ကုရ်အာန် ဘာသာပြန်(csv)

ဘာသာပြန်
အမှာစာ
ဤဘာသာပြန်သည် အစ္စလာမ် သာသနာဝင်များ၏ အဓိက ပင်မ လက်ခံ ယုံကြည် ထားသော ကုရ်အာန်ကျမ်းစာအားတစ်မြေတည်းနေ တစ်ရေတည်းသောက် ဘာ သာစကားတူ လူသားညီအစ်ကို မောင်နှမများအတွက် နားလည်ရ လွယ်ကူ စေရန် လုံ့လပြု အားထုတ်ထားခြင်းဖြစ်သည်။
ဘုရားရှင်
ကမ္ဘာ့ ဘာသာတရားတိုင်းက ဘုရားရှိသည်ဟု လက်ခံ ယုံကြည်ကြ၏။ သို့သော် ဘုရားဟူသည်နှင့် ပတ်သက်၍ ခံစားယုံကြည်မှု မတူညီကြပေ။ ဟိန္ဒူ၊ ရေ၀တီ (ဂျူး)၊ ခရစ်ယာန်နှင့် အစ္စလာမ် ဘာသာများက ဘုရားဟူ သည်မှာ လောက ခပ်သိမ်းအားဖန်ဆင်းသော အရှင် ဖြစ်သည်ဟု ယုံကြည်ကြပြီး၊ ဗုဒ္ဓဘာသာကမူ ဖန်ဆင်းရှင်မရှိ- ဘုရားဟူသည် လူသားမှ ပွင့်ပေါ် ခြင်းဖြစ်သည်ဟု ယုံကြည်၏။
ဤသည် အများနားလည်ထားသော ယေဘုယျ သဘော ဖြစ်ပြီး၊ ထိုထက် ပို၍ လေ့လာလျှင်-
ဟိန္ဒူဘာသာဝင်များက “ဖန်ဆင်းသော ဘုရားမှသည် လူ့လောကသို့ လူသားအဖြစ် ဝင်စားလျက် လူသားအပေါင်းအားတရားအလင်းရောင် သွန်သင်ပြသ ညွှန်ကြားတော်မူ၏ သို့ဖြစ်၍ ဖန်ဆင်းရှင် ဘုရားနှင့် လူသားအသွင် ပွင့်ပေါ်သော ဘုရားသည် အတူတူပင် ဖြစ်သည်”ဟု ခံစားယုံကြည်ကြ၏။ ဤယုံကြည်မှုမှာ ခရစ်ယာန် ဘာသာ၏ ခံစားယုံကြည်ချက်နှင့် တူညီသည်ဟု မှတ်ချက်ပြုနိုင်၏။
တဖန် ထိုသို့ ခံစားယုံကြည်ချက်သည် မဟာယန ဗုဒ္ဓ ဘာသာတို့၏ တြိကာယ ယုံကြည်ချက်နှင့် အသွင်တူနေသည်ကို တွေ့ရပြန်ပါသည်။ တြိကာယ ဟူမူ- ဓမ္မကာယ။ နိမ္မာနကာယ၊ သံဘောဂကာယ ဟု ကာယ သုံးပါးဖြစ်၍ ဓမ္မကာယ သည် စကြာ၀ဠာ အပေါင်း၌ တည်ရှိနေသော မူလတရားကိုယ်၊ ထို တရားကိုယ်မှ တရားဉာဏ်စဉ် အဖြစ် နိမ္မာနကာယဖြင့် လူသားမှ ပွင့်ပေါ်သော သံဘောဂကာယ သို့ ဝင်စားခြင်းဖြစ်၏။ ၎င်းမှာ ခရစ်ယာန်တို့၏ “ခမည်းတော်၊ သန့်ရှင်းသော ဝိဉာည်တော်၊ ခရစ်တော်” ဟူသည့် သဘောတရားမှာ အတူတူပင် ဖြစ်၏၊ သို့သော် မဟာယနများက ဓမ္မကာယအားဖန်ဆင်းရှင်ဟု မသတ်မှတ်ဘဲ မူလပင်မ တရားကိုယ် ဟုသာ ယုံကြည်ကြပေသည်။
ဤအယူအဆနှင့် ဆင်တူသည့်- အမြဲတည်ရှိသော ဓမ္မဓိဌာန် ဗုရားမှ ကိန်းအောင်း၍ လူတွင်ထင်ရှားလူသားသမ္မာသမ္ဗုဒ္ဓ ပုဂ္ဂလဓိဌာန် ဘုရားများပွင့်ပေါ်ရသည်ဟု- မြန်မာ ထေရဝါဒ ဆရာတော်များဖြစ်သည့် လယ်တီ ဆရာတော်နှင့် ဓမ္မစေတီ ဆရာတော်တို့၏ “သမ္မာစိတ္တ ဘာသာကျမ်း”၊ ဓမ္မစေတီ ဆရာတော်၏ “နိဗ္ဗာန် လမ်းပြ ဓမ္မကထိက ပဒေသာလက်သုံးကျမ်း”၊ ဘုရားဒကာ ဦးလူငယ်၏ “သဗ္ဗညုတ စိန္တာမဏိကျမ်း”နှင့် အခြားသော ဝိပဿနာ၌ ထုံသော ဆရာတော်များ၏ “ဗုဒ္ဓ”၏ အနက် ဖွင့်ဆိုချက် ကျမ်းပေါင်းများစွာတွင် တွေ့ရှိရ၏။
ရေ၀တီ (ဂျူး) နှင့် အစ္စလာမ်ဘာသာများက ဘုရားရှင်သည် ကမ္ဘာလောက၌ လူသားအဖြစ် ဝင်စားခြင်းမရှိ၊ လူသားတို့အားတရားပြရန် ပွင့်ပေါ်သော လူပုဂ္ဂိုလ်များမှာ ဘုရားရှင်က စေစားသော သတင်းတော်ဆောင်၊ ဉာဏ်စဉ်တော် ဆောင်များသာ ဖြစ်၏၊ ထို လူ ပုဂ္ဂိုလ် သတင်းတော်ဆောင်၊ ဉာဏ်စဉ်တော်ဆောင် များအားပရမတ်ဘုရားရှင်က သဗ္ဗညုတဉာဏ်စဉ် ကိန်းဝပ်ပေးခြင်းသာ ဖြစ်၍ သုံးပါးတစ်ဆူ တြိကာယ မဟုတ်၊ သူ့ကဏ္ဍနှင့် သူ သီးသန့်စီ ဖြစ်၏-ဟု အယူရှိ ကြသည်။
သို့သော် ရေ၀တီ (ဂျူး)တို့က ဘုရားရှင်၏ ပုံသဏ္ဌာန်သည် လူသားကဲ့သို့ ဖြစ် သည်ဟု ယုံကြည်ကြ၍၊ အစ္စလာမ်ဘာသာကမူ ဘုရားရှင် ဟူသည် ပရမတ် ဖြစ်၍ အတုမရှိ၊ မနှိုင်းယှဉ်အပ်၊ ပုံမဖွဲ့နိုင်ဟု ယုံကြည်ကြသည်။
အာရာမစ်၊ အာရ်ဗီနှင့် ဟီးဘရူးစာပေတွင် ဘုရားရှင် အတွက် သုံးသော သဒ္ဒါမှာ သီးသန့်အများကိန်းပုံစံ ဖြစ်၍ ပါဠိ၊ ဂရိ၊ လက်တင်၊ အင်္ဂလိပ်၊ မြန်မာပေများတွင် ထိုသို့သော သီးသန့်အများကိန်းပုံစံ မရှိပေ။ ရိုးရိုးအနည်းကိန်း၊ အများကိန်းပုံစံသာ ရှိနေသဖြင့် သမ္မာကျမ်းစာအားဘာသာပြန်ဆိုသူများက ဟီးဘရူးစာပေ လာ ဘုရားရှင် ဟူသည့် ဝေါဟာရအား“အများကိန်းဖေါ်ပြမှု တြိကာယ သုံးပါးတစ်ဆူ ဖြစ်သည်” ဟုလည်းထင်ယောင်ထင်မှားဖွင့်ဆိုသည်ကို တွေ့ရပေသည်။
သီးသန့်အများကိန်းပုံစံဆိုသည်မှာ အနည်းလည်းမဟုတ်၊ အများလည်းမဟုတ် ကိန်းဂဏန်းဖြင့် ရေတွက်နိုင်ခြင်းမရှိသော ပရမတ်စစ်စစ် ဖြစ်သည်ဟု ဆိုလိုခြင်းပင် ဖြစ်သည်။
ထို့ကြောင့် ဤကုရ်အာန် ဘာသာပြန်တွင် အစ္စလာမ်တို့ သက်ဝင်ယုံကြည်သော ဘုရားရှင်အား“ပရမတ်ဘုရားရှင်” ဟု ဘာသာပြန် တင်ပြအပ်ပါသည်။
ဉာဏ်စဉ်ရပုဂ္ဂိုလ်များ
ကမ္ဘာ့လောက၌ တရားပြရန် ပွင့်ပေါ်လာသည့် လူသားဉာဏ်စဉ်ရ ပုဂ္ဂိုလ် များကို ဟိန္ဒူ၊ ဗုဒ္ဓဘာသာနှင့် ခရစ်ယာန်တို့က “ဘုရား”ဟုပင် ခေါ်တွင် သုံးစွဲသည် ကို တွေ့ရသည်။ အဆိုပါ လူဘုရားသည် မူလပင်မ ဇစ်မြစ် ဘုရားမှ လူသားအဖြစ် ဝင်စား၍ သတ္တဝါ အပေါင်းအားတရားပြသည်ဟု ယုံကြည်ကြသည်။ နည်းငယ် ရှင်းရသော်- ခရစ်ယာန်တို့က ယေရှုခရစ်တော်သည် ဘုရားသခင်၏ သားတော်ဟု အသုံးများသော်လည်းအဆိုပါ ယေရှုခရစ်တော်သည် ဘုရားပင် ဖြစ်သည်ဟု ယုံကြည်ထားကြပေသည်။ ဟိန္ဒူဘာသာ၏ အယူမှာ မူလဇစ်မြစ် ဘုရားမှ လောက အပေါင်းအားကယ်တင် စောင့်ရှောက်ရန် လူသားအဖြစ် ဝင်စား၍ လောက၌ ပွင့်ပေါ်ခြင်းကြောင့် အဆိုပါ လူသားသည် မူလဇစ်မြစ် ဘုရားနှင့် အတူတူပင် ဖြစ်၏၊ ခွဲခြား၍ မရဟု ခံယူသည်။ မဟာယန ဗုဒ္ဓ ဝါဒ၌ မူလပင်မ တရားကိုယ် ဓမ္မကာယသည် နိမ္မာနကာယ အားဖြင့် လူသားထံ ကျိန်းဝပ်လျက် သံဘောဂ ကာယ ဘောဓိသတ္တ လူသားဘုရားအဖြစ် ပွင့်ပေါ်သည် ဟု ယုံကြည်သည်။ မြန်မာ ထေရဝါဒ ဗုဒ္ဓ ဘာသာဝင် ဆရာစဉ် အဟောအပြောများတွင် မူလပင်မ ဘုရားဟူသည် မှေးမှိန်နေလျက် လူသားမှ သမ္မာသမ္ဗုဒ္ဓ အဆင့်ထိ ကိန်းဆိုက်၍ ပွင့်ပေါ်ခြင်းဖြစ်သည်ဟု ခံယူကြ၏။ သို့သော် လယ်တီ ဆရာတော်၊ ဓမ္မစေတီ ဆရာတော်၊ အပါအဝင် ဝိပဿနာ၌ အားသန်သော ဆရာတော်များက ဗုဒ္ဓ ဟူသော အနက်ကို ရှင်းလင်းတင်ပြရာတွင် - ဓမ္မဓိဌာန် ဗုရားမှ ကိန်းအောင်း၍ လူတွင် ထင်ရှားလူသားသမ္မာသမ္ဗုဒ္ဓ ပုဂ္ဂလ ဓိဌာန်ဘုရားများပွင့်ပေါ်ရသည် ဟု- သွန်သင် ထားသည်များရှိပေရာ- လူသား၌ ပွင့်ပေါ်သော ဉာဏ်စဉ်ရ ပုဂ္ဂိုလ်တို့အားဘုရားဟုပင် ခံစားယုံကြည် သည်ကို တွေ့ရသည်။ လူသားဉာဏ်စဉ်ရ ပုဂ္ဂိုလ်တို့အားဘုရားဟု ခံစားယုံကြည်ကြသော်လည်းဟိန္ဒူ နှင့် ဗုဒ္ဓဘာသာတို့မှာ မူလပင်မ ဘုရားမှ လူ့လောက၌ လူသားအဖြစ် ဝင်စားခြင်းသို့မဟုတ် ကျိန်းဝပ်ခြင်းဟု နီးစပ်မှု ရှိ၍ ခရစ်ယာန်တို့ကမူ မူလဇစ်မြစ် ဘုရားအားလူသားအသွင်ဖြင့် ခံစားလျက် လောက၌ ပွင့်ပေါ် သော ပုဂ္ဂိုလ်မှာ ဘုရားနှင့် လူ ကပြားဖြစ်သည့် ဘုရားအဖြစ် ယုံကြည်ကြပေသည်။ ရေ၀တီ (ဂျူး)နှင့် အစ္စလာမ် ဘာသာများတွင် လူသားဉာဏ်စဉ်ရ ပုဂ္ဂိုလ်များမှာ လူသားပင် ဖြစ်၍- မူလပင်မ ဘုရားရှင်နှင့် မသက်ဆိုင်- မူလပင်မ ဘုရားသည် လောကအပေါင်းအားတရားပြရန် လူသားထဲမှာ ရွေးချယ်၍ ဉာဏ်စဉ်ကိန်းဝပ် တရားပြပေးသည်ဟု ယုံကြည်ကြသည်။ ရေ၀တီ (ဂျူး)များက ဘုရားသခင် ထံမှ ဗျာဒိတ်ပေးခံရသော သူတို့အားဘုရားဟု ခေါ်သည် ဟု “ဓမ္မသစ် ရှင်ယောဟန် ၁ဝး၃၄၊ ၃၅ ” တွင် တွေ့ရ သော်လည်း၊ ရေ၀တီများက ဓမ္မသစ်အားလက်မခံ- ၎င်းတို့ လက်ခံယုံကြည်သော ဓမ္မဟောင်းကျမ်းများတွင် လူပုဂ္ဂိုလ် ဉာဏ်စဉ်ရသူများအားဘုရားဟု ခေါ်သည်ကို မတွေ့ရ ပေ။ သို့သော် အချို့သော ပုဂ္ဂိုလ်များအားဘုရားသခင်၏ သားတော်၊ သားဦးဟု ခေါ်သည်ကို တွေ့ရပေ၍။ ရေ၀တီ ဘာသာဝင်များက ဉာဏ်စဉ်ရ ပုဂ္ဂိုလ်များအားတမန်တော် (ဘုရားသခင်၏ သံတမန်) အဖြစ် ခေါ်တွင် ယုံကြည်ကြပေသည်။ အစ္စလာမ်ဘာသာ၌မူ လူသားမှ ဉာဏ်စဉ်ရ ပုဂ္ဂိုလ်များအားသတင်းပေးသူ သတင်းတော်ဆောင်၊ ဉာဏ်စဉ်အသိအားဖြန့်ချီသူ ဉာဏ်စဉ်တော်ဆောင် ဟု ခေါ်တွင်ပေ၏၊ (ရှေးဆရာစဉ်များက ရေ၀တီ (ဂျူး)များ၏ ဘာသာပြန်ဆိုမှု အလို ကို လိုက်၍ တမန်တော်များဟု ခေါ်ဆိုသည်ကိုလည်းတွင်တွင် ကျယ်ကျယ်တွေ့ ရ၏။ အဆိုပါ ပုဂ္ဂိုလ်များသည် မူလပင်မ ဘုရားက ဝင်စားခြင်းလည်းမဟုတ်၊ ဘုရားကပြားလည်းမဟုတ် အများသူငါကဲ့သို့ လူသားစင်စစ်သာ ဖြစ်ပြီးလူသားစင်စစ်ထဲမှ ဉာဏ်စဉ်အဆင့် အမြင့်ဆုံးကိန်းဆိုက်သူ ဟုသာ သတ်မှတ်၍ ပရမတ်ဘုရားရှင်နှင့် ခွဲခြားနားလည်ရန် သွန်သင်ထားသည်ကို တွေ့ရပေသည်။
ဓမ္မ
ဓမ္မဟူသည် လောကစကြာ၀ဌာ အနှံ့ ပြန့်နှံ့လွှမ်းခြုံ တည်ရှိသော လောက နိယာမ ဓမ္မနှင့် ဉာဏ်စဉ်ရ ပုဂ္ဂိုလ်များမှ လူသားအပေါင်းအားဟောပြော သွန်သင် လမ်းပြသည့် တရားဓမ္မဟူ၍ ရှိကြောင်းဘာသာတရားတိုင်းက လက်ခံယုံကြည် ထားသည်ကို တွေ့ရသည်။ ဉာဏ်စဉ်ရ ပုဂ္ဂိုလ်များ၏ ဟောပြောသွန်သင်မှုများ၊ ပညတ် ဥပဒေများအားမှတ်တမ်းတင်ထားသည် များအားဘာသာရေးကျမ်းများဟု သတ်မှတ်ပြီး။ ဘဂ၀ဂီတ၊ ပိဋကတ်၊ တိုရာဟ် (ဓမ္မဟောင်း)၊ ဧဝံဂလိ ခရစ်ဝင် (ဓမ္မသစ်)နှင့် ကုရ်အာန်ကျမ်းများမှာ ထင်ရှားသည်။ ကုရ်အာန်ကျမ်းမှ အပ အခြားကျမ်းများတွင် ဉာဏ်စဉ်ရ ပုဂ္ဂိုလ်များ၏ ဉာဏ်စဉ်ကိန်းဝပ်မှု အသိဖြင့်ဟောပြောမှု နှင့် ဉာဏ်စဉ်ရ ပုဂ္ဂိုလ်တို့၏ ဉာဏ်စဉ် ကိန်းဝပ်စဉ်ကာလ မဟုတ်သော အချိန် ပုဂ္ဂလိက လူသားဆင်ခြင်တုံ တရားဖြင့် ဟောပြောသွန်သင်မှုတို့အားရောနှော၍ မှတ်တမ်းတင်ထားမှုများကို တွေ့ရပြီး- ကုရ်အာန်ကျမ်းသည်သာ ဉာဏ်စဉ် ကိန်းဝပ်မှုအားသီးသန့် မှတ်တမ်းဖြစ်၍- ဉာဏ်စဉ်ဆောင်၏ ပုဂ္ဂလိက ဆင်ခြင်တုံဖြင့် ဟောပြော သွန်သင်မှုများအားသီးခြားကျမ်းများဖြင့် ခွဲခြားမှတ်တမ်းတင်ထားသည်ကို တွေ့ရ၏၊ ထိုကျမ်းများအားဟဒီးဆ် ခေါ် ဆင့်ပြန်ကျမ်းများဟု ထင်ရှားပေသည်။ သတိထားမိသည်မှာ- ကုရ်အာန်ကျမ်းတွင် အကြောင်းအရာ တစ်ခုကို တင်ပြတိုင်းရှေ့ယခင်က ဖြစ်ပျက်ခဲ့သော သမိုင်းကြောင်းများနှင့် ရှေးမှ လူတို့၏ အကျင့်၊ စရိုက်များသူတို့မှ ပွင့်ပေါ်ခဲ့သော ဉာဏ်စဉ်ဆောင်များအားအာခံမှု၊ နာခံမှု၊ စသည်တို့ကို ဥပမာပေးတင်ပြလေ့ရှိသည်ပင်။
မေတ္တာရပ်ခံချက်
ဘာသာပြန်မူအားစာချောသည်ထက် ချောရင် ကြိုးစားလိုသော်လည်း- မူရင်းမှ တိုက်ရိုက်ပြန်ဆိုရ၍- အနည်းငယ် စာထောက်သည်များရှိပါသည်။ ထို့ပြင် စာဖတ်ရ ပေါ့ပါးစေရန် ရည်ရွယ်သော်လည်း- ကျမ်းဖြစ်နေသည့် အတွက် စာလေးသည်များလည်းရှိနေပါသည်။ သို့သော်လည်းဗဟုသုတနှင့် အတွေးအခေါ် ကို လိုလားသူများအတွက်- စာထောက်ခြင်း၊ စာလေးခြင်းများသည် မပြောတန်ရာ ပေ။ ဤဘာသာပြန်ကြောင့် မည်သည့် ဘာသာတရားအချင်းချင်းကြားပြသနာဖြစ်ရန် လုံးဝ မရည်ရွယ်ပါ။ လူသားချင်းသင့်မြတ်မှု၊ ငြိမ်းချမ်းစွာ အတူနေထိုင်မှုကိုသာ အထူးရည်သန်ပါသည်။
ဓမ္မခန္ဓာ (၁) သော့
ဉာဏ်စဉ်ကိန်းဝပ်ပေးမှု အမှတ်စဉ် (၅)၊ သုတ်ဒေသနာ (၇)ပါး၊
၁း၁။ ကရုဏာရှင် အကြင်နာရှင် ဖြစ်တော်မူသော ပရမတ်ဘုရားရှင်၏ ဂုဏ်တော်အားဖြင့်-
၁း၂။ ရည်သန်စူးစိုက်မှုတည်ရာ ပရမတ်ဘုရားရှင်သည် ကပ်ကမ္ဘာ အပေါင်း၏ ကံကြမ္မာရှင်-
၁း၃။ ကရုဏာရှင် အကြင်နာရှင်-
၁း၄။ စီရင်မိန့်ချသည့်နေ့၏ အရှင်သခင် ဖြစ်တော်မူ၏။
၁း၅။ အရှင့်ကိုသာ ကိုးကွယ်ပါ၏၊ အရှင်၏ ပံ့ပိုးမှုကိုသာ မျှော်ကိုးပါ၏။
၁း၆။ တပည့်တော်တို့အားမြဲမြံနေသော ဝါဒ လမ်းစဉ်သို့ ညွှန်ပြပေးတော်မူပါ။
၁း၇။ အရှင့် ဂုဏ်ပေးခံရသော သူများ၏ လမ်းစဉ်မျိုးဖြစ်၍- ကံကြီးသင့်သူ အပါယ်သွားသူတို့၏ အဖြစ်မှ ကင်းရပါလို၏။
ဓမ္မခန္ဓာ (၂) ထိုနွားပျိုမ
ဉာဏ်စဉ်ကိန်းဝပ်ပေးမှု အမှတ်စဉ် (၈၇)၊ သုတ်ဒေသနာ (၂၈၆)ပါး
ကရုဏာရှင် အကြင်နာရှင် ဖြစ်တော်မူသော ပရမတ်ဘုရားရှင်၏ ဂုဏ်တော်အားဖြင့်-
၂း၁။ ငါသည် ကုန်စင်သိနေတော်မူသော ပရမတ်ဘုရားရှင် ဖြစ်တော်မူ၏။
၂း၂။ ဤသည် သံသယ ဝင်နိုင်ဘွယ်ရာအလျဉ်းမရှိသော၊ စည်းစောင့်သူများအတွက် လမ်းညွှန်ကျမ်းတော် ဖြစ်၏။
၂း၃။ သူတို့သည်ကားစက္ခုလွန်များကို ယုံကြည်ကြ၏၊ ဝတ်ပြု မြဲကြ၏ ငါအရှင် ပေးရာ ရိက္ခာများမှ ပေးကမ်းသုံးစွဲကြ ကုန်၏။
၂း၄။ သူတို့သည်ကားသင့်ထံသို့ ချမှတ်ပေးရာ၊ သင့် ရှေ့အလျင် ချမှတ် ပေးရာများကို ယုံကြည်ကြ၏၊ နောင်ဘ၀ကိုလည်းဒိဌယုံကြည်ကြကုန်၏။
၂း၅။ ကံကြမ္မာရှင်၏ လမ်းညွှန်မှု၌ ရှိသော ထိုသူတို့သည်ကားအောင်မြင်ပေါက်မြောက် သူများဖြစ်ကြ၏။
၂း၆။ ဖုံးကွယ်သောသူတို့သည် သူတို့အားသတိပေးသည် ဖြစ်စေ၊ သို့တည်းမဟုတ် သတိမပေးသည် ဖြစ်စေ အလားတူပင်၊ ယုံကြည်ကြမည် မဟုတ်ပေ။
၂း၇။ ပရမတ်ဘုရားရှင်သည် သူတို့၏ နှလုံးသားများ၊ သူတို့၏ ကြားနာမှုများကို အဆုံးသတ်လိုက်ပြီ၊ သူတို့၏ အမြင်များအပေါ် လွှမ်းခြုံမှု ရှိနေ၏၊ သူတို့အတွက် မဟာ ဝဋ်ကြွေးကြီးရှိနေ၏။
၂း၈။ လူတစ်ချို့က “ကျွန်ုပ်တို့သည် ပရမတ်ဘုရားရှင်နှင့် နောက်ဆုံးနေ့ကို ယုံကြည်ပါ၏၊”ဟု ပြောကြ၏၊ သူတို့သည်ကားယုံကြည်သူများမဟုတ်ချေ။
၂း၉။ ပရမတ်ဘုရားရှင်နှင့် ယုံကြည်သော သူတို့အားလှည့်စားလိုသော ထိုသူတို့သည် မိမိတို့၏ ဉာဉ်စရိုက်ကိုသာ လှည့်စားမိကြပြီ၊ သူတို့ကားသတိမမူနိုင်ကြပေ။
၂း၁၀။ သူတို့၏ နှလုံးသား၌ ရောဂါ ရှိနေ၏၊ ပရမတ်ဘုရားရှင်သည် သူတို့၏ ရောဂါကို တိုးစေတော်မူပြီ၊ သူတို့၏ ငြင်းဆန်မှုများကြောင့် စူးနစ်သော ဝဋ်ကြွေးသည် ရှိနေ၏။
၂း၁၁။ သူတို့အား“မြေကမ္ဘာ၌ အဖျက်မလုပ်နှင့်၊”ဟု ပြောသောအခါ၊ “ကျွန်ုပ်တို့သည် ပြုပြင်သူများဖြစ်ကြ၏၊”ဟု ပြောကြ၏။
၂း၁၂။ သူတို့သည် အဖျက် ကောင်များသာ ဖြစ်ကြ၏။ သို့သော် သူတို့ကားသတိမမူနိုင်ကြပေ။
၂း၁၃။ ယုံကြည် သူတို့ ကဲ့သို့ ယုံကြည်ကြရန် သူတို့အားပြောသောအခါ၊ “တုံးအသူများကဲ့သို့ ကျွန်ုပ်တို့ ယုံကြည်ရမည်လော၊”ဟု ပြန်ပြောကြ၏၊ သူတို့သည်သာ တုံးအသူများဖြစ်ချေပြီ၊ သို့သော် သူတို့ သိကြသည် မဟုတ်ပေ။
၂း၁၄။ တဖန်၊ ယုံကြည်သောသူများနှင့် ဆုံသောအခါ၊ “ကျွန်ုပ်တို့လည်းယုံကြည်ကြ၏၊”ဟု ပြောလျက်၊ သူတို့ မကောင်းဆိုးဝါးချည်းစုမိလျှင် “သင်တို့နှင့် ကျွန်ုပ်တို့ အတူတူပင် ရှိ၏၊ ကျွန်ုပ်တို့သည် လှောင်ပြောင် သူများပင်၊”ဟု ပြောကြ ၏။
၂း၁၅။ ပရမတ်ဘုရားရှင်သည် လှောင်ပြောင်မှုကို သူတို့ဘက်သို့ တိုးရွေ့စေပြီ၊ သူတို့မှာမူ စည်းဖျက်မှုထဲ၌ မျက်ကန်းတောတိုးဖြစ်ကြ၏။
၂း၁၆။ သူတို့သည် လမ်းညွှန်မှန်ကို လမ်းလွဲဖြင့် ဖလှယ်သောသူတို့ ဖြစ်၏၊ သူတို့၏ ရောင်းဝယ်မှု၌ အမြတ် မရှိ၊ လမ်းညွှန်ခံရမည့်သူများမဟုတ်ချေ။
၂း၁၇။ သူတို့၏ ပမာကားမီးမွှေးသော သူကဲ့သို့ ဖြစ်၏၊ သူ၏ ပတ်လည်၌ မီးရောင်တောက်ပစဉ် ပရမတ်ဘုရားရှင်က ၎င်း၏ အထဲမှ အလင်းကို သိမ်းယူ လိုက်ပြီးသူတို့အားမှောင်အတိတွင် ချန်ထားလိုက်၏၊ သူတို့ မြင်နိုင်တော့မည် မဟုတ်ချေ။
၂း၁၈။ ပင်းသူ၊ အသူ၊ ကန်းသူ၊ ထိုသူတို့ သည် ဦးလှည့်ကြမည် မဟုတ် ချေ။
၂း၁၉။ သို့တည်းမဟုတ် ကောင်းကင်ယံမှ ထိခိုက်မှုအလားအမှောင်စီး၊ မိုးကြိုးပစ်၊ လျှပ်ပြက်ချိန်၌ လျှပ်စစ်ကွင်းကြောင့် ထွက်သက်ကို သတိဝင်လျက် သူတို့၏ နားများကို လက်ချောင်းများဖြင့် စီစဉ်နေကြ၏၊ ပရမတ်ဘုရားရှင်သည် ဖုံးကွယ်သူတို့အားဝိုင်းဝန်းထားလေပြီ။
၂း၂၀။ သူတို့၏ အမြင်အားသိမ်းသွားလုနီးဖြစ်သော လျှပ်စက်ကွင်း၌၊ လင်းလက်စဉ် သွားလာကြ၍၊ သူတို့အားအမိုက်မှောင် စီးတိုင်းရပ်နေကြ၏၊ ပရမတ်ဘုရားရှင်သည် စံချိန်အတိုင်းသူတို့၏ အကြားအမြင်ကို ရုတ်သိမ်းနိုင် တော်မူ၏ ဧကန်ပင် ပရမတ်ဘုရားရှင်သည် သဗ္ဗလုံးစုံအားစည်းချိန်ချမှတ်တော်မူ၏။
၂း၂၁။ အို-လူသားတို့၊ သင်တို့ စည်းစောင့်နိုင်အံ့ငှာ- သင်တို့နှင့် သင်တို့၏ ရှေ့အလျင် ဖြစ်သူများအားဖြစ်တည်စေသည့်၊ သင်တို့၏ ကံကြမ္မာရှင်အားကိုးကွယ်ကြကုန်လော့။
၂း၂၂။ အရှင်သည် သင်တို့ အတွက် မြေပြင်ကို နားခိုရာနှင့်၊ ကောင်းကင်ကို ထပ်ခိုးအဖြစ် စီစဉ်ပေးသော အရှင် ဖြစ်၏၊ ကောင်းကင်ယံမှ ချပေးသော ရေဖြင့် ပေါက်ပွားစေသည့် သီးနှံများမှ သင်တို့အတွက် အစာရိက္ခာ ဖြစ်စေ၏၊ သို့-သိနေပါလျက် ပရမတ်ဘုရားရှင်အားဂုဏ်တုပြိုင်ဘက် မစီစဉ်ကြ နှင့်-။
၂း၂၃။ ငါ၏ အမှုတော်ဆောင်သို့ ချမှတ်ပေးရာ၌ သင်တို့ သံသယ ဖြစ်ကြ လျှင် ၎င်းမှ ဓမ္မခန္ဓာ တစ်ခုကဲ့သို့ ပေးအပ်ကြလော့၊ သင်တို့သည် ဖြောင့်မှန်သူများဖြစ်ကြလျှင် ပရမတ်ဘုရားရှင် မှလွဲ၍ သင်တို့၏ သက်သေများကို ခေါ်ကြလော့။
၂း၂၄။ သင်တို့ မပြုလုပ်နိုင်ခဲ့၊ ပြုလုပ်နိုင်မည်လည်းမဟုတ်ချေ၊ ထို့ကြောင့် လူသားများ၊ ကျောက်သားများကို လောင်စာ လုပ်လျက် ဖုံးကွယ်သူများအတွက် တွက်ချက်ပြင်ဆင်ထားသော မီးမှ ကင်းရန် စည်းစောင့်ကြလော့။
၂း၂၅။ ယုံကြည်၍ ပြုပြင်ပြောင်းလဲမှု ကျင့်ကြံသောသူ၊ ထိုသူတို့ အတွက် ရိက္ခာများရှိသည့် အောက်ခင်း၌ စမ်းချောင်းရေသွင် စီးဆင်းနေသော ဥယျာဉ်များထို၌ “ရှေ့ယခင်က ကျွန်ုပ်တို့ ရိက္ခာရဘူးပါ၏၊” ဟု အချိန်တိုင်းပြောရလောက်သော ဆင်တူ သီးနှံ ရိက္ခာများဖြင့် ချီးမြှင့်ခံရမည့် အကြောင်း၊ သန့်စင်သည့် စုဖွဲ့ဖေါ်များရှိကြောင်း၊ ထို၌ အစဉ်စံစားရမည်ဖြစ်ကြောင်းသတင်းကောင်းကိုပါးလော့။
၂း၂၆။ ပရမတ်ဘုရားရှင်သည် မည်သည့် ပမာဖြင့် ဥပမာပေးမှုကို မဆို- ခြင်မတစ်ကောင်မျှ ထိုထက်မကပင် ဖြစ်စေကာမူ ရှက်ဘွယ်လိလိဟု မသတ်မှတ် ပေ။ ယုံကြည်သော သူများကမူ ၎င်းသည်ပင် ကံကြမ္မာရှင်၏ ထံမှ သစ္စာတရားဟု သိကြလတ္တံ့၊ ဖုံးကွယ်သော သူများကမူ “ပရမတ်ဘုရားရှင်က ဤပမာဖြင့် ဘာကို ဆိုလို သနည်း၊” ဟု ပြောလိုကြ၏၊ ၎င်းဖြင့် များစွာတို့မှာ လမ်းလွဲကြ၍၊ ၎င်းဖြင့်ပင် များစွာတို့မှာ လမ်းညွှနှ်မှန်ကို ရကြ၏၊ ယုတ်မာသူများသည်သာ ၎င်းအားဖြင့် လမ်းလွဲကြကုန်၏။
၂း၂၇။ ပရမတ်ဘုရားရှင်၏ ပဋိညာဉ်အားအာမဘန္တေပြုပြီးနောက်မှ ချိုးဖေါက်ကြ၍၊ ပရမတ်ဘုရားရှင်က ပူးပေါင်းကြဟု ညွှန်ကြားသည်ကို ဖြတ်တောက်လျက်၊ ကမ္ဘာအဝှန်းအဖျက်လုပ်ကြသော ထိုသူတို့သည် ဆုံးရှုံးရမည့် သူများပင်။
၂း၂၈။ သင်တို့အားသေခြင်းမှ ရှင်ခြင်းသို့ ဖြစ်စေသော ပရမတ်ဘုရားရှင် အားသင်တို့ မည်သို့ ဖုံးကွယ်အံ့နည်း၊ သင်တို့အားတဖန် သေစေ၍၊ တဖန် ရှင်စေ တော်မူမည်၊ ထို့နောက် အရှင့်ထံသို့ လှည့်ပြန်ရမည်ပင်။
၂း၂၉။ ထိုအရှင်သည် ကမ္ဘာ အဝှန်းမှ အားလုံးကို သင်တို့ အတွက် ဖြစ်တည်စေ၏ ထို့ပြင် အလားတူ ကောင်းကင်ယံသို့ အာကာ ခုနစ်ဆက် ပုံစံချခဲ့၏ ထိုအရှင်သည် သဗ္ဗလုံးစုံအားသိနေတော်မူသော အရှင် ဖြစ်၏။
၂း၃၀။ သင်၏ကံကြမ္မာရှင်က နိမိတ်ဆောင်တို့အား“မြေကမ္ဘာ၌ သမ္မတမင်းကို ငါ စီစဉ်မည်၊”ဟု မိန့်ဆိုသော်၊ “အဖျက်လုပ် သွေးထွက်သံယို ဖြစ်စေသူအားအရှင် စီစဉ်ပါမည်လော၊ တပည့်တော်တို့ကားအရှင်၏ မြင့်မြတ်မှုကို ရည်သန် စူးစိုက် ဦးထိပ်ထားပါသည်”ဟု လျှောက်ကြ၏။ အရှင်က “ငါသည်ကားသင်တို့ မသိသည်ကို သိနေတော်မူ၏၊”ဟု မိန့်တော်မူ၍-
၂း၃၁။ အရှင်သည် အာဒံအားအမည် များကိုယ်စီကို သင်ပေးကာ၊ နိမိတ်ဆောင်များ၏ အပေါ် ဘောင်ဝင်စေရန်၊ “သင်တို့သည် ဖြောင့်မှန်သူများဖြစ်ကြလျှင်၊ ၎င်းတို့၏ အမည်များကို ငါ့အားသတင်းပေးကြလော့၊” ဟု မိန့်ဆို၏။
၂း၃၂။ သူတို့က “အရှင်သည် ဦးထိပ်ထားရာ ဖြစ် ပါ၏၊ တပည့်တော်တို့ သည် သင်ပေးခံခဲ့ရသည်မှ အပ အသိပညာ မရှိပါ၊ အရှင် သည်သာ သိနေသောအရှင်၊ ဓမ္မသတ်ရှင် ဖြစ်ပါသည်၊”ဟု လျှောက်တင်ကြ၏၊၊
၂း၃၃။ အရှင်က “အေ-အာဒံ၊ ၎င်းတို့၏ အမည်များကို သတင်းထုတ်ပြန် လော့၊”ဟု မိန့်ဆို၏၊ သို့ဖြစ်၍ သူသည် ထိုအမည်များကို သတင်းထုတ်ပြန်သော်- အရှင်က “ကောင်းကင်များနှင့် မြေကမ္ဘာ၏ စက္ခုလွန်များကို ငါသိနေကြောင်း၊ သင်တို့၏ ဖွင့်ဟရာနှင့် ထိန်ဝှက်လေ့ ရှိရာများကို ငါ သိနေကြောင်း၊ သင်တို့အားငါ မပြောခဲ့သလော၊”ဟု မိန့်ဆို၍၊
၂း၃၄။ ငါက နိမိတ်ဆောင်တို့ကို “အာဒံအားဦးချကြ လော့၊”ဟု မိန့်မြွက်သော် ဦးချကြကုန်၏၊၊ သို့သော် ရှေးရိုးစွဲ၊ သူသည် ဖီဆန်၍ မောက်မာ၏၊ သူသည်ကားဖုံးကွယ်သူတို့၏ အနက်မှ ဖြစ်ရပြီ။
၂း၃၅။ ငါက “အေ-အာဒံ၊ သင်နှင့် သင့်အဖေါ်သည် ဥယျာဉ်မြေ၌ စံချိန် အတိုင်းအခြေချ၍ နေရာတိုင်း၌ ပေါပေါသီသီ စားသုံးကြလော့၊ သို့သော် ဤအပင် သို့ မချည်းကပ်နှင့် သို့မဟုတ်က အမိုက်ကောင်များမှ ဖြစ်ချေမည်၊”ဟု မိန့်မြွက်၏။
၂း၃၆။ ထို့နောက် မကောင်းဆိုးဝါးက သူတို့အားချော်ထွက်စေ၏၊ သူတို့ကို ရှိနေရာမှ ပယ်ထုတ်ခဲ့၏။ ထို့ကြောင့် “ဆင်းသွားကြလော့၊ သင်တို့မှ အချို့သည် အချို့အားစည်းဖေါက်သူများဖြစ်စေလော့၊ မြေကမ္ဘာ၌ တည်ငြိမ်ချမ်းမြေ့ရာ ကာလတစ်ခု ရှိနေ၏၊”ဟု ငါ မိန့်၏။
၂း၃၇။ ထို့နောက် အာဒံသည် ကံကြမ္မာရှင်၏ထံမှ မုက္ခပါတ် တော်အားခင်းကျင်းခံရ၏၊ သို့ဖြစ်၍ သူသည် အရှင့်ထံ၌ ခဝါချလေ၏၊ အရှင် သည်ကားသင်ပုန်းချေပေးသော အရှင် အကြင်နာရှင် ဖြစ်၏။
၂း၃၈။ ငါ မိန့်ကြားသည်မှာ “အားလုံး-ဆင်းသွားကြလော့၊ ငါ၏ ထံမှ လမ်းညွှန်ချက်များသင့်တို့ထံသို့ ချီးမြှင့် သောအခါ၊ ငါ၏ လမ်းညွှန်ချက်ကို လိုက်နာသူ၊ ထိုသူတို့အားကြောက်ရွံ့ရစေမည် မဟုတ်၊ သောကရောက်ရ စေမည် လည်းမဟုတ်ချေ။
၂း၃၉။ သို့သော် ဖုံးကွယ်သော သူ၊ ငါ၏ သုတ်ဒေသနာများကို ငြင်းဆန်သူ ထိုသူများသည် အပူမီး၏ ပေါင်းဖေါ်များဖြစ်ကြ၏၊ ထို၌ အစဉ်စံမြန်းရလတ္တံ့။”
၂း၄၀။ အို-ဂျူးလူမျိုးတို့၊ သင်တို့အားငါ ဂုဏ်ပေးသည့် ဂုဏ်ပုဒ်များကို သတိရကြလော့၊ ငါ့ထံရှိ ပဋိညာဉ်ကို ပြီးပြည့်စေလော့၊ ငါသည်လည်းသင်တို့ အပေါ်ရှိ ပဋိညာဉ်ကို ပြီးပြည့်စေပြီ၊ ငါ့ကို သာလျှင် ကြောက်ရွံ့ကြလော့။
၂း၄၁။ သင်တို့နှင့် အတူရှိသည်ကို ဖြောင့်မှန်စေသည့်- ငါ ချမှတ်ပေးရာ၌ ယုံကြည်ကြ လော့။ ၎င်းအားရှေ့ဆုံးမှ ဖုံးကွယ်သူများမဖြစ်ကြနှင့်၊ ငါ၏ သုတ်ဒေသနာများကို တန်ဘိုးချ မရောင်းစားကြနှင့်၊ ငါ့အားသာလျှင် စည်းစောင့်ကြလော့။
၂း၄၂။ အမှန်ကို အမှားဖြင့် မဆင်ယင်ကြနှင့်၊ သင်တို့ သိနေလျှက် အမှန်ကို မထိန်ဝှက်ကြနှင့်။
၂း၄၃။ ဝတ်ပြုခြင်း၌ မြဲကြလော့၊ အခွန်ငွေဖြူ ပေးကြလော့ ဦးညွှတ်သူများနှင့် အတူ ဦးညွှတ်ကြကုန်လော့။
၂း၄၄။ သင်တို့၏ စရိုက်ကို သင်တို့ မေ့လျက် လူသားတို့အားကောင်းမှုဆောင်တာ ညွှန်ကြားကြသလော၊ သင်တို့သည် ကျမ်းတော်ကို ရွတ်ဖတ်လျှက် အတွေးအခေါ် မရှိကြသလော။
၂း၄၅။ သည်းခံခြင်း၊ ဝတ်ပြုခြင်းဖြင့် ပံ့ပိုးမှုကို ရှာကြလော့၊ ၎င်းသည် ကျို့ငဲ့သူများအတွက်မှ အပ ဝန်ကြီးလှ၏။
၂း၄၆။ သူတို့သည် ကံကြမ္မာရှင်နှင့် ဆုံတွေ့ရမည်၊ အရှင့်ထံသို့သာ ဦးလှည့်ပြန်ရမည်ဟု စဉ်းစားကြကုန်၏။
၂း၄၇။ အို-ဂျူးလူမျိုးတို့ သင်တို့အားငါ ဂုဏ်ပေးသည့် ဂုဏ်ပုဒ်များကို သတိရကြလော့၊ ငါသည် သင်တို့ကို လောကခပ်သိမ်းအပေါ်၌ သိက္ခာပေးခဲ့ပြီ။
၂း၄၈။ ဉာဉ်တစ်ခုက ဉာဉ်တစ်ခု အတွက် တစ်စုံတစ်ရာ အစားမပေးနိုင်သော၊ အမျှဝေ၍ အကိုးမပြည့်သော၊ တန်ရာတန်ကြေးကို လက်မခံသော၊ အကူအညီမဲ့ နေ့ကာလ အတွက် စည်းစောင့်ကြလော့။
၂း၄၉။ ထို့ပြင် သင်တို့၏ သားယောက်ျားများကို သုတ်သင်ကာ၊ မိန်းမများကိုသာ အသက် ဆက်ခွင့်ပေးသည့် ဖါရိုးမင်းဆက်၏ အကုသိုလ် ဝဋ်ကြွေးအမှတ် သညှာ ဖြစ်စေသူများမှ သင်တို့အားငါ လွတ်မြောက်စေခဲ့ပြီ၊ ထို၌ သင်တို့အားသင်တို့၏ ကံကြမ္မာရှင်မှ မဟာ စုံစမ်းမှုကြီးရှိနေ၏။
၂း၅၀။ ထို့ပြင် ငါသည် သင်တို့ အတွက် ပင်လယ်ပြင်ကို ခွဲခဲ့ပြီ၊ သင်တို့အားလွတ်မြောက်စေ၍ သင်တို့ ကြည့်နေ စဉ်ပင် ဖာရိုးမင်းဆက်အားနစ်စေခဲ့ပြီ။
၂း၅၁။ ငါသည် မူဆာအားညပေါင်းလေးဆယ် ကတိထားစဉ်၊ သူ့ နောက် ကွယ်၌ ဤနွားငယ်အားသင်တို့ အယူထားကြ၏။ သင်တို့သည် အမိုက်ကောင်များဖြစ်ကြ၏။
၂း၅၂။ တဖန် ထို့နောက်တွင် သင်တို့အားကျေအေးပေးခြင်းမှာ သင်တို့ ကျေးဇူးသိတတ်အံ့ငှာ- သင်ပုန်းချေတော်မူပြီ၊ အရှင်သည်ကားသင်ပုန်းချေ သော အရှင် အကြင်နာရှင် ဖြစ်၏၊”ဟု ပြောသောအခါ-
၂း၅၃။ မူဆာအားကျမ်းတော်နှင့် ခွဲခြမ်းစိတ်ဖြာဖွင့်ဆိုမှုကို ပေးအပ်ခြင်းမှာ သင်တို့ လမ်းညွှန်ကို ရအံ့ငှာ ဖြစ်၏။
၂း၅၄။ မူဆာက သူ့ လူမျိုးအား“အို- ကျွန်ုပ်၏ လူမျိုးတို့ သင်တို့သည် ထိုနွားငယ်ကို အယူပိုက်၍ သင်တို့ စရိုက်ကို သင့်တို့ မိုက်ကြေးခွဲကြပြီ၊ ထိုစရိုက်ကို သတ်၍ စင်ကြယ်သည့်အရှင်၌ ခဝါချကြ လော့၊ ၎င်းသည် စင်ကြယ်သော အရှင့်ထံ၌ သင်တို့အတွက် ပိုကောင်း၏၊ အရှင် သည် သင်တို့ အပေါ်တွင်
၂း၅၅။ သင်တို့က “ဟေး-မူဆာ၊ ပရမတ်ဘုရားရှင်ကို ပေါ်ပေါ် ထင်ထင် မရှုမြင်ရသ၍ သင့်ကို ကျွန်ုပ်တို့ မယုံကြည်နိုင်ပါ၊”ဟု ပြောကြသဖြင့်၊ သင်တို့ စောင့်ကြည့်နေစဉ် သင်တို့အားတော်လည်းသံကြီးဖြင့် ဖမ်းယူလေပြီ။
၂း၅၆။ တဖန် သင်တို့ ကျေးဇူးသိတတ်အံ့ငှာ သင်တို့အားဘ၀သေပြီးနောက် နိုးကြွစေခဲ့ပြီ။
၂း၅၇။ သင်တို့အားတိမ်လိပ်ဖြင့် ငါ အရိပ်ပေးတော်မူ၏၊ သုဓာနှင့် ငုံးငှက် တို့ကို ချပေးတော်မူ၏၊ ငါပေးသည့် ရိက္ခာများမှ စင်ကြယ်ရာကို စားသုံးကြလော့၊ သင်တို့အားငါက အဝိဇ္ဇာသင့်စေသည် မဟုတ်၊ သို့ရာတွင် သူတို့၏စရိုက်ကို သူတို့ မိုက်ကြေးခွဲခြင်းဖြစ်ကြပြီ။
၂း၅၈။ သူတို့အား“ဤ အရပ်သို့ ဝင်လော့၊ စံချိန်အတိုင်းနေရာတိုင်း၌ ပေါပေါသီသီ စားသုံးလော့၊ သံဝေဂစကားပြောဆိုလျက်၊ တံခါးပေါက်၌ နှိမ့်ချ၍ ဝင်ကြလော့၊ သင်တို့အားအမှားများမှ ငါ လွတ်ငြိမ်းစေမည်၊ သုမင်္ဂလာပြုသူများအားတိုးပွားစေမည်၊”ဟု ငါ မိန့်မြွက်၏။
၂း၅၉။ မိုက်ကြေးခွဲသော သူများသည် သူတို့ အတွက် မဟုတ်သော စကားတော်ကို လွှဲပြောင်းပြောဆိုကြ၏၊ သူတို့၏ ယုတ်မာလေ့ ရှိခြင်းများကြောင့် ထိုမိုက်ကြေးခွဲသော သူများအတွက် ကောင်းကင်ယံမှ ဆိုးကျိုးကို ငါ ချမှတ်တော်မူ၏၊
၂း၆၀။ သူ့လူမျိုးအတွက် သောက်ရေရရန် မူဆာ ဆုတောင်းသော် “သင့် လက်ထောက်ကို ကျောက်တောင်သို့ ခရီးနှင်စေလော့၊” ဟု ငါ မိန့်၏၊ ထို၌ စိမ့်စမ်းဆယ့်နှစ်သွယ် စီးထွက်၍ လူစုကိုယ်စီ သောက်ရေရှိရာကို သိကြပြီ၊ ပရမတ် ဘုရားရှင်၏ ရိက္ခာများမှ စားကြသောက်ကြလော့၊ ကမ္ဘာ၌ ညစ်ညမ်းစုတ်ပဲ့၊ အဖျက်ကောင်များမဖြစ်ကြနှင့်-
၂း၆၁။ သင်တို့က “အို- မူဆာ၊ ကျွန်ုပ်တို့သည် အစာ တစ်မျိုးတည်းနှင့် သည်းမခံနိုင်ပါ၊ ကျွန်ုပ်တို့ အဘို့ မြေမှ ထွန်းသော ဟင်းရွက်၊ သခွား၊ ဂျုံ၊ ပဲ၊ ကြက်သွန်များပေါက်ရောက်စေရန် သင့်ကံကြမ္မာရှင်၌ ဆုတောင်းလော့၊”ဟု ဆိုသော် သူက “ပိုကောင်းရာကို လောကီရမက်ဖြင့် သင်တို့ လွှဲပြောင်းလိုသလော၊ မြို့ဘက်သို့ ဆင်းသွားလော့၊ သို့မှသာ သင်တို့ တောင်းဆိုခြင်းများရနိုင်ကောင်း၏၊”ဟု ပြန်ပြော၏၊ ထို့နောက် သူတို့အားနှိမ်ခံရခြင်းနွမ်းပါးခြင်းတို့ ထိစေပြီ၊ ပရမတ်ဘုရားရှင်၏ ထံတော်မှ ကံကြီးသင့်မှုကို ဆွဲယူကြပြီ၊ ဤသည်မှာ ပရမတ် ဘုရားရှင်၏ သုတ်ဒေနာများကို ဖုံးကွယ်ခြင်း၊ သတင်းတော်ဆောင်များကို သစ္စာ မဲ့စွာ သတ်ဖြတ်ခြင်းတို့ကြောင့် ဖြစ်၏၊ ယင်းမှာ သူတို့၏ အာခံမှုနှင့် စည်းဖေါက်မှု ကြောင့် ဖြစ်၏။
၂း၆၂။ ဧကန်ပင်- ယုံကြည်သောသူ၊ ရေ၀တီ၊ ခရစ်ယာန်နှင့် ရေသန့်အယူ ရှိသော သူများ၊ မည်သူမဆို ပရမတ်ဘုရားရှင်နှင့် နောင်ဘ၀ နေ့ကာလကို ယုံကြည် လျှက် ပြုပြင်ပြောင်းလဲမှု ကျင့်ကြံ၏၊ ထိုသူတို့ အတွက် ဆုလဒ်သည် ကံကြမ္မာရှင် ၏ ထံ၌ ရှိ၏။ သူတို့အားကြောက်ရွံ့ရစေမည် မဟုတ်၊ သောကရောက်ရ စေမည် လည်းမဟုတ်ချေ။
၂း၆၃။ ထို့ပြင် ငါသည် သင်တို့၏ ကတိခံဝန်ချက်ကို ယူ၍၊ သင်တို့ အပေါ်၌ တောင်တော်ကို မြှောက်စားခဲ့ပြီ၊ သင်တို့သည် စည်းစောင့်နိုင်အံ့ငှာ- ငါအရှင် ပေးအပ်ရာ၌ အစွမ်းရှိရှိ အယူမြဲလော့၊ ထို၌ သတိတရ ရှိကြလော့။
၂း၆၄။ တဖန် သည့်နောက်တွင်မှ သင်တို့ ပြန်လှည့်ခဲ့၏၊ သင်တို့ အပေါ်သို့ ပရမတ်ဘုရားရှင်၏ သိက္ခာပေးမှုနှင့် ကရုဏာတော် မသက်ခဲ့လျှင် သင်တို့သည် ဆုံးရှုံးသူများမှ ဖြစ်ချေပြီ။
၂း၆၅။ သင်တို့မှ သီတင်းနေ့၌ စည်းဖေါက်သော သူအား“သင်တို့သည် ရှက်ဘွယ်လိလိ မျောက်များဖြစ်ကြလော့၊”ဟု ငါ မိန့်ဆိုသည်ကို သင်တို့ သိကြ၏။
၂း၆၆။ ပစ္စုပ္ပာန်နှင့် အနာဂါတ် အတွက် နမူနာ အဖြစ်၊ စည်းစောင့်သူများအတွက် ဩဝါဒအဖြစ် ငါ စီစဉ်တော်မူ၏။
၂း၆၇။ မူဆာက သူ့လူမျိုးအား“သင်တို့သည် နွားမကို လှီးသတ်လော့၊” ဟု ပရမတ်ဘုရားရှင်၏ ညွှန်ကြားမှုကို ပြောဆိုသော် “ကျွန်ုပ်တို့ကို လှောင်ပြောင် ဖမ်းစားနေသလော၊”ဟု ပြောကြ၏။ သူက “ကျွန်ုပ်သည် ပညာမဲ့တို့မှ မဖြစ်ရန် ပရမတ်ဘုရားရှင်၌ ခိုလှုံပါ၏၊”ဟု ပြန်ပြော၏။
၂း၆၈။ သူတို့က “ဘယ် နွားမဖြစ် သနည်း၊ ကျွန်ုပ်တို့ ရှင်းလင်းစေရန် သင့်ကြမ္မာရှင်၌ ဆုတောင်းလော့၊”ဟု ပြောကြ ၏။ သူက “အရှင် မိန့်သည်မှာ သူမသည် အသုံးပြုပြီးမဟုတ် နုလွန်းသည်လည်းမဟုတ် ယင်းကြားမှ ပံ့ပိုးနိုင်သော နွားမ ဖြစ်၏၊ ညွှန်ကြားချက် အတိုင်းပြုလုပ် ကြလော့၊” ဟု ပြန်ပြော၏။
၂း၆၉။ သူတို့က “ဘယ် အရောင်နည်း၊ ကျွန်ုပ်တို့ ရှင်းလင်းစေရန် သင့် ကြမ္မာရှင်၌ ဆုတောင်းလော့၊”ဟု ပြောပြန်သော် “အရှင် မိန့်သည်မှာ၊ ကြည့်သူတို့ ကြိတ်ကြည်နူးကြသည့် ရွှေအိုရောင် နွားမပင်၊”ဟု ဆို၏။
၂း၇၀။ “နွားမများမှာ ကျွန်ုပ်တို့ အဘို့ ဆင်တူများဖြစ်ပါ၏၊ ဘယ်သူမ ဖြစ်ကြောင်းကျွန်ုပ်တို့ ရှင်းလင်းစေရန် ဆုတောင်းလော့၊ ပရမတ်ဘုရားရှင်၏ စံချိန်ပြည့်ခဲ့သော် ကျွန်ုပ်တို့သည် လမ်းညွှန်ခံရမည့်သူများဖြစ်၏”ဟု ပြောကြ၏။
၂း၇၁။ သူက “အရှင်မိန့်သည်မှာ သူမသည် မြေနိမ့်ကို တူးဖေါ်ခြင်းမရှိ၊ ထွန်ယက် မျိုးချ စိုက်ပျိုးခြင်းမရှိ- အေးအေးလူလူ အပြစ်အနာ ကင်းသော၊ နွားမပင်၊”ဟု ပြောသောအခါ၊ “ယခုမှ သင်သည် အမှန်တရားဖြင့် ရောက်လာပြီ၊”ဟု ပြောကြလျက် သူမကို လှီးသတ် လိုက်၏၊ သို့သော် ပြုလုပ်ရန် မနီးစပ်လိုကြချေ။
၂း၇၂။ သင်တို့သည် စရိုက်တစ်ခုကို သတ်ခဲ့၍၊ ၎င်း၌ ပလပ် လိုကြ၏၊ ပရမတ်ဘုရားရှင်သည် သင်တို့၏ ထိန်ဝှက်ထားလေ့ ရှိရာကို ဖေါ်ထုတ်ခဲ့လေပြီ။
၂း၇၃။ သို့ဖြင့် ငါက “ထိုမှ အချို့ဖြင့် နည်းလမ်းရှာလော့၊”ဟု မိန့်ခြွေ၏။ ဤသို့ ပရမတ်ဘုရားရှင်သည် သေနေရာမှ ရှင်ပြန်စေတော်မူပြီ၊ သင်တို့ အတွေးအခေါ် ရှိအံ့ငှာ၊ သင်တို့အားအရှင်၏ သုတ်ဒေသနာများကို ပြသတော်မူ၏။
၂း၇၄။ တဖန် ထို့နောက်တွင် သင်တို့၏ နှလုံးသားများသည် ခက်ထန်လာ၏၊ ၎င်းသည် ကျောက်တုံးကဲ့သို့ သို့တည်းမဟုတ် ထို့ထက်ပင် ခက်ထန်ကြ၏။ ကျောက်ခဲများ၌ စမ်းချောင်းစီးထွက်သည်လည်းရှိ၏၊ အက်ကွဲ၍ ရေများစိမ့်ယိုသည်လည်းရှိ၏၊ ပရမတ်ဘုရားရှင်အားကြောက်ရွံ့၍ ပြိုဆင်းသည်လည်းရှိ၏။ ပရမတ်ဘုရားရှင် သည်ကားကျင့်ကြံလေ သမျှကို မေ့လျော့ထားသည် မဟုတ်ပေ။
၂း၇၅။ သူတို့မှ တစ်ဖွဲ့သည် သင်တို့ကို ယုံကြည်လိမ့်မည်ဟု သင်တို့ မျှော်လင့်နေသလော၊ သူတို့သည် ပရမတ်ဘုရားရှင်၏ ဓမ္မတော်များကို နာယူ၍၊ ပြီးနောက်မှ အတွေးအခေါ် ရှိပါလျက်၊ သိနေပါလျက် ၎င်းကို လှည့်ပြောင်းကြ၏။
၂း၇၆။ ယုံကြည်သောသူများနှင့် ဆုံသောခါ “ကျွန်ုပ်တို့လည်းယုံကြည်၏၊” ဟု ပြောကြလျက် သူတို့မှ အချို့က အချို့ကို “သင်တို့အားပရမတ်ဘုရားရှင်က ထွက်ပေါက် ပေးထားသည်ကို ဆင့်ပြန်လိုက်သလော၊ သူတို့က ၎င်းအားဖြင့် ကံကြမ္မာရှင်၏ ထံ၌ သင်တို့ကို စောကြောနိုင်ရာ၏၊ သင်တို့၌ အတွေးအခေါ် မရှိကြသလော၊”ဟု ပြောဆိုကြ၏။
၂း၇၇။ ပရမတ်ဘုရားရှင်သည် သူတို့၏ ကြိတ်ကြံရာ၊ လူသိရှင်ကြားပြုရာ များကို သိနေတော်မူကြောင်းသူတို့ မသိကြသလော။
၂း၇၈။ သူတို့၌ ဆန္ဒရမက် စွက် သော စဉ်းစားချက် မှအပ ကျမ်းတော်ကို မသိကြသော စာမတတ်သူများရှိ၏။
၂း၇၉။ တန်ဘိုးချ ရောင်းစားရန် အလို့ငှာ သူတို့၏ လက်ဖြင့် ပြဌာန်းသော ကျမ်းစာကို “ဤသည် ပရမတ်ဘုရားရှင်၏ ထံမှတည်း၊”ဟု ပြောဆိုသော သူတို့သည်၊ ပျက်စီးရမည်သာတည်း။ သူတို့၏ လက်ဖြင့် ပြဌာန်းသောကြောင့် ပျက်စီးရမည်သာ တည်း၊ သူတို့၏ ကျင့်ဆောင်မှုကြောင့် ပျက်စီးရမည်သာတည်း။
၂း၈၀။ သူတို့က “အပူမီးမှာ ကျွန်ုပ်တို့အားတွက်ချက် သတ်မှတ်ထားသော ရက်များမျှသာ ထိကပ်နိုင်မည်”ဟု ဆိုကြ၏။ သူတို့အား“ပရမတ်ဘုရားရှင်၏ ထံမှ ပဋိညာဉ်ကို သင်တို့ ရယူထားကြသလော၊ သို့ဖြစ်လျှင် ပရမတ်ဘုရားရှင်က ပဋိညာဉ်အားပေါ့ပျက်မည် မဟုတ်၊ သို့တည်းမဟုတ် ပရမတ်ဘုရားရှင်နှင့် စပ်လျဉ်း၍ သင်တို့ မသိသည်ကို ပြောနေကြသလော၊”ဟု မေးမြန်းလော့။
၂း၈၁။ အမှန်မှာ အကုသိုလ် ကျင့်ဆောင်သူအား၊ သူ၏ အမှားက ဝိုင်းထားလေပြီ၊ သူတို့သည် အပူမီး၏ ပေါင်းဖေါ်များဖြစ်ကြ၏ ထို၌ အစဉ်ခံစားရမည်ပင်။
၂း၈၂။ ယုံကြည်၍ ပြုပြင်ပြောင်းလဲမှု ကျင့်ကြံသော သူတို့သည်ကားသုခဘုံ၏ ပေါင်းဖေါ် များဖြစ်ကြ၏၊ ထို၌ အစဉ်စံစားရမည်ပင်။
၂း၈၃။ ငါသည် ဂျူးတို့ထံမှ “ပရမတ်ဘုရားရှင်ကိုသာ ကိုးကွယ်ရန်၊ မွေးမိဘများ၊ ဆွေမျိုးနီးစပ်များ၊ မိဘမဲ့များနှင့် နွမ်းပါးသူများအပေါ် သုမင်္ဂလာ ပြုရန်၊ လူသားတို့အားတင့်တင့်တယ်တယ် ပြောဆိုကြရန်၊ ဝတ်ပြု မြဲကြရန်၊ အခွန်ငွေဖြူ ပေးကြရန်” ပဋိဉာဉ်ကို ယူခဲ့၏။ တဖန် သင်တို့ အနက် အနည်းငယ်မှ အပ လှည့်သွားကြလေပြီ၊ သင်တို့သည်ကားဘောင်ကန့်ထားသူများဖြစ်ကြ၏။
၂း၈၄။ သွေးထွက်သံယို မပြုရန်၊ သင်တို့၏ စရိုက်များကို ဗိမာန်တော်မှ မောင်းမထုတ်ရန် သင်တို့ထံမှ ပဋိဉာဉ်ကို ငါ ယူခဲ့ပြီ၊ သင်တို့ အတည် ပြုခဲ့သည်မှာ သင်တို့ ကိုယ်တိုင် သက်သေပင်။
၂း၈၅။ တဖန် သင်တို့သည် စရိုက်ကောင်းများကို သုတ်သင်ပစ်၏၊ သင်တို့မှ တစ်ဖွဲ့ကို သူတို့၏ ဗိမာန်များမှ နှင်ထုတ်ကြ၏၊ ပြစ်မှုနှင့် စည်းဖေါက်မှု၌ ကျောထောက် နောက်ခံပြုကြ၏။ သင်တို့ထံသို့ သုံ့ပန်းများရောက်လာလျှင် သူတို့ ကို ရွေးယူသင့်၏၊ သူတို့အားမောင်းထုတ်ခြင်းမှ သင်တို့အားတားမြစ်ပြီးဖြစ်၏။ သင်တို့သည် ကျမ်းတော်မှ တစ်ချို့ကို ယုံကြည်၍ တစ်ချို့ကို ဖုံးကွယ်ကြသလော၊ သင်တို့၌ ထိုသို့ပြုလုပ်သူ၏ အစားရမှုမှာ လောကီသက်တမ်း၌ အရှက်ရစေ၍၊ ရပ်တည်ရသောနေ့၌ ပြင်းထန်သော ဝဋ်ကြွေးဆီသို့ ပြန်ပို့ခံရလတ္တံ့။ ပရမတ် ဘုရားရှင်သည် ကျင့်ကြံသမျှကို မေ့လျော့ထားသည် မဟုတ်ပေ။
၂း၈၆။ နောင်ဘ၀ အားလောကီဘ၀ဖြင့် ရောင်းစားသောသူတို့၊ ထိုသူတို့နှင့် စပ်လျဉ်းသည့် ဝဋ်ကြွေးကို ပေါ့ပါးစေမည် မဟုတ်၊ သူတို့သည် ကူညီခံရမည်လည်းမဟုတ်ချေ။
၂း၈၇။ ဧကန်မုချ၊ ငါသည် မူဆာအားကျမ်းတော် ပေးအပ်ခဲ့၏၊ သူ၏ နောက် ဉာဏ်စဉ်ဆောင်များကို စဉ်ဆက် ထပ်ဆင့် ပွင့်ပေါ်စေခဲ့ပြီ၊ မာရိ၏သားယေရှုကိုလည်းရှင်းလင်းချက်များပေးအပ်၍ မြတ်သော ဉာဏ်စဉ်တော်ဖြင့် ထောက်ပံ့ခဲ့၏၊ ဉာဏ်စဉ်ဆောင် တစ်ပါးသည် သင်တို့၏ စရိုက်လိုဘ မကိုက်ညီ ရာနှင့် သင်တို့ ထံသို့ ရောက်လာတိုင်းသင်တို့ မာနတက်နေကြသည် မဟုတ်လော၊ သင်တို့သည် တစ်ဖွဲ့ကို ငြင်းဆန်ပြီး၊ တစ်ဖွဲ့ကို သတ်ခဲ့ကြချေပြီ။
၂း၈၈။ သူတို့က “ကျွန်ုပ်တို့၏ နှလုံးသားကို ပိတ်ထားပြီးပြီ၊”ဟု ဆိုကြ၏၊ အမှန်မှာ သူတို့၏ ဖုံးကွယ်မှုနှင့် အနည်းငယ်မျှပင် မယုံကြည်မှုတို့ကြောင့် ပရမတ်ဘုရားရှင်က သူတို့အားမေတ္တာဝေးစေပြီ။
၂း၈၉။ သူတို့ထံ၌ ရှိရာကို ဖြောင့်မှန်စေသည့် ကျမ်းတော် တစ်ပါးသည် ပရမတ်ဘုရားရှင်ထံမှ သူတို့ထံသို့ ရောက်လာစဉ်၊ ရှေ့ အလျင်ကပင် ဖုံးကွယ်လေ့ ရှိသောသူတို့အားဖွင့်ပေးစေလိုကြ၏၊ သို့သော် သူတို့ သိမှတ်ရာ ရောက်လာသော် ၎င်းကို သူတို့ကိုယ်တိုင် ဖုံးကွယ်ကြ၏၊ သို့ဖြစ်၍ ပရမတ်ဘုရားရှင်က ထို ဖုံးကွယ်သူတို့အားမေတ္တာဝေးစေပြီ။
၂း၉၀။ သူတို့သည် ပရမတ်ဘုရားရှင် ချမှတ်ပေးသည်ကို ဖုံးကွယ်ခြင်း၊ ပရမတ်ဘုရားရှင်က စံချိန်ပြည့် အမှုတော်ဆောင်များအားသိက္ခာပေးခြင်းကို အပြစ်ရှာလျက် သူတို့၏ စရိုက်ကို အမင်္ဂလာဖြင့် ရောင်းစားခြင်းဖြင့် ကံကြီးသင့်မှု ကံကြီးသင့်ခြင်းကို ဆွဲယူကြပြီ၊ ထို့ကြောင့် ဖုံးကွယ်သူများအတွက် နိမ့်ကျသော ဝဋ်ကြွေးသည် ရှိနေ၏။
၂း၉၁။ “ပရမတ်ဘုရားရှင် ချမှတ်ပေးရာ၌ ယုံကြည်ကြလော့၊” ဟု ပြောသော အခါ၊ “ကျွန်ုပ်တို့အားချမှတ်ပေးသည်ကိုသာ ယုံကြည်ပေပြီ၊”ဟု ပြန်ပြောကြ လျက်၊ သူတို့၌ ရှိသည်ကို ဖြောင့်မှန်စေသည့် သစ္စာတရားအားဖုံးကွယ် ငြင်းဆန်၍ ကွယ်ကာပစ်သော သူတို့အား“သင်တို့သည် ယုံကြည်သူများဖြစ်ကြလျှင်- ရှေ့အလျင်က ပရမတ်ဘုရားရှင်၏ သတင်းတော်ဆောင်များကို အဘယ့်ကြောင့် သတ်ခဲ့လေသနည်း၊”ဟု မေးမြန်းလော့။
၂း၉၂။ သင်တို့ထံသို့ မူဆာသည် ရှင်းလင်းချက်များဖြင့် မုချ ရောက်လာပြီ၊ တဖန် သူ့နောက်တွင်မှ သင်တို့သည် နွားငယ်ကို အယူထားလျက် အမိုက်ကောင် များဖြစ်ကြပြီ။
၂း၉၃။ ထို့ပြင် “သင်တို့အပေါ်၌ တောင်တော်ကို မြှောက်စားခဲ့ပြီ၊ ငါ ပေးအပ်ရာ၌ အစွမ်းရှိရှိ အယူမြဲလော့၊ နာယူကြလော့၊” ဟု သင်တို့၏ ကတိခံဝန်ကို ငါ ယူသောအခါ၊” “တပည့်တော်တို့ နားထောင်သော်လည်းအာခံရပါမည်၊”ဟု ပြောကြ၏၊ ထိုသို့ သူတို့၏ ဖုံးကွယ်မှုများကြောင့် ထိုနွားငယ်က သူတို့၏ နှလုံးသွေးကို စုပ်လေပြီ၊ “သင်တို့သည် ယုံကြည်သူများဖြစ်ကြလျှင် သင်တို့၏ ယုံကြည်မှုက သင်တို့အားအမင်္ဂလာကို ညွှန်ကြားထားပြီ၊”ဟု ဟောလော့။
၂း၉၄။ “ပရမတ်ဘုရားရှင်၏ ထံ၌ရှိသော နောက်ဆုံးစွန် ဗိမာန်သည် လူသားအပေါင်းမှ လွဲ၍ သင်တို့အတွက် သီးသန့်ဖြစ်သော်၊ သင်တို့သည် ဖြောင့်မှန်သူများဖြစ်ကြလျှင် သေလိုသည့်ဇော ရှိကြကုန်၊”ဟု ပြောကြားလော့။
၂း၉၅။ သူတို့၏ စုံရပ်ခံခဲ့သော လက်ချက်များကြောင့် မည်သည့်ခါမှ သေလိုသည့်ဇော မရှိကြပေ၊ ပရမတ်ဘုရားရှင်သည် အမိုက်ကောင်များကို သိနေတော်မူသော အရှင် ဖြစ်၏။
၂း၉၆။ သူတို့သည် ရောပြွန်းကိုးကွယ်သော သူများထက်ပင် ဤလောကီအားဆန္ဒဇော ကပ်နေသော လူသားများဖြစ်ကြောင်းသင် တွေ့ရလိမ့်မည်၊ သူတို့ တစ်ယောက် ချင်းစီ နှစ်တစ်ထောင် ဘ၀သံသရာကို ရလိုကြ၏၊ ထိုသို့ ဘ၀သံသရာကို ရငြားသော်လည်းဝဋ်ကြွေးမှ ဖယ်ရှားခံရမည် မဟုတ်ပေ။ ပရမတ်ဘုရားရှင်သည် သူတို့၏ ကျင့်ကြံသမျှအားမြင်နေသော အရှင် ဖြစ်၏။
၂း၉၇။ ဟောပြောလော့ “ပရမတ်ဉာဏ်စဉ်အားစည်းဖေါက်သူသည် မည်သူ ဖြစ်သနည်း၊” ပရမတ်ဘုရားရှင်၏ ခွင့်ပြုချက်ဖြင့် သင်၏ နှလုံးသား၌ ချမှတ်ပေးသော ထိုအရာသည် ပစ္စုပ္ပာန်များကို ဖြောင့်မှန်စေ၍၊ ယုံကြည်သူများအတွက် လမ်းညွှန်မှန်နှင့် သတင်းကောင်းပင် ဖြစ်၏။
၂း၉၈။ မည်သူမဆို ပရမတ် ဘုရားရှင်၊ အရှင်၏ နိမိတ်ဆောင်များ၊ အရှင်၏ ဉာဏ်စဉ်ဆောင်များ၊ ပရမတ် ဉာဏ်စဉ်နှင့် လောကပါလဓမ္မတို့အားစည်းဖေါက်သူ ဖြစ်အံ့- ဧကန်ပင် ပရမတ် ဘုရားရှင်သည် ဖုံးကွယ်သူများအတွက် တန်ပြန် စည်းဖေါက်သူ ဖြစ်၏။
၂း၉၉။ သင့်အားရှင်းလင်းသော သုတ်ဒေသနာများကို ငါ ချမှတ်ပေးတော် မူပြီ၊ ယုတ်မာသူများသည်သာ ၎င်းကို ဖုံးကွယ်ကြလိမ့်မည်။
၂း၁၀၀။ ပဋိညာဉ်ပြု ပဋိညာဉ်ထားတိုင်းသူတို့မှ တစ်ဖွဲ့သည် ၎င်းကို စွန့်ပစ်ကြသည် မဟုတ်လော၊ အမှန်မှာ သူတို့မှ အများစုသည် ယုံကြည်မှု မရှိကြပေ။
၂း၁၀၁။ သူတို့၌ ရှိရာကို ဖြောင့်မှန်စေသည့် ပရမတ်ဘုရားရှင်၏ ထံမှ ဉာဏ်စဉ် ဆောင်တစ်ပါးသူတို့ထံသို့ ရောက်လာစဉ် ကျမ်းပေးခံရသောသူများမှ တစ်ဖွဲ့သည် စွန့်ပစ်လျက်၊ ပရမတ် ဘုရားရှင်၏ ကျမ်းတော်ဟု မသိသယောင် ကျောခိုင်းကွယ်ကာပစ်ကြ၏။
၂း၁၀၂။ သူတို့သည် ဆိုလိုင်မံ၏ ဩဇာအာဏာကို ကျော်၍ မကောင်းဆိုးဝါးတို့ ရွတ်ဖတ်ရာကိုသာ လိုက်နာကြ၏၊ ဆိုလိုင်မံသည် ဖုံးကွယ်သည် မဟုတ်၊ သို့သော် မကောင်းဆိုးဝါးတို့သည်သာ ဖုံးကွယ်ကြ၏၊ သူတို့သည် ဘေဘီလုံ နိမိတ်ဆောင် နှစ်ဦးဖြစ်သော ဟာရူးတ်နှင့် မာရူးတ်တို့ ထံသို့ ချမှတ်ပေးရာ ဖြစ် သည့် လူသားတို့အားလှည့်စားမှုကို သင်ပေးကြ၏၊ သူတို့က “ကျွန်ုပ်တို့သည် စမ်းသပ်ခြင်းသာ ဖြစ်၏၊ ဖုံးကွယ်ခြင်းမဟုတ်ပါ၊”ဟု မပြောဘဲ တစ်ဦးတစ်ယောက်ကိုမှ သင်မပေးခဲ့ချေ၊ ၎င်းတို့သည် သူတို့ နှစ်ဦးထံမှ လူသားတို့ စုဖွဲ့မှုကြားခွဲခြင်းကိုသာ သင်ယူကြ၏၊ သူတို့သည် ပရမတ်ဘုရားရှင်၏ ခွင့်ပြု ချက် မရှိဘဲ တစ်စုံတစ်ယောက်ကိုမှ မနစ်နာ စေနိုင်သော၊ သူတို့ကိုယ်သာ နစ်နာစေ မည့် အကျိုးမရှိရာကို သင်ယူကြလေပြီ၊ ထိုအရာကို ရောင်းဝယ်သူတို့ အတွက် အနာဂါတ် ဖြစ်တည်မှု မရှိကြောင်းသူတို့ မုချ သိကြကုန်၏၊ သူတို့၏ စရိုက်များကို အမင်္ဂလာဖြင့် ရောင်းစားကြပြီ၊ သူတို့ သိကြပါလေစ။
၂း၁၀၃။ အကယ်၍ သူတို့သည် သက်ဝင်ယုံကြည်လျက် စည်းစောင့်ကြလျှင် ပရမတ်ဘုရားရှင်၏ ထံမှ အကျိုးဆက်သည် ပိုကောင်း၏၊ သူတို့ သိကြပါလေစ။
၂း၁၀၄။ အို-ယုံကြည်သောသူတို့ “ကျွန်ုပ်တို့ကို ထိန်းကျောင်းပါ၊”ဟု မပြော ကြနှင့်၊ “ကျွန်ုပ်တို့အားကြည့်ရှုပါ၊” ဟု ပြောကြလော့၊ ကြားနာကြလော့ ဖုံးကွယ် သူများအတွက် စူးနစ်နာကျင်သော ဝဋ်ကြွေးသည် ရှိနေ၏။
၂း၁၀၅။ ကျမ်းစာ ဝိုင်းသားများမှ ဖုံးကွယ်သောသူ နှင့် ရောပြွန်းကိုးကွယ်သူများသည်၊ သင်တို့အားကံကြမ္မာ ရှင် ထံမှ ချမှတ်ပေးသည့် အကောင်းကို မလိုလားကြပေ၊ ပရမတ်ဘုရားရှင်သည် စံချိန်ပြည့်သူအားကရုဏာဖြင့် ရွေးကောက်တော်မူ၏၊ ပရမတ်ဘုရားရှင်သည် မဟာ့မဟာ သိက္ခာပေးသော အရှင် ဖြစ်၏။
၂း၁၀၆။ မည်သည့် သုတ်ဒေသနာကို မဆို ငါက ကမည်းထိုးစေသည် ဖြစ်စေ၊ ပယ်ဖျက်စေသည်ဖြစ်စေ ထို့ထက် ပိုကောင်းရာ သို့မဟုတ် ပမာတူရာကို ပေးအပ်တော်မူ၏၊ ဧကန်ပင် ပရမတ်ဘုရားရှင်သည် သဗ္ဗလုံးစုံအားစည်းချိန် ချမှတ်တော်မူကြောင်းသင်တို့ မသိကြလေသလော။
၂း၁၀၇။ ဧကန်ပင် ပရမတ် ဘုရားရှင်သည် ကောင်းကင်များနှင့် မြေတို့၏ အရှင်သခင် ဖြစ်ကြောင်းသင်တို့ မသိကြသလော၊ ပရမတ်ဘုရားရှင် မှလွဲ၍ မဟာမိတ်၊ ကူညီသူ ဟူ၍ သင်တို့ အတွက် မရှိပေ။
၂း၁၀၈။ သို့တည်းမဟုတ်၊ သင်တို့ အတွက် ပွင့်ပေါ်သော ဉာဏ်စဉ်ဆောင် အား၊ ရှေ့အလျင်က မူဆာအားတောင်းဆို သကဲ့သို့ တောင်းဆို လိုကြသလော၊ ယုံကြည်ချက်အစားဖုံးကွယ်ခြင်းဖြင့် လဲလှယ်သောသူ အတွက် မုချပင် ပုံစံချပြီးလမ်းစဉ်မှ လွဲချော်ရလတ္တံ့။
၂း၁၀၉။ ကျမ်းစာဝိုင်းသားများမှ အများစုသည် သူတို့ စရိုက်၏ မနာလိုမှု များကြောင့်- သူတို့အတွက် သစ္စာတရားကို ရှင်းလင်းစေပြီးနောက်မှ သင်တို့အားယုံကြည်ပြီးနောက်မှ ဖုံးကွယ်သူအဖြစ် ပြန်လှည့်စေလိုကြ၏၊ ပရမတ်ဘုရားရှင်၏ ညွှန်ကြားချက် ပေးရောက်သည့်တိုင် ကျေအေး၍ ဥက္ခာပြုထားလော့၊ ဧကန်ပင် ပရမတ်ဘုရားရှင်သည် သဗ္ဗလုံးစုံအားစည်းချိန်ချမှတ်တော်မူ၏။
၂း၁၁၀။ ဝတ်ပြု မြဲကြလော့၊ အခွန်ငွေဖြူ ပေးကြလော့။ သင်တို့၏ စရိုက် အတွက် ကောင်းစွာ စုံရပ် ခံခဲ့ခြင်းတို့အားပရမတ်ဘုရားရှင်၏ ထံ၌ တွေ့ရလတ္တံ့၊ ဧကန်ပင် ပရမတ်ဘုရားရှင် သည် ကျင့်ကြံသမျှကို မြင်နေသော အရှင် ဖြစ်၏။
၂း၁၁၁။ “ရေ၀တီ သို့မဟုတ် ခရစ်ယာန် မဟုတ်သူသည် သုခဘုံသို့ မဝင်ရ၊”ဟု ပြောကြ၏၊ ၎င်းသည် သူတို့၏ ဇောဆန္ဒပေတည်း၊ “သင်တို့သည် ဖြောင့်မှန်သူများဖြစ်ကြလျှင် သက်သေပြချက် ယူခဲ့ကြ၊”ဟု ပြောကြားလော့။
၂း၁၁၂။ အမှန်မှာ ပရမတ်ဘုရားရှင်အားမျက်နှာမူ၍ ငြိမ်းချမ်းရေးပြုသော- ထိုသုမင်္ဂလာ ပြုသူအတွက် ဆုလဒ်မှာ ကံကြမ္မာရှင်၏ ထံ၌ ရှိနေပြီ၊ သူတို့အားကြောက်ရွံ့ရစေ မည် မဟုတ်၊ သောကရောက်ရစေမည်လည်းမဟုတ်ချေ။
၂း၁၁၃။ ရေ၀တီတို့က ခရစ်ယာန်တို့အား“မဟုတ်မဟတ်” ဟု ပြောကြ၍၊ ခရစ်ယာန်တို့ကလည်းရေ၀တီ တို့ကို “မဟုတ်မဟတ်”ဟု ပြောကြ၏၊ သူတို့သည် ကျမ်းစာကို ရွတ်ဖတ်နေကြလျက် ဤသို့ အသိမရှိသော သူများပြောသည့်ပမာ ပြောဆိုနေကြ၏၊ သို့ဖြစ်၍ ပရမတ်ဘုရားရှင်သည် သူတို့ချင်းကြားရှိသော ကွဲလွဲချက်များကို ရပ်တည်ရသော နေ့၌ စီရင်ထုံးချတော်မူမည်။
၂း၁၁၄။ အရှင်၏ ဂုဏ်တော်များအားသတိရရှုမှတ်သောသူများကို ပရမတ် ဘုရားရှင်၏ ဝတ်ကျောင်းတော်မှ ပိတ်ပင်၍၊ သူတို့အားဖြိုဖျက်ရန် လုံးပန်းနေ သူထက် မည်သူက ပို၍ အမိုက်စီးဘိသနည်း၊ သူတို့ ကိုယ်တိုင် စိုးရိမ်ကြီးစွာဖြင့် ဝင်လာသူများဖြစ်သင့်၏၊ သူတို့အတွက် လောကီ၌ အရှက်ရခြင်းနှင့် နောင်ဘ၀၌ မဟာ ဝဋ်ကြွေးကြီးရှိနေ၏။
၂း၁၁၅။ နေထွက်ရာ၊ နေဝင်ရာတိုင်းသည် ပရမတ် ဘုရားရှင်၏ အချုပ် အခြာ၌ ရှိ၏၊ သင်တို့၏ လှည့်ရာ ဘက်တိုင်းသည် ပရမတ် ဘုရားရှင်၏ မျက်မှောက်တော် ဖြစ်၏၊ ဧကန်ပင် ပရမတ်ဘုရားရှင်သည် အသိ ဉာဏ်တော် ဖြန့်ကျက်ထားသော အရှင် ဖြစ်၏။
၂း၁၁၆။ “ပရမတ်ဘုရားရှင်သည် ကိုယ်ပွားထားရှိ၏၊” ဟု ပြောကြ၏။ အမှန်မှာ အရှင်သည် ဦးထိပ်ထားရာ ဖြစ်၏၊ မိုးမြေ၌ ရှိသမျှတို့သည် အရှင်၏ အချုပ်အခြာ၌ ရှိ၏၊ ခပ်သိမ်းကုန်သည် အရှင့်အားနာခံနေရ၏။
၂း၁၁၇။ မိုးမြေတို့၏ မူလအရှင်က အပြီးသတ် ညွှန်ကြားချက် “ဖြစ်”ဟု မိန့်သော် သို့ဖြင့် ဖြစ်လာရ မည်ပင်။
၂း၁၁၈။ အသိ မရှိသော သူများက “ပရမတ်ဘုရားရှင်က ကျွန်ုပ်တို့အားမုက္ခပါတ်တော် သို့မဟုတ် သုတ်ဒေသနာတော် အဘယ်ကြောင့် မပေးသနည်း၊”ဟု ပြောကြ၏၊ သူတို့ မတိုင်မှီ သူများပြောသည့် ပမာ ဤအတိုင်းပင် ပြောကြ၏၊၊ သူတို့၏ နှလုံးသားမှာ ဆင်တူနေ၏၊ ဒိဌယုံသော လူမျိုးအတွက် သုတ်ဒေသနာများကို ငါ ရှင်းလင်းထားပြီးဖြစ်၏။
၂း၁၁၉။ ငါသည် သင့်အားသစ္စာတရားအားဖြင့် သတင်းကောင်းပါးသူ၊ သတိပေးသူအဖြစ် စေစားတော်မူ၏၊ ငရဲမီးပေါင်းဖေါ်များနှင့် စပ်လျဉ်း၍ သင့်အားစစ်ကြောမည် မဟုတ်ပေ။
၂း၁၂၀။ ရေ၀တီများခရစ်ယာန်များက သူတို့၏ ကျင့်စဉ်ကို မလိုက်နာသ၍ သင့်အားကျေနပ်မည် မဟုတ်ပေ။ “ပရမတ်ဘုရားရှင်၏ လမ်းညွှန်မှုသည်သာ လမ်းညွှန်မှန် ဖြစ်၏၊”ဟု ဟောပြောလော့၊ သင့်ထံသို့ အသိပညာ ရောက်လာပြီးမှ သူတို့၏ လိုဘများကို လိုက်နာလျှင် ပရမတ်ဘုရားရှင်၏ ထံမှ မဟာမိတ်နှင့် ကူညီသူသည် သင့်အတွက် မရှိပြီ။
၂း၁၂၁။ ငါ ကျမ်းစာပေးသော သူများသည်၊ ၎င်းကို မှန်မှန်ကန်ကန် ရွတ်ဖတ်ခြင်းဖြင့် ရွတ်ဖတ်ကြသော် ၎င်း၌ ယုံကြည်သူများဖြစ်ကြ၏၊ ၎င်းကို ဖုံးကွယ်သူများသည် ဆုံးရှုံးသူများဖြစ်ချေပြီ။
၂း၁၂၂။ အို-ဂျူးလူမျိုးတို့ သင်တို့အားငါ ဂုဏ်ပေးသည့် ဂုဏ်ပုဒ်များကို သတိရကြလော့၊ ငါသည် သင်တို့ကို လောကခပ်သိမ်းအပေါ်၌ သိက္ခာပေးခဲ့ပြီ။
၂း၁၂၃။ ဉာဉ်တစ်ခုက ဉာဉ်တစ်ခု အတွက် တစ်စုံတစ်ရာ အစားမပေးနိုင်သော၊ တန်ရာ တန်ကြေးအကိုးမပြည့်သော၊ အမျှဝေခြင်းအကျိုးမဖြစ်သော၊ အကူအညီမဲ့ နေ့ကာလ အတွက် စည်းစောင့်ကြလော့။၂း
၂း၁၂၄။ အီဗရာဟီးမ်အားကံကြမ္မာရှင်က မုက္ခပါတ်တော်ဖြင့် စုံစမ်းသော အခါ သူသည် ပြည့်စုံစေခဲ့၏။ အရှင်က “ငါသည် သင့်အားလူသားတို့၏ ရှေ့ဆောင် အဖြစ် စီစဉ်တော်မူပြီ၊”ဟု မိန့်ဆိုသော်၊ သူက “တပည့်တော်၏ သားမြေးများမှ ကော၊”ဟု ပြန်လျှောက်၏၊ “ငါ့ ပဋိညာဉ်အားအမိုက်ကောင်များမဆွတ်ခူးနိုင်၊”ဟု မိန့်တော်မူ၏။
၂း၁၂၅။ ငါသည် အိမ်တော်အားလူသားအပေါင်းအကျိုးနှင့် ယုံကြည် စိတ်ချရာ အဖြစ် စီစဉ်တော်မူ၏၊ အီဗရာဟီးမ်၏ ရပ်တည်ခဲ့သည်အားဝတ်ပြု သည့်နေရာ အဖြစ် ယူမှတ်ကြလော့၊ ငါသည် အီဗရာဟီးမ်နှင့် အီစ္စမာအီးလ်တို့အား“လှည့်လည်သူ၊ ၀ဇီပိတ်ကျင့်သူ၊ ဦးညွှတ်သူ၊ ဦးချသူတို့အတွက် ငါ၏ အိမ်တော်ကို သန့်စင်စေကြလော့၊”ဟု ပဋိညာဉ်ပြုထား၏။
၂း၁၂၆။ အီဗရာဟီးမ်က “အို-ကံကြမ္မာရှင် ဤမြို့တော်အားမြို့သားများယုံကြည်စိတ်ချရရန် စီစဉ်တော်မူပါ၊ ပရမတ်ဘုရားရှင်နှင့် နောက်ဆုံးနေ့ကို ယုံကြည်သူတို့အားသီးနှံရိက္ခာများပြည့်စေတော်မူပါ၊”ဟု လျှောက်တင်သော်၊ အရှင်က “ဖုံးကွယ်သူကိုလည်းအနည်းငယ်မျှ ချမ်းမြေ့စေမည်၊ ထို့နောက် အမင်္ဂလာ ပန်းတိုင်ဖြစ်သည့် စစ်မီးဝဋ်ကြွေးသို့ တွန်းပို့ခံရမည်၊” ဟု မိန့်၏။ ၁၂၇။ အီဗရာဟီးမ်နှင့် အီစ္စမာအီးလ်တို့သည် အိမ်တော်၏ အုတ်မြစ်ကို မြှင့်တင်သော အခါ-
၂း၁၂၇။“အို- ကံကြမ္မာရှင် တပည့်တော်တို့အားဆန္ဒပြည့်စေတော်မူပါ၊ အရှင် သည် ကြားနေသော အရှင်၊ သိနေသောအရှင် ဖြစ်ပါ၏၊”
၂း၁၂၈။ “အို-ကံကြမ္မာရှင် တပည့်တော်တို့အားငြိမ်းချမ်းရေးပြုသူများအဖြစ်၊ တပည့်တော်တို့၏ သားမြေးတို့အားငြိမ်းချမ်းရေးပြုသူ အသိုင်းအဝိုင်းအဖြစ် စီစဉ်ပေးပါ၊ တပည့်တော်တို့အားဝတ်ဖြည့်နည်းကို ပြသပေးပါ၊ တပည့်တော်တို့အားသင်ပုန်းချေပေးတော်မူပါ၊ အရှင်သည် သင်ပုန်းချေပေးသော၊ ကရုဏာသက်သော အရှင် ဖြစ်ပါ၏၊”
၂း၁၂၉။ “အို-ကံကြမ္မာရှင် သူတို့အားအရှင်၏ သုတ်ဒေသနာများကို ရွတ်ဖတ်ပြရန်၊ ကျမ်းတော် နှင့် စီရင်ထုံးကို သင်ကြားပေးရန်၊ သန့်ရှင်းဖြူစင်စေရန် ဉာဏ်စဉ်ဆောင် တစ်ပါးကို သူတို့ အထဲမှ ပွင့်ပေါ်စေတော်မူပါ၊ အရှင်သည် ဘုန်းတော်အရှင်၊ ဓမ္မသတ်ရှင် ဖြစ်ပါ၏၊”ဟု လျှောက်ထားကြ၏။
၂း၁၃၀။ စရိုက်ပျက်မိုက်မဲသူသည်သာ အီဗရာဟီးမ်၏ ကျင့်စဉ်တော်ကို ဦးစားမပေး၊ ငါသည် သူ့အားဤဘ၀၌ ရွေးချယ်၍ နောင်ဘ၀အတွက် ပြုပြင် ပြောင်းလဲသူများ၏ အနက်မှ ဖြစ်စေတော်မူမည်။
၂း၁၃၁။ သူ့အားကံကြမ္မာရှင်က “ငြိမ်းချမ်းစေလော့၊”ဟု မိန့်သောအခါ၊ “လောကခပ်သိမ်း၏ ကံကြမ္မာရှင် အတွက် ငြိမ်းချမ်းရေးပြုနေကြောင်းပါ၊”ဟု သူ လျှောက်ထား၏။
၂း၁၃၂။ အီဗရာဟီးမ်နှင့် ယာကုဗ်တို့က သားမြေးတို့အား“အို-သားမြေးတို့၊ ပရမတ်ဘုရားရှင်သည် သင်တို့ အတွက် သာသနာတော်ကို ရွေးချယ်ပြီ၊ သင်တို့ သည် ငြိမ်းချမ်းရေးပြုသူ အဖြစ်မှအပ ဘ၀ မပြောင်းကြစေနှင့်၊”ဟု မှာကြား၏။
၂း၁၃၃။ သို့တည်းမဟုတ် ယာကုဗ်၏ အာယုသင်္ခါရ လွှတ်ချိန်၌ သင်တို့သည် မျက်မြင်သက်သေ ဖြစ်ကြသလော၊ သားမြေးတို့အား“ကျွန်ုပ်၏နောက်၌ မည်သူ့ အားသင်တို့ ကိုးကွယ်ကြမည်နည်း၊”ဟု သူကမေးသော်၊ “ကိုယ်တော်၏ ဘုရားရှင်၊ သင်၏ ဘဘိုးများဖြစ်သော အီဗရာဟီးမ်၊ အီစ္စမာအီလ်၊ အီစ္စဟာ့က် တို့၏ တစ်ပါးတည်းဘုရားရှင်ကိုသာ ကိုးကွယ်ကြပါမည်၊ ကျွန်ုပ်တို့သည် အရှင့် အတွက် ငြိမ်းချမ်းရေးပြုသူများဖြစ်ပါ၏၊”ဟု ပြောကြပြီ။
၂း၁၃၄။ ဤ အသိုင်းအဝိုင်းသည် လွန်ခဲ့လေပြီ၊ သူတို့၏ ကျင့်ဆောင်မှုသည် သူတို့အတွက်၊ သင်တို့၏ ကျင့်ဆောင်မှု သည် သင်တို့ အတွက်ပင် ဖြစ်၏၊ သူတို့၏ ကျင့်ကြံလေ့ရှိရာများကြောင့် သင်တို့ အားစစ်ကြောမည် မဟုတ်ပေ။
၁၃၅။ “လမ်းညွှန်တရားရရန် ရေ၀တီ သို့မဟုတ် ခရစ်ယာန်များဖြစ်ကြ လော့၊” ဟု ပြောသည်တို့အား၊ ပြန်ပြောလော့- “အီဗရာဟီးမ်၏ ကျင့်စဉ်သည် ဧကန်ပင် အယူသန့်၏၊ သူသည် ရောပြွန်းကိုးကွယ်သူမှ မဟုတ်ပေ။”
၁၃၆။ “ကျွန်ုပ်တို့သည် ပရမတ်ဘုရားရှင်၊ ကျွန်ုပ်တို့ထံသို့ ချမှတ်ပေးရာ၊ အီဗရာဟီးမ်၊ အီစ္စမာအီလ်၊ အီစ္စဟာ့က်၊ ယာကုဗ်နှင့် လူမျိုးစုများထံသို့ ချမှတ် ပေးရာ၊ မူဆာနှင့် ယေရှုတို့ထံသို့ ပေးအပ်ရာနှင့် သတင်းတော်ဆောင်တိုင်းအားကံကြမ္မာရှင်၏ ထံမှ ပေးအပ်ရာတို့ကို ယုံကြည်ကြ၏၊ ထိုကိုယ်တော်များကြားတစ်ပါးနှင့်တစ်ပါးခွဲခြားမှု မပြုပါ၊ ကျွန်ုပ်တို့သည် အရှင့်အတွက် ငြိမ်းချမ်းရေးပြု သူများဖြစ်ကြ၏၊” ဟု ပြောဦးလော့။
၂း၁၃၇။ သူတို့သည် သင်တို့ယုံကြည် သကဲ့သို့ ယုံကြည်ကြလေလျှင် လမ်းညွှန်တရားကို မုချ ရပေအံ့၊ အကယ်၍ လှည့်သွားကြလေလျှင် ဂိုဏ်းခွဲ သူများမှ ဖြစ်ကြ၏၊ သူတို့နှင့် ပတ်သက်၍ ပရမတ်ဘုရားရှင်သည် လုံလောက် တော်မူ၏၊ အရှင်သည် ကြားနေသော အရှင်၊ သိနေသော အရှင် ဖြစ်၏။
၂း၁၃၈။ “ပရမတ်ဘုရားရှင်၏ ဓါတ်တော်အားကူးကြလော့ ဓါတ်တော်ကူးပေးရာ၌ ပရမတ်ဘုရားရှင်ထက် မည်သူက ပို၍တင့်တယ်စေအံ့နည်း၊ ကျွန်ုပ်တို့သည်ကားအရှင့်ကို သာ ကိုးကွယ်သူများဖြစ်ကြ၏။”
၂း၁၃၉။ “ပရမတ်ဘုရားရှင်၊”ဟု ဟော၍ ကျွန်ုပ်အားစောကြောကြ သလော၊ အရှင်သည် သင်တို့၏ ကံကြမ္မာရှင်၊ ကျွန်ုပ်၏ ကံကြမ္မာရှင် ဖြစ်၏၊ သင်တို့ ကျင့်ကြံမှုသည် သင်တို့အတွက် ကျွန်ုပ် ကျင့်ကြံမှုသည် ကျွန်ုပ် အတွက်ပင် ဖြစ်၏၊ ကျွန်ုပ်တို့သည် အရှင့်ကိုသာ သန့်သန့်ထားကိုးကွယ်ပါ၏။
၂း၁၄၀။ “သို့တည်းမဟုတ် အီးဗရာဟီးမ်၊ အီစ္စမာအီးလ်၊ အီစ္စဟာ့က်၊ ယာကုဗ်နှင့် လူမျိုးစုတို့သည် ရေ၀တီ သို့မဟုတ် ခရစ်ယာန်များဖြစ်ကြ၏ဟု ပြောကြသလော၊ သို့တည်းမဟုတ် သင်တို့သည် ပရမတ်ဘုရားရှင်ထက် ပို၍ သိကြကုန်သလော၊”ဟု မေးမြန်းလော့။ ပရမတ်ဘုရားရှင်၏ သက်သေတော် သူ့ထံ၌ ရှိလျက် ထိန်ဝှက်ထားသူထက် မည်သူက ပို၍ အမိုက်စီးဘိသနည်း၊ ပရမတ်ဘုရားရှင်သည် ကျင့်ကြံသမျှကို မေ့လျှော့ထားသည် မဟုတ်ပေ။
၂း၁၄၁။ ဤအသိုင်းအဝိုင်းသည် လွန်ခဲ့လေပြီ၊ သူတို့၏ ကျင့်ဆောင်မှုသည် သူတို့အတွက်၊ သင်တို့၏ ကျင့်ဆောင်မှုသည် သင်တို့ အတွက်ပင် ဖြစ်၏၊ သူတို့၏ ကျင့်ကြံလေ့ ရှိရာများကြောင့် သင်တို့အားစစ်ကြောမည် မဟုတ်ပေ။
၂း၁၄၂။ လူသားတို့အနက် တုံးအသူများက “သူတို့၏ ရှိနေခဲ့သော ရှေ့ရှုမှုကို ဘယ်အရာက ဘက်လှည့်စေ သနည်း၊” ဟု မေးကြလတ္တံ့၊ ဟောလော့ “နေထွက်ရာ နေဝင်ရာတိုင်းသည် ပရမတ် ဘုရားရှင်၏ အချုပ်အခြာ၌ ရှိ၏၊ စံချိန်ပြည့်သူအားမြဲမြံတည်တံ့သော လမ်းစဉ်သို့ ညွှန်တော်မူသတည်း။”
၂း၁၄၃။ ငါသည် သင်တို့အားဤသို့ တော်ဝင် အသိုင်းအဝိုင်းအဖြစ် စီစဉ်ပေးခြင်းမှာ သင်တို့သည် လူသားတို့ အပေါ်၌ သက်သေ ဖြစ်အံ့သောငှာ၊ ဉာဏ်စဉ် ဆောင်သည် သင်တို့ အပေါ်၌ သက်သေ ဖြစ်အံ့သောငှာ ဖြစ်၏။ သင်တို့၏ ရှိနေခဲ့သော ရှေ့ရှုခဲ့မှုကို ငါ စီစဉ်ခဲ့သည် မဟုတ်၊ သို့သော် မည်သူသည် ဉာဏ်စဉ် ဆောင်အားလိုက်နာ၍ မည်သူသည် သူ့နိဂုံးသို့ ဦးလှည့်သည်ကို သိနိုင်ရန်သာ ဖြစ်၏၊ အမှန်သော် ပရမတ်ဘုရားရှင်၏ လမ်းညွှန်ခံရသောသူ အတွက်မှ အပ ဝန်ကြီးလှပေ၏။ ပရမတ်ဘုရားရှင်သည် သင်တို့၏ ယုံကြည်ချက်ကို အလဟသ မဖြစ်စေပေ။ ပရမတ်ဘုရားရှင်သည် လူသားတို့ အပေါ်၌ ညှာတာသော အရှင်၊ ကြင်နာသော အရှင် ဖြစ်၏။
၂း၁၄၄။ ကောင်းကင်ယံသို့ သင် မျက်နှာမူ ဦးလှည့်နေသည်ကို ငါ မြင်တော် မူ၏၊ သို့ဖြင့် သင်စိတ်ကျေနပ်သည့် ရှေ့ရှုမှုသို့ ဘက်လှည့် စေတော်မူပြီ၊ “ဘေးမဲ့ ဝတ်ကျောင်းတော် ဘက်သို့ မျက်နှာမူ လှည့်လော့၊ သင်တို့သည် မည်သည့်အရပ်၌ ရှိစေ ထိုဘက်သို့ မျက်နှာမူ လှည့်လော့၊ ကျမ်းစာ ပေးခံရသော သူတို့က ၎င်းသည် ကံကြမ္မာရှင်၏ ထံမှ သစ္စာတရားဖြစ်သည်ဟု ဧကန် သိကြလတ္တံ့၊” ပရမတ် ဘုရားရှင်သည် ကျင့်ကြံ လေသမျှကို မေ့လျှော့ထားသည် မဟုတ်ပေ။
၂း၁၄၅။ ကျမ်းပေးခံရသူတို့ ထံသို့ ရှိသမျှ သုတ်ဒေသနာများကို သင် ယူဆောင်ခဲ့သော်လည်းသင်၏ ရှေ့ရှုမှုသို့ သူတို့ လိုက်နာသူများမဟုတ်ချေ၊ သင်လည်းသူတို့၏ ရှေ့ရှုမှုကို လိုက်နာသူ မဟုတ်ပေ။ သူတို့မှ အချို့၏ ရှေ့ရှုမှုကို အချို့က လိုက်နာ ကြမည် မဟုတ်ပေ၊ သင့်ထံသို့ အသိပညာ ရောက်လာပြီးမှ သူတို့၏ လိုဘသို့ လိုက်လေလျှင် သင်သည် အမိုက်ကောင်များမှ ဖြစ်ချေပြီ။
၂း၁၄၆။ ကျမ်းပေးခံရသူတို့သည် သူတို့၏ သားမြေးများကို သိမှတ် သကဲ့သို့ သူ့အားသိမှတ်သင့်၏၊ သူတို့မှ တစ်ဖွဲ့သည် အမှန်တရားကို သိနေလျက် နှင့် ဧကန် ထိန်ဝှက်နေကြ၏။
၂း၁၄၇။ အမှန်တရားသည် သင်၏ ကံကြမ္မာရှင်ထံမှ ဖြစ်၏၊ သို့ဖြစ်၍ သင်တို့သည် အချင်းများသူတို့မှ မဖြစ်သင့်ပေ။
၂း၁၄၈။ ဦးတည် မျက်မှောက်ပြုမှု ကိုယ်စီ ရှိကြ၏၊ သို့ဖြစ်ရာ ကောင်းမှု များ၌ ပြိုင်ဆိုင်ကြလော့၊ သင်တို့သည် မည်သည့် နေရာ၌ ရှိစေ ပရမတ် ဘုရားရှင်သည် သင်တို့အားအတူစုရာ ရှိစေပြီ။ ဧကန်ပင် ပရမတ်ဘုရားရှင်သည် သဗ္ဗလုံးစုံအားစည်းချိန်ချမှတ်တော်မူ၏။
၂း၁၄၉။ မည်သည့် နေရာသို့ ထွက်ခွာသည် ဖြစ်စေ သင်တို့သည် ဘေးမဲ့ ဝတ်ကျောင်းတော် ဘက်သို့ ရှေ့ရှု၍ လှည့်လော့၊ မှတ်သားလော့ အမှန်တရားသည် ကံကြမ္မာရှင်၏ထံမှ ဖြစ်၏၊ ပရမတ်ဘုရားရှင် သည် ကျင့်ကြံလေသမျှကို မေ့လျော့ထားသည် မဟုတ်ပေ။
၂း၁၅၀။ မည်သည့် နေရာသို့ ထွက်ခွာသည် ဖြစ်စေ သင်တို့သည် ဘေးမဲ့ ဝတ်ကျောင်းတော်သို့ မျက်နှာမူ လှည့်လော့၊ မည်သည့် နေရာ၌ ရှိသည်ဖြစ်စေ လူသားတို့ အကျိုးရှိစေရန် ထိုဘက်သို့ မျက်နှာမူ လှည့်လော့၊ သူတို့မှ မိုက်ကြေးခွဲသော သူများမှ လွဲ၍ သင်တို့ကို မစောကြောနိုင်ရန် ဖြစ်၏၊ သူတို့အားမကြောက်ကြနှင့် ငါ့ကိုသာ ကြောက်ကြလော့၊ သင်တို့သည် လမ်းညွှန်မှန်ကို ရကောင်းအံ့ငှာ သင်တို့အားဂုဏ်မင်္ဂလာဖြင့် ပြည့်စုံစေတော်မူပြီ။
၂း၁၅၁။ သင်တို့၏အနက်မှ ဉာဏ်စဉ်ဆောင် တစ်ပါးအားစေစားသကဲ့သို့ ပင်၊ သူသည် ငါ၏ သုတ်ဒေသနာများကို သင်တို့အားရွတ်ဖတ်ပြ၏၊ သင်တို့အားသန့်ရှင်းဖြူစင်စေ၏၊ ကျမ်းတော်နှင့် စီရင်ထုံးကို သင်ကြားပေး၏၊ သင်တို့ မသိခဲ့သည်များကို သင်ပေး၏။
၂း၁၅၂။ ငါ့ကိုသာ အာရုံပြုလော့၊ ငါသည် သင်တို့အားအာရုံပြုတော်မူမည်၊ ကျေးဇူးသိကြကုန်လော့၊ မဖုံးကွယ်ကြကုန်နှင့်။
၂း၁၅၃။ အို-ယုံကြည်သောသူတို့၊ ဝတ်ပြုခြင်း၊ သည်းခံခြင်းများဖြင့် ပံ့ပိုးမှုကို ရှာကြလော့၊ ဧကန်ပင် ပရမတ်ဘုရားရှင်သည် ခန္တီပါရမီရှင်တို့နှင့် အတူ ရှိတော်မူ၏။
၂း၁၅၄။ ပရမတ်ဘုရားရှင်၏ လမ်းစဉ်တော်၌ လုပ်ကြံခံရသူများအားသေကြပြီဟု မပြောဆိုနှင့်၊ သူတို့သည် ရှင်နေလျက်ပင်၊ သို့သော် သင်တို့ သတိမမူနိုင်ကြပေ။
၂း၁၅၅။ ငါသည် သင်တို့အားကြောက်ရွံမှု၊ ငတ်မွတ်မှု၊ ဥစ္စာပစ္စည်း၊ ဉာဉ်စရိုက်၊ သီးနှံများယုတ်လျော့မှု စသောအရာ များဖြင့် စုံစမ်းတော်မူမည်၊ ခန္တီပါရမီရှင်တို့အားသတင်းကောင်းပါးလော့။
၂း၁၅၆။ သူတို့အားထိခိုက်မှုတစ်ခု ထိခိုက်စေသောအခါ၊ သူတို့က “ကျွန်ုပ်တို့သည် ပရမတ်ဘုရားရှင် အတွက်ပင်၊ အရှင့်ထံသို့သာ ကျွန်ုပ်တို့ ဦးလှည့်ရ မည်သာတည်း၊”ဟု ရင့်ကျူးကြ၏။
၂း၁၅၇။ သူတို့အပေါ်သို့ ကံကြမ္မာရှင်၏ မေတ္တာ၊ ကရုဏာတော်သည် သက်၏၊ သူတို့သည် လမ်းညွှန်ခံရသူများဖြစ်၏။
၂း၁၅၈။ ဧကန်ပင် ဆွဖာရ်နှင့် မရ်ဝါတောင်တို့သည် ပရမတ်ဘုရားရှင် သတ်မှတ်သည့် သတိမူစေရာများမှ ဖြစ်၏၊ မည်သူမဆို ဝတ်ကျောင်းတော်၌ ကံဆောင်ပရိဝါ့သ်ပြုသော်၊ သို့မဟုတ် ဂါယာပြုသော် ထိုတောင်တို့အားလှည့် လည်ခြင်းကြောင့် အပြစ်မတင်ထိုက်ပေ၊ စိတ်ပြတ်စွာဖြင့် အကောင်းလုပ်သူ အတွက်၊ ဧကန်ပင် ပရမတ်ဘုရားရှင်သည် ကျေးဇူးပြန်သော အရှင်၊ သိနေသော အရှင် ဖြစ်၏။
၂း၁၅၉။ ရှင်းလင်းသော လမ်းညွှန်များကို ငါ ချမှတ်ပေးပြီးနောက်၊ လူသားတို့ အတွက် ကျမ်းစာမှ ရှင်းလင်းချက်များကို ထိန်ဝှက်ထားသော သူတို့၏ အပေါ်သို့ ပရမတ်ဘုရားရှင်က မေတ္တာဝေးစေပြီ။ မေတ္တာမဲ့ခွင့်ရှိသူတို့၏ မေတ္တာ ဝေးစေပြီ။
၂း၁၆၀။ ခဝါချ၊ ပြုပြင်၊ ရှင်းရှင်းလင်းလင်းရှိသော သူတို့အပေါ် သင်ပုန်းချေပေးလတ္တံ့၊၊ ငါသည် သင်ပုန်းချေ ပေးသော အရှင် အကြင်နာရှင် ဖြစ်၏။
၂း၁၆၁။ ဖုံးကွယ်သောသူ၊ ထိုဖုံးကွယ်သူ အဖြစ်နှင့်ပင် ဘ၀ပြောင်း၏ ထိုသူတို့အားပရမတ် ဘုရားရှင်၊ နိမိတ်ဆောင်များနှင့် လူသားအပေါင်း၏ မေတ္တာဝေးစေခြင်း-
၂း၁၆၂။-၌ အစဉ်အမြဲ ဖြစ်၏၊ သူတို့အတွက် ဝဋ်ကြွေးမှာ ပေါ့ပါးစေမည် မဟုတ်၊ စောင့်ကြည့် ခွင့် ပေးမည်လည်းမဟုတ်ပေ။
၂း၁၆၃။ သင်တို့၏ဘုရားရှင်မှာ တစ်ဆူတည်းသာ ဖြစ်၏၊ ထိုကရုဏာရှင် အကြင်နာရှင်မှ အပ အခြားဘုရားဟူ၍ မရှိပြီ။
၂း၁၆၄။ မိုးမြေများကို ဖြစ်တည် စေခြင်း၊ နေ့ညများကို အလှည့်ကျ ဖြစ် စေခြင်း၊ လူသားတို့ အကျိုးငှာ လှေ သင်္ဘောများကို ပင်လယ်ပြင်၌ ရွက်လွှင့်စေ ခြင်း၊ သေနေပြီးသော မြေကမ္ဘာကို မိုးတိမ်တိုက်မှ ပရမတ်ဘုရားရှင်က ချပေးသည့် ရေဖြင့် ပြန်ရှင်စေလျက် သတ္တဝါ မျိုးစုံ ပျံ့ပွားစေခြင်း၊ လေလမ်းကြောင်းများအားဘက်ပြန်စေခြင်းနှင့် မိုးနှင့်မြေ ကြားရှိသမျှအားအသုံးခံ ဖြစ်စေခြင်းတို့မှာ အတွေးအခေါ် ရှိသော လူမျိုးအတွက် သုတ်ဒေသနာ များပင် ဖြစ်ချေ၏။
၂း၁၆၅။ လူသားတို့အနက် ပရမတ်ဘုရားရှင် မှလွဲ၍ ဂုဏ်တုပြိုင်လျက် အယူထားသူတို့ ရှိ၏၊ သူတို့အားပရမတ်ဘုရားရှင်အားနှစ်သက်သလို နှစ်သက် နေကြ၏၊ ယုံကြည်သော သူတို့သည်ကားပရမတ်ဘုရားရှင်၌ နှစ်သက်မှုမှာ ပြတ်သားလှချေ၏၊ ဝဋ်ကြွေးကို မြင်တွေ့ရသောအခါ၊ အစွမ်းသတ္တိ အားလုံးသည် ပရမတ်ဘုရားရှင်၌သာ ရှိ၏၊ ပရမတ်ဘုရားရှင်သည် ပြင်းထန်စွာ ဝဋ်ဒဏ်သင့်စေ ၏ဟု မိုက်ကြေးခွဲသောသူတို့ မြင်တွေ့ရလတ္တံ့။
၂း၁၆၆။ ကိုးကွယ်ခံများသည် တပည့်ဒကာတို့မှ ကင်းရှင်းကုန်အံ့၊ ဝဋ်ကြွေးကို မြင်တွေ့ရကုန်အံ့၊ ထိုအခါ သူတို့၏ နှောင်ဖွဲ့မှုများပြတ်တောက်သွားလတ္တံ့။
၂း၁၆၇။ တပည့်ဒကာများက “အကယ်၍သာ ကျွန်ုပ်တို့ အဘို့ အလှည့်ပြန်ရလျှင် ကျွန်ုပ်တို့အားကင်းရှင်းခဲ့သလို သူတို့ကို ကင်းရှင်းပစ်ကြမည်၊”ဟု ပြောဆိုလတ္တံ့၊ ပရမတ်ဘုရားရှင်သည် သူတို့၏ ကျင့်ကြံ ခဲ့ရာမှာ သူတို့အတွက် ကြေကွဲစရာ ဖြစ်ကြောင်းမြင်တွေ့စေမည်၊ သူတို့သည် အပူမီးမှ ထွက်ကြရမည့်သူများမဟုတ်ပေ။
၂း၁၆၈။ အို၊ လူသားအပေါင်းတို့- မြေကမ္ဘာ၌ တရားဝင် စင်ကြယ်ရာကို စားသုံးကြလော့၊ မကောင်းဆိုးဝါး၏၊ ခြေရာ နောက်သို့ မလိုက်နာကြနှင့်၊ သူသည် သင်တို့အတွက် ရှင်းလင်းထင်ရှားစွာ စည်းဖေါက်သူ ဖြစ်၏။
၂း၁၆၉။ သူသည် သင်တို့အားအကုသိုလ်မှု ကိုယ်ကျင့်ပျက်မှုနှင့် ပရမတ်ဘုရားရှင် အပေါ် သင်တို့ မသိသည်များကို ပြောဆိုရန် ညွှန်ကြားလတ္တံ့။
၂း၁၇၀။ သူတို့အား“ပရမတ်ဘုရားရှင် ချမှတ်ပေးသည်ကို လိုက်နာကြလော့၊” ဟု ပြောသောအခါ၊ “ကျွန်ုပ်တို့ တွေ့ရှိရာ မိရိုးဖလာကို လိုက်နာပါပြီ၊”ဟု ပြန်ပြော ကြ၏၊ အမှန်မှာ သူတို့၏ ဘဘိုးများသည် အတွေးအခေါ် တစ်စုံတစ်ရာ မရှိ၊ လမ်းညွှန်မှန်၌ မရှိချေ။
၂း၁၇၁။ ဖုံးကွယ်သောသူများအတွက် ဥပမာကားဖိတ်ကြားသံ အော်ခေါ်သံမှ အပ ကြားနိုင်စွမ်းမရှိသော အော်ဟောက်ရသောသူ ပမာ ဖြစ်၏၊ ပင်းသူ၊ အသူ၊ ကန်းသူ ထိုသူတို့သည် တွေးခေါ်နိုင်ကြမည် မဟုတ်ချေ။
၂း၁၇၂။ အို-ယုံကြည်သောသူတို့၊ သင်တို့အားငါ ပေးရာ ရိက္ခာမှ စင်ကြယ် ရာကို စားသုံးကြလော့၊ သင်တို့သည် ပရမတ်ဘုရားရှင်ကိုသာ ကိုးကွယ်ကြလျှင် အရှင့်အားကျေးဇူးသိကြကုန်လော့။
၂း၁၇၃။ အရှင် တားမြစ်သည်မှာ အသေသား၊ သွေး၊ ဝက်သား၊ ပရမတ်ဘုရားရှင် မှကင်း၍ အခြားအရာကို တိုင်တည် လှီးသတ် သော အသားတို့ ဖြစ်၏၊ အပြစ်ရှာခြင်းကင်းလျက် စည်းမဖေါက်လိုဘဲ တွန်းပို့ခံရသူ အတွက် အကုသိုလ် မဟုတ်ချေ၊ ပရမတ်ဘုရားရှင်သည် လွတ်ငြိမ်းစေသော အရှင်၊ အကြင်နာရှင် ဖြစ်တော်မူ၏။
၂း၁၇၄။ ပရမတ်ဘုရားရှင် ချမှတ်ပေးသည့် ကျမ်းတော်မှ တစ်စိတ်တစ်ပိုင်းကို ထိန်ဝှက်လျက် ၎င်းကို တန်ဘိုးချ ရောင်းစားသော သူတို့သည် သူတို့၏ ဝမ်းတွင်းသို့ မီးကိုသာ စားမြိုခြင်းမည်၏၊ ရပ်တည်ရသော နေ့၌ ပရမတ်ဘုရားရှင် က ဗျာဒိတ်တော်ပေးမည် မဟုတ် သန့်ရှင်းဖြူစင်စေမည်လည်းမဟုတ်ပေ။ သူတို့အတွက် စူးနစ်သော ဝဋ်ကြွေးသည် ရှိ၏။
၂း၁၇၅။ လမ်းလွဲအားလမ်းညွှန်မှန်ကို ဝဋ်ကြွေးအားလွတ်ငြိမ်းခွင့်ဖြင့် ရောင်းဝယ်သော သူတို့သည် မည်သို့ မည်ပုံ အပူမီး၌ ကြံကြံ ခံနိုင်အံ့နည်း။
၂း၁၇၆။ ဤသည်မှာ ပရမတ်ဘုရားရှင်သည် သစ္စာတရားအားဖြင့် ကျမ်းတော်အားချမှတ်ပေးသောကြောင့်တည်း၊ ဧကန်ပင် ကျမ်းတော်၌ သဘောကွဲသော သူတို့သည် ဂိုဏ်းခွဲ နောက်ကျန်ရစ်ကြ၏။
၂း၁၇၇။ အရှေ့၊ အနောက်တို့အားရှေ့ရှု မျက်နှာလှည့်ခြင်းဖြင့် သင်တို့ အတွက် ကောင်းမှု မမည်သေး။ သို့ရာတွင်- ပရမတ်ဘုရားရှင်၊ နောင်ဘ၀ နေ့ ကာလ၊ နိမိတ်ဆောင်များ၊ ကျမ်းတော်နှင့် သတင်းတော်ဆောင်များကို ယုံကြည်သူ၊ မိမိ နှစ်သက်သော ဥစ္စာ ပစ္စည်းကို ဆွေမျိုးနီးစပ်၊ မိဘမဲ့၊ နွမ်းပါးသူ၊ ခရီးသည်၊ တောင်းခံသူနှင့် ကျွန်စနစ် ဖျက်သိမ်းရေးအတွက် ပေးကမ်းသူ၊ ဝတ်ပြု မြဲ၍ အခွန်ငွေဖြူ ပေးသူ၊ ပဋိညာဉ်ပြု သောအခါ ပဋိညာဉ်၌ ပြီးပြည့်စေသူ၊ အမင်္ဂလာ နစ်နာရခြင်းနှင့် အမင်္ဂလာ ခေတ်ဆိုး၌ ခန္တီပါရမီရှိသူတို့သည်သာ သီလရှိသူ တို့သည်သာ ကောင်းမှု မည်၏။ သူတို့သည်ကားဖြောင့်မှန်သောသူများဖြစ်ကြ၏၊ သူတို့သည်ကားစည်းစောင့်သူများဖြစ်ကြ၏။
၂း၁၇၈။ အို- ယုံကြည်သောသူတို့၊ လူသတ်မှုများအတွက် ဖေါ်ပြမှုမှာ လူလွတ်အတွက် လူလွတ်၊ ဝန်ထမ်းအတွက် ဝန်ထမ်း၊ လိင်မ အတွက် လိင်မဟူ၍ သင်တို့အားပြဌာန်းပြီ။ သို့သော် ခံရသူ၏ သားချင်းများက လျော်ကြေးတစ်စုံ တစ်ရာဖြင့် ကျေအေးရန် ကမ်းလှမ်းလျှင် အသိအမှတ်ပြု လိုက်နာ၍ သူ့ကို တင့်တယ်စွာ ဆက်ဆံရမည်။ ဤသည် ကံကြမ္မာရှင်၏ ထံမှ ပေါ့ပါးစေခြင်းနှင့် ကရုဏာသက်ခြင်းပင် ဖြစ်၏၊ မည်သူမဆို တဖန် စည်းဖေါက်သူ ဖြစ်လျှင် စူးနစ် သော ဝဋ်ကြွေးသည် ရှိ၏။
၂း၁၇၉။ ထိုဖေါ်ပြမှု၌ သင်တို့ အတွက် အသက်ဆက်ခွင့် ရှိ၏။ အို- သဘောပေါက်နိုင်စွမ်းရှိသူတို့၊ သင်တို့ စည်းစောင့်အံ့ငှာ ဖြစ်၏။
၂း၁၈၀။ သင်တို့မှ တစ်စုံတစ်ဦးသည် အနိစ္စရောက်ချိန်တန်လျှင်၊ မွေးမိဘ များဆွေမျိုးနီးစပ်များအတွက် ကောင်းမွန်စွာ အသိအမှတ်ပြု သေတမ်းစာ ချန်ထားခဲ့ရန် သင်တို့အားပြဌာန်းသည်မှာ- စည်းစောင့်သူတို့ အတွက် သစ္စာ ဖြစ်၏။
၂း၁၈၁။ မည်သူမဆို ၎င်းကို ကြားနာပြီးမှ လွှဲပြောင်းခဲ့သော် ထိုလွှဲပြောင်းသောသူများအပေါ်၌သာ အပြစ် ရှိ၏၊ ဧကန်ပင် ပရမတ်ဘုရားရှင်သည် ကြားနေ သော အရှင် သိနေသော အရှင် ဖြစ်ပေ၏။
၂း၁၈၂။ သို့သော် သေတမ်းစာ ရေးသူ၏ မှားယွင်းမှု သို့မဟုတ် ပြစ်မှုကို စိုးရိမ်၍ သူတို့၏ကြားပြုပြင်လိုသောသူသည် အပြစ် မရှိချေ၊ ဧကန်ပင် ပရမတ်ဘုရားရှင်သည် လွတ်ငြိမ်းစေသော အရှင် အကြင်နာရှင် ဖြစ်၏။
၂း၁၈၃။ အို- ယုံကြည်သောသူတို့၊ သင်တို့ ရှေ့အလျင် သူများအားပြဌာန်းသကဲ့သို့ သင်တို့အပေါ်၌ ဥပုသ်စောင့်ရန် ပြဌာန်းတော်မူပြီ၊ သင်တို့ စည်းစောင့် အံ့ငှာ
၂း၁၈၄။ တွက်ချက်ထားသော ရက်များပင်။ အကြင်သူသည် ဖျားနာနေ သို့မဟုတ် လမ်းခရီး၌ ရှိနေလျှင် နောင်၌ တွက်ချက် ရက် ဖြည့်ရမည်၊ အင်အားရှိသောသူ၏ အပေါ်၌- နွမ်းပါးသူအားကျွေးမွေး၍ အစားထိုးနိုင်၏၊ စိတ်ပြတ် စွာဖြင့် အကောင်းလုပ်သူ၏- ထိုကောင်းမှုသည် သူ့အတွက်ပင် ဖြစ်၏၊ ဥပုသ် စောင့်ခြင်းသည် ပိုကောင်း၏ သင်တို့ သိကြပါလေစ။
၂း၁၈၅။ ရမ်ဿွန်လ၊ ထိုလ၌ လူသားတို့အားလမ်းညွှန်ချက်၊ လမ်းညွှန် တော်မှ ရှင်းလင်းချက်များနှင့် ခွဲခြမ်းစိတ်ဖြာဖွင့်ဆိုသည့် ကုရ်အာန်အားချမှတ်ပေးတော်မူ၏၊ သင်တို့ အနက် ထိုလအားမျက်မှောက်သက်သေ ရှိသူသည် ဥပုသ် စောင့်ရမည်၊ အကြင်သူသည် ဖျားနာနေ သို့မဟုတ် လမ်းခရီး၌ ရှိနေလျှင် နောင်၌ တွက်ချက် ရက်ဖြည့်ရမည်၊ ပရမတ်ဘုရားရှင်သည် သင်တို့အားလွယ်ကူစေလို၍ သင်တို့ အတွက် ခက်ခဲစေလိုတော် မမူခြင်းမှာ သင်တို့သည် တွက်ချက် ဖြည့်ဆီးနိုင် ရန်၊ ပရမတ်ဘုရားရှင်- ကြီးကျယ်ကြောင်းကို မှတ်နိုင်ရန်၊ သင်တို့ လမ်းညွှန်မှန် ရနိုင်ရန်နှင့် ကျေးဇူးသိတတ်အံ့ငှာ ဖြစ်၏။
၂း၁၈၆။ ငါနှင့် ပတ်သက်၍ ငါ၏ အမှုတော်ဆောင်ထံ၌ သင်တို့ မေးမြန်းကြပြီ၊ ငါသည်ကားနီးကပ်စွာရှိ၏၊ ငါ့အားတသ၍ တသ ဆုတောင်းသူ၏ တသခြင်းကို ငါ တုန့်ပြန်တော်မူ၏၊ သူတို့သည်လည်းဖြောင့်မတ်အံ့ငှာ ငါ့အားယုံကြည်မှုဖြင့် တုန့်ပြန်စေလော့။
၂း၁၈၇။ ဥပုသ်ညများ၌ သင်တို့၏ အမျိုးသမီးများနှင့် မေထုံပြုခြင်းသည် သင်တို့ အဘို့ တရားဝင်၏၊ သူတို့သည် သင်တို့အတွက် ဆင်ယင်စရာ၊ သင်တို့သည် သူတို့အတွက် ဆင်ယင်စရာပင် ဖြစ်၏၊ သင်တို့၏ဉာဉ်၌ သစ္စာမခိုင် ဖြစ်ခဲ့ရသည်ကို ပရမတ်ဘုရားရှင် သိတော်မူ၍ သင်တို့အားသင်ပုန်းချေတော်မူပြီ၊ သင်တို့အားကျေအေးတော်မူပြီ၊ သို့ဖြစ်၍ သူမတို့နှင့် ပေါင်းသင်းနိုင်၏၊ သင်တို့ အတွက် ပရမတ်ဘုရားရှင် ပြဌာန်းထားသည်ကို ရှာဖွေကြလော့၊ အဖြူမျှင်သည် အမည်းမျှင်မှ ရှင်းလင်းစေသည့် ဖြာထွက်ချိန် အထိ စားကြသောက်ကြကုန်လော့၊ ထို့နောက် ညသို့တိုင် ဥပုသ်သီလ ပြီးပြည့်စေလော့၊ သင်တို့သည် ဝတ်ကျောင်းတော်များ၌ ၀ဇီပိတ်ကျင့်နေစဉ် သူမတို့နှင့် မပေါင်းသင်းရ၊ ယင်းသည် ပရမတ် ဘုရားရှင်၏ စည်မျဉ်းဖြစ်၍ ထိုအပါးသို့ မချည်းကပ်ကြနှင့်၊ ပရမတ်ဘုရားရှင် သည် လူသားတို့ အတွက် သုတ်ဒေသနာများကို ဤကဲ့သို့ ရှင်းလင်းထားခြင်းမှာ သူတို့ စည်းစောင့်နိုင်အံ့ငှာ ဖြစ်၏။
၂း၁၈၈။ သင်တို့ချင်းကြားဥစ္စာပစ္စည်းများကို အမှားပြုလျက် မစားသုံးကြနှင့်၊ လူသားတို့၏ ဥစ္စာ ခွဲတမ်းဟု သိနေပါလျက် အပြစ်သင့်စွာ စားသုံးရန် စီရင်ထုံးချသူတို့ထံ မဖားကြနှင့်။
၂း၁၈၉။ လဆန်းပက္ခများအကြောင်းမေးကြသူတို့အား၊ ပြောလော့ “၎င်းတို့ သည် လူသားတို့အတွက် ပြက္ခဒိန် ပြဌာန်းရန်နှင့် ကံဆောင်ပရိဝါ့သ် အတွက် ဖြစ်၏” “အိမ်များကို နောက်မှ ချဉ်းကပ်ခြင်းသည် ကောင်းမှု မဟုတ်ချေ၊ သို့သော် စည်းစောင့်ခြင်းသည်သာ ကောင်းမှု ဖြစ်၏၊ အိမ်များကို တံခါးပေါက်များမှ ဝင်ကြ လော့၊ အောင်မြင်ပေါက်မြောက်အံ့ငှာ ပရမတ်ဘုရားရှင်အားစည်းစောင့်ကြလော့။”
၂း၁၉၀။ သင်တို့အားတိုက်ခိုက်သော သူများကို ပရမတ်ဘုရားရှင်၏ လမ်းစဉ်တော် ခုခံတိုက်ကြလော့၊ သို့သော် စည်းမဖေါက်ကြနှင့်၊ ပရမတ်ဘုရားရှင် သည် စည်းဖေါက်သူများအားနှစ်သက်တော် မမူချေ။
၂း၁၉၁။ သူတို့အားထိပ်ဆိုင်တိုးရာ နေရာတိုင်း၌ ခုခံတိုက်ကြလော့၊ သင်တို့အားနှင်ထုတ်သော နေရာများမှ သူတို့အားနှင်ထုတ်ကြလော့၊ သွေးတိုးစမ်းခြင်းသည် သတ်ဖြတ်ခြင်းထက် ပို၍ ပြင်းထန်၏၊ ဘေးမဲ့ဝတ်ကျောင်းတော်၏ အပါး၌ သင်တို့အားမတိုက်ခိုက်သ၍ သူတို့အားမတိုက်ခိုက်ကြနှင့်၊ သို့သော် သူတို့က တိုက်ခိုက်လာလျှင် သူတို့အားခုခံတိုက်ခိုက်ကြလော့၊ ဤသည်မှာ ဖုံးကွယ်သူများအတွက် အစားပေးခြင်းဖြစ်၏။
၂း၁၉၂။ သို့သော် သူတို့ ဘက်က ရပ်စဲကြလျှင်၊ ဧကန်ပင် ပရမတ်ဘုရားရှင် သည် လွတ်ငြိမ်းစေသော အရှင် အကြင်နာရှင် ဖြစ်၏။
၂း၁၉၃။ သွေးတိုးစမ်းခြင်းမရှိတော့သည်ထိ သူတို့အားခုခံတိုက်ခိုက်ကြ လော့၊ သာသနာသည် ပရမတ်ဘုရားရှင် အတွက်သာ ဖြစ်သင့်၏၊ သို့သော် သူတို့ ဘက်က ရပ်စဲကြသော်၊ အမိုက်ကောင်များအပေါ် မှလွဲ၍ စည်းမဖေါက်ကြနှင့်။
၂း၁၉၄။ ဘေးမဲ့လများသည် ဘေးမဲ့လများနှင့် အခြားသော ဘေးမဲ့ပေးထားသည့် ဖေါ်ပြမှုများအတွက် ဖြစ်၏၊ သင်တို့ အပေါ် စည်းဖေါက် သူအားသင်တို့ကို စည်းဖေါက်မှုနှင့် အလားတူ စည်းဖေါက်နိုင်၏၊ ပရမတ်ဘုရားရှင်အားစည်းစောင့် ကြကုန်လော့၊ သိကြကုန်လော့ ပရမတ်ဘုရားရှင်သည် စည်းစောင့်သူများနှင့် အတူ ရှိတော်မူ၏။
၂း၁၉၅။ ပရမတ်ဘုရားရှင်၏ လမ်းစဉ်၌ သုံးစွဲကြလော့၊ သင်တို့၏ လက်များကြောင့် တိမ်ကောမှု ဆီသို့ မဆုံတွေ့စေနှင့်၊ သုမင်္ဂလာပြုကြလော့၊ ဧကန်ပင် ပရမတ်ဘုရားရှင်သည် သုမင်္ဂလာ ပြုသူများအားနှစ်သက်တော်မူ၏။
၂း၁၉၆။ ကံဆောင်ပရိဝါ့သ်နှင့် ဂါယာပြုခြင်းကို ပရမတ်ဘုရားရှင် အတွက် ပြီးပြည့်စေလော့၊ သို့သော် သင်တို့ ထိန်းချုပ်ခံထားရလျှင် လွယ်ကူသော အလှု ဝတ္ထုကို ပို့လော့၊ အလှုဝတ္ထုများဘောင်ဝင်ရာသို့ မဆိုက်မြိုက်မှီ ဦးခေါင်းများကို မရိတ်ကြနှင့်၊ သင်တို့မှ ဖျားနာသူ၊ ဦးခေါင်းထိခိုက်ထားသူတို့ ဖြစ်လျှင် ဥပုသ် စောင့်ခြင်း၊ အလှုပေးခြင်း၊ ဝတ်ဖြည့်ခြင်းများဖြင့် အစားထိုးနိုင်၏၊ စိတ်ချမ်းမြေ့ စွာ၊ ဂါယာပြုရင်းပရိဝါ့သ်ပြုသောအခါ သင်တို့အတွက် လွယ်ကူသော ဝတ္ထုကို လှုလော့၊ ကိုယ်တွေ့ မဖြစ်နိုင် သူသည် ပရိဝါ့သ် အတွင်းဥပုသ် သုံးရက်၊ ပြန်လာ သောအခါ ခုနှစ်ရက် စုပေါင်းဆယ်ရက်ပြည့် စောင့်ရမည်၊ ၎င်းသည် ဘေးမဲ့ ကျောင်းတော်၏ အသင့်နေ နယ်ခံသားမဟုတ်သူတို့ အတွက် ဖြစ်၏၊ ပရမတ် ဘုရားရှင်အားစည်းစောင့်ကြလော့၊ သိကြကုန်လော့ ပရမတ်ဘုရားရှင်သည် ပြတ် သားစွာ ချုပ်ကိုင်နိုင်တော်မူ၏။
၂း၁၉၇။ ကံဆောင်ပရိဝါ့သ်ပြုရန် လများမှာ သိရှိစေပြီးဖြစ်၏၊ ထိုလများ၌ ကံဆောင်ပရိဝါ့သ်ပြုရန် တာဝန်ရှိသူသည် ပရိဝါ့သ်တွင်း၌ မေထုံမပြုရ၊ မယုတ်မာ ရ၊ မငြင်းခုံရပေ။ မည်သည့် ကောင်းမှုကို မဆို ပြုလုပ်အံ့၊ ပရမတ်ဘုရားရှင်က သိနေတော်မူ၏၊ ပြင်ဆင်စီမံကြလော့၊ အကောင်းဆုံးပြင်ဆင်စီမံမှုမှာ စည်းစောင့် မှုပင် ဖြစ်၏၊ အို- သဘောပေါက် နိုင်စွမ်းရှိသူတို့၊ ငါ့အားစည်းစောင့်ကြကုန်လော့။
၂း၁၉၈။ သင်တို့၏ ကံကြမ္မာရှင်ထံမှ သိက္ခာရမှုကို ရှာဖွေသူတွင် အပြစ် မရှိပေ။ အာရာဖတ်ရင်ပြင်မှ သင်တို့စုပြုံလာစဉ် ဘေးမဲ့မှတ်တိုင်၌ ပရမတ် ဘုရားရှင်အားသတိရရှုမှတ်ကြလော့၊ သင်တို့အားလမ်းညွှန်ထားသည့် အတိုင်းအရှင့်အားသတိရကြလော့၊ ရှေ့အလျင်က သင်တို့သည် လမ်းလွဲသူများမှ ဖြစ်ခဲ့ ကြ၏၊
၂း၁၉၉။ တဖန် လူအများစုပြုံလာသော နေရာမှ စုပြုံလာကြ၍ ပရမတ် ဘုရားရှင်၏ ထံ၌ လွတ်ငြိမ်းဆုပန်ကြလော့၊ ဧကန်ပင် ပရမတ်ဘုရားရှင်သည် လွတ်ငြိမ်းစေသော အရှင်၊ အကြင်နာရှင် ဖြစ်တော်မူ၏။
၂း၂၀၀။ သင်တို့၏ ဝတ်ဖြည့် မှုများပြီးပြတ်သော် ပရမတ်ဘုရားရှင်အားသင်တို့၏ ဘဘုရားများကို သတိရ သကဲ့သို့ သတိရကြလော့၊ သို့မဟုတ် ထို့ထက် ပြတ်သားစွာ သတိရကြလော့။ လူသားတို့အနက် “အို- ကံကြမ္မာရှင် တပည့်တော်တို့အားလောကီဆုကိုသာ ပေးပါ၊”ဟု တောင်းဆိုသူများအတွက်၊ အနာဂါတ် ဖြစ်တည်မှု မရှိပေ။
၂း၂၀၁။ သူတို့မှ “အို- ကံကြမ္မာရှင် တပည့်တော်တို့အားလောကီဘ၀၌ တင့်တယ်မှုနှင့် နောင်ဘ၀၌ တင့်တယ်မှုကို ပေးတော်မူပါ၊ အပူမီးဝဋ်ကြွေးမှ ကာကွယ်တော်မူပါ၊”ဟု တသသူများရှိ၏။
၂း၂၀၂။ ထို သူများအဘို့ သူတို့ ကျင့်ဆောင် ခဲ့ရာ၏ ပင်ပန်းရကျိုးသည် ရှိနေ၏၊ ပရမတ်ဘုရားရှင်သည် အချိန်နှင့်တပြေးညီ စရင်းစစ်နေတော်မူ၏။
၂း၂၀၃။ တွက်ချက်ထားသော ရက်များတွင် ပရမတ်ဘုရားရှင်အားသတိတရ ရှိလော့၊ စည်းစောင့်သူဖြစ်လျှင် နှစ်ရက် အလျှင် စော၍ ပြန်သူ အတွက် အပြစ် မရှိပေ၊ နောက်ကျသူ အတွက်လည်းအပြစ် မရှိပေ။ ပရမတ်ဘုရားရှင်အားစည်းစောင့်ကြလော့၊ သင်တို့ သည် အရှင့်ထံသို့သာ စုစည်းခံရမည်ကို သိကြကုန် လော့။
၂း၂၀၄။ လူတို့အနက် သင်တို့အားလောကီသက်တမ်း၌ အံ့ဩလောက် အောင် ပြော၍ သူ၏နှလုံးသားကိုပင် ပရမတ်ဘုရားရှင်၌ သက်သေထားပြသူ ရှိ၏၊ သူသည် ရန်လို အချေအတင်ပြုသူများဖြစ်၏။
၂း၂၀၅။ သူသည် အလှည့်ပေးသောခါ နယ်မြေတလျှောက် အဖျက်လုပ်ငန်းလုံ့ပန်းကြ၏၊ စိုက်ပျိုးထားရာများ၊ စုဆောင်းထားရာများကို တိမ်ကောစေ၏၊ ပရမတ်ဘုရားရှင်သည် အဖျက်လုပ်ခြင်းကို နှစ်သက်တော်မမူပေ။
၂း၂၀၆။ ပရမတ်ဘုရားရှင်အားစည်းစောင့်ရန် သူ့ကို ပြောဆို သောအခါ၊ သူ၏ ဘုန်းကံက သူ့အားအကုသိုလ်သို့ ဆွဲယူသွား၏၊ အမင်္ဂလာ ညိမ့်ညောင်းရာ ငရဲဘုံသည် သူ့ အတွက် စရင်းချုပ် ဖြစ်၏။
၂း၂၀၇။ လူတို့အနက် မိမိ၏ဉာဉ်စရိုက်အားပရမတ်ဘုရားရှင်၏ နှစ်သက် ကျေနပ်မှုကို ရှာဖွေရန် ရောင်းချသူ ရှိ၏၊ ပရမတ်ဘုရားရှင်သည် အမှုတော် ဆောင်များအတွက် ညှာတာတော်မူသော အရှင် ဖြစ်၏။
၂း၂၀၈။ အို- ယုံကြည်သော သူတို့ အစ္စလာမ်သာသနာ တွင်းသို့ ယတိပြတ် ဝင်ကြကုန်လော့၊ မကောင်းဆိုးဝါး၏ ခြေရာကို မလိုက်နာကြနှင့်၊ သူသည် သင်တို့ အတွက် ရှင်းလင်းထင်ရှားစွာ စည်းဖေါက်သူ ဖြစ်၏။
၂း၂၀၉။ သင်တို့၏ ထံသို့ ရှင်းလင်းချက်များရောက်လာစေပြီးမှ သင်တို့ ချော်ထွက်ခဲ့သော်၊ ဧကန်ပင် ပရမတ်ဘုရားရှင်သည် ဘုန်းတော် အရှင်၊ ဓမ္မသတ်ရှင် ဖြစ်ကြောင်းကို သိကြကုန် လော့။
၂း၂၁၀။ ပရမတ်ဘုရားရှင်က တိမ်လိပ် အရိပ်ထဲမှ အပြီးသတ် ညွှန်ကြားချက်ကို နတ်ဒေဝါများဖြင့် ရောက်လာစေမည်ဟုသာ စောင့်ကြည့်နေကြသလော၊ အမှန်မှာ ညွှန်ကြားချက်များသည် ပရမတ်ဘုရားရှင်၏ ထံသို့သာ ဦးလှည့်ရမည် သာတည်း။
၂း၂၁၁။ ရှင်းလင်းသော သုတ်ဒေသနာများမှ သူတို့အားမည်၍မည်မျှ ပေးအပ်ခဲ့သည်ကို ဂျူးလူမျိုးတို့အားသင် မေးမြန်းလော့၊ ပရမတ်ဘုရားရှင်၏ ဂုဏ်ပေးမှု ရောက်လာစေပြီးမှ မည်သူမဆို ၎င်းကို လွှဲပြောင်းခဲ့သော် ဧကန်ပင် ပရမတ်ဘုရားရှင်သည် ပြတ်သားစွာ ချုပ်ကိုင်နိုင်တော်မူ၏။
၂း၂၁၂။ လောကီ သက်တမ်း၏ ဖမ်းစားခံထားရသော ဖုံးကွယ်သူတို့က ယုံကြည်သောသူတို့အားပျက်ရယ်ပြုကြ၏၊ ရပ်တည်ရသော နေ့ကာလတွင် စည်းစောင့်သောသူတို့သည် အသာစီးရမည်ပင်၊ ဧကန်ပင် ပရမတ်ဘုရားရှင်သည် စံချိန်ပြည့်သူအားစာရင်းမဲ့ ရိက္ခာ ထောက်တော်မူ၏။
၂း၂၁၃။ လူသားသည် အသိုင်းအဝိုင်းတစ်ခုတည်းမှ ဖြစ်ခဲ့၏၊ ပရမတ် ဘုရားရှင်သည် သတင်းတော်ဆောင်များကို သတင်းကောင်းပါးသူများသတိပေးသူများအဖြစ် ပွင့်ပေါ်စေတော်မူ၏။ လူသားတို့ အကြားကွဲလွဲမှုများကို စီရင်ထုံးချ နိုင်ရန် အလို့ငှာ ထိုကိုယ်တော်များဖြင့် သစ္စာဓမ္မ ကျမ်းတော်ကို ကိန်းဝပ်ချမှတ် ပေးတော်မူ၏၊ ယင်း၌ ကွဲလွဲမှု အလျှဉ်းမရှိ၊ ပေးအပ်ခံရသော သူတို့ထံသို့ ရှင်းလင်းချက်များရောက်လာစေပြီးမှသာ သူတို့ချင်းကြားအပြစ်ရှာလိုကြ၏၊ ပရမတ်ဘုရားရှင်သည် ကွဲလွဲမှုများနှင့် စပ်လျဉ်း၍ ယုံကြည်သော သူတို့အားသစ္စာ တရားကို အရှင့်ခွင့်ပြုချက် အလျောက် လမ်းညွှန်တော်မူပြီ၊ ဧကန်ပင် ပရမတ် ဘုရားရှင်သည် စံချိန်ပြည့်သူအားဖြောင့်မှန်သော လမ်းစဉ်သို့ ညွှန်တော်မူပေ သတည်း။
၂း၂၁၄။ သို့တည်းမဟုတ် သင်တို့သည် သုခဘုံသို့ ဝင်ရလိမ့်မည်ဟု စိတ်ကူးယဉ် နေကြသလော၊ အမှန်မှာ လွန်ခဲ့သော သင်တို့ ရှေ့မှ ဖြစ်သူများထံသို့ ထိသက် သော အမင်္ဂလာ၊ နစ်နာရမှု၊ တုန်လှုပ်ရမူ ကဲ့သို့ သင်တို့ထံသို့ မရောက်သေးပေ၊ ဉာဏ်စဉ်ဆောင်နှင့် အပါးတော်မှ ယုံကြည်သောသူ အပေါင်းသည်ပင် “ပရမတ် ဘုရားရှင်၏ ကူညီစောင်မမှု မည်သည့်အခါ ရအံ့နည်း၊”ဟု တသခဲ့ရ၏၊ ယခုမူ- ဧကန်ပင် ပရမတ်ဘုရားရှင်၏ ကူညီ စောင်မမှုမှာ နီးကပ်လျက်ပင် ရှိချေပြီ။
၂း၂၁၅။ “မည်သည့်အရာအားသုံးစွဲရမည်နည်း၊”ဟု မေးကြသူတို့အား“ကောင်းမွန်ရာမှ မည်သည့်အရာကို မဆို- မွေးမိဘများ၊ ဆွေမျိုးနီးစပ်များ၊ မိဘမဲ့ များ၊ နွမ်းပါးသူများ၊ ခရီးသည်များအတွက် သုံးစွဲကြလော့၊ ပြုလုပ်သော ကောင်းမှု များကို ပရမတ်ဘုရားရှင်က ဧကန်မုချ သိနေတော်မူသော အရှင် ဖြစ်၏။”ဟု ဟော ကြားလော့။
၂း၂၁၆။ သင်တို့ မကြိုက်သော်လည်းခုခံစစ်ဆင်နွှဲရန် သင်တို့အားပြဌာန်းတော်မူပြီ၊ သင်တို့ မကြိုက်သော အရာသည် သင်တို့ အတွက် အကောင်းဖြစ်နိုင်၍ သင်တို့ နှစ်သက်သော အရာသည် သင်တို့အတွက် အဆိုးဖြစ်နိုင်ရာ၏၊ ပရမတ် ဘုရားရှင်သည် သိနေတော်မူ၏၊ သင်တို့သည်ကားသိကြသည် မဟုတ်ချေ။
၂း၂၁၇။ ဘေးမဲ့လများ၌ စစ်ခံတိုက်ခြင်းနှင့် ပတ်သက်၍ မေးလာသူတို့အား၊ ဟောပြော လော့ “စစ်ခံတိုက်ခြင်းသည် ကြီးလေးလှ၏၊ သို့ရာတွင် ပရမတ်ဘုရားရှင်၏ လမ်းစဉ်တော်မှ ဖယ်ခိုင်းခြင်း၊ ၎င်းကို ဖုံးကွယ်ခြင်း၊ ဘေးမဲ့ဝတ်ကျောင်းတော်မှ ကျောင်းတော်သားများကို မောင်းထုတ်ခြင်းများသည် ပရမတ်ဘုရားရှင်၏ ထံ တော်၌ ပို၍ ကြီးလေးလှချေ၏၊ သွေးတိုးစမ်းခြင်းသည် သတ်ဖြတ်ခြင်းထက် ပို၍ ကြီးလေး၏၊ တတ်နိုင်လျှင် သင်တို့သည် သင်တို့၏ သာသာနာမှ လှည့်မပြန် သ၍ သင်တို့အားတိုက်ခိုက်ခြင်းကို ရပ်နားကြမည် မဟုတ်ချေ။ သင်တို့ အနက် သာသာနာတော်မှ ဖေါက်ပြန်၍ ဖုံးကွယ်သူ အဖြစ်ဖြင့် အနိစ္စ ရောက်သော သူသည် သူတို့၏ ကျင့်ကြံခဲ့မှုများမှာ ဤဘ၀ နောင်ဘ၀ အတွက် အချည်းနှီးပင် ဖြစ်၏၊ သူတို့သည် အပူမီး၏ ပေါင်းဖေါ်များဖြစ်ကြ၍ ထို၌ အစဉ်ခံစားရမည်ပင်။”
၂း၂၁၈။ ဧကန်ပင် ယုံကြည်သောသူ၊ ထို့နောက် ပြောင်းရွှေ့ခဲ့ရ၍ ပရမတ် ဘုရားရှင်၏ လမ်းစဉ်၌ အားစိုက်ဆောင်ရွက်သော သူတို့သည် ပရမတ်ဘုရားရှင် ၏ ကရုဏာတော်ကို မျှော်ကိုးကြကုန်၏၊ ဧကန်ပင် ပရမတ်ဘုရားရှင်သည် လွတ်ငြိမ်းစေသော အရှင် အကြင်နာရှင် ဖြစ်တော်မူ၏။
၂း၂၁၉။ ယစ်မူခြင်းနှင့် လောင်းကစားခြင်းအကြောင်းကို မေးကြသူတို့ အား၊ ဟောပြောလော့ “ထိုနှစ်မျိုးလုံးတွင် ကြီးသော အကုသိုလ် ရှိ၏၊ လူသားတို့ အတွက် အကျိုးရှိသော်လည်း၊ ၎င်းတို့၏ အကုသိုလ်မှာ အကျိုးတရားထက် ပို၍ ကြီး၏၊” “မည်သည်ကို စွန့်လှု သုံးစွဲရမည်နည်း၊”ဟု မေးလာသူတို့အား၊ “ခွင့်လွှတ် လိုက်ကြ၊”ဟု ပြန်ပြောလော့။ ဤသို့ပင် သင်တို့ စဉ်းစားသုံးသပ်နိုင်ရန် အလို့ငှာ ပရမတ်ဘုရားရှင်က သုတ်ဒေသနာများကို ရှင်းလင်းထင်ရှားစေ၏။
၂း၂၂၀။ ပစ္စုပ္ပာန် အနာဂါတ်၌။ မိဘမဲ့တို့နှင့် စပ်လျှဉ်း၍ မေးကြသူတို့အား၊ ဟောပြောလော့ “သူတို့ အတွက် ပြုပြင်ပေးခြင်းသည် ကောင်း၏၊ သူတို့နှင့် ပူးပေါင်းကြလျှင် သင်တို့၏ သားချင်းများဖြစ်ကြ၏၊ ဧကန်ပင် ပရမတ်ဘုရားရှင် သည် အဖျက်ကောင်နှင့် ပြုပြင်သူများကို သိနေတော်မူ၏၊ ပရမတ်ဘုရားရှင်သည် စံချိန်အလျောက် သင်တို့အားစိတ်ပင်ပန်းစေနိုင်၏၊ ဧကန်ပင် ပရမတ်ဘုရားရှင် သည် ဘုန်းတော်ရှင်၊ ဓမ္မသတ်ရှင် ဖြစ်၏။”
၂း၂၂၁။ ရောပြွန်းကိုးကွယ်သောသူမအားယုံကြည်သူ မဖြစ်သ၍ မသိမ်းဆည်းကြကုန်နှင့်၊ သင်တို့ အံ့ဩစေလောက် သော်လည်းယုံကြည်သူ အိမ်ဖေါ်မ သည် ရောပြွန်းကိုးကွယ်သူမထက် ပို၍ ကောင်း၏၊ ရောပြွန်းကိုးကွယ်သော သူဖြင့်- သူသည် ယုံကြည်သူ မဖြစ်သ၍ မသိမ်းဆည်းစေနှင့်၊ သင်တို့ အံ့ဩစေ လောက်သော်လည်းယုံကြည်သူ ဝန်ထမ်းသည် ရောပြွန်းကိုးကွယ်သူထက် ပို၍ ကောင်း၏၊ သူတို့သည် အပူမီးထဲသို့ ဖိတ်ခေါ်နေကြ၏၊ ပရမတ်ဘုရားရှင်သည် ကားသုခဘုံနှင့် လွတ်ငြိမ်းခွင့် ဆီသို့ အရှင့်ခွင့်ပြုချက် အလျှောက် ဖိတ်ခေါ်နေ၏၊ လူသားတို့အတွက် ဆင်ခြင်သတိ ရှိစေအံ့ငှာ သုတ်ဒေသနာများကို ရှင်းလင်းစေ တော်မူပြီ။
၂း၂၂၂။ ရာသီပန်းအကြောင်းအားမေးကြသူတို့အား၊ ဟောပြော လော့ “၎င်းသည် ကိုယ်စိတ်နာကျင်မှု ဖြစ်၏၊” ရာသီပန်းပွင့်ချိန်၌ အမျိုးသမီးများမှ ခွာ၍ နေကြလော့၊ ပြန်လည်သန့်စင်သည် အထိ သူမတို့ထံ မချည်းကပ်ကြနှင့်၊ သန့်စင် သောအခါ ပရမတ်ဘုရားရှင်၏ ညွှန်ကြားထားသည့် အတိုင်းသူမတို့ ရှိနေရာသို့ ဝင်နိုင်ကြ၏၊ ဧကန်ပင် ပရမတ်ဘုရားရှင် သည် ခဝါချသူများကို နှစ်သက်၏၊ သန့်စင်သူများကို နှစ်သက်တော်မူ၏။
၂း၂၂၃။ အမျိုးသမီးများသည် သင်တို့အဘို့ စိုက်ပျိုးမြေများဖြစ်၏၊ သင်တို့၏ စံချိန်အလျှောက် ဝင်ရောက် ထွန်ယက်စိုက်ပျိုးကြကုန်၊ သင်တို့၏ ဉာဉ်စရိုက်အတွက် စုံရပ်ခံကြလော့၊ ပရမတ်ဘုရားရှင်အားစည်းစောင့်ကြလော့၊ သင်တို့သည် အရှင်နှင့် ဆုံတွေ့ရမည်ကို သိကြကုန်လော့၊ ယုံကြည်သူများအားသတင်းကောင်းကို ပါးလော့။
၂း၂၂၄။ လူသားများအကြားသင်တို့၏ ကုသိုလ်ကောင်းမှု၊ စည်းစောင့်မှု၊ ပြုပြင်မှုများကို ပရမတ်ဘုရားရှင်ထံ ဘောင်ဝင်ရန် အတင်းမစီစဉ်ကြနှင့်၊ ပရမတ် ဘုရားရှင်သည် ကြားနေသောအရှင် သိနေသောအရှင် ဖြစ်၏။
၂း၂၂၅။ ပရမတ် ဘုရားရှင်သည် သင်တို့၏ ပွစိပွစိ အားစိုက်မှုအားအရေးယူမည် မဟုတ်၊ နှလုံးလှိုက်လှဲ ကျင့်ဆောင်မှုကို အရေးယူတော်မူမည်၊ ပရမတ်ဘုရားရှင်သည်ကားလွတ်ငြိမ်းစေသော အရှင် နူးညံ့သိမ်မွေ့ သော အရှင် ဖြစ်၏။
၂း၂၂၆။ ဇနီးမိန်းမထံသို့ မသွားလာပါဟု ကိုးထားသော သူသည် လေးလ စောင့်ဆိုင်းရမည်။ ထို့နောက် ပြန်ယိမ်းညွတ်လျှင် ဧကန်ပင် ပရမတ်ဘုရားရှင်သည် လွတ်ငြိမ်းစေသော အရှင် အကြင်နာရှင် ဖြစ်တော်မူ၏။
၂း၂၂၇။ အကယ်၍ ကွာရှင်းမှုကို ဆုံးဖြတ်ကြလျှင် ဧကန်ပင် ပရမတ် ဘုရားရှင်သည် ကြားနေသော အရှင် သိနေသော အရှင် ဖြစ်၏။
၂း၂၂၈။ ကွာရှင်းခံ အမျိုးသမီးသည် ဓမ္မတာ သုံးကြိမ်အထိ မိမိကိုယ်မိမိ စောင့်ဆိုင်းရမည်၊ ပရမတ် ဘုရားရှင်နှင့် နောက်ဆုံးနေ့ကို ယုံကြည်ကြလျှင် သူမတို့၏ ဝမ်းကြာတိုက်၌ ပရမတ်ဘုရားရှင်၏ ဖြစ်တည်ပေးမှုကို ထိန်ဝှက်ထားခြင်းမှာ တရားမဝင်ပေ။ သူမတို့၏ လင်ယောကျ်ားများက ပြုပြင်မှုကို လိုလားကြလျှင် ထိုအတောအတွင်းပြန်လည် ပေါင်းစည်းခြင်းမှာ ပို၍မှန်ကန်၏။ သူမတို့အားလည်းအလားတူ အသိအမှတ် ပြုရမည်။ အမျိုးသားများတွင် သူမတို့ထက် အခွင့်အလမ်းပိုရှိ၏။ ဧကန်ပင် ပရမတ်ဘုရားရှင်သည် ဘုန်းတော်ရှင်၊ ဓမ္မသတ်ရှင် ဖြစ်တော်မူ၏၊
၂း၂၂၉။ ကွာရှင်းမှုသည် နှစ်ကြိမ် ဖြစ်နိုင်၏၊ ထို့နောက် အသိအမှတ်ပြု၍ ထိန်းထားရမည် သို့မဟုတ် တင့်တင့်တယ်တယ် လွတ်လပ်ခွင့်ပေးရမည်။ ပရမတ် ဘုရားရှင်၏ စည်းမျဉ်းတော်များ၌ သူတို့နှစ်ဦးရပ်တည်နိုင်မည် မဟုတ်ဟု စိုးရိမ် ရခြင်းမှအပ အမျိုးသမီးအားပေးပြီးသည်မှ တစ်စုံတစ်ရာ ပြန်ယူခြင်းသည် တရားမဝင်ချေ။ သင်တို့သည် ပရမတ်ဘုရားရှင်၏ စည်းမျဉ်းတော်များကို ရပ် တည်ရန် စိုးရိမ်မကင်းဖြစ်ခဲ့လျှင် အမျိုးသမီးဘက်မှ လျော်ကြေးပေးခဲ့သော် သူတို့နှစ်ဦးအားအပြစ် မတင်ထိုက်ပေ။ ဤသည် ပရမတ်ဘုရားရှင်၏ စည်းမျဉ်းတော်များပင် ဖြစ်၏။ ၎င်းတို့ကို စည်းမဖေါက်ကြနှင့်၊ ပရမတ်ဘုရားရှင်၏ စည်းမျဉ်းတော်များအားစည်းဖေါက်သူ- ထိုသူတို့သည် အမိုက်ကောင်များဖြစ်ကြ၏။
၂း၂၃၀။ အကယ်၍ ကွာရှင်းပြီးလျှင် အခြားတွဲဘက် တစ်ဦးနှင့် ပေါင်းဘက် သည့်တိုင် သူ့အတွက် တရားမဝင်ပေ။ တဖန် ခွဲခွာကြပြန်၍ သူတို့နှစ်ဦးသည် ပရမတ်ဘုရားရှင်၏ စည်းမျဉ်းတော်များ၌ ရပ်တည် နိုင်မည်ဟု စဉ်းစားလျက် ပြန်လည်ပေါင်းစည်းကြလျှင် သူတို့အားအပြစ် မတင်ထိုက်ပေ။ ဤသည် အသိရှိ သော လူမျိုးအတွက် ရှင်းလင်းထားသည့် ပရမတ်ဘုရားရှင်၏ စည်းမျဉ်းတော် များဖြစ်၏။
၂း၂၃၁။ အမျိုးသမီးများအားကွာရှင်း၍ သူမတို့၏ သတ်မှတ်ကာလ ဆိုက် ရောက်သောအခါ၊ သူမတို့အားအသိအမှတ်ပြု၍ ထိန်းထားကြလော့၊ သို့မဟုတ် အသိအမှတ်ပြု လွတ်လပ်စေကြလော့။ စည်းဖေါက်ရန် စေတနာယုတ်ဖြင့် မထိန်းထားကြနှင့်၊ ထိုသို့ ပြုလုပ်သူသည် သူ၏ ဉာဉ်ကိုသာ မုချ မိုက်ကြေးခွဲ၏၊ ပရမတ် ဘုရားရှင်၏ သုတ်ဒေသနာများအားလှောင်ပြောင်ဘွယ်ရာ မယူမှတ်ကြနှင့်၊ ပရမတ်ဘုရားရှင်က သင်တို့ကို ဂုဏ်ပေးသည့် သင်တို့အားချမှတ်ပေးရာ ကျမ်းတော်မှ စီရင်ထုံးနှင့်၊ ၎င်းမှ အဆုံးအမများကို သတိရကြလော့။ ပရမတ် ဘုရားရှင်အားစည်းစောင့်ကြလော့၊ ဧကန်ပင် ပရမတ်ဘုရားရှင်သည် သဗ္ဗလုံးစုံ သိနေတော်မူသော အရှင် ဖြစ်ကြောင်းသိကြကုန်လော့။
၂း၂၃၂။ အမျိုးသမီးများအားကွာရှင်းပြီးသူမတို့၏ သတ်မှတ်ကာလ ဆိုက် ရောက်သောအခါ၊ သူတို့ချင်းကြားကျေနပ်၍ သူမတို့၏ စုဖွဲ့ဖေါ်များနှင့် အသိ အမှတ်ပြု ပေါင်းဘက်ကြသော် သင်တို့ မချုပ်ချယ်ကြကုန်နှင့်။ ဤသည် သင်တို့မှ ပရမတ်ဘုရားရှင်နှင့် နောက်ဆုံးနေ့ကို ယုံကြည်သူ အတွက် အဆုံးအမပင် ဖြစ်၏။ ဤသည်မှာ သင်တို့အတွက် ပိုမို သန့်စင်စေ၏၊ ပိုမို ဖြူစင်စေ၏၊ သင်တို့ မသိသည်ကို ပရမတ်ဘုရားရှင်သည် သိနေတော်မူ၏။
၂း၂၃၃။ ကာလအပြည့် နို့တိုက်လိုသော မွေးမိခင်များသည် ရင်သွေးများအားနှစ် နှစ်ပတ်လည် နို့တိုက်နိုင်၏၊ သူမတို့၏ စားဝတ်နေရေးအားအသိအမှတ်ပြုရန် မွေးဖခင်၌ ဝတ္တရားရှိ၏။ ဉာဉ်တစ်ခုသည် မနိုင်ဝန်ကို မထမ်းစေရ။ ရင်သွေးကြောင့် မွေးမိခင်သည်- ထို့အတူ ရင်သွေးကြောင့် မွေးဖခင်သည် မနစ်နာစေရ။ အမွေဆိုင်တို့သည် ထို၌ အလားတူပင် ဖြစ်၏။ နှစ်ဦးနှစ်ဘက် ဆွေးနွေး၍ နို့ဖြတ် လိုလျှင် သူတို့အားအပြစ်မတင်ထိုက်ပေ။ အကယ်၍ သင်တို့ ရင်သွေးကို နို့ထိန်း၌ အပ်လိုကလည်းငြိမ်းချမ်းစွာဖြင့် အသိအမှတ်ပြု ပေးကမ်းလျှင် အပြစ်မတင် ထိုက်ပေ။ ပရမတ်ဘုရားရှင်အားစည်းစောင့်ကြလော့၊ သိကြကုန်လော့- ပရမတ် ဘုရားရှင်သည် သင်တို့ ကျင့်ကြံသမျှကို မြင်နေသော အရှင် ဖြစ်၏။
၂း၂၃၄။ သင်တို့မှ သက်တမ်းကုန်သောသူ၏ ချန်ခဲ့သော ပေါင်းဖေါ်တို့၊ သူမတို့ ကိုယ် သူမတို့ လေးလနှင့် ဆယ်ရက် စောင့်ဆိုင်းရမည်။ သတ်မှတ်ကာလ ဆိုက် ရောက်သော် သူမတို့စိတ်ဖြင့် အသိအမှတ်ပြု ပြုလုပ်မှုများကို အပြစ်မတင် ထိုက် ပေ။ ဧကန်ပင် ပရမတ်ဘုရားရှင်သည် ကျင့်ကြံသမျှအားသတင်းရနေတော် မူ၏။
၂း၂၃၅။ အမျိုးသမီးတို့အားဘောင်ဝင်စေရန် တဆင့်နားဖေါက်ခြင်းသို့မဟုတ် ပရမတ်ဘုရားရှင် သိနေသော၊ သင်တို့ ဧကန် ဆတ်ဆတ် သတိရနေ သည့် သူမတို့အားစိတ်ထဲ၌ ကွယ်ထားခြင်းများသည် အပြစ်မရှိပေ။ သို့သော် သူမတို့နှင့် လက်တွင်းကြိတ် ပဋိညာဉ် မပြုကြနှင့်၊ အသိအမှတ်ပြု ပြောဆိုခြင်းကိုသာ ပြောဆိုကြလော့။ မှတ်တမ်းတင် သတ်မှတ်ကာလ မဆိုက်ရောက်မှီ သိမ်းဆည်းထုံးဖွဲ့မှုကို မဆုံးဖြတ်ကြနှင့်၊ သိကြကုန်လော့ သင်တို့၏ ဉာဉ်စရိုက်၌ ရှိရာကို ပရမတ်ဘုရားရှင်က ဧကန် သိနေတော်မူ၏။ အရှင်နှင့် ပတ်သက်၍ သတိထားကြကုန်လော့၊ သိကြကုန်လော့ ပရမတ်ဘုရားရှင်သည် ဧကန်ပင် လွတ်ငြိမ်းစေသော အရှင် နူးညံ့သိမ်မွေ့သော အရှင် ဖြစ်၏။
၂း၂၃၆။ သင်တို့ မထိတွေ့ခဲ့သော အမျိုးသမီးများ၊ သို့မဟုတ် ဝတ္တရားကို သင်တို့ တာဝန် မသတ်မှတ်သေးသော သူမတို့အား၊ ခွဲခွာခဲ့သော် အပြစ် မတင် ထိုက်ချေ။ သို့သော် မျက်နှာကြီးသူသည် သူ့စည်းချိန် အလျောက်၊ မျက်နှာမွဲသူ သည် သူ့စည်းချိန် အလျောက်၊ သူမတို့အားချမ်းမြေ့စေရမည်။ အသိအမှတ်ပြု၍ ချမ်းမြေ့စေရန်မှာ သုမင်္ဂလာပြုသူများအတွက် သစ္စာပင် ဖြစ်၏။
၂း၂၃၇။ သူမတို့အတွက် ဝတ္တရားကို တာဝန်သတ်မှတ် ပြီးနောက် သင်တို့ မထိတွေ့မှီအလျှင် သူမတို့အားခွဲခွာခဲ့သော် သူမက ကျေအေးခြင်းသို့မဟုတ် သိမ်းဆည်းထုံးဖွဲ့မှုကို လက်ဝယ်ထားသော သူဘက်မှ ကျေအေးခြင်းမှ အပ တာဝန်သတ်မှတ်မှု၏ ထက်ဝက်ကို သင်တို့ ပေးရမည်။ ဧကန်ပင် ကျေအေးခြင်းသည် စည်းစောင့်မှုနှင့် ပိုမိုနီးစပ်၏။ သင်တို့ချင်းကြားသိက္ခာပေးခြင်းကို မမေ့ လျော့ကြနှင့်၊ ဧကန်ပင် ပရမတ်ဘုရားရှင်သည် ကျင့်ကြံသမျှကို မြင်နေသော အရှင် ဖြစ်၏။
၂း၂၃၈။ ဝတ်ပြုခြင်း၊ အလယ်အလတ်ကျသော ဝတ်ပြုခြင်း၌ စောင့်ထိန်းကြလော့၊ ပရမတ်ဘုရားရှင်အားရိုကျိုးနာခံသူ အဖြစ် ရပ်ကြလော့။
၂း၂၃၉။ သင်တို့ သည် စိုးရိမ်ရမှု၌ ရှိစဉ် လူချည်းဖြစ်စေ အစီးအနင်းပေါ်၌ ဖြစ်စေ၊ သင်တို့ လုံခြုံ စိတ်ချရသောအခါ သင်တို့ မသိခဲ့သည်ကို သင်ပေးသည့် ပုံစံအတိုင်းပရမတ် ဘုရားရှင်အားသတိရကြကုန်လော့။
၂း၂၄၀။ သင်တို့မှ သက်တမ်းကုန်သောသူ၏ ချန်ခဲ့သော ပေါင်းဖေါ်တို့၊ ထိုပေါင်းဖေါ်များအားနှင်ထုတ်ခြင်းမပြုဘဲ စိတ်ချမ်းမြေ့စွာ ဆက်နေခွင့် ရှိသော သေတမ်းစာ ရှိစေရမည်၊ သူမတို့စိတ်ဖြင့် ထွက်သွား၍ အသိ အမှတ်ပြု ပြုလုပ်မှု များ၌ သင်တို့ကို အပြစ်မတင် ထိုက်ပေ၊ ပရမတ်ဘုရားရှင်သည်ကားဘုန်းတော် ရှင် ဓမ္မသတ်ရှင် ဖြစ်တော်မူ၏။
၂း၂၄၁။ ကွာရှင်းခံ အမျိုးသမီးများအားအသိအမှတ် ပြု၍ စိတ်ချမ်းမြေ့စေရန်မှာ စည်းစောင့်သူများအတွက် သစ္စာပင် ဖြစ်၏။
၂း၂၄၂။ သင်တို့ အတွေးအခေါ် ရှိအံ့သောငှာ ပရမတ်ဘုရားရှင်က သုတ်ဒေသနာများကို သင်တို့အတွက် ဤသို့ ရှင်းလင်းတော်မူ၏။
၂း၂၄၃။ သေဘေးကို သတိဝင်၍ ထောင်နှင့်ချီသောသူများသူတို့၏ အိမ် များမှ ထွက်ပြေးရသည်ကို သင် မမြင်သလော၊ ထို့နောက် ပရမတ်ဘုရားရှင်က “အသင်တို့ သေကြလော့၊”ဟု ဆိုလျက်၊ တဖန် သူတို့အားပြန်လည် ရှင်သန်စေခဲ့ပြီ၊ ဧကန်ပင် ပရမတ်ဘုရားရှင်သည် လူသားတို့အားသိက္ခာပေးသော အရှင် ဖြစ်၏၊ သို့သော် လူများစုသည် ကျေးဇူးမသိတတ်ချေ။
၂း၂၄၄။ ပရမတ် ဘုရားရှင်၏ လမ်းစဉ်တော်၌ ခုခံတိုက်ကြလော့၊ သိကြကုန် လော့ ဧကန်ပင် ပရမတ်ဘုရားရှင်သည် ကြားနေသော အရှင်၊ သိနေသော အရှင် ဖြစ်၏။
၂း၂၄၅။ ပရမတ်ဘုရားရှင်အားတင့်တင့်တယ်တယ် ဆက်ကပ်ခြင်းဖြင့် ဆက်ကပ်သောသူ၊ ထိုသူအားမြောက်များစွာ ထပ်တိုးစေမည်ပင်။ ဧကန်ပင် ပရမတ်ဘုရားရှင်သည် ဆုတ်ယုတ်စေတော်မူ၏၊ တိုးပွားစေတော်မူ၏၊ အရှင်ထံ သို့သာ ဦးလှည့်ရမည်ပင်။
၂း၂၄၆။ မူဆာ၏ နောက်ပိုင်း၌ ဂျူးလူမျိုးမှ အကြံပေးများကို သင် မမြင် သလော၊ သူတို့အတွက် သတင်းတော်ဆောင်အား“ပရမတ်ဘုရားရှင်၏ လမ်းစဉ် တော်၌ ကျွန်ုပ်တို့ စစ်တိုက်ရန် ကျွန်ုပ်တို့ အတွက် ဘုရင်တစ်ပါးပေါ်ထွန်းစေပါ၊” ဟု ပြောကြ၏၊ ကိုယ်တော်က “စစ်တိုက်ရန် ပြဌာန်းလျှင် သင်တို့သည် တော်လှန် သူများမဖြစ်တန်ပေလော၊”ဟု မိန့်၏။ သူတို့က “ကျွန်ုပ်တို့နှင့် သားသမီးများသည် အိမ်များမှ၊ မောင်းထုတ်ခံရပြီ၊ ပရမတ်ဘုရားရှင်၏ လမ်းစဉ်တော်၌ အဘယ် ကြောင့် စစ်မတိုက်ရမည်နည်း၊”ဟု ပြန်ပြောကြ၏။ သူတို့ထံ စစ်တိုက်ခြင်းကို ပြဌာန်းလေသော် သူတို့တွင် အနည်းစုမှ အပ လှည့်ပြေးကြ၏၊ ပရမတ်ဘုရားရှင် သည်ကားအမိုက်ကောင်များကို သိနေသော အရှင် ဖြစ်၏။
၂း၂၄၇။ သတင်းတော်ဆောင်က “ပရမတ်ဘုရားရှင်သည် သင်တို့ အတွက် တွာလု(တ်)အားဘုရင်အဖြစ် ပေါ်ထွန်းစေပြီ၊”ဟု ပြော၏၊ သူတို့က “သူသည် ကျွန်ုပ်တို့ အတွက် မည်သို့ ဘုရင် ဖြစ်နိုင်မည်နည်း၊ ကျွန်ုတို့သည် သူ့ထက် ဘုရင် ဖြစ်သင့်သည်မှာ ပို၍ မှန်ကန်၏၊ သူသည် ဥစ္စာဓန ဖြန့်ကျက်နိုင်မှု ချီးမြှင့်ခံရသူ လည်းမဟုတ်၊”ဟု ပြန်ပြောကြ၏၊ “ဧကန်ပင် ပရမတ်ဘုရားရှင်သည် သူ့ကို သင်တို့ အထက်မှ ရွေးချယ်တော်မူ၏၊ သူ့အားအသိပညာ၊ ကာယဗလ တိုးပွားဖွံ့ဖြိုးစေပြီ၊ ပရမတ်ဘုရားရှင်သည် စံချိန် ပြည့်သူအားဘုရင်အရာကို ပေးတော်မူ ၏၊ ပရမတ်ဘုရားရှင်သည် အသိဉာဏ်တော် ဖြန့်ကျက်ထားသော အရှင် ဖြစ်၏။” ဟု မိန့်ဆို၍။
၂း၂၄၈။ သူတို့အားသတင်းတော်ဆောင်က “သူ၏ ဘုရင် ဖြစ်ထိုက်မှု နိမိတ်မှာ သင်တို့အားနှလုံးရည် ပေးအပ်မှုပေတည်း၊ ယင်း၌ မူဆာ၏ အဆက်များ၊ ဟာရွန်၏ အဆက်များချန်ထားခဲ့သည့်၊ နိမိတ်ဆောင်များက သယ်ပိုးတည်တံ့စေ ခဲ့သည့် သင်တို့၏ ကံကြမ္မာရှင် ထံမှ တည်ငြိမ်စေမှုများရှိ၏၊ သင်တို့သည် ယုံကြည်သူများဖြစ်ကြလျှင် ဤသည်၌ သုတ်ဒေသနာ တစ်ရပ်ရှိနေ၏၊”ဟု မိန့်ဆို ၏။
၂း၂၄၉။ တွာလု(တ်)သည် စစ်တပ်ဖြင့် စစ်ချီစဉ် “ဧကန်ပင် ပရမတ်ဘုရားရှင် က သင်တို့အားမြစ်တစ်ခုဖြင့် စုံစမ်းတော်မူမည်၊ ထိုမှ သောက်သုံးသူသည် ကျွန်ုပ်နှင့် မဆိုင်။ မမြိုမိသူ၊ လက်ဖြင့် တစ်ခုပ်စာမျှ ခပ်ယူမိသူ သည်သာ ကျွန်ုပ်နှင့် ဆိုင်၏၊”ဟု ရှင်းလင်းဆုံးဖြတ်ပြောဆို၏၊ သူတို့၌ အနည်းငယ် မှအပ သောက်သုံးကြလေပြီ။ ၎င်းကို ဖြတ်ကျော်ပြီးစဉ် သူနှင့် အတူရှိသော ယုံကြည်သော သူများက “ယနေ့၌ ကျွန်ုပ်တို့မှာ ဂျာလု(တ်)နှင့် သူ၏စစ်တပ် အတွက် အင်အားမရှိပါ၊”ဟု ဆိုကြ၏၊ ပရမတ်ဘုရားရှင်နှင့် ဆုံတွေ့ရမည်ဟု စဉ်းစားသောသူများက ပြောသည် မှာ “ပရမတ်ဘုရားရှင်၏ ခွင့်ပြုချက်ဖြင့် တပ်အနည်းက တပ်အများကို အကြိမ် မည်မျှ အနိုင်ယူခဲ့ပြီနည်း၊ ပရမတ်ဘုရားရှင်သည်ကားခန္တီပါရမီရှင်များနှင့် အတူ ရှိ၏၊”ဟု ဖြစ်၏။
၂း၂၅၀။ သူတို့သည် ဂျာလု(တ်)နှင့် သူ၏စစ်တပ်ဆီသို့ ထွက်လာရ သောအခါ “အို-ကံကြမ္မာရှင် တပည့်တော်တို့အားခန္တီပါရမီဖြင့် အားဖြည့်ပေးတော်မူပါ၊ စုံရပ် ခံမှုကို ခိုင်မာစေတော်မူပါ ဖုံးကွယ်သော လူမျိုးအားလွှမ်းမိုးရန် ကူညီတော်မူပါ၊” ဟု လျှောက်ထားကြ၏။
၂း၂၅၁။ ပရမတ်ဘုရားရှင်၏ ခွင့်ပြုချက်ဖြင့် သူတို့သည် ချေမှုန်းနိုင်ခဲ့ပြီ၊ ဒါဝိဒ်က ဂျာလု(တ်)အားကွပ်မျက်ခဲ့ပြီ၊ ပရမတ်ဘုရားရှင်က သူ့အားဘုရင်အရာ ပေးအပ်ပြီး၊ စီရင်ထုံးနှင့် စံချိန်ပြည့်မှီရာကို သင်ပေးခဲ့ပြီ၊ ပရမတ်ဘုရားရှင်က လူသားတို့တွင်- သူတို့မှ အချို့ကို အချို့ဖြင့် မခုခံစေခဲ့ မူ၊ ကမ္ဘာမြေသည် အဖျက် ခံရပြီးဖြစ်လတ္တံ့၊ သို့ရာတွင် ပရမတ်ဘုရားရှင်သည် လောကခပ်သိမ်းအားသိက္ခာ ပေးသော အရှင် ဖြစ်၏။
၂း၂၅၂။ ဤသည် ပရမတ်ဘုရားရှင်၏ သုတ်ဒေသနာများဖြစ်၏၊ သင့်အား၎င်းတို့ကို သစ္စာတရားဖြင့် ရွတ်ဖတ်စေပြီ၊ သင်သည်ကားဉာဏ်စဉ်ဆောင်များအနက်မှ မုချ ဖြစ်၏။
၂း၂၅၃။ ငါသည် ဉာဏ်စဉ်ဆောင်များအားဤသို့ အချို့ကို အချို့ထက် သိက္ခာပေးတော်မူ၏ ပရမတ်ဘုရားရှင်က ဗျာဒိတ်ပေးသူများနှင့် သူတို့မှ အချို့အားအခွင့်အလမ်းများချီးမြှင့် မြှောက်စားသည်လည်းရှိ၏၊ ငါသည် မာရိ၏သားယေရှုအားရှင်းလင်းချက်များပေးခဲ့၍ သူ့အားမြတ်သော ဉာဏ်စဉ် အားဖြင့် ထောက်ပံ့ခဲ့ပြီ၊ အကယ်၍ ပရမတ်ဘုရားရှင်၏ စံချိန်ပြည့်ခဲ့လျှင် သူတို့ ထံသို့ ရှင်းလင်းချက်များရောက်လာစေပြီးမှ နောက်ပိုင်းအချင်းချင်းစစ်ဖြစ်ကြ မည် မဟုတ်ပေ၊ သို့ရာတွင် သဘောထားကွဲပြားကြကုန်၏၊ သူတို့မှ ယုံကြည်သူ များရှိ၍၊ သူတို့အနက် ဖုံးကွယ်သူများလည်းရှိ၏၊ အကယ်၍ ပရမတ်ဘုရားရှင်၏ စံချိန်ပြည့်ခဲ့လျှင် အချင်းချင်းစစ်ဖြစ်ကြမည် မဟုတ်ပေ၊ သို့ရာတွင် ပရမတ် ဘုရားရှင်သည် အလိုတော်ရှိသည်ကို ပြုလုပ်တော်မူမည်ပင်။
၂း၂၅၄။ အို- ယုံကြည်သောသူတို့၊ ငါအရှင်ပေးရာ ရိက္ခာများမှ ပေးကမ်းနိုင်မှု မရှိသော၊ အတွင်းလူအဖြစ် ကတိသစ္စာ မရှိနိုင်သော အမျှအတန်းမဝေနိုင် သော နေ့ မကျရောက်မှီ သုံးစွဲကြကုန်လော့။ ဖုံးကွယ်သော- ထိုသူများသည် အမိုက်ကောင်များဖြစ်ကြ၏။
၂း၂၅၅။ ပရမတ်ဘုရားရှင် မှအပ အခြားဘုရားဟူ၍ မရှိ၊ အရှင်သည် နိစ္စဓူ၀ဖြစ်၏၊ အရှင်အားမှိန်းစက်ခြင်း၊ ကျိန်းစက်ခြင်းက မဖမ်းယူနိုင်၊ မိုးများမြေများ၌ ရှိသမျှတို့သည် အရှင်၏ အချုပ်အခြာ ၌ ရှိ၏၊ အထံတော်၌ အရှင့် ခွင့်ပြုချက် မရှိဘဲ အဘယ်သူက အမျှ ဝေနိုင်အံ့နည်း၊ အရှင်သည် သူတို့၏ ပစ္စုပ္ပန်၊ အနာဂါတ် အရာများကို ကုန်စင်သိနေတော်မူ၏၊ သူတို့သည် အရှင်၏ စံချိန်ပြည့် သည်မှအပ အရှင့် အသိဉာဏ်စဉ်တော် အနက် တစ်စုံတစ်ရာကိုမျှ ခြုံငုံနိုင်ခြင်းမရှိချေ၊ မိုးများမြေများအားအရှင့် စိုးစံရာက ဖြန့်ကျက်ထား၏၊ ၎င်းတို့အားစောင့်ရှောက်ရခြင်းသည် အရှင့် အတွက် အပန်းမကြီးပေ၊ အရှင်သည် မဟာ့မဟာ အထွဋ်အထိပ် ဖြစ်တော်မူ၏၊
၂း၂၅၆။ သာသနာ၌ အဓမ္မ မရှိစေရ၊ ဖြောင့်မတ်ခြင်းသည် တိမ်းပါးခြင်းမှ ရှင်းလင်းလျှက် ရှိနေ၏၊ မည်သူမဆို မိစ္ဆာတရားကို ဖုံးကွယ်ငြင်းဆန်၍ ပရမတ် ဘုရားရှင်အားယုံကြည်အံ့၊ ထိုသူသည် ကျိုးပျက်ခြင်းမရှိသော လက်ကိုင်ကို ဆုပ်ကိုင်သည်မည်၏၊ ပရမတ်ဘုရားရှင်သည် ကြားနေသော အရှင်၊ သိနေသော အရှင် ဖြစ်၏။
၂း၂၅၇။ ပရမတ်ဘုရားရှင်သည် ယုံကြည်သောသူများ၏ မဟာမိတ် ဖြစ်၏၊ သူတို့အားအမိုက်မှောင်မှ အလင်းရောင်သို့ ထုတ်ယူ၏၊ မိစ္ဆာသည်ကားဖုံးကွယ်သောသူတို့၏ မဟာမိတ်ဖြစ်၍ သူတို့အားအလင်းမှ အမှောင်သို့ ဆွဲ ထုတ်၏၊ သူတို့သည် အပူမီး၏ ပေါင်းဖေါ်များဖြစ်ရလျက် ထို၌ အစဉ်ခံရမည်ပင်။
၂း၂၅၈။ ပရမတ်ဘုရားရှင်က သူ့အားဘုရင်အရာကို ပေးအပ်ထားသော ကြောင့်- ကံကြမ္မာရှင်နှင့် ပတ်သက်၍ အီဗရာဟီးမ်အားစောကြောသော သူကို သင် မမြင်ယောင်မိသလော၊ အီဗရာဟီးမ်က “ကျွန်ုပ်၏ ကံကြမ္မာရှင်သည် ရှင်ခြင်းသေခြင်း၏ အရှင်ဖြစ်၏၊”ဟု ပြောသောအခါ၊ သူက “ကျွန်ုပ်သည်လည်းရှင်စေနိုင် သေစေနိုင်၏၊”ဟု ဆို၏၊ အီဗရာဟီးမ်က “သို့ဖြစ်လျှင် ပရမတ်ဘုရားရှင်သည် ကားနေကို အရှေ့ဘက်မှ ထွက်စေ၏ ၎င်းကို သင်က အနောက်ဘက်မှ ထွက်စေ လော့”ဟု ပြောလျက် ဖုံးကွယ်သောသူအားအရှိုက်ထိစေ၏၊ ပရမတ်ဘုရားရှင် သည် မိုက်ကြေးခွဲသော လူမျိုးအားလမ်းညွှန်တော် မမူချေ-
၂း၂၅၉။ သို့တည်းမဟုတ် အထပ်များပြိုပျက်နေသည့် ဒေသတစ်ခုကို ဖြတ် သွားသောသူ၏ ကဲ့သို့၊ သူက “ဤသေပြီးသည်ကို ပရမတ်ဘုရားရှင်က မည်သို့ ပြန်ရှင်စေသနည်း၊”ဟု ဆို၏၊ သို့ဖြင့် ပရမတ်ဘုရားရှင်သည် သူ့အားရာစုနှစ်တစ်ခု သေနေစေ၍ တဖန် နိုးကြွစေခဲ့ပြီး“မည်မျှ စောင့်ဆိုင်းခဲ့ရသနည်း၊”ဟု မေးသော်၊ သူက “တစ်နေ့ သို့မဟုတ် တစ်နေ့၏ အချို့ စောင့်ဆိုင်းခဲ့ရပါသည်၊”ဟု ပြန်ဖြေ၏၊ အရှင်က “သင်သည် ရာစုနှစ် တစ်ခုတိုင် စောင့်ဆိုင်းခဲ့ရပြီ၊ သင်၏ အစားအသောက်ကို ကြည့်လော့၊ နှစ်ပရိစ္ဆေဒက ၎င်းအားတိုက်စားခြင်းမရှိ သင်၏ မြည်းကို ကြည့်လော့၊ ငါသည် သင့်အားလူသားများအတွက် နိမိတ်လက္ခဏာ အဖြစ် စီစဉ်ပြီ။ အရိုးများကို ကြည့်လော့- ငါသည် ၎င်းတို့ကို မည်သို့ ထရပ်စေ၍ တဖန် အသားအရေဖြင့် မည့်သို့ ဆင်ယင်ပေးသနည်း။”ဟု မိန့်၍၊ သူ့အတွက် ရှင်းလင်းထင်ရှားစေ သောအခါ သူက “ပရမတ်ဘုရားရှင်သည် သဗ္ဗလုံးစုံအားစည်းချိန်ချမှတ်တော်မူကြောင်းတပည့်တော် သိပါ၏၊”ဟု လျှောက်လေ၏။
၂း၂၆၀။ အီဗရာဟီးမ်က “အို-ကံကြမ္မာရှင် သက်မဲ့အားမည်သို့ ရှင်စေသည် ကို တပည့်တော်အားပြတော်မူပါ၊”ဟု လျှောက်သောအခါ-“သင် မယုံသလား၊”ဟု အရှင်က မိန့်၏၊ သူက “မဟုတ်ရပါ၊ သို့သော် တပည့်တော်၏ နှလုံး၌ ဘဝင်ကျလို ပါ၏၊”ဟု လျှောက်လေ၏၊ အရှင်က “ငှက်တို့မှ လေးကောင်ကို ယူကာ သင့်ထံသို့ လိုက်ရန် လေ့ကျင့်ပြီးတောင်ကိုယ်စီ၌ ၎င်းတို့ကို ခွဲ၍ စီစဉ်လော့၊ တဖန် ၎င်းတို့ အားခေါ်လော့ သင့်ထံသို့ လုံးပန်း၍ လာကြလိမ့်မည်၊ ဧကန်ပင် ပရမတ်ဘုရားရှင် သည် ဘုန်းတော်ရှင် ဓမ္မသတ်ရှင် ဖြစ်ကြောင်းကို သိမှတ်လော့၊”ဟု မိန့်ဆို၏။
၂း၂၆၁။ ပရမတ်ဘုရားရှင်၏ လမ်းစဉ်တော်၌ မိမိတို့ ဥစ္စာပစ္စည်းများအားသုံးစွဲသောသူတို့၏ ပမာသည်ကားအစေ့ပေါင်းတစ်ရာစီ ရှိသော ကောက်နှံ ခုနှစ်နှံ တို့ ဖြစ်ထွန်းစေ သကဲ့သို့ ဖြစ်၏၊ ပရမတ်ဘုရားရှင် သည်ကားစံချိန်ပြည့်သူအားနလံထူ တိုးပွားစေ၏၊ ဧကန်ပင် ပရမတ်ဘုရားရှင်သည် အသိဉာဏ်တော် ဖြန့်ကျက်ထားသော အရှင် ဖြစ်၏။
၂း၂၆၂၊ မိမိတို့၏ ဥစ္စာပစ္စည်းကို ပရမတ်ဘုရားရှင် ၏ လမ်းစဉ်တော်၌ သုံးစွဲ၍ တဖန် ထိုသုံးစွဲမှု၌ အသားယူလျှက် စိတ်ထိခိုက်မှုကို မလိုက်သော သူများအတွက် ကံကြမ္မာရှင်၏ ထံမှ ဆုလဒ် ရှိနေ၏၊ သူတို့အားကြောက်ရွံ့ရစေမည် မဟုတ်၊ သောကရောက်ရစေမည်လည်းမဟုတ်ချေ။
၂း၂၆၃ အသိအမှတ်ပြု ပြောဆို၍ လွတ်ငြိမ်းခွင့်ပေးခြင်းသည် ဒါနပြု၍ စိတ်ဒဏ်ရာဖြစ် ရန် လိုက်နာစေခြင်းထက် ပို၍ ကောင်း၏၊ ပရမတ်ဘုရားရှင်သည် ကုံလုံပြည့်စုံ သော အရှင် နူးညံ့သိမ်မွေ့သောအရှင် ဖြစ်၏။
၂း၂၆၄။ အို- ယုံကြည်သောသူတို့၊ သင်တို့၏ အလှုဒါနကို အသားယူခြင်းစိတ်ဒဏ်ရာပေးခြင်းများဖြင့် အမှားမဖြစ်စေနှင့်၊ ပရမတ်ဘုရားရှင်နှင့် နောက်ဆုံးနေ့ကို မယုံကြည်ဘဲလျှက် လူမြင်ကောင်းရန် လှုဒါန်းသောသူ၏ ဥစ္စာသည်ကား- အကျိုးဆက် ထိခိုက်၍ အပေါ်ယံ မြေမှုန့်များကို ချန်ထားခဲ့ရသော ကျောက်ချော တုံးပမာကဲ့သို့ ဖြစ်၏၊ ကျင့်ဆောင်ခဲ့ သမျှအားတစ်စုံ တစ်ရာမျှ ကြပ်မတ်နိုင်မည် မဟုတ်ပေ၊ ပရမတ်ဘုရားရှင်သည် ဖုံးကွယ်သော လူမျိုးအားလမ်းညွှန်တော် မမူချေ။
၂း၂၆၅။ ပရမတ်ဘုရားရှင်၏ ကျေနပ်နှစ်သက်မှုကို ရှာဖွေရန်၊ စိတ်ဓါတ် ရေးရာ ခိုင်မာစေရန် မိမိတို့၏ ဥစ္စာများကို သုံးစွဲသောသူ၏ ပမာသည်ကား- အကျိုးဆက် ထိခိုက်လျှင်လည်းအစားအစာ နှစ်ဆ၊ မိုးပါး၍ အကျိုးဆက် မထိခိုက်လျှင်လည်းနှစ်ဆပေးသည့် ဥယျာဉ်သာ ကဲ့သို့ ဖြစ်၏၊ ပရမတ်ဘုရားရှင် သည် သင်တို့ ကျင့်ကြံသမျှကို မြင်နေသော အရှင်ဖြစ်၏။
၂း၂၆၆။ သင်တို့ အနက်၊ သားမြေးများလည်းမသန်စွမ်း- မိမိသည်လည်းဇရာထောင်းချိန်၌ မီးငွေ့ ထိ၍ လောင်ကျွမ်းရသော- အောက်ခြေ၌ စမ်းချောင်းရေသွင် စီးဆင်းနေသည့် စွံပလွန်၊ စပျစ် သီးနှံမျိုးစုံ ဥယျာဉ်မျိုးကို လိုလားသူ တစ်ဦးတစ်ယောက် ရှိကြသလော၊ သင်တို့ စဉ်းစားသုံးသပ်အံ့ငှာ ပရမတ်ဘုရားရှင်သည် သင်တို့အားသုတ်ဒေသနာ များကို ဤသို့- ရှင်းလင်းထင်ရှားစေပြီ။
၂း၂၆၇။ အို- ယုံကြည်သောသူတို့၊ သင်တို့ ကျင့်ဆောင် ရှာဖွေရာမှ စင်ကြယ် ရာနှင့် ငါအရှင်က သင်တို့အတွက် မြေကမ္ဘာမှ ထုတ်ပေးရာကို သုံးစွဲကြလော့၊ သင်တို့ကိုယ်တိုင် မယူလိုသော- မကောင်းရာများအားပေးကမ်းသုံးစွဲရန် မရည် ရွယ်နှင့် ဧကန်ပင် ပရမတ်ဘုရားရှင်သည် ပြည့်စုံသော အရှင် ရည်သန်စူးစိုက်မှု တည်ရာ အရှင် ဖြစ်ကြောင်းသိကြကုန်လော့။
၂း၂၆၈။ သင်တို့အားဆင်းရဲသွားလိမ့် မည်ဟု မကောင်းဆိုးဝါးက ကတိပေး၍၊ ကိုယ်ကျင့်ပျက်ရန် ညွှန်ကြား၏၊ ပရမတ် ဘုရားရှင်သည် သင်တို့အားအထံတော်မှ လွတ်ငြိမ်းခွင့်နှင့် သိက္ခာပေးခြင်းကို ကတိထားတော်မူ၏၊ ပရမတ်ဘုရားရှင်သည် အသိဉာဏ်တော် ဖြန့်ကျက်ထားသော အရှင် ဖြစ်၏။
၂း၂၆၉။ စံချိန်ပြည့်သူအားဓမ္မသတ်ကို ပေးတော်မူ၏၊ ဓမ္မသတ်ကို ပေးအပ်ခြင်းခံရသူသည် များစွာသော ကောင်းခြင်းတရားကို မုချ ပေးအပ်ခံရ သည် မည်၏။ သဘောပေါက်နိုင်စွမ်းရှိသူတို့မှအပ ဆင်ခြင်သတိ မရှိကြချေ။
၂း၂၇၀။ သင်တို့၏ ပေးကမ်းသုံးစွဲသော မည်သည့် သုံးစွဲမှု သို့မဟုတ် ရည်သန် သော မည်သည့် ရည်သန်မှုကို မဆို ဧကန်ပင် ပရမတ်ဘုရားရှင်သည် သိနေတော် မူ၏၊ အမိုက်ကောင်များအတွက် ကူညီမည့်သူ မရှိပြီ။
၂း၂၇၁။ ပွင့်ပွင့်လင်းလင်းအလှူဒါနပြုလျှင် ဂုဏ်ရှိ၏၊ ဆင်းရဲသားတို့အားသိုသိုသိပ်သိပ် ပေးကမ်းလျှင် သင်တို့အတွက် ပို၍ ကောင်း၏၊ ယင်းသည် သင်တို့ ထံမှ အကုသိုလ်များကို ဖုံးကွယ်ပေးလတ္တံ့၊ ပရမတ်ဘုရားရှင်သည် ကျင့်ကြံ သမျှကို သတင်းရနေတော် မူ၏။
၂း၁၇၂။ သူတို့အားလမ်းညွှန်မှန်ရစေဟု သင်သည် တာဝန်ခံရသူ မဟုတ်၊ သို့ရာတွင် ပရမတ်ဘုရားရှင်သည် စံချိန်ပြည့်သူအားလမ်းညွှန်မှန်ရစေ၏၊ မည် သည့် ကောင်းခြင်းမှ မဆို ပေးကမ်းသုံးစွဲကြအံ့ သင်တို့၏ ဉာဉ်အတွက်သာတည်း၊ ပရမတ်ဘုရားရှင်၏ မျက်မှောက်ပြုမှုကို ရှာဖွေရန်မှအပ သုံးစွဲကြခြင်းမဟုတ်၊ မည်သည့် ကောင်းခြင်းမှမဆို သုံးစွဲကြအံ့ သင်တို့ထံ ပြန်လည် ပြီးပြည့်စေတော် မူမည်၊ သင်တို့အားအဝိဇ္ဇာသင့်စေခြင်းမရှိချေ။
၂း၂၇၃။ မည်သည့် ကောင်းသော သုံးစွဲမှုကို မဆို ပရမတ်ဘုရားရှင်သည် သိနေတော်မူသော အရှင် ဖြစ်၏။ ၎င်းကို ပရမတ်ဘုရားရှင်၏ လမ်းစဉ်တော်၌ ချုပ်မိနေသောကြောင့် မြေကမ္ဘာ၌ သွားလာရန် မတတ်နိုင်၍ ဆင်းရဲသော သူတို့ အတွက် ဖြစ်စေရမည်၊ သူတို့၏ တည်ငြိမ်မှု၊ လူသားများထံမှ အခွင့်အရေးယူ တောင်းခံသည်ဟု သိမှတ်စရာ မရှိမှုကြောင့် ပညာမဲ့တို့က သူတို့အားပြည့်စုံသူများဟု စဉ်းစားကြ၏၊
၂း၂၇၄။ မိမိတို့၏ ဥစ္စာပစ္စည်းများကို နေ့ညမရွေးလက်တွင်းကြိတ်၍ တစ်မျိုး၊ လူသိရှင်ကြားတဖုံ ပေးကမ်းသုံးစွဲသော သူတို့အတွက် ကံကြမ္မာရှင်၏ ထံ၌ ဆုလဒ် ရှိ၏။ သူတို့အားကြောက်ရွံ့ရစေမည်မဟုတ်၊ သောကရောက်ရစေ မည်လည်းမဟုတ်ချေ။
၂း၂၇၅။ ထပ်ပြန်တိုးစားသော သူတို့သည် မကောင်းဆိုးဝါးထိကပ်၍ ရှုပ်ထွေးနေသောသူတို့၏ ရပ်တည်ခြင်းမျိုးဖြင့် ရပ်တည် ရင်ဆိုင်ရပေမည်၊ ယင်းမှာ “ကူးသန်းရောင်းဝယ်မှုသည် ထပ်ပြန်တိုးကဲ့သို့သာ ဖြစ်၏၊”ဟု သူတို့၏ အပြောကြောင့်ပင်၊ ပရမတ်ဘုရားရှင်သည် ကူးသန်းရောင်းဝယ်မှုကို တရားဝင် ဖြစ်စေ၍ ထပ်ပြန်တိုးစနစ်ကို တားမြစ်တော်မူ၏။ သူ၏ ထံသို့ ကံကြမ္မာရှင်၏ ဆုံးမဩဝါဒတော် ရောက်လာ၍ ရပ်စဲလိုက်လျှင် အတိတ်မှ ပြီးဆုံးခဲ့သည်နှင့် သူ့အတွက် ညွှန်ကြားချက်သည် ပရမတ်ဘုရားထံ၌ ရှိ၏၊ ဆက်လုပ်သူများသည် အပူမီး၏ ပေါင်းဖေါ်များဖြစ်ကြ၏၊ ထို၌ အစဉ် ခံစားရမည်ပင်။
၂း၂၇၆။ ပရမတ် ဘုရားရှင်သည် ထပ်ပြန်တိုးစနစ်ကို မှေးမှိန်စေတော်မူမည်၊ အလှုဒါန အဖြစ် လျော်ခြင်းကို တိုးပွားစေတော်မူမည်၊ ပရမတ်ဘုရားရှင်သည် မည်သည့် ဖုံးကွယ် သူ အကုသိုလ်ကောင်ကိုမှ နှစ်သက်တော် မမူချေ။
၂း၂၇၇။ ယုံကြည်၍ ပြုပြင်ပြောင်းလဲမှု ကျင့်ကြံကာ ဝတ်ပြု မြဲကြလျက် အခွန်ငွေဖြူ ပေးသောသူတို့၏ ဆုလဒ်သည် သူတို့၏ ကံကြမ္မာရှင် ထံ၌ ရှိ၏၊ သူတို့အားကြောက်ရွံ့ရစေမည် မဟုတ်၊ သောကရောက်ရစေမည်လည်းမဟုတ် ချေ။
၂း၂၇၈။ အို-ယုံကြည်သော သူတို့၊ သင်တို့သည် ဧကန်ပင် ယုံကြည်သူများဖြစ်ကြ လျင် ပရမတ်ဘုရားရှင်အားစည်းစောင့်ကြလော့၊ ထပ်ပြန်တိုးမှ လက်ကျန်များကို ချန်ပစ်ကြလော့။
၂း၂၇၉။ အကယ်၍ သင်တို့ မပြုလုပ်ကြလျှင်- ပရမတ်ဘုရားရှင်နှင့် အရှင်၏ ဉာဏ်စဉ်ဆောင်ထံမှ စစ်ကြေငြာခြင်းကို ခံရလတ္တံ့၊ သင်တို့ ခဝါချခဲ့လျှင်၊ အဦးဆုံးမတည်မှုများကို ပြန်ယူလော့၊ မိုက်ကြေးမခွဲကြနှင့်၊ မိုက်ကြေးခွဲ မခံကြ နှင့်။
၂း၂၈၀။ သို့သော် သူသည် ခက်ခဲသူဖြစ်လျှင် လွယ်ကူသည်အထိ စောင့်ကြည့်ပေးရမည်၊ အလှုအဖြစ် လျော်ပေးကြလျှင် သင်တို့ အတွက် ကောင်း၏၊ သင်တို့ သိကြ ပါလေစ။
၂း၂၈၁။ ပရမတ်ဘုရားရှင်ထံသို့ ဦးလှည့်ပြန်၍ ဉာဉ်တိုင်းကိုယ်စီ ကျင့်ဆောင် ခဲ့ရာကို စုဆုံပြီးပြည့်စေမည့် နေ့ကာလ အတွက် စည်းစောင့်ကြကုန်လော့၊ သင်တို့ မိုက်ကြေးခွဲခံရမည် မဟုတ်ချေ။
၂း၂၈၂။ အို- ယုံကြည်သောသူတို့၊ သင်တို့ချင်းကြားကာလ သတ်မှတ်၍ အကြွေးဖြင့် ဝယ်ရောင်းချုပ်ဆိုသောအခါ မှတ်တမ်းတင်ကြလော့၊ သင်တို့၏ အကြား၌ စာရေးသူအားတန်းတူညီမျှ မှတ်တမ်းတင်စေလော့၊ စာရေးသူသည် ပရမတ်ဘုရားရှင် သင်ပေးသည့် နည်းမှန်အတိုင်းသူ့အားမှတ်တမ်းတင်စေခြင်းကို မဖီဆန်ဘဲ မှတ်တမ်းတင်စေလော့၊ အကြွေးယူသူက စာချစေလော့၊ သူ၏ ကံကြမ္မာရှင် ပရမတ်ဘုရားရှင်အားစည်းစောင့် သစ္စာမြဲစေလော့ တစ်စုံတစ်ရာမျှ လျှော့ပေါ့ခြင်းမပြုရ။ အကယ်၍ သူသည် မှန်ကန်စွာ နားလည်နိုင်စွမ်းမရှိသူ ဖြစ်လျှင် သို့မဟုတ် အားနည်းချက်ရှိသူ သို့မဟုတ် နည်းကျရန် တတ်နိုင်သူ မဟုတ်လျှင် သူ၏ မဟာမိတ်က ညီမျှစွာ နည်းချပေးစေလော့။ သင်တို့အနက် အမျိုးသားများမှ သက်သေနှစ်ဦးကို သက်သေထားလော့၊ အကယ်၍ အမျိုးသားနှစ်ဦးမရှိခဲ့သော် အမျိုးသားတစ်ဦးနှင့်- သက်သေများအနက် သင်တို့ စိတ်ကျေနပ်သော အမျိုးသမီးနှစ်ဦးကို ထားရှိစေလော့၊ သူမတို့မှ တစ်ဦးဦးက ချွတ်ချော်ခဲ့သော် ကျန် တစ်ဦးက သတိပေးနိုင်၏၊ ဖိတ်ခေါ်ခံရသော သက်သေများသည် မဖီဆန်ရ။ ငယ်သည်ဖြစ်စေ ကြီးသည် ဖြစ်စေ ကာလသတ်မှတ် မှတ်တမ်းတင်ခြင်းကို စိတ် မပင်ပန်းကြနှင့်၊ ဤသည် ပရမတ်ဘုရားရှင်၏ ထံတော်၌ အမျှတဆုံးဖြစ်၏၊ သက်သေ အခိုင်မြဲဆုံးဖြစ်၏၊ သံသယ မဖြစ်စေရန် အနီးစပ်ဆုံးဖြစ်၏၊သို့သော် သင်တို့ချင်းကြားအသင့် အပေးအယူ ဖလှယ် ရောင်းဝယ်ခြင်း၌ မှတ်တမ်းတင်ခြင်းမရှိလျှင်လည်းအပြစ် မရှိ၊ သို့သော် သင်တို့ စပ်ကြားသက်သေများထားကြကုန်လော့၊ သင်တို့ ကတိသစ္စာပြုသော အခါ စာရေးသူနှင့် သက်သေများကို မနစ်နာစေနှင့်၊ အကယ်၍ သင်တို့သည် ကျူးလွန်အံ့၊ သူသည် သင်တို့အနက် ယုတ်မာသူ ဧကန်ဆတ်ဆတ် ဖြစ်၏၊ ပရမတ်ဘုရားရှင်အားစည်းစောင့်ကြလော့၊ ပရမတ်ဘုရားရှင်သည်ကားသင်တို့အားသင်ကြားတော်မူပြီ၊ ပရမတ်ဘုရားရှင်သည် သဗ္ဗလုံးစုံအားသိနေတော်မူသော အရှင် ဖြစ်၏။
၂၈၃။ အကယ်၍ သင်တို့သည် လမ်းခရီး၌ဖြစ်၍ စာရေးသူ မတွေ့ရှိခဲ့လျှင် အာမခံပစ္စည်းကို လက်ဆုပ်လက်ကိုင်ပြုစေလော့၊ အကယ်၍ သင်တို့မှ အချို့သည် အချို့ကို ယုံကြည်စိတ်ချကြလျှင် ယုံကြည်ခြင်းခံရသော သူက ယုံကြည်မှု အပ် ထည်ကို ပေးအပ်စေလော့၊ သူ၏ ကံကြမ္မာရှင် ပရမတ်ဘုရားရှင်အားစည်းစောင့် စေလော့။ သက်သေသက်ကန်ကို ထိန်ဝှက်ဖျောက်ဖျက်ခြင်းမပြုရ၊ ထိန်ဝှက် ဖျောက်ဖျက်ခဲ့မူ သူသည် အပြစ်ရှိသော နှလုံးသားပိုင်ရှင် ဖြစ်၏၊ ပရမတ်ဘုရားရှင် သည် ကျင့်ကြံသမျှကို သိနေတော်မူသော အရှင် ဖြစ်၏။
၂၈၄။ မိုးမြေ၌ ရှိသမျှသည် ပရမတ်ဘုရားရှင်၏ အချုပ်အခြာ၌ ရှိ၏၊ သင်တို့၏ ဉာဉ်စရိုက်မှ ဖွင့်ဟရာ၊ သို့မဟုတ် ထိန်ဝှက်ထားရာတို့ အတွက် ပရမတ် ဘုရားရှင်က စရင်းစစ်တော်မူမည်၊ စံချိန်ပြည့်သူအားလွတ်ငြိမ်းစေ၍၊ စံချိန်ပြည့် သူအားဝဋ်ကြွေးသင့်စေတော်မူမည်၊ ပရမတ်ဘုရားရှင်သည် သဗ္ဗလုံးစုံအားစည်းချိန်ချမှတ်တော်မူ၏။
၂၈၅။ ဉာဏ်စဉ်ဆောင်နှင့် ယုံကြည်သူများသည် သူ၏ ကံကြမ္မာရှင်က သူ့ထံသို့ ချမှတ်ပေးရာကို ယုံကြည်ကြ၏။ သူတို့ အားလုံးသည် ပရမတ်ဘုရားရှင်၊ အရှင်၏ နိမိတ်ဆောင်များ၊ အရှင်၏ ကျမ်းဂန်တော်များ၊ အရှင်၏ ဉာဏ်စဉ်ဆောင် များကို ယုံကြည်ကြ၏၊ “တပည့်တော်တို့သည် အရှင်၏ ဉာဏ်စဉ်ဆောင်များကြားတစ်ပါးနှင့် တစ်ပါးခွဲခြားမှု မရှိပါ။ ထို့နောက် သူတို့က တပည့်တော်တို့ ကြားနာပါ ၏၊ နာခံပါ၏၊ တပည့်တော်တို့အားလွတ်ငြိမ်းစေတော်မူပါ၊ အို- ကံကြမ္မာရှင် အရှင့်ထံသို့သာ အန္တိမပန်းတိုင် ဖြစ်ပါ၏၊”ဟု ရင့်ကျူးကြ၏။
၂၈၆။ ပရမတ်ဘုရားရှင်သည် မည်သည့် ဉာဉ်စရိုက်ကိုမှ မနိုင်ဝန် မထမ်းစေပေ၊ သူ့အတွက် သူကျင့်ဆောင်ရာသည် ရှိ၍၊ သူ့အပေါ်၌ သူ ကျင့်ဆောင်ရာ သည် တင်ရှိ၏၊ “အို ကံကြမ္မာရှင် တပည့်တော်တို့၏ မေ့လျှော့ မှားယွင်းမှု၌ အရေးမယူပါနှင့်၊ အို- ကံကြမ္မာရှင် တပည့်တော်တို့ မတိုင်မှီ ဖြစ်သောသူများအားသယ်ပိုးစေ သကဲ့သို့ တပည့်တော်တို့ အားဝန်ထုတ်ဝန်ပိုးမသယ်ပိုးစေပါနှင့်၊ အို ကံကြမ္မာရှင် တပည့်တော်တို့ အင်အားမမျှသည်ကို တပည့်တော်တို့အားမသယ်ပိုးစေပါနှင့်၊ တပည့်တော်တို့အားကျေအေးပေးတော်မူပါ၊ လွတ်ငြိမ်းစေတော်မူပါ ကရုဏာသက်တော်မူပါ၊ အရှင်သည် တပည့်တော်တို့၏ မဟာမိတ် ဖြစ်တော်မူ ပါ၏ ဖုံးကွယ်သော လူမျိုးထက်သာရန် ကူညီတော်မူပါ၊”ဟု တောင်းဆုပြုလော့။
ဓမ္မခန္ဓာ (၂) ဤတွင် ပြီး၏။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ဓမ္မခန္ဓာ (၃) အင်မရာမ်၏ ဝိုင်းသားများ
ဉာဏ်စဉ်ကိန်းဝပ်ပေးမှု အမှတ်စဉ် (၈၉)၊ သုတ်ဒေသနာ အပါး(၂၀၀)
ကရုဏာရှင် အကြင်နာရှင် ဖြစ်တော်မူသော ပရမတ်ဘုရားရှင်၏ ဂုဏ်တော်အားဖြင့်-
၃း၁။ ငါသည် ကုန်စင်သိနေတော်မူသော ပရမတ်ဘုရားရှင် ဖြစ်တော်မူ၏။
၃း၂။ ပရမတ်ဘုရားရှင်- နိစ္စဓူ၀ ဖြစ်တော်မူသော ထိုအရှင်မှအပ အခြားဘုရားဟူ၍ မရှိ။
၃း၃။ အရှင်သည် သင့်အားပစ္စုပ္ပာန်မျက်မှောက် ဖြောင့်မှန်စေသည့် ကျမ်းတော် ကို ပရမတ္ထသစ္စာဖြင့် ချမှတ်ပေး၍- ဓမ္မဟောင်းနှင့် ဓမ္မသစ်ကိုလည်းချမှတ်ပေးခဲ့ ပြီ။
၃း၄။ ရှေ့အလျင်ကလည်းလူသားတို့ အဘို့ လမ်းညွှန်နှင့် ခွဲခြမ်းစိတ်ဖြာဖွင့်ဆို ချက်အားချမှတ်ပေးခဲ့ပြီ။ ပရမတ်ဘုရားရှင်၏ သုတ်ဒေသနာများအားဖုံးကွယ် သော သူများအတွက် ပြင်းထန်သော ဝဋ်ကြွေးသည် ရှိနေ၏၊ ပရမတ်ဘုရားရှင် သည် ဘုန်းတော်ရှင် တန်ပြန်စေသော အရှင် ဖြစ်၏။
၃း၅။ ဧကန်ပင် မိုးများနှင့် မြေ၌ ရှိရာတို့သည် ပရမတ်ဘုရားရှင်၏ ထံတော်တွင် ထိန်ဝှက်ထားနိုင်ခြင်းမရှိ။
၃း၆။ ထိုအရှင်သည် မည်သို့ စံချိန်ပြည့် သည် နှင့် အညီ သင်တို့အားဝမ်းကြာတိုက်၌ ပုံစံချပေး၏၊ ဘုန်းတော်ရှင် ဓမ္မသတ်ရှင် ဖြစ်သော ထိုအရှင် မှအပ အခြားဘုရားဟူ၍ မရှိပြီ။
၃း၇။ အရှင်သည် သင့်အားကျမ်းတော်ကို ချမှတ်ပေးသော အရှင် ဖြစ်၏၊ ထို၌ ကျမ်းတော်၏ မိခင်ရင်းမြစ် စီရင်ထုံးသုတ်ဒေသနာများနှင့် နောက်ဆက် ဆင်တူများပါရှိ၏။ စိတ်နှလုံးတိမ်းပါးလိုသူများကမူ သေးတိုးစမ်းရန် ရှာဖွေလျက် ဆင်တူများကို လိုက်ကာ ရှာဖွေ ဖွင့်ဆိုကြ၏။ ဖွင့်ဆိုနည်းကို ပရမတ်ဘုရားရှင်သည်သာ သိတော်မူ၏။ အသိ ပညာ သဘာရင့်သူများက “၎င်းတို့ အားလုံးသည် ကံကြမ္မာရှင်ထံမှ ဖြစ်ကြောင်းကျွန်ုပ်တို့ ယုံကြည်ပါ၏”ဟု ရင့်ကျူးကြ၏။ သဘောပေါက်နိုင်စွမ်းရှိသူတို့ မှအပ ဆင်ခြင်သတိ မရှိကြချေ။
၃း၈။ အို- ကံကြမ္မာရှင် တပည့်တော်တို့အားလမ်းညွှန်ပြီးနောက် တပည့်တို့ ၏ နှလုံးသားများအားမတိမ်းပါးစေပါနှင့်၊ အရှင့်ထံတော်မှ ကရုဏာတော် အားဖြင့် ချီးမြှင့်တော်မူပါ၊ အရှင်သည် ချီးမြှင့်ရက်ရောသော အရှင် ဖြစ်ပါ၏။
၃း၉။ အို-ကံကြမ္မာရှင်၊ အရှင်သည် လူသားတို့အားအတူစုစေမည့် နေ့ကို သံသယ ဖြစ်ဘွယ် မရှိပါ၊ ပရမတ်ဘုရားရှင်သည် ကတိတော်အားပေါ့လျော့စေမည် မဟုတ်ပါ။
၃း၁၀။ ဧကန်ပင် ဖုံးကွယ်သောသူတို့၏ ဥစ္စာပစ္စည်းများ၊ ရင်သွေးများသည် ပရမတ်ဘုရားရှင်၏ ထံ၌ တစ်စုံတစ်ရာမျှ ပြည့်စုံမည် မဟုတ်ပေ။ သူတို့သည် မီးလောင်စာများဖြစ်ကြ၏။
၃း၁၁။ ဖာရိုးမင်းဆက်နှင့် သူတို့၏ ရှေ့အလျင် ဖြစ်သော သူတို့၏ အလေ့အထကဲ့သို့- သူတို့သည် ငါ၏ သုတ်ဒေသနာများကို ငြင်းဆန်ကြ ၏၊ သူတို့၏ ပြစ်မှုကြောင့် ပရမတ်ဘုရားရှင်သည် သူတို့အားအရေးယူလိုက်ပြီ၊ ပရမတ်ဘုရားရှင်သည် ပြတ်သားစွာ ချုပ်ကိုင်နိုင်တော်မူ၏။
၃း၁၂။ ဖုံးကွယ်သော သူတို့အားဟောလော့ “သင်တို့အားရှုံးနိမ့်စေလျက် အမင်္ဂလာ ညိမ့်ညောင်းရာ ငရဲဘုံဆီသို့ မောင်းထည့် စုစည်းခံရစေမည်ပင်၊”
၃း၁၃။ ရင်ဆိုင်ဆုံတွေ့သော တပ်နှစ်ခု၌ သင်တို့အတွက် နိမိတ်လက္ခဏာ တစ်ရပ် အတိအကျ ရှိခဲ့၏၊ တပ်တစ်ခုသည် ပရမတ်ဘုရားရှင်၏ လမ်းစဉ်တော်၌ ခုခံတိုက်ခိုက်၏ နောက်တစ်ဘက်မှာ သူတို့ထက် နှစ်ဆ ပိုများသည်ဟု မျက်လုံးဖြင့် မြင်ရသော ဖုံးကွယ်မှောင်သူများမှ ဖြစ်၏၊ ပရမတ်ဘုရားရှင်သည် စံချိန် ပြည့်မှီသူအားအရှင်၏ ကူညီမှုဖြင့် ထောက်ပံ့တော်မူ၏၊ ဧကန်ပင်- ဒိဗ္ဗစက္ခုရှိ သူတို့ အတွက် ဤ၌ သင်ခန်းစာ တစ်ရပ် ရှိနေ၏။
၃း၁၄။နှစ်သက်စေလောက်သည့် အမျိုးသမီးများ၊ သားသမီးများ၊ စုဆောင်းသိုမှီးထားရာ ရွှေထည် ငွေထည်များ၊ တံဆိပ်ထုထားသော မြင်းများ၊ ခွာကွဲ စားမြုံ့ပြန်တိရိစ္ဆာန်များစိုက်ပျိုးမြေများက လူသားတို့အားဖမ်းစားထားစေ၏၊ ဤသည်တို့သည် လောကီဘ၀၏ ချမ်းမြေ့စရာများသာ ဖြစ်၏၊ ပရမတ်ဘုရားရှင်- အရှင့်ထံ၌သာ အတင့်တယ်ဆုံးအပြန်ခရီးသည် ရှိနေ၏။
၃း၁၅။ ဟောလော့ “ဤအရာ များထက် ပိုကောင်းသည်ကို ကျွန်ုပ် သတင်းထုတ်ပြန်ရမည်လော၊ စည်းစောင့် သော သူများအတွက် သူတို့၏ ကံကြမ္မာရှင်ထံ၌ အောက်ခင်းတွင် စမ်းချောင်းရေသွင် စီးဆင်းနေသော ဥယျာဉ်ဘုံများရှိနေ၏၊ ထို၌ သူတို့အားအစဉ်စံစားစေ၍ သန့်စင်သော စုဖွဲ့ဖေါ်များနှင့် ပရမတ်ဘုရားရှင်ထံမှ အားရကျေနပ်စရာ ရှိနေ၏၊ ပရမတ်ဘုရားရှင်သည် အမှုတော်ဆောင်များအားမြင်နေသော အရှင် ဖြစ်၏။”
၃း၁၆။ “အို ကံကြမ္မာရှင် တပည့်တော်တို့ ယုံကြည်ပါ၏၊ တပည့်တော်တို့ အားအပြစ်များမှ လွတ်ငြိမ်းစေ၍ အပူမီးဝဋ်ကြွေးမှ ကာကွယ်တော်မူပါ၊”ဟု လျှောက်ထားသူများမှာ-
၃း၁၇။ ခန္တီပါရမီရှိသူ၊ ဖြောင့် မှန်သူ၊ နာခံသူ၊ ထည့်ဝင်သုံးစွဲ သူ၊ လှည့်စားခံရမှုမှ လွတ်ငြိမ်းဆုပန်သူများဖြစ်ကြ၏။
၃း၁၈။ ပရမတ်ဘုရားရှင် ကိုယ်တိုင်နှင့် နိမိတ်ဆောင်များအသိပညာ ရှိသူများ၊ သမာသမတ်ဖြင့် ရပ်သူများက အရှင်မြတ် မှအပ အခြားဘုရားဟူ၍ မရှိကြောင်းသက်သေတည်၏၊ ဘုန်းတော်ရှင် ဓမ္မသတ်ရှင် ဖြစ်သော အရှင်မြတ်မှ အပ အခြားဘုရားဟူ၍ မရှိပြီ။
၃း၁၉။ ဧကန်ပင် ပရမတ်ဘုရားရှင်၏ ထံ၌ စစ်မှန်သော သာသနာမှာ သန္တိသုခလမ်းစဉ်ပင် ဖြစ်၏၊ အသိပညာ ရောက်လာပြီးမှ ကျမ်းပေးခံ ရသော သူများသည် သူတို့ချင်းကြားအပြစ်ရှာမှုကြောင့်သာ ကွဲလွဲခြင်းဖြစ်၏၊ ပရမတ်ဘုရားရှင်၏ သုတ်ဒေသနာများကို ဖုံးကွယ်သော မည်သူ့ကို မဆို ဧကန်ပင် ပရမတ်ဘုရားရှင်သည် အချိန်နှင့် တပြေးညီ စာရင်းစစ်နေတော်မူ၏။
၃း၂၀။ သင့်အားစောကြောကြလျှင် “ကျွန်ုပ်သည် ပရမတ်ဘုရားရှင်အားမျက်နှာမူလျှက် ငြိမ်းချမ်းရေးပြော၍၊ ကျွန်ုပ်၏ ဒကာများသည်လည်းအတူတူပင်၊” ဟု ဟောကြားလော့၊ ကျမ်းပေးခံရသောသူများနှင့် စာပေကင်းကွာ သူတို့အား“သင်တို့ သည် ငြိမ်းချမ်းစေလိုကြသလော၊” အကယ်၍ ငြိမ်းချမ်းစေလိုကြလျှင် လမ်းညွှန်မှန်ကို လိုက်နာသူ မည်၏၊ လှည့်သွားကြလျှင်၊ သင်၏ ဝန်တာမှာ- ပရမတ်ဘုရားရှင်သည် အမှုတော်ဆောင်များကို မြင်နေသော အရှင် ဖြစ်ကြောင်းဆိုက်ရောက် စေရန်သာ ဖြစ်၏၊
၃း၂၁။ ဧကန်ပင် ပရမတ်ဘုရားရှင်၏ သုတ်ဒေသနာများကို ဖုံးကွယ်လျက်၊ သတင်းတော်ဆောင်များအားသစ္စာမဲ့စွာ လုပ်ကြံသော သူများလူသားတို့ကြားသမာသမတ်ဖြင့် ညွှန်ကြားသူတို့အားသတ်ဖြတ်သော သူများ၏ ထံသို့ စူးနစ်သော ဝဋ်ကြွေးအကြောင်းသတင်းကောင်းကို ပါးလော့။
၃း၂၂။ သူတို့၏ ကျင့်ကြံမှုသည် ဤဘ၀ နောင်ဘ၀၌ အချည်းနှီးပင်၊ ထိုသို့သော သူတို့အတွက် ကူညီမည့်သူ မရှိပြီ။
၃း၂၃။ ပင်ပန်းခံရကျိုးအားပေးအပ်ခံရသောသူများကို ကျမ်းတော်၌ အသင် မရှုစားမိသလော၊ သူတို့အကြားစီရင်ထုံးပြုရန် အလို့ငှာ ပရမတ်ဘုရားရှင်၏ ကျမ်းတော်ဆီသို့ ဖိတ်ခေါ် သောအခါ၊ ထို့နောက် သူတို့မှ တစ်ဖွဲ့သည် လှည့်သွားကြကုန်၏၊ သူတို့သည် ဘောင်ကန့်ထားသူများဖြစ်ကြ၏။
၃း၂၄။ ယင်းမှာ- “ငရဲမီးသည် ကျွန်ုပ်တို့အားရေတွက်ထားသော ရက်များမှအပ ထိကပ်မည် မဟုတ်၊”ဟု ဆိုခြင်းကြောင့်၊ သူတို့၏ သာသနာရေး၌ သူတို့၏ လုပ်ကြံဖန်တီးလေ့ရှိရာများက မြှူဆွယ်ထားခြင်းဖြစ်၏။
၃း၂၅။ သံသယဖြစ်ဘွယ် အလျဉ်းမရှိ၊ သူတို့ကို စုပေါင်းစေမည့် နေ့ကာလ၌ မည်သို့ ဖြစ်ကြအံ့နည်း၊ ဉာဉ်စရိုက် ကိုယ်စီ၏ ကျင့်ဆောင်ခဲ့ သမျှ ပြီးပြည့်စေလတ္တံ့၊ သူတို့သည် မိုက်ကြေးခွဲခံရမည် မဟုတ်ပေ။
၃း၂၆။ ရင့်ကျူးလော့ “အို ပရမတ်ဘုရားရှင်၊ ဩဇာအာဏာ အရှင်သခင်၊ အရှင်သည် စံချိန်ပြည့်သူအားဩဇာအာဏာကို ပေးတော်မူ၍၊ စံချိန်ပြည့်သူအားဩဇာအာဏာမှ ဖယ်ပစ်ပါ၏၊ စံချိန်ပြည့်သူအားဘုန်းတန်ခိုးကို ပေး၍၊ စံချိန် ပြည့်သူအားနိမ့်ပါးစေပါ၏၊ ကောင်းခြင်းများသည် အရှင့် လုပ်ပိုင်ခွင့်၌ ရှိတော်မူပါ ၏၊ အရှင်သည်သာ သဗ္ဗလုံးစုံအားစည်းချိန် ချမှတ်တော်မူပါ၏၊”
၃း၂၇။ “အရှင်သည် နေ့ကို ညထဲသို့ တိုးဝင်စေ၏၊ ညကို နေ့ထဲသို့ တိုးဝင်စေ၏၊ သေခြင်းမှ ရှင်ခြင်းကို ထုတ်ယူတော်မူပါ၏၊ ရှင်ခြင်းမှ သေခြင်းကို ထုတ်ယူတော်မူပါ၏၊ စံချိန်ပြည့်သူ အားစရင်းမဲ့ ရိက္ခာထောက်တော်မူပါ၏၊”
၃း၂၈။ ယုံကြည်သူများသည် ယုံကြည်သူချင်းမှလွဲ၍ ဖုံးကွယ်သူတို့အားမဟာမိတ်အဖြစ် မယူမှတ်စေရ၊ ပြုလုပ်သူ မည်သူမဆို ပရမတ်ဘုရားရှင် ထံမှ ပတ်သက်မှု တစ်စုံတစ်ရာမျှ မရှိပေ။ သို့သော် သင်တို့ ကိုယ်သင်တို့ သူတို့မှ ကာကွယ်သင့်၏ ပရမတ်ဘုရားရှင်၊ အရှင်၏ စရိုက်တော်သည် သင်တို့အားစည်းစောင့်ရန် သတိပေးနေ၏၊ ပရမတ်ဘုရားရှင် ထံသို့သာ နောက်ဆုံးပန်းတိုင် ဖြစ်၏။
၃း၂၉။ ဟောလော့၊ “သင်တို့၏ ရင်တွင်း၌ ထိန်ဝှက်ထားရာ သို့မဟုတ် ဖွင့်ဟရာကို ပရမတ်ဘုရားရှင်က သိနေတော်မူ၏၊ အရှင်သည် မိုးများနှင့် မြေ၌ ရှိသည်များကို သိနေတော်မူ၏၊ ပရမတ်ဘုရားရှင်သည် သဗ္ဗ လုံးစုံအားစည်းချိန် ချမှတ်တော်မူ၏။”
၃း၃၀။ ဉာဉ်စရိုက်ကိုယ်စီ၊ ကျင့်ကြံခဲ့သမျှ အတွက် အသင့် ဖြစ်သော ကုသိုလ်နှင့်- ကျင့်ကြံခဲ့သမျှ အကုသိုလ် ထိပ်တိုက်တွေ့သော နေ့တွင်- သူ၏ကြား၎င်း၏ကြား၌ နောက်ကျန်ရစ် လိုကြလတ္တံ့၊ ပရမတ်ဘုရားရှင်- အရှင်၏ စရိုက်တော်သည် သင်တို့အားသတိပေးနေ၏၊ ပရမတ်ဘုရားရှင် သည် အမှုတော် ဆောင်များကို ညှာတာတော်မူ၏။
၃း၃၁။ ဟောလော့ “သင်တို့သည် ပရမတ်ဘုရားရှင်အားချစ်ခင်လေ့ ရှိလျှင် ကျွန်ုပ်၏နောက်သို့ လိုက်လော့၊ ပရမတ်ဘုရားရှင်သည် သင်တို့အားချစ်မြတ်နိုးလိမ့်မည်၊ သင်တို့၏ အပြစ်များကို လွတ်ငြိမ်းစေလိမ့်မည်၊ ပရမတ်ဘုရားရှင်သည် လွတ်ငြိမ်းစေသောအရှင် ကြင်နာသောအရှင် ဖြစ်၏။”
၃း၃၂။ ဟောလော့ “ပရမတ် ဘုရားရှင်နှင့် ဉာဏ်စဉ်ဆောင်အားနာခံကြလော့၊ အကယ်၍ ဘက်လှည့်ကြလျှင်၊ ဧကန်ပင် ပရမတ်ဘုရားရှင်သည် ဖုံးကွယ်သူများအားနှစ်သက်မှု မရှိချေ။”
၃း၃၃။ ဧကန်ပင် ပရမတ်ဘုရားရှင်သည် အာဒံ၊ နူးဟ်၊ အီဗရာဟီးမ်၏ အဆက်များ၊ အင်မရမ်၏ အဆက်များအားလောကခပ်သိမ်းဝယ် ရွေးချယ်တော် မူ၏။
၃း၃၄။ သူတို့မှ အချို့ သည် အချို့၏ သားစဉ်မြေးဆက် ဖြစ်ကြ၏၊ ပရမတ် ဘုရားရှင်သည် ကြားနေသော အရှင် သိနေသော အရှင် ဖြစ်၏။
၃း၃၅။ အင်မရမ်၏မျိုးနွယ် အမျိုးသမီးတစ်ဦးက “အို-ကံကြမ္မာရှင် တပည့်တော်မသည် ဝမ်းကြာတိုက်မှ အရာအားအရှင့်အတွက် အနှောင်အဖွဲ့ ကင်းစွာ ရည်သန်ပါ၏၊ တပည့်တော်မအားအကိုးပြည့်စေတော်မူပါ၊ ဧကန်ပင် အရှင်သည် ကြားနေသောအရှင် သိနေသောအရှင် ဖြစ်ပါ၏”ဟု ဆုပန်၏။
၃း၃၆။ သို့ဖြင့် သူမသည် မီးဖွားသန့်စင်သောအခါ “အို-ကံကြမ္မာရှင် တပည့်တော်မသည် မိန်းကလေးကို ဖွားမြင်ပါ၏၊ ပရမတ်ဘုရားရှင်သည် သူမအားဖွားမြင်သည်ကို အသိဆုံးဖြစ်တော်မူ၏၊ မိန်းကလေးသည် ယောက်ျားလေးကဲ့သို့ မဟုတ်ပါ၊ တပည့်တော်မသည် သူမအားမာရိဟု အမည်ပေးပါ၏၊ သူမနှင့် သူမ၏ သားစဉ် မြေးဆက်တို့အားပစ်ထုတ်ခံရသော မကောင်းဆိုးဝါးတို့မှ အကာအကွယ်ရရန် အရှင့်ထံ၌ ခိုလှုံစေပါ ၏။”ဟု ဆုပန်၏။
၃း၃၇။ သို့ဖြင့် သူမ၏ ကံကြမ္မာရှင်သည် သူမအားတင့်တယ်သော အကိုးပြည့်ခြင်းဖြင့် အကိုးပြည့်စေ၍ တင့်တင့်တယ်တယ် ဖြစ်ထွန်းအရွယ်ရောက် စေလျက် ဇက္ကရီယာ၏ ထိန်းကျောင်းမှုအောက်၌ ထားခဲ့ပြီ။ ဇက္ကရီယာသည် စခန်းသို့ ဝင်လေတိုင်းသူမထံ၌ အစားအသောက်များကို တွေ့ရ၍၊ “အို- မာရိ သင့်အတွက် ဤအရာမှာ ဘယ်က လာသနည်း၊”ဟု ဆိုသော် သူမက “ထိုအရာကားပရမတ်ဘုရားရှင်၏ ထံမှတည်း။ ဧကန်ပင် ပရမတ်ဘုရားရှင်သည် စံချိန်ပြည့်သူ အားစရင်းမဲ့ ရိက္ခာထောက်တော်မူ၏” ဟု ပြန်ပြော၏။
၃း၃၈။ ထို နေရာ၌ ဇက္ကရီယာ သည် သူ၏ကံကြမ္မာရှင်ထံ ဆုပန်၍ “အို-ကံကြမ္မာရှင်၊ အရှင့်ထံမှတော် စင်ကြယ် သော သားမြေးရတနာ တပည့်တော်အားချီးမြှင့်တော်မူပါ၊ အရှင်သည် ဆုတောင်းခြင်းများအားကြားနေသော အရှင် ဖြစ်ပါသည်၊”ဟု ရင့်ကျူး၏။
၃း၃၉။ သို့ဖြင့် သူသည် စခန်း၌ ဝတ်ပြု ရပ်တည်စဉ် နိမိတ်ဆောင်များက သူ့အား“ပရမတ်ဘုရားရှင်သည် သင့်အားပရမတ်ဘုရားရှင်၏ ထံမှ ဓမ္မတော်အားဖြောင့်မှန်စေသော၊ ဦးစီးခေါင်းဆောင် ဖြစ်သော၊ စိတ်ထိန်းနိုင်သော၊ ပြုပြင်သူတို့မှ ဖြစ်သော သတင်းတော်ဆောင် ယောဟန် အကြောင်းသတင်းကောင်းကို ပါးလေ ပြီ။”ဟု ကြေငြာ၏။
၃း၄၀။ သူက “အို-ကံကြမ္မာရှင် တပည့်တော်မှာ မည်သို့ ကလေးရဦးမည်နည်းတပည့်တော်သည် အသက်ကြီးပိုင်းဆိုက်ရောက်ပါပြီ၊ အမျိုးသမီးသည်လည်းမြုံအသူ ဖြစ်ပါ၏၊”ဟု ပြန်လျှောက်သော် အရှင်က “ဤအတိုင်းပင်၊ ပရမတ်ဘုရားရှင်သည် စံချိန်ပြည့်မှီရာအားစီမံတော်မူ၏၊”ဟု မိန့်ဆို၏။
၃း၄၁။ သူက “အို ကံကြမ္မာရှင် တပည့်တော်အတွက် နိမိတ်တစ်ရပ် စီစဉ်ပေးတော်မူပါ၊”ဟု ဆု ပန်သော်၊ အရှင်က “သင်၏ နိမိတ်လက္ခာဏာမှာ သင်သည် လူသားတို့အားသုံးရက် တိုင် အရိပ်အယောင်ပြခြင်းမှအပ စကားမပြောရခြင်းပင်တည်း၊ သင့်ကံကြမ္မာရှင် အားမြောက်များစွာ သတိရရှုမှတ်လော့၊ ညဦးနံနက် ဦးထိပ်ထားလော့၊”ဟု မိန့်၏။
၃း၄၂။ နိမိတ်ဆောင်များက ပြောသည်မှာ “အို- မာရိ၊ ဧကန်ပင် ပရမတ် ဘုရားရှင်သည် သင့်အားရွေးချယ်တော်မူပြီ၊ သန့်စင်စေတော်မူပြီ၊ အမျိုးသမီးထု ၏ လောကခပ်သိမ်းအပေါ် ရွေးချယ်တော်မူလေပြီ၊”-
၃း၄၃။ “အို- မာရိ၊ သင့် ကံကြမ္မာရှင်အားနာခံလော့၊ နှိမ့်ချလော့၊ ဦးညွှတ်သူများနှင့် အတူ ဦးညွှတ်လော့။”
၃း၄၄။ ဤသည် သင့်အားငါအရှင် အာရုံဈာန်ပေးသော စက္ခုလွန်မှ သတင်းများပင်၊ မာရိအားမည်သူမည်ဝါ ထိန်းကျောင်းရမည်ကို ကလောင် ခင်းကျင်းသည့်အခါ၊ သူတို့နှင့် အတူ သင် မရှိချေ။ သူတို့ချင်းအချေအတင် ဖြစ်စဉ်၌လည်းသူတို့နှင့် အတူ သင်မရှိချေ။
