓမ္မခန္ဓာ (၆၈) ဤတွင် ပြီး၏။
၁။ ပရမတ္ထသစ္စာ။-
၂။ ပရမတ္ထသစ္စာဟူသည် အဘယ်နည်း။
၃။ ပရမတ္ထသစ္စာ ဟူသည် အဘယ်အရာ ဟု သင် မည်သို့ မှန်းဆနိုင်မည်နည်း။
၄။ သမူဒ်နှင့် အာဒ်တို့သည် ကပ်ကြီးဆိုက်မည်ကို ငြင်းဆန်ခဲ့၏။
၅။ သမူဒ်တို့အတွက်မူ သူတို့သည် စည်းဖျက်ခြင်းဖြင့် တိမ်ကောရလေပြီ။
၆။ အာဒ်တို့မှာမူ သူတို့သည် ထိန်းမရ ဒေါသကြီးနေသော လေဖြင့် ပျက်စီး တိမ်ကောခဲ့ရ၏။
၇။ ၎င်းအား သူတို့အပေါ်သို့ ခုနစ်ညနှင့် ရှစ်ရက်တိုင် အဆက်မပြတ် လေဖြင့် တိုက်ခိုက်စေခဲ့၏၊ သို့ဖြစ်၍ သင်သည် ထိုလူမျိုးတို့၏ ပြိုလဲနေမှုကို မြင်တွေ့ခဲ့ရလျှင် စွန်ပလွံပင်အိုများ ဖရိုဖရဲ ဖြစ်ကဲ့သို့ ဖြစ်နေလတ္တံ့။
၈။ သူတို့မှ ကျန်ရှိသူများကို သင် မြင်မိသလော။
၉။ ထို့ပြင် ဖာရိုးမင်း၊ သူ့မတိုင်မီ သူများနှင့် ပြောင်းပြန်လန်သွားသော မြို့သားများသည် အမှားဖြင့် ရောက်လာခဲ့ကြ၏။
၁၀။ သူတို့သည် ကံကြမ္မာရှင်၏ ဉာဏ်စဉ်ဆောင်များအား အာခံကြ၏၊ သို့ဖြစ်၍ သူတို့အား ဆတိုး အရေးယူခြင်းဖြင့် အရေးယူလိုက်၏။
၁၁။ ဧကန်ပင် ရေသည် စည်းဖျက်လာစဉ် သင်တို့အား လှေ သင်္ဘောပေါ် ၌ ငါ တင်ဆောင်ခဲ့သည်မှာ။-
၁၂။ သင်တို့အတွက် သတိပေး တရားတော် စီစဉ်ထား၏၊ နားထဲသို့ ထည့်ထားလိုက ထည့်ထားနိုင်ရာ၏။
၁၃။ သို့ဖြင့် တစ်ကြိမ်တစ်ခါ ပုံစံသက်ဝင်စေခြင်းဖြင့် သက်ဝင်သောအခါ။-
၁၄။ မြေကမ္ဘာနှင့် တောင်တန်းတို့အား သယ်ဆောင်လျက် တစ်ကြိမ်တည်း ခြေမွှခြင်းဖြင့် ခြေမွှပစ်သောအခါ။-
၁၅။ ထိုနေ့ကာလ၌ အဖြစ်အပျက်ကြီး ဖြစ်ပျက်ရလတ္တံ့။
၁၆။ ကောင်းကင်ယံသည် ကြေမွလျက် ထိုနေ့ကာလ၌ ၎င်းသည် ကြွပ် ဆတ်နေလတ္တံ့။
၁၇။ နိမိတ်ဆောင်တို့သည် မျှော်ကိုးလျက် ရှိပြီး ထိုနေ့ကာလ၌ သူတို့၏အပေါ်မှ ကံကြမ္မာရှင်၏ ထပ်ဆင့်ကွပ်ကဲမှု နံပါတ်ရှစ်ကို သယ်ပိုး ကြရလတ္တံ့။
၁၈။ ထိုနေ့ကာလ၌ ဘောင်တွင်းမှ ဖြစ်ရလတ္တံ့၊ သင်တို့အနက် ထိမ်ဝှက် ထားနိုင်သော ထိမ်ဝှက် ထားနိုင်ရာဟု မရှိချေ။
၁၉။ သူ၏ မှတ်တမ်းအား သူ၏ အားသန်ရာသို့ ပေးခံရမူ သူက ပြောမည်မှာ “ကျွန်ုပ် မှတ်တမ်းအား ဖတ်ကြည့်လော့။
၂၀။ ကျွန်ုပ်သည် ဧကန်ပင် ကျွန်ုပ်၏ စာရင်းကို ခင်းကျင်းခံရမည်ဟု ကျွန်ုပ် စဉ်းစားခဲ့၏၊” ဟု ဖြစ်၏။
၂၁။ သို့ဖြင့် သူသည် ကျေနပ်နှစ်သက်သော ဘဝဖြင့် ဖြစ်စေ၍။-
၂၂။ အထွဋ်အထိပ်ဖြစ်သော ဥယျာဉ်ဘုံ၌။-
၂၃။ အပြွတ်ပြွတ် သီးနှံများသည် အနီးကပ်ရှိနေ၏။
၂၄။ သင်တို့၏ အတိတ် ကာလများမှ ပြန်ပေးခြင်းအတွက် ကျေကျေနပ်နပ် စားစေ၊ သောက်စေ၏။
၂၅။ သူ၏ မှတ်တမ်းအား သူ၏ လက်ဝဲလက်သို့ ပေးခံရမူ သူက ပြောမည်မှာ “ကျွန်ုပ်များနှယ်၊ မှတ်တမ်းကို အပေးမခံရပါလေစ။
၂၆။ ကျွန်ုပ်၏ စာရင်း မည်သို့ ဖြစ်မည်ကို မမှန်းဆနိုင်ပြီတကား။
၂၇။ အလိုနှယ်- အပြီးတိုင် သေခဲ့ရလျှင် ကောင်းလေစွ။
၂၈။ ကျွန်ုပ်၏ ဥစ္စာပစ္စည်း ပြည့်စုံမှုသည် အထောက် မမီခဲ့ပြီ။
၂၉။ ကျွန်ုပ်၏ တန်ခိုးအာဏာသည် ပျက်သုဉ်းသွားလေပြီ၊” ဟု ဖြစ်၏။
၃၀။ “သူ့အား ဖမ်းဆီး ချုပ်ကိုင်လော့။
၃၁။ ထို့နောက် ငရဲမီးအား လောင်ကျွမ်းစေလော့။
၃၂။ သူ့အား အတောင် ခုနစ်ဆယ် ရှိသော သံကြိုးထဲ၌ ဝင်နေစေလော့။
၃၃။ သူသည် အလွန် အထွဋ်အထိပ် ဖြစ်တော်မူသော ပရမတ်ဘုရားရှင်အား မယုံကြည်ခဲ့ချေ။
၃၄။ သူသည် နွမ်းပါးသူတို့အား ကျွေးမွေးရန်လည်း မတိုက်တွန်းခဲ့ချေ။
၃၅။ သို့ဖြစ်၍ သူ့အတွက် ဤနေ့ကာလ၌ နွေးထွေးစေသူ မရှိတော့ချေ။
၃၆။ သူ့အတွက် လက်ဆေးရေမှ အပ ကျွေးမွေးခံရခြင်း မရှိချေ။
၃၇။ ၎င်းကို အမှား ကျူးလွန်သူတို့မှအပ စားသုံးရခြင်း မရှိချေ။
၃၈။ ငါ တိုင်တည်သည်မှာ- သင်တို့ မြင်ရသည်များ။-
၃၉။ သင်တို့ မမြင်ရသည်များ ဖြစ်၍။-
၄၀။ ဤသည် ဂုဏ်ကျက်သရေရှိသော ဉာဏ်စဉ်တော်ဆောင်၏ နှုတ်ထွက်ဖြစ်၏။
၄၁။ ၎င်းသည် ကဗျာဆရာ၏ စကားမဟုတ်၊ သို့သော် အနည်းငယ် မျှကိုသာ သင်တို့ ယုံကြည်ကြကုန်၏။
၄၂။ ဗေဒင်ဆရာ၏ စကား မဟုတ်၊ သို့သော် အနည်းငယ်မျှကိုသာ သင်တို့ ဆင်ခြင် သတိ ရှိကြ၏။
၄၃။ လောကခပ်သိမ်း၏ ကံကြမ္မာရှင်ထံမှ ချမှတ်ပေးခြင်း ဖြစ်၏။
၄၄။ အကယ်၍ သူသည် ငါအရှင်နှင့်ပတ်သက်၍ ပါးစပ်ပြော ပုံပြင်အချို့ တီထွင် ပြောဆိုခဲ့လျှင်။-
၄၅။ သူ၏ ဩဇာကို ငါ သိမ်းယူလျက်။-
၄၆။ သူ၏ နှလုံးသွေးကြောကို ဖြတ်တောက်လေလတ္တံ့။
၄၇။ သင်တို့အနက် မည်သူ တစ်ယောက်မျှ ငါ့အား ကာရံ တားဆီးနိုင်မည် မဟုတ်ချေ။
၄၈။ ဧကန်ပင် ဤသည် စည်းစောင့်သူများအတွက် သတိပေး တရားတော် ဖြစ်၏။
၄၉။ ဧကန်ပင် သင်တို့အနက် ငြင်းဆန်သူများ ရှိသည်ကို ငါ ကောင်းစွာ သိနေတော်မူ၏။
၅၀။ ဧကန်ပင် ၎င်းသည် ဖုံးကွယ်သူတို့အဘို့ ကြေကွဲစရာ ဖြစ်၏။
၅၁။ ဧကန်ပင် ၎င်းသည် ဒိဋ္ဌ အမှန်တရားပင် ဖြစ်၏။
၅၂။ သို့ဖြစ်၍ ကံကြမ္မာရှင်၏ အထွဋ်အမြတ် ဂုဏ်တော်အား ဦးထိပ်ထားလော့။
ဓမ္မခန္ဓာ (၆၉) ဤတွင် ပြီး၏။
၁။ မေးသူ တစ်ဦးက အတည်ဖြစ်သည့် ဝဋ်ကြွေး အကြောင်းကို မေး၏။
၂။ ဖုံးကွယ်သူများအတွက် ၎င်းကို ခုခံပေးနိုင်သူ မရှိချေ။
၃။ ဉာဏ်သမ္မာပတ် တက်လမ်းများအား စိုးပိုင်သော ပရမတ်ဘုရားရှင်၏ထံမှ ဖြစ်၏။
၄။ နိမိတ်ဆောင်များနှင့် ဉာဏ်စဉ်တော်သည် အရှင့်ထံသို့ ဉာဏ်သမ္မာပတ် တက်လှမ်း၏၊ ယင်း၏ ကာလတစ်ခုသည် နှစ်ပေါင်း ငါးသောင်း စည်းချိန် ဖြစ်၏။
၅။ သို့ဖြစ်၍ အမြင်လှသော သည်းခံခြင်းဖြင့် သည်ခံလော့။
၆။ သူတို့မူကား ၎င်းကို နောက်ကျလွန်းသည်ဟု မြင်ကြ၏။
၇။ ငါအရှင်သည် ၎င်းကို နီးကပ်စွာ မြင်နေ၏။
၈။ ကောင်းကင်ယံသည် ကြေးနီရည်ကဲ့သို့ ဖြစ်သောနေ့ ကာလ။-
၉။ တောင်တန်းများသည် ဝါဂွမ်းဖတ်ကဲ့သို့ ဖြစ်၍။-
၁၀။ နွေးထွေးခံရသူက နွေးထွေးမှု ပေးသူကို သတင်းမမေးဘဲ။-
၁၁။ သူတို့ကို မြင်နေစေ၏၊ ရာဇဝတ်ကောင်သည် ထိုနေ့ကာလ၏ ဝဋ်ကြွေးမှ ကင်းရန် သားသမီးမှတဆင့် လျော်ပေးလိုသည်မှာ။-
၁၂။ သူ၏ ပေါင်းဖေါ်သင်းဘက်များ၊ သူ၏ သားချင်းများ။-
၁၃။ ယုတ်စွသူတို့အား ရှင်းလင်းပြတ်သားစွာ ခိုလှုံခွင့်ပေးခဲ့သူများ။-
၁၄။ မြေကမ္ဘာမှ အားလုံးကို ဖြစ်၍ ထို့နောက် လွတ်မြောက်လိုကြ၏။
၁၅။ အမှန်မှာ ယင်းသည် မီးတောက်မီးလျှံသာ ဖြစ်၍။-
၁၆။ လောင်မြိုက်ခြင်းမှ ဖယ်ပေးစေလျက်။-
၁၇။ ဖိတ်ခေါ်နေသည်မှာ- နောက်ခံဖြင့် ဦးလှည့်သွားသူ။-
၁၈။ စုဆောင်း၊ အိတ်သွပ်ထားသူအား ဖြစ်၏။
၁၉။ ဧကန်ပင် လူသားကို မမြိုသိပ်နိုင်သော သဘာ၀ဖြင့် ဖြစ်တည်ပေးထား၏။
၂၀။ ဆိုးကျိုး ထိသက်သောအခါ ဒဏ်ခံနိုင်ခြင်း မရှိချေ။
၂၁။ ကောင်းကျိုး ထိသက်သောအခါ ဖက်ကပ်ထား၏။
၂၂။ ဝတ်ပြုသူတို့မှာ ထိုမှကင်း၍။-
၂၃။ ထိုသူတို့သည် အစဉ် သူတို့၏ ဝတ်ပြုခြင်း၌ ရှိကြ၏။
၂၄။ သူတို့သည် သူတို့၏ ဥစ္စာပစ္စည်းအား မှန်ကန်စွာ သိလာနိုင်လျက်။-
၂၅။ တောင်းခံရသူနှင့် တားမြစ် ပိတ်ဆို့ခံရသူတို့အတွက် ဖြစ်စေ၏။
၂၆။ သူတို့သည် စီရင်မိန့်ချမည့်နေ့ ကာလအား ဖြောင့်မှန်စွာ လက်ခံကြ၏။
၂၇။ ကံကြမ္မာရှင်၏ နိယာမ ဝဋ်ကြွေးကို စိုးထိတ်သောသူတို့ ဖြစ်ကြ၏။
၂၈။ ကံကြမ္မာရှင်၏ နိယာမ ဝဋ်ကြွေးမှ ကင်းသည်ဟု ယုံကြည် စိတ်ချနိုင်ရာ မရှိချေ။
၂၉။ သူတို့သည် အရှက်အင်္ဂါများကို စောင့်ထိန်းကြသည်မှာ။-
၃၀။ သူတို့၏ အိမ်ထောင်ဘက်များ၊ သူတို့အတွက် အပြစ်မထိုက်သော သူတို့၏ လက်အောက် ဩဇာခံများမှအပ ဖြစ်၏။
၃၁။ ဤထက် နောက်ကွယ်ကို ရှာဖွေသူ၊ သူတို့သည် စည်းဖေါက်သူများ ဖြစ်ကြ၏။
၃၂။ သူတို့အား ယုံကြည်စွာ အပ်နှံမှုနှင့် သူတို့၏ ပဋိညာဉ်ကို ထိန်းကျောင်းသော သူများ ဖြစ်၏။
၃၃။ သူတို့၏ သက်သေခံချက်ဖြင့် ခိုင်မာစွာ ရပ်တည်သော သူများ ဖြစ်၏။
၃၄။ သူတို့၏ ဝတ်ပြုခြင်းကို စောင့်ထိန်းသော သူများ ဖြစ်ကြ၏။
၃၅။ သူတို့သည် ဥယျာဉ်များ၌ ဘိသိက် မြှောက်ခံရလတ္တံ့။
၃၆။ ဖုံးကွယ်သော သူတို့သည် ပြာပြာသလဲ သင့်ထံသို့ ရှေ့ရှုလာကြသည်မှာ မည်သို့ကြောင့်နည်း။
၃၇။ လက်ယာမှ၊ လက်ဝဲမှ၊ အုပ်စုကွဲများ ဖြစ်ကြ၏။
၃၈။ သူတို့အနက်မှ တစ်ဦးချင်းစီက ဂုဏ်ရှိသော ဥယျာဉ်တော်သို့ ဝင်ရမည်ဟု မျှော်လင့် နေကြသလော။
၃၉။ ထိုသို့မဟုတ်၊ ငါသည် သူတို့အား သူတို့သိသော ဝတ္ထုမှ ဖြစ်တည်စေခဲ့၏။
၄၀။ အမှန်မှာ နေထွက်ရာများ နေဝင်ရာများ၏ ကံကြမ္မာရှင်- ငါ တိုင်တည်၍ ငါသည် စည်းချိန် ချမှတ်တော်မူ၏။
၄၁။ ငါသည် သူတို့ထက် ပို၍ ကောင်းသော သူများနှင့် လွှဲပြောင်းပစ်နိုင်၏၊ ငါ့အား လွန်ဆန်၍ မရချေ။
၄၂။ သို့ဖြစ်၍ ဆုံတွေ့ရမည်ဟု ကတိထားသော နေ့ထိတိုင် သူတို့အား ဟာသ ပြက်လုံး ထုတ်နေခြင်း၌ ချန်ထားခဲ့လော့။
၄၃။ ထိုနေ့ ကာလ၌ သူတို့သည် အလျင်စလို အကိုးထိုး သကဲ့သို့ သင်္ချိုင်းဂူများမှ သုတ်ခြေတင် ထွက်လာကြလတ္တံ့။
၄၄။ သူတို့၏ အမြင်များ ကျို့ငဲ့လျက် နှိမ်ခံရခြင်းသည် သူတို့အား ဖိစီးမှု ရှိလတ္တံ့၊ ယင်းသည် သူတို့အား ကတိရှိသောနေ့ ကာလပင် ဖြစ်၏။
ဓမ္မခန္ဓာ (၇၀) ဤတွင် ပြီး၏။
၁။ “စူးနစ်နာကျင်သော ဝဋ်ကြွေးအား သူတို့ထံသို့ ပေးရောက်ခြင်း မတိုင်မီ သင့်လူမျိုးအား သတိပေးလော့၊” ဟု နူးဟ်အား သူ့လူမျိုးထံသို့ ငါ စေစား၍၊-
၂။ သူ ပြောသည်မှာ “အို- ကျွန်ုပ်၏ လူမျိုးတို့၊ ကျွန်ုပ်သည်ကား သင်တို့အတွက် ရှင်းလင်း ထင်ရှားသော သတိပေးသူပင်။
၃။ ပရမတ်ဘုရားရှင်အား ကိုးကွယ်ကြလော့၊ အရှင့်အား စည်းစောင့်ကြလော့၊ ကျွန်ုပ်ကို နာခံကြလော့။
၄။ အရှင်သည် သင်တို့အား သင်တို့၏ အပြစ်များမှ လွတ်ငြိမ်းစေလတ္တံ့၊ သတ်မှတ်ကာလ အချိန်ထိ နောက်ဆုတ် ထားပေးလတ္တံ့၊ ဧကန်ပင် ပရမတ်ဘုရားရှင်၏ သတ်မှတ်ကာလ ရောက်လာ သောအခါ နောက်ဆုတ်ထားနိုင်ခြင်း မရှိချေ၊ သင်တို့ သိကြပါလေစ၊” ဟု ဖြစ်၏။
၅။ သူ လျှောက်ထားသည်မှာ “အို- ကံကြမ္မာရှင်၊ တပည့်တော်၏ လူမျိုးအား နေ့ ည မအား တပည့်တော် ဖိတ်ခေါ်ပါသော်လည်း။-
၆။ တပည့်တော်၏ ဖိတ်ခေါ်ခြင်းသည် သူတို့အား ထွက်ပြေးမှုကိုသာ တိုးပွားစေ၏။
၇။ သူတို့အတွက် လွတ်ငြိမ်းစေခြင်းငှာ သူတို့အား တပည့်တော် ဖိတ်ခေါ်တိုင်း သူတို့က သူတို့၏ နားများကို လက်ချောင်းများဖြင့် စီစဉ်နေကြ၏၊ ခြုံထည်များဖြင့် လွှမ်းခြုံ ထားကြ၏၊ စိတ်ကြီးဝင်- မာနတက်လျက် ဇွတ်တိုးနေကြ၏။
၈။ တဖန် တပည့်တော်သည် သူတို့အား ကျယ်ကျယ်လောင်လောင် ဖိတ်ခေါ်ပါ၏။
၉။ တဖန် တပည့်တော်သည် သူတို့အား လူသိရှင်ကြား တစ်မျိုး၊ လက်တွင်းကြိတ်၍ တစ်ဖုံ၊ ဖျောင်းဖျပါ၏။
၁၀။ တပည့်တော် ပြောသည်မှာ “ကံကြမ္မာရှင်ထံမှ လွတ်ငြိမ်းဆုသည် သင်တို့ အတွက် ဖြစ်ပါစေ၊ ဧကန်ပင် အရှင်သည် လွတ်ငြိမ်းစေသောအရှင်။-
