အေမန် အလ် ဂဇာလီ

အေမန် အလ် ဂဇာလီ အဘူဟာမက် မုဟမ္မဒ် ဘင် မုဟမ္မဒ် အလ် ဂဇာလီ (၁၀၅၈-၁၁၁၁) ၊ زالیالغ محمد ناب محمد حامد واب အား ပါရှား အင်ပါယာ- ခိုရာဆန်ပြည် တာ့စ် မြို့တွင် မွေးဘွားခဲ့သည်။ သူသည် အစ္စလာမ် အတွေး အခေါ်ပညာရှင်၊ ဥပဒေ ပညာရှင်၊ ဒသန ပညာရှင်၊ စိတ်ပညာရှင်နှင့် ဝိဉာဏရေးရာ ဝိပသနာလိုက်စား သူဖြစ်သည်။ သူသည့် သူ့ရှေး ကျသော အစ္စလာမ့်ရေးရာ အတွေးအခေါ်ဟောင်းများကို ပြောင်းလဲပစ် ခဲ့သူလည်း ဖြစ်သည်။ ဝီလီလျှံ မောင့်ကို မာရီ ဝါ့တ် ကဲ့သို့ ထင်ရှားသည့် လောကီ-သမိုင်းပညာရှင်များက သူ့အား ဉာဏ်စဉ်ဆောင် မုဟမ္မဒ်ပြီးလျှင် မူဆလင် လောက၌ အကြီးကျယ်ဆုံး ပုဂ္ဂိုလ် ဖြစ်သည်ဟု မှတ်ချက်ပေးခဲ့သည်။ ကိုယ်ရေး အကျဉ်း ဂဇာလီအား ၁ဝ၅၈ ခုနှစ်တွင် ခိုရာဆန်ပြည်၌ မွေးဘွားခဲ့၍၊ သူ၏ ဖခင်မှာ မရိုးဖလာ ဆူဖီတစ်ဦး ဖြစ်ခဲ့သည်။ သူနှင့် သူညီ အဟာမဒ် ဂဇာလီ ငယ်စဉ်ကပင် သူ့ဖခင်မှာ ကွယ်လွန်သွားခဲ့သည်။ သူတို့အား သူ့ဖခင်၏ မိတ်ဆွေ တစ်ဦးမှ နှစ်အတန်ကြာ ပြုစုစောင့်ရှောက်ထားခဲ့သည်။ အေဒီ ၁ဝ၇ဝ တွင် ဂဇာလီနှင့် သူ့ညီတို့သည် အစ္စလာမ့် စာသင်ကျောင်းတွင် နေရန် ဂေါ်ဂန်သို့ ထွက်ခွာခဲ့သည်။ ထိုကျောင်းတွင် သူသည် အစ္စလာမ် ဓမ္မသတ် ဥပဒေ ပြုစုနည်းပညာ (ဖေကာဟ်)များကို သင်ကြားခဲ့ပြီး ၇ နှစ်အကြာတွင် ဇာတိမြို့ တာ့စ် သို့ ပြန်လာ ခဲ့သည်။ အသက် (၂၃) နှစ်အရွယ်တွင် နီရှာပါ သို့ ခရီးထွက်ခဲ့ပြီး ထိုခရီးသည် သူ့ဘဝအတွက် အလွန်အရေးပါခဲ့သည်။ ထိုဒေသတွင် သူသည် ကျော်ကြားသည့် အစ္စလာမ့် ပညာရှင် အဘူလ် မာလီ ဂျူဝေနီ၏ ကျောင်းသားတစ်ဦး ဖြစ် လာခဲ့သည်။ ၁ဝ၈၅ ...