The Holy Islam

အစ္စလာမ် သာသနာတော်

အစ္စလာမ် သာသနာတော်

ဘာသာပြန် (အာရ်ဗီ-မြန်မာ)
မြန်မာ ဘာသာပြန် သီးသန့်

ကုရ်အာန် မြန်မာ ဘာသာပြန် သီးသန့်

ဦးဌေးလွင်ဦး ဘာသာပြန်ဆိုသည်။
ဓမ္မခန္ဓာ (၁) သော့
ဉာဏ်စဉ်ကိန်းဝပ်ပေးမှု အမှတ်စဉ် (၅)၊ သုတ်ဒေသနာ (၇)ပါး၊
၁း၁။ ကရုဏာရှင် အကြင်နာရှင် ဖြစ်တော်မူသော ပရမတ်ဘုရားရှင်၏ ဂုဏ်တော်အားဖြင့်-
၁း၂။ ရည်သန်စူးစိုက်မှုတည်ရာ ပရမတ်ဘုရားရှင်သည် ကပ်ကမ္ဘာ အပေါင်း၏ ကံကြမ္မာရှင်-
၁း၃။ ကရုဏာရှင် အကြင်နာရှင်-
၁း၄။ စီရင်မိန့်ချသည့်နေ့၏ အရှင်သခင် ဖြစ်တော်မူ၏။
၁း၅။ အရှင့်ကိုသာ ကိုးကွယ်ပါ၏၊ အရှင်၏ ပံ့ပိုးမှုကိုသာ မျှော်ကိုးပါ၏။
၁း၆။ တပည့်တော်တို့အား မြဲမြံနေသော ဝါဒ လမ်းစဉ်သို့ ညွှန်ပြပေးတော်မူပါ။
ဓမ္မခန္ဓာ (၂) ထိုနွားပျိုမ
ဉာဏ်စဉ်ကိန်းဝပ်ပေးမှု အမှတ်စဉ် (၈၇)၊ သုတ်ဒေသနာ (၂၈၆)ပါး
ကရုဏာရှင် အကြင်နာရှင် ဖြစ်တော်မူသော ပရမတ်ဘုရားရှင်၏ ဂုဏ်တော်အားဖြင့်-
၂း၁။ ငါသည် ကုန်စင်သိနေတော်မူသော ပရမတ်ဘုရားရှင် ဖြစ်တော်မူ၏။
၂း၂။ ဤသည် သံသယ ဝင်နိုင်ဘွယ်ရာအလျဉ်း မရှိသော၊ စည်းစောင့်သူများ အတွက် လမ်းညွှန်ကျမ်းတော် ဖြစ်၏။
၂း၃။ သူတို့သည်ကား စက္ခုလွန်များကို ယုံကြည်ကြ၏၊ ဝတ်ပြု မြဲကြ၏ ငါအရှင် ပေးရာ ရိက္ခာများမှ ပေးကမ်းသုံးစွဲကြ ကုန်၏။
၂း၄။ သူတို့သည်ကား သင့်ထံသို့ ချမှတ်ပေးရာ၊ သင့် ရှေ့အလျင် ချမှတ် ပေးရာများကို ယုံကြည်ကြ၏၊ နောင်ဘ၀ကိုလည်း ဒိဌယုံကြည်ကြကုန်၏။
၂း၅။ ကံကြမ္မာရှင်၏ လမ်းညွှန်မှု၌ ရှိသော ထိုသူတို့သည်ကား အောင်မြင်ပေါက်မြောက် သူများ ဖြစ်ကြ၏။
၂း၆။ ဖုံးကွယ်သောသူတို့သည် သူတို့အား သတိပေးသည် ဖြစ်စေ၊ သို့တည်း မဟုတ် သတိမပေးသည် ဖြစ်စေ အလားတူပင်၊ ယုံကြည်ကြမည် မဟုတ်ပေ။
၂း၇။ ပရမတ်ဘုရားရှင်သည် သူတို့၏ နှလုံးသားများ၊ သူတို့၏ ကြားနာမှုများကို အဆုံးသတ်လိုက်ပြီ၊ သူတို့၏ အမြင်များ အပေါ် လွှမ်းခြုံမှု ရှိနေ၏၊ သူတို့အတွက် မဟာ ဝဋ်ကြွေးကြီး ရှိနေ၏။
၂း၈။ လူတစ်ချို့က “ကျွန်ုပ်တို့သည် ပရမတ်ဘုရားရှင်နှင့် နောက်ဆုံး နေ့ကို ယုံကြည်ပါ၏၊”ဟု ပြောကြ၏၊ သူတို့သည်ကား ယုံကြည်သူများ မဟုတ်ချေ။
၂း၉။ ပရမတ်ဘုရားရှင်နှင့် ယုံကြည်သော သူတို့အား လှည့်စားလိုသော ထိုသူတို့သည် မိမိတို့၏ ဉာဉ်စရိုက်ကိုသာ လှည့်စားမိကြပြီ၊ သူတို့ကား သတိမမူနိုင်ကြပေ။
၂း၁၀။ သူတို့၏ နှလုံးသား၌ ရောဂါ ရှိနေ၏၊ ပရမတ်ဘုရားရှင်သည် သူတို့၏ ရောဂါကို တိုးစေတော်မူပြီ၊ သူတို့၏ ငြင်းဆန်မှုများကြောင့် စူးနစ်သော ဝဋ်ကြွေးသည် ရှိနေ၏။
၂း၁၁။ သူတို့အား “မြေကမ္ဘာ၌ အဖျက်မလုပ်နှင့်၊”ဟု ပြောသောအခါ၊ “ကျွန်ုပ်တို့သည် ပြုပြင်သူများ ဖြစ်ကြ၏၊”ဟု ပြောကြ၏။
၂း၁၂။ သူတို့သည် အဖျက် ကောင်များသာ ဖြစ်ကြ၏။ သို့သော် သူတို့ကား သတိမမူနိုင်ကြပေ။
၂း၁၃။ ယုံကြည် သူတို့ ကဲ့သို့ ယုံကြည်ကြရန် သူတို့အား ပြောသောအခါ၊ “တုံးအသူများ ကဲ့သို့ ကျွန်ုပ်တို့ ယုံကြည်ရမည်လော၊”ဟု ပြန်ပြောကြ၏၊ သူတို့သည်သာ တုံးအသူများ ဖြစ်ချေပြီ၊ သို့သော် သူတို့ သိကြသည် မဟုတ်ပေ။
၂း၁၄။ တဖန်၊ ယုံကြည်သောသူများနှင့် ဆုံသောအခါ၊ “ကျွန်ုပ်တို့လည်း ယုံကြည်ကြ၏၊”ဟု ပြောလျက်၊ သူတို့ မကောင်းဆိုးဝါးချည်း စုမိလျှင် “သင်တို့နှင့် ကျွန်ုပ်တို့ အတူတူပင် ရှိ၏၊ ကျွန်ုပ်တို့သည် လှောင်ပြောင် သူများပင်၊”ဟု ပြောကြ ၏။
၂း၁၅။ ပရမတ်ဘုရားရှင်သည် လှောင်ပြောင်မှုကို သူတို့ဘက်သို့ တိုးရွေ့စေပြီ၊ သူတို့မှာမူ စည်းဖျက်မှုထဲ၌ မျက်ကန်းတောတိုး ဖြစ်ကြ၏။
၂း၁၆။ သူတို့သည် လမ်းညွှန်မှန်ကို လမ်းလွဲဖြင့် ဖလှယ်သောသူတို့ ဖြစ်၏၊ သူတို့၏ ရောင်းဝယ်မှု၌ အမြတ် မရှိ၊ လမ်းညွှန်ခံရမည့်သူများ မဟုတ်ချေ။
၂း၁၇။ သူတို့၏ ပမာကား မီးမွှေး သော သူကဲ့သို့ ဖြစ်၏၊ သူ၏ ပတ်လည်၌ မီးရောင်တောက်ပစဉ် ပရမတ်ဘုရားရှင်က ၎င်း၏ အထဲမှ အလင်းကို သိမ်းယူ လိုက်ပြီး သူတို့အား မှောင်အတိတွင် ချန်ထားလိုက်၏၊ သူတို့ မြင်နိုင်တော့မည် မဟုတ်ချေ။
၂း၁၈။ ပင်းသူ၊ အသူ၊ ကန်းသူ၊ ထိုသူတို့ သည် ဦးလှည့်ကြမည် မဟုတ် ချေ။
၂း၁၉။ သို့တည်းမဟုတ် ကောင်းကင်ယံမှ ထိခိုက်မှုအလား အမှောင်စီး၊ မိုးကြိုးပစ်၊ လျှပ်ပြက်ချိန်၌ လျှပ်စစ်ကွင်းကြောင့် ထွက်သက်ကို သတိဝင်လျက် သူတို့၏ နားများကို လက်ချောင်းများဖြင့် စီစဉ်နေကြ၏၊ ပရမတ်ဘုရားရှင်သည် ဖုံးကွယ်သူတို့အား ဝိုင်းဝန်းထားလေပြီ။
၂း၂၀။ သူတို့၏ အမြင်အား သိမ်းသွားလုနီး ဖြစ်သော လျှပ်စက်ကွင်း၌၊ လင်းလက်စဉ် သွားလာကြ၍၊ သူတို့အား အမိုက်မှောင် စီးတိုင်း ရပ်နေကြ၏၊ ပရမတ်ဘုရားရှင်သည် စံချိန်အတိုင်း သူတို့၏ အကြား အမြင်ကို ရုတ်သိမ်းနိုင် တော်မူ၏ ဧကန်ပင် ပရမတ်ဘုရားရှင်သည် သဗ္ဗလုံးစုံအား စည်းချိန်ချမှတ်တော်မူ၏။
၂း၂၁။ အို-လူသားတို့၊ သင်တို့ စည်းစောင့်နိုင်အံ့ငှာ- သင်တို့နှင့် သင်တို့၏ ရှေ့အလျင် ဖြစ်သူများအား ဖြစ်တည်စေသည့်၊ သင်တို့၏ ကံကြမ္မာရှင်အား ကိုးကွယ်ကြကုန်လော့။
၂း၂၂။ အရှင်သည် သင်တို့ အတွက် မြေပြင်ကို နားခိုရာနှင့်၊ ကောင်းကင်ကို ထပ်ခိုး အဖြစ် စီစဉ်ပေးသော အရှင် ဖြစ်၏၊ ကောင်းကင်ယံမှ ချပေးသော ရေဖြင့် ပေါက်ပွားစေသည့် သီးနှံများမှ သင်တို့အတွက် အစာရိက္ခာ ဖြစ်စေ၏၊ သို့-သိနေပါလျက် ပရမတ်ဘုရားရှင်အား ဂုဏ်တုပြိုင်ဘက် မစီစဉ်ကြ နှင့်-။
၂း၂၃။ ငါ၏ အမှုတော်ဆောင်သို့ ချမှတ်ပေးရာ၌ သင်တို့ သံသယ ဖြစ်ကြ လျှင် ၎င်းမှ ဓမ္မခန္ဓာ တစ်ခုကဲ့သို့ ပေးအပ်ကြလော့၊ သင်တို့သည် ဖြောင့်မှန်သူများ ဖြစ်ကြလျှင် ပရမတ်ဘုရားရှင် မှလွဲ၍ သင်တို့၏ သက်သေများကို ခေါ်ကြလော့။
၂း၂၄။ သင်တို့ မပြုလုပ်နိုင်ခဲ့၊ ပြုလုပ်နိုင်မည်လည်း မဟုတ်ချေ၊ ထို့ကြောင့် လူသားများ၊ ကျောက်သားများကို လောင်စာ လုပ်လျက် ဖုံးကွယ်သူများအတွက် တွက်ချက်ပြင်ဆင်ထားသော မီးမှ ကင်းရန် စည်းစောင့်ကြလော့။
၂း၂၅။ ယုံကြည်၍ ပြုပြင်ပြောင်းလဲမှု ကျင့်ကြံသောသူ၊ ထိုသူတို့ အတွက် ရိက္ခာများ ရှိသည့် အောက်ခင်း၌ စမ်းချောင်းရေသွင် စီးဆင်းနေသော ဥယျာဉ်များ ထို၌ “ရှေ့ယခင်က ကျွန်ုပ်တို့ ရိက္ခာရဘူးပါ၏၊” ဟု အချိန်တိုင်း ပြောရလောက်သော ဆင်တူ သီးနှံ ရိက္ခာများဖြင့် ချီးမြှင့်ခံရမည့် အကြောင်း၊ သန့်စင်သည့် စုဖွဲ့ဖေါ်များ ရှိကြောင်း၊ ထို၌ အစဉ်စံစားရမည်ဖြစ်ကြောင်း သတင်းကောင်းကိုပါးလော့။
၂း၂၆။ ပရမတ်ဘုရားရှင်သည် မည်သည့် ပမာဖြင့် ဥပမာပေးမှုကို မဆို- ခြင်မတစ်ကောင်မျှ ထိုထက်မကပင် ဖြစ်စေကာမူ ရှက်ဘွယ်လိလိဟု မသတ်မှတ် ပေ။ ယုံကြည်သော သူများကမူ ၎င်းသည်ပင် ကံကြမ္မာရှင်၏ ထံမှ သစ္စာတရားဟု သိကြလတ္တံ့၊ ဖုံးကွယ်သော သူများကမူ “ပရမတ်ဘုရားရှင်က ဤပမာဖြင့် ဘာကို ဆိုလို သနည်း၊” ဟု ပြောလိုကြ၏၊ ၎င်းဖြင့် များစွာတို့မှာ လမ်းလွဲကြ၍၊ ၎င်းဖြင့်ပင် များစွာတို့မှာ လမ်းညွှနှ်မှန်ကို ရကြ၏၊ ယုတ်မာသူများသည်သာ ၎င်းအားဖြင့် လမ်းလွဲကြကုန်၏။
၂း၂၇။ ပရမတ်ဘုရားရှင်၏ ပဋိညာဉ်အား အာမဘန္တေပြုပြီး နောက်မှ ချိုး ဖေါက်ကြ၍၊ ပရမတ်ဘုရားရှင်က ပူးပေါင်းကြဟု ညွှန်ကြားသည်ကို ဖြတ်တောက်လျက်၊ ကမ္ဘာအဝှန်း အဖျက်လုပ်ကြသော ထိုသူတို့သည် ဆုံးရှုံးရမည့် သူများပင်။
၂း၂၈။ သင်တို့အား သေခြင်းမှ ရှင်ခြင်းသို့ ဖြစ်စေသော ပရမတ်ဘုရားရှင် အား သင်တို့ မည်သို့ ဖုံးကွယ်အံ့နည်း၊ သင်တို့အား တဖန် သေစေ၍၊ တဖန် ရှင်စေ တော်မူမည်၊ ထို့နောက် အရှင့်ထံသို့ လှည့်ပြန်ရမည်ပင်။
၂း၂၉။ ထိုအရှင်သည် ကမ္ဘာ အဝှန်းမှ အားလုံးကို သင်တို့ အတွက် ဖြစ်တည်စေ၏ ထို့ပြင် အလားတူ ကောင်းကင်ယံသို့ အာကာ ခုနစ်ဆက် ပုံစံချခဲ့၏ ထိုအရှင်သည် သဗ္ဗလုံးစုံအား သိနေတော်မူသော အရှင် ဖြစ်၏။
၂း၃၀။ သင်၏ကံကြမ္မာရှင်က နိမိတ်ဆောင်တို့အား “မြေကမ္ဘာ၌ သမ္မတမင်း ကို ငါ စီစဉ်မည်၊”ဟု မိန့်ဆိုသော်၊ “အဖျက်လုပ် သွေးထွက်သံယို ဖြစ်စေသူအား အရှင် စီစဉ်ပါမည်လော၊ တပည့်တော်တို့ကား အရှင်၏ မြင့်မြတ်မှုကို ရည်သန် စူးစိုက် ဦးထိပ်ထားပါသည်”ဟု လျှောက်ကြ၏။ အရှင်က “ငါသည်ကား သင်တို့ မသိသည်ကို သိနေတော်မူ၏၊”ဟု မိန့်တော်မူ၍-
၂း၃၁။ အရှင်သည် အာဒံအား အမည် များ ကိုယ်စီကို သင်ပေးကာ၊ နိမိတ်ဆောင်များ၏ အပေါ် ဘောင်ဝင်စေရန်၊ “သင်တို့သည် ဖြောင့်မှန်သူများ ဖြစ်ကြလျှင်၊ ၎င်းတို့၏ အမည်များကို ငါ့အား သတင်းပေးကြလော့၊” ဟု မိန့်ဆို၏။
၂း၃၂။ သူတို့က “အရှင်သည် ဦးထိပ်ထားရာ ဖြစ် ပါ၏၊ တပည့်တော်တို့ သည် သင်ပေးခံခဲ့ရသည်မှ အပ အသိပညာ မရှိပါ၊ အရှင် သည်သာ သိနေသောအရှင်၊ ဓမ္မသတ်ရှင် ဖြစ်ပါသည်၊”ဟု လျှောက်တင်ကြ၏၊၊
၂း၃၃။ အရှင်က “အေ-အာဒံ၊ ၎င်းတို့၏ အမည်များကို သတင်းထုတ်ပြန် လော့၊”ဟု မိန့်ဆို၏၊ သို့ဖြစ်၍ သူသည် ထိုအမည်များကို သတင်းထုတ်ပြန်သော်- အရှင်က “ကောင်းကင်များနှင့် မြေကမ္ဘာ၏ စက္ခုလွန်များ ကို ငါသိနေကြောင်း၊ သင်တို့၏ ဖွင့်ဟရာနှင့် ထိန်ဝှက်လေ့ ရှိရာများကို ငါ သိနေကြောင်း၊ သင်တို့အား ငါ မပြောခဲ့သလော၊”ဟု မိန့်ဆို၍၊
၂း၃၄။ ငါက နိမိတ်ဆောင်တို့ကို “အာဒံအား ဦးချကြ လော့၊”ဟု မိန့်မြွက်သော် ဦးချကြကုန်၏၊၊ သို့သော် ရှေးရိုးစွဲ၊ သူသည် ဖီဆန်၍ မောက်မာ၏၊ သူသည်ကား ဖုံးကွယ်သူတို့၏ အနက်မှ ဖြစ်ရပြီ။
၂း၃၅။ ငါက “အေ-အာဒံ၊ သင်နှင့် သင့်အဖေါ်သည် ဥယျာဉ်မြေ၌ စံချိန် အတိုင်း အခြေချ၍ နေရာတိုင်း၌ ပေါပေါသီသီ စားသုံးကြလော့၊ သို့သော် ဤအပင် သို့ မချည်းကပ်နှင့် သို့မဟုတ်က အမိုက်ကောင်များမှ ဖြစ်ချေမည်၊”ဟု မိန့်မြွက်၏။
၂း၃၆။ ထို့နောက် မကောင်းဆိုးဝါးက သူတို့အား ချော်ထွက်စေ၏၊ သူတို့ကို ရှိနေရာမှ ပယ်ထုတ်ခဲ့၏။ ထို့ကြောင့် “ဆင်းသွားကြလော့၊ သင်တို့မှ အချို့သည် အချို့အား စည်းဖေါက်သူများ ဖြစ်စေလော့၊ မြေကမ္ဘာ၌ တည်ငြိမ်ချမ်းမြေ့ရာ ကာလတစ်ခု ရှိနေ၏၊”ဟု ငါ မိန့်၏။
၂း၃၇။ ထို့နောက် အာဒံသည် ကံကြမ္မာရှင်၏ထံမှ မုက္ခပါတ် တော်အား ခင်းကျင်းခံရ၏၊ သို့ဖြစ်၍ သူသည် အရှင့်ထံ၌ ခဝါချလေ၏၊ အရှင် သည်ကား သင်ပုန်း ချေပေးသော အရှင် အကြင်နာရှင် ဖြစ်၏။
၂း၃၈။ ငါ မိန့်ကြားသည်မှာ “အားလုံး-ဆင်းသွားကြလော့၊ ငါ၏ ထံမှ လမ်းညွှန်ချက်များ သင့်တို့ထံသို့ ချီးမြှင့် သောအခါ၊ ငါ၏ လမ်းညွှန်ချက်ကို လိုက်နာသူ၊ ထိုသူတို့အား ကြောက်ရွံ့ရစေမည် မဟုတ်၊ သောကရောက်ရ စေမည် လည်း မဟုတ်ချေ။
၂း၃၉။ သို့သော် ဖုံးကွယ်သော သူ၊ ငါ၏ သုတ်ဒေသနာများကို ငြင်းဆန်သူ ထိုသူများသည် အပူမီး၏ ပေါင်းဖေါ်များ ဖြစ်ကြ၏၊ ထို၌ အစဉ်စံမြန်းရလတ္တံ့။”
၂း၄၀။ အို-ဂျူးလူမျိုးတို့၊ သင်တို့အား ငါ ဂုဏ်ပေးသည့် ဂုဏ်ပုဒ်များကို သတိရကြလော့၊ ငါ့ထံရှိ ပဋိညာဉ်ကို ပြီးပြည့်စေလော့၊ ငါသည်လည်း သင်တို့ အပေါ်ရှိ ပဋိညာဉ်ကို ပြီးပြည့်စေပြီ၊ ငါ့ကို သာလျှင် ကြောက်ရွံ့ကြလော့။
၂း၄၁။ သင်တို့နှင့် အတူရှိသည်ကို ဖြောင့်မှန်စေသည့်- ငါ ချမှတ်ပေးရာ၌ ယုံကြည်ကြ လော့။ ၎င်းအား ရှေ့ဆုံးမှ ဖုံးကွယ်သူများ မဖြစ်ကြနှင့်၊ ငါ၏ သုတ်ဒေသနာများကို တန်ဘိုးချ မရောင်းစားကြနှင့်၊ ငါ့အားသာလျှင် စည်းစောင့်ကြလော့။
၂း၄၂။ အမှန်ကို အမှားဖြင့် မဆင်ယင်ကြနှင့်၊ သင်တို့ သိနေလျှက် အမှန်ကို မထိန်ဝှက်ကြနှင့်။
၂း၄၃။ ဝတ်ပြုခြင်း၌ မြဲကြလော့၊ အခွန်ငွေဖြူ ပေးကြလော့ ဦးညွှတ်သူများ နှင့် အတူ ဦးညွှတ်ကြကုန်လော့။
၂း၄၄။ သင်တို့၏ စရိုက်ကို သင်တို့ မေ့လျက် လူသား တို့အား ကောင်းမှုဆောင်တာ ညွှန်ကြားကြသလော၊ သင်တို့သည် ကျမ်းတော်ကို ရွတ်ဖတ်လျှက် အတွေးအခေါ် မရှိကြသလော။
၂း၄၅။ သည်းခံခြင်း၊ ဝတ်ပြုခြင်းဖြင့် ပံ့ပိုးမှုကို ရှာကြလော့၊ ၎င်းသည် ကျို့ငဲ့သူများ အတွက်မှ အပ ဝန်ကြီးလှ၏။
၂း၄၆။ သူတို့သည် ကံကြမ္မာရှင်နှင့် ဆုံတွေ့ရမည်၊ အရှင့်ထံသို့သာ ဦးလှည့်ပြန်ရမည်ဟု စဉ်းစားကြကုန်၏။
၂း၄၇။ အို-ဂျူးလူမျိုးတို့ သင်တို့အား ငါ ဂုဏ်ပေးသည့် ဂုဏ်ပုဒ်များကို သတိရကြလော့၊ ငါသည် သင်တို့ကို လောကခပ်သိမ်း အပေါ်၌ သိက္ခာပေးခဲ့ပြီ။
၂း၄၈။ ဉာဉ်တစ်ခုက ဉာဉ်တစ်ခု အတွက် တစ်စုံတစ်ရာ အစားမပေးနိုင်သော၊ အမျှဝေ၍ အကိုးမပြည့်သော၊ တန်ရာတန်ကြေးကို လက်မခံသော၊ အကူအညီမဲ့ နေ့ကာလ အတွက် စည်းစောင့်ကြလော့။
၂း၄၉။ ထို့ပြင် သင်တို့၏ သားယောက်ျားများကို သုတ်သင်ကာ၊ မိန်းမများ ကိုသာ အသက် ဆက်ခွင့်ပေးသည့် ဖါရိုး မင်းဆက်၏ အကုသိုလ် ဝဋ်ကြွေး အမှတ် သညှာ ဖြစ်စေသူများမှ သင်တို့အား ငါ လွတ်မြောက်စေခဲ့ပြီ၊ ထို၌ သင်တို့အား သင်တို့၏ ကံကြမ္မာရှင်မှ မဟာ စုံစမ်းမှုကြီး ရှိနေ၏။
၂း၅၀။ ထို့ပြင် ငါသည် သင်တို့ အတွက် ပင်လယ်ပြင်ကို ခွဲခဲ့ပြီ၊ သင်တို့အား လွတ်မြောက်စေ၍ သင်တို့ ကြည့်နေ စဉ်ပင် ဖာရိုး မင်းဆက်အား နစ်စေခဲ့ပြီ။
၂း၅၁။ ငါသည် မူဆာအား ညပေါင်းလေးဆယ် ကတိထားစဉ်၊ သူ့ နောက် ကွယ်၌ ဤနွားငယ်အား သင်တို့ အယူထားကြ၏။ သင်တို့သည် အမိုက်ကောင်များ ဖြစ်ကြ၏။
၂း၅၂။ တဖန် ထို့နောက်တွင် သင်တို့အား ကျေအေးပေးခြင်းမှာ သင်တို့ ကျေးဇူးသိတတ်အံ့ငှာ- သင်ပုန်း ချေတော်မူပြီ၊ အရှင်သည်ကား သင်ပုန်းချေ သော အရှင် အကြင်နာရှင် ဖြစ်၏၊”ဟု ပြောသောအခါ-
၂း၅၃။ မူဆာအား ကျမ်းတော်နှင့် ခွဲခြမ်းစိတ်ဖြာဖွင့်ဆိုမှုကို ပေးအပ်ခြင်းမှာ သင်တို့ လမ်းညွှန်ကို ရအံ့ငှာ ဖြစ်၏။
၂း၅၄။ မူဆာက သူ့ လူမျိုးအား “အို- ကျွန်ုပ်၏ လူမျိုးတို့ သင်တို့သည် ထိုနွားငယ်ကို အယူပိုက်၍ သင်တို့ စရိုက်ကို သင့်တို့ မိုက်ကြေးခွဲကြပြီ၊ ထိုစရိုက်ကို သတ်၍ စင်ကြယ်သည့်အရှင်၌ ခဝါချကြ လော့၊ ၎င်းသည် စင်ကြယ်သော အရှင့်ထံ၌ သင်တို့အတွက် ပိုကောင်း၏၊ အရှင် သည် သင်တို့ အပေါ်တွင်
၂း၅၅။ သင်တို့က “ဟေး-မူဆာ၊ ပရမတ်ဘုရားရှင်ကို ပေါ်ပေါ် ထင်ထင် မရှုမြင်ရသ၍ သင့်ကို ကျွန်ုပ်တို့ မယုံကြည်နိုင်ပါ၊”ဟု ပြောကြသဖြင့်၊ သင်တို့ စောင့်ကြည့်နေစဉ် သင်တို့အား တော်လည်းသံကြီးဖြင့် ဖမ်းယူလေပြီ။
၂း၅၆။ တဖန် သင်တို့ ကျေးဇူး သိတတ်အံ့ငှာ သင်တို့အား ဘ၀သေပြီးနောက် နိုးကြွစေခဲ့ပြီ။
၂း၅၇။ သင်တို့အား တိမ်လိပ်ဖြင့် ငါ အရိပ်ပေးတော်မူ၏၊ သုဓာနှင့် ငုံးငှက် တို့ကို ချပေးတော်မူ၏၊ ငါပေးသည့် ရိက္ခာများမှ စင်ကြယ်ရာကို စားသုံးကြလော့၊ သင်တို့အား ငါက အဝိဇ္ဇာသင့်စေသည် မဟုတ်၊ သို့ရာတွင် သူတို့၏စရိုက်ကို သူတို့ မိုက်ကြေးခွဲခြင်း ဖြစ်ကြပြီ။
၂း၅၈။ သူတို့အား “ဤ အရပ်သို့ ဝင်လော့၊ စံချိန်အတိုင်း နေရာတိုင်း၌ ပေါပေါသီသီ စားသုံးလော့၊ သံဝေဂစကား ပြောဆိုလျက်၊ တံခါး ပေါက်၌ နှိမ့်ချ၍ ဝင်ကြလော့၊ သင်တို့အား အမှားများမှ ငါ လွတ်ငြိမ်းစေမည်၊ သုမင်္ဂလာပြုသူများအား တိုးပွားစေမည်၊”ဟု ငါ မိန့်မြွက်၏။
၂း၅၉။ မိုက်ကြေးခွဲသော သူများသည် သူတို့ အတွက် မဟုတ်သော စကားတော်ကို လွှဲပြောင်း ပြောဆိုကြ၏၊ သူတို့၏ ယုတ်မာလေ့ ရှိခြင်းများကြောင့် ထိုမိုက်ကြေးခွဲသော သူများအတွက် ကောင်းကင်ယံမှ ဆိုးကျိုးကို ငါ ချမှတ်တော်မူ၏၊
၂း၆၀။ သူ့လူမျိုး အတွက် သောက်ရေရရန် မူဆာ ဆုတောင်းသော် “သင့် လက်ထောက်ကို ကျောက်တောင်သို့ ခရီးနှင်စေလော့၊” ဟု ငါ မိန့်၏၊ ထို၌ စိမ့်စမ်း ဆယ့်နှစ်သွယ် စီးထွက်၍ လူစုကိုယ်စီ သောက်ရေရှိရာကို သိကြပြီ၊ ပရမတ် ဘုရားရှင်၏ ရိက္ခာများမှ စားကြသောက်ကြလော့၊ ကမ္ဘာ၌ ညစ်ညမ်းစုတ်ပဲ့၊ အဖျက်ကောင်များ မဖြစ်ကြနှင့်-
၂း၆၁။ သင်တို့က “အို- မူဆာ၊ ကျွန်ုပ်တို့သည် အစာ တစ်မျိုးတည်းနှင့် သည်းမခံနိုင်ပါ၊ ကျွန်ုပ်တို့ အဘို့ မြေမှ ထွန်းသော ဟင်းရွက်၊ သခွား၊ ဂျုံ၊ ပဲ၊ ကြက်သွန်များ ပေါက်ရောက်စေရန် သင့်ကံကြမ္မာရှင်၌ ဆုတောင်းလော့၊”ဟု ဆိုသော် သူက “ပိုကောင်း ရာကို လောကီရမက်ဖြင့် သင်တို့ လွှဲပြောင်း လိုသလော၊ မြို့ဘက်သို့ ဆင်းသွားလော့၊ သို့မှသာ သင်တို့ တောင်းဆိုခြင်းများ ရနိုင်ကောင်း ၏၊”ဟု ပြန်ပြော၏၊ ထို့နောက် သူတို့အား နှိမ်ခံရခြင်း နွမ်းပါးခြင်းတို့ ထိစေပြီ၊ ပရမတ်ဘုရားရှင်၏ ထံတော်မှ ကံကြီးသင့်မှုကို ဆွဲယူကြပြီ၊ ဤသည်မှာ ပရမတ် ဘုရားရှင်၏ သုတ်ဒေနာများကို ဖုံးကွယ်ခြင်း၊ သတင်းတော်ဆောင်များကို သစ္စာ မဲ့စွာ သတ်ဖြတ်ခြင်းတို့ကြောင့် ဖြစ်၏၊ ယင်းမှာ သူတို့၏ အာခံမှုနှင့် စည်းဖေါက်မှု ကြောင့် ဖြစ်၏။
၂း၆၂။ ဧကန်ပင်- ယုံကြည်သောသူ၊ ရေ၀တီ၊ ခရစ်ယာန်နှင့် ရေသန့်အယူ ရှိသော သူများ၊ မည်သူမဆို ပရမတ်ဘုရားရှင်နှင့် နောင်ဘ၀ နေ့ကာလကို ယုံကြည် လျှက် ပြုပြင်ပြောင်းလဲမှု ကျင့်ကြံ၏၊ ထိုသူတို့ အတွက် ဆုလဒ်သည် ကံကြမ္မာရှင် ၏ ထံ၌ ရှိ၏။ သူတို့အား ကြောက်ရွံ့ရစေမည် မဟုတ်၊ သောကရောက်ရ စေမည် လည်း မဟုတ်ချေ။
၂း၆၃။ ထို့ပြင် ငါသည် သင်တို့၏ ကတိခံဝန်ချက်ကို ယူ၍၊ သင်တို့ အပေါ်၌ တောင်တော်ကို မြှောက်စားခဲ့ပြီ၊ သင်တို့သည် စည်းစောင့်နိုင်အံ့ငှာ- ငါအရှင် ပေးအပ်ရာ၌ အစွမ်းရှိရှိ အယူမြဲလော့၊ ထို၌ သတိတရ ရှိကြလော့။
၂း၆၄။ တဖန် သည့်နောက်တွင်မှ သင်တို့ ပြန်လှည့်ခဲ့၏၊ သင်တို့ အပေါ်သို့ ပရမတ်ဘုရားရှင်၏ သိက္ခာပေးမှုနှင့် ကရုဏာတော် မသက်ခဲ့လျှင် သင်တို့သည် ဆုံးရှုံးသူများမှ ဖြစ်ချေပြီ။
၂း၆၅။ သင်တို့မှ သီတင်းနေ့၌ စည်းဖေါက်သော သူအား “သင်တို့သည် ရှက်ဘွယ်လိလိ မျောက်များ ဖြစ်ကြလော့၊”ဟု ငါ မိန့်ဆိုသည်ကို သင်တို့ သိကြ၏။
၂း၆၆။ ပစ္စုပ္ပာန်နှင့် အနာဂါတ် အတွက် နမူနာ အဖြစ်၊ စည်းစောင့်သူများ အတွက် ဩဝါဒအဖြစ် ငါ စီစဉ်တော်မူ၏။
၂း၆၇။ မူဆာက သူ့လူမျိုးအား “သင်တို့သည် နွားမကို လှီးသတ်လော့၊” ဟု ပရမတ်ဘုရားရှင်၏ ညွှန်ကြားမှုကို ပြောဆိုသော် “ကျွန်ုပ်တို့ကို လှောင်ပြောင် ဖမ်းစားနေသလော၊”ဟု ပြောကြ၏။ သူက “ကျွန်ုပ်သည် ပညာမဲ့တို့မှ မဖြစ်ရန် ပရမတ်ဘုရားရှင်၌ ခိုလှုံပါ၏၊”ဟု ပြန်ပြော၏။
၂း၆၈။ သူတို့က “ဘယ် နွားမဖြစ် သနည်း၊ ကျွန်ုပ်တို့ ရှင်းလင်းစေရန် သင့်ကြမ္မာရှင်၌ ဆုတောင်းလော့၊”ဟု ပြောကြ ၏။ သူက “အရှင် မိန့်သည်မှာ သူမသည် အသုံးပြုပြီး မဟုတ် နုလွန်းသည်လည်း မဟုတ် ယင်းကြားမှ ပံ့ပိုးနိုင်သော နွားမ ဖြစ်၏၊ ညွှန်ကြားချက် အတိုင်း ပြုလုပ် ကြလော့၊” ဟု ပြန်ပြော၏။
၂း၆၉။ သူတို့က “ဘယ် အရောင်နည်း၊ ကျွန်ုပ်တို့ ရှင်းလင်းစေရန် သင့် ကြမ္မာရှင်၌ ဆုတောင်းလော့၊”ဟု ပြောပြန်သော် “အရှင် မိန့်သည်မှာ၊ ကြည့်သူတို့ ကြိတ်ကြည်နူးကြသည့် ရွှေအိုရောင် နွားမပင်၊”ဟု ဆို၏။
၂း၇၀။ “နွားမများမှာ ကျွန်ုပ်တို့ အဘို့ ဆင်တူများ ဖြစ်ပါ၏၊ ဘယ်သူမ ဖြစ်ကြောင်း ကျွန်ုပ်တို့ ရှင်းလင်း စေရန် ဆုတောင်းလော့၊ ပရမတ်ဘုရားရှင်၏ စံချိန်ပြည့်ခဲ့သော် ကျွန်ုပ်တို့သည် လမ်းညွှန်ခံရမည့်သူများ ဖြစ်၏”ဟု ပြောကြ၏။
၂း၇၁။ သူက “အရှင်မိန့်သည်မှာ သူမသည် မြေနိမ့်ကို တူးဖေါ်ခြင်း မရှိ၊ ထွန်ယက် မျိုးချ စိုက်ပျိုးခြင်း မရှိ- အေးအေးလူလူ အပြစ်အနာ ကင်းသော၊ နွားမပင်၊”ဟု ပြောသောအခါ၊ “ယခုမှ သင်သည် အမှန်တရားဖြင့် ရောက်လာပြီ၊”ဟု ပြောကြလျက် သူမကို လှီးသတ် လိုက်၏၊ သို့သော် ပြုလုပ်ရန် မနီးစပ်လိုကြချေ။
၂း၇၂။ သင်တို့သည် စရိုက်တစ်ခုကို သတ်ခဲ့၍၊ ၎င်း၌ ပလပ် လိုကြ၏၊ ပရမတ်ဘုရားရှင်သည် သင်တို့၏ ထိန်ဝှက်ထားလေ့ ရှိရာကို ဖေါ်ထုတ်ခဲ့လေပြီ။
၂း၇၃။ သို့ဖြင့် ငါက “ထိုမှ အချို့ဖြင့် နည်းလမ်းရှာလော့၊”ဟု မိန့်ခြွေ၏။ ဤသို့ ပရမတ်ဘုရားရှင်သည် သေနေရာမှ ရှင်ပြန်စေတော်မူပြီ၊ သင်တို့ အတွေးအခေါ် ရှိအံ့ငှာ၊ သင်တို့အား အရှင်၏ သုတ်ဒေသနာများကို ပြသတော်မူ၏။
၂း၇၄။ တဖန် ထို့နောက်တွင် သင်တို့၏ နှလုံးသားများသည် ခက်ထန်လာ၏၊ ၎င်းသည် ကျောက်တုံး ကဲ့သို့ သို့တည်းမဟုတ် ထို့ထက်ပင် ခက်ထန်ကြ၏။ ကျောက်ခဲများ၌ စမ်းချောင်း စီးထွက်သည်လည်း ရှိ၏၊ အက်ကွဲ၍ ရေများ စိမ့်ယိုသည်လည်း ရှိ၏၊ ပရမတ်ဘုရားရှင်အား ကြောက်ရွံ့၍ ပြိုဆင်းသည်လည်း ရှိ၏။ ပရမတ်ဘုရားရှင် သည်ကား ကျင့်ကြံလေ သမျှကို မေ့လျော့ထားသည် မဟုတ်ပေ။
၂း၇၅။ သူတို့မှ တစ်ဖွဲ့သည် သင်တို့ကို ယုံကြည်လိမ့်မည်ဟု သင်တို့ မျှော်လင့်နေသလော၊ သူတို့သည် ပရမတ်ဘုရားရှင်၏ ဓမ္မတော်များကို နာယူ၍၊ ပြီးနောက်မှ အတွေးအခေါ် ရှိပါလျက်၊ သိနေပါလျက် ၎င်းကို လှည့်ပြောင်းကြ၏။