၁၁။ အရှင်သည် သင်တို့အပေါ်သို့ ကောင်းကင်ယံမှ အကျိုးကျေးဇူးများစွာ စေစားပါစေ။
၁၂။ သင်တို့၌ ဥစ္စာပစ္စည်း သားသမီး တိုးပွားပါစေ၊ သင်တို့အတွက် ဥယျာဉ်များကို စီစဉ်ပေးပါစေ၊ သင်တို့အတွက် မြစ် ချောင်းများကို စီစဉ်ပေးပါစေ၊” ဟု ဖြစ်၍။-
၁၃။ ပရမတ်ဘုရားရှင်ထံမှ အလေးထားမှုကို မမျှော်ကိုးရအောင် သင်တို့၌ မည်သည် ဖြစ်နေကြသနည်း။
၁၄။ မုချပင် အရှင်သည် သင်တို့အား အဆင့်ဆင့် ဖြစ်တည်စေခဲ့၏။
၁၅။ ပရမတ်ဘုရားရှင်သည် အာကာ ခုနစ်ဆက်ကို အလွှာများဖြင့် မည်သို့ ဖြစ်တည်စေသည်ကို သင်တို့ မမြင်မိသလော။
၁၆။ အရှင်သည် လ အား သူမတို့၌ ရောင်ပြန်ကို စီစဉ်၍ နေ အား လင်းရောင်ခြည်ကို စီစဉ်ထား၏။
၁၇။ ပရမတ်ဘုရားရှင်သည် သင်တို့အား မြေကမ္ဘာမှ ဖြစ်ထွန်း အရွယ်ရောက်စေ၏။
၁၈။ တဖန် သင်တို့အား ထိုအထဲ၌ ဆက်ဖြစ်စေ၍ ပြန်ထွက်လာစေခြင်းဖြင့် သင်တို့အား ပြန်ထွက်လာစေ၏။
၁၉။ ပရမတ်ဘုရားရှင်သည် သင်တို့အတွက် မြေကမ္ဘာကို ဆန့်ထုတ်ရန် စီစဉ်တော်မူသည်မှာ။-
၂၀။ ထို၌ အဝေးပြေး လမ်းမများ ဖေါက်ကြစေရန် ဖြစ်၏။
၂၁။ နူးဟ်က လျှောက်ထားသည်မှာ “အို- ကံကြမ္မာရှင်၊ သူတို့သည် တပည့်တော်အား အာခံ၍ ဥစ္စာပစ္စည်း ရင်သွေးများသာ ပွားများလျက် လုံးပါး ဆုံးရှုံးရမည့် သူများကိုသာ လိုက်နာနေကြ၏။
၂၂။ သူတို့သည် ကြီးမားသော အကြံအစည်ကို ကြံစည်နေ၏။
၂၃။ သူတို့က “သင်တို့၏ ဘုရားများကို မချန်ပစ်ကြနှင့်၊ အချစ်နတ်ဘုရား၊ အချိန်နတ်ဘုရား၊ မနုသီဟနတ်ဘုရား၊ နတ်မြင်းပျံနှင့် လင်းယုံ နတ်ဘုရားတို့ကို မချန်ပစ်ကြနှင့်၊” ဟု ဆိုကြ၍။-
၂၄။ သူတို့သည် များစွာတို့ကို လမ်းလွဲစေကြပါပြီ၊ အမိုက်ကောင်များသည် အပါယ်လမ်းသို့သာ တိုးပွားနေကြ၏။
၂၅။ သူတို့၏ အမှားတရားများကြောင့် သူတို့အား နစ်မြုပ်စေ၍ အပူမီးသို့ ဝင်ရောက်စေပြီ၊ ပရမတ်ဘုရားရှင်မှလွဲ၍ သူတို့အား ကူညီမည့်သူ ဟူ၍ မတွေ့ရချေ။
၂၆။ နူးဟ်က လျှောက်ထားသည်မှာ “အို- ကံကြမ္မာရှင်၊ ဖုံးကွယ်သူများမှ မည်သည့် အိုးအိမ်ရှင်ကိုမျှ မြေကမ္ဘာပေါ်၌ ချန်မထားပါနှင့်။
၂၇။ ဧကန်ပင် အရှင်သည် သူတို့အား ချန်ထားပါလျှင် သူတို့သည် အရှင့် အမှုတော်ဆောင်များအား လမ်းလွဲစေ၍ ဖုံးကွယ် ဖြာထွက်တတ်သော ရင်သွေးများကိုသာ ရလတ္တံ့။
၂၈။ အို- ကံကြမ္မာရှင်၊ တပည့်တော်နှင့် မွေးမိဘများ၊ တပည့်တော်အိမ်သို့ ဝင်သော ယုံကြည်သည့် ယုံကြည်သူ၊ ယုံကြည်သော သူမများကို လွတ်ငြိမ်းစေတော်မူပါ၊ အမိုက်ကောင်များအား ဖျက်ဆီးခံရခြင်းမှအပ မတိုးပွားစေပါနှင့်၊” ဟု ဖြစ်၏။
ဓမ္မခန္ဓာ (၇၁) ဤတွင် ပြီး၏။
၁။ ဟောလော့၊ “ကျွန်ုပ်ထံသို့ အာရုံဈာန် ရသည်မှာ- အန္ဓပုထုဇဉ်များမှ ချီတက်လာသူ တစ်စုသည် ကြားနာကြလျက် ပြောကြသည်မှာ “ကျွန်ုပ်တို့သည် အလွန် အံ့ဩဘွယ်ကောင်းသော ကုရ်အာန်အား ကြားနာခဲ့ရ၏။
၂။ ၎င်းသည် ဖြောင့်မတ်မှုဆီသို့ လမ်းညွှန်၏၊ ကျွန်ုပ်တို့သည် ၎င်းကို ယုံကြည်ပါပြီ၊ ကျွန်ုပ်တို့သည် ကံကြမ္မာရှင်နှင့် တစ်စုံတစ်ခုကိုသော်မျှ ရောပြွန်း ကိုးကွယ်မည် မဟုတ်တော့ချေ။”
၃။ အရှင်သည် အစဉ် သစ်လွင်လျက် အထွဋ်အထိပ် ဖြစ်တော်မူသော တပည့်တော်တို့၏ ကံကြမ္မာရှင် ဖြစ်၏၊ အရှင်သည် ပေါင်းဖေါ်သင်းဘက်၊ ကိုယ်ပွား ရင်သွေး ယူထားခြင်း မရှိချေ။”
၄။ ကျွန်ုပ်တို့အနက် တုံးအသူတို့က ပရမတ်ဘရားရှင်နှင့် စပ်လျဉ်း၍ မတရားသဖြင့် ပြောဆိုလေ့ရှိ၏။
၅။ တဖန် ကလျာဏနှင့် အန္ဓပုထုဇဉ်တို့သည် ပရမတ်ဘုရားရှင်နှင့် စပ်လျဉ်း၍ လိမ်ညာ ပြောဆိုကြမည် မဟုတ်ဟု ကျွန်ုပ်တို့ စဉ်းစားခဲ့၏။
၆။ လူသား ကလျာဏပုထုဇဉ်တို့က လူသား အန္ဓပုထုဇဉ်တို့ထံ ခိုလှုံလိုလေ့ရှိရာ သို့ဖြင့် ၎င်းတို့အား ဖိစီးမှု တိုးပွားစေ၏။
၇။ ၎င်းတို့က စဉ်းစားသည်မှာ ပရမတ်ဘုရားရှင်သည် တစ်စုံတစ်ယောက်ကိုမျှ နိုးကြွစေမည် မဟုတ်ဟု သင်တို့ စဉ်းစားသကဲ့သို့ ဖြစ်၍။-
၈။ ကျွန်ုပ်တို့သည် ကောင်းကင်ယံကို ထိတွေ့ကြ၏၊ သို့သော် ၎င်းသည် ပြတ်သားသော အစောင့်များ၊ မီးဒုံးများဖြင့် ဖြည့်ထားသည်ကို ကျွန်ုပ်တို့ တွေ့ရ၏။
၉။ ကျွန်ုပ်တို့သည် ထို၌ ထိုင်ခုံများတွင် ကြားနာရန် ထိုင်လေ့ ရှိခဲ့ကြ၏၊ သို့သော် ယခု နားထောင်သူ- သူ့အတွက် စောင့်နေသော မီးဒုံးကိုသာ တွေ့ရ၏။
၁၀။ မြေကမ္ဘာ၌ ရှိသူတို့အတွက် အဆိုးကို ဖြစ်လိုသလော၊ သို့တည်းမဟုတ် ကံကြမ္မာရှင်က ဖြောင့်မတ်စေလိုသလော၊ ကျွန်ုပ်တို့ မမှန်းတတ်ချေ။
၁၁။ ကျွန်ုပ်တို့မှ ပြုပြင် ပြောင်းလဲသူများ ရှိကြ၍ ထိုမှအပသော အတိုက်အခံများလည်း ရှိလျက် ကျွန်ုပ်တို့သည် ဆုတ်ဖြဲ လမ်းဖေါက်သူများ ဖြစ်ကြ၏။
၁၂။ ပရမတ်ဘုရားရှင်အား ချည့်နဲ့စေရာ မြေကမ္ဘာ၌ မရှိချေ၊ ကျွန်ုပ်တို့ ပျံပြေးရာတွင်လည်း ချည့်နဲ့စေနိုင်ရာ မရှိဟု ကျွန်ုပ် စဉ်းစားမိ၏။
၁၃။ ကျွန်ုပ်တို့သည် လမ်းညွှန်တရားကို ကြားနာရ၍ ထို၌ ယုံကြည်၏၊ ကံကြမ္မာရှင်အား ယုံကြည်သော သူသည် ပေါ့ပါးမှု၊ ဖိစီးမှုကို ကြောက်ရွံခြင်းမရှိ။
၁၄။ ကျွန်ုပ်တို့၌ ငြိမ်းချမ်းရေးဝါဒီများ ရှိ၍ ကြားနေသူများလည်း ရှိ၏၊ ငြိမ်းချမ်းရေးပြုသူ- ထိုသူတို့သည် ဖြောင့်မတ်သော ရည်ရွယ်ချက်၌ ရှိ၏။
၁၅။ ကြားနေသူများမှာမူ ငရဲဘုံအတွက် ထင်းများသာ ဖြစ်ကြလတ္တံ့။
၁၆။ ထို ငြိမ်းရေးဝါဒီတို့သည် လမ်းကြောင်းပေါ်၌ ဆက်လက် ရပ်တည်ကြလျှင် သူတို့အား ရေအေး ဖောဖောသီသီ ငါ တိုက်ကျွေးလတ္တံ့။
၁၇။ ၎င်း၌ ငါ စမ်းသပ်တော်မူနိုင်၏၊ ကံကြမ္မာရှင်အား သတိရ ရှုမှတ်ခြင်းအား ဘောင်ကန့်ထားသူ၊ ထိုသူအား တရိပ်ရိပ် တက်နေသော ဝဋ်ကြွေးသို့ ဝင်စေတော်မူလတ္တံ့။
၁၈။ ဝတ်ပြုကျောင်းတော်များသည် ပရမတ်ဘုရားရှင်အဘို့ ဖြစ်၏၊ သို့ဖြစ်၍ ပရမတ်ဘုရားရှင်နှင့် တဂိုဏ်းတည်းထား၍ တစ်ဦးတစ်ယောက်ထံမျှ ဆု မတောင်းကြနှင့်။
၁၉။ ဧကန်ပင် ပရမတ်ဘုရားရှင်၏ အမှုတော်ဆောင်သည် အရှင့်ထံ၌သာ ရပ်တည် ဆုတောင်းသောအခါ ပိုလျှံခြင်းသည် သူ့အပေါ်၌ တကဲကဲ ဖြစ်နေ၏။
၂၀။ ဟောလော့၊ “ကျွန်ုပ်သည် ကံကြမ္မာရှင် ထံ၌သာ ဆုတောင်း၏၊ အရှင်နှင့် တစ်စုံတစ်ဦးကိုမျှ ရောပြွန်း မကိုးကွယ်ချေ။”
၂၁။ ဟောလော့၊ “သင်တို့အား ဘေးဥပဒ် ထိစေရန်၊ ဖြောင့်မတ်စေရန်၊ ဩဇာအာဏာ ကျွန်ုပ်တွင် မရှိချေ။”
၂၂။ ဟောလော့၊ “ကျွန်ုပ်အား ပရမတ်ဘုရားရှင်ထံမှ ကာကွယ်ပေးနိုင်သူ တစ်စုံတစ်ယောက်မျှ မရှိ၊ ကျွန်ုပ်သည်လည်း အရှင်မှလွဲ၍ လှီးလွှဲ ရှောင်ကွေ့ရာကို မတွေ့ချေ။
၂၃။ ထို့ပြင် ကျွန်ုပ်တွင်ကား ပရမတ်ဘုရားရှင်ထံမှ အရှင်၏ စေပို့ချက်များကို ဆိုက်ရောက်စေရန်သာ ဖြစ်၏၊” ပရမတ်ဘုရားရှင်နှင့် အရှင့် ဉာဏ်စဉ်ဆောင်အား အာခံသူ၊ ဧကန်ပင် သူ့အတွက် ငရဲဘုံ၏ အပူမီးသာ ရှိ၍ ထို၌ ကာလပိုင်းခြားမဲ့ အစဉ် ခံစားရမည်မှာ။-
၂၄။ အာခံနေသ၍ပင်၊ သူတို့အား ကတိထားရာကို မြင်တွေ့ရသောအခါ မည်သူ့အား ကူညီမည့်သူ အားနည်း၍ အရေအတွက် နည်းပါးကြောင်း သိလာရလတ္တံ့။
၂၅။ ဟောလော့၊ “ကတိထားရာသည် နီးကပ်လာသလော၊ သို့တည်းမဟုတ် ကံကြမ္မာရှင်က ကာလ စီစဉ်ထားသလော၊ ကျွန်ုပ် မမှန်းနိုင်ချေ။”
၂၆။ အရှင်သည် စက္ခုလွန်ကို သိနေသောအရှင် ဖြစ်၏၊ မည်သူတစ်ဦးကိုမျှ စက္ခုလွန်အကြောင်း ဖွင့်ဖေါ်မပေးသည်မှာ။-
၂၇။ အရှင်က ကျေနပ် နှစ်သက်သော ဉာဏ်စဉ်ဆောင်မှအပ ဖြစ်၏၊ အရှင်သည် သူ၏ လက်ရှိ-မျက်မှောက်၊ သူ့၏ နောက်၌ အစောင့်အကြပ် ထည့်ထားတော်မူသည်မှာ။-
၂၈။ ကံကြမ္မာရှင်၏ စေပို့ချက်များအား ဆိုက်ရောက်စေခြင်းကို သိစေရန် ဖြစ်၏၊ အရှင်သည် သူတို့၏ ပစ္စုပ္ပန်ကို ဝိုင်းရံထားတော်မူ၏၊ အရှင်သည် သဗ္ဗလုံးစုံသော အရေအတွက်အား အမှတ်စဉ် မှတ်ထား၏။
ဓမ္မခန္ဓာ (၇၂) ဤတွင် ပြီး၏။
၁။ အို- ကိုယ်ရုံခြုံနေသူ။-
၂။ ည၏ အနည်းငယ်မှ အပ မားမားရပ်လော့။
၃။ တစ်ဝက်၊ သို့မဟုတ် ထိုထက် အနည်းငယ် လျော့၍။-
၄။ သို့မဟုတ် ထိုထက် တိုးစေလော့၊ ထို့နောက် ကုရ်အာန်အား ရွတ်ဆိုရာတွင် သေချာစွာ ရွတ်ဆိုလော့။
၅။ ငါ အရှင်သည် သင့်အား လေးနက်သော စကားတော်အား ခင်းကျင်းပေးတော်မူလတ္တံ့။
၆။ ဧကန်ပင် ညအချိန်၌ နိုးထခြင်းသည် ပိုမို သန်မာသော တက်လှမ်းမှု ဖြစ်၍ အခိုင်မြဲဆုံး ပြောအားကိုရ၏။
၇။ ဧကန်ပင် သင့်အဘို့ နေ့အချိန်၌ ရေရှည် စိမ်၍ ခေါင်းသုံးစရာများ ရှိ၏။
၈။ ကံကြမ္မာရှင်၏ ဂုဏ်တော်အား သတိရလျက် ကြည်ညိုခြင်းဖြင့် အရှင့်အား ကြည်ညိုလော့။
၉။ အရှင်သည် နေထွက်ရာ၊ နေဝင်ရာ တို့၏ အရှင် ဖြစ်၏၊ အရှင်မှအပ အခြား ဘုရားဟူ၍ မရှိ၊ အရှင့်အား ကိုးစားထိုက်သည့် အရှင်အဖြစ် အယူထားလော့။
၁၀။ သူတို့ ပြောဆိုသမျှ၌ သည်းခံလော့၊ သူတို့ထံမှ အမြင်လှသော ခွဲခွာခြင်းဖြင့် ခွဲခွာသွားလော့။
၁၁။ ငြင်းဆန်သူတို့အား ငါအရှင်နှင့် ချန်ထားခဲ့လော့၊ ဂုဏ်ပေးပြီးသား ရှိသူတို့အား အနည်းငယ် အချိန်ဆွဲထားလော့။
၁၂။ ဧကန်ပင် ငါ့ထံ၌မူ နမူနာပေးမှုနှင့် ငရဲမီးသည် ရှိနေ၏။
၁၃။ လည်မျိုဆို့မည့် အစားအစာနှင့် စူးနစ်နာကျင်သော ဝဋ်ကြွေးလည်း ရှိနေ၏။
၁၄။ မြေကမ္ဘာနှင့် တောင်တန်းကြီးများ တုန်လှုပ်သောနေ့၌ တောင်တန်းကြီးတို့သည် သဲမှုန်ကဲ့သို့ ပြေကျလာလတ္တံ့။
၁၅။ သင်တို့အပေါ် သက်သေတည်ရန် သင်တို့ထံသို့ ငါအရှင် ဉာဏ်စဉ်ဆောင် စေစားသည်မှာ ဖာရိုးထံသို့ ဉာဏ်စဉ်ဆောင် စေစားသကဲ့သို့ ဖြစ်၏။
၁၆။ ဖာရိုးသည် ဉာဏ်စဉ်ဆောင်အား အာခံခဲ့၏၊ သို့ဖြစ်၍ ငါသည် သူ့အား အရေးယူခြင်း အကျိုးဆက်ဖြင့် အရေးယူခဲ့ပြီ။
၁၇။ သင်တို့ ဖုံးကွယ်ခဲ့လျှင် မည်သို့ စည်းစောင့်နိုင်အံ့နည်း၊ ရင်သွေးတို့ အား ဆံဖြူရန် စီစဉ်ထားသောနေ့ ကာလ၌။-
၁၈။ ကောင်းကင်ယံသည် အသစ် ပြန်ဖြစ်လျက် အရှင့် ကတိတော်သည် စီမံပြီး ဖြစ်၏။
၁၉။ ဧကန်ပင် ဤသည် သတိပေး တရားတော် ဖြစ်၏၊ စံချိန်ပြည့်သူအား ကံကြမ္မာရှင်၏ လမ်းစဉ်တော်ဆီသို့ အယူထားစေလော့။
