ရှရီအာ့တ် ဟု ကြားလိုက်သည်နှင့် “အစ္စလာမ်မစ် ဥပဒေ” ဟု နားလည် ခံစားသွားကြသည်။ ဤသည်မှာ ပညတ်သွားရာ ဓါတ်သက်ပါနေခြင်းသာ ဖြစ်သည်။ အကြောင်းမှာ ကမ္ဘာနှင့်အဝှမ်း စာပေများ၊ သတင်းစာများနှင့် Wikipedia များက အစ Islamic Law = ရှရီအာ့တ်ဟု ဖေါ်ပြထားသောကြောင့်ပင်။
ထိုမှ ဆက်၍ ကမ္ဘာ့မွတ်စလင်အများစု နေထိုင်ရာ အရပ်ဒေသများမှ လူသားတို့၏ ရိုးရာဓလေ့ဖြင့် ပြုမူဆောင်ရွက်ချက်များ၊ အရေးယူမှုများကိုပင် ရှရီအာ့တ် အရ ပြုလုပ်သည်ဟု ဆက်လက်ဖေါ်ပြလာတော့သည်။ ဤသည် ရှရီအာ့တ် ဆိုသည့် စကားလုံးအား သေးသိန်စေလျှက် အထင်အမြင်သေးလာစေရန် ရည်ရွယ်ချက်သာ ဖြစ်ပေသည်။
ရရှီအာ့တ် ဟူသည့် စကားလုံးသည် ရှရအ ပညတ် (၄၂း၁၃)။ ရှရာအူ – ဝိနည်း (၄၂ ၂၁)။ ရှိုရ်အာန် စည်းစောင့်လိုက်နာရန် သီလ၊ ဥပေဒ။ ရှေ့ရ်အားတန် တရားဥပဒေ (၇း၁၆၃)။ ရှရီအားတင်န် း ဥပဒေ (၄၅း၁၈)။ ဟူသည့် စကားလုံးမှတို့မှ ဖြစ်သည်။ ဆိုလိုသည်မှာ ရှရီအာ့တ် = ပညတ်၊ ဝိနည်း၊ ဥပဒေ ဟုသာ ဖြစ်၍၊ ထိုစကားလုံး၏ ရှေ့တွက် အစ္စလာမ့် (Islamic) ဟူသည့် ဝိသေသန စကားလုံး မပါ၀င်ချေ။
ထိုကြောင့် ရှရီအာ့တ်ကို မုန်းတီးသူ၊ ရွံရှာသူ၊ မလိုလားသူများသည်-၊ ပညတ်၊ ဝိနည်း၊ သီလ၊ ဥပဒေ များကို မလိုလားသူ- စည်းပျက်ကမ်းပျက်နေထိုင်လိုသူများသာ ဖြစ်သည်ဟု နားလည်နိုင်ပေသည်။
ဤနေရာ၌ အစ္စလာမ် သာသနာ၀င်များ အနေဖြင့် ရှရီအာ့တ် ဟူသည့် ဂေါဟာရအား အထင်အမြင် မှားယွင်းနေခြင်း အတွက် ဖြေရှင်းပြရန်မှာ မွတ်စလင်၌လည်း တာ၀န်မကင်းပေ။ မွတ်စလင်များကိုယ်တိုင်က “ရှရီအာ့တ် = အစ္စလာမ့် ဥပဒေ” ဟု ရှေ့မှ အထူးပြု ိသေသန မပါသည့် “အစ္စလာမ့်” ဟူသော စကားလုံးအား စွဲမြဲ မြင်မှတ်နေသောကြောင့်ပင်။
ထိုသို့ ဖြစ်လာသည်မှာလည်း အကြောင်းရင်းများ ရှိနေသည်။ အစ္စလာမ်သာသနာ မပေါ်ထွန်းမှီကာလက ကမ္ဘာ့လူသားများ တွင် ရိုးရာဓလေ့များမှအပ- ငြိမ်းချမ်းစွာ အတူနေထိုင်သည့် လူ့ဘောင်တစ်ခု တည်ဆောက်ရန်၊ ကြီးနိုင်ငယ်ညှင်းမှုကင်းရန်၊ လွတ်လပ်စွာ ကိုးကွယ်ဆည်းကပ်နိုင်ရန်၊ သက်ဆိုင်ရာ တိုင်းဒေသအား သက်ဆိုင်ရာ လူမျိုးခေါင်းဆောင်ကိုသာ ခန့်အပ် အုပ်ချုပ်စေရန် ဥပဒေနှင့် ပညာပေး ဘာသာတရားဟူ၍ မရှိခဲ့ချေ။