၂း၇၆။ ယုံကြည်သောသူများနှင့် ဆုံသောခါ “ကျွန်ုပ်တို့လည်း ယုံကြည်၏၊” ဟု ပြောကြလျက် သူတို့မှ အချို့က အချို့ကို “သင်တို့အား ပရမတ်ဘုရားရှင်က ထွက်ပေါက် ပေးထားသည်ကို ဆင့်ပြန်လိုက်သလော၊ သူတို့က ၎င်းအားဖြင့် ကံကြမ္မာရှင်၏ ထံ၌ သင်တို့ကို စောကြောနိုင်ရာ၏၊ သင်တို့၌ အတွေးအခေါ် မရှိကြသလော၊”ဟု ပြောဆိုကြ၏။
၂း၇၇။ ပရမတ်ဘုရားရှင်သည် သူတို့၏ ကြိတ်ကြံရာ၊ လူသိရှင်ကြား ပြုရာ များကို သိနေတော်မူကြောင်း သူတို့ မသိကြသလော။
၂း၇၈။ သူတို့၌ ဆန္ဒရမက် စွက် သော စဉ်းစားချက် မှအပ ကျမ်းတော်ကို မသိကြသော စာမတတ်သူများ ရှိ၏။
၂း၇၉။ တန်ဘိုးချ ရောင်းစားရန် အလို့ငှာ သူတို့၏ လက်ဖြင့် ပြဌာန်းသော ကျမ်းစာကို “ဤသည် ပရမတ်ဘုရားရှင်၏ ထံမှတည်း၊”ဟု ပြောဆိုသော သူတို့သည်၊ ပျက်စီး ရမည်သာတည်း။ သူတို့၏ လက်ဖြင့် ပြဌာန်းသောကြောင့် ပျက်စီးရမည်သာ တည်း၊ သူတို့၏ ကျင့်ဆောင်မှုကြောင့် ပျက်စီးရမည်သာတည်း။
၂း၈၀။ သူတို့က “အပူမီးမှာ ကျွန်ုပ်တို့အား တွက်ချက် သတ်မှတ်ထားသော ရက်များမျှသာ ထိကပ်နိုင်မည်”ဟု ဆိုကြ၏။ သူတို့အား “ပရမတ်ဘုရားရှင်၏ ထံမှ ပဋိညာဉ်ကို သင်တို့ ရယူထားကြသလော၊ သို့ဖြစ်လျှင် ပရမတ်ဘုရားရှင်က ပဋိညာဉ်အား ပေါ့ပျက်မည် မဟုတ်၊ သို့တည်းမဟုတ် ပရမတ်ဘုရားရှင်နှင့် စပ်လျဉ်း၍ သင်တို့ မသိသည်ကို ပြောနေကြသလော၊”ဟု မေးမြန်းလော့။
၂း၈၁။ အမှန်မှာ အကုသိုလ် ကျင့်ဆောင်သူအား၊ သူ၏ အမှားက ဝိုင်းထားလေပြီ၊ သူတို့သည် အပူမီး၏ ပေါင်းဖေါ်များ ဖြစ်ကြ၏ ထို၌ အစဉ်ခံစားရမည်ပင်။
၂း၈၂။ ယုံကြည်၍ ပြုပြင်ပြောင်းလဲမှု ကျင့်ကြံသော သူတို့သည်ကား သုခဘုံ၏ ပေါင်းဖေါ် များ ဖြစ်ကြ၏၊ ထို၌ အစဉ်စံစားရမည်ပင်။
၂း၈၃။ ငါသည် ဂျူးတို့ထံမှ “ပရမတ်ဘုရားရှင်ကိုသာ ကိုးကွယ်ရန်၊ မွေးမိဘများ၊ ဆွေမျိုးနီးစပ်များ၊ မိဘမဲ့များနှင့် နွမ်းပါးသူများ အပေါ် သုမင်္ဂလာ ပြုရန်၊ လူသားတို့အား တင့်တင့်တယ်တယ် ပြောဆိုကြရန်၊ ဝတ်ပြု မြဲကြရန်၊ အခွန်ငွေဖြူ ပေးကြရန်” ပဋိဉာဉ်ကို ယူခဲ့၏။ တဖန် သင်တို့ အနက် အနည်းငယ်မှ အပ လှည့်သွားကြလေပြီ၊ သင်တို့သည်ကား ဘောင်ကန့်ထားသူများ ဖြစ်ကြ၏။
၂း၈၄။ သွေးထွက်သံယို မပြုရန်၊ သင်တို့၏ စရိုက်များကို ဗိမာန်တော်မှ မောင်း မထုတ်ရန် သင်တို့ထံမှ ပဋိဉာဉ်ကို ငါ ယူခဲ့ပြီ၊ သင်တို့ အတည် ပြုခဲ့သည်မှာ သင်တို့ ကိုယ်တိုင် သက်သေပင်။
၂း၈၅။ တဖန် သင်တို့သည် စရိုက်ကောင်းများကို သုတ်သင်ပစ်၏၊ သင်တို့မှ တစ်ဖွဲ့ကို သူတို့၏ ဗိမာန်များမှ နှင်ထုတ်ကြ၏၊ ပြစ်မှုနှင့် စည်းဖေါက်မှု၌ ကျောထောက် နောက်ခံပြုကြ၏။ သင်တို့ထံသို့ သုံ့ပန်းများ ရောက်လာလျှင် သူတို့ ကို ရွေးယူသင့်၏၊ သူတို့အား မောင်းထုတ်ခြင်းမှ သင်တို့အား တားမြစ်ပြီး ဖြစ်၏။ သင်တို့သည် ကျမ်းတော်မှ တစ်ချို့ကို ယုံကြည်၍ တစ်ချို့ကို ဖုံးကွယ်ကြသလော၊ သင်တို့၌ ထိုသို့ပြုလုပ်သူ၏ အစားရမှုမှာ လောကီသက်တမ်း၌ အရှက်ရစေ၍၊ ရပ်တည်ရသောနေ့၌ ပြင်းထန်သော ဝဋ်ကြွေးဆီသို့ ပြန်ပို့ခံရလတ္တံ့။ ပရမတ် ဘုရားရှင်သည် ကျင့်ကြံသမျှကို မေ့လျော့ထားသည် မဟုတ်ပေ။
၂း၈၆။ နောင်ဘ၀ အား လောကီဘ၀ဖြင့် ရောင်းစားသောသူတို့၊ ထိုသူတို့နှင့် စပ်လျဉ်းသည့် ဝဋ်ကြွေး ကို ပေါ့ပါးစေမည် မဟုတ်၊ သူတို့သည် ကူညီခံရမည်လည်း မဟုတ်ချေ။
၂း၈၇။ ဧကန်မုချ၊ ငါသည် မူဆာအား ကျမ်းတော် ပေးအပ်ခဲ့၏၊ သူ၏ နောက် ဉာဏ်စဉ်ဆောင်များကို စဉ်ဆက် ထပ်ဆင့် ပွင့်ပေါ်စေခဲ့ပြီ၊ မာရိ၏သား ယေရှုကိုလည်း ရှင်းလင်းချက်များ ပေးအပ်၍ မြတ်သော ဉာဏ်စဉ်တော်ဖြင့် ထောက်ပံ့ခဲ့၏၊ ဉာဏ်စဉ်ဆောင် တစ်ပါးသည် သင်တို့၏ စရိုက်လိုဘ မကိုက်ညီ ရာနှင့် သင်တို့ ထံသို့ ရောက်လာတိုင်း သင်တို့ မာနတက်နေကြသည် မဟုတ်လော၊ သင်တို့သည် တစ်ဖွဲ့ကို ငြင်းဆန်ပြီး၊ တစ်ဖွဲ့ကို သတ်ခဲ့ကြချေပြီ။
၂း၈၈။ သူတို့က “ကျွန်ုပ်တို့၏ နှလုံးသားကို ပိတ်ထားပြီးပြီ၊”ဟု ဆိုကြ၏၊ အမှန်မှာ သူတို့၏ ဖုံးကွယ်မှုနှင့် အနည်းငယ်မျှပင် မယုံကြည်မှုတို့ကြောင့် ပရမတ်ဘုရားရှင်က သူတို့အား မေတ္တာဝေးစေပြီ။
၂း၈၉။ သူတို့ထံ၌ ရှိရာကို ဖြောင့်မှန်စေသည့် ကျမ်းတော် တစ်ပါးသည် ပရမတ်ဘုရားရှင်ထံမှ သူတို့ထံသို့ ရောက်လာစဉ်၊ ရှေ့ အလျင်ကပင် ဖုံးကွယ်လေ့ ရှိသောသူတို့အား ဖွင့်ပေးစေလိုကြ၏၊ သို့သော် သူတို့ သိမှတ်ရာ ရောက်လာသော် ၎င်းကို သူတို့ကိုယ်တိုင် ဖုံးကွယ်ကြ၏၊ သို့ဖြစ်၍ ပရမတ်ဘုရားရှင်က ထို ဖုံးကွယ်သူတို့အား မေတ္တာဝေးစေပြီ။
၂း၉၀။ သူတို့သည် ပရမတ်ဘုရားရှင် ချမှတ်ပေး သည်ကို ဖုံးကွယ်ခြင်း၊ ပရမတ်ဘုရားရှင်က စံချိန်ပြည့် အမှုတော်ဆောင်များအား သိက္ခာပေးခြင်းကို အပြစ်ရှာလျက် သူတို့၏ စရိုက်ကို အမင်္ဂလာဖြင့် ရောင်းစား ခြင်းဖြင့် ကံကြီးသင့်မှု ကံကြီး သင့်ခြင်းကို ဆွဲယူကြပြီ၊ ထို့ကြောင့် ဖုံးကွယ်သူများ အတွက် နိမ့်ကျသော ဝဋ်ကြွေးသည် ရှိနေ၏။
၂း၉၁။ “ပရမတ်ဘုရားရှင် ချမှတ်ပေးရာ၌ ယုံကြည်ကြလော့၊” ဟု ပြောသော အခါ၊ “ကျွန်ုပ်တို့အား ချမှတ်ပေးသည်ကိုသာ ယုံကြည်ပေပြီ၊”ဟု ပြန်ပြောကြ လျက်၊ သူတို့၌ ရှိသည်ကို ဖြောင့်မှန်စေသည့် သစ္စာတရားအား ဖုံးကွယ် ငြင်းဆန်၍ ကွယ်ကာပစ်သော သူတို့အား “သင်တို့သည် ယုံကြည်သူများ ဖြစ်ကြလျှင်- ရှေ့အလျင်က ပရမတ်ဘုရားရှင်၏ သတင်းတော်ဆောင်များကို အဘယ့်ကြောင့် သတ်ခဲ့လေသနည်း၊”ဟု မေးမြန်းလော့။
၂း၉၂။ သင်တို့ထံသို့ မူဆာသည် ရှင်းလင်းချက်များဖြင့် မုချ ရောက်လာပြီ၊ တဖန် သူ့နောက်တွင်မှ သင်တို့သည် နွားငယ်ကို အယူထားလျက် အမိုက်ကောင် များ ဖြစ်ကြပြီ။
၂း၉၃။ ထို့ပြင် “သင်တို့အပေါ်၌ တောင်တော်ကို မြှောက်စားခဲ့ပြီ၊ ငါ ပေးအပ်ရာ၌ အစွမ်းရှိရှိ အယူမြဲလော့၊ နာယူကြလော့၊” ဟု သင်တို့၏ ကတိခံဝန်ကို ငါ ယူသောအခါ၊” “တပည့်တော်တို့ နားထောင်သော်လည်း အာခံရပါမည်၊”ဟု ပြောကြ၏၊ ထိုသို့ သူတို့၏ ဖုံးကွယ်မှုများကြောင့် ထိုနွားငယ်က သူတို့၏ နှလုံးသွေးကို စုပ်လေပြီ၊ “သင်တို့သည် ယုံကြည်သူများ ဖြစ်ကြလျှင် သင်တို့၏ ယုံကြည်မှုက သင်တို့အား အမင်္ဂလာကို ညွှန်ကြားထားပြီ၊”ဟု ဟောလော့။
၂း၉၄။ “ပရမတ်ဘုရားရှင်၏ ထံ၌ရှိသော နောက်ဆုံးစွန် ဗိမာန်သည် လူသား အပေါင်းမှ လွဲ၍ သင်တို့အတွက် သီးသန့်ဖြစ်သော်၊ သင်တို့သည် ဖြောင့်မှန်သူများ ဖြစ်ကြလျှင် သေလိုသည့်ဇော ရှိကြကုန်၊”ဟု ပြောကြားလော့။
၂း၉၅။ သူတို့၏ စုံရပ်ခံခဲ့သော လက်ချက်များကြောင့် မည်သည့်ခါမှ သေလိုသည့်ဇော မရှိကြပေ၊ ပရမတ်ဘုရားရှင်သည် အမိုက်ကောင်များကို သိနေတော်မူသော အရှင် ဖြစ်၏။
၂း၉၆။ သူတို့သည် ရောပြွန်းကိုးကွယ်သော သူများထက်ပင် ဤလောကီအား ဆန္ဒဇော ကပ်နေသော လူသားများ ဖြစ်ကြောင်း သင် တွေ့ရလိမ့်မည်၊ သူတို့ တစ်ယောက် ချင်းစီ နှစ်တစ်ထောင် ဘ၀သံသရာကို ရလိုကြ၏၊ ထိုသို့ ဘ၀သံသရာကို ရငြား သော်လည်း ဝဋ်ကြွေးမှ ဖယ်ရှားခံရမည် မဟုတ်ပေ။ ပရမတ်ဘုရားရှင်သည် သူတို့၏ ကျင့်ကြံသမျှအား မြင်နေသော အရှင် ဖြစ်၏။
၂း၉၇။ ဟောပြောလော့ “ပရမတ်ဉာဏ်စဉ်အား စည်းဖေါက်သူသည် မည်သူ ဖြစ်သနည်း၊” ပရမတ်ဘုရားရှင်၏ ခွင့်ပြုချက်ဖြင့် သင်၏ နှလုံးသား၌ ချမှတ်ပေးသော ထိုအရာသည် ပစ္စုပ္ပာန်များကို ဖြောင့်မှန်စေ၍၊ ယုံကြည်သူများ အတွက် လမ်းညွှန်မှန်နှင့် သတင်းကောင်းပင် ဖြစ်၏။
၂း၉၈။ မည်သူမဆို ပရမတ် ဘုရားရှင်၊ အရှင်၏ နိမိတ်ဆောင်များ၊ အရှင်၏ ဉာဏ်စဉ်ဆောင်များ၊ ပရမတ် ဉာဏ်စဉ်နှင့် လောကပါလဓမ္မတို့အား စည်းဖေါက်သူ ဖြစ်အံ့- ဧကန်ပင် ပရမတ် ဘုရားရှင်သည် ဖုံးကွယ်သူများအတွက် တန်ပြန် စည်းဖေါက်သူ ဖြစ်၏။
၂း၉၉။ သင့်အား ရှင်းလင်းသော သုတ်ဒေသနာများကို ငါ ချမှတ်ပေးတော် မူပြီ၊ ယုတ်မာသူများသည်သာ ၎င်းကို ဖုံးကွယ်ကြလိမ့်မည်။
၂း၁၀၀။ ပဋိညာဉ်ပြု ပဋိညာဉ်ထားတိုင်း သူတို့မှ တစ်ဖွဲ့သည် ၎င်းကို စွန့်ပစ်ကြသည် မဟုတ်လော၊ အမှန်မှာ သူတို့မှ အများစုသည် ယုံကြည်မှု မရှိကြပေ။
၂း၁၀၁။ သူတို့၌ ရှိရာကို ဖြောင့်မှန်စေသည့် ပရမတ်ဘုရားရှင်၏ ထံမှ ဉာဏ်စဉ် ဆောင်တစ်ပါး သူတို့ထံသို့ ရောက်လာစဉ် ကျမ်းပေးခံရသောသူများမှ တစ်ဖွဲ့သည် စွန့်ပစ်လျက်၊ ပရမတ် ဘုရားရှင်၏ ကျမ်းတော်ဟု မသိသယောင် ကျောခိုင်း ကွယ်ကာပစ်ကြ၏။
၂း၁၀၂။ သူတို့သည် ဆိုလိုင်မံ၏ ဩဇာအာဏာကို ကျော်၍ မကောင်းဆိုးဝါး တို့ ရွတ်ဖတ်ရာကိုသာ လိုက်နာကြ၏၊ ဆိုလိုင်မံသည် ဖုံးကွယ်သည် မဟုတ်၊ သို့သော် မကောင်းဆိုးဝါးတို့သည်သာ ဖုံးကွယ်ကြ၏၊ သူတို့သည် ဘေဘီလုံ နိမိတ်ဆောင် နှစ်ဦးဖြစ်သော ဟာရူးတ်နှင့် မာရူးတ်တို့ ထံသို့ ချမှတ်ပေးရာ ဖြစ် သည့် လူသားတို့အား လှည့်စားမှုကို သင်ပေးကြ၏၊ သူတို့က “ကျွန်ုပ်တို့သည် စမ်းသပ်ခြင်းသာ ဖြစ်၏၊ ဖုံးကွယ်ခြင်း မဟုတ်ပါ၊”ဟု မပြောဘဲ တစ်ဦး တစ်ယောက်ကိုမှ သင်မပေးခဲ့ချေ၊ ၎င်းတို့သည် သူတို့ နှစ်ဦး ထံမှ လူသားတို့ စုဖွဲ့မှုကြား ခွဲခြင်းကိုသာ သင်ယူကြ၏၊ သူတို့သည် ပရမတ်ဘုရားရှင်၏ ခွင့်ပြု ချက် မရှိဘဲ တစ်စုံတစ်ယောက်ကိုမှ မနစ်နာ စေနိုင်သော၊ သူတို့ကိုယ်သာ နစ်နာစေ မည့် အကျိုးမရှိရာကို သင်ယူကြလေပြီ၊ ထိုအရာကို ရောင်းဝယ်သူတို့ အတွက် အနာဂါတ် ဖြစ်တည်မှု မရှိကြောင်း သူတို့ မုချ သိကြကုန်၏၊ သူတို့၏ စရိုက်များ ကို အမင်္ဂလာဖြင့် ရောင်းစားကြပြီ၊ သူတို့ သိကြပါလေစ။
၂း၁၀၃။ အကယ်၍ သူတို့သည် သက်ဝင်ယုံကြည်လျက် စည်းစောင့်ကြလျှင် ပရမတ်ဘုရားရှင်၏ ထံမှ အကျိုးဆက်သည် ပိုကောင်း၏၊ သူတို့ သိကြပါလေစ။
၂း၁၀၄။ အို-ယုံကြည်သောသူတို့ “ကျွန်ုပ်တို့ကို ထိန်းကျောင်းပါ၊”ဟု မပြော ကြနှင့်၊ “ကျွန်ုပ်တို့အား ကြည့်ရှုပါ၊” ဟု ပြောကြလော့၊ ကြားနာကြလော့ ဖုံးကွယ် သူများ အတွက် စူးနစ်နာကျင်သော ဝဋ်ကြွေးသည် ရှိနေ၏။
၂း၁၀၅။ ကျမ်းစာ ဝိုင်းသား များမှ ဖုံးကွယ်သောသူ နှင့် ရောပြွန်းကိုးကွယ်သူများသည်၊ သင်တို့အား ကံကြမ္မာ ရှင် ထံမှ ချမှတ်ပေးသည့် အကောင်းကို မလိုလားကြပေ၊ ပရမတ်ဘုရားရှင်သည် စံချိန်ပြည့်သူအား ကရုဏာဖြင့် ရွေးကောက်တော်မူ၏၊ ပရမတ်ဘုရားရှင်သည် မဟာ့မဟာ သိက္ခာပေးသော အရှင် ဖြစ်၏။
၂း၁၀၆။ မည်သည့် သုတ်ဒေသနာကို မဆို ငါက ကမည်းထိုးစေသည် ဖြစ်စေ၊ ပယ်ဖျက်စေသည်ဖြစ်စေ ထို့ထက် ပိုကောင်းရာ သို့မဟုတ် ပမာတူရာကို ပေးအပ်တော်မူ၏၊ ဧကန်ပင် ပရမတ်ဘုရားရှင်သည် သဗ္ဗလုံးစုံအား စည်းချိန် ချမှတ်တော်မူကြောင်း သင်တို့ မသိကြလေသလော။
၂း၁၀၇။ ဧကန်ပင် ပရမတ် ဘုရားရှင်သည် ကောင်းကင်များနှင့် မြေတို့၏ အရှင်သခင် ဖြစ်ကြောင်း သင်တို့ မသိကြသလော၊ ပရမတ်ဘုရားရှင် မှလွဲ၍ မဟာမိတ်၊ ကူညီသူ ဟူ၍ သင်တို့ အတွက် မရှိပေ။
၂း၁၀၈။ သို့တည်းမဟုတ်၊ သင်တို့ အတွက် ပွင့်ပေါ်သော ဉာဏ်စဉ်ဆောင် အား၊ ရှေ့အလျင်က မူဆာအား တောင်းဆို သကဲ့သို့ တောင်းဆို လိုကြသလော၊ ယုံကြည်ချက်အစား ဖုံးကွယ်ခြင်းဖြင့် လဲလှယ်သောသူ အတွက် မုချပင် ပုံစံချပြီး လမ်းစဉ်မှ လွဲချော်ရလတ္တံ့။
၂း၁၀၉။ ကျမ်းစာဝိုင်းသားများမှ အများစုသည် သူတို့ စရိုက်၏ မနာလိုမှု များကြောင့်- သူတို့အတွက် သစ္စာတရားကို ရှင်းလင်းစေပြီး နောက်မှ သင်တို့အား ယုံကြည်ပြီးနောက်မှ ဖုံးကွယ်သူအဖြစ် ပြန်လှည့်စေလိုကြ၏၊ ပရမတ်ဘုရားရှင်၏ ညွှန်ကြားချက် ပေးရောက်သည့်တိုင် ကျေအေး၍ ဥက္ခာပြုထားလော့၊ ဧကန်ပင် ပရမတ်ဘုရားရှင်သည် သဗ္ဗလုံးစုံအား စည်းချိန်ချမှတ်တော်မူ၏။
၂း၁၁၀။ ဝတ်ပြု မြဲကြလော့၊ အခွန်ငွေဖြူ ပေးကြလော့။ သင်တို့၏ စရိုက် အတွက် ကောင်းစွာ စုံရပ် ခံခဲ့ခြင်းတို့အား ပရမတ်ဘုရားရှင်၏ ထံ၌ တွေ့ရလတ္တံ့၊ ဧကန်ပင် ပရမတ်ဘုရားရှင် သည် ကျင့်ကြံသမျှကို မြင်နေသော အရှင် ဖြစ်၏။
၂း၁၁၁။ “ရေ၀တီ သို့မဟုတ် ခရစ်ယာန် မဟုတ်သူသည် သုခဘုံသို့ မဝင်ရ၊”ဟု ပြောကြ၏၊ ၎င်းသည် သူတို့၏ ဇောဆန္ဒပေတည်း၊ “သင်တို့သည် ဖြောင့်မှန်သူများ ဖြစ်ကြလျှင် သက်သေပြချက် ယူခဲ့ကြ၊”ဟု ပြောကြားလော့။
၂း၁၁၂။ အမှန်မှာ ပရမတ်ဘုရားရှင်အား မျက်နှာမူ၍ ငြိမ်းချမ်းရေး ပြုသော- ထိုသုမင်္ဂလာ ပြုသူအတွက် ဆုလဒ်မှာ ကံကြမ္မာရှင်၏ ထံ၌ ရှိနေပြီ၊ သူတို့အား ကြောက်ရွံ့ရစေ မည် မဟုတ်၊ သောကရောက်ရစေမည်လည်း မဟုတ်ချေ။
၂း၁၁၃။ ရေ၀တီတို့က ခရစ်ယာန်တို့အား “မဟုတ်မဟတ်” ဟု ပြောကြ၍၊ ခရစ်ယာန်တို့ကလည်း ရေ၀တီ တို့ကို “မဟုတ်မဟတ်”ဟု ပြောကြ၏၊ သူတို့သည် ကျမ်းစာကို ရွတ်ဖတ်နေကြလျက် ဤသို့ အသိမရှိသော သူများ ပြောသည့်ပမာ ပြောဆိုနေကြ၏၊ သို့ဖြစ်၍ ပရမတ်ဘုရားရှင်သည် သူတို့ချင်းကြား ရှိသော ကွဲလွဲချက်များကို ရပ်တည်ရသော နေ့၌ စီရင်ထုံးချတော်မူမည်။
၂း၁၁၄။ အရှင်၏ ဂုဏ်တော်များအား သတိရရှုမှတ်သောသူများကို ပရမတ် ဘုရားရှင်၏ ဝတ်ကျောင်းတော်မှ ပိတ်ပင်၍၊ သူတို့အား ဖြိုဖျက်ရန် လုံးပန်းနေ သူထက် မည်သူက ပို၍ အမိုက်စီးဘိသနည်း၊ သူတို့ ကိုယ်တိုင် စိုးရိမ်ကြီးစွာဖြင့် ဝင်လာသူများ ဖြစ်သင့်၏၊ သူတို့အတွက် လောကီ၌ အရှက်ရခြင်းနှင့် နောင်ဘ၀၌ မဟာ ဝဋ်ကြွေးကြီး ရှိနေ၏။
၂း၁၁၅။ နေထွက်ရာ၊ နေဝင်ရာတိုင်းသည် ပရမတ် ဘုရားရှင်၏ အချုပ် အခြာ၌ ရှိ၏၊ သင်တို့၏ လှည့်ရာ ဘက်တိုင်းသည် ပရမတ် ဘုရားရှင်၏ မျက်မှောက်တော် ဖြစ်၏၊ ဧကန်ပင် ပရမတ်ဘုရားရှင်သည် အသိ ဉာဏ်တော် ဖြန့်ကျက်ထားသော အရှင် ဖြစ်၏။
၂း၁၁၆။ “ပရမတ်ဘုရားရှင်သည် ကိုယ်ပွား ထားရှိ၏၊” ဟု ပြောကြ၏။ အမှန်မှာ အရှင်သည် ဦးထိပ်ထားရာ ဖြစ်၏၊ မိုးမြေ၌ ရှိသမျှတို့သည် အရှင်၏ အချုပ်အခြာ၌ ရှိ၏၊ ခပ်သိမ်းကုန်သည် အရှင့်အား နာခံနေရ၏။
၂း၁၁၇။ မိုးမြေတို့၏ မူလအရှင်က အပြီးသတ် ညွှန်ကြားချက် “ဖြစ်”ဟု မိန့်သော် သို့ဖြင့် ဖြစ်လာရ မည်ပင်။
၂း၁၁၈။ အသိ မရှိသော သူများက “ပရမတ်ဘုရားရှင်က ကျွန်ုပ်တို့အား မုက္ခပါတ်တော် သို့မဟုတ် သုတ်ဒေသနာတော် အဘယ်ကြောင့် မပေးသနည်း၊”ဟု ပြောကြ၏၊ သူတို့ မတိုင်မှီ သူများ ပြောသည့် ပမာ ဤအတိုင်းပင် ပြောကြ၏၊၊ သူတို့၏ နှလုံးသားမှာ ဆင်တူနေ၏၊ ဒိဌယုံသော လူမျိုးအတွက် သုတ်ဒေသနာများ ကို ငါ ရှင်းလင်းထားပြီး ဖြစ်၏။
၂း၁၁၉။ ငါသည် သင့်အား သစ္စာတရားအားဖြင့် သတင်းကောင်းပါးသူ၊ သတိပေးသူအဖြစ် စေစားတော်မူ၏၊ ငရဲမီး ပေါင်းဖေါ်များ နှင့် စပ်လျဉ်း၍ သင့်အား စစ်ကြောမည် မဟုတ်ပေ။
၂း၁၂၀။ ရေ၀တီများ ခရစ်ယာန်များက သူတို့၏ ကျင့်စဉ်ကို မလိုက်နာသ၍ သင့်အား ကျေနပ်မည် မဟုတ်ပေ။ “ပရမတ်ဘုရားရှင်၏ လမ်းညွှန်မှုသည်သာ လမ်းညွှန်မှန် ဖြစ်၏၊”ဟု ဟောပြောလော့၊ သင့်ထံသို့ အသိပညာ ရောက်လာပြီးမှ သူတို့၏ လိုဘများကို လိုက်နာလျှင် ပရမတ်ဘုရားရှင်၏ ထံမှ မဟာမိတ်နှင့် ကူညီသူသည် သင့်အတွက် မရှိပြီ။
၂း၁၂၁။ ငါ ကျမ်းစာပေးသော သူများသည်၊ ၎င်းကို မှန်မှန်ကန်ကန် ရွတ်ဖတ်ခြင်းဖြင့် ရွတ်ဖတ်ကြသော် ၎င်း၌ ယုံကြည်သူများ ဖြစ်ကြ၏၊ ၎င်းကို ဖုံးကွယ်သူများသည် ဆုံးရှုံးသူများ ဖြစ်ချေပြီ။
၂း၁၂၂။ အို-ဂျူးလူမျိုးတို့ သင်တို့အား ငါ ဂုဏ်ပေးသည့် ဂုဏ်ပုဒ်များကို သတိရကြလော့၊ ငါသည် သင်တို့ကို လောကခပ်သိမ်း အပေါ်၌ သိက္ခာပေးခဲ့ပြီ။
၂း၁၂၃။ ဉာဉ်တစ်ခုက ဉာဉ်တစ်ခု အတွက် တစ်စုံတစ်ရာ အစားမပေးနိုင်သော၊ တန်ရာ တန်ကြေး အကိုးမပြည့်သော၊ အမျှဝေခြင်း အကျိုး မဖြစ်သော၊ အကူအညီမဲ့ နေ့ကာလ အတွက် စည်းစောင့်ကြလော့။၂း
၂း၁၂၄။ အီဗရာဟီးမ်အား ကံကြမ္မာရှင်က မုက္ခပါတ်တော်ဖြင့် စုံစမ်းသော အခါ သူသည် ပြည့်စုံစေခဲ့၏။ အရှင်က “ငါသည် သင့်အား လူသားတို့၏ ရှေ့ဆောင် အဖြစ် စီစဉ်တော်မူပြီ၊”ဟု မိန့်ဆိုသော်၊ သူက “တပည့်တော်၏ သားမြေးများမှ ကော၊”ဟု ပြန်လျှောက်၏၊ “ငါ့ ပဋိညာဉ်အား အမိုက်ကောင်များ မဆွတ်ခူးနိုင်၊”ဟု မိန့်တော်မူ၏။
၂း၁၂၅။ ငါသည် အိမ်တော်အား လူသားအပေါင်း အကျိုးနှင့် ယုံကြည် စိတ်ချရာ အဖြစ် စီစဉ်တော်မူ၏၊ အီဗရာဟီးမ်၏ ရပ်တည်ခဲ့သည်အား ဝတ်ပြု သည့်နေရာ အဖြစ် ယူမှတ်ကြလော့၊ ငါသည် အီဗရာဟီးမ်နှင့် အီစ္စမာအီးလ်တို့အား “လှည့်လည်သူ၊ ၀ဇီပိတ်ကျင့်သူ၊ ဦးညွှတ်သူ၊ ဦးချသူတို့အတွက် ငါ၏ အိမ်တော်ကို သန့်စင်စေကြလော့၊”ဟု ပဋိညာဉ်ပြုထား၏။
၂း၁၂၆။ အီဗရာဟီးမ်က “အို-ကံကြမ္မာရှင် ဤမြို့တော်အား မြို့သားများ ယုံကြည်စိတ်ချရရန် စီစဉ်တော်မူပါ၊ ပရမတ်ဘုရားရှင်နှင့် နောက်ဆုံး နေ့ကို ယုံကြည်သူတို့အား သီးနှံရိက္ခာများ ပြည့်စေတော်မူပါ၊”ဟု လျှောက်တင်သော်၊ အရှင်က “ဖုံးကွယ်သူကိုလည်း အနည်းငယ်မျှ ချမ်းမြေ့စေမည်၊ ထို့နောက် အမင်္ဂလာ ပန်းတိုင်ဖြစ်သည့် စစ်မီး ဝဋ်ကြွေးသို့ တွန်းပို့ခံရမည်၊” ဟု မိန့်၏။ ၁၂၇။ အီဗရာဟီးမ်နှင့် အီစ္စမာအီးလ်တို့သည် အိမ်တော်၏ အုတ်မြစ်ကို မြှင့်တင်သော အခါ-
၂း၁၂၇။“အို- ကံကြမ္မာရှင် တပည့်တော်တို့အား ဆန္ဒပြည့်စေတော်မူပါ၊ အရှင် သည် ကြားနေသော အရှင်၊ သိနေသောအရှင် ဖြစ်ပါ၏၊”
၂း၁၂၈။ “အို-ကံကြမ္မာရှင် တပည့်တော်တို့အား ငြိမ်းချမ်းရေးပြုသူများ အဖြစ်၊ တပည့်တော်တို့၏ သားမြေး တို့အား ငြိမ်းချမ်းရေးပြုသူ အသိုင်းအဝိုင်းအဖြစ် စီစဉ်ပေးပါ၊ တပည့်တော်တို့အား ဝတ်ဖြည့်နည်းကို ပြသပေးပါ၊ တပည့်တော်တို့အား သင်ပုန်းချေပေးတော်မူပါ၊ အရှင်သည် သင်ပုန်းချေပေးသော၊ ကရုဏာသက်သော အရှင် ဖြစ်ပါ၏၊”
၂း၁၂၉။ “အို-ကံကြမ္မာရှင် သူတို့အား အရှင်၏ သုတ်ဒေသနာများကို ရွတ်ဖတ်ပြရန်၊ ကျမ်းတော် နှင့် စီရင်ထုံးကို သင်ကြားပေးရန်၊ သန့်ရှင်းဖြူစင်စေရန် ဉာဏ်စဉ်ဆောင် တစ်ပါး ကို သူတို့ အထဲမှ ပွင့်ပေါ်စေတော်မူပါ၊ အရှင်သည် ဘုန်းတော်အရှင်၊ ဓမ္မသတ်ရှင် ဖြစ်ပါ၏၊”ဟု လျှောက်ထားကြ၏။
၂း၁၃၀။ စရိုက်ပျက်မိုက်မဲသူသည်သာ အီဗရာဟီးမ်၏ ကျင့်စဉ်တော်ကို ဦးစားမပေး၊ ငါသည် သူ့အား ဤဘ၀၌ ရွေးချယ်၍ နောင်ဘ၀အတွက် ပြုပြင် ပြောင်းလဲသူများ၏ အနက်မှ ဖြစ်စေတော်မူမည်။
၂း၁၃၁။ သူ့အား ကံကြမ္မာရှင်က “ငြိမ်းချမ်းစေလော့၊”ဟု မိန့်သောအခါ၊ “လောကခပ်သိမ်း ၏ ကံကြမ္မာရှင် အတွက် ငြိမ်းချမ်းရေး ပြုနေကြောင်းပါ၊”ဟု သူ လျှောက်ထား၏။
၂း၁၃၂။ အီဗရာဟီးမ်နှင့် ယာကုဗ်တို့က သားမြေးတို့အား “အို-သားမြေးတို့၊ ပရမတ်ဘုရားရှင်သည် သင်တို့ အတွက် သာသနာတော်ကို ရွေးချယ်ပြီ၊ သင်တို့ သည် ငြိမ်းချမ်းရေးပြုသူ အဖြစ်မှအပ ဘ၀ မပြောင်းကြစေနှင့်၊”ဟု မှာကြား၏။
၂း၁၃၃။ သို့တည်းမဟုတ် ယာကုဗ်၏ အာယုသင်္ခါရ လွှတ်ချိန်၌ သင်တို့သည် မျက်မြင်သက်သေ ဖြစ်ကြသလော၊ သားမြေးတို့အား “ကျွန်ုပ်၏နောက်၌ မည်သူ့ အား သင်တို့ ကိုးကွယ်ကြမည်နည်း၊”ဟု သူကမေးသော်၊ “ကိုယ်တော်၏ ဘုရားရှင်၊ သင်၏ ဘဘိုးများ ဖြစ်သော အီဗရာဟီးမ်၊ အီစ္စမာအီလ်၊ အီစ္စဟာ့က် တို့၏ တစ်ပါးတည်း ဘုရားရှင်ကိုသာ ကိုးကွယ်ကြပါမည်၊ ကျွန်ုပ်တို့သည် အရှင့် အတွက် ငြိမ်းချမ်းရေးပြုသူများ ဖြစ်ပါ၏၊”ဟု ပြောကြပြီ။
၂း၁၃၄။ ဤ အသိုင်းအဝိုင်းသည် လွန်ခဲ့လေပြီ၊ သူတို့၏ ကျင့်ဆောင်မှုသည် သူတို့အတွက်၊ သင်တို့၏ ကျင့်ဆောင်မှု သည် သင်တို့ အတွက်ပင် ဖြစ်၏၊ သူတို့၏ ကျင့်ကြံလေ့ရှိရာများကြောင့် သင်တို့ အား စစ်ကြောမည် မဟုတ်ပေ။
၁၃၅။ “လမ်းညွှန်တရားရရန် ရေ၀တီ သို့မဟုတ် ခရစ်ယာန်များ ဖြစ်ကြ လော့၊” ဟု ပြောသည်တို့အား၊ ပြန်ပြောလော့- “အီဗရာဟီးမ်၏ ကျင့်စဉ်သည် ဧကန်ပင် အယူသန့်၏၊ သူသည် ရောပြွန်းကိုးကွယ်သူမှ မဟုတ်ပေ။”
၁၃၆။ “ကျွန်ုပ်တို့သည် ပရမတ်ဘုရားရှင်၊ ကျွန်ုပ်တို့ထံသို့ ချမှတ်ပေးရာ၊ အီဗရာဟီးမ်၊ အီစ္စမာအီလ်၊ အီစ္စဟာ့က်၊ ယာကုဗ်နှင့် လူမျိုးစုများ ထံသို့ ချမှတ် ပေးရာ၊ မူဆာနှင့် ယေရှုတို့ထံသို့ ပေးအပ်ရာနှင့် သတင်းတော်ဆောင်တိုင်းအား ကံကြမ္မာရှင်၏ ထံမှ ပေးအပ်ရာတို့ကို ယုံကြည်ကြ၏၊ ထိုကိုယ်တော်များကြား တစ်ပါးနှင့်တစ်ပါး ခွဲခြားမှု မပြုပါ၊ ကျွန်ုပ်တို့သည် အရှင့်အတွက် ငြိမ်းချမ်းရေးပြု သူများ ဖြစ်ကြ၏၊” ဟု ပြောဦးလော့။
၂း၁၃၇။ သူတို့သည် သင်တို့ယုံကြည် သကဲ့သို့ ယုံကြည်ကြလေလျှင် လမ်းညွှန်တရားကို မုချ ရပေအံ့၊ အကယ်၍ လှည့်သွားကြလေလျှင် ဂိုဏ်းခွဲ သူများမှ ဖြစ်ကြ၏၊ သူတို့နှင့် ပတ်သက်၍ ပရမတ်ဘုရားရှင်သည် လုံလောက် တော်မူ၏၊ အရှင်သည် ကြားနေသော အရှင်၊ သိနေသော အရှင် ဖြစ်၏။
