ကျူးကျော်မှုကို ခံ ကျွန်ဖြစ်ရမှာလား

ကျွန်ုပ်တင်ပြပေးသော ဂျီဟာ့ဒ် ခေါင်းစီး နိဒါန်းမှသည် နံပါတ် (၃) ထိ ဆွေးနွေးလိုက ဆွေးနွေးနိုင်ပါသည်။ ယခုမူ တိုင်းပြည်ဒေသ တစ်ခုရှိ အတူတူနေထိုင်သော လူမျိုးချင်း လူမျိုးတစ်မျိုးက အရှင်သခင် အဖြစ် မဟာလူမျိုးကြီး လုပ်လျှက် အခြားသော လူမျိုးမှ ကျေးကျွန် အဖြစ် မိမိတို့၏ ဘဝများ သားစဉ်မြေးဆက်များ အား ကျေးကျွန်ဘဝဖြင့် နေထိုင်ရခြင်း ဘဝဆက်ရခြင်းအား ဘာသာ တရားများမှ လက်ခံသည် လက်မခံသည် အား တင်ပြလိုသည်။ သို့ဆိုလျှင် မိမိတို့၏ ဘဝများ လူသားချင်း အတူတူ တန်းတူညီမျှခွင့် ရစေရန် စွမ်းစွမ်းတမံ ရုန်းကန်လှုပ်ရှားရသူတို့၏ ဂျီဟာ့ဒ် ဆိုသည်အား နားလည်မှု ပိုမို မြင့်မားလာမည်ဟု ဆင်ခြင်မိပါသည်။

ပုဂ္ဂိုလ် သတ္တဝါသည် မိမိကိုယ်ကို (ကျွန်အလို့ငှာ) မပေးရာ၊ ပုဂ္ဂိုလ် သတ္တဝါသည် မိမိကိုယ်ကို (ကျား စသည်တို့အား စားရန် အလို့ငှာ) မစွန့်ရာ၊ ကောင်းသော စကားကို မြွက်ဆိုရာ၏၊ ကြမ်းကြုတ်သော စကားကို မမြွက်ဆိုရာ။ သံယုတ်ပါဠိ (ပတွဲ) ၈ ဆေတွာဝဂ်၊ ၈ ကာမသုတ်။ ဟု ပိဋကတ်တော်တွင် သွန်သင်ထားပေ သည်။

သို့ဖြစ်၍ မိမိတို့အား ကိုလိုနီ ကျွန်ပြုနိုင်ရန် တစ်ဘက်သတ် ဖိနှိပ်ချုပ်ချယ်နိုင်ရန် အခွင့်အရေးပေးခြင်း၊ သည်းခံသည်ဟူသော အကြောင်းပြချက်ဖြင့် မခွင့်အရေး ပေးသကဲ့သို့ ဖြစ်ခြင်း စသည်တို့သည် မိမိတို့အား ကျေးကျွန်အဖြစ် ခံယူလိုက်သည်သာမက မိမိတို့မှ ဖြစ်တည်လာမည့် သားစဉ်မြေးဆက် အားလုံးကိုလည်း ကျေးကျွန်ဘဝသို့ တွန်းချခဲ့သည်သာ မည်ပေမည်။

အစ္စလာမ် သာသနာသည် ကမ္ဘာမြေပေါ်တွင် ငြိမ်းချမ်းစွာ အတူနေထိုင်ရေးအား အထူးဇောင်းပေး သွန်သင်သော သွန်သင်ပြဌာန်းပေးသော သာသနာ ဖြစ်၍- အယူမတူသူတို့အား အနိုင်ကျင့်ရမည် စစ်ခင်းရမည် သူတစ်ပါးအား ကျေးကျွန်အဖြစ် သတ်မှတ်ရမည်ဟု သွန်သင်ခြင်း အလျဉ်း မရှိပေ။ တစ်ခြားတစ်ဘက်တွင် မည်သည့် လူမျိုး မည်သည့် ဘာသာ အတွက် မဆို ဖြစ်စေ၊ မတရား သဖြင့် ကျူးကျော် ဖိနှိပ်ခံရလျှင် တော်လှန်ရမည်၊ မည်သည့် ဘာသာဝင်တို့၏ ဘုရားကျောင်းကန်များအား မဆို ကာကွယ်ရမည် ဟု ကုရ်အာန် ၂၂း၃၉- ၄ဝ တွင် ပြဌာန်းပြီး ဖြစ်သည်။

ဤသို့ လူမျိုးစုတစ်ရပ် ကျေးကျွန် ဘဝ သို့ မရောက်ရစေရန် ရုန်းကန်လှုပ်ရှားသော၊ အသက် သွေး ချွေး ပေးဆပ်လျှက် စွမ်းစွမ်းတမံ ဆောင်ရွက်သော ပုဂ္ဂိုလ်တို့အား ဂျေဟာ့ဒ်ဒစ် ဟု အာရ်ဗီဘာသာဖြင့် ခေါ်ဆိုပေသည်။ ထို ဂျေဟာ့ဒ်ဒစ်တို့အား အပြစ်ဆိုမည် နားလည်မှု လွဲမည် ဆိုလျှင် မိမိတို့အား ကျွန်ပြုလိုသော သူတို့၏ ဝါဒမှိုင်းမိသူမိနေသူများသာ ဖြစ်ရပြီး-၊ မိမိတို့၏ သားစဉ်မြေးဆက်အား ကျေးကျွန်ဘဝထဲသို့ တွန်းချခဲ့သည်သာ မည်ပေတော့မည်။

Di_Thar_1