The Holy Islam

အစ္စလာမ် သာသနာတော်

အစ္စလာမ့် ဒသန ပညာရှင်ကြီးများ

ကျွန်ုပ်တို့ မြန်မာစာလောက၌ အစ္စလာမ့်ဒသန ပညာရှင်ကြီးများ၏ အခန်းကဏ္ဍမှာ ဖေါ်ပြသူမရှိဘဲ ပျောက်ဆုံးနေခြင်းများကြောင့် မြန်မာတို့အနေဖြင့် ဒသန၊ အတွေးအခေါ်များမှာ အနောက်နိုင်ငံ သားတို့ထံမှ မျိုးစေ့ချပေးခဲ့သည်ဟုသာ ထင်ယောင်မှား ဖြစ်နေပေသည်။ ကျွန်ုပ်တို့ မြန်မာ အပါအဝင် အရှေ့တိုင်းသားတို့၏ ထံမှ ဒသနများကိုသာ အနောက်နိုင်ငံသားတို့ ရယူခဲ့ကြောင်း ဖြစ်ကြောင်း သိမြင်နိုင်စေရန် ဤစာမျက်နှာများတွင် စေတနာကောင်းဖြင့် ဖေါ်ပြခြင်း ဖြစ်သည်။

အလ်ဂဇာလီ (၁၀၅၈-၁၁၁၁)​

လွန်ခဲ့သောနှစ်ပေါင်း ၁၀၀၀ ကျော်မှ

အေမန် ဂဇာလီ၏ စကားများ–

နေကြပ်ခြင်းမှာ လသည် နေနှင့် ကမ္ဘာ အကြား သွားလာ ခြင်း၏ အကြောင်း ကြောင့်၊ လကြပ်ခြင်းမှာ ကမ္ဘာသည် လနှင့် နေ အကြား သွားလာခြင်းကြောင့် ဖြစ်သည်

မည်သူမဆို ဤသီအိုရီအား ဘာသာရေး၏ တာဝန် အဖြစ်ခံယူကာငြင်းခုံရန် လုံလပြုသူသည် ဘာသာရေး အား ထိခိုက်နစ်နာသိမ်ငယ်စေရန်ပြုသူသာမည်၏၊

မူဆလင်တို့သည် ခွဲခြမ်းစိတ်ဖြာခြင်း၌ အလွန် ကောင်းမွန် ၏၊ သူတို့သည်အက်တမ်ကို ပင်ခွဲနိုင်ကြလိမ့်မည် ဖြစ်၏၊ သင်သည် မူဆလင်နှစ်ဦးကို ကြည့်လျှင်- သူတို့သည် ပါတီသုံးခုအား ပိုင်ဆိုင်သည်ကို တွေ့ရလိမ့်မည်။