၂း၁၃၈။ “ပရမတ်ဘုရားရှင်၏ ဓါတ်တော်အား ကူးကြလော့ ဓါတ်တော်ကူးပေးရာ၌ ပရမတ်ဘုရားရှင်ထက် မည်သူက ပို၍တင့်တယ်စေအံ့နည်း၊ ကျွန်ုပ်တို့သည်ကား အရှင့်ကို သာ ကိုးကွယ်သူများ ဖြစ်ကြ၏။”
၂း၁၃၉။ “ပရမတ်ဘုရားရှင်၊”ဟု ဟော၍ ကျွန်ုပ်အား စောကြောကြ သလော၊ အရှင်သည် သင်တို့၏ ကံကြမ္မာရှင်၊ ကျွန်ုပ်၏ ကံကြမ္မာရှင် ဖြစ်၏၊ သင်တို့ ကျင့်ကြံမှုသည် သင်တို့အတွက် ကျွန်ုပ် ကျင့်ကြံမှုသည် ကျွန်ုပ် အတွက်ပင် ဖြစ်၏၊ ကျွန်ုပ်တို့သည် အရှင့်ကိုသာ သန့်သန့်ထား ကိုးကွယ်ပါ၏။
၂း၁၄၀။ “သို့တည်းမဟုတ် အီးဗရာဟီးမ်၊ အီစ္စမာအီးလ်၊ အီစ္စဟာ့က်၊ ယာကုဗ်နှင့် လူမျိုးစုတို့သည် ရေ၀တီ သို့မဟုတ် ခရစ်ယာန်များ ဖြစ်ကြ၏ဟု ပြောကြသလော၊ သို့တည်းမဟုတ် သင်တို့သည် ပရမတ်ဘုရားရှင်ထက် ပို၍ သိကြကုန်သလော၊”ဟု မေးမြန်းလော့။ ပရမတ်ဘုရားရှင်၏ သက်သေတော် သူ့ထံ၌ ရှိလျက် ထိန်ဝှက်ထားသူထက် မည်သူက ပို၍ အမိုက်စီးဘိသနည်း၊ ပရမတ်ဘုရားရှင်သည် ကျင့်ကြံသမျှကို မေ့လျှော့ထားသည် မဟုတ်ပေ။
၂း၁၄၁။ ဤအသိုင်းအဝိုင်းသည် လွန်ခဲ့လေပြီ၊ သူတို့၏ ကျင့်ဆောင်မှုသည် သူတို့အတွက်၊ သင်တို့၏ ကျင့်ဆောင်မှုသည် သင်တို့ အတွက်ပင် ဖြစ်၏၊ သူတို့၏ ကျင့်ကြံလေ့ ရှိရာများကြောင့် သင်တို့အား စစ်ကြောမည် မဟုတ်ပေ။
၂း၁၄၂။ လူသားတို့အနက် တုံးအသူများက “သူတို့၏ ရှိနေခဲ့သော ရှေ့ရှုမှုကို ဘယ်အရာက ဘက်လှည့်စေ သနည်း၊” ဟု မေးကြလတ္တံ့၊ ဟောလော့ “နေထွက်ရာ နေဝင်ရာတိုင်းသည် ပရမတ် ဘုရားရှင်၏ အချုပ်အခြာ၌ ရှိ၏၊ စံချိန်ပြည့်သူအား မြဲမြံတည်တံ့သော လမ်းစဉ်သို့ ညွှန်တော်မူသတည်း။”
၂း၁၄၃။ ငါသည် သင်တို့အား ဤသို့ တော်ဝင် အသိုင်းအဝိုင်း အဖြစ် စီစဉ်ပေး ခြင်းမှာ သင်တို့သည် လူသားတို့ အပေါ်၌ သက်သေ ဖြစ်အံ့သောငှာ၊ ဉာဏ်စဉ် ဆောင်သည် သင်တို့ အပေါ်၌ သက်သေ ဖြစ်အံ့သောငှာ ဖြစ်၏။ သင်တို့၏ ရှိနေခဲ့သော ရှေ့ရှုခဲ့မှုကို ငါ စီစဉ်ခဲ့သည် မဟုတ်၊ သို့သော် မည်သူသည် ဉာဏ်စဉ် ဆောင်အား လိုက်နာ၍ မည်သူသည် သူ့နိဂုံးသို့ ဦးလှည့်သည်ကို သိနိုင်ရန်သာ ဖြစ်၏၊ အမှန်သော် ပရမတ်ဘုရားရှင်၏ လမ်းညွှန်ခံရသောသူ အတွက်မှ အပ ဝန်ကြီးလှပေ၏။ ပရမတ်ဘုရားရှင်သည် သင်တို့၏ ယုံကြည်ချက်ကို အလဟသ မဖြစ်စေပေ။ ပရမတ်ဘုရားရှင်သည် လူသားတို့ အပေါ်၌ ညှာတာသော အရှင်၊ ကြင်နာသော အရှင် ဖြစ်၏။
၂း၁၄၄။ ကောင်းကင်ယံသို့ သင် မျက်နှာမူ ဦးလှည့်နေသည်ကို ငါ မြင်တော် မူ၏၊ သို့ဖြင့် သင်စိတ်ကျေနပ်သည့် ရှေ့ရှုမှုသို့ ဘက်လှည့် စေတော်မူပြီ၊ “ဘေးမဲ့ ဝတ်ကျောင်းတော် ဘက်သို့ မျက်နှာမူ လှည့်လော့၊ သင်တို့သည် မည်သည့်အရပ်၌ ရှိစေ ထိုဘက်သို့ မျက်နှာမူ လှည့်လော့၊ ကျမ်းစာ ပေးခံရသော သူတို့က ၎င်းသည် ကံကြမ္မာရှင်၏ ထံမှ သစ္စာတရား ဖြစ်သည်ဟု ဧကန် သိကြလတ္တံ့၊” ပရမတ် ဘုရားရှင်သည် ကျင့်ကြံ လေသမျှကို မေ့လျှော့ထားသည် မဟုတ်ပေ။
၂း၁၄၅။ ကျမ်း ပေးခံရသူတို့ ထံသို့ ရှိသမျှ သုတ်ဒေသနာများကို သင် ယူဆောင်ခဲ့သော်လည်း သင်၏ ရှေ့ရှုမှုသို့ သူတို့ လိုက်နာသူများ မဟုတ်ချေ၊ သင်လည်း သူတို့၏ ရှေ့ရှုမှုကို လိုက်နာသူ မဟုတ်ပေ။ သူတို့မှ အချို့၏ ရှေ့ရှုမှုကို အချို့က လိုက်နာ ကြမည် မဟုတ်ပေ၊ သင့်ထံသို့ အသိပညာ ရောက်လာပြီးမှ သူတို့၏ လိုဘသို့ လိုက်လေလျှင် သင်သည် အမိုက်ကောင်များမှ ဖြစ်ချေပြီ။
၂း၁၄၆။ ကျမ်းပေးခံရသူတို့သည် သူတို့၏ သားမြေးများကို သိမှတ် သကဲ့သို့ သူ့အား သိမှတ်သင့်၏၊ သူတို့မှ တစ်ဖွဲ့သည် အမှန်တရားကို သိနေလျက် နှင့် ဧကန် ထိန်ဝှက်နေကြ၏။
၂း၁၄၇။ အမှန်တရားသည် သင်၏ ကံကြမ္မာရှင်ထံမှ ဖြစ်၏၊ သို့ဖြစ်၍ သင်တို့သည် အချင်းများသူတို့မှ မဖြစ်သင့်ပေ။
၂း၁၄၈။ ဦးတည် မျက်မှောက်ပြုမှု ကိုယ်စီ ရှိကြ၏၊ သို့ဖြစ်ရာ ကောင်းမှု များ၌ ပြိုင်ဆိုင်ကြလော့၊ သင်တို့သည် မည်သည့် နေရာ၌ ရှိစေ ပရမတ် ဘုရားရှင်သည် သင်တို့အား အတူစုရာ ရှိစေပြီ။ ဧကန်ပင် ပရမတ်ဘုရားရှင်သည် သဗ္ဗလုံးစုံအား စည်းချိန်ချမှတ်တော်မူ၏။
၂း၁၄၉။ မည်သည့် နေရာသို့ ထွက်ခွာသည် ဖြစ်စေ သင်တို့သည် ဘေးမဲ့ ဝတ်ကျောင်းတော် ဘက်သို့ ရှေ့ရှု၍ လှည့်လော့၊ မှတ်သားလော့ အမှန်တရားသည် ကံကြမ္မာရှင်၏ထံမှ ဖြစ်၏၊ ပရမတ်ဘုရားရှင် သည် ကျင့်ကြံလေသမျှကို မေ့လျော့ထားသည် မဟုတ်ပေ။
၂း၁၅၀။ မည်သည့် နေရာသို့ ထွက်ခွာသည် ဖြစ်စေ သင်တို့သည် ဘေးမဲ့ ဝတ်ကျောင်းတော်သို့ မျက်နှာမူ လှည့်လော့၊ မည်သည့် နေရာ၌ ရှိသည်ဖြစ်စေ လူသားတို့ အကျိုး ရှိစေရန် ထိုဘက်သို့ မျက်နှာမူ လှည့်လော့၊ သူတို့မှ မိုက်ကြေးခွဲသော သူများမှ လွဲ၍ သင်တို့ကို မစောကြောနိုင်ရန် ဖြစ်၏၊ သူတို့အား မကြောက်ကြနှင့် ငါ့ကိုသာ ကြောက်ကြလော့၊ သင်တို့သည် လမ်းညွှန်မှန်ကို ရကောင်းအံ့ငှာ သင်တို့အား ဂုဏ်မင်္ဂလာဖြင့် ပြည့်စုံစေတော်မူပြီ။
၂း၁၅၁။ သင်တို့၏အနက်မှ ဉာဏ်စဉ်ဆောင် တစ်ပါးအား စေစား သကဲ့သို့ ပင်၊ သူသည် ငါ၏ သုတ်ဒေသနာများကို သင်တို့အား ရွတ်ဖတ်ပြ၏၊ သင်တို့အား သန့်ရှင်း ဖြူစင်စေ၏၊ ကျမ်းတော်နှင့် စီရင်ထုံးကို သင်ကြားပေး၏၊ သင်တို့ မသိခဲ့သည်များကို သင်ပေး၏။
၂း၁၅၂။ ငါ့ကိုသာ အာရုံပြုလော့၊ ငါသည် သင်တို့အား အာရုံပြုတော်မူမည်၊ ကျေးဇူးသိကြကုန်လော့၊ မဖုံးကွယ်ကြကုန်နှင့်။
၂း၁၅၃။ အို-ယုံကြည်သောသူတို့၊ ဝတ်ပြုခြင်း၊ သည်းခံခြင်း များဖြင့် ပံ့ပိုးမှုကို ရှာကြလော့၊ ဧကန်ပင် ပရမတ်ဘုရားရှင်သည် ခန္တီပါရမီရှင်တို့နှင့် အတူ ရှိတော်မူ၏။
၂း၁၅၄။ ပရမတ်ဘုရားရှင်၏ လမ်းစဉ်တော်၌ လုပ်ကြံခံရသူများအား သေကြပြီဟု မပြောဆိုနှင့်၊ သူတို့သည် ရှင်နေလျက်ပင်၊ သို့သော် သင်တို့ သတိမမူနိုင်ကြပေ။
၂း၁၅၅။ ငါသည် သင်တို့အား ကြောက်ရွံမှု၊ ငတ်မွတ်မှု၊ ဥစ္စာပစ္စည်း၊ ဉာဉ်စရိုက်၊ သီးနှံများ ယုတ်လျော့မှု စသောအရာ များဖြင့် စုံစမ်းတော်မူမည်၊ ခန္တီပါရမီရှင်တို့အား သတင်းကောင်းပါးလော့။
၂း၁၅၆။ သူတို့အား ထိခိုက်မှုတစ်ခု ထိခိုက်စေသောအခါ၊ သူတို့က “ကျွန်ုပ်တို့သည် ပရမတ်ဘုရားရှင် အတွက်ပင်၊ အရှင့်ထံသို့သာ ကျွန်ုပ်တို့ ဦးလှည့်ရ မည်သာတည်း၊”ဟု ရင့်ကျူးကြ၏။
၂း၁၅၇။ သူတို့အပေါ်သို့ ကံကြမ္မာရှင်၏ မေတ္တာ၊ ကရုဏာတော်သည် သက်၏၊ သူတို့သည် လမ်းညွှန်ခံရသူများ ဖြစ်၏။
၂း၁၅၈။ ဧကန်ပင် ဆွဖာရ်နှင့် မရ်ဝါတောင်တို့သည် ပရမတ်ဘုရားရှင် သတ်မှတ်သည့် သတိမူစေရာများမှ ဖြစ်၏၊ မည်သူမဆို ဝတ်ကျောင်းတော်၌ ကံဆောင်ပရိဝါ့သ်ပြုသော်၊ သို့မဟုတ် ဂါယာပြုသော် ထိုတောင်တို့အား လှည့် လည်ခြင်းကြောင့် အပြစ်မတင်ထိုက်ပေ၊ စိတ်ပြတ်စွာဖြင့် အကောင်းလုပ်သူ အတွက်၊ ဧကန်ပင် ပရမတ်ဘုရားရှင်သည် ကျေးဇူးပြန်သော အရှင်၊ သိနေသော အရှင် ဖြစ်၏။
၂း၁၅၉။ ရှင်းလင်းသော လမ်းညွှန်များကို ငါ ချမှတ်ပေးပြီးနောက်၊ လူသား တို့ အတွက် ကျမ်းစာမှ ရှင်းလင်းချက်များကို ထိန်ဝှက်ထားသော သူတို့၏ အပေါ်သို့ ပရမတ်ဘုရားရှင်က မေတ္တာဝေးစေပြီ။ မေတ္တာမဲ့ခွင့်ရှိသူတို့၏ မေတ္တာ ဝေးစေပြီ။
၂း၁၆၀။ ခဝါချ၊ ပြုပြင်၊ ရှင်းရှင်း လင်းလင်းရှိသော သူတို့အပေါ် သင်ပုန်း ချေပေးလတ္တံ့၊၊ ငါသည် သင်ပုန်းချေ ပေးသော အရှင် အကြင်နာရှင် ဖြစ်၏။
၂း၁၆၁။ ဖုံးကွယ်သောသူ၊ ထိုဖုံးကွယ်သူ အဖြစ်နှင့်ပင် ဘ၀ပြောင်း၏ ထိုသူတို့အား ပရမတ် ဘုရားရှင်၊ နိမိတ်ဆောင်များနှင့် လူသား အပေါင်း၏ မေတ္တာဝေးစေခြင်း-
၂း၁၆၂။-၌ အစဉ်အမြဲ ဖြစ်၏၊ သူတို့အတွက် ဝဋ်ကြွေးမှာ ပေါ့ပါးစေမည် မဟုတ်၊ စောင့်ကြည့် ခွင့် ပေးမည်လည်း မဟုတ်ပေ။
၂း၁၆၃။ သင်တို့၏ဘုရားရှင်မှာ တစ်ဆူတည်းသာ ဖြစ်၏၊ ထိုကရုဏာရှင် အကြင်နာရှင်မှ အပ အခြား ဘုရား ဟူ၍ မရှိပြီ။
၂း၁၆၄။ မိုးမြေများကို ဖြစ်တည် စေခြင်း၊ နေ့ညများကို အလှည့်ကျ ဖြစ် စေခြင်း၊ လူသားတို့ အကျိုးငှာ လှေ သင်္ဘောများကို ပင်လယ်ပြင်၌ ရွက်လွှင့်စေ ခြင်း၊ သေနေပြီးသော မြေကမ္ဘာကို မိုးတိမ်တိုက်မှ ပရမတ်ဘုရားရှင်က ချပေး သည့် ရေဖြင့် ပြန်ရှင်စေလျက် သတ္တဝါ မျိုးစုံ ပျံ့ပွားစေခြင်း၊ လေလမ်းကြောင်း များအား ဘက်ပြန်စေခြင်းနှင့် မိုးနှင့်မြေ ကြား ရှိသမျှအား အသုံးခံ ဖြစ်စေခြင်း တို့မှာ အတွေးအခေါ် ရှိသော လူမျိုးအတွက် သုတ်ဒေသနာ များပင် ဖြစ်ချေ၏။
၂း၁၆၅။ လူသားတို့အနက် ပရမတ်ဘုရားရှင် မှလွဲ၍ ဂုဏ်တုပြိုင်လျက် အယူထားသူတို့ ရှိ၏၊ သူတို့အား ပရမတ်ဘုရားရှင်အား နှစ်သက်သလို နှစ်သက် နေကြ၏၊ ယုံကြည်သော သူတို့သည်ကား ပရမတ်ဘုရားရှင်၌ နှစ်သက်မှုမှာ ပြတ်သားလှချေ၏၊ ဝဋ်ကြွေးကို မြင်တွေ့ရသောအခါ၊ အစွမ်းသတ္တိ အားလုံးသည် ပရမတ်ဘုရားရှင်၌သာ ရှိ၏၊ ပရမတ်ဘုရားရှင်သည် ပြင်းထန်စွာ ဝဋ်ဒဏ်သင့်စေ ၏ဟု မိုက်ကြေးခွဲသောသူတို့ မြင်တွေ့ရလတ္တံ့။
၂း၁၆၆။ ကိုးကွယ်ခံများသည် တပည့်ဒကာတို့မှ ကင်းရှင်းကုန်အံ့၊ ဝဋ်ကြွေးကို မြင်တွေ့ရကုန်အံ့၊ ထိုအခါ သူတို့၏ နှောင်ဖွဲ့မှုများ ပြတ်တောက်သွားလတ္တံ့။
၂း၁၆၇။ တပည့်ဒကာများက “အကယ်၍သာ ကျွန်ုပ်တို့ အဘို့ အလှည့်ပြန်ရလျှင် ကျွန်ုပ်တို့အား ကင်းရှင်းခဲ့သလို သူတို့ကို ကင်းရှင်းပစ်ကြမည်၊”ဟု ပြောဆိုလတ္တံ့၊ ပရမတ်ဘုရားရှင်သည် သူတို့၏ ကျင့်ကြံ ခဲ့ရာမှာ သူတို့အတွက် ကြေကွဲစရာ ဖြစ်ကြောင်း မြင်တွေ့စေမည်၊ သူတို့သည် အပူမီးမှ ထွက်ကြရမည့်သူများ မဟုတ်ပေ။
၂း၁၆၈။ အို၊ လူသားအပေါင်းတို့- မြေကမ္ဘာ၌ တရားဝင် စင်ကြယ်ရာကို စားသုံးကြလော့၊ မကောင်းဆိုးဝါး၏၊ ခြေရာ နောက်သို့ မလိုက်နာကြနှင့်၊ သူသည် သင်တို့အတွက် ရှင်းလင်းထင်ရှားစွာ စည်းဖေါက်သူ ဖြစ်၏။
၂း၁၆၉။ သူသည် သင်တို့အား အကုသိုလ်မှု ကိုယ်ကျင့်ပျက်မှုနှင့် ပရမတ်ဘုရားရှင် အပေါ် သင်တို့ မသိသည်များကို ပြောဆိုရန် ညွှန်ကြားလတ္တံ့။
၂း၁၇၀။ သူတို့အား “ပရမတ်ဘုရားရှင် ချမှတ်ပေးသည်ကို လိုက်နာကြလော့၊” ဟု ပြောသောအခါ၊ “ကျွန်ုပ်တို့ တွေ့ရှိရာ မိရိုးဖလာကို လိုက်နာပါပြီ၊”ဟု ပြန်ပြော ကြ၏၊ အမှန်မှာ သူတို့၏ ဘဘိုးများသည် အတွေးအခေါ် တစ်စုံတစ်ရာ မရှိ၊ လမ်းညွှန်မှန်၌ မရှိချေ။
၂း၁၇၁။ ဖုံးကွယ်သောသူများ အတွက် ဥပမာကား ဖိတ်ကြားသံ အော်ခေါ်သံမှ အပ ကြားနိုင်စွမ်း မရှိသော အော်ဟောက်ရသောသူ ပမာ ဖြစ်၏၊ ပင်းသူ၊ အသူ၊ ကန်းသူ ထိုသူတို့သည် တွေးခေါ်နိုင်ကြမည် မဟုတ်ချေ။
၂း၁၇၂။ အို-ယုံကြည်သောသူတို့၊ သင်တို့အား ငါ ပေးရာ ရိက္ခာမှ စင်ကြယ် ရာကို စားသုံးကြလော့၊ သင်တို့သည် ပရမတ်ဘုရားရှင်ကိုသာ ကိုးကွယ်ကြလျှင် အရှင့်အား ကျေးဇူးသိကြကုန်လော့။
၂း၁၇၃။ အရှင် တားမြစ်သည်မှာ အသေသား၊ သွေး၊ ဝက်သား၊ ပရမတ်ဘုရားရှင် မှကင်း၍ အခြား အရာကို တိုင်တည် လှီးသတ် သော အသားတို့ ဖြစ်၏၊ အပြစ်ရှာခြင်း ကင်းလျက် စည်းမဖေါက်လိုဘဲ တွန်းပို့ခံရသူ အတွက် အကုသိုလ် မဟုတ်ချေ၊ ပရမတ်ဘုရားရှင်သည် လွတ်ငြိမ်း စေသော အရှင်၊ အကြင်နာရှင် ဖြစ်တော်မူ၏။
၂း၁၇၄။ ပရမတ်ဘုရားရှင် ချမှတ်ပေးသည့် ကျမ်းတော်မှ တစ်စိတ်တစ်ပိုင်း ကို ထိန်ဝှက်လျက် ၎င်းကို တန်ဘိုးချ ရောင်းစားသော သူတို့သည် သူတို့၏ ဝမ်းတွင်းသို့ မီးကိုသာ စားမြိုခြင်းမည်၏၊ ရပ်တည်ရသော နေ့၌ ပရမတ်ဘုရားရှင် က ဗျာဒိတ်တော်ပေးမည် မဟုတ် သန့်ရှင်းဖြူစင်စေမည်လည်း မဟုတ်ပေ။ သူတို့အတွက် စူးနစ်သော ဝဋ်ကြွေးသည် ရှိ၏။
၂း၁၇၅။ လမ်းလွဲအား လမ်းညွှန်မှန်ကို ဝဋ်ကြွေးအား လွတ်ငြိမ်းခွင့်ဖြင့် ရောင်းဝယ်သော သူတို့သည် မည်သို့ မည်ပုံ အပူမီး၌ ကြံကြံ ခံနိုင်အံ့နည်း။
၂း၁၇၆။ ဤသည်မှာ ပရမတ်ဘုရားရှင်သည် သစ္စာတရား အားဖြင့် ကျမ်းတော်အား ချမှတ်ပေးသောကြောင့်တည်း၊ ဧကန်ပင် ကျမ်းတော်၌ သဘောကွဲသော သူတို့သည် ဂိုဏ်းခွဲ နောက်ကျန်ရစ်ကြ၏။
၂း၁၇၇။ အရှေ့၊ အနောက်တို့အား ရှေ့ရှု မျက်နှာလှည့်ခြင်းဖြင့် သင်တို့ အတွက် ကောင်းမှု မမည်သေး။ သို့ရာတွင်- ပရမတ်ဘုရားရှင်၊ နောင်ဘ၀ နေ့ ကာလ၊ နိမိတ်ဆောင်များ၊ ကျမ်းတော်နှင့် သတင်းတော်ဆောင်များကို ယုံကြည်သူ၊ မိမိ နှစ်သက်သော ဥစ္စာ ပစ္စည်းကို ဆွေမျိုးနီးစပ်၊ မိဘမဲ့၊ နွမ်းပါးသူ၊ ခရီးသည်၊ တောင်းခံသူနှင့် ကျွန်စနစ် ဖျက်သိမ်းရေး အတွက် ပေးကမ်းသူ၊ ဝတ်ပြု မြဲ၍ အခွန်ငွေဖြူ ပေးသူ၊ ပဋိညာဉ်ပြု သောအခါ ပဋိညာဉ်၌ ပြီးပြည့်စေသူ၊ အမင်္ဂလာ နစ်နာရခြင်းနှင့် အမင်္ဂလာ ခေတ်ဆိုး၌ ခန္တီပါရမီရှိသူတို့သည်သာ သီလရှိသူ တို့သည်သာ ကောင်းမှု မည်၏။ သူတို့သည်ကား ဖြောင့်မှန်သောသူများ ဖြစ်ကြ၏၊ သူတို့သည်ကား စည်းစောင့်သူများ ဖြစ်ကြ၏။
၂း၁၇၈။ အို- ယုံကြည်သောသူတို့၊ လူသတ်မှုများ အတွက် ဖေါ်ပြမှုမှာ လူလွတ်အတွက် လူလွတ်၊ ဝန်ထမ်း အတွက် ဝန်ထမ်း၊ လိင်မ အတွက် လိင်မဟူ၍ သင်တို့အား ပြဌာန်းပြီ။ သို့သော် ခံရသူ၏ သားချင်းများက လျော်ကြေး တစ်စုံ တစ်ရာဖြင့် ကျေအေးရန် ကမ်းလှမ်းလျှင် အသိအမှတ်ပြု လိုက်နာ၍ သူ့ကို တင့်တယ်စွာ ဆက်ဆံရမည်။ ဤသည် ကံကြမ္မာရှင်၏ ထံမှ ပေါ့ပါးစေခြင်းနှင့် ကရုဏာသက်ခြင်းပင် ဖြစ်၏၊ မည်သူမဆို တဖန် စည်းဖေါက်သူ ဖြစ်လျှင် စူးနစ် သော ဝဋ်ကြွေးသည် ရှိ၏။
၂း၁၇၉။ ထိုဖေါ်ပြမှု၌ သင်တို့ အတွက် အသက်ဆက်ခွင့် ရှိ၏။ အို- သဘောပေါက်နိုင်စွမ်း ရှိသူတို့၊ သင်တို့ စည်းစောင့်အံ့ငှာ ဖြစ်၏။
၂း၁၈၀။ သင်တို့မှ တစ်စုံတစ်ဦးသည် အနိစ္စရောက်ချိန်တန်လျှင်၊ မွေးမိဘ များ ဆွေမျိုးနီးစပ်များ အတွက် ကောင်းမွန်စွာ အသိအမှတ်ပြု သေတမ်းစာ ချန်ထားခဲ့ရန် သင်တို့အား ပြဌာန်းသည်မှာ- စည်းစောင့်သူတို့ အတွက် သစ္စာ ဖြစ်၏။
၂း၁၈၁။ မည်သူမဆို ၎င်းကို ကြားနာပြီးမှ လွှဲပြောင်းခဲ့သော် ထိုလွှဲပြောင်း သောသူများ အပေါ်၌သာ အပြစ် ရှိ၏၊ ဧကန်ပင် ပရမတ်ဘုရားရှင်သည် ကြားနေ သော အရှင် သိနေသော အရှင် ဖြစ်ပေ၏။
၂း၁၈၂။ သို့သော် သေတမ်းစာ ရေးသူ၏ မှားယွင်းမှု သို့မဟုတ် ပြစ်မှုကို စိုးရိမ်၍ သူတို့၏ကြား ပြုပြင်လိုသောသူသည် အပြစ် မရှိချေ၊ ဧကန်ပင် ပရမတ်ဘုရားရှင်သည် လွတ်ငြိမ်းစေသော အရှင် အကြင်နာရှင် ဖြစ်၏။
၂း၁၈၃။ အို- ယုံကြည်သောသူတို့၊ သင်တို့ ရှေ့အလျင် သူများအား ပြဌာန်း သကဲ့သို့ သင်တို့အပေါ်၌ ဥပုသ်စောင့်ရန် ပြဌာန်းတော်မူပြီ၊ သင်တို့ စည်းစောင့် အံ့ငှာ
၂း၁၈၄။ တွက်ချက်ထားသော ရက်များပင်။ အကြင်သူသည် ဖျားနာနေ သို့မဟုတ် လမ်းခရီး၌ ရှိနေလျှင် နောင်၌ တွက်ချက် ရက် ဖြည့်ရမည်၊ အင်အား ရှိသောသူ၏ အပေါ်၌- နွမ်းပါးသူအား ကျွေးမွေး၍ အစားထိုးနိုင်၏၊ စိတ်ပြတ် စွာဖြင့် အကောင်း လုပ်သူ၏- ထိုကောင်းမှုသည် သူ့အတွက်ပင် ဖြစ်၏၊ ဥပုသ် စောင့်ခြင်းသည် ပိုကောင်း၏ သင်တို့ သိကြပါလေစ။
၂း၁၈၅။ ရမ်ဿွန်လ၊ ထိုလ၌ လူသားတို့အား လမ်းညွှန်ချက်၊ လမ်းညွှန် တော်မှ ရှင်းလင်းချက်များနှင့် ခွဲခြမ်းစိတ်ဖြာဖွင့်ဆိုသည့် ကုရ်အာန်အား ချမှတ်ပေး တော်မူ၏၊ သင်တို့ အနက် ထိုလအား မျက်မှောက်သက်သေ ရှိသူသည် ဥပုသ် စောင့်ရမည်၊ အကြင်သူသည် ဖျားနာနေ သို့မဟုတ် လမ်းခရီး၌ ရှိနေလျှင် နောင်၌ တွက်ချက် ရက်ဖြည့်ရမည်၊ ပရမတ်ဘုရားရှင်သည် သင်တို့အား လွယ်ကူစေလို၍ သင်တို့ အတွက် ခက်ခဲစေလိုတော် မမူခြင်းမှာ သင်တို့သည် တွက်ချက် ဖြည့်ဆီးနိုင် ရန်၊ ပရမတ်ဘုရားရှင်- ကြီးကျယ်ကြောင်းကို မှတ်နိုင်ရန်၊ သင်တို့ လမ်းညွှန်မှန် ရနိုင်ရန်နှင့် ကျေးဇူးသိတတ်အံ့ငှာ ဖြစ်၏။
၂း၁၈၆။ ငါနှင့် ပတ်သက်၍ ငါ၏ အမှုတော်ဆောင်ထံ၌ သင်တို့ မေးမြန်း ကြပြီ၊ ငါသည်ကား နီးကပ်စွာရှိ၏၊ ငါ့အား တသ၍ တသ ဆုတောင်းသူ၏ တသခြင်းကို ငါ တုန့်ပြန်တော်မူ၏၊ သူတို့သည်လည်း ဖြောင့်မတ်အံ့ငှာ ငါ့အား ယုံကြည်မှုဖြင့် တုန့်ပြန်စေလော့။
၂း၁၈၇။ ဥပုသ်ညများ၌ သင်တို့၏ အမျိုးသမီးများနှင့် မေထုံပြုခြင်းသည် သင်တို့ အဘို့ တရားဝင်၏၊ သူတို့သည် သင်တို့အတွက် ဆင်ယင်စရာ၊ သင်တို့သည် သူတို့အတွက် ဆင်ယင်စရာပင် ဖြစ်၏၊ သင်တို့၏ဉာဉ်၌ သစ္စာမခိုင် ဖြစ်ခဲ့ရသည်ကို ပရမတ်ဘုရားရှင် သိတော်မူ၍ သင်တို့အား သင်ပုန်းချေတော်မူပြီ၊ သင်တို့အား ကျေအေးတော်မူပြီ၊ သို့ဖြစ်၍ သူမတို့နှင့် ပေါင်းသင်းနိုင်၏၊ သင်တို့ အတွက် ပရမတ်ဘုရားရှင် ပြဌာန်းထားသည်ကို ရှာဖွေကြလော့၊ အဖြူမျှင်သည် အမည်း မျှင်မှ ရှင်းလင်းစေသည့် ဖြာထွက်ချိန် အထိ စားကြသောက်ကြကုန်လော့၊ ထို့နောက် ညသို့တိုင် ဥပုသ်သီလ ပြီးပြည့်စေလော့၊ သင်တို့သည် ဝတ်ကျောင်း တော်များ၌ ၀ဇီပိတ်ကျင့်နေစဉ် သူမတို့နှင့် မပေါင်းသင်းရ၊ ယင်းသည် ပရမတ် ဘုရားရှင်၏ စည်မျဉ်း ဖြစ်၍ ထိုအပါးသို့ မချည်းကပ်ကြနှင့်၊ ပရမတ်ဘုရားရှင် သည် လူသားတို့ အတွက် သုတ်ဒေသနာများကို ဤကဲ့သို့ ရှင်းလင်းထားခြင်းမှာ သူတို့ စည်းစောင့်နိုင်အံ့ငှာ ဖြစ်၏။
၂း၁၈၈။ သင်တို့ချင်းကြား ဥစ္စာပစ္စည်းများကို အမှားပြုလျက် မစားသုံး ကြနှင့်၊ လူသားတို့၏ ဥစ္စာ ခွဲတမ်းဟု သိနေပါလျက် အပြစ်သင့်စွာ စားသုံးရန် စီရင်ထုံးချသူတို့ထံ မဖားကြနှင့်။
၂း၁၈၉။ လဆန်းပက္ခများအကြောင်း မေးကြသူတို့အား၊ ပြောလော့ “၎င်းတို့ သည် လူသားတို့အတွက် ပြက္ခဒိန် ပြဌာန်းရန်နှင့် ကံဆောင်ပရိဝါ့သ် အတွက် ဖြစ်၏” “အိမ်များကို နောက်မှ ချဉ်းကပ်ခြင်းသည် ကောင်းမှု မဟုတ်ချေ၊ သို့သော် စည်းစောင့်ခြင်းသည်သာ ကောင်းမှု ဖြစ်၏၊ အိမ်များကို တံခါးပေါက်များမှ ဝင်ကြ လော့၊ အောင်မြင်ပေါက်မြောက်အံ့ငှာ ပရမတ်ဘုရားရှင်အား စည်းစောင့်ကြလော့။”
၂း၁၉၀။ သင်တို့အား တိုက်ခိုက်သော သူများကို ပရမတ်ဘုရားရှင်၏ လမ်းစဉ်တော် ခုခံတိုက်ကြလော့၊ သို့သော် စည်းမဖေါက်ကြနှင့်၊ ပရမတ်ဘုရားရှင် သည် စည်းဖေါက်သူများအား နှစ်သက်တော် မမူချေ။
၂း၁၉၁။ သူတို့အား ထိပ်ဆိုင်တိုး ရာ နေရာတိုင်း၌ ခုခံတိုက်ကြလော့၊ သင်တို့အား နှင်ထုတ်သော နေရာများမှ သူတို့အား နှင်ထုတ်ကြလော့၊ သွေးတိုးစမ်းခြင်းသည် သတ်ဖြတ်ခြင်းထက် ပို၍ ပြင်းထန်၏၊ ဘေးမဲ့ဝတ်ကျောင်းတော်၏ အပါး၌ သင်တို့အား မတိုက်ခိုက်သ၍ သူတို့အား မတိုက်ခိုက်ကြနှင့်၊ သို့သော် သူတို့က တိုက်ခိုက်လာလျှင် သူတို့အား ခုခံတိုက်ခိုက်ကြလော့၊ ဤသည်မှာ ဖုံးကွယ်သူများ အတွက် အစားပေးခြင်း ဖြစ်၏။
၂း၁၉၂။ သို့သော် သူတို့ ဘက်က ရပ်စဲကြလျှင်၊ ဧကန်ပင် ပရမတ်ဘုရားရှင် သည် လွတ်ငြိမ်းစေသော အရှင် အကြင်နာရှင် ဖြစ်၏။
၂း၁၉၃။ သွေးတိုးစမ်းခြင်း မရှိတော့သည်ထိ သူတို့အား ခုခံတိုက်ခိုက်ကြ လော့၊ သာသနာသည် ပရမတ်ဘုရားရှင် အတွက်သာ ဖြစ်သင့်၏၊ သို့သော် သူတို့ ဘက်က ရပ်စဲကြသော်၊ အမိုက်ကောင်များ အပေါ် မှလွဲ၍ စည်းမဖေါက်ကြနှင့်။
၂း၁၉၄။ ဘေးမဲ့လများသည် ဘေးမဲ့လများနှင့် အခြားသော ဘေးမဲ့ပေးထားသည့် ဖေါ်ပြမှုများ အတွက် ဖြစ်၏၊ သင်တို့ အပေါ် စည်းဖေါက် သူအား သင်တို့ကို စည်းဖေါက်မှုနှင့် အလားတူ စည်းဖေါက်နိုင်၏၊ ပရမတ်ဘုရားရှင်အား စည်းစောင့် ကြကုန်လော့၊ သိကြကုန်လော့ ပရမတ်ဘုရားရှင်သည် စည်းစောင့်သူများနှင့် အတူ ရှိတော်မူ၏။
၂း၁၉၅။ ပရမတ်ဘုရားရှင်၏ လမ်းစဉ်၌ သုံးစွဲကြလော့၊ သင်တို့၏ လက်များကြောင့် တိမ်ကောမှု ဆီသို့ မဆုံတွေ့စေနှင့်၊ သုမင်္ဂလာပြုကြလော့၊ ဧကန်ပင် ပရမတ်ဘုရားရှင်သည် သုမင်္ဂလာ ပြုသူများအား နှစ်သက်တော်မူ၏။
၂း၁၉၆။ ကံဆောင်ပရိဝါ့သ်နှင့် ဂါယာပြုခြင်းကို ပရမတ်ဘုရားရှင် အတွက် ပြီးပြည့်စေလော့၊ သို့သော် သင်တို့ ထိန်းချုပ်ခံထားရလျှင် လွယ်ကူသော အလှု ဝတ္ထုကို ပို့လော့၊ အလှုဝတ္ထုများ ဘောင်ဝင်ရာသို့ မဆိုက်မြိုက်မှီ ဦးခေါင်းများကို မရိတ်ကြနှင့်၊ သင်တို့မှ ဖျားနာသူ၊ ဦးခေါင်း ထိခိုက်ထား သူတို့ ဖြစ်လျှင် ဥပုသ် စောင့်ခြင်း၊ အလှုပေးခြင်း၊ ဝတ်ဖြည့်ခြင်းများဖြင့် အစားထိုးနိုင်၏၊ စိတ်ချမ်းမြေ့ စွာ၊ ဂါယာပြုရင်း ပရိဝါ့သ်ပြုသောအခါ သင်တို့အတွက် လွယ်ကူသော ဝတ္ထုကို လှုလော့၊ ကိုယ်တွေ့ မဖြစ်နိုင် သူသည် ပရိဝါ့သ် အတွင်း ဥပုသ် သုံးရက်၊ ပြန်လာ သောအခါ ခုနှစ်ရက် စုပေါင်း ဆယ်ရက်ပြည့် စောင့်ရမည်၊ ၎င်းသည် ဘေးမဲ့ ကျောင်းတော်၏ အသင့်နေ နယ်ခံသား မဟုတ်သူတို့ အတွက် ဖြစ်၏၊ ပရမတ် ဘုရားရှင်အား စည်းစောင့်ကြလော့၊ သိကြကုန်လော့ ပရမတ်ဘုရားရှင်သည် ပြတ် သားစွာ ချုပ်ကိုင်နိုင်တော်မူ၏။
