အေမန် အလ် ဂဇာလီ
အဘူဟာမက် မုဟမ္မဒ် ဘင် မုဟမ္မဒ် အလ် ဂဇာလီ (၁၀၅၈-၁၁၁၁) ၊ زالیالغ محمد ناب محمد حامد واب အား ပါရှား အင်ပါယာ- ခိုရာဆန်ပြည် တာ့စ် မြို့တွင် မွေးဘွားခဲ့သည်။ သူသည် အစ္စလာမ် အတွေး အခေါ်ပညာရှင်၊ ဥပဒေ ပညာရှင်၊ ဒသန ပညာရှင်၊ စိတ်ပညာရှင်နှင့် ဝိဉာဏရေးရာ ဝိပသနာလိုက်စား သူဖြစ်သည်။ သူသည့် သူ့ရှေး ကျသော အစ္စလာမ့်ရေးရာ အတွေးအခေါ်ဟောင်းများကို ပြောင်းလဲပစ် ခဲ့သူလည်း ဖြစ်သည်။ ဝီလီလျှံ မောင့်ကို မာရီ ဝါ့တ် ကဲ့သို့ ထင်ရှားသည့် လောကီ-သမိုင်းပညာရှင်များက သူ့အား ဉာဏ်စဉ်ဆောင် မုဟမ္မဒ်ပြီးလျှင် မူဆလင် လောက၌ အကြီးကျယ်ဆုံး ပုဂ္ဂိုလ် ဖြစ်သည်ဟု မှတ်ချက်ပေးခဲ့သည်။
ကိုယ်ရေး အကျဉ်း
ဂဇာလီအား ၁ဝ၅၈ ခုနှစ်တွင် ခိုရာဆန်ပြည်၌ မွေးဘွားခဲ့၍၊ သူ၏ ဖခင်မှာ မရိုးဖလာ ဆူဖီတစ်ဦး ဖြစ်ခဲ့သည်။ သူနှင့် သူညီ အဟာမဒ် ဂဇာလီ ငယ်စဉ်ကပင် သူ့ဖခင်မှာ ကွယ်လွန်သွားခဲ့သည်။ သူတို့အား သူ့ဖခင်၏ မိတ်ဆွေ တစ်ဦးမှ နှစ်အတန်ကြာ ပြုစုစောင့်ရှောက်ထားခဲ့သည်။ အေဒီ ၁ဝ၇ဝ တွင် ဂဇာလီနှင့် သူ့ညီတို့သည် အစ္စလာမ့် စာသင်ကျောင်းတွင် နေရန် ဂေါ်ဂန်သို့ ထွက်ခွာခဲ့သည်။ ထိုကျောင်းတွင် သူသည် အစ္စလာမ် ဓမ္မသတ် ဥပဒေ ပြုစုနည်းပညာ (ဖေကာဟ်)များကို သင်ကြားခဲ့ပြီး ၇ နှစ်အကြာတွင် ဇာတိမြို့ တာ့စ် သို့ ပြန်လာ ခဲ့သည်။ အသက် (၂၃) နှစ်အရွယ်တွင် နီရှာပါ သို့ ခရီးထွက်ခဲ့ပြီး ထိုခရီးသည် သူ့ဘဝအတွက် အလွန်အရေးပါခဲ့သည်။ ထိုဒေသတွင် သူသည် ကျော်ကြားသည့် အစ္စလာမ့် ပညာရှင် အဘူလ် မာလီ ဂျူဝေနီ၏ ကျောင်းသားတစ်ဦး ဖြစ် လာခဲ့သည်။ ၁ဝ၈၅ ခုနှစ် ဆရာကြီး ဂျူဝေနီ ကွယ်လွန်သွားပြီးနောက် ဆာလာက် ပြည့်ရှင်၏ အလွန် ရာထူးမြင့်သော နဇ္ဇာမွတ် မွတ်က် တူစီ ရုံးတော်သို့ သူ့အား ဖိတ်ကြားခံခဲ့ရသည်။ သူသည် ကျောင်းသားဘဝ က ထိုရာထူး အား အထင်ကြီးမိခဲ့သည် ယခုမူ သူအထင်ကြီးခဲ့သော ထိုရာထူးဖြင့် ဘဂ္ဂဒတ် နဇာမီယာ၌ ပါမောက္ခချုပ် အဖြစ် ၁၀၉၁ ခုနှစ်တွင် ခန့်အပ်ခံရလေသည်။ သူသည် ကျောင်းသား ၃ဝဝ ကျော်အား သင်ကြား ပို့ချလေ့ ရှိပြီး၊ သူ၏ အစ္စလာမ့် အပြန်အလှန်ဆွေးနွေးမှု (စကားရည်လု) ပြိုင်ပွဲများကြောင့် အစ္စလာမ့် အုပ်ချုပ်မှု နယ်မြေတစ်ခွင် ထင် ပေါ်ကျော်ကြားလာခဲ့သည်။
၁ဝ၉၅ နှစ်တွင် ဝိဉာဏရေးရာ ဝိရောဓိ ပြသာနာများကို ကျော်ဖြတ်ခဲ့ပြီး။ သူသည် လက်ရှိရာထူးအား စွန့်လွှတ်ခဲ့၍ မက္ကာဟ်သို့ ဟာ့ဂျ်ပြုသွားမည်ဟု အကြောင်းပြလျှက် ဘဂ္ဂဒတ်မှ ထွက်ခွာခဲ့သည်။ သူ့မိသားစုအား အစီအစဉ် နေရာချပေး၍ သူ၏ ဥစ္စာပစ္စည်းများကို ဖယ်ခွာလျှက် နွမ်းပါးသော ဝိပသနာကျင့်သူ (ဆူဇီ) ဘဝဖြင့် နေထိုင်ခဲ့ သည်။ ၁ဝ၉၆ တွင် မဒီနာနှင့် မက္ကဟ်သို့ သွားရောက်ခဲ့ပြီး၊ ဒမတ်စကတ်နှင့် ပါလက်စတိုင်းသို့လည်း သွားရောက် လေ့ရှိခဲ့သည်။ ထို့နောက်ပိုင်းတွင် တာ့စ် မြို့၌ ဆိတ်ငြိမ်စွာ နေခဲ့သည်။ သူ့၏ ဆိတ်ငြိမ်စွာ နေထိုင်ခြင်း ဘဝအား ၁၁ဝ၆ ခုနှစ် နစ်ရှာပူရ် နဇွာမီယာတွင် ပြန်လည် စာသင်သောအချိန်တွင် အဆုံးသတ်ခဲ့သည်။ ထို့နောက်ပိုင်းတွင် တာ့စ်သို့ ပြန်လာခဲ့ပြီး ကွယ်လွန် အနိစ္စရောက်ချိန် ၁၁၁၁ ဒီဇင်ဘာ ၁၉ ရက်နေ့ထိ ဇာတိမြို့၌ပင် နေထိုင်ခဲ့သည်။ သူ့တွင် အဗ္ဗဒူလ် ရဟာမန် အလင်မ်ဟူ သော သားတစ်ဦး ကျန်ရစ် ခဲ့သည်။
ဂဏလီသည် ရှဗာဗစ်(1) အစ္စလာမ် ဥပဒေကျောင်းနှင့် ဘာသာရေးဒသန အာရှရီရိုတ်- ကျောင်းမှ အစ္စလာမ် ပညာ ရှင် တစ်ဦး ဖြစ်သည်။ သူသည် မြင့်မြတ်သော ရှေ့ဆောင် သည် သိl သာ့သနာ့ သရဖူ I အစ္စလာမ့် အတွက် သက်သေ … … ဟူသည့် ဘွဲ့များအပြင် ဂုဏ်ထူးဆောင်ဘွဲ့များကို ရရှိခဲ့သည်။ သူ့အား အာရှရီရိုတ် ကျောင်းတော်ဝါဒ၏ ဩဇာကြီးသော ရှေးဦးစံပြ အဓိကကျသော အတွေးအခေါ်ပညာရှင် အဖြစ် သုံသပ်ရှုမြင်ခံရသည်။ အထူးသဖြင့် မုသာဇလိုက်များကို ခုခံငြင်းပယ်ခဲ့သူ ဖြစ်သည်။ သို့သော် သူသည် အရှရီရိုတ်များနှင့်လည်း အနည်းငယ် အမြင်ကွဲလွဲခဲ့သူ ဖြစ်သည်။