၃း၄၅။ နိမိတ်ဆောင်များက ပြောသည်မှာ “အို-မာရိ၊ ဧကန်ပင် ပရမတ် ဘုရားရှင်က သင့်အားပေးသော- အရှင်၏ စကားတော်နှင့်အတူ သတင်းကောင်းမှာ၊ ဤဘ၀ နောင်ဘ၀တွင် မျက်နှာသာရသော၊ ချည်းကပ်ခွင့်ရ သူတို့မှ ဖြစ်သော အမည်နာမ အားဖြင့် မာရိ၏သားယေရှု ခရစ်၏ အကြောင်းပင်တည်း၊”
၃း၄၆။ သူသည် ပုခက်မှလည်းကောင်းအရွယ်ရောက် သော်လည်းကောင်းလူသားတို့အားစကားပြော၍၊ ပြုပြင်ပြောင်းလဲ သူတို့ အနက်မှ ဖြစ်လိမ့်မည်။
၃း၄၇။ သူမက “ကံကြမ္မာရှင်- မည်သည့် လူပုဂ္ဂိုလ် သည်မှ မထိတွေ့သေးဘဲလျက် တပည့်တော် မသည် မည်သို့ ရင်သွေးရှိနိုင် အံ့နည်း၊”ဟု လျှောက်လေသော်၊ သူ ပြန်ပြော သည်မှာ အရှင်က “ဤသို့ပင်- ပရမတ်ဘုရားရှင်သည် စံချိန်ပြည့်စေရာကို ဖြစ်တည်စေ၏၊ အရှင်သည် ညွှန်ကြားချက်ကို အပြီးသတ် ချသောအခါ- ၎င်းကို ဖြစ်ဟု မိန့်လိုက်သည် နှင့် ထို့နောက် ဖြစ်လာရမည်သာတည်း။”
၃း၄၈။ အရှင်သည် သူ့အားကျမ်းတော်၊ ဓမ္မသတ်တော်ဖြစ်သည့် ဓမ္မဟောင်း၊ ဓမ္မသစ်တို့ကို သင်ပေးတော်မူမည်။
၃း၄၉။ သူ့အားဂျူးမျိုးနွယ် အတွက် ဉာဏ်စဉ်ဆောင် ဖြစ်စေ၍၊ “ကျွန်ုပ်သည် သင်တို့ထံ သင်တို့၏ ကံကြမ္မာရှင်ထံမှ သုတ်ဒေသနာကို မုချ ရောက်လာစေပြီ၊ ကျွန်ုပ်သည် သင်တို့အတွက် မြေမှ ငှက် ပုံစံချ ဖန်တီးလျက် သက်ဝင်စေလျှင် ၎င်းသည် ပရမတ်ဘုရားရှင်၏ ခွင့်ပြုချက် ဖြင့် ငှက်ဖြစ်လာလိမ့်မည်၊ အကန်းနှင့် အနာကြီးရောဂါသည်တို့ကို ရောဂါကင်းစေ နိုင်၍ ပရမတ်ဘုရားရှင်၏ ခွင့်ပြုချက်ဖြင့် အသေအားရှင်သန်စေမည်၊ သင်တို့အားမည်သည်တို့ကို စားသုံးရမည်- မည်သည်တို့ကို အိမ်များ၌ သိုလှောင်ရမည်ကို သတင်းထုတ်ပြန်မည်၊ သင်တို့သည် ယုံကြည်သူများဖြစ်ကြလျှင် ဧကန်ပင် ဤ၌ သုတ်ဒေသနာ တစ်ရပ် ရှိနေ၏။
၃း၅၀။ ကျွန်ုပ်သည် လက်ရှိ ဓမ္မဟောင်းကို ဖြောင့်မှန်စေပြီ၊ သင်တို့ အပေါ်၌ တားမြစ်သည်မှ အချို့ကို တရားဝင်စေပြီ၊ သင်တို့၏ ကံကြမ္မာရှင် ထံမှ သုတ်ဒေသနာများကို သင်တို့ထံသို့ ရောက်လာစေပြီ။ သို့ဖြစ်၍ ပရမတ်ဘုရားရှင် ကိုသာ စည်းစောင့်ကြလော့၊ အကျွန်ုပ်အားနာခံကြလော့။
၃း၅၁။ ဧကန်ပင် ပရမတ် ဘုရားရှင်သည် ကျွန်ုပ်၏ ကံကြမ္မာရှင်၊ သင်တို့၏ ကံကြမ္မာရှင် ဖြစ်၏၊ အရှင့် ကိုသာ ကိုးကွယ်ကြလော့၊ ဤသည် ဖြောင့်မှန် သော လမ်းစဉ် ဖြစ်၏။
၃း၅၂။ ယေရှုသည် သူတို့မှ ဖုံးကွယ်မှုများကို ရင်ဆိုင်တွေ့သော်-“ပရမတ် ဘုရားရှင်အလို့ငှာ ကျွန်ုပ်အားမည်သူ ကူညီမည်နည်း၊”ဟု မေးမြန်းသော်၊ ဝတ်ရုံဖြူများက “ကျွန်ုပ်တို့သည် ပရမတ်ဘုရားရှင်အလို့ငှာ ကူညီသူများဖြစ်ပါ၏၊ ပရမတ်ဘုရားရှင်၌ ယုံကြည်သက်ဝင်ပါ၏၊ ကျွန်ုပ်တို့သည် သန္တိသုခဝါဒီများဖြစ်ကြောင်းသက်သေပြုပါ၏၊”ဟု ကြွေးကြော်လျက်-
၃း၅၃။ “အို၊ ကံကြမ္မာရှင် တပည့်တော်တို့သည် အရှင် ချမှတ်ပေးသည်ကို ယုံကြည် သက်ဝင်ပါ၏၊ ဉာဏ်စဉ်ဆောင်အားလိုက်နာပါ၏၊ သို့ဖြစ်၍ သက်သေပြုသူများနှင့်အတူ မှတ်တမ်းတင်ပေးတော်မူပါ၊”ဟု ဆုပန်ကြ၏။
၃း၅၄။ သူတို့သည် ကြံစည်ကြ၏။ ပရမတ်ဘုရားရှင်သည်လည်းကြံစည် နေ၏၊ ပရမတ်ဘုရားရှင်သည် အကောင်းဆုံးကြံစည်နိုင်သောရှင် ဖြစ်၏။
၃း၅၅။ ပရမတ်ဘုရားရှင်က “အေ- ယေရှု၊ ငါသည် သင့်အားသက်တမ်းကုန်စေ၍၊ ငါ့ အထံတော်၌ မြှောက်စားတော်မူမည်၊ ဖုံးကွယ်သောသူများမှ သင့်အားသန့်စင်စေ တော်မူမည်၊ သင့်ကို လိုက်နာသောသူတို့အားရပ်တည်ရသော နေ့ ထိတိုင် ဖုံးကွယ် သော သူတို့ထက် အပေါ်စီးမှ စီစဉ်ပေးတော် မူမည်၊ တဖန် သင်တို့၏ အပြန်ခရီးသည် ငါ့ထံသို့ ဖြစ်၏၊ သင်တို့၏ အကြားကွဲလွဲခြင်းရှိခဲ့ရာများကို ငါအရှင် စီရင်ထုံးချတော်မူမည်။”ဟု မိန့်၏။
၃း၅၆။ သို့ဖြင့် ဖုံးကွယ်သော သူတို့အတွက်မူ ဤဘ၀ နောင်ဘ၀၌ ပြင်းထန် သော ဝဋ်ကြွေးဖြင့် ဝဋ်ခံရစေမည်၊ သူတို့အတွက် ကူညီမည့်သူ မရှိချေ။
၃း၅၇။ ယုံကြည်လျက် ပြုပြင်ပြောင်းလဲမှု ကျင့်ကြံသောသူတို့ အတွက်မူ သူတို့၏ ဆုလဒ်ကို ပြီးပြည့်စေလတ္တံ့၊ ပရမတ်ဘုရားရှင်သည် အမိုက်ကောင်များအားနှစ်သက်တော်မမူပေ။
၃း၅၈။ ဤသည် သင့်အားငါအရှင် ရွတ်ဖတ်ပြသည့် သုတ်ဒေသနာများမှ သတိရစေသော ဓမ္မသတ်များဖြစ်၏။
၃း၅၉။ ဧကန်ပင် ပရမတ်ဘုရားရှင်၏ ထံတော်၌ ယေရှု၏ ပမာသည်ကားအာဒံ ကဲ့သို့ ဖြစ်၏၊ သူ့အားမြေမှုန့်မှ ဖြစ်တည်စေပြီး-“ဖြစ်၊”ဟု မိန့်လိုက်သော် “ဖြစ်တည်လာရမည်တည်း။”
၃း၆၀။ သစ္စာဓမ္မသည် သင်၏ကံကြမ္မာရှင် ထံမှ ဖြစ်၏၊ သို့ဖြစ်၍ အချင်းများသူများတွင် မပါဝင်နှင့်၊
၃း၆၁။ အသိပညာမှ သင့်ထံသို့ ရောက်လာ ပြီးနောက် သင့်အားစောကြောလာသူ ရှိလျှင်- “လာကြလော့၊ ကျွန်ုပ်တို့၏ သားမြေးများ၊ သင်တို့၏ သားမြေးများ၊ ကျွန်ုပ်တို့၏ အမျိုးသမီးများ၊ သင်တို့၏ အမျိုးသမီးများနှင့် ကျွန်ုပ်တို့၏ ဉာဉ်စရိုက်များသင်တို့၏ ဉာဉ်စရိုက်များကို ဆင့်ခေါ်၍ လိမ်ညာသူများ၏ အပေါ်သို့ ပရမတ်ဘုရားရှင်၏ မေတ္တာဝေးမှု စီစဉ်ပါစေဟု ရိုကျိုးစွာကျိန်ဆိုကြစို့၊” ဟု ကြေညာလော့။
၃း၆၂။ ဧကန်ပင် ဤသည်မှာ တိကျမှန်ကန်သော ဖေါ်ပြချက်ပင် ဖြစ်၏၊ ပရမတ်ဘုရားရှင်မှ အပ အခြားဘုရားဟူ၍ မရှိပြီ၊ လုံး၀ဧကန်- ပရမတ်ဘုရားရှင် သည် ဘုန်းတော်ရှင် ဓမ္မသတ်ရှင် ဖြစ်၏။
၃း၆၃။ အကယ်၍ လှည့်သွားခဲ့ကြလျှင်- ဧကန်ပင် ပရမတ်ဘုရားရှင်သည် အဖျက်ကောင်များကို သိနေသော အရှင်ဖြစ်၏။
၃း၆၄။ ဖိတ်ခေါ်လော့ “အို၊ ကျမ်းစာဝိုင်းသားတို့- လာကြလော့၊ ပရမတ် ဘုရားရှင်မှအပ အခြားကို မကိုးကွယ်ပါ၊ အရှင်နှင့် တစ်စုံတစ်ရာကို ရောပြွန်းခြင်းမပြုပါ၊ ပရမတ်ဘုရားရှင် မှလွဲ၍ ကျွန်ုပ်တို့မှ အချို့ကို အချို့က အရှင်ဘုရားဟူ၍ အယူ မထားပါ ဟု ကျွန်ုပ်တို့ကြားသင်တို့ကြားတူမျှသော ကတိသစ္စာ ပြုကြစို့။” သူတို့ လှည့်သွားခဲ့လျှင် “ကျွန်ုပ်တို့သည် သန္တိသုခဝါဒီများဖြစ်ကြ၏”ဟု ပြော လျက် သင်တို့ သက်သေပြုကြလော့။
၃း၆၅။ အို ကျမ်းစာဝိုင်းသားတို့ အီဗရာဟီးမ်နှင့် ပတ်သက်လျက် အဘယ်ကြောင့် စောကြောနေကြသနည်း၊ ဓမ္မဟောင်း- ဓမ္မသစ် တို့ကို သူ့ခေတ် နောက်တိုင် ချမှတ်သေးသည် မဟုတ်ချေ၊ အတွေးအခေါ် မရှိကြ သလော။
၃း၆၆။ သင်တို့သည် မိမိတို့မသိသည့် အရာကို စောကြောနေသူများဖြစ်ကြ၏၊ အသင်တို့ အသိမရှိသော အရာ၌ အဘယ်ကြောင့် စောကြောနေကြ သနည်း၊ သင်တို့ မသိသည်ကို ပရမတ်ဘုရားရှင်က သိနေတော်မူ၏။
၃း၆၇။ အီဗရာဟီးမ်သည် ရေ၀တီမဟုတ်၊ ခရစ်ယာန်လည်းမဟုတ်၊ သို့ရာတွင် သူသည် အယူသန့်သော သန္တိသုခဝါဒီ ဖြစ်၏၊ သူသည် ရောပြွန်းကိုးကွယ်သူများ၌ မပါဝင်ချေ။
၃း၆၈။ ဧကန်ပင် အီဗရာဟီးမ်ထံသို့ ပိုလှည့်သော လူသားများမှာ သူနှင့် ဤသတင်းတော်ဆောင်အားလိုက်နာသော သူများ၊ ယုံကြည်သော သူများဖြစ်ကြ၏၊ ပရမတ်ဘုရားရှင်သည် ယုံကြည်သူများအတွက် မဟာမိတ် ဖြစ်၏။
၃း၆၉။ ကျမ်းစာဝိုင်းသားများမှ တစ်စုသည် သင်တို့အားလွဲချော်စေလိုကြ ၏၊ သူတို့၏ ဉာဉ်ကိုသာ သူတို့ လွဲချော်စေပြီ၊ သတိမမူနိုင်ကြချေ။
၃း၇၀။ အို ကျမ်းစာ ဝိုင်းသားတို့ သင်တို့သည် သက်သေများဖြစ်လျက် ပရမတ်ဘုရားရှင်၏ သုတ်ဒေသနာများကို အဘယ်ကြောင့် ဖုံးကွယ်ကြသနည်း။
၃း၇၁။ အို၊ ကျမ်းစာ ဝိုင်းသားတို့ အဘယ်ကြောင့် အမှန်ကို အမှားဖြင့် ဆင်ယင်နေကြသနည်း၊ သင်တို့ သိနေပါလျက် အမှန်ကို အဘယ်ကြောင့် ထိန်ဝှက်ကြသနည်း။
၃း၇၂။ ကျမ်းစာဝိုင်းသားများမှ တစ်စုက နှိုးဆော်သည်မှာ “သူတို့ ဦးလှည့် စေခြင်းငှာ ယုံကြည်သောသူများအပေါ် ချမှတ်ပေးရာအားနေ့ပိုင်းမျက်နှာစာ အယုံပြ၍ နောက်ပိုင်းဖုံးကွယ်ငြင်းဆန်ပစ်ကြလော့-
၃း၇၃။ -သင်တို့ လိုက်နာသော သာသနာဝင် မှအပ မယုံကြည်ကြနှင့်၊”ဟု ဖြစ်၏။ ဟောကြားလော့ “ပရမတ် ဘုရားရှင်၏ လမ်းညွှန်သာလျှင် လမ်းညွှန်မှန် ဖြစ်၏၊ သင်တို့အားပေးအပ်သကဲ့သို့ တစ်စုံတစ်ယောက်အားပေးအပ် ချီးမြှင့်နိုင်၏ သို့မဟုတ် သင်တို့၏ ကံကြမ္မာရှင် ထံ၌ သင်တို့အားစောကြော နိုင်၏။” ပြောဦးလော့ “ဧကန်ပင် သိက္ခာပေးမှုသည် ပရမတ်ဘုရားရှင်၏ လုပ်ပိုင်ခွင့်၌ ရှိ၏၊ အရှင်သည် စံချိန်ပြည့်သူအားချီးမြှင့် တော်မူ၏၊ ပရမတ်ဘုရားရှင်သည် အသိဉာဏ်တော် ဖြန့်ကျက်ထားသော အရှင် ဖြစ်၏။”
၃း၇၄။ စံချိန်ပြည့်သူအားကရုဏာတော်ဖြင့် သီးသန့်ရွေးကောက်၏၊ ပရမတ် ဘုရားရှင်သည် မဟာ့မဟာ သိက္ခာပေးသော အရှင် ဖြစ်၏။
၃း၇၅။ ကျမ်းစာ ဝိုင်းသားများအနက် သင် ယုံကြည်အပ်နှံသော စုငွေများမှ သင့်အားပြန်ပေးသူ ရှိ၏၊ သူတို့အနက် သင် ယုံကြည်အပ်နှံသော ငွေတစ်ပြားကို ပင် သင့်အားပြန်မပေးလို သောကြောင့် သူ့အပေါ် ယှဉ်ရပ်ရသူ ရှိ၏၊ ၎င်းမှာ “စာမတတ်သူများနှင့် ပတ်သက်၍ နည်းလမ်းမလို၊”ဟု ဆိုသောကြောင့် ဖြစ်၏၊ သူတို့သည် သိနေပါလျက် ပရမတ်ဘုရားရှင်နှင့် စပ်လျဉ်း၍ လိမ်လည် ပြောဆို ကြကုန်၏။
၃း၇၆။ အမှန်မှာ- မည်သူမဆို ပဋိညာဉ်အားပြီးပြည့်စေအံ့၊ စည်းစောင့်အံ့၊ ဧကန်ပင် ပရမတ်ဘုရားရှင်သည် စည်းစောင့်သူများအားနှစ်သက်တော်မူ၏။
၃း၇၇။ ပရမတ်ဘုရားရှင်၏ ပဋိညာဉ်အား၊ သူတို့ကိုယ်တိုင် အားသန်စွာ တန်ဘိုးချ ရောင်းစားသောသူတို့ အဘို့ အနာဂါတ် ဖြစ်တည်မှု မရှိပေ၊ သူတို့အားပရမတ် ဘုရားရှင်က ဗျာဒိတ်ခြွေမည် မဟုတ်၊ ရပ်တည်ရသော နေ့၌ ကြည့်တော့မည် မဟုတ်၊ သန့်ရှင်းဖြူစင်စေမည် မဟုတ် သူတို့ အဘို့ စူးနစ်သော ဝဋ်ကြွေးသည် ရှိနေ၏။
၃း၇၈။ ဧကန်ပင် သူတို့မှ တစ်ဖွဲ့သည် ကျမ်းတော်အားနှတ်လျှာကို လှည့် လျက် ကျမ်းတော်၌ မပါသည်ကို ကျမ်းတော်၌ ပါသည်ဟု စဉ်းစားစေရန် ပြု၏၊ ပရမတ်ဘုရားရှင်၏ထံပါးမှ မဟုတ်သည်ကို ပရမတ်ဘုရားရှင်၏ ထံပါးမှ-ဟု ပြောဆိုကြ၏၊ သူတို့သည် သိနေပါလျက် ပရမတ်ဘုရားရှင်၏ အပေါ်၌ လိမ်လည် ပြောဆိုကြ၏။
၃း၇၉။ ပရမတ်ဘုရားရှင်က ကျမ်းတော်၊ ဓမ္မသတ်တော်နှင့် သတင်းတော်ဆောင်ဘွဲ့ကို ချီးမြှင့်သော မည်သည့် လူပုဂ္ဂိုလ် ဖြစ်သူမှ- ပရမတ်ဘုရားရှင် မှလွဲ၍ အကျွန်ုပ်အားကိုးကွယ်ကြဟု ပြောဆိုမည် မဟုတ်ချေ၊ သို့ရာတွင် သင်တို့ သည် ကျမ်းတော်အားသင်ပေးသူများအဖြစ်၊ သင်တို့သည် လေ့လာသူများအဖြစ် ကံကြမ္မာရှင်အားဆည်းကပ်သူများဖြစ်ကြလော့ဟု ပြောလိမ့်မည်။
၃း၈၀။ နိမိတ် ဆောင်များနှင့် သတင်းတော်ဆောင်များအားအရှင်ဘုရားအဖြစ် အယူထားကြ ရန်လည်းညွှန်ကြားမည် မဟုတ်ပေ။ သင်တို့သည် သန္တိသုခဝါဒီများဖြစ်ပြီးနောက်မှ ဖုံးကွယ်ကြရန် ညွှန်ကြားဦးမည်လော။
၃း၈၁။ ပရမတ်ဘုရားရှင်က သတင်းတော်ဆောင်တို့အား“ငါသည် သင်တို့ အားကျမ်းတော်မှ ဓမ္မသတ်ကို ပေးအပ်ပြီ၊ တဖန် သင်တို့၌ ရှိသည်ကို ဖြောင့်မှန် စေမည့် ဉာဏ်စဉ်ဆောင် တစ်ပါးသင်တို့ထံသို့ ရောက်လာစေမည် သူ့အားယုံကြည်ကြလော့၊ သူ့အားကူညီကြလော့၊”ဟု ကတိခံဝန်ကို ယူ၍ “ငါ၏ တာဝန်ကို သင်တို့ အတည်ပြု သလော၊ လက်ခံကြ သလော၊”ဟု မေးမြန်းသော်၊ “တပည့်တော်တို့ အတည်ပြုပါသည်၊”ဟု လျှောက်ထားကြ၏။ အရှင်က “သက်သေများဖြစ်ကြလော့၊ ငါအရှင်သည်လည်းသက်သေများနှင့်အတူ ရှိတော် မူ၏၊”ဟု မိန့်ဆို၏။
၃း၈၂။ သည်နောက်တွင်မှ လှည့်သွားခဲ့သူ ထိုသူတို့သည် ယုတ်မာ သူများဖြစ်ကြ၏။
၃း၈၃။ ပရမတ်ဘုရားရှင်၏ သာသနာမှအပ အခြားကို ရှာဖွေလိုကြ သလော၊ မိုးများနှင့် မြေ၌ ရှိသူတို့သည် သဘောတူသည် ဖြစ်စေ၊ သဘော မတူသည်ဖြစ်စေ အရှင့် အတွက် ငြိမ်းငြိမ်းချမ်းချမ်းနေပေးရ၏၊ အရှင့်ထံ သို့သာ ပြန်ရကြမည်ပင်။
၃း၈၄။ “ကျွန်ုပ်တို့သည် ပရမတ်ဘုရားရှင်၊ ကျွန်ုပ်တို့ ထံသို့ ချမှတ် ပေးရာ၊ အီဗရာဟီးမ်၊ အီစ္စမာအီလ်၊ အီစ္စဟာ့က်၊ ယာကုဗ်နှင့် လူမျိုးစုများထံသို့ ချမှတ်ပေးရာ၊ မူဆာနှင့် ယေရှုတို့ ထံသို့ ပေးအပ်ရာနှင့် သတင်းတော်ဆောင် တိုင်းအားကံကြမ္မာရှင်၏ထံမှ ပေးအပ်ရာတို့ကို ယုံကြည်ကြ၏၊ ထို ကိုယ်တော် များကြားတစ်ပါးနှင့် တစ်ပါးမခွဲခြားပါ။ ကျွန်ုပ်တို့သည် အရှင့်အတွက် ငြိမ်းချမ်းရေးပြုသူများဖြစ်ကြ၏၊” ဟု ပြောဦးလော့။
၃း၈၅။ သန္တိသုခလမ်းစဉ်မှအပ အခြားသာသနာ တစ်ခုခုအားရှာဖွေသူ သည် သူ့အလို အကိုးပြည့်မည် မဟုတ်ချေ၊ ထိုသူတို့သည် နောင်ဘ၀၌ ဆုံးရှုံးရ သူများဖြစ်ရမည်။
၃း၈၆။ သက်ဝင်ယုံကြည် ပြီးနောက်၊ ဉာဏ်စဉ်ဆောင်သည် မှန်ကန်ကြောင်းသက်သေပြုပြီးနောက်၊ သူတို့ထံသို့ ရှင်းလင်းချက်များရောက် လာစေပြီ၊ ဖုံးကွယ်ကြသော လူမျိုးစုအားပရမတ် ဘုရားရှင်က မည်သို့ လမ်းညွှန် အံ့နည်း၊ ပရမတ်ဘုရားရှင်သည် မိုက်ကြေးခွဲသော လူမျိုးအားလမ်းညွှန်တော် မမူချေ။
၃း၈၇။ သူတို့ အစားရမည်မှာ ပရမတ်ဘုရားရှင်၊ နိမိတ်ဆောင်များနှင့် လူသားအပေါင်း၏ မေတ္တာဝေးစေခြင်း-
၃း၈၈။ ၌ အစဉ်အမြဲ ဖြစ်၏။ သူတို့၏ ဝဋ်ကြွေးကို ပေါ့ပါးစေမည် မဟုတ်၊ စောင့်ကြည့်ခွင့်ပေးမည်လည်းမဟုတ်ပေ။
၃း၈၉။သို့သော် ထိုသို့ ပြုမိပြီးနောက် ခဝါချလျှက် ပြုပြင်သောသူများအတွက်- ဧကန်ပင် ပရမတ်ဘုရားရှင်သည် လွတ်ငြိမ်းစေသော အရှင် အကြင်နာရှင် ဖြစ်၏။
၃း၉၀။ သူတို့ထံသို့ ယုံကြည်မှု ရောက်ပြီးမှ ဖုံးကွယ်ကြလျှက် ထို ဖုံးကွယ် ခြင်းကို တိုးပွားသောသူ၏ ခဝါချမှုကို အကိုးပြည့်စေမည် မဟုတ်၊ သူတို့သည် လွဲမှားသူများဖြစ်ကြ၏။
၃း၉၁။ ဧကန် ဖုံးကွယ်သောသူများမှ- ဖုံးကွယ်သူ အဖြစ်နှင့် ပင် သေဆုံးသွားသူ တစ်ဦးဦးအတွက် ကမ္ဘာမြေ အပြည့်ရှိသော ရွှေသားအတိ လျော်ကြေးပေးသော်လည်းအကိုးပြည့်မည် မဟုတ်ချေ။ သူတို့အတွက် စူးနစ် သော ဝဋ်ကြွေးသည် ရှိနေ၏၊ ကူညီမည့်သူ မရှိပြီ။
၃း၉၂။ သင်တို့နှစ်သက်ရာကို စွန့်လှု သုံးစွဲခြင်းမရှိသ၍ ကောင်းမှုကို ဆွတ်ခူးနိုင်မည် မဟုတ်၊ သင်တို့ စွန့်လှုသုံးစွဲသော တစ်စုံတစ်ရာအားဧကန်ပင် ပရမတ်ဘုရားရှင်က သိနေတော်မူသော အရှင် ဖြစ်၏၊
၃း၉၃။ ဓမ္မဟောင်းအားမချမှတ်မှီ အစ္စရေးလ်က သူ့စရိုက်ကို တားမြစ် သည်မှအပ အစားအစာတိုင်းသည် ဂျူးလူမျိုးများအတွက် တရားဝင် ဖြစ်၏ဟု ဆိုသူတို့အား“သင်တို့သည် ဖြောင့်မှန်သူများဖြစ်ကြလျှင် ဓမ္မဟောင်းကို ယူခဲ့ လျက် ဖတ်ပြကုန်လော့၊”ဟု တောင်းဆိုလော့။
၃း၉၄။ သည့်နောက်တွင်မှ ပရမတ် ဘုရားရှင်နှင့် စပ်လျဉ်း၍ လုပ်ကြံဖန်တီးလိမ်လည်သော မည်သူမဆို- သူတို့သည် အမိုက်ကောင်များဖြစ်ကုန်၏။
၃း၉၅။ “ပရမတ်ဘုရားရှင်က ဖြောင့်မှန် အယူသန့်စေသော အီဗရာဟီးမ်၏ ပဋိပါတ်ကျင့်စဉ်သို့ လိုက်ကြလော့၊ သူသည် ရောပြွန်းကိုးကွယ်သူများမှ မဟုတ် ချေ၊”ဟု ဟောကြားလော့။
၃း၉၆။ ဧကန်ပင် လူသားတို့ အတွက် အဦးဆုံးစတည်ခဲ့ သော အိမ်တော်မှာ ဗကာဟ်မြို့၌ ဖြစ်၍၊ လောကခပ်သိမ်းအတွက် ကျက်သရေ မင်္ဂလာနှင့် လမ်းညွှန်ရာ ဖြစ်၏။
၃း၉၇။ ဤမြို့၌ ထင်ရှားသော နိမိတ်လက္ခဏာတို့ ရှိ၏၊ အီဗရာဟီးမ်၏ ရပ်တည်ခဲ့ရာ ရှိ၏။ ထိုအရပ်သို့ ဝင်ရောက်သူသည် ယုံကြည်စိတ် ချရ၏၊ ခရီးလမ်းသွားရန် တတ်နိုင်သူအဘို့ ထိုအိမ်တော်၌ ပရမတ်ဘုရားရှင် အတွက် ကံဆောင်ပရိဝါ့သ်ပြုရန် လူလားတို့ အပေါ်၌ ပြဌာန်း၏၊ အကယ်၍ ဖုံးကွယ်သူ ရှိသော် ဧကန်ပင် ပရမတ်ဘုရားရှင်သည် လောကခပ်သိမ်းအပေါ်၌ ကုံလုံပြည့်စုံတော်မူ၏။
၃း၉၈။ ဟောလော့ “အို- ကျမ်းစာဝိုင်းသားတို့ ပရမတ်ဘုရားရှင်၏ သုတ်ဒေသနာများအားအဘယ်ကြောင့် ဖုံးကွယ်ကြသနည်း၊ ပရမတ်ဘုရားရှင် သည် သင်တို့ ကျင့်ကြံသမျှ၌ သက်သေပင် ဖြစ်၏။”
၃း၉၉။ ဟောလော့ “အို- ကျမ်းစာ ဝိုင်းသားတို့၊ သင်တို့ကိုယ်တိုင် သက်သေများဖြစ်ပါလျက် ယုံကြည်သူတို့အားကောက်ကျစ်မှုကို ရှာစေ၍ ပရမတ်ဘုရားရှင်၏ လမ်းစဉ်တော်မှ အဘယ်ကြောင့် ရှောင်ဖယ်နေသနည်း။” ပရမတ်ဘုရားရှင်သည် ကျင့်ကြံသမျှအားမေ့လျော့ထားသည် မဟုတ်ပေ။
၃း၁၀၀။ အို- ယုံကြည်သောသူတို့၊ ကျမ်းပေးခံရသော သူများမှ တစ်ဖွဲ့အားနာခံကြလျှင်၊ သူတို့က သင်တို့အားယုံကြည်ပြီးမှ ဖုံးကွယ်သူများအဖြစ် ပြန်လှည့် စေလိုကြ၏။
၃း၁၀၁။ သင်တို့အားပရမတ်ဘုရားရှင်၏ သုတ်ဒေသနာများကို ဖတ်ပြ နေပါလျက်၊ အရှင်၏ ဉာဏ်စဉ်ဆောင်သည် သင်တို့ အထဲ၌ ရှိနေပါလျက်- သင်တို့ မည်သို့ ဖုံးကွယ်အံ့နည်း၊ ပရမတ်ဘုရားရှင် ဘက်မှ မားမားရပ်သူအားဖြောင့်မှန် သော လမ်းစဉ်သို့ မုချ ညွှန်ခြင်းခံရစေလတ္တံ့။
၃း၁၀၂။ အို- ယုံကြည်သောသူတို့၊ ပရမတ်ဘုရားရှင်အားမှန်ကန်စွာ စည်းစောင့်ခြင်းဖြင့် စည်းစောင့်ကြလော့၊ သင်တို့သည် သန္တိသုခဝါဒီများအဖြစ်မှ အပ ခန္ဓာမစွန့်ကြကုန်နှင့်။
၃း၁၀၃။ ပရမတ်ဘုရားရှင်၏ ကတိကြိုးဘက်မှ မားမားရပ် ကြလော့၊ စုစည်းကြလော့ မခွဲခြားကြနှင့်၊ သင်တို့ချင်းစည်းဖေါက်သူများအဖြစ် ရှိနေရာမှ အရှင်၏ ဂုဏ်ပေးမှုဖြင့် သင်တို့၏ စိတ်နှလုံးချင်းကြားညီအစ်ကို အဖြစ် စည်းလုံးမှု ဖြစ်လာစေသည့်- ယခင် မူလက မီးလျှံ ကမ်းပါး၌ ရှိနေသော သင်တို့အားကယ်ဆယ်ခဲ့သည့်- ပရမတ်ဘုရားရှင်၏ ဂုဏ်ပေးမှုကို သတိရလော့၊ သင်တို့ အတွက် လမ်းညွှန် မှန်ရအံ့သောငှာ ပရမတ်ဘုရားရှင်က သုတ်ဒေသနာ များကို ဤသို့ရှင်းလင်းစေ၏၊
၃း၁၀၄။ သင်တို့အနက် အကောင်းသို့ ဖိတ်ခေါ်သော၊ အသိအမှတ် ပြု ညွှန်ကြားသော၊ သူစိမ်းဆန်ခြင်းကို ဟန့်တားသော အသိုင်းအဝိုင်းရှိလိမ့်မည်၊ သူတို့သည် အောင်မြင်ပေါက်မြောက်သူများဖြစ်ရလတ္တံ့။
၃း၁၀၅။ အချင်းချင်းခွဲခြားနေလျက် သူတို့ထံသို့ ရှင်းလင်းချက်များရောက် လာစေပြီးမှ သဘောထားကွဲသောသူများကဲ့သို့ မဖြစ်ကြနှင့်၊ သူတို့ အဘို့ မဟာ ဝဋ်ကြွေးကြီးရှိနေ၏။
၃း၁၀၆။ မျက်နှာများဖြူစင်တောက်ပသော၊ သို့မဟုတ် မျက်နှာ များသုန်မှုန်မဲမှောင်သော နေ့ကာလ၌၊ မျက်နှာ မဲမှောင်သော သူတို့မှာမူ အသင် တို့သည် ယုံကြည်ပြီးမှ ဖုံးကွယ်ခဲ့သည် မဟုတ်လော၊ သင်တို့ ဖုံးကွယ်လေ့ရှိခဲ့သည့် ဝဋ်ကြွေးကိုသာ မြည်းကြလော့ ဟု စေခံရ၍-
၃း၁၀၇။ သို့သော် မျက်နှာ ဖြူစင်သော သူတို့ မှာမူ ပရမတ်ဘုရားရှင်၏ ကရုဏာရိပ်၌ ဝင်ရလျက် ထို၌ အစဉ်ခံစားစေလတ္တံ့။
၃း၁၀၈။ ဤသည် ပရမတ်ဘုရားရှင်က သင့်အားသစ္စာတရားဖြင့် ရွတ်ဖတ် ဆင့်ပြန်သော သုတ်ဒေသနာများဖြစ်၏၊ ပရမတ်ဘုရားရှင်သည် လောကခပ်သိမ်းအားအမိုက်သင့်စေလိုသည် မဟုတ်ချေ။
၃း၁၀၉။ မိုးများနှင့် မြေအတွင်းရှိသမျှသည် ပရမတ်ဘုရားရှင်၏ အချုပ်အခြာ၌ ရှိ၏၊ အရေးအရာတိုင်းသည် ပရမတ် ဘုရားရှင်၏ ထံသို့ ဦးလှည့်ရမည်သာတည်း။
၃း၁၁၀။ သင်တို့သည် လူသားတို့ အတွက် ပေါ်ထွန်းလာသော အကောင်းဆုံးအသိုင်းအဝိုင်းပင် ဖြစ်၏၊ အသိအမှတ်ပြု ညွှန်ကြားကြကုန်၊ သူစိမ်းဆန်ခြင်းကို ဟန့်တားကြကုန်၊ ပရမတ်ဘုရားရှင်အားယုံကြည်ကြကုန်လော့၊ ကျမ်းစာ ဝိုင်းသားများသည် ယုံကြည်ကြလျှင် သူတို့အတွက် သာ၍ကောင်းပေ၏၊ သူတို့အနက် ယုံကြည်သူများလည်းရှိ၏၊ အများစုမှာ ယုတ်မာသူများဖြစ်ကြ၏။
၃း၁၁၁။ ထိခိုက်နာကျင်မှု မှအပ သင်တို့အားမနစ်နာစေနိုင်၊ အကယ်၍ သင်တို့နှင့် တိုက်ပွဲဖြစ်ကြလျှင် သင်တို့ဘက်မှ လှည့်၍ နောက်တန်းသို့ ထွက်ပြေးလတ္တံ့၊ သူတို့သည် အကူအညီရမည် မဟုတ်ပေ။
၃း၁၁၂။ ပရမတ်ဘုရားရှင်မှ ကတိ ကြိုးနှင့် လူသားတို့မှ ကတိကြိုးမှအပ သူတို့အားထိပ်တိုက်တိုးရာ၌ သိမ်ငယ်ခြင်းကို ရိုတ်ခတ်စေပြီ၊ ပရမတ်ဘုရားရှင်၏ ထံမှ ကံကြီးသင့်မှုနှင့် သူတို့အပေါ်၌ နွမ်းပါးခြင်းကို ရိုက်ခတ်စေပြီ၊ ဤသည်မှာ သူတို့သည် ပရမတ်ဘုရားရှင်၏ သုတ်ဒေသနာများအားဖုံးကွယ်လေ့ရှိခြင်း၊ သတင်းတော်ဆောင်များအားသစ္စာ မဲ့စွာ သတ်ဖြတ်ခြင်းများကြောင့် ဖြစ်၏၊ ဤသည် သူတို့၏ အာခံမှုနှင့် စည်းဖေါက်လေ့ ရှိမှုများကြောင့် ဖြစ်၏။
၃း၁၁၃။ အားလုံးတူညီသည် မဟုတ်ပေ၊ ကျမ်းစာ ဝိုင်းသားများအနက် ပရမတ်ဘုရားရှင်၏ သုတ်ဒေသနာများကို ညည့်ယံ အချိန်များ၌ ရွတ်ဖတ်လျက် ဦးချဝပ်တွားသော ရပ်တည်ချက် ခိုင်မာသည့် အသိုင်းအဝိုင်းလည်းရှိနေ၏။
၃း၁၁၄။ ပရမတ်ဘုရားရှင်နှင့် နောင်ဘ၀ နေ့ကာလကို ယုံကြည်ကြ၏၊ အသိအမှတ်ပြု ညွှန်ကြားကြ၏၊ သူစိမ်းဆန်ခြင်းကို ဟန့်တားကြ၏၊ ကောင်းခြင်းတရား၌ အလျင်စလို ရှိကြ၏၊ သူတို့သည်ကားပြုပြင်ပြောင်းလဲသူများဖြစ်ကြ၏။
၃း၁၁၅။ ကောင်းမှုဆောင်တာ ပြုလုပ်ကြခြင်းကို ဖုံးကွယ်ပစ်မည် မဟုတ်ချေ၊ ပရမတ် ဘုရားရှင်သည် စည်းစောင့်သူတို့အားသိနေတော်မူသော အရှင် ဖြစ်၏။
၃း၁၁၆။ ဖုံးကွယ်သော သူများအတွက် သူတို့၏ ဥစ္စာပစ္စည်းများ၊ ရင်သွေးများသည် ပရမတ်ဘုရားရှင်၏ ထံတော်၌ တစ်စုံတစ်ရာမျှ ပြည့်စုံမည် မဟုတ်။ သူတို့သည် အပူမီး၏ ပေါင်းဖေါ်များဖြစ်ကြ၏၊ ထို၌ အစဉ်ခံစားရမည်ပင်။
၃း၁၁၇။ ဤလောကီဘ၀၌ ထိုသူတို့၏ သုံးစွဲခြင်းဥပမာသည်ကားစိတ်စရိုက် မိုက်ကြေးခွဲနေသည့် လူမျိုး၏ စိုက်ပျိုးမြေအားထိခိုက် တိမ်ကောစေသည့် ဇွတ်တိုးတိုက် နေသော လေကဲ့သို့ ဖြစ်၏။ ပရမတ်ဘုရားရှင်သည် သူတို့အားအဝိဇ္ဇာသင့်စေ သည် မဟုတ်ချေ၊ သူတို့ စရိုက်ကို သူတို့က မိုက်ကြေးခွဲနေကြ၏။
၃း၁၁၈။ အို- ယုံကြည်သောသူတို့၊ သင်တို့ချင်းမှလွဲ၍ သင်တို့အားဆုတ်ယုတ်စေရန် ကိုးထားသူတို့အားအတွင်းလူ အဖြစ် မစွဲယူကြနှင့်၊ သူတို့က သင်တို့အားစိတ်ပင်ပန်းစေလို၏၊ သူတို့၏ ပါးစပ်များမှ အာဃာတများပွင့်ထွက် ၏၊ သူတို့၏ ရင်တွင်း၌ ပို၍ကြီးသော ထိန်ဝှက်မှုများရှိနေ၏၊ သင်တို့ အတွေးအခေါ် ရှိကြလျှင်- သင်တို့အတွက် ငါအရှင်သည် သုတ်ဒေသနာများကို မုချဧကန် ရှင်းလင်းစေတော်မူပြီ။
၃း၁၁၉။ သင်တို့သည် ကျမ်းတော်အားအလုံးစုံ ယုံကြည် သောကြောင့်၊ သင်တို့ ချစ်ခင်သော သူတို့က- သင်တို့အားချစ်ခင်ခြင်းမရှိပေ၊ သင်တို့အားဆုံသောခါ သူတို့က “ကျွန်ုပ်တို့လည်းယုံကြည်ကြပါ၏၊”ဟု ပြောဆို လျက်၊ သူတို့ချည်းဖြစ်သော် သင်တို့ အပေါ် ဒေါသဖြစ်လျက် ပုရွက်ဆိတ်ကိုက် ကိုက်ကြကုန်၏၊ “သင်တို့ဒေါသဖြင့် သင်တို့ သေကြကုန်၊”ဟု ပြောလော့။ သူတို့၏ ရင်တွင်း၌ ရှိသည်ကို ပရမတ်ဘုရားရှင်သည် သိနေတော်မူသော အရှင် ဖြစ်၏။
၃း၁၂၀။ အကယ်၍ သင်တို့အားသုမင်္ဂလာ သက်လျှင် သူတို့အတွက် အကုသိုလ် ဝေဒနာ ဖြစ်၏၊ သင်တို့အားအကုသိုလ် ထိလျှင် သူတို့ ဝမ်းသာအားရ ဖြစ်ကြ၏၊ သည်းခံပါရမီထား၍ စည်းစောင့်လျှင် သူတို့၏ ကြံစည်မှုသည် သင်တို့အားတစ်စုံတစ်ရာ နစ်နာစေမည် မဟုတ်ပေ၊ ဧကန်ပင် ပရမတ်ဘုရားရှင် သည် သူတို့ ကျင့်ကြံသမျှကို ဝိုင်းရံထားတော်မူ၏။
၃း၁၂၁။ စစ်ပြင်ရန်အတွက်၊ ယုံကြည်သူများတပ်စွဲရာ၌ အထိုင်ချရန် သင်သည် မိသားစုမှ ခွဲလျက် မနက် စောစော ထွက်သွားသောအခါ- ပရမတ်ဘုရားရှင်သည် ကြားနေသောအရှင် သိနေ သောအရှင် ဖြစ်၏။
၃း၁၂၂။ သင်တို့မှ လူစု နှစ်စုက စိတ်ဓါတ်ကျလျက် ကြံမိကြံရာ ဖြစ်သောအခါ- ပရမတ်ဘုရားရှင်သည် သူတို့၏ မဟာမိတ် ဖြစ်၏၊ ယုံကြည်သူ များအနေဖြင့် ပရမတ်ဘုရားရှင်အားကိုးစားထိုက်၏။
၃း၁၂၃။ သင်တို့ဘက်မှ အနှိမ်ခံရသော်လည်းပရမတ်ဘုရားရှင်သည် သင်တို့အားဘဒရ်စစ်ပွဲ၌ မုချ ကူညီခဲ့၏၊ သင်တို့ ကျေးဇူးသိတတ်အံ့ငှာ ပရမတ် ဘုရားရှင်အားစည်းစောင့်ကြလော့။
၃း၁၂၄။ ယုံကြည်သူတို့အား“သင်တို့၏ ကံကြမ္မာရှင်သည် သင်တို့အားတိုးပွားစေရန် နိမိတ်ဆောင် သုံးထောင်အားတာဝန် ချခဲ့သည်မှာ မလုံလောက်သလော၊”ဟု ပြောလျက်-
၃း၁၂၅။ အမှန်မှာ သင်တို့သည် သည်းခံပါရမီမြဲ၍ စည်းစောင့်ကြလျှင် သူတို့သည် သင်တို့ထံ ပွက်လောရိုက် ဝင်ရောက်လာ သော်လည်းသင်တို့၏ ကံကြမ္မာရှင်က ဘက်တံဆိပ်ရှိသော နိမိတ်ဆောင် ငါးထောင်ဖြင့် တိုးပွားစေလတ္တံ့။
၃း၁၂၆။ ပရမတ်ဘုရားရှင်သည် ၎င်းအားဖြင့် သင်တို့အားသတင်းကောင်းနှင့် စိတ်နှလုံးအေးငြိမ်းရန်သာ စီစဉ်ပေးတော်မူ၏၊ ဘုန်းတော်ရှင် ဓမ္မသတ်ရှင် ဖြစ်သော ပရမတ်ဘုရားရှင်၏ ထံမှအပ အကူအညီဟူ၍ မရှိခြင်းမှာ-
၃း၁၂၇။ ရန်သူတို့- မျက်ခြည်ပြတ်ရန် သို့မဟုတ် စိတ်ပျက် အရှက်ကွဲလျက် ဦးလှည့်ပြေးစေရန် ဖြစ်၏။
၃း၁၂၈။ သူတို့အားသင်ပုန်းချေပေးသည် ဖြစ်စေ၊ ဝဋ်ဒဏ်သင့်စေသည် ဖြစ်စေ၊ သင်၏ ညွှန်ကြားချက် တစ်စုံတစ်ရာမျှ မဟုတ်ချေ၊ ဧကန်ပင် သူတို့သည် အမိုက်ကောင်များဖြစ်ကြ၏။
၃း၁၂၉။ မိုးများနှင့် မြေ၌ ရှိသမျှတို့သည် ပရမတ် ဘုရားရှင်၏ အချုပ်အခြာ၌ ရှိ၏၊ အရှင်သည် စံချိန်ပြည့်သူအားလွတ်ငြိမ်းစေ၍ စံချိန်ပြည့်သူအလျောက် ဝဋ်သင့်စေ၏၊ ပရမတ်ဘုရားရှင်သည် လွတ်ငြိမ်းစေ သော အရှင် အကြင်နာရှင် ဖြစ်၏။
၃း၁၃၀။ အို- ယုံကြည်သောသူတို့၊ ထပ်ထပ်တိုးလျက် ထပ်ပြန်တိုးမစားကြ နှင့်၊ သင်တို့ အောင်မြင်ပေါက်မြောက်အံ့ငှာ ပရမတ်ဘုရားရှင်အားစည်းစောင့်ကြ လော့။
၃း၁၃၁။ ဖုံးကွယ်ငြင်းဆန်သူများအတွက် တွက်ချက်ပြင်ဆင် ထားသော အပူမီးမှ ကင်းရန် စည်းစောင့်ကြလော့။
၃း၁၃၂။ သင်တို့ အပေါ်သို့ ကရုဏာ သက်အံ့ သောငှာ ပရမတ်ဘုရားရှင်နှင့် ဉာဏ်စဉ်ဆောင်အားနာခံကြလော့။
၃း၁၃၃။ သင်တို့၏ ကံကြမ္မာရှင်ထံမှ လွတ်ငြိမ်းခွင့်နှင့် စည်းစောင့်သူများအတွက် တွက်ချက်ပြင်ဆင်ထားသည့် မိုးနှင့် မြေ ဘောင်အနှံ့ သုခဘုံသို့ အလျင်စလို ရှိကြလော့။
၃း၁၃၄။ သူတို့သည် အဆင်ပြေသည်ဖြစ်စေ နစ်နာနေသည် ဖြစ်စေ လှုဒါန်းသုံးစွဲကြ၏၊ ဒေါသဖြစ်မိသော် ယူကြုံးမရ ဖြစ်၏၊ လူသားတို့အားကျေအေးပေးကြ၏၊ ပရမတ်ဘုရားရှင်သည် ထိုသုမင်္ဂလာ ပြုသူတို့အားနှစ်သက် တော်မူ၏။
၃း၁၃၅။ သူတို့သည် ကိုယ်ကျင့်ပျက်ခြင်းပြုလုပ်မိသည် ဖြစ်စေ၊ သူတို့ စရိုက်ကိုသူတို့ မိုက်ကြေးခွဲမိသည်ဖြစ်စေ ပရမတ်ဘုရားရှင်အားသတိရရှုမှတ် ကြ၏၊ သူတို့၏ အပြစ်များမှ လွတ်ငြိမ်းဆုများပန်ကြ၏၊ ပရမတ်ဘုရားရှင်မှအပ မည်သူက အပြစ်များကို လွတ်ငြိမ်းစေမည်နည်း၊ သူတို့သည် သိနေလျက် ဇွတ်တိုးပြုလုပ်နေသည် မဟုတ်ချေ။
၃း၁၃၆။ သူတို့ အတွက် အစားရမည်မှာ ကံကြမ္မာရှင်၏ ထံမှ လွတ်ငြိမ်းစေခြင်းနှင့်- သူတို့ အစဉ်စံမြန်းရန် အောက်ခြေ၌ စမ်းချောင်းရေသွင် စီးဆင်းနေသော ဥယျာဉ်များဖြစ်၏။ ကျင့်ကြံသူများအတွက် ဂုဏ်ပေးခြင်းဆုလဒ်သည် ရှိ၏။
၃း၁၃၇။ သင်တို့၏ ရှေ့အလျင်က ဓလေ့အဖုံဖုံ ပျောက်ကွယ်ခဲ့ပြီ၊ သို့ဖြစ်၍ သင်တို့သည် ကမ္ဘာမြေအနှံ့ သွားလာလျက် ငြင်းဆန်သူတို့ နိဂုံးချုပ် မည်သို့ ဖြစ်သည်ကို ကြည့်ကြလော့။
၃း၁၃၈။ ဤရှင်းလင်းချက်သည် လူသားအပေါင်းအားလမ်းညွှန်တော်နှင့် စည်းစောင့်သူများအတွက် ဩဝါဒတော် ဖြစ်၏။
၃း၁၃၉။ အားမလျော့ကြနှင့် စိတ်မပူကြနှင့် သင်တို့သည် ယုံကြည်သူ စင်စစ် ဖြစ်သော် အပေါ် စီးမှ ဖြစ်လာလတ္တံ့။
၃း၁၄၀။ သင်တို့အားဒဏ်ရာဒဏ်ချက် ထိသက်ခဲ့လျှင်- အလားတူ ဒဏ်ရာ ဒဏ်ချက် ရန်ရှာသူများကိုလည်းထိသက်ပြီ။ လူသားချင်းကြား၌ ဤသို့ အတုံ့ အလှည့် ရက်ကာလများကို သတ်မှတ်ခြင်းမှာ ပရမတ်ဘုရားရှင်သည် သင်တို့မှ ယုံကြည်သော သူများနှင့် အယူမြဲ သက်သေတည်သွားသူများကို သိစေရန် ဖြစ်၏၊ ပရမတ်ဘုရားရှင်သည် အမိုက်ကောင်များအားနှစ်သက်တော် မမူချေ။
၃း၁၄၁။ ပရမတ်ဘုရားရှင်သည် ယုံကြည်သော သူများအားစင်ကြယ်စေရန် ဖုံးကွယ်သူတို့ အားမှေးမှိန်စေရန် အလို့ငှာ ဖြစ်၏။
၃း၁၄၂။ သို့တည်းမဟုတ် ပရမတ်ဘုရားရှင်က သင်တို့အနက် အားစိုက်ဆောင်ရွက်သော သူများကို သိတော်မမူသေးဘဲ၊ ခန္တီပါရမီ ကြီးသူများကို သိတော်မမူ သေးဘဲ သုခဘုံသို့ ဝင်ကြရမည်ဟု သင်တို့ စိတ်ကူးယဉ် နေကြသလော။
၃း၁၄၃။ သင်တို့သည် မဆုံတွေ့မှီကပင် သေခြင်းတရားကို မုချ ဆန္ဒရှိ ကုန်၏၊ သို့ဖြင့် သင်တို့ ကြည့်နေစဉ်ပင် မျက်မြင်ဒိဌ တွေ့ကြရလေပြီ။
၃း၁၄၄။ မေတ္တေယျသည် ဉာဏ်စဉ်ဆောင် တစ်ပါးသာ ဖြစ်၏၊ သူ့ မတိုင်မှီ ဉာဏ်စဉ်ဆောင်များလည်းကွယ်လွန်ခဲ့ကြပြီ၊ အကယ်၍ သူ ပရိနိဗ္ဗာန်ပြုသည် ဖြစ်စေ၊ ခန္ဓာကြွေရသည် ဖြစ်စေ သင်တို့သည် သင်တို့၏ နိဂုံးချုပ်ရာသို့ ဦးလှည့်ကြမည်လော၊ မည်သူသည် သူ့နိဂုံးသို့ ဦးလှည့်သည် ဖြစ်စေ ပရမတ် ဘုရားရှင်အားတစ်စုံတစ်ရာမျှ မနစ်နာစေနိုင်၊ ပရမတ် ဘုရားရှင်သည် ကျေးဇူးသိတတ်သူများအားအစားပေးတော်မူလတ္တံ့။
၃း၁၄၅။ ပရမတ်ဘုရားရှင်၏ ခွင့်ပြုချက် မရှိဘဲ မည့်သည့် ဉာဉ်စရိုက်သည်မှ နိဌိတံ ခွင့်မရှိ၊ ပြဌာန်းထားသော သတ်မှတ် ကာလ ရှိ၏၊ ဤလောကီ အကျိုးကို လိုသော သူအားငါသည် ၎င်းကို ပေးလတ္တံ့၊ လောကုတ္တရာ အကျိုးကို လိုသော သူအားငါသည် ၎င်းကို ပေးလတ္တံ့၊ ငါအရှင်သည် ကျေဇူးသိသူများအားအစားပေးတော်မူမည်။
၃း၁၄၆။ သတင်းတော်ဆောင် တစ်ပါးနှင့် အတူ ခုခံတိုက်ခဲ့ရသော၊ ကံကြမ္မာရှင်အားဆည်းကပ်သူ များစွာ ရှိ၏၊ သို့ဖြင့် သူတို့သည် ပရမတ် ဘုရားရှင်၏ လမ်းစဉ်၌ ထိခိုက်ခြင်းကြောင့် အားမလျော့ကြ၊ မချိနဲ့ကြ၊ စိတ် မလျော့ကြချေ၊ ပရမတ်ဘုရားရှင်သည် ခန္တီပါရမီ ရှိသူတို့အားနှစ်သက်တော်မူ၏။
၃း၁၄၇။ သူတို့က “အို- အရှင်၊ တပည့်တော်တို့အားအပြစ်များနှင့်- အလွဲသုံးစားဖြစ် စေသည့် အရေးအရာများမှ တပည့်တော်တို့အားလွတ်ငြိမ်းစေပါ၊ တပည့်တော် တို့၏ စုံရပ်ခံမှုကို ခိုင်မာစေတော်မူပါ၊ ဖုံးကွယ်သော လူမျိုးအားလွမ်းမိုးနိုင်ရန် ကူညီတော်မူပါ၊”ဟု လျှောက်ထားခြင်းမှအပ အခြားညီးညူခြင်းမရှိချေ။
၃း၁၄၈။ သို့ဖြင့် ပရမတ်ဘုရားရှင်သည် သူတို့အားဤဘ၀၌ အကျိုးကိုလည်းကောင်းနောင်ဘ၀၌ ပို၍ တင့်တယ်သော အကျိုးကို လည်းကောင်းချီးမြှင့်လတ္တံ့၊ ပရမတ် ဘုရားရှင်သည် သုမင်္ဂလာပြုသူတို့အားနှစ်သက်တော်မူ၏။
၃း၁၄၉။ အို- ယုံကြည်သောသူတို့၊ သင်တို့သည် ဖုံးကွယ်သော သူတို့အားနာခံကြလျှင်၊ သူတို့က သင်တို့အားသင်တို့၏ နိဂုံးများသို့ ဦးလှည့်စေလိုကြ၏၊ သို့ဖြင့် သင်တို့သည် ဆုံးရှုံးသူများဖြစ်ရလတ္တံ့။
၃း၁၅၀။ အမှန်မှာ၊ ပရမတ်ဘုရားရှင် သည် သင်တို့ အတွက် မဟာမိတ် ဖြစ်၏၊ အကောင်းဆုံးကူညီသော အရှင် ဖြစ်၏။
၃း၁၅၁။ ငါသည် ထိုဖုံးကွယ်သော သူတို့၏ စိတ်နှလုံး၌ ကြောက်လန့်မှုကို ဆုံတွေ့စေ လတ္တံ့၊ ယင်းမှာ သူတို့သည် အခွင့်အာဏာ ချမှတ်ပေးခြင်းမရှိသော အရာနှင့် ပရမတ်ဘုရားရှင်အားရောပြွန်းကိုးကွယ်သောကြောင့် ဖြစ်၏၊ အပူမီးသည် သူတို့ အတွက် ခိုလှုံရာ ဖြစ်၍၊ အမိုက်ကောင်များအတွက် အမင်္ဂလာ တည်းခိုရာ ဖြစ်၏။
၃း၁၅၂။ အရှင်၏ ခွင့်ပြုချက်ဖြင့် သူတို့အားရင်ဆိုင်ရစဉ် သင်တို့၏ စိတ်ဓါတ်ကျမှုနှင့် ညွှန်ကြားချက် ဖယ်ပစ်မှု၊ အာခံမှုတို့ ဖြစ်သည့်တိုင် ပရမတ် ဘုရားရှင်သည် ကတိတော်ကို သင် တို့ အဘို့ မုချ ဖြောင့်မှန်စေခဲ့၏။ သင်တို့ နှစ်သက်ရာကို မြင်စေပြီးနောက် သင်တို့အနက် ဤလောကီကို လိုလားသူ ရှိ၏၊ သင်တို့မှ လောကုတ္တရာကို လိုလားသူလည်းရှိ၏၊ တဖန် အသင်တို့အားစုံစမ်းရန် အလို့ငှာ သူတို့မှ ဝေးရာသို့ သင်တို့ကို ပြန်လှည့်စေ ခဲ့ပြီ၊ သင်တို့အားမုချ ကျေအေးပေးခဲ့ပြီ၊ ပရမတ်ဘုရားရှင်သည် ယုံကြည် သူများအားသိက္ခာပေးသော အရှင် ဖြစ်၏။
၃း၁၅၃။ တစ်ဦးတစ်ယောက်ကိုမှ လှည့်မကြည့်တော့ဘဲ တက်ပြေးကြစဉ်- ဉာဏ်စဉ်ဆောင်သည် သင်တို့အားနောက်မှ အော်ခေါ်ခဲ့၏၊ သင်တို့ လက်လွတ်ရ သော အရာများ၊ သင်တို့ထံ ကျရောက်လာသော အရာများသင်တို့အားထိခိုက် မှုများအတွက် ဝမ်းနည်းမှုအစား- တလှိုက်လှိုက် တလှိုက်လှိုက်သာ ဖြစ်စေခဲ့ပြီ၊ ပရမတ်ဘုရားရှင်သည် သင်တို့ ကျင့်ကြံလေ သမျှကို သတင်းရနေတော်မူ၏။
၃း၁၅၄။ တလှိုက်လှိုက် ဖြစ်ရပြီးနောက် အရှင်သည် သင်တို့အပေါ်သို့ ယုံကြည်စိတ်ချရခြင်းကို တဖန် ချမှတ်ပေးပြီး၊ သင်တို့မှ တစ်စုအားမှေးစက်ခြင်းကို လွှမ်းခြုံစေခဲ့၏၊ အခြားတစ်စုမှာ သူတို့စိတ်က ကြံစည်လျက် ပရမတ်ဘုရားရှင် နှင့် စပ်လျဉ်း၍ ပညာမဲ့တို့ စဉ်းစားချက်မျိုးသစ္စာ မဲ့စွာ စဉ်းစားလျှက် “ကျွန်ုပ်တို့၌ တစ်စုံတစ်ရာ ညွှန်ကြားခွင့် မရှိဘူးလား၊”ဟု ဆိုကြ၏၊ “ညွှန်ကြားချက် အလုံးစုံ သည် ပရမတ်ဘုရားရှင်ထံမှ ဖြစ်၏၊”ဟု ပြန်ပြောလော့၊ သူတို့၏ စိတ်တွင်း၌ ထိန်ဝှက်ထားရာကို သင့်အားမဖွင့်ဟဘဲလျက် “ကျွန်ုပ်တို့၌ ညွှန်ကြားခွင့် တစ်စုံ တစ်ရာ ရှိခဲ့ပါမူ၊ ဤနေရာ၌ ကျွန်ုပ်တို့ ကျဆုံးရမည် မဟုတ်၊”ဟု ဆိုကြ၏၊ ဟော လော့ “အကယ်၍ သင်တို့သည် အိမ်တွင်း၌ ရှိနေငြားလည်း၊ ကျဆုံးရရန် ပြဌာန်းပြီးသော သူများသည်ကားကျောချရမည့်နေရာသို့ ထွက်လာရလတ္တံ့၊ ပရမတ် ဘုရားရှင်သည် သင်တို့၏ ရင်တွင်းမှ အရာများကို စုံစမ်းတော်မူ၏၊ သင်တို့၏ စိတ်နှလုံးအတွင်းကို စင်ကြယ်စေတော်မူ၏၊ ပရမတ်ဘုရားရှင်သည် သင်တို့၏ ရင်ဘတ်ခံစားချက်များအားဖြင့် သိနေတော်မူသော အရှင် ဖြစ်၏။
၃း၁၅၅။ တပ်စု နှစ်ခု ရင်ဆိုင်တွေ့သောနေ့၌ သင်တို့အနက် လှည့်ပြေးသော သူတို့၏ ကျင့်ဆောင်မှု အချို့ကြောင့် မကောင်းဆိုးဝါးက သူတို့အားချော်ထွက်စေခဲ့၏၊ သို့သော် ပရမတ် ဘုရားရှင်သည် သူတို့အားမုချ ကျေအေးပေးခဲ့ပြီ၊ ဧကန်ပင် ပရမတ်ဘုရားရှင် သည် လွတ်ငြိမ်းစေသော အရှင် ညှာတာသော အရှင် ဖြစ်၏။
၃း၁၅၆။ အို- ယုံကြည်သောသူတို့၊ သားချင်းများနှင့် ပတ်သက်၍ မြေကမ္ဘာ ၌ ခရီးထွက်နေစဉ်- သို့မဟုတ် စစ်ထွက်နေစဉ် “အကယ်၍သာ ကျွန်ုပ်တို့နှင့် အတူ ရှိနေခဲ့မူ၊ ဤသို့ သေရမည် မဟုတ်၊ ကျဆုံးရမည် မဟုတ်၊”ဟု ပြောဆိုကြသည့် ဖုံးကွယ်သော သူများကဲ့သို့ သင်တို့ မဖြစ်ကြနှင့်၊ ပရမတ် ဘုရားရှင်သည် သူတို့၏ စိတ်နှလုံး၌ ကြေကွဲစရာ စီစဉ်ရာ၏၊ ပရမတ်ဘုရားရှင် သည် ရှင်သန်စေ၏၊ သေဆုံးစေ၏၊ ပရမတ်ဘုရားရှင်သည် ကျင့်ကြံသမျှကို မြင်နေသော အရှင် ဖြစ်၏။
၃း၁၅၇။ အကယ်၍ ပရမတ်ဘုရားရှင်၏ လမ်းတော်၌ ကျဆုံးရသည် ဖြစ်စေ၊ အနိစ္စရောက်ရသည် ဖြစ်စေ၊ ပရမတ်ဘုရားရှင်၏ ထံမှ လွတ်ငြိမ်းခွင့်နှင့် ကရုဏာတော်သည် သူတို့ စုဆောင်းထားသည်ထက် ပို၍ကောင်းပေ၏။
၃း၁၅၈။ သင်တို့ အနိစ္စ ရောက်သည် ဖြစ်စေ၊ ကျဆုံးရသည်ဖြစ်စေ ပရမတ်ဘုရားရှင် ထံသို့ သာ စုစည်းခံရစေမည်။
၃း၁၅၉။ ပရမတ်ဘုရားရှင်၏ ကရုဏာတော်ကြောင့် သင်သည် သူတို့နှင့် ပျော့ပြောင်းစွာ ဆက်ဆံခဲ့ပြီ၊ အကယ်၍ သင်သည် နှလုံးသားအရိုင်းစိတ်ဖြင့် တိကျပြတ်သားလေ့ ရှိခဲ့လျှင် သူတို့သည် သင့်အားဝန်းရံနေခြင်းမှ ငွေရှာရန် သွားကြလေလတ္တံ့ သို့ဖြစ်၍ သူတို့အားကျေအေး၍ သူတို့အတွက် လွတ်ငြိမ်းဆု ပန်ပေးလော့၊ အရေးအရာများ၌ သူတို့အားတိုင်ပင်ဆွေးနွေးလော့၊ သင် ဆုံးဖြတ် သော အခါ ပရမတ်ဘုရားရှင် အပါ်၌ ကိုးစားလော့၊ ဧကန်ပင် ပရမတ်ဘုရားရှင် သည် ကိုးစားသူတို့အားနှစ်သက်တော်မူ၏။
၃း၁၆၀။ ပရမတ်ဘုရားရှင်က သင်တို့အားကူညီခဲ့သော် သင်တို့အားအနိုင်ရသူ ဟူ၍ မရှိတော့ပြီ၊ အကယ်၍ သင်တို့အားစွန့်ပစ်ထားလျှင် အရှင်၏နောက် သင်တို့အားမည်သူက ကူညီနိုင်အံ့နည်း။ ယုံကြည်သူများအနေဖြင့် ပရမတ်ဘုရားရှင်ကိုသာ ကိုးစားထိုက်၏။
၃း၁၆၁။ ချုပ်ကိုင်ထားသော သတင်းတော်ဆောင် ဟူ၍ မရှိချေ၊ ချုပ်ကိုင် ထားသူသည် သူ၏ ချုပ်ကိုင်ထားမှုအားရပ်တည်ရသော နေ့၌ ယူဆောင်ခဲ့ရလတ္တံ့၊ တဖန် ဉာည်စရိုက် ကိုယ်စီ ကျင့်ဆောင်ခဲ့သည့် အတိုင်းပြီးပြည့်စေလတ္တံ့၊ သူတို့အားမိုက်ကြေးခွဲမည် မဟုတ်ပေ။
၃း၁၆၂။ ပရမတ်ဘုရားရှင်၏ နှစ်မြို့မှုကို လိုက်သူသည် ပရမတ်ဘုရားရှင်၏ အမျက်တော်ရှခြင်းအားဆွဲယူသူ ကဲ့သို့ မည်သို့ ဖြစ်နိုင်အံ့နည်း၊ သူ၏ ခိုလှုံရာမှာ ငရဲဘုံ ဖြစ်၍ အမင်္ဂလာ ခရီးဆုံးဖြစ်၏။
၃း၁၆၃။ သူတို့၏ အခွင့်အလမ်းများသည် ပရမတ်ဘုရားရှင်၏ ထံ၌ ရှိ၏၊ ပရတ်မတ် ဘုရားရှင်သည် ကျင့်ကြံသမျှကို မြင်နေသော အရှင် ဖြစ်၏။
၃း၁၆၄။ ပရမတ်ဘုရားရှင်သည် ယုံကြည်သူတို့အားသူတို့၏အထဲ သူတို့၏ စရိုက်တူမှ ဉာဏ်စဉ်ဆောင် တစ်ပါးကို ပွင့်ပေါ်စေခြင်းဖြင့် မျက်နှာသာပေးခဲ့ပြီ၊ သူတို့အားအရှင်၏ သုတ်ဒေသနာများကို ဖတ်ပြ၏၊ သူတို့အားသန့်ရှင်းဖြူစင် စေ၏၊ သူတို့အားကျမ်းတော်နှင့် စီရင်ထုံးကို သင်ကြားပေး၏၊ ဧကန်ပင် သူတို့သည် ရှေ့အလျင်က ရှင်းလင်းထင်ရှားသော အပါယ်လမ်း၌ ရှိခဲ့ကြလေ၏။
၃း၁၆၅။ သင်တို့အားထိခိုက်မှုတစ်ခု ထိခိုက်စေခဲ့သော်၊ သင်တို့က ထိုထက်နှစ်ဆ ထိခိုက်စေခဲ့လျက် ဤသည် အဘယ်မှနည်းဟု သင်တို့ ပြောလိုကြ၏၊ ဟောလော့ “၎င်းသည် သင်တို့၏ ဉာဉ်စရိုက်များမှ ဖြစ်၏ ဧကန်ပင် ပရမတ်ဘုရားရှင်သည် သဗ္ဗလုံးစုံအားစည်းချိန်ချမှတ်တော်မူ၏။”
၃း၁၆၆။ တပ်စုနှစ်ခု ရင်ဆိုင်ဆုံတွေ့သောနေ့၌ သင်တို့အားထိခိုက်စေခြင်းမှာ ယုံကြည်သူတို့အားသိနိုင်ရန် ပရမတ်ဘုရားရှင်၏ ခွင့်ပြုချက် အတိုင်းဖြစ်၏။
၃း၁၆၇။ သီလကြောင် ဖြစ်သော သူတို့အားသိနိုင်ရန်လည်းဖြစ်၏၊ သူတို့အား“ပရမတ်ဘုရားရှင်၏ လမ်းစဉ်၌ စစ်တိုက်ကြရန် သို့မဟုတ် ခုခံရန် လာကြ လော့”ဟု ပြောသောအခါ၊ “အကယ်၍ တိုက်ပွဲ ဖြစ်မည်ကို သိခဲ့ရလျှင် သင်တို့၏ နောက်မှ သေချာပေါက် လိုက်ခဲ့မည်၊”ဟု ပြန်ပြောကြ၏၊ ထိုနေ့၌ သူတို့သည် ယုံကြည်ခြင်းထက် ဖုံးကွယ်ခြင်းသို့ ပိုမို နီးကပ်နေ၏။ သူတို့၏ နှလုံးသား၌ မရှိသည်ကို ပါးစပ်များဖြင့် ပြောဆိုကြ၏၊ ပရမတ်ဘုရားရှင်သည် သူတို့၏ ထိန်ဝှက်မှုကို အသိဆုံးဖြစ်တော်မူ၏။
၃း၁၆၈။ မိမိကိုယ်တိုင် ထိုင်နေပါလျက် ညီအစ်ကိုများနှင့် ပတ်သက်၍ “ကျွန်ုပ်တို့အားနာခံခဲ့လျှင် ကျဆုံးရမည် မဟုတ်၊”ဟု ပြောဆိုသော သူတို့အား- သင်တို့သည် ဖြောင့်မှန်သူများဖြစ်ကြလျှင် သင်တို့၏ ဉာဉ်များမှ သေခြင်းတရားကို ဖယ်ရှားပစ်ကြလော့၊”ဟု ဟောပြောလော့။
၃း၁၆၉။ ပရမတ်ဘုရားရှင်၏ လမ်းစဉ်၌ ကျဆုံးရသောသူတို့အားသေကြကုန်ပြီဟု မစဉ်းစားနှင့်၊ အမှန်မှာ သူတို့ ကံကြမ္မာရှင်၏ ထံ၌ ရှင်သန် ရိက္ခာရလျက် ရှိကြ၏။
၃း၁၇၀။ ပရမတ်ဘုရားရှင်က အရှင်၏ သိက္ခာတော် ချီးမြှင့်ခြင်းဖြင့် သူတို့ ဝမ်းမြောက်ကြကုန်၏၊ သူတို့၏ နောက်မှ သူတို့ထံ ပူးပေါင်းခြင်းမရှိသေးသော သူများအတွက်လည်းထိုသူတို့ အားကြောက်ရွံရစေမည် မဟုတ်၊ သောကရောက်ရစေမည် မဟုတ်ကြောင်းသတင်းကောင်းရှိကုန်၏။
၃း၁၇၁။ ပရမတ်ဘုရားရှင်၏ထံမှ ဂုဏ်ပေးမှုနှင့် သိက္ခာပေးမှုကြောင့်၊ ဧကန်ပင် ပရမတ်ဘုရားရှင်သည် ယုံကြည်သူတို့၏ ဆုလဒ်အားအလဟသ ဖြစ်စေ မည် မဟုတ်ကြောင်းသတင်းကောင်းရှိကုန်၏။
၃း၁၇၂။ သူတို့အနက် ဒဏ်ရာဒဏ်ချက် ထိသက်ပြီးနောက်၊ ပရမတ်ဘုရားရှင်နှင့် ဉာဏ်စဉ်ဆောင်ထံမှ အဖြေကိုခံယူသော သူ သုမင်္ဂလာပြု စည်းစောင့်သော သူတို့ အတွက် မဟာ ဆုလဒ်ကြီးရှိ၏။
၃း၁၇၃။ လူအများပြောသော “သင်တို့ကို ဆန့်ကျင်ရန် လူများစုနေကြပြီ၊ ၎င်းတို့ကို ကြောက်ရွံ့ကြလော့၊”ဟု ပြောဆိုမှုက သူတို့၏ ယုံကြည်မှုကို တိုးပွားစေလျက် “ကျွန်ုပ်တို့ အတွက် ပရမတ်ဘုရားရှင်သည် စရင်းချုပ် ဖြစ်၏၊ အရှင်သည် ဂုဏ်ရှိသော ကိုးစားထိုက်သည့် အရှင် ဖြစ်၏၊”ဟု ကြွေးကြော်ကြ၏။
၃း၁၇၄။ သို့ဖြင့် သူတို့သည် ပရမတ်ဘုရားရှင်၏ ဂုဏ်ပေးမှုနှင့် သိက္ခာပေးမှုသို့ ဦးလှည့်ခဲ့၏၊ အကုသိုလ် ထိသက်မှု မရှိချေ၊ ပရမတ်ဘုရားရှင်၏ နှစ်မြို့မှုကို လိုက်နာကြ၏၊ ပရမတ်ဘုရားရှင်သည် မဟာ့မဟာ သိက္ခာပေးသော အရှင် ဖြစ်၏။
၃း၁၇၅။ သင်တို့ ကြောက်ရွံ့စေရန် မကောင်းဆိုးဝါးက သူ၏ မဟာမိတ်များကို လှုံ့ဆော်ခိုင်း၏၊ သင်တို့သည် ယုံကြည်သူများဖြစ်ကြလျှင် သူတို့အားမကြောက်ရွံ့နှင့်၊ ငါအရှင်ကိုသာ ကြောက်ရွံ့ကြလော့။
၃း၁၇၆။ ဖုံးကွယ်မှု၌ အလျင်လို နေသော သူတို့ကြောင့် သင့်အားစိတ်သောက မရောက်စေရ၊ ဧကန်ပင် သူတို့သည် ပရမတ်ဘုရားရှင်အားတစ်စုံတစ်ရာမျှ မနစ်နာစေနိုင်၊ ပရမတ်ဘုရားရှင်သည် သူတို့အတွက် နောင်ဘ၀၌ ကံကောင်းခြင်းကို စီစဉ်လိုသည် မရှိပေ၊ သူတို့အတွက် မဟာ ဝဋ်ကြွေးကြီးရှိနေပြီ။
၃း၁၇၇။ ယုံကြည်မှုကို ဖုံးကွယ်ခြင်းဖြင့် ရောင်းစားသော သူတို့သည် ပရမတ်ဘုရားရှင်အားတစ်စုံတစ်ရာ မနစ်နာစေနိုင် သူတို့ အတွက် စူးနစ်သော ဝဋ်ကြွေးသည် ရှိနေပြီ။
၃း၁၇၈။ အချိန်ပေးထားခြင်းကို သူတို့၏ဉာဥ်စရိုက် အတွက် ကောင်းသည်ဟု ဖုံးကွယ်သောသူတို့အားမစဉ်းစားစေနှင့်၊ သူတို့အားအချိန်ပေးထားခြင်းမှာ ပြစ်မှုများတိုးပွားစေရန် ဖြစ်၏၊ သူတို့အတွက် နိမ့်ကျသော ဝဋ်ကြွေးသည်ရှိနေပြီ။
၃း၁၇၉။ အချိန်ပေးထားခြင်းကို သူတို့၏ ဉာည်စရိုက်အတွက် ကောင်းသည် ဟု ဖုံးကွယ်သောသူတို့အားမစဉ်းစားစေနှင့်၊ သူတို့အားအချိန် ပေးထားခြင်းမှာ ပြစ်မှုများတိုးပွားစေရန် ဖြစ်၏၊ သူတို့အတွက် နိမ့်ကျသော ဝဋ်ကြွေးသည် ရှိနေပြီ။
၃း၁၈၀။ ပရမတ်ဘုရားရှင်က အရှင်၏ သိက္ခာ ချီးမြှင့်ခြင်းကို ကပ်စီးနဲသော သူတို့အား၎င်းသည် သူတို့အတွက် အကောင်းဟု မစဉ်းစားစေနှင့်၊ အမှန်မှာ ၎င်းသည် အဆိုးသက်သက် ဖြစ်၏၊ ရပ်တည်ရမည့် နေ့၌ သူတို့၏ ကပ်စီးနဲမှုသည် လည်ပင်းကို အားဖြင့်ညှစ်ခံရစေလတ္တံ့၊ မိုးမြေအပေါင်း၏ အမွေများသည် ပရမတ် ဘုရားရှင်၏ အချုပ်အခြာ၌ ရှိ၏၊ ပရမတ်ဘုရားရှင်သည် ကျင့်ကြံသမျှအားသတင်းရနေတော်မူ၏။
၃း၁၈၁။ “ဧကန်ပင် ပရမတ်ဘုရားရှင်သည် ဆင်းရဲ၏ ကျွန်ုပ်တို့သာ ပြည့်စုံကြွယ်၀ပေ၏၊”ဟု ဆိုသောသူတို့က ဆိုကြသည်ကို ပရမတ် ဘုရားရှင်သည် ကြားနေတော်မူ၏၊ ငါအရှင်သည် သူတို့၏ ပြောဆိုမှုများ၊ သတင်းတော်ဆောင်များအားသစ္စာမဲ့စွာ သတ်ဖြတ်မှုများကို မှတ်တမ်းတင်လျက် “လောင်ကျွမ်းရ ခြင်းဝဋ်ကြွေးကို မြည်းစမ်းကြလော့၊”ဟု မိန့်တော်မူမည်ပင်။
၃း၁၈၂။ ဤသည် သင်တို့၏ စုံရပ်ခံခဲ့သော လက်ချက်များဖြစ်၏၊ ဧကန်ပင် ပရမတ် ဘုရားရှင်သည် အမှုတော်ဆောင်များအားအဝိဇ္ဇာသင့်စေခြင်းမရှိပေ။
၃း၁၈၃။ “မီးပူဇော် ချည်းကပ်မှုကို ကျွန်ုပ်တို့ အတွက် မပေးဆောင်သော မည်သည့် ဉာဏ်စဉ်ဆောင်ကိုမျှ မယုံကြည်ရ ဟု ပရမတ်ဘုရားရှင်က ကျွန်ုပ်တို့ အပေါ် ပဋိညာဉ်ရှိပြီ၊”ဟု ဆိုသော သူတို့အား“သင်တို့သည် ဖြောင့်မှန်သူများဖြစ် ကြလျှင် ကျွန်ုပ်မတိုင်မှီ သင်တို့ တောင်းဆိုခဲ့ရာ- ရှင်းလင်းချက်များရောက်လာစေ သည့် ဉာဏ်စဉ်ဆောင်များအားအဘယ်ကြောင့် သတ်ခဲ့ကြသနည်း၊”ဟု မေးမြန်းလော့။
၃း၁၈၄။ သင့်အားငြင်းဆန်ကြလျှင်- သင့် ရှေ့အလျင်က ရှင်းလင်းချက်များ၊ ကျမ်းငယ်များ၊ တရားရောင်ဝါ ရှိသော ကျမ်းတော်ဖြင့် ရောက်လာခဲ့သော ဉာဏ်စဉ်ဆောင်များသည်လည်းငြင်းဆန်ခံခဲ့ရပြီ။
၃း၁၈၅။ ဉာဉ်စရိုက်တိုင်းနိဌိတံခြင်းကို မြည်းစမ်းရမည်ပင်၊ ရပ်တည်ရ သောနေ့၌ သင်တို့၏ ဆုလဒ်များကို ဖြည့်ဆည်းခံရပေမည်၊ အပူမီးမှ ဖယ်ရှားခံ ရ၍ သုခဘုံသို့ ဝင်ရောက်ရသူသည် မုချ အောင်ပွဲခံလေပြီ၊ ဤလောကီဘ၀သည် သာယာသည်ဟု မြှူဆွယ်မှုမျှသာ ဖြစ်၏။
၃း၁၈၆။ သင်တို့၏ ဥစ္စာပစ္စည်းများဉာဉ်စရိုက်များ၌ စုံးစမ်းခြင်းကို ခံရပေမည်၊ သင်တို့၏ ရှေ့အလျင် ကျမ်းပေးခံရ သော သူများနှင့် ရောပြွန်းကိုးကွယ်သော သူများ၏ ထံမှ စိတ်ဒဏ်ရာဖြစ်စရာ များစွာကို ကြားရပေမည်၊ သည်းခံကြလျှင်၊ စည်းစောင့်ကြလျှင် ၎င်းသည်ပင် ညွှန်ကြားချက်များအားဆုံးဖြတ် နည်းဖြစ်၏။
၃း၁၈၇။ ပရမတ်ဘုရားရှင်သည် ကျမ်းပေးခံရသော သူများထံမှ “သင်တို့ သည် ၎င်းကို လူသားတို့ အတွက် ရှင်းလင်းတင်ပြရမည်၊ ၎င်းကို ထိန်ဝှက် မထားရ၊”ဟု ပဋိညာဉ်ကို ယူခဲ့၏၊ သို့သော် သူတို့သည် ကျောခိုင်းကွယ်ကာ စွန့်ပစ်ကြ၏၊ မင်္ဂလာ မရှိဆုံးရောင်းစားမှု ဖြစ်သည့် တန်ဘိုးချ ရောင်းစားကြ၏။
၃း၁၈၈။ မစဉ်းစားနှင့်၊ ဝမ်းမြောက်ဝမ်းသာ အသားယူတတ်သော၊ မပြုလုပ်သည်ကို ချီးကျူးခံရန် နှစ်သက်သော ထိုသူတို့သည် ဝဋ်ကြွေးမှ အောင်ပွဲခံနေပြီဟု အလျဉ်းစိတ်ကူးမယဉ်စေနှင့်၊ သူတို့အတွက် စူးနစ်သော ဝဋ်ကြွေးရှိနေ၏။
၃း၁၈၉။ ပရမတ်ဘုရားရှင်သည် မိုးများနှင့် မြေကမ္ဘာ၏ အချုပ်အခြာ အရှင်သခင် ဖြစ်၏၊ ပရမတ်ဘုရားရှင်သည် သဗ္ဗလုံးစုံအားစည်းချိန် ချမှတ်တော် မူ၏။
၃း၁၉၀။ မိုးများနှင့် မြေကမ္ဘာအားဖြစ်တည်စေခြင်း၊ နေ့နှင့်ည ကို အလှည့်ကျ ဖြစ်စေခြင်း၌ သဘောပေါက်နိုင်စွမ်းရှိသူတို့ အဘို့ သုတ်ဒေသနာများရှိနေ၏။
၃း၁၉၁။ သူတို့သည် ပရမတ်ဘုရားရှင်အားရပ်လျက်၊ ထိုင်လျက်၊ နံဘေးများပေါ်လှဲလျက် သတိရရှုမှတ်ကြ၏၊ မိုးများနှင့် မြေကမ္ဘာအားဖြစ်တည်စေခြင်း၌ သုံးသပ်ကြ လျက်-
၃း၁၉၂။ အို- ကံကြမ္မာရှင် အရှင်က အပူမီးထဲသို့ ဝင်စေသောသူသည် အရှက်ကွဲရသူ ဖြစ်၏၊ အမိုက်ကောင်များအတွက် ကူညီ မည့်သူ မရှိချေ။-
၃း၁၉၃။ အို- ကံကြမ္မာရှင် တပည့်တော်တို့သည် “သင်တို့၏ ကံကြမ္မာရှင်အားယုံကြည်ကြလော့၊”ဟု ယုံကြည်မှု ဆီသို့ ဖိတ်ခေါ်သော ဖိတ်ခေါ် သူအားကြားနာလျက်၊ ယုံကြည်ခဲ့ပါပြီ၊ “အို- ကံကြမ္မာရှင် တပည့်တော်တို့၏ အပြစ်များကို လွတ်ငြိမ်းစေတော်မူပါ၊ အကုသိုလ်များကို ဖုံးကွယ်ပေးတော်မူပါ၊ ကောင်းမှုပြုသူများနှင့်အတူ သက်တမ်းကုန်စေတော်မူပါ၊
၃း၁၉၄။ အို- ကံကြမ္မာရှင်-အရှင်၏ ဉာဏ်စဉ်ဆောင်များမှ တဆင့် ကတိတော်ထားသည်ကို တပည့်တော်တို့ အားပေးတော်မူပါ၊ ရပ်တည်ရသော နေ့၌ တပည့်တော်တို့အားအရှက် မကွဲစေပါ နှင့်၊ ဧကန်ပင် အရှင်သည် ကတိတော်အားပေါ့ပျက်စေခြင်းမရှိပါ၊”ဟူသော-
၃း၁၉၅။ သူတို့၏ ရင့်ကျူးမှုအားကံကြမ္မာရှင်က တုန့်ပြန်တော်မူ၏၊ ငါအရှင်သည် သင်တို့အနက် ကျင့်ကြံသူ၏ ကျင့်ကြံမှုကို အလဟသ မဖြစ်စေပေ၊ ယောက်ျားဖြစ်စေ၊ မိန်းမဖြစ်စေ သင်တို့မှ အချို့သည် အချို့ကို မှီတည်နေ၏၊ သူတို့သည် ပြောင်းရွှေ့ခဲ့ရ၏၊ အိမ်များမှ နှင်ထုတ်ခံရ၏၊ ငါ၏ လမ်းစဉ်တော်၌ ထိခိုက်ခဲ့ရ၏၊ ခုခံတိုက်ခဲ့ရ၏ ကျဆုံးခဲ့ရ၏၊ သူတို့၏ အကုသိုလ်မှုများကို ဖုံးကွယ်ပစ်တော်မူ လတ္တံ့၊ အောက်ခင်း၌ စမ်းချောင်းရေသွင် စီးဆင်းနေသော သုခဘုံများသို့ ဝင် ရောက် စေတော်မူလတ္တံ့၊ ပရမတ်ဘုရားရှင်၏ ထံမှ အကျိုးထူးပင် ဖြစ်၏၊ ပရမတ် ဘုရားရှင် အရှင်၏ ထံတော်၌ အတင့်တယ် ဆုံးသော အကျိုးထူးသည် ရှိနေ၏။
၃း၁၉၆။ မြို့ပြများ၌ ဖုံးကွယ်သောသူတို့၏ ဦးတည်လှုပ်ရှားမှုက သင့်အားမမြှူဆွယ်စေနှင့်၊
၃း၁၉၇။ ၎င်းမှာ အနည်းငယ်မျှ သာယာစေခြင်းပင်၊ ထို့နောက် သူတို့၏ ခိုလှုံရာမှာ အမင်္ဂလာ ညိမ့်ညောင်းရာ ငရဲပြည်ပင် ဖြစ်၏၊
၃း၁၉၈။ သို့ရာတွင် ကံကြမ္မာရှင်၌ စည်းစောင့်သောသူ၊ ထိုသူတို့ အတွက် အောက်ခင်း၌ စမ်းချောင်းရေသွင် စီးဆင်းနေသော သုခဘုံများရှိ၏၊ ထို၌ အစဉ်စံစားစေခြင်းအဆင့်ဆင့် မှာ ပရမတ်ဘုရားရှင်၏ ထံမှ ဖြစ်၍၊ ကောင်းမှုပြုသူများအဘို့ အကောင်းဆုံးသည် ပရမတ်ဘုရားရှင်၏ ထံ၌ ရှိ၏။
၃း၁၉၉။ ဧကန်ပင် ကျမ်းစာဝိုင်းသားများ၌ ပရမတ်ဘုရားရှင်အားလည်းကောင်း၊ သင်တို့ထံ၌ ချမှတ်ပေးရာ၊ သူတို့ထံ၌ ချမှတ်ပေးရာများကို ယုံကြည်ကြ လျက် ပရမတ်ဘုရားရှင်အားကျို့ငဲ့ကြ၍၊ ပရမတ်ဘုရားရှင်၏ သုတ်ဒေသနာများအားတန်ဘိုးချ ရောင်းချခြင်းလည်းမရှိ- သူတို့အတွက် ဆုလဒ်မှာ သူတို့၏ ကံကြမ္မာရှင် ထံ၌ ရှိ၍၊ ဧကန်ပင် ပရမတ်ဘုရားရှင်သည် အချိန်နှင့်တပြေးညီ စာရင်းစစ်နေတော်မူ၏။
၂၀၀။ အို- ယုံကြည်သောသူတို့ သည်းခံကြလော့၊ ခံနိုင်ရည် ရှိကြလော့၊ တက်တက်ကြွကြွ ရှိကြလော့၊ အောင်မြင်ပေါက်မြောက်အံ့ငှာ ပရမတ် ဘုရားရှင်အားစည်းစောင့်ကြလော့။
ဓမ္မခန္ဓာ (၄) အမျိုးသမီးများ
ဉာဏ်စဉ်ကိန်းဝပ်ပေးမှု အမှတ်စဉ် (၉၂)၊ သုတ်ဒေသနာ (၁၇၆)ပါး
ကရုဏာရှင် အကြင်နာရှင် ဖြစ်တော်မူသော ပရမတ်ဘုရားရှင်၏ ဂုဏ်တော်အားဖြင့်-
၄း၁။ အို- လူသားတို့၊ သင်တို့၏ ကံကြမ္မာရှင်အားစည်းစောင့်ကြလော့၊ အရှင်သည် သင်တို့အားဉာဉ်စရိုက် တစ်မျိုးထဲမှ ဖြစ်တည်စေ၏၊ ထိုမှ ၎င်း၏ စုဖွဲ့ဖေါ်ကို ဖြစ်တည်စေ၏၊ ထို့နောက် ယောက်ျားမိန်းမ များစွာကို ပျံ့ပွားစေ၏၊ ပရမတ်ဘုရားရှင်နှင့် သင်တို့အားအချင်းချင်းတောင်းဆိုခွင့်ပေးသော မွေးရာပါ အခွင့်အရေးကို စည်းစောင့်ကြလော့၊ ဧကန်ပင် ပရမတ်ဘုရားရှင်သည် သင်တို့ အားစောင့်ကြည့်နေသော အရှင် ဖြစ်၏။
၄း၂။ မိဘမဲ့တို့အားသူတို့၏ ဥစ္စာပစ္စည်းများကို ပေးအပ်ကြလော့၊ စင်ကြယ်ရာကို မသန့်ရာဖြင့် လဲမထားကြနှင့်၊ သူတို့၏ ဥစ္စာပစ္စည်းများကို သင်တို့၏ ဥစ္စာပစ္စည်းထဲသို့ ထည့်လျှက် မစားသုံးကြနှင့်၊ ၎င်းသည် ကြီးမားသော ပြစ်မှုဒုစရိုက် ဖြစ်၏။
၄း၃။ သင်တို့သည် မိဘမဲ့များနှင့် ပတ်သက်၍ မျှတနိုင်မည် မဟုတ်ဟု စိုးရိမ်မိလျှင် သင်တို့အတွက် ကြည်ဖြူသော အမျိုးသမီးများမှ နှစ်ဦးဖြစ်စေ၊ သုံးဦးဖြစ်စေ၊ လေးဦးဖြစ်စေ သိမ်းဆည်းကြကုန်လော့၊ သို့သော် တန်းတူ ထားနိုင်မည် မဟုတ်ဟု ကြောက်ရွံမိလျှင် တစ်ဦးတည်းသို့မဟုတ် သင်တို့၏ လက်အောက် ဩဇာခံသာ ဖြစ်ရမည်၊ ဤသည် မဟာဖိုဝါဒ မဖြစ်ရန် ပိုမိုနီးစပ်၏။
၄း၄။ အမျိုးသမီးများအားထိုက်တန်သော လက်ဆောင်ပဏ္ဏာ ပေးအပ်ကြလော့၊ သို့သော် သူမတို့စိတ်ဖြင့် ၎င်းမှ သင်တို့အားတစ်စုံတစ်ရာ ကြည်ဖြူလျှင် ကျေကျေနပ်နပ် နှစ်ဦးတူ စားသုံးနိုင်၏။
၄း၅။ ပရမတ်ဘုရားရှင်က သင်တို့အားရပ်တည်နိုင်ရန် စီစဉ်ပေးသော ဥစ္စာ ပစ္စည်းများကို တုံးအသူတို့အားမပေးအပ်ကြနှင့်၊ ၎င်းမှ သူတို့အားရိက္ခာထောက် လော့၊ ဆင်ယင်ပေးလော့၊ သူတို့အားအသိအမှတ်ပြု စကားပြောဆိုကြလော့။
၄း၆။မိဘမဲ့တို့အားစီစစ်လျှက် သူတို့သည် ဖြောင့်မတ် တည်ငြိမ်စွာ သိမ်းဆည်းနိုင် သည့် အရွယ်ရောက်သည်ထိ သူတို့၏ ဥစ္စာပစ္စည်းများကို စောင့်ရှောက်ပေးကြ လော့၊ သူတို့ ကြီးပြင်းလာမည်ဟု ၎င်းတို့အားအလွဲသုံးစားမစားသုံးကြနှင့်၊ ပြည်စုံ သူသည် ၎င်းကို ရှောင်ကြဉ်ရမည်၊ ဆင်းရဲသူသည် အသိအမှတ်ပြုသလောက် စားသုံးနိုင်၏၊ သူတို့၏ ဥစ္စာပစ္စည်းများကို သူတို့အားစောင့်ရှောက်ပေးစဉ် သူတို့နှင့်အတူ သက်သေများထားကြလော့၊ ပရမတ်ဘုရားရှင်သည် စရင်းစစ် အဖြစ် လုံလောက်တော်မူ၏။
၄း၇။ ယောကျ်ားများအတွက် မွေးမိဘများနှင့် ဆွေမျိုးနီးစပ်များချန်ခဲ့ရာမှ ပင်ပန်းရကျိုးသည် ရှိ၏၊ မိန်းမများအတွက်လည်းမွေးမိဘများနှင့် ဆွေးမျိုးနီးစပ် များချန်ခဲ့ရာမှ ပင်ပန်းရကျိုးသည် ရှိ၏၊ ၎င်းမှ နည်းများမဟူ တာဝန် သတ်မှတ် ပြီး- ပင်ပန်းရကျိုးရှိနေ၏။
၄း၈။ တိုင်တည်ချိန် ရောက်သော အခါ ၎င်းမှ ဆွေမျိုးနီးစပ်မှု ရှိသူများ၊ မိဘမဲ့များ၊ နွမ်းပါးသူများအားရိက္ခာထောက်လော့၊ သူတို့အားအသိအမှတ်ပြု စကားပြောဆိုကြလော့။
၄း၉။ သူတို့အားသူတို့၏ ချိနဲ့သော သားမြေးများကို ချန်ခဲ့မည့်အရေးကဲ့သို့ ၎င်းတို့ အပေါ်၌ စိုးရိမ်စေလော့၊ ပရမတ်ဘုရားရှင်၌ စည်းစောင့်စေလော့၊ ခိုင်မာတည်ကြည်သော စကားကိုသာ ပြောဆိုစေလော့။
၄း၁၀။ မိဘမဲ့များ၏ ဥစ္စာပစ္စည်းများကို မိုက်ကြေးခွဲ၍ စားသုံးသော သူတို့သည် သူတို့၏ ဝမ်းတွင်းသို့ မီးကို စားမျိုခြင်းပင် ဖြစ်၏၊ မီးလောင်စာ၌ လောင်ကျွမ်းရမည်ပင်။
၄း၁၁။ သင်တို့၏ ရင်သွေးများနှင့် ပတ်သက်၍ ပရမတ်ဘုရားရှင်၏ မိန့်မှာ ချက်မှာ သား၏ ဘုန်းကံသည် သမီးနှစ်ဦးကဲ့သို့ ဖြစ်၏။ အမျိုးသမီးများမှ နှစ်ဦးအပေါ်၌ ဖြစ်လျှင် သူမတို့အတွက် ချန်ထားခဲ့ရာ၏ သုံးပုံနှစ်ပုံ ဖြစ်၏။ တစ်ဦးတည်းဖြစ်သော် သူမ အတွက် ထက်ဝက် ဖြစ်၏။ မိဘနှစ်ပါးအတွက်-အကယ်၍ သူ့၌ ရင်သွေးတစ်ယောက် ရှိခဲ့သော် မိဘမှ တစ်ဦးစီ အတွက် ချန်ထားခဲ့ရာ၏ ခြောက်ပုံ တစ်ပုံ၊ သူ့၌ အမွေခံ ရင်သွေးမရှိ၊ မိဘသာ ရှိလျှင် မိခင် အတွက် သုံးပုံ တစ်ပုံ၊ သို့သော် ညီအစ်ကိုမောင်နှမများရှိခဲ့လျှင် မိခင်အတွက် ခြောက်ပုံတစ်ပုံတို့ကို သူ့သေတမ်းစာပါ မှာကြားချက်နှင့် ကြွေးမြည်များကို ဆပ်ပြီးနောက် ဖြစ်စေရ မည်။ သင်တို့၏ မိဘများ၊ သားသမီးများမှ မည်သူသည် သင်တို့ အတွက် ကောင်းကျိုးနှင့် နီးစပ်မည်ကို သင်တို့ မမှန်းနိုင်ကြချေ၊ ဤသည် ပရမတ်ဘုရားရှင် ၏ ထံမှ တာဝန်သတ်မှတ်ချက် ဖြစ်၏၊ ဧကန်ပင် ပရမတ်ဘုရားရှင်သည် သိနေ သော အရှင် ဓမ္မသတ်ရှင် ဖြစ်၏။
၄း၁၂။ သင်တို့ အတွက်ကား- သင်တို့၏ ပေါင်းဖေါ်ကြင်ဘက်များ၌ ရင်သွေးမရှိလျှင် သူမတို့ ချန်ခဲ့ရာ၏ ထက်ဝက်၊ ရင်သွေးရှိလျှင် သူမတို့ ချန်ခဲ့ရာ၏ လေးပုံတစ်ပုံကို သူမတို့၏ သေတမ်းစာပါ မှာကြားချက်နှင့် ကြွေးမြည် များကို ဆပ်ပြီးနောက် ဖြစ်စေရမည်၊ သူမတို့ အတွက်မူ သင်တို့၌ ရင်သွေးမရှိလျှင် သင်တို့ ချန်ခဲ့ရာ၏ လေးပုံတစ်ပုံ၊ သင်တို့၌ ရင်သွေးရှိခဲ့လျှင် သင်တို့ ချန်ခဲ့ရာ၏ ရှစ်ပုံတစ်ပုံ၊ သေတမ်းစာပါ သင်တို့၏ မှာကြားချက်နှင့် ကြွေးမြည်များကို ဆပ် ပြီးနောက် ဖြစ်စေရမည်၊ အမွေထားခဲ့သူ သည် ယောက်ျားဖြစ်စေ၊ မိန်းမ ဖြစ်စေ မိဘ သားသမီးမရှိ အကိုအမသာ ရှိလျှင် သူတို့ နှစ်ဦးအနက် တစ်ဦးစီ အတွက် ခြောက်ပုံတစ်ပုံ၊ မောင်နှစ်မ အများရှိလျှင် သုံးပုံတစ်ပုံကို အစုစပ် အဖြစ် သေတမ်းစာပါ မှာကြားချက်နှင့် ကြွေးမြည်များကို ဆပ်ပြီးနောက် ဖြစ်စေရမည်၊ နစ်နာဆုံးရှုံးခြင်းမဖြစ်စေရ၊ ဤဩဝါဒသည် ပရမတ်ဘုရားရှင်၏ ထံမှဖြစ်၏၊ ပရမတ်ဘုရားရှင်သည် သိနေသော အရှင်၊ နူးညံ့ သိမ်မွေ့သော အရှင် ဖြစ်၏။
၄း၁၃။ ဤသည် ပရမတ်ဘုရားရှင်၏ စည်းမျဉ်းတော်ပင် ဖြစ်၏၊ ပရမတ်ဘုရားရှင် နှင့် အရှင်၏ ဉာဏ်စဉ်ဆောင်အားနာခံသူသည် အောက်ခင်း၌ စမ်းချောင်းရေသွင် စီးဆင်းနေသော အစဉ်စံမြန်းရမည့် သုခဘုံများသို့ ဝင်ရောက်ရလတ္တံ့၊ ဤသည် မဟာ အောင်ပွဲ ဖြစ်၏။
၄း၁၄။ ပရမတ်ဘုရားရှင်နှင့် အရှင်၏ ဉာဏ်စဉ်ဆောင်အားအာခံ၍ စည်းမျဉ်းတော်ကို စည်းဖေါက်သူအားအပူမီးထဲသို့ ဝင်စေလျက် ထို၌ အစဉ်ခံစားစေလတ္တံ့၊ သူ့အတွက် နိမ့်ကျသော ဝဋ်ကြွေးသည် ရှိနေ၏။
၄း၁၅။ သင်တို့၏ အမျိုးသမီးများအနက် ကိုယ်ကျင့်ပျက်သော သူမတို့ အတွက် သင်တို့မှ အသိသက်သေ လေးဦးရှိစေလော့၊ သက်သေ ခိုင်မာလျှင် သူမတို့အားသက်တမ်းကုန်သည်ထိ သို့မဟုတ် ပရမတ်ဘုရားရှင်မှ သူမတို့အားနည်းလမ်းစီစဉ်ပေးသည်ထိ အကျယ်ချုပ်ဖြင့် ထိန်းထားကြလော့။
၄း၁၆။ သင်တို့မှ ထိုအမှုကို အထမြောက်သောသူ နှစ်ဦးလုံးအားဒဏ်ပေးကြလော့၊ သူတို့ ခဝါချကြ လျှင်၊ ပြုပြင်ကြလျှင်လည်းဘောင်ထားလော့၊ ဧကန်ပင် ပရမတ်ဘုရားရှင်သည် သင်ပုန်းချေသော အရှင် အကြင်နာရှင် ဖြစ်၏။
၄း၁၇။ သင်ပုန်းချေခြင်းသည် ပရမတ်ဘုရားရှင်၏ အပေါ်၌ တည်၏၊ ပညာမဲ့စွာဖြင့် အကုသိုလ်ကို ကျင့်ကြံမိသောသူတို့- မရှေးမနှောင်းပင် သူတို့ ခဝါချကြလျှင် ပရမတ်ဘုရားရှင်သည် သူတို့အားသင်ပုန်းချေပေးတော်မူလတ္တံ့၊ ဧကန်ပင် ပရမတ်ဘုရားရှင်သည် သိနေသောအရှင် ဓမ္မသတ်ရှင် ဖြစ်၏။
၄း၁၈။ သူတို့မှ တစ်စုံတစ်ယောက်သည် ခဝါချခြင်းမရှိ၊ အကုသိုလ်ကို ကျင့်ကြံသောသူ ဖြစ်လျှက် သေတွင်းသို့ ရောက်ချိန်မှ“ ယခုပင် တပည့်တော်သည် ခဝါချပါ၏၊”ဟု ဆိုသူ၊ သူတို့မှ ဖုံးကွယ်သူ အဖြစ်နှင့်ပင် သေဆုံးသူ ထိုသူများအတွက် စူးနစ်သော ဝဋ်ကြွေးကို ပြင်ဆင်ထား၏။
၄း၁၉။ အို- ယုံကြည်သော သူတို့၊ အမျိုးသမီးတို့ထံမှ အဓမ္မ အမွေသိမ်းခြင်းသည် တရားမဝင်ချေ။ သူမတို့သည် ကိုယ်ကျင့်ပျက်သည်ဟု ရှင်းလင်းစွာ ရှိသည် မှအပ သူမတို့အားပေးခဲ့သည်မှ အချို့ကို သိမ်းယူရန် အလို့ငှာ မချုပ်ချယ်ကြနှင့်၊ သူမတို့အတွက် တင်းပြည့်ကျပ်ပြည့် အသိအမှတ်ပြုပေးကြလော့၊ သူမတို့အားတစ်စုံတစ်ရာ ငြိုငြင်မိလျှင် ပရမတ်ဘုရားရှင်က ကောင်းခြင်းများစွာ စီစဉ်ပေးသည်ကို ငြိုငြင်မိနိုင်၏။
၄း၂၀။ သင်တို့သည် ပေါင်းဖေါ်တစ်ဦးနေရာတွင် အခြားပေါင်းဖေါ်ကို ပြောင်းလိုလျှင်၊ သူမတို့မှ တစ်ဦးတစ်ယောက်အားပေးထားသည့် စုငွေများကို တစ်စုံတစ်ရာမျှ ပြန်ယူခွင့် မရှိပေ၊ ပုတ်ခတ်စွပ်စွဲခြင်း၊ ရှင်းလင်းထင်ရှားသော ပြစ်မှုပြုခြင်းဖြင့် ပြန်ယူလိုကြသလော။
၄း၂၁။ သင်တို့မှ အချို့သည် အချို့ ကို စပ်ယှက်ပတ်သက်ခဲ့ပြီး၊ သင်တို့ထံမှ တိကျပြတ်သားသော ကတိခံဝန်ကို ရယူခဲ့ပြီးမှ ၎င်းကို မည်သို့ ပြန်ယူကြအံ့နည်း။
၄း၂၂။ အတိတ်ဖြစ်ရပ်မှအပ သင်တို့၏ အဖေများသိမ်းဆည်းခဲ့ပြီးအမျိုးသမီးတို့အားမသိမ်းဆည်းကြနှင့်၊ ၎င်းသည် ကိုယ်ကျင့်ပျက်မှု၊ ရွံမုန်းဘွယ်ရာနှင့်၊ အကုသိုလ် လမ်းစဉ် ဖြစ်၏။
၄း၂၃။ သင်တို့အတွက် တားမြစ်ထားသည်မှာ- သင်တို့၏ အမေများ၊ သမီးများ၊ အမနှမများ၊ အရီးများ၊ အဒေါ် များ၊ ညီအကိုတို့၏ သမီးများ၊ အမနှမတို့၏ သမီးများ၊ နို့တိုက်သော မိခင်များ၊ နို့စို့ဘက် အမနှမများ၊ ဇနီးသည် တို့၏ မိခင်များ၊ သင်တို့ အခိုင်အမာ စောင့်ရှောက်ထားသည့် သင်တို့ ဝင်ထွက်ပြီးသော အမျိုးသမီးတို့၏ သမီးများဖြစ်၍- သင်တို့သည် သူမထံသို့ ဝင်ခဲ့ခြင်းမရှိသော် သင်တို့အားအပြစ် မတင်ထိုက်ပေ- ထို့ပြင် အတိတ်ဖြစ်ရပ်မှ အပ သင်တို့ သားအရင်း၏ တရားဝင် ဇနီးများနှင့် ညီအမ နှစ်ဦးကြားအတူစု၍ ယူခြင်းများဖြစ်၏။ ဧကန်ပင် ပရမတ်ဘုရားရှင်သည် လွတ်ငြိမ်းစေသော အရှင် အကြင်နာရှင် ဖြစ်၏။
၄း၂၄။ -သင်တို့လက်အောက် ဩဇာခံ အမျိုးသမီးများမှ အပ ထိမ်းသိမ်းစောက်ရှောက်ခံများဖြစ်၏၊ ပရမတ်ဘုရားရှင်က သင်တို့အတွက် ဤသို့ တရားဝင် ပြဌာန်းခြင်းအားကွယ်ကာထားရန် မရှိ။ သို့ဖြစ်၍ ကာမဂုဏ်မြူးရန် မဟုတ်ဘဲ ထိန်းသိမ်းစောင့်ရှောက်ရန် သင်တို့၏ ဥစ္စာပစ္စည်းများဖြင့် ရှာဖွေကြ လော့။ သူမတို့ အနက် သင်တို့ စိတ်ချမ်းသာသော သူအားဝတ္တရားရှိသော မင်္ဂလာဆုလဒ်ကို ပေးအပ်ကြလော့။ ဝတ္တရားရှိပြီးနောက် သင်တို့ချင်းကျေနပ် ကြလျှင် အပြစ် မထိုက်ပေ၊ ဧကန်ပင် ပရမတ်ဘုရားရှင်သည် သိနေသော အရှင်၊ ဓမ္မသတ်ရှင် ဖြစ်တော်မူ၏၊
၄း၂၅။ သင်တို့အနက် ထိန်းသိမ်းစောင့်ရှောက်နိုင်သည့် ယုံကြည်သူမတို့အားသိမ်းဆည်းထိမ်းမြားနိုင်ရန် ဓန အင်အားတတ်နိုင်မှု မရှိသူ အဘို့ သင်တို့ လက် အောက် ဩဇာခံ ယုံကြည်သူ လုံမများရှိ၏၊ ပရမတ်ဘုရားရှင်သည် သင်တို့၏ သက်ဝင်ယုံကြည်မှုကို အသိဆုံးဖြစ်တော်မူ၏၊ သင်တို့မှ အချို့သည် အချို့နှင့် ဆက်စပ်နေ၏၊ သူမတို့၏ မိသားစုများခွင့်ပြုချက်ဖြင့် သိမ်းဆည်းထိမ်းမြားကြ လော့၊ အသိအမှတ်ပြု မင်္ဂလာဆုလဒ်ကို ပေးအပ်ကြလော့၊ ကာမဂုဏ်မြူးရန် မဟုတ်ဘဲ၊ လျှို့ဝှက်မသိမ်းပိုက်ဘဲ ထိန်းသိမ်းစောင့်ရှောက်ကြလော့၊ သူမတို့အားထိန်းသိမ်းစောင့်ရှောက် ပြီးနောက် ကိုယ်ကျင့်ပျက်ခဲ့သော် လွတ်လပ်စွာ ထိန်းသိမ်းစောင့်ရှောက်နိုင်သော သူမတို့အားပေးသည့် ပြစ်ဒဏ်၏ ထက်ဝက်ကို ပေးလော့၊ ဤသည် သင်တို့အနက် ကာမေသုကံ အတွက် စိတ်ပင်ပန်းရသူတို့ အဘို့ ဖြစ်၏၊ အကယ်၍ သင်တို့သည် သည်းခံပါရမီ ရှိကြလျှင် ပို၍ကောင်း၏၊ ပရမတ် ဘုရားရှင်သည် လွတ်ငြိမ်းစေသော အရှင် အကြင်နာရှင် ဖြစ်၏။
၄း၂၆။ ပရမတ်ဘုရားရှင်သည် သင်တို့အတွက် ရှင်းလင်းစေလို၏၊ သင်တို့ ၏ ရှေ့ဖြစ်သော သူတို့၏ ဓလေ့များကို ညွန်တော်မူ၏၊ သင်တို့အားသင်ပုန်းချေ ပေးတော်မူ၏၊ ပရမတ်ဘုရားရှင်သည် သိနေသော အရှင် ဓမ္မသတ်ရှင် ဖြစ်တော် မူ၏။
၄း၂၇။ ပရမတ်ဘုရားရှင်သည် သင်တို့အားသင်ပုန်းချေပေးလို၏၊ သို့သော် မိမိ တို့၏ အာသာရမက်ကို လိုက်လိုကြသော သူတို့သည် မဟာ ချွတ်ချော် တိမ်းပါးမှု ဖြစ်၏။
၄း၂၈။ ပရမတ်ဘုရားရှင်သည် သင်တို့နှင့် ပတ်သက်၍ ပေါ့ပါးစေလို၏၊ အမှန်သော် လူသားသည် ချိနဲ့ခြင်းဖြင့် ဖြစ်တည်ခံရ၏။
၄း၂၉။ အို- ယုံကြည်သောသူတို့- သင်တို့၏ ကျေနပ်စွာ ရောင်းဝယ်ခြင်းမှတပါးသင်တို့ချင်းကြားဥစ္စာပစ္စည်းများကို အမှားပြု၍ မစားသုံးကြနှင့်၊ သင်တို့၏ စရိုက်တူချင်းမလုပ်ကြံကြနှင့်၊ ဧကန်ပင် ပရမတ်ဘုရားရှင်သည် သင်တို့အားအကြင်နာ သက်နေတော်မူ၏။
၄း၃၀။ ဤသို့ စည်းဖေါက်- မိုက်ကြေးခွဲ ပြုလုပ်သူအားများမကြာမှီ အပူမီး၌ လောင်ကျွမ်းစေလတ္တံ့။ ဤသည် ပရမတ် ဘုရားရှင်အတွက် လွယ်ကူတော်မူ၏။
၄း၃၁။ ဟန့်တားထားသော ကြီးလေးသည့် အကုသိုလ်များမှ ကင်းသန့်ကြလျှင် သင်တို့၏ အပြစ်များကို ဖုံးကွယ်ပေးတော် မူလျက် ကျက်သရေရှိသော တံခါးတော်မှ ဝင်ရောက်စေတော်မူမည်ပင်။
၄း၃၂။ ပရမတ်ဘုရားရှင်က သင်တို့မှ အချို့ကို အချို့ထက် သိက္ခာပေးသည် ကို ရမက်မဖက်ကြနှင့်၊ ယောက်ျားများအတွက် သူတို့ ကျင့်ဆောင်ခဲ့ရာ ပင်ပန်းရကျိုးရှိ၍၊ မိန်းမတို့ အဘို့လည်းသူမတို့ ကျင့်ဆောင်ခဲ့ရာ ပင်ပန်းရကျိုးရှိနေ၏၊ ပရမတ်ဘုရားရှင်၏ သိက္ခာပေးခြင်းကို တောင်းခံကြလော့၊ ဧကန်ပင် ပရမတ် ဘုရားရှင်သည် သဗ္ဗလုံးစုံအားသိနေသော အရှင် ဖြစ်၏။
၄း၃၃။ ငါသည် သင်တို့ ကိုယ်စီအားမွေးမိဘ၊ ဆွေမျိုးနီးစပ်များချန်ခဲ့သည်၏ အလှည့်ကျဆက်ခံသူများအဖြစ် စီစဉ်ပေးပြီ၊ သင်တို့၏ ကတိထုံးဖွဲ့ထားသော လက်အောက်ခံတို့ ကိုလည်းသူတို့၏ ပင်ပန်းရကျိုးရှိစေလော့၊ ဧကန်ပင် ပရမတ်ဘုရားရှင်သည် သဗ္ဗလုံးစုံ၏ သက်သေ ဖြစ်တော်မူ၏။
၄း၃၄။ ပရမတ်ဘုရားရှင်သည် သူတို့မှ အချို့ကို အချို့ထက် သိက္ခာပေးခြင်း၊ သူတို့၏ ဥစ္စာပစ္စည်းများကို သုံးစွဲစေခြင်းဖြင့် အမျိုးသားတို့အားအမျိုးသမီးများအပေါ်ဝယ် ရပ်တည်ပေးသူများဖြစ်စေ၏၊ သို့ဖြစ်၍ ပြုပြင် လိုသော သူမတို့သည် လိုက်နာကြ၏၊ ပရမတ်ဘုရားရှင်က မျက်ကွယ်ဖြစ် ရန် ထိန်းသိမ်းစေသည်များကို ထိန်းသိမ်းစောင့်ရှောက်ကြ၏၊
၄း၃၅။ သင်တို့ သည် သူတို့နှစ်ဦးကြားကွဲလွဲမှုကို စိုးရိမ်ခဲ့သော် အိမ်ရှင်ဘက်မှ စီရင်ထုံးပြုသူတစ်ဦး၊ အိမ်ရှင်မဘက်မှ စီရင်ထုံးပြု သူ တစ်ဦးကို ဖေါ်ထုတ်ကြလော့၊ ထိုသူတို့သည် ပြန်လည်ပေါင်းစည်းလိုပါက ပရမတ်ဘုရားရှင်သည် သူတို့ကြားသင့်တင့်စေတော်မူအံ့၊ ဧကန်ပင် ပရမတ် ဘုရားရှင်သည် သိနေသော အရှင်၊ သတင်းရနေသော အရှင် ဖြစ်၏။
၄း၃၆။ ပရမတ်ဘုရားရှင်ကိုသာ ကိုးကွယ်ကြလော့၊ အရှင်နှင့် ရောပြွန်းတုပခြင်းတစ်စုံတစ်ရာ မပြုကြနှင့်၊ မွေးမိဘများဆွေမျိုးနီးစပ်များ၊ မိဘမဲ့များ၊ နွမ်းပါးသူများ၊ အနီးကပ် ကာကွယ်သူများ၊ နံဘေးမှ ကာကွယ်သူများ၊ နံဘေးမှ ပေါင်းဖေါ်သင်းဘက်များ၊ လမ်းစဉ်တော်၏ သားသမီးများနှင့် သင်တို့၏ လက် အောက် ဩဇာခံများအားတင့်တင့်တယ်တယ် ဆက်ဆံကြလော့၊ ဧကန်ပင် ပရမတ်ဘုရားရှင်သည် ဝံ့ဝါ မော်ကြွားသူအားနှစ်သက်တော် မမူချေ။
၄း၃၇။ မိမိကိုယ်တိုင်စေးနဲ၍၊ လူသားအပေါင်းအားစေးနဲရန် ညွှန်ကြားယုံမျှမက၊ ပရမတ်ဘုရားရှင်က ချီးမြှင့် သိက္ခာ ပေးထားသည်ကိုလည်းထိန်ဝှက် ထားသော သူတို့၊ ထိုဖုံးကွယ် သူတို့ အဘို့ နိမ့်ကျသော ဝဋ်ကြွေးကို ပြင်ဆင် ထား၏။
၄း၃၈။ ပရမတ်ဘုရားရှင်နှင့် နောက်ဆုံးနေ့အားယုံကြည်မှု မရှိဘဲလျက် လူမြင်ကောင်းရန် မိမိတို့၏ ဥစ္စာပစ္စည်းများကို သုံးစွဲ ကြသောသူတို့- သူတို့အဘို့ မကောင်းဆိုးဝါးသည် အဆက်အနွယ် ဖြစ်အံ့၊ ၎င်းသည် အကုသိုလ်ကောင် အဆက်အနွယ်ပင် ဖြစ်၏။
၄း၃၉။ ပရမတ်ဘုရားရှင်နှင့်၊ နောက်ဆုံးနေ့အားယုံကြည် ကြလျှင်၊ ပရမတ်ဘုရားရှင်က ရိက္ခာထောက်ရာမှ ပေးကမ်းသုံးစွဲကြလျှင် မည်သို့ နစ်နာအံ့နည်း၊ ဧကန်ပင် ပရမတ်ဘုရားရှင်သည် သူတို့အားသိနေသောအရှင် ဖြစ်၏။
၄း၄၀။ ဧကန်ပင် ပရမတ်ဘုရားရှင်သည် ပရမံနုမြူ အလေးချိန်မျှပင် အဝိဇ္ဇာသင့်စေသည် မဟုတ်ချေ၊ အကယ်၍ မင်္ဂလာတစ်ခု ရှိအံ့၊ အရှင်က ၎င်းအားနလံထူစေ၍ အထံတော်မှ မဟာ ဆုလဒ်ကြီးကို ချီးမြှင့်တော်မူလတ္တံ့။
၄း၄၁။ အသိုင်းအဝိုင်းတိုင်းမှ သက်သေခံတစ်ဦးကို ငါ ရောက်လာစေ၍၊ သင့်အားလည်းသူတို့အတွက် သက်သေခံ အဖြစ် ရောက်လာစေတော်မူလျှင် မည်သို့ ဖြစ်အံ့နည်း။
၄း၄၂။ ထို့နေ့၌- ဉာဏ်စဉ်ဆောင်အားဖုံးကွယ်၍ အာခံသော သူများက သူတို့ကိုယ်တိုင် မြေသားနှင့်အညီ ဖြစ်လိုငြားလည်း၊ ပရမတ်ဘုရားရှင် ထံ၌ မည်သည့် ဆင့်ပြန်ချက်ကိုမှ ထိန်ဝှက်ထား၍ မရချေ။
၄း၄၃။ အို- ယုံကြည်သောသူတို့၊ အသင်တို့ ယစ်မူးနေစဉ်၊ ပြောဆိုမှုကို မသိသမျှ၊ သန့်ရှင်းပစ်ရမည်ဖြစ်သော် လမ်းခရီး၌ မဟုတ်ခဲ့လျှင် မဆေးကြောသမျှ ဝတ်ပြုမှုသို့ မချည်းကပ်ကြနှင့်၊ အကယ်၍ သင်တို့သည် ဖျားနာနေလျှင် သို့မဟုတ် သင်ခန်းစာ ဖြစ်စေသည့် လမ်းခရီး၌ ဖြစ်လျှင် သို့မဟုတ် သင်တို့မှ တစ်စုံ တစ်ယောက်သည် ကျင်စွန့်ရာမှ ရောက်လာလျှင်၊ သို့မဟုတ် အမျိုးသမီးများနှင့် ထိတွေ့နှီးနှောခဲ့၍ ရေ မတွေ့ခဲ့လျှင် သင်တို့၏ မျက်နှာပြင်များသင်တို့၏ လက် များအားစင်ကြယ်သော အပေါ်မြေကို ကိုင်လျက် ပွတ်သပ်ကြလော့၊ ဧကန်ပင် ပရမတ်ဘုရားရှင်သည် ကျေအေးသော အရှင် လွတ်ငြိမ်းစေသော အရှင် ဖြစ်၏။
၄း၄၄။ ကျမ်းတော်၌ ပင်ပန်းခံရကျိုးအားပေးအပ်ခံရသော သူများကို သင် မရှုစားမိသလော၊ သူတို့သည် လမ်းလွဲကို ရောင်းဝယ်နေကြ၏၊ သင်တို့အားလည်းအပါယ်ကျရန် လိုလားကြ၏။
၄း၄၅။ ပရမတ်ဘုရားရှင်သည် သင်တို့မှ စည်းဖေါက် သူများကို အသိဆုံးဖြစ်တော်မူ၏၊ ဧကန်ပင် ပရမတ် ဘုရားရှင်သည် မဟာမိတ် အဖြစ် လုံလောက်တော်မူ၏၊ ကူညီသူ အဖြစ် လုံလောက်တော်မူ၏။
၄း၄၆။ ရေ၀တီတို့အနက် ဓမ္မတော်များကို မူရင်းမှလှည့်၍ ပြောဆိုလျက် “ကျွန်ုပ်တို့ ကြားရပါ၏ အာခံရပါမည်၊ အာရုံ မရှိဘဲ နားထောင်ရပါ၏၊”ဟု လည်းကောင်းလျှာကိုလိပ်လျက် “ထိန်းကျောင်းပါ၊”ဟု လည်းကောင်းသာသနာတော် အားနာမည်ဖျက်သော သူတို့ ရှိ၏။ အကယ်၍ သူတို့သည် “ကျွန်ုပ်တို့ ကြားနာ ပါ၏၊ နာခံလျက် နားထောင်ပါ၏၊ ကျွန်ုပ်တို့ကို ကြည့်ရှု ပေးပါ၊”ဟု ပြောဆိုကြလျှင် သူတို့အတွက် ပို၍ကောင်း၏၊ ပို၍ ခိုင်မြဲ၏၊ သို့ရာတွင် သူတို့၏ ဖုံးကွယ်မှု၊ အနည်းငယ်မျှပင် မယုံကြည်မှု တို့ကြောင့် ပရမတ်ဘုရားရှင်က သူတို့အားမေတ္တာ ဝေးစေပြီ။
၄း၄၇။ အို ကျမ်းပေးခံရသော သူတို့၊ ရှေ့အလျင်က သင်တို့၌ ရှိသည်ကို ဖြောင့်မှန်စေသော ငါ ချမှတ်ပေးသည့် အရာအား၊ မျက်နှာများကို အရေကွာစေ၍ ရှေ့နောက် မလှန်ပစ် မှီ၊ သတင်းသီလ ဖေါက်ဖျက်သော ပေါင်းဖေါ်များအားမေတ္တာဝေးစေ သကဲ့သို့ မေတ္တာမဝေးစေမှီ သက်ဝင်ယုံကြည်ကြလော့၊ ပရမတ် ဘုရားရှင်၏ ညွှန်ကြားချက်သည် စီမံပြီးဖြစ်၏။
၄း၄၈။ ပရမတ်ဘုရားရှင်သည် အရှင်နှင့် ရောပြွန်းလျက် ကိုးကွယ်မှုအားလွတ်ငြိမ်းစေတော် မမူချေ၊ ထိုမှအပသော အရာမှ စံချိန်ပြည့်သူအားလွတ်ငြိမ်းစေတော်မူအံ့၊ ပရမတ်ဘုရားရှင်အားရောပြွန်းကိုးကွယ်သောသူသည် မဟာ ပြစ်မှုကြီးအကြောင်းကို လုပ်ကြံဖန်တီးပြီ။
၄း၄၉။ ဉာဉ်စရိုက် သန့်ရှင်းဖြူစင်သည်ဟု ဟန်လုပ်သော သူတို့အားသင် မရှုစားမိသလော၊ အမှန်မှာ ပရမတ်ဘုရားရှင် သာလျှင် စံချိန်ပြည့်သူအားသန့်ရှင်းဖြူစင်စေ၏၊ အမှုံအမွှားမျှပင် အဝိဇ္ဇာသင့် စေမည် မဟုတ်ချေ။
၄း၅၀။ ပရတ်မတ်ဘုရားရှင် အပေါ်၌ မည်သို့ လုပ်ကြံဖန်တီးလိမ်လည်ကြသည်ကို ကြည့်လော့၊ ၎င်းသည်ပင် ရှင်းလင်းထင်ရှား၍ လုံလောက် သော ပြစ်မှု ဖြစ်၏။
၄း၅၁။ ကျမ်းတော်၌ ပင်ပန်းခံရကျိုးပေးအပ်ခံရသော သူများအားသင် မရှုစားမိသလော၊ သူတို့သည် ဆင်းတုများနှင့် မိစ္ဆာများကို ယုံကြည်လျက် ဖုံးကွယ်သော သူများအား“သူတို့သည် ယုံကြည်သောသူများထက် လမ်းစဉ်မှန်ကို ပိုညွှန်ခံရသည်၊”ဟု ဆိုကြ၏။
၄း၅၂။ သူတို့သည် ပရမတ်ဘုရားရှင်က မေတ္တာဝေးစေသော သူတို့ ဖြစ်၏၊ ပရမတ်ဘုရားရှင်က မေတ္တာဝေးစေသူသည် သူ့အတွက် ကူညီနိုင်သူကို တွေ့ရမည် မဟုတ်ပေ။
၄း၅၃။ သို့တည်းမဟုတ် သူတို့၌ ပင်ပန်းခံရကျိုးဩဇာအာဏာ ရှိကြသလော၊ ရှိငြားသော်လည်းလူသားတို့အားလေဖြင့်မှုတ် သလောက်ပင် ပေးကမ်းလိမ့်မည် မဟုတ်ချေ။
၄း၅၄။ သို့တည်းမဟုတ်-သူတို့သည် ပရမတ်ဘုရားရှင်က အရှင်၏ သိက္ခာ ပေးခြင်းမှ လူသားတို့အားချီးမြှင့်ခြင်း၌ မနာလို ဖြစ်ကြသလော။ ငါသည် အီဗရာဟီးမ်၏ အဆက်အနွယ်အားကျမ်းတော်နှင့် စီရင်ထုံးကို မုချ ချီးမြှင့်ခဲ့ပြီ၊ သူတို့အားဂုဏ်ဒြဗ်ကြီးသော အာဏာကိုလည်းပေးခဲ့ပြီ။
၄း၅၅။ သူတို့အနက် သူ့အားယုံကြည်သူ ရှိ၍ သူတို့အနက် သူ့ကို ရှောင်ဖယ်သူလည်းရှိ၏၊ ငရဲမီးသည် လောင်စာဖြင့် ပြည့်စုံလျက် ရှိ၏။
၄း၅၆။ ဧကန်ပင် ငါ၏ သုတ်ဒေသနာများကို ဖုံးကွယ်သော သူတို့အားမီးထဲ၌ လောင်ကျွမ်းစေလတ္တံ့၊ သူတို့၏ အရေပြားများမီးကျက်သွားတိုင်းဝဋ်ကြွေးကို မြည်းစမ်းစေရန် အခြားသော အရေပြားဖြင့် လွှဲပြောင်းပေးလတ္တံ့၊ ဧကန်ပင် ပရမတ်ဘုရားရှင်သည် ဘုန်းတော်ရှင်၊ ဓမ္မသတ်ရှင် ဖြစ်တော်မူ၏။
၄း၅၇။ ယုံကြည်လျက် ပြုပြင်မှု ကျင့်ကြံသော သူသည် အောက်ခင်း၌ စမ်းချောင်းရေသွင် စီးဆင်းနေသော သုခဘုံများသို့ ဝင်၍ ထို၌ ကာလပိုင်းခြားမဲ့ အစဉ်စံစားရလတ္တံ့၊ ထို၌ သူတို့အတွက် သန့်စင်သော စုဖွဲ့ဖေါ်များရှိနေ၏၊ သူတို့အားအရိပ်စစ်စစ် အရိပ်ထဲသို့ ဝင်စေလတ္တံ့။
၄း၅၈။ ယုံကြည်စွာအပ်နှံသော ပစ္စည်းများကို ပိုင်ဆိုင်ခွင့် ရှိသူထံ ပေးအပ် ကြရန် သင်တို့အားပရမတ်ဘုရားရှင်က ဧကန် ညွှန်ကြားတော်မူပြီ၊ လူသားချင်းကြားစီရင်ထုံး၌ တန်းတူစွာ စီရင်ထုံးချရမည်၊ ဧကန်ပင် ပရမတ်ဘုရားရှင်၏ ဩဝါဒတော်သည် ဂုဏ်ရှိလှ၏၊ ဧကန်ပင် ပရမတ်ဘုရားရှင်သည် ကြားနေသော အရှင် မြင်နေသောအရှင် ဖြစ်ပေ၏။
၄း၅၉။ အို- ယုံကြည်သော သူတို့၊ ပရမတ် ဘုရားရှင်အားနာခံကြလော့၊ ဉာဏ်စဉ်ဆောင်နှင့် သင်တို့မှ ညွှန်ကြားခွင့် ရှိသူတို့ အားနာခံကြလော့၊ သင်တို့သည် ပရမတ်ဘုရားရှင်နှင့် နောက်ဆုံးနေ့အားသက်ဝင် ယုံကြည်ကြလျှင် သင်တို့ချင်းမည် သည့် ဖယ်ပစ်နေသည်များကိုမဆို ပရမတ် ဘုရားရှင် နှင့် ဉာဏ်စဉ်ဆောင် ဘက်သို့ ဆက်သကြလော့၊ ဤသည် အကောင်းဆုံးအတင့်တယ်ဆုံးဖွင့်ဆို မှု ဖြစ်၏။
၄း၆၀။ သင့်ထံ၌ ချမှတ်ပေးရာနှင့် သင့် ရှေ့အလျင် ချမှတ်ပေးရာတို့ကို ယုံကြည်ပါ၏ဟု ရပ်တည်ပြောဆိုသော သူများဖြစ်ပါလျက် မိစ္ဆာဒိဌိ ထံ၌ စီရင်ထုံးလိုလားကြသော သူများကို သင် မမြင်မိသလော၊ ၎င်းအားငြင်းပယ်ရန် မိန့်ညွှန်ပြီးဖြစ်၏၊ မကောင်းဆိုးဝါးသည် သူတို့အားနောက်ကျန် လွဲချော် လွဲမှားစေလို၏။
၄း၆၁။ ပရမတ်ဘုရားရှင် ချမှတ်ပေးရာသို့၊ ဉာဏ်စဉ်ဆောင်၏ ဘက်သို့၊ လာကြလော့ ဟု သူတို့အားပြောဆိုသော်၊ အသင့်အားရှောင်ဖယ် ရှောင်ဖယ်ပြုသော သီလကြောင် များကို မြင်တွေ့ရလတ္တံ့။
၄း၆၂။ သူတို့၏ စုံရပ်ခံခဲ့သော လက်ချက်များကြောင့် ထိခိုက်မှုတစ်ခု သူတို့အားထိခိုက်သောအခါ မည်သို့ ဖြစ်အံ့နည်း၊ “သုမင်္ဂလာနှင့် ပြန်လည် ပေါင်းစည်းခြင်းကိုသာ ကျွန်ုပ်တို့ လိုလားခဲ့ပါ၏၊”ဟု ပရမတ်ဘုရားရှင်အားတိုင်တည် ပြလျက် သင့်ထံသို့ ရောက်လာကြလတ္တံ့။
၄း၆၃။ သူတို့သည်- သူတို့၏ စိတ်နှလုံးထဲမှ အရာအားပရမတ်ဘုရားရှင်က သိနေသောသူများဖြစ်၏၊ သူတို့အားဘောင်ထားလော့၊ ဆုံးမလော့ သူတို့၏ စရိုက်များအတွင်းထိ စကားဆိုက်ရောက်အောင် ဟောပြောလော့။
၄း၆၄။ ပရမတ်ဘုရားရှင်၏ ကြေငြာချက်အားနာခံစေရန် မှအပ ဉာဏ်စဉ်ဆောင် တစ်ပါးကိုမျှ စေစားတော်မူသည် မဟုတ်၊ အကယ်၍ သူတို့မှ မိမိတို့၏ စရိုက်အားမိုက်ကြေးခွဲ၍ သင့်ထံသို့ လာလျက် ပရမတ်ဘုရားရှင်၏ ထံ၌ လွတ်ငြိမ်းဆုပန်သော်၊ ဉာဏ်စဉ်ဆောင်ကလည်းသူတို့ အတွက် လွတ်ငြိမ်းဆုပန် သော် ပရမတ်ဘုရားရှင်သည် သင်ပုန်းချေသော အရှင် ကရုဏာရှင် ဖြစ်ကြောင်းသင် တွေ့ရလတ္တံ့။
၄း၆၅။ အမှန်မှာ- သင်၏ ကံကြမ္မာရှင်အားဖြင့်၊- သူတို့ အကြားကွဲလွဲချက်၌ သင့်အားခုံသမ္မာဓိ အဖြစ် မစိုက်ထူသမျှ၊ သင်၏ အပြီးသတ် ဆုံးဖြတ်ရာကို သူတို့၏ ဉာဉ်စရိုက်၌ အခက်အခဲမရှိ ငြိမ်းငြိမ်းချမ်းချမ်းအေးအေးလူလူ မတွေ့ရ သမျှ၊ သူတို့သည် ယုံကြည်သူများမဟုတ်ချေ။
၄း၆၆။ အကယ်၍ ငါ အရှင်က သူတို့အား“သင်တို့၏ ဉာဉ်စရိုက်များကို ပါယ်သတ်ကြကုန်- သို့တည်းမဟုတ် သင်တို့၏ အိမ်များမှ ထွက်သွားကြကုန်၊”ဟု ပြဌာန်းခဲ့လျှင် သူတို့အနက် အနည်းငယ်မှအပ ပြုလုပ်ကြမည် မဟုတ်ချေ၊ အကယ်၍ သူတို့သည် ဩဝါဒ အတိုင်းပြုလုပ်ခဲ့ကြလျှင် သူတို့အတွက် ပို၍ကောင်း၏၊ ပို၍တည်တံ့ခိုင်မာ၏။
၄း၆၇။ ထိုအခါ သူတို့အားငါအရှင့်ထံတော်မှ မဟာ ဆုလဒ်ကြီးကို ချီးမြှင့် ပေအံ့-
၄း၆၈။ သူတို့အားမြဲမြံတည်တံ့သော လမ်းစဉ်တော်အားညွှန်တော်မူပေအံ့-
၄း၆၉။ ပရမတ်ဘုရားရှင်နှင့် ဉာဏ်စဉ်ဆောင်အားနာခံသူသည် ပရမတ်ဘုရားရှင်မှ ဂုဏ်ပေးသောသူများဖြစ်သည့် သတင်းတော်ဆောင်များ၊ ဖြောင့်မှန်သူများ၊ သက်သေတည်သူများ၊ ပြုပြင်သူများနှင့် အတူ ဖြစ်ရပေအံ့၊ သူတို့သည် အတင့် တယ်ဆုံးအကျွမ်းဝင်သူများဖြစ်ကြ၏။
၄း၇၀။ ဤသည် ပရမတ်ဘုရားရှင်မှ သိက္ခာ ပေးမှု ဖြစ်၏၊ ပရမတ်ဘုရားရှင်သည် သိနေသော အရှင် အဖြစ် လုံလောက်၏။
၄း၇၁။ အို- ယုံကြည်သောသူတို့၊ အသင်တို့သည် လက်နှက်များအသင့် သတိရှိလော့၊ အသုတ်လိုက် ချီတက်လော့ သို့မဟုတ် အတူစု၍ ချီတက်ကြလော့၊
၄း၇၂။ သင်တို့၏ အထဲ၌ ချောင်ခိုသူများရှိ၏၊ အကယ်၍ ထိခိုက်မှုတစ်ခု သင်တို့အားထိခိုက်ခဲ့လျှင် “ပရမတ်ဘုရားရှင်က ကျွန်ုပ်အားဂုဏ်ပေးခဲ့၏ သို့ဖြစ်၍ ကျွန်ုပ် သည် သူတို့နှင့်အတူ မျက်မှောက်၌ မရှိခဲ့၊”ဟု ရင့်ကျူး၏။
၄း၇၃။ အကယ်၍ သင်တို့ အားပရမတ်ဘုရားရှင်ထံမှ သိက္ခာပေးခြင်းသက်သော်၊ သူ့ကြားသင်တို့ကြားလိုလားမှု မရှိဘဲ “ကျွန်ုပ်သည် သူတို့နှင့် အတူဖြစ်ခဲ့လျှင် ကောင်းလေစွ၊ ကျွန်ုပ် သည်လည်းမဟာ အောင်ပွဲ ကို အောင်ပွဲခံရလတ္တံ့၊”ဟု ညည်းညူ၏။
၄း၇၄။ ဤလောကီဘ၀ကို လောကုတ္တရာအတွက် ရောင်းဝယ်သော သူများသည် ပရမတ်ဘုရားရှင်၏ လမ်းစဉ်တော်၌ ခုခံတိုက်ခိုက်ကြ၏၊ ပရမတ်ဘုရားရှင် ၏ လမ်းစဉ်တော်၌ ခုခံတိုက်ခိုက်သူတို့သည် ကျဆုံးရသည် ဖြစ်စေ- အနိုင်ယူနိုင် သည် ဖြစ်စေ မဟာ ဆုလဒ်ကြီးကို တမဟုတ်ချင်းချီးမြှင့်ခံရလတ္တံ့။
၄း၇၅။ “အို- ကံကြမ္မာရှင် တပည့်တော်တို့အားဤ မိုက်ကြေးခွဲနေသော ဤဒေသသားတို့ထံမှ ထွက်နိုင်ခွင့်ပေးပါ၊ တပည့်တော်တို့ အတွက် အရှင့်ထံတော်မှ မဟာမိတ် တစ်ဦးအားစီစဉ်ပေးပါ၊ အရှင့်ထံတော်မှ ကူညီနိုင်သူ တစ်ဦးကို စီစဉ်ပေးပါ၊”ဟု ဆုပန် နေကြသော အင်အားချိနဲ့သည့် အမျိုးသားအမျိုးသမီး၊ ရင်သွေးငယ်များအတွက် ပရမတ်ဘုရားရှင်၏ လမ်းစဉ်တော်၌ အသင်တို့ စစ်မတိုက်ရန် အဘယ်အကြောင်းရှိနေသနည်း။
၄း၇၆။ ယုံကြည်သောသူတို့သည် ပရမတ်ဘုရားရှင်၏ လမ်းစဉ်တော်၌ ခုခံတိုက်ခိုက်ကြ၍၊ ဖုံးကွယ်သော သူတို့သည်ကားမိစ္ဆာလမ်းစဉ်၌ စစ်ခင်းကြ၏၊ မကောင်းဆိုးဝါး၏ မဟာမိတ်များကို ခုခံတိုက်ခိုက်ကြလော့၊ ဧကန်ပင် မကောင်းဆိုးဝါး၏ နည်းဗျူဟာသည် ချိနဲ့လှပေ၏။
၄း၇၇။ “သင်တို့၏ လက်များကို ထိန်းချုပ်ဟန့်တားလျှက် ဝတ်ပြုခြင်းမြဲကြလော့၊ အခွန်ငွေဖြူ ပေးကြလော့၊”ဟု ပြောထားရသော သူများကို သင် မရှုစားမိသလော၊ သူတို့အားစစ်တိုက်ရန် ပြဌာန်းလိုက်စဉ် သူတို့မှ တစ်ဖွဲ့က ပရမတ်ဘုရားရှင်အားကြောက်ရွံ့ သကဲ့သို့ လူသားများကို ကြောက်ရွံ့လျက် သို့မဟုတ် ထိုထက် ပြင်းထန်စွာ ကြောက်ရွံ့လျက် “အို- ကံကြမ္မာရှင် တပည့်တော် တို့အားအဘယ်ကြောင့် စစ်တိုက်ရန် ပြဌာန်းရပါသနည်း၊ အဘယ်ကြောင့် နောက်ထပ် သတ်မှတ်ကာလ နီးကပ်လှပါ သနည်း၊”ဟု လျှောက်ထားကြ၏၊ ဟော ကြားလော့ “လောကီ ပျော်ပါးမှုသည် အနည်းငယ်မျှသာ ဖြစ်၏၊ စည်းစောင့်သူများအတွက် နောင်ဘ၀ သည်သာ ပို၍ ကောင်း၏၊ အမှုံအမွှားမျှပင် မိုက်ကြေးခွဲခံရမည် မဟုတ်ချေ-
၄း၇၈။ သင်တို့သည် မည်သည့်နေရာ၌ ရှိစေ မြင့်မားသော မျှော်စင်ထဲတွင် ဖြစ်စေ သေခြင်းတရားသည် သင်တို့ထံသို့ ခြုံလွှမ်းလာလတ္တံ့၊ သူတို့ထံသို့ သုမင်္ဂလာသက်လျှင် “ဤသည် ပရမတ်ဘုရားရှင်၏ ထံမှ ဖြစ်၏၊”ဟု ပြောဆို လျက်၊ သူတို့အားအကုသိုလ် ထိခိုက်လျှင် “ဤသည် သင့်ထံမှ၊”ဟု စွပ်စွဲကြ၏၊ ဟောကြားလော့ “ခပ်သိမ်းကုန်သည် ပရမတ်ဘုရားရှင်၏ ထံမှ ဖြစ်၏၊” ဤလူမျိုးသည် မည်သည့် ဆင့်ပြန်ချက်ကို မဆို အဘယ်ကြောင့် နားလည်မှု မနီးစပ်ကြ သနည်း။
၄း၇၉။ သင့်အားထိသက်ရာ သုမင်္ဂလာသည် ပရမတ်ဘုရားရှင်၏ ထံမှ ဖြစ်၍ သင့်အားထိခိုက်ရာ အကုသိုလ်သည် သင့်စရိုက် ကြောင့်သာ ဖြစ်၏၊ ငါသည် သင့်အားလူသားတို့ အတွက် ဉာဏ်စဉ်ဆောင် တစ်ပါးအဖြစ် စေစားတော်မူပြီ၊ ပရမတ်ဘုရားရှင်သည် သက်သေအဖြစ် လုံလောက်တော်မူ၏။
၄း၈၀။ ဉာဏ်စဉ်ဆောင်အားနာခံသောသူသည် ပရမတ်ဘုရားရှင်အားနာခံ သည် မည်၏၊ လှည့်သွားသူ- သူတို့ အတွက် အသင့်အားစောင့်ရှောက်ရသူ အဖြစ် စေစားသည် မဟုတ်ချေ။ ၈၁။ “နာခံပါ၏၊”ဟု ပြောကြလျှက်၊ သူတို့မှ တစ်စုသည် သင့်ထံမှ ထွက်လာသောအခါ သူတို့ပြောဆိုခဲ့ရာနှင့် ဆန့်ကျင်ဘက်ကို မှောင်ချ ကြံစည်ကြ၏၊ ပရမတ်ဘုရားရှင်သည် သူတို့၏ မှောင်ချကြံစည်ချက်ကို မှတ်တမ်းတင်ထားတော်မူပြီ၊ သို့ဖြစ်၍ သူတို့အားဘောင်ထားလော့၊ ပရမတ်ဘုရားရှင်အားကိုးစားလော့၊ ပရမတ်ဘုရားရှင်သည် ကိုးစားထိုက်သည့် အရှင် အဖြစ် လုံလောက် တော်မူ၏။
၄း၈၁။ ဤကုရ်အာန်အားအရင်းအမြစ် မစစ်ကြကုန်သလော၊ အကယ်၍ ၎င်းသည် ပရမတ်ဘုရားရှင်၏ ထံတော်မှ မဟုတ်ခဲ့လျှင် ယင်း၌ မညီညွတ်မှုပေါင်းများစွာကို တွေ့ကြရကုန်လတ္တံ့။
၄း၈၂။ သူတို့ထံသို့ ယုံကြည်စိတ်ချဘွယ်ရာ သို့မဟုတ် ချောက်ချားဘွယ်ရာ အရေးအကြောင်းရောက်လာခဲ့သော် ၎င်းကို ဖြန့်ချီကြကုန်၏၊ ထိုအကြောင်းကို ဉာဏ်စဉ်ဆောင်၏ ထံသို့ သို့မဟုတ် သူတို့မှ ညွှန်ကြားခွင့် ရှိသူ၏ ထံသို့ ပြန်ပို့ လျက် သူတို့အနက် ၎င်းကို သိသူများက ၎င်းကို ဆန်းစစ်သော သူများဖြစ်သင့်၏၊ အကယ်၍ ပရမတ်ဘုရားရှင်သည် သူတို့အားသိက္ခာမပေးခဲ့၊ ကရုဏာမသက် ခဲ့လျှင် အနည်းစုမှအပ မကောင်းဆိုးဝါး၏ နောက်သို့ လိုက်ကြရလတ္တံ့။
၄း၈၃။ ပရမတ် ဘုရားရှင်၏ လမ်းစဉ်တော်၌ ခုခံတိုက်ခိုက်လော့၊ သင့်စရိုက် အတွက်သာ သင့်ကို ဝန်ဆောင်စေပြီ၊ ယုံကြည်သူတို့အားသွေးနွေးစေလော့၊ ပရမတ်ဘုရားရှင်သည် ဖုံးကွယ်သော သူတို့ထံမှ အမင်္ဂလာများကို ထိန်းချုပ်ဟန့်တားနိုင်ရာ၏၊ ပရမတ် ဘုရားရှင်သည်ကားအမင်္ဂလာတန်ပြန်ရာ၌ ပြတ်သားတော်မူ၏၊ နမူနာပေးရာ၌ ပြတ်သားတော်မူ၏။
၄း၈၄။ ပရမတ်ဘုရားရှင်၏ လမ်းစဉ်တော်၌ ခုခံတိုက်ခိုက်လော့၊ သင့်စရိုက်အတွက်သာ သင့်ကို ဝန်ဆောင်စေပြီ၊ ယုံကြည်သူ တို့အားသွေးနွေးစေလော့၊ ပရမတ်ဘုရားရှင်သည် ဖုံးကွယ်သောသူတို့ထံမှ အမင်္ဂလာများကို ထိန်းချုပ်ဟန့်တားနိုင်ရာ၏၊ ပရမတ်ဘုရားရှင်သည်ကားအမင်္ဂလာတန်ပြန်ရာ၌ ပြတ်သားတော်မူ၏၊ နမူနာပေးရာ၌ ပြတ်သားတော်မူ၏။
၄း၈၅။ ကြားဝင်မှုကို တင့်တယ်စွာ ကြားဝင်ဆောင်ရွက်သူ သူ့ အတွက် ထို၌ ပင်ပန်းရကျိုးရှိ၏၊ အကုသိုလ် ကြားဝင်မှုဖြင့် ကြားဝင် ဆောင်ရွက်သူ သူ့အတွက် ထိုမှ ထိန်းထားရာ ရှိ၏၊ ဧကန်ပင် ပရမတ်ဘုရားရှင်သည် သဗ္ဗလုံးစုံအားထိန်းညှိ ထားသော အရှင် ဖြစ်၏။
၄း၈၆။ သင်တို့အားနှုတ်ခွန်းဆက်သော အခါ၊ ပို၍ တင့်တယ်စွာ နှုတ်ဆက်ကြလော့၊ သို့မဟုတ် ပြန်လည်၍ နှတ်ဆက်ကြလော့၊ ဧကန်ပင် ပရမတ်ဘုရားရှင်သည် သဗ္ဗလုံးစုံအားစစ်ဆေးနေသော အရှင် ဖြစ်၏။
၄း၈၇။ ပရမတ်ဘုရားရှင်- အရှင်မှအပ အခြားဘုရားဟူ၍ မရှိ၊ သံသယ အလျဉ်းမဝင်နိုင်သော ရပ်တည်ရသော နေ့၌ သင်တို့အားစုပေါင်းစေတော်မူမည် ပရမတ်ဘုရားရှင်ထက် မည်သူက ဖြောင့်မှန်စွာ ဆင့်ပြန်နိုင်အံ့နည်း။
၄း၈၈။ သို့ဖြင့် သင်တို့သည် သီလကြောင်များအတွက် အဘယ်ကြောင့် နှစ်တပ် ကွဲနေကြသနည်း၊ ပရမတ်ဘုရားရှင်သည် သူတို့၏ ကျင့်ဆောင်မှုများကြောင့် သူတို့ကို ဦးချိုးထားတော်မူပြီ၊ ပရမတ်ဘုရားရှင်က အပါယ်သို့ ရောက်စေသူအားလမ်းညွှန်ရစေလို သလော၊ ပရမတ်ဘုရားရှင်က အပါယ်သို့ ရောက်စေသူ အတွက် မည်သည့် လမ်းကိုမှ တွေ့ရမည် မဟုတ်ချေ။
၄း၈၉။ သူတို့သည် ဖုံးကွယ်သူများဖြစ်ခဲ့သည့်နည်းတူ အလားတူ သင်တို့အားဖုံးကွယ်သူများဖြစ်စေလို၏၊ ထို့ကြောင့် ပရမတ်ဘုရားရှင်၏ လမ်းစဉ်တော်၌ ပြောင်းရွှေ့မလာ သမျှ- သူတို့အနက်မှ မဟာမိတ်များအဖြစ် မမှတ်ယူနှင့်၊ သို့သော် သူတို့သည် လှည့်လာကြလျှင် သူတို့အားတွေ့သည့် နေရာတိုင်း၌ ဖမ်းဆီးကြလော့၊ ခုခံတိုက်ကြလော့၊ သူတို့မှ မဟာမိတ် အဖြစ် သို့မဟုတ် ကူညီသူအဖြစ် မယူမှတ် ကြကုန်နှင့်-
၄း၉၀။ သင်တို့နှင့် ပူးပေါင်းထားသော လူမျိုးများထံသို့ သို့မဟုတ် သင်တို့ အားတိုက်ခိုက်လိုခြင်းသို့မဟုတ် သင်တို့ကြားသူတို့၏ လူမျိုးအကြားစစ်ဖြစ် လိုခြင်းဟူသည့် ရင်ဘတ်ကို ချုပ်ထိန်း၍ သင်တို့ထံ ရောက်လာသူများသည် ချွင်းချက် ဖြစ်၏။ ပရမတ်ဘုရားရှင်၏ စံချိန်ပြည့်ခဲ့လျှင် အရှင်သည် သူတို့အားသင်တို့ထက် အခွင့်အာဏာပေးနိုင်တော်မူ၏၊ သို့ဖြစ်လျှင် သူတို့သည် သင်တို့ကို တိုက်ခိုက်နိုင်ရာ၏၊ သို့ဖြစ်၍ သင်တို့ကို မတိုက်ခိုက်ကြဘဲ စစ်ရှောင်လျက် ငြိမ်းချမ်းရေးကမ်းလှမ်းလျှင် သူတို့အားဆန့်ကျင်ရန်အတွက် ပရမတ်ဘုရားရှင်က သင်တို့အားနည်းလမ်းမစီစဉ်ပေးပေ။
၄း၉၁။ သင်တို့ထံမှ ယုံကြည်ရမှု၊ သူတို့၏ လူမျိုးချင်းထံမှ ယုံကြည်ရမှု များကို လိုလားသော အခြားသူများကို တွေ့ရလတ္တံ့၊ သူတို့အားပြန်လည် သိမ်းသွင်းခဲ့သော် သွေးတိုးစမ်းမှု ဘက်သို့ အချိန်တိုင်းဦးစိုက် နေကြ၏၊ အကယ်၍ သူတို့သည် သင်တို့အားစစ်ရှောင်ခြင်း၊ ငြိမ်းချမ်းရေးကမ်းလှမ်းခြင်း၊ လက်များကို ထိန်းချုပ် ဟန့်တားခြင်းများမပြုကြသော် သူတို့အားထိပ်တိုက်တိုးရာ နေရာ၌ ဖမ်းဆီးကြလော့၊ ခုခံတိုက်ကြလော့၊ သင်တို့က သူတို့ အပေါ် ထိုသို့ပြုရန် အခွင့်အာဏာ ရှင်းလင်းထင်ရှားစွာ ငါ စီစဉ်ပေး၏။
၄း၉၂။ မှားယွင်းစွာ မှအပ- ယုံကြည်သူအားလုပ်ကြံခြင်းသည် ယုံကြည်သူ တစ်ဦး၏ ဂုဏ်အင်္ဂါ မဟုတ်ချေ။ ယုံကြည်သူ တစ်ဦးအားမှားယွင်းစွာ လုပ်ကြံမိ သူသည် သေသူ အိမ်သားတို့ဘက်အားဖြောင့်မှန်စွာ ပြေငြိမ်းကြေးပေးရမည်၊ ယုံကြည်သူ ကျွန်တစ်ဦးအားလွှတ်ပေးရမည်၊ အကယ်၍ သေသူသည် ယုံကြည်သူ ဖြစ်၍ သင်တို့အားစည်းဖေါက်သော လူမျိုးမှ ဖြစ်အံ့၊ ယုံကြည်သူ ကျွန်တစ်ဦးအားလွှတ်ပေးရမည်၊ သေသူသည် သင်တို့ကြားသူတို့ကြားညွန့်ပေါင်းစာချုပ်ရှိသော လူမျိုးမှ ဖြစ်လျှင် သူ၏ အိမ်သားတို့အားပြေငြိမ်းကြေးပေးရမည်၊ ယုံကြည်သူ ကျွန်တစ်ဦးအားလွှတ်ပေးရမည်၊ ၎င်းတို့အားကိုယ်တွေ့ မဖြစ်နိုင်သူ အတွက် ပရမတ်ဘုရားရှင်၏ ထံမှ ခဝါချရန် နည်းနာမှာ နှစ်လတိ ဥပုသ်စောင့်တည်ရမည်။ ဧကန်ပင် ပရမတ်ဘုရားရှင်သည် သိနေသော အရှင် ဓမ္မသတ်ရှင် ဖြစ်တော်မူ၏၊
၄း၉၃။ ယုံကြည်သူအားပစ်မှတ်ထား၍ လုပ်ကြံသူ၏ အစားရခြင်းမှာ ငရဲမီးပင် ဖြစ်၏၊ ထို၌ အစဉ်ခံစားရလတ္တံ့၊ ပရမတ်ဘုရားရှင်က မေတ္တာဝေးစေမည်၊ ကရုဏာ ဝေးစေမည်ပင်၊ သူ့အတွက် မဟာ ဝဋ်ကြွေးကြီးကို တွက်ချက်ပြင်ဆင်ထားပြီ။
၄း၉၄။ အို- ယုံကြည်သောသူတို့၊ ပရမတ်ဘုရားရှင်၏ လမ်းစဉ်၌ ခရီးထွက် ကြသောအခါ- ရှင်းရှင်းလင်းလင်းဖြစ်စေလော့၊ သင်တို့အားငြိမ်းချမ်းရေ ကမ်းလှမ်းသူကို “သင်သည် ယုံကြည်သူ မဟုတ်၊”ဟု မပြောကြနှင့်၊ လောကီဘ၀ ဘောင်ကို ရှာဖွေကြသလော၊ ပရမတ်ဘုရားရှင်၏ ထံ၌ စစ်လျှော်ကြေးများစွာ ရှိကုန်၏။ သင်တို့သည်လည်းရှေ့အလျင်က ထိုကဲ့သို့ပင် ဖြစ်ခဲ့၍ ပရမတ် ဘုရားရှင်က မျက်နှာသာပေးခဲ့ပြီ။ သို့ဖြစ်၍ ရှင်းရှင်းလင်းလင်းရှိကြလော့၊ သင်တို့၏ ကျင့်ကြံသမျှကို ပရမတ်ဘုရားရှင်က ဧကန် သတင်းသိနေတော်မူ၏။
၄း၉၅။ ယုံကြည်သူများအနက် အနာတရ ရှိသူ မဟုတ်ဘဲ ထိုင်နေသူများနှင့် ပရမတ်ဘုရားရှင်၏ လမ်းစဉ်တော်၌ ဥစ္စာ၊ စရိုက်များစွန့်၍ အားစိုက်ဆောင်ရွက် သူများတူညီကြသည် မဟုတ်ချေ၊ ပရမတ်ဘုရားရှင် သည် ဥစ္စာ စရိုက်များစွန့်၍ အားစိုက်ဆောင်ရွက်သူများကို ထိုင်နေသူများထက် သိက္ခာတင် အခွင့်အလမ်းပေးခဲ့ပြီ။ သူတို့ ကိုယ်စီအားပရမတ်ဘုရားရှင်က အတင့်တယ်ဆုံးကတိထားတော် မူပြီ၊ ပရမတ်ဘုရားရှင်သည် အားစိုက်ဆောင်ရွက်သူတို့အားထိုင်နေသူများထက် သိက္ခာပေးမည့် မဟာ ဆုလဒ်ကြီးမှာ
၄း၉၆။ အခွင့်အလမ်းများ၊ လွတ်ငြိမ်းခွင့်နှင့် ကရုဏာတို့ ဖြစ်၏။ ဧကန်ပင် ပရမတ်ဘုရားရှင်သည် လွတ်ငြိမ်းစေသော အရှင် အကြင်နာရှင် ဖြစ်တော်မူ၏။
၄း၉၇။ မိမိ စရိုက်ကို မိမိ မိုက်ကြေးခွဲနေကြစဉ် နိမိတ်ဆောင်တို့က ဇီဝိန်ချွေ ပစ်သော သူတို့အား“သင်တို့ မည်သို့ ရပ်တည်ခဲ့ သနည်း၊”ဟု ဆိုသော်၊ “ကျွန်ုပ်တို့ သည် ဤမြေ၌ အဖိနှိပ်ခံများဖြစ်ပါ၏၊”ဟု ပြန်ဖြေ၏၊ သူတို့အား“သင်တို့ ပြောင်းရွှေ့နေထိုင်ရန် ပရမတ်ဘုရားရှင်က ကမ္ဘာမြေအားဖြန့်ကျက်ပေးထားသည် မဟုတ်လော၊”ဟု မေးမြန်း၏။ သူတို့ အတွက် ခိုလှုံရာမှာ ငရဲဘုံပင် ဖြစ်တော့၏၊ ယင်းသည် အကုသိုလ် ပန်းတိုင် ဖြစ်၏။
၄း၉၈။ ဖိနှိပ်ခံ ဖြစ်နေသော အမျိုးသားအမျိုးသမီး၊ ရင်သွေးငယ်များသည် တတ်နိုင်သည့် ဝန်းကျင် မရှိ၊ လမ်းညွှန် လမ်းစဉ် မရှိလျှင်-
၄း၉၉။ ပရမတ် ဘုရားရှင်သည် သူတို့အားကျေအေးပေးနိုင်ရာ၏၊ ဧကန်ပင် ပရမတ်ဘုရားရှင်သည် ကျေအေးပေးသော အရှင်၊ လွတ်ငြိမ်းစေသော အရှင် ဖြစ်၏။
၄း၁၀၀။ ပရမတ်ဘုရားရှင်၏ လမ်းစဉ်တော်၌ ပြောင်းရွှေ့ သူသည် မြေကမ္ဘာ၌ ခိုလှုံရာများစွာနှင့် ဖြန့်ကျက်နိုင်မှု မြောက်များစွာကို တွေ့ရလတ္တံ့၊ နေအိမ်မှ ထွက်ခွာ၍ ပရမတ်ဘုရားရှင်နှင့် အရှင်၏ ဉာဏ်စဉ်ဆောင် အတွက် ပြောင်းရွှေ့ခဲ့ရသူသည် အနိစ္စတရားခြုံလွှမ်းလာသော် သူ့အတွက် ဆုလဒ်မှာ ပရမတ်ဘုရားရှင်၏ ထံ၌ တည်ရှိပြီးဖြစ်၏။ ပရမတ်ဘုရားရှင်သည် လွတ်ငြိမ်းစေသောအရှင် အကြင်နာရှင် ဖြစ်တော်မူ၏။
၄း၁၀၁။ မြေကမ္ဘာ၌ ခရီးသွားနေစဉ် ဧကန်စင်စစ် သင်တို့အားရှင်းလင်းထင်ရှားစွာ စည်းဖေါက်သူ ဖြစ်သည့် ဖုံးကွယ် သော သူများ၊ ထိုဖုံးကွယ်သူတို့၏ သွေးတိုးစမ်းမည်ကို စိုးရိမ်၍ ဝတ်ပြုခြင်းအားရပ်စဲထားလျှင် သင်တို့တွင် အပြစ် မရှိပေ၊၊
၄း၁၀၂။ သူတို့၏အထဲ၌ သင်ရှိနေ၍ သူတို့အတွက် ဝတ်ပြုမှု ဆောက်တည် ရလျှင်၊ သူတို့မှ တစ်စုအားလက်နှက်များကို ယူထားစေ၍ သတိရှိစေလျက် သင်နှင့်အတူ ရပ်စေလော့၊ ဦးချ ပြီးသောအခါ သူတို့အားကွယ်ရာသို့ ဆုတ်စေကာ၊ ဝတ်မပြုသေးသော အခြားတစ်စုအားလက်နှက်များကို ယူထားစေ၍ သတိရှိ လျက် ပေးရောက်စေကာ သင်နှင့်အတူ ဝတ်ပြုစေရမည်။ ဖုံးကွယ်သော သူတို့ သည် သင်တို့အားချွတ်ချော် တိမ်းပါးစေရန်- သင်တို့အားလက်နှက်များ၊ သည်းခြေကြိုက်များကို မေ့လျော့စေလိုကြ၏။ သို့သော် မိုးသည်းထဲ၌ ဒဏ်ရာရ နေသော်၊ သို့မဟုတ် ဖျားနာနေသော် သင်တို့၏ လက်နှက်များကို ချထားခြင်းကြောင့် အပြစ်မတင်ထိုက်ချေ၊ သို့သော် လက်နက်များကို ယူဆောင်ထားကြလော့၊ ဧကန်ပင် ပရမတ်ဘုရားရှင်သည် ရန်သူများအတွက် နိမ့်ကျသော ဝဋ်ကြွေးကို တွက်ချက်ပြင်ဆင်ထားတော်မူ၏။
၄း၁၀၃။ သင်တို့ ဝတ်ပြုခြင်းပြီးပြတ်သော်၊ ပရမတ်ဘုရားရှင်အားရပ်လျက်၊ ထိုင်လျက်၊ နံဘေးများပေါ် လှဲလျက် သတိရရှုမှတ်ကြလော့၊ သင်တို့သည် ငြိမ်းအေးသောအခါ ဝတ်ပြုခြင်း၌ မြဲကြလော့၊ ဧကန်ပင် ဝတ်ပြုခြင်းသည် ယုံကြည်သူများအတွက် ချိန်ကိုက် ပြဌာန်းပြီးဖြစ်၏။
၄း၁၀၄။ ရန်ရှာသူများအားလိုက်ရှာမှုကို အားမလျော့ကြနှင့်၊ သင်တို့သည် ထိခိုက်ကြလျှင် သင်တို့ ထိခိုက်သကဲ့သို့ သူတို့လည်းထိခိုက်ကြ၏၊ သို့သော် သူတို့ မမျှော်ကိုးသော အရာများကို သင်တို့က ပရမတ်ဘုရားရှင်၏ ထံမှ မျှော်ကိုးကြ၏၊ ဧကန်ပင် ပရမတ်ဘုရားရှင်သည် သိနေသောအရှင် ဓမ္မသတ်ရှင် ဖြစ်၏။
၄း၁၀၅။ ဧကန်ပင် ပရမတ်ဘုရားရှင်သည်- သင့်ကို မြင်တွေ့စေသည့်အတိုင်းလူသားချင်းကြား၌ စီရင်ထုံးချရန်၊ သစ္စာဖေါက် သူတို့ဘက်မှ အချေအတင်ပြုပေးသူ မဖြစ်ရန်၊ ဤကျမ်းတော်အားပရမတ္ထသစ္စာဖြင့် သင့်၌ ချမှတ်ပေးတော်မူပြီ။
၄း၁၀၆။ ပရမတ် ဘုရားရှင်၌ လွတ်ငြိမ်းဆု ပန်လော့၊ ဧကန်ပင် ပရမတ်ဘုရားရှင်သည် လွတ်ငြိမ်းစေသော အရှင် အကြင်နာရှင် ဖြစ်၏။
၄း၁၀၇။ မိမိတို့၏ ဉာဉ်စရိုက်များကိုယ်တိုင် သစ္စာမဲ့သော သူတို့ဘက်မှ စောဒကတက်မပေးကြနှင့်၊ ဧကန်ပင် ပရမတ်ဘုရားရှင်သည် သစ္စာဖေါက် အပြစ် ကောင်တို့အားနှစ်သက်တော် မမူချေ။
၄း၁၀၈။ သူတို့သည် လူသားတို့မှ ပုန်းကွယ်လို ကြ၏ ပရမတ်ဘုရားရှင်ထံမှ ပုန်းကွယ်၍ မရချေ။ အရှင် မနှစ်သက်ရာများကို မှောင်ချကြံစည် ပြောဆိုကြစဉ် သူတို့၏ ကြား၌ အရှင် ရှိနေ၏။ ဧကန်ပင် ပရမတ်ဘုရားရှင်သည် သူတို့ ကျင့်ကြံသမျှကို ဝန်းရံထားတော်မူ၏။
၄း၁၀၉။ သင်တို့သည် ဤလောကီဘ၀၌ သူတို့အတွက် စောဒကတက် ပေးကြ၏၊ ရပ်တည်ရသော နေ့၌ ပရမတ်ဘုရားရှင်ထံဝယ် အဘယ်သူက သူတို့ အတွက် စောဒကတက်နိုင်အံ့နည်း၊ သို့တည်းမဟုတ် သူတို့အတွက် အဘယ်သူက ကိုးစားထိုက်သူ ဖြစ်အံ့နည်း။
၄း၁၁၀။ အကုသိုလ်ကို ကျင့်ကြံမိ၏၊ သို့မဟုတ် မိမိဉာဉ် ကို မိမိမိုက်ကြေးခွဲမိ၏၊ ထို့နောက် ပရမတ်ဘုရားရှင်၏ ထံ၌ လွတ်ငြိမ်းဆု ပန်သူ အားပရမတ်ဘုရားရှင်သည် လွတ်ငြိမ်းစေသော အရှင် အကြင်နာရှင် ဖြစ်သည်ကို တွေ့ရလတ္တံ့။
၄း၁၁၁။ ပြစ်မှုကို ကျင့်ဆောင်သူသည် သူ၏ စရိုက် အတွက်သာ ကျင့်ဆောင်သူ ဖြစ်၏၊ ဧကန်ပင် ပရမတ်ဘုရားရှင်သည် သိနေသောအရှင် ဓမ္မသတ်ရှင် ဖြစ်တော်မူ၏။
၄း၁၁၂။ အမှားနှင့် ပြစ်မှုကို ကျင့်ဆောင်လျက် ကင်းလွတ် သူအပေါ် လေပစ်စွပ်စွဲသူသည် သိက္ခာမဲ့မှုနှင့် ရှင်းလင်းထင်ရှားသော ပြစ်မှုအားသယ်ပိုးသူ ဖြစ်၏။
၄း၁၁၃။ ပရမတ်ဘုရားရှင်၏ သိက္ခာပေးမှုနှင့် ကရုဏာတော် သင့်အပေါ်သို့ မသက်ခဲ့လျှင် သူတို့မှ တစ်စု၏ စိတ်၌ သင့်အားလမ်းလွဲစေရန် ကြံစည်ကြ၏၊ အမှန်မှာ သူတို့စရိုက်ကိုသာ သူတို့ လမ်းလွှဲမိကြပြီ၊ သင့်အားတစ်စုံတစ်ရာမျှ နစ်နာစေနိုင်သည် မဟုတ်ချေ၊ ပရမတ်ဘုရားရှင်သည် သင့်အားကျမ်းတော်နှင့် ဓမ္မသတ်ကို ချမှတ်ပေးခြင်းဖြင့် သင်မသိခဲ့သော အရာများကို သင်ပေးတော်မူ၏၊ ဧကန်ပင် သင့်အားပရမတ်ဘုရားရှင်၏ သိက္ခပေးမှုသည် ဂုဏ်ဒြဗ်ကြီးလှ၏။
၄း၁၁၄။ လူသားချင်းကြားလှုဒါန်းဒါနပြုရန်၊ အသိအမှတ်ပြုရန်၊ ပြုပြင် ပြောင်းလဲရန် ညွှန်ကြားသူမှအပ သူတို့၏ သီးခြားတိုင်ပင်ခြင်းများအနက် များစွာ မှာ အကောင်းဘက်သို့ မဆောင်ပေ၊ ပရမတ်ဘုရားရှင်၏ နှစ်မြို့မှုကို ရှာဖွေ၍ ထိုသို့ ပြုလုပ်သူ အတွက် မဟာ ဆုလဒ်ကြီးကို တမဟုတ်ချင်းပေးအပ်လတ္တံ့။
၄း၁၁၅။ လမ်းညွှန်မှန်သည် ရှင်းလင်းထင်ရှားပြီးမှ ဉာဏ်စဉ်ဆောင်အားဂိုဏ်းခွဲသူ၊ ယုံကြည်သူတို့၏ လမ်းစဉ် မဟုတ်သည်ကို လိုက်နာသူတို့အား၊ သူလှည့်လိုရာ လောင်ကျွမ်းခြင်းအကုသိုလ် ပန်းတိုင် ငရဲဘုံသို့ လှည့်ပေး၏၊
၄း၁၁၆။ ဧကန်ပင် ပရမတ်ဘုရားရှင်သည် အရှင်နှင့် ရောပြွန်းကိုးကွယ်ခြင်းကို လွတ်ငြိမ်းစေတော် မမူ၊ ထိုမှအပသော အရာမှ စံချိန်ပြည့်သူအားလွတ်ငြိမ်းစေတော်မူ၏၊ ပရမတ်ဘုရားရှင်အားရောပြွန်းကိုးကွယ်သူသည် မုချ နောက်ကျန် လွဲချော် လမ်းလွဲရသူ ဖြစ်လေ၏။
၄း၁၁၇။ အမှန်မှာ အရှင် မှလွဲ၍ “မယ်တော်”များတွင် ဆုတောင်းပန်ထွာကြ၏၊ ထကြွနေသော မကောင်းဆိုးဝါးများ၌သာ ဆုတောင်းပန်ထွာကြကုန်၏။
၄း၁၁၈။ ပရမတ်ဘုရားရှင်က သူ့အားမေတ္တာဝေးစေပြီ။ သူ ရင့်ကျူးသည်မှာ “တပည့်တော်သည် အရှင်၏ အမှုတော်ဆောင်များအတွက် ဝတ္တရားရှိပြီးပင်ပန်းရကျိုးကို ရယူပါမည်-
၄း၁၁၉။ တပည့်တော်သည် သူတို့အားလမ်းလွဲစေမည်၊ လောဘရမက် တက်စေမည်။ ကပ္ပိယသတ္တဝါတို့၏ နားရွက်များကို ဖြတ်ရန် အမိန့်ပေးမည်၊ ပရမတ်ဘုရားရှင်၏ ဖြစ်တည်စေခြင်းကို ပြောင်းလဲ ပစ်ရန် အမိန့်ပေးမည်၊”ဟု ဖြစ်၏၊ ပရမတ်ဘုရားရှင် မှလွဲ၍ မကောင်းဆိုးဝါးအားမဟာမိတ် အဖြစ် အယူထားသူသည် ရှင်းလင်းထင်ရှားစွာ ဆုံးရှုံးခြင်းဖြင့် ဆုံးရှုံးရသူ ဖြစ်၏။
၄း၁၂၀။ ကတိပေးမှု၊ လောဘစိတ်သွင်းမှု- မကောင်းဆိုးဝါး၏ ထိုကတိပေးမှုများသည် မြှူဆွယ်မှုသာ ဖြစ်၏။
၄း၁၂၁။ သူတို့၏ ခိုလှုံရာ ပန်းတိုင်မှာ ငရဲဘုံဖြစ်၍ ထိုမှအပ လွတ်လမ်းကို တွေ့ရမည် မဟုတ်ချေ။
၄း၁၂၂။ ယုံကြည်လျက် ပြုပြင် ပြောင်းလဲမှု ကျင့်ကြံသောသူများသည် အောက်ခင်း၌ စမ်းချောင်းရေသွင် စီးဆင်းနေသော ဥယျာဉ်ဘုံများသို့ ဝင်ရောက်၍ ကာလပိုင်းခြားမဲ့ အစဉ်စံမြန်းရလတ္တံ့၊ ပရမတ်ဘုရားရှင်၏ ကတိတော်သည် သစ္စာပင် ဖြစ်၏၊ မိန့်ဆိုရာ၌ ပရမတ် ဘုရားရှင်ထက် မည်သူက ဖြောင့်မှန်ပေအံ့နည်း။
၄း၁၂၃။ သင်တို့၏ ဆန္ဒအတိုင်း၊ ကျမ်းစာဝိုင်းသားတို့၏ ဆန္ဒအတိုင်းဖြစ် မည် မဟုတ်ချေ။ အကုသိုလ် ကျင့်ကြံသူ အတွက် အစားပေးမှုသည် ရှိပြီးဖြစ်၏၊ ပရမတ်ဘုရားရှင် မှလွဲ၍ ကူညီသူ မဟာမိတ် ဟူ၍ တွေ့ရမည် မဟုတ်ချေ။
၄း၁၂၄။ အမျိုးသားအမျိုးသမီးမဟူ ပြုပြင်ပြောင်းလဲမှု ကျင့်ကြံသူ၊ သက်ဝင်ယုံကြည်သူ မည်သူ မဆို သုခဘုံသို့ ဝင်ရလတ္တံ့၊ လေဖြင့်မှုတ် သလောက်ပင် မိုက်ကြေးခွဲခံ ရမည် မဟုတ်ချေ။
၄း၁၂၅။ ပရမတ်ဘုရားရှင်အားမျက်နှာမူလျက် ငြိမ်းချမ်းမှုပြုသူ၊ သုမင်္ဂလာ ပြုသူ၊ အယူသန့်သော အီဗရာဟီးမ်၏ ပဋိပါတ်ကျင့်စဉ်ကို လိုက်နာသူထက် မည်သူက သာသနာတော်၌ ပိုမို တင့်တယ်စေအံ့နည်း၊ ပရမတ်ဘုရားရှင်သည် အီဗရာဟီးမ်အားအတွင်းလူ အဖြစ် မှတ်ယူတော်မူ၏။
၄း၁၂၆။ မိုးများအတွင်းမြေများအတွင်းရှိသမျှသည် ပရမတ်ဘုရားရှင်၏ အချုပ်အခြာ၌ ရှိ၏၊ ပရမတ်ဘုရားရှင် သည် သဗ္ဗလုံးစုံအားဝန်းရံထားတော် မူ၏။
၄း၁၂၇။ အမျိုးသမီးများနှင့် စပ်လျဉ်း၍ စူးစမ်းကြသော် ပြောကြားလော့ “ပရမတ်ဘုရားရှင်ထံ သင်တို့ စူးစမ်းသည့် သူမတို့နှင့် စပ်လျဉ်းသော အကြောင်းသည်၊ သင်တို့အားရွတ်ဖတ်ပြသော ကျမ်းတော်၌ ပါရှိ၏၊ မိဘမဲ့ အမျိုးသမီးများအကြောင်းလည်းပါရှိ၏။ သူမတို့အားသင်တို့ သိမ်းဆည်းလိုခြင်းကို ဦးစားပေးသော်လည်းသူမတို့အပေါ် ပြဌာန်းချက် အတိုင်းသင်တို့ မပေးအပ်ပေ။ ရင်သွေးများမှ ချိနဲ့သူများ၏ အကြောင်းလည်းပါရှိ၏။ မိဘမဲ့များနှင့် စပ်လျဉ်း၍ သမာသမတ်ဖြင့် ရပ်တည်ကြလော့၊ ကောင်းနိုးရာရာ ပြုလုပ်မှု ဟူသမျှကို ပရမတ် ဘုရားရှင်သည် သိနေသော အရှင် ဖြစ်၏၊
၄း၁၂၈။ အကယ်၍ အမျိုးသမီးသည် လင်ယောက်ျားဘက်မှ ရောင့်တက်ခြင်း၊ စွန့်ပစ်ခံရခြင်းကို စိုးရိမ်ခဲ့သော် သူတို့ နှစ်ဦးကြားပြုပြင်ပြောင်းလဲရေးကို ဆောင်ရွက်မှုအားအပြစ်မတင်ထိုက်ချေ၊ အကောင်းဆုံးပြုပြင်မှုဖြင့် ပြုပြင်ရာ၏၊ စိတ်စရိုက်များသည် အလိုရမက်ကြီးမှု၌ ဘောင်ကန့်ထိုက်၏၊ သို့သော် သုမင်္ဂလာပြု စည်းစောင့်ကြလျှင် ပရမတ်ဘုရားရှင် သည် ကျင့်ကြံသမျှကို သတင်းရတော်မူပေ၏။
၄း၁၂၉။ မည်မျှပင် ဆန္ဒရှိသော်လည်းအမျိုးသမီးများကြား၌ တန်းတူထားရန် တတ်နိုင်မည် မဟုတ်ချေ၊ တစ်ဘက်သို့ အမျှင်အတန်းကဲ့သို့ ချန်ထား၍ တစ်ဘက် စီအားချွတ်ချော် တိမ်းပါးခြင်းမဖြစ်စေနှင့်၊ ပြုပြင်ပြောင်းလဲ၍ စည်းစောင့်ကြ လျှင် ပရမတ်ဘုရားရှင်သည် လွတ်ငြိမ်းစေသော အရှင် အကြင်နာရှင် ဖြစ်တော် မူ၏။
၄း၁၃၀။ သူတို့ ခွဲခွာကြလေလျှင် ပရမတ်ဘုရားရှင်က အရှင်၏ ဖြန့်ကျက်ထားခြင်းမှ ကိုယ်စီကိုယ်ငှ ပြည့်စုံစေလတ္တံ့၊ ပရမတ်ဘုရားရှင်သည် ဓမ္မသတ်တော် ဖြန့်ကျက်ထားသော အရှင် ဖြစ်၏။
၄း၁၃၁။ မိုးများအတွင်းမြေအတွင်းရှိမျှသည် ပရမတ်ဘုရားရှင်၏ အချုပ် အခြာ၌ ရှိ၏၊ အရှင်သည် သင်တို့၏ ရှေ့အလျင် ကျမ်းပေးခံရသော သူတို့ကို ဖြစ်စေ သင်တို့ကို ဖြစ်စေ ပရမတ်ဘုရားရှင်အားစည်းစောင့်ရန် မှာကြားတော် မူ၏၊ သင်တို့ ဖုံးကွယ်ကြသော် ဧကန်ပင် မိုးများအတွင်းမြေ အတွင်းရှိမျှသည် ပရမတ်ဘုရားရှင်၏ အချုပ်အခြာ၌ ရှိ၏၊ ပရမတ်ဘုရားရှင်သည် ကုံလုံပြည့်စုံ တော်မူ၏၊ ရည်သန်စူးစိုက်ရာ ဖြစ်တော်မူ၏။
၄း၁၃၂။ မိုးများအတွင်းမြေအတွင်းရှိမျှသည် ပရမတ်ဘုရားရှင်၏ အချုပ်အခြာ၌ ရှိ၏၊ ပရမတ်ဘုရားရှင်သည် ကိုးစားထိုက်သည့် အရှင် အဖြစ် လုံလောက်တော်မူ၏၊
၄း၁၃၃။ အရှင်၏ စံချိန်ပြည့် လျှင်- အို လူသားတို့- သင်တို့အားရုပ်သိမ်းပြီးနောက်မျိုးဆက်ကို ယူဆောင်ခဲ့နိုင် ၏၊ ဧကန်ပင် ဤအချင်းအရာအားပရမတ်ဘုရားရှင်သည် စည်းချိန်ချမှတ်နိုင်၏။
၄း၁၃၄။ မည်သူမဆို လောကီ အကျိုးကို လိုလားကြသော်- ပရမတ် ဘုရားရှင်၏ ထံတော်၌ လောကီ လောကုတ္တရာ အကျိုးသည် ရှိနေ၏၊ ပရမတ် ဘုရားရှင်သည် ကြားနေသော အရှင်၊ မြင်နေသော အရှင် ဖြစ်၏။
၄း၁၃၅။ အို- ယုံကြည်သောသူတို့ သမာသမတ်ဖြင့် ရပ်တည်သူများဖြစ်ကြလော့။ သင်တို့ စရိုက်၊ မွေးမိဘ၊ ဆွေမျိုးနီးစပ်များနှင့် ဆန့်ကျင်သည် ဖြစ်စေ ပရမတ်ဘုရားရှင် အားရည်စူးလျက် သက်သေ ထွက်ဆိုကြကုန်။ ဆင်းရဲသူ ပြည့်စုံသူမခွဲ၊ ပရမတ် ဘုရားရှင်သည် နှစ်ဦးလုံးထံ လှည့်နေတော်မူ၏၊ တန်းတူမဖြစ်ရန် လိုဘကို မလိုက် နာကြနှင့်၊ အကယ်၍ သင်တို့သည် လှည့်ပတ်သော် သို့မဟုတ် ဘောင်ထားသော်- ပရမတ်ဘုရားရှင်သည် ကျင့်ကြံသမျှကို သတင်းရနေတော်မူ၏။
၄း၁၃၆။ အို- ယုံကြည်သောသူတို့၊ ပရမတ်ဘုရားရှင်၊ အရှင်၏ ဉာဏ်စဉ် ဆောင်၊ အရှင့်ဉာဏ်စဉ်ဆောင်၌ ချမှတ်ပေးရာ ကျမ်းတော်၊ သင်တို့၏ ရှေ့အလျင် က ချမှတ်ပေးရာ ကျမ်းတော်တို့အားယုံကြည်ကြလော့။ ပရမတ်ဘုရားရှင်အား၊ အရှင်၏ နိမိတ်ဆောင်များအား၊ ကျမ်းဂန်များအား၊ ဉာဏ်စဉ်ဆောင်များအား၊ ရပ်တည်ရမည့် နေ့အားဖုံးကွယ်ကြလျှင် ဧကန်ပင် နောက်ကျန် လွဲချော် လမ်းလွဲရ ချေပြီ။
၄း၁၃၇။ အကြင်သူသည် ယုံကြည်၏ ထို့နေက် ဖုံးကွယ်၏၊ ထို့နောက် ယုံကြည်ပြန်၏၊ ထို့နောက် ဖုံးကွယ်ပြန်၏၊ တဖန် ဖုံးကွယ်မှု၌ ထပ်တိုးသွားပြန်၏ သူတို့အားပရမတ်ဘုရားရှင် ထံမှ လွတ်ငြိမ်းစေမည် မဟုတ်၊ လမ်းညွှန်ရာရ ကြောင်းနည်းလမ်းရှိစေမည် မဟုတ်ချေ။
၄း၁၃၈။ စူးနစ်သော ဝဋ်ကြွေးသည် သူတို့ အတွက် ဖြစ်ကြောင်းသီလကြောင်တို့အားသတင်းကောင်းပါးလော့။
၄း၁၃၉။ ယုံကြည်သူချင်းမှလွဲ၍ ဖုံးကွယ်သူတို့အားမဟာမိတ် အဖြစ် မှတ်ယူသော သူတို့- သူတို့ထံ၌ ဘုန်းကံကို ရှာဖွေကြသလော၊ အမှန်မှာ ဘုန်းကံ အားလုံးသည် ပရမတ်ဘုရားရှင်၌သာ ရှိ၏၊
၄း၁၄၀။ မုချဧကန် သင်တို့ထံသို့ ကျမ်းတော်မှ ချမှတ်ထားတော်မူသည်မှာ၊ ပရမတ်ဘုရားရှင်၏ သုတ်ဒေသနာများကို ဖုံးကွယ်၊ ပြောင်လှောင်သည်ကို ကြားသောအခါ ထိုပြက်လုံးထုတ် ဆင့်ပြန်ချက် များကို မပြောင်းသ၍ သူတို့နှင့် ထိုင်ဝိုင်းမဖွဲ့ကြနှင့်၊ သို့မဟုတ်က သင်တို့လည်းသူတို့ကဲ့သို့ပင် ဖြစ်သွားချေမည်။ ဧကန်ပင် ပရမတ်ဘုရားရှင်သည် သီလကြောင် များ၊ ဖုံးကွယ်သူများအားလုံးကို ငရဲဘုံ၌ အတူစုစေမည်။
၄း၁၄၁။ သင်တို့အားစောင့်ကြည့်နေသော သူတို့က၊ ပရမတ်ဘုရားရှင် ထံတော်မှ ထွက်ပေါက်သည် သင်တို့တွက် ဖြစ်ခဲ့သော် “ကျွန်ုပ်တို့သည် သင်တို့နှင့် အတူ မဖြစ်ခဲ့ဘူးလော၊” ဟု ပြောဆိုကြပြီး၊ ဖုံးကွယ်သူများအတွက် ပင်ပန်းရကျိုးတစ်စုံတစ်ရာ ရှိခဲ့လျှင်၊ “သင်တို့ အောင်နိုင်မှုအတွက် ကျွန်ုပ်တို့က ပံ့ပိုးခဲ့သည် မဟုတ်လော၊ ယုံကြည်သူများထံမှ ဟန့်တားပေးခဲ့သည် မဟုတ်လော၊”ဟု သွားပြောကြ၏၊ သင်တို့ကြားမှ ဖြစ်ပျက်မှုကို ရပ်တည်ရသော နေ့၌ ပရမတ် ဘုရားရှင်က စီရင်ချက် ချတော်မူမည်။ ပရမတ်ဘုရားရှင်သည် ဖုံးကွယ်သူများအားယုံကြည်သူများအပေါ် လွှမ်းမိုးနိုင်သည့် နည်းလမ်းစီစဉ်တော်မူမည် မဟုတ်ချေ။
၄း၁၄၂။ သီလကြောင်များသည် ပရမတ်ဘုရားရှင်အားလှည့်စားကြကုန်၏၊ အရှင်က သူတို့ကိုသာ လှည့်စားမှု သင့်စေပြီ၊ သူတို့သည် ဝတ်ပြုခြင်း၌ ရပ်တည်သော် စိတ်မပါဘဲ လူမြင်ကောင်းစေရန် ရပ်တည်ကြကုန်၏၊ ပရမတ်ဘုရားရှင်အားသတိရရှုမှတ်ခြင်းအနည်းငယ်မျှပင် မရှိချေ။
၄း၁၄၃။ ဟိုဘက် သည်ဘက် စပ်ကြား၌ ယိမ်းထိုးနေစေ၏၊ ပရမတ်ဘုရားရှင်က အပါယ်၌ ပစ်ထားသူအားသူ့ အတွက် နည်းလမ်းဟူ၍ တွေ့ရမည် မဟုတ်ချေ။
၄း၁၄၄။ အို- ယုံကြည်သောသူတို့၊ ယုံကြည်သူချင်းပြိုင်ဆိုင်၍ ဖုံးကွယ်သူ တို့အားမဟာမိတ် အဖြစ် မယူမှတ်ကြနှင့်၊ ပရမတ်ဘုရားရှင်၏ စီစဉ်ပေးသည် ထက် ရှင်းလင်းသော အခွင့်အာဏာကို သင်တို့ လိုလားကြသလော။
၄း၁၄၅။ ဧကန်ပင် သီလကြောင်တို့သည် ငရဲမီး၏ အနိမ့်ဆုံး၌ ခြုံလွှမ်းခံရလတ္တံ့၊ သူတို့အတွက် ကူညီနိုင်သူ တွေ့ရမည် မဟုတ်ချေ။
၄း၁၄၆။ ခဝါချ၊ ပြုပြင်သော သူများ၊ ပရမတ် ဘုရားရှင်အားအယူသန့်လျက် သူတို့၏ သာသနာ၌ မားမားရပ်သူများသည်သာ- ယုံကြည်သူများနှင့် အတူ ဖြစ်၏။ ပရမတ်ဘုရားရှင်သည် ယုံကြည်သူတို့အားမဟာ ဆုလဒ်ကြီးကို ချီးမြှင့်တော်မူလတ္တံ့။
၄း၁၄၇။ သင်တို့သည် ယုံကြည်လျက် ကျေးဇူးသိတတ်လျှင် အဘယ် ကြောင့် ပရမတ်ဘုရားရှင်က ဝဋ်ကြွေးကို စီမံအံ့နည်း၊ ပရမတ်ဘုရားရှင်သည် ကျေးဇူးတော် အရှင် သိနေသော အရှင် ဖြစ်၏။
၄း၁၄၈။ မိုက်ကြေးခွဲခံရသူ မှအပ အကုသိုလ် စကားလုံးဖြင့် အော်ကြီးဟစ်ကျယ်လုပ်ခြင်းကို ပရမတ်ဘုရားရှင်က မနှစ်သက်ချေ၊ ပရမတ်ဘုရားရှင်သည် ကြားနေသော အရှင် သိနေသောအရှင် ဖြစ်၏။
၄း၁၄၉။ ကောင်းမှုကို ဖေါ်ကျူး၍ အကုသိုလ်ကို မြိုသိပ် ကျေအေးကြလျှင်၊ ပရမတ် ဘုရားရှင်သည် ကျေအေးသော အရှင် စည်းချိန်ချမှတ်သော အရှင် ဖြစ်၏။
၄း၁၅၀။ ပရမတ်ဘုရားရှင်နှင့် အရှင်၏ ဉာဏ်စဉ်ဆောင်များအားဖုံးကွယ် သော သူတို့သည် ပရမတ်ဘုရားရှင်နှင့် အရှင်၏ ဉာဏ်စဉ်ဆောင်များအကြားခွဲခြားလိုကြပြီး“ကျွန်ုပ်တို့သည် အချို့ကို လက်ခံယုံကြည်၍ အချို့ကို ငြင်းပယ် ပါ၏၊” ဟု ပြောဆိုကာ ထိုစပ်ကြား၌ နည်းလမ်းတစ်ခုကို ရယူလိုကြ၏။
၄း၁၅၁။ သူတို့ သည် ဖုံးကွယ်သူများစင်စစ် ဖြစ်၏၊ ငါသည် ဖုံးကွယ်သူများအတွက် နိမ့်ကျသော ဝဋ်ကြွေးကို ပြင်ဆင်ထားပြီ။
၄း၁၅၂။ ပရမတ်ဘုရားရှင်နှင့် အရှင်၏ ဉာဏ်စဉ်ဆောင် များအားယုံကြည်၍ ကိုယ်တော်များအကြားတစ်ပါးနှင့်တစ်ပါးခွဲခြားမှု မရှိသော ထိုသူတို့သည် သူတို့၏ ဆုလဒ်ကို ချီးမြှင့်ခြင်းခံရလတ္တံ့၊ ပရမတ်ဘုရားရှင်သည် လွတ်ငြိမ်းစေသော အရှင် အကြင်နာရှင် ဖြစ်တော်မူ၏။
၄း၁၅၃။ ကျမ်းစာဝိုင်းသားများက “သူတို့ထံသို့ ကောင်းကင်ယံမှ ကျမ်းစာ တစ်အုပ် ချမှတ်ပေးရန်” အသင့်ထံ၌ တောင်းဆိုလိမ့်မည်၊ အမှန်ပင် မူဆာ၏ ထံ၌ ဤထက်ပို၍ ကြီးမားစွာ တောင်းဆိုခဲ့သည်မှာ “ပရမတ်ဘုရားရှင်အားပေါ်ပေါ် ထင်ထင် ရှုမြင်ခွင့်ပေးပါ၊”ဟု ဆိုခြင်းပင်။ သို့ဖြင့် သူတို့၏ မိုက်ကြေးခွဲမှုကြောင့် ငါသည် သူတို့အားတော်လည်းသံကြီးဖြင့် ဖမ်းဆီးခဲ့ပြီ။ တဖန် သူတို့ထံသို့ ရှင်းလင်းချက်များရောက်လာစေ ပြီးမှ ထိုနွားငယ်၌ အယူထားခဲ့သည်ကို ငါအရှင် ကျေအေးပေးခဲ့၏၊ မူဆာအားရှင်းလင်းသော အခွင့်အာဏာကို ပေးအပ်ခဲ့ပြီ။
၄း၁၅၄။ သူတို့၏ ကတိ ခံဝန်ချက်ဖြင့် ငါသည် သူတို့အပေါ်၌ တောင်တော်ကို မြှောက်စားခဲ့၍၊ ငါက “တံခါးကို နှိမ့်ချ၍ ဝင်ကြလော့”ဟု သူတို့အားမိန့်မြွက်၍ “သတင်းနေ့၌ စည်းမဖေါက်ကြနှင့်၊”ဟု မိန့်ကြား၏။ တဖန် ငါသည် တိကျပြတ်သားသော ကတိခံဝန်ကို ယူခဲ့ပြီ။
၄း၁၅၅။ သို့ဖြင့် သူတို့၏ - ကတိခံဝန်အားချိုးဖောက်မှု၊ ပရမတ်ဘုရားရှင်၏ သုတ်ဒေသနာများကို ဖုံးကွယ်မှု၊ သတင်းတော်ဆောင်များအားသစ္စာမဲ့စွာ သတ် ဖြတ်မှုနှင့် ကျွန်ုပ်တို့၏ နှလုံးသားသည် ပိတ်ထားပြီးဟု ပြောဆိုမှုကြောင့်- အမှန်မှာ ပရမတ်ဘုရားရှင်က သူတို့အားဖုံးကွယ်မှုဖြင့် တံဆိပ်ထုထားလေပြီ၊ အနည်းငယ် မှ အပ ယုံကြည်ကြမည် မဟုတ်ချေ၊-
၄း၁၅၆။ သူတို့၏ ဖုံးကွယ်မှု- မာရိအားအကြီးအကျယ် ပုတ်ခတ်ပြောဆိုမှုများ-
၄း၁၅၇။ ကျွန်ုပ်တို့သည် ပရမတ်ဘုရားရှင်၏ ဉာဏ်စဉ်ဆောင် ဖြစ်သော မာရိ၏သားယေရှု ခရစ်အားသတ်ဖြတ်ခဲ့သည် ဟု ဆိုခြင်းများကြောင့် ဖြစ်၏။ သူ့အားသတ်နိုင်ခဲ့သည် မဟုတ်၊ ကားစင်တင်နိုင်ခဲ့သည်လည်းမဟုတ်ဘဲ၊ သို့ရာတွင် သူတို့အဘို့ ဆင်တူသာ ဖြစ်၏။ ဧကန်ပင် ၎င်း၌ သဘောကွဲပြားသော သူတို့သည် ဒွိဟ၌သာ ရှိ၏၊ ထို၌ စဉ်းစားချက်ကို လိုက်နေသည်မှအပ အသိ မရှိကြပေ။ သူ့အားတိတိကျကျ သတ်နိုင်ခဲ့သည် မဟုတ်ချေ။
၄း၁၅၈။ ပရမတ် ဘုရားရှင်သည် သူ့အားအပါးတော်၌ မြှောက်စားခဲ့ပြီ၊ ပရမတ်ဘုရားရှင်သည် ဘုန်းတော်ရှင် ဓမ္မသတ်ရှင် ဖြစ်တော်မူ၏။
၄း၁၅၉။ သူမသေမှီက ကျမ်းစာဝိုင်းသားများသည် ထိုအကြောင်းကို ယုံကြည် ခဲ့သည်သာ ဖြစ်၏၊ ရပ်တည်ရသော နေ့၌ သူသည် ၎င်းတို့ အပေါ်၌ သက်သေဖြစ် ရလိမ့်မည်။
၄း၁၆၀။ စင်ကြယ်၍ ဘောင်ဝင်ခဲ့သည်များမှ ရေ၀တီဖြစ်သူတို့ အတွက် တားမြစ်မှုများရှိသည်မှာ သူတို့၏ မိုက်ကြေးခွဲမှု၊ ပရမတ်ဘုရားရှင်၏ လမ်းစဉ်မှ မြောက်များစွာ ဖယ်ရှားမှုများကြောင့် ဖြစ်၏။
၄း၁၆၁။ သူတို့အားဟန့်တားထားသည့် ထပ်ပြန်တိုးစနစ်ဖြင့် သိမ်းယူမှု၊ လူသားတို့၏ ဥစ္စာပစ္စည်းများကို အမှားပြု စားသုံးမှုများကြောင့်- ငါအရှင်သည် ဖုံးကွယ်သူတို့ အတွက် စူးနစ်သော ဝဋ်ကြွေးကို ပြင်ဆင်ထား၏။
၄း၁၆၂။ သို့သော် သူတို့အနက် အသိပညာ သဘာရင့်သူများနှင့် ယုံကြည်သူများက သင်ထံ၌ ချမှတ်ပေးရာကို လည်းကောင်းသင့် ရှေ့အလျင်က ချမှတ်ပေးရာကို လည်းကောင်းသက်ဝင်ယုံကြည်ကြကုန်၏၊ ဝတ်ပြု မြဲသူများဖြစ်ကြ ၏၊ အခွန်ငွေဖြူ ပေးသူတို့ ဖြစ်ကြ၏၊ ပရမတ်ဘုရားရှင်နှင့် ရပ်တည်မြဲမြံ သော နေ့ကို ယုံကြည်သူတို့ ဖြစ်ကြ၏၊ သူတို့အားမဟာ ဆုလဒ်ကြီးကို ချီးမြှင့် လတ္တံ့။
၄း၁၆၃။ ငါအရှင်က သင့်အားအာရုံဈာန်ပေးသည်မှာ နူးဟ်နှင့် သူ၏ နောက် သတင်းတော်ဆောင် များအားအာရုံဈာန်ပေးသကဲ့သို့၊ အီဗရာဟီးမ်၊ အီစမာလ်အီးလ်၊ အီစဟာက်၊ ယာကုဗ် နှင့် မျိုးနွယ်စုများ၊ ယေရှု၊ အိုင်ယုဘ်၊ ယူနွစ်၊ ဟာရွန်၊ ဆိုလိုင်မံ တို့အားအာရုံဈာန်ပေးခြင်းမျိုးဖြစ်၏။ ငါအရှင် သည် ဒါဝိဒ်အားကျမ်းငယ်ကို ပေးတော်မူ၏။
၄း၁၆၄။ သင့် ရှေ့အလျင်က ဉာဏ်စဉ်ဆောင်များမှ သင့်အားဖေါ်ပြသော ဉာဏ်စဉ်ဆောင်များရှိ၍၊ သင့်အားဖေါ်မပြသည်လည်းရှိ၏။ ပရမတ်ဘုရားရှင်က မူဆာအားဆွေးနွေးစကားပြောဆိုရန် မိန့်၏။
၄း၁၆၅။ ပရမတ်ဘုရားရှင်အားမစောကြောနိုင်ရန်၊ ဉာဏ်စဉ်ဆောင်များ၏ နောက် ဉာဏ်စဉ်ဆောင်များကို လူသားတို့ အတွက် သတင်းကောင်းပါးသူ၊ သတိပေးသူများဖြစ်စေ၏။ ပရမတ်ဘုရားရှင်သည် ဘုန်းတော်ရှင် ဓမ္မသတ်ရှင် ဖြစ်၏။
၄း၁၆၆။ သို့ရာတွင် ပရမတ်ဘုရားရှင်သည် သင့်ထံအားချမှတ်ပေးရာ၌ သက်သေတည်တော်မူ၏။ ၎င်းကို အရှင်၏ အသိဖြင့် ချမှတ်ပေး၏၊ နိမိတ်ဆောင် များသည်လည်းသက်သေများဖြစ်ကြ၏၊ သက်သေအဖြစ် ပရမတ်ဘုရားရှင် သည် လုံလောက်တော်မူ၏။
၄း၁၆၇။ ဧကန်ပင် ပရမတ်ဘုရားရှင်၏ လမ်းစဉ်တော်မှ ရှောင်ဖယ် ဖုံးကွယ် သော သူတို့သည် မုချပင် နောက်ကျန် လွဲချော် လမ်းလွဲကြကုန်၏။
၄း၁၆၈။ ဧကန်ပင်၊ ဖုံးကွယ်သောသူ မိုက်ကြေးခွဲသူတို့အားပရမတ်ဘုရားရှင်သည် လွတ်ငြိမ်းစေမည် မဟုတ်ချေ၊ သူတို့ အတွက် သာယာသော လမ်းညွှန်လည်းမရှိပေ။
၄း၁၆၉။ ငရဲဘုံ၌ ကာလပိုင်းခြားမဲ့ အစဉ်ခံစားရန် ပြေပြစ်သော လမ်းသာ ရှိချေ၏၊ သို့ပြုရန် ပရမတ် ဘုရားရှင် အတွက် လွယ်ကူလှ၏။
၄း၁၇၀။ အို-လူသားတို့ ဉာဏ်စဉ်ဆောင်သည် သင်တို့ထံ သို့ ကံကြမ္မာရှင်၏ ထံမှ ပရမတ္ထသစ္စာကို ရောက်လာစေပြီ၊ သို့ဖြစ်၍ ယုံကြည်ကြလော့၊ ယင်းသည် သင်တို့အဘို့ ပို၍ ကောင်း၏၊ ငြင်းပါယ်ဖုံးကွယ်ကြလျှင်- မိုးများနှင့် မြေအတွင်းရှိသမျှသည် ပရမတ်ဘုရားရှင်၏ အချုပ်အခြာ၌ ရှိ၏။ ပရမတ်ဘုရားရှင်သည် သိနေသော အရှင်-ဓမ္မသတ်ရှင် ဖြစ်၏။
၄း၁၇၁။ အို- ကျမ်းစာဝိုင်းသားတို့၊ သင်တို့၏ သာသနာ၌ မချဲ့ထွင်ကြနှင့်၊ ပရမတ်ဘုရားရှင်နှင့် စပ်လျဉ်း၍ အမှန်မှအပ မပြောကြနှင့်၊ မာရိ၏သားယေရှု ခရစ်သည် ပရမတ်ဘုရားရှင်၏ ဉာဏ်စဉ်ဆောင် တစ်ပါးသာ ဖြစ်၏၊ မာရိထံ မျက်မှောက် ပြုစေသော အရှင့် စကားတော် ဖြစ်၏၊ အရှင့်ထံမှ ဉာဏ်ဘွဲ့ ဖြစ်၏၊ သို့ဖြစ်၍ ပရမတ်ဘုရားရှင်နှင့် အရှင်၏ ဉာဏ်စဉ်ဆောင်အားယုံကြည်ကြလော့၊ သုံးပါးတစ်ဆူ မပြောကြဘဲ ရပ်စဲကြလျှင် သင်တို့ အတွက် ကောင်းလှ၏၊ ပရမတ် ဘုရားရှင်သည် ဧကောဒိ ဘုရားရှင် ဖြစ်၏၊ ဦးထိပ်ထားရာ ဖြစ်၏၊ ကိုယ်ပွားမရှိချေ၊ မိုးများအတွင်းမြေအတွင်းရှိသမျှတို့သည် အရှင်၏ အချုပ်အခြာ၌ ရှိ၏၊ ပရမတ်ဘုရားရှင်သည် ကိုးစားထိုက်သည့် အရှင် အဖြစ် လုံလောက်တော်မူ၏။
၄း၁၇၂။ ခရစ်တော်သည် ဖြစ်စေ၊ ချည်းကပ်ခွင့်ရသော နိမိတ်ဆောင်များသည် ဖြစ်စေ ပရမတ်ဘုရားရှင်၏ အမှုတော်ဆောင် ဖြစ်ရခြင်းကို အားမငယ်ကြ ချေ။ အရှင်၏ အမှုတော်ဆောင် ဖြစ်ခြင်းကို သေးသိမ်သည်ဟု မာန ထောင်လွှားသူတို့အားအရှင့်ထံ၌ အားလုံးကို စုစည်းခံရစေလတ္တံ့။
၄း၁၇၃။ ယုံကြည်၍ ပြုပြင် ပြောင်းလဲမှု ကျင့်ကြံသော သူများမှာမူ- သူတို့ အတွက် ဆုလဒ်ကို ပြီးပြည့်စုံ စေမည်။ အရှင်၏ သိက္ခာပေးခြင်းကို တိုးပွားလတ္တံ့။ သေးသိမ်သည်ဟု မောက်မာ သော သူတို့မှာမူ စူးနစ်သော ဝဋ်ကြွေးဖြင့် ဝဋ်သင့်ရစေလတ္တံ့။ ပရမတ်ဘုရားရှင် မှလွဲ၍ ကူညီမည့်သူ မဟာမိတ်ကို တွေ့ရမည် မဟုတ်ချေ။
၄း၁၇၄။ အို- လူသားတို့ သင်တို့ထံသို့ ကံကြမ္မာရှင်၏ ထံမှ ခိုင်မာသော သက်သေပြချက်နှင့် ရှင်းလင်းထင်ရှားသော အလင်းတော်ကို ချမှတ်ပေးတော် မူပြီ။
၄း၁၇၅။ သို့ဖြစ်၍ ပရမတ်ဘုရားရှင်အားယုံကြည်လျက် ထို၌ မားမားရပ်တည် သူမှာမူ အရှင်၏ ကရုဏာတော်၌ ခိုဝင်ရလတ္တံ့၊ သိက္ခာပေးလျက် အရှင်၏ ဆီသို့ ဖြောင့်မတ်သော လမ်းစဉ်ကို ပြညွှန်တော်မူလတ္တံ့။
၄း၁၇၆။ သင့်ထံ၌ စူးစမ်းကြသော်၊ ပြောလော့ “ပရမတ်ဘုရားရှင်ထံ သင်တို့ စူးစမ်းသည့် အိမ်ထောင်မဲ့များအကြောင်းမှာ- ရင်သွေးမရှိသော ကွယ်လွန်သူ တစ်ဦးတွင် နှမ ရှိအံ့- သူမ၏ အတွက် သူ ချန်ခဲ့ရာ၏ ထက်ဝက်သည် ဖြစ်၏။ သူမတွင် ရင်သွေးမရှိခဲ့သော် သူသည် သူမထံမှ အလားတူ အမွေဆိုင်၏။ နှမ နှစ်ယောက် ဖြစ်လျှင် သူမတို့ အတွက် သူ ချန်ခဲ့ရာ၏ သုံးပုံ နှစ်ပုံသည် ဖြစ်၏။ ညီအကိုမောင်နှမများရှိကြလျှင် အမျိုးသားများ၏ ဘုန်းကံသည် အမျိုးသမီးနှစ်ဦးကဲ့သို့ ဖြစ်၏၊ သင်တို့ မလွဲမှားစေအံ့ငှာ ပရမတ်ဘုရားရှင်က ရှင်းလင်းထားတော် မူ၏။ ပရမတ်ဘုရားရှင်သည် သဗ္ဗလုံးစုံ သိနေသော အရှင် ဖြစ်၏၊
ဓမ္မခန္ဓာ (၅) စတုဒိသာ
ဉာဏ်စဉ်ကိန်းဝပ်ပေးမှု အမှတ်စဉ် (၁၁၂)၊ သုတ်ဒေသနာ (၁၂၀)ပါး၊
ကရုဏာရှင် အကြင်နာရှင် ဖြစ်တော်မူသော ပရမတ်ဘုရားရှင်၏ ဂုဏ်တော်အားဖြင့်-
၅း၁။ အို- ယုံကြည်သောသူတို့၊ သင်တို့၏ ကတိထုံးဖွဲ့မှုကို ပြီးပြည့်ကြစေ လော့၊ သင်တို့အားရွတ်ဖတ်ပြသော၊ ကပ္ပိယအသားများမှ အပ သင်တို့အဘို့ တရားဝင် ဖြစ်၏။ သင်တို့ ဝတ်ကြောင်စွန့်ထားစဉ် အမဲလိုက်ခြင်းသည် တရားမဝင်ပေ၊ ဧကန်ပင် ပရမတ်ဘုရားရှင်သည် အလိုတော်ရှိသည်ကို စီရင်ထုံးပြုတော် မူ၏။
၅း၂။ အို- ယုံကြည်သောသူတို့ ပရမတ်ဘုရားရှင် သတ်မှတ်သည့် နေရာများ၊ ဘေးမဲ့လများ၊ အလှုဝတ္ထုများ၊ ပန်းကုံးစွပ်ရွေးချယ်ရာများ၊ ကံကြမ္မာရှင်၏ သိက္ခာ ပေးမှု၊ နှစ်မြို့မှုကို ရှာဖွေရန် ဘေးမဲ့ ဝတ်ကျောင်းတော်သို့ ဦးတည် လာသူတို့ အပေါ် ဥပဒေမဲ့ မပြုမူရ။ သင်တို့အားတရားဝင်ပြဌာန်းပေးသောအခါ အမဲလိုက် နိုင်၏။ သင်တို့အားဘေးမဲ့ဝတ်ကျောင်းတော်မှ ဖယ်ခိုင်းခဲ့သည့် လူမျိုးအားစည်းဖေါက်လျက် ရာဇဝတ်မှု မပြုရ၊ ကောင်းမှုနှင့် စည်းစောင့်မှု၌သာ ပံ့ပိုးကြလော့၊ အကုသိုလ်မှု စည်းဖေါက်မှုများကို မပံ့ပိုးကြနှင့်၊ ပရမတ်ဘုရားရှင်၌ စည်းစောင့်ကြ လော့၊ ဧကန်ပင် ပရမတ်ဘုရားရှင်သည် ပြတ်သားစွာ ချုပ်ကိုင်နိုင်တော်မူ၏။
၅း၃။ သင်တို့အားတားမြစ်သည်များမှာ၊ အသေကောင်၊ သွေး၊ ဝက်သား၊ ပရမတ်ဘုရားရှင် မှအပ အခြားအရာအားတိုင်တည် လှီးသတ်ရာများ၊ လည်ညှစ် သတ်ရာ၊ ရိုက်သတ်ရာ၊ ကျသေရာ၊ တိုက်သေရာ၊ သင်တို့ လှီးဖြတ်ရန် မမှီသော သားရဲကိုက်စားရာ၊ အကိုးထိုးရန် လှီးသတ်ရာနှင့် တိုင်တည် ကံစမ်းမြှားပစ်ခြင်းများဖြစ်၏။ ၎င်းတို့သည် ကောက်ကျစ်ယုတ်မာမှုများဖြစ်၏၊ ဤနေ့တွင် ဖုံးကွယ်သော သူတို့သည် သင်တို့၏ သာသနာအားလက်လျော့ရပြီ၊ သူတို့အားမကြောက်ကြကုန်နှင့်၊ ငါ့ကိုသာ ကြောက်ရွံ့ကြလော့။ ဤနေ့၌ ငါသည် သင်တို့ အတွက် သာသနာကို ငါ၏ ဂုဏ်ပေးနှစ်သက်မှုဖြင့် သင်တို့ အပေါ် ပြည့်စုံစေပြီ။ သင်တို့အတွက် သန္တိသုခလမ်းစဉ်ကို သာသနာ အဖြစ် သတ်မှတ်တော်မူပြီ၊ အမှားအပြစ် ကင်းလျက် တွန်းပို့ခံရသူ အတွက် ဧကန်ပင် ပရမတ်ဘုရားရှင်သည် လွတ်ငြိမ်းစေသော အရှင် အကြင်နာရှင် ဖြစ်၏။
၅း၄။ ဘယ်အရာက တရားဝင်သနည်းဟု မေးကြသူတို့အား“စင်ကြယ်သည် များမှာ သင်တို့အတွက် တရားဝင်၏၊”ဟု ပြောကြားလော့။ ပရမတ်ဘုရားရှင်က သင်တို့အားသင်ပေးသည့်အတိုင်းသင်ပေးထားသော သင်တို့၏ သင်ပေးခံ အမဲလိုက်ခွေးများက ဖမ်းဆီးထားသော အသားများကို- စားသုံးရာတွင် ပရမတ် ဘုရားရှင်၏ ဂုဏ်တော်အားသတိရကြကုန်၊ ပရမတ်ဘုရားရှင်အားစည်းစောင့်ကြ ကုန်။ ဧကန်ပင် ပရမတ်ဘုရားရှင်သည် အချိန်နှင့်တပြေးညီ စရင်းစစ်နေတော်မူ၏။
၅း၅။ ဤနေ့၌ စင်ကြယ်ရာများသည် သင်တို့အတွက် တရားဝင်၏။ ကျမ်းပေးခံရသောသူတို့၏ အစာများသည် သင်တို့ အတွက် တရားဝင်၍ သင်တို့၏ အစာများသည်လည်းသူတို့အတွက် တရားဝင်၏။ ယုံကြည်သူမများမှ ထိန်းသိမ်းစောင့်ရှောက်ခွင့် ရှိသူများ၊ ရှေ့အလျင် ကျမ်းပေးခံရသော သူမများမှ ထိန်းသိမ်းစောင့်ရှောက်ခွင့် ရှိသူများအားသူမတို့ အားမင်္ဂလာဆုလဒ် ပေးကြလော့၊ လျှို့ဝှက်သိမ်းပိုက်၍ ကာမမြူးရန် မဟုတ်ဘဲ ထိမ်းသိမ်းစောင့် ရှောက်ကြလော့။ သက်ဝင် ယုံကြည်မှုကို ဖုံးကွယ်သူ၏ ကျင့်ကြံမှုသည် အချည်းနှီးဖြစ်၏။ သူသည် နောင်ဘ၀၌ ဆုံးရှုံးရသူ ဖြစ်၏။
၅း၆။ အို- ယုံကြည်သောသူတို့ ဝတ်ပြုရန် ရပ်တည်ခြင်းဆီသို့ သွားသော်- မျက်နှာများနှင့် လက်များကို တံတောင်ဆစ် အထိ၊ ဦးခေါင်းကို ပွတ်သပ်လျက် ခြေများကို ခြေမျက်စေ့ အထိ၊ ဆေးကြလော့၊ သန့်ရှင်းပစ်ရမည်ဖြစ်လျှင် သန့်စင် ပစ်ကြလော့။ အကယ်၍ သင်တို့သည် ဖျားနာနေလျှင် သို့မဟုတ် လမ်းခရီး၌ ဖြစ် လျှင် သို့မဟုတ် သင်တို့မှ တစ်စုံတစ်ယောက်သည် ကျင်စွန့်ရာမှ ရောက်လာလျှင်၊ သို့မဟုတ် အမျိုးသမီးများနှင့် ထိတွေ့နှီးနှောခဲ့၍ ရေ မတွေ့ခဲ့လျှင် စင်ကြယ်သော အပေါ် မြေဖြင့် ရည်ရွယ်လျက် မျက်နှာပြင်များလက်များကို ပွတ်သပ်ကြလော့။ ပရမတ်ဘုရားရှင်သည် သင်တို့အားခက်ခဲခြင်းကို မစီစဉ်လိုပေ။ သို့သော် သင်တို့ အားသန့်စင်စေလို၍ ကျေးဇူးသိတတ်အံ့ငှာ အရှင်၏ ဂုဏ်ပေးမှုကို ပြည့်စုံစေ တော်မူ၏။
၅း၇။ သင်တို့သည် ပရမတ်ဘုရားရှင်၏ ဂုဏ်ပေးခြင်းနှင့် သင်တို့က “တပည့်တော်တို့ နာယူပါ၏၊ နာခံပါ၏၊”ဟု ပြောဆို၍ ကတိခံဝန်ချက် ရှိသော ပဋိဉာဉ်တို့ကို သတိရကြလော့၊ ပရမတ်ဘုရားရှင်အားစည်းစောင့်ကြလော့၊ ဧကန်၊ ပရမတ်ဘုရားရှင်သည် သင်တို့၏ ရင်ဘတ်ခံစားချက် အားဖြင့် သိနေသော အရှင် ဖြစ်၏၊
၅း၈။ အို- ယုံကြည်သောသူတို့ ပရမတ်ဘုရားရှင်၏ သမာသမတ်ဖြင့် ရပ် တည်သော သက်သေများဖြစ်ကြလော့၊ ရန်ညှိုးစိတ်ဖြင့် လူမျိုးတစ်မျိုးအားရာဇဝတ်မှု မပြုကြနှင့်။ တန်းတူမှု တန်းတူညီမျှမှုသည် စည်းစောင့်ခြင်းနှင့် နီးကပ် ၏၊ ပရမတ်ဘုရားရှင်အားစည်းစောင့်ကြလော့၊ ဧကန်ပင် ပရမတ်ဘုရားရှင်သည် ကျင့်ကြံသမျှကို သတင်းရနေတော်မူ၏။
၅း၉။ ပရမတ်ဘုရားရှင်၏ ကတိတော်မှာ၊ ယုံကြည်၍ ပြုပြင်မှု ကျင့်ကြံသောသူတို့ အတွက် လွတ်ငြိမ်းခွင့်နှင့် မဟာ ဆုလဒ် ကြီးရှိနေ၏။
၅း၁၀။ ဖုံးကွယ်သောသူ၊ ငါ၏ သုတ်ဒေသနာများအားငြင်းဆန်သူ၊ ထိုသူတို့သည် ငရဲမီး၏ ပေါင်းဖေါ် များဖြစ်ကြ၏၊
၅း၁၁။ အို- ယုံကြည်သောသူတို့- သင်တို့အပေါ်၌ ပရမတ်ဘုရားရှင်၏ ဂုဏ်ပေးမှုကို သတိရကြလော့။ အရှင်သည် လူမျိုးတစ်မျိုးက သင်တို့အားလက်ပါးစေဖြစ်ရန် သင်တို့ အပေါ် ကြံရွယ် ဆန့်ထုတ်သော သူတို့၏ လက်များကို ထိန်းချုပ် ဟန့်တားခဲ့ပြီ။ ပရမတ်ဘုရားရှင်အားစည်းစောင့်ကြလော့၊ ယုံကြည်သူ တို့သည် ပရမတ်ဘုရားရှင်အားကိုးစားကြလော့။
၅း၁၂။ မုချဧကန် ပရမတ်ဘုရားရှင်သည် ဂျူးလူမျိုးတို့ ထံမှ ကတိ ခံဝန်ကို ယူ၍ သူတို့အထဲမှ ထိုးဖေါက်သူ ဆယ့်နှစ်ဦးကို ပေါ်ထွန်းစေပြီး၊ ပရမတ်ဘုရားရှင် က “ငါသည် သင်တို့ဘက်မှ ဖြစ်၏၊ သင်တို့သည် ဝတ်ပြုခြင်း၌ မြဲကြလျှင်၊ အခွန်ငွေဖြူ ပေးကြလျှင်၊ ငါ၏ ဉာဏ်စဉ်ဆောင်များကို ယုံကြည်လျက် လေးစားဂုဏ်ပေးကြလျှင် ပရမတ်ဘုရားရှင်အားတင့်တင့်တယ်တယ် ဆက်ကပ်ခြင်းဖြင့် ဆက်ကပ်ကြလျှင် သင်တို့၌ သင့်နေသော အကုသိုလ်များကို ဖုံးကွယ်၍ အောက် ခင်း၌ စမ်းချောင်းရေသွင် စီးနေသော ဥယျာဉ်ဘုံများသို့ ဝင်ရလတ္တံ့၊ ထို့နောက် တွင်မှ သင်တို့အနက် ဖုံးကွယ်သူသည် ပုံစံချပြီးလမ်းစဉ်မှ လွဲရလတ္တံ့၊”ဟု မိန့်ဆို ၏။
၅း၁၃။ ပဋိဉာဉ်ကို ချိုးဖောက်ခြင်းကြောင့် သူတို့အားမေတ္တာဝေးစေပြီ။ သူတို့၏ နှလုံးသားများခက်ထန်မှုကို ငါ စီစဉ်ပြီ၊ သူတို့သည် ဓမ္မတော်များကို မူရင်းမှ လှည့်ပြောင်းကြ၏၊ သူတို့အားသတိရစေသော အရာမှ တစ်စိတ်တစ်ပိုင်းကို မေ့ပစ်ကြ၏၊ သူတို့အနက် အနည်းငယ်မှအပ သူတို့၏ မရပ်မနားသစ္စာမဲ့မှုကို သင် မြင်သာလာလိမ့်မည်။ သူတို့အားကျေအေး၍ ဥက္ခာပြုထားလော့၊ ဧကန်ပင် ပရမတ်ဘုရားရှင်သည် သုမင်္ဂလာပြုသူများကို နှစ်သက်တော်မူ၏။
၅း၁၄။ ကျွန်ုပ်တို့သည် ခရစ်ယာန်များဖြစ်ကြ၏ဟု ဆိုသော သူများမှ ကတိခံဝန်ကို ငါ ယူခဲ့၏၊ သို့သော် သူတို့အားသတိရစေသော အရာမှ တစ်စိတ် တစ်ပိုင်းကို မေ့ပစ်ကြ၏၊ သို့ဖြစ်၍ သူတို့၏ကြား၌ ရပ်တည်ရသောနေ့ ထိတိုင် အားပြိုင်မှု စည်းဖေါက်မှုနှင့် အာဃာတကို ဖြစ်စေပြီ။ သူတို့ မည်သည့် တည် ဆောက်လေ့ ရှိခဲ့ရာကို မဆို ပရမတ်ဘုရားရှင်က သူတို့အားသတင်းထုတ်ပြန် တော်မူလတ္တံ့။
၅း၁၅။ အို- ကျမ်းစာဝိုင်းသားတို့ ငါ၏ ဉာဏ်စဉ်ဆောင်သည် သင်တို့ ထံသို့ ရောက်လာခဲ့ပြီ၊ ကျမ်းဂန်မှ သင်တို့၏ ထိန်ဝှက်မှု ရှိရာတို့အနက် များစွာတို့ကို ရှင်းလင်းစေပြီးမြောက်များစွာ ကျေအေးခဲ့ပြီ၊ မုချပင် သင်တို့ ထံသို့ ပရမတ် ဘုရားရှင် ထံမှ အလင်းတော်နှင့် ရှင်းလင်းထင်ရှားသော ကျမ်းတော်သည် ရောက် လာခဲ့ပြီ။
၅း၁၆။ ၎င်းအားဖြင့်၊ ပရမတ်ဘုရားရှင်သည် အရှင်၏ နှစ်မြို့မှုကို လိုက်သော သူတို့အားသန္တိသုခလမ်းစဉ်များကို ညွှန်တော်မူပြီ၊ အရှင်၏ ခွင့်ပြုချက်ဖြင့် အမိုက် မှောင်မှ အလင်းရောင်ဆီသို့ ထုတ်ယူတော်မူပြီ၊ သူတို့အားဖြောင့်မတ်မှန်ကန်သော လမ်းဆီသို့ လမ်းညွှန်တော်မူပြီ။
၅း၁၇။ “မာရိ၏သားခရစ်တော်သည် ပရမတ်ဘုရားရှင် ဖြစ်၏၊”ဟု ဆို သော သူတို့သည် ဖုံးကွယ်သူ မုချ ဖြစ်၏။ ဟောလော့ “ပရမတ်ဘုရားရှင်သည် မာရိ၏သားခရစ်တော်ကို ဖြစ်စေ၊ သူ၏မိခင်ကို ဖြစ်စေ၊ မြေကမ္ဘာ၌ ရှိသမျှ အားလုံးကို ဖြစ်စေ၊ တိမ်ကောစေလိုလျှင် အရှင့်အားတစ်စုံတစ်ရာ အာဏာသက် နိုင်သူ ရှိသလော။ ဧကန်ပင် မိုးများနှင့် မြေ ထိုနှစ်ခုကြားရှိသမျှတို့၏ ဩဇာ အာဏာသည် ပရမတ်ဘုရားရှင်၏ အချုပ်အခြာ၌ ရှိ၏။ အရှင်သည် စံချိန်ပြည့် မှီရာကို ဖြစ်တည်စေ၏။ ဧကန်ပင် ပရမတ်ဘုရားရှင်သည် သဗ္ဗလုံးစုံအားစည်းချိန် ချမှတ်တော်မူ၏။”
၅း၁၈။ ရေ၀တီနှင့် ခရစ်ယာန်တို့က “ကျွန်ုပ်တို့သည် ပရမတ်ဘုရားရှင်၏ သားတော်များ၊ အရှင်၏ အချစ်တော်များဖြစ်ကြသည်၊”ဟု ဆိုကြ၏။ ဟောပြော လော့ “သို့ဖြစ်လျှင် သင်တို့၏ အပြစ်များအတွက် အဘယ်ကြောင့် ဝဋ်ကြွေးသည် ရှိနေသနည်း၊” အမှန်မှာ သင်တို့သည် ဖြစ်တည်ခံ လူပုဂ္ဂိုလ်များဖြစ်ကြ၏၊ စံချိန် ပြည့်သူအလျောက် လွတ်ငြိမ်းခွင့်ရစေ၍၊ စံချိန်ပြည့်သူအလျောက် ဝဋ်ကြွေးသင့် စေမည် ဖြစ်၏၊ ဧကန်ပင် မိုးများနှင့် မြေ ထိုနှစ်ခုကြားရှိသမျှတို့၏ ဩဇာအာဏာ သည် ပရမတ်ဘုရားရှင်၏ အချုပ်အခြာ၌ ရှိ၏။ ခရီးဆုံးပန်းတိုင်သည် အရှင့်ထံသို့ သာ ဖြစ်၏။
၅း၁၉။ အို- ကျမ်းစာဝိုင်းသားတို့၊ “တပည့်တော်တို့ထံသို့ သတင်းကောင်းပါးသူ၊ သတိပေးသူ ရောက်မလာပြီတကား၊”ဟု မပြောဆိုနိုင်ရန် ဉာဏ်စဉ်ဆောင် များဆိတ်ငြိမ်ကာလတွင် ငါအရှင်၏ ဉာဏ်စဉ်ဆောင်သည် သင်တို့ထံသို့ ရှင်းလင်းထင်ရှားစွာ ရောက်လာစေပြီ။ မုချဧကန် သင်တို့ထံသို့ သတင်းကောင်းပါးသူ၊ သတိ ပေးသူ ရောက်လာလေပြီ။ ပရမတ်ဘုရားရှင်သည် သဗ္ဗလုံးစုံအားစည်းချိန်ချမှတ် တော်မူ၏။
၅း၂၀။ မူဆာက သူ့လူမျိုးတို့အား“အို- ကျွန်ုပ်၏ လူမျိုးတို့ သင်တို့အားပရမတ်ဘုရားရှင်က ဂုဏ်ပေးခဲ့သည့် သင်တို့ထဲမှ သတင်းတော်ဆောင်များစီစဉ် ခဲ့ခြင်း၊ အုပ်ချုပ်သူများစီစဉ်ပေးခဲ့ခြင်း၊ လောကခပ်သိမ်း၌ တစ်ဦးတစ်ယောက်ကို မှ မပေးအပ်ခဲ့သည်ကို ပေးအပ်ချီးမြှင့်ခြင်းအားသတိတရရှိလော့-
၅း၂၁။ အို ကျွန်ုပ်၏ လူမျိုးတို့ သင်တို့အဘို့ ပရမတ်ဘုရားရှင် ပြဌာန်းထားသည့် မြတ်သောမြေသို့ ဝင်ကြလော့၊ နောက်ခံဘက်သို့ ပြန်မပြေးကြနှင့်၊ ဦးလှည့်ခဲ့သော် ရှုံးနိမ့်သူများဖြစ်လတ္တံ့၊”ဟု ပြောသောအခါ-
၅း၂၂။ သူတို့က “အို- မူဆာ၊ ထိုနေရာ၌ ပုန်ကန်သော လူမျိုးသည် ရှိနေ၏၊ သူတို့ကို မမောင်းထုတ်သရွေ့ ကျွန်ုပ်တို့ ဝင်နိုင်မည် မဟုတ်ပါ၊ သူတို့အားမောင်းထုတ်ခဲ့လျှင် ကျွန်ုပ်တို့ ဝင်နိုင်ပါမည်၊”ဟု ပြန်ပြောကြ၏။
၅း၂၃။ ကြောက်ရွံ့ ကြသောသူများအနက် ပရမတ်ဘုရားရှင်က ဂုဏ်ပေးသော လူနှစ်ဦးက “သူတို့အားတံခါးမှ ဝင်ကြလော့၊ ထိုမှ ဝင်နိုင်လျှင် သင်တို့သည် အနိုင်ရသူများဖြစ်ချေပြီ၊ သင်တို့သည် ယုံကြည်သူများဖြစ်လျှင် ပရမတ်ဘုရားရှင်ကိုသာ၊ ကိုးစားကြလော့၊”ဟု ဆို၏။
၅း၂၄။ သူတို့က “အို- မူဆာ၊ ၎င်းတို့ ရှိနေသမျှ ကျွန်ုပ်တို့ ဘယ်သော အခါမှ ဝင်မည် မဟုတ်ပါ၊ သို့ဖြစ်၍ သင်နှင့် သင်၏ ကံကြမ္မာရှင်သည် သုတ်ခြေတင် လျက် စစ်ခင်းပါ၊ ကျွန်ုပ်တို့ ဤနေရာမှပင် ထိုင်စောင့်နေပါမည်၊”ဟု ဆိုကြ၏။
၅း၂၅။ သူက “အို- ကံကြမ္မာရှင် တပည့်တော်သည် မိမိစိတ်နှင့် နောင်တော်မှ အပ ဩဇာ မလွှမ်းမိုးနိုင်ပါ၊ တပည့်တော်တို့ကြားနှင့် ယုတ်မာသော လူမျိုးအကြားခွဲခြားပေးတော်မူပါ၊”ဟု ဆုတောင်း၏။
၅း၂၆။ အရှင်က “သို့ဖြစ်၍ သူတို့အားနှစ်ပေါင်းလေးဆယ် တားမြစ်လိုက်ပြီ၊ သူတို့သည် မြေကမ္ဘာ၌ တဝဲလည်လည် ဖြစ်ရလတ္တံ့။ ယုတ်မာသော လူမျိုးအတွက် အသင်သည် ဝမ်းနည်းခြင်းမရှိနှင့်၊”ဟု မိန့်တော် မူ၏။
၅း၂၇။ သူတို့အားအာဒံ သားနှစ်ယောက်၏ သတင်းကို မှန်ကန်စွာ ရွတ်ပြ လော့၊ သူတို့သည် ပူဇော်ချည်းကပ်၍ ချည်းကပ်ကြစဉ် သူတို့အနက် တစ်ဦးအားအကိုးပြည့်စေ၏၊ အကိုးမပြည့်သည့် နောက်တစ်ဦးက “သင့်အားတိုက်ခိုက်မည်၊” ဟု ဆိုသော်၊- ကျန်တစ်ဦးက “ပရမတ်ဘုရားရှင်သည် စည်းစောင့်သူများထံမှသာ အကိုးပြည့်စေ၏-
၅း၂၈။ အကယ်၍ ကျွန်ုပ်အားတိုက်ရန် သင်၏လက်ကို ဆန့်သော် လည်း၊ သင့်ကို တိုက်ရန် ကျွန်ုပ် လက်ကို ဆန့်ထုတ်မည် မဟုတ်ပေ။ ကျွန်ုပ်သည် ကားစကြာ၀ဠာများ၏ ကံကြမ္မာရှင် ပရမတ်ဘုရားရှင်အားကြောက်ရွံ့ပါ၏-
၅း၂၉။ -ကျွန်ုပ်၏ အကုသိုလ်၊ သင်၏ အကုသိုလ်တို့ကို သင် ဆွဲယူလို၏။ သင်သည် အပူမီး၏ ပေါင်းဖေါ်များဖြစ်ရလိမ့်မည်၊ ဤသည် အမိုက်ကောင်တို့၏ အစားရခြင်းပင် ဖြစ်သည်၊”ဟု ပြောသော်လည်း-
၅း၃၀။ သတ်ဖြတ်မှုကို နာခံသော သူ့စရိုက်ဖြင့်၊ နောင်တော်ကို သတ်ဖြတ်၏၊ သို့ဖြင့်သူသည် ဆုံးရှုံးသူတို့မှ ဖြစ် သွားခဲ့၏။
၅း၃၁။ နောင်တော်၏ အသုဘအားမည်သို့ ကွယ်ရမည်ကို သူ့အားပြသရန် ပရမတ်ဘုရားရှင်သည် မြေကို တူးဆွသည့် ကျီးတစ်ကောင်အားပေါ်လာစေ၏။ သူက “ကျွန်ုပ်မှာ၊ ကျွန်ုပ် နောင်တော်၏ အသုဘအားကွယ်စေရန် ဤကျီးကဲ့သို့ပင် မစွမ်းပြီတကား၊”ဟု ညည်းညူ၏။ သို့ဖြင့် သူသည် ယူကြုံးမရသူတို့မှ ဖြစ်သွားခဲ့၏။
၅း၃၂။ သို့ အကြောင်းခံ၍ ငါသည်သည် ဂျူးလူမျိုးအားပြဌာန်းမှု သတ်မှတ် ကာလရှိခဲ့သည်မှာ ဉာဉ်တစ်ခုအစားဉာဉ်တစ်ခုကို သို့မဟုတ် မြေကမ္ဘာတွင် အဖျက်မလုပ်ဘဲ တိုက်ခိုက်အံ့၊ လူသားအားလုံးကို တိုက်သည် မည်၏၊ အသက် ဆက် ခွင့်ပေးအံ့ လူသားအားလုံးကို အသက်ဆက် ခွင့်ပေးသည် မည်၏။ ငါ၏ ဉာဏ်စဉ်ဆောင်များကို ရှင်းလင်းသော ဒေသနာများဖြင့် သူတို့ထံ၌ ရောက်လာစေ ခဲ့ပြီ၊ သို့ပြီးနောက်မှ သူတို့အနက် အများစုမှာ အလွဲသုံးစားပြုသူများဖြစ်ကြ၏။
၅း၃၃။ ပရမတ်ဘုရားရှင်နှင့် အရှင်၏ ဉာဏ်စဉ်ဆောင်အားစစ်ဆင်၍ မြေကမ္ဘာ၌ အဖျက်လုပ်ရန် လုံးပန်းနေသော သူတို့အားအစားပေးခြင်းအဖြစ် ခုခံ တိုက်ခိုက်ကြလော့၊ သို့မဟုတ် ကားစင်တင်ကြလော့၊ သို့မဟုတ် ဆက်လုပ်နိုင်မည့် လက်များခြေများအားဖြတ်တောက်ကြလော့၊ သို့မဟုတ် ဤလောက၌ ၎င်းတို့ အရှက်ရရန် ထိမ်းသိမ်းရေးမြေသို့ ပို့ကြလော့၊ နောင်ဘ၀၌လည်းသူတို့အတွက် မဟာ ဝဋ်ကြွေးကြီးရှိနေ၏။
၅း၃၄။ သင်တို့ စည်းမကြပ်မှီ ခဝါချသောသူတို့အား၊ သိကြကုန်လော့- ဧကန်ပင် ပရမတ်ဘုရားရှင်သည် လွတ်ငြိမ်းစေသော အရှင် မေတ္တာတော်ရှင် ဖြစ်တော်မူ၏။
၅း၃၅။ အို- ယုံကြည်သောသူတို့၊ ပရမတ်ဘုရားရှင်အားစည်းစောင့်ကြ လော့၊ အရှင်မြတ်အပါးသို့ နီးကပ်မှုကို ရှာဖွေကြလော့၊ အောင်မြင်ပေါက်မြောက် အံ့ငှာ အရှင်၏ လမ်းစဉ်တော်၌ အားစိုက်ဆောင်ရွက်ကြလော့။
၅း၃၆။ ဧကန်ပင် ဖုံးကွယ်သောသူများ- သူတို့၏ မြေကမ္ဘာ၌ ရှိသမျှအားလုံး၊ ထိုပမာဏခန့် သူတို့ ပိုင် လျက် ရပ်တည်ရသော နေ့၏ ဝဋ်ကြွေးအတွက် လျော်ကြေးပေးသော်လည်းအကိုးပြည့်စေမည် မဟုတ်ချေ၊ စူးနစ်သော ဝဋ်ကြွေးသည် သူတို့အတွက် ရှိနေ၏။
၅း၃၇။ သူတို့သည် အပူမီးမှ ထွက်လိုကြသော်လည်းထိုမှ ရုန်းထွက်နိုင်မည် မဟုတ်ပေ၊ သူတို့အတွက် မြဲမြံသော ဝဋ်ကြွေးသည် ရှိနေပြီ။
၅း၃၈။ သူခိုး၊ သူခိုးမတို့အားသူတို့ ကျင့်ဆောင်ရာအားအစားပေးရန် သူတို့၏ လုပ်ပိုင်ခွင့်ကို ဖြတ်တောက်ကြလော့၊ ပရမတ်ဘုရားရှင်၏ ထံမှ နမူနာ ဖြစ်၏၊ ဧကန်ပင် ပရမတ်ဘုရားရှင်သည် ဘုန်းတော်ရှင် အဆုံးအဖြတ်ရှင် ဖြစ်၏။
၅း၃၉။ မိုက်မဲခဲ့ပြီးနောက် ခဝါချလျက် ပြုပြင်ပြောင်းလဲ သူတို့အားဧကန်ပင် ပရမတ် ဘုရားရှင်သည် သင်ပုန်းချေတော်မူမည်၊ ဧကန်ပင် ပရမတ်ဘုရားရှင်သည် လွတ်ငြိမ်းစေသော အရှင် အကြင်နာရှင် ဖြစ်တော်မူ၏။
၅း၄၀။ ဧကန်ပင် မိုးများနှင့် မြေ၏ ဩဇာအာဏာသည် ပရမတ်ဘုရားရှင် ၏ အချုပ်အခြာ၌ ရှိခြင်းကို သင်တို့ မသိကြသလော၊ စံချိန်ပြည့်သူ အလျောက် ဝဋ်ကြွေးသင့်စေ၏၊ စံချိန်ပြည့်သူအားလွတ်ငြိမ်းစေတော်မူ၏၊ ဧကန်ပင် ပရမတ် ဘုရားရှင်သည် သဗ္ဗလုံးစုံအားစည်းချိန်ချမှတ်တော်မူ၏။
၅း၄၁။ အို- ဉာဏ်စဉ်ဆောင်၊ ဖုံးကွယ်မှု၌ အလျင်လိုနေကြသော- နှလုံးသား၌ မယုံကြည်ဘဲ ပါးစပ်များဖြင့် ယုံကြည်ပါသည်ဟု ပြောသောသူများ၊ ရေ၀တီ ဖြစ်သူများမှ မုသားစကားကိုသာ နားဝင်ချိုသူများ၊ နောက် လူမျိုးကို နားယောင်သူ များ၊ သင့်ထံသို့ လာသူတို့အားမူရင်းမှ သူတို့ လှည့်ပြောင်းပြီးတရားများကို ပေးအပ်ပြီးနောက် လက်ခံကြရန်၊ မပေးအပ်လျှင် ရှောင်ဖယ်ကြရန် ပြောဆိုသူများကြောင့် သင် သောက မဖြစ်နှင့်။ သတိထားလော့၊ ပရမတ်ဘုရားရှင်က စမ်းသပ်လို သူ အတွက် ပရမတ်ဘုရားရှင်နှင့် ဆန့်ကျင်၍ အသင့်၌ ဩဇာအာဏာ တစ်စုံ တစ်ရာ မရှိချေ၊ ပရမတ်ဘုရားရှင်သည် သူတို့၏ နှလုံးသားအားသန့်စင်စေလို သော သူများမဟုတ်ပေ၊ သူတို့ အတွက် ဤဘ၀၌ အရှက်ရခြင်းနှင့် နောင်ဘ၀၌ မဟာ ဝဋ်ကြွေးကြီးရှိနေ၏။