၂း၁၉၇။ ကံဆောင်ပရိဝါ့သ်ပြုရန် လများမှာ သိရှိစေပြီး ဖြစ်၏၊ ထိုလများ၌ ကံဆောင်ပရိဝါ့သ်ပြုရန် တာဝန်ရှိသူသည် ပရိဝါ့သ်တွင်း၌ မေထုံမပြုရ၊ မယုတ်မာ ရ၊ မငြင်းခုံရပေ။ မည်သည့် ကောင်းမှုကို မဆို ပြုလုပ်အံ့၊ ပရမတ်ဘုရားရှင်က သိနေတော်မူ၏၊ ပြင်ဆင်စီမံကြလော့၊ အကောင်းဆုံး ပြင်ဆင်စီမံမှုမှာ စည်းစောင့် မှုပင် ဖြစ်၏၊ အို- သဘောပေါက် နိုင်စွမ်း ရှိသူတို့၊ ငါ့အား စည်းစောင့်ကြကုန်လော့။
၂း၁၉၈။ သင်တို့၏ ကံကြမ္မာရှင်ထံမှ သိက္ခာရမှုကို ရှာဖွေသူတွင် အပြစ် မရှိပေ။ အာရာဖတ်ရင်ပြင်မှ သင်တို့စုပြုံလာစဉ် ဘေးမဲ့မှတ်တိုင်၌ ပရမတ် ဘုရားရှင်အား သတိရရှုမှတ်ကြလော့၊ သင်တို့အား လမ်းညွှန်ထားသည့် အတိုင်း အရှင့်အား သတိရကြလော့၊ ရှေ့အလျင်က သင်တို့သည် လမ်းလွဲသူများမှ ဖြစ်ခဲ့ ကြ၏၊
၂း၁၉၉။ တဖန် လူအများ စုပြုံလာသော နေရာမှ စုပြုံလာကြ၍ ပရမတ် ဘုရားရှင်၏ ထံ၌ လွတ်ငြိမ်းဆုပန်ကြလော့၊ ဧကန်ပင် ပရမတ်ဘုရားရှင်သည် လွတ်ငြိမ်းစေသော အရှင်၊ အကြင်နာရှင် ဖြစ်တော်မူ၏။
၂း ၂၀၀။ သင်တို့၏ ဝတ်ဖြည့် မှုများ ပြီးပြတ်သော် ပရမတ်ဘုရားရှင်အား သင်တို့၏ ဘဘုရားများကို သတိရ သကဲ့သို့ သတိရကြလော့၊ သို့မဟုတ် ထို့ထက် ပြတ်သားစွာ သတိရကြလော့။ လူသားတို့အနက် “အို- ကံကြမ္မာရှင် တပည့်တော်တို့အား လောကီဆုကိုသာ ပေးပါ၊”ဟု တောင်းဆိုသူများ အတွက်၊ အနာဂါတ် ဖြစ်တည်မှု မရှိပေ။
၂း၂၀၁။ သူတို့မှ “အို- ကံကြမ္မာရှင် တပည့်တော်တို့အား လောကီဘ၀၌ တင့်တယ်မှုနှင့် နောင်ဘ၀၌ တင့်တယ်မှုကို ပေးတော်မူပါ၊ အပူမီး ဝဋ်ကြွေးမှ ကာကွယ်တော်မူပါ၊”ဟု တသသူများ ရှိ၏။
၂း၂၀၂။ ထို သူများအဘို့ သူတို့ ကျင့်ဆောင် ခဲ့ရာ၏ ပင်ပန်းရကျိုးသည် ရှိနေ၏၊ ပရမတ်ဘုရားရှင်သည် အချိန်နှင့်တပြေးညီ စရင်းစစ်နေတော်မူ၏။
၂း၂၀၃။ တွက်ချက်ထားသော ရက်များတွင် ပရမတ်ဘုရားရှင်အား သတိတရ ရှိလော့၊ စည်းစောင့်သူဖြစ်လျှင် နှစ်ရက် အလျှင် စော၍ ပြန်သူ အတွက် အပြစ် မရှိပေ၊ နောက်ကျသူ အတွက်လည်း အပြစ် မရှိပေ။ ပရမတ်ဘုရားရှင်အား စည်းစောင့်ကြလော့၊ သင်တို့ သည် အရှင့်ထံသို့သာ စုစည်းခံရမည်ကို သိကြကုန် လော့။
၂း၂၀၄။ လူတို့အနက် သင်တို့အား လောကီသက်တမ်း၌ အံ့ဩလောက် အောင် ပြော၍ သူ၏နှလုံးသားကိုပင် ပရမတ်ဘုရားရှင်၌ သက်သေထားပြသူ ရှိ၏၊ သူသည် ရန်လို အချေအတင်ပြုသူများ ဖြစ်၏။
၂း၂၀၅။ သူသည် အလှည့်ပေးသောခါ နယ်မြေတလျှောက် အဖျက်လုပ်ငန်း လုံ့ပန်းကြ၏၊ စိုက်ပျိုးထားရာများ၊ စုဆောင်း ထားရာများကို တိမ်ကောစေ၏၊ ပရမတ်ဘုရားရှင်သည် အဖျက်လုပ်ခြင်းကို နှစ်သက်တော်မမူပေ။
၂း၂၀၆။ ပရမတ်ဘုရားရှင်အား စည်းစောင့်ရန် သူ့ကို ပြောဆို သောအခါ၊ သူ၏ ဘုန်းကံက သူ့အား အကုသိုလ်သို့ ဆွဲယူသွား၏၊ အမင်္ဂလာ ညိမ့်ညောင်းရာ ငရဲဘုံသည် သူ့ အတွက် စရင်းချုပ် ဖြစ်၏။
၂း၂၀၇။ လူတို့အနက် မိမိ၏ဉာဉ်စရိုက်အား ပရမတ်ဘုရားရှင်၏ နှစ်သက် ကျေနပ်မှုကို ရှာဖွေရန် ရောင်းချသူ ရှိ၏၊ ပရမတ်ဘုရားရှင်သည် အမှုတော် ဆောင်များ အတွက် ညှာတာတော်မူသော အရှင် ဖြစ်၏။
၂း၂၀၈။ အို- ယုံကြည်သော သူတို့ အစ္စလာမ်သာသနာ တွင်းသို့ ယတိပြတ် ဝင်ကြကုန်လော့၊ မကောင်းဆိုးဝါး ၏ ခြေရာကို မလိုက်နာကြနှင့်၊ သူသည် သင်တို့ အတွက် ရှင်းလင်းထင်ရှားစွာ စည်းဖေါက်သူ ဖြစ်၏။
၂း၂၀၉။ သင်တို့၏ ထံသို့ ရှင်းလင်းချက်များ ရောက်လာစေပြီးမှ သင်တို့ ချော်ထွက်ခဲ့သော်၊ ဧကန်ပင် ပရမတ်ဘုရားရှင်သည် ဘုန်းတော် အရှင်၊ ဓမ္မသတ်ရှင် ဖြစ်ကြောင်းကို သိကြကုန် လော့။
၂း၂၁၀။ ပရမတ်ဘုရားရှင်က တိမ်လိပ် အရိပ်ထဲမှ အပြီးသတ် ညွှန်ကြား ချက်ကို နတ်ဒေဝါများဖြင့် ရောက်လာစေမည်ဟုသာ စောင့်ကြည့်နေကြသလော၊ အမှန်မှာ ညွှန်ကြားချက်များသည် ပရမတ်ဘုရားရှင်၏ ထံသို့သာ ဦးလှည့်ရမည် သာတည်း။
၂း၂၁၁။ ရှင်းလင်းသော သုတ်ဒေသနာများမှ သူတို့အား မည်၍မည်မျှ ပေးအပ်ခဲ့သည်ကို ဂျူး လူမျိုးတို့အား သင် မေးမြန်းလော့၊ ပရမတ်ဘုရားရှင်၏ ဂုဏ်ပေးမှု ရောက်လာစေပြီးမှ မည်သူမဆို ၎င်းကို လွှဲပြောင်းခဲ့သော် ဧကန်ပင် ပရမတ်ဘုရားရှင်သည် ပြတ်သားစွာ ချုပ်ကိုင်နိုင်တော်မူ၏။
၂း၂၁၂။ လောကီ သက်တမ်း၏ ဖမ်းစားခံထားရသော ဖုံးကွယ်သူတို့က ယုံကြည်သောသူတို့အား ပျက်ရယ်ပြုကြ၏၊ ရပ်တည်ရသော နေ့ကာလတွင် စည်းစောင့်သောသူတို့သည် အသာစီးရမည်ပင်၊ ဧကန်ပင် ပရမတ်ဘုရားရှင်သည် စံချိန်ပြည့်သူအား စာရင်းမဲ့ ရိက္ခာ ထောက်တော်မူ၏။
၂း၂၁၃။ လူသားသည် အသိုင်းအဝိုင်း တစ်ခုတည်းမှ ဖြစ်ခဲ့၏၊ ပရမတ် ဘုရားရှင်သည် သတင်းတော်ဆောင်များကို သတင်းကောင်း ပါးသူများ သတိပေး သူများ အဖြစ် ပွင့်ပေါ်စေတော်မူ၏။ လူသားတို့ အကြား ကွဲလွဲမှုများကို စီရင်ထုံးချ နိုင်ရန် အလို့ငှာ ထိုကိုယ်တော်များဖြင့် သစ္စာဓမ္မ ကျမ်းတော်ကို ကိန်းဝပ်ချမှတ် ပေးတော်မူ၏၊ ယင်း၌ ကွဲလွဲမှု အလျှဉ်းမရှိ၊ ပေးအပ်ခံရသော သူတို့ထံသို့ ရှင်းလင်းချက်များ ရောက်လာစေပြီးမှသာ သူတို့ချင်းကြား အပြစ်ရှာလိုကြ၏၊ ပရမတ်ဘုရားရှင်သည် ကွဲလွဲမှုများနှင့် စပ်လျဉ်း၍ ယုံကြည်သော သူတို့အား သစ္စာ တရားကို အရှင့်ခွင့်ပြုချက် အလျောက် လမ်းညွှန်တော်မူပြီ၊ ဧကန်ပင် ပရမတ် ဘုရားရှင်သည် စံချိန်ပြည့်သူအား ဖြောင့်မှန်သော လမ်းစဉ်သို့ ညွှန်တော်မူပေ သတည်း။
၂း၂၁၄။ သို့တည်းမဟုတ် သင်တို့သည် သုခဘုံသို့ ဝင်ရလိမ့်မည်ဟု စိတ်ကူး ယဉ် နေကြသလော၊ အမှန်မှာ လွန်ခဲ့သော သင်တို့ ရှေ့မှ ဖြစ်သူများ ထံသို့ ထိသက် သော အမင်္ဂလာ၊ နစ်နာရမှု၊ တုန်လှုပ်ရမူ ကဲ့သို့ သင်တို့ထံသို့ မရောက်သေးပေ၊ ဉာဏ်စဉ်ဆောင်နှင့် အပါးတော်မှ ယုံကြည်သောသူ အပေါင်းသည်ပင် “ပရမတ် ဘုရားရှင်၏ ကူညီစောင်မမှု မည်သည့်အခါ ရအံ့နည်း၊”ဟု တသခဲ့ရ၏၊ ယခုမူ- ဧကန်ပင် ပရမတ်ဘုရားရှင်၏ ကူညီ စောင်မမှုမှာ နီးကပ်လျက်ပင် ရှိချေပြီ။
၂း၂၁၅။ “မည်သည့်အရာအား သုံးစွဲရမည်နည်း၊”ဟု မေးကြသူတို့အား “ကောင်းမွန်ရာမှ မည်သည့်အရာကို မဆို- မွေးမိဘများ၊ ဆွေမျိုးနီးစပ်များ၊ မိဘမဲ့ များ၊ နွမ်းပါးသူများ၊ ခရီးသည်များအတွက် သုံးစွဲကြလော့၊ ပြုလုပ်သော ကောင်းမှု များကို ပရမတ်ဘုရားရှင်က ဧကန်မုချ သိနေတော်မူသော အရှင် ဖြစ်၏။”ဟု ဟော ကြားလော့။
၂း၂၁၆။ သင်တို့ မကြိုက်သော်လည်း ခုခံစစ်ဆင်နွှဲရန် သင်တို့အား ပြဌာန်း တော်မူပြီ၊ သင်တို့ မကြိုက်သော အရာသည် သင်တို့ အတွက် အကောင်း ဖြစ်နိုင်၍ သင်တို့ နှစ်သက်သော အရာသည် သင်တို့အတွက် အဆိုး ဖြစ်နိုင်ရာ၏၊ ပရမတ် ဘုရားရှင်သည် သိနေတော်မူ၏၊ သင်တို့သည်ကား သိကြသည် မဟုတ်ချေ။
၂း၂၁၇။ ဘေးမဲ့လများ၌ စစ်ခံတိုက်ခြင်းနှင့် ပတ်သက်၍ မေးလာသူတို့အား၊ ဟောပြော လော့ “စစ်ခံတိုက်ခြင်းသည် ကြီးလေးလှ၏၊ သို့ရာတွင် ပရမတ်ဘုရားရှင်၏ လမ်းစဉ်တော်မှ ဖယ်ခိုင်းခြင်း၊ ၎င်းကို ဖုံးကွယ်ခြင်း၊ ဘေးမဲ့ဝတ်ကျောင်းတော်မှ ကျောင်းတော်သားများကို မောင်းထုတ်ခြင်းများသည် ပရမတ်ဘုရားရှင်၏ ထံ တော်၌ ပို၍ ကြီးလေးလှချေ၏၊ သွေးတိုးစမ်းခြင်းသည် သတ်ဖြတ်ခြင်းထက် ပို၍ ကြီးလေး၏၊ တတ်နိုင်လျှင် သင်တို့သည် သင်တို့၏ သာသာနာမှ လှည့်မပြန် သ၍ သင်တို့အား တိုက်ခိုက်ခြင်းကို ရပ်နားကြမည် မဟုတ်ချေ။ သင်တို့ အနက် သာသာနာတော်မှ ဖေါက်ပြန်၍ ဖုံးကွယ်သူ အဖြစ်ဖြင့် အနိစ္စ ရောက်သော သူသည် သူတို့၏ ကျင့်ကြံခဲ့မှုများမှာ ဤဘ၀ နောင်ဘ၀ အတွက် အချည်းနှီးပင် ဖြစ်၏၊ သူတို့သည် အပူမီး၏ ပေါင်းဖေါ်များ ဖြစ်ကြ၍ ထို၌ အစဉ်ခံစားရမည်ပင်။”
၂း၂၁၈။ ဧကန်ပင် ယုံကြည်သောသူ၊ ထို့နောက် ပြောင်းရွှေ့ခဲ့ရ၍ ပရမတ် ဘုရားရှင်၏ လမ်းစဉ်၌ အားစိုက်ဆောင်ရွက်သော သူတို့သည် ပရမတ်ဘုရားရှင် ၏ ကရုဏာတော်ကို မျှော်ကိုးကြကုန်၏၊ ဧကန်ပင် ပရမတ်ဘုရားရှင်သည် လွတ်ငြိမ်းစေသော အရှင် အကြင်နာရှင် ဖြစ်တော်မူ၏။
၂း၂၁၉။ ယစ်မူခြင်းနှင့် လောင်းကစားခြင်း အကြောင်းကို မေးကြသူတို့ အား၊ ဟောပြောလော့ “ထိုနှစ်မျိုးလုံးတွင် ကြီးသော အကုသိုလ် ရှိ၏၊ လူသားတို့ အတွက် အကျိုး ရှိသော်လည်း၊ ၎င်းတို့၏ အကုသိုလ်မှာ အကျိုး တရားထက် ပို၍ ကြီး၏၊” “မည်သည်ကို စွန့်လှု သုံးစွဲရမည်နည်း၊”ဟု မေးလာသူတို့အား၊ “ခွင့်လွှတ် လိုက်ကြ၊”ဟု ပြန်ပြောလော့။ ဤသို့ပင် သင်တို့ စဉ်းစားသုံးသပ်နိုင်ရန် အလို့ငှာ ပရမတ်ဘုရားရှင်က သုတ်ဒေသနာများကို ရှင်းလင်းထင်ရှားစေ၏။
၂း၂၂၀။ ပစ္စုပ္ပာန် အနာဂါတ်၌။ မိဘမဲ့တို့နှင့် စပ်လျှဉ်း၍ မေးကြသူတို့အား၊ ဟောပြောလော့ “သူတို့ အတွက် ပြုပြင်ပေးခြင်းသည် ကောင်း၏၊ သူတို့နှင့် ပူးပေါင်းကြလျှင် သင်တို့၏ သားချင်းများ ဖြစ်ကြ၏၊ ဧကန်ပင် ပရမတ်ဘုရားရှင် သည် အဖျက်ကောင်နှင့် ပြုပြင်သူများကို သိနေတော်မူ၏၊ ပရမတ်ဘုရားရှင်သည် စံချိန်အလျောက် သင်တို့အား စိတ်ပင်ပန်းစေနိုင်၏၊ ဧကန်ပင် ပရမတ်ဘုရားရှင် သည် ဘုန်းတော်ရှင်၊ ဓမ္မသတ်ရှင် ဖြစ်၏။”
၂း၂၂၁။ ရောပြွန်းကိုးကွယ်သောသူမအား ယုံကြည်သူ မဖြစ်သ၍ မသိမ်း ဆည်းကြကုန်နှင့်၊ သင်တို့ အံ့ဩစေလောက် သော်လည်း ယုံကြည်သူ အိမ်ဖေါ်မ သည် ရောပြွန်းကိုးကွယ်သူမထက် ပို၍ ကောင်း၏၊ ရောပြွန်းကိုးကွယ်သော သူဖြင့်- သူသည် ယုံကြည်သူ မဖြစ်သ၍ မသိမ်းဆည်းစေနှင့်၊ သင်တို့ အံ့ဩစေ လောက်သော်လည်း ယုံကြည်သူ ဝန်ထမ်းသည် ရောပြွန်းကိုးကွယ်သူထက် ပို၍ ကောင်း၏၊ သူတို့သည် အပူမီးထဲသို့ ဖိတ်ခေါ်နေကြ၏၊ ပရမတ်ဘုရားရှင်သည် ကား သုခဘုံနှင့် လွတ်ငြိမ်းခွင့် ဆီသို့ အရှင့်ခွင့်ပြုချက် အလျှောက် ဖိတ်ခေါ်နေ၏၊ လူသားတို့အတွက် ဆင်ခြင်သတိ ရှိစေအံ့ငှာ သုတ်ဒေသနာများကို ရှင်းလင်းစေ တော်မူပြီ။
၂း၂၂၂။ ရာသီပန်းအကြောင်းအား မေးကြသူတို့အား၊ ဟောပြော လော့ “၎င်းသည် ကိုယ်စိတ်နာကျင်မှု ဖြစ်၏၊” ရာသီပန်း ပွင့်ချိန်၌ အမျိုးသမီးများမှ ခွာ၍ နေကြလော့၊ ပြန်လည်သန့်စင်သည် အထိ သူမတို့ထံ မချည်းကပ်ကြနှင့်၊ သန့်စင် သောအခါ ပရမတ်ဘုရားရှင်၏ ညွှန်ကြားထား သည့် အတိုင်း သူမတို့ ရှိနေရာသို့ ဝင်နိုင်ကြ၏၊ ဧကန်ပင် ပရမတ်ဘုရားရှင် သည် ခဝါချသူများကို နှစ်သက်၏၊ သန့်စင်သူများကို နှစ်သက်တော်မူ၏။
၂း၂၂၃။ အမျိုးသမီးများသည် သင်တို့အဘို့ စိုက်ပျိုးမြေများ ဖြစ်၏၊ သင်တို့၏ စံချိန်အလျှောက် ဝင်ရောက် ထွန်ယက်စိုက်ပျိုးကြကုန်၊ သင်တို့၏ ဉာဉ်စရိုက်အတွက် စုံရပ်ခံကြလော့၊ ပရမတ်ဘုရားရှင်အား စည်းစောင့်ကြလော့၊ သင်တို့သည် အရှင်နှင့် ဆုံတွေ့ရမည်ကို သိကြကုန်လော့၊ ယုံကြည်သူများအား သတင်းကောင်းကို ပါးလော့။
၂း၂၂၄။ လူသားများ အကြား သင်တို့၏ ကုသိုလ်ကောင်းမှု၊ စည်းစောင့်မှု၊ ပြုပြင်မှုများကို ပရမတ်ဘုရားရှင်ထံ ဘောင်ဝင်ရန် အတင်း မစီစဉ်ကြနှင့်၊ ပရမတ် ဘုရားရှင်သည် ကြားနေသောအရှင် သိနေသောအရှင် ဖြစ်၏။
၂း၂၂၅။ ပရမတ် ဘုရားရှင်သည် သင်တို့၏ ပွစိပွစိ အားစိုက်မှုအား အရေးယူမည် မဟုတ်၊ နှလုံး လှိုက်လှဲ ကျင့်ဆောင်မှုကို အရေးယူတော်မူမည်၊ ပရမတ်ဘုရားရှင်သည်ကား လွတ်ငြိမ်းစေသော အရှင် နူးညံ့သိမ်မွေ့ သော အရှင် ဖြစ်၏။
၂း၂၂၆။ ဇနီးမိန်းမထံသို့ မသွားလာပါဟု ကိုးထားသော သူသည် လေးလ စောင့်ဆိုင်းရမည်။ ထို့နောက် ပြန်ယိမ်းညွတ်လျှင် ဧကန်ပင် ပရမတ်ဘုရားရှင်သည် လွတ်ငြိမ်းစေသော အရှင် အကြင်နာရှင် ဖြစ်တော်မူ၏။
၂း၂၂၇။ အကယ်၍ ကွာရှင်းမှုကို ဆုံးဖြတ်ကြလျှင် ဧကန်ပင် ပရမတ် ဘုရားရှင်သည် ကြားနေသော အရှင် သိနေသော အရှင် ဖြစ်၏။
၂း၂၂၈။ ကွာရှင်းခံ အမျိုးသမီး သည် ဓမ္မတာ သုံးကြိမ်အထိ မိမိကိုယ်မိမိ စောင့်ဆိုင်းရမည်၊ ပရမတ် ဘုရားရှင်နှင့် နောက်ဆုံးနေ့ကို ယုံကြည်ကြလျှင် သူမတို့၏ ဝမ်းကြာတိုက်၌ ပရမတ်ဘုရားရှင်၏ ဖြစ်တည်ပေးမှုကို ထိန်ဝှက်ထားခြင်းမှာ တရား မဝင်ပေ။ သူမတို့၏ လင်ယောကျ်ားများက ပြုပြင်မှုကို လိုလားကြလျှင် ထိုအတောအတွင်း ပြန်လည် ပေါင်းစည်းခြင်းမှာ ပို၍မှန်ကန်၏။ သူမတို့အားလည်း အလားတူ အသိအမှတ် ပြုရမည်။ အမျိုးသားများတွင် သူမတို့ထက် အခွင့်အလမ်း ပိုရှိ၏။ ဧကန်ပင် ပရမတ်ဘုရားရှင်သည် ဘုန်းတော်ရှင်၊ ဓမ္မသတ်ရှင် ဖြစ်တော်မူ၏၊
၂း၂၂၉။ ကွာရှင်းမှုသည် နှစ်ကြိမ် ဖြစ်နိုင်၏၊ ထို့နောက် အသိအမှတ်ပြု၍ ထိန်းထားရမည် သို့မဟုတ် တင့်တင့်တယ်တယ် လွတ်လပ်ခွင့်ပေးရမည်။ ပရမတ် ဘုရားရှင်၏ စည်းမျဉ်းတော်များ၌ သူတို့နှစ်ဦး ရပ်တည်နိုင်မည် မဟုတ်ဟု စိုးရိမ် ရခြင်း မှအပ အမျိုးသမီးအား ပေးပြီးသည်မှ တစ်စုံတစ်ရာ ပြန်ယူခြင်းသည် တရားမဝင်ချေ။ သင်တို့သည် ပရမတ်ဘုရားရှင်၏ စည်းမျဉ်းတော်များကို ရပ် တည်ရန် စိုးရိမ်မကင်း ဖြစ်ခဲ့လျှင် အမျိုးသမီး ဘက်မှ လျော်ကြေးပေးခဲ့သော် သူတို့နှစ်ဦးအား အပြစ် မတင်ထိုက်ပေ။ ဤသည် ပရမတ်ဘုရားရှင်၏ စည်းမျဉ်း တော်များပင် ဖြစ်၏။ ၎င်းတို့ကို စည်းမဖေါက်ကြနှင့်၊ ပရမတ်ဘုရားရှင်၏ စည်း မျဉ်းတော်များအား စည်းဖေါက်သူ- ထိုသူတို့သည် အမိုက်ကောင်များ ဖြစ်ကြ၏။
၂း၂၃၀။ အကယ်၍ ကွာရှင်းပြီးလျှင် အခြား တွဲဘက် တစ်ဦးနှင့် ပေါင်းဘက် သည့်တိုင် သူ့အတွက် တရားမဝင်ပေ။ တဖန် ခွဲခွာကြပြန်၍ သူတို့နှစ်ဦးသည် ပရမတ်ဘုရားရှင်၏ စည်းမျဉ်းတော်များ၌ ရပ်တည် နိုင်မည်ဟု စဉ်းစားလျက် ပြန်လည်ပေါင်းစည်းကြလျှင် သူတို့အား အပြစ် မတင်ထိုက်ပေ။ ဤသည် အသိရှိ သော လူမျိုး အတွက် ရှင်းလင်းထားသည့် ပရမတ်ဘုရားရှင်၏ စည်းမျဉ်းတော် များ ဖြစ်၏။
၂း၂၃၁။ အမျိုးသမီးများအား ကွာရှင်း၍ သူမတို့၏ သတ်မှတ်ကာလ ဆိုက် ရောက်သောအခါ၊ သူမတို့အား အသိအမှတ်ပြု၍ ထိန်းထားကြလော့၊ သို့မဟုတ် အသိအမှတ်ပြု လွတ်လပ်စေကြလော့။ စည်းဖေါက်ရန် စေတနာယုတ်ဖြင့် မထိန်း ထားကြနှင့်၊ ထိုသို့ ပြုလုပ်သူသည် သူ၏ ဉာဉ်ကိုသာ မုချ မိုက်ကြေးခွဲ၏၊ ပရမတ် ဘုရားရှင်၏ သုတ်ဒေသနာများအား လှောင်ပြောင်ဘွယ်ရာ မယူမှတ်ကြနှင့်၊ ပရမတ်ဘုရားရှင်က သင်တို့ကို ဂုဏ်ပေးသည့် သင်တို့အား ချမှတ်ပေးရာ ကျမ်းတော်မှ စီရင်ထုံးနှင့်၊ ၎င်းမှ အဆုံးအမများကို သတိရကြလော့။ ပရမတ် ဘုရားရှင်အား စည်းစောင့်ကြလော့၊ ဧကန်ပင် ပရမတ်ဘုရားရှင်သည် သဗ္ဗလုံးစုံ သိနေတော်မူသော အရှင် ဖြစ်ကြောင်း သိကြကုန်လော့။
၂း၂၃၂။ အမျိုးသမီးများအား ကွာရှင်းပြီး သူမတို့၏ သတ်မှတ်ကာလ ဆိုက် ရောက်သောအခါ၊ သူတို့ချင်းကြား ကျေနပ်၍ သူမတို့၏ စုဖွဲ့ဖေါ်များနှင့် အသိ အမှတ်ပြု ပေါင်းဘက်ကြသော် သင်တို့ မချုပ်ချယ်ကြကုန်နှင့်။ ဤသည် သင်တို့မှ ပရမတ်ဘုရားရှင်နှင့် နောက်ဆုံးနေ့ကို ယုံကြည်သူ အတွက် အဆုံးအမပင် ဖြစ်၏။ ဤသည်မှာ သင်တို့အတွက် ပိုမို သန့်စင်စေ၏၊ ပိုမို ဖြူစင်စေ၏၊ သင်တို့ မသိသည်ကို ပရမတ်ဘုရားရှင်သည် သိနေတော်မူ၏။
၂း၂၃၃။ ကာလအပြည့် နို့တိုက်လိုသော မွေးမိခင်များသည် ရင်သွေးများအား နှစ် နှစ်ပတ်လည် နို့တိုက်နိုင်၏၊ သူမတို့၏ စားဝတ်နေရေးအား အသိအမှတ်ပြုရန် မွေးဖခင်၌ ဝတ္တရား ရှိ၏။ ဉာဉ်တစ်ခုသည် မနိုင်ဝန်ကို မထမ်းစေရ။ ရင်သွေး ကြောင့် မွေးမိခင်သည်- ထို့အတူ ရင်သွေးကြောင့် မွေးဖခင်သည် မနစ်နာစေရ။ အမွေဆိုင်တို့သည် ထို၌ အလားတူပင် ဖြစ်၏။ နှစ်ဦးနှစ်ဘက် ဆွေးနွေး၍ နို့ဖြတ် လိုလျှင် သူတို့အား အပြစ်မတင်ထိုက်ပေ။ အကယ်၍ သင်တို့ ရင်သွေးကို နို့ထိန်း၌ အပ်လိုကလည်း ငြိမ်းချမ်းစွာဖြင့် အသိအမှတ်ပြု ပေးကမ်းလျှင် အပြစ်မတင် ထိုက်ပေ။ ပရမတ်ဘုရားရှင်အား စည်းစောင့်ကြလော့၊ သိကြကုန်လော့- ပရမတ် ဘုရားရှင်သည် သင်တို့ ကျင့်ကြံသမျှကို မြင်နေသော အရှင် ဖြစ်၏။
၂း၂၃၄။ သင်တို့မှ သက်တမ်းကုန်သောသူ၏ ချန်ခဲ့သော ပေါင်းဖေါ်တို့၊ သူမတို့ ကိုယ် သူမတို့ လေးလနှင့် ဆယ်ရက် စောင့်ဆိုင်းရမည်။ သတ်မှတ်ကာလ ဆိုက် ရောက်သော် သူမတို့စိတ်ဖြင့် အသိအမှတ်ပြု ပြုလုပ်မှုများကို အပြစ်မတင် ထိုက် ပေ။ ဧကန်ပင် ပရမတ်ဘုရားရှင်သည် ကျင့်ကြံသမျှအား သတင်းရနေတော် မူ၏။
၂း၂၃၅။ အမျိုးသမီးတို့အား ဘောင်ဝင်စေရန် တဆင့်နားဖေါက်ခြင်း သို့မဟုတ် ပရမတ်ဘုရားရှင် သိနေသော၊ သင်တို့ ဧကန် ဆတ်ဆတ် သတိရနေ သည့် သူမတို့အား စိတ်ထဲ၌ ကွယ်ထားခြင်းများသည် အပြစ်မရှိပေ။ သို့သော် သူမတို့နှင့် လက်တွင်းကြိတ် ပဋိညာဉ် မပြုကြနှင့်၊ အသိအမှတ်ပြု ပြောဆိုခြင်း ကိုသာ ပြောဆိုကြလော့။ မှတ်တမ်းတင် သတ်မှတ်ကာလ မဆိုက်ရောက်မှီ သိမ်းဆည်း ထုံးဖွဲ့မှုကို မဆုံးဖြတ်ကြနှင့်၊ သိကြကုန်လော့ သင်တို့၏ ဉာဉ်စရိုက်၌ ရှိရာကို ပရမတ်ဘုရားရှင်က ဧကန် သိနေတော်မူ၏။ အရှင်နှင့် ပတ်သက်၍ သတိထားကြကုန်လော့၊ သိကြကုန်လော့ ပရမတ်ဘုရားရှင်သည် ဧကန်ပင် လွတ်ငြိမ်းစေသော အရှင် နူးညံ့သိမ်မွေ့သော အရှင် ဖြစ်၏။
၂း၂၃၆။ သင်တို့ မထိတွေ့ခဲ့သော အမျိုးသမီးများ၊ သို့မဟုတ် ဝတ္တရားကို သင်တို့ တာဝန် မသတ်မှတ်သေးသော သူမတို့အား၊ ခွဲခွာခဲ့သော် အပြစ် မတင် ထိုက်ချေ။ သို့သော် မျက်နှာကြီးသူသည် သူ့စည်းချိန် အလျောက်၊ မျက်နှာမွဲသူ သည် သူ့စည်းချိန် အလျောက်၊ သူမတို့အား ချမ်းမြေ့စေရမည်။ အသိအမှတ်ပြု၍ ချမ်းမြေ့စေရန်မှာ သုမင်္ဂလာပြုသူများ အတွက် သစ္စာပင် ဖြစ်၏။
၂း၂၃၇။ သူမတို့အတွက် ဝတ္တရားကို တာဝန်သတ်မှတ် ပြီးနောက် သင်တို့ မထိတွေ့မှီအလျှင် သူမတို့အား ခွဲခွာခဲ့သော် သူမက ကျေအေးခြင်း သို့မဟုတ် သိမ်းဆည်းထုံးဖွဲ့မှုကို လက်ဝယ်ထားသော သူဘက်မှ ကျေအေးခြင်းမှ အပ တာဝန်သတ်မှတ်မှု၏ ထက်ဝက်ကို သင်တို့ ပေးရမည်။ ဧကန်ပင် ကျေအေးခြင်း သည် စည်းစောင့်မှုနှင့် ပိုမိုနီးစပ်၏။ သင်တို့ချင်းကြား သိက္ခာပေးခြင်းကို မမေ့ လျော့ကြနှင့်၊ ဧကန်ပင် ပရမတ်ဘုရားရှင်သည် ကျင့်ကြံသမျှကို မြင်နေသော အရှင် ဖြစ်၏။
၂း၂၃၈။ ဝတ်ပြုခြင်း၊ အလယ်အလတ်ကျသော ဝတ်ပြုခြင်း၌ စောင့်ထိန်း ကြလော့၊ ပရမတ်ဘုရားရှင်အား ရိုကျိုး နာခံသူ အဖြစ် ရပ်ကြလော့။
၂း၂၃၉။ သင်တို့ သည် စိုးရိမ်ရမှု၌ ရှိစဉ် လူချည်းဖြစ်စေ အစီးအနင်းပေါ်၌ ဖြစ်စေ၊ သင်တို့ လုံခြုံ စိတ်ချရသောအခါ သင်တို့ မသိခဲ့သည်ကို သင်ပေးသည့် ပုံစံအတိုင်း ပရမတ် ဘုရားရှင်အား သတိရကြကုန်လော့။
၂း၂၄၀။ သင်တို့မှ သက်တမ်းကုန်သောသူ၏ ချန်ခဲ့သော ပေါင်းဖေါ်တို့၊ ထိုပေါင်းဖေါ်များအား နှင်ထုတ်ခြင်း မပြုဘဲ စိတ်ချမ်းမြေ့စွာ ဆက်နေခွင့် ရှိသော သေတမ်းစာ ရှိစေရမည်၊ သူမတို့စိတ်ဖြင့် ထွက်သွား၍ အသိ အမှတ်ပြု ပြုလုပ်မှု များ၌ သင်တို့ကို အပြစ်မတင် ထိုက်ပေ၊ ပရမတ်ဘုရားရှင်သည်ကား ဘုန်းတော် ရှင် ဓမ္မသတ်ရှင် ဖြစ်တော်မူ၏။
၂း၂၄၁။ ကွာရှင်းခံ အမျိုးသမီးများအား အသိအမှတ် ပြု၍ စိတ်ချမ်းမြေ့စေရန်မှာ စည်းစောင့်သူများအတွက် သစ္စာပင် ဖြစ်၏။
၂း၂၄၂။ သင်တို့ အတွေးအခေါ် ရှိအံ့သောငှာ ပရမတ်ဘုရားရှင်က သုတ်ဒေသနာများကို သင်တို့အတွက် ဤသို့ ရှင်းလင်းတော်မူ၏။
၂း၂၄၃။ သေဘေးကို သတိဝင်၍ ထောင်နှင့်ချီသောသူများ သူတို့၏ အိမ် များမှ ထွက်ပြေးရသည်ကို သင် မမြင်သလော၊ ထို့နောက် ပရမတ်ဘုရားရှင်က “အသင်တို့ သေကြလော့၊”ဟု ဆိုလျက်၊ တဖန် သူတို့အား ပြန်လည် ရှင်သန်စေခဲ့ပြီ၊ ဧကန်ပင် ပရမတ်ဘုရားရှင်သည် လူသားတို့အား သိက္ခာပေးသော အရှင် ဖြစ်၏၊ သို့သော် လူများစုသည် ကျေးဇူး မသိတတ်ချေ။
၂း၂၄၄။ ပရမတ် ဘုရားရှင်၏ လမ်းစဉ်တော်၌ ခုခံတိုက်ကြလော့၊ သိကြကုန် လော့ ဧကန်ပင် ပရမတ်ဘုရားရှင်သည် ကြားနေသော အရှင်၊ သိနေသော အရှင် ဖြစ်၏။
၂း ၂၄၅။ ပရမတ်ဘုရားရှင်အား တင့်တင့်တယ်တယ် ဆက်ကပ်ခြင်းဖြင့် ဆက်ကပ်သောသူ၊ ထိုသူအား မြောက်များစွာ ထပ်တိုးစေမည်ပင်။ ဧကန်ပင် ပရမတ်ဘုရားရှင်သည် ဆုတ်ယုတ်စေတော်မူ၏၊ တိုးပွားစေတော်မူ၏၊ အရှင်ထံ သို့သာ ဦးလှည့်ရမည်ပင်။
၂း၂၄၆။ မူဆာ၏ နောက်ပိုင်း၌ ဂျူးလူမျိုးမှ အကြံပေးများကို သင် မမြင် သလော၊ သူတို့အတွက် သတင်းတော်ဆောင်အား “ပရမတ်ဘုရားရှင်၏ လမ်းစဉ် တော်၌ ကျွန်ုပ်တို့ စစ်တိုက်ရန် ကျွန်ုပ်တို့ အတွက် ဘုရင်တစ်ပါး ပေါ်ထွန်းစေပါ၊” ဟု ပြောကြ၏၊ ကိုယ်တော်က “စစ်တိုက်ရန် ပြဌာန်းလျှင် သင်တို့သည် တော်လှန် သူများ မဖြစ်တန်ပေလော၊”ဟု မိန့်၏။ သူတို့က “ကျွန်ုပ်တို့နှင့် သားသမီးများသည် အိမ်များမှ၊ မောင်းထုတ်ခံရပြီ၊ ပရမတ်ဘုရားရှင်၏ လမ်းစဉ်တော်၌ အဘယ် ကြောင့် စစ်မတိုက်ရမည်နည်း၊”ဟု ပြန်ပြောကြ၏။ သူတို့ထံ စစ်တိုက်ခြင်းကို ပြဌာန်းလေသော် သူတို့တွင် အနည်းစုမှ အပ လှည့်ပြေးကြ၏၊ ပရမတ်ဘုရားရှင် သည်ကား အမိုက်ကောင်များကို သိနေသော အရှင် ဖြစ်၏။