ဂဇာလီသည် အစ္စလာမ့် ဝိပသနာ ဆူဖီဇင်ဝါဒ၏ စနစ်ကျသော ရှုမြင်မှု တိုးတက်ဖွံ့ဖြိုးစေရန် ပီပြင်စွာ ဆောင်ရွက် သယ်ပိုးခဲ့သည်။
ဆောင်ရွက်မှုများ
ဂဇာလီသည် အစ္စလာမ့်သိပ္ပံ၊ ရှေးဦးကျသော အစ္စလာမ့် ဒသန၊ အစ္စလာမ့် စိတ်ပညာ၊ ကလမ်နှင့် ဆူဖီဇင် စာအုပ် ပေါင်း ၇ဝ ကျော်ကို ရေးသား ပြုစုခဲ့သည်။
“ ရှဗာဗစ် အေမန် ရှာဖီ၏ အယူအဆကို လက်ခံသော ဖီကာဟ် ဓမ္မသတ်ပညာ သင်ကြားသည့် ကျောင်းဖြစ်သည်။
အေမန် အရှ်ရီ၏ အယူဝါဒကို လက်ခံသောကျောင်း။ (အေမန်အရှရီသည် မုသာဇလိုက်များနှင့် အဟ်လေဟဒီးဆ် အုပ်စုများကို စုပေါင်း လျှက် အဟ်လေဆွန္နတ် ဂျမအတ် ဟူသော အမည်ကို ပေးခဲ့သူ ဖြစ်သည်)
မုသာဇလိုက် ဆိုသည်မှာ `စာအုပ်ကြီး ဝါဒီ ́ ဟု ဖြစ်သည်။ မည်သည့်အရာကိုမဆို- လောကနှင့် စပ်ဟပ်ဆင်ခြင်ခြင်းထက် ပုံသေကား ချပ် စာအုပ်ကြီးအတိုင်း လက်ကိုင်ထားသူများကို ခေါ်သည်။ သူတို့နှင့် ဆန့်ကျင်ဘက်မှာ အဟ်လေဟဒီးဆ်များ ဖြစ်၍၊ ၎င်းတို့က စာအုပ် ကြီးဝါဒီများကို တိုက်ရန် ကိုယ်တော်မုဟမ္မဒ်က ပြောခဲ့ပါသည်၊ ဆိုခဲ့ပါသည်၊ ပြုမူခဲ့ပါသည် ဆိုသော အချက်အလက်များကို စုဆောင်း၍ အကိုးအကား (ဟဒီးဆ်များ) တင်ပြသော အုပ်စုဖြစ်သည်။ အကိုးအကား စုဆောင်ရင်း အချင်းချင်း စုဆောင်းမိပုံခြင်း မတူညီသော ကြောင့် မဇဟာ့ဗ် ခေါ် ဂိုဏ်းများ ထပ်ကွဲရပြန်သည်။ ထိုသို့ ကွဲနေသော ဂိုဏ်းများကို အေမာန်အရှ်ရီက ဘုံသဘောတူညီမှုကို ရှာလျှက် ဆွန္နီ ဟူသော ဝေါဟာရကို ရှာလျှက်- စုပေါင်းပေးခဲ့ခြင်း ဖြစ်သည်။
အမေးအဖြေနည်းဖြင့် ဒသနကို တည်ဆောက်ခြင်း
သူ၏ ၁၁ ရာစု ဒသနပညာရှင်များ၏ ဆရာစဉ်ဝါဒကို စွန့်ခွာခြင်း The Incoherence of the Philosophers ဟူ သည့် စာအုပ်သည် အစ္စလာမ့် အတွေးအခေါ်ပညာအား အဓိက အလှည့်အပြောင်း ဖြစ်စေခဲ့သည်ဟု ဆိုနိုင် သည်။ ဂဇာလီသည် ဒသနဗေဒ ဆိုင်ရာ စောင့်ဆိုင်း အဖြေထုတ်သည့် ဝါဒကို ထိရောက်စွာ ရှာဖွေတွေ့ရှိခဲ့သည်။ ထိုပညာရပ်အား အနောက်နိုင်ငံများသည် ရီနီ ဒက်စ်ကာတီ (၁၅၉၆-၁၆၅ဝ)၊ ဂျော့ဂျ် ဘာ့က်လေ (၁၆၈၅-၁၇၅၃) နှင့် ဒေးဗစ် ဟုမ်း (၁၇၁၁-၁၇၇၆) တို့ မတိုင်မှီထိ မတွေ့မြင်ခဲ့ကြပေ။
စောင့်ဆိုင်း အဖြေထုတ်သည့်ဝါဒ (အချိန်ကာလနှင့် ခေတ်ပေါ်မူတည်၍ အဖြေမှန်ဖေါ်ထုတ်နိုင် မည်ဟူကို လက်ခံ သည့် ဝါဒ) အား လျှပ်တစ်ပြက် တွေ့ရှိလိုက်မှုသည် ဂဇာလီအား ဝိဉာဏ အချုပ်အခြာ တည်ရှိမှု ဝါဒ ဒသနဆိုင်ရာ သို့ ယိမ်းထိုးစေရန် ဦးတည်စေခဲ့သည်။ ထိုဝါဒမှာ အကျိုးနှင့် အကြောင်း ဖြစ်တည်မှုသည် ရုပ်ပိုင်း ဆိုင်ရာ ထုတ် လုပ်မှုများ၏ စိုက်အား စုဆုံခြင်းကြောင့် ဖြစ်လာရခြင်း မဟုတ်၊ ထိုအကြောင်းအရာများသည် ပရမတ်ဘုရားရှင်၏ အလိုတော်ဖြင့် ဖြတ်ကနဲ တည်ရှိနေမှုများသာ ဖြစ်သည်ဟု ဆိုလိုသည်။
ဒသနပညာရှင်များ၏ ဆရာစဉ်ဝါဒကို စွန့်ခွာခြင်း The Incoherence of the Philosophers
(ထိုစာအုပ်၏ အဓိပ္ပါယ်မှာ လှေနံဓါးထစ် ဆရာစဉ်လက်ခံမှု အယူအား ပါယ်ချခြင်း ဖြစ်သည်။)
ထိုစာအုပ်သည် အရစ်တိုတယ်နှင့် ပလေတိုတို့၏ အယူအဆများအား အရှိန်အဟုန်ဖြင့် ငြင်းထုတ်ပစ်သော အစ္စလာမ် ဒသန အထိမ်းအမှတ် စာအုပ် ဖြစ်၍ ရှေးဂရိ ဉာဏ်ပညာများ လွှမ်းမိုးသည့် ၈ ရာစုမှ ၁၁ ရာစုထိ ပေါ် ပေါက်ခဲ့သော အစ္စလာမ့် ဒသန ပညာရှင်များအား ရည်ရွယ် ပစ်မှတ်ထားခဲ့သည့် စာအုပ်ဖြစ်သည်။ ဂဇာလီသည် အရစ်တိုတယ်၊ ဆိုကရေတီးစ်နှင့် အခြားသော ဂရိ စာရေးဆရာများအား အစ္စလာမ်၏ ယုံကြည်ချက်အား ညစ် ညမ်းစေရန် သူတို့၏ ဗျူဟာ၊ အိုင်ဒီယာများနှင့် ကြိုးစားလှုပ်ရှားသည့် မယုံကြည်သူများဟု တံဆိပ်တပ်နှိပ်ခဲ့ သည်။