၂၀။ ဧကန်ပင် ကံကြမ္မာရှင်က သင်၊ သင်နှင့် အတူရှိသည့် ယုံကြည်သော သူတစ်စုသည် ည၏ သုံးပုံနှစ်ပုံထက် လျော့၍ ဖြစ်စေ၊ ထက်ဝက်ဖြစ်စေ၊ သုံးပုံ တစ်ပုံဖြစ်စေ၊ မားမားရပ်နေသည်ကို သိနေတော်မူ၏၊ ပရမတ်ဘုရားရှင်သည် ည၊ နေ့ ကို စည်းချိန် ချထားတော်မူ၏၊ သင်တို့သည် အစဉ်မပြတ် မဖြစ်နိုင်ကြောင်းကို အရှင်သည် သိနေတော်မူ၏၊ သို့ဖြစ်၍ သင်တို့အား သင်ပုန်းချေပေးတော်မူ၏၊ သင်တို့သည် ကုရ်အာန်အား လွယ်ကူသော နည်းဖြင့် ရွတ်ဖတ်ကြလော့၊ သင်တို့အနက် ဖျားနာနေသူ ရှိ၍ အခြားသူတို့သည် ပရမတ်ဘုရားရှင်၏ သိက္ခာပေးခြင်းမှ ရှာဖွေရန် မြေကမ္ဘာ၌ ခရီးထွက်နေကြကြောင်း၊ အခြားသူတို့မှာ ပရမတ်ဘုရားရှင်၏ လမ်းစဉ်တော်၌ ခုခံ တိုက်နေရကြောင်း၊ အရှင်သည် သိနေတော်မူ၏၊ သို့ဖြစ်၍ ၎င်းအား လွယ်ကူသောနည်းဖြင့် ရွတ်ဖတ်ကြလော့၊ ဝတ်ပြု မြဲကြလော့၊ အခွန် ငွေဖြူ ပေးကြလော့၊ ပရမတ်ဘုရားရှင်အား တင့်တယ်စွာ ဆက်ကပ်ခြင်းဖြင့် ဆက်ကပ်ကြလော့၊ သင်တို့၏ စရိုက်များက စုံရပ်ခံခဲ့သော ကောင်းမှုများကို ပရမတ်ဘုရားရှင်၏ အပါးတော်၌ တွေ့ရလတ္တံ့၊ ယင်းသည် ပိုမိုကောင်းမြတ်၍ မဟာ ဆုလာဘ် ဖြစ်လတ္တံ့၊ ပရမတ်ဘုရားရှင်၌ လွတ်ငြိမ်းဆုများ ပန်ကြလော့၊ ဧကန်ပင် ပရမတ်ဘုရားရှင်သည် လွတ်ငြိမ်းစေသောအရှင်၊ အကြင်နာရှင် ဖြစ်တော်မူပေ၏။
ဓမ္မခန္ဓာ (၇၃) ဤတွင် ပြီး၏။
၁။ အို- နှုတ်ဆိတ်နေသူ။-
၂။ မားမားရပ်လော့၊ ထို့နောက် သတိပေးလော့။
၃။ ကံကြမ္မာရှင်သည် ကြီးကျယ်ကြောင်း ရင့်ကျူးလော့။
၄။ သင်၏ ခြုံထည်အား သန့်စင်စေလော့။
၅။ ဆိုးကျိုးများကို ခွဲခွာလော့။
၆။ အများစုကြောင့် မျက်နှာသာ မပေးနှင့်။
၇။ သင့်ကံကြမ္မာရှင်အတွက် သည်းခံလော့။
၈။ တံပိုးခရာအား မှုတ်သောအခါ။-
၉။ ယင်းသည် ပြဿဒါးနေ့- နေ့ကာလပင်။
၁၀။ ဖုံးကွယ်သူများ အပေါ်၌ လွယ်ကူမှုမရှိချေ။
၁၁။ ငါ ဖြစ်တည်စေသောသူအား ငါတစ်ပါးတည်းဖြင့် ချန်ထားခဲ့လော့။
၁၂။ ငါသည် သူ့အတွက် ဥစ္စာ တိုးပွားနေစေရန် စီစဉ်ပေး၏။
၁၃။ သားသမီးများကိုလည်း မျက်မှောက်သက်သေ ရှိစေ၏။
၁၄။ သူ့အတွက် ငြိမ့်ညောင်းစွာဖြင့် ငြိမ့်ညောင်း သာယာစေ၏။
၁၅။ တဖန် ထိုဖုံးကွယ်သူသည် တိုးပွားခြင်း၌ မျှော်လင့်နေ၏။
၁၆။ အမှန်မှာ သူသည် ငါ၏ သုတ်ဒေသနာများအတွက် ဧကန် ခေါင်းမာလေ့ရှိ၏။
၁၇။ ငါသည် သူ့အား သွေးတက် ဖိစီးစေလတ္တံ့။
၁၈။ ဧကန်ပင် သူသည် စဉ်းစား၏၊ ထို့နောက် ဥပဒေပြု၏။
၁၉။ သို့သော် သူ၏ ဥပဒေက သူ့အား မည်သို့ သုတ်သင်မည်ကို။-
၂၀။ တဖန် သူ၏ ဥပဒေက သူ့အား မည်သို့ အသေသတ်မည်ကို။-
၂၁။ သူ ကြည့်ရှုရလတ္တံ့။
၂၂။ တဖန် မျက်နှာသုန်မှုန် ရှုံ့မဲ့၏။
၂၃။ တဖန် နောက်ခံဖြင့် မာန်တက်နေ၏။
၂၄။ ထို့နောက် သူပြောသည်မှာ “ဤကုရ်အာန်သည် ရှေးရိုးရာ မှော်အတတ်ပင်။
၂၅။ ဤသည် လူပုဂ္ဂိုလ်၏ ပြောစကားပင်၊” ဟု ဖြစ်၏။
၂၆။ သူ့အား အသူရာဘုံ၌ လောင်ကျွမ်းစေလတ္တံ့။
၂၇။ အသူရာဘုံဟူသည် သင် မည်သို့ မှန်းဆနိုင်မည်နည်း။
၂၈။ လက်ကျန်မထား၊ ချန်မထား။-
၂၉။ လူပုဂ္ဂိုလ်အား ပြားချပ်သွားစေ၏။
၃၀။ ထိုအပေါ်၌ ဆယ့်ကိုး ရှိ၏။
၃၁။ နိမိတ်ဆောင်တို့ကိုသာ အပူမီး၏ ပေါင်းဖေါ်များအဖြစ် ငါ စီစဉ်၏၊ သူတို့အား ငါ စီစဉ်ထားသည်မှာ ဖုံးကွယ်သော သူတို့အား စမ်းသပ်မှု တိတိကျကျ ဖြစ်စေရန်၊ ကျမ်းပေးအပ်ခံရသော သူတို့အား စည်းစောင့်လာစေရန်၊ ယုံကြည်သော သူတို့သည် ယုံကြည်ခြင်း၌ တိုးပွားလာစေရန်၊ ကျမ်းပေးခြင်းခံရသော သူတို့နှင့် ယုံကြည်သူတို့အား သံသယ မဖြစ်စေရန်၊ နှလုံးသား၌ ရောဂါရှိသော သူတို့နှင့် ဖုံးကွယ်သူတို့က “ပရမတ်ဘုရားရှင်သည် ဤဥပမာအားဖြင့် မည်သည်ကို ဖြစ်စေလိုသနည်း၊” ဟု ပြောရစေရန်- တို့အတွက် ဖြစ်၏၊ ယင်းသို့ ပရမတ်ဘုရားရှင်သည် စံချိန် ပြည့်မီသူအလျောက် လမ်းလွဲစေသူ ဖြစ်စေ၍ စံချိန်ပြည့်သူအလျောက် လမ်းညွှန် ရစေသူ ဖြစ်စေ၏၊ အရှင်မှအပ ကံကြမ္မာရှင်၏ စစ်သည်တော်များကို သိနိုင်သူ မရှိချေ၊ ဤသည် လူပုဂ္ဂိုလ်များအတွက် သတိပေး တရားတော်သာ ဖြစ်ချေ၏။
၃၂။ အမှန်မှာ လအားဖြင့်။-
၃၃။ ည နှင့် နောက်ခံ အစိတ်အပိုင်းအားဖြင့်။-
၃၄။ ခရီးဦးကြိုပြုသော နံနက်အစအားဖြင့်။-
၃၅။ ဧကန်ပင် ၎င်းကုရ်အာန်သည် အကြီးကျယ်ဆုံးများမှ တစ်ခု ဖြစ်၏။
၃၆။ လူပုဂ္ဂိုလ်တို့အား သတိပေးရန်မှာ။-
၃၇။ သင်တို့၏ စုံရပ်ခံခဲ့မှု၊ သို့မဟုတ် အနာဂတ်အား စံချိန် ပြည့်မီလိုသူအတွက် ဖြစ်၏။
၃၈။ ဉာဉ်စရိုက်တိုင်းသည် ကျင့်ဆောင်ရာအတွက် သူ၏ အာမခံပစ္စည်း ဖြစ်၏။
၃၉။ သို့သော် လက်ယာရံ ပေါင်းဖေါ်တို့မှာ ကင်း၍။-
၄၀။ ဥယျာဉ်များ၌ သတင်း မေးမြန်းကြမည်မှာ။-
၄၁။ ရာဇဝတ်ကောင်တို့ အကြောင်း။-
၄၂။ သင်တို့အား အသူရာသို့ မည်သည်က ထည့်ထားခဲ့သနည်းဟု ဖြစ်၏။
၄၃။ သူတို့က ပြောကြမည်မှာ “ကျွန်ုပ်တို့သည် ဝတ်ပြုသူများ မဟုတ်ခဲ့ပါ။
၄၄။ ကျွန်ုပ်တို့သည် နွမ်းပါးသူတို့အား ကျွေးမွေးသူများ မဟုတ်ခဲ့ပါ။
၄၅။ အလေအလွင့် ပြောသူများနှင့် အလေအလွင့် ပြောလေ့ရှိခဲ့ပါ၏။
၄၆။ စီရင်မိန့်ချမည့်နေ့ ကာလအား ငြင်းဆန်လေ့ ရှိခဲ့မိသည်မှာ။-
၄၇။ ယခု ၎င်းသည် ကျွန်ုပ်တို့ထံ ဒိဋ္ဌ ရောက်လာသည့်တိုင် ဖြစ်ပါ၏၊” ဟု ဖြစ်၏။
၄၈။ သို့ဖြစ်၍ အမျှပေးဝေသူတို့၏ အမျှပေးဝေခြင်းသည် သူတို့အတွက် အကျိုးမထူးတော့ချေ။
၄၉။ သို့ပါလျက် သတိပေး တရားတော်အား အဘယ်ကြောင့် ဘောင်ကန့်ထားသူများ ဖြစ်ကြသနည်း။
၅၀။ သူတို့သည် စစ်လန့်ပြေးသော မြည်းများကဲ့သို့။-
၅၁။ သူတို့သည် ခြင်္သေ့ထံမှ ထွက်ပြေးရခြင်း ဖြစ်၏။
၅၂။ အမှန်မှာ သူတို့မှ တစ်ဦးချင်းစီ- အခန်းကဏ္ဍလိုက် နိုးကြွနေသော ပရပိုက်များ ချီးမြှင့် ခံလိုကြသလော။
၅၃။ အမှန်ပင် သူတို့သည် နောက်ဘဝအတွက် ကြောက်လန့်မှု မရှိချေ။
၅၄။ အမှန်ပင် ဤသည် သတိပေး တရားတော် ဖြစ်၏။
၅၅။ စံချိန်ပြည့်မီ လိုသူအား ၎င်းကို သတိရစေလော့။
၅၆။ သို့သော် ပရမတ်ဘုရားရှင်၏ စံချိန်ပြည့်သူ မှအပ သူတို့သည် သတိရတတ်မည် မဟုတ်ချေ၊ အရှင်သည် စည်းစောင့်ခြင်း အရင်းခံ၊ လွတ်ငြိမ်းစေခြင်း အရင်းခံ ဖြစ်တော်မူ၏။
ဓမ္မခန္ဓာ (၇၄) ဤတွင် ပြီး၏။
၁။ အမှန်မှာ ရပ်တည်ရမည့်နေ့ ကာလအား တိုင်တည်လျက်။-
၂။ အမှန်မှာ မိမိကိုယ်တိုင် ဆုံးမသော ဉာဉ်စရိုက်အား တိုင်တည်လျက်။-
၃။ လူသားသည် သူ၏ အရိုးများကို ငါအရှင်က စုပေါင်းစေမည် မဟုတ်တော့ ဟု စဉ်းစားသလော။
၄။ အမှန်မှာ ငါသည် စည်းချိန်တကျ သူ၏ လက်ဖျားထိပ်မှ အစ ပုံစံ ချတော်မူ၏။
၅။ အမှန်မှာ လူသားသည် ဖေါက်ထွက်ရန် ရှေ့ဆက်လိုကြသလော။
၆။ သူက “ရပ်တည်ရမည့်နေ့ ကာလသည် မည်သည့်အခါနည်း၊” ဟု မေး၏။
၇။ အမြင်များ လျှပ်ရောင်ဟပ်ခံရသောအခါ။-
၈။ လအား ကမ္ဘာရိပ်မှ မြိုသောအခါ။-
၉။ နေနှင့် လတို့ အတူ စုပေါင်းသောအခါ။-
၁၀။ လူသားက ပြောဆိုမည်မှာ “ဤနေ့ကာလ၌ မည်သို့ ထွက်ပြေးရမည်နည်း။
၁၁။ အမှန်မှာ ဝန်ထုပ် ချပြေးနိုင်ရာ မရှိချေ၊” ဟု ဖြစ်၏။
၁၂။ ကံကြမ္မာရှင်ထံသို့သာ ထိုနေ့ကာလ၌ တည်ငြိမ် တွယ်ကပ်နေရ၏။
၁၃။ ထိုနေ့ကာလ၌ လူသားသည် သူ၏ စုံရပ်ခံခဲ့မှုနှင့် အနာဂတ်အား သတင်း ထုတ်ပြန်ခံရမည်မှာ။-
၁၄။ အမှန်မှာ လူသားသည် မိမိစရိုက်အပေါ်၌ အမြင်အာရုံ ဖြစ်ရမည်မှာ။-
၁၅။ သူ့ မေတ္တာရပ်ခံချက်အား ခင်းကျင်း ပြသော်လည်း- (မထူး တော့ပြီ)။
၁၆။ သင်၏ လျှာအား မရွှေ့စေနှင့်၊ ထို၌ အလျင်မလိုနှင့်။
၁၇။ ဧကန်ပင် ကုရ်အာန်အား စုစည်းမှုမှာ ငါအရှင်၏ ဝန်တာပင် ဖြစ်၏။
၁၈။ သို့ဖြစ်၍ ၎င်းကို ငါ ရွတ်ဖတ်ပြသောအခါ ထိုကုရ်အာန်သို့ လိုက်လော့။
၁၉။ တဖန် ဧကန်ပင် ၎င်းအား ရှင်းပြရန်မှာ ငါ၏ ဝန်တာ ဖြစ်၏။
၂၀။ အမှန်မှာ သင်တို့သည် အလျင်လိုနေခြင်းကို နှစ်သက် မြတ်နိုးနေကြလျက်။-
၂၁။ အနာဂတ်ကို ချန်ထားကြ၏။
၂၂။ ထိုနေ့ကာလ၌ အချို့ မျက်နှာများသည် လင်းဝင်း တောက်ပလျက်။-
၂၃။ ကံကြမ္မာရှင်၏ထံသို့ ကြည့်ငေး နေကြလိမ့်မည်။
၂၄။ ထိုနေ့ကာလ၌ အချို့ မျက်နှာများသည် ရှုံ့မဲ့ ညှိုးနွမ်းလျက်။-
၂၅။ သူတို့အတွက် ပြုလုပ်ထားသော ဆင်းရဲဒုက္ခကို သင် စဉ်းစားမိလတ္တံ့။
၂၆။ အမှန်မှာ ၎င်းသည် လည်မြိုသို့ ဆိုက်ရောက်သောအခါ။-
၂၇။ “မည်သူက အတွန့်တက်မည်နည်း၊” ဟု ဆိုကြလတ္တံ့။
၂၈။ သူသည် ခွဲခွာရတော့မည် ဟု သူ စဉ်းစားမိ၏။
၂၉။ ခြေသလုံး- ခြေသလုံးချင်း လုံးထွေးလျက်။-
၃၀။ ကံကြမ္မာရှင်၏ ထံသို့သာ ထိုနေ့ကာလ၌ မောင်းနှင်ခံရမည်ပင်။
၃၁။ သူတို့သည် ဖြောင့်မှန်ခြင်း မရှိ၊ ဝတ်ပြုခြင်းလည်း မရှိခဲ့ချေ။
၃၂။ သို့ရာတွင် ငြင်းဆန်လျက် လှည့်ထွက်သွားသူ။-
၃၃။ ထို့နောက် သူ့ဝိုင်းသားများထံသို့ ရင်ကော့လျက် ပြန်သွားသူ။-
၃၄။ သင့်ထံသို့ လှည့်လာနေ၏၊ သို့ဖြင့် လှည့်၍ လာနေ၏။
၃၅။ တဖန် သင့်ထံသို့ လှည့်လာနေ၏၊ သို့ဖြင့် လှည့်၍ လာနေ၏။
၃၆။ လူသားသည် သူ့အား စာရင်းမထည့်ဘဲ ချန်ထားမည် ဟု စိတ်ကူးယဉ်နေသလော။
၃၇။ သူသည် ဇောဖြင့် တွန်းထုတ်ရသော သုတ်ပိုးမှ မဟုတ်ခဲ့သလော။
၃၈။ ထို့နောက် သွေးမျှော့ဥ ဖြစ်ခဲ့၏၊ သို့ဖြင့် ပုံစံချ ဖြစ်တည်စေခဲ့ပြီ။
၃၉။ သို့ဖြင့် အရှင်သည် ၎င်းမှ ဖို၊ မ၊ ပေါင်းစုဖွဲ့ စီစဉ်ထား၏။
၄၀။ ဤသို့ သက်မဲ့အား သက်ရှိအဖြစ် အရှင်က အဘယ့်ကြောင့် စည်းချိန် မချနိုင်ရမည်နည်း။
ဓမ္မခန္ဓာ (၇၅) ဤတွင် ပြီး၏။
၁။ လူသားအတွက် သတိရနိုင်ရာ မရှိသော ခေတ်ကာလ အချိန်တစ်ခု ပေးရောက်ခဲ့ပြီလော။
၂။ ဧကန်ပင် လူသားအား စုံစမ်းရန် အလို့ငှာ ရောစပ်သော သုတ်ပိုးမှ ငါ ဖြစ်တည်စေခဲ့၏၊ သို့ဖြင့် သူ့အား အကြား၊ အမြင်ကို ငါ စီစဉ်ပေးတော်မူ၏။
၃။ သူ့အား လမ်းစဉ်တော်သို့ ငါ လမ်းညွှန်၏၊ သူသည် ကျေးဇူးသိနိုင်၏၊ သို့မဟုတ် ဖုံးကွယ် မှောင်ချနိုင်၏။
၄။ ဖုံးကွယ်သူများအတွက် ချုပ်ကိုင်မှုနှင့် တွဲလောင်း ကျနေသော မီးလောင်စာကို ငါ ပြင်ဆင်ထားတော်မူ၏။
၅။ ကောင်းမှုပြုသူတို့ သောက်သုံးရမည့် ခွက်မှာ နတ်သုဒ္ဓါ ယမကာ ဖြစ်၍။-
၆။ ပရမတ်ဘုရားရှင်၏ အမှုတော်ဆောင်များ သောက်သော ရေပန်းများ စီးထွက်နေသည့် စိမ့်စမ်းမှ ဖြစ်၏။
၇။ သူတို့သည် သူတို့၏ ရည်သန်မှုကို ပြီးပြည့်စေကြ၏၊ ဘေးကျပ်နံကျပ် လူးလားဆန်ခတ် ဖြစ်ရမည့်နေ့ကို ကြောက်ရွံ့ကြ၏။
၈။ သူတို့သည် အရှင့်အား ချစ်ခြင်းဖြင့် နွမ်းပါးသူများ၊ မိဘမဲ့များ၊ စစ်သုံ့ပန်းများကို အစားအစာ ကျွေးမွေးကြ၍။-
၉။ “ကျွန်ုပ်တို့သည် ပရမတ်ဘုရားရှင်၏ မျက်နှာသာ ပေးမှုအတွက် သင်တို့အား ကျွေးမွေးပါ၏၊ သင်တို့ထံမှ အစားပေးမှုနှင့် ကျေးဇူးကို မလိုလားပါ။
၁၀။ ကျွန်ုပ်တို့သည် ကံကြမ္မာရှင်ထံမှ စိတ်ကျဝင် သုန်မှုန်စေမည့်နေ့ ကာလကိုသာ ကြောက်ရွံ့၏၊” ဟု ဆိုကြ၏။
၁၁။ သို့ဖြင့် ပရမတ်ဘုရားရှင်သည် သူတို့အား ထိုနေ့ကာလ၏ ဆိုးကျိုးများမှ ကာကွယ်လိုက်ပြီ၊ သူတို့အတွက် လင်းဝင်း တောက်ပခြင်း ကြိတ်၍ ကြည်နူးရခြင်းကို ခင်းကျင်းပေးတော်မူပြီ။
၁၂။ သူတို့၏ သည်းခံခြင်းများအတွက် ဥယျာဉ်ဘုံနှင့် ပိုးဖဲကတ္တီပါတို့ကို အစားရစေလတ္တံ့။
၁၃။ သူတို့အား ပလ္လင်များပေါ်၌ မှီလှဲ စံစားစေလျက် ထို၌ ကျက်ကျက်တောက် နေနှင့် ခိုက်ခိုက်တုန်ခြင်းကို မြင်ရစေမည် မဟုတ်ချေ။
