عكف – ع ك ف
မသုံးသပ်ဘဲတွယ်ကပ်လက်ခံထားသည်၊ ဝဇီပိတ်သည်၊ ခွင့်ပေးရမည်ကို မသိဟန်ဆောင်နေသည်
ရင်းမြစ် ع ك ف သည် ပုံစံ ၃-မျိုးဖြင့် ကျမ်းမြတ်ကုရ်အာန်တွင် ၉-ကြိမ် ပါဝင်သည်။
| ကျမ်းချက် အမှတ် | အဓိပ္ပာယ် | အာရ်ဗီ မူရင်း ကျမ်းချက် |
|---|---|---|
| ကြိယာ-၁၊ يَعْكُفُ ၁-ကြိမ် | ||
| ၇း၁၃၈ | ၀ဇီပိတ်လက်ခံနေသော | فَأَتَوْا عَلَىٰ قَوْمٍ يَعْكُفُونَ عَلَىٰ أَصْنَامٍ لَهُمْ |
| ကြိယာ-ကတ္တား၊ عَاكِف ၇-ကြိမ် | ||
| ၂း၁၂၅ | ၀ဇီပိတ်ကျင့်သူ | أَنْ طَهِّرَا بَيْتِيَ لِلطَّائِفِينَ وَالْعَاكِفِينَ وَالرُّكَّعِ السُّجُودِ |
| ၂း၁၈၇ | ၀ဇီပိတ်ကျင့်နေစဉ် | وَلَا تُبَاشِرُوهُنَّ وَأَنْتُمْ عَاكِفُونَ فِي الْمَسَاجِدِ |
| ၂၀း၉၁ | ၀ဇီပိတ်နေသည် | قَالُوا لَنْ نَبْرَحَ عَلَيْهِ عَاكِفِينَ حَتَّىٰ يَرْجِعَ إِلَيْنَا مُوسَىٰ |
| ၂၀း၉၇ | ဝဇီပိတ်၍ | وَانْظُرْ إِلَىٰ إِلَٰهِكَ الَّذِي ظَلْتَ عَلَيْهِ عَاكِفًا لَنُحَرِّقَنَّهُ |
| ၂၁း၅၂ | ၀ဇီပိတ်နေသော | إِذْ قَالَ لِأَبِيهِ وَقَوْمِهِ مَا هَٰذِهِ التَّمَاثِيلُ الَّتِي أَنْتُمْ لَهَا عَاكِفُونَ |
| ၂၂း၂၅ | ၀ဇီပိတ်ကျင့်သူ | وَالْمَسْجِدِ الْحَرَامِ الَّذِي جَعَلْنَاهُ لِلنَّاسِ سَوَاءً الْعَاكِفُ فِيهِ وَالْبَادِ |
| ၂၆း၇၁ | ၀ဇီပိတ်၍ | قَالُوا نَعْبُدُ أَصْنَامًا فَنَظَلُّ لَهَا عَاكِفِينَ |
| ကြိယာ-ကံ၊ مَعْكُوف ၁-ကြိမ် | ||
| ၄၈း၂၅ | ၀ဇီပိတ်နေ၏၊ ခွင့်ပေးရန် မသိဟန်ဆောင်၏ | وَصَدُّوكُمْ عَنِ الْمَسْجِدِ الْحَرَامِ وَالْهَدْيَ مَعْكُوفًا أَنْ يَبْلُغَ مَحِلَّهُ |
( မှတ်ချက် ) ကျမ်းမြတ်ကုရ်အာန်ပါ ဝေါဟာရများ၏ အဓိပ္ပါယ်များမှာ အလွန်ကြွယ်သဖြင့် ဘာသာပြန်ကိုယ်စီတွင် ဝေါဟာရ ရွေးချယ်မှု ကွဲပြားနိုင်ပါသည်။
သို့သော် ဇစ်မြစ်အဓိပ္ပါယ် ဆန့်ကျင်ခြင်း မရှိပါ။