ထိုစာအုပ်သည် ဉာဏ်စဉ် မူလဇစ်မြစ်ကြောင့် အကြောင်းအကျိုး ဖြစ်ရသည်ဟူသည့် အရှ်ရီရိုတ် သီအိုရီအား တင်ပြမှုနှင့် ခုခံကာကွယ်မှုကြောင့် ကျော်ကြားသော စာအုပ် ဖြစ်သည်။ ဂာလီ၏ ကျော်ကြားသော ကြေငြာ ချက်မှာ မီးနှင့် ဝါဂွမ်းအား အတူ ပူးပေါင်းထားသော အခါ- ဝါဂွမ်းအား မီးလောင်ရခြင်းမှာ မီးနှင့် သက်ဆိုင်သည် ဟူခြင်းထက် ပရမတ်ဘုရားရှင်နှင့်သာ တိုက်ရိုက် ပို၍ သက်ဆိုင်သည် ဟူသော အချက်ပင် ဖြစ်သည်။ ထို ငြာချက်အား ကာကွယ်ရန် ယုတ္တိဗေဒအား အသုံးပြုခဲ့သည်။
သူ၏ထောက်ပြချက်မှာ ပရမတ်ဘုရားရှင်အား ထင်ရာစိုင်းလုပ်နေသော တန်ခိုးရှင် ဆိုသည်ထက် သမ္မာသမတ် ကျစွာ ကျိုးကြောင်း အခြေခံဇစ်မြစ်အား ပြဌန်းနေသည့် အရှင်ဟု အမြဲမြင်တွေ့ရပြီး။ ထိုအရှင်၏ ကိုယ် ပိုင်ပြဌန်းမှု သည် တစ်ချိန်တည်း ဆက်စပ်မှုဖြင့် ပုံမှန်ဖြစ်နေသော အကြောင်းရင်းတော် ဖြစ်သည်၊ ကျွန်ုပ်တို့က သဘာဝ နိယာမဟု ဖေါ်ပြသော အခြေခံ အကြောင်းပြချက်၏ သဘာဝတရား လုပ်ဆောင်နေချက်ဟု နားလည် နိုင်သော အရာ ဖြစ်သည်။ သင့်လျှော် လျှောက်ပတ်စွာ စကားပြောခြင်းသည်ပင် သဘာဝနိယာမ မဟုတ်ချေ။ ၎င်းသည် ပရမတ်ဘုရားရှင်က အရှင်၏ ကိုယ်ပိုင်ပြဌာန်းမှုဖြင့် ရွေးချယ် ထိန်ကွပ်ပေးခြင်း ဖြစ်သည်။ တနည်း အားဖြင့် သဟဇာတည့်စွာ အခြေခံကျသော အလိုတော် ဖြစ်သည်။ ဟူ၏၊
သို့သော်လည်း ဂဇာလီသည် နက္ခတ္တဗေဒနှင့် ပတ်သက်ဆက်စပ် ဆွေးနွေးသော အခါများတွင် လက်တွေ့ သရုပ်ပြ ပါသည့် လူမှုဗေဒ သိပ္ပံနည်းကျမှုများကို ထောက်ခံ အားပေးကြောင်းကို လေးလေးနက်နက် ဖေါ်ပြပေသည်။ သိပ္ပံနည်းကျ အချက်အလက်အားဖြင့် နေကြပ်ခြင်းမှာ လသည် နေနှင့် ကမ္ဘာအကြား သွားလာခြင်း၏ အကြောင်း ကြောင့်၊ လကြပ်ခြင်းမှာ ကမ္ဘာသည် လနှင့် နေအကြား သွားလာခြင်းကြောင့် ဖြစ်သည်ဟု သူ ရေး သားခဲ့သည်။ မည်သူမဆို ဤသီအိုရီအား ဘာသာရေး၏ တာဝန်အဖြစ် ခံယူကာ ငြင်းခုံရန် လုံလပြုသူသည် ဘာသာရေးအား ထိခိုက်နစ်နာ သိမ်ငယ်စေရန် ပြုသူသာ မည်၏၊ ဟု သူက ဆိုသည်။ ဤကိစ္စ၌ စောကြောစေဒနာခြင်းများ၊ ဂျီဩ မေတြီဆိုင်ရာ ပညာများနှင့် သင်္ချာဗေဒ ဆိုင်ရာ တွက်ချက်ခြင်းကို ထားခဲ့နိုင်သည့်အတွက် သံသယ ကွက်လပ် ဟူ၍မကျန်ခဲ့ချေ။
နောက်ရာစုနှစ်တွင် အနောက်နိုင်ငံများမှာ အဗာရို့စ် ဟု သိသော အိဗ်နိ ရာ့ခ်ျဒ်က ဂဏလီ၏ ဒသနပညာရှင်များ၏ ဆရာစဉ်ဝါဒအား စွန့်ခွာခြင်း စာအုပ်အား ဆန့်ကျင်သည့် ဆရာစဉ်ဝါဒအား စွန့်ခွာခြင်း၏ တန်ပြန်စွန့်ခွာခြင်း စာအုပ်ဖြင့် တန်ပြန် သီအိုရီ ထုတ်ခဲ့သော်လည်း အတွေးအခေါ်ဆိုင်ရာ ပညာမှာ အစ္စလာမ်တို့၏ အတွေးအမြင်၌ အခြေခိုင်ပြီးသား ဖြစ်နေချေပြီ။
အမှားတရားများမှ ကယ်တင်ခြင်း
ဂဇာလီ၏ ဘဝနောက်ဆုံးဆီသို့ ဦးတည်နေချိန်တွင် ကိုယ်ရေးအကျဉ်း အဖြစ်ရေးခဲ့သော အမှားတရားများမှ ကယ်တင်ခြင်း စာအုပ်အား အင်္ဂလိပ်ဘာသို့ အကြိမ်ကြိမ်ပြန်ခဲ့ပြီဖြစ်၍ အလွန်အရေးပါသော အားထုတ်မှု တစ်ခု အဖြစ် ထိုစာအုပ်အား သတ်မှတ်ကြပေသည်။
ထိုစာအုပ်တွင် ဂဏလီက တရားသေကမ္မဝါဒ အတွေးအခေါ် ပဋိပက္ခအား ဖြေရှင်းခြင်းကို ပြန်ပြောင်းလျှက်- အလွန်မြင့်မြတ်တော်မူသော ပရမတ်ဘုရားရှင်တည်းဟူသည် ရောင်ခြည်တော်သည် ကျွန်ုပ်၏ နှလုံးသားတွင်း သို့ ဗဟုသုတ အချုပ်အခြာ၏ သော့ချက်ကို ပစ်ထည့်ပေး၏၊ ဟုဆို၍။ သူသည် ကလမ်၊ အစ္စလာမ့် ဒသနနှင့် အီစမာအီလီဝါဒီတို့ အကြောင်းကို လေ့လာလျှက် ဆင်ခြင်ထုတ်နှတ် သုံးသပ်ချက်များကို နက်နဲစွာ သုံးသပ်ခဲ့ သည်။ သူသည် ကလမ်ကို လက်ကိုင်ပြုအုပ်စုနှင့် အစ္စလာမ့်ဒသန အုပ်စုအား ခိုင်မာစွာ ထောက်ခံသော်လည်း ထိုအုပ်စု သုံးစုလုံးသည် အန္တိမရတနာ ဖြစ်သည့် ဉာဏ်စဉ်စခန်းသို့ ဆိုက်ရောက်ရန် အရည်အသွေး လိုအပ်နေ သူများ ဖြစ်သည်ဟု ဆုံဖြတ်ခဲ့သည်။ ဉာဏ်စဉ်စခန်းသို့ သူသည် သူ၏ ဆူဖီကျင့်စဉ်ကြောင့် ဆိုက်ရောက်ခဲ့ခြင်း ဖြစ်သည်။
