عبر – ع ب ر
ဖြတ်သန်းသည်၊ အဓိပ္ပါယ်ဖွင့်ဆိုသည်၊ ရှင်းလင်းစွာတင်ပြသည်၊ အတွေ့အကြုံရသည်၊ သင်ခန်းစာရသည်၊ ဖြတ်သန်းမှု၊ လှုပ်ရှားဆောင်ရွက်သော၊ စိတ်ခံစားမှုကို ဖေါ်ပြသော (အတွေ့အကြုံများအား)။
ရင်းမြစ် ع ب ر သည် ပုံစံ ၄-မျိုးဖြင့် ကျမ်းမြတ်ကုရ်အာန်တွင် ၉-ကြိမ် ပါဝင်သည်။
ကျမ်းချက် အမှတ် | အဓိပ္ပာယ် | အာရ်ဗီ မူရင်း ကျမ်းချက် |
---|---|---|
ကြိယာ-၁၊ تَعْبُرُ ၁-ကြိမ် | ||
၁၂း၄၃ | သင်ခန်းစာယူတတ်လျှင် | يَا أَيُّهَا الْمَلَأُ أَفْتُونِي فِي رُؤْيَايَ إِنْ كُنْتُمْ لِلرُّؤْيَا تَعْبُرُونَ |
ကြိယာ-၈၊ ٱعْتَبِرُ ၁-ကြိမ် | ||
၅၉း၂ | သင်ခန်းစာယူကြလော့ | فَاعْتَبِرُوا يَا أُولِي الْأَبْصَارِ |
နာမ်၊ عَابِرِى ၁-ကြိမ်၊ | ||
၄း၄၃ | သင်ခန်းစာဖြစ်စေသည့် လမ်းခရီး | وَلَا جُنُبًا إِلَّا عَابِرِي سَبِيلٍ حَتَّىٰ تَغْتَسِلُوا |
နာမ်၊ عِبْرَة ၆-ကြိမ် | ||
၃း၁၃ | သင်ခန်းစာ တစ်ရပ် | وَاللَّهُ يُؤَيِّدُ بِنَصْرِهِ مَنْ يَشَاءُ إِنَّ فِي ذَٰلِكَ لَعِبْرَةً لِأُولِي الْأَبْصَارِ |
၁၂း၁၁၁ | သင်ခန်းစာ တစ်ရပ် | لَقَدْ كَانَ فِي قَصَصِهِمْ عِبْرَةٌ لِأُولِي الْأَلْبَابِ |
၁၆း၆၆ | သင်ခန်းစာ တစ်ရပ် | وَإِنَّ لَكُمْ فِي الْأَنْعَامِ لَعِبْرَةً نُسْقِيكُمْ مِمَّا فِي بُطُونِهِ |
၂၃း၂၁ | သင်ခန်းစာ တစ်ရပ် | وَإِنَّ لَكُمْ فِي الْأَنْعَامِ لَعِبْرَةً نُسْقِيكُمْ مِمَّا فِي بُطُونِهَا |
၂၄း၄၄ | သင်ခန်းစာ တစ်ရပ် | يُقَلِّبُ اللَّهُ اللَّيْلَ وَالنَّهَارَ إِنَّ فِي ذَٰلِكَ لَعِبْرَةً لِأُولِي الْأَبْصَارِ |
၇၉း၂၆ | သင်ခန်းစာ တစ်ရပ် | إِنَّ فِي ذَٰلِكَ لَعِبْرَةً لِمَنْ يَخْشَىٰ |
( မှတ်ချက် ) ကျမ်းမြတ်ကုရ်အာန်ပါ ဝေါဟာရများ၏ အဓိပ္ပါယ်များမှာ အလွန်ကြွယ်သဖြင့် ဘာသာပြန်ကိုယ်စီတွင် ဝေါဟာရ ရွေးချယ်မှု ကွဲပြားနိုင်ပါသည်။
သို့သော် ဇစ်မြစ်အဓိပ္ပါယ် ဆန့်ကျင်ခြင်း မရှိပါ။