၁၄။ သူတို့အပေါ်သို့ ၎င်းမှ အရိပ်တို့သည် အနီးကပ်ကျလျက် အနိမ့်၌ပင် နိမ့်သော အပြွတ်ပြွတ် သီးနှံများ ရှိနေ၏။
၁၅။ ငွေကွပ်ထားသည့် ခွက်များဖြင့် သူတို့အား တည်ငြိမ်စွာ လှည့်လည်ပေးလတ္တံ့။
၁၆။ တည်ငြိမ်သော ငွေခွက်များအား စည်းချိန်အတိုင်း စည်းချိန်ချမှတ်မှု ဖြစ်၏။
၁၇။ သူတို့အား ခံတွင်းရှင်းသော ဂျင်းယမကာပါသည့် ခွက်ဖြင့် တိုက်ကျွေးလတ္တံ့။
၁၈။ ထိုမှ စိမ့်စမ်း၏ အမည်မှာ လိုတရစီးလမ်း- ဟု ဖြစ်၏။
၁၉။ သူတို့၏ အပါး၌ ကိုယ်ပွား ရင်သွေးတို့သည် ကာလစည်းခြားမရှိ လှည့်လည်နေလျက် သင်သည် သူတို့အား မြင်သောအခါ ပုလဲလေးများ ဝဲနေသည် ဟု စဉ်းစားမိမည်ပင်။
၂၀။ သင်သည် ထိုသို့ မြင်သောအခါ ဂုဏ်ရှိသော၊ ကြီးကျယ်သော၊ နိုင်ငံတော်ကို မြင်တွေ့ရလတ္တံ့။
၂၁။ သူတို့၏ အပေါ်ယံ ခြုံထည်များမှာ ပိုးသား မြစိမ်းရောင် ပိုးဖဲကတ္တီပါတို့ ဖြစ်၏၊ သူတို့အား ငွေစလွယ်များဖြင့် ဆင်မြန်းပေးလျက် ကံကြမ္မာရှင်က သူတို့အား သန့်စင်သော သောက်ရေအား တိုက်ကျွေးလတ္တံ့။
၂၂။ ဧကန်ပင် ဤသည် သင်တို့အတွက် အစားပေးမှု ဖြစ်၏၊ သင်တို့၏ လုံးပန်းမှုများ အတွက် ကျေးဇူးပြုတော်မူပြီ။
၂၃။ ဧကန်ပင် သင့်အား- ဤကုရ်အာန်အား တစ်ဆင့်ချင်း ငါ ချမှတ် ပေးတော်မူပြီ။
၂၄။ သို့ဖြစ်၍ ကံကြမ္မာရှင်၏ ဓမ္မသတ်အတွက် သည်းခံပါရမီ ကြီးလော့၊ သူတို့အနက်မှ အပြစ်ရှိသူ၊ ဖုံးကွယ်သူတို့အား မနာခံနှင့်။
၂၅။ နံနက်နှင့် နေကျချိန်၌ ကံကြမ္မာရှင်၏ ဂုဏ်တော်အား ရှုမှတ် သတိရလော့။
၂၆။ ညပိုင်း၌ အရှင့်အား ဦးချ နာခံလော့၊ ရှည်လျားသော ညတာ၌ အရှင့်အား ဦးထိပ်ထားလော့။
၂၇။ ဤသူတို့သည်ကား အလျင်လိုနေခြင်းကို နှစ်သက်လျက် အကွယ်မှ လေးလံလှသောနေ့ကို ချန်ထားကြ၏။
၂၈။ ငါသည် သူတို့အား ဖြစ်တည်စေတော်မူ၏၊ သူတို့အား အားအင် တောင့်တင်း ပုံစံ ကျစေ၏၊ ငါ၏ စံချိန် ပြည့်မီသောအခါ လွှဲပြောင်းခြင်းဖြင့် သူတို့ကဲ့သို့ အခြားသူများကို ငါ လွှဲပြောင်းပေးနိုင်၏။
၂၉။ ဤသည်ကား သတိပေး တရားတော် ဖြစ်၏၊ စံချိန်ပြည့်သူအား ကံကြမ္မာရှင်၏ လမ်းစဉ်ဆီသို့ အယူထားစေလော့။
၃၀။ ပရမတ်ဘုရားရှင်၏ စံချိန် မပြည့်မီစေဘဲ သင်တို့သည် စံချိန်ပြည့်မီမည် မဟုတ်၊ ဧကန်ပင် ပရမတ်ဘုရားရှင်သည် သိနေသောအရှင်၊ ဓမ္မသတ်ရှင် ဖြစ်တော်မူ၏။
၃၁။ စံချိန်ပြည့်မီသူအား အရှင်၏ ကရုဏာတွင်းသို့ ဝင်ခွင့်ရစေလတ္တံ့၊ အမိုက်ကောင်များ- သူတို့အတွက် စူးနစ် နာကျင်သော ဝဋ်ကြွေးကို တွက်ချက် ပြင်ဆင်ထားပြီ။
ဓမ္မခန္ဓာ (၇၆) ဤတွင် ပြီး၏။
၁။ အသိအမှတ်ပြု စေစားသူများဖြင့်။-
၂။ ထို့နောက် လွင့်ပါးစေခြင်းဖြင့် လွင့်ပါးစေသူများဖြင့်။-
၃။ နိုးကြားစေခြင်းဖြင့် နိုးကြားစေသူများဖြင့်။-
၄။ ခွဲခွာသွားစေရန် ခွဲခြားသူများဖြင့်။-
၅။ သတိပေး တရားတော်ကို ခင်းကျင်းပေးသူများဖြင့်။-
၆။ မေတ္တာရပ်ခံခွင့်ရှိရန်၊ သို့မဟုတ် သတိပေးနှိုးဆော်ရန်မှာ။-
၇။ ဧကန်ပင် ကတိ ပေးထားရာသည် ခိုင်မာ တည်တံ့လှပေ၏။
၈။ ကြယ်တာရာများကို အရေခွာစေသောအခါ။-
၉။ ကောင်းကင်ယံအား အက်ကွဲစေသောအခါ။-
၁၀။ တောင်တန်းများ လွှင့်ပစ်ခံရသောအခါ။-
၁၁။ ဉာဏ်စဉ်ဆောင်များ ရက်ချိန်းကျ တွေ့ဆုံသောအခါ။-
၁၂။ မည်သည့်နေ့အား သတ်မှတ်ချိန် ဖြစ်စေသနည်း။
၁၃။ ရှင်းလင်း ဆုံးဖြတ်နေ့ ကာလ။-
၁၄။ ရှင်းလင်း ဆုံးဖြတ်နေ့ ကာလ ဟူသည် မည်သည်ဖြစ်ကြောင်း သင် မည်သို့ မှန်းဆနိုင်မည်နည်း။
၁၅။ ထိုနေ့ ကာလ၌ ငြင်းဆန်သူတို့သည် ပျက်စီးရလတ္တံ့။
၁၆။ ငါအရှင်သည် ရှေးဦးပထမသူ တို့ကို တိမ်ကောစေခဲ့ပြီ မဟုတ်လော။
၁၇။ တဖန် နောင်လာ နောက်သားတို့ကို သူတို့နောက်သို့ လိုက်စေ၏။
၁၈။ ငါသည် ရာဇဝတ်ကောင်တို့အား ယင်းသို့ စီမံတော်မူပြီ။
၁၉။ ထိုနေ့ကာလ၌ ငြင်းဆန်သူတို့သည် ပျက်စီးရလတ္တံ့။
၂၀။ ငါသည် သင်တို့အား တန်ဘိုးမဲ့ ရေတစ်စက်မှ ဖြစ်တည်စေသည် မဟုတ်လော။
၂၁။ သို့ဖြင့် ၎င်းအား အတည်တကျ တည်ဆောက်ထားရာ၌ စီစဉ် ပေးထားသည်မှာ။-
၂၂။ စည်းချိန်အလျောက် သိလာနိုင်သည်ထိ ဖြစ်၏။
၂၃။ သို့ဖြင့် ငါသည် စည်းချိန် ချမှတ်ထား၏၊ ငါ၏ စည်းချိန် ချမှတ်မှုသည် မည်မျှ ဂုဏ်ရှိလေသနည်း။
၂၄။ ထိုနေ့ကာလ၌ ငြင်းဆန်သူတို့သည် ပျက်စီးရလတ္တံ့။
၂၅။ ငါသည် မြေကမ္ဘာအား တည်မှီစရာအဖြစ် စီစဉ်ပေးထားသည် မဟုတ်လော။
၂၆။ သက်ရှိများနှင့် သက်မဲ့များ အတွက်။-
၂၇။ ထို၌ ကျွန်းမြင့်တိုက်ကြီးများနှင့် သင်တို့ သောက်ရေအတွက် ရေချိုကို စီစဉ်ပေးထား၏။
၂၈။ ထိုနေ့ကာလ၌ ငြင်းဆန်သူတို့သည် ပျက်စီးရလတ္တံ့။
၂၉။ သင်တို့က ငြင်းဆန်လေ့ရှိသည့် အရာဆီသို့ ထွက်ခွာလော့။
၃၀။ အရိပ်သုံးဆွယ် ရှိရာသို့ ထွက်ခွာလော့။
၃၁။ ၎င်းသည် အေးရိပ်မဟုတ်၊ မီးတောက်နေခြင်းသည် ပြည့်စုံသွားသည် မရှိ။
၃၂။ ဧကန် ၎င်းသည် ဆိုးဆိုးဝါးဝါး ပစ်ခတ်ခံနေရသော ရပ်ခံရာစခန်း ဖြစ်၏။
၃၃။ ထိုပစ်ခတ်ခြင်းမှာ အဝါရောင် ကုလားအုပ် အတန်းကဲ့သို့ ဖြစ်၏။
၃၄။ ထိုနေ့ကာလ၌ ငြင်းဆန်သူတို့သည် ပျက်စီးရလတ္တံ့။
၃၅။ ဤသည် သူတို့ စကား မဟနိုင်သောနေ့ ကာလ ဖြစ်၏။
၃၆။ သူတို့အတွက် တောင်းပန်ခြင်းကိုလည်း ခွင့်မပြုတော့ချေ။
၃၇။ ထိုနေ့ကာလ၌ ငြင်းဆန်သူတို့သည် ပျက်စီးရလတ္တံ့။
၃၈။ ဤသည် ရှင်းလင်း ဆုံးဖြတ်သောနေ့ ဖြစ်၏၊ ငါသည် သင်တို့နှင့် ရှေ့လူများကို စုပေါင်းစေတော်မူပြီ။
၃၉။ အကယ်၍ သင်တို့၌ နည်းဗျူဟာ ရှိကြလျှင် ဗျူဟာချကြကုန်လော့။
၄၀။ ထိုနေ့ကာလ၌ ငြင်းဆန်သူတို့သည် ပျက်စီးရလတ္တံ့။
၄၁။ ဧကန်ပင် စည်းစောင့်သူတို့သည် အရိပ်အဝါသ စိမ့်စမ်းများတွင် ဖြစ်ရလတ္တံ့။
၄၂။ သူတို့ အာသီသဖြစ်သော သစ်သီးဝလံတို့သည် ရှိနေ၏။
၄၃။ သင်တို့၏ ကျင့်ကြံလေ့ ရှိမှုများကြောင့် ကျေကျေနပ်နပ် စားကြ၊ သောက်ကြကုန်လော့- ဟု။-
၄၄။ ဧကန်ပင် ငါသည် သုမင်္ဂလာပြုသူတို့အား ဤသို့ အစားပေးတော်မူ၏။
၄၅။ ထိုနေ့ကာလ၌ ငြင်းဆန်သူတို့သည် ပျက်စီးရလတ္တံ့။
၄၆။ ပျော်ပါး မြူးတူး၍ အနည်းငယ်မျှ စားသုံးကြလော့၊ သင်တို့သည်ကား ရာဇဝတ်ကောင်များ ဖြစ်ကြ၏။
၄၇။ ထိုနေ့ကာလ၌ ငြင်းဆန်သူတို့သည် ပျက်စီးရလတ္တံ့။
၄၈။ သူတို့အား “ဦးညွှတ်ကြလော့၊” ဟု ပြောသောအခါ သူတို့သည် ဦးမညွှတ်ကြချေ။
၄၉။ ထိုနေ့ကာလ၌ ငြင်းဆန်သူတို့သည် ပျက်စီးရလတ္တံ့။
၅၀။ သို့ဖြစ်၍ ၎င်း၏နောက် မည်သည့် ဆင့်ပြန်ချက်ကို ယုံကြည်ကြဦး မည်နည်း။
ဓမ္မခန္ဓာ (၇၇) ဤတွင် ပြီး၏။
၁။ မည်သည့်အကြောင်းကို မေးမြန်းနေကြနည်း။
၂။ မဟာ သတင်းကြီးနှင့် ပတ်သက်၍။-
၃။ ဘယ်အရာ၌ သူတို့ ကွဲပြားနေကြသနည်း။
၄။ အမှန်မှာ သူတို့ သိလာကြရလတ္တံ့။
၅။ တဖန် အမှန်ပင် သူတို့ သိလာကြရလတ္တံ့။
၆။ ငါသည် မြေကမ္ဘာအား ငြိမ့်ညောင်းရာအဖြစ် စီစဉ်ပေးသည် မဟုတ်လော။
၇။ တောင်တန်းများသည် သပ်မှိုများ ဖြစ်စေ၏။
၈။ သင်တို့အား စုပေါင်းဖွဲ့ ဖြစ်တည်ပေးထား၏။
၉။ သင်တို့ နားနေဘို့ရာ အိပ်စက်ခြင်းကို စီစဉ်ပေးထား၏။
၁၀။ ငါသည် ည အား အဆင်အယင် အဖြစ် စီစဉ်ပေးထား၏။
၁၁။ ငါသည် နေ့ အား သင်တို့အတွက် ဘဝ တည်ဆောက်ရန် စီစဉ်ပေးထား၏။
၁၂။ ငါသည် သင်တို့၏ အပေါ်မှ ခုနစ်ဆက်ကို သန်မာ အားကောင်းစွာ တည်ဆောက်ပေးထား၍။-
၁၃။ တောက်လောင်နေသော လင်းရောင်ခြည်ကို စီစဉ် ပေးထား၏။
၁၄။ ငါသည် ရေငွေ့ထုမှ ဖောဖောသီသီ ချပေးသည်မှာ။-
၁၅။ ၎င်းအားဖြင့် ကောက်ပဲသီးနှံနှင့် သီးနှံ ဖြစ်ထွန်းစွာ ထွက်လာစေရန်။-
၁၆။ အမြဲစိမ်း ဥယျာဉ်များ ဖြစ်စေရန်ပင်။
၁၇။ ဧကန်ပင် ရှင်းလင်း ဆုံးဖြတ်မည့်နေ့သည် ရက်ချိန်း ဖြစ်၏။
၁၈။ ပုံစံ သက်ဝင်စေသောနေ့ ကာလ၌ သင်တို့အား အုပ်စုလိုက် ပေးရောက်လာစေလတ္တံ့။
၁၉။ ကောင်းကင်ယံအား တံခါးပေါက်များအဖြစ် ဖွင့်ပစ်စေအံ့။
၂၀။ တောင်တန်းများအား ပြတ်ရွေ့စေလျက် တံလျှပ်ပမာ ဖြစ်ရလတ္တံ့။
၂၁။ ဧကန်ပင် ငရဲဘုံသည် စောင့်ဆိုင်း ငံ့လင့်နေသည်မှာ။-
၂၂။ စည်းဖျက်သူတို့ အတွက် အပြန်ခရီး ဖြစ်၏။
၂၃။ သူတို့သည် ထို၌ ကြာမြင့်စွာ နေနေရလတ္တံ့။
၂၄။ သူတို့ မြည်းစမ်းရမည်မှာ အေးမြခြင်းနှင့် သောက်ရေမဟုတ်။
၂၅။ ရေနွေးပူနှင့် ရေခဲ ဖြစ်၍။-
၂၆။ ပေါင်းစည်းထားသော အစားပေးမှု ဖြစ်၏။
၂၇။ သူတို့သည်ကား စာရင်းရှင်းရမည်ကို မျှော်လင့်ထားခြင်း မရှိခဲ့ချေ။
၂၈။ ငါ၏ သုတ်ဒေသနာတို့အား မုသားလုပ် ငြင်းဆန်ခဲ့ကြ၏။
၂၉။ ငါသည် သဗ္ဗလုံးစုံအား အမှတ်စဉ်အတိုင်း မှတ်တမ်းတင် ထားတော်မူပြီ။
၃၀။ မြည်းစမ်းကြလော့၊ သင်တို့အား တိုးပွားစေသည်မှာ ဝဋ်ကြွေးဒဏ်သာ ဖြစ်၏။
၃၁။ ဧကန်ပင် စည်းစောင့်သူတို့အတွက် အောင်ပွဲသဘင်မှာ။-
၃၂။ စိုက်ခင်းများ၊ စပျစ်ခြံများ။-
၃၃။ အရွယ်တူသော မြေလုပ်သားများ။-
၃၄။ ပြည့်နေသော ရေခွက်ဖြင့် ဖြစ်ကြ၏။
၃၅။ သူတို့သည် ထို၌ ပွစိပွစိ ပြောသံ၊ မုသား စကားများကို ကြားရမည် မဟုတ်ချေ။
၃၆။ ကံကြမ္မာရှင်၏ထံမှ အစားပေးမှုဖြစ်၍ စာရင်းချုပ် လက်ဆောင်ပင် ဖြစ်၏။
၃၇။ မိုးများနှင့် မြေကမ္ဘာ၊ ထိုစပ်ကြားတို့၏ ကံကြမ္မာရှင်၊ ကရုဏာရှင်၊ ထိုအရှင်အား မိန့်ခွန်းပေးရန် ဩဇာအာဏာ မည်သူ့တွင်မှ မရှိချေ။
၃၈။ ဉာဏ်စဉ်တော်နှင့် နိမိတ်ဆောင်တို့ ဝါစဉ်လိုက် ရပ်တည်ရမည့်နေ့၌ မည်သူမျှ ပြောဆိုနိုင်သည့် အခွင့်အာဏာ မရှိချေ၊ ကရုဏာရှင်၏ ခွင့်ပြုချက် ရှိသူသည်သာ ထိရောက်စွာ ပြောဆိုရလတ္တံ့။
၃၉။ ဤသည် မှန်သောနေ့ ကာလ ဖြစ်၏၊ သို့ဖြစ်၍ စံချိန်ပြည့်သူအား ကံကြမ္မာရှင်သို့ အပြန်ခရီး- ဟု အယူထားစေလော့။
၄၀။ ဧကန်ပင် ငါသည် သင်တို့အား နီးကပ်လာသည့် ဝဋ်ကြွေးကို သတိပေးနေ၏၊ လူသားသည် မိမိ၏ စုံရပ်ခံခဲ့သော လက်ချက်များကို ကြည့်ရှုရသော နေ့၌ ဖုံးကွယ်သူများက “ကျွန်ုပ်တို့သည် မြေမှုန့်အတိ ဖြစ်ရလျှင် ကောင်းလေစွ၊” ဟု ဆိုကြလတ္တံ့။
ဓမ္မခန္ဓာ (၇၈) ဤတွင် ပြီး၏။
၁။ ဆောင့်နှစ်၍ ဆွဲထုတ်သူများအားဖြင့်။-
၂။ ညင်သာ သိမ်မွေ့စေသော ညင်သာစေသူများ အားဖြင့်။-
၃။ ခေါင်းသုံးစရာ၌ ခေါင်းသုံး စဉ်းစားသူများအားဖြင့်။-
၄။ လက်ဦးမှုရအောင် လက်ဦးမှု ယူသူများအားဖြင့်။-
၅။ ညွှန်ကြားချက်အား ကျောထောက်နောက်ခံ ပြုသူများအားဖြင့်။-
၆။ အတုန်လှုပ်ကြီး တုန်လှုပ်ရမည့်နေ့ ကာလ။-
၇။ နောက်မှကပ်လျက် လိုက်နေခြင်းအားဖြင့်။-
၈။ စိတ်နှလုံးတို့သည် ထိုနေ့ကာလ၌ ဖိအားပေး ခံနေရ၍။-
၉။ အမြင်များသည် ကျို့ငဲ့နေ၍။-
၁၀။ သူတို့က ပြောကြမည်မှာ “ကျွန်ုပ်တို့သည် ယခင် မူလ အတိုင်း ပြန်လည် ဖြစ်ရမည်လော။