ဝီလီလျှံ ဂျိမ်းနှင့် အခြားသော ဘာသာရေး သဘာရင့်သူများက ခရစ်ယာန် ရိုးရာ၏ အပြင်ဘက်မှ ဤကဲ့သို့ အလွန်ရှားပါးသော ကိုယ်ပိုင်ရေး ကိုယ်ရေးအတ္ထုပ္ပတ္ထိ စာပေနှင့် ပုဂ္ဂလဘာသာရေး ဝန်ခံချက်များကြောင့် ခရစ် ယန်အပြင် အခြားသော ဘာသာရေးဆိုင်ရာ အတွင်း အစ္စုတ္ထ ဉာဏ်စဉ်ထွန်းပေါက်ရေးကို ဆည်းပူးသူများ အတွက် အရေးပါသော အထောက်အထား ဖြစ်သည်ဟု သတ်မှတ်ကြပေသည်။
5 အီစမာအီလီဝါဒီ ဆိုသည်မှာ ရှီယာ မူဆလင်တို့မှ ထပ်ဆင့်ဂိုဏ်းကွဲ ဖြစ်၍ ၁၂ ပါးအီမန်ဝါဒအား လက်ခံသော အုပ်စုပြီးလျှင် ဒုတိယ အင်အား အကြီးဆုံး အုပ်စု ဖြစ်သည်။ အီစမာအီလ် အိဗ်နိဂျဖာရ်အား ခေါင်းဆောင် အဖြစ်လက်ခံသည်။
ဤစာအုပ်၌ ဂဇာလီက သင်္ချာပညာအား တိကျသော သိပ္ပံအဖြစ် ဖေါ်ပြခဲ့သည်။ သို့သော် ၎င်းကို ဘာသာရေး ဆိုင်ရာ သက်သေပြချက် သို့မဟုတ် တိကျသေချာသော ဩဝါဒများ အဖြစ် အသုံးပြုခြင်းအား ငြင်းပါယ်ခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ထိုအရာများသည် ရိုပိုင်းဆိုင်ရာ သဘာဝဓမ္မ မဟုတ်သောကြောင့် ဖြစ်သည်။ သူ၏ တင်ပြချက်မှာ ဘာသာရေးနှင့် တိကျသေချာမှုသည် သင်္ချာပညာနှင့် တိုင်းဆ၍ မရ။ လင်္ကာပညာအား သင်္ချာဖြင့် တိုင်းဆ၍မရ။ ၎င်းလင်္ကာပညာသည် စကားလုံး တည်ဆောက်မှ- အဓိပ္ပါယ်နှင့် သဒ္ဒါတွင်သာ တည်မှီ ၍၊ တိကျသေချာသော သိပ္ပံပညာ ဗဟုသုတပေါ်၌ တည်မှီခြင်း မရှိဟု ဖြစ်သည်။ သူက စည်းကမ်း စနစ်ဟူသည် ၎င်း၏ ကိုယ်ပိုင် ကျွမ်းကျင်လိမ္မာမှု ဖြစ်သည်။ ကျမ်းကျင်လိမ္မာမှုတစ်ခုသည် စည်းကမ်းစနစ် တစ်ခုဖြစ်၍ အချင်းအရာ၌ သင်္ချာပညာသည် အခြားသော စည်းကမ်းချက်များကို ပျက်ကွက်နိုင်သည်။ (ပုံသေနည်းချင်း ဝိရောဓိ ဖြစ်နိုင်သည်) စည်းကမ်းစနစ်သည် ဘာသာရေးနှင့် တိကျသေချာသော သဘောတရား ဖြစ်တည်မှု ပေါ်၌ တည်မှီသည်ဟု ဖြစ်သည်။ ဂဇာလီက သင်္ချာပညာ၏ လက်တွေ့ အသုံးဝင်မှုအား မြင်တွေ့ပြီး လက်တွေ့ တိကျ သော သိပ္ပံအား ငြင်းဆန်သူအား ပြစ်တင်ရှုံ့ချသည်။
လက်တွေ့တိကျသော သိပ္ပံအား ငြင်းပယ်ခြင်းဖြင့် အစ္စလာမ်အား ကွယ်ကာရန်အတွက် စဉ်းစားသူသည်
ရေးအား အကြီးအကျယ်စော်ကားသူသာ ဖြစ်သည်ဟု သူက ဆိုသည်။ သိပ္ပံပညာသည် ဘာသာရေး အစစ် အမှန် အား ဆန့်ကျင်ခြင်း လုံးဝ မရှိဟု ဆိုသည်။
ဘာသာရေး သိပ္ပံ ပြန်လည်ဆန်းသစ်ခြင်း The Revival of Religious Sciences
ဂဇာလီ၏ အခြားသော အဓိက ကြိုးပမ်းမှု တစ်ခုမှာ ဘာသာရေးသိပ္ပံ ပြန်လည်ဆန်းသစ်ခြင်း Lal (အေ့ဟ်ယားလ် အုယ္လိုမွဒင်) စာအုပ်ဖြစ်သည်။ ထိုစာအုပ်သည် ဖေကာဟ် (အစ္စလာမ် ဥပဒေဓမ္မသတ်) ကလာမ် (အစ္စလာမ့် အနုပဋိလောမ) နှင့် ဆူဖီဇင် (အစ္စလာမ့်ဝိပသနာ) ကဏ္ဍအားလုံးအား လုံလောက်စွာ ထည့်သွင်း ဖေါ်ပြ ထားသည်။ ထိုစာအုပ်တွင် ဝတ်ပြုမှု နိသယျ၊ နေ့တဓူဝ ဓလေ့၊ ချုပ်ငြိမ်းမှ မဂ္ဂနှင့် ဝိမုတ္တိ မဂ္ဂ (လွတ်မြောက်ခြင်း နည်းလမ်း)- လေးသွယ်ကို ဖေါ်ပြထားသည်။
ထိုစာအုပ်တွင် အစ္စလာမ် အလယ်ခေတ် သင်္ချာပညာနှင့် ဆေးပညာအား အတန်းအစား ခွဲပြလျှက် သိပ္ပံပညာ အား အားပေးချီးမြှောက်ထားသည်။ ထိုပညာရပ် သုံးမျိုးလုံးသည် လူ့အသိုင်းအဝိုင်းအတွက် အရေးကြီးသော အရာများဖြစ်သည်ဟု သတ်မှတ်ထားသည်။
အက်တမ်ဝါဒ
ဂဇာလီသည် အရှရီရိုတ် စာသင်ကျောင်း၏ အက်တမ်ဝါဒ ပုံသေနည်း ဖေါ်ထုတ်မှ တာဝန်ခံဖြစ်သည်။ သူက အက် တမ်များသည် ထာဝရတည်ရှိနေသော ရုပ်ဒြဗ် ဖြစ်တည်နေခြင်း- ကမ္ဘာရှိ အရာအားလုံးသည် မတော်တဆ ထိ တွေ့ပေါင်းစပ်ခြင်းကြောင့် ဖြစ်တည်ရခြင်း ဆိုသည်ကို ငြင်းပယ်သည်။ မတော်တဆ တိုက်ဆိုင်မှုကြောင့် ဖြစ် တည်လာသော အရာ ဘာမျှ မရှိဟု ဆိုသည်။
ကံ ဖြစ်ရပ်သည် သဘာဝရုပ်ပိုင်းဆိုင်ရာ ဖြစ်ပေါ်ခြင်းအတွက် အကြောင်းခံမဟုတ်။ ပရမတ်ဘုရားရှင်၏ တသ မတ်တည်း ပြဌာန်းထားခြင်း လောကဓမ္မသည်သာ တိုက်ရိုက် အကြောင်းတရား ဖြစ်၏၊ ထိုပြဌာန်းမှ မရှိဘဲလျှက်