၂း၂၄၇။ သတင်းတော်ဆောင်က “ပရမတ်ဘုရားရှင်သည် သင်တို့ အတွက် တွာလု(တ်)အား ဘုရင်အဖြစ် ပေါ်ထွန်းစေပြီ၊”ဟု ပြော၏၊ သူတို့က “သူသည် ကျွန်ုပ်တို့ အတွက် မည်သို့ ဘုရင် ဖြစ်နိုင်မည်နည်း၊ ကျွန်ုတို့သည် သူ့ထက် ဘုရင် ဖြစ်သင့်သည်မှာ ပို၍ မှန်ကန်၏၊ သူသည် ဥစ္စာဓန ဖြန့်ကျက်နိုင်မှု ချီးမြှင့်ခံရသူ လည်း မဟုတ်၊”ဟု ပြန်ပြောကြ၏၊ “ဧကန်ပင် ပရမတ်ဘုရားရှင်သည် သူ့ကို သင်တို့ အထက်မှ ရွေးချယ်တော်မူ၏၊ သူ့အား အသိပညာ၊ ကာယဗလ တိုးပွား ဖွံ့ဖြိုးစေပြီ၊ ပရမတ်ဘုရားရှင်သည် စံချိန် ပြည့်သူအား ဘုရင်အရာကို ပေးတော်မူ ၏၊ ပရမတ်ဘုရားရှင်သည် အသိဉာဏ်တော် ဖြန့်ကျက်ထားသော အရှင် ဖြစ်၏။” ဟု မိန့်ဆို၍။
၂း၂၄၈။ သူတို့အား သတင်းတော်ဆောင်က “သူ၏ ဘုရင် ဖြစ်ထိုက်မှု နိမိတ်မှာ သင်တို့အား နှလုံးရည် ပေးအပ်မှုပေတည်း၊ ယင်း၌ မူဆာ၏ အဆက်များ၊ ဟာရွန်၏ အဆက်များ ချန်ထားခဲ့သည့်၊ နိမိတ်ဆောင်များက သယ်ပိုး တည်တံ့စေ ခဲ့သည့် သင်တို့၏ ကံကြမ္မာရှင် ထံမှ တည်ငြိမ်စေမှုများ ရှိ၏၊ သင်တို့သည် ယုံကြည်သူများ ဖြစ်ကြလျှင် ဤသည်၌ သုတ်ဒေသနာ တစ်ရပ်ရှိနေ၏၊”ဟု မိန့်ဆို ၏။
၂း၂၄၉။ တွာလု(တ်)သည် စစ်တပ်ဖြင့် စစ်ချီစဉ် “ဧကန်ပင် ပရမတ်ဘုရားရှင် က သင်တို့အား မြစ်တစ်ခုဖြင့် စုံစမ်းတော်မူမည်၊ ထိုမှ သောက်သုံးသူသည် ကျွန်ုပ်နှင့် မဆိုင်။ မမြိုမိသူ၊ လက်ဖြင့် တစ်ခုပ်စာမျှ ခပ်ယူမိသူ သည်သာ ကျွန်ုပ်နှင့် ဆိုင်၏၊”ဟု ရှင်းလင်း ဆုံးဖြတ်ပြောဆို၏၊ သူတို့၌ အနည်းငယ် မှအပ သောက်သုံး ကြလေပြီ။ ၎င်းကို ဖြတ်ကျော်ပြီးစဉ် သူနှင့် အတူရှိသော ယုံကြည်သော သူများက “ယနေ့၌ ကျွန်ုပ်တို့မှာ ဂျာလု(တ်)နှင့် သူ၏စစ်တပ် အတွက် အင်အား မရှိပါ၊”ဟု ဆိုကြ၏၊ ပရမတ်ဘုရားရှင်နှင့် ဆုံတွေ့ရမည်ဟု စဉ်းစားသောသူများက ပြောသည် မှာ “ပရမတ်ဘုရားရှင်၏ ခွင့်ပြုချက်ဖြင့် တပ်အနည်းက တပ်အများကို အကြိမ် မည်မျှ အနိုင်ယူခဲ့ပြီနည်း၊ ပရမတ်ဘုရားရှင်သည်ကား ခန္တီပါရမီရှင်များနှင့် အတူ ရှိ၏၊”ဟု ဖြစ်၏။
၂း၂၅၀။ သူတို့သည် ဂျာလု(တ်)နှင့် သူ၏စစ်တပ်ဆီသို့ ထွက်လာရ သောအခါ “အို-ကံကြမ္မာရှင် တပည့်တော်တို့အား ခန္တီပါရမီဖြင့် အားဖြည့်ပေးတော်မူပါ၊ စုံရပ် ခံမှုကို ခိုင်မာစေတော်မူပါ ဖုံးကွယ်သော လူမျိုးအား လွှမ်းမိုးရန် ကူညီတော်မူပါ၊” ဟု လျှောက်ထားကြ၏။
၂း၂၅၁။ ပရမတ်ဘုရားရှင်၏ ခွင့်ပြုချက်ဖြင့် သူတို့သည် ချေမှုန်းနိုင်ခဲ့ပြီ၊ ဒါဝိဒ်က ဂျာလု(တ်)အား ကွပ်မျက်ခဲ့ပြီ၊ ပရမတ်ဘုရားရှင်က သူ့အား ဘုရင်အရာ ပေးအပ်ပြီး၊ စီရင်ထုံးနှင့် စံချိန်ပြည့်မှီရာကို သင်ပေးခဲ့ပြီ၊ ပရမတ်ဘုရားရှင်က လူသားတို့တွင်- သူတို့မှ အချို့ကို အချို့ဖြင့် မခုခံစေခဲ့ မူ၊ ကမ္ဘာမြေသည် အဖျက် ခံရပြီးဖြစ်လတ္တံ့၊ သို့ရာတွင် ပရမတ်ဘုရားရှင်သည် လောကခပ်သိမ်းအား သိက္ခာ ပေးသော အရှင် ဖြစ်၏။
၂း၂၅၂။ ဤသည် ပရမတ်ဘုရားရှင်၏ သုတ်ဒေသနာများ ဖြစ်၏၊ သင့်အား ၎င်းတို့ကို သစ္စာတရားဖြင့် ရွတ်ဖတ်စေပြီ၊ သင်သည်ကား ဉာဏ်စဉ်ဆောင်များ အနက်မှ မုချ ဖြစ်၏။
၂း၂၅၃။ ငါသည် ဉာဏ်စဉ်ဆောင်များအား ဤသို့ အချို့ကို အချို့ထက် သိက္ခာပေးတော်မူ၏ ပရမတ်ဘုရားရှင်က ဗျာဒိတ်ပေးသူများနှင့် သူတို့မှ အချို့အား အခွင့်အလမ်းများ ချီးမြှင့် မြှောက်စား သည်လည်း ရှိ၏၊ ငါသည် မာရိ၏သား ယေရှုအား ရှင်းလင်း ချက်များ ပေးခဲ့၍ သူ့အား မြတ်သော ဉာဏ်စဉ် အားဖြင့် ထောက်ပံ့ခဲ့ပြီ၊ အကယ်၍ ပရမတ်ဘုရားရှင်၏ စံချိန်ပြည့်ခဲ့လျှင် သူတို့ ထံသို့ ရှင်းလင်းချက်များ ရောက်လာစေပြီးမှ နောက်ပိုင်း အချင်းချင်း စစ်ဖြစ်ကြ မည် မဟုတ်ပေ၊ သို့ရာတွင် သဘောထားကွဲပြားကြကုန်၏၊ သူတို့မှ ယုံကြည်သူ များ ရှိ၍၊ သူတို့အနက် ဖုံးကွယ်သူများလည်း ရှိ၏၊ အကယ်၍ ပရမတ်ဘုရားရှင်၏ စံချိန်ပြည့်ခဲ့လျှင် အချင်းချင်း စစ်ဖြစ်ကြမည် မဟုတ်ပေ၊ သို့ရာတွင် ပရမတ် ဘုရားရှင်သည် အလိုတော်ရှိသည်ကို ပြုလုပ်တော်မူမည်ပင်။
၂း၂၅၄။ အို- ယုံကြည်သောသူတို့၊ ငါအရှင်ပေးရာ ရိက္ခာများမှ ပေးကမ်း နိုင်မှု မရှိသော၊ အတွင်းလူအဖြစ် ကတိသစ္စာ မရှိနိုင်သော အမျှအတန်း မဝေနိုင် သော နေ့ မကျရောက်မှီ သုံးစွဲကြကုန်လော့။ ဖုံးကွယ်သော- ထိုသူများသည် အမိုက်ကောင်များ ဖြစ်ကြ၏။
၂း၂၅၅။ ပရမတ်ဘုရားရှင် မှအပ အခြားဘုရားဟူ၍ မရှိ၊ အရှင်သည် နိစ္စဓူ၀ဖြစ်၏၊ အရှင်အား မှိန်းစက်ခြင်း၊ ကျိန်းစက်ခြင်းက မဖမ်းယူနိုင်၊ မိုးများ မြေများ၌ ရှိသမျှတို့သည် အရှင်၏ အချုပ်အခြာ ၌ ရှိ၏၊ အထံတော်၌ အရှင့် ခွင့်ပြုချက် မရှိဘဲ အဘယ်သူက အမျှ ဝေနိုင်အံ့နည်း၊ အရှင်သည် သူတို့၏ ပစ္စုပ္ပန်၊ အနာဂါတ် အရာများကို ကုန်စင်သိနေတော်မူ၏၊ သူတို့သည် အရှင်၏ စံချိန်ပြည့် သည်မှအပ အရှင့် အသိဉာဏ်စဉ်တော် အနက် တစ်စုံတစ်ရာကိုမျှ ခြုံငုံနိုင်ခြင်း မရှိချေ၊ မိုးများ မြေများအား အရှင့် စိုးစံရာက ဖြန့်ကျက်ထား၏၊ ၎င်းတို့အား စောင့်ရှောက်ရခြင်းသည် အရှင့် အတွက် အပန်းမကြီးပေ၊ အရှင်သည် မဟာ့မဟာ အထွဋ်အထိပ် ဖြစ်တော်မူ၏၊
၂း၂၅၆။ သာသနာ၌ အဓမ္မ မရှိစေရ၊ ဖြောင့်မတ်ခြင်းသည် တိမ်းပါးခြင်းမှ ရှင်းလင်းလျှက် ရှိနေ၏၊ မည်သူမဆို မိစ္ဆာတရားကို ဖုံးကွယ်ငြင်း ဆန်၍ ပရမတ် ဘုရားရှင်အား ယုံကြည်အံ့၊ ထိုသူသည် ကျိုးပျက်ခြင်း မရှိသော လက်ကိုင်ကို ဆုပ်ကိုင်သည်မည်၏၊ ပရမတ်ဘုရားရှင်သည် ကြားနေသော အရှင်၊ သိနေသော အရှင် ဖြစ်၏။
၂း ၂၅၇။ ပရမတ်ဘုရားရှင်သည် ယုံကြည်သောသူများ၏ မဟာမိတ် ဖြစ်၏၊ သူတို့အား အမိုက်မှောင်မှ အလင်းရောင်သို့ ထုတ်ယူ၏၊ မိစ္ဆာသည်ကား ဖုံးကွယ်သောသူတို့၏ မဟာမိတ်ဖြစ်၍ သူတို့အား အလင်းမှ အမှောင်သို့ ဆွဲ ထုတ်၏၊ သူတို့သည် အပူမီး၏ ပေါင်းဖေါ်များ ဖြစ်ရလျက် ထို၌ အစဉ်ခံရမည်ပင်။
၂း၂၅၈။ ပရမတ်ဘုရားရှင်က သူ့အား ဘုရင်အရာကို ပေးအပ်ထားသော ကြောင့်- ကံကြမ္မာရှင်နှင့် ပတ်သက်၍ အီဗရာဟီးမ်အား စောကြောသော သူကို သင် မမြင်ယောင်မိသလော၊ အီဗရာဟီးမ်က “ကျွန်ုပ်၏ ကံကြမ္မာရှင်သည် ရှင်ခြင်း သေခြင်း၏ အရှင်ဖြစ်၏၊”ဟု ပြောသောအခါ၊ သူက “ကျွန်ုပ်သည်လည်း ရှင်စေနိုင် သေစေနိုင်၏၊”ဟု ဆို၏၊ အီဗရာဟီးမ်က “သို့ဖြစ်လျှင် ပရမတ်ဘုရားရှင်သည် ကား နေကို အရှေ့ဘက်မှ ထွက်စေ၏ ၎င်းကို သင်က အနောက်ဘက်မှ ထွက်စေ လော့”ဟု ပြောလျက် ဖုံးကွယ်သောသူအား အရှိုက်ထိစေ၏၊ ပရမတ်ဘုရားရှင် သည် မိုက်ကြေးခွဲသော လူမျိုးအား လမ်းညွှန်တော် မမူချေ-
၂း၂၅၉။ သို့တည်းမဟုတ် အထပ်များ ပြိုပျက်နေသည့် ဒေသတစ်ခုကို ဖြတ် သွားသောသူ၏ ကဲ့သို့၊ သူက “ဤသေပြီးသည်ကို ပရမတ်ဘုရားရှင်က မည်သို့ ပြန်ရှင်စေသနည်း၊”ဟု ဆို၏၊ သို့ဖြင့် ပရမတ်ဘုရားရှင်သည် သူ့အား ရာစုနှစ်တစ်ခု သေနေစေ၍ တဖန် နိုးကြွစေခဲ့ပြီး “မည်မျှ စောင့်ဆိုင်းခဲ့ရသနည်း၊”ဟု မေးသော်၊ သူက “တစ်နေ့ သို့မဟုတ် တစ်နေ့၏ အချို့ စောင့်ဆိုင်းခဲ့ရပါသည်၊”ဟု ပြန်ဖြေ၏၊ အရှင်က “သင်သည် ရာစုနှစ် တစ်ခုတိုင် စောင့်ဆိုင်းခဲ့ရပြီ၊ သင်၏ အစား အသောက်ကို ကြည့်လော့၊ နှစ်ပရိစ္ဆေဒက ၎င်းအား တိုက်စားခြင်းမရှိ သင်၏ မြည်းကို ကြည့်လော့၊ ငါသည် သင့်အား လူသားများအတွက် နိမိတ်လက္ခဏာ အဖြစ် စီစဉ်ပြီ။ အရိုးများကို ကြည့်လော့- ငါသည် ၎င်းတို့ကို မည်သို့ ထရပ်စေ၍ တဖန် အသားအရေဖြင့် မည့်သို့ ဆင်ယင်ပေးသနည်း။”ဟု မိန့်၍၊ သူ့အတွက် ရှင်းလင်းထင်ရှားစေ သောအခါ သူက “ပရမတ်ဘုရားရှင်သည် သဗ္ဗလုံးစုံအား စည်းချိန်ချမှတ်တော်မူကြောင်း တပည့်တော် သိပါ၏၊”ဟု လျှောက်လေ၏။
၂း၂၆၀။ အီဗရာဟီးမ်က “အို-ကံကြမ္မာရှင် သက်မဲ့အား မည်သို့ ရှင်စေသည် ကို တပည့်တော်အား ပြတော်မူပါ၊”ဟု လျှောက်သောအခါ-“သင် မယုံသလား၊”ဟု အရှင်က မိန့်၏၊ သူက “မဟုတ်ရပါ၊ သို့သော် တပည့်တော်၏ နှလုံး၌ ဘဝင်ကျလို ပါ၏၊”ဟု လျှောက်လေ၏၊ အရှင်က “ငှက်တို့မှ လေး ကောင်ကို ယူကာ သင့်ထံသို့ လိုက်ရန် လေ့ကျင့်ပြီး တောင်ကိုယ်စီ၌ ၎င်းတို့ကို ခွဲ၍ စီစဉ်လော့၊ တဖန် ၎င်းတို့ အား ခေါ်လော့ သင့်ထံသို့ လုံးပန်း၍ လာကြလိမ့်မည်၊ ဧကန်ပင် ပရမတ်ဘုရားရှင် သည် ဘုန်းတော်ရှင် ဓမ္မသတ်ရှင် ဖြစ်ကြောင်းကို သိမှတ်လော့၊”ဟု မိန့်ဆို၏။
၂း၂၆၁။ ပရမတ်ဘုရားရှင်၏ လမ်းစဉ်တော်၌ မိမိတို့ ဥစ္စာပစ္စည်းများအား သုံးစွဲသောသူတို့၏ ပမာသည်ကား အစေ့ပေါင်း တစ်ရာစီ ရှိသော ကောက်နှံ ခုနှစ်နှံ တို့ ဖြစ်ထွန်းစေ သကဲ့သို့ ဖြစ်၏၊ ပရမတ်ဘုရားရှင် သည်ကား စံချိန်ပြည့်သူအား နလံထူ တိုးပွားစေ၏၊ ဧကန်ပင် ပရမတ်ဘုရားရှင်သည် အသိဉာဏ်တော် ဖြန့်ကျက်ထားသော အရှင် ဖြစ်၏။
၂း၂၆၂၊ မိမိတို့၏ ဥစ္စာပစ္စည်းကို ပရမတ်ဘုရားရှင် ၏ လမ်းစဉ်တော်၌ သုံးစွဲ၍ တဖန် ထိုသုံးစွဲမှု၌ အသားယူလျှက် စိတ်ထိခိုက်မှုကို မလိုက်သော သူများအတွက် ကံကြမ္မာရှင်၏ ထံမှ ဆုလဒ် ရှိနေ၏၊ သူတို့အား ကြောက်ရွံ့ရစေမည် မဟုတ်၊ သောကရောက်ရစေမည်လည်း မဟုတ်ချေ။
၂း၂၆၃ အသိအမှတ်ပြု ပြောဆို၍ လွတ်ငြိမ်းခွင့်ပေးခြင်းသည် ဒါနပြု၍ စိတ်ဒဏ်ရာဖြစ် ရန် လိုက်နာစေခြင်းထက် ပို၍ ကောင်း၏၊ ပရမတ်ဘုရားရှင်သည် ကုံလုံပြည့်စုံ သော အရှင် နူးညံ့သိမ်မွေ့သောအရှင် ဖြစ်၏။
၂း၂၆၄။ အို- ယုံကြည်သောသူတို့၊ သင်တို့၏ အလှုဒါနကို အသားယူခြင်း စိတ်ဒဏ်ရာပေးခြင်းများဖြင့် အမှား မဖြစ်စေနှင့်၊ ပရမတ်ဘုရားရှင်နှင့် နောက်ဆုံး နေ့ကို မယုံကြည်ဘဲလျှက် လူမြင်ကောင်းရန် လှုဒါန်းသောသူ၏ ဥစ္စာသည်ကား- အကျိုးဆက် ထိခိုက်၍ အပေါ်ယံ မြေမှုန့်များကို ချန်ထားခဲ့ရသော ကျောက်ချော တုံး ပမာကဲ့သို့ ဖြစ်၏၊ ကျင့်ဆောင်ခဲ့ သမျှအား တစ်စုံ တစ်ရာမျှ ကြပ်မတ်နိုင်မည် မဟုတ်ပေ၊ ပရမတ်ဘုရားရှင်သည် ဖုံးကွယ်သော လူမျိုးအား လမ်းညွှန်တော် မမူချေ။
၂း၂၆၅။ ပရမတ်ဘုရားရှင်၏ ကျေနပ်နှစ်သက်မှုကို ရှာဖွေရန်၊ စိတ်ဓါတ် ရေးရာ ခိုင်မာစေရန် မိမိတို့၏ ဥစ္စာများကို သုံးစွဲသောသူ၏ ပမာသည်ကား- အကျိုးဆက် ထိခိုက်လျှင်လည်း အစားအစာ နှစ်ဆ၊ မိုးပါး၍ အကျိုးဆက် မထိခိုက်လျှင်လည်း နှစ်ဆပေးသည့် ဥယျာဉ်သာ ကဲ့သို့ ဖြစ်၏၊ ပရမတ်ဘုရားရှင် သည် သင်တို့ ကျင့်ကြံသမျှကို မြင်နေသော အရှင်ဖြစ်၏။
၂း၂၆၆။ သင်တို့ အနက်၊ သားမြေးများလည်း မသန်စွမ်း- မိမိသည်လည်း ဇရာထောင်းချိန်၌ မီးငွေ့ ထိ၍ လောင်ကျွမ်းရသော- အောက်ခြေ၌ စမ်းချောင်းရေသွင် စီးဆင်းနေသည့် စွံပလွန်၊ စပျစ် သီးနှံမျိုးစုံ ဥယျာဉ်မျိုးကို လိုလားသူ တစ်ဦးတစ်ယောက် ရှိကြသလော၊ သင်တို့ စဉ်းစားသုံးသပ်အံ့ငှာ ပရမတ်ဘုရားရှင်သည် သင်တို့အား သုတ်ဒေသနာ များကို ဤသို့- ရှင်းလင်းထင်ရှားစေပြီ။
၂း၂၆၇။ အို- ယုံကြည်သောသူတို့၊ သင်တို့ ကျင့်ဆောင် ရှာဖွေရာမှ စင်ကြယ် ရာနှင့် ငါအရှင်က သင်တို့အတွက် မြေကမ္ဘာမှ ထုတ်ပေးရာကို သုံးစွဲကြလော့၊ သင်တို့ကိုယ်တိုင် မယူလိုသော- မကောင်းရာများအား ပေးကမ်းသုံးစွဲရန် မရည် ရွယ်နှင့် ဧကန်ပင် ပရမတ်ဘုရားရှင်သည် ပြည့်စုံသော အရှင် ရည်သန်စူးစိုက်မှု တည်ရာ အရှင် ဖြစ်ကြောင်း သိကြကုန်လော့။
၂း၂၆၈။ သင်တို့အား ဆင်းရဲသွားလိမ့် မည်ဟု မကောင်းဆိုးဝါးက ကတိပေး၍၊ ကိုယ်ကျင့်ပျက်ရန် ညွှန်ကြား၏၊ ပရမတ် ဘုရားရှင်သည် သင်တို့အား အထံတော်မှ လွတ်ငြိမ်းခွင့်နှင့် သိက္ခာပေးခြင်းကို ကတိထားတော်မူ၏၊ ပရမတ်ဘုရားရှင်သည် အသိဉာဏ်တော် ဖြန့်ကျက်ထား သော အရှင် ဖြစ်၏။
၂း ၂၆၉။ စံချိန်ပြည့်သူအား ဓမ္မသတ်ကို ပေးတော်မူ၏၊ ဓမ္မသတ်ကို ပေးအပ်ခြင်း ခံရသူသည် များစွာသော ကောင်းခြင်းတရားကို မုချ ပေးအပ်ခံရ သည် မည်၏။ သဘောပေါက်နိုင်စွမ်း ရှိသူတို့မှအပ ဆင်ခြင်သတိ မရှိကြချေ။
၂း၂၇၀။ သင်တို့၏ ပေးကမ်းသုံးစွဲသော မည်သည့် သုံးစွဲမှု သို့မဟုတ် ရည်သန် သော မည်သည့် ရည်သန်မှုကို မဆို ဧကန်ပင် ပရမတ်ဘုရားရှင်သည် သိနေတော် မူ၏၊ အမိုက်ကောင်များအတွက် ကူညီမည့်သူ မရှိပြီ။
၂း၂၇၁။ ပွင့်ပွင့်လင်းလင်း အလှူဒါနပြုလျှင် ဂုဏ်ရှိ၏၊ ဆင်းရဲသားတို့အား သိုသိုသိပ်သိပ် ပေးကမ်းလျှင် သင်တို့အတွက် ပို၍ ကောင်း၏၊ ယင်းသည် သင်တို့ ထံမှ အကုသိုလ်များကို ဖုံးကွယ်ပေးလတ္တံ့၊ ပရမတ်ဘုရားရှင်သည် ကျင့်ကြံ သမျှကို သတင်းရနေတော် မူ၏။
၂း၁၇၂။ သူတို့အား လမ်းညွှန်မှန်ရစေဟု သင်သည် တာဝန်ခံရသူ မဟုတ်၊ သို့ရာတွင် ပရမတ်ဘုရားရှင်သည် စံချိန်ပြည့်သူအား လမ်းညွှန်မှန်ရစေ၏၊ မည် သည့် ကောင်းခြင်းမှ မဆို ပေးကမ်းသုံးစွဲကြအံ့ သင်တို့၏ ဉာဉ်အတွက်သာတည်း၊ ပရမတ်ဘုရားရှင်၏ မျက်မှောက်ပြုမှုကို ရှာဖွေရန်မှအပ သုံးစွဲကြခြင်း မဟုတ်၊ မည်သည့် ကောင်းခြင်းမှမဆို သုံးစွဲကြအံ့ သင်တို့ထံ ပြန်လည် ပြီးပြည့်စေတော် မူမည်၊ သင်တို့အား အဝိဇ္ဇာသင့်စေခြင်း မရှိချေ။
၂း၂၇၃။ မည်သည့် ကောင်းသော သုံးစွဲမှုကို မဆို ပရမတ်ဘုရားရှင်သည် သိနေတော်မူသော အရှင် ဖြစ်၏။ ၎င်းကို ပရမတ်ဘုရားရှင်၏ လမ်းစဉ်တော်၌ ချုပ်မိနေသောကြောင့် မြေကမ္ဘာ၌ သွားလာရန် မတတ်နိုင်၍ ဆင်းရဲသော သူတို့ အတွက် ဖြစ်စေရမည်၊ သူတို့၏ တည်ငြိမ်မှု၊ လူသားများထံမှ အခွင့်အရေးယူ တောင်းခံသည်ဟု သိမှတ်စရာ မရှိမှုကြောင့် ပညာမဲ့တို့က သူတို့အား ပြည့်စုံသူများ ဟု စဉ်းစားကြ၏၊
၂း၂၇၄။ မိမိတို့၏ ဥစ္စာပစ္စည်းများကို နေ့ညမရွေး လက်တွင်းကြိတ်၍ တစ်မျိုး၊ လူသိရှင်ကြား တဖုံ ပေးကမ်းသုံးစွဲသော သူတို့အတွက် ကံကြမ္မာရှင်၏ ထံ၌ ဆုလဒ် ရှိ၏။ သူတို့အား ကြောက်ရွံ့ရစေမည်မဟုတ်၊ သောကရောက်ရစေ မည်လည်း မဟုတ်ချေ။
၂း၂၇၅။ ထပ်ပြန်တိုးစားသော သူတို့သည် မကောင်းဆိုးဝါး ထိကပ်၍ ရှုပ်ထွေးနေသောသူတို့၏ ရပ်တည်ခြင်းမျိုးဖြင့် ရပ်တည် ရင်ဆိုင်ရပေမည်၊ ယင်းမှာ “ကူးသန်းရောင်းဝယ်မှုသည် ထပ်ပြန်တိုး ကဲ့သို့သာ ဖြစ်၏၊”ဟု သူတို့၏ အပြောကြောင့်ပင်၊ ပရမတ်ဘုရားရှင်သည် ကူးသန်းရောင်းဝယ်မှုကို တရားဝင် ဖြစ်စေ၍ ထပ်ပြန်တိုး စနစ်ကို တားမြစ်တော်မူ၏။ သူ၏ ထံသို့ ကံကြမ္မာရှင်၏ ဆုံးမဩဝါဒတော် ရောက်လာ၍ ရပ်စဲလိုက်လျှင် အတိတ်မှ ပြီးဆုံးခဲ့သည်နှင့် သူ့အတွက် ညွှန်ကြားချက်သည် ပရမတ်ဘုရားထံ၌ ရှိ၏၊ ဆက်လုပ်သူများသည် အပူမီး၏ ပေါင်းဖေါ်များ ဖြစ်ကြ၏၊ ထို၌ အစဉ် ခံစားရမည်ပင်။
၂း၂၇၆။ ပရမတ် ဘုရားရှင်သည် ထပ်ပြန်တိုးစနစ်ကို မှေးမှိန်စေတော်မူမည်၊ အလှုဒါန အဖြစ် လျော်ခြင်းကို တိုးပွားစေတော်မူမည်၊ ပရမတ်ဘုရားရှင်သည် မည်သည့် ဖုံးကွယ် သူ အကုသိုလ်ကောင်ကိုမှ နှစ်သက်တော် မမူချေ။
၂း၂၇၇။ ယုံကြည်၍ ပြုပြင်ပြောင်းလဲမှု ကျင့်ကြံကာ ဝတ်ပြု မြဲကြလျက် အခွန်ငွေဖြူ ပေးသောသူတို့၏ ဆုလဒ်သည် သူတို့၏ ကံကြမ္မာရှင် ထံ၌ ရှိ၏၊ သူတို့အား ကြောက်ရွံ့ရစေမည် မဟုတ်၊ သောကရောက်ရစေမည်လည်း မဟုတ် ချေ။
၂း၂၇၈။ အို-ယုံကြည်သော သူတို့၊ သင်တို့သည် ဧကန်ပင် ယုံကြည်သူများ ဖြစ်ကြ လျင် ပရမတ်ဘုရားရှင်အား စည်းစောင့်ကြလော့၊ ထပ်ပြန်တိုးမှ လက်ကျန်များကို ချန်ပစ်ကြလော့။
၂း၂၇၉။ အကယ်၍ သင်တို့ မပြုလုပ်ကြလျှင်- ပရမတ်ဘုရားရှင်နှင့် အရှင်၏ ဉာဏ်စဉ်ဆောင်ထံမှ စစ်ကြေငြာခြင်းကို ခံရလတ္တံ့၊ သင်တို့ ခဝါချခဲ့လျှင်၊ အဦးဆုံး မတည်မှုများကို ပြန်ယူလော့၊ မိုက်ကြေးမခွဲကြနှင့်၊ မိုက်ကြေးခွဲ မခံကြ နှင့်။
၂း၂၈၀။ သို့သော် သူသည် ခက်ခဲသူဖြစ်လျှင် လွယ်ကူသည်အထိ စောင့်ကြည့်ပေး ရမည်၊ အလှုအဖြစ် လျော်ပေးကြလျှင် သင်တို့ အတွက် ကောင်း၏၊ သင်တို့ သိကြ ပါလေစ။
၂း၂၈၁။ ပရမတ်ဘုရားရှင်ထံသို့ ဦးလှည့်ပြန်၍ ဉာဉ်တိုင်း ကိုယ်စီ ကျင့်ဆောင် ခဲ့ရာကို စုဆုံပြီးပြည့်စေမည့် နေ့ကာလ အတွက် စည်းစောင့်ကြကုန်လော့၊ သင်တို့ မိုက်ကြေးခွဲခံရမည် မဟုတ်ချေ။
၂း၂၈၂။ အို- ယုံကြည်သောသူတို့၊ သင်တို့ချင်းကြား ကာလ သတ်မှတ်၍ အကြွေးဖြင့် ဝယ်ရောင်း ချုပ်ဆိုသောအခါ မှတ်တမ်းတင်ကြလော့၊ သင်တို့၏ အကြား၌ စာရေးသူအား တန်းတူညီမျှ မှတ်တမ်းတင်စေလော့၊ စာရေးသူသည် ပရမတ်ဘုရားရှင် သင်ပေးသည့် နည်းမှန်အတိုင်း သူ့အား မှတ်တမ်းတင်စေခြင်း ကို မဖီဆန်ဘဲ မှတ်တမ်းတင်စေလော့၊ အကြွေးယူသူက စာချစေလော့၊ သူ၏ ကံကြမ္မာရှင် ပရမတ်ဘုရားရှင်အား စည်းစောင့် သစ္စာမြဲစေလော့ တစ်စုံတစ်ရာမျှ လျှော့ပေါ့ခြင်း မပြုရ။ အကယ်၍ သူသည် မှန်ကန်စွာ နားလည်နိုင်စွမ်း မရှိသူ ဖြစ်လျှင် သို့မဟုတ် အားနည်းချက်ရှိသူ သို့မဟုတ် နည်းကျရန် တတ်နိုင်သူ မဟုတ်လျှင် သူ၏ မဟာမိတ်က ညီမျှစွာ နည်းချပေးစေလော့။ သင်တို့အနက် အမျိုးသားများမှ သက်သေနှစ်ဦးကို သက်သေထားလော့၊ အကယ်၍ အမျိုးသား နှစ်ဦး မရှိခဲ့သော် အမျိုးသား တစ်ဦးနှင့်- သက်သေများ အနက် သင်တို့ စိတ်ကျေနပ်သော အမျိုး သမီး နှစ်ဦးကို ထားရှိစေလော့၊ သူမတို့မှ တစ်ဦးဦးက ချွတ်ချော်ခဲ့သော် ကျန် တစ်ဦးက သတိပေးနိုင်၏၊ ဖိတ်ခေါ်ခံရသော သက်သေများသည် မဖီဆန်ရ။ ငယ်သည်ဖြစ်စေ ကြီးသည် ဖြစ်စေ ကာလသတ်မှတ် မှတ်တမ်းတင်ခြင်းကို စိတ် မပင်ပန်းကြနှင့်၊ ဤသည် ပရမတ်ဘုရားရှင်၏ ထံတော်၌ အမျှတဆုံး ဖြစ်၏၊ သက်သေ အခိုင်မြဲဆုံး ဖြစ်၏၊ သံသယ မဖြစ်စေရန် အနီးစပ်ဆုံး ဖြစ်၏၊သို့သော် သင်တို့ချင်းကြား အသင့် အပေးအယူ ဖလှယ် ရောင်းဝယ်ခြင်း၌ မှတ်တမ်းတင်ခြင်း မရှိလျှင်လည်း အပြစ် မရှိ၊ သို့သော် သင်တို့ စပ်ကြား သက်သေများ ထားကြကုန်လော့၊ သင်တို့ ကတိသစ္စာပြုသော အခါ စာရေးသူနှင့် သက်သေများကို မနစ်နာစေနှင့်၊ အကယ်၍ သင်တို့သည် ကျူးလွန်အံ့၊ သူသည် သင်တို့အနက် ယုတ်မာသူ ဧကန်ဆတ်ဆတ် ဖြစ်၏၊ ပရမတ်ဘုရားရှင်အား စည်းစောင့်ကြလော့၊ ပရမတ်ဘုရားရှင်သည်ကား သင်တို့အား သင်ကြားတော်မူပြီ၊ ပရမတ်ဘုရားရှင်သည် သဗ္ဗလုံးစုံအား သိနေတော်မူသော အရှင် ဖြစ်၏။
၂၈၃။ အကယ်၍ သင်တို့သည် လမ်းခရီး၌ဖြစ်၍ စာရေးသူ မတွေ့ရှိခဲ့လျှင် အာမခံပစ္စည်းကို လက်ဆုပ်လက်ကိုင်ပြုစေလော့၊ အကယ်၍ သင်တို့မှ အချို့သည် အချို့ကို ယုံကြည်စိတ်ချကြလျှင် ယုံကြည်ခြင်းခံရသော သူက ယုံကြည်မှု အပ် ထည်ကို ပေးအပ်စေလော့၊ သူ၏ ကံကြမ္မာရှင် ပရမတ်ဘုရားရှင်အား စည်းစောင့် စေလော့။ သက်သေသက်ကန်ကို ထိန်ဝှက်ဖျောက်ဖျက်ခြင်း မပြုရ၊ ထိန်ဝှက် ဖျောက်ဖျက်ခဲ့မူ သူသည် အပြစ်ရှိသော နှလုံးသားပိုင်ရှင် ဖြစ်၏၊ ပရမတ်ဘုရားရှင် သည် ကျင့်ကြံသမျှကို သိနေတော်မူသော အရှင် ဖြစ်၏။
၂၈၄။ မိုးမြေ၌ ရှိသမျှသည် ပရမတ်ဘုရားရှင်၏ အချုပ်အခြာ၌ ရှိ၏၊ သင်တို့၏ ဉာဉ်စရိုက်မှ ဖွင့်ဟရာ၊ သို့မဟုတ် ထိန်ဝှက်ထားရာတို့ အတွက် ပရမတ် ဘုရားရှင်က စရင်းစစ်တော်မူမည်၊ စံချိန်ပြည့်သူအား လွတ်ငြိမ်းစေ၍၊ စံချိန်ပြည့် သူအား ဝဋ်ကြွေးသင့်စေတော်မူမည်၊ ပရမတ်ဘုရားရှင်သည် သဗ္ဗလုံးစုံအား စည်းချိန်ချမှတ်တော်မူ၏။
၂၈၅။ ဉာဏ်စဉ်ဆောင်နှင့် ယုံကြည်သူများသည် သူ၏ ကံကြမ္မာရှင်က သူ့ထံသို့ ချမှတ်ပေးရာကို ယုံကြည်ကြ၏။ သူတို့ အားလုံးသည် ပရမတ်ဘုရားရှင်၊ အရှင်၏ နိမိတ်ဆောင်များ၊ အရှင်၏ ကျမ်းဂန်တော်များ၊ အရှင်၏ ဉာဏ်စဉ်ဆောင် များကို ယုံကြည်ကြ၏၊ “တပည့်တော်တို့သည် အရှင်၏ ဉာဏ်စဉ်ဆောင်များ ကြား တစ်ပါးနှင့် တစ်ပါးခွဲခြားမှု မရှိပါ။ ထို့နောက် သူတို့က တပည့်တော်တို့ ကြားနာပါ ၏၊ နာခံပါ၏၊ တပည့်တော်တို့အား လွတ်ငြိမ်းစေတော်မူပါ၊ အို- ကံကြမ္မာရှင် အရှင့်ထံသို့သာ အန္တိမပန်းတိုင် ဖြစ်ပါ၏၊”ဟု ရင့်ကျူးကြ၏။
၂၈၆။ ပရမတ်ဘုရားရှင်သည် မည်သည့် ဉာဉ်စရိုက်ကိုမှ မနိုင်ဝန် မထမ်း စေပေ၊ သူ့အတွက် သူကျင့်ဆောင်ရာသည် ရှိ၍၊ သူ့အပေါ်၌ သူ ကျင့်ဆောင်ရာ သည် တင်ရှိ၏၊ “အို ကံကြမ္မာရှင် တပည့်တော်တို့၏ မေ့လျှော့ မှားယွင်းမှု၌ အရေး မယူပါနှင့်၊ အို- ကံကြမ္မာရှင် တပည့်တော်တို့ မတိုင်မှီ ဖြစ်သောသူများအား သယ်ပိုးစေ သကဲ့သို့ တပည့်တော်တို့ အား ဝန်ထုတ်ဝန်ပိုး မသယ်ပိုးစေပါနှင့်၊ အို ကံကြမ္မာရှင် တပည့်တော်တို့ အင်အားမမျှသည်ကို တပည့်တော်တို့အား မသယ်ပိုး စေပါနှင့်၊ တပည့်တော်တို့အား ကျေအေးပေးတော်မူပါ၊ လွတ်ငြိမ်းစေတော်မူပါ ကရုဏာသက်တော်မူပါ၊ အရှင်သည် တပည့်တော်တို့၏ မဟာမိတ် ဖြစ်တော်မူ ပါ၏ ဖုံးကွယ်သော လူမျိုးထက်သာရန် ကူညီတော်မူပါ၊”ဟု တောင်းဆုပြုလော့။