၅း၄၂။ မုသားစကားကိုသာ နားဝင်ချိုသူများ၊ တားမြစ်သည်ကို စားသုံးသူများ- သင့်ထံသို့ရောက်လာလျှင် သူတို့ကြား၌ စီရင်ထုံးပြုပေးလော့၊ သို့မဟုတ် သူတို့အားဘောင်ထားလော့၊ ဘောင်ထားလျှင် သင့်အားတစ်စုံတစ်ရာ နစ်နာစေ မည် မဟုတ်ချေ။ အကယ်၍ စီရင်ထုံးပြုလျှင် သူတို့ကြား၌ သမာသမတ်ဖြင့် စီရင်ထုံးပြုလော့၊ ပရမတ်ဘုရားရှင်သည် သမာသမတ် ရှိသူတို့အားနှစ်သက်တော် မူ၏။
၅း၄၃။ သူတို့၌ ပရမတ်ဘုရားရှင်က စီရင်ထုံးပြုပေးထားသော ဓမ္မဟောင်းရှိနေပါလျှက်၊ တဖန် ဤနောက်တွင် သင့်ထံမှ လှည့်သွားသူတို့အားအသင်က မည်သို့ စီရင်ထုံးပြု ပေးနိုင်အံ့နည်း၊ သူတို့သည် ယုံကြည် သူများမဟုတ်ပေ။
၅း၄၄။ ဧကန်ပင် ငါသည် လမ်းညွှန်နှင့် အလင်းဆောင်သည့် ဓမ္မဟောင်းကို ချမှတ်ပေးခဲ့ပြီ၊ ငြိမ်းချမ်းရေးပြုသော သတင်းတော်ဆောင်များက ၎င်းဖြင့် ရေ၀တီဖြစ်သူများအားစီရင်ထုံးပြုကြကုန်၏၊ ဆရာတော်များဓမ္မစရိယများကိုလည်းပရမတ်ဘုရားရှင် ၏ ကျမ်းတော်ကို စောင့်ထိန်းစေခဲ့၏။ သူတို့သည် ယင်း၌ သက်သေများဖြစ် ကြ၏။ လူသားတို့အားမကြောက်ရွံ့နှင့်၊ ငါ့ကိုသာ ကြောက်ရွံ့ကြလော့၊ ငါ၏ သုတ်ဒေသနာများအားတန်ဘိုးချ ရောင်းမစားကြနှင့်၊ ပရမတ်ဘုရားရှင်က ချမှတ် ပေးရာနှင့် စီရင်ထုံးမပြုသူသည် ဖုံးကွယ်သူများဖြစ်ကြ၏။
၅း၄၅။ ထိုကျမ်း၌ သူတို့အားဉာဉ်စရိုက် ဆိုလျှင် ဉာဉ်စရိုက်၊ မျက်လုံးဆိုလျှင် မျက်လုံး၊ နှာခေါင်းဆိုလျှင် နှာခေါင်း၊ နားရွက် ဆိုလျှင် နားရွက်၊ သွားဆိုလျှင် သွားဒဏ်ရာဒဏ်ချက်အလိုက် ပြဌာန်းဖေါ်ပြပေးထား၏။ အကယ်၍ ၎င်းကို အလှု အဖြစ် လျော်ပေးသူ- သူ့အတွက် ပလပ်ခွင့် ရှိ၏။ ပရမတ်ဘုရားရှင် ချမှတ်ပေးသည့် အတိုင်းစီရင်ထုံးမပြုခဲ့လျှင် သူတို့သည် အမိုက်ကောင်များဖြစ်ကြ၏။
၅း၄၆။ ငါသည် သူတို့၏ ရိုးရာလိုက်မြဲဖြစ်သော လက်ရှိ ဓမ္မဟောင်းအားဖြောင့်မှန်စေအံ့ငှာ မာရိ၏သားယေရှုအားထပ်ဆင့်ပွင့်ပေါ်စေခဲ့၏။ သူအားစည်းစောင့်သူများအတွက် လမ်းညွှန် အဆုံးအမဖြစ်သော လက်ရှိ ဓမ္မဟောင်းအားဖြောင့်မှန်စေသည့် လမ်းညွှန် အလင်းရောင် ဓမ္မသစ်ကို ချီးမြှင့်ခဲ့ပြီ။
၅း၄၇။ ဓမ္မသစ် အသင်းသားများသည် ထိုကျမ်းပါ ပရမတ်ဘုရားရှင် ချမှတ်သည့်အတိုင်းစီရင်ထုံးပြုရပေမည်။ ပရမတ်ဘုရားရှင် ချမှတ်ပေးသည့် အတိုင်းစီရင်ထုံးမပြုခဲ့လျှင် သူတို့သည် ယုတ်မာသူများဖြစ်ကြ၏။
၅း၄၈။ ငါသည် လက်ရှိ ကျမ်းများထက် ဖြောင့်မှန်စေသည့် ပရမတ္ထသစ္စာ ဖြင့် စောင့်ရှောက်ထားသည့် ကျမ်းတော်ကို အသင့်အားချမှတ်ပေးတော်မူ၏။ သူတို့၏ ကြား၌ ပရမတ်ဘုရားရှင် ချမှတ်ပေးရာဖြင့် စီရင်ထုံးပြုလော့။ သင့် အပေါ်၌ သစ္စာတရားအားရောက်လာစေပြီ၊ သူတို့၏ လိုဘ နောက်သို့ မလိုက်နှင့်။ ငါသည် သင်တို့အဘို့ တရားဥပဒေနှင့် နည်းဥပဒေ ကိုယ်စီ စီစဉ်ပေးပြီ။ အကယ်၍ ပရမတ်ဘုရားရှင်၏ စံချိန်ပြည့်ခဲ့လျှင် သင်တို့အားအသိုင်းအဝိုင်းတစ်ခုတည်းစီစဉ်တော်မူခဲ့လတ္တံ့။ သို့ရာတွင် သင်တို့အားချီးမြှင့်ပေးရာ အားဖြင့် စုံစမ်းတော် မူပြီ။ ကောင်းမှု၌ ပြိုင်ဆိုင်ကြကုန်လော့၊ သင်တို့ အားလုံးပရမတ်ဘုရားရှင်၏ ထံသို့သာ အပြန်ခရီးရှိ၏။ အရှင်သည် သင်တို့၏ ကွဲလွဲမှု ရှိခဲ့ရာအားသတင်းထုတ်ပြန်တော်မူလတ္တံ့။
၅း၄၉။ သူတို့ကြား၌ ပရမတ်ဘုရားရှင် ချမှတ်ပေးသည့် အတိုင်းစီရင်ထုံးပြု လော့၊ သူတို့၏ လိုဘနောက်သို့ မလိုက်နှင့်၊ ပရမတ်ဘုရားရှင်က သင့်ထံ ချမှတ် ပေးသည်၏ တစ်ချို့မှ သူတို့က သင့်အားသွေးတိုးစမ်းလိုသည်ကို သတိထားလော့၊ အကယ်၍ လှည့်သွားခဲ့ကြလျှင် ပရမတ်ဘုရားရှင်သည် သူတို့၏ ပြစ်မှုများအတွက် အချို့အားထိသက်စေလိုသည်ကို သိကြလော့၊ လူသားတို့အနက် များစွာ မှာ ယုတ်မာသူများဖြစ်ကြ၏။
၅း၅၀။ ပညာမဲ့ခေတ်မှ စီရင်ထုံးများကို ရှာဖွေလိုကြ သလော၊ ဒိဌယုံသော လူမျိုးတို့ အတွက် ပရမတ်ဘုရားရှင်ထက် ပိုမို တင့်တယ် သော ဓမ္မသတ်ရှင်သည် အဘယ်သူ ရှိအံ့နည်း။
၅း၅၁။ အို- ယုံကြည်သောသူတို့၊ ရေ၀တီနှင့် ခရစ်ယာန်တို့အားမဟာမိတ် အဖြစ် မယူမှတ်ကြနှင့်၊ သူတို့မှ အချို့သည် အချို့၏ မဟာမိတ်များဖြစ်ကြ၏၊ သင်တို့အနက် သူတို့ထံ လှည့်သူသည် သူတို့၏ အဖွဲ့ဝင် ဖြစ်၏။ ဧကန်ပင် ပရမတ် ဘုရားရှင်သည် မိုက်ကြေးခွဲသော လူမျိုးအားလမ်းညွှန်တော် မမူချေ။
၅း၅၂။ ၎င်းတို့ ထဲသို့ ပြေးပေါင်းကြသော၊ စိတ်နှလုံး၌ ရောဂါ ရှိသူတို့အားသင် မြင်ရလတ္တံ့၊ သူတို့က “ကျွန်ုပ်တို့သည် ရုံးတင်ခံရ ခြင်းထိမည်ကို ကြောက်မိ၏၊”ဟု ဆိုကြ၏။ ပရမတ်ဘုရားရှင်သည် ထွက်ရပ်လမ်းသို့မဟုတ် သူတို့၏ ဉာဉ်စရိုက်၌ ကြိတ်ကြံ စည်သည်ကို ယူကြုံးမရ ဖြစ်သွားစေမည့်- အရှင့်ထံမှ ညွှန်ကြားချက်ကို ရောက်စေ နိုင်ရာ၏။
၅း၅၃။ ယုံကြည်သော သူများအား- ပရမတ်ဘုရားရှင်ကို အင်တိုက် အားတိုက် အားသန်စွာဖြင့် တိုင်တည်သော ထိုသူတို့က “သူတို့သည် သင်တို့ နှင့် အတူ ဖြစ်ခဲ့ကြောင်း၊”ဟု ဆိုကြ၏။ သူတို့၏ ကျင့်ကြံမှုများသည် အချည်းနှီးပင်၊ သူတို့သည် ဆုံးရှုံးရသူများဖြစ်သွားခဲ့ကြ၏။
၅း၅၄။ အို- ယုံကြည်သောသူတို့၊ သင်တို့အနက် သာသနာတော်မှ လှည့်ပြေးသော သူ အစား၊ ပရမတ်ဘုရားရှင် နှစ်သက်သော- သူတို့ကလည်းအရှင့်အားနှစ်သက်သော လူမျိုးတစ်မျိုးကို ဆောင်ကြဉ်းယူလတ္တံ့၊ သူတို့သည် ယုံကြည်သူတို့ အပေါ်၌ နှိမ့်ချကြ၍ ဖုံးကွယ်သူများအပေါ်တွင် ဘုန်းကံကိုပြလျက် ပရမတ် ဘုရားရှင်၏ လမ်းစဉ်၌ အားစိုက်ဆောင်ရွက်ကြ၏။ အပြစ်တင်သူ၏ ပြစ်တင်မှုကို လည်းမတုန်လှုပ်ကြချေ။ ဤသည် ပရမတ်ဘုရားရှင်၏ စံချိန်ပြည့်သူ အလျောက် သိက္ခာကို ချီးမြှင့်ခံရ၏။ ပရမတ်ဘုရားရှင်သည် အသိဉာဏ်တော် ဖြန့်ကျက်ထားသော အရှင် ဖြစ်၏။
၅း၅၅။ အသင်တို့အတွက် မဟာမိတ်သည်ကားပရမတ်ဘုရားရှင်၊ အရှင်၏ ဉာဏ်စဉ်ဆောင်နှင့် ဝတ်ပြုခြင်း၌ မြဲကြသော အခွန်ငွေဖြူ ပေးကြသော ယုံကြည် သူများပင် ဖြစ်၏၊ သူတို့သည် ဦးညွှတ်သူများဖြစ်ကြ၏။
၅း၅၆။ ပရမတ်ဘုရားရှင်၊ အရှင်၏ ဉာဏ်စဉ်ဆောင်နှင့် ယုံကြည်သောသူတို့ထံ လှည့်သူသည် ပရမတ် ဘုရားရှင်၏ အသင်းသားများဖြစ်ကြ၍ သူတို့သည် အနိုင်ရသူများဖြစ်ကြ၏။
၅း၅၇။ အို- ယုံကြည်သောသူတို့၊ သင်တို့၏ ရှေ့အလျှင် ကျမ်းပေးခံရသော သူများနှင့် ဖုံးကွယ်သူများအနက်မှ သင်တို့၏ သာသနာအားလှောင်ပြောင် ဟာသ လုပ်စရာဟု မှတ်ယူသော သူများအားမဟာမိတ် အဖြစ် မယူမှတ်နှင့်၊ သင်တို့သည် ယုံကြည်သူ စင်စစ်ဖြစ်ကြလျှင် ပရမတ်ဘုရားရှင်အားစည်းစောင့်ကြလော့။
၅း၅၈။ အသင်တို့အားဝတ်ပြုခြင်းသို့ ဖိတ်ခေါ်သော အခါ လှောင်ပြောင် ဟာသလုပ်စရာ ဟု ယူမှတ်ကြ၏ ၎င်းမှာ သင်တို့သည် အတွေးအခေါ် မရှိသော လူမျိုးကြောင့် ဖြစ်၏။
၅း၅၉။ ဟောပြောလော့ “အို- ကျမ်းစာဝိုင်းသားတို့၊ ကျွန်ုပ်တို့သည် ပရမတ် ဘုရားရှင်၊ ကျွန်ုပ်တို့အားချမှတ်ပေးရာ၊ ရှေ့အလျင်က ချမှတ်ပေးရာတို့ကိုသာ ယုံကြည်သောကြောင့် ကျွန်ုပ်တို့အားလက်တုံ့ပြန်ကြသလော၊ သင်တို့အနက် အများစုမှာ ယုတ်မာသူများဖြစ်ကြ၏။”
၅း၆၀။ ဟောပြောလော့ “ပရမတ်ဘုရားရှင်ထံမှ ဤထက် ဆိုးဝါးသော အကျိုးဆက်ဖြစ်သည့် အရှင့်ထံမှ မေတ္တာဝေးသော၊ ပရမတ်ဘုရားရှင်က ကံကြီးသင့်စေသော၊ သူတို့အနက်မှ မျောက်များ၊ ဝက်များ၊ မိစ္ဆာကောင်အားကိုးကွယ်သူ အဖြစ် စီစဉ်ခံရသူ၏ အကြောင်းကို သတင်းထုတ်ပြန်ရမည်လော၊ သူတို့၏ ဘ၀ဆက်သည် ပိုမိုဆိုးဝါးလှ၏၊ ပုံစံချပြီးလမ်းစဉ်မှ ပို၍ လွဲချော်ကြကုန်၏။”
၅း၆၁။ သင်တို့ထံသို့ လာသောအခါ “ကျွန်ုပ်တို့သည် သက်ဝင် ယုံကြည်ပါ ၏၊”ဟု ဆိုကြ၏၊ ဧကန်ပင် သူတို့သည် ဖုံးကွယ်ခြင်းဖြင့် ဝင်ချီ ထွက်ချီ ပြုကြ၏၊ ပရမတ်ဘုရားရှင်သည် သူတို့ ထိန်ဝှက်လေ့ရှိသည်များကို အသိဆုံးဖြစ်တော်မူ၏။
၅း၆၂။ သူတို့အနက်မှ များစွာတို့သည် ပြစ်မှု၊ စည်းဖေါက်မှုနှင့် တားမြစ်သည်ကို စားသုံးမှုများ၌ အလျှင်လိုနေကြသည်ကို သင် မြင်ရလတ္တံ့၊ သူတို့သည် အမင်္ဂလာ ကိုသာ ကျင့်ကြံလေ့ ရှိ၏။
၅း၆၃။ ဆရာတော်များနှင့် ဓမ္မစရိယများသည် အကုသိုလ် စကားပြောခြင်း၊ တားမြစ်ထားသည်ကို စားသုံးခြင်းများမှ အဘယ်ကြောင့် မဟန့်တားကြသနည်း၊ သူတို့သည် အမင်္ဂလာကိုသာ တည်ဆောက်လေ့ ရှိ၏။
၅း၆၄။ “ပရမတ်ဘုရားရှင်၏ လက်ကို ချုပ်ကိုင်ထား၏” ဟု ပြောကြသော ရေ၀တီတို့၊ သူတို့၏ လက်များသည်သာ ချုပ်ကိုင်ခံထားရပြီ၊ ထို ပြောဆိုမှုကြောင့် မေတ္တာဝေးစေပြီ။ အမှန်မှာ အရှင်၏လက်တော်များသည် ဆန့်လျက် မည်သို့ စံချိန် အလျောက် ပေးကမ်းသုံးစွဲလျှက်ရှိ၏။ ထိုအပြင် ကံကြမ္မာရှင်မှ သင့်အားချမှတ် ပေးရာကြောင့် သူတို့မှ အများစုသည် စည်းဖျက်မှု၊ ဖုံးကွယ်မှုများတိုးပွားကြလိမ့် မည်။ သူတို့၏ကြား၌ စည်းဖေါက်မှု အာဃာတကို ရပ်တည်ရသော နေ့ထိတိုင် ခင်းကျင်းထားတော်မူ၏။ သူတို့သည် စစ်ပွဲမီးလျှံကို မွှေးသည့် အခါတိုင်းပရမတ် ဘုရားရှင်သည် ငြိမ်းစေတော်မူခဲ့ပြီ။ သူတို့သည် မြေကမ္ဘာ၌ အဖျက်လုပ်ရပ်ကို လုံးပန်းကြ၏၊ ပရမတ်ဘုရားရှင်သည် အဖျက်ကောင်များအားနှစ်သက်တော် မမူ ချေ။
၅း၆၅။ ကျမ်းစာဝိုင်းသားများသည် ယုံကြည်၍ စည်းစောင့်ကြလေလျှင် သူတို့၏ အကုသိုလ်အားဖုံးကွယ်၍ ဂုဏ်ရှိသော သုခဘုံများသို့ ဝင်ရလတ္တံ့။
၅း၆၆။ သူတို့သည် ဓမ္မဟောင်း၊ ဓမ္မသစ်နှင့် သူတို့ထံသို့ ကံကြမ္မာရှင် ချမှတ်ပေးရာများ၌ ရပ်တည်ကြလျှင် သူတို့၏ အပေါ်မှ၊ ခြေများအောက်မှ စားစရာများရှိလတ္တံ့၊ သူတို့အနက် အလယ်အလတ်ကျသော အသိုင်းအဝိုင်းသည် ရှိ၏။ သို့သော် အများစုမှာ အကုသိုလ်မှုကိုသာ ကျင့်ကြံနေကြ၏။
၅း၆၇။ အို- ဉာဏ်စဉ်တော်ဆောင်၊ သင့်ကံကြမ္မာရှင်၏ ထံမှ သင့်ထံသို့ ချမှတ်ပေးရာကို ဆိုက်ရောက်စေလော့၊ အကယ်၍ မပြုလုပ်ခဲ့လျှင် အရှင်၏ စေပို့ချက်များကို မဆိုက် ရောက်စေခြင်းမည်၏။ လူသား၏ ဘေးမှကင်းရန် ပရမတ်ဘုရားရှင်သည် သင့်ဘက်မှ မားမားရပ်ပေးလတ္တံ့။ ဧကန်ပင် ပရမတ် ဘုရားရှင်သည် ဖုံးကွယ်သော လူမျိုးတို့အားလမ်းညွှန်တော် မမူချေ။
၅း၆၈။ ဟောပြောလော့ “အို- ကျမ်းစာဝိုင်းသားတို့ သင်တို့သည် ဓမ္မဟောင်း၊ ဓမ္မသစ်နှင့် ကံကြမ္မာရှင်ထံမှ သင်တို့ထံ ချမှတ်ပေးရာများကို မရပ်တည်သ၍ သင်တို့သည် တစ်စုံတစ်ရာမှ မဟုတ်ချေ။” သူတို့အနက် များစွာမှာ ကံကြမ္မာရှင်မှ သင့်ထံသို့ ချမှတ်ပေးရာ၌ စည်းဖျက်ရန် ဖုံးကွယ်ရန်သာ တိုးပွားနေကြ၏၊ ဖုံးကွယ် သော လူမျိုးအတွက် သင်သည် ဝမ်းနည်းခြင်းမရှိနှင့်။
၅း၆၉။ ယုံကြည်သောသူများ၊ ရေ၀တီဖြစ်သူများ၊ ရေသန့် အယူ ရှိသူများ၊ ခရစ်ယာန်များမှ မည်သူမဆို ပရမတ်ဘုရားရှင်နှင့် နောင်ဘ၀ နေ့ကာလကို ယုံကြည်၍ ပြုပြင်ပြောင်းလဲမှု ကျင့်ကြံသူများအားကြောက်ရွံ့ရစေမည် မဟုတ်၊ သောကရောက်ရစေမည်လည်းမဟုတ်ချေ။
၅း၇၀။ ငါသည် ဂျူးလူမျိုးများထံမှ ပဋိဉာဉ်ကို ရယူလျက် သူတို့ ထံသို့ ဉာဏ်စဉ်တော်ဆောင်များကို စေစားပြီ၊ ဉာဏ်စဉ်တော်ဆောင် တစ်ပါးပါးသည် သူတို့၏ စရိုက် လိုဘ မကိုက်ညီရာဖြင့် ရောက်လာလေတိုင်း၊ သူတို့သည် တစ်ဖွဲ့ကို ငြင်းဆန်ကြပြီးတစ်ဖွဲ့ကို လုပ်ကြံသတ်ဖြတ်ကြ၏။
၅း၇၁။ သို့အတွက် စမ်းသပ်ခံရ မည် မဟုတ်ဟု သူတို့ စဉ်းစားကြ၏၊ သူတို့အားအကန်းအပင်းများဖြစ်စေပြီ၊ တဖန် ပရမတ်ဘုရားရှင်သည် သူတို့အားသင်ပုန်းချေပေးတော်မူ၏၊ တဖန် သူတို့ အနက်မှ များစွာသည် အကန်းအပင်းများဖြစ်ကြပြန်၏။ ပရမတ်ဘုရားရှင်သည် ကျင့်ကြံသမျှကို မြင်နေသော အရှင် ဖြစ်၏။
၅း၇၂။ “ပရမတ်ဘုရားရှင်သည် မာရိ၏သားခရစ်တော်ပင် ဖြစ်၏” ဟု ဆိုသောသူသည် ဖုံးကွယ်သူ ဖြစ်၏။ ခရစ်တော်က “အို-ဂျူးလူမျိုးတို့ ကျွန်ုပ်၏ ကံကြမ္မာရှင် သင်တို့၏ ကံကြမ္မာရှင် ဖြစ်သော ပရမတ်ဘုရားရှင်ကိုသာ ကိုးကွယ် ကြလော့၊ မည်သူမဆို ပရမတ်ဘုရားရှင်အားရောပြွန်းကိုးကွယ်အံ့ ပရမတ် ဘုရားရှင်က သူ့အတွက် သုခဘုံကို တားမြစ်ထား၏။ အပူမီးသည်သာ သူ့အတွက် ခိုလှုံရာ ဖြစ်၏၊ အမိုက်ကောင်များအတွက် ကူညီမည့်သူ မရှိချေ၊”ဟု ဆို၏။
၅း၇၃။ “ပရမတ်ဘုရားရှင်သည် တြိကာယမှ တတိယမြောက် ဖြစ်၏” ဟု ဆိုသောသူသည် ဖုံးကွယ်သူဖြစ်၏၊ တစ်ပါးတည်းသော ဘုရားရှင်မှအပ အခြားဘုရားဟူ၍ မရှိပြီ၊ သူတို့၏ အပြောအဆိုများကို မရပ်စဲလျှင် သူတို့ အနက် ဖုံးကွယ်သော သူများအားစူးနစ်သော ဝဋ်ကြွေးသည် ထိလတ္တံ့။
၅း၇၄။ သူတို့သည် ပရမတ်ဘုရားရှင်ထံ၌ ခဝါချခြင်းလွတ်ငြိမ်းဆုပန်ခြင်းကို မပြုကြသလော၊ ဧကန်ပင် ပရမတ်ဘုရားရှင်သည် လွတ်ငြိမ်းစေသော အရှင် အကြင်နာရှင် ဖြစ်တော်မူ၏။
၅း၇၅။ မာရိ၏သားယေရှု ခရစ်သည် ဉာဏ်စဉ်ဆောင် တစ်ပါးမျှသာ ဖြစ်၏၊ သူ့ ရှေ့အလျင် ဉာဏ်စဉ်ဆောင်များလည်းပရိနိဗ္ဗာန်ပြုခဲ့ရပြီ၊ သူ၏ မိခင်သည် သမာဓိရှင် ဖြစ်၏၊ သူတို့နှစ်ဦးလုံးအစာစားသုံးလေ့ ရှိ၏၊ ၎င်းတို့အားသုတ်ဒေသနာများမည်သို့ ရှင်းလင်းပြသည်ကို သင်ကြည့်လော့၊ တဖန် မည်သို့ လှည့်စားခံနေရကြောင်းသင်ကြည့်လော့။
၅း၇၆။ “ပရမတ်ဘုရားရှင် မှလွဲ၍ သင်တို့ အားကောင်းကျိုးဆိုးကျိုးသက်ရန် ဩဇာအာဏာ မရှိရာများကို ကိုးကွယ်ကြ မည်လော၊”ဟု မေးမြန်းလော့၊ ပရမတ်ဘုရားရှင်- ထိုအရှင်သည် ကြားနေသော အရှင်၊ သိနေသောအရှင် ဖြစ်၏။
၅း၇၇။ ဟောပြောလော့ “အို- ကျမ်းစာဝိုင်းသားတို့၊ သင်တို့၏ သာသနာ အားသစ္စာမဲ့စွာ မချဲ့ထွင်ကြနှင့်၊ ရှေ့အလျင်က လမ်းလွဲသွားသော၊ များစွာတို့ကို လမ်းလွဲစေသော၊ ပုံစံချပြီးလမ်းစဉ်မှ လွဲချော်သွားသော လူမျိုးတို့၏ လိုဘ နောက်သို့ မလိုက်နာကြနှင့်၊”
၅း၇၈။ ဂျူးလူမျိုးတို့အနက် ဖုံးကွယ်သော သူများသည် ဒါဝိဒ်နှင့် မာရိ၏ သားယေရှုတို့၏ နှတ်လျှာမှ မေတ္တာမဲ့ခြင်းကို ခံရ၏၊ ၎င်းမှာ အာခံမှုနှင့် စည်းဖေါက် လေ့ရှိမှုများကြောင့် ဖြစ်၏။
၅း၇၉။ သူတို့သည် သူစိမ်းဆန်သည့် ပြုလုပ်ခြင်းကို ဟန့်တားလေ့ မရှိ၊ အမင်္ဂလာကိုသာ ပြုလုပ်လေ့ရှိကြ၏။
၅း၈၀။ သူတို့အနက် များစွာ သည် ဘက်လှည့်သွားသော ဖုံးကွယ်သောသူများဖြစ်ကြကြောင်းသင်မြင်တွေ့ရ လိမ့်မည်။ သူတို့၏ စရိုက်သည် အမင်္ဂလာ၌ စုံရပ်ခံကြ၏။ ပရမတ်ဘုရားရှင်က သူတို့အားအမျက်တော်ရှ၏၊ သူတို့သည် ဝဋ်ကြွေးထဲ၌ အစဉ်ခံစားရမည်ပင်။
၅း၈၁။ အကယ်၍ သူတို့သည် ပရမတ်ဘုရားရှင်၊ သတင်းတော်ဆောင်နှင့် သူ့ထံ၌ ချမှတ်ပေးရာကို ယုံကြည်ခြင်းရှိလျှင် ထိုသူတို့အားမဟာမိတ်များဟု ယူမှတ်တော့မည် မဟုတ်ချေ။ သို့ရာတွင် သူတို့မှ အများစုသည် ယုတ်မာသူများဖြစ်ကြ၏။
၅း၈၂။ ယုံကြည်သောသူများအပေါ် အပြင်းထန်ဆုံးစည်းဖေါက်သည့် လူသားများမှာ ရေ၀တီများနှင့် ရောပြွန်းကိုးကွယ်သော သူများဖြစ်သည်ကို သင် တွေ့ရလတ္တံ့၊ ယုံကြည်သော သူများအပေါ် အနီးဆုံးလိုလားသူများမှာ “ကျွန်ုပ်တို့ သည် ခရစ်ယာန်များပင်၊”ဟု ဆိုသော သူများကို တွေ့ရလတ္တံ့၊ ၎င်းမှာ သူတို့၌ ရှိသော ပညာတတ်များနှင့် ဘုန်းတော်ကြီးများကြောင့် ဖြစ်၏။ သူတို့သည် မာနထောင်လွားခြင်းမရှိကြချေ-
၅း၈၃။ ဉာဏ်စဉ်ဆောင်အားချမှတ်ပေးရာကို ကြားနာရ သောအခါ သစ္စာ တရားဖြစ်သည်ဟု သိမှတ်လျက် မျက်လုံးများမှ မျက်ရည်များပြည့်လျှံလာ သည်ကို သင် မြင်ရလိမ့်မည်။ သူတို့ ဆုတောင်းသည်မှာ “အို- ကံကြမ္မာရှင် တပည့်တော်တို့ ယုံကြည်ပါ၏၊ တပည့်တော်တို့အားသက်သေတည်သူများနှင့် အတူ မှတ်တမ်းတင်တော်မူပါ၊-
၅း၈၄။ သစ္စာတရားမှ တပည့်တော်တို့ထံ ရောက်လာ သည့် အရာနှင့် ပရမတ်ဘုရားရှင်အားတပည့်တော် တို့ မယုံကြည်နိုင်ရန် မရှိပါ၊ အို ကံကြမ္မာရှင်၊ တပည့်တော်တို့အားပြုပြင်သော လူမျိုးနှင့်အတူ ဝင်ခွင့်ရရန် မျှော်လင့်ပါ၏။”ဟု ဖြစ်၏။
၅း၈၅။ ထိုရင့်ကျူးမှုများကြောင့် ပရမတ်ဘုရားရှင်သည် အစဉ်စံစားစေရန် အောက်ခင်း၌ စမ်းချောင်းရေသွင် စီးဆင်းနေသော ဥယျာဉ်ဘုံများကို သူတို့၏ အကျိုးဆက် ဖြစ်စေပြီ။ ဤသည် သုမင်္ဂလာပြုသူတို့ အတွက် အစားပေးခြင်းဖြစ်၏။
၅း၈၆။ ငါ၏ သုတ်ဒေသနာများကို ဖုံးကွယ်သော သူများ၊ ငြင်းဆန်သူများ-ထိုသူများသည် ငရဲမီး၏ ပေါင်းဖေါ်များဖြစ်ကြ၏။
၅း၈၇။ အို- ယုံကြည်သောသူတို့ ပရမတ်ဘုရားရှင်က သင်တို့ အတွက် တရားဝင်ပြုထားသည့် စင်ကြယ်ရာများကို မတားမြစ်နှင့်၊ စည်းမဖေါက်ကြနှင့်၊ ဧကန်ပင် ပရမတ်ဘုရားရှင်သည် စည်းဖေါက်သူများကို နှစ်သက်တော် မမူချေ။
၅း၈၈။ ပရမတ်ဘုရားရှင်က သင်တို့အတွက် တရားဝင်ပြုသော စင်ကြယ်ရာ ရိက္ခာများကို စားသုံးကြလော့၊ သင်တို့သည် ယုံကြည်မှု၌ ရှိသူများဖြစ်ကြလျှင် ပရမတ် ဘုရားရှင်အားစည်းစောင့်ကြကုန်လော့၊
၅း၈၉။ ပရမတ်ဘုရားရှင်သည် သင်တို့၏ ပွစိပွစိ အားစိုက်မှုအတွက် အရေးယူမည် မဟုတ်ချေ။ သို့သော် ကတိထုံးဖွဲ့ အားစိုက်မှုများကို အရေးယူတော်မူမည်။ ထိုအတွက် ပလပ်ခွင့်မှာ သင်တို့၏ အိမ်သားများကို ကျွေးမွေးသည့် တန်းတူ နွမ်းပါးသူ ဆယ်ဦးကို ကျွေးမွေးရမည်။ သို့မဟုတ် ဆင်ယင်ပေးရမည်။ သို့မဟုတ် ကျွန်တစ်ဦးကို လွှတ်ပေးရမည်။ ထိုသို့ ကိုယ်တွေ့ မဖြစ်နိုင်သူသည် ဥပုသ် သုံးရက် စောင့်တည်ရမည်။ ဤသည် အားသန်စွာတိုင်တည် ထားစဉ် ထိုအားစိုက်မှု အတွက် ပလပ်စေခြင်းပင်။ သင်တို့၏ တိုင်တည်မှုကို စောင့်ထိန်းကြလော့။ ဤသည်တို့မှာ ပရမတ်ဘုရားရှင်က သင်တို့ ကျေးဇူးသိတတ် အံ့ငှာ သင်တို့အတွက် သုတ်ဒေသနာ များကို ရှင်းလင်းချက်ပင် ဖြစ်၏။
၅း၉၀။ အို- ယုံကြည်သောသူတို့- ယစ်မူခြင်း၊ လောင်းကစားခြင်း၊ အကိုးထိုးခြင်း၊ ကံစမ်းမြှားပစ်ခြင်းများသည် မကောင်းဆိုးဝါး၏ ကျင့်ကြံမှု အညစ် အကြေးများဖြစ်၏။ သင်တို့ အောင်မြင်ပေါက်မြောက်အံ့ငှာ ၎င်းတို့မှ ကင်းသန့် ကြလော့။
၅း၉၁။ မကောင်းဆိုးဝါးသည် မူးယစ်သေစာ၊ လောင်းကစားတို့၌ သင်တို့ ချင်းကြားစည်းဖေါက်မှုနှင့် အာဃာတ တည်တံ့စေရန်သာ လိုလား၏။ ပရမတ် ဘုရားရှင်အားသတိရရှုမှတ်ခြင်းဝတ်ပြုခြင်းများကို ဖယ်ခိုင်း၏။ သင်တို့သည် ချင့်ချိန်သူများဖြစ်ကြမည်လော။
၅း၉၂။ ပရမတ်ဘုရားရှင်အားနာခံကြလော့၊ ဉာဏ်စဉ်ဆောင်အားနာခံကြလော့၊ အမြဲ သတိရှိကြလော့၊ အကယ်၍ သင်တို့ လှည့်သွားကြလျှင် သိကြကုန်လော့ ငါ့ ဉာဏ်စဉ်ဆောင်၏ ဝန်တာမှာ ဓမ္မကို ဆိုက်ရောက်စေရန်သာ ဖြစ်၏။
၅း၉၃။ စားမိခဲ့သည်များကြောင့် ယုံကြည်လျက် ပြုပြင်မှု ကျင့်ကြံသော သူများအပေါ်၌ အပြစ်မရှိပေ၊ စည်းစောင့် ယုံကြည်သောအခါ ပြုပြင် ပြောင်းလဲမှု ကျင့်ကြံကြလော့၊ တဖန် စည်းစောင့် ယုံကြည်ကြလော့၊ တဖန် စည်းစောင့်၍ သုမင်္ဂလာ ပြုကြလော့၊ ပရမတ်ဘုရားရှင်သည် သုမင်္ဂလာ ပြုသူများကို နှစ်သက် တော်မူ၏။
၅း၉၄။ အို- ယုံကြည်သောသူတို့၊ စက္ခုလွန်၌ ပရမတ်ဘုရားရှင်အားမည်သူက ကြောက်ရွံ့ရိုကျိုးမှု ရှိသည်ကို သိစေအံ့ငှာ ပရမတ်ဘုရားရှင်သည် သင်တို့၏ လက်များသို့မဟုတ် ကရိယာများဖြင့် ဖမ်းဆီးရမိသော အမဲများစသော အရာများဖြင့် စုံစမ်းတော်မူမည်။ ဤနောက်တွင်မှ စည်းဖေါက်သော မည်သူ့ အတွက် မဆို စူးနစ်သော ဝဋ်ကြွေးသည် ရှိနေ၏။
၅း၉၅။ အို- ယုံကြည်သောသူတို့၊ သင်တို့သည် ဝတ်ကြောင် စွန့်ထားစဉ် အမဲလိုက် သတ်ဖြတ်မှု မပြုကြနှင့်၊ သင်တို့အနက် မဏ္ဍိုင်ထား၍ သတ်ဖြတ်သူ သည် သတ်မိသည်နှင့် ညီမျှသော ကပ္ပိယသတ္တဝါများကို အစားပေးရမည်။ ထိုအမှုကို သင်တို့မှ တန်းတူစိတ်ရှိသူ နှစ်ဦးက စီရင်ထုံးပြုရ၍ ကာအ်ဘာ ကျောင်းတော်သို့ အလှုဝတ္ထု အဖြစ် ဆိုက်ရောက်စေရမည်။ သို့မဟုတ် နွမ်းပါးသူ တို့အားကျွေးမွေးခြင်းဖြင့် ပလပ်စေရမည်။ သို့မဟုတ် ထိုနှင့်အညီ ဥပုသ်စောင့် တည်ရမည်။ ဤသည် သူ့အစီ အမံ၏ အကျိုးဆက်ကို သူ မြည်းစမ်းရခြင်းပင်။ ပရမတ်ဘုရားရှင်သည် အတိတ်ဖြစ်ရပ်များကို ကျေအေးတော်မူ၏၊ ပရမတ် ဘုရားရှင်သည် ဆက်လုပ်သူအားတန်ပြန်စေတော်မူမည်၊ ပရမတ်ဘုရားရှင်သည် ဘုန်းတော် အရှင် တန်ပြန်စေသော အရှင် ဖြစ်၏။
၅း၉၆။ သင်တို့နှင့် ခရီးသည်တို့၏ ချမ်းမြေ့အံ့ငှာ ရေသတ္တဝါများကို တံငါလုပ် စားခြင်းသည် သင်တို့အတွက် တရားဝင်၏၊ ဝတ်ကြောင်စွန့်ထားသမျှ ကုန်းမြေ တွင် အမဲလိုက်ခြင်းကို တားမြစ်တော်မူပြီ၊ ပရမတ်ဘုရားရှင်အားစည်းစောင့်ကြ လော့၊ အရှင်ထံ၌သာ စုစည်းခံရမည်သာတည်း။
၅း၉၇။ ပရမတ်ဘုရားရှင်သည် လူသားတို့အတွက် ရပ်တည်ရန် ဘေးမဲ့ ကျောင်းတော် အဖြစ် ကအ်ဘာ၊ ဘေးမဲ့လ များ၊ အလှုဝတ္ထုများ၊ ပန်းကုံးများကို စီစဉ်တော်မူ၏။ ဤသည်မှာ ပရမတ် ဘုရားရှင်သည် မိုးများအတွင်းမြေအတွင်းရှိနေသည်များကို သိနေတော်မူ ကြောင်းသင်တို့ သိကြစေရန် ဖြစ်၏။ ပရမတ်ဘုရားရှင်သည် သဗ္ဗလုံးစုံအားသိနေသော အရှင် ဖြစ်၏၊
၅း၉၈။ သိကြလော့၊ ပရမတ်ဘုရားရှင်သည် ပြတ်သားစွာ ချုပ်ကိုင်သော အရှင်၊ လွတ်ငြိမ်းစေသော အရှင် အကြင်နာရှင် ဖြစ်၏။
၅း၉၉။ ဉာဏ်စဉ်ဆောင်၌ ဝန်တာမှာ- ပရမတ်ဘုရားရှင်သည် ဖွင့်ဟရာများ၊ ထိန်ဝှက်ရာများကို သိနေတော်မူကြောင်းဆိုက်ရောက်စေရန်သာ ဖြစ်၏။
၅း၁၀၀။ ဟောပြောလော့ “မသန့်ပြန့်ရာများပေါများခြင်းကြောင့် သင့်အားအံ့ဩစေလောက်သော်လည်းမသန့်ပြန့်ရာသည် စင်ကြယ်ရာနှင့် မတူညီချေ။ အို-သဘောပေါက်နိုင်စွမ်းရှိသူတို့- အောင်မြင်ပေါက်မြောက် အံ့ငှာ ပရမတ်ဘုရားရှင် အားသင်တို့ စည်းစောင့်ကြလော့။
၅း၁၀၁။ အို- ယုံကြည်သောသူတို့၊ သင်တို့အားဖွင့်ပြောလျှင် အကုသိုလ် သင့်နိုင်မည့် အရာများကို သင်တို့ မမေးကြကုန်နှင့်၊ သို့သော် ကုရ်အာန်ကို ချမှတ် ပေးနေစဉ် မေးမြန်းကြလျှင် သင်တို့ အတွက် ဖေါ်ပြနိုင်၏။ ထို၌ ပရမတ်ဘုရားရှင် သည် ကျေအေးတော်မူ၏၊ ပရမတ်ဘုရားရှင်သည် လွတ်ငြိမ်းစေသောအရှင် နူးညံ့ သိမ်မွေ့သောအရှင် ဖြစ်၏။
၅း၁၀၂။ မုချပင် သင်တို့၏ ရှေ့အလျင် လူမျိုးသည်လည်းမေးမြန်းခဲ့ကြပြီ၊ ပြီးနောက်မှ ၎င်း၌ ဖုံးကွယ်သူများဖြစ်သွားခဲ့၏။
၅း၁၀၃။ နို့ကိုး၊ အသက်ကိုး၊ အမ နှစ်ကြိမ်မွေး၊ သက်စေ့မျိုးစပ်တို့အားပသရမည်ဟု ပရမတ်ဘုရားရှင်က စီစဉ် တော် မမူချေ။ သို့သော် ဖုံးကွယ်သော သူတို့သည်ကားပရမတ်ဘုရားရှင်နှင့် စပ်လျဉ်း၍ လိမ်လည် လုပ်ကြံဖန်တီးကြကုန်၏။ သူတို့အနက် အများစုသည် အတွေးအခေါ် မရှိကြချေ။
၅း၁၀၄။ သူတို့အား“ပရမတ်ဘုရာရှင် ချမှတ်ပေးရာ ဘက်သို့၊ ဉာဏ်စဉ်ဆောင်၏ ဘက်သို့ လာကြလော့”ဟု ပြောသောအခါ၊ “ကျွန်ုပ်တို့၏ မိရိုးဖလာ တွေ့ရှိမှုသည် ကျွန်ုပ်တို့အတွက် စရင်းချုပ်နေပြီ၊”ဟု ပြန်ပြောကြ၏။ သူတို့၏ ရှိရင်းစွဲ မိရိုးဖလာသည် အသိပညာ တစ်စုံတစ်ရာမျှ မရှိ၊ လမ်းညွှန်မှန် လည်းမရှိခဲ့ချေ။
၅း၁၀၅။ အို- ယုံကြည်သောသူတို့ သင်တို့၏ ဉာဉ်စရိုက် အတွက် သင်တို့၌ သာ ဝတ္တရားရှိ၏။ သင်တို့သည် လမ်းညွှန်ခံ နေရလျှင် လမ်းလွဲသူသည် သင်တို့အားမနစ်နာစေနိုင်ပေ၊ သင်တို့ အားလုံးပရမတ်ဘုရားရှင်၏ ထံသို့သာ အပြန်ခရီးရှိ၏၊ သင်တို့၏ ကျင့်ကြံလေ့ရှိခဲ့ရာတို့အားသတင်းထုတ်ပြန်တော်မူ လတ္တံ့။
၅း၁၀၆။ အို- ယုံကြည်သောသူတို့၊ သင်တို့အနက် တစ်စုံတစ်ယောက်သည် ကွယ်လွန်ချိန် တန်လာ၍ သေတမ်းစာရေးသောအခါ သင်တို့မှ တန်းတူစိတ်ရှိသူ နှစ်ဦးကို မျက်မှောက်သက်သေ အဖြစ် ထားရမည်။ သို့တည်းမဟုတ် ကမ္ဘာမြေ၌ ခရီးသွားနေစဉ် သေခြင်းကျရောက် ထိသက်လာလျှင် သင်တို့ မဟုတ်သော သူများထဲမှ ဖြစ်နိုင်သည်။ သူတို့အားသံသယ ရှိကြလျှင် သူတို့အားဝတ်ပြုပြီးသည်ထိ ချုပ်ထိန်းထားပြီးပရမတ်ဘုရားရှင်အားတိုင်တည်လျက် “ဆွေမျိုးနီးစပ် ဖြစ်လင့်ကစား၎င်းကို တန်ဘိုးဖြင့် မရောင်းစားပါ၊ ပရမတ်ဘုရားရှင်၏ သက်သေ တည်စေသော ပညတ်ကို မထိန်ဝှက်ပါ၊ ဤသို့ပြုခဲ့သော်၊ ကျွန်ုပ်တို့သည် အကုသိုလ်သင့် သူများမှ ဖြစ်ပါစေ၊”ဟု ကျိန်စေလော့။
၅း၁၀၇။ အကယ်၍ ထိုနှစ်ဦးသည် အပြစ်ရှိကြောင်းအမှန်ကို ရှာဖွေတွေ့ရှိ စေလျှင်၊ ထိုရပ်တည်သူနှစ်ဦးအစားသူတို့ အတွက် အမှန်တရားသို့ ဘက်လှည့် သော နှစ်ဦးအားရပ်တည်စေ၍ “ကျွန်ုပ်တို့၏ သက်သေခံချက်သည် ထိုနှစ်ဦးသက်သေခံ ချက်ထက် ပို၍ မှန်ပါသည်၊ အကယ်၍ ကျွန်ုပ်တို့သည် စည်းဖေါက် ကြပါမူ၊ အမိုက်ကောင်များမှ ဖြစ်ကြပါစေ၊”ဟု ပရမတ်ဘုရားရှင်ထံ တိုင်တည်စေ လော့။
၅း၁၀၈။ ဤသည် မျက်နှာရသောစေ သက်သေခံချက်ကို ဆိုက်ရောက်စေရန် သို့မဟုတ် သူတို့၏ ကျိန်ဆိုပြီးနောက် ထပ်ဆင့် ကျိန်ဆိုခံရခြင်းမှ စိုးကြောက်စေ ရန် အနီးစပ်ဆုံးပင် ဖြစ်၏။ ပရမတ်ဘုရားရှင်အားစည်းစောင့်ကြလော့၊ နာယူကြ လော့၊ ပရမတ်ဘုရားရှင်သည် ယုတ်မာသော လူမျိုးအားလမ်းညွှန်တော် မမူချေ။
၅း၁၀၉။ ပရမတ်ဘုရားရှင်က ဉာဏ်စဉ်ဆောင်များအားစုပေါင်းစေသော နေ့၌ “မည်သို့ တုန့်ပြန်ခံရသနည်း၊”ဟု မေးသော်၊ “တပည့်တော်တို့သည် အသိပညာ မရှိပါ၊ အရှင်သည်သာ စက္ခုလွန်များကို သိနေသော အရှင် ဖြစ်ပါ၏”ဟု လျှောက်ကြလတ္တံ့။
၅း၁၁၀။ ပရမတ်ဘုရားရှင်က “အေ- မာရိ၏သားယေရှု၊ ငါအရှင်က သင်နှင့် သင်၏ မွေးမိခင်အပေါ်၌ ဂုဏ်ပေးမှုကို သတိရကြလော့၊ သင့်အားမြတ်သော ဉာဏ်စဉ် အားဖြင့် ထောက်ပံ့ခဲ့ပြီ၊ သင့်အားလူသားတို့နှင့် ပုခက်တွင်းမှ လည်းကောင်း၊ အရွယ်ရောက်သော်လည်းကောင်းစကားပြောစေ၏။ သင့်အားကျမ်းတော်၊ ဓမ္မသတ်တော်နှင့် ဓမ္မဟောင်း၊ ဓမ္မသစ်ကို သင်ပေးတော်မူ၏၊ သင့်အားမြေမှ ငှက် ပုံစံချ ဖန်တီးလျက် ငါ၏ ခွင့်ပြု ချက်ဖြင့် သက်ဝင်စေလျှင် ၎င်းသည် ငါ၏ ခွင့်ပြုချက်ဖြင့် ငှက်ဖြစ်လာ လတ္တံ့။ ငါ၏ ခွင့်ပြုချက်ဖြင့် အကန်းနှင့် အနာကြီးရောဂါသည်တို့အားရောဂါ ကင်းစေနိုင်လတ္တံ့၊ ငါ၏ ခွင့်ပြုချက်ဖြင့် သူသေများကို ပြန်လည် ထွန်းပေါက်စေခဲ့၏။ အသင်သည် ဂျူးလူမျိုးတို့ ထံသို့ ရှင်းလင်းချက်များကို ရောက်လာစေသောအခါ၊ သင့်ကို အန္တရာယ်ပေးခြင်းမှ သူတို့အားထိန်းချုပ် ဟန့်တားထား၏၊”ဟု မိန့်သော်- သူတို့အနက် ဖုံးကွယ်သော သူများက “ဤသည် ရှင်းလင်းထင်ရှားသော မှော်အတတ်သာ ဖြစ်၏၊”ဟု ပြောဆို ကြ၏။
၅း၁၁၁။ ဝတ်ရုံဖြူများထံသို့ “ငါအရှင်နှင့်၊ ငါ၏ ဉာဏ်စဉ်ဆောင်အားယုံကြည်ကြလော့၊”ဟု ငါ အာရုံပေးသော် “တပည့်တော်တို့ ယုံကြည်ပါ၏၊ တပည့်တော်တို့သည် သန္တိသုခဝါဒီများအဖြစ် သက်သေ ဖြစ်ပါ၏”ဟု ပြန်ပြော ကြ၏။
၅း၁၁၂။ ဝတ်ရုံဖြူများက “အို- မာရိ၏သားယေရှု၊ ကျွန်ုပ်တို့ အတွက် စတုဒိသာကို သင်၏ ကံကြမ္မာရှင်က ကောင်းကင်ယံမှ ချမှတ်ပေးရန် တတ်နိုင် သလော၊”ဟု တောင်းဆိုသောအခါ၊ သူက “သင်တို့သည် ယုံကြည်သူများဖြစ်ကြ လျှင် ပရမတ်ဘုရားရှင်အားစည်းစောင့်ကြလော့၊”ဟု ဟောပြော၏။
၅း၁၁၃။ သူတို့က “ကျွန်ုပ်တို့သည် ၎င်းမှ စားသုံးနိုင်ရန်၊ ကျွန်ုပ်တို့၏ စိတ်နှလုံး၌ ဘဝင်ကျနိုင်ရန်၊ သင်သည် ဖြောင့်မှန်သည်ကို သိနိုင်စေရန်၊ ထိုအပေါ်၌ ကျွန်ုပ်တို့ သက်သေတည် သူများဖြစ်ရန် လိုလားကြ၏”ဟု ပြန်ပြောကြ၏။
၅း၁၁၄။ မာရိ၏သားယေရှုက “အို¬- ကံကြမ္မာရှင် ပရမတ်ဘုရားရှင်၊ တပည့်တော်တို့ အတွက် ကောင်းကင်ယံမှ စတုဒီသာကို ချမှတ်ပေးပါ၊ တပည့်တော်တို့၏ ရှေ့လူ နောက်လူများအတွက် အရှင့်ထံမှ နိမိတ်လက္ခဏာ အဖြစ် တပည့်တော်တို့အားဆက်ဖြစ်စေတော်မူပါ၊ ရိက္ခာထောက်တော်မူပါ၊ အရှင်သည် အကောင်းဆုံးရိက္ခာထောက်သည့် အရှင်ဖြစ်ပါ၏၊”ဟု ဆုပန်သော်-
၅း၁၁၅။ ပရမတ်ဘုရားရှင်က “သူတို့အပေါ်၌ ၎င်းကို ငါ ချပေးတော်မူပြီ၊ သို့နောက်မှ သင်တို့အနက် ဖုံးကွယ်သူအားလောကခပ်သိမ်း၌ တစ်ဦးတစ်ယောက်ကိုမျှ မသင့်သည့် ဝဋ်ကြွေးဖြင့် ဝဋ်ကြွေးသင့်စေမည်၊” ဟု မိန့်လေ၏။
၅း၁၁၆။ ပရမတ်ဘုရားရှင်က မာရိ၏သားယေရှုအားလူသားတို့အား“ပရမတ်ဘုရားရှင် မှလွဲ၍ ကျွန်ုပ်နှင့် ကျွန်ုပ်၏ မိခင်အားဘုရားနှစ်ပါးအဖြစ် ယူမှတ်ရန် သင် ဟောသလော၊” ဟု မိန့်သောအခါ၊ သူ လျှောက်ထားသည်မှာ “အရှင်အားဦးထိပ်ထားပါ၏၊ အမှန်တရားမှ အပ တပည့်တော် မပြောသင့်သော မအပ်မရာကို မပြောပါ၊ အကယ်၍ ပြောခဲ့မိလျှင် အရှင် သိပြီးသားဖြစ်ပါ၏၊ တပည့်တော်၏ ဉာဉ်ထဲ၌ ရှိသည်ကို အရှင် သိပါ၏၊ အရှင်၏ ဉာဉ်တော်အားတပည့်တော် မသိနိုင်ပါ၊ ဧကန်ပင် အရှင်သည်သာ စက္ခုလွန်များကို သိနေသော အရှင် ဖြစ်၏။-
၅း၁၁၇။ တပည့်တော်အားညွှန်ကြားသည့်အတိုင်းကျွန်ုပ်၏ ကံကြမ္မာရှင် သင်တို့၏ ကံကြမ္မာရှင် ဖြစ်သော ပရမတ်ဘုရားရှင်ကိုသာ ကိုးကွယ်ကြရန် သူတို့ အားဟောပြောပါ၏၊ တပည့်တော်သည် သူတို့နှင့်အတူ ရှိနေခဲ့ သမျှ သူတို့အတွက် သက်သေဖြစ်ပါ၏။ တပည့်တော်အားသက်တမ်းကုန်စေခဲ့ သောအခါ၊ အရှင်သည် သူတို့အားစောင့်ကြည့်သော အရှင် ဖြစ်ပါ၏၊ အရှင်သည်သာ သဗ္ဗလုံးစုံအားအသိ သက်သေ ဖြစ်ပါ၏-
၅း၁၁၈။ -သူတို့သည်ကားအရှင်၏ အမှုတော်ဆောင်များဖြစ်ကြ၏၊ အရှင်က သူတို့အားဝဋ်ကြွေးသင့်စေနိုင်၏၊ လွတ်ငြိမ်းခွင့် ပေးနိုင်ပါ၏၊ ဧကန်ပင် အရှင်သည်သာ ဘုန်းတော်ရှင်၊ ဓမ္မသတ်ရှင် ဖြစ်တော်မူပါ၏”
၅း၁၁၉။ ပရမတ်ဘုရားရှင် မိန့်တော်မူသည်မှာ “ဤသည်ကားဖြောင့်မှန် သူများအတွက် ဖြောင့်မှန်သော အကျိုးရှိမည့် နေ့ပင်တည်း၊ သူတို့ အဘို့ အောက်ခင်း၌ စမ်းချောင်းရေသွင် စီးဆင်းနေသော ဥယဉ်ဘုံများရှိ၏၊ ထို၌ ကာလ ပိုင်းခြားမဲ့ အစဉ်စံစားရမည်ပင်” ပရမတ်ဘုရားရှင်သည် သူတို့အားနှစ်မြို့တော်မူ ၏၊ သူတို့ကလည်းပရမတ်ဘုရားရှင်အားနှစ်မြို့ကြကုန်၏၊ ဤသည် မဟာ အောင်ပွဲ ဖြစ်၏။
၅း၁၂၀။ မိုးများနှင့် မြေ ထိုနှစ်ခုတွင် ရှိရာတို့ သည် ပရမတ်ဘုရားရှင် ၏ အချုပ်အခြာ အာဏာ၌ ရှိ၏၊ အရှင်သည် သဗ္ဗလုံးစုံအားစည်းချိန်ချမှတ် တော်မူ၏။
ဓမ္မခန္ဓာ (၆) ကပ္ပိယသတ္တဝါများ
ဉာဏ်စဉ်ကိန်းဝပ်ပေးမှု အမှတ်စဉ် (၅၅)၊ သုတ်ဒေသနာ (၁၆၅)ပါး၊
ကရုဏာရှင် အကြင်နာရှင် ဖြစ်တော်မူသော ပရမတ်ဘုရားရှင်၏ ဂုဏ်တော်အားဖြင့်-
၆း၁။ ရည်သန်စူးစိုက်မှု အပေါင်းသည် မိုးများနှင့် မြေအားဖြစ်တည်စေ သော အမှောင်နှင့် အလင်းကို စီစဉ်ပေးသော ပရမတ်ဘုရားရှင် အဘို့သာတည်း။ တဖန်- ဖုံးကွယ်သော သူတို့သည် ကံကြမ္မာရှင်ဖြင့် တန်းတူပြုလိုကြ၏၊
၆း၂။ အရှင်သည် သင်တို့အားမြေမှ ဖြစ်တည်စေ၏၊ တဖန် သက်တမ်းကို ဆုံးဖြတ် ထား၏၊ သက်တမ်းသည် အရှင့်ထံ၌ သတ်မှတ်ချက် ရှိ၏၊ တဖန်- သင်တို့သည် အချင်းများလိုကြ၏၊
၆း၃။ အရှင်သည် မိုးများအတွင်းမြေအတွင်းရှိသမျှတို့၏ ပရမတ်ဘုရားရှင် ဖြစ်၏၊ အရှင်သည် သင်တို့၏ ကြိတ်၍ ဖြစ်ခြင်း၊ ကျယ်လောင်စွာ ဖြစ်ခြင်းများကို သိနေတော်မူ၏၊ သင်တို့ ကျင့်ဆောင်ရာများကိုလည်းသိနေတော်မူ၏။
၆း၄။ သူတို့ကံကြမ္မာရှင်၏ သုတ်ဒေသနာများမှ သူတို့ထံ ပေးရောက်စေ သော မည်သည့် သုတ်တော်ကို မဆို၊ ထို၌ သူတို့ ဘောင်ကန့်ထားသူများသာ ဖြစ်ကြ၏၊
၆း၅။ သူတို့ထံသို့ သစ္စာတရားရောက်လာစေတိုင်းမုချ ငြင်းဆန်ကြ၏၊ မကြာမှီ- သူတို့ လှောင်ပြောင်လေ့ရှိရာ၏ သတင်းများအားသူတို့ထံ၌ ပေးအပ် လေလတ္တံ့။
၆း၆။ သူတို့၏ ရှေ့အလျင်- မည်မျှသော မျိုးဆက်များအားတိမ်ကောစေ ခဲ့သည်ကို သူတို့ မမြင်ကြသလော၊ မြေကမ္ဘာ၌ သင်တို့အားထူထောင်ပေးသကဲ့သို့ သူတို့အားထူထောင်ပေးခဲ့သည် မဟုတ်ချေ။ ငါအရှင်သည် သူတို့ပေါ်သို့ အကျိုးကျေးဇူးများစွာကို ကောင်းကင်မှ စေစားခဲ့၏၊ သူတို့၏ အောက်မှ မြစ်ချောင်းကြီးများစီးဆင်းရန် စီစဉ်ခဲ့၏၊ သူတို့၏ အပြစ်များကြောင့် သူတို့အားတိမ်ကောစေ ခဲ့၏၊ သူတို့နောက် အခြားသော မျိုးဆက်ကို ပေါ်ထွန်းစေခဲ့ပြီ။
၆း၇။ အသင့်ထံသို့ စာရွက်စာတမ်းဖြင့် ကျမ်းတော်ကို ချမှတ်ပေးလျက်၊ ၎င်းကို သူတို့၏ လက်များဖြင့် ထိတွေ့ရသော်လည်းဖုံးကွယ်သော သူများက “ဤသည် ရှင်းလင်းထင်ရှားသော မှော်အတတ်သာ ဖြစ်၏”ဟု ဆိုကြလတ္တံ့။
၆း၈။ “သူ့အားအဘယ်ကြောင့် နတ်တစ်ပါးဝန်တာ မချမှတ်သနည်း၊” ဟု ပြောကြ၏၊ အကယ်၍ နတ်တစ်ပါးအဖြစ် တာဝန်ချခဲ့သော် ညွှန်ကြားချက်သည် အပြီးသတ်ပြီးလေပြီ၊ စောင့်ကြည့်ခွင့်ပေးမည်လည်းမဟုတ်ပေ။
၆း၉။ ငါသည် သူ့အားနတ်တစ်ပါးအဖြစ် စီစဉ်ခဲ့သော် ၎င်းကို လူသားအဖြစ်သာ စီစဉ်တော်မူ၍။ သူတို့အားအဆင်အယင်များဖြင့် ဆင်ယင်စေလတ္တံ့။
၆း၁၀။ သင့် ရှေ့အလျင် ဉာဏ်စဉ်ဆောင်များသည်လည်းမုချပင် လှောင် ပြောင်ခံခဲ့ရ၏၊ ထိုပျက်ရယ်ပြုသော သူတို့အားသူတို့၏ လှောင်ပြောင်လေ့ ရှိသည် များက ပိတ်ဖုံးလိုက်လေပြီ။
၆း၁၁။ ငြင်းဆန်သူတို့၏ နိဂုံးချုပ် မည်သို့ ဖြစ်ရသည်ကို ကမ္ဘာ အနှံ့သွားလာ၍ ကြည့်ကြကုန်ဟု ဟောပြောလော့။
၆း၁၂။ မိုးများနှင့် မြေအတွင်းရှိသမျှသည် မည်သူ၏ အချုပ်အခြာ၌ ရှိ သနည်းဟု မေးမြန်းလော့၊ ဟောကြားလော့ ပရမတ်ဘုရားရှင်၏ အချုပ်အခြာ၌ သာ ရှိ၏၊ အရှင်သည် မိမိ၏ စရိုက်တော်အားကရုဏာအဖြစ် ပြဌာန်းထားတော် မူ၏၊ သံသယဖြစ်ဘွယ် အလျဉ်းမရှိသော ရပ်တည်ရသော နေ့၌ သင်တို့ အားလုံးကို စုပေါင်းစေတော်မူမည်၊ မိမိ၏ စရိုက်အားပျက်စီးစေသော သူတို့သည် မယုံကြည်သူများဖြစ်ကြ၏။
၆း၁၃။ ည၌ နေ့၌ ကျက်စားသော အရာအားလုံးသည် အရှင်၏ အချုပ် အခြာ၌ ရှိ၏၊ အရှင်သည် ကြားနေသောအရှင် သိနေသောအရှင် ဖြစ်၏။
၆း၁၄။ ဟောပြောလော့၊ မိုးများနှင့် မြေကမ္ဘာ၏ မူလလက်သည် ဖြစ်သော ပရမတ်ဘုရားရှင်မှအပ အခြားကို မဟာမိတ် အဖြစ် အယူထားမည်လော၊ အရှင် သည် ကျွေးမွေးသူ ဖြစ်၏၊ ဆွမ်းကပ်ခံ မဟုတ်ချေ၊ ဟောပြောလော့ ကျွန်ုပ်သည် သန္တိသုခဝါဒ ဦးသျှောင် ဖြစ်ရန် ရောပြွန်းကိုးကွယ်သူတို့မှ မဖြစ်ရန် ညွှန်ကြားခံ ရ၏။
၆း၁၅။ ကျွန်ုပ်၏ ကံကြမ္မာရှင်အားအာခံမိလျှင် ဝဋ်ကြွေးသင့် နေ့ကြီးကို ကျွန်ုပ် ကြောက်ရွံ့ပါ၏၊ ဟု ဟောပြော လော့၊
၆း၁၆။ ထိုနေ့မှ ပြန်လှည့်ခံရသူသည် မုချ ဧကန် အရှင်၏ ကရုဏာ သက်ခံရသူ ဖြစ်၏၊ ဤသည်ပင် ရှင်းလင်းထင်ရှားသော အောင်ပွဲ ဖြစ်၏။
၆း၁၇။ အသင့်အားပရမတ်ဘုရားရှင်က ဆိုးကျိုးသက်စေသည် ဖြစ်စေ၊ ကောင်းခြင်းသက်စေသည် ဖြစ်စေ အရှင် မှအပ ဖယ်ရှားနိုင်သူ ဟူ၍ မရှိချေ။ အရှင်သည် သဗ္ဗလုံးစုံအားစည်းချိန်ချမှတ်တော်မူ၏။
၆း၁၈။ အရှင်၏ အမှုတော် ဆောင်များအပေါ်မှ အရှင်သည် ဖူးခြာ ဖြစ်၏၊ အရှင်သည် ဓမ္မသတ်ရှင်၊ သတင်းရနေသော အရှင် ဖြစ်တော်မူ၏။
၆း၁၉။ သက်သေတော်အတွက် မည်သည့်အရာသည် အကြီးမြတ်ဆုံးဖြစ် သနည်းဟု မေးမြန်းလော့။ ဟောလော့၊ ပရမတ်ဘုရားရှင်ပင်တည်း၊ အရှင်သည် ကျွန်ုပ်၏ကြားသင်တို့ ကြား၌ သက်သေ ဖြစ်၏၊ သင်တို့နှင့် သာသနာပြုခံ သူတို့ အားသတိပေးရန် ဤကုရ်အာန်ကို ကျွန်ုပ်ထံသို့ အာရုံဈာန်ပေး၏။ သင်တို့သည် ပရမတ်ဘုရားရှင်နှင့် တွဲဘက်လျှက် အခြားသော ဘုရားများရှိသည်ဟု သက်သေ ခံရဲကြသလော၊ “ကျွန်ုပ်သော်ကားသက်သေ မဟုတ်ချေ၊”ဟု ပြောလော့။ ဟော လော့ အရှင်သည်သာ တစ်ဆူတည်းသော ဘုရားရှင် ဖြစ်၏၊ ကျွန်ုပ်သည်ကားရောပြွန်းကိုးကွယ်မှ ကင်းသန့်၏။
၆း၂၀။ ကျမ်းတော် ပေးအပ်ခံရသောသူများက သူ့အားသူတို့၏ သားမြေးများကို သိမှတ် သကဲ့သို့ သိမှတ်ကြ၏၊ သူတို့၏ ဉာဉ်စရိုက်အားဆုံးရှုံးစေသော သူများသည် ယုံကြည်ကြမည် မဟုတ်ချေ။
၆း၂၁။ ပရမတ်ဘုရားရှင်နှင့် စပ်လျဉ်း၍ လုပ်ကြံဖန်တီးငြင်းဆန်ကြ၏၊ အရှင်၏ ဒေသနာတော်အားငြင်းဆန်နေသူများထက် မည်သူက ပို၍ အမိုက်စီးဘိသနည်း၊ ဧကန်ပင် အမိုက်ကောင်များသည် အောင်မြင်ပေါက် မြောက်မည် မဟုတ်ချေ။
၆း၂၂။ သူတို့ အားလုံးကို စုစည်းစေသော နေ့၌၊ ရောပြွန်းကိုးကွယ်သော သူများအား“သင်တို့ ရပ်တည် ပြောဆိုလေ့ရှိသော ရောပြွန်းကိုးကွယ်ခံများသည် အဘယ်မှာနည်း၊”ဟု မေးလတ္တံ့။
၆း၂၃။ ကျွန်ုပ်တို့၏ ကံကြမ္မာရှင်၊ ပရမတ်ဘုရားရှင် အားဖြင့်၊ “ကျွန်ုပ်တို့ သည် ရောပြွန်းကိုးကွယ်သူများမှ မဟုတ်ခဲ့ပါ၊”ဟု ပြောနိုင်ခြင်းမှအပ သူတို့ သွေးတိုးမစမ်းနိုင်တော့ပေ။
၆း၂၄။ သူတို့၏ စရိုက်အားသူတို့ လိမ်ခဲ့ကြသည့်၊ ထို လုပ်ကြံဖန်တီးလေ့ရှိရာများက သူတို့ထံမှ မည်သို့ သွေဖယ်သွားသည်ကို သင် ကြည့်လော့။
၆း၂၅။ သူတို့အနက် သင့်အားနားစွင့်သူတို့ ရှိ၏၊ ငါသည် သူတို့၏ နားလည်မှု ချိနဲ့စေရန် နှလုံးသား၌ ကွယ်ကာမှုနှင့် သူတို့၏ နားများလေးနေခြင်းကို စီစဉ်ထား၏၊ သူတို့သည် သုတ်ဒေသနာ အလုံးစုံကို မြင်တွေ့ငြားသော်လည်းထို၌ ယုံကြည်ကြမည် မဟုတ်ချေ။ ဤသို့ သင့်ထံသို့ ရောက်လာကြသည့်တိုင် သင့်အားစောဒကတက်ကြလျက်၊ ဖုံးကွယ်သော သူများက “ဤသည် ရှေ့သရောအခါက ဒဏ္ဍာရီများသာ ဖြစ် ၏၊”ဟု ဆိုကြ၏။
၆း၂၆။ သူတို့သည် ၎င်းမှ ဟန့်တားကြ၏၊ ၎င်းမှ ကင်းကင်းနေကြ၏၊ သူတို့သည် မိမိ၏စရိုက်ကိုသာ တိမ်ကောစေ၏။ သူတို့ သတိမမူ နိုင်ကြချေ။
၆း၂၇။ အပူမီးပေါ်၌ ရပ်စေသောအခါ၊ “ကျွန်ုပ်တို့မှာ ပြန်ပို့ခံရလျှင် ကံကြမ္မရှင်၏ သုတ်ဒေသနာများကို မငြင်းဆန်တော့ပါ၊ ဧကန်ပင် ယုံကြည်သူများအနက်၌ ပါဝင်ပေတော့မည်၊”ဟု ညီးညူကြသည်ကို သင်မြင်ရလတ္တံ့။
၆း၂၈။ အမှန်မှာ ရှေ့အလျင်က သူတို့ ထိန်ဝှက်လေ့ရှိရာများသည် သူတို့အဘို့ ဖေါ်ပြခြင်းဖြစ်၏၊ သူတို့အားပြန်ပို့ခဲ့လျှင်လည်းဟန့်တားသည်ကို ဆက်လုပ်အံ့၊ သူတို့မှာ လိမ်ညာ သူများသာ ဖြစ်ချေ၏။
၆း၂၉။ သူတို့က “လောကီသက်တမ်းသည်သာ ရှိ၏၊ ကျွန်ုပ်တို့သည် နိုးထရ မည် မဟုတ်ချေ၊”ဟု ပြောဆိုကြ၏။
၆း၃၀။ သူတို့အားကံကြမ္မာရှင်၏ ရှေ့မှောက်၌ ရပ်စေသောအခါ၊ “ဤသည် အမှန်တရားပင် မဟုတ်လော၊”ဟု မေးမြန်းခံရလတ္တံ့၊ သူတို့က “မှန်လှပါ ကံကြမ္မာရှင်၊”ဟု ဖြေကြားလိမ့်မည်၊ ထိုအခါ “အသင်တို့ ဖုံးကွယ်လေ့ရှိသည့် ဝဋ်ကြွေးအားမြည်းစမ်းကြလော့၊” ဟု မိန့်တော်မူသည်ကို သင် မြင်ရလတ္တံ့။
၆း၃၁။ ပရမတ်ဘုရားရှင်အားဖူးတွေ့ရမည်ကို ငြင်းဆန်သော သူတို့ သည် ဆုံးရှုံးရသူများဖြစ်၏။ ရုတ်တရက် အချိန်နာရီ ဆိုက်ရောက်လာ သည့်တိုင် သူတို့က “ကျွန်ုပ်တို့၏ လက်လွတ်စပယ်မှုများအတွက် ကြေကွဲရလေခြင်း၊”ဟု ညီးညူကြလတ္တံ့။ သူတို့သည် အကုသိုလ် ဝန်ထုတ်ဝန်ပိုးများကို ကျောကုန်းထက်၌ ထမ်းလျက် သယ်ပိုးရပေမည်။
၆း၃၂။ လောကီဘ၀သည် မြူးထူးပျော်ပါးစရာ ဟာသမျှ ဖြစ်၏၊ စည်းစောင့် သော သူများအတွက် နောင်ဘ၀ ဘုံဗိမာန်သည် အကောင်းဆုံးဖြစ်၏၊ အတွေးအခေါ် မရှိကြသလော။
၆း၃၃။ ထိုပြောဆိုသောသူများကြောင့် သင့်အားသောက ဖြစ်စေသည်ကို ငါအရှင် မုချ သိနေတော်မူ၏၊ အမှန်မှာ သူတို့သည် သင့်အားလိမ်လည်သည်ဟု မဆိုချေ၊ သို့ရာတွင် အမိုက်ကောင်များသည် ပရမတ်ဘုရားရှင် ၏ သုတ်ဒေသနာများကို ပယ်ပစ်နေခြင်းဖြစ်၏။
၆း၃၄။ သင့် ရှေ့အလျင် ဉာဏ်စဉ်ဆောင်များသည်လည်းမုချ ငြင်းဆန်ခြင်းခံခဲ့ရပြီ။ သို့သော် ငါ၏ ကူညီမှုများပေးအပ်သည် အထိ ငြင်းဆန်မှုများ၊ ထိခိုက် နစ်နာများကို ကြံ့ကြံ့ခံခဲ့ရပြီ။ ပရမတ်ဘုရားရှင်၏ ဓမ္မတော်အားလွှဲပြောင်းနိုင်သူ မရှိချေ။ မုချပင် ဉာဏ်စဉ်ဆောင်များ၏ သတင်းများသင့်ထံသို့ ရောက်လာစေပြီ။
၆း၃၅။ သင်သည် တတ်နိုင်၍ မြေသျှိုးနိုင်ရန် လည်းကောင်းမိုးပျံနိုင်ရန် လည်းကောင်းနိမိတ်လက္ခဏာကို ရှာဖွေ ယူလာခဲ့သော်လည်းသူတို့၏ ဘောင်ကန့် ခြင်းသည် သင့်အတွက် ဝန်ကြီးလှလျှင်၊ ပရမတ်ဘုရားရှင်၏ စံချိန် ပြည့်မှီလျှင် သူတို့အားလမ်းညွှန်မှန်ပေါ် အတူစုပေးပြီ။ သင်သည် ပညာမဲ့တို့၏ အနက်မှ မဖြစ်စေနှင့်။
၆း၃၆။ နာယူသောသူများသည်သာ ဖြေကြားခံရသူများဖြစ်ကြ ၏၊ ပရမတ်ဘုရားရှင်သည် ဘ၀သေနေသူများကို နိုးကြွ စေတော်မူ၏၊ ထို့နောက် အရှင့်ထံသို့သာ ဦးလှည့်ရမည်သာတည်း။
၆း၃၇။ ကံကြမ္မာရှင်၏ထံမှ နိမိတ်လက္ခဏာ တစ်ပါးပါးသူ့ထံသို့ အဘယ် ကြောင့် မချမှတ်သနည်းဟု ပြောဆိုကြကုန်၏၊ ဟောလော့၊ ပရမတ်ဘုရားရှင် သည် ချမှတ်ပေးသည့် သုတ်ဒေသနာ၌ စည်းကြပ်မတ်ထား၏၊ သို့ရာတွင် သူတို့ အနက် များစွာတို့မှာ မသိကြချေ။
၆း၃၈။ မြေ၌ တွားသွားသတ္တဝါ၊ အတောင်နှစ်ဘက်ဖြင့် ပျံသော ငှက်သည် သင်တို့ကဲ့သို့ အသိုင်းအဝိုင်းများဖြင့် ဖြစ်ကြ၏။ ငါ၏ ကျမ်းတော်၌ လက်လွတ် စပယ် တစ်စုံတစ်ရာမျှ မရှိချေ။ ထို့နောက် သူတို့၏ ကံကြမ္မာရှင် ထံသို့သာ စုစည်းခံရစေမည်ပင်။
၆း၃၉။ ငါ၏ သုတ်ဒေသနာများအားငြင်းဆန်သော သူတို့သည် အမှောင်၌ ရှိသော ပင်းသူ၊ အသူများဖြစ်ကြ၏၊ ပရမတ်ဘုရားရှင်သည် စံချိန် ပြည့်မှီသူအားအပါယ်သို့ ရောက်စေ၍ စံချိန်ပြည့်မှီသူအားဖြောင့်မတ်မှန်ကန် သော လမ်း၌ ရှိရန် စီစဉ်တော်မူ၏။
၆း၄၀။ ဟောပြောလော့၊ “သင်တို့သည် ဖြောင့်မှန်သူများဖြစ်ကြလျှင်၊ ပရမတ်ဘုရားရှင်၏ ဝဋ်ကြွေးဒဏ်သည် သင်တို့ ထံသို့ ပေးရောက်သော် သို့မဟုတ် သတ်မှတ်ချိန်အားပေးရောက်ခဲ့သော် ပရမတ်ဘုရားရှင် မှကင်း၍ ဆုတောင်းစရာကို မြင်ကြသလော၊”
၆း၄၁။ အမှန်မှာ အရှင့်ထံ၌သာ ဆုတောင်းကြလတ္တံ့၊ ဆုတောင်းမှုများပေါ်၌ ဖယ်ရှားတော်မူအံ့၊ စံချိန်ပြည့်လျှင် သင်တို့သည် ရောပြွန်းကိုးကွယ်ခဲ့သည်များကို မေ့ပစ်ကြလတ္တံ့။
၆း၄၂။ ငါသည် သင့်ရှေ့အလျင် အသိုင်းအဝိုင်းတို့ထံ ဉာဏ်စဉ်ဆောင်များစေစား၏။ ထို့နောက် သူတို့အားနိဝါတတရားရှိအံ့သောငှာ အမင်္ဂလာ ဆိုးကျိုးများဖြင့် အရေးယူခဲ့၏၊
၆း၄၃။ သူတို့ထံ အမင်္ဂလာ ရောက်လာစေပြီးထိသက်စေသော် လည်းနှိမ့်ချခြင်းမရှိကြချေ။ သူတို့၏ နှလုံးသားသည် ခက်ထန်ကြ၏။ မကောင်းဆိုးဝါးက သူတို့၏ ကျင့်ကြံလေ့ ရှိရာများကြောင့် ဖမ်းစားထား၏။
၆း၄၄။ သူတို့အားသတိရစေသည်ကို မေ့ပစ်ကြကုန်၏၊ သူတို့အားပေးအပ် ရာများ၌ ဝမ်းသာအားရ ဖြစ်နေသည့်တိုင် ငါသည် သူတို့အပေါ်၌ ခပ်သိမ်းသော ထွက်ပေါက်များကို ဖွင့်ထားတော်မူ၍၊ သူတို့အားရုတ်တရက် အရေးယူလိုက် သော် တွေဝေသွားကြကုန်၏။
၆း၄၅။ မိုက်ကြေးခွဲသော လူမျိုးတို့၏ အခြေအမြစ်များကို ဖြတ်တောက်ပစ်တော်မူ၏။ ရည်သန် စူးစိုက်မှု အပေါင်းသည် စကြာ၀ဠာများ၏ ကံကြမ္မာရှင် ပရမတ်ဘုရားရှင် အဘို့သာ ဖြစ်၏။
၆း၄၆။ ဟောလော့ “ပရမတ်ဘုရားရှင်သည် သင်တို့၏ အကြားအမြင်ကို သုတ်ယူပစ်၍၊ သင်တို့၏ နှလုံးသားကို အဆုံးသတ်လိုက်လျှင်၊ ပရတ်မတ် ဘုရားရှင် မှအပ ၎င်းကို သင်တို့ထံသို့ ချီးမြှင့်နိုင်သော အခြားဘုရားဟူ၍ ရှိသေးသည် ဟု သင်တို့ ရှုစားမိကြသလော၊” အရှင်သည် သုတ်ဒေသနာများကို မည်သို့ ထပ်ပြန်တလဲလဲရှင်းပြသည်ကို ကြည့်လော့၊ ထို့နောက် သူတို့သည် ဘက်လှည့် ပြေးကြကုန်၏။
၆း၄၇။ ဟောလော့ “ပရမတ်ဘုရားရှင်ထံမှ ဝဋ်ကြွေးဒဏ်သည် သင်တို့ ထံသို့ ရုတ်တရက် သို့မဟုတ် ပေါ်ပေါ်ထင်ထင် ပေးရောက်ခဲ့သော်၊ မိုက်ကြေးခွဲ သော လူမျိုးမှအပ အခြားသူအားတိမ်ကောစေမည်ဟု သင်တို့ မြင်ကြသလော၊”
၆း၄၈။ ငါသည် ဉာဏ်စဉ်ဆောင်များအားသတင်းကောင်းပါးသူ၊ သတိပေးသူများအဖြစ်မှ အပ စေစားသည် မဟုတ်၊ ယုံကြည်လျက် ပြုပြင်ပြောင်းလဲမှု ပြုသူ မည်သူမဆို သူတို့အားကြောက်ရွံ့ရစေမည် မဟုတ်၊ သောကဖြစ်ရစေမည် လည်းမဟုတ်ချေ။
၆း၄၉။ ငါ၏ သုတ်ဒေသနာများကို ငြင်းဆန်သော သူတို့အား၊ သူတို့၏ ယုတ်မာလေ့ရှိမှုများကြောင့် ဝဋ်ကြွေးဒဏ်များထိစေမည်။
၆း၅၀။ ဟောလော့ “ပရမတ်ဘုရားရှင်၏ ဘဏ္ဍာများ၊ စက္ခုလွန်များကို သိနိုင်စွမ်းများကျွန်ုပ်၌ ရှိသည်ဟု သင်တို့အားပြောခဲ့သလော၊ ကျွန်ုပ်သည် နတ်မင်းကြီးတစ်ပါးဖြစ်သည်ဟုလည်းမပြောခဲ့ပေ။ ကျွန်ုပ်အားအာရုံဈာန်ပေးသည်ကိုသာ လိုက်နာ၏။” “အကန်းနှင့် မြင်နိုင်သူသည် တူညီသလော၊ စဉ်းစားသုံးသပ် နိုင်စွမ်းမရှိကြသလော၊”ဟု မေးမြန်းလော့။
၆း၅၁။ အရှင် မှလွဲ၍ သူတို့အတွက် မဟာမိတ် မရှိ၊ ကြားဝင်ပေးနိုင် သူ မရှိ၊ ကံကြမ္မာရှင်၏ ထံသို့သာ စုစည်းခံရစေမည်ဟု စိုးကြောက်သော သူများအားစည်းစောင့်အံ့ငှာ သတိပေးလော့၊
၆း၅၂။ မနက်စောစောနှင့် ညဦး၌ ကံကြမ္မာရှင်အားမျက်မှောက်ပြု၍ ဆုတောင်းလိုသော သူတို့အားမောင်းမထုတ်နှင့် သူတို့အတွက် သင်သည် တစ်စုံ တစ်ရာမျှ စစ်ဆေးခံရမည် မဟုတ်၊ သူတို့သည်လည်းသင့်အတွက် တစ်စုံတစ်ရာ မျှ စစ်ဆေးခံရမည် မဟုတ်ပေ။ သူတို့အားမောင်းထုတ်ခဲ့လျှင် သင်သည် အမိုက် ကောင်များမှ ဖြစ်ရချေပြီ။
၆း၅၃။ “ကျွန်ုပ်တို့အနက် ဤသူများကိုသာ ပရမတ်ဘုရားရှင်က မျက်နှာသာ ပေးသလော၊”ဟု မေးမြန်းရရန် ငါသည် သူတို့မှ အချို့ကို အချို့ အားဖြင့် ဤသို့ စမ်းသပ်တော်မူ၏။ ပရမတ်ဘုရားရှင်သည် ကျေးဇူးသိသူ တို့အားအသိဆုံးပင် မဟုတ်လော။
၆း၅၄။ ငါ၏ သုတ်ဒေသနာတို့အားယုံကြည်သောသူများသည် သင့်ထံသို့ ရောက်လာသောအခါ၊ “သင်တို့၌ ငြိမ်းချမ်းမှု ခပါစေ၊ သင်တို့၏ ကံကြမ္မာရှင်သည် အရှင်၏ စရိုက်တော်အားကရုဏာအဖြစ် ပြဌာန်းထား၏၊ သင်တို့အနက် ပညာမဲ့စွာ အကုသိုလ် ကျင့်ကြံမိသူသည် ပြီးနောက်မှ ခဝါချလျှက် ပြုပြင်ကြလျှင် အရှင်သည် လွတ်ငြိမ်းစေသော အရှင် အကြင်နာရှင် ဖြစ်တော်မူ၏၊”ဟု ဆိုကြ လတ္တံ့။
၆း၅၅။ ရာဇဝတ်ကောင်တို့၏ လမ်းစဉ်ကို ရှင်းလင်းစေရန် သုတ်ဒေသနာများကို ဤသို့ ရှင်းလင်းဆုံးဖြတ် ပေးတော်မူ၏။
၆း၅၆။ ဟောလော့“ ပရမတ်ဘုရားရှင် မှလွဲ၍ ဆုတောင်းရာ တို့အားကိုးကွယ်ခြင်းမှ ကျွန်ုပ်အားဟန့်တားတော်မူ၏။” “ကျွန်ုပ်အားလမ်းညွှန်ရသူတို့မှ မဖြစ်နိုင်သော အသင်တို့၏ လွဲမှားစေသည့်- လိုဘများသို့ ကျွန်ုပ် လိုက်နာမည် မဟုတ်ချေ၊”ဟု ထပ်ပြောလော့။
၆း၅၇။ ဟောလော့ “ကျွန်ုပ်သည် သင်တို့က ငြင်းဆန်သော ကံကြမ္မာရှင်၏ ရှင်းလင်းချက်တော်၌ ရှိ၏၊ သင်တို့ အလျင်လိုသည့် အရာသည် ကျွန်ုပ်ထံ၌ မရှိချေ၊ သစ္စာတရားအားဖေါ်ပြပေးသော ပရမတ်ဘုရားရှင်သည်သာ စီရင်ထုံးပြု ပေးတော်မူ၏၊ အရှင်သည်သာ အကောင်းဆုံးရှင်းလင်းဆုံးဖြတ်ပေးသော အရှင် ဖြစ်၏။”
၆း၅၈။ ဟောပြောလော့ “သင်တို့ အလျှင်လိုနေသော အရာသည် ကျွန်ုပ်ထံ၌ ရှိခဲ့လျှင် ကျွန်ုပ်၏ကြားသင်တို့ကြား၌ ညွှန်ကြားချက်ကို ဆုံးဖြတ်ပြီးလတ္တံ့။ ပရမတ်ဘုရားရှင်သည် အမိုက်ကောင်တို့အားအသိဆုံးဖြစ်တော်မူ၏၊”
၆း၅၉။ အရှင်မှ အပ သိနိုင်သူ မရှိသော စက္ခုလွန်များအတွက် သော့များသည် အရှင့်ထံ၌ ရှိနေ၏။ အရှင်သည် မြေ ရေ နှစ်ပါး၌ ရှိသည်တို့ကို သိနေတော် မူ၏၊ သစ်တစ်ရွက် ကြွေကျလေလျှင် အရှင်သိနေသည်သာ ဖြစ်၏၊ မြေကမ္ဘာ၏ အမှောင်တွင်းမှ သစ်စေ့တစ်စေ့၊ လတ်ဆတ်ခြင်း၊ ခြောက်သွေ့ခြင်းတို့သည် ရှင်းလင်းထင်ရှားသော မှတ်တမ်း၌ ရှိနေသည် သာ ဖြစ်၏။
၆း၆၀။ ထိုအရှင်သည် ည့ဉ်၌ သင်တို့အားအားပြည့်စေတော် မူ၍၊ နေ့၌ သင်တို့ လုပ်လိုက်သမျှကို သိနေသော အရှင် ဖြစ်၏၊ တဖန် သတ်မှတ် သက်တမ်းအားပြီးဆုံးစေရန် သင်တို့အားနိုးကြွစေ၏။ ထို့နောက် သင်တို့သည် အရှင့် ထံသို့သာ အပြန်ခရီးရှိ၍၊ အသင်တို့၏ ကျင့်ကြံခြင်းရှိခဲ့သည်ကို သတင်းထုတ် ပြန်တော်မူလတ္တံ့။
၆း၆၁။ အရှင်သည် အမှုတော်ဆောင်များအပေါ်မှ ဖူးခြာ ဖြစ်၏၊ သင်တို့ အနက် တစ်စုံတစ်ယောက်ထံသို့ အနိစ္စတရားရောက်လာသည့်တိုင် စောင့်ရှောက် သူအားစေထားတော်မူ၍၊ သူ့အားငါ၏ ဉာဏ်စဉ်ဆောင်များက သက်တမ်းကုန် စေ၏၊ သူတို့သည် လက်လွတ်စပယ် မရှိချေ။
၆း၆၂။ ထို့နောက် အားကိုးရမည့် အရှင် အစစ်အမှန် ဖြစ်သော ပရမတ် ဘုရားရှင်၏ ဘက်သို့ ပြန်ပို့ခံရလတ္တံ့၊ ဓမ္မသတ်သည် အရှင်၏ အချုပ်အခြာ၌သာ ရှိ၍၊ အရှင်သည် အချိန်နှင့်တပြေးညီ စရင်းစစ်နေတော်မူ၏။
၆း၆၃။ ဟောကြားလော့ “သင်တို့အားရေ မြေ အမှောင်ထုမှ မည်သူက လွတ်မြောက်စေခဲ့သနည်း၊ “ကျွန်ုပ်တို့အားဤမှ လွတ်မြောက်စေလျှင် ကျွန်ုပ်တို့ သည် ကျေးဇူးသိတတ်သူများမှ ဖြစ်ကြမည်”ဟု အရှင့်အားလျှို့ဝှက် နှိမ့်ချ၍ ဆုတောင်းခဲ့ကြ၏၊”
၆း၆၄။ ဟောလော့၊ ပရမတ်ဘုရားရှင်သည် ထိုမှ- ချောက်ချားစေမှု တိုင်းမှ လွတ်မြောက်စေခဲ့၏၊ တဖန် သင်တို့သည် ရောပြွန်းကိုးကွယ်သူများဖြစ်ကြကုန် သတည်း။
၆း၆၅။ဟောလော့၊ အရှင်သည် အသင်တို့၏ အပေါ်မှ၊ ခြေများအောက်မှ ဝဋ်ကြွေးပြစ်ဒဏ်ကို ပေါ်ပေါက်စေရန်၊ သို့တည်းမဟုတ် သင်တို့ချင်းဂိုဏ်းကွဲမှုကို ဆင်ယင်လျက် အချို့၏ အတိုက်အခိုက်ကို အချို့အားမြည်းစမ်းစေရန် စည်းချိန် ချမှတ်နိုင်၏။ အသင်တို့ နားလည်စေအံ့ငှာ ငါ၏ သုတ်ဒေသနာများကို မည်သို့ ထပ်ပြန်တလဲလဲ ရှင်းပြသည်ကို ကြည့်ကြကုန်လော့။
၆း၆၆။ ၎င်းကို သင့် လူမျိုးတို့က ငြင်းဆန်ခဲ့ကြပြီ၊ ၎င်းသည် ပကတိအမှန်တရားဖြစ်၏၊ ဟောလော့ “ကျွန်ုပ်သည် သင်တို့၏ ကိုးစားခံရသူ မဟုတ်ချေ၊-
၆း၆၇။ -သတင်းတိုင်းအတွက် တည်နေချိန်သည် ရှိ၏၊ မကြာမှီ အသင်တို့ သိကြရလတ္တံ့။”
၆း၆၈။ ငါ၏ သုတ်ဒေသနာများအားပြက်လုံးထုတ်သော သူတို့ကို မြင် တွေ့သော် သူတို့သည် ဆင့်ပြန်ချက်အားပြက်လုံးမထုတ်တော့သည် အထိ သင် ဘောင်ကန့်ထားလော့၊ အကယ်၍ မကောင်းဆိုးဝါးက သင့်အားမေ့လျှော့နေစေ ခဲ့လျှင် သတိဝင်ပြီးနောက် သင်သည် မိုက်ကြေးခွဲသော လူမျိုးနှင့်အတူ ထိုင်ဝိုင်းမဖွဲ့နှင့်။
၆း၆၉။ စည်းစောင့်သော သူများအပေါ်၌ စာရင်းရှင်းခြင်းတစ်စုံတစ်ရာမျှ ရှိမည် မဟုတ်ချေ။ သို့ရာတွင် စည်းစောင့် နိုင်အံ့ငှာ သတိဖေါ်ပေးရန်သာ ရှိ၏။
၆း၇၀။ သူတို့၏ သာသနာအားမြူးထူးပျော်ပါးဟာသ လုပ်စရာ အဖြစ် ယူမှတ်သော သူများနှင့် လောကီဘ၀၏ မြှူဆွယ်ခံထားရ သူတို့အားအသင် ချန်ထားခဲ့လော့၊ သို့သော် ကျင့်ဆောင်မှုကြောင့် စရိုက်ကို ဖျက်စေမည့်သူအားသတိဖေါ်ပေးလော့၊ ပရမတ်ဘုရားရှင် မှလွဲ၍ အမျှဝေနိုင်သူ မဟာမိတ်ဟု မရှိချေ။ အလုံးစုံကို တန်းတူညီမျှ တန်းတူ လျော်သော်လည်းလက်ခံမည် မဟုတ်ချေ။ သူတို့သည် မိမိတို့၏ ကျင့်ဆောင်မှုများကြောင့် ဖျက်သိမ်းခံရသော သူတို့ ဖြစ်၏၊ ဖုံးကွယ်လေ့ ရှိခြင်းများကြောင့် သူတို့အတွက် သောက်စေရန် ရေနွေးပူနှင့်၊ စူးနစ်သော ဝဋ်ကြွေးသည် ရှိနေ၏။
၆း၇၁။ ဟောလော့ “ပရမတ်ဘုရားရှင် မှလွဲ၍ ကျွန်ုပ်တို့အားကောင်းကျိုးဆိုးကျိုးမပြုသော အရာများထံ ဆုတောင်းရမည်လော၊ ပရမတ်ဘုရားရှင်သည် ကျွန်ုပ်တို့အားလမ်းညွှန်ပြီးနောက်၊ လမ်းညွှန်မှန်ရှိရာ ကျွန်ုပ်တို့ ထံသို့ လာလော့ ဟု ဖိတ်ခေါ်သည့် ပေါင်းဖေါ်များရှိလျက် မြေကမ္ဘာ၌ မကောင်းဆိုးဝါး၏ လိုဘနောက် ကို လိုက်သော ဝေတွေသူ ကဲ့သို့ နိဂုံးများသို့ ကျွန်ုပ်တို့ ပြန်လှည့်ရမည်လော၊” “ပရမတ်ဘုရားရှင်၏ လမ်းညွှန်သာလျှင် လမ်းညွှန်မှန် ဖြစ်၏၊ ကျွန်ုပ်တို့အားစကြာ၀ဠာများ၏ ကံကြမ္မာရှင်အတွက် ငြိမ်းချမ်းရေးပြုရန် ညွှန်ကြားခံရ၏၊”ဟု ဟောပြောလော့။
၆း၇၂။ ဝတ်ပြုခြင်းမြဲကြလော့၊ အရှင့်အားစည်းစောင့်ကြလော့၊ ထိုအရှင် သည် သင်တို့အားအရှင့်ထံသို့ စုစည်းစေလတ္တံ့။
၆း၇၃။ ထိုအရှင်သည် မိုးများနှင့် မြေကို တိကျမှန်ကန်စွာ ဖြစ်တည်စေခဲ့၏၊ “ဖြစ်၊”ဟု မိန့်သော ကာလ၌ “ဖြစ်တည် လာရ၏” အရှင်၏ စကားတော်သည် ပရမတ္ထသစ္စာ ဖြစ်၏၊ ပုံစံ သက်ဝင်စေသော ကာလ၏ ဩဇာအာဏာသည် အရှင်၏ အချုပ်အခြာ၌ ရှိ၏။ စက္ခုလွန်နှင့် မျက်မှောက် ရှိသည်များကို သိနေသော အရှင်- ထိုအရှင်သည် ဓမ္မသတ်ရှင် ဘုန်းတော်ရှင် ဖြစ်တော်မူ၏။
၆း၇၄။ အီဗရာဟီးမ်က သူ့၏ ခမည်းတော် အဇာရ်အား“ဆင်းတုများကို ဘုရားရှင်များအဖြစ် အယူထားပါသလော၊ ကျွန်ုပ်သည် သင်နှင့် သင့် လူမျိုးတို့ အားရှင်းလင်းထင်ရှားသော လွဲမှားမှု၌ မြင်ရပြီ၊”ဟု ပြောဆိုသောအခါ-
၆း၇၅။ ဤနည်းဖြင့်၊ အီဗရာဟီးမ်အားဒိဌယုံကြည်သူတို့မှ ဖြစ်စေအံ့ငှာ ငါသည် မိုးများနှင့် မြေအားအစိုးရသော အရှင် ဖြစ်ကြောင်းပြသခဲ့၏။
၆း၇၆။ ည၏ အရိပ်သည် သူ့အားလွှမ်းသောအခါ ကြယ်တစ်ပွင့်ကို မြင်၍ သူက “ဤသည် ကျွန်ုပ်၏ ကံကြမ္မာရှင် ဖြစ် ၏၊” ဟု ရေရွတ်လျက်၊ ပျယ်သွားသော် “ကျွန်ုပ်သည် ပျယ်တတ်သည်ကို နှစ်သက်ခြင်းမရှိချေ၊”ဟု ရင့်ကျူး၏။
၆း၇၇။ လ ထွက်လာသည်ကို မြင်သော်၊ “ဤသည် ကျွန်ုပ်၏ ကံကြမ္မာရှင် ဖြစ်၏၊”ဟု ရေရွတ်၍၊ ပျယ်သွားပြန်သော်၊ “ကံကြမ္မာရှင်သည် တပည့်တော်အားလမ်းမညွှန် လျှင်၊ လမ်းလွဲသော လူမျိုးမှ ဖြစ်ရလိမ့် မည်၊”ဟု ညီးညူ၏။
၆း၇၈။ နေ ထွက်လာ သည်ကို မြင်သောအခါ “ဤသည် ကျွန်ုပ်၏ ကံကြမ္မာရှင် ဖြစ်၏၊ ဤသည် အကြီးဆုံးဖြစ်၏၊”ဟု ရေရွတ်၍၊ ပျောက်ကွယ်သွားသော်၊ “အို ကျွန်ုပ်၏ လူမျိုးတို့ ကျွန်ုပ်သည် သင်တို့ ရောပြွန်းကိုးကွယ်သည်များမှ ကင်းသန့်ပေ၏၊”
၆း၇၉။ ကျွန်ုပ်၏ မျက်နှာမူရာ အဖြစ် မိုးမြေတို့၏ မူလ လက်သည် အရှင် ဘက်သို့ အယူသန့်စွာ မျက်မှောက်ပြုပါ၏။ ကျွန်ုပ်သည် ရောပြွန်းကိုးကွယ်သူများမှ မဟုတ်ပြီ၊ ဟု ကြွေးကြော်၏။
၆း၈၀။ သူ့လူမျိုးများက စောကြောသောအခါ၊ သူက “ကျွန်ုပ်အားလမ်းညွှန် ပေးသော ပရမတ်ဘုရားရှင်၌ သင်တို့ စောကြောကြသလော၊” ကျွန်ုပ်သည် ကံကြမ္မာရှင် စံချိန်ပြည့် စေသည်မှအပ သင်တို့၏ ရောပြွန်းကိုးကွယ်ရာများကို မကြောက်ပေ၊ ကံကြမ္မာရှင်သည် အရာအားလုံးကို ဖြန့်ကျက်ထား၍၊ သဗ္ဗလုံးစုံ သည် အရှင့် အသိတော်၌ ရှိ၏၊ ဆင်ခြင်သတိ ရှိကြပါလေစ။
၆း၈၁။ သင်တို့အားအခွင့်အာဏာ ချမှတ်ပေးခြင်းမရှိ၊ သင်တို့ ကိုယ်တိုင် ပရမတ်ဘုရားရှင်နှင့် ရောပြွန်းကိုးကွယ်ရမည်ကို ကြောက်ရွံ့မှု မရှိသော သင်တို့၏ ရောပြွန်းကိုးကွယ် ရာများကို ကျွန်ုပ် မည်သို့ ကြောက်ရွံ့ အံ့နည်း၊ သင်တို့၌ အသိရှိကြလျှင် အဖွဲ့ခွဲ နှစ်ခုမှ မည်သူက ပို၍မှန်ကန်စွာ ယုံကြည်စိတ်ချရမှု ရှိသနည်း၊”ဟု ဆို၏။
၆း၈၂။ မိမိတို့၏ ယုံကြည်မှုအားမိုက်ကြေးခွဲခြင်းဖြင့် မဆင်ယင်သည့် ယုံကြည်သောသူများ၊ ထိုသူများသည်သာ ယုံကြည်စိတ်ချရ၏။ လမ်းညွှန်ခံရသူတို့ ဖြစ်ကြ၏။
၆း၈၃။ ၎င်းသည် အီဗရာဟီးမ်အားသူ့လူမျိုးတို့က စောကြောကြစဉ် ချီးမြှင့်ခြင်းဖြစ်၏။ စံချိန်ပြည့်သူအားအခွင့်အလမ်းမြှောက်စားတော်မူ၏၊ ကံကြမ္မာရှင်သည် ဓမ္မသတ်ရှင် သိနေသောအရှင် ဖြစ်၏။
၆း၈၄။ သူ့အားအီစ္စဟာ့က်နှင့် ယာကုဗ်ကို ချီးမြှင့်တော်မူ၏။ သူတို့ ကိုယ်စီ အားငါ လမ်းညွှန်ပေး၏။ ရှေ့အလျင် နူးဟ်နှင့် သူ၏ သားစဉ်မြေးဆက် ဖြစ်သော ဒါဝိဒ် စိုလိုင်မံ၊ အိုင်ယုဘ်၊ ယူဆွဖ်၊ မူဆာနှင့် ဟာရွန်တို့ကို ငါ လမ်းညွှန်ပေး၏။ ဤသည်မှာ သုမင်္ဂလာပြုသူတို့အတွက် အစားပေးမှုပင်တည်း။
၆း၈၅။ ဇက္ကရီယာ၊ ယောဟန်၊ ယေရှုနှင့် အီးလ်ယာ့ဆ်တို့ ကိုယ်စီအားပြုပြင်ပြောင်းလဲသူများမှ ဖြစ်စေ၏။
၆း၈၆။ အီစမာအီးလ်၊ ယာဆ်အ၊ ယူနွတ်စ်နှင့် လု(တ်)တို့ ကိုယ်စီအားလောကခပ်သိမ်းအပေါ်ဝယ် သိက္ခာပေးခဲ့၏။
၆း၈၇။ သူတို့၏ အဖေများ၊ သားစဉ်မြေးဆက်များ၊ ညီအကိုမောင်နှမများမှ ငါအရှင် ရွေးချယ်သူများရှိ၍ သူတို့အားဖြောင့်မှန်သော လမ်းတော်သို့ လမ်းညွှန် ခဲ့၏။
၆း၈၈။ ဤကားပရမတ်ဘုရားရှင်၏ လမ်းညွှန်ပင် ဖြစ်၏၊ အရှင်သည် အမှုတော်ဆောင်များအနက် စံချိန်ပြည့်သူအားလမ်းညွှန်တော်မူ၏၊ သူတို့မှ ရောပြွန်းကိုးကွယ်ကြသော်- သူတို့၏ ကျင့်ကြံလေ့ရှိရာများသည် အချည်းနှီးဖြစ်ရ လတ္တံ့၊
၆း၈၉။ ကျမ်းတော်၊ ဓမ္မသတ်တော်နှင့် သတင်းတော် ဆောင်ဘွဲ့ ချီးမြှင့်ခံ ရသော ထိုသူများသည် ၎င်းတို့ကို ဖုံးကွယ်ခဲ့လျှင် မုချပင် ငါသည် ၎င်းတို့အားမဖုံးကွယ်သော လူမျိုးထံအားကိုးစားစေလတ္တံ့။
၆း၉၀။ ပရမတ်ဘုရားရှင်က လမ်းညွှန် သော ထိုသူတို့အားထိုလမ်းညွှန်မှု၌ လိုက်စေလော့၊ “ကျွန်ုပ်သည် ထို့အတွက် အကျိုးဆုလဒ် မတောင်းခဲ့ချေ၊ ၎င်းသည် လောကခပ်သိမ်းအတွက် သတိပေးတရားတော်သာ ဖြစ်၏၊”ဟု ဟောလော့။
၆း၉၁။ ပရမတ်ဘုရားရှင်အားမှန်ကန်သော ချင့်ချိန်မှုဖြင့် ချင့်ချိန်ကြသည် မဟုတ်၊ လူပုဂ္ဂိုလ်အပေါ်၌ မည်သည့် တစ်စုံတစ်ရာကိုမှ ချတ်မှတ်ပေးခြင်းမရှိဟု ပြောကြသောအခါ၊ “ဖေါ်ပြခြင်းများစွာကို ထိန်ဝှက်ထားသော သင်တို့ စီစဉ်သည့် စာရွက်စာတမ်းများနှင့် သင်တို့သည် မိရိုးဖလာဝါဒီ များသာ ဖြစ်ကြ၏။ သင်တို့ မသိရာကို သင်ပေးခံရသော- လူသားတို့ အတွက် လမ်းညွှန် အလင်းရောင်- ဖြစ် သော မူဆာဖြင့် ရောက်လာစေသည့် ကျမ်းတော်အားမည်သူက ချမှတ်ပေးသနည်း၊” ဟု မေးမြန်းလျက် “ပရမတ်ဘုရားရှင်ပင် ဖြစ်၏၊”ဟု ပြောပြလော့၊ ထို့နောက် သူတို့အားဟာသလုပ် ပြက်လုံးထုတ်နေခြင်း၌ ချန်ထားခဲ့လော့။
၆း၉၂။ ငါ ချမှတ်ပေးသည့် ကျက်သရေရှိသာ ဤ ကျမ်းတော်သည် လက်ရှိ-ရှေ့မှောက်များကို ဖြောင့်မှန်စေ၍ မြို့ပြဒေသနှင့် ၎င်း၏ ဝန်းကျင်တို့အားသတိ ပေးဘို့ရာ ဖြစ်၏၊ နောင်ဘ၀ကို ယုံကြည်သောသူတို့သည် ၎င်းအားယုံကြည်ကြ ၏၊ သူတို့သည် ဝတ်ပြုခြင်းကို စောင့်ထိန်းကြ၏။
၆း၉၃။ ပရမတ်ဘုရားရှင်နှင့် စပ်လျဉ်း၍ လုပ်ကြံဖန်တီးလိမ်လည်သူ၊ သို့မဟုတ် သူ့ထံ အာရုံဈာန်ရခြင်းတစ်စုံတစ်ရာ မရှိဘဲ ကျွန်ုပ်ထံ အာရုံဈာန်ရသည် ဟု ပြောသူ၊ ပရမတ်ဘုရားရှင်က ချမှတ်ပေးသကဲ့သို့ ကျွန်ုပ်သည်လည်းချမှတ် ပေးအံ့ဟု ဆိုသူများထက် မည်သူက ပို၍ အမိုက်စီးဘိသနည်း၊ ထို အမိုက်ကောင် များထံ ကတုန်ကယင် သေခြင်းတရားဆိုက်စေ၍ နိမိတ်ဆောင်များက လက်များဆန့်လျက် သင်တို့သည် ပရမတ်ဘုရားရှင်နှင့် စပ်လျဉ်း၍ မမှန်မကန် ပြောဆိုလေ့ ရှိသောကြောင့်၊ သင်တို့ သည် သုတ်ဒေသနာများအပေါ် မောက်မာရှိသောကြောင့် သင်တို့၏ ဉာဉ်များကို ယနေ့ ထုတ်ပစ်လော့၊ နိမ့်ကျသော ဝဋ်ကြွေးအားအစားယူ လော့ ဟု ဆိုသည်ကို သင် မြင်ရပါလေစ။
၆း၉၄။ ပထမအကြိမ် သင်တို့ကို ဖြစ်တည်စေသည့် အတိုင်းငါ့ထံသို့ သင်တို့ ချည်းရောက်လာခဲ့ပြီ။ ငါ နှစ်သိမ့်ခဲ့သည်များကို သင်တို့၏နောက်၌ ကွယ်လျက် သင်တို့ ချန်ခဲ့ရပြီ။ သင်တို့ ရောပြွန်းကိုးကွယ်ရာဟု ရပ်တည်ပြောဆိုခဲ့သော အမျှဝေပေးမည့် သူများကို သင်တို့နှင့် အတူ ငါ မြင်တွေ့တော် မမူချေ။ မုချပင် သင်တို့ကြား၌ ပြတ်တောက်သွားကြလေပြီ၊ သင်တို့၏ ရပ်တည်ပြောဆိုလေ့ ရှိသည်များသင်တို့ထံမှ ချောင်လွှဲသွားကြလေပြီ။
၆း၉၅။ ဧကန်ပင် ပရမတ်ဘုရားရှင်သည် ကောက်ပဲသီးနှံ၊ သစ်စေ့များကို အက်ကွဲစေတော်မူ၏၊ သက်ရှိကို သက်မဲ့မှ ထုတ်ယူတော်မူ၏၊ သက်မဲ့ကို သက်ရှိမှ ထုတ်ယူတော်မူ၏၊ ယင်းသို့ပြုစေခြင်းမှာ ပရမတ်ဘုရားရှင်ပင် ဖြစ်၏၊ သို့ဖြင့် အသင်တို့သည် မည်သို့ လှည့်စားခံနေကြကုန်သနည်း။
၆း၉၆။ နံနက်စကို ကွဲဖြာ ထွက်စေ၏၊ အနားယူရန် ညနှင့် နေ လကို စီစစ်တွက်ချက် စီစဉ်တော်မူ၏၊ ဤသည် ဘုန်းတော် အရှင် သိနေသော အရှင်၏ စည်းချိန်ချမှတ်မှုပင် ဖြစ်၏။
၆း၉၇။ သင်တို့ အတွက် ရေမြေ အမှောင်ထု၌ လမ်းညွှန် ဖြစ်စေရန် ကြယ်တာရာများကို စီစဉ်တော်မူသော ထိုအရှင်သည်- အသိရှိသော လူမျိုးတို့အတွက် သုတ်ဒေသနာ များကို မုချ ဤသို့ ရှင်းလင်းဆုံးဖြတ်ပေးထားပြီ။
၆း၉၈။ အရှင်သည် သင်တို့အားဉာဉ်စရိုက် တစ်မျိုးတည်းမှ ပေါက်ပွားစေ သော အရှင် ဖြစ်၏။ တည်ငြိမ်စွာနေရန် ကင်းရှင်းစွာနေရန်တို့ ရှိစေ၏။ နားလည်မှု ရှိသော လူမျိုးအတွက် သုတ်ဒေသနာများကို မုချ ဤသို့ ရှင်းလင်းဆုံးဖြတ်ပေးထားပြီ။
၆း၉၉။ အရှင်သည် ကောင်းကင်မှ ရေကို သွန်းချစေသော၊ ၎င်းဖြင့် သီးနှံ ဖြစ်ထွန်းခြင်းအလုံးစုံအားထွက်ပေါ်စေ၍၊ ထိုမှ စိမ်းလန်းခြင်းကို ထွက်ပေါ်စေ သော အရှင် ဖြစ်။ ထိုမှ ကောက်ပဲသီးနှံများကို ကုန်စည် ဖြစ်စေ၏၊ စွံပလွန်ပင်၏ ဝတ်ဆံမှ အဖူးအခိုင်များမှာ အနီးကပ်ရှိစေ၏၊ စပျစ်၊ သံလွင်၊ သလဲသီးဥယျာဉ် များကို အသွင်တူ အသွင်ကွဲ ဖြစ်စေ၏၊ ထိုမှ သီးသည့် အသီးမှည့်များကို ကြည့် ကြလော့၊ ထို၌ မျက်တွေ့ယုံသော လူမျိုးများအတွက် သုတ်ဒေသနာများရှိနေ၏။
၆း၁၀၀။ သူတို့သည် ဖြစ်တည်ခံ ပုတုဇဉ်များကို ပရမတ်ဘုရားနှင့် ရောပြွန်းကိုးကွယ်ရာအဖြစ် စီစဉ်ကြ၏။ အသိပညာ မရှိဘဲလျက် အရှင့်၌ ကိုယ်ပွားသားသမီးများရှိသည်ဟု သတင်းမှားဖေါက်ခွဲကြ၏။ အရှင်သည် ဦးထိပ်ထားရာ ဖြစ်၏၊ အရှင်သည် သူတို့ တင်ပြသည်ထက် အထွဋ်အထိပ် ဖြစ်တော်မူ၏။
၆း၁၀၁။ အရှင်သည် မိုးများနှင့် မြေ၏ မူလအရှင် ဖြစ်၏၊ ငါအရှင်တွင် ပေါင်းဖေါ်သင်းဘက် မရှိချေ၊ ငါ့၌ မည်သို့ ရင်သွေးရှိပေအံ့နည်း။ အရှင်သည် သဗ္ဗလုံးစုံကို ဖြစ်တည်စေ၏၊ ထိုအရှင်သည် သဗ္ဗလုံးစုံ သိနေသော အရှင် ဖြစ်၏၊
၆း၁၀၂။ အရှင်သည် သင်တို့၏ ကံကြမ္မာရှင် ပရမတ်ဘုရားရှင် ဖြစ်၏။ သဗ္ဗလုံးစုံအားဖြစ်တည်စေသော ထိုအရှင် မှအပ အခြားဘုရားရှင် ဟူ၍ မရှိ၊ အရှင့်အားကိုးကွယ်ကြလော့၊ အရှင်သည် အလုံးစုံ ကိုးစားခံထိုက်သော အရှင် ဖြစ်၏။
၆း၁၀၃။ အမြင်များဖြင့် အရှင့်အားခြုံလွှမ်းနိုင်သည် မဟုတ်ချေ၊ အရှင်သည်သာ အမြင်များကို ခြုံလွှမ်း၏၊ အရှင်သည် သက်ညှာတော်မူ၏၊ သတင်းသိနေတော်မူ၏။
၆း၁၀၄။ ကံကြမ္မာရှင်၏ထံမှ သင်တို့ထံသို့ အမြင်ပေါက်ခြင်းရောက်လာ စေပြီ၊ မြင်တတ်သူသည် သူ့၏ စရိုက် အတွက် ဖြစ်၍၊ ကန်းနေသူသည် သူ့ အပေါ်၌သာ သင့်စေ၏။ ကျွန်ုပ်သည်ကားသင်တို့အားစောင့်ရှောက်ရသူ မဟုတ် ချေ။
၆း၁၀၅။ ငါသည် သုတ်ဒေသနာများကို ဤသို့ ထပ်ပြန်တလဲလဲ ရှင်းပြ၍၊ သူတို့က “သင်သည် ဖတ်ရှုလေ့လာထားပြီ၊”ဟု ဆိုကြ၏၊ အသိရှိသော လူမျိုးတို့ အတွက် ငါသည် ဤသို့ ရှင်းလင်းပေးတော်မူ၏။
၆း၁၀၆။ ကံကြမ္မာရှင်ထံတော်မှ သင့်အားအာရုံဈာန်ပေးသည်ကိုသာ လိုက်နာလော့၊ အရှင်မှအပ အခြားဘုရားဟူ၍ မရှိ၊ ရောပြွန်းကိုးကွယ်သူများအားဘောင်ထားလော့။
၆း၁၀၇။ ပရမတ်ဘုရားရှင်၏ စံချိန်ပြည့်ခဲ့လျှင် သူတို့သည် ရောပြွန်းကိုးကွယ်သူများဖြစ်ကြမည် မဟုတ်ချေ။ ငါသည် သင့်အားသူတို့အပေါ် စောင့်ရှောက်သူ အဖြစ် မစီစဉ်ခဲ့၊ သင်သည် သူတို့၏ ကိုးစားခံရသူလည်းမဟုတ် ချေ။
၆း၁၀၈။ ပရမတ်ဘုရားရှင်မှ အပသော ဆုတောင်းသည်များကို မရစ်ကြနှင့်၊ သို့ဖြစ်လျှင် အသိမရှိ စည်းဖေါက်လျက် ပရမတ်ဘုရားရှင်အားပြန်ရစ်ကြလိမ့် မည်။ အသိုင်းအဝိုင်းကိုယ်စီ၏ ကျင့်ကြံမှုများကို ဤသို့ ဖမ်းစားထားစေး၏။ ထို့နောက် သူတို့အားလုံးကံကြမ္မာရှင်ထံသို့သာ အပြန် ခရီးရှိ၍၊ သူတို့၏ ကျင့်ကြံ လေ့ရှိရာများကို သတင်းထုတ်ပြန်တော်မူလတ္တံ့။
၆း၁၀၉။ သူတို့ထံသို့ သုတ်ဒေသနာတစ်ပါးရောက်လာသော် “၎င်းကို ယုံကြည်ပါ၏၊”ဟု ပရမတ်ဘုရားရှင်အားအင်တိုက်အားတိုက် တိုင်တည် ကျိန်ဆို ကြ၏။ ဟောပြောလော့ “သုတ်ဒေသနာများသည် ပရမတ်ဘုရားရှင်၏ ထံ၌သာ ရှိ၏၊” ထိုသို့ ရောက်လာသောအခါ သူတို့ ယုံကြည်မည် မဟုတ်သည်ကို သင်တို့ အားမည်သည်က သတိမူမိစေမည်နည်း။
၆း၁၁၀။ ပထမ အကြိမ်က မယုံကြည်ခဲ့ကြ သကဲ့သို့ သူတို့၏ စိတ်နှလုံးများအမြင်များကို ဦးလှည့်စေပြီ၊ သူတို့အားမျက်ကန်းတောတိုးဘ၀ဖြင့် စည်းဖျက်မှု ထဲ၌ ချန်ထားလေပြီ။
၆း၁၁၁။ ငါသည် သူတို့ထံသို့ နိမိတ်ဆောင်များကို တာဝန်ချပေးသည် ဖြစ်စေ၊ သူသေများကို စကားပြော စေသည် ဖြစ်စေ၊ ခပ်သိမ်းသော အရာ များကို မျက်နှာချင်းဆိုင် စုစည်းခဲ့သည် ဖြစ်စေ၊ ပရမတ်ဘုရားရှင်၏ စံချိန်ပြည့် လျှင်မှ အပ ယုံကြည်လာကြမည် မဟုတ်ချေ။ သို့ရာတွင် များစွာတို့သည် ပညာမဲ့များဖြစ်ကြ၏။
၆း၁၁၂။ ဤသို့ပင် ငါသည် သတင်းတော်ဆောင် ကိုယ်စီအတွက် စည်းဖေါက် သူ အဖြစ် ကလျာဏနှင့် အန္ဓပုတုဇဉ်မှ မကောင်းဆိုးဝါးများကို စီစဉ်ထားတော် မူ၏၊ ၎င်းတို့မှ အချို့သည် အချို့အားမြှူဆွယ်ရန် ရွှေကွပ်သော စကားဖြင့် အာရုံ ဖြစ်စေ၏။ သင့် ကံကြမ္မာရှင်၏ စံချိန်ပြည့်မှီခဲ့လျှင် ပြုလုပ်နိုင်ကြမည် မဟုတ်ချေ။ သူတို့အားလုပ်ကြံဖန်တီးမှု၌ ချန်ထားခဲ့လော့။
၆း၁၁၃။ နောင်ဘ၀အားမယုံကြည်သော သူများ၏ စိတ်နှလုံးတို့ သည် ထို၌ တိမ်းညွတ်ကြလျက် သူတို့၏ အသားကျမြဲ အသားကျခြင်း၌ ကျေနပ်နှစ်သက်နေ ကြ၏။
၆း၁၁၄။ ပရမတ်ဘုရားရှင်မှအပ ဓမ္မသတ်ရှင် ရှာဖွေဦးမည်လော၊ အရှင် သည် ရှင်းလင်းဆုံးဖြတ်ချက် ကျမ်းတော်ကို သင်တို့အားချမှတ်ပေးလေပြီ၊ ကျမ်းပေးခံရသော သူများက ၎င်းအားသင့်ကံကြမ္မာရှင်၏ ထံမှ သစ္စာတရားဖြင့် ချမှတ် ပေးကြောင်းသိကြကုန်၏။ သို့ဖြစ်၍ သင်သည် အချင်းများသူများမှ မဖြစ်စေနှင့်။
၆း၁၁၅။ သင့်ကံကြမ္မာရှင်၏ ဓမ္မတော်သည် ဖြောင့်မှန်မှု၊ တန်းတူညီမျှမှု၌ ပြီးပြည့်စုံ၏၊ အရှင်၏ ဓမ္မတော်အားလွှဲပြောင်းနိုင်သူ မရှိချေ၊ အရှင်သည် ကြားနေ သော အရှင် သိနေသော အရှင် ဖြစ်၏။
၆း၁၁၆။ မြေကမ္ဘာမှ များစွာသော သူတို့အားနာခံလျှင် အသင့်အားပရမတ် ဘုရားရှင်၏ လမ်းစဉ်တော်မှ လွဲဖယ်စေအံ့၊ သူတို့သည် စဉ်းစားချက်ကိုသာ လိုက်နာနေကြ၏၊ သူတို့သည်ကားမှန်းဆသူများသာ ဖြစ်ကုန်၏။
၆း၁၁၇။ ဧကန်ပင် သင့်ကံကြမ္မာရှင်သည် မည်သူက အရှင်၏ လမ်းစဉ်တော်မှ လွဲဖယ်သွားသည်ကို အသိဆုံးဖြစ်တော်မူ၏၊ အရှင်သည် လမ်းညွှန်ခံရ မည့်သူများကိုလည်းအသိဆုံးဖြစ်တော်မူ၏၊
၆း၁၁၈။ အသင်တို့သည် အရှင်၏ သုတ်ဒေသနာများကို ယုံကြည်သူများဖြစ်လျှင် ပရမတ်ဘုရားရှင်၏ ဂုဏ်တော်၌ သတိရရည်စူးသည့် အရာများကို စားသုံးကြလော့။
၆း၁၁၉။ ပရမတ်ဘုရားရှင်၏ ဂုဏ်တော်၌ သတိရရည်စူးသည့် အရာ အားမစားသုံးရန် အဘယ်အကြောင်းရှိသနည်း။ တွန်းပို့ခံရသည်မှအပ- သင်တို့ အတွက် တားမြစ်သည်များကို မုချဧကန် ရှင်းလင်းဆုံးဖြတ်ပေးထားပြီ။ များစွာတို့ သည် လိုဘများကြောင့် အသိမရှိဘဲ လွဲချော်ကြကုန်၏။ ဧကန်ပင်- သင့် ကံကြမ္မာရှင်သည် စည်းဖေါက်သူများအားအသိဆုံးဖြစ်တော်မူ၏၊
၆း၁၂၀။ ဗဟိဒ္ဓ၊ အဇ္ဈတ္တ ပြစ်မှုများကို ချန်ပစ်ကုန်လော့၊ ဧကန်ပင် အကုသိုလ် အားကျင့်ဆောင်သော သူများသည် သူတို့၏ အသားကျလေ့ ရှိသည်များအတွက် အစားပေးခံရလတ္တံ့။
၆း၁၂၁။ ပရမတ်ဘုရားရှင်၏ ဂုဏ်တော်၌ သတိရခြင်းမရှိသော အရာအားမစားသုံးကြနှင့်၊ ၎င်းတွင် ကောက်ကျစ်ယုတ်မာမှု ရှိနေ၏၊ သင်တို့အားစောဒကတက်ရန် မကောင်းဆိုးဝါးသည် သူ၏ မဟာမိတ်များကို အာရုံဖြစ်စေ၏။ သူတို့အားနာခံလျှင် သင်တို့ သည် ရောပြွန်းကိုးကွယ်သူများမှ ဖြစ်ရလတ္တံ့။
၆း၁၂၂။ သေနေခဲ့သူအားငါအရှင်က ရှင်ပြန်စေလျက် သူ့အတွက် အလင်းရောင်ကို စီစဉ်ပေး၍၊ ၎င်းဖြင့် လူဘုံအလယ်၌ သွားလာနိုင်သော သူသည် အမိုက် မှောင်ထဲ၌ ထွက်ပေါက်မဲ့ရသော သူကဲ့သို့ ဖြစ်သလော။ ဤနည်းအတိုင်းပင် ဖုံးကွယ်သူတို့အဘို့ သူတို့၏ ကျင့်ကြံလေ့ ရှိရာများကြောင့် ဖမ်းစားခံရစေ၏။
၆း၁၂၃။ ဤသို့ပင် ငါသည် ဒေသတိုင်း၌ အကြီးအကဲတို့အားသူတို့၏ ကြံစည်မှုများကြောင့် ရာဇဝတ်ကောင်များအဖြစ် စီစဉ်တော်မူ၏။ သူတို့သည် သူတို့၏ စရိုက်ကိုသာ မကောင်းကြံကြ၏၊ သတိမမူနိုင်ကြချေ။
၆း၁၂၄။ သူတို့ထံသို့ သုတ်ဒေသနာတစ်ပါးရောက်လာစေသော် “ပရမတ် ဘုရားရှင်၏ ဉာဏ်စဉ်ဆောင်များထံသို့ ချီးမြှင့် သကဲ့သို့ ကျွန်ုပ်တို့အားမချီးမြှင့် သမျှ ယုံကြည်မည် မဟုတ်ချေ၊”ဟု ဆိုကြ၏။ ပရမတ်ဘုရားရှင်သည် မည်သည့် နေရာ၌ အရှင်၏ ဉာဏ်စဉ်ဆောင်ဘွဲ့နှင့် စီစဉ်ရမည်ကို အသိဆုံးဖြစ်တော်မူ၏။ ရာဇဝတ်မှုပြုသော သူတို့အားသူတို့၏ ကြံစည်အားထုတ်လေ့ ရှိရာများကြောင့် ပရမတ်ဘုရားရှင်၏ ထံတော်မှ သေးသိမ်ရခြင်းနှင့် ပြင်းထန်သော ဝဋ်ကြွေးကို ထိသက်စေတော်မူလတ္တံ့။
၆း၁၂၅။ ပရမတ်ဘုရားရှင်က လမ်းညွှန်လိုသော သူအားသန္တိသုခလမ်းစဉ် အတွက် သူ၏ ရင်ကို ကျယ်ဝန်းစေ၍၊ အပါယ်၌ ထားလိုသောသူအားမိုးကောင်းကင်အားတက်ရသူ ကဲ့သို့ သူ၏ရင်ကို ကျဉ်းမြောင်းခက်ခဲရန် စီစဉ်တော်မူ၏။ ဤသို့ပင် ပရမတ်ဘုရားရှင်သည် ယုံကြည်မှု မရှိသော သူတို့အားအညစ်အကြေးများဖြင့် စီစဉ်ထားတော်မူ၏။
၆း၁၂၆။ ဤသည် ကံကြမ္မာရှင်ထံမှ ဖြောင့်မတ်မှန်ကန်သော လမ်းတော် ဖြစ် ၏။ ဆင်ခြင်သတိရှိသော လူမျိုးတို့ အတွက် သုတ်ဒေသနာများအားရှင်းလင်းဆုံးဖြတ်ပေးထားပြီ။
၆း၁၂၇။ သူတို့အတွက် ကံကြမ္မာရှင်၏ ထံတော်၌ သန္တိသုခ ဘုံနန်းသည် ရှိနေ၏။ သူတို့၏ ကျင့်ကြံလေ့ ရှိရာများကြောင့် အရှင်သည် သူတို့၏ မဟာမိတ် ဖြစ်တော်မူ၏။
၆း၁၂၈။ သူတို့ အားလုံးကို စုစည်းစေသော နေ့၌ “အို တစ်ကျိတ်တစ်ကြံတည်းဖြစ်သော အန္ဓပုတုဇဉ်တို့၊ သင်တို့သည် လူဖြစ်ခြင်းမှ များစွာ လိုသေး၏၊” သူတို့၏ မဟာမိတ် လူသားများက “အို- ကံကြမ္မာရှင် တပည့်တော်တို့မှ အချို့သည် အချို့ကြောင့် စိတ်ချမ်းမြေ့ခဲ့ရ၍၊ တပည့်တော်တို့ အတွက် သတ်မှတ်ကာလ၊ ထိုသတ်မှတ်ချိန်သည် ဆိုက်ရောက်ပါပြီ၊”ဟု ဆိုကြသော်၊ “ပရမတ်ဘုရားရှင်၏ စံချိန်ပြည့်ရာမှအပ သင်တို့ အစဉ်စံစားတည်းခိုရမည်မှာ အပူမီးပင် ဖြစ်လေ၏၊” ဟု မိန့်တော်မူ၏။ ဧကန်ပင် ကံကြမ္မာရှင်သည် ဓမ္မသတ်ရှင်၊ သိနေသောအရှင် ဖြစ်၏။
၆း၁၂၉။ သူတို့၏ ကျင့်ဆောင်လေ့ ရှိရာများကြောင့်၊ ဤသို့ပင် အမိုက်ကောင် များအချို့သည် အချို့အားအလှည့်ပေးကြ၏။
၆း၁၃၀။ အို- တစ်ကျိတ်တစ်ကြံတည်းဖြစ်သော ကလျာဏနှင့် အန္ဓပုတုဇဉ် တို့ သင်တို့အားငါ၏ သုတ်ဒေသနာတော်များနှင့်၊ သင်တို့အားသတိပေးသော- ဤ သင်တို့ ဆုံတွေ့ရမည့်နေ့အားဖေါ်ပြပေးရန် သင်တို့အနက် ဉာဏ်စဉ်ဆောင်များမချီးမြှင့်ခဲ့သလော။- “တပည့်တော်တို့၏ ဉာဉ်စရိုက် အပေါ်၌ တပည့်တော်တို့ သက်သေ ဖြစ်ပါ၏၊”ဟု လျှောက်တင်ကြ၏။ သူတို့အားလောကီဘ၀က မြှူဆွယ် ထားခဲ့ပြီ၊ သူတို့သည် ဖုံးကွယ်သူများဖြစ်ကြောင်းသူတို့စရိုက်အပေါ်၌ သူတို့ သည် သက်သေများဖြစ်ကြ၏။
၆း၁၃၁။ ဤသည်မှာ သင်၏ကံကြမ္မာရှင်သည် သူတို့အားတိမ်ကောစေ သည် မဟုတ်။ မေ့လျော့နေသော အရပ်ဒေသများအားသူတို့၏ မိုက်ကြေးခွဲများကြောင့် ဖြစ်စေ၏။
၆း၁၃၂။ သူတို့ ကျင့်ကြံသည်နှင့် အညီ အခွင့်အလမ်းကိုယ်စီ ရှိ၏။ ကံကြမ္မာရှင်သည် ကျင့်ကြံသမျှကို မေ့လျော့ထားသည် မဟုတ်ပေ။
၆း၁၃၃။ သင်၏ ကံကြမ္မာရှင်သည် ကုံလုံပြည့်စုံသော အရှင်၊ ကရုဏာအပေါင်း၏ အရှင် ဖြစ်၏။ အရှင်၏ စံချိန်ပြည့်လျှင် သင်တို့အားအခြားသော လူမျိုးတို့မှ သားမြေးအဖြစ် ပေါက်ပွားစေခဲ့ သကဲ့သို့ သင်တို့အားရုပ်သိမ်း၍ စံချိန်ပြည့်သော သင်တို့၏ နောက်မျိုးဆက်ကို ဆက်ခံစေတော်မူမည်။
၆း၁၃၄။ သင်တို့က မချိနဲ့စေနိုင်သော ကတိတော်အားပေးရောက်စေမည်ပင်။
၆း၁၃၅။ ဟောလော့ “အို ကျွန်ုပ်၏လူမျိုးတို့ သင်တို့ နေသားကျ ပြီးအတိုင်းကျင့်ကြံကြလော့၊ ကျွန်ုပ်လည်းကျင့်ကြံသူ ဖြစ်၏။ ချုပ်ငြိမ်းရာ ဘုံသည် မည်သူ့ အတွက် ဖြစ်သည်ကို သိကြရကုန်လတ္တံ့။ ဧကန်ပင် အမိုက်ကောင်များသည် အောင်မြင်ပေါက်မြောက်မည် မဟုတ်ချေ။”
၆း၁၃၆။ ပရမတ်ဘုရားရှင်အတွက်- အရှင်က ပွားများစေသည့် စိုက်ပျိုးမြေ များနှင့် ကပ္ပိယသတ္တဝါများမှ ပင်ပန်းရကျိုးကို စီစဉ်လျက်၊ သူတို့၏ ရပ်တည် ပြောဆိုချက်ဖြင့် “ဤသည် ပရမတ်ဘုရားရှင် အတွက်၊ ဤသည်ကားကျွန်ုပ်တို့၏ ရောပြွန်းကိုးကွယ်ရာတို့ အတွက်”ဟု ဆိုကြ၏။ ပရမတ်ဘုရားအရှင်၏ အတွက်မှ သူတို့၏ ရောပြွန်းကိုးကွယ်မှုများသို့ ပေါင်းထည့်ကြ၍၊ ရောပြွန်းကိုးကွယ်ရာများ၏ အတွက်မှ ပရမတ်ဘုရားရှင်သို့ မပေါင်းထည့်ကြချေ။ စီရင်ထုံးပြုမှုများသည် အကုသိုလ်သာ ဖြစ်၏။
၆း၁၃၇။ ဤသို့ပင် ရောပြွန်းကိုးကွယ်ခံများက ရောပြွန်းကိုးကွယ်သူ များစွာ အားကျရှုံးစေရန်၊ သူတို့၏ သာသနာက သူတို့အားအဆင်အယင် ဖြစ်နေစေရန်၊ သူတို့၏ရင်သွေးများအားလုပ်ကြံနေရန် ဖမ်းစားထားစေ၏။ ပရမတ်ဘုရားရှင်၏ စံချိန်ပြည့်ခဲ့လျှင် ယင်းသို့ ပြုလုပ်နိုင်ကြမည် မဟုတ်ချေ။ သူတို့၏ လုပ်ကြံဖန်တီးမှု၌ သူတို့အားချန်ထားပစ်လော့။
၆း၁၃၈။ “ထို ကပ္ပိယသတ္တဝါများ၊ စိုက်ပျိုးထွက်ကုန်များကို ကျွန်ုပ်တို့ စံချိန် သတ်မှတ်သူ မှအပ မစားကြရန် တံတိုင်းပိတ်ထား၏၊ ထိုတိရိစ္ဆာန်များ၏ ကျောကုန်းကိုလည်းတားမြစ်ထား၏၊”ဟု သူတို့၏ ရပ်တည်ပြောဆိုချက် အတိုင်းပြောဆိုကြ၏။ ထိုသတ္တဝါတို့အားလှီးဖြတ်ရာ၌ ပရမတ်ဘုရားရှင်၏ ဂုဏ်တော် အားသတိရခြင်းမရှိချေ။ ထို၌ သူတို့ လုပ်ကြံဖန်တီးကြ၏။ လုပ်ကြံဖန်တီးလေ့ ရှိမှုများကြောင့် သူတို့သည် အစားပေးခြင်းခံရလတ္တံ့။
၆း၁၃၉။ “ဤသတ္တဝါများ၏ ဝမ်းတွင်း၌ ရှိရာများသည် ကျွန်ုပ်တို့ ယောက်ျားများအတွက် သီးသန့် ဖြစ်၍၊ ကျွန်ုပ်တို့၏ ပေါင်းဖေါ်များအတွက် တားမြစ်ပြီးဖြစ်၏၊ အကယ်၍ အသေ ဖြစ်နေလျှင် ထို၌ သူတို့အားလုံးအစုစပ်များပင် ဖြစ်၏”ဟု သူတို့၏ ပြောဆိုတင်ပြ မှုများအတွက် အစားပေးခြင်းခံရလတ္တံ့။ အရှင်သည် ဓမ္မသတ်ရှင် သိနေသော အရှင် ဖြစ်၏။
၆း၁၄၀။ အသိပညာ မရှိဘဲ မိမိတို့၏ ရင်သွေးများအားရူးမိုက်စွာ သတ်ခဲ့ ကြသော သူတို့သည် မုချ ဆုံးရှုံးရသူများဖြစ်၏။ ပရမတ်ဘုရားရှင်က ရိက္ခာ ပေးခဲ့သည်များကိုလည်းပရမတ်ဘုရားရှင်နှင့် စပ်လျှဉ်း၍ လုပ်ကြံဖန်တီးလျက် တားမြစ်ခဲ့ကြ၏။ သူတို့သည် လမ်းညွှန်ခံရသူများမဟုတ်ခဲ့ခြင်းကြောင့် လမ်းလွဲရ သူများဖြစ်ကြ၏။
၆း၁၄၁။ အရှင်သည် အထပ်ထပ်တက်သော အပင်၊ အထပ်ထပ်မတက် သော အပင်၊ စွံပလွန်ပင်၊ အစားအစာ ကွဲပြားသော သီးနှံပင် ဥယျာဉ်များအသွင်တူ အသွင်မတူ သံလွင်ပင်၊ သလဲသီးပင်များကို စိုက်ပျိုးပင်များဖြစ်စေ၏။ ထိုမှ သီးသည့် အသီးများကို စားသုံးကြလော့၊ ရိတ်သိမ်းသော နေ့တွင် မှန်ကန်စွာ ပေးကမ်းကြလော့၊ အလွဲသုံးစားမပြုကြနှင့် အရှင်သည် အလွဲသုံးစားပြုသူများအားနှစ်သက်တော်မမူချေ။
၆း၁၄၂။ ဝန်တင်သော၊ အနားပေးထားသော- ကပ္ပိယသတ္တဝါများမှ ပရမတ် ဘုရားရှင်က ရိက္ခာပေးရာကို စားသုံးကြလော့၊ မကောင်းဆိုးဝါး၏ ခြေရာကို မလိုက်ကြနှင့်၊ သူသည် သင်တို့အားရှင်းလင်းထင်ရှားစွာ စည်းဖေါက်သူ ဖြစ်၏။
၆း၁၄၃။ အစုဖွဲ့ရှစ်ကောင်။ သိုးမှ နှစ်ကောင်၊ ဆိတ်မှ နှစ်ကောင်။ ဟောပြောလော့ “အရှင်သည် အထီးနှစ်ကောင် သို့တည်းမဟုတ် အမ နှစ်ကောင် သို့တည်းမဟုတ် အမနှစ်ကောင်၏ ဝမ်းတွင်းဘယ်ဘက်မှ အရာကို တားမြစ်ခဲ့လေသလော၊ သင်တို့ သည် ဖြောင့်မှန်သူများဖြစ်ကြလျှင် အသိတရားဖြင့် ငါ့ထံသို့ သတင်းတင်ပြ ကြလော့။”
၆း၁၄၄။ ကုလားအုပ်မှ နှစ်ကောင်၊ နွားမများမှ နှစ်ကောင်။ ဟောပြောလော့ “အရှင်သည် အထီးနှစ်ကောင် သို့တည်းမဟုတ် အမနှစ်ကောင် သို့တည်းမဟုတ် အမနှစ်ကောင်၏ ဝမ်းတွင်းဘယ်ဘက်မှအရာကို တားမြစ်ခဲ့သလော၊ သို့တည်းမဟုတ် ပရမတ်ဘုရားရှင်က သင်တို့အားဤပညတ်ကို မှာကြားစဉ် သင်တို့သည် မျက်မှောက်သက်သေ ဖြစ်သလော။ အသိပညာ မရှိဘဲ လူသားအပေါင်းအားလွဲမှားစေရန် ပရမတ်ဘုရားရှင်နှင့် စပ်လျဉ်း၍ လုပ်ကြံဖန်တီးလိမ်လည်သူထက် မည်သူက ပို၍ အမိုက်စီးဘိသနည်း၊ ပရမတ်ဘုရားရှင်သည် မိုက်ကြေးခွဲသော လူမျိုးအားလမ်းညွှန်တော် မမူချေ။
၆း၁၄၅။ ဟောကြားလော့၊ ကျွန်ုပ်အားအာရုံဈာန်ဖြစ်ရာ၌- အသေကောင်၊ ကာမရာဂကြွစေသော သွေး၊ ဝက်သား၊ မသန့်ပြန့်သော သို့မဟုတ် ကောက်ကျစ် ယုတ်မာသော အရာ၊ ပရမတ်ဘုရားရှင်မှအပ အခြားကို တိုင်တည်လှီးသတ် ရာများမှ အပ- စားသူ အတွက် တားမြစ်ထားသည့် စားစရာကို မတွေ့ရပေ။ အပြစ် မသင့်လို၊ စည်းမဖေါက်လိုဘဲ တွန်းပို့ခံရသူ အတွက် ပရမတ်ဘုရားရှင်သည် လွတ်ငြိမ်းစေသော အရှင်၊ အကြင်နာရှင် ဖြစ်တော်မူ၏။
၆း၁၄၆။ ရေ၀တီဖြစ်သူတို့ အပေါ်၌ ခွာဆက်တိရိစ္ဆာန်တိုင်းကို တားမြစ်၏။ နွား၊ သိုးများမှ ကျောကုန်း၊ အူများနှင့် အရိုးတွင် ပိုးနေသော အဆီများမှအပ အခြားသော အဆီများကိုလည်းတားမြစ်၏။ သူတို့၏ အပြစ်ရှာမှုကြောင့် ဤသို့ အစားပေးတော်မူ၏။ ငါသည် ဖြောင့်မတ်မှန်ကန်ဆုံးသော အရှင် ဖြစ်၏။
၆း၁၄၇။ အကယ်၍ သင့်အားငြင်းဆန်ကြလျှင်၊ ဟောပြောလော့ “သင်တို့၏ ကံကြမ္မာရှင်သည် ကရုဏာတော် ဖြန့်ကျက်ထားသော အရှင် ဖြစ်၏။ သို့သော် ရာဇဝတ်ကောင် လူမျိုးတို့၏ အမင်္ဂလာကို ပြန်လှည့်ပေးမည် မဟုတ်ချေ။
၆း၁၄၈။ ရောပြွန်းကိုးကွယ်သော သူများက “ပရမတ်ဘုရားရှင်သာ စံချိန်ပြည့်ခဲ့လျှင် ကျွန်ုပ်တို့၊ ကျွန်ုပ်တို့၏ မိရိုးဖလာသည် ရောပြွန်းကိုးကွယ်မည် မဟုတ်ပါ။ တစ်စုံ တစ်ရာကိုမျှ တားမြစ်တော့မည် မဟုတ်ပါ။” ဟု ဆိုကြလတ္တံ့။ ဤသို့ပင် သူတို့၏ ရှေ့အလျင် ဖြစ်သူများလည်းအမင်္ဂလာကို မြည်းစမ်းရသည်အထိ ငြင်းဆန်ကြ၏။ ဟောလော့ “သင်တို့၌ ကျွန်ုပ်အားထုတ်ပြနိုင်ရန် အသိပညာ ရှိကြသလော၊ သင်တို့သည် စဉ်းစားချက်ကိုသာ လိုက်နာနေကြ၏၊ သင်တို့သည် မှန်းဆသူများသာ ဖြစ်ကြ၏။
၆း၁၄၉။ ဟောလော့ “စောကြောမှုတို့၏ ဆိုက်ရောက်ရာသည် ပရမတ် ဘုရားရှင်၏ အချုပ်အခြာသို့ ဖြစ်၏။ စံချိန်ပြည့်ခဲ့လျှင် သင်တို့ အားလုံးကို လမ်းညွှန်တော်မူပေအံ့။
၆း၁၅၀။ ဟောလော့ “ပရမတ်ဘုရားရှင်က ဤသည်ကို တားမြစ်ထားသည်ဟု သက်သေခံနိုင်သော သင်တို့၏ သက်သေများကို ရှေ့ထွက် စေလော့၊” မဖြစ်နိုင်ဘဲ သက်သေခံကြလျှင် သူတို့နှင့် အတူ သက်သေ မဖြစ်ကြနှင့်။ ငါ၏ သုတ်ဒေသနာများအားငြင်းဆန်သောသူ၊ နောင်တမလွန်အားမယုံကြည် သောသူ၊ ကံကြမ္မာရှင်ဖြင့် တန်းတူပြုလို သူတို့၏ လိုဘများကို မလိုက်နာကြနှင့်။
၆း၁၅၁။ ဟောလော့ “လာကြကုန်လော့၊ သင်တို့အားကံကြမ္မာရှင်က တားမြစ် ထားသည်များကို ကျွန်ုပ် ရွတ်ပြပေအံ့၊ အရှင်နှင့် ရေပြွန်းကိုးကွယ်ခြင်းတစ်စုံ တစ်ရာ မပြုရ။ မွေးမိဘ တို့အပေါ် တင့်တယ်စေရမည်။ ချို့တဲ့မှုကြောင့် ရင်သွေးတို့အားမသတ်ဖြတ်ရ၊ ငါသည် သူတို့အားရိက္ခာထောက်တော်မူမည်။ အပြင်အရာ၊ အတွင်းအရာများမှ ကိုယ်ကျင့်ပျက်ခြင်းကို မချည်းကပ်ရ။ တရားမျှတရန်မှအပ ပရမတ်ဘုရားရှင်က တားမြစ်ထားသော ဉာဉ်စရိုက်ကို မသတ်ဖြတ်ရ။ သင်တို့ အတွေးအခေါ်ရှိစေအံ့ငှာ ဤသို့ မှာကြားတော်မူပြီ။”
၆း၁၅၂။ မိဘမဲ့တို့ တင့်တင့်တယ်တယ် အရွယ်ရောက် ရင့်ကျက်သည့် တိုင် သူတို့၏ ဥစ္စာပစ္စည်းများသို့ မချည်းကပ်ရ။ ချိန်တွယ်ရာ၌ ပြည့်စေလော့။ ချိန်ခွင်ကို သမာသမတ် ဖြစ်စေလော့။ ငါသည် မည်သည့် ဉာဉ်ကိုမှ မနိုင်ဝန်ကို မထမ်းစေပေ။ ဆွေမျိုးနီးချင်းဖြစ်သည့်တိုင် တန်းတူစွာ ပြောဆိုရမည်။ ပရမတ်ဘုရားရှင်နှင့် ပဋိညာဉ်အားပြီးပြည့်စေရမည်။ သင်တို့ ဆင်ခြင်သတိ ရှိအံ့ငှာ ဤသို့ မှာကြားတော်မူပြီ။
၆း၁၅၃။ ဤသည် ဖြောင့်မတ်မှန်ကန်သော လမ်းစဉ် မုချ ဖြစ်၏။ ၎င်းကို လိုက်နာကြလော့။ ထိုလမ်းစဉ်နှင့် သင်တို့အားခွဲခွာစေမည့် လမ်းစဉ်များကို မလိုက်နာကြကုန်နှင့်။ သင်တို့သည် စည်းစောင့်အံ့သောငှာ ဤသို့ မှာကြားတော် မူပြီ။
၆း၁၅၄။ တဖန် ငါသည် မူဆာအားကျမ်းတော်ကို ချီးမြှင့်တော်မူ၏။ သုမင်္ဂလာပြုသော သူအားပြည့်စုံစေတော်မူ၏။ သဗ္ဗလုံးစုံအားရှင်းလင်းဆုံးဖြတ် ပေးတော်မူ၏။ သက်ဝင်ယုံကြည်သော၊ ကံကြမ္မာရှင်အားဖူးတွေ့ရအံ့ငှာ သူတို့ အားလမ်းညွှန် ကရုဏာကို သက်စေတော်မူ၏။
၆း၁၅၅။ ဤသည် ငါ ချမှတ်ပေးသော ကျက်သရေမင်္ဂလာ ကျမ်းတော် ဖြစ်၏။ ၎င်းအားလိုက်နာကြလော့၊ ကရုဏာ သက်ခံရအံ့ငှာ စည်းစောင့်ကြကုန် လော့။
၆း၁၅၆။ သို့မဟုတ်က “ကျမ်းစာသည် ကျွန်ုပ်တို့၏ ရှေ့အလျှင် အုပ်စုနှစ်စုအားချမှတ်ပေးခြင်းသာ ဖြစ်၍၊ သူတို့၏ လေ့လာခြင်းကို ကျွန်ုပ်တို့ မေ့လျော့ပေါ့ပျက် လေ့ ရှိခဲ့ပြီဟု ပြောကြလိမ့်မည်။”
၆း၁၅၇။ သို့တည်းမဟုတ် အကယ်၍သာ ကျွန်ုပ်တို့အားကျမ်းတော် ချမှတ် ပေးခဲ့လျှင် ကျွန်ုပ်တို့သည်လည်းလမ်းညွှန် ပိုရ၍ သူတို့ အထဲမှပင် ဖြစ်ချေမည်ဟု ပြောကြလိမ့်မည်။ မုချပင် သင်တို့ထံသို့ ကံကြမ္မာရှင်၏ ထံမှ ရှင်းလင်းချက်၊ လမ်းညွှန်ချက်နှင့် ကရုဏာတော်များရောက်လာစေပြီ။ ပရမတ်ဘုရားရှင်၏ သုတ်ဒေသနာများအားငြင်းဆန်သူ၊ ထိုမှ ဘက်လှည့်သူထက် မည်သူက ပို၍ အမိုက်စီးဘိသနည်း၊ ငါ၏ သုတ်ဒေသနာများမှ ဘက်လှည့်သော သူများအားသူတို့၏ ဘက်လှည့်လေ့ ရှိခြင်းကြောင့် အကုသိုလ် ဝဋ်ကြွေးကို အစားပေးတော်မူ လတ္တံ့။
၆း၁၅၈။ သူတို့ထံသို့ သိကြားမင်းကြီးရောက်လာမည်ဟု၊ သင့်ကံကြမ္မာရှင် ရောက်လာမည်ဟု၊ ကံကြမ္မာရှင်၏ ထံမှ သုတ်ဒေသနာ တစ်ချို့ ရောက်လာမည် ဟုသာ စောင့်ကြည့်နေကြသလော။ ကံကြမ္မာရှင်၏ ထံမှ သုတ်ဒေသနာတချို့ ရောက်လာသော နေ့၌ ရှေ့အလျင်က ယုံကြည်ခြင်းမရှိခဲ့သော၊ ယုံကြည်မှု၌ အကောင်းကို မကျင့်ဆောင်ခဲ့သော စရိုက် အတွက် ယုံကြည်ခြင်းသည် အကျိုးမဖြစ်ထွန်းချေ။ “စောင့်ကြည့်ကြလော့၊ ကျွန်ုပ်တို့လည်းစောင့်ကြည့်နေသူများဖြစ်၏၊”ဟု ဟောကြားလော့။
၆း၁၅၉။ ဧကန်ပင် သူတို့သည် သာသနာအားဂိုဏ်းအမျိုးမျိုးဖြစ်ရန် ခွဲကြသောသူတို့ ဖြစ်၏။ သင်သည် ထို သူတို့အထဲမှ တစ်စုံတစ်ရာ မပါဝင်ချေ။ သူတို့၏ အရေးအရာများသည် ပရမတ်ဘုရားရှင်၏ထံ၌ ရှိ၏။ သူတို့၏ ပြုလုပ် လေ့ ရှိများကို သူတို့အားသတင်းထုတ်ပြန်တော်မူလတ္တံ့။
၆း၁၆၀။ သုမင်္ဂလာ ရောက် လာစေသူ အတွက် ၎င်း၏ ဆယ်ဆသည် ရှိ၏။ အကုသိုလ်ကို ရောက်လာစေသူ အတွက် ၎င်း၏ ဆတူမျှသာ အစားပေးခံရမည်။ သူတို့သည် မိုက်ကြေးခွဲခံရမည် မဟုတ်ချေ။
၆း၁၆၁။ ဟောကြားလော့ “ကျွန်ုပ်၏ ကံကြမ္မာရှင်သည် ကျွန်ုပ်အားအယူ သန့်သော အီဗရာဟီးမ်၏ ကျင့်စဉ်နှင့် ခိုင်မြဲသော သာသနာ၊ ဖြောင့်မတ်မှန်ကန် သော လမ်းစဉ်သို့ ညွှန်ခဲ့ပြီ။ သူသည် ရောပြွန်းကိုးကွယ်သူများ၌ မပါဝင်ချေ၊”
၆း၁၆၂။ ဟောလော့၊ “ကျွန်ုပ်၏ ဝတ်ပြုခြင်းဝတ်ဖြည့်ခြင်း၊ ရှင်သန်ခြင်း၊ သေဆုံခြင်းတို့ သည် လောကခပ်သိမ်း၏ ကံကြမ္မာရှင် ပရမတ်ဘုရားရှင်၏ အဘို့သာတည်း။”
၆း၁၆၃။ အရှင်နှင့် ရောပြွန်းကိုးကွယ်ရာ မရှိ။ ကျွန်ုပ်အားဤသို့ ညွှန်ကြား၏။ ကျွန်ုပ်သည်ကားဦးဦးဖျားဖျားသန္တိသုခဝါဒီ ဖြစ်၏။
၆း၁၆၄။ ဟောကြားလော့၊ “ကျွန်ုပ်သည် ပရမတ်ဘုရားရှင်မှ အပ အခြားကံကြမ္မာရှင်အားရှာဖွေရမည်လော၊ အရှင်သည် သဗ္ဗလုံးစုံ၏ ကံကြမ္မာရှင် ဖြစ်၏။ စရိုက်ကိုယ်စီ အတွက် သူ၏ ကျင့်ဆောင်ခဲ့ရာသည် ရှိ၏။ မိမိအတွက် ဝန်ထမ်းနေရသူသည် အခြားသူ၏ ဝန်အားမထမ်းပေးနိုင်ချေ။ အသင်တို့အားလုံးကံကြမ္မာရှင်ထံသို့သာ အပြန်ခရီးရှိ၍။ ထို့ပြင် သင်တို့၏ ကွဲလွဲလေ့ရှိခဲ့ခြင်းအားသတင်းထုတ်ပြန်တော်မူလတ္တံ့။
၆း၁၆၅။ အရှင်သည် သင်တို့အားမြေကမ္ဘာ၏ သမ္မတများအဖြစ် စီစဉ် သော အရှင် ဖြစ်၏။ ချီးမြှင့်ပေးသည်တို့၌ စုံစမ်းတော်မူရန် သင်တို့မှ အချို့ကို အချို့ထက် အခွင့်အလမ်းမြှောက်စားတော်မူ၏၊ ဧကန်ပင် ကံကြမ္မာရှင်သည် လျှင်မြန်စွာ ချုပ်ကိုင်နိုင်တော်မူ၏။ ဧကန်ပင် အရှင်သည် လွတ်ငြိမ်းစေသော အရှင် အကြင်နာရှင် ဖြစ်တော်မူ၏။
ဓမ္မခန္ဓာ (၇) အသိအမှတ်ပြုခြင်း
ဉာဏ်စဉ်ကိန်းဝပ်ပေးမှု အမှတ်စဉ် (၃၉)၊ သုတ်ဒေသနာ (၂၀၆)ပါး၊
ကရုဏာရှင် အကြင်နာရှင် ဖြစ်တော်မူသော ပရမတ်ဘုရားရှင်၏ ဂုဏ်တော်အားဖြင့်-
၇း၁။ ငါသည် အကြွင်းမဲ့ သိတော်မူသော ဖြောင့်မတ်မှန်ကန်ဆုံးသော ပရမတ်ဘုရားရှင် ဖြစ်၏။
၇း၂။ သင့်ထံ၌ ချမှတ်ပေးသော ကျမ်းတော်၊ ၎င်းကြောင့် သင်၏ ရင်ကို ခက်ခဲစေသည် မဟုတ်၊ ယုံကြည်သူတို့အားသတိပေးဘို့ရာ ဆင်ခြင်သတိ ဖြစ်စေ ဘို့ရာ ဖြစ်၏။
၇း၃။ သင်တို့၏ ကံကြမ္မာရှင်ထံမှ သင်တို့အားချမှတ်ပေးရာကို လိုက်နာ ကြလော့။ အရှင့်မှ အပ အခြားမဟာမိတ်များကို မလိုက်နာကြနှင့်။ အနည်းစု သည်သာ ဆင်ခြင်သတိ ရှိကြ၏။
၇း၄။ ထို့ပြင် ငါသည် ဒေသမည်မျှကို တိမ်ကောစေခဲ့သနည်း။ အမင်္ဂလာ သည် မှောင်ကျနေစဉ် သို့မဟုတ် နေ့ မှိန်းစက်ချိန်၌ ရောက်လာ၏။
၇း၅။ ငါ့ထံမှ အမင်္ဂလာ ရောက်လာသောအခါ “တပည့်တော်တို့သည် အမိုက်ကောင်များဖြစ်ခဲ့ ၏၊”ဟု ဆိုခြင်းမှ အပ ကြွေးကြော်နိုင်မှု မရှိချေ။
၇း၆။ ဉာဏ်စဉ်ဆောင် စေစားခံရ သော သူတို့အားငါ မေးမြန်းတော်မူမည်။ ဉာဏ်စဉ်ဆောင်တို့ကိုလည်းမေးမြန်းတော်မူမည်ပင်။
၇း၇။ ထို့နောက် သူတို့အားငါ သိနေတော်မူကြောင်းကို ဖေါ်ပြတော် မူမည်။ ငါ၏ မျက်ကွယ်ဟု မရှိချေ။
၇း၈။ ထိုနေ့တွင် ချိန်ခွင်လျှာသည် လုံး၀မှန်ကန်၏၊ ချိန်ခွင်၌ အလေးစီးသော မည်သူမဆို၊ သူတို့သည် အောင်မြင်ပေါက်မြောက် သူများဖြစ်ကြ၏။
၇း၉။ ချိန်ခွင် လျှာ အလေးပေါ့သော မည်သူမဆို၊ သူတို့သည် ငါ၏ သုတ်ဒေသနာများအားမိုက်ကြေးခွဲလေ့ ရှိသောကြောင့် သူတို့၏ဉာဉ်ကို ဆုံးရှုံးသူများဖြစ်ကြ၏၊
၇း၁၀။ သင်တို့အားမြေကမ္ဘာ၌ ငါ ထူထောင်စေပြီးထို၌ ဘ၀တည်ဆောက်နည်းကို စီစဉ်ပေးတော်မူ၏။ အနည်းစုသည်သာ ကျေးဇူးသိတတ်ကြကုန်၏။
၇း၁၁။ မုချဧကန် သင်တို့ကို ငါ ဖြစ်တည်စေ၏၊ ထို့နောက် ပုံစံချပေး၏။ ထို့ပြင် နိမိတ်ဆောင်တို့ကို “အာဒံအား ဦးချလော့၊”ဟု မိန့်သော်၊ ဦးချကြ၏။ သို့သော် ရှေးရိုးစွဲ သူသည် ဦးချသူများ၌ မပါချေ။
၇း၁၂။ “ငါ ညွှန်ကြားလျှင်၊ ဦးမချရန် သင့်အားဘယ်အရာက ဟန့်တားထားသနည်း၊”ဟု မိန့်သော်၊ သူက “အရှင်က မီးမှ ဖြစ်တည်စေသော တပည့်တော်သည် မြေမှ ဖြစ်တည်စေသော သူ့ထက် ပို၍ ကောင်း၏၊”ဟု ပြန်ပြော၏။
၇း၁၃။ အရှင်က “ထိုမှ ဆင်းသွားလော့၊ သင့်အတွက် မာနတက်နေ စရာ မရှိ၊ သို့ဖြစ်၍ ထိုမှ ထွက်သွားလော့၊ သင်သည် သေးသိမ်သူတို့၏ အနက်မှ ဖြစ်၏၊”ဟု မိန့်၏။
၇း၁၄။ သူက “တပည့်တော်အားနိုးကြွစေသည့် နေ့အထိ စောင့် ကြည့်ခွင့်ပေးပါ၊”ဟု လျှောက်တင်သော်။
၇း၁၅။ အရှင်က “အသင်သည် စောင့်ကြည့် နေခွင့်ရသူတို့မှ ဖြစ်၏၊” ဟု မိန့်လေ၏။
၇း၁၆။ သူက “အရှင်သည် တပည့်တော်အားတိမ်းပါးရစေသဖြင့် သူတို့အားဖြောင့်မှန်သော အရှင်၏ လမ်းတော်မှ ပိတ်၍ ထိုင်နေမည်၊”ဟု ပြန်ပြော၏။
၇း၁၇။ ထို့နောက် တပည့်တော်သည် သူတို့ထံသို့ သူတို့၏ လက်ရှိ-ရှေ့တင်မှ၊ နောက်မှ၊ သူတို့၏ လက်ယာ၊ လက်ဝဲမှ ထိရောက် စေမည်။ အရှင်သည် ကျေးဇူးသိတတ်သူများအဖြစ် အများစုကို တွေ့ရမည် မဟုတ်ပါ။
၇း၁၈။ အရှင် မိန့်သည်မှာ “သိက္ခာမဲ့ ပစ်ပယ်ခံရသူ အဖြစ် ထိုမှ ထွက်သွားလော့၊ သူတို့မှ သင့်အားလိုက်နာသူ အားလုံးကို သင်နှင့်အတူ ငရဲဘုံတွင် ဖြည့်တော် မူမည်၊”
၇း၁၉။ အေ- အာဒံ၊ သင်နှင့် သင့်ပေါင်းဖေါ်သည် ဥယျာဉ်တွင် အခြေချ၍၊ နေရာတိုင်း၌ စံချိန်အလျောက် စားသုံးကြလော့၊ သို့သော် ဤအပင်နားသို့ မချည်းကပ်နှင့်၊ သို့မဟုတ်က အမိုက်ကောင်များမှ ဖြစ်ရလတ္တံ့”ဟု ဖြစ်၏၊
၇း၂၀။ မကောင်းဆိုးဝါးက သူတို့၏ ကွယ်နေသည်များကို ဖေါ်ထုတ်ပေးနိုင် သည်ဟု တီးတိုးလှုံ့ဆော်၍၊ “သင်တို့၏ ကံကြမ္မာရှင်က သင်တို့အားဤသစ်ပင်မှ ဟန့်တားခြင်းမှာ သင်တို့သည် နိမိတ်ဆောင်များမဖြစ်စေရန် သို့မဟုတ် အစဉ်အမြဲ မဖြစ်ရစေရန်အတွက်သာ၊”ဟု ပြော၍
၇း၂၁။ “ကျွန်ုပ်သည် သင်တို့အတွက် စိတ်ထားဖြူစင်သူများမှ ဖြစ်သည်”ဟု တိုင်တည်၏။
၇း၂၂။ သို့သော် သူသည် သူတို့အားမြှူဆွယ်၍ ညွှန်ပြ၏။ သို့ဖြင့် သူတို့သည် အပင်အားမြည်းစမ်းသောအခါ ရှေ့တင်၌ ကိုယ်ထည်များပေါ်သွားတော့၏။ သူတို့သည် ဥယျာဉ်မှ အရွက်များဖြင့် သူတို့ကိုယ်သူတို့ စတင်ဖုံးအုပ်ကြလေ၏။ ထိုအခါ သူတို့၏ ကံကြမ္မာရှင်က “သင်တို့အားဤအပင်မှ ငါ မဟန့်တားခဲ့သလော၊ သင်တို့အတွက် မကောင်းဆိုးဝါးသည် ရှင်းလင်းထင်ရှားစည်းဖေါက်သူဟု ငါ မပြောခဲ့သလော၊”ဟု မိန့်မြွက်သော်-
၇း၂၃။ သူတို့က “အို- ကံကြမ္မာရှင် တပည့်တော်တို့သည် မိမိစရိုက်ကို မိမိ မိုက်ကြေးခွဲမိပါပြီ။ အရှင်သည်သာ လွတ်ငြိမ်းခွင့် မပေးခဲ့လျှင်၊ ကရုဏာမသက် ခဲ့လျှင် တပည့်တော်တို့သည် ဆုံးရှုံးသူများမှ ဖြစ်ရချေပါပြီ၊”ဟု လျှောက်တင်ကြ ၏။
၇း၂၄။ အရှင်က “ဆင်းသွားကြလော့၊ သင်တို့မှ အချို့သည် အချို့အတွက် စည်းဖေါက်သူများဖြစ်စေလော့၊ မြေကမ္ဘာ၌ ချမ်းမြေ့တည်ငြိမ်ရာ ကာလတစ်ခုထိ ရှိနေ၏၊”ဟု မိန့်မြွက်၏။
၇း၂၅။ အရှင်က “သင်တို့သည် ထို၌ ရှင်သန်ကြရမည်၊ ထို၌ပင် သေဆုံးရမည်၊ ထိုမှပင် ထွက်ခွာကြရမည်၊”ဟု မိန့်ဆို၏။
၇း၂၆။ အို အာဒံ၏ မျိုးနွယ်တို့ ဧကန်ပင် ငါသည် သင်တို့အားထည်ဝါစေရန် ကွယ်ကာစေရန်၊ အဆင်အယင်ကို ချမှတ်တော်မူ၏။ စည်းစောင့်ခြင်းအဆင်အယင်- ယင်းသည် အကောင်းဆုံးဖြစ်၏။ ဤသည် သင်တို့ ဆင်ခြင်သတိ ရှိအံ့ငှာ ပရမတ်ဘုရားရှင်၏ သုတ်ဒေသနာ များမှ ဖြစ်၏။
၇း၂၇။ အို- အာဒံ၏ မျိုးနွယ်တို့၊ မကောင်းဆိုးဝါးသည် သင်တို့၏ အဘများအားသူတို့၏ အဆင်အယင်များကို ချွတ်လျက် သူတို့၏ အရှက်များကို ပြသစေ သည့် အတွက် ဥယျာဉ်ဘုံမှ မောင်းထုတ်သကဲ့သို့ သင်တို့အားသွေးတိုးစမ်းခွင့် မပေးနှင့်။ သူသည် သင်တို့အားမြင်နေ၏၊ သူ၏ မူလလူမျိုးတို့သည် သင်တို့ မမြင်နိုင်သော နေရာမှ ရှိနေကြ၏။ ငါသည် မကောင်းဆိုးဝါးအားမယုံကြည်သော သူတို့အတွက် မဟာမိတ် အဖြစ် စီစဉ်ထားပြီ။
၇း၂၈။ ကိုယ်ကျင့်ပျက်ခြင်းကို ပြုလေ တိုင်း“ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ မိရိုးဖလာ၌ ဤသို့ပင် တွေ့ပါ၏၊ ပရမတ် ဘုရားရှင်ကလည်းကျွန်ုပ်တို့အားဤသို့ပင် ညွှန်ကြား၏၊”ဟု ဆိုကြကုန်၏။ “ဧကန်ပင် ပရမတ်ဘုရားရှင်သည် ကိုယ်ကျင့်ပျက်ရန် ညွှန်ကြားခြင်းမရှိ၊ ပရမတ် ဘုရားရှင်နှင့် စပ်လျဉ်း၍ သင်တို့ မသိသောအရာကို ပြောဆိုကြမည်လော၊”ဟု မေးမြန်းလော့။
၇း၂၉။ ဟောလော့၊ “ကံကြမ္မာရှင်က ကျွန်ုပ်အားညွှန်ကြားသည်မှာ သမာ သမတ်ကျသည့် ဝတ်ကျောင်းတော်တိုင်းတွင် မျက်မှောက်ပြု ရပ်တည်ရန် သာသနာတော်၌ အရှင့်အားသန့်သန့်ထားဆုပန်ရန် ဖြစ်၏။ သင်တို့အားစတည်စေခဲ့သည့် နည်းတူ ဆက်ဖြစ်ရလတ္တံ့။”
၇း၃၀။ အဖွဲ့ခွဲတစ်ခုအားလမ်းညွှန် ပေး၏၊ တစ်ဖွဲ့ကိုကားလမ်းလွဲသည် သူတို့အတွက် အမှန်တရားဖြစ်စေ၏၊ သူတို့ သည် ပရမတ်ဘုရားရှင် မှလွဲ၍ မကောင်းဆိုးဝါးကို မဟာမိတ် အဖြစ် အယူ ထားကြ၏၊ လမ်းညွှန်ရကြသူ- ထိုသူတို့အားစဉ်းစားစေ၏။
၇း၃၁။ အို- အာဒံ၏ မျိုးနွယ်တို့၊ ဝတ်ကျောင်းတော်တိုင်းသို့ ချည်းကပ်တိုင်းစွဲမက်စေရာများကို သိမ်းထားကြလော့၊ စားကြလော့၊ သောက်ကြလော့၊ အလွဲသုံးစားမလုပ်ကြနှင့်၊ အလွဲသုံးစားပြုသူတို့အားအရှင် မနှစ်သက်ချေ။
၇း၃၂။ ဟောလော့ “ပရမတ်ဘုရားရှင်က အရှင်၏ အမှုတော်ဆောင်များအတွက် ထုတ်လုပ်ပေးသော စွဲမက်စေရာများရိက္ခာများမှ စင်ကြယ်ရာကို မည်သူက တားမြစ်လေသနည်း၊” “ယင်းသည် ဤဘ၀နှင့် ရပ်တည်ရမည့်နေ့ကို အယူသန့်သန့် ယုံကြည်သောသူများအတွက် ဖြစ်၏။ အသိရှိသော လူမျိုးအတွက် သုတ်ဒေသနာများကို ဤသို့ ရှင်းလင်းဆုံးဖြတ်ပေးတော်မူ၏၊”ဟု ဆိုလော့။
၇း၃၃။ ဟောလော့ “ကံကြမ္မာရှင်သည် အပြင် အရာ၊ အတွင်းအရာများမှ ကိုယ်ကျင့်ပျက် မှုများ၊ အကုသိုလ်မှုများ၊ သစ္စာမဲ့စွာ အပြစ်ရှာမှုများ၊ အရှင့်ထံမှ အခွင့်အာဏာ ချမှတ်မထားသည်များကို ပရမတ်ဘုရားရှင်နှင့် ရောပြွန်းကိုးကွယ်ခြင်းများနှင့် အသိပညာမရှိဘဲ ပရမတ်ဘုရားရှင်နှင့် စပ်လျဉ်း၍ ပြောဆိုမှုများကိုသာ တားမြစ် တော်မူ၏၊”
၇း၃၄။ အသိုင်းအဝိုင်းတိုင်းအတွက် သတ်မှတ်ချိန် ရှိ၏။ သတ်မှတ်ချိန်သို့ ရောက်လာသောအခါ၊ တစ်နာရီမျှပင် နောက်မဆုတ်နိုင်၊ ရပ်မထားနိုင်ချေ။
၇း၃၅။ အို- အာဒံ၏ မျိုးနွယ်တို့၊ ငါ၏ သုတ်ဒေသနာများကို ဖေါ်ပြရန် သင်တို့၏ထံသို့ သင်တို့၏ အနက်မှပင် ဉာဏ်စဉ်ဆောင်များကို ပေးရောက်စေခဲ့ သော်- စည်းစောင့်သူ၊ ပြုပြင်ပြောင်းလဲသူ မည်သူမဆို၊ ထိုသူတို့သည် ကြောက်ရွံ့ ရမည် မဟုတ်၊ သောကဖြစ်ရမည်လည်းမဟုတ်ချေ။
၇း၃၆။ ငါ၏ သုတ်ဒေသနာများအားငြင်းဆန်၍ မာနတက်သောသူ၊ ထိုသူတို့သည် အပူမီး၏ ပေါင်းဖေါ်များဖြစ်၏။ ထို၌ အစဉ်ခံစားရမည်ပင်။
၇း၃၇။ ပရမတ်ဘုရားရှင်နှင့် စပ်လျဉ်း၍ လုပ်ကြံဖန်တီးငြင်းဆန်သူ၊ သို့တည်းမဟုတ် အရှင်၏ သုတ်ဒေသနာများကို လိမ်လည်သူထက် မည်သူ က ပို၍ အမိုက်စီးဘိသနည်း။ သူတို့အားသက်တမ်းကုန်စေမည့် ငါ၏ ဉာဏ်စဉ်ဆောင်များရောက်လာသည့်တိုင် ပင်ပန်းရကျိုးကို ကျမ်းတော်မှ ဆွတ်ခူးစေ၍ “ပရမတ် ဘုရားရှင် မှလွဲ၍ သင်တို့ ဆုပန် ချည်းကပ်ခဲ့ရာများအဘယ်မှာနည်း၊”ဟု မေးကြ သော်၊ “ကျွန်ုပ်တို့အားဖယ်ခွာသွားကြပါပြီ”ဟု ပြောခြင်းဖြင့် ဖုံးကွယ်သူများဖြစ် ကြောင်းသူတို့စရိုက်ကို သူတို့ သက်သေတည်ကြ၏။
၇း၃၈။ အရှင်က “သင်တို့ မတိုင်မှီ လွန်လေပြီးသော- အပူမီးထဲမှ ကလျာဏ နှင့် အန္ဓပုတုဇဉ် အသိုင်းအဝိုင်းထဲသို့ ဝင်ကြကုန်လော့၊”ဟု မိန့်တော်မူ၏။ “အသိုင်းအဝိုင်းတစ်ခုထံ ဝင်ရောက်စေတိုင်းထို၌ ခြုံလွှမ်းစုမိကြသောအခါ နောက် မျိုးဆက်က ရှေးလူများအား၊ “အို- ကံကြမ္မာရှင် ဤသူများသည် တပည့်တော်တို့ အားလွဲမှားစေပါ၏၊ သူတို့ အတွက် အပူမီးကို ဝဋ်ကြွေးနှစ်ဆ ပေးပါ”ဟု လျှောက် တင်သော ညီနောင်ချင်းမေတ္တာမဲ့နေသူတို့အား၊ အရှင်က “ကိုယ်စီ အတွက် နှစ်ဆ ဖြစ်စေပြီ၊ သို့ရာတွင် အသိပညာ မရှိကြချေ၊”ဟု မိန့်တော် မူ၍-
၇း၃၉။ ရှေးလူများက နောက်မျိုးဆက်အား“သင်တို့သည်လည်းကျွန်ုပ်တို့ထက် ပို၍ သိက္ခာ မရှိချေ၊ သို့ဖြစ်၍ သင်တို့ ကျင့်ဆောင်လေ့ ရှိသော ဝဋ်ကြွေးအားမြည်းစမ်းကြလော့၊”ဟု ဆိုလေ၏။
၇း၄၀။ ငါ၏ သုတ်ဒေသနာများအားငြင်းဆန်သူ၊ ၎င်းနှင့်စပ်လျဉ်း၍ မာန တက်နေသောသူတို့ အဘို့ ကုလားအုပ်အတန်းသည် အပ်ချည်ပေါက်တွင်းသို့ တိုးဝင်နိုင်သည့်တိုင် သုခဘုံသို့ ဝင်ရမည် မဟုတ်၊ သူတို့အတွက် ကောင်းကင် တံခါးများကိုလည်းဖွင့်မည် မဟုတ်ချေ။ ဤသည် ရာဇဝတ်ကောင်များအတွက် အစားပေးမှုပေတည်း။
၇း၄၁။ သူတို့ အတွက် ညိမ့်ညောင်းစေရာ ငရဲဘုံ၊ သူတို့အပေါ်မှ လွှမ်းခြုံထား၏။ ဤသည် အမိုက်ကောင်များအားအစားပေးခြင်းပင်။
၇း၄၂။ ယုံကြည်၍ ပြုပြင်မှု ကျင့်ကြံသောသူတို့အတွက်၊ ဉာဉ်စရိုက်ဖြင့် မနိုင်ဝန်ကို မထမ်းဆောင်စေရ၊ သူတို့သည် သုခဘုံ၏ ပေါင်းဖေါ်များဖြစ်ကြ၏၊ ထို၌ အစဉ်စံစားရမည်ပင်။
၇း၄၃။ ငါသည် သူတို့၏ ရင်ဘတ်တွင်း၌ ချုပ်တီးထားရ သည်များကို ဖယ်ပစ်တော်မူ၏၊ သူတို့၏ အောက်ခြေ၌ စမ်းချောင်းရေသွင် စီးဆင်းလျက်ရှိ၍၊ သူတို့က “ရည်သန်စူးစိုက်မှု အပေါင်းသည် တပည့်တော်တို့အားဤနေရာသို့ လမ်းညွှန်တော်မူသော၊ ပရမတ်ဘုရားရှင် အဘို့ သာ ဖြစ်၏၊ ပရမတ် ဘုရားရှင်ကသာ လမ်းမညွှန်ခဲ့လျှင်၊ တပည့်တော်တို့သည် လမ်းညွှန်မှန်ရသူများမဖြစ်နိုင်ပါ၊ ကံကြမ္မာရှင်၏ ဉာဏ်စဉ်ဆောင်များသည် ပရမတ္ထသစ္စာဖြင့် မုချဧကန် ရောက်လာခဲ့၏၊”ဟု ဆိုကြ၏။ “ဤသည် သင်တို့၏ ကျင့်ကြံမှုများကြောင့် သုခဘုံသည် သင်တို့၏ အမွေ ဖြစ်၏။”ဟု ကြေငြာနေ၏၊
၇း၄၄။ သုခဘုံ ပေါင်းဖေါ်များက အပူမီးပေါင်းဖေါ်များအား“ကျွန်ုပ်တို့အားကံကြမ္မာရှင်က ကတိထားခဲ့သည်မှာ မှန်ကန်ကြောင်းကျွန်ုပ်တို့ တွေ့ရ၏၊ သင်တို့ ကော ကံကြမ္မာရှင်က ကတိထားသည်မှာ မှန်ကန်ကြောင်းတွေ့ကြသလော၊” ဟု အော်မေးသော်၊ “ဟုတ်ကဲ့ပါ” ဟု ဆိုကြ၏။ သူတို့ကြားမှ ကြေငြာသူက “အမိုက် ကောင်များအပေါ်၌ ပရမတ်ဘုရားရှင်သည် မေတ္တာဝေးစေပြီ၊”ဟု ကြေငြာနေ၏။
၇း၄၅။ ပရမတ်ဘုရားရှင်၏ လမ်းစဉ်တော်မှ ရှောင်ဖယ်သော သူတို့ သည် ထို၌ ကောက်ကျစ်မှုကိုသာ ရှာဖွေခဲ့၏၊ နောင်ဘ၀ကိုလည်းဖုံးကွယ်သူများဖြစ်ကြ ၏။
၇း၄၆။ ထိုနှစ်ခုကြား၌ စည်းခြားမှု ရှိနေ၏၊ အသိအမှတ်ပြုခြင်းအပေါ်၌လည်းအမှတ်သညှာကိုယ်စီဖြင့် အသိအမှတ်ပြုခံရသော လူသားများရှိနေ၍၊ သုခဘုံ ပေါင်းဖေါ်တို့အား“သင်တို့အပေါ်သို့ ငြိမ်းချမ်းသာယာမှု ခပါစေ၊”ဟု ကြေငြာနေ ၏။ ထိုနေရာသို့ မဝင်ရသေးသော်လည်းသူတို့၌ မျှော်လင့်ချက် ရှိနေ၏။
၇း၄၇။ သူတို့၏ အမြင်များအားအပူမီးပေါင်းဖေါ်များဘက်သို့ လှည့်ဆုံစေ သောအခါ၊ “ကံကြမ္မာရှင်သည် တပည့်တော်တို့အားမိုက်ကြေးခွဲသော လူမျိုးထဲမှ မစီစဉ်ပေ၊”ဟု ဆိုကြ၏။
၇း၄၈။ ထို့ပြင် အမှတ်သညှာများဖြင့် အသိအမှတ်ပြုခံရ သော၊ အသိအမှတ်ပြု ခံရခြင်း၌ ရှိသူ ပေါင်းဖေါ်- လူသားများက အော်လျက် “သင်တို့၏ အုပ်စုကြီးမှာ ပြည့်စုံမှု မရှိတော့ပြီ၊ သင်တို့သည် မာနမကြီးနိုင်တော့ ပေ။”ဟု ဆိုကြ၏။
၇း၄၉။ သူတို့သည်ကားပရမတ်ဘုရားရှင်က သူတို့အားကရုဏာ ဆွတ်ခူးစေလိမ့်မည် မဟုတ်ဟု၊ သင်တို့ကို တိုင်တည်ခဲ့သော သူများမဟုတ်လော၊ “သင်တို့ သုခဘုံသို့ ဝင်ကြလော့၊ ကြောက်ရွံ့ရစေမည် မဟုတ်၊ သောကဖြစ်ရစေမည်လည်းမဟုတ်ပေ၊”
၇း၅၀။ အပူမီးပေါင်းဖေါ်များက သုခဘုံ ပေါင်းဖေါ်တို့ထံ “ကျွန်ုပ်တို့အားရေ သို့မဟုတ်၊ ပရမတ်ဘုရားရှင်က သင်တို့အားရိက္ခာပေးသည်မှ စုပြုံ လောင်းချ ပေးပါ၊”ဟု အော်ပြောကြသော် “ပရမတ်ဘုရားရှင်သည် ဖုံးကွယ်သူများအတွက် ၎င်းတို့အားတားမြစ်ထားပြီ၊”ဟု ပြန်ပြောကြ၏။
၇း၅၁။ သူတို့၏ သာသနာအားမြူးထူးပျော်ပါးဟာသလုပ်စရာ အဖြစ် ယူမှတ်လျက် ဤလောကီဘ၀၏ မြှူဆွယ်ခံနေရသော သူများအား၊ ဤနေ့၌- သူတို့က ဤဆုံတွေ့ရမည့်နေ့ကို မေ့ထား၍၊ ငါ၏ သုတ်ဒေသနာများကို မေ့ပစ်ထားလေ့ရှိသကဲ့သို့ ငါသည် သူတို့အားပယ်ပစ်ထားလိုက်ပြီ။
၇း၅၂။ ငါသည် အသိပညာ ရှင်းလင်းဆုံးဖြတ်ချက် ကျမ်းတော်ကို သူတို့ထံ သို့ မုချ ရောက်လာစေပြီ။ ယုံကြည်သော လူမျိုးအတွက် လမ်းညွှန် ကရုဏာဖြစ် ၏။
၇း၅၃။ ထိုမှအပ ဖွင့်ဆိုမှုများကိုသာ စောင့်ကြည့်နေကြသလော၊ ဖွင့်ဆိုရှင်းလင်းချက် ပေးအပ်သောနေ့၌ “၎င်းအားမေ့ထားသော သူများက ယခင်က ကံကြမ္မာရှင် ၏ ထံမှ ဉာဏ်စဉ်ဆောင်များသည် ပရမတ္ထသစ္စာဖြင့် ရောက်လာခဲ့ပြီ။ ကျွန်ုပ်တို့ အတွက် အမျှဝေပေးမည့် အမျှဝေပေးနိုင်သူ ရှိလေသလော၊ သို့တည်းမဟုတ် ကျင့်ကြံလေ့ရှိရာမှ ဆန့်ကျင်လျက် ကျင့်ကြံနိုင်ရန် ပြန်လည်ပို့ပေးခြင်းခံရမည် လော၊”ဟု ဆိုကြလတ္တံ့။ ဧကန်ပင် သူတို့သည် ဉာဉ်စရိုက်ကို ဆုံးရှုံးစေခဲ့ပြီ၊ သူတို့၏ လုပ်ကြံဖန်တီးလေ့ ရှိရာများသည်လည်းသူတို့ထံမှ ဖယ်ခွာသွားကြလေပြီ။
၇း၅၄။ ဧကန်ပင် သင်တို့၏ ကံကြမ္မာရှင် ပရမတ်ဘုရားရှင်သည် မိုးများနှင့် မြေကမ္ဘာကို ကာလ ခြောက်ခုဖြင့် ဖြစ်တည်စေသော အရှင် ဖြစ်၏။ ထို့ပြင် ထပ်ဆင့်ကွပ်ကဲမှုကို ပုံစံချ၏၊ အရှင်သည် စဉ်ဆက်မပြတ် အမှီလိုက်နေသော ဖုံးအုပ်သည့် ညကို နေ့ပေါ်သို့ လွှမ်းခြုံစေ၏။ နေ၊ လ၊ ကြယ်တာရာများအားအရှင်၏ ညွှန်ကြားမှုဖြင့် စဉ်ဆက် အသုံးခံစေ၏၊ ဖြစ်တည်စေမှု၊ ညွှန်ကြားမှုတို့ သည် အရှင်၏ အချုပ်အခြာ၌သာ ရှိ၏။ လောကခပ်သိမ်း၏ ကံကြမ္မာရှင် ပရမတ် ဘုရားရှင်သည် ဂုဏ်ကျက်သရေ အပေါင်းနှင့် ပြည့်စုံတော်မူ၏။
၇း၅၅။ သင်တို့၏ ကံကြမ္မာရှင်ထံ၌ နှိမ့်ချလျက် လျှို့ဝှက်စွာ ဆုပန်ကြလော့။ အရှင်သည် စည်းဖေါက် သူများအားနှစ်သက်တော် မမူချေ။
၇း၅၆။ ပြုပြင်ပြောင်းလဲ ပြီးနောက် မြေကမ္ဘာ၌ အဖျက်မလုပ်ကြနှင့်၊ အရှင့်အားအကြောက်ထား၍၊ မျှော်လင့်ချက်ဖြင့် ဆုပန် လော့၊ ဧကန်ပင် ပရမတ်ဘုရားရှင်၏ ကရုဏာတော်သည် သုမင်္ဂလာပြုသူများနှင့် နီးကပ်လှချေ၏။
၇း၅၇။ အရှင်သည် မျက်မှောက်တော်မှ ကရုဏာအဖြစ် သတင်းကောင်းဆောင် လေများကို စေပို့တော်မူ၏၊ ၎င်းတို့အားလေးလံသော မိုးတိမ်တိုက်ကို လွင့်စေ၍ မြေသေ မြို့ရွာများအထိ မောင်းနှင်လျှက် ထိုမှ ရေကို သွန်းချစေ၏၊ ၎င်းဖြင့် သစ်သီး၀လံမျိုးစုံကို ပေါက်ရောက် ထွက်ပေါ်စေ၏၊ ဤကဲ့သို့ပင် သင်တို့သည် ဆင်ခြင်သတိ ရှိအံ့သောငှာ အသေများကို ပြန်လည်ထွက်ပေါ် စေတော်မူ၏။
၇း၅၈။ ကံကြမ္မာရှင်၏ ခွင့်ပြုချက်ဖြင့်- စင်ကြယ်သော မြို့ဒေသမှ သီးနှံဖြစ်ထွန်းထွက်စေ၍၊ ညံ့သော မြေမှ ခဲယဉ်းစွာ ထွက်စေ၏။ ဤသို့ပင် ငါသည် ကျေးဇူးသိသော လူမျိုးတို့အားသုတ်ဒေသနာများကို ထပ်တလဲလဲရှင်းပြ တော်မူ၏။
၇း၅၉။ ဧကန်ပင် ငါသည် နူးဟ်ကို သူ၏ လူမျိုးအတွက် စေစားတော်မူ၏၊ သူက “အို ကျွန်ုပ်၏ လူမျိုးတို့၊ ပရမတ်ဘုရားရှင်ကိုသာ ကိုးကွယ်ကြလော့၊ သင်တို့အတွက် အရှင်မှအပ အခြားဘုရားဟူ၍ မရှိပြီ၊ ကျွန်ုပ်သည် သင်တို့ အတွက် ဝဋ်ကြွေးသင့်မည့် နေ့ကြီးကို ကြောက်ရွံ့မိပါ၏၊”ဟု ဆို၏။
၇း၆၀။ သူ့လူမျိုးအကြံပေးများက “ကျွန်ုပ်တို့သည် သင့်အားရှင်းလင်းထင်ရှားသော လွဲချော်မှု၌သာ မြင်ရပြီ၊”ဟု ပြောသော်။
၇း၆၁။ သူ ပြောသည်မှာ “အို- ကျွန်ုပ်၏ လူမျိုးတို့ ကျွန်ုပ်သည် လမ်းလွဲ၌ မရှိပါ၊ ကျွန်ုပ်သည် စကြာ၀ဠာများ၏ ကံကြမ္မာရှင်ထံမှ ဉာဏ်စဉ်ဆောင်ပင် ဖြစ် ပါ၏-
၇း၆၂။ ကံကြမ္မာရှင်၏ထံမှ စေပို့ချက်များကို သင်တို့ထံသို့ ဆိုက်ရောက်စေ၏၊ သင်တို့အပေါ် ကျွန်ုပ် စိတ်ထားဖြူစင်၏၊ ပရမတ်ဘုရားရှင်၏ ထံမှ သင်တို့ မသိ သည်များကို ကျွန်ုပ်သိပါ၏။
၇း၆၃။ ကံကြမ္မာရှင်၏ထံမှ သတိပေးခြင်းများကို သင်တို့အနက် လူ တစ်ယောက်မှ တဆင့် ရောက်လာစေသည်ကို အံ့ဩကြကုန်သလော၊ သင်တို့အားကရုဏာသက်စေအံ့ငှာ သတိပေးရန်၊ စည်းစောင့်စေရန်သာ ဖြစ်၏။”
၇း၆၄။ သို့ဖြင့် သူ့အားငြင်းဆန်ကြလေ၏၊ သို့ဖြစ်၍ ငါသည် သူ၊ သူနှင့်အတူ သင်္ဘောပေါ်၌ ရှိသောသူတို့ကို လွတ်မြောက်စေ၍၊ ငါ၏ သုတ်ဒေသနာများကို ငြင်းဆန်သော သူတို့အားနစ်မြုပ်စေတော်မူ၏၊ သူတို့သည်ကားကန်းနေသော လူမျိုးဖြစ်၏။
၇း၆၅။ အာဒ်တို့ထံသို့ သူတို့၏ ညီနောင်ဖြစ်သော ဟု-ဒ်အား“အို- ကျွန်ုပ်၏ လူမျိုးတို့ ပရမတ်ဘုရားရှင်ကိုသာ ကိုးကွယ်ကြလော့၊ အရှင်မှ အပ အခြားဘုရားဟူ၍ သင်တို့ အတွက် မရှိ၊ သင်တို့စည်းစောင့်ပါလေစ၊”ဟု ဟောခိုင်း၏။
၇း၆၆။ သူ့လူမျိုးမှ ဖုံးကွယ်သော အကြံပေးများက “ကျွန်ုပ်တို့သည် သင့်အားတုံးအသူ အဖြစ် မြင်ရ၏၊ ကျွန်ုပ်တို့သည် သင့်အားလိမ်ညာသူများမှဟု စဉ်းစားမိ၏၊”ဟု ဆိုကြ၏။
၇း၆၇။ သူ ပြောသည်မှာ “အို- ကျွန်ုပ်၏ လူမျိုးတို့၊ ကျွန်ုပ်သည် တုံးအသူ မဟုတ်ချေ၊ သို့သော် စကြာ၀ဠာများ၏ ကံကြမ္မာရှင်ထံမှ ဉာဏ်စဉ်ဆောင် ဖြစ်၏-
၇း၆၈။ ကံကြမ္မာရှင်၏ထံမှ စေပို့ချက်များကို သင်တို့ထံသို့ ဆိုက်ရောက်စေ၏၊ ကျွန်ုပ်သည် သင်တို့အတွက် ယုံကြည်စိတ်ချလောက်သည့် စိတ်ထားဖြူစင်သူ ဖြစ်၏၊
၇း၆၉။ သင်တို့ သတိတရရှိစေရန် ကံကြမ္မာရှင်၏ ထံမှ သတိပေးခြင်းများကို သင်တို့အနက် လူတစ်ယောက်မှ တဆင့် ရောက်လာစေသည်ကို အံ့ဩကြကုန် သလော၊ နူးဟ်၏ လူမျိုးများနောက်တွင် သင်တို့အားဆက်ခံသူများအဖြစ် စီစဉ် ပေးခဲ့ခြင်းအင်အားတောင့်တင်းတိုးပွားမှု ဖြစ်တည်စေခဲ့ခြင်းကို သတိရကြလော့။ သင်တို့သည် အောင်မြင် ပေါက်မြောက်အံ့ငှာ ပရမတ်ဘုရားရှင်၏ ကျေးဇူးပြုခြင်းများအားသတိရကြလော့။”
၇း၇၀။ သူတို့က “သင်သည် ကျွန်ုပ်တို့အတွက် ပရမတ်ဘုရားရှင် တစ်ပါးတည်းကိုသာ ကိုးကွယ်စေ၍၊ ကျွန်ုပ်တို့၏ မိရိုးဖလာ ကိုးကွယ်လေ့ ရှိသည်ကို ချန်ခဲ့စေသလော၊ သင်သည် ဖြောင့်မှန်သူများမှ ဖြစ်လျှင် ကျွန်ုပ်တို့အားကတိပေးသည်ကို ဆိုက်လာစေလော့၊”ဟု ဆိုကြ၏။
၇း၇၁။ သူက “ကံကြမ္မာရှင်ထံမှ သင်တို့ အားမသန့်ပြန့်မှုနှင့် ကံကြီးသင့်မှုကို တည်ရှိစေပြီ၊ ပရမတ်ဘုရားရှင်က အခွင့် အာဏာ ချမှတ်ပေးခြင်းမရှိဘဲ၊ သင်တို့၏ မိရိုးဖလာက ကင်ပွန်းတပ်ထားသော ဂုဏ်တော်များနှင့် စပ်လျဉ်း၍ သင်တို့သည် ကျွန်ုပ်အားစောဒကတက်ကြမည် လော။ စောင့်ကြည့်ကြလော့၊ ကျွန်ုပ်သည်လည်းသင်တို့နှင့်အတူ စောင့်ကြည့်နေ သူများမှ ဖြစ်၏။”ဟု ဟောကြား၏။
၇း၇၂။ သူ- သူနှင့်အတူရှိသောသူများကို ကရုဏာတော် အားဖြင့် ငါ လွတ်မြောက်စေ၍။ ငါ၏ သုတ်ဒေသနာများအားငြင်းဆန်သောသူတို့အားသူတို့ ၏ ယုံကြည်လေ့ မရှိမှုများကြောင့် သူတို့၏ အခြေအမြစ်များကို ဖြတ်တောက် တော်မူ၏။
၇း၇၃။ သူတို့၏ ညီနောင်ဖြစ်သော ဆွာလေဟ်က သမု-ဒ်တို့အားဟော သည်မှာ “အို- ကျွန်ုပ်၏ လူမျိုးတို့၊ ပရမတ်ဘုရားရှင်အားကိုးကွယ်ကြလော့၊ သင်တို့အတွက် အရှင်မှအပ အခြားသော ဘုရားဟူ၍ မရှိ၊ သင်တို့ထံသို့ ကံကြမ္မာရှင်၏ ထံမှ ရှင်းလင်းချက်များရောက်လာလတ္တံ့၊ ဤသည် သင်တို့ အတွက် နိမိတ်လက္ခဏာ ဖြစ်သော ပရမတ်ဘုရားရှင်၏ ကုလားအုပ်မပင်တည်း၊ သို့ဖြစ်၍ သူမအားချန်ထားပေး၍ ပရမတ်ဘုရားရှင်၏ မြေကမ္ဘာ၌ စားသုံးစေ လော့၊ သူမအားအကုသိုလ်ဖြင့် မထိနှင့်၊ သို့မဟုတ်က စူးနစ်သော ဝဋ်ကြွေးဖြင့် သင်တို့အားအရေးယူလိမ့်မည်။
၇း၇၄။ အာဒ်၏နောက် သင်တို့အားဆက်ခံသူများအဖြစ် စီစဉ်ပေးခဲ့သည်ကို၊ မြေကမ္ဘာ၌ သင်တို့အားနေရာချပေးခဲ့သည်ကို သတိရကြလော့။ သင်တို့သည် လွင်ပြင်များမှ ရပ်နားရာများကို သိမ်းပိုက်ခဲ့၍၊ တောင်များကို ထုဆစ်လျက် အိမ်များတည်ခဲ့ပြီ။ ပရမတ်ဘုရားရှင်၏ ကျေးဇူးပြုခြင်းများအားသတိရကြလော့၊ ကမ္ဘာ၌ ညစ်ညမ်းစုတ်ပဲ့၊ အဖျက်ကောင်များမဖြစ်ကြနှင့်၊”ဟု ဖြစ်၏။
၇း၇၅။ သူ့လူမျိုးမှ မောက်မာသည့် အကြံပေးများက ယုံကြည်သူများအနက် ချိနဲ့သည်ဟု ထင်ရသောသူတို့အား“ဆွာလေဟ်သည် ကံကြမ္မာရှင်၏ ထံမှ ဉာဏ်စဉ်ဆောင်ဟု သိကြကုန်သလော၊”ဟု မေးကြသော်၊ “ကျွန်ုပ်တို့သည် သူ့အားဖြင့် စေစားမှုကို ယုံကြည်ကြပါ၏၊” ဟု ပြန်ပြောကြ၏။
၇း၇၆။ မောက်မာသောသူများက “ကျွန်ုပ်တို့သည် သင်တို့ ယုံကြည်သည့် အရာကို ငြင်းပါယ်သူများဖြစ်၏။”ဟု ဆိုကြ၍
၇း၇၇။ သို့ဖြင့် ကုလားအုပ်မအားမျိုးအစေ ကြလျက် ကံကြမ္မာရှင်၏ ညွှန်ကြားမှုကို အာခံကာ၊ “အို- ဆွာလေဟ်၊ သင်သည် ဉာဏ်စဉ်ဆောင်များမှ ဖြစ်လျှင်၊ သင် ကတိပေးသည်ကို ကျွန်ုပ်တို့ထံ ဆိုက်ရောက် စေလော့၊”ဟု ဆိုကြ၏။
၇း၇၈။ သို့ဖြင့် သူတို့အားငလျှင်ကြီးဖြင့် သိမ်းယူလိုက်၍ နံနက်၌ သူတို့၏ အိမ်များတွင် ရုပ်ကလပ်များဖြစ်သွားစေ၏။၊
၇း၇၉။ သူသည် ၎င်းတို့ထံမှ လှည့်ပြန် ခဲ့ပြီး“အို ကျွန်ုပ်၏ လူမျိုးတို့၊ ကျွန်ုပ်သည် ကံကြမ္မာရှင်၏ ထံမှ စေပို့ချက်များကို သင်တို့ထံ ဆိုက်ရောက်စေခဲ့ပြီ၊ သင်တို့အပေါ် ကျွန်ုပ် စိတ်ထားဖြူစင်၏၊ သို့ရာတွင် သင်တို့က စိတ်ထားဖြူစင်သူအားမနှစ်သက်ကြချေ။”ဟု ဆို၏။
၇း၈၀။ လု-တ်က သူ့ လူမျိုးအားပြောသည်မှာ “လောကခပ်သိမ်းတွင် တစ်စုံတစ်ယောက်ကမှ သင်တို့အားမသတ်မှတ်ပေးခဲ့သည့် ကိုယ်ကျင့်ပျက်မှုကို သင်တို့ ယူခဲ့ကြမည်လော၊
၇း၈၁။ -အသင်တို့သည် အမျိုးသမီးများကို ပ’လျှက် ယောက်ျားများထံ၌ အာသာရမက်ဖြေရန် ချည်းကပ်၏၊ အမှန်မှာ သင်တို့သည် အလွဲသုံးစားပြုသော လူမျိုးဖြစ်ကြ၏၊”
၇း၈၂။ သူ့လူမျိုးများထံမှ “ထိုသန့်စင်သည်ဟူသည့် လူသားများအားသင်တို့၏ အရပ်ဒေသများမှ မောင်းထုတ်ပစ်ကြ၊”ဟု ဆိုခြင်းမှအပ အခြားအဖြေ ပြန်မရချေ။
၇း၈၃။ ငါသည် သူ့ အိမ်ရှင်မမှ အပ၊ သူနှင့် သူ့ဒကာတို့အားလွတ်မြောက် စေတော်မူ၏၊ သူမသည် ကျန်ရစ်သူများမှ ဖြစ်၏။
၇း၈၄။ ငါသည် သူတို့ အပေါ်၌ ပြည်ဖျက်မိုးကို ရွာသွန်းစေ၏။ ရာဇဝတ်ကောင်များ၏ နိဂုံးမည်သို့ ချုပ်ရသည်ကို ကြည့်ကြလော့။
၇း၈၅။ သူတို့၏ ညီနောင်ဖြစ်သော ရှုအိုက်(ဘ်)က မီဒီယံတို့အားပြောသည် မှာ “အို- ကျွန်ုပ်၏ လူမျိုးတို့၊ ပရမတ်ဘုရားရှင်ကိုသာ ကိုးကွယ်ကြလော့၊ သင်တို့ အတွက် အရှင်မှအပ အခြားဘုရားဟူ၍ မရှိ၊ သင်တို့ ထံသို့ ကံကြမ္မာရှင်၏ထံမှ ရှင်းလင်းချက်များရောက်လာပြီ။ ချိန်တွယ်ရာ၌ ပြည့်စေလော့၊ လူသားတို့၏ အရာဝတ္ထုများကို ချိန်ခွင် မလျော့စေနှင့်၊ ပြုပြင်ပြောင်းလဲ ပြီးနောက် မြေကမ္ဘာ၌ အဖျက်မလုပ်ကြနှင့်၊ သင်တို့သည် ယုံကြည်သူများဖြစ်ကြလျှင်- ဤသည်မှာ ပို၍ကောင်းလေ၏၊
၇း၈၆။ ပရမတ်ဘုရားရှင်၌ ယုံကြည်သူအားအရှင့်လမ်းစဉ်၌ ကတိ ထားသည်ကို ဖယ်ခိုင်းခြင်းနှင့် ထို၌ ကောက်ကျစ်မှုကို ရှာဖွေလျက် မည်သည့် လမ်းတော်တွင်မှ ပိတ်-မထိုင်ကြကုန်နှင့်။ သင်တို့အားအနည်းစုမှ အများစု ဖြစ်စေ ခဲ့သည်ကို သတိရကြလော့၊ အဖျက်ကောင်များ၏ နိဂုံးမည်သို့ ချုပ်ရသည်ကို ကြည့်ကြလော့၊”ဟု ဖြစ်၏။
၇း၈၇။ သင်တို့မှ တစ်စုသည် ကျွန်ုပ်အားစေစားရာ၌ သက်ဝင်ယုံကြည်၍၊ တစ်စုသည် ယုံကြည်ခြင်းမရှိခဲ့လျှင်၊ ကျွန်ုပ်တို့ စပ်ကြားပရမတ်ဘုရားရှင်က စီရင်ထုံးပြုသည်ထိ သည်းခံကြလော့၊ အရှင်သည် အကောင်းဆုံးဓမ္မသတ်ချုပ် ဖြစ်၏။
၇း၈၈။ သူ့လူမျိုးမှ မောက်မာသော အကြံပေးများက “အို- ရှုအိုက်(ဘ်)၊ အ သင်၊ သင်နှင့်အတူ ယုံကြည်သောသူများကို ကျွန်ုပ်တို့၏ အရပ်ဒေသမှ မောင်းထုတ်ပစ်မည်၊ သို့မဟုတ်က ကျွန်ုပ်တို့၏ ကျင့်စဉ်၌ ဆက်ကျင့်လော့၊” ဟု ဆိုသော်၊ သူက “မည်သို့နည်း၊ ကျွန်ုပ်တို့က အောင့်သက်သက်ခံစားရမည်လော။” ဟု ပြန် ပြော၏။
၇း၈၉။ ပရမတ်ဘုရားရှင်က ကျွန်ုပ်တို့အားသင်တို့၏ ကျင့်စဉ်ထဲမှ လွတ် မြောက်စေပြီးမှ ထိုသို့ ကျွန်ုပ်တို့ ဆက်လုပ်လျှင် ကျွန်ုပ်တို့သည် ပရမတ်ဘုရားရှင် နှင့် စပ်လျဉ်း၍ လုပ်ကြံဖန်တီးလိမ်လည်ခြင်းသာ ဖြစ်လိမ့်မည်။ ကံကြမ္မာရှင် ဖြစ်သော ပရမတ်ဘုရားရှင်၏ စံချိန် ပြည့်မှီခြင်းဖြင့်သာ ကျွန်ုပ်တို့သည် ထိုသို့ ဆက်လုပ်ရန် မဖြစ်နိုင်ချေ၊ ကံကြမ္မာရှင်သည် ဖြန့်ကျက်နေတော်မူ၏၊ ကံကြမ္မာရှင် သည် သဗ္ဗလုံးစုံ သိနေတော်မူ၏။ ကျွန်ုပ်တို့သည် ပရမတ်ဘုရားရှင် ကိုသာ ကိုးစားလေပြီ၊ “အို- ကံကြမ္မာရှင် တပည့်တော်တို့၏ကြားတပည့်တော် တို့၏ လူမျိုးများကြားပရမတ္ထသစ္စာဖြင့် ထွက်ပေါက်ပေးတော်မူပါ။ အရှင်သည် အကောင်းဆုံးထွက်ပေါက်ပေးတော်မူသည့် အရှင် ဖြစ်ပါ၏။”ဟု ဆုတောင်း၏။
၇း၉၀။ သူ့လူမျိုးမှ ဖုံးကွယ်သော အကြံပေးများက “အကယ်၍ သင်တို့သည် ရှုအိုက်(ဘ်)အားလိုက်နာသူများဖြစ်ကြလျှင်၊ သင်တို့သည် ဆုံးရှုံးရသူများဖြစ် လေပြီ၊”ဟု ဆိုကြ၏။
၇း၉၁။ သို့ဖြင့် သူတို့အားငလျှင်ကြီးဖြင့် သိမ်းယူလိုက်၍ သူတို့၏ အိမ်များတွင် နံနက်၌ ရုပ်ကလပ်များဖြစ်သွားစေ၏။
၇း၉၂။ ရှုအိုက်(ဘ်)အားငြင်းဆန်သောသူတို့သည် ထို၌ ပြည့်စုံမှုများမရှိတော့ပြီ၊ ရှုအိုက်(ဘ်)အားငြင်းဆန် သော သူတို့သည် ဆုံးရှုံသူများဖြစ်ရ၏။
၇း၉၃။ သူသည် ၎င်းတို့ထံမှ လှည့်ပြန်ခဲ့ပြီး“အို- ကျွန်ုပ်၏ လူမျိုးတို့၊ ကျွန်ုပ်သည် ကံကြမ္မာရှင်၏ထံမှ စေပို့ချက်များကို သင်တို့ ထံသို့ ဆိုက်ရောက်စေ ခဲ့ပြီ၊ သင်တို့အပေါ် ကျွန်ုပ် စိတ်ထားဖြူစင်၏၊ ကျွန်ုပ်သည်ကားငြင်းပါယ်ဖုံးကွယ် သော လူမျိုးတို့ အတွက် မည်သို့ ဝမ်းနည်းပေးရမည်နည်း၊”ဟု ဆို၏။
၇း၉၄။ ငါက အရပ်ဒေသတစ်ခုသို့ သူတို့သည် နိဝါတတရားရှိစေအံ့ငှာ- ဒေသသားတို့အားအမင်္ဂလာသင့်ခြင်း၊ ဘေးဥပဒ် ဖြစ်ခြင်းများဖြင့် သိမ်းယူတော်မူ ရန်မှ အပ သတင်းတော်ဆောင် တစ်ပါးပါးကို စေစားခြင်းမရှိချေ။
၇း၉၅။ တဖန် ငါသည် သူတို့ကို ကျေအေးပေး၍ “ဘေးဒုက္ခနှင့် အဆင်ပြေမှုသည် ကျွန်ုပ်တို့ ဘဘိုးများကိုသာ ထိခဲ့၏၊”ဟု ပြောဆိုနိုင်သည် အထိ သူတို့၏ ဘ၀ဆက်ကို အကုသိုလ်မှ သုမင်္ဂလာသို့ လွှဲပြောင်းပေးခဲ့၏။ ထို့နောက် သူတို့ သတိမမူမိစဉ် ရုတ်တရက် သိမ်းယူပစ်လိုက်၏။
၇း၉၆။ အကယ်၍ အရပ်ဒေသသားများသည် ယုံကြည်လျက် စည်းစောင့်ကြ လေလျှင်၊ ငါသည် သူတို့အားမိုးနှင့်မြေများမှ ကျက်သရေအပေါင်းနှင့် ဖွင့်ပေးလတ္တံ့။ သို့သော် ငြင်းဆန်သူတို့အားသူတို့၏ ကျင့်ဆောင်လေ့ ရှိရာများကြောင့် သိမ်းယူတော်မူအံ့။
၇း၉၇။ အရပ်သားတို့သည် မှောင်ကျ အိပ်စက်နေစဉ် ငါ့ထံမှ အမင်္ဂလာ ဆိုက်ရောက်စေမည်ကို လုံခြုံသည်ဟု ယုံကြည်နေကြသလော။
၇း၉၈။ သို့တည်းမဟုတ် အရပ်သားတို့သည် နေထိန်ထိန်ပူချိန်၌ ပွဲလုပ်နေကြစဉ် ငါ့ထံမှ အမင်္ဂလာ ဆိုက်ရောက်စေမည်ကို လုံခြုံသည်ဟု ယုံကြည်နေကြသလော။
၇း၉၉။ ပရမတ်ဘုရားရှင်၏ ဗျူဟာမှ လုံခြုံပြီဟု ယုံကြည်နေကြသလော။ ဆုံးရှုံးရမည့် လူမျိုးမှအပ အလ္လာဟ်ရှင်၏ ဗျူဟာမှ လုံခြုံပြီဟု ယုံကြည်နေသူ မရှိချေ။
၇း၁၀၀။ မြေကမ္ဘာ၌ ယခင် နေခဲ့သူများ၏နောက် အမွေဆက်ခံသော သူတို့ အဘို့၊ အကယ်၍ ငါ့ စံချိန်ပြည့်ခဲ့လျှင် သူတို့၏ အပြစ်များအတွက် ထိခိုက်စေနိုင် ကြောင်းညွှန်ပြမခံရသလော။ သူတို့၏ နှလုံးသားကို ငါအရှင် တံဆိပ်ထုထား၏၊ သူတို့သည် နာယူနိုင်သူများမဟုတ်ချေ။
၇း၁၀၁။ ဤသည် သင့်အားငါ သတင်းထုတ်ပြန် ဖေါ်ပြပေးသော အရပ် ဒေသတို့၏ အကြောင်းပေတည်း။ သူတို့ထံသို့ ငါ၏ ဉာဏ်စဉ်ဆောင်များကို ရှင်းလင်းချက်များဖြင့် ရောက်လာစေပြီ။ သို့သော် သူတို့သည် ဤမတိုင်မှီကပင် ယုံကြည်လေ့ မရှိ ငြင်းဆန်ကြသည်သာ။ ဤသို့ပင် ပရမတ်ဘုရားရှင်သည် ဖုံးကွယ်သူတို့၏ နှလုံးသားကို တံဆိပ်ထုထား၏။
၇း၁၀၂။ အများစုအားပဋိညာဉ်ပေါ်၌ ရှိသည်ကို ငါ မတွေ့ရ၊ အများစုအားယုတ်မာသူများအဖြစ်သာ ငါ တွေ့ရ၏။
၇း၁၀၃။ တဖန်၊ သူတို့၏နောက် မူဆာအားငါ၏ သုတ်ဒေသနာများဖြင့် ဖာရိုးနှင့် သူ၏ အကြံပေးများထံသို့ ပွင့်ပေါ်စေ၏၊ သူတို့သည် ထို၌ မိုက်ကြေးခွဲ ကြ၏။ ထို့ကြောင့် အဖျက်ကောင်များ၏ နိဂုံးမည်သို့ ချုပ်ရသည်ကို ကြည့်ကြ လော့။
၇း၁၀၄။ မူဆာက ပြောသည်မှာ “အို- ဖာရိုးမင်း၊ ကျွန်ုပ်သည် လောကခပ်သိမ်း၏ ကံကြမ္မာရှင်ထံမှ ဉာဏ်စဉ်ဆောင်ပင် ဖြစ်၍-
၇း၁၀၅။ ပရမတ်ဘုရားရှင်နှင့် စပ်လျဉ်း၍ အမှန်ကို ပြောခြင်းသည်သာ ကျွန်ုပ်၌ ရှိသော သစ္စာတရားဖြစ်၏၊ သင်တို့ထံသို့ ကံကြမ္မာရှင်၏ထံမှ ရှင်းလင်းချက်များရောက်လာစေပြီ၊ သို့ဖြစ်၍ ဂျူးလူမျိုးတို့အားကျွန်ုပ်နှင့်အတူ ထည့်ပေးလိုက်လော့၊”ဟု ဖြစ်သော်-
၇း၁၀၆။ သူက “အသင်သည် သုတ်ဒေသနာကို ရောက်လာစေသူ ဖြစ်လျှင်၊ ဖြောင့်မှန်သူတို့မှ ဖြစ်လျှင် ၎င်းကို ပေးအပ်လော့”ဟု ဆို၏။
၇း၁၀၇။ သို့ဖြင့် သူ၏ လက်ထောက်အားခင်းကျင်းသော် ၎င်းသည် ရှင်းလင်းထင်ရှားသော မြွေနဂါးဖြစ်လာ၏။
၇း၁၀၈။ သူ၏လက်ကို ဆွဲထုတ်လိုက်သော်၊ ၎င်းသည် စောင့်ကြည့်သူတို့အဘို့ ဖြူစဉ်လျက် ဖြစ်၏။
၇း၁၀၉။ ဖာရိုး၏ လူမျိုးအကြံပေးများမှ ပြောသည်မှာ “ဧကန်ပင် ဤသည် မှော် ပညာရှင်သာ ဖြစ်၏-
၇း၁၁၀။ သူသည် သင်တို့အားသူတို့၏ နယ်မြေမှ ထုတ်ယူ လိုခြင်းပင် ဖြစ်၏၊ မည်သို့ ညွှန်ကြားကြမည်နည်း။” ဟု ဖြစ်၏။
၇း၁၁၁။ ပြန်ပြောကြ သည်မှာ “သူနှင့် သူ့အစ်ကိုအားစောင့်ခိုင်းထားပြီး၊ မြို့နယ်များအတွင်းစည်းရုံးရေးမှုးများစေစား၍
၇း၁၁၂။ -မှော်ပညာရှင် ကိုယ်စီအားသင့်ထံသို့ စုရောက် စေကြလော့၊”ဟု ဖြစ်၏။
၇း၁၁၃။ ဖာရိုးထံသို့ မှော်ဆရာများရောက်လာ၍၊ “ကျွန်ုပ်တို့သည် အနိုင်ရသူ များဖြစ်ကြလျှင် ကျွန်ုပ်တို့ အတွက် အကျိုးဆုလဒ်များရှိမည်လော၊”ဟု မေးကြ ၏။
၇း၁၁၄။ သူက “ကောင်းပြီ၊ သင်တို့သည် ချည်းကပ်ခွင့်ရသူများဖြစ်ရစေမည်၊”ဟု ဆို၏။
၇း၁၁၅။ သူတို့က “အို- မူဆာ၊ သို့မဟုတ် အသင်က ခင်းကျင်းမည်လော၊ သို့မဟုတ် ကျွန်ုပ်တို့သည် ခင်းကျင်းသူများဖြစ်ရမည်လော၊” ဟု ဆိုသော်။
၇း၁၁၆။ သူက “ခင်းကျင်းကြလော့”ဟု ဆို၍၊ သူတို့ ခင်းကျင်းသော အခါ၊ လူသားတို့၏ မျက်လုံးကို ပြုစား၍ ကြောက်ရွံ့စေ၏။ သူတို့သည် ကြီးမားသော ပြုစားမှုကို ရောက်လာစေ၏။
၇း၁၁၇။ ငါက မူဆာထံ အာရုံဖြစ်စေလျက် “သင်၏ လက်ထောက်ကို ခင်းကျင်းလော့၊ ထိုအခါ ၎င်းသည် သူတို့၏ လှည့်စားမှုတို့အားမြိုလေတော့၏။”
၇း၁၁၈။ သို့ဖြင့် ပရမတ္ထသစ္စာသည် အတည်ဖြစ်၍ သူတို့၏ ကျင့်ကြံလေ့ ရှိသည်များမှာ အမှားဖြစ်ရ၏။
၇း၁၁၉။ သူတို့သည် ထိုနေရာ၌ပင် အနိုင်ယူခံရလျက်၊ သေးသိမ်စွာ ဖြင့် ဦးလှည့်ပြန်ရကုန်၏။
၇း၁၂၀။ ခင်းကျင်းသော မှော်ဆရာများသည် ဦးချကြလျက်-
၇း၁၂၁။ ပြောကြ သည်မှာ “ကျွန်ုပ်တို့သည် လောကခပ်သိမ်း၏ ကံကြမ္မာရှင်အားသက်ဝင်ယုံကြည် ကြပါပြီ-
၇း၁၂၂။ အရှင်သည် မူဆာနှင့် ဟာရွန်တို့၏ ကံကြမ္မာရှင် ဖြစ်ပါ၏”ဟု ဖြစ်၏။
၇း၁၂၃။ ဖာရိုးက ကြုံးဝါးသည်မှာ “သင်တို့သည် ကျွန်ုပ်၏ ကြေငြာချက် မထုတ်မှီ၊ ၎င်းအားယုံကြည်ကြသလော၊ ဤသည် သင်တို့၏ အကြံအစည်သာ ဖြစ်၏၊ သင်တို့သည် မြို့အတွင်းနေသူတို့အားထုတ်ယူရန် အလို့ငှာ ထိုအကြံ အစည်အားလျှို့ဝှက်တိုင်ပင်ခဲ့သည် မဟုတ်လော၊ မကြာမှီ သင်တို့ သိကြရလတ္တံ့-
၇း၁၂၄။သင်တို့၏ ဆက်လုပ်မည့် လက်များ၊ ခြေများကို ဖြတ်တောက်ပစ်မည်၊ ထို့နောက် သင်တို့အားလုံးကို ကားစင်သို့ တင်မည်၊”ဟု ဖြစ်၏။
၇း၁၂၅။ သူတို့က ပြန်ပြောသည်မှာ “ဧကန်ပင် ကျွန်ုပ်တို့သည် ကံကြမ္မာရှင်၏ ထံသို့သာ ဦးလှည့်ရမည့်သူများဖြစ်၏၊-
၇း၁၂၆။ ကံကြမ္မာရှင်မှ ကျွန်ုပ်တို့ထံသို့ ရောက်လာစေသည့် သုတ်ဒေသနာများကို ကျွန်ုပ်တို့ ယုံကြည်သည့် အကြောင်းမှအပ သင် လက်တုန့်ပြန်နိုင်မည် မဟုတ်ချေ၊”ဟု ဖြစ်၏။ “အို- ကံကြမ္မာရှင် တပည့်တော်တို့အားသည်းခံနိုင်မှု စွမ်းရည်ကို အားပြည့်စေတော်မူပါ၊ ငြိမ်းချမ်းရေးဝါဒီများအဖြစ်နှင့် သက်တမ်းကုန်စေတော်မူပါ၊”ဟု ဆုပန်ကြ၏။
၇း၁၂၇။ ဖာရိုး၏ လူမျိုးအကြံပေးများက “သင်သည် မူဆာနှင့် သူ့ လူမျိုးအားမြေကမ္ဘာ၌ အဖျက်လုပ်နိုင်ရန်၊ သင်၏ ကိုးကွယ်ရာတို့အားသင် ချန်ပစ်မိရန် သူ့ကို လွှတ်ထားမည်လော၊”ဟု ဆိုသော်။ သူက “ကျွန်ုပ်တို့သည် သူတို့၏သားယောက်ျားများကို သတ်၍၊ သူတို့၏ အမျိုးသမီးများကိုသာ အသက်ဆက်ခွင့်ပေးလတ္တံ့၊ ကျွန်ုပ်တို့က သူတို့ အပေါ်မှ ဖူးခြာများဖြစ်၏၊”ဟု ကြိမ်းဝါး၏။
၇း၁၂၈။ မူဆာက သူ့လူမျိုးတို့အား“ပရမတ်ဘုရားရှင်၌ ပံပိုးမှုကိုရှာကြလော့၊ သည်းခံကြလော့၊ မြေကမ္ဘာသည် ပရမတ်ဘုရားရှင်၏ အချုပ်အခြာ၌ ဧကန် ရှိ၏။ အရှင်သည် စံချိန်ပြည့်သော အမှုတော်ဆောင်များအားအမွေပေးတော်မူ၏၊ ချုပ်ငြိမ်းခြင်းသည် စည်းစောင့်သူတို့ အတွက်သာ ဖြစ်၏”ဟု ဆိုသောအခါ။
၇း၁၂၉။ သူတို့က “ဤမတိုင်မှီနှင့် ကျွန်ုပ်တို့ထံသို့ သင် ရောက်လာပြီးနောက် ဒဏ်ပေးခံနေရပါ၏၊”ဟု ဆိုကြ၏။ သူက “ကံကြမ္မာရှင်သည် သင်တို့အပေါ်၌ စည်းဖေါက်သူအားမကြာမှီ တိမ်ကောစေတော်မူ၍၊ သင်တို့ကို မြေကမ္ဘာ၏ ဆက်ခံသူများဖြစ်စေနိုင်ရာ၏။ သူတို့ မည်သို့ ကျင့်ကြံသည်ကို စောင့်ကြည့် ကြလော့၊”ဟု ဟောကြား၏။
၇း၁၃၀။ ငါသည် ဖာရိုးမင်းဆက်အား၎င်းတို့ ဆင်ခြင်သတိရှိအံ့ငှာ သစ်သီး၀လံများယုတ်လျော့ခြင်းနှစ်များဖြင့် သိမ်းဆီးတော်မူ၏။
၇း၁၃၁။ သူတို့ထံ သုမင်္ဂလာ ရောက်လာစေသော အခါ၊ “ဤသည် ကျွန်ုပ်တို့ ကြောင့်၊”ဟု ပြောဆိုကြ၍။ အကုသိုလ် ထိသက်လျှင်- မူဆာ၊ သူနှင့် အတူ ရှိသူ များ၏ လူးလာဆန်ခတ်လုပ်မှုကြောင့်ဟု ဖြစ်၏။ မှတ်သားလော့ လူးလာဆန်ခတ် ဖြစ်စေခြင်းများသည် ပရမတ်ဘုရားရှင်၏ထံမှ ဖြစ်၏။ သို့ရာတွင် အများစုသည် အသိ မရှိကြချေ။
၇း၁၃၂။ ထို့အပြင် သူတို့က “ကျွန်ုပ်တို့အားပြုစားရန် မည်သည့် သုတ်ဒေသနာကို မဆို၊ သင် ယူလာသော်လည်း၊ သင့်အားယုံကြည်မည် မဟုတ် ချေ။” ဟု ဆိုကြ၏။d
၇း၁၃၃။ သို့ဖြင့်၊ ရှင်းလင်းဆုံးဖြတ်ချက် နိမိတ်လက္ခဏာအဖြစ် သူတို့ အပေါ်၌ လေဗွေမုန်တိုင်း၊ နှံကောင်များ၊ သန်းများ၊ ဖားများ၊ သွေးများကို ငါ စေပို့၏။ သို့သော် သူတို့သည် မာန်တက်လျှက် ရာဇဝတ်ကောင် လူမျိုးဖြစ်နေဆဲပင်။
၇း၁၃၄။ သူတို့အပေါ်၌ ဆိုးကျိုးသည် တည်လာသောအခါ၊ “အို- မူဆာ၊ သင်ထံ၌ ပဋိညာဉ်ရှိသည့်အတိုင်းကျွန်ုပ်တို့အဘို့ ကံကြမ္မာရှင်ထံ၌ ဆုတောင်းလော့၊ ဆိုးကျိုးကို ကျွန်ုပ်တို့မှ ဖယ်ရှားပေးလျှင် ကျွန်ုပ်တို့သည် သင့်အားယုံကြည်လျက်၊ သင်နှင့်အတူ ဂျူးလူမျိုးများကို စေလွှတ်ပေးပါမည်၊”ဟု ပြောဆိုကြ၏။
၇း၁၃၅။ သတ်မှတ်ကာလ တစ်ခုထိ သူတို့ထံမှ ဆိုးကျိုးကို ဖယ်ရှားပေးသောအခါ၊ ထိုအချိန် ဆိုက်ရောက်သည်နှင့် သူတို့သည် ကတိဖေါက်ဖျက် ကြကုန်၏။
၇း၁၃၆။ သို့ဖြင့် သူတို့သည် ငါ၏ သုတ်ဒေသနာများကို ငြင်းဆန်မှုကြောင့် သူတို့အားတန်ပြန်စေ၍၊ သူတို့အားမြစ်၀၌ နစ်စေခဲ့ပြီ။ သူတို့သည် မေ့လျော့ နေသူများဖြစ်ကြ၏။
၇း၁၃၇။ ငါသည် အင်အားချိနဲ့ခဲ့သည့် လူမျိုးအားထိုမြေ၏ နေထွက်ရာ နေဝင်ရာ ဒေသများကို အမွေပေးခဲ့ပြီ၊ ထိုမြေအားကျက်သရေအဖြာဖြာနှင့် ပြည့်စုံ စေပြီ။ ဂျူးလူမျိုးများအပေါ်၌ သူတို့၏ သည်းခံမှုများကြောင့် ကံကြမ္မာရှင်၏ တင့်တယ်သော ကတိဗျာဒိတ်တော်ကို ဖြည့်ဆီးပေးခဲ့ပြီ။ ဖာရိုးနှင့် သူ့လူမျိုးတို့၏ အရိုက်အရာ အထပ်ထပ်ကို လုံး၀ ပျက်စီးစေတော်မူပြီ။
၇း၁၃၈။ ငါသည် ဂျူးလူမျိုးတို့အားပင်လယ်၀ကို ဖြတ်ကျော်စေ၍၊ ရုပ်ပွားဆင်းတုအပေါ် ၀ဇီပိတ် လက်ခံနေသော လူမျိုးထံသို့ ရောက်စေ သောအခါ၊ “အို- မူဆာ၊ ကျွန်ုပ်တို့ အတွက်လည်းသူတို့၏ ကိုးကွယ်စရာကဲ့သို့ ကိုးကွယ် ရာတစ်ခု စီစဉ်ပေးပါ၊”ဟု တောင်းဆိုကြ၏။ သူက ဟောပြောသည်မှာ “အသင်တို့သည် ပညာမဲ့သော လူမျိုးပင် ဖြစ်၏၊-
၇း၁၃၉။ ထိုသူတို့သည်ကားဖျက်ဆီးခံရမည့်သူများဖြစ်၏၊ သူတို့၏ ကျင့်ဆောင်မှုများကြောင့် အမှားထဲမှ ဖြစ်ရ၏။”
၇း၁၄၀။ “သင်တို့အတွက် ပရမတ်ဘုရားရှင်မှအပ အခြားဘုရားကို ရှာပေးရ မည်လော၊ အရှင်သည် သင်တို့အားလောကခပ်သိမ်းထက် သိက္ခာပေးခဲ့ပြီးဖြစ်၏။”ဟု ဆို၏။
၇း၁၄၁။ ထို့ပြင် သင်တို့၏ သားယောက်ျားများကို သုတ်သင်ကာ၊ အမျိုးသမီးများကိုသာ အသက်ဆက်ခွင့်ပေးသည့် ဖါရိုးမင်းဆက်၏ အကုသိုလ် ဝဋ်ကြွေးအမှတ်သညှာ ဖြစ်စေသူများမှ သင်တို့အားငါ လွတ်မြောက်စေခဲ့ပြီ၊ ထို၌ သင်တို့ အားသင်တို့၏ ကံကြမ္မာရှင်မှ မဟာစုံစမ်းမှုကြီးရှိနေ၏။
၇း၁၄၂။ ငါသည် မူဆာအားညပေါင်းသုံးဆယ် ကတိထား၍၊ ထို၌ ဆယ်ညကို ထပ်ဖြည့်စေလျက် ကံကြမ္မာရှင်၏ ပြဌာန်းကာလသည် ညပေါင်းလေးဆယ် ပြည့်စေ၏။ မူဆာက သူ့အကို ဟာရွန်အား“ကျွန်ုပ်၏ လူမျိုး၌ သင်သည် ကျွန်ုပ် ကိုယ်စားဖြစ်၏။ ပြုပြင်ပြောင်းလဲလော့။ အဖျက်ကောင်တို့၏ လမ်းစဉ်အားမလိုက်နာနှင့်၊”ဟု ဆို၏။
၇း၁၄၃။ မူဆာသည် ငါ၏ ပြဌာန်းကာလ စေ့ရောက်သော်၊ သူ့အားကံကြမ္မာ ရှင် က ဗျာဒိတ်ခြွေ၏။ သူက “အို- ကံကြမ္မာရှင် တပည့်တော်အားကိုယ်ရုံပြတော် မူပါ၊ အရှင့်ထံ ဖူးမျှော်လိုပါ၏၊”ဟု ဆုပန်သော်၊ အရှင်က “ငါ့အားရှုမြင်နိုင်သည် မဟုတ်၊ သို့ရာတွင် တောင်ဆီသို့ ကြည့်လော့၊ ၎င်းသည် ထိုနေရာ၌ တည်ရှိနေလျှင်၊ ငါ့အားရှုမြင်နိုင်မည်၊”ဟု မိန့်၍၊ သူ၏ ကံကြမ္မာရှင်သည် တောင်ပေါ်၌ ဘုန်းတော် ကို တောက်ပစေလျက်၊ ၎င်းအားကြေမွအောင် စီစဉ်တော်မူ၏။ မူဆာသည်လည်းအသံကြောင့်လဲကျ မိန်းမောသွား၍၊ ပြန်ထသောအခါ “အရှင်သည် ဦးထိပ်ထားရာ ဖြစ်ပါ၏၊ တပည့်တော်သည် အရှင့်ထံ ခဝါချလျက် ဦးဦးဖျားဖျားသက်ဝင် ယုံကြည်ပါ၏။”ဟု ရင့်ကျူး၏။
၇း၁၄၄။ အရှင်က အေ- မူဆာ၊ ငါသည် သင့်အား- လူသားတို့ အပေါ်၌ ငါ၏ ဉာဏ်စဉ်ဆောင်၊ ငါ့ ဗျာဒိတ်ဆောင် အဖြစ် ရွေးချယ်တော်မူပြီ။ သို့ဖြစ်၍ ငါ ချီးမြှင့်ရာအားအယူထားလော့၊ ကျေးဇူးသိတတ်သူတို့မှ ဖြစ်လော့။”ဟု မိန့်ခြွေ၏။
၇း၁၄၅။ သူ့အဘို့ ခပ်သိမ်းကုန်၏ အဆုံးအမများနှင့် ခပ်သိမ်းကုန် အတွက် ရှင်းလင်းဆုံးဖြတ်ချက်ကို ကျောက်ပြား၌ ငါ ရေးမှတ်စေခဲ့ပြီ။ သို့ဖြစ်၍ ၎င်းအားအစွမ်းရှိရှိ အယူမြဲလော့၊ တင့်တယ်သော အယူရှိရန် သင့်လူမျိုးအားညွှန်ကြားလော့။ သင်တို့အားယုတ်မာသူများ၏ ဗိမာန်အားပြသတော်မူလတ္တံ့။
၇း၁၄၆။ မြေကမ္ဘာ၌ သစ္စာမဲ့စွာဖြင့် မာနကြီးနေသောသူတို့အားငါ၏ သုတ်ဒေသနာတိုင်းမှ ဘက်လှည့်ထားတော်မူလတ္တံ့။ သူတို့သည် နိမိတ်လက္ခဏာ များကို မြင်ရငြားလည်း၊ ထို၌ ယုံကြည်ကြမည် မဟုတ်ချေ။ ဖြောင့်မတ်သော လမ်းစဉ်အားမြင်ရငြားလည်း၎င်းကို လမ်းစဉ် အဖြစ် ယူမှတ်မည် မဟုတ်ချေ။ တိမ်းပါးသော လမ်းစဉ်ကို မြင်ရသော် ၎င်းကိုသာ လမ်းစဉ် အဖြစ် ယူမှတ်ကြ ပေအံ့။ ဤသည်မှာ သူတို့သည် ငါ၏ သုတ်ဒေသနာများကို ငြင်းဆန်မှု၊ ထို၌ မေ့လျှော့နေသူများဖြစ်ခြင်းကြောင့်ပင်တည်း။
၇း၁၄၇။ ငါ၏ သုတ်ဒေသနာများ၊ နောင်ဘ၀၏ ဆုံတွေ့ရခြင်းများအားငြင်းဆန်သောသူတို့၏ ကျင့်ကြံမှုများသည် အချည်းနှီးပင် ဖြစ်၏။ မိမိတို့သည် ကျင့်ကြံခဲ့ခြင်းမရှိသည်ကိုသာ အစားပေးလိုချင်ကြသလော။
၇း၁၄၈။ မူဆာ၏ လူမျိုးများသည် သူ့နောက်ကွယ်တွင် သူတို့၏ လက်ဝတ် တန်ဆာများဖြင့် နွားငယ် ကိုယ်ထည်နှင့် ထိုမှ အသံ ထွက်ရန် လုပ်ယူကြ၏၊ ၎င်းသည် သူတို့အားစကားလည်းမပြော၊ မည်သည့် လမ်းစဉ်ကိုမှလည်းညွှန်ပြ ခြင်းမရှိသည်ကို မမြင်ကြသလော။ ၎င်းအားအယူထားသူသည် အမိုက်ကောင် များပင် ဖြစ်၏။
၇း၁၄၉။ သူတို့သည် စိတ်ပျက် လက်ပန်းကျလျက်၊ လမ်းလွဲနေကြပြီ ဖြစ် ကြောင်းတွေ့မြင်သောအခါ၊ “ကျွန်ုပ်တို့၏ ကံကြမ္မာရှင်သည် ကျွန်ုပ်တို့အားကရုဏာမသက်ခဲ့လျှင်၊ လွတ်ငြိမ်းခွင့်မပေးခဲ့လျှင် ကျွန်ုပ်တို့သည် ဆုံးရှုံးသူများမှ ဖြစ်ရေချေပြီ၊”ဟု ညီးညူကြ၏။
၇း၁၅၀။ မူဆာသည် သူ့လူမျိုးများထံသို့ ပြန်လာသောအခါ၊ ထူပူဒေါသဖြင့် “သင်တို့သည် ကျွန်ုပ်၏ ကိုယ်စားလှယ် အဖြစ်မှ ကျွန်ုပ်၏ နောက်ကွယ်၌ အမင်္ဂလာကို စီစဉ်ခဲ့ပြီ။ ကံကြမ္မာရှင်၏ ညွှန်ကြားမှု မရှိမှီ သင်တို့ အလျင်လိုလှချေ တကား၊”ဟု ဆို၍ ကျောက်စာကို ခင်းကျင်းပြ၏။ ထို့နောက် သူ့အကို၏ ခေါင်းကို သူ့ထံသို့ ဆွဲယူသော်၊ “အို- အမေ၏ သား၊ ဤလူမျိုးသည် ကျွန်ုပ်အားချိနဲ့သူဟု သတ်မှတ်လျက်၊ ကျွန်ုပ်အားသတ်ဖြတ်ရန် တကဲကဲပြုကြ၏၊ သို့ဖြစ်၍ စည်းဖေါက်သူများအားရအောင် မပြုပါနှင့်၊ ကျွန်ုပ်အားမိုက်ကြေးခွဲသော လူမျိုးများထဲမှ ဖြစ်ရန် မစီစဉ်ပါနှင့်၊”ဟု ဆို၏။
၇း၁၅၁။ သူက “အို- ကံကြမ္မာရှင်၊ တပည့်တော်နှင့် တပည့်တော်၏ အကိုအားလွတ်ငြိမ်းစေတော်မူပါ။ အရှင်၏ ကရုဏာတွင်းသို့ ဝင်ခွင့်ပြုတော်မူပါ၊ အရှင် သည် ကရုဏာရှင် အကြင်နာရှင် ဖြစ်တော်မူပါ၏။”ဟု ဆုပန်လေ၏။
၇း၁၅၂။ ဧကန်ပင် နွားငယ်ကို အယူထားသောသူတို့အားကံကြမ္မာရှင်၏ ထံမှ ကံကြီးသင့်ခြင်းဆွတ်ခူးစေလတ္တံ့။ ဤလောကီ ဘ၀၌ ဂုဏ်သိမ် နိမ့်ပါးစေလတ္တံ့။ ဤသည် လုပ်ကြံဖန်တီးသူတို့ အတွက် အစားပေးမှုပင် ဖြစ်၏။
၇း၁၅၃။ အကုသိုလ် များကို ကျင့်ကြံမိသော သူတို့သည်၊ တဖန် ထို့နောက်တွင်မှ ချဝါချလျက် သက်ဝင် ယုံကြည်အံ့။ ဤပြီးနောက်တွင် ကံကြမ္မာရှင်သည်- ဧကန်ပင် လွတ်ငြိမ်းစေသော အရှင်၊ အကြင်နာရှင် ဖြစ်တော်မူ၏။
၇း၁၅၄။ မူဆာသည် စိတ်ဒေါသ ပျယ်ပျောက်သွားသော်။ ကံကြမ္မာရှင်အားကြောက်ရွံ့သောသူတို့ အတွက် လမ်းညွှန်နှင့် ကရုဏာတော် ကမည်းထိုးထားသော ကျောက်ပြားကို သိမ်းယူလိုက်၏။
၇း၁၅၅။ မူဆာသည် သူ့ လူမျိုးမှ ယောက်ျားခုနှစ်ဆယ်ကို ငါ့ ရက်ချိန်းအတွက် ရွေးချယ်ခဲ့၏။ သူတို့အားငလျှင်ကြီးဖြင့် အရေးယူသောအခါ၊ သူ ဆုပန်သည်မှာ “အို- ကံကြမ္မာရှင်၊ အရှင့် စံချိန်ပြည့်ခဲ့လျှင် တပည့်တော်ကို ဖြစ်စေ၊ သူတို့ကို ဖြစ်စေ ရှေ့အလျင်ကပင် တိမ်ကောပပျောက်ပြီးဖြစ်စေလတ္တံ့။ တပည့်တော်တို့၏ အနက်မှ တုံးအသူများ၏ ပြုလုပ်မှုကြောင့် တပည့်တော်တို့အားတိမ်ကောစေမည်လော။ ၎င်းသည် စံချိန်ပြည့်သူ အလျှောက် လွဲမှားစေသော၊ စံချိန်ပြည့်သူ အလျှောက် လမ်းညွှန်ပေးသော အရှင့် စမ်းသပ်မှု သာ ဖြစ်ပါ၏။ အရှင်သည် တပည့်တော်တို့၏ မဟာမိတ် ဖြစ်ပါ၏၊ တပည့်တော် တို့အားလွတ်ငြိမ်းစေတော်မူပါ၊ ကရုဏာသက်တော်မူပါ၊ အရှင်သည် အကောင်းဆုံးလွတ်ငြိမ်းစေသော အရှင် ဖြစ်ပါ၏။-
၇း၁၅၆။ - တပည့်တော်တို့ အတွက် ဤဘ၀ နောင်ဘ၀တွင် တင့်တယ်မှုကို ပြဌာန်းပေးတော်မူပါ။ တပည့်တော်တို့သည် အရှင်ထံသို့သာ ဦးညွတ်ခဲ့ပါပြီ၊”ဟု ဖြစ်၏။ အရှင်က “ငါ၏ ဝဋ်ကြွေးဒဏ်ကို စံချိန်ပြည့်သူ အတွက်သာ ထိသက်စေ ၏။ ငါ၏ ကရုဏာတော်သည် သဗ္ဗလုံးစုံသို့ ဖြန့်ကျက်နေတော်မူ၍၊ ၎င်းအားစည်းစောင့်၍ အခွန်ငွေဖြူ ပေးသောသူတို့ အတွက် ပြဌာန်းထားတော်မူ၏၊ ထိုသူတို့သည် ငါ၏ သုတ်ဒေသနာများအားသက်ဝင်ယုံကြည်ကြ၏၊”ဟု မိန့်တော် မူ၏။