တစ်စုံတစ်ခုမှ မဖြစ်နိုင်၊ သဘာဝနိယာမသည် ပရမတ်ဘုရားရှင်ကိုသာ တည်မှီနေရသည်ဟု သူက ဆိုသည်။ ထို အဆိုသည် အခြားသော အာရှ်ရီဝါဒ အစ္စလာမ် အယူအဆ ဖြစ်သည့် အကြောင်းရင်းခံ သီအိုရီအား သို့မဟုတ် ဇစ်မြစ်ပျောက်နေမည်ဟူသည့် အယူအား ပံ့ပိုးနေပေသည်။
အက်တမ်ဆိုင်ရာ သီအိုရီ၌ ဂဇာလီက အက်တမ်ကို ခွဲခြမ်းစိတ်ဖြာနိုင်သေးသည်ဟု လမ်းစပေးခဲ့ပေသည်။ ထို အတွက် အထောက်အားပေးသည့် အနေဖြင့် ကျယ်ကျယ်ပြန့်ပြန့် ကွဲပြားနေကြသော မူဆလင်တို့အား မူဆလင် တို့သည် ခွဲခြမ်းစိတ်ဖြာခြင်း၌ အလွန်ကောင်းမွန်၏။ သူတို့သည် အက်တမ်ကိုပင် ခွဲနိုင်ကြလိမ့်မည် ဖြစ်၏၊ သင် သည် မူဆလင် နှစ်ဦးကို ကြည့်လျှင်- သူတို့သည် ပါတီသုံးခုအား ပိုင်ဆိုင်သည်ကို တွေ့ရလိမ့်မည်ဟု ဆိုခဲ့ သည်။
သို့သော် ၁၁ ရာစု ဆန်းစမှ ပေါ်ခဲ့သော ဂဇာလီသည် ပရိုတွန်၊ ပျူတွန်နှင့် မော်လီကျုတို့၏ အိမ်ဖွဲ့မှုများကို ရေး သားတင်ပြခဲ့ခြင်း မရှိချေ။ သူ့သီအိုရီမှာ အလွန်သေးငယ်သည့် အမှုန်လေးများကိုပင် ခွဲခြမ်းစိတ်ဖြာနိုင်သေး သည်ဟုသာ ရည်ညွှန်းပေးခဲ့သည်။ သူ့အရေးအသားများသည် လက်ရှိခေတ် သိပ္ပံပညာတွင် တွေ့ရှိ-ရှိနေသည် များအတွက် အသေးစိတ် အဆင့်သို့ မရောက်ခဲ့ချေ။
ဇီဝဗေဒနှင့် ဆေးပညာ
ဂဇာလီ၏ အရေးအသားများသည် အလယ်ခေတ် အစ္စလာမ်များအတွက် ဆေးပညာအား လေ့လာဆည်းပူးစေ ရန် သတ္တိခွန်အားပေးသော အရေးအသားများ ဖြစ်သည်။ အထူးသဖြင့် ခန္ဓာဗေဒ ၌ ဖြစ်သည်။ သူ၏ ဘာသာ ရေး သိပ္ပံပြန်လည် ဆန်းသစ်ခြင်း စာအုပ်တွင် ဆေးပညာသည် ချီးမွမ်းဘွယ်ရာ လောကီသိပ္ပံဖြစ်ပြီး- အင်းအိုင် လက်ဖွဲ့ မန်းမှုတ်နေခြင်းများနှင့် ဆန့်ကျင်ဘက် ဖြစ်သည်ဟု ရေးသားခဲ့သည်။ သူသည် ထိုမန်းမှုတ်နေသည့် ပညာများကို ပြစ်တင်ရှုံ့ချခဲ့သည်။
သူ၏ ဝိပသနာကျင့်စဉ် ပြဌာန်းချက်များတွင်လည်း လူသား၏ ခန္ဓာကိုယ် အစိတ်အပိုင်းများအား သမမျှတစွာ ဖြင့် နေသားတကျ ထားတတ်ခြင်း၊ အသုံးပြုတတ်ခြင်းသည် ပရမတ်ဘုရားရှင်ဆီသို့ ဆိုက်မြိုက်ခြင်းအတွက် နီးစပ်မှ တစ်ရပ် ဖြစ်သည်ဟု ဆိုသည်။
၆
အမှားတရားများမှ ကယ်တင်ခြင်း စာအုပ်တွင် ဂဇာလီသည် ခန္ဓာဗေဒနှင့် ခွဲစိတ်လေ့လာ ကုသခြင်းကို ခိုင်မာ စွာ ထောက်ခံရေးသားခဲ့သည်။ သူ၏ ခန္ဓာဗေဒနှင့် ခွဲစိတ်ကုသမှု ဩဇာသည် ၁၂-၁၃ ရာစု မူဆလင် ဆရာဝန် လောကအား လွှမ်းမိုးခဲ့ပြီး သူ့အား အတိုက်အခံပြုသည့် အိဗနိ ရာ့ဂျ်ချ် ကပင် ထိုကိစ္စ၌ သူ့အား ထောက်ခံခဲ့ လေသည်။
6
ထိုခေတ်ထိုအခါတွင်- သတ္တဝါတစ်ဦးအား သေခြင်းတရားကို ဘုရားရှင်က ပြဌာန်းထားသည် ဖြစ်၍ ထိုပြဌာန်း သည့်ကာလ မတိုင်မှီ ခွဲစိတ်ကုသရန် လက်တွေ့လေ့လာခြင်းဖြင့် သတ္တဝါများ အကြောင်းမဲ့ သေရမည်ကို ကန့် ကွက်ခဲ့သော ဘာသာရေး အသိုက်အမြုံ လူထုကြီးကြားတွင် ဂဇာလီ၏ ခွဲစိတ်ကုသမှု၊ လေ့လာခြင်းအား အားပေး ခြင်းသည် ကြီးမားသော အယူအဆတိုက်ပွဲကြီး တစ်ရပ်အား ဆင်နွှဲလိုက်ရခြင်း ဖြစ်သည်။- ဘာသာပြန်သူ)၏
စကြာဝဠာဗေဒ
စကြာဝဠာ ဆိုင်ရာ သီအိုရီများတွင် ဂဇာလီသည် စကြာဝဠာသည် အစမရှိခဲ့ ဟု ယုံကြည်သည့် ရှေးခေတ် ဂရိ ပညာရှင်များဖြစ်သော အရစ်တိုတယ်တိုနှင့် ဆန့်ကျင်ဘက် ဖြစ်ခဲ့သည်။ အလယ်ခေတ် ဂဇာလီကမူ အစရှိသော အတိတ်ရှိနေသည်ဟု လက်ခံသည်။ ခရစ်ယာန်လောကတွင် စကြာဝဠာအား အစရှိသော အတိတ်ရှိသည်ဟု စတင်တွေးခေါ်သော ဂျွန် ဖီလိုပိုနာ့စ်သည် ရှေးဂရိအတွေးအခေါ်များကို ဆန့်ကျင်၍ မူဆလင် အတွေး အခေါ် ပညာရှင် အလ်ကင်ဒီ၊ ဂျူးအတွေးအခေါ် ပညာရှင် ဆီဒါဂီယွန်နှင့် နောက်ဆုံး ဂဇာလီတို့ထံမှ အတွေး အခေါ် ယူးယူခြင်း ဖြစ်သည်။ စကြာဝဠာ၌ စတင်သော အတိတ်ကာလ ရှိခဲ့သည် ဟု လက်ခံခြင်းမှာ ဖန်ဆင်း ခြင်း သီအိုရီ မှ ဖြစ်တည်လာခြင်း ဖြစ်သည်။
အစမရှိသော အတိတ်ကာလ သီအိုရီအား မဖြစ်နိုင်ဟု ချေပသော သူတို့၏ ဆင်ခြေများမှာ –
အစမရှိခြင်း၏ ဆောင်ရွက်ချက်သည် မဖြစ်တည်နိုင်-
ယခု အစမရှိလျှင် နောက်သို့ ဆက်စပ်၍ မရနိုင် ယင်းသည်တိကျသော အစမရှိမှုကြောင့် ဖြစ်၏ ထို့ကြောင့် ယခု အစမရှိဘဲ နောက်သို့ ဆက်စပ်ယူခြင်းသည် မဖြစ်တည်နိုင်- ဟု ဖြစ်၍။
