ع ص ف
လွင့်သည်၊ လွင့်သွားစေသည်၊ ပြင်းထန်စွာတိုက်သောလေ၊ အနံ့လွင့်သော အပင် (ဘယပင်)
ရင်းမြစ် ع ص ف သည် ပုံစံ ၅-မျိုးဖြင့် ကျမ်းမြတ်ကုရ်အာန်တွင် ၇-ကြိမ် ပါဝင်သည်။
| ကျမ်းချက် အမှတ် | အဓိပ္ပာယ် | အာရ်ဗီ မူရင်း ကျမ်းချက် |
|---|---|---|
| နာမ်၊ عَاصِفَة ၁-ကြိမ် | ||
| ၂၁း၈၁ | လေကို လွင့်စေ၍ | وَلِسُلَيْمَانَ الرِّيحَ عَاصِفَةً تَجْرِي بِأَمْرِهِ |
| နာမ်၊ عَصْف ၂-ကြိမ် | ||
| ၅၅း၁၂ | အနံ့လွင့်ပင်များ | وَالْحَبُّ ذُو الْعَصْفِ وَالرَّيْحَانُ |
| ၁၀၅း၅ | အလွင့်များ (ကောက်ရိုး၊ မြက် စသည်) | فَجَعَلَهُمْ كَعَصْفٍ مَأْكُولٍ |
| ကြိယာ-နာမ်၊ عَصْف ၁-ကြိမ် | ||
| ၇၇း၂ | လွင့်ပါးခြင်းဖြင့် | فَالْعَاصِفَاتِ عَصْفًا |
| ကြိယာ-ကတ္တား၊ عَاصِف ၂-ကြိမ် | ||
| (၁) နာမ်၊ ၁-ကြိမ်၊ | ||
| ၁၄း၁၈ | လွင့်ပါးသော ပြာမှုန်ကဲ့သို့ | أَعْمَالُهُمْ كَرَمَادٍ اشْتَدَّتْ بِهِ الرِّيحُ فِي يَوْمٍ عَاصِفٍ |
| (၂) နာမဝိသေသန ၁-ကြိမ် | ||
| ၁၀း၂၂ | လွင့်ပါးစေသော လေ | جَاءَتْهَا رِيحٌ عَاصِفٌ وَجَاءَهُمُ الْمَوْجُ مِنْ كُلِّ مَكَانٍ |
| ကြိယာ-ကတ္တား၊ عَٰصِفَٰت ၁-ကြိမ် | ||
| ၇၇း၂ | လွင့်ပါးစေသူများ အားဖြင့် | فَالْعَاصِفَاتِ عَصْفًا |
( မှတ်ချက် ) ကျမ်းမြတ်ကုရ်အာန်ပါ ဝေါဟာရများ၏ အဓိပ္ပါယ်များမှာ အလွန်ကြွယ်သဖြင့် ဘာသာပြန်ကိုယ်စီတွင် ဝေါဟာရ ရွေးချယ်မှု ကွဲပြားနိုင်ပါသည်။
သို့သော် ဇစ်မြစ်အဓိပ္ပါယ် ဆန့်ကျင်ခြင်း မရှိပါ။