၁၁။ မည်သို့နည်း၊ ကျွန်ုပ်တို့မှာ ကြေမွ ဆွေးမြေ့သော အရိုးတို့ ဖြစ်ခဲ့ပြီ မဟုတ်လော၊” ဟု ဖြစ်၏။
၁၂။ သူတို့က “ယင်းသည် ဆုံးရှုံးရသော အလှည့်ပင်၊” ဟု ဆက်ပြောကြလတ္တံ့။
၁၃။ ယင်းသည် အော်ဟောက်သံ တစ်ချက်သာ ဖြစ်၏။
၁၄။ သို့ဖြင့် သူတို့သည် ရှင်ပြန်ခဲ့ရလတ္တံ့။
၁၅။ မူဆာ၏အကြောင်း ဆင့်ပြန်ချက်သည် သင့်ထံသို့ ရောက်လာပြီလော။
၁၆။ ကံကြမ္မာရှင်က သူ့အား မြတ်သော တောင်ခြေ ချိုင့်ဝှမ်း၌ ခေါ်တော်မူ၍။-
၁၇။ ဖာရိုးထံသို့ သွားလော့၊ သူသည် စည်းဖျက်သူ ဖြစ်၏။
၁၈။ သူ့အား ပြောရမည်မှာ “သင်သည် သန့်ရှင်း ဖြူစင်လိုမှု ရှိသလော။
၁၉။ သင်သည် ကြောက်ရွံ ရိုသေအံ့ငှာ သင့်အား ကံကြမ္မာရှင်၏ထံသို့ ကျွန်ုပ် လမ်းညွှန်ပါရစေ၊” ဟု ဖြစ်၏။
၂၀။ သို့ဖြင့် သူ့အား ကြီးကျယ်သော နိမိတ် လက္ခဏာကို မြင်စေ၏။
၂၁။ သို့သော် သူ ငြင်းဆန်၏၊ အာခံ၏။
၂၂။ ထို့နောက် ကျောထောက် နောက်ခံရရန် လုံးပန်း၏။
၂၃။ စည်းရုံး၏၊ ဖိတ်ခေါ်၏။
၂၄။ “ကျွန်ုပ်သည် သင်တို့၏ ကံကြမ္မာရှင် ဖြစ်၏၊ အထွဋ်အထိပ် ဖြစ်၏၊” ဟု ဆို၏။
၂၅။ သို့ဖြင့် ပရမတ်ဘုရားရှင်သည် သူ့အား သိမ်းယူလိုက်ပြီ၊ နောက်ခေတ်၊ ရှေးခေတ်အတွက် နမူနာတစ်ရပ် ဖြစ်စေ၏။
၂၆။ ဧကန်ပင် ကြောက်ရွံ့ ရိုကျိုးတတ်သူတို့ အဘို့ ဤ၌ သင်ခန်းစာတစ်ရပ် ရှိနေ၏။
၂၇။ သို့တည်းမဟုတ် အာကာသကို တည်ဆောက်သော အရှင်အတွက် သင်တို့အား ဖြစ်တည်စေခြင်းက ပို၍ အားစိုက်ရသလော။
၂၈။ အရှင်သည် ၎င်း၏ မျက်နှာကျက်ကို မြှင့်မြှောက်ထား၏၊ ၎င်းကို ပုံစံချ၏။
၂၉။ ၎င်း၏ ည ကို အုံ့မှိုင်းစေ၏၊ တောက်ပ အလင်းကို ထွက်ပေါ်လာစေ၏။
၃၀။ ကမ္ဘာဂြိုလ်- ဤနောက် ၎င်းကို ကြက်ဥပုံ ဖြစ်စေ၏။
၃၁။ ထိုမှ ၎င်း၏ ရေနှင့် ၎င်း၏ ထိန်းကျောင်းရာကို ထွက်ပေါ်စေ၏။
၃၂။ တောင်တန်းကြီးများကို အမြစ်ကုပ် ခိုင်မာစေ၏။
၃၃။ သင်တို့အတွက်၊ သင်တို့၏ တိရိစ္ဆာန်များအတွက်၊ ချမ်းမြေ့စေရန် ဖြစ်၏။
၃၄။ ထို့နောက် ကြီးမားသော ပေါက်ကွဲမှု ရောက်လာသောအခါ။-
၃၅။ လူသားသည် သူလုံးပန်းခဲ့သမျှကို ဆင်ခြင် သတိရှိစေသောနေ့ ကာလ ဖြစ်၏။
၃၆။ မြင်တတ်သူအဘို့ ငရဲမီးသည် ချဉ်းကပ်လာနေပြီ။
၃၇။ ယင်းမှာမူ စည်းဖျက်သူတို့ အတွက်။-
၃၈။ လောကီဘဝအား လိုက်မြဲလိုက်သူ။-
၃၉။ ဧကန်ပင် ငရဲမီးသည် သူ၏ ခိုလှုံရာ ဖြစ်၏။
၄၀။ သို့သော် ကံကြမ္မာရှင်၏ရှေ့၌ ကြောက်ရွံ့ ရိုကျိုးစွာ ရပ်တည်သူ၊ ဉာဉ်စရိုက်အား လိုဘများမှ ဟန့်တားခဲ့သူတို့ အတွက်မူ။-
၄၁။ ဧကန်ပင် ဥယျာဉ် ဘုံသည် သူ၏ ခိုလှုံရာ ဖြစ်၏။
၄၂။ ရပ်တန့်နေမည့် အခိုက်အတန့်နှင့် စပ်လျဉ်း၍ သူတို့က သင့်အား မေးမြန်းကြ၏။
၄၃။ သင် သတိဖေါ် ပေးနေသော ထိုအကြောင်းပင် ဖြစ်၏။
၄၄။ ၎င်း၏ အန္တိမ ပန်းတိုင်သည် ကံကြမ္မာရှင်ထံသို့ ဖြစ်၏။
၄၅။ အသင်သည်ကား ကြောက်ရွံ့တတ်သူတို့ အတွက်သာ သတိပေးသူ ဖြစ်၏။
၄၆။ ၎င်းကို သူတို့ မြင်တွေ့ရသောနေ့၌ နေ ထိန်ထိန်ပူချိန်၊ သို့မဟုတ် ညဦးချိန်သာ၊ သူတို့ နေထိုင်ခဲ့ရ သကဲ့သို့ ဖြစ်လတ္တံ့။
ဓမ္မခန္ဓာ (၇၉) ဤတွင် ပြီး၏။
၁။ သူသည် သုန်မှုန်လျက် လှည့်သွားသည်မှာ။-
၂။ မျက်မမြင်သူ ရောက်လာသောကြောင့် ဖြစ်၏။
၃။ သူ့ကိုယ်သူ သန့်ရှင်း ဖြူစင်လို ကောင်း၏၊ သင် မည်သို့ မှန်းဆနိုင်မည်နည်း။
၄။ သို့မဟုတ် ဆင်ခြင် သတိရှိနိုင် ကောင်း၍ သတိပေး တရားတော်သည် သူ့အား အကျိုး ဖြစ်နိုင်ကောင်း၏။
၅။ သူ့ကိုယ်သူ ကုံလုံ ပြည့်စုံသူဟု ထင်သူအတွက်မူ။-
၆။ ဩဘာသံကို သင် မျှော်၏။
၇။ သူ့ကိုယ်သူ မသန့်ရှင်း မဖြူစင်သော်လည်း သင် အကြောင်း မဟုတ်ချေ။
၈။ လုံးပန်း၍ ရောက်လာသူမှာမူ။-
၉။ သူသည် ကြောက်ရွံ့တတ်၏။
၁၀။ သင်သည် သူ့အား ပျော်မြူးစေခြင်း မရှိချေ။
၁၁။ အမှန်မှာ ဤသည် သတိပေး တရားတော် ဖြစ်၏။
၁၂။ စံချိန်ပြည့်မီသူအား သတိတရား ထားစေရမည်မှာ။-
၁၃။ ဂုဏ်ကျက်သရေရှိသော ပရပိုက်များမှ ဖြစ်၏။
၁၄။ ယင်းသည် မြှောက်စားခံရ၍ သန့်စင်ရာ ဖြစ်၏။
၁၅။ ခရီးဦးကြိုပြုသော လက်များဖြင့်။-
၁၆။ ကျက်သရေရှိသော ကောင်းမှုကုသိုလ် ရှိ၏။
၁၇။ လူသား၏ ဖုံးကွယ်မှုက သူ့ကိုယ်သူ သတ်နေ၏။
၁၈။ အရှင်သည် သူ့အား မည်သည့်အရာမှ ဖြစ်တည်စေသနည်း။
၁၉။ သုတ်ပိုးမှ၊ အရှင်သည် သူ့အား စည်းချိန်ချ ဖြစ်တည်စေတော်မူ၏။
၂၀။ ထို့နောက် သူ့အတွက် လမ်းစဉ်ကို လွယ်ကူစေ၏။
၂၁။ တဖန် သူ့အား အနိစ္စ ရောက်စေ၏၊ သင်္ချိုင်းသို့ ရောက်စေ၏။
၂၂။ တဖန် စံချိန်ပြည့်မီသောအခါ သူ့အား နိုးကြွ ရှင်ပြန်စေ၏။
၂၃။ အမှန်မှာ သူ့အား ညွှန်ကြားသည်ကို အဆုံးမသတ်ချေ။
၂၄။ လူသားအား သူ၏ အစားအစာကို ကြည့်ရှုစေကုန်။
၂၅။ ငါသည် သွန်းလောင်းသော ရေကို မည်သို့ သွန်းလောင်းခဲ့သနည်း။
၂၆။ တဖန် မြေအား အစိတ်စိတ် ခွဲစိတ်ပေးလျက်။-
၂၇။ ထိုမှ ကောက်ပဲသီးနှံများကို မည်သို့ ဖြစ်ထွန်းစေသနည်း။
၂၈။ စပျစ်ပင်များ၊ စိမ်းလန်းသော စားကျက်များ။-
၂၉။ သံလွင်ပင်များ၊ စွန်ပလွံပင်များ။-
၃၀။ အနိုင်ရသော စိုက်ခင်းများ။-
၃၁။ သစ်သီးဝလံများ၊ ဘယပင်များကို။-
၃၂။ သင်တို့နှင့် သင်တို့၏ တိရိစ္ဆာန်များအတွက် ချမ်းမြေ့ရာ ဖြစ်စေ၏။
၃၃။ သို့ဖြင့် နားကွဲမတတ် အသံကြီး ရောက်လာသောအခါ။-
၃၄။ ထိုနေ့ ကာလတွင် ထွက်ပြေးမည့် အကောင်မှာ သူ့ ညီနောင်များထံမှ။-
၃၅။ သူ့အမိ၊ သူ့အဘ ထံမှ။-
၃၆။ သူ့ပေါင်းဖေါ်သင်းဘက်၊ သူ့သားသမီးထံမှ- ဖြစ်၏။
၃၇။ သူတို့မှ တစ်ဦးချင်းစီ ကိုယ့်ကိစ္စဖြင့်ကိုယ် ပြည့်နေသောနေ့။-
၃၈။ ထိုနေ့ကာလတွင် ခရီးဦးကြို ပြုခံရသော မျက်နှာများမှာ။-
၃၉။ သတင်းကောင်းများ၌ ရယ်မော ပျော်ရွင်ရလတ္တံ့။
၄၀။ ထိုနေ့ကာလ၌ ကျန်ရစ်ခံရသော မျက်နှာများ အပေါ်၌။-
၄၁။ မျက်နှာ မွဲဖြစ် ဖိစီးလျက် ရှိလတ္တံ့။
၄၂။ သူတို့သည်ကား ဖုံးကွယ်သူ ဖေါက်ထွက်သွားသူများ ဖြစ်ကြ၏။
ဓမ္မခန္ဓာ (၈၀) ဤတွင် ပြီး၏။
၁။ နေလုံးအား ဆွဲလိပ်ခံရသောအခါ။-
၂။ ကြယ်တာရာများ လွင့်စင် ကြေမွ သွားသောအခါ။-
၃။ တောင်တန်းများအား ပြတ်ရွေ့စေသောအခါ။-
၄။ ဆယ်လပြည့် မည့် ကိုယ်ဝန် စွန့်ပစ်ခံရသောအခါ။-
၅။ တောရိုင်းတိရိစ္ဆာန်တို့အား စုစည်းစေသောအခါ။-
၆။ ပင်လယ်သမုဒ္ဒရာများ ပြည့်လျှံလာသောအခါ။-
၇။ ဉာဉ်စရိုက်တို့အား စုဖွဲ့ပေးသောအခါ။-
၈။ အရှင် မြှုပ်ပစ်ခံရသော သူမအား မေးမြန်းမည်မှာ။-
၉။ မည်သည့် အပြစ်ကြောင့် အသတ်ခံရသနည်း၊ ဟု ဖြစ်၍။-
၁၀။ ပရပိုက်များကို နိုးကြွစေသောအခါ။-
၁၁။ မိုးကောင်းကင်အား အဖုံး လှန်ခံရသောအခါ။-
၁၂။ ငရဲမီးအား လောင်စာထိုးသောအခါ။-
၁၃။ ဥယျာဉ်ဘုံအား ချဉ်းကပ် လာစေသောအခါ။-
၁၄။ ဉာဉ်စရိုက်သည် သူ အသင့်ပြင်ရမည့် အရာကို သိရလတ္တံ့။
၁၅။ ငါ တိုင်တည်သည်မှာ- လှည့်နေသော ဂြိုလ်များ။-
၁၆။ ဂြိုလ်ပတ်လမ်း အတိုင်း လှည့်ပြေးနေခြင်း အားဖြင့်။-
၁၇။ မှိန်ကွယ်လာသည့် ည အားဖြင့်။-
၁၈။ စိတ်လန်းစေသော နံနက်စအားဖြင့်။-
၁၉။ ဧကန်ပင် ၎င်းသည် ဂုဏ်ကျက်သရေရှိသော ဉာဏ်စဉ်ဆောင်၏ နှုတ်ထွက် ဖြစ်၏။
၂၀။ အစွမ်းသတ္တိများ ပိုင်စိုးသောအရှင်၊ ထူထောင်ခြင်းများအား ထပ်ဆင့် ကွပ်ကဲသည့်အရှင်၏ အပါးတော်မှ ဖြစ်၏။
၂၁။ နာခံထိုက်သူ၊ ယုံကြည် စိတ်ချရသူ၊ ဖြစ်သော။-
၂၂။ သင်တို့၏ ပေါင်းဖေါ်သည် ရူးသွပ်နေသူ မဟုတ်ချေ။
၂၃။ မုချပင် သူသည် သူ့ကိုယ်သူ ရှင်းလင်း ထင်ရှားသော မိုးကုတ်စက်ဝန်း၌ မြင်၏။
၂၄။ သူသည် စက္ခုလွန်အား တွန့်တိုနေသူ မဟုတ်ချေ။
၂၅။ ၎င်းသည် ပစ်ထုတ်ခံ မကောင်းဆိုးဝါး၏ နှုတ်ထွက်လည်း မဟုတ်ချေ။
၂၆။ သို့ပါလျက် သင်တို့သည် အဘယ်သို့ သွားကြမည်နည်း။
၂၇။ ဧကန်ပင် ဤသည် လောကခပ်သိမ်းအတွက် သတိပေး တရားတော်သာ ဖြစ်၍။-
၂၈။ သင်တို့မှ စံချိန်ပြည့်မီသူအတွက် ရပ်တည်ချက် ဖြစ်စေ၏။
၂၉။ လောကခပ်သိမ်း၏ ကံကြမ္မာရှင်ဖြစ်သော ပရမတ်ဘုရားရှင်၏ စံချိန်မပြည့်မီဘဲ သင်တို့သည် စံချိန်ပြည့်မီမည် မဟုတ်ချေ။
ဓမ္မခန္ဓာ (၈၁) ဤတွင် ပြီး၏။
၁။ မိုးကောင်းကင်သည် အသစ်ပြန်ဖြစ်သောအခါ။-
၂။ ကြယ်ကြီးများ ဝဲလွင့်သွားရသောအခါ။-
၃။ သမုဒ္ဒရာများ ပန်းထွက်ရသောအခါ။-
၄။ သင်္ချိုင်းများ လှန်ခံရသောအခါ။-
၅။ ဉာဉ်စရိုက်သည် စုံရပ်ခံခဲ့မှုနှင့် အနာဂတ်ကို သိရလတ္တံ့။
၆။ အို- လူသား၊ ဂုဏ်ကျက်သရေရှိသော ကံကြမ္မာရှင်ထံမှ ကင်းရန် သင့်အား ဘယ်အရာက မြှူဆွယ်နေသနည်း။
၇။ အရှင်သည် သင့်အား ဖြစ်တည်စေ၏၊ ပုံစံချ၏၊ သင့်အား ဟန်ချက်ညီစွာဖြင့်။-
၈။ အရှင့် စံချိန်ပြည့်မီစေရာ ပုံစံမှ ဖြစ်၏၊ အသင့်အား ကိုယ်ထည်ဖွဲ့ပေး၏။
၉။ သို့သော်လည်း သင်သည် သာသနာတော်အား ငြင်းဆန်တော့၏။
၁၀။ ဧကန်ပင် သင်တို့၏ အပေါ်၌ ရှိသော အထိန်းအကွပ်များမှာ။-
၁၁။ ကျက်သရေရှိသော မှတ်တမ်းတင်သူများ ဖြစ်၍။-
၁၂။ သင်တို့ ပြုလုပ်သမျှအား သိနေကြကုန်၏။
၁၃။ ဧကန်ပင် ကောင်းမှုပြုသူတို့သည် ဂုဏ်ရှိခြင်း၌ ရှိ၏။
၁၄။ ဧကန်ပင် ဖေါက်ထွက်သူတို့သည် ငရဲမီးတွင်း၌ ရှိ၍။-
၁၅။ စီရင်မိန့် ချမည့်နေ့ ကာလတွင် ၎င်း၌ လောင်ကျွမ်းစေလတ္တံ့။
၁၆။ သူတို့အား ၎င်း၌ မျက်ကွယ် စီရင်ချက် မရှိချေ။
၁၇။ စီရင်မိန့် ချမည့်နေ့ ကာလဟူသည် သင် မည်သို့ မှန်းဆနိုင်မည်နည်း။
၁၈။ တဖန် စီရင်မိန့် ချမည့်နေ့ ကာလဟူသည် သင် မည်သို့ မှန်းဆနိုင်မည်နည်း။
၁၉။ ဉာဉ်စရိုက်တစ်ခုက ဉာဉ်စရိုက်တစ်ခုအား စိုးစဉ်းမျှ ဩဇာအာဏာ မရှိသောနေ့ ကာလ ဖြစ်၏၊ ထိုနေ့ကာလ၌ အရေးအရာတို့သည် ပရမတ်ဘုရားရှင်၏ အချုပ်အခြာ၌သာ ရှိ၏။
ဓမ္မခန္ဓာ (၈၂) ဤတွင် ပြီး၏။
၁။ တာဝန် ပေါ့ပျက်သူများ ပျက်စီးရမည်သာတည်း။
၂။ သူတို့သည် လူသားတို့ထံမှ အလေးချိန်သောအခါ အပြည့် ဖြစ်၍။-
၃။ သူတို့က အလေး၊ သို့မဟုတ် ချိန်ပေးသောအခါ လျော့ပေးကြကုန်၏။
၄။ သူတို့ မစဉ်းစားကြသလော၊ သူတို့ ပြန်လည်နိုးထရမည့်။-
၅။ မဟာ နေ့တော်ကြီးသည်။-
၆။ လူသားတို့သည် လောကခပ်သိမ်း၏ ကံကြမ္မာရှင်ထံ ရပ်တည်ရမည့်နေ့ ကာလ ဖြစ်၏။
၇။ အမှန်မှာ ဖေါက်ထွက်သူတို့၏ မှတ်တမ်းသည် အချုပ်ခန်းထဲ၌ ဖြစ်၏။
၈။ အချုပ်ခန်းဟူသည် မည်သည်ဟု သင် မည်သို့ မှန်းဆနိုင်မည်နည်း။
၉။ ရေးခြစ်ထားသော မှတ်တမ်းပင်တည်း။
၁၀။ ထိုနေ့ကာလ၌ ငြင်းဆန်သူတို့ ပျက်စီးရမည်သာတည်း။
၁၁။ သူတို့သည် စီရင်ချက်နေ့ ကာလကို ငြင်းဆန်ခဲ့ကြ၏။
၁၂။ စည်းဖေါက်သူ၊ အပြစ်ကောင် ကိုယ်စီမှအပ ငြင်းဆန်ခဲ့ကြသည် မရှိချေ။
၁၃။ သူ့အား ငါ၏ သုတ်ဒေသနာများကို ဖတ်ပြသောအခါ “ရှေးသရောအခါက ဒဏ္ဍာရီများသာတည်း၊” ဟု ဆို၏။