လက်ရှိအခြေအနေမှ နောက်ဆုတ် ဆင်ခြင်သောနည်းဖြင့် တိကျသော အစမရှိမရှိဟု ဆင်ခြေမှာ-
အစမရှိရာမှ ဆောင်ရွက်ခဲ့လျှင် ယခုဟု ခေါ်အပ်သော လက်ဆင့်ကမ်း ဆင့်ကဲဖြစ်တည်လာခြင်း မရှိနိုင်-
ယခုမရှိလျှင်- ထိုမရှိမှုကို အတိတ်သို့လည်းကောင်း အနာဂါတ်သို့ လည်းကောင်း လက်ဆင့်ကမ်း ဆွဲဆန့်၍ မရနိုင်။
ထို့ကြောင့် ယခုမှ နောက်ဆို့ စဉ်ဆက် ဖြစ်တည်မှုသည် အစမရှိမှု၏ ဆောင်ရွက်ချက် မဟုတ်ချေ။
ထို-ဆင်ခြေယုတ္တိဗေဒ နှစ်ခုလုံးကို နောက်ပိုင်းတွင် ခရစ်ယာန် ဒသနပညာရှင်များက မွေးစားယူခဲ့လေသည်။ စိတ္တဗေဒ (စိတ်ပညာ)
အစ္စလာမ့် ဒသနတွင် ဂဇာလီသည် အာရုံ(Self) နှင့် ကြေကွဲမှု၊ ဝမ်းသာမှုတို့၏ ဆက်စပ်ခြင်းကို ဆွေးနွေးခဲ့ပေ သည်။ သူက အာရုံ(Self) အား နှလုံး၊ ဉာဏ်၊ ဉာဉ် နှင့် အတွေး ဟု ဝေါဟာရ လေးမျိုးကို သုံး၍ ဖေါ်ပြသည်။ အာရုံ တွင် စည်စနစ်ကျမှုအား အမြဲလိုလားနေခြင်း ရှိသည်ဟု ဆိုသည်။ ယင်းသည် နားလည်သဘော ပေါက်မှုသို့ လှုံဆော်လျက် ရှိပြီး နားလည်သဘောပေါက်နိုင်သော အရည်အသွေးအတွက် ထောက်ပံ့လျှက် ရှိသည်။ ထို့ပြင် အာရုံ (Self) တွင် ရုပ်ပိုင်းဆိုင်ရာ စေ့ဆော်မှုအား ၎င်း၏ ခန္ဓာကိုယ် လိုအပ်မှုအတွက် လှုံဆော်သော သတ္တိ ရှိနေ သည်။ ထိုလှုံဆော်မှုသည် မျှော်လင့်ချက်နှင့် ဆန္ဒအား ဖန်တီးပေးသည်။ မျှော်လင့်ချက် အလားအလာ အား အာသီသနှင့် ဒေါသ ဟု ခွဲခြမ်းစိတ်ဖြာနိုင်သည်။ အာသီသသည် ဆာလောင်မှု၊ မွတ်သိပ်မှု၊ ကာမဆန္ဒဖြစ် ပေါ်မှုကို
တိုက်တွန်း၍။ ဒေါသမှာ အမျက်ထွက်ခြင်း၊ အာဃာတဖြစ်ခြင်း၊ လက်တုံ့ပြန်ခြင်းများကို အိမ်ဖွဲ့ဖြစ်တည်စေသည်။ ဆန္ဒသည် မာဆယ်လ်၊ နာ့ဗ်နှင့် တစ်ရှူးထဲ၌ အခြေချနေပြီး အလားအလာ မျှော်လင့်ချက်အား ဖြည့်ပေးရန် အော် ဂင်ထဲသို့ ရွေ့သွားခြင်း ဖြစ်သည်ဟု ဂဇာလီက ဆိုသည်။
ဂဇာလီသည် ရှေးအကျဆုံး ဗဟိဒ္ဓခံစားမှုငါးပါး (အကြား၊ အမြင်၊ အနံ့၊ အရသာ၊ အတွေ့) နှင့် အစ္စုတ္တ ခံစားမှုများကို ခွဲခြမ်းစိတ်ဖြာပြသူများ အနက် တစ်ဦးဖြစ်သည်။ သူက ထိုဗဟိဒ္ဓခေါ် ပြင်ပ ထိတွေ့ မြင် ကြား ခံစားမှုများက အ တွင်း ခံစားမှုအား ဓါတ်ပေါင်းလျှက် ဦးနှောက်သို့ ပို့၍ ဦးနှောက်မှ ဘာသာပြန်ပေးခြင်း ဖြစ်သည်။ စိတ်ကူခြင်း ၎င်းသည် တစ်စုံတစ်ယောက်အား စိတ်ပိုင်း ပုံဆောင်ချက်အား ထိန်းသိမ်းနိုင်သည်မှာ အတွေ့အကြုံမှ ဖြစ်သည်။ ပြန်လည်သတိရခြင်း ၎င်းသည် ပတ်သက်ဆက်နွယ်သော အတွေးများကို အတူတကွ ဖြစ်စေ၊ တကွဲတပြားစီ ဖြစ် ပြန်လည်ခြင်ဆင်ခြင်း ဖြစ်၍။ စိတ်ထဲတွင် မတည်ရှိသေးသော အသစ်ကို ဖန်တီးနိုင်သော စွမ်းအား မရှိချေ။ ပြန်လည်တွေးယူခြင်း ၎င်းသည် သိမ်းဆည်းဉာဏ်ထဲ၌ သိမ်းထားသည့် အရာမဟုတ်သည်ကို ပြန်လည် တွေးယူ ၍ တွေးဆ အဓိပ္ပါယ်ဖေါ်ပေးခြင်း ဖြစ်သည်။ သိမ်းဆည်းဉာဏ် ၎င်းသည် လက်ခံရရှိသော ခံစားမှုအား သိုလှောင် ထားခြင်း ဖြစ်သည် ဟု ဆိုသည်။
ᏣᎧ
သူက အပြင်မှ အထိအတွေ့များသည် တိကျသော အော်ဂင်တစ်ခုအား သက်ရောက်ခဲ့သော် အတွင်း ခံစားမှုများ မှာ ဦးနှောက်၏ မတူညီသော နေရာများတွင် အခြေချလျှက် ရှိသည်- ဟု ရေးသားခဲ့ပြီး၊ သူသည် သိမ်းဆည်း ဉာဏ် (Memory) မှာ ဦးနှောက်၏ နောက်ပိုင်းတွင်၊ စိတ်ကူးဉာဏ် (Imagination) သည် ဦးနှောက်၏ ရှေ့ပိုင်း တွင်၊ ပြန်ပြောင်းသတိရဉာဏ် (Reflection) သည် ဦးနှောက်၏ အလယ်ပိုင်းတွင် တည်ရှိသည်ကို ရှာဖွေတွေ့ရှိခဲ့ သည်။ ထို့နောက် လူသား၏ ဤ အတွင်းပိုင်း ခံစားမှုများသည် အတိတ်မှာ သူတို့လေ့လာ တွေ့ကြုံခဲ့ရာများကို အခြေခံလျှက် လူသားအား အနာဂါတ် အခြေအနေအား မှန်းဆစေလေ့ရှိသည်ဟု ဂဇာလီက ဖေါ်ပြခဲ့သည်။