၇း၁၅၇။ သူတို့၏ အပေါ်၌ ချုပ်ကိုင်ထားသည့် ဝန်ထုပ်များကို လျှော့ချပေးသော၊ စင်ကြယ်ရာများကို တရားဝင်ပြုပေး၍၊ မသန့်စင်ရာများကို တားမြစ်ပေးသော၊ သူစိမ်းဆန်ခြင်းအားဟန့်တားသော၊ အသိအမှတ်ပြု ညွှန်ကြားသော၊ သူတို့ထံရှိ ဓမ္မဟောင်း၊ ဓမ္မသစ်တွင် မှတ်တမ်းတင်ထားသည်ကို တွေ့ရသော၊ စာပေသမားမဟုတ် သတင်းတော်ဆောင် ဖြစ်သည့် ဉာဏ်စဉ်ဆောင်အားလိုက်နာ သည့်သူများ၊ သူ့အားယုံကြည်သောသူများ၊ လေးစားဂုဏ်ပေးသူများ၊ ကူညီသူ များ၊ သူနှင့်အတူ ချမှတ်ပေးသည့် အရာမှ အလင်းတော်အားလိုက်နာသူများ၊ ထိုသူများသည် အောင်မြင်ပေါက်မြောက်သူများဖြစ်ရလတ္တံ့။
၇း၁၅၈။ ဟောလော့ “အို- လူသားတို့ ဧကန်ပင် ကျွန်ုပ်သည် အသင်တို့ အားလုံးအတွက် ပရမတ်ဘုရားရှင်၏ ဉာဏ်စဉ်ဆောင် ဖြစ်၏။ အရှင်သည် မိုးများနှင့် မြေကမ္ဘာ၏ အရှင်သခင် ဖြစ်၏။ နိစ္စ အနိစ္စကို ဖြစ်စေသော ထိုအရှင်မှအပ အခြားဘုရားဟူ၍ မရှိပြီ။ ပရမတ်ဘုရားရှင်နှင့် အရှင်၏ ဉာဏ်စဉ်ဆောင်အားယုံကြည်ကြလော့။ သူသည် ပရမတ်ဘုရားရှင်နှင့် အရှင်၏ ဓမ္မတော်အားယုံကြည် သော စာပေသမားမဟုတ်သည့် သတင်းတော်ဆောင် ဖြစ်၏။ လမ်းညွှန်ရအံ့ သောငှာ သူ့အားလိုက်နာကြလော့။”
၇း၁၅၉။ မူဆာ၏ လူမျိုးတွင် သစ္စာတရားဖြင့် လမ်းညွှန်ကြလျက်၊ တန်းတူညီမျှဖြစ်စေသော အသိုင်းအဝိုင်းသည် ရှိ၏။
၇း၁၆၀။ ငါသည် သူတို့အားအသိုင်းအဝိုင်းအဖြစ် လူမျိုးနွယ် ဆယ့်နှစ်စု ခွဲခဲ့ပြီ။ သူ၏ လူမျိုးတို့က သောက်ရေ ရရန် တောင်းသောအခါ၊ ငါသည် မူဆာထံ “သင့်လက်ထောက်ကို ကျောက်တောင် သို့ ခရီးနှင်စေလော့၊” ဟု အာရုံဖြစ်စေ၏၊ သို့ဖြင့် စိမ့်စမ်းဆယ့်နှစ်သွယ် စီးထွက်၍ လူစုကိုယ်စီ သောက်ရေရှိရာကို သိကြပြီ။ ငါသည် သင်တို့အားတိမ်လိပ်ဖြင့် အရိပ် ပေးတော်မူ၏၊ သုဓာနှင့် ငုံးငှက်တို့ကို ချပေးတော်မူ၏၊ ငါပေးသည့် ရိက္ခာများမှ စင်ကြယ်ရာများကို စားသုံးကြလော့၊ သူတို့သည် ငါ့အားမိုက်ကြေးခွဲနိုင်သည် မဟုတ်၊ သို့ရာတွင် သူတို့စရိုက်ကို သူတို့ကသာ မိုက်ကြေးခွဲကြပြီ။
၇း၁၆၁။ သူတို့အား“ဤအရပ်၌ အခြေချ၍၊ နေရာတိုင်း၌ စံချိန်အလျောက် စားသုံးလော့၊ သံဝေဂစကားပြောဆို၍၊ တံခါးပေါက်၌ နှိမ့်ချ၍ ဝင်ကြလော့၊ သင်တို့အားအမှားများမှ ငါ လွတ်ငြိမ်းစေမည်၊ သုမင်္ဂလာပြုသူများအားတိုးပွားစေမည်၊”ဟု မိန့်သောအခါ-
၇း၁၆၂။ သို့သော် မိုက်ကြေးခွဲသောသူများသည် သူတို့အားမိန့်ဆိုခဲ့ခြင်းမဟုတ်သည်ကို ပြောဆိုကြ၏။ သူတို့၏ မိုက်ကြေးခွဲလေ့ ရှိခြင်းများကြောင့် ကောင်းကင်ယံမှ ဆိုးကျိုးကို ထိုသူများ၏ အပေါ်သို့ ငါ စေပို့တော်မူ၏။
၇း၁၆၃။ သူတို့ကို ပင်လယ် ကမ်းစပ် ရှိရာ ဒေသတစ်ခုအားစောကြောစေ လော့။ သီတင်းနေ့တွင် ငါးများပေါ်ပေါက် ပေးရောက်စေသောအခါ ထိုသီတင်းနေ့ ၏ ဥပဒေအားသူတို့ စည်းဖေါက်ကြ၏။ သတင်းနေ့ မဟုတ်သော နေ့များတွင် ၎င်းတို့ကို ပေးရောက်စေခြင်းမရှိချေ။ သူတို့၏ ယုတ်မာမှုများကြောင့် သူတို့အားစုံစမ်းခြင်းပင် ဖြစ်၏။
၇း၁၆၄။ သူတို့မှ အသိုင်းအဝိုင်းတစ်ခုက “ပရမတ်ဘုရားရှင်သည် တိမ်ကော စေမည့်၊ သို့မဟုတ် ပြင်းထန်သော ဝဋ်ကြွေးဖြင့် ဝဋ်သင့်စေမည့် လူမျိုးအားအဘယ်ကြောင့် ဆုံးမနေကြသနည်း၊”ဟု ဆိုသော်၊ သူတို့က “သူတို့သည် ကံကြမ္မာ ရှင်ထံ တောင်းပန်လျက် စည်းစောင့်နိုင်အံ့ငှာ ဖြစ်၏” ဟု ပြန်ပြောကြ၏။
၇း၁၆၅။ သူတို့အားသတိပေးသည်ကို မေ့နေစဉ်၊ အကုသိုလ်များကို ဟန့်တားသော သူတို့အားငါသည် လွတ်မြောက်စေ၍၊ မိုက်ကြေးခွဲသောသူတို့အားသူတို့၏ ယုတ်မာမှုများကြောင့် အမင်္ဂလာ ဝဋ်ကြွေးဖြင့် အရေးယူတော်မူ၏။
၇း၁၆၆။ သူတို့အားဟန့်တားသည်များကို အာခံကြသောအခါ၊ ငါက သူတို့အား“သင်တို့ သည် ရှက်ဘွယ်လိလိ မျောက်များဖြစ်ကြကုန်လော့၊”ဟု မိန့်လေ၏။
၇း၁၆၇။ ကံကြမ္မာရှင်သည် “သူတို့အပေါ်၌ ရပ်တည်ရသောနေ့ ထိတိုင်၊ သူတို့အားဖိနှိပ်သော အကုသိုလ် ဝဋ်ကြွေးအမှတ်သညှာ ဖြစ်စေသူများကို ပေါ်ပေါက်စေတော်မူအံ့၊”ဟု ကြေငြာ၏။ ဧကန်ပင် ကံကြမ္မာရှင်သည် လျင်မြန်စွာ ချုပ်ကိုင်နိုင်တော်မူ၏။ ဧကန်ပင် အရှင်မြတ်သည် လွတ်ငြိမ်းစေသော အရှင် အကြင်နာရှင် ဖြစ်တော်မူ၏။
၇း၁၆၈။ ငါသည် သူတို့အနက် မြေကမ္ဘာ၌ ပြုပြင်သူများနှင့် ထိုမှ အပသော အတိုက်အခံအုပ်စု အဖြစ် သူတို့ကို အသိုင်းအဝိုင်းများခွဲတော်မူ၍၊ သူတို့သည် ဦးလှည့်စေအံ့ငှာ တင့်တယ်သန့်ရှင်းမှု၊ အကုသိုလ်မှုများဖြင့် စုံးစမ်းတော်မူ၏။
၇း၁၆၉။ တဖန် သူတို့၏နောက် သူတို့ကို ဆက်ခံသူတို့အားဆက်ခံစေ၏။ ကျမ်းတော်ကို အမွေရစေသော်လည်းဤလောကီ ဘောင်ကိုသာ စွဲမက်ယူကြလျက် “ကျွန်ုပ်တို့ အားလွတ်ငြိမ်းစေမည်ပင်၊”ဟု ပြောကြသေး၏။ သူတို့အားထိုဘောင်နှင့် အလားတူ ပေးအပ်လျှင်လည်း၎င်းကို သူတို့ ယူကြမည်ပင်။ ကျမ်းတော်တွင် ပရမတ် ဘုရားရှင်နှင့် စပ်လျဉ်း၍ မှန်ကန်သည်ကိုသာ ပြောဆိုပါမည်ဟူသော သူတို့ထံမှ ယူခဲ့သည့် ကတိခံဝန် ရှိနေသည်သာမက ထို၌ ပါဝင်သည်ကို သူတို့ကိုယ်တိုင် လေ့လာပြီးဖြစ်၏။ စည်းစောင့်သော သူများအတွက် နောင်ဘ၀ ဗိမာန်သည် ပိုကောင်းသည်ဟု သူတို့တွင် အတွေးအခေါ် မရှိကြသလော။
၇း၁၇၀။ ကျမ်းတော်အားဖြင့် ဆုပ်ကိုင်လျက် ဝတ်ပြုခြင်းမြဲကြသောသူတို့၊ ဧကန်ပင် ငါသည် ပြုပြင်သူတို့၏ ဆုလဒ်ကို အလဟသ ဖြစ်စေတော် မမူချေ။
၇း၁၇၁။ ငါသည် သူတို့အပေါ်၌ အရိပ်စီးစေရန် တောင်အားမြှင့်မိုးပေးသော် ၎င်းသည် သူတို့ အပေါ်သို့ ပြိုကျလိမ့်မည်ဟု သူတို့ စဉ်းစား၏။ သင်တို့အားငါအရှင် ချီးမြင့်ရာ၌ အစွမ်းရှိရှိ အယူတည်မြဲလော့၊ စည်းစောင့်နိုင်အံ့ငှာ ထို၌ သတိတရ ရှိကြလော့။
၇း၁၇၂။ ကံကြမ္မာရှင်သည် အာဒံ၏ သားမြေးတို့အားသူတို့၏ ကျောကုန်းများနှင့် သူတို့၏ မျိုးဆက်များမှ ထုတ်ယူခဲ့လျက်၊ ရပ်တည်ရ သောနေ့၌ တပည့်တော်တို့သည် ဤသည်တို့အတွက် မေ့လျှော့ခဲ့ပါသည်ဟု ပြောရစေရန် အမှန်မှာ တပည့်တော်တို့ ကိုယ်တိုင် သက်သေများဖြစ်ပါသည်ဟု ပြောရစေရန်၊ “ငါသည် သင်တို့၏ ကံကြမ္မာရှင် မဟုတ်တုံလော၊”ဟု သူတို့၏ ဉာဉ်အတွက် သူတို့အားသက်သေတည်ခဲ့ပြီ။
၇း၁၇၃။ သို့မဟုတ်က “တပည့်တော်တို့၏ မိရိုးဖလာသည်လည်းရှေ့အလျင် ကပင် ရောပြွန်းကိုးကွယ်ခဲ့သည်သာ ဖြစ်၏။ တပည့်တော်တို့သည် သူတို့၏ နောက်မှ သားစဉ်မြေးဆက်များသာ ဖြစ်ပါ၏။ မိစ္ဆာဒိဌိများ၏ ပြုလုပ်မှုကြောင့် တပည့်တော်တို့အားတိမ်ကောစေမည်လော၊”ဟု လျှောက်တင်ကြလတ္တံ့။
၇း၁၇၄။ သူတို့ ဦးလှည့်စေအံ့ငှာ သုတ်ဒေသနာများကို ဤသို့ ရှင်းလင်းဆုံးဖြတ်ပေးတော်မူ၏။
၇း၁၇၅။ ငါ၏ သုတ်ဒေသနာတော်အားချီးမြှင့်ပေးသော်လည်းသူ့ကိုယ်သူ ထိုမှ ဖြတ်ကျော်၍ မကောင်းဆိုးဝါးအားလိုက်နာလျက် တိမ်းပါးရသူ တို့၌ ဖြစ်သွားရသော သူ၏ သတင်းအားအသင် ရွတ်ပြလော့။
၇း၁၇၆။ ငါ၏ စံချိန်ပြည့်ခဲ့လျှင် သူ့အားထို၌ မြှောက်စားပြီးဖြစ်လတ္တံ့။ သို့သော် မြေကြီးသို့ ဖက်တွယ်လျက် လိုဘကို လိုက်သော သူ၏ ပမာသည် သင်က ဝန်ပိစေလျှင်လည်းဟဲထိုးလျှာထုတ်နေသော၊ ချန်ထားလျှင်လည်းဟဲထိုးလျှာထုတ်နေသော ခွေးကဲ့သို့ ဖြစ်၏။ ငါ၏ သုတ်ဒေသနာများအားငြင်းဆန်သော လူမျိုး၏ ဥပမာ သည် ဤသို့ပင် ဖြစ်၏။ ဖေါ်ပြချက်ကို စဉ်းစားသုံးသပ်အံ့ငှာ သူတို့အားပြန်လည် ဖေါ်ပြလော့။
၇း၁၇၇။ ငါ၏ သုတ်ဒေသနာများအားငြင်းဆန်သော၊ မိမိစရိုက်ကို မိမိ မိုက်ကြေးခွဲသော လူမျိုးသည် အကုသိုလ်ကောင်များပမာ ဖြစ်၏။
၇း၁၇၈။ ပရမတ် ဘုရားရှင်က လမ်းညွှန်သော သူသည် လမ်းညွှန်ခံရသူ ဖြစ်၏။ လမ်းလွဲစေသောသူ ထိုသူတို့သည် ဆုံးရှုံးရသူများဖြစ်၏။
၇း၁၇၉။ ဧကန်ပင် များစွာသော ကလျာဏနှင့် အန္ဓပုတုဇဉ်တို့ အတွက် ငရဲဘုံကို ငါ ပွားများစေ၏။ သူတို့၌ နှလုံးသားရှိ၏၊ ၎င်းဖြင့် ခံစားနားလည်မှု မရှိ။ သူတို့၌ မျက်လုံးများရှိ၏၊ ၎င်းဖြင့် အမြင် မရှိ။ သူတို့၌ နားများရှိ၏၊ ၎င်းဖြင့် အကြားမရှိကြချေ။ ထိုသူများသည် တိရိစ္ဆာန်များကဲ့သို့ ဖြစ်၍ ထို့ထက်ပင် ပို၍ လွဲမှားနေကြ၏။ ထိုသူများသည်ကားမေ့လျော့ နေသူများဖြစ်ကြ၏။
၇း၁၈၀။ ပရမတ်ဘုရားရှင် အတွက် အလွန် သပ္ပါယ်သော ဂုဏ်တော်များရှိ၏။ ၎င်းတို့အားဖြင့် တသဆုတောင်းကြလော့။ အရှင်၏ ဂုဏ်တော်များအားလှီးလွှဲသောသူများ၏ အဖြစ်ကို ချန်ခဲ့ကြလော့။ ကျင့်ကြံလေ့ ရှိမှုများကြောင့် အစားပေးခြင်းခံရလတ္တံ့။
၇း၁၈၁။ ငါ ဖြစ်တည်ပေးသည့် အသိုင်းအဝိုင်းများတွင် အမှန်တရားအားလမ်းညွှန်လျက် တန်းတူညီမျှ ဖြစ်စေသူတို့ ရှိ၏။
၇း၁၈၂။ ငါ၏ သုတ်ဒေသနာများအားငြင်းဆန်သောသူများကို သူတို့ မသိ သော နေရာမှ အခွင့်အလမ်းလျော့ပါးနေစေ၏။
၇း၁၈၃။ သူတို့အတွက် အချိန်ပေးထား၏။ ဧကန်ပင် ငါ၏ နည်းဗျူဟာသည် အင်အားကောင်းတော်မူ၏။
၇း၁၈၄။ သူတို့၏ ပေါင်းဖေါ်သည် ရူးနေသူ မဟုတ်ကြောင်းသူသည် ရှင်းလင်းထင်ရှားသော သတိပေးသူသာ ဖြစ်ကြောင်းစဉ်းစားသုံးသပ်မိခြင်းမရှိသလော။
၇း၁၈၅။ မိုးများနှင့် မြေကမ္ဘာအားအစိုးရခြင်း၊ ပရမတ်ဘုရားရှင်၏ ဖြစ်တည်ပေးသမျှသော အရာအားလုံးနှင့်၊ သူတို့၏ သတ်မှတ်ကာလသည် နီးကပ် လာနိုင်ရာ၏ ဟူသည်ကို၊ မကြည့်မိကြသလော။ ဤသည်၏နောက် မည့်သည့် ဆင့်ပြန်ချက်အားသက်ဝင်ယုံကြည်ကြမည်နည်း။
၇း၁၈၆။ ပရမတ်ဘုရားရှင်က အပါယ်၌ထားသော သူအတွက် လမ်းညွှန်သူ မရှိချေ။ သူတို့အားမျက်ကန်းတောတိုးဘ၀ဖြင့် စည်းဖျက်မှု ထဲ၌ ချန်ထားခဲ့၏။
၇း၁၈၇။ ရပ်တန့်နေမည့် အချိန်နာရီ အကြောင်းမေးမြန်းသူတို့အား၊ ဟောလော့၊ “၎င်းအားသိခြင်းပညာသည် ကံကြမ္မာရှင်၏ ထံ၌သာ ရှိ၏။ ရက်ချိန်းစေ့လျှင် အရှင်မှအပ ၎င်းအားတောက်ပစေနိုင်သူ ဟူ၍ မရှိ။ ၎င်းသည် မိုးများနှင့် မြေအားအလေးစီးလျက် သင်တို့ထံသို့ ရုတ်တရက် ဆိုက်ရောက်လာလိမ့်မည်။” ၎င်း၌ သင့်အားတွန်းတိုက် မေးလာသူတို့အားဟောလော့ “ထိုအရာအားသိခြင်းပညာမှာ ပရမတ်ဘုရားရှင်၏ ထံ၌သာ ရှိ၏။ သို့ရာတွင် လူသားအများစုသည် သိကြသည် မဟုတ်ချေ။”
၇း၁၈၈။ ဟောလော့ “ကျွန်ုပ်သည် ပရမတ်ဘုရားရှင် စံချိန်ပြည့်စေသည် မှအပ ကျွန်ုပ်၏ စရိုက်အတွက် ကောင်းကျိုးဆိုးကျိုးကိုပင် အစိုးရခြင်းမရှိချေ။ အကယ်၍ ကျွန်ုပ်သည် မျက်ကွယ်များကို သိနိုင်ခဲ့လျှင် အကောင်းပေါင်းများစွာကို ရယူပြီးဖြစ်၍၊ ကျွန်ုပ်၌ အကုသိုလ် ထိသက် မည်ဟူ၍ မရှိချေ။ ဧကန်ပင် ကျွန်ုပ်သည် သက်ဝင်ယုံကြည်သော လူမျိုးအတွက် သတိပေးသူ သတင်းကောင်းပါးသူ မျှသာ ဖြစ်၏။
၇း၁၈၉။ အရှင်သည် သင်တို့အားဉာဉ်စရိုက် တစ်မျိုးထဲမှ ဖြစ်တည်စေ၏၊ သူသည် သူမထံ အခြေချစေရန် စုဖွဲ့မှုကို စီစဉ်တော်မူ၏။ သူသည် သူမအားလွှမ်းခြုံသောအခါ သူမသည် ပေါ့ပါးသော ကိုယ်ဝန်ကို သယ်ပိုးလျက် ဆက်လက် သွားလာ၏။ အလေးစီးလာသော် ပရမတ်ဘုရားရှင်ထံ၌ “အို- ကံကြမ္မာရှင် တပည့်တော်တို့အားပြုပြင်ပြောင်းလဲသူကို ပေးအပ်လေလျှင် တပည့်တော်တို့ သည် ကျေဇူးသိတတ်သူများမှ ဖြစ်ရပါမည်၊”ဟု ဆုပန်၏။
၇း၁၉၀။ သို့သော် ငါသည် သူတို့အားပြုပြင်သူအားပေးသောအခါ၊ ငါ ပေးသော အရာနှင့် ငါ့အားရောပြွန်းကိုးကွယ်မှုကို စီစဉ်ကြ၏။ ပရမတ်ဘုရားရှင်သည် သူတို့ ရောပြွန်းကိုးကွယ်သော အရာထက် အထွဋ်အထိပ် ဖြစ်တော်မူ၏။
၇း၁၉၁။ တစ်စုံတစ်ရာကိုမှ ဖြစ်တည်နိုင်ခြင်းမရှိ၊ ဖြစ်တည်ခံဖြစ်သော အရာ များကို ရောပြွန်းကိုးကွယ်ကြကုန်သလော။
၇း၁၉၂။ ၎င်းတို့သည် ကူညီရန် မတတ်နိုင် ကြ၊ မိမိဉာဉ်ကိုပင် မိမိ ကူညီနိုင်ခြင်းမရှိကြ။
၇း၁၉၃။ ၎င်းတို့အားလမ်းညွှန်မှုဆီသို့ ဖိတ်ခေါ်သောအခါ၊ သင်တို့ကို မလိုက်နာကြချေ။ သူတို့အားဖိတ်ခေါ်သည် ဖြစ်စေ သို့တည်းမဟုတ် ဘာသိဘာသာနေသည် ဖြစ်စေ အလားတူပင် ဖြစ်၏။
၇း၁၉၄။ သင်တို့က ပရမတ်ဘုရားရှင်မှ လွဲ၍ ချည်းကပ်ဆုတောင်းနေကြ သော သူများသည် သင်တို့ကဲ့သို့ အမှုဆောင်များသာလျှင် ဖြစ်ကြ၏။ သင်တို့သည် ဖြောင့်မှန်သူများဖြစ်ကြလျှင် သူတို့၌ ဆုတောင်း၍၊ သူတို့အားအဖြေပေးစေ လော့။
၇း၁၉၅။ သူတို့၌ သွားလာနိုင်ရန် ခြေများရှိကြသလော။ သို့တည်းမဟုတ် ကိုင်တွယ်နိုင်ရန် လက်များရှိကြသလော။ သို့တည်းမဟုတ် အမြင်ရရန် မျက်လုံးများရှိကြသလော။ သို့တည်းမဟုတ် ကြားနာ မှတ်သားနိုင်ရန် နားများရှိကြသ လော။ ဟောလော့ “သင်တို့၏ ရောပြွန်းကိုးကွယ်ရာများ၌ ဆုတောင်းကြလော့၊ ငါ့အားစောင့်ကြည့်နေခွင့် မရှိစေဘဲ ဆန့်ကျင်ရန် ကြံစည်ကြလော့။”
၇း၁၉၆။ ကျွန်ုပ်၏ မဟာမိတ်မှာ ကျမ်းတော်ကို ချမှတ်ပေးသော အရှင်- ပရမတ်ဘုရားရှင်သည် ဖြစ်၏။ အရှင်သည် ပြုပြင် သူတို့ထံ လှည့်တော်မူ၏။
၇း၁၉၇။ အရှင့် မှလွဲ၍ ဆုတောင်းခံများသည်ကားအသင်တို့အားကူညီရန် မတတ်နိုင်ကြ။ သူတို့ စရိုက်ကိုလည်းသူတို့ မကူညီနိုင်ကြချေ။
၇း၁၉၈။ အကယ်၍ အသင်တို့က လမ်းညွှန်မှုဆီသို့ ဖိတ်ခေါ်လျှင်လည်းကြားနိုင်ကြသည် မဟုတ်ချေ။ သူတို့က အသင့်ထံ ကြည့်နေသည်ဟု သင် မြင်ရ သော်လည်းအမြင်ရှိကြသူများမဟုတ်ချေ။
၇း၁၉၉။ ကျေအေးခြင်းကို စွဲယူလျက် အသိအမှတ်ပြုအောင် ညွှန်ကြားလော့၊ ပညာမဲ့တို့နှင့်စပ်လျဉ်း၍ ဘောင်ထားလော့။
၇း၂၀၀။ မကောင်းဆိုးဝါး၏ သွေးခွဲ ခြင်းဖြင့် သင့်အားသွေးခွဲခံရသော်၊ ပရမတ်ဘုရားရှင်၌ ခိုလှုံလော့။ ဧကန်ပင် အရှင်သည် ကြားနေသော အရှင် သိနေသော အရှင်ဖြစ်၏။
၇း၂၀၁။ စည်းစောင့်သောသူတို့သည် မကောင်ဆိုးဝါး၏ လှည့်ပတ်မှု ထိသက် သောအခါ၊ ဆင်ခြင်သတိ ရှိကြ၏။ သို့ဖြင့် ခွဲခြားမြင်နိုင်ကြ၏။
၇း၂၀၂။ သူတို့၏ ညီနောင်သားချင်းများသည် သူတို့အားတိမ်းပါးမှုသို့ တိုးရွေ့စေ၏၊ သူတို့သည် မရပ်တန့် နိုင်ကြချေ။
၇း၂၀၃။ သူတို့အားနိမိတ်လက္ခဏာ တစ်ရပ် မပေးရောက်လျှင် “သင်သည် အဘယ်ကြောင့် မရွေးချယ်သနည်း၊”ဟု ဆိုကြ၏။ ဟောလော့ “ကျွန်ုပ်သည်ကားကံကြမ္မာရှင်က ကျွန်ုပ်ထံ အာရုံဈာန်ပေးသည် ကိုသာ လိုက်နာသူ ဖြစ်၏။ ဤသည် ယုံကြည်သော လူမျိုးအတွက် ကံကြမ္မာရှင်၏ ထံမှ အမြင်ပေါက်ခြင်းလမ်းညွှန် ကရုဏာတော် ဖြစ်၏။”
၇း၂၀၄။ ကုရ်အာန်အားရွတ်ဖတ်နေစဉ်၊ ကရုဏာသက်ခံရအံ့ငှာ ၎င်းအားဂရုတစိုက် ကြားနာကြလော့။
၇း၂၀၅။ သင်၏ စိတ်တွင်း၌ နိဝါတတရား၊ ကြောက်ရွံ့ ရိုသေမှု တရားဖြင့် မနက်စောစောနှင့် နေကျချိန်များ၌ စကားသံ မကျယ်ဘဲ ကံကြမ္မာရှင်အားရှုမှတ်သတိရလော့။ မေ့လျော့ နေသူများမှ မဖြစ်စေနှင့်။
၇း၂၀၆။ ကံကြမ္မာရှင်၏ ထံ၌ ရှိသော သူများသည် အမှုတော်ထမ်းခြင်းနှင့် အရှင်အားဦးထိပ်ထားခြင်းကို အံတုလျက် မာနတက်နေသူများမဟုတ်ချေ။ အရှင့်အားဦးချရိုကျိုးလျက် ရှိ၏။
ဓမ္မခန္ဓာ (၈) အပိုထည့်ဝင်ခြင်း
ဉာဏ်စဉ်ကိန်းဝပ်ပေးမှု အမှတ်စဉ် (၈၈)၊ သုတ်ဒေသနာ (၇၅)ပါး၊
ကရုဏာရှင် အကြင်နာရှင် ဖြစ်တော်မူသော ပရမတ်ဘုရားရှင်၏ ဂုဏ်တော်အားဖြင့်-
၈း၁။ အပိုထည့်ဝင်ခြင်းများနှင့် စပ်လျဉ်း၍ မေးမြန်းလာလျှင် ဟောလော့ “အပိုထည့်ဝင်ခြင်းများသည် ပရမတ်ဘုရားရှင်နှင့် ဉာဏ်စဉ်ဆောင်တို့ အဘို့ ဖြစ် ၏။ ပရမတ်ဘုရားရှင်အားစည်းစောင့်ကြလော့၊ သင်တို့ စပ်ကြားအခြေအနေကို ပြုပြင်ကြလော့၊ သင်တို့သည် ယုံကြည်သူများဖြစ်ကြလျှင် ပရမတ်ဘုရားရှင်နှင့် အရှင်၏ ဉာဏ်စဉ်ဆောင်အားနာခံကြလော့။
၈း၂။ သတိယူရှုမှတ်သောအခါ စိတ်နှလုံးတုန်လှုပ်ခြင်းရှိသော သူ၊ အရှင်၏ သုတ်ဒေသနာများအားရွတ်ဖတ်သောအခါ ယုံကြည်သက်ဝင်ခြင်း၌ တိုးပွား၍၊ ယုံကြည်သူများသည် ကံကြမ္မာရှင်အားကိုးစားကြ၏။
၈း၃။ သူတို့သည် ဝတ်ပြု မြဲကြ၏။ ငါအရှင်ပေးရာ ရိက္ခာများမှ ပေးကမ်းသုံးစွဲကြကုန်၏။
၈း၄။ ထိုသူများသည် သာ ယုံကြည်သူ စင်စစ်များဖြစ်၏။ သူတို့ အတွက် ကံကြမ္မာရှင်၏ထံပါး၌ အခွင့် အလမ်း၊ လွတ်ငြိမ်းခွင့်နှင့် ကျက်သရေ ရှိသော ရိက္ခာကောင်းများရှိနေ၏။
၈း၅။ ကံကြမ္မာရှင်က သင့်အားသင်၏အိမ်မှ အမှန်အကန် ထွက်ခွာစေ သကဲ့သို့ ယုံကြည်သူများမှ တစ်ဖွဲ့သည် စိတ်ပြတ်သားမှု မရှိကြချေ။
၈း၆။ ထို အမှန် တရားအားရှင်းလင်းထင်ရှားစေ ပြီးနောက်- ကြည့်နေစဉ်ပင် သူတို့အားသေခြင်းတရားဆီသို့ မောင်းထည့်ခံရသည့်အလားသင့်အားစောဒက တက်ကြ၏။
၈း၇။ ပရမတ်ဘုရားရှင်က အုပ်စုနှစ်စုမှ တစ်စုသည် သင်တို့ အတွက် ဟု ကတိတော်ထားသောအခါ၊ သင်တို့သည် လက်နက် မကိုင်သော အုပ်စုကိုသာ သင်တို့အတွက် ဖြစ်စေလိုကြ၏။ ပရမတ်ဘုရားရှင်သည် အရှင်၏ သစ္စာတရားတော်အားအမှန်အတိုင်းဖြစ်စေရန်၊ ရန်သူတို့၏ အခြေအမြစ်များကို ဖြတ်တောက် ပစ်ရန် လိုလား၏။
၈း၈။ ရာဇဝတ်ကောင်များက မကြိုက်လျှင်လည်း၊ အမှန်သည် အမှန်ပင် ဖြစ်၍၊ အမှားသည် အမှားပင် ဖြစ်၏။
၈း၉။ သင်တို့သည် ကံကြမ္မာရှင်ထံ အသနားခံသောအခါ၊ အရှင်သည် သင်တို့အားကျောမှကပ်လျက် နိမိတ်ဆောင် တစ်ထောင်ဖြင့် တိုးပွားစေမည်ဟု တုန့်ပြန်ခဲ့၏။
၈း၁၀။ ပရမတ်ဘုရားရှင်သည် ၎င်းကို သတင်းကောင်းအဖြစ်နှင့် သင်တို့ ၏ စိတ်နှလုံးများဘဝင်ကျစေရန်မှအပ စီစဉ်ပေးခြင်းမဟုတ်ချေ။ ကူညီမှုများသည် ပရမတ်ဘုရားရှင်၏ ထံမှသာ ဖြစ်၏။ ဧကန်ပင် ပရမတ်ဘုရားရှင်သည် ဘုန်းတော်ရှင် ဓမ္မသတ်ရှင် ဖြစ်တော်မူ၏။
၈း၁၁။ သင်တို့အားယုံကြည်စိတ်ချစွာ မှေးစက်ခြင်းကို လွှမ်းခြုံပေး၏။ သန့်စင်နိုင်ရန်၊ မကောင်းဆိုးဝါး၏ ဆိုးကျိုးများကို ရုပ်သိမ်းစေရန်၊ စိတ်နှလုံးများတက်ကြွစေရန် စုံရပ်ခံမှုကို ခိုင်မာစေရန် သင်တို့အပေါ်သို့ ကောင်ကင်းယံမှ ရေကို သွန်းချပေးတော်မူ၏။
၈း၁၂။ ကံကြမ္မာရှင်က နိမိတ်ဆောင်များထံ အာရုံဖြစ်စေသည်မှာ “ငါအရှင် သည် သင်တို့နှင့်အတူ ရှိ၏၊ သို့ဖြစ်၍ သင်တို့သည် ယုံကြည်သော သူများအားရပ်တည်ချက်ခိုင်မာစေလော့၊ ရန်သူတို့၏ စိတ်နှလုံးသို့ ကြောက်လန့်မှုကို ငါ ခင်းကျင်းပေးလတ္တံ့၊ သို့ဖြစ်၍ သူတို့၏ တပ်ဦးများကို ဖြတ်တိုက်ကြလော့၊ တပ်ဆွယ်ကိုယ်စီအားဖြတ်တိုက်ကြလော့။
၈း၁၃။ ဤသည်မှာ ပရမတ်ဘုရားရှင်နှင့် အရှင်၏ ဉာဏ်စဉ်ဆောင်အားဂိုဏ်းခွဲမှုကြောင့်ပင်။ ပရမတ်ဘုရားရှင်နှင့် အရှင်၏ ဉာဏ်စဉ်ဆောင်အားဂိုဏ်းခွဲသော မည်သူ့အားမဆို၊ ဧကန်ပင် ပရမတ်ဘုရားရှင် သည် ပြတ်သားစွာ ချုပ်ကိုင် နိုင်တော်မူ၏။
၈း၁၄။ ဤသို့- ၎င်းအားမြည်စမ်းကြလော့၊ ယင်းသည် ရန်သူများအတွက် အပူမီးဝဋ်ကြွေးပင် ဖြစ်၏။
၈း၁၅။ အို- ယုံကြည်သောသူတို့ အသင်တို့သည် ရန်သူ ထိုးစစ်နှင့် ထိပ်တိုက်ဆုံသော် နောက်တန်းသို့ ဘက်မလှည့်ကြနှင့်။
၈း၁၆။ ထိုကာလ၌ စစ်ချီ စစ်ပြောင်းစစ်ကူပေါင်းရန်မှ တပါးတပ်နောက်တန်းသို့ လှည့်သူသည် ပရမတ် ဘုရားရှင်၏ ထံမှ ကံကြီးသင့်မှုကို ဆွဲယူနေ၍ အမင်္ဂလာ ခရီးဆုံးဖြစ်သည့် ငရဲဘုံ သည် သူ၏ ခိုလှုံရာ ဖြစ်၏။
၈း၁၇။ သင်တို့သည် သူတို့အားခုခံတိုက်ခိုက်သည် မဟုတ်၊ ပရမတ်ဘုရားရှင်က သူတို့အားခုခံတိုက်ခိုက်ခြင်းဖြစ်၏၊ သင်သည် သူတို့အားပစ်ခတ်သောအခါ သင် ပစ်ခတ်သည် မဟုတ် ပရမတ်ဘုရားရှင်က ပစ်ခတ်ခြင်းသာ ဖြစ်၏။ အရှင်သည် ယုံကြည်သူတို့အားတင့်တယ်သော စုံစမ်းခြင်းဖြင့် စုံစမ်းတော်မူ၏။ ဧကန်ပင် ပရမတ်ဘုရားရှင်သည် ကြားနေသောအရှင် သိနေသော အရှင် ဖြစ်၏။
၈း၁၈။ ဤသည်မှာ ပရမတ်ဘုရားရှင်အားရန်သူတို့၏ နည်းဗျူ ဟာအားအားပျော့စေအံ့ငှာ ဖြစ်၏။
၈း၁၉။ ထွက်ပေါက်ကို တောင်းဆိုကြလျှင် ထွက်ပေါက်သည် သင်တို့ ထံသို့ မုချ ရောက်လာပေအံ့။ အကယ်၍ စစ်ရပ်စဲကြလျှင် သင်တို့အဘို့ ပို၍ ကောင်း၏။ အကယ်၍ ဆက်တိုက်ကြလျှင် ငါသည်လည်းဆက်တိုက်တော်မူအံ့၊ ထိုအခါ သင်တို့သည် မည်မျှပင် များပြားစေကာမှု သင်တို့၏တပ်သည် တစ်စုံတစ်ရာ ပြည့်စုံမည် မဟုတ်ချေ။ ဧကန်ပင် ပရမတ်ဘုရားရှင်သည် ယုံကြည်သူများနှင့် အတူတကွ ရှိတော်မူ၏။
၈း၂၀။ အို- သက်ဝင်ယုံကြည်သော သူတို့ ပရတ်ဘုရားရှင်နှင့် အရှင့် ဉာဏ်စဉ်ဆောင်အားနာခံကြလော့၊ သင်တို့သည် ကြားနာလျက် ဘက်မလှည့်ကြ ကုန်နှင့်။
၈း၂၁။ ကျွန်ပ်တို့ ကြားပါသည်ဟု ဆိုလျက် မနာယူသော ထိုသူတို့ ကဲ့သို့ မဖြစ်စေနှင့်။
၈း၂၂။ ဧကန်ပင် ပရမတ်ဘုရားရှင်၏ ထံ၌ အဆိုးဆုံးသော သတ္တဝါမှာ ပင်း၊ အ၊ အတွေးအခေါ် မရှိသော ပြိတ္တာပင် ဖြစ်၏။
၈း၂၃။ ပရမတ်ဘုရားရှင်သည် သူတို့ထံ၌ ကောင်းမှု တစ်စုံတစ်ရာကို သိခဲ့ရလျှင် သူတို့အားကြားနာစေတော်မူအံ့၊ အကယ်၍ သူတို့အားကြားနာစေတော်မူငြားလည်းသူတို့သည် ဘက်လှည့်၍ ဘောင်ကန့်ထားသူများဖြစ်ကြ၏။
၈း၂၄။ အို- ယုံကြည်သောသူတို့ ပရမတ်ဘုရားရှင်နှင့် အရှင်၏ ဉာဏ်စဉ်ဆောင်က သင်တို့အားအသက်ရှင်ကြောင်းတရားသို့ ဖိတ်ခေါ် သောအခါ အဖြေပေးကြလော့၊ ပရမတ်ဘုရားရှင်သည် ရုပ်နှင့် နာမ်စပ်ကြားစည်းဖြစ် ကြောင်း သိကြကုန်လော့၊ ဧကန်ပင် အရှင်၏ထံသို့သာ စုစည်းခံရစေမည် ဖြစ်၏။
၈း၂၅။ သင်တို့အနက် မိုက်ကြေးခွဲသောသူများအတွက်သာ ရွေးချယ်၍ စမ်းသပ်ခံရမည် မဟုတ်သော ဆိုးကျိုးဆက်မှ စည်းစောင့်ကြလော့၊ ဧကန်ပင် ပရမတ်ဘုရားရှင်သည် ပြတ်သားစွာ ချုပ်ကိုင်နိုင်တော်မူသည်ကို သိကြကုန်လော့။
၈း၂၆။ သင်တို့သည် မြေကမ္ဘာ၌ အားအင်ချိနဲ့သော အနည်းစု ဖြစ်ခဲ့၍ လူသားများက သင်တို့အားအင်အားသုံးသုတ်ငင်ပစ်မည်ကို ကြောက်ရွံ့နေရစဉ် အရှင်သည် သင်တို့အားခိုလှုံရာပေးခဲ့ခြင်း၊ ကူညီထောက်ပံ့ခဲ့ခြင်း၊ သင်တို့ ကျေးဇူးသိတတ် အံ့ငှာ စင်ကြယ်ရာများမှ ရိက္ခာပေးခဲ့ခြင်းများကို သတိရကြလော့။
၈း၂၇။ အို- ယုံကြည်သောသူတို့ သင်တို့သည် ပရမတ်ဘုရားရှင်နှင့် ဉာဏ်စဉ်ဆောင်အားသစ္စာမမဲ့ကြနှင့်၊ သင်တို့၌ ယုံကြည်စွာ အပ်နှံထားသည် များကို သိနေလျက်နှင့် သစ္စာမမဲ့ကြကုန်နှင့်၊
၈း၂၈။ သိကြကုန်လော့၊ သင်တို့၏ ဥစ္စာပစ္စည်းများ၊ ရင်သွေးများသည် စမ်းသပ်မှုတစ်ရပ်ပင် ဖြစ်၏၊ ဧကန်ပင် ပရမတ်ဘုရားရှင်၏ ထံပါး၌ မဟာဆုလဒ်ကြီးရှိ၏။
၈း၂၉။ အို- ယုံကြည်သောသူတို့ ပရမတ်ဘုရားရှင်အားစည်းစောင့်ကြ လေ လျှင်၊ အရှင်သည် သင်တို့အတွက် ခွဲခြမ်းစိတ်ဖြာ ဖွင့်ဆိုချက်ကို စီစဉ် ပေးတော်မူ လတ္တံ့၊ သင်တို့၏ အကုသိုလ်များကို ဖုံးကွယ်ပေးလျှက် သင်တို့အားလွတ်ငြိမ်းစေ တော်မူလတ္တံ့၊ ပရမတ်ဘုရားရှင်သည်ကားမဟာ့မဟာ သိက္ခာပေးသော အရှင် ဖြစ်၏။
၈း၃၀။ ရန်သူတို့သည် သင့်အားမလှုပ်ရှားနိုင်ရန်၊ သတ်ဖြတ်ရန်၊ ပြည်နှင်ရန် ကြံစည်ကြသောအခါ၊ သူတို့ကြံစည်သည်နှင့် အညီ၊ ပရမတ်ဘုရားရှင်သည် ကြံစည်နေတော်မူ၏။ ပရမတ်ဘုရားရှင်သည် အကောင်းဆုံးကြံစည်နိုင်သော အရှင် ဖြစ်၏။
၈း၃၁။ သူတို့အားငါ၏ သုတ်ဒေသနာများကို ရွတ်ဖတ်ပြသောအခါ၊ ကျွန်ုပ်တို့ ကြားဘူးပြီ ဖြစ်၏၊ ကျွန်ုပ်တို့လည်းစံချိန်ပြည့်ခဲ့လျှင် ဤကဲ့သို့ ပြောပြ နိုင်၏၊ ဤသည် ရှေးသရောအခါက ဒဏ္ဍာရီများသာ ဟု ဆိုကြလေ၏။
၈း၃၂။ သူတို့က အို- ပရမတ်ဘုရားရှင် ဤသည် အရှင်၏ထံတော်မှ အစစ် အမှန် ဖြစ်ခဲ့သော် တပည့်တော်တို့ အပေါ်သို့ ကျောက်တုံးများကို ကောင်းကင် ထက်မှ ရွာသွန်းစေတော်မူပါ၊ သို့မဟုတ် အလွန်စူးနစ်သော ဝဋ်ကြွေးကို ဆိုက် ရောက်စေပါဟု ဆိုကြ၏။
၈း၃၃။ သူတို့အထဲတွင် သင်ရှိ နေသဖြင့် ပရမတ်ဘုရားရှင် က သူတို့အားဝဋ်ကြွေးသင့်စေမည် မဟုတ်။ ပရမတ်ဘုရားရှင်က သူတို့အားဝဋ်ကြွေးသင့်သူများမဖြစ်စေပေ၊ သူတို့သည် လွတ်ငြိမ်းဆုပန်နေကြ၏။
၈း၃၄။ သို့သော် သူတို့အားပရမတ် ဘုရားရှင်က ဝဋ်ဒဏ် မသင့်စေရန် အကြောင်းမရှိချေ။ သူတို့သည် ဘေးမဲ့ ဝတ်ကျောင်းတော်မှ ဖယ်ခိုင်းကြ၏။ သူတို့သည် ၎င်း၏ မဟာမိတ်များမဟုတ်ချေ။ စည်းစောင့်သူများသည်သာ မဟာမိတ်များဖြစ်ကြ၏၊ သို့ရာတွင် အများစုကြီးမှာ အသိ မရှိကြချေ။
၈း၃၅။ အမှန်မှာ အိမ်တော်၌ သူတို့၏ ဝတ်ပြုခြင်းသည် လေချွန်ခြင်းလက်ခုပ်တီးခြင်းမျှသာ ဖြစ်၏၊ သင်တို့သည် ဖုံးကွယ်လေ့ ရှိသည့်အတွက် ဝဋ်ကြွေးဒဏ်အားမြည်းကြလော့။
၈း၃၆။ ဖုံးကွယ်သော သူတို့သည် သူတို့၏ ဥစ္စာပစ္စည်းများကို ပရမတ် ဘုရားရှင်၏ လမ်းစဉ်တော်မှ ရှောင်ဖယ်စေရန် သုံးစွဲကြကုန်၏၊ သို့သုံးစွဲလျက်ပင် ၎င်းတို့သည် သူတို့အတွက် ကြေကွဲစရာ ဖြစ်ရလတ္တံ့၊ သူတို့သည် အနိုင်ယူခံရ လတ္တံ့၊ ထို့နောက် ဖုံးကွယ်သောသူတို့အားငရဲဘုံသို့ စုစည်းခံရစေမည်ပင်။
၈း၃၇။ ပရမတ်ဘုရားရှင်သည် မသန့်သူများကို စင်ကြယ်သူများမှ သီးခြားစီစဉ်၍၊ အချို့ မသန့်သူများအပေါ် အချို့ကို ဆင့်ကာ ငရဲဘုံတွင်းအားလုံးစုပြုံသူများအဖြစ် စီစဉ်လတ္တံ့။ သူတို့သည် ဆုံးရှုံးရသူတို့ ဖြစ်၏။
၈း၃၈။ ဖုံးကွယ်သောသူများအ ဟောကြားလော့၊ စစ်ရပ်စဲကြလျှင်၊ အတိတ်ဖြစ်ရပ်များမှ သူတို့အားလွတ်ငြိမ်းစေ လတ္တံ့၊ ဆက်တိုက်ကြလျှင် ရှေးလူများအတွက် ဆုံးဖြတ်ပြီးဓလေ့အတိုင်းဖြစ်စေ လတ္တံ့။
၈း၃၉။ သွေးတိုးစမ်းခြင်းမရှိတော့သည်ထိ သူတို့အားခုခံတိုက်ကြလော့၊ သာသနာ အလုံးစုံသည် ပရမတ်ဘုရားရှင် အတွက်သာ ဖြစ်သင့်၏၊ အကယ်၍ သူတို့ဘက်မှ ရပ်စဲကြလျှင် ဧကန်ပင် ပရမတ်ဘုရားရှင်သည် ကျင့်ကြံသမျှကို မြင်နေသော အရှင်ဖြစ်၏။
၈း၄၀။ အကယ်၍ သင်တို့သည် ဘက်လှည့်ခံခဲ့ရလျှင်၊ ဧကန်ပင် ပရမတ် ဘုရားရှင်သည် သင်တို့အတွက် မဟာမိတ် ဖြစ်ကြောင်းသိကြကုန်လော့။ အရှင် သည် ဂုဏ်ပေးသော မဟာမိတ်၊ ဂုဏ်ပေးသော ကူညီသူ ဖြစ်၏။
၈း၄၁။ ငါ ပရမတ် ဘုရားရှင်က ခွဲခြားသိသောနေ့နှင့် တပ်စုနှစ်ခု ရင်ဆိုင် တွေ့သော နေ့၌ ငါ၏ အမှုတော်ဆောင်အားချမှတ်ပေးသည်တို့ကို သင်တို့ ယုံကြည်ကြလျှင် စစ်လျော် ကြေးရသည်များမှ ငါးပုံတစ်ပုံသည် ပရမတ်ဘုရားရှင်၊ ဉာဏ်စဉ်ဆောင်၊ ကိုယ် စောင့်တပ်များ၊ မိဘမဲ့များ၊ နွမ်းပါးသူများနှင့် လမ်းစဉ်တော်၏ သားများအတွက် ဖြစ်သည်ကို သင်တို့ သိကြကုန်လော့။ ဧကန်ပင် ပရမတ်ဘုရားရှင်သည် သဗ္ဗလုံးစုံ အားစည်းချိန် ချမှတ်တော်မူ၏။
၈း၄၂။ သင်တို့က ဤမှာဘက်၊ သူတို့က ဝေးကွာသောဘက်နှင့် ကုန်သည် ယာဉ်တန်းက သင်တို့ထက် အနိမ့်ဘက်တွင် ရှိနေ သောအခါ၊ အကယ်၍သာ သင်တို့သည် ထိုသို့ ကတိထားလျှင်ပင်၊ ထိုကတိသည် လွဲခဲ့ကြမည်ပင်။ သို့ရာတွင် ပျက်သုဉ်းစေမည့်သူအားရှင်းလင်းစွာ ပျက်သုဉ်းစေရန်၊ ရှင်သန်သူအားရှင်းလင်းစွာ ရှင်သန်နိုင်ရန် ပရမတ်ဘုရားရှင်သည် ညွှန်ကြားချက်အားဆုံးဖြတ်ပြီးဖြစ်၏။ ဧကန်ပင် ပရမတ်ဘုရားရှင်သည် ကြားနေသောအရှင် သိနေသော အရှင် ဖြစ်တော် မူ၏။
၈း၄၃။ ပရမတ်ဘုရားရှင်သည် သင် အိပ်စက်စဉ်၌ သူတို့၏ အင်အားကို အနည်းငယ်သာ မြင်စေ၏၊ အကယ်၍ သူတို့၏ အင်အားကို မြောက်များစွာ မြင်စေခဲ့လျှင် သင်တို့သည် စိတ်ဓါတ်ကျမည့် အပြင်၊ ထိုအရေး၌ သင်တို့ အချင်းချင်းဖယ်ပစ်နေကြမည်ပင်၊ သို့ရာတွင် ပရမတ်ဘုရားရှင်သည် သင်တို့အားငြိမ်ချမ်းစေတော်မူ၏၊ ဧကန်ပင် အရှင်မြတ်သည် သူတို့၏ ရင်ဘတ် ခံစားချက်များအားဖြင့် သိနေသော အရှင် ဖြစ်၏၊
၈း၄၄။ သင်တို့ ဆုံတွေ့သောအခါ သင်တို့ မျက်လုံးတွင် သူတို့၏ အင်အားကို အနည်းငယ်ဟု မြင်စေ၏၊ သင်တို့သည်လည်းအနည်းငယ် မျှသာဟု သူတို့မျက်လုံးတွင် ထင်စေ၏၊ ပရမတ်ဘုရားရှင်က ညွှန်ကြားချက်အားဆုံးဖြတ် စီမံပြီးဖြစ်၏၊ အရေးအရာများသည် ပရမတ် ဘုရားရှင်၏ ထံသို့သာ ဦးလှည့်ရမည်သာ တည်း။
၈း၄၅။ အို- ယုံကြည်သောသူတို့၊ တပ်တစ်ခုနှင့် ထိပ်တိုက်ဆုံသော အခါ၊ ရပ်တည်ချက် ခိုင်မာကြလော့၊ အောင်မြင်ပေါက်မြောက်အံ့ငှာ ပရမတ်ဘုရားရှင် အားမြောက်များစွာ သတိရရှုမှတ်ကြလော့။
၈း၄၆။ ပရမတ်ဘုရားရှင်နှင့် အရှင်၏ ဉာဏ်စဉ်ဆောင်အားနာခံကြလော့၊ မဖယ်ပစ်ကြနှင့်၊ စိတ်ဓါတ်မကျကြနှင့် သို့ဖြစ်လျှင် လေလျှော့နည်းနိုင်၏၊ သည်းခံပါရမီရှိကြလော့၊ ဧကန်ပင် ပရမတ် ဘုရားရှင်သည် သည်းခံပါရမီရှိသူများနှင့် အတူ ရှိနေတော်မူ၏။
၈း၄၇။ လူသားတို့အားပြစားရန် သူတို့၏ အိမ်များမှ ဟန်ရေးထုတ် ထွက်ခွာလာကြလျက် ပရမတ်ဘုရားရှင်၏ လမ်းစဉ်တော်မှ ရှောင်ဖယ်ကြသော သူများကဲ့သို့ မဖြစ်ကြကုန်နှင့်၊ ပရမတ်ဘုရားရှင်သည် ကျင့်ကြံလေ သမျှအားဝိုင်းဝန်းထားတော်မူ၏၊
၈း၄၈။ သူတို့၏ ကျင့်ကြံမှုအားမကောင်းဆိုးဝါးက ဖမ်းစားထားလျက်၊ “ဤနေ့၌ သင်တို့အားအနိုင်ရမည့်သူ တစ်ဦးတစ်ယောက်မှ မရှိ၊ ကျွန်ုပ်သည်ကားသင်တို့အားကာကွယ်ထားသူ ဖြစ်၏၊” ဟု ကြွေးကြော်၏၊ သို့သော် တပ်နှစ်ခု ပက်ပင်းတိုးသောအခါ၊ သူသည် သူ့နိဂုံးသို့ လှည့်ပြေးလျက် “ကျွန်ုပ်သည် သင်တို့ထံမှ ကင်းရှင်း၏၊ သင်တို့ မမြင်နိုင်သည်များကို ကျွန်ုပ် မြင်၏၊ ကျွန်ုပ်သည် ပရမတ်ဘုရားရှင်အားကြောက်ရွံပါ၏၊ ပရမတ်ဘုရားရှင်သည်ကားပြတ်သားစွာ ချုပ်ကိုင်နိုင်တော်မူ၏။”ဟု ဆိုလေ၏။
၈း၄၉။ သီလကြောင်များနှင့် စိတ်နှလုံး၌ ရောဂါရသူများက၊ “ဤ သူတို့အားသူတို့၏ သာသနာက မြှူဆွယ်ထားလေပြီ၊”ဟု ဆိုကြ၏၊ ပရမတ်ဘုရားရှင်အားကိုးစားသော မည်သူမဆို၊ “ဧကန်ပင် ပရမတ်ဘုရားရှင်သည် ဘုန်းတော်ရှင် ဓမ္မသတ်ရှင် ဖြစ်တော်မူ၏။”
၈း၅၀။ ဖုံးကွယ်သောသူတို့အားနိမိတ်ဆောင်များက သူတို့၏ မျက်နှာချင်းဆိုင်မှ၊ ကျောနောက်မှ ဗျူဟာချ သက်တမ်းကုန်စေ သော အခါ ဤလောင်ကျွမ်းရခြင်းဝဋ်ကြွေးအားမြည်းစမ်းကြကုန်လော့ ဟု ဆိုကြ သည်ကို သင် တွေ့မြင်ရလေပြီ။
၈း၅၁။ ဤသည် သင်တို့၏ စုံရပ်ခံခဲ့သော လက်ချက် များပင် ဖြစ်၏၊ ဧကန်ပင် ပရမတ်ဘုရားရှင်သည် အမှုတော်ဆောင်များအားအဝိဇ္ဇာသင့်စေခြင်းမရှိချေ။
၈း၅၂။ ဖာရိုးမင်းဆက်နှင့် သူတို့၏ ရှေ့အလျင် ဖြစ်သူတို့၏ အလေ့အထ များသည်ကား- သူတို့သည် ပရမတ်ဘုရားရှင်၏ သုတ်ဒေသနာများကို ဖုံးကွယ်ကြ ၏၊ သူတို့၏ ပြစ်မှုများကြောင့် ပရမတ်ဘုရားရှင်က သူတို့အားအရေးယူတော်မူပြီ၊ ဧကန်ပင် ပရမတ်ဘုရားရှင်သည် တန်ခိုးတော်ရှင် ဖြစ်၏၊ ပြတ်သားစွာ ချုပ်ကိုင်နိုင် တော်မူ၏။
၈း၅၃။ ဤသို့ပင်- လူမျိုးတစ်မျိုးသည် သူတို့၏ စရိုက်များကို မပြောင်းလဲ သ၍ ပရမတ်ဘုရားရှင်သည် သူတို့အပေါ်သို့ ဂုဏ်ပေးခြင်းဖြင့် ပြောင်းလဲပေးမည် မဟုတ်ပေ။ ဧကန်ပင် ပရမတ်ဘုရားရှင်သည် ကြားနေသော အရှင်၊ သိနေသော အရှင် ဖြစ်တော်မူ၏။
၈း၅၄။ ဖာရိုးမင်းဆက်နှင့် သူတို့၏ ရှေ့အလျင် ဖြစ်သူတို့၏ အလေ့အထ များသည်ကားကံကြမ္မာရှင်၏ သုတ်ဒေသနာများအားငြင်းဆန်ပယ်ချကြ၏။ သူတို့၏ ပြစ်မှုများကြောင့် သူတို့အားတိမ်ကောပပျောက်စေပြီ၊ သူတို့ကိုယ်စီ အမိုက်ကောင်များဖြစ်ခြင်းကြောင့် ဖာရိုးမင်းဆက်အားနစ်မြုပ်စေခဲ့ပြီ၊
၈း၅၅။ ပရမတ်ဘုရားရှင်၏ ထံတော်၌ အဆိုးဆုံးသော သတ္တဝါမှာ ယုံကြည်ခြင်းမရှိသော ဖုံးကွယ်သောသူများပင် ဖြစ်၏။
၈း၅၆။ သင်နှင့် ပဋိညာဉ်ပြုသောသူများသည် သူတို့၏ ပဋိညာဉ် အကြိမ် တိုင်းအားချိုးဖောက်ကြ၏၊ သူတို့သည် စည်းစောင့်ကြသည် မဟုတ်ချေ။
၈း၅၇။ သို့ဖြစ်၍ စစ်ပွဲ၌ သင်သည် သူတို့အားထိပ်တိုက်တိုးသော်၊ ထိုသူများဆင်ခြင် သတိရှိလာအံ့ငှာ သူတို့၏ နောက်ခံ လူများအားအင်အားဖြိုခွဲလော့။
၈း၅၈။ လူ တစ်မျိုးထံမှ သစ္စာဖေါက်မည်ကို သင်တို့ စိုးရိမ်ရစဉ်၊ သူတို့အားအလားတူ စွန့်ပစ် နိုင်၏၊ ပရမတ်ဘုရားရှင်သည်ကားသစ္စာဖေါက်တို့အားနှစ်သက်တော် မမူချေ။
၈း၅၉။ ရန်သူဖြစ်သော သူတို့သည် သတ်မှတ်ချက် ရှိသည်ဟု မစဉ်းစားစေနှင့်၊ သူတို့ ဧကန် မစွမ်းနိုင်ကြချေ။
၈း၆၀။ ပရမတ်ဘုရားရှင်အားစည်းဖေါက်သူများ၊ သင်တို့အားစည်းဖေါက် သူများနှင့် အခြားသော ပရမတ်ဘုရားရှင်သာ သိနိုင်၍ သင်တို့ မသိနိုင်သော သူတို့အားအရှိန်အဝါပြထားနိုင်ရန် သူတို့ မှလွဲ၍ သင်တို့၏ တတ်နိုင်သမျှသော အစွမ်းဖြင့် တက်ကြွသော အစီးအနင်းများကို တွက်ချက် ပြင်ဆင်ထားလော့၊ ပရမတ်ဘုရားရှင်၏ လမ်းစဉ်တော်၌ မည်သည့် အရာကို သုံးစွဲသည်ဖြစ်စေ သင်တို့ထံ ပြန်ပြည့်စေလတ္တံ့၊ သင်တို့သည် မိုက်ကြေးခွဲခံရမည် မဟုတ်ချေ။
၈း၆၁။ အကယ်၍ သူတို့ဘက်မှ ငြိမ်းချမ်းရေးကို ယိမ်းညွတ်ခဲ့သော် ၎င်းကို ယိမ်းညွတ်ကြ၍ ပရမတ်ဘုရားရှင်အားကိုးစားလော့၊ အရှင်သည် ကြားနေသော အရှင်၊ သိနေသောအရှင် ဖြစ်၏။
၈း၆၂။ အကယ်၍ သူတို့သည် သင့်အားလှည့်စားလို ကြလျှင်၊ ပရမတ်ဘုရားရှင်သည် အသင့် အတွက် စရင်းချုပ် ဖြစ်တော်မူ၏၊ အရှင်သည် အသင့်အားအရှင်၏ အကူ အညီများဖြင့်၊ ယုံကြည်သူများအားဖြင့် ထောက်ပံ့ခဲ့ပြီ။
၈း၆၃။ သူတို့၏ စိတ်နှလုံးချင်းကြားစည်းလုံးစေလော့၊ သင်သည် မြေကမ္ဘာမှ အားလုံးကို ပုံ၍ သုံးသော်လည်းသူတို့၏ စိတ်နှလုံးချင်းကြားစည်းလုံးစေနိုင်မည် မဟုတ်ချေ။ သို့ရာတွင် ပရမတ်ဘုရားရှင်သည် သူတို့ချင်းကြားစည်းလုံးစေခဲ့ပြီ။ အရှင်သည် ဘုန်းတော်ရှင် ဓမ္မသတ်ရှင် ဖြစ် တော်မူ၏။
၈း၆၄။ အို- သတင်းတော်ဆောင်၊ ပရမတ်ဘုရားရှင်နှင့်၊ သင့် နောက်လိုက် ဖြစ်သော ယုံကြည်သူများသည် အသင့်အတွက် စရင်းလုံလောက်၏။
၈း၆၅။ အို- သတင်းတော်ဆောင်၊ ယုံကြည်သူများအားခုခံတိုက်ခိုက်ရန် သွေးနွေးစေလော့၊ အကယ်၍ သင်တို့၌ သည်းခံပါရမီ ရှိသူ နှစ်ဆယ် ရှိလျှင် လူနှစ်ရာကို အနိုင်ယူ နိုင်၏။ အသင်တို့၌ လူတစ်ရာ ရှိလျှင် ဖုံးကွယ်သော သူများမှ တစ်ထောင်ကို အနိုင်ယူနိုင်၏ အဘယ်ကြောင့်ဆိုသော် သူတို့သည် နားလည်ခြင်းမရှိသော လူမျိုးတစ်မျိုးဖြစ်၏။
၈း၆၆။ လက်ရှိအခြေအနေ၌ ပရမတ်ဘုရားရှင်သည် သင်တို့အားပေါ့ပါးစေ ခဲ့ပြီ။ အရှင်သည် သင်တို့၌ အားနည်းသည်ကို သိရှိ၏၊ သို့ဖြစ်၍ သင်တို့၌ သည်းခံ ပါရမီကြီးသူ တစ်ရာရှိသော် လူနှစ်ရာကို အနိုင်ယူနိုင်၏၊ သင်တို့၌ လူတစ်ထောင် ရှိလျှင် ပရမတ်ဘုရားရှင်၏ ခွင့်ပြုချက်ဖြင့် လူနှစ်ထောင်ကို အနိုင်ယူနိုင်၏၊ ပရမတ်ဘုရားရှင်သည် သည်းခံသူများနှင့် အတူရှိနေတော်မူပေ၏။
၈း၆၇။ မြေကမ္ဘာ၌ တိုက်ပွဲ မနိုင်သော မည်သည့် သတင်းတော်ဆောင်မှ စစ်သုံ့ပန်းများပိုင်ဆိုင်ခွင့် မရှိချေ။ သင်တို့သည် လောကီ ဘောင်ကို လိုလားကြ၏။ ပရမတ်ဘုရားရှင်သည် သင်တို့အားလောကုတ္တရာကိုသာ လိုလားစေလို၏။ ပရမတ်ဘုရားရှင်သည်ကားဘုန်းတော်ရှင် ဓမ္မသတ်ရှင် ဖြစ်တော်မူ၏။
၈း၆၈။ အကယ်၍ ပရမတ်ဘုရားရှင်၏ထံမှ ပြဌာန်းမှုသည် သတ်မှတ်ချက် မရှိခဲ့လျှင် သင်တို့၏ အယူကြောင့် မဟာဝဋ်ကြွေးကြီးထိသက်ပြီးလတ္တံ့။
၈း၆၉။ သင်တို့၏ စစ်လျော်ကြေးရသည်များမှ စင်ကြယ်ရာများကို တရားဝင် စားသုံးကြလော့၊ ပရမတ်ဘုရားရှင်အားစည်းစောင့်ကြလော့၊ ဧကန်ပင် ပရမတ်ဘုရားရှင်သည် လွတ်ငြိမ်းစေသောအရှင် အကြင်နာရှင် ဖြစ်တော်မူ၏။
၈း၇၀။ အို- သတင်းတော်ဆောင်၊ သင်တို့လက်ဝယ်ရှိ စစ်သုံ့ပန်းများအား“ပရမတ်ဘုရားရှင်သည် သင်တို့၏ စိတ်နှလုံးတွင်းရှိ စေတနာကောင်းကို သိရှိလျှင် အရှင်သည် သင်တို့ထံမှ ယူခဲ့သည်ထက် ပို၍ကောင်းမြတ်သည်ကို သင်တို့အားချီးမြှင့်တော်မူအံ့၊ သင်တို့အားလွတ်ငြိမ်းစေအံ့၊ ပရမတ်ဘုရားရှင်သည်ကားလွတ်ငြိမ်းစေသောအရှင် အကြင်နာရှင် ဖြစ် တော်မူ၏။”ဟု ဟောပြောလော့။
၈း၇၁။ အကယ်၍ သူတို့သည် သင့်အားသစ္စာမဲ့စွာ ကြံစည်လိုကြလျှင်၊ ဧကန်ပင် သူတို့သည် ရှေ့အလျင်ကလည်းပရမတ်ဘုရားရှင်အားသစ္စာမဲ့စွာ ကြံစည်ခဲ့စဉ်၊ အရှင်သည် သူတို့ထက် သင့်အားထူထောင်ပေးလတ္တံ့။ ပရမတ်ဘုရားရှင်သည် ကားသိနေသော အရှင် ဓမ္မသတ်ရှင်ဖြစ်တော်မူ၏။
၈း၇၂။ ဧကန်ပင် သက်ဝင်ယုံကြည်လျက်၊ ပြောင်းရွှေ့ခဲ့ရ၍ ပရမတ် ဘုရားရှင်၏ လမ်းစဉ်တော်၌ သူတို့၏ ဉာဉ်စရိုက် ဥစ္စာပစ္စည်းအားဖြင့် အားစိုက် ဆောင်ရွက်ကြသော သူများနှင့်၊ ခိုလှုံရာပေး၍ ကူညီစောင်မသည့် သူတို့မှ အချို့သည် အချို့၏ မဟာမိတ်များဖြစ်ကြ၏။ ယုံကြည်သော်လည်းပြောင်းရွှေ့ ခြင်းမရှိသော သူတို့အဘို့ သူတို့သည် မပြောင်းရွှေ့ခဲ့သမျှ သူတို့ အတွက် အလှည့်ကျ စီမံပေးရန် တစ်စုံတစ်ရာ မရှိချေ။ သို့သော် သာသနာရေးအတွက် အကူအညီတောင်းခဲ့သော် သင်တို့၏ကြားမဟာမိတ် ချုပ်ဆိုထားသော လူမျိုးတို့ ကြားမဆက်စပ်သည့် အကူအညီများကို ပေးလော့၊ ပရမတ်ဘုရားရှင်သည် ကျင့်ကြံသမျှကို မြင်နေသော အရှင် ဖြစ်၏။
၈း၇၃။ ဖုံးကွယ်သောသူများမှ အချို့သည် အချို့၏ မဟာမိတ်များဖြစ် ကြ၏။ အကယ်၍သာ သင်တို့သည် စီမံမှု မရှိလျှင် မြေကမ္ဘာတွင် သွေးတိုးစမ်းခံခြင်းနှင့် ကြီးကျယ်စွာ အဖျက်လုပ်လာကြလတ္တံ့။
၈း၇၄။ သက်ဝင်ယုံကြည်လျက် ပြောင်းရွှေ့ခဲ့၍ ပရမတ်ဘုရားရှင်၏ လမ်းစဉ်တော်၌ အားစိုက်ဆောင်ရွက်ကြသော သူများနှင့် ခိုလှုံရာပေး၍ ကူညီ စောင်မသောသူများထိုသူများသည် စစ်မှန်သော သက်ဝင်ယုံကြည်သူများဖြစ်ကြ ၏။ သူတို့ အတွက် လွတ်ငြိမ်းခွင့်နှင့် ကျက်သရေရှိသော ရိက္ခာများသည် ရှိနေ၏။
၈း၇၅။ နောက်ပိုင်းတွင်မှ သက်ဝင်ယုံကြည်လာလျက် ပြောင်းရွှေ့ခဲ့၍ သင်တို့နှင့်အတူ အားစိုက်ဆောင်ရွက်ကြသော သူများသည် သင်တို့၏ အထဲမှ ဖြစ်၏။ ပရမတ် ဘုရားရှင်၏ ပြဌာန်းမှု၌ သူတို့မှ အချို့အားအချို့ကို မွေးရာပါအခွင့်ရေးအလှည့် ပေးစေ၏။ ဧကန်ပင် ပရမတ်ဘုရားရှင်သည် သဗ္ဗလုံးစုံ သိနေသော အရှင် ဖြစ်၏၊
ဓမ္မခန္ဓာ (၈) ဤတွင် ပြီး၏။
ဓမ္မခန္ဓာ (၉) ကင်းလွတ်ခွင့်
ဉာဏ်စဉ်ကိန်းဝပ်ပေးမှု အမှတ်စဉ် (၁၁၃)၊ သုတ်ဒေသနာ (၁၂၇)ပါး၊
၉း၁။ သင်တို့နှင့် ပဋိညာဉ်ရှိသော ရောပြွန်းကိုးကွယ်သူများထံ ပရမတ် ဘုရားရှင်နှင့် ဉာဏ်စဉ်တော်ဆောင်မှ ကင်းလွတ်ခွင့်။
၉း၂။ သူတို့အားဤမြေ၌ လေးလတိုင် စောင့်တည်စေနိုင်၏၊ သိကြလော့ သင်တို့က ပရမတ်ဘုရားရှင်အားချိနဲ့စေနိုင်သည် မဟုတ်၊ ဧကန်ပင် ပရမတ်ဘုရားရှင်သည် ဖုံးကွယ်သူတို့အားအရှက်ရစေလတ္တံ့။
၉း၃။ ကံဆောင်ပရိဝါ့သ် နေ့ကြီးကာလ၌ ပရမတ်ဘုရားရှင်နှင့် အရှင်၏ ဉာဏ်စဉ်ဆောင်မှ လူသားတို့ထံသို့ ကြေငြာချက်- “ပရမတ်ဘုရားရှင်နှင့် အရှင်၏ ဉာဏ်စဉ်ဆောင်သည် ရောပြွန်းကိုးကွယ် သူများနှင့် စပ်လျဉ်း၍ ကင်းလွတ်ကြောင်း” သို့သော် ခဝါချကြလျှင် သင်တို့ အတွက် အကောင်းဆုံးဖြစ်၏။ အကယ်၍ သင်တို့ လှည့်သွားကြလျှင်- သိကြ ကုန်လော့၊ သင်တို့က ပရမတ်ဘုရားရှင်အားချိနဲ့စေနိုင်သည် မဟုတ်၊ ဖုံးကွယ် သောသူတို့ အတွက် စူးနစ်သော ဝဋ်ကြွေးသည် ရှိကြောင်းသတင်းကောင်းကို ပါးလော့။
၉း၄။ သို့သော် သင်တို့နှင့် ပဋိညာဉ်ရှိလျက် သင်တို့ အပေါ်၌ တစ်စုံတစ်ရာ ယုတ်လျော့မှု မရှိ၊ သင်တို့၏ ဆန့်ကျင်ဘက် တစ်ဦးတစ်ယောက်ကိုမှ ကျော ထောက် နောက်ခံ မပြုသော-ရောပြွန်းကိုးကွယ်သူများထံ၊ သူတို့နှင့်ထားသည့် ပဋိညာဉ်ကို ဆက်တိုးပြည့်စုံစေလော့၊ ပရမတ်ဘုရားရှင်သည် စည်းစောင့်သူများအားနှစ်သက်တော်မူ၏။
၉း၅။ သို့ဖြစ်၍ ဤဘေးမဲ့လများကျော်ခဲ့သော် ရောပြွန်းကိုးကွယ်သူများအားထိပ်ဆိုင်တွေ့သည့် နေရာ၌ ခုခံတိုက်ကြလော့၊ ဖမ်းဆီးကြလော့၊ ချုပ်နှောင် ကြလော့၊ သူတို့အတွက် ကင်းစောင့်စခန်းကိုယ်စီ အထိုင်ချလော့၊ အကယ်၍ သူတို့သည် ခဝါချကြလျက် ဝတ်ပြု မြဲကြ၍ အခွန်ငွေဖြူ ပေးကြသော် သွားလိုရာ လမ်းကို ထွက်သွားစေလော့၊ ဧကန်ပင် ပရမတ်ဘုရားရှင်သည် လွတ်ငြိမ်းစေသော အရှင်၊ အကြင်နာရှင် ဖြစ်တော်မူ၏။
၉း၆။ ရောပြွန်းကိုးကွယ်သူတစ်ဦးသည် သင့်ထံ၌ အကာအကွယ် ရလို ခဲ့လျှင် သူ့အားပရမတ်ဘုရားရှင်၏ ဓမ္မတော် ကြားနာရသည်ထိ ကာကွယ်ထားလော့၊ ထို့နောက် ယုံကြည်စိတ်ချရာသို့ ဆိုက်ရောက်စေလော့၊ ဤသည် အသိပညာ မရှိသော လူမျိုး၏ အကြောင်းကြောင့်တည်း။
၉း၇။ ဘေးမဲ့ကျောင်းတော်၌ သင်တို့ ပဋိညာဉ်ရှိသော သူများမှ အပ အခြားရောပြွန်းကိုးကွယ်သူများသည် ပရမတ် ဘုရားရှင် ထံ၌၊ အရှင်၏ ဉာဏ်စဉ်ဆောင်ထံ၌ မည်သို့ ပဋိညာဉ်ပြုနိုင်အံ့နည်း။ သင်တို့ အပေါ်၌ မြဲမြံနေသမျှ သူတို့အပေါ်၌လည်းမြဲမြံကြလော့။ ပရမတ် ဘုရားရှင်သည် စည်းစောင့်သူများကို နှစ်သက်တော်မူ၏။
၉း၈။ ပေါ်ပြူလာ ဖြစ်လာလျှင် သင်တို့အပေါ် အမျိုးတော်သည်ကိုပင် မထောက်ထားသူများနှင့် မည်သို့ ဖြစ်နိုင်အံ့နည်း၊ သူတို့သည် ပါးစပ်များဖြင့် ကျေနပ်စေလျက် စိတ်နှလုံးမှ ဖီဆန်နေကြ၏၊ သူတို့မှ အများစုသည် ယုတ်မာ သူများဖြစ်ကြ၏။
၉း၉။ ပရမတ်ဘုရားရှင်၏ သုတ်ဒေသနာတော်များအားတန်ဘိုးချ ရောင်းစားကြ၏၊ အရှင်၏ လမ်းစဉ်တော်မှ ရှောင်ဖယ်ကြ၏၊ သူတို့၏ ကျင့်ကြံ လေ့ ရှိရာများကြောင့် ဧကန် သူတို့ အကုသိုလ်သင့်ရ၏။
၉း၁၀။ ယုံကြည်သူနှင့် ပတ်သက်၍ အမျိုးတော်သည်ကိုပင် မထောက်ထားကြ၊ သူတို့သည်ကားစည်းဖေါက် သူများဖြစ်ကြ၏။
၉း၁၁။ အကယ်၍ သူတို့သည် ခဝါချကြလျှက် ဝတ်ပြု မြဲကြ၍ အခွန် ငွေဖြူ ပေးကြသော် သူတို့သည် သာသနာရေး၌ သင်တို့၏ ညီနောင်များဖြစ်ကြ၏။ ငါသည် အသိပညာ ရှိသော လူမျိုးအဘို့ သုတ်ဒေသနာများအားဤသို့ ရှင်းလင်းဆုံးဖြတ်ပေးတော်မူ၏။
၉း၁၂။ အကယ်၍ သူတို့သည် ကတိပြုပြီးနောက်မှ သူတို့၏ အားစိုက်ကျိန်ဆိုမှုအားဖေါက်ဖျက်လျက် သင်တို့၏ သာသနာအားနာမည်ဖျက် ကြလျှင် ထိုဖုံးကွယ်ခြင်းရှေ့ဆောင်များ၏ အားစိုက်ကျိန်ဆိုမှုမှာ အချည်းနှီးသာ ဖြစ်၍ သူတို့အားစစ်ရပ်စဲသည်ထိ ခုခံတိုက်ကြလော့။
၉း၁၃။ မိမိ၏ အားစိုက်ကျိန်ဆိုမှုကို ဖေါက်ဖျက်လျှက် ဉာဏ်စဉ်ဆောင်အားမောင်းထုတ်ပစ်ရန် ကြံစည်သော၊ သင်တို့အားဦးစွာပထမ စတင်တိုက်ခိုက်သော လူမျိုးအားသင်တို့ ခုခံတိုက်ကြမည် မဟုတ်လော၊ သူတို့အားကြောက်ရွံ့ကြ သလော၊ သင်တို့သည် ယုံကြည်သူများဖြစ်ကြလျှင် ပရမတ်ဘုရားရှင်ကိုသာ ကြောက်ရွံ့အပ်သည်မှာ ပိုမိုမှန်ကန်၏။
၉း၁၄။ သူတို့အားခုခံတိုက်ကြလော့၊ ပရမတ်ဘုရားရှင်သည် သူတို့အားသင်တို့၏ လက်များဖြင့် ဝဋ်ဒဏ်သင့်စေအံ့၊ အရှက်ကွဲစေတော်မူအံ့၊ သူတို့ကို ဆန့်ကျင်၍ သင်တို့အားကူညီတော်မူအံ့၊ သက်ဝင်ယုံကြည်သော လူမျိုး၏ ရင်ကို သက်သာစေတော်မူ၍-
၉း၁၅။ သူတို့၏ စိတ်နှလုံးမှ ဒေါသစိတ်ကို သိမ်းယူပစ်တော် မူအံ့။ ပရမတ်ဘုရားရှင်သည် စံချိန်ပြည့်သူအားသင်ပုန်းချေပေးတော်မူလတ္တံ့၊ ပရမတ်ဘုရားရှင်သည်ကားသိနေသော အရှင်၊ ဓမ္မသတ်ရှင် ဖြစ်တော်မူ၏။
၉း၁၆။ သို့တည်းမဟုတ် သင်တို့မှ မည်သူသည် အားစိုက်ဆောင်ရွက်လျက် ပရမတ်ဘုရားရှင်၊ အရှင်၏ ဉာဏ်စဉ်ဆောင်နှင့် ယုံကြည်သူများမှလွဲ၍ အခြားသူများကို ထဲထဲဝင်ဝင် ယူမှတ်သော သူများအားပရမတ်ဘုရားရှင်က သိရသော် သင်တို့အားချန်ပေးထားမည်ဟု စိတ်ကူးယဉ်နေကြသလော၊ ပရမတ်ဘုရားရှင် သည်ကားကျင့်ကြံသမျှကို သတင်းသိနေတော် မူ၏။
၉း၁၇။ မိမိစရိုက်ကိုမိမိ ရန်သူဟု သက်သေပြသူ၊ ရောပြွန်းကိုးကွယ်သူတို့သည် ပရမတ်ဘုရားရှင်၏ ဝတ်ကျောင်းတော်အားလည်ပတ်ခွင့် မရှိ။ သူတို့၏ ကျင့်ကြံမှုသည် အချည်းနှီးပင် ဖြစ်၏၊ သူတို့သည် အပူမီး၌ အစဉ်ခံစားရလတ္တံ့။
၉း၁၈။ ပရမတ်ဘုရားရှင်နှင့် နောက်ဆုံးနေ့ကို ယုံကြည်လျက် ဝတ်ပြု မြဲကြသော၊ အခွန်ငွေဖြူ ပေးကြသော၊ ပရမတ်ဘုရားရှင်ကိုသာ ကြောက်ရွံ့ ရိုကျိုးကြသော သူတို့သည်သာ ပရမတ်ဘုရားရှင်၏ ဝတ်ကျောင်းတော်အားဂါယာပြုနိုင်၏။ ထိုသူတို့သည်သာ တရားလမ်းညွှန်ရသူတို့မှ ဖြစ်ရနိုင်ရာ၏။
၉း၁၉။ ကံဆောင်ပရိဝါ့သ် ပြုရာ၌ သင်တို့၏ သောက်ရေ ဒါနပြုခြင်းနှင့် ဘေးမဲ့ ဝတ်ကျောင်းတော်အားဂါယာပြုမှု စီစဉ်ခြင်းများသည် ပရမတ်ဘုရားရှင်နှင့် နောက်ဆုံးနေ့အားယုံကြည်လျက် ပရမတ်ဘုရားရှင်၏ လမ်းစဉ်တော်၌ အားစိုက် ဆောင်ရွက်ခြင်းကဲ့သို့ ဖြစ်ကြသလော၊ ပရမတ်ဘုရားရှင်၏ထံ၌ အလျဉ်းမတူညီချေ။ ပရမတ်ဘုရားရှင်သည် မိုက်ကြေးခွဲ သော လူမျိုးအားလမ်းညွှန်တော် မမူချေ။
၉း၂၀။ ယုံကြည်လျက် ပြောင်းရွှေ့ခဲ့ရ၍၊ ပရမတ်ဘုရားရှင်၏ လမ်းစဉ် တော်၌ သူတို့၏ ဉာဉ်စရိုက် ဥစ္စာပစ္စည်းများဖြင့် အားစိုက်ဆောင်ရွက်သော သူများ၏ အခွင့်အလမ်းမှာ ပရမတ်ဘုရားရှင်၏ ထံတော်၌ ဂုဏ်ဒြဗ်ပိုကြီး၏၊ ထိုသူတို့သည် အောင်ပွဲခံသူများဖြစ်ကြ၏။
၉း၂၁။ သူတို့ အတွက် ကံကြမ္မာရှင်၏ထံမှ အရှင်၏ကရုဏာနှင့် အားရကျေနပ်စရာ သတင်းကောင်းမှာ- သူတို့အတွက် ဂုဏ်ရှိ ခြင်းမြဲမြံတည်တံ့ခြင်းသုခဘုံများပင် ဖြစ်၏။
၉း၂၂။ ထို၌ ကာလပိုင်းခြားမဲ့ အစဉ် စံစားရမည်ပင်။ ဧကန်ပင် ပရမတ်ဘုရားရှင်၊ အရှင်၏ထံတော်၌ မဟာဆုလဒ်ကြီးရှိနေ၏။
၉း၂၃။ အို- ယုံကြည်သောသူတို့၊ သင်တို့၏ အဖေများ၊ သင်တို့၏ ညီနောင်သားချင်းများသည် ယုံကြည်မှုထက် ဖုံးကွယ်မှုကို ပို၍ ချစ်ခင်စုံမက် နေကြလျှင် သူတို့အားမဟာမိတ် အဖြစ် မယူမှတ်ကြနှင့်၊ သင်တို့ အနက် သူတို့ အားအလှည့်ပေးသူ- ထိုသူတို့သည် အမိုက်ကောင်များမှ ဖြစ်၏။
၉း၂၄။ ဟောကြားလော့၊ သင်တို့၏ အဖေများ၊ ညီအစ်ကိုများ၊ အိမ်ထောင်ဘက်များ၊ တစ်ကျိတ် တစ်ကြံတည်းနီးစပ်သူများ၊ အသားကျ နေသော ဥစ္စာပစ္စည်းများ၊ သပိတ်မှောက်ခံ ရမည်ဟု စိုးရိမ်နေသော ရောင်းဝယ်မှုများ၊ စိတ်ကျေနပ်နေသော အိမ်ဝန်းများသည် သင်တို့အတွက် ပရမတ်ဘုရားရှင်ထက်၊ အရှင့် ဉာဏ်စဉ်ဆောင်ထက်၊ အရှင်၏ လမ်းစဉ်တော်၌ အားစိုက်ဆောင်ရွက်ခြင်းထက် ပို၍ ချစ်စရာများဖြစ်နေ ခဲ့လျှင် ပရမတ်ဘုရားရှင်၏ ညွှန်ကြားချက် ပေးရောက်သည့်တိုင် စောင့်ဆိုင်း၍ နေကြကုန်လော့၊ ပရမတ်ဘုရားရှင်သည် ယုတ်မာသော လူမျိုးအားလမ်းညွှန် တော် မမူချေ။
၉း၂၅။ သင်တို့၏ အံ့ဩလောက်သော အင်အားများပြားမှုသည် သင်တို့ အတွက် အသုံးမဝင်၊ တစ်စုံတစ်ရာမျှ ပြည့်စုံခြင်းမရှိ၊ ကျယ်ပြောသော မြေကမ္ဘာသည် သင်တို့အတွက် ကျဉ်းမြောင်းလှ၏၊ သင်တို့ ဘက်လှည့်ရသော အခါ၊ ဧကန်မုချပင် ပရမတ်ဘုရားရှင်သည် သင်တို့အားဟိုနန်ဒေသများ နေ့ကာလ ၌ မြောက်များစွာ ကူညီခဲ့ပြီ။
၉း၂၆။ ထို့နောက် ပရမတ်ဘုရားရှင်သည် အရှင်၏ ဉာဏ်စဉ်ဆောင်နှင့် ယုံကြည်သူများ၏ အပေါ်သို့ တည်ငြိမ်အေးချမ်းမှုကို ချမှတ် ပေးတော်မူ၏။ ထို့နောက် ဖုံးကွယ်သောသူများအားဝဋ်ဒဏ်ခတ်ရန်- မမြင်နိုင် သော စစ်သည်တော်များကို ချမှတ်ပေးတော်မူ၏။ ဤသည် ရန်သူများအတွက် အစားပေးမှုပင် ဖြစ်၏။
၉း၂၇။ တဖန် ထို့နောက်တွင်မှ ပရမတ်ဘုရားရှင်သည် စံချိန် ပြည့်သူအားသင်ပုန်းချေပေးတော်မူ၏။ ပရမတ်ဘုရားရှင်သည် လွတ်ငြိမ်းစေ သော အရှင်၊ အကြင်နာရှင် ဖြစ်တော်မူ၏။
၉း၂၈။ အို- ယုံကြည်သောသူတို့၊ ရောပြွန်းကိုးကွယ်သူတို့သည် အယူ မသန့်သူများဖြစ်၏၊ သို့ဖြစ်၍ ဤနှစ်ကုန်ပြီးနောက် သူတို့အားဘေးမဲ့ ကျောင်းတော် အပါးသို့ မချည်းကပ်စေရ။ အကယ်၍ သင်တို့သည် ချို့တဲ့မည်ကို စိုးရိမ် ခဲ့သော် ပရမတ်ဘုရားရှင်သည် အရှင်၏ သိက္ခာပေးမှုဖြင့် စံချိန်ပြည့်လျှင် ပြည့်စုံ ကြွယ်၀စေလတ္တံ့။ ဧကန်ပင် ပရမတ်ဘုရားရှင်သည် သိနေသောအရှင် ဓမ္မသတ်ရှင် ဖြစ်တော်မူ၏။
၉း၂၉။ ကျမ်းပေးခံရသော သူများအနက် ပရမတ်ဘုရားရှင်နှင့် နောက်ဆုံးနေ့အားမယုံကြည်၊ ပရမတ်ဘုရားရှင်နှင့် အရှင်၏ ဉာဏ်စဉ်ဆောင်က တားမြစ် ထားသည်များကို မတားမြစ်၊ မှန်ကန်သာ ဖွဲ့စည်းပုံဥပဒေအားဥပဒေအဖြစ် လက်မခံသော သူတို့ အားလက်နက်ချ၍ ဆက်သရသည် အထိ ခုခံတိုက်ကြလော့။ သူတို့သည် သေးသိမ်သူများဖြစ်ကြ၏။
၉း၃၀။ ရေ၀တီများက အုဇိုင်သည် ပရမတ်ဘုရားရှင်၏ သားတော် ဟု ဆိုကြ၍၊ ခရစ်ယာန်များက ခရစ်တော်သည် ပရမတ်ဘုရားရှင်၏ သားတော်ဟု ပြောကြ၏၊ ယင်းသည် သူတို့၏ ပါးစပ်များဖြင့် ပြောဆိုခြင်းပင် ဖြစ်၏၊ သူတို့သည် ဤမတိုင်မှီက ဖုံးကွယ်သောသူများ၏ အဆိုကို အတုခိုးကြ၏။ ပရမတ်ဘုရားရှင် သည် သူတို့အားခုခံတော်လှန်တော်မူ လတ္တံ့၊ သူတို့သည် မည်သို့ လှည့်စားခံနေကြ သနည်း။
၉း၃၁။ သူတို့သည် ပရမတ်ဘုရားရှင် မှလွဲ၍ သူတို့၏ ဓမ္မစရိယများ၊ ဘုန်းတော်ကြီးများနှင့် မာရိ၏သားခရစ်တော်အားအယူထားကြ၏။ သူတို့အားတစ်ပါးတည်းဘုရားရှင်ကိုသာ ကိုးကွယ်ကြရန် ညွှန်ကြားခြင်းခံခဲ့ရ၏။ ထိုအရှင်မှ အပ အခြားဘုရားဟူ၍ မရှိချေ၊ အရှင်သည် ရောပြွန်းဖက်စပ်ခြင်းမှ ကင်းသည့် ဦးထိပ်ထားရာ ဖြစ်တော်မူ၏။
၉း၃၂။ ပရမတ်ဘုရားရှင်၏ ရောင်ခြည်တော်အားသူတို့၏ ပါးစပ်များဖြင့် မှုတ်ငြိမ်းလိုကြ၏၊ ဖုံးကွယ်သူတို့ မကြိုက်လျှင်လည်းပရမတ်ဘုရားရှင်သည် အတည်ပြုသည် မဟုတ် မိမိ၏ ရောင်ခြည်တော်ကိုသာ ပြည့်စုံစေတော်မူမည်။
၉း၃၃။ ရောပြွန်းကိုးကွယ်သူများက မကြိုက်သော်လည်းသာသနာ ကိုယ်စီ ပေါ်လွင်စေရန် လမ်းညွှန်တော်၊ စစ်မှန်သော သာသနာတော် အားဖြင့် ဉာဏ်စဉ်ဆောင်အားအရှင် စေစားတော်မူ၏။
၉း၃၄။ အို- ယုံကြည်သောသူတို့၊ ဧကန်ပင် များစွာသော ဓမ္မစရိယများ၊ ဘုန်းတော်ကြီးများသည် လူသားတို့၏ ဥစ္စာပစ္စည်းများကို အမှားပြု၍ စားသုံးလျက်၊ ပရမတ်ဘုရားရှင်၏ လမ်းစဉ်တော်မှ ရှောင်ဖယ်ကြ၏၊ ရွှေ၊ ငွေများကို ဥစ္စာစောင့်လျက် ပရမတ်ဘုရားရှင်၏ လမ်းစဉ်တော်၌ သုံးစွဲခြင်းမရှိသောသူများလည်းဖြစ်၏။ သူတို့အားစူးနစ်သော ဝဋ်ကြွေးအကြောင်းသတင်းကောင်းကို ပါးလော့။
၉း၃၅။ ငရဲဘုံ၏ အပူမီးထဲ၌ ရှို့မြှိုက်ခံရသော ကာလ၌ သူတို့၏ နှဖူးများ၊ နံဘေးများနှင့် ကျောကုန်းများကို ၎င်းအားဖြင့် အမှတ်တံဆိပ် ခပ်နှိပ်လတ္တံ့၊ ဤသည် သင်တို့၏ စရိုက် အတွက် သင်တို့၏ ရတနာများဖြစ်၏၊ သို့ဖြစ်၍ သင်တို့၏ ရတနာများကို မြည်းစမ်းကြလော့။
၉း၃၆။ ပရမတ်ဘုရားရှင် ထံတော်၌ လများ၏ အရေအတွက်မှာ ဆယ့်နှစ်လ ဖြစ်၍၊ မိုးများနှင့် မြေအားဖြစ်တည်စေသည့် နေ့ကာလမှ စ၍ ၎င်းတို့မှ လေးလသည် ပရမတ်ဘုရားရှင်၏ ပြဌာန်းမှု၌ ဘေးမဲ့လများဖြစ်၏။ ဤသည် တည်တံ့ ခိုင်မြဲသော သာသနာပေတည်း။ ထိုလများအတွင်းမိမိတို့၏ စရိုက်များအားအမိုက်မစီးစေကြနှင့်၊ သင်တို့အားတိုက်ခိုက်ကြသည့် နည်းအားလုံးဖြင့် ရောပြွန်းကိုးကွယ်သူများအားခုခံတိုက်ကြလော့၊ ဧကန်ပင် ပရမတ် ဘုရားရှင်သည် စည်းစောင့်သူများနှင့် အပြည့်အဝ ရှိတော်မူကြောင်းကို သိကြကုန် လော့။
၉း၃၇။ အချိန်ဆွဲထားခြင်းသည် ဖုံးကွယ်ခြင်း၌ တိုးပွားစေခြင်းသာ ဖြစ်၏။ ဖုံးကွယ် လွှဲဖယ်သောသူသည် ၎င်းအားတစ်နှစ်တွင် တရားဝင်ပြုသည်ကို တားမြစ်ကြ၏၊ နောင်နှစ်တွင် ပရမတ်ဘုရားရှင်က တားမြစ်ထားသည်ကို တက်လှမ်း၍ တရားဝင်ပြုကြ၏၊ ဤသို့ တားမြစ်မှု၊ အကုသိုလ် ကျင့်ကြံမှုများကို ပရမတ် ဘုရားရှင်က သူတို့အဘို့ ဖမ်းစားထားစေ၏၊ ပရမတ်ဘုရားရှင်သည် ဖုံးကွယ်သော လူမျိုးအားလမ်းညွှန်တော်မမူချေ။
၉း၃၈။ အို- ယုံကြည်သောသူတို့ ပရမတ်ဘုရားရှင်၏ လမ်းစဉ်တော် အတွက် ချီတက်ကြရန် ပြောသောအခါ၊ အဘယ်ကြောင့် မြေ၌ လေးလံနေ ကြကုန် သနည်း၊ သင်တို့သည် ဤလောကီဘ၀ကို နောင်ဘ၀ထက် ပို၍ ကျေနပ်နှစ်သက် နေသလော၊ ဤလောကီဘ၀၏ ချမ်းမြေ့မှုသည် နောင်ဘ၀နှင့် ယှဉ်လျှင် အနည်းငယ် မျှသာ ဖြစ်ချေ၏။
၉း၃၉။ ချီမတက်ကြလျှင် သင်တို့အားစူးနစ်သော ဝဋ်ဒဏ် အားဖြင့် ဝဋ်ဒဏ်သင့်စေ၍၊ သင်တို့အားအခြားလူမျိုးဖြင့် ပြောင်းလဲပစ်လတ္တံ့၊ သင်တို့သည် အရှင့်အားတစ်စုံတစ်ရာမျှ နစ်နာစေနိုင်သည် မဟုတ်ချေ၊ ပရမတ် ဘုရားရှင်သည် သဗ္ဗလုံးစုံအားစည်းချိန်ချမှတ်တော်မူ၏။
၉း၄၀။ သင်တို့သည် သူ့အားမကူညီသော်လည်း၊ သူ့အားဖုံးကွယ်သော သူများက နှင်ထုတ်သောအခါ ပရမတ်ဘုရားရှင်က ကူညီခဲ့၏၊ သူသည် နှစ်ယောက် အနက် ဒုတိယ ဖြစ်၍၊ သူတို့သည် လျှိုထဲ၌ ရှိနေစဉ် သူ၏ ပေါင်းဖေါ်အား“စိတ်မပူနှင့် ဧကန်ပင် ပရမတ်ဘုရားရှင်သည် ကျွန်ုပ်တို့နှင့် အတူရှိ၏”ဟု ပြော သော အခါ၊ ပရမတ်ဘုရားရှင်သည် သူ့အားစိတ်တည်ငြိမ်မှုကို ချမှတ်ပေး၏၊ သူ့အပေါ်၌ မမြင်နိုင်သော စစ်တပ်ကြီးဖြင့် ထောက်ပံ့ပေး၍၊ ဖုံးကွယ်သော သူတို့၏ စကားများကို အနိမ့်ဆုံးသို့ ပရမတ်ဘုရားရှင်၏ စကားတော်အားအထွဋ် အထိပ်သို့ ဖြစ်ရန် စီစဉ်ပေး၏။ ပရမတ်ဘုရားရှင်သည်ကားဘုန်းတော်ရှင်၊ ဓမ္မသတ်ရှင် ဖြစ်တော်မူ၏။
၉း၄၁။ လျင်မြန်ပေါ့ပါးစွာ ဖြစ်စေ၊ အေးဆေးတည်ငြိမ်စွာ ဖြစ်စေ ပရမတ် ဘုရားရှင်၏ လမ်းစဉ်တော်၌ ချီတက်လျက် မိမိ၏ စရိုက်များ၊ ဥစ္စာများဖြင့် အားစိုက်ဆောင်ရွက်လော့၊ ဤသည် သင်တို့အဘို့ ပိုကောင်း၏၊ သင်တို့ သိကြ ပါလေစ။
၉း၄၂။ အကယ်၍ ဘောင်ဝင်မှု နီးစပ်လျက် လမ်းခရီးသည်လည်းဖြတ်လမ်းဖြစ်လျှင် သင့်နောက်သို့ လိုက်ကြကုန်လတ္တံ့၊ သို့သော် သူတို့အတွက် နောက်ကျ မည်ဟု စိတ်ပင်ပန်းလျှင်၊ ပရမတ်ဘုရားရှင်အားတိုင်တည်ကာ “ကျွန်ုပ်တို့သာ တတ်နိုင်ခဲ့ပါက သင်နှင့်အတူ ထွက်ခွာမည်ပင်၊”ဟု သူတို့၏ စရိုက်များကို တိမ်ကောစေကြပြီ၊ သူတို့သည် မုသားကောင်များဖြစ်သည်ကို ပရမတ်ဘုရားရှင် သည် သိနေတော်မူ၏။
၉း၄၃။ ပရမတ်ဘုရားရှင်သည် သင့်အားကျေအေးပေး၏၊ ဖြောင့်မှန်သော သူများဖြစ်သည်ဟု မရှင်းလင်းမှီ အဘယ်ကြောင့် ကျန်နေခွင့်ပြုလေသနည်း၊ သူတို့သည် မုသားကောင်များဖြစ်သည်ကို သိကြကုန်လော့။
၉း၄၄။ ပရမတ်ဘုရားရှင်နှင့် နောက်ဆုံးနေ့ကို ယုံကြည်သော သူများက သူတို့၏ ဥစ္စာပစ္စည်းများဉာဉ်စရိုက်များအားဖြင့် အားစိုက်ဆောင်ရွက်ခြင်းမှ သင့်ထံ၌ ကင်းလွတ်ခွင့်တောင်းကြသည် မဟုတ်။ ပရမတ်ဘုရားရှင်သည် စည်းစောင့်သူများအားသိနေသော အရှင် ဖြစ်၏၊
၉း၄၅။ ပရမတ်ဘုရားရှင်နှင့် နောင်ဘ၀ နေ့ကာလကို မယုံကြည်သော သူများသည်သာ ကင်းလွတ်ခွင့်ကို သင့်ထံမှ တောင်းကြ၏။ သူတို့၏ စိတ်နှလုံးများသည် သံသယ၌ ရှိ၏၊ သို့ဖြင့် သူတို့၏ သံသယက သူတို့အားနောက်ပြန်ပို့နေ၏။
၉း၄၆။ အကယ်၍ သူတို့သည် ထွက်ခွာလိုလျှင် တွက်ချက်ပြင်ဆင်ရမည်ကို တွက်ချက်ပြင်ဆင်ထားကြလတ္တံ့၊ သို့ရာတွင် သူတို့၏ ထင်ပေါ်လိုခြင်းကို ပရမတ် ဘုရားရှင် မကြိုက်ချေ။ သို့ဖြစ်၍ သူတို့အားထားခဲ့လျက် ထိုင်နေသူများနှင့်အတူ ထိုင်နေခဲ့ရန် မိန့်ဆို၏။
၉း၄၇။ သူတို့သည် သင်တို့နှင့် အတူ ထွက်ခွာခဲ့လျှင် သင်တို့အားတိုးပွားစေခြင်းမရှိ၊ ဆုတ်ယုတ်ခြင်းသာ ရှိ၏၊ သင်တို့၏ အတွင်း၌ နေရာချလျက် သင်တို့အားသွေးတိုးစမ်းမှုကို ရှာဖွေကာ၊ သူတို့အတွက် နားစွင့်သူများဖြစ်ကြ၏၊ ပရမတ်ဘုရားရှင်သည် အမိုက်ကောင်များအားသိနေသော အရှင် ဖြစ်၏၊
၉း၄၈။ သူတို့သည် ရှေ့အလျင်ကလည်းသွေးတိုးစမ်းမှုကို ရှာဖွေခဲ့ပြီ၊ သင့် အတွက် အမှန်တရားနှင့် ညွှန်ကြားချက် ရောက်လာသည့်တိုင် ဦးလှည့်နေသေး၏၊ သူတို့ မကြည်ဖြူသော်လည်းပရမတ်ဘုရားရှင်၏ ညွှန်ကြားချက်သည် ပေါ်လွင် လာခဲ့ပြီ။
၉း၄၉။ သူတို့အနက် “ကျွန်ုပ်အားခွင့်ပြုပေးပါ၊ ကျွန်ုပ်အားသွေးတိုးမစမ်းပါနှင့်၊”ဟု ပြောသူလည်းရှိ၏၊ သူတို့သည်သာ သွေးတိုးစမ်းခံရခြင်းသို့ ကျဆင်းကြ၏၊ ဧကန်ပင် ငရဲဘုံသည် ဖုံးကွယ်သူများအားဝန်ရံထားလေပြီ။
၉း၅၀။ သင့်အားသုမင်္ဂလာ သက်လျှင် သူတို့ အတွက် အကုသိုလ် ဖြစ်ကြ၏၊ ထိခိုက်မှု တစ်ခု ထိလျှင် “ကျွန်ုပ်တို့သည် ရှေ့အလျင်ကပင် ညွှန်ကြားချက် ယူထား၏၊”ဟု ဆိုလျက် ဝမ်းမြောက်ဝမ်းသာဖြင့် လှည့်ထွက်သွားကြ၏။
၉း၅၁။ ဟောလော့ “ပရမတ်ဘုရားရှင်၏ ပြဌာန်းချက် မှအပ ကျွန်ုပ်တို့အားထိခိုက်မည်မဟုတ်၊ အရှင်သည် ကျွန်ုပ်တို့ အတွက် မဟာမိတ် ဖြစ်၏၊ သက်ဝင် ယုံကြည်သူအပေါင်းသည် ပရမတ်ဘုရားရှင်ကိုသာ ကိုးစားကြကုန်၏။
၉း၅၂။ ဟော လော့ “အတင့်တယ်ဆုံးသော အရာနှစ်ခုအနက် တစ်ခုခုသည် ကျွန်ုပ်တို့အတွက် ဖြစ်၏ ဆိုသည်မှ အပ အသင်တို့ စောင့်ကြည့်နိုင်ကြသလော၊ ကျွန်ုပ်တို့သည် သင်တို့အားပရမတ်ဘုရားရှင်၏ ထံမှ သို့မဟုတ် ကျွန်ုပ်တို့၏ လက်များဖြင့် ဝဋ်ဒဏ် ထိစေရန် စောင့်ကြည့်နေကြ၏၊ ထို့ကြောင့် စောင့်ကြည့်ကြလော့၊ ကျွန်ုပ်တို့လည်းသင်တို့နှင့်အတူ စောင့်နေကြ၏။”
၉း၅၃။ ဟောပြောလော့ “သင်တို့မှ သဘောတူစွာ သို့မဟုတ် သဘော မတူဘဲ ထည့်ဝင်သုံးစွဲမှုများအတွက် အကိုးပြည့်စေမည် မဟုတ်၊ သင်တို့ သည် ယုတ်မာသူ လူမျိုးပင် ဖြစ်၏။”
၉း၅၄။ ပရမတ်ဘုရားရှင်နှင့် အရှင့်ဉာဏ်စဉ်ဆောင်အားကျေးစွပ်ဖုံးကွယ် ခြင်းကြောင့်သာ သူတို့၏ ထည့်ဝင်သုံးစွဲခြင်းကို အကိုးမပြည့်စေရ ဟု ဟန့်တားခဲ့ ခြင်းဖြစ်၏၊ သူတို့သည် ဝတ်ပြုခြင်းအား စိတ်မပါဘဲသာ လာကြ၏၊ မကြည်ဖြူ ဘဲသာ ထည့်ဝင်သုံးစွဲနေကြ၏။
၉း၅၅။ ထို့ကြောင့် သူတို့၏ ဥစ္စာပစ္စည်းများ၊ ရင်သွေးများက သင့်အားအံ့ဩလောက်စရာ မဖြစ်စေနှင့်၊ ပရမတ်ဘုရားရှင်သည် ၎င်းတို့ အားဖြင့် သူတို့အားဤဘ၀ ရှင်သန်မှု၌ ဝဋ်ဒဏ်သင့်စေလို၏၊ သူတို့အားဖုံးကွယ် သူများအဖြစ်နှင့်ပင် ဉာဉ်စရိုက်များကို ခွဲခွာစေတော်မူမည်။
၉း၅၆။ “ကျွန်ုပ်တို့မှာ သင်တို့ထဲမှပင် ဖြစ်၏၊”ဟု ပရမတ်ဘုရားရှင်အားသူတို့ တိုင်တည်ကြ၏၊ သူတို့သည် သင်တို့ထဲမှ မဟုတ်ချေ၊ အမှန်မှာ သူတို့သည် ခွဲနေသော လူမျိုးသာ ဖြစ်ပေ၏။
၉း၅၇။ အကယ်၍ သူတို့သည် ခိုကပ်စရာ သို့မဟုတ် လျှို သို့ဟုတ် ဝင်ပေါက်တစ်ခုကို တွေ့လေလျှင် ထိုဘက်သို့ လှည့်လျက် တစ်ဟုန် ထိုးရှောင်ပြေးကြလတ္တံ့။
၉း၅၈။ သူတို့အနက် အလှုဒါနနှင့် စပ်လျဉ်း၍ အသင့်အားဝေဖန်ပုတ်ခတ် သူလည်းရှိ၏၊ ၎င်းမှ သူတို့အားလက်ဆောင်ပေးလျှင် စိတ်ကျေနပ်ကြ၍၊ သူတို့အားလက်ဆောင်မပေးလျှင် စိတ်ဆိုးကြကုန်၏။
၉း၅၉။ ပရမတ်ဘုရားရှင်နှင့် အရှင့် ဉာဏ်စဉ်ဆောင်က ပေးကမ်းသည်ကို ကျေနပ်ကြလျက်၊ “ပရမတ်ဘုရားရှင် သည် ကျွန်ုပ် တို့အတွက် စရင်းချုပ် ဖြစ်၏၊ ပရမတ်ဘုရားရှင်နှင့် အရှင်၏ ဉာဏ်စဉ်ဆောင်သည် အရှင်၏ သိက္ခာပေးခြင်းမှ ကျွန်ုပ်တို့အားချီးမြှင့်လတ္တံ့၊ ကျွန်ုပ်တို့သည် ပရမတ်ဘုရားရှင် ထံသို့သာ ဦးစားပေးသူများဖြစ်ပါ၏”ဟု ဆိုကြ ပါလေစ။
၉း၆၀။ အလှုဒါနများသည် ဆင်းရဲသူများ၊ လိုအပ်သူများ၊ စိတ်နှလုံးစည်းလုံးရန် ကျင့်ကြံသူများနှင့် ကျွန်စနစ် ဖျက်သိမ်းရန် လည်းကောင်း၊ ကြွေးတင်နေရ သူများ၊ ပရမတ်ဘုရားရှင်၏ လမ်းစဉ်တော်နှင့် ခရီးသည်များအတွက် လည်းကောင်းဖြစ်ရမည်ဟု ပရမတ်ဘုရားရှင်၏ထံမှ တာဝန်ပေး၏။ ပရမတ်ဘုရားရှင် သည် သိနေသော အရှင် ဓမ္မသတ်ရှင် ဖြစ်တော်မူ၏။
၉း၆၁။ သူတို့အနက်မှ “သူသည် နားပါးသူသာ ဖြစ်၏”ဟု ပြောဆို၍၊ သတင်းတော်ဆောင်အားထိခိုက်နစ်နာစေသော သူများလည်းရှိ၏၊ ဟောပြော လော့ “ပရမတ်ဘုရားရှင်အားယုံကြည်သူ၊ သက်ဝင်ယုံကြည်သူများအားယုံကြည် သူ၊ သင်တို့ အတွက် ကောင်းကျိုး၌ နားပါးသူ ဖြစ်၏၊ သင်တို့ အနက်မှ ယုံကြည်သောသူများအတွက် ကရုဏာလည်းဖြစ်၏၊ ဉာဏ်စဉ်ဆောင်အားထိခိုက်စေသောသူများအတွက် ပရမတ်ဘုရားရှင်၏ စူးနစ်သော ဝဋ်ကြွေးဒဏ် သည် ရှိနေ၏။
၉း၆၂။ သင်တို့ ကျေနပ်စေရန် ပရမတ်ဘုရားရှင်အားသူတို့ တိုင်တည်ကြ၏၊ သူတို့သည် ယုံကြည်သူ စင်စစ်များဖြစ်ကြလျှက် အရှင့်အားကျေနပ်စေလျှင် ပရမတ်ဘုရားရှင်၊ အရှင်၏ ဉာဏ်စဉ်ဆောင်အားပိုမို မှန်ကန်စွာ ချည်းကပ်သင့်၏။
၉း၆၃။ ပရမတ်ဘုရားရှင်နှင့် အရှင်၏ ဉာဏ်စဉ်ဆောင် အပေါ် မာရေကျောရေရှိသော မည်သူမဆို သူ့အတွက် ထို၌ အစဉ် စံစားရန် ငရဲမီးသည် ရှိနေကြောင်း၊ ယင်းသည် မဟာအရှက် ကွဲရမှု ဖြစ်ကြောင်းသူတို့ မသိကြသလော။
၉း၆၄။ သူတို့၏ စိတ်နှလုံးတွင်း၌ ရှိသည်ကို ဖေါ်ထုတ်သော ဓမ္မခန္ဓာ တစ်ခု သူတို့အတွက် ချမှတ်ပေးမည်ကို သီလကြောင်တို့မှာ သတိထားနေကြ၏၊ ဟော လော့ “သင်တို့ လှောင်ပြောင်နေလော့၊ ဧကန်ပင် ပရမတ်ဘုရားရှင်သည် သင်တို့ သတိထားနေသည်ကိုပင် သတင်းထုတ်ပြန်တော်မူလတ္တံ့၊”
၉း၆၅။ သူတို့အားမေးလျှင် “ကျွန်ုပ်တို့ ဟာသလုပ် ပြက်လုံးထုတ်ခြင်းသာ ဖြစ်၏၊”ဟု ဆိုကြလတ္တံ့၊ “ပရမတ် ဘုရားရှင်၊ အရှင်၏ သုတ်ဒေသနာများနှင့် အရှင်၏ ဉာဏ်စဉ်ဆောင်အားအသင်တို့ လှောင်ပြောင်ကြသည် မဟုတ်လော၊”ဟု မေးမြန်းလော့။
၉း၆၆။ မတောင်းပန်ကြနှင့်၊ သင်တို့သည် ယုံကြည်ပါသည်ဟု ဆိုပြီးမှ ဖုံးကွယ်ကြ၏၊ ငါသည် သင်တို့မှ တစ်စုကို ကျေအေးတော်မူမည်၊ တစ်စုအားသူတို့သည် ရာဇဝတ်ကောင်များဖြစ်ခဲ့ခြင်းကြောင့် ဝဋ်သင့်စေတော်မူမည်။
၉း၆၇။ သီလကြောင်များသီလကြောင်မများမှ အချို့သည် အချို့ဖြင့် ဆက်စပ်နေ၏၊ သူတို့သည် သူစိမ်းဆန်ခြင်းကို ညွှန်ကြား၍၊ အသိအမှတ် ပြုမှုကို ဟန့်တား၏၊ သူတို့၏ လက်များကို ဆုပ်ထားကြ၏၊ သူတို့သည် ပရမတ်ဘုရားရှင်အားမေ့ပစ် ထားသောကြောင့် သူတို့အားအရှင်က မေ့ထားပစ်၏၊ ဧကန်ပင် သီလကြောင်များသည် ယုတ်မာသူများဖြစ်၏။
၉း၆၈။ ပရမတ်ဘုရားရှင်သည် သီလကြောင်များ၊ သီလကြောင်မများနှင့် ဖုံးကွယ်သူများအားငရဲ၏မီး၌ အစဉ်ခံစားရရန် ကတိထားတော်မူ၏၊ ၎င်းသည် သူတို့အတွက် စရင်းချုပ် ဖြစ်၏၊ ပရမတ်ဘုရားရှင်၏ထံမှ မေတ္တာဝေးကွာခြင်းလည်းဖြစ်၏၊ သူတို့အတွက် မြဲမြံတည်တံ့သော ဝဋ်ကြွေးပင်တည်း။
၉း၆၉။ သင်တို့၏ ရှေ့အလျင် သင်တို့ထက် အစွမ်းပြတ်သား၍၊ ဥစ္စာပစ္စည်းရင်သွေးများစွာဖြင့် တည်ဆောက်လျက် ချမ်းမြေ့ သာယာနေသောသူများကဲ့သို့၊ သင်တို့သည်လည်းတည်ဆောက် ပျော်ပါးနေကြ၏၊ သင်တို့မတိုင်မှီ သူတို့၏ တည်ဆောက်ထားမှု၌ လေပေါနေသောသူများသကဲ့သို့ သင်တို့သည်လည်းလေပေါနေကြ၏၊ ဤဘ၀ နောင်ဘ၀၌ အချည်းနှီးသော ကျင့်ကြံမှုများတွင် ရှိသောသူ၊ ထိုသူတို့သည်ကားဆုံးရှုံးနစ်နာသူများဖြစ်ကြ၏။
၉း၇၀။ သူတို့၏ ရှေ့အလျင်က သတင်းအကြောင်းများဖြစ်သည့် နူးဟ်၊ အာ့ဒ်၊ သမုးဒ်၏ လူမျိုးများ၊ အီဗရာဟီးမ်၏ လူမျိုးများ၊ မီဒီယံ ပေါင်းဖေါ်များပြောင်းပြန်လန်သွားသော မြို့များအကြောင်းသင်တို့ထံ သတင်းမရောက်သလော၊ သူတို့ထံသို့ ရှင်းလင်းချက်များဖြင့် ဉာဏ်စဉ်ဆောင်များရောက်စေခဲ့ပြီ။ သို့ဖြင့် ပရမတ်ဘုရားရှင်သည် သူတို့အားအမိုက်စီးစေခဲ့သည် မဟုတ်၊ သူတို့၏ စရိုက် ကိုသာ သူတို့မိုက်ကြေးခွဲခဲ့ခြင်းဖြစ်၏။
၉း၇၁။ ယုံကြည်သူ၊ ယုံကြည်သူမများမှ အချို့သည် အချို့အတွက် မဟာမိတ်များဖြစ်ကြ၏။ အသိအမှတ်ပြုမှုကို ညွှန်ကြားကြ၏၊ သူစိမ်းဆန် ခြင်းကို ဟန့်တားကြ၏၊ ဝတ်ပြု မြဲကြ၏၊ အခွန်ငွေဖြူ ပေးကြ၏။ ပရမတ် ဘုရားရှင်နှင့် အရှင်၏ ဉာဏ်စဉ်ဆောင်အားနာခံကြ၏၊ ထိုသူတို့အားပရမတ် ဘုရားရှင်၏ မဟာကရုဏာတော် ကိန်းသက်လတ္တံ့၊ ဧကန်ပင် ပရမတ်ဘုရားရှင် သည် ဘုန်းတော်အရှင်၊ ဓမ္မသတ်ရှင် ဖြစ်တော်မူ၏။
၉း၇၂။ ယုံကြည်သူ၊ ယုံကြည်သူမ များအားစမ်းချောင်းရေသွင် စီးဆင်းနေသော သုခဘုံများထို၌ အစဉ် စံစားရမည်၊ ထိုတည်မြဲခြင်းသုခဘုံများ၌ စင်ကြယ်စွာ အခြေချရမည်ဟု ပရမတ်ဘုရားရှင်က ကတိထားတော်မူ၏။ ဤသည် ပရမတ်ဘုရားရှင် ထံမှ ကြီးကျယ်လွန်းသော ကျေနပ်စေမှု ဖြစ်၏။ ဤသည် မဟာ အောင်ပွဲပင် ဖြစ်၏။
၉း၇၃။ အေ- သတင်းတော်ဆောင်၊ ဖုံးကွယ်သူများနှင့် သီလကြောင်များကို ဆန့်ကျင်လျက် အားစိုက်ဆောင်ရွက်လော့၊ သူတို့ အပေါ်၌ တိကျပြတ်သားလော့၊ သူတို့၏ ခိုလှုံရာသည် ငရဲဘုံနှင့် အမင်္ဂလာ ခရီးဆုံးဖြစ်၏။
၉း၇၄။ သူတို့သည် “မပြောဆိုရပါ၊”ဟု ပရမတ်ဘုရားရှင်အားတိုင်တည်ကြ၏၊ အမှန်ပင် သူတို့သည် အစ္စလာမ် အဖြစ် ခံယူပြီးမှ ဖုံးကွယ်မှုနှင့် ဖုံးကွယ်သော စကားများကို ပြောဆို ကြ၏။ သူတို့ မဆွတ်ခူးနိုင်သည်ကို ကြံစည်ကြ၏၊ ပရမတ်ဘုရားရှင်နှင့် အရှင့် ဉာဏ်စဉ်ဆောင်၏ သိက္ခာပေးခြင်းနှင့် ပြည့်စုံခြင်းမရှိလျှင် လက်တုန့်ပြန်ကြမည် မဟုတ်ချေ၊ သို့ဖြစ်၍ သူတို့သည် ခဝါချကြလျှင် သူတို့အတွက် ပိုကောင်း၏၊ အကယ်၍ သူတို့ လှည့်သွားခဲ့လျှင် ပရမတ်ဘုရားရှင်က သူတို့အတွက် စီမံထားသည့် ဝဋ်ကြွေးမှာ ဤဘ၀ နောင်ဘ၀၌ စူးနစ်သော ဝဋ်ကြွေးပင် ဖြစ်၏၊ မြေကမ္ဘာ၌ သူတို့အတွက် ကူညီမည့်သူ မဟာမိတ် ဟူ၍ မရှိပြီ။
၉း၇၅။ သူတို့အနက် အရှင်၏ သိက္ခာပေးခြင်းမှ ကျွန်ုပ်တို့အားချီးမြှင့်လျှင် ကျွန်ုပ်တို့သည် အလှုဒါနပြုလျက် ပြုပြင်သူများမှ ဖြစ်ကြပေမည်ဟု ပရမတ် ဘုရားရှင်အားပဋိညာဉ်ထားသူများရှိ၏။
၉း၇၆။ သို့သော် အရှင်၏ သိက္ခာပေးခြင်းမှ သူတို့အားချီးမြှင့်သောအခါ၊ ကပ်စီးနဲကြကုန်၏၊ လှည့်ပြန်လျက် သူတို့သည်ဘောင်ကန့်ထားသူများဖြစ်ကြ၏။
၉း၇၇။ ပရမတ်ဘုရားရှင်၌ ထားသော ကတိအားဖြည့်ဆီးရန် ပေါ့ပျက်ခြင်း၊ လိမ်လည်ခြင်းများကြောင့် အရှင့်အားဆုံတွေ့ရသည့်နေ့တိုင် သူတို့၏ နှလုံးသား၌ သီလကြောင်စိတ်များချုပ်ကိုင်ကြလေပြီ။
၉း၇၈။ သူတို့၏ ကြိတ်၍ကြံစည်မှုနှင့် သီးခြားတိုင်ပင်ခြင်းများကို ပရမတ်ဘုရားရှင်သည် ကုန်စင်သိနေတော်မူကြောင်းသူတို့ မသိကြသလော၊ ဧကန်ပင် ပရမတ်ဘုရားရှင်သည် စက္ခုလွန်များကို သိနေ သော အရှင် ဖြစ်၏။
၉း၇၉။ အလှုဒါနအားစိတ်ပြတ်စွာ ပေးကမ်းသည့် ယုံကြည်သော သူများနှင့်၊ ကိုယ်တွေ့မဖြစ်နိုင်၍ မိမိ၏ အားစိုက်ဆောင်ရွက်သော သူတို့အားဝေဖန်ပုတ်ခတ်သောသူများ- ထိုသူတို့မှ ပျက်ရယ်ပြုခြင်းအားပရမတ်ဘုရားရှင် က သူတို့၌သာ ပျက်ရယ်မှုသင့်စေ၏၊ သူတို့အတွက် စူးနစ်နာကျင်သော ဝဋ်ကြွေးသည် ရှိနေ၏။
၉း၈၀။ သူတို့အတွက် လွတ်ငြိမ်းခွင့် ပန်သည် ဖြစ်စေ၊ လွတ်ငြိမ်းခွင့် မပန်သည် ဖြစ်စေ၊ အကြိမ် ခုနှစ်ဆယ် လွတ်ငြိမ်းခွင့် ပန်သော်လည်းပရမတ် ဘုရားရှင်သည် သူတို့အားလွတ်ငြိမ်းစေမည် မဟုတ်ချေ။ ၎င်းမှာ- ပရမတ် ဘုရားရှင်နှင့် အရှင်၏ ဉာဏ်စဉ်ဆောင်အားသူတို့၏ ငြင်းပယ်ဖုံးကွယ်မှုကြောင့် ဖြစ်၏၊ ပရမတ်ဘုရားရှင်သည် ယုတ်မာသော လူမျိုးအားလမ်းညွှန်တော် မမူချေ။
၉း၈၁။ နောက်ချန်ခဲ့သော သူများသည်၊ ပရမတ်ဘုရားရှင်၏ ဉာဏ်စဉ် ဆောင်၏ နောက်ချန် ထိုင်နေရခြင်းကို ဝမ်းမြောက်၏၊ ပရမတ်ဘုရားရှင်၏ လမ်းစဉ်တော်၌ ဥစ္စာပစ္စည်းဉာဉ်စရိုက်များဖြင့် အားစိုက်ဆောင်ရွက်ရမည်ကို မကြိုက်ကြ၊ “အပူထဲ၌ ချီမတက်ကြနှင့်” ဟု ဆိုကြ၏၊ “ငရဲမီးသည် ပိုမို၍ ပူပြင်းလှ၏၊”ဟု ဟောလော့။ နားလည်ကြပါလေစ။
၉း၈၂။ မဖြစ်စလောက် ရယ်မောကြစေလော့၊ သူတို့၏ ကျင့်ဆောင်လေ့ ရှိရာများကြောင့် မျက်ရည်များစွာ အစားပေးရလတ္တံ့။
၉း၈၃။ သို့ဖြင့် ပရမတ်ဘုရားရှင် သည် သင့်အားသူတို့အနက် တစ်စုဆီသို့ ပြန်လာစေ၍၊ သူတို့က သင့်ထံ၌ ချီတက်ခွင့် တောင်းသော် “သင်တို့သည် ကျွန်ုပ်နှင့်အတူ ချီတက်ရန် မည့်သည့် အခါမှ အကြောင်းမရှိ၊ စည်းဖေါက်သူများအားခုခံတိုက်ရန်လည်းအကြောင်းမရှိ ဧကန်ပင် သင်တို့သည် ပထမ အကြိမ်၌ ထိုင်နေခြင်းဖြင့် ကျေနပ်ခဲ့ပြီ။ သို့ဖြစ်၍ ယခုလည်းနောက်ချန် နေခဲ့သူများနှင့်အတူ ထိုင်၍ပင် နေခဲ့လော့၊”ဟု ဟောကြားလော့။
၉း၈၄။ သူတို့မှ သေသူ တစ်ဦး၏ ဈာပနသို့ မည်သည့်အခါမှ မတက်ရောက်နှင့် ဝတ်မပြုနှင့်၊ ဧကန်ပင် သူတို့သည် ပရမတ်ဘုရားရှင်နှင့် အရှင့် ဉာဏ်စဉ်ဆောင်အားငြင်းပယ်ကြ၍ ယုတ်မာသူများအဖြစ်ဖြင့် သေဆုံးခြင်းဖြစ်၏။
၉း၈၅။ သူတို့၏ ဥစ္စာပစ္စည်းရင်သွေးများက သင့်အားအံ့ဩလောက်စရာ မဖြစ်စေနှင့်၊ ပရမတ်ဘုရားရှင်သည် ထိုအရာများဖြင့် သူတို့အားဤလောက၌ ဝဋ်ကြွေးသင့်စေလို၏၊ သူတို့သည် ဖုံးကွယ်သူများဖြစ်နေစဉ် သူတို့၏ စရိုက်များအားခွဲခွာစေလို၏။
၉း၈၆။ ပရမတ်ဘုရားရှင်အားယုံကြည်ကြလော့၊ အရှင်၏ ဉာဏ်စဉ်ဆောင်နှင့်အတူ အားစိုက်ဆောင်ရွက်ကြလော့ ဟူသော ဓမ္မခန္ဓာတစ်ခု အားချမှတ်ပေးသောအခါ၊ သူတို့အနက်မှ ဓန အင်အားရှိသူတို့က “ကျွန်ုပ်တို့အားထိုင်နေခဲ့သူများနှင့် အတူ ချန်ထားခဲ့ပါ၊” ဟု သင့်ထံ၌ ခွင့်တောင်းကြကုန်၏။
၉း၈၇။ သူတို့သည် နောက်ချန်ခဲ့သူများနှင့် အတူနေခဲ့ရခြင်းကို ကျေနပ်နေ၏၊ သူတို့၏ နှလုံးသားကို တံဆိပ်ထုထားလေပြီ၊ သူတို့၌ နားလည်နိုင်စွမ်းမရှိကြချေ။
၉း၈၈။ ဉာဏ်စဉ်တော်ဆောင်၊ သူနှင့်အတူ ရှိသော ယုံကြည်သောသူများသည်ကားသူတို့၏ ဉာဉ်စရိုက် ဥစ္စာပစ္စည်းများဖြင့် အားစိုက်ဆောင်ရွက်ကြ ကုန်၏၊ သူတို့သည်သာ ကောင်းသောသူများဖြစ်၏၊ သူတို့သည်သာ အောင်မြင် ပေါက်မြောက်သူများဖြစ်ကုန်၏။
၉း၈၉။ ပရမတ်ဘုရားရှင်သည် သူတို့အတွက် အောက်ခင်း၌ စမ်းချောင်းရေသွင် စီးဆင်းနေသော ဥယျာဉ်ဘုံများနှင့် ထို၌ အစဉ် စံစားရမည်ကို တွက်ချက်ပြင်ဆင်ထားတော်မူ၏။ ဤသည် မဟာ အောင်ပွဲပင် ဖြစ်၏။
၉း၉၀။ ကန္တာရတိုင်းရင်းသားများမှ မေတ္တာရပ်ခံသူများ ရောက်လာကြ၍ ပရမတ်ဘုရားရှင်နှင့် အရှင့် ဉာဏ်စဉ်ဆောင်အားလိမ်လည်သောသူများက ထိုင်နေရစ်ခဲ့ကြ၏။ သူတို့မှ ဖုံးကွယ်သောသူတို့ အတွက် စူးနစ်သော ဝဋ်ကြွေးအားထိသက်စေလတ္တံ့။
၉း၉၁။ မသန်စွမ်းသူများ၊ ဖျားနာသူများ၊ သုံးစွဲရန် ကိုယ်တွေ့ မဖြစ်နိုင်သော သူများသည် ပရမတ်ဘုရားရှင်နှင့် အရှင့် ဉာဏ်စဉ်ဆောင် အပေါ် စိတ်ထားဖြူစင် နေသ၍ အပြစ်မသင့်ချေ။ သုမင်္ဂလာပြုသူတို့အားခက်ခဲစေတော်မမူ။ ပရမတ် ဘုရားရှင်သည် လွတ်ငြိမ်းစေသောအရှင်၊ အကြင်နာရှင် ဖြစ်တော်မူပေ၏။
၉း၉၂။ သူတို့အားသယ်သွားပါရန်- သင့်ထံသို့ ရောက်စဉ် သင်က “သင်တို့အားသယ် ဆောင်သွားစရာ ကျွန်ုပ် ရှာမတွေ့ပါ၊”ဟု ဆိုသောကြောင့်၊ သူတို့၌ သုံးစွဲရန် ကိုယ်တွေ့ မဖြစ်နိုင်သည်ကို သောကများဖြင့် မျက်ရည်လျှံလျက် လှည့်သွားရသောသူများသည်လည်း(အပြစ် မရှိချေ)။
၉း၉၃။ ပြည့်စုံပါလျက် သင့်ထံ၌ လာရောက် ခွင့်တောင်းသော သူများကိုသာ အပြစ်တင်လမ်းရှိ၏။ သူတို့သည် နောက်ချန်သူများနှင့် အတူ နေခဲ့ခြင်းကို ကျေနပ် ကြ၏၊ ပရမတ်ဘုရားရှင်က သူတို့၏ နှလုံးသားကို တံဆိပ်ထုထားလေပြီ။ သူတို့ သိကြမည် မဟုတ်ချေ။
၉း၉၄။ သင်တို့သည် သူတို့ထံသို့ ပြန်လာသော် သင်တို့ထံ၌ ဝန်ရှောင်ခွင့် တောင်းပန်ကြလိမ့်မည်။ “ဝန်ရှောင်ခွင့် မတောင်းပန်ကြနှင့်၊ သင်တို့ အားယုံကြည်ရန် ကျွန်ုပ်တို့၌ အကြောင်းမရှိချေ၊ သင်တို့၏ သတင်းအကြောင်းကို ပရမတ်ဘုရားရှင်သည် ကျွန်ုပ်တို့အားသတင်းထုတ်ပြန်လေပြီ။ ပရမတ်ဘုရားရှင် နှင့် အရှင့် ဉာဏ်စဉ်ဆောင်သည် သင့်တို့၏ ကျင့်ကြံမှုများအားမြင်နေတော်မူ လတ္တံ့။ စက္ခုလွန်များကို သိနေတော်မူသော အရှင့်ထံသို့ သင်တို့အားပြန်ပို့လျက် သင်တို့၏ ကျင့်ကြံလေ့ရှိသမျှအားသက်သေဖြစ်စေတော်မူလတ္တံ့၊ သတင်းထုတ်ပြန်တော်မူလတ္တံ့”ဟု ဆိုလော့။
၉း၉၅။ သင်တို့ လှည့်ပြန်ကြသောအခါ သူတို့အပေါ် ဘောင်မထားရန် ပရမတ် ဘုရားရှင်၌ သူတို့ တိုင်တည်ကြလတ္တံ့။ သူတို့နှင်စပ်လျဉ်း၍ ဘောင်ထားလော့၊ သူတို့သည် မသန့်စင်သူများဖြစ်၏။ သူတို့၏ ကျင့်ဆောင်လေ့ရှိရာများအတွက် ခိုလှုံရာ ငရဲဘုံကိုသာ အစားပေးခံရလတ္တံ့။
၉း၉၆။ သူတို့အပေါ် သင်တို့ ကျေနပ်စေရန် လည်းသူတို့ တိုင်တည်ကြလိမ့်မည်။ သင်တို့က သူတို့အားကျေနပ်ငြားသော် လည်း၊ ပရမတ်ဘုရားရှင်သည် ယုတ်မာသော လူမျိုးအားကျေနပ်တော်မမူချေ။
၉း၉၇။ ကန္တာရတိုင်းရင်းသားများသည် ဖုံးကွယ်စိတ်နှင့် သီလကြောင်စိတ်၌ ပြင်းထန်လှ၏။ ပရမတ်ဘုရားရှင်က အရှင့် ဉာဏ်စဉ်ဆောင်ထံမှ ချမှတ်ပေးရာ အားမသိနိုင်ရန် စည်းမျဉ်းလုပ် ကာဆီးထား၏။ ပရမတ်ဘုရားရှင်သည်ကားသိနေသော အရှင် ဓမ္မသတ်ရှင် ဖြစ်တော်မူ၏။
၉း၉၈။ ကန္တာရတိုင်းရင်းသားများအနက် အပိုထည့်ဝင်ရခြင်းကို အကြွေးပိသည်ဟု ယူမှတ်လျက် သင်တို့သည် ရုံးတင်ခြင်းခံရမည်ကို စောင့်ကြည့်သူ ရှိ၏။ သူတို့သည်သာ ရုံးတင်ခံရခြင်းအကုသိုလ်သင့်လတ္တံ့၊ ပရမတ်ဘုရားရှင်သည် ကြားနေသော အရှင် သိနေသော အရှင် ဖြစ်၏။
၉း၉၉။ ကန္တာရတိုင်းရင်းသားများအနက် ပရမတ်ဘုရားရှင်နှင့် နောင်ဘ၀ နေ့ကာလကို ယုံကြည်ကြလျက် အပိုထည့်ဝင်ခြင်းသည် ပရမတ်ဘုရားရှင်ထံ၌ နီးစပ်ခွင့်၊ ဉာဏ်စဉ်ဆောင်၏ မေတ္တာသက်ခြင်းကို ခံစားရမည်ဟု အယူထားသူများရှိ၏။ ဧကန်ပင် ၎င်းတို့သည် နီးစပ်ချည်းကပ်မှု ဖြစ်၏၊ သူတို့အားပရမတ် ဘုရားရှင်၏ ကရုဏာတော်သို့ ဝင်စေလတ္တံ့။ ဧကန်ပင် ပရမတ်ဘုရားရှင်သည် လွတ်ငြိမ်းစေသော အရှင် အကြင်နာရှင် ဖြစ်၏။
၉း၁၀၀။ လက်ဦးပထမ ပြောင်းရွှေ့လာသူများနှင့် ကူညီသူများ၊ သုမင်္ဂလာ ပြုရာ၌ သူတို့၏ နောက်သို့ လိုက်သော သူများထိုသူများကို ပရမတ်ဘုရားရှင် အားရကျေနပ် ရှိတော်မူ၍၊ သူတို့ကလည်းအရှင့်အားအားရကျေနပ် ရှိလေ၏။ သူတို့အဘို့ အောက်ခင်း၌ စမ်းချောင်းရေသွင် စီးဆင်းနေသော ဥယျာဉ်ဘုံများနှင့် ထို၌ ကာလပိုင်းခြားမဲ့ အစဉ် စံစားစေရန် တွက်ချက်ပြင်ဆင်ထား၏။ ဤသည် မဟာ အောင်ပွဲပင် ဖြစ်၏။
၉း၁၀၁။ သင်တို့ ပတ်ဝန်းကျင်ရှိ ကန္တာရတိုင်းရင်းသားများနှင့် မြို့သားများအနက် သီလကြောင်များရှိ၏။ သူတို့သည် ယုံကြည်ဟန်ဆောင်၍ ထကြွနေသည် ကို သင်သည်သူတို့အားမသိပေ၊ ငါသည်သာ သိနေတော်မူ၏၊ သူတို့အားဝဋ်ကြွေးဒဏ် နှစ်ကြိမ်နှစ်ခါ သင့်စေလတ္တံ့။ တဖန် မဟာ ဝဋ်ကြွေးဆီသို့ ပြန်ပို့ခံရ လတ္တံ့။
၉း၁၀၂။ သူတို့၏ အပြစ်များကို မှတ်မိသော အခြားသူများလည်းရှိ၏။ သူတို့သည် ပြုပြင်ပြောင်းလဲခြင်းကျင့်ကြံမှုတစ်ခုအားသူတို့၏ အခြားအကုသိုလ် ဖြင့် ရောပေါင်းထားကြ၏။ ပရမတ်ဘုရားရှင်သည် သူတို့အားသင်ပုန်းချေပေးနိုင် ရာ၏၊ ဧကန်ပင် ပရမတ်ဘုရားရှင်သည် လွတ်ငြိမ်းစေသောအရှင် အကြင်နာရှင် ဖြစ်တော်မူပေ၏။
၉း၁၀၃။ သူတို့၏ ဥစ္စာပစ္စည်းမှ အလှုဒါနကို လက်ခံလော့၊ ၎င်းအားဖြင့် သူတို့အားသန့်စင်စေလော့၊ ဖြူစင်စေလော့၊ သူတို့အားမေတ္တာပို့ပေးလော့၊ သင်၏ မေတ္တာသက်ခြင်းသည် သူတို့အားတည်ငြိမ်စေ၏၊ ပရမတ်ဘုရားရှင် သည်ကားကြားနေသောအရှင်၊ သိနေသောအရှင် ဖြစ်တော်မူ၏။
၉း၁၀၄။ ဧကန်ပင် ပရမတ်ဘုရားရှင်သည် အရှင့် အမှုတော်ဆောင်များထံမှ ခဝါချခြင်းကို အကိုးပြည့်စေတော်မူ၏၊ အလှုဒါနများကို အကိုးပြည့်စေ၏- ဟူ သည်ကို မသိကြသလော၊ ဧကန်ပင် ပရမတ်ဘုရားရှင်သည် သင်ပုန်းချေတော်မူ သော အရှင်၊ အကြင်နာရှင် ဖြစ်တော်မူ၏။
၉း၁၀၅။ ကျင့်ကြံကြလော့၊ အရှင်၏ ဉာဏ်စဉ်ဆောင်နှင့် ယုံကြည်သူ- သင်တို့၏ ကျင့်ကြံမှုတို့အားပရမတ်ဘုရားရှင် သည် မြင်နေ၏။ သင်တို့သည် စက္ခုလွန်နှင့် ပစ္စုပ္ပန်တို့အားသိနေတော်မူသော အရှင်ထံသို့သာ ပြန်ပို့ခံရလတ္တံ့။ ထို့နောက် သင်တို့ ကျင့်ကြံလေ့ ရှိသမျှအားသတင်းထုတ်ပြန်တော်မူလတ္တံ့၊” ဟု ဟောပြောလော့။
၉း၁၀၆။ သို့မဟုတ် သူတို့အားဝဋ်ကြွေးဒဏ်သင့်စေရန်၊ သို့မဟုတ် သင်ပုန်းချေပေးရန် ပရမတ်ဘုရားရှင်၏ ညွှန်ကြားချက်ကို မျှော်လင့်နေကြသော အခြားသူများလည်းရှိ၏။ ဧကန်ပင် ပရတ်ဘုရားရှင်သည် သိနေသော အရှင် ဓမ္မသတ်ရှင် ဖြစ်တော်မူ၏။
၉း၁၀၇။ ဒုက္ခပေးရန်၊ ဖုံးကွယ်ခြင်းသို့ တိမ်းရန်၊ ယုံကြည် သူများအကြားခွဲခြားရန်၊ ဤမတိုင်မှီက ပရမတ်ဘုရားရှင်နှင့် အရှင်၏ ဉာဏ်စဉ်ဆောင် အတွက် စစ်တိုက်ခဲ့သူအားကင်းထောက်ရန်- ကျောင်းတည် ဆောက်သော သူတို့က “ကျွန်ုပ်တို့သည် သုမင်္ဂလာကိုသာ လိုလားပါ၏၊”ဟု တိုင် တည် သော်လည်း၊ ပရမတ်ဘုရားရှင်က သူတို့သည် လိမ်ညာသူများဖြစ်ကြောင်းသက်သေခံတော်မူလတ္တံ့။
၉း၁၀၈။ ထို၌ မည့်အခါမှ မရပ်တည်ကြနှင့်၊ ရှေးဦးနေ့ကာလ ကပင် စည်းစောင့်ရန် အလို့ငှာ အုပ်မြစ်ချထားသော ကျောင်းတော်သည်သာ ပိုမို မှန်ကန်၍၊ ထို၌ ရပ်တည်ကြလော့၊ ထို၌ မိမိကိုယ်မိမိ သန့်စင်မှုကို ချစ်မြတ်နိုးသော လူသားတို့ ရှိ၏။ ပရမတ်ဘုရားရှင်သည်ကား၊ သန့်စင်သူတို့အားနှစ်သက်တော် မူ၏။
၉း၁၀၉။ ပရမတ်ဘုရားရှင်၏ ကျေနပ်နှစ်သက်ခြင်းကို ရှာမှီးကာ စည်းစောင့် ခြင်း၌ အဆောက်အဦးအုတ်မြစ်ချသူ ရှိ၍၊ သို့တည်းမဟုတ် ပြိုကျသော အငူစွန်းတွင် အဆောက်အဦးအုတ်မြစ်ချကာ ၎င်းသည် သူနှင့် အတူ အပူ ငရဲမီးထဲသို့ ပြိုကျသွားခြင်းခံရသူလည်းရှိ၏။ မည်သူသည် ပို၍ကောင်းသနည်း၊ ပရမတ် ဘုရားရှင်သည် မိုက်ကြေးခွဲသော လူမျိုးအားလမ်းညွှန်တော် မမူချေ။
၉း၁၁၁။ ပရမတ်ဘုရားရှင်သည် ယုံကြည်သူတို့ထံမှ သူတို့၏ ဉာဉ်စရိုက် နှင့် ဥစ္စာပစ္စည်းများကို ဝယ်ယူတော်မူပြီ၊ ထို့အတွက် သူတို့အဘို့ သုခဘုံသည် ရှိနေ၏၊ သူတို့သည် ပရမတ်ဘုရားရှင်၏ လမ်းစဉ်တော်၌ ခုခံတိုက်ကြ၏၊ သို့ဖြစ်၍ ခုခံတိုက်ရခြင်း၊ ကျဆုံးရခြင်းများရှိ၏၊ ကတိတော်သည် အရှင့်၌ တာဝန် ရှိသည်ဟု ဓမ္မဟောင်း၊ ဓမ္မသစ်နှင့် ကုရ်အာန်တွင်လာ၏။ ပရမတ်ဘုရားရှင်ထက် သာ၍ မည်သူက ပဋိညာဉ်ကို ပြီးပြည့်စေမည်နည်း။ သင်တို့နှင့် ကတိသစ္စာပြုသူ အရှင်မြတ်နှင့် ကတိသစ္စာပြုသောသူ အတွက် သတင်းကောင်းရှိလေပြီ။၊ ဤအရာသည် မဟာ အောင်ပွဲပင် ဖြစ်၏။
၉း၁၁၂။ ခဝါချသူများ၊ ကိုးကွယ်ဆည်းကပ် သူများ၊ ရည်သန်စူးစိုက်သူများ၊ စောင့်တည်သူများ၊ ဦးညွှတ်သူများ၊ ဦးချသူများ၊ အသိအမှတ်ပြုမှုကို မိန့်ညွှန်သူများ၊ သူစိမ်းဆန်ခြင်းကို ဟန့်တားသူများ၊ ပရမတ် ဘုရားရှင်၏ စည်းမျဉ်းများအားထိန်းသိမ်းစောင့်ရှောက်သူများ၊ ထိုယုံကြည်သူ များအားသတင်းကောင်းကိုပါးလော့။
၉း၁၁၃။ သူတို့သည် ငရဲမီး၏ ပေါင်းဖေါ်များဖြစ်သည်ဟု ရှင်းလင်းထင်ရှားပြီးနောက် ဆွေမျိုးနီးစပ် ရှိသူများဖြစ်သော်လည်း၊ သတင်းတော်ဆောင်နှင့် ယုံကြည်သော သူတို့သည် ရောပြွန်းကိုးကွယ်သူတို့ အတွက် လွတ်ငြိမ်းခွင့် မပန် သင့်ပေ။
၉း၁၁၄။ အီဗရာဟီးမ်သည် သူ့ခမည်းတော်၌ ကတိ ရှိပြီးကတိကြောင့်သာ လွတ်ငြိမ်းဆုပန်ပေး၏။ ဧကန်ပင် သူသည် ပရမတ်ဘုရားရှင်အားစည်းဖေါက်သူ ဖြစ်သည်ဟု ရှင်းလင်းသောအခါ၊ သူနှင့် ကင်းရှင်းကြောင်းကြေငြာ၏။ ဧကန်ပင် အီဗရာဟီးမ်သည် နူးညံ့သိမ်မွေ့၍ သနားတတ်သူဖြစ်၏။
၉း၁၁၅။ ပရမတ်ဘုရားရှင်သည် လူမျိုးတစ်မျိုးအားလမ်းညွန်ပြပြီးနောက် သူတို့ စည်းစောင့်ရမည့် အရာကို ရှင်းလင်းစေသည့်တိုင် သူတို့အား လမ်းလွဲစေ သည် မဟုတ်ချေ။ ဧကန်ပင် ပရမတ်ဘုရားရှင်သည် သဗ္ဗလုံးစုံ သိနေသော အရှင် ဖြစ်၏၊
၉း၁၁၆။ ဧကန်ပင် ပရမတ်ဘုရားရှင်သည် မိုးများနှင့် မြေကမ္ဘာ၏ အရှင်သခင် ဘုရားရှင် ဖြစ်တော်မူ၏။ နိစ္စ၊ အနိစ္စကို ဖြစ်စေ၏။ ပရမတ်ဘုရားရှင် မှလွဲ၍ ကူညီသူ မဟာမိတ် ဟူ၍ မရှိပြီ။
၉း၁၁၇။ မုချဧကန် ပရမတ်ဘုရားရှင်သည် သတင်းတော်ဆောင်နှင့် သူ၏ အခက်အခဲ ဖြစ်နေသော အချိန်နာရီများတွင် သူ့ နောက်မှ လိုက်သော ပြောင်းရွှေ့ရသူများ၊ ကူညီခဲ့သူများကို သင်ပုန်းချေပေးတော် မူ၏၊ သူတို့မှ တစ်ဖွဲ့၏ နှလုံးသားများသည် တိမ်းပါးလုမတတ် ဖြစ်သောအခါ၊ သူတို့အားသင်ပုန်းချေပေးတော်မူ၏၊ ဧကန်ပင် အရှင်သည် ညှာတာသော အရှင် ကြင်နာသော အရှင် ဖြစ်တော်မူပေ၏။
၉း၁၁၈။ နောက်မှ ဆက်ခံသော လူသုံးမျိုးသည်လည်း ကျယ်ဝန်းသော မြေကမ္ဘာသည် သူတို့အတွက် ကျဉ်းမြောင်းသောအခါ။ ပရမတ်ဘုရားရှင်ထံမှ အပ ခိုကပ်စရာ မရှိဟု စဉ်းစားစေသည့် တိုင်အောင် သူတို့၏ စိတ်စရိုက်အားကျပ်တည်းစေ၏။ ထို့နောက် သူတို့သည် ခဝါချအံ့သောငှာ သူတို့အားသင်ပုန်းချေ ပေးတော်မူ၏။ ဧကန်ပင် ပရမတ်ဘုရားရှင်သည် သင်ပုန်းချေပေးသော အရှင်၊ အကြင်နာရှင် ဖြစ်တော်မူပေ၏။
၉း၁၁၉။ အို- ယုံကြည်သောသူတို့၊ ပရမတ်ဘုရားရှင်အားစည်းစောင့်ကြ လော့၊ ဖြောင့်မတ်သူများနှင့် အတူရှိကြလော့။
၉း၁၂၀။ မြို့သားများနှင့် ၎င်း၏ ဝန်းကျင် နေ ကန္တရတိုင်းသားတို့သည် ပရမတ်ဘုရားရှင်၏ ဉာဏ်စဉ်ဆောင် နောက်ကွယ်၌ မကျန်ရစ်ထိုက်ပေ။ သို့မဟုတ် သူတို့၏ စိတ်စရိုက်ကို ကိုယ်တော်၏ စိတ်ဆန္ဒ ထက် ဦးစားမပေးသင့်ချေ။ ပရမတ်ဘုရားရှင်၏ လမ်းစဉ်တော်၌ သူတို့အားထိသက်သော ရေဆာခြင်း၊ ပင်ပန်းဆင်းရဲခြင်း၊ ဆာလောင်ငတ်မွတ်ခြင်းများ၊ ဖုံးကွယ်သူတို့အားဒေါသဖြစ်လောက်သည့် တက်လှမ်းမှုများတက်လှမ်းရခြင်း၊ ရန်သူထံမှ ဖမ်းဆီးရ၍ ထိုဖမ်းဆီးမှု အတွက် မှတ်တမ်းတင် ခံရခြင်းတို့သည် သူတို့၏ ပြုပြင်ပြောင်းလဲသော ကျင့်ကြံမှုကြောင့်သာ ဖြစ်၏။ ဧကန်ပင် ပရမတ် ဘုရားရှင်သည် သုမင်္ဂလာ ပြုသူတို့၏ ဆုလဒ်ကို အလဟသ ဖြစ်စေတော်မမူချေ။
၉း၁၂၁။ သူတို့သည် ကြီးငယ်မဟူ သုံးစွဲရန် မသုံးစွဲနိုင်သော်လည်း၊ ချိုင့်ဝှမ်းဒေသအားမဖြတ်သန်းနိုင်သော်လည်း၊ သူတို့၏ သုမင်္ဂလာ ကျင့်ကြံလေ့ ရှိရာများကို ပရမတ် ဘုရားရှင်က အစားပြန်ပေးရန်သာ မှတ်တမ်းတင်ထားတော်မူ၏၊
၉း၁၂၂။ ယုံကြည်သူများသည် အားလုံးအတူတကွ စစ်မချီအပ်။ တပ်ရင်းတစ်ရင်းမှ တပ်သားတစ်ဖွဲ့စီ ခွဲ၍ စစ်ချီအပ်၏။ ကျန်သူများက ဥပဒေရေးရာ နားလည်ရန်ပြုအပ်၏။ သို့ဖြင့် သူတို့၏ လူမျိုးများပြန်လာသောအခါ သူတို့ အနေဖြင့် သတိမူမိရန် အလို့ငှာ သူတို့အားသတိပေးနိုင်ရာ၏။
၉း၁၂၃။ အို- ယုံကြည်သောသူတို့၊ သင်တို့ထံ လှည့်ကပ်လာသော ဖုံးကွယ် သူတို့မှ ရန်ပြုသောသူတို့အားခုခံတိုက်ကြလော့၊ သင်တို့၏ တိကျပြတ်သားမှုကို သူတို့အားကြုံတွေ့စေလော့၊ သိကြလော့- ပရမတ်ဘုရားရှင်သည်ကားစည်းစောင့် သူများနှင့် အတူရှိတော်မူ၏။
၉း၁၂၄။ အသင်တို့ထံသို့ ဓမ္မခန္ဓာတစ်ခု ချမှတ်ပေးတော် မူတိုင်း၊ သူတို့အနက်မှ “၎င်းမှ မည်သည်က သင်တို့အားယုံကြည်မှု တိုးပွားစေ သနည်း၊”ဟု ပြောသူတို့ ရှိ၏။ ယုံကြည်သူတို့မှာမူ ၎င်းကြောင့် ယုံကြည်မှုကို တိုးပွားကြ၍ သတင်းကောင်းရှိလေပြီ။
၉း၁၂၅။ နှလုံးသား၌ ရောဂါရှိနေသူတို့မှာမူ ၎င်းကြောင့် ညစ်ညမ်းမှုပေါ် ညစ်ညမ်းမှု တိုးပွားစေ၍၊ သူတို့သည် ဖုံးကွယ်သူများအဖြစ်ဖြင့်သာ သေဆုံးကြမည်ပင်။
၉း၁၂၆။ နှစ်တိုင်းပင် သူတို့အားတစ်ကြိမ်၊ နှစ်ကြိမ် စမ်းသပ်တော်မူသည်ကို မမြင်မိကြသလော၊ သို့သော် သူတို့သည် ခဝါချခြင်းမရှိကြ၊ ဆင်ခြင်သတိလည်းမရှိကြချေ။
၉း၁၂၇။ သူတို့အားဓမ္မခန္ဓာတစ်ပါးချမှတ်ပေးတော်မူတိုင်း၊ သူတို့မှ အချို့ သည် အချို့အားငေးကြည့်ကြလျက် “အသင်တို့အားတစ်စုံတစ်ယောက်က မြင်ပါ သလား၊”ဟု မေးမြန်းကြ၍၊ ဘက်ပြန်ပြေးကြ၏။ သူတို့သည် နားလည်နိုင်စွမ်းမရှိသော လူမျိုးဖြစ်သောကြောင့် ပရမတ်ဘုရားရှင်က သူတို့၏ နှလုံးသားအားဘက်ပြန်နေစေ၏။
၉း၁၂၈။ သင်တို့၏ စရိုက်တူမှ ဉာဏ်စဉ်ဆောင်သည် သင်တို့ထံ ရောက်လာ ခဲ့ပြီ၊ သင်တို့ စိတ်ပင်ပန်းရသည်ကို သူ့ ဘုန်းကံသက်၏၊ သင်တို့အပေါ် ဆန္ဒဇော ကြီး၏။ ယုံကြည်သူများအပေါ်၌ ညှာတာ၏၊ အကြင်နာပွား၏။
၉း၁၂၉။ သူတို့သည် လှည့်သွားကြလေလျှင်၊ “ကျွန်ုပ်အတွက် ပရမတ်ဘုရားရှင်သည် စရင်းချုပ်ဖြစ်၏၊ အရှင်မှ အပ အခြားဘုရားဟူ၍ မရှိပြီ၊ အရှင့်ကိုသာ ကိုးစားပါ၏။ အရှင်သည် မဟာ့မဟာ ထပ်ဆင့်ကွပ်ကဲမှုကြီး၏ ကံကြမ္မာရှင် ဖြစ်၏။”ဟု ပြောလော့။
ဓမ္မခန္ဓာ (၉) ဤတွင် ပြီး၏။
ဓမ္မခန္ဓာ (၁၀) ယူနွတ်စ်
ဉာဏ်စဉ်ကိန်းဝပ်ပေးမှု အမှတ်စဉ် ၅၁၊ သုတ်ဒေသနာ ၁၀၉ ပါး။
ကရုဏာရှင် အကြင်နာရှင် ဖြစ်တော်မူသော ပရမတ်ဘုရားရှင်၏ ဂုဏ်တော်အားဖြင့်-
၁၀း၁။ “ငါသည် ကုန်စင်မြင်နေတော်မူသော ပရမတ်ဘုရားရှင် ဖြစ်၏၊” ဤသည် ဓမ္မသတ် ကျမ်းတော်၏ သုတ်ဒေသနာများပင် ဖြစ်၏။
၁၀း၂။ ငါသည် သူတို့မှ လူတစ်၌ အာရုံဖြစ်စေလျက်- လူသားတို့ထံသို့၊ “ယုံကြည်သောသူများအတွက် သူတို့၏ ကံကြမ္မာရှင်ထံ၌ တည်မြဲဖြောင့်မတ်မှု ရှိသည်ဟု သတင်းကောင်းပေး၊ သတိပေးလော့၊”ဟု စေသည်ကို လူသားတို့ အံ့ဩ ကြသလော၊ ဖုံးကွယ်သူများက “ဧကန်ပင် ဤသည် ရှင်းလင်းထင်ရှားသော မှော်ဆရာပင် ဖြစ်၏၊”ဟု ဆိုကြ၏။
၁၀း၃။ ဧကန်ပင် သင်တို့၏ ကံကြမ္မာရှင်သည် မိုးများနှင့် မြေကမ္ဘာအားကာလ ခြောက်ခုတွင်းဖြစ်တည်စေသော အရှင် ဖြစ်၏။ တဖန် ထပ်ဆင့်ကွပ်ကဲမှု ကို ပုံစံချ၍၊ ညွှန်ကြားချက်များကို ကျောထောက်နောက်ခံ ဖြစ်စေ၏။ ထို့နောက် အရှင်၏ ခွင့်ပြုချက် မရှိဘဲ ကြားဝင် အမျှဝေပေးနိုင်သူ ဟူ၍ မရှိချေ။ အရှင်သည် သင်တို့၏ ကံကြမ္မာရှင် ပရမတ်ဘုရားရှင် ဖြစ်တော်မူ၏၊ အရှင့်ကိုသာ ကိုးကွယ် အပ်၏၊ သင်တို့သည် ဆင်ခြင်သတိ ရှိကြမည် မဟုတ်လော။-
၁၀း၄။ သင်တို့ အားလုံး၏ အပြန်ခရီးမှာ အရှင်ထံသို့သာ ဖြစ်၏။ ဤသည် ပရမတ်ဘုရားရှင်၏ ပရမတ္ထ ကတိသစ္စာ ဖြစ်၏။ အရှင်သည် ဖြစ်တည်စေခြင်းကို အစပြု၏၊ ယုံကြည်၍ သမာသမတ်ဖြင့် ပြုပြင်မှု ကျင့်ကြံသော သူတို့အားအစားပေးရန် ဆက်စီမံထား၏။ ဖုံးကွယ်သော သူတို့ အတွက်မူ၊ သူတို့၏ ဖုံးကွယ်လေ့ ရှိမှုများကြောင့် သောက်စေရန် ရေနွေးပူနှင့်၊ စူးနစ်နာကျင်သော ဝဋ်ကြွေးသည် ရှိနေ၏။
၁၀း၅။ အရှင်သည် နေ အားထွန်းတောက်ခြင်း၊ လ အားရောင်ပြန်စေခြင်းကို စီစဉ်ပေးလျက်- သင်တို့သည် ခုနှစ်များတွက်ချက် သိနိုင်အံ့ငှာ ၎င်း၏ အဆင်းများကို စည်းချိန်ချထား၏။ ပရမတ်ဘုရားရှင်သည် မှန်ကန်ညီညွတ်ခြင်းဖြင့်သာ ဤသို့ ဖြစ်တည်စေတော်မူ၍၊ အသိပညာရှိသော လူမျိုးအတွက် ရှင်းလင်းဆုံးဖြတ်ချက် သုတ်ဒေသနာများပါရှိ၏။
၁၀း၆။ ဧကန်ပင် နေ့နှင့်ညအားအလှည့်ကျဖြစ်စေခြင်း၊ မိုးများနှင့် မြေအတွင်းပရမတ်ဘုရားရှင်၏ ဖြစ်တည်ပေးခြင်းများ၌၊ စည်းစောင့် သော လူမျိုးအတွက် နိမိတ်လက္ခဏာများပါရှိ၏။
၁၀း၇။ ဧကန်ပင်၊ ငါအရှင်အားဖူးတွေ့ရန် မမျှော်ကိုး၊ လောကီဘ၀အားနှစ်သက်လျက် ၎င်းအားဘဝင်ကျနေသော သူ၊ ငါ၏ နိမိတ်လက္ခဏာများကို မေ့လျော့နေသောသူ-
၁၀း၈။ သူတို့၏ ကျင့်ဆောင် လေ့ရှိရာများကြောင့် ထိုသူတို့သည် အပူမီး၌ ခိုလှုံရလတ္တံ့။
၁၀း၉။ ဧကန်ပင် ယုံကြည်လျှက် ပြုပြင်မှု ကျင့်ကြံသောသူတို့အားသူတို့၏ ယုံကြည်ခြင်းသီလကြောင့် သူတို့၏ ကံကြမ္မာရှင်က သူတို့အားလမ်းညွှန်တော် မူ၏၊ အောက်ခင်း၌ စမ်းချောင်းရေသွင် စီးဆင်းနေသော ဂုဏ်ရှိသည့် ဥယျာဉ်ဘုံ များရှိနေ၏။
၁၀း၁၀။ ထိုနေရာ၌ “အရှင့်အားဦးထိပ်ထားပါ၏၊ အို-ပရမတ်ဘုရားရှင်၊” ဟု သူတို့သည် ရင့်ကျူး၍၊ “ငြိမ်းချမ်းပါစေ၊”ဟု နှတ်ခွန်းဆက်ကြကာ၊ နောက်ဆုံး၌ “ရည်သန်စူးစိုက်မှု အပေါင်းသည် လောကခပ်သိမ်း၏ ကံကြမ္မာရှင်၊ ပရမတ် ဘုရားရှင် အဘို့သာတည်း၊”ဟု ကြွေးကြော်ကြ၏။
၁၀း၁၁။ လူသားသည် ကောင်းကျိုးကို အလျင်စလို ဖြစ်သကဲ့သို့၊ ပရမတ် ဘုရားရှင်က သူတို့ရထိုက်သော ဆိုးကျိုးကို အလျင်စလိုဖြစ်ခဲ့လျှင်၊ သူတို့အတွက် သတ်မှတ်ကာလကို ပြီးဆုံးခဲ့ချေပြီ။ ငါ့အားဖူးတွေ့ရန် မမျှော်ကိုးသော သူတို့အားမျက်ကန်းတောတိုးဘ၀ဖြင့် စည်းဖျက်မှုထဲ၌ ချန်ထားခဲ့ပြီ။
၁၀း၁၂။ လူသားအားဆိုးကျိုးထိသောအခါ၊ နံဘေးပေါ်လှဲ၍၊ ထိုင်၍၊ ရပ်၍ ငါ့ထံ၌ ဆုတောင်းပန်ထွာ၏။ သို့သော် ဆိုးကျိုးမှ ဖယ်ရှားပေးသည်နှင့် သူသည် မည်သည့် ဆိုးကျိုးထိခြင်းအတွက်မှ ငါ့ထံ၌ ဆုမပန်ခဲ့ သကဲ့သို့ သွားမြဲလမ်းကို သွားလေ၏၊ ဤသို့ပင် သူတို့၏ ကျင့်ကြံလေ့ ရှိရာများကြောင့် အလွဲသုံးစားပြုသူတို့အားဖမ်းစားထား၏။
၁၀း၁၃။ ငါသည် သင်တို့၏ ရှေ့အလျင် မျိုးဆက်များကို သူတို့ မိုက်ကြေးခွဲ နေစဉ် တိမ်ကောစေခဲ့ပြီ။ သူတို့ထံသို့ ဉာဏ်စဉ်ဆောင်များသည် ရှင်းလင်းချက်များဖြင့် ရောက်လာခဲ့ပြီ၊ သူတို့သည် ယုံကြည်ခြင်းမရှိကြ။ ငါသည် ရာဇဝတ်ကောင် လူမျိုးတို့အားညီမျှသော အစားပေးမှုကို ရစေပြီ။
၁၀း၁၄။ တဖန် ငါသည် သင်တို့ကို၊ သင်တို့ မည်သို့ ကျင့်ကြံကြမည်ကို စောင့်ကြည်ရန် သူတို့နောက် မြေကမ္ဘာ၌ အမွေခံ မျိုးဆက် အဖြစ် စီစဉ်တော်မူခဲ့ပြီ။
၁၀း၁၅။ ငါ၏ ရှင်းလင်းထင်ရှားသော သုတ်ဒေသနာများအားရွတ်ဖတ်ပြ သောအခါ၊ ငါ့အားဖူးတွေ့ရမည်ကို မမျှော်ကိုးသော သူများက “ဒီအပြင် ကုရ်အာန် အစားထိုးကျမ်းတော်ကို ယူဆောင်ခဲ့လော့၊ သို့မဟုတ် ၎င်းအားပြောင်းလဲပစ် လော့၊”ဟု ဆိုကြ၏။ “၎င်းကို ကျွန်ုပ်၏ စိတ်ဖြင့် လွှဲပြောင်းခင်းကျင်းခွင့် မရှိချေ။ ကျွန်ုပ်ထံသို့ အာရုံဈာန်ဖြစ်စေသည် ကိုသာ ကျွန်ုပ်သည် လိုက်နာရ၏၊ ကျွန်ုပ်၏ ကံကြမ္မာရှင်အားအာခံမိလျှင် ဝဋ်ကြွေးသင့်မည့် နေ့ကြီးအားကျွန်ုပ်ကြောက်ရွံ့ပါ ၏။”ဟု ဟောပြောလော့။
၁၀း၁၆။ ဟောလော့ “ပရမတ်ဘုရားရှင်၏ စံချိန်မပြည့်ခဲ့ သော်၊ ၎င်းကို သင်တို့ထံ၌ ကျွန်ုပ် ရွတ်ပြမည် မဟုတ်၊ သို့မဟုတ် ၎င်းမှ တစ်စုံ တစ်ရာကို သော်မျှ သင်တို့အားမှန်းပြောမည် မဟုတ်ချေ။ ဤအလျင်က သင်တို့ နှင့် အတူ ကျွန်ုပ်သည် ဘ၀သံသရာတစ်လျောက် နေခဲ့ပြီးပြီ၊ သင်တို့၌ အတွေးအခေါ် မရှိကြသလော။”
၁၀း၁၇။ ပရမတ်ဘုရားရှင်နှင့် စပ်လျဉ်း၍ လုပ်ကြံဖန်တီးလိမ်လည်သူ၊ အရှင်၏ သုတ်ဒေသနာများကို လိမ်လည်သူထက် မည်သူက ပို၍ အမိုက်စီးဘိ သနည်း။ ရာဇဝတ်ကောင်များသည်ကားအောင်မြင်ပေါက်မြောက်မည် မဟုတ် ချေ။
၁၀း၁၈။ ပရမတ်ဘုရားရှင် မှလွဲ၍ သူတို့အားအဆိုး၊ အကျိုးမပြုနိုင်သော အရာများကို ကိုးကွယ်ကြကုန်၍၊ “ဤသည်တို့မှာ ပရမတ်ဘုရားရှင်၏ ထံပါး၌ ကျွန်ုပ်တို့ အတွက် အမျှဝေပေးပါမည်၊”ဟု ပြောဆိုကြ၏။ “မိုးများနှင့် မြေကမ္ဘာ၌ ပရမတ်ဘုရားရှင် မသိရာ ရှိသည်ဟု သတင်းထုတ်ပြန်လိုကြသလော၊”ဟု မေးမြန်းလော့။ အရှင်သည် ဦးထိပ်ထားရာ ဖြစ်တော်မူ၏၊ သင်တို့ ရောပြွန်းကိုးကွယ် သည်များထက် အထွဋ်အထိပ် ဖြစ်တော်မူ၏။
၁၀း၁၉။ လူသားသည် အသိုင်းအဝိုင်းတစ်ခုတည်းသာ ဖြစ်၏။ ထို့နောက်မှ သဘောထားကွဲကြကုန်၏။ သင့်ကံကြမ္မာရှင်၏ ထံတော်မှ ဓမ္မတော် မသတ်မှတ်ခဲ့ ပြီးလျှင်၊ သူတို့၏ကြားသဘောထားကွဲမှုကို ဆုံးဖြတ်ပြီးလေလတ္တံ့။
၁၀း၂၀။ သူ့ထံသို့ သူ၏ ကံကြမ္မာရှင်မှ နိမိတ်လက္ခဏာတစ်ပါးအဘယ် ကြောင့် မချမှတ်ပေးသနည်း၊”ဟု မေးသူတို့အား၊ ဟောလော့၊ “စက္ခုလွန်များသည် ပရမတ်ဘုရားရှင်၏ အချုပ်အခြာ၌ ရှိ၏၊ ထို့ကြောင့် စောင့်ကြည့်ကြလော့၊ ကျွန်ုပ်လည်းသင်တို့နှင့်အတူ စောင့်ကြည်နေသူများမှ ဖြစ်၏။”
၁၀း၂၁။ ဘေးဒုက္ခ ထိသက်ပြီးနောက် လူသားတို့အားငါ၏ ကရုဏာတော်ကို မြည်းစမ်းစေသောအခါ၊ ငါ၏ သုတ်ဒေသနာများကို ဆန့်ကျင်ရန် ကြံစည်ကြ၏။ ဟောကြားလော့ “ပရမတ်ဘုရားရှင်သည် ကြံစည်ရာ၌ ပိုမိုလျင်မြန်၏၊” ဧကန်ပင် ငါ၏ ဉာဏ်စဉ်ဆောင်များသည် ကြံစည်မှုများကို မှတ်တမ်းတင်နေကြ၏။
၁၀း၂၂။ အရှင်သည် သင်တို့အားရေ၊ မြေ နှစ်ပါး၌ သွားလာနိုင်စေ၏၊ သင်တို့သည် လှေသင်္ဘောများကို ရွက်လွှင့်စဉ်တွင် စင်ကြယ်သော လေဖြင့် ဝမ်းသာစွာ ရောက်လာနိုင်၏။ သူတို့အားလွင့်ပါးစေသော လေ ကျရောက်လာ၍၊ လှိုင်းတံပိုးများသည် အဘက်ဘက်မှ လွှမ်းခြုံလာသည်ဟု စဉ်းစားကြသော်၊ သာသနာအားဖြင့် အရှင်ကိုသာ သီးသန့်တိုင်တည်လျက်- ပရမတ်ဘုရားရှင်၌ ဆုတောင်းကြသည်မှာ “ဤအခြေအနေမှ လွတ်မြောက်စေပါလျှင်၊ တပည့်တော် တို့သည် ကျေးဇူးသိတတ်သူများ၏ အနက်မှ ဖြစ်ရချေမည်။”ဟု ဖြစ်၏။
၁၀း၂၃။ သို့သော် သူတို့အားလွတ်မြောက်စေသည်နှင့် သူတို့သည် မြေကမ္ဘာ၌ သစ္စာမဲ့ခြင်းကို ရှာဖွေကြ၏။ အို- လူသားတို့၊ သင်တို့၏ အပြစ်ရှာမှုသည် သင်တို့၏ စရိုက်အတွက်သာ ဖြစ်၏။ သင်တို့သည် လောကီဘ၀၌ ချမ်းမြေ့ခဲ့ ပြီးနောက် ငါ့ထံသို့သာ အပြန်ခရီးရှိ၏၊ ထို့အခါ သင်တို့၏ ကျင့်ကြံလေ့ ရှိခဲ့သမျှကို သတင်းထုတ်ပြန်တော်မူလတ္တံ့။
၁၀း၂၄။ ဤလောကီဘ၀၏ ပမာသည်ကား၊ လူနှင့် တိရိစ္ဆာန်များစားသုံးနိုင် ရန် အပင်မျိုးစုံကို ဖြစ်ထွန်းစေ၍၊ ငါအရှင် သွန်းချစေသည့် ကောင်းကင်၌ စုပ်ယူ ပေါင်းစပ်နေသော ရေကဲ့သို့ ဖြစ်၏။ ကမ္ဘာမြေကြီးသည် စွဲမက်စဘွယ် ရွှေသားအလားဖြစ်၍၊ ကမ္ဘာသားတို့က ၎င်းကို စည်းကြပ်နိုင်သည်ဟု စဉ်းစားကြ၏။ ငါ၏ ညွှန်ကြားချက်သည် ညချင်းနေ့ချင်းဆိုက်ရောက်လာလျက်၊ ယခင်နေ့များက ထိုအရာများမပြည့်စုံခဲ့ သကဲ့သို့ လုံး၀ ရိတ်သိမ်းကြိတ်နယ်ပြီးသားစီစဉ်လိုက်၏။ ဤသို့ ရှင်းလင်းဆုံးဖြတ်ချက် သုတ်ဒေသနာများကို စဉ်းစားသုံးသပ်သော လူမျိုးအတွက် ဖြစ်စေ၏။
၁၀း၂၅။ ပရမတ်ဘုရားရှင်သည် သင်တို့အားသန္တိသုခ ဗိမာန်သို့ ဖိတ်ခေါ်တော် မူ၏။ စံချိန်ပြည့်သူအားဖြောင့်မတ်မှန်ကန်သော လမ်းစဉ်သို့ ညွှန်တော်မူ၏။
၁၀း၂၆။ သုမင်္ဂလာပြုသော သူများအတွက် သုမင်္ဂလာ ရှိစေ၍၊ တိုးပွားရမည်ပင်။ သူတို့၏ မျက်နှာများ၌ ဖေါက်ပြန်ခြင်းမရှိ၊ အနှိမ်ခံ မျက်နှာမွဲဖြစ်ရခြင်းများမရှိချေ။ သူတို့ သည် သုခဘုံ၏ ပေါင်းဖေါ်များဖြစ်ကြ၍၊ ထို၌ အစဉ်စံစားရမည်ပင်။
၁၀း၂၇။ အကုသိုလ်မှုကို ကျင့်ဆောင်သောသူတို့အဘို့၊ ပမာတူ အစားပေးအကုသိုလ် ရှိနေ၍။ နှိမ်ခံရခြင်းဖိစီးမှုရှိလတ္တံ့။ အလ္လာဟ်ရှင်နှင့် ဆန့်ကျင်၍ သူတို့ဘက်မှ မားမားရပ်ပေးနိုင်သူ မရှိ။ သူတို့၏ မျက်နှာများမှာ ည မိုက်ကြီး၏ အစိတ်အပိုင်းလွှမ်းခြုံ သကဲ့သို့ ရှိ၏။ သူတို့သည် အပူမီး၏ ပေါင်းဖေါ်များဖြစ်ကြ လျက် ထို၌ အစဉ်ခံစားရမည်ပင်။
၁၀း၂၈။ သူတို့ အားလုံးကို စုစည်းစေသော နေ့ကာလ၌၊ ရောပြွန်းကိုးကွယ်သော သူတို့အား“သင်တို့နှင့် သင်တို့၏ ရောပြွန်းကိုးကွယ်ခံများကြားအဆက်ရပ် လော့၊”ဟု မိန့်တော်မူ၍၊ သပ်သပ်ခွဲပစ်တော်မူအံ့။ ထိုအခါ၊ သူတို့၏ ရောပြွန်းကိုးကွယ်ခံများက “သင်တို့သည် ကျွန်ုပ်တို့အားကိုးကွယ်ခဲ့သည် မဟုတ်-
၁၀း၂၉။ ကျွန်ုပ်တို့သည် သင်တို့၏ အမှုတော်ဆောင်ခြင်းအားအလေးမထားခဲ့ကြောင်းကျွန်ုပ်တို့ကြားသင်တို့ကြား၌ ပရမတ်ဘုရားရှင်သည် သက်သေအဖြစ် လုံလောက် တော်မူ၏။” ပြောကြ၏။
၁၀း၃၀။ ၎င်းသည် စရိုက်ကိုယ်စီ သူတို့၏ အတိတ်များအားစစ်ဆေးခြင်းခံ ရချိန် ဖြစ်၍။ သူတို့၏ အမှန်တကယ် အားကိုးရမည့် အရှင် ပရမတ်ဘုရားရှင်၏ ထံသို့ ပြန်ပို့ခံရလတ္တံ့၊ သူတို့ လုပ်ကြံဖန်တီးလေ့ ရှိသော အရာများသည် သူတို့နှင့် လွဲဖယ်ရလေပြီ။
၁၀း၃၁။“သို့တည်းမဟုတ် သင်တို့အားမိုးများနှင့် မြေမှ စားရေရိက္ခာကို မည်သူပေးသနည်း။ အကြားအမြင်ဂုဏ်ကို မည်သူ အစိုးရသနည်း။ သက်မဲ့မှ သက်ရှိသို့ မည်သူထုတ်ပေးသနည်း၊ သက်ရှိမှ သက်မဲ့သို့ မည်သူထုတ်ပေးသနည်း။ ညွှန်ကြားချက်များအားမည်သူက ကျောထောက်နောက်ခံ ပြုသနည်း၊”ဟု မေးသော်၊ “ပရမတ်ဘုရားရှင်ပင် ဖြစ်၏၊” ဟု ဆိုကြလိမ့်မည်။ “သို့ဖြစ်လျှင် စည်းစောင့်ကြမည်လော၊”ဟု မေးမြန်းလော့။
၁၀း၃၂။ သို့ဖြင့် သင်တို့၏ ပရမတ်ဘုရားရှင်သည် သင်တို့၏ မှန်ကန်သော ကံကြမ္မာရှင် ဖြစ်၏။ ထိုသစ္စာတရားပြီးနောက် လွဲမှားခြင်းများသာ ရှိ၍၊ သို့ဖြင့် သင်တို့မှာ မည်သို့ ဘက်လှည့်နိုင်အံ့နည်း။
၁၀း၃၃။ ဤသို့- သင့်ကံကြမ္မာရှင်၏ ဗျာဒိတ်တော်သည် ယုတ်မာသောသူများအပေါ်၌ အမှန် ဖြစ်၏၊ သူတို့သည်ကားယုံကြည်ကြမည် မဟုတ်ချေ။
၁၀း၃၄။ “သင်တို့၏ ရောပြွန်းကိုးကွယ်ခံများတွင် ဖြစ်တည်မှုကို စတည် ခြင်း၊ ဆက်စီမံခြင်းကို ပြုနိုင်သူ ရှိလေသလော၊”ဟု မေးမြန်း၍၊ ဟောလော့ “ပရမတ်ဘုရားရှင်သည် ဖြစ်တည်မှုကို စတည်၏၊၊ တဖန် ဆက်စီမံ၏။ သို့တိုင် သင်တို့သည် မည်သို့ လှည့်စားခံနေကြသနည်း။”
၁၀း၃၅။“သင်တို့၏ ရောပြွန်းကိုးကွယ်ခံများတွင် ပရမတ္ထသစ္စာသို့ ညွှန်ပြနိုင်သူ ရှိလေသလော၊”ဟု မေးမြန်း၍၊ ဟောလော့ “ပရမတ်ဘုရားရှင်သည်သာ ပရမတ္ထသစ္စာသို့ ညွှန်ပြတော်မူ၏။ မည်သူက သစ္စာတရားအားပရမတ္ထသစ္စာဖြင့် လမ်းညွှန်နိုင်သနည်း။ သို့တည်းမဟုတ် လမ်းလည်းမညွှန်နိုင် ကိုယ်တိုင် လမ်းညွှန်လိုအပ်သူအားလိုက်နာသင့်သလော၊ သင်တို့၏ စီရင်ထုံးပြုမှုသည် မည်သို့ ရှိအံ့နည်း။”
၁၀း၃၆။ သူတို့မှ အများစုသည် စဉ်းစားချက်ကိုသာ လိုက်နာနေကြ၏။ စဉ်းစားချက်သည် သစ္စာတရားထက် တစ်စုံတစ်ရာမျှ မပြည့်စုံနိုင်ချေ။ ဧကန်ပင် ပရမတ်ဘုရားရှင်သည် ပြုလုပ်သမျှအားသိနေသော အရှင် ဖြစ်၏၊
၁၀း၃၇။ ဤသည် ကုရ်အာန်ကျမ်းတော် ဖြစ်၏ ပရမတ်ဘုရားရှင်အားတုပ၍ အခြားသူက လုပ်ကြံဖန်တီးခြင်းမဟုတ်။ သို့သော် ၎င်းသည် ပစ္စုပ္ပာန်များကို ဖြောင့်မှန်စေသော ရှင်းလင်းဆုံးဖြတ်ချက် ကျမ်းတော် ဖြစ်၏၊ လောက ခပ်သိမ်း၏ ကံကြမ္မာရှင် ထံတော်မှ ဖြစ်၍၊ သံသယဝင်နိုင်ဘွယ် အလျဉ်းမရှိပေ။
၁၀း၃၈။ သို့တည်းမဟုတ် “၎င်းကို သူက လုပ်ကြံဖန်တီးထားသည်၊”ဟု ဆိုချင်ကြ သလော၊ “သို့ဖြစ်က သင်တို့သည် ဖြောင့်မှန်သူများဖြစ်ကြလျှင် ပရမတ်ဘုရားရှင် မှလွဲ၍ တတ်နိုင်သူများကို ဖိတ်ခေါ်လျက် ဤမှ ဓမ္မခန္ဓာတစ်ပါးကဲ့သို့ ယူခဲ့ကြ လော့၊”ဟု တောင်းဆိုလော့။
၁၀း၃၉။ အမှန်မှာ သူတို့သည် ခြုံငုံနိုင်သော အသိပညာ မရှိဘဲလျက်၊ ဖွင့်ဆို ရှင်းပြချက် မပေးရောက်မှီအလျင် ၎င်းကို ငြင်းဆန်ကြကုန်၏။ သူတို့မတိုင်မှီ မျိုးဆက်များက ငြင်းဆန်ခဲ့ သကဲ့သို့ပင် ဖြစ်၏။ သို့ဖြစ်၍၊ အမိုက်ကောင်များ၏ နိဂုံးမည်သို့ ချုပ်ရသည်ကို စောင့်ကြည့်ကြကုန်လော့။
၁၀း၄၀။ သူတို့အနက် ၎င်းကို ယုံကြည်သူလည်းရှိ၏၊ မယုံကြည်သူများလည်းရှိ၏။ သင်၏ ကံကြမ္မာရှင်သည် အဖျက်ကောင်များအားအသိဆုံးဖြစ်တော်မူ၏၊
၁၀း၄၁။ သင့်အားငြင်းဆန်ကြလျှင်၊ ဟောလော့ “ကျွန်ုပ် ကျင့်ကြံမှုသည် ကျွန်ုပ် အတွက်၊ သင်တို့ ကျင့်ကြံမှုသည် သင်တို့၏ အတွက်ပင်။ သင်တို့သည် ကျွန်ုပ်၏ ကျင့်ကြံမှု အတွက်မှ ကင်းရှင်း၏။ ကျွန်ုပ်သည်လည်းသင်တို့၏ ကျင့်ကြံမှု အတွက်မှ ကင်းရှင်း၏။”
၁၀း၄၂။ သူတို့အနက် သင့်အားနားစွင့်သူများလည်းရှိ၏။ သို့သော် အတွေးအခေါ်မရှိ၊ နားပင်းနေသူအားသင်သည် ကြားအောင် ပြုနိုင်သလော။
၁၀း၄၃။ သူတို့အနက် သင့်အားကြည့်နေသူများလည်းရှိ၏၊ သို့သော် အမြင် မရှိကြဘဲ၊ ကန်းနေသူများအားသင်သည် လမ်းညွှန်နိုင်သလော။
၁၀း၄၄။ ဧကန်ပင် ပရမတ်ဘုရားရှင်သည် လူသားအားတစ်စုံတစ်ရာ အဝိဇ္ဇာသင့်စေသည် မဟုတ်၊ သို့သော် လူသားသည် မိမိတို့၏ စရိုက်ကိုသာ မိမိတို့ မိုက်ကြေးခွဲနေကြကုန်၏။
၁၀း၄၅။ သူတို့အားစုစည်းသော နေ့၌ သူတို့သည် တစ်နေ့ တာ၏ တစ်နာရီခန့်သာ နေထိုင်ခဲ့သည်ဟု ခံစားရ၍၊ အချင်းချင်းကြားမှတ်မိနေ ကြလတ္တံ့။ ပရမတ်ဘုရားရှင်အားဖူးတွေ့ရမည်ကို ငြင်းဆန်သော၊ လမ်းညွှန်ခြင်းလည်းမခံရသော သူတို့သည်ကားပျက်စီးဆုံးရှုံးရလတ္တံ့။
၁၀း၄၆။ သို့မဟုတ် ငါသည် သူတို့အားကတိထားသည်များမှ အချို့ကို သင့်အားပြသသည် ဖြစ်စေ၊ ထိုမတိုင်မှီ သက်တမ်းကုန်စေသည် ဖြစ်စေ၊ သူတို့၏ အပြန်ခရီးသည် ငါ၏ထံသို့သာ ဖြစ်၏။ ပရမတ်ဘုရားရှင်သည် ပြုလုပ်သမျှအားအသိသက်သေ ဖြစ်တော်မူ၏။
၁၀း၄၇။ အသိုင်းအဝိုင်းတိုင်းအတွက် ဉာဏ်စဉ်ဆောင် သည် ရှိ၏။ သူတို့အတွက် ဉာဏ်စဉ်ဆောင် ရောက်လာသော အခါ၊ သူတို့ကြားသမာသမတ် ဖြင့် ဆုံးဖြတ်ပေး၏။ သူတို့အားမိုက်ကြေးခွဲသည် မဟုတ်ချေ။
၁၀း၄၈။ “သင်တို့သည် ဖြောင့်မှန်သူများဖြစ်ကြလျှင်၊ ဤ ကတိတော်သည် မည်သည့် အခါတွင် ဆိုက်ရောက်မည်နည်း၊”ဟု မေးမြန်းကြ၏။
၁၀း၄၉။ ဟောလော့ “ပရမတ်ဘုရားရှင်ထံ၌ စံချိန်ပြည့်မှီသည် မှအပ၊ ကျွန်ုပ် သည် မိမိ၏ ဉာဉ်ကိုပင် ဆိုးကျိုး၊ ကောင်းကျိုးအစိုးမရချေ။ အသိုင်းအဝိုင်းတိုင်းအတွက် သတ်မှတ်ချိန်သည် ရှိနေ၏။ သူတို့အတွက် သတ်မှတ်ချိန် ရောက်လာ သောအခါ၊ သူတို့သည် ၎င်းကို တစ်နာရီမျှပင် နောက်မဆုတ်နိုင်၊ ရပ်မထားနိုင်ချေ။”
၁၀း၅၀။ “အရှင်၏ ဝဋ်ကြွေးဒဏ်သည် သင်တို့ထံသို့ မှောင်ချိန်၌၊ သို့မဟုတ် နေ့၌ ဆိုက်ရောက်လာမည်ဟု မြင်မိကြသလော၊ ရာဇဝတ်ကောင်များသည် မည် သည်ကို အလျင်လိုနေကြသနည်း၊”
၁၀း၅၁။ တဖန် သင်တို့အားတကယ်ထိတော့မှ ယုံကြည်ကြမည်လော၊ ယခုမူ အဘယ်ကြောင့်နည်း၊ ၎င်း၌ သင်တို့သည် အလျင်လို နေကြသလော”ဟု မေးမြန်းလော့၊
၁၀း၅၂။ ထို့နောက် မိုက်ကြေးခွဲသော သူများအား“ဝဋ်ကြွေးအားအစဉ် မြည်းစမ်းကြလော့၊ အသင်တို့ ကျင့်ဆောင်လေ့ ရှိခဲ့သည် မှအပ အခြားအစားပေးသလော၊”ဟု မိန့်ဆိုလတ္တံ့။
၁၀း၅၃။ ၎င်းသည် အမှန်ပင်လော၊”ဟု သတင်းမေးကြ၏။ ပြောလော့ “မုချ၊ စင်စစ်၊ ကျွန်ုပ်၏ ကံကြမ္မာရှင် အားဖြင့်- ယင်းသည် လုံး၀မှန်ကန် ဖြစ်၏၊ သင်တို့သည် ၎င်းကို ချိနဲ့စေနိုင်မည် မဟုတ်ချေ။”
၁၀း၅၄။ မိုက်ကြေးခွဲသော ဉာဉ်တိုင်းသည် ကမ္ဘာပေါ်ရှိ အရာအားလုံးကို ပိုင်ဆိုင်လျှင်၊ ၎င်းကို လျော်ကြေးအဖြစ် ကမ်းလှမ်းလိုကြ၏၊ ဝဋ်ကြွေးဒဏ်ကို မြင်သောအခါ သူတို့သည် ကြိတ်၍ ယူကြုံးမရ ဖြစ်ရလတ္တံ့၊ သို့သော် သူတို့၏ကြားသမာသမတ်ဖြင့် ဆုံးဖြတ်ပြီးချေပြီ၊ သူတို့အားမိုက်ကြေးမခွဲခဲ့ချေ။
၁၀း၅၅။ မှတ်သားလော့၊ မိုးများနှင့် မြေအတွင်းရှိသမျှတို့သည် ပရမတ် ဘုရားရှင်၏ အချုပ်အခြာ၌ ရှိ၏။ ဧကန်ပင် ပရမတ်ဘုရားရှင်၏ ကတိတော်သည် သစ္စာတစ်ရပ် ဖြစ်၏။ သို့ရာတွင် အများစုကြီးမှာ သိနိုင်ကြသည် မဟုတ်ချေ။
၁၀း၅၆။ အရှင်သည် နိစ္စ၊ အနိစ္စကို ဖြစ်စေ၏၊ အလုံးစုံသည် အရှင့်ထံသို့သာ ဦးလှည့်ရမည် သာတည်း။
၁၀း၅၇။ အို- လူသားတို့၊ သင်တို့ထံသို့ သင်တို့၏ ကံကြမ္မာရှင်ထံမှ အဆုံးအမ တော် ရောက်ရှိလာပြီ။ ရင်ဘတ်အတွင်းမှ ဝေဒနာအတွက် ဆေးတော်တစ်ဖုံလည်းဖြစ်၏။ သက်ဝင်ယုံကြည်သူများအတွက် လမ်းညွှန် ကရုဏာလည်းဖြစ်၏။
၁၀း၅၈။ ဟောကြားလော့ “ပရမတ်ဘုရားရှင်၏ သိက္ခာပေးမှုနှင့် ကရုဏာတော် အားဖြင့်၊ ဝမ်းမြောက်ဝမ်းသာ ဖြစ်ကြလော့- ၎င်းသည် သူတို့ စုဆောင်းထားသည်များထက် သာလွန်ကောင်းမြတ်၏။”
၁၀း၅၉။ ဟောလော့၊ “ပရမတ်ဘုရားရှင်သည် သင်တို့အားစားရေရိက္ခာမျိုးစုံ ချမှတ်ပေးတော်မူသည်၊ ၎င်းတို့အားသင်တို့က တားမြစ်ခြင်း၊ တရားဝင်လုပ်ခြင်းစီစဉ်ကြသည်များကို မြင်ကြပြီလော။” မေးမြန်းလော့ “ပရမတ်ဘုရားရှင်က ခွင့်ပြု ပြီးပြီလော၊ သို့တည်းမဟုတ် ပရမတ်ဘုရားရှင်နှင့် စပ်လျဉ်း၍ လုပ်ကြံဖန်တီးကြ သလော။”
၁၀း၆၀။ ပရမတ်ဘုရားရှင်နှင့် စပ်လျှဉ်း၍ လုပ်ကြံဖန်တီး၊ လိမ်ညာသောသူ များသည် ရပ်တည်ရမည့် နေ့ကာလကို မည်သို့ စဉ်းစားချက် ရှိသနည်း။ ဧကန်ပင် ပရမတ်ဘုရားရှင်သည် လူသားတို့အားသိက္ခာပေးသော အရှင်ဖြစ်၏။ သို့ရာတွင် အများစုကြီးမှာ ကျေးဇူးမသိတတ်ချေ။
၁၀း၆၁။ သင်တို့သည် မည်သည့်ကိစ္စ၌ ရှိနေသည် ဖြစ်စေ၊ ကုရ်အာန်မှ ဖတ်ပြနေသည် ဖြစ်စေ၊ မည်သည့် ကျင့်ကြံမှုကို ကျင့်ကြံနေသည် ဖြစ်စေ၊ ထို၌ စိတ်စုပြုံထားသော်၊ ငါသည် မျက်မှောက်သက်သေ ဖြစ်၏။ မိုးများနှင့် မြေ အတွင်းဝယ်၊ ပရမံနုမြူပမာ အလေးချိန်မျှပင်၊ သင့်ကံကြမ္မာရှင်၏ ထံမှ လွတ်ကင်းသည် ဟူ၍ မရှိချေ။ ထို့ထက် သေးငယ်သော အရာ၊ ကြီးသော အရာတို့သည် ရှင်းလင်းထင်ရှားစွာ မှတ်တမ်း၌ ရှိ၏။
၁၀း၆၂။ ပရမတ်ဘုရားရှင်၏ မဟာမိတ်များမှာမူကား၊ သူတို့အားကြောက်ရွံ့ ရစေမည် မဟုတ်၊ သောကဖြစ်ရစေမည်လည်းမဟုတ်ချေ။
၁၀း၆၃။ သူတို့သည် ယုံကြည်သောသူများဖြစ်၍၊ စည်းစောင့်လေ့ ရှိကြ၏။
၁၀း၆၄။ သူတို့အဘို့ ဤဘ၀ နောင်ဘ၀၌ သတင်းကောင်းများရှိ၏။ ပရမတ်ဘုရားရှင်၏ စကားတော်သည် လွှဲပြောင်းခြင်းမရှိ။ ၎င်းသည် သူတို့အတွက် မဟာ အောင်ပွဲ ဖြစ်၏။
၁၀း၆၅။ သူတို့၏ ပြောဆိုချက်များကြောင့် စိတ်သောကမဖြစ်နှင့်၊ ဘုန်းကံ အားလုံးသည် ပရမတ်ဘုရားရှင်၏ အချုပ်အခြာ၌ ရှိ၏။ အရှင်သည် ကြားနေသော အရှင်၊ သိနေသောအရှင် ဖြစ်တော်မူ၏။
၁၀း၆၆။ ဧကန်ပင်၊ မိုးများနှင့် မြေအတွင်းရှိသမျှတို့သည် ပရမတ်ဘုရားရှင် ၏ အချုပ်အခြာ၌ ရှိ၏။ ပရမတ်ဘုရားရှင် မှလွဲ၍ ရောပြွန်းကိုးကွယ်မှုများထံ ဆုတောင်းသော သူတို့သည် မည်သည့် အရာ၏ နောက်လိုက်ဒကာမှ မဟုတ်ချေ။ စဉ်းစားချက်ကိုသာ လိုက်နာနေကြကုန်၏။ သူတို့သည် မှန်းဆသူများသာ ဖြစ်ချေ ၏။
၁၀း၆၇။ အရှင်သည် နားနေစေရာ ည ကို၊ ခွဲခြားမြင်နိုင်ဘို့ရာ နေ့ကို စီစဉ်တော်မူ၏။ ကြားနာနိုင်သော လူမျိုးအတွက် ထို၌ သက်သေနိမိတ်များပါရှိ၏။
၁၀း၆၈။“ပရမတ်ဘုရားရှင်၌ ကိုယ်ပွားထား၏၊”ဟု ပြောဆိုကြ၏။ အရှင် သည် ဦးထိပ်ထားရာ ဖြစ်၏၊ ကုံလုံပြည့်စုံတော်မူ၏၊ မိုးများနှင့် မြေအတွင်းရှိသမျှတို့သည် အရှင်၏ အချုပ်အခြာ၌ ရှိနေ၏။ သင်တို့၌ ထိုသို့ စွပ်စွဲရန် အခွင့်အာဏာ မရှိချေ။ ပရမတ်ဘုရားရှင်၏ အကြောင်းအားမသိဘဲလျက် ပြောဆို ကြကုန်သလော။
၁၀း၆၉။“ပရမတ်ဘုရားရှင်နှင့် စပ်လျဉ်း၍ လုပ်ကြံဖန်တီး၊ လိမ်ညာ သော သူတို့သည် အောင်မြင်ပေါက်မြောက်မည် မဟုတ်”ဟု ဟောကြားလော့။
၁၀း၇၀။ လောကီ၌ ချမ်းမြေ့မှု ရှိရာ၏၊ ထို့နောက် ငါ့ထံသို့သာ သူတို့ အပြန်ခရီးရှိ၏။ သူတို့၏ ဖုံးကွယ်လေ့ ရှိမှုများကြောင့် ပြင်းထန်သော ဝဋ်ကြွေးကို မြည်းစမ်းစေ မည်ပင်။
၁၀း၇၁။ နူးဟ်၏ သတင်းအကြောင်းကို သူတို့အားရွတ်ပြလော့၊ သူက သူ့ လူမျိုးတို့အားပြောသည်မှာ “အို-ကျွန်ုပ်၏ လူမျိုးတို့၊ သင်တို့သည် ကျွန်ုပ်၏ ရပ်တည်မှုနှင့် ကျွန်ုပ် ကိုးစားသော ပရမတ်ဘုရားရှင်၊ ထိုပရမတ်ဘုရားရှင်၏ သုတ်ဒေသနာများဖြင့် သတိဖေါ်ပေးခဲ့သည်ကို မာနကြီးနေလျှင်၊ သင်တို့နှင့် သင်တို့၏ ရောပြွန်းကိုးကွယ်ခံများအတူပူးပေါင်း၍ ညွှန်ကြားကြလော့၊ သင်တို့၏ ညွှန်ကြားမှုများသည် တလှိုက်လှိုက် မဖြစ်စေနှင့်၊ ထို့နောက် ကျွန်ုပ် အတွက် ဆုံးဖြတ်ပေးလော့၊ စောင့်ကြည့်နေခွင့် မပြုကြနှင့်-
၁၀း၇၂။ အကယ်၍ သင်တို့ လှည့်သွားကြလျှင်၊ ကျွန်ုပ်သည် သင်တို့ထံမှ အကျိုးဆုလဒ် မတောင်းခဲ့ချေ။ ကျွန်ုပ် အတွက် ဆုလဒ်သည် ပရမတ်ဘုရားရှင် ထံ၌သာ ရှိ၏။ ကျွန်ုပ်အားသန္တိသုခ ဝါဒီများမှ ဖြစ်ရန် ညွှန်ကြားခံရ၏။”
၁၀း၇၃။ သို့သော် သူ့အားငြင်းဆန်ကြ၏။ သို့ဖြင့် ငါသည်၊ သင်္ဘောပေါ်ရှိသူ၊ သူနှင့်အတူ ရှိသူများကို လွတ်မြောက်စေတော် မူ၍၊ ဆက်ခံသူများအဖြစ် စီစဉ် တော်မူ၏။ ငါ၏ သုတ်ဒေသနာများအားငြင်းဆန်သော သူတို့အားနစ်မြုပ်စေပြီ။ သတိပေးခံခဲ့ရသူတို့သည် နိဂုံးမည်သို့ ချုပ်ရသည်ကို ကြည့်ကြကုန်လော့။
၁၀း၇၄။ တဖန် သူ့နောက်တွင် သက်ဆိုင်ရာ လူမျိုးများထံသို့ ဉာဏ်စဉ်ဆောင် များကို ပွင့်ပေါ်စေတော်မူ၍၊ သူတို့ထံသို့ ရှင်းလင်းချက်များဖြင့် ရောက်လာစေ၏။ သို့သော် ရှေ့ကပင် ငြင်းဆန်ခဲ့ရာများကို သူတို့ ယုံကြည်ကြမည် မဟုတ်ချေ။ စည်းဖေါက်သူများ၏ နှလုံးသားကို ငါ တံဆိပ်ထုထားတော်မူပြီ။
၁၀း၇၅။ သူတို့၏ နောက်တွင် မူဆာနှင့် ဟာရွန်အားဖာရိုးမင်းဆက်နှင့် သူ၏ အကြံပေးများထံသို့ ငါ၏ သုတ်ဒေသနာများအားဖြင့် ပွင့်ပေါ်စေတော်မူ၏။ သို့သော် သူတို့သည် မောက်မာသော ရာဇဝတ်ကောင် လူမျိုးဖြစ်၏။
၁၀း၇၆။ ငါ၏ထံမှ သစ္စာတရားသည် သူတို့ထံသို့ ရောက်သောစဉ်၊ “ဤသည် ရှင်းလင်းထင်ရှားသော မှော်အတတ်သာ ဖြစ်၏၊”ဟု ဆိုကြ၏။
၁၀း၇၇။ မူဆာက “သင်တို့ထံသို့ သစ္စာတရားရောက်လာသည်ကို ယင်းသို့ ပြောကြသလော၊ ဤသည် မှော်အတတ် ဖြစ်လေသလော၊ မှော်ဆရာတို့သည် အောင်မြင်ပေါက်မြောက်ကြမည် မဟုတ်ချေ၊”ဟု ပြောဆိုသော်။
၁၀း၇၈။ သူတို့က “သင်သည် ကျွန်ုပ်တို့အားတွေ့ရှိလိုက်နာနေသော မိရိုးဖလာမှ နောက်ပြန်လှည့်ရန်၊ သို့မဟုတ် သင်တို့ နှစ်ဦးသည် ဤတိုင်းပြည်၌ အကြီးအကဲ ဖြစ်လာရန်၊ ရောက်လာ ကြသလော၊ ကျွန်ုပ်တို့သည် သင်တို့အတွက် ယုံကြည်သူများဖြစ်လာမည် မဟုတ် ချေ။”ဟု ပြောကြလျက်၊
၁၀း၇၉။ ဖာရိုးမင်းက “မှော်ပညာရှင် ကိုယ်စီအားကျွန်ုပ်ထံသို့ ခစားစေလော့၊” ဟု မိန့်ဆို၏။
၁၀း၈၀။မှော်ဆရာများရောက်လာစဉ်၊ မူဆာက “အသင်တို့ ခင်းကျင်းစရာအားခင်းကျင်းလော့၊”ဟု ဆိုလိုက်၍။
၁၀း၈၁။ သူတို့ ခင်းကျင်းသော်၊ မူဆာက “သင်တို့ ရောက်လာစေခဲ့သည်မှာ လှည့်စားမှုမျှသာ ဖြစ်၍၊ ပရမတ်ဘုရားရှင်က ၎င်းအားမှောက်မှားစေလတ္တံ့။ ဧကန်ပင်၊ ပရမတ်ဘုရားရှင်သည် အဖျက်ကောင်များ၏ ကျင့်ကြံမှုအားပြုပြင်ပြောင်းလဲစေတော် မမူချေ၊-
၁၀း၈၂။ ရာဇဝတ်ကောင်များက မည်မျှပင် မကြိုက်သော်လည်း၊ ပရမတ်ဘုရားရှင်သည် မိမိ၏ တရားတော် အားဖြင့် သစ္စာတရားအားပို၍ မှန်ကန်ခိုင်မာစေတော်မူ၏။”ဟု ပြောဆို၏။
၁၀း၈၃။ သို့သော် သူ့လူမျိုးများမှ သူ၏သားမြေးမှအပ မူဆာအားယုံကြည် သူ မရှိချေ။ ဖာရိုးနှင့် သူ့အကြံပေးများ၏ သွေးတိုးစမ်းမှုကြောင့် ကြောက်စိတ် လွမ်းနေ၏။ ဧကန်ပင် ဖာရိုးသည် တိုင်းပြည်၌ ထိပ်သီးဖြစ်၏၊ သူသည် အလွဲ သုံးစားပြုသူတို့မှ ဖြစ်၏။
၁၀း၈၄။ မူဆာက “အို-ကျွန်ုပ်၏ လူမျိုးတို့၊ သင်တို့သည် ပရမတ်ဘုရားရှင်အားယုံကြည်သူများဖြစ်ကြလျှင်၊ သင်တို့သည် ငြိမ်းချမ်းရေးဝါဒီများဖြစ်ကြလျှင်၊ အရှင့်အားကိုးစားကြလော့၊”ဟု ဟောကြားသော်၊
၁၀း၈၅။ သူတို့က “ပရမတ်ဘုရားရှင် ၌ ကျွန်ုပ်တို့သည် ကိုးစားပါ၏။” “အို တပည့်တော်တို့၏ ကံကြမ္မာရှင်၊ တပည့်တော် တို့အားမိုက်ကြေးခွဲနေသော လူမျိုးတို့၏ သွေးတိုးမစမ်းနိုင်ရန် စီစဉ်ပေးတော်မူ ပါ-
၁၀း၈၆။ ဖုံးကွယ်သော လူမျိုးမှ လွတ်မြောက်စေရန် တပည့်တော်တို့အားအရှင့် ကရုဏာသက်တော်မူပါ၊”ဟု ဆုတောင်းကြ၏။
၁၀း၈၇။ မူဆာနှင့် သူ့အစ်ကိုထံသို့ “သင်တို့၏ လူမျိုးများအတွက် အိမ်များကို အီဂျစ်၌ နေရာချစေလော့၊ သင်တို့၏ အိမ်များကို ရှေ့ရှုရာ အဖြစ် စီစဉ်ကြလော့။ ဝတ်ပြု မြဲကြလော့၊ ယုံကြည်သူများအတွက် သတင်းကောင်းပါးလော့၊”ဟု ငါ အာရုံဈန်ပေး၏။
၁၀း၈၈။ မူဆာက “အို- ကံကြမ္မာရှင်၊ အရှင်သည် ဖာရိုးနှင့် သူ့အကြံ ပေးတို့အားဤလောကီ ဘ၀၌ စွဲမက်စရာနှင့် ဥစ္စာကို ပေးထား၏၊ အို- ကံကြမ္မာ ရှင်၊ သူတို့သည် အရှင်၏ လမ်းစဉ်မှ လွဲဖယ်စေရန်ပြုနေ၏။ အို- ကံကြမ္မာရှင်၊ သူတို့၏ ဥစ္စာများကို အရေကွာစေတော်မူပါ။ စူးနစ်နာကျင်သော ဝဋ်ကြွေးအားမြင်ရသည့်တိုင် ယုံကြည်ခြင်းကင်းမဲ့စေရန် သူတို့၏ နှလုံးသားကို မာပြင်းစေ တော်မူပါ၊”ဟု ဆုတောင်းသော်-
၁၀း၈၉။ “သင်တို့ ညီနောင်၏ ဆုတောင်းကို ငါ တုန့်ပြန်တော်မူပြီ၊ သင်တို့သည် ရပ်တည်မှုရှိလော့၊ အသိပညာ မရှိသောသူများ၏ လမ်းစဉ်အားမလိုက်လေနှင့်၊” ဟု ငါ မိန့်မြွက်၏။
၁၀း၉၀။ ငါသည် ဂျူးလူမျိုးတို့အားပင်လယ်ကို ဖြတ်စေ၏။ ဖာရိုးနှင့် သူ၏ စစ်တပ်က အပြစ်ရှာ စည်းဖေါက်၍ အမှီလိုက်ကြ၏၊ ရေနစ်ဖုံးလွှမ်းခြင်းခံရသော အခါမှ “ဂျူးလူမျိုးများယုံကြည်သော အရှင် ထိုအရှင်မှအပ အခြားဘုရားမရှိပါ၊ တပည့်တော် ယုံကြည်ပါပြီ၊ ဧကန်ပင် တပည့်တော်သည် ငြိမ်းချမ်းရေးဝါဒီများမှ ဖြစ်ပါပြီ။”ဟု ဝန်ခံ၏။
၁၀း၉၁။ အလို - ယခုမှ၊ အသင်သည် အဖျက်ကောင်များမှ ဖြစ်၍ ရှေ့ အလျင်ကပင် အာခံခဲ့လေပြီ။
၁၀း၉၂။ ယနေ့၌ နောင်မျိုးဆက်များအတွက် လက္ခဏာ တစ်ရပ် ဖြစ်စေရန်၊ သင်၏ ရုပ်ကလပ်ကို ငါ လွတ်မြောက်စေတော်မူပြီ။ ဧကန်ပင် လူသားတို့မှ အများစုသည် ငါ၏ သက်သေလက္ခဏာများကို မေ့လျှော့နေကြ၏။
၁၀း၉၃။ ငါသည် ဂျူးလူမျိုးတို့အားနေရာထိုင်ခင်းဖြင့် မှန်မှန်ကန်ကန် နေရာ ချပေးခဲ့၏၊ စင်ကြယ်ရာများမှ ရိက္ခာထောက်ခဲ့၏၊ သူတို့ထံသို့ ဤအသိ ရောက်မ လာမှီအထိ သဘောထားကွဲမှု မရှိသေးချ။ သူတို့၏ ကြား၌ ရှိသော ကွဲလွဲမှုများကို သင်၏ ကံကြမ္မာရှင်သည် ရပ်တည်ရသော နေ့၌ အပြီးသတ်စေလတ္တံ့။
၁၀း၉၄။ သင့်ထံသို့ ငါ ချမှတ်ပေးရာ၌ ဒွိဟဖြစ်လျှင်၊ သင် ရှေ့အလျင် ကျမ်းစာ ဖတ်သောသူများကို မေးမြန်းလော့၊ ဧကန်ပင် သစ္စာတရားသည် သင့်ထံ သို့ သင်၏ကံကြမ္မာရှင်ထံမှ ရောက်လာ၏၊ သို့ဖြစ်၍ သင်သည် အချင်းများသူ များ၌ မပါနှင့်။
၁၀း၉၅။ ထို့ပြင် သင်သည် ပရမတ်ဘုရားရှင်၏ သုတ်ဒေသနာများအားငြင်းဆန်သောသူများ၌ မပါဝင်နှင့်၊ သို့မဟုတ်က သင်သည် ဆုံးရှုံးသူများမှ ဖြစ်ရ လတ္တံ့။
၁၀း၉၆။ ဧကန်ပင် သင့်ကံကြမ္မာရှင်၏ စကားတော်သည် သူတို့အပေါ်၌ အမှန် ဖြစ်၏၊ သူတို့သည် ယုံကြည်ကြမည် မဟုတ်ချေ။
၁၀း၉၇။ မည်သည့် သုတ်ဒေသနာများရောက်လာသည်ဖြစ်စေ၊ စူးနစ်နာကျင်သော ဝဋ်ကြွေးကို မမြင်ရသ၍ အရေးမပါ ချေ။
၁၀း၉၈။ယုံကြည်မှုအတွက် ယုံကြည်မှု၏ အကျိုးမခံစားရသော အရပ်ဒေသ ဟူ၍ မရှိ။ ယူနွတ်စ်၏ လူမျိုး၊ သူတို့၏ ယုံကြည်ချက်ကြောင့် သူတို့သည် ဤလောကီ ဘ၀၌ အရှက်ကွဲရခြင်းဝဋ်ကြွေးမှ ဖယ်ရှားခံရ၍၊ ချမ်းမြေ့သော ခေတ်ကို ကာလတစ်ခုထိ ပိုင်ခဲ့၏။
၁၀း၉၉။ သင့် ကံကြမ္မာရှင်၏ စံချိန်ပြည့်ပြီးဖြစ်လျှင်၊ မြေပေါ်၌ ရှိသမျှ သောသူ အားလုံးသည် ယုံကြည်ပြီးဖြစ်လတ္တံ့။ သင်သည် လူသားတို့အားယုံကြည် သူများဖြစ်သည့်တိုင်အောင် အဓမ္မပြုမည်လော။
၁၀း၁၀၀။ ပရမတ်ဘုရားရှင်၏ ခွင့်ပြု ချက် မရှိဘဲ မည်သည့် ဉာဉ်သည်မှ ယုံကြည်လာမည် မဟုတ်ချေ။ အတွေးအခေါ် မရှိသော သူများကို ညစ်ညမ်းစေရန် စီစဉ်ထားတော်မူလတ္တံ့။
၁၀း၁၀၁။ မိုးများနှင့် မြေ၌ ရှိသော အရာများကို ကြည့်ကြလော့၊ ယုံကြည်မှု မရှိသော လူမျိုးအတွက် ပြည့်စုံသော သက်သေလက္ခဏာများ၊ သတိပေးသူများရှိနေသည် မဟုတ်လော၊”ဟု ဟောကြားလော့။
၁၀း၁၀၂။ သူတို့၏ ရှေ့အလျင် ကွယ်လွန်ခဲ့ပြီးသော သူများ၏ နေ့ကာလများကဲ့သို့သာ သူတို့ စောင့်ကြည့်နေကြသလော၊ ဟောလော့ “သင်တို့ စောင့်ကြည့်ကြ လော့၊ ကျွန်ုပ်သည်လည်းစောင့်ကြည့်နေသူများမှ ဖြစ်၏။”
၁၀း၁၀၃။ တဖန် ငါ၏ ဉာဏ်စဉ်ဆောင်များနှင့် ယုံကြည်သောသူများအားငါ လွတ်မြောက်စေတော်မူ၏၊ ဤသို့ ယုံကြည်သူများအားလွတ်မြောက်စေခြင်းမှာ ငါ၏ မဖေါက်ပြန်သော ပြဌာန်းချက် ဖြစ်၏။
၁၀း၁၀၄။ ဟောလော့ “အို- လူသားတို့၊ သင်တို့သည် ပရမတ်ဘုရားရှင်မှ လွဲ၍ ကိုးကွယ်နေသော အရာများကို ကိုးကွယ်ခြင်းမရှိသည့် ကျွန်ုပ်၏ သာသနာ၌ ဒွိဟဖြစ်ကြသလော၊ ကျွန်ုပ်သည် ပရမတ်ဘုရားရှင်ကိုသာ ကိုးကွယ်၏၊ အရှင် သည် သင်တို့၏ အသက်တာကိုပိုင်၏၊ ကျွန်ုပ်အားယုံကြည်သူများ၌ ပါဝင်ရန် ညွှန်ကြားခံရသည်မှာ-
၁၀း၁၀၅။ သာသနာ၌ အယူသန့်သူ အဖြစ် မျက်မှောက်ပြု ရပ်တည်လော့၊ ရောပြွန်းကိုးကွယ်သူများမှ မဖြစ်နှင့်-
၁၀း၁၀၆။ ပရမတ်ဘုရားရှင် မှလွဲ၍ ကောင်းကျိုးဆိုးကျိုးမပေးနိုင်သော အရာများ၌ ဆုမတောင်းနှင့်။ အကယ်၍ ပြုလုပ်ခဲ့လျှင် အသင်သည် အမိုက်ကောင်များ၏ အနက်၌ ပါဝင်ရချေပြီ။
၁၀း၁၀၇။ အကယ်၍ ပရမတ်ဘုရားရှင်က သင့်အားဆိုးကျိုးသက်စေသော်၊ အရှင်မှအပ ၎င်းအားဖယ်ရှားနိုင်သူ မရှိ။ အရှင်က အကောင်းဖြစ်စေလိုလျှင် အရှင်၏ သိက္ခာပေးမှုအားတားဆီးနိုင်သူ မရှိ၊ အရှင်သည် အမှုတော်ဆောင်များမှ စံချိန်ပြည့်သူအားတိုးပွားမှု ထိသက်စေ၏၊ အရှင်သည် လွတ်ငြိမ်းစေသော အရှင် အကြင်နာရှင် ဖြစ်တော်မူ၏။”
၁၀း၁၀၈။ ဟောလော့ “အို- လူသားတို့၊ သစ္စာတရားသည် သင်တို့၏ ကံကြမ္မာရှင်ထံမှ ရောက်ရှိလာပြီ၊ သို့ဖြစ်၍ လမ်းညွှန် သို့လိုက်သူသည်၊ သူ၏ ဉာဉ်စရိုက်အတွက် လမ်းညွှန်သို့ လိုက်ခြင်းဖြစ်၏၊ လမ်းလွဲသို့လိုက်သူသည် သူ့အတွက် လမ်းလွဲသို့ လိုက်ခြင်းဖြစ်၏၊ ကျွန်ုပ်သည် သင်တို့၏ ကိုးစားခံရသူ မဟုတ်ချေ။”
၁၀း၁၀၉။ သင့်ထံသို့ အာရုံဈာန်ပေးရာကို လိုက်နာလော့၊ ပရမတ်ဘုရား၏ စီရင်ထုံးပြုသည်အထိ သည်းခံလော့၊ အရှင်သည် အကောင်းဆုံးဓမ္မသတ်ချုပ် ဖြစ်တော်မူ၏။
ဓမ္မခန္ဓာ (၁၀) ဤတွင် ပြီး၏။
ဓမ္မခန္ဓာ (၁၁) “ဟု-ဒ်”
ဉာဏ်စဉ်ကိန်းပေးမှု အမှတ်စဉ် - ၅၂။ သုတ်ဒေသနာ- ၁၂၃ ပါး။
ကရုဏာရှင် အကြင်နာရှင် ဖြစ်တော်မူသော ပရမတ်ဘုရားရှင်၏ ဂုဏ်တော်အားဖြင့်-
၁၁း၁။ “ငါသည် ကုန်စင်မြင်နေတော်မူသော ပရမတ်ဘုရားရှင် ဖြစ်၏၊” ဤသည်- ဓမ္မသတ်ရှင်၊ သတင်းသိနေသော အရှင်၏ထံမှ ရှင်းလင်းဆုံးဖြတ်ချက် သုတ်ဒေသနာများဖြင့် ဥပဒေ ကျမ်းတော် ဖြစ်၏။
၁၁း၂။ ပရမတ်ဘုရားရှင်မှ အပ မကိုးကွယ်ကြနှင့်၊ သင်တို့အဘို့ ကျွန်ုပ်သည် အရှင့်ထံမှ သတိပေးသူ၊ သတင်းကောင်းပါးသူပင် ဖြစ်၏။
၁၁း၃။ သင်တို့၏ ကံကြမ္မာရှင်ထံ၌ လွတ်ငြိမ်းဆုများပန်ကြလော့၊ ထို့နောက် အရှင့်ထံသို့ ခဝါချကြလော့၊ အရှင်သည် သင်တို့အားသတ်မှတ်ချိန်ထိ တင့်တယ် သော ချမ်းမြေ့မှုကို ဖြည့်ဆီးတော်မူလတ္တံ့။ သိက္ခာပေးတတ် သူတိုင်းအားသိက္ခာ ပြန်ပေးခြင်းခံရလတ္တံ့။ အကယ်၍ လှည့်သွားကြလျှင်၊ အသင်တို့ အတွက် ဝဋ်ကြွေးသင့်မည့် နေ့တော်ကြီးအားကျွန်ုပ် စိုးရိမ်လှချေ၏။
၁၁း၄။ သင်တို့၏ အပြန် ခရီးသည် ပရမတ်ဘုရားရှင်ထံသို့သာ ဖြစ်၏၊ အရှင်သည် သဗ္ဗလုံးစုံအားစည်းချိန် ချမှတ်တော်မူ၏။
၁၁း၅။ အရှင့်ထံမှ ထိန်ဝှက်ရန် အလို့ငှာ သူတို့၏ ရင်ဘတ်များကို နှစ်ခေါက် ချိုးထားကြကုန်၏။ သူတို့ကိုယ် သူတို့ ခြုံထည်ဖြင့် လွှမ်းခြုံစဉ်ကာလ၊ အရှင်သည် သူတို့၏ ကြိတ်ကြံစည်ရာ၊ လူသိရှင်ကြားပြုရာများကို သိနေတော်မူ၏၊ အရှင် သည် ရင်တွင်းခံစားချက်များအားဖြင့် သိနေသော အရှင် ဖြစ်၏။
၁၁း၆။ ဤလောက၌ ရိက္ခာအတွက် ပရမတ်ဘုရားရှင်အားမတည်မှီရသော သတ္တဝါဟူ၍ မရှိချေ။ အရှင်သည် ၎င်း၏ တည်ငြိမ်စွာနေခြင်းကင်းရှင်းစွာ နေခြင်းကို သိနေတော်မူ၏၊ ခပ်သိမ်းကုန်သည် ရှင်းလင်းထင်ရှားသော မှတ်တမ်း၌ ရှိ၏။
၁၁း၇။ အရှင်သည် မိုးများနှင့် မြေကမ္ဘာအားကာလ ခြောက်ခုဖြင့် ဖြစ်တည်စေ၏၊ အရှင်၏ ထပ်ဆင့်ကွပ်ကဲမှုကို ရေသို့ လွှမ်းစေ၏။ ၎င်းမှာ သင်တို့အနက်မှ သုမင်္ဂလာ ကျင့်ကြံမှုအားစစ်ဆေးသိရှိရန် အလို့ငှာ ဖြစ်၏။ သို့သော် “သင်တို့သည် သေပြီးနောက် ပြန်လည် နိုးထရမည်”ဟု သင် ပြောသောအခါ၊ ဖုံးကွယ်သော သူများက “ဤသည် ရှင်းလင်းထင်ရှားသော မှော်အတတ်ပင်တည်း၊”ဟု ဆိုကြ လတ္တံ့။
၁၁း၈။ အသိုင်းအဝိုင်းတစ်ခုအားသူတို့နှင့် စပ်လျဉ်းသည့် ဝဋ်ကြွေးကို တွက်ချက်ထားသည့် အချိန်ထိ ငါ နောက်ဆုတ် ထားတော်မူလျှင်၊ “မည်သည်က ချုပ်ထိန်းထားသနည်း၊”ဟု မေးကြလတ္တံ့။ အမှန်စင်စစ် သူတို့ထံသို့ ၎င်းတို့အားဆိုက်ရောက်စေသော နေ့ကာလ၌၊ ဘက်ပြန်နိုင်သူ မရှိချေ၊ သူတို့၏ လှောင်ပြောင် လေ့ ရှိသော အရာသည် သူတို့အားပိတ်ဖုံးထားစေလတ္တံ့။
၁၁း၉။ လူသားအားငါ၏ ကရုဏာတော်ကို မြည်စမ်းစေပြီး၊ တဖန် ၎င်းကို သူ့ထံမှ ဖယ်ပစ်သောအခါ၊ သူသည် လက်လျှော့၍၊ ဖုံးကွယ်တော့၏။
၁၁း၁၀။ သူ့အားဒုက္ခ ထိ ပြီးနောက် ဂုဏ်ရှိခြင်းကို မြည်းစေသော အခါ၊“ အကုသိုလ်များသည် ကျွန်ုပ်အားမယူသွားနိုင်ပေ၊”ဟု ရင့်ကျူးလျက် အူမြူးကြွားဝါတော့၏။
၁၁း၁၁။ သို့သော် သည်းခံလျက်၊ ပြုပြင်မှု ကျင့်ကြံသော သူများမှာ ထိုသို့ မဟုတ်။ ထိုသူများအတွက် လွတ်ငြိမ်းခွင့်နှင့် ကြီးမားသော အကျိုးဆုလဒ်ရှိ နေ၏။
၁၁း၁၂။ သူ့အပေါ် ရတနာမိုးအဘယ်ကြောင့် မသွန်းဖြိုးသနည်း၊ သို့မဟုတ် သူနှင့်အတူ နတ်ဒေ၀တာတစ်ပါးအဘယ်ကြောင့် မရောက်လာစေသနည်း၊”ဟု ဆိုခြင်းကြောင့်၊ သင့်ထံသို့ အာရုံဈာန်ပေးရာမှ အချို့ကို ချန်ထားနိုင်ရာ၏၊ သင့်ရင်ကို ကျပ်တည်းစေရာ၏။ သင်သည် သတိပေးသူမျှသာ ဖြစ်၏၊ ပရမတ် ဘုရားရှင်သည်ကားသဗ္ဗလုံးစုံ ကိုးစားခံထိုက်သည့် အရှင် ဖြစ်၏။
၁၁း၁၃။ သို့တည်းမဟုတ် “သူသည် ဤသည်ကို လုပ်ကြံဖန်တီးထား၏၊”ဟု ဆိုကြသူတို့အား၊ “အသင်တို့သည် ဤကဲ့သို့ ဓမ္မခန္ဓာ ဆယ်ပါးကို လုပ်ကြံဖန်တီးယူလာပြလော့၊ သင်တို့သည် ဖြောင့်မှန်သူများဖြစ်ကြလျှင်၊ ထို့အတွက် ပရမတ် ဘုရားရှင် မှလွဲ၍ သင်တို့ တတ်နိုင်သူများကို ခေါ်ခဲ့ကြလော့၊”ဟု ပြောလော့။
၁၁း၁၄။ သူတို့မှ တုန့်ပြန်နိုင်ခြင်းမရှိလျှင်၊ ဤသည် ပရမတ်ဘုရားရှင်က အသိပညာဖြင့် ချမှတ်ပေးခြင်းဖြစ်၍၊ အရှင်မှအပ အခြားဘုရားဟူ၍ မရှိကြောင်းသူတို့အားအသိပေးလျက် “သင်တို့သည် ငြိမ်းချမ်းရေးဝါဒီများဖြစ်ကြမည်လော၊” ဟု မေးမြန်းလော့။
၁၁း၁၅။ ဤလောကီဘ၀အားလိုလားလျက်၊ စွဲမက်ခြင်းရှိသူတို့အား၊ သူတို့၏ ကျင့်ကြံမှု လုပ်အားခကို ပြီးပြည့်စေလတ္တံ့၊ လုံး၀လျော့ပေါ့ခြင်းမရှိစေရ။
၁၁း၁၆။ ထိုသို့သော သူများ၏ အတွက် နောင်ဘ၀တွင် အပူမီးမှအပ အခြားမရှိချေ။ သူတို့၏ တည်ဆောက်မှုများသည် အချည်းနှီးသာ ဖြစ်၍၊ သူတို့၏ ကျင့်ကြံလေ့ ရှိရာများကြောင့် အမှားချည်းသာ ဖြစ်ရ၏။
၁၁း၁၇။ သူသည် ကံကြမ္မာရှင်၏ထံမှ ရှင်းလင်းချက်ပေးသော အရာပေါ်၌ ရှိသူ ဖြစ်သလော၊ အရှင့်ထံမှ သက်သေ တစ်ပါးက ၎င်းကို ရွတ်ဖတ်ပြ၏။ ဤ ရှေ့အလျင်က ရှေ့ဆောင်လမ်းပြနှင့် ကရုဏာတော်ဖြစ်သည့် မူဆာ၏ ကျမ်းတော် ရှိ၏။ သူတို့သည် ထိုကျမ်း၌ ယုံကြည်ကြ၏။ ဂိုဏ်းအမျိုးမျိုးမှ ကျမ်းတော်အားဖုံးကွယ်သူတို့ အတွက်- အပူမီးသည် ကတိဖြစ်၏။ ထို့ကြောင့် ၎င်း၌ အချင်းမများကြနှင့်။ ဤသည် သင့်ကံကြမ္မာရှင်၏ ထံမှ သစ္စာတရားပင် ဖြစ်၏။ သို့သော် လူသားအများစုကြီးမှာ ယုံကြည်ကြသည် မဟုတ်ချေ။
၁၁း၁၈။ ပရမတ်ဘုရားရှင်နှင့် စပ်လျဉ်း၍ လုပ်ကြံဖန်တီးလိမ်လည်သူထက် မည်သူက ပို၍ အမိုက်စီးဘိသနည်း၊ သူတို့သည် ကံကြမ္မာရှင်၏ ဘောင်တွင်းမှ ဖြစ်ရလတ္တံ့။ ထိုအခါ သက်သေများက “ဤသူတို့သည် ကံကြမ္မာရှင်နှင့် စပ်လျဉ်း၍ လိမ်လည်သောသူများဖြစ်ကြ၏၊”ဟု ထွက်ဆိုကြ၍။ အမိုက်ကောင်များအပေါ်သို့ ပရမတ်ဘုရားရှင်၏ ထံမှ မေတ္တာဝေးစေလတ္တံ့။
၁၁း၁၉။ သူတို့သည် ပရမတ်ဘုရားရှင်၏ လမ်းစဉ်တော်မှ ဖယ်ခိုင်းကြ၍။ ကောက်ကျစ်ခြင်းကို ရှာဖွေကြ၏။ နောင်ဘ၀ကိုလည်းဖုံးကွယ်သူများဖြစ်ကြ၏။
၁၁း၂၀။ ကမ္ဘာ၌ သူတို့က ချိနဲ့စေနိုင်သူများမဟုတ်၊ ပရမတ်ဘုရားရှင်အားတုနိုင်သော မဟာမိတ်များလည်းမရှိချေ။ သူတို့အတွက် ဝဋ်ကြွေးကို နလံထူစေပြီ။ ကြားရန် တတ်နိုင်ခြင်းမရှိကြ။ အမြင်လည်းမရှိကြချေ။
၁၁း၂၁။ မိမိတို့၏ ဉာဉ်စရိုက်ကိုသာ ဆုံးရှုံးစေသော ထိုသူများအား- သူတို့၏ လုပ်ကြံဖန်တီးလေ့ ရှိသည်များက သူတို့ကို လွှဲဖယ်သွားကြလေပြီ။
၁၁း၂၂။ ရာဇဝတ်မှုမပြုကြနှင့်၊ ထိုသူတို့သည် နောင်ဘ၀၌ ဆုံးရှုံးမှု ကြီးသူများဖြစ်ကြ၏။
၁၁း၂၃။ ယုံကြည်လျက် ပြုပြင်မှုကို ကျင့်ကြံကာ၊ ကံကြမ္မာရှင်၏ ထံတော်သို့ နှိမ့်ချခြင်းများစွာ ရှိသူ- ထိုသူတို့သည် သုခဘုံ၏ ပေါင်းဖေါ်များဖြစ်ကြ၍၊ ထို၌ အစဉ်စံစားရမည်ပင်။
၁၁း၂၄။ အဖွဲ့နှစ်ခု၏ ပမာသည်ကား၊ ကန်းသူ ပင်းသူ များနှင့်၊ မြင်သူ ကြားသူများကဲ့သို့ ဖြစ်၏၊ သူတို့၏ ပမာသည် တူညီကြသလော၊ သို့ဖြစ်လျှင် သင်တို့သည် ဆင်ခြင်သတိ ရှိကြမည် မဟုတ်လော။-
၁၁း၂၅။ နူးဟ်ကို သူ့ လူမျိုးထံသို့ ငါ စေပို့လျက် “ကျွန်ုပ်သည် သင်တို့အတွက် ရှင်းလင်းထင်ရှားသော သတိပေးသူပင်-
၁၁း၂၆။ ပရမတ်ဘုရားမှအပ အခြားကို သင်တို့ မကိုးကွယ်ကြနှင့်၊ သင်တို့အတွက် စူးနစ်နာကျင်သော နေ့ကာလ၏ ဝဋ်ကြွေးကို ကျွန်ုပ် စိုးရိမ်၏၊”ဟု ဟောစေ၏။
၁၁း၂၇။ သူ့လူမျိုးမှ ဖုံးကွယ်သော အကြံပေးများက “သင်သည် ကျွန်ုပ်တို့ကဲ့သို့ လူပုဂ္ဂိုလ်မျှသာ ဖြစ်သည်ကို မြင်ရ၏။ ကျွန်ုပ်တို့ အနက် ဉာဏ်နိမ့်သည်ဟု မြင်ရသောသူများသာ သင့်အားလိုက်နာသည်ကို မြင်ရ၏။ သင့်၌ ကျွန်ုပ်တို့ထက် ပေါ်လွင်သော သိက္ခာကို မြင်ရသည် မရှိ၊ သင်တို့သည် လူလိမ်များဟုသာ ကျွန်ုပ်တို့ စဉ်းစားမိ၏၊”ဟု ဆိုကြ၏။
၁၁း၂၈။ သူက ပြောသည်မှာ “အို- ကျွန်ုပ်၏ လူမျိုးတို့၊ ကံကြမ္မာရှင်၏ ထံမှ ရှင်းလင်းချက်ပေါ်၌ ကျွန်ုပ် ရှိသည်ကို သင်တို့ မမြင်မိသလော၊ အရှင့်ထံမှ ကရုဏာတော်ကို ကျွန်ုပ် ဆောင်ခဲ့၏ သို့သော် သင်တို့ စုံလုံးကန်းနေကြ၏၊ သင်တို့က ၎င်းအားမုန်တီးသောအခါ၊ အသင်တို့ကို ကျွန်ုပ် တွန်းအားပေးနိုင် သလော။-
၁၁း၂၉။ အို- ကျွန်ုပ်၏ လူမျိုးတို့၊ ထို့အတွက် သင်တို့ထံမှ ဥစ္စာပစ္စည်းကျွန်ုပ် တောင်းခံခြင်းမရှိချေ။ ကျွန်ုပ်အတွက် အကျိုးဆုလဒ်မှာ ပရမတ်ဘုရားရှင်၏ ထံ၌ ရှိ၏။ ယုံကြည်သောသူတို့အားကျွန်ုပ် မောင်းထုတ်မည် မဟုတ်။ ကံကြမ္မာရှင်အားသူတို့ ဖူးတွေ့ရလတ္တံ့။ သင်တို့သည် ပညာမဲ့ လူမျိုးဖြစ်ကြောင်းကျွန်ုပ် မြင်ရ၏။-
၁၁း၃၀။ အို- ကျွန်ုပ်၏ လူမျိုးတို့၊ သူတို့အားကျွန်ုပ် မောင်းထုတ်ပစ်လျှင်၊ ပရမတ်ဘုရားရှင်ထံ၌ ကျွန်ုပ်အားမည်သူက ကူညီမည်နည်း၊ သင်တို့ ဆင်ခြင်သတိ ရှိကြမည် မဟုတ်လော။-
၁၁း၃၁။ ကျွန်ုပ်ထံ၌ ပရမတ်ဘုရားရှင်၏ ဘဏ္ဍာများသည် ရှိသည်ဟု၊ စက္ခုလွန်ကို သိသည်ဟု မပြောခဲ့ချေ။ ကျွန်ုပ်သည် နတ်ဒေ၀တာတစ်ပါးဖြစ်သည် ဟုလည်းမပြောခဲ့ပေ။ အသင်တို့မျက်လုံးများ၌ အဘက်မတန်ဟု မြင်သောသူများကို ပရမတ်ဘုရားရှင်က ကောင်းကျိုးဆုလဒ် ပေးလိမ့်မည် မဟုတ်ဟု ကျွန်ုပ် မဆိုပေ။ ပရမတ်ဘုရားရှင်သည် သူတို့၏ ဉာဉ်စရိုက်ကို အသိဆုံးဖြစ်တော်မူ၏၊ သို့မဟုတ်က ကျွန်ုပ်သည် အမိုက်ကောင်များမှ ဖြစ်သွားချေမည်၊”ဟု ဖြစ်၏။
၁၁း၃၂။ သူတို့က “အို- နူးဟ်၊ အသင်သည် ကျွန်ုပ်တို့အားစောဒကတက်၏။ စောဒက များစွာတက်၏။ သင်သည် ဖြောင့်မှန်သူများမှ ဖြစ်လျှင် သင်၏ ကတိကို ပေးရောက်စေလော့၊”ဟု ဆိုကြသဖြင့်-
၁၁း၃၃။သူပြန်ပြောသည်မှာ “ပရမတ်ဘုရားရှင်၏ စံချိန်ပြည့်လျှင်၊ အရှင်သည် ၎င်းအားသင်တို့ထံသို့ ပေးရောက်လတ္တံ့။ ၎င်းကို သင်တို့ ချိနဲ့စေနိုင်မည် မဟုတ် ချေ။
၁၁း၃၄။ သင်တို့အပေါ် ကျွန်ုပ် စိတ်ထားဖြူစင်သော်လည်းပရမတ်ဘုရားရှင်က သင်တို့အားတိမ်းပါးနေခြင်း၌ ပစ်ထားတော်မူလိုလျှင်၊ ကျွန်ုပ်၏ ဖြူစင်မှုသည် သင်တို့အတွက် အကျိုးထူးမည် မဟုတ်ချေ။ အရှင်သည် သင်တို့၏ ကံကြမ္မာရှင် ဖြစ်၍၊ အရှင့် ထံသို့သာ သင်တို့ ဦးလှည့်ရမည်ပင်၊”ဟု ဖြစ်၏။
၁၁း၃၅။ သို့တည်းမဟုတ် သူတို့က “၎င်းကို သူက လုပ်ကြံဖန်တီး၏၊”ဟု ပြောကြလျှင်၊ ဟောလော့ “ကျွန်ုပ်သာ လုပ်ကြံဖန်တီးလျှင်၊ ကျွန်ုပ်၏ ရာဇဝတ်မှု ဖြစ်၏၊ အသင်တို့၏ ရာဇဝတ်မှုပြုခြင်းနှင့်ကားကျွန်ုပ် ကင်းရှင်း၏။”
၁၁း၃၆။ နူးဟ်ထံသို့ အာရုံဈာန်ဖြစ်စေသည်မှာ “ယုံကြည်ပြီးသူမှအပ အခြားသော သင့်လူမျိုးများသည် ယုံကြည်လာကြမည် မဟုတ်ချေ။ သူတို့၏ ပြုလုပ်လေ့ ရှိရာများကြောင့် အမင်္ဂလာ မဖြစ်စေနှင့်။
၁၁း၃၇။ ငါ အာရုံဈာန်ဖြစ်စေသည့် အတိုင်းသင်္ဘောတစ်စီးအားငါ့ စက္ခုရှေ့၌ တည်ဆောက်လော့၊ မိုက်ကြေးခွဲသောသူများအတွက် မလျှောက်တင်နှင့်၊ သူတို့အားနစ်မြုပ်စေလတ္တံ့။
၁၁း၃၈။ သင်္ဘောတစ်စီးအားတည်ဆောက်နေစဉ်၊ သူ့အပါးမှ ဖြတ်ကျော်သွားတိုင်းသူ့လူမျိုးမှ အကြံပေးများက သူ့အားပျက်ရယ်ပြုကြ၏။ သူ ပြောသည်မှာ “ကျွန်ုပ်ကို သင်တို့က ပျက်ရယ်ပြုကြ၏၊ သင်တို့ ပျက်ရယ်ပြုသည့် နည်းတူ ကျွန်ုပ်လည်းသင်တို့ကို ပျက်ရယ်ပြု၏၊-
၁၁း၃၉။ အရှက်ရစေသော ဝဋ်ကြွေးသည် မည်သူ့အားထိသက်သည်ကို မကြာမှီ သင်တို့ သိကြရလတ္တံ့၊ ၎င်းသည် ထိုသူ့ အပေါ်၌ တည်တံ့စေသော တရားဝင် ဝဋ်ကြွေးဖြစ်လတ္တံ့။”
၁၁း၄၀။ ငါ၏ ညွှန်ကြားချက် ရောက်လာ၍ တောင်ကြားမှ ရေများပွက်လော ရိုက်လာ သည့်တိုင် “သင်၏ ဝိုင်းသားများအနက် ငါ ကြိုတင်သတ်မှတ် ပြောပြီးသူ မှ အပ၊ အစုဖွဲ့နှစ်ခုစီမှ၊ ယုံကြည်သူများကိုသာ ၎င်းပေါ်၌ သယ်ဆောင်လော့၊”ဟု ငါ မိန့်၏။ သူနှင့်အတူ ယုံကြည်သူများကားနည်းပါးလှချေ၏။
၁၁း၄၁။ သူက “ကုန်းပတ်ပေါ်သို့ တက်ကြလော့၊ ၎င်း၏ စီးမျောခြင်း၊ ကျောက် ချခြင်းသည် ပရမတ်ဘုရားရှင်၏ ဂုဏ်တော် အားဖြင့် ဖြစ်စေလော့၊ ကျွန်ုပ်၏ ကံကြမ္မာရှင်သည် လွတ်ငြိမ်းစေသောအရှင် အကြင်နာရှင် ဖြစ်ပေ၏၊”ဟု ဆို၏။
၁၁း၄၂။ တောင်လုံးပမာ လှိုင်းတံပိုး၌ ၎င်းသည် စီးမျောနေစဉ်၊ နူးဟ်က ရှောင်ခွာခံနေ ရသော သူ့၏သားအား“အို-ချစ်သားကျွန်ုပ်တို့နှင့်အတူ ကုန်းပတ်ပေါ်သို့ တက် လော့၊ ဖုံးကွယ်သူများ၌ မပါဝင်နှင့်၊”ဟု ဟစ်အော်သော်-
၁၁း၄၃။ “ရေမှကင်းရန် ကျွန်ုပ်မားမားရပ်နိုင်သည့် တောင်ကုန်းသို့ တက်၍ ခိုလှုံပါမည်၊”ဟု ပြန်ပြော၏၊ သူက “ယနေ့တွင် ပရမတ်ဘုရားရှင်၏ ကရုဏာသက် သူမှအပ အရှင်၏ ညွှန်ကြားချက်အားဆန့်ကျင်၍ မားမားရပ်နိုင်သူ မရှိပြီ၊”ဟု ပြန် ပြောနေစဉ်ပင်၊ သူတို့၏ ကြား၌ လှိုင်းတံပိုးဝန်းရံလျက် သူ့သားသည် နစ်မြုပ်သူ တို့၌ ပါသွားတော့၏။