၁၄။ အမှန်မှာ ဧကန်ဆတ်ဆတ် သူတို့ ကျင့်ဆောင်လေ့ ရှိရာများက သူတို့၏ နှလုံးသားပေါ် ပေကျံ စွဲကပ်နေခြင်းသာ ဖြစ်၏။
၁၅။ အမှန်မှာ သူတို့သည် ထိုနေ့ကာလ၌ ကံကြမ္မာရှင်၏ထံမှ စည်းခြား ခံထားရသူများ ဖြစ်ကြ၏။
၁၆။ တဖန် သူတို့အား ငရဲမီးဖြင့် လောင်ကျွမ်းစေမည်ပင်။
၁၇။ ထို့နောက် သူတို့အား “ဤသည် သင်တို့ ငြင်းဆန်လေ့ရှိခဲ့ရာ ဖြစ်၏၊” ဟု ပြောဆိုလတ္တံ့။
၁၈။ အမှန်မှာ ကောင်းမှုပြုသူတို့၏ မှတ်တမ်းသည် အထွဋ်အထိပ်၌ ရှိ၏။
၁၉။ အထွဋ်အထိပ်ဟူသည် အဘယ်နည်း ဟု သင် မည်သို့ မှန်းဆနိုင်မည်နည်း။
၂၀။ ရေးခြစ်ထားသော မှတ်တမ်းပင်တည်း။
၂၁။ ချဉ်းကပ်ခွင့်ရသူများ၏ သက်သေတည်ခြင်းသည်။-
၂၂။ ကောင်းမှု ပြုသူတို့အား ဂုဏ်ရှိခြင်း၌ ဖြစ်စေ၍။-
၂၃။ ပလ္လင်များပေါ်မှ ကြည့်ရှုစေလတ္တံ့။
၂၄။ သူတို့၏ မျက်နှာများသည် ဂုဏ်ရောင် တောက်ပနေသည်ကို သင် မှတ်မိရစေလတ္တံ့။
၂၅။ သူတို့အား တံဆိပ်နှိပ်ထားသည့် ပေါင်းခံရေသန့်ဖြင့် တိုက်ကျွေးလတ္တံ့။
၂၆။ ယင်းမှ တံဆိပ်မှာ အစဉ် သင်းလျက်ရှိ၏၊ သို့ဖြစ်၍ စိတ်ဆန္ဒရှိသူတို့အား စိတ်ဆန္ဒပြည့်စေလော့။
၂၇။ ပေါင်းခံရည်မှ ယမကာဖြစ်၍။-
၂၈။ ချဉ်းကပ်ခွင့် ရသူများ သောက်သုံးသည့် စိမ့်စမ်းမှ ဖြစ်၏။
၂၉။ ဧကန်ပင် ပြစ်မှု ကျူးလွန်သော သူတို့က ယုံကြည်သော သူတို့အား ဟားတိုက် ရယ်မောလေ့ ရှိခဲ့ကြ၏။
၃၀။ သူတို့အနားမှ ဖြတ်သွားကြစဉ် အချင်းချင်း မျက်စပစ် ပြကြ၏။
၃၁။ သူတို့၏ ဝိုင်းသားများထံသို့ ဦးလှည့် ပြန်သောအခါ သီးနှံ ရသကဲ့သို့ ဦးလှည့် ပြန်ကြကုန်၏။
၃၂။ ၎င်းတို့က ကောင်းမှု ပြုသူတို့ကို မြင်တွေ့သော် “ဧကန်ပင် ထိုသူတို့သည် အပါယ်လမ်း၌ ရှိနေ၏၊” ဟု ပြောကြ၏။
၃၃။ ၎င်းတို့အား သူတို့အပေါ်၌ ထိန်းသိမ်း စောင့်ရှောက်သူများအဖြစ် စေစားထားသည် မဟုတ်ချေ။
၃၄။ သို့ဖြင့် ယနေ့မူကား ယုံကြည်သော သူတို့သည် ဖုံးကွယ်သူများထက် ရယ်မောနိုင်ကြပြီ။
၃၅။ သူတို့အား ပလ္လင်များပေါ်မှ ကြည့်ရှုစေလတ္တံ့။
၃၆။ ဖုံးကွယ်သူတို့၏ အကျိုးဆက်မှာကား သူတို့ ပြုလုပ်ခဲ့သော အရာပင် မဟုတ်တုံလော။
ဓမ္မခန္ဓာ (၈၃) ဤတွင် ပြီး၏။
၁။ ကောင်းကင်ယံသည် ကြေမွ၍။-
၂။ သူ့ကံကြမ္မာရှင်အား မှန်ကန် တိကျစွာ နားထောင်ရသောအခါ။-
၃။ မြေကမ္ဘာအား တိုးရွေ့စေလျက်။-
၄။ ထိုမှ သူမ၏ အတိတ်ဖြစ်ရပ်များကို ခင်းကျင်းစေ၍။-
၅။ သူမ ကံကြမ္မာရှင်အား မှန်ကန် တိကျစွာ နားထောင်ရသောအခါ။-
၆။ အို- လူသား၊ သင်သည် ကံကြမ္မာရှင်၏ဆီသို့ မတွန့်မဆုတ်၊ မဆုတ်မနစ်၊ ဧကန်ရှိလျှင် အရှင့်အား ဖူးတွေ့ရလတ္တံ့။
၇။ သူ၏ အားသန်ရာသို့ သူ့မှတ်တမ်းအား ပေးအပ်ခံရသူ အတွက်မူ။-
၈။ သူ့အတွက် စာရင်းသည် လွယ်ကူချောမွေ့သော စာရင်း ဖြစ်ရ၍။-
၉။ ကြိတ် ကြည်နူးလျက် သူ့ဝိုင်းသားများထံသို့ ဦးလှည့်ရလတ္တံ့။
၁၀။ သူ၏အကွယ်မှ မှတ်တမ်းအား နောက်ကျောမှ ပေးအပ်ခံရသူ အတွက်မူ။-
၁၁။ သူသည် ဖျက်ပယ်ခံရခြင်းကို တမ်းတလေလတ္တံ့။
၁၂။ သူ့အား မီးလောင်စာ ထဲ၌ လောင်ကျွမ်းစေလတ္တံ့။
၁၃။ ဧကန်ပင် သူသည် သူ့ဝိုင်းသားများအတွင်း၌ ကြိတ် ကြည်နူးစွာ နေခဲ့ဘူး၏။
၁၄။ ဧကန်ပင် သူသည် နောက်လိုက်နောက်ပါ မဖြစ်ရဟု စဉ်းစားခဲ့၏။
၁၅။ အမှန်မှာ ကံကြမ္မာရှင်သည် သူ့အား မြင်နေသောအရှင် ဖြစ်၏။
၁၆။ အမှန်မှာ စိုးထိတ်ဘွယ်ရာကို တိုင်တည်လျက်။-
၁၇။ တရိပ်ရိပ် တင်းပြည့်လာသည့် ည အားဖြင့်။-
၁၈။ တရိပ်ရိပ် ပြည့်ဖြိုးလာနေသော လ အားဖြင့်။-
၁၉။ သင်တို့သည် တစ်ဂြိုလ်မှ တစ်ဂြိုလ်သို့ စီးနင်း တက်သွားရလတ္တံ့။
၂၀။ သူတို့သည် အဘယ့်ကြောင့် မယုံကြည်ကြသနည်း။
၂၁။ သူတို့အား ကုရ်အာန်ကို ရွတ်ဖတ်ပြသောအခါ အဘယ်ကြောင့် ဦးချ နာခံခြင်း မရှိကြသနည်း။
၂၂။ အမှန်မှာ ဖုံးကွယ်သော သူတို့သည် ငြင်းဆန်ကြကုန်၏။
၂၃။ ပရမတ်ဘုရားရှင်သည်ကား သူတို့၏ အိတ်သွပ်ထားခြင်းကို အသိဆုံး ဖြစ်တော်မူ၏။
၂၄။ သို့ဖြစ်၍ သူတို့အား စူးနစ်နာကျင်သည့် ဝဋ်ကြွေးအကြောင်း သတင်းကောင်းကို ပါးလော့။
၂၅။ သို့သော် ယုံကြည်လျက် ပြုပြင် ပြောင်းလဲခြင်း ကျင့်ကြံသော သူများအတွက် မျက်နှာ မပျက်ရသော ဆုလာဘ်သည် ရှိပေ၏။
ဓမ္မခန္ဓာ (၈၄) ဤတွင် ပြီး၏။
၁။ နဂါးငွေ့တန်းများနှင့် မိုးကောင်းကင် အားဖြင့်။-
၂။ ကတိထားသောနေ့ ကာလ အားဖြင့်။-
၃။ သက်သေတည်သော သက်သေတည်သူများ အားဖြင့်။-
၄။ မထီ လေးစား အံတုသော ပေါင်းဖေါ်တို့သည် သုတ်သင်ခံရလတ္တံ့။
၅။ မီးကို လောင်စာ ထည့်၍။-
၆။ သူတို့သည် ထို၌ အထိုင်ချနေကြ၏။
၇။ ယုံကြည်သူတို့အား သူတို့ မည်သို့ ပြုလုပ်ခဲ့သည်ကို သူတို့ကိုယ်တိုင် သက်သေများ ဖြစ်၏။
၈။ ဘုန်းတော်ရှင်၊ ရည်သန်စူးစိုက်မှု တည်ရာအရှင်၊ ပရမတ်ဘုရားရှင်အား ယုံကြည်ခြင်းကြောင့်သာ သူတို့ လက်တုန့်ပြန်ခဲ့ခြင်း ဖြစ်၏။
၉။ အရှင်- ထိုအရှင်သည် မိုးများနှင့် မြေကမ္ဘာ၏ ဩဇာအာဏာတည်ရာ အရှင် ဖြစ်၏၊ ပရမတ်ဘုရားရှင်သည်ကား သဗ္ဗလုံးစုံအတွက် သက်သေသက်ကန်ပင် ဖြစ်၏။
၁၀။ ဧကန်ပင် ယုံကြည်သူ၊ ယုံကြည်သူမတို့အား သွေးတိုးစမ်းခဲ့၍ သူတို့ကိုယ် သူတို့၊ ခဝါမချသော သူတို့အတွက် ငရဲဘုံ ဝဋ်ကြွေးသည် ရှိနေ၏၊ သူတို့အတွက် လောင်ကျွမ်းရခြင်း ဝဋ်ကြွေးသည် ရှိနေ၏။
၁၁။ ဧကန်ပင် ယုံကြည်၍ ပြုပြင် ပြောင်းလဲခြင်း ကျင့်ကြံသော သူများအတွက် အောက်ခင်း၌ စမ်းချောင်းရေသွင် စီးဆင်းနေသော ဥယျာဉ်ဘုံများ ရှိနေ၏၊ ဤသည် ကြီးကျယ်သော အောင်ပွဲပင် ဖြစ်၏။
၁၂။ ဧကန်ပင် ကံကြမ္မာရှင်၏ ကိုင်တွယ်မှုသည် ပြတ်သားလှ၏။
၁၃။ ဧကန်ပင် အရှင်သည် စတည်ဖြစ်စေသော၊ ဆက်ဖြစ်နေစေသောအရှင်။-
၁၄။ အရှင်သည် လွတ်ငြိမ်းစေသော၊ ချစ်ခင်သနားသောအရှင်။-
၁၅။ ထပ်ဆင့်ကွပ်ကဲမှုအား ပိုင်စိုးသော၊ မြင့်မြတ်တော်မူသောအရှင်။-
၁၆။ အလိုတော်ရှိရာအား စီမံသောအရှင် ဖြစ်တော်မူ၏။
၁၇။ တပ်မဟာကြီး အကြောင်း ဆင့်ပြန်ချက်သည် သင့်ထံသို့ ရောက်လာပြီလော။
၁၈။ ဖာရိုးနှင့် သမူဒ်တို့ပင်။
၁၉။ အမှန်မှာ ဖုံးကွယ်သောသူတို့သည် ငြင်းဆန် ကြကုန်၏။
၂၀။ ပရမတ်ဘုရားရှင်သည် သူတို့အား အကွယ်မှ ဝိုင်းဝန်းထားတော်မူ၏။
၂၁။ အမှန်မှာ ဤသည် မြင့်မြတ်သော ကုရ်အာန် ဖြစ်၍။-
၂၂။ ထိန်းသိမ်း စောင့်ရှောက်ထားသော အချပ်ပြား၌ ရှိ၏။
ဓမ္မခန္ဓာ (၈၅) ဤတွင် ပြီး၏။
၁။ မိုးကောင်းကင်နှင့် လမ်းဖေါက်သူ အားဖြင့်။-
၂။ လမ်းဖေါက်သူဟူသည် အဘယ်နည်း ဟု သင် မည်သို့ မှန်းဆနိုင်မည်နည်း။
၃။ ၎င်းသည် ဖေါက်ထွင်းသော ကြယ် ဖြစ်၏။
၄။ ဧကန်ပင် ဉာဉ်စရိုက် ကိုယ်စီ အပေါ်၌ အထိန်းအကွပ် ရှိနေ၏။
၅။ သူ့အား မည်သည့်အရာမှ ဖြစ်တည်စေသည်ကို လူသားကို ကြည့်ရှုစေလော့။
၆။ သူ့အား ညှစ်ထုတ်သော ရေမှ ဖြစ်တည်စေ၏။
၇။ ၎င်းကို ကျောရိုးနှင့် နံရိုးများ ကြားမှ ညှစ်ထွက်စေ၏။
၈။ ဧကန်ပင် အရှင်သည် သူ့အား ပြန်လှည့်လာရန် စည်းချိန် ချမှတ်ထား၏။
၉။ မြှုပ်ကွယ်ရာများကို စစ်ဆေးရေးဝင်သောနေ့ ကာလ၌။-
၁၀။ သူ့တွင် အစွမ်းသတ္တိ၊ အကူအညီ မရှိချေ။
၁၁။ ပြန်လှည့်နေစေသော ကောင်းကင်ယံအားဖြင့်။-
၁၂။ ခံစားချက် အက်ကွဲသော မြေကမ္ဘာအားဖြင့်။-
၁၃။ ဧကန် ဤသည် ရှင်းလင်း ဆုံးဖြတ်ချက်၊ နှုတ်ထွက်တော် ဖြစ်၏။
၁၄။ ၎င်းသည် ဟာသ မဟုတ်ပေ။
၁၅။ သူတို့သည် မဟာဗျူဟာဖြင့် ဗျူဟာချနေကြ၏။
ဓမ္မခန္ဓာ (၈၆) ဤတွင် ပြီး၏။
၁။ အထွဋ်အထိပ် ဖြစ်တော်မူသော ကံကြမ္မာရှင်၏ ဂုဏ်တော်အား ဦးထိပ်ထားလော့။
၂။ အရှင်သည် ဖြစ်တည်စေ၏၊ ပုံစံချပေး၏။
၃။ အရှင်သည် စည်းချိန်ချပေး၏၊ လမ်းညွှန်ပေး၏။
၄။ အရှင်သည် ထိန်းကျောင်းရာကို ထွက်ပေါ်စေ၏။
၅။ ထို့နောက် ၎င်းကို ဖုံထနေသော အမှိုက်သရိုက်အဖြစ် စီစဉ်ပစ်၏။
၆။ သင် မမေ့စေရန် ငါအရှင်သည် သင့်အား ရွတ်ဖတ်ပြမည်မှာ။-
၇။ ပရမတ်ဘုရားရှင်၏ စံချိန်ပြည့်ခြင်းမှသာ ဖြစ်၏၊ ဧကန်ပင် အရှင်သည် ဖွင့်ပြောရာ၊ ထိမ်ဝှက်ရာတို့ကို သိနေတော်မူ၏။
၈။ ငါသည် သင့်အား လွယ်ကူမှုဖြင့် လွယ်ကူ စေတော်မူလတ္တံ့။
၉။ သို့ဖြစ်၍ သတိ ဖေါ်ပေးလော့၊ သတိ ဖေါ်ပေးခြင်းသည် အကျိုး ဖြစ်ထွန်းစေ၏။
၁၀။ ကြောက်ရွံ့တတ်သူသည် ဆင်ခြင်သတိ ရနိုင်ကောင်း၏။
၁၁။ ကံအဆိုးဆုံး သူသည်သာ ၎င်းမှ ကင်းသန့်၏။
၁၂။ သူ့ကို ကြီးမားသော အပူမီး၌ လောင်ကျွမ်းစေလျက်။-
၁၃။ ထို၌ သူသည် မသေမရှင် ခံစားရလတ္တံ့။
၁၄။ အောင်မြင် ပေါက်မြောက်မည့်သူမှာ မုချ သန့်ရှင်း ဖြူစင်၍။-
၁၅။ ကံကြမ္မာရှင်၏ ဂုဏ်တော်အား သတိရ ရှုမှတ်လျက် ထို့နောက် ဝတ်ပြု၏။
၁၆။ အမှန်မှာ သင်တို့သည် လောကီသက်တမ်းကို လိုက်မြဲ လိုက်နေ၏။
၁၇။ နောင်ဘဝသည်ကား ပိုမို ကောင်းမြတ်၏၊ သာ၍ တည်တံ့၏။
၁၈။ ဧကန်ပင် ဤသည် ရှေးပရပိုက်များမှ ဖြစ်သော။-
၁၉။ အီဗရာဟီးမ်နှင့် မူဆာတို့၏ ပရပိုက်များ၌ ပါရှိ၏။
ဓမ္မခန္ဓာ (၈၇) ဤတွင် ပြီး၏။
၁။ ခြုံလွှမ်းပစ်မည့်အကြောင်း ဆင့်ပြန်ချက်သည် သင့်ထံသို့ ရောက်လာပြီလော။
၂။ ထိုနေ့ကာလ၌ ကျို့ငဲ့ရမည့် မျက်နှာများမှာ။-
၃။ အကျင့် အကြံကြီးဖြင့် ခြေကုန်လက်ပန်း ကျလျက်။-
၄။ အပူဟပ်နေသော မီး၌ လောင်ကျွမ်းစေလျက်။-
၅။ စီစဉ်ထားသော စမ်းမှ တိုက်ကျွေးလတ္တံ့။
၆။ ဆူးခါးပင်များမှအပ သူတို့အား ကျွေးမွေးရာ မရှိချေ။
၇။ ၎င်းသည် အဟာရ မဖြစ်၊ ငတ်မွတ် ဆာလောင်မှု အတွက်လည်း မပြည့်စုံနိုင်ချေ။
၈။ ထိုနေ့ကာလတွင် ဂုဏ်ပေးခံရမည့် မျက်နှာများမှာ။-
၉။ သူတို့၏ လုံးပန်းခဲ့မှုများ အတွက် ကျေနပ် နှစ်သက်လျက်။-
၁၀။ အထွဋ်အထိပ်ဖြစ်သော သုခဘုံ အတွင်း၌။-
၁၁။ ထို၌ ပွစိပွစိ ပြောသံကို ကြားရမည် မဟုတ်ချေ။
၁၂။ ထို၌ စီးဆင်းနေသော စိမ့်စမ်းများ ရှိ၏။
၁၃။ ထို၌ မြှောက်စားထားသော ဇိမ်ခံခုံများ ရှိ၏။
၁၄။ ချထားပေးသော ရေခွက်များလည်း ရှိ၏။
၁၅။ ဆိုဖာမှီအုံးများ အစီအစဉ် တကျလည်း ရှိ၏။
၁၆။ ကောဇောများ ဖြန့်လျက်လည်း ရှိ၏။
၁၇။ သူတို့ မကြည့်ကြသလော၊ ကုလားအုပ်တို့အား မည်သို့ ဖြစ်တည်စေသနည်း။
၁၈။ ထို့နောက် ကောင်းကင်ယံအား မည်သို့ မြှင့်မြှောက်နေစေသနည်း။
၁၉။ ထို့နောက် တောင်တန်းများအား မည်သို့ ကုပ်ကပ် နေစေသနည်း။
၂၀။ ထို့နောက် မြေကမ္ဘာအား မည်သို့ ကျဲဖြန့်ထားသနည်း။
၂၁။ သို့ဖြစ်၍ သတိ ဖေါ်ပေးလော့၊ သင်သည် သတိ ဖေါ်ပေးသူသာ ဖြစ်၏။
၂၂။ သင်သည် သူတို့အတွက် ရေးမှတ်နေရသူ မဟုတ်ချေ။
၂၃။ လှည့်သွားလျက် ဖုံးကွယ်သူကိုသာ။-
၂၄။ ပရမတ်ဘုရားရှင်သည် သူ့အား ကြီးမားသော ဝဋ်ကြွေးဖြင့် ဝဋ်ကြွေးသင့်စေလတ္တံ့။
၂၅။ ဧကန်ပင် သူတို့၏ အပြန်ခရီးသည် ငါ့ထံသို့သာ ဖြစ်၏။
