ض ي ق
ကျဉ်းမြောင်းကျပ်တည်းသည်၊ စိတ်ကျပ်တည်းသည်၊ စိတ်မွန်းကျပ်သည်
ရင်းမြစ် ض ي ق သည် ပုံစံ ၅-မျိုးဖြင့် ကျမ်းမြတ်ကုရ်အာန်တွင် ၁၃-ကြိမ် ပါဝင်သည်။
| ကျမ်းချက် အမှတ် | အဓိပ္ပာယ် | အာရ်ဗီ မူရင်း ကျမ်းချက် |
|---|---|---|
| ကြိယာ-၁၊ ضَاقَ ၇-ကြိမ် | ||
| ၉း၂၅ | ကျဉ်းမြောင်းလှ၏ | وَضَاقَتْ عَلَيْكُمُ الْأَرْضُ بِمَا رَحُبَتْ ثُمَّ وَلَّيْتُمْ مُدْبِرِينَ |
| ၉း၁၁၈ | ကျဉ်းမြောင်းသောအခါ | حَتَّىٰ إِذَا ضَاقَتْ عَلَيْهِمُ الْأَرْضُ بِمَا رَحُبَتْ |
| ၉း၁၁၈ | (စိတ်) ကျပ်တည်းစေ၏ | وَضَاقَتْ عَلَيْهِمْ أَنْفُسُهُمْ |
| ၁၁း၇၇ | စိတ်ကျပ်တည်းသည် | وَلَمَّا جَاءَتْ رُسُلُنَا لُوطًا سِيءَ بِهِمْ وَضَاقَ بِهِمْ ذَرْعًا |
| ၁၅း၉၇ | ကျပ်တည်းစေသည် | وَلَقَدْ نَعْلَمُ أَنَّكَ يَضِيقُ صَدْرُكَ بِمَا يَقُولُونَ |
| ၂၆း၁၃ | မွန်းကျပ်သည် | وَيَضِيقُ صَدْرِي وَلَا يَنْطَلِقُ لِسَانِي فَأَرْسِلْ إِلَىٰ هَارُونَ |
| ၂၉း၃၃ | စိတ်ကျပ်တည်းသည် | وَلَمَّا أَنْ جَاءَتْ رُسُلُنَا لُوطًا سِيءَ بِهِمْ وَضَاقَ بِهِمْ ذَرْعًا |
| ကြိယာ-၂၊ تُضَيِّقُ ၁-ကြိမ် | ||
| ၆၅း၆ | စိတ်ကျပ်တည်းရန် | وَلَا تُضَارُّوهُنَّ لِتُضَيِّقُوا عَلَيْهِنَّ |
| နာမ်၊ ضَيْق ၂-ကြိမ် | ||
| ၁၆း၁၂၇ | စိတ်ကျပ်တည်းခြင်း မရှိနှင့် | وَلَا تَحْزَنْ عَلَيْهِمْ وَلَا تَكُ فِي ضَيْقٍ مِمَّا يَمْكُرُونَ |
| ၂၇း၇၀ | စိတ်ကျပ်တည်းခြင်း မရှိနှင့် | وَلَا تَحْزَنْ عَلَيْهِمْ وَلَا تَكُنْ فِي ضَيْقٍ مِمَّا يَمْكُرُونَ |
| နာမ်ရင်းမြစ်၊ ضَيِّق ၂-ကြိမ် | ||
| (၁) နာမ်၊ ၁-ကြိမ်၊ | ||
| ၆း၁၂၅ | ကျဉ်းမြောင်းခက်ခဲစေသည် | وَمَنْ يُرِدْ أَنْ يُضِلَّهُ يَجْعَلْ صَدْرَهُ ضَيِّقًا حَرَجًا |
| (၂) နာမဝိသေသန၊ ၁-ကြိမ်၊ | ||
| ၂၅း၁၃ | အကျဉ်းအကျပ်ဖြစ်သော | وَإِذَا أُلْقُوا مِنْهَا مَكَانًا ضَيِّقًا مُقَرَّنِينَ دَعَوْا هُنَالِكَ ثُبُورًا |
| ကြိယာ-ကတ္တား၊ ضَآئِق ၁-ကြိမ် | ||
| ၁၁း၁၂ | ကျပ်တည်းစေရာ၏ | فَلَعَلَّكَ تَارِكٌ بَعْضَ مَا يُوحَىٰ إِلَيْكَ وَضَائِقٌ بِهِ صَدْرُكَ |
( မှတ်ချက် ) ကျမ်းမြတ်ကုရ်အာန်ပါ ဝေါဟာရများ၏ အဓိပ္ပါယ်များမှာ အလွန်ကြွယ်သဖြင့် ဘာသာပြန်ကိုယ်စီတွင် ဝေါဟာရ ရွေးချယ်မှု ကွဲပြားနိုင်ပါသည်။
သို့သော် ဇစ်မြစ်အဓိပ္ပါယ် ဆန့်ကျင်ခြင်း မရှိပါ။