၁၁း၄၄။ အရှင်က “အို- ကမ္ဘာမြေ၊ သင်၏ ရေကို အဖတ်မတင်စေနှင့်၊ အို- ကောင်းကင် သင်လည်းစဲစေလော့၊”ဟု မိန့်တော်မူ၏၊ ရေသည် ကျဆင်းသွားပြီး၊ ညွှန်ကြားချက်သည်လည်းအပြီးသတ်၍ ၎င်းအားဂျူဒီတောင်ထိပ်၌ ပုံစံကျစေ လျက်၊ “မိုက်ကြေးခွဲသော လူမျိုးအားနောက်ကျန်ရစ်စေ၊”ဟု မိန့်တော်မူ၏။
၁၁း၄၅။ သူ့ကံကြမ္မာရှင်၌ နူးဟ်က “အို- ကံကြမ္မာရှင်၊ တပည့်တော်၏ သားသည် တပည့်တော်၏ ဝိုင်းသားများမှ ဖြစ်ပါ၏၊ အရှင်၏ ကတိတော်သည် မှန်ကန်ပါ၏၊ အရှင်သည် ဓမ္မသတ်ချမှတ်ခြင်း၌ ဓမ္မသတ်ချုပ် ဖြစ်ပါ၏။” ရင့်ကျူးစဉ်-
၁၁း၄၆။ အရှင်က “အေ- နူးဟ်၊ သူသည် သင်၏ ဝိုင်းသားထဲမှ မဟုတ်၊ သူ့ ကျင့်ကြံမှုသည် ပြုပြင်ခြင်းမဟုတ်၊ သင် အသိ မရှိရာကို ငါ့ထံ၌ မတောင်းဆိုနှင့်၊ သင့်အားပညာမဲ့သူတို့မှ မဖြစ်စေအံ့ငှာ ငါအရှင် ဆုံးမသွန်သင်၏၊”ဟု မိန့်သော်။
၁၁း၄၇။ “အို- ကံကြမ္မာရှင်၊ တပည့်တော်သည် မိမိအသိ မရှိရာအားတောင်းဆို မိခြင်းမှ ကင်းအံ့သောငှာ၊ အရှင့်ထံ၌သာ ခိုလှုံပါ၏။ အရှင်သည် တပည့်တော်အားလွတ်ငြိမ်းခွင့် မပြုပါလျှင်၊ ကရုဏာ မသက်ပါလျှင်၊ ဆုံးရှုံးသူများမှ ဖြစ်ရပါပြီ၊” ဟု သူ လျှောက်ထား၏။
၁၁း၄၈။ အရှင်က “အေ- နူးဟ်၊ သင်နှင့် အသိုင်းအဝိုင်းသည် ငါ ပေးသော ငြိမ်းချမ်းမှု၊ ဂုဏ်ကျက်သရေဖြင့် ဆင်းသွားကြလော့၊ သူတို့မှ အသိုင်းအဝိုင်းများကို ချမ်းမြေ့သော ကာလတစ်ခု ပေးတော်မူမည်၊ ထို့နောက် နာကျင် သော ဝဋ်ကြွေးကို ထိသက်စေလတ္တံ့၊”ဟု မိန့်ဆို၏။
၁၁း၄၉။ ဤသည် သင့်ထံသို့ အာရုံဈာန်ဖြစ်စေသည့် စက္ခုလွန် သတင်းများမှ ဖြစ်၏။ ဤမတိုင်မှီက သင်နှင့် သင့်လူမျိုးသည် ဤအကြောင်းကို သိခဲ့ခြင်းမရှိ ချေ။ သို့ဖြစ်၍ သည်းခံလော့၊ ချုပ်ငြိမ်းခြင်းသည် စည်းစောင့်သူများအတွက် ဖြစ်၏။
၁၁း၅၀။ အာဒ်တို့ ထံသို့ သူတို့၏ ညီနောင်ဖြစ်သော ဟု-ဒ်ကို စေလျက် ပြော စေသည်မှာ “အို- ကျွန်ုပ်၏ လူမျိုးတို့၊ ပရမတ်ဘုရားရှင်အားကိုးကွယ်ကြလော့၊ သင်တို့အတွက် အရှင်မှအပ အခြားဘုရားဟူ၍ မရှိပြီ။ အသင်တို့သည် လုပ်ကြံ ဖန်တီးသူများသာ ဖြစ်ကြ၏။-
၁၁း၅၁။ အို- ကျွန်ုပ်၏ လူမျိုးတို့၊ ကျွန်ုပ်သည် သင်တို့ထံမှ အကျိုးဆုလဒ် တောင်းခြင်းမရှိ၊ ကျွန်ုပ်အတွက် ဆုလဒ်မှာ ကျွန်ုပ်၏ မူလလက်သည် အရှင့် ထံမှသာ ဖြစ်၏၊ သင်တို့၌ အတွေးအခေါ် မရှိကြသလော၊-
၁၁း၅၂။ အို- ကျွန်ုပ်၏ လူမျိုးတို့၊ သင်တို့၏ ကံကြမ္မာရှင်၌ လွတ်ငြိမ်းဆုပန်ကြလော့၊ အရှင့်ထံ၌ ခဝါချ ကြလော့။ အရှင်သည် သူတို့ပေါ်သို့ အကျိုးကျေးဇူးများစွာကို ကောင်းကင်မှ စေစားခဲ့၏၊ သင်တို့အားတန်ခိုးအစွမ်းသတ္တိ တိုးပွားစေတော်မူ၏၊ ရာဇဝတ် ကောင်များအဖြစ် လှည့်မသွားကြကုန်နှင့်၊”ဟု ဖြစ်၏။
၁၁း၅၃။ သူတို့က ပြန်ပြောသည်မှာ “အို- ဟု-ဒ်၊ သင်သည် ကျွန်ုပ်တို့ထံသို့ ရှင်းလင်းချက်ကို ရောက်လာစေသည် မရှိချေ။ သင်ပြောယုံမျှဖြင့် ကျွန်ုပ်တို့၏ ဘုရားများကို ချန်ပစ်မည် မဟုတ်ပေ၊ ကျွန်ုပ်တို့သည် သင်နှင့်အတူ ယုံကြည်ကြ မည်လည်းမဟုတ်ချေ-
၁၁း၅၄။ ပြောရသော် ကျွန်ုပ်တို့၏ ဘုရားတစ်ချို့က သင့်အားအကုသိုလ်ဖြင့် ဖမ်းပြီ”ဟု ဖြစ်၏၊- သူ ပြန်ပြောသည်မှာ “ကျွန်ုပ်သည် ပရမတ် ဘုရားရှင်အားသက်သေပြုပါ၏၊ ကျွန်ုပ်သည် ရောပြွန်းကိုးကွယ်ခြင်းမှ ကင်းကြောင်းသင်တို့လည်းသက်သေပြုကြလော့-
၁၁း၅၅။ အရှင် မှလွဲ၍၊ အသင်တို့ အားလုံးသည် ကျွန်ုပ်အားကြံစည်ကြလော့၊ စောင့်ကြည့်နေခွင့် မပြုနှင့်-
၁၁း၅၆။ ကျွန်ုပ်သည် ကျွန်ုပ်၏ ကံကြမ္မာရှင်၊ သင်တို့၏ ကံကြမ္မာရှင်ဖြစ်သော ပရမတ်ဘုရားရှင်၌သာ ကိုးစားပါ၏၊ အရှင်သည် မည်သည့် သတ္တဝါကိုမဆို ငယ်ထိပ်မှ ဆွဲယူလတ္တံ့။ ကံကြမ္မာရှင်သည် မြဲမြံတည်တံ့သော လမ်းစဉ်၌ ရှိ၏။ -
၁၁း၅၇။ သင်တို့ လှည့်သွားကြလျှင်လည်းသင်တို့ထံသို့ စေပို့သော အကြောင်းများကို ကျွန်ုပ် ဆိုက်ရောက်စေပြီ။ ကျွန်ုပ်၏ ကံကြမ္မာရှင်သည် သင်တို့ အစားအခြားလူမျိုးကို ဆက်ခံစေတော်မူလတ္တံ့။ အရှင့်အားနစ်နာစေမည့် တစ်စုံ တစ်ရာ မရှိချေ။ ဧကန်ပင် ကျွန်ုပ်၏ ကံကြမ္မာရှင်သည် သဗ္ဗလုံးစုံအားထိန်းသိမ်းစောင့်ရှောက်ထားတော်မူ၏။”
၁၁း၅၈။ ငါ၏ ညွှန်ကြားချက် ရောက်လာစေစဉ်၊ ငါ၏ ကရုဏာတော်အားဖြင့် ဟု-ဒ်နှင့် ယုံကြည်သောသူများကို လွတ်မြောက်စေ၏။ သူတို့အားတိကျပြတ်သားသော ဝဋ်ကြွေးမှ လွတ်မြောက်စေ၏။
၁၁း၅၉။ ဤသည် အာဒ်တို့၏ အကြောင်းပင် ဖြစ်၏၊ သူတို့သည် ကံကြမ္မာရှင် ထံမှ သုတ်ဒေသနာများကို ပယ်ပစ်ကြ၏၊ အရှင့် ဉာဏ်စဉ်ဆောင်များအားအာခံ ကြ၏။ ခေါင်းမာသော ပုန်ကန်သူတိုင်း၏ ညွှန်ကြားမှုကို လိုက်နာကြ၏။
၁၁း၆၀။ ထို့ကြောင့် မေတ္တာမဲ့ခံရမှုမှာ သူတို့အားဤဘ၀၌ ဖြစ်စေ၊ ရပ်တည်ရမည့် နေ့ကာလ၌ ဖြစ်စေ ထပ်ကြပ်မကွာ လိုက်နေ၏၊ မှတ်သားလော့ အာဒ်တို့သည် သူတို့၏ ကံကြမ္မာရှင်အားဖုံးကွယ်ကြ၏။ ဟု-ဒ်၏ လူမျိုးအာဒ်တို့အားနောက်ကျန်ရစ်စေပြီ။
၁၁း၆၁။ သမု-ဒ် တို့ထံသို့ သူတို့၏ ညီနောင်ဖြစ်သော ဆွာလေဟ်အားစေလျက် “အို- ကျွန်ုပ်၏ လူမျိုးတို့၊ ပရမတ်ဘုရားရှင်အားကိုးကွယ်ကြလော့၊ သင်တို့အတွက် အရှင်မှအပ အခြားဘုရားဟူ၍ မရှိပြီ။ အရှင်သည် သင်တို့အားမြေကမ္ဘာ၌ ပေါက်ပွားစေ၍၊ ထို၌ပင် ဘ၀သံသရာလည်စေ၏၊ သင်တို့သည် အရှင့်ထံ၌ လွတ်ငြိမ်းဆုပန်ရာ၏၊ တဖန် အရှင့်ထံ၌ ခဝါချအပ်၏၊ ကျွန်ုပ်၏ ကံကြမ္မာရှင်သည် အနီးဆုံးဖြစ်တော်မူ၍၊ ဖြေကြားပေးနေတော်မူ၏၊”ဟု ဆိုသော်-
၁၁း၆၂။ သူတို့က “အို- ဆွာလေဟ်၊ ဤရှေ့အလျင်ထိ၊ သင်သည် ကျွန်ုပ်တို့ အထဲ၌ မျှော်လင့်ခံရသူ ဖြစ်ခဲ့၏၊ ကျွန်ုပ်တို့၏ မိရိုးဖလာ ကိုးကွယ်ခဲ့သည်ကို မကိုးကွယ်ရန် ကျွန်ုပ်တို့အားသင် ဟန့်တားသလော၊ သင် ဆင့်ဆိုသော တရား၌ ကျွန်ုပ်တို့ ဒွိဟဖြစ်၏၊ ထို၌ သံသယရှိ၏၊”ဟု ဆိုကြ၏။
၁၁း၆၃။ သူက ပြောသည်မှာ “အို- ကျွန်ုပ်၏ လူမျိုးတို့၊ သင်တို့ မမြင်မိသလော၊ ကျွန်ုပ်အားကံကြမ္မာရှင်၏ ထံမှ ရှင်းလင်းချက်တော်နှင့်၊ အရှင့်ထံတော်မှ ကရုဏာ တော် ပေးအပ်ခြင်းဖြစ်၏။ ကျွန်ုပ်သည် အာခံခဲ့မိလျှင် ပရမတ်ဘုရားရှင်အားတုလျက် မည်သူက ကူညီမည်နည်း၊ သင်တို့သည် ကျွန်ုပ်အားဆုံးရှုံးစေခြင်းမှအပ အခြားကို ပွားစေမည် မဟုတ်ချေ။-
၁၁း၆၄။ အို- ကျွန်ုပ်၏ လူမျိုးတို့၊ ဤသည် သင်တို့အတွက် နိမိတ်လက္ခဏာ ဖြစ်သော ပရမတ်ဘုရားရှင်၏ ကုလားအုပ်မ ဖြစ်၏၊ သို့ဖြစ်၍ သူမအားချန်ထားလျက် ပရမတ်ဘုရားရှင်၏ မြေကမ္ဘာ၌ စားသုံးစေလော့၊ သူမအားအကုသိုလ်ဖြင့် မထိနှင့်၊ သို့မဟုတ်က နီးကပ်သော ဝဋ်ကြွေးသည် သင်တို့အားသိမ်းယူလတ္တံ့၊”ဟု ဖြစ်၏။
၁၁း၆၅။ သို့သော် ကုလားအုပ်မအားမျိုးအ’စေကြ၏၊ ထိုအခါ သူက “သင်တို့သည် အိမ်များ၌ သုံးရက်မျှသာ ပျော်နေကြလော့၊ ဤကတိတော်သည် လိမ်ညာလီဆယ်မှု မဟုတ်ချေ၊”ဟု ဆို၏။
၁၁း၆၆။ ငါ၏ ညွှန်ကြားချက် ရောက်လာစေစဉ်၊ ငါ့ထံမှ ကရုဏာအားဖြင့် ဆွာလေဟ်နှင့် ယုံကြည်သောသူများကို အရှက်ရသည့် နေ့မှ လွတ်မြောက်စေ တော်မူ၏၊ သင်၏ ကံကြမ္မာရှင်သည် တန်ခိုးတော်ရှင် ဘုန်းတော်ရှင် ဖြစ်တော် မူ၏။
၁၁း၆၇။ အသံလှိုင်းကြီးက မိုက်ကြေးခွဲသောသူများအားသိမ်းယူလိုက်၍ နံနက်၌ သူတို့၏ အိမ်များတွင် ရုပ်ကလပ်များဖြစ်သွားစေ၏။
၁၁း၆၈။ ၎င်းသည် သူတို့ မပြည့်စုံခဲ့သော အရပ်ကဲ့သို့ ဖြစ်သွားခဲ့၏။ သမု-ဒ်တို့သည် သူတို့၏ ကံကြမ္မာရှင် အားဖုံးကွယ်၏။ ထို့ ကြောင့် သမု-ဒ်တို့အားနောက်ကျန်ရစ်စေပြီ။
၁၁း၆၉။ ငါ၏ ဉာဏ်စဉ်ဆောင်များသည် အီးဗရာဟီးမ်ထံသို့ သတင်းကောင်းဖြင့် ရောက်လာ၍ “ငြိမ်းချမ်းပါစေ၊”ဟု နှတ်ဆက်သော်- သူကလည်း“ငြိမ်းချမ်းပါစေ၊”ဟု နှတ်ဆက်လျက် တုံ့ဆိုင်းမနေဘဲ နွားကင် တစ်ကောင်ဖြင့် ရောက်လာ ၏။
၁၁း၇၀။ သူတို့သည် ၎င်းအားအကျွမ်းမဝင် လက်မလှမ်းကြ ဖြစ်သည်ကို မြင်သော အခါ၊ သူသည် စိုးရိမ်စိတ် ခံစားမိ၏၊ သူတို့က “မစိုးရိမ်လေနှင့် ကျွန်ုပ်တို့သည် လု(တ်)၏ လူမျိုးထံသို့ စေပို့ခံရသူများဖြစ်၏၊”ဟု ဆို၏။
၁၁း၇၁။ သူ့အပါးတွင် ရပ်နေသော ဇနီးအားအစ္စဟာ့က်နှင့် အစ္စဟာ့က်၏ နောက်ကွယ် ယာကုဗ် အကြောင်းသတင်းကောင်းကို ပါးသော် သူမက ရယ်မော လျက်-
၁၁း၇၂။“အလိုလေး-ကျွန်မသည် အဘွားအို ဖြစ်ပြီ၊ ရင်သွေးမည်သို့ ရအံ့နည်း၊ ဤမှာ ကျွန်မ၏ လင်ယောက်ျားလည်းအိုလှပြီ။ ဧကန်ပင် ဤသည် အံ့ဩစရာ ဖြစ်၏၊”ဟု ဆိုသော်၊
၁၁း၇၃။ သူတို့က “သင်တို့သည် ပရမတ်ဘုရားရှင်၏ ညွှန်ကြားချက်အားအံ့ဩပါသလော၊ ပရမတ်ဘုရားရှင်၏ ကရုဏာနှင့် ကျက်သရေမင်္ဂလာသည် သင်တို့အပေါ်သို့ သက်ရောက်ပါစေ- အိမ်သားအပေါင်းတို့၊ အရှင်သည် ရည်သန် စူးစိုက်မှုတည်ရာ ဖြစ်၏။ ကြီးကျယ်မြင့်မြတ်တော်မူ၏၊”ဟု ဟောပြော၏။
၁၁း၇၄။ အီဗရာဟီးမ်သည် စိုးရိမ်စိတ်ပြေသွားစဉ်။ သူ့ထံသို့ သတင်းကောင်းရောက်လာ၏၊ သူသည် လု-တ်၏ လူမျိုးအတွက် ငါ့ထံ၌ ထုချေလွှာတင်ပေး၏။
၁၁း၇၅။ ဧကန်ပင် အီဗရာဟီးမ်သည် နူးညံ့သိမ်မွေ့၏။ သနားတတ်၏၊ အရှင့်ထံ ဘက်လှည့်၏။
၁၁း၇၆။ အရှင်က “အို အီဗရာဟီးမ်၊ ဤသည်နှင့်စပ်လျဉ်း၍ ဘောင်ထားလော့၊ သင့်ကံကြမ္မာရှင်၏ ညွှန်ကြားချက်သည် ရောက်လာစေပြီ။ သူတို့ထံ- သူတို့ မတန်ပြန်နိုင်သော ဝဋ်ကြွေးအားပေးရောက်စေပြီ၊။”
၁၁း၇၇။ ငါ၏ ဉာဏ်စဉ်ဆောင်တို့သည် လု-တ်ထံသို့ ရောက်လာစဉ်၊ အကုသိုလ် သင့်သူများကြောင့် သူတို့အတွက် လက်ပန်းကျ စိတ်ကျပ်တည်းလျက် “ဤသည် အဖွဲ့ဆုံသောနေ့ပင်တည်း၊”ဟု ညည်းညူ၏။
၁၁း၇၈။ သူ့ လူမျိုးများသည် သူ့ထံသို့ အလျင်စလို ရောက်လာကြ၏။ သူတို့သည် ရှေ့ကပင် အကုသိုလ်များကျင့်ကြံလျက် ရှိခဲ့၏။ သူက “အို ကျွန်ုပ်၏ လူမျိုးတို့၊ ဤမှာ ကျွန်ုပ်သမီးများရှိ၏၊ သူတို့သည် သင်တို့အတွက် ပိုမို သန့်စင် စေ၏၊ ပရမတ်ဘုရားရှင်အားစည်းစောင့်ကြလော့၊ ဧည့်သည်များကို စော်ကားခြင်းဖြင့် ကျွန်ုပ်အားအရှက်မခွဲကြနှင့်၊ သင်တို့၌ ယောက်ျားပီသသူ တစ်ဦးမျှ မရှိကြသလော၊”ဟု ဆို၏။
၁၁း၇၉။ သူတို့က “သင်၏ သမီးများသည် ကျွန်ုပ်တို့အတွက် မဟုတ်ကြောင်းသင် သိ၏။ ကျွန်ုပ်တို့ အမှန်အကန် လိုလားရာကိုလည်းသင် သိ၏၊”ဟု ပြောကြ၏။
၁၁း၈၀။ သူက “ကျွန်ုပ်သည် သင်တို့အားခုခံရန် အစွမ်းရှိလျှင်၊ သို့မဟုတ် မှီခိုရာ သန်မာသော အမှီရှိလျှင် ကောင်းလေစွ၊” ဟု ညည်းညူ၏။
၁၁း၈၁။ သူတို့က “အို လု-တ်၊ ကျွန်ုပ်တို့သည် သင့်ကံကြမ္မာရှင်ထံမှ ဉာဏ်စဉ်ဆောင်များဖြစ်၏။ သူတို့သည် သင့်ထံ မပူးပေါင်းနိုင်ရာ၊ သင်သည် ဝိုင်းသားများနှင့်အတူ ည အစိတ်အပိုင်း၌ ခရီးနှင်လော့၊ သင့်ဇနီးမှအပ သင်တို့ အထဲမှ တစ်ယောက်ကိုမှ နောက်ဆံမတင်းစေနှင့်၊ ဧကန်ပင် သူတို့အားထိခိုက် စေမည့် အရာသည် သူမအားလည်းထိခိုက်စေမည်၊ သူတို့အတွက် ကတိထားချိန်သည် နံနက်စ ဖြစ်၏၊ နံနက်သည် နီးကပ်လာနေပြီ မဟုတ်လော၊”ဟု ဆို၏။
၁၁း၈၂။ ငါ၏ ညွှန်ကြားချက် ရောက်လာစဉ်၊ သူတို့အားအပေါ်ဆုံးမှ အနိမ့်ဆုံးသို့ စီစဉ်ပစ်၍၊ သူတို့အပေါ်သို့ ဖျက်အားကောင်းသော လှိမ့်ချသည့် ကျောက်မိုးအထပ်ထပ် ရွာစေ၏။
၁၁း၈၃။ ၎င်းသည် သင့်ကံကြမ္မာရှင်၏ ထံ၌ တံဆိပ်တပ်ပြီးဖြစ်၍၊ ၎င်းသည် အမိုက်ကောင်များအတွက် နောက်ကျနေသည် မဟုတ်ချေ။
၁၁း၈၄။ မီဒီယံတို့ထံသို့ သူတို့၏ ညီနောင်ဖြစ်သော ရှုအိုက်(ဘ်)ကို စေ၍၊ ဟောစေသည်မှာ “အို- ကျွန်ုပ်၏ လူမျိုးတို့၊ ပရမတ်ဘုရားရှင်အားကိုးကွယ်ကြ လော့။ သင်တို့အတွက် အရှင်မှအပ အခြားဘုရားဟူ၍ မရှိပြီ။ ချိန်တွယ်ရာ၌ ချိန်ခွင် မလျော့စေနှင့်၊ သင်တို့၌ ကောင်းခြင်းများကို ကျွန်ုပ် မြင်၏။ သင်တို့ အတွက် ဝဋ်ကြွေးများဝိုင်းဝန်းထားသော နေ့ကာလကို ကျွန်ုပ် ကြောက်မိ၏။-
၁၁း၈၅။ အို- ကျွန်ုပ်၏ လူမျိုးတို့၊ အချိန်အတွယ်နှင့်၊ ချိန်ခွင်ကို သမာသမတ် ဖြင့် ပြည့်စေကြလော့၊ လူသားတို့၏ အရာဝတ္ထုများအားမလျော့ပေါ့စေနှင့်၊ ကမ္ဘာ၌ ညစ်ညမ်းစုတ်ပဲ့၊ အဖျက်ကောင်များမပြုကြနှင့်။
၁၁း၈၆။ သင်တို့သည် ယုံကြည် သူများဖြစ်လျှင် ပရမတ်ဘုရားရှင်၏ တည်ထားပေးရာသည် သင်တို့အဘို့ အကောင်းဆုံးဖြစ်၏။ ကျွန်ုပ်သည် သင်တို့အားထိန်းသိမ်းစောင့်ရှောက်ရသူ မဟုတ်ချေ။”ဟု ဖြစ်၏။
၁၁း၈၇။ သူတို့က “အို- ရှုအိုက်(ဘ်) သင်၏ ဝတ်ပြုခြင်းက ကျွန်ုပ်တို့အားမိရိုးဖလာ ကိုးကွယ်ခြင်းနှင့် ကျွန်ုပ်တို့၏ ဥစ္စာပစ္စည်းအားစံချိန်ပြည့် ပွားများအောင် လုပ်ခြင်းမှ ချန်ပစ်ရန် ညွှန်ကြားသလော။ ဧကန်ပင် သင်သည် စိတ်နူးညံ့သူ၊ စိတ်ဓါတ်ဖြောင့်မတ်သူ ဖြစ်၏၊”ဟု ဆိုသော်။
၁၁း၈၈။ သူ ဟောပြောသည်မှာ “အို- ကျွန်ုပ်၏ လူမျိုးတို့၊ ကျွန်ုပ်၏ ကံကြမ္မာရှင်သည် ကျွန်ုပ်အားရှင်းလင်းစေပြီ၊ အရှင့်ထံမှ ရိက္ခာများဖြင့် တင့်တယ်စွာ ရိက္ခာထောက်၏ အသင်တို့ မြင်မိကြ သလော၊ သင်တို့အားကျွန်ုပ် ဟန့်တားရာကို- သင်တို့ကို ဆက်ခံ၍ ကျွန်ုပ်လည်းကျူးလွန်လိုသည် မဟုတ်။ ကျွန်ုပ်ကိုယ်တိုင် တတ်နိုင်သမျှ ပြုပြင်လို၏။ ကျွန်ုပ်သည် ပရမတ်ဘုရားရှင် ဖြင့်သာ ပေါင်းစည်းလိုပါ၏၊ အရှင့်ကိုသာ ကိုးစားပါ၏၊ အရှင့်ထံသို့ ဘက်လှည့်ကြ၏။
၁၁း၈၉။ အို- ကျွန်ုပ်၏ လူမျိုးတို့၊ ကျွန်ုပ်၏ ကွဲလွဲမှုများကြောင့် သင်တို့ ရာဇဝတ်ပြုမည်ဆိုက နူးဟ်၏ လူမျိုး၊ ဟု-ဒ်၏ လူမျိုး၊ ဆွာလေဟ်၏ လူမျိုးနှင့် နောက်ကျမကျန်မှီက လု-တ်၏ လူမျိုးများအပေါ်၌ ထိခိုက်စေသကဲ့သို့ သင်တို့အားထိခိုက်လတ္တံ့ -
၁၁း၉၀။ သင်တို့၏ ကံကြမ္မာရှင်၌ လွတ်ငြိမ်းဆုပန်ကြလော့၊ အရှင့်ထံ၌ ခဝါချကြလော့၊ အရှင်သည် အကြင်နာရှင်၊ ချစ်ခင်သော အရှင် ဖြစ်တော်မူ၏၊”ဟု ဖြစ်၏။
၁၁း၉၁။ သူတို့က “အို- ရှုအိုက်(ဘ်) သင်၏ ဟောပြောချက် အများစုကို ကျွန်ုပ်တို့ နားမလည်နိုင်ချေ၊ သင်သည် ကျွန်ုပ်တို့ အထဲတွင် အင်အားချိနဲ့သူ အဖြစ် သာ မြင်ရ၏၊ သင်၏ မျိုးရိုးကြောင့်သာ မဟုတ်ခဲ့လျှင်၊ သင့်အားပစ်ထုတ်ပြီးလတ္တံ့၊ သင့်တွင် မည်သည့် ဘုန်းကံမှ မရှိချေ၊”ဟု ပြောကြ၏။
၁၁း၉၂။ သူ ပြန်ပြော သည်မှာ “အို- ကျွန်ုပ်၏ လူမျိုးတို့၊ ကျွန်ုပ်၏ မျိုးရိုးက ပရမတ်ဘုရားရှင်ထက် ဘုန်းကံမြင့်စေသလော၊ သင်တို့သည် ကျောခိုင်းလျက် ကွယ်ပစ်လိုက်သော အရာ ကဲ့သို့ အရှင့်အပေါ်၌ အယူမထားကြ၊ ကျွန်ုပ်၏ ကံကြမ္မာရှင်သည် ကျင့်ကြံလေ သမျှကို ဝိုင်းရံထားတော်မူ၏၊-
၁၁း၉၃။ အို- ကျွန်ုပ်၏ လူမျိုးတို့၊ သင်တို့ နေသားကျပြီးအတိုင်းကျင့်ကြံကြ လော့၊ ကျွန်ုပ်လည်းကျင့်ကြံနေ၏၊ မည်သူ့အားအရှက်ရစေသော ဝဋ်ကြွေးသည် ထိမည်၊ မည်သူသည် လူလိမ် ဖြစ်သည်ကို မကြာမှီ သိရလတ္တံ့။ စောင့်ကြည့်နေ ကြလော့၊ ကျွန်ုပ်သည်လည်းသင်တို့နှင့်အတူ စောင့်ကြည့်နေ၏၊” ဟု ဖြစ်၏။
၁၁း၉၄။ ငါ၏ ညွှန်ကြားချက် ရောက်ရှိလာစဉ်၊ ငါ့ထံမှ ကရုဏာတော်အားဖြင့် ရှုအိုက်(ဘ်)နှင့် ယုံကြည်သောသူများကို လွတ်မြောက်စေတော်မူ၏၊ မိုက်ကြေးခွဲ သော သူများအားအသံလှိုင်းကြီးဖြင့် သိမ်းယူလိုက်၍ နံနက်၌ သူတို့၏ အိမ်များတွင် ရုပ်ကလပ်များဖြစ်သွားစေ၏။
၁၁း၉၅။ သမု-ဒ်တို့သည် ထို၌ သူတို့ မပြည့်မစုံဖြင့် နောက်ကျန်ရစ်သည်မှာ မီဒီယံတို့ နောက်ကျန်ရစ် သကဲ့သို့ ဖြစ်၏၊
၁၁း၉၆။ ငါသည် ရှင်းလင်းထင်ရှားသော အခွင့်အာဏာနှင့် ငါ၏ သုတ်ဒေသနာများအားဖြင့် မူဆာကို မုချ စေပို့ခဲ့သည်မှာ-
၁၁း၉၇။ ဖာရိုးနှင့် သူ့အကြံပေးများထံသို့ ဖြစ်၏။ သူတို့သည် ဖာရိုး၏ ညွှန်ကြားချက်ကိုသာ လိုက်နာကြ၏၊ ဖာရိုး၏ ညွှန်ကြားချက်သည် ဖြောင့်မတ်မှန်ကန်မှု မရှိချေ။
၁၁း၉၈။ သူသည် သူ့လူမျိုးအားစုံရပ်ရမည့် ရပ်တည်ရသော နေ့၌ ရဲနေသည့် အမင်္ဂလာ မီးရဲရဲထဲ၌ မီးခဲရဲရဲဖြစ်စေလတ္တံ့။
၁၁း၉၉။ မေတ္တာမဲ့ခံရမှုသည် ဤ၌၊ ရပ်တည်ရသော နေ့ကာလ၌ သူတို့နောက်သို့ လိုက်နေ၏၊ အမင်္ဂလာ လက်ဆောင် ကိုသာ လက်ဆောင်ပေးခံရလတ္တံ့။
၁၁း၁၀၀။ ဤသည် သင့်အားဖေါ်ပြပေးသည့်၊ မြဲနေသေးသော၊ ရိတ်သမ်းကြိတ်နယ်ပြီးသော အရပ်ဒေသတို့၏ သတင်းပင်တည်း။
၁၁း၁၀၁။ ငါသည် သူတို့အားအမိုက်သင့်စေသည်မဟုတ်၊ သူတို့စရိုက်ကိုသာ သူတို့ မိုက်ကြေးခွဲကြ၏။ သင့်ကံကြမ္မာရှင်၏ ထံမှ ညွှန်ကြားချက် ရောက်ရှိလာ စဉ်၊ ပရမတ်ဘုရားရှင် မှလွဲ၍ သူတို့ ဆုတောင်းခဲ့သော ဘုရားများသည် သူတို့ အတွက် တစ်စုံတစ်ရာ ပြည့်စုံစေခြင်းမရှိချေ။ သူတို့အတွက် ပျက်စီးဆုံးရှုံးခြင်းမှ အပ အခြားကိုသာ တိုးပွားစေသည် မရှိချေ။
၁၁း၁၀၂။ ဤသို့၊ အရပ်ဒေသများသည် အယူမှားလျက် အမိုက်စီးနေစဉ်တွင် သင်၏ကံကြမ္မာရှင်က အရေးယူတော်မူ၏၊ ဧကန်ပင် အရှင်၏ အရေးယူခြင်းသည် ပြင်းထန်စူးနစ်လှပေ၏။
၁၁း၁၀၃။ ဧကန်ပင် ဤ၌၊ နောင်ဘ၀၏ ဝဋ်ကြွေးအားစိုးရိမ်တတ်သူတို့အဘို့ သက်သေလက္ခဏာရပ် ရှိနေ၏။ ၎င်းသည် လူသားတို့အားအတူစုစေသည့် နေ့ကာလ ဖြစ်၏၊ ၎င်းသည် မျက်မှောက်သက်သေပြုရသော နေ့ကာလ ဖြစ်၏။
၁၁း၁၀၄။ ငါအရှင်သည် ၎င်းကို တွက်ချက်၍ အချိန် နောက်ဆုတ်ထားတော်မူ၏။
၁၁း၁၀၅။ ထို ရောက်လာမည့် နေ့ကာလ၌ မည်သည့် ဉာဉ်စရိုက်သည်မှ အရှင်၏ ခွင့်ပြုချက် မရှိဘဲ ပြောဆိုပိုင်ခွင့် မရှိ၊ သူတို့ အနက် ကံဆိုးရသူ၊ စိတ်ပျော်သူများရှိလတ္တံ့။
၁၁း၁၀၆။ ကံဆိုးရသောသူများမှာမူ အပူမီးထဲသို့ ဖြစ်၍၊ သူတို့အတွက် ထို၌ ညီးတွားရခြင်း၊ ငိုကြွေးရခြင်းတို့ ရှိ၏။
၁၁း၁၀၇။ သင့်ကံကြမ္မာရှင်၏ စံချိန်ပြည့်ရာမှ အပ၊ သူတို့သည် ထို၌ မိုးများနှင့် မြေ တည်ရှိသမျှ အစဉ် ခံစားရ လတ္တံ့။ သင့် ကြမ္မာရှင်သည် အလိုတော်ရှိသည်ကို စီမံသော အရှင် ဖြစ်၏။
၁၁း၁၀၈။ စိတ်ပျော်ရသော သူတို့အတွက်မူ သင့်ကံကြမ္မာရှင်၏ စံချိန်ပြည့်သည့် အလျောက် သုခဘုံ၌ အစဉ်စံစားရလျက် ထို၌ မိုးများနှင့် မြေ တည်ရှိသမျှ စံစားရ၍၊ မချိုးဖျက် ခံရသော လက်ဆောင်သည် ရှိလတ္တံ့။
၁၁း၁၀၉။ ထိုသူများကိုးကွယ်သည့် အရာများကြောင့် သင် အချင်းမများနှင့်၊ သူတို့သည် သူတို့၏ ရှေ့က မိရိုးဖလာ ကိုးကွယ်ခြင်းကိုသာ ကိုးကွယ်နေကြ၏။ ငါသည် သူတို့ရထိုက်သော ပင်ပန်းရကျိုးကို မလျော့မပေါ့ ပြီးပြည့်စေလတ္တံ့။
၁၁း၁၁၀။ ငါသည် မူဆာအားကျမ်းတော်တစ်ဆူ ပေးအပ်တော်မူရာ၊ သူတို့သည် ၎င်း၌ သဘောထားကွဲကြ၏။ သင့်ကံကြမ္မာရှင် ထံမှ စကားတော် သတ်မှတ်ပြီးမဟုတ်ခဲ့လျှင်၊ သူတို့ကြား၌ ဆုံးဖြတ်ပြီးဖြစ်လတ္တံ့။ ဧကန်ပင် သူတို့သည် ဒွိဟဖြစ်၏၊ ထို၌ သံသယရှိ၏၊
၁၁း၁၁၁။ သင့်ကံကြမ္မာရှင်သည် သူတို့၏ ကျင့်ကြံမှု ကိုယ်စီအားဧကန် ပြီးပြည့်စေလတ္တံ့၊ အရှင်သည် ကျင့်ကြံသမျှကို သတင်းသိနေတော်မူ၏။
၁၁း၁၁၂။ သင်နှင့်အတူ ခဝါချသူများအားသင့်ကို ညွှန်ကြားသည့်အတိုင်းရပ်တည်စေလော့။ စည်းမဖျက်ကြနှင့်၊ အရှင်သည် ကျင့်ကြံသမျှကို မြင်နေသော အရှင် ဖြစ်၏။
၁၁း၁၁၃။ သင်တို့အားအပူမီးထိသက်အံ့ငှာ၊ မိုက်ကြေးခွဲသောသူများ၏ ဘက်သို့ မယိမ်းညွတ်နှင့်၊ ပရမတ်ဘုရားရှင် မှလွဲ၍ သင်တို့ အတွက် မဟာမိတ် မရှိချေ။ ကူညီနိုင်သူလည်းမရှိချေ။
၁၁း၁၁၄။ နေ့၏ မျက်ခြည်ဆုံးချိန်များ၌၊ ညသို့ ချည်းကပ်ချိန်၌ သင်တို့ ဝတ်ပြု မြဲကြလော့၊ သုမင်္ဂလာသည် အကုသိုလ်များကို ဧကန် သိမ်းယူပစ်၏။ ဤသည် သတိရရှုမှတ်သူတို့ အဘို့ သတိပေးတရားတော် ဖြစ်၏။
၁၁း၁၁၅။ သည်းခံပါရမီ ရှိကြလော့၊ ဧကန်ပင် ပရမတ်ဘုရားရှင်သည် ကုသိုလ်မှု ပြုသူတို့၏ ဆုလဒ်ကို အလဟသ မဖြစ်စေပေ။
၁၁း၁၁၆။ သင်တို့ မတိုင်မှီ မျိုးဆက် ဖြစ်သူများအနက်၊ ကမ္ဘာမြေ၌ အဖျက် လုပ်ရပ် မကြံစည်ဘို့ရာ ဟန့်တားသည့် ပညာရှိများရှိခဲ့၏၊ သူတို့မှ အနည်းစုကို ငါအရှင် လွတ်မြောက်စေခဲ့ပြီ။ မိုက်ကြေးခွဲသောသူများသည်ကားစည်းဇိမ်ယစ်မှု များကို လိုက်နေကြ၏။ သူတို့သည် ရာဇဝတ်ကောင်များပင် ဖြစ်ကြ၏။
၁၁း၁၁၇။ သင်၏ ကံကြမ္မာရှင်သည် အရပ်ဒေသသားများပြုပြင်ပြောင်းလဲ နေစဉ် အဝိဇ္ဇာသင့် တိမ်ကောစေသည် ဟူ၍ မရှိချေ။
၁၁း၁၁၈။ သင့်ကံကြမ္မာရှင်၏ စံချိန်ပြည့်ခဲ့လျှင်၊ လူသားတို့အားအသိုင်းအဝိုင်းတစ်ခုတည်းအဖြစ် စီစဉ်ပြီးလတ္တံ့။ သို့သော် မရပ်မနားငြင်းခုံကွဲလွဲနေကြသည်မှာ-
၁၁း၁၁၉။ သင့်ကံကြမ္မာရှင်၏ ကရုဏာသက်သူတို့မှ အပ ဖြစ်၏၊ ထိုအကြောင်းကြောင့် သူတို့အားဖြစ်တည်စေ၍ “ကလျာဏနှင့် အန္ဓပုတုဇဉ်များအားငရဲဘုံ၌ အားလုံးအတူ ဖြည့်ပစ်မည်”ဟူသည့် သင့်ကံကြမ္မာရှင်၏ စကားတော်သည် ပြည့်စုံစေ လတ္တံ့။
၁၁း၁၂၀။ ဉာဏ်စဉ်ဆောင်များ၏ သတင်းကိုယ်စီအားသင့်ထံ ဖေါ်ပြပေးခြင်းမှာ စိတ်နှလုံးရပ်တည်ချက်ခိုင်မာစေရန် ဖြစ်၏။ သင့်ထံသို့ ဤအမှန်တရားများရောက်လာစေပြီ။ ၎င်းသည် ယုံကြည်သူများအတွက် အဆုံးအမနှင့် သတိပေးတရားတော် ဖြစ်၏။
၁၁း၁၂၁။ မယုံကြည်သောသူတို့အားဟောလော့“သင်တို့ နေသားကျပြီးအတိုင်းကျင့်ကြံကြလော့၊ ကျွန်ုပ်လည်းကျင့်ကြံနေ၏-
၁၁း၁၂၂။ စောင့်ကြည့်နေကြလော့၊ ကျွန်ုပ်တို့လည်းစောင့်ကြည့်နေသူများဖြစ်၏၊”
၁၁း၁၂၃။ မိုးများနှင့် မြေကမ္ဘာအတွင်းစက္ခုလွန်များသည် ပရမတ်ဘုရားရှင် ၏ အချုပ်အခြာ၌ ရှိ၏။ အရှင့်ထံသို့သာ ဦးလှည့်ရမည် ဖြစ်၍၊ ညွှန်ကြားချက် အားလုံးသည် အရှင့်ထံမှ ဖြစ်၏။ အရှင့်ကိုသာ ကိုးကွယ်ကြလော့၊ ကိုးစားကြ လော့၊ သင်၏ ကံကြမ္မာရှင်သည် ကျင့်ကြံလေသမျှအားမေ့လျော့ထားသည် မဟုတ်ပေ။
ဓမ္မခန္ဓာ (၁၁) ဤတွင် ပြီး၏။
ဓမ္မခန္ဓာ (၁၂) ယူဆွဖ်
ဉာဏ်စဉ်ကိန်းဝပ်ပေးမှု အမှတ်စဉ် ၅၃၊ သုတ်ဒေသနာ ၁၁၁ ပါး။
ကရုဏာရှင် အကြင်နာရှင် ဖြစ်တော်မူသော ပရမတ်ဘုရားရှင်၏ ဂုဏ်တော်အားဖြင့်-
၁၂း၁။ “ငါသည် ကုန်စင်မြင်နေတော်မူသော ပရမတ်ဘုရားရှင် ဖြစ်၏၊” ဤသည် ရှင်းလင်းထင်ရှားသော ကျမ်းတော်၏ သုတ်ဒေသနာတော်များဖြစ်၏။
၁၂း၂။ သင်တို့ အတွေးအခေါ်ရှိအံ့ငှာ ငါသည် ၎င်းကို အာရ်ဗီ ကုရ်အာန် အဖြစ် ချမှတ် ပေး၏။
၁၂း၃။ ဤကုရ်အာန်အားသင့်ထံ၌ အာရုံဈာန်ဖြစ်စေခြင်းဖြင့် သင့်အားအတင့် တယ်ဆုံးသော ဖေါ်ပြချက်များကို ငါ ဖေါ်ပြပေး၏၊ ဤအလျင်က သင်သည် မေ့လျော့နေသူများမှ ဖြစ်ခဲ့၏။
၁၂း၄။ ယူဆွဖ်က သူ၏ ဖခင်အား“အို- အဖေ၊ ကျွန်ုပ်သည် ဂြိုလ် ဆယ့်တစ်လုံး၊ နေနှင့် လတို့ကို အမြင်ရ၏။ ၎င်းတို့က ကျွန်ုပ်အားဦးချနေကြောင်းအမြင်ရ၏၊”ဟု ပြောသောအခါ။
၁၂း၅။ သူက “အို- ချစ်သား၊ သင့်အားဆန့်ကျင်၍ မကြံစည်အပ်သည်ကို မကြံစည်အံ့ငှာ၊ သင့် အမြင်အားသင့် ညီအစ်ကိုတို့ထံ မဖေါ်ပြလေနှင့်၊ ဧကန်ပင် မကောင်းဆိုးဝါးသည် လူသားတို့အားရှင်းလင်းထင်ရှားစွာ စည်းဖေါက်သူ ဖြစ်၏၊-
၁၂း၆။ ဤသို့ သင်၏ကံကြမ္မာရှင်သည် သင့်အားရွေးချယ်တော်မူ၏။ ဆင့်ပြန်ချက်တို့အားဖွင့်ဆိုရှင်းပြနိုင်ရန် သင်ပေးတော်မူ၏။ ရှေ့က သင်၏ ဘဘိုးအီဗရာဟီးမ်နှင့် အီစ္စဟာ့က်တို့အားဂုဏ်ပေးခြင်းကို ပြည့်စုံစေ သကဲ့သို့ သင်နှင့် တကွ ယာကုဗ်၏ အနွယ်တို့အပေါ် ပြည့်စုံစေ၏၊ ဧကန်ပင် သင့်ကံကြမ္မာရှင်သည် သိနေသော အရှင် ဓမ္မသတ်ရှင် ဖြစ်တော်မူ၏၊”ဟု ဆို၏။
၁၂း၇။ မေးမြန်းတောင်းဆိုသူတို့အဘို့ ယူဆွဖ်နှင့် သူ၏ ညီအစ်ကိုများ၌၊ သက်သေလက္ခာဏာများရှိနေ၏။
၁၂း၈။ သူတို့ ပြောကြသည်မှာ “ကျွန်ုပ်တို့သည် ပို၍ အဖွဲ့တောင့်သော်လည်း၊ ယူဆွဖ်နှင့် သူ့ညီက အဖေ၏ အချစ်ကို ပိုရ၏၊ အမှန်ပင် အဖေသည် ရှင်းလင်းထင်ရှားစွာ လမ်းလွဲနေပြီ-
၁၂း၉။ ယူဆွဖ်အားသတ်ပစ်ကြစို့၊ သို့မဟုတ် တစ်နေရာရာ၌ ပစ်ထားကြပါစို့၊ အချိန်လွန်လျှင် အဖေသည် သင်တို့အားမျက်နှာသာ ပေးလိမ့် မည်။ ထို့နောက် သင်တို့သည် ပြုပြင်သော လူမျိုးစု ဖြစ်လာလိမ့်မည်၊”ဟု ဖြစ် သောအခါ။
၁၂း၁၀။ သူတို့အနက် ပြောသူတစ်ဦးက “ယူဆွဖ်အားမသတ်ပါနှင့်၊ သင်တို့ သည် တစ်စုံတစ်ခု ပြုလုပ်ရမည် ဖြစ်လျှင်၊ ခရီးသည် အချို့က ကောက်ယူသွားအံ့ငှာ သူ့အားတွင်းနက် ကွယ်ရာထဲ၌ ချပေးထားလော့၊”ဟု ဆိုလျက်-
၁၂း၁၁။ “အို- အဖေ၊ ကျွန်ုပ်တို့သည် စိတ်ထားဖြူစင်သူများဖြစ်ပါလျက်၊ ယူဆွဖ်နှင့် စပ်လျဉ်း၍ ကျွန်ုပ်တို့အားအဘယ်ကြောင့် မယုံကြည်ပါသနည်း၊-
၁၂း၁၂။ ကျွန်ုပ်တို့နှင့်အတူ ပျော်ရွှင်စွာ ဆော့ကစားနိုင်ရန် မနက်စောစော သူ့အားစေပို့လော့၊ ကျွန်ုပ်တို့သည် သူ့အားစောင့်ရှောက်သူများဖြစ်ပါမည်။”ဟု ပြောကြ၏။
၁၂း၁၃။ သူက “ဧကန်ပင်၊ ကျွန်ုပ်သည် သူ့အားယူသွားမည်ကို စိတ်ပူမိ၏။ သင်တို့ မေ့လျော့နေစဉ်တွင် သူ့အားဝံပုလွေ စားပစ်မည်ကို စိုးရိမ်၏၊”ဟု ဆို၏။
၁၂း၁၄။ သူတို့က “ကျွန်ုပ်တို့သည် အုပ်ဖွဲ့တောင့်၏။ ကျွန်ုပ်တို့ ပျက်စီးပြီးမှ သူအားဝံပုလွေ စားနိုင်လိမ့်မည်။”ဟု ဆိုကြ၏။
၁၂း၁၅။ သူ့အားယူသွားကြ သောအခါ၊ သူတို့ အတူပူးပေါင်းကာ သူ့အားတွင်းနက် ကွယ်ရာထဲ၌ စီစဉ်ထား၏။ ငါက သူ့ ထံသို့ “သူတို့ သတိမမူမိသော အချိန်၌ သင်သည် ဤအကြောင်းကို သူတို့အားသတင်းထုတ်ပြန် ညွှန်ကြားရလတ္တံ၊” ဟု အာရုံဖြစ်ပေါ်စေ၏။
၁၂း၁၆။ သူတို့သည် ညဦးတွင် ဖခင်ထံသို့ မျက်ရည်စက်လက်ဖြင့် ရောက်လာ ကြလျက်-
၁၂း၁၇။“အို အဖေ၊ ကျွန်ုပ်တို့သည် ယူဆွဖ်အားကျွန်ုပ်တို့၏ ပစ္စည်းများအပါး၌ ချန်ထား၍၊ အချင်းချင်းအပြေးပြိုင် ပျော်ပါးနေကြစဉ်၊ သူ့အားဝံပုလွေ စားသွားပါ၏။ ကျွန်ုပ်တို့သည် ဖြောင့်မှန်သူများဖြစ်သော်လည်း၊ ကျွန်ုပ်တို့အားယုံကြည်မည် မဟုတ်ပါ၊”ဟု ဆိုကြ၍-
၁၂း၁၈။ သူတို့သည် သူ့အင်္ကျီ အပေါ် လိမ်ညာသော သွေးများဖြင့် ရောက်လာ ကြ၏။ သူက “မဟုတ်တန်ရာ၊ သင်တို့၏ စရိုက်က သင်တို့အားလှုံ့ဆော် ညွှန်ကြားလေပြီ။ သို့သော် သည်းခံခြင်းသည် အမြင်လှ၏၊ သင်တို့၏ တင်ပြမှုများအပေါ် ပရမတ်ဘုရားရှင်၏ ထံ၌သာ ပံ့ပိုးမှုရှာသူ ဖြစ်ရတော့မည်၊”ဟု ညည်းတွား၏။
၁၂း၁၉။ ခရီးသွားတစ်စုသည် ထိုအနားသို့ ရောက်လာကြ၍၊ ရေချသူ တစ်ဦးအားစေစားလိုက်သော်၊ သူသည် ရေကုန်းခပ်ရန် ခါးကုန်းလိုက်သောအခါ၊ “သတင်းကောင်းပင်၊ ဤမှာ ကလေးတစ်ဦး”ဟု ဆို၍၊ ရောင်းကုန်အဖြစ် မှောင်ခို သယ်သွား၏။ ပရမတ်ဘုရားရှင်သည် ကျင့်ကြံသမျှအားသိနေသော အရှင် ဖြစ်၏၊
၁၂း၂၀။ သူတို့သည် ငွေကြေးတန်ဘိုးဖြင့် တွက်ချက်လျက် ရောင်းစားကြ၏။ သူတို့က သူ့အားတန်ဘိုးမထားတတ် သူများမှ ဖြစ်ကြ၏။
၁၂း၂၁။ အီဂျစ်ပြည်သားထဲမှ သူ့အားဝယ်သောသူက ဇနီးသည်အား“သူ့အားကျက်သရေရှိစွာ တည်းခိုစေလော့၊ ကျွန်ုပ်တို့ အတွက် သူသည် အကျိုးရှိနိုင်ရာ၏၊ သို့မဟုတ် ရင်သွေးဟု သိမ်းဆည်းသင့်၏၊”ဟု ဆို၏။ သူ့အားဆင့်ပြန်ချက်တို့ အားဖွင့်ဆိုရှင်းပြနိုင်ရန် သင်ပေးတော်မူ၍ ငါသည် မြေကမ္ဘာ၌ ယူဆွဖ်အားဤသို့ ထူထောင်ပေး၏။ ပရမတ်ဘုရားရှင်သည် စီမံချက်များအပေါ် အနိုင်ရသူ ဖြစ်၏။ သို့သော် လူသားအများစုကြီးကားသိနိုင်ကြသည် မဟုတ်ချေ။
၁၂း၂၂။ သူသည် အရွယ်ရောက် ရင့်ကျက်သောအခါ၊ သူ့အားအသိပညာနှင့် စီရင်ထုံးပြုနိုင်စွမ်းကို ပေးအပ်၏။ ဤသို့ ငါသည် သုမင်္ဂလာပြုသူများကို အစားပေးတော်မူ၏။
၁၂း၂၃။ သူနေသော အိမ်မှ အိမ်ရှင်မက သူ့အားစိတ်ရိုင်းဝင်ရန် နှိုးဆွ၏။ တံခါးများကို အလုံပိတ်လျက် “လာခဲ့-ဒီမှာ သင့် အတွက်၊”ဟု ဆိုသော်၊ သူက “ပရမတ်ဘုရားရှင်ထံ ခိုလှုံပါ၏၊ အရှင်သည် ကျွန်ုပ်၏ ကံကြမ္မာရှင် ဖြစ်၍၊ ကျွန်ုပ်အားသုမင်္ဂလာရှိသော တည်းခိုရာကို ပေး၏။ အမိုက်ကောင်များသည် အောင်မြင်ပေါက်မြောက်မည် မဟုတ်ချေ၊” ဟု ဆို၏။
၁၂း၂၄။ သူမသည် သူ့ကို ကြံစည်မိ၏။ သူ့ကံကြမ္မာရှင်၏ထံမှ သက်သေပြ ချက်ကို မတွေ့မြင်ခဲ့ရလျှင် သူသည်လည်းသူမအားကြံစည်မိလတ္တံ့။ ဤသို့ ငါသည် သူ့ထံမှ အကုသိုလ်နှင့် ကိုယ်ကျင့်ပျက်မှုကို ဘက်ပြန်စေ၏။ သူသည် ငါ့အားသန့်သန့်ထားကိုးကွယ်သူများမှ ဖြစ်၏။
၁၂း၂၅။ သူတို့နှစ်ဦးတံခါး၀သို့ အပြိုင်ပြေးကြစဉ်၊ သူမက သူ့အင်္ကျီအားကျောဘက်မှ ဆွဲဆုတ်၏။ သူမ၏ အိမ်ထောင်ဦးစီးအားတံခါး၀တွင် တွေ့သော အခါ၊ သူမက “သင့် အိမ်ရှင်မအားအကုသိုလ်မှုပြု လိုသူအား၊ ထောင်ဒဏ် သို့မဟုတ် နာကျင်သော ဝဋ်ကြွေးမှ အပ မည်သည်ကို အစားပေးလိုသနည်း၊”ဟု ဆိုသော်-
၁၂း၂၆။ သူက “သူမသည် ကျွန်ုပ်၏ စိတ်ကို နှိုးဆွပါ၏၊၊”ဟု ပြောပြ၏၊ သူမ၏ အိမ်သားများထဲမှ သက်သေတစ်ဦးက သက်သေခံသည်မှာ “အကယ်၍ အင်္ကျီ သည် ရှေ့မှ စုတ်ပြဲလျှင် သူမသည် ဖြောင့်မှန်၍၊ သူသည် လူလိမ်များမှ ဖြစ်၏-
၁၂း၂၇။ အကယ်၍၊ အင်္ကျီသည် နောက်မှ စုတ်ပြဲလျှင် သူမသည် လိမ်ညာ၍၊ သူသည် ဖြောင့်မှန်သူမှ ဖြစ်၏။”ဟု ဝင်ပြော၏။
၁၂း၂၈။ အင်္ကျီမှာ နောက်ဘက်မှ စုတ်ပြဲနေသည်ကို အိမ်ရှင် မြင်သောအခါ၊ “ဧကန်ပင် ဤသည်မှာ သင်မ၏ ကြံစည်မှုသာ ဖြစ်၏။ သင်မ၏ ကြံစည်မှုသည် ကြီးမားလှ၏။-
၁၂း၂၉။ ယူဆွဖ်၊ ဤကိစ္စသည် သင်နှင့် ဘောင်ကန့်ထား၏။ သင်မ မှာကားသင့်အပြစ်မှ လွတ်ငြိမ်းဆုပန်လော့၊ သင်မသည် အမှားကျူးလွန်သူများ၌ ပါ၏၊”ဟု ပြော၏။
၁၂း၃၀။ မြို့မှ အမျိုးသမီးများက “ဝန်ကြီး၏ ကတော်သည် လုလင်ထံမှ စိတ်ကြွမှုကို တောင်း၏၊ မုချပင် သူမသည် ချစ်စိတ် မွှန်နေ၏၊ သူမသည် ရှင်းလင်းထင်ရှားစွာ လမ်းလွဲနေသည်ကို ကျွန်ုပ်တို့ မြင်ရပြီ၊”ဟု ဆိုကြသည်ကို-
၁၂း၃၁။ သူမ ကြားသော်၊ သူမတို့ထံ စေစား၍၊ သူမတို့အတွက် ဗျူဟာချလျက် နောက်မှီ စားပွဲဝိုင်းပြင်ဆင်ကာ တစ်ဦးစီအားဓါးငယ်တစ်ချောင်းပေးထား၍၊ သူ့အား“သူမတို့ဆီသို့ ထွက်သွားလော့၊”ဟု ဆို၏။ သူမတို့သည် သူ့အားမြင်ရစဉ်၊ ကြီးကျယ်လှရဲ့ ဟု ရေရွတ်လျက် သူမတို့လက်ကို သူမတို့ ဖြတ်မိကြပြီး၊ “အိုး-ဘုရားရေ မပြောကောင်းမဆိုကောင်း၊ ဤသည်မှာ လူပုဂ္ဂိုလ် မဟုတ်ပေ၊ ကျက်သရေရှိသော နတ်မင်းသားပင် ဖြစ်၏။”ဟု ဆိုကြ၏။
၁၂း၃၂။ သူမက “ကျွန်ုပ်အားသင်မတို့ ချစ်မိုက်မှားသည်ဟု ပြစ်တင်ခြင်းမှာ သူ့ကြောင့် ဖြစ်၏။ ကျွန်ုပ်သည် သူ့စိတ်ကို နှိုးဆွမိ၏။ သူ့ကိုယ်သူ ရပ်တည်နိုင်၏။ အကယ်၍ သူသည် ကျွန်ုပ် ညွှန်ကြားသည်ကို မပြုလုပ်လျှင် သူ့အားထောင် ဒဏ်ကျစေမည်၊ သေးသိမ် အရှက်ကွဲသူများမှ ဖြစ်ရေစေမည်။”ဟု ဆိုသော်၊
၁၂း၃၃။ သူက “အို ကံကြမ္မာရှင်၊ တပည့်တော်အားသူမတို့ ဖိတ်ခေါ်သော အရာထက် ထောင်ကို ပို၍ နှစ်သက်ပါ၏။ အကယ်၍ အရှင်သည် သူမတို့၏ ကြံစည်မှုကို တပည့်တော်ထံမှ ဘက်မပြန်ပေးလျှင် တပည့်တော်သည် ပညာမဲ့သူ အဖြစ် သူမတို့ ဘက်သို့ စိတ်ကစားမိပေမည်။”ဟု ရင့်ကျူး၏။
၁၂း၃၄။ သူ့ကံကြမ္မာရှင်သည် သူ၏ ဆုတောင်းအားတုန့်ပြန်လျက် သူမတို့၏ ကြံစည်မှုမှ ဘက်ပြန်ပေး၏။ ဧကန်ပင် အရှင်သည် ကြားနေသော အရှင် သိနေ သော အရှင် ဖြစ်၏။
၁၂း၃၅။ သို့ဖြင့်၊ သူတို့အားနိမိတ်လက္ခဏာများကို ဖေါ်ပြပြီး၊ သူ့အားကာလတစ်ခုအထိ ထောင်ချထား၏။
၁၂း၃၆။ သူနှင့်အတူ ထောင်ထဲသို့ ဝင်လာသူ လုလင်နှစ်ဦးရှိ၏။ သူတို့မှ တစ်ဦးက “ကျွန်ုပ်သည် အရက်ရရန် အငွေ့ခံနေသည် ဟု အမြင်ရ၏၊”ဟု ဆို၍။ အခြားတစ်ဦးက “ကျွန်ုပ်သည် မုန့်များကို ခေါင်းပေါ်၌ ရွက်ထားစဉ်၊ ၎င်းအားငှက်များစားနေသည်ကို အမြင်ရ၏။ ၎င်းတို့ကို ဖွင့်ဆို၍ သတင်းထုတ်ပြန်ပေးပါ။ အသင်သည် သုမင်္ဂလာပြုသူများမှ ဖြစ်ကြောင်းကျွန်ုပ်တို့ မြင်တွေ့ရ၏။”ဟု ဆိုသော်-
၁၂း၃၇။ သူက ပြောသည်မှာ “သင်တို့ထံ အစာ ရိက္ခာအားမပေးရောက်သေးသော်လည်း၊ ထိုသို့ မပေးရောက်မှီ သင်တို့အားကျွန်ုပ် ဖွင့်ဆို၍ သတင်းထုတ်ပြန် ပေးမည်။ ဤသည်တို့မှာ ကျွန်ုပ်၏ ကံကြမ္မာရှင်ထံမှ ကျွန်ုပ်အားသင်ပေးခြင်းမှ ဖြစ်၏။ ဧကန်ပင် ကျွန်ုပ်သည် ပရမတ်ဘုရားရှင်နှင့် နောင်ဘ၀အားမယုံကြည် သော ဖုံးကွယ်သူ လူမျိုးများ၏ ပဋိပတ်ကို ချန်ပစ်ခဲ့၍-
၁၂း၃၈။ ကျွန်ုပ်၏ ဘဘိုးဖြစ်သော အီဗရာဟီးမ်၊ အီစ္စဟာ့က်၊ ယာကုဗ်တို့၏ ပဋိပတ်ကို လိုက်နာ၏။ ကျွန်ုပ်တို့သည် ပရမတ်ဘုရားရှင်အားတစ်စုံတစ်ရာဖြင့် ရောပြွန်းကိုးကွယ်သူများမှ မဟုတ်ချေ။ ကျွန်ုပ်တို့နှင့် လူသားအပေါင်းအားပရမတ်ဘုရားရှင်၏ သိက္ခာပေးမှုသည် ရှိ၏။ သို့သော် လူသားအများစုသည် ကျေးဇူးမသိတတ်ချေ။-
၁၂း၃၉။ အို- ကျွန်ုပ်၏ ထောင်ကျဖေါ်တို့၊ ခွဲခြားကွဲပြားနေသော အရှင်သခင် များနှင့် သို့တည်းမဟုတ် တစ်ဆူတည်းဖူးခြာ ဖြစ်သော ပရမတ်ဘုရားရှင်မှာ မည်သူက ပို၍ မြတ်သနည်း၊-
၁၂း၄၀။ အရှင့် မှလွဲ၍ သင်တို့၏ ကိုးကွယ်ရာများသည် သင်တို့နှင့် သင်တို့၏ ဘဘိုးတို့က ဂုဏ်တော်သတ်မှတ် အမည် ပေးထားရာများသာ ဖြစ်၏။ ပရမတ်ဘုရားရှင်သည် ထိုအတွက် အခွင့်အာဏာ ချမှတ်ထားခြင်းမရှိ ချေ။ စီရင်ထုံးအားလုံးသည် ပရမတ်ဘုရားရှင်၏ အချုပ်အခြာ၌ ရှိ၏။ အရှင်မှ အပ အခြားကို မကိုးကွယ်ကြရန် သင်တို့အားညွှန်ကြားထား၏။ ဤသည် တည်တံ့ ခိုင်မြဲသော သာသနာပေတည်း။ သို့သော် လူသားအများစုမှာ သိနိုင်ကြသည် မဟုတ်ချေ။ -
၁၂း၄၁။ အို- ကျွန်ုပ်၏ ထောင်ကျဖေါ်တို့၊ သင်တို့အနက် တစ်ဦးမှာမူ သူ၏ အရှင် အတွက် အရက်တော် ဆက်ရမည်။ အခြားတစ်ဦးမှာမူကားကြိုးစင်တင်ခံရ လိမ့်မည် သို့ဖြင့် သူ့ဦးခေါင်းမှ ငှက်များထိုးဆိတ်စားလိမ့်မည်။ သင်တို့ စူးစမ်းသော အရေးကိစ္စ အပြီးသတ်ဖြစ်လာမည်မှာ ဤအတိုင်းဖြစ်၏၊”ဟု ဖြစ်၏။
၁၂း၄၂။ သူတို့မှ လွတ်မြောက်မည်ဟု စဉ်းစားမိသောသူအား“သင့်အရှင်၏ ထံ၌ ကျွန်ုပ်အကြောင်းကို သတိဖေါ်ပေးလော့၊”ဟု မှာလိုက်၏။ သို့သော် သူ့အရှင် ရှေ့၌ သတိဖေါ်ပေးရန် မကောင်းဆိုးဝါးက ထိုသူအားမေ့လျော့လစ်ဟင်းစေ၏။ ထို့ကြောင့် သူသည် ထောင်ထဲတွင် နှစ်များကူးသန်းရင်းဆိုင်းနေလိုက်ရ၏။
၁၂း၄၃။ ဘုရင်မင်းက “ကျွန်ုပ်သည် အဟာရပြတ်သော နွားမ ခုနစ်ကောင်က အဟာရပြည့်သော ခုနစ်ကောင်ကို စားနေသည်ကို လည်းကောင်း၊ စိမ်းစိုသော စပါးခုနစ်နှံနှင့် အခြားအနှံခြောက်များကိုလည်းကောင်းအမြင်ရ၏။ အို- ကျွန်ုပ်၏ အကြံပေးတို့ သင်တို့သည် အမြင်ရမှုများကို သင်ခန်းစာယူတတ်လျှင်၊ ကျွန်ုပ်၏ အမြင်ရမှုအားစူးစမ်းပေးကြလော့၊”ဟု ဆိုသော်။
၁၂း၄၄။ သူတို့က “မှုံဝါးဝါးအိပ်မက်၊ ကျွန်ုပ်တို့သည် ဤသို့ အိပ်မက်များကို ဖွင့်ဆိုရန် ပညာရှင်များမဟုတ်ပါ၊”ဟု ဆိုကြ၏။
၁၂း၄၅။ ထိုအခါ အသိုင်းအဝိုင်း၏ နောက်၊- လွတ်လာသောသူထဲမှ တစ် ယောက်က၊ သတိရလာ၍၊ - “ကျွန်ုပ်သည် ၎င်းကို ဖွင့်ဆို၍ သတင်းထုတ်ပြန် နိုင်၏။ သို့ဖြစ်၍ ကျွန်ုပ်ကို စေစားပါ၊”ဟု ဆိုလျက်။
၁၂း၄၆။ “ယူဆွဖ်၊ အို- အဖြောင့် ပြောသူ၊ ကျွန်ုပ်သည် လူသားတို့ထံ ပြန်၍ အသိပေးနိုင်အံ့ငှာ၊ အဟာရပြတ်သော နွားမ ခုနစ်ကောင်က အဟာရပြည့်သော ခုနစ်ကောင်ကို စားနေခြင်း၊ စိမ်းစိုသော စပါးခုနစ်နှံနှင့် အခြားအနှံခြောက်များဖြစ်နေခြင်းကို စူးစမ်းပေးပါ၊”ဟု မေးမြန်းသော်-
၁၂း၄၇။ သူ ပြန်ပြောသည်မှာ “သင်တို့သည် စိုက်ပျိုးရေးအလေ့အထ ခုနစ်နှစ် လုပ်လော့၊ ၎င်းတို့အားရိတ်သိမ်းသော အခါ၊ သင်တို့စားသုံးသော အနည်းငယ်မှ အပ အနှံအစေ့ မကြွေစေဘဲ ချန်ထားလော့။-
၁၂း၄၈။ ထို့နောက် ခြောက်သွေ့ပြင်းထန် သော ခုနစ်နှစ် ရောက်လာလိမ့်မည်၊ အနည်းငယ်မျှသာ စားသုံး၍- စုံရပ်ခံလျက် ထိန်းသိမ်းထားကြလော့-၊
၁၂း၄၉။ ထို့နောက် မိုးရွာသော နှစ် ရောက်လာ၍၊ ၎င်းကာလ၌ လူသားများသည် အရက်ချက်ကြလိမ့်မည်၊”ဟု ဖြစ်၏။
၁၂း၅၀။ ဘုရင်မင်းက “သူ့ကို ကျွန်ုပ်ထံသို့ ယူခဲ့လော့၊”ဟု ဆို၍။ စေစားခံရသူ သည် သူ့ဆီ ရောက်လာစဉ်၊ “သင့် အရှင်ထံသို့ သင်ပြန်၍၊ လက်ကို ဖြတ်မိကြသော အမျိုးသမီးများအခြေအနေကို မေးမြန်းလော့၊ ကျွန်ုပ်၏ ကံကြမ္မာရှင်သည် သူမတို့၏ ကြံစည်မှုအားသိနေသော အရှင် ဖြစ်သည်ဟု ပြောလော့၊”ဟု မှာလိုက် ၍-
၁၂း၅၁။ “သင်တို့သည် ယူဆွဖ်၏ စိတ်အားနှိုးဆွမိသည်ကို မည်သို့ လျှောက်တင် ကြမည်နည်း၊”ဟု မင်းကြီးက မေးသော်၊ သူတို့က “အိုး- ဘုရားရေ၊ မပြောကောင်းမဆိုကောင်း” “ကျွန်မတို့သည် သူ့ထံမှ မည်သည့် အကုသိုလ်ကိုမှ မသိခဲ့ပါ၊”ဟု ဆိုကြ၏။ “ဝန်ကြီး၏ ကတော်က “ယခုမှာကားအမှန်တရားကြည်လင်ပြတ်သားလာပြီ၊ ကျွန်မသည် သူ့ စိတ်ကို နှိုးဆွမိခဲ့၏။ သို့သော် သူသည် ဖြောင့်မှန်သူများမှ ဖြစ်၏၊”ဟု ဆို၏။
၁၂း၅၂။ ယူဆွဖ်က “ဤသည်မှာ- ကျွန်ုပ်သည် ဝန်ကြီး၏ မျက်ကွယ်၌ သူ့အားသစ္စာမဖေါက်ကြောင်းကို သိစေဘို့ရာ ဖြစ်၏။ ဧကန်ပင် ပရမတ်ဘုရားရှင် သည် သစ္စာဖေါက်တို့၏ အကြံအစည်ကို လမ်းညွှန်တော်မမူချေ။-
၁၂း၅၃။ -အပြစ်ကင်းသော စိတ်ဟု မဆိုလိုပါ။ ကံကြမ္မာရှင်၏ ကရုဏာသက် ခံရခြင်းမှ အပ၊ ဧကန်ပင် စိတ်သည် အကုသိုလ် ကိုသာ ညွှန်ကြားနေ၏။ ကံကြမ္မာရှင်သည်ကားလွတ်ငြိမ်းစေသော အရှင်၊ အကြင်နာရှင် ဖြစ်ပေ၏။” (ဟု ဆို၏။)
၁၂း၅၄။ ဘုရင်မင်းက “စိတ်တိုင်းကျ ရွေးချယ်နိုင်အံ့ငှာ သူ့အားကျွန်ုပ်ထံသို့ ခစားစေလော့၊”ဟု ဆိုပြီး၊ သူနှင့် ပြောဆိုပြီးသောအခါ၊ “ယနေ့၌ သင်သည် ကျွန်ုပ်တို့ထံ၌ ယုံကြည်စိတ်ချရသော အမြဲဝန် ဖြစ်ပြီ၊”ဟု ဆိုသော်။
၁၂း၅၅။ သူက “ကျွန်ုပ်အားတိုင်းပြည်၏၊ ဘဏ္ဍာထိန်းအဖြစ် စီစဉ်ပေးပါ၊ ကျွန်ုပ်သည် စောင့်ထိန်းနည်းကို သိသူ ဖြစ်၏။”ဟု ဆို၏။
၁၂း၅၆။ တိုင်းပြည်၌ သူ့စံချိန်အတိုင်းနေရာချနိုင်ရန်၊ ငါသည် ယူဆွဖ်အားဤသို့ ထူထောင်ပေးတော်မူ၏။ စံချိန်ပြည့်သူအားငါ့ထံမှ ကရုဏာကို သက်စေ ၏။ သုမင်္ဂလာပြုသူတို့၏ အကျိုးဆုလဒ်ကို အလဟသ မဖြစ်စေပေ။
၁၂း၅၇။ ယုံကြည် လျက် စည်းစောင့်လေ့ ရှိသောသူတို့ အဘို့ နောင်ဘ၀၏ အကျိုးဆုလဒ်သည် ပို၍ ကောင်းပေ၏။
၁၂း၅၈။ ယူဆွဖ်၏ ညီအစ်ကိုများရောက်လာ၍၊ သူထံ၌ ဝင်ရောက်ခစားစဉ် ၎င်းတို့ကို သူ မှတ်မိနေ၏၊ သို့သော် ၎င်းတို့က သူ့ကို သူစိမ်းဖြစ်နေ၏။
၁၂း၅၉။ သူတို့ အားအထောက်အပံ့ ထောက်ပံ့ပြီးသောအခါ၊ ပြောလိုက်သည်မှာ“ နောင်တစ်ကြိမ် ၌ သင်တို့၏ ဖခင်ထံမှ သင်တို့၏ ညီငယ်အားကျွန်ုပ်ထံသို့ ယူဆောင်ခဲ့လော့။ ကျွန်ုပ်သည် သင်တို့အားကုန်ဖလှယ်မှုကို အပြည့်အဝပေးသူ၊ အကောင်းဆုံးကျေပြွန်သူများမှ ဖြစ်ကြောင်းသင်တို့ မြင်သည် မဟုတ်လော၊-
၁၂း၆၀။ အကယ်၍ သူ့အားကျွန်ုပ်ထံသို့ မယူဆောင်ခဲ့လျှင်၊ သင်တို့ အတွက် ကုန်ဖလှယ်ခြင်းကျွန်ုပ်ထံ၌ မရှိပြီ၊ ချည်းကပ်ခွင့်လည်းရမည် မဟုတ်၊”ဟု ဖြစ်၏။
၁၂း၆၁။ သူတို့က “သူ့ကို ဖခင်ထံမှ ရအောင် ကျွန်ုပ်တို့ တိုက်တွန်းပါမည်။ အမှန်ပင် ပြုလုပ်ပါမည်၊”ဟု ပြောကြ၏။
၁၂း၆၂။ သူက သူ၏ လုလင်များအား“သူတို့၏ ရောင်းကုန်များကို သူတို့၏ အထုပ်များအတွင်းစီစဉ်ထားလော့၊ သို့ဖြင့် သူတို့၏ မိသားစုများထံ ဦးလှည့်ပြန် သောအခါ၊ ၎င်းတို့ကို မှတ်မိနိုင်၍၊ ပြန်လာနိုင်ကောင်း၏၊”ဟု မှာကြား၏။
၁၂း၆၃။ သူတို့သည် ဖခင်ထံသို့ ပြန်လာ သောအခါ၊ “အို- အဖေ၊ ကျွန်ုပ်တို့ထံမှ ကုန်ဖလှယ် ခြင်းကို ပိတ်ပင်လေပြီ၊ ကျွန်ုပ်တို့ ကုန်ဖလှယ်နိုင်အံ့ငှာ ကျွန်ုပ်တို့နှင့် အတူ ညီငယ်အားထည့်ပေးလိုက်ပါ။ ကျွန်ုပ်တို့သည် သူ့အားကောင်းစွာ စောင့်ရှောက် သူများဖြစ်ပါမည်။”ဟု ဆိုကြသော်။
၁၂း၆၄။ သူက “ရှေ့အလျင်က သူ့အစ်ကိုနှင့် စပ်လျဉ်း၍ သင့်တို့ကို ယုံကြည်ခဲ့ သလို သူ့အတွက် ယုံကြည်ရမည်လော။ ပရမတ်ဘုရားရှင်သည် အကောင်းဆုံးစောင့်ရှောက်သည့် အရှင် ဖြစ်၏။ အရှင်သည် ကရုဏာရှင် အကြင်နာရှင် ဖြစ်၏၊” ဟု ဆို၏။
၁၂း၆၅။ သူတို့သည် သူတို့၏ အထုပ်အထည်များကို ဖွင့်သောအခါ၊ သူတို့ထံ ပြန်ပေးထားသော ရောင်းကုန်များကို တွေ့ရ၍၊ “အို- အဖေ ကျွန်ုပ်တို့သည် မည်သည်ကို ရှာဖွေရအံ့နည်း၊ ဤမှာ ရောင်းကုန်များကို ကျွန်ုပ်တို့ထံ ပြန်ပေးလိုက် လေပြီ။ ကျွန်ုပ်တို့သည် မိသားစုများအတွက် စားနပ်ရိက္ခာ ပို၍ ရနိုင်ပါသည်။ ညီငယ်အားစောင့်ရှောက်ပါမည်။ ထို့နောက် ကုလားအုပ်တစ်စီးတင် အလေးချိန် လည်းထပ်တိုးရရှိပါမည်။ ဤသည် လွယ်ကူသော ကုန်ဖလှယ်ခြင်းဖြစ်၏၊”ဟု ဆိုကြ၏။
၁၂း၆၆။ သူက “သင်တို့အတွက် ထွက်ပေါက်မဲ့သွားသည်မှအပ၊ သင်တို့သည် သူ့အားကျွန်ုပ်ထံသို့ ယူဆောင်လာမည်ဟု ပရမတ်ဘုရားရှင်၏ ထံ၌ ကတိခံဝန် မပေးလျှင်၊ သင်တို့နှင့်အတူ သူ့အားစေပို့နိုင်မည် မဟုတ်၊”ဟု ဆို၍ – ကတိ ခံဝန် ပေးကြသော် သူက “ပရမတ်ဘုရားရှင်သည် ပြောဆိုလေသမျှ၌ ကိုးစားထိုက်သော အရှင် ဖြစ်၏၊”ဟု ပြော၏။
၁၂း၆၇။ တဖန် “အို- သားတော်တို့၊ သင်တို့သည် တံခါးတစ်ပေါက်တည်းမှ မဝင်ကြနှင့်၊ တံခါးပေါက်များမှ ခွဲ၍ ဝင်ကြကုန်လော့၊ ပရမတ် ဘုရားရှင်၏ထံရှိ အရာများမှ သင်တို့အဘို့ ကျွန်ုပ် ပြည့်စုံစေနိုင်ခြင်းမရှိ။ ပရမတ် ဘုရားရှင်သည်သာ စီရင်ထုံးပြုပေးတော်မူ၏။ ကျွန်ုပ်သည် အရှင့်ကိုသာ ကိုးစားပါ ၏။ ကိုးစားသူတို့သည် အရှင့်ကိုသာ ကိုးစားကြကုန်၏၊”ဟု ဆို၏။
၁၂း၆၈။ သူတို့သည် ဖခင် ညွှန်ကြားသည့် အတိုင်းနေရာများမှ ဝင်ကြ၏။ သို့သော် ၎င်းသည် ငါ ပရမတ်ဘုရားရှင်၏ ထံရှိ အရာများမှ အပ သင်တို့ အဘို့ ပြည့်စုံနိုင်စွမ်းမရှိချေ။ ယာကုဗ်သည် သူ့စိတ်ဆန္ဒပြီးပြည့်ရန် အကြောင်းပြချက် သာ ဖြစ်၏။ သူသည် ငါအရှင် သင်ပေးသည့် တတ်သိပညာရှင် ဖြစ်၏။ သို့ရာတွင် လူသားများစွာသည် သိနိုင်ကြသည် မဟုတ်ချေ။
၁၂း၆၉။ သူတို့သည် ယူဆွဖ်ထံသို့ ဝင်ရောက်သောအခါ၊ သူ့ညီအားအပါးသို့ ခိုလှုံစေ၍၊ “ကျွန်ုပ်သည် သင့်အစ်ကို ဖြစ်၏။ သူတို့၏ ကျင့်ဆောင်လေ့ ရှိရာ များကြောင့် အမင်္ဂလာမ ဖြစ်စေနှင့်၊”ဟု ပြောပြ၏။
၁၂း၇၀။ သူတို့အားအထောက်အပံ့ ထောက်ပံ့ပြီးသောအခါ၊ သူ့သောက်ရေခွက်ကို သူ့ညီ၏ အထုပ်ထဲ၌ စီစဉ်ထား၍၊ ကြေငြာသူတစ်ဦးအား“အို- ကုန်သည်တို့ သင်တို့သည် သူခိုးများပင် ဖြစ်ကြ၏။” ဟု ကြေငြာစေ၏။
၁၂း၇၁။ သူတို့က ရှေ့တိုးလာလျက် “သင်တို့၌ ဘယ်အရာ ပျောက်ဆုံးနေ သနည်း၊”ဟု မေးမြန်းကြသော်။
၁၂း၇၂။ ကျွန်ုပ်တို့၌ အာဏာပိုင်၏ ဖလားတော် ပျောက်ဆုံးပါ၏၊ ၎င်းအားပြန်အပ်သူကို ကုလားအုပ် တစ်စီးတင် ပေးပါမည်၊ ကျွန်ုပ်သည် ထို့အတွက် ရပ်တည်ပြောဆိုပေးရပါမည်၊”ဟု ဆို၏။
၁၂း၇၃။ သူတို့က “ဘုရားရေ၊ ကျွန်ုပ်တို့သည် ဤဒေသသို့ အဖျက်လုပ်ရန် လာခြင်းမဟုတ်၊ သူခိုးများလည်းမဟုတ်ကြောင်းကို အသင် မုချသိပါ၏၊”ဟု ပြောကြသော်။
၁၂း၇၄။ သင်တို့သည် လူလိမ်များဖြစ်ကြလျှင် မည်သို့ အစားပေးရ မည်နည်း၊”ဟု သူတို့အားမေးမြန်း၏။
၁၂း၇၅။ သူတို့က “အစားပေးမှု အဖြစ်၊ မည်သူ၏ အထုပ်ထဲတွင် တွေ့အံ့၊ ထိုသူအားအစားပေးပါမည်။ ဤသည် အမိုက်ကောင်တို့ အတွက် အစားပေးခြင်းပင် ဖြစ်၏၊”ဟု ပြန်ဖြေ၏။
၁၂း၇၆။ သို့ဖြင့် ရှေ့အလျင် စတင်၍ သူတို့၏ အိပ်များ-၊ ပြီး- သူ့ညီ၏ အိပ်၊ ထို့နောက် အိပ်ထဲမှ ဆွဲထုတ်လိုက်၏။ ငါသည် ယူဆွဖ် အတွက် ထိုသို့ ဗျူဟာချပေး၏။ ပရမတ်ဘုရားရှင်၏ စံချိန်မပြည့်ဘဲ ရှင်ဘုရင်၏ ဥပဒေ၌ သူသည် သူ့ညီအားသိမ်းယူနိုင်မည် မဟုတ်ချေ။ ငါသည် စံချိန်ပြည့် သူအားအခွင့်အလမ်းဖြင့် မြှောက်စားတော်မူ၏။ အရှင်သည် တတ်သိပညာရှင် ကိုယ်စီ ထက် ပို၍ သိနေတော်မူသော အရှင် ဖြစ်ပေ၏။
၁၂း၇၇။ သူတို့က “သူသည် ခိုးမှုကျူးလွန်လျှင်၊ သူ့အစ်ကို တစ်ဦးသည်လည်းရှေ့အလျင်က ခိုးမှုကို ကျူးလွန်ခဲ့၏၊”ဟု ဆိုကြ ၏။ ယူဆွဖ်သည် စိတ်တွင်း၌ ကြိတ်ကြံ၍ သူတို့အားဖေါ်ပြခြင်းမရှိဘဲ၊ “သင်တို့သည် ဆိုးဝါးမှု၌ ရှိကြ၏။ ပရမတ်ဘုရားရှင်သည် သင်တို့၏ တင်ပြချက်ကို အသိဆုံးဖြစ်တော်မူ၏၊”ဟု ဆို၏။
၁၂း၇၈။ သူတို့က “အို ဝန်ကြီး၊ သူ့၌ ကြီးရင့် အိုမင်းသော ဖခင် ရှိပါ၏။ သူ့အစားကျွန်ုပ်တို့မှ ဖြစ်သော တစ်ယောက်ကို ဖမ်းယူထားပါ။ အသင်သည် သုမင်္ဂလာပြုသူတို့မှ ဖြစ်ကြောင်းကျွန်ုပ်တို့ မြင်ပါ၏၊”ဟု ပြောကြသော်။
၁၂း၇၉။ သူက “ကျွန်ုပ်တို့၏ သည်းခြေကြိုက်ကို သူ့ထံ၌ တွေ့သူမှအပ အခြားသူကို မဖမ်းယူရန် ပရမတ်ဘုရားရှင်ထံ ခိုလှုံထား၏။ သို့မဟုတ်က ကျွန်ုပ်တို့သည် အမိုက်ကောင်များဖြစ်ပေလိမ့်မည်၊”ဟု ပြန်ပြော၏။
၁၂း၈၀။ သူတို့သည် သူ့အားလက်လျော့ရသောအခါ၊ သူတို့ချည်းသီးခြားတိုင်ပင်ကြလျက်၊ သူတို့မှ အကြီးဆုံးသူက ပြောသည်မှာ“ သင်တို့၏ ဖခင်သည် ပရမတ်ဘုရားရှင်ထံ၌ ကတိခံဝန်ကို သင်တို့ထံမှ ယူထားသည်ကို မသိကြသလော၊ ရှေ့အလျင်က ယူဆွဖ်အတွက်လည်းသင်တို့ လက်လွတ်စပယ် ဖြစ်ခဲ့၏။ သို့ဖြစ်၍ ဖခင်၏ ခွင့်ပြုချက် မရသ၍ သို့မဟုတ် ပရမတ်ဘုရားရှင်က စီရင်ထုံးမပြုပေးသ၍ ကျွန်ုပ်သည် ဤဒေသမှ ထွက်ခွာမည် မဟုတ်၊ အရှင်သည် အကောင်းဆုံးသော ဓမ္မသတ်ချုပ် ဖြစ်၏။-
၁၂း၈၁။ သင်တို့သည် ဖခင်ထံသို့ ပြန်ကြ၍၊ ပြောရမည်မှာ “အို- အဖေ၊ အသင့်သားငယ်သည် ခိုးမှုကျူးလွန်ပါ၏၊ ကျွန်ုပ်တို့ မသိသည်ကို ကျွန်ုပ်တို့ သက်သေမခံနိုင်ပါ။ မျက်ကွယ်ကို စောင့်ရှောက်နိုင်သူများလည်းမဟုတ်ပါ။-
၁၂း၈၂။ ကျွန်ုပ်တို့ တည်းခိုခဲ့သော အရပ်ဒေသနှင့် ကျွန်ုပ်တို့၏ ရှေ့ဖြစ်သော ကုန်သည်များကို မေးကြည့်ပါ။ ဧကန်ပင် ကျွန်ုပ်တို့သည် ဖြောင့်မှန်သူများဖြစ်ပါသည်၊”ဟု စေလိုက်၏။
၁၂း၈၃။ ဖခင်က “မဟုတ်တန်ရာ၊ သင်တို့၏စိတ်စရိုက်က သင်တို့အားလှုံ့ဆော် ညွှန်ကြားလေပြီ။ သည်းခံခြင်းသည်သာ အမြင်လှ၏။ ပရမတ်ဘုရားရှင် သည် သူတို့ အားလုံးကို ကျွန်ုပ်ထံသို့ ပြန်ပေးအပ်နိုင်ရာ၏။ အရှင်သည် သိနေသော အရှင် ဓမ္မသတ်ရှင် ဖြစ်တော်မူ၏၊”ဟု ဆို၍-
၁၂း၈၄။ သူတို့ထံမှ လှည့်သွားလျက်၊ “ကျွန်ုပ်မှာ ယူဆွဖ်အတွက် ကြောင့်ကြရပြီ၊”ဟု ဆိုကာ သောကများဖြင့် မျက်လုံးများအရောင်လက်လာ၏။ သူသည် ယူကြုံးမရ ဖြစ်၏။
၁၂း၈၅။ သူတို့က “ပရမတ်ဘုရားရှင်အားတိုင်တည်ပါ၏။ အသင်သည် ကိုယ်ပူတက်၍ သို့မဟုတ် ခန္ဓာယွင်းသည့်တိုင်အောင် ယူဆွဖ်အားသတိရခြင်းကို ဖြေမဆည်နိုင်ချေ၊”ဟု ဆိုကြသော်။
၁၂း၈၆။ သူက “ကျွန်ုပ်၏ သောက ပွားမှုအားပရမတ်ဘုရားထံ၌သာ လျှောက်လဲပါ၏။ ပရမတ်ဘုရားရှင်ထံမှ သင်တို့ မသိသည် ကို ကျွန်ုပ်သိနေ၏။-
၁၂း၈၇။ သားတော်တို့၊ ယူဆွဖ်နှင့် သူ့ညီအကြောင်းကို အမြန် သွား၍ ရင်ဆိုင်စုံစမ်းကြလော့၊ ပရမတ်ဘုရားရှင်၏ ဉာဏ်စဉ်သက်ခြင်းအားလက် မလျော့ကြနှင့် ဖုံးကွယ်သော လူမျိုးမှအပ ပရမတ်ဘုရားရှင်၏ ဉာဏ်စဉ်သက်ခြင်းအား လက်လျော့သူ ဟူ၍ မရှိချေ၊”ဟု ဆို၏။
၁၂း၈၈။ သူတို့သည် အထံတော်သို့ ပြန်ဝင်၍၊ “အို- ဝန်ကြီး၊ ကျွန်ုပ်တို့နှင့် မိသားစုများအားဘေးဒုက္ခကြီးထိနေပါပြီ၊ လေလွင့် ရောင်းကုန်ဖြင့်သာ ကျွန်ုပ်တို့ ရောက်လာနိုင်ပါ၏။ ကျွန်ုပ်တို့အားကုန်ဖလှယ်ရာ၌ အပြည့်ပေးတော်မူပါ၊ ကျွန်ုပ်တို့ အပေါ်၌ အလှုအဖြစ် ပေးတော်မူပါ၊ ဧကန်ပင် ပရမတ်ဘုရားရှင်သည် အလှုဒါနပြုသူတို့အားအစားပေးတော်မူပါမည်၊”ဟု လျှောက်ထားကြသော်။
၁၂း၈၉။ သူက “သင်တို့သည် ပညာမဲ့နေစဉ် ယူဆွဖ်နှင့် သူ့ညီအားမည်သို့ ပြုခဲ့သည်ကို သိနေကြသလော၊”ဟု မေးမြန်း၏။
၁၂း၉၀။ သူတို့က “သင်သည်ကားယူဆွဖ်ပင် ဖြစ်ရမည်၊”ဟု ပြောသောအခါ၊ သူက “ကျွန်ုပ်သည် ယူဆွဖ် ဖြစ်၍၊ ဤသည် ကျွန်ုပ် ညီငယ် ဖြစ်၏၊ ပရမတ် ဘုရားရှင်ထံမှ ကျွန်ုပ်တို့အားမျက်နှာသာပေး၏။ ဧကန်ပင် စည်းစောင့်၍ သည်းခံ သူ အတွက်၊ ပရမတ်ဘုရားရှင်သည် သုမင်္ဂလာပြုသူတို့၏ အကျိုးဆုလဒ်ကို အလဟသ မဖြစ်စေပေ၊”ဟု ဆို၏။
၁၂း၉၁။ သူတို့က “ဘုရားရေ၊ မုချပင် ပရမတ်ဘုရားရှင်သည် သင့်အားကျွန်ုပ်တို့၏ အပေါ်ဝယ် အစဉ်အလာ ဖြစ်စေပြီ။ ကျွန်ုပ်တို့သည်ကားအမှားကျူးလွန်သူများဖြစ်ပါ၏၊”ဟု ဝန်ခံကြ၏။
၁၂း၉၂။ သူက “သင်တို့အပေါ်၌ ယနေ့တွင် စကားနာမထိုးပါ၊ ပရမတ်ဘုရားရှင် သည် သင်တို့အားလွတ်ငြိမ်းစေအံ့။ အရှင်သည် ကရုဏာရှင် အကြင်နာရှင် ဖြစ်တော်မူ၏။-
၁၂း၉၃။ -ဤ ကျွန်ုပ်၏ အင်္ကျီကို ယူသွား၍၊ ဖခင်၏ မျက်မှောက်၌ ခင်းကျင်းလော့၊ သူသည် အမြင်ကြည်လာလိမ့်မည်။ ကျွန်ုပ်ထံသို့ သင်တို့ မိသားစု များအတူစု၍ လာခဲ့ကြလော့၊”ဟု ဆို၏။
၁၂း၉၄။ ကုန်သည်များရှင်းလင်းပြီးဆုံးသော်၊ သူတို့၏ ဖခင်က “ကျွန်ုပ်အားစိတ်ပျော့သည်ဟု စွပ်စွဲငြားလည်း၊ ကျွန်ုပ်၌ ယူဆွဖ်၏ ရနံ့ ထိတွေ့နေ၏၊-
၁၂း၉၅။ ပရမတ်ဘုရားရှင်အားတိုင်တည်ပါ၏။ သင်သည် စုံရပ်ခံမှုသည် လွဲချော်နေပါပြီ၊” ဟု ပြန်ပြောကြ၏။
၁၂း၉၆။ ထို့နောက် သတင်းကောင်းပါးသူ ရောက်လာ၍၊ သူ့မျက်မှောက်၌ ခင်းကျင်းသော်၊ သူသည် အမြင်ကြည်လာ၍၊ “ပရမတ်ဘုရားရှင်၏ ထံမှ သင်တို့ မသိသည်ကို ကျွန်ုပ်သိနေသည်ဟု၊ သင်တို့အားကျွန်ုပ်မပြောခဲ့သလော၊”ဟု ဆို၏။
၁၂း၉၇။ သူတို့က “အို- အဖေ၊ ကျွန်ုပ်တို့သည် အမှားကျူးလွန်သူများဖြစ်ပါ ၏။ အပြစ်များမှ လွတ်ငြိမ်းဆုပန်ပေးပါ၊”ဟု တောင်းပန်သော်။
၁၂း၉၈။ သူက “ကျွန်ုပ်၏ ကံကြမ္မာရှင်ထံ၌ သင်တို့အတွက် လွတ်ငြိမ်းဆုပန်ပါမည်။ အရှင်သည် လွတ်ငြိမ်းစေသော အရှင်၊ အကြင်နာရှင် ဖြစ်တော်မူသည်၊”ဟု ပြန်ပြော၏။
၁၂း၉၉။ ယူဆွဖ်ထံသို့ ဝင်သောအခါ၊ သူသည် မိဘများကို အပါးသို့ ခိုလှုံစေ၍၊ “အီဂျစ်ပြည်သို့ ဝင်ရောက်ရန် ဖိတ်လျက်၊၊ ပရမတ်ဘုရားရှင်၏ စံချိန်ပြည့်မှီလျှင် ဤ၌ ယုံကြည်စိတ်ချရ၏၊”ဟု ဆိုလေ၏။
၁၂း၁၀၀။ သူသည် မိဘများအားကွပ်ကဲမှုအဆင့် တင်မြှောက်၍၊ သူတို့က သူ့အားပြဝပ် ဦးညွှတ်ကြ၏။ သူ ရင့်ကျူးသည်မှာ “အို- အဖေ၊ ဤသည် ရှေ့အလျင်က ကျွန်ုပ် အမြင်ရခဲ့ခြင်း၏ အဓိပ္ပါယ်များပင် ဖြစ်၏။ ကျွန်ုပ်၏ ကံကြမ္မာရှင်သည် အမှန်တရားဖြင့် သုမင်္ဂလာကို စီစဉ်ခဲ့ပြီ။ ကျွန်ုပ်အားထောင်တွင်းမှ ထွက်စေခဲ့ပြီ။ မကောင်းဆိုးဝါးသည် ကျွန်ုပ်၏ကြားညီအစ်ကိုတို့ ကြား၌ သွေးကွဲစေပြီးနောက် အသင့်အားတောသားဘ၀မှ ကျွန်ုပ်ထံသို့ ရောက် လာစေခဲ့ပြီ။ ကံကြမ္မာရှင်သည် စံချိန်အလျောက် သက်ညှာတော်မူ၏၊ အရှင်သည် သိနေသော အရှင် ဓမ္မသတ်ရှင် ဖြစ်တော်မူ၏။”
၁၂း၁၀၁။ အို ကံကြမ္မာရှင်၊ အရှင်သည် တပည့်တော်အားအာဏာပိုင် အဖြစ် အပ်နှင်း၍၊ ဆင့်ပြန်ချက်အားဖွင့်ဆိုခြင်းကို သင်ပေး၏၊ မိုးများနှင့် မြေကမ္ဘာ၏ မူလလက်သည် ဖြစ်ပါ၏။ အရှင်သည် ဤဘ၀ နောင်ဘ၀၌ တပည့်တော်၏ မဟာမိတ် ဖြစ်ပါ၏။ တပည့်တော်အားငြိမ်းချမ်းရေးဝါဒီ အဖြစ် သက်တမ်းကုန်စေတော်မူပါ၊ ပြုပြင်သူများဖြင့် အတူဖြစ်စေတော် မူပါ၊”ဟု ဖြစ်၏။
၁၂း၁၀၂။ ဤသည် သင့်ထံသို့ ငါအရှင် အာရုံဈာန်ဖြစ်စေသော စက္ခုလွန် သတင်းများမှ ဖြစ်၏။ သူတို့သည် အတူပူးပေါင်း၍ ညွှန်ကြားကြစဉ်၌ သင်သည် မျက်မှောက်ရှိနေသည် မဟုတ်ချေ။ သူတို့သည် ကြံစည်နေသူများဖြစ်လေ၏။
၁၂း၁၀၃။ သင်က မည်မျှပင် ဆန္ဒရှိသော်လည်းလူသားအများစုမှာ ယုံကြည်ကြသည် မဟုတ်ချေ။
၁၂း၁၀၄။ လောကခပ်သိမ်းအားသတိဖေါ်ပေးခြင်းမှအပ သင်သည် သူတို့ထံမှ အကျိုးဆုလဒ် တောင်းဆိုခြင်းမရှိချေ။
၁၂း၁၀၅။ မိုးများနှင့် မြေကမ္ဘာ၌ နိမိတ်လက္ခဏာ ပေါင်းမည်မျှပင် ရှိသော်လည်း၊ ၎င်းတို့ကို ကျော်လွန်၍ သူတို့သည် ဘောင်ကန့် ထားသူများဖြစ်ကြ၏။
၁၂း၁၀၆။ များစွာသော သူတို့မှာ ရောပြွန်းကိုးကွယ်ခြင်းမှ အပ ပရမတ်ဘုရားရှင်အားယုံကြည်ကြသည် မဟုတ်ချေ။
၁၂း၁၀၇။ ပရမတ်ဘုရားရှင် သတ်မှတ်သည့် လွှမ်းခြုံမှု ပေးအပ်ထားရာ ဝဋ်ကြွေးမှ သို့မဟုတ် သူတို့ သတိမမူမိစဉ် ရုတ်တရက် ဆိုက်ရောက်လာမည့် အချိန်ကာလမှ လုံခြုံပြီဟု သူတို့ ယုံကြည်နေကြသလော။
၁၂း၁၀၈။ ဟောလော့ “ဤသည် ကျွန်ုပ်၏ လမ်းစဉ် ဖြစ်၏။ ကျွန်ုပ်နှင့် ကျွန်ုပ်၏ နောက်လိုက်တို့သည် အမြင်ပေါက်ခြင်းအားဖြင့် ပရမတ်ဘုရားထံသို့ ဖိတ်ခေါ်နေ၏။ ပရမတ်ဘုရားရှင်သည် ဦးထိပ်ထားရာ ဖြစ်၏။ ကျွန်ုပ်တို့သည် ရောပြွန်းကိုးကွယ် သူများမှ မဟုတ်ချေ။”
၁၂း၁၀၉။ သင့် ရှေ့အလျင်၊ အရပ်ဒေသသားများမှ လူသားများကိုသာ၊ သူတို့ ထံ ငါအရှင် အာရုံဖြစ်စေ၍ စေစားတော်မူ၏။ သူတို့ ရှေ့အလျင် မျိုးဆက်များနိဂုံးမည်သို့ ချုပ်ရသည်ကို ကမ္ဘာမြေအနှံ့သွားလာ၍ မကြည့်ကြသလော။ စည်းစောင့် သော သူများအတွက် နောင်ဘ၀ ဗိမာန်သည် အကောင်းဆုံးဖြစ်ကြောင်းအတွေးအခေါ် မရှိကြကုန်သလော။
၁၂း၁၁၀။ ဉာဏ်စဉ်ဆောင်များသည် လက်လျော့၍၊ သူတို့အားငြင်းဆန်ခံရ သည်ဟု စဉ်းစားမိသောအခါ၊ ငါ၏ ထံမှ ကူညီမှုသည် သူတို့ထံသို့ ရောက်လာ စေ၏။ ရာဇဝတ်ကောင် လူမျိုးများအားမတုန့်ပြန်နိုင်သော အမင်္ဂလာထိချိန်၊ စံချိန်ပြည့်မှီ သူအားငါ လွတ်မြောက်စေတော်မူ၏။
၁၂း၁၁၁။ မုချပင် သူတို့အကြောင်းဖေါ်ပြချက်များ၌ သဘောပေါက်နိုင်စွမ်းရှိသူများအဘို့ သင်ခန်းစာ ပါရှိ၏။ ဤသည် လုပ်ကြံဖန်တီးထားသော ဆင့်ပြန် ချက် မဟုတ်ပေ။ သို့ရာတွင် သူတို့၏ ပစ္စုပ္ပာန်များကို ဖြောင့်မှန်စေ၏။ သဗ္ဗလုံးစုံ အားရှင်းလင်းဆုံးဖြတ်ထား၏။ ယုံကြည်သူသော လူမျိုးအတွက် လမ်းညွှန်တော်၊ ကရုဏာတော်ဖြစ်၏။
ဓမ္မခန္ဓာ (၁၂) ဤတွင် ပြီး၏။
ဓမ္မခန္ဓာ (၁၃) မိုးကြိုးသံ
ဉာဏ်စဉ်ကိန်းဝပ်ပေးမှု အမှတ်စဉ်- ၉၆၊ သုတ်ဒေသနာ- ၄၃ ပါး။
ကရုဏာရှင် အကြင်နာရှင် ဖြစ်တော်မူသော ပရမတ်ဘုရားရှင်၏ ဂုဏ်တော်အားဖြင့်-
၁၃း၁။ ငါသည် ကုန်စင်သိနေ မြင်နေသော ပရမတ်ဘုရားရှင် ဖြစ်တော်မူ၏။ ဤသည် ကျမ်းတော်၏ သုတ်ဒေသနာများဖြစ်၏။ သင့်ကံကြမ္မာရှင်က သင့်ထံသို့ ချမှတ်ပေးရာသည် ပရမတ္ထသစ္စာပင် ဖြစ်၏။ သို့ရာတွင် လူသားအများစုမှာ ယုံကြည်ကြသည် မဟုတ်ချေ။
၁၃း၂။ ပရမတ်ဘုရားအရှင်သည် မိုးများကို မဏ္ဍိုင် မရှိဘဲ မြှင့်တင်ထားတော် မူသည်ကို သင်တို့ မြင်နိုင်၏။ ထို့ပြင် ထပ်ဆင့် ကွပ်ကဲမှုကို ပုံစံချ၍၊ နေနှင့်လအားအသုံးခံဖြစ်စေရန် သတ်မှတ်ထားသော အချိန်ကာလအတိုင်းကိုယ်စီ စီးမျော သွားလာစေ၏။ သင်တို့သည် ကံကြမ္မာရှင်အားဖူးတွေ့ရမည်ကို ဒိဌယုံအံ့ငှာ ရှင်းလင်းဆုံးဖြတ်ချက် သုတ်ဒေသနာများကို စီမံချက်ဖြင့် ကျောထောက်နောက်ခံ ပြုထား၏။
၁၃း၃။ အရှင်သည် မြေကမ္ဘာအားတိုးရွေ့စေလျက် ထို၌ တိုက်ကြီးများ၊ မြစ်များကို စီစဉ်တော်မူ၏။ သီးနှံမျိုးစုံမှ- ထိုအထဲတွင် ဖွဲ့တည်မှု နှစ်မျိုးစီစဉ် ပေးပြီးညည့်ကို နေ့ပေါ်သို့ လွှမ်းခြုံစေ၏။ ဤ၌ စဉ်းစားသုံးသပ်သော လူမျိုးအတွက် သက်သေလက္ခဏာများရှိနေ၏။
၁၃း၄။ မြေပေါ်၌ ကာကွယ်ထားသော လယ်ကွက်များ၊ စပျစ်ဥယျာဉ်များ၊ စိုက်ခင်းများ၊ ကိုင်းကူး- မျိုးချ စွံပလွန်ပင်များသည် ရှိ၏။ ၎င်းတို့သည် တစ်ခု တည်းသော ရေကို သွင်းပေးခြင်းခံရသော်လည်းစားသုံးရာတွင် အချို့ကို အချို့ ထက် ထူးကဲစေတော်မူ၏။ ဤ၌ အတွေးအခေါ်ရှိသော လူမျိုးအတွက် သက်သေ လက္ခဏာများရှိနေ၏။
၁၃း၅။ အသင်သည် အံ့ဩတတ်လျှင်၊ “ကျွန်ုပ်တို့သည် မြေမှုန့် ဖြစ်ပြီးနောက် အသစ်တဖန် ဖြစ်တည်ခြင်းခံရမည်လော၊”ဟူ သော သူတို့၏ အပြောသည် ပို၍ အံ့ဩစရာပင်။ သူတို့သည် သူတို့၏ ကံကြမ္မာရှင်အားဖုံးကွယ်ကြ၏။ ထိုသူများသည် ဂုတ်ပိုးချုပ်ကိုင်ခံရသောသူများဖြစ်၏။ သူတို့သည် အပူမီး၏ ပေါင်းဖေါ် များဖြစ်ကြ၏။ ထို၌ အစဉ်ခံစားရမည့် သူများဖြစ်၏။
၁၃း၆။ တင့်တယ်စေခြင်းမတိုင်မှီ အကုသိုလ်ကိုသာ သင့်ထံ၌ အလျင်စလို တောင်းဆိုကြ၏။ သူတို့၏ ရှေးကုန်လွန်ခဲ့သော ဥပမာများစွာလည်းရှိခဲ့ပြီ။ သင်၏ ကံကြမ္မာရှင်သည် လူသားတို့၏ မိုက်မဲမှုအားလွတ်ငြိမ်းခွင့် ပိုင်ရှင် ဖြစ်၏။ ဧကန်ပင် သင့်ကံကြမ္မာရှင်သည် ပြတ်သားစွာ ချုပ်ကိုင်နိုင်တော်မူ၏။
၁၃း၇။ ဖုံးကွယ်သောသူများက “သူ့ကံကြမ္မာရှင်၏ထံမှ သူ့ထံသို့ သက်သေ လက္ခာဏာ တစ်ပါးချမှတ်ပေးပါလေစ၊”ဟု ဆိုကြ၏။ သင်သည် သတိပေးသူ၊ လူမျိုးကိုယ်စီအားလမ်းညွှန်သူသာ ဖြစ်ပေ၏။
၁၃း၈။ ပရမတ်ဘုရားရှင်သည် လိင်မကိုယ်စီ၏ ကိုယ်ဝန်ဆောင်မှု၊ ဝမ်းကြာ တိုက်တွင် အဖတ်မတင်ခြင်းနှင့် တိုးပွားခြင်းကို သိနေတော်မူ၏။ အရာခပ်သိမ်းသည် အရှင့်ထံပါး၌ စည်းချိန်ချမှတ်ပြီးဖြစ်၏။
၁၃း၉။ စက္ခုလွန်များ၊ မျက်မှောက် သက်သေများကို သိတော်မူသည့် အရှင်သည် အကြီးကျယ်ဆုံးအထွဋ်အထိပ် ဖြစ်တော်မူ၏၊
၁၃း၁၀။ သင်တို့အနက် ကြိတ်၍ပြောသူ ကျယ်ကျယ်ဖွင့်ဟသူ၊ ည၌ ငြိမ် သက်၍၊ နေ့၌ သွက်လက်သူ မည်သူမဆို အတူတူပင် ဖြစ်၏။
၁၃း၁၁။ ပရမတ်ဘုရားရှင်၏ ညွှန်ကြားချက်ဖြင့် သူ့အတွက် သူ့ ပစ္စုပ္ပာန် အနာဂါတ်မှ ချုပ်ကိုင်ရန် စောင့်ကြပ်ထား၏။ မိမိစရိုက်ကို မပြောင်းလဲသ၍ ထိုလူမျိုးအားပရမတ်ဘုရားရှင်က ပြောင်းလဲပေးခြင်းမရှိချေ။ ပရမတ်ဘုရားရှင် က အကုသိုလ်သင့် စေလိုသော လူမျိုးအတွက် ၎င်းကို ရပ်တန့်နိုင်ရာ မရှိချေ။ သူတို့ အတွက် အရှင် မှလွဲ၍ မဟာမိတ် မရှိချေ။
၁၃း၁၂။ အရှင်သည် သင်တို့အားထိတ်လန့်ဘွယ်ရာနှင့် မျှော်လင့်ချက် ဖြစ်သော လျှပ်စစ်ရောင်နှင့် ပေါက်ပွားလာသော လေးလံသည့် မိုးတိမ်တိုက်ကို ပြသတော်မူ၏။
၁၃း၁၃။ မိုးကြိုးသံသည် အရှင့်အားဦးထိပ်ထားရည်သန်စူးစိုက်၍၊ နိမိတ်ဆောင်တို့သည်လည်းကြက်သီးမွေးညှင်းထကြ၏။ တော်လည်းသံအားစေပို့လျက် စံချိန်ပြည့်သူအား၎င်းဖြင့် ထိသက်စေ၏။ သူတို့သည် ပရမတ် ဘုရားရှင်နှင့် စပ်လျဉ်း၍ စောဒကတက်နေကြ၏။ အရှင်သည်ကားပြတ်သားသော ဘုန်းတန်ခိုးတော်ရှင် ဖြစ်တော်မူ၏။
၁၃း၁၄။ အရှင့်ထံ၌ ဆုတောင်းခြင်းသည် မှန်ကန်မှု ဖြစ်၏။ အရှင် မှလွဲ၍ သူတို့ဆုတောင်းသော အရာများသည် တစ်စုံတစ်ရာ တုန့်ပြန်နိုင်ခြင်းမရှိချေ။ ပါးစပ်ထဲသို့ ရေရောက်မည်လောဟု လက်ကိုချုပ်လျက် ရေဘက်သို့ ဆန့်ထားသူ နှင့် တူ၍ ရေသည် ရောက်လာမည် မဟုတ်ချေ။ ဖုံးကွယ်သူတို့၏ ဆုတောင်းခြင်းသည် လွဲချော်လျက်သာ ရှိ၏။
၁၃း၁၅။ မိုးများနှင့် မြေကမ္ဘာ၌ ရှိသမျှတို့သည် သဘော တူသည် ဖြစ်စေ၊ သဘောမတူသည် ဖြစ်စေ ပရမတ်ဘုရားရှင်အားဦးချနေရ၏။ မနက်စောစောနှင့် နေကျအားဖြင့် သူတို့၏ အရိပ်များလည်းပါ၏။
၁၃း၁၆။ မိုးများနှင့် မြေကမ္ဘာ၏ ကံကြမ္မာရှင်သည် မည်သူနည်း၊”ဟု မေး၍။ “ပရမတ်ဘုရားရှင်ပင် ဖြစ်၏၊”ဟု ဖြေကြားလော့။ ဟောကြားလော့ “သူတို့၏ စရိုက်အားကောင်းကျိုးဆိုးကျိုးအစိုးမရရာများကို ပရမတ်ဘုရားရှင်မှ လွဲ၍ မဟာမိတ် အဖြစ် အယူထားကြမည်လော။” မေးမြန်းလော့ “ကန်းနေသူနှင့် မြင်နိုင် သူသည် တူညီကြသလော၊ သို့တည်းမဟုတ် အမှောင်ထုနှင့် အလင်းရောင်သည် တူညီသလော၊” “သို့တည်းမဟုတ် သူတို့သည် ပရမတ်ဘုရားရှင်နှင့် ရောပြွန်းကိုးကွယ်ရန် စီစဉ်ကြသလော၊ ၎င်းတို့က အရှင်၏ ဖြစ်တည်ပေးခြင်းနှင့် ဆင်တူ ဖြစ်တည်စေနိုင်သလော၊ မည်သည့် ဖြစ်တည်ပေးခြင်းက သူတို့အားမပီပြင် ဖြစ်စေသနည်း၊” ဟောလော့ “ပရမတ်ဘုရားရှင်သည် သဗ္ဗလုံးစုံအားဖြစ်တည် ပေးတော်မူ၏။ အရှင်သည် တစ်ဆူတည်းဖူးခြာ ဖြစ်တော်မူ၏။”
၁၃း၁၇။ အရှင်သည် ကောင်းကင်ယံမှ မိုးရေ သွန်းချပေး၍၊ ချိုင့်ဝှမ်းဒေသများသို့ သူ့စည်းချိန်အလျောက် စီးစေလျက် ရေစီးသည် အမြှုပ်များကို သယ်သွား၏။ လက်ဝတ်တန်ဆာများသို့မဟုတ် စိတ်ပျော်စရာများဖြစ်ရန် နည်းလမ်းရှာ မီးထဲ၌ ဖုတ်သည့် အရာများသည်လည်းအလားတူ အမြှုပ်များအချေးများရှိကြ၏။ ဤသို့ ပရမတ်ဘုရားရှင်သည် အမှန်နှင့် အမှားကို နည်းလမ်းရှာစေ၏။ အမြှုပ်အချေးမှာမူ အသုံးမဝင် လွင့်သွား၍၊ လူတို့အတွက် အကျိုးရှိရာ သည်မူ မြေကမ္ဘာ၌ သောင်တင်ကျန်နေ၏။ ပရမတ်ဘုရားရှင်သည် ဤသို့ ပုံစံတူ ပမာပေးတော်မူ၏။
၁၃း၁၈။ သူတို့၏ ကံကြမ္မာရှင်အားပြန်လည်ဖြေကြားသော သူသည် မင်္ဂလာ ရှိ၏။ အရှင့်အားပြန်ဖြေပေးခြင်းမရှိသောသူ အဘို့ သူတို့သည် ကမ္ဘာမြေ၌ ရှိသမျှ အားလုံးကို ပိုင်ဆိုင်ကာ-ထိုနှင့်အတူ ညီတူညီမျှရှိ၍၊ လျှော်ကြေးပေးသော်လည်းသူတို့၏ စာရင်းချုပ်သည် အကုသိုလ်ပင် ဖြစ်၏၊ သူတို့အတွက် ခိုလှုံရာမှာ အမင်္ဂလာ ညိမ့်ညောင်းရာ ငရဲပင် ဖြစ်၏။
၁၃း၁၉။ သင့်ထံသို့ သင့်ကံကြမ္မာရှင်က ချမှတ်ပေးရာသည် ပရမတ္ထသစ္စာ ဖြစ်၏ ဟု သိသူသည် ကန်းသူကဲ့သို့ ဖြစ်သလော။ သို့သော် သဘောပေါက်နိုင်စွမ်းရှိသူတို့သည်သာ ဆင်ခြင်သတိရှိကြ၏။
၁၃း၂၀။ သူတို့သည် ပရမတ်ဘုရားရှင်အားထားသော ပဋိညာဉ်ကို ပြီးပြည့်စေကြ၏။ အဓိဌာန်အားချိုးဖေါက်မှု မရှိချေ။
၁၃း၂၁။ သူတို့သည် ပရမတ်ဘုရားရှင်က ပူးပေါင်းစေရန် ညွှန်ကြားချက် အတိုင်းပူးပေါင်းသောသူများဖြစ်ကြ၏။ ကံကြမ္မာရှင်အားရိုကျိုးတုန်လှုပ်ကြ၏။ အကုသိုလ် အချုပ်စာရင်းကို စိုးရိမ်ကြ၏။
၁၃း၂၂။ သူတို့သည် သူတို့၏ကံကြမ္မရှင်ထံမှ မျက်နှာသာရမှုအားသည်းခံစွာ ရှာဖွေကြ၏။ ဝတ်ပြု မြဲကြ၏။ ငါပေးသည့် ရိက္ခာများမှာ ကြိတ်၍ ဖြစ်စေ လူသိရှင်ကြားဖြစ်စေ ပေးကမ်းသုံးစွဲကြ၏။ အကုသိုလ်အားသုမင်္ဂလာဖြင့် ဖယ်ရှားကြ၏။ ထိုသူများအတွက် ချုပ်ငြိမ်းခြင်းဗိမာန်သည် ရှိနေ၏။
၁၃း၂၃။ သူတို့၏ ဘဘိုးများ၊ သူတို့၏ အိမ်ထောင်ဘက်များ၊ သူတို့၏ သားစဉ် မြေဆက်များမှ ပြုပြင်ပြောင်းလဲသူများသည် တည်မြဲခြင်းသုခဘုံများသို့ ဝင်ရောက်စံစားရလတ္တံ့။ နိမိတ်ဆောင်များသည်လည်းသူတို့ထံသို့ ဝင်ပေါက်တိုင်းမှ ဝင်လာကြ၍။ ဆိုကြသည်မှာ-
၁၃း၂၄။ “သင်တို့၏ သည်းခံမှုကြောင့် သင်တို့သည် ငြိမ်းချမ်းပါစေသော်၊ ချုပ်ငြိမ်းခြင်းဗိမာန်သည် မည်မျှ ဂုဏ်ရှိလှသနည်း။”
၁၃း၂၅။ ပရမတ်ဘုရားရှင်၏ ညွှန်ကြားချက်အတိုင်းပူးပေါင်းကြရန် ပရမတ် ဘုရားရှင်နှင့် အဓိဌာန်ပြုပြီးနောက်၊ ပဋိညာဉ်ကို ဖြတ်တောက် ချိုးဖောက်၍- မြေကမ္ဘာ၌ အဖျက်လုပ်သော ထိုသူတို့အတွက် မေတ္တာမဲ့ခံရမှုသည် ရှိနေ၍၊ သူတို့ အတွက် အကုသိုလ် ဗိမာန်သည် ရှိနေ၏။
၁၃း၂၆။ ပရမတ်ဘုရားရှင်သည် အရှင့် စံချိန်ပြည့်သူအားရိက္ခာ တိုးပွားပေးခြင်း၊ ကျပ်တည်းခြင်းကို စည်းကြပ်မတ်တော် မူ၏။ သူတို့သည် ပစ္စုပ္ပန်ဘ
၁၃း၀၌ ဝမ်းမြောက်နေကြ၏။ ပစ္စုပ္ပန်ဘ၀၏ သာယာမှုမှာ အနာဂါတ်ဘ၀၌ အစိတ်အပိုင်းမျှ ဖြစ်၏။
၁၃း၂၇။ ဖုံးကွယ်သောသူများက “သူ့ကံကြမ္မာရှင်၏ထံမှ သူ့အပေါ် သက်သေ လက္ခာဏာ တစ်ပါးချမှတ်ပေးပါစ၊”ဟု ပြောကြ၏။ ဟောလော့ “ဧကန်ပင် ပရမတ်ဘုရားရှင်သည် လမ်းလွဲနေသူအားသူ့ စံချိန်အလျှောက် လမ်းညွှန်၍ အရှင့် ထံသို့ ဘက်လှည့်သူ ဖြစ်စေ၏။”
၁၃း၂၈။ ယုံကြည်သောသူများသည် ပရမတ်ဘုရားရှင် အားရှုမှတ်သတိရခြင်းဖြင့် နှလုံးဒဟာရ ငြိမ်းအေးကြ၏။ အေးငြိမ်းသော နှလုံးသားဖြင့် ပရမတ်ဘုရားရှင်အားသတိရရှုမှတ်ကြကုန်၏။
၁၃း၂၉။ ယုံကြည်လျက် ပြုပြင်ပြောင်းလဲမှု ကျင့်ကြံသောသူတို့အတွက် စင်ကြယ်ခြင်းနှင့် တင့်တယ်သော အပြန်ခရီးသည် ရှိနေ၏။
၁၃း၃၀။ ဤသို့ပင်၊ ငါသည် သင့်အားအသိုင်းအဝိုင်းတစ်ခုထဲသို့ စေစား၏။ ရှေ့မှ လွန်ခဲ့သော အသိုင်းအဝိုင်းများလည်းရှိခဲ့၏။ သင့်ထံသို့ အာရုံဈာန် ဖြစ်ပေးရာကို သူတို့အားရွတ်ဖတ်ပြရန် ဖြစ်၏။ ကရုဏာတော် အရှင်အားဖုံးကွယ်သော ထိုသူတို့အား“အရှင်သည် သင်တို့၏ ကံကြမ္မာရှင် ဖြစ်၏။ အရှင် မှအပ အခြားဘုရားဟူ၍ မရှိပြီ။ အရှင့်ကိုသာ ကိုးစားလော့၊ အရှင့်ထံသို့သာ ခဝါချအပ်၏၊”ဟု ဟောကြားလော့။
၁၃း၃၁။ အကယ်၍ ကုရ်အာန်သည် တောင်တန်းများကို ရွေ့လျောစေခြင်း၊ ကမ္ဘာမြေအားအပိုင်းပိုင်းပြတ်စေခြင်း၊ သေနေသူများကို စကားပြောစေခြင်းဖြစ်ခဲ့သော်၊ အမှန်မှာ ရှိသမျှအားလုံးသည် ပရမတ်ဘုရားရှင်၏ ညွှန်ကြားချက်သာ ဖြစ်၏။ ပရမတ်ဘုရားရှင်၏ စံချိန်ပြည့်ခဲ့သော် လူသားအားလုံးသည် လမ်းညွှန်ခံ ရလတ္တံ့ ယုံကြည်သောသူများမှာ လက်လျော့စရာ မဟုတ်ပေ။ ဖုံးကွယ်သော သူတို့ အတွက် သူတို့၏ တည်ဆောက်မှု ကပ်ဆိုးကြီးသည် ထိနေစေ၏။ သို့မဟုတ် ဥပဒေစိုးမိုးမှုသည် သူတို့၏ အိမ်များသို့ နီးကပ်လာနေ၏။ ပရမတ်ဘုရားရှင်၏ ထားရှိသော ကတိတော် ပေးရောက်လာနေ၏၊ ပရမတ်ဘုရားရှင်သည် ကတိတော် အားပေါ့လျော့ခြင်းမရှိချေ။
၁၃း၃၂။ သင့် ရှေ့အလျင် ဉာဏ်စဉ်ဆောင်များသည်လည်းလှောင်ပြောင်ခြင်းကို ခံခဲ့ရ၏။ ငါသည် ဖုံးကွယ်သောသူတို့အားအချိန်ပေးထား၍ တဖန် ငါ၏ ချုပ်ကိုင်မှုမှာ မည်သို့ ရှိသည်ဟု သူတို့အားအရေးယူတော်မူ၏။
၁၃း၃၃။ အရှင်သည် ဉာဉ်စရိုက် ကိုယ်စီ၏ ကျင့်ဆောင်ခြင်းပေါ်၌ ရပ်တည်ပေးနေသော အရှင် မဟုတ် လော။ ပရမတ်ဘုရားရှင်နှင့် ရောပြွန်းကိုးကွယ်မှုကို စီစဉ်ကြသလော။ ဟောလော့ “၎င်းတို့အားအမည်ပေးကြလော့၊ သို့တည်းမဟုတ် သင်တို့သည် ကမ္ဘာ၌ အရှင် မသိရာ ရှိသည်ဟု သတင်းထုတ်ပြန်ကြမည်လော။ သို့မဟုတ် အပြင်ပန်းများကို ပြောနေကြသလော။ အမှန်မှာ ဖုံးကွယ်သောသူများ၏ ကြံစည်မှုသည် သူတို့အားဖမ်းစားထား၏။ သူတို့သည် လမ်းစဉ်တော်မှ လွဲချော်နေကြ၏။ ပရမတ်ဘုရားရှင် က အပါယ်လမ်း၌ ထားသောသူအားလမ်းညွှန်နိုင်ရာ မရှိချေ။
၁၃း၃၄။ သူတို့အတွက် ဤလောကီ သက်တမ်း၌ ဝဋ်ဒုက္ခသည် ရှိ၍။ နောင်ဘ
၁၃း၀၌လည်းပိုကြေမွသော ဝဋ်ကြွေးသည် ရှိနေ၏။ သူတို့အတွက် ပရမတ်ဘုရားရှင်အားဆန့်ကျင်၍ ကာကွယ်နိုင်သူ မရှိချေ။
၁၃း၃၅။ စည်းစောင့်သူများအတွက် ကတိတော်ထားသည့် သုခဘုံ၏ ဥပမာမှာ အောက်ခင်း၌ စမ်းချောင်းရေသွင် စီးဆင်းနေလျက်၊ အစားအစာများ၊ အရိပ်အဝါသများအစဉ်ရှိနေ၏။ ဤသည် စည်းစောင့်သောသူများအတွက် နိဂုံးဖြစ်၍၊ ဖုံးကွယ်သူများအတွက် နိဂုံးချုပ်မှာ အပူမီးသာလျှင် ဖြစ်၏။
၁၃း၃၆။ ငါ၏ ကျမ်းပေးခံရသော သူများသည်၊ သင့်ထံသို့ ချမှတ်ပေးရာတွင် ဝမ်းမြောက်ကြ၏။ ထိုမှ ဂိုဏ်းခွဲများက ၎င်းမှ အချို့ကို အကျွမ်းမဝင်လိုကြပေ။ ဟောလော့ “ကျွန်ုပ်အားပရမတ်ဘုရားရှင်ကိုသာ ကိုးကွယ်ရန်၊ အရှင့်အားရောပြွန်းကိုးကွယ်ခြင်းမပြုရန် ညွှန်ကြားခံရ၏။ ကျွန်ုပ်သည် အရှင့်၌ ဆုပန်၏။ အပြန်ခရီးမှာ အရှင့်ထံသို့သာ ဖြစ်၏။”
၁၃း၃၇။ ဤသို့ ငါသည် ဓမ္မသတ်ကို အာရ်ဗီဘာသာဖြင့် ချမှတ်ပေးတော်မူ၏။ အသိပညာမှ အသင့်ထံသို့ ရောက်လာစေပြီးနောက်၊ အသင်သည် သူတို့၏ လိုဘ များကို လိုက်နာအံ့၊ သင့်အတွက် ပရမတ်ဘုရားရှင်အားဆန့်ကျင်၍ မဟာမိတ်၊ ကာကွယ်နိုင်သူ မရှိချေ။
၁၃း၃၈။ သင့် အလျင်က ဉာဏ်စဉ်ဆောင်များကို ငါအရှင် စေပို့ခဲ့၍၊ သူတို့ အဘို့ အိမ်ထောင်ဘက်များ၊ သားမြေးများကို ငါ အရှင်က မုချ စီစဉ်ပေးခဲ့၏။ ပရမတ်ဘုရားရှင်၏ ခွင့်ပြုချက် မရှိဘဲ မည်သည့် ဉာဏ်စဉ်ဆောင်မှ သက်သေ လက္ခဏာ တစ်ပါးမျှ ပေးရောက်နိုင်ခွင့် မရှိချေ။ အလုံးစုံအားသတ်မှတ်ကာလ ပြဌာန်းပြီးဖြစ်၏။
၁၃း၃၉။ ပရမတ်ဘုရားရှင်သည် ပျက်ပျယ်ခြင်းကို စံချိန်အလျောက် ဖြစ်စေ ၏။ ခိုင်မာခြင်းနှင့် မိခင်ရင်းမြစ် ကျမ်းတော်သည် အရှင့်ထံတော်၌ ရှိ၏။
၁၃း၄၀။ သူတို့ အားငါ ကတိတော်ထားရာမှ အချို့ကို သင့်အားမြင်စေသည် ဖြစ်စေ၊ သင့်အားသက်တမ်းကုန်စေသည် ဖြစ်စေ၊ သင့် ဝန်တာမှာ- “စာရင်းချုပ်သည် ငါအရှင် အပေါ်၌သာတည်ကြောင်း” ဆိုက်ရောက်စေရန်သာ ဖြစ်၏။
၁၃း၄၁။ ငါသည် ကမ္ဘာကို မျက်ခြည်အဆုံးများမှ စ၍ ကျစ်လစ် ပေးစုတော် မူသည်ကို သူတို့ မမြင်ကြသလော။ ပရမတ်ဘုရားရှင်က စီရင်ထုံးပြုမှု၊ ထိုစီရင်ထုံးအားချုပ်ကိုင်နိုင်သူ မရှိ။ အရှင်သည် အချိန်နှင့်တပြေးညီ စာရင်းစစ်နေတော်မူ၏။
၁၃း၄၂။ သူတို့၏ ရှေ့အလျင် မျိုးဆက်သည်လည်းကြံစည်ခဲ့ကြ၏။ သို့သော် ကြံစည်ခြင်းအားလုံးသည် ပရမတ်ဘုရားရှင်၏ အချုပ်အခြာထဲ၌ ရှိ၏။ အရှင် သည် ဉာဉ်စရိုက် ကိုယ်စီ၏ ကျင့်ဆောင်ခြင်းကို သိနေတော်မူ၏။ ဖုံးကွယ်သူ တို့သည် သူတို့အားချုပ်ငြိမ်းခြင်းဗိမာန်သည် မည်သူ့အတွက် ဖြစ်သည်ကို သိကြ ရလတ္တံ့။
၁၃း၄၃။ ဖုံးကွယ်သော သူတို့က အသင်သည် ဉာဏ်စဉ်တော်ဆောင် မဟုတ် ဟု ပြောဆိုကြ၏။ ဟောလော့ “ပရမတ်ဘုရားရှင်နှင့် ကျမ်းတော်၌ အသိပညာ ရှိသူတို့သည် ကျွန်ုပ်၏ကြားသင်တို့ကြား၌ လုံလောက်သော မျက်မှောက် သက်သေများဖြစ်ကြ၏။”
ဓမ္မခန္ဓာ (၁၃) ဤတွင် ပြီး၏။
ဓမ္မခန္ဓာ (၁၄) “အီဗရာဟီးမ်”
ဉာဏ်စဉ်ကိန်းဝပ်ပေးမှု အမှတ်စဉ်- ၇၂၊ သုတ်ဒေသနာ- ၅၂ ပါး။
ကရုဏာရှင် အကြင်နာရှင် ဖြစ်တော်မူသော ပရမတ်ဘုရားရှင်၏ ဂုဏ်တော်အားဖြင့်-
၁၄း၁။ “ငါသည် ကုန်စင်မြင်နေတော်မူသော ပရမတ်ဘုရားရှင် ဖြစ်၏၊” လူသားတို့အားသူတို့ ကံကြမ္မာရှင်၏ ခွင့်ပြုချက်ဖြင့်၊ ဘုန်းတော်အရှင်၊ ရည်သန် စူးစိုက်အပ်သော အရှင်၏ လမ်းတော်ဆီသို့၊ အမှောင်မှ အလင်းသို့ ထုတ်ဆောင် သည့် သင့်ထံ၌ ချမှတ်ပေးသော ကျမ်းတော် ဖြစ်၏။
၁၄း၂။ မိုးများနှင့် မြေကမ္ဘာအတွင်းရှိသမျှတို့သည် ပရမတ်ဘုရားရှင်၊ အရှင်၏ အချုပ်အခြာ၌ ရှိ၏။ ဖုံးကွယ်သူတို့ သည်ကားပြင်းထန်သော ဝဋ်ကြွေးထဲ၌ ပျက်စီးဆုံးရှုံးရလတ္တံ့။
၁၄း၃။ နောင်ဘ၀ထက် ဤလက်ရှိသက်တမ်းကို ချစ်ခင်စုံမက်၍၊ ပရမတ် ဘုရားရှင်၏ လမ်းစဉ်တော်မှ ဖယ်ခိုင်းလျက် ထို၌ ကောက်ကျစ်မှုကို ရှာဖွေသော သူတို့သည် နောက်ကျန်ရစ်လျှက် လွဲချော်မှု၌ ရှိနေပြီ။
၁၄း၄။ ငါသည် လူမျိုးတစ်မျိုးထံသို့ သူတို့အားရှင်းလင်းပြနိုင်ရန် သူတို့၏ ဘာသာစကားဖြင့်သာ ဉာဏ်စဉ်ဆောင်များကို စေစား၏။ ပရမတ်ဘုရားရှင်သည် လမ်းလွဲသို့ စံချိန်ပြည့်သူ လမ်းညွန်ရန် စံချိန်ပြည့်သူကို ပြဌာန်းထား၏။ အရှင်သည် ဘုန်းတော်ရှင် ဓမ္မသတ်ရှင် ဖြစ်တော်မူ၏။
၁၄း၅။ ငါသည် မူဆာအားငါ၏ သုတ်ဒေသနာများဖြင့် သင့်လူမျိုးအားအမှောင်မှ အလင်းသို့ ကယ်ထုတ်ရန်၊ ပရမတ် ဘုရားရှင်၏ သတ်မှတ်ရက်များကို သတိဖေါ်ပေးရန်ဟု စေစား၏၊ ဤ၌ သည်းခံသူ၊ ကျေးဇူးသိတတ်သူတိုင်းအဘို့ သက်သေလက္ခဏာများပါရှိ၏။
၁၄း၆။ မူဆာဖြင့် သူ့လူမျိုးအားပြောစေသောအခါ “သင်တို့အားပရမတ် ဘုရားရှင်က ဂုဏ်ပေးမှုများကို သတိရကြလော့၊ သင်တို့၏ သားများကို သုတ်သင် ကာ၊ အမျိုးသမီးများကိုသာ အသက်ဆက်ခွင့်ပေးသည့် ဖါရိုးမင်းဆက်၏ အကုသိုလ် ဝဋ်ကြွေးအမှတ်သညှာ ဖြစ်စေသူများမှ သင်တို့အားငါ လွတ်မြောက် စေခဲ့ပြီ၊ ထို၌ သင်တို့အားသင်တို့၏ ကံကြမ္မာရှင်မှ မဟာစုံစမ်းမှုကြီးရှိနေပြီ၊”ဟု ဖြစ်၏။
၁၄း၇။ သင်တို့၏ ကံကြမ္မာရှင်က ကြေငြာသည်မှာ သင်တို့သည် ကျေးဇူးသိတတ်လျှင် သင်တို့အားတိုးပွားစေမည်။ သင်တို့သည် ဖုံးကွယ်ကြသော် ပြင်းထန်သော ဝဋ်ကြွေးသည် ရှိနေ၏။
၁၄း၈။ မူဆာက “သင်တို့နှင့် ကမ္ဘာမြေမှ အားလုံးသည် ဖုံးကွယ်ငြားသော် လည်း၊ ပရမတ်ဘုရားရှင်သည် ကုံလုံပြည့်စုံ၏၊ ရည်သန်စူးစိုက်မှုတည်ရာ ဖြစ်၏၊” ဟု ဟောကြား၏။
၁၄း၉။ သင်တို့၏ ရှေ့အလျင် ဖြစ်သော နူးဟ်၊ အာဒ်၊ သမု-ဒ်နှင့် သူတို့နောက် လူမျိုးများ၏ သတင်းများကို သင်တို့ထံ ငါ မပေးအပ်ခဲ့သလော။ ပရမတ်ဘုရားရှင် မှအပ သူတို့ကို သိသူ မရှိချေ။ သူတို့အတွက် ဉာဏ်စဉ်ဆောင်များသည် ရှင်းလင်းချက်များဖြင့် သူတို့ထံ ရောက်လာ၏၊ သို့သော် သူတို့သည် သူတို့၏ ပါးစပ်များလက်ချောင်းများဖြင့် တန်ပြန်လျက် “သင်တို့အားစေစားခြင်းကို ကျွန်ုပ်တို့ လက်မခံ၊ ကျွန်ုပ်တို့အားဖိတ်ခေါ်မှု၌ ဒွိဟဖြစ်၏၊ ၎င်းကို သံသယရှိ၏၊”ဟု ဆိုကြ၏။
၁၄း၁၀။ သူတို့၏ ဉာဏ်စဉ်ဆောင်များက “မိုးများနှင့် မြေကမ္ဘာ၏ ဇစ်မြစ် တော် ပရမတ်ဘုရှားရှင်၌ ဒွိဟ ဖြစ်ကြကုန်သလော။ အရှင်သည် သင်တို့အားလွတ်ငြိမ်းခွင့်ပေးရန်၊ သတ်မှတ်ကာလ အချိန်ထိ သင်တို့၏ ပြစ်မှုများကို နောက်ဆုတ်ပေးရန် ဖိတ်ခေါ်၏၊”ဟု ဆိုသော်၊ သူတို့က “သင်တို့သည် ကျွန်ုပ်တို့ ကဲ့သို့ လူပုဂ္ဂိုလ်မျှသာ ဖြစ်၍၊ ကျွန်ုပ်တို့ ဘဘိုးများကိုးကွယ်လေ့ ရှိခဲ့ရာမှ ကျွန်ုပ်တို့အားဖယ်ရှားလိုသူများသာ ဖြစ်၏။ ရှင်းလင်းထင်ရှားသော အခွင့် အာဏာကို ကျွန်ုပ်တို့အားပေးအပ်လော့၊”ဟု ဆိုကြ၏။
၁၄း၁၁။ သူတို့၏ ဉာဏ်စဉ်ဆောင်များက သူတို့အားပြောသည်မှာ “ကျွန်ုပ်တို့ သည် သင်တို့ကဲ့သို့ လူပုဂ္ဂိုလ်မျှသာ ဖြစ်၏။ သို့သော် ပရမတ်ဘုရားရှင်သည် အရှင်၏ အမှုတော်ဆောင်များမှ စံချိန်ပြည့်သူအားမျက်နှာသာ ရစေတော်မူ၏။ ပရမတ်ဘုရားရှင်၏ ခွင့်ပြုချက် မရှိဘဲ ကျွန်ုပ်တို့သည် သင်တို့အားအခွင့်အာဏာ ပေးအပ်နိုင်ခြင်းမရှိချေ။ ယုံကြည်သူများသည် ပရမတ်ဘုရားရှင်၌ ကိုးစားအပ် ၏။-
၁၄း၁၂။ ကျွန်ုပ်တို့သည် ပရမတ်ဘုရားရှင်အားအဘယ်ကြောင့် မကိုးစားအပ် သနည်း။ အရှင်သည် ကျွန်ုပ်တို့အားလမ်းစဉ်များကို ညွှန်ပြပြီ။ ကျွန်ုပ်တို့သည် သင်တို့၏ ဒဏ်ပေးမှုကို ကြံ့ကြံ့ခံရပေတော့မည်။ ကိုးစားသူတို့သည် ပရမတ် ဘုရားရှင်ကိုသာ ကိုးစားကြကုန်၏။”ဟု ဖြစ်၏၊
၁၄း၁၃။ ဖုံးကွယ်သော သူများက ဉာဏ်စဉ်ဆောင်များအား“ကျွန်ုပ်တို့၏ ဘာသာ၌ ဆက်မကျင့်လျှင် ကျွန်ုပ်တို့သည် သင်တို့အားကျွန်ုပ်တို့ ကမ္ဘာမှ မောင်းထုတ်ရလတ္တံ့၊”ဟု ဆိုသော်။ သူတို့ထံသို့ ကံကြမ္မာရှင်က “ငါသည် အမိုက် ကောင်များကို တိမ်ကောပျက်စီးစေမည်၊”ဟု အာရုံဖြစ်ပေါ်စေ၏။
၁၄း၁၄။ “သူတို့၏ နောက် ထိုကမ္ဘာ၌ သင်တို့အားနေရာချပေးလတ္တံ့။ ဤသည် ငါရှေ့၌ ကြောက်ရွံ့စွာ ရပ်တည်သူ၊ ကတိတော်အားကြောက်ရွံ့သူတို့ အတွက် ဖြစ်၏။
၁၄း၁၅။ ထွက်ပေါက်တောင်းဆိုမှုများကြောင့်- ခေါင်းမာ ပုန်ကန်သူတိုင်းသည် စိတ်ပျက်ကျဆုံးရလေ၏။
၁၄း၁၆။ ကွယ်နေသော ငရဲက သူ့အားရေပုပ်ကိုသာ တိုက်ကျွေးလတ္တံ့။
၁၄း၁၇။ ၎င်းကို တစ်ကျိုက်ချင်းခံတွင်းမတွေ့နိုင်။ သေခြင်းသည် သူ့ထံသို့ အဘက်ဘက်မှ ဆိုက်ရောက်နေ၏၊ သေ၍မရနိုင်။ သူ့အတွက် တိကျ ပြတ်သားသော ဝဋ်ကြွေးသည် အကွယ်မှ ရှိနေ၏။
၁၄း၁၈။ ကံကြမ္မာရှင်အားဖုံးကွယ်သော သူတို့၏ ပမာသည်ကား၊ သူတို့၏ ကျင့်ကြံမှုများသည် လေတိုက်သော နေ့တွင် လွင့်ပါးသော ပြာမှုန်ကဲ့သို့ ဖြစ်၏။ သူတို့၏ ကျင့်ဆောင်မှုကို တစ်စုံတစ်ရာ စည်းမကြပ်မတ်နိုင်ပေ။ ဤသည် နောက်ကျန် လွဲချော်ရခြင်းပင် ဖြစ်၏။
၁၄း၁၉။ ပရမတ်ဘုရားရှင်သည် မိုးများနှင့် မြေကို မှန်ကန်ညီညွတ်စွာ ဖြစ်တည်စေ၏။ စံချိန်ပြည့်လျှင် သင်တို့အားရုပ်သိမ်းလျက် မျိုးဆက်သစ်ကို ဖြစ်တည် ယူဆောင်လာနိုင်သည်ဟု သင်တို့ မမြင်မိသလော။
၁၄း၂၀။ ထို့အတွက် ပရမတ်ဘုရားရှင်၏ ဘုန်းတော် မဲ့မသွားချေ။
၁၄း၂၁။ ပရမတ်ဘုရားရှင်ထံသို့ အားလုံးက ပြန်ထွက်လာရချိန်တွင်၊ အင်အားချိနဲ့သူများက အကြီးအကဲဖြစ်သူများကို “ကျွန်ုပ်တို့သည် သင်တို့၏ နောက်လိုက် ဒကာများဖြစ်ခဲ့၏။ ပရမတ်ဘုရားရှင် ချမှတ်သော ကျွန်ုပ်တို့ထံမှ ဝဋ်ကြွေးတစ်စုံတစ်ရာသည် သင်တို့အတွက် ပြည့်စုံပါမည်လော၊”ဟု မေးသော်-သူတို့က “ပရမတ်ဘုရားရှင်က ကျွန်ုပ်တို့အားလမ်းညွှန်ခဲ့အံ့၊ ကျွန်ုပ်တို့သည် သင်တို့အားလမ်းညွှန်ခဲ့မည်ပင်၊ ကျွန်ုပ်တို့လည်းအတူတူပင် ဖြစ်၏။ ကျွန်ုပ်တို့ ဒဏ်မခံနိုင် ဖြစ်စေ၊ သို့တည်းမဟုတ် သည်းခံနိုင်သည် ဖြစ်စေ လွတ်လမ်းမရှိပေ၊”ဟု ဆို ကြ၏။
၁၄း၂၂။ ညွှန်ကြားချက်အားအပြီးသတ်စဉ် မကောင်းဆိုးဝါးက “ပရမတ် ဘုရားရှင်က သင်တို့အားကတိပြုခြင်းသည် မှန်ကန်သော ကတိပင် ဖြစ်၏။ ကျွန်ုပ်က သင်တို့ကို ပြုသော ကတိအားတည်ရန် ကျွန်ုပ် ပေါ့ပျက်ခဲ့၏။ သင်တို့ အပေါ်၌ ကျွန်ုပ် ဩဇာအာဏာ မရှိချေ။ သင်တို့အားကျွန်ုပ် ဖိတ်ခေါ်သည်ကို သင်တို့က အဖြေပေးပြီးဖြစ်၍ ကျွန်ုပ်ကို အပြစ်မတင်ကြနှင့်၊ သင်တို့၏ စရိုက်ကို သာ သင်တို့ အပြစ်တင်ကြလော့။ ကျွန်ုပ်သည် သင်တို့အားသနားနိုင်သူ မဟုတ်၊ သင်တို့လည်းကျွန်ုပ်အားသနားနိုင်သူ မဟုတ်ပေ။ ဤမတိုင်မှီ ကျွန်ုပ်အားသင်တို့က ရောပြွန်းကိုးကွယ်ခဲ့သည်ကို ကျွန်ုပ် လက်မခံ၊ အမိုက်ကောင်များအဘို့ နာကျင်သော ဝဋ်ဒုက္ခသည် ရှိနေ၏၊”ဟု ပြောတော့၏၊
၁၄း၂၃။ ယုံကြည်လျက် ပြုပြင်မှုကို ကျင့်ကြံသော သူတို့သည် အောက်ခင်း၌ စမ်းချောင်းစီးဆင်းနေသော ဥယျာဉ်ဘုံများသို့ ဝင်လော့။ သူတို့ကံကြမ္မာရှင်၏ ခွင့်ပြုချက်ဖြင့် ထို၌ အစဉ် စံစားစေ၍၊ ထို၌ “ငြိမ်းချမ်းပါစေ၊”ဟု နှတ်ခွန်းဆက်သ ကြကုန်၏။
၁၄း၂၄။ စင်ကြယ်သော စကားတစ်ခွန်းသည် ခိုင်မာစွာ အမြစ်တွယ်လျက် ကောင်းကင်ဘနန်းထိ အခက်ဖြာသော စင်ကြယ်သည့် သစ်ပင် ကဲ့သို့ ဖြစ်ကြောင်းပရမတ်ဘုရားရှင် ပေးသော ပမာသည် မည်သို့ ဥပမာ ဖြစ်သည် ဟု မမြင်မိကြ သလော။
၁၄း၂၅။ ကံကြမ္မာရှင်၏ ခွင့်ပြုချက်ဖြင့် ထိုမှ စားစရာများကို ရာသီတိုင်း၌ ပေးလျက် ရှိ၏။ လူသားတို့သည် ဆင်ခြင်သတိရှိအံ့ငှာ ပရမတ်ဘုရားရှင်က ပမာပြု ဥပမာပေးတော်မူ၏။
၁၄း၂၆။ မသန့်စင်သော စကားတစ်ခွန်းသည် ကမ္ဘာမြေပြင်ပေါ်သို့ ဆွဲနှတ်ခံရ သော မကောင်းသော အပင်ကဲ့သို့ ဖြစ်၏။ ၎င်းသည် အတည်တကျ မဟုတ်ချေ။
၁၄း၂၇။ ပရမတ်ဘုရားရှင်သည် ယုံကြည်သောသူတို့အားခိုင်မာသော ဓမ္မတော်အားဖြင့် ဤဘ၀သက်တမ်းနှင့် နောင်ဘ၀တွင် ခိုင်မာစေတော်မူ၏။ ပရမတ်ဘုရားရှင်သည် အမိုက်ကောင်များအားလမ်းလွဲစေလတ္တံ့။ ပရမတ် ဘုရားရှင်သည် စံချိန်ပြည့်သည်ကို စီမံတော်မူ၏။
၁၄း၂၈။ ပရမတ်ဘုရားရှင်၏ ဂုဏ်ပေးမှုကို ဖုံးကွယ်ခြင်းဖြင့် လွှဲပြောင်းသော၊ သူတို့၏ လူမျိုးများကို ပျက်စီးကြေမွရခြင်းဘုံအားဥပဒေပြုပေးသူများကို သင် မမြင်မိသလော။
၁၄း၂၉။ သူတို့အားလောင်ကျွမ်းစေမည့် ငရဲပြည်သည် အမင်္ဂလာ အတည်တကျရှိ၏။
၁၄း၃၀။ သူတို့သည် ပရမတ်ဘုရားရှင်အားဂုဏ်တုပြိုင်ဘက် စီစဉ်ကြ၏။ အရှင့်လမ်းစဉ်တော်မှာ လမ်းလွှဲကြ၏။ “ပျော်မြူးနေကြလော့၊ သင်တို့၏ ပန်းတိုင် သည် အပူမီးသို့ ဖြစ်၏၊”ဟု ဟောကြားလော့။
၁၄း၃၁။ ယုံကြည်ကြသော ငါ၏ အမှုတော်ဆောင်များအား“ကိုယ်စားခံယူ ခွင့် မရှိ အတွင်းလူထားခွင့် မရှိသော နေ့ကာလသို့ မဆိုက်ရောက်မှီ ဝတ်ပြု မြဲကြရန်၊ သင်တို့အားငါအရှင် ရိက္ခာပေးရာမှ ကြိတ်၍ဖြစ်စေ၊ လူသိရှင်ကြားဖြစ်စေ ပေးကမ်းသုံးစွဲကြရန်၊” ဟောပြောလော့။
၁၄း၃၂။ ပရမတ်ဘုရားရှင်သည် မိုးများနှင့် မြေကို ဖြစ်တည်စေသော အရှင် ဖြစ်၏။ ကောင်းကင်ယံမှ ရေကို သွန်းချပေး၍ ၎င်းဖြင့် သင်တို့အတွက် သီးနှံ ရိက္ခာများကို ပေါက်ရောက်စေ၏။ အရှင်၏ ညွှန်ကြားချက်ဖြင့် သင်တို့အတွက် ပင်လယ်ပြင်၌ စီးမျောနိုင်သော သင်္ဘောများကို အသုံးခံဖြစ်စေ၏။ သင်တို့၏ အသုံးခံအဖြစ် မြစ်ချောင်းများကို စီမံပေး၏။
၁၄း၃၃။ သင်တို့အတွက် အသုံးခံရန် နေနှင့်လကို အလေ့အထဖြစ်စေ၏။ ညနှင့်နေ့ကိုလည်းသင်တို့အတွက် အသုံးခံ ဖြစ်စေ၏။
၁၄း၃၄။ အရှင့်ထံမှ သင်တို့ တောင်းခံရာတိုင်းကို ပေးအပ်တော်မူ၏၊ အကယ်၍ ပရမတ်ဘုရားရှင်၏ ဂုဏ်ပေးမှုကို ရေတွက်လျှင် အမှတ်စဉ်မှတ်နိုင် မည် မဟုတ်ချေ။ ဧကန်ပင် လူသားသည် မိုက်ကြေးခွဲ ဖုံးကွယ်မှောင်ချသူ ဖြစ်၏။
၁၄း၃၅။ အီဗရာဟီးမ်က ရင့်ကျူးသည်မှာ “အို- ကံကြမ္မာရှင် ဤမြို့တော်အားယုံကြည်စိတ်ချရရန် စီစဉ်တော်မူပါ၊ တပည့်တော်နှင့် သားမြေးတို့အားရုပ်ပွားဆင်းတု ကိုးကွယ်ခြင်းမှ ကင်းသန့်စေတော်မူပါ။-
၁၄း၃၆။ အို- ကံကြမ္မာရှင် ၎င်းတို့သည် လူသားများစွာတို့ကို လွဲမှားစေပါပြီ။ တပည့်တော်အားလိုက်နာသူသည် တပည့်တော်နှင့် အတူ ဖြစ်၍၊ တပည့်တော်အားအာခံသူအတွက် အရှင်သည် လွတ်ငြိမ်းစေသော အရှင် အကြင်နာရှင် ဖြစ်ပါ၏။-
၁၄း၃၇။ အို- ကံကြမ္မာရှင်၊ တပည့်တော်၏ သားမြေးတစ်ချို့ကို အရှင်၏ ဘေးမဲ့ အိမ်တော်ထံပါးစိုက်ပျိုးမဖြစ်သော ချိုင့်ဝှမ်းဒေသ၌ နေရာချထားပါ၏၊ အို ကံကြမ္မာရှင် သူတို့အားဝတ်ပြု မြဲဘို့ရာ သို့ဖြင့် လူသားတို့အားနှလုံးပိုက်စေလျက် ၎င်းတို့ဘက်သို့ လိုဘရှိဘို့ရာ စီစဉ်တော်မူပါ။ ကျေးဇူးတော်အားသိတတ်အံ့ငှာ သူတို့အားသစ်သီး၀လံ ရိက္ခာများထောက်တော်မူပါ။ -
၁၄း၃၈။ အို- ကံကြမ္မာရှင် တပည့်တော်၏ ထိန်ဝှက်ထားရာ၊ လူသိရှင်ကြားပြုရာများကို အရှင်သည် အသိဆုံးဖြစ်ပါ၏။ မြေကမ္ဘာ၌ ကောင်းကင်များ၌ ပရမတ်ဘုရားရှင်၏ထံမှ ထိန်ဝှက်ထားနိုင်ရာ တစ်စုံတစ်ရာ မရှိပါ။-
၁၄း၃၉။ တပည့်တော်၏ ကြီးရင့်ချိန်၌ အီစ္စမာအီလ်နှင့် အီစ္စဟာ့က်တို့အားချီးမြှင့်ခဲ့သော ပရမတ်ဘုရားရှင်သည် ရည်သန်စူးစိုက်မှုတည်ရာ အရှင် ဖြစ်ပါ၏။ ကံကြမ္မာရှင် သည် တောင်းဆုများကို ကြားနေသောအရှင် ဖြစ်ပါ၏။-
၁၄း၄၀။ အို- ကံကြမ္မာရှင် တပည့်တော်နှင့် သားမြေးများမှ ဝတ်ပြု မြဲစေရန် စီစဉ်ပေးတော်မူပါ။ အို- ကံကြမ္မာရှင် တောင်းဆုများကို အကိုးပြည့်စေတော်မူပါ။
၁၄း၄၁။ အို- ကံကြမ္မာရှင် တပည့်တော်နှင့် မွေးမိဘများ၊ ယုံကြည်သူများအားရပ်တည်ရ မည့်နေ့တွင် စရင်းရှင်းရခြင်းမှ လွတ်ငြိမ်းစေတော်မူပါ၊”ဟု ဖြစ်၏။
၁၄း၄၂။ အမိုက်ကောင်များ၏ ကျင့်ကြံလေသမျှကို ပရမတ်ဘုရားရှင်သည် မေ့လျော့ထားသည်ဟု မစဉ်းစားလေနှင့်။ သူတို့အားအမြင်များကြောင်တောင် ငေးနေရသော နေ့အထိ အချိန်နောက်ဆုတ်ထားတော်မူ၏။
၁၄း၄၃။ ပြာပြာသလဲ ဦးခေါင်းများရှေ့ထိုးလျက် နောက်မလှည့်နိုင် သူတို့ကိုယ်သူတို့ မျက်ခြည်ပြတ်ကာ စိတ်နှလုံးများမှာ လိုဘဇောတက်နေရ၏။
၁၄း၄၄။ ဝဋ်ကြွေးဒဏ်ကြီးဆိုက်ရောက်မည့်နေ့ကို လူသားတို့အားသတိပေးလော့။ မိုက်ကြေးခွဲသော သူများက “အို- ကံကြမ္မာရှင် တပည့်တော်တို့အားသတ်မှတ်ချိန်အားနောက်ဆုတ်ပေးပါ။ အရှင့် ဖိတ်ခေါ်မှုအားနီးကပ်စွာ တုန့်ပြန်၍၊ ဉာဏ်စဉ်ဆောင်များကိုလည်းလိုက်နာပါမည်၊”ဟု ဆိုကြ၏။ ကျွန်ုပ်တို့သည် အဆုံးထိမရွေ့တော့ဟု ဤရှေ့အလျင်က သင်တို့ တိုင်တည်ခဲ့ကြသည် မဟုတ်လော။
၁၄း၄၅။ သူတို့၏စရိုက်ကို သူတို့ မိုက်ကြေးခွဲသောသူတို့၏ အခြေချနေရာတွင် သင်တို့အားအခြေချစေခဲ့ပြီ မဟုတ်လော။ ငါသည် သူတို့အားမည်သို့ စီမံခဲ့ ကြောင်း၊ သင်တို့အဘို့ မည်သို့ ပမာပြု ဥပမာပေးခဲ့ကြောင်းသင်တို့အားရှင်းလင်းစေခဲ့ပြီ မဟုတ်လော။
၁၄း၄၆။ သူတို့၏ ကြံစည်မှုကို သူတို့ကြံစည်ကြ၏။ သူတို့ ကြံစည်လေသမျှ သည် ပရမတ်ဘုရားရှင်၏ အထံတော်၌ ရှိနေ၏။ သူတို့၏ ကြံစည်မှုမှာ တောတောင်ကို ရွှေ့ပစ်မလောက်ပင်။
၁၄း၄၇။ ပရမတ်ဘုရားရှင်သည် အရှင်၏ ဉာဏ်စဉ်ဆောင်များ၌ ထားသော ကတိကို ပေါ့လျော့ထားမည်ဟု မစဉ်းစားနှင့်၊ ပရမတ်ဘုရားရှင်သည်ကားဘုန်းတော် အရှင် တန်ပြန်စေသော အရှင် ဖြစ်ပေ၏။
၁၄း၄၈။ ကမ္ဘာအားအခြားကမ္ဘာ အဖြစ်၊ ကောင်းကင်များကိုလည်းထိုသို့ လွှဲပြောင်းစေသောနေ့၌၊ တစ်ဆူတည်းဖူးခြာ ဖြစ်သော ပရမတ်ဘုရားရှင်၏ ထံတော်သို့ ပြန်ထွက်လာရလတ္တံ့။
၁၄း၄၉။ ထိုနေ့၌ ရာဇဝတ်ကောင်များကို ခြေကျင်းများဖြင့် သီထားသည်ကို သင်မြင်ရလတ္တံ့။
၁၄း၅၀။ သူတို့၏ အဝတ်အထည်မှာ ကြေးရည်ဖြင့် ပြုလုပ်ထား၍၊ သူတို့၏ မျက်နှာများကို အပူမီးက လွှမ်းခြုံလတ္တံ့။
၁၄း၅၁။ ပရမတ်ဘုရားရှင်သည် ဉာဉ်စရိုက် ကိုယ်စီအားသူကျင့်ဆောင်ခဲ့ သည့် အတိုင်းအစားပေးတော်မူမည်။ ဧကန်ပင် ပရမတ်ဘုရားရှင်သည် အချိန်နှင့် တပြေးညီ စရင်းစစ်နေတော်မူ၏။
၁၄း၅၂။ ဤ လူသားတို့အတွက် ဆိုက်ရောက်စေခြင်းမှာ- “သတိပေးရန်၊ အရှင်သည် ဧကောဒိ ဘုရားရှင် ဖြစ်ကြောင်းသိကြစေရန်၊ သဘောပေါက်နိုင်စွမ်းရှိသူများဆင်ခြင်သတိရှိနိုင်ရန်” – ဖြစ်၏။
ဓမ္မခန္ဓာ (၁၄) ဤတွင် ပြီး၏။
ဓမ္မခန္ဓာ (၁၅) ကျောက်ဆစ်မြို့
ဉာဏ်စဉ်ကိန်းဝပ်ပေးမှု အမှတ်စဉ် ၅၄၊ သုတ်ဒေသနာ ၉၉ ပါး။
ကရုဏာရှင် အကြင်နာရှင် ဖြစ်တော်မူသော ပရမတ်ဘုရားရှင်၏ ဂုဏ်တော်အားဖြင့်-
၁၅း၁။ “ငါသည် ကုန်စင်မြင်နေတော်မူသော ပရမတ်ဘုရားရှင် ဖြစ်၏၊” ဤသည် သုတ်ဒေသနာများနှင့် ရှင်းလင်းထင်ရှားသော ကုရ်အာန် ကျမ်းတော်ပင် ဖြစ်၏။
၁၅း၂။ မကြာခဏပင်၊ ဖုံးကွယ်သောသူများက သူတို့သည် သန္တိသုခဝါဒီများဖြစ်လိုကြ၏။
၁၅း၃။ သူတို့အားစားသောက်၊ ပျော်မြူးလျက် မျှော်လင့်ချက်ထဲ၌ ချန်ထားခဲ့လော့၊ မကြာမှီ သူတို့ သိကြရလတ္တံ့။
၁၅း၄။ အသိပေးပြဌာန်းမှု မရှိဘဲ မည်သည့် အရပ်ဒေသ သားများကိုမှ၊ ငါသည် တိမ်ကောစေခြင်းမရှိချေ။
၁၅း၅။ သတ်မှတ်ကာလအားလွန်ဆန်နိုင်သော၊ နောက်ဆုတ်နိုင်သော အသိုင်းအဝိုင်းဟူ၍ မရှိချေ။
၁၅း၆။ သူတို့ ပြောကြသည်မှာ “အို- သတိပေးတရားကို ချမှတ်ပေးခံရသော သူ၊ အသင်သည် ရူးနေသူသာ ဖြစ်၏။-
၁၅း၇။ သင်သည် ဖြောင့်မှန်သူ ဖြစ်လျှင် အဘယ်ကြောင့် နိမိတ်ဆောင်များရံလျdက် မလာရောက်ခဲ့သနည်း၊”ဟု ဖြစ်၏။
၁၅း၈။ ငါသည် နိမိတ်ဆောင်များကို တိကျသော ကိစ္စအတွက်သာ တာဝန်ချပေးတော် မူ၏။ ထိုအခါ စောင့်ကြည့်နေခွင့် ရတော့မည် မဟုတ်ချေ။
၁၅း၉။ ဧကန်ပင် ငါသည် သတိပေးတရားတော်ကို ချမှတ်ပေး၍။ ငါသည်သာ ၎င်းအားစောင့်ရှောက်သော အရှင် ဖြစ်၏။
၁၅း၁၀။ သင့် ရှေ့အလျင် ရှေးကျသော ဂိုဏ်းအုပ်စုများထဲ၌လည်းမုချ စေစားခဲ့ပြီ။
၁၅း၁၁။ ဉာဏ်စဉ်ဆောင်တစ်ပါးသူတို့ထံ ရောက်လာသော်၊ သူ့အားလှောင်ပြောင်ကြသည်သာ ဖြစ်၏။
၁၅း၁၂။ ရာဇဝတ်ကောင်များ၏ စိတ်နှလုံးကို ထိုသို့ ဖေါက်ဝင်စေတော်မူပြီ။
၁၅း၁၃။ ကုန်လွန်ခဲ့သော ရှေးလူဟောင်းတို့၏ ဓလေ့ထုံးတမ်းများကဲ့သို့ပင်၊ သူ့အားယုံကြည်ကြသည် မဟုတ်ချေ။
၁၅း၁၄။ ငါသည် သူတို့အပေါ်၌၊ သူတို့ ဆက်၍ တက်သွားနိုင်ရန် အာကာသ တံခါးပေါက်ကို ဖွင့်ပေးတော်မူသော်လည်း-
၁၅း၁၅။ ကျွန်ုပ်တို့၏ အမြင်များယစ်မူးနေ ခြင်းသာ၊ အမှန်မှာ ကျွန်ုပ်တို့သည် ပြုစားခံရသော လူမျိုးသာ ဖြစ်၏၊”ဟု ဆိုကြ လတ္တံ့။
၁၅း၁၆။ မုချပင် ငါသည် ကောင်းကင်ယံ၌ နဂါးငွေ့တန်းများကို စီစဉ်ထားပြီး၊ ကြည့်သူတို့အားဖမ်းစားစေပြီ။
၁၅း၁၇။ ငါသည် ၎င်းကို ပစ်ထုတ်ခံ မကောင်းဆိုးဝါးကိုယ်စီမှ ကာကွယ်စောင့်ရှောက်ထား၏။
၁၅း၁၈။ ခိုး၍ နားစွင့်သူကိုသာ ရှင်းလင်းထင်ရှားသော မီးဒုံးသည် နောက်ယောင်ခံလိုက်စေ၏။
၁၅း၁၉။ တိုးရွေ့နေသော မြေသားဂြိုလ်၊ ၎င်းကို တိုက်ကြီးများဖြင့် ခင်းကျင်းထားပေး၏၊ သီးနှံများဖြစ်ထွန်းစေ၏၊ သဗ္ဗလုံးစုံ စရွေးကိုက် ဖြစ်စေ၏။
၁၅း၂၀။ သင်တို့အတွက် ထို၌ ဘ၀တည်ဆောက်နည်းကို စီစဉ်ပေးတော်မူပြီ၊ ထို့အတွက် သင်တို့သည် ဆွမ်းကပ်ရသူများမဟုတ်ချေ။
၁၅း၂၁။ ငါ့ထံတော်မှ ကင်းလွတ်နိုင်သော အရာဟူ၍ မရှိ၊ အရှင်၏ ဘဏ္ဍာ များသာ ဖြစ်၏။ သူ့စည်းချိန်အလျောက် အရှင်က ချမှတ် အသိပေးတော်မူ၏။
၁၅း၂၂။ မြေဆီဩဇာကောင်းသော လေများကို ငါ စေစားတော်မူ၏။ ကောင်းကင်ယံမှ ရေကို သွန်းချပေးတော်မူ၍၊ သင်တို့ အတွက် သောက်သုံးရေ ဖြစ်စေ၏။ သင်တို့သည် ၎င်းကို သိုလှောင်ထားရသူများမဟုတ်ချေ။
၁၅း၂၃။ ဧကန်ပင် ငါသည်သာ နိစ္စ၊ အနိစ္စကို ဖြစ်စေ၏။ ငါသည် အမွေပေးသော အရှင် ဖြစ်၏။
၁၅း၂၄။ သင်တို့အနက် စုံရပ်နေသူများကို မုချ ငါ သိနေ၏။ နောက်ခေတ်မျိုးဆက်ကိုလည်းငါ သိနေတော်မူ၏။
၁၅း၂၅။ ဧကန်ပင် သင်၏ ကံကြမ္မာရှင်သည် သူတို့ကို စုစည်းတော်မူမည်။ အရှင်သည် ဓမ္မသတ်ရှင်၊ သိနေသော အရှင် ဖြစ်၏။
၁၅း၂၆။ ကလျာဏပုတုဇဉ်အားထုသားကြေ မြေသားအမဲမှ ငါ ဖြစ်တည် စေတော်မူ၏။
၁၅း၂၇။ အန္ဓပုတုဇဉ်ကို မီးအပူထု၏ ရှေ့မှ ငါ ဖြစ်တည်စေတော်မူ၏။
၁၅း၂၈။ နိမိတ်ဆောင်တို့အား“ငါသည် လူပုဂ္ဂိုလ်ကို ထုသားကြေ မြေသားအမဲမှ ဖြစ်တည်စေခဲ့၏။-
၁၅း၂၉။ သူ့အားပုံစံချ၍။ ထို့နောက် သူ့ထံ၌ ငါ၏ ဉာဏ်စဉ် သက်ဝင် စေ၏။ သူ့အားထိုင်လျက် ဦးချလော့။” ငါ မိန့်သော်-
၁၅း၃၀။ သို့ဖြင့်၊ နိမိတ်ဆောင် ကိုယ်စီ အတူစု၍ ဦးချကြကုန်၏။
၁၅း၃၁။ ရှေးရိုးစွဲသည် ဖီဆန်လျက်။ သူသည် ဦးချသူများ၌ မပါဝင်လိုချေ။
၁၅း၃၂။ အရှင်က “အို- ရှေးရိုးစွဲ၊ အဘယ်ကြောင့် ဦးချသူများ၌ သင် မပါဝင်လိုသနည်း၊”ဟု မေးသော်-
၁၅း၃၃။ “အရှင်က ထုသားကြေ မြေသားအမဲမှ ဖြစ်တည်ပေးသော လူပုဂ္ဂိုလ်အားတပည့်တော် ဦးမချနိုင်ပါ၊”ဟု ပြန်ဖြေ၏။
၁၅း၃၄။ “သို့ဖြစ်လျှင် သင်သည် ထွက်သွားလော့၊ သင်သည်ကားပစ်ထုတ်ခံ ရသူ ဖြစ်၏။
၁၅း၃၅။ စီရင်မိန့်ချသည့် နေ့ထိတိုင်၊ သင့်အပေါ်၌ မေတ္တာကင်းဝေးစေ သတည်း၊”ဟု အရှင်က မိန့်လေသောအခါ။
၁၅း၃၆။ သူက “အို- ကံကြမ္မာရှင် တပည့်တော်အားနိုးကြွစေသည့်နေ့ထိ စောင့်ကြည်ခွင့်ပေးပါ။”ဟု လျှောက်တင်သော်-
၁၅း၃၇။ အရှင်က “သင်သည် စောင့် ကြည့်နေခွင့်ရသူများမှ ဖြစ်၏။-
၁၅း၃၈။ အသိပေးပြီးရက်ချိန်းနေ့အထိ ဖြစ်၏။”ဟု မိန့်လေ၏၊
၁၅း၃၉။ ထိုအခါ သူ ပြောသည်မှာ “အို- ကံကြမ္မာရှင်၊ တပည့်တော်အားတိမ်းပါးစေသဖြင့် ၎င်းတို့အားမြေကမ္ဘာ၌ ဖမ်းစားထားလျက် သူတို့ အားလုံးကို တိမ်းပါးစေမည်ပင်။-
၁၅း၄၀။ သူတို့အနက် အရှင့်အားအယူသန့်စွာ ကိုးကွယ်ဝတ်ပြု သူတို့ကားမပါဝင်ချေ၊”ဟု ဖြစ်သော်။
၁၅း၄၁။ အရှင်က “ယင်းသည် ငါ့ထံ၌ ဖြောင့်မတ်မှန်ကန်သော လမ်းပင် ဖြစ်၏။-
၁၅း၄၂။ သင့်အားလိုက်နာသည့် တိမ်းပါးသူများမှအပ- ငါ့ အမှုတော်ဆောင် များအပေါ်၌ သင်သည် ဩဇာလုံး၀ မရှိချေ။”
၁၅း၄၃။ ငရဲပြည်သည် သူတို့ အားလုံးတွက် ကတိထားရာ ဖြစ်၏။
၁၅း၄၄။ ၎င်းတွင် တံခါးများခုနှစ်ပေါက်ရှိ၍၊ တံခါးများကိုယ်စီ၌ သူတို့အတွက် တိုင်တည် ပြီးခွဲတမ်းများရှိ၏။
၁၅း၄၅။ စည်းစောင့်သူတို့ အတွက် သုခဘုံများ၌ စိမ့်စမ်းများရှိနေ၏။
၁၅း၄၆။ ထို့၌ ငြိမ်းချမ်းမှု၊ ယုံကြည်စိတ်ချရမှုကို ဝင်ရောက်စံစားရမည်ပင်။
၁၅း၄၇။ ငါသည် သူတို့၏ ရင်ဘတ်တွင်း၌ ချုပ်တီးထားရသည်များကို ဖယ်ပစ်လျက် မျက်နှာချင်းဆိုင် ဇိမ်ခံခုံများပေါ်၌ ညီနောင်သားချင်းများဖြစ်စေလတ္တံ့။
၁၅း၄၈။ ထို၌ သူတို့အားပင်ပန်းဆင်းရခြင်းထိသက်မည်မဟုတ်၊ ထိုမှ နှင်ထုတ်ခံရမည်လည်းမဟုတ်ချေ။
၁၅း၄၉။ ငါ၏ အမှုတော်ဆောင်များအားသတင်းထုတ်ပြန်လော့- ငါသည် လွတ်ငြိမ်းစေသော အရှင်၊ အကြင်နာရှင် ဖြစ်၏။
၁၅း၅၀။ ငါ့ထံ၌ နာကျင်စေသော ဝဋ်ကြွေး၊ ဝဋ်ဒဏ်လည်းရှိ၏၊”ဟု ဖြစ်၏။
၁၅း၅၁။ အီဗရာဟီးမ်၏ ဧည့်သည်များအကြောင်းကို သတင်းထုတ်ပြန် လော့။
၁၅း၅၂။ သူတို့သည် “ငြိမ်းချမ်းပါစေ၊”ဟု ဆိုကြလျက် သူ့ထံသို့ ဝင်ရောက်သော်။ သူက “ကျွန်ုပ်သည် သင်တို့အားတုန်လှုပ်မိ၏၊”ဟု ဆို၏။
၁၅း၅၃။ သူတို့က“မတုန်လှုပ်နှင့်၊ ကျွန်ုပ်တို့မှာ သင့်ထံသို့ ပညာရှင် ကလေးရမည့် သတင်းကေင်းပါးသူများ”ဟု ဆိုကြ၏။
၁၅း၅၄။ သူက “ကျွန်ုပ်အားမည့်သို့ သတင်းကောင်းပါးနိုင်အံ့နည်း၊ ကျွန်ုပ်ကားဇရာထောင်းခဲ့ပြီ။ သို့တိုင် သတင်းကောင်းပါးနေဦးမည်လော၊”ဟု ပြန်ပြောသောအခါ။
၁၅း၅၅။ သူတို့က “သင့်အတွက် သတင်းကောင်းသည် အမှန်တရားဖြစ်၏။ စိတ်ပျက်သူများမှ မဖြစ်နှင့်၊”ဟု ဆိုကြ၏။
၁၅း၅၆။ သူက “ကံကြမ္မာရှင်၏ ထံမှ ကရုဏာတော်အားလွဲမှားသူများသည်သာ စိတ်ပျက်၏၊”ဟု ပြန်ပြော၍-
၁၅း၅၇။ “အို- ဉာဏ်စဉ်ဆောင်တို့၊ သင်တို့၌ မိန့်ခြွေချက် ရှိပါသလော၊”ဟု မေးသော်-
၁၅း၅၈။ သူတို့က “ကျွန်ုပ်တို့သည် ရာဇဝတ်ကောင် လူမျိုးဆီသို့ စေစားခြင်းခံရ၏။-
၁၅း၅၉။ လု-တ်၏ အဆက်အနွယ်များ၊ ကျွန်ုပ်တို့သည် သူတို့ အားလုံးကို လွတ်မြောက်စေရမည်။
၁၅း၆၀။ သူ့ဇနီးသည် မပါ၊”ဟု ပြောသည်ကြ၏။ ငါ့ စည်းချိန် အလျောက် သူမသည် ကျန်ရစ်သူများ၌ ပါဝင်၏။
၁၅း၆၁။ ဉာဏ်စဉ်ဆောင်များသည် လု-တ်၏ အဆက်အနွယ်များထံသို့ ရောက်လာစဉ်။
၁၅း၆၂။ သူက “သင်တို့သည် မသိကျွမ်းသော လူမျိုးပင် ဖြစ်၏၊”ဟု ဆို၏။
၁၅း၆၃။ သူတို့က ပြောသည်မှာ “အမှန်မှာ- သူတို့ အချင်းများနေသော အရာများကို သင့်ထံသို့ ရောက်လာစေပြီ။-
၁၅း၆၄။ သင့်အားအမှန်တရားကို ချီးမြှင့်ပြီ။ ကျွန်ုပ်တို့သည် ဖြောင့်မှန်သူများဖြစ်၏၊”ဟု ဖြစ်၏။ -
၁၅း၆၅။ သင်သည် ဝိုင်းသားများနှင့်အတူ ည အစိတ်အပိုင်း၌ ခရီးနှင်လော့၊ သင်သည် သူတို့၏ နောက်မှနေ၍၊ မည်သူ တစ်ယောက်ကိုမှ နောက်ဆံမတင်းစေနှင့် သင့်အားညွှန်ကြားသည့်အတိုင်းရှေ့ဆက်လော့။”
၁၅း၆၆။ သူ့အပေါ် ညွှန်ကြားချက်ကို ဤသို့ ငါ ဆုံးဖြတ်၏။ နံနက်စတွင် သူတို့၏ အခြေအမြစ်များကို ဖြတ်တောက်ပစ်လတ္တံ့။
၁၅း၆၇။ မြို့သူမြို့သားများသည် သတင်းကောင်းဖြင့် သူ့ထံသို့ ရောက်လာကြ ၏-
၁၅း၆၈။ သူက “ဤသူများသည် ကျွန်ုပ်၏ ဧည့်သည်များဖြစ်၏။ ကျွန်ုပ်အားမျက်နှာမဖျက်ကြနှင့်။-
၁၅း၆၉။ -ပရမတ်ဘုရားရှင်အားစည်းစောင့်ကြလော့၊ ကျွန်ုပ်အားအရှက်မခွဲကြနှင့်၊”ဟု ပြောသော်-
၁၅း၇၀။ သူတို့က “အသင့်အားအပြင်လောကနှင့် ဟန့်တားထားသည် မဟုတ် လော၊”ဟု ပြောကြ၏။
၁၅း၇၁။ သူက “အသင်တို့ ပြုလုပ်လိုပါလျှင် ဤမှာ ကျွန်ုပ်၏ သမီးများရှိပါ၏၊” ဟု ပြန်ပြော၏။
၁၅း၇၂။ သင့်ဘ၀သံသရာအားတိုင်တည်လျှက်။ သူတို့သည် မျက်ကန်းတော တိုးဘ၀၌ ယစ်မူးနေကြ၏။
၁၅း၇၃။ နံနက်ပိုင်းတွင် သူတို့အားအသံလှိုင်းကြီးဖြင့် အရေးယူလိုက်လေပြီ။
၁၅း၇၄။ သူတို့အားအပေါ်ဆုံးမှ အနိမ့်ဆုံးသို့ စီစဉ်ပစ်၍ သူတို့အပေါ်သို့ လှိမ့်ချသည့် ကျောက်ခဲ မိုးများသွန်းစေ၏။
၁၅း၇၅။ ဧကန်ပင် တံဆိပ်ကပ်လိုသူများအတွက် ဤ၌ သက်သေလက္ခဏာ ရှိနေ၏။
၁၅း၇၆။ ၎င်းသည် တည်နေဆဲဖြစ်၏၊ လမ်းမပေါ်၌ ဖြစ်၏။
၁၅း၇၇။ ယုံကြည်သော လူမျိုးအတွက် သက်သေလက္ခဏာ ရှိနေ၏။
၁၅း၇၈။ တောတွင်းနေ ပေါင်းဖေါ်တို့သည်လည်းအမှောင်ကျနေသူများဖြစ်၏။
၁၅း၇၉။ သူတို့အားတန်ပြန်မှုဖြစ်စေပြီ။ သူတို့နှစ်မျိုးလုံးသည် ရှင်းလင်းထင်ရှားသော ရှေ့ဆောင်လမ်းပြများဖြစ်ကြ၏။
၁၅း၈၀။ ကျောက်တောင်များနေ‌ ပေါင်းဖေါ်တို့သည် သူတို့၏ဉာဏ်စဉ်ဆောင် များအားငြင်းဆန်ခဲ့ကြ၏။
၁၅း၈၁။ သူတို့အားသုတ်ဒေသနာများကို ပေးအပ်သော် လည်းသူတို့သည် ဘောင်ကန့်ထားသူများဖြစ်ကြ၏။
၁၅း၈၂။ သူတို့သည် တောင်များကို ထုဆစ်လေ့ရှိလျက် ယုံကြည်စိတ်ချရသော အိမ်များဖြင့် နေထိုင်သူများဖြစ်၏။
၁၅း၈၃။ သို့သော် နံနက်စတွင် သူတို့အားအသံလှိုင်းကြီးဖြင့် အရေးယူလိုက်ပြီ။
၁၅း၈၄။ သူတို့၏ ကျင့်ဆောင်လေ့ရှိသည်များမှာ သူတို့အတွက် ပြည့်စုံခြင်းမရှိပေ။
၁၅း၈၅။ ငါသည် မိုးများနှင့် မြေ ထိုနှစ်ခုကြားရှိသမျှကို မှန်ကန်ညီညွတ်စွာ ဖြင့်သာ ဖြစ်တည်စေပြီ။ သတ်မှတ်ချိန်သည် ရှေ့သို့ လာနေ၏။ သို့ဖြစ်၍၊ အမြင်လှသော ဥပက္ခာပြုခြင်းဖြင့် ဥပက္ခာပြုထားလော့။
၁၅း၈၆။ ဧကန်ပင် သင့်ကံကြမ္မာရှင်သည် ဖြစ်တည်စေသောအရှင် သိနေ သော အရှင် ဖြစ်တော်မူ၏။
၁၅း၈၇။ ငါသည် သင့်အားကုရ်အာန်ကျမ်းတော်ကြီးကို မဏ္ဍိုင် ခုနစ်ခုဖြင့် ချီးမြှင့်ပေးတော်မူ၏။
၁၅း၈၈။ သူတို့အနက် အစုဖွဲ့များအားငါပေးထားသော ချမ်းမြေ့စရာများထံ သင့်မျက်လုံးများမတိုးရွေ့စေနှင့်၊ သူတို့ကြောင့် စိတ်သောက မဖြစ်နှင့် ယုံကြည် သူများအပေါ်၌ သင်၏ လက်ရုံးကို နှိမ့်ချမှုရှိလော့။
၁၅း၈၉။ ကျွန်ုပ်သည်ကားရှင်းလင်းထင်ရှားသော သတိပေးသူသာ ဖြစ်၏၊” ဟု ဟောကြားလော့။
၁၅း၉၀။ ငါသည် သူ့အားတာဝန်ချပေးတော်မူသည်မှာ တိုင်တည်လျက်-
၁၅း၉၁။ ကုရ်အာန်အားအနုတ်နုတ်ဖြစ်ရန် စီစဉ်ကြသော သူတို့ ထံသို့ ဖြစ်၏။
၁၅း၉၂။ သင့်ကံကြမ္မာရှင်အားတိုင်တည်လျှက်။ သူတို့ အားလုံးကို မေးမြန်းစုံစမ်းမည်မှာ-
၁၅း၉၃။ သူတို့၏ ကျင့်ကြံလေ့ရှိရာများကြောင့်-
၁၅း၉၄။ ထို့ကြောင့် သင့်အားညွှန်ကြားပေးသည်ကို ဖွင့်ထုတ်လော့၊ ရောပြွန်းကိုးကွယ်သူများအားဘောင်ထားလော့။
၁၅း၉၅။ လှောင်ပြောင်သူများနှင့် စပ်လျဉ်း၍ ငါသည် သင့်အတွက် လုံလောက်တော်မူ၏။
၁၅း၉၆။ သူတို့သည် ပရမတ်ဘုရားရှင်နှင့်အတူ အခြားဘုရားများကို စီစဉ်ကြ ၏။ မကြာမှီ သိကြရလတ္တံ့။
၁၅း၉၇။ သူတို့ ပြောဆိုမှုများကြောင့် သင့်ရင်ကို ကျပ်တည်းစေကြောင်း- မုချ ငါ သိနေတော်မူ၏။
၁၅း၉၈။ သင့်ကံကြမ္မာရှင်အားရည်သန်စူးစိုက်လော့၊ ဦးထိပ်ထားလော့၊ ဦးချသူများ၏ အနက်မှ ဖြစ်လော့။
၁၅း၉၉။ သင့်ထံ၌ ဒိဌယုံကြည်မှု ဆိုက်ကပ်သည်ထိ သင့်ကြမ္မာရှင်အားကိုးကွယ်ဆည်းကပ်လော့။
ဓမ္မခန္ဓာ (၁၅) ဤတွင် ပြီး၏။
ဓမ္မခန္ဓာ (၁၆) ပျား
ဉာဏ်စဉ်ကိန်းဝပ်ပေးမှု အမှတ်စဉ် ၇၀၊ သုတ်ဒေသနာ ၁၂၈ ပါး။
ကရုဏာရှင် အကြင်နာရှင် ဖြစ်တော်မူသော ပရမတ်ဘုရားရှင်၏ ဂုဏ်တော်အားဖြင့်-
၁၆း၁။ ပရမတ်ဘုရားရှင်၏ ညွှန်ကြားချက်ကို ပေးရောက်လတ္တံ့၊ ၎င်းကို အလျင်မလိုကြနှင့်၊ အရှင်သည် ဦးထိပ်ထားရာ ဖြစ်၏၊ ရောပြွန်းကိုးကွယ်ကြရာ များထက် အထွဋ်အထိပ်ဖြစ်တော်မူ၏။
၁၆း၂။ အရှင်သည် နိမိတ်ဆောင်များအားအရှင့် ညွှန်ကြားချက်များကို ဉာဏ်စဉ်ဖြင့်ဆောင်လျက် အမှုတော်ဆောင်များမှ စံချိန်ပြည့်သူထံသို့ တာဝန်ချ၍၊ သတိပေးစေသည်မှာ- ငါမှအပ အခြားဘုရားဟူ၍ မရှိ၊ ငါ့အားစည်းစောင့်ကြ ဟု ဖြစ်၏။
၁၆း၃။ အရှင်သည် မိုးများနှင့် မြေကမ္ဘာအားမှန်ကန်ညီညွတ်ခြင်းဖြင့် ဖြစ်တည်စေ၏၊ အရှင်သည် ရောပြွန်းကိုးကွယ်ရာများထက် အထွဋ်အထိပ် ဖြစ် တော်မူ၏။
၁၆း၄။ အရှင်သည် လူသားကို သုတ်ပိုးတစ်ကောင်မှ ဖြစ်တည်စေ၏၊ သို့သော် သူသည် ဗြောင်ငြင်းခုံသူ ဖြစ်၏။
၁၆း၅။ သင်တို့အဘို့ နွေးထွေးစေရန်၊ အကျိုးဖြစ်ရန်၊ စားသုံးနိုင်ရန် ကပ္ပိယ သတ္တဝါများကိုလည်းဖြစ်တည်စေ၏။
၁၆း၆။ ၎င်းတို့အားဝင်စေချိန်၌၊ လွှတ်ပေးချိန်၌ သင်တို့အတွက် အမြင်လှစေ၏။
၁၆း၇။ သင်တို့သည် စိတ်ထောင်းကိုယ်ကြေမဖြစ်ဘဲ မဆိုက်ရောက်နိုင်သော မြို့များသို့၊ သင်တို့၏ ဝန်ထုပ်များကို ၎င်းတို့က သယ်ဆောင်ပေး၏၊ သင်တို့၏ ကံကြမ္မာရှင်သည် ညှာတာသောအရှင်၊ အကြင်နာရှင် ဖြစ်တော်မူ၏။
၁၆း၈။ မြင်းများ၊ မြည်းများ၊ လားများကိုလည်းသင်တို့ စီနင်းဘို့ရာ စွဲမက်စေဘို့ရာ ဖြစ်စေ၏၊ သင်တို့ မသိသေးသော အရာများကိုလည်းဖြစ်တည်စေတော်မူမည်ပင်။
၁၆း၉။ ပရမတ်ဘုရားရှင်သည် လမ်းစဉ်များကို အလယ်အလတ်ကျစေ၍ ၎င်းကို ကာကွယ်ထား၏၊ စံချိန်ပြည့်မှီခဲ့လျှင် အရှင်သည် သင်တို့ အားလုံးကို လမ်းညွှန်တော်မူမည်ပင်။
၁၆း၁၀။ အရှင်သည် ကောင်းကင်ယံမှ ရေကို သွန်းချစေလျက်၊ ထိုမှ သင်တို့ သောက်သုံးရန်နှင့် ၎င်းဖြင့် သစ်ပင် သစ်တောစည်းဝိုင်းများကို ဖြစ်စေ၏။
၁၆း၁၁။ ၎င်းဖြင့် သံလွှင်ပင်များ၊ စွံပလွန်ပင်များ၊ စပျစ်ပင်များနှင့် သစ်သီး၀လံမျိုးစုံကို သင်တို့အဘို့ငှာ စိုက်ပျိုးရေးဖြစ်ထွန်းစေ၏၊ စဉ်းစားသုံးသပ်သော လူမျိုးအတွက် ဤ၌ သက်သေလက္ခဏာ ရှိနေ၏။
၁၆း၁၂။ အရှင်၏ ညွှန်ကြားချက်ဖြင့် ည၊နေ့၊ နေ၊ လ တို့ကို သင်တို့အတွက် အသုံးခံဖြစ်စေ၏။ ကြယ်တာရာများကိုလည်းအသုံးခံများဖြစ်စေ၏၊ ဤ၌ အတွေးအခေါ် ရှိသော လူမျိုးအတွက် သက်သေလက္ခဏာ ရှိနေ၏။
၁၆း၁၃။ သင်တို့အားကမ္ဘာမြေ၌ အသွေးအရောင်များကွဲပြားလျက် ပွားများစေ၏၊ ဤ၌ ဆင်ခြင်သတိရှိသော လူမျိုးအတွက် သက်သေလက္ခဏာ ရှိနေ၏။
၁၆း၁၄။ အရှင်သည် ပင်လယ်သမုဒ္ဒရာကို အသုံးခံဖြစ်စေ၍၊ ထိုမှ လတ်ဆတ် သော အသားများကို စားသုံးဘို့ရာ ဖြစ်စေ၏၊ ဆင်ယင်ဘို့ရာ လက်ဝတ်တန်ဆာ များကိုလည်းထိုမှ ထွက်စေတော်မူ၏၊ ထို၌ ရှပ်တိုက်သွားလာသော သင်္ဘောများကို မြင်နိုင်ရာ၏၊ သို့ဖြစ်၍ သင်တို့ ကျေးဇူးသိတတ်အံ့ငှာ အရှင်၏ သိက္ခာပေးခြင်းကို ရှာဖွေကြလော့။
၁၆း၁၅။ သင်တို့ လမ်းညွှန်ခံရအံ့သောငှာ- မြေကမ္ဘာ၌ ဖြန့်ကျဲမသွားစေရန် တိုက်ကြီးများကို ငါ ခင်းကျင်းထား၍၊ သင်တို့ အတွက် မြစ်များလမ်းကြောင်းများကို ဖြစ်စေ၏။
၁၆း၁၆။ သိနိုင်သောမှတ်တိုင်များ၊ ကြယ်တာရာများ၊ ၎င်းတို့သည် လမ်းညွှန်များဖြစ်ကြ၏။
၁၆း၁၇။ ဖြစ်တည်စေသော အရှင်သည် ဖြစ်တည်ပေးခြင်းမပြုနိုင်သူ ကဲ့သို့ ဖြစ်သလော။ ဆင်ခြင်သတိ ရှိကြမည် မဟုတ်လော၊
၁၆း၁၈။ ပရမတ်ဘုရားရှင်၏ ဂုဏ်ပေးမှုများကို ရေတွက်လျှင် အမှတ်စဉ်မှတ်နိုင်မည် မဟုတ်ချေ။ ဧကန်ပင် ပရမတ်ဘုရားရှင်သည် လွတ်ငြိမ်းစေသောအရှင်၊ အကြင်နာရှင် ဖြစ်တော်မူ၏။
၁၆း၁၉။ ပရမတ်ဘုရားရှင်သည် ကြိတ်ကြံစည်ရာ လူသိရှင်ကြားပြုရာများကို သိနေတော် မူ၏။
၁၆း၂၀။ ပရမတ်ဘုရားရှင် မှလွဲ၍ ဆုတောင်းခံများသည် တစ်စုံတစ်ရာကိုမျှ ဖြစ်တည်ပေးနိုင်ခြင်းမရှိ၊ သူတို့သည်ပင် ဖြစ်တည်ခံများဖြစ်ကြလျက်-
၁၆း၂၁။ သက်မဲ့များသာ ဖြစ်၍၊ အသက်ရှင်ခြင်းမရှိကြချေ၊ မည်သည့်အချိန်၌ သူတို့ နိုးထရမည်ကို သတိမမူနိုင်ကြချေ။
၁၆း၂၂။ သင်တို့၏ ဘုရားရှင်မှာ ဧကောဒိ ဘုရားရှင် ဖြစ်၏၊ နောင်ဘ၀အားမယုံကြည်သော သူတို့မှာ၊ သူတို့၏ နှလုံးသားသည် မကြုံစဖူးမာန်မာနတက်နေ ကြ၏။
၁၆း၂၃။ ရာဇဝတ်မှုမပြုကြနှင့်၊ ဧကန်ပင် ပရမတ်ဘုရားရှင်သည် ကြိတ်ကြံစည် ရာများလူသိရှင်ကြားပြုရာများကို သိနေတော်မူ၏၊ အရှင်သည် မာန်မာနတက်နေ သူများကို နှစ်သက်တော်မမူပေ။
၁၆း၂၄။ သူတို့အား“သင်တို့၏ ကံကြမ္မာရှင်က ချမှတ်ပေးရာသည် မည်သည် နည်း၊”ဟု မေးမြန်းသော်၊ “ရှေးသရောအခါက ဒဏ္ဍာရီများသာ ဖြစ်၏၊”ဟု ဆိုကြ လတ္တံ့။
၁၆း၂၅။ ရပ်တည်ရမည်နေ့၌ သူတို့သည် သူတို့၏ ဝန်ထုပ် အပြည့်အဝနှင့် အသိပညာ မဲ့လျက် သူတို့က လမ်းလွဲစေခဲ့သော သူများ၏ ဝန်ထုပ် တစ်ချို့ကို သယ်ပိုးရလတ္တံ့၊ ထိုဝန်ထုပ်များသည် အကုသိုလ် ဖြစ်၏။
၁၆း၂၆။ သူတို့၏ ရှေ့အလျင် မျိုးဆက်သည်လည်းကြံစည်ခဲ့ကြပြီ၊ သို့သော် ပရမတ်ဘုရားရှင်သည် သူတို့အားဆိုက်ရောက်စေသည်မှာ သူတို့၏ အဆောက် အအုံအားအုတ်မြစ်မှပင် လှန်၍၊ သူတို့ထံသို့ အပေါ်မိုးသည် အပေါ်မှ ပြုတ်ကျ၏၊ ဝဋ်ကြွေးသည် မည်သည့် နေရာမှ ပေးရောက်လာမည်ကို သတိမမူနိုင်ကြချေ။
၁၆း၂၇။ တဖန် ရပ်တည်ရသော နေ့၌ သူတို့အားအရှက်ရစေလျက် “၎င်းတို့မှ သင်တို့ ဂိုဏ်းခွဲသူများဖြစ်သော ငါနှင့် ဖက်စပ်ခဲ့သူများအဘယ်မှာနည်း၊၊”ဟု မေးမြန်းသော်၊ အသိပညာ ချီးမြှင့်ခံရသောသူများက “ဤနေ့တွင် ဖုံးကွယ်သူတို့ အားအရှက်ရစေပြီ၊ အကုသိုလ်သင့်စေပြီ၊”ဟု ဆိုကြ၏။
၁၆း၂၈။ မိမိ စရိုက်များကိုမိမိ မိုက်ကြေးခွဲနေစဉ် နိမိတ်ဆောင်များက သူတို့ကို သက်တမ်းကုန်စေသော် “ကျွန်ုပ်တို့သည် ငြိမ်းချမ်းရေးကမ်းလှမ်း၏၊ အကုသိုလ် ကျင့်ကြံခဲ့ခြင်းမရှိပါ၊”ဟု ဆိုကြလတ္တံ့၊ အမှန်မှာ သင်တို့ ကျင့်ကြံလေ့ ရှိသမျှအားဧကန်ပင် ပရမတ်ဘုရားရှင်သည် သိနေသော အရှင် ဖြစ်၏။
၁၆း၂၉။ ထို့ကြောင့် ငရဲဘုံ၏ တံခါးများမှ ဝင်၍၊ ထို၌ အစဉ်ခံစားလာ့၊ သို့ဖြင့်- မာနတက် သူတို့အဘို့ အမင်္ဂလာ တည်းခိုရာ ဖြစ်စေ၏။
၁၆း၃၀။ စည်းစောင့်သော သူတို့အား“သင်တို့၏ ကံကြမ္မာရှင်က ချမှတ်ပေးရာသည် မည်သည်နည်း၊”ဟု မေးမြန်းသော်၊ “အကောင်းတရားပင်၊”ဟု ဖြေကြားကြ၏။ သုမင်္ဂလာပြုသော သူများအတွက် ဤလောကီ၌ တင့်တယ်ခြင်းရှိ၍၊ နောင်ဘ၀၏ ဘုံနန်းသည် သာလွန်ကောင်းပေ၏၊ စည်းစောင့်သူများ၏ ဘုံနန်းသည် ဂုဏ်ရှိလှ၏။
၁၆း၃၁။ သူတို့အားဝင်စေမည့် တည်မြဲခြင်းသုခဘုံများသည် အောက်ခင်း၌ စမ်းချောင်းရသွင် စီးဆင်းနေ၏၊ သူတို့၏ စံချိန်အလျောက် ထို၌ ရှိ၏၊ ဤသည် ပရမတ်ဘုရားရှင်က စည်းစောင့်သူများအားအစားပြန်ပေးခြင်းဖြစ်၏။
၁၆း၃၂။ သူတို့အားနိမိတ်ဆောင်တို့က ဘ၀ပြောင်းစေသော် စင်ကြယ်သူများအား“သင်တို့သည် ငြိမ်းချမ်းကြပါစေ၊ သင်တို့၏ ကျင့်ကြံလေ့ ရှိရာများကြောင့် သုခဘုံသို့ ဝင်ကြလော့၊”ဟု ဆိုလတ္တံ့။
၁၆း၃၃။ သူတို့ထံသို့ နိမိတ်ဆောင်များအားဆိုက်ရောက်လာမည်ကို စောင့် ကြည့် နေကြသလော၊ သို့မဟုတ် သင့်ကံကြမ္မာရှင်၏ ညွှန်ကြားချက်ကို ဆိုက် ရောက်စေရမည်လော၊ သူတို့မတိုင်မှီ ဖြစ်သူများလည်းဤသို့ ပြုလုပ်ခဲ့ပြီ။ ပရမတ်ဘုရားရှင်က သူတို့အားအမိုက်သင့်စေသည် မဟုတ် သူတို့၏စရိုက်ကိုသာ သူတို့ မိုက်ကြေးခွဲလေ့ရှိကြပြီ။
၁၆း၃၄။ ကျင့်ကြံခဲ့ရာ အကုသိုလ်များက သူတို့အားထိခိုက်စေပြီ၊ သူတို့၏ လှောင်ပြောင်လေ့ ရှိရာများက သူတို့အားပိတ်ဖုံးနေပြီ။
၁၆း၃၅။ ရောပြွန်းကိုးကွယ်သော သူများက “ပရမတ်ဘုရားရှင်၏ စံချိန် ပြည့်ခဲ့လျှင်၊ ကျွန်ုပ်တို့နှင့် ဘဘိုးတို့သည် အရှင် မှလွဲ၍ တစ်စုံတစ်ရာကိုမှ ကိုးကွယ်မည် မဟုတ်ချေ၊ အရှင် မှလွဲ၍ တစ်စုံတစ်ရာကိုမှလည်းတားမြစ်ခဲ့မည် မဟုတ်ချေ၊”ဟု ဆိုကြ၏၊ သူတို့မတိုင်မှီ ဖြစ်သူများလည်းဤအတိုင်းပြုလုပ်ခဲ့ပြီ။ ဉာဏ်စဉ်ဆောင်များ၏ ဝန်တာမှာ ရှင်းလင်းချက်များအား ဆိုက်ရောက်စေရန်သာ ဖြစ်၏။
၁၆း၃၆။ မုချဧကန် အသိုင်းအဝိုင်းကိုယ်စီ၌ ဉာဏ်စဉ်ဆောင် ပွင့်ပေါ်စေခဲ့၍၊ ပရမတ်ဘုရားရှင်အားကိုးကွယ်စေလျက် သူတို့အားမိစ္ဆာဒိဌိအဖြစ်မှ ကင်းသန့် စေခဲ့ပြီ၊ သူတို့အနက် သူ့ကိုယ်သူ လမ်းလွဲကို အမှန်ဟုဖြစ်သူ ရှိစဉ်၊ သူတို့ အနက် ပရမတ်ဘုရားရှင်က လမ်းညွှန်ခဲ့သူများရှိ၏၊ သို့ဖြစ်၍ ငြင်းဆန်သူများသည် နိဂုံးမည်သို့ ချုပ်ရသည်ကို ကမ္ဘာမြေအနှံ့ သွားလာ၍ ကြည့်ကြလော့။
၁၆း၃၇။ သူတို့အားဆန္ဒဇောဖြင့် လမ်းညွှန်လိုသော်လည်းပရမတ်ဘုရားရှင် က လမ်းမညွှန်လေလျှင် သူသည် လမ်းလွဲနေမည်ပင်၊ သူတို့အတွက် ကူညီနိုင်သူ မရှိချေ။
၁၆း၃၈။ ပရမတ်ဘုရားရှင်သည် သူသေများအားပြန်လည် နိုးထစေမည် မဟုတ်ဟု အင်တိုက်အားတိုက် အားသန်စွာဖြင့် ပရမတ်ဘုရားရှင်အားတိုင်တည် ကြ၏၊ အမှန်မှာ အရှင်၏ ကတိတော်သည် သစ္စာတရားဖြစ်၏၊ သို့သော် လူသားအများစုကြီးမှာကားသိကြသည် မဟုတ်ချေ။
၁၆း၃၉။ သဘောထားကွဲနေသည်များကို သူတို့ ရှင်းလင်းစေရန်၊ ဖုံးကွယ် သော သူများသည်လည်းသူတို့သည် လိမ်ညာသူများဖြစ်ကြောင်းကို သိနိုင်စေရန်-
၁၆း၄၀။ ဖြစ်လိုရာအားငါ၏ အဆိုအမိန့် “ဖြစ်၊”ဟု မိန့်ဆိုရုံမျှသာ၊ သို့ဖြင့် ဆင့်ကဲပြည့်စုံ ဖြစ်လာရမည်သာတည်း။
၁၆း၄၁။ မိုက်ကြေးခွဲခံရပြီးနောက် ပရမတ်ဘုရားရှင်၏ လမ်း၌ ပြောင်းရွေ့ခဲ့ ရသော သူတို့အတွက် လောကီဘ၀ကို တင့်တယ်စွာ နေရာချပေးတော်မူမည်၊ နောင်ဘ၀၏ အကျိုးဆုလဒ်သည် ပိုမိုကြီးကျယ်၏၊ သိကြပါလေစ။
၁၆း၄၂။ သည်းခံ၍ သူတို့၏ကံကြမ္မာရှင်၌ ကိုးစားကြသောသူများကြောင့် ဖြစ်၏။
၁၆း၄၃။ သင့် မတိုင်မှီက သူတို့ထံ အာရုံဖြစ်စေလျက် ငါ စေစားသူများမှာ လူသားစင်စစ်များသာ ဖြစ်၏၊ သင်တို့ အသိ မရှိကြလျှင် သတိပေးတရားတော် ရသူများကို မေးမြန်းလော့။
၁၆း၄၄။ ရှင်းလင်းချက်များ၊ ကျမ်းငယ်များအားဖြင့် သူတို့ ထံသို့ ချမှတ်ပေးရာအားသူတို့ စဉ်းစားသုံးသပ်အံ့ငှာ သတိပေးတရားတော်ကို သင့်အားငါ ချမှတ်ပေးပြီ။
၁၆း၄၅။ အကုသိုလ် ကြံစည်သော သူတို့အတွက် ပရမတ်ဘုရားရှင်သည် သူတို့ကို မြေကမ္ဘာ၏ မြိုချခြင်းမှ ဖြစ်စေ၊ မည်သည့် နေရာမှ ပေးရောက်လာ မည်ဟု သတိမမူနိုင်သော ဝဋ်ကြွေးမှ ဖြစ်စေ လုံခြုံပြီဟု ယုံကြည်နေကြသလော။
၁၆း၄၆။ သို့မဟုတ် သူတို့ ဦးလှည့်နေစဉ် သူတို့အားအရေးယူခြင်းကို ချိနဲ့စေနိုင်မည် မဟုတ်ချေ။
၁၆း၄၇။ သို့မဟုတ် သူတို့သည် ကြောက်ရွံ့စိုးရိမ်နေစဉ်တွင် အရေးယူခံရ နိုင်၏၊ သင်၏ကံကြမ္မာရှင်သည် ညှာတာသောအရှင် အကြင်နာရှင် ဖြစ်တော်မူ၏။
၁၆း၄၈။ ပရမတ်ဘုရားရှင်က ဖြစ်တည်စေသော အရာ အလုံးစုံကို သင် မမြင်နိုင်သလော၊ ၎င်းတို့သည် ဝပ်တွားနှိမ့်ချလျက် ၎င်းတို့၏ အရိပ်များဘယ်သို့၊ ညာသို့ ယိမ်းညွတ်လျက် ပရမတ်ဘုရားရှင်အားဦးချနေကြ၏။
၁၆း၄၉။ မိုးများအတွင်းမြေအတွင်းရှိသမျှ သတ္တဝါအပေါင်းနှင့် နိမိတ်ဆောင်တို့၏ ဦးချရိုကျိုးမှုသည် ပရမတ်ဘုရားရှင် အတွက်သာ ဖြစ်၏။ သူတို့သည် မာနတက်မနေကြချေ။
၁၆း၅၀။ သူတို့အပေါ်မှ ကံကြမ္မာရှင်အားကြောက်ရွံ့ရိုကျိုးကြ၏၊ သူတို့အားစီမံမိန့်ဆို ရာကို ပြုလုပ်ကြ၏။
၁၆း၅၁။ ပရမတ်ဘုရားရှင်က “ဘုရားနှစ်ဆူဟု အယူမထားကြနှင့်၊ အရှင် သည် တစ်ပါးတည်းသာ ဖြစ်၏၊ ငါ့ကိုသာ ကြောက်ရွံ့ရိုသေကြလော့၊”ဟု မိန့်တော် မူ၏။
၁၆း၅၂။ မိုးများနှင့် မြေကမ္ဘာတွင် ရှိသမျှသည် အရှင်၏ အချုပ်အခြာ၌ ရှိ၍၊ သာသနာ၏ အနှစ်သည် အရှင်၏ အချုပ်အခြာ၌ ရှိ၏၊ ထို့ကြောင့် ပရမတ် ဘုရားရှင်မှအပ စည်းစောင့် အားထားရာရှိသလော။
၁၆း၅၃။ သင်တို့အတွက် ဂုဏ်ပေးမှုသည် ပရမတ်ဘုရားရှင်၏ ထံမှ ဖြစ်ခဲ့ သော်လည်း၊ ထို့နောက် ဘေးဥပဒ် ထိသောအခါမှ အရှင့်ဘက်သို့ အသနားခံကြ သလော။
၁၆း၅၄။ တဖန် သင်တို့၏ ဥပဒ်ကို ဖယ်ပေးသည်နှင့် သင်တို့မှ တစ်ဖွဲ့သည် သူတို့၏ ကံကြမ္မာရှင်နှင့် ရောပြွန်းကိုးကွယ်ရာပြု၏။
၁၆း၅၅။ သူတို့အားငါ ပေးအပ် သည်ကို ဖုံးကွယ်ရန် အလို့ငှာ ဖြစ်၏၊ ထိုသို့- သာယာနေပါစေ၊ မကြာမှီ သိကြရ လတ္တံ့။
၁၆း၅၆။ ငါ ရိက္ခာထောက်ရာမှ သူတို့ မသိရာများကို စီစဉ်၍ ပင်ပန်းခံနေ ကြ၏။ ပရမတ်ဘုရားရှင်အားတိုင်တည်လျက်- သင်တို့၏ လုပ်ကြံဖန်တီးလေ့ ရှိရာများနှင့် စပ်လျဉ်း၍ မေးမြန်းစစ်ဆေးလိမ့်မည်။
၁၆း၅၇။ ပရမတ်ဘုရားရှင်၌ သမီးများရှိသည်ဟု စီစဉ်ကြ၏။ အရှင်သည် ဦးထိပ်ထားရာ ဖြစ်တော်မူ၏၊ ၎င်းမှာ သူတို့၏ အာသီသ ဖြစ်၍-
၁၆း၅၈။ သူတို့မှ တစ်စုံ တစ်ယောက်အားသမီးရတနာရကြောင်းသတင်းကောင်းပါးသော်၊ မျက်နှာ ကုပ်လျက် မဲသွား၏၊ သူသည် ယူကြုံးမရဖြစ်၏။
၁၆း၅၉။ ထိုသတင်းအားအကုသိုလ် ဟု၊ သူ့လူမျိုးထံမှ ပုန်းကွယ်နေ၏၊ ၎င်းအားနိမ့်ကျစွာ ထိန်းထားမည်လော သို့တည်းမဟုတ် မြေထဲတွင် မြှုပ်ပစ်မည်လော-၊ စီရင်ထုံးများသည် အကုသိုလ် သာ ဖြစ်၏။
၁၆း၆၀။ နောင်ဘ၀အားမယုံကြည်သော သူတို့၏ ပမာသည် အကုသိုလ် ဖြစ်၍၊ ပရမတ်ဘုရားရှင်၏ ပမာသည်ကားအထွဋ်အထိပ် ဖြစ်၏၊ အရှင်သည် ဘုန်းတော်အရှင်၊ ဓမ္မသတ်ရှင် ဖြစ်တော်မူ၏။
၁၆း၆၁။ လူသားတို့၏ မိုက်ကြေးခွဲမှု ကြောင့် ပရမတ်ဘုရားရှင်က အရေးယူခဲ့ပြီးဖြစ်လျှင်၊ ချန်ထားသော သတ္တဝါဟူ၍ မရှိပြီ၊ သို့သော် ၎င်းတို့အားသတ်မှတ် ကာလ အချိန်ထိ နောက်ဆုတ်ပေးနေ၏၊ သတ်မှတ်ကာလ ရောက်သော် တစ်နာရီမျှပင် နောက်မဆုတ်နိုင်၊ ရပ်မထားနိုင်ချေ။
၁၆း၆၂။ သူတို့မကြိုက်သော အရာများကို ပရမတ်ဘုရားရှင် အတွက်ဟု စီစဉ် ကြ၍၊ အတင့်တယ်ဆုံးများကို သူတို့အတွက် ဟု သူတို့၏နှတ်လျှာမှ လိမ်လည် တင်ပြကြ၏၊ ရာဇဝတ်မှု မပြုကြနှင့်၊ သူတို့အဘို့ အပူမီးသာ ရှိ၏၊ သူတို့သည် လက်လွတ်စပယ်ပြုသူများဖြစ်၏။
၁၆း၆၃။ ပရမတ်ဘုရားရှင်အားတိုင်တည်လျက်၊ သင့် ရှေ့အလျင် အသိုင်းအဝိုင်းများထံသို့လည်းငါ၏စေစားခြင်းကို ပြုခဲ့ပြီ။ သူတို့အားမကောင်းဆိုးဝါးက သူတို့၏ ကျင့်ကြံမှုများကို ဖမ်းစားခဲ့၏၊ ယနေ့၌ သူသည် သူတို့အတွက် မဟာမိတ် ဖြစ်၏၊ သူတို့အတွက် နာကျင်သော ဝဋ်ကြွေးသည် ရှိနေပြီ။
၁၆း၆၄။ သဘောထားကွဲ နေသည်များကို သူတို့ ရှင်းလင်းစေရန်၊ ယုံကြည် သော လူမျိုးအားလမ်းညွှန်ပေးရန်၊ ကရုဏာသက်ရန်သာ ငါသည် သင့်အားဤကျမ်းတော်ကို ချမှတ်ပေးပြီ။
၁၆း၆၅။ မြေကမ္ဘာအားသေပြီးနောက်မှ ရှင်လာစေရန် ကောင်းကင်ယံမှ ရေကို ပရမတ်ဘုရားရှင်သည် သွန်းချစေတော်မူ၏၊ ကြားနာနိုင်စွမ်းရှိသော လူမျိုးအတွက် ဤ၌ သက်သေလက္ခဏာ ရှိနေ၏။
၁၆း၆၆။ ဧကန်ပင်၊ ကပ္ပိယသတ္တဝါများ၌ သင်တို့အတွက် သင်္ခန်းစာတစ်ရပ် ရှိနေ၏၊ ၎င်း၏ ဝမ်းတွင်းအစာဟောင်းအိမ်နှင့် အသွေးကြားမှ သောက်သုံးသူတို့ ခံတွင်းတွေ့စေသော သောက်ရန် နို့ရည်သန့်ကို သင်တို့ အတွက် ရစေ၏။
၁၆း၆၇။ စွံပလွန် စပျစ်စသော သစ်သီး၀လံများမှ သင်တို့သည် မူးယစ်ရည် နှင့် တင့်တယ်သော ရိက္ခာများကို ရယူကြ၏၊ အတွေးအခေါ်ရှိသော လူမျိုးအတွက် ဤ၌ သုတ်ဒေသနာ တစ်ရပ် ရှိနေ၏။
၁၆း၆၈။ ထို့ပြင် သင့်ကံကြမ္မာရှင်သည် ပျားထံသို့ “တောင်များ၊ အဆောက် အအုံများ၊ သစ်ပင်များ၌ အိမ်များအထပ်ထပ် တည်ကြလော့၊
၁၆း၆၉။ ထို့နောက် သစ်သီး၀လံမျိုးစုံမှ စားသုံးလော့၊ သင့်ကံကြမ္မာရှင်၏ လမ်းစဉ်ပေါ်၌ ထဲထဲဝင်ဝင် နှိမ့်ချကြလော့”ဟု အာရုံဖြစ်စေ၏။ သူတို့၏ ဝမ်းတွင်းမှ အရောင်များကွဲပြားလျက် သောက်သုံးရန် ထုတ်ပေး၏၊ ထို၌ လူသားတို့အတွက် ဆေးကောင်းတလက် ဖြစ်စေ၏၊ ဧကန်ပင် စဉ်းစားသုံးသပ်သော လူမျိုးအတွက် ဤ၌ သက်သေ လက္ခဏာ ရှိနေ၏။
၁၆း၇၀။ ပရမတ်ဘုရားရှင်သည် သင်တို့အားဖြစ်တည်စေ၏၊ ထို့နောက် သက်တမ်းကုန်စေ၏၊ သင်တို့အထဲမှ ဘ၀သံသရာ နောက်ပြန်လျက် သိခဲ့ပြီးနောက် တစ်စုံတစ်ရာမျှ မသိနိုင်တော့သည်ထိ ဖြစ်သူလည်းရှိစေ၏။ ဧကန်ပင် ပရမတ်ဘုရားရှင်သည် သိနေသော အရှင် စည်းချိန်ချမှတ်သော အရှင် ဖြစ်တော် မူ၏။
၁၆း၇၁။ ပရမတ်ဘုရားရှင်သည် သင်တို့မှ အချို့ကို အချို့ထက် ရိက္ခာထောက် သိက္ခာပေးခဲ့၏၊ ထို သိက္ခာပေးခံရသော သူများသည် ရိက္ခာများကို သူတို့၏ လက် အောက် ဩဇာခံများနှင့် တူညီစွာခံစားလိုခြင်းမရှိချေ၊ ပရမတ်ဘုရားရှင်၏ ဂုဏ် ပေးမှုကို ပယ်ပစ်ကြသလော။
၁၆း၇၂။ ပရမတ်ဘုရားရှင်သည် သင်တို့၏ စရိုက်တူထဲမှပင် စုဖွဲ့ဖေါ်ကို စီစဉ် ပေးတော်မူပြီ၊ သင်တို့၏ အိမ်ထောင်ဘက်များမှ သင်တို့အတွက် သားသမီး၊ မြေးမြစ်များကို စီစဉ်ပေးတော်မူ၍၊ သင်တို့အတွက် စင်ကြယ်များမှ ရိက္ခာထောက် ၏၊ ပရမတ်ဘုရားရှင်၏ ဂုဏ်ပေးမှုကို ဖုံးကွယ်လျက် အမှားတရားကို ယုံကြည် ကြမည်လော။
၁၆း၇၃။ သို့ပါလျက် ပရမတ်ဘုရားရှင် မှလွဲ၍ မိုးများနှင့် မြေကမ္ဘာမှ သူတို့ အတွက် ရိက္ခာထောက်ခွင့် ဩဇာအာဏာ တစ်စုံတစ်ရာမရှိ၊ တတ်နိုင်ခြင်းမရှိသော အရာတို့အားကိုးကွယ်နေကြ၏။
၁၆း၇၄။ ပရမတ်ဘုရားရှင်အားပမာတူ ဥပမာ မပြုကြနှင့်၊ ပရမတ်ဘုရားရှင် သည် သင်တို့ မသိသည်ကို ဧကန် သိနေတော်မူ၏။
၁၆း၇၅။ တစ်စုံတစ်ရာမျှ စည်းကြပ်မတ်နိုင်ခွင့် မရှိသော လက်အောက် ဝန်ထမ်းနှင့်- ငါအရှင်က ရိက္ခာဖြင့် တင့်တယ်စွာ ရိက္ခာထောက်သောကြောင့် လက်တွင်းကြိတ်၍၊ ကျယ်လောင်စွာဖွင့်ဟ၍၊ ပေးကမ်းသုံးစွဲသူ ထိုသူတို့ ပမာတူ ဖြစ်ကြသလော ဟု ပရမတ်ဘုရားရှင်က ဥပမာပေး၏။ ရည်သန်စူးစိုက်မှုတည်ရာ သည် ပရမတ်ဘုရားရှင်၌ ဖြစ်၏။ အမှန်မှာ သူတို့မှ အများစုသည် သိကြသည် မဟုတ်ချေ။
၁၆း၇၆။ ပရမတ်ဘုရားရှင်သည် လူနှစ်ဦးကို ဥပမာပေး၏၊ တစ်ဦးသည် အ’သူ- တစ်စုံတစ်ရာကိုမှ စည်းမကြပ်မတ်နိုင်ဘဲ မဟာမိတ်ထံ၌ အလုံးစုံ မှီခို နေရ၏၊ မည်သည်ကို မျက်နှာလွှဲသည် ဖြစ်စေ အကောင်းကို ပြန်မပေးနိုင်သော ထိုသူသည် တန်းတူညီမျှ ညွှန်ကြားလျက် မြဲမြံသော ဝါဒ၌ ရှိသူ ကဲ့သို့ ဖြစ် သလော။
၁၆း၇၇။ မိုးများနှင့် မြေကမ္ဘာတွင်းစက္ခုလွန်များသည် ပရမတ်ဘုရားရှင်၏ အချုပ်အခြာ၌ ရှိ၏။ အချိန်နာရီစေ့ရောက်မည့် ညွှန်ကြားချက်သည် အမြင် တစ်ဝှေ့ သို့မဟုတ် ထို့ထက် ပို၍ နီးကပ်၏၊ ဧကန်ပင် ပရမတ်ဘုရားရှင်သည် သဗ္ဗလုံးစုံအားစည်းချိန်ချမှတ်တော်မူ၏။
၁၆း၇၈။ ပရမတ်ဘုရားရှင်သည် သင်တို့အားသင်တို့မိခင်များ၏ ဝမ်းကြာ တိုက်မှ တစ်စုံတစ်ရာ မသိသော ဘ၀ဖြင့် ထုတ်ယူတော်မူ၏၊ ထို့နောက် သင်တို့ ကျေးဇူးသိတတ်အံ့ငှာ အကြား- အမြင်- စိတ်နှလုံးများကို စီစဉ်ပေးတော်မူ၏။
၁၆း၇၉။ ကောင်းကင် ဟင်းလင်းပြင်တွင် ပျက်ရယ်ပြုနိုင်သော ငှက်များကို သင်တို့ မမြင်မိသလော၊ ၎င်းတို့အားပရမတ်ဘုရားရှင်သည်သာ ထိုသို့ ထိန်းထားစေနိုင်၏၊ ယုံကြည်သော လူမျိုးအတွက် ဤ၌ သက်သေလက္ခာဏာ ရှိနေ၏။
၁၆း၈၀။ ပရမတ်ဘုရားရှင်သည် သင်တို့ အတွက် အခြေချရန် အိမ်များကို စီစဉ်ပေး၍၊ သင်တို့ ခရီးသွားနေ့၊ ရပ်နားနေ့များအတွက် ပေါ့ပါးလွတ်လပ်စွာ အသုံးပြုရန် တိရိစ္ဆာန်သားရေဖြင့် တဲအိမ်များကို စီစဉ်ပေးတော်မူ၏၊ ၎င်းတို့၏ အမွေးနု၊ အမွေးညှင်း၊ အမွေးအမျှင်များကို အသုံးအဆောင်ပြု၍ ကာလတစ်ခုထိ ချမ်းမြေ့စေတော်မူ၏။
၁၆း၈၁။ ဖြစ်တည်ပေးထားရာများမှ သင်တို့ အရိပ်ရစေရန် ပရမတ်ဘုရားရှင် က စီစဉ်ပေးသည်လည်းရှိ၏။ သင်တို့အတွက် တောတောင်အတွင်းအကာ အကွယ်များကို စီစဉ်ပေး၏၊ အပူမှ ခံနိုင်ရည်ရှိရန် အဝတ်အထည်များ၊ အတိုက် အခိုက်များ၌ သင်တို့အတွက် ကာကွယ်ရန် အဝတ်အထည်များကို စီစဉ်ပေးတော် မူ၏၊ သင်တို့သည် ငြိမ်းချမ်းရေးပြုအံ့ သောငှာ သင်တို့ အပေါ်၌ ဤသို့ ဂုဏ်ပေးခြင်းကို ပြည့်စုံစေ၏။
၁၆း၈၂။ သူတို့ လှည့်သွားကြလျှင်လည်းသင်၏ ဝန်တာမှာ ဓမ္မကို ဆိုက်ရောက်စေရန်သာ ဖြစ်၏။
၁၆း၈၃။ သူတို့သည် ပရမတ်ဘုရားရှင်၏ ဂုဏ်ပေးမှုကို အသိအမှတ်ပြုသော် လည်းတဖန် ၎င်းကို အကျွမ်းမဝင်လိုကြပေ၊ သူတို့မှ အများစုသည် ဖုံးကွယ်သူ များပင် ဖြစ်ကြ၏။
၁၆း၈၄။ အသိုင်းအဝိုင်းကိုယ်စီမှ သက်သေတော်များကို ပေါ်ပေါက်စေသော နေ့ကာလ၌၊ ဖုံးကွယ်သော သူများသည် ခွင့်ပြုချက်မရှိ အယူခံခွင့် ရှိသူများလည်းမဟုတ်ချေ။
၁၆း၈၅။ မိုက်ကြေးခွဲသော သူတို့သည် ဝဋ်ဒုက္ခကို မြင်တွေ့ရသောအခါ၊ သူတို့နှင့် စပ်လျဉ်း၍ ပေါ့ပါးစေမည် မဟုတ်၊ သူတို့သည် စောင့်ကြည့်နေခွင့်လည်းမရှိတော့ပြီ။
၁၆း၈၆။ ရောပြွန်းကိုးကွယ်သော သူများက သူတို့ ရောပြွန်းကိုးကွယ်ခဲ့ရာများကို မြင်တွေ့သောအခါ “အို- ကံကြမ္မာရှင် တပည့်တော်တို့သည် အရှင် မှလွဲ၍ ရောပြွန်းကိုးကွယ် ဆုတောင်းလေ့ ရှိခဲ့သောသူတို့မှာ သူတို့ပင် ဖြစ်၏၊”ဟု ဆိုသော်၊ ၎င်းတို့က သူတို့အား“သင်တို့သည် လိမ်ညာ ပြောဆိုသူများသာ ဖြစ်၏၊”ဟု ရင်ဆိုင် ပြန်ပြောကြလတ္တံ့။
၁၆း၈၇။ ထိုနေ့ကာလ၌ သူတို့သည် ပရမတ်ဘုရားရှင် အတွက်သာ ငြိမ်းချမ်းရေးကမ်းလှမ်းကြ၏၊ သူတို့ လုပ်ကြံဖန်တီးလေ့ ရှိခဲ့ရာများသည် သူတို့ထံမှ လွှဲဖယ်သွားလေပြီ။
၁၆း၈၈။ ဖုံးကွယ်လျက် ပရမတ်ဘုရားရှင်၏ လမ်းစဉ်တော်မှ ဖယ်ခိုင်းသော သူတို့သည် သူတို့၏ အဖျက်လုပ်လေ့ ရှိသောကြောင့် ဝဋ်ဒဏ် အပေါ် ဝဋ်ဒဏ် တိုးပွားစေ၏။
၁၆း၈၉။ အသိုင်းအဝိုင်းကိုယ်စီမှ သက်သေများကို သူတို့၏ စရိုက်တူများအတွက် ရောက်လာစေသော နေ့ကာလ၌၊ သင့်ကိုလည်းထိုသူများအပေါ်၌ သက်သေ ဖြစ်စေပြီ။ သဗ္ဗလုံးစုံအားရှင်းလင်းချက်၊ လမ်းညွှန်ချက်၊ ကရုဏာနှင့် ငြိမ်းချမ်းရေးဝါဒီများအတွက် သတင်းကောင်းအဖြစ် ဤကျမ်းတော်ကို သင့်ထံ၌ ချမှတ်ပေးပြီ။
၁၆း၉၀။ ဧကန်ပင် ပရမတ်ဘုရားရှင်သည် တန်းတူညီမျှဖြစ်ရန်၊ တင့်တယ်စွာ ပြုမူရန်၊ နီးစပ်သူများကို ပေးကမ်းဝေငှရန် ညွှန်ကြားတော်မူ၏၊ သူစိမ်းဆန်မှု၊ ကိုယ်ကျင့်ပျက်မှု၊ အပြစ်ရှာမှုကို ဟန့်တားတော်မူ၏၊ သင်တို့ ဆင်ခြင်သတိ ရှိနိုင်အံ့ငှာ ဩဝါဒများဖြစ်၏။
၁၆း၉၁။ သင်တို့သည် ပဋိညာဉ်ပြုသောအခါ၊ ပရမတ် ဘုရားရှင်၏ ပဋိညာဉ်ကို ပြီးပြည့်စေလော့၊ သေချာစေပြီးမှ ချိုးဖောက်မှုကို အားမသန်ကြရန် သင်တို့ကိုယ်သင်တို့ စီစဉ်ကြလော့၊ ပရမတ်ဘုရားရှင်သည် သင်တို့အအားထိန်းကျောင်းသူ ဖြစ်၏။ ဧကန်ပင် ပရမတ်ဘုရားရှင်သည် ပြုလုပ်သမျှကို သိနေတော်မူပေ၏။
၁၆း၉၂။ ချည်ကြိုးကို စွမ်းရန်လုပ်ပြီးနောက် အမျှင်ဖတ်ထုတ်သည့် ကြိုးလွန်းဖျက်သော သူမကဲ့သို့ မဖြစ်ကြနှင့်၊ သင်တို့ချင်းကြားအသိုင်းအဝိုင်းတစ်ခုက အသိုင်းအဝိုင်းတစ်ခုကို ဝင်ရောက် မောင်ပိုင်စီးရန် အယူ သန်နေကြ၏၊ ပရမတ် ဘုရားရှင်သည် ဤအမှုဖြင့် သင်တို့အားစစ်ဆေးတော်မူမည်၊ ထို၌ သင်တို့၏ ကွဲလွဲငြင်းခုံလေ့ ရှိရာများကို ရပ်တည်ရသော နေ့၌ သင်တို့အတွက် ရှင်းလင်းထင်ရှားစေမည်ပင်။
၁၆း၉၃။ ပရမတ်ဘုရားရှင်၏ စံချိန်ပြည့်ခဲ့လျှင် သင်တို့ကို အသိုင်းအဝိုင်းတစ်ခုတည်းအဖြစ် စီစဉ်ပြီးလတ္တံ့၊ သို့ရာတွင် စံချိန်ပြည့်သူအလျောက် လမ်းလွဲ စေ၍၊ စံချိန်ပြည့်သူအလျောက် လမ်းညွှန်ရစေ၏၊ သင်တို့ ကျင့်ကြံလေ့ ရှိခဲ့သမျှကို မေးမြန်းစစ်ဆေးခံရလတ္တံ့။
၁၆း၉၄။ သင်တို့ချင်းကြားဝင်ရောက်စွပ်ဖက်ရန် အယူ မသန်ကြနှင့်၊ ယင်းသည် စုံရပ်ခံမှု ခိုင်မာစေပြီးနောက်မှ ချော်ထွက်စေ၏၊ ပရမတ်ဘုရားရှင်၏ လမ်းစဉ်မှ ဖယ်ခိုင်းမှုကြောင့် အကုသိုလ်ကို မြည်းစမ်းရလိမ့်မည်၊ သင်တို့အတွက် မဟာ ဝဋ်ကြွေးကြီးရှိနေပြီ။
၁၆း၉၅။ ပရမတ်ဘုရားရှင်နှင့် ရှိသော ပဋိညာဉ်အားတန်ဘိုးချ မရောင်းစားကြနှင့်၊ ဧကန်ပင် ပရမတ်ဘုရားရှင်၏ ထံတော်၌ ရှိသောအရာသည် သင်တို့ အတွက် ပို၍ ကောင်း၏၊ သင်တို့ သိကြပါလေစ။
၁၆း၉၆။ သင်တို့ထံ၌ ရှိရာသည် တခဏ၊ ပရမတ်ဘုရားရှင်၏ ထံတော်၌ ရှိရာသည်သာ ထာ၀ရ ဖြစ်၏၊ သည်းခံမှုကြီးသော သူများအားသူတို့၏ ကျင့်ကြံ လေ့ ရှိရာများကြောင့် တင့်တယ်သော ဆုလဒ်ဖြင့် အစားပေးတော်မူမည်ပင်။
၁၆း၉၇။ ယုံကြည်လျက် ပြုပြင်ပြောင်းလဲမှု ကျင့်ကြံသူ အမျိုးသား၊ အမျိုးသမီးမဟူ၊ သူ့အားစင်ကြယ်သော ဘ၀ကို ချီးမြှင့်တော်မူမည်၊ သူတို့၏ ကျင့်ကြံလေ့ ရှိရာများကြောင့် တင့်တယ်သော ဆုလဒ်ဖြင့် အစားပေးတော်မူမည်ပင်။
၁၆း၉၈။ ကုရ်အာန်အားရွတ်ဖတ်သောအခါ၊ ပစ်ထုတ်ခံ မကောင်းဆိုးဝါးမှ ကင်းရန် ပရမတ်ဘုရားရှင်၌ ခိုလှုံလော့။
၁၆း၉၉။ ဧကန်ပင်၊ ကံကြမ္မာရှင်အားယုံကြည် လျက် ကိုးစားသောသူတို့ အပေါ်၌ မကောင်းဆိုးဝါးသည် လုပ်ပိုင်ခွင့် မရှိချေ။
၁၆း၁၀၀။ သူ့ဘက်သို့ လှည့်သောသူများနှင့် သူ့အားရောပြွန်းကိုးကွယ်ကြသော သူတို့ အပေါ်၌သာ ဩဇာညောင်းနိုင်၏။
၁၆း၁၀၁။ သုတ်ဒေသနာတစ်ပါးနေရာတွင် သုတ်တော်တစ်ပါးကို လွှဲပြောင်းသောအခါ၊ ပရမတ်ဘုရားရှင်သည် ချမှတ်ပေးခဲ့သည်ကို အသိဆုံးဖြစ်တော်မူ၏၊ သူတို့က “သင်သည် လုပ်ကြံဖန်တီးသူ ဖြစ်၏၊”ဟု ဆိုကြ၏၊ အမှန်မှာ သူတို့မှ အများစုသည် သိကြသည် မဟုတ်ချေ။
၁၆း၁၀၂။“ယုံကြည်သော သူတို့အားရပ်တည်မှု ခိုင်မာစေရန်၊ ငြိမ်းချမ်းရေးဝါဒီများအတွက် လမ်းညွှန်နှင့် သတင်းကောင်းဖြစ်ရန် ၎င်းကို သင်၏ကံကြမ္မာရှင်ထံမှ မြတ်သော ဉာဏ်စဉ်က မှန်ကန်စွာ ချမှတ်ပေးခြင်းပင်၊”ဟု ဟောလော့။
၁၆း၁၀၃။“လူပုဂ္ဂိုလ်တစ်ဦးက သူ့အားသင်ပေးနေသည်၊”ဟု ပြောစကားများကို ငါ သိနေ၏၊ သူတို့ လှီးလွှဲ ပြောလိုသူ၏ ဘာသာစကားမှာ လူမျိုးခြားဖြစ်၍၊ ဤသည် ရှင်းလင်းထင်ရှားသော အာရ်ဗီ ဘာသာစကားဖြစ်၏။
၁၆း၁၀၄။ ဧကန်ပင် ပရမတ်ဘုရားရှင်၏ သုတ်ဒေသနာများကို မယုံကြည်သော သူတို့၊ ထိုသူတို့အားပရမတ်ဘုရားရှင်က လမ်းညွှန်မည် မဟုတ် သူတို့အဘို့ စူးနစ်သော ဝဋ်ကြွေးသည် ရှိနေ၏။
၁၆း၁၀၅။ လိမ်ညာ လုပ်ကြံဖန်တီးသူများသည်သာ ပရမတ်ဘုရားရှင်၏ သုတ်ဒေသနာများကို မယုံကြည်သောသူတို့ ဖြစ်၏၊ ထိုသူများသည် လိမ်ညာသူ များဖြစ်ကြ၏။
၁၆း၁၀၆။ နှလုံးသား၌ ယုံကြည်ခြင်းကို ဘဝင်ကျပြီးနောက် အဓမ္မနှိပ်ကွပ်ခံရ သူမှ အပ၊ သက်ဝင်ယုံကြည်ပြီးမှ ပရမတ်ဘုရားရှင်နှင့် စပ်လျဉ်း၍ ဖုံးကွယ်သူ၊ သူ၏ ရင်အားဖုံးကွယ်ခြင်းအတွက် လမ်းဖွင့်ထားသူ ထိုသူတို့အားပရမတ် ဘုရားရှင်၏ ထံမှ ကံကြီးသင့်မှုသက်စေ၏၊ သူတို့အတွက် မဟာဝဋ်ကြွေးကြီးရှိနေပြီ။
၁၆း၁၀၇။ ၎င်းမှာ သူတို့သည် ဤလောကီဘ၀ကို နောင်ဘ၀ထက် ချစ်ခင်စုံမက် သောကြောင့် ဖြစ်၏၊ ဧကန်ပင် ပရမတ်ဘုရားရှင်သည် ဖုံးကွယ်သော လူမျိုးအားလမ်းညွှန်တော် မမူချေ။
၁၆း၁၀၈။ ထိုသူများသည် သူတို့၏ နှလုံးသားများ၊ အကြား၊ အမြင်များအားပရမတ်ဘုရားရှင်က တံဆိပ်ထုထားသောသူတို့ ဖြစ်၏။ ထိုသူတို့သည်ကားမေ့လျော့နေသူများဖြစ်ကြ၏။
၁၆း၁၀၉။ ရာဇဝတ်မှုမပြုကြနှင့်၊ သူတို့သည် နောင်ဘ၀၌ ဆုံးရှုံးရသူတို့ ဖြစ်ကြ၏။
၁၆း၁၁၀။သွေးတိုးစမ်းခံရပြီးနောက် ပြောင်းရွှေ့သွားရသောသူများ၊ အားစိုက် ဆောင်ရွက်ရသူများ၊ သည်းခံပါရမီကြီးသူများအတွက် သင်၏ကံကြမ္မာရှင်သည် ဧကန် ရှိ၏၊ ဧကန်ပင် သင်၏ကံကြမ္မာရှင်သည် ထိုဖြစ်ရပ်များနောက် လွတ်ငြိမ်းစေသော အရှင် အကြင်နာရှင် ဖြစ်တော်မူပေ၏။
၁၆း၁၁၁။ ပြန်ပေးအပ်သော နေ့ကာလ၌ ဉာဉ်စရိုက်တိုင်းသည် သူ့အကျင့် စရိုက် အလျောက် ထုချေရမည်ပင်၊ ဉာဉ်စရိုက်တိုင်းအားကျင့်ကြံခဲ့ရာကို ပြန်ပြည့် စေလတ္တံ့၊ သူတို့အားအဝိဇ္ဇာသင့်စေမည် မဟုတ်ချေ။
၁၆း၁၁၂။ ပရမတ်ဘုရားရှင်က ပမာပေးသော ဥပမာတစ်ခုမှာ အဘက်ဘက်မှ ရိက္ခာများပေါပေါသီသီ စုရောက်လာသော ယုံကြည်စိတ်ချ ငြိမ်းအေးသည့် အရပ် တစ်ခု ရှိ၏၊ သို့သော် ၎င်းတို့သည် ပရမတ်ဘုရားရှင်၏ ဂုဏ်ပေးမှုကို ဖုံးကွယ် ကြ၏၊ သို့ဖြင့် သူတို့၏ တည်ဆောက်လေ့ ရှိရာများကြောင့် ပရမတ်ဘုရားရှင်က ငတ်မွတ်မှု၊ စိုးရိမ်ကြောက်လန့်ရမှု အဆင်အယင်ကို သူတို့အားမြည်းစမ်းစေတော် မူ၏။
၁၆း၁၁၃။ သူတို့အတွက် ဉာဏ်စဉ်ဆောင်တစ်ပါးကို သူတို့အထဲမှပင် ရောက် လာစေပြီ၊ သူ့အားငြင်းဆန်ကြ၏၊ သို့ဖြစ်၍၊ ထို အမိုက်ကောင်များကို ဝဋ်ဒဏ်ဖြင့် အရေးယူလိုက်လေပြီ။
၁၆း၁၁၄။ ပရမတ်ဘုရားရှင် ရိက္ခာပေးရာမှ စင်ကြယ်ရာများကို တရားဝင် စားသုံးကြလော့၊ သင်တို့သည် အရှင့်ကိုသာ ကိုးကွယ်ကြလျှင် ပရမတ်ဘုရားရှင်၏ ဂုဏ်ပေးမှုကို ကျေးဇူးတင်ကြလော့။
၁၆း၁၁၅။ သင်တို့အားတားမြစ်ထားသည်မှာ၊ အသေကောင်၊ သွေး၊ ဝက်သား၊ ပရမတ်ဘုရားရှင် မှအပ အခြားကို တိုင်တည် လှီးသတ်ရာတို့ ဖြစ်၏၊ အပြစ်မသင့်လို စည်းမဖေါက်လိုဘဲ တွန်းပို့ခံရသူ အတွက်၊ ဧကန်ပင် ပရမတ်ဘုရားရှင်သည် လွတ်ငြိမ်းစေသော အရှင် အကြင်နာရှင် ဖြစ် တော်မူ၏။
၁၆း၁၁၆။ ပရမတ်ဘုရားရှင်နှင့် စပ်လျဉ်း၍ လိမ်ညာလျက် “ဤသည်ကားတရားဝင်၏၊ ဤသည်ကားတားမြစ်ထား၏၊”ဟု လုပ်ကြံဖန်တီးရန် သင်တို့၏ နှတ်လျှာမှ လိမ်ညာ ပြောဆို၍ မတင်ပြနှင့်၊ ပရမတ်ဘုရားရှင်နှင့် စပ်လျဉ်း၍ လိမ် ညာ လုပ်ကြံဖန်တီးသော သူတို့သည် အောင်မြင်ပေါက်မြောက်မည် မဟုတ်ချေ။
၁၆း၁၁၇။ အနည်းငယ် ပျော်ပါးခွင့်သာ ရှိ၏၊ သို့သော် သူတို့အတွက် နာကျင်သော ဝဋ်ကြွေးသည် ရှိနေ၏။
၁၆း၁၁၈။ သင့်ထံ ဖေါ်ပြသည်များကို ရှေ့အလျင်ကပင် ရေ၀တီဖြစ်သူတို့ အပေါ်၌လည်းတားမြစ်ပြီးဖြစ်၏၊ ငါသည် သူတို့အားအဝိဇ္ဇာသင့်စေသည် မဟုတ်၊ သို့ရာတွင် သူတို့၏ စရိုက်ကို သူတို့ကသာ မိုက်ကြေးခွဲလေ့ရှိကြ၏။
၁၆း၁၁၉။ ပညာမဲ့စွာဖြင့် အကုသိုလ်မှုကို ကျင့်ကြံမိ၍ ဤနောက်တွင် ကံကြမ္မာရှင်ထံ၌ ခဝါချလျက် ထို့နောက် ပြုပြင်ပြောင်းလဲကြ သူတို့အတွက် သင့်ကံကြမ္မာရှင်သည် လွတ်ငြိမ်းစေသော အရှင် အကြင်နာရှင် ဖြစ်တော်မူ၏။
၁၆း၁၂၀။ ဧကန်ပင် အီဗရာဟီးမ်သည် ရှေ့ဆောင်ရှေ့ရပ် ဖြစ်၏၊ သူသည် ပရမတ်ဘုရားရှင်အားအယူသန့်စွာ နာခံ၏၊ သူသည် ရောပြွန်းကိုးကွယ်သူများမှ မဟုတ်ချေ။
၁၆း၁၂၁။ သူသည် အရှင်၏ ဂုဏ်ပေးမှုကို ကျေးဇူးသိ၍၊ သူ့အားရွေးချယ်၍ မြဲမြံသော ဝါဒလမ်းစဉ်သို့ လမ်းညွှန်တော်မူ၏။
၁၆း၁၂၂။ သူ့အားပစ္စုပ္ပန်၌ တင့်တယ်စေ ခြင်းနှင့် အနာဂါတ်၌ ပြုပြင်ပြောင်းလဲသူတို့မှ ဖြစ်ရန် ချီးမြှင့်တော်မူ၏။
၁၆း၁၂၃။ ထို့နောက် သင့်ထံ အာရုံဈာန်ဖြစ်စေသည်မှာ အယူသန့်သော အီဗရာဟီးမ်၏ ကျင့်စဉ်အတိုင်းလိုက်လော့၊ သူသည် ရောပြွန်းကိုးကွယ်သူများမှ မဟုတ်ချေ။
၁၆း၁၂၄။ သတင်းဥပုသ်ကို၊ ထို၌ ကွဲလွဲကြသော သူတို့ အဘို့သာ စီစဉ်ခဲ့၏၊ ထို၌ သူတို့၏ ကွဲလွဲလေ့ရှိသည်များကို ရပ်တည်ရသော နေ့ကာလတွင် သူ့တို့ အကြား၌ သင့်ကံကြမ္မာရှင်က စီရင်ထုံးချပေးလိမ့်မည်။
၁၆း၁၂၅။ သင့်ကံကြမ္မာ၏ လမ်းစဉ်တော်သို့ အရှင်၏ ဓမ္မသတ်နှင့်အညီ တင့်တယ်စွာ ဩဝါဒပေးဖိတ်ခေါ်လော့၊ အချေအတင် ဖြစ်လျှင် ထို၌ အတင့်တယ် ဆုံးပြုမူလော့၊ မည်သူသည် အရှင်၏ လမ်းစဉ်တော်မှ လွဲဖယ်ကြောင်းသင့် ကံကြမ္မာရှင်သည် အသိဆုံးဖြစ်တော်မူ၏၊ လမ်းညွှန်ခံရသူများကိုလည်းအရှင် သည် အသိဆုံးဖြစ်တော်မူ၏။
၁၆း၁၂၆။ သင်တို့သည် ချုပ်ကိုင်လိုလျှင် သင်တို့အားချုပ်ကိုင်ခဲ့ သကဲ့သို့သာ ချုပ်ကိုင်ကြလော့၊ သို့သော် သင်တို့သည် သည်းခံပေးလိုက်လျှင် သည်းခံနိုင်သူ သည် ပို၍ကောင်း၏။
၁၆း၁၂၇။ သည်းခံကြလော့၊ ပရမတ်ဘုရားရှင်ကြောင့်သာလျှင် သည်းခံပါရမီကို ဖြစ်စေ၏၊ သူတို့ကြောင့် စိတ်မပူနှင့်၊ သူတို့၏ ကြံစည်မှုကြောင့် လည်းသင် စိတ်မကျပ်တည်းနှင့်။
၁၆း၁၂၈။ ဧကန်ပင် ပရမတ်ဘုရားရှင်သည် စည်းစောင့်သော သူများ၊ သုမင်္ဂလာပြုသော သူများနှင့် အတူရှိတော်မူ၏။
ဓမ္မခန္ဓာ (၁၆) ဤတွင် ပြီး၏။
ဓမ္မခန္ဓာ (၁၇) ဂျူးလူမျိုးများ
ဉာဏ်စဉ်ကိန်းဝပ်ပေးမှု အမှတ်စဉ် ၅၀၊ သုတ်ဒေသနာ ၁၁၁ ပါး။
ကရုဏာရှင် အကြင်နာရှင် ဖြစ်တော်မူသော ပရမတ်ဘုရားရှင်၏ ဂုဏ်တော်အားဖြင့်-