ဘာသာရေး သိပ္ပံပြန်လည် ဆန်းသစ်ခြင်း စာအုပ်တွင် သူက- ဤ အတွင်းအစ္စုတ္တ ခံစားမှုငါးပါးသည် လူသားရော တိရစ္ဆာန်များတွင်ပါ တွေ့ရှိရ၍ တိရိစ္ဆာန်များတွင် ကောင်းစွာ ဖွံ့ဖြိုးသော ပြောင်းပြောင်းသတိရဉာဏ် စွမ်းအား ကို ပိုင်ဆိုင်ခြင်း မရှိဟု ရေးသားခဲ့သည်။ သူ၏ ဆင်ခြေမှာ တိရိစ္ဆာန်များသည် ရိုးရိုးရှင်းရှင်း ရုပ်ပိုင်းဆိုင်ရာ ပုံ သဏ္ဍာန်ကိုသာ စွဲမှတ်နိုင်ပြီး ပြန်ပြောင်း သတိရဉာဏ်၏ အရည်အသွေးဖြစ်သော အာရုံ စုစည်းခြင်း ဖြန့်ကျဲခြင်း များ အတွက် စွမ်းဆောင်နိုင်ခြင်း မရှိဟု ဆိုသည်။
ထို့ပြင် သူက- အာရုံသည် အခြားသော အပို အရည်အသွေးနှစ်ခု ရှိနေ၍ ၎င်းမှာ လူနှင့် တိရိစ္ဆာန် ခြားနားမှု ဖြစ် သည်။ လူတွင် ဉာဏ ပါရမီ ရင့်သန်ပြည့်စုံစေနိုင်သော ဂုဏ်သတ္တိရှိနေသည်။ ၎င်းတို့မှာ အသိဉာဏ်နှင့် အလိုတို့ ဖြစ်သည် ဟု ရေးသားခဲ့၍။ သူ၏ ဆင်ခြေမှာ အသိဉာဏ်သည် အခြေခံကျသော ကြောင်းကျိုး ဆက်နွယ်သည့် ဗီဇ တစ်ခု ဖြစ်ပြီး ၎င်းသည် လူသားအား ယေဘုယျဆက်စပ်မှုများမှ ကောက်ကြောင်းဆွဲပေး နိုင်ကာ ဗဟုသုတ ကို ဆိုက်ရောက်စေသည် ဟု ဖြစ်၍။ သူ၏ အလိုနှင့် ပတ်သက်သော ဆင်ခြေမှာ- လူ၏ အလို နှင့် တိရိစ္ဆာန်၏ အလိုမှာ သီးခြားစီ ဖြစ်သည်။ လူ၏ အလိုသည် အသိဉာဏ်၏ ဖြစ်စေခြင်း အခြေအနေ၌ တည်၍။ တိရိစ္ဆာန်၏
အလိုမှာ ဒေါသနှင့် အာသီသပေါ်၌ တည်သည်။ ထိုအလို အစွမ်းပါဝါအားလုံးသည် ခန္ဓာကိုယ်အား ထိန်းချုပ် စိုးမိုးထားသည် ဟု ဖြစ်သည်။ သူက ဆက်ရေးခဲ့သည်မှာ နှလုံး သည် ၎င်းတို့ အားလုံးကို ချုပ်ကိုင် ထား၍၊ နှလုံး တွင် ဒေါသ၊ အာသီသ၊ ဇော၊ တုန်လှုပ်မှု၊ အသိဉာဏ်နှင့် အလို များဖြစ်သည့် တန်ခိုးပါဝါ ခြောက်ခု ရှိသည်။ လူ သားသည် ထို တန်းခိုးအစွမ်း ခြောက်မျိုးလုံးကို ပိုင်ဆိုင်၍ တိရိစ္ဆာန်မှာမူ အာသီသ၊ ဒေါသနှင့် တုန်လှုပ်ကြောက်ရွံ့ ခြင်း သုံးခုသာ ပိုင်ဆိုင်သည်ဟု ဖြစ်သည်။ ထိုအတွေးအခေါ်များသည် တိရိစ္ဆာန်များသည် ဒေါသဖြစ်ပေါ်ခြင်း မရှိဟု ယုံကြည်ထားသော အရစ်တိုတယ်၊ အဗင်စ်နာ၊ ရိုဂါ ဘေကွန်နှင့် သောမတ်စ် အကွီနာစ် အပါအဝင် အလယ်ခေတ် တွေးတောသူများနှင့် ဂဇာလီ၏ ခြားနားချက်ပင် ဖြစ်လေသည်။
ဂဇာလီက သိမြင်ခြင်းသည် မွေးရာပါနှင့်- ပါရမီဖြည့်ဆည်းခြင်း တစ်ခုခုကြောင့် ဖြစ်နိုင်သည်ဟု ရေးသား၍ သူ၏ ခွဲခြမ်းစိတ်ဖြာမှုမှာ မွေးရာပါ အသိဉာဏ်မှာ ထူးခြားစွာသိမြင်ခြင်း၊ ရုပ်ဝတ္ထုလောကနှင့် ဉာဏ်စဉ်ရေးရာ ထွန်း ပေါက်ခြင်းတို့ ဖြစ်၍၊ ပါရမီဖြည့် အသိဉာဏ်မှာ ကြံစည်စိတ်ကူးခြင်း၊ ယုတ္တိဗေဒ ကျိုးကြောင်းဆင်ခြင်ခြင်း။ မှန်းဆ စိတ်ကူးခြင်း၊ တိုက်ရိုက်ခံစားမှုဖြစ်ခြင်းတို့ ဖြစ်၏ဟု ဆိုသည်။
လူတွင် အခြေခံ သဘာဝ သဘာဝ လေးမျိုးရှိသည်ဟု ဆင်ခြင်ပြ၍ ၎င်းတို့မှာ ပညာရှိ (အသိဉာဏ်နှင့် ကျိုးကြောင်း ဆင် ခြင် သူ) ဝက် (ကာမနှင့် အစားကျူးသူ) ခွေး (ဒေါသမချုပ်တီးသူ) မာရ်နတ် (ရက်စက်ယုတ်မာသူ) ဟု ဖြစ်သည်။ ဝက်၊ ခွေးနှင့် မာရ်နတ် စရိုက်များသည် ပညာရှိ စရိုက်နှင့် ပဋိပက္ခဖြစ်နေ၍၊ လူအမျိုးမျိုးသည် ထိုမှ စရိုက် အမျိုးမျိုးကို အချိုးကျ ပိုင်ဆိုင်နေသည်ဟု ဆိုသည်။
ဂဇာလီသည် ကုရ်အံကျမ်းပါ နာ့ဖ်ဆွေ အမာရာဟ် အကုသိုလ်ကို စီမံနေသာ ဉာဉ် (စိတ်) (၁၂း၅၃)၊ နာ့ဖ်ဆေ့ လောင်ဝါမာဟ် မိမိကိုယ်မိမိ ဆုံးမနေသော ဉာဉ် (စိတ်) (၇၅း၂)၊ နာ့ဖ်ဆေ့ မုတွမာအီနာဟ် ဘဝင်ငြိမ်းချမ်းသော ဉာဉ် (စိတ်) (၈၉း၂၇) အခြေခံလျှက် ဉာဉ်အား အမျိုးအစား သုံးမျိုးခွဲပြခဲ့သည်။ စိတ်ပညာနှင့် နိုင်ငံရေးပညာ အား ဆက်စပ်သုံးသပ်သည့် အနေဖြင့် နှိုင်းယှဉ်ပြသည်မှာ ဉာဉ်စရိုက်သည် ဘုရင့်နိုင်ငံအား မောင်းနှင်နေသော ဘုရင် ကဲ့သို့ ဖြစ်၍၊ ကိုယ်ခန္ဓာမှ အော်ဂင်များမှာ ကျွမ်းကျင်လုပ်သားနှင့် သာမန်လုပ်သားကဲ့သို့ ဖြစ်၏။ အသိ ဉာဏ် သည် အရာရှိကြီးကဲ့သို့ ဖြစ်၏။ ဆန္ဒသည် ကောက်ကျစ်သော အမှုထမ်းကဲ့သို့ ဖြစ်၏။ ဒေါသသည် ရဲတပ် ဖွဲ့ ကဲ့သို့ ဖြစ်၏။ အသိပညာရှင် အရာရှိကြီးများအား