أ ذ ن နား၊ နားဖြင့်ကြားအောင် အော်ပြောသည်၊ ကြေငြာသည်၊ လူသိရှင်ကြား ခွင့်ပြုသည်၊ ခွင့်ပြုချက်ပေးသည်၊ ခွင့်တောင်းသည်။ ရင်းမြစ် أ ذ ن သည် ပုံစံ ၉ မျိုးဖြင့် ကျမ်းမြတ်ကုရ်အာန်တွင် ၁၀၂ ကြိမ် ပါဝင်သည်။ • ကြိယာ-၁၊ أَذِنَ ၂၃ ကြိမ်၊ • ကြိယာ-၂၊ أَذَّنَ ၃-ကြိမ်၊ • ကြိယာ-၄၊ ءَاذَن ၂-ကြိမ်၊ ကြိယာ-၅၊ تَأَذَّنَ ၂-ကြိမ်၊ • ကြိယာ-၁၀၊ ٱسْتَـْٔذَنَ ၁၂-ကြိမ်၊ • နာမ်၊ أَذَٰن ၁-ကြိမ်၊ • နာမ်၊ إِذْن ၃၉-ကြိမ်၊ • နာမ်၊ أُذُنٌ ၁၈-ကြိမ်၊ • ကြိယာ-၂-ကတ္တား၊ مُؤَذِّن ၂-ကြိမ်၊ ( မှတ်ချက် ) ကျမ်းမြတ်ကုရ်အာန်ပါ ဝေါဟာရများ၏ အဓိပ္ပါယ်များမှာ အလွန်ကြွယ်သဖြင့် ဘာသာပြန်ကိုယ်စီတွင် ဝေါဟာရ ရွေးချယ်မှု ကွဲပြားနိုင်ပါသည်၊ သို့သော် ဇစ်မြစ်အဓိပ္ပါယ် ဆန့်ကျင်ခြင်း မရှိပါ။
إِذًا- သော်၊ သောအခါ၊ ထို့နောက်
إِذًا သော်၊ သောအခါ၊ ထို့နောက် - ဟု တိုက်ရိုက် အဓိပ္ပါယ်ပေးသော်လည်း စကားဆက် အဖြစ် သုံးသည့် အခါ ဝါကျပါ ပြောဆိုမှု အလျှောက် ရှေ့နောက်ကိုက်ညီရန် အလျှဉ်းသင့်သလို ဘာသာပြန်ကြသည်။ အချို့နေရာများ တွင် ချန်လှပ်၍ ဘာသာပြန်ကြသည်။ ရင်းမြစ် إِذًا သည် စကားဆက် စကားလုံး အဖြစ် ကျမ်းမြတ်ကုရ်အာန်တွင် ၃၁-ကြိမ် ပါဝင်သည်။ ( မှတ်ချက် ) ကျမ်းမြတ်ကုရ်အာန်ပါ ဝေါဟာရများ၏ အဓိပ္ပါယ်များမှာ အလွန်ကြွယ်သဖြင့် ဘာသာပြန်ကိုယ်စီတွင် ဝေါဟာရ ရွေးချယ်မှု ကွဲပြားနိုင်ပါသည်၊ သို့သော် ဇစ်မြစ်အဓိပ္ပါယ် ဆန့်ကျင်ခြင်း မရှိပါ။