၂၆။ တဖန် သူတို့၏ အချုပ်စာရင်းသည် ငါ့ထံ၌သာ ဖြစ်၏။
ဓမ္မခန္ဓာ (၈၈) ဤတွင် ပြီး၏။
၁။ အလင်းဖြာထွက်ချိန် အားဖြင့်။-
၂။ တင်းပြည့် ကျပ်ပြည့် ညများ အားဖြင့်။-
၃။ စုံဂဏန်း၊ မဂဏန်း၊ အားဖြင့်။-
၄။ ည ခရီးနှင်သော အားဖြင့်။-
၅။ ယင်း၌ ကျောက်တိုင်ကဲ့သို့ သူတို့၏ တိုင်တည်ရာရှိသည် မဟုတ်လော။
၆။ သင် မမြင်မိသလော၊ သင့် ကံကြမ္မာရှင်က မည်သို့ စီမံလိုက်သော အာဒ်တို့မှာ။-
၇။ မဏ္ဍိုင်ဖြစ်သော အေရာမ်မှ ဖြစ်၏။
၈။ မြို့ဒေသများ၌ ထိုသို့ အလားတူ ဖြစ်တည်ပေးခဲ့ခြင်း မရှိချေ။
၉။ ချိုင့်ဝှမ်းဒေသ၊ ကျောက်ဆစ် ပဲ့တင်ရိုက်စေသော သမူဒ်တို့လည်း ပါ၏။
၁၀။ ခြေကုပ်ခိုင်သော ဖာရိုးလည်း ပါသွား၏။
၁၁။ သူတို့သည် မြို့ဒေသများ၌ စည်းဖျက်သူများ ဖြစ်ကြ၏။
၁၂။ သူတို့သည် မြောက်မြားစွာ အဖျက်လုပ်ကြ၏။
၁၃။ သို့ဖြင့် ကံကြမ္မာရှင်က သူတို့အပေါ်သို့ ရိုက်ချက်ပြင်းသော ဝဋ်ကြွေးကို သွန်းလောင်းစေခဲ့ပြီ။
၁၄။ ဧကန်ပင် ကံကြမ္မာရှင်သည် အမြဲ စောင့်ကြည့်နေတော်မူ၏။
၁၅။ လူသားမှာမူ ကံကြမ္မာရှင်က သူ့အား ဂုဏ်ရှိစေခြင်း၊ ကျက်သရေ ရှိစေခြင်းဖြင့် စုံစမ်းသော် “ကံကြမ္မာရှင်က ကျွန်ုပ်အား ကျက်သရေရှိစေ၏၊” ဟု ပြောဆိုလတ္တံ့။
၁၆။ သူ့အပေါ်၌ ရိက္ခာ စည်းကြပ်ခြင်းဖြင့် စုံစမ်းသောအခါမူ “ကံကြမ္မာရှင်က ကျွန်ုပ်အား နှိမ့်ချထား၏၊” ဟု ဆို၏။
၁၇။ အမှန်မှာ သင်တို့သည် မိဘမဲ့တို့အား ကျက်သရေ ရှိစေရန် လုပ်မပေးချေ။
၁၈။ သင်တို့သည် နွမ်းပါးသူတို့အား ကျွေးမွေးရန် မတိုက်တွန်းကြဘဲ။-
၁၉။ လက်ဦးမှုယူ စားသုံးခြင်းဖြင့် အမွေအနှစ်များကို စားသုံးနေကြ၏။
၂၀။ ဥစ္စာပစ္စည်းကို အငမ်းမရ နှစ်သက်ခြင်းဖြင့် နှစ်သက်နေကြ၏။
၂၁။ အမှန်မှာ မြေကမ္ဘာအား စိစိညက်ညက် ကြေအောင် ကြိတ်ပစ်သောအခါ။-
၂၂။ ကံကြမ္မာရှင်နှင့် အာဏာပိုင် အဆင့်ဆင့်တို့သည် ရောက်လာလတ္တံ့။
၂၃။ ထိုနေ့၌ ငရဲဘုံကို ရောက်လာစေ၍ ထိုနေ့၌ လူသားသည် ဆင်ခြင်သတိ ရလေလတ္တံ့၊ ထိုသတိရခြင်းသည် သူ့အတွက် မည်သို့ ဖြစ်အံ့တော့နည်း။
၂၄။ သူက “ကျွန်ုပ်များနှယ်- ရှင်သန်ခြင်း ဘဝအတွက် စုံရပ်ခံခဲ့လျှင် ကောင်းလေစွ၊” ဟု ဆိုလိမ့်မည်။
၂၅။ ထိုနေ့၌ တစ်စုံတစ်ယောက်မျှ မသင့်သော ဝဋ်ကြွေးဖြင့် ဝဋ်ကြွေး သင့်စေလတ္တံ့။
၂၆။ တစ်စုံတစ်ယောက်မျှ မဖမ်းချုပ်နိုင်ခြင်းဖြင့် ဖမ်းချုပ်တော်မူလတ္တံ့။
၂၇။ အို- ဘဝင်ငြိမ်းအေးသော စိတ်ဉာဉ်။-
၂၈။ သင့် ကံကြမ္မာရှင်၏ ထံသို့ ဦးလှည့်လော့၊ သင့်အား ကျေနပ်နှစ်သက်၏၊ သင်လည်း ကျေနပ်နှစ်သက်ခြင်း ရှိ၍။-
၂၉။ ငါ့ အမှုတော်ဆောင်များထံသို့ ဝင်လော့။
၃၀။ ငါ့ ဥယျာဉ်တော်သို့ ဝင်လေလော့။
ဓမ္မခန္ဓာ (၈၉) ဤတွင် ပြီး၏။
၁။ အမှန်မှာ ဤနေပြည်တော်အား တိုင်တည်၍။-
၂။ သင့်အား တရားဝင် ဖြစ်စေမည့် ဤ နေပြည်တော်အားဖြင့်။-
၃။ မွေးမိဘနှင့် ရင်သွေးတို့အားဖြင့်။-
၄။ မုချပင် ငါသည် လူသားကို လုံ့လစိုက်ရသော ဘဝဖြင့် ဖြစ်တည်စေ၏။
၅။ သူ့အား တစ်စုံတစ်ယောက်မျှ စည်း မကြပ်မတ်နိုင်ဟု သူ စိတ်ကူး ယဉ်နေသလော။
၆။ သူက “ကျွန်ုပ်သည် ဥစ္စာပစ္စည်း ပိုပိုလျှံလျှံ ဖြုန်းတီးနိုင်သည်၊” ဟု ပြောဆိုလတ္တံ့။
၇။ သူ့အား တစ်စုံတစ်ယောက်မျှ မမြင် ဟု သူ စိတ်ကူးယဉ်နေသလော။
၈။ သူ့အား မျက်လုံးများကို ငါ စီစဉ်ပေးခဲ့သည် မဟုတ်လော။
၉။ နှုတ်လျှာနှင့် နှုတ်ခမ်း နှစ်ခုလည်း ပါစေ၏။
၁၀။ သူ့အား လျှောက်လမ်း နှစ်သွယ် ငါ ညွှန်ပေးထားသည် မဟုတ်လော။
၁၁။ အမှန်မှာ သူသည် ချုပ်ကိုင်ထားခြင်းကို စိတ်မပြတ်လို။
၁၂။ ချုပ်ကိုင် ထားခြင်းဟူသည် အဘယ်နည်း ဟု သင် မည်သို့ မှန်းဆနိုင်မည်နည်း။
၁၃။ ကျေးကျွန် လွှတ်ပေးခြင်း ဖြစ်၏။
၁၄။ သို့မဟုတ် ကျွေးမွေးရမည်မှာ- အလွန် ဆာလောင်သောနေ့ ကာလ၌။-
၁၅။ မိဘမဲ့နှင့် ဆွေမျိုးနီးစပ်သူများ။-
၁၆။ မြေယာလုပ်သော နွမ်းပါးသူများကို ဖြစ်၍။-
၁၇။ တဖန် ယုံကြည်သူမှ ဖြစ်သူတို့အား သည်းခံပါရမီ ကြီးရန် မှာကြားခြင်း၊ ကရုဏာ သက်တတ်ရန် မှာကြားခြင်းတို့ ဖြစ်၏။
၁၈။ သူတို့သည် လက်ယာရံ ပေါင်းဖေါ်များ ဖြစ်ကြ၏။
၁၉။ ငါ၏ သုတ်ဒေသနာတို့အား ဖုံးကွယ်သောသူ၊ သူတို့သည် လက်ဝဲရံ ပေါင်းဖေါ်များ ဖြစ်ကြ၏။
၂၀။ သူတို့အပေါ်၌ အပူမီးသည် ပိတ်ဆို့လျက် ရှိ၏။
ဓမ္မခန္ဓာ (၉၀) ဤတွင် ပြီး၏။
၁။ နေ၊ တောက်ပအလင်း။-
၂။ လ၊ အလင်းကူးသောအခါ။-
၃။ နေ့ ထိန်လင်း ရသောအခါ။-
၄။ ည လွှမ်းခြုံခံရစေသောအခါ- တို့အားဖြင့်။-
၅။ ကောင်းကင်ယံ တည်ဆောက်စေရာ အားဖြင့်။-
၆။ မြေကမ္ဘာ ပြန့်ထွက်စေရာ အားဖြင့်။-
၇။ ဉာဉ်စရိုက် ပုံစံချပေးရာ အားဖြင့်။-
၈။ သို့ဖြင့် ၎င်းအား ဖြာထွက်မှုနှင့် စည်းစောင့်မှုအား အသိစိတ် သွင်းပေးခြင်း အားဖြင့်။-
၉။ သန့်ရှင်း ဖြူစင်သူသည် မုချ အောင်မြင် ပေါက်မြောက်လတ္တံ့။
၁၀။ မသူတော်တို့ကား မုချ ကျဆုံး နစ်မြုပ်ရလတ္တံ့။
၁၁။ သမူဒ်တို့သည်လည်း စည်းဖျက်ခြင်းဖြင့် ငြင်းဆန်ခဲ့ကြ၏။
၁၂။ ကံအဆိုးဆုံး သူတို့ နိုးထရသောအခါ။-
၁၃။ သူတို့အတွက် ပရမတ်ဘုရားရှင်၏ ဉာဏ်စဉ်ဆောင်က “ပရမတ်ဘုရားရှင်၏ ကုလားအုပ်မအား ရေသောက်ခွင့်ပေးရန်” ပြောဆိုသည်ကို။-
၁၄။ သူတို့ ငြင်းဆန်ကြလျက် သူမအား မျိုးအစေခြင်းကြောင့် သူတို့အား ဖျက်သိမ်းပစ်၏၊ ကံကြမ္မာရှင်က သူတို့အား ပြစ်မှုဖြင့်အညီ ဖြစ်စေ၏။
၁၅။ ထိုသို့ နိဂုံးချုပ်ခြင်းကို တွန့်ဆုတ်နေခြင်း မရှိချေ။
ဓမ္မခန္ဓာ (၉၁) ဤတွင် ပြီး၏။
၁။ ည လွှမ်းခြုံခံရစေသောအခါ။-
၂။ နေ့ ထိန်လင်းစေသောအခါ။-
၃။ လိင်ဖို၊ လိင်မတို့အား ဖြစ်တည်စေရာ အားဖြင့်။-
၄။ ဧကန်ပင် သင်တို့၏ လုံးပန်းမှုများကို မတူကွဲပြားစေ၏။
၅။ လက်ဆောင်ပေးတတ်သူ၊ စည်းစောင့်သူ၊ အတွက်မူ။-
၆။ သုမင်္ဂလာကို ဖြောင့်မှန်စေ၏။
၇။ ငါသည် သူ့အား လွယ်ကူမှုဆီသို့ လွယ်ကူစေတော်မူပြီ။
၈။ ကပ်စေးနှဲလျက် ကုံလုံ ပြည့်စုံပြီဟု ထင်သူမှာမူ။-
၉။ သုမင်္ဂလာကို ငြင်းဆန်၏။
၁၀။ ငါအရှင်သည် သူ့အား ခက်ခဲမှုဆီသို့ ကုန်းဆင်းစေတော်မူပြီ။
၁၁။ သူ၏ ကျရှုံးချိန်၌ သူ့ ဥစ္စာပစ္စည်းက သူ့အတွက် မပြည့်စုံစေတော့ချေ။
၁၂။ ဧကန်ပင် လမ်းညွှန်ပေးခြင်းမှာ ငါ၏ ဝန်တာသာ ဖြစ်၏။
၁၃။ ဧကန်ပင် နောင်ဘဝ၊ ရှေးဘဝတို့သည် ငါ့အပေါ်၌သာ တည်၏။
၁၄။ သို့ဖြစ်၍ မီးညွန့် တလူလူ အကြောင်း သင်တို့အား သတိပေးတော်မူပြီ။
၁၅။ ၎င်းသည် ကံဆိုးသူကိုသာ လောင်ကျွမ်းစေလတ္တံ့။
၁၆။ သူသည် ငြင်းဆန်ခဲ့၏၊ ထို့နောက် လှည့်သွားခဲ့၏။
၁၇။ စည်းအစောင့်ဆုံးသူတို့မှ ၎င်းကို ကင်းသန့်စေ၏။
၁၈။ သူသည် ဥစ္စာပစ္စည်းအား ပေးလှုလျက် သန့်ရှင်း ဖြူစင်စေ၏။
၁၉။ သူ့ထံ၌ သူ့အား ဂုဏ်ပေး၍ အစားပေးမည့်သူ တစ်ယောက်မျှ မရှိဘဲလျက်။-
၂၀။ အထွဋ်အထိပ် ဖြစ်တော်မူသော ကံကြမ္မာရှင်၏ မျက်နှာသာပေး ခံရခြင်းကိုသာ ရှာဖွေခဲ့၏။
၂၁။ သူ့အား မကြာမီ ကျေနပ် နှစ်သက်ရစေလတ္တံ့။
ဓမ္မခန္ဓာ (၉၂) ဤတွင် ပြီး၏။
၁။ တောက်ပအလင်း အားဖြင့်။-
၂။ ည အပေါ်ယံ လွှမ်းကာခံရခြင်း အားဖြင့်။-
၃။ ကံကြမ္မာရှင်သည် သင့်အား လျစ်လျူရှုထားခြင်း မရှိ၊ ငြိုငြင်ခြင်းလည်း မရှိချေ။
၄။ နောင်အဆင့်သည် သင့်အတွက် ပထမအဆင့်ထက် ပိုမို ကောင်းမွန်၏။
၅။ ကံကြမ္မာရှင်သည် သင့်အား ကျေနပ် နှစ်သက်မှုကို လက်ဆောင်ပေးလတ္တံ့။
၆။ အရှင်သည် သင့်အား မိဘမဲ့အဖြစ် တွေ့တော်မူ၍ ခိုလှုံရာပေးခဲ့သည် မဟုတ်လော။
၇။ အရှင်သည် သင့်အား ဆရာစဉ်မှ ရှောင်နေသည်ကို တွေ့တော်မူ၍ လမ်းညွှန်ခဲ့ပြီ မဟုတ်လော။
၈။ အရှင်သည် သင့်အား ချို့တဲ့မှု၌ တွေ့တော်မူ၍ ပြည့်စုံစေခဲ့ပြီ မဟုတ်လော။
၉။ မိဘမဲ့တို့အား အညွန့် မကျိုးစေရန် အတွက်။-
၁၀။ တောင်းခံလာ သူတို့အား ခွန်းတုံ့မလှန်ရန် အတွက်။-
၁၁။ ကံကြမ္မာရှင်၏ ဂုဏ်ပေးခြင်းဖြင့် ဆင့်ပြန်ကြလော့။
ဓမ္မခန္ဓာ (၉၃) ဤတွင် ပြီး၏။
၁။ ငါသည် သင်၏ ရင်ကို ကျယ်ဝန်းစေပြီ မဟုတ်လော။
၂။ သင့်ထံမှ ဝန်ထုပ်ကို လျော့ချပေးခဲ့ပြီ။
၃။ ယင်းသည် သင်၏ ကျောကို ချိုးဖေါက်မတတ်ပင်။
၄။ သင့်အား သတိတရရှိစေရန် ငါအရှင် မြှောက်စားခဲ့ပြီ။
၅။ သို့ဖြင့်- ဧကန်ပင် အခက်အခဲနှင့် အတူ လွယ်ကူမှုသည် ရှိ၏။
၆။ ဧကန်ပင် အခက်အခဲနှင့် အတူ လွယ်ကူမှုသည် ရှိ၏။
၇။ သို့ဖြစ်၍ စိတ်တော်လှန်ရေး လုပ်သောအခါ အားတင်းထားလော့။
၈။ ကံကြမ္မာရှင်ဆီသို့သာ ဦးစားပေးကြလော့။
ဓမ္မခန္ဓာ (၉၄) ဤတွင် ပြီး၏။
၁။ ပညောင်သီး၊ သံလွင်သီး အားဖြင့်။-
၂။ ဆိုင်းနိုင်းတောင် အားဖြင့်။-
၃။ ဤ ယုံကြည်စိတ်ချရသော နေပြည်တော် အားဖြင့်။-
၄။ မုချပင် ငါသည် လူသားအား အတင့်တယ်ဆုံးသော ရပ်တည်ချက်ရှိရန် ဖြစ်တည်စေခဲ့၏။
၅။ တဖန် ငါသည် သူ့အား နိမ့်ပါးသော အနိမ့်ဆုံးသို့ ပြန်ပို့ခဲ့၏။
၆။ သို့သော် ယုံကြည်လျက် ပြုပြင် ပြောင်းလဲခြင်း ကျင့်ကြံသော သူများ မပါချေ၊ သူတို့အတွက် မျက်နှာ မပျက်ရသော ဆုလာဘ် ရှိ၏။
၇။ သို့ဖြင့် သာသနာ ထွန်းတောက်ပြီးနောက် သင့်အား မည်သူက ငြင်းဆန်နိုင်အံ့နည်း။
၈။ ပရမတ်ဘုရားရှင်သည် ဓမ္မသတ်ချမှတ်ခြင်း၌ ဓမ္မသတ်ချုပ် မဟုတ်သလော။
ဓမ္မခန္ဓာ (၉၅) ဤတွင် ပြီး၏။
၁။ ကံကြမ္မာရှင်၏ ဂုဏ်တော်အားဖြင့် ရွတ်ဖတ်လော့၊ အရှင်သည် ဖြစ်တည်စေတော်မူ၏။
၂။ လူသားကို သွေးမျှော့ဥမှ ဖြစ်တည်စေတော်မူ၏။
၃။ ကျက်သရေအရှိဆုံးသော ကံကြမ္မာရှင်အားဖြင့် ရွတ်ဖတ်လော့။
၄။ အရှင်သည် ကလောင်တံအားဖြင့် သင်ကြားပေး၏။
၅။ လူသားအား မသိခဲ့ရာမှ သင်ကြားပေး၏။
၆။ အမှန်မှာ လူသားသည် စည်းဖျက်လေ့ရှိသည်မှာ။-
၇။ သူ့ကိုယ်သူ ကုံလုံ ပြည့်စုံသည်ဟု မြင်သောကြောင့် ဖြစ်၏။
၈။ ဧကန်ပင် အပြန်ခရီးမှာ ကံကြမ္မာရှင်၏ ထံသို့ပင်။
၉။ သင် မြင်တွေ့ပြီလော- သူ ဟန့်တားနေသည်မှာ။-
၁၀။ အမှုတော်ဆောင်က ဝတ်ပြုသောအခါ။-
၁၁။ သင် မြင်တွေ့သလော- သူသည် လမ်းညွှန်၌ ရှိသည် ဟု။-
၁၂။ သို့မဟုတ် စည်းစောင့်ရန် ညွှန်ကြားနေသည် ဟု။-
၁၃။ သင် မြင်တွေ့ပြီလော- သူသည် ငြင်းဆန်၏၊ ထို့နောက် လှည့်သွား၏။
၁၄။ ပရမတ်ဘုရားရှင်သည် မြင်တွေ့နေသည် ဟု သူ မသိခဲ့သလော။
၁၅။ အမှန်မှာ သူသည် မရပ်စဲလျှင် သူ၏ ငယ်ထိပ်ကို ငါ ဆွဲဆောင့်လတ္တံ့။
၁၆။ ငြင်းဆန်သူ၊ မှားပြစ်ရှိသူ၏ ငယ်ထိပ်ပင် ဖြစ်၏။
၁၇။ ထိုအခါ သူ့အား ဖိတ်ကြားခံများကို ဖိတ်စေလော့။
၁၈။ သူရဲကောင်း တပ်ကို ငါ ဖိတ်ခေါ်လတ္တံ့။
၁၉။ အမှန်မှာ သူ့အား မနာခံနှင့်၊ ဦးချလျက် အပါးတော်သို့ ချဉ်းကပ်လော့။
ဓမ္မခန္ဓာ (၉၆) ဤတွင် ပြီး၏။