ဓမ္မခန္ဓာ (၂) ဤတွင် ပြီး၏။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ဓမ္မခန္ဓာ (၃) အင်မရာမ်၏ ဝိုင်းသားများ
ဉာဏ်စဉ်ကိန်းဝပ်ပေးမှု အမှတ်စဉ် (၈၉)၊ သုတ်ဒေသနာ အပါး (၂၀၀)
ကရုဏာရှင် အကြင်နာရှင် ဖြစ်တော်မူသော ပရမတ်ဘုရားရှင်၏ ဂုဏ်တော်အားဖြင့်-
၃း၁။ ငါသည် ကုန်စင်သိနေတော်မူသော ပရမတ်ဘုရားရှင် ဖြစ်တော်မူ၏။
၃း၂။ ပရမတ်ဘုရားရှင်- နိစ္စဓူ၀ ဖြစ်တော်မူသော ထိုအရှင်မှအပ အခြား ဘုရားဟူ၍ မရှိ။
၃း၃။ အရှင်သည် သင့်အား ပစ္စုပ္ပာန်မျက်မှောက် ဖြောင့်မှန်စေသည့် ကျမ်းတော် ကို ပရမတ္ထသစ္စာဖြင့် ချမှတ်ပေး၍- ဓမ္မဟောင်းနှင့် ဓမ္မသစ်ကိုလည်း ချမှတ်ပေးခဲ့ ပြီ။
၃း၄။ ရှေ့အလျင်ကလည်း လူသားတို့ အဘို့ လမ်းညွှန်နှင့် ခွဲခြမ်းစိတ်ဖြာဖွင့်ဆို ချက်အား ချမှတ်ပေးခဲ့ပြီ။ ပရမတ်ဘုရားရှင်၏ သုတ်ဒေသနာများအား ဖုံးကွယ် သော သူများ အတွက် ပြင်းထန်သော ဝဋ်ကြွေးသည် ရှိနေ၏၊ ပရမတ်ဘုရားရှင် သည် ဘုန်းတော်ရှင် တန်ပြန်စေသော အရှင် ဖြစ်၏။
၃း၅။ ဧကန်ပင် မိုးများနှင့် မြေ၌ ရှိရာတို့သည် ပရမတ်ဘုရားရှင်၏ ထံတော်တွင် ထိန်ဝှက်ထားနိုင်ခြင်း မရှိ။
၃း၆။ ထိုအရှင်သည် မည်သို့ စံချိန်ပြည့် သည် နှင့် အညီ သင်တို့အား ဝမ်းကြာတိုက်၌ ပုံစံချပေး၏၊ ဘုန်းတော်ရှင် ဓမ္မသတ်ရှင် ဖြစ်သော ထိုအရှင် မှအပ အခြားဘုရား ဟူ၍ မရှိပြီ။
၃း၇။ အရှင်သည် သင့်အား ကျမ်းတော်ကို ချမှတ်ပေးသော အရှင် ဖြစ်၏၊ ထို၌ ကျမ်းတော်၏ မိခင်ရင်းမြစ် စီရင်ထုံး သုတ်ဒေသနာများနှင့် နောက်ဆက် ဆင်တူများ ပါရှိ၏။ စိတ်နှလုံး တိမ်းပါး လိုသူများကမူ သေးတိုးစမ်းရန် ရှာဖွေလျက် ဆင်တူများကို လိုက်ကာ ရှာဖွေ ဖွင့်ဆိုကြ၏။ ဖွင့်ဆိုနည်းကို ပရမတ်ဘုရားရှင်သည်သာ သိတော်မူ၏။ အသိ ပညာ သဘာရင့်သူများက “၎င်းတို့ အားလုံးသည် ကံကြမ္မာရှင်ထံမှ ဖြစ်ကြောင်း ကျွန်ုပ်တို့ ယုံကြည်ပါ၏”ဟု ရင့်ကျူးကြ၏။ သဘောပေါက်နိုင်စွမ်း ရှိသူတို့ မှအပ ဆင်ခြင်သတိ မရှိကြချေ။
၃း၈။ အို- ကံကြမ္မာရှင် တပည့်တော်တို့အား လမ်းညွှန်ပြီးနောက် တပည့်တို့ ၏ နှလုံးသားများအား မတိမ်းပါးစေပါနှင့်၊ အရှင့်ထံတော်မှ ကရုဏာတော် အားဖြင့် ချီးမြှင့်တော်မူပါ၊ အရှင်သည် ချီးမြှင့်ရက်ရောသော အရှင် ဖြစ်ပါ၏။
၃း၉။ အို-ကံကြမ္မာရှင်၊ အရှင်သည် လူသားတို့အား အတူစုစေမည့် နေ့ကို သံသယ ဖြစ်ဘွယ် မရှိပါ၊ ပရမတ်ဘုရားရှင်သည် ကတိတော်အား ပေါ့လျော့စေမည် မဟုတ်ပါ။
၃း၁၀။ ဧကန်ပင် ဖုံးကွယ်သောသူတို့၏ ဥစ္စာပစ္စည်းများ၊ ရင်သွေးများသည် ပရမတ်ဘုရားရှင်၏ ထံ၌ တစ်စုံတစ်ရာမျှ ပြည့်စုံမည် မဟုတ်ပေ။ သူတို့သည် မီးလောင်စာများ ဖြစ်ကြ၏။
၃း၁၁။ ဖာရိုး မင်းဆက်နှင့် သူတို့၏ ရှေ့အလျင် ဖြစ်သော သူတို့၏ အလေ့အထကဲ့သို့- သူတို့သည် ငါ၏ သုတ်ဒေသနာများကို ငြင်းဆန်ကြ ၏၊ သူတို့၏ ပြစ်မှုကြောင့် ပရမတ်ဘုရားရှင်သည် သူတို့အား အရေးယူလိုက်ပြီ၊ ပရမတ်ဘုရားရှင်သည် ပြတ်သားစွာ ချုပ်ကိုင်နိုင်တော်မူ၏။
၃း၁၂။ ဖုံးကွယ်သော သူတို့အား ဟောလော့ “သင်တို့အား ရှုံးနိမ့်စေလျက် အမင်္ဂလာ ညိမ့်ညောင်းရာ ငရဲဘုံဆီသို့ မောင်းထည့် စုစည်းခံရစေမည်ပင်၊”
၃း၁၃။ ရင်ဆိုင်ဆုံတွေ့သော တပ်နှစ်ခု၌ သင်တို့အတွက် နိမိတ်လက္ခဏာ တစ်ရပ် အတိအကျ ရှိခဲ့၏၊ တပ်တစ်ခုသည် ပရမတ်ဘုရားရှင်၏ လမ်းစဉ်တော်၌ ခုခံတိုက်ခိုက်၏ နောက်တစ်ဘက်မှာ သူတို့ထက် နှစ်ဆ ပိုများသည်ဟု မျက်လုံး ဖြင့် မြင်ရသော ဖုံးကွယ်မှောင်သူများမှ ဖြစ်၏၊ ပရမတ်ဘုရားရှင်သည် စံချိန် ပြည့်မှီသူအား အရှင်၏ ကူညီမှုဖြင့် ထောက်ပံ့တော်မူ၏၊ ဧကန်ပင်- ဒိဗ္ဗစက္ခုရှိ သူတို့ အတွက် ဤ၌ သင်ခန်းစာ တစ်ရပ် ရှိနေ၏။
၃း၁၄။နှစ်သက်စေလောက်သည့် အမျိုးသမီးများ၊ သားသမီးများ၊ စုဆောင်း သိုမှီးထားရာ ရွှေထည် ငွေထည်များ၊ တံဆိပ်ထုထားသော မြင်းများ၊ ခွာကွဲ စားမြုံ့ပြန်တိရိစ္ဆာန်များ စိုက်ပျိုးမြေများက လူသားတို့အား ဖမ်းစားထားစေ၏၊ ဤသည်တို့သည် လောကီဘ၀၏ ချမ်းမြေ့စရာများသာ ဖြစ်၏၊ ပရမတ်ဘုရားရှင်- အရှင့်ထံ၌သာ အတင့်တယ်ဆုံး အပြန်ခရီးသည် ရှိနေ၏။
၃း၁၅။ ဟောလော့ “ဤအရာ များထက် ပိုကောင်းသည်ကို ကျွန်ုပ် သတင်းထုတ်ပြန်ရမည်လော၊ စည်းစောင့် သော သူများ အတွက် သူတို့၏ ကံကြမ္မာရှင်ထံ၌ အောက်ခင်းတွင် စမ်းချောင်း ရေသွင် စီးဆင်းနေသော ဥယျာဉ်ဘုံများ ရှိနေ၏၊ ထို၌ သူတို့အား အစဉ်စံစားစေ၍ သန့်စင်သော စုဖွဲ့ဖေါ်များနှင့် ပရမတ်ဘုရားရှင်ထံမှ အားရကျေနပ်စရာ ရှိနေ၏၊ ပရမတ်ဘုရားရှင်သည် အမှုတော်ဆောင်များအား မြင်နေသော အရှင် ဖြစ်၏။”
၃း၁၆။ “အို ကံကြမ္မာရှင် တပည့်တော်တို့ ယုံကြည်ပါ၏၊ တပည့်တော်တို့ အား အပြစ်များမှ လွတ်ငြိမ်းစေ၍ အပူမီး ဝဋ်ကြွေးမှ ကာကွယ်တော်မူပါ၊”ဟု လျှောက်ထားသူများမှာ-
၃း၁၇။ ခန္တီပါရမီရှိသူ၊ ဖြောင့် မှန်သူ၊ နာခံသူ၊ ထည့်ဝင်သုံးစွဲ သူ၊ လှည့်စားခံရမှုမှ လွတ်ငြိမ်းဆုပန်သူများ ဖြစ်ကြ၏။
၃း၁၈။ ပရမတ်ဘုရားရှင် ကိုယ်တိုင်နှင့် နိမိတ်ဆောင်များ အသိပညာ ရှိသူများ၊ သမာသမတ်ဖြင့် ရပ်သူများက အရှင်မြတ် မှအပ အခြားဘုရား ဟူ၍ မရှိကြောင်း သက်သေတည်၏၊ ဘုန်းတော်ရှင် ဓမ္မသတ်ရှင် ဖြစ်သော အရှင်မြတ်မှ အပ အခြား ဘုရားဟူ၍ မရှိပြီ။
၃း၁၉။ ဧကန်ပင် ပရမတ်ဘုရားရှင်၏ ထံ၌ စစ်မှန်သော သာသနာမှာ သန္တိသုခလမ်းစဉ်ပင် ဖြစ်၏၊ အသိပညာ ရောက်လာပြီးမှ ကျမ်းပေးခံ ရသော သူများသည် သူတို့ချင်း ကြား အပြစ်ရှာမှုကြောင့်သာ ကွဲလွဲခြင်း ဖြစ်၏၊ ပရမတ်ဘုရားရှင်၏ သုတ်ဒေသနာများကို ဖုံးကွယ်သော မည်သူ့ကို မဆို ဧကန်ပင် ပရမတ်ဘုရားရှင်သည် အချိန်နှင့် တပြေးညီ စာရင်းစစ်နေတော်မူ၏။
၃း၂၀။ သင့်အား စောကြောကြလျှင် “ကျွန်ုပ်သည် ပရမတ်ဘုရားရှင်အား မျက်နှာမူလျှက် ငြိမ်းချမ်းရေး ပြော၍၊ ကျွန်ုပ်၏ ဒကာများသည်လည်း အတူတူပင်၊” ဟု ဟောကြားလော့၊ ကျမ်းပေးခံရသောသူများနှင့် စာပေကင်းကွာ သူတို့အား “သင်တို့ သည် ငြိမ်းချမ်းစေလိုကြသလော၊” အကယ်၍ ငြိမ်းချမ်းစေလိုကြလျှင် လမ်းညွှန်မှန်ကို လိုက်နာသူ မည်၏၊ လှည့်သွားကြလျှင်၊ သင်၏ ဝန်တာမှာ- ပရမတ်ဘုရားရှင်သည် အမှုတော်ဆောင်များကို မြင်နေသော အရှင် ဖြစ်ကြောင်း ဆိုက်ရောက် စေရန်သာ ဖြစ်၏၊
၃း၂၁။ ဧကန်ပင် ပရမတ်ဘုရားရှင်၏ သုတ်ဒေသနာများကို ဖုံးကွယ်လျက်၊ သတင်းတော်ဆောင်များအား သစ္စာမဲ့စွာ လုပ်ကြံသော သူများ လူသားတို့ကြား သမာသမတ်ဖြင့် ညွှန်ကြားသူတို့အား သတ်ဖြတ်သော သူများ၏ ထံသို့ စူးနစ်သော ဝဋ်ကြွေးအကြောင်း သတင်းကောင်းကို ပါးလော့။
၃း၂၂။ သူတို့၏ ကျင့်ကြံမှုသည် ဤဘ၀ နောင်ဘ၀၌ အချည်းနှီးပင်၊ ထိုသို့သော သူတို့အတွက် ကူညီမည့်သူ မရှိပြီ။
၃း၂၃။ ပင်ပန်းခံရကျိုးအား ပေးအပ်ခံရသောသူများကို ကျမ်းတော်၌ အသင် မရှုစားမိသလော၊ သူတို့အကြား စီရင်ထုံးပြုရန် အလို့ငှာ ပရမတ်ဘုရားရှင်၏ ကျမ်းတော်ဆီသို့ ဖိတ်ခေါ် သောအခါ၊ ထို့နောက် သူတို့မှ တစ်ဖွဲ့သည် လှည့်သွား ကြကုန်၏၊ သူတို့သည် ဘောင်ကန့်ထားသူများ ဖြစ်ကြ၏။
၃း၂၄။ ယင်းမှာ- “ငရဲမီး သည် ကျွန်ုပ်တို့အား ရေတွက်ထားသော ရက်များ မှအပ ထိကပ်မည် မဟုတ်၊”ဟု ဆိုခြင်းကြောင့်၊ သူတို့၏ သာသနာရေး၌ သူတို့၏ လုပ်ကြံဖန်တီးလေ့ရှိရာများက မြှူဆွယ်ထားခြင်း ဖြစ်၏။
၃း၂၅။ သံသယဖြစ်ဘွယ် အလျဉ်းမရှိ၊ သူတို့ကို စုပေါင်း စေမည့် နေ့ကာလ၌ မည်သို့ ဖြစ်ကြအံ့နည်း၊ ဉာဉ်စရိုက် ကိုယ်စီ၏ ကျင့်ဆောင်ခဲ့ သမျှ ပြီးပြည့်စေလတ္တံ့၊ သူတို့သည် မိုက်ကြေးခွဲခံရမည် မဟုတ်ပေ။
၃း၂၆။ ရင့်ကျူးလော့ “အို ပရမတ်ဘုရားရှင်၊ ဩဇာအာဏာ အရှင်သခင်၊ အရှင်သည် စံချိန်ပြည့်သူအား ဩဇာအာဏာကို ပေးတော်မူ၍၊ စံချိန်ပြည့်သူအား ဩဇာအာဏာမှ ဖယ်ပစ်ပါ၏၊ စံချိန်ပြည့်သူအား ဘုန်းတန်ခိုးကို ပေး၍၊ စံချိန် ပြည့်သူအား နိမ့်ပါးစေပါ၏၊ ကောင်းခြင်းများသည် အရှင့် လုပ်ပိုင်ခွင့်၌ ရှိတော်မူပါ ၏၊ အရှင်သည်သာ သဗ္ဗလုံးစုံအား စည်းချိန် ချမှတ်တော်မူပါ၏၊”
၃း၂၇။ “အရှင်သည် နေ့ကို ညထဲသို့ တိုးဝင်စေ၏၊ ညကို နေ့ထဲသို့ တိုးဝင်စေ၏၊ သေခြင်းမှ ရှင်ခြင်းကို ထုတ်ယူတော်မူပါ၏၊ ရှင်ခြင်းမှ သေခြင်းကို ထုတ်ယူတော်မူပါ၏၊ စံချိန်ပြည့်သူ အား စရင်းမဲ့ ရိက္ခာထောက်တော်မူပါ၏၊”
၃း၂၈။ ယုံကြည်သူများသည် ယုံကြည်သူချင်း မှလွဲ၍ ဖုံးကွယ်သူတို့အား မဟာမိတ်အဖြစ် မယူမှတ်စေရ၊ ပြုလုပ်သူ မည်သူမဆို ပရမတ်ဘုရားရှင် ထံမှ ပတ်သက်မှု တစ်စုံတစ်ရာမျှ မရှိပေ။ သို့သော် သင်တို့ ကိုယ်သင်တို့ သူတို့မှ ကာကွယ်သင့်၏ ပရမတ်ဘုရားရှင်၊ အရှင်၏ စရိုက်တော်သည် သင်တို့အား စည်းစောင့်ရန် သတိပေးနေ၏၊ ပရမတ်ဘုရားရှင် ထံသို့သာ နောက်ဆုံး ပန်းတိုင် ဖြစ်၏။
၃း၂၉။ ဟောလော့၊ “သင်တို့၏ ရင်တွင်း၌ ထိန်ဝှက်ထားရာ သို့မဟုတ် ဖွင့်ဟရာကို ပရမတ်ဘုရားရှင်က သိနေတော်မူ၏၊ အရှင်သည် မိုးများနှင့် မြေ၌ ရှိသည်များကို သိနေတော်မူ၏၊ ပရမတ်ဘုရားရှင်သည် သဗ္ဗ လုံးစုံအား စည်းချိန် ချမှတ်တော်မူ၏။”
၃း၃၀။ ဉာဉ်စရိုက်ကိုယ်စီ၊ ကျင့်ကြံခဲ့သမျှ အတွက် အသင့် ဖြစ်သော ကုသိုလ်နှင့်- ကျင့်ကြံခဲ့သမျှ အကုသိုလ် ထိပ်တိုက်တွေ့သော နေ့တွင်- သူ၏ကြား ၎င်း၏ကြား၌ နောက်ကျန်ရစ် လိုကြလတ္တံ့၊ ပရမတ်ဘုရားရှင်- အရှင်၏ စရိုက်တော်သည် သင်တို့အား သတိပေးနေ၏၊ ပရမတ်ဘုရားရှင် သည် အမှုတော် ဆောင်များကို ညှာတာတော်မူ၏။
၃း၃၁။ ဟောလော့ “သင်တို့သည် ပရမတ်ဘုရားရှင်အား ချစ်ခင်လေ့ ရှိလျှင် ကျွန်ုပ်၏နောက်သို့ လိုက်လော့၊ ပရမတ်ဘုရားရှင်သည် သင်တို့အား ချစ်မြတ်နိုး လိမ့်မည်၊ သင်တို့၏ အပြစ်များကို လွတ်ငြိမ်းစေလိမ့်မည်၊ ပရမတ်ဘုရားရှင်သည် လွတ်ငြိမ်းစေသောအရှင် ကြင်နာသောအရှင် ဖြစ်၏။”
၃း၃၂။ ဟောလော့ “ပရမတ် ဘုရားရှင်နှင့် ဉာဏ်စဉ်ဆောင်အား နာခံကြလော့၊ အကယ်၍ ဘက်လှည့်ကြလျှင်၊ ဧကန်ပင် ပရမတ်ဘုရားရှင်သည် ဖုံးကွယ်သူများအား နှစ်သက်မှု မရှိချေ။”
၃း၃၃။ ဧကန်ပင် ပရမတ်ဘုရားရှင်သည် အာဒံ၊ နူးဟ်၊ အီဗရာဟီးမ်၏ အဆက်များ၊ အင်မရမ်၏ အဆက်များအား လောကခပ်သိမ်းဝယ် ရွေးချယ်တော် မူ၏။
၃း၃၄။ သူတို့မှ အချို့ သည် အချို့၏ သားစဉ်မြေးဆက် ဖြစ်ကြ၏၊ ပရမတ် ဘုရားရှင်သည် ကြားနေသော အရှင် သိနေသော အရှင် ဖြစ်၏။
၃း၃၅။ အင်မရမ်၏မျိုးနွယ် အမျိုးသမီးတစ်ဦးက “အို-ကံကြမ္မာရှင် တပည့်တော်မသည် ဝမ်းကြာတိုက်မှ အရာအား အရှင့်အတွက် အနှောင်အဖွဲ့ ကင်းစွာ ရည်သန်ပါ၏၊ တပည့်တော်မအား အကိုးပြည့်စေတော်မူပါ၊ ဧကန်ပင် အရှင်သည် ကြားနေသောအရှင် သိနေသောအရှင် ဖြစ်ပါ၏”ဟု ဆုပန်၏။
၃း၃၆။ သို့ဖြင့် သူမသည် မီးဖွားသန့်စင်သောအခါ “အို-ကံကြမ္မာရှင် တပည့်တော်မသည် မိန်းကလေးကို ဖွားမြင်ပါ၏၊ ပရမတ်ဘုရားရှင်သည် သူမအား ဖွားမြင်သည်ကို အသိဆုံး ဖြစ်တော်မူ၏၊ မိန်းကလေးသည် ယောက်ျားလေး ကဲ့သို့ မဟုတ်ပါ၊ တပည့်တော်မသည် သူမအား မာရိဟု အမည်ပေးပါ၏၊ သူမနှင့် သူမ၏ သားစဉ် မြေးဆက်တို့အား ပစ်ထုတ်ခံရသော မကောင်းဆိုးဝါးတို့မှ အကာအကွယ်ရရန် အရှင့်ထံ၌ ခိုလှုံစေပါ ၏။”ဟု ဆုပန်၏။
၃း၃၇။ သို့ဖြင့် သူမ၏ ကံကြမ္မာရှင်သည် သူမအား တင့်တယ်သော အကိုး ပြည့်ခြင်းဖြင့် အကိုးပြည့်စေ၍ တင့်တင့်တယ်တယ် ဖြစ်ထွန်း အရွယ်ရောက် စေလျက် ဇက္ကရီယာ၏ ထိန်းကျောင်းမှုအောက်၌ ထားခဲ့ပြီ။ ဇက္ကရီယာသည် စခန်းသို့ ဝင်လေတိုင်း သူမထံ၌ အစားအသောက်များကို တွေ့ရ၍၊ “အို- မာရိ သင့်အတွက် ဤအရာမှာ ဘယ်က လာသနည်း၊”ဟု ဆိုသော် သူမက “ထိုအရာကား ပရမတ်ဘုရားရှင်၏ ထံမှတည်း။ ဧကန်ပင် ပရမတ်ဘုရားရှင်သည် စံချိန်ပြည့်သူ အား စရင်းမဲ့ ရိက္ခာထောက်တော်မူ၏” ဟု ပြန်ပြော၏။
၃း၃၈။ ထို နေရာ၌ ဇက္ကရီယာ သည် သူ၏ကံကြမ္မာရှင်ထံ ဆုပန်၍ “အို-ကံကြမ္မာရှင်၊ အရှင့်ထံမှတော် စင်ကြယ် သော သားမြေးရတနာ တပည့်တော်အား ချီးမြှင့်တော်မူပါ၊ အရှင်သည် ဆုတောင်း ခြင်း များအား ကြားနေသော အရှင် ဖြစ်ပါသည်၊”ဟု ရင့်ကျူး၏။
၃း၃၉။ သို့ဖြင့် သူသည် စခန်း၌ ဝတ်ပြု ရပ်တည်စဉ် နိမိတ်ဆောင်များက သူ့အား “ပရမတ်ဘုရားရှင်သည် သင့်အား ပရမတ်ဘုရားရှင်၏ ထံမှ ဓမ္မတော်အား ဖြောင့်မှန်စေသော၊ ဦးစီးခေါင်းဆောင် ဖြစ်သော၊ စိတ်ထိန်းနိုင်သော၊ ပြုပြင်သူတို့မှ ဖြစ်သော သတင်းတော်ဆောင် ယောဟန် အကြောင်း သတင်းကောင်းကို ပါးလေ ပြီ။”ဟု ကြေငြာ၏။
၃း၄၀။ သူက “အို-ကံကြမ္မာရှင် တပည့်တော်မှာ မည်သို့ ကလေး ရဦးမည်နည်း တပည့်တော်သည် အသက်ကြီးပိုင်း ဆိုက်ရောက်ပါပြီ၊ အမျိုးသမီး သည်လည်း မြုံအသူ ဖြစ်ပါ၏၊”ဟု ပြန်လျှောက်သော် အရှင်က “ဤအတိုင်းပင်၊ ပရမတ်ဘုရားရှင်သည် စံချိန်ပြည့်မှီရာအား စီမံတော်မူ၏၊”ဟု မိန့်ဆို၏။
၃း၄၁။ သူက “အို ကံကြမ္မာရှင် တပည့်တော်အတွက် နိမိတ်တစ်ရပ် စီစဉ်ပေးတော်မူပါ၊”ဟု ဆု ပန်သော်၊ အရှင်က “သင်၏ နိမိတ်လက္ခာဏာမှာ သင်သည် လူသားတို့အား သုံးရက် တိုင် အရိပ်အယောင်ပြခြင်းမှအပ စကား မပြောရခြင်းပင်တည်း၊ သင့်ကံကြမ္မာရှင် အား မြောက်များစွာ သတိရရှုမှတ်လော့၊ ညဦး နံနက် ဦးထိပ်ထားလော့၊”ဟု မိန့်၏။
၃း၄၂။ နိမိတ်ဆောင်များက ပြောသည်မှာ “အို- မာရိ၊ ဧကန်ပင် ပရမတ် ဘုရားရှင်သည် သင့်အား ရွေးချယ်တော်မူပြီ၊ သန့်စင်စေတော်မူပြီ၊ အမျိုးသမီးထု ၏ လောကခပ်သိမ်း အပေါ် ရွေးချယ်တော်မူလေပြီ၊”-
၃း၄၃။ “အို- မာရိ၊ သင့် ကံကြမ္မာရှင်အား နာခံလော့၊ နှိမ့်ချလော့၊ ဦးညွှတ်သူများနှင့် အတူ ဦးညွှတ်လော့။”
၃း၄၄။ ဤသည် သင့်အား ငါအရှင် အာရုံဈာန်ပေးသော စက္ခုလွန်မှ သတင်း များပင်၊ မာရိအား မည်သူမည်ဝါ ထိန်းကျောင်းရမည်ကို ကလောင် ခင်းကျင်း သည့်အခါ၊ သူတို့နှင့် အတူ သင် မရှိချေ။ သူတို့ချင်း အချေအတင် ဖြစ်စဉ်၌လည်း သူတို့နှင့် အတူ သင်မရှိချေ။
၃း၄၅။ နိမိတ်ဆောင်များက ပြောသည်မှာ “အို-မာရိ၊ ဧကန်ပင် ပရမတ် ဘုရားရှင်က သင့်အားပေးသော- အရှင်၏ စကားတော်နှင့်အတူ သတင်းကောင်း မှာ၊ ဤဘ၀ နောင်ဘ၀တွင် မျက်နှာသာရသော၊ ချည်းကပ်ခွင့်ရ သူတို့မှ ဖြစ်သော အမည်နာမ အားဖြင့် မာရိ၏သား ယေရှု ခရစ်၏ အကြောင်း ပင်တည်း၊”
၃း၄၆။ သူသည် ပုခက်မှလည်းကောင်း အရွယ်ရောက် သော်လည်းကောင်း လူသားတို့အား စကားပြော၍၊ ပြုပြင်ပြောင်းလဲ သူတို့ အနက်မှ ဖြစ်လိမ့်မည်။
၃း၄၇။ သူမက “ကံကြမ္မာရှင်- မည်သည့် လူပုဂ္ဂိုလ် သည်မှ မထိတွေ့သေးဘဲလျက် တပည့်တော် မသည် မည်သို့ ရင်သွေး ရှိနိုင် အံ့နည်း၊”ဟု လျှောက်လေသော်၊ သူ ပြန်ပြော သည်မှာ အရှင်က “ဤသို့ပင်- ပရမတ်ဘုရားရှင်သည် စံချိန်ပြည့်စေရာကို ဖြစ်တည်စေ၏၊ အရှင်သည် ညွှန်ကြားချက်ကို အပြီးသတ် ချသောအခါ- ၎င်းကို ဖြစ်ဟု မိန့်လိုက်သည် နှင့် ထို့နောက် ဖြစ်လာရမည်သာတည်း။”
၃း၄၈။ အရှင်သည် သူ့အား ကျမ်းတော်၊ ဓမ္မသတ်တော်ဖြစ်သည့် ဓမ္မဟောင်း၊ ဓမ္မသစ်တို့ကို သင်ပေးတော်မူမည်။
၃း၄၉။ သူ့အား ဂျူးမျိုးနွယ် အတွက် ဉာဏ်စဉ်ဆောင် ဖြစ်စေ၍၊ “ကျွန်ုပ်သည် သင်တို့ထံ သင်တို့၏ ကံကြမ္မာရှင်ထံမှ သုတ်ဒေသနာကို မုချ ရောက်လာစေပြီ၊ ကျွန်ုပ်သည် သင်တို့အတွက် မြေမှ ငှက် ပုံစံချ ဖန်တီးလျက် သက်ဝင်စေလျှင် ၎င်းသည် ပရမတ်ဘုရားရှင်၏ ခွင့်ပြုချက် ဖြင့် ငှက်ဖြစ်လာလိမ့်မည်၊ အကန်းနှင့် အနာကြီး ရောဂါသည်တို့ကို ရောဂါကင်းစေ နိုင်၍ ပရမတ်ဘုရားရှင်၏ ခွင့်ပြုချက်ဖြင့် အသေအား ရှင်သန်စေမည်၊ သင်တို့အား မည်သည်တို့ကို စားသုံးရမည်- မည်သည်တို့ကို အိမ်များ၌ သိုလှောင်ရမည်ကို သတင်းထုတ်ပြန်မည်၊ သင်တို့သည် ယုံကြည်သူများ ဖြစ်ကြလျှင် ဧကန်ပင် ဤ၌ သုတ်ဒေသနာ တစ်ရပ် ရှိနေ၏။
၃း၅၀။ ကျွန်ုပ်သည် လက်ရှိ ဓမ္မဟောင်းကို ဖြောင့်မှန်စေပြီ၊ သင်တို့ အပေါ်၌ တားမြစ်သည်မှ အချို့ကို တရားဝင်စေပြီ၊ သင်တို့၏ ကံကြမ္မာရှင် ထံမှ သုတ်ဒေသနာများကို သင်တို့ထံသို့ ရောက်လာစေပြီ။ သို့ဖြစ်၍ ပရမတ်ဘုရားရှင် ကိုသာ စည်းစောင့်ကြလော့၊ အကျွန်ုပ်အား နာခံကြလော့။
၃း၅၁။ ဧကန်ပင် ပရမတ် ဘုရားရှင်သည် ကျွန်ုပ်၏ ကံကြမ္မာရှင်၊ သင်တို့၏ ကံကြမ္မာရှင် ဖြစ်၏၊ အရှင့် ကိုသာ ကိုးကွယ်ကြလော့၊ ဤသည် ဖြောင့်မှန် သော လမ်းစဉ် ဖြစ်၏။
၃း၅၂။ ယေရှုသည် သူတို့မှ ဖုံးကွယ်မှုများကို ရင်ဆိုင်တွေ့သော်-“ပရမတ် ဘုရားရှင်အလို့ငှာ ကျွန်ုပ်အား မည်သူ ကူညီမည်နည်း၊”ဟု မေးမြန်းသော်၊ ဝတ်ရုံဖြူများက “ကျွန်ုပ်တို့သည် ပရမတ်ဘုရားရှင်အလို့ငှာ ကူညီသူများ ဖြစ်ပါ၏၊ ပရမတ်ဘုရားရှင်၌ ယုံကြည်သက်ဝင်ပါ၏၊ ကျွန်ုပ်တို့သည် သန္တိသုခဝါဒီများ ဖြစ်ကြောင်း သက်သေပြုပါ၏၊”ဟု ကြွေးကြော်လျက်-
၃း၅၃။ “အို၊ ကံကြမ္မာရှင် တပည့်တော်တို့သည် အရှင် ချမှတ်ပေးသည်ကို ယုံကြည် သက်ဝင်ပါ၏၊ ဉာဏ်စဉ်ဆောင်အား လိုက်နာပါ၏၊ သို့ဖြစ်၍ သက်သေပြုသူများ နှင့်အတူ မှတ်တမ်းတင်ပေးတော်မူပါ၊”ဟု ဆုပန်ကြ၏။
၃း၅၄။ သူတို့သည် ကြံစည်ကြ၏။ ပရမတ်ဘုရားရှင်သည်လည်း ကြံစည် နေ၏၊ ပရမတ်ဘုရားရှင်သည် အကောင်းဆုံး ကြံစည်နိုင်သောရှင် ဖြစ်၏။
၃း၅၅။ ပရမတ်ဘုရားရှင်က “အေ- ယေရှု၊ ငါသည် သင့်အား သက်တမ်းကုန်စေ၍၊ ငါ့ အထံတော်၌ မြှောက်စားတော်မူမည်၊ ဖုံးကွယ်သောသူများမှ သင့်အား သန့်စင်စေ တော်မူမည်၊ သင့်ကို လိုက်နာသောသူတို့အား ရပ်တည်ရသော နေ့ ထိတိုင် ဖုံးကွယ် သော သူတို့ထက် အပေါ်စီးမှ စီစဉ်ပေးတော် မူမည်၊ တဖန် သင်တို့၏ အပြန်ခရီး သည် ငါ့ထံသို့ ဖြစ်၏၊ သင်တို့၏ အကြား ကွဲလွဲခြင်း ရှိခဲ့ရာများကို ငါအရှင် စီရင်ထုံးချတော်မူမည်။”ဟု မိန့်၏။
၃း၅၆။ သို့ဖြင့် ဖုံးကွယ်သော သူတို့အတွက်မူ ဤဘ၀ နောင်ဘ၀၌ ပြင်းထန် သော ဝဋ်ကြွေးဖြင့် ဝဋ်ခံရစေမည်၊ သူတို့အတွက် ကူညီမည့်သူ မရှိချေ။
၃း၅၇။ ယုံကြည်လျက် ပြုပြင်ပြောင်းလဲမှု ကျင့်ကြံသောသူတို့ အတွက်မူ သူတို့၏ ဆုလဒ်ကို ပြီးပြည့်စေလတ္တံ့၊ ပရမတ်ဘုရားရှင်သည် အမိုက်ကောင်များအား နှစ်သက်တော်မမူပေ။
၃း၅၈။ ဤသည် သင့်အား ငါအရှင် ရွတ်ဖတ်ပြသည့် သုတ်ဒေသနာများမှ သတိရစေသော ဓမ္မသတ်များ ဖြစ်၏။
၃း၅၉။ ဧကန်ပင် ပရမတ်ဘုရားရှင်၏ ထံတော်၌ ယေရှု၏ ပမာသည်ကား အာဒံ ကဲ့သို့ ဖြစ်၏၊ သူ့အား မြေမှုန့်မှ ဖြစ်တည်စေပြီး-“ဖြစ်၊”ဟု မိန့်လိုက်သော် “ဖြစ်တည်လာရမည်တည်း။”
၃း၆၀။ သစ္စာဓမ္မသည် သင်၏ကံကြမ္မာရှင် ထံမှ ဖြစ်၏၊ သို့ဖြစ်၍ အချင်းများသူများတွင် မပါဝင်နှင့်၊
၃း၆၁။ အသိပညာမှ သင့်ထံသို့ ရောက်လာ ပြီး နောက် သင့်အား စောကြောလာသူ ရှိလျှင်- “လာကြလော့၊ ကျွန်ုပ်တို့၏ သားမြေး များ၊ သင်တို့၏ သားမြေးများ၊ ကျွန်ုပ်တို့၏ အမျိုးသမီးများ၊ သင်တို့၏ အမျိုးသမီး များနှင့် ကျွန်ုပ်တို့၏ ဉာဉ်စရိုက်များ သင်တို့၏ ဉာဉ်စရိုက်များကို ဆင့်ခေါ်၍ လိမ်ညာသူများ၏ အပေါ်သို့ ပရမတ်ဘုရားရှင်၏ မေတ္တာဝေးမှု စီစဉ်ပါစေဟု ရိုကျိုးစွာကျိန်ဆိုကြစို့၊” ဟု ကြေညာလော့။
၃း၆၂။ ဧကန်ပင် ဤသည်မှာ တိကျမှန်ကန်သော ဖေါ်ပြချက်ပင် ဖြစ်၏၊ ပရမတ်ဘုရားရှင်မှ အပ အခြား ဘုရားဟူ၍ မရှိပြီ၊ လုံး၀ဧကန်- ပရမတ်ဘုရားရှင် သည် ဘုန်းတော်ရှင် ဓမ္မသတ်ရှင် ဖြစ်၏။
၃း၆၃။ အကယ်၍ လှည့်သွားခဲ့ကြလျှင်- ဧကန်ပင် ပရမတ်ဘုရားရှင်သည် အဖျက်ကောင်များကို သိနေသော အရှင်ဖြစ်၏။
၃း၆၄။ ဖိတ်ခေါ်လော့ “အို၊ ကျမ်းစာဝိုင်းသားတို့- လာကြလော့၊ ပရမတ် ဘုရားရှင်မှအပ အခြားကို မကိုးကွယ်ပါ၊ အရှင်နှင့် တစ်စုံတစ်ရာကို ရောပြွန်းခြင်း မပြုပါ၊ ပရမတ်ဘုရားရှင် မှလွဲ၍ ကျွန်ုပ်တို့မှ အချို့ကို အချို့က အရှင်ဘုရား ဟူ၍ အယူ မထားပါ ဟု ကျွန်ုပ်တို့ကြား သင်တို့ကြား တူမျှသော ကတိသစ္စာ ပြုကြစို့။” သူတို့ လှည့်သွားခဲ့လျှင် “ကျွန်ုပ်တို့သည် သန္တိသုခဝါဒီများ ဖြစ်ကြ၏”ဟု ပြော လျက် သင်တို့ သက်သေပြုကြလော့။
၃း၆၅။ အို ကျမ်းစာဝိုင်းသားတို့ အီဗရာဟီးမ်နှင့် ပတ်သက်လျက် အဘယ်ကြောင့် စောကြောနေကြသနည်း၊ ဓမ္မဟောင်း- ဓမ္မသစ် တို့ကို သူ့ခေတ် နောက်တိုင် ချမှတ်သေးသည် မဟုတ်ချေ၊ အတွေးအခေါ် မရှိကြ သလော။
