ع ر ج
အပေါ်သို့တက်သည်၊ ဉာဏ်သမာပတ်တက်လှမ်းသည်၊ တက်ရောက်လာသူ
ရင်းမြစ် ع ر ج သည်ပုံစံ ၃-မျိုးဖြင့် ကျမ်းမြတ်ကုရ်အာန်တွင် ၉-ကြိမ် ပါဝင်သည်။
ကျမ်းချက် အမှတ် | အဓိပ္ပာယ် | အာရ်ဗီ မူရင်း ကျမ်းချက် |
---|---|---|
၁၅း၁၄ | တက်သွားနိုင်ရန် | وَلَوْ فَتَحْنَا عَلَيْهِمْ بَابًا مِنَ السَّمَاءِ فَظَلُّوا فِيهِ يَعْرُجُونَ |
၃၂း၅ | ပြန်တက်သွား၏ | ثُمَّ يَعْرُجُ إِلَيْهِ فِي يَوْمٍ كَانَ مِقْدَارُهُ أَلْفَ سَنَةٍ مِمَّا تَعُدُّونَ |
၃၄း၂ | တက်သော အရာ | وَمَا يَنْزِلُ مِنَ السَّمَاءِ وَمَا يَعْرُجُ فِيهَا وَهُوَ الرَّحِيمُ الْغَفُورُ |
၅၇း၄ | တက်သော အရာ | وَمَا يَنْزِلُ مِنَ السَّمَاءِ وَمَا يَعْرُجُ فِيهَا وَهُوَ مَعَكُمْ أَيْنَ مَا كُنْتُمْ |
၇၀း၄ | တက်လှမ်း၏ | تَعْرُجُ الْمَلَائِكَةُ وَالرُّوحُ إِلَيْهِ |
နာမ်၊ أَعْرَج ၂-ကြိမ် | ||
၂၄း၆၁ | တက်ရောက်သူများ၊ တက်လာသူများ | لَيْسَ عَلَى الْأَعْمَىٰ حَرَجٌ وَلَا عَلَى الْأَعْرَجِ حَرَجٌ |
၄၈း၁၇ | တက်ရောက်သူများ၊ တက်လာသူများ | لَيْسَ عَلَى الْأَعْمَىٰ حَرَجٌ وَلَا عَلَى الْأَعْرَجِ حَرَجٌ |
၂၄း၆၁ နှင့် ၄၈း၁၇ တွင် ဖေါ်ပြသော الْأَعْرَجِ ကို ဆရာတော်များ "ဒုက္ခိတများ" ဟု ဘာသာပြန်သည်ကို တွေ့ရပေသည်။ ဖေါ်ပြပါ ကျမ်းချက်များ၏ အခြေအနေမှာ အလှုဒါန ဧည့်ခံကျွေးသည့် အနေအထားဖြစ်ကြောင်း သိနိုင်ပါသည်။ ထို အခြေအနေအတွင် အခြားသော တက်ရောက်လာသူများမှာ မျက်မမြင်များ၊ နာမကျမ်းသူများ ဖြစ်ခြင်းကြောင့် ဤ စကားလုံး الْأَعْرَجِ တက်ရောက်လာသူများအား "ဒုက္ခိတများ" ဟု ပြန်ဆိုဟန်ရှိပေသည်။ သို့မဟုတ် ထိုမျက်မမြင်များ၊ နာမကျမ်းသူများနှင့်အတူ အလှုဧည်ခံကျွေးမွေးပွဲသို့ တက်ရောက်လာသူများသည် (ထိုခေတ်ထိုအချိန်က) ဒုက္ခိတများ ဖြစ်သောကြောင့်လည်း- ထိုတက်ရောက်လာသူများကို "ဒုက္ခိတများ" ဟု အစဉ်အလာဖြင့် ပြန်ဆိုဟန်ရှိပေသည်။ | ||
နာမ်၊ مَعَارِج ၂-ကြိမ် | ||
၄၃း၃၃ | တက်လမ်းများ၊ လှေကားများ | لَجَعَلْنَا لِمَنْ يَكْفُرُ بِالرَّحْمَٰنِ لِبُيُوتِهِمْ سُقُفًا مِنْ فِضَّةٍ وَمَعَارِجَ عَلَيْهَا يَظْهَرُونَ |
၇၀း၃ | ဉာဏ်သမာပတ်တက်လမ်းများ | مِنَ اللَّهِ ذِي الْمَعَارِجِ |
( မှတ်ချက် ) ကျမ်းမြတ်ကုရ်အာန်ပါ ဝေါဟာရများ၏ အဓိပ္ပါယ်များမှာ အလွန်ကြွယ်သဖြင့် ဘာသာပြန်ကိုယ်စီတွင် ဝေါဟာရ ရွေးချယ်မှု ကွဲပြားနိုင်ပါသည်။
သို့သော် ဇစ်မြစ်အဓိပ္ပါယ် ဆန့်ကျင်ခြင်း မရှိပါ။