ထို့မတိုင်မှီက အုပ်ချုပ်ခဲ့သော ရောမအင်ပါယာ- ထို အင်ပါယာသည် ခရစ်ယာန်ကို ကိုယ်စားပြု၍ ခရစ်ယာန်အား သက် ဆိုင်ရာ သူတို့လူမျိုးမှအပ အခြားလူမျိုးများအား အုပ်ချုပ် အကြီးအကဲ ခန့်အပ်ခြင်းများ မရှိခဲ့သကဲ့သို့၊ ခရစ်ယာန်အား မယုံ ကြည်သူများကို သာသနာပြုစစ်များ ဆင်နွဲခဲ့သည်။ ထိုမတိုင်မှီမှ အလက်ဇန်းဒါးသည် ဂရိတ် သည်လည်း- သူသိမ်းပိုက် အုပ်ချုပ်တစ်လျှောက်တွင် သူယုံကြည်သည့် ဂရိနတ်ဘုရား (ထာ၀ရဘုရား)၏ ပုံကိုသာ ထုဆစ်ကိုးကွယ်စေခဲ့သည်။ အကြောင်းမှာ သူ့ (အလက်ဇန်းဒါးသည် ဂရိတ်)တွင် လူသား ဖခင်ဟူ၍ မရှိ၊ သူသည် မိခင်ကြီး အိုလန်ပီယာ့စ်အား ထာ၀ရ ဘုရားအားဖြင့် မွေးဘွားသူ ဖြစ်၍၊ ဘုရင်ကြီး ဖိလစ်မှာ အမည်ခံပေးရသော ဖခင်သာ ဖြစ်သည်-ဟု တိုင်းပြည်အနှံ့ သက်၀င်ယုံကြည်စေသည်။ ထိုသို့မယုံကြည်သူသည် သာသနာပျက်ဖြစ်၍- သာသနာပျက်တို့အား ဆုံးမသည့် ပြစ်ဒဏ် (သေဒဏ်)ကို ပေးခဲ့သည်။ သို့ဖြင့် ဘာသာတရား လွတ်လပ်ခွင့်ဟူ၍ မရှိခဲ့ချေ။ ထိုမှ ဆက်နွယ်လာသော ခရစ်ယာန် ကိုယ် စားပြု ရောမအင်ပါယာသည်လည်း အလက်ဇန်းဒါးသည် ဂရိတ်၏ ခြေရာနောက်သို့ လိုက်ခဲ့တော့သည်။
အစ္စလာမ် သာသနာပေါ်ထွန်းလာသည့်အခါတွင် အစ္စလာမ်သာသနာသည် ရုပ်ပိုင်း၊ နာမ်ပိုင်းကို လမ်းညွှန်နိုင်ခဲ့သည်။ ရုပ် ပိုင်းဆိုင်ရာအရ လူတိုင်း၊ သတ္တ၀ါတိုင်း၏ ဘ၀အား ငြိမ်းချမ်းစွာ တည်ဆောက်နိုင်ရန် ဥပဒေများကို ချမှတ်ပေးခဲ့သည်။ အစ္စလာမ်အား မယုံကြည်သည် လွတ်လပ်စွာမယုံကြည်ခွင့်ရှိ၍-၊ ထိုမယုံကြည်မှုကြောင့် သူ၏ အခွင့်အရေးအား စော်ကား ခွင့် မရှိချေ။
စစ်ရေးတွင်လည်း မိမိအား စစ်တိုက်လာသည့် (ရန်သူတပ်) စစ်သားများကိုသာ ပြန်လည်တိုက်ခွင့်ရှိပြီး- စစ်ပွဲတွင် မပါ၀င် သည့်သူများ၊ သက်ကြီးရွယ်အိုများ၊ အမျိုးသမီးများ၊ ဒုက္ခိတများ၊ ကလေးသူငယ်များအား လုံး၀ တိုက်ခိုက် ခြေမှုန်းခွင့် မရှိ ချေ။ ထို့ကြောင့် အစ္စလာမ့် သမိုင်းတွင် မည်သည့် လူမျိုးကိုမျှ မျိုးပြုတ်သတ်ဖြတ်ခဲ့သည်ဟူသည့် အစွန်းအထင်း မကျန်ရစ်