၃း၆၆။ သင်တို့သည် မိမိတို့မသိသည့် အရာကို စောကြောနေသူများ ဖြစ်ကြ၏၊ အသင်တို့ အသိမရှိသော အရာ၌ အဘယ်ကြောင့် စောကြောနေကြ သနည်း၊ သင်တို့ မသိသည်ကို ပရမတ်ဘုရားရှင်က သိနေတော်မူ၏။
၃း၆၇။ အီဗရာဟီးမ်သည် ရေ၀တီမဟုတ်၊ ခရစ်ယာန်လည်း မဟုတ်၊ သို့ရာတွင် သူသည် အယူသန့်သော သန္တိသုခဝါဒီ ဖြစ်၏၊ သူသည် ရောပြွန်း ကိုးကွယ်သူများ၌ မပါဝင်ချေ။
၃း၆၈။ ဧကန်ပင် အီဗရာဟီးမ်ထံသို့ ပိုလှည့်သော လူသားများမှာ သူနှင့် ဤသတင်းတော်ဆောင်အား လိုက်နာသော သူများ၊ ယုံကြည်သော သူများ ဖြစ်ကြ၏၊ ပရမတ်ဘုရားရှင်သည် ယုံကြည်သူများ အတွက် မဟာမိတ် ဖြစ်၏။
၃း၆၉။ ကျမ်းစာဝိုင်းသားများမှ တစ်စုသည် သင်တို့အား လွဲချော်စေလိုကြ ၏၊ သူတို့၏ ဉာဉ်ကိုသာ သူတို့ လွဲချော်စေပြီ၊ သတိမမူနိုင်ကြချေ။
၃း၇၀။ အို ကျမ်းစာ ဝိုင်းသားတို့ သင်တို့သည် သက်သေများဖြစ်လျက် ပရမတ်ဘုရားရှင်၏ သုတ်ဒေသနာများကို အဘယ်ကြောင့် ဖုံးကွယ်ကြသနည်း။
၃း၇၁။ အို၊ ကျမ်းစာ ဝိုင်းသားတို့ အဘယ်ကြောင့် အမှန်ကို အမှားဖြင့် ဆင်ယင်နေကြသနည်း၊ သင်တို့ သိနေပါလျက် အမှန်ကို အဘယ်ကြောင့် ထိန်ဝှက်ကြသနည်း။
၃း၇၂။ ကျမ်းစာဝိုင်းသားများမှ တစ်စုက နှိုးဆော်သည်မှာ “သူတို့ ဦးလှည့် စေခြင်းငှာ ယုံကြည်သောသူများ အပေါ် ချမှတ်ပေးရာအား နေ့ပိုင်း မျက်နှာစာ အယုံပြ၍ နောက်ပိုင်း ဖုံးကွယ်ငြင်းဆန်ပစ်ကြလော့-
၃း၇၃။ -သင်တို့ လိုက်နာသော သာသနာဝင် မှအပ မယုံကြည်ကြနှင့်၊”ဟု ဖြစ်၏။ ဟောကြားလော့ “ပရမတ် ဘုရားရှင်၏ လမ်းညွှန်သာလျှင် လမ်းညွှန်မှန် ဖြစ်၏၊ သင်တို့အား ပေးအပ်သကဲ့သို့ တစ်စုံတစ်ယောက်အား ပေးအပ် ချီးမြှင့်နိုင်၏ သို့မဟုတ် သင်တို့၏ ကံကြမ္မာရှင် ထံ၌ သင်တို့အား စောကြော နိုင်၏။” ပြောဦးလော့ “ဧကန်ပင် သိက္ခာပေးမှုသည် ပရမတ်ဘုရားရှင်၏ လုပ်ပိုင်ခွင့်၌ ရှိ၏၊ အရှင်သည် စံချိန်ပြည့်သူအား ချီးမြှင့် တော်မူ၏၊ ပရမတ်ဘုရားရှင်သည် အသိဉာဏ်တော် ဖြန့်ကျက်ထားသော အရှင် ဖြစ်၏။”
၃း၇၄။ စံချိန်ပြည့်သူအား ကရုဏာတော်ဖြင့် သီးသန့်ရွေးကောက်၏၊ ပရမတ် ဘုရားရှင်သည် မဟာ့မဟာ သိက္ခာပေးသော အရှင် ဖြစ်၏။
၃း၇၅။ ကျမ်းစာ ဝိုင်းသားများအနက် သင် ယုံကြည်အပ်နှံသော စုငွေများမှ သင့်အား ပြန်ပေးသူ ရှိ၏၊ သူတို့အနက် သင် ယုံကြည်အပ်နှံသော ငွေတစ်ပြားကို ပင် သင့်အား ပြန်မပေးလို သောကြောင့် သူ့အပေါ် ယှဉ်ရပ်ရသူ ရှိ၏၊ ၎င်းမှာ “စာမတတ်သူများနှင့် ပတ်သက်၍ နည်းလမ်းမလို၊”ဟု ဆိုသောကြောင့် ဖြစ်၏၊ သူတို့သည် သိနေပါလျက် ပရမတ်ဘုရားရှင်နှင့် စပ်လျဉ်း၍ လိမ်လည် ပြောဆို ကြကုန်၏။
၃း၇၆။ အမှန်မှာ- မည်သူမဆို ပဋိညာဉ်အား ပြီးပြည့်စေအံ့၊ စည်းစောင့်အံ့၊ ဧကန်ပင် ပရမတ်ဘုရားရှင်သည် စည်းစောင့်သူများအား နှစ်သက်တော်မူ၏။
၃း၇၇။ ပရမတ်ဘုရားရှင်၏ ပဋိညာဉ်အား၊ သူတို့ကိုယ်တိုင် အားသန်စွာ တန်ဘိုးချ ရောင်းစားသောသူတို့ အဘို့ အနာဂါတ် ဖြစ်တည်မှု မရှိပေ၊ သူတို့အား ပရမတ် ဘုရားရှင်က ဗျာဒိတ်ခြွေမည် မဟုတ်၊ ရပ်တည်ရသော နေ့၌ ကြည့်တော့မည် မဟုတ်၊ သန့်ရှင်းဖြူစင်စေမည် မဟုတ် သူတို့ အဘို့ စူးနစ်သော ဝဋ်ကြွေးသည် ရှိနေ၏။
၃း၇၈။ ဧကန်ပင် သူတို့မှ တစ်ဖွဲ့သည် ကျမ်းတော်အား နှတ်လျှာကို လှည့် လျက် ကျမ်းတော်၌ မပါသည်ကို ကျမ်းတော်၌ ပါသည်ဟု စဉ်းစားစေရန် ပြု၏၊ ပရမတ်ဘုရားရှင်၏ထံပါးမှ မဟုတ်သည်ကို ပရမတ်ဘုရားရှင်၏ ထံပါးမှ-ဟု ပြောဆိုကြ၏၊ သူတို့သည် သိနေပါလျက် ပရမတ်ဘုရားရှင်၏ အပေါ်၌ လိမ်လည် ပြောဆိုကြ၏။
၃း၇၉။ ပရမတ်ဘုရားရှင်က ကျမ်းတော်၊ ဓမ္မသတ်တော်နှင့် သတင်း တော်ဆောင်ဘွဲ့ကို ချီးမြှင့်သော မည်သည့် လူပုဂ္ဂိုလ် ဖြစ်သူမှ- ပရမတ်ဘုရားရှင် မှလွဲ၍ အကျွန်ုပ်အား ကိုးကွယ်ကြဟု ပြောဆိုမည် မဟုတ်ချေ၊ သို့ရာတွင် သင်တို့ သည် ကျမ်းတော်အား သင်ပေးသူများ အဖြစ်၊ သင်တို့သည် လေ့လာသူများ အဖြစ် ကံကြမ္မာရှင်အား ဆည်းကပ်သူများ ဖြစ်ကြလော့ဟု ပြောလိမ့်မည်။
၃း၈၀။ နိမိတ် ဆောင်များနှင့် သတင်းတော်ဆောင်များအား အရှင်ဘုရား အဖြစ် အယူထားကြ ရန်လည်း ညွှန်ကြားမည် မဟုတ်ပေ။ သင်တို့သည် သန္တိသုခဝါဒီများ ဖြစ်ပြီး နောက်မှ ဖုံးကွယ်ကြရန် ညွှန်ကြားဦးမည်လော။
၃း၈၁။ ပရမတ်ဘုရားရှင်က သတင်းတော်ဆောင်တို့အား “ငါသည် သင်တို့ အား ကျမ်းတော်မှ ဓမ္မသတ်ကို ပေးအပ်ပြီ၊ တဖန် သင်တို့၌ ရှိသည်ကို ဖြောင့်မှန် စေမည့် ဉာဏ်စဉ်ဆောင် တစ်ပါး သင်တို့ထံသို့ ရောက်လာစေမည် သူ့အား ယုံကြည်ကြလော့၊ သူ့အား ကူညီကြလော့၊”ဟု ကတိခံဝန်ကို ယူ၍ “ငါ၏ တာဝန်ကို သင်တို့ အတည်ပြု သလော၊ လက်ခံကြ သလော၊”ဟု မေးမြန်းသော်၊ “တပည့်တော်တို့ အတည်ပြုပါသည်၊”ဟု လျှောက်ထားကြ၏။ အရှင်က “သက်သေများ ဖြစ်ကြလော့၊ ငါအရှင်သည်လည်း သက်သေများနှင့်အတူ ရှိတော် မူ၏၊”ဟု မိန့်ဆို၏။
၃း၈၂။ သည်နောက်တွင်မှ လှည့်သွားခဲ့သူ ထိုသူတို့သည် ယုတ်မာ သူများ ဖြစ်ကြ၏။
၃း၈၃။ ပရမတ်ဘုရားရှင်၏ သာသနာမှအပ အခြားကို ရှာဖွေလိုကြ သလော၊ မိုးများနှင့် မြေ၌ ရှိသူတို့သည် သဘောတူသည် ဖြစ်စေ၊ သဘော မတူသည်ဖြစ်စေ အရှင့် အတွက် ငြိမ်းငြိမ်းချမ်းချမ်းနေပေးရ၏၊ အရှင့်ထံ သို့သာ ပြန်ရကြမည်ပင်။
၃း၈၄။ “ကျွန်ုပ်တို့သည် ပရမတ်ဘုရားရှင်၊ ကျွန်ုပ်တို့ ထံသို့ ချမှတ် ပေးရာ၊ အီဗရာဟီးမ်၊ အီစ္စမာအီလ်၊ အီစ္စဟာ့က်၊ ယာကုဗ်နှင့် လူမျိုးစုများထံသို့ ချမှတ်ပေးရာ၊ မူဆာနှင့် ယေရှုတို့ ထံသို့ ပေးအပ်ရာနှင့် သတင်းတော်ဆောင် တိုင်းအား ကံကြမ္မာရှင်၏ထံမှ ပေးအပ်ရာတို့ကို ယုံကြည်ကြ၏၊ ထို ကိုယ်တော် များ ကြား တစ်ပါးနှင့် တစ်ပါး မခွဲခြားပါ။ ကျွန်ုပ်တို့သည် အရှင့်အတွက် ငြိမ်းချမ်းရေး ပြုသူများ ဖြစ်ကြ၏၊” ဟု ပြောဦးလော့။
၃း၈၅။ သန္တိသုခလမ်းစဉ်မှအပ အခြား သာသနာ တစ်ခုခုအား ရှာဖွေသူ သည် သူ့အလို အကိုးပြည့်မည် မဟုတ်ချေ၊ ထိုသူတို့သည် နောင်ဘ၀၌ ဆုံးရှုံးရ သူများ ဖြစ်ရမည်။
၃း၈၆။ သက်ဝင်ယုံကြည် ပြီးနောက်၊ ဉာဏ်စဉ်ဆောင်သည် မှန်ကန်ကြောင်း သက်သေပြုပြီးနောက်၊ သူတို့ထံသို့ ရှင်းလင်းချက်များ ရောက် လာစေပြီ၊ ဖုံးကွယ်ကြသော လူမျိုးစုအား ပရမတ် ဘုရားရှင်က မည်သို့ လမ်းညွှန် အံ့နည်း၊ ပရမတ်ဘုရားရှင်သည် မိုက်ကြေးခွဲသော လူမျိုးအား လမ်းညွှန်တော် မမူချေ။
၃း၈၇။ သူတို့ အစားရမည်မှာ ပရမတ်ဘုရားရှင်၊ နိမိတ်ဆောင်များနှင့် လူသား အပေါင်း၏ မေတ္တာဝေးစေခြင်း-
၃း၈၈။ ၌ အစဉ်အမြဲ ဖြစ်၏။ သူတို့၏ ဝဋ်ကြွေးကို ပေါ့ပါးစေမည် မဟုတ်၊ စောင့်ကြည့်ခွင့်ပေးမည်လည်း မဟုတ်ပေ။
၃း၈၉။သို့သော် ထိုသို့ ပြုမိပြီးနောက် ခဝါချလျှက် ပြုပြင်သောသူများ အတွက်- ဧကန်ပင် ပရမတ်ဘုရားရှင်သည် လွတ်ငြိမ်းစေသော အရှင် အကြင်နာရှင် ဖြစ်၏။
၃း၉၀။ သူတို့ထံသို့ ယုံကြည်မှု ရောက်ပြီးမှ ဖုံးကွယ်ကြလျှက် ထို ဖုံးကွယ် ခြင်းကို တိုးပွားသောသူ၏ ခဝါချမှုကို အကိုးပြည့်စေမည် မဟုတ်၊ သူတို့သည် လွဲမှားသူများ ဖြစ်ကြ၏။
၃း၉၁။ ဧကန် ဖုံးကွယ်သောသူများမှ- ဖုံးကွယ်သူ အဖြစ်နှင့် ပင် သေဆုံးသွားသူ တစ်ဦးဦးအတွက် ကမ္ဘာမြေ အပြည့်ရှိသော ရွှေသားအတိ လျော်ကြေး ပေးသော်လည်း အကိုးပြည့်မည် မဟုတ်ချေ။ သူတို့အတွက် စူးနစ် သော ဝဋ်ကြွေးသည် ရှိနေ၏၊ ကူညီမည့်သူ မရှိပြီ။
၃း၉၂။ သင်တို့နှစ်သက်ရာကို စွန့်လှု သုံးစွဲခြင်း မရှိသ၍ ကောင်းမှုကို ဆွတ်ခူးနိုင်မည် မဟုတ်၊ သင်တို့ စွန့်လှုသုံးစွဲသော တစ်စုံတစ်ရာအား ဧကန်ပင် ပရမတ်ဘုရားရှင်က သိနေတော်မူသော အရှင် ဖြစ်၏၊
၃း၉၃။ ဓမ္မဟောင်းအား မချမှတ်မှီ အစ္စရေးလ်က သူ့စရိုက်ကို တားမြစ် သည်မှအပ အစားအစာတိုင်းသည် ဂျူးလူမျိုးများ အတွက် တရားဝင် ဖြစ်၏ဟု ဆိုသူတို့အား “သင်တို့သည် ဖြောင့်မှန်သူများ ဖြစ်ကြလျှင် ဓမ္မဟောင်းကို ယူခဲ့ လျက် ဖတ်ပြကုန်လော့၊”ဟု တောင်းဆိုလော့။
၃း၉၄။ သည့်နောက်တွင်မှ ပရမတ် ဘုရားရှင်နှင့် စပ်လျဉ်း၍ လုပ်ကြံဖန်တီး လိမ်လည်သော မည်သူမဆို- သူတို့သည် အမိုက်ကောင်များ ဖြစ်ကုန်၏။
၃း၉၅။ “ပရမတ်ဘုရားရှင်က ဖြောင့်မှန် အယူသန့်စေသော အီဗရာဟီးမ်၏ ပဋိပါတ်ကျင့်စဉ်သို့ လိုက်ကြလော့၊ သူသည် ရောပြွန်း ကိုးကွယ်သူများမှ မဟုတ် ချေ၊”ဟု ဟောကြားလော့။
၃း၉၆။ ဧကန်ပင် လူသားတို့ အတွက် အဦးဆုံး စတည်ခဲ့ သော အိမ်တော်မှာ ဗကာဟ်မြို့၌ ဖြစ်၍၊ လောကခပ်သိမ်း အတွက် ကျက်သရေ မင်္ဂလာနှင့် လမ်းညွှန်ရာ ဖြစ်၏။
၃း၉၇။ ဤမြို့၌ ထင်ရှားသော နိမိတ်လက္ခဏာတို့ ရှိ၏၊ အီဗရာဟီးမ်၏ ရပ်တည်ခဲ့ရာ ရှိ၏။ ထိုအရပ်သို့ ဝင်ရောက်သူသည် ယုံကြည်စိတ် ချရ၏၊ ခရီးလမ်းသွားရန် တတ်နိုင်သူအဘို့ ထိုအိမ်တော်၌ ပရမတ်ဘုရားရှင် အတွက် ကံဆောင်ပရိဝါ့သ်ပြုရန် လူလားတို့ အပေါ်၌ ပြဌာန်း၏၊ အကယ်၍ ဖုံးကွယ်သူ ရှိသော် ဧကန်ပင် ပရမတ်ဘုရားရှင်သည် လောကခပ်သိမ်း အပေါ်၌ ကုံလုံပြည့်စုံတော်မူ၏။
၃း၉၈။ ဟောလော့ “အို- ကျမ်းစာဝိုင်းသားတို့ ပရမတ်ဘုရားရှင်၏ သုတ်ဒေသနာများအား အဘယ်ကြောင့် ဖုံးကွယ်ကြသနည်း၊ ပရမတ်ဘုရားရှင် သည် သင်တို့ ကျင့်ကြံသမျှ၌ သက်သေပင် ဖြစ်၏။”
၃း၉၉။ ဟောလော့ “အို- ကျမ်းစာ ဝိုင်းသားတို့၊ သင်တို့ကိုယ်တိုင် သက်သေများ ဖြစ်ပါလျက် ယုံကြည်သူတို့အား ကောက်ကျစ်မှုကို ရှာစေ၍ ပရမတ်ဘုရားရှင်၏ လမ်းစဉ်တော်မှ အဘယ်ကြောင့် ရှောင်ဖယ်နေသနည်း။” ပရမတ်ဘုရားရှင်သည် ကျင့်ကြံသမျှအား မေ့လျော့ထား သည် မဟုတ်ပေ။
၃း၁၀၀။ အို- ယုံကြည်သောသူတို့၊ ကျမ်းပေးခံရသော သူများမှ တစ်ဖွဲ့အား နာခံကြလျှင်၊ သူတို့က သင်တို့အား ယုံကြည်ပြီးမှ ဖုံးကွယ်သူများ အဖြစ် ပြန်လှည့် စေလိုကြ၏။
၃း၁၀၁။ သင်တို့အား ပရမတ်ဘုရားရှင်၏ သုတ်ဒေသနာများကို ဖတ်ပြ နေပါလျက်၊ အရှင်၏ ဉာဏ်စဉ်ဆောင်သည် သင်တို့ အထဲ၌ ရှိနေပါလျက်- သင်တို့ မည်သို့ ဖုံးကွယ်အံ့နည်း၊ ပရမတ်ဘုရားရှင် ဘက်မှ မားမားရပ်သူအား ဖြောင့်မှန် သော လမ်းစဉ်သို့ မုချ ညွှန်ခြင်းခံရစေလတ္တံ့။
၃း၁၀၂။ အို- ယုံကြည်သောသူတို့၊ ပရမတ်ဘုရားရှင်အား မှန်ကန်စွာ စည်းစောင့်ခြင်းဖြင့် စည်းစောင့်ကြလော့၊ သင်တို့သည် သန္တိသုခဝါဒီများ အဖြစ်မှ အပ ခန္ဓာမစွန့်ကြကုန်နှင့်။
၃း၁၀၃။ ပရမတ်ဘုရားရှင်၏ ကတိကြိုး ဘက်မှ မားမားရပ် ကြလော့၊ စုစည်းကြလော့ မခွဲခြားကြနှင့်၊ သင်တို့ချင်း စည်းဖေါက်သူများ အဖြစ် ရှိနေရာမှ အရှင်၏ ဂုဏ်ပေးမှုဖြင့် သင်တို့၏ စိတ်နှလုံးချင်းကြား ညီအစ်ကို အဖြစ် စည်းလုံးမှု ဖြစ်လာစေသည့်- ယခင် မူလက မီးလျှံ ကမ်းပါး၌ ရှိနေသော သင်တို့အား ကယ်ဆယ်ခဲ့သည့်- ပရမတ်ဘုရားရှင်၏ ဂုဏ်ပေးမှုကို သတိရလော့၊ သင်တို့ အတွက် လမ်းညွှန် မှန်ရအံ့သောငှာ ပရမတ်ဘုရားရှင်က သုတ်ဒေသနာ များကို ဤသို့ရှင်းလင်းစေ၏၊
၃း၁၀၄။ သင်တို့အနက် အကောင်းသို့ ဖိတ်ခေါ်သော၊ အသိအမှတ် ပြု ညွှန်ကြားသော၊ သူစိမ်းဆန်ခြင်းကို ဟန့်တားသော အသိုင်းအဝိုင်း ရှိလိမ့်မည်၊ သူတို့သည် အောင်မြင်ပေါက်မြောက်သူများ ဖြစ်ရလတ္တံ့။
၃း၁၀၅။ အချင်းချင်း ခွဲခြားနေလျက် သူတို့ထံသို့ ရှင်းလင်းချက်များ ရောက် လာစေပြီးမှ သဘောထားကွဲသောသူများ ကဲ့သို့ မဖြစ်ကြနှင့်၊ သူတို့ အဘို့ မဟာ ဝဋ်ကြွေးကြီး ရှိနေ၏။
၃း၁၀၆။ မျက်နှာများ ဖြူစင်တောက်ပသော၊ သို့မဟုတ် မျက်နှာ များ သုန်မှုန်မဲမှောင်သော နေ့ကာလ၌၊ မျက်နှာ မဲမှောင်သော သူတို့မှာမူ အသင် တို့သည် ယုံကြည်ပြီးမှ ဖုံးကွယ်ခဲ့သည် မဟုတ်လော၊ သင်တို့ ဖုံးကွယ်လေ့ရှိခဲ့သည့် ဝဋ်ကြွေးကိုသာ မြည်းကြလော့ ဟု စေခံရ၍-
၃း၁၀၇။ သို့သော် မျက်နှာ ဖြူစင်သော သူတို့ မှာမူ ပရမတ်ဘုရားရှင်၏ ကရုဏာရိပ်၌ ဝင်ရလျက် ထို၌ အစဉ်ခံစားစေလတ္တံ့။
၃း၁၀၈။ ဤသည် ပရမတ်ဘုရားရှင်က သင့်အား သစ္စာတရားဖြင့် ရွတ်ဖတ် ဆင့်ပြန်သော သုတ်ဒေသနာများ ဖြစ်၏၊ ပရမတ်ဘုရားရှင်သည် လောကခပ်သိမ်း အား အမိုက်သင့်စေလိုသည် မဟုတ်ချေ။
၃း၁၀၉။ မိုးများနှင့် မြေအတွင်း ရှိသမျှသည် ပရမတ်ဘုရားရှင်၏ အချုပ်အခြာ၌ ရှိ၏၊ အရေးအရာတိုင်းသည် ပရမတ် ဘုရားရှင်၏ ထံသို့ ဦးလှည့်ရမည်သာတည်း။
၃း၁၁၀။ သင်တို့သည် လူသားတို့ အတွက် ပေါ်ထွန်းလာသော အကောင်းဆုံး အသိုင်းအဝိုင်းပင် ဖြစ်၏၊ အသိအမှတ်ပြု ညွှန်ကြားကြကုန်၊ သူစိမ်းဆန်ခြင်းကို ဟန့်တားကြကုန်၊ ပရမတ်ဘုရားရှင်အား ယုံကြည်ကြကုန်လော့၊ ကျမ်းစာ ဝိုင်းသား များသည် ယုံကြည်ကြလျှင် သူတို့အတွက် သာ၍ကောင်းပေ၏၊ သူတို့အနက် ယုံကြည်သူများလည်း ရှိ၏၊ အများစုမှာ ယုတ်မာသူများ ဖြစ်ကြ၏။
၃း၁၁၁။ ထိခိုက်နာကျင်မှု မှအပ သင်တို့အား မနစ်နာစေနိုင်၊ အကယ်၍ သင်တို့နှင့် တိုက်ပွဲဖြစ်ကြလျှင် သင်တို့ဘက်မှ လှည့်၍ နောက်တန်းသို့ ထွက်ပြေး လတ္တံ့၊ သူတို့သည် အကူအညီရမည် မဟုတ်ပေ။
၃း ၁၁၂။ ပရမတ်ဘုရားရှင်မှ ကတိ ကြိုးနှင့် လူသားတို့မှ ကတိကြိုးမှအပ သူတို့အား ထိပ်တိုက်တိုးရာ၌ သိမ်ငယ်ခြင်း ကို ရိုတ်ခတ်စေပြီ၊ ပရမတ်ဘုရားရှင်၏ ထံမှ ကံကြီးသင့်မှုနှင့် သူတို့အပေါ်၌ နွမ်းပါးခြင်းကို ရိုက်ခတ်စေပြီ၊ ဤသည်မှာ သူတို့သည် ပရမတ်ဘုရားရှင်၏ သုတ်ဒေသနာများအား ဖုံးကွယ်လေ့ရှိခြင်း၊ သတင်းတော်ဆောင်များအား သစ္စာ မဲ့စွာ သတ်ဖြတ်ခြင်း များကြောင့် ဖြစ်၏၊ ဤသည် သူတို့၏ အာခံမှုနှင့် စည်းဖေါက်လေ့ ရှိမှုများကြောင့် ဖြစ်၏။
၃း၁၁၃။ အားလုံး တူညီသည် မဟုတ်ပေ၊ ကျမ်းစာ ဝိုင်းသားများ အနက် ပရမတ်ဘုရားရှင်၏ သုတ်ဒေသနာများကို ညည့်ယံ အချိန်များ၌ ရွတ်ဖတ်လျက် ဦးချဝပ်တွားသော ရပ်တည်ချက် ခိုင်မာသည့် အသိုင်းအဝိုင်းလည်း ရှိနေ၏။
၃း၁၁၄။ ပရမတ်ဘုရားရှင်နှင့် နောင်ဘ၀ နေ့ကာလကို ယုံကြည်ကြ၏၊ အသိအမှတ်ပြု ညွှန်ကြားကြ၏၊ သူစိမ်းဆန်ခြင်းကို ဟန့်တားကြ၏၊ ကောင်းခြင်း တရား၌ အလျင်စလို ရှိကြ၏၊ သူတို့သည်ကား ပြုပြင်ပြောင်းလဲသူများ ဖြစ်ကြ၏။
၃း၁၁၅။ ကောင်းမှုဆောင်တာ ပြုလုပ်ကြခြင်းကို ဖုံးကွယ်ပစ်မည် မဟုတ်ချေ၊ ပရမတ် ဘုရားရှင်သည် စည်းစောင့်သူတို့အား သိနေတော်မူသော အရှင် ဖြစ်၏။
၃း၁၁၆။ ဖုံးကွယ်သော သူများအတွက် သူတို့၏ ဥစ္စာပစ္စည်းများ၊ ရင်သွေး များသည် ပရမတ်ဘုရားရှင်၏ ထံတော်၌ တစ်စုံတစ်ရာမျှ ပြည့်စုံမည် မဟုတ်။ သူတို့သည် အပူမီး၏ ပေါင်းဖေါ်များ ဖြစ်ကြ၏၊ ထို၌ အစဉ်ခံစားရမည်ပင်။
၃း၁၁၇။ ဤလောကီဘ၀၌ ထိုသူတို့၏ သုံးစွဲခြင်း ဥပမာသည်ကား စိတ်စရိုက် မိုက်ကြေးခွဲနေသည့် လူမျိုး၏ စိုက်ပျိုးမြေအား ထိခိုက် တိမ်ကောစေသည့် ဇွတ်တိုးတိုက် နေသော လေကဲ့သို့ ဖြစ်၏။ ပရမတ်ဘုရားရှင်သည် သူတို့အား အဝိဇ္ဇာသင့်စေ သည် မဟုတ်ချေ၊ သူတို့ စရိုက်ကို သူတို့က မိုက်ကြေးခွဲနေကြ၏။
၃း၁၁၈။ အို- ယုံကြည်သောသူတို့၊ သင်တို့ချင်း မှလွဲ၍ သင်တို့အား ဆုတ်ယုတ်စေရန် ကိုးထားသူတို့အား အတွင်းလူ အဖြစ် မစွဲယူကြနှင့်၊ သူတို့က သင်တို့အား စိတ်ပင်ပန်းစေလို၏၊ သူတို့၏ ပါးစပ်များမှ အာဃာတများ ပွင့်ထွက် ၏၊ သူတို့၏ ရင်တွင်း၌ ပို၍ကြီးသော ထိန်ဝှက်မှုများ ရှိနေ၏၊ သင်တို့ အတွေး အခေါ် ရှိကြလျှင်- သင်တို့အတွက် ငါအရှင်သည် သုတ်ဒေသနာများကို မုချဧကန် ရှင်းလင်းစေတော်မူပြီ။
၃း၁၁၉။ သင်တို့သည် ကျမ်းတော်အား အလုံးစုံ ယုံကြည် သောကြောင့်၊ သင်တို့ ချစ်ခင်သော သူတို့က- သင်တို့အား ချစ်ခင်ခြင်း မရှိပေ၊ သင်တို့အား ဆုံသောခါ သူတို့က “ကျွန်ုပ်တို့လည်း ယုံကြည်ကြပါ၏၊”ဟု ပြောဆို လျက်၊ သူတို့ချည်း ဖြစ်သော် သင်တို့ အပေါ် ဒေါသဖြစ်လျက် ပုရွက်ဆိတ်ကိုက် ကိုက်ကြကုန်၏၊ “သင်တို့ဒေါသဖြင့် သင်တို့ သေကြကုန်၊”ဟု ပြောလော့။ သူတို့၏ ရင်တွင်း၌ ရှိသည်ကို ပရမတ်ဘုရားရှင်သည် သိနေတော်မူသော အရှင် ဖြစ်၏။
၃း၁၂၀။ အကယ်၍ သင်တို့အား သုမင်္ဂလာ သက်လျှင် သူတို့အတွက် အကုသိုလ် ဝေဒနာ ဖြစ်၏၊ သင်တို့အား အကုသိုလ် ထိလျှင် သူတို့ ဝမ်းသာအားရ ဖြစ်ကြ၏၊ သည်းခံပါရမီထား၍ စည်းစောင့်လျှင် သူတို့၏ ကြံစည်မှုသည် သင်တို့အား တစ်စုံတစ်ရာ နစ်နာစေမည် မဟုတ်ပေ၊ ဧကန်ပင် ပရမတ်ဘုရားရှင် သည် သူတို့ ကျင့်ကြံသမျှကို ဝိုင်းရံထားတော်မူ၏။
၃း၁၂၁။ စစ်ပြင်ရန်အတွက်၊ ယုံကြည်သူများ တပ်စွဲရာ၌ အထိုင်ချရန် သင်သည် မိသားစုမှ ခွဲလျက် မနက် စောစော ထွက်သွား သောအခါ- ပရမတ်ဘုရားရှင်သည် ကြားနေသောအရှင် သိနေ သောအရှင် ဖြစ်၏။
၃း၁၂၂။ သင်တို့မှ လူစု နှစ်စုက စိတ်ဓါတ်ကျလျက် ကြံမိကြံရာ ဖြစ်သောအခါ- ပရမတ်ဘုရားရှင်သည် သူတို့၏ မဟာမိတ် ဖြစ်၏၊ ယုံကြည်သူ များ အနေဖြင့် ပရမတ်ဘုရားရှင်အား ကိုးစားထိုက်၏။
၃း၁၂၃။ သင်တို့ဘက်မှ အနှိမ်ခံရသော်လည်း ပရမတ်ဘုရားရှင်သည် သင်တို့အား ဘဒရ်စစ်ပွဲ၌ မုချ ကူညီခဲ့၏၊ သင်တို့ ကျေးဇူးသိတတ်အံ့ငှာ ပရမတ် ဘုရားရှင်အား စည်းစောင့်ကြလော့။
၃း၁၂၄။ ယုံကြည်သူတို့အား “သင်တို့၏ ကံကြမ္မာရှင်သည် သင်တို့အား တိုးပွားစေရန် နိမိတ်ဆောင် သုံးထောင်အား တာဝန် ချခဲ့သည်မှာ မလုံလောက်သလော၊”ဟု ပြောလျက်-
၃း၁၂၅။ အမှန်မှာ သင်တို့သည် သည်းခံပါရမီမြဲ၍ စည်းစောင့်ကြလျှင် သူတို့သည် သင်တို့ထံ ပွက်လောရိုက် ဝင်ရောက်လာ သော်လည်း သင်တို့၏ ကံကြမ္မာရှင်က ဘက်တံဆိပ်ရှိသော နိမိတ်ဆောင် ငါးထောင်ဖြင့် တိုးပွားစေလတ္တံ့။
၃း၁၂၆။ ပရမတ်ဘုရားရှင်သည် ၎င်းအားဖြင့် သင်တို့အား သတင်းကောင်း နှင့် စိတ်နှလုံး အေးငြိမ်းရန်သာ စီစဉ်ပေးတော်မူ၏၊ ဘုန်းတော်ရှင် ဓမ္မသတ်ရှင် ဖြစ်သော ပရမတ်ဘုရားရှင်၏ ထံမှအပ အကူအညီဟူ၍ မရှိခြင်းမှာ-
၃း၁၂၇။ ရန်သူတို့- မျက်ခြည်ပြတ်ရန် သို့မဟုတ် စိတ်ပျက် အရှက်ကွဲလျက် ဦးလှည့်ပြေး စေရန် ဖြစ်၏။
၃း၁၂၈။ သူတို့အား သင်ပုန်းချေပေးသည် ဖြစ်စေ၊ ဝဋ်ဒဏ်သင့်စေသည် ဖြစ်စေ၊ သင်၏ ညွှန်ကြားချက် တစ်စုံတစ်ရာမျှ မဟုတ်ချေ၊ ဧကန်ပင် သူတို့သည် အမိုက်ကောင်များ ဖြစ်ကြ၏။
၃း၁၂၉။ မိုးများ နှင့် မြေ၌ ရှိသမျှတို့သည် ပရမတ် ဘုရားရှင်၏ အချုပ်အခြာ၌ ရှိ၏၊ အရှင်သည် စံချိန်ပြည့်သူအား လွတ်ငြိမ်းစေ၍ စံချိန်ပြည့်သူအလျောက် ဝဋ်သင့်စေ၏၊ ပရမတ်ဘုရားရှင်သည် လွတ်ငြိမ်းစေ သော အရှင် အကြင်နာရှင် ဖြစ်၏။
၃း၁၃၀။ အို- ယုံကြည်သောသူတို့၊ ထပ်ထပ်တိုးလျက် ထပ်ပြန်တိုး မစားကြ နှင့်၊ သင်တို့ အောင်မြင်ပေါက်မြောက်အံ့ငှာ ပရမတ်ဘုရားရှင်အား စည်းစောင့်ကြ လော့။
၃း၁၃၁။ ဖုံးကွယ်ငြင်းဆန်သူများ အတွက် တွက်ချက်ပြင်ဆင် ထားသော အပူမီးမှ ကင်းရန် စည်းစောင့်ကြလော့။
၃း၁၃၂။ သင်တို့ အပေါ်သို့ ကရုဏာ သက်အံ့ သောငှာ ပရမတ်ဘုရားရှင်နှင့် ဉာဏ်စဉ်ဆောင်အား နာခံကြလော့။
၃း၁၃၃။ သင်တို့၏ ကံကြမ္မာရှင်ထံမှ လွတ်ငြိမ်းခွင့်နှင့် စည်းစောင့်သူများ အတွက် တွက်ချက်ပြင်ဆင်ထားသည့် မိုးနှင့် မြေ ဘောင်အနှံ့ သုခဘုံသို့ အလျင်စလို ရှိကြလော့။
၃း၁၃၄။ သူတို့သည် အဆင်ပြေသည်ဖြစ်စေ နစ်နာနေသည် ဖြစ်စေ လှုဒါန်းသုံး စွဲကြ၏၊ ဒေါသဖြစ်မိသော် ယူကြုံးမရ ဖြစ်၏၊ လူသားတို့အား ကျေအေးပေးကြ၏၊ ပရမတ်ဘုရားရှင်သည် ထိုသုမင်္ဂလာ ပြုသူတို့အား နှစ်သက် တော်မူ၏။
၃း၁၃၅။ သူတို့သည် ကိုယ်ကျင့်ပျက်ခြင်း ပြုလုပ်မိသည် ဖြစ်စေ၊ သူတို့ စရိုက်ကိုသူတို့ မိုက်ကြေးခွဲမိသည်ဖြစ်စေ ပရမတ်ဘုရားရှင်အား သတိရရှုမှတ် ကြ၏၊ သူတို့၏ အပြစ်များမှ လွတ်ငြိမ်းဆုများပန်ကြ၏၊ ပရမတ်ဘုရားရှင်မှအပ မည်သူက အပြစ်များကို လွတ်ငြိမ်းစေမည်နည်း၊ သူတို့သည် သိနေလျက် ဇွတ်တိုး ပြုလုပ်နေသည် မဟုတ်ချေ။
၃း၁၃၆။ သူတို့ အတွက် အစားရမည်မှာ ကံကြမ္မာရှင်၏ ထံမှ လွတ်ငြိမ်းစေခြင်းနှင့်- သူတို့ အစဉ်စံမြန်းရန် အောက်ခြေ၌ စမ်းချောင်း ရေသွင် စီးဆင်းနေသော ဥယျာဉ်များ ဖြစ်၏။ ကျင့်ကြံသူများ အတွက် ဂုဏ်ပေး ခြင်း ဆုလဒ်သည် ရှိ၏။
၃း၁၃၇။ သင်တို့၏ ရှေ့အလျင်က ဓလေ့အဖုံဖုံ ပျောက်ကွယ်ခဲ့ပြီ၊ သို့ဖြစ်၍ သင်တို့သည် ကမ္ဘာမြေအနှံ့ သွားလာလျက် ငြင်းဆန်သူတို့ နိဂုံးချုပ် မည်သို့ ဖြစ်သည်ကို ကြည့်ကြလော့။
၃း၁၃၈။ ဤရှင်းလင်းချက်သည် လူသား အပေါင်းအား လမ်းညွှန်တော်နှင့် စည်းစောင့်သူများအတွက် ဩဝါဒတော် ဖြစ်၏။
၃း၁၃၉။ အား မလျော့ကြနှင့် စိတ်မပူကြနှင့် သင်တို့သည် ယုံကြည်သူ စင်စစ် ဖြစ်သော် အပေါ် စီးမှ ဖြစ်လာလတ္တံ့။