၁၇း၁။ ဦးထိပ်ထားအပ်သော အရှင်သည် အရှင်၏ အမှုတော်ဆောင်အားညတစ်ည၌ အရှင်၏ သုတ်ဒေသနာများကို မြင်တွေ့စေရန် ဘေးမဲ့ဝတ်ကျောင်းတော်မှ ကျက်သရေမင်္ဂလာ ဝန်းရံခသည့် အဝေး၌ရှိသော ဝတ်ကျောင်းတော်သို့ ခရီးနှင်စေ၏။ ဧကန်ပင် အရှင်သည် ကြားနေသောအရှင် မြင်နေသောအရှင် ဖြစ် တော်မူ၏။
၁၇း၂။ ငါသည် မူဆာအားကျမ်းတော်တစ်ပါးကို ချီးမြှင့်ခဲ့၏၊ ၎င်းကို ဂျူးလူမျိုးတို့ အတွက် “ငါ မှလွဲ၍ အခြားကိုးစားသူကို အယူမထားကြနှင့်၊”ဟု လမ်းညွှန်အဖြစ် စီစဉ်တော်မူ၏။
၁၇း၃။ သူတို့သည် နူးဟ်နှင့်အတူ ငါ သယ်ဆောင်လာ သူများ၏ သားစဉ်မြေးဆက် ဖြစ်၏၊ သူသည် ကျေးဇူးသိတတ်သော အမှုတော် ဆောင် ဖြစ်၏။
၁၇း၄။ ကျမ်းတော်တွင် ဂျူးလူမျိုးတို့အားငါ ဆုံးဖြတ်သည်မှာ “သင်တို့သည် မြေကမ္ဘာ၌ အဖျက် နှစ်ကြိမ် လုပ်ကြလတ္တံ့၊ အကြီးအကျယ် အထွဋ်အထိပ် ကိန်းကြီးခန်းကြီးဖြစ်ကြလတ္တံ့၊”ဟု ဖြစ်၏။
၁၇း၅။ ထိုနှစ်ခုအနက် ရှေးကတိတစ်ခု ရောက်လာ သောအခါ၊ ပြင်းထန်စွာ တိုက်ခိုက်နိုင်စွမ်းရှိသော ငါ၏ အမှုတော် ဆောင်များကို သင်တို့ထက် နိုးကြွစေ၍၊ သင်တို့၏ အိမ်များအတွင်းစီးနင်းစေ၏၊ ငါသည် ကတိတော်ကို စီမံပြီးဖြစ်၏။
၁၇း၆။ တဖန် သင်တို့အားထိုသူတို့ထက် အလှည့်ပြန်ပေးခဲ့၏၊ ဥစ္စာပစ္စည်းသားသမီးအခြွေအရံများကိုလည်းတိုးစေခဲ့၏၊ များစွာသော စစ်အင်အားကိုလည်းစီစဉ်ပေးခဲ့၏။
၁၇း၇။ သင်တို့သည် သုမင်္ဂလာပြုလျှင်၊ ထိုသုမင်္ဂလာသည် သင်တို့၏ စရိုက်အတွက် ဖြစ်၏၊ အကုသိုလ်သည်လည်းကိုယ်ပိုင်ပင် ဖြစ်၏၊” ထို့နောက် နောက်ကတိတော် ရောက်လာသောအခါ၊ (ဝင်ရောက်လာသူတို့က) သင်တို့အားအကုသိုလ်ကို မျက်မှောက်ဆိုက်စေတော့၏၊ သူတို့သည် ဝတ်ကျောင်းတော်သို့ ပထမအကြိမ် ဝင်ခဲ့သကဲ့သို့ ဝင်ရောက်သွားကြလတ္တံ့။ သူတို့သည် အပေါ်စီးမှ အဖျက်ဆီးကြီးဖျက်ဆီးပစ်ကြလတ္တံ့။
၁၇း၈။ သင်တို့၏ ကံကြမ္မာရှင်သည် သင်တို့အားကရုဏာ သက်နိုင်ကောင်း၏၊ သို့သော် ဆက်လုပ်နေကြလျှင် ဖုံးကွယ်သူတို့ အတွက် ငရဲမီးအကျဉ်းထောင်ကို ဆက်လက်၍ စီစဉ်တော်မူပြီ။
၁၇း၉။ ဧကန်ပင် ဤကုရ်အာန်သည် လမ်းညွှန် ဖြစ်၏ ၎င်းသည် အခိုင်မြဲဆုံးဖြစ်၍၊ ပြုပြင်ပြောင်းလဲမှု ကျင့်ကြံသော ယုံကြည်သူများအတွက် သတင်းကောင်းဖြစ်၏၊ သူတို့အတွက် အကြီးကျယ်ဆုံးအကျိုးဆုလဒ်သည် ရှိနေ၏။
၁၇း၁၀။ ဧကန်ပင် နောင်ဘ၀အားယုံကြည်မှု မရှိသော သူတို့အတွက် ငါသည် သူတို့အဘို့ စူးနစ်သော ဝဋ်ကြွေးကို ပြင်ဆင်ထား၏။
၁၇း၁၁။ လူသားသည် ကောင်းကျိုးကို ဆုတောင်းမည့် အစားဆိုးကျိုးကို ဆုတောင်းတတ်၏၊ လူသားသည် အလျင်လို လျက်ရှိ၏။
၁၇း၁၂။ ငါသည် နေ့နှင့်ညကို လက္ခဏာ နှစ်ရပ်အဖြစ် စီစဉ်ပြီး၊ ည၏ လက္ခဏာကို ပျယ်လွင့်စေ၍ သင်တို့၏ ကံကြမ္မာရှင် ထံမှ သိက္ခာပေးမှုအားရှာဖွေ နိုင်ရန် မြင်ကွင်းအဖြစ် နေ့၏လက္ခဏာကို စီစဉ်တော်မူ၏ နှစ်အစဉ်အားတွက် ချက် သိနိုင်ကြရန် ဖြစ်စေ၏၊ ငါသည် သဗ္ဗလုံးစုံအားရှင်းလင်းဆုံးဖြတ်ချက်ဖြင့်၊ ရှင်းလင်းဆုံးဖြတ်ပေးတော်မူပြီ။
၁၇း၁၃။ ငါသည် လူသားကိုယ်စီ၏ လှုပ်ရှားလူးလာဆန်ခတ်မှုသည် သူ့လည်ဂုတ်၌ တွန်းအားဖြစ်လာစေ၏၊ ရပ်တည်ရသော နေ့ကာလ၌ သူ့အတွက် ထုတ်ယူလာ၍၊ ထိုမှတ်တမ်းနိုးကြွနေသည်ကို ဆုံတွေ့စေတော်မူအံ့။
၁၇း၁၄။ သင့်မှတ်တမ်းကို ဖတ်လော့၊ ယနေ့တွင် သင့်စရိုက်အတွက် သင် သည် လုံလောက်သော စာရင်းစစ် ဖြစ်၏။
၁၇း၁၅။ လမ်းညွှန်မှန်၌ ရှိသူသည် သူ့စရိုက် အတွက် လမ်းညွှန် ဖြစ်၏၊ အပါယ်လမ်း၌ ရှိသူသည် ထိုအပါယ်လမ်းမှာ သူ့ကိုယ် ပိုင် ဖြစ်၏။ မိမိအတွက် ဝန်ထမ်းနေရသူသည် အခြားသူ၏ ဝန်ကို မထမ်းဆောင် နိုင်ချေ၊ ဉာဏ်စဉ်ဆောင်တစ်ပါးမပွင့်ပေါ်မှီ အထိ- ဝဋ်သင့်သူများမဖြစ်စေပေ။
၁၇း၁၆။ ငါသည် ဒေသတစ်ခုကို တိမ်ကောစေလိုလျှင်၊ ထိုမှ စည်းဇိမ်ယစ် နေသော ယုတ်မာသူများအပေါ် ငါ၏ ညွှန်ကြားချက် ချမှတ်၍ ၎င်းကို သစ္စာ ဓမ္မတော် ဖြစ်စေ၏။ ထို့နောက် သူတို့အားအပျက်စီးခြင်းအတိဖြင့် ပျက်စီးစေ၏။
၁၇း၁၇။ နူးဟ်၏နောက် မျိုးဆက်မည်မျှကို တိမ်ကောစေခဲ့ပြီနည်း၊ ငါသည် အမှုတော်ဆောင်များ၏ ပြစ်မှုများကို သတင်းရနေသော အရှင် မြင်နေသော အရှင် အဖြစ် လုံလောက်တော်မူပေ၏။
၁၇း၁၈။ အလျင်စလို လိုလားသူအားသူ့စံချိန်အလျောက် အလျင်အမြန် အလိုပြည့်စေ၏၊ တဖန် သူ့အတွက် ထောက်ထားသူမဲ့၊ ပစ်ပယ်ခံ အဖြစ်ဖြင့် လောင်ကျွမ်းရန် ငရဲဘုံကို စီစဉ်ထားတော်မူပြီ။
၁၇း၁၉။ နောင်ဘ၀ကို လိုလား၍၊ ယုံကြည်သူ အဖြစ်ဖြင့် လုံးပန်းထိုက်သမျှ လုံးပန်းသူများ၊ ထိုသူများအတွက် လုံးပန်းမှုများကို ကျေးဇူးပြုတော်မူ၏။
၁၇း၂၀။ ငါသည် ဤသူများ၊ ထိုသူများကိုယ်စီအားသင့်ကံကြမ္မာရှင်၏ ထံမှ လက်ဆောင် တိုးစေခဲ့၏။ သင့်ကံကြမ္မာရှင်၏ လက်ဆောင်မှာ ဘောင်ခတ်ထားသည် မရှိချေ။
၁၇း၂၁။ သူတို့မှ အချို့ကို အချို့ထက် မည်သို့ သိက္ခာပေးခဲ့သည်ကို ကြည့်ကြလော့။ နောင်ဘ၀၏ အကြီးကျယ်ဆုံးသော အခွင့်အလမ်းသည် ပိုမို ကြီးကျယ်သော သိက္ခာပေးခြင်းပင်။
၁၇း၂၂။ ထောက်ထားသူမဲ့ စွန့်ပယ်ခံအဖြစ် အထိုင်ချရန် ပရမတ်ဘုရားရှင်နှင့် အတူ နောက်ဆက်တွဲ ဘုရားမစီစဉ်ကြနှင့်။
၁၇း၂၃။ သင့်ကံကြမ္မာရှင်က ဆုံးဖြတ်သည်မှာ အရှင်မှ အပ အခြားကို မကိုးကွယ်ကြနှင့်၊ မွေးမိဘတို့အပေါ် တင့်တယ်စေကြလော့၊ သူတို့မှ တစ်ဦးဖြစ်စေ၊ သို့မဟုတ် နှစ်ဦးလုံးဖြစ်စေ ကြီးရင့်လာ၍ သင်နှင့်အတူရှိသော်၊ သူတို့အားရွံစရာကောင်းသည်ဟု မဆိုကြနှင့်၊ ခွန်းတုံ့မလှန်ကြနှင့်၊ သူတို့အားကျက်သရေ ရှိသော စကားကို ပြောဆိုကြလော့။
၁၇း၂၄။ ကရုဏာ ပိုင်စိုးသော လက်ရုံးရည်ဖြင့် သူတို့အတွက် နှိမ့်ချလော့၊ “အို- ကံကြမ္မာရှင် တပည့်တော်အားငယ်စဉ်မှစ၍ ကြီးထွားလာစေ သကဲ့သို့ အရှင်သည် သူတို့အားကရုဏာသက်တော်မူပါ၊”ဟု ဆုတောင်းပေးကြလော့။
၁၇း၂၅။ သင်တို့၏ ကံကြမ္မာရှင်သည် သင်တို့၏ စိတ်စရိုက်ကို အသိဆုံးဖြစ်တော်မူ၏၊ သင်တို့သည် ပြုပြင်မှု၌ ရှိလျက် ပြန်လှည့်သူ ဖြစ်လျှင် အရှင်သည် လွတ်ငြိမ်းစေသော အရှင် ဖြစ်၏။
၁၇း၂၆။ နီးစပ်သူများ၊ နွမ်းပါးသူများ၊ ခရီးသည်များကို မှန်ကန်စွာ ပေးကမ်းကြလော့၊ အလေအလွင့် မဖြုန်တီးကြနှင့်။
၁၇း၂၇။ဖြုန်းတီးသူများသည် မကောင်းဆိုးဝါး၏ ညီနောင်များဖြစ်ကြ၏။ မကောင်းဆိုးဝါးသည် သူ့ကံကြမ္မာရှင်အားဖုံးကွယ်သူ ဖြစ်၏
၁၇း၂၈။ သို့မဟုတ် သင့်ကံကြမ္မာရှင်၏ထံမှ သင်မျှော်ကိုးသည့် ကရုဏာ တော်အားရှာဖွေနေစဉ် သူတို့အားဘောင်ထားရလျှင် သူတို့အားလွယ်ကူပြေပြစ် သော စကားကို ဆိုလော့။
၁၇း၂၉။ သင်၏လက်အားချုပ်တီးလျက် လည်ဂုတ်ပေါ်၌ တင်ထားခြင်းနှင့်၊ အလုံးစုံ လက်ဖွာခြင်းကို မစီစဉ်နှင့်၊ လက်ဖွာလွန်းသူသည် ကိုယ်တိုင် အပြစ်တင်မိ လျက် ကြေကွဲစွာ ထိုင်နေရတတ်၏။
၁၇း၃၀။ ဧကန်ပင် သင်၏ ကံကြမ္မာရှင်သည် စံချိန်ပြည့်သူ အလျောက် ရိက္ခာ တိုးပွားစေတော်မူ၏၊ စည်းကြပ်မတ်တော်မူ၏၊ အရှင်သည် အမှုတော်ဆောင်များကို သတင်းရနေသော၊ မြင်နေသော အရှင် ဖြစ်၏။
၁၇း၃၁။ ချို့တဲ့နွမ်းပါးမည်ကို ကြောက်၍၊ သင်တို့၏ ရင်သွေးများကို မသတ် ကြနှင့်၊ သူတို့နှင့် သင်တို့ကို ငါ ရိက္ခာထောက်တော်မူ၏။ သူတို့အားသတ်ဖြတ်ခြင်းသည် ကြီးကျယ်လှသော အမှားကျူးလွန်မှု ဖြစ်၏။
၁၇း၃၂။ လိင်စည်းဖေါက်ခြင်းကို မချည်းကပ်ကြနှင့်၊ ၎င်းသည် ကိုယ်ကျင့် ပျက်မှု ဖြစ်၍၊ အကုသိုလ် လမ်းစဉ် ဖြစ်၏။
၁၇း၃၃။ အမှန်တရားအတွက်မှအပ ဉာဉ်စရိုက်တစ်ခုအားမသတ်ဖြတ်နှင့် ပရမတ်ဘုရားရှင်သည် ၎င်းကို တားမြစ်ထား၏။ အမိုက်စီးစွာ သတ်ဖြတ်မိသူ အတွက်၊ ထိုသတ်ဖြတ်မှု၌ အခွင့်အာဏာကို အလွဲသုံးစားမပြုရန် အလှည့်ကျ ဆက်ခံသူကို ငါ စီစဉ်ပေးပြီ၊ သူသည် အကူအညီကို ရရှိနိုင်၏။
၁၇း၃၄။ မိဘမဲ့တို့၏ ဥစ္စာပစ္စည်းများကို သူတို့ တင့်တင့်တယ်တယ် ရင့်ကျက် သော အရွယ်သို့ရောက်အထိ မချည်းကပ်ကြနှင့်။ ပဋိညာဉ်ကို ပြီးပြည့်စေလော့၊ ဧကန်ပင် ပဋိညာဉ်သည် စစ်ဆေးပြီးဖြစ်ရမည်။
၁၇း၃၅။ ချိန်တွယ်သောအခါ အလေးချိန်ကို ပြည့်စေလော့၊ အချိန်အဆ မှန်စွာရပ်တည်၍ ချိန်လော့၊ ဤသည် ပို၍ ကောင်း၏၊ တင့်တယ်သော အဓိပ္ပါယ် ဖြစ်၏။
၁၇း၃၆။ သင့်၌ အသိဉာဏ် ဗဟုသုတ မရှိသော အရာအားထပ်ဆင့်မဖြန့်နှင့်၊ ဧကန်ပင် အကြား၊ အမြင်၊ စိတ်နှလုံးများ- ၎င်းတို့ကိုယ်စီ စစ်ဆေးခံရလတ္တံ့။
၁၇း၃၇။ မြေကမ္ဘာပေါ်၌ ပမာမခန့် မသွားလာကြနှင့်၊ သင်သည် မြေကမ္ဘာကို မခွဲပစ်နိုင်၊ တောင်ထိပ်အမြင့်ထိ မဆိုက်နိုင်ပေ။
၁၇း၃၈။ ဤ အကုသိုလ် ကိုယ်စီသည် သင့်ကံကြမ္မာရှင်၏ ထံတော်၌ မနှစ်မြို့ဘွယ်များဖြစ်၏။
၁၇း၃၉။ ဤသည် သင့်ထံသို့ သင့်ကံကြမ္မာရှင်၏ ဓမ္မသတ်တော်မှ အာရုံဖြစ် စေရာတို့ ဖြစ်၏။ အပြစ်တင်ခံရ လောင်ကျွမ်းရမည့် ငရဲထဲ၌ ခင်းကျင်းမခံရရန် ပရမတ်ဘုရားရှင်နှင့်အတူ နောက်ဆက်တွဲ ဘုရားများမစီစဉ်ကြနှင့်။
၁၇း၄၀။ အသို့နည်း၊ သင်တို့၏ ကံကြမ္မာရှင်က သင်တို့အတွက် သားယောက်ျားများကို ရွေးချယ်၍၊ အရှင်ကိုယ်တိုင် အတွက်မူ နတ်ဒေဝါများမှ သမီးများကို ယူလေသလော၊ သင်တို့သည် ဝန်ကြီးလှသော စကားကို ပြောဆိုကြ၏။
၁၇း၄၁။ သူတို့ ဆင်ခြင်သတိရှိစေရန် ဤကုရ်အာန်၌ ထပ်ပြန်တလဲလဲ ရှင်းပြ ၏၊ သို့သော် ၎င်းသည် သူတို့ အတွက် စစ်သွေးကြွစိတ်ကိုသာ တိုးစေ၏။
၁၇း၄၂။ သူတို့ပြောသကဲ့သို့ အခြားဘုရားများသည် အရှင်နှင့်အတူ ရှိနေလျှင်၊ သူတို့သည် ထပ်ဆင့်ကွပ်ကဲသည့် အရှင်ထံသို့ ရောက်မည့်လမ်းကို ရှာဖွေကြလတ္တံ့ ဟု ဟောပြောလော့။
၁၇း၄၃။ ဦးထိပ်ထားအပ်သော အရှင်သည် အကြီးအကျယ် အထွဋ် အထိပ် ပြောကြခြင်းထက် အထွဋ်အထိပ် ဖြစ်တော်မူ၏။
၁၇း၄၄။ အရှင့်အားဦးထိပ်ထားကြလော့၊ အာကာ ခုနစ်ဆက်နှင့် မြေကမ္ဘာ ကြားအရာများသည် အရှင်အားရည်သန်စူးစိုက် ဦထိပ်ထားနေသော ဝတ္ထုချည်းသာ ဖြစ်၏။ သို့သော် သူတို့၏ ဦးထိပ်ထားခြင်းကို သင်တို့ နားမလည်နိုင်ကြချေ၊ အရှင်သည် နူးညံ့သိမ်မွေ့၏၊ လွတ်ငြိမ်းစေသော အရှင် ဖြစ်ပေ၏။
၁၇း၄၅။ သင်သည် ကုရ်အာန်အားရွတ်ဖတ်သောအခါ၊ သင်၏ကြားနောင် ဘ၀အားမယုံကြည်သော သူတို့၏ကြား၌ ပုန်းကွယ်နေသော စည်းခြားမှု စီစဉ် ထားတော်မူ၏။
၁၇း၄၆။ သူတို့၏ နှလုံးသား၌ ကွယ်ကာမှုနှင့် သူတို့၏ နားများလေးလျက် နားမလည်ခြင်းကို ငါ စီစဉ်ထားပြီ။ ကုရ်အာန်မှ သင့် ကံကြမ္မာရှင်၏ ဧကောဒိဂုဏ်ကို သင် သတိဖေါ်ပေးသောအခါ သူတို့သည် စစ်သွေးကြွစိတ်ဖြင့် လှည့်သွားကြ၏။
၁၇း၄၇။ သူတို့သည် သင့်ဘက်သို့ နားစွင့်သောအခါ၊ မည်သည့်အရာကို သူတို့နားထောင်ချင်ကြောင်းငါ အသိဆုံးဖြစ်တော်မူ၏၊ သူတို့ချင်းသီးခြားတိုင်ပင် သောအခါ၊ အမိုက်ကောင်များက “သင်တို့သည် ပြုစားခံရသော လူကိုသာ လိုက်နာ နေကြပြီ၊”ဟု ဆိုကြ၏။
၁၇း၄၈။ သင့်အားမည်သို့ ပမာများဖြင့် ဥပမာပေးသည်ကို ကြည့်လော့၊ သူတို့သည် လမ်းလွဲကြကုန်၏၊ အခြားတတ်နိုင်မည့် လမ်းစဉ် မရှိချေ။
၁၇း၄၉။ သူတို့က “ကျွန်ုပ်တို့သည် အရိုးများဖြစ်ပြီး၊ ဆွေးမြေ့ကြေမွပြီးသော် အသစ်တဖန် ဖြစ်တည် နိုးထရမည်လော၊”ဟု မေးကြ၏။
၁၇း၅၀။ ဟောလေ့ “သင်တို့သည် ကျောက်ခဲ သို့မဟုတ် သံအတိ ဖြစ်ငြားသော်လည်း-
၁၇း၅၁။ သို့မဟုတ် သင်တို့သည် ရင်တွင်း၌ ပို၍မာနကြီးသော ဖြစ်တည်ခံ များဖြစ်သော်လည်း၊” “မည်သူက ကျွန်ုပ်တို့အားဆက်၍ ဖြစ်စေသနည်း၊”ဟု သူတို့ ပြောကြလတ္တံ့၊ ဟောလော့ “ပထမ အကြိမ်က သင်တို့၏ မူလလက်သည် အရှင်ပင် ဖြစ်၏၊” ထိုအခါ သူတို့၏ ဦးခေါင်းများကို ခါလျက် သင့်အား“၎င်းသည် မည်သည့် အချိန်တွင် ဖြစ်မည်နည်း၊”ဟု မေးကြလတ္တံ့၊ ဟောလော့ “ယင်းသည် အလွန် နီးကပ်နိုင်ရာ၏။”
၁၇း၅၂။ သင်တို့အားဖိတ်ခေါ်သော နေ့ကာလ၌၊ အရှင့်အားရည်သန်စူးစိုက် လျက် အဖြေပေးကြလော့၊ သင်တို့သည် ခေတ္တခဏမျှသာ ဆိုင်းနေခဲ့ရသည်ဟု စဉ်းစားမိလတ္တံ့။
၁၇း၅၃။ ငါ၏ အမှုတော်ဆောင်များအားဟောလော့၊ ပြောဆိုရာတွင် ထို၌ တင့်တယ်စေလော့၊ မကောင်းဆိုးဝါးသည် သူတို့၏ ကြား၌ သွေးကွဲစေလိမ့်မည်၊ မကောင်းဆိုးဝါးသည် လူသားတို့အားရှင်းလင်းထင်ရှားစွာ စည်းဖေါက်သူ ဖြစ်၏။
၁၇း၅၄။ သင်တို့၏ ကံကြမ္မာရှင်သည် သင်တို့အကြောင်းကို အသိဆုံးဖြစ် တော်မူ၏။ စံချိန်ပြည့်မှီသည့် အလျောက် သင်တို့အားကရုဏာသက်တော်မူ၍၊ စံချိန်ပြည့်မှီနှင့်အညီ သင်တို့အားဝဋ်ကြွေးသင့်စေမည်ပင်၊ ငါသည် သင့်အားသူတို့၏ ကိုးစားခံရသူ အဖြစ် စေစားသည် မဟုတ်ချေ။
၁၇း၅၅။ သင့်ကံကြမ္မာရှင်သည် မိုးများနှင့် မြေ၌ ရှိသူတို့၏ အကြောင်းကို အသိဆုံးဖြစ်တော်မူ၏၊ အရှင်သည် သတင်းတော်ဆောင်များအနက် အချို့ကို အချို့ထက် သိက္ခာရှိစေခဲ့ပြီ။ ငါသည် ဒါဝိဒ်အားကျမ်းငယ်ကို ချီးမြှင့်ခဲ့၏။
၁၇း၅၆။ ဟောလော့ “အရှင် မှလွဲ၍ သင်တို့ ရပ်တည်ပြောဆိုသော သူများထံ၌ ဆုတောင်းကြည့်လော့၊ သူတို့သည် သင်တို့၌ သက်သော ဆိုးကျိုးကို ဖယ်ရှားနိုင်သည့် ဩဇာအာဏာ မရှိ၊ စည်းတားထားနိုင်သည်လည်းမဟုတ်ချေ။”
၁၇း၅၇။ သူတို့ သည်ပင် သူတို့၏ ကံကြမ္မာရှင်ထံ၌ ဆုတောင်းလျက် အရှင်နှင့် နီးကပ်မှု ရှာဖွေ နေကြ၏။ အရှင်၏ ကရုဏာတော်အားမျှော်ကိုးကြ၏၊ ဝဋ်ကြွေးဒဏ်အားကြောက်ရွံ့ကြ၏။ သင့်ကံကြမ္မာရှင် ပြဌာန်းသောဝဋ်ကြွေးသည် သတိထားစရာ ပင် ဖြစ်၏။
၁၇း၅၈။ ရပ်တည်ရမည့် နေ့ကာလ မတိုင်မှီ ငါသည် အရပ်ဒေသများအားတိမ်ကောစေမည်၊ သို့မဟုတ် ပြင်းထန်သော ဝဋ်ကြွေးဖြင့် ဝဋ်ကြွေးသင့်စေမည်၊ ၎င်းကို လောကဓမ္မ၌ ရေးမှတ်ထားပြီးဖြစ်၏။
၁၇း၅၉။ ရှေးမျိုးဆက်များသည် သုတ်ဒေသနာများအားငြင်းဆန်ခြင်းကြောင့်သာ ငါ၏ စေစားရာများကို ပိတ်ပင်စေ၏၊ ငါသည် သမု-ဒ်တို့ထံ မြင်သာ သော ကုလားအုပ်မကို ချီးမြှင့်ခဲ့၏၊ သူတို့သည် သူမအပေါ် အဝိဇ္ဇာသင့်ကြ၏၊ သုတ်ဒေသနာများအားစိုးကြောက်တတ်စေရန် အတွက်သာ ငါ စေစားတော်မူ၏။
၁၇း၆၀။ သင့်အားငါ မိန့်သည်မှာ သင့်ကံကြမ္မာရှင်သည် လူသားတို့အားဝန်းရံထားတော်မူ၏၊ ငါက သင့်အားမြင်စေသော အမြင်ရမှုမှာ လူသားတို့အားစမ်းသပ်ခြင်းနှင့် ကုရ်အာန်လာ မေတ္တာမဲ့ သစ်ပင်ကို စီစဉ်ထားခြင်းသာ ဖြစ်၏၊ သူတို့အားစိုးကြောက်စေသော်လည်းသူတို့သည် ကြီးစွာသော စည်းဖျက်မှုကိုသာ တိုးပွားနေကြ၏။
၁၇း၆၁။ နိမိတ်ဆောင်တို့ကို “အာဒံအားဦးချကြလော့”ဟု ငါ မိန့်သော်၊ ဦးချကြကုန်၏၊ သို့သော် ရှေးရိုးစွဲ-က “မြေမှုန့်မှ ဖြစ်တည်စေသော သူအားဦးချ ရမည်လော၊”ဟု ဆို၍-
၁၇း၆၂။ “အရှင်သည် တပည့်တော်ထက် ပို၍ ကျက်သရေရှိ သော သူအားမြင်ကြည့်ပါလော့၊ တပည့်တော်အားရပ်တည်ရသော နေ့ကာလထိ နောက်ဆုတ်ပေးထားပါလျှင်၊ အနည်းငယ်မှအပ သူ၏ သားစဉ်မြေးဆက်များကို တပည့်တော် အကျင့်ဖျက်နိုင်ပါ၏၊”ဟု ပြောသော်၊
၁၇း၆၃။ အရှင် မိန့်သည်မှာ “သွားလော့၊ သူတို့မှ သင့်အားလိုက်နာသူများအားအစားပေးခြင်းမှာ အပြည့်အဝ အစားပေးခြင်း၊-ငရဲဘုံ ဖြစ်၏၊
၁၇း၆၄။ သူတို့မှ သင်တို့ တတ်နိုင်သူတို့အားသင် အသံလွှင့် တပ်လှန့်လော့၊ သူတို့နှင့် ဆန့်ကျင်၍ သင်၏ ခြေမြန်တပ်၊ ခြေလျှင်တပ်များဖြင့် ကာကွယ်လော့၊ သူတို့၏ ဥစ္စာပစ္စည်းရင်သွေးများနှင့် ကတိရှိသူများရောပြွန်းပါဝင်စေလော့၊ မကောင်းဆိုးဝါး၏ ကတိ သည် မြှူဆွယ်ခြင်းသာ ဖြစ်၏။
၁၇း၆၅။ ငါ၏ အမှုတော်ဆောင်များအပေါ် သင် ဩဇာအာဏာ မရှိချေ၊ သင့်ကံကြမ္မာရှင်သည် သူတို့အတွက် ကိုးစားထိုက်သည့် အရှင် အဖြစ် လုံလောက်၏၊”ဟု ဖြစ်၏။
၁၇း၆၆။ အရှင်၏ သိက္ခာပေးခြင်းမှ ရှာဖွေနိုင်ရန် သင်တို့၏ ကံကြမ္မာရှင် သည် သင်တို့အဘို့ငှာ သင်္ဘောများကို ပင်လယ်ပြင်၌ ရွေ့လျှားစေသော အရှင် ဖြစ်၏။ အရှင်သည် သင်တို့အတွက် အကြင်နာသက်နေသော အရှင် ဧကန် ဖြစ်၏။
၁၇း၆၇။ ပင်လယ်ပြင်၌ သင်တို့အားဘေးဥပဒ် ထိသက်သော် အရှင်မှအပ အခြားဆုတောင်းခံများကို လွှဲဖယ်ခဲ့၍၊ သို့သော် အရှင်သည် သင်တို့အားကုန်းမြေသို့ လွတ်မြောက်စေသောခါ၊ ချက်ချင်းဘောင်ကန့်ပစ်ကြကုန်၏၊ လူသားသည်ကားဖုံးကွယ်တတ်သူပင် ဖြစ်၏။
၁၇း၆၈။ သင်တို့အားမြေနံရံပြို မြိုစေခြင်းမှ သို့မဟုတ်၊ သင်တို့ထံသို့ သဲမုန်တိုင်းကို စေစားခံရခြင်းမှ လုံခြုံပြီဟု ယုံကြည်နေကြသလော။ သို့ဖြစ်ခဲ့သော် သင်တို့အတွက် ကိုးစားနိုင်မည့်သူကို တွေ့ရမည် မဟုတ်ချေ။
၁၇း၆၉။ သို့တည်းမဟုတ် သင်တို့၏ ဖုံးကွယ်မှုများအတွက်- အရှင်သည် သင်တို့အားနောက်တစ်ကြိမ် ဆက်မဖြစ်တော့ဟု၊ သင်တို့အားနစ်မြုပ်စေမည့် လေ မုန်တိုင်းကို မစေတော့ဟု ယုံကြည်နေကြသလော။ တဖန် ထိုအဖြစ်သနစ်၌ ငါ့အားဆန့်ကျင်၍ လိုက်နာရ မည့်သူကို တွေ့ရမည် မဟုတ်ချေ။
၁၇း၇၀။ မုချပင် ငါသည် အာဒံ၏ သားသမီးများအားကျက်သရေရှိစေ၏၊ ကုန်းလမ်းရေလမ်းဖြင့် သယ်ဆောင်ပေးတော်မူ၏၊ သူတို့အားစင်ကြယ်ရာများမှ ရိက္ခာထောက်ပေး၏၊ ငါ ဖြစ်တည်ပေးသောသူ များစွာထက် သိက္ခာပေးခြင်းဖြင့် သိက္ခာ ပေးတော်မူ၏။
၁၇း၇၁။ လူသားကိုယ်စီ သူတို့၏ ရှေ့ဆောင်များနှင့်အတူ ဖိတ်ခေါ်ခံရသော နေ့၌၊ သူ့ မှတ်တမ်းအားအားသန်ရာ လက်သို့ပေးအပ်ခံရသူသည် သူ့တို့၏ စာအုပ်ကို သူတို့ဖတ်ရလတ္တံ့၊ သူတို့အားအမှုံအမွှားမျှပင် အဝိဇ္ဇာသင့်စေမည် မဟုတ်ချေ။
၁၇း၇၂။ ဤပစ္စုပ္ပာန်၌ ကန်းသူသည်၊ အနာဂါတ်တွင်လည်းအကန်းဖြစ်လျက် ပို၍ လွဲမှားသော လမ်းစဉ်၌ ရှိလတ္တံ့။
၁၇း၇၃။ သူတို့သည် သင့်အားသင့်ထံ၌ အာရုံဈာန်ဖြစ်စေရာမှ သွေးတိုးစမ်းလို၏၊ ငါ့ကို ဆန့်ကျင်လျက် ၎င်းထက် အခြားအရာကို လုပ်ကြံဖန်တီးစေလို၏၊ သို့မှသာ သင့်အားအတွင်းလူ အဖြစ် မှတ်ယူလိုကြ၏။
၁၇း၇၄။ ငါသည် သင့်အားမခိုင်မာစေခဲ့လျှင် သူတို့ဘက်သို့ တစ်စုံတစ်ရာ အနည်းငယ် သင် ယိမ်းညွတ်နိုင် ကောင်း၏။
၁၇း၇၅။ သို့ဖြစ်သော် ငါသည် သင့်အားဤသက်တမ်း၌ နှစ်ဆ၊ ခန္ဓာဝန်ချ ပြီးနောက် နှစ်ဆ မြည်းစမ်းစေမည်ပင်၊ တဖန် ငါ့အားဆန့်ကျင်၍ ကူညီမည့်သူကို တွေ့ရမည် မဟုတ်ချေ။
၁၇း၇၆။ သူတို့သည် သင့်အားတိုင်းပြည်မှ လှန့်ထုတ်ရန်၊ ထိုမှ နှင်ထုတ်ပစ် ရန် တကဲကဲပြု၏။ သင်မရှိသည့်နောက် သူတို့သည် ခေတ္တမျှသာ စောင့်ဆိုင်းရပေ တော့မည်။
၁၇း၇၇။ သင့် ရှေ့အလျင် စေစားသော ငါ၏ ဉာဏ်စဉ်ဆောင်များသည်လည်းမုချပင် ဤဓလေ့တော် အတိုင်းရှိ၏။ ငါ၏ ဓလေ့တော်အားစည်းတားထားနိုင်သူ ဟု တွေ့ရမည် မဟုတ်ချေ။
၁၇း၇၈။ နေ မွန်းလွဲမှ ညဘက် အေးစိမ့်မှောင်လာချိန်ထိ ဝတ်ပြု မြဲကြလော့၊ အလင်းဖြာထွက်- ကုရ်အာန်၊ ဧကန်ပင် အလင်းဖြာထွက် ကုရ်အာန်ကို သက်သေ ဖြစ်စေ၏။
၁၇း၇၉။ ည၌ သင့်အားထပ်ပေါင်း၍ အိပ်သတိရှိစေ၏၊ သင့်ကံကြမ္မာရှင် သည် သင့်အားရည်သန်စူးစိုက်ခံရသော ရပ်တည်မှု ခိုင်မာသော အဆင့်သို့ ပေါက်မြောက်စေနိုင်ရာ၏။
၁၇း၈၀။“ကံကြမ္မာရှင်- တပည့်တော်အားဖြောင့်မတ်သော ဝင်ခြင်းဖြင့် ဝင်ခွင့်ပြုပါ၊ ဖြောင့်မတ်သော ထွက်ခွာခြင်းဖြင့် ထွတ်ခွာ ခွင့်ပြုပါ၊ အရှင့်ထံတော်မှ တန်ခိုးအာဏာဖြင့် တပည့်တော်အားကူညီမှု စီစဉ်တော်မူပါ။”ဟု ဆုတောင်းလော့။
၁၇း၈၁။ ဟောလော့ “သစ္စာတရားရောက်ရှိလာပြီ၊ မိစ္ဆာတရားခွဲခွာ ပျောက် ကွယ်ရပြီ။ ဧကန်ပင် မိစ္ဆာတရားသည် ခွဲခွာ ပျောက်ကွယ်ရမည်သာတည်း။”
၁၇း၈၂။ ငါသည် ကုရ်အာန်မှ- ယုံကြည်သူတို့ အတွက် ကုစားရာနှင့် ကရုဏာ တော်အားချမှတ်တော်မူပြီ။ အမိုက်ကောင်များအားပျက်စီးဆုံးရှုံးရခြင်းကိုသာ တိုးပွားစေ၏။
၁၇း၈၃။ ငါသည် လူသားအားဂုဏ်ပေးသောအခါ၊ သူသည် ဘေးတိုက် ဘောင်ကန့်၍ ကင်းကင်းနေ၏။ သူ့အားဆိုးကျိုးသင့်သော အခါ လက်လျော့ တော့၏။
၁၇း၈၄။ ဟောလော့ “ပုံစံ ကိုယ်စီဖြင့် ကျင့်ကြံနေကြ၏၊ သင်တို့၏ ကံကြမ္မာရှင်က မည်သူသည် ညွှန်ပြသော လမ်းစဉ်၌ ရှိသည်ကို အသိဆုံးဖြစ်တော် မူ၏၊”
၁၇း၈၅။ ဉာဏ်စဉ်တော်နှင့် စပ်လျှဉ်း၍ မေးမြန်းကြသူတို့အား၊ ဟောလော့ “ဉာဏ်စဉ်တော်သည် ကံကြမ္မာရှင်၏ ညွှန်ကြားချက်မှ ဖြစ်၏၊ သင်တို့အားချီးမြှင့် ခြင်းမှာ အသိကွန်ယက်မှ အနည်းငယ်မျှသာ ဖြစ်၏။”
၁၇း၈၆။ စံချိန်ပြည့်မှီလျှင် သင့်၌ ငါ အာရုံဈာန်ဖြစ်စေခဲ့ရာကို ပြန်လည် ရုပ်သိမ်းပစ်နိုင်၏၊ သို့ဖြစ်လျှင် ငါ့အားဆန့်ကျင်၍ သင့်အတွက် ကိုးစားနိုင်မည့် သူကို တွေ့ရမည် မဟုတ်ချေ။
၁၇း၈၇။ ဤသည် သင့်ကံကြမ္မာရှင်၏ ထံမှ ကရုဏာ ဖြစ်၏၊ အရှင်၏ သိက္ခာပေးခြင်းသည် သင့်အပေါ်၌ ဧကန် ကြီးမားလှ၏။
၁၇း၈၈။ ဟောလော့ “ကလျာဏ နှင့် အန္ဓပုတုဇဉ်တို့သည် ဤကုရ်အာန် ကဲ့သို့ ယူခဲ့ရန် စုပေါင်းကြသော်လည်းထိုကဲ့သို့ ယူခဲ့နိုင်သည် မဟုတ်ချေ။ သူတို့မှ အချို့သည် အချို့ကို ကျောထောက် နောက်ခံပြုသူများဖြစ်ကြ၏။
၁၇း၈၉။ ငါသည် လူသားများအတွက် ဤကုရ်အာန်၌ ဥပမာ ကိုယ်စီဖြင့် ထပ်ပြန်တလဲလဲရှင်းပြ၏၊ သို့သော် လူသားအများစုသည် ဖီဆန်လျက် ဖုံးကွယ် ခြင်း၌သာ ရှိကြ၏။
၁၇း၉၀။ သူတို့က ပြောကြသည်မှာ “ကျွန်ုပ်တို့အတွက် မြေအောက် ရေအိပ်မှ ပန်းထွက်စေသည့်တိုင် သင့်အားယုံကြည်မည် မဟုတ်၊-
၁၇း၉၁။ သို့မဟုတ် သင့်၌ စွံပလွန် စပျစ် ဥယျာဉ် တစ်ခုရှိ၍၊ စမ်းချောင်းကို အတွင်းမှ ရေပန်းစီးထွက်စေသော်လည်း၊-
၁၇း၉၂။ သို့မဟုတ် သင် ရပ်တည်ပြောဆို သကဲ့သို့ ကောင်းကင်ယံသည် ကျွန်ုပ်တို့ အပေါ်သို့ အစိတ်စိတ် ပြိုကျစေသော် လည်း၊ သို့မဟုတ် ပရမတ်ဘုရားရှင်နှင့် နတ်ဒေဝါများကို ကျွန်ုပ်တို့ ရှေ့သို့ ယူခဲ့ သော်လည်း-
၁၇း၉၃။ သို့မဟုတ် သင့်တွင် ရွှေနန်းပြသဒ် ရှိသော်လည်း၊ သို့မဟုတ် သင်သည် ကောင်းကင်၌ ဈာန်ပျံပြသော်လည်း။ သင် ဈာန်ပျံခြင်းသည် ကျွန်ုပ်တို့ ဖတ်နိုင် သော ကျမ်းတစ်ဆူ မချမှတ်နိုင်သ၍ ယုံကြည်မည် မဟုတ်ချေ၊”ဟု ဖြစ်၏။ ဟော လော့ “ဦးထိပ်ထားသော- ကျွန်ုပ်၏ ကံကြမ္မာရှင်အားဖြင့်၊ ကျွန်ုပ်သည် လူပုဂ္ဂိုလ် ဉာဏ်စဉ်တော်ဆောင် တစ်ပါးမျှသာ ဖြစ်၏။”
၁၇း၉၄။ သူတို့ထံသို့ လမ်းညွှန်တရားရောက်လာသောအခါ “ပရမတ် ဘုရားရှင်သည် လူပုဂ္ဂိုလ်ကို ဉာဏ်စဉ်ဆောင် အဖြစ် ပွင့်ပေါ်စေ၏၊”ဟု ပြောဆို ခြင်းမှအပ အခြားက လူသားတို့အားယုံကြည်ခြင်းမှ ပိတ်ပင်ထားသည် မဟုတ် ချေ။
၁၇း၉၅။ ဟောလော့ “မြေကမ္ဘာ၌ နတ်ဒေ၀တာများဘဝင်တကျ သွားလာနေကြ လျှင်၊ ငါသည် သူတို့ထံသို့ ကောင်းကင်ယံမှ နတ်တစ်ပါးကို ဉာဏ်စဉ်ဆောင် အဖြစ် ချမှတ်ပေးလတ္တံ့။
၁၇း၉၆။ ဟောလော့ “ကျွန်ုပ်၏ကြားသင်တို့ကြား၌ ပရမတ်ဘုရားရှင်သည် သက်သေ အဖြစ် လုံလောက်ပေ၏။ အရှင်သည် အမှုတော်ဆောင်များကို သတင်းရနေသော၊ မြင်နေသော အရှင် ဖြစ်၏။
၁၇း၉၇။ ပရမတ်ဘုရားရှင်က လမ်းညွှန်သူသည် လမ်းညွှန်မှန်၌ ရှိ၏။ လမ်းလွဲစေသူ ထိုသူများအတွက် အရှင် မှလွဲ၍ မဟာမိတ် ဟူ၍ တွေ့ရမည် မဟုတ်ချေ။ ရပ်တည်ရသော နေ့၌ သူတို့အားကန်းသူ၊ အသူ၊ ပင်းသူ မျက်နှာများဖြင့် စုစည်းခံရစေလတ္တံ့။ သူတို့၏ ခိုလှုံရာသည် ငရဲဘုံ ဖြစ်၍၊ အချိန်တိုင်းတအိအိ တိုးလျက် လောင်စာတောက်နေစေလတ္တံ့။
၁၇း၉၈။ ဤသည် ငါ၏ သုတ်ဒေသနာများကို ဖုံးကွယ်ခြင်းကြောင့် သူတို့ အတွက် အစားပေးခြင်းဖြစ်၏။ သူတို့က “ကျွန်ုပ်တို့ သည် အရိုးများဖြစ်ပြီး၊ ဆွေးမြေ့ကြေမွပြီးသော် အသစ်တဖန် ဖြစ်တည် နိုးထရ မည်လော၊”ဟု ဆိုကြ၏။
၁၇း၉၉။ ပရမတ်ဘုရားရှင်သည် ဧကန်ပင် မိုးများနှင့် မြေကမ္ဘာအားစည်းချိန် တကျ ဖြစ်တည်စေ သကဲ့သို့ သူတို့အားဖြစ်တည် စေနိုင်သည်ကို မမြင်ကြ သလော၊ အရှင်သည် သံသယဖြစ်ဘွယ် မရှိသော သတ်မှတ်ကာလကို စီစဉ်ထားပြီ။ အမိုက်ကောင်များသည်ကားဖီဆန်လျက် ဖုံးကွယ်ခြင်း၌သာ ရှိကြ၏။
၁၇း၁၀၀။ ဟောလော့ “သင်တို့သည် ကျွန်ုပ်ကံကြမ္မာရှင်၏ ကရုဏာ ဘဏ္ဍာ တော်များကို အစိုးရလျှင်၊ သုံးစွဲရမည်ကို ကြောက်ရွံ့လျက် ထိန်းထားကြလတ္တံ့၊ ဧကန်ပင် လူသားသည် စေတနာမွဲလှ၏။
၁၇း၁၀၁။ ငါသည် မူဆာအားသုတ်ဒေသနာ ကိုးပါးဖြင့် ချီးမြှင့်တော်မူ၍၊ ဂျူးလူမျိုးတို့အားမေးမြန်းတော်မူ၏။ သူတို့ထံသို့ သူရောက်လာသောအခါ၊ ဖာရိုးက သူ့အား“အို- မူဆာ သင့်အားပြုစားခံရသူဟု ကျွန်ုပ် စဉ်းစားမိ၏၊”ဟု ဆိုသော်-
၁၇း၁၀၂။ သူက “ဤချမှတ်ပေးသော အရာများသည် မိုးများနှင့် မြေ၏ ကံကြမ္မာရှင်၏ ထံမှ အမြင်ပေါက်ခြင်းသာ ဖြစ်ကြောင်းအသင် မုချ သိပါ၏၊ အို- ဖာရိုး၊ သင်သည် ဖျက်ပယ်ခံရမည့်သူဟု ကျွန်ုပ် စဉ်းစားမိ၏၊”ဟု ပြန်ပြောသဖြင့်-
၁၇း၁၀၃။ သူတို့အားတိုင်းပြည်မှ လှန့်ထုတ် လို၏၊ ငါသည် ဖာရိုးနှင့်တကွ သူ့လူ အားလုံးကို နစ်မြုပ်စေခဲ့ပြီ။
၁၇း၁၀၄။ သူ၏နောက် ငါသည် ဂျူးလူမျိုးတို့အား“တိုင်းပြည်တွင်းအခြေချ ကြလော့၊ အနာဂါတ်နှင့် စပ်လျဉ်းသော ကတိတော် ရောက်လာသောအခါ သင်တို့ အားလုံးထွေးရစ်ပတ်လျက် ငါထံသို့ ရောက်လာစေလတ္တံ့၊”ဟု မိန့်တော်မူခဲ့၏။
၁၇း၁၀၅။ ပရမတ္ထသစ္စာဖြင့် ၎င်းကို ငါ ချမှတ်ပေးတော်မူ၏၊ သစ္စာတရားသည် ချမှတ်ခံခဲ့ရပြီ။ သင့်အားသတင်းကောင်းပါးသူ၊ သတိပေးသူ အဖြစ်ဖြင့်သာ စေပို့တော်မူ၏။
၁၇း၁၀၆။ ငါသည် ကုရ်အာန်အားအရစ်ကျဖြစ်စေခြင်းမှာ လူသားတို့ အပေါ် တင်ကျန်နေရန် သင် ရွတ်ပြနိုင်အံ့ငှာ ဖြစ်၏၊ ငါသည် ၎င်းကို အဆင့်ဆင့် ချမှတ်ပေး၏။
၁၇း၁၀၇။ ဟောလော့ “ထို၌ ယုံကြည်သည်ဖြစ်စေ၊ မယုံကြည်သည် ဖြစ်စေ၊ ဤရှေ့အလျင်က အသိပညာ ချီးမြှင့်ခံရသော သူများသည် သူတို့အားရွတ်ဖတ်ပြ သော အခါ မျက်နှာချ ဦးချ ပြဝပ်ကြ၏။
၁၇း၁၀၈။ သူတို့က “တပည့်တော်တို့၏ ကံကြမ္မာရှင်အားဦးထိပ်ထားပါ၏၊ ဧကန်ပင် တပည့်တော်တို့အားပေးခဲ့သည့် ကတိတော်ကို စီမံပြီးလေပြီ၊”ဟု ရင့်ကျူးကြ၏။
၁၇း၁၀၉။ သူတို့သည် မျက်နှာချ ပြဝပ်၍ သူတို့အားကျို့ငဲ့ခြင်းစိတ်ကို ပွားစေ သော မျက်ရည်များကျ၏။
၁၇း၁၁၀။ ဟောလော့ “ပရမတ်ဘုရားရှင်ဟု တသလော့၊ သို့မဟုတ် တသ လေ့ ရှိမြဲ ကရုဏာရှင်ဟု တသလော့၊ သပ္ပါယ်သော ဂုဏ်တော်များသည် အရှင့် အဘို့ ဖြစ်၏။ သင်တို့၏ ဝတ်ပြုမှုအားအသံမကျယ်လွန်း၊ မတိုးလွန်းထိုနှစ်ရပ် ကြားနည်းလမ်းကို ရှာဖွေလော့။”
၁၇း၁၁၁။“ပရမတ်ဘုရားရှင်သည် ရည်သန်စူးစိုက်မှုတည်ရာ ဖြစ်၏၊ ကိုယ် ပွားယူထားခြင်းမရှိ၊ အရှင်၏ ဩဇာအာဏာ၌ ရောပြွန်းဖက်စပ် မရှိ၊ နိမ့်ပါးခြင်းကင်း၍ မဟာမိတ် မလိုချေ၊ အရှင်၏ ကြီးကျယ်မှုသည် အကြီးကျယ်ဆုံးဖြစ်တော်မူ၏၊”ဟု ဟောပြောလော့။
ဓမ္မခန္ဓာ (၁၇) ဤတွင် ပြီး၏။
ဓမ္မခန္ဓာ (၁၈) လှိုင်ဂူ
ဉာဏ်စဉ်ကိန်းဝပ်ပေးမှု အမှတ်စဉ် ၆၉၊ သုတ်ဒေသနာ အပါး၁၁၀။
ကရုဏာရှင် အကြင်နာရှင် ဖြစ်တော်မူသော ပရမတ်ဘုရားရှင်၏ ဂုဏ်တော်အားဖြင့်-
၁၈း၁။ ရည်သန်စူးစိုက်မှု အပေါင်းသည် အရှင့်အမှုတော်ဆောင် ထံ၌ ကျမ်းတော်ကို ချမှတ်ပေးသည့် ပရမတ်ဘုရားရှင် အဘို့ သာတည်း၊ ၎င်း၌ ကောက်ကျစ် မှု စီစဉ်ထားသည် မရှိချေ။
၁၈း၂။ အရှင့်ထံတော်မှ ပြင်းထန်သော အမင်္ဂလာ အကြောင်းသတိပေးဘို့ရာ၊ ပြုပြင်ပြောင်းလဲမှု ကျင့်ကြံသောသူများအတွက် သတင်းကောင်းဖြစ်ဘို့ရာ တည်တံ့ ခိုင်မြဲစေ၏၊ ဧကန်ပင် သူတို့အတွက် တင့်တယ်သော ဆုလဒ်သည် ရှိနေ၍
၁၈း၃။ ထို၌ ကာလပိုင်းခြားမဲ့ သောင်တင်နေထိုင်ရမည်ပင်။
၁၈း၄။ ပရမတ်ဘုရားရှင်သည် ကိုယ်ပွားယူထား၏ ဟု ဆိုသောသူတို့အားသတိပေးလော့။
၁၈း၅။ သူတို့နှင့် သူတို့၏ မိရိုးဖလာသည် ထို၌ အသိပညာ မရှိဘဲ- ပါးစပ်များမှ ထုတ်သော စကားသည် ကြီးကျယ်လှ၏။ မုသားကိုသာ ပြောနေ ကြ၏။
၁၈း၆။ ဤ ဆင့်ပြန်ချက်အားသူတို့၏ မယုံကြည်သော ရိုးရာကြောင့် သင့် စိတ်ကိုသင် ဖြေမဆယ်နိုင်ဖြစ်ရာ၏။
၁၈း၇။ သူတို့မှ တင့်တယ်သော ကျင့်ကြံမှုများကို စုံစမ်းရန် အလို့ငှာ ကမ္ဘာမြေပေါ်၌ စွဲမက်စရာများကို ငါ စီစဉ်ထားတော်မူပြီ။
၁၈း၈။ ဧကန်ပင်- ၎င်းကို ကုန်းပြောင်ပြောင် မြေခေါင်ခေါင် အဖြစ် ငါ စီစဉ်တော်မူအံ့။
၁၈း၉။ သို့တည်းမဟုတ် လှိုင်ဂူတွင်းပေါင်းဖေါ်များနှင့် သူတို့၏ ရေးခြစ်ထားခြင်းများသည် ငါ၏ သုတ်ဒေသနာများအနက် အံ့ဘွယ်များဟု သင် စဉ်းစားသလော။
၁၈း၁၀။ လုလင်များသည် လှိုင်ဂူထဲသို့ ခိုလှုံရာ ရှာခဲ့ကြ၍၊ “အို- ကံကြမ္မာရှင် တပည့်တော်တို့အားအရှင့်ထံမှ ကရုဏာတော်အားချီးမြှင့်တော်မူပါ၊ တပည့်တော် တို့အားဖြောင့်မတ်သော ညွှန်ကြားမှုများပုံစံချပေးတော်မူပါ၊”ဟု ဆုပန်၏။
၁၈း၁၁။ သို့ဖြင့် ငါသည် သူတို့၏ နားများကို လှိုင်ဂူထဲ၌ နှစ် အရေအတွက် ပေါင်းများစွာ သွားလာစေ၍
၁၈း၁၂။ ထို့နောက် ထိုနှစ်ဂိုဏ်းအနက် ထို၌ မည်မျှ နေခဲ့ သည့် ကာလကို အစဉ်လိုက် သိနိုင်စေရန် သူတို့အားနိုးထစေခဲ့၏။
၁၈း၁၃။ ဤသတင်းများကို အမှန်သစ္စာအဖြစ် သင့်အားငါ ဖေါ်ပြပြီ။ ထို လုလင်များသည် သူတို့၏ကံကြမ္မာရှင်အားယုံကြည်သဖြင့်၊ လမ်းညွှန်မှန်၌ တိုးပွားစေခဲ့ပြီ။
၁၈း၁၄။ ငါသည် သူတို့၏ နှလုံးသားကို တက်ကြွစေခဲ့ပြီ။ သူတို့က ရပ်တည် လျက် ကြေငြာကြသည်မှာ “ကျွန်ုပ်တို့၏ ကံကြမ္မာရှင်မှာ မိုးများနှင့် မြေကမ္ဘာ၏ ကံကြမ္မာရှင် ဖြစ်၏။ အရှင် မှလွဲ၍ အခြားသော ဘုရားဟူ၍ ဆုတောင်းရာ မရှိတော့ပြီ။ သို့မဟုတ်က ကျွန်ုပ်တို့၏ ပြောဆိုမှုမှာ မတရားမှု ဖြစ်ချေလတ္တံ့၊-
၁၈း၁၅။ ဤကျွန်ုပ်တို့၏ လူမျိုးများသည် သူတို့အပေါ် ရှင်းလင်းသော လုပ်ပိုင် ခွင့် မပေးအပ်ထားသော်လည်း- အရှင် မှလွဲ၍ ဘုရားအများအယူထားနေ၏။ ပရမတ်ဘုရားရှင်နှင့် စပ်လျဉ်း၍ လုပ်ကြံဖန်တီးလိမ်ညာသူထက် မည်သူက ပို၍ အမိုက်စီးဘိသနည်း၊” ဟု ဖြစ်၏၊
၁၈း၁၆။ ပရမတ်ဘုရားရှင်မှအပ သူတို့ ကိုးကွယ်သည်များနှင့် သူတို့ထံမှ သင်တို့ ရှောင်ခွာသွားလျက် လှိုင်ဂူထဲတွင် ခိုနေသော အခါ သင်တို့၏ ကံကြမ္မာရှင် က ကရုဏာတော်ဖြင့် နိုးကြွနေစေအံ့။ အကျွမ်းလာမည့်သော ညွှန်ကြားချက်များကို သင်တို့ အတွက် ပုံစံချပေးလတ္တံ့။
၁၈း၁၇။ နေထွက်လာသောအခါ၊ သူတို့ လှိုင်ဂူ၏ ညာဘက်မှ လှည့်ပတ်သွား၍၊ ၎င်းသည် နေဝင်ချိန်၌ သူတို့၏ ဘယ်ဘက်မှ ကပ်သွားသည်ကို သင်မြင်ရလတ္တံ့၊ သူတို့သည် ၎င်း၏ လဟာပြင်ကျယ်၌ ရှိ၏၊ ဤသည် ပရမတ်ဘုရားရှင်ထံမှ နိမိတ် လက္ခဏာ တစ်ရပ် ဖြစ်၏။ ပရမတ်ဘုရားရှင်က လမ်းညွှန်ပေးသော သူသည် လမ်းညွှန်မှန်၌ ရှိ၍၊ လမ်းလွဲစေသူ အတွက် အရှင့်အားတုပြိုင်လျက် ဖြောင့်မတ် သော မဟာမိတ်ကို တွေ့ရမည် မဟုတ်ချေ။
၁၈း၁၈၊ သူတို့ အိပ်ပျော်နေသော်လည်းနိုးလျက်ရှိသည်ဟု သင် စဉ်းစားမိ လတ္တံ့၊ ငါသည် သူတို့အားဘယ် ညာ ခေါင်းလှည့် နေစေ၏။ သူတို့၏ ခွေးကားလက်နှစ်ဘက်ကို ဆန့်၍ ဝင်ပေါက်ပိတ်လျက် ရှိ၏။ သင်သည် သူတို့အားဖြည့်၍ ရုပ်လုံးဖေါ်လျှင် ကြောက်လန့် လှည့်ပြေးမိလတ္တံ့။
၁၈း၁၉။ ငါသည် သူတို့အားဤသို့ နိုးထစေ၍ သူတို့ချင်းကြားမေးသူတစ်ဦးအားမေးမြန်းစေသည်မှာ “ထို၌ သင်တို့သည် မည်မျှနေခဲ့သနည်း၊”ဟု ဆိုသော်၊ “ကျွန်ုပ်တို့သည် တစ်ရက် သို့မဟုတ် တစ်ရက်၏ အချို့ နေခဲ့ရ၏”ဟု ဖြေကြ၍၊ ဆက်ပြောသည်မှာ “သင်တို့၏ ကံကြမ္မာရှင်သည် သင်တို့ မည်မျှနေခဲ့ကြောင်းအသိဆုံးဖြစ်တော်မူ၏၊ သင်တို့အနက်မှ တစ်ဦးကို နိုးကြားစေ၍ ဤငွေစက္ကူဖြင့် မြို့ထဲသို့စေလော့၊ ထို့နောက် မည်သည့် စားဘွယ်သည် သန့်ရှင်းဖြူစင်ဆုံးဖြစ် သည်ကို ကြည့်စေလော့၊ ထိုမှ သင်တို့ အတွက် ရိက္ခာကို ယူလာစေလော့၊ သင်တို့အကြောင်းအားတစ်ယောက်မှ သတိမမူမိစေရန် သူ့အားသိမ်သိမ်မွေ့မွေ့ ရှိစေလော့။-
၁၈း၂၀။ သူတို့ထံ၌ သင်တို့အကြောင်းပေါ်သွားလျှင် သင်တို့အားပစ်ထုတ်ကြ လတ္တံ့၊ သို့မဟုတ် သူတို့၏ ဘာသာ၌ ဆက်ကျင့် စေလတ္တံ့၊ သို့ဖြစ်လျှင် သင်တို့သည် မည်သည့်အခါမှ အောင်မြင်ပေါက်မြောက်မည် မဟုတ်ချေ။”ဟု ဖြစ်၏။
၁၈း၂၁။ ပရမတ်ဘုရားရှင်၏ ကတိတော်သည် သစ္စာတရားဖြစ်ကြောင်းသိနိုင်စေရန်၊ အချိန်နာရီ၌ သံသယဖြစ်ဘွယ် မရှိကြောင်းကို ရှာဖွေတွေ့ရှိစေရန် သူတို့နှင့် ပတ်သက်၍ ဤသို့ ပြသတော်မူ၏။ သူတို့၏ ညွှန်ကြားချက်များ၌ အချင်းချင်းကြားဖယ်ပစ်နေကြသောအခါ “သူတို့ ပတ်လည်၌ ထပ်မြင့်တိုက်များဆောက်လုပ်ကြစို့၊”ဟု ဆိုကြ၏။ အနိုင်ရသော သူများက “ကျွန်ုပ်တို့သည် သူတို့ ပတ်လည်၌ ဝတ်ကျောင်းတစ်ဆောင်ကို ရယူလတ္တံ့၊”ဟု ပြောကြသည်ကို သူတို့၏ ကံကြမ္မာရှင်သည် အသိဆုံးဖြစ်တော်မူ၏။
၁၈း၂၂။“သုံးယေက်၊ သူတို့၏ခွေးသည် စတုတ္ထ ဖြစ်၏၊” ဟု ပြောကြသော်၊ အချို့က “ငါးယောက် သူတို့၏ခွေးမှာ ဆဌမ ဖြစ်၏၊”ဟု မျက်ကွယ်ကို လေပစ် ပြောဆိုကြ၏။ အချို့ကလည်း“ခုနစ်ယောက် သူတို့၏ ခွေးသည် အဌမ ဖြစ်၏၊”ဟု ဆိုကြ၏။ ဟောပြောလော့ “ကျွန်ုပ်၏ ကံကြမ္မာရှင်သည် သူတို့၏ အရေအတွက်ကို အသိဆုံးဖြစ်တော်မူ၏၊ လူနည်းစု သာလျှင် ထိုအကြောင်းကို သိကြ၏၊ ထို့ကြောင့် အပြင်ပန်းအချေအတင်မှ အပ သူတို့၏အကြောင်းနှင့် အချင်းမများကြနှင့်၊ သူတို့နှင့် စပ်လျဉ်း၍ မည်သူတစ်ဦးတစ်ယောက်ထံတွင်မှ မစူးစမ်းလေနှင့်၊”
၁၈း၂၃။“ဤအရာကို မနက်ဖြန်၌ ပြုလုပ်မည်၊”ဟု မည်သည့်အရာကိုမှ မပြောလေနှင့်။
၁၈း၂၄။ပရမတ်ဘုရားရှင်၏ စံချိန်ပြည့်မှီခဲ့လျှင်ဟု ဆိုကြလော့၊ “မေ့နေ ခဲ့သော်၊ သင့်ကံကြမ္မာရှင်အားသတိရလျက် “ကျွန်ုပ်၏ ကံကြမ္မာရှင်သည် ကျွန်ုပ် အားလမ်းညွှန်၍ ဤထက် နီးကပ်စွာ ဖြောင့်မတ်ပေးနိုင်ရာ၏၊”ဟု ပြောဆိုလော့။
၁၈း၂၅။ သူတို့သည် ဂူတွင်း၌ နှစ်ပေါင်းသုံးရာ နေခဲ့၏။ ထို့ပြင် ကိုးဆ တိုးလိမ့်မည်။
၁၈း၂၆။ ဟောလော့ “ပရမတ်ဘုရားရှင်သည် ထို၌ သူတို့ မည်မျှနေခဲ့ ကြောင်းကို အသိဆုံးဖြစ်တော်မူ၏။ အရှင်သည် မိုးများနှင့် မြေကမ္ဘာ၏ စက္ခုလွန် ကို ပိုင်စိုးသော မြင်နေ၊ ကြားနေသည့် အရှင် ဖြစ်၏၊ သူတို့အတွက် အရှင် မှလွဲ၍ မဟာမိတ် ဟူ၍ မရှိချေ။ စီရင်ထုံးပြုရာ၌ မည်သူ တစ်ဦးတစ်ယောက်သည်မှ အရှင်နှင့် ဖက်စပ်ရောပြွန်းခွင့် မရှိချေ။”
၁၈း၂၇။ သင့်အားအာရုံဈာန်ပေးသည့် ကံကြမ္မာရှင်၏ ကျမ်းတော်မှ ဖတ်ပြ လော့၊ အရှင်၏ ဓမ္မတော်သည် အပြောင်းအလဲ မရှိ အရှင် မှလွဲ၍ လှီးလွှဲရှောင်ကွေ့ ရာကိုလည်းတွေ့နိုင်မည် မဟုတ်ချေ။
၁၈း၂၈။ အရှင့်ထံ မျက်နှာရရန် လိုလား၍ မနက်စောစောနှင့် ညဦး၌ ဆုတောင်းကြသောသူများနှင့် အတူ သင့်စိတ်ကို ကြံ့ခိုင်စေလော့၊ လောကီဘ၀၏ စွဲမက်စရာအားလိုလားလျက် သူတို့အားမျက်ခြေပြတ်သွားခြင်းမရှိစေနှင့်၊ ငါ့အားသတိမရစေရန် နှလုံးသားကို မေ့လျော့ထားသူ၊ မိမိ၏ လိုဘနောက်ကိုသာ လိုက်နေသူ၊ အရှင်၏ ညွှန်ကြားချက်အားလက်လွတ်စပယ် ရှိသူကို မနာခံနှင့်။
၁၈း၂၉။ ဟောလော့ “သစ္စာတရားသည် သင်တို့၏ကံကြမ္မာရှင် ထံမှ ဖြစ်၏။ သို့ဖြစ်၍ သူ့စံချိန်အလျောက် သူယုံကြည်ပါစေ၊ သူ့စံချိန်အလျောက် သူ ဖုံးကွယ် ပါစေ။ အမိုက်ကောင်များအတွက် ငါသည် သူတို့၏ ပတ်လည်၌ နံရံများခတ်လျက် အပူမီးကို ပြင်ဆင်ထား၏။ သူတို့သည် ရေကို အသားနားခံလျှင်၊ သူတို့၏ မျက်နှာ များကို လောင်မြိုက်စေသော ကြေးနီရည်ကဲ့သို့ ပေးသနား၏၊ အကုသိုလ် အကျွမ်းဝင်သည့် ဆိုဝါးလှသော သောက်ရေ ဖြစ်၏။”
၁၈း၃၀။ ယုံကြည်လျက် ပြုပြင်မှု၌ ကျင့်ကြံသောသူတို့အတွက်မူ၊ မှတ်သားလော့ ငါသည် သုမင်္ဂလာ ကျင့်ကြံသူများ၏ ဆုလဒ်ကို အလဟသ ဖြစ်စေတော် မမူချေ။
၁၈း၃၁။ ထိုသူတို့တွက် အောက်ခင်း၌ စမ်းချောင်းရေသွင် စီးဆင်းနေသည့် တည်မြဲခြင်းသုခဘုံများရှိ၏။ သူတို့အားရွှေစလွယ်ဖြင့် ဆင်ယင်စေမည်၊ စိမ်းစို သည့် ပိုးဖဲကတ္တီပါများကို ခြုံထည်ဖြစ်စေမည်၊ ပလ္လင်များပေါ်၌ မှီလှဲစံစားရ စေမည်၊ ဂုဏ်ရှိသော အကျိုးဆက်နှင့် အတင့်တယ်ဆုံးအကျွမ်းဝင်လာစေမည်။
၁၈း၃၂။ သူတို့၏အတွက် လူနှစ်ဦးကို ပမာတည် ဥပမာပြ၏။ ငါသည် သူတို့မှ တစ်ဦးအားစိုက်ခင်းနှစ်ခုကြားစွံပလွန်ပင်များခြံစည်းစီစဉ်ထားသည့် စပျစ် ဥယျာဉ် နှစ်ခုကို စီစဉ်ပေး၏။
၁၈း၃၃။ ဥယျာဉ်နှစ်ခုလုံးမှ အစားအစာများကို ပေးစေ၏၊ ထိုမှ အမှောင်ကျသည် ဟု တစ်စုံတစ်ရာ မရှိချေ၊ ၎င်းတို့အတွင်းမှ စမ်းချောင်းတစ်ခု စီးထွက်နေ၏။
၁၈း၃၄။ ထို့ကြောင့် သူ့တွင် သစ်သီး၀လံများပိုင်ဆိုင်၍ သူ့အဖေါ်အားအသားယူ ပြောသည်မှာ “ကျွန်ုပ်သည် သင့် ထက် ဥစ္စာများစွာ ပိုရှိ၏၊ ဘုန်းကံမြင့် လူလုံးပြနိုင်၏၊”ဟု ဖြစ်၏။
၁၈း၃၅။ သူသည် သူ့စရိုက်ကိုသူ အမိုက်စီးလျက် ဥယျာဉ်ထဲသို့ ဝင်သွား၍ ပြောသည်မှာ“ဤသည် မည်သည့်အခါမျှ ပျက်သုန်းမည် မဟုတ် ဟု ကျွန်ုပ် စဉ်းစားမိ၏၊-
၁၈း၃၆။ အချိန်နာရီသည် ရပ်နေမည်ဟု ကျွန်ုပ် မစဉ်းစားမိ၊ ကျွန်ုပ်၏ ကံကြမ္မာရှင်ထံသို့ ဦးလှည့်ရလျှင်လည်းဤထက် ပိုကောင်းသော ဌာနကို တွေ့ရ လတ္တံ့၊”ဟု ဖြစ်၏။
၁၈း၃၇။ သူ့ အဖေါ်က သူ့အားပြန်လည်အသားယူသည်မှာ သင့်အားမြေမှုန့် မှ၊ ထို့နောက် သုတ်ပိုးတစ်ကောင်မှ ထို့နောက် လူသားအဖြစ် ပုံစံချ ဖြစ်တည်ပေးသော အရှင်အားဖုံးကွယ်လေသလော။
၁၈း၃၈။ ကျွန်ုပ်မှာမူ၊ အရှင်သည် ကျွန်ုပ်၏ ကံကြမ္မာရှင် ပရမတ်ဘုရားရှင် ဖြစ်၏။ ကျွန်ုပ်၏ ကံကြမ္မာရှင်အားတစ်စုံတစ်ရာ နှင့်မှ ရောပြွန်းဖက်စပ်ခြင်းမရှိပါ။
၁၈း၃၉။ သင်သည် ဥယျာဉ်သို့ ဝင်သောအခါ၊ “ပရမတ်ဘုရားရှင်၏ စံချိန် အတိုင်းသာ၊ ပရမတ်ဘုရားရှင်သည်သာ တန်ခိုးတော်ရှိပါ၏၊”ဟု ပြောအပ်၏။ ကျွန်ုပ်အားသင့်ထက် ဥစ္စာ၊ ရင်သွေးနည်းပါးသည်ဟု မြင်ရသော်လည်း-
၁၈း၄၀။ သင့် ဥယျာဉ်ထက် ပို၍ကောင်းသည်ကို ကျွန်ုပ်၏ ကံကြမ္မာရှင်က ကျွန်ုပ်အားပေးနိုင် ရာ၏၊ ၎င်းကို မိုးကောင်းကင်မှ စီစစ်တွက်ချက် စေစားလျက် နံနက်တွင် စောင်းရွဲ့ ပြိုဆင်းမြေဖုံးသွားနိုင်၏။
၁၈း၄၁။ သို့မဟုတ် နံနက်တွင် ရေကြောသည် ငုပ်လျှိုးသွားလျက်၊ အမှီမလိုက် နိုင်ဖြစ်ရာ၏။
၁၈း၄၂။ ထို့နောက် သူ့သီးနှံပုံ ပတ်လည်ဖြင့် သူသည် ထို၌ အသုံးစရိတ် ချုပ်တီး၍ လှည့်ချေးရတော့၏။ အထပ်ထပ် ပြိုကျလျက် “ကျွန်ုပ်မှာဖြင့် ကံကြမ္မာရှင်အားတစ်စုံတစ်ရာဖြင့် ရောပြွန်းမကိုးကွယ်မိလျှင် ကောင်းလေစွ၊”ဟု ညီးညူရနိုင်၏။
၁၈း၄၃။ ပရမတ်ဘုရားရှင် မှလွဲ၍ သူ့အားကူညီမည့် တပ် မရှိပေ၊ သူ့ကိုယ်သူ လည်းကူညီနိုင်ခြင်းမရှိချေ။
၁၈း၄၄။ ဤ အလှည့်ကျဖြစ်စဉ်များသည် ပရမတ်ဘုရားရှင်ထံမှ အမှန်တရားဖြစ်၏။ အရှင်သည် အကောင်းဆုံးအကျိုးဆက်နှင့် အကောင်းဆုံးချုပ်ငြိမ်းစေ သော အရှင် ဖြစ်၏။
၁၈း၄၅။ သူတို့အတွက် ဤလောကီဘ၀၏ ပမာအားဥပမာပေးသည်မှာ ကောင်းကင်၌ ပေါင်းစပ်စေသော သွန်းချပေးသည့် ရေကဲ့သို့ ဖြစ်၏ ၎င်းဖြင့် မြေကမ္ဘာအားသီးနှံဖြစ်ထွန်းစိမ်းစိုစေ၏၊ ထို့နောက် ၎င်းတို့ကို ခြောက်သွေ့မှု ဖြစ်သွားစေ၍ ဖြန့်ကြဲသော လေများဖြင့် လွင့်စင်စေ၏။ ပရမတ်ဘုရားရှင်သည် သဗ္ဗလုံးစုံအားစည်းချိန်ချမှတ်သော အရှင် ဖြစ်ပေ၏။
၁၈း၄၆။ ဥစ္စာပစ္စည်းသားသမီးများသည် ဤလောကီဘ၀၏ စွဲမက်စရာများဖြစ်၏။ သို့သော် စဉ်ဆက်မပြတ် ပြုပြင်ပြောင်းလဲခြင်းသည် သင့်ကံကြမ္မာရှင်၏ ထံ၌ ပို၍ကောင်း၏။ အကျိုးဆက်နှင့် ပိုကောင်းသော မျှော်လင့်ချက် ရှိ၏။
၁၈း၄၇။ တောတောင်များပြတ်ရွေ့၍၊ မြေကမ္ဘာသည် ပြန်ထွက်ခွာလာရ သည်ကို သင်မြင်ရသော နေ့ကာလ၌၊ သူတို့မှ တစ်စုံတစ်ခုမျှ မချွင်းချန်ဘဲ သူတို့ အားငါ စုစည်းစေမည်ပင်။
၁၈း၄၈။ သင့်ကံကြမ္မာရှင်၏ ထံ၌ သူတို့အားဘောင်ဝင်စေရန် စီတန်းစေ၍ “သင်တို့အားပထမအကြိမ် ဖြစ်တည်စေခဲ့ သကဲ့သို့ ငါ့ ထံသို့ မုချ ရောက်လာစေ ခဲ့ပြီ၊ အမှန်မှာ- သင်တို့အတွက် ကတိတော်ကို ငါ စီစဉ်မည် မဟုတ်ဟု သင်တို့ ရပ်တည်ပြောဆိုခဲ့ကြ၏။”
၁၈း၄၉။ မှတ်တမ်းကို ချထားပေး၏၊ ရာဇဝတ်ကောင်များမှာ ထို၌ ရှိသည်ကို စိုးထိတ်နေကြ၏၊ “ကျွန်ုပ်တို့များနှယ်- ဤသည် ကြီးငယ်မဟူ အမှတ်စဉ် မချွင်းချန်သော မှတ်တမ်းဖြစ်၏၊”ဟု ညီးတွားကြသည်ကို သင် မြင်ရတ္တံ့။ သူတို့ ကျင့်ကြံ ခဲ့သမျှ သူတို့အတွက် အသင့်ဖြစ်နေသည်ကို တွေ့ရလတ္တံ့၊ သင့်ကံကြမ္မာရှင်သည် တစ်စုံတစ်ယောက်ကိုမှ အဝိဇ္ဇာသင့်စေခဲ့သည် မဟုတ်ချေ။
၁၈း၅၀။ ငါက နိမိတ်ဆောင်တို့အား“အာဒံကို ဦးချလော့၊”ဟု မိန့်သော်၊ ဦးချကြကုန်၏၊ သို့သော် ရှေးရိုးစွဲသည် မပါ။ သူသည် အန္ဓပုတုဇဉ်များမှ ဖြစ်၏၊ ကံကြမ္မာရှင်၏ ညွှန်ကြားချက်နှင့် စပ်လျဉ်း၍ ယုတ်မာ၏၊ သင်တို့သည် ငါ မှလွဲ၍ သူနှင့် သူ့သားမြေးများကို မဟာမိတ် အဖြစ် ယူမှတ်ကြမည်လော၊ သူတို့သည် သင်တို့အပေါ် စည်းဖေါက်သူများမဟုတ်လော၊ အပြောင်းအလွှဲသည် အမိုက် ကောင်များအတွက်- အမင်္ဂလာပင် ဖြစ်၏။
၁၈း၅၁။ မိုးများနှင့် မြေအားငါ ဖြစ်တည်စေရာ၌၊ သူတို့၏ စရိုက်အားဖြစ်တည်စေရာ၌၊ သူတို့ကို သက်သေများဖြစ်စေသည် မဟုတ်ချေ။ လမ်းလွဲစေသူ များအားလက်ရုံးများအဖြစ်လည်းယူမှတ်ခဲ့ခြင်းမရှိချေ။
၁၈း၅၂။ “ငါနှင့် ရောပြွန်းကိုးကွယ်ရာဟု သင်တို့ ရပ်တည်ပြောဆိုခဲ့သော သူများထံ အော်တောင်းကြလော့၊” ဟု အရှင် မိန့်သော နေ့ကာလ၌ သူတို့သည် ဆုတောင်းကြလိမ့်မည်၊ သို့သော် သူတို့အားတုန့်ပြန်လိမ့်မည် မဟုတ်ချေ။ သူတို့၏ ကြား၌ တားဆီးကာရံမှုကို ငါ စီစဉ်ထားတော်မူလတ္တံ့။
၁၈း၅၃။ ရာဇဝတ်ကောင်များသည် အပူမီးကို မြင်တွေ့ရ၍၊ ထို၌ တည်နေရ မည်ဟု တွေးမိနေပြီ၊ ထိုမှ ဘက်ပြန်ပြေးနိုင်သည်ကို တွေ့ရမည် မဟုတ်ချေ။
၁၈း၅၄။ မုချပင်၊ ဤကုရ်အာန်၌ ငါသည် လူသားများအတွက် ဥပမာ ကိုယ်စီ ဖြင့် ထပ်ပြန်တလဲလဲရှင်းပြ၏၊ သို့သော် လူသားသည် များစွာသော အရာများ၌ အကြီးအကျယ် စောဒကတက်၏။
၁၈း၅၅။ သူတို့ထံသို့ လမ်းညွှန်တရားရောက်လာ သောအခါ၊ သူတို့၏ ကံကြမ္မာရှင်ထံ၌ လွတ်ငြိမ်းဆုပန်ခြင်းမှ-၊ ယုံကြည်ခြင်းမှ-၊ လူသားအားဟန့်တားခံနေရသည်မှာ- သူတို့၏ ရှေးဟောင်းဓလေ့များကို ယူလာ ခြင်းကြောင့်၊ သို့မဟုတ် ဝဋ်ကြွေးကို ရှေ့ဆိုင်တိုးယူ လိုခြင်းကြောင့် ဖြစ်၏။
၁၈း၅၆။ ဉာဏ်စဉ်ဆောင်များကို သတင်းပေးသူ၊ သတိပေးသူများအဖြစ် ဖြင့် သာ ငါ စေစားတော်မူ၏၊ ဖုံးကွယ်သော သူတို့သည် သစ္စာတရားကို မိစ္ဆာတရားဖြင့် စောဒကတက် တိုက်ခိုက်၏။ ငါ၏ သုတ်ဒေသနာများနှင့် သတိပေးချက်များကို လှောင်ပြောင်စရာဟု ယူမှတ်ကြ၏။
၁၈း၅၇။ ကံကြမ္မာရှင်၏ သုတ်ဒေသနာများကို သတိဖေါ်ပေးခံရပြီး၎င်းကို ဘောင်ကန့်ထားသူ၊ သူ့လက်များက မည်သည်အားစုံရပ်ခံလျက် မေ့ပျောက်နေသူ ထက် မည်သူက ပို၍ အမိုက်စီးဘိသနည်း။ မှတ်သားလော့ သူတို့၏ နှလုံးသား၌ ကွယ်ကာမှုနှင့်၊ သူတို့၏ နားများလေးလျက် နားမလည်ခြင်းကို ငါ စီစဉ်ထားပြီ။ သူတို့အားလမ်းညွှန် ဘက်သို့ ဖိတ်ခေါ်သော်လည်းမည်သည့်အခါမှ လမ်းညွှန်ရ မည် မဟုတ်ချေ။
၁၈း၅၈။ သင့်ကံကြမ္မာရှင်သည် လွတ်ငြိမ်းစေသောအရှင်၊ ကရုဏာတော် အရှင် ဖြစ်၏၊ သူတို့၏ ကျင့်ဆောင်မှုများကြောင့် သူတို့အားအရေးယူခဲ့လျှင်၊ သူတို့၏ ဝဋ်ကြွေးအတွက် သူတို့အားအလျှင်မြန်ပြီးဖြစ်လတ္တံ့။ အမှန်မှာ သူတို့ အတွက် ကတိချိန် ရှိ၏။ ထို မှလွဲ၍ ထွက်ပြေးလွတ်မြောက်ရာကို တွေ့ရမည် မဟုတ်ချေ။
၁၈း၅၉။ သူတို့ အမိုက်စီးနေစဉ်တွင် ငါသည် ဤဒေသများကို တိမ်ကောစေ ခဲ့ပြီ။ သူတို့၏ တိမ်ကောချိန်ကို ငါ စီစဉ် ကတိထားပြီးဖြစ်၏။
၁၈း၆၀။ မူဆာက သူ၏ လုလင်အား“ကျွန်ုပ်သည်- ရောက်ရန် မည်မျှကြာ သည် ဖြစ်စေ၊ မြစ်နှစ်စင်းဆုံရာသို့ မရောက်မချဉ်းကြာမြင့်စွာ ခရီးဆက်နေမည်” ဟု ဆို၏။
၁၈း၆၁။ သူတို့သည် ထိုနှစ်ခုဆုံရာသို့ ရောက်သောအခါ၊ သူတို့၏ ငါးကို မေ့နေကြ၏။ ၎င်းသည် မြစ်ထဲ၌ သူ့လမ်းကို ရယူ၍ လှစ်ကနဲထွက်ပြေးသွား၏။
၁၈း၆၂။ သူတို့ မြစ်ကို ဖြတ်ကျော်ပြီးနောက်၊ သူက သူ့လုလင်အား၊ “မနက်စာကို ကျွန်ုပ်တို့ ထံသို့ ပေးလော့၊ ဤ ဆုံရသော လမ်းခရီးသည် ကျွန်ုပ်တို့အားအတော်ပန်းစေ၏၊” ဟု ပြောဆိုသော်၊
၁၈း၆၃။ လုလင်က “အသင် မြင်ယောင်မိပါသလော၊ ကျောက်တုံးပေါ်၌ ကျွန်ုပ် တို့ ခိုနားစဉ်၊ ၎င်းကို ကျွန်ုပ် မေ့သွား၏၊ မကောင်းဆိုးဝါးက ကျွန်ုပ်အားသတိဖေါ် ပေးရန် မေ့နေစေပါ၏၊ ၎င်းသည် မြစ်ထဲ၌ သူ့လမ်းကို ရယူသွားပါပြီ၊ အံ့ဩ လောက်ပါ၏၊”ဟု ပြန်ပြော၏။
၁၈း၆၄။ သူက ဤသည် ကျွန်ုပ်တို့ ရှာဖွေသည့်လမ်းဖြစ်သည်ဟု ဆို၍၊ ဖေါ်ပြ သည့် ခြေရာအတိုင်းလိုက်ခဲ့ကြ၏။
၁၈း၆၅။ သို့ဖြင့် သူတို့သည် ငါ့ထံပါး၌ ကရုဏာ သက်ခံရသူ၊ ငါ့ထံတော်မှ အသိပညာအားဖြင့် ပညာအလင်းချီးမြှင့်ခံရသူ ဖြစ် သော ငါ့ အမှုတော်ဆောင် တစ်ဦးအားတွေ့ရ၏။
၁၈း၆၆။ မူဆာက သူ့အား“အသင် သင်ကြားခံရသည်များမှ ဖြောင့်မတ်မှုကို ကျွန်ုပ်အားပြန်သင်ပေးအံ့ငှာ သင့်နောက်သို့ လိုက်ခွင့်ပြုပါ၊”ဟု တောင်းဆိုသော်၊
၁၈း၆၇။ သူက “သင်သည် ကျွန်ုပ်အားသည်းခံနိုင်မည် မဟုတ်ချေ-
၁၈း၆၈။ သင် သတင်းဂျပ်ပိတ်နေသည်ကို မည်သို့ သည်းခံနိုင်အံ့နည်း၊”ဟု ပြန်ပြော၏။
၁၈း၆၉။ မူဆာက “ပရမတ်ဘုရားရှင်၏ စံချိန်ပြည့်မှီလျှင် ကျွန်ုပ်ထံ၌ သည်းခံ ခြင်းကို တွေ့ရလိမ့်မည်၊ သင့် ညွှန်ကြားချက်ကို ကျွန်ုပ် အာခံမည် မဟုတ်ချေ၊”ဟု ပြန်ပြောသောအခါ။
၁၈း၇၀။ သူက “ကျွန်ုပ်နောက်သို့ လိုက်လျှင် ကျွန်ုပ်က သင့်အားသတိဖေါ် မဆင့်ပြန်ပေးသ၍၊ မည်သည့်အရာကိုမှ မေးခွန်းမထုတ်နှင့်၊”ဟု ပြော ၍။
၁၈း၇၁။ သူတို့ ထွက်ခွာခဲ့ကြရာ၊ သင်္ဘောကုန်းပတ်၌ ရှိစဉ်၊ ၎င်းကို ဖေါက်သော အခါ၊ မူဆာက “သင်သည် သင်္ဘောရှိ သူများနစ်မြုပ်စေရန် အပေါက်ဖေါက် သလော၊ ဧကန်ပင် ဆိုးသော စီမံချက်ကို သင် ပေးရောက်ခဲ့ပြီတကား”ဟု ဆိုသော်။
၁၈း၇၂။ သူက “သင်သည် ကျွန်ုပ်အားသည်းခံနိုင်မည် မဟုတ် ဟု ကျွန်ုပ် မပြောခဲ့ သလော၊”ဟု ဆို၏။
၁၈း၇၃။ မူဆာက “ကျွန်ုပ်၏ မေ့နေမှုအတွက် အရေးမယူပါ နှင့်၊ ကျွန်ုပ်၏ အစီအမံကြောင့် မခက်ခဲစေပါနှင့်၊”ဟု တောင်းပန်၏။
၁၈း၇၄။ ထွက်ခွာခဲ့ပြန်ရာ၊ ကလေးတစ်ယောက်ကို တွေ့ပြီး၊ သူ သတ်လိုက် သောအခါ၊ “အခြားဉာည်တစ်ခုအစားသန့်ရှင်းဖြူစင်သော ဉာည်တစ်ခုကို သင် သတ်လိုက်၏၊ မကြုံဘူးသည့် အရာကို သင် ပေးရောက်စေပြန်ပြီ၊”ဟု ပြောပြန်၏၊
၁၈း၇၅။ သူက “ကျွန်ုပ်အားသင် သည်းခံနိုင်မည် မဟုတ် ဟု ကျွန်ုပ်မပြောခဲ့သလော၊”ဟု ဆိုရပြန်၏။
၁၈း၇၆။ မူဆာက “ဤနောက်တွင် သင့်အားတစ်စုံတစ်ရာ မေးမိပါလျှင် ကျွန်ုပ်ကို အဖေါ်ပြုရန် မလိုတော့ဟူသော ကျွန်ုပ်ထံမှ ခွင့်ပြုချက်ကို အပ်ပါပြီ၊”ဟု ဆို၏။
၁၈း၇၇။ ထွက်ခွာခဲ့ကြပြန်ရာ အရပ်ဒေသသားတို့ထံ ဆိုက်ရောက်လာ၍၊ သူတို့အတွက် ထိုအရပ်သားတို့ထံမှ အစားအစာကို တောင်းကြသော်လည်း၎င်းတို့ က လက်မခံ၊ ဧည့်ဝတ်မကျေကြချေ၊ ထို၌ ပြိုလုဆဲဆဲ အုပ်တံတိုင်းကို တွေ့၍၊ သူသည် ၎င်းကို တည်မြဲရန်ပြုလိုသဖြင့်၊ သူက “သင် စံချိန်ပြည့်ခဲ့သော် ထို့အတွက် အကျိုးဆုလဒ် ယူနိုင်၏၊”ဟု ပြောမိပြန်၍၊
၁၈း၇၈။ သူက “သင်နှင့် ကျွန်ုပ်အကြားဤ၌ ခွဲခြားသွားပေပြီ။ သို့သော် သင် သည်းမခံနိုင်သော သတင်းကို ကျွန်ုပ် ဖွင့်ဆိုရှင်းပြပေအံ့၊”ဟု ဆို၍။
၁၈း၇၉။ သင်္ဘောအကြောင်းမှာမူ ၎င်းသည် မြစ်ပြင်၌ ကျင့်ကြံကျက်စားရ သော နွမ်းပါးသူ ပိုင် ဖြစ်၏၊ ၎င်းကို ကျွန်ုပ် ပေါက်ကျ စေလိုခြင်းမှာ သူတို့၏ နောက်ကွယ်၌ ဘုရင်တစ်ပါးရှိ၍ သူသည် လှေသင်္ဘောတိုင်းကို အတင်းအဓမ္မ သိမ်းပိုက်သော ကြောင့် ဖြစ်၏။
၁၈း၈၀။ ကလေးအကြောင်းမူကားသူ့မိဘများသည် ယုံကြည်သူများဖြစ်၏၊ သူ၏ စည်းဖျက်မှုကြောင့်- ဖုံးကွယ် လိမ်ညာမှုကြောင့်- သူတို့အားဖိစီးခံရမည်ကို ကျွန်ုပ် စိုးရိမ်၏။
၁၈း၈၁၊ သူတို့အတွက် သူ့ထက် သန့်ရှင်းဖြူစင်သော- ကရုဏာစိတ်နှင့် နီးကပ်သော- ပို၍ ကောင်းသည့် သူကို သူ့နေရာတွင် ကျွန်ုပ် ပြောင်းလွှဲစေလို၏။
၁၈း၈၂။ အုပ်တံတိုင်းမှာမူ၊ ၎င်းသည် မြို့တွင်းရှိ မိဘမဲ့ ကလေးနှစ်ယောက်ပိုင် ဖြစ်၏။ ထိုအောက်၌ သူတို့ပိုင် ရတနာသိုက် ရှိ၏၊ သူတို့၏ ဖခင်မှာ ပြုပြင် ပြောင်းလဲသူ ဖြစ်၏။ ကံကြမ္မာရှင်သည် သူတို့အားအရွယ်ရောက် ရင့်ကျက်လာ လျက် သူတို့၏ ရတနာအားကံကြမ္မာရှင်၏ ကရုဏာတော် အားဖြင့် ဖေါ်ယူနိုင် သည်ကို လိုလား၏။ ကျွန်ုပ်သည် ၎င်းကို ကျွန်ုပ်၏စီမံချက်ဖြင့် ပြုလုပ်သည် မဟုတ်၊ ဤသည် သင် သည်းမခံနိုင်သော အကြောင်းတို့ အတွက် ဖွင့်ဆို ရှင်းပြမှု ပင် ဖြစ်၏။
၁၈း၈၃။ သင့်ထံ၌ ကာရ်နိုင်မင်းနှင့်စပ်လျဉ်း၍ မေးသူတို့အား၊ “သူ့ အကြောင်းကို သင်တို့အားသတိဖေါ် ရွတ်ပြပေအံ့၊”ဟု ဆို၍၊
၁၈း၈၄။ ငါသည် သူ့အားမြေကမ္ဘာ၌ တည်ထောင်စေ၍၊ အလုံးစုံမှ ပြည်ထောင်စုမှုကို ပေးအပ်သော်၊
၁၈း၈၅။ သူသည် ပြည်ထောင်စုမူကို လိုက်၏။
၁၈း၈၆။ သူသည် နေ၏ ဝင်ရာသို့ ရောက်သော် ပင်လယ်နက် ထဲသို့ နေဝင် သည်ကို သူတွေ့ရ၏၊ ထို၌ လူတစ်မျိုးကိုလည်းတွေ့ရ၍၊ ငါက “အေ- မင်းကြီးကာရ်နိုင်၊ သင်သည် ပြစ်ဒဏ်ပေးခြင်းကို ဖြစ်စေ သို့မဟုတ် သူတို့မှ တင့်တယ် သော အရာကို ဖြစ်စေ ယူခွင့်ရပြီ၊”ဟု မိန့်၏။
၁၈း၈၇။ သူ ပြောသည်မှာ “မိုက်မဲသူများအတွက်မူ ကျွန်ုပ် ပြစ်ဒဏ်ပေးမည်၊ ထို့နောက် သူတို့အားသူ့ကံကြမ္မာရှင်ထံသို့ ပြန်လှည့်စေမည်၊ သူ့အားမကြုံဘူးသည့် ပြစ်ဒဏ်ဖြင့် ပြစ်ဒဏ်ပေးလေလတ္တံ့၊-
၁၈း၈၈။ ယုံကြည်လျက် ပြုပြင်ပြောင်းလဲမှု အားကျင့်ကြံသူအတွက်မူ တင့်တယ်သော အစားပေးမှုရှိ၍၊ ကျွန်ုပ်တို့ထံမှ လွယ်ကူသော စီမံချက်များကို ပြောပြပါမည်၊”ဟု ဖြစ်၏။
၁၈း၈၉။ ထို့ပြင် သူသည် ပြည်ထောင်စုအတွက် လိုက်ပြန်၏။
၁၈း၉၀။ သူသည် နေ၏ ထွက်လာရာ အရပ်သို့ ရောက်လာသော်၊ ထိုနေပူကို ပုန်းကွယ်ရန် ငါအရှင် စီစဉ်ပေးမထားသော လူမျိုးတစ်မျိုးအပေါ်မှ နေထွက်လာသည်ကို သူတွေ့ရ၏။
၁၈း၉၁။ ဤသို့ ငါသည် သူ့ကိုယ်သူ တိုင်ပတ်နေသည့် အရာကို သတင်းသိ နေတော်မူ၏။
၁၈း၉၂။ တဖန် သူသည် ပြည်ထောင်စုဖြစ်ရန် လိုက်ပြန်၏။
၁၈း၉၃။ သူသည် တောင်တံတိုင်းနှစ်ခု ကြားသို့ ရောက်သော်၊ သူတို့လူမျိုးချင်းမှလွဲ၍ သဘော ပေါက်မှု မနီးစပ်သော သူများကို တွေ့၏။
၁၈း၉၄။ သူတို့က “အို- မင်းကြီးကာရ်နိုင်၊ ဂေါဂနှင့် မာဂေါဂတို့သည် မြေကမ္ဘာ၌ အဖျက်ကောင်များဖြစ်ကြ၏။ သင့်ထံမှ ကျွန်ုပ်တို့ ခွဲထွတ်ရန် စီစဉ်ရမည်လော သို့မဟုတ် ကျွန်ုပ်တို့ကြားသူတို့ကြား၌ သင် တံတိုင်းတည်ဆောက်ရန် စီစဉ်မည်လော၊” ဟု ပြောကြသော်၊
၁၈း၉၅။ သူ ပြောသည်မှာ “ကျွန်ုပ်၏ ကံကြမ္မာရှင်က ထူထောင်ပေးခြင်းသည် ပိုမိုကောင်း၏၊ ကျွန်ုပ်အားအလုပ် စွမ်းအားဖြင့်သာ ပံ့ပိုးပေးပါ၊ သင်တို့၏ကြားသူတို့ကြား၌ ခိုင်ခန့်သော စည်းရိုးကျွန်ုပ် စီစဉ်ပါမည်။-
၁၈း၉၆။ ကျွန်ုပ်ထံသို့ သံ ပုံများ ကိုပေးကြလော့၊”ဟု ဖြစ်၏။ သူသည် တောင်ပြိုင်နှစ်ခုကြားပုံစံချသော် “၎င်းကို စီစဉ်သော အခါ မီးသားဖြစ်သည်ထိ ပန်းဘဲထိုးလော့”ဟု ဆို၍၊ “ထိုအပေါ်၌ ဖြည့်ရန် ကြေးရည်ပူကို ပေးလော့၊”ဟု ပြော၏။
၁၈း၉၇။ သို့ဖြင့် သူတို့သည် ၎င်းကို ကျော်တက်ရန် တတ်နိုင်ခြင်းမရှိ၊ ၎င်းအားထိုးဖေါက်ရန်လည်းတတ်နိုင်ခြင်းမရှိ။
၁၈း၉၈။ သူက “ဤသည် ကြမ္မာရှင်၏ ထံမှ ကရုဏာ ဖြစ်၏။ ကံကြမ္မာရှင်၏ ထံမှ ကတိတော် ရောက်လာသောအခါ ၎င်းကို ကြေမွှပျက်စီးစေရန် စီစဉ်ပစ်လိမ့် မည်၊ ကံကြမ္မာရှင်၏ ကတိတော်သည် သစ္စာတရားဖြစ်၏၊”ဟု ဆို၏။
၁၈း၉၉။ ထိုနေ့ကာလ၌ ငါသည် သူတို့အားချန်၍ အချို့အပေါ် အချို့ကို လှိုင်းရိုက်စေလျက်၊ ပုံစံ သက်ဝင်စေလျက် သူတို့ အားလုံးကို စုပေါင်းစေတော် မူမည်။
၁၈း၁၀၀။ ထိုနေ့၌ ငရဲဘုံကို ဘောင်အတိုင်းဖုံးကွယ်သူများအတွက် ဘောင်တွင်းမှ ဖြစ်စေ၏။
၁၈း၁၀၁။ သူတို့၏ ရှိနေသော မျက်လုံးများသည် ငါ၏ သတိဖေါ် ပေးခြင်းမှ ကာထား၏၊ သူတို့သည် ကြားနာရန်လည်းမတတ်နိုင်ချေ။
၁၈း၁၀၂။ ဖုံးကွယ်သော သူများအား“ငါ မှလွဲ၍ ငါ၏ အမှုတော်ဆောင်များကို မဟာမိတ်အဖြစ် ယူမှတ်နိုင်သည်၊”ဟု စဉ်းစားကြသလော။ ငါသည် ဖုံးကွယ်သူ များအတွက် ငရဲဘုံ အဆင့်ဆင့်ကို ပြင်ဆင်ထားတော်မူ၏။”
၁၈း၁၀၃။ သင် ဟောရမည်မှာ “မည်သူသည် အကျင့်အကြံ၌ ဆုံးရှုံးမှု ကြီးရ သည်ကို ကျွန်ုပ် သတင်းထုတ်ပြန်ရမည်လော-
၁၈း၁၀၄။ ဤလောကီဘ၀၌ လွဲမှားမှုကို လုံးပန်းနေလျက်၊ ၎င်းကို သုမင်္ဂလာ တည်ဆောက်မှုဟု သူတို့ကိုယ်သူတို့ စိတ်ကူးယဉ်သော သူများ-
၁၈း၁၀၅။ သူတို့၏ ကံကြမ္မာရှင်ထံမှ သုတ်ဒေသနာများနှင့်၊ အရှင့် အားဖူးတွေ့ရမည်ကို ဖုံးကွယ်သော သူများ၊ ထိုသူများ၏ ကျင့်ကြံမှုများသည် အချည်းနှီးပင်၊ ရပ်တည်ရမည့် နေ့၌ သူတို့အတွက် ချိန်ခွင်လျှာသည် တည်ငြိမ်နေ မည် မဟုတ်ချေ၊” ဟု ဖြစ်၏။
၁၈း၁၀၆။ ဤသည် သူတို့အတွက် အစားပေးခြင်းဖြစ်၏။ ငရဲဘုံမှာ-၊ ငါ၏ သုတ်ဒေသနာများနှင့် ဉာဏ်စဉ်ဆောင်များကို လှောင်ပြောင်စရာ အဖြစ် ဖုံးကွယ် ယူမှတ်သောကြောင့် ဖြစ်၏။
၁၈း၁၀၇။ ယုံကြည်လျက် ပြုပြင်ပြောင်းလဲမူ ကျင့်ကြံသောသူများ- သူတို့ အတွက် နိဗ္ဗာန် ဥယျာဉ်များအဆင့်ဆင့်သည် ရှိစေ၏။
၁၈း၁၀၈။ ထို၌ အစဉ်စံစားရ လတ္တံ့၊ ထို၌ ပရဝုဏ် အကန့်အသတ်ဟူ၍ ရှာမတွေ့နိုင်ချေ။
၁၈း၁၀၉။ ဟောလော့ “သမုဒ္ဒရာသည် ကံကြမ္မာရှင်၏ ဓမ္မတော် အတွက် တိုးရွေ့နေသော်လည်း၊ ကံကြမ္မာရှင်၏ ဓမ္မတော် မခမ်းခြောက်မှီ သမုဒ္ဒရာသည် သို့မဟုတ် ပမာတူ ထပ်တိုးဖြည့်ရောက်နေခြင်းသည် ခမ်းခြောက်ရလတ္တံ့။
၁၈း၁၁၀။ ဟောလော့ “ကျွန်ုပ်သည် သင်တို့ကဲ့သို့ လူပုဂ္ဂိုလ်မျှသာ ဖြစ်၏။ ကျွန်ုပ်ထံ အာရုံဈာန်ရသည်မှာ သင်တို့၏ ဘုရားရှင်သည် တစ်ဆူတည်းသော ဘုရားရှင် ဖြစ်၏။ ကံကြမ္မာရှင်အားဖူးတွေ့ရမည်ကို မျှော်ကိုးလျှင် ပြုပြင်ပြောင်းလဲသော အကျင့်ကို ကျင့်ကြံ၍၊ ကံကြမ္မာရှင်အားအမှုတော်ထမ်းခြင်း၌ တစ်စုံ တစ်ရာနှင့် ရောပြွန်းကိုးကွယ်ခြင်းမှ ကင်းရပေမည်။”
ဓမ္မခန္ဓာ (၁၈) ဤတွင် ပြီး၏။
ဓမ္မခန္ဓာ (၁၉) မာရိ
ဉာဏ်စဉ်ကိန်းဝပ်ပေးမှု အမှတ်စဉ် ၄၄၊ သုတ်ဒေသနာ ၉၈ ပါး။
ကရုဏာရှင် အကြင်နာရှင် ဖြစ်တော်မူသော ပရမတ်ဘုရားရှင်၏ ဂုဏ်တော်အားဖြင့်-
၁၉း၁။ ကုံလုံပြည့်စုံတော်မူသော၊ လမ်းညွှန်တရားကို ပေးတော်မူသော အို-ကုန်စင်သိ သစ္စာတော်အရှင်- ဟုတိုင်တည်၍-
၁၉း၂။ သင့်ကံကြမ္မာရှင်က အရှင့်အမှုတော်ဆောင် ဇက္ကရီယာအားကရုဏာ သက်ပုံကို သတိဖေါ်ပေးလော့။
၁၉း၃။ သူသည် သူ့ကံကြမ္မာရှင်ထံ တနုံ့နုံ့ အော်ဟစ် တောင်းဆို၍-
၁၉း၄။ လျှောက်ထားသည်မှာ“အို ကံကြမ္မာရှင် တပည့်တော်၏ အရိုးအဆစ်များသည် အားလျော့လာပါပြီ၊ ဦးခေါင်းလည်းဆွတ်ဆွတ် ဖြူဖွေးလာပါပြီ၊ တပည့်တော် တောင်းဆုပြုပါ၏၊ အို- ကံကြမ္မာရှင်၊ တပည့်တော်သည် ကံဆိုးခဲ့ရ သည်ဟု မရှိခဲ့ပါ။-
၁၉း၅။ တပည့်တော်၏ နောက်ကွယ်တွင် ကျန်ရစ်မည့် တပည့်တော်၏ အလှည့်ဆက်ခံသူများအတွက် စိုးရိမ်မိပါ၏၊ တပည့်တော်၏ အမျိုးသမီးသည် လည်းမြုံအနေပါ၏၊ တပည့်တော်အားအရှင့်ထံမှ အလှည့်ကျဆက်ခံသူ ချီးမြှင့် တော်မူပါ။-
၁၉း၆။ သူ့အားတပည့်တော်၏ အမွေခံ- ယာကွပ် အဆက်အနွယ်တို့၏ အမွေခံ- ဖြစ်စေတော်မူပါ၊ အို- ကံကြမ္မာရှင်၊ သူ့အားကျေနပ်လောက်သူ အဖြစ် စီစဉ်ပေးတော်မူပါ၊”ဟု ဖြစ်၏။
၁၉း၇။“အေ- ဇက္ကရီယာ၊ ငါသည် သင့်အားယောဟန်မည်သော ကလေးအကြောင်းသတင်းကောင်းပါးတော်မူပြီ။ သူ့ကဲ့သို့ ရှေ့အလျင်က ငါအရှင် မစီစဉ်ခဲ့ ချေ။”
၁၉း၈။ ထိုအခါ သူက “အို- ကံကြမ္မာရှင်၊ တပည့်တော်သည် မည်သို့ ကလေးရနိုင်အံ့နည်း၊ ဇနီးသည်မှာ အမြုံဖြစ်၍၊ တပည့်တော်သည်လည်းထိန်းမနိုင် အိုမင်းချိန်သို့ ဆိုက်ရောက်နေပါပြီ၊”ဟု လျှောက်ထား၏၊
၁၉း၉။ အရှင်က “ဤသည် သင့်ကံကြမ္မာရှင်၏ စကားတော် ဖြစ်၏၊ ၎င်းသည် ငါ့အတွက် လွယ်ကူလှ၏၊ ငါသည် သင့်ကို ဖြစ်တည်စေခဲ့ပြီ၊ ရှေ့အလျင်က သင်သည် တစ်စုံတစ်ရာမျှ မရှိခဲ့ ချေ၊”ဟု မိန့်၍-
၁၉း၁၀။ သူက “အို- ကံကြမ္မာရှင် တပည့်တော်အတွက် နိမိတ်လက္ခဏာ တစ်ရပ် စီစဉ်ပေးပါ၊”ဟု လျှောက်ထား၏။ အရှင်က “သင့်အတွက် လက္ခဏာမှာ သင်သည် သုံးည ပုံစံချပြီး- လူသားတို့အားစကားပြောဆိုခြင်းမပြုရ။”ဟု မိန့်၍-
၁၉း၁၁။ သူ့လူမျိုးထံ စခန်းမှ သူ ထွက်လာသောအခါ၊ သူတို့အားမနက်ပိုင်းနှင့် ညဦးတွင် အရှင့်အားဦးထိပ်ထားရန် အာရုံဖြစ်စေ၏။
၁၉း၁၂။“အေ- ယောဟန် သင်သည် ကျမ်းတော်အားအစွမ်းကုန် စွဲကိုင် လော့။” ငါသည် သူ့အားအရွယ်ရောက်စကပင် စီရင်ထုံးပြုနိုင်ခြင်းကို ပေးအပ်၏။
၁၉း၁၃။ သူ့အားငါ့ထံတော်မှ ညှာတာမှုနှင့် သန့်ရှင်းဖြူစင်စေ၏၊ သူသည် စည်းစောင့် လေ့ရှိ၏။
၁၉း၁၄။ မွေးမိဘကို ကောင်းမှုပြု၏၊ သူသည် စိတ်သရမ်းသူ အာခံသူ မဟုတ်ချေ။
၁၉း၁၅။ သူ့အားမွေးဖွားသောနေ့၊ ခန္ဓာဝန်ချသောနေ့၊ နိုးထစေသောနေ့၌ ငြိမ်းချမ်းမှုအတိ ဖြစ်စေ၏။
၁၉း၁၆။ ကျမ်းတော်လာ မာရိ၏ အကြောင်းကို သတိဖေါ်ပေးလော့၊ သူမ သည် သူမ၏ မိသားစုအားစွန့်၍ အရှေ့ဘက်၌ နေ၏။
၁၉း၁၇။ သူတို့ထံမှ သီးခြားအယူဖြင့် စည်းခြားနေစဉ်၊ ငါသည် သူမထံသို့ သူမကဲ့သို့ ဉာဏ်စဉ်တော်ဘွဲ့ ပုံစံချပြီးလူပုဂ္ဂိုလ်ကို စေပို့သော်။
၁၉း၁၈။ သူမက “ကျွန်ုပ်သည် အသင့် ကရုဏာရှင်၏ထံ၌ ခိုလှုံပါ၏၊ အသင် သည် စည်းစောင့်ခြင်းရှိသူ ဖြစ်ပါလေစ၊”ဟု ဆို၍၊
၁၉း၁၉။ သူက “ကျွန်ုပ်သည် သင့်အားသန့်ရှင်းဖြူစင်သော ကလေးချီးမြှင့်ရန် သင့်ကံကြမ္မာရှင်၏ ထံမှ ဉာဏ်စဉ်ဆောင် ဖြစ်၏၊” ဟု ပြန်ပြော၏။
၁၉း၂၀။ သူမက “ကျွန်ုပ်သည် မည်သို့ ကလေးရနိုင်အံ့နည်း၊ မည်သည့် လူပုဂ္ဂိုလ်မှ ကျွန်ုပ်အားမထိစပ်ခဲ့ပါ၊ ကျွန်ုပ်သည် အပြစ်အနာရှိသူလည်းမဟုတ်ပါ၊” ဟု ဆိုသော်-
၁၉း၂၁။ သူက “ဤသို့- သင့်ကံကြမ္မာရှင်၏ စကားမှာ၊” “၎င်းသည် ငါ့အတွက် လွယ်ကူလှ၏၊ ငါသည် သူ့အားလူသားတို့ အတွက် နိမိတ်လက္ခဏာ အဖြစ် စီစဉ်တော်မူမည်၊ သူသည် ငါ့ထံမှ ကရုဏာတော် ဖြစ်၏၊ ညွှန်ကြားချက် သည် ဆုံးဖြတ်ချက် ဖြစ်၏၊”ဟု ဆို၏။
၁၉း၂၂။ သို့ဖြင့် သူမသည် ၎င်းကို ကိုယ်ဝန်ယူ၍ ဝေးကွာသော အရပ်သို့ စွန့်ခွာ သွား၏။
၁၉း၂၃။ သူမသည် သားဖွားဝေဒနာဖြင့် စွံပလွန်ပင်ရှိရာသို့ ရောက်လာ၍၊ “ဤ မတိုင်မှီ သေရလျှင်ကောင်းလေစွ၊ မေ့မြော မေ့လျော့သွားလျှင် ကောင်းလေစွ၊”ဟု ညည်းညူ၏။
၁၉း၂၄။ သူမအားသူမ၏အောက်မှ တင်ပြသည်မှာ “သောကမဖြစ်နှင့်၊ သင့် ကံကြမ္မာရှင်က သင့်အောက်၌ ခရီးစဉ် စီစဉ်ပေးပြီ။
၁၉း၂၅။ စွံပလွန်ပင်ကို သင့်ထံသို့ လှုပ်လော့၊ လတ်ဆတ်သော အသီးမှည့်တို့ သင့်ထံသို့ ကျလာလိမ့်မည်၊”ဟု ဖြစ်၏။
၁၉း၂၆။ ထို့ကြောင့် စားလော့၊ သောက်လော့၊ မျက်လုံးများကို တည်ငြိမ် အေးချမ်းစေလော့၊ လူပုဂ္ဂိုလ် တစ်စုံတစ်ယောက်အားမြင်တွေ့လျှင် ကျွန်ုပ်သည် ကရုဏာရှင်ထံ၌ ဥပုသ်စောင့်ရန် ရည်စူးထား၏၊ သို့ဖြစ်၍ ယနေ့ လူသားတို့နှင့် စကားပြောနေမည် မဟုတ်ဟု ဆိုလော့။
၁၉း၂၇။ ထို့နောက် သူမသည် သူ့အားသယ်ဆောင်ကာ သူမ၏ လူမျိုးထံသို့ ရောက်လာခဲ့၏။ သူတို့က ပြောကြသည်မှာ “အို- မာရိ၊ သင်သည် လုပ်ကြံဖန်တီးရာကို ခေါ်ဆောင်လာခဲ့ပြီ၊-
၁၉း၂၈။ အို- ဟာရွန်၏ နှမ၊ သင့်အဖေသည် အကုသိုလ် ကောင် မဟုတ်၊ သင့်အမေသည်လည်းအပြစ်ရှိသူ မဟုတ်၊”ဟု ဖြစ်၏။
၁၉း၂၉။ သူမက သူနှင့် ဆွေးနွေးစေသော် သူတို့က “ပုခက်ထဲက အရွယ် ရောက်စလေးနှင့် ကျွန်ုပ်တို့ မည်သို့ စကားပြောအံ့နည်း၊” ဟု ဆိုကြ၏။
၁၉း၃၀။ သူ ပြန်ပြောသည်မှာ “ကျွန်ုပ်သည် ပရမတ်ဘုရားရှင်၏ အမှုတော် ဆောင် ဖြစ်၏၊ အရှင်သည် ကျွန်ုပ်အားကျမ်းတော်ကို ပေးအပ်၏၊ သတင်းတော်ဆောင် အဖြစ် စီစဉ်၏။”
၁၉း၃၁။“ကျွန်ုပ်သည် မည်သည့်နေရာ၌ ရှိစေ အရှင်က ကျက်သရေမင်္ဂလာ စီစဉ်ထား၏၊ ကျွန်ုပ် အသက်နှင့် ရှိနေသမျှ ဝတ်ပြုရန်နှင့် သန့်ရှင်းဖြူစင်စေရန် ကျွန်ုပ်အားမှာကြား၏။”
၁၉း၃၂။“ကျွန်ုပ်၏ မွေးမိခင်အားကောင်းမှုပြု၏၊ ကျွန်ုပ်အားကံဆိုးရသူ၊ ပုန်ကန်သူ အဖြစ် စီစဉ်တော်မမူချေ။”
၁၉း၃၃။“ကျွန်ုပ်၏ မွေးဖွားသောနေ့၊ ခန္ဓာဝန်ချ သောနေ့၊ နိုးထစေသောနေ့၌ ငြိမ်းချမ်းသာယာမှု ခစေ၏၊”ဟု ဖြစ်၏။
၁၉း၃၄။ ဤသည် မာရိ၏သားယေရှု၏ အကြောင်းပင်၊ သူတို့ အချင်းများနေ သော အကြောင်းအရာ၏ အမှန်တရားပေတည်း။
၁၉း၃၅။ ပရမတ်ဘုရားရှင် အရှင့်၌ ကိုယ်ပွားယူထားခြင်းမရှိ၊ အရှင်သည် ဦးထိပ်ထားရာဖြစ်၏၊ အပြီးသတ် ညွှန်ကြားချက်အားထိုအရာသည် “ဖြစ်” ဟု မိန့်မြွက်သော် “ဆင့်ကဲ့ပြည့်စုံ ဖြစ်လာရမည်တည်း။”
၁၉း၃၆။“ပရမတ်ဘုရားရှင်သည် ကျွန်ုပ်၏ ကံကြမ္မာရှင် သင်တို့၏ ကံကြမ္မာရှင် ဖြစ်၏။ သို့ဖြစ်၍ အရှင့်အားကိုးကွယ်ကြလော့၊ ဤသည် မြဲမြံနေ သော ဝါဒလမ်းစဉ် ဖြစ်၏။”
၁၉း၃၇။ သူတို့၌ ဂိုဏ်းအသင်းများကွဲပြားကြကုန်၏။ မျက်မှောက်သက်သေ ပြုရသော နေ့တော်ကြီး၌ ဖုံးကွယ်သော သူတို့သည် ပျက်စီးရမည်သာတည်း။
၁၉း၃၈။ ငါ့ထံသို့ ဆိုက်ရောက်ရသော နေ့ကာလ၌၊ သူတို့အကြောင်းကြားရ မြင်ရလတ္တံ့၊ သို့ရာတွင် အမိုက်ကောင်တို့ သည် ရှင်းလင်းထင်ရှားသော လွဲချော်မှု၌ ရှိနေကြ၏။
၁၉း၃၉။ ညွှန်ကြားချက်များကို ဆုံးဖြတ်သော ကြေကွဲစရာ နေ့အကြောင်းသူတို့အားသတိပေးလော့၊ သူတို့သည် မေ့လျော့နေကြ၏၊ သူတို့သည် မယုံကြည်ကြချေ။
၁၉း၄၀။ မှတ်သားလော့၊ ငါသည် မြေကမ္ဘာနှင့် ထို၌ ရှိသမျှတို့၏ အမွေခံ ဖြစ်၏၊ အလုံးစုံ သည် ငါ့ထံသို့ ပြန်ကြရမည်ပင်။
၁၉း၄၁။ ကျမ်းတော်လာ အီဗရာဟီးမ်၏ အကြောင်းကို သတိဖေါ်ပေးလော့၊ သူသည် ဖြောင့်မှန်သူ- သတင်းတော်ဆောင်တစ်ပါးဖြစ်၏။
၁၉း၄၂။ သူက သူ့ဖခင်အား“အို- အဖေ၊ အကြားမရှိ၊ အမြင်မရှိ၊ သင့်အားတစ်စုံတစ်ရာ ပြည့်စုံစေခြင်းမရှိနိုင်သော အရာအားအဘယ်ကြောင့် ကိုးကွယ်နေသနည်း၊-
၁၉း၄၃။ အို- အဖေ၊ ကျွန်ုပ်သည် သင် ချီးမြှင့်မခံခဲ့ရသော အသိပညာကို ဆိုက် မြိုက်ပါ၏၊ ထို့ကြောင့် ကျွန်ုပ်၏ နောက်သို့လိုက်လော့၊ ပုံစံချပြီးလမ်းကို သင့်အားညွှန်ပြပါမည်၊-
၁၉း၄၄။ အို- အဖေ၊ မကောင်းဆိုးဝါးအားမကိုးကွယ်ပါနှင့်၊ ဧကန်ပင် မကောင်းဆိုးဝါးသည် ကရုဏာရှင်အားအာခံသူ ဖြစ်၏။-
၁၉း၄၅။ အို အဖေ၊ သင့်အားကရုဏာရှင်ထံမှ ဝဋ်ဒဏ် သင့်စေ၍၊ မကောင်းဆိုးဝါး၏ မဟာမိတ် ဖြစ်ရမည်ကို ကျွန်ုပ် ကြောက်မိပါ၏၊”ဟု ပြောသောအခါ။
၁၉း၄၆။ ဖခင်က “အို အီဗရာဟီးမ် သင်သည် ကျွန်ုပ်၏ ဘုရားများကို ဦးစားမပေးသလော၊ သင်သည် မရပ်စဲလျှင် သင့်အားကျွန်ုပ် ပစ်ထုတ်ရလိမ့်မည်၊ ကျွန်ုပ်အားအချိန်အကြာကြီးခွဲသွားလော့၊”ဟု ပြန်ပြော၏။
၁၉း၄၇။ သူက “သင် ငြိမ်းချမ်းသာယာပါစေ၊ ကျွန်ုပ်၏ ကံကြမ္မာရှင် ထံ၌ သင့် အတွက် လွတ်ငြိမ်းဆု ပန်ပါ၏၊ အရှင်သည် ကျွန်ုပ်ဘက်၌ အားပေးနေတော်မူ၏-
၁၉း၄၈။ အသင်နှင့် အသင်က ပရမတ်ဘုရားရှင် မှလွဲ၍ ဆုတောင်းရာတို့မှ ကျွန်ုပ် ရှောင်ခွာပါ၏၊ ကျွန်ုပ်၏ ကံကြမ္မာရှင်ထံ၌ ဆုပန်ပါ၏၊ ကျွန်ုပ်၏ ကံကြမ္မာရှင်ထံ၌ ဆုတောင်းခြင်းသည် ကံဆိုးရခြင်းကို မဖြစ်တန်ရာ”ဟု ပြန်ပြော၏။
၁၉း၄၉။ ပရမတ်ဘုရားရှင် မှလွဲ၍ သူတို့နှင့် သူတို့၏ ကိုးကွယ်နေကြသည် များမှ ရှောင်ခွာသွားသောအခါ၊ ငါသည် သူ့အားအီစ္စဟာ့က်နှင့် ယာကုဗ်တို့အားချီးမြှင့်၍၊ သူတို့ကိုယ်စီအားသတင်းတော်ဆောင် အဖြစ် စီစဉ်ခဲ့၏။
၁၉း၅၀။ ငါသည် သူတို့အားကရုဏာတော်အားချီးမြှင့်ခဲ့၏၊ သူတို့အားသမာဓိရှိသော အထွဋ် အထိပ် နုတ်လျှာပိုင်ရှင်များအဖြစ် စီစဉ်ခဲ့၏။
၁၉း၅၁။ ကျမ်းတော်လာ မူဆာ၏ အကြောင်းကို သတိဖေါ်ပေးလော့၊ သူသည် အယူသန့်သူ ဖြစ်၏၊ သူသည် ဉာဏ်စဉ်တော်ဆောင် သတင်းတော်ဆောင် ဖြစ်၏။
၁၉း၅၂။ ငါသည် သူ့အားတောင်တော်၏ ညာဘက် နံဘေးမှ ခေါ်တော်မူ၍၊ သီးသန့် ဗျာဒိတ်ခံယူရန် ချည်းကပ်စေ၏။
၁၉း၅၃။ ငါသည် သူ့အားကရုဏာတော်မှ ချီးမြှင့် တော်မူ၍၊ သူ၏ အစ်ကို ဟာရွန်အားသတင်းတော်ဆောင် ဖြစ်စေ၏။
၁၉း၅၄။ ကျမ်းတော်လာ အီစ္စမာလ်အီးလ်၏ အကြောင်းကို သတိဖေါ်ပေးလော့၊ သူသည် ကတိပြုလေတိုင်းဖြောင့်မှန်သူ ဖြစ်၏၊ သူသည် ဉာဏ်စဉ်တော် ဆောင် သတင်းတော်ဆောင် ဖြစ်၏။
၁၉း၅၅။ သူသည် သူ့ဝိုင်းသားများကို ဝတ်ပြုရန် သန့်ရှင်းဖြူစင်စေရန် ညွှန်ကြား၏၊ သူသည် အထံတော်၌ ကျေနပ်မှုရသူ ဖြစ်၏။
၁၉း၅၆။ ကျမ်းတော်ပါ အီဒရီးစ်၏ အကြောင်းကို သတိဖေါ်ပေးလော့၊ သူသည် ဖြောင့်မှန်သူ- သတင်းတော်ဆောင် ဖြစ်၏။
၁၉း၅၇။ ငါသည် သူ့အားအထွဋ် အထိပ် အဆင့်သို့ မြှောက်စားတော်မူ၏။
၁၉း၅၈။ ပရမတ်ဘုရားရှင်၏ ထံမှ ဂုဏ်ပေးခံရသော သူများမှာ-- သတင်းတော်ဆောင်များမှ၊ အာဒံ နူးဟ်နှင့်အတူ သယ်ဆောင်ခဲ့သူတို့၏ သားမြေးတို့မှ၊- အီဗရာဟီးမ်နှင့် အစ္စရေးလ်တို့၏ သားမြေးတို့မှ၊- ငါ လမ်းညွှန်ခဲ့သော ရွေးချယ်ခဲ့သောသူ များမှ ဖြစ်၏၊ သူတို့အားကရုဏာရှင်၏ သုတ်ဒေသနာတို့အားရွတ်ဖတ်ပြသောအခါ၊ သူတို့သည် ပြဝပ် ဦးချကြ၏၊ မျက်ရည်ကျကြ၏။
၁၉း၅၉။ သူတို့၏ နောက်တွင် ဝတ်ပြုခြင်းအားအလဟသဖြစ်စေသည့် အာသာရမက်နောက်သို့ လိုက်သော ဆက်ခံသူများသည် ဆက်ခံခဲ့ကြ၏၊ထို့ကြောင့် တိမ်းပါးရမှုကိုသာ ဆုံတွေ့ရလတ္တံ့။
၁၉း၆၀။ သို့သော် ခဝါချသူ၊ ယုံကြည်၍ ပြုပြင်ပြောင်းလဲမှုကို ကျင့်ကြံသူတို့ သည် သုခဘုံသို့ ဝင်ရောက်ရလတ္တံ့၊ တစ်စုံတစ်ရာ အဝိဇ္ဇာသင့်စေမည် မဟုတ်ချေ။
၁၉း၆၁။ တည်မြဲခြင်းသုခဘုံများဖြစ်၍၊ ကရုဏာရှင်က အမှုတော်ဆောင်တို့အားကတိထားတော်မူသည့် စက္ခုလွန်မှ ဖြစ်၏။ မှတ်သားလော့ အရှင်၏ ကတိတော် သည် ဆိုက်ရောက်လာမည်သာတည်း။
၁၉း၆၂။ ထို၌ ငြိမ်းချမ်းပါစေ ဆိုသည်မှအပ ပွစိပွစိပြောသံများကို မကြားရ ချေ၊ သူတို့အတွက် မနက်ပိုင်းနှင့် ညဦးတွင် ရိက္ခာထောက်လျက် ရှိ၏။
၁၉း၆၃။ ငါ၏ အမှုတော်ဆောင်များမှ စည်းစောင့်ခြင်းရှိသူတို့အားအမွေပေးမည်မှာ ထိုသို့ သုခဘုံပင် ဖြစ်၏။
၁၉း၆၄။ သင့်ကံကြမ္မာရှင်၏ ညွှန်ကြားချက်ဖြင့်သာ ကျွန်ုပ်တို့ ဆင်းသက်လာရ၏၊ ကျွန်ုပ်တို့၏ ပစ္စုပ္ပာန်၊ ကျွန်ုပ်တို့၏ အနာဂါတ်၊ ထိုစပ်ကြားရှိသမျှတို့သည် အရှင်၏ အချုပ်အခြာ၌ ရှိ၏။ သင့်ကံကြမ္မာရှင်သည် မေ့ပစ်ထားခြင်းမရှိချေ။
၁၉း၆၅။ မိုးများနှင့် မြေ၊ ထိုနှစ်ခုစပ်ကြားရှိသမျှတို့၏ ကံကြမ္မာရှင်၊ အရှင့် ကိုသာ ကိုးကွယ်ကြလော့၊ အရှင့်အားအမှုတော်ထမ်းရာ၌ စိတ်ရှည် သည်းခံလော့၊ အရှင်အတွက် အခြားဂုဏ်တော်ဟူ၍ သင် သိထားခြင်းရှိသလော။
၁၉း၆၆။ လူသားက “ကျွန်ုပ်သည် သေရပြီးသော်- ကျွန်ုပ်သည် ရှင်ပြန် ထွက်ပေါ်ရမည်လော၊”ဟု ဆိုလတ္တံ့။
၁၉း၆၇။ ရှေ့အလျင်က တစ်စုံတစ်ရာမရှိ နတ္ထိမှ သူ့ကို ဖြစ်တည်စေခဲ့သည်ကို လူသားသည် သတိမရ ဖြစ်နေသလော။
၁၉း၆၈။ သင့်ကံကြမ္မာရှင်အားဖြင့်၊-- သူတို့နှင့် မကောင်းဆိုးဝါးတို့အားစုစည်းစေမည်ပင်၊ သူတို့အားငရဲပတ်လည်တွင် အသင့်ပြင် ဒူးထောက်စေလတ္တံ့။
၁၉း၆၉။ ထို့နောက်၊ ကရုဏာရှင်အားခေါင်းအမာဆုံးသော အာခံသူများကို ဂိုဏ်းကွဲတိုင်းမှ ဆွဲထုတ်ပစ်တော်မူလတ္တံ့။
၁၉း၇၀။ လောင်ကျွမ်းခြင်းအလှည့်ကျသော သူများကို ငါသည် အသိဆုံးဖြစ်တော်မူ၏။
၁၉း၇၁။ သင်တို့အနက် ထို၌ မီးခဲရဲရဲဖြစ်ရသူသာ ရှိ၍၊ ရှောင်လွှဲမရနိုင်သော သင့်ကံကြမ္မာရှင်၏ ဆုံးဖြတ်ချက်ပေါ်၌ ရှိကြ၏။
၁၉း၇၂။ ထို့နောက် ငါသည် စည်းစောင့်သော သူတို့အားလွတ်မြောက်စေ တော်မူ၍၊ အမိုက်ကောင်တို့အားထို၌ ဒူးထောက်လျက် ချန်ပစ်ခဲ့လတ္တံ့။
၁၉း၇၃။ ငါ၏ ရှင်းလင်းသော သုတ်ဒေသနာများကို ရွတ်ဖတ်ပြသောအခါ၊ ဖုံးကွယ်သော သူတို့က ယုံကြည်သော သူတို့အားအဖွဲ့နှစ်ခုမှ မည်သည်က ပိုမို ကောင်းမွန် ခိုင်မြဲသနည်း၊ မည်သည့် ဖိတ်ကြားခံများက ပိုမို တင့်တယ်သနည်း၊”ဟု ဆို၏။
၁၉း၇၄။ ငါသည် သူတို့၏ ရှေ့အလျင်- အသုံးအဆောင်များနှင့် တင့်တင့် တယ်တယ်မြင်ရသည့် မျိုးဆက်မည်မျှကို တိမ်ကောစေခဲ့သနည်း။
၁၉း၇၅။ ဟောလော့ “လွဲမှားမှု၌ တိုးရွေ့လျက်ရှိသူအားကရုဏာရှင်သည် သူအားကတိထားသည့် ဝဋ်ကြွေးအားသို့မဟုတ် အချိန်နာရီအားမြင်တွေ့ရသည် အထိ ရွေ့နေစေလတ္တံ့၊ ထိုအခါ မည်သူသည် ဆိုးဝါးချိနဲ့သော စစ်တပ်ဘက်၌ ရှိသည်ကို သူတို့ သိကြရလတ္တံ့။”
၁၉း၇၆။ လမ်းညွှန်၌ ရှိသော သူအားပရမတ်ဘု ရားရှင်သည် လမ်းညွှန်ကို တိုးပွားစေ၏။ စဉ်ဆက်မပြတ် ပြုပြင်ပြောင်းလဲခြင်းသည် သင့်ကံကြမ္မာရှင်၏ ထံပါး၌ ပိုကောင်း၏။ ထိုအကျိုးဆက်သည် အပြန်ခရီးကောင်းဖြစ်၏။
၁၉း၇၇။ ငါ၏ သုတ်ဒေသနာတို့အားဖုံးကွယ်လျက် “ကျွန်ုပ်အားဥစ္စာပစ္စည်းနှင့် ရင်သွေးများချီးမြှင့်ခံရ၏၊”ဟု ပြောသော သူကို သင် မရှုစားမိသလော။
၁၉း၇၈။ သူသည် စက္ခုလွန်ကို ဖေါ်ထုတ်နိုင်သလော၊ သို့တည်းမဟုတ် ကရုဏာရှင်ထံမှ ပဋိညာဉ် ရယူထားသလော။
၁၉း၇၉။ အမှန်မှာ၊ ငါသည် သူ၏ ဆိုစကားကို မှတ်တမ်းတင်ထားလတ္တံ့၊ သူ၏ တိုးရွေ့နေသော ဝဋ်ကြွေးကို တိုးရွေ့နေစေလတ္တံ့။
၁၉း၈၀။ သူပြောဆိုသော အရာအားငါ အမွေသိမ်းတော်မူ၍၊ သူ့ချည်းသပ်သပ် ငါ့ထံသို့ ဆိုက်ရောက်ရလတ္တံ့။
၁၉း၈၁။ သူတို့အတွက် ဘုန်းကံကြီးရန် ပရမတ်ဘုရားရှင် မှလွဲ၍ ဘုရားအများကို အယူထားနေကြ၏။
၁၉း၈၂။ အမှန်မှာ ၎င်းတို့က သူတို့၏ အမှုတော်ထမ်းခြင်းကို မကြာမှီ ဖုံးကွယ်ပယ်ချ၍ ဆန့်ကျင်ဘက်များဖြစ်ရလတ္တံ့။
၁၉း၈၃။ ငါသည် မကောင်းဆိုးဝါးအားစေစား၍ ဖုံးကွယ်သူတို့အားမြှောက်ပင့် တိုက်တွန်းစေသည်ကို သင် မမြင်မိသလော။
၁၉း၈၄။ သို့ဖြစ်၍၊ သူတို့အပေါ်၌ အလျင် မလိုနှင့်၊ သူတို့အားနံပါတ်စဉ်အတိုင်းနံပါတ်တပ်ပြီးဖြစ်၏။
၁၉း၈၅။ စည်းစောင့်သူများအားအထူးကိုယ်စားလှယ် အဖြစ် ကရုဏာရှင်၏ ထံသို့ စုစည်းစေသော နေ့ကာလ၌၊
၁၉း၈၆။ ရာဇဝတ်ကောင်များအားရဲရဲတောက် ငရဲဘုံသို့ မောင်းထည့်စဉ်၊
၁၉း၈၇။ ကရုဏာရှင်၏ ထံတော်မှ ပဋိညာဉ် ရယူထားသူများမှအပ အခြားအမျှဝေဆုတောင်းနိုင်ခြင်းဩဇာအာဏာ မရှိချေ။
၁၉း၈၈။ ကရုဏာရှင်၌ ကိုယ်ပွားယူထား၏ဟု ပြောဆိုမှုများမှာ၊
၁၉း၈၉။ ဧကန် မုချ၊ တုန်လှုပ်ကြောက်မက်ဘွယ်ရာကို သင်တို့ ရောက်လာစေခြင်းဖြစ်၏။
၁၉း၉၀။ ကောင်းကင်များသည် အသစ်ပြန်ဖြစ်လု၊ မြေကမ္ဘာသည် ကြေမွလု၊ တောတောင်များသည် ဖွာထွက်လု ဖြစ်ရသည်မှာ၊
၁၉း၉၁။ ကရုဏာရှင်အားကိုယ်ပွားထားတသခြင်းကြောင့် ဖြစ်၏။
၁၉း၉၂။ ကရုဏာရှင်အတွက် ကိုယ်ပွားအယူထားရန် မရှာဖွေကြနှင့်။
၁၉း၉၃။ မိုးများနှင့် မြေကမ္ဘာတွင်းရှိသူကိုယ်စီသည် ကရုဏာရှင်၏ အမှုတော် ဆောင် အဖြစ် ဖြင့်သာ ရောက်ရမည်ပင်။
၁၉း၉၄။ မုချပင်၊ ၎င်းတို့အားနံပတ်စဉ်အတိုင်းနံပတ်တပ် အမှတ်စဉ်မှတ်ထား၏။
၁၉း၉၅။ ရပ်တည်ရသောနေ့၌ သူတို့ကိုယ်စီ အရှင့် ထံသို့ သပ်သပ်စီ ရောက်ရလတ္တံ့။
၁၉း၉၆။ ဧကန်ပင် ယုံကြည်၍ ပြုပြင်ပြောင်းလဲမှု ကျင့်ကြံသော သူများ၊ သူတို့အတွက် ကရုဏာရှင်သည် ချစ်ခြင်းတရားကို စီစဉ်ထားလတ္တံ့။
၁၉း၉၇။ သို့ဖြင့် ၎င်းကို သင်၏ ဘာသာစကားဖြင့် လွယ်ကူစေ၏။ ၎င်းဖြင့် စည်းစောင့်သူတို့အားသတင်းကောင်းပါးရန်၊ ရန်လိုသော လူမျိုးအားသတိပေးရန် ဖြစ်စေ၏။
၁၉း၉၈။ ငါသည် သူတို့၏ ရှေ့အလျှင် မျိုးဆက်မည်မျှကို တိမ်ကောစေခဲ့ သနည်း၊ သင်သည် သူတို့မှ တစ်စုံတစ်ယောက်ကို ရင်ဆိုင်တွေ့ဖြစ်သလော၊ သို့မဟုတ် သူတို့၏ အသံတစ်ခုမျှပင် ကြားရနိုင်သလော။
ဓမ္မခန္ဓာ (၁၉) ဤတွင် ပြီး၏။
ဓမ္မခန္ဓာ (၂၀) စိတ်ငြိမ်သူ
ဉာဏ်စဉ်ကိန်းဝပ်ပေးမှု အမှတ်စဉ် ၄၅၊ သုတ်ဒေသနာ ၁၃၅ ပါး။
ကရုဏာရှင် အကြင်နာရှင် ဖြစ်တော်မူသော ပရမတ်ဘုရားရှင်၏ ဂုဏ်တော်အားဖြင့်-
၂၀း၁။ အေ - စိတ်တည်ငြိမ်သူ-
၂၀း၂။ ငါသည် သင့်ထံ၌ ကုရ်အာန်ကို ချမှတ်ပေးသည်မှာ ကံဆိုးရစေရန် မဟုတ်။
၂၀း၃။ ကြောက်ရွံ့ရိုကျိုးတတ်သူတို့အားသတိဖေါ် ပေးရန်သာ ဖြစ်၏။
၂၀း၄။ အပေါ်လွှာ အာကာသများနှင့် မြေကမ္ဘာအားဖြစ်တည်စေ သည့် အရှင်ထံမှ ချမှတ်ပေးခြင်းဖြစ်၏။
၂၀း၅။ ထပ်ဆင့်ကွပ်ကဲမှုကို ပုံစံချသော ကရုဏာရှင်၊
၂၀း၆။ မိုးများအတွင်း၊ မြေအတွင်း၊ ထိုနှစ်ခု စပ်ကြားနှင့် မြေဆီလွှာအောက် ရှိသည်တို့သည် အရှင်၏ အချုပ်အခြာ၌ ရှိ၏။
၂၀း၇။ သင် စကားကျယ်ကျယ် ပြောလျှင်လည်းကြိတ်၍ မြိုသိပ် ထားရာကို အရှင်သည် သိနေတော်မူ၏။
၂၀း၈။ ပရမတ်ဘုရားရှင်၊ အရှင်မှ အခြားဘုရားဟူ၍ မရှိ၊ အသပ္ပါယ်ဆုံးသော ဂုဏ်တော်တို့သည် အရှင့်အဘို့ ဖြစ်၏။
၂၀း၉။ မူဆာ၏အကြောင်းဆင့်ပြန်ချက်သည် သင့်ထံသို့ ရောက်လာပြီ လော။
၂၀း၁၀။ သူသည် မီးကို မြင်သောအခါ၊ သူ၏ ဝိုင်းသားတို့အား“စောင့်နေကြ လော့၊ ကျွန်ုပ်သည် မီးကို တွေ့ရ၏၊ သင်တို့ အတွက် ထိုမှ မီးတောက်ကို ယူပေးနိုင် ရာ၏၊ သို့မဟုတ် ထိုမီးပေါ်၌ လမ်းညွှန်တစ်ခုကို တွေ့ရှိနိုင်ရာ၏၊”ဟု ပြော၏။
၂၀း၁၁။ သူသည် ထိုသို့ ရောက်လာသောအခါ၊ “အို- မူဆာ၊”ဟု ဖိတ်ခေါ် ခံရ၍-
၂၀း၁၂။ မှတ်သားလော့၊ ငါသည် သင့်ကံကြမ္မာရှင် ဖြစ်၏၊ သင့်ခြေနင်းကို ချွတ် လော့၊ ဧကန်ပင် သင်သည် မြတ်သော တောင်ခြေ ချိုင့်ဝှမ်း၌ ရောက်နေ၏။
၂၀း၁၃။ သင့်ကို ငါ ရွေးချယ်ပြီ၊ သို့ဖြစ်၍ ငါ- အာရုံဈာန်ဖြစ်ပေးရာအားနာယူ လော့။
၂၀း၁၄။ မှတ်သားလော့၊ ငါသည် ပရမတ်ဘုရားရှင် ဖြစ်၏၊ ငါမှ အပ အခြားဘုရားဟူ၍ မရှိ၊ ငါ့ကိုသာ ကိုးကွယ်ကြလော့၊ ငါအားသတိယူလျက် ဝတ်ပြု မြဲကြ လော့။
၂၀း၁၅။ အချိန်နာရီသည် ဧကန် လာနေ၏၊ ဉာဉ်စရိုက်ကိုယ်စီ လုံးပန်းမှုများအတွက် အစားရအံ့ငှာ ၎င်းကို မြင်ရလုမတတ် ဖြစ်စေလတ္တံ့။
၂၀း၁၆။ ကျရှုံးခြင်းမရှိ စေရန် ၎င်းကို မယုံကြည်ဘဲ လိုဘနောက်သို့ လိုက်နေသူက- သင့်အား၎င်းမှ မဖယ်ရှားစေနှင့်။
၂၀း၁၇။ သင်၏ ညာလက်တွင် မည်သည့် အရာနည်း၊ အေ- မူဆာ-၊ဟု မေးသော်-။
၂၀း၁၈။ သူက “ဤသည် တပည့်တော်၏ လက်ထောက် ဖြစ်၏၊ ၎င်းကို တပည့်တော် မှီရ၏၊ သိုးများအတွက် သစ်ရွက်ခြွေရ၏၊ တပည့်တော် အတွက် နောက်ဆက်တွဲ အသုံးပြုမှုများလည်းရှိ၏။”ဟု ဆို၏။
၂၀း၁၉။ အရှင်က “အို- မူဆာ၊ ၎င်းကို ခင်းကျင်းလော့၊”ဟု မိန့်လိုက်၍၊
၂၀း၂၀။ ၎င်းကို ခင်းကျင်းသောအခါ၊ ၎င်းသည် အသက်ဝင် လုံးပန်းလှုပ်ရှားလာ၏။
၂၀း၂၁။ အရှင်က “၎င်းကို စွဲကိုင်လော့၊ မကြောက်ရွံ့နှင့်၊ ၎င်းကို ပထမ လာလမ်းအတိုင်းငါ ဆက်ဖြစ်စေလတ္တံ့”ဟု မိန့်၏။
၂၀း၂၂။ ထို့နောက် သင်၏ လက်ကို သင့်လက်ရုံးရည်ဖြင့် ချုပ်တီးလော့၊ ၎င်းသည် အကုသိုလ်ကင်းသော အဖြူထည်သက်သက် ထွက်လာလိမ့်မည်၊ နောက်ထပ် နိမိတ်လက္ခဏာပင် ဖြစ်၏။
၂၀း၂၃။ သင့်အားငါ၏ ကြီးကျယ်သော နိမိတ် လက္ခဏာတို့အားမြင်တွေ့စေဘို့ရာ၊
၂၀း၂၄။ ဖာရိုးထံသို့ သွားလော့၊ သူသည် စည်းဖျက် သူ ဖြစ်၏။
၂၀း၂၅။ ထိုအခါ မူဆာက “အို- ကံကြမ္မာရှင်၊ တပည့်တော်၏ ရင်ကို ကျယ်ဝန်းစေတော်မူပါ၊-
၂၀း၂၆။ တပည့်တော်၏ စီမံချက်ကို လွယ်ကူစေတော်မူပါ၊-
၂၀း၂၇။ တပည့်တော်၏ ဘာသာစကားအထုံးအဖွဲ့များကို ဘောင်ဝင်စေတော်မူပါ။
၂၀း၂၈။ တပည့်တော်၏ အပြောအဆိုအားသူတို့အားနားလည်စေတော်မူပါ။
၂၀း၂၉။ တပည့် တော်၏၊ ဝိုင်းတော်သားထဲမှ တပည့်တော်အတွက် သံဝန်ထမ်းတစ်ဦးစီစဉ်ပေးတော်မူပါ။
၂၀း၃၀။ တပည့်တော်၏ အစ်ကို ဟာရွန်-
၂၀း၃၁။ သူ့ဖြင့် တပည့်တော်အားအင်အားကောင်းစေတော်မူပါ။
၂၀း၃၂။ တပည့်တော်၏ စီမံချက်၌ သူ့အားတပည့်တော် နှင့် ဖက်စပ်သူ ဖြစ်စေတော်မူပါ။
၂၀း၃၃။ အရှင့်အားမြောက်များစွာ ဦးထိပ်ထားဘို့ရာ ဖြစ်ပါ၏။
၂၀း၃၄။ အရှင့်အားများစွာ သတိတရ ရှိဘို့ရာလည်းဖြစ်ပါ၏။
၂၀း၃၅။ အရှင် သည် တပည့်တော်တို့အားမြင်နေသော အရှင်ဖြစ်ပါ၏။”ဟု လျောက်ထား၏။
၂၀း၃၆။ အရှင် မိန့်သည်မှာ “သင်၏ တောင်းခံချက်ကို ပြည့်စေတော်မူပြီ၊ အေ- မူဆာ၊
၂၀း၃၇။ မုချပင်၊ ငါသည် သင့်အားနောက် တစ်ကြိမ် မျက်နှာသာပေးတော် မူပြီ။
၂၀း၃၈။ ငါသည် သင့်မိခင်ထံသို့ အာရုံရစေရန် အာရုံဈာန်ပေးစဉ်က-
၂၀း၃၉။ သူ့အားရင်ထဲ၌ ပိုက်ထားလော့။ ထို့နောက် မြစ်အားသူ့ကို ခင်းကျင်းစေလော့၊ မြစ်သည် ကမ်းခြေ၌ သူ့ကို ခင်းကျင်းပေးလိမ့်မည်။ ငါ့အားစည်းဖေါက် သူ၊ သူ့အားစည်းဖေါက်သူ ဖြစ်သည့်သူက သူ့အားယူဆောင်သွားလတ္တံ့၊ ငါ့ စက္ခုရှေ့မှောက် သင့်အားတည်ဆောက်ပေးစေခြင်းငှာ ငါသည် သင့်အပေါ်၌ ချစ် မေတ္တာဖြင့် လွှမ်းထားတော်မူပြီ။
၂၀း၄၀။ သင့် အမသည် သူတို့ထံသို့ လျှောက်သွား၍ “သူ့အားထိန်းကျောင်းမည့်သူကို သင်တို့အားညွှန်ပြရမည်လော၊”ဟု ပြောဆိုလျက်။ သို့ဖြင့် ငါသည် သင့် အားသင့်မိခင်ထံသို့ ပြန်ပို့ပေး၏။ သူမသည် မျက်လုံးများတည်ငြိမ်အေးချမ်းလာ၏၊ သောကများပြေသွား၏။ သင်သည် ဉာဉ်တစ်ခုကို ခုခံတိုက်ခဲ့စဉ်က တလှိုက်လှိုက် ဖြစ်နေရခြင်းမှ သင့်အားငါ လွတ်မြောက်စေခဲ့၍၊ သင့်အားစမ်းသပ်ခြင်းဖြင့် စမ်းသပ်ခဲ့၏။ သင်သည် မီဒီယံ ဝိုင်းသားများနှင့် နှစ်များစွာ နေခဲ့ရ၍။ အေ- မူဆာ၊ စည်းချိန်အလျောက် သင် ပြန်ရောက်လာခဲ့ရ၏။
၂၀း၄၁။ ငါ၏ စရိုက်တော်အတွက် သင့်အားတည်ဆောက်ယူတော်မူပြီ။
၂၀း၄၂။ သင်နှင့် သင့် အကိုသည် ငါ၏ သုတ်ဒေသနာများနှင့်အတူ သွားလော့၊ ငါ့အားသတိတရခြင်း၌ နမော်နမဲ့မဖြစ်နှင့်။
၂၀း၄၃။ ဖာရိုးထံသို့ သင်တို့နှစ်ဦးသွားလော့။ သူသည် စည်းဖျက်သူ ဖြစ်၏။
၂၀း၄၄။ သူ ဆင်ခြင်သတိရှိအံ့ငှာ သို့မဟုတ် အကြောက်တရားရှိအံ့ငှာ၊ ပျော့ပြောင်းသော အပြောဖြင့် ပြောလော့၊”ဟု ဖြစ်၏။
၂၀း၄၅။ သူတို့က “အို ကံကြမ္မာရှင်၊ တပည့်တော်တို့အားသူ၏ လက်လွတ် စပယ် စည်းဖျက်မည်ကို တပည့်တော်တို့ စိုးကြောက်ပါ၏။”ဟု ဆိုသော်-
၂၀း၄၆။ အရှင်က “မကြောက်ရွံ့နှင့်၊ ငါသည် ကြားနေ မြင်နေလျက် သင်တို့နှင့် အတူ ရှိ၏”ဟု မိန့်၍-
၂၀း၄၇။ သူ့ထံသို့ အရောက်သွား၍ ပြောရမည်မှာ “ကျွန်ုပ်တို့သည် သင့် ကံကြမ္မာရှင်၏ ဉာဏ်စဉ်ဆောင်များဖြစ်ကြ၏၊ ဂျူးလူမျိုးတို့အားကျွန်ုပ်တို့နှင့် အတူ စေစားလော့၊ သူတို့အားဝဋ်ဒဏ်မသင့်စေနှင့်၊ ကျွန်ုပ်တို့သည် သင့်ထံသို့ သင့် ကံကြမ္မာရှင်၏ ထံမှ သုတ်ဒေသနာတော် ရောက်လာစေပြီ။ လမ်းညွှန်ကို လိုက်နာ သူတို့ အပေါ်သို့ ငြိမ်းချမ်းသာယာကြပါစေ။
၂၀း၄၈။ ငြင်းဆန် ဘက်လှည့်သူ အပေါ်သို့ ဝဋ်ကြွေးဒဏ် ရှိသည်ဟု ကျွန်ုပ်တို့ ထံ ဧကန် မုချ အာရုံဈာန်ရရှိ၏၊”ဟု ဖြစ်၏။
၂၀း၄၉။ သူက “အို- မူဆာ သင့်ကံကြမ္မာရှင်သည် မည်သူ ဖြစ်သနည်း၊”ဟု မေးသော်။
၂၀း၅၀။ မူဆာက “ကျွန်ုပ်တို့၏ ကံကြမ္မာရှင်မှာ သဗ္ဗလုံးစုံသော ဖြစ်တည်ခံ တို့အားလက်ဆောင်ပေး၏၊ လမ်းညွှန်၏၊”ဟု ဆို၏။
၂၀း၅၁။ သူက “သို့ဖြစ်လျှင် ရှေးပထမ မျိုးဆက်များမှာ အခြေအနေ မည်သို့ နည်း၊”ဟု မေးမြန်း၏။
၂၀း၅၂။ မူဆာက ပြန်ပြောသည်မှာ “၎င်းအားသိနိုင်မှုသည် ကံကြမ္မာရှင်၏ ထံပါးမှ မှတ်တမ်း၌ ရှိ၏။ ကျွန်ုပ်၏ ကံကြမ္မာရှင်သည် လွဲမှားခြင်း၊ မေ့ပစ်ခြင်းမရှိချေ။-
၂၀း၅၃။ အရှင်သည် သင်တို့ အတွက် မြေကမ္ဘာကို ညိမ့်ညောင်းရာ အဖြစ် စီစဉ်ပေး၏။ ထို၌ သင်တို့အတွက် လမ်းကြောင်းများဖေါက်စေပြီ။ ကောင်းကင်မှ ရေကို သွန်းချစေ၍ ၎င်းဖြင့် မတူကွဲပြားအစုဖွဲ့များသီးနှံထွန်းစွာ ထွက်စေ၏။
၂၀း၅၄။ စားသုံးကြလော့၊ သင်တို့၏ တိရိစ္ဆာန်များအတွက် ထိန်းကျောင်းရာ ဖြစ်စေလော့၊ ဤ၌ အကင်းပါးမှု ရှိသူများအတွက် သက်သေလက္ခဏာ ရှိနေ၏၊”ဟု ဖြစ်၏။
၂၀း၅၅။ သင်တို့အားထိုမှ ဖြစ်တည်စေ၍၊ သင်တို့အားထို၌ ဆက်ဖြစ် စေကာ၊ သင်တို့အားနောက်ထပ်တစ်ကြိမ် ငါ ထုတ်ယူလတ္တံ့။
၂၀း၅၆။ ငါသည် ငါ၏ သုတ်ဒေသနာ ကိုယ်စီအားသူ့ကို မုချ မြင်စေသော်လည်း၊ သူသည် ငြင်းဆန်၊ ပယ်ချ၍။
၂၀း၅၇။ ဖာရိုးက “အို- မူဆာ၊ သင်၏ မှော်အတတ်ဖြင့် ကျွန်ုပ်တို့အားမြေကမ္ဘာမှ မောင်းထုတ်ရန် ကျွန်ုပ်တို့ထံသို့ ရောက်လာသလော၊-
၂၀း၅၈။ ကျွန်ုပ်တို့ သည်လည်းအလားတူ မှော်အတတ်ကို သင့်ထံသို့ ပေးရောက်စေအံ့၊ ထို့ကြောင့် ကျွန်ုပ်တို့၏ကြားသင်တို့ ကြား၌ ကျွန်ုပ်တို့ သင်တို့သည် မချိုးမဖျက် မျှတသော နေရာသို့ ကတိချိန် စီစဉ်ကြပါစို့၊”ဟု ပြောသော်-
၂၀း၅၉။ သူက “သင်တို့၏ ကတိချိန်သည် ပွဲတော်နေ့ ဖြစ်သင့်၏၊ လူသားတို့ အားနေထိန်ထိန်ပူချိန်၌ စုစည်းကြစေ၊”ဟု ပြော၏။
၂၀း၆၀။ ဖာရိုးသည် လှည့်ပြန်၍၊ သူ၏ ဗျူဟာများကို စုကာ တဖန် ရောက်လာ ၏၊-
၂၀း၆၁။ မူဆာက“သင်တို့ ပျက်စီးရလတ္တံ့၊ ပရမတ်ဘုရားရှင်နှင့် စပ်လျဉ်း၍ တားမြစ်ထားသည်ကို လိမ်ညာ လုပ်ကြံဖန်တီးလျက် ဝဋ်ကံမသင့်စေနှင့်၊ လုပ်ကြံ ဖန်တီးသူတို့သည် စိတ်ပျက်ကျဆုံးရလတ္တံ့၊”ဟု သူတို့ကို ပြော၏။
၂၀း၆၂။ သူတို့၏ ညွှန်ကြားချက်အားအချင်းချင်းကြားဖယ်ပစ်နေကြ၍၊ ကြိတ်ကြံစည်ကာ သီးခြားတိုင်ပင်လျက်၊
၂၀း၆၃။ ပြောကြသည်မှာ “သူတို့နှစ်ဦးသည် မှော်ဆရာများဖြစ်ကြ၏။ သူတို့သည် သူတို့၏ မှော်အတတ်ဖြင့် သင်တို့၏ မြေမှ သင်တို့အားမောင်းထုတ် လိုကြ၍၊ သင်တို့၏ အသားကျပြီးလမ်းကို ရုပ်သိမ်းပစ်ကြ၏။-
၂၀း၆၄။ ထို့ကြောင့် သင်တို့၏ ဗျူဟာများကို အတူပူးပေါင်းကြလော့၊ ထို့နောက် ဝါစဉ်အတိုင်းလာရောက်လော့၊ ယနေ့၌ မုချပင် အပေါ်စီးမှ အောင်နိုင် ပေါက်မြောက်ရလတ္တံ့၊”ဟု ဖြစ်၏။
၂၀း၆၅။ သူတို့က “အို- မူဆာ၊ အသင် ခင်းကျင်းမည်လော၊ သို့မဟုတ် ကျွန်ုပ်တို့က အရင်အဦးခင်းကျင်းသူများဖြစ်ရမည်လော၊”ဟု ဆိုသော်-
၂၀း၆၆။ သူက “အမှန်-၊ ခင်းကျင်းလော့၊”ဟု ဆို၏၊ ထိုအခါ သူတို့၏ မှော်အတတ်ကြောင့် သူတို့၏ ဂုဏ်ဆောင် ကြိုးများနှင့် လက်ထောက်များသည် သူ့ထံသို့ လုံးပမ်းလှုပ်ရှားလာ၏။
၂၀း၆၇။ မူဆာသည် သူ့စိတ်၌ စိုးရိမ် စိတ် ခံစားမိ၏။
၂၀း၆၈။ ငါ မိန့်သည်မှာ “သင် မစိုးရိမ်နှင့် သင်သည် အပေါ်စီးမှ ရှိနေ၏။-
၂၀း၆၉။ သင့် ညာလက်၌ ရှိရာကို ခင်းကျင်းလော့၊ ၎င်းသည် သူတို့၏ တည်ဆောက်ထားခြင်းကို မြိုလိုက်လိမ့်မည်၊ သူတို့၏ တည်ဆောက်ထားခြင်းသည် မှော်ဆရာ၏ ဗျူဟာသာ ဖြစ်၏။ မှော်ဆရာဟူသည် မည်သည့်နေရာမှ ရောက်လာသည် ဖြစ်စေ အောင်မြင်ပေါက်မြောက်မည် မဟုတ်ချေ၊”ဟု ဖြစ်၏။
၂၀း၇၀။ သို့ဖြင့် ခင်းကျင်းသော မှော်ဆရာတို့မှာ ဦးချကြလျက် “မူဆာနှင့် ဟာရွန်တို့၏ ကံကြမ္မာရှင်အားကျွန်ုပ်တို့ သက်ဝင် ယုံကြည်ပါပြီ၊”ဟု ဆိုကြ၏။
၂၀း၇၁။ ဖာရိုးက “သင်တို့သည် ကျွန်ုပ်၏ ခွင့်ပြုချက်မရမှီ ၎င်းအားယုံကြည် ကြသလော၊ သူသည် သင်တို့အားမှော်အတတ် သင်ပေးသော သင်တို့၏ အကြီးအကဲ ဖြစ်ရမည်၊ ကျွန်ုပ်သည် သင်တို့၏ ဆက်လုပ်မည့် လက်များခြေများကို ဖြတ်တောက်လတ္တံ့၊ သင်တို့အားစွံပလွန်ပင်များ၌ ကားစင်တင်ပစ်လတ္တံ့၊ ကျွန်ုပ်တို့ မှ မည်သူသည် သင်တို့အားပြတ်သားတည်တံ့သော ဝဋ်ဒဏ်ကို ပေးနိုင်ကြောင်းသိရလတ္တံ့၊”ဟု ကြုံးဝါး၏။
၂၀း၇၂။ သူတို့က ပြောသည်မှာ “ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ မူလလက်သည် အရှင်ထံမှ ကျွန်ုပ်တို့ထံသို့ ရောက်လာသော ရှင်းလင်းချက်ထက် အသင့်အားအစဉ်အလာမပြုနိုင်၊ သို့ဖြစ်၍ သင် ဆုံးဖြတ်မည်ကို ဆုံးဖြတ်လော့၊ သင်သည် ဤလောကီ သက်တမ်း၌သာ ဆုံးဖြတ်နိုင်ရာ၏။-
၂၀း၇၃။ ကျွန်ုပ်တို့၏ မေ့ပြစ်များ၊ သင်က ကျွန်ုပ်တို့အားအဓမ္မခိုင်းစေသော မှော်အတတ်များမှ လွတ်ငြိမ်းစေအံ့ငှာ ကျွန်ုပ်တို့၏ ကံကြမ္မာရှင်အားသက်ဝင်ယုံကြည်ပါ၏၊ ပရမတ်ဘုရားရှင်သည် အမြတ်ဆုံးဖြစ်၏၊ ထာ၀ရ ဖြစ်၏။
၂၀း၇၄။ မည်သူမဆို သူ့ကံကြမ္မာရှင်၏ထံသို့ ရာဇဝတ်ကောင်အဖြစ် ရောက် လာ၏၊ သူ့အတွက် ဧကန်ပင် ငရဲဘုံသည် ရှိ၏။ ထို၌ သေရမည်မဟုတ် ရှင်ရမည် လည်းမဟုတ်ချေ။
၂၀း၇၅။ သက်ဝင်ယုံကြည်ချက်ဖြင့် ရောက်လာ၍၊ ပြုပြင်မှု ကျင့်ကြံ သူ၊ သူတို့အတွက် အခွင့်အလမ်းမှာ အပေါ်စီးမှ ဖြစ်၏။
၂၀း၇၆။ အောက်ခင်း၌ စိမ့်စမ်းရေသွင် စီးဆင်းနေသော တည်တံ့ခြင်းသုခဘုံများ၌ အစဉ်စံစားရမည်ပင်။ ဤ သည် သန့်ရှင်းဖြူစင်သူများအဘို့ အစားပေးခြင်းပင် ဖြစ်၏။
၂၀း၇၇။ ငါက မူဆာထံသို့ အာရုံဖြစ်စေသည်မှာ “ငါ၏ အမှုဆောင်များဖြင့် ခရီးနှင်လော့၊ သူတို့အတွက် ပင်လယ်၀ကို ဖြတ်လျက် ခြောက်သွေ့သောလမ်းမှ ချီလော့၊ သင်တို့အားလွှမ်းခြုံလိမ့်မည်ဟု မကြောက်နှင့်၊ တုန်လှုပ်ခြင်းလည်းမရှိနှင့်။
၂၀း၇၈။ သူတို့အားဖာရိုးနှင့် သူ၏ စစ်တပ်သည် လိုက်၏၊ ထိုအခါ မြစ်ပြင်၏ လွှမ်းခြုံခြင်းက သူတို့အားလွှမ်းခြုံလိုက်၏။
၂၀း၇၉။ ဖာရိုးသည် သူ့လူမျိုးအားလမ်းလွဲ စေ၏၊ လမ်းမှန်ကို မညွှန်ချေ။
၂၀း၈၀။ အို- ဂျူးလူမျိုးတို့၊ သင်တို့၏ ရန်သူထံမှ သင်တို့အားလွတ်မြောက် စေခဲ့ပြီ၊ တောင်၏ ညာ နံဘေးငြိမ်းအေးသော နေရာအားကတိတော်ထားခဲ့ပြီ၊ သင်တို့ အပေါ်သို့ သုဓာနှင့် ငုံးငှက်တို့ကို ချမှတ်ပေးခဲ့ပြီ။
၂၀း၈၁။ သင်တို့အားရိက္ခာပေးသည်မှ စင်ကြယ်ရာများကို စားသုံးကြလော့၊ သင့်တို့အားကံကြီးမသင့်စေအံ့ငှာ ဥပဒေဘောင်မှ စည်းမဖျက်ကြနှင့်၊ ငါ့ထံမှ ကံကြီးသင့်ခြင်း၌ ဘောင်ဝင်သူသည် ဧကန်မုချ လိုဘကြီးနေသူ ဖြစ်၏။
၂၀း၈၂။ ခဝါချ၊ ယုံကြည်လျက် ပြုပြင်မှု ကျင့်ကြံသူအားငါသည် လွတ်ငြိမ်းစေသော အရှင်၊ တဖန် လမ်းညွှန်သော အရှင် ဖြစ်၏။
၂၀း၈၃။ အေ- မူဆာ၊ အဘယ်အရာက သင့်အားသင်၏ လူမျိုးထက် အလျင်လိုစေခဲ့သနည်း၊”ဟု ဖြစ်၏၊
၂၀း၈၄။ သူက “သူတို့သည် တပည့်တော်၏ လိုက်မြဲခရီး၌ ရှိ၏၊ အရှင်၏ ကျေနပ်စေခြင်းငှာ တပည့်တော်သည် ကံကြမ္မာရှင် အရှင့်ထံသို့ အလျင်လိုလျက် ရှိပါ၏၊”ဟု လျှောက်ထား၏။
၂၀း၈၅။ အရှင်က “သင့်နောက်၌ သင့်လူမျိုးအားငါ စမ်းသပ်၏၊ စာမရီသည် သူတို့အားလမ်းလွဲစေ၏၊”ဟု မိန့်သော်၊
၂၀း၈၆။ မူဆာသည် သောကဖြင့် သူ့လူမျိုးထံသို့ လှည့်ပြန်လျက် “အို- ကျွန်ုပ်၏ လူမျိုးတို့၊ သင်တို့၏ ကံကြမ္မာရှင်သည် သင်တို့အားတင့်တယ်သော ကတိတော်ဖြင့် ကတိမထားခဲ့လေသလော။ သင်တို့အပေါ်သို့ ပဋိညာဉ်သည် ရှည်ကြာလှသလော၊ သို့တည်းမဟုတ် ကံကြမ္မာရှင်၏ထံမှ ကံကြီးသင့်စေမှုသည် သင်တို့ အတွက် တရားဝင်ဖြစ်စေရန် ကတိ သစ္စာအားချိုးဖျက်လိုကြသလော၊”ဟု ဆို၏။
၂၀း၈၇။ သူတို့ ပြန်ပြောသည်မှာ “ကျွန်ုပ်တို့သည် သင်နှင့်ထားသော ကတိအားကျွန်ုပ်တို့၏ အာဏာဖြင့် ချိုးဖျက်ခြင်းမဟုတ်၊ သို့သော် ကျွန်ုပ်တို့သည် အမျိုးသားထု၏ အစွဲအလန်းများကို ထမ်းဆောင်ရ၍၊ ၎င်းတို့အားစွန့်ပစ်လိုက် ကြ၏။ ယင်းသည် စာမရီ၏ ခင်းကျင်းချက် ဖြစ်၏။-
၂၀း၈၈။ သူသည် ၎င်းတို့မှ နွားငယ်၊ ကိုယ်ထည်နှင့် အသံထွက်ရန် ပြုလုပ်၏။ ထို့နောက် သူတို့က “ဤသည် သင်တို့၏ ဘုရားရှင်၊ မူဆာ၏ ဘုရားရှင် ဖြစ်၏။ သို့သော် သူသည် မေ့နေခြင်းဖြစ်၏၊”ဟု ဆိုကြောင်းပင် ဖြစ်၏။
၂၀း၈၉။ ၎င်းသည် သူတို့အားစကားပြန်ပြောခြင်းမရှိ၊ ဆိုးကျိုး၊ ကောင်းကျိုးအားအစိုးမရသည်ကို သူတို့ မမြင်ကြသလော၊
၂၀း၉၀။ ဤရှေ့အလျင် ဟာရွန်က သူတို့အား“အို- ကျွန်ုပ်၏ လူမျိုးတို့၊ သင်တို့သည် ဤအမှုဖြင့် စမ်းသပ်ကြလေပြီ၊ သင်တို့၏ ကံကြမ္မာရှင်သည် ကရုဏာရှင် ဖြစ်၏၊ သို့ဖြစ်၍ ကျွန်ုပ်နောက်သို့ လိုက်ကြလော့၊ ကျွန်ုပ်၏ ညွှန်ကြားချက်ကို နာခံကြလော့၊”ဟု မုချ ဟောပြောသော်။
၂၀း၉၁။ သူတို့က ကျွန်ုပ်တို့ ထံသို့ မူဆာ ပြန်လာသည်အထိ ၎င်းအပေါ် နှတ်ဆိတ်စွဲကိုင်နေခြင်းကို ရပ်စဲမည် မဟုတ်”ဟု ဆိုကြ၏။
၂၀း၉၂။ မူဆာက “အို- ဟာရွန်၊ သူတို့ လမ်းလွဲနေသည်ကို သင် မြင်ပါလျက် သင့်အားအဘယ်အရာ ဟန့်တားထားသနည်း၊
၂၀း၉၃။ ကျွန်ုပ်အားမလိုက်နာသလော၊ ကျွန်ုပ်၏ ညွှန်ကြားချက်အားအာခံလေသလော၊”ဟု ဆိုသော်-
၂၀း၉၄။ သူက “အို- အမေ့ သား၊ ကျွန်ုပ်၏ မုတ်ဆိတ်၊ ဦးခေါင်းကို မဆွဲပါနှင့်၊ ကျွန်ုပ်သည် ဂျူးလူမျိုးများကြားခွဲခြမ်းပစ်သည်” “ကျွန်ုပ်၏ စကားကို မထိန်းထားနိုင်ဟု သင်က ပြောလာ မည်ကို ကျွန်ုပ် စိုးထိတ်ခဲ့ပါ၏၊”ဟု ပြန်ပြော၏။
၂၀း၉၅။ မူဆာက “သင့်၌ မည်သည့် လျှောက်တင်စရာ ရှိသနည်း၊ စာမရီ၊”ဟု မေး၏။
၂၀း၉၆။ သူက “သူတို့ မမြင်ရာကို ကျွန်ုပ်မြင်ခဲ့၏၊ ထို့ကြောင့် ကျွန်ုပ်သည် ဉာဏ်စဉ်တော်ဆောင်၏ ခြေရာမှ တစ်ဆုပ်စာခန့် ဆုပ်ခဲ့၏၊ ထို့နောက် ၎င်းကို စွန့်ပစ်ခဲ့၏၊ ၎င်းသည် ကျွန်ုပ်၏ စိတ်အားဤသို့ လှုံဆော်ခဲ့၏၊”ဟု ဆို၏။
၂၀း၉၇။ မူဆာက “သွားလိုက်လော့၊ သင့်အနေဖြင့် ဤဘ၀၌ ကျွန်ုပ်ကို မထိနှင့်ဟု ပြောနိုင်၏။ သို့သော် သင် မချိုးဖျက်နိုင်သော ကတိသည် ရှိနေ၏၊ သင် ၀ဇီပိတ် ကုပ်တွယ်နေသော သင်၏ ဘုရားဆီသို့ မျှော်ကြည့်လော့၊ ကျွန်ုပ်တို့သည် ၎င်းကို မီးရှို့ပစ်လတ္တံ့၊ ထို့နောက် မြစ်ထဲသို့ ပက်ကြဲ လွှင့်ပစ်လတ္တံ့”ဟု ဆို၏။
၂၀း၉၈။ သင်တို့၏ ဘုရားရှင်သည် ပရမတ်ဘုရားရှင်ပင် ဖြစ်၏။ အရှင်မှ အပ အခြားဘုရားဟူ၍ မရှိ၊ အရှင်သည် ခပ်သိမ်းကုန်သို့ ဖြန့်ကျက်နေတော်မူ၏၊ သဗ္ဗလုံးစုံ သိနေတော်မူ၏။
၂၀း၉၉။ ငါသည် သင့်အားသတ်မှတ်ချက် သတင်းများကို ဤသို့ ဖေါ်ပြ၏၊ ငါ့ထံတော်မှ သတိပေးတရားတော်ကို မုချ ချီးမြှင့်ပေး၏။
၂၀း၁၀၀။ ၎င်းအားဘောင်ကန့်ထားသူသည် ရပ်တည်ရမည့် နေ့ကာလ၌ ဝန်ထုပ်ဝန်ပိုးကို သယ်ဆောင်ရမည်ပင်။
၂၀း၁၀၁။ ထို၌ အစဉ်အမြဲပင်၊ သူတို့အတွက် အကုသိုလ်သည် ရပ်တည်ရမည့် နေ့ကာလ၌ သယ်ပိုးစရာ ဖြစ်ရလိမ့်မည်။
၂၀း၁၀၂။ ပုံစံ သက်ဝင်စေသောနေ့ကာလ။ ရာဇဝတ်ကောင်များကို စုစည်းစေသော်၊ ထိုနေ့၌ မျက်ဖြူဆိုက်ရလတ္တံ့။
၂၀း၁၀၃။ “ကျွန်ုပ်တို့သည် ဆယ်စု မျှသာ နေခဲ့ရ၏၊”ဟု သူတို့ချင်းကြားရေရွတ်ကြ၏။
၂၀း၁၀၄။ ငါသည် သူတို့ ပြောဆိုသမျှကို အသိဆုံးဖြစ်တော်မူ၏၊ သူတို့မှ ပမာအကောင်းဆုံးလမ်းကျသူက “သင်တို့ နေခဲ့ရ သည်မှာ တစ်ရက်မျှသာ ဖြစ်၏၊”ဟု ဆို၏။
၂၀း၁၀၅။ သင့်ထံ၌ တောင်တန်းကြီးများအကြောင်းကို မေးလာသူတို့အား၊ ဟောလော့ “၎င်းတို့အားကျွန်ုပ်၏ ကံကြမ္မာရှင်သည် ပက်ကြဲ လွင့်စင်စေလတ္တံ့၊-
၂၀း၁၀၆။ ၎င်းတို့အားအပြန့်လိုက် တစ်ညီတည်းချန်ပစ်ခဲ့လတ္တံ့။
၂၀း၁၀၇။ ထို၌ ကောက်ကွေ့ နေခြင်းကို မြင်ရမည် မဟုတ် မို့မောက်ဖုထစ်နေသည်လည်းမရှိချေ။
၂၀း၁၀၈။ ထိုနေ့ကာလ၌ ကောက်ကျစ်မှုမရှိသော ဖိတ်ခေါ်သူ၏ နောက်သို့ လိုက်ကြရ၍၊ ကရုဏာရှင်၏ ရှေ့၌ ကျို့ငဲ့သော- တိုးညှင်းသော အသံတို့ကိုသာ ကြားရလတ္တံ့။
၂၀း၁၀၉။ ထိုနေ့ကာလ၌၊ ကရုဏာရှင် အလိုတူခွင့်ပြုသော၊ ပြောဆိုမှုကို ကျေနပ်မှုရှိသော သူမှအပ အခြားသူ၏ အမျှဝေပေးခြင်းသည် အကျိုးထူးမည် မဟုတ်၊
၂၀း၁၁၀။ သူတို့ကိုယ်တိုင် အသိ ငုံမိခြင်းမရှိသောသူတို့၏ လက်ရှိ-ရှေ့မှောက် သူတို့ နောက်ကို အရှင် သိနေတော်မူ၏။
၂၀း၁၁၁။ နိစ္စ၊ ဓူ၀ ဖြစ်တော်မူသော အရှင်၏ ရှေ့၌ မျက်နှာအားလုံးအပိုးသေနေလတ္တံ့၊ အဝိဇ္ဇာထုပ်ကို သယ်ရသူသည် မုချ စိတ်ပျက်ကျဆုံးရလေပြီ။
၂၀း၁၁၂။ ပြုပြင်ပြောင်းလဲရေး၌ ကျင့်ကြံသူ၊ ထို-ယုံကြည်ချက်ရှိသူသည် အဝိဇ္ဇာသင့် ခြင်းနှင့် အကျိုးဆက်အတွက် စိတ်နုနေရန် မလိုချေ။”ဟု ဖြစ်၏။
၂၀း၁၁၃။ ဤသို့ ငါသည် ၎င်းကို အာရ်ဗီဘာသာ ကုရ်အာန် အဖြစ် ချမှတ်ပေး၍၊ ကတိတော်များကို ထပ်တလဲလဲရှင်းပြခြင်းမှာ သူတို့အဘို့ စည်းစောင့်နိုင်အံ့ငှာ သို့မဟုတ် သူတို့အားသတိတရားရှိရန် ဆင့်ပြန်နိုင်ဘို့ရာ ဖြစ်၏။
၂၀း၁၁၄။ အထွဋ် အထိပ် ဖြစ်တော်မူသော ပရမတ်ဘုရားရှင်သည် အရှင်သခင် ဖြစ်တော်မူ၏၊ ပရမတ္ထသစ္စာ ဖြစ်တော်မူ၏။ သင့်အားအာရုံဈာန်ကိန်းဝပ်ပေးမှု မပြီးပြည့်မှီ ကုရ်အာန်အားအလျင်မလိုနှင့်၊ “တပည့်တော်အားပညာတိုးစေတော်မူပါ ကံကြမ္မာ ရှင်၊”ဟု ဆုတောင်းလော့။
၂၀း၁၁၅။ ရှေ့အလျင်က ငါသည် အာဒံအားမုချ ပဋိညာဉ်ထားခဲ့၏။ သို့သော် သူသည် မေ့နေ၏။ သူ့၌ ဆုံးဖြတ်နိုင်ခြင်းမတွေ့ရချေ။
၂၀း၁၁၆။ ငါက နိမိတ်ဆောင်တို့ အား“အာဒံကို ဦးချကြလော့၊”ဟု မိန့်၏၊ ရှေးရိုးစွဲမှအပ ဦးချကြ၏၊ သူသည် ဖီဆန် ၏။
၂၀း၁၁၇။ ငါက မိန့်သည်မှာ “အေ- အာဒံ၊ ဤသူသည် သင်နှင့် သင့် စုဖွဲ့ဖေါ်အားစည်းဖေါက်သူ ဖြစ်၏။ သင်တို့အားဥယျာဉ်ဘုံမှ မမောင်းထုတ်စေနှင့်၊ သို့မဟုတ် က ကံဆိုးရနိုင်၏။
၂၀း၁၁၈။ ဧကန်ပင် – ထို၌ သင့်အတွက် ငတ်မွတ်ခြင်းမရှိ၊ ဗလာလက်မဲ့ မဖြစ်စေရ။
၂၀း၁၁၉။ ဧကန်ပင်- ထို၌ သင့်အတွက် ရေဆာခြင်းမရှိ၊ နေပူလောင်ခြင်းလည်းမဖြစ်စေရ”ဟု ဖြစ်၏။
၂၀း၁၂၀။ မကောင်းဆိုးဝါးက သူ့အားတီးတိုးလှုံ့ဆော်၍ “အို- အာဒံ၊ အစဉ် ထာ၀ရ အစစ်အဆေးမရှိ အာဏာပိုင်သော အပင်ကို ညွှန်ရမည်လော၊”ဟု ဆို၏။
၂၀း၁၂၁။ သူတို့သည် ထိုမှ စားသုံးကြ၏။ သို့ဖြင့် ရှေ့တင်၌ သူတို့၏ အရှက် များပေါ်သွားတော့၏၊ သူတို့သည် ဥယျာဉ်မှ အရွက်များဖြင့် သူတို့ကိုယ်သူတို့ စတင်ဖုံးအုပ်ကြလေ၏၊ အာဒံသည် သူ့ကံကြမ္မာရှင်အားအာခံမိ၍၊ တိမ်းပါးရ၏။
၂၀း၁၂၂။ တဖန်၊ သူ့ကံကြမ္မာရှင်သည် သူ့အားပြန်ရွေးချယ်လျက်၊ သင်ပုန်းချေ ပေး၍၊ သူ့အားလမ်းညွှန်ပေး၏။
၂၀း၁၂၃။ အရှင် မိန့်သည်မှာ “အားလုံးဆင်းသွားကြ လော့၊ သင်တို့မှ အချို့သည် အချို့အတွက် စည်းဖေါက်သူများဖြစ်စေလော့၊ ငါ၏ လမ်းညွှန်ချက်များသင့်တို့ ထံသို့ ပေးရောက်စေမည်၊ ငါ၏ လမ်းညွှန်ချက်ကို လိုက်နာသူသည် အပါယ် ရောက်မည်မဟုတ် ကံဆိုးရမည် မဟုတ်။
၂၀း၁၂၄။ ငါ၏ သတိပေးတရားတော်အားဘောင်ကန့်ထားသူသည်၊ ရပ်တည်ရ မည့် နေ့၌ ဧကန်ပင် သူ့အတွက် ကျဉ်းမြောင်းသော ဘ၀ဖြင့် အကန်းအဖြစ် စုစည်းခံရလတ္တံ့၊”ဟု ဖြစ်၏။
၂၀း၁၂၅။ သူက “ကံကြမ္မာရှင် တပည့်တော်သည် အမြင်ရှိခဲ့ပါ လျက်၊ အဘယ့်ကြောင့် အကန်းအဖြစ် စုစည်းခံရပါသနည်း၊”ဟု ဆိုသော်-
၂၀း၁၂၆။ အရှင်က “ယင်းမှာ သင့်အားငါ၏ သုတ်ဒေသနာများကို ပေးအပ် ၏၊ ထို့နောက် ၎င်းတို့ကို မေ့ပစ်၏။ ဤနေ့၌ သင့်အားထိုသို့ မေ့ပစ်ခံရစေပြီ၊”ဟု မိန့်၏။
၂၀း၁၂၇။ ငါသည် အလွဲသုံးစားလုပ်သူများ၊ သူ့ကံကြမ္မာရှင်၏ သုတ်ဒေသနာများကို မယုံကြည်သူများကို ယင်းသို့ အစားပေးတော်မူ၏။ နောင်ဘ၀၏ ဝဋ်ကြွေးသည် ပိုမိုပြင်းထန်၏၊ တည်တံ့၏။
၂၀း၁၂၈။ ၎င်းသည်- မြို့ရွာများမှ သွားလာ၍ အခြေချခဲ့ကြသော သူတို့ မတိုင်မှီ မျိုးဆက်ပေါင်းမည်မျှကို တိမ်ကောစေခဲ့ကြောင်းမညွှန်ပြလေသလော။ ဧကန်ပင် ဆင်ဆင်ခြင်ခြင် ရှိသူများအတွက် ဤ၌ သက်သေလက္ခဏာ ရှိနေ၏။
၂၀း၁၂၉။ တွန်းအားတစ်ခု အတွက် သတ်မှတ်ကာလ အချိန်ရှိပြီးဟု သင့် ကံကြမ္မာရှင်၏ ထံမှ ဓမ္မတော်ရှိသည် မဟုတ်တုံလော၊
၂၀း၁၃၀။ သို့ဖြစ်၍၊ သူတို့၏ ပြောဆိုမှုမျာကို သည်းခံလော့၊ သင့်ကံကြမ္မာရှင်အားနေမထွက်မှီနှင့် နေမဝင်မှီ၌ ရည်သန်စူးစိုက် ဦးထိပ်ထားလော့။ ညအချိန်များနှင့် နေ့ မျက်ခြည်ဆုံးချိန်များ၌ သင့်အားကျေနပ်နှစ်သက်အံ့ငှာ ဦးထိပ်ထားလော့။
၂၀း၁၃၁။ သူတို့အနက်မှ အစုဖွဲ့များ၏ ချမ်းမြေ့စရာများထံ အသင်၏ မျက်လုံးအားမတိုးရွေ့စေနှင့်၊ သူတို့အားစမ်းသပ်ရန် အတွက် လောကီဘ၀၏ ဆွဲဆောင်မှု ဖြစ်၏။ သင့်ကံကြမ္မာရှင်၏ ရိက္ခာထောက်ခြင်းသည် ပို၍ကောင်း၏။ တည်တံ့ခြင်းရှိ၏။
၂၀း၁၃၂။ သင့်ဝိုင်းသားတို့ အပေါ် မေတ္တာတရားဖြင့် ညွှန်ကြားလော့၊ ထို အပေါ်တွင် သည်းခံကြစေလော့၊ ငါသည် ဆွမ်းကပ်ခံခြင်းမရှိ၊ ငါကသာ ရိက္ခာ ထောက်တော်မူ၏။ စည်းစောင့်မှု အတွက် ချုပ်ငြိမ်းခြင်းသည် ရှိ၏။
၂၀း၁၃၃။ သူတို့က “သူ့ကံကြမ္မာရှင်၏ ထံမှ ကျွန်ုပ်တို့ အတွက် အဘယ် ကြောင့် သုတ်ဒေသနာတစ်ပါးမပေးအပ်ခဲ့သနည်း၊”ဟု ဆိုကြ၏။ ရှေးပရပိုက်များတွင် ပါသည့် ရှင်းလင်းချက်များကို သူတို့အားပေးရောက်စေပြီ မဟုတ်တုံလော။
၂၀း၁၃၄။ ဤရှေ့အလျင် သူတို့အားဝဋ်ကြွေးသင့် တိမ်ကောစေခဲ့လျှင် “အို- ကံကြမ္မာရှင်၊ တပည့်တော်တို့၏ နိမ့်ပါးရခြင်းအရှက်ကွဲရခြင်းမတိုင်မှီ အရှင့် သုတ်ဒေသနာများကို တပည့်တော်တို့ လိုက်နာစေရန်၊ တပည့်တော်တို့ထံသို့ ဉာဏ်စဉ်ဆောင် တစ်ပါးအဘယ်ကြောင့် မစေပို့ခဲ့သနည်း၊”ဟု ဆိုကြလတ္တံ့။
၂၀း၁၃၅။ဟောလော့ “အားလုံးကိုယ်စီ စောင့်ကြည့်နေကြ၏။ ထို့ကြောင့် စောင့်ကြည့်နေကြလော့၊ မည်သူ့ ပေါင်းဖေါ်များက ပုံစံကျပြီးလမ်းစဉ်၌ ရှိ၏၊ မည်သူက လမ်းညွှန်မှန်၌ ရှိ၏ ဆိုသည်ကို သိလာကြရလတ္တံ့။”
ဓမ္မခန္ဓာ (၂၀) ဤတွင် ပြီး၏။
ဓမ္မခန္ဓာ (၂၁)
ကရုဏာရှင် အကြင်နာရှင် ဖြစ်တော်မူသော ပရမတ်ဘုရားရှင်၏ ဂုဏ်တော်အားဖြင့်-
၂၁း၁။ လူသားတို့အတွက် သူတို့၏ အချုပ်စရင်းသည် နီးကပ်လာနေ၏။ သူတို့သည်ကားမေ့လျော့ ဘောင်ကန့်ထားသူများဖြစ်ကြ၏။
၂၁း၂။ သူ့တို့၏ ကံကြမ္မာ ရှင် ထံမှ သတိပေးဆင့်ပြန်မှု ပေးရောက်လာလျှင်၊ သူတို့သည် ၎င်းကို ပေါ့ပျက် ပျက် ကြားနာကြ၏။
၂၁း၃။ သူတို့၏နှလုံးသားသည် အလေးအနက် မရှိချေ။ မိုက်ကြေးခွဲသော သူတို့က “ဤသည် သင်တို့ ကဲ့သို့ လူပုဂ္ဂိုလ်မျှသာ ဖြစ်၏။ သင်တို့ မြင်နေလျက်နှင့်ပင် သင်တို့အားမှော်အတတ်ကို ပေးအပ်နေ၏၊”ဟု သီးခြားတိုင်ပင်ကြ၏။
၂၁း၄။ သူက “ကျွန်ုပ်၏ ကံကြမ္မာရှင်သည် မိုးများနှင့် မြေအတွင်းပြောဆို သမျှကို သိနေတော်မူ၏။ အရှင်သည် ကြားနေသော အရှင် သိနေသော အရှင် ဖြစ်၏၊”ဟု ဟောကြားသော်-
၂၁း၅။ သူတို့က “အမှန်မှာ- မှုံဝါးဝါးအိပ်မက်သာ ဖြစ်၏။ အမှန်မှာ ၎င်းကို သူ လုပ်ကြံဖန်တီး၏။ အမှန်မှာ သူသည် ကဗျာ ဆရာသာ ဖြစ်၏။ ရှေးက စေစားခံရသူများပမာ ကျွန်ုပ်တို့ထံသို့ နိမိတ်လက္ခဏာ တစ်ရပ် ပေးရောက် စေလော့၊”ဟု ဆိုကြ၏။
၂၁း၆။ သူတို့ မတိုင်မှီ တိမ်ကောပျက်စီးစေသော အရပ်သားတို့သည် ယုံကြည်ခဲ့သည် မဟုတ်ချေ။ သူတို့သည်ကော ယုံကြည်ဦးမည်လော။
၂၁း၇။ သင့် မတိုင်မှီ သူတို့ထံသို့ အာရုံဈာန်ဖြစ်စေ၍ စေစားခံရသူများမှာလည်းလူသားများမှ လွဲ၍ အခြားမဟုတ်ချေ။ သင်တို့ မသိလျှင် သတိပေးတရားတော် ဝိုင်းသားများကို မေးလော့။
၂၁း၈။ ငါသည် သူတို့အားအစာအဟာရ စားသုံးရန် မလိုသော ခန္ဓာကိုယ် များနှင့် အစဉ်နေရခြင်းကို စီစဉ်မပေးချေ။
၂၁း၉။ ငါသည် သူတို့အားကတိတော်ကို ဖြောင့်မှန်စေ၏။ ငါ၏ စံချိန်ပြည့်သူများကို လွတ်မြောက်စေတော်မူ၍၊ အလွဲ သုံးစားပြုသူများကို တိမ်ကောစေတော်မူ၏။
၂၁း၁၀။ မုချပင် ငါသည် သင်တို့ထံသို့ သတိပေးခြင်းပါသော ကျမ်းတော်ကို ချမှတ်ပေးပြီ။ အတွေးအခေါ် မရှိကြသလော။
၂၁း၁၁။ အမိုက်စီးနေသော အရပ်ဒေသ မည်မျှကို တစ်စစီဖြစ်စေ၍ ၎င်းနောက်၊ နောက်လူမျိုးများကို ငါ ပေါက်ပွားစေခဲ့သနည်း။
၂၁း၁၂။ သူတို့သည် ငါ့ထံမှ အမင်္ဂလာသက်စေမှု ခံစားရသောအခါ၊ ထိုမှ ထွက်ပြေးကြသည်ကို ရင်ဆိုင်ကြ လတ္တံ့။
၂၁း၁၃။ ထွက်မပြေးကြနှင့်၊ သင်တို့အားစစ်ဆေးရန်အလို့ငှာ သင်တို့ ဦးတည်ခဲ့သော စည်းဇိမ်ယစ်သည့် အခြေချခဲ့ရာများသို့ ပြန်ခဲ့ကြလော့။
၂၁း၁၄။ သူတို့က “ကျွန်ုပ်တို့ ပျက်စီးရလေပြီ၊ ကျွန်ုပ်တို့သည် အမိုက်ကောင်များဖြစ်ခဲ့ချေ ၏၊”ဟု ညည်းညူ၏။
၂၁း၁၅။ သူတို့အားမျိုးတုန်းကြိတ်နယ်ရန် စီစဉ်ပြီးသည့်တိုင် သူတို့၏ အော်ကြွေးခြင်းကို ငါ ရပ်နားစေမည် မဟုတ်ချေ။
၂၁း၁၆။ ငါသည် မိုးများ၊ မြေကမ္ဘာနှင့် ထိုနှစ်ခုကြားအရာများကို ပေါ့ပျက် ပျက် ဖြစ်တည်စေသည် မဟုတ်။
၂၁း၁၇။ ပျော်မြူးခြင်းကို ငါ ရယူတော်မူလိုသော်၊ ငါ စီမံလိုလျှင် ၎င်းကို ငါ့ထံတော်၌ ရယူခဲ့ပြီးလတ္တံ့။
၂၁း၁၈။ အမှန်မှာ ငါသည် မိစ္ဆာတရားကို ဦးဏှောက်ကွဲစေခြင်းငှာ သစ္စာ တရားကို ဝန်ပေး၏။ ၎င်းသည် ခွဲခွာပျောက်ကွယ် သောအခါ၊ သင်တို့၏ တင်ပြခဲ့မှု များကြောင့် သင်တို့ ပျက်စီးရလေပြီ။
၂၁း၁၉။ မိုးများနှင့် မြေအတွင်းရှိသမျှသည် အရှင်၏ အချုပ်အခြာ၌ ရှိ၏၊ အရှင့် ထံပါးရှိသူများသည် အရှင့်အားအမှုတော်ဆောင်ရန် မာနကြီးလွန်းနေသည် မဟုတ်ချေ။ ကြေကွဲပင်ပန်းနေသည်လည်းမဟုတ်ချေ။
၂၁း၂၀။ သူတို့သည် နေ့၊ ည မဟူ ဆိတ်ငြိမ်ခြင်းမရှိ အရှင့်အားဦးထိပ်ထားနေကြ၏။
၂၁း၂၁။ သို့တည်းမဟုတ် သူတို့အားနိုးကြွရှင်ပြန်စေနိုင်သော ဘုရားမြေကမ္ဘာ၌ ရှိသည်ဟု အယူထားနေကြသလော။
၂၁း၂၂။ ပရမတ်ဘုရားရှင်မှ အပ အခြားဘုရားသူတို့အထဲ၌ ရှိခဲ့လျှင်၊ သူတို့သည် အဖျက်ခံရပြီးဖြစ်လတ္တံ့၊ သို့ဖြစ်၍ သူတို့၏ တင်ပြခဲ့ခြင်းများနှင့် စပ်လျဉ်း၍- ထပ်ဆင့်ကွပ်ကဲသော ကံကြမ္မာရှင်၊ ပရမတ်ဘုရားရှင်ထံ၌ ဦးထိပ်ထားလော့။
၂၁း၂၃။ အရှင်၏ ပြုလုပ်မှုအတွက် အရှင့်အားစစ်ဆေးနိုင်မည် မဟုတ်၊ သူတို့သည်သာ စစ်ဆေးခံရလိမ့်မည်။
၂၁း၂၄။ သို့တည်းမဟုတ် အရှင် မှလွဲ၍ အခြားဘုရားများရှိသည်ဟု အယူ ထားနေကြသလော။ ဟောလော့ “သင်တို့၏ သက်သေပြချက်ကို ယူခဲ့ကြလော့။ ဤသည် ကျွန်ုပ်နှင့်အတူ ရှိသူတို့အတွက် သတိပေးတရားတော်၊ ကျွန်ုပ် မတိုင်မှီ ဖြစ်သူတို့အတွက် သတိပေးတရားတော် ဖြစ်၏၊ အမှန်မှာ သူတို့မှ အများစုသည် သစ္စာတရားကို သိကြသည် မဟုတ်၊ သို့ဖြင့် သူတို့သည် ဘောင်ကန့်ထားသူများဖြစ်ကြ၏။”
၂၁း၂၅။ သင့်ရှေ့အလျှင် ဉာဏ်စဉ်ဆောင်များမှ သူ့ထံ၌ “ဧကန်ပင် ငါ အရှင်မှ လွဲ၍ အခြားဘုရားဟူ၍ မရှိ၊ သို့ဖြစ်၍ ငါ့အားကိုးကွယ်ကုန်လော့၊”ဟု အာရုံဈာန် မရစေဘဲ စေစားသည်ဟု မရှိချေ၊
၂၁း၂၆။ “ကရုဏာရှင်၌ ကိုယ်ပွားယူထား၏၊”ဟုလည်းဆိုကြသေး၏။ အရှင်သည် ဦးထိပ်ထားရာ ဖြစ်၏။ အမှန်မှာ ၎င်းတို့သည် ဘိသိက်မြှေက်ခံရသော အရှင့် အမှုတော်ဆောင်များဖြစ်ကြ၏။
၂၁း၂၇။ အရှင့် ဓမ္မတော်မဟုတ်သည်ကို သူတို့ မသတ်မှတ်ကြ၊ အရှင့် ညွှန်ကြားချက် မရှိဘဲလျက် သူတို့ မကျင့်ကြံကြချေ။
၂၁း၂၈။ အရှင်သည် သူတို့၏ လက်ရှိရှေ့မှောက် သင်တို့နောက်ကို သိနေတော် မူ၏၊ အရှင်၏ ကျေနပ်လက်ခံမှု မရှိသူတို့ အတွက် အမျှဝေပေးနိုင်သည်လည်းမဟုတ်ချေ။ သူတို့သည် အရှင့်အားကြောက်ရွံ့သူများဖြစ်ကြ၏။
၂၁း၂၉။ သူတို့အနက် “အရှင် မှ လွဲ၍ ကျွန်ုပ်သည် ဘုရားဖြစ်၏၊”ဟု ဆိုသူ ရှိခဲ့မူ၊ ဤအတွက် သူ့အားငရဲဘုံကို အစားပေးလတ္တံ့၊ ဤသည် အမိုက်ကောင်များအတွက် အစားပေးမှု ဖြစ်၏။
၂၁း၃၀။ မိုးများနှင့် မြေကမ္ဘာသည် ကပ်ငြိလျက် ဖြစ်ခဲ့၍၊ သို့ပြီးမှ ၎င်းတို့ကို ဟကွဲစေခဲ့သည်ကို ဖုံးကွယ်သော သူများသည် မမြင်တတ်ကြသလော၊ ငါသည် သဗ္ဗလုံးစုံသော သက်ရှိကို ရေမှ စီစဉ်ခဲ့၏၊ ယုံကြည်နိုင်ခြင်းမရှိကြသလော။
၂၁း၃၁။ သူတို့ လမ်းညွှန်ရအံ့ငှာ- မြေကမ္ဘာ ဖြန့်ကျဲမသွားစေရန် တိုက်ကြီးများကို ငါ စီစဉ်တော်မူ၏၊ ၎င်း၌ အဝေးပြေးလမ်းများကိုလည်းစီစဉ်ပေးတော် မူ၏။
၂၁း၃၂။ မိုးကောင်းကင်ကိုလည်းစောင့်ရှောက်ထားသော မျက်နှာကျက် အဖြစ် ငါသည် စီစဉ်ထားတော်မူ၏၊ သို့သော် သူတို့သည် ထိုသက်သေလက္ခဏာ များအားဘောင်ကန့်ထားသူများဖြစ်ကြ၏။။
၂၁း၃၃။ အရှင်သည် ည၊ နေ့၊ နေ၊ လ တို့ကို ဖြစ်တည်စေ၍၊ ၎င်းတို့ကို ကိုယ်စီ ဂြိုလ်ပတ်လမ်း၌ တစိုက်မတ်မတ်ဖြစ်စေ၏။
၂၁း၃၄။ သင့်ရှေ့အလျင် မည်သည့် လူပုဂ္ဂိုလ်ကိုမှ အစဉ်နေရခြင်းကို ငါ စီစဉ်မပေးခဲ့ချေ။ သင်သည်လည်းခန္ဓာဝန်ချရမည်သာ၊ သို့ဖြစ်လျှင် သူတို့အတွက် မသေသက်တမ်းရလိမ့်မည်လော။
၂၁း၃၅။ ဉာဉ်စရိုက်တိုင်းသည် သေခြင်းတရားကို မြည်းစမ်းရမည် သာတည်း။ ငါသည် သင်တို့အားဆိုးခြင်းကောင်းခြင်းများဖြင့် ကျပ်တည်းစွာ စမ်းသပ်တော်မူ၏၊ ငါထံတော်သို့သာ ဦးလှည့်ပြန်ကြရလတ္တံ့။
၂၁း၃၆။ ဖုံးကွယ်သော သူများက သင့်အားမြင်တွေ့သောအခါ၊ “သင်တို့၏ ဘုရားများအကြောင်းသတိဖေါ်ပေးသော သူမှာ ဤသူ မဟုတ်လော၊”ဟု သင့်အားလှောင်ပြောင်စရာဟု အယူထားကြ၏၊၊ သူတို့သည် ကရုဏာတော် အရှင်၏ သတိ ပေးတရားတော်အားဖုံးကွယ်သူများဖြစ်ကြ၏။
၂၁း၃၇။လူသားသည် အလျင်လို လောကြီးသော ဖြစ်တည်ခံပင်။ သင်တို့အားငါ၏ သုတ်ဒေသနာများကို ပြသတော် မူမည်၊ အလျင်မလိုကြကုန်နှင့်။
၂၁း၃၈။သူတို့က “သင်တို့သည် ဖြောင့်မှန်သူများဖြစ်ကြလျှင်၊ ဤကတိ သည် မည်သည့်အခါနည်း၊” ဟု ဆိုကြလိမ့်မည်။
၂၁း၃၉။ ဖုံးကွယ်သော သူတို့သည် သူတို့၏မျက်နှာများ၊ ကျောကုန်းများမှ အပူမီးကို မဟန့်တားနိုင်သော၊ ကူညီခံရမှု မရှိသော အချိန်ကို သိခဲ့ပါလေစ။
၂၁း၄၀။ အမှန်မှာ၊ ၎င်းကို သူတို့ထံသို့ ရုတ်တရက် ပေးရောက်စေ၍၊ သို့ဖြင့် သူတို့အားအရှိုက်ထိစေ၏။ သူတို့သည် ၎င်းကို တန်ပြန်ရန် မတတ်နိုင်ကြ၊ စောင့်ကြည့်နေခွင့် လည်းမရှိကြတော့ချေ။
၂၁း၄၁။ သင့်ရှေ့အလျင် ဉာဏ်စဉ်ဆောင်များသည်လည်းမုချ လှောင်ပြောင် ခံခဲ့ရ၏၊ သို့ဖြင့် သူတို့မှ ပျက်ရယ်ပြုသော သူတို့သည် သူတို့၏ လှောင်ပြောင်လေ့ ရှိသည်၌သာ ပိတ်ဖုံးနေရတော့၏။
၂၁း၄၂။ ကရုဏာရှင်ထံမှ ကင်းရန် သင်တို့အားနေ့ရော ညပါ မည်သူက ကာကွယ်ထားနိုင်သနည်း၊”ဟု ဟောလော့။ အမှန်မှာ သူတို့သည် သူတို့၏ ကံကြမ္မာရှင်ထံမှ သတိပေးတရားတော်အားဘောင်ကန့်ထားသူများဖြစ်ကြ၏။
၂၁း၄၃။ သို့တည်းမဟုတ် ငါ မှလွဲ၍ သူတို့အားဟန့်တားပေးနိုင်သော ဘုရားများရှိကြသလော။ သူတို့ စရိုက်ကိုပင် သူတို့ ကူညီရန် မတတ်နိုင်ကြ။ သူတို့သည် ငါအရှင်နှင့် ကင်းရန် အဖေါ်အပေါင်းလည်းမရှိကြချေ။
၂၁း၄၄။ အမှန်မှာ- ငါသည် ဤသူများနှင့် သူတို့၏ ဘဘိုးတို့အားသူတို့၏ ဘ၀သံသရာ ရှည်ကြာလာသည့်တိုင် ချမ်းမြေ့စေ၏၊ ငါသည် သူတို့အတွက် ကမ္ဘာမြေကို မျက်ခြည်အဆုံးများမှ စ၍ ကျစ်လစ် ပေးစုတော်မူသည်ကို သူတို့ မမြင်လေသလော။ သူတို့သည် အနိုင်ရသူ များဖြစ်ကြသလော။
၂၁း၄၅။ ကျွန်ုပ်သည် ကျွန်ုပ်ရသော အာရုံဈာန်ဖြင့် သင်တို့အားသတိပေးရန် သာ ဖြစ်၏၊”ဟု ဟောကြားလော့။ သတိပေးခံရသော်လည်းအပင်းသည် ဖိတ်ခေါ် သံကို မကြားနာချေ။
၂၁း၄၆။ သင့်ကံကြမ္မာရှင်၏ ထံမှ ဝဋ်ကြွေးအငွေ့ကို သူတို့အားသင့်စေသော်၊ “ကျွန်ုပ်တို့ ပျက်စီးရပြီ၊ ကျွန်ုပ်တို့သည် အမိုက်ကောင်များဖြစ်ခဲ့ ပြီ၊”ဟု ပြောကြလတ္တံ့။
၂၁း၄၇။ ရပ်တည်ရသော နေ့ကာလ၌ သမာဓိ ချိန်ခွင်အားချထားတော်မူ၍၊ မည်သည့် ဉာဉ်စရိုက်ကိုမှ တစ်စုံတစ်ရာ အဝိဇ္ဇာ မသင့်စေရ။ အနုမြူခန့် အလေးချိန် ရှိသော်လည်း၎င်းကို ပေးအပ်တော်မူလတ္တံ့။ စာရင်းရှင်းဘို့ရာ ငါနှင့် လုံလောက်တော်မူ၏။
၂၁း၄၈။ ငါသည် စည်းစောင့်သူတို့ကို သတိဖေါ်ပေးဘို့ရာ မူဆာနှင့် ဟာရွန်တို့ အားခွဲခြမ်းစိတ်ဖြာဖွင့်ဆိုမှုနှင့် ဝိဇ္ဇာအလင်းတော်ကို ပေးအပ်တော်မူ၏။
၂၁း၄၉။ သူတို့ သည် ကံကြမ္မာရှင်အားမျက်ကွယ်၌လည်းကြောက်ရွံ့ရိုကျိုးကြ၏။ အချိန်နာရီကို စိုးထိတ်ကြ၏။
၂၁း၅၀။ ဤသည် ကျက်သရေရှိသော သတိပေးတရားတော် ဖြစ်၏၊ ၎င်းကို ငါ ချမှတ်တော်မူ၏။ သို့ဖြစ်လျက် ၎င်းကို သင်တို့ သူစိမ်းဆန်နေကြ သလော။
၂၁း၅၁။ ရှေ့ကပင်- ငါသည် အီဗရာဟီးမ်အားသူ၏ ဖြောင့်မတ်မှုကို မုချ ပေးခဲ့၏။ ငါသည် သူ့အားသိနေသော အရှင် ဖြစ်၏၊
၂၁း၅၂။ သူက သူ့ဖခင်နှင့် သူ့ လူမျိုးအား“သင်တို့ နှတ်ဆိတ်တွယ်ကပ်နေသော ဤပုံတူဆင်းတုတို့သည် မည် သည့် အရာများဖြစ်သနည်း၊”ဟု ဆိုသော်-
၂၁း၅၃။ သူတို့က “ကျွန်ုပ်တို့၏ မိရိုးဖလာက ၎င်းအားကိုးကွယ်နေသူများကို ကျွန်ုပ်တို့ တွေ့ရ၏၊”ဟု ပြန်ပြော၏။
၂၁း၅၄။ သူက “မုချပင်၊ သင်တို့နှင့် သင်တို့၏ ဘဘိုးတို့သည် ရှင်းလင်းထင်ရှားသော အပါယ်လမ်း၌ ရှိ၏၊”ဟု ပြောပြန်သော်၊
၂၁း၅၅။ သူတို့က “သင်သည် ကျွန်ုပ်တို့ထံသို့ သစ္စာတရားကို ရောက်လာစေသလော၊ သို့တည်းမဟုတ် သင်သည် ပြောင်စပ်စပ်လုပ်သူ ဖြစ်သလော၊”ဟု ပြန်ပြော၏။
၂၁း၅၆။ သူပြောသည်မှာ “အမှန်မှာ၊ သင်တို့၏ ကံကြမ္မာရှင်သည် မိုးများနှင့် မြေကမ္ဘာ၏ ကံကြမ္မာရှင်ဖြစ်၏၊ အရှင်သည် ၎င်းတို့၏ မူလလက်သည် ဖြစ်၏။ ကျွန်ုပ်သည်ကားထိုအရာများအတွက် သက်သေခံသူများမှ ဖြစ်၏။-
၂၁း၅၇။ ပရမတ်ဘုရားရှင်အားတိုင်တည်လျက်။ သင်တို့ နောက်သို့ လှည့် သွားပြီးနောက်၊ သင်တို့၏ ရုပ်ပွားများအတွက် ကျွန်ုပ်၌ ဗျူဟာ ရှိ၏၊”ဟု ဖြစ်၏။
၂၁း၅၈။ သို့ဖြင့်၊ သူတို့သည် ထိုဘက်သို့ ပြန်လှည့်လာခြင်းငှာ- ၎င်းတို့မှ အကြီးဆုံးမှအပ ၎င်းတို့ကို ချိုးဖျက် စီစဉ်လိုက်၏။
၂၁း၅၉။ သူတို့က “ကျွန်ုပ်တို့၏ ဘုရားများကို မည်သူ စီရင်လိုက်သနည်း၊ ဧကန်- သူသည် အမိုက်ကောင်များမှ ဖြစ်၏၊”ဟု ဆိုကြ၍-၊
၂၁း၆၀။“သူတို့အားသတိပေးသောသူ၊ အီဗရာဟီးမ် ဆိုသည့် စပ်စုသူ အကြောင်းကျွန်ုပ်တို့ ကြားခဲ့ ၏၊”ဟု ပြောကြ၏။
၂၁း၆၁။“သူတို့ သက်သေပြနိုင်ဘို့ရာ သူ့အားလူထုမျက်လုံးရှေ့သို့ ပေးရောက်စေလော့၊”ဟု ပြောကြပြန်၏။
၂၁း၆၂။ သူတို့က “အို- အီဗရာဟီးမ်၊ သင်သည် ကျွန်ုပ်တို့ကိုးကွယ်သည့် ဘုရားများကို စီရင်လေသလော၊”ဟု ပြောသော်၊
၂၁း၆၃။ သူက “အမှန်မှာ၊ ၎င်းကို စီရင်ခဲ့၏။ ဤသည် သူတို့၏ အကြီးအကဲ ဖြစ်၏၊ သူတို့ စကားပြောတတ်လျှင် သူတို့ကို မေးကြည့်လော့၊”ဟု ဆို၏။
၂၁း၆၄။ သူတို့၏ အကျင့်စရိုက်ဘက်သို့ သူတို့ ဦးလှည့်လျက် ပြောကြ သည်မှာ “ဧကန်၊ သင်တို့သည်၊ သင်တို့သည်သာ အမိုက်ကောင်များဖြစ်၏၊”
၂၁း၆၅။ တဖန် သူတို့သည် ဦးခေါင်းကျိုးလျက်၊ “၎င်းတို့သည် စကားမပြောနိုင်ကြောင်းကို သင် မုချ သိ၏၊”ဟု ဖြစ်သော်-
၂၁း၆၆။ သူပြောသည်မှာ “သို့ဖြစ်လျှင်၊ ပရမတ်ဘုရားရှင် မှလွဲ၍ သင်တို့အားအကျိုး၊ အဆိုးပေးခြင်းတစ်စုံတစ်ရာ မရှိသည်များကို ကိုးကွယ်ကြမည်လော၊
၂၁း၆၇။ သင်တို့အတွက် ပရမတ်ဘုရားရှင်မှ လွဲ၍ သင်တို့၏ ကိုးကွယ်ရာများအတွက် ရွံစရာကောင်း၏၊ သင်တို့၌ အတွေးအခေါ် မရှိကြသလော၊”ဟု ဖြစ်၏။
၂၁း၆၈။ သူတို့က “သင်တို့ လုပ်လိုသူများဖြစ်လျှင်၊ သူ့အားမီးရှို့၍၊ သင်တို့၏ ဘုရားများကို ကူညီကြလော့၊”ဟု ဆိုလေ၏။
၂၁း၆၉။ ငါအရှင်က “အို- မီးအေးစေလော့၊ အီဗရာဟီးမ်အပေါ်သို့ ငြိမ်းချမ်းမှု ခစေလော့၊”ဟု မိန့်လိုက်၏။
၂၁း၇၀။ သူတို့သည် သူနှင့်စပ်လျဉ်း၍ ဗျူဟာချလို၏၊ သို့ဖြင့် ငါသည် သူတို့အားဆုံးရှုံးရသူများအဖြစ် စီစဉ်လိုက်၏။
၂၁း၇၁။ ငါသည် သူနှင့် လု-တ် တို့အားလောကခပ်သိမ်းအတွက် ကျက်သရေ ရှိစေသော ကမ္ဘာသို့ လွတ်မြောက်စေခဲ့၏။
၂၁း၇၂။ ငါသည် သူ့အားအိစ္စဟာ့က်၊ ထပ်ပေါင်း၍ ယာကုဗ်ကို ချီးမြှင့်တော်မူ၏၊ သူတို့ကိုယ်စီအားပြုပြင်ပြောင်းလဲ သူများအဖြစ် စီစဉ်ပေးတော်မူ၏။
၂၁း၇၃။ ငါသည် သူတို့အားငါ၏ ညွှန်ကြားချက်ဖြင့် လမ်းပြရှေ့ဆောင်များအဖြစ် စီစဉ်ခဲ့၏။ ငါသည် သူတို့ထံ ကောင်းမှုများပြုလုပ်ရန်၊ ဝတ်ပြု မြဲကြရန်၊ အခွန်ငွေဖြူ ပေးကြရန် ငါ့ကိုသာ ကိုးကွယ်သူများဖြစ်ရန် အာရုံဖြစ်စေ၏။
၂၁း၇၄။ လု-တ်။ ငါသည် သူ့အားဓမ္မသတ်နှင့် အသိပညာကို ချီးမြှင့်၏။ ယုတ်ညံ့မှု ကျင့်ကြံနေသော အရပ်ဒေသမှ သူ့ကို လွတ်မြောက်စေခဲ့၏။ ထိုသူတို့ သည် အကုသိုလ်သင့် ယုတ်မာသည့် လူမျိုးဖြစ်၏။
၂၁း၇၅။ သူ့အားငါ၏ ကရုဏာ တွင်းသို့ ဝင်ခွင့်ပြု၏၊ ဧကန်ပင် သူသည် ပြုပြင်ပြောင်းလဲ သူတို့မှ ဖြစ်၏။
၂၁း၇၆။ ရှေ့အလျင်က- နူးဟ် တင်ပြသောအခါ၊ ငါအရှင် တုန့်ပြန်တော်မူ ခဲ့၏။ သူနှင့် သူ့ဝိုင်းသားများကို မဟာ ချောက်ချားမှုကြီးမှ လွတ်မြောက်စေခဲ့၏။
၂၁း၇၇။ ငါသည် သူ့အားငါ၏ သုတ်ဒေသနာများကို ငြင်းဆန်သော လူမျိုးမှ ကင်းရန် ကူညီခဲ့၏။ ဧကန်ပင် သူတို့သည် အကုသိုလ်သင့်သည့် လူမျိုးဖြစ်ကြ၏။ သူတို့ အားလုံးကို နစ်မြုပ်စေခဲ့ပြီ။
၂၁း၇၈။ ဒါဝူးဒ်နှင့် ဆိုလိုင်မံ- သူတို့သည် အခြားလူမျိုး၏ သိုးများကြောင့် ဝါးဖတ်ဖြစ်ရသော လယ်မြေကိစ္စအားစီရင်ထုံးပြု သောအခါ၊ သူတို့၏ စီရင်ထုံး၌ ငါသည် သက်သေသက်ကန် ဖြစ်၏။
၂၁း၇၉။ ငါသည် ဆိုလိုင်မံအား၎င်းကို နားလည် သဘောပေါက်စေ၏။ သူတို့ကိုယ်စီ ဓမ္မသတ်နှင့် အသိပညာကို ချီးမြှင့်ခံရ၏၊ ငါသည် ဒါဝူးဒ်နှင့်အတူ ဦးထိပ်ထားနေသော တောင်များနှင့် အလုပ်လုပ်သော ငှက်များကို အသုံးခံဖြစ်စေ၏။
၂၁း၈၀။ သင်တို့အားအတိုက်အခိုက်များ၌ ထိန်းသိမ်းကာကွယ်ရန်၊ သင်တို့ အတွက် အဆင်အယင် တည်ဆောက် နည်းကို ငါ သင်ပေးတော်မူ၏၊ သင်တို့ ကျေးဇူးသိတတ်မည် မဟုတ်လော။
၂၁း၈၁။ ဆိုလိုင်မံအတွက်၊ လေကို လွင့်စေ၍၊ အရှင့် ညွှန်ကြားချက်ဖြင့် ထို၌ ငါအရှင် ကျက်သရေရှိစေသော ကမ္ဘာသို့ စီးမျော စေ၏။ ငါသည် သဗ္ဗလုံးစုံ သိနေသော အရှင် ဖြစ်၏၊
၂၁း၈၂။ သူ့အတွက် ရေငုပ်ပေးသူ၊ ထိုမှ အပသော ကျင့်ကြံမှု များအားကျင့်ကြံပေးသူတို့ကို မကောင်းဆိုဝါးတို့မှ ဖြစ်စေ၏။ ငါသည် သူတို့ကို ထိန်းသိမ်းစောင့်ရှောက်သော အရှင် ဖြစ်၏။
၂၁း၈၃။ အိုင်ယုဘ်က သူ့ကံကြမ္မာရှင်ထံ၌ “တပည့်တော်အားဘေးဥပဒ် သက်ပါပြီ၊ အရှင်သည် ကရုဏာရှင် အကြင်နာရှင် ဖြစ်ပါ၏၊”ဟု တင်ပြသောအခါ၊
၂၁း၈၄။ သူ့အားငါ တုန့်ပြန်တော်မူ၏။ သူ့၌ရှိသော ဘေးဥပဒ်ကို ဖယ်ရှားပေးခဲ့၍ သူတို့နှင့်အတူ သူတို့ကဲ့သို့ သူ့ဝိုင်းတော်သားများကို သူ့အားချီးမြှင့်ခဲ့၏။ ငါ့ ထံတော်မှ ကရုဏာတော် ဖြစ်၏၊ ကိုးကွယ်ဆည်းကပ်သူတို့ အတွက် သတိပေးတရားတော်လည်းဖြစ်၏။
၂၁း၈၅။ ထို့ပြင် အီစ္စမာလ်အီးလ်၊ အီးဒရီးစ်၊ ကပိလပြည့်ရှင်၊ သူတို့ကိုယ်စီ သည် ခန္တီပါရမီရှင်တို့မှ ဖြစ်၏။
၂၁း၈၆။ သူတို့အားငါ၏ ကရုဏာတွင်းသို့ ဝင်ခွင့်ပြု၏။ ဧကန်ပင် သူတို့သည် ပြုပြင်ပြောင်းလဲသူများဖြစ်ကြ၏။
၂၁း၈၇။ ထို့နောက် ငါး၏အရှင်၊ သူသည် အမျက်ထွက်လျက် သွားခဲ့၏၊ ငါသည် သူ့အပေါ်၌ စည်းကြပ်မည် မဟုတ်ဟု စဉ်းစား၏။ သို့သော် သူသည် အဝိဇ္ဇာတွင်းမှ “အရှင်မှအပ အခြားဘုရားမရှိပါ၊ အရှင့်အားဦးထိပ်ထားပါ၏၊ ဧကန်ပင် တပည့်တော်သည်ကားအမိုက်ကောင်များမှ ဖြစ်ရပါပြီ၊”ဟု တင်ပြ၏။
၂၁း၈၈။ သို့ဖြင့် ငါသည် သူ့အားတုန့်ပြန်တော်မူ၍၊ သူ့အားတလှိုက်လှိုက် ဖြစ်နေရ ခြင်းမှ လွတ်မြောက်စေခဲ့၏။ ဤသို့ ငါသည် ယုံကြည်သူတို့အားလွတ်မြောက် စေတော်မူ၏။
၂၁း၈၉။ ဇက္ကရီယာက သူ့ကံကြမ္မာရှင်အား“အို- ကံကြမ္မာရှင် တပည့်တော် အားထီးထီးကြီးချန်မထားပါနှင့်။ အရှင်သည် အကောင်းဆုံးအမွေပေးသူ ဖြစ် တော်မူပါ၏၊”ဟု တင်ပြသော်။
၂၁း၉၀။ ငါသည် သူ့အားတုန့်ပြန်တော်မူ၍၊ ယောဟန် အားချီးမြှင့်ခဲ့၏။ သူ့အိမ်ထောင်ဘက်အားထိုအတွက် ပြုပြင်ပေး၏။ သူတို့သည် ကောင်းမှုများ၌ အလျင်စလို ရှိကြ၏။ ငါ့ထံ၌ ကြောက်ရွံ့ခြင်းဖြင့် ဦးစားပေးဆုတောင်းကြ၏။ ငါ့ထံ၌ ကြောက်လန့် တုန်လှုပ်မှု ရှိကြ၏။
၂၁း၉၁။ အရှက်အင်္ဂါအားထိန်းသိမ်းသော သူမ၊ သူမထံသို့ ငါ၏ ဉာဏ်စဉ်မှ သက်ဝင်စေ၏။ ထို့ပြင် သူမနှင့် သူမ၏သားကို လောကခပ်သိမ်းအတွက် နိမတ် လက္ခဏာ အဖြစ် ငါ စီစဉ်တော်မူ၏။
၂၁း၉၂။ ဧကန်ပင် သင်တို့၏ အသိုင်းအဝိုင်းသည် တစ်ခုတည်းသော အသိုင်းအဝိုင်းဖြစ်၏။ ငါသည် သင်တို့၏ ကံကြမ္မာရှင် ဖြစ်၏၊ ငါ့ကိုသာလျှင် ကိုးကွယ် ဆည်းကပ်ကြလော့။
၂၁း၉၃။ သူတို့သည် သူတို့ချင်းကြားအစီအမံများကို ဖြတ်တောက် ကြ၏။ အားလုံးကိုယ်စီ ငါထံသို့သာ ဦးလှည့်ပြန်ခဲ့ရမည်ပင်။
၂၁း၉၄။ ပြုပြင်ပြောင်းလဲမှုမှ ကျင့်ကြံသူ၊ ထိုသူသည် ယုံကြည်သူ ဖြစ်အံ့၊ သူ၏ လုံးပန်းမှုကို ဖုံးကွယ်ပစ်မည် မဟုတ်ချေ။ ဧကန်ပင် ငါသည် သူ့အတွက် မှတ်တမ်းတင်သူများရှိစေ၏။
၂၁း၉၅။ တိမ်ကောစေပြီးအရပ်ဒေသအားသူတို့ ဦးမလှည့်နိုင်ရန်- ငါ တားမြစ်ထားသည်မှာ-
၂၁း၉၆။ ဂေါဂနှင့် မာဂေါဂတို့အားဖွင့်ပေးသည့်တိုင် ဖြစ်၏။ သူတို့သည် အသာစီးနေရာကိုယ်စီမှ စုရောက်လာကြ၏။
၂၁း၉၇။ ပရမတ္ထ ကတိသစ္စာသည် နီးကပ်လာနေ၏။ ထိုစဉ် ဖုံးကွယ်သော သူတို့၏ အမြင်များကြောင်တောင်ငေးနေလျက်၊ “ကျွန်ုပ်တို့ ပျက်စီးရလေပြီ၊ ကျွန်ုပ်တို့သည် ဤ၌ မုချ မေ့လျော့မှု၌ ရှိခဲ့ပြီ၊ အမှန်မှာ ကျွန်ုပ်တို့သည် အမိုက် ကောင်များဖြစ်ကြ၏။” (ဟု ခံစားကြ၏)
၂၁း၉၈။ ဧကန်ပင် သင်တို့အတွက် ပရမတ် ဘုရားရှင် မှလွဲ၍ သင်တို့၏ ကိုးကွယ်ရာများသည် ငရဲမီးအားလေပင့်လျက် သင်တို့ကို မီးခဲရဲရဲဖြစ်စေလတ္တံ့။
၂၁း၉၉။ ၎င်းတို့သာ ဘုရားများဖြစ်ကြလျှင်၊ ထိုသို့ မီးခဲရဲရဲဖြစ်ရမည် မဟုတ်ချေ။ အားလုံးကိုယ်စီ ထို၌ အစဉ်ခံစားရလတ္တံ့။
၂၁း၁၀၀။ သူတို့အဘို့ ထို၌ ညီးတွားရခြင်း။ သူတို့အဘို့ ထို၌ ကြားနာမှု ကင်းမဲ့ခြင်းသာ ရှိ၏။
၂၁း၁၀၁။ ငါ့ထံမှ သုမင်္ဂလာကို ထို သူတို့အတွက် သတ်မှတ်ပြီးသော်။ ထိုသူတို့သည် ထိုငရဲမှ နောက်ကျန်ရစ်ပြီးဖြစ်လတ္တံ့။
၂၁း၁၀၂။ ၎င်းမှ ရင်တွင်းညည်းသံကို ကြားရမည်မဟုတ်၊ ထို၌ သူတို့၏ စိတ်ဉာဉ်တို့ အာသီသအပြည့် အစဉ် စံစားရလတ္တံ့။
၂၁း၁၀၃။ ကြီးမားစွာ ကြောက်ရွံ့ချောက်ချားရခြင်းသည်ပင် သူတို့အားသောကဖြစ်ရစေမည် မဟုတ်၊ နိမိတ်ဆောင်တို့က “ဤသည် သင်တို့အားကတိ ပေးထားတော်မူသည့် သင်တို့၏ နေ့ကာလပင် ဖြစ်၏၊”ဟု တွေ့ဆုံနှတ်ဆက်လတ္တံ့။
၂၁း၁၀၄။ ရေးမှတ်ရန် လှိမ့်တုံးအားလိပ်သကဲ့သို့ ကောင်းကင်ယံအားလိပ် သော နေ့ကာလ၌ ငါသည် အဦးအစ ဖြစ်တည်စေ သကဲ့သို့ ၎င်းအားဆက်ဖြစ် စေလတ္တံ့။ ကတိတော်သည် ငါ့အတွက် တည်၏။ ဧကန်ပင် ငါသည် စီမံတော်မူ သော အရှင် ဖြစ်၏။
၂၁း၁၀၅။ ငါ့အားကိုးကွယ်သည့် ပြုပြင်ပြောင်းလဲသူတို့သည် မြေကမ္ဘာအားအမွေရလိမ့်မည်ဟု သတိဖေါ်ပေးပြီးနောက်- အခန်းကဏ္ဍထဲ၌ မုချ ငါ မှတ်တမ်းတင်ထားတော်မူ၏။
၂၁း၁၀၆။ ဧကန်ပင် ဤအထဲ၌ ပါဝင်စေသည်မှာ ကိုးကွယ် ဆည်းကပ်သော လူမျိုးအတွက် ဖြစ်၏။
၂၁း၁၀၇။ သင့်အားလောကခပ်သိမ်းအတွက် ကရုဏာရှင် အဖြစ်သာ ငါ စေစားတော်မူ၏။
၂၁း၁၀၈။ ဟောလော့ “ကျွန်ုပ်ထံ အာရုံဈာန်ကိန်းဝပ်မှာ သင်တို့၏ ဘုရားရှင် သည် တစ်ဆူတည်းသော ဘုရားရှင် ဖြစ်၏၊ သင်တို့သည် ငြိမ်းချမ်းရေးဆောင်သူ များဖြစ်ကြမည် မဟုတ်လော။”
၂၁း၁၀၉။ သူတို့ လှည့်သွားကြလျှင် “သင်တို့အားကတိထားရာသည် နီး၏ သို့တည်းမဟုတ် နောက်ကျန်ရစ်၏ကို ကျွန်ုပ် မမှန်းနိုင် သော်လည်း၊ ကျွန်ုပ်သည် သင်တို့အားတူညီစွာ သတိဖေါ်ပြီးလေပြီ၊”ဟု ကြေငြာ လော့။
၂၁း၁၁၀။ ဧကန်ပင်၊ ဖွင့်ပြောဆိုရာကို အရှင် သိနေတော်မူ၏။ ထိန်ဝှက် မြိုသိပ် ထားရာကိုလည်းသိနေတော်မူ၏။
၂၁း၁၁၁။သင်တို့အတွက် စမ်းသပ်မှု ရှိနိုင်ကောင်း၏၊ ကာလတစ်ခုထိ ချမ်းမြေ့မှု ရှိနိုင်ကောင်း၏ကို ကျွန်ုပ် မမှန်းတတ်ချေ။
၂၁း၁၁၂။“အို- ကံကြမ္မာရှင်၊ အရှင်၏ စီရင်ထုံးသည် အမှန်သစ္စာ ဖြစ်၏။ တပည့်တော်တို့၏ ကံကြမ္မာရှင်သည် ကရုဏာရှင် ဖြစ်ပါ၏၊ သင်တို့၏ စွပ်စွဲ တင်ပြမှုများမှ ကင်းရန် အရှင့်ထံမှ ပံ့ပိုးမှုရှာသူ ဖြစ်ပါ၏၊”ဟု ပြောလော့။
ဓမ္မခန္ဓာ (၂၁) ဤတွင် ပြီး၏။
ဓမ္မခန္ဓာ (၂၂) ကံဆောင်ပရိဝါ့သ်
ဉာဏ်စဉ်ကိန်းဝပ်ပေးမှု အမှတ်စဉ် ၁၀၃၊ သုတ်ဒေသနာ ၇၈ ပါး။
ကရုဏာရှင် အကြင်နာရှင် ဖြစ်တော်မူသော ပရမတ်ဘုရားရှင်၏ ဂုဏ်တော်အားဖြင့်-
၂၂း၁။ အို- လူသားတို့၊ သင်တို့၏ ကံကြမ္မာရှင်အားစည်းစောင့်ကြလော့။ ဧကန်ပင် တုန်လှုပ်ရခြင်းအချိန်နာရီသည် ကြီးမားသော အရာ ဖြစ်၏။
၂၂း၂။ ၎င်းကို မြင်တွေ့ရသော နေ့ကာလ၌ နို့တိုက်မိခင်ကိုယ်စီ သူ၏ နို့တိုက်ခြင်းကို မေ့နေလတ္တံ့၊ ကိုယ်ဝန်ဆောင် ကိုယ်စီ သူမဆောင်သော ကိုယ်ဝန် ပျက်ကျလတ္တံ့။ လူသားတို့ သည် မူးဝေနေသည်ကို သင်မြင်ရလတ္တံ့၊ သူတို့သည် မူးနေခြင်းမဟုတ်။ သို့ရာတွင် ပရမတ်ဘုရားရှင်၏ ဝဋ်ကြွေးဒဏ်သည် ပြင်းထန်လှချည်တကား။
၂၂း၃။ လူတို့အနက်- အသိပညာ မရှိဘဲ ပရမတ်ဘုရားရှင်နှင့် စပ်လျဉ်း၍ စောဒကတက်ကြလျက်၊ ထကြွနေသော မကောင်းဆိုးဝါးသို့ ကိုယ်စီကိုယ်ငှ လိုက်နာကြလတ္တံ့။
၂၂း၄။ သူ့အကြောင်းကို မှတ်တမ်းတင်ထားသည်မှာ၊ ဧကန်ပင် သူ့အားမည်သူက အလှည့်ပေးသည်၊ သူက ၎င်းအားလမ်းလွဲစေ၍၊ မီးလောင်စာ ဝဋ်ကြွေးထဲသို့ လမ်းညွှန်လေသည်- ဟု ဖြစ်၏။
၂၂း၅။ အို- လူသားတို့၊ နိုးထရခြင်းကို သင်တို့ သံသယ ရှိနေလျှင်၊ ဧကန်ပင် သင်တို့အားမြေမှုန့်မှ၊ ထို့နောက် သုတ်ပိုးတစ်ကောင်မှ၊ ထို့နောက် သွေးမျှော့ဥမှ၊ ဖြစ်တည်ပြီးသားနှင့် မဖြစ်တည်သေးသော အသားဖတ်မှ ငါသည် ဖြစ်တည်စေ ခြင်းမှာ သင်တို့အတွက် ရှင်းလင်းစေအံ့ငှာ ဖြစ်၏။ ငါ၏ သတ်မှတ်ကာလ အချိန် စံချိန်ပြည့်သည် အထိ သားအိမ်တွင်း၌ တည်ရှိနေစေ၏။ ထို့နောက် သင်တို့အားကလေးငယ် ဘ၀ဖြင့် ထုတ်ယူတော်မူ၏၊ ထို့နောက် အရွယ်ရောက် ရင့်ကျက်စေ တော်မူ၏။ သင်တို့မှ သက်တမ်းကုန်စေသူ ရှိ၏။ သင်တို့အထဲမှ ဘ၀သံသရာ နောက်ပြန်လျက် သိခဲ့ပြီးသည်ကို တစ်စုံတစ်ရာ မသိနိုင်တော့သည်ထိ ဖြစ်သူ လည်းရှိစေ၏။ တဖန် သင်သည် စိုက်ပျိုးခက်သော မြေကမ္ဘာအားမြင်ကြည့်လော့၊ ထိုမြေပေါ်သို့ ရေကို ငါ သွန်းချစေသောအခါ၊ ၎င်းသည် လှုပ်ခါကြွဖေါင်းလာလျက် ရှုချင်စဖွယ် စုဖွဲ့ကိုယ်စီ ဖြစ်ထွန်းလာစေ၏။
၂၂း၆။ ယင်းမှာ ပရမတ်ဘုရားရှင်ကြောင့် ဖြစ်၏။ အရှင်သည် ပရမတ္ထသစ္စာ ဖြစ်၏။ အရှင်သည် သက်မဲ့ကို သက်ရှိ ဖြစ်စေ၏။ အရှင်သည် သဗ္ဗလုံးစုံအားစည်းချိန်ချမှတ်တော်မူ၏။
၂၂း၇။ အချိန်နာရီသည် ဆိုက်ရောက်လာနေ၏။ ထို၌ သံသယ ဖြစ်ဘွယ် မရှိပြီ၊ ဧကန်ပင် ပရမတ်ဘုရားရှင်သည် သင်္ချိုင်းတွင်းမှ သူများကို နိုးထစေတော်မူမည်ပင်။
၂၂း၈။ လူတို့အနက်- အသိပညာမရှိ၊ လမ်းညွှန်ချက်မရှိ၊ တရားရောင်ဝါ ရှိသော ကျမ်းတော်လည်းမရှိဘဲလျက် ပရမတ်ဘုရားရှင်နှင့် စပ်လျဉ်း၍ စောဒက တက်၍-
၂၂း၉။ ပရမတ်ဘုရားရှင်၏ လမ်းစဉ်တော်မှ လွဲဖယ်စေရန် နှစ်ပင်လိမ်သူ ရှိ၏။ သူ့အဘို့ လောကီ၌ အရှက်ရစေ၍၊ ရပ်တည်ရမည့်နေ့၌ လောင်ကျွမ်းရခြင်းဝဋ်ကြွေးကို မြည်းစမ်းစေလတ္တံ့။
၂၂း၁၀။ ဤသည် စုံရပ်ခဲ့သော သင့်လက်ချက် ကြောင့်ပင် ဖြစ်၏။ ဧကန်ပင် ပရမတ်ဘုရားရှင်သည် အမှုတော်ဆောင်များအားအဝိဇ္ဇာသင့်စေခြင်းအလျဉ်းမရှိချေ။
၂၂း၁၁။ လူတို့အနက် လှည့်ပြောင်းနိုင်သောနေရာမှ- ပရမတ်ဘုရားရှင်အားကိုးကွယ်ဆည်းကပ်သူ ရှိ၏။ သူ့အားကောင်းကျိုးထိသက်လျှင် ထို၌ ဘဝင်ကျ လျက်၊ သူ့အားစမ်းသပ်မှု ထိသက်လျှင် မျက်နှာမူ ဦးလှည့်၏။ သူသည် ဤဘ၀ နောင်ဘ၀တွင် ဆုံးရှုံးရမည်ပင်။ ဤသည် ရှင်းလင်းထင်ရှားသော ဆုံးရှုံးရခြင်းဖြစ်၏။
၂၂း၁၂။ ပရမတ်ဘုရားရှင် မှလွဲ၍ သူ့အားအဆိုး၊ အကျိုးဖြစ်စေခြင်းမရှိသော အရာထံ၌ ဆုတောင်း၏။ ဤသည် နောက်ကျန် လွဲချော်မှုပေတည်း။
၂၂း၁၃။ ထိုသို့ ဆုတောင်းခြင်းမှာ သူ့အတွက် အကျိုးကျေးဇူးထက် အဆိုးသည် ပို၍ နီးကပ်၏။ ၎င်းသည် အမင်္ဂလာ မဟာမိတ်၊ အမင်္ဂလာ တစ်ကျိတ်ပင် ဖြစ်၏။
၂၂း၁၄။ ဧကန်ပင်- ပရမတ်ဘုရားရှင်သည် ယုံကြည်၍ ပြုပြင်ပြောင်းလဲမှု ကျင့်ကြံသောသူများအားအောက်ခင်း၌ စမ်းချောင်းရေသွင် စီးဆင်းနေသည့် ဥယျာဉ်ဘုံများသို့ ဝင်ရောက်စေ၏။ ဧကန်ပင်- ပရမတ်ဘုရားရှင်သည် အလိုတော် ရှိရာကို စီမံတော်မူ၏။
၂၂း၁၅။ ပရမတ်ဘုရားရှင်က သူ့အားလောကီ လောကုတ္တရာ၌ ကူညီ တော်မူမည် မဟုတ်ဟု စဉ်းစားသူ ရှိအံ့၊ သူ့အားကောင်းကင်သို့ ရစ်ပတ်လှည့်မွှေ့ တိုးရွေ့တက်စေလော့၊ တဖန် ဖြတ်တောက်စေလော့၊ သို့ဖြင့် သူသည် သူ့အားဒေါသ ဖြစ်စေသော သူ့ကြံစည်မှုအားရုပ်သိမ်းပစ်နိုင်သလောဟု စောင့်ကြည့်စေ လော့။
၂၂း၁၆။ ဤသို့၊ ငါသည် ၎င်းကို ရှင်းလင်းသော သုတ်ဒေသနာများဖြင့် ချမှတ်ပေးတော်မူ၏။ ဧကန်ပင် ပရမတ်ဘုရားရှင်သည် အလိုတော် ရှိသူတို့အားလမ်းညွှန်တော်မူ၏။
၂၂း၁၇။ ဧကန်ပင်- ယုံကြည်သော သူများ၊ ရေ၀တီဖြစ်သူများ၊ ရေသန့်အယူ ရှိသူများ၊ ခရစ်ယာန်များ၊ မဂျူစီများ၊ ရောပြွန်းကိုးကွယ်သော သူများ---။ ရပ်တည်ရမည့် နေ့ကာလတွင် ပရမတ်ဘုရားရှင်သည် သူတို့၏ကြား၌ ဧကန်ပင် ရှင်းလင်းဆုံးဖြတ်တော်မူလတ္တံ့။ ဧကန်ပင်- ပရမတ်ဘုရားရှင်သည် သဗ္ဗလုံးစုံ အတွက် သက်သေသက်ကန် ဖြစ်၏။
၂၂း၁၈။ ဧကန်ပင် မိုးများအတွင်း၊ မြေအတွင်း---၊ နေ၊ လ၊ ကြယ်တာရာများ၊ တောတောင်များ၊ သစ်ပင်များ၊ သတ္တဝါအပေါင်းနှင့် လူသားပေါင်းများစွာသည် ပရမတ်ဘုရားရှင်အားဦးချရိုကျိုးနေကြသည်ကို သင် မမြင်တွေ့သလော။ ကျန် များစွာမှာလည်းဝဋ်ကြွေးဒဏ် အမှန်အကန် သင့်ရ၏။ ပရမတ်ဘုရားရှင်က နှိမ့်ချထားသူ၊ ထိုသူအားကျက်သရေဆောင်ပေးနိုင်သူ မရှိချေ။ ဧကန်ပင် ပရမတ် ဘုရားရှင်သည် စံချိန်ပြည့်မှီသည့်အရာအားစီမံတော်မူပေ၏။
၂၂း၁၉။ ဤတွင်၊ သူတို့၏ ကံကြမ္မာရှင်နှင့် စပ်လျဉ်း၍ အချေအတင် ဖြစ်နေ သော အချေအတင် အုပ်စုနှစ်ခု ရှိ၏။ ဖုံးကွယ်သော သူ၊ ထိုသူတို့အတွက် မီးသားခြုံထည်စကို ညှပ်ပြီ။ သူတို့ ဦးခေါင်းပေါ်မှ ရေနွေးပူကို သွန်းလောင်းလတ္တံ့။
၂၂း၂၀။ သူတို့၏ ဝမ်းတွင်းနှင့် အရေပြားများကို အရည်ပျော်စေလတ္တံ။
၂၂း၂၁။ သူတို့အတွက် သံ ခြေကျင်းသည် ရှိနေ၏။
၂၂း၂၂။ ထိုအရာမှ၊ တလှိုက်လှိုက် ဖြစ်နေရခြင်းမှ ထွက်မြောက် လိုကြသော အခါတိုင်း၊ ထို၌ပင် ဆက်ရှိစေလျက်၊ လောင်ကျွမ်းခြင်းဝဋ်ကြွေးအားမြည်းစမ်းစေမည်။
၂၂း၂၃။ ဧကန်ပင် ပရမတ်ဘုရားရှင်သည် ယုံကြည်လျက် ပြုပြင်ပြောင်းလဲ ခြင်းကျင့်ကြံသော သူများအားအောက်ခင်း၌ စမ်းချောင်းရေသွင် စီးဆင်းနေသော ဥယျာဉ်ဘုံများသို့ ဝင်ရောက်စေမည်ပင်။ ထို၌ သူတို့အားရွှေစလွယ် ပုလဲတို့ဖြင့် ဆင်မြန်းပေးမည်။ ထို၌ သူတို့၏ ဆင်ယင်စရာမှာ ပိုးဖဲကတ္တီပါတို့ ဖြစ်၏။
၂၂း၂၄။ သူတို့အားစင်ကြယ်သော အဆိုအမိန့်များဆီသို့ လမ်းညွှန်ခံရပြီ။ ရည်သန်စူးစိုက် ရာ လမ်းစဉ်သို့ လမ်းညွှန်ခံရပြီ။
၂၂း၂၅။ ဧကန်ပင်၊ ပရမတ်ဘုရားရှင်၏ လမ်းစဉ်တော်၌- ၀ဇီပိတ်ကျင့်သူနှင့် လူသာမန် မဟူ လူသားချင်းအတူတူ ဖြစ်စေရမည်ဟု ငါအရှင်က စီစဉ်ပေးထားသော ဘေးမဲ့ဝတ်ကျောင်းတော်မှ- ဖယ်ခိုင်းသော သူ၊ ဖုံးကွယ်သော သူ၊ ထို၌ လှီးလွှဲခြင်းအဝိဇ္ဇာသို့ တွန်းပို့လိုသူတို့အားစူးနစ်သော ဝဋ်ကြွေးဒဏ်ကို မြည်းစမ်းစေမည်။
၂၂း၂၆။ ငါသည် အီဗရာဟီးမ်အားအိမ်တော် တည်ရာကို နေရာချပေးသော အခါ၊ ငါနှင့် တစ်စုံတစ်ရာကိုမှ မရောပြွန်းစေရ၊ လှည့်နေသူ၊ ရပ်နေသူ၊ ဦးညွှတ်သူ၊ ဦးချသူတို့အတွက် ငါ၏ အိမ်တော်ကို သန့်စင်စေရမည်ဟု (မိန့်၏၊)။
၂၂း၂၇။ ကံဆောင်ပရိဝါ့သ်ပြုကြရန် လူသားတို့အားကြေငြာလော့၊ သင့်ထံသို့ လူချည်းဖြစ်စေ၊ အားလုံးကိုယ်စီ ခရီးပန်းခြင်းပေါ်၌ ဖြစ်စေ၊ လာရောက်ကြမည်။ အဝေးမှ အဝေးပြေးကိုယ်စီဖြင့် လာရောက်ကြမည်မှာ-
၂၂း၂၈။ သူတို့၏ အကျိုးအတွက် သက်သေခံရန်၊ ပရမတ်ဘုရားရှင်၏ ဂုဏ်တော်အားသတိရဘာ၀နာပွားရန် ဖြစ်၏။ သိရှိစေပြီးရက်များအတွင်းကပ္ပိယ နို့တိုက်သတ္တဝါများကို သင်တို့ အတွက် ရိက္ခာဖြစ်စေ၏၊ သို့ဖြစ်၍ ၎င်းကို စားသုံးကြလော့၊ ကံဆိုးချို့တဲ့သူတို့ အားကျွေးမွေးကြလော့။
၂၂း၂၉။ ထို့နောက် သူတို့အားပြဌာန်းသည့်တာဝန်ကို ပြီးဆုံးစေလော့၊ သူတို့၏ သန္နိဌာန်အားဖြည့်စေလော့၊ ရှေးဟောင်းအိမ်တော်ကို လည်ပတ်ဂါယာပြုစေ လော့။
၂၂း၃၀။ ဤသို့- ပရမတ်ဘုရားရှင်၏ ဘေးမဲ့ပေးထားခြင်းများအားအထွဋ် အမြတ် ထားသူ၊ ထိုသူအတွက် သူ့ကံကြမ္မာရှင်၏ ထံ၌ အကောင်းဆုံးရှိ၏။ သင်တို့အားရွတ်ဖတ်ပြပြီးသည်မှအပ ကပ္ပိယသတ္တဝါများသည် သင်တို့ အဘို့ တရားဝင် ဖြစ်၏။ ညစ်ညမ်းသည့် ဆင်းတုရုပ်ပွားများမှ ကင်းသန့်ကြလော့၊ လှည့်ပတ်ပြောဆိုမှုမှ ကင်းသန့်ကြလော့။
၂၂း၃၁။ ပရမတ်ဘုရားရှင်၌ အယူသန့်သန့်ရှိစေလော့၊ အရှင်နှင့် ရောပြွန်းကိုးကွယ်ရာ မရှိစေနှင့်၊ ပရမတ်ဘုရားရှင်နှင့် ရောပြွန်းကိုးကွယ်ရာ ထားသူသည်၊ ကောင်းကင်မှ ဦးဇောက်ပြုတ်ကျ၍ ငှက်များ၏ ထိုးသုတ်ခံရ သူကဲ့သို့ သို့မဟုတ် လေ အလိုက်သင့် အဝေးသို့ ရောက်ရသူကဲ့သို့ ဖြစ်၏။
၂၂း၃၂။ ဤသို့- ပရမတ်ဘုရားရှင်က သတိမူစေသည်များကို အထွဋ်အမြတ် ထားသူသည်၊ ဧကန်ပင် ၎င်းသည် နှလုံးသား၌ စည်းစောင့်ခြင်းများမှ ဖြစ်၏။
