ကျူးကျော်မှုကို ခံ ကျွန်ဖြစ်ရမှာလား

The Holy Islam ​ အစ္စလာမ် သာသနာတော် ​ ကျူးကျော်မှုကို ခံ ကျွန်ဖြစ်ရမှာလား ကျွန်ုပ်တင်ပြပေးသော ဂျီဟာ့ဒ် ခေါင်းစီး နိဒါန်းမှသည် နံပါတ် (၃) ထိ ဆွေးနွေးလိုက ဆွေးနွေးနိုင်ပါသည်။ ယခုမူ တိုင်းပြည်ဒေသ တစ်ခုရှိ အတူတူနေထိုင်သော လူမျိုးချင်း လူမျိုးတစ်မျိုးက အရှင်သခင် အဖြစ် မဟာလူမျိုးကြီး လုပ်လျှက် အခြားသော လူမျိုးမှ ကျေးကျွန် အဖြစ် မိမိတို့၏ ဘဝများ သားစဉ်မြေးဆက်များ အား ကျေးကျွန်ဘဝဖြင့် နေထိုင်ရခြင်း ဘဝဆက်ရခြင်းအား ဘာသာ တရားများမှ လက်ခံသည် လက်မခံသည် အား တင်ပြလိုသည်။ သို့ဆိုလျှင် မိမိတို့၏ ဘဝများ လူသားချင်း အတူတူ တန်းတူညီမျှခွင့် ရစေရန် စွမ်းစွမ်းတမံ ရုန်းကန်လှုပ်ရှားရသူတို့၏ ဂျီဟာ့ဒ် ဆိုသည်အား နားလည်မှု ပိုမို မြင့်မားလာမည်ဟု ဆင်ခြင်မိပါသည်။ ပုဂ္ဂိုလ် သတ္တဝါသည် မိမိကိုယ်ကို (ကျွန်အလို့ငှာ) မပေးရာ၊ ပုဂ္ဂိုလ် သတ္တဝါသည် မိမိကိုယ်ကို (ကျား စသည်တို့အား စားရန် အလို့ငှာ) မစွန့်ရာ၊ ကောင်းသော စကားကို မြွက်ဆိုရာ၏၊ ကြမ်းကြုတ်သော စကားကို မမြွက်ဆိုရာ။ သံယုတ်ပါဠိ (ပတွဲ) ၈ ဆေတွာဝဂ်၊ ၈ ကာမသုတ်။ ဟု ပိဋကတ်တော်တွင် သွန်သင်ထားပေ သည်။ သို့ဖြစ်၍ မိမိတို့အား ကိုလိုနီ ကျွန်ပြုနိုင်ရန် တစ်ဘက်သတ် ဖိနှိပ်ချုပ်ချယ်နိုင်ရန် အခွင့်အရေးပေးခြင်း၊ သည်းခံသည်ဟူသော အကြောင်းပြချက်ဖြင့် မခွင့်အရေး ပေးသကဲ့သို့ ဖြစ်ခြင်း စသည်တို့သည် မိမိတို့အား ကျေးကျွန်အဖြစ် ခံယူလိုက်သည်သာမက မိမိတို့မှ ဖြစ်တည်လာမည့် သားစဉ်မြေးဆက် အားလုံးကိုလည်း ကျေးကျွန်ဘဝသို့ တွန်းချခဲ့သည်သာ မည်ပေမည်။ ...