ပေ။
နာမ်ပိုင်းဆိုင်ရာတွင်- “ပရမတ်ဘုရားရှင်မှ အပ အခြားဘုရားဟူ၍ မရှိ၊ ကိုယ်တော်မုဟမ္မဒ်သည် အရှင်၏ ဉာဏ်စဉ်ဆောင် ဖြစ်၏”ဟု သွန်သင်သည်။ ဆိုလိုသည်မှာ အစ္စလာမ်မတိုင်မှီမှ လူသားများတွင် ကိုယ်စီဓလေ့ဖြင့် ကိုးကွယ်ဆည်းကပ်မှုများ ရှိနေသည်။ ထိုကိုယ်စီ ယုံကြည်ကိုးကွယ်မှုများဖြင့် အချင်းချင်း ပြိုင်ဆိုင်ကြလျှက် သူ့ဘုရားက မြတ်သည်၊ ငါ့ဘုရားက သာ သည်ဟု ကွဲပြား ငြင်းခုံနေလျှက်- တစ်ကယ့်လက်တွေ့ သာသနာရေး ကျင့်စဉ်များအား ကျင့်ဆောင်ရန် ပျက်ကွက်နေတော့ သည်။ တနည်းအားဖြင့် လက်တွေ့တည်ဆောက် ကျင့်ကြံရမည့် အစား ငြင်းခုံရင်းဖြင့် အချိန်ကို ဖြုန်းတီးပစ်နေတော့သည်။ ထိုအခြေအနေမှ ကင်းလွတ်ရန်- မည်သူများ ပြောဆိုနေသည့် ဘုရားသည်မှ ဘုရားစစ် မဟုတ်၊ ထိုသို့ ဘုရားဟု ပညတ်ခံ နေရသော ပုဂ္ဂိုလ်များသည် ဉာဏ်စဉ်ရ၊ ဉာဏ်စဉ်ဆောင် ပုဂ္ဂိုလ်များသာ ဖြစ်၍ သူတို့ ကိန်းဆိုက်သော ဉာဏ်စဉ်အားဖြင့် သိသည့် ဓမ္မအား လိုက်နာကျင့်ဆောင်ရန်သာ ဖြစ်သည်။ ထိုဓမ္မ ဆိုသည်မှာ လောကနိယာမ အဖြစ် ပြဌာန်းထားသော အရာ ဖြစ်လျှက် ၎င်းအား ပြဌာန်းရှင်မှာ ပရမတ်ဘုရား (အလ္လာဟ်) ဖြစ်သည်။ ထိုအရှင်သည် လူ နတ် ဗြဟ္မာ သတ္တ၀ါ၊ စကြာ၀ဠာအားလုံး၏ ဇစ်မြစ်ရှင် ဖြစ်သည်။ လူ နတ် ဗြဟ္မာ သတ္တ၀ါ စကြာ အပေါင်း၏ တစ်ဆူတည်းသော ဘုံ ဘုရားရှင် ဖြစ်သည်။ ထိုအရှင်အား ချည်းကပ်နည်းအမှန်ဖြင့် ဆည်းကပ်ကျင့်ကြံနိုင်မှသာလျှင် ဉာဏ်စဉ်ရေးရာ မြင့်မားလာမည်၊ ပေါက်မြောက်လာမည်-ဟု၊ လမ်းကို ပြပေးသည်။
ထိုသို့ ရုပ်ပိုင်း နာမ်ပိုင်းဆိုင်ရာကို ပြပေးသည့် ကိုယ်တော်မုဟမ္မဒ်ကိုပင် လူဘုရားအဖြစ် မဆည်းကပ်မကိုးကွယ်မိစေရန်- ကိုယ်တော်သည်ပင် ပရမတ်ဘုရား၏ ဉာဏ်စဉ်ဆောင်မျှသာ ဖြစ်၏၊ အခြားသော ဘာသာရေးဆိုင်ရာ ပွင့်ပေါ်ခဲ့သည့် ခေါင်းဆောင်များသည်လည်း ဉာဏ်စဉ်ဆောင်များသာ ဖြစ်သည်-ဟု ဘာသာရေးဆိုင်ရာ တန်းညှိပေးခဲ့သည်။ ဤသည်မှာ မည်သည့်ဘာသာတရားကိုမျှ စော်ကားခြင်း မဟုတ်ချေ။