၂၂း၃၃။ ထို၌ သတ်မှတ်ကာလ အချိန်ထိ သင်တို့အဘို့ အကျိုးတရားရှိ၏။ တဖန် သူတို့အားရှေးဟောင်းအိမ်တော်သို့ တရားဝင်ဖြစ်စေကြလော့။
၂၂း၃၄။ သင်တို့အားရိက္ခာပေးထားသည့် ကပ္ပိယ နို့တိုက်သတ္တဝါတို့ အပေါ်၌ ပရမတ်ဘုရားရှင်၏ ဂုဏ်တော်ကို သတိရစေရန် အသိုင်းအဝိုင်းကိုယ်စီအတွက် ဝတ်ဖြည့်နည်းကို ငါ စီစဉ်ပြီးဖြစ်၏။ သင်တို့၏ ဘုရားရှင်သည် တစ်ဆူတည်းသော ဘုရားရှင် ဖြစ်၏။ အရှင့် အတွက် ငြိမ်းချမ်းရေးပြုကြလော့၊ နှိမ့်ချမှု ရှိသူ တို့အားသတင်းကောင်းကို ပါးလော့။
၂၂း၃၅။ ပရမတ်ဘုရားရှင်က သူတို့အားသတိဖေါ်ပေးသောအခါ၊ သူတို့၏ စိတ်နှလုံးများတုန်လှုပ်ရိုကျိုးကြ၏၊ သူတို့အားထိခိုက်သော အရာအားသည်းခံ သူများ၊ ဝတ်ပြု မြဲကြသူများ၊ ရိက္ခာပေးရာမှ ပေးကမ်းသုံးစွဲသူများဖြစ်ကြ၏။
၂၂း၃၆။ အလှုဝတ္ထုရုပ်ကလပ်များ--၊ ပရမတ်ဘုရားရှင်က သင်တို့ အတွက် ၎င်းတို့ကို သတိမူစေသည်များမှ စီစဉ်ပြီး။ ၎င်း၌ သင်တို့ အတွက် ကောင်းကျိုးရှိ စေပြီ။ ၎င်းတို့အားစီတန်းထားသော အခါ ထိုအပေါ်၌ ပရမတ်ဘုရားရှင်၏ ဂုဏ်တော်ကို သတိရဆင်ခြင်လော့၊ ၎င်းတို့၏ နံဘေးများသည် လဲကျသောအခါ၊ ထိုမှ စားသုံးကြလော့၊ ရည်ရွယ်ထားသူများနှင့် ရှေ့တန်းထွက်ရသူများကို ကျွေးမွေးကြလော့၊ သင်တို့ ကျေးဇူးသိတတ်အံ့သောငှာ ငါသည် ၎င်းတို့အားဤသို့ သင်တို့၏ အသုံးခံ ဖြစ်စေ၏။
၂၂း၃၇။၎င်းတို့၏ အသား၊ ၎င်းတို့၏ အသွေးများသည် ပရမတ်ဘုရားရှင်ထံသို့ ဆိုက်ရောက်သည် မဟုတ်၊ သို့ရာတွင် သင်တို့၏ စည်းစောင့်ခြင်းသည်သာ အရှင့် ထံသို့ ဆိုက်ရောက်၏။ သင်တို့အားလမ်းညွှန်ပေးခြင်း၌ ပရမတ်ဘုရားရှင်၏ ကြီးကျယ်မှုကို သတိရအံ့သောငှာ အရှင်သည် ၎င်းတို့ကို သင်တို့၏ အသုံးခံ ဖြစ်စေ၏။ သုမင်္ဂလာပြုသူတို့အားသတင်းကောင်းပါးလော့။
၂၂း၃၈။ ဧကန်ပင်- ပရမတ်ဘုရားရှင်သည် ယုံကြည်သော သူတို့နှင့် စပ်လျဉ်း၍ ခုခံကာကွယ်ပေး၏၊ ဧကန်ပင်- ပရမတ်ဘုရားရှင်သည် သစ္စာဖေါက်သူ၊ ဖုံးကွယ်သူ ကိုယ်စီအားနှစ်သက်တော် မမူပေ။
၂၂း၃၉။ မိုက်ကြေးခွဲ သတ်ဖြတ်ခံရသော သူတို့အတွက် ခုခံမှုကို ခွင့်ပြုပေးတော်မူ၏။ ဧကန်ပင်- ပရမတ်ဘုရားရှင်သည် သူတို့အပေါ် ကူညီခြင်း၌ ဥပဒေပြုပေးတော်မူ၏။
၂၂း၄၀။ သူတို့က “ကျွန်ုပ်တို့၏ ကံကြမ္မာရှင်သည် ပရမတ်ဘုရားရှင်သာ ဖြစ် သည်၊”ဟု ဆိုခြင်းကြောင့် သူတို့၏ အိမ်ဗိမာန်များမှ သစ္စာမဲ့စွာဖြင့် မောင်းထုတ်ခံ ရသော သူများဖြစ်၏။ အကယ်၍ ပရမတ်ဘုရားရှင်သည် လူသားတစ်ချို့ကို တစ်ချို့ အားဖြင့် မခုခံစေခဲ့လျှင်၊ ဘုန်းကြီးကျောင်းများ၊ ခရစ်ယာန်ဘုရားကျောင်းများ၊ ဂျူးဘုရားကျောင်းများ၊ ပရမတ်ဘုရားရှင်၏ ဂုဏ်တော်အားများစွာ သတိရ ဘာ၀နာပြုသော အစ္စလာမ်ဝတ်ကျောင်းများသည် ဖျက်ဆီးခြေမွှခံရပြီးဖြစ်လတ္တံ့။ အရှင့်အတွက် ကူညီသူအားဧကန်ပင်- ပရမတ်ဘုရားရှင်သည် သူ့အားကူညီတော် မူ၏။ ဧကန်ပင်- ပရမတ်ဘုရားရှင်သည် တန်ခိုးတော်ရှင် ဘုန်းတော် အရှင် ဖြစ် တော်မူ၏။
၂၂း၄၁။ အကယ်၍ သူတို့အားငါအရှင်က မြေကမ္ဘာ၌ ထူထောင်ပေးလျှင်၊ သူတို့သည်၊ ဝတ်ပြု မြဲကြမည်၊ အခွန်ငွေဖြူ ပေးကြမည်၊ အသိအမှတ်ပြု ညွှန်ကြားကြမည်၊ သူစိမ်းဆန်ခြင်းကို ဟန့်တားကြမည် ဖြစ်၏။ ပရမတ်ဘုရားရှင် သည်ကားနိဂုံးချုပ် ညွှန်ကြားသော အရှင် ဖြစ်၏။
၂၂း၄၂။ အသင့်အားငြင်းဆန်ကြလျှင်၊ သူတို့မတိုင်မှီ ငြင်းဆန်ကြသူများမှာ နူးဟ်၏၊ အာဒ်၏၊ သမု-ဒ်၏ လူမျိုး-
၂၂း၄၃။ အီဗရာဟီးမ်၏ လူမျိုး၊ လု-တ်၏ လူမျိုးတို့ နှင့်-
၂၂း၄၄။ မီဒီယံ ပေါင်းဖေါ်များဖြစ်၏။ မူဆာကိုလည်းငြင်းဆန်ခဲ့ပြီ။ ငါသည် ဖုံးကွယ်သူတို့အားအချိန်ပေးထားတော်မူ၏။ တဖန် သူတို့အားအရေးယူလိုက်၏၊ သို့ဖြင့် မကြုံဘူးသည့် ပြစ်ဒဏ်သည် မည်သို့ ဖြစ်ဘိသနည်း။
၂၂း၄၅။ ထို၌ အမိုက်မှောင်စီးနေကြစဉ်- ငါသည် အရပ်ဒေသသားမည်မျှအားတိမ်ကောစေခဲ့သနည်း။ ၎င်းတို့သည် အမိုးထပ်မှ အောက်ခြေထိ၊ စွန့်ပစ်ခံရသည့် မြေတွင်းနှင့် မြင့်မားသော ရပ်နားရာစခန်းထိ ပြိုကျခဲ့ရ၏။
၂၂း၄၆။ သူတို့၌ အတွေးအခေါ်ရှိသော နှလုံးသား၊ ကြားနိုင်သော နားများဖြစ် လာစေရန်၊ သူတို့သည် ကမ္ဘာ၌ ခရီးမထွက် ကြသလော။ ဧကန်အမှန် သူတို့သည် အမြင် ကန်းနေခြင်းမဟုတ်၊ ရင်ဘတ်တွင်းမှ နှလုံးသားကန်းနေခြင်းသာ ဖြစ်၏။
၂၂း၄၇။ သူတို့သည် သင့်ထံတွင် ဝဋ်ကြွေးဒဏ်ကို အလျင်စလို တောင်းကြ ၏။ ပရမတ်ဘုရားရှင်သည် ကတိတော်အားပေါ့လျော့ထားသည် မဟုတ်။ ဧကန်ပင်- ကံကြမ္မာရှင်၏ထံ၌ တစ်ရက်တာသည် သင်တို့ ရေတွက်မှုဖြင့် နှစ် ထောင်ချီ ရှိ၏။
၂၂း၄၈။ ထို၌ အမိုက်မှောင်စီးနေကြစဉ်- ငါသည် အရပ်ဒေသမှ မည်မျှအားအချိန်ပေးထားခဲ့သနည်း၊ တဖန် အရေးယူလိုက်၏၊ ခရီးဆုံးပန်းတိုင်သည် ငါ့ထံသို့ သာ ဖြစ်၏။
၂၂း၄၉။ ဟောလော့၊ “အို- လူသားတို့၊ ကျွန်ုပ်သည် သင်တို့အတွက် ရှင်းလင်းထင်ရှားသော သတိပေးသူ ဖြစ်၏။”
၂၂း၅၀။ ယုံကြည်လျက် ပြုပြင်ပြောင်းလဲမှု ကျင့်ကြံသော သူများ၊ သူတို့ အတွက် လွတ်ငြိမ်းခွင့်နှင့် ကျက်သရေရှိသော ရိက္ခာ ရှိ၏။
၂၂း၅၁။ ငါ၏သုတ်ဒေသနာများကို မှေးမှိန်စေရန် လုံးပန်းသောသူ၊ ထိုသူတို့ သည် ငရဲမီး၏ ပေါင်းဖေါ်များဖြစ်၏။
၂၂း၅၂။ သင့်အလျင် ဉာဏ်စဉ်တော်ဆောင် သတင်းတော်ဆောင်ကို စေစားသောအခါ၊ သူ၏ ဆန္ဒအပေါ်၌ မကောင်းဆိုးဝါးက ၎င်း၏ ဆန္ဒကို ခင်းကျင်းလို၏၊ သို့သော် ပရမတ်ဘုရားရှင်သည် မကောင်းဆိုးဝါး၏ ခင်းကျင်းမှုကို ကမည်းထိုးထားစေ၏။ ထို့နောက် ပရမတ်ဘုရားရှင်သည် အရှင့် သုတ်ဒေသနာများဖြင့် ဓမ္မသတ်ပေးတော်မူ၏၊ ပရမတ်ဘုရားရှင်သည် သိနေသောအရှင်၊ ဓမ္မသတ်ရှင် ဖြစ်တော်မူ၏။
၂၂း၅၃။ အရှင်သည် မကောင်းဆိုးဝါး၏ ခင်းကျင်းမှုကို နှလုံးသား၌ ရောဂါ ရှိနေသော၊ စိတ်နှလုံးခက်ထန်သော သူတို့အားစမ်းသပ်ရန် စီစဉ်တော် မူ၏။ အမိုက်ကောင်တို့သည်ကားဂိုဏ်းခွဲ နောက်ကျန်နေကြ၏။
၂၂း၅၄။ အသိပညာ ချီးမြှင့်ခံရသော သူတို့မှာကား၊ ၎င်းသည် သင့်ကံကြမ္မာ ရှင်၏ ထံမှ ဖြစ်ကြောင်းသိနိုင်ကောင်း၏။ သို့ဖြင့် သူတို့၏ နှလုံးသားသည် အရှင့်ထံ နှိမ့်ချလျက် ၎င်း၌ ယုံကြည်လတ္တံ့၊ ဧကန်ပင် ပရမတ်ဘုရားရှင်သည် ယုံကြည်သော သူတို့အားမြဲမြံတည်တံ့သော လမ်းစဉ်သို့ လမ်းညွှန်သူ ဖြစ်၏။
၂၂း၅၅။ အချိန်နာရီသည် သူတို့ထံသို့ ရုတ်တရက် ပေးရောက်လာသည့်တိုင်၊ သို့မဟုတ် မျိုးသုဉ်းသွားစေသော ဝဋ်ကြွေးနေ့ကာလသည် သူတို့ထံသို့ ပေးရောက် လာသည့်တိုင်- ဖုံးကွယ်သော သူတို့သည် ၎င်း၌ အချင်းများနေခြင်းကို ရပ်နားကြ မည် မဟုတ်ချေ။
၂၂း၅၆။ ထိုနေ့ကာလသည် ပရမတ်ဘုရားရှင်၏ အာဏာစက်၌ ရှိ၏။ အရှင်သည် သူတို့ကြား၌ စီရင်ထုံးချလိမ့်မည်။ ယုံကြည်လျက် ပြုပြင်ပြောင်းလဲမှု ကျင့်ကြံသော သူများသည် ဂုဏ်ရှိသော ဥယျာဉ်များ၌ စံစားရမည်ပင်။
၂၂း၅၇။ ငါ၏ သုတ်ဒေသနာများကို ဖုံးကွယ်၊ ငြင်းဆန်သော သူတို့၊ ထိုသို့သော သူတို့ အတွက် နိမ့်ကျသော ဝဋ်ကြွေးရှိ၏။
၂၂း၅၈။ ပရမတ်ဘုရားရှင်၏ လမ်းစဉ်တော်အတွက် ပြောင်းရွှေ့ခဲ့ရ၍ တဖန် အသတ်ခံခဲ့ရ သို့မဟုတ် သေဆုံးရသော သူတို့အားပရမတ်ဘုရားရှင်သည် တင့်တယ်သော ရိက္ခာဖြင့် ရိက္ခာထောက်တော်မူမည်။ ဧကန်ပင် ပရမတ်ဘုရားရှင်၊ အရှင်သည် အကောင်းဆုံးရိက္ခာထောက်သည့် အရှင် ဖြစ်တော်မူ၏။
၂၂း၅၉။ အရှင် သည် သူတို့အားကျေနပ်အားရသော ဝင်ခြင်းဖြင့် ဝင်စေလတ္တံ့၊ ဧကန်ပင် ပရမတ် ဘုရားရှင်သည် သိနေသော အရှင်၊ နူးညံ့သိမ်မွေ့သော အရှင် ဖြစ်၏။
၂၂း၆၀။ သူ့အားချုပ်ကိုင်သည်နှင့် အညီ-၊ ဤသို့- ပြန်ချုပ်ကိုင်သူ၊ တဖန် သူ့ကို အပြစ်ရှာလျှင် ပရမတ်ဘုရားရှင်သည် သူ့အားကူညီတော်မူမည်၊ ဧကန်ပင် ပရမတ်ဘုရားရှင်သည် ကျေအေးပေးသော အရှင်၊ လွတ်ငြိမ်းစေသော အရှင် ဖြစ်၏။
၂၂း၆၁။ ဧကန်ပင် ပရမတ်ဘုရားရှင်အားဖြင့်---၊ ညကို နေ့ထဲသို့ တိုးဝင်စေ ၏။ ဤသို့- နေ့ကို ညထဲသို့ တိုးဝင်စေ၏။ ဧကန်ပင် ပရမတ်ဘုရားရှင်သည် ကြားနေသောအရှင်၊ မြင်နေသောအရှင် ဖြစ်၏။
၂၂း၆၂။ ဧကန်ပင် ပရမတ်ဘုရားရှင်အားဖြင့်--၊ အရှင်သည် ပရမတ္ထသစ္စာ ဖြစ်၏။ ဤသို့ပင်- အရှင် မှလွဲ၍ သူတို့၏ ဆုတောင်းသော အရာများသည် အမှားချည်းသာ ဖြစ်၏။ ဧကန်ပင် ပရမတ်ဘုရားရှင်၊ အရှင်သည် အထွဋ်အထိပ် ဖြစ်တော်မူ၏၊ ကြီးကျယ်တော်မူ၏။
၂၂း၆၃။ ဧကန်ပင် ပရမတ်ဘုရားရှင်သည် ကောင်းကင်မှ ရေကို သွန်းချစေ လျက်၊ သို့ဖြင့်- မြေကမ္ဘာသည် စိမ်းစိုမှု ဖြစ်လာစေကြောင်းအသင် မမြင်သလော။ ဧကန်ပင် ပရမတ်ဘုရားရှင်သည် သက်ညှာတော်မူ၏၊ သတင်းရနေတော်မူ၏။
၂၂း၆၄။ မိုးများအတွင်းမြေအတွင်းရှိသမျှတို့သည် အရှင်၏ အချုပ်အခြာ၌ ရှိ၏။ ဧကန်ပင် ပရမတ်ဘုရားရှင်၊ အရှင်သည် ကုံလုံပြည့်စုံတော်မူ၏။ ရည်သန် စူးစိုက်မှုတည်ရာ ဖြစ်တော်မူ၏။
၂၂း၆၅။ ဧကန်ပင် ပရမတ်ဘုရားရှင်သည် ကမ္ဘာ၌ ရှိသော အရာများ၊ အရှင့် ညွှန်ကြားချက်ဖြင့် ပင်လယ်ပြင်၌ စီးမျော သွားလာစေသော သင်္ဘောများကို သင်တို့ အတွက် အသုံးခံဖြစ်စေကြောင်းသင် မမြင်သလော။ အရှင့် ခွင့်ပြုချက် မရှိလျှင် ကောင်းကင်သည် ဆိုင်းနေလျက် ကမ္ဘာ အပေါ်၌ တည်တံ့နေစေ၏၊ ဧကန်ပင် ပရမတ်ဘုရားရှင်သည် လူသားတို့အားညှာတာသော အရှင်၊ ကရုဏာ သက် နေသော အရှင် ဖြစ်၏။
၂၂း၆၆။ အရှင်သည် သင်တို့ကို သက်ရှိဖြစ်စေ၏၊ တဖန် သက်မဲ့ဖြစ်စေ၏၊ တဖန် သက်ရှိဖြစ်စေ၏။ ဧကန်ပင် လူသားသည် ဖုံးကွယ်မှောင်ချသူ ဖြစ်၏။
၂၂း၆၇။ အသိုင်းအဝိုင်းကိုယ်စီအားသူတို့၏ ဝတ်ဖြည့်ရန် ဝတ်ဖြည့်နည်းကို ငါ စီစဉ်ပေးပြီ။ သို့ဖြစ်၍ အရေးအရာများ၌ သင့်ကို မဖယ်စေကြနှင့်၊ သင့် ကံကြမ္မာရှင်၏ ဘက်သို့ ဖိတ်ခေါ်လော့၊ ဧကန်ပင် သင်သည် မြဲမြံတည်တံ့သော လမ်းညွှန်၌ ရှိ၏။
၂၂း၆၈။ သင့်အားစောဒကတက်ကြလျှင်၊ “ပရမတ်ဘုရားရှင်သည် ကျင့်ကြံသမျှအားအသိဆုံးဖြစ်တော်မူ၏၊”ဟု ဟောလော့။
၂၂း၆၉။ သင်တို့၏ ထို ကွဲလွဲမှုများကို ရပ်တည်ရသော နေ့၌- ပရမတ်ဘုရားရှင်သည် သင်တို့အကြားစီရင်ထုံးချပေးလိမ့်မည်။
၂၂း၇၀။ မိုးများနှင့် မြေကမ္ဘာတွင်းရှိသမျှအားပရမတ်ဘုရားရှင်က သိနေ တော်မူကြောင်းသင် မသိသလော၊ ဧကန်ပင် ၎င်းသည် လောကဓမ္မ အတွင်းမှ ဖြစ်၏။ ဧကန်ပင် ၎င်းသည် ပရမတ်ဘုရားရှင်အဘို့ငှာ လွယ်ကူလှချေ၏။
၂၂း၇၁။ ပရမတ်ဘုရားရှင် မှလွဲ၍၊ သူတို့ ကိုးကွယ်နေကြသည်မှာ မည်သည့် အရာကိုမှ ဩဇာအာဏာ ချမှတ်ပေးနိုင်ခြင်းမရှိရာများဖြစ်ကြ၏၊ ၎င်းနှင့် ပတ်သက်၍ သူတို့၌ အသိပညာ လုံး၀ မရှိချေ။ အမိုက်ကောင်များအားကူညီမည့် သူလည်းမရှိချေ။
၂၂း၇၂။ ငါ၏ ရှင်းလင်းသော သုတ်ဒေသနာများကို သူတို့အားရွတ်ဖတ်ပြ သောအခါ၊ ဖုံးကွယ်သော သူတို့၏ မျက်နှာများ၌ သူစိမ်းဆန်ခြင်းကို သင် သိမှတ် နိုင်၏၊ ငါ၏ သုတ်ဒေသနာများကို သူတို့အားဖတ်ပြသော သူတို့အားသတ်ဖြတ် တော့မလို ပြု၏၊ ဟောကြားလော့ “ဤထက် ပိုဆိုးသော အပူမီး၏ အကြောင်းကို သင်တို့အားသတင်းထုတ်ပြန်ရမည်လော၊ ပရမတ်ဘုရားရှင်သည် ၎င်းကို ဖုံးကွယ် သော သူတို့အတွက် ကတိပြုထား၏၊ အမင်္ဂလာ ခရီးဆုံးပင် ဖြစ်၏။
၂၂း၇၃။ အို- လူသားတို့၊ ပမာတည် ဥပမာပေးအံ့၊ ၎င်းကို ကြားနာကြလော့၊ ဧကန်ပင် ပရမတ်ဘရားရှင် မှလွဲ၍ သင်တို့ ဆုတောင်းနေကြသော အရာများသည်၊ သူတို့ အတူစုပေါင်းကြသော်လည်းယင်တစ်ကောင်ကိုသော်မျှ မဖြစ်တည်စေနိုင် ပေ။ ထိုယင်ကောင်သည် သူတို့ထံမှ တစ်စုံတစ်ရာအားချီသွားသော်လည်းထိုအရာကို ၎င်းထံမှ သူတို့ မကယ်ဆယ်နိုင်ကြချေ။ အမှီလိုက်သူနှင့် အမှီလိုက်ခံ တို့မှာ ချိနဲ့လှချေ၏။
၂၂း၇၄။ ပရမတ်ဘုရားရှင်အားမှန်ကန်သော ချင့်ချိန်မှုဖြင့် ချင့်ချိန်ကြသည် မဟုတ်၊ ဧကန်ပင် ပရမတ်ဘုရားရှင်သည် တန်ခိုးတော်ရှင်၊ ဘုန်းတော်ရှင် ဖြစ် တော်မူ၏။
၂၂း၇၅။ ပရမတ်ဘုရားရှင်သည် နိမိတ်ဆောင်များနှင့် ကလျာဏပုတုဇဉ်များထဲမှ ဉာဏ်စဉ်ဆောင်ကို ရွေးချယ်တော်မူ၏။ ဧကန်ပင် ပရမတ်ဘုရားရှင်သည် ကြားနေသော အရှင် မြင်နေသော အရှင် ဖြစ်တော်မူ၏။
၂၂း၇၆။ အရှင်သည် သူတို့၏ လက်ရှိ-ရှေ့မှောက် သင်တို့နောက်ကို သိနေတော်မူ၏။ အရေးအရာ အားလုံးဦးလှည့်ရာသည် ပရမတ်ဘုရားရှင်၏ ထံသို့သာ ဖြစ်၏။
၂၂း၇၇။ အို- ယုံကြည်သောသူတို့၊ ဦးညွှတ်ကြလော့၊ ဦးချကြလော့၊ သင်တို့၏ ကံကြမ္မရှင်အားကိုးကွယ်ဆည်းကပ်ကြလော့၊ သင်တို့အတွက် အောင်မြင်ပေါက်မြောက်အံ့ငှာ ကောင်းမြတ်မှုများကို ပြုလုပ်ကြကုန်လော့။
၂၂း၇၈။ မှန်ကန်သော အားစိုက်ဆောင်ရွက်မှုဖြင့် ပရမတ်ဘုရားရှင် အတွက် အားစိုက်ဆောင်ရွက်ကြလော့၊ အရှင်သည် သင်တို့အားရွေးချယ်တော်မူပြီ၊ သာသနာရေး၌ သင်တို့အားခက်ခဲခြင်းကို မစီစဉ်ပေ။ သင်တို့၏ ဘဘိုးအီဗရာဟီးမ်၏ ကျင့်စဉ်အတိုင်းဖြစ်၏။ အရှင်သည် ရှေ့အလျင်ကပင် သင်တို့အားငြိမ်းချမ်းရေးဝါဒီများဟု အမည်ကင်ပွန်းတပ်ပေး၏။ ယင်းမှာ ဉာဏ်စဉ်ဆောင် သည် သင်တို့အတွက် သက်သေဖြစ်အံ့သောငှာ၊ သင်တို့သည် လူသားများအတွက် သက်သေ ဖြစ်အံ့သောငှာ ဖြစ်၏။ ဝတ်ပြု မြဲကြလော့၊ အခွန်ငွေဖြူ ပေးကြလော့၊ ပရမတ်ဘုရားရှင်အားဖြင့်-- မားမားရပ်တည်ကြလော့၊ အရှင်သည် သင်တို့၏ မဟာမိတ်၊ ဂုဏ်ရှိသော မဟာမိတ်၊ ဂုဏ်ရှိသော ကူညီသူ ဖြစ်၏။
ဓမ္မခန္ဓာ (၂၂) ဤတွင် ပြီး၏။
ဓမ္မခန္ဓာ (၂၃) ယုံကြည်သူများ
ဉာဏ်စဉ်ကိန်းပေးမှု အမှတ်စဉ်- ၇၄။ သုတ်ဒေသနာ- ၁၁၈ ပါး။
ကရုဏာရှင် အကြင်နာရှင် ဖြစ်တော်မူသော ပရမတ်ဘုရားရှင်၏ ဂုဏ်တော်အားဖြင့် -
၂၃း၁။ ယုံကြည်သူများသည် မုချ အောင်မြင်ပေါက်မြောက်ရလတ္တံ့။
၂၃း၂။ သူတို့သည် ဝတ်ပြုခြင်း၌ ကျို့ငဲ့သူများ-
၂၃း၃။ ပွစိပွစိပြောဆိုခြင်းအားဘောင်ကန့်ထားသူများ-
၂၃း၄။ သန့်ရှင်းဖြူစင်ရန် စီမံကြသောသူများဖြစ်ကြ၏။
၂၃း၅။ သူတို့သည် သူတို့၏ အရှက်အင်္ဂါကို စောင့်ထိန်းသည်မှာ-
၂၃း၆။ သူတို့၏ အိမ်ထောင်ဘက်၊ သို့မဟုတ် သူတို့အားအပြစ်မသင့်စေသော သူတို့၏ လက် အောက် ဩဇာခံတို့မှ အပ- ဖြစ်၏။
၂၃း၇။ ထိုထက်နောက်ကွယ်ထိ ရှာဖွေသောသူ၊ သူတို့သည် စည်းဖေါက်သူများဖြစ်၏။
၂၃း၈။ သူတို့အားယုံကြည်စွာအပ်နှံမှုနှင့် သူတို့၏ ပဋိညာဉ်အားထိန်းကျောင်းသောသူများ-
၂၃း၉။ ဝတ်ပြုခြင်းအားစောင့်ထိန်းသော သူများဖြစ်ကြ၏။
၂၃း၁၀။ သူတို့သည်ကားအမွေစားအမွေခံများပင် ဖြစ်၏။
၂၃း၁၁။ မြတ်သော ဘုံ၌ အမွေရမည့် သူများဖြစ်၏၊ သူတို့သည် ထို၌ အစဉ်စံစားရလေလတ္တံ့။
၂၃း၁၂။ မုချပင်၊ ငါသည် လူသားအားစစ်ထားသော မြေမှ ဖြစ်တည်စေ၏။
၂၃း၁၃။ တဖန် ၎င်းအားအတည်တကျ တည်ကပ်ရာ၌ သုတ်ပိုးတစ်ကောင် အဖြစ် ငါ စီစဉ်တော်မူ၏။
၂၃း၁၄။ တဖန် ၎င်းအားသုတ်ပိုးမှ သွေးမျှော့ဥ အဖြစ် ငါ ဖြစ်တည်စေ၏၊ သွေးမျှော့ဥမှ အသားတစ် အဖြစ် ငါ ဖြစ်တည်စေ၏၊ ထို အသားတစ်မှ အရိုးများအဖြစ် ငါ ဖြစ်တည်စေ၏။ ထိုအရိုးများအားအသားအရေဖြင့် ငါ ဆင်ယင်ပေး၏။ တဖန် ၎င်းအားပေါက်ပွားစေ၍ အခြားသော ဖြစ်တည်ဆင့်များဖြစ်စေ၏။ ထိုသို့- ပရမတ်ဘုရားရှင်သည် ကျက်သရေ အပေါင်းနှင့် ပြည့်စုံသော အရှင် အတင့်တယ် ဆုံးဖြစ်တည်ပေးသော အရှင် ဖြစ်၏။
၂၃း၁၅။ တဖန်၊ ဤ-နောက်ပိုင်းတွင် သေရခြင်းသည် သင်တို့အတွက် ဧကန် ရှိနေ၏။
၂၃း၁၆။ တဖန် ရပ်တည်ရမည့် နေ့ကာလ၌ သူတို့အားနိုးထစေမည်ပင်။
၂၃း၁၇။ မုချပင် ငါသည် သင်တို့၏ အပေါ်၌ လမ်းကြောင်းခုနစ်ဆက်ကို ဖြစ်တည်ပေးတော်မူ၏။ ငါသည် ဖြစ်တည်ပေးခြင်း၌ မေ့လျော့ပေါ့ပျက်ခြင်းမရှိချေ။
၂၃း၁၈။ ငါသည် ကောင်းကင်ယံမှ ရေကို စည်းချိန်အလျောက် သွန်းချစေ၏။ ထို့နောက် ၎င်းကို မြေ၌ အခြေတည်စေ၏။ ဧကန်ပင် ငါသည် ၎င်းကို ရုပ်သိမ်းရန် စည်းချိန်ချနိုင်၏။
၂၃း၁၉။ ၎င်းအားဖြင့် သင်တို့အတွက် စွံပလွန် စပျစ် ဥယျာဉ်များကို ငါ ပေါက်ပွားစေ၏။ ထိုမှ သင်တို့အဘို့ သစ်သီး၀လံ များစွာကို ဖြစ်စေ၍၊ သင်တို့ စားသုံးနိုင်ရန် ဖြစ်၏။
၂၃း၂၀။ ငါသည် ဆိုင်းနိုင်းတောင်မှ ဗောဓိပင်ကို ပေါက်စေ၏။ ဖြစ်ထွန်းသော ၎င်းမှဆီဖြင့် စားသုံးသူတို့ အရောင်တင်သည် လည်းရှိ၏၊
၂၃း၂၁။ ခွဲကွဲစားမြုံ့ပြန် တိရိစ္ဆာန်များ၌ သင်တို့အတွက် သင်္ခန်းစာ တစ်ရပ် ရှိသည်မှာ သင်တို့ သောက်သုံးဘို့ရာ သူတို့၏ ဝမ်းတွင်းမှ နို့ရည်ကို ပေး၏။ ထို၌ သင်တို့အတွက် အကျိုးကျေးဇူးများစွာ ရှိနေ၏။ ထိုမှ စားသုံးရန်လည်းရ၏။
၂၃း၂၂။ ၎င်းတို့ အပေါ်၌၊ သင်္ဘောများပေါ်၌၊ သင်တို့ ဝန်တင်နိုင်ကြ၏။
၂၃း၂၃။ ငါသည် နူးဟ်အားသူ့လူမျိုးထံသို့ မုချ စေစားလျက် “အို- ကျွန်ုပ်၏ လူမျိုးတို့ ပရမတ်ဘုရားရှင်အားကိုးကွယ်ကြလော့၊ သင်တို့အဘို့ အရှင်မှ အပ အခြားဘုရားဟူ၍ မရှိပြီ၊ သင်တို့ စည်းစောင့်ကြမည် မဟုတ်လော၊”ဟု ဟောစေ ၏။
၂၃း၂၄။ သူ့လူမျိုးထဲမှ အကြံပေးဖုံးကွယ်သောသူများက ပြောကြသည်မှာ “ဤသူသည် သင်တို့ကဲ့ သို့ လူပုဂ္ဂိုလ်သာလျှင် ဖြစ်ချေ၏။ သူသည် သင်တို့ အပေါ်၌ အဖြေပေးနိုင်သူ ဖြစ်လို၏။ အကယ်၍ ပရမတ်ဘုရားရှင်၏ စံချိန်ပြည့်မှီ ခဲ့လျှင် အရှင် သည် နိမိတ်ဆောင်တစ်ပါးကို တာဝန်ချပေးနိုင်၏။ ကျွန်ုပ်တို့သည် ရှေးယခင် ဘဘိုးစဉ်ဆက် ဤသို့ မကြားနာခဲ့ဘူးချေ၊
၂၃း၂၅။ ဧကန်၊ ထိုသူသည် ရူးသွပ်နေသူ လူသားမျှသာ ဖြစ်၏၊ သူ့အားအချိန်ပေးစောင့်ကြည့်ကြလော့၊”ဟု ဖြစ်၏။
၂၃း၂၆။ သူက “အို- ကံကြမ္မာရှင်၊ သူတို့၏ ငြင်းဆန်မှုမှ တပည့်တော်အားကူညီတော်မူပါ၊”ဟု ဆုပန်၏။
၂၃း၂၇။ သူ့ထံသို့ ငါ အာရုံဖြစ်စေသည်မှာ “ငါ အာရုံဖြစ်စေသည့် အတိုင်းငါ့ စက္ခုရှေ့မှောက်- သင်္ဘော တည်ဆောက်လော့၊ ငါ့ ညွှန်ကြားချက် ရောက်လာ၍ တောင်ကြားမှ ရေများပွက်လောရိုက်လာသည့်တိုင်၊ အစုဖွဲ့ နှစ်ခုစီမှနှင့် ငါ ကြိုတင် သတ်မှတ် ပြောပြီးသူမှ အပ သင့်ဝိုင်းသားများကို ထိုအထဲသို့ ဝင်စေလော့၊ မိုက်ကြေးခွဲသောသူများအတွက် မလျှောက်တင်နှင့်၊ သူတို့အားနစ်မြုပ်စေလတ္တံ့။
၂၃း၂၈။ သို့ဖြင့်-သင့်အားပုံစံကျစေပြီးသောအခါ၊ သင်၊ သင်နှင့်အတူ သင်္ဘော ပေါ်၌ ပါလာသောသူတို့အား“ရည်သန်စူးစိုက်မှုအပေါင်းသည် တပည့်တော်တို့အားမိုက်ကြေးခွဲသည့် လူမျိုးမှ လွတ်မြောက်စေသည့် ပရမတ်ဘုရားရှင် အတွက်သာ ဖြစ်၏၊”ဟု ရင့်ကျူးစေလော့။
၂၃း၂၉။“အို- ကံကြမ္မာရှင် တပည့်တော်အားကျက်သရေရှိရှိ သွန်းဖြိုးသော မြေသို့ ချမှတ်ပေးတော်မူပါ၊ အရှင်သည် အကောင်းဆုံးချမှတ်ပေးသော အရှင် ဖြစ်ပါ၏၊”ဟု ဆုတောင်းလော့။
၂၃း၃၀။ ဧကန်ပင် ဤ၌ နိမိတ်လက္ခဏာ တစ်ရပ် ရှိနေ၏။ ဧကန်ပင် ငါသည် စုံစမ်းစစ်ဆေးနေတော်မူ၏။
၂၃း၃၁။ တဖန်၊ သူတို့၏နောက်၌ ငါသည် နောက် မျိုးဆက်ကို ပေါက်ပွားစေ တော်မူ၏။
၂၃း၃၂။ ငါသည် သူတို့ထဲမှပင် သူတို့အတွက် ဉာဏ်စဉ်ဆောင်ကို စေစားတော်မူ၍၊ “ပရမတ်ဘုရားရှင်အားကိုးကွယ်ကြလော့၊ သင်တို့အတွက် အရှင်မှ အပ အခြားဘုရားဟူ၍ မရှိ၊ သင်တို့ စည်းစောင့်ကြမည် မဟုတ်လော၊”ဟု ဟော စေ၏။
၂၃း၃၃။ သူ့လူမျိုးမှ- ဖုံးကွယ်၍ နောင်ဘ၀အားဆုံတွေ့ရမည်ကို ငြင်းဆန်ကြ လျက်၊ ငါအရှင်က လောကီဘ၀၌ စည်းဇိမ်ယစ်နေစေသော အကြံပေးများက ပြောကြသည်မှာ-“ဤသူသည် သင်တို့ကဲ့သို့ လူပုဂ္ဂိုလ်မျှသာ ဖြစ်၏၊ သင်တို့ စားသုံးသည်ကို သူစားသုံး၏၊ သင်တို့ သောက် သကဲ့သို့ သူသောက်၏၊-
၂၃း၃၄။ သင်တို့ကဲ့သို့သော လူပုဂ္ဂိုလ်အားသင်တို့ နာခံကြလျှင်၊ သင်တို့သည် ဆုံးရှုံးရသူများသာ ဖြစ်မည်တည်း။
၂၃း၃၅။ ထိုသူက သင်တို့သည် သေပြီးသောအခါ မြေမှုန့်များအရိုးများဖြစ်ပြီးမှ သင်တို့အားပြန်လည် ထုတ်ယူခြင်းခံရမည် ဟု ကတိပေးသလော၊
၂၃း၃၆။ ဝေးလေစွ၊ သူ့ ကတိမှာ ဖြစ်နိုင်ရန် ဝေးလေစွ၊
၂၃း၃၇။ ဧကန်ပင် ကျွန်ုပ်တို့သည် ဤလောကီ၌ ရှင်ရမည်သာ ဖြစ်၏။ ကျွန်ုပ် တို့သည် သေရမည်၊ ရှင်ရမည်သာ ရှိ၏၊ ကျွန်ုပ်တို့သည် နိုးထရမည် မဟုတ်ချေ။-
၂၃း၃၈။ သူသည် ပရမတ်ဘုရားရှင်နှင့် စပ်လျဉ်း၍ လိမ်ညာ လုပ်ကြံဖန်တီးသော လူသာ ဖြစ်၏။ ကျွန်ုပ်တို့သည် သူ့အားမယုံကြည်နိုင်ပေ၊”ဟု ဖြစ်၏။
၂၃း၃၉။ သူက “အို ကံကြမ္မာရှင်၊ သူတို့ ငြင်းဆန်မှုပေါ်၌ တပည့်တော်အားကူညီတော်မူပါ၊”ဟု ဆုတောင်းသော်။
၂၃း၄၀။ အရှင်က “ခဏတာမျှသာ-၊ ထို့နောက် သူတို့သည် ယူကြုံးမရဖြစ်သွားရလတ္တံ့၊”ဟု မိန့်ဆို၏။
၂၃း၄၁။ သူတို့အားအသံလှိုင်းကြီးဖြင့် အမှန်အကန် အရေးယူ၏၊ သူတို့အားအမှိုက်သရိုက် အဖြစ် စီစဉ်လိုက်၏၊ သို့ဖြင့် မိုက်ကြေးခွဲသော လူမျိုးအားနောက်ကျကျန်ရစ်စေ၏။
၂၃း၄၂။ တဖန်၊ သူတို့၏ နောက် နောက် မျိုးဆက်သစ်ကို ပေါက်ပွားစေ၏။
၂၃း၄၃။ မည်သည့် အသိုင်းအဝိုင်းသည်မှ သတ်မှတ်ကာလအားရှေ့တိုး၍မရ၊ နောက်ဆုတ်၍လည်းမရချေ။
၂၃း၄၄။ တဖန် ငါသည် ဉာဏ်စဉ်ဆောင်များကို ဆင့်ကာ စေစားတော်မူ၏။ အသိုင်းအဝိုင်းကိုယ်စီထံသို့ ဉာဏ်စဉ်ဆောင် တစ် ပါးရောက်လာစေလျှင်၊ သူ့အားငြင်းဆန်ကြ၏။ သို့ဖြစ်၍ ငါသည် သူတို့မှ အချို့ကို အချို့နောက်သို့ လိုက်ပါစေ၍၊ သူတို့ အတွက် ဆင့်ပြန်ချက်များစီစဉ်တော်မူ၏။ ယုံကြည်ခြင်းမရှိသော လူမျိုးအားနောက်ကျကျန်ရစ်စေ၏။
၂၃း၄၅။ တဖန် မူဆာနှင့် သူ့အစ်ကို ဟာရွန်အားငါ၏ သုတ်ဒေသနာများ၊ ရှင်းလင်းသော လုပ်ပိုင်ခွင့်များဖြင့် စေစားသည်မှာ-
၂၃း၄၆။ ဖာရိုးနှင့် သူ့အကြံပေးတို့ ထံသို့ ဖြစ်၏။ သူတို့သည် မောက်မာကြ၏၊ ကိန်းကြီးခန်းကြီးလူမျိုးဖြစ်၏။
၂၃း၄၇။ သို့ဖြင့် သူတို့က “ကျွန်ုပ်တို့ ကဲ့သို့ လူပုဂ္ဂိုလ်နှစ်ဦးကို ယုံကြည်ရမည် လော၊ သူတို့၏ လူမျိုးမှာ ကျွန်ုပ်တို့၏ အခိုင်းအစေများဖြစ်၏၊”ဟု ဆိုကြ၍၊
၂၃း၄၈။ သူတို့နှစ်ဦးအားငြင်းဆန်ကြသောကြောင့်၊ တိမ်ကောပျက်စီးရ သူတို့မှ ဖြစ်သွားရ တော့၏။
၂၃း၄၉။ သူတို့အားလမ်းညွှန်ရစေအံ့ငှာ မူဆာအားကျမ်းတော်ကို ငါ- မုချ ချီးမြှင့်ခဲ့၏။
၂၃း၅၀။ ငါသည် မာရိ၏သားနှင့် သူ့မိခင်အားနိမိတ်လက္ခဏာ အဖြစ် စီစဉ် တော်မူ၏၊ ငါသည် သူတို့အားစိမ့်စမ်းများနှင့် ဖို့မြေ တည်ရှိရာသို့ ခိုလှုံစေ၏။
၂၃း၅၁။ အို- ဉာဏ်စဉ်တော်ဆောင်၊ စင်ကြယ်ရာများမှ စားသုံးလော့၊ ပြုပြင် ပြောင်းလဲမှုကို ကျင့်ကြံလော့၊ ငါအရှင်သည် ကျင့်ကြံ လေသမျှကို သိနေသော အရှင် ဖြစ်၏။
၂၃း၅၂။ ဧကန်ပင်၊ ဤ သင့် အသိုင်းအဝိုင်းသည် တစ်ခုတည်းသော အသိုင်းအဝိုင်းဖြစ်၏။ ငါသည် သင်တို့၏ ကံကြမ္မာရှင် ဖြစ်၏။ သို့ဖြစ်၍ ငါ့ကိုသာ လျှင် စည်းစောင့်ကြကုန်လော့။
၂၃း၅၃။ သို့သော် သူတို့ချင်းကြားဖြတ်တောက်ကြလျက်၊ ကျမ်းခွဲများကို ညွှန်ကြားကြ၍၊ အင်အားစုတိုင်းသည် သူတို့၌ ရှိရာဖြင့် ဝမ်းသာနေကြ၏။
၂၃း၅၄။ သို့ဖြစ်၍ သူတို့အားကတုန်ကယင်ဖြစ်ရသည့် ကာလတစ်ခု၌ ချန်ထားခဲ့လော့။
၂၃း၅၅။ သူတို့ စိတ်ကူးယဉ်နေကြသလော- သူတို့အားတိုးပွားစေသည့် ဥစ္စာပစ္စည်းသားသမီးများဖြင့်-
၂၃း၅၆။ သူတို့၏ ကောင်းကျိုးကို အစောတလျင် ငါ ဆောင်ရွက်မည်ဟု။ အမှန်မှာ သူတို့ သတိမမူနိုင်ကြချေ။
၂၃း၅၇။ ဧကန်ပင် ကြောက်ရွံ့တတ်သော သူများမှ ကံကြမ္မာရှင်အားကြောက် ရွံ့ ရိုကျိုးသူများ-
၂၃း၅၈။ သူတို့၏ ကံကြမ္မာရှင်ထံမှ သုတ်ဒေသနာများကို ယုံကြည် သော သူများ၊
၂၃း၅၉။ သူတို့၏ ကံကြမ္မာရှင်အားရောပြွန်းကိုးကွယ်ခြင်းမပြုသော သူများ၊
၂၃း၆၀။ သူတို့၏ ကံကြမ္မာရှင်ထံသို့ ဦးလှည့်ပြန်ရမည့်အတွက် နှလုံးသည်းပွတ် တုန်လှုပ်လျက်၊ သူတို့အားပေးထားသည်မှ ပေးကမ်းဒါနပြုသော သူများ၊
၂၃း၆၁။ ထိုသူများသည် ကောင်းမှု၌ အလျင်လိုကြလျက်၊ သူတို့သည် လက်ဦးသူတို့ ဖြစ်၏။
၂၃း၆၂။ ငါက မနိုင်ဝန်ကို ထမ်းစေသော ဉာဉ်ဟူ၍ မရှိ၊ ငါ့ထံတော်၌ သစ္စာတရားကို စကားပြောသော လောကဓမ္မ ရှိ၏။ သူတို့အားအဝိဇ္ဇာသင့်စေခြင်းမရှိချေ။
၂၃း၆၃။ အမှန်မှာ သူတို့၏ နှလုံးသားသည် ဤမှဝေးလျက် ကတုန်ကယင် ဖြစ်နေကြ၏။ ဤအတိုင်းကျင့်ကြံရမည် မှလွဲ၍ ကျင့်ကြံအားထုတ်နေသူများ-
၂၃း၆၄။ စည်းဇိမ်ယစ်နေသောသူများအားဝဋ်ကြွေးဒဏ်ဖြင့် အရေးယူသည့်တိုင် ဖြစ်၏။ ထိုအခါတွင်မှ သူတို့ အသနားခံကြ၏။
၂၃း၆၅။ ယနေ့ကာလတွင်မှ အသနားမခံကြနှင့်၊ ငါ့ထံတွင် အကူအညီ မရှိချေ။
၂၃း၆၆။ သင်တို့အားငါ၏ သုတ်ဒေသနာများကို ရွတ်ပြပေးပြီ၊ သို့သော် သင်တို့သည် သင်တို့၏ နိဂုံးသို့ လှည့်ပြေးလေ့ရှိကြ၏။
၂၃း၆၇။ မောက်မာမာန်တက် နေကြ၏၊ ၎င်းအားခွဲခွာလျက် မောဟအမှောင်နစ်နေကြ၏။
၂၃း၆၈။ ဓမ္မတော်အားအရင်းအမြစ်မစစ်ကြကုန်သလော၊ သို့တည်းမဟုတ် ရှေးယခင်က သူတို့၏ ဘဘိုးတို့အားမပေးအပ်ခဲ့သည်ကို သူတို့ထံသို့ ရောက်လာ စေသလော။
၂၃း၆၉။ သူတို့၏ ဉာဏ်စဉ်ဆောင်အားအသိအမှတ် မပြုကြသလော၊ သို့တည်းမဟုတ် သူ့အားသူစိမ်းဆန်နေကြသလော။
၂၃း၇၀။ သို့တည်းမဟုတ် သူ့အားရူးသွပ်နေသူဟု ဆိုကြသလော၊ အမှန်မှာ သူသည် သူတို့ထံသို့ သစ္စာတရားကို ရောက်လာစေ၏။ သူတို့မှ အများစုကြီးသည် သစ္စာတရားကို မုန်းတီးကြကုန်၏။
၂၃း၇၁။ အကယ်၍သာ သစ္စာတရားတော်သည် သူတို့၏ လိုဘများကို လိုက်နာလျှင်၊ မိုးများ၊ မြေနှင့် ထိုအကြားရှိ အရာများသည် အဖျက်ခံရပြီးဖြစ်လတ္တံ့၊ အမှန်မှာ ငါသည် သူတို့အားသတိပေးတရားကို ပေးအပ်ခဲ့ပြီ၊ သို့ဖြင့် သူတို့သည် ထိုသတိပေးတရားတော်အားဘောင်ကန့်ထားသူများဖြစ်ကြ၏။
၂၃း၇၂။ သို့တည်းမဟုတ် သင်သည် သူတို့ထံမှ လခထုတ်ပေးရန် တောင်းခံ သလော။ သင့်ကံကြမ္မာရှင်မှ ထုတ်ပေးခြင်းသည် အကောင်းဆုံးဖြစ်သလော။ အရှင်သည် အကောင်းဆုံးရိက္ခာထောက်သော အရှင် ဖြစ်၏။
၂၃း၇၃။ ဧကန်ပင် သင်သည် သူတို့အားမြဲမြံတည်တံ့သော လမ်းစဉ်သို့ ဖိတ်ခေါ်နေ၏။
၂၃း၇၄။ နောင်ဘ၀ အားမယုံကြည်သော သူတို့သည်ကားလမ်းစဉ်မှန်မှ ထွက်သွားကြကုန်၏။
၂၃း၇၅။ သူတို့အားငါ ကရုဏာသက်ငြားသော်လည်း၊ သူတို့အားရှိနေသော ဆိုးကျိုးမှ ဖယ်ပေးသော်လည်း၊ သူတို့သည် မျက်ကန်းတောတိုးဘ၀ဖြင့် စည်းဖျက် မှု ထဲ၌ တိုးဝှေ့နေကြ၏။
၂၃း၇၆။ သူတို့အားဝဋ်ကြွေးဒဏ်ဖြင့် မုချ အရေးယူတော်မူပြီ၊ သို့သော် သူတို့သည် သူတို့ကံကြမ္မာရှင်အားအရှုံးမပေးကြ နှိမ့်ချခြင်းမရှိကြသည် မှာ-
၂၃း၇၇။ သူတို့အတွက် ပြင်းထန်သော ဝဋ်ကြွေးဒုက္ခ တံခါးကို ငါ ဖွင့်သည့်တိုင် ဖြစ်၏။ ထိုအခါ၊ ၎င်း၌ တွေဝေနေရလတ္တံ့။
၂၃း၇၈။ အရှင်သည် သင်တို့အတွက် အကြားအမြင် စိတ်နှလုံးများကို ဖွံ့ထွားစေ၏။ အနည်းစုသည်သာ ကျေးဇူးတရားကို သိတတ်၏။
၂၃း၇၉။ အရှင်သည် သင်တို့အားမြေကမ္ဘာ၌ ပွားများစေသော အရှင် ဖြစ်၏။ ထို့နောက် အရှင့်ထံသို့သာ စုစည်းခံရလတ္တံ့။
၂၃း၈၀။ အရှင်သည် နိစ္စ၊ အနိစ္စကို ဖြစ်စေသောအရှင် ဖြစ်၏၊ ညနှင့် နေ့ကို အလှည့်ကျ ဖြစ်စေ၏၊ အတွေးအခေါ် မရှိကြသလော။
၂၃း၈၁။ အမှန်မှာ- သူတို့သည် ရှေးဦးလူတို့ ပြောဆိုသကဲ့သို့သာ ပြောဆို ကြကုန်၏။
၂၃း၈၂။ သူတို့က “ကျွန်ုပ်တို့သည် သေပြီးသောအခါ၊ မြေမှုန့်နှင့် အရိုးများဖြစ်ပြီးနောက်၊ ကျွန်ုပ်တို့အားနိုးထစေဦးမည်လော-
၂၃း၈၃။ ကျွန်ုပ်တို့နှင့် ဤမတိုင်မှီ ဘဘိုးတို့အားပေးသော ဤကတိမှာ ရှေးသရော အခါက ဒဏ္ဍာရီများသာတည်း၊” ဟု ပြောကြသည်၏။
၂၃း၈၄။“သင်တို့ သိကြလျှင်၊ မဟာပထဝီမြေနှင့် ထို၌ရှိရာကို မည်သူ ပိုင်စိုးသနည်း၊”ဟု မေးလော့။
၂၃း၈၅။“ပရမတ်ဘုရားရှင်၏ အချုပ်အခြာ၌ ရှိ၏၊”ဟု ပြောကြလိမ့်မည်။ “သို့ဖြစ်လျှင် ဆင်ခြင်သတိ ရှိကြမည်လော၊”ဟု မေးလော့။
၂၃း၈၆။ အာကာ ခုနစ်ဆက်၏ ကံကြမ္မာရှင်၊ မဟာ့မဟာ ထပ်ဆင့်ကွပ်ကဲမှု၏ ကံကြမ္မာရှင်သည် မည်သူနည်း၊”ဟု မေးလော့။
၂၃း၈၇။“ပရမတ်ဘုရားရှင်၏ အချုပ် အခြာ၌ပင်၊”ဟု ပြောကြလတ္တံ့။ “သို့ဖြစ်လျှင် စည်းမစောင့်ကြသလော၊”ဟု မေးလော့။
၂၃း၈၈။ သင်တို့ သိကြလျှင်၊ သဗ္ဗလုံးစုံ၏ အပေါ်၌ အစိုးရခြင်းသည် မည်သူ၏ လုပ်ပိုင်ခွင့်၌ ရှိသနည်း၊ အရှင်သည် ကာကွယ်ပေး၏။ ကာကွယ်ပေးခံ မဟုတ် ချေ၊”ဟု ပြောလော့၊
၂၃း၈၉။“ပရမတ်ဘုရားရှင်၏ အချုပ်အခြာ၌၊”ဟု ပြောကြလတ္တံ့၊ “သို့ဖြစ်က မည်သို့ မှိုင်းမိခံနေကြသနည်း၊”ဟု ဆိုလော့။
၂၃း၉၀။ အမှန်မှာ ငါသည် သူတို့အားပရမတ္ထသစ္စာကို ချီးမြှင့်ခဲ့ပြီ။ သူတို့သည် ကားမုသာဝါဒီများဖြစ်ကြ၏။
၂၃း၉၁။ ပရမတ်ဘုရားရှင်သည် ကိုယ်ပွားယူထားခြင်းမရှိပြီ။ အရှင်နှင့်အတူ အခြားဘုရားဟု မရှိချေ။ ရှိခဲ့လျှင် ထိုဘုရားကိုယ်စီသည် မိမိ ဖြစ်တည်ပေးသော အရာများကို ရုပ်သိမ်းနိုင်လတ္တံ့၊ သို့မဟုတ် အချို့သည် အချို့ထက် အထွဋ်အထိပ် ဖြစ်လတ္တံ့၊ ဦးထိပ်ထားအပ်သော ပရမတ်ဘုရားရှင်သည် ၎င်းတို့ တင်ပြသည်များနှင့် ကင်းသန့်ပေ၏။
၂၃း၉၂။ မျက်ကွယ်၊ မျက်မှောက်ကို သိနေသော အရှင်၊ အထွဋ် အထိပ် ဖြစ်တော်မူသော အရှင်။ ရောပြွန်းကိုးကွယ်ရာများမှ ကင်းသန့်သော အရှင် ဖြစ်၏။
၂၃း၉၃။ “အို- ကံကြမ္မာရှင်၊ ကတိရှိရာတို့အားတပည့်တော်အားပြသတော် မူပါ၊-
၂၃း၉၄။ အို- ကံကြမ္မာရှင် တပည့်တော်အားမိုက်ကြေးခွဲသော လူမျိုးထဲမှ မစီစဉ်ပါနှင့်၊”ဟု ဆုတောင်းလော့
၂၃း၉၅။ ဧကန်ပင် သူတို့အပေါ် ထားသော ငါ၏ ကတိတော်ကို သင့်အားပြသရန် ငါ စည်းချိန်ချမှတ်နိုင်၏။
၂၃း၉၆။ သူတို့၏ အကုသိုလ်ကို သင် တင့်တင့် တယ်တယ် ခုခံလော့၊ သူတို့၏ တင်ပြမှုများကို ငါ အသိဆုံးဖြစ်တော်မူ၏။
၂၃း၉၇။ “အို- ကံကြမ္မာရှင် တပည့်တော်သည် မကောင်းဆိုးဝါးတို့၏ ဂုဏ်သရေဖျက်ခံရခြင်းမှ ကင်းရန် အရှင့် ထံ၌ ခိုလှုံပါ၏၊”ဟု ဆုတောင်းလော့။
၂၃း၉၈။ “ကံကြမ္မာရှင်၊ အရှင့်ထံ၌ ခိုလှုံပါ၏၊” အချိန်တန်လာသော-
၂၃း၉၉။ အနိစ္စ တရားသည် သူတို့မှ တစ်ယောက်ယောက်ထံ ရောက်လာသောအခါ။ သူ ဆု တောင်းသည်မှာ “အို ကံကြမ္မာရှင် တပည့်တော်အားဦးလှည့်ပြန်ပို့ပေးပါ-
၂၃း၁၀၀။ တပည့်တော် ချန်ထားခဲ့သည်များကို ပြုပြင်ပြောင်းလဲ ကျင့်ကြံပါမည်၊”ဟု ဖြစ်၏။ အမှန်မှာ ဤသည် သူ၏အပြော သူ့စကားသာ ဖြစ်၏၊ နိုးထရမည့် နေ့ကာလတိုင် ရင်ဆိုင်ဖြေရှင်းစရာများသူတို့အတွက် ကွယ်ထားလျက်ရှိနေ၏။
၂၃း၁၀၁။ ပုံစံ သက်ဝင်စေသောအခါ၊ ထိုနေ့ကာလ၌ သူတို့၏ ကြားတွင် သွေးသားတော်စပ်ခြင်း၊ မေးမြန်းပြောဆိုခြင်းများမရှိရစေပြီ။
၂၃း၁၀၂။ ချိန်ခွင်လျှာ အလေးစီးသူ၊ ထိုသူတို့သည် အောင်မြင်ပေါက်မြောက်သူများဖြစ်ကြ၏။
၂၃း၁၀၃။ ချိန်ခွင်လျှာ အလေးပေါ့သောသူ၊ ထိုသူတို့သည် ဆုံးရှုံးရသူများဖြစ်ကြ၏။ သူတို့၏ ဉာဉ်စရိုက်အားငရဲဘုံ၌ အစဉ်ခံစားစေမည်ပင်။
၂၃း၁၀၄။ အပူ မီးသည် သူတို့၏ မျက်နှာများကို မြိုက်လျက်၊ ထိုသူတို့သည် ထို၌ မဲ့ရွဲ့ခံစားရ တော့၏။
၂၃း၁၀၅။ သင်တို့ထံသို့ ငါ၏ သုတ်ဒေသနာများကို ရွတ်ဖတ်မပြလေသလော၊ သင်တို့သည်ကား၎င်းကို ငြင်းဆန်လေ့ရှိခဲ့ပြီ။
၂၃း၁၀၆။ သူတို့က ဆိုကြသည်မှာ “အို- ကံကြမ္မာရှင်၊ တပည့်တော်တို့၏ ကံဆိုးခြင်းများက တပည့်တော်တို့အားအနိုင်ယူပါပြီ၊ တပည့်တော်တို့သည်ကားလမ်းလွဲသော လူမျိုးဖြစ်ပါ၏။
၂၃း၁၀၇။ အို- ကံကြမ္မာရှင် တပည့်တော်တို့အားဤမှ ကယ်ထုတ်တော်မူပါ၊ တပည့်တော်တို့ ဆက်လွဲနေရလျှင် အမိုက်ကောင်များဖြစ်ရ လတ္တံ့ ”ဟု ဖြစ်၏။
၂၃း၁၀၈။ အရှင်က “ထို၌ ရှက်ဖွယ်လိလိပင်၊ လျှောက်လွှဲချက် မပေးကြနှင့်” ဟု မိန့်ဆို၏။
၂၃း၁၀၉။ ငါ့၏ အမှုတော်ဆောင်များမှ တစ်ဖွဲ့က ပြောဆိုသည်မှာ “အို- ကံကြမ္မာရှင်၊ တပည့်တော်တို့ ယုံကြည်ပါ၏၊ ထို့ကြောင့် တပည့်တော်တို့အားလွတ်ငြိမ်းစေ၍၊ ကရုဏာသက်တော်မူပါ၊ အရှင်သည် အကောင်းဆုံးသော အကြင်နာရှင် ဖြစ်ပါ ၏၊”ဟု ဖြစ်၏။
၂၃း၁၁၀။ သို့သော် သင်တို့သည် ယုံကြည်သူတို့အားပျက်ရယ်စရာဟု အယူ ထားလျက် ငါ့အားသတိရရန် မေ့နေစေ သည်ထိ ဖြစ်ခဲ့၏၊ သင်တို့သည် သူတို့အားဟားတိုက်ရယ်မောလေ့ ရှိခဲ့၏။
၂၃း၁၁၁။ သူတို့၏ ခန္တီပါရမီအတွက် ဤနေ့၌ ငါ အစားပေ တော်မူပြီ၊ သူတို့သည် အောင်ပွဲခံသူများဖြစ်ကြ၏။
၂၃း၁၁၂။ အရှင်က “မြေကမ္ဘာ၌ သင်တို့ နှစ် အရေအတွက် မည်မျှ နေခဲ့ သနည်း၊”ဟု ဆိုသော်-
၂၃း၁၁၃။ သူတို့က “တပည့်တော်တို့သည် တစ်ရက်၊ သို့မဟုတ် တစ်ရက်၏ အချို့ နေခဲ့၏၊ တွက်ချက်ထားသူတို့အား မေးတော်မူပါ၊” ဟု လျှောက် တင်ကြ၏။
၂၃း၁၁၄။ အရှင်က “သင်တို့သည် ခေတ္တမျှသာ နေခဲ့ရ၏၊ သင်တို့ သိကြပါ လေစ၊” ဟု ဆို၏။
၂၃း၁၁၅။ သင်တို့အားငါက အဓိပ္ပါယ်မဲ့ ဖြစ်တည်စေခဲ့သည်ဟု၊ သင်တို့သည် ငါ့ထံတော်သို့ မပြန်ရတော့ဟု စိတ်ကူးခဲ့သလော။
၂၃း၁၁၆။ ပရမတ်ဘုရားရှင်သည် အထွဋ်အထိပ် ဖြစ်တော်မူ၏၊ အရှင်သခင် ဖြစ်တော်မူ၏၊ ပရမတ္ထသစ္စာ ဖြစ်တော်မူ၏။ ကျက်သရေ ရှိသော ထပ်ဆင့်ကွပ်ကဲ မှု၏ ကံကြမ္မာရှင်- အရှင်မှ အပ အခြားဘုရားဟူ၍ မရှိချေ။
၂၃း၁၁၇။ ပရမတ်ဘုရားရှင် နှင့် အတူထား၍ အခြားသော ဘုရားများကို ဆုတောင်းနေသူ၊ ထိုသူအတွက် သက်သေပြချက် မရှိချေ။ သူ့ကံကြမ္မာရှင်၏ ထံတော်၌ သူ့အားစရင်းရှင်းလေ လတ္တံ့၊ ဖုံးကွယ်မှောင်ချသူသည် အောင်မြင်ပေါက်မြောက်မည် မဟုတ်ချေ။
၂၃း၁၁၈။“အို- ကံကြမ္မာရှင် တပည့်တော်အားလွတ်ငြိမ်းစေတော်မူပါ၊ ကရုဏာသက်တော်မူပါ၊ အရှင်သည် အကောင်းဆုံးသော အကြင်နာရှင် ဖြစ်ပါ၏၊” ဟု ဆုတောင်းလော့။
ဓမ္မခန္ဓာ (၂၃) ဤတွင် ပြီး၏။
ဓမ္မခန္ဓာ (၂၄) ရောင်ခြည်တော်
ဉာဏ်စဉ်ကိန်းပေးမှု အမှတ်စဉ်- ၁၀၂။ သုတ်ဒေသနာ- ၆၄ ပါး။
ကရုဏာရှင် အကြင်နာရှင် ဖြစ်တော်မူသော ပရမတ်ဘုရားရှင်၏ ဂုဏ်တော်အားဖြင့်
၂၄း၁။ တာဝန်သတ်မှတ်ပေးသော ဓမ္မခန္ဓာတစ်ပါးကို ငါ ချမှတ်ပေး၏။ ထို၌ သင်တို့ ဆင်ခြင်သတိ ရှိအံ့ငှာ ရှင်းလင်းထင်ရှားသော သုတ်ဒေသနာများကို ငါ ချမှတ်ပေးတော်မူ၏။
၂၄း၂။ လိင်စည်းဖေါက်သူမ၊၊ လိင်စည်းဖေါက်သူ၊ သူတို့တစ်ယောက်စီအားသားရေဖြင့် တစ်ရာစီ ရိုက်လော့၊ သင်တို့သည် ပရမတ်ဘုရားရှင်နှင့် နောင်ဘ၀ နေ့ကာလအားယုံကြည်ကြလျှင် ပရမတ်ဘုရားရှင်၏ သာသနာ၌ သူတို့အားညှာ မထားကြနှင့်၊ ပြစ်ဒဏ်ပေးခြင်းတွင် ယုံကြည်သူမှ တစ်စုအားသက်သေသက်ကန် ဖြစ်စေလော့၊
၂၄း၃။ လိင်စည်းဖေါက်သူသည် လိင်စည်းဖေါက်သူမ သို့မဟုတ် ရောပြွန်းကိုးကွယ် သူမကိုသာ ပေါင်းဖက်နိုင်၏၊ လိင်စည်းဖေါက်သူမ သည်လည်းလိင် စည်းဖေါက်သူ သို့မဟုတ် ရောပြွန်းကိုးကွယ်သူကိုသာ ပေါင်းဖက်နိုင်၏၊ ထိုကိစ္စကို ယုံကြည်သူများအတွက် တားမြစ်ပြီးဖြစ်၏။
၂၄း၄။ ထိန်းထိန်းသိမ်းသိမ်းရှိသည့် သူမအားလေပစ်စွပ်စွဲသော သူများ၊ ထိုသူတို့သည် သက်သေလေးဦးကို မယူခဲ့နိုင်လျှင်၊ သူတို့အားသားရည်ဖြင့် ရှစ် ဆယ်စီ ရိုက်လော့။ ထို့နောက် သူတို့၏ သက်သေထွက်ချက်ကို မည်သည့် အခါ တွင်မှ အတည် မဖြစ်စေနှင့်၊ ထိုသူတို့သည် ယုတ်မာသူများဖြစ်ကြ၏။
၂၄း၅။ ဤ နောက်တွင် ခဝါချ၍ ပြုပြင်ပြောင်းလဲကြသော သူများကိုသာ-ဧကန်ပင် ပရမတ် ဘုရားရှင်သည် လွတ်ငြိမ်းစေသော အရှင်၊ အကြင်နာရှင် ဖြစ်တော်မူ၏။
၂၄း၆။ မိမိစိတ်ထင်ရာမှအပ အခြားသက်သေ မရှိဘဲလျက် အိမ်ထောင်ဘက် များအားလေပစ်စွပ်စွဲသော သူများ၊ ထိုသူတို့မှ သက်သေခံသူ တစ်ဦးကို- ပရမတ် ဘုရားရှင်အားတိုင်တည်စေလျှက် သူသည် ဖြောင့်မှန်သူမှ ဧကန် ဖြစ်ပါ၏၊ ဟု လေးကြိမ် သက်သေခံစေ၍-
၂၄း၇။ ငါးကြိမ်မြောက်၌ သူသည် လိမ်ညာသူများမှ ဖြစ်လျှင် သူ့အား ပရမတ်ဘုရားရှင်၏ မေတ္တာကင်းပါစေဟု ဖြစ်ရမည်။
၂၄း၈။ သူမအတွက်မူ၊ သူသည် လိမ်ညာသူများမှ ဖြစ်ပါသည်ဟု- ပရမတ် ဘုရားရှင်၌ သက်သေတည်၍ လေးကြိမ်မြောက် သက်သေပြုပြီးသော် ပြစ်ဒဏ်ကို ပလပ်စေရမည်။
၂၄း၉။ ငါးကြိမ်မြောက်၌ အကယ်၍ သူသည် ဖြောင့်မှန်သူများမှ ဖြစ် လျှင် သူမအားပရမတ်ဘုရားရှင်၏ထံမှ ကံကြီးသင့်ရပါစေ ဟု ကျိန်ဆိုစေရမည်။
၂၄း၁၀။ ပရမတ်ဘုရားရှင်၏ သိက္ခာပေးခြင်းနှင့် ကရုဏာသည် သင်တို့ အပေါ်၌ မသက်ခဲ့သော်--၊ ဧကန်ပင် ပရမတ်ဘုရားရှင်သည် သင်ပုန်းချေပေးသော အရှင်၊ အကြင်နာရှင် ဖြစ်တော်မူ၏။
၂၄း၁၁။ ဧကန်ပင်၊ လုပ်ဇတ်ကို ရောက်စေသော သူများမှာ သင်တို့ထဲမှ တစ်ဖွဲ့ ဖြစ်၏။ ၎င်းကို သင်တို့အတွက် အဆိုးဟု မတွေးနှင့်၊ အမှန်မှာ ၎င်းသည် သင်တို့ အတွက် အကောင်းပင် ဖြစ်၏။ သူတို့မှ တစ်ဦးချင်းစီ အတွက် သူတို့ ကျင့်ဆောင်ခဲ့သော ပြစ်မှုသည် ရှိ၏၊ သူတို့မှ အကြီးဆုံးလှည့်ကွက်ဆင်သော သူ အတွက် မဟာဝဋ်ကြွေးကြီးရှိနေ၏။
၂၄း၁၂။ ထိုအကြောင်းကို ကြားရသော်၊ ယုံကြည်သူ၊ ယုံကြည်သူမများသည် သူတို့ စရိုက်တူချင်း- “ဤသည် ရှင်းလင်းထင်ရှားသော လုပ်ဇတ် အပြောစကားများ” ဟု အကောင်းကိုသာ စဉ်းစားသင့်၏။
၂၄း၁၃။ ထို့အတွက် သက်သေလေးဦးမရောက်လာခဲ့သော်၊ သက်သေများမယူခဲ့နိုင်သော သူတို့သည် ပရမတ်ဘုရားရှင် ၏ ထံတော်၌ လိမ်ညာသူများသာ ဖြစ်၏။-
၂၄း၁၄။ ဤဘ၀ နောင်ဘ၀တွင် သင်တို့ အပေါ်၌ ပရမတ်ဘုရားရှင်၏ သိက္ခာ ပေးမှုနှင့် ကရုဏာတော် မရှိခဲ့သော်၊ ဤစုပြုံမှု အတွက် သင်တို့အားမဟာဝဋ်ကြွေးကြီးသင့်ပြီးစေလတ္တံ့။
၂၄း၁၅။ သင်တို့သည် တပ်အပ်မသိဘဲလျက် ထိုအကြောင်းကို လျှာဖြင့် ခင်းကျင်း၊ ပါးစပ်များဖြင့် ပြောဆိုသောအခါ၊ ထိုအရာကို အသေးအဖွဲ့ဟု စဉ်းစား၏။ ထိုအရာသည် ပရမတ်ဘုရားရှင်၏ ထံတော်၌ ကြီးမားလှပေ၏။
၂၄း၁၆။ ထိုအကြောင်းကို ကြားသောအခါ၊ “ဤမဖြစ်နိုင်မှုကို ကျွန်ုပ်တို့ မပြောဆိုအပ်။ အရှင့်အားဦးထိပ်ထားလျက်။ ဤသည် အကြီးအကျယ် ပုတ်ခတ်မှု ဖြစ်၏။”ဟု သင်တို့ ပြောသင့်၏။
၂၄း၁၇။ သင်တို့သည် ယုံကြည်သူများဖြစ်လျှင်၊ ဤကဲ့သို့ အမြဲ ဆက်မကျင့် ရန် ပရမတ်ဘုရားရှင်က ဩဝါဒပေး၏။
၂၄း၁၈။ ပရမတ်ဘုရားရှင်သည် သင်တို့ အတွက် သုတ်ဒေသနာများကို ရှင်းလင်းထင်ရှားစေ၏။ ပရမတ်ဘုရားရှင်သည် ကားသိနေသောအရှင် ဓမ္မသတ်ရှင် ဖြစ်တော်မူ၏။
၂၄း၁၉။ ယုံကြည်သောသူများ၏ အကြား၌ ကိုယ်ကျင့်ပျက် ဂိုဏ်းကွဲစေရန် စုံမက်နေသော သူတို့သည်ကား၊ သူတို့အတွက် ဤဘ၀ နောင်ဘ၀တွင် စူးနစ် နာကျင်သော ဝဋ်ကြွေးဒဏ်သည် ရှိနေ၏။ ပရမတ်ဘုရားရှင်သည်ကားသိနေတော် မူ၏။ သင်တို့ မသိနိုင်ကြချေ။
၂၄း၂၀။ သင်တို့၏ အပေါ်၌ ဤဘ၀ နောင်ဘ၀တွင် ပရမတ်ဘုရားရှင်၏ သိက္ခာပေးမှုနှင့် ကရုဏာ မသက်ခဲ့လေလျှင်-။ ဧကန်ပင် ပရမတ်ဘုရားရှင်သည် ညှာတာသောအရှင် အကြင်နာရှင် ဖြစ်တော်မူ၏။
၂၄း၂၁။ အို- ယုံကြည်သောသူတို့၊ မကောင်းဆိုးဝါး၏ ခြေရာနောက်သို့ မလိုက်နာကြနှင့်၊ မကောင်းဆိုးဝါး၏ ခြေရာနောက်သို့ လိုက်နာသောသူ၊ ထိုသူအား၎င်းက သူစိမ်းဆန်မှုနှင့် ကိုယ်ကျင့်ပျက်မှုသို့ ညွှန်ကြားလတ္တံ့၊ သင်တို့အပေါ်သို့ ပရမတ်ဘုရားရှင်က သိက္ခာပေးမှုနှင့် ကရုဏာ မသက်ခဲ့လေသော်-- သင်တို့အနက် မည်သူတစ်ဦးသည်မှ မည်သည့်အခါမှ သန့်ရှင်းဖြူစင်သူ ဖြစ်လာတော့မည် မဟုတ်ချေ။ သို့ရာတွင် ပရမတ်ဘုရားရှင်သည် စံချိန်ပြည့်သူအလျောက် သန့်ရှင်းဖြူစင်စေ၏။ ပရမတ်ဘုရားရှင်သည် ကြားနေသောအရှင်၊ သိနေသောအရှင် ဖြစ်၏။
၂၄း၂၂။ သင်တို့အနက်မှ ဖြန့်ကျက်နိုင်မှု၊ ဥစ္စာပစ္စည်းများဖြင့် သိက္ခာပေးခံရမှု ရှိသူများအားမိမိတို့၏ ဆွေမျိုးနီးစပ် ရှိသူများ၊ နွမ်းပါးသူများ၊ ပရမတ်ဘုရားရှင်၏ လမ်းစဉ်တော်အတွက် ပြောင်းရွှေ့ခဲ့ရသူများကို မပေးကမ်းဟု မကိုးမိစေနှင့်၊ ကျေ အေး၍ ဥပက္ခာပြုထားလော့၊ ပရမတ်ဘုရားရှင်က လွတ်ငြိမ်းခွင့်ပေးမည်ကို သင်တို့ မနှစ်သက်ကြသလော၊ ပရမတ်ဘုရားရှင်သည်ကားလွတ်ငြိမ်းစေသော အရှင်၊ အကြင်နာရှင် ဖြစ်တော်မူ၏။
၂၄း၂၃။ မေ့လျော့လစ်ဟင်းမိသော- ထိန်းသိမ်းမှုရှိသည့်သူမ၊ ယုံကြည်သူမ တို့အားလေပစ်စွပ်စွဲသည့် သူတို့သည်၊ ဤဘ၀ နောင်ဘ၀၌ မေတ္တာမဲ့ခြင်းခံရစေ မည်၊ သူတို့အတွက် မဟာဝဋ်ကြွေးကြီးရှိနေ၏။
၂၄း၂၄။ သူတို့၏ ကျင့်ကြံလေ့ ရှိသည် များကြောင့် သူတို့၏ လျှာများ၊ သူတို့၏ လက်များ၊ သူတို့၏ ခြေများအားသူတို့ အပေါ်၌ သက်သေဖြစ်စေသော နေ့ကာလ၌-။
၂၄း၂၅။ ထိုနေ့ကာလ၌ ပရမတ်ဘုရားရှင်သည် မှန်ကန်သော ဥပဒေဖြင့် သူတို့ အတွက် ပြီးပြည့်စေတော်မူ၍၊ သူတို့က ပရမတ်ဘုရားရှင် ထိုအရှင်သည် ရှင်းလင်းထင်ရှားသော အမှန်တရား၌ ရှိကြောင်းသူတို့ ဧကန် သိကြလတ္တံ့။
၂၄း၂၆။ မသန့်စင်သော သူမတို့သည် မသန့်စင်သူတို့ အတွက်၊ မသန့်စင်သော သူမတို့ အတွက် မသန့်စင်သူတို့သည် ဖြစ်၏။ စင်ကြယ်သော သူမတို့သည် စင်ကြယ်သူတို့ အတွက်၊ စင်ကြယ်သော သူမတို့ အတွက် စင်ကြယ်သူတို့သည် ဖြစ်၏။ ထိုသူတို့သည် ၎င်းတို့ ပြောဆိုကြရာများနှင့် ကင်းလွတ်သူများဖြစ်၏။ သူတို့ အတွက် လွတ်ငြိမ်းခွင့်နှင့် ကျက်သရေရှိသော ရိက္ခာများရှိ၏။
၂၄း၂၇။ အို- ယုံကြည်သောသူတို့၊ သင်တို့၏ အိမ်များမှ အပ အခြားအိမ်များသို့ အိမ်ရှင်ထံမှ ခွင့်မတောင်းဘဲ၊ ငြိမ်းချမ်းပါစေဟု မဆိုဘဲ မဝင်ကြကုန်နှင့်၊ ဤ သည် သင်တို့အတွက် အကောင်းဆုံးဖြစ်၏။ သင်တို့ ဆင်ခြင်သတိ ရှိအံ့ငှာ ဖြစ်၏။
၂၄း၂၈။ ထို၌ တစ်စုံတစ်ယောက်မှ မတွေ့ခဲ့လျှင်လည်းသင်တို့အားခွင့်ပြုချက် မရလျှင် မဝင်ရောက်ကြကုန်နှင့်၊ အကယ်၍ သင်တို့အားပြန်ရန် ပြောလျှင် ပြန်ကြလော့။ ၎င်းသည် သင်တို့အတွက် သန့်ရှင်းဖြူစင်၏။ ပရမတ်ဘုရားရှင်သည်ကားကျင့်ကြံ လေသမျှကို သိနေသောအရှင် ဖြစ်၏။
၂၄း၂၉။ အခြေချနေသူ မရှိသော အိမ်များသို့ သင်တို့၏ ချမ်းမြေ့မှု အတွက် ဝင်ရောက်ခြင်းသည် သင်တို့အပေါ် အပြစ် မရှိချေ။ သင်တို့၏ ဖွင့်ဟဝန်ခံရာ၊ ထိန်ဝှက်ထားရာအားလုံးကို ပရမတ်ဘုရားရှင်သည် သိနေတော်မူ၏။
၂၄း၃၀။ ယုံကြည်သူများအားစက္ခုအိန္ဒြေရှိရန်၊ သူတို့၏ အရှက်အင်္ဂါများကို စောင့်ထိန်းရန် ဟောကြားလော့။ ဤသည် သူတို့ အတွက် သန့်ရှင်းဖြူစင်၏။ သူတို့၏ တည်ဆောက်မှုများကို ပရမတ်ဘုရားရှင်သည် ဧကန်ပင် သတင်းသိနေ တော်မူ၏။
၂၄း၃၁။ ယုံကြည်သူမတို့အားစက္ခုအိန္ဒြေရှိကြရန်၊ သူမတို့၏ အရှက်အင်္ဂါ များကို စောင့်ထိန်းရန် ဟောကြားလော့။ မြင်ကွင်းကျသည်မှအပ သူမတို့၏ ကိုယ် အလှများကို မဖေါ်ကြနှင့်၊ သူမတို့၏ ရင်သားများပေါ်၌ အတွင်းခံများကို ဝတ်ဆင် စေလော့။ သူမတို့၏ ကိုယ်အလှများကို သူမတို့၏ လင်ယောက်ျားများသို့မဟုတ် သူမတို့၏ ဖခင်များ၊ သို့မဟုတ် သူမတို့လင်ယောက်ျားတို့၏ ဖခင်များသို့မဟုတ် သူမတို့၏သားများသို့မဟုတ် သူမတို့၏ လင်ပါသားများသို့မဟုတ် သူမတို့၏ အကိုမောင်များသို့မဟုတ် သူမတို့ အကိုမောင်တို့၏ သားများသို့မဟုတ် သူမတို့ ညီအမတို့၏ သားများသို့မဟုတ် မိန်းမချင်းနှင့် သူမတို့၏ လက်အောက် ဩဇာခံ များသို့မဟုတ် ကာမအသုံးပြုခြင်းမရှိ တာဝန် လိုက်နာရသူ အမျိုးသားများသို့မဟုတ် အမျိုးသမီးတို့၏ ဝတ်လစ်စားလစ်အားမသိနိုင်သော ကလေးသူငယ် များ၏ ရှေ့မှအပ မပေါ်စေကြနှင့်။ သူမတို့၏ ကိုယ်အလှများမဖုံးနိုင် သိသာစေ နိုင်ရန် သူမတို့၏ ခြေများကို မကျဲကြစေနှင့်။ အို- ယုံကြည်သူတို့၊ သင်တို့သည် အောင်မြင်ပေါက်မြောက်အံ့ငှာ ပရမတ်ဘုရားရှင်၏ ထံသို့ အားလုံးကုန် ခဝါချကြ လော့။
၂၄း၃၂။ သင်တို့အနက် တကိုယ်တည်းနေသူများ၊ သင်တို့၏ ဝန်ထမ်းအမျိုးသား၊ ဝန်ထမ်းအမျိုးသမီးများမှ ပြုပြင်ပြောင်းလဲ သူများ၊ ထိုသူတို့သည် ဆင်းရဲ ချို့တဲ့ကြလျှင် သူတို့အားပေါင်းဘက်ပေးကြလော့၊ ပရမတ်ဘုရားရှင်သည် အရှင် ၏ သိက္ခာပေးခြင်းဖြင့် သူတို့အားပြည့်စုံစေလတ္တံ့။ ပရမတ်ဘုရားရှင်သည် အသိ ဉာဏ်တော် ဖြန့်ကျက်ထားသော အရှင် ဖြစ်၏။
၂၄း၃၃။ ပရမတ်ဘုရားရှင်က အရှင်၏ သိက္ခာပေးမှုဖြင့် ပေါင်းဘက်နေထိုင် ခြင်းပြည့်စုံသည်အထိ ကိုယ်တွေ့မဖြစ်နိုင်သော သူတို့အားတည်တည်ငြိမ်ငြိမ်နေ စေလော့။ သင်တို့၏ လက်အောက် ဩဇာခံများမှ သင်တို့ထံတွင် မှတ်တမ်းစာချုပ် ရှာဖွေသော သူတို့၌ အကောင်းကို သင်တို့ သိရလျှင် သူတို့အတွက် ရေးသားပေးကြလော့။ ပရမတ်ဘုရားရှင်က သင်တို့အားချီးမြှင့်ထားရာတို့မှ ဥစ္စာပစ္စည်းများကို သူတို့အားပေးကမ်းကြလော့။ သင်တို့၏ လောကီဘ၀ ဘောင်ကို ရှာဖွေရန်၊ ထိန်းထိန်းသိမ်းသိမ်းရှိလိုသည့် လုလင်မများအားအပြစ်အနာရှိသူ အဖြစ်သို့ အဓမ္မ မပြုကျင့်နှင့်၊ သူမတို့အားအဓမ္မပြုကျင့်ခဲ့လျှင်၊ ထိုသို့ အဓမ္မပြုကျင့်ခံရ ပြီးနောက်၊ ဧကန်ပင် ပရမတ်ဘုရားရှင်သည် လွတ်ငြိမ်းစေသော အရှင်၊ အကြင်နာ ရှင် ဖြစ်တော်မူ၏။
၂၄း၃၄။ မုချပင်၊ သင်တို့၏ ရှေ့အလျင် လွန်လေပြီးသော သူတို့၏ ပမည်းပမာများဖြင့်- ရှင်းလင်းချက် သုတ်ဒေသနာများကို သင်တို့ထံ ငါ ချမှတ်ပေးတော် မူ၏။ စည်းစောင့်သူများအတွက် ဩဝါဒတော်ဖြစ်၏။
၂၄း၃၅။ ပရမတ်ဘုရားရှင်သည် မိုးများနှင့် မြေကမ္ဘာ၏ ရောင်ခြည်တော် ဖြစ်၏။ အရှင်၏ ရောင်ခြည်တော် ပမာမှာ ကြေးမုံမှန် သားပြင်ထဲမှ မီးအိမ် ကဲ့သို့ ဖြစ်၏။ ထိုမီးအိမ်သည် အကျိုးများစွာ ရှိသော ပုလဲဖြူရောင် ကြယ်ပွင့် ကဲ့သို့ ဖြစ်၏။ ၎င်းကို အရှေ့စွန်းအနောက်စွန်းမှ မဟုတ်သော ကျက်သရေရှိသည့် သံလွှင်ပင်မှ ထွန်းညှိထား၏။ ထိုမှ အဆီသည် မီးထိကူးခြင်းမရှိဘဲ ပင်ကိုယ် တောက်ပမှု တကဲကဲရှိ၏၊ ရောင်ခြည်ပေါ်၌ ရောင်ခြည် ထပ်ဆင့်လျက် ရှိ၏။ ပရမတ်ဘုရားရှင်သည် စံချိန်ပြည့်သူအားအရှင်၏ ရောင်ခြည်တော်သို့ လမ်းညွှန် နေတော်မူ၏။ ပရမတ်ဘုရားရှင်သည် လူသားတို့အားဤသို့ ပမာဆောင် ဥပမာ ပေး၏။ ပရမတ်ဘုရားရှင်သည် သဗ္ဗလုံးစုံ သိနေသောအရှင် ဖြစ်၏။
၂၄း၃၆။ ထိုဘုန်းရောင်ခြည်အားမြှောက်စားဘို့ရာ ပရမတ်ဘုရားရှင်က ခွင့်ပြု တော်မူသော အိမ်တော်များ၌၊ အရှင်၏ ဂုဏ်တော်အားသတိရစေ၏။ မနက် စောစောနှင့် နေကျချိန်တွင် အရှင်အားဦးထိပ်ထားရင့်ကျူးစေလော့။
၂၄း၃၇။ လူသားသည် ပရမတ်ဘုရားရှင်အားရှုမှတ်သတိရခြင်း၊ ဝတ်ပြု မြဲခြင်း၊ အခွန်ငွေဖြူ ပေးကမ်းခြင်းများထက် စီးပွားလုပ် ရောင်းဝယ်ခြင်းများ၌ မပျော်မြူးစေအပ်။ နှလုံးသားများ၊ စက္ခုအာရုံများအားဦးလှည့်ထားမည့် တစ်နေ့ ကို သူတို့ ကြောက်ရွံ့စိုးထိတ်အပ်၏။
၂၄း၃၈။ ကျင့်ကြံမှုများအတွက် သူတို့အားပရမတ်ဘုရားရှင်က တင့်တင့်တယ်တယ် အစားပေးလတ္တံ့၊ အရှင့်၏ သိက္ခာပေးခြင်းသည် သူတို့အားတိုးပွားစေလတ္တံ့၊ ပရမတ်ဘုရားရှင်သည် စံချိန်ပြည့်သူအားစရင်းမဲ့ ရိက္ခာထောက်တော်မူ၏။
၂၄း၃၉။ ဖုံးကွယ်သော သူတို့သည်ကား၊ သူတို့၏ ကျင့်ကြံမှုများမှာ မြေပြန့်မှ တံလျှပ်ပမာ ဖြစ်၏။ ရေဆာသူသည် ၎င်းကို ရေဟု တွေးထင်စဉ်းစား၍ လိုက်၏။ သို့သော် ရောက်လာသောအခါ မည်သည့်အရာကိုမျှ မတွေ့ရ၊ ပရမတ်ဘုရားရှင်၏ အထံတော်ကိုသာ ဖူးတွေ့ရ၏။ သို့ဖြင့် သူသည် စာရင်းအပြည့်ရှင်းရလေပြီ။ ပရမတ်ဘုရားရှင်သည် အချိန်နှင့်တပြေးညီ စာရင်းစစ်နေတော်မူ၏။
၂၄း၄၀။ သို့မဟုတ် လှိုင်းလုံးအပေါ် လှိုင်းလုံးအပေါ်မှ လွှမ်းခြုံလျက်- အချို့ အပေါ် အချို့ အမှောင်စီးလျက် မိုးတိမ်ထု ဖိထားသော၊ တိုးဝှေ့နေသော ပင်လယ် တွင်းအမှောင်ထုကြီးကဲ့သို့ ဖြစ်၏။ သူ့လက်ကို ဆွဲထုတ်လျှင်ပင် ၎င်းကို မမြင်ရလု မတတ်ဖြစ်၏။ ပရမတ်ဘုရားရှင်သာ သူ့အတွက် အလင်းကို မစီစဉ်ပေးသော် သူ့အတွက် အလင်းရောင် မရှိတော့ပေ။
၂၄း၄၁။ မိုးများနှင့် မြေကမ္ဘာအတွင်းရှိသူများ၊ စီတန်းနေသော ငှက်များသည် ပရမတ်ဘုရားရှင်အားဧကန်ပင် ဦးထိပ်ထားနေသည်ကို သင် မမြင်မိသလော၊ ကိုယ်စီကိုယ်ငှ ဝတ်ပြုခြင်းနှင့် ဦးထိပ်ထားမှုကို သိနေ၏။ ပရမတ် ဘုရားရှင်သည် ပြုလုပ်သမျှကို သိနေသော အရှင် ဖြစ်၏။
၂၄း၄၂။ မိုးများနှင့် မြေကမ္ဘာ၏ ဩဇာ အာဏာသည် ပရမတ်ဘုရားရှင်၏ အချုပ်အခြာ၌ ရှိ၏။ ပရမတ်ဘုရားရှင်၏ ထံသို့သာ ခရီးဆုံးပန်းတိုင် ဖြစ်၏။
၂၄း၄၃။ ပရမတ်ဘုရားရှင်သည် တိမ်ဆိုင်များကို ရွေ့လျားစေ၍၊ ၎င်းတို့အားအတူ စည်းလုံးစေလျက် တဖန် ၎င်းတို့ကို အစုအပြုံ ဖြစ်ရန် စီစဉ်၏၊ သင် မြင်နိုင် သော မိုးအားထိုမိုးတိမ်ထုကြားမှ ထွက်လာစေသည်ကို သင် မရှုစားမိသလော။ အရှင်သည် တောတောင်များအတွင်းကောင်းကင်ယံမှ မိုးရေအေးအားသွန်းချ စေ၍၊ ၎င်းဖြင့် စံချိန်ပြည့်သူထံ လွှမ်းခြုံထိသက်စေ၏၊ စံချိန်ပြည့်သူထံမှ ဘက်ပြန် ပျယ်လွင့်ပေး၏။ အရှင်၏ လျှပ်စစ်ရောင်သည် အမြင်များကို သိမ်းသွားမတတ် ဖြစ်၏။
၂၄း၄၄။ ပရမတ်ဘုရားရှင်သည် နေ့နှင့်ညကို လှည့်နေစေ၏။ ဧကန်ပင် ဒိဗ္ဗစက္ခုရှိသူတို့ အဘို့ ဤ၌ သင်္ခန်းစာတစ်ရပ် ရှိနေ၏။
၂၄း၄၅။ ပရမတ်ဘုရားရှင်သည် သတ္တဝါတိုင်းကို ရေမှ ဖြစ်တည်စေ၏။ ၎င်းတို့အနက် ဝမ်းဗိုက်ဖြင့် သွားလာသော၊ ၎င်းတို့အနက် ခြေနှစ်ချောင်းဖြင့် သွားလာသော၊ ၎င်းတို့အနက် ခြေလေးချောင်းဖြင့် သွားလာသော အကောင်များကို ရှိစေ၏။ ပရမတ်ဘုရားရှင်သည် စံချိန်ပြည့်ရာကို ဖြစ်တည်စေ၏။ ဧကန်ပင် ပရမတ်ဘုရားရှင်သည် သဗ္ဗလုံးစုံအားစည်းချိန်ချမှတ်တော်မူ၏။
၂၄း၄၆။ မုချပင်၊ ငါသည် ရှင်းလင်းချက် သုတ်ဒေသနာများကို ချမှတ်ပေးတော်မူ၏။ ပရမတ်ဘုရားရှင်သည် စံချိန်ပြည့်သူအားမြဲမြံတည်တံ့သော လမ်းစဉ် သို့ ညွှန်တော်မူ၏။
၂၄း၄၇။ ကျွန်ုပ်တို့သည် ပရမတ်ဘုရားရှင်နှင့် ဉာဏ်စဉ်ဆောင်အားယုံကြည်ပါ၏။ နာခံပါ၏၊”ဟု ဆိုကြ၍၊ တဖန် သူတို့မှ တစ်ဖွဲ့သည် သည့်နောက် တွင်မှ လှည့်သွားကြ၏။ သူတို့သည်ကားယုံကြည်သူများမဟုတ်ကြချေ။
၂၄း၄၈။ သူတို့၏ ကြား၌ စီရင်ထုံးပြုပေးရန် ပရမတ်ဘုရားရှင်နှင့် ဉာဏ်စဉ်ဆောင် ဆီသို့ ဖိတ်ခေါ် သောအခါ၊ သူတို့မှ တစ်ဖွဲ့သည် ဘောင်ကန့်ထားသူများဖြစ်ကြ၏။
၂၄း၄၉။ သူတို့ဘက်၌ အမှန်တရားရှိလေလျှင်၊ သူတို့သည် သူ့ထံသို့ စိတ်တူ ကိုယ်မျှ ဆိုက်မြိုက်လာလတ္တံ့။
၂၄း၅၀။ သူတို့၏ နှလုံးသား၌ ရောဂါရှိနေကြသလော၊ သို့တည်းမဟုတ် သံသယဝင်နေကြသလော၊ သို့တည်းမဟုတ် ပရမတ်ဘုရားရှင်နှင့် ဉာဏ်စဉ်ဆောင်က သူတို့အားမတရားပြုမည်ဟု စိုးကြောက်နေကြသလော၊ အမှန်မှာ ထိုသူတို့သာလျှင် အမိုက်ကောင်များဖြစ်ကြ၏။
၂၄း၅၁။ သူတို့၏ကြား၌ စီရင်ထုံးပြုပေးရန် ပရမတ်ဘုရားရှင်နှင့် ဉာဏ်စဉ် ဆောင် ဆီသို့ ဖိတ်ခေါ်သောအခါ၊ ယုံကြည်သော သူများ၏ အပြောမှာ- “ကျွန်ုပ်တို့ ကြားနာပါ၏၊ နာခံပါ၏၊”ဟူသော ပြောဆိုမှုပင် ဖြစ်၏။ ထိုသူများသည်သာ အောင်မြင်ပေါက်မြောက်သူများဖြစ်ကြ၏။
၂၄း၅၂။ ပရမတ်ဘုရားရှင်နှင့် ဉာဏ်စဉ် ဆောင်အားနာခံသော၊ ပရမတ်ဘုရားရှင်အားကြောက်ရွံ့တုန်လှုပ်သော၊ အရှင့် အတွက် စည်းစောင့်သူ၊ ထိုသူတို့သည် အောင်ပွဲခံသူများဖြစ်ကြ၏။
၂၄း၅၃။ သူတို့အားသင် ညွှန်ကြားလျှင် ရှေ့တန်းထွက်ပါမည်ဟု ပရမတ် ဘုရားရှင်၌ အင်တိုက်အားတိုက် အားသန်စွာ တိုင်တည်ကြ၏။ “မတိုင်တည်ကြနှင့်၊ အသိအမှတ်ပြု၍ နာခံကြလော့၊ ပရမတ်ဘုရားရှင်သည် ကျင့်ကြံလေ သမျှကို သတင်းသိနေတော်မူ၏၊”ဟု ဟောလော့။
၂၄း၅၄။ ဟောလော့ “ပရမတ်ဘုရားရှင်အားနာခံကြလော့၊ ဉာဏ်စဉ်ဆောင် အားနာခံကြလော့၊” အကယ်၍ သူတို့ လှည့်သွားကြလျှင် သူ့ အပေါ်၌ သူ့ သယ်ပိုးရာသည် ရှိ၍ သင်တို့အပေါ်၌လည်းသင်တို့၏ သယ်ပိုးရာသည် ရှိ၏။ သင်တို့သည် သူ့ကို နာခံကြလျှင် လမ်းညွှန်ခြင်းခံရလတ္တံ့၊ ဉာဏ်စဉ်ဆောင်၏ ဝန်တာမှာ ဓမ္မကို ဆိုက်ရောက်စေရန်သာ ဖြစ်၏။
၂၄း၅၅။ သင်တို့အနက် ယုံကြည်လျက် ပြုပြင်ပြောင်းလဲမှု ကျင့်ကြံသော သူတို့အားပရမတ်ဘုရားရှင်မှ ထားသော ကတိမှာ သူတို့၏ ရှေ့အလျင် သမ္မတ ဖြစ်စေခဲ့သော သူတို့ကဲ့သို့ သင်တို့အားမြေကမ္ဘာ၌ သမ္မတများဖြစ်စေတော် မူမည်။ သူတို့ အတွက် သာသနာတော်ကို ထူထောင်ပေး၍၊ ကျေနပ်အားရ စရာ ဖြစ်စေ၏၊ ကြောက်ရွံ့ရပြီးနောက် ယုံကြည်စိတ်ချရသော အခြေအနေသို့ သူတို့ အားလွှဲပြောင်းပေး၏။ သူတို့သည် ငါအရှင်အားကိုးကွယ်ဆည်းကပ်ကြ၏။ ငါ့အားတစ်စုံတစ်ရာနှင့် ရောပြွန်းကိုးကွယ်ခြင်းမရှိ။ သည့်နောက်တွင်မှ ဖုံးကွယ် သူ၊ ထိုသူတို့သည် ယုတ်မာသူများဖြစ်ကြ၏။
၂၄း၅၆။ သင်တို့အားကရုဏာကိန်းသက်အံ့ငှာ- ဝတ်ပြုမြဲကြလော့၊ အခွန် ငွေဖြူ ပေးကြလော့၊ ဉာဏ်စဉ်ဆောင်အားနာခံကြကုန်လော့၊
၂၄း၅၇။ ဖုံးကွယ်သော သူတို့က ကမ္ဘာ၌ ချိနဲ့စေနိုင်သည်ဟု စိတ်ကူးမယဉ်ကြစေနှင့်။ သူတို့အတွက် ခိုလှုံ ရာသည် အပူမီးဖြစ်၍။ အမင်္ဂလာ ခရီးဆုံးပင် ဖြစ်၏။
၂၄း၅၈။ အို- ယုံကြည်သော သူတို့၊ သင်တို့၏ လက်အောက် ဩဇာခံသော သူများနှင့် အရွယ်မရောက် စိတ်နုနယ်သော သူတို့ သည် အချိန်သုံးပါး၌ သင်တို့ထံမှ အခွင့်တောင်းခံရမည်။ အလင်းဖြာထွက် ဝတ်ပြုချိန်၏ မတိုင်မှီ၊ ပူအိုက်၍ ခြုံထည် များချွတ်ထားသော မွန်းတည့်ချိန်၊ ညဦးဝတ်ပြု ပြီးနောက် အချိန်တို့ ဖြစ်၏။ သင်တို့ အတွက် ပုဂ္ဂလိကလွတ်လပ်သည့် အချိန်သုံးပါးဖြစ်၏။ ထို့နောက် အချိန်များတွင် သင်တို့မှ အချို့ထံ အချို့ သွားလာ လည်ပတ်ခြင်းသည် သင်တို့၊ သူတို့တွင် အပြစ်မရှိချေ။ သင်တို့အတွက် ပရမတ်ဘုရားရှင်သည် သုတ်ဒေသနာ များကို ဤသို့ ရှင်းလင်းပေးတော်မူ၏။ ပရမတ်ဘုရားရှင်သည်ကားသိနေသော အရှင် ဓမ္မသတ်ရှင် ဖြစ်တော်မူ၏။
၂၄း၅၉။ သင်တို့အနက်မှ ကလေးသူငယ်များသည် အရွယ်ရောက်လာခဲ့သော် သူတို့၏ ရှေ့အလျင် ဖြစ်သူများ၏ ခွင့်ပြုချက် တောင်းခံခဲ့ သကဲ့သို့ အခွင့်တောင်းခံ စေလော့။ ဤသို့ ပရမတ်ဘုရားရှင်သည် သင်တို့အဘို့ရာ သုတ်ဒေသနာများကို ရှင်းလင်းပေးတော်မူ၏။ ပရမတ်ဘုရားရှင်သည်ကားသိနေတော်မူသော အရှင် ဓမ္မသတ်ရှင် ဖြစ်တော်မူ၏။
၂၄း၆၀။ ဓမ္မတာဆိုင်း၍ ထိမ်းမြားပေါင်းသင်းရန် မမျှော်လင့်နိုင်တော့သော အမျိုးသမီးများအနေဖြင့် ကိုယ်အလှများကို ကိုယ်ဟန်ပြခြင်းမဟုတ်ဘဲ ခြုံထည် များအားချွတ်ထားမိခြင်းသည် အပြစ်မရှိချေ။ သို့သော် တည်ငြိမ်မှုရှိလျှင် သူမတို့ အတွက် ပိုမို ကောင်းမွန်၏။ ပရမတ်ဘုရားရှင်သည် ကြားနေတော်မူသောအရှင် သိနေတော်မူသော အရှင် ဖြစ်၏။
၂၄း၆၁။ သင်တို့၏အိမ်၌၊ သို့မဟုတ် သင်တို့၏ ဖခင်များ၏ အိမ်၌၊ သို့မဟုတ် သင်တို့၏ မိခင်များ၏ အိမ်၌၊ သို့မဟုတ် သင်တို့၏ ညီအကိုများ၏ အိမ်၌၊ သို့မဟုတ် သင်တို့၏ အမများ၏ အိမ်၌၊ သို့မဟုတ် သင်တို့ ဦးလေးများ၏ အိမ်၌၊ သို့မဟုတ် သင်တို့ အရီးများ၏ အိမ်၌၊ သို့မဟုတ် သင်တို့၏ ဘထွေးများ၏ အိမ်၌၊ သို့မဟုတ် သင်တို့ အဒေါ်များ၏ အိမ်၌၊ သို့မဟုတ် သင်တို့အတွက် သော့ဖွင့်ခွင့် ရှိသော၊ သို့မဟုတ် မိတ်ဆွေမှန်များထံ၌ သင်တို့ စားသုံးနိုင်၏ မျက်မမြင်များလည်းခက်ခဲမှု မရှိစေသင့်၊ တက်ရောက်သူများလည်းမခက်ခဲစေသင့်၊ ဖျားနာနေ သူများနှင့် သင်တို့၏ စိတ်စရိုက်ကို လည်းမခက်ခဲစေသင့်၊ သူတို့နှင့် အတူစု၍ သို့မဟုတ် ခွဲ၍ စားသုံးခြင်းကြောင့် အပြစ် မရှိချေ။ သင်တို့သည် အိမ်များအတွင်းသို့ ဝင်သောအခါ၊ “သင်တို့၏ စိတ်ဉာဉ်များအပေါ်သို့ ငြိမ်းချမ်းခြင်းရှိပါစေ၏၊” ဟု “ပရမတ်ဘုရားရှင်၏ ထံတော်မှ စင်ကြယ်သော ကျက်သရေကိန်းသက်ပါစေ၊၊”ဟု နှတ်ဆက်စကားဆိုကြလော့။ သင်တို့၌ အတွေးအခေါ် ရှိအံ့ငှာ သင်တို့အတွက် ပရမတ်ဘုရားရှင်သည် သုတ်ဒေသနာတော်များကို ဤသို့ ရှင်းလင်းပေးတော်မူ၏။
၂၄း၆၂။ ယုံကြည်သူစစ်စစ်တို့သည် ပရမတ်ဘုရားရှင်နှင့် ဉာဏ်စဉ်ဆောင် အားယုံကြည်ကြ၏။ သူတို့သည် အစည်းအဝေးအစီအစဉ်၌ သူနှင့်အတူ ရှိကြ သော် သူတို့အားအခွင့်မပေးဘဲ ထွက်သွားခြင်းမရှိကြပေ။ သင့်ထံမှ ခွင့်တောင်းသော သူများ၊ ထိုသူများသာလျှင် ပရမတ်ဘုရားရှင်နှင့် အရှင့် ဉာဏ်စဉ်ဆောင်အားယုံကြည်သောသူများဖြစ်၏။ သို့ ဖြစ်၍ သူတို့၏ ကိုယ်ရေးကိစ္စကြောင့် အချို့ ခွင့်တောင်းလာခဲ့သော် သူတို့မှ သင် စံချိန်ပြည့်သူအားခွင့်ပြုလော့၊ သူတို့ အတွက် ပရမတ်ဘုရားရှင်၏ ထံမှ လွတ်ငြိမ်းဆုပန်ပေးလော့၊ ဧကန်ပင် ပရမတ်ဘုရားရှင် သည် လွတ်ငြိမ်းစေသော အရှင်၊ အကြင်နာရှင် ဖြစ်တော်မူပေ၏။
၂၄း၆၃။ ဉာဏ်စဉ်ဆောင်၏ ဖိတ်ခေါ်ခြင်းကို သင်တို့ချင်းကြားအချို့က အချို့ကို ဖိတ်ခေါ်မှုများကဲ့သို့ မစီစဉ်ကြနှင့်၊ ပရမတ်ဘုရားရှင်သည် သင်တို့ အနက်မှ ခိုကပ်၍ အတင်းထွက်သွားသော သူကို မုချ သိနေတော်မူ၏။ သို့ဖြစ်၍ သူ ညွှန်ကြားသည်မှာ ၎င်းကိုဆက်ခံသော သူတို့သည် သူတို့ထံသို့ စမ်းသပ်မှု ထိမည်ကို သို့မဟုတ် စူးနစ်နာကျင်သော ဝဋ်ကြွေးထိသက်ရမည်ကို သတိထားစေ ကြလော့။
၂၄း၆၄။ အချိန်မလပ်- ဧကန်ပင် မိုးများနှင့် မြေကမ္ဘာတွင် ရှိသမျှတို့သည် ပရမတ်ဘုရားရှင်၏ အချုပ်အခြာ၌ ရှိ၏။ အရှင်သည် သင်တို့၏ အခြေအနေကို သိနေတော်မူ၏။ သူတို့သည့် အရှင့်ထံသို့ ဦးလှည့်ပြန်ရမည့် နေ့ကာလ၌ ကျင့်ကြံ ခဲ့သမျှကို သတင်းထုတ်ပြန်တော်မူလတ္တံ့။ ပရမတ်ဘုရားရှင်သည်ကားသဗ္ဗလုံးစုံ သိနေသောအရှင် ဖြစ်၏။
ဓမ္မခန္ဓာ (၂၄) ဤတွင် ပြီး၏။
ဓမ္မခန္ဓာ (၂၅) “ခွဲခြမ်းစိတ်ဖြာဖွင့်ဆိုချက်”
ဉာဏ်စဉ်ကိန်းပေးမှု အမှတ်စဉ်- ၄၂။ သုတ်ဒေသနာ- ၇၇ ပါး။
ကရုဏာရှင် အကြင်နာရှင် ဖြစ်တော်မူသော ပရမတ်ဘုရားရှင်၏ ဂုဏ်တော်အားဖြင့် -
၂၅း၁။ လောကခပ်သိမ်းအတွက် သတိပေးသူ ဖြစ်စေခြင်းငှာ အရှင့် အမှုတော်ဆောင်၏ ထံသို့ “ခွဲခြမ်းစိတ်ဖြာဖွင့်ဆိုချက်အား” ချမှတ်ပေးသည့် အရှင် သည် ကျက်သရေအပေါင်းနှင့် ပြည့်စုံတော်မူ၏။
၂၅း၂။ အရှင်သည် မိုးများနှင့် မြေကမ္ဘာ၏ အရှင်သခင် ဖြစ်၏ အချုပ်အခြာ သည် အရှင့်အတွက် ဖြစ်၏။ အရှင်၌ ကိုယ်ပွားယူထားခြင်းမရှိ၊ အရှင့် ဩဇာ အာဏာ၌ ရောပြွန်းပတ်သက်သူ ဟူ၍ မရှိ၊ အရှင်သည် သဗ္ဗလုံးစုံအားဖြစ်တည် စေရာ၌ စည်းချိန်တကျ စည်းချိန်ချမှတ်တော်မူ၏။
၂၅း၃။ အရှင် မှလွဲ၍ သူတို့က ဘုရားဟူ၍ အယူထားနေကြသည်မှာ တစ်စုံ တစ်ရာကိုမှ ဖြစ်တည်ပေးနိုင်ခြင်းမရှိ၊ သူတို့ကိုယ်တိုင် ဖြစ်တည်ခံမျှသာ ဖြစ် သော-၊ သူတို့၏ စရိုက်ကိုပင် ဆိုးကျိုးကောင်းကျိုးအစိုးမရသော၊ အနိစ္စ၊ နိစ္စနှင့် ရှင်ပြန်နိုးကြွရမည်ကို အစိုးမရသော အရာများဖြစ်နေ၏။
၂၅း၄။ ဖုံးကွယ်သော သူတို့က “ဤသည် သူ လုပ်ကြံဖန်တီးသော လုပ်ဇတ် မျှသာ ဖြစ်၏။ ထိုအတွက် အခြားလူမျိုးက သူ့အားပံ့ပိုးကြ၏၊ သို့ဖြင့် အဝိဇ္ဇာ တရားနှင့် လှည့်ပတ်ပြောဆိုခြင်းကို သူတို့ ရောက်လာစေကြပြီ၊”ဟု ဆိုကြ၏။
၂၅း၅။“သူ သီကုံးသော ရှေးဟောင်းဒဏ္ဍာရီများသာ ဖြစ်၍ သူတို့က သူ့အားနံနက်နှင့် နေကျချိန်တွင် အချိန်ပေးနေ၏၊”ဟုလည်းဆိုကြ၏။
၂၅း၆။ ဟောလော့ “မိုးများနှင့် ကမ္ဘာအတွင်းလျှို့ဝှက်ချက်များကို သိနေ တော်မူသော အရှင်က ၎င်းကို ချမှတ်ပေးခြင်းဖြစ်၏။ ဧကန်ပင် အရှင်သည် လွတ်ငြိမ်းစေသော အရှင် အကြင်နာရှင် ဖြစ်တော်မူ၏။”
၂၅း၇။ သူတို့ ပြောကြသည်မှာ “မည်သို့ ဉာဏ်စဉ်ဆောင် ဖြစ်လေသနည်း၊ အစာလည်းစား၏၊ ဈေးများ၌လည်းသွားလာ၏၊ သူနှင့်အတူ သတိပေးသူ အဖြစ် သူ့ထံသို့ အဘယ်ကြောင့် နတ်ဒေ၀တာ တစ်ပါးကို တာဝန်မချပေးသနည်း-
၂၅း၈။ သို့မဟုတ်၊ သူ့ထံသို့ အခင်းအကျင်းရတနာများနှင့် သူစားသုံးရန် ဥယျာဉ် တစ်ခု မရှိရလေခြင်း၊”ဟု ဖြစ်၏။ အမိုက်ကောင်များမှ “သင်တို့သည် ပြုစားခံရသော လူ၏ နောက်သို့ လိုက်နေကြသည်သာ ဖြစ်၏။”ဟု ဆိုသူ ရှိ၏။
၂၅း၉။ သင့်အားမည်သို့ ပမာဆောင် ဥပမာပေးကြသည်ကို ကြည့်လော့၊ သူတို့မှာကားလမ်းလွဲသွားကြကုန်၏၊ အခြားတတ်နိုင်သည့် လမ်းစဉ်လည်းမရှိ ကြ။
၂၅း၁၀။ ကျက်သရေရှိတော်မူသော အရှင်သည် စံချိန်ပြည့်မှီသည်နှင့် အညီ ဤထက်ပို၍ ကောင်းမွန်သော၊ အောက်ခင်း၌ စမ်းချောင်းရေသွင် စီးဆင်းနေသော ဥယျာဉ်များကို သင့်အတွက် စီစဉ်ပေးတော်မူလတ္တံ့၊ ရပ်နားရာစခန်းများကိုလည်းသင့်အတွက် စီစဉ်ပေးတော်မူလတ္တံ့။
၂၅း၁၁။ အမှန်မှာ သူတို့သည် အချိန်နာရီအားငြင်းဆန်ခြင်းသာ ဖြစ်၏။ အချိန်နာရီအားငြင်းဆန် သူအတွက် မီးလောင်စာကို ငါ ပြင်ဆင်ထားလေပြီ။
၂၅း၁၂။ ၎င်းအားနောက်ကျန်ရစ်သော အရပ်မှ မြင်ရလျှင်ပင် ဒေါသသံ ညီးတွားသံကို ကြားရလေ၏။
၂၅း၁၃။ သူတို့အားအကျဉ်းအကျပ်ထဲ၌ အသီလိုက် ခင်းကျင်းခံရသော အခါ၊ ဖျက်ပယ်မှုကို ညီးတွားအော်တောင်းကြ၏။
၂၅း၁၄။ ဤနေ့၌ ဖျက်ပယ်မှု တစ်ခု အတွက် အော်မနေကြနှင့်၊ ဖျက်ပယ်မှု များစွာကို အော်တောင်းကြလော့၊
၂၅း၁၅။ ဟောလော့ “သို့တည်းမဟုတ် စည်းစောင့်သူများအတွက် ကတိထားတော်မူသော ထာ၀ရသုခဘုံထက်- ဤသည်က ပို၍ ကောင်းဘိသလော။ သုခဘုံ သည် သူတို့အတွက် အစားပေးမှုနှင့် ပန်းတိုင်ပင် ဖြစ်၏။”
၂၅း၁၆။ ထို၌ သူတို့အတွက် စံချိန်ပြည့်မှီရာသည် ရှိ၍၊ အစဉ်စံစားရမည်ပင်။ ၎င်းသည် တောင်းခံသူများအတွက် သင့် ကံကြမ္မာရှင်၏ ကတိတော်ပင် ဖြစ်၏။
၂၅း၁၇။ ပရမတ်ဘုရားရှင် မှလွဲ၍ သူတို့၏ကိုးကွယ်ရာများနှင့် သူတို့အားစုစည်းစေသော နေ့ကာလ၌၊ “ငါ့ အမှုဆောင် ထိုသူတို့အားသင်တို့က လမ်းလွဲစေ သလော၊ သို့တည်းမဟုတ် သူတို့ကိုယ်သူတို့ လွဲမှားသော လမ်းစဉ်ကို ရွေးကြသ လော၊”ဟု မေးတော်မူလတ္တံ့။
၂၅း၁၈။ သူတို့က “အရှင့်အားဦးထိပ်ထားပါ၏၊ အရှင် မှလွဲ၍ အရှင်သခင် များအယူထားရန် တပည့်တော်တို့ မရှာခဲ့ပါ။ သို့ရာတွင် အရှင်သည် သူတို့နှင့် သူတို့၏ ဘဘိုးတို့အားသတိပေးတရားတော်ကို မေ့ပစ်သည်ထိ ချမ်းမြေ့မှု ပေးခဲ့ ၍၊ သူတို့သည် ပျက်စီးကြေမွရမည့် လူမျိုးဖြစ်ရပါ၏၊”ဟု လျှောက်တင်ကြ၏။
၂၅း၁၉။ သင်တို့၏ ပြောဆိုမှု၌ပင် သင်တို့သည် မုချ ငြင်းဆန်နေကြပြီ။ သင်တို့၌ တန်ပြန်ရန် တတ်နိုင်ခြင်းမရှိ၊ အကူအညီလည်းမရှိကြ။ သင်တို့အနက်မှ မိုက်ကြေးခွဲသူအားကြီးမားသော ဝဋ်ကြွေးဒဏ်ကို မြည်းစမ်းစေမည်ပင်။
၂၅း၂၀။ သင့်မတိုင်မှီ ဉာဏ်စဉ်ဆောင်များကို- သူတို့မှ အစာ မစားသော၊ ဈေးများတွင် မသွားလာသော သူ ဟူ၍ ငါ စေစားခဲ့ခြင်းမရှိချေ။ ငါသည် သင်တို့မှ အချို့ကို အချို့အတွက် စမ်းသပ်ရန် စီစဉ်တော်မူပြီ။ သည်းခံတရားရှိကြမည် မဟုတ်လော၊ သင့်ကံကြမ္မာရှင်သည် မြင်နေတော်မူသော အရှင် ဖြစ်၏။
၂၅း၂၁။ ငါ့အားဖူးတွေ့ရမည်ကို မမျှော်ကိုးသော သူတို့က “ကျွန်ုပ်တို့ထံသို့ နတ်ဒေ၀တာများကို အဘယ်ကြောင့် တာဝန်မချ ပေးသနည်း၊ သို့မဟုတ် ကျွန်ုပ်တို့ ၏ ကံကြမ္မာရှင်အားအဘယ်ကြောင့် မမြင်ရလေသနည်း၊”ဟု ဆိုကြ၏။ မုချပင် သူတို့သည် မာနကြီးသော ဉာဉ်စရိုက်၌ ရှိ၍၊ ကြီးသော အာခံခြင်းဖြင့် အာခံ၏။
၂၅း၂၂။ နိမိတ်ဆောင်များကို မြင်တွေ့ရသော နေ့ကာလ၌ ရာဇဝတ်ကောင်များအတွက် ထိုနေ့တွင် သတင်းကောင်းမရှိချေ၊ ထိုအခါ “ကျောက်တံတိုင်းကျောက် ထရံကြီးရှိပါစေ၊”ဟု ပြောဆိုကြ၏။
၂၅း၂၃။ ငါသည် သူတို့ကျင့်ကြံခဲ့သော ကျင့်ကြံမှု အပေါ် စုံရပ်စေ၏။ သူတို့အားဝဲလွင့်သော အမှုန့်များအဖြစ် စီစဉ်တော်မူအံ့။
၂၅း၂၄။ ထိုနေ့၌ သုခဘုံ အဖေါ်များအတွက် ပိုကောင်း၍ အတင့်တယ်ဆုံးတည်ငြိမ်သည့် မှိန်းစက်ရာများရှိစေလတ္တံ့။
၂၅း၂၅။ ကောင်းကင်သည် တိမ်လိပ်များဖြင့် ပြိုကွဲ၍၊ တာဝန်ချခံရသော နိမိတ်ဆောင်များအားတာဝန်ချသော နေ့။
၂၅း၂၆။ ကရုဏာတော်အရှင်သည် ထိုနေ့အားအစစ်အမှန် အစိုးရ၏။ ၎င်းသည် ဖုံးကွယ်သူတို့ အတွက် ပြဿဒါးနေ့ ဖြစ်၏။
၂၅း၂၇။ အမိုက်ကောင်သည် သူ့လက်ကို ကိုက်လျက် ထိုနေ့၌ ဆိုမည်မှာ “ကျွန်ုပ်များနှယ်၊ ဉာဏ်စဉ်ဆောင်၏ လမ်းစဉ်အားအယူထားခဲ့လျှင် တော်လေစွ၊
၂၅း၂၈။ အိုး-ပျက်စီးရလေပြီ-။ ကျွန်ုပ်အားပျက်စီးရစေသော ဤအရာအားအတွင်းလူ အဖြစ် မယူခဲ့လျှင် ကောင်းလေစွ၊
၂၅း၂၉။ ကျွန်ုပ်ထံသို့ သတိပေးတရားတော် ရောက်ရှိ လာပြီးမှ သူက ကျွန်ုပ်အားလမ်းလွဲစေခဲ့ပြီ၊ မကောင်းဆိုးဝါးသည် လူသားအားစွန့်ပစ်သွားလေ့ရှိသူ ဖြစ်သည်။” ဟူ၏။
၂၅း၃၀။ ဉာဏ်စဉ်တော်ဆောင်က “အို- ကံကြမ္မာရှင်၊ တပည့်တော်၏ လူမျိုးသည် ဤကုရ်အာန်ကျမ်းအားခွဲခွာရန် အယူပိုက်ကြလေပြီ၊”ဟု ပြောဆိုလတ္တံ့။
၂၅း၃၁။ ဤသို့ သတင်းတော်ဆောင် ကိုယ်စီအတွက် ရာဇဝတ်ကောင်များမှ စည်းဖေါက်သူ ကို ငါ စီစဉ်တော်မူပြီ။ သင့် ကံကြမ္မာရှင်သည် လမ်းညွှန်သော အရှင်၊ ကူညီသော အရှင် အဖြစ် လုံလောက်တော်မူ၏။
၂၅း၃၂။ ဖုံးကွယ်သော သူများက “ကုရ်အာန်ကျမ်းအားအဘယ့်ကြောင့် ဝါကျ တစ်သီတည်းချမှတ်မပေးသနည်း၊” ဟု ဆိုကြ၏။ ဤနည်းဖြင့်၊ ၎င်းအားသင့် စိတ် ခိုင်မာစေ၏။ ၎င်းကို ကျနသော ရွတ်ဆိုခြင်းဖြင့် ငါ ရွတ်ဆိုစေတော်မူ၏။
၂၅း၃၃။ သူတို့သည် သင့်အားဥပမာပေး၍ပင် မတင်ပြနိုင်ချေ၊ ငါအရှင်က သင့်ထံသို့ သစ္စာ တရားနှင့် အတင့်တယ်ဆုံးအထကထာကို ရောက်လာစေတော်မူပြီ။
၂၅း၃၄။ ငရဲဘုံသို့ မျက်နှာဇောက်ထိုးဆွဲစုခံရသောသူ၊ ထိုသူတို့သည် အဆိုးဆုံးအဆင့်သို့ ဆိုက်ရလျက် လမ်းစဉ်တော်မှ ပို၍ လွဲချော်ရလေ၏။
၂၅း၃၅။ မုချပင်၊ ငါသည် မူဆာအားကျမ်းတော် ချီးမြှင့်၍ သူ၏ သံဝန်ထမ်းအဖြစ် သူ့အစ်ကို ဟာရွန်အားစီစဉ်ပေးလျက်-
၂၅း၃၆။ “ငါ၏ သုတ်ဒေသနာတော်များဖြင့် ငြင်းဆန်သော လူမျိုးထံသို့ သင်တို့ သွားကြလော့၊” ဟု ငါ မိန့်၏။ သို့ဖြင့် ထိုသူတို့အားပျက်စီးခြင်းအတိဖြင့် ပျက်စီးစေတော်မူလိုက်၏။
၂၅း၃၇။ နူးဟ်၏ လူမျိုးတို့၊ သူတို့သည် ဉာဏ်စဉ်ဆောင်အားငြင်းဆန်သော အခါ၊ ထိုသူတို့အားနစ်မြုပ်စေတော်မူ၍၊ လူသားတို့ အတွက် သက်သေလက္ခဏာ အဖြစ် စီစဉ်တော်မူ၏။ အမိုက်ကောင်များအတွက် စူးနစ်သော ဝဋ်ကြွေးဒဏ်ကို ငါ ပြင်ဆင်ထား၏။
၂၅း၃၈။ အာ့ဒ်၊ သမု-ဒ် နှင့် ရာ့ဆ်၏ ပေါင်းဖေါ်များနှင့်၊ ထိုစပ်ကြားမှ များစွာသော မျိုးဆက်များ၊-
၂၅း၃၉။ သူတို့ ကိုယ်စီအားပမာဆောင် ဥပမာပေးသော် လည်း၊ ကိုယ်စီကိုယ်ငှ အဖျက်ဆီးကြီးဖျက်ဆီးခံရလတ္တံ့။
၂၅း၄၀။ သူတို့သည် အကုသိုလ် မိုးကြီးဖြင့် မိုးကြီးထိထားသော အရပ်ဒေသ သို့ ဖြတ်သွားဘူးကြ၏။ ၎င်းကို သူတို့ မမြင်တတ်သလော၊ အမှန်မှာ သူတို့သည် ရှင်ပြန်နိုးကြားရမည်ကို မမျှော်လင့်ခြင်းသာ ဖြစ်၏။
၂၅း၄၁။ သင့်ကို သူတို့ တွေ့မြင်သောအခါ၊ ဤသူသည် ပရမတ်ဘုရားရှင်က ပွင့်ပေါ်စေသော ဉာဏ်စဉ်တော်ဆောင် ဆိုပဲ၊”ဟု လှောင်ပြောင်စရာ အဖြစ်သာ ယူမှတ်ကြ၍-
၂၅း၄၂။ ကျွန်ုပ်တို့သာ ကျွန်ုပ်တို့၏ ဘုရားများအပေါ်၌ ခန္တီကြီးစွာ မရှိခဲ့ လျှင် သူက ကျွန်ုပ်တို့အားထိုမှ လွဲမှားစေမတတ်ပင် ဟု ဆို၏။ ဝဋ်ကြွေးဒဏ်အားမြင်ရချိန်၌ မည်သူသည် အပါယ် လမ်းစဉ်၌ ရှိသည်ကို သူတို့ သိကြရလတ္တံ့။
၂၅း၄၃။ မိမိ၏ လိုဘအားဘုရားဟု အယူထားသူကို သင် မြင်မိသလော၊ သူသည် သင့်အတွက် ကိုးစားထိုက်သူ ဖြစ်သလော။
၂၅း၄၄။ သို့တည်းမဟုတ် သူတို့မှ အများစုကြီးသည် ကြားနာနိုင်သည်၊ အတွေးအခေါ်ရှိကြသည်ဟု သင် စဉ်းစားသလော၊ သူတို့ သည် တိရိစ္ဆာန် ကဲ့သို့မျှသာ ဖြစ်၏။ အမှန်မှာ သူတို့သည် အပါယ် လမ်းစဉ်၌ ရှိကြ၏။
၂၅း၄၅။ သင့်ကံကြမ္မာရှင်သည် အရိပ်အားမည်သို့ တိုးရွေ့စေသည်ကို သင် မရှုစားမိသလော၊ စံချိန်ပြည့်ခဲ့လေသော် ငါသည် ၎င်းကို မြဲတည်ရန် စီစဉ်နိုင်၏။ ငါသည် နေကို ၎င်းအတွက် လမ်းညွှန် အဖြစ် စီစဉ်တော်မူ၏။
၂၅း၄၆။ တဖန် ငါ့ထံသို့ ၎င်းကို လွယ်လွယ်ကူကူ ဆုတ်- ဆုတ်လာစေ၏။
၂၅း၄၇။ အရှင်သည် သင်တို့အတွက် ညကို အဆင်အယင် အဖြစ်၊ အိပ်စက် နားနေဘို့ရာ အဖြစ် စီစဉ်ပေးတော်မူ၏။ နေ့ကို ရှင်ပြန်နိုးကြွဘို့ရာ စီစဉ်ပေးတော်မူ၏။
၂၅း၄၈။ အရှင့် ကရုဏာ၏ လက်ရှိ-ရှေ့မှောက် သတင်းကောင်းအဖြစ် လေများကို အရှင် စေစားတော်မူ၏။ ကောင်းကင်ယံမှ သန့်စင်သော ရေကို သွန်းချ စေတော်မူ၏။
၂၅း၄၉။ ၎င်းဖြင့် သေနေသော မြို့အားရှင်သန်စေတော်မူ၏။ ၎င်းဖြင့် ငါ ဖြစ်တည်ပေးသည့် လူသားတိရိစ္ဆာန် များစွာတို့ကို ရေတိုက်ကျွေး၏။
၂၅း၅၀။ သူတို့သည် ဆင်ခြင်သတိရရှိရန် သူတို့ကြား၌ ငါ ထပ်တလဲလဲရှင်းပြ စေ၏၊ သို့သော် လူသားအများစုကြီးသည် ဖီဆန်လျက် ဖုံးကွယ်ခြင်းကိုသာ ပြု၏။
၂၅း၅၁။ စံချိန်ပြည့်မှီခဲ့သည်ရှိသော် အရပ်ဒေသတိုင်းတွင် သတိပေးသူ တစ်ဦးစီ ပွင့်ပေါ် စေတော်မူလတ္တံ့။
၂၅း၅၂။ ဖုံးကွယ်သူများကို မနာခံနှင့်၊ သူတို့ကို ဆန့်ကျင်၍ ကုရ်အာန်အားဖြင့် ကြီးသော အားစိုက်မှုဖြင့် အားစိုက်ဆောင်ရွက်ကြလော့။
၂၅း၅၃။ အရှင်သည် ပင်လယ်နှစ်ခုအားအရှိန်သေစေ၍၊ ဤသည် ခံစားရ ချို၍ ဤသည် ဆားဓါတ် ငံတူးစေ၏။ အရှင်သည် ထိုနှစ်ခုကြားရင်ချင်းကပ်လျက် ကျောက်ချပ် အုတ်မြစ် ခွဲ၍ စီစဉ်ထားတော်မူပြီ။
၂၅း၅၄။ အရှင်သည် လူပုဂ္ဂိုလ်ကို ရေမှ ဖြစ်တည်စေတော်မူ၍၊ သွေးသားများ၊ အိမ်ထောင်ဘက် အမျိုးများကို စီစဉ်ပေးတော်မူပြီ။ သင့် ကံကြမ္မာရှင်သည် စည်းချိန်ချမှတ်သော အရှင် ဖြစ်၏။
၂၅း၅၅။ သူတို့သည်ကားပရမတ်ဘုရားရှင် မှလွဲ၍ သူတို့အားကောင်းကျိုးဆိုးကျိုးမပေးနိုင်ရာများကို ကိုးကွယ်ကြကုန်၏။ ဖုံးကွယ်သူသည် သူ၏ ကံကြမ္မာရှင်အားကျောခိုင်းပစ်သူ ဖြစ်၏။
၂၅း၅၆။ သင့်အားသတင်းကောင်းပါးသူ သတိပေးသူများအဖြစ်ဖြင့်သာ ငါ စေစားတော်မူ၏။
၂၅း၅၇။ ဟောလော့ “ကံကြမ္မာရှင်၏ လမ်းစဉ်သို့ အယူထားရာ၌ စံချိန်ပြည့်မှီသူ ဖြစ်ရန်သာ- ထို့အတွက် သင်တို့ထံ၌ ကျွန်ုပ်သည် အကျိုးဆုလဒ် မတောင်းခံချေ။-
၂၅း၅၈။ နိစ္စဓူ၀ ဖြစ်သော မရဏတရားမလွမ်းနိုင်သော အရှင့်ကိုသာ ကိုးစားကြလော့၊ အရှင့်အားရည်သန်စူးစိုက် ဦးထိပ်ထားလော့၊ အရှင်သည် အမှုတော်ဆောင်များ၏ အပြစ်များကို လုံလောက်စွာ သတင်းသိနေတော်မူ၏။
၂၅း၅၉။ အရှင်သည် မိုးများနှင့် မြေကမ္ဘာ၊ ထိုနှစ်ခုကြားရှိသည်များကို ကာလခြောက်ခုဖြင့် ဖြစ်တည်စေတော်မူ၏။ ထို့နောက် ထပ်ဆင့်ကွပ်ကဲမှုကို ပုံစံချ ပေးသော ကရုဏာရှင် ဖြစ်တော်မူ၏။ အရှင့်အကြောင်းကို သတင်းရသူများထံ၌ မေးမြန်းကြလော့။
၂၅း၆၀။ သူတို့အားကရုဏာတော် အရှင်ကိုသာ ဦးချရိုကျိုးကြရန် ပြောဆို သောအခါ၊ ကရုဏာရှင်ဆိုသည်မှာ မည်သည့် အရာနည်း၊ သင် ညွှန်ကြားသည့် အတိုင်းကျွန်ုပ်တို့ ဦးချရိုကျိုးရမည်လော ဟု ပြန်ပြောကြ၏။ သို့ဖြင့် သူတို့သည် စစ်သွေးကြွစိတ်ကိုသာ တိုးပွားကြလေ၏။
၂၅း၆၁။ အာကာသ၌ နဂါးငွေ့တန်းများကို စီစဉ်တော်မူသော၊ ထိုအထဲ၌ လင်းရောင်ခြည်နှင့် အလင်းရောင်ဝါ လတို့ကို စီစဉ်ပေးသော အရှင်သည် ကျက်သရေ အပေါင်းနှင့်ပြည့်စုံသော အရှင် ဖြစ်၏။
၂၅း၆၂။ ဆင်ခြင်သတိ ရှိလိုသူ၊ ကျေးဇူးသိတတ်လိုသူများအတွက် အရှင်သည် နေ့နှင့် ညကို အလှည့်ကျ စီစဉ်ထားတော်မူ၏။
၂၅း၆၃။ ကရုဏာရှင်၏ အမှုတော်ဆောင်များသည် ကမ္ဘပေါ်၌ နှိမ့်ချစွာ သွားလာ သောသူများဖြစ်ကြ၏။ ပညာမဲ့များကို တင်ပြပြောဆိုသော အခါ ငြိမ်းချမ်းပါစေဟု ပြောကြ၏။
၂၅း၆၄။ သူတို့သည် သူတို့၏ ကံကြမ္မာရှင်အားဦးချလျက်၊ ခိုင်မာစွာ ရပ်တည်လျက် ညပိုင်းကို ကျော်လွန်စေကြ၏။
၂၅း၆၅။ သူတို့က “အို- ကံကြမ္မာရှင် ငရဲဘုံ၏ ဝဋ်ကြွေးသည် တပည့်တော်တို့ ထံမှ ဘက်ပြန်စေတော်မူပါ၊ ဧကန်ပင် ဝဋ်ကြွေးသည် အကြွေးဆိုးဖြစ်ပါ၏။
၂၅း၆၆။ ၎င်းသည် အကုသိုလ် တည်မြဲခြင်းရပ်တည်ရာ ဖြစ်ပါ၏”ဟု ဖြစ်၏၊ ဆုတောင်းကြကုန်၏၊
၂၅း၆၇။ ပေးကမ်းသုံးစွဲသော အခါ အလွဲသုံးစားမဟုတ်၊ စေတနာမွဲ မဟုတ် ထိုနှစ်ခုကြားရပ်တည် သူသောတို့၊
၂၅း၆၈။ သူတို့သည် ပရမတ်ဘုရားရှင်နှင့်အတူ အခြားသော ဘုရားထား၍ ဆုတောင်းခြင်းမရှိကြ။ သစ္စာဓမ္မ အတွက်မှ အပ ပရမတ်ဘုရားရှင်က တားမြစ်သည့် အတိုင်းဉာဉ်စရိုက်ကို မသတ်ဖြတ်ကြ၊ အပြစ် ရှိခြင်းကို တွေ့ရမည့် လိင်စည်းဖေါက်ခြင်းများကို ပြုလုပ်ခြင်းကင်းကြ၏၊
၂၅း၆၉။ ထို(လိင်စည်းဖေါက်ခြင်း)အတွက် ရပ်တည်ရသော နေ့၌ နလံပြန်ထူ လာသော ထို၌ အစဉ်အမြဲ နှိမ့်ချခံရမည်ဖြစ်သော ဝဋ်ကြွေးသည် ရှိ၏။
၂၅း၇၀။ သို့သော် ခဝါချသူ ယုံကြည်၍၊ ပြုပြင်ပြောင်းလဲသော အကျင့်ကို ကျင့်ကြံသူ၊ သူတို့အတွက် ပရမတ်ဘုရားရှင်သည် အကုသိုလ်များကို လွှဲပြောင်းလျက် တင့်တယ်စေတော်မူမည်ပင်၊ ဧကပန်ပင် ပရမတ်ဘုရားရှင်သည် လွတ်ငြိမ်းစေသော အရှင်၊ အကြင်နာရှင် ဖြစ်တော်မူ၏။
၂၅း၇၁။ ခဝါချသူ ပြုပြင်ပြောင်းလဲ ခြင်းကို ကျင့်ကြံသူ၊ ဧကန်ပင် သူသည် ပရမတ်ဘုရားရှင်ထံသို့ ခဝါချခြင်းဖြင့် ခဝါချသူ ဖြစ်၏။
၂၅း၇၂။ သူတို့သည် လှည့်ပတ်ပြောဆို သက်သေလိုက်ခြင်းမရှိ၊ ပွစိပွစိ လုပ်နေရာများသို့ ဖြတ်သွားသောအခါ၊ ဂုဏ်ကျက်သရေ ရှိရှိ ဖြတ်သွားကြကုန်၏။
၂၅း၇၃။ သူတို့၏ ကံကြမ္မာရှင်ထံမှ သုတ်ဒေသနာများကို သတိဖေါ်ပေးသော အခါ၊ သူတို့သည် ပင်းနေ ကန်းနေသော ပြဝပ်သူများမဟုတ်ချေ။
၂၅း၇၄။ သူတို့က “အို- ကံကြမ္မာရှင်၊ တပည့်တော်တို့၏ အိမ်ထောင်ဘက်များ၊ သားစဉ်မြေးဆက် များဖြင့် တပည့်တော်တို့၏ မျက်လုံးများတည်ငြိမ်အေးချမ်းမှုကို ချီးမြှင့်တော်မူပါ၊ တပည့်တော်တို့အားစည်းစောင့်သူများအတွက် ရှေ့ဆောင်ရှေ့ရပ် အဖြစ် စီစဉ် ပေးတော်မူပါ၊”ဟု ဆုတောင်း၏။
၂၅း၇၅။ သူတို့၏ သည်းခံမှုများကြောင့် လုံးချင်းအိမ်ယာများအစားပေးခံရ လတ္တံ့။ ထို၌ ပျူငှာခြင်း၊ ငြိမ်းချမ်းစေခြင်းများတွေ့ရလတ္တံ့။
၂၅း၇၆။ ထို၌ အစဉ် စံစားရ လတ္တံ့၊ ၎င်းသည် အတင့်တယ်ဆုံးတည်ရာနှင့် ရပ်တည်ရာဘုံ ဖြစ်၏။
၂၅း၇၇။ ဟောလော့ “သင်တို့၏ ဆုတောင်းခြင်းသာ မရှိလျှင်၊ ကံကြမ္မာရှင် သည် သင်တို့အားအရေးတယူရှိမည် မဟုတ်၊ သို့သော် သင်တို့သည် မုချ ငြင်းဆန် ကြပြီ၊ ၎င်းသည် မကြာမှီ တွန်းအားဖြစ်လာလတ္တံ့။
ဓမ္မခန္ဓာ (၂၅) ဤတွင် ပြီး၏။
ဓမ္မခန္ဓာ (၂၆) “ကဗျာဆရာများ”
ဉာဏ်စဉ်ကိန်းပေးမှု အမှတ်စဉ်- ၄၇။ သုတ်ဒေသနာ- ၂၂၇ ပါး။
ကရုဏာရှင် အကြင်နာရှင် ဖြစ်တော်မူသော ပရမတ်ဘုရားရှင်၏ ဂုဏ်တော်အားဖြင့် -
၂၆း၁။ “ဆိုင်းနိုင်းတောင်၌ မူဆာအားချမှတ်ပေးသော ကျမ်းတော်ကဲ့သို့”
၂၆း၂။ ဤသည် ရှင်းလင်းထင်ရှားသော ကျမ်းတော်၏ သုတ်ဒေသနာတော်များဖြစ်၏။
၂၆း၃။ သူတို့၏ မယုံကြည်မှုများကြောင့် သင့်စိတ်ကိုသင် ဖြေမဆယ်နိုင် ဖြစ် ရာ၏။
၂၆း၄။ စံချိန်ပြည့်မှီလျှင် သူတို့၏ လည်ဂုတ်ကို ခွစီးကုပ်တွယ်စေမည့် ကောင်းကင်ယံမှ သက်သေလက္ခဏာတော်ကို ငါ ချမှတ်ပေးလတ္တံ့။
၂၆း၅။ ကရုဏာရှင်၏ ထံမှ သူတို့ထံသို့ သတိပေးဆင့်ပြန်မှု ပေးရောက်တိုင်း၎င်းအားဘောင်ကန့်ထားသူများသာ ဖြစ်ကြ၍-
၂၆း၆။ မုချ ငြင်းဆန်ကြပြန်ပြီ၊ သို့ဖြစ်၍- သူတို့၏ လှောင်ပြောင် လေ့ ရှိခဲ့သော သတင်းအားသူတို့ထံသို့ ပေးရောက်လာလတ္တံ့။
၂၆း၇။ သို့မဟုတ် မြေကမ္ဘာသို့ မရှုမြင်ကြသလော၊ ထို၌ ကျက်သရေရှိသော စုဖွဲ့ကိုယ်စီ မည်မျှကို ငါ ဖြစ်ထွန်းစေသနည်း။
၂၆း၈။ ဧကန်ပင်၊ ၎င်း၌ သက်သေ လက္ခဏာရပ် ရှိနေ၏။ သို့သော် သူတို့မှ အများစုကြီးသည် ယုံကြည်ကြသည် မဟုတ်ချေ။
၂၆း၉။ ဧကန်ပင်- သင့်ကံကြမ္မာရှင်သည် ဘုန်းတော်ရှင် အကြင်နာရှင် ဖြစ် တော်မူ၏။
၂၆း၁၀။ သင့်ကံကြမ္မာရှင်က မူဆာအား“မုချ – အရောက်သွားလော့ မိုက် ကြေးခွဲနေသည့် လူမျိုးဖြစ်သော-
၂၆း၁၁။ ဖာရိုး၏ လူမျိုးထံသို့၊၊ သူတို့အားစည်းစောင့် စေရန်”ဟု ဆင့်ဆိုတော်မူ၏။
၂၆း၁၂။ သူက “အို- ကံကြမ္မာရှင်၊ သူတို့၏ ငြင်းဆန်မည်ကို တပည့်တော် စိုးရိမ်ပါ၏၊”
၂၆း၁၃။“တပည့်တော်၏ ရင်သည် မွန်းကျပ်လှပါ၏၊ တပည့်တော်၏ လျှာသည် စကားမထွက်နိုင်ပါ၊ သို့ဖြစ်၍ ဟာရွန်ကိုလည်းစေစားပေးပါ၊”
၂၆း၁၄။“တပည့်တော်၏ အပေါ်တွင် သူတို့၏ ပြစ်ဒဏ်ရှိပါ၏။ သို့ဖြစ်၍ သူတို့၏ သတ်ဖြတ်မည်ကို ကြောက်မိပါ၏၊”ဟု လျှောက်ထားသော်-
၂၆း၁၅။ အရှင်က “အကြောင်းမရှိ၊ သင်တို့သည် ငါ့ သုတ်ဒေသနာများဖြင့် သွားကြလော့၊ ငါသည် သင်တို့နှင့်အတူ ရှိ၏၊ ကြားသိနေတော်မူ၏၊”ဟု မိန့်၏။
၂၆း၁၆။ သို့ဖြင့် ဖာရိုးထံသို့ အရောက်သွားလျက် “ကျွန်ုပ်တို့သည် လောက ခပ်သိမ်း၏ ကံကြမ္မာရှင်ထံမှ ဉာဏ်စဉ်ဆောင်များဖြစ်၏။
၂၆း၁၇။ ဂျုးလူမျိုးများကို ကျွန်ုပ်တို့နှင့်အတူ ပါသွားစေလော့၊”ဟု ပြောသော်-
၂၆း၁၈။ သူက “ကျွန်ုပ်တို့သည် သင့်အားမွေးကင်းစမှ ကြီးထွားသည်ထိ ပြုစု ခဲ့သည် မဟုတ်လော၊ သင့် ဘ၀သံသရာမှ နှစ်များစွာကို ကျွန်ုပ်တို့ အထဲ၌ နေစေခဲ့ သည် မဟုတ်လော၊
၂၆း၁၉။ သင်ပြုလုပ်ခဲ့သော ပြုလုပ်မှု- ထိုပြုလုပ်မှုသည် ရှိနေ၏။ သင်သည်ကားဖုံးကွယ်သူများမှ ဖြစ်၏၊”ဟု ပြန်ပြော၏။
၂၆း၂၀။ မူဆာက “၎င်းကို ကျွန်ုပ် ပြုလုပ်ခဲ့သည်မှာ ကျွန်ုပ်သည် လွဲမှားနေသူ များထဲ၌ ရှိစဉ် ဖြစ်၏။
၂၆း၂၁။ သို့ဖြင့် သင်တို့ကို ကြောက်ရွံ့၍ သင်တို့ထံမှ ကျွန်ုပ် ထွက်ပြေးခဲ့၏။ ထို့နောက် ကျွန်ုပ်၏ ကံကြမ္မာရှင်သည် ကျွန်ုပ်အားဓမ္မသတ်ကို ချီးမြှင့်တော်မူ၍၊ ဉာဏ်စဉ်ဆောင်များအနက်မှ စီစဉ်ပေး၏။
၂၆း၂၂။ ကျွန်ုပ်အားဤသို့ သင် မျက်နှာသာပေးဂုဏ်ပေးလျက် ဂျူးလူမျိုးတို့အားကျွန်ဇာတ်သွင်းမည်လော၊” ဟု ပြောသော်-
၂၆း၂၃။ ဖာရိုးက “လောကခပ်သိမ်း၏ ကံကြမ္မရှင် ဆိုသည်မှာ အဘယ်အရာ နည်း၊”ဟု မေး၏။
၂၆း၂၄။ သူက “မိုးများနှင့် မြေကမ္ဘာ ထိုနှစ်ခုကြားရှိသမျှတို့၏ ကံကြမ္မာရှင် ဖြစ်၏။ သင် ဒိဌယုံကြည်နိုင်ပါစ၊”ဟု ဆို၏။
၂၆း၂၅။ ဖာရိုးက သူ့ပတ်လည်ရှိ သူများအား“မကြားကြဘူးလား၊”ဟု မေးသော်-
၂၆း၂၆။ မူဆာက “သင်တို့၏ ကံကြမ္မာရှင်၊ သင်တို့၏ ရှေးဦးပထမ ဘိုးဘတို့၏ ကံကြမ္မာရှင် ဖြစ်၏၊”ဟု ပြန်ပြော၏၊
၂၆း၂၇။ ဖာရိုးက “သင်တို့ထံသို့ စေစားသော သင်တို့၏ ဉာဏ်စဉ်ဆောင်သည် အရူးတစ်ယောက်ပင် ဖြစ်၏၊”ဟု ဆိုသော်-
၂၆း၂၈။ မူဆာက “နေထွက်ရာ နေဝင်ရာတို့ နှင့် ထိုနှစ်ခုကြားရှိသမျှတို့၏ ကံကြမ္မာရှင် ဖြစ်၏။ သင် အတွေးအခေါ် ရှိပါ လေစ၊”ဟု ပြောပြန်၏၊
၂၆း၂၉။ ဖာရိုးက “သင်သည် ကျွန်ုပ်မှအပ အခြားကို ဘုရားဟု အယူထားခဲ့ လျှင်၊ သင့်အားထောင်ကျသားတို့မှ ဖြစ်ရန် ကျွန်ုပ် စီစဉ်လတ္တံ့၊”ဟု ဆို၏။
၂၆း၃၀။ မူဆာက “အကယ်၍ ကျွန်ုပ်သည် သင့်ထံသို့ ရှင်းလင်းချက် တစ်စုံတစ်ရာအားရောက်လာစေခဲ့သော်-”ဟု မေးရာ-
၂၆း၃၁။ ဖာရိုးက “သင်သည် ဖြောင့်မှန်သူများမှ ဖြစ်လျှင် ကျွန်ုပ်အားပေးအပ်လော့၊”ဟု ပြောသဖြင့်-
၂၆း၃၂။ သူ၏ လက်ထောက်အားခင်းကျင်းသောအခါ၊ ၎င်းသည် ရှင်းလင်းထင်ရှားသော မြွေနဂါးဖြစ်လာ၏။
၂၆း၃၃။ သူ၏လက်ကို ဆွဲထုတ်လိုက်သော အခါ၊ ၎င်းသည် စောင့်ကြည့်သူတို့အဘို့ ဖြူစဉ်လျှက်ဖြစ်၏။
၂၆း၃၄။ ဖာရိုးက ပတ်လည်မှ အကြံပေးများအား“ဤသူသည် မှော် ပညာရှင် ဖြစ်၏-
၂၆း၃၅။ သူသည် သင်တို့၏နယ်မြေမှ သင်တို့အားထုတ်ယူလိုခြင်းပင် ဖြစ်၏၊ သူ့ မှော်အတတ်ဖြင့် သင်တို့အားမည်သို့ ညွှန်ကြားမည်နည်း၊” ဟု ပြောသောအခါ-
၂၆း၃၆။ သူတို့က “သူနှင့် သူ့အစ်ကိုအားစောင့်ခိုင်းထားပါ၊ မြို့နယ်များမှ စည်းရုံးရေးမှုးများဖေါ်ထုတ်၍၊
၂၆း၃၇။ မှော်ပညာရှင် ကိုယ်စီအားသင့်ထံသို့ လာရောက်စေပါ”ဟု ပြန်ပြောကြ၏။
၂၆း၃၈။ ထို့နောက် မှော်ဆရာများကို အသိပေး၍ ရက်ချိန်းနေ့၌ စုစည်းစေကာ
၂၆း၃၉။ လူထုကြီးအား“သင်တို့သည် စုစည်းကြမည်လော၊”ဟု မေးမြန်းရာ
၂၆း၄၀။ လူထုက မှော်ဆရာများက အနိုင်ရသူများဖြစ်ခဲ့သော် ကျွန်ုပ်တို့သည် သူတို့၏ နောက်သို့ လိုက်နိုင်ရာ၏၊ ဟု ဆိုကြ၏။
၂၆း၄၁။ ဖာရိုးထံသို့ မှော်ဆရာများရောက်လာစဉ်၊ “ကျွန်ုပ်တို့သည် အနိုင်ရ သူများဖြစ်ကြလျှင် ကျွန်ုပ်တို့ အတွက် အကျိုးဆုလဒ်များရှိမည်လော၊”ဟု မေးကြရာ၊
၂၆း၄၂။ သူက “ကောင်းပြီ၊ သင်တို့သည် ချည်းကပ်ခွင့်ရသူများဖြစ်ရစေမည်၊”ဟု ဆို၏။
၂၆း၄၃။ သူတို့အားမူဆာက “သင်တို့ ခင်းကျင်းစရာအားခင်းကျင်းလော့၊”ဟု ဆိုသော်
၂၆း၄၄။ သူတို့၏ ကြိုးများ၊ လက်ထောက်များကို ခင်းကျင်းစဉ်၊ သူတို့က “ဖာရိုး၏ ဘုန်းတော်ဖြင့်၊ ကျွန်ုပ်တို့သည် အနိုင်ရသူများဖြစ်ရမည်သာတည်း၊”ဟု ဆိုကြ၏။
၂၆း၄၅။ မူဆာသည် သူ၏ လက်ထောက်ကို ခင်းကျင်းစဉ်၊ ထိုအခါ ၎င်းသည် သူတို့၏ လှည့်းစားမှုတို့အားမြိုလေတော့၏။
၂၆း၄၆။ ခင်းကျင်းသော မှော်ဆရာများသည် ဦးချကြလျက်-
၂၆း၄၇။ “ကျွန်ုပ်တို့ သည် လောကခပ်သိမ်း၏ ကံကြမ္မာရှင်အားသက်ဝင်ယုံကြည်ကြပါပြီ-
၂၆း၄၈။ အရှင် သည် မူဆာနှင့် ဟာရွန်တို့၏ ကံကြမ္မာရှင် ဖြစ်ပါ၏၊”ဟု ရင့်ကျူးကြ၏။
၂၆း၄၉။ ဖာရိုးက “သင်တို့သည် ကျွန်ုပ်၏ ခွင့်ပြုချက်မရမှီ သူ့အားယုံကြည် ကြသလော၊ သူသည် သင်တို့အားမှော်အတတ် သင်ပေးသော သင်တို့၏ အကြီးအကဲ ဖြစ်ရမည်၊ သင်တို့ သိကြရလတ္တံ့၊ ကျွန်ုပ်သည် သင်တို့၏ ဆက်လုပ်မည့် လက်များခြေများကို ဖြတ်တောက်လတ္တံ့၊ သင်တို့ အားလုံးကို ကားစင်တင်ပစ် လတ္တံ့၊”ဟု ကြုံးဝါး၏။
၂၆း၅၀။ သူတို့က “မထိခိုက်ပါ၊ ကျွန်ုပ်တို့သည် ကံကြမ္မာရှင်၏ ထံသို့ ဦးလှည့် ရမည့်သူများပင် ဖြစ်၏၊
၂၆း၅၁။ ကျွန်ုပ်တို့၏ ကံကြမ္မာရှင်သည် ကျွန်ုပ်တို့အားမေ့ပြစ် များမှ လွတ်ငြိမ်းစေခြင်းကို မျှော်လင့်၏။ ကျွန်ုပ်တို့သည် ဦးဦးဖျားဖျားယုံကြည်သူ များဖြစ်လို၏၊”ဟု ပြန်ပြောကြ၏။
၂၆း၅၂။ မူဆာထံသို့ “သင်တို့အားနောက်မှ လိုက်ကြလိမ့်မည်၊ သင်သည် ငါ့ အမှုတော်ဆောင်များနှင့် အတူ ခရီးနှင်လော့၊” ဟု ငါ အာရုံဖြစ်စေ၏။
၂၆း၅၃။ ဖာရိုးက မြို့နယ်များသို့ စည်းရုံးရေးမှုးများကို စေစားလျက်-
၂၆း၅၄။ ဧကန်ပင် တစ်ဆုပ်စာ အနည်းငယ်ဖြစ်သော ထိုသူများ-
၂၆း၅၅။ ထိုသူများက ကျွန်ုပ်တို့ အားရန်စကြပြီ။
၂၆း၅၆။ ကျွန်ုပ်တို့အားလုံးသတိ၊ (ဟု တပ်လှန့်၏။)
၂၆း၅၇။ သို့ဖြင့် ငါက သူတို့ကို ထုတ်ပယ်လိုက်သည်မှာ စိမ့်စမ်းဥယျာဉ်များအတွင်းမှ-
၂၆း၅၈။ ကျက်သရေရှိသော ရတနာစီရီ ဘုံဌာနေမှ ဖြစ်၏။
၂၆း၅၉။ ဤသို့ဖြင့် ငါသည် ဂျူးလူမျိုးတို့ကို အမွေဆက်ခံစေတော်မူ၏။
၂၆း၆၀။ ဖာရိုးတပ်သည် သူတို့အားအရှေ့ဘက်မှ လိုက်၏။
၂၆း၆၁။ တပ်စု နှစ်ခု ပက်ပင်းတိုးသောအခါ မူဆာ၏ ပေါင်းဖေါ်များက “ကျွန်ုပ်တို့မှာ လွှမ်းခြုံခံရလတ္တံ့၊”ဟု ပြောကြ ၏။
၂၆း၆၂။ သူက “မဟုတ်ပြီ။ ကံကြမ္မာရှင်သည် ကျွန်ုပ်နှင့် အတူရှိ၍၊ ကျွန်ုပ်အားလမ်းညွှန်တော်မူအံ့၊”ဟု ဆို၏။
၂၆း၆၃။ မူဆာထံသို့ “သင့် လက်ထောက်ဖြင့် ပင်လယ်၀မှ ခရီးနှင်လော့၊”ဟု ငါ အာရုံဈာန်ဖြစ်စေ၏၊ သို့ဖြင့် ကွဲပြားသွားခဲ့၏။ တောင်နံရံကြီးကဲ့သို့ ကိုယ်စီ ခွဲခြားပြီးဖြစ်၏။
၂၆း၆၄။ ထိုနေရာသို့ နောက်မှလိုက်သူများကို ချည်းကပ်လာနေ စေတော်မူ၏။
၂၆း၆၅။ မူဆာ၊ သူ့နှင့်အတူ အားလုံးကို ငါ လွတ်မြောက်စေတော်မူ၍၊
၂၆း၆၆။ အခြားသူတို့အားနစ်မြုပ်စေခဲ့ပြီ။
၂၆း၆၇။ ဧကန်ပင် ဤ၌ သက်သေလက္ခဏာရပ် ရှိနေ ၏။ သို့သော် သူတို့မှ အများစုမှာ ယုံကြည်ကြသည် မဟုတ်ချေ။
၂၆း၆၈။ ဧကန်ပင်၊ သင့်ကံကြမ္မာရှင်သည် ဘုန်းတော်ရှင် အကြင်နာရှင် ဖြစ် တော်မူ၏။
၂၆း၆၉။ အီဗရာဟီးမ်၏ သတင်းအကြောင်းသူတို့အားရွတ်ပြလော့။
၂၆း၇၀။ သူက သူ့ဖခင်နှင့် သူ့လူမျိုးအား“မည်သည့် အရာကို ကိုးကွယ်နေကြသနည်း၊”ဟု မေးသော်-
၂၆း၇၁။ သူတို့က “ဆင်းတုတော်များကို ကျွန်ုပ်တို့ ကိုးကွယ်၏၊ ၎င်းတို့ကို ၀ဇီပိတ်၍ ကုပ်တွယ်ထားပြီ၊”ဟု ပြန်ပြော၏။
၂၆း၇၂။ သူက “သင်တို့ ဆုတောင်းသည်ကို ၎င်းတို့ ကြားကြသလော၊-
၂၆း၇၃။ သို့မဟုတ် သင်တို့အားအကျိုးပေးနိုင်သလော၊ အဆိုးကောပေးနိုင်သလော၊” ဟု မေးသော်-
၂၆း၇၄။ သူတို့က “အမှန်မှာ- ဤသို့ ပြုလုပ်နေသည်ကို မိရိုးဖလာ အလျောက် ကျွန်ုပ်တို့ တွေ့ရ၏၊”ဟု ပြန်ပြော၏။
၂၆း၇၅။ သူက ပြောသည်မှာ “သင်တို့ ကိုးကွယ်လေ့ ရှိရာများကို မြင်သလော၊
၂၆း၇၆။ သင်တို့နှင့် သင်တို့၏ ဘဘိုးများစုံရပ်ခံခဲ့ကြပြီ။
၂၆း၇၇။ ၎င်းတို့သည် ကျွန်ုပ်အားစည်းဖေါက်များသူ ဖြစ်၏။ ကျွန်ုပ်အတွက်မူ လောကခပ်သိမ်း၏ ကံကြမ္မာရှင်သာ ရှိ၏။
၂၆း၇၈။ ကျွန်ုပ်အားဖြစ်တည်စေသော အရှင်သည် ကျွန်ုပ်အားလမ်းညွှန်ပေး၏။
၂၆း၇၉။ ထို အရှင်သည် ကျွန်ုပ်အားအစာ ကျွေး၏၊ သောက်ရေပေး၏။
၂၆း၈၀။ ကျွန်ုပ် ဖျားသောအခါ၊ ဆေးကုပေး၏။
၂၆း၈၁။ အရှင်သည် ကျွန်ုပ်အားသေခြင်းကို ဖြစ်စေ၏၊ တဖန် ရှင်ခြင်းကို ဖြစ်စေ၏။
၂၆း၈၂။ စီရင်မိန့်ချသည့် နေ့ကာလ၌ အရှင်သည် ကျွန်ုပ်၏ မေ့မှားပြစ်များကို လွတ်ငြိမ်းစေမည်ဟု ကျွန်ုပ် မျှော်လင့်မိ၏။”ဟု ဖြစ်၏။
၂၆း၈၃။ အို- ကံကြမ္မာရှင် တပည့်တော်အားစီရင်ထုံးပြုနည်းကို ချီးမြှင့်တော် မူပါ၊ ပြုပြင်သူများဖြင့် အတူဖြစ်စေတော်မူပါ၊
၂၆း၈၄။ နောင်လာနောက်သားတို့၏ နှတ်လျှာတွင် တပည့်တော်အားသမာဓိရှင် အဖြစ် စီစဉ်ပေးတော်မူပါ။
၂၆း၈၅။ ဂုဏ်ရှိ သော သုခဘုံများ၌ အမွေစားအမွေးခံ အဖြစ် စီစဉ်ပေးတော်မူပါ၊
၂၆း၈၆။ အပါယ်လမ်း၌ ရှိနေသော တပည့်တော်၏ ဖခင်အားလွတ်ငြိမ်းခွင့်ပေးတော်မူပါ။
၂၆း၈၇။ နိုးထရမည့်နေ့ကာလ၌ တပည့်တော်သည် အရှက်ရစေသူမှ မဖြစ်ပါရ စေနှင့်။
၂၆း၈၈။ ထိုနေ့တွင် ဥစ္စာပစ္စည်း၊ သားသမီးများက အကျိုးပေးနိုင်ခြင်းမရှိချေ။
၂၆း၈၉။ ပရမတ်ဘုရားရှင်၏ ထံသို့ ငြိမ်းချမ်းသော နှလုံးသားဖြင့် လာသူ သည်သာ ကင်းလွတ်၏။
၂၆း၉၀။ စည်းစောင့်သူများဘက်သို့ သုခဘုံသည် ချည်းကပ် လာနေစေ၏။
၂၆း၉၁။ ငရဲမီးသည် တိမ်းပါးနေသူများအတွက် ချဉ်းကပ်ရာဘုံ ဖြစ်၏။
၂၆း၉၂။ သူတို့အားမေးမည်မှာ “သင်တို့ ကိုးကွယ်လေ့ရှိရာများအဘယ်မှာ နည်း-
၂၆း၉၃။ ပရမတ်ဘုရားရှင် မှလွဲ၍ သင်တို့အားကူညီနိုင်သလော၊ သို့မဟုတ် သူတို့ ကိုယ်သူတို့ ကူညီနိုင်သလော၊”ဟု ဖြစ်၏။
၂၆း၉၄။ ထို၌ အလှည့်ပြန်ခံရသူများမှာ တိမ်းပါးနေသူများနှင့်-
၂၆း၉၅။ ရှေးရိုးစွဲ တပ်အင်အားစု အားလုံးပင် ဖြစ်၏။
၂၆း၉၆။ သူတို့ချင်းအချေအတင်ဖြစ်မှု၌ ပြောကြ မည်မှာ-
၂၆း၉၇။ပရမတ်ဘုရားရှင်အားတိုင်တည်လျက်၊ ကျွန်ုပ်တို့သည်ကားရှင်းလင်းထင်ရှားသော အပါယ်လမ်း၌ ရှိကြပြီ၊
၂၆း၉၈။ ကျွန်ုပ်တို့က လောကခပ်သိမ်း၏ ကံကြမ္မာရှင်ဖြင့် ပုံစံတူဟုမှတ်သော သင်တို့-
၂၆း၉၉။ ရာဇဝတ်ကောင်များက ကျွန်ုပ်တို့ အားလမ်းမှားစေခဲ့သည်သာ-
၂၆း၁၀၀။ ကျွန်ုပ်တို့ အတွက်မူ အမျှဝေပေးနိုင်သူ မရှိလေတကား။
၂၆း၁၀၁။ နွေးထွေးသော မိတ်ဆွေမှန်လည်းမရှိလေပြီ။
၂၆း၁၀၂။ အကယ်၍ ကျွန်ုပ်တို့မှာ အလှည့် ပြန်ရခဲ့လျှင်၊ ယုံကြည်သူများအနက်မှ ဖြစ်ရပေအံ့၊”ဟု ဖြစ်၏။
၂၆း၁၀၃။ ဧကန်ပင် ဤ၌ သက်သေလက္ခဏာရပ် ရှိနေ၏၊ သို့သော် သူတို့ အများစုကြီးသည် ယုံကြည်ကြသည် မဟုတ်ချေ။
၂၆း၁၀၄။ ဧကန်ပင် သင့်ကံကြမ္မာရှင် သည် ဘုန်းတော်ရှင် အကြင်နာရှင် ဖြစ်တော်မူ၏။
၂၆း၁၀၅။ နူးဟ်၏ လူမျိုးတို့သည် ဉာဏ်စဉ်ဆောင်များကို ငြင်းဆန်ကြ၏။
၂၆း၁၀၆။ သူတို့၏ ညီနောင်ဖြစ်သော နူးဟ်က ပြောသည်မှာ “သင်တို့သည် စည်းစောင့် ကြမည် မဟုတ်လော-
၂၆း၁၀၇။ ကျွန်ုပ်သည် သင်တို့အတွက် ယုံကြည်စိတ်ချရသော ဉာဏ်စဉ်ဆောင် ဖြစ်၏၊
၂၆း၁၀၈။ ပရမတ်ဘုရားရှင်အားစည်းစောင့်ကြလော့၊ ကျွန်ုပ် အားနာခံကြကုန်လော့၊
၂၆း၁၀၉။ ကျွန်ုပ်သည် ထို့အတွက် သင်တို့ထံမှ အကျိုးဆုလဒ်ကို မတောင်းချေ၊ ကျွန်ုပ်အတွက် ဆုလဒ်မှာ လောကခပ်သိမ်း၏ ကံကြမ္မာရှင် ထံမှသာ ဖြစ်၏။
၂၆း၁၁၀။ သို့ဖြစ်၍ ပရမတ်ဘုရားရှင်အားစည်းစောင့်ကြလော့၊ ကျွန်ုပ်အားနာခံကြကုန်လော့၊”ဟု ဖြစ်၏။
၂၆း၁၁၁။ သူတို့က “ကျွန်ုပ်တို့ သင့်ကို ယုံကြည်ရမည်လော၊ သင့်အားဉာဏ်နိမ့် သူတို့သာ လိုက်နာနေကြ၏၊”ဟု ဆို၏။
၂၆း၁၁၂။ သူက ပြန်ပြောသည်မှာ “သူတို့ မည်သို့ ကျင့်ကြံလေ့ရှိသည်များကို ကျွန်ုပ် မည်သို့ သိအံ့နည်း၊”
၂၆း၁၁၃။ သူတို့အားစရင်းရှင်းခြင်းသည် ကံကြမ္မာရှင်နှင့်သာ ဆိုင်၏၊ သင်တို့ သတိမူမိ နိုင်ပါစ၊
၂၆း၁၁၄။ ကျွန်ုပ်အနေဖြင့် ယုံကြည်သူများကို မောင်းထုတ်မည် မဟုတ်ချေ-
၂၆း၁၁၅။ ကျွန်ုပ်သည်ကားရှင်းလင်းထင်ရှားသော သတိပေးသူ ဖြစ်သည်-”ဟု ဖြစ်သော်။
၂၆း၁၁၆။ သူတို့က “အသင်သည် မရပ်စဲလျှင်၊ အို- နူးဟ်၊ သင်သည် ပစ်ထုတ် ခံရသူများမှ ဖြစ်ရချေမည်၊”ဟု ဆိုကြ၏။
၂၆း၁၁၇။ သူက “အို- ကံကြမ္မာရှင်၊ တပည့်တော်၏ လူမျိုးသည် ငြင်းဆန်ကြ ပေပြီ၊
၂၆း၁၁၈။ တပည့်တော်၏ကြားသူတို့ကြား၌ ထွက်ပေါက် ဖွင့်ပေးတော်မူပါ။ တပည့်တော်၊ တပည့်တော်နှင့် အတူရှိသော ယုံကြည်သူများကို လွတ်မြောက်စေ တော်မူပါ၊”ဟု ဆုတောင်း၏။
၂၆း၁၁၉။ ငါသည် သူ၊ သူနှင့်အတူရှိသော သူတို့ကို ဝန်တင် သင်္ဘောဖြင့် လွတ်မြောက်စေတော်မူ၏။
၂၆း၁၂၀။ ထို့နောက်တွင် နောက်ကျန် တည်ရှိသူများကို နစ်မြုပ်စေခဲ့ပြီ။
၂၆း၁၂၁။ ဧကန်ပင် ဤ၌ သက်သေလက္ခဏာရပ် ရှိနေ၏၊ သို့သော် သူတို့ အများစုကြီးသည် ယုံကြည်ကြသည် မဟုတ်ချေ။
၂၆း၁၂၂၊ ဧကန်ပင် သင့်ကံကြမ္မာရှင်သည် ဘုန်းတော်ရှင် အကြင်နာရှင် ဖြစ် တော်မူ၏။
၂၆း၁၂၃။ အာဒ်- တို့သည် ဉာဏ်စဉ်ဆောင်များကို ငြင်းဆန်ခဲ့ကြပြီ။
၂၆း၁၂၄။ သူတို့၏ ညီနောင်ဖြစ်သော ဟု-ဒ်က ပြောသည်မှာ “သင်တို့သည် စည်းစောင့်ကြ မည် မဟုတ်လော၊
၂၆း၁၂၅။ ကျွန်ုပ်သည် သင်တို့အတွက် ယုံကြည်စိတ်ချရသော ဉာဏ်စဉ်ဆောင် ဖြစ်၏၊
၂၆း၁၂၆။ ပရမတ်ဘုရားရှင်အားစည်းစောင့်ကြလော့၊ ကျွန်ုပ် အားနာခံကြကုန်လော့၊
၂၆း၁၂၇။ ကျွန်ုပ်သည် ထို့အတွက် သင်တို့ထံမှ အကျိုးဆုလဒ်ကို မတောင်းချေ၊ ကျွန်ုပ်အတွက် ဆုလဒ်မှာ လောကခပ်သိမ်း၏ ကံကြမ္မာရှင် ထံမှသာ ဖြစ်၏။
၂၆း၁၂၈။ သင်တို့သည် အဓိပ္ပါယ်မဲ့ အောင်လံ ကိုယ်စီ လွှင့်ထူရန် တည်ဆောက် နေကြသလော။
၂၆း၁၂၉။ အစဉ်တည်တံ့နိုင်အံ့ငှာ တည်ဆောက်ထားသည်များကို သိမ်းယူကြကုန်၏။
၂၆း၁၃၀။ ကိုင်တွယ်သောအခါ ပုန်ကန်သူများအဖြစ် သင်တို့ ကိုင်တွယ် ကြ၏။
၂၆း၁၃၁။ ပရမတ်ဘုရားရှင်အားစည်းစောင့်ကြလော့၊ ကျွန်ုပ်အားနာခံကြကုန် လော့။
၂၆း၁၃၂။ သင်တို့ကို တိုးပွားသည့် အရှင်အားသိထားသည့်အတိုင်းစည်းစောင့်ကြ ကုန်လော့၊
၂၆း၁၃၃။ အရှင်က သင်တို့အားတိုးပွားစေသည်မှာ တိရိစ္ဆာန်များ၊ သားသမီးများ-
၂၆း၁၃၄။ ဥယျာဉ်ခြံများစိမ့်စမ်းများဖြစ်၏။
၂၆း၁၃၅။ သင်တို့အားဝဋ်ကြွေးသင့်မည့် နေ့ကြီးကို ကျွန်ုပ် ကြောက်မိသည်၊”ဟု ဖြစ်၏။
၂၆း၁၃၆။ သူတို့ ပြန်ပြောသည်မှာ “ကျွန်ုပ်တို့အားဩဝါဒပေးသည် ဖြစ်စေ၊ သို့တည်းမဟုတ် ဩဝါဒမပေးသည် ဖြစ်စေ- မထူးပြီ၊
၂၆း၁၃၇။ ဤသည်မှာကားရှေးသူ ဟောင်းတို့၏ လုပ်ဇတ်အတိုင်းသာ ဖြစ်၏။
၂၆း၁၃၈။ ကျွန်ုပ်တို့သည် ဝဋ်သင့်ကောင်များမဟုတ်ဟု-
၂၆း၁၃၉။ သူတို့သည် ငြင်းဆန်ကြကုန်၏၊ သို့ဖြင့် ငါသည် သူတို့အားတိမ်ကောစေခဲ့ပြီ။ ဧကန်ပင်၊ ဤ၌ သက်သေ လက္ခဏာရပ် ရှိနေ၏၊ သို့သော် သူတို့အများစုကြီးသည် ယုံကြည်ကြသည် မဟုတ် ချေ။
၂၆း၁၄၀။ ဧကန်ပင် သင့်ကံကြမ္မာရှင်သည် ဘုန်းတော်ရှင် အကြင်နာရှင် ဖြစ်တော်မူ၏။
၂၆း၁၄၁။ သမု-ဒ်တို့သည် ဉာဏ်စဉ်ဆောင်များကို ငြင်းဆန်ခဲ့ကြပြီ။
၂၆း၁၄၂။ သူတို့ ၏ ညီနောင်ဖြစ်သော ဆွာလေဟ်က ပြောသည်မှာ “သင်တို့သည် စည်းစောင့်ကြ မည် မဟုတ်လော၊
၂၆း၁၄၃။ ကျွန်ုပ်သည် သင်တို့အတွက် ယုံကြည်စိတ်ချရသော ဉာဏ်စဉ်တော်ဆောင် ဖြစ်၏၊
၂၆း၁၄၄။ ပရမတ်ဘုရားရှင်အားစည်းစောင့်ကြလော့၊ ကျွန်ုပ်အားနာခံကြကုန်လော့။
၂၆း၁၄၅။ ထို့အတွက် သင်တို့ထံမှ အကျိုးဆုလဒ်ကို ကျွန်ုပ် မတောင်းချေ၊ ကျွန်ုပ်အတွက် ဆုလဒ်မှာ လောကခပ်သိမ်း၏ ကံကြမ္မာရှင် ထံမှသာ ဖြစ်၏။
၂၆း၁၄၆။ သင်တို့အားအမြဲ ချန်ထားပေးမည်ဟု သင်တို့ ယုံကြည် စိတ်ချနေ ခြင်းမှာ
၂၆း၁၄၇။ ဥယျာဉ်များစိမ့်စမ်းများ၌
၂၆း၁၄၈၊ စိုက်ခင်းများသီးပွင့်နုတို့ဖြင့် စွံပလွန်ပင် များ၌
၂၆း၁၄၉။ တောင်များကို ကျွမ်းကျင်စွာ ထုဆစ်ထားသော အဆောက်အဦးများ၌- မဟုတ်ပေလော၊
၂၆း၁၅၀။ ပရမတ်ဘုရားရှင့်အားစည်းစောင့်ကြလော့၊ ကျွန်ုပ်အားနာခံကြကုန် လော့။
၂၆း၁၅၁။ အလွဲသုံးစားပြုသူများ၏ ညွှန်ကြားချက်ကို မနာခံကြကုန်နှင့်
၂၆း၁၅၂။ သူတို့ သည် မြေကမ္ဘာအားအဖျက်အနှောင့်လုပ်ကြ၏၊ ပြုပြင်ပြောင်းလဲခြင်းမရှိချေ၊”ဟု ဖြစ်၏။
၂၆း၁၅၃။ သူတို့က ပြန်ပြောသည်မှာ “အမှန်မှာ အသင်သည် ပြုစားခံရသူ များမှ ဖြစ်၏။
၂၆း၁၅၄။ အသင်သည် ကျွန်ုပ်တို့ကဲ့သို့ လူပုဂ္ဂိုလ်မျှသာ ဖြစ်၏။ သင်သည် ဖြောင့်မှန်သူများမှ ဖြစ်လျှင် သက်သေလက္ခဏာရပ်ကို ပေးအပ်လော့၊”ဟု ဖြစ် သော်-
၂၆း၁၅၅။ သူက ပြောသည်မှာ “ဤမှာ ကုလားအုပ်မ၊ အသိပေးသော နေ့တွင် သူမအတွက် သောက်ရေ၊ သင်တို့အတွက် သောက်ရေသည် ရှိစေရမည်၊-
၂၆း၁၅၆။ သူမအားအကုသိုလ်ဖြင့် မထိနှင့်၊ သို့ဖြစ်က ဝဋ်ကြွေးသင့်မည့် နေ့ကြီးက သင်တို့ အားအရေးယူလတ္တံ့၊”ဟု ဖြစ်၏။
၂၆း၁၅၇။ သူတို့သည် သူမအားမျိုးအစေကြပြီ၊ သို့ဖြင့် ယူကြုံးမရ ဖြစ်သွားရလေ၏။
၂၆း၁၅၈။ ဝဋ်ကြွေးဖြင့် သူတို့အားအရေးယူလေပြီ။ ဧကန်ပင် ဤ၌ သက်သေ လက္ခဏာရပ် ရှိနေ၏၊ သို့သော် သူတို့မှ အများစုကြီးသည် ယုံကြည်ကြသည် မဟုတ်ချေ။
၂၆း၁၅၉။ ဧကန်ပင် သင့်ကံကြမ္မာရှင်သည် ဘုန်းတော်ရှင် အကြင်နာရှင် ဖြစ်တော်မူ၏။
၂၆း၁၆၀။ လု-တ်၏ လူမျိုးတို့သည် ဉာဏ်စဉ်ဆောင်များအားငြင်းဆန်ခဲ့ ကြပြီ။
၂၆း၁၆၁။ သူတို့၏ ညီနောင်ဖြစ်သော လု-တ်က ပြောသည်မှာ “သင်တို့သည် စည်းစောင့်ကြမည် မဟုတ်လော-
၂၆း၁၆၂။ ကျွန်ုပ်သည် သင်တို့အတွက် ယုံကြည်စိတ်ချ ရသော ဉာဏ်စဉ်တော်ဆောင် ဖြစ်၏၊
၂၆း၁၆၃။ ပရမတ်ဘုရားရှင်အားစည်းစောင့်ကြ လော့၊ ကျွန်ုပ်အားနာခံကြကုန်လော့။
၂၆း၁၆၄။ ထို့အတွက် သင်တို့ထံမှ အကျိုးဆုလဒ် ကို ကျွန်ုပ် မတောင်းချေ၊ လောကခပ်သိမ်း၏ ကံကြမ္မာရှင် ထံ၌သာ ကျွန်ုပ်အတွက် ဆုလဒ်မှာ ရှိ၏။
၂၆း၁၆၅။ လောကခပ်သိမ်း၌ လိင်ဖိုများထံသို့သာ သင်တို့ လာလိုကြသလော။
၂၆း၁၆၆။ သင်တို့အတွက် သင်တို့၏ ကံကြမ္မာရှင်က ဖြစ်တည်ပေးထားသော စုဖွဲ့ဖေါ် ဇနီးများကို ချန်ခဲ့ကြသလော၊ အမှန်မှာ သင်တို့သည် စည်းဖေါက်သည့် လူမျိုးပင်-” ဟု ဖြစ်သော်-
၂၆း၁၆၇။ သူတို့က “သင်သည် မရပ်စဲလျှင်၊ အိုး- လု-တ်၊ သင်သည် မောင်းထုတ်ခံရသူအနက်မှ ဖြစ်ရလတ္တံ့၊”ဟု ပြန်ပြော၏။
၂၆း၁၆၈။ သူက “ကျွန်ုပ်သည် သင်တို့ ၏ အကျင့်အကြံများကို စက်ဆုပ်သူများမှ ဖြစ်၏၊”ဟု ပြော၍-
၂၆း၁၆၉။ အို- ကံကြမ္မာရှင် တပည့်တော်နှင့် ဝိုင်းသားတို့အားသူတို့၏ အကျင့်များမှ လွတ်မြောက်စေတော်မူပါ၊”ဟု ဆုတောင်းသဖြင့်-
၂၆း၁၇၀။ သူနှင့် သူ့ဝိုင်းသားအားလုံးကို ငါ လွတ်မြောက်စေခဲ့ပြီ။
၂၆း၁၇၁။ သို့သော် အဘွားကြီးအားကျန်ရစ်သူများမှ ဖြစ်စေ၏။
၂၆း၁၇၂။ တဖန် နောက်လူများကို ပျက်စီးစေတော်မူလိုက်၏။
၂၆း၁၇၃။ သူတို့အပေါ်သို့ မိုးကြီးရွာသွန်းစေ၏၊ သတိပေးခံရသူများအားအကုသိုလ် မိုးထိလေ၏၊
၂၆း၁၇၄။ ဧကန်ပင်၊ ဤ၌ သက်သေလက္ခဏာရပ် ရှိနေ၏၊ သို့သော် သူတို့မှ အများစုကြီးသည် ယုံကြည်ကြ သည် မဟုတ်ချေ။
၂၆း၁၇၅။ဧကန်ပင် သင့်ကံကြမ္မာရှင်သည် ဘုန်းတော်ရှင် အကြင်နာရှင် ဖြစ်တော်မူ၏။
၂၆း၁၇၆။ တောတွင်းနေ ပေါင်းဖေါ်များသည် ဉာဏ်စဉ်ဆောင်များအားငြင်းဆန်ခဲ့ကြပြီ။
၂၆း၁၇၇။ ရှုအိုက်ဘ်က ပြောသည်မှာ “သင်တို့သည် စည်းစောင့်ကြမည် မဟုတ်လော-
၂၆း၁၇၈။ ကျွန်ုပ်သည် သင်တို့အတွက် ယုံကြည်စိတ်ချရသော ဉာဏ်စဉ် ဆောင် ဖြစ်၏၊
၂၆း၁၇၉။ ပရမတ်ဘုရားရှင်အားစည်းစောင့်ကြလော့၊ ကျွန်ုပ်အားနာခံ ကြကုန်လော့။
၂၆း၁၈၀။ ထို့အတွက် သင်တို့ထံမှ အကျိုးဆုလဒ်ကို ကျွန်ုပ် မတောင်းချေ၊ ကျွန်ုပ် အတွက် ဆုလဒ်မှာ လောကခပ်သိမ်း၏ ကံကြမ္မာရှင် ထံမှသာ ဖြစ်၏။
၂၆း၁၈၁။ ကုန်ဖလှယ်ရာ၌ ပြည့်စေကြလော့၊ လျော့ပေါ့ပေးသူတို့မှ မဖြစ်စေ ကြနှင့်၊
၂၆း၁၈၂။ အချိန်အဆ မှန်စွာရပ်တည်၍ ချိန်လော့။
၂၆း၁၈၃။ လူသားတို့အတွက် သူတို့ ရမည့် အရာကို မလျော့ကြနှင့်၊ ကမ္ဘာ၌ ညစ်ညမ်းစုတ်ပဲ့၊ အဖျက်ကောင်များမဖြစ် ကြနှင့်၊
၂၆း၁၈၄။ သင်တို့နှင့် ရှေးဦးပထမ တောတွင်းမျိုးဆက်များကို ဖြစ်တည်စေသော အရှင်အားစည်းစောင့်ကြလော့၊”ဟု ဖြစ်၏။
၂၆း၁၈၅။သူတို့က ပြန်ပြောသည်မှာ “အမှန်မှာ အသင်သည် ပြုစားခံရ သူများမှ ဖြစ်၏။
၂၆း၁၈၆။ အသင်သည် ကျွန်ုပ်တို့ကဲ့သို့ လူပုဂ္ဂိုလ်မျှသာ ဖြစ်၏။ သင်သည် လူလိမ်များမှ ဟု ကျွန်ုပ်တို့ စဉ်းစားမိ၏၊
၂၆း၁၈၇။ သင်သည် ဖြောင့်မှန်သူ များမှ ဖြစ်ခဲ့လျှင် ကောင်းကင် အစိတ်စိတ် ကျွန်ုပ်တို့အပေါ်သို့ ပြိုကျစေလော့၊”ဟု ဖြစ်၏။
၂၆း၁၈၈။ သူက “ကျွန်ုပ်၏ ကံကြမ္မာရှင်သည် သင်တို့ ကျင့်ကြံသမျှအားအသိဆုံးဖြစ်တော်မူ၏”ဟု ပြန်ပြောသော်လည်း-
၂၆း၁၈၉။ သူတို့သည် သူ့အားငြင်းဆန်ကြကုန်၏၊ သို့ဖြင့် ဝဋ်ကြွေးသင့်မည့် နေ့၏ လောင်းရိပ်က သူတို့အားအရေးယူလေပြီ။ ယင်းသည် ဝဋ်ကြွေးသင့်သော နေ့ကြီးပင် ဖြစ်၏။
၂၆း၁၉၀။ ဧကန်ပင်၊ ဤ၌ သက်သေလက္ခဏာရပ် ရှိနေ၏၊ သို့သော် သူတို့မှ အများစုကြီးသည် ယုံကြည်ကြသည် မဟုတ်ချေ။
၂၆း၁၉၁။ ဧကန်ပင်၊ သင့်ကံကြမ္မာရှင်သည် ဘုန်းတော်ရှင် အကြင်နာရှင် ဖြစ် တော်မူ၏။
၂၆း၁၉၂။ ဧကန်ပင်- ဤသည် လောကခပ်သိမ်း၏ ကံကြမ္မာရှင်ထံမှ ချမှတ် ပေးခြင်းဖြစ်၏။
၂၆း၁၉၃။ ၎င်းအားဖြင့် ယုံကြည်စိတ်ချရသော ဉာဏ်စဉ်တော်ကို ချမှတ်ပေး၏။
၂၆း၁၉၄။ သင်သည် သတိပေးသူတို့မှ ဖြစ်စေခြင်းငှာ ၎င်းကို သင်၏ နှလုံးသား၌ လွှမ်းစေ၏။
၂၆း၁၉၅။ အာရ်ဗီဘာသာစကားဖြင့် ရှင်းရှင်းလင်းလင်းပင် ဖြစ်၏။
၂၆း၁၉၆။ ၎င်းကို ရှေးလူဟောင်းတို့၏ ကျမ်းငယ်များ၌ ဖေါ်ပြပြီးဖြစ်၏။
၂၆း၁၉၇။ ဂျူးလူမျိုးမှ ပညာရှင်တို့သည် ၎င်းကို သိကြလျှင်၊ သူတို့ အတွက် ၎င်းသည် သက်သေလက္ခဏာရပ် မဟုတ်ပေလော။
၂၆း၁၉၈။ ငါသည် ၎င်းကို လူမျိုးခြားအချို့ထံ ချမှတ်ပေးခဲ့ပြီး-
၂၆း၁၉၉။ အကယ်၍ သူက ၎င်းတို့အားရွတ်ဖတ်ပြလျှင် သူတို့သည် ၎င်းကို ယုံကြည်လိမ့် မည် မဟုတ်ချေ။
၂၆း၂၀၀။ ငါသည် ရာဇဝတ်ကောင်များ၏ နှလုံးသားသို့ ၎င်းကို ဤသို့ ဖေါက်ဝင်သွားစေ၏။
၂၆း၂၀၁။ သို့သော် သူတို့သည် စူးနစ်သော ဝဋ်ကြွေးကို မြင်ရသည့်တိုင် ၎င်း၌ ယုံကြည်ကြမည် မဟုတ်ချေ။
၂၆း၂၀၂။ သူတို့ သတိမမူနိုင်မှီ ထိုဝဋ်ကြွေးအားသူတို့ထံ သို့ ရုတ်တရက် ပေးရောက်လာလတ္တံ့။
၂၆း၂၀၃။ သို့ဖြစ်လျှင် သူတို့က ပြောမည်မှာ “ကျွန်ုပ်တို့အတွက် စောင့်ကြည့် နေခွင့် ရဦးမည်လော-
၂၆း၂၀၄။ ဝဋ်ကြွေးဒဏ်သည် အလျင်စလိုရှိ မည်လော၊”ဟု ဖြစ် ၏။
၂၆း၂၀၅။ သင် မြင်ပြီလော၊ ငါသည် သူတို့အားနှစ်ရှည်လများချမ်းမြေ့စေကာ မူ-
၂၆း၂၀၆။ သူတို့အားကတိရှိသည့် အရာ သူတို့ထံသို့ ရောက်လာ၏။
၂၆း၂၀၇။ သူတို့အားချမ်းမြေ့စေခဲ့ရာများသည် သူတို့အတွက် ပြည့်စုံခြင်းမရှိချေပြီ။
၂၆း၂၀၈။ ငါသည် သတိပေးသူ မရှိစေဘဲလျက် မည်သည့် အရပ်ဒေသကိုမှ တိမ်ကောစေခြင်းမရှိချေ။
၂၆း၂၀၉။ သတိဖေါ်ပေးရန်ဖြစ်၏၊ ငါသည် မည်သို့မှ အဝိဇ္ဇာ မသင့်စေပေ။
၂၆း၂၁၀။ ကုရ်အာန်ဖြင့်- မကောင်းဆိုးဝါးကို ချမှတ်ပေးသည် မဟုတ်ချေ၊
၂၆း၂၁၁။ သူတို့ အတွက် ရှာဖွေနိုင်သည်မရှိ၊ သူတို့ တတ်နိုင်သည်လည်းမဟုတ်ချေ။
၂၆း၂၁၂။ သူတို့အားကြားနာနိုင်ခြင်းမှ ဝေးစွာ ရှောင်ခွာထားစေပြီ။
၂၆း၂၁၃။ သို့ဖြစ်၍၊ ဝဋ်သင့်သူများမှ မဖြစ်စေခြင်းငှာ၊ ပရမတ်ဘုရားရှင်နှင့် တွဲဘက်၍ အခြားဘုရားများထံ ဆုမတောင်းနှင့်၊
၂၆း၂၁၄။ သင်နှင့် တစ်ကျိတ်တစ်ကြံ တည်းနီးကပ်သူများကို သတိပေးလော့။
၂၆း၂၁၅။ သင့်အားလိုက်နာသော ယုံကြည်သူ များအပေါ် သင်၏ လက်ရုံးကို နှိမ့်ချလော့။
၂၆း၂၁၆။ သင့်အားအာခံကြလျှင် “သင်တို့၏ ကျင့်ကြံမှုများမှ ကျွန်ုပ် ကင်းရှင်းသည်၊”ဟု ဟောကြား၍-
၂၆း၂၁၇။ ဘုန်းတော်ရှင် အကြင်နာရှင်ထံ၌ ယုံပုံကိုးစားလော့။
၂၆း၂၁၈။ အရှင်သည် သင့်အားကြည့်ရှုနေတော်မူသည်မှာ- သင်၏ ရပ်တည်နေသာ အချိန်၌၊
၂၆း၂၁၉။ ဦးညွှတ်နှိမ့်ချမှုအတွင်းဦးတည်သောစိတ်ကို ဖြစ်၏။
၂၆း၂၂၀။ ဧကန်ပင် အရှင်သည် ကြားနေသောအရှင် သိနေသောအရှင် ဖြစ်၏။
၂၆း၂၂၁။ မကောင်းဆိုးဝါးသည် မည်သူ့အားချမှတ်ပေးသည်ကို သင်တို့ထံ သတင်းထုတ်ပြန်ရမည်လော။
၂၆း၂၂၂။ အပြစ်ရှိသော လုပ်ဇတ်ဆင်သူ ကိုယ်စီအားချမှတ်လေ၏။
၂၆း၂၂၃။ ကြားနာဟန်ပြကြ၏။ သူတို့မှ အများစုကြီးမှာ မုသာဝါဒီများပင် ဖြစ်၏။
၂၆း၂၂၄။ ကဗျာလင်္ကာဆရာများ၊ သူတို့အားတိမ်းပါးနေသူများက လိုက်နာ ကြ၏။
၂၆း၂၂၅။ သင် မမြင်မိသလော၊ သူတို့အားချိုင့်ဝှမ်းဒေသ ကိုယ်စီ၌ တိုင်ပတ်နေ စေ၏၊
၂၆း၂၂၆။ သူတို့ မပြုလုပ်ရာကို သူတို့ ပြောဆိုနေကြ၏။
၂၆း၂၂၇။ ယုံကြည်၍ ပြုပြင်ပြောင်းလဲမှု ကျင့်ကြံသော သူများသည်သာ ပရမတ်ဘုရားရှင်အားမြောက်များစွာ သတိရရှုမှတ်ကြ၏၊ သူတို့အားမိုက်ကြေးခွဲ ခံရပြီးနောက် သူတို့ကိုယ်သူတို့ ကူညီကြ၏။ မိုက်ကြေးခွဲသော သူတို့သည် မည်သည့် ဦးလှည့်ခြင်းသို့ သူတို့ ဦးလှည့်ရမည်ကို သိလာရလတ္တံ့။
ဓမ္မခန္ဓာ (၂၆) ဤတွင် ပြီး၏။
ဓမ္မခန္ဓာ (၂၇) နာမ်လ်မျိုးနွယ်စု
ဉာဏ်စဉ်ကိန်းပေးမှု အမှတ်စဉ်- ၂၇။ သုတ်ဒေသနာ- ၉၃ ပါး။
ကရုဏာရှင် အကြင်နာရှင် ဖြစ်တော်မူသော ပရမတ်ဘုရားရှင်၏ ဂုဏ်တော်အားဖြင့်-
၂၇း၁။ ဆိုင်းနိုင်းတောင်အားတိုင်တည်လျှက်- ဤ သုတ်ဒေသနာများသည် ကုရ်အာန်မှ ဖြစ်၍- ရှင်းလင်းထင်ရှားသော ကျမ်းတော်တစ်ပါးဖြစ်၏။
၂၇း၂။ ယုံကြည် သူများအတွက် လမ်းညွှန်တော်နှင့် သတင်းကောင်းဖြစ်၏။
၂၇း၃။ သူတို့သည်ကားဝတ်ပြု မြဲကြ၏။ အခွန်ငွေဖြူ ပေးကြ၏။ နောင်ဘ၀ကိုလည်းဒိဌယုံကြကုန်၏။
၂၇း၄။ နောင်ဘ၀အားမယုံကြည်သော သူတို့သည်ကားသူတို့၏ ကျင့်ကြံမှု များက သူတို့အားဖမ်းစားထား၍ မျက်ကန်းတောတိုးဖြစ်နေ၏။
၂၇း၅။ ထိုသို့သော သူများအတွက် အကုသိုလ် ဝဋ်ဒဏ် ရှိ၏။ ထိုသူတို့မှာ နောင်ဘ၀တွင်လည်းဆုံးရှုံးသူများဖြစ်ရလတ္တံ့။
၂၇း၆။ ဧကန်ပင်၊ သင်သည် ဓမ္မသတ်ရှင်၊ သိနေသော အရှင့်ထံ တော်မှ ကုရ်အာန်ကို မျက်မှောက်ပြုရပြီ။
၂၇း၇။ မူဆာက သူ့ ဝိုင်းသားတို့အား“ကျွန်ုပ်သည် မီးကို မြင်ရ၏၊ သင်တို့ အတွက် ထိုမှ သတင်းယူပေးနိုင်ရာ၏ သို့မဟုတ် သင်တို့ မီးလှုံနိုင်အံ့ငှာ မီးရှို့ထားသော မီးတောက် တစ်ခုကို ယူပေးနိုင်ရာ၏၊”ဟု ပြော၍။
၂၇း၈။ ထိုနေရာသို့ သူ ရောက် လာစဉ်၊ “မီးအတွင်းမှ ရှိသူ၊ ၎င်းဝန်းကျင်မှ ရှိသူများသည် ကျက်သရေပြည့်စုံ၏၊” ဟု ဖိတ်မန္တက ပြုခံရ၏၊ လောကခပ်သိမ်း၏ ကံကြမ္မာရှင် ပရမတ်ဘုရားရှင်သည် ဦးထိပ်ထားရာ ဖြစ်၏။
၂၇း၉။ အို- မူဆာ၊ ဧကန်- အရှင်သည် ငါပင် ဖြစ်၏၊ - ဘုန်းတော်ရှင် ဓမ္မသတ်ရှင် ဖြစ်တော်မူသော ပရမတ်ဘုရားရှင် ဖြစ်၏။
၂၇း၁၀။ “သင့် လက်ထောက်ကို ခင်းကျင်းလော့။” ၎င်းကို မြွေတစ်ကောင် အဖြစ် လှုပ်လာသည်ကို သူ မြင်၍ မချုပ်ကိုင်မိဘဲ နောက်သို့ လှည့်၏။ “အို- မူဆာ၊ မကြောက်ရွံ့နှင့်၊ ငါ၏ ထံပါး၌ ဉာဏ်စဉ်ဆောင်တို့သည် မကြောက်ရွံ့ကြချေ။
၂၇း၁၁။ သို့မဟုတ် မိုက်မိခဲ့သောသူ၊ ထို့နောက် ထိုသူသည် သုမင်္ဂလာပြုပြီးအကုသိုလ်ကို လွှဲပြောင်းသော်- ဧကန်ပင် ငါအရှင်သည် လွတ်ငြိမ်းစေသောအရှင် အကြင်နာရှင် ဖြစ်တော်မူ၏။
၂၇း၁၂။ သင့်လက်ကို ရင်ခွင်ထဲသို့ သွင်းလော့၊ ၎င်းသည် အကုသိုလ်ကင်းသော အဖြူထည်သက်သက် ထွက်လာ၍၊ ဖာရိုးနှင့် သူ့လူမျိုးအတွက် နိမိတ်လက္ခဏာ ကိုးရပ်ထဲမှ ဖြစ်လတ္တံ့။ သူတို့သည်ကားယုတ်မာသော လူမျိုးပင် ဖြစ်၏။
၂၇း၁၃။ မြင်သာသော ငါ၏ သက်သေလက္ခဏာများသူတို့ထံသို့ ရောက်လာစဉ်၊ “ဤသည် ရှင်းလင်းထင်ရှားသော မှော် အတတ်သာ ဖြစ်၏၊”ဟု ဆိုကြလေ၏။
၂၇း၁၄။ သူတို့၏ ဉာဉ်စရိုက်များယုံကြည်မှု အပြည့်ဖြင့် အဝိဇ္ဇာစီးလျက်၊ ကိန်းကြီးခန်းကြီးလုပ်လျက် ၎င်းတို့ကို ပယ်ပစ်ကြကုန်၏။ အဖျက်ကောင်တို့၏ နိဂုံးမည်သို့ ချုပ်ရသည်ကို ကြည့်ကြလော့။
၂၇း၁၅။ ငါသည် ဒါဝိဒ်နှင့် စိုလိုင်မံတို့အားအသိပညာကို မုချ ချီးမြှင့်ခဲ့၏၊ သူတို့က “တပည့်တော်တို့အားအရှင်၏ အမှုတော်ဆောင် ယုံကြည်သူများထက် သိက္ခာ များစွာပေးသော ပရမတ်ဘုရားရှင်သည် ရည်သန်စူးစိုက်မှုတည်ရာ ဖြစ်ပါ ၏၊”ဟု ရင့်ကျူး၏။
၂၇း၁၆။ စိုလိုင်မံသည် ဒါဝိဒ်၏ အမွေခံ ဖြစ်၏။ သူက “အို- လူသားတို့၊ ကျွန်ုပ်တို့သည် ငှက်တို့၏ သဒ္ဒဗေဒကို သင်ကြားခံရပြီ။ ကျွန်ုပ်တို့အားသဗ္ဗလုံးစုံမှ ချီးမြှင့်ခံရပြီ။ ဤသည် ရှင်းလင်းထင်ရှားသော သိက္ခာပေးခြင်း”ဟု ဆို၏။
၂၇း၁၇။ စိုလိုင်မံသည် သူ့တပ်များဖြစ်သည့် ကလျာဏနှင့် အန္ဓပုတုဇဉ်များ၊ ငှက်များကို စုစည်းစေ၍ သူတို့အားရာထူးပေး၍
၂၇း၁၈။ နာမ်လ်လူမျိုးစု ချိုင့်ဝှမ်းဒေသသို့ သူတို့ ရောက်လာသောအခါ၊ နာမ်လ်တစ်ဦးက “အို- နာမ်လ်အပေါင်းတို့၊ စိုလိုင်မံနှင့် သူ့စစ်တပ်တို့သည် သတိမမူဘဲ သင်တို့အားခြေမွှမပစ်ရန် သင်တို့၏ အခြေချရာများသို့ ဝင်နေကြလော့၊”ဟု ဆို၏။
၂၇း၁၉။ သူမ၏ ပြောဆိုမှုကြောင့် စိုလိုင်မံသည် အံ့ဩစွာ ပြုံးရယ်မိပြီး“အို- ကံကြမ္မာရှင်၊ တပည့်တော်နှင့် တပည့်တော်၏ မွေးမိဘအပေါ် ဂုဏ်ပေးခဲ့သည့် အရှင်၏ ဂုဏ်ပေးမှုကြောင့် တပည့်တော်အားကျေးဇူးသိတတ်သော ရာထူးကို ပေးတော်မူပါ၊ အရှင်၏ ကျေနပ်မှုရှိသော ပြုပြင်ပြောင်းလဲခြင်းကို ကျင့်ကြံခွင့်ပြု တော်မူပါ၊ အရှင်၏ ကရုဏာဖြင့် အရှင့် အမှုတော်ဆောင် ပြုပြင်ပြောင်းလဲ သူများ၏ အထဲသို့ တပည့်တော်အားဝင်ခွင့်ပြုပါ၊”ဟု ရင့်ကျူး၏။
၂၇း၂၀။ ငှက်တို့အားအပျောက်စရင်းစစ်၍၊ သူ ပြောသည်မှာ “ဘီထောင်ဖိုကို မမြင်ရပါတကား၊ သို့တည်းမဟုတ် သူသည် မျက်ကွယ်၌ရှိ သူတို့မှ ဖြစ်သလော၊
၂၇း၂၁။ ပြင်းထန်သော အပြစ်ပေးခြင်းဖြင့် သူ့အားကျွန်ုပ် အပြစ်ပေးလတ္တံ့၊ သို့မဟုတ် သုတ်သင်ရလတ္တံ့၊ သို့မဟုတ် ကျွန်ုပ်အားရှင်းလင်းသော အထောက် အထားကို ပေးအပ်ရမည်”ဟု ဖြစ်သော်-
၂၇း၂၂။ နောက်ကျလွန်းစွာ စောင့်မနေလိုက်ရပေ၊ သူ တင်ပြသည်မှာ “သင် မလွှမ်းခြုံမိသေးသော အရာတစ်ခုကို ကျွန်ုပ် လွှမ်းခြုံခဲ့၏၊ အသင့်ထံသို့ ဆဗာမှ တိတိကျကျ သတင်းတစ်ခုကို ရောက်လာစေပါပြီ၊
၂၇း၂၃။ သူတို့အားအုပ်ချုပ်နေသော အမျိုးသမီးတစ်ဦးကို ကျွန်ုပ် တွေ့ခဲ့၏။ သူမအားသဗ္ဗလုံးစုံ ပေးဆက်ကြ၍၊ မဟာ ထပ်ဆင့်ကွပ်ကဲမှုသည် သူမ အတွက် ဖြစ်၏။
၂၇း၂၄။ သူမနှင့် သူမ၏ လူမျိုးသည် ပရမတ်ဘုရားရှင် မှလွဲ၍ နေကို ဦးချ ဝပ်တွားနေကြောင်းကျွန်ုပ် တွေ့ရ၏။ သူတို့၏ ကျင့်ကြံမှုများကို မကောင်းဆိုးဝါးက ဖမ်းစားထား၍ လမ်းစဉ်တော်မှ ဖယ်စေ၏၊ သို့ဖြစ်၍ သူတို့သည် လမ်းညွှန် မှန်ကို မရနိုင်ချေ။
၂၇း၂၅။ ထို့ကြောင့် သူတို့သည် မိုးများနှင့် မြေကမ္ဘာမှ လျှို့ဝှက် နိယာမကို ထုတ်ဖေါ်ပေးသော၊ ကြိတ်ကြံစည်ရာ လူသိရှင်ကြားပြုရာများကို သိနေ တော်မူသော ပရမတ်ဘုရားရှင်အားသူတို့ ဦးချရိုကျိုးမှု မရှိပါ။
၂၇း၂၆။ ပရမတ်ဘုရားရှင်- မဟာ့မဟာ ထပ်ဆင့်ကွပ်ကဲမှု၏ ကံကြမ္မာရှင်- အရှင်မှ အပ အခြားဘုရားဟူ၍ မရှိပါ”ဟု ဖြစ်၏။
၂၇း၂၇။ စိုလိုင်မံက “သင် ဖြောင့်မှန်သလောဟု ကျွန်ုပ်တို့ စောင့်ကြည့်လတ္တံ့၊ သို့မဟုတ်က သင်သည် လိမ်လည်သူများမှ ဖြစ်၏”ဟု ပြောကာ
၂၇း၂၈။ ဤ ကျွန်ုပ်၏ စာကို ယူသွား၍ သူတို့ထံသို့ ခင်းကျင်းလော့၊ တဖန် လှည့်လာ၍ သူတို့၏ အပြန်ကို စောင့်ကြည့်လော့”ဟု (စေ၏)
၂၇း၂၉။ သူမက ပြောသည်မှာ “အို- အကြံပေးတို့၊ ကျွန်ုပ်ထံသို့ ကျက်သရေ ရှိသော စာချွန်ကို ခင်းကျင်းခံရပြီ။
၂၇း၃၀။ ၎င်းသည် စိုလိုင်မံထံမှ ဖြစ်၏။ ဧကန်ပင်- ၎င်း၌ ကရုဏာရှင် အကြင်နာရှင် ဖြစ်သော ပရမတ်ဘုရားရှင်၏ ဂုဏ်တော် အားဖြင့်-
၂၇း၃၁။ သင်၏ အထွဋ်အထိပ် ဖြစ်မှုသည် ကျွန်ုပ်အားမဆန့်ကျင်၊ ငြိမ်းချမ်းရေးကိုသာ ကျွန်ုပ်အားဆက်သလော့၊”ဟု ဖြစ်၏။
၂၇း၃၂။ သူမက “အို- အကြံပေးတို့၊ ကျွန်ုပ်၏ အရေးအရာ၌ စူးစမ်းပေးကြ လော့၊ သင်တို့၏ သက်သေခံချက် မရှိဘဲ အရေးအရာများကို ကျွန်ုပ် ဖြတ်လေ့မရှိ ချေ၊”ဟု ပြောသော်-
၂၇း၃၃။ သူတို့က “ကျွန်ုပ်တို့သည် အစွမ်းရှိသူများ၊ ပြင်းထန်စွာ တိုက်ခိုက်နိုင်ခြင်းရှိသူများဖြစ်၍ ညွှန်ကြားချက်သည် သင့်သဘော ဖြစ်၏။ သို့ဖြင့် ညွှန်ကြားချက်ကိုသာ စောင့်ကြည့်နေပါ၏၊”ဟု ဆိုကြ၏။
၂၇း၃၄။ သူမ ပြန်ပြောသည်မှာ “အာဏာထွားသူတို့သည် အရပ်ဒေသတို့ကို ဝင်သောအခါ၊ ၎င်း၌ အဖျက်လုပ်ကြ၏။ အရပ်သားတို့၏ ဘုန်းကံကို အနိမ့်ဆုံးဖြစ်ရန် စီစဉ်ကြ၏။ သူတို့ ဤသို့ ပြုလုပ်ကြသည်သာတည်း။
၂၇း၃၅။ ကျွန်ုပ်သည်မူ သူတို့ထံသို့ လက်ဆောင်ဝတ္ထုစေပို့၍၊ စေစားသူများအပြန်ကို ကြည့်နေလတ္တံ့၊”ဟု ဖြစ်၏။
၂၇း၃၆။ သို့ဖြင့် ၎င်းသည် စိုလိုင်မံထံသို့ ရောက်လာစဉ်၊ သူ ပြောသည်မှာ “ကျွန်ုပ်အားဥစ္စာပစ္စည်းကို တိုးပွားစေကြသလော၊ ကျွန်ုပ်အားပရမတ်ဘုရားရှင် ချီးမြှင့်သည်မှာ အရှင်က သင်တို့အားချီးမြှင့်ထားသည်ထက် ပိုကောင်း၏။ လက် ဆောင် ဝတ္ထုများအတွက် သင်တို့ ဝမ်းမြောက်နေကြသလော၊-
၂၇း၃၇။ သူတို့ထံသို့ ပြန်ကြလော့၊ သူတို့ ရှေ့-မတက်နိုင်သော ကျွန်ုပ်တို့၏ တပ်မဖြင့် ချီတက်လာလတ္တံ့၊ ထို့နောက် သူတို့အားထိုမှ သိက္ခာချ၍ မောင်းထုတ်ပစ်လတ္တံ့၊ သူတို့သည် သေးသိမ် စွာ စွန့်ခွာရလတ္တံ့၊”ဟု ဖြစ်၏။
၂၇း၃၈။ သူက “အို- အကြံပေးတို့၊ သူမသည် ငြိမ်းချမ်းရေးဆောင်သူ အဖြစ် ရောက်မလာမှီ သူမ၏ ထပ်ဆင့်ကွပ်ကဲမှုအား ကျွန်ုပ်ထံသို့ သင်တို့မှ မည်သူက အပ်နှင်းနိုင်မည်နည်း၊”ဟု မေးသော်-
၂၇း၃၉။ အန္ဓပုတုဇဉ်များမှ စစ်သူရဲတစ်ဦးက “သင်သည် သင်၏ နန်းတော်မှ ထမရပ်မှီ ၎င်းကို သင် ရပ်တည်နေသည့် နေရာသို့ ကျွန်ုပ် ဆက်သပါမည်။ ထို့အတွက် ကျွန်ုပ်သည် ယုံကြည်စိတ်ချရသော အစွမ်းရှိသူ ဖြစ်ပါ၏၊”ဟု ဆို၏။
၂၇း၄၀။ သူ့အပါးကျမ်းစာ သိကျွမ်းသူ တစ်ဦးက “မျက်ခြည်တစ်လှည့် မတိုင်မှီ ၎င်းကို သင့်ထံသို့ ကျွန်ုပ် ဆက်သနိုင်ပါ၏၊”ဟု ဆို၏။ ထို့နောက် တည်ငြိမ် စေရာကို သူအပါး၌ တွေ့မြင်သောအခါ၊ သူ ပြောသည်မှာ “ဤသည် ကံကြမ္မာရှင် မှ သိက္ခာပေးခြင်းဖြစ်၏။ ကျေးဇူးသိတတ်သလော၊ သို့တည်းမဟုတ် ဖုံးကွယ် တတ်သလောဟု ကျွန်ုပ်အားစုံစမ်းခြင်းဖြစ်၏။ ကျေးဇူးကို သိတတ်သူသည် သူ့ဉာဉ်စရိုက် အတွက် ကျေးဇူးသိတတ်သည် မည်၏။ ဖုံးကွယ်သူ အတွက်မူ၊ ဧကန်ပင်- ကျွန်ုပ်၏ ကံကြမ္မာရှင်သည် ကုံလုံပြည့်စုံတော်မူ၏၊ ကျက်သရေ အပေါင်းနှင့် ပြည့်စုံတော်မူ၏။”
၂၇း၄၁။ “သူမ၏ထပ်ဆင့်ကွပ်ကဲမှုကို သူမအတွက် ပုံစံသစ်ပြုလုပ်လော့၊ သူမသည် လမ်းညွှန်ကို လိုက်သလော၊ သို့တည်းမဟုတ် လမ်းညွှန် ဆက်မလိုက် သော သူဖြစ် သလောကို စောင့်ကြည့်လော့၊”ဟု ဆို၍-
၂၇း၄၂။ သူမ ရောက်လာစဉ်၊ “သင်၏ ထပ်ဆင့်ကွပ်ကဲမှု အတိုင်းဖြစ်သလော၊” ဟု မေးသော်၊ သူမက “ဖြစ်မြဲပင်၊ ဤတိုင်မှီပင် ကျွန်ုပ်တို့ထံ အသိပေးခြင်းခံခဲ့ရ ပေပြီ၊ ကျွန်ုပ်တို့သည် ငြိမ်းချမ်းရေးဆောင်သူများဖြစ်ပါ၏၊”ဟု ဆို၏။
၂၇း၄၃။ သူမ သည် ပရမတ်ဘုရားရှင် မှလွဲ၍ ကိုးကွယ်လေ့ ရှိခဲ့ခြင်းက သူမအားအပယ်ခံ ဖြစ်စေပြီ၊ သူမသည် ဖုံးကွယ်သော လူမျိုးမှ ဖြစ်ခဲ့ရ၏။
၂၇း၄၄။ သူမအား“နန်းတော်သို့ ဝင်ရောက်ပါ၊”ဟု ဖိတ်ခေါ်၍၊ သူမ လှိုင်းကြက်ခွပ်ထနေသည်ဟု တွေ့မြင် စဉ်းစားမိသောကြောင့် ခြေသလုံးကို ဖယ်မိ၏။ သူက “ဤသည် ဖေါင်းကြွများဖြင့် တည်ငြိမ်နေသော နန်းတော်ပင် ဖြစ်၏၊”ဟု ဆို၏။ သူမက “အို- ကံကြမ္မာရှင် တပည့်တော်မသည် ဉာဉ်စရိုက်ကို အဝိဇ္ဇာစီးမိခဲ့ပါပြီ၊ လောကခပ်သိမ်း၏ ကံကြမ္မာရှင် ဖြစ်သော ပရမတ်ဘုရားရှင် အတွက် စိုလိုင်မံနှင့် အတူ ငြိမ်းချမ်းရေးပြုပါတော့မည်၊”ဟု ရင့်ကျူး၏။
၂၇း၄၅။ ငါသည် သမု-ဒ်တို့ထံသို့- သူတို့မှ အဖွဲ့နှစ်ဖွဲ့ အချေအတင် ဖြစ်စဉ် “ပရမတ်ဘုရားရှင်ကိုသာ ကိုးကွယ်ဆည်းကပ်ကြရန်၊” သူတို့၏ ညီနောင်ဖြစ်သော ဆွာလေဟ်ကို မုချ စေစား၍-
၂၇း၄၆။ သူက “အို- ကျွန်ုပ်၏ လူမျိုးတို့ သင်တို့ အပေါ် ကရုဏာသက်အံ့သောငှာ ပရမတ်ဘုရားရှင်ထံ၌ လွတ်ငြိမ်းဆုပန်ခြင်းဟူသည့် သုမင်္ဂလာ မတိုင်မှီ အကုသိုလ်မှု၌ အဘယ်ကြောင့် အလျင်လိုနေကြသနည်း၊”ဟု ဆိုသော်၊
၂၇း၄၇။ သူတို့က “အသင်၊ အသင်နှင့်အတူ ရှိသူတို့ကြောင့် ကျွန်ုပ်တို့မှာ လူးလာဆန်ခတ်ဖြစ်ရ၏၊”ဟု ဆို၏၊ သူက “သင်တို့ လူးလာဆန်ခတ်ဖြစ်ရခြင်းမှာ ပရမတ်ဘုရားရှင်၏ ထံမှ ဖြစ်၏။ အမှန်မှာ အသင်တို့သည် စမ်းသပ်ခံ လူမျိုးပင် ဖြစ်၏၊”ဟု ပြန်ပြော၏။
၂၇း၄၈။ မြို့တွင်း၌ မြေကမ္ဘာအားအဖျက်လုပ်သော မျိုးရိုးခေါင်းဆောင် ကိုးယောက် ရှိ၏၊ သူတို့သည် ပြုပြင်သူများမဟုတ်ချေ။
၂၇း၄၉။ သူတို့အချင်းချင်းပရမတ်ဘုရားရှင်အားတိုင်တည်လျက် “ကျွန်ုပ်တို့ သည် သူနှင့် သူ့ ဝိုင်းတော်သားများကို မှောင်ချ သုတ်သင်ရေးပြုလုပ်မည်၊ ထို့ နောက် “သူ့ ဝိုင်းသားများတိမ်ကောရခြင်း၌ ကျွန်ုပ်တို့ သက်သေများမဟုတ်ပါ၊ ကျွန်ုပ်တို့သည် ဖြောင့်မှန်သူများဖြစ်ပါ၏ဟု သူ့ မဟာမိတ်အားပြောကြမည်” ဟု ဆိုကြ၏။
၂၇း၅၀။ သူတို့သည် အကြံအစည် ကြံစည်နေကြ၏။ ငါလည်းအကြံအစည် ကြံစည်နေတော်မူ၏၊ သူတို့ သတိမမူနိုင်ကြချေ။
၂၇း၅၁။ သူတို့ ကြံစည်မှု၏ နိဂုံးမှာ မည်သို့ ဖြစ်ကြောင်းစောင့်ကြည့်လော့၊ ငါသည် သူတို့လူမျိုးအားလုံးကို ပျက်စီးစေတော်မူလိုက်၏။
၂၇း၅၂။ ဤမှာ သူတို့၏ မိုက်ကြေးခွဲမှုများကြောင့် ပြိုပျက်နေသော သူတို့၏အိမ်ယာများပင် ဖြစ်၏။ ဧကန်ပင် ဤ၌ အသိရှိသော လူမျိုးအတွက် လက္ခဏာရပ် ရှိနေ၏။
၂၇း၅၃။ ယုံကြည်၍ စည်းစောင့်လေ့ရှိ‌သော သူတို့ကို ငါ လွတ်မြောက်စေတော် မူ၏။
၂၇း၅၄။ လု-တ်က သူ့လူမျိုးအားပြောသည်မှာ “သင်တို့သည် မြင်နေလျက် နှင့် ကိုယ်ကျင့်ပျက်မှုကို အတည်ပြုကြသလော၊
၂၇း၅၅။ သင်တို့သည် အမျိုးသမီးများကို ပ’လျက် အမျိုးသားများထံ အာသာရမက်ဖြေရန် ချည်းကပ်နေကြ၏။ အမှန်မှာ သင်တို့သည် ပညာမဲ့သော လူမျိုးသာ ဖြစ်သတည်း၊”ဟု ဖြစ်၏။
၂၇း၅၆။ ထို သန့်စင်သည်ဟူသည့် လူသားများလု-တ်နှင့် သူ့ အဆက်အနွယ် များကို သင်တို့၏ အရပ်မှ မောင်းထုတ်ကြ၊”ဟု ဆိုခြင်းမှ အပ သူ့လူမျိုးထံမှ အခြားအဖြေ မရှိပြီ။
၂၇း၅၇။ သူ့အမျိုးသမီးမှအပ သူနှင့် သူ့ဝိုင်းသားများကို ငါ လွတ်မြောက်စေ တော်မူ၏။ ငါ၏ စည်းချိန်အလျောက် သူမသည် ကျန်ရစ်သူများမှ ဖြစ်၏။
၂၇း၅၈။ ငါသည် သူတို့အပေါ်သို့ မိုးကြီးရွာသွန်းစေ၏၊ သတိပေးခံရသူများအားအကုသိုလ် မိုးထိလေပြီ၊
၂၇း၅၉။“ရည်သန်စူးစိုက်မှုအပေါင်းသည် ပရမတ်ဘုရားရှင်အဘို့ဖြစ်၏။ အရှင့် ရွေးချယ်ခံရသော အမှုတော်ဆောင်များအပေါ် သို့ ငြိမ်းချမ်းမှုခပါစေ။ ပိုမို မြင့်မြတ်သည်မှာ- ပရမတ်ဘုရားရှင်လော၊ သို့တည်းမဟုတ် ရောပြွန်းကိုးကွယ်ခံ များလော”ဟု ဟောပြောလော့။
၂၇း၆၀။ သို့တည်းမဟုတ် အရှင်သည် မိုးများနှင့် မြေကို ဖြစ်တည်စေသည်၊ သင်တို့ အဘို့ ကောင်းကင်ယံမှ ရေကို သွန်းချစေသည် မဟုတ်လော၊ ငါသည် ၎င်းဖြင့် ရှုချင်စဖွယ် စိုက်ခင်းများကို ဖြစ်ထွန်းစေ၏။ ထိုမှ သစ်ပင်များကို သင်တို့ ဖြစ်ထွန်းစေနိုင်ခြင်းမရှိခဲ့ချေ၊ ပရမတ်ဘုရားရှင်နှင့် အတူ အခြားဘုရားဟု ရှိ သလော၊ အမှန်မှာ သူတို့သည် တန်းတူပြုလိုသော လူမျိုးသာ ဖြစ်ကြ၏။
၂၇း၆၁။ သို့တည်းမဟုတ် အရှင်သည် အတည်တကျ မြေကမ္ဘာကို စီစဉ်ပေး၏၊ ၎င်း၌ မြစ်များကို စီစဉ်ပေး၏၊ ၎င်းအတွက် တိုက်ကြီးများကို စီစဉ်ပေး၏၊ ပင်လယ်နှစ်ခုကြားအကာအရံကို စီစဉ်ပေး၏ မဟုတ်လော၊ ပရမတ်ဘုရားရှင်နှင့် အတူ အခြားဘုရားဟု ရှိသလော၊ အမှန်မှာ သူတို့မှ အများစုသည် အသိရှိကြသည် မဟုတ်ချေ။
၂၇း၆၂။ သို့တည်းမဟုတ် အရှင်သည် ဒုက္ခခံရသူတို့၏ ဆုတောင်းခြင်းကို တုန့်ပြန်တော်မူ၍ အကုသိုလ်မှ ဖယ်ရှားပေး၏၊ သင်တို့အားကမ္ဘာမြေ၏ သမ္မတမင်းများအဖြစ် စီစဉ်ပေး၏ မဟုတ်လော၊ ပရမတ်ဘုရားရှင်နှင့် အတူ အခြားဘုရားဟု ရှိသလော၊ အနည်းငယ်မျှပင် ဆင်ခြင်သတိ မရှိချေတကား။
၂၇း၆၃။ သို့တည်းမဟုတ် မြေ ရေ နှစ်ပါးအမှောင်ထုမှ သင်တို့အားလမ်းညွှန် ပြခဲ့သည့် အရှင်သည် အရှင်၏ လက်ရှိ-ရှေ့မှောက် ကရုဏာ သတင်းကောင်းဆောင် လေများကို စေပို့ခဲ့သည် မဟုတ်လော၊ ပရမတ်ဘုရားရှင်နှင့် အတူ အခြားဘုရားဟု ရှိသလော၊ ပရမတ်ဘုရားရှင်သည် သူတို့ ရောပြွန်းကိုးကွယ်ရာများထက် အထွဋ်အထိပ်ဖြစ်တော်မူ၏။
၂၇း၆၄။ သို့တည်းမဟုတ် အရှင်သည် ဖြစ်တည်စေခြင်းကို စ၏၊ ၎င်းကို ဆက်ဖြစ်နေစေ၍၊ အရှင်သည် သင်တို့အားမိုးများနှင့် မြေမှ ရိက္ခာထောက်နေ သည် မဟုတ်လော၊ ပရမတ်ဘုရားရှင်နှင့်အတူ အခြားဘုရားဟု ရှိသလော၊ “သင်တို့သည် ဖြောင့်မှန်သူများဖြစ်လျှင် သင်တို့၏ သက်သေပြချက်များကို ယူခဲ့ကြ၊”ဟု ဟောပြောလော့။
၂၇း၆၅။ ဟောလော့ “ပရမတ်ဘုရားရှင်မှ အပ မိုးများနှင့် မြေအတွင်းမည်သူ မှ စက္ခုလွန်ကို မသိနိုင်ချေ၊ သူတို့သည် မည်သည့် အခါတွင် နိုးထမည်ကိုလည်းသတိမမူမိကြချေ။”
၂၇း၆၆။ အမှန်မှာ၊ သူတို့၏ သိနိုင်အားသည် နောင်ဘ၀ထိ မလွှမ်းခြုံ နိုင်၊ အမှန်မှာ- သူတို့သည် ထို၌ ဒွိဟဖြစ်၏၊ အမှန်မှာ ၎င်းနှင့် ပတ်သက်၍ အကန်းများသာ ဖြစ်ကြကုန်၏။
၂၇း၆၇။ ဖုံးကွယ်သော သူများက ပြောကြသည်မှာ “ကျွန်ုပ်တို့နှင့် ကျွန်ုပ်တို့၏ ဘဘိုးတို့သည် မြေမှုန့်ဖြစ်ပြီးသောအခါ၊ ပြန်လည်ထုတ်ယူခြင်းခံရမည်လော၊
၂၇း၆၈။ ကျွန်ုပ်တို့နှင့် ကျွန်ုပ်တို့၏ ဘဘိုးများထံ ဤသို့ တူညီသော ကတိကို ရှေ့အလျင်ကလည်းမုချ ပေးခဲ့ချေပြီ။ ဤသည် ရှေးအခါက ဒဏ္ဍာရီများသာတည်း၊”ဟု ဖြစ်၏။
၂၇း၆၉။“မြေကမ္ဘာအနှံ့ သွားလာ၍ ရာဇဝတ်ကောင်များ၏ နိဂုံးမည်သို့ ချုပ်ခဲ့ရသည်ကို ကြည့်ကြ၊”ဟု ဟောလော့။
၂၇း၇၀။ သူတို့ကြောင့် စိတ်မပူနှင့်၊ သူတို့၏ ကြံစည်မှုများကြောင့် စိတ်ကျပ် တည်းခြင်းမရှိနှင့်။
၂၇း၇၁။ သင်တို့သည် ဖြောင့်မှန်သူများဖြစ်ကြလျှင် ထိုကတိသည် မည်သည့် အခါ ရောက်လာမည်နည်းဟု ပြောလိုကြ၏။
၂၇း၇၂။ ဟောလော့ “သင်တို့ အလျင်လို သော အရာ၏ အချို့သည် သင်တို့ထံသို့ နောက်ကျောကပ်လျက် ရှိနိုင်ရာ၏၊”
၂၇း၇၃။ ဧကန်ပင်၊ သင့် ကံကြမ္မာရှင်သည် လူသားတို့အားသိက္ခာပေးသော အရှင် ဖြစ်၏၊ သို့ရာတွင် သူတို့မှ အများစု ကြီးသည် ကျေးဇူးမသိတတ်ကြချေ။
၂၇း၇၄။ ဧကန်ပင်၊ သင်၏ ကံကြမ္မာရှင်သည် သူတို့၏ ရင်တွင်း၌ ကွယ်ထားရာ လူသိ ရှင်ကြားပြုရာများကို သိနေတော်မူ၏။
၂၇း၇၅။ မိုးများနှင့် မြေကမ္ဘာ အတွင်းရှိသည် များသည် မျက်ကွယ်ဖြစ်နေသည်ဟု မရှိ၊ ရှင်းလင်းထင်ရှားသော လောကဓမ္မ၌ ရှိနေသည်သာ ဖြစ်၏။
၂၇း၇၆။ ဧကန်ပင်၊ ဂျူးလူမျိုးမှ အများစု၏ ကွဲပြားနေမှုများကို ဤကုရ်အာန် ၌ ဖေါ်ပြ၏၊
၂၇း၇၇။ ဧကန်ပင်၊ ထိုကုရ်အာန်သည် ယုံကြည်သူများအတွက် လမ်းညွှန် တော် ကရုဏာတော် ဖြစ်၏။
၂၇း၇၈။ ဧကန်ပင်- သင့်ကံကြမ္မာရှင်သည် သူတို့ကြား၌ ဓမ္မသတ်ဖြင့် ဆုံးဖြတ်လိမ့်မည်၊ အရှင်သည် ဘုန်းတော်အရှင် သိနေတော်မူသော အရှင်ဖြစ်၏။
၂၇း၇၉။ သို့ဖြစ်၍ ပရမတ်ဘုရားရှင်အားယုံပုံကိုးစားလော့၊ ဧကန်ပင် အသင်သည် ရှင်းလင်းထင်ရှားသော သစ္စာတရား၌ ရှိ၏။
၂၇း၈၀။ သင်သည် သေနေသူများကို မကြားစေနိုင်၊ နောက်သို့ လှည့်သော အပင်းများကိုလည်းကြားအောင် မဖိတ်ခေါ်နိုင်ချေ။
၂၇း၈၁။ သင်သည် အကန်းများကို လည်းသူတို့၏ လမ်းလွဲမှ ကင်းရန် လမ်းမညွှန်နိုင်ချေ။ ငါ၏ သုတ်ဒေသနာတို့အားယုံကြည်သူများကိုသာ ကြားနာစေနိုင်၏။ သူတို့သည်ကားငြိမ်းချမ်းရေးဝါဒီများဖြစ်ကြကုန်၏။
၂၇း၈၂။ သူတို့အတွက် ဗျာဒိတ်တော် အတည် ဖြစ်သော်၊ လူသားတို့သည် ငါ၏ သုတ်ဒေသနာများကို ဒိဌယုံကြည်ခြင်းမရှိသောကြောင့် သူတို့အားစကားပြောရန် မြေကမ္ဘာမှ သက်ရှိဝတ္ထုကို ငါ ထုတ်ပေးလတ္တံ့၊
၂၇း၈၃။ ငါ၏ သုတ်ဒေသနာတို့အားငြင်းဆန်သူများကို အသိုင်းအဝိုင်းကိုယ်စီမှ အုပ်စုလိုက် ငါ စုစည်းသော နေ့၌ သူတို့အားရာထူးသတ်မှတ်မည်ပင်။
၂၇း၈၄။ သူတို့ ရောက်လာသောအခါ၊ အရှင်က “သင်တို့သည် အသိပညာဖြင့် မခြုံငုံနိုင် သော ငါ၏ သုတ်ဒေသနာများအားငြင်းဆန်ခဲ့ကြသလော၊ သို့တည်းမဟုတ် သင်တို့ ကျင့်ကြံလေ့ရှိသည်မှာ အဘယ်အရာများနည်း၊”ဟု မိန့်ဆို၏။
၂၇း၈၅။ မိုက် ကြေးခွဲခဲ့မှုကြောင့် သူတို့အပေါ် ပြောစကားတည်တံ့စေပြီ၊ သူတို့သည် လျှောက်လွှဲ ချက်တင်ခွင့် မရှိချေ။
၂၇း၈၆။ ညည့်ကို ထို၌ သူတို့ နားစေဘို့ရာ၊ နေ့ကို ခွဲခြားမြင်နိုင်ဘို့ရာ ငါ စီစဉ်တော်မူသည်ကို သူတို့ မရှုစားမိသလော၊ ဧကန်ပင် ဤ၌ ယုံကြည်သော လူမျိုးအတွက် သက်သေလက္ခဏာရပ် ရှိနေ၏။
၂၇း၈၇။ ပုံစံ သက်ဝင်စေသော နေ့ကာလ၌ ပရမတ်ဘုရားရှင်၏ စံချိန်ပြည့် သော သူမှအပ မိုးများအတွင်းမြေအတွင်းရှိသူများသည် ကြောက်ရွံ့ချောက်ချားနေရလတ္တံ့။ အားလုံးကိုယ်စီ ဝပ်တွားနှိမ့်ချလျက် လာကြရကုန်အံ့။
၂၇း၈၈။ မြဲမြံခိုင်ခန့်သည်ဟု သင် စဉ်းစားမိသော တောင်ကြီးများသည် ဖြတ် သန်းသွားသော မိုးတိမ်များကဲ့သို့ ဖြတ်သန်းသွားရမည်ကို သင် မြင်တွေ့ရလတ္တံ့။ ယင်းမှာ သဗ္ဗလုံးစုံ ကုံလုံပြည့်စုံစေသော အရှင် ပရမတ်ဘုရားရှင်၏ တည်ဆောက် မှုပင် ဖြစ်၏။ ဧကန်ပင် အရှင်သည် ပြုလုပ်သမျှကို သတင်းရနေတော်မူ၏။
၂၇း၈၉။ သုမင်္ဂလာဖြင့် ရောက်လာသူ၊ သူ့အတွက် ထို့ထက် ပိုကောင်းခြင်းသည် ရှိ၏။ သူတို့သည် ထိုကြောက်ရွံ့ချောက်ချားရသည့် နေ့ကာလမှ ကင်းရန် ယုံကြည်စိတ်ချရ၏။
၂၇း၉၀။ အကုသိုလ်ဖြင့် ရောက်လာသူ၊ သူတို့၏ မျက်နှာများကို အပူမီးထဲသို့ ဦးဇောက်ပစ်ထည့်လတ္တံ့၊ သင်တို့ ကျင့်ကြံလေ့ ရှိခဲ့ရာမှ အပ အစားပေးခြင်းခံရသလော။
၂၇း၉၁။ ဤမြို့အားဘေးမဲ့မြေ ဖြစ်စေသော၊ ၎င်း၏ ကံကြမ္မာရှင်ကိုသာ ကိုးကွယ်ရန် ကျွန်ုပ်အားညွှန်ကြား၏။ သဗ္ဗလုံးစုံသည် အရှင်၏ အချုပ်အခြာ၌ ရှိ၍ ကျွန်ုပ်အားသန္တိသုခဝါဒီတို့မှ ဖြစ်ရန် ညွှန်ကြားပေးကာ-
၂၇း၉၂။ ကုရ်အာန်ကို ဖတ်ပြစေ၏။ သို့ဖြင့် လမ်းညွှန်မှန်သို့ လိုက်သောသူ သည် သူ၏ ဉာဉ်စရိုက်အတွက် လမ်းညွှန်ကို လိုက်သည် မည်၏။ လွဲမှားနေသူ တို့အား“ကျွန်ုပ်သည် သတိပေးသူတို့ အနက်မှသာ ဖြစ်၏၊”ဟု ဟောကြားလော့။
၂၇း၉၃။ ဟောလော့ “ရည်သန်စူးစိုက်မှု အပေါင်းသည် ပရမတ်ဘုရားရှင် အဘို့သာ ဖြစ်၏။ အရှင်သည် သင်တို့ သိမှတ်စေရန် အရှင်၏ သုတ်ဒေသနာများကို ဖတ်ပြ၏။ သင့်ကံကြမ္မာရှင်သည် ကျင့်ကြံလေသမျှကို မေ့လျှော့ထားသည် မဟုတ်ပေ။
ဓမ္မခန္ဓာ (၂၇) ဤတွင် ပြီး၏။
ဓမ္မခန္ဓာ (၂၈) ဇာတ်ကြောင်းဖေါ်ပြချက်
ဉာဏ်စဉ်ကိန်းပေးမှု အမှတ်စဉ်- ၄၉။ သုတ်ဒေသနာ- ၈၈ ပါး။
ကရုဏာရှင် အကြင်နာရှင် ဖြစ်တော်မူသော ပရမတ်ဘုရားရှင်၏ ဂုဏ်တော်အားဖြင့် -
၂၈း၁။ “ဆိုင်းနိုင်းတောင်၌ မူဆာအားချမှတ်ပေးသော ကျမ်းတော်ကဲ့သို့”
၂၈း၂။ ဤသည် ရှင်းလင်းထင်ရှားသော ကျမ်းတော်၏ သုတ်ဒေသနာတော်များဖြစ်၏။
၂၈း၃။ ယုံကြည်သူ လူမျိုးအတွက်- မူဆာနှင့် ဖာရိုးတို့၏ သတင်းအချက်ကို သင့်အားပရမတ္ထသစ္စာဖြင့် ငါ ရွတ်ဖတ်စေပြီ။
၂၈း၄။ တိုင်းပြည်၏ ထိပ်သီးဖာရိုးက အရပ်သားများကို ဂိုဏ်းများဖွဲ့ရန် စီစဉ် ၏၊ သူတို့မှ တစ်စု၏ သားယောက်ျားများကို သုတ်သင်လျက် အမျိုးသမီများကို သာ အသက်ဆက်စေ၍ အားနည်းချိနဲ့စေ၏။ သူသည်ကားအဖျက်ကောင်တို့မှ ဖြစ်ချေ၏။
၂၈း၅။ မြေကမ္ဘာ၌ ချိနဲ့ရန်ပြုခံရသော သူတို့အားငါ မျက်နှာသာပေးလို၏၊ သူတို့အားရှေ့ဆောင်များအဖြစ် စီစဉ်ပေး၏၊ အမွေဆက်ခံသူများအဖြစ် စီစဉ် ပေး၏။
၂၈း၆။ သူတို့အတွက် မြေကမ္ဘာ၌ ငါ ထူထောင်ပေး၏။ ဖာရိုး၊ ဟာမံနှင့် ၎င်းတို့ ၏ တပ်တို့ကို - သတိပေးချက် အဖြစ် ငါ ပြသ၏။
၂၈း၇။ ငါသည် မူဆာ၏ မိခင်အား“သူ့ကို နို့ချိုတိုက်ကျွေးလော့၊ သူ့ အတွက် စိုးရိမ်ကြောက်ရွံ့ရသော် မြစ်ထဲ၌ ခင်းကျင်းထားလော့၊ မကြောက်ရွံ့နှင့် စိတ်မပူနှင့် သင့်ထံသို့ သူ့ကို ငါ ပြန်ပို့၍ သူ့ကို ဉာဏ်စဉ်ဆောင်များအနက်မှ စီစဉ်ပေးလတ္တံ့”ဟု အာရုံဖြစ်စေ၏၊
၂၈း၈။ ဖာရိုးမင်းဆက်သည် သူတို့အတွက် စည်းဖေါက်၊ သောကပေးသူ ဖြစ်လာမည့် သူ့အားကောက်ယူမွေးစား၏၊ ဧကန်ပင် ဖာရိုး၊ ဟာမံနှင့် ၎င်းတို့၏ တပ်သည် အမှားကျူးလွန်သူများဖြစ်မြဲပင်။
၂၈း၉။ ဖာရိုး၏ အမျိုးသမီးက “ကျွန်ုပ်နှင့် သင့်အတွက် မျက်လုံးတည်ငြိမ်အေးချမ်းမှု ဖြစ်၏၊ သူ့အားမသတ်ပါနှင့်၊ ကျွန်ုပ် တို့ အတွက် အကျိုးရှိနိုင်၏၊ သို့မဟုတ် သူ့အားရင်သွေးဟု ယူမှတ်နိုင်ရာ၏၊”ဟု ဆို၏။ သူတို့သည်ကားသတိ မမူနိုင်ကြချေ။
၂၈း၁၀။ မူဆာ၏မိခင်သည် စိတ်ကို အားတင်းထားရ၍ ပေါက်ကွဲ လုမတတ် ဖြစ်သွား၏။ ငါသည် သူမအားယုံကြည်သူများအနက်မှ ဖြစ်စေရန် သူမ၏ စိတ် နှလုံးကို တက်ကြွစေတော်မူ၏။
၂၈း၁၁။ သူမက မူဆာ၏အမအား“သူ့အကြောင်းဖေါ်ပြောလေလော့၊”ဟု ဆို၏။ သူမသည် ခပ်ကင်းကင်းမှ မြင်နေ၏။ သူတို့ သတိမမူမိကြချေ။
၂၈း၁၂။ ငါသည် ဤမတိုင်မှီက သူ့အတွက် နို့တိုက်မိခင် တရားဝင် မရှိစေချေ။ သို့ဖြင့် သူမက “သူ့အတွက် ထိန်းကျောင်းမည့် အိမ်မှ အိမ်သားများကို သင်တို့အားညွှန်ပြပေးရမည်လော၊ သူတို့သည် သူ့အပေါ် စိတ်ထားဖြူစင်သူများဖြစ်လိမ့်မည်၊”ဟု ဆို၏။
၂၈း၁၃။ သို့ဖြင့်- မိခင်ထံသို့ သူ့ကို ငါ ပြန်ပို့ပေး၏။ သူမအားသောကကင်း၍ မျက်လုံးတည်ငြိမ်အေးချမ်းစေ အံ့ငှာ၊ ပရမတ်ဘုရားရှင်၏ ကတိတော်သည် သစ္စာတရားဖြစ်ကြောင်းကို သိစေအံ့ငှာ ဖြစ်၏။ သို့သော် သူတို့မှ အများစုသည် အသိရှိကြသည် မဟုတ်ပေ။
၂၈း၁၄။ သို့ဖြင့်- သူသည် ပုံစံတကျ အရွယ်ရောက် ရင့်ကျက်သောအခါ၊ သူ့အားဓမ္မသတ်နှင့် အသိပညာကို ငါ ချီးမြှင့်တော်မူ၏၊ ဤနည်းဖြင့် သုမင်္ဂလာပြု သူတို့အားအစားပေးတော်မူ၏။
၂၈း၁၅။ အရပ်သားများမေ့လျော့နေချိန်၌ သူသည် မြို့တွင်းသို့ ဝင်သွားခဲ့၍၊ ထို၌ လူနှစ်ဦးသတ်ဖြတ်နေကြသည်ကို သူ တွေ့ရ၏၊ သူ့ဂိုဏ်းမှ တစ်ဦး၊ သူ့အားစည်းဖေါက်သူဘက်မှ တစ်ဦးဖြစ်၏။ သူ့ဂိုဏ်းမှ ဖြစ်သူက စည်းဖေါက်သူဘက် အားဆန့်ကျင်ရန် သူ့ထံ အော်ဟစ် အသနားခံ၏။ မူဆာသည် သူ့အားတွန်းပစ်ကာ ဆုံးဖြတ်ပေးလိုက်၍၊ “ဤသည် မကောင်းဆိုးဝါးတို့၏ အကျင့်အကြံကြောင့်ပင်၊ ဧကန်ပင် ၎င်းသည် စည်းဖေါက်သူ ရှင်းလင်းစွာ လွဲမှားစေသူ”ဟု ပြော၍-
၂၈း၁၆။ မူဆာသည် “အို- ကံကြမ္မာရှင်၊ တပည့်တော်သည် မိမိ၏ စရိုက်ကို အဝိဇ္ဇာသင့်ခဲ့မိပြီ၊ တပည့်တော်အားလွတ်ငြိမ်းစေပါ၊”ဟု ဆုတောင်း၏၊ သို့ဖြင့် သူ့အားလွတ်ငြိမ်းစေခဲ့၏။ အရှင်သည် လွတ်ငြိမ်းစေသောအရှင် အကြင်နာရှင် ဖြစ်တော်မူ၏။
၂၈း၁၇။ သူက “အို- ကံကြမ္မာရှင် တပည့်တော်အားဂုဏ်ပေးတော်မူပါ၊ တပည့်တော်သည် ရာဇဝတ်ကောင်တို့အားကျောထောက်နောက်ခံပြုသူ မဟုတ် ပါ၊”ဟု ဆုတောင်း၏။
၂၈း၁၈။ နံနက်စတွင် မြို့တွင်း၌ အကြောက်ဖြင့် တင်းကျပ်ထားပြီ။ မနေ့က သူ့ထံမှ အကူအညီ တောင်းသောသူ တစ်ဦးက သူ့အားအသနားခံပြန်သော် မူဆာ က သူ့အား“သင်သည်ကားရှင်းလင်းစွာ တိမ်းပါးနေသူပင်၊”ဟု ဆို၏။
၂၈း၁၉။ သူသည် သူတို့ စည်းဖေါက်သူ နှစ်ဦးအားကိုင်တွယ်လိုသောအခါ၊ ထိုတစ်ဦးက “အို- မူဆာ၊ သင်သည် မနေ့က စိတ်ဉာဉ်တစ်ခုအားတိုက်ခိုက်ခဲ့ သကဲ့သို့ ကျွန်ုပ်အားတိုက်ခိုက် လိုသလော၊ သင်သည် တိုင်းပြည်၌ ပုန်ကန်သူသာ ဖြစ်လိုပုံရ၏၊ ပြုပြင်ပြောင်းလဲ သူတို့၏ အထဲမှ ဖြစ်လိုပုံမရချေ၊”ဟု ဆို၏။
၂၈း၂၀။ ထိုအခါ မြို့အစွန်မှ လူတစ်ယောက် လုံးပန်း၍ ရောက်လာလျက် “အို- မူဆာ၊ အကြံပေးတို့က သင့်အားတိုက်ခိုက် သတ်ဖြတ်ရန် ညွှန်ကြားနေကြ၏။ သို့ဖြစ်၍ ထွက်ပြေးလော့၊ ကျွန်ုပ်သည်ကားသင့်အတွက် စိတ်ထားဖြူစင်သူများမှ ဖြစ်၏။”ဟု ဆို၏။