အလှည့်ပေးခြင်း- ကောက်ကျစ်သော အမှုထမ်းများအား ဦးစားမပေး ခြင်း၊ လုပ်သားများနှင့် ရဲဝန်ထမ်းတို့အား စည်းကမ်းဥပဒေ ချမှတ်ပေးခြင်းဖြင့်သာ ဘုရင်သည် တိုင်း ပြည်ရေးရာ များကို မှန်ကန်စွာ မောင်းနှင် လည်ပတ်နိုင်၏။ အလားတူပင် ဉာဉ် သည် ဒေါသအား ထိန်းချုပ်မှု ထားပြီး အသိ ဉာဏ်အား ဆန္ဒကို အုပ်ချုပ်စေရမည်။ ဉာဉ်အား ဖွံ့ဖြိုးပြည့်ဝခြင်းသို့ ရောက်ရှိစေရန် ၎င်းသည် ပကတိအဆင့် (မွေး ကင်းစ) စူးစမ်းသည့်အဆင့် (အရွယ်မရောက်မှီ)၊ စီစစ်စူးစမ်းသည့်အဆင့် (အရွယ်ရောက် ချိန်)၊ တည်ငြိမ်သည့် အဆင့် (အသိတရားနှင့် အရွယ်ပေါင်းစပ်သည့်အချိန်) ဘဝင်ငြိမ်းသောအဆင့် (သစ္စတရား အား ကိုယ်ပိုင်သိခြင်း) အဆင့်များကို ကျော်ဖြတ်ရမည် ဖြစ်သည်။
ရောဂါဟူသည်မှာ နှစ်မျိုးရှိ၍ ရုပ်ကာယ ရောဂါနှင့် ဝိဉာဏရောဂါ ဟူ၍ ဖြစ်သည်။ ဝိဉာဏရောဂါသည် ပိုမို အန္တရာယ်ကြီး၍ ၎င်းသည် ပရမတ်ဉာဏ်စဉ်ဇစ်မြစ် ဘုရားရှင်နှင့် နီးစပ်ရန် ဝေးကွာခြင်း၊ အဝိဇ္ဇာအမှောင်စီးခြင်း ဟူသည့် အကျိုးဆက်များ ဖြစ်သည်။ ဝိဉာဏရောဂါများမှာ (၁) ငွေကြေးဥစ္စာ၊ အမည်နာမ၊ လူရာဝင်လိုမှုများ၌ ယစ်မူးခြင်း၊ အမိုက်မောဟကြီးခြင်း၊ သူရဲဘောကြောင်ခြင်း၊ ရက်စက်ယုတ်မာခြင်း၊ ကာမဂုဏ်ကျူးခြင်းများ ဖြစ်သည့် အတ္တကြီးခြင်း (၂) မကောင်းကြံခြင်း၊ သူတစ်ပါးသိက္ခာကိုစော်ကားခြင်း (အတင်းပြောခြင်း)၊ မနာလို ဝန်တိုခြင်း၊ လိမ်ညာခြင်း-လိမ်ညာခံရခြင်း၊ လောဘကြီးခြင်း-ဟူသည့် သံသယ များဖြစ်သည်။ ထိုသို့သော ဝိဉာဏရောဂါများအား ကုနည်းမှာ- ထိုကိစ္စရပ်များ၏ ဆန့်ကျင်ဘက်ကို ပြန်လည် ဆင်ခြင်ရမည်ဟု ဂဇာလီက အကြံပေးထားပေသည်။ လူ၏ ဥပတိမှာလည်း သူ၏ ဝိဉာဏရေးရာ အဆင့်ပေါ်တွင် မူတည်၍ ကွဲပြားနေပြီး ဉာဏ်စဉ်ဇစ်မြစ် ပရမတ်ဘုရားရှင်နှင့် နီးစပ်လာလေ တည်ငြိမ်လာလေ ဖြစ်၍၊ နီးစပ်မှုကင်းမဲ့လာလေ ဂဏှာမငြိမ် ဖြစ်လာလေ ဟု ဂဇာလီက ယုံကြည်သည်။
လူသည် တိရိစ္ဆာန်နှင့် နတ်ဒေဝတာတို့၏ အလယ်တွင် နေရာယူထားပြီး- လူတွင်ရှိသော အသိဉာဏ်အရည် အသွေးက လူသားအား တိရိစ္ဆာ အဆင့်သို့လည်းကောင်း၊ နတ်ဒေဝတာ အဆင့်သို့လည်းကောင်း ရောက်အောင် ပို့နိုင်သည်ဟု ဂဇာလီက တင်ပြထားပေသည်။
အေမန်ဂဇာလီ၏ ဩဇာ
အေမန်ဂဇာလီ၏ ဩဇာမှာ မူဆလင် ဒသနပညာရှင်များ၊ ခရစ်ယာန် ဒသနပညာရှင်များ၊ ဂျူးဒသနပညာရှင်များ အလယ်တွင် အလယ်ခေတ် အတွေးအခေါ်ပညာရှင်များအကြား အရေးပါခဲ့လေသည်။
မာဂရက် ဆမက်က သူမ၏ အလ်ဂဇာလီ- ဝိဉာဏပညာရှင် Al-Ghazali: The Mystic (လန်ဒန် ၁၉၄၄) စာ အုပ်တွင် ဂဇာလီ၏ ကြိုးပမ်းမှုသည် ဥရောပ ပညာရှင်များအား ဆွဲဆောင်၍ စိတ်ဝင်စားစေခဲ့သည်မှာ သံသယ ဖြစ်ဘွယ် မရှိချေ။ (စာမျက်နှာ ၂၂ဝ) သူမ၏ ကိုးကားချက်မှာ ခရစ်ယာန် စာရေးဆရာများအနက် အကြီးကျယ် ဆုံး စိန့်သောမတစ် (၁၂၂၅-၁၂၇၄) အကွီနာ့စ် အပါအဝင် များစွာသော ပညာရှင်များမှာ ဂဇာလီ၏ သြဇာ လွှမ်းမိုးမှုကို ခံရသည်။
အေမန် အလ် ဂဇာလီသည် လွန်ခဲ့သော နှစ်ပေါင်း တစ်ထောင်မှ ပေါ်ထွန်းခဲ့သောပညာရှင်ဖြစ်၍ ယခုခေတ် သိပ္ပံ ပညာများ ထွန်းကားနေသော ခေတ်ကာလမှ လူသားများလောက် ခေတ်မှီနိုင်မည် မဟုတ်သော်လည်း ဤကဲ့သို့ ခေတ်မှီလာသော လူနေမှုစနစ်၊ ပညာရေး၊ နိုင်ငံရေး၊ သိပ္ပံပညာရေးတို့ အတွက် မျိုးစေ့ချပေးခဲ့သော ပုဂ္ဂိုလ်ကြီး များအနက် တစ်ဦးဖြစ်သည်ဟု တန်ဘိုးထား သတ်မှတ်ရမည် ဖြစ်သည်။ သူပေါ်ထွန်းခဲ့သော ခုနှစ်မှာ မြန်မာနိုင်ငံ ဟု ဆိုသော ကျွန်ုပ်တို့နိုင်ငံကြီးအား စတင်ထူထောင်သည့် အနော်ရထာမင်းကြီးနှင့် ခေတ်ပြိုင်ခန့်ဖြစ်သည်။ ထို ခေတ်မှ ကျွန်ုပ်တို့၏ မြန်မာလူမျိုးများတွင် ထိုကဲ့သို့ အတွေးအခေါ်ထက်မြက်သော ပုဂ္ဂိုလ်ထူးများ ပေါ်ပေါက်ခဲ့ ခြင်း မရှိသေးဟု ရိုးသားစွာ ဝန်ခံရမည် ဖြစ်သည်။
Wikipedia မှ မှီငြမ်းလျှက် ဘာသာပြန်တင်ပြခြင်း ဖြစ်သည်။
ဦးဌေးလွင်ဦး
Add a Comment