၃း၁၄၀။ သင်တို့အား ဒဏ်ရာဒဏ်ချက် ထိသက်ခဲ့လျှင်- အလားတူ ဒဏ်ရာ ဒဏ်ချက် ရန်ရှာသူများကိုလည်း ထိသက်ပြီ။ လူသားချင်းကြား၌ ဤသို့ အတုံ့ အလှည့် ရက်ကာလများကို သတ်မှတ်ခြင်းမှာ ပရမတ်ဘုရားရှင်သည် သင်တို့မှ ယုံကြည်သော သူများနှင့် အယူမြဲ သက်သေတည်သွား သူများကို သိစေရန် ဖြစ်၏၊ ပရမတ်ဘုရားရှင်သည် အမိုက်ကောင်များအား နှစ်သက်တော် မမူချေ။
၃း၁၄၁။ ပရမတ်ဘုရားရှင်သည် ယုံကြည်သော သူများအား စင်ကြယ်စေရန် ဖုံးကွယ်သူတို့ အား မှေးမှိန်စေရန် အလို့ငှာ ဖြစ်၏။
၃း၁၄၂။ သို့တည်းမဟုတ် ပရမတ်ဘုရားရှင်က သင်တို့အနက် အားစိုက်ဆောင်ရွက်သော သူများကို သိတော်မမူသေးဘဲ၊ ခန္တီပါရမီ ကြီးသူများကို သိတော်မမူ သေးဘဲ သုခဘုံသို့ ဝင်ကြရမည်ဟု သင်တို့ စိတ်ကူးယဉ် နေကြသလော။
၃း၁၄၃။ သင်တို့သည် မဆုံတွေ့မှီကပင် သေခြင်းတရားကို မုချ ဆန္ဒရှိ ကုန်၏၊ သို့ဖြင့် သင်တို့ ကြည့်နေစဉ်ပင် မျက်မြင်ဒိဌ တွေ့ကြရလေပြီ။
၃း၁၄၄။ မေတ္တေယျသည် ဉာဏ်စဉ်ဆောင် တစ်ပါးသာ ဖြစ်၏၊ သူ့ မတိုင်မှီ ဉာဏ်စဉ်ဆောင်များလည်း ကွယ်လွန်ခဲ့ကြပြီ၊ အကယ်၍ သူ ပရိနိဗ္ဗာန်ပြုသည် ဖြစ်စေ၊ ခန္ဓာကြွေရသည် ဖြစ်စေ သင်တို့သည် သင်တို့၏ နိဂုံးချုပ်ရာသို့ ဦးလှည့်ကြမည်လော၊ မည်သူသည် သူ့နိဂုံးသို့ ဦးလှည့်သည် ဖြစ်စေ ပရမတ် ဘုရားရှင်အား တစ်စုံတစ်ရာမျှ မနစ်နာစေနိုင်၊ ပရမတ် ဘုရားရှင်သည် ကျေးဇူး သိတတ်သူများအား အစားပေးတော်မူလတ္တံ့။
၃း၁၄၅။ ပရမတ်ဘုရားရှင်၏ ခွင့်ပြုချက် မရှိဘဲ မည့်သည့် ဉာဉ်စရိုက်သည်မှ နိဌိတံ ခွင့်မရှိ၊ ပြဌာန်းထားသော သတ်မှတ် ကာလ ရှိ၏၊ ဤလောကီ အကျိုးကို လိုသော သူအား ငါသည် ၎င်းကို ပေးလတ္တံ့၊ လောကုတ္တရာ အကျိုးကို လိုသော သူအား ငါသည် ၎င်းကို ပေးလတ္တံ့၊ ငါအရှင်သည် ကျေဇူးသိသူများ အား အစားပေးတော်မူမည်။
၃း၁၄၆။ သတင်းတော်ဆောင် တစ်ပါးနှင့် အတူ ခုခံတိုက်ခဲ့ရသော၊ ကံကြမ္မာရှင်အား ဆည်းကပ်သူ များစွာ ရှိ၏၊ သို့ဖြင့် သူတို့သည် ပရမတ် ဘုရားရှင်၏ လမ်းစဉ်၌ ထိခိုက်ခြင်းကြောင့် အားမလျော့ကြ၊ မချိနဲ့ကြ၊ စိတ် မလျော့ကြချေ၊ ပရမတ်ဘုရားရှင်သည် ခန္တီပါရမီ ရှိသူတို့အား နှစ်သက်တော်မူ၏။
၃း၁၄၇။ သူတို့က “အို- အရှင်၊ တပည့်တော်တို့အား အပြစ်များနှင့်- အလွဲသုံးစား ဖြစ် စေသည့် အရေးအရာများမှ တပည့်တော်တို့အား လွတ်ငြိမ်းစေပါ၊ တပည့်တော် တို့၏ စုံရပ်ခံမှုကို ခိုင်မာစေတော်မူပါ၊ ဖုံးကွယ်သော လူမျိုးအား လွမ်းမိုးနိုင်ရန် ကူညီတော်မူပါ၊”ဟု လျှောက်ထား ခြင်းမှအပ အခြား ညီးညူခြင်း မရှိချေ။
၃း၁၄၈။ သို့ဖြင့် ပရမတ်ဘုရားရှင်သည် သူတို့အား ဤဘ၀၌ အကျိုးကိုလည်းကောင်း နောင်ဘ၀၌ ပို၍ တင့်တယ်သော အကျိုးကို လည်းကောင်း ချီးမြှင့်လတ္တံ့၊ ပရမတ် ဘုရားရှင်သည် သုမင်္ဂလာပြုသူတို့အား နှစ်သက်တော်မူ၏။
၃း၁၄၉။ အို- ယုံကြည်သောသူတို့၊ သင်တို့သည် ဖုံးကွယ်သော သူတို့အား နာခံကြလျှင်၊ သူတို့က သင်တို့အား သင်တို့၏ နိဂုံးများသို့ ဦးလှည့်စေလိုကြ၏၊ သို့ဖြင့် သင်တို့သည် ဆုံးရှုံးသူများ ဖြစ်ရလတ္တံ့။
၃း၁၅၀။ အမှန်မှာ၊ ပရမတ်ဘုရားရှင် သည် သင်တို့ အတွက် မဟာမိတ် ဖြစ်၏၊ အကောင်းဆုံး ကူညီသော အရှင် ဖြစ်၏။
၃း၁၅၁။ ငါသည် ထိုဖုံးကွယ်သော သူတို့၏ စိတ်နှလုံး၌ ကြောက်လန့်မှုကို ဆုံတွေ့စေ လတ္တံ့၊ ယင်းမှာ သူတို့သည် အခွင့်အာဏာ ချမှတ်ပေးခြင်း မရှိသော အရာနှင့် ပရမတ်ဘုရားရှင်အား ရောပြွန်းကိုးကွယ်သောကြောင့် ဖြစ်၏၊ အပူမီးသည် သူတို့ အတွက် ခိုလှုံရာ ဖြစ်၍၊ အမိုက်ကောင်များအတွက် အမင်္ဂလာ တည်းခိုရာ ဖြစ်၏။
၃း၁၅၂။ အရှင်၏ ခွင့်ပြုချက်ဖြင့် သူတို့အား ရင်ဆိုင်ရစဉ် သင်တို့၏ စိတ်ဓါတ်ကျမှုနှင့် ညွှန်ကြားချက် ဖယ်ပစ်မှု၊ အာခံမှုတို့ ဖြစ်သည့်တိုင် ပရမတ် ဘုရားရှင်သည် ကတိတော်ကို သင် တို့ အဘို့ မုချ ဖြောင့်မှန်စေခဲ့၏။ သင်တို့ နှစ်သက်ရာကို မြင်စေပြီးနောက် သင်တို့အနက် ဤလောကီကို လိုလားသူ ရှိ၏၊ သင်တို့မှ လောကုတ္တရာကို လိုလား သူလည်း ရှိ၏၊ တဖန် အသင်တို့အား စုံစမ်းရန် အလို့ငှာ သူတို့မှ ဝေးရာသို့ သင်တို့ကို ပြန်လှည့်စေ ခဲ့ပြီ၊ သင်တို့အား မုချ ကျေအေး ပေးခဲ့ပြီ၊ ပရမတ်ဘုရားရှင်သည် ယုံကြည် သူများအား သိက္ခာပေးသော အရှင် ဖြစ်၏။
၃း၁၅၃။ တစ်ဦးတစ်ယောက်ကိုမှ လှည့်မကြည့်တော့ဘဲ တက်ပြေးကြစဉ်- ဉာဏ်စဉ်ဆောင်သည် သင်တို့အား နောက်မှ အော်ခေါ်ခဲ့၏၊ သင်တို့ လက်လွတ်ရ သော အရာများ၊ သင်တို့ထံ ကျရောက်လာသော အရာများ သင်တို့အား ထိခိုက် မှုများ အတွက် ဝမ်းနည်းမှုအစား- တလှိုက်လှိုက် တလှိုက်လှိုက်သာ ဖြစ်စေခဲ့ပြီ၊ ပရမတ်ဘုရားရှင်သည် သင်တို့ ကျင့်ကြံလေ သမျှကို သတင်းရနေတော်မူ၏။
၃း၁၅၄။ တလှိုက်လှိုက် ဖြစ်ရပြီးနောက် အရှင်သည် သင်တို့အပေါ်သို့ ယုံကြည်စိတ်ချရခြင်းကို တဖန် ချမှတ်ပေးပြီး၊ သင်တို့မှ တစ်စုအား မှေးစက်ခြင်း ကို လွှမ်းခြုံစေခဲ့၏၊ အခြားတစ်စုမှာ သူတို့စိတ်က ကြံစည်လျက် ပရမတ်ဘုရားရှင် နှင့် စပ်လျဉ်း၍ ပညာမဲ့တို့ စဉ်းစားချက်မျိုး သစ္စာ မဲ့စွာ စဉ်းစားလျှက် “ကျွန်ုပ်တို့၌ တစ်စုံတစ်ရာ ညွှန်ကြားခွင့် မရှိဘူးလား၊”ဟု ဆိုကြ၏၊ “ညွှန်ကြားချက် အလုံးစုံ သည် ပရမတ်ဘုရားရှင်ထံမှ ဖြစ်၏၊”ဟု ပြန်ပြောလော့၊ သူတို့၏ စိတ်တွင်း၌ ထိန်ဝှက်ထားရာကို သင့်အား မဖွင့်ဟဘဲလျက် “ကျွန်ုပ်တို့၌ ညွှန်ကြားခွင့် တစ်စုံ တစ်ရာ ရှိခဲ့ပါမူ၊ ဤနေရာ၌ ကျွန်ုပ်တို့ ကျဆုံးရမည် မဟုတ်၊”ဟု ဆိုကြ၏၊ ဟော လော့ “အကယ်၍ သင်တို့သည် အိမ်တွင်း၌ ရှိနေငြားလည်း၊ ကျဆုံးရရန် ပြဌာန်း ပြီးသော သူများသည်ကား ကျောချရမည့်နေရာသို့ ထွက်လာရလတ္တံ့၊ ပရမတ် ဘုရားရှင်သည် သင်တို့၏ ရင်တွင်းမှ အရာများကို စုံစမ်းတော်မူ၏၊ သင်တို့၏ စိတ်နှလုံးအတွင်းကို စင်ကြယ်စေတော်မူ၏၊ ပရမတ်ဘုရားရှင်သည် သင်တို့၏ ရင်ဘတ်ခံစားချက်များ အားဖြင့် သိနေတော်မူသော အရှင် ဖြစ်၏။
၃း၁၅၅။ တပ်စု နှစ်ခု ရင်ဆိုင်တွေ့သောနေ့၌ သင်တို့အနက် လှည့်ပြေးသော သူတို့၏ ကျင့်ဆောင်မှု အချို့ကြောင့် မကောင်းဆိုးဝါးက သူတို့အား ချော်ထွက်စေခဲ့၏၊ သို့သော် ပရမတ် ဘုရားရှင်သည် သူတို့အား မုချ ကျေအေးပေးခဲ့ပြီ၊ ဧကန်ပင် ပရမတ်ဘုရားရှင် သည် လွတ်ငြိမ်းစေသော အရှင် ညှာတာသော အရှင် ဖြစ်၏။
၃း၁၅၆။ အို- ယုံကြည်သောသူတို့၊ သားချင်းများနှင့် ပတ်သက်၍ မြေကမ္ဘာ ၌ ခရီးထွက်နေစဉ်- သို့မဟုတ် စစ်ထွက်နေစဉ် “အကယ်၍သာ ကျွန်ုပ်တို့နှင့် အတူ ရှိနေခဲ့မူ၊ ဤသို့ သေရမည် မဟုတ်၊ ကျဆုံးရမည် မဟုတ်၊”ဟု ပြောဆိုကြသည့် ဖုံးကွယ်သော သူများကဲ့သို့ သင်တို့ မဖြစ်ကြနှင့်၊ ပရမတ် ဘုရားရှင်သည် သူတို့၏ စိတ်နှလုံး၌ ကြေကွဲစရာ စီစဉ်ရာ၏၊ ပရမတ်ဘုရားရှင် သည် ရှင်သန်စေ၏၊ သေဆုံးစေ၏၊ ပရမတ်ဘုရားရှင်သည် ကျင့်ကြံသမျှကို မြင်နေသော အရှင် ဖြစ်၏။
၃း၁၅၇။ အကယ်၍ ပရမတ်ဘုရားရှင်၏ လမ်းတော်၌ ကျဆုံးရသည် ဖြစ်စေ၊ အနိစ္စရောက်ရသည် ဖြစ်စေ၊ ပရမတ်ဘုရားရှင်၏ ထံမှ လွတ်ငြိမ်းခွင့်နှင့် ကရုဏာတော်သည် သူတို့ စုဆောင်းထားသည်ထက် ပို၍ကောင်းပေ၏။
၃း၁၅၈။ သင်တို့ အနိစ္စ ရောက်သည် ဖြစ်စေ၊ ကျဆုံးရသည်ဖြစ်စေ ပရမတ်ဘုရားရှင် ထံသို့ သာ စုစည်းခံရစေမည်။
၃း၁၅၉။ ပရမတ်ဘုရားရှင်၏ ကရုဏာတော်ကြောင့် သင်သည် သူတို့နှင့် ပျော့ပြောင်းစွာ ဆက်ဆံခဲ့ပြီ၊ အကယ်၍ သင်သည် နှလုံးသား အရိုင်းစိတ်ဖြင့် တိကျပြတ်သားလေ့ ရှိခဲ့လျှင် သူတို့သည် သင့်အား ဝန်းရံနေခြင်းမှ ငွေရှာရန် သွားကြလေလတ္တံ့ သို့ဖြစ်၍ သူတို့အား ကျေအေး၍ သူတို့အတွက် လွတ်ငြိမ်းဆု ပန်ပေးလော့၊ အရေးအရာများ၌ သူတို့အား တိုင်ပင်ဆွေးနွေးလော့၊ သင် ဆုံးဖြတ် သော အခါ ပရမတ်ဘုရားရှင် အပါ်၌ ကိုးစားလော့၊ ဧကန်ပင် ပရမတ်ဘုရားရှင် သည် ကိုးစားသူတို့အား နှစ်သက်တော်မူ၏။
၃း၁၆၀။ ပရမတ်ဘုရားရှင်က သင်တို့အား ကူညီခဲ့သော် သင်တို့အား အနိုင်ရသူ ဟူ၍ မရှိတော့ပြီ၊ အကယ်၍ သင်တို့အား စွန့်ပစ်ထားလျှင် အရှင်၏နောက် သင်တို့အား မည်သူက ကူညီနိုင်အံ့နည်း။ ယုံကြည်သူများ အနေဖြင့် ပရမတ်ဘုရားရှင်ကိုသာ ကိုးစားထိုက်၏။
၃း၁၆၁။ ချုပ်ကိုင်ထားသော သတင်းတော်ဆောင် ဟူ၍ မရှိချေ၊ ချုပ်ကိုင် ထားသူသည် သူ၏ ချုပ်ကိုင်ထားမှုအား ရပ်တည်ရသော နေ့၌ ယူဆောင်ခဲ့ရလတ္တံ့၊ တဖန် ဉာည်စရိုက် ကိုယ်စီ ကျင့်ဆောင်ခဲ့သည့် အတိုင်း ပြီးပြည့်စေလတ္တံ့၊ သူတို့အား မိုက်ကြေးခွဲမည် မဟုတ်ပေ။
၃း၁၆၂။ ပရမတ်ဘုရားရှင်၏ နှစ်မြို့မှုကို လိုက်သူသည် ပရမတ်ဘုရားရှင်၏ အမျက်တော်ရှခြင်းအား ဆွဲယူသူ ကဲ့သို့ မည်သို့ ဖြစ်နိုင်အံ့နည်း၊ သူ၏ ခိုလှုံရာမှာ ငရဲဘုံ ဖြစ်၍ အမင်္ဂလာ ခရီးဆုံး ဖြစ်၏။
၃း၁၆၃။ သူတို့၏ အခွင့်အလမ်းများသည် ပရမတ်ဘုရားရှင်၏ ထံ၌ ရှိ၏၊ ပရတ်မတ် ဘုရားရှင်သည် ကျင့်ကြံသမျှကို မြင်နေသော အရှင် ဖြစ်၏။
၃း၁၆၄။ ပရမတ်ဘုရားရှင်သည် ယုံကြည်သူတို့အား သူတို့၏အထဲ သူတို့၏ စရိုက်တူမှ ဉာဏ်စဉ်ဆောင် တစ်ပါးကို ပွင့်ပေါ်စေခြင်းဖြင့် မျက်နှာသာပေးခဲ့ပြီ၊ သူတို့အား အရှင်၏ သုတ်ဒေသနာများကို ဖတ်ပြ၏၊ သူတို့အား သန့်ရှင်းဖြူစင် စေ၏၊ သူတို့အား ကျမ်းတော်နှင့် စီရင်ထုံးကို သင်ကြားပေး၏၊ ဧကန်ပင် သူတို့သည် ရှေ့အလျင်က ရှင်းလင်းထင်ရှား သော အပါယ်လမ်း၌ ရှိခဲ့ကြလေ၏။
၃း၁၆၅။ သင်တို့အား ထိခိုက်မှုတစ်ခု ထိခိုက်စေခဲ့သော်၊ သင်တို့က ထိုထက်နှစ်ဆ ထိခိုက်စေခဲ့လျက် ဤသည် အဘယ်မှနည်းဟု သင်တို့ ပြောလိုကြ၏၊ ဟောလော့ “၎င်းသည် သင်တို့၏ ဉာဉ်စရိုက်များမှ ဖြစ်၏ ဧကန်ပင် ပရမတ်ဘုရားရှင်သည် သဗ္ဗလုံးစုံအား စည်းချိန်ချမှတ်တော်မူ၏။”
၃း၁၆၆။ တပ်စုနှစ်ခု ရင်ဆိုင်ဆုံတွေ့သောနေ့၌ သင်တို့အား ထိခိုက်စေခြင်း မှာ ယုံကြည်သူတို့အား သိနိုင်ရန် ပရမတ်ဘုရားရှင်၏ ခွင့်ပြုချက် အတိုင်း ဖြစ်၏။
၃း၁၆၇။ သီလကြောင် ဖြစ်သော သူတို့အား သိနိုင်ရန်လည်း ဖြစ်၏၊ သူတို့အား “ပရမတ်ဘုရားရှင်၏ လမ်းစဉ်၌ စစ်တိုက်ကြရန် သို့မဟုတ် ခုခံရန် လာကြ လော့”ဟု ပြောသောအခါ၊ “အကယ်၍ တိုက်ပွဲ ဖြစ်မည်ကို သိခဲ့ရလျှင် သင်တို့၏ နောက်မှ သေချာပေါက် လိုက်ခဲ့မည်၊”ဟု ပြန်ပြောကြ၏၊ ထိုနေ့၌ သူတို့သည် ယုံကြည်ခြင်းထက် ဖုံးကွယ်ခြင်းသို့ ပိုမို နီးကပ်နေ၏။ သူတို့၏ နှလုံးသား၌ မရှိသည်ကို ပါးစပ်များဖြင့် ပြောဆိုကြ၏၊ ပရမတ်ဘုရားရှင်သည် သူတို့၏ ထိန်ဝှက်မှုကို အသိဆုံး ဖြစ်တော်မူ၏။
၃း၁၆၈။ မိမိကိုယ်တိုင် ထိုင်နေပါလျက် ညီအစ်ကိုများနှင့် ပတ်သက်၍ “ကျွန်ုပ်တို့အား နာခံခဲ့လျှင် ကျဆုံးရမည် မဟုတ်၊”ဟု ပြောဆိုသော သူတို့အား- သင်တို့သည် ဖြောင့်မှန်သူများ ဖြစ်ကြလျှင် သင်တို့၏ ဉာဉ်များမှ သေခြင်း တရားကို ဖယ်ရှားပစ်ကြလော့၊”ဟု ဟောပြောလော့။
၃း၁၆၉။ ပရမတ်ဘုရားရှင်၏ လမ်းစဉ်၌ ကျဆုံးရသောသူတို့အား သေကြကုန်ပြီဟု မစဉ်းစားနှင့်၊ အမှန်မှာ သူတို့ ကံကြမ္မာရှင်၏ ထံ၌ ရှင်သန် ရိက္ခာရလျက် ရှိကြ၏။
၃း၁၇၀။ ပရမတ်ဘုရားရှင်က အရှင်၏ သိက္ခာတော် ချီးမြှင့်ခြင်းဖြင့် သူတို့ ဝမ်းမြောက်ကြကုန်၏၊ သူတို့၏ နောက်မှ သူတို့ထံ ပူးပေါင်းခြင်း မရှိသေးသော သူများ အတွက်လည်း ထိုသူတို့ အား ကြောက်ရွံရစေမည် မဟုတ်၊ သောကရောက်ရစေမည် မဟုတ်ကြောင်း သတင်းကောင်း ရှိကုန်၏။
၃း၁၇၁။ ပရမတ်ဘုရားရှင်၏ထံမှ ဂုဏ်ပေးမှုနှင့် သိက္ခာပေးမှုကြောင့်၊ ဧကန်ပင် ပရမတ်ဘုရားရှင်သည် ယုံကြည်သူတို့၏ ဆုလဒ်အား အလဟသ ဖြစ်စေ မည် မဟုတ်ကြောင်း သတင်းကောင်း ရှိကုန်၏။
၃း၁၇၂။ သူတို့အနက် ဒဏ်ရာဒဏ်ချက် ထိသက်ပြီးနောက်၊ ပရမတ်ဘုရားရှင်နှင့် ဉာဏ်စဉ်ဆောင်ထံမှ အဖြေကိုခံယူသော သူ သုမင်္ဂလာပြု စည်းစောင့်သော သူတို့ အတွက် မဟာ ဆုလဒ်ကြီး ရှိ၏။
၃း၁၇၃။ လူအများ ပြောသော “သင်တို့ကို ဆန့်ကျင်ရန် လူများ စုနေကြပြီ၊ ၎င်းတို့ကို ကြောက်ရွံ့ကြလော့၊”ဟု ပြောဆိုမှုက သူတို့၏ ယုံကြည်မှုကို တိုးပွား စေလျက် “ကျွန်ုပ်တို့ အတွက် ပရမတ်ဘုရားရှင်သည် စရင်းချုပ် ဖြစ်၏၊ အရှင်သည် ဂုဏ်ရှိသော ကိုးစားထိုက်သည့် အရှင် ဖြစ်၏၊”ဟု ကြွေးကြော်ကြ၏။
၃း၁၇၄။ သို့ဖြင့် သူတို့သည် ပရမတ်ဘုရားရှင်၏ ဂုဏ်ပေးမှုနှင့် သိက္ခာပေးမှုသို့ ဦးလှည့်ခဲ့၏၊ အကုသိုလ် ထိသက်မှု မရှိချေ၊ ပရမတ်ဘုရားရှင်၏ နှစ်မြို့မှုကို လိုက်နာကြ၏၊ ပရမတ်ဘုရားရှင်သည် မဟာ့မဟာ သိက္ခာပေးသော အရှင် ဖြစ်၏။
၃း၁၇၅။ သင်တို့ ကြောက်ရွံ့စေရန် မကောင်းဆိုးဝါးက သူ၏ မဟာမိတ်များ ကို လှုံ့ဆော်ခိုင်း၏၊ သင်တို့သည် ယုံကြည်သူများ ဖြစ်ကြလျှင် သူတို့အား မကြောက်ရွံ့နှင့်၊ ငါအရှင်ကိုသာ ကြောက်ရွံ့ကြလော့။
၃း၁၇၆။ ဖုံးကွယ်မှု၌ အလျင်လို နေသော သူတို့ကြောင့် သင့်အား စိတ်သောက မရောက်စေရ၊ ဧကန်ပင် သူတို့သည် ပရမတ်ဘုရားရှင်အား တစ်စုံတစ်ရာမျှ မနစ်နာစေနိုင်၊ ပရမတ်ဘုရားရှင်သည် သူတို့အတွက် နောင်ဘ၀၌ ကံကောင်းခြင်းကို စီစဉ်လိုသည် မရှိပေ၊ သူတို့အတွက် မဟာ ဝဋ်ကြွေးကြီး ရှိနေပြီ။
၃း၁၇၇။ ယုံကြည်မှုကို ဖုံးကွယ်ခြင်းဖြင့် ရောင်းစားသော သူတို့သည် ပရမတ်ဘုရားရှင်အား တစ်စုံတစ်ရာ မနစ်နာစေနိုင် သူတို့ အတွက် စူးနစ်သော ဝဋ်ကြွေး သည် ရှိနေပြီ။
၃း၁၇၈။ အချိန်ပေးထားခြင်းကို သူတို့၏ဉာဥ်စရိုက် အတွက် ကောင်းသည်ဟု ဖုံးကွယ်သောသူတို့အား မစဉ်းစားစေနှင့်၊ သူတို့အား အချိန်ပေးထားခြင်းမှာ ပြစ်မှုများ တိုးပွားစေရန် ဖြစ်၏၊ သူတို့အတွက် နိမ့်ကျသော ဝဋ်ကြွေးသည်ရှိနေပြီ။
၃း၁၇၉။ အချိန်ပေးထားခြင်းကို သူတို့၏ ဉာည်စရိုက်အတွက် ကောင်းသည် ဟု ဖုံးကွယ်သောသူတို့အား မစဉ်းစားစေနှင့်၊ သူတို့အား အချိန် ပေးထားခြင်းမှာ ပြစ်မှုများ တိုးပွားစေရန် ဖြစ်၏၊ သူတို့အတွက် နိမ့်ကျသော ဝဋ်ကြွေးသည် ရှိနေပြီ။
၃း၁၈၀။ ပရမတ်ဘုရားရှင်က အရှင်၏ သိက္ခာ ချီးမြှင့်ခြင်းကို ကပ်စီးနဲသော သူတို့အား ၎င်းသည် သူတို့အတွက် အကောင်း ဟု မစဉ်းစားစေနှင့်၊ အမှန်မှာ ၎င်းသည် အဆိုးသက်သက် ဖြစ်၏၊ ရပ်တည်ရမည့် နေ့၌ သူတို့၏ ကပ်စီးနဲမှုသည် လည်ပင်းကို အားဖြင့်ညှစ်ခံရစေလတ္တံ့၊ မိုးမြေအပေါင်း၏ အမွေများသည် ပရမတ် ဘုရားရှင်၏ အချုပ်အခြာ၌ ရှိ၏၊ ပရမတ်ဘုရားရှင်သည် ကျင့်ကြံသမျှအား သတင်းရနေတော်မူ၏။
၃း၁၈၁။ “ဧကန်ပင် ပရမတ်ဘုရားရှင်သည် ဆင်းရဲ၏ ကျွန်ုပ်တို့သာ ပြည့်စုံကြွယ်၀ပေ၏၊”ဟု ဆိုသောသူတို့က ဆိုကြသည်ကို ပရမတ် ဘုရားရှင်သည် ကြားနေတော်မူ၏၊ ငါအရှင်သည် သူတို့၏ ပြောဆိုမှုများ၊ သတင်းတော်ဆောင်များ အား သစ္စာမဲ့စွာ သတ်ဖြတ်မှုများကို မှတ်တမ်းတင်လျက် “လောင်ကျွမ်းရ ခြင်း ဝဋ်ကြွေးကို မြည်းစမ်းကြလော့၊”ဟု မိန့်တော်မူမည်ပင်။
၃း၁၈၂။ ဤသည် သင်တို့၏ စုံရပ်ခံခဲ့သော လက်ချက်များ ဖြစ်၏၊ ဧကန်ပင် ပရမတ် ဘုရားရှင်သည် အမှုတော်ဆောင်များအား အဝိဇ္ဇာသင့်စေခြင်း မရှိပေ။
၃း၁၈၃။ “မီးပူဇော် ချည်းကပ်မှုကို ကျွန်ုပ်တို့ အတွက် မပေးဆောင်သော မည်သည့် ဉာဏ်စဉ်ဆောင်ကိုမျှ မယုံကြည်ရ ဟု ပရမတ်ဘုရားရှင်က ကျွန်ုပ်တို့ အပေါ် ပဋိညာဉ်ရှိပြီ၊”ဟု ဆိုသော သူတို့အား “သင်တို့သည် ဖြောင့်မှန်သူများ ဖြစ် ကြလျှင် ကျွန်ုပ်မတိုင်မှီ သင်တို့ တောင်းဆိုခဲ့ရာ- ရှင်းလင်းချက်များ ရောက်လာစေ သည့် ဉာဏ်စဉ်ဆောင်များအား အဘယ်ကြောင့် သတ်ခဲ့ကြသနည်း၊”ဟု မေးမြန်း လော့။
၃း၁၈၄။ သင့်အား ငြင်းဆန်ကြလျှင်- သင့် ရှေ့အလျင်က ရှင်းလင်းချက်များ၊ ကျမ်းငယ်များ၊ တရားရောင်ဝါ ရှိသော ကျမ်းတော်ဖြင့် ရောက်လာခဲ့သော ဉာဏ်စဉ်ဆောင်များသည်လည်း ငြင်းဆန်ခံခဲ့ရပြီ။
၃း၁၈၅။ ဉာဉ်စရိုက်တိုင်း နိဌိတံခြင်းကို မြည်းစမ်းရမည်ပင်၊ ရပ်တည်ရ သောနေ့၌ သင်တို့၏ ဆုလဒ်များကို ဖြည့်ဆည်း ခံရပေမည်၊ အပူမီးမှ ဖယ်ရှားခံ ရ၍ သုခဘုံသို့ ဝင်ရောက်ရသူသည် မုချ အောင်ပွဲခံလေပြီ၊ ဤလောကီဘ၀သည် သာယာသည်ဟု မြှူဆွယ်မှုမျှသာ ဖြစ်၏။
၃း၁၈၆။ သင်တို့၏ ဥစ္စာပစ္စည်းများ ဉာဉ်စရိုက်များ၌ စုံးစမ်းခြင်းကို ခံရပေမည်၊ သင်တို့၏ ရှေ့အလျင် ကျမ်းပေးခံရ သော သူများနှင့် ရောပြွန်းကိုးကွယ်သော သူများ၏ ထံမှ စိတ်ဒဏ်ရာဖြစ်စရာ များစွာကို ကြားရပေမည်၊ သည်းခံကြလျှင်၊ စည်းစောင့်ကြလျှင် ၎င်းသည်ပင် ညွှန်ကြားချက်များအား ဆုံးဖြတ် နည်း ဖြစ်၏။
၃း၁၈၇။ ပရမတ်ဘုရားရှင်သည် ကျမ်းပေးခံရသော သူများ ထံမှ “သင်တို့ သည် ၎င်းကို လူသားတို့ အတွက် ရှင်းလင်းတင်ပြရမည်၊ ၎င်းကို ထိန်ဝှက် မထားရ၊”ဟု ပဋိညာဉ်ကို ယူခဲ့၏၊ သို့သော် သူတို့သည် ကျောခိုင်း ကွယ်ကာ စွန့်ပစ်ကြ၏၊ မင်္ဂလာ မရှိဆုံး ရောင်းစားမှု ဖြစ်သည့် တန်ဘိုးချ ရောင်းစားကြ၏။
၃း၁၈၈။ မစဉ်းစားနှင့်၊ ဝမ်းမြောက်ဝမ်းသာ အသားယူတတ်သော၊ မပြုလုပ်သည်ကို ချီးကျူးခံရန် နှစ်သက်သော ထိုသူတို့သည် ဝဋ်ကြွေးမှ အောင်ပွဲခံနေပြီဟု အလျဉ်း စိတ်ကူးမယဉ်စေနှင့်၊ သူတို့အတွက် စူးနစ်သော ဝဋ်ကြွေး ရှိနေ၏။
၃း၁၈၉။ ပရမတ်ဘုရားရှင်သည် မိုးများနှင့် မြေကမ္ဘာ၏ အချုပ်အခြာ အရှင်သခင် ဖြစ်၏၊ ပရမတ်ဘုရားရှင်သည် သဗ္ဗလုံးစုံအား စည်းချိန် ချမှတ်တော် မူ၏။
၃း၁၉၀။ မိုးများနှင့် မြေကမ္ဘာအား ဖြစ်တည်စေခြင်း၊ နေ့နှင့်ည ကို အလှည့်ကျ ဖြစ်စေခြင်း၌ သဘောပေါက်နိုင်စွမ်း ရှိသူတို့ အဘို့ သုတ်ဒေသနာများ ရှိနေ၏။
၃း၁၉၁။ သူတို့သည် ပရမတ်ဘုရားရှင်အား ရပ်လျက်၊ ထိုင်လျက်၊ နံဘေးများပေါ်လှဲလျက် သတိရရှုမှတ်ကြ၏၊ မိုးများနှင့် မြေကမ္ဘာအား ဖြစ်တည်စေခြင်း၌ သုံးသပ်ကြ လျက်-
၃း၁၉၂။ အို- ကံကြမ္မာရှင် အရှင်က အပူမီးထဲသို့ ဝင်စေသောသူသည် အရှက်ကွဲရသူ ဖြစ်၏၊ အမိုက်ကောင်များ အတွက် ကူညီ မည့်သူ မရှိချေ။-
၃း၁၉၃။ အို- ကံကြမ္မာရှင် တပည့်တော်တို့သည် “သင်တို့၏ ကံကြမ္မာရှင်အား ယုံကြည်ကြလော့၊”ဟု ယုံကြည်မှု ဆီသို့ ဖိတ်ခေါ်သော ဖိတ်ခေါ် သူအား ကြားနာလျက်၊ ယုံကြည်ခဲ့ပါပြီ၊ “အို- ကံကြမ္မာရှင် တပည့်တော်တို့၏ အပြစ်များကို လွတ်ငြိမ်းစေတော်မူပါ၊ အကုသိုလ်များကို ဖုံးကွယ်ပေးတော်မူပါ၊ ကောင်းမှုပြုသူများ နှင့်အတူ သက်တမ်းကုန်စေတော်မူပါ၊
၃း၁၉၄။ အို- ကံကြမ္မာရှင်-အရှင်၏ ဉာဏ်စဉ်ဆောင်များမှ တဆင့် ကတိတော်ထားသည်ကို တပည့်တော်တို့ အား ပေးတော်မူပါ၊ ရပ်တည်ရသော နေ့၌ တပည့်တော်တို့အား အရှက် မကွဲစေပါ နှင့်၊ ဧကန်ပင် အရှင်သည် ကတိတော်အား ပေါ့ပျက်စေခြင်း မရှိပါ၊”ဟူသော-
၃း၁၉၅။ သူတို့၏ ရင့်ကျူးမှုအား ကံကြမ္မာရှင်က တုန့်ပြန်တော်မူ၏၊ ငါအရှင်သည် သင်တို့အနက် ကျင့်ကြံသူ၏ ကျင့်ကြံမှုကို အလဟသ မဖြစ်စေပေ၊ ယောက်ျား ဖြစ်စေ၊ မိန်းမဖြစ်စေ သင်တို့မှ အချို့သည် အချို့ကို မှီတည်နေ၏၊ သူတို့သည် ပြောင်းရွှေ့ခဲ့ရ၏၊ အိမ်များမှ နှင်ထုတ်ခံရ၏၊ ငါ၏ လမ်းစဉ်တော်၌ ထိခိုက်ခဲ့ရ၏၊ ခုခံတိုက်ခဲ့ရ၏ ကျဆုံးခဲ့ရ၏၊ သူတို့၏ အကုသိုလ်မှုများကို ဖုံးကွယ်ပစ်တော်မူ လတ္တံ့၊ အောက်ခင်း၌ စမ်းချောင်းရေသွင် စီးဆင်းနေသော သုခဘုံများသို့ ဝင် ရောက် စေတော်မူလတ္တံ့၊ ပရမတ်ဘုရားရှင်၏ ထံမှ အကျိုးထူးပင် ဖြစ်၏၊ ပရမတ် ဘုရားရှင် အရှင်၏ ထံတော်၌ အတင့်တယ် ဆုံးသော အကျိုးထူးသည် ရှိနေ၏။
၃း၁၉၆။ မြို့ပြများ၌ ဖုံးကွယ်သောသူတို့၏ ဦးတည်လှုပ်ရှားမှုက သင့်အား မမြှူဆွယ်စေနှင့်၊
၃း၁၉၇။ ၎င်းမှာ အနည်းငယ်မျှ သာယာစေခြင်းပင်၊ ထို့နောက် သူတို့၏ ခိုလှုံရာမှာ အမင်္ဂလာ ညိမ့်ညောင်းရာ ငရဲပြည်ပင် ဖြစ်၏၊
၃း၁၉၈။ သို့ရာတွင် ကံကြမ္မာရှင်၌ စည်းစောင့်သောသူ၊ ထိုသူတို့ အတွက် အောက်ခင်း၌ စမ်းချောင်း ရေသွင် စီးဆင်းနေသော သုခဘုံများ ရှိ၏၊ ထို၌ အစဉ်စံစားစေခြင်း အဆင့်ဆင့် မှာ ပရမတ်ဘုရားရှင်၏ ထံမှ ဖြစ်၍၊ ကောင်းမှုပြုသူများ အဘို့ အကောင်းဆုံးသည် ပရမတ်ဘုရားရှင်၏ ထံ၌ ရှိ၏။
၃း၁၉၉။ ဧကန်ပင် ကျမ်းစာဝိုင်းသားများ၌ ပရမတ်ဘုရားရှင်အား လည်း ကောင်း၊ သင်တို့ထံ၌ ချမှတ်ပေးရာ၊ သူတို့ထံ၌ ချမှတ်ပေးရာများကို ယုံကြည်ကြ လျက် ပရမတ်ဘုရားရှင်အား ကျို့ငဲ့ကြ၍၊ ပရမတ်ဘုရားရှင်၏ သုတ်ဒေသနာများ အား တန်ဘိုးချ ရောင်းချခြင်းလည်း မရှိ- သူတို့အတွက် ဆုလဒ်မှာ သူတို့၏ ကံကြမ္မာရှင် ထံ၌ ရှိ၍၊ ဧကန်ပင် ပရမတ်ဘုရားရှင်သည် အချိန်နှင့်တပြေးညီ စာရင်းစစ်နေတော်မူ၏။ ၂၀၀။ အို- ယုံကြည်သောသူတို့ သည်းခံကြလော့၊ ခံနိုင်ရည် ရှိကြလော့၊ တက်တက်ကြွကြွ ရှိကြလော့၊ အောင်မြင်ပေါက်မြောက်အံ့ငှာ ပရမတ် ဘုရားရှင်အား စည်းစောင့်ကြလော့။
အမှာစာ
Scroll to Top