၁။ ငါအရှင်သည် ၎င်းကို ဖွဲ့စည်းပုံ ပြဌာန်းသည့် ည ၌ ချမှတ်ပေးတော်မူ၏။
၂။ ဖွဲ့စည်းပုံ ပြဌာန်းသည့် ည ဟူသည် အဘယ်နည်းဟု သင် မည်သို့ မှန်းဆနိုင် မည်နည်း။
၃။ ဖွဲ့စည်းပုံ ပြဌာန်းသည့် ည သည် လပေါင်း တစ်ထောင်ထက် ပို၍ ကောင်းပေ၏။
၄။ ကံကြမ္မာရှင်၏ ခွင့်ပြုချက်ဖြင့် ညွှန်ကြားချက် ကိုယ်စီ အတွက် နိမိတ်ဆောင်များနှင့် ဉာဏ်စဉ်တော်အား ထို၌ ချမှတ်ပေးတော်မူ၏။
၅။ လင်းရောင် ဖေါက်ထွက် အရုဏ်တက်တိုင် ထိုအပေါ်၌ ငြိမ်းချမ်းသာယာခြင်း ရှိစေလတ္တံ့။
ဓမ္မခန္ဓာ (၉၇) ဤတွင် ပြီး၏။
၁။ ကျမ်းစာ ဝိုင်းသားများမှ ဖုံးကွယ်သော သူများနှင့် ရောပြွန်း ကိုးကွယ်သူ များသည် သူတို့ထံသို့ ရှင်းလင်းချက်များ ပေးရောက်လာသည်ထိ လွတ်မြောက်ခြင်း မရှိခဲ့ချေ။
၂။ ပရမတ်ဘုရားရှင်ထံမှ ဉာဏ်စဉ်ဆောင်သည် သန့်စင်သော ပရပိုက်များကို ဖတ်ပြပြီ။
၃။ ထို၌ တည်တံ့ခိုင်မြဲသော ကျမ်းစာများ ရှိ၏။
၄။ ကျမ်းပေးခံရသော သူများအတွင်း သူတို့ထံသို့ ရှင်းလင်းချက်များ ရောက်လာပြီးမှသာ ဂိုဏ်းခွဲကြကုန်၏။
၅။ သူတို့အား ပရမတ်ဘုရားရှင်ကိုသာ ကိုးကွယ်ရန်၊ သာသနာရေး၌ သရဏဂုံတည်ရာတွင် အရှင့်ကိုသာ သန့်သန့်ဖြစ်စေရန်၊ ဝတ်ပြု မြဲကြရန်၊ အခွန် ငွေဖြူ ပေးကြရန်၊ ဤသာသနာသည်သာ တည်တံ့ ခိုင်မြဲကြောင်း ညွှန်ကြား၏။
၆။ ဧကန်ပင် ကျမ်းစာ ဝိုင်းသားများမှာ ဖုံးကွယ်သော သူများနှင့် ရောပြွန်း ကိုးကွယ်သူများသည် အပူမီး ငရဲဘုံ ထိုအတွင်း၌ အစဉ် စံစားရလတ္တံ့၊ ထိုသူတို့သည် အဆိုးဝါးဆုံး ပစ်ပယ်ခံများ ဖြစ်၏။
၇။ ဧကန်ပင် ယုံကြည်၍ ပြုပြင် ပြောင်းလဲမှု ကျင့်ကြံသောသူ၊ ထိုသူတို့သည် အကောင်းဆုံးသော ကင်းသန့်သူများ ဖြစ်၏။
၈။ သူတို့အတွက် အစားပေးမှုမှာ ကံကြမ္မာရှင်၏ ထံပါး၌ ရှိ၍ အောက်ခင်း၌ စမ်းချောင်းရေသွင် စီးဆင်းနေသော တည်မြဲသည့် ဥယျာဉ်များပင် ဖြစ်၏၊ ထို၌ ကာလပိုင်းခြားမဲ့ အစဉ် စံစားရလတ္တံ့၊ ပရမတ်ဘုရားရှင်သည် သူတို့အား ကျေနပ် နှစ်သက်တော်မူ၏၊ သူတို့ကလည်း ၎င်းနှင့် စပ်လျဉ်း၍ ကျေနပ် နှစ်သက်မှု ရှိ၏၊ ယင်းသည် ကံကြမ္မာရှင်အား ကြောက်ရွံ့ ရိုကျိုးတတ်သူအဘို့ ဖြစ်၏။
ဓမ္မခန္ဓာ (၉၈) ဤတွင် ပြီး၏။
၁။ မြေကမ္ဘာ၊ သူမအား လှုပ်ခါခြင်းဖြင့် လှုပ်ခံရသောအခါ။-
၂။ မြေကမ္ဘာသည် သူမ၏ ဝန်ထုပ်အား ထုတ်ပစ်သောအခါ။-
၃။ “ဘယ်အရာ ဖြစ်သနည်း၊” ဟု လူသားက ပြောဆိုသောအခါ။-
၄။ ထိုနေ့ကာလ၌ သူမ ဆင့်ပြန်ရမည့် သူမ၏ ထုတ်ပြန်ချက် ရမည်မှာ။-
၅။ ကံကြမ္မာရှင်က သူမအား အာရုံဖြစ်စေသောကြောင့် ဖြစ်၏။
၆။ ထိုနေ့ကာလ၌ လူသားတို့သည် သူတို့၏ ကျင့်ကြံမှုများကို မြင်တွေ့ရအံ့ငှာ သီးခြားခွဲ၍ ရင်ဘောင်တန်းရလတ္တံ့။
၇။ ပရမံနုမြူ အလေးချိန်မျှ ကောင်းမှု ကျင့်ကြံခဲ့သူသည် ၎င်းအား မြင်တွေ့ရလတ္တံ့။
၈။ ပရမံနုမြူ အလေးချိန်မျှ ဆိုးမှု ကျင့်ကြံခဲ့သူသည်လည်း ၎င်းအား မြင်တွေ့ရလတ္တံ့။
ဓမ္မခန္ဓာ (၉၉) ဤတွင် ပြီး၏။
၁။ သက်လုံကောင်းသော စစ်ဦးဘီလူးများ။-
၂။ မီးပွင့်ထွက်စေသော ပြောက်ကျားတပ်များ။-
၃။ နံနက်စ၌ ရှောင်တခင် ပြောင်းလဲပစ်သူများ။-
၄။ ၎င်းအားဖြင့် အမှုန်အမွှားများကို ဖွထုတ်ပစ်သူများ။-
၅။ ၎င်းအားဖြင့် တပ်ပေါင်းစုကို အလယ်ဗဟိုမှ ခွဲပစ်သူများ။-
၆။ ဧကန်ပင် လူသားသည် ကံကြမ္မာရှင်အတွက် ကျေးဇူးကန်းလှ၏။
၇။ ဧကန်ပင် သူသည် ထိုအပေါ်၌ သက်သေသက်ကန် ဖြစ်၏။
၈။ ဧကန်ပင် သူသည် အကောင်းကြိုက်ရာ၌ ပြတ်ပြတ်သားသား ချစ်ခင်စုံမက်၏။
၉။ သူ အသိ မရှိခဲ့သလော၊ သင်္ချိုင်းတွင်းမှ ရှိရာတို့ လှန်ခံရသောအခါ။-
၁၀။ ရင်ဘတ်တွင်း ရှိသည်များ ကို ရုပ်လုံးပေါ်စေလတ္တံ့။
၁၁။ ဧကန်ပင် ထိုနေ့ကာလ၌ ကံကြမ္မာရှင်သည် သူတို့အား မြင်သိနေတော်မူ၏။
ဓမ္မခန္ဓာ (၁၀၀) ဤတွင် ပြီး၏။
၁။ ကပ်ဆိုးကြီး။-
၂။ ကပ်ဆိုးကြီးဟူသည်။-
၃။ ကပ်ဆိုးကြီးဟူသည် အဘယ်နည်း ဟု သင် မည်သို့ မှန်းဆနိုင်မည်နည်း။
၄။ ထိုနေ့ကာလ၌ လူသားတို့သည် ပလူကောင်များ ပမာ ပျံ့လွင့်လျက် ဖြစ်လတ္တံ့။
၅။ တောင်တန်းများသည် ဖတ်ထားသော ဝါဂွမ်းဖတ်ကဲ့သို့ ဖြစ်ရလတ္တံ့။
၆။ သို့ဖြင့် ချိန်ခွင်လျှာ အလေးစီးသူ အတွက်မူ။-
၇။ သူသည် ကျေနပ် နှစ်သက်သော ဘဝဖြင့် ဖြစ်ရလတ္တံ့။
၈။ သို့ဖြင့် ချိန်ခွင်လျှာ အလေးပေါ့သူ အတွက်မူ။-
၉။ လိုဘကြီးခြင်းမှာ သူ၏ မိခင်ဖြစ်ရလတ္တံ့။
၁၀။ ၎င်းသည် အဘယ်နည်း ဟု သင် မည်သို့ မှန်းဆနိုင်မည်နည်း။
၁၁။ ယင်းသည် အပူဟပ်နေသော မီး ဖြစ်၏။
ဓမ္မခန္ဓာ (၁၀၁) ဤတွင် ပြီး၏။
၁။ မြောက်မြားစွာက အူးမြူးစရာ စည်းစိမ်များ၌။-
၂။ လှည့်ရင်းပတ်ရင်း သချိုင်းထိတိုင် ဖြစ်ကြ၏။
၃။ အမှန်မှာ မကြာမီ သင်တို့ သိကြရလတ္တံ့။
၄။ တဖန်- အမှန်ပင် မကြာမီ သင်တို့ သိလာကြရလတ္တံ့။
၅။ အမှန်မှာ သင်တို့သည် ဒိဋ္ဌ အသိပညာဖြင့် သိကြပါလေစ။
၆။ သင်တို့သည် ငရဲမီးအား မြင်တွေ့ရလတ္တံ့။
၇။ တဖန် သင်တို့သည် ၎င်းကို ဒိဋ္ဌ မျက်လုံးဖြင့် မြင်တွေ့ရလတ္တံ့။
၈။ တဖန် ထိုနေ့ ကာလ၌ ဂုဏ်တက်ခဲ့မှုများအတွက် မေးမြန်းစစ်ကြောခံရလတ္တံ့။
ဓမ္မခန္ဓာ (၁၀၂) ဤတွင် ပြီး၏။
၁။ အငွေ့ပျံခြင်းအားဖြင့်။-
၂။ ဧကန်ပင် လူသားသည် ဆုံးရှုံးနေရခြင်း၌ ရှိ၏။
၃။ သို့သော် ယုံကြည်လျက် ပြုပြင် ပြောင်းလဲမှု ကျင့်ကြံ၍ အမှန်တရား၌ မှာကြားနေသူ၊ သည်းခံပါရမီ ကြီးရန် မှာကြားနေသော သူတို့ မပါဝင်ချေ။
ဓမ္မခန္ဓာ (၁၀၃) ဤတွင် ပြီး၏။
၁။ ဂုဏ်သရေဖျက်သူ၊ ပုတ်ခတ်တတ်သူတိုင်း ပျက်စီးရမည်သာတည်း။
၂။ ဥစ္စာပစ္စည်း စုဆောင်းသောသူသည် ရေတွက်နေ၍။-
၃။ ဥစ္စာပစ္စည်းသည် ဖက်တွယ်စရာ ဟု သူ စိတ်ကူးယဉ်၏။
၄။ အမှန်မှာ သူသည် အမှုန့်ကြိတ်စက် တွင်းသို့ စွန့်ပစ် ခံရလတ္တံ့။
၅။ အမှုန့်ကြိတ်စက် ဟူသည် အဘယ်နည်း ဟု သင် မည်သို့ မှန်းဆ နိုင်မည်နည်း။
၆။ ပရမတ်ဘုရားရှင်က လောင်စာ ထည့်ထားသော အပူမီးပင် ဖြစ်၏။
၇။ ၎င်းသည် စိတ်အာရုံများ အပေါ် ထိုးဖေါက်တက်နေ၏။
၈။ ၎င်းသည် သူတို့အား ပိတ်ဆို့ထားမည်မှာ။-
၉။ တိုးရွေ့နေသော မဏ္ဍိုင်များထဲ၌ ဖြစ်၏။
ဓမ္မခန္ဓာ (၁၀၄) ဤတွင် ပြီး၏။
၁။ ကံကြမ္မာရှင်သည် ဆင်တပ် ပေါင်းဖေါ်တို့အား မည်သို့ စီမံလိုက်သည် ကို သင် မမြင်သလော။
၂။ အရှင်သည် သူတို့၏ ဗျူဟာများကို လွဲမှားခြင်း၌ စီစဉ်ခဲ့သည် မဟုတ်လော။
၃။ ထို့နောက် သူတို့အပေါ်သို့ ငှက်များကို အအုပ် အသင်းလိုက် စေစားခဲ့၏။
၄။ သူတို့အပေါ်သို့ လှိမ့်စေသော ကျောက်တုံးများဖြင့် ပစ်ချ၍။-
၅။ သို့ဖြင့် သူတို့အား စားဖတ် အလွင့်များကဲ့သို့ စီစဉ်လိုက်၏။
ဓမ္မခန္ဓာ (၁၀၅) ဤတွင် ပြီး၏။
၁။ ကိုရိုက်ရှ်တို့၏ စည်းလုံးညီညွတ်မှု။-
၂။ ဆောင်းရာသီ၊ နွေရာသီတွင်း ထုပ်ပိုးသွားလာသော သူတို့၏ စည်းလုံးညီညွတ်မှု။-
၃။ သို့ဖြင့် သူတို့သည် ဤ ဝတ်ကျောင်းတော်၏ ကံကြမ္မာရှင်အား ကိုးကွယ်ခဲ့မှုကြောင့်။-
၄။ အရှင်သည် သူတို့အား ငတ်မွတ်ခြင်းမှ ကျွေးမွေးထား၏၊ ပူးဆွေး ကြောက်ရွံ့ရခြင်းမှ ယုံကြည်မှု အပြည့်ပေးထား၏။
ဓမ္မခန္ဓာ (၁၀၆) ဤတွင် ပြီး၏။
၁။ သာသနာတော်အား ငြင်းဆန်သောသူကို သင် မြင်သလော။
၂။ ယင်းသည် မိဘမဲ့တို့အား ဖိအားပေး ဆက်ခံသောသူ။-
၃။ နွမ်းပါးသူတို့အား ကျွေးမွေးကြ ဟု မတိုက်တွန်းသူတို့ ဖြစ်၏။
၄။ သို့ဖြင့် ဝတ်ပြုသူများသည် ပျက်စီးရမည်သာတည်း။
၅။ သူတို့၏ ဝတ်ပြုခြင်း၌ လေးလေးနက်နက် မရှိသောသူ။-
၆။ မြင်ကောင်းစေလိုသော သူများသာ ဖြစ်ကြ၍။-
၇။ ကိုယ်ချင်းစာ စိတ်လေးကိုပင် ဟန့်တားနေကြကုန်၏။
ဓမ္မခန္ဓာ (၁၀၇) ဤတွင် ပြီး၏။
၁။ ဧကန်ပင် ငါသည် သင့်အား မြောက်မြားစွာ လက်ဆောင်ပေးပြီ။
၂။ သို့ဖြစ်၍ ကံကြမ္မာရှင်အတွက် ဝတ်ပြုလော့၊ ပေးဆပ်လော့။
၃။ ဧကန်ပင် သင့်အား ရန်ငြိုးထားသူတို့သည် အညွန့်တုံးသွားရလတ္တံ့။
ဓမ္မခန္ဓာ (၁၀၈) ဤတွင် ပြီး၏။
၁။ ဟောလော့၊ “အို- ဖုံးကွယ် မှောင်ချသူတို့။-
၂။ သင်တို့ ကိုးကွယ်ရာကို ကျွန်ုပ် မကိုးကွယ်ချေ။
၃။ သင်တို့သည်လည်း ကျွန်ုပ် ကိုးကွယ်ရာကို ကိုးကွယ်သူများ မဟုတ်ကြ။
၄။ ထို့အပြင် ကျွန်ုပ်သည် သင်တို့ ကိုးကွယ်ရာကို ကိုးကွယ်သူ မဟုတ်ချေ။
၅။ သင်တို့သည်လည်း ကျွန်ုပ် ကိုးကွယ်ရာကို ကိုးကွယ်သူများ မဟုတ်ကြချေ။
၆။ သင်တို့၏ သာသနာသည် သင်တို့ အတွက်၊ ကျွန်ုပ်၏ သာသနာသည် ကျွန်ုပ် အတွက်ပင် ဖြစ်ပေ၏။
ဓမ္မခန္ဓာ (၁၀၉) ဤတွင် ပြီး၏။
၁။ ပရမတ်ဘုရားရှင်၏ အကူအညီနှင့် ထွက်ပေါက် ရောက်လာစေသောအခါ။-
၂။ လူသားတို့သည် ပရမတ်ဘုရားရှင်၏ သာသနာတွင်းသို့ အုပ်စုလိုက် ဝင်လာကြသည်ကို သင် မြင်ရသောအခါ။-
၃။ ကံကြမ္မာရှင်အား ရည်သန် စူးစိုက် ဦးထိပ်ထားလော့၊ လွတ်ငြိမ်းဆုများ ပန်ကြလော့၊ ဧကန်ပင် အရှင်သည် သင်ပုန်း ချေပေးသော အရှင် ဖြစ်၏။
ဓမ္မခန္ဓာ (၁၁၀) ဤတွင် ပြီး၏။
၁။ မီးတောက် ဖခင်၏ လက်များအား ပျက်စီး ဆုံးရှုံးစေလတ္တံ့၊ သူသည်လည်း ပျက်စီး ဆုံးရှုံးရလတ္တံ့။
၂။ သူ၏ ကျင့်ဆောင်ခဲ့မှုအတွက် သူ့ ဥစ္စာပစ္စည်းတို့သည် ပြည့်စုံခြင်း မရှိချေ။
၃။ သူသည် အပူမီး မီးတောက်မီးလျှံ၌ လောင်ကျွမ်းရလတ္တံ့။
၄။ မီးစ သယ်ဆောင်ထားသူ သူ့အမျိုးသမီး။-
၅။ သူမ၏ လည်ပင်းအား လျှော်ကြိုးဖြင့် ဆိုင်းထားလတ္တံ့။
ဓမ္မခန္ဓာ (၁၁၁) ဤတွင် ပြီး၏။
၁။ ဟောလော့၊ အရှင်သည် ဧကောဒိ ပရမတ်ဘုရားရှင် ဖြစ်၏။
၂။ အစိန္တယျ ပရမတ်ဘုရားရှင် ဖြစ်၏။
၃။ ကိုယ်ပွားမရှိ၊ ကိုယ်ပွားမဟုတ်ချေ။
၄။ အရှင်နှင့် ဂုဏ်ရည်တူဟူ၍ တစ်စုံတစ်ရာမျှ မရှိချေ။
ဓမ္မခန္ဓာ (၁၁၂) ဤတွင် ပြီး၏။
၁။ ဟောလော့၊ “ကျွန်ုပ်သည် ရောင်ခြည်ဖြာစေသော ကံကြမ္မာရှင်ထံ၌ ခိုလှုံသည်မှာ။-
၂။ ဖြစ်တည်ပေးခြင်းတို့အနက် ဆိုးကျိုးများမှ ကင်းရန်။-
၃။ အေးစိမ့်သော အမှောင်ထု ပြန့်ဖုံးစဉ် ၎င်း၏ ဆိုးကျိုးများမှ ကင်းရန်။-
၄။ အယူသည်းမှု၌ စိတ်ဓါတ် ရိုက်သွင်းခံရသော ဆိုးကျိုးများမှ ကင်းရန်။-
၅။ မနာလိုသူက မနာလိုဖြစ်စဉ် ထိုဆိုးကျိုးများမှ ကင်းရန်- ဖြစ်၏။
ဓမ္မခန္ဓာ (၁၁၃) ဤတွင် ပြီး၏။
၁။ ဟောလော့၊ “ကျွန်ုပ် ခိုလှုံသည်မှာ လူသားတို့၏ ကံကြမ္မာရှင်။-
၂။ လူသားတို့၏ ဘုရင်။-
၃။ လူသားတို့၏ ဘုရားရှင်” ၌ ဖြစ်၍။-
၄။ တီးတိုးလှုံ့ဆော်သော ဂြိုလ်ကောင်တို့၏ ဆိုးကျိုးများမှ ကင်းရန်။-
၅။ လူသားတို့၏ ရင်ဘတ်တွင်းသို့ တီးတိုး လှုံ့ဆော်သော။-
၆။ ထိုအန္ဓပုထုဇဉ်နှင့် ကလျာဏ ပုထုဇဉ်တို့မှ ကင်းရန် ဖြစ်၏။”
ဓမ္မခန္ဓာ (၁၁၄) ဤတွင် ပြီး၏။
Scroll to Top