လူသားချင်းကြား ဘုံဥပေဒ၊ ဘုံကိုးကွယ်မှု- ကမ္ဘာ့ပြည်ထောင်စု စိတ်အား စတင် သန္ဓေတည်ပေးခဲ့ခြင်းသာ ဖြစ်သည်။ ထိုမှ စ၍ ကျယ်ပြန့်လာသည့် အစ္စလာမ့် ယုံကြည်မှု အင်ပါယာသည်- ယခင်က ဥပဒေ မရှိသည့် ဒေသများသို့ လွှမ်းမိုးပျံ့နှံ့လာ သောအခါတွင် ထိုဥပဒေမဲ့ လူမျိုးများ၊ တိုင်းဒေသများ၌ “ဥပဒေ” ဖြင့် နေထိုင်တတ်လာတော့သည်။ ထိုဥပဒေဟူသည့် စကားလုံကို အစ္စလာမ်သာသနာက “ရှရီအာ့တ်”ဟု ခေါ်ဆိုခဲ့သည်။- တနည်းအားဖြင့် ကမ္ဘာ၌ တိကျသေချာသော “ဥပဒေ” ကို အစ္စလာမ် သာသနာက စတင်သင်ပြပေးခြင်းသာ ဖြစ်သည်။ ထို့ကြောင့် “ရှရီအာ့တ်- ဥပဒေ” ဟူသည့် စကားလုံးအား “ရှေ့မှ “အစ္စလာမ့်”ဟုသည့် ဝိသေသန အားဖြင့် ခေါ်တွင်လာတော့သည်။
ဤနေရာ၌ အထူးမှတ်ရန်မှာ ဥပဒနှင့် လူတစ်မျိုး၊ လူတစ်စု၏ ပြုမူဆောင်ရွက်ချက်သည် မတူညီ ဟုသည့် အချက်ပင်။ ဥပမာ အားဖြင့် ရှမ်း လူ့အခွင့်အရေး ဖေါင်ဒေးရှင်း နှင့် ရှမ်းအမျိုးသမီးများ လှုပ်ရှားမှု ကွန်ယက် The Shan Human Rights Foundation (SHRF) & The Shan Women’s Action Network (SWAN) မှ ၂၀၀၂ ခုနှစ် မေလတွင် တင်ပြသည့် license to rape စာတမ်းအား ကြည့်လျှက် မြန်မာလူမျိုး (စစ်သား)များက ရှမ်းအမျိုး သမီးများကို အကျင့်နှင့် လိုင်စင်ပေးထားသည်- ဟု ရှုမြင်သင့်။ ထိုစကားလုံးမှာ မြန်မာအစိုးရ အနေ ဖြင့် မြန်မာလူမျိုးများ ရှမ်းအမျိုးသမီးများအား မုဒိန်းကျင့်ခွင့်ကို ဥပဒေဖြင့် ခွင့်ပြုထားသည်။ ထို့ကြောင့် လိုင်စင် ပင် ထုတ်ပေးထားသည်ဟု ပြောဆို၍ မရပေ။
အလားတူာင်- အစ္စလာမ် သာသနာကို ကိုးကွယ်ယုံကြည်ပါသည်ဟု ပြောဆိုသော လူသား တစ်ဦးင်း၏ ဖြ ဆောင်ရွက်ချက်များသည် စီအုတ် (ဥပဒေ) ကို ကိုယ်စားမပြုပေ။ ထိုလူတင်ပြီးခင်းကိုသာ ကိုယ်ကျင့်တရာ ကောင်းမွန်လာရန်၊ ငြိမ်းချမ်းစွာ အတူနေထိုင်တတ်ရန်၊ ငြင်းခုံနေခြင်းထက် ကိုယ့်အလုပ်ကိုယ်လုပ်ရန်၊ စသည့် စည်းဘောင်များအား သွန်သင်ပေးခြင်း၊ ကြပ်မတ်ပေးခြင်းသာလျှင် ဥပဒေ (ရီအော့တ်) ဖြစ်ပေသည်။
ဌေးလွင်ဦး samyanmar.com
Add a Comment