၂၈း၂၁။ ထိုမှ သူ ထွက်ခွာလာလျက်၊ အကြောက်နှင့် စိတ်တင်းကျပ်နေ၍၊ “အို- ကံကြမ္မာရှင် တပည့်တော်အားမိုက်ကြေးခွဲနေသော လူမျိုးမှ လွတ်မြောက် စေတော်မူပါ၊”ဟု ဆုတောင်း၏။
၂၈း၂၂။ ထို့နောက် မီဒီယံဘက်သို့ သူ့မျက်နှာကို ဦးတည် လျက် “ကံကြမ္မာရှင်သည် ကျွန်ုပ်အားပုံစံချပြီးလမ်းစဉ်ကို ညွှန်နိုင်ရာ၏၊”ဟု ဆို၏။
၂၈း၂၃။ မီဒီယံ ရေပိုင်နက်သို့ ဆိုက်မြိုက်သော် ထိုမှ လူ့ အသိုင်းအဝိုင်းတစ်ခု ရေချနေသည်ကို သူတွေ့ရ၏။ ထိုသူများအပြင် နောက်ဖယ် ခံနေရသော အမျိုးသမီးနှစ်ဦးကို တွေ့ရ၍၊ သူက “သင်မတို့ မည်သို့ တင်ပြစရာ ရှိသနည်း၊”ဟု မေးသော်၊ သူမတို့က “သိုးထိန်းများနှင့် ရင်ဘောင်မတန်းနိုင် သ၍ ကျွန်ုပ်တို့ ရေ မတိုက်နိုင်ပါ၊ ကျွန်ုပ်တို့၏ ဖခင်မှာလည်းအိုမင်းကြီးရင့်လှပါပြီ၊”ဟု ဆို၏။
၂၈း၂၄။ သူသည် သူမတို့အတွက် ရေတိုက်ပေးလိုက်၏။ တဖန် သူသည် အရိပ်ရှိရာသို့ လှည့်ထွက်ခဲ့ပြီး“အို- ကံကြမ္မာရှင်၊ တပည့်တော်အားအရှင့် ချမှတ် ပေးမှု ကောင်းခြင်းများမှ တပည့်တော်မှာ အဘယ့်ကြောင့် ချို့တဲ့နေပါနည်း”ဟု ဆုတောင်း၏။
၂၈း၂၅။ သူမတို့မှ တစ်ဦးက မရဲတရဲဖြင့် လမ်းလျောက် ရောက်လာ၍ “သင် သည် ကျွန်ုပ်တို့အတွက် ရေတိုက်ပေးသော အကျိုးဆုလဒ်ကို ကျွန်ုပ်၏ ဖခင်က အစားပေးရန် သင့်အားဖိတ်ခေါ်ပါ၏၊”ဟု ဆို၍။ သူ့ထံသို့ ရောက်လာစဉ် မူဆာက သူ့နောက်ကြောင်းဇတ်ကြောင်းကို ဖေါ်ပြ၏။ ထိုအခါ သူက “အသင် မကြောက်ရွံ့ နှင့်၊ သင်သည် မိုက်ကြေးခွဲနေသော လူမျိုးမှ လွတ်မြောက်လာလေပြီ၊”ဟု ဆို၏။
၂၈း၂၆။ သူမတို့မှ တစ်ဦးက “အို- အဖေ၊ သူ့အားအခစားခန့်ပါ၊ သူသည် ယုံကြည်စိတ်ချရသော အစွမ်းရှိသူ အကောင်းဆုံးအခစားဖြစ်နိုင်၏၊”ဟု ဆိုသော်
၂၈း၂၇။ သူက “ကျွန်ုပ်ထံတွင် ပရိဝါ့သ် ရှစ်ကြိမ်ထိ သင် အခစားလုပ်လျှင် ကျွန်ုပ်၏ ဤသမီးနှစ်ဦးမှ တစ်ဦးကို သင် သိမ်းဆည်းစေရန် ကျွန်ုပ် လိုလား၏။ ဆယ်ကြိမ် ထိ အပြည့်ဖြစ်လိုလျှင်လည်းသင့်သဘောသာ ဖြစ်၏၊ ကျွန်ုပ်သည် သင့်အားမကွဲလွဲစေလိုပါ၊ ပရမတ်ဘုရားရှင်၏ စံချိန်ပြည့်လျှင် ကျွန်ုပ်အားပြုပြင်ပြောင်းလဲ သူတို့မှ ဖြစ်ကြောင်းသင် တွေ့ရလတ္တံ့”ဟု ဆို၏။
၂၈း၂၈။ မူဆာက “ဤသည် ကျွန်ုပ်၏ကြားသင်၏ကြားမှ သတ်မှတ်ကာလ များဖြစ်၏၊ ၎င်းအားကျွန်ုပ် ပြီးဆုံးသော် ကျွန်ုပ်အားစည်းမဖေါက်ပါနှင့်၊ ပရမတ် ဘုရားရှင်သည် ကျွန်ုပ်တို့၏ ပြောစကားများ၌ ကိုးစားထိုက်သည့် အရှင် ဖြစ်၏၊” ဟု ဆို၏။
၂၈း၂၉။ မူဆာသည် သတ်မှတ်ကာလအားပြီးဆုံးသော အခါ၊ သူ့ဝိုင်းသားများနှင့် ခရီးထွက်ခဲ့၍၊ တောင်နံဘေး၌ မီးကို သတိထားမိ၏။ သူက သူ့ဝိုင်းသားတို့အား“စောင့်နေကြလော့၊ ကျွန်ုပ်သည် မီးကို တွေ့ရ၏၊ သင်တို့အတွက် သတင်းတစ်ခု သို့မဟုတ် သင်တို့ မီးလှုံနိုင်အံ့ငှာ တောက်နေသော မီးကျီးခဲ တစ်ခုကို ယူပေးနိုင်ရာ ၏၊”ဟု ပြော၏။
၂၈း၃၀။ ထိုနေရာသို့ ရောက်လာသောအခါ၊ သူ့အားချိုင့်ဝှမ်းဒေသ၏ ညာဘက်၊ အပင်၏ ကျက်သရေရှိသော အကိုင်းဘက်မှ ဆင့်ဆိုသည်မှာ “အေ- မူဆာ၊ ဤသည် လောကခပ်သိမ်း၏ ကံကြမ္မရှင်ဖြစ်သော ပရမတ်ဘုရားရှင် ငါ ဖြစ် တော်မူ၏-
၂၈း၃၁။ သင်၏ လက်ထောက်အားခင်းကျင်းလော့၊” ၎င်းကို မြွေတစ်ကောင် အဖြစ် လှုပ်လာသည်ကို သူ မြင်၍ မချုပ်ကိုင်မိဘဲ နောက်သို့လှည့်၏။ “အေ- မူဆာ ရှေ့တိုးလော့၊ မကြောက်ရွံ့နှင့် သင်သည် ဘေးကင်းလုံခြုံသူတို့မှ ဖြစ်၏။-
၂၈း၃၂။ သင့်လက်အားသင့်ရင်ခွင်၌ ထည့်လော့၊ ၎င်းသည် အကုသိုလ်ကင်းသော အဖြူ ထည်သက်သက် ထွက်လာလတ္တံ့၊ ကြောက်ရွံ့မှုကင်းစွာ သင့် လက်ရုံးကို ချုပ်တီးထားလော့၊ ဤသည် သင့်ကံကြမ္မာရှင်က ဖာရိုးနှင့် သူ့အကြံပေးတို့ ထံသို့ ပို့သည့် သက်သေပြချက်များမှ နှစ်ခု ဖြစ်၏၊ သူတို့သည်ကားယုတ်မာသော လူမျိုးပင် ဖြစ်၏။-
၂၈း၃၃။ သူ လျှောက်ထားသည်မှာ “အို- ကံကြမ္မာရှင် တပည့်တော်သည် သူတို့မှ ဉာဉ်တစ်ခုကို တိုက်ခိုက်ခဲ့၏၊ သူတို့က ပြန်တိုက်ခိုက်မည်ကို ကြောက်မိပါ ၏၊”
၂၈း၃၄။ တပည့်တော်၏ အကို ဟာရွန်၊ သူသည် တပည့်တော်ထက် နှတ်လျှာ သွက်လက်၏၊ ဖြောင့်မှန်သော အကူ အဖြစ် သူ့အားတပည့်တော်နှင့်အတူ စေပို့ ပေးပါ၊ သူတို့၏ ငြင်းဆန်ခြင်းကို တပည့်တော် စိုးရိမ်ပါ၏၊”ဟု ဖြစ်၏။
၂၈း၃၅။ အရှင်က “သင့်အားသင်၏ အကိုဖြင့် လက်ရုံးအားဖြည့်ပေးလတ္တံ့၊ သင်တို့အားအလှမ်းမမှီစေရန် ငါ၏ သက်သေလက္ခဏာများဖြင့် သင်တို့နှစ်ဦးထံ အစွမ်းအာဏာကို စီစဉ်ပေးတော်မူမည်၊ သင်တို့နှင့် သင်တို့အားလိုက်နာသူတို့ သည် အနိုင်ရသူများဖြစ်လတ္တံ့၊”ဟု ဆို၏။
၂၈း၃၆။ မူဆာသည် ငါ၏ ထင်ရှားသော သက်သေလက္ခဏာများဖြင့် သူတို့ ထံသို့ ရောက်လာစဉ်၊ သူတို့က “ဤသည် လုပ်ကြံဖန်တီးသော မှော်အတတ်သာ ဖြစ်၏၊ ရှေးဦးပထမ ကျွန်ုပ်တို့၏ ဘဘိုးလက်ထက်မှ ဤသို့ မကြားဘူးချေ၊”ဟု ဆိုကြ၏။
၂၈း၃၇။ မူဆာက “အရှင်၏ထံမှ လမ်းညွှန်ချက်အားရောက်လာစေသူသည် အဘယ်သူ ဖြစ်ကြောင်းကျွန်ုပ်၏ ကံကြမ္မာရှင်သည် အသိဆုံးဖြစ်တော်မူ၏၊ ချုပ်ငြိမ်းမှု ဗိမာန်သည် မည်သူ့အတွက် ဖြစ်ကြောင်းကိုလည်းသိတော်မူ၏၊ ဧကန်ပင် အရှင်သည် အမိုက်ကောင်များအားအောင်မြင်ပေါက်မြောက်စေတော် မမူချေ၊”ဟု ဆို၏။
၂၈း၃၈။ ဖာရိုးက “အို- အကြံပေးတို့၊ ကျွန်ုပ်မှ အပ အခြားဘုရားဟူ၍ သင်တို့ အတွက် ရှိသည်ကို ကျွန်ုပ် မသိခဲ့ချေ၊ သို့ဖြစ်၍ အို- ဟာမံ မြေပေါ်၌ ကျွန်ုပ်အတွက် ဖိုထိုးလော့၊ မူဆာ၏ ဘုရားဆိုသည်ကို ဖေါ်ထုတ်နိုင်အံ့ငှာ နန်းတော် စီစဉ်လော့၊ ကျွန်ုပ်သည်ကားသူ့အားလူလိမ်များမှဟု စဉ်းစားမိ၏၊”ဟု ဆို၏။
၂၈း၃၉။ သူနှင့် သူ့စစ်တပ်သည် သစ္စာ မဲ့စွာဖြင့် မြေကမ္ဘာ၌ မောက်မာပလွှားကြကုန်၏၊ သူတို့သည် ငါ့ထံသို့ မပြန်ရတော့ ဟု စဉ်းစားကြကုန်၏။
၂၈း၄၀။ သို့ဖြင့် ငါသည် သူနှင့် သူ့စစ်တပ်အားအရေးယူလျက် မြစ်တွင်းသို့ စွန့်ပစ်လိုက်၏၊ အမိုက်ကောင်တို့သည် နိဂုံးမည်သို့ ဖြစ်ရသည်ကို ကြည့်ကြလော့။
၂၈း၄၁။ သူတို့အားအပူမီးသို့ ဖိတ်ခေါ်စေသော ရှေ့ဆောင်များအဖြစ် ငါ စီစဉ်ပေးတော်မူ၏။ ရပ်တည်ရသော နေ့၌ အကူအညီမရှိချေ။
၂၈း၄၂။ ဤလောကီ၌ မေတ္တာမဲ့ခံရခြင်းသည် သူတို့၏ နောက်သို့ လိုက်စေ၏။ ရပ်တည်ရသော နေ့၌ သူတို့အားရွံရှာခံရသူတို့မှ ဖြစ်စေ၏။
၂၈း၄၃။ ရှေးမျိုးဆက်များကို တိမ်ကောစေပြီးသည့်နောက် မူဆာအားကျမ်းတော်တစ်ပါးကို မုချ ငါ ချီးမြှင့်ခဲ့၏။ လူသားတို့ ဆင်ခြင်သတိ ရှိအံ့ငှာ သူတို့ အတွက် လမ်းညွှန်တော် ကရုဏာတော်နှင့် အမြင်အာရုံရခြင်းကို ဖြစ်စေ၏။
၂၈း၄၄။ မူဆာထံသို့ ညွှန်ကြားချက်ကို ငါ ဆုံးဖြတ်ပေးသောအခါ၊ သင်သည် နေဝင်ရာ နံဘေးဘက်၌ ရှိမနေခဲ့ပေ၊ သင်သည် မျက်မြင်သက်သေလည်းမဟုတ်ခဲ့ ချေ။
၂၈း၄၅။ သို့ရာတွင် ငါသည် မျိုးဆက်ပေါင်းများစွာကို ပေါက်ပွားစေခဲ့၍၊ သူတို့၏ ဘ၀သံသရာများကို ရှည်ကြာစေခဲ့၏။ ငါသည် မီဒီယံ ဝိုင်းသားတို့အားငါ၏ သုတ်ဒေသနာများကို ဖတ်ပြစဉ်လည်းသင်သည် သူတို့နှင့် အတူ တည်းခိုနေသူ မဟုတ်ချေ၊ သို့သော် ငါသည် ဉာဏ်စဉ်ဆောင်များစေစားနေသော အရှင် ဖြစ်၏။
၂၈း၄၆။ ငါအရှင် ဖိတ်ခေါ်သောအခါ သင်သည် တောင်၏ နံဘေးဘက်၌ မရှိခဲ့ ချေ၊ သို့သော် သင့်အလျင် သတိပေးသူ ရောက်မလာသေးသော လူမျိုးတို့ ဆင်ခြင် သတိ ရှိအံ့ငှာ သင့်ကံကြမ္မာရှင်၏ ထံမှ ကရုဏာနှင့် သတိပေးတရားတော် ဖြစ်၏။
၂၈း၄၇။ သူတို့၏ စုံရပ်ခံခဲ့သော လက်ချက်များကြောင့် သူတို့အားထိခိုက်မှု တစ်ခု ထိခိုက်လျှင်၊ အို- ကံကြမ္မာရှင်၊ တပည့်တော်တို့ ထံသို့ ဉာဏ်စဉ်ဆောင် တစ်ပါးစေစားခဲ့ပါမူ တပည့်တော်တို့သည် အရှင်၏ သုတ်ဒေသနာများကို လိုက်နာ လျက် ယုံကြည်သူများမှ ဖြစ်ခဲ့ရပါမည် ဟု မပြောဆိုနိုင်ရန် ဖြစ်၏။
၂၈း၄၈။ သူတို့ထံသို့ ငါ့ထံတော်မှ သစ္စာတရားတော် ရောက်လာစေသော်၊ “မူဆာအားပေးအပ်သကဲ့သို့ သူ့ကို အဘယ်ကြောင့် မပေးအပ်ခဲ့လေသနည်း၊”ဟု ဆိုကြ၏။ သူတို့သည် ဤရှေ့အလျင်က မူဆာအားချီးမြှင့်ခဲ့သည်ကိုလည်း“အချင်းချင်းကျောထောက်နောက်ခံပြုသော- ကျွန်ုပ်တို့ ကိုယ်စီအားဖုံးကွယ်သူများဖြစ် သည်ဟု ပြောသော မှော်အတတ်များပင်”ဟု ပြော၍၊ ဖုံးကွယ်ငြင်းဆန်ခဲ့ပြီ မဟုတ် လော။
၂၈း၄၉။“သင်တို့သည် ဖြောင့်မှန်သူများဖြစ်ကြလျှင် ကျွန်ုပ် လိုက်နာဘို့ရာ ဤနှစ်ခုထက် ပိုမို လမ်းညွှန်ပေးသော ကျမ်းတစ်ပါးကိုမျှ ပရမတ်ဘုရားရှင်၏ ထံ တော်မှ ယူလာပေးလော့၊”ဟု ပြောလော့။
၂၈း၅၀။ အကယ်၍ သင့်အားမတုန့်ပြန်ခဲ့လျှင်၊ သိကြကုန်လော့ သူတို့သည် လိုဘများနောက်သို့ လိုက်နေသူများဖြစ်၏၊ ပရမတ် ဘုရားရှင်၏ လမ်းညွှန်ခြင်းမရှိဘဲ မိမိလိုဘများနောက်သို့ လိုက်နေသော ပို၍ လမ်းလွဲသူ မည်သူနည်း၊ ဧကန်ပင် ပရမတ်ဘုရားရှင်သည် မိုက်ကြေးခွဲသော လူမျိုးအားလမ်းညွှန်တော် မမူချေ။
၂၈း၅၁။ သူတို့ ဆင်ခြင်သတိ ရှိအံ့ငှာ သူတို့အတွက် ဓမ္မတော်ကို မုချပင် ဆက်စပ်ဖေါ်ပြပေးခဲ့ပြီ။
၂၈း၅၂။ ဤရှေ့အလျင်က ကျမ်းတော် ပေးအပ်ခြင်းခံရသော သူများ၊ သူတို့သည် ၎င်းအားယုံကြည်ကြ၏။
၂၈း၅၃။ ၎င်းကို သူတို့အားရွတ်ဖတ်ပြ သောအခါ၊ “ကျွန်ုပ်တို့သည် ၎င်းကို ယုံကြည်ပါ၏၊ ၎င်းသည် ကံကြမ္မာရှင်၏ ထံမှ ပရမတ္ထသစ္စာ ဧကန် ဖြစ်၏။ ကျွန်ုပ်တို့သည် ဤရှေ့အလျင်ကပင် သန္တိသုခဝါဒီများဖြစ်ခဲ့ကြပါပြီ၊”ဟု ဆိုကြလတ္တံ့။
၂၈း၅၄။ သူတို့၏ သည်းခံမှုများကြောင့် သူတို့သည် အကျိုးဆုလဒ် နှစ်ကြိမ် ချီးမြှင့်ခြင်းခံရလတ္တံ့၊ သူတို့သည် အကုသိုလ်မှုကို သုမင်္ဂလာဖြင့် ဖယ်ရှားကြ၏။ သူတို့အားငါအရှင် ရိက္ခာထောက်ရာများမှ ပေးကမ်းသုံးစွဲကြကုန်၏။
၂၈း၅၅။ သူတို့ သည် ပွစိပွစိပြောသံများကို ကြားရသောအခါ၊ ၎င်းကို ဘောင်ထားလျက် “ကျွန်ုပ် တို့ အတွက် ကျွန်ုပ်တို့၏ ကျင့်ကြံမှုသည် ရှိ၏။ သင်တို့အတွက် သင်တို့၏ ကျင့်ကြံမှုသည် ရှိ၏။ သင်တို့ အပေါ်သို့ ငြိမ်းချမ်းသာယာပါစေ- ကျွန်ုပ်တို့သည် ပညာမဲ့သူများကို မရှာဖွေပေ၊”ဟု ဆိုကြကုန်၏။
၂၈း၅၆။ သင် နှစ်သက်သော သူအားသင်သည် လမ်းမညွှန်နိုင်ချေ၊ သို့ရာတွင် ပရမတ်ဘုရားရှင်သည်သာ စံချိန်ပြည့်မှီသူအားလမ်းညွှန်တော်မူ၏။ အရှင်သည် လမ်းညွှန်ခံရသူများကိုလည်းအသိဆုံးဖြစ်တော်မူ၏။
၂၈း၅၇။ သူတို့က “သင်နှင့် အတူရှိသော လမ်းညွှန်တော်ကို လိုက်နာမိလျှင်၊ ကျွန်ုပ်တို့အားတိုင်းပြည်မှ သုတ်ငင်ပစ်လတ္တံ့၊” ဟု ပြောဆိုကြ၏။ ငါသည် သူတို့ အတွက် သဗ္ဗလုံးစုံသော သစ်သီး၀လံကို ရွေးချယ်တင်သွင်းသော ယုံကြည်စိတ်ချ ရရာ ဘေးမဲ့ဌာန ထူထောင်ပေးသည် မဟုတ်လော၊ ငါ့ထံတော်မှ ရိက္ခာထောက် တော်မူ၏၊ သို့ရာတွင် သူတို့မှ အများစုသည် အသိရှိကြသည် မဟုတ်ပေ။
၂၈း၅၈။ အတ္တဘ၀အတွက်သာ ဟန်ရေးထုတ်နေသော အရပ်ဒေသ မည်မျှကို ငါ တိမ်ကောစေခဲ့သနည်း၊ ဤသည် သူတို့ အခြေချခဲ့ရာများဖြစ်၏၊ သူတို့၏ နောက်၊ အနည်းငယ်မှ အပ အခြေမချနိုင်တော့ပြီ၊ ငါသည်သာ အမွေထိန်းဖြစ် တော်မူ၏။
၂၈း၅၉။ သင်၏ ကံကြမ္မာရှင်သည် အရပ်ဒေသတစ်ခု၏ မိခင်မြို့ပြ၌ သူတို့ အတွက် ငါအရှင်၏ သုတ်ဒေသနာများကို ရွတ်ဖတ်ပြရန် ဉာဏ်စဉ်ဆောင် တစ်ပါးကို မပွင့်ပေါ်စေဘဲ ၎င်းကို တိမ်ကောစေခြင်းမရှိချေ။ ငါသည် မည်သည့် အရပ် ဒေသကိုမှ –ထိုမှ ဝိုင်းသားများသည် အမိုက်ကောင်များမဟုတ်ဘဲ တိမ်ကောစေ ခြင်းမရှိချေ။
၂၈း၆၀။ သင်တို့အားပေးအပ်သော အရာများသည် လောကီ ဘ၀၏ ချမ်းမြေ့ စွဲမက်စရာ အတွက်သာ ဖြစ်၏။ ပရမတ်ဘုရားရှင်၏ ထံပါး၌ ရှိသည်မှာ ပို၍ ကောင်း၏၊ တည်တံ့၏၊ အတွေးအခေါ် မရှိကြသလော။
၂၈း၆၁။ ငါအရှင်၏ တင့်တင့် တယ်တယ် ကတိဖြင့် ကတိ ခင်းကျင်းခံရ သူသည်- လောကီဘ၀၏ ချမ်းမြေ့ခြင်းဖြင့် ချမ်းမြေ့စေပြီးရပ်တည်ရမည့် နေ့ကာလ၌ ဆင့်ခေါ်ခံရသူ ကဲ့သို့ ဖြစ်လေ သလော။
၂၈း၆၂။ သူတို့အားငါ ခေါ်ငင်သော နေ့ကာလ၌ “ငါနှင့် ရောပြွန်းကိုးကွယ်ခဲ့ သော- သင်တို့ ရပ်တည်ပြောဆိုပေးလေ့ ရှိသော သူများအဘယ်မှာနည်း၊”ဟု ဆို လတ္တံ့။
၂၈း၆၃။ သူတို့အပေါ်၌ ငါ၏ စကား- အမှန် ဖြစ်ခံရသော သူများက “အို- ကံကြမ္မာရှင်၊ ဤသူတို့သည် တပည့်တော်တို့အားတိမ်းပါးစေခဲ့ပါပြီ၊ တပည့်တော် တို့ သည်လည်းမိမိတို့အားတိမ်းပါးစေ သကဲ့သို့ သူတို့အားတိမ်းပါးစေခဲ့ပါပြီ၊ တပည့်တော်တို့သည် အရှင့်ထံ၌ ကင်းရှင်းပါ၏၊ သူတို့သည် တပည့်တော်တို့အားကိုးကွယ်လေ့ မရှိခဲ့ပါ၊”ဟု ဆိုကြ၏၊
၂၈း၆၄။ သင်တို့ ရောပြွန်းကိုးကွယ်ရာများကို ခေါ်ကြလော့ ဟု ဆိုသော်၊ သူတို့သည် ၎င်းတို့ကို ခေါ်ကြ၏၊ သို့သော် သူတို့အားမတုန့်ပြန်ကြချေ၊ သူတို့သည် ဝဋ်ကြွေးကိုသာ မြင်ရ၏၊ သူတို့သည် လမ်းညွှန်မှန်၌ ရှိခဲ့ပါလေစ။
၂၈း၆၅။ သူတို့အားခေါ်ငင်သော နေ့ကာလ၌ “ဉာဏ်စဉ်ဆောင်တို့အားသင်တို့ က မည်သို့ တုန့်ပြန်ခဲ့သနည်း၊”ဟု မေး၏၊-
၂၈း၆၆။ ထိုနေ့ကာလ၌ သူတို့အတွက် သတင်းများစုံလုံးကန်းလျက်။ သူတို့ချင်းမေးမြန်းနိုင်တော့မည် မဟုတ်ချေ။
၂၈း၆၇။ ခဝါချ- ယုံကြည်လျက် ပြုပြင်ပြောင်းလဲခြင်းကျင့်ကြံသူမှာမူ သူ သည် အောင်မြင်ပေါက်မြောက်သူတို့မှ ဖြစ်နိုင်ရာ၏။
၂၈း၆၈။ သင်၏ ကံကြမ္မာရှင်သည် စံချိန်ပြည့်မှီရာ ရွေးချယ်ရာကို ဖြစ်တည်စေ၏။ သူတို့ အတွက် အကောင်းချည်းသာ ဖြစ်၏။ ပရမတ်ဘုရားရှင်သည် ဦးထိပ်ထားရာ ဖြစ်ပါ၏၊ ရောပြွန်းကိုးကွယ် ကြရာများထက် အထွဋ်အထိပ် ဖြစ်တော်မူ၏။
၂၈း၆၉။ သင့်ကံကြမ္မာရှင်သည် သူတို့၏ ရင်တွင်း၌ ကွယ်ထားရာ လူသိရှင် ကြားပြုရာများကို သိနေတော်မူ၏။
၂၈း၇၀။ အရှင်သည် ပရမတ်ဘုရားရှင် ဖြစ်၏။ အရှင်မှအပ အခြားဘုရားဟူ၍ မရှိ၊ အစမှ အဆုံးထိ ရည်သန်စူးစိုက်မှု အပေါင်းသည် အရှင့် အတွက်သာ ဖြစ်၏။ စီရင်ထုံးတို့၏ အရှင်သခင် ဖြစ်၏၊ အရှင့် ထံသို့သာ လှည့်ပြန်ရမည်သာတည်း။
၂၈း၇၁။“အကယ်၍ ပရမတ်ဘုရားရှင်သည် ညအားရပ်တည်ရမည့် နေ့ ကာလ အထိ တဆက်တည်းစီစဉ်ခဲ့သော်၊ ပရမတ်ဘုရားရှင်မှအပ အခြားသော အဘယ်ဘုရားက သင်တို့အတွက် နေ့အလင်းရောင်ကို ပေးအပ်နိုင်မည်နည်းဟု ရှုစားမိကြသလော၊ ကြားနာနိုင်မှု မရှိကြသလော၊”ဟု ဟောပြောလော့။
၂၈း၇၂။ ဟောဦးလော့ “အကယ်၍ ပရမတ်ဘုရားရှင်သည် နေ့ကို ရပ်တည်ရမည့် နေ့ကာလအထိ တဆက်တည်းစီစဉ်ခဲ့သော် ပရမတ်ဘုရားရှင်မှအပ အခြားသော အဘယ် ဘုရားက နားစေနိုင်သော ညကို သင်တို့အားပေးအပ်နိုင်မည်နည်းဟု ရှုစားမိကြသလော၊ အမြင် မရှိကြသလော၊”
၂၈း၇၃။ အရှင်၏ ကရုဏာတော်များမှ နားနေနိုင်ရန်၊ အရှင်၏ သိက္ခာပေးခြင်းကို ရှာဖွေနိုင်ရန် သင်တို့အတွက် နေ့နှင့် ညကို စီစဉ်ပေးထား၏။ သင်တို့ အဘို့ ကျေးဇူးသိတတ်အံ့ငှာ ဖြစ်၏။
၂၈း၇၄။ သူတို့အားအရှင် ခေါ်ငင်သော နေ့၌ “ငါနှင့် ရောပြွန်းကိုးကွယ်ခဲ့သည့် သင်တို့က ရပ်တည်ပြောဆိုပေးလေ့ရှိသော သူများအဘယ်မှာနည်း၊”ဟု ဆိုလတ္တံ့။
၂၈း၇၅။ ငါသည် အသိုင်းအဝိုင်းကိုယ်စီမှ သက်သေ တစ်ဦးစီကို ဆွဲထုတ်၍ “သင်တို့၏ သက်သေပြချက်များကို ယူခဲ့ကြ၊”ဟု ဆိုသော်၊ သစ္စာတရားသည် ပရမတ်ဘုရားရှင်၌ ရှိ၍၊ သူတို့၏ လုပ်ကြံဖန်တီးလေ့ရှိရာများသည် သူတို့မှ သွေဖယ်သွားကြောင်းကို သူတို့ သိလာကြလတ္တံ့။
၂၈း၇၆။ ကာရူးန်သည် မူဆာ၏ လူမျိုးမှ ဖြစ်၍၊ သူသည် သူတို့ကို အပြစ် ရှာ၏၊ ငါသည် သူ့အားဥစ္စာရတနာများကို ချီးမြှင့်၍ သူ၏ သော့များသည် အဖွဲ့တောင့် အစွမ်းရှိသူများကိုပင် ဝန်ပိစေနိုင်၏။ သူ့လူမျိုးက သူ့အားပြော သည်မှာ “အူမြူးမနေနှင့်၊ ဧကန်ပင် ပရမတ်ဘုရားရှင်သည် အူမြူးနေသူများကို နှစ်သက်တော်မမူချေ။-
၂၈း၇၇။ သင့်အားပရမတ်ဘုရားရှင် ချီးမြှင့်ထားရာတို့ဖြင့် နောင်ဘ၀ ဗိမာန်ကို ရှာဖွေလော့၊ လောကီမှ ပင်ပန်းရကျိုးကိုလည်းမမေ့ပျောက်စေနှင့်၊ ပရမတ် ဘုရားရှင်က သင့်အားသုမင်္ဂလာပြုစေသကဲ့သို့ သင်သည် သုမင်္ဂလာပြုလော့၊ မြေပေါ်တွင် အဖျက်လုပ်ရပ် မရှာမှီးနှင့်၊ ဧကန်ပင် ပရမတ်ဘုရားရှင်သည် အဖျက် ကောင်များကို နှစ်သက်တော်မမူချေ၊”
၂၈း၇၈။ သူက“ကျွန်ုပ်သည် မိမိ၏ အသိပညာကြောင့်သာ ဤသည်ကို ချီးမြှင့် ခံရခြင်းဖြစ်၏၊”ဟု ဆို၏။ သူ့ရှေ့ မတိုင်မှီ သူ့ထက် အစွမ်းသတ္တိ ပိုမိုသန်မာသော၊ အုပ်စုအင်အားပိုများသော မျိုးဆက်များကို ပရမတ်ဘုရားရှင်က တိမ်ကောစေ လိုက်သည်ကို သူ မသိသလော၊ ရာဇဝတ်ကောင်များအားသူတို့၏ အပြစ်များအတွက် စစ်ဆေးရန်ပင် မလိုတော့ချေ။
၂၈း၇၉။ စွဲမက်စရာများဖြင့် သူ့လူမျိုးကြားသို့ သူထွက်လာခဲ့၏၊ လောကီ သက်တမ်းအားလိုလားသောသူက “ကာရူးန်အားချီးမြှင့်ခံရ သကဲ့သို့ ကျွန်ုပ်သည် ဖြစ်ချင်လှပါဘိ၊ ဧကန်ပင် သူသည် ကံကြီးသူ ဖြစ်၏၊”ဟု ဆို၏။
၂၈း၈၀။ အသိပညာ ချီးမြှင့်ခြင်းခံရသော သူက “သင်တို့ ပျက်စီးရလေခြင်း၊ ယုံကြည်၍ ပြုပြင်ပြောင်းလဲမှု ကျင့်ကြံသူ အတွက် ဖြစ်သည့် ပရမတ်ဘုရားရှင်၏ အကျိုးပေးသည် ပို၍ ကောင်းမွန်၏။ ၎င်းကို ခန္တီပါရမီရှင်တို့သာ ဆုံတွေ့ နိုင်၏၊” ဟု ဆို၏။
၂၈း၈၁။ သို့ဖြင့် ငါအရှင်သည် မြေကမ္ဘာကို သူနှင့် သူ့ဗိမာန်အားမြိုလိုက် စေ၏။ ပရမတ်ဘုရားရှင် မှလွဲ၍ သူ့အားကူညီ နိုင်သော တပ်ဟူ၍ မရှိပြီ၊ သူသည် မိမိကိုယ်မိမိ ကူညီနိုင်ခြင်းမရှိချေ။
၂၈း၈၂။ မနေ့က သူ၏ အဆင့်ကို အားကျမိသော သူတို့က နံနက်စတွင် “ပရမတ်ဘုရားရှင်သည် အရှင်၏ အမှုတော်ဆောင်များမှ စံချိန်ပြည့်မှီသူကို မပြတ် မလတ် ရိက္ခာ တိုးပွားစေ၏၊ စည်းကြပ်မတ်၏၊ အကယ်၍ ပရမတ်ဘုရားရှင်က ကျွန်ုပ်တို့အားမျက်နှာသာ မပေးခဲ့လျှင် ကျွန်ုပ်တို့သည်လည်းမြေမြိုခြင်းခံရပေ မည်၊ ဖုံးကွယ်သူတို့သည် အောင်မြင်ပေါက်မည် မဟုတ်ချေတကား၊”ဟု ဆိုကြ၏။
၂၈း၈၃။ နောင်ဘ၀ ဗိမာန်တော်ကိုမူ၊ မြေကမ္ဘာ၌ ကိန်းကြီးခန်းကြီးနှင့် အဖျက်မလုပ်လိုသော သူများအတွက် ငါ စီစဉ်ထား၏၊ ချုပ်ငြိမ်းခြင်းသည် စည်းစောင့်သူတို့အတွက်ပင် ဖြစ်၏။
၂၈း၈၄။ သုမင်္ဂလာဖြင့် ရောက်လာသူ၊ သူ့အတွက် ထို၌ ပိုကောင်းခြင်းသည် ရှိ၏။ အကုသိုလ်ဖြင့် ရောက်လာသူ၊ အကုသိုလ် ကျင့်ကြံသောသူများ၏ ကျင့်ကြံ ခဲ့လေ့ ရှိသည့်အလျောက်သာ အစားပေးခံရလတ္တံ့။
၂၈း၈၅။ ကုရ်အာန်အားသင့်အပေါ်၌ တာဝန်ပေးသော အရှင်သည် သင့်အားဆက်ဖြစ်မည့်အဆင့်သို့ ပြန်ပို့တော်မူလတ္တံ့၊ “ကျွန်ုပ်၏ ကံကြမ္မာရှင်က မည်သူ သည် လမ်းညွှန်ချက်ဖြင့် ရောက်လာသည်၊ မည်သူသည် ရှင်းလင်းထင်ရှားသော အပါယ်လမ်း၌ ရှိသည်ကို အသိဆုံးဖြစ်တော်မူ၏၊”ဟု ဟောကြားလော့။
၂၈း၈၆။ ဤမတိုင်မှီက သင့်အားကျမ်းတော်ကို ခင်းကျင်းပေးမည်ဟု သင် မျှော်လင့်ထားခြင်းမရှိခဲ့ချေ။ သို့သော် ဤသည် သင့် ကံကြမ္မာရှင်၏ ထံမှ ကရုဏာတော်သာ ဖြစ်၏၊ ထို့ကြောင့် ဖုံးကွယ်သူများအားကျောထောက်နောက်ခံ ပြုသူ မဖြစ်နှင့်။
၂၈း၈၇။ သင့်ထံသို့ ချမှတ်ပေးပြီးနောက် ပရမတ်ဘုရားရှင်၏ သုတ်ဒေသနာ များမှ သင့်ကို မဖယ်ထုတ်စေနှင့်၊ သင့် ကံကြမ္မာရှင်၏ ထံသို့သာ ဖိတ်ခေါ်လော့၊ ရောပြွန်းကိုးကွယ်သူတို့မှ မဖြစ်ကြစေနှင့်။
၂၈း၈၈။ ပရမတ်ဘုရားရှင်မှအပ အခြားဘုရားဟူ၍ ဆုမတောင်းကြစေနှင့်၊ အရှင်မှ အပ အခြားဘုရားဟူ၍ မရှိပြီ၊ အရှင်၏ ဥပတိတော်မှအပ သဗ္ဗလုံးစုံသည် တိမ်ကောပျက်စီးရမည်သာတည်း၊ စီရင်ထုံးပြုခြင်းသည် အရှင်၏ အချုပ်အခြာ၌ ရှိ၏၊ အရှင့်ထံသို့သာ လှည့်ပြန်ရမည်သာတည်း။
ဓမ္မခန္ဓာ (၂၈) ဤတွင် ပြီး၏။
ဓမ္မခန္ဓာ (၂၉) ပင့်ကူ
ဉာဏ်စဉ်ကိန်းပေးမှု အမှတ်စဉ်- ၈၅။ သုတ်ဒေသနာ- ၆၉ ပါး။
ကရုဏာရှင် အကြင်နာရှင် ဖြစ်တော်မူသော ပရမတ်ဘုရားရှင်၏ ဂုဏ်တော်အားဖြင့်-
၂၉း၁။ “ငါသည် ကုန်စင်သိနေတော်မူသော ပရမတ်ဘုရားရှင် ဖြစ်၏၊”
၂၉း၂။ လူသားတို့က “ကျွန်ုပ်တို့သည် ယုံကြည်ပါ၏၊”ဟု ဆိုယုံမျှဖြင့် သူတို့ အားစမ်းသပ်ခြင်းမရှိဘဲ ချန်ထားပေးမည်ဟု စိတ်ကူးယဉ်နေသလော။
၂၉း၃။ ဖြောင့်မှန်သော သူများကို သိသာစေရန်၊ မုသာဝါဒီများကို သိသာစေရန်- သူတို့၏ ရှေ့အလျင် ဖြစ်သူများကိုလည်းပရမတ်ဘုရားရှင်က စမ်းသပ်ခဲ့ပြီ။
၂၉း၄။ သို့တည်းမဟုတ် အကုသိုလ်အားကျင့်ကြံသော သူများသည် ငါထံမှ လွတ်ကြောင်းသတ်မှတ်ချက်ရှိသည်ဟု စိတ်ကူးယဉ်နေကြသလော၊ သူတို့၏ စီရင်ထုံးပြုမှုသည် အဆိုးသာလျှင် ဖြစ်၏။
၂၉း၅။ပရမတ်ဘုရားရှင်အားဖူးတွေ့ရမည်ကို မျှော်ကိုးသူများရှိ၏၊ ဧကန်ပင် ပရမတ်ဘုရားရှင်၏ သတ်မှတ်ကာလသည် ဆိုက်ရောက်လာနေ၏။ အရှင်သည် ကြားနေသောအရှင်၊ သိနေသော အရှင် ဖြစ်တော်မူ၏။
၂၉း၆။ အားစိုက်ဆောင်ရွက်သူ၊ ထိုသူသည် သူ့ဉာဉ်စရိုက်အတွက် အားစိုက် ဆောင်ရွက်ခြင်းဖြစ်၏။ ဧကန်ပင် ပရမတ်ဘုရားရှင်သည် ကုန်လုံပြည့်စုံ၏၊ လောကခပ်သိမ်းအားမှီခိုခြင်းကင်း၏။
၂၉း၇။ ယုံကြည်၍ ပြုပြင်ပြောင်းလဲခြင်းကျင့်ကြံသောသူ၊ ထိုသူများ၏ အကုသိုလ်များကို ဖုံးကွယ်ပလပ်ပေး၍ သူတို့ ကျင့်ကြံ လေ့ရှိသည်များအတွက် တင့်တင့်တယ်တယ် အစားပေးတော်မူမည်။
၂၉း၈။ ငါသည် လူသားတို့အားမွေးမိဘအပေါ် သုမင်္ဂလာပြုရမည်ဟု မှာကြား၏။ သို့သော် သူတို့က သင်ကိုယ်တိုင် တပ်အပ် မသိသော အရာကို ငါအရှင်နှင့် ရောပြွန်းကိုးကွယ်စေရန် အားစိုက်ဆောင်ရွက်ခဲ့လျှင်၊ သူတို့အားမနာခံကြနှင့်၊ သင်တို့သည် ငါ့ထံသို့သာ အပြန်ခရီးရှိ၏၊ ထိုအခါ သင်တို့ ကျင့်ကြံ လေ့ရှိရာကို သတင်းထုတ်ပြန်တော်မူလတ္တံ့။
၂၉း၉။ ယုံကြည်၍ ပြုပြင်ခြင်းကို ကျင့်ကြံ သောသူ၊ သူတို့အားငါအရှင်က ပြောင်းလဲရေးဝါဒီ၏ အထဲသို့ ဝင်စေတော်မူလတ္တံ့။
၂၉း၁၀။ လူသားတို့အနက် “ကျွန်ုပ်တို့သည် ပရမတ်ဘုရားရှင်အားယုံကြည် ပါ၏၊”ဟု ဆိုသူများရှိ၏။ သို့သော် ပရမတ်ဘုရားရှင် အတွက် သွေးတိုးစမ်းခံရ စေလျှင် လူသားတို့၏ ကျပ်တည်းထိခိုက်ခြင်းစီစဉ်မှုကို ပရမတ်ဘုရားရှင်ထံမှ ဝဋ်ကြွေးအလားခံစား၏၊ သို့သော် ကံကြမ္မာရှင်၏ ထံမှ ကူညီစောင်မမှု ရောက် လာလျှင် “ကျွန်ုပ်တို့သည် သင်တို့နှင့် အတူ ဖြစ်ခဲ့၏၊”ဟု ဆိုကြ၏။ ပရမတ် ဘုရားရှင်သည် လောကခပ်သိမ်း၏ ရင်တွင်းမှ အရာကို အသိဆုံးပင် မဟုတ်လော၊
၂၉း၁၁။ ပရမတ်ဘုရားရှင်က ယုံကြည်သော သူများကို သိသာစေ၏၊ သီလကြောင်များကိုလည်းသိသာစေ၏။
၂၉း၁၂။ ဖုံးကွယ်သော သူများက ယုံကြည်သော သူများကို “ကျွန်ုပ်တို့၏ လမ်းစဉ်အားလိုက်နာကြလော့၊ သင်တို့၏ မှားပြစ်များကို သယ်ပိုးပေးမည်၊”ဟု ဆိုကြ၏။ သူတို့သည် သူတို့၏ မှားပြစ်များမှ တစ်စုံတစ်ရာကိုပင် သယ်ပိုးနိုင်ကြ သည် မဟုတ်ချေ၊ သူတို့သည် မုသာဝါဒီများသာ ဖြစ်ကြကုန်၏။
၂၉း၁၃။ သူတို့သည် သူတို့၏ ဝန်ထုပ်များ၊ သူတို့၏ ဝန်ထုပ်နှင့်အတူ အခြားဝန်ထုပ်များကို သယ်ပိုးရ လိမ့်မည်၊ သူတို့၏ လုပ်ကြံ ဖန်တီးလေ့ရှိသည်များနှင့် စပ်လျဉ်း၍ ရပ်တည်ရမည့် နေ့ကာလ၌ စစ်ကြောခံကြရမည်ပင်။
၂၉း၁၄။ ငါသည် နူးဟ်ကို သူ့လူမျိုးထံသို့ မုချ စေစား၍၊ ဓလေ့နှစ် တစ်ထောင်မှ သူတို့ထဲ၌ အသက်နှစ်ငါးဆယ်သာ နေစေခဲ့၏။ ထို့နောက် သူတို့အားလေဗွေမုန်တိုင်းဖြင့် အရေးယူခဲ့၏။ သူတို့သည် အမိုက်ကောင်များပင် ဖြစ်ကြ၏။
၂၉း၁၅။ သူနှင့် ရေယာဉ်ပေါ်ရှိ ပေါင်းဖေါ်များကို ငါ လွတ်မြောက်စေ၍၊ လောက ခပ်သိမ်းအတွက် နိမိတ်လက္ခဏာ အဖြစ် စီစဉ်ပေး၏။
၂၉း၁၆။ အီဗရာဟီးမ်က သူ့လူမျိုးအားပြောသည်မှာ “ပရမတ်ဘုရားရှင်ကို သာ ကိုးကွယ်ကြလော့၊ အရှင့်အားစည်းစောင့်ကြလော့၊ ယင်းသည် သင်တို့ အတွက် ပိုကောင်း၏၊ သင်တို့ သိကြပါလေစ၊-
၂၉း၁၇။ သင်တို့သည် ပရမတ်ဘုရားရှင် မှလွဲ၍ ရုပ်ပွားဆင်းတုများကိုသာ ကိုးကွယ်ကြကုန်၏၊ လုပ်ဇတ်များကို တီထွင်ကြ ကုန်၏၊ ပရမတ်ဘုရားရှင် မှလွဲ၍ သင်တို့၏ ကိုးကွယ်ခံများဖြစ်ကုန်သော အရာတို့ သည် သင်တို့ အတွက် ရိက္ခာထောက်နိုင်ရန်ပင် အစိုးမရချေ။ သို့ဖြစ်၍ ပရမတ် ဘုရားရှင်၏ ထံတော်မှ ရိက္ခာများကို ရှာဖွေကြလော့၊ အရှင့်ကိုသာ ကိုးကွယ်ကြ လော့၊ ကျေးဇူးသိတတ်ကြလော့၊ အရှင်ထံသို့သာ လှည့်ပြန်ရမည်သာတည်း၊
၂၉း၁၈။ သင်တို့ ငြင်းဆန်ကြလျှင်- သင်တို့၏ ရှေ့အလျင် အသိုင်းအဝိုင်းများသည်လည်းငြင်းဆန်ခဲ့ကြပြီ၊ ဉာဏ်စဉ်ဆောင်၏ ဝန်တာမှာ ရှင်းလင်းချက်အားဆိုက်ရောက်စေရန်သာ ဖြစ်၏။
၂၉း၁၉။ ပရမတ်ဘုရားရှင်က မည်သို့ စတင် ဖြစ်တည်စေ၍၊ ၎င်းအားဆက် ဖြစ် နေစေသည်ကို မမြင်ကြသလော၊ ယင်းသည် ပရမတ်ဘုရားရှင် အတွက် လွယ်ကူလှချေ၏။
၂၉း၂၀။ ဟောလော့ “မြေကမ္ဘာ၌ သွားလာလျက်- မည်သို့ စတင် ဖြစ်တည်စေ သည်၊ တဖန် ပရမတ်ဘုရားရှင်သည် နောက်ထပ် ပေါက်ပွားခြင်းများကို မည်သို့ ပေါက်ပွားစေကို ကြည့်ကြလော့၊ ဧကန်ပင် ပရမတ်ဘုရားရှင်သည် သဗ္ဗလုံးစုံအားစည်းချိန်ချမှတ်တော်မူ၏။
၂၉း၂၁။ စံချိန်ပြည့်သူအလျောက် ဝဋ်ကြွေးသင့်စေ၍၊ စံချိန် ပြည့်သူ အလျောက် ကရုဏာသက်စေပြီ၊ အရှင်ထံသို့သာ ဦးလှည့်ရမည်ပင်။
၂၉း၂၂။ သင်တို့က မြေအတွင်းမိုးများအတွင်း၌ ချိနဲ့စေနိုင်သည် မဟုတ်ချေ၊ သင်တို့အတွက် ပရမတ်ဘုရားရှင် မှလွဲ၍ ကူညီ မည့်သူ မဟာမိတ် မရှိချေ။
၂၉း၂၃။ ပရမတ်ဘုရားရှင်၏ သုတ်ဒေသနာများနှင့် အရှင့်အားဖူးတွေ့ရမည်ကို ဖုံးကွယ်သော သူတို့၊ ထိုသူတို့သည် ငါ၏ ကရုဏာအားလက်လျော့ရလေပြီ၊ ထိုသူတို့အတွက် စူးနစ်သော ဝဋ်ကြွေးသည် ရှိနေ၏။”
၂၉း၂၄။ သူ့လူမျိုးထံမှ “သူ့အားသတ်ပစ်ကြ သို့မဟုတ် မီးရှို့ပစ်ကြ၊”ဟူသော အဖြေကိုသာ ရ၏။ သို့သော် ပရမတ်ဘုရားရှင်သည် သူ့အားအပူမီးမှ လွတ် မြောက်စေခဲ့၏၊ ဧကန်ပင် ဤ၌ ယုံကြည်သူ လူမျိုးအတွက် နိမိတ်လက္ခဏာရှိ နေ၏။
၂၉း၂၅။ သူက“သင်တို့သည် ပရမတ်ဘုရားရှင် မှလွဲ၍ ဆင်းတုရုပ်ပွားများကို အယူထားကြ၏၊ သင်တို့ချင်းကြားလိုလားမှုသည် ဤလောကီ သက်တမ်းအတွက် သာ ဖြစ်၏။ ရပ်တည်ရမည့် နေ့ကာလ၌ သင်တို့မှ အချို့သည် အချို့ကို ဖုံးကွယ်ကြ လတ္တံ့၊ သင်တို့မှ အချို့သည် အချို့ကို မေတ္တာမဲ့ကြလတ္တံ့၊ သင်တို့ အတွက် ခိုလှုံရာ သည် အပူမီးသာလျှင် ဖြစ်၍၊ သင်တို့ အတွက် ကူညီမည့်သူ မရှိချေ။”ဟု ဟော ပြော၏။
၂၉း၂၆။ လု-တ်သည် သူ့ အတွက် ရှိနေ၏။ သူက “ကျွန်ုပ်သည် ကံကြမ္မာရှင် ထံသို့ ခရီးနှင်နေသူ ဖြစ်၏၊ အရှင်သည် ဘုန်းတော် အရှင် ဓမ္မသတ်ရှင် ဖြစ်တော် မူ၏၊”ဟု ဆို၏။
၂၉း၂၇။ ငါသည် သူ့အားအီစ္စဟာ့က်နှင့် ယာကုဗ်ကို ချီးမြှင့်၍၊ သူ၏ သားစဉ် မြေးဆက်အားသတင်းတော်ဆောင်ဘွဲ့နှင့် ကျမ်းတော်များကို စီစဉ်ပေး၏၊ ငါသည် သူ့အားဤလောက၌ အကျိုးဆုလဒ်ကို ချီးမြှင့်တော်မူ၏၊ သူ့အားနောင်ဘ၀၌ ပြုပြင်ပြောင်းလဲသူတို့ အနက်မှ ဖြစ်စေ၏။
၂၉း၂၈။ လု-တ်က သူ့လူမျိုးအားပြောသည်မှာ “သင်တို့ ရှေ့- လောက ခပ်သိမ်း၌ တစ်စုံတစ်ဦးကမှ သင်တို့အားမသတ်မှတ် ပေးခဲ့သည့် ကိုယ်ကျင့်ပျက် မှုသို့ သင်တို့ ချည်းကပ်ကြ၏၊-
၂၉း၂၉။ သင်တို့သည် အမျိုးသားချင်းချည်းကပ်ကြ၏၊ လမ်းမများကို ဖြတ်တောက်ကြ၏၊ သင်တို့၏ ဖိတ်ကြားခံများ၌ မကြုံဘူးသည် များထိသက်စေကြ၏။”ဟု ဖြစ်သော်၊ သူ့လူမျိုးထံမှ အဖြေမှာ “သင်သည် ဖြောင့်မှန်သူများမှ ဖြစ်လျှင် ပရမတ်ဘုရားရှင်၏ ထံမှ ဝဋ်ဒဏ်အားကျွန်ုပ်တို့ထံသို့ ပေးရောက်စေလော့၊”ဟုသာ ဖြစ်၏။
၂၉း၃၀။ သူက “အို- ကံကြမ္မာရှင် တပည့်တော် အားအဖျက်ကောင် လူမျိုးတို့ ထံမှ ကူညီတော်မူပါ၊”ဟု ဆုတောင်း၏။
၂၉း၃၁။ ငါ့ ဉာဏ်စဉ်ဆောင်များသည် အီဗရာဟီးမ်၏ ထံသို့ သတင်းကောင်းဖြင့် ရောက်လာစဉ်၊ သူတို့က “ကျွန်ုပ်တို့သည် ဤအရပ်သားမှ အမိုက်ကောင်များဖြစ်သော ဝိုင်းသားတို့အားတိမ်ကောပစ်စေမည်”ဟု ဆိုကြ၏။
၂၉း၃၂။ သူက “ထို၌ လု-တ် ရှိနေပါသည်၊”ဟု ဆိုသော်၊ သူတို့က “ထို၌ မည်သူ ရှိသည်ကို ကျွန်ုပ်တို့ အသိဆုံးဖြစ်ပါ၏၊ သူ့အမျိုးသမီးမှအပ သူနှင့် သူ့ဝိုင်းသားများကို ကျွန်ုပ်တို့ လွတ်မြောက်စေမည်၊ သူမသည် ကျန်ရစ်သူများမှ ဖြစ်၏။” ဟု ဆိုကြ၏။
၂၉း၃၃။ ငါ၏ ဉာဏ်စဉ်ဆောင်များအားလု-တ်ထံသို့ ရောက်လာစေစဉ်၊ အကုသိုလ် သင့်သူများကြောင့် သူတို့အတွက် လက်ပန်းကျ စိတ်ကျပ်တည်းနေ၏။ သူတို့က “မစိုးရိမ်နှင့်၊ စိတ်မပူနှင့်၊ သင်၏ အမျိုးသမီးမှအပ သင်နှင့် သင့်ဝိုင်းသားများကို ကျွန်ုပ်တို့ လွတ်မြောက်စေမည်၊ သူမသည်ကားကျန်ရစ်သူများမှ ဖြစ်၏၊” ဟု ဆိုကြ၏။
၂၉း၃၄။ ဤအရပ်သားတို့၏ အပေါ်သို့ သူတို့၏ ယုတ်မာလေ့ရှိမှုများကြောင့် ကောင်းကင်ယံမှ ဆိုးကျိုးကို ငါ ချမှတ်တော်မူလတ္တံ့။
၂၉း၃၅။ အတွေးအခေါ်ရှိသော လူမျိုးအတွက် ဤ၌ နိမိတ်လက္ခဏာရပ်ကို မုချ ချန်ထားပေးတော်မူ၏။
၂၉း၃၆။ ငါသည် မီဒီယံတို့ထံသို့ သူတို့၏ ညီနောင် ရှုအိုက်-ဘ်ကို စေ၍ “အို- ကျွန်ုပ်၏ လူမျိုးတို့၊ ပရမတ်ဘုရားရှင်အားကိုးကွယ်ကြလော့၊ နောင်ဘ၀ နေ့ ကာလကို မျှော်ကိုးကြလော့၊ ကမ္ဘာ၌ ညစ်ညမ်းစုတ်ပဲ့၊ အဖျက်ကောင်များမဖြစ် ကြနှင့်။”ဟု ဟောစေ၏။
၂၉း၃၇။ သူတို့သည် သူ့ကို ငြင်းဆန်ကြ၏၊ သို့ဖြင့် သူတို့အားမြေငလျှင်ကြီးဖြင့် အရေးယူလိုက်၍ အိမ်များ၌ ရုပ်ကလပ်များဖြစ်သွား၏။
၂၉း၃၈။ အာဒ်နှင့် သမု-ဒ်များ၊ သူတို့၏ အခြေချခဲ့ရာများအနက် သင်တို့ အတွက် ရှင်းလင်းထင်ရှားမှုများရှိနေ၏။ မကောင်းဆိုးဝါးသည် သူတို့၏ ကျင့်ကြံ မှုများကို ဖမ်းစားထားစေ၏။ သူတို့တွင် အမြင်အာရုံရှိပါလျက် သူတို့အားလမ်းစဉ် မှန်မှ ဖယ်ရှားခံရပြီ။
၂၉း၃၉။ ကာရူးန်၊ ဖာရိုးနှင့် ဟာမံ၊- သူတို့ထံသို့ မူဆာသည် ရှင်းလင်းချက်များဖြင့် ရောက်လာ၏၊ သို့သော် သူတို့သည် မြေကမ္ဘာ၌ မာနတက်နေကြ၏၊ သူတို့ သည် လွန်ဆန်နိုင်သူများမဟုတ်ချေ။
၂၉း၄၀။ အပြစ် ကိုယ်စီကြောင့် ငါ အရေးယူ တော်မူ၏။ သူတို့မှ သဲမုန်တိုင်းဒဏ် သင့်ခံရသူလည်းရှိ၏၊ သူတို့မှ အသံလှိုင်းကြီးဖြင့် အရေးယူခံရသူလည်းရှိ၏။ သူတို့မှ မြေကမ္ဘာ၏ မြိုခြင်းကို ခံရသူလည်းရှိ၏။ ရေနစ်ဘေးသင့်ရသူလည်းရှိ၏။ ပရမတ်ဘုရားရှင်သည် သူတို့အားအဝိဇ္ဇာ သင့်စေသည် မဟုတ်ချေ၊ သူတို့ စရိုက်ကိုသာ သူတို့ မိုက်ကြေးခွဲလေ့ရှိ၏။
၂၉း၄၁။ ပရမတ်ဘုရားရှင် မှလွဲ၍ အားကိုးရသူများရှိသည်ဟု အယူထားသော သူ၏ ပမာသည်ကားသူ့အတွက် သူ့အိမ်ကို ဆောက်သော ပင့်ကူ ကဲ့သို့ ဖြစ်၏၊ အိမ်အပေါင်းတို့တွင် အားအပျော့ဆုံးမှာ ပင့်ကူအိမ်ပင် ဖြစ်၏၊ သူတို့ သိကြပါလေစ။
၂၉း၄၂။ အရှင် မှလွဲ၍ မည်သည့် အရာထံ ဆုတောင်းကြသည် ဖြစ်စေ၊ ပရမတ်ဘုရားရှင်သည် သိနေတော်မူ၏။ အရှင်သည် ဘုန်းတော်ရှင် ဓမ္မသတ်ရှင် ဖြစ်တော်မူ၏။
၂၉း၄၃။ဤသို့ လူသားတို့အတွက် ပမာဆောင် ဥပမာပေး၏၊ ပညာရှင် များမှ အပ အတွေးအခေါ်ပေါက်မည် မဟုတ်ချေ။
၂၉း၄၄။ ပရမတ်ဘုရားရှင်သည် မိုးများနှင့် မြေကမ္ဘာအားမှန်ကန်ညီညွှတ်စွာ ဖြင့် ဖြစ်တည်ပေး၏။ ဤ၌ ယုံကြည်သူများအ တွက် နိမိတ်လက္ခဏာရပ် ရှိနေ၏။
၂၉း၄၅။ သင့်အားအာရုံဈာန်ဖြစ်ပေးသည့် ကျမ်းတော်မှ ဖတ်ပြလော့၊ ဝတ်ပြု မြဲကြလော့၊ ဝတ်ပြုခြင်းသည် ကိုယ်ကျင့်ပျက်မှုနှင့် သူစိမ်းဆန်ခြင်းကို ဟန့်တား၏၊ ပရမတ်ဘုရားရှင်၏ ကြီးကျယ်မှုကို သတိဖေါ်ပေးလော့၊ ပရမတ် ဘုရားရှင်သည် သင်တို့၏ တည်ဆောက်မှုများကို သိနေတော်မူ၏။
၂၉း၄၆။ ကျမ်းစာဝိုင်းသားများနှင့် တင့်တယ်စွာ ပြောပြခြင်းမှအပ စောဒက မတက်နှင့်၊ သူတို့မှ မိုက်ကြေးခွဲသော သူများကိုသာ “ကျွန်ုပ်တို့သည် ကျွန်ုပ်တို့ထံ ချမှတ်ပေးရာ၊ သင်တို့ထံ ချမှတ်ပေးရာတို့ကို ယုံကြည်၏၊ ကျွန်ုပ်တို့၏ ဘုရားသင်တို့၏ ဘုရားသည် တစ်ပါးတည်းဖြစ်၏။ အရှင့်အတွက်သာ ကျွန်ုပ်တို့ ငြိမ်းချမ်းရေးဝါဒီများဖြစ်၏၊”ဟု ဆိုလော့။
၂၉း၄၇။ ဤသို့၊ ငါသည် သင့်ထံသို့ ကျမ်းတော်ကို ချမှတ်ပေး၏။ ငါက ကျမ်းချီးမြှင့်ပေး၍၊ ထို၌ ယုံကြည်ကြသော သူတို့၊ ထိုသူတို့သည် ဤကျမ်းကို ယုံကြည် ကြလိမ့်မည်၊ ဖုံးကွယ်သူတို့မှအပ ငါ၏ သုတ်ဒေသနာများကို ပယ်ပစ်သူ မရှိချေ။
၂၉း၄၈။ ဤရှေ့အလျင် ကျမ်းများကို သင် ဖတ်ဘူးသည် မဟုတ်၊ မိစ္ဆာဒိဌိများသံသယဖြစ်လောက်အောင်- သင် အားသန်သလို ဤကျမ်းကို ရေးထုတ်ခဲ့သည် မဟုတ်ချေ။
၂၉း၄၉။ အမှန်မှာ အသိပညာ ချီးမြှင့်ခြင်းခံရသော သူတို့၏ ရင်တွင်း၌ ဤ ကျမ်းသည် ရှင်းလင်းသော သုတ်ဒေသနာများအဖြစ် ရှိနေ၏။ အမိုက်ကောင်များမှ အပ သုတ်ဒေသနာများကို ပယ်ပစ်သူ မရှိချေ။
၂၉း၅၀။ သူတို့က “ကံကြမ္မာရှင်ထံမှ တန်ခိုးနိမိတ်များကို အဘယ်ကြောင့် သူ့အားမချမှတ်ပေးသနည်း၊”ဟု ပြောဆိုကြ၏။ “သုတ်ဒေသနာအပေါင်းသည် ပရမတ်ဘုရားရှင်၏ ထံမှ ဖြစ်၏။ ကျွန်ုပ်သည်ကားရှင်းလင်းစွာ သတိပေးသူသာ ဖြစ်၏။”ဟု ဟောလော့။
၂၉း၅၁။ သူတို့အားရွတ်ဖတ်ပြရန် သင့်ထံ၌ ငါအရှင် ချမှတ်ပေးသော ဤ ကျမ်းတော်သည် သူတို့အတွက် လုံလောက်မှု မရှိသလော၊ ဧကန်ပင် ဤ၌ ကရုဏာ ဓါတ်ရှိနေ၍၊ ယုံကြည်သူ လူမျိုးအတွက် သတိပေးတရားတော် ဖြစ်၏။
၂၉း၅၂။ ဟောလော့- ကျွန်ုပ်၏ကြားသင်တို့ကြားတွင် ပရမတ်ဘုရားရှင်သည် သက်သေသက်ကန် အဖြစ် လုံလောက်၏၊ အရှင်သည် မိုးများနှင့် မြေကမ္ဘာတွင်းရှိသမျှကို သိနေတော်မူ၏။ မိစ္ဆာတရား၌ ယုံကြည်လျက် ပရမတ်ဘုရားရှင်၏ ဂုဏ်တော်အားဖုံးကွယ်သောသူ၊ ထိုသူတို့သည် ဆုံးရှုံးသူများဖြစ်ကြ၏။
၂၉း၅၃။ ဝဋ်ကြွေးဒဏ်အားအသင့်ထံမှ အလျင်စလို တောင်းဆိုကြ၏။ သတ်မှတ်ကာလ အချိန် မရှိခဲ့လျှင် သူတို့ထံသို့ ဝဋ်ကြွေးဒဏ် ရောက်လာပြီးဖြစ် လတ္တံ့၊ သူတို့ သတိမမူမိမှီ ရုတ်တရက် ပေးအပ်ပြီးဖြစ်လတ္တံ့၊
၂၉း၅၄။ ဝဋ်ကြွေးဒဏ် အားအသင့်ထံမှ အလျင်စလို တောင်းဆိုကြ၏။ ငရဲဘုံသည် ဖုံးကွယ်သူများအားဝိုင်းရံလျက် ရှိချေပြီ။
၂၉း၅၅။ ဝဋ်ကြွေးဒဏ်သည် သူတို့၏ အပေါ်မှ၊ သူတို့၏ ခြေထောက်များအောက်မှ- လွှမ်းခြုံသော နေ့ကာလ၌ “သင်တို့၏ ကျင့်ကြံလေ့ ရှိသည်များအားမြည်းစမ်းကြလော့၊”ဟု ပြောဆိုခံရလတ္တံ့။
၂၉း၅၆။ အို- ငါ့ အမှုတော်ဆောင် ယုံကြည်သူတို့၊ ငါ၏ နိုင်ငံတော်အားဖြန့်ကျက်ပေးထား၏၊ သို့ဖြစ်၍ ငါ့ကိုသာလျှင် ကိုးကွယ်ကြလော့။
၂၉း၅၇။ ဉာဉ်စရိုက် တိုင်းသေခြင်းတရားကို မြည်းစမ်းရမည်သာတည်း၊ တဖန် ငါ့ထံသို့ ဦးလှည့်ပြန် ခဲ့ရမည်ပင်။
၂၉း၅၈။ ယုံကြည်လျက် ပြုပြင်ပြောင်းလဲမှု ကျင့်ကြံသော သူတို့အားငါသည် အောက်ခင်း၌ စမ်းချောင်းရေသွင် စီးဆင်းနေသော သုခဘုံ လုံးချင်းအိမ်ယာ၌ နေရာထိုင်ခင်းနေရာချပေးလျက် အစဉ် စံစားစေမည်ပင်၊ ကျင့်ကြံသူများ၏ ဂုဏ်ရှိသော ဆုလဒ်ပင် ဖြစ်၏။
၂၉း၅၉။ သူတို့သည် ခန္တီပါရမီရှိကြ၏။ ကံကြမ္မာရှင်၏ အပေါ်၌ ကိုးစားကြ၏။
၂၉း၆၀။ ရိက္ခာသိုလှောင် သယ်ပိုးမထားနိုင်သော သက်ရှိသတ္တဝါများများပြားလေစွ၊ ပရမတ်ဘုရားရှင်သည် ၎င်းတို့အား၊ သင်တို့အားရိက္ခာထောက် လျက် ရှိ၏။ အရှင်သည် ကြားနေသောအရှင်၊ သိနေသောအရှင် ဖြစ်၏။
၂၉း၆၁။ သင်က “မိုးများနှင့် မြေအားအဘယ်သူက ဖြစ်တည်စေသနည်း၊ နေနှင့်လအားမည်သူက အသုံးခံ ဖြစ်စေသနည်း၊” ဟု မေးမြန်းခဲ့လျှင်၊ သူတို့က “ပရမတ်ဘုရားရှင် ဖြစ်၏၊”ဟု ပြောကြပါလျက်၊ သို့ဖြင့် မည်သို့ လှည့်စားခံနေကြ သနည်း။
၂၉း၆၂။ ပရမတ်ဘုရားရှင်သည် အမှုတော်ဆောင်များမှ စံချိန်ပြည့်မှီသူအားရိက္ခာ တိုးပွားစေ၏၊ ၎င်းအတွက် စည်းကြပ်မတ်တော်မူ၏၊ ဧကန်ပင် ပရမတ် ဘုရားရှင်သည် သဗ္ဗလုံးစုံ သိနေသော အရှင် ဖြစ်၏၊
၂၉း၆၃။“မြေကမ္ဘာအားသေစေပြီးနောက် ရှင်သန်စေရန် အဘယ်သူက ကောင်းကင်ယံမှ ရေကို သွန်းချစေသနည်း၊”ဟု သင် မေးမြန်းလျှင်၊ “ပရမတ် ဘုရားရှင် ဖြစ်၏၊”ဟု ပြောကြလိမ့်မည်၊ “ရည်သန်စူးစိုက်မှုအပေါင်းသည် ပရမတ် ဘုရားရှင် အဘို့သာ ဖြစ်၏၊”ဟု ဟောပြောလော့။ အမှန်မှာ သူတို့မှ အများစုသည် အတွေးအခေါ် မရှိကြချေ။
၂၉း၆၄။ ဤလောကီသက်တမ်းသည် မြူးထူးပျော်ပါးရာ ဟာသမျှ ဖြစ်၏။ နောင်ဘ၀ ဗိမာန်သာလျှင် ဘ၀အမှန် ဖြစ်၏၊ သိကြပါလေစ။
၂၉း၆၅။ သင်္ဘောများကို စီးသွားသောအခါ ပရမတ်ဘုရားရှင်ထံ ဆုတောင်းကြ ၏၊ သာသနာရေး၌ အရှင့်ကိုသာ သန့်သန့်ထားကြ၏၊ သို့သော် ကုန်းမြေဆီသို့ လွတ်မြောက်စေသည်နှင့် သူတို့သည် ရောပြွန်းကိုးကွယ်ကြတော့၏။
၂၉း၆၆။ ငါအရှင် ၏ ချီးမြှင့်ပေးရာများကို ဖုံးကွယ်ရန်၊ ပျော်ပါးမြူးထူးရန် အတွက်သာ ဖြစ်၏။ မကြာမှီ သူတို့ သိကြရလတ္တံ့။
၂၉း၆၇။ သူတို့ ပတ်ဝန်းကျင်မှ လူသားတို့က ဝိုင်းသုတ်ပစ်လု ရှိနေစဉ်တွင် ငါ သည် ယုံကြည်စိတ်ချနိုင်ရာ ဘေးမဲ့ဌာန စီစဉ် ပေးထားသည်ကို သင်တို့ မရှုစားမိ လေသလော၊ မိစ္ဆာတရားအားယုံကြည်နေလျက် ပရမတ်ဘုရားရှင်၏ ဂုဏ်ပေးမှု ကို ဖုံးကွယ်နေကြကုန်သလော။
၂၉း၆၈။ ပရမတ်ဘုရားရှင်အကြောင်းလိမ်ညာ လုပ်ကြံဖန်တီးလျက်၊ သူ့ထံသို့ ရောက်လာသော ပရမတ္ထသစ္စာအားငြင်းဆန်သူထက် မည်သူက ပို၍ အမိုက်စီးဘိ သနည်း၊ ဖုံးကွယ်သူတို့ အတွက် တည်းခိုရာသည် ငရဲဘုံ၌သာ မဟုတ်တုံလော။
၂၉း၆၉။ ငါ၏ သာသနာတော်၌ အားစိုက်ဆောင်ရွက်သော သူတို့၊ ထိုသူ တို့အားငါအရှင်၏ လမ်းစဉ်သို့ လမ်းညွှန်တော်မူ၏၊ ဧကန်ပင် ပရမတ်ဘုရားရှင် သည် သုမင်္ဂလာပြုသူများနှင့် အတူ ရှိနေတော်မူ၏။
ဓမ္မခန္ဓာ (၂၉) ဤတွင် ပြီး၏။
ဓမ္မခန္ဓာ (၃၀) ရောမအင်ပါယာ
ဉာဏ်စဉ်ကိန်းပေးမှု အမှတ်စဉ်- ၈၄။ သုတ်ဒေသနာ- ၆၀ ပါး။
ကရုဏာရှင် အကြင်နာရှင် ဖြစ်တော်မူသော ပရမတ်ဘုရားရှင်၏ ဂုဏ်တော်အားဖြင့် -
၃၀း၁။ “ငါသည် ကုန်စင်သိနေတော်မူသော ပရမတ်ဘုရားရှင် ဖြစ်၏၊”
၃၀း၂။ ရောမအင်ပါယာ ကျရှုံးရလတ္တံ့၊
၃၀း၃။ သူတို့၏ အနိုင်ရပြီးနောက်မှ အနီးအနားတိုင်းပြည်များမှ အနိုင်ပြန်ယူကြမည်မှာ-
၃၀း၄။ နှစ် ကူးသန်းစဉ်အတွင်းဖြစ်၏။ ရှေ့ဖြစ် နောက်ဖြစ်များသည် ပရမတ်ဘုရားရှင်၏ ညွှန်ကြားချက်ပင် ဖြစ်၏။ ထိုနေ့တွင် ယုံကြည်သူများသည် ဝမ်းမြောက်ရမည်သာတည်း။
၃၀း၅။ ပရမတ်ဘုရားရှင်၏ ကူညီမှု။ အရှင်သည် စံချိန်ပြည့်မှီသူအားကူညီ တော်မူ၏။ အရှင်သည် ဘုန်းတော်အရှင်၊ ဓမ္မသတ်ရှင် ဖြစ်တော်မူ၏။
၃၀း၆။ ပရမတ် ဘုရားရှင်၏ ကတိတော်၊ ပရမတ်ဘုရားရှင်သည် ကတိတော်အားပေါ့ပျက်စေခြင်းမရှိချေ။ သို့ရာတွင် လူသားအများစုမှာ သိကြသည် မဟုတ်ချေ။
၃၀း၇။ သူတို့သည် အပေါ်ယိက လောကီသက်တမ်းကိုသာ သိကြ၏။ သို့သော် သူတို့သည် လောကုတ္တရာအားမေ့လျော့နေကြ၏။
၃၀း၈။ သူတို့သည် သူတို့၏ စရိုက်အတွင်းသို့ စဉ်းစားသုံးသပ်ခြင်းမရှိချေ။ ပရမတ်ဘုရားရှင်သည် မိုးများနှင့် မြေ၊ ထိုနှစ်ခု ကြားရှိ အရာများကို မှန်ကန်ညီညွတ်စွာဖြင့်၊ သတ်မှတ် ကာလ အချိန် ဖြင့်သာ ဖြစ်တည်စေ၏။ သို့သော် ကံကြမ္မာရှင်အားဖူးတွေ့ရမည်ကို လူသားမှ များစွာတို့မှာ ဖုံးကွယ်သူများဖြစ်ကြ၏။
၃၀း၉။ သူတို့၏ ရှေ့အလျင် ဖြစ်သူများမှာ နိဂုံးမည်သို့ ချုပ်ရသည်ကို ကမ္ဘာ လှည့် သွားလာ၍ မကြည့်ကြသလော၊ သူတို့မှ အစွမ်းသတ္တိ ပိုမို အားကောင်းသူ များ၊ ပိုမို၍ မြေကမ္ဘာအားတူးဖေါ်လျက် ထို၌ ဘ၀သံသရာလည်ခဲ့ကြ၏၊ ဘ၀ သံသရာ ပေါင်းများစွာ လည်နိုင်ခဲ့၏၊ သူတို့ထံသို့ သူတို့ အတွက် ဉာဏ်စဉ်ဆောင် များသည် ရှင်းလင်းချက်များဖြင့် ရောက်လာခဲ့ပြီ။ ပရမတ်ဘုရားရှင်သည် သူတို့ အားအဝိဇ္ဇာသင့်စေခဲ့သည် မဟုတ်၊ သူတို့၏ စရိုက်ကိုသာ သူတို့ မိုက်ကြေးခွဲလေ့ရှိ၏။
၃၀း၁၀။ ထို့နောက် အကုသိုလ်ပြုသော သူအတွက် အကုသိုလ် နိဂုံးသာ ရှိ၏။ ၎င်းမှာ ပရမတ်ဘုရားရှင်၏ သုတ်ဒေသနာများအားငြင်းဆန်သောကြောင့် ဖြစ်၏။ သူတို့သည် လှောင်ပြောင်လေ့ရှိခဲ့ကြ၏။
၃၀း၁၁။ ပရမတ်ဘုရားရှင်သည် ဖြစ်တည်ခြင်းကို စတည်၏၊ တဖန် ဆက် ဖြစ်နေစေ၏၊ တဖန် အရှင့်ထံသို့သာ လှည့်ပြန်ရလတ္တံ့။
၃၀း၁၂။ အချိန်နာရီ ရပ်တည်ရ မည့် နေ့ကာလ၌ ရာဇဝတ်ကောင်တို့သည် တွေဝေနေကြလတ္တံ့။
၃၀း၁၃။ သူတို့ ရောပြွန်းကိုးကွယ်ခဲ့ သူများမှ- သူတို့အတွက် အမျှဝေပေးနိုင်သူ မရှိချေ။ သူတို့သည် သူတို့၏ ရောပြွန်းကိုးကွယ်ခဲ့ရာများဖြင့် ဖုံးကွယ်သူများဖြစ်ကြ၏။
၃၀း၁၄။ အချိန်နာရီ ရပ်တည်ရမည့် နေ့ကာလ၊ ထိုနေ့ကာလ၌ သူတို့အားခွဲခြားပစ်လတ္တံ့။
၃၀း၁၅။ ယုံကြည်၍ ပြုပြင်ပြောင်းလဲခြင်းကျင့်ကြံသောသူများမှာမူ၊ သူတို့ သည် စိမ်းလန်းစိုပြေသည့် ဓမ္မပီတိရှိစေလတ္တံ့။
၃၀း၁၆။ ဖုံးကွယ်၍ ငါအရှင်၏ သုတ်ဒေသနာများနှင့် နောင်ဘ၀အားဆုံတွေ့ရမည်ကို ငြင်းဆန်သောသူ ထိုသူတို့ အတွက်မူ ဝဋ်တွင်းသို့ ဆင့်ခေါ်ခံသူများဖြစ်ရလတ္တံ့။
၃၀း၁၇။ သို့ဖြစ်၍ ဆည်းဆာချိန်၊ အာရုဏ်ဦးချိန်များ၌ ပရမတ်ဘုရားရှင်အားဦးထိပ်ထားလော့။
၃၀း၁၈။ မိုးများနှင့် မြေအတွင်း၊ မွန်းတည့် နှင့် ညဦးချိန်၌- ရည်သည် စူးစိုက်မှုအပေါင်းသည် ပရမတ်ဘုရားရှင် အဘို့သာ ဖြစ်၏။
၃၀း၁၉။ အရှင်သည် သက်မဲ့မှ သက်ရှိကို ထွက်လာစေမည်၊ သက်ရှိမှ သက်မဲ့ကို ထွက်လာစေမည်၊ မြေကမ္ဘာအားသေပြီးသည်နောက် ရှင်ပြန်ထွက်လာ စေမည်၊ ဤနည်းဖြင့် ရှင်ပြန်ထွက်လာခြင်းများကို ဖြစ်စေ၏။
၃၀း၂၀။ အရှင်၏ သက်သေလက္ခဏာများအနက်၊ သင်တို့အားမြေမှုန့်မှ ဖြစ်တည်စေခြင်းဖြစ်၏၊ တဖန် သင်တို့အားရှင်သန် နိုးကြွနေသည့် လူပုဂ္ဂိုလ်များဖြစ်စေပြီ။
၃၀း၂၁။ အရှင်၏ သက်သေလက္ခဏာများအနက်၊ သင်တို့၏ စရိုက်တူများမှ သင်တို့၏ အိမ်ထောင်ဘက်များကို ဖြစ်တည်စေ၏။ ထိုနေရာများ၌ အခြေချဘို့ရာ ဖြစ်၏၊ သင်တို့ချင်းကြားလိုလားခြင်းကရုဏာသက်ခြင်းများကို စီစဉ်ပေး၏။ စဉ်းစားသုံးသပ်သော လူမျိုးအတွက် ဤ၌ သက်သေလက္ခဏာရပ် ရှိနေ၏။
၃၀း၂၂။ အရှင်၏ သက်သေလက္ခဏာများအနက်၊ မိုးများနှင့် မြေကို ဖြစ်တည် စေခြင်း၊ ဘာသာစကားအသားရောင်များကွဲပြားစေခြင်းဖြစ်၏။ ဧကန်ပင် ဤ၌ ပညာရှင်များအဘို့ သက်သေလက္ခဏာရပ် ရှိနေ၏။
၃၀း၂၃။ အရှင်၏ သက်သေလက္ခဏာများအနက်၊ ည၌ သင်တို့အားအိပ်စက် နားစေဘို့ရာ၊ နေ့၌ အရှင်၏ သိက္ခာပေးခြင်းမှ ရှာဖွေစေဘို့ရာ ဖြစ်စေ၏။ ဧကန်ပင် ကြားနာနိုင်သော လူမျိုးအတွက် သက်သေလက္ခဏာရပ် ရှိနေ၏။
၃၀း၂၄။ အရှင်၏ နိမိတ်လက္ခဏာများအနက် သင်တို့အားပြသသည့် လျှပ်ရောင်များသည် မျှော်ကိုးဘွယ် ထိတ်လန့်ဘွယ် ဖြစ်စေ၏။ ကောင်းကင်ယံမှ ရေကို သွန်းချစေ၍ မြေကို သေပြီးနောက် ရှင်ပြန်စေ၏။ အတွေးအခေါ်ရှိသော လူမျိုးအတွက် ဤ၌ သက်သေလက္ခဏာရပ် ရှိနေ၏။
၃၀း၂၅။ အရှင်၏ နိမိတ်လက္ခဏာများအနက်၊ အရှင်၏ ညွှန်ကြားချက်ဖြင့် ကောင်းကင်ယံနှင့် မြေကမ္ဘာသည် ရပ်တည်ရလတ္တံ့၊ ထို့နောက် တစ်ခါမျှခေါ်ယုံဖြင့် သင်တို့အားခေါ်သောအခါ၊ သင်တို့သည် မြေကမ္ဘာမှ ထွက်လာရကြကုန်၏။
၃၀း၂၆။ မိုးများနှင့် မြေကမ္ဘာတွင်းရှိသူတို့သည် ပရမတ်ဘုရားရှင်၏ အချုပ်အခြာ၌ ရှိ၏။ ကိုယ်စီကိုယ်ငှ အရှင့်အားရိုကျိုးနာခံနေရ၏။
၃၀း၂၇။ ထို အရှင်သည် ဖြစ်တည်ခြင်းကို စတည်၏၊ တဖန် ဆက်ဖြစ်နေ စေ၏၊ ၎င်းမှာ အရှင့်အဘို့ လွယ်ကူလှ၏၊ မိုးများနှင့် မြေအတွက် ပမာဆောင်မှု သည် အထွဋ်အထိပ် ဖြစ်တော်မူသော အရှင်၏ အချုပ်အခြာ၌ ရှိ၏။ အရှင်သည် ဘုန်းတော်ရှင် ဓမ္မသတ်ရှင် ဖြစ်တော်မူ၏။
၃၀း၂၈။ အရှင်သည် သင်တို့အတွက် သင်တို့၏ဉာဉ်စရိုက်များမှ ပမာတစ်ခု ဥပမာပေးသည်မှာ၊ သင်တို့အားငါ ရိက္ခာပေးရာမှ သင်တို့နှင့် သင်တို့၏ လက် အောက် ဩဇာခံများသည် သင်တို့ချင်းတန်းတူ ဖြစ်စေခြင်းငှာ ဂုဏ်တူဘက်စပ် ရှိသလော၊ သင်တို့၏ စိတ်ဉာဉ်အတွက် စိုးရိမ်သကဲ့သို့ သူတို့အတွက် စိုးရိမ်ကြ သလော၊ အတွေးအခေါ်ရှိသော လူမျိုးအတွက် သုတ်ဒေသနာများကို ဤသို့ ရှင်းလင်းဆုံးဖြတ်ပေးတော်မူ၏။
၃၀း၂၉။ အမှန်မှာ မိုက်ကြေးခွဲသော သူတို့သည် အသိပညာမဲ့လျက် လိုဘ နောက်သို့သာ လိုက်နေကြ၏။ ပရမတ်ဘုရားရှင်က လမ်းလွဲစေသူအားမည်သူက လမ်းညွှန်နိုင်အံ့နည်း၊ သူတို့အတွက် ကူညီမည့်သူ မရှိချေ။
၃၀း၃၀။ သာသနာရေး၌ သင်၏ မျက်မှောက်ပြုမှုကို တဖြောင့်တည်းရပ် တည်လော့။ ပရမတ်ဘုရားရှင်သည် လူသားအားသန့်စင်သော မူလ အစဖြင့် စတည်ပေး၏။ ပရမတ်ဘုရားရှင်၏ ဖြစ်တည်စေခြင်း၌ အလွှဲအပြောင်းမရှိ။ ဤသည် တည်တံ့ခိုင်မြဲသော သာသနာပေတည်း။ သို့သော် လူသားအများစုမှာ သိကြသည် မဟုတ်ချေ။
၃၀း၃၁။ ဤအတိုင်းပင် အရှင်ထံသို့ ဘက်လှည့်လော့၊ အရှင့် အားစည်းစောင့်လော့၊ ဝတ်ပြု မြဲကြလော့၊ ရောပြွန်းကိုးကွယ်သူတို့မှ မဖြစ်စေ ကြနှင့်။
၃၀း၃၂။ သူတို့၏ သာသနာအားခွဲJခြမ်း၍ ဂိုဏ်းများကို ဖြစ်လာစေသော သူတို့-၊ အင်အားစုတိုင်းက လက်ရှိအနေ၌ ဝမ်းသာနေကြ၏။
၃၀း၃၃။ သို့သော် ဘေးဥပဒ် ထိသက်သောအခါ လူသားတို့သည် သူတို့၏ ကံကြမ္မာရှင်သို့ ဘက်လှည့် ဆုတောင်းကြကုန်၏။ သို့သော် အရှင်ထံမှ ကရုဏာတော်အားမြည်းစမ်းရသည်နှင့် သူတို့မှ တစ်ဖွဲ့သည် သူတို့၏ ကံကြမ္မာရှင်နှင့် ရောပြွန်းကိုးကွယ်ကြလေ၏။
၃၀း၃၄။ ငါအရှင် ချီးမြှင့်ရာအားဖုံးကွယ်ကြကုန်၏။ သို့ ပျော်ပါးနေစေလော့၊ မကြာမှီ သူတို့ သိကြရလတ္တံ့။
၃၀း၃၅။ သို့တည်းမဟုတ် အရှင်နှင့် ရောပြွန်းကိုးကွယ်မှု ရှိစေဘို့ရာ သူတို့အားအရှင်က ဗျာဒိတ်ပေးအခွင့်အာဏာ ချမှတ်ပေးခဲ့သလော။
၃၀း၃၆။ ငါသည် သူတို့အားကရုဏာတော်ကို မြည်းစမ်းစေသောအခါ ထို၌ ဝမ်းမြောက်ကြကုန်၏။ သူတို့၏ စုံရပ်ခံခဲ့သော လက်ချက်များကြောင့် အကုသိုလ် တစ်စုံတစ်ရာ ထိခိုက်စေလျှင် သူတို့သည် စိတ်ပျက်ကြကုန်၏။
၃၀း၃၇။ ပရမတ်ဘုရားရှင်သည် စံချိန်ပြည့်သူအားရိက္ခာတိုးပွားစေ၍၊ စည်းကြပ်မတ်တော်မူ၏၊ သူတို့ မမြင်ကြသလော။ ဧကန်ပင်ယုံ၊ ကြည်သော လူမျိုးအတွက် ဤ၌ နိမိတ်လက္ခဏာရပ် ရှိနေ၏။
၃၀း၃၈။ ထို့ကြောင့် သင်တို့သည် ဆွေမျိုးနီးစပ်များ၊ နွမ်းပါးသူများ၊ ခရီးသည် များအားမှန်ကန်စွာ ပေးကမ်းကြလော့၊ ဤသည် ပရမတ်ဘုရားရှင်၏ မျက်နှာပေးမှုအားလိုလားသော သူတို့အတွက် အကောင်းဆုံးဖြစ်၏။ ထိုသူတို့သည် အောင်မြင်ပေါက်မြောက်သူများဖြစ်ကြ၏။
၃၀း၃၉။ လူသားတို့၏ ဥစ္စာပစ္စည်းအတွင်း- အတိုးရရန်- ထပ်ပြန်တိုးပေးခြင်းသည် ပရမတ်ဘုရားရှင်၏ ထံ၌ တိုးပွားမည် မဟုတ်ချေ။ ပရမတ် ဘုရားရှင်၏ ထံမှ မျက်နှာရမှုကို လိုလား၍ အခွန်ငွေဖြူ ပေးကမ်းခြင်းမရှိသောသူ၊ ထိုသူတို့သည် အားနည်းချိနဲ့ရမည်ပင်။
၃၀း၄၀။ ပရမတ်ဘုရားရှင်သည် သင်တို့အားဖြစ်တည်စေသော အရှင် ဖြစ်၏၊ ထို့နောက် သင်တို့အားရိက္ခာပေးတော်မူ၏၊ ထို့နောက် သင်တို့အားသေစေ တော်မူ၏၊ ထို့နောက် သင်တို့အားရှင်စေတော်မူ၏။ သင်တို့ ရောပြွန်းကိုးကွယ် သော အရာများသည် ထိုသို့ သင်တို့အားတစ်စုံတစ်ရာ ပြုလုပ်နိုင်သလော။ အရှင် သည် ဦးထိပ်ထားရာဖြစ်၏၊ ရောပြွန်းကိုးကွယ်ခံများထက် အထွဋ်အထိပ် ဖြစ် တော်မူ၏။
၃၀း၄၁။ လူသားတို့၏ ကျင့်ဆောင်ရာ လက်ချက်များကြောင့် မြေနှင့် ရေ၌ အဖျက်လုပ်ရပ်များပေါ်လွင်လာ၏။ သူတို့ ဦးလှည့်နိုင်အံ့ငှာ သူတို့ ကျင့်ကြံခဲ့ရာ များမှ အချို့ကို သူတို့အားမြည်းစမ်းစေပြီ။
၃၀း၄၂။ ရှေ့အလျင်က ရောပြွန်းကိုးကွယ် သူတို့မှ အများစုသည် နိဂုံးမည်သို့ ချုပ်ရသည်ကို မြေကမ္ဘာ၌ သွားလာ၍ ကြည့်ကြ၊”ဟု ဟောကြားလော့။
၃၀း၄၃။ သို့ဖြစ်၍- ပရမတ်ဘုရားရှင်၏ ထံတော်မှ လှည့်ပြေး၍ မရနိုင်သော နေ့ကို ပေးရောက်လာခြင်းမတိုင်မှီ၊ တည်တံ့ခိုင်မြဲသော သာသနာ အတွက် သင် မျက်မှောက်ပြု ရပ်တည်လော့။ ထိုနေ့ကာလ၌ သူတို့အားအက်ကွဲသွားစေလတ္တံ့။
၃၀း၄၄။ ဖုံးကွယ်သူသည် သူ့ကိုယ်သူ ဖုံးကွယ်ခြင်းဖြစ်၏။ ပြုပြင်ပြောင်းလဲ ခြင်းကို ကျင့်ကြံသူသည် သူတို့၏ စရိုက်များအတွက် သာယာညိမ့်ညောင်းစေခြင်းဖြစ်၏။
၃၀း၄၅။ ယုံကြည်၍ ပြုပြင်ပြောင်းလဲခြင်းကျင့်ကြံသော သူတို့အားအရှင်၏ သိက္ခာပေးခြင်းမှ အစားပေးတော်မူ၏။ အရှင်သည် ဖုံးကွယ်သူများကို နှစ်သက် ခြင်းမရှိချေ။
၃၀း၄၆။ အရှင်၏ သက်သေလက္ခဏာတော်များအနက်၊ သတင်းကောင်းဆောင် လေများကို စေပို့ခြင်းဖြစ်၏။ ယင်းမှာ သင်တို့သည် အရှင်၏ ကရုဏာ တော်အားမြည်းစမ်းစေရန်၊ အရှင့် ညွှန်ကြားချက်ဖြင့် သင်္ဘောများကို စီးမျောသွားလာ စေရန်၊ ကျေးဇူးသိတတ်အံ့ငှာ အရှင်၏ သိက္ခာပေးခြင်းမှ ရှာဖွေရန်တို့ ဖြစ်၏။
၃၀း၄၇။ ငါသည် သင့် ရှေ့အလျင် သူများထံသို့ သူတို့၏ လူမျိုးဆီသို့ ဉာဏ်စဉ်ဆောင်များကို စေစားတော်မူ၏။ သူတို့သည် ရှင်းလင်းချက်များဖြင့် ရောက်လာခဲ့၏။ သို့ဖြင့် ရာဇဝတ်မှုပြုသော သူများအားတန်ပြန်စေတော်မူ၏။ ယုံကြည်သူတို့ အားကူညီစောင်မရန်မှာ ငါ၏ အပေါ်၌ တာဝန်တစ်ရပ် ဖြစ်၏။
၃၀း၄၈။ ပရမတ်ဘုရားရှင်၊ အရှင်သည် လေများကို စေစားတော်မူ၍၊ ၎င်းတို့ အားမိုးတိမ်ကို ဖွထုတ်စေ၏။ ထို့နောက် ၎င်းတို့ကို ကောင်းကင်ယံ၌ မည်သို့မည်ပုံ စံချိန်ဖြင့် ဆန့်ထုတ်စေ၏။ ထို့နောက် အစိတ်စိတ် စီစဉ်တော်မူ၏။ သို့ဖြင့် သင်တို့ မြင်ရသော မိုးကို ၎င်းအတွင်းမှ ထွက်လာစေတော်မူ၏။ သို့ဖြင့် အရှင့် အမှုတော် ဆောင်များမှ စံချိန်ပြည့်သူအတွက် ထိသက်စေသောအခါ သူတို့သည် သတင်းကောင်းရရှိသူများဖြစ်ကြ၏။
၃၀း၄၉။ ဧကန်ပင် ဤရှေ့အလျင် သူတို့၏ အဖြစ်မှာ၊ သူတို့အပေါ်သို့ ၎င်းကို ချမှတ်ပေးခြင်းမတိုင်မှီ- တွေဝေနေရလတ္တံ့။
၃၀း၅၀။ မြေကမ္ဘာအားသေနေပြီးနောက် မည်သို့ ပြန်ရှင်စေသည် ဟူသည် ပရမတ်ဘုရားရှင်၏ ကရုဏာ စဉ်ဆက်ကို ကြည့်ကြလော့၊ ဧကန်ပင် ဤသည်မှာ အသေကို ပြန်ရှင်စေခြင်းဖြစ်၏။ အရှင်သည် သဗ္ဗလုံးစုံအားစည်းချိန်ချမှတ် တော်မူ၏။
၃၀း၅၁။ ငါသည် လေကို စေစားတော်မူ၏ ၎င်းသည် ဝါဝင်းလာသည်ကို မြင်ပါလျက်၊ သည့်နောက်တိုင် သူတို့သည် ဖုံးကွယ် မှောင်ချသူများထဲမှ ကုပ်တွယ် နေသေး၏။
၃၀း၅၂။ ဧကန်ပင် သင်သည် သေနေသူများကို မကြားစေနိုင်၊ နောက်သို့ လှည့်သော အပင်းများကိုလည်းကြားအောင် မဖိတ်ခေါ်နိုင်ချေ။
၃၀း၅၃။ အသင်သည် အကန်းများကိုလည်းသူတို့ လမ်းလွဲနေစဉ် လမ်းမညွှန်နိုင်ချေ။ ငါ၏ သုတ်ဒေသနာ များကို ယုံကြည်သူ၊ ထိုငြိမ်းချမ်းရေးဝါဒီများကိုသာ ကြားနာအောင်လုပ်ဆောင် နိုင်၏။
၃၀း၅၄။ ပရမတ်ဘုရားရှင်၊ အရှင်သည် သင်တို့အားအားချိနဲ့သော အဖြစ်မှ ဖြစ်တည်စေ၏။ အားချိနဲ့ပြီးနောက် အစွမ်းရှိရန် စီစဉ်ပေး၏။ တဖန် အစွမ်းရှိပြီးနောက် ဆံဖြူ ချိနဲ့ရန် စီစဉ်၏၊ အရှင်သည် စံချိန်ပြည့်ရာကို ဖြစ်တည်စေ၏။ အရှင်သည်ကားသိနေသောအရှင်၊ စည်းချိန်ချမှတ်သော အရှင် ဖြစ်တော်မူ၏။
၃၀း၅၅။ အချိန်နာရီ ရပ်နေရမည့် နေ့ကာလ၌၊ ရာဇဝတ်ကောင်များက သူတို့ သည် တစ်နာရီမျှပင် မနေခဲ့ရကြောင်းတိုင်တည်ကြလတ္တံ့။ ယင်းသို့ သူတို့သည် လှည့်စားခံနေရမြဲဖြစ်၏။
၃၀း၅၆။ ပညာဂုဏ်နှင့် ယုံကြည်ခြင်းချီးမြှင့်ခံရသော သူများက “သင်တို့ သည် ပရမတ်ဘုရားရှင် ပြဌာန်းသည့်အတိုင်းနိုးထရခြင်းနေ့တိုင် နေခဲ့ရ၏။ ဤသည် နိုးထရခြင်းနေ့ပင်တည်း၊ သို့သော် သင်တို့ သိကြသည် မဟုတ်ချေ၊”ဟု ဆိုကြ၏။
၃၀း၅၇။ ဤနေ့၌ မိုက်ကြေးခွဲသောသူတို့၏ တောင်းပန်မှုသည် အကျိုးမထူး၊ အယူခံခွင့်ရှိသူများလည်းမဟုတ်ချေ။
၃၀း၅၈။ ငါသည် လူသားတို့အတွက် ဤကုရ်အာန်၌ ပမာ ကိုယ်စီ ဥပမာ ပေးပြီ။ သူတို့ထံသို့ သက်သေလက္ခဏာရပ်ဖြင့် ရောက်လာသော်လည်းဖုံးကွယ် သော သူတို့က “သင်တို့သည် မိစ္ဆာဒိဌိများသာ ဖြစ်၏၊”ဟု ဆိုလတ္တံ့။
၃၀း၅၉။ ဤသို့ ပရမတ်ဘုရားရှင်သည် အသိ မရှိသော သူများ၏ နှလုံးသားများကို တံဆိပ်ထုထားလေပြီ၊
၃၀း၆၀။ သို့ဖြစ်၍၊ သည်းခံပါရမီကြီးလော့၊ ပရမတ်ဘုရားရှင်၏ ကတိတော် သည် ပရမတ္ထသစ္စာ ဖြစ်၏။ ဒိဌမယုံကြည်သောသူ အဖြစ်ဖြင့် သင့်အားပေါ့ပျက် ပျက် မဖြစ်စေနှင့်။
ဓမ္မခန္ဓာ (၃၀) ဤတွင် ပြီး၏။
ဓမ္မခန္ဓာ (၃၁) “လု-ကမန်”
ဉာဏ်စဉ်ကိန်းပေးမှု အမှတ်စဉ်- ၅၇။
သုတ်ဒေသနာ- ၃၄ ပါး။
ကရုဏာရှင် အကြင်နာရှင် ဖြစ်တော်မူသော ပရမတ်ဘုရားရှင်၏ ဂုဏ်တော်အားဖြင့် -
၃၁း၁။ “ငါသည် ကုန်စင်သိနေတော်မူသော ပရမတ်ဘုရားရှင် ဖြစ်၏၊”
၃၁း၂။ ဤသည် ဓမ္မသတ် ကျမ်းတော်၏ သုတ်ဒေသနာတော်များဖြစ်၏။
၃၁း၃။ သုမင်္ဂလာပြုသူများအတွက် လမ်းညွှန်နှင့် ကရုဏာတော် ဖြစ်၏။
၃၁း၄။ ထိုသူတို့သည် ဝတ်ပြု မြဲကြ၏၊ အခွန်ငွေဖြူ ပေးကြ၏။ သူတို့သည် နောင်ဘ၀ကိုလည်းဒိဌယုံကြည်ကြ၏။
၃၁း၅။ ထိုသူတို့သည် သူတို့ ကံကြမ္မာရှင်၏ လမ်းညွှန်ချက်၌ ရှိ၍၊ ထိုသူတို့သည်ကားအောင်မြင်ပေါက်မြောက်သူများပင် ဖြစ်၏။
၃၁း၆။ လူသားတို့အနက်၊ အသိပညာမဲ့စွာဖြင့်၊ ပရမတ်ဘုရားရှင်၏ လမ်းစဉ် တော်မှ လွဲဖယ်ရန်၊ အူမြူးစရာ ဆင့်ပြန်စကားများကို ရောင်းဝယ်လျက် ၎င်းကို လှောင်ပြောင်စရာဟု အယူထားကြ၏။ ထိုသူများအတွက် နိမ့်ကျသော ဝဋ်ကြွေးသည် ရှိနေလတ္တံ့။
၃၁း၇။ ငါ၏ သုတ်ဒေသနာတို့အားသူ့ကို ဖတ်ပြသောအခါ၊ ထို၌ မကြား၊ နားများလေးလျက် မာနတက် လှည့်ထွက်သွား၏၊ သူ့အတွက် သတင်းကောင်းမှာ စူးနစ်နာကျင်သော ဝဋ်ကြွေးသာ ဖြစ်၏။
၃၁း၈။ ယုံကြည်၍ ပြုပြင်ပြောင်းလဲမှု ကျင့်ကြံသောသူ၊ ထိုသူတို့အတွက် ဂုဏ်ရှိသော သုခဘုံများရှိနေ၏။
၃၁း၉။ ထို၌ အစဉ်စံစားရမည်ပင်၊ ပရမတ် ဘုရားရှင်၏ ကတိတော်သည် သစ္စာတစ်ရပ် ဖြစ်၏၊ အရှင်သည် ဘုန်းတော်ရှင် ဓမ္မသတ်ရှင် ဖြစ်တော်မူ၏။
၃၁း၁၀။ သင်တို့ မြင်ရသည့်အတိုင်းမိုးကောင်းကင်ကို မဏ္ဍိုင် မရှိဘဲ ဖြစ် တည်စေ၏။ သင်တို့အတွက် ငါသည် မြေကမ္ဘာ၌ ဖြန့်ကျဲမသွားစေရန် တိုက်ကြီးများကို ခင်းကျင်းထား၍၊ ထို၌ သတ္တဝါကိုယ်စီ ပြန့်ပွားစေ၏။ ထို၌ ကျက်သရေ ရှိသော စုဖွဲ့ကိုယ်စီ ဖြစ်ထွန်းစေရန် ကောင်းကင်မှ ရေကို ချပေးတော်မူ၏။
၃၁း၁၁။ ဤသည် ပရမတ်ဘုရားရှင်၏ ဖြစ်တည်စေမှု နိယာမပင်တည်း။ အရှင်မှလွဲ၍ ကိုးကွယ်ခံရသော သူများ၏ ဖြစ်တည်စေခြင်းနိယာမကို ကျွန်ုပ်အားပြသလော့။ အမှန်မှာ အမိုက်ကောင်များသည် ရှင်းလင်းသော အပါယ်လမ်း၌ ရှိ၏။
၃၁း၁၂။ ငါသည် လု(က)မန်အားပရမတ်ဘုရားရှင်အားကျေးဇူးပြုရန်၊ ကျေးဇူးပြုသူသည် သူ၏ ဉာဉ် စရိုက်အတွက်သာ ကျေးဇူးပြုခြင်းဖြစ်ကြောင်းစီရင်ထုံးကို ချီးမြှင့်၏။ မည်သူသည် ဖုံးကွယ်သော်လည်းပရမတ်ဘုရားရှင်သည် ရည်သန် စူးစိုက်မှုအပေါင်းနှင့် ကုံလုံပြည့်စုံပေ၏။
၃၁း၁၃။ လု(က)မန်၏ သားအတွက် ဩဝါဒ၌၊ သူက “အို- ချစ်သား၊ ပရမတ် ဘုရားရှင်နှင့် ရောပြွန်းကိုးကွယ်ခြင်းကို မပြုနှင့်၊ ဧကန်ပင်၊ ရောပြွန်းကိုးကွယ်ခြင်းသည် အဝိဇ္ဇာစီးမှုကြီးဖြစ်၏၊”ဟု ဆို၏။
၃၁း၁၄။ ငါအရှင်က လူသားအားမွေးမိဘနှင့် စပ်လျဉ်း၍ မှာကြားသည်မှာ မိခင်သည် ကိုယ်ဝန်ဆောင်၍ သူ့အားအားကုန်မတတ်၊ အားကုန်ခြင်းဖြင့် မွေးဘွားရ၏၊ သူ၏ နို့ဖြတ်ခြင်းသည် နှစ်နှစ်လည်၌ ဖြစ်၏၊ ငါအရှင့်အားလည်းကောင်းသင့် မွေးမိဘအားလည်းကောင်းကျေးဇူးသိတတ်ရာ၏။ ခရီးဆုံးပန်းတိုင်သည် ငါ့ထံသို့သာ ဖြစ်၏။
၃၁း၁၅။ အကယ်၍ သူတို့က သင့်အားသင်မသိသော အရာကို ငါအရှင်နှင့် ရောပြွန်းကိုးကွယ်စေရန် အားစိုက်ဆောင်ရွက်ခဲ့လျှင် သူတို့အားမနာခံ နှင့်၊ လောကီမှု၌ သူတို့အားအသိအမှတ်ပြု အဖေါ်ပြုလော့၊ သို့သော် ငါ့ဘက် တော်သို့ ဦးတည်ချက် ရှိသူများကိုသာ လိုက်နာလော့၊ တဖန် သင်တို့ အားလုံးသည် ငါ့ထံ သို့သာ အပြန်ခရီးရှိ၏ သင်တို့၏ ကျင့်ကြံလေ့ရှိခဲ့သည်များအားသတင်းထုတ်ပြန်တော်မူလတ္တံ့။
၃၁း၁၆။ အို- ချစ်သား၊ အနုမြူ၏ အလေးချိန်သည်၊ ကျောက်တုံးကြီး၏ အတွင်း၌ ဖြစ်စေ၊ မိုးများအတွင်းမြေအတွင်း၌ ဖြစ်စေ ရှိငြားသော်လည်းပရမတ် ဘုရားရှင်သည် ၎င်းကို ဆွဲထုတ်ယူခဲ့မည်ပင်၊ ဧပန်ပင်၊ ပရမတ်ဘုရားရှင်သည် သက်ညှာတော်မူ၏၊ သတင်းရနေတော်မူ၏။
၃၁း၁၇။ အို- ချစ်သားဝတ်ပြု မြဲကြလော့၊ အသိအမှတ်ပြု ညွှန်ကြားလော့၊ သူစိမ်းဆန်ခြင်းကို ဟန့်တားလော့၊ သင်တို့ ထိခိုက် ရသော အရာ၌ သည်းခံလော့- ဧကန်ပင် ဤသည် ညွှန်ကြားချက်များအားဆုံးဖြတ် နည်းဖြစ်၏။
၃၁း၁၈။ လူသားတို့အားမထီလေးစားမျက်နှာထားဖြင့်၊ မြေကမ္ဘာ၌ ပမာမခန့် မသွားလာနှင့်၊ ဧကန်ပင် ပရမတ်ဘုရားရှင်သည် ဂုဏ်ဖေါ် ကြွားဝါသူတိုင်းအားနှစ်သက်တော်မမူချေ။
၃၁း၁၉။ သွားလာခြင်း၌ အလယ်အလတ်ကျလော့၊ လေသံ လျှော့ချလော့၊ မနှစ်မြို့ဘွယ် သူစိမ်းဆန်သော အသံသည် မြည်း၏ အသံ ဖြစ်၏။
၃၁း၂၀။ ပရမတ်ဘုရားရှင်က မိုးများအတွင်းမြေအတွင်းရှိသော အရာတို့ကို သင်တို့အတွက် အသုံးခံဖြစ်စေကြောင်း၊ သင်တို့ ၏ အတွင်းအပြင် နှစ်ဌာနလုံးကို ဂုဏ်ပေးခြင်းဖြင့် ကာရံထားကြောင်းသင်တို့ မမြင်ကြသလော။ သို့ပါလျက် လူတို့ အနက် အသိပညာ၊ လမ်းညွှန်ချက်၊ တရားရောင်ဝါရှိသော ကျမ်းတော် မရှိဘဲလျက် ပရမတ်ဘုရားရှင်နှင့် စပ်လျဉ်း၍ စောဒကတက်လိုသူ ရှိနေ၏။
၃၁း၂၁။ ပရမတ်ဘုရားရှင်က ချမှတ်ပေးရာအားလိုက်နာကြကုန်လော့ ဟု သူတို့အားပြောသောအခါ၊ သူတို့က “အမှန်မှာ ကျွန်ုပ်တို့သည် မိရိုးဖလာမှ တွေ့ရှိ ချက် ကိုသာ လိုက်နာနေကြ၏၊”ဟု ပြန်ပြောကြ၏။ “အလို၊-- မကောင်းဆိုးဝါးသည် သူတို့အားမီးလောင်စာ ဝဋ်ကြွေးထဲသို့ ခေါ်ငင်ခဲ့ပြီ မဟုတ်တုံလော။”
၃၁း၂၂။ ပရမတ်ဘုရားထံသို့ မျက်မှောက်ပြု၍ ငြိမ်းချမ်းရေးပြုသူ၊ သုမင်္ဂလာ ပြုသောသူ ထိုသူသည်၊ ခိုင်မာမြဲမြံသော လက်ကိုင်အားဆုပ်ကိုင်သည် မည်၏။ အရေးအရာများသည် ပရမတ်ဘုရားရှင်ထံသို့သာ ဆိုက်ရောက် ချုပ်ငြိမ်းရလတ္တံ့။
၃၁း၂၃။ ဖုံးကွယ်မှောင်ချသူ၊ သူ၏ ဖုံးကွယ်မှုကြောင့် သင် စိတ်မပူနှင့်၊ သူတို့၏ အပြန်ခရီးသည် ငါ့ထံသို့သာ ဖြစ်၏။ သို့ဖြင့် သူတို့၏ ကျင့်ကြံခဲ့သမျှကို သူတို့အားသတင်းထုတ်ပြန် ခံရစေလတ္တံ့၊ ဧကန်ပင် ပရမတ်ဘုရားရှင်သည် သူတို့ ၏ ရင်တွင်းခံစားချက်များအားဖြင့် သိနေသော အရှင် ဖြစ်၏၊
၃၁း၂၄။ သူတို့အားယာယီအနည်းငယ် ချမ်းမြေ့မှုပေးထား၏၊ တဖန် တိကျပြတ်သားသော ဝဋ်ကြွေးထဲသို့ တွန်းပို့ပစ်မည်ပင်။
၃၁း၂၅။ “မိုးများနှင့် မြေကမ္ဘာအားအဘယ်သူက ဖြစ်တည်စေသနည်း၊”ဟု သူတို့အားမေးသော်၊ “ပရမတ်ဘုရားရှင် ဖြစ်၏။”ဟု ဆိုကြလိမ့်မည်၊ ဟောလော့ “ရည်သန်စူးစိုက်မှုအပေါင်းသည် ပရမတ်ဘုရားရှင်အဘို့သာ ဖြစ်၏။” သို့သော် သူတို့မှ အများစုမှာ သိကြသည် မဟုတ်ချေ။
၃၁း၂၆။ မိုးများနှင့် မြေကမ္ဘာသည် ပရမတ်ဘုရားရှင်၏ အချုပ်အခြာ၌ ရှိ၏။ ဧကန်ပင် ပရမတ်ဘုရားရှင်၊ အရှင်သည် ကုံလုံ ပြည့်စုံ၏၊ ရည်သန်စူးစိုက်မှု တည်ရာ ဖြစ်၏။
၃၁း၂၇။ အကယ်၍ မြေကမ္ဘာမှ သစ်ပင်များသည် ကလောင်များဖြစ်၍၊ သမုဒ္ဒရာ- ထိုပြီးနောက် သမုဒ္ဒရာ ခုနစ်ဆက်ကို တိုးရွေ့ပေးသော်လည်းပရမတ် ဘုရားရှင်၏ ဓမ္မတော်သည် ခမ်းခြောက်ဘွယ် မရှိ၊ ဧကန်ပင် ပရမတ်ဘုရားရှင် သည် ဘုန်းတော်ရှင် ဓမ္မသတ်ရှင် ဖြစ်တော်မူ၏။
၃၁း၂၈။ သင်တို့အားဖြစ်တည်စေခြင်း၊ သင်တို့အားနိုးထခြင်းသည် ဉာဉ် တစ်ခုတည်းမှသာ ဖြစ်၏။ ဧကန်ပင် ပရမတ်ဘုရားရှင်သည် ကြားနေသောအရှင်၊ မြင်နေသော အရှင်ဖြစ်၏။
၃၁း၂၉။ ပရမတ်ဘုရားရှင်သည် ညကို နေ့ထဲသို့ တိုးဝင်စေ ခြင်း၊ နေ့ကို ညထဲသို့ တိုးဝင်စေခြင်းနေနှင့်လတို့အားအသုံးခံများဖြစ်စေရန် ကိုယ်စီ သတ်မှတ်ကာလ အချိန်အတိုင်းစီးမျောနေစေသည်ကို သင်တို့ မမြင်သ လော၊ ဧကန်ပင် ပရမတ် ဘုရားရှင်သည် ကျင့်ကြံသမျှကို သတင်းရနေတော်မူ၏။
၃၁း၃၀။ ယင်းမှာ၊ ဧကန်ပင် ပရမတ်ဘုရားရှင်၊ အရှင်သည် ပရမတ္ထသစ္စာ ဖြစ်၏။ အရှင် မှလွဲ၍ ဆုတောင်းနေကြရာတို့သည် အမှားသာဖြစ်၏။ ဧကန်ပင် ပရမတ်ဘုရားရှင်- အရှင်သည် အထွဋ်အထိပ်ဖြစ်တော်မူ၏၊ ကြီးကျယ်တော်မူ၏။
၃၁း၃၁။ ပရမတ်ဘုရားရှင်၏ ဂုဏ်ပေးမှုဖြင့် ပင်လယ်သမုဒ္ဒရာ၌ သင်္ဘောများစီးမျောနေကြသည်ကို သင်တို့ မမြင်သလော၊ အရှင်၏ နိမိတ်လက္ခဏာများကို သင်တို့မြင်နိုင်ရန် အလို့ငှာ ဖြစ်၏။ ဧကန်ပင် ဤ၌ သည်းခံသူ၊ ကျေးဇူးသိသူတိုင်းအတွက် နိမိတ်လက္ခဏာရပ် ရှိနေ၏။
၃၁း၃၂။ လှိုင်းတံပိုးသည် အရိပ်စီးလွှမ်းခြုံသော အခါ၊ ပရမတ်ဘုရားရှင်ထံ ဆုတောင်းကြ၏။ သာသနာ၌ သန့်သန့်ထားကြ၏၊ သူတို့အားကုန်းပေါ်သို့ လွတ်မြောက်စေသည်နှင့် သူတို့ထဲမှ အလယ်အလတ်ကျသူ ရှိ၏။ သစ္စာဖေါက် ဖုံးကွယ်မှောင်ချသူ ကိုယ်စီမှအပ ငါ၏သုတ်ဒေသနာများကို ပယ်ပစ်သူ မရှိချေ။
၃၁း၃၃။ အို- လူသားတို့၊ သင်တို့၏ ကံကြမ္မာရှင်အားစည်းစောင့်ကြလော့၊ မွေးဖခင်က သူ့သားအားအစားမပေးနိုင်သော၊ သားက သူ့မွေးဖခင်အားတစ်စုံ တစ်ရာ အစားမပေးနိုင်သော နေ့ကာလကို ကြောက်ရွံ့ကြလော့၊ ပရမတ်ဘုရားရှင် ၏ ကတိတော်သည် သစ္စာတစ်ရပ်ပင် ဖြစ်၏။ လောကီသက်တမ်းက သင်တို့အားမမြှူဆွယ်စေနှင့်၊ မြှူဆွယ်သူက ပရမတ်ဘုရားရှင်မှ တိမ်းရန် သင်တို့အားမမြှူဆွယ်စေနှင့်။
၃၁း၃၄။ ဧကန်ပင် အချိန်နာရီ အကြောင်းကို သိခြင်းမှာ ပရမတ်ဘုရားရှင်၏ ထံ၌သာ ရှိ၏။ အရှင်သည် မိုးကို သွန်းဖြိုးစေ၏၊ ဝမ်းကြာတိုက်တွင်းမှ အရာအားသိနေတော်မူ၏၊ နောက်နေ့စောစောတွင် မည်သည့်အရာအားကျင့်ဆောင်ရရှိ မည်ကို မှန်းနိုင်သော ဉာဉ်မရှိ၊ မည်သည့် မြေ၌ သေရမည်ကို မှန်းနိုင်သော ဉာဉ်မရှိ၊ ဧကန်ပင် ပရမတ်ဘုရားရှင်သည် သိနေသော အရှင် သတင်းရနေသော အရှင် ဖြစ်၏၊၊
ဓမ္မခန္ဓာ (၃၁) ဤတွင် ပြီး၏။
ဓမ္မခန္ဓာ (၃၂) နာခံပုံအပ်ခြင်း
ဉာဏ်စဉ်ကိန်းပေးမှု အမှတ်စဉ်- ၇၅။ သုတ်ဒေသနာ- အပါး၃၀။
ကရုဏာရှင် အကြင်နာရှင် ဖြစ်တော်မူသော ပရမတ်ဘုရားရှင်၏ ဂုဏ်တော်အားဖြင့် -
၃၂း၁။ “ငါသည် ကုန်စင်သိနေတော်မူသော ပရမတ်ဘုရားရှင် ဖြစ်၏၊”
၃၂း၂။ သံသယဖြစ်ဘွယ် အလျှဉ်းမရှိသော ဤကျမ်းတော်ကို လောက ခပ်သိမ်း၏ ကံကြမ္မာရှင်ထံမှ ချမှတ်ပေးတော်မူ၏။
၃၂း၃။ သို့တည်းမဟုတ် လုပ်ကြံ ဖန်တီးချက်ဟု ဆိုကြသလော၊ အမှန်မှာ သင့်ရှေ့အလျင် သတိဖေါ်ပေးသူ မရောက် ရှိသေးသော လူမျိုးအတွက် သင့် ကံကြမ္မာရှင်ထံမှ သတိပေးတရားတော် ဖြစ်သည့် ၎င်းသည် ပရမတ္ထသစ္စာ ဖြစ်၏။ သူတို့ လမ်းညွှန်မှန် ရနိုင်ကောင်း၏။
၃၂း၄။ ပရမတ်ဘုရားရှင်သည် မိုးများနှင့် မြေကမ္ဘာ ထိုနှစ်ခုကြားရှိ အရာများကို ကာလခြောက်ခုဖြင့် ဖြစ်တည်စေသော အရှင် ဖြစ်၏။ ထို့နောက် ထပ်ဆင့် ကွပ်ကဲမှုကို ပုံစံချ၏။ သင်တို့အတွက် အရှင် မှလွဲ၍ အမျှဝေပေးနိုင်သူ မဟာမိတ် မရှိပြီ။ ဆင်ခြင်သတိ ရှိကြမည် မဟုတ်လော။
၃၂း၅။ အရှင်သည် မိုးများမှ မြေကမ္ဘာ တိုင် ညွှန်ကြားချက်များကို ကျောထောက်နောက်ခံ ဖြစ်စေ၏။ တဖန် အရှင့်ထံ တော်သို့ ထိုကာလအတွင်း ပြန်တက်သွား၏၊ ၎င်းသည် သင်တို့၏ ရေတွက်မှု စည်းချိန်အရ နှစ်ပေါင်းထောင်ချီ ဖြစ်၏။
၃၂း၆။ ဤသို့ အရှင်သည် စက္ခုလွန်နှင့် မျက်မှောက်သက်သေများကို သိနေ သော အရှင် ဘုန်းတော်ရှင် အကြင်နာရှင် ဖြစ်၏။
၃၂း၇။ အရှင်သည် သဗ္ဗလုံးစုံအားအတင့်တယ်ဆုံးဖြစ်တည်စေတော်မူ၏။ လူသားကို မြေမှ စတင် ဖြစ်တည်စေ၏။
၃၂း၈။ ထို့နောက် ၎င်းမှ ညှစ်ထုတ်ရသည့် သိုလှောင်ထားရာ တန်ဘိုးမဲ့ ရေ အဖြစ် စီစဉ်၏။
၃၂း၉။ ထို့နောက် ၎င်းအားပုံစံချ၏။ အရှင်၏ ဉာဏ်စဉ်မှ သူ့အားသက်ဝင်စေ၍၊ သင်တို့အားအကြား၊ အမြင် စိတ်နှလုံးများကို စီစဉ်ပေး၏။ သို့သော် အနည်းစုမှအပ ကျေးဇူးသိတတ်ခြင်းမရှိချေ။
၃၂း၁၀။ “ကျွန်ုပ်တို့သည် မြေကမ္ဘာမှ လွဲဖယ်ရသောအခါ ကျွန်ုပ်တို့အားအသစ်တစ်ဖန် ဖြစ်တည်စေမည်လော၊”ဟု သူတို့ မေးကြ၏။ အမှန်မှာ သူတို့သည် သူတို့၏ ကံကြမ္မာရှင်အားဖူးတွေ့ရမည်ကို ဖုံးကွယ်မှောင်ချသူများဖြစ်ကြ၏။
၃၂း၁၁။ ဟောလော့ “သင်တို့အားအုပ်ထိန်းသော သေမင်းက သင်တို့အားသက်တမ်းကုန်စေလတ္တံ့၊ ထို့နောက် ကံကြမ္မာရှင်၏ ထံသို့ သင်တို့ လှည့်ပြန်ခဲ့ရ လတ္တံ့။
၃၂း၁၂။ ရာဇဝတ်ကောင်များသည် ကံကြမ္မာရှင်၏ ထံတော်၌ ဦးခေါင်းများကျိုးလျက် “အို- ကံကြမ္မာရှင် တပည့်တော်တို့ မြင်ရပါပြီ၊ ကြားရပါပြီ၊ ပြုပြင် ပြောင်းလဲခြင်းကျင့်ကြံနိုင်အံ့ငှာ တပည့်တော်တို့အားလှည့်ပြန်စေတော်မူပါ၊ တပည့်တော်တို့ ဒိဌယုံကြည်ပါပြီ၊”ဟု ဆိုကြသည်ကို သင်တို့ ရှုစားမိပါစ။
၃၂း၁၃။ ချီးမြှင့်ရန် ငါ၏ စံချိန်ပြည့်မှီခဲ့လျှင်၊ ဉာဉ်စရိုက်ကိုယ်စီအားလမ်းညွှန် ပေးလတ္တံ့၊ သို့ရာတွင် ငါ၏ တရားတော်သည် သစ္စာတစ်ရပ် ဖြစ်၏။ ငါသည် ကလျာဏနှင့် အန္ဓပုတုဇဉ်တို့အားအတူစု၍ ငရဲဘုံ၌ ဖြည့်တော်မူမည်ပင်။
၃၂း၁၄။ သင်တို့ မေ့ထားခဲ့သည့် ဤဆုံတွေ့ရမည့် နေ့ကာလကို မြည်းစမ်းလော့၊ သင်တို့ အားလည်းငါ မေ့ပစ်လိုက်ပြီ၊ သင်တို့ ကျင့်ကြံလေ့ရှိခဲ့သည့် အတိုင်းဝဋ်ကြွေးဒဏ် အားအစဉ်ထာ၀ရ မြည်းစမ်းလော့။
၃၂း၁၅။ ငါ၏ သုတ်ဒေသနာတော်များကို သူတို့အားသတိဖေါ်ပေးသောအခါ ယုံကြည်သူတို့သည်သာ ပြဝပ် ဦးချကုန်ကြ၏၊ သူတို့၏ ကံကြမ္မာရှင်အားရည်သန် စူးစိုက်လျက် ဦးထိပ်ထားကြ၏။ သူတို့သည် မာနကြီးနေသူများမဟုတ်ချေ။
၃၂း၁၆။ သူတို့သည် သူတို့၏ နံဘေးများကို အိပ်ယာမှ စွန့်ထား၍ ကြောက်ရွံ့ခြင်း၊ မျှော်လင့် ခြင်းများဖြင့် သူတို့၏ ကံကြမ္မာရှင်၌ ဆုတောင်းကြ၏၊ သူတို့အားရိက္ခာပေးရာမှ ပေးကမ်းသုံးစွဲကြ၏။
၃၂း၁၇။ သူတို့အတွက် ကွယ်ဝှက်နေသည့် မျက်လုံးများကြောင့် တည်ငြိမ် အေးချမ်းရမည်ကို သိခဲ့သော စိတ်ဉာဉ်ဟူ၍ မရှိချေ။ သူတို့ ကျင့်ကြံလေ့ ရှိခဲ့ရာကို အစားရမည်ပင်။
၃၂း၁၈။ ယုံကြည်ခြင်း၌ ရှိသူသည် ယုတ်မာခြင်း၌ ရှိသူကဲ့သို့ ဖြစ်သလော၊ တူညီကြသည်ကားမဟုတ်ချေ။
၃၂း၁၉။ ယုံကြည်၍ ပြုပြင်ပြောင်းလဲခြင်းကို ကျင့်ကြံ သောသူ အတွက်မူ ထိုသူတို့အတွက် ခိုလှုံရာသည် ဥယျာဉ်ဘုံများဖြစ်၍၊ သူတို့ ကျင့်ကြံလေ့ရှိခဲ့ရာများကြောင့် စံစားရမှု အဆင့်ဆင့် ရှိနေ၏။
၃၂း၂၀။ ယုတ်မာသောသူ၊ သူတို့ အတွက်မူ ခိုလှုံရာမှာ အပူမီးသာ ဖြစ်၏။ သူတို့သည် ထိုမှ ထွက်ပြေးလိုတိုင်း၎င်းအထဲ၌သာ ဆက်နေနေရ၍၊ သူတို့အား“သင်တို့၏ ငြင်းဆန်လေ့ရှိခဲ့ရာများကြောင့် အပူမီးဝဋ်ကြွေးအားမြည်းစမ်းကြ လော့၊”ဟု ပြောခံရလတ္တံ့။
၃၂း၂၁။ သူတို့ ဦးလှည့်ကြအံ့ငှာ၊ သူတို့အားဝဋ်ကြွေးဒဏ်ကြီးအပြင် နီးကပ်သော ဝဋ်ကြွေးများကို အရင်မြည်းစမ်းစေ၏။
၃၂း၂၂။ ကံကြမ္မာရှင်ထံမှ သုတ်ဒေသနာများဖြင့် သတိဖေါ်ပေးသောအခါ၊ ဘောင်ကန့်ထားသူထက် မည်သူက ပို၍ အမိုက်စီးဘိ သနည်း၊ ငါ၏ တိကျသော တုန့်ပြန်မှုသည် ရာဇဝတ်ကောင်များအတွက် ရှိနေ၏။
၃၂း၂၃။ ငါသည် မူဆာအားကျမ်းတော်ကို ချီးမြှင့်ခဲ့၏။ ထို့ကြောင့် ၎င်းအားခင်းကျင်းပြသည်ကို အချင်းများလေ့မရှိနှင့်၊ ငါသည် ၎င်းကို ဂျူးလူမျိုးတို့ အတွက် လမ်းညွှန်အဖြစ် စီစဉ်တော်မူ၏။
၃၂း၂၄။ သူတို့သည် သည်းခံပါရမီ ရှိသောအခါ၊ သူတို့မှ ရှေ့ဆောင်များစီစဉ်ပေး၍ ငါ့ ညွှန်ကြားချက် အားဖြင့် လမ်းညွှန်တော်မူ၏။ သူတို့သည် ငါ၏ သုတ်ဒေသနာများ၌ ဒိဌယုံကြည်ခြင်းရှိကြ၏။
၃၂း၂၅။ ရပ်တည်ရ သော နေ့ကာလ၌၊ ထို၌ သူတို့၏ ကွဲလွဲလေ့ ရှိရာများအတွက် သင်၏ ကံကြမ္မာရှင် က သူတို့ကြား၌ ရှင်းလင်းဆုံးဖြတ်တော်မူလတ္တံ့။
၃၂း၂၆။ သူတို့၏ ရှေ့အလျင် မျိုးဆက်ပေါင်းမည်မျှကို တိမ်ကောပျက်စီးစေ ခဲ့ ပြီနည်း၊ ထိုအခြေချရာများ၌ သူတို့ သွားလာ နေပါလျက်၊ ၎င်းတွင် သူတို့အတွက် လမ်းညွှန်ချက် မရှိသလော၊ ကြားနာတတ်သူများအတွက် ယင်း၌ နိမိတ်လက္ခဏာ ရှိနေသည် မဟုတ်လော။
၃၂း၂၇။ ငါသည် လွင်တီးခေါင် မြေသို့ ရေကို ဖြတ်မောင်း၍၊ ၎င်းအားဖြင့် စိုက်ခင်းများပေါက်ရောက်စေ၏။ ထိုမှ သူတို့ ကိုယ်တိုင်နှင့် သူတို့၏ တိရိစ္ဆာန်များကို စားသုံးစေကြသည်ကို မရှုစားမိသလော။ သူတို့၌ အမြင်မရှိကြသလော။
၃၂း၂၈။ ထို့ပြင် သူတို့က “သင်တို့သည် ဖြောင့်မှန်သူများဖြစ်ကြလျှင်၊ မည် သည့် အခါ ထွက်ပေါက်ရမည်နည်း၊”ဟု ပြောကြ၏။
၃၂း၂၉။ ဟောလော့ “ထွက်ပေါက် ရသော နေ့ကာလ၌ ဖုံးကွယ်သောသူတို့၏ ယုံကြည်ခြင်းသည် သူတို့အားအကျိုးရှိစေမည် မဟုတ်၊ သူတို့အားစောင့်ကြည့် ခွင့် ပေးတော့မည်လည်းမဟုတ်ချေ။
၃၂း၃၀။ သို့ဖြစ်၍ သူတို့အားဘောင်ထားလော့၊ စောင့်ကြည့်ကြလော့၊ သူတို့ သည်လည်းစောင့်ကြည့်နေသူများဖြစ်ကြ၏။
ဓမ္မခန္ဓာ (၃၂) ဤတွင် ပြီး၏။
ဓမ္မခန္ဓာ (၃၃) မဟာမိတ်များ
ဉာဏ်စဉ်ကိန်းပေးမှု အမှတ်စဉ်- ၉၀။ သုတ်ဒေသနာ- အပါး၇၃။
ကရုဏာရှင် အကြင်နာရှင် ဖြစ်တော်မူသော ပရမတ်ဘုရားရှင်၏ ဂုဏ်တော်အားဖြင့် -
၃၃း၁။ အို- သတင်းတော်ဆောင်၊ ပရမတ်ဘုရားရှင်အားစည်းစောင့်လော့၊ ဖုံးကွယ်သူများနှင့် သီလကြောင်တို့အားမနာခံနှင့် ဧကန်ပင် ပရမတ်ဘုရားရှင်သည် သိနေသော အရှင် ဓမ္မသတ်ရှင် ဖြစ်တော်မူ၏။
၃၃း၂။ သင့်ထံသို့ သင့်ကံကြမ္မာရှင်မှ အာရုံဈာန်ဖြစ်ပေးသည်ကို လိုက်နာ လော့၊ ဧကန်ပင် ပရမတ်ဘုရားရှင်သည် ကျင့်ကြံလေ့ ရှိသမျှအားသတင်းသိနေ တော်မူ၏။
၃၃း၃။ ပရမတ်ဘုရားရှင်အားကိုးစားလော့၊ ပရမတ်ဘုရားရှင်သည် ကိုးစားထိုက်သည့် အရှင် အဖြစ် လုံလောက်တော်မူ၏။
၃၃း၄။ ပရမတ်ဘုရားရှင်သည် မည်သည့် လူသားကိုမျှ စိတ်အတွင်း၌ နှလုံးနှစ်ခု စီစဉ်မပေးချေ။ သင်တို့၏ စုဖွဲ့ဖေါ်များ- သူမတို့ကို ကျောခိုင်း၍ သင်တို့၏ မိခင်အဖြစ် စီစဉ်မပေးချေ။ သင်တို့၏ မွေးစားသားများကိုလည်းသားရင်းအဖြစ် စီစဉ်မပေးချေ။ ဤသည် သင်တို့၏ ပါးစပ်များဖြင့် ပြောစကားသာ ဖြစ်၏။ ပရမတ်ဘုရားရှင်သည် သစ္စာစကားကိုသာ မိန့်ဆို၏။ အရှင်သည် နည်းလမ်းတကျ လမ်းညွှန်တော်မူ၏။
၃၃း၅။ သူတို့၏ အဖေရင်းများကို ဖေါ်ပြောလော့၊ ၎င်းသည် ပရမတ် ဘုရားရှင်၏ ထံ၌ အမျှတဆုံးဖြစ်၏။ အကယ်၍ သင်တို့ သည် သူတို့၏ ဖခင်ရင်းများကို မသိခဲ့လျှင်၊ သာသနာလမ်းစဉ်အရ သူတို့သည် သင်တို့၏ ညီနောင်များဖြစ်ကြ၏။ သင်တို့၏ ရဲဘော်ရဲဘက်များဖြစ်ကြ၏။ သင်တို့၏ နှလုံးသားမှ မဏ္ဍိုင် မရှိခဲ့သော် သင်တို့၏ မေ့မှားမှုများအတွက် အပြစ်မရှိချေ၊ ဧကန်ပင် ပရမတ် ဘုရားရှင်သည် လွတ်ငြိမ်းစေသော အရှင် အကြင်နာရှင် ဖြစ်တော်မူ၏။
၃၃း၆။ သတင်းတော်ဆောင်သည် ယုံကြည်သူများအတွက် သူတို့၏ စိတ်ဉာဉ် များထက် ပို၍ အလှည့်ပေး၏၊ သူ့ အိမ်ထောင်ဘက်တို့သည် သူတို့ အတွက် မိခင်များဖြစ်၏။ ပရမတ်ဘုရားရှင်၏ ပြဌာန်းချက်အရ၊ မဟာမိတ်များအားသင်တို့ အသိအမှတ်ပြု စီမံမှုမှ အပ၊ ယုံကြည်သူများ၊ ပြောင်းရွှေ့ခဲ့ရသူများမှ အချို့သည် အချို့ထက် မွေးရာပါအခွင့်အရေးပို၍ အလှည့်ပေးရန် ကျမ်းတော်တွင် ဤသို့ ရေးမှတ်ထား၏။
၃၃း၇။ ငါသည် သတင်းတော်ဆောင်များထံမှာ ကတိခံဝန်ချက် ယူခဲ့သည်မှာ- သင့်ထံမှ၊ နူးဟ်၊ အီဗရာဟီးမ်၊ မူဆာနှင့် မာရိ၏ သားယေရှုထံမှဖြစ်၏။- သူတို့ထံမှ တိကျပြတ်သားသော ပဋိညာဉ်ကို ယူခဲ့သည်မှာ-
၃၃း၈။ ဖြောင့်မှန်သူတို့အားဖြောင့်မှန် ခြင်းကို စောကြောနိုင်ရန် ဖြစ်၏။ ဖုံးကွယ်သူတို့ အတွက် စူးနစ်နာကျင်သော ဝဋ်ကြွေးဒဏ်ကို တွက်ချက်ပြင်ဆင်ထား၏။
၃၃း၉။ အို- ယုံကြည်သောသူတို့၊ သင်တို့အားပရမတ်ဘုရားရှင်က ဂုဏ်ပေးခဲ့သည်ကို သတိရကြလော့။ သင်တို့ထံသို့ စစ်တပ်ကြီးရောက်လာသောအခါ၊ ငါသည် သူတို့အပေါ်သို့ မရှုမြင်နိုင်သော စစ်တပ်နှင့် လေကို စေပို့လိုက်၏။ ဧကန်ပင် ပရမတ်ဘုရားရှင်သည် ကျင့်ကြံသမျှကို မြင်နေသော အရှင် ဖြစ်၏။
၃၃း၁၀။ သူတို့သည် သင်တို့ထံသို့ အပေါ်ပိုင်းမှ၊ အနိမ့်ပိုင်းမှ ရောက်လာကြသောအခါ၊ သင်တို့၏ အမြင်များသည် တိမ်းပါးလျက်၊ နှလုံးသွေးကြောသည် လည်မြိုသို့ ဆို့မတတ် ဖြစ်၏။ ထို့အခါ သင်တို့သည် ပရမတ်ဘုရားရှင်အားမဆီလျော်သော စဉ်းစားချက်ဖြင့် စဉ်းစားကြ၏။
၃၃း၁၁။ ဤသည် ယုံကြည်သူများအတွက် စုံစမ်းမှုကြီးဖြစ်၏။ ပြင်းထန် သော တုန်လှုပ်ခြင်းဖြင့် တုန်လှုပ်ကြရ၏။
၃၃း၁၂။ သီလကြောင်များနှင့် စိတ်နှလုံး၌ ရောဂါရှိသော သူများက “ကျွန်ုပ်တို့ အတွက် ပရမတ်ဘုရားရှင်နှင့် အရှင်၏ ဉာဏ်စဉ်ဆောင်၏ ကတိမှာ မြှူဆွယ်ခြင်းသာ ဖြစ်၏၊”ဟု ဆိုကြ၏။
၃၃း၁၃။ သူတို့မှ အုပ်စုတစ်စုက “အို-ယာစ်ရိဗ်သားအပေါင်းတို့၊ သင်တို့၌ ရပ်တည်နိုင်အားမရှိ၊ လှည့်ပြန်ကြပါစို့၊”ဟု ဆိုကြ၍၊ သူတို့မှ တစ်ဖွဲ့က သတင်းတော်ဆောင်အား“ကျွန်ုပ်တို့၏ အိမ်များသည် ဟင်းလင်းဖြစ်နေ ပါ၏၊”ဟု ပြောဆို ခွင့်တောင်းကြ၏။ ၎င်းတို့မှာ ဗလာဟင်းလင်းမဟုတ်ချေ။ သူတို့သည် ထွက်ပြေးလိုခြင်းသာ ဖြစ်၏။
၃၃း၁၄။ ပတ်ပတ်လည်မှ သူတို့ထံသို့ ဝင်ရောက်လာ၍၊ သင်တို့အားသွေးတိုးစမ်းရန် တောင်းဆိုကြလျှင်၊ သူတို့ အလွယ်တကူ ဆောင်ရွက်ပြီးလတ္တံ့၊ သူတို့သည် စောင့်ဆိုင်းနေမည် မဟုတ်ပေ။
၃၃း၁၅။ နောက်သို့ လှည့်မည် မဟုတ်ပါ ဟု ဤမတိုင် မှီက သူတို့သည် ပရမတ်ဘုရားရှင်၌ ပဋိညာဉ် ရှိခဲ့ကြ၏။ ပရမတ်ဘုရားရှင်၌ ရှိခဲ့သော ပဋိညာဉ် အတွက် စစ်ကြောခံရမည်ပင်။
၃၃း၁၆။ ဟောလော့ “သင်တို့သည် အနိစ္စရောက်ရမည်မှ၊ ကျဆုံးရမည်မှ ထွက်ပြေးငြားသော်လည်းသင်တို့၏ ထွက်ပြေးခြင်းသည် အကျိုးမရှိချေ။ မဆို စလောက် အနည်းငယ်မျှ ချမ်းမြေ့နေစေလော့။”
၃၃း၁၇။ ဟောလော့ “သင်တို့အားပရမတ်ဘုရားရှင်ထံတော်မှ အကုသိုလ်သင့်စေလိုသည် ဖြစ်စေ၊ ကရုဏာသင့်စေ လိုသည် ဖြစ်စေ- မားမားရပ်ပေးနိုင်သောသူ ရှိသလော။ ပရမတ်ဘုရားရှင်မှ လွဲ၍ ကူညီမည့်သူ မဟာမိတ်ကို တွေ့ရနိုင်မည် မဟုတ်ချေ။-
၃၃း၁၈။ သင်တို့အနက် သူတို့၏ ညီနောင်များအား“ကျွန်ုပ်တို့ ဘက်သို့ ရှေ့ထွက်လာလော့၊”ဟု သွေးထိုးပြောသူများကို ပရမတ်ဘုရားရှင်သည် သိနေ တော်မူ၏။” အနည်းငယ်မှအပ သူတို့သည် တိုက်ခိုက်ရာသို့ ရောက်လာကြမည် မဟုတ်ချေ။
၃၃း၁၉။ သင်တို့အပေါ်၌ နှမြောတွန့်တိုကြ၏။ သို့သော် ကြောက်ရွံ့ရမှု ရောက် စေသောအခါ၊ သူ့အပေါ်သို့ သေဘေးလွှမ်းခြုံခံရသူ၏ မျက်လုံးမျိုးဖြင့် သင့်ဘက် သို့ ခိုကိုး၍ ကြည့်နေကြသည်ကို သင်မြင်ရ၏။ သို့သော် ကြောက်ရွံ့ရခြင်းအားရုပ်သိမ်းသွားသောအခါ၊ သင်တို့အပေါ် လျှာစောင်းထက်ကြ၏။ သူတို့၏ ကောင်းကျိုးများအတွက် နှမြောတွန့်တိုကြ၏။ ထိုသူတို့သည် ယုံကြည်သူများမဟုတ်ကြ ချေ။ သို့ဖြစ်၍ ပရမတ်ဘုရားရှင်သည် သူတို့၏ ကျင့်ကြံမှုများကို အချည်းနှီးဖြစ်စေပြီ။ ယင်းသို့ ဖြစ်စေရန် ပရမတ်ဘုရားရှင်အတွက် လွယ်ကူလှချေ၏။
၃၃း၂၀။ဂိုဏ်းပေါင်းစုံတို့သည် တပ်ခေါက်ရုပ်သိမ်းသွားမည်ဟု သူ့တို့ မစဉ်းစားမိကြချေ။ ဂိုဏ်းပေါင်းစုံတို့ ပြန်ရောက်လာခဲ့သော်၊ တောသားတို့မှ ကန္တာရသားများထံ သွားခိုပြီးလျှင်၊ သင်တို့၏ သတင်းကို မေးမြန်းစုံစမ်း၍ နေလိုကြ၏။ သူတို့သည် သင်တို့ အထဲ၌ ရှိနေခဲ့သော်လည်းအနည်းငယ်သည်သာ ခုခံတိုက်ခိုက် ကြကုန်၏။
၃၃း၂၁။ သင်တို့ အထဲမှ ပရမတ်ဘုရားရှင်နှင့် နောင်ဘ၀ နေ့ကာလအားမျှော် ကိုး၍၊ ပရမတ်ဘုရားရှင်အားမြောက်များစွာ ရှုမှတ်သတိရခြင်းရှိသူတို့ အတွက် ပရမတ်ဘုရားရှင်၏ ဉာဏ်စဉ်ဆောင်၌ အတင့်တယ်ဆုံးသော စံနမူနာ ရှိနေ၏။
၃၃း၂၂။ ယုံကြည်သူများက ဂိုဏ်းပေါင်းစုံတို့အားတွေ့မြင်ရသောအခါ၊ “ဤ သည် ပရမတ်ဘုရားရှင်နှင့် အရှင်၏ ဉာဏ်စဉ်ဆောင် ကတိပေးထားရာ ဖြစ်၏။ ပရမတ်ဘုရားရှင်နှင့် အရှင်၏ ဉာဏ်စဉ်ဆောင်သည် ဖြောင့်မှန်၏၊”ဟု ဆိုကြ၍၊ သူတို့၏ ယုံကြည်မှုနှင့် ငြိမ်းချမ်းရေးဆောင်မှုကို တိုးစေ၏။
၃၃း၂၃။ ယုံကြည်သူများအနက်၊ ပရမတ်ဘုရားရှင်နှင့်‌ ပဋိညာဉ်ရှိသည်ကို ဖြောင့်မှန်စွာရပ်တည်သော လူသားတို့ ရှိ၏။ သူတို့ အနက် သန္နိဋ္ဌာန်ကို ပြီးဆုံးအောင်လုပ်သူ ရှိ၏။ စိုးစဉ်းမျှ မလွှဲမပြောင်းစောင့်ကြည့်နေသူများလည်းရှိ၏။
၃၃း၂၄။ ပရမတ်ဘုရားရှင်သည် ဖြောင့်မှန်သူတို့အားဖြောင့်မှန်ခြင်းအစားကို ပေးရန်၊ သီလကြောင်တို့အားစံချိန်အလျောက် ဝဋ်ကြွေးသင့်စေရန် သို့မဟုတ် သင်ပုန်းချေပေးရန် အတွက် ဖြစ်၏။ ဧကန်ပင် ပရမတ်ဘုရားရှင်သည် လွတ်ငြိမ်းစေသော အရှင် အကြင်နာရှင် ဖြစ်တော်မူ၏။
၃၃း၂၅။ ပရမတ်ဘုရားရှင်သည် ဖုံးကွယ်သော သူတို့အားသူတို့၏ ဒေါသဖြင့် ပင် တန်ပြန်စေတော်မူ၏။ သူတို့ အတွက် ကောင်းကျိုးမဆွတ်ခူးနိုင်ချေ။ စစ်ပွဲ၌ ပရမတ်ဘုရားရှင်သည် ယုံကြည်သူတို့ အတွက် လုံလောက်တော်မူ၏။ ဧကန်ပင် ပရမတ်ဘုရားရှင်သည် တန်ခိုးတော်ရှင် ဘုန်းတော်အရှင် ဖြစ်တော်မူ၏။
၃၃း၂၆။ အရှင်သည် ကျမ်းစာဝိုင်းသားများမှ သူတို့အားကျောထောက်နောက်ခံ ပေးသော သူများအားသူတို့၏ ခံတပ်များမှ မောင်းချတော်မူ၏၊ သူတို့၏ စိတ်နှလုံး၌ ကြောက်လန့် ဝန်ပိစေ၏၊ တစ်ဖွဲ့သည် သင်တို့၏ ခုခံတိုက်ခိုက်ခြင်းကို ခံရ၍၊ တစ်ဖွဲ့အားသုံ့ပန်းအဖြစ် ဖမ်းမိစေ၏။
၃၃း၂၇။ သင်တို့ မတက်လှမ်းခဲ့ဘူးသော သူတို့၏ မြေများ၊ သူတို့၏ အိုးအိမ်များ၊ သူတို့၏ ဥစ္စာပစ္စည်းများကို သင်တို့အားအမွေ ဆက်ခံစေ၏။ ဧကန်ပင် ပရမတ်ဘုရားရှင်သည် သဗ္ဗလုံးစုံအားစည်းချိန်ချမှတ် သော အရှင်ဖြစ်၏။
၃၃း၂၈။ အို- သတင်းတော်ဆောင်၊ သင်၏ အိမ်ထောင်ဘက်တို့အားဟော ပြောရမည်မှာ “သင်မတို့သည် ဤလောကီ သက်တမ်းနှင့် စွဲမက်စရာများကို လိုလားမှု ရှိကြလျှင်၊ လာကြကုန်လော့။ သင်မတို့အားစိတ်ချမ်းမြေ့စေမည် ထို့နောက် အမြင်လှသော လွတ်လပ်ခြင်းဖြင့် လွတ်လပ်ခွင့် ပေးလိုက်မည်၊
၃၃း၂၉။ အကယ်၍ သင်မတို့သည် ပရမတ်ဘုရားရှင်၊ အရှင်၏ ဉာဏ်စဉ်ဆောင်နှင့် နောင် ဘ၀ ဗိမာန်ကို လိုလားမှု ရှိကြလျှင်၊ ဧကန်ပင် ပရမတ်ဘုရားရှင်သည် သင်မတို့မှ သုမင်္ဂလာပြုသူများအတွက် မဟာဆုလဒ်ကြီးကို တွက်ချက်ပြင်ဆင်ထားလေပြီ” ဟု ဖြစ်၏။
၃၃း၃၀။ အို- သတင်းတော်ဆောင်၏ အမျိုးသမီးတို့၊ သင်မတို့အနက် ကိုယ်ကျင့်ပျက်မှု၌ ရှင်းရှင်းလင်းလင်းရှိလျှင် ဝဋ်ကြွေးအားနှစ်ဆ ဖြစ်စေမည်။ ဤသို့ နှစ်ဆဖြစ်စေရန် ပရမတ်ဘုရားရှင် အတွက် လွယ်ကူလှချေ၏။
၃၃း၃၁။ သင်မတို့မှ ပရမတ်ဘုရားရှင်နှင့် အရှင်၏ ဉာဏ်စဉ်ဆောင်အားနာခံ၍ ပြုပြင် ပြောင်းလဲမှုကို ကျင့်ကြံသူ၊ သူမအားအကျိုးဆုလဒ် နှစ်ကြိမ် ချီးမြှင့်တော်မူ၏။ ငါသည် သူမအတွက် ကျက်သရေရှိသော ရိက္ခာကို ပြင်ဆင်ထား၏။
၃၃း၃၂။ အို- သတင်းတော်ဆောင်၏ အမျိုးသမီးတို့၊ သင်မတို့သည် အခြားအမျိုးသမီးတစ်စုံတစ်ယောက်တို့ ကဲ့သို့ မဟုတ်ချေ။ သင်တို့သည် စည်းစောင့်ကြ လျှင်၊ နှလုံးသား၌ ရောဂါရှိနေသော သူတို့အားမျှော်လင့်ချက်ပေးစကားလုံးမဟနှင့်- အသိအမှတ်ပြုထားသော စကားလုံးဖြင့် ပြောဆိုကြလော့။
၃၃း၃၃။ သင်မတို့၏ အိမ်များ၌ တည်တည်ငြိမ်ငြိမ်နေကြလော့၊ ရှေးဦးပထမ ပညာမဲ့ခေတ်က ကိုယ်ဟန်ပြ သကဲ့သို့ ကိုယ်ဟန်မပြကြနှင့်၊ ဝတ်ပြု မြဲကြလော့၊ အခွန်ငွေဖြူ ပေးကမ်းကြလော့၊ ပရမတ်ဘုရားရှင်နှင့် အရှင်၏ ဉာဏ်စဉ်ဆောင် အားနာခံကြလော့၊ ပရမတ်ဘုရားရှင်သည် သင်မတို့ထံမှ ညစ်ညမ်းမှုများကို ရုပ် သိမ်းပစ်လို၏။ အို- အိမ်တော်၏ ဝိုင်းသားအပေါင်းတို့ သင်တို့အားသန့်စင်မှုဖြင့် သန့်စင်စေကြလော့။
၃၃း၃၄။ သင်မတို့၏ အိမ်၌ ပရမတ်ဘုရားရှင်၏ သုတ်ဒေသနာများနှင့် စီရင် ထုံးများကို ရွတ်ဖတ်လေ့လာ၊ သတိရစေကြလော့၊ ဧကန်ပင် ပရမတ်ဘုရားရှင် သည် သက်ညှာသော အရှင်၊ သတင်းသိနေသော အရှင် ဖြစ်တော်မူ၏။
၃၃း၃၅။ ဧကန်ပင် ငြိမ်းချမ်းရေးပြုသူ၊ ငြိမ်းချမ်းရေးပြုသောသူမ၊ ယုံကြည်သူ ယုံကြည်သောသူမ၊ နာခံသူ နာခံသော သူမ၊ အလှုရှင်၊ အလှုရှင်မ၊ သည်းခံသူ၊ သည်းခံသော သူမ၊ ရိုကျိုးသူ ရိုကျိုးသောသူမ၊ သမာဓိရှင်၊ သမာဓိရှင်မ ဥပုသ် သီလစောင့်သူ၊ ဥပုသ်သီလစောင့်သော သူမ၊ အရှက်အင်္ဂါများကို စောင့်ထိန်းသူ၊ စောင့်ထိန်းသော သူမ၊ ပရမတ်ဘုရားရှင်အားများစွာ ရှုမှတ်သတိရသူ၊ သတိရ သော သူမ၊ ထိုသူများအတွက် ပရမတ်ဘုရားရှင်သည် လွတ်ငြိမ်းခွင့်နှင့် မဟာ ဆုလဒ်ကြီးကို တွက်ချက်ပြင်ဆင်ထားတော်မူ၏။
၃၃း၃၆။ ပရမတ်ဘုရားရှင်နှင့် အရှင်၏ ဉာဏ်စဉ်ဆောင်က ညွှန်ကြားချက် တစ်ခုအားဆုံးဖြတ်ပြီးသော်၊ ယုံကြည်သူ၊ ယုံကြည်သော သူမတို့သည် သူတို့ အတွက် ညွှန်ကြားချက်မှာ အကောင်းမဟုတ်ဟု မဖြစ်အပ်။ ပရပတ်ဘုရားရှင်နှင့် အရှင်၏ ဉာဏ်စဉ်ဆောင်အားအာခံခြင်းသည် ရှင်းလင်းထင်ရှားသော လွဲမှားခြင်းဖြင့် လွဲမှားခြင်းသာ ဖြစ်၏။
၃၃း၃၇။ ပရမတ်ဘုရားရှင်က ဂုဏ်ပေးသောသူ၊ သင်ကလည်းဂုဏ်ပေးသူ၊ ထိုသူအားသင်က “သင့် ပေါင်းဖေါ်အားထိန်းထားလော့၊ ပရမတ်ဘုရားရှင်အားစည်းစောင့်လော့၊”ဟု ပြောသောအခါ၊ သင်သည် လူသားတို့ကို စိုးကြောက်၍ ပရမတ်ဘုရားရှင်က ဖေါ်ပြသည်ကို သင့်စိတ်ဉာဉ်၌ ဖုံးဖိထား၏။ ပရမတ် ဘုရားရှင်အားစိုးကြောက်ခြင်းသည်သာ သစ္စာတရားဖြစ်၏၊ သို့ဖြင့် ဇိုဒ်၏ ကိစ္စအားပြီးပြတ်ပြီးသောအခါ၊ ငါသည် သူမကို သင်၏ ကြည့်ရှုစောင့်ရှောက်ခြင်းစုဖွဲ့ဖေါ် ဖြစ်စေပြီ၊ မွေးစားသားတို့၏ ပေါင်းဖေါ်များအားသူမတို့၏ အမှုကိစ္စ ပြီးပြတ်သော အခါ၊ ကြည်ရှုစောင့်ရှောက် ရာ၌ ယုံကြည်သူများအတွက် ခက်ခဲမှု မရှိရစေရန် ဖြစ်၏။ ပရမတ်ဘုရားရှင်သည် ညွှန်ကြားချက်များကို စီမံပြီးဖြစ်၏။
၃၃း၃၈။ ပရမတ်ဘုရားရှင်၏ တာဝန်ပေးမှုကြောင့် သတင်းတော်ဆောင်အားခက်ခဲမှု မရှိစေရ။ ရှေ့အလျင် လွန်လေပြီးသော သူများကိုလည်းပရမတ်ဘုရားရှင် ၏ ဤနည်းနာအတိုင်းပြုစေ၏။ ပရမတ်ဘုရားရှင်၏ ညွှန်ကြားချက်အားစည်းချိန် အလျောက် စည်းကြပ်မတ်ထား၏။
၃၃း၃၉။ သူတို့သည် ပရမတ်ဘုရားရှင်၏ စေပို့ချက်များကို ဆိုက်ရောက်စေခဲ့ ကြ၏။ အရှင့်ကိုသာ ကြောက်ရွံ့ရိုကျိုးကြ၏။ ပရမတ်ဘုရားရှင်မှ အပ အခြားတစ်စုံတစ်ယောက်ကိုမှ ကြောက်ရွံ့ခြင်းမရှိချေ။ ပရမတ်ဘုရားရှင်သည် စရင်းရှင်းရာ၌ လုံလောက်တော်မူ၏။
၃၃း၄၀။ မေတ္တေယျသည် သင်တို့၏ ယောက်ျားသားမှ မည်သူတစ်ယောက် ၏ ဖခင်မှ မဟုတ်။ သို့ရာတွင် ပရမတ်ဘုရားရှင်၏ ဉာဏ်စဉ်တော်ဆောင် ဖြစ်၏။ သတင်းတော်ဆောင်များ၏ အချုပ် ဖြစ်၏။ ပရမတ်ဘုရားရှင်သည် သဗ္ဗလုံးစုံ သိနေသော အရှင် ဖြစ်၏၊
၃၃း၄၁။ အို- ယုံကြည်သော သူတို့၊ ပရမတ်ဘုရားရှင်အားသတိရခြင်းများစွာဖြင့် သတိရကြကုန်လော့။
၃၃း၄၂။ နံနက်နှင့် နေကျချိန်တွင် အရှင့်အားဦးထိပ် ထားကြလော့။
၃၃း၄၃။ ထို အရှင်နှင့် အရှင်၏ နိမိတ်ဆောင်တို့သည် သင်တို့အားအမိုက် မှောင်မှ အလင်းသို့ ထုတ်ယူရန် သင်တို့အပေါ် မေတ္တာမျှနေကြ၏။ အရှင်သည် ယုံကြည်သူများအားဖြင့် အကြင်နာရှင် ဖြစ်တော်မူ၏။
၃၃း၄၄။ အရှင့်အားဖူးတွေ့ရ သော နေ့ကာလ၌၊ သူတို့အား“ငြိမ်းချမ်းကြစေသော်၊”ဟု နှတ်ခွန်းဆက်၍၊ သူတို့ အတွက် ကျက်သရေရှိသော ဆုလဒ်တော် အားတွက်ချက်ပြင်ဆင်ထားတော်မူ၏။
၃၃း၄၅။ အို- သတင်းတော်ဆောင်၊ ငါသည် သင့်အားသက်သေ အဖြစ်၊ သတင်းကောင်းပါးသူ၊ သတိပေးသူအဖြစ် စေစားတော်မူ၏။
၃၃း၄၆။ အရှင့် ခွင့်ပြုချက် ဖြင့် ပရမတ်ဘုရားရှင် ဘက်သို့ ဖိတ်ခေါ်သူ။ တရားရောင်ဝါဆောင်သော လင်းရောင်ခြည် ဖြစ်စေ၏။
၃၃း၄၇။ ယုံကြည်သူများ- သူတို့ အတွက် သတင်းကောင်းမှာ ပရမတ် ဘုရားရှင် ထံမှ ကြီးကျယ်သော သိက္ခာပေးခြင်းဖြစ်၏။
၃၃း၄၈။ ဖုံးကွယ်သူများနှင့် သီလကြောင်များအားမနာခံနှင့်၊ သူတို့၏ စိတ်ဒဏ်ရာပေးမှုတို့ကို လျစ်လျူရှု လော့၊ ပရမတ်ဘုရားရှင်အားယုံပုံကိုးစားလော့၊ ပရမတ်ဘုရားရှင်သည် ကိုးစားထိုက်သည့် အရှင် အဖြစ် လုံလောက်တော်မူ၏။
၃၃း၄၉။ အို- ယုံကြည်သော သူတို့၊ သင်တို့သည် ယုံကြည်သော သူမတို့အားလက်ထပ်သိမ်းဆည်း၍၊ သူမတို့အားမထိတွေ့ သေးမှီအလျင် သူမတို့ကို ကွာရှင်းလေလျှင်၊ သင်တို့သည် သူမတို့၏ ကိစ္စ၌ ရေတွက်ရက်ကို ရေတွက်နေရန် မလိုချေ။ သူမတို့အားစိတ်ချမ်းမြေ့စေလော့၊ အမြင်လှသော လွတ်လပ်ခြင်းဖြင့် သူမတို့အားလွတ်လပ်ခွင့်ပေးလိုက်လော့။
၃၃း၅၀။ အို- သတင်းတော်ဆောင်၊ ငါအရှင်သည် သင့်အတွက် စုဖွဲ့ဖေါ် အဖြစ် တရားဝင်ပြုပေးသည်များမှာ၊ သင်က မင်္ဂလာ ဆုလဒ် ပေးအပ်ခဲ့သော သူမ၊ ပရမတ်ဘုရားရှင်က သင်၏ လက်အောက် ဩဇာခံ အဖြစ် လိုက်လျောပေးသော သူမ၊ သင်နှင့်အတူ ပြောင်းရွှေ့ခဲ့ရသော သင့်ဘထွေး၏ သမီး၊ သင့်အရီး၏ သမီး၊ သင့်ဦးလေး၏ သမီး၊ သင့်အဒေါ်၏ သမီး၊ သတင်းတော်ဆောင်အားသူမ စိတ် ဆန္ဒဖြင့် ချီးမြှင့်၍ သတင်းတော်ဆောင်ကလည်းသိမ်းဆည်းလိုသော ယုံကြည်သူ အမျိုးသမီးတို့ ဖြစ်၏။ သန့်သန့်စင်စင်ဖြစ်ခြင်းသည် သင်၌ အခြားယုံကြည်သူ များနှင့် သီးခြားဖြစ်၏။ သူတို့ အပေါ်၌ သူတို့၏ စုဖွဲ့ဖေါ်များသူတို့၏ လက်အောက် ဩဇာခံများအပေါ်ထားရမည့် ဝတ္တရားအားငါ အသိပေးပြီးဖြစ်၏။ ထို့အတွက် သင့်အားခက်ခဲမှု မရှိရစေရန် ဖြစ်၏။ ဧကပန်ပင် ပရမတ်ဘုရားရှင်သည် လွတ်ငြိမ်းစေသောအရှင်၊ အကြင်နာရှင် ဖြစ်တော်မူ၏။
၃၃း၅၁။ သူမတို့မှ စံချိန်ပြည့်မှီသူအလျောက် သင့်ထံသို့ မျှော်ကိုးနေသူလည်းရှိစေ၊ စံချိန်ပြည့်မှီသူအလျောက် ခိုကပ်လို သူလည်းရှိစေလော့၊ ခပ်ခွာခွာထားသော သူမတို့မှ သင့်အားရှာဖွေစေခြင်းအတွက် သင့်အားအပြစ်မတင်ထိုက်ချေ။ ဤသည် ပိုမို နီးစပ်စေ၍၊ သူတို့၏ မျက်လုံးများတည်ငြိမ်အေးချမ်းလာလျက်၊ သူမတို့အတွက် သောကကင်းကွာ လိမ့်မည်။ သူမတို့ကိုယ်စီအားသင်၏ ချီးမြှင့်မှု အတွက် သူမတို့ ကျေနပ်အားရလိမ့်မည်။ ပရမတ်ဘုရားရှင်သည် သင်တို့၏ နှလုံးသား၌ ရှိသည်များကို သိနေတော်မူ၏။ ပရမတ်ဘုရားရှင်သည် သိနေသော အရှင် နူးညံ့သိမ်မွေ့သော အရှင် ဖြစ်တော်မူ၏။
၃၃း၅၂။ ထိုထက်ပို၍ သင့်အတွက် တရားဝင်သော အမျိုးသမီးသည် မရှိချေ။ သင်၏ လက်အောက် ဩဇာခံဖြစ်သော သူမမှ အပ၊ ထိုသူမတို့မှ လွဲ၍ အခြားတင့်တယ်၍ သင့်အားအံ့ဩလောက်စေသူ ဖြစ်လင့်ကစားအိမ်ထောင်ဘက် မပြောင်းလွှဲနှင့်။ ပရမတ် ဘုရားရှင်သည် သဗ္ဗလုံးစုံ စောင့်ကြည့်နေသော အရှင် ဖြစ်တော်မူ၏။
၃၃း၅၃။ အို- ယုံကြည်သော သူတို့၊ ကြည့်နေစဉ် မည်သို့ စီစဉ်သော အစားအစာ အတွက်မှ အပ သတင်းတော်ဆောင်၏ အိမ်သို့ သင်တို့အတွက် ခွင့်ပြုချက် မရှိဘဲ မဝင်ကြနှင့်။ သင်တို့အားဖိတ်ခေါ်လျှင် ဝင်ရောက်ကြလော့၊ စားသောက် ပြီးသော် နိုးကြားသွားလာကြလော့၊ ဆင့်ပြန်စကားအတွက် စောင့်ကြည့်သူတို့မှ မဖြစ်နှင့်၊ ဧကန်ပင် ၎င်းတို့သည် သတင်းတော်ဆောင်အားထိခိုက်စေ၏။ သူသည် သင်တို့နှင့် ပတ်သက်၍ အားနာလေ၏။ ပရမတ်ဘုရားရှင်သည်ကားအမှန်တရားချမှတ်ရာ၌ အားနာတော်မမူချေ။ သင်တို့သည် သူမတို့ထံမှ စိတ်ကြိုက်ရာ တစ်ခုခု ကို တောင်းခံသောအခါ၊ စည်းခြားကွယ်ရာမှ တောင်းခံကြလော့၊ ဤသည် သင်တို့၏ စိတ်နှလုံးအတွက် သူမတို့၏ စိတ်နှလုံးအတွက် ပိုမို သန့်စင်စေ၏။ သင်တို့သည် ပရမတ်ဘုရားရှင်၏ ဉာဏ်စဉ်တော်ဆောင်အားမထိခိုက်စေကြနှင့်၊ သူ မရှိသည့် နောက်ပိုင်းတွင် သူ့အိမ်ထောင်ဘက်တို့အားမည်သည့်အခါမှ မသိမ်းဆည်းကြနှင့်။ ဧကန်ပင် ၎င်းသည် ပရမတ် ဘုရားရှင်၏ ထံပါး၌ ဝန်ကြီးလှ ပေ၏။
၃၃း၅၄။ ဖွင့်ဟသော သို့မဟုတ် ထိန်ဝှက်သော အရာ- ဧကန်ပင် ပရမတ် ဘုရားရှင်သည် သဗ္ဗလုံးစုံ သိနေသောအရှင် ဖြစ်၏၊
၃၃း၅၅။ သူမတို့၏ ဖခင်များကြောင့်၊ သူမတို့၏ သားများကြောင့်၊ သူမတို့၏ အကိုမောင်များကြောင့်၊ သူမတို့၏ အကိုမောင် တို့၏ သားများကြောင့်၊ သူမတို့၏ ညီအမတို့၏ သားများကြောင့်၊ အခြားအမျိုးသမီးများကြောင့်၊ သူမတို့၏ လက် အောက် ဩဇာခံများကြောင့် သူမတို့အားအပြစ်မတင်ထိုက်ချေ။ ပရမတ် ဘုရားရှင်အားစည်းစောင့်ကြလော့၊ ဧကန်ပင် ပရမတ်ဘုရားရှင်သည် သဗ္ဗလုံးစုံ အတွက် သက်သေသက်ကန် ဖြစ်တော်မူ၏။
၃၃း၅၆။ ဧကန်ပင် ပရမတ်ဘုရားရှင်နှင့် အရှင့် နိမိတ်ဆောင်တို့သည် သတင်းတော်ဆောင်အပေါ်၌ မေတ္တာမျှနေကြ၏။ အို- ယုံကြည်သောသူတို့ သူ့အပေါ်၌ ငြိမ်းချမ်းစေသော ငြိမ်းချမ်းမှုအတိဖြင့် မေတ္တာပို့ကြလော့။
၃၃း၅၇။ ဧကန်ပင် ပရမတ် ဘုရားရှင်နှင့် အရှင်၏ ဉာဏ်စဉ်ဆောင်အားထိခိုက်စေသောသူ၊ ထိုသူတို့အားဤဘ၀ နောင်ဘ၀၌ ပရမတ်ဘုရားရှင်က မေတ္တာဝေးစေပြီ။ သူတို့အတွက် နိမ့်ကျ သော ဝဋ်ကြွေးအားတွက်ချက်ပြင်ဆင်ထား၏။
၃၃း၅၈။ ယုံကြည်သူ၊ ယုံကြည်သူမ တို့အားသူတို့၏ ကျင့်ဆောင်မှု မရှိဘဲ- ထိခိုက်စေသော သူတို့သည် ရှင်းလင်းထင်ရှားသော အကုသိုလ်အားမုချ သယ်ပိုးကြကုန်၏။
၃၃း၅၉။ အို- သတင်းတော်ဆောင်၊ သင်၏ အိမ်ထောင်ဘက်များ၊ သင်၏ သမီးများ၊ ယုံကြည်သူ အမျိုးသမီးများအားသူမတို့အားအပေါ်အင်္ကျီကို အပေါ်မှ ထပ်ဝတ်ရန် ပြောလော့။ ဤသည် မှတ်မိစေရန် ပိုမို နီးကပ်၏ အထိအခိုက် ကင်းနိုင်၏။ ပရမတ်ဘုရားရှင်သည် လွတ်ငြိမ်းစေသော အရှင်၊ အကြင်နာရှင် ဖြစ်တော်မူ၏။
၃၃း၆၀။ သီလကြောင်များနှင့် စိတ်နှလုံး၌ ရောဂါရှိနေသော သူများသည် မြို့တော်အတွင်းလှုပ်ခါစေခြင်းနှင့် သင့်အားအားပြိုင်ခြင်းကို မရပ်စဲလျှင်၊ ထို အတောအတွင်းသူတို့မှ အနည်းငယ်ကိုသာ အကာအကွယ်ပေးထားလော့။
၃၃း၆၁။ သူတို့အားမေတ္တာဝေးစေလတ္တံ့၊ သူတို့အားထိပ်တိုက်တိုးရာ၌ ဖမ်းဆီးခြင်းခုခံ တိုက်ခိုက်ခြင်းကို ခံရစေလတ္တံ့။
၃၃း၆၂။ ရှေ့အလျင် လွန်လေပြီးသော သူတို့သည်လည်းပရမတ်ဘုရားရှင်၏ ဤနည်းနာဥပဒေအတိုင်းပင် ဖြစ်ရ၏။ ပရမတ်ဘုရားရှင်၏ နည်းနာဥပဒေအားလွှဲပြောင်းနိုင်သူဟူ၍ သင် တွေ့ရမည် မဟုတ်ချေ။
၃၃း၆၃။ အချိန်နာရီ၏ အကြောင်းမေးလာကြသော လူသားတို့အား၊ “ထို အရာအားသိခြင်းသည် ပရမတ်ဘုရားရှင်၏ ထံ၌သာ ရှိ၏။ ထိုအချိန်နာရီသည် နီးကပ်၍လာနေကြောင်းမည်သို့ မှန်းဆနိုင်မည်နည်း၊”ဟု ဟောလော့။
၃၃း၆၄။ ဧကန်ပင် ပရမတ်ဘုရားရှင်သည် ဖုံးကွယ်သူတို့အားမေတ္တာဝေးစေပြီ။ သူတို့အတွက် မီးလောင်စာကို တွက်ချက် ပြင်ဆင်ထားပြီ။
၃၃း၆၅။ ထို၌ ကာလ ပိုင်းခြားမဲ့၊ အစဉ်ခံစားရလတ္တံ့၊ ကူညီမည့်သူ မဟာမိတ် ဟူ၍ မတွေ့နိုင်ချေ။
၃၃း၆၆။ သူတို့၏ မျက်နှာများအားအပူမီးသို့ ဦးလှည့်ထားသော နေ့၌၊ “အိုး- ပျက်စီးရလေ ခြင်း၊ ပရမတ်ဘုရားရှင်အားနာခံခဲ့ပါလေစ၊ ဉာဏ်စဉ်တော်ဆောင်အားနာခံခဲ့ပါ လေစ” ဟု ညည်းညူကြလတ္တံ့။
၃၃း၆၇။ သူတို့ ဆက်၍ ပြောကြသည်မှာ “အို- ကံကြမ္မာရှင် တပည့်တော်တို့ သည် ဦးစီးခေါင်းဆောင်များနှင့် အကြီးအကဲများကို နာခံခဲ့ပါပြီ၊ သို့ဖြင့် တပည့်တော်တို့အားလမ်းစဉ် လွဲမှားစေခဲ့ပါပြီ၊
၃၃း၆၈။ အို- ကံကြမ္မာရှင်၊ သူတို့အားဝဋ်ကြွေးနှစ်ဆ ပေးပါ၊ မေတ္တာအမဲ့ကြီးမေတ္တာမဲ့ခံရစေတော်မူပါ၊”ဟု ဖြစ်၏။
၃၃း၆။ အို- ယုံကြည်သော သူတို့၊ မူဆာအားထိခိုက်နစ်နာစေခဲ့သော သူတို့ ကဲ့သို့ မဖြစ်ကြကုန်နှင့်၊ ပရမတ်ဘုရားရှင်သည် သူ့အား၎င်းတို့၏ ပြောဆိုသော အရာမှ ကင်းလွတ်စေခဲ့၏။ ပရမတ်ဘုရားရှင်ထံ၌ မျက်နှာသာပေးမှုများရှိနေ၏။
၃၃း၇၀။ အို- ယုံကြည်သောသူတို့၊ ပရမတ်ဘုရားရှင်အားစည်းစောင့်ကြလော့၊ ခိုင်မာ တည်ကြည်သော စကားကိုသာ ပြောဆိုကြလော့။
၃၃း၇၁။ အရှင်သည် သင်တို့၏ ကျင့်ကြံမှုအားပြုပြင်ပြောင်းလဲပေးမည်။ ပရမတ်ဘုရားရှင်နှင့် အရှင်၏ ဉာဏ်စဉ်ဆောင်အားနာခံသူများမှ- သင်တို့၏ အပြစ်များကို လွတ်ငြိမ်းစေမည်။ မဟာ အောင်ပွဲကို အောင်ပွဲခံစေမည်ပင်။
၃၃း၇၂။ ငါသည် မိုးများ၊ မြေကမ္ဘာနှင့် တောင်များအားယုံကြည်အပ်နှံ့မှုကို ကမ်းလှမ်းသော်၊ သူတို့သည် ၎င်းအားသယ်ပိုးရမည်ကို စိုးထိတ်ကြ၏။ လူသားသည်သာ သယ်ပိုး၏။ ဧကန်ပင် သူသည် မိုက်ကြေးခွဲသော ပညာမဲ့ ဖြစ်လာ တော့၏။
၃၃း၇၃။ထို့ကြောင့် ပရမတ်ဘုရားရှင်၏ ဝဋ်ကြွေးဒဏ်သည် သီလကြောင်များ၊ သီလကြောင်မများ၊ ရောပြွန်းကိုးကွယ်သူများရောပြွန်းကိုးကွယ်သူမများအတွက် ဖြစ်၏။ ပရမတ်ဘုရားရှင်၏ သင်ပုန်းချေခြင်းသည် ယုံကြည်သူများ၊ ယုံကြည်သူမ များအတွက် ဖြစ်၏။ ပရမတ်ဘုရားရှင်သည် လွတ်ငြိမ်းစေသောအရှင်၊ အကြင်နာ ရှင် ဖြစ်တော်မူ၏။
ဓမ္မခန္ဓာ (၃၃) ဤတွင် ပြီး၏။
ဓမ္မခန္ဓာ (၃၄) ရှီဗာ
ဉာဏ်စဉ်ကိန်းပေးမှု အမှတ်စဉ်- ၅၈။ သုတ်ဒေသနာ- ၅၄ ပါး
ကရုဏာရှင် အကြင်နာရှင် ဖြစ်တော်မူသော ပရမတ်ဘုရားရှင်၏ ဂုဏ်တော်အားဖြင့် -
၃၄း၁။ မိုးများနှင့် မြေကမ္ဘာတွင်း ရှိရာများသည် အရှင်၏ အချုပ်အခြာ၌ ရှိ၏ ၎င်းတို့သည် ပရမတ်ဘုရားရှင်အား ရည်သန်စူးစိုက်နေကြ၏၊ အနာဂါတ်၌ ရည်သန်စူးစိုက်မှုများသည်လည်း အရှင်၏ အချုပ်အခြာ၌ ရှိ၏၊ အရှင်သည် ဓမ္မသတ် ရှင်၊ သတင်းသိနေသော အရှင် ဖြစ်၏။
၃၄း၂။ အရှင်သည်- မြေကမ္ဘာသို့ တိုးဝင်သွားရာ၊ ထိုမှ ထွက်ပေါ်လာရာ၊ မိုးကောင်းကင်မှ သက်သောအရာ၊ ထို အတွင်းသို့ တက်သော အရာများကို သိနေတော်မူ၏။ အရှင်သည် အကြင်နာရှင်၊ လွတ်ငြိမ်းစေသော အရှင် ဖြစ်၏။
၃၄း၃။ ဖုံးကွယ်သော သူတို့က “အချိန်နာရီသည် ကျွန်ုပ်တို့ထံသို့ ပေးရောက် မည် မဟုတ်၊”ဟု ဆိုကြ၏။ ဟောလော့၊ “အမှန်မှာ၊ ကံကြမ္မာရှင်သည် သင်တို့ထံသို့ ပေးရောက်မည်သာတည်း။ အရှင်သည် စက္ခုလွန်များကို သိနေသော အရှင် ဖြစ်၏၊ မိုးများနှင့် မြေကမ္ဘာတွင်း ပရမံနုမြူ၏ အလေးချိန်မျှဖြစ်စေ၊ ထိုထက်သေးငယ် သည် ဖြစ်စေ၊ ထိုထက်ကြီးမားသည် ဖြစ်စေ အရှင့်ထံမှ လွတ်ကင်းနိုင်သည် မဟုတ်ချေ။ ရှင်းလင်းထင်ရှားသော မှတ်တမ်း၌ ရှိနေရ၏။
၃၄း၄။ ယုံကြည်၍ ပြုပြင် ပြောင်းလဲမှု ကျင့်ကြံသော သူများအား အစားပေးရန် အတွက် ဖြစ်၏။ သူတို့ အတွက် လွတ်ငြိမ်းခွင့်နှင့် ကျက်သရေရှိသော ရိက္ခာထောက်မှု ရှိနေ၏။
၃၄း၅။ ငါ၏ သုတ်ဒေသနာတို့အား မှေးမှိန်စေရန် လုံးပန်းသော သူများ၊ သူတို့ အတွက် စူးနစ်နာကျင်သော ဝဋ်ကြွေး ဆိုးကျိုး ရှိ၏။
၃၄း၆။ အသိပညာ ချီးမြှင့်ခြင်း ခံရသောသူသည် သင့်ကံကြမ္မာရှင်မှ သင့်ထံသို့ ချမှတ်ပေးသည်ကို ပရမတ္ထသစ္စာ၊ ဘုန်းတော်ရှင် ရည်သန်စူးစိုက်မှုတည်အရာ အရှင်၏ လမ်းစဉ်တော်သို့ လမ်းညွှန် ချက် ဟု မြင်၏။
၃၄း၇။ ဖုံးကွယ်သော သူတို့က ပြောသည်မှာ “သင်တို့သည် အလုံးစုံ စိစိ ညက်ညက် ခြေမွှခံရပြီး- တဖန် အသစ် ဖြစ်တည် ရဦးမည်ဟု သတင်းထုတ်ပြန် သည့် လူသားကို ကျွန်ုပ်တို့ ညွှန်ပြရမည်လော၊
၃၄း၈။ သူသည် ပရမတ်ဘုရားရှင်နှင့် စပ်လျဉ်း၍ လိမ်ညာ လုပ်ကြံဖန်တီးသလော၊ သို့တည်းမဟုတ် ရူးနေသူ ဖြစ် သလော၊”ဟု ဖြစ်၏။ အမှန်မှာ နောင်ဘ၀အား ယုံကြည်ခြင်း မရှိသော သူတို့သည် ဝဋ်ကြွေးတွင်း၊ နောက်ကျန် လွဲချော်ခြင်း၌ ရှိကြ၏။
၃၄း၉။ သူတို့၏ လက်ရှိ-ရှေ့မှောက် သူတို့၏ နောက်မှ ညှပ်ထားသော မိုးကောင်းကင်နှင့် မြေကမ္ဘာသို့ မရှုစားကြသလော၊ စံချိန်ပြည့်သည့် အလျောက် ငါသည် သူတို့အား မြေကမ္ဘာ၏ မြိုခြင်း၊ သူတို့အပေါ်သို့ ကောင်းကင်မှ အစိတ်စိတ် ပြိုကျခြင်းများ ဖြစ်စေနိုင်၏၊ ဘက်လှည့်သော အမှုတော်ဆောင်တိုင်းအတွက် ဤ၌ နိမိတ်လက္ခဏာရပ် ရှိနေ၏။
၃၄း၁၀။ ငါသည် ဒါဝိဒ်အား ငါထံမှ သိက္ခာပေးခြင်းဖြင့် ချီးမြှင့်၏၊ အို-တောတောင်တို့၊ သူနှင့်အတူ ငါ့ဘက်သို့ ပြန်လှည့်လော့၊ ငှက်အပေါင်းတို့လည်း ပါ၏။ ငါသည် သူ့အတွက် သံကို ပျော့ပျောင်းစေလျက်-
၃၄း၁၁။ သံကွင်းများကို စည်းချိန်တကျဆက်၍ ကိုယ်ကာဖြစ်ရန် အားထုတ်စေပြီ။ ပြုပြင်ပြောင်းလဲမှု ကျင့်ကြံလော့၊ ဧကန်ပင် ငါအရှင်သည် ကျင့်ကြံသမျှကို မြင်နေသော အရှင်ဖြစ်၏။
၃၄း၁၂။ စိုလိုင်မံအတွက် တစ်လ စောစော၊ လေကို တစ်လ တိုက်စေ၏။ ကြေးရည် သွန်းဆင်းရာကို သူ့အတွက် ငါ စေစားစေ၏။ ငါ့ ခွင့်ပြုချက်ဖြင့် အန္ဓပုတုဇဉ်များမှ သူ့ လက်ရှိ-ရှေ့မှောက်၌ ကျင့်ကြံအားထုတ်ရသူတို့ ရှိ၏၊ သူတို့မှ ငါ့ ညွှန်ကြားချက်အား တိမ်းပါးစေသူအား- လောင်စာ ဝဋ်ကြွေး မြည်းစမ်းစေ လတ္တံ့။
၃၄း၁၃။ ၎င်းတို့သည် သူ့အတွက် စံချိန်ပြည့်ရာ- စခန်းများ၊ ပုံတူဆင်းတုများ၊ ရေလှောင်ကန်ကြီးများ၊ စည်းချိန်ကျသော အခိုင်အမာတည်ဆောက်မှုများ ဖြစ်ရန် ကျင့်ကြံအားထုတ်ပေးရ၏။ အို- ဒါဝိဒ်၏ အဆက်အနွယ်တို့ ကျင့်ကြံအားထုတ်ကြ လော့။ ငါ့အမှုတော်ဆောင်တို့မှ အနည်းငယ်မျှသာ ကျေးဇူးသိတတ်ကြကုန်၏။
၃၄း၁၄။ ငါသည် သူ၏ ခန္ဓာချ ဈာပနအား ပြီးဆုံးစေသောအခါ၊ မြေမှ သက်ရှိ က သူ့ ဩဇာညောင်းချိန်ကို စား၍ ၎င်း ပြိုလဲသည်ကို ရှင်းလင်းစွာ ညွှန်ပြသည့် အချိန်ထိ အန္ဓပုတုဇဉ်တို့ကား- သူ ခန္ဓာဝန်ချသည်ကို မရိပ်မိကြချေ၊ အကယ်၍ သူတို့မျက်ကွယ်၌ ဖြစ်ခဲ့သည်ကို သိခဲ့ကြလျှင်၊ နိမ့်ကျသော ဝဋ်ကြွေးထဲ၌ နေခဲ့ကြ မည် မဟုတ်ချေ။
၃၄း၁၅။ ရှီဗာတို့ အတွက် အခြေချရာ၌ နိမိတ်လက္ခဏာရပ် ရှိနေ၏။ လက်ဝဲ ဘက် လက်ယာဘက်၌ ဥယျာဉ်နှစ်ခု ရှိနေ၍၊ သင်တို့၏ ကံကြမ္မာရှင် ရိက္ခာ ပေးရာမှ စားကြကုန်လော့၊ စင်ကြယ်သော မြို့နှင့် လွတ်ငြိမ်းစေသော ကံကြမ္မာရှင် အတွက် ကျေးဇူးသိကြကုန်လော့။
၃၄း၁၆။ သို့သော် သူတို့သည် ဘောင်ကန့်သွားကြ၏၊ ထို့ကြောင့် သူတို့၏ ဥယျာဉ်နှစ်ခု နေရာ၌ ပြင်းထန်သော ရေစီးကို စေစား တာထိုး လျက်၊ ဖန်သော ခါးသော စားစရာများ၊ ထင်းရှူးပင်များနှင့် ဇီးပင် စသောအရာများ အနည်းငယ် ပြွန်းသည့် ဥယျာဉ်နှစ်ခုဖြင့် လွှဲပြောင်းဖြစ်စေခဲ့၏။
၃၄း၁၇။ သူတို့၏ ဖုံးကွယ်မှုများကြောင့် ငါသည် သူတို့အား ဤသို့ အစားပေး တော်မူ၏၊ ငါသည် ဖုံးကွယ်သူတို့ကိုသာ ဤသို့ အစားပေးတော်မူသည် မဟုတ် လော။
၃၄း၁၈။ ငါသည် သူတို့ကြားနှင့် ငါက ကျက်သရေရှိစေသော ဒေသများ၏ ကြား၌ ပေါ်ပြူလာဖြစ်သည့် အရပ်များကို စီစဉ်ပေးတော်မူ၏၊ ထို၌ သွားလာ ခရီးတွင် စည်းချိန်ကျစေ၍၊ ည နေ့မရွေး ယုံကြည်စိတ်ချစွာ ခရီးသွားလာစေ၏။
၃၄း၁၉။ သို့သော် သူတို့က “အို- ကံကြမ္မာရှင်၊ တပည့်တော်တို့၏ ကြား လမ်းခရီးကို ပိုမို နောက်ကျစေပါ၊”ဟု ဆုတောင်းကြ၏၊ သူတို့ စရိုက်ကို သူတို့ မိုက်မဲစေကြ၏၊ ငါသည် သူတို့အတွက် ဆင့်ပြန်စရာဖြစ်စေရန် စီစဉ်လိုက်၏၊ သူတို့အား အလုံးစုံ စိစိညက်ညက် ခြေမွှခံရပြီ။ သည်းခံသူ ကျေးဇူးသိသူတိုင်း အတွက် ဤ၌ နိမိတ်လက္ခဏာရပ် ရှိနေ၏။
၃၄း၂၀။ သူတို့အပေါ် ရှေးရိုးစွဲ၏ စဉ်းစားချက်မှာ ဖြောင့်မှန်သည်ဟု၊ ယုံကြည်သူတို့မှ တစ်ဖွဲ့သာ သူ့နောက်သို့ လိုက်ကြ၏။
၃၄း၂၁။ သူတို့အပေါ်၌ သူသည် အခွင့်အာဏာ မရှိချေ။ သို့သော် နောင်ဘ၀အား ယုံကြည်သူနှင့် ထို၌ ဒွိဟဖြစ်နေ သူအား သိစေရန်သာ ဖြစ်၏၊ ကံကြမ္မာရှင်သည် သဗ္ဗလုံးစုံအား စောင့်ထိန်းထား တော်မူ၏။
၃၄း၂၂။ ဟောလော့ “ပရမတ်ဘုရားရှင် မှလွဲ၍ သင်တို့ ရပ်တည်ပြောဆို ပေးခဲ့သော သူများထံ၌ ဆုတောင်းကြလော့၊ ၎င်းတို့သည် မြေကမ္ဘာတွင်း မိုးများ အတွင်း ပရမံနုမြူ အလေးချိန်မျှပင် အစိုးရသည် မဟုတ်ချေ၊ ထို၌ သူတို့အတွက် ဖက်စပ် ကူညီသူလည်း မရှိချေ၊ သူတို့အတွက် အရှင့်ထံမှ ကျောထောက်နောက်ခံ လည်း မရှိချေ။”
၃၄း၂၃။ အရှင့်ထံမှ ခွင့်ပြုချက် ရသူမှအပ၊ အမျှဝေပေးမှုသည် အကျိုး မပြုချေ၊ သူတို့၏ စိတ်နှလုံးများ ကြောက်ရွံ့ချောက်ချားမှု လျော့လေသော်၊ “သင် တို့၏ ကံကြမ္မာရှင်က အဘယ်အရာအား မိန့်ဆိုသနည်း၊”ဟု မေးကြ၍၊ “ပရမတ္ထ သစ္စာ တရားပင်တည်း၊ အရှင်သည် အထွဋ်အထိပ်ဖြစ်တော်မူ၏၊ အကြီးကျယ်ဆုံး ဖြစ်တော်မူ၏။”ဟု ပြောကြလတ္တံ့။
၃၄း၂၄။“မိုးများနှင့် မြေမှ သင်တို့အား အဘယ်သူက ရိက္ခာထောက်နေ သနည်း၊”ဟု မေး၍၊ ဟောလော့ “ပရမတ်ဘုရားရှင် ဖြစ်၏။ သင်တို့နှင့် ကျွန်ုပ်သည် အဘယ်သူက လမ်းညွှန်မှန်၌ ရှိနေသနည်း၊ သို့မဟုတ် အဘယ်သူက ရှင်းလင်း သော လမ်းလွဲ၌ ရှိနေသနည်း။”
၃၄း၂၅။ ဟောလော့ “ကျွန်ုပ်တို့၏ ရာဇဝတ်မှုအတွက် သင်တို့သည် စစ်ဆေး ခံရမည် မဟုတ်၊ သင်တို့၏ ကျင့်ကြံမှု အတွက်လည်း ကျွန်ုပ်တို့သည် စစ်ဆေးခံရ မည် မဟုတ်ချေ။”
၃၄း၂၆။ ဟောလော့ “ကျွန်ုပ်တို့၏ ကံကြမ္မာရှင်သည် ကျွန်ုပ်တို့၏ ကြား၌ အတူစုစေမည် ထို့နောက် ကျွန်ုပ်တို့ကြား၌ သစ္စာတရားဖြင့် ထွက်ပေါက် ပေးလတ္တံ့၊ အရှင်သည် ထွက်ပေါက်ပေးတော်မူသော၊ သိနေတော်မူသော အရှင် ဖြစ်၏။
၃၄း၂၇။ ဟောလော့ “အရှင်နှင့် ရောပြွန်းကိုးကွယ်ရန် သင်တို့ ပူးပေါင်းထားသော သူများကို ကျွန်ုပ်အား ပြသလော့၊ အလျဉ်းမဟုတ်၊ အရှင်- ပရမတ်ဘုရားရှင် သည်သာ ဘုန်းတော်ရှင်၊ ဓမ္မသတ်ရှင် ဖြစ်တော်မူ၏။
၃၄း၂၈။ သင့်အား လူမျိုးနွယ် အားလုံးအတွက် သတင်းကောင်းဆောင်သူ၊ သတိပေးသူ အဖြစ်သာ ငါ စေစားတော်မူ၏၊ သို့ရာတွင် လူသား အများစုကြီးကား သိကြသည် မဟုတ်ချေ။
၃၄း၂၉။ သူတို့က “သင်တို့သည် ဖြောင့်မှန်သူများ ဖြစ်လျှင်၊ ကတိတော်မှာ မည်သည့်အခါ၌ ဖြစ်မည်နည်း၊”ဟု ဆိုကြ၏။
၃၄း၃၀။ ဟောလော့ “သင်တို့အား ကတိထားသော နေ့ကာလ၊ ၎င်းကို တစ်နာရီ မျှပင် နောက်မဆုတ်နိုင်၊ ရပ်မထားနိုင်ချေ။”
၃၄း၃၁။ ဖုံးကွယ်သော သူတို့က “ကျွန်ုပ်တို့သည် ဤကုရ်အာန်နှင့် ရှိနေပြီး ကျမ်းများ၌ မယုံကြည်ကြချေ၊”ဟု ဆိုကြ၏။ အမိုက်ကောင်များအား သူတို့၏ ကံကြမ္မာရှင်ထံ၌ ရပ်စေသောအခါ၊ သူတို့မှ အချို့သည် အချို့ထံ လှည့်ကြလျက်၊ ချိနဲ့ခဲ့သော သူတို့က အကြီးအကဲဖြစ်သူတို့အား “သင်တို့ကြောင့် မဟုတ်ခဲ့လျှင်၊ ကျွန်ုပ်တို့သည် ယုံကြည်သူများမှ ဖြစ်ခဲ့လတ္တံ့၊”ဟု ပြောဆိုသည့် စကားလုံးများကို သင် မြင်ရပါလေစ။
၃၄း၃၂။ အကြီးအကဲဖြစ်သူတို့က ချိနဲ့ခဲ့သောသူတို့အား “သင်တို့ထံ လမ်းညွှန် တရား ရောက်လာစေပြီးမှ ကျွန်ုပ်တို့က သင်တို့ကို ထိုမှ ဖယ်ခိုင်းခဲ့သလော။ အမှန်မှာ သင်တို့သည် ရာဇဝတ်ကောင်များသာ ဖြစ်ကြ၏၊”ဟု ပြောသော်။
၃၄း၃၃။ ချိနဲ့ခဲ့သောသူတို့က အကြီးအကဲဖြစ်သူတို့အား “အမှန်မှာ၊ ပရမတ် ဘုရားရှင်အား ဖုံးကွယ်ထားလျက် အရှင့်အစား သင်တို့အား တစ်ဂိုဏ်းတည်းထား စီစဉ်စေရန် နေ့ညမအား ကြံစည်၍ ကျွန်ုပ်တို့ကို ညွှန်ကြားခဲ့၏၊”ဟု ပြန်ပြော ကြ၏။ သူတို့သည် ဝဋ်ကြွေးကို မြင်ရသောအခါ၊ ကြိတ်၍ ယူကြုံးမရဖြစ်ကြ၏။ ငါသည် ဖုံးကွယ်သော သူတို့၏ ဂုတ်ပိုး၌ ချုပ်ကိုင်မှုကို စီစဉ်ထားလတ္တံ့၊ သူတို့ ကျင်ကြံလေ့ မရှိခဲ့ရာအတွက် အစားပေးခြင်းခံရသလော။
၃၄း၃၄။ စည်းဇိမ်ယစ်နေ သူတို့က “သင်တို့ထံ စေစားလာသည်များကို ပယ်ချ သူများမှာ ကျွန်ုပ်တို့ ဖြစ်၏၊”ဟု ပြောဆိုသော အရပ်ဒေသကိုသာ ငါအရှင်သည် သတိပေးသူ စေစားတော်မူ၏။
၃၄း၃၅။ သူတို့က “ကျွန်ုပ်တို့တွင် ဥစ္စာပစ္စည်း၊ ရင်သွေး များစွာရှိ၏၊ ကျွန်ုပ်တို့သည် ဝဋ်ကြွေးသင့်မည့်သူများ မဟုတ်”ဟု ပြောကြသေး၏။
၃၄း၃၆။ ဟောလော့ “သင့်ကံကြမ္မာရှင်သည် စံချိန်ပြည့်မှီ သူအား ရိက္ခာ တိုးပွားစေ၏၊ စည်းကြပ်မတ်တော်မူ၏။ သို့ရာတွင် လူသား အများစုသည် သိကြ သည် မဟုတ်ချေ။”
၃၄း၃၇။ သင်တို့၏ ဥစ္စာပစ္စည်း၊ သင်တို့၏ ရင်သွေးများသည် ငါအရှင့်ထံတော်၌ မည်သည့်အဆင့်အတန်းနှင့်မျှ မချည်းကပ်နိုင်ချေ။ ယုံကြည်၍ ပြုပြင်ပြောင်းလဲမှုကို ကျင့်ကြံသူ၊ ထိုသူတို့အတွက်သာ သူတို့ကျင့်ကြံမှု အတွက် နှစ်ဆတိုးသော အစားပေးခံရမှု ရှိ၏။ သူတို့သည် ယုံကြည်စိတ်ချရသော လုံးချင်း အိမ်ယာ၌ စံမြန်းရမည်ပင်။
၃၄း၃၈။ ငါ၏ သုတ်ဒေသနာတို့အား မှေးမှိန်စေရန် လုံးပန်းသောသူ၊ သူတို့ အား ဝဋ်ကြွေးတွင်းသို့ ဆင့်ခေါ်ခံသူများ ဖြစ်ရလတ္တံ့။
၃၄း၃၉။ ဟောလော့ “ကျွန်ုပ်၏ ကံကြမ္မာရှင်သည် အမှုတော်ဆောင်များ အနက် စံချိန်ပြည့်မှီသူအား ရိက္ခာတိုးပွား စေ၏။ ထို့နောက် သူ့အား စည်းကြပ်မတ်တော်မူ၏။ သင်တို့သည် ထိုမှ တစ်စုံ တစ်ရာ ပေးကမ်းသုံးစွဲသော် အရှင်က အကျိုးဆက်ရှိစေ၏၊ အရှင်သည် အကောင်း ဆုံး ရိက္ခာထောက်ပံ့သည့် အရှင် ဖြစ်၏။
၃၄း၄၀။ သူတို့ အားလုံး စုစည်းစေသော နေ့ကာလ၌၊ အရှင်က နိမိတ်ဆောင် တို့အား “သူတို့က သင်တို့အား ကိုးကွယ် ဆည်းကပ်လေ့ ရှိခဲ့ကြသလော၊”ဟု မေး တော်မူအံ့။
၃၄း၄၁။ သူတို့က “အရှင့်အား ဦးထိပ်ထားပါ၏။ သူတို့အား ဆန့်ကျင်၍၊ အရှင်သည်သာ တပည့်တော်တို့၏ မဟာမိတ် ဖြစ်ပါ၏။ အမှန်မှာ သူတို့သည် အန္ဓပုတုဇဉ်များကိုသာ ကိုးကွယ်လေ့ရှိကြ၏။ သူတို့မှ အများစုမှာ ၎င်းတို့ကိုသာ ယုံကြည်နေကြပါ၏၊”ဟု ဆိုကြ၏။
၃၄း၄၂။ ထိုနေ့ကာလ၌၊ သူတို့မှ အချို့သည် အချို့ကို ကောင်းကျိုး၊ ဆိုးကျိုး ပေးနိုင်သော ဩဇာအာဏာ မရှိကြချေ။ မိုက်ကြေးခွဲသော သူတို့အား “သင်တို့ ငြင်းဆန်လေ့ရှိရာ အပူမီး ဝဋ်ကြွေးကို မြည်းစမ်းကြလော့၊”ဟု ငါ မိန့်လတ္တံ့။
၃၄း၄၃။ သူတို့အား ငါ၏ ရှင်းလင်းချက် သုတ်ဒေသနာများကို ရွတ်ဖတ်ပြ သောအခါ၊ “ဤလူသားသည် သင်တို့အား မိရိုးဖလာ ကိုးကွယ်လေ့ ရှိရာမှ ဖယ်ရှား သွားရန် လိုလားသူသာ ဖြစ်၏”ဟု ဆို၍ “ဤသည် လုပ်ကြံဖန်တီးထားသော လုပ်ဇတ်သာ ဖြစ်၏၊”ဟု ဆက်ပြောကြ၏။ သစ္စာတရားတော် သူတို့ထံသို့ ရောက်လာစဉ်၊ ဖုံးကွယ်သော သူတို့က“ဧကန်ပင်၊ ဤသည် ရှင်းလင်းထင်ရှားသော မှော်အတတ်သာဖြစ်၏၊”ဟု ပြောကြ၏။
၃၄း၄၄။ သူတို့အား လေ့လာဆည်းပူးစေရန် အခြားမည်သည့် ကျမ်းစာကိုမှ ငါ မပေးအပ်ခဲ့ချေ၊ သင်မတိုင်မှီ သူတို့ထံသို့ သတိပေးသူကိုလည်း မစေစားခဲ့ချေ။
၃၄း၄၅။ သူတို့၏ ရှေ့အလျင် ဖြစ်သောသူ များက ငြင်းဆန်ကြကုန်၏၊ သူတို့အား ငါ၏ ပေးအပ်မှုမှ ဆယ်ပုံတစ်ပုံမျှပင် မရောက် ရှိသေးချေ၊ သို့တိုင် သူတို့သည် ငါ၏ ဉာဏ်စဉ်ဆောင်တို့အား ငြင်းဆန်ကြကုန်၏။ မကြုံဘူးသည့် ပြစ်ဒဏ်သည် မည်သို့ ရှိစေသနည်း။
၃၄း၄၆။ ဟောလော့ “သင်တို့အတွက် တစ်ခုတည်းသော ဩဝါဒမှာ နှစ်ဦး ဖြစ်စေ သပ်သပ်စီ ဖြစ်စေ၊ ပရမတ်ဘုရားရှင် အတွက် ရပ်တည်ကြလော့၊ ထို့နောက် စဉ်းစားသုံးသပ်ကြလော့၊ သင်တို့၏ ပေါင်းဖေါ်သည် ရူးနေသူ မဟုတ် ချေ၊ သူသည် ပြင်းထန်သောဝဋ်ကြွေးဒဏ်အား လက်ရှိ-ရှေ့မှောက်ပြု၍ သင်တို့ အတွက် သတိပေးသူသာ ဖြစ်၏။”
၃၄း၄၇။ ဟောလော့ “ကျွန်ုပ်သည် သင်တို့မှ အကျိုးဆုလဒ် မတောင်းချေ၊ သင်တို့၏ အတွက်သာ ဖြစ်၏။ ကျွန်ုပ်အတွက် ဆုလဒ်သည် ပရမတ်ဘုရားရှင်၌ ရှိ၏။ အရှင်သည် သဗ္ဗလုံးစုံအတွက် သက်သေသက်ကန် ဖြစ်တော်မူ၏။”
၃၄း၄၈။ ဟောလော့ “ဧကန်ပင် ကံကြမ္မာရှင် စက္ခုလွန်အား သိသော အရှင်သည် ကျွန်ုပ်အား ပရမတ္ထသစ္စာဖြင့် ဝန်ပေးတော်မူ၏။”
၃၄း၄၉။ ဟောလော့ “သစ္စာတရားတော် ရောက်ရှိလာပြီ၊ မိစ္ဆာတရားသည် မစတည်နိုင် ဆက်မဖြစ်နိုင်တော့ချေ။”
၃၄း၅၀။ ဟောလော့ “ကျွန်ုပ်သည် လမ်းလွဲမိလျှင် ကျွန်ုပ်၏ စရိုက်အား လမ်းလွဲစေခြင်း ဖြစ်ရ၏၊ ကျွန်ုပ်သည် လမ်းညွှန်မှန်၌ ရှိလျှင် ကျွန်ုပ်အား ကျွန်ုပ်ကံကြမ္မာရှင်မှ အာရုံဈာန်ဖြစ်စေခြင်းကြောင့် ဖြစ်၏။ ဧကန်ပင် အရှင်သည် ကြားနေသော အရှင်၊ အနီးကပ်ရှိနေသော အရှင် ဖြစ်၏။
၃၄း၅၁။ လွတ်မထွက်နိုင်ဘဲ၊ အနီးကပ် ဖမ်းဆီးခံရ၍ သူတို့၏ ကြောက်ရွံ့ ချောက်ချားရနေပုံကို သင် မြင်ရပါလေစ။
၃၄း၅၂။ နောက်ကျန်ရစ်ပြီးမှ- “တပည့်တော် တို့ ထိုသစ္စာတရားကို ယုံကြည်ပါပြီ၊”ဟု ဆိုကြသူတို့အား မည်သို့ လက်ခံရမည် နည်း။
၃၄း၅၃။ ၎င်းကို ရှေ့အလျင်ကပင် သူတို့ ဖုံးကွယ်ခဲ့ကြ၏။ သူတို့အား မျက်ကွယ် ဖြင့် ဝန်ပိလျက် နောက်ကျန်ရစ်တော့၏။
၃၄း၅၄။ ရှေ့အလျင်က သူတို့၏ ဂိုဏ်းဝင်များအား ပြုလုပ်ခဲ့သည့် ပမာ၊ သူတို့၏ကြား သူတို့၏ အာသီသကြားကို ဝန်းခတ်ထားလေပြီ။ သူတို့သည်ကား ဒွိယ သံသယ၌ ရှိခဲ့ကြ၏။
ဓမ္မခန္ဓာ (၃၄) ဤတွင် ပြီး၏။
ဓမ္မခန္ဓာ (၃၅) သံသရာ၏အစ
ဉာဏ်စဉ်ကိန်းပေးမှု အမှတ်စဉ်- ၄၃။ သုတ်ဒေသနာ- ၄၅ပါး။
ကရုဏာရှင် အကြင်နာရှင် ဖြစ်တော်မူသော ပရမတ်ဘုရားရှင်၏ ဂုဏ်တော်အားဖြင့် -
၃၅း၁။ ရည်သန်စူးစိုက်မှု အပေါင်းသည် မိုးများနှင့် မြေကမ္ဘာ သံသရာ၏ ဇစ်မြစ် ဖြစ်တော်မူသော ပရမတ်ဘုရားရှင် အဘို့ ဖြစ်၍၊ အရှင်သည် နိမိတ်ဆောင် တို့အား လက်ရုံးရည် နှစ်တန်၊ သုံးတန်၊ လေးတန် ရှိခြင်းအားဖြင့် ဉာဏ်စဉ်ဆောင် အဖြစ် စီစဉ်ပေးတော်မူ၏။ အရှင်သည် စံချိန်ပြည့်ရာအလျောက် ဖြစ်တည်မှုကို တစ်ရိပ်ရိပ်တိုးစေ၏။ ဧကန်ပင် ပရမတ်ဘုရားရှင်သည် သဗ္ဗလုံးစုံအား စည်းချိန် ချမှတ်တော်မူ၏။
၃၅း၂။ ပရမတ်ဘုရားရှင်က လူသားများ အတွက် ဖွင့်ထားသော ကရုဏာ တော်၊ ၎င်းအား ဆိုင်းထားနိုင်သူ မရှိချေ။ အရှင်က ဆိုင်းထားစေလျှင်လည်း ထို့ နောက်တွင် ၎င်းကို စေစားစေနိုင်သူ မရှိချေ။ အရှင်သည် ဘုန်းတော်ရှင် ဓမ္မသတ် ရှင် ဖြစ်တော်မူ၏။
၃၅း၃။ အို- လူသားတို့၊ ပရမတ်ဘုရားရှင်က သင်တို့အား ဂုဏ်ပေးခဲ့သည်ကို သတိရကြလော့။ ပရမတ်ဘုရားရှင်မှအပ သင်တို့အား မိုးနှင့် မြေမှ ရိက္ခာကို ဖြစ်တည်ပေးသူ ရှိသလော၊ အရှင်မှအပ အခြား ဘုရားဟူ၍ မရှိ၊ သို့ပါလျက် မည်သို့ လှည့်စားခံနေကြသနည်း။
၃၅း၄။ သူတို့က သင့်အား ငြင်းဆန်ကြလျှင်၊ သင့် ရှေ့အလျင် ဉာဏ်စဉ်ဆောင် များသည်လည်း မုချ ငြင်းဆန်ခံခဲ့ရပြီ။ အရေးအရာ များသည် ပရမတ်ဘုရားရှင် ထံသို့သာ ဦးလှည့်ရမည်သာတည်း။
၃၅း၅။ အို- လူသားတို့၊ ဧကန်ပင် ပရမတ်ဘုရားရှင်၏ ကတိတော်သည် သစ္စာတရား ဖြစ်၏။ သို့ဖြစ်၍ ဤလောကီ ဘ၀က သင်တို့အား မမြှူဆွယ်စေနှင့်၊ မြှူဆွယ်သူများက ပရမတ်ဘုရားရှင်နှင့် စပ်လျဉ်း၍ သင်တို့အား မမြှူဆွယ် စေနှင့်။
၃၅း၆။ မကောင်းဆိုးဝါးသည် သင်တို့အား စည်းဖေါက်သူ ဖြစ်၏။ သို့ဖြစ်၍ သူ့အား စည်းဖေါက်သူ ဟု ယူမှတ်လော့၊ သူသည် သူ့ ဂိုဏ်းသားတို့အား မီးလောင် စာ၏ ပေါင်းဖေါ်များ ဖြစ်စေရန် ဖိတ်ခေါ်၏။
၃၅း၇။ ဖုံးကွယ်သော သူတို့အတွက် ပြင်းထန်သော ဝဋ်ကြွေးသည် ရှိနေ၏။ ယုံကြည်၍ ပြုပြင်ပြောင်းလဲမှုကို ကျင့်ကြံသော သူများ အတွက် လွတ်ငြိမ်းခွင့်နှင့် ကြီးမားသော ဆုလဒ် ရှိနေ၏။
၃၅း၈။ မိမိကျင့်ကြံသော အကုသိုလ်က သူ့အား ဖမ်းစား နေစေ၏၊ ထို့ကြောင့် တင့်တယ်သည်ဟု သူ မြင်သလော၊ ပရမတ်ဘုရားရှင်သည် စံချိန်ပြည့်မှီသူအား လမ်းလွဲစေ၍၊ စံချိန်ပြည့်မှီသူအား လမ်းညွှန်ရစေ၏။ သို့ဖြစ်၍ သင်၏ စိတ်ဉာဉ်ကို သူတို့အတွက် မကြေကွဲစေနှင့်၊ သူတို့၏ တည်ဆောက်မူ များကို ပရမတ်ဘုရားရှင်သည် သိနေသော အရှင် ဖြစ်၏၊
၃၅း၉။ ပရမတ်ဘုရားရှင် အရှင်သည် မိုးတိမ်အား ဖွထုတ်စေသော လေများ ကို စေစား၏၊ ၎င်းအား သေနေသော မြို့ဒေသ ဆီသို့ မောင်းနှင်တော်မူ၏။ ထို့နောက် ၎င်းအားဖြင့် မြေကမ္ဘာကို သေပြီးနောက် ပြန်ရှင်စေတော်မူ၏။ ဤသို့ ရှင်ပြန်နိုးကြွစေတော်မူ၏။
၃၅း၁၀။ ဘုန်းတန်ခိုးကို လိုချင်သူ ရှိ၏။ ဘုန်းတန်ခိုး အားလုံးသည် ပရမတ် ဘုရားရှင်၏ အချုပ်အခြာ၌ ရှိ၏။ စင်ကြယ်သော တရားစကားများသည် အရှင့် ထံသို့ တက်ရ၏။ ပြုပြင်သည့် အကျင့်အကြံရှိ သူတို့အား အရှင် မြှောက်စား တော်မူ၏။ အကုသိုလ်မှုကို ကြံစည်သောသူ၊ ထိုသူတို့အတွက် ပြင်းထန်သော ဝဋ်ကြွေးသည် ရှိ၏။ သူတို့၏ ကြံစည်မှုများသည် ပျက်စီးကြေမွသွားရလတ္တံ့။
၃၅း၁၁။ ပရမတ်ဘုရားရှင်သည် သင်တို့အား မြေမှုန့်မှ တဖန် သုတ်ပိုးမှ ဖြစ် တည်စေ၏။ တဖန် အိမ်ထောင်ဘက် အဖြစ် စီစဉ်ပေး၏၊ အရှင်၏ သိနေခြင်း မရှိဘဲ မည်သည့် လိင်မသည်မှ ကိုယ်ဝန်ဆောင်ခြင်း၊ သွားဖွားခြင်း မရှိနိုင်ချေ။ လောကဓမ္မ၌ ရှိသည်မှ အပ မည်သည့် ဘ၀သံသရာကိုမှ သံသရာတိုးပေးသည် မရှိ။ မည်သည့် ဘ၀သံသရာအား ယုတ်လျော့စေသည်လည်း မရှိချေ။ ဤသည် ပရမတ်ဘုရားရှင် အတွက် လွယ်ကူလှချေ။
၃၅း၁၂။ သမုဒ္ဒရာ နှစ်ခုသည် မတူညီကြချေ။ ဤသည် ခံစားရချို၍ သောက်သုံးရ ခံတွင်းတွေ့၏။ ဤသည် ဆားဓါတ် ငံတူးနေ၏။ ၎င်းကိုယ်စီမှ သင်တို့ စားသုံးဘို့ရာ လတ်ဆတ်သော အသား၊ ဆင်ယင်ဘို့ရာ လက်ဝတ်တန်ဆာတို့ကို ထွက်စေ၏။ အရှင်၏ သိက္ခာပေးမှုကို ရှာဖွေရန် ထို၌ ရှပ်တိုက်သွားလာသော သင်္ဘောများကို သင်တို့ မြင်စေနိုင်၏။ သင်တို့ ကျေးဇူးသိတတ်အံ့ငှာလည်း ဖြစ်၏။
၃၅း၁၃။ အရှင်သည် ညကို နေ့ထဲသို့ တိုးဝင်စေ၏၊ နေ့ကို ညထဲသို့ တိုးဝင် စေ၏။ နေနှင့်လအား ကိုယ်စီ သတ်မှတ်ကာလ အချိန်အတိုင်း စီးမျောလျက် အသုံးခံ ဖြစ်စေ၏။ ဤသည် သင်တို့ ကံကြမ္မရှင် ပရမတ်ဘုရားရှင်ပင်၊ ဩဇာ အာဏာ အပေါင်းသည် အရှင်၏ အချုပ်အခြာ၌ ရှိ၏။ အရှင် မှလွဲ၍ ဆုတောင်းခံ သောသူတို့သည် အမြှေးဖတ်ကိုပင် အစိုးရသည် မဟုတ်ချေ။
၃၅း၁၄။ ၎င်းတို့ထံ ဆုတောင်းကြလျှင် သင်တို့၏ ဆုတောင်းခြင်းကို ၎င်းတို့ မကြားနာနိုင်ချေ။ အကယ်၍ ကြားခဲ့သည့်တိုင် သင်တို့အား မတုန့်ပြန်နိုင်ကြချေ။ ရပ်တည်ရမည့် နေ့ကာလ၌ သင်တို့၏ ရောပြွန်းကိုးကွယ်မှုကို သူတို့က ဖုံးကွယ် ထားလတ္တံ့၊ သတင်းကုန်စင်သိနေသော အရှင်ကဲ့သို့ သင်တို့အား သတင်းထုတ်ပြန် နိုင်သည် မဟုတ်ချေ။
၃၅း၁၅။ အို- လူသားတို့၊ သင်တို့သည် ပရမတ်ဘုရားရှင်အား တည်မှီနေရ သူများ ဖြစ်၏။ ပရမတ်ဘုရားရှင်သည် ကုံလုံပြည့်စုံတော်မူ၏။ ရည်သန်စူးစိုက်မှု တည်ရာ ဖြစ်၏။
၃၅း၁၆။ အကယ်၍ စံချိန်ပြည့်မှီလျှင် အရှင်သည် သင်တို့အား ရုပ်သိမ်း လျက် မျိုးဆက်သစ်ကို ဖြစ်တည် ယူဆောင်လာလတ္တံ့။
၃၅း၁၇။ ဤအတွက် ပရမတ် ဘုရားရှင်၏ ဘုန်းတော် မဲ့မသွားချေ။
၃၅း၁၈။ မိမိအတွက် ဝန်ထမ်းနေရသူသည် အခြားသူ၏ ဝန်အား မထမ်းပေး နိုင်ချေ။ မိမိ၏ ဝန်ထုပ်အား သယ်ပိုးပေးရန် နီးစပ်သူထံ အော်တောင်းသော်လည်း တစ်စုံတစ်ရာ သယ်ပိုးပေးနိုင်မည် မဟုတ်ချေ။ မိမိတို့၏ ကံကြမ္မာရှင်အား မျက် ကွယ်ရာ၌ ကြောက်ရွံ့ရိုကျိုး ဝတ်ပြု မြဲသော သူများကိုသာ သင် သတိပေးနိုင်၏။ သန့်ရှင်းဖြူစင်သူသည် သူ၏ စိတ်စရိုက်အတွက် သန့်ရှင်းဖြူစင်သည် မည်၏။ ခရီးဆုံး ပန်းတိုင်သည် ပရမတ်ဘုရားရှင်၏ ထံသို့သာ ဖြစ်၏။
၃၅း၁၉။ ကန်းနေသူနှင့် မြင်နိုင်သူသည် မတူညီကြချေ။
၃၅း၂၀။ အမှောင်သည် အလင်းမဟုတ်။
၃၅း၂၁။ အေးရိပ်သည် အပူလဟာပြင် မဟုတ်။
၃၅း၂၂။ နိစ္စနှင့် အနိစ္စသည် မတူညီချေ၊ ပရမတ်ဘုရားရှင်သည် စံချိန်ပြည့်မှီသူအား ကြားနိုင်စွမ်းရှိစေ၏။ သင်သည် သချိုင်းထဲမှ သူအား ကြားနာစေနိုင်သည် မဟုတ်ချေ။
၃၅း၂၃။ သင်သည် သတိပေးသူမျှသာ ဖြစ်၏။
၃၅း၂၄။ ဧကန်ပင် သင့်အား ပရမတ္ထ သစ္စာအားဖြင့် သတင်းကောင်းဆောင်သူ၊ သတိပေးသူ အဖြစ် စေစားခြင်း ဖြစ်၏။ သတိပေးသူ မရှိခဲ့သော အသိုင်းအဝိုင်း ဟူ၍ အတိတ်၌ မရှိခဲ့ချေ။
၃၅း၂၅။ သင့်အား ငြင်းဆန်ကြလျှင်၊ သူတို့၏ ရှေ့အလျင် ဖြစ်သူတို့ထံသို့ ရှင်းလင်းချက်များ၊ ကျမ်းငယ်များ၊ တရားရောင်ဝါရှိသော ကျမ်းတော်များဖြင့် ရောက်လာခဲ့သော ဉာဏ်စဉ်ဆောင်များကိုလည်း သူတို့ မုချ ငြင်းဆန်ခဲ့ကြပြီ။
၃၅း၂၆။ ထို့နောက် ဖုံးကွယ်သော သူများကို အရေးယူလိုက်ပြီ။ မကြုံဘူး သည့် ပြစ်ဒဏ် သည် မည်သို့ ရှိလေသနည်း။
၃၅း၂၇။ ဧကန်ပင် ပရမတ်ဘုရားရှင်သည် ကောင်းကင်မှ ရေကို ချပေးတော် မူ၍၊ ၎င်းဖြင့် ကွဲပြားသော သီးနှံများကို ပေါက်ရောက်စေကြောင်း သင် မမြင်မိ သလော။ တောင်များ၌ အဖြူရောင်များ မြည်းအရောင်များ စင်းကြောင်းသစ်များ ကွဲပြားလျက်၊ မဲမှောင် နက်ကြုတ်ခြင်းလည်း ရှိ၏။
၃၅း၂၈။ လူသား၊ သတ္တဝါနှင့် ကပ္ပိယတိရိစ္ဆာန်တို့ တွင်လည်း အရောင်များ အမျိုးမျိုး ကွဲပြားလျက် ရှိ၏။ အရှင့် အမှုတော်ဆောင်များမှ ပညာအလင်းရသူ တို့က ပရမတ်ဘုရားရှင်အား ရိုးကျိုးကြောက်ရွံ့တတ်အံ့ငှာ ဖြစ်၏။ ဧကန်ပင် ပရမတ်ဘုရားရှင်သည် ဘုန်းတော်ရှင် လွတ်ငြိမ်းစေသော အရှင်ဖြစ်၏။
၃၅း၂၉။ ဧကန်ပင် ပရမတ်ဘုရားရှင်၏ ကျမ်းတော်ကို ရွတ်ဖတ်သော၊ ဝတ်ပြု မြဲကြသော၊ ငါအရှင် ရိက္ခာထောက်ရာမှ လက်တွင်းကြိတ်၍ ဖြစ်စေ လူသိရှင်ကြား ဖြစ်စေ ပေးကမ်းသုံးစွဲကြသော- ပျက်စီးကြေမွခြင်း မရှိသည့် ရောင်းဝယ်မှုကို မျှော်ကိုးသော သူတို့အား-
၃၅း၃၀။ အရှင်သည် သူတို့၏ ဆုလဒ်များကို ပြီးပြည့်စေတော် မူရန်၊ အရှင့်၏ သိက္ခာပေးမှုမှ တိုးပွားစေရန် ဖြစ်၏။ ဧကန်ပင် အရှင်သည် လွတ်ငြိမ်းစေသောအရှင်၊ ကျေးဇူးတော်ရှင် ဖြစ်၏။
၃၅း၃၁။ ကျမ်းတော်မှ သင့်အား ငါအရှင် အာရုံဈာန်ဖြစ်ပေးရာသည် လက်ရှိ-ရှေ့မှောက်များကို ဖြောင့်မှန်စေသည့် ပရမတ္ထသစ္စာ ဖြစ်၏။ ဧကန်ပင် ပရမတ် ဘုရားရှင်သည် အရှင်၏ အမှုတော်ဆောင်များကို သတင်းရနေသော၊ မြင်နေသော အရှင် ဖြစ်၏။
၃၅း၃၂။ ဤကျမ်းတော်အား ငါ၏ အမှုတော်ဆောင်များမှ ရွေးချယ်သော သူကို ငါ အမွေပေးတော်မူ၏။ သူတို့မှ မိမိစရိုက်ကို အဝိဇ္ဇာသင့်စေသူ၊ သူတို့မှ အလယ်အလတ်ကျသူ၊ သူတို့မှ ပရမတ်ဘုရားရှင်၏ ခွင့်ပြုချက်ဖြင့် ကောင်းမူ ဆောင်လျက် ခေတ်ရှေ့ရောက်သူတို့ ရှိ၏။ ဤသည် ကြီးကျယ်သော သိက္ခာပေးမှု ပေတည်း။
၃၅း၃၃။ ထာ၀ရ ဥယျာဉ်ဘုံများ၊ ထိုသို့ ဝင်ရောက်စုံမြန်းရမည်ပင်၊ သူတို့အား ရွေ စလွယ်၊ ပုလဲတို့ဖြင့် ဆင်မြန်းပေးမည်၊ ထို၌ သူတို့၏ ဆင်ယင်စရာမှာ ပိုးဖဲ ကတ္တီပါတို့ ဖြစ်၏။
၃၅း၃၄။ သူတို့ ရင့်ကျူးကြသည်မှာ “တပည့်တော်တို့ထံမှ သောက များအား ရုပ်သိမ်းပေးတော်မူသော ပရမတ်ဘုရားရှင်သည် ရည်သန်စူးစိုက်မှု တည်ရာ အရှင် ဖြစ်ပါ၏။ ဧကန်ပင် ကံကြမ္မာရှင်သည် လွတ်ငြိမ်းစေသော အရှင် ကျေးဇူးရှင် ဖြစ်ပါ၏၊
၃၅း၃၅။ အရှင်သည် အရှင်၏ သိက္ခာပေးမှုဖြင့် မြဲမြံသည့် ဗိမာန်ကို တပည့်တော်တို့အား တရားဝင်ပြုပေး၏။ ထို၌ တပည့်တော် တို့အား ဘေးသင့်ခြင်း ပင်ပန်းဆင်းရဲမှု သင့်ခြင်း မရှိပေ။
၃၅း၃၆။ ဖုံးကွယ်သော သူတို့ အတွက်မူ၊ ငရဲဘုံ အပူမီးသည် ရှိလတ္တံ့၊ သူတို့အား ဆုံးဖြတ်ချက်ချခြင်း၊ သေဆုံးစေခြင်း၊ ဝဋ်ကြွေးမှ ပေါ့ပါးစေခြင်း မရှိချေ၊ ဤသည် ဖုံးကွယ်သူ ကိုယ်စီအား အစားပေးခြင်းပင် ဖြစ်၏။
၃၅း၃၇။ သူတို့က “အို- ကံကြမ္မာရှင် တပည့်တော်တို့အား ကယ်ထုတ်ပေးတော်မူပါ၊ တပည့်တော်တို့ သည် ရှိနေသည့် အကျင့်များကို ပယ်၍ ပြုပြင်ပြောင်းလဲခြင်းကို ကျင့်ကြံပါမည်၊” ဟု အသနားခံကြလတ္တံ့။ ငါသည် သင်တို့အား ဆင်ခြင်သတိ ရှိလိုသူများ ဆင်ခြင် သတိရလောက်သည့် ဘ
၃၅း၀သံသရာကို ပေးခဲ့သည် မဟုတ်လော၊ သင်တို့ထံသို့ သတိပေးသူရောက် မလာလေသလော၊ သို့ဖြစ်၍ ကူညီသူ မရှိသူများမှ အမိုက် ကောင်များအား မြည်းစမ်းကြကုန်လော့။
၃၅း၃၈။ ဧကန်ပင် ပရမတ်ဘုရားရှင်သည် မိုးများနှင့် မြေ၏ စက္ခုလွန်များကို သိနေသော အရှင် ဖြစ်၏၊ အရှင်သည် သင်တို့၏ ရင်တွင်း ခံစားချက်များ အားဖြင့် သိနေတော်မူ၏။
၃၅း၃၉။ ထို အရှင်သည် သင်တို့အား မြေကမ္ဘာ၏ ကိုယ်စားလှယ်များ အဖြစ် စီစဉ်ပေးတော်မူ၏။ သို့ဖြစ်၍ ဖုံးကွယ်သူသည် သူ့ကိုယ်သူ ဖုံးကွယ်သည် မည်၏။ ဖုံးကွယ်သူတို့၏ ဖုံးကွယ်ခြင်းများသည် ကံကြမ္မာရှင်၏ ထံပါး၌ ရွံမုန်း ဘွယ်မှအပ တိုးပွားစေသည် မဟုတ်၊ ဖုံးကွယ်သူတို့၏ ဖုံးကွယ်ခြင်းများသည် ဆုံးရှုံးရမှုကိုသာ တိုးစေ၏။
၃၅း၄၀။ ဟောလော့ “ပရမတ်ဘုရားရှင် မှလွဲ၍ သင်တို့ ရောပြွန်းကိုးကွယ် နေသည့် ဆုတောင်းခံသောသူများကို ရှုကြကုန်လော့၊ မြေကမ္ဘာ၌ သူတို့က ဖြစ်တည်ပေးရာကို ကျွန်ုပ်အား ပြလော့၊ သို့တည်းမဟုတ် မိုးကောင်းကင်၌ သူတို့ တွင် ဖက်စပ်သူ ရှိသလော။” သို့တည်းမဟုတ် ငါသည် သူတို့အား ကျမ်းတော်ကို ပေးအပ်၍ ရှင်းလင်းချက်များ ၎င်းအပေါ်၌ ရှိစေသည် မဟုတ်လော၊ အမှန်မှာ အမိုက်ကောင်များ၊ သူတို့မှအချို့က အချို့ကို ထားသော ကတိသည် မြှူဆွယ်ခြင်း သာ ဖြစ်၏။
၃၅း၄၁။ ဧကန်ပင် ပရမတ်ဘုရားရှင်သည် မိုးများနှင့် မြေကမ္ဘာအား ရွေ့လျှော မသွားရန် ထိန်းထားတော်မူ၏။ အကယ်၍ ၎င်းတို့ ရွေ့လျှောသွားခဲ့ပါမူ၊ အရှင်၏ နောက် ထိန်းထားပေးနိုင်သူ တစ်စုံတစ်ယောက်မျှ မရှိချေ။ အရှင်သည် နူးညံ့ သိမ်မွေ့၏၊ လွတ်ငြိမ်းစေသော အရှင် ဖြစ်တော်မူ၏။
၃၅း၄၂။ သူတို့ထံသို့ သတိပေးသူ ရောက်လာလျှင်၊ သူတို့သည် အခြားသော မည်သည့် အသိုင်းအဝိုင်း တစ်ခုထက် မဆို ပိုမို လမ်းညွှန်ခံရသူများ ဖြစ်ကြမည်ဟု ပရမတ်ဘုရားရှင်အား အင်တိုက်အားတိုက် အားသန်စွာ တိုင်တည်၏။ သို့သော် သူတို့ထံသို့ သတိပေးသူ ရောက်လာစဉ် သူတို့၌ စစ်သွေးကြွစိတ် တိုးပွားလေ တော့၏။
၃၅း၄၃။ မြေကမ္ဘာ၌ မာန်မာနတက်နေကြလျက် အကုသိုလ်မှုကိုသာ ကြံစည် ကြ၏။ အကုသိုလ် ကြံစည်မှုသည် သူ့ဝိုင်းသားများကိုသာ ပိတ်ဖုံးစေ၏။ ရှေးသူ ဟောင်း တို့၏ နည်းနာကိုသာ ကြည့်နေကြသည် မဟုတ်လော။ ပရမတ်ဘုရားရှင် ၏ နည်းနာတွင် အလွှဲအပြောင်းဟူ၍ သင်တွေ့ရမည် မဟုတ်။ ပရမတ်ဘုရားရှင်၏ နည်းနာသည် စည်းဘောင်ပျက်သည် ဟုလည်း သင်တွေ့ရမည် မဟုတ်ချေ။
၃၅း၄၄။ သူတို့၏ ရှေ့အလျင် ဖြစ်သူတို့၏ နိဂုံး မည်သို့ ချုပ်ရသည်ကို ကြည့်ရန် မြေကမ္ဘာ၌ မသွားလာကြသလော၊ ၎င်းတို့သည် သူတို့ထက် ပိုမို သန်မာ သော အစွမ်းများ ရှိခဲ့၏။ မိုးများနှင့် မြေကမ္ဘာ၌ ပရမတ်ဘုရားရှင်အား ချိနဲ့စေရန် ပြုနိုင်သော အရာ မရှိချေ။ အရှင်သည် သိနေသော အရှင်- စည်းချိန်ချမှတ်သော အရှင် ဖြစ်တော်မူ၏။
၃၅း၄၅။ အကယ်၍ လူသားတို့အား သူတို့၏ ကျင့်ဆောင်မှုများကြောင့် ပရမတ်ဘုရားရှင်က အရေးယူခဲ့လျှင်၊ အရှင်၏ ချန်ထားခဲ့ခြင်း နောက်ကျော၌ မည် သည့် သတ္တဝါမှ မရှိတော့ချေ။ သို့သော် အရှင်သည် သူတို့အား ရောက်လာမည့် သတ်မှတ်ကာလ အချိန်ထိ သူတို့၏ သတ်မှတ်ကာလကို နောက်ဆုတ်ပေးထား တော်မူ၏။ ဧကန်ပင် ပရမတ်ဘုရားရှင်သည် အရှင်၏ အမှုတော်ဆောင်များအား မြင်နေသော အရှင် ဖြစ်တော်မူ၏။
ဓမ္မခန္ဓာ (၃၅) ဤတွင် ပြီး၏။
ဓမ္မခန္ဓာ (၃၆) အို- လူသား
ဉာဏ်စဉ်ကိန်းပေးမှု အမှတ်စဉ်- ၄၁။ သုတ်ဒေသနာ- ၈၃ ပါး။
ကရုဏာရှင် အကြင်နာရှင် ဖြစ်တော်မူသော ပရမတ်ဘုရားရှင်၏ ဂုဏ်တော်အားဖြင့် -
၃၆း၁။ အို- လူသား---၊
၃၆း၂။ ဓမ္မသတ်စင်စစ်ဖြစ်သော ကုရ်အာန်အားဖြင့်-
၃၆း၃။ ဧကန်ပင် အသင်သည် ဉာဏ်စဉ်ဆောင်တို့ အနက်မှ ဖြစ်၍-
၃၆း၄။ မြဲမြံတည်တံ့သော လမ်းစဉ်တော်၌ ရှိ၏။
၃၆း၅။ ဤ-ချမှတ်ချက်သည် ဘုန်းတော်ရှင် အကြင်နာရှင်၏ ထံမှ ဖြစ်၍-
၃၆း၆။ ဘဘိုးစဉ်ဆက် သတိပေးခြင်း မခံရ၊ မေ့လျော့နေသော လူမျိုးအား သတိပေးရန် ဖြစ်၏။
၃၆း၇။ ဤတရားတော်သည် ယုံကြည်ခြင်း မရှိခဲ့သော အများစု အပေါ်၌ အမှန် တရား ဖြစ်၏။
၃၆း၈။ ငါအရှင်သည် သူတို့၏ ဂုတ်ပိုးမှ ချုပ်ကိုင်၍ သူတို့အား မေးစေ့ မော့ ခေါင်းလှန်လျက် စီစဉ်ထား၏။
၃၆း၉။ ထို့ပြင် သူတို့ လက်ရှိ-ရှေ့မှောက်မှ တံတိုင်းဖြင့်၊ သူတို့၏နောက်မှ တံတိုင်းဖြင့် စီစဉ်ထား၏၊ သို့ဖြင့် သူတို့အား လွှမ်းခြုံထား၏ ထို့ကြောင့် သူတို့သည် အမြင် မရှိကြချေ။
၃၆း၁၀။ သူတို့ကို သတိပေးသည် ဖြစ်စေ၊ သို့တည်းမဟုတ် သတိ မပေးသည် ဖြစ်စေ အတူတူပင် သူတို့ ယုံကြည်ကြမည် မဟုတ်။
၃၆း၁၁။ စက္ခုလွန်မှ ကရုဏာရှင်အား ကြောက်ရွံ့ရိုကျိုးသော၊ သတိဖေါ်ပေးခြင်းကို လိုက်နာသော သူကိုသာ သင် သတိပေးဆုံးမနိုင်၏။ သူ့အား လွတ်ငြိမ်းခွင့်နှင့် ကျက်သရေရှိသော ဆုလဒ်အကြောင်း သတင်းကောင်းကို ပါးလော့။
၃၆း၁၂။ ဧကန်ပင် အသေကို ငါ ရှင်ပြန်စေ၏။ သူတို့၏ စုံရပ်ခံခဲ့သော ခြေရာ လက်ရာများကို ငါ မှတ်တမ်းတင်ထားတော်မူ၏။ သဗ္ဗလုံးစုံအား ရှင်းလင်းထင်ရှား သော ခေါင်းစီး အမှတ်စဉ်အတိုင်း ဖြစ်စေ၏။
၃၆း၁၃။ ဒေသတစ်ခု၏ ပေါင်းဖေါ်တို့ကို ပမာဆောင်၍ သူတို့အား ဥပမာပေး လော့၊ ထိုသို့ ဉာဏ်စဉ်ဆောင်များ ရောက်လာသောအခါ၊-
၃၆း၁၄။ နှစ်ပါးကို ၎င်းတို့ ထံသို့ ငါ စေစားသော်- သူတို့သည် ငြင်းဆန်ခံရ၏။ ငါသည် သူတို့အား သုံးပါး မြောက်ဖြင့် ဘုန်း လက်ရုံးတိုးစေ၍၊ သူတို့က “ကျွန်ုပ်တို့သည် သင်တို့အတွက် ဉာဏ်စဉ်ဆောင်များ ဖြစ်၏၊”ဟု ဆိုကြ၏။
၃၆း၁၅။ ၎င်းတို့က “သင်တို့သည် ကျွန်ုပ်တို့ ကဲ့သို့ လူပုဂ္ဂိုလ်များသာ ဖြစ်၏။ ကရုဏာရှင်က တစ်စုံတစ်ရာကိုမှ ချမှတ်ပေးခြင်း မရှိချေ၊ သင်တို့မှာ လိမ်ညာသူ များသာ ဖြစ်၏၊”ဟု ပြန်ပြောကြ၏။
၃၆း၁၆။ သူတို့က “ကျွန်ုပ်တို့သည် သင်တို့အတွက် ဉာဏ်စဉ်ဆောင်များ ဖြစ်သည်ကို ကံကြမ္မာရှင်သည် သိနေတော်မူ၏။
၃၆း၁၇။ ကျွန်ုပ်တို့ ၏ ဝန်တာမှာ ဓမ္မကို ဆိုက်ရောက်စေရန်ပင်၊”ဟု ပြောကြသည်၏။
၃၆း၁၈။ ၎င်းတို့က “သင်တို့ကြောင့် လူးလာဆန်ခတ်ဖြစ်ရ၏၊ အသင်တို့ မရပ်စဲ လျှင်၊ သင်တို့အား ပစ်ထုတ်ပေအံ့၊ ကျွန်ုပ်တို့ ထံမှ နာကျင်သော ဝဋ်ကြွေးကိုသာ သင်တို့အား ထိသက်စေလတ္တံ့၊”ဟု ဆိုကြ၏။
၃၆း၁၉။ သူတို့က “သင်တို့ လူးလာဆန်ခတ် ဖြစ်ရခြင်းသည် သင်တို့နှင့် အတူရှိ၏။ ယခု သင်တို့ သတိ မပေါ်သေးသလော၊ အမှန်မှာ သင်တို့သည် အလွဲသုံးစားပြုသော လူမျိုးသာ ဖြစ်၏၊”ဟု ပြန်ပြော၏။
၃၆း၂၀။ ထိုစဉ်- မြို့စွန် အဝေးမှ လူတစ်ဦးသည် လုံးပန်း၍ ရောက်လာလျက် ပြောသည်မှာ “အို- ကျွန်ုပ်၏ လူမျိုးတို့၊ ဉာဏ်စဉ်ဆောင်များအား လိုက်နာကြကုန် လော့၊
၃၆း၂၁။ သင်တို့ထံမှ အကျိုးဆုလဒ် မတောင်းသူများကို လိုက်နာကြလော့၊ သူတို့သည် လမ်းညွှန်ခံရသူများ ဖြစ်ကြ၏။
၃၆း၂၂။ ကျွန်ုပ်အား စတည်ဖြစ်စေသော အရှင်ကို ဘယ်အရာက မကိုးကွယ်စေသနည်း၊ အရှင့်ထံသို့သာ ဦးလှည့်ပြန်ရ မည်ပင်။
၃၆း၂၃။ အရှင် မှလွဲ၍ အခြားဘုရားကို အယူထားသင့်သလော၊ ကရုဏာရှင်က ကျွန်ုပ်အား ဘေးဥပဒ်သင့်စေလိုသော် ၎င်းတို့၏ အမျှဝေပေးခြင်းသည် ကျွန်ုပ် အတွက် တစ်စုံတစ်ရာ ပြည့်စုံသည် မဟုတ်၊ ကယ်ဆယ်နိုင်သည်လည်း မဟုတ် ချေ။
၃၆း၂၄။ ကျွန်ုပ်သည်ကား ရှင်းလင်းထင်ရှားသော အပါယ်လမ်း၌ ဖြစ်ခဲ့ချေပြီ။
၃၆း၂၅။ သင်တို့၏ ကံကြမ္မာရှင်အား ကျွန်ုပ် ဧကန် ယုံကြည်ပါ၏၊ သို့ဖြစ်၍ ကြားနာကြပါ ကုန်၊”ဟု ဖြစ်၏။
၃၆း၂၆။ သူ့အား “ဥယျာဉ်ဘုံသို့ ဝင်လော့၊”ဟု မိန့်သော်၊ သူက ပြောသည်မှာ “အလိုလေး- ကျွန်ုပ်၏ လူမျိုးတို့ သိကြပါလေစ၊
၃၆း၂၇။ ကျွန်ုပ်၏ ကံကြမ္မာရှင်သည် ကျွန်ုပ်အား လွတ်ငြိမ်းစေပြီ၊ ဘိသိက်မြှေက်ခံရသူများထဲမှ စီစဉ်ပြီ၊”ဟု ဖြစ်၏။
၃၆း၂၈။ သူ၏ နောက်တွင် သူ့လူမျိုး၏ ထံသို့ ကောင်းကင်ယံမှ စစ်သည်များ ကို တာဝန်ချမပေးချေ၊ ငါ အရှင်သည် ထိုသို့ တာဝန်ချပေးလေ့ မရှိချေ။
၃၆း၂၉။ အသံလှိုင်းကြီး တစ်ခုသာ ဖြစ်၏- ထိုအခါ သူတို့သည် မျိုးတုန်းကုန်တော့၏။
၃၆း၃၀။ အမှုဆောင်များအပေါ် ကြေကွဲရလေပြီ၊ သူတို့ထံသို့ ဉာဏ်စဉ်ဆောင် တစ်ပါး ရောက်လာလေတိုင်း၊ သူတို့သည် လှောင်ပြောင်လေ့ရှိကြကုန်၏။
၃၆း၃၁။ သူတို့မတိုင်မှီ မျိုးဆက်မည်မျှကို တိမ်ကောစေခဲ့ကြောင်း သူတို့ မမြင် ကြသလော၊
၃၆း၎င်းတို့သည် သူတို့ထံသို့ ဦးလှည့် ပြန်လာမည် မဟုတ်ချေ။
၃၆း၃၂။ ၎င်းတို့ ကိုယ်စီ- ငါ၏ထံပါးသို့ အားလုံး ဆင့်ခေါ်ခံရသူများ ဖြစ်ရလတ္တံ့။
၃၆း၃၃။ သူတို့အတွက် နိမိတ်လက္ခဏာ တစ်ရပ်မှာ သေနေသော မြေကမ္ဘာ ဖြစ်၏၊ ငါသည် ၎င်းအား ရှင်ပြန်စေ၍ ထိုမှ ကောက်ပဲသီးနှံများကို ပေါက်ရောက် စေကာ၊ ၎င်းမှ သူတို့ကို စားသုံးစေနိုင်၏။
၃၆း၃၄။ ၎င်း၌ စွံပလွန်ပင် စပျစ်ပင် ဥယျာဉ်များကို ငါ စီစဉ်ပေး၏၊ ၎င်းမှ စိမ့်စမ်းများကို စီးထွက်စေ၏။
၃၆း၃၅။ သူတို့၏ လက်ဖြင့် အားထုတ်ခဲ့ခြင်း မရှိသော အသီးများမှ သူတို့ စားသုံးနိုင်ရာ၏။ ကျေးဇူး မသိထိုက်သလော။
၃၆း၃၆။ မြေကမ္ဘာပေါ် ဖြစ်ထွန်းရာမှ၊ သူတို့၏ ဉာဉ်စရိုက်များနှင့် သူတို့ မသိသေးရာများ ကိုယ်စီမှ- အစုဖွဲ့ ဖြစ်တည်ပေးတော်မူသော အရှင်အား ဦးထိပ်ထားကြလော့။
၃၆း၃၇။ ထို့နောက် သူတို့အတွက် နိမိတ်လက္ခဏာ တစ်ရပ်မှာ ည ဖြစ်၏။ ငါသည် ထိုမှ နေ့ကို ဖြတ်ကျော်လိုက်သည်နှင့် သူတို့ အမှောင်ကျသွားတော့၏။
၃၆း၃၈။ နေသည် သူ့တည်ရာ အတိုင်း စီးမျောနေရ၏။ ဤသည် ဘုန်းတော်ရှင် သိနေသော အရှင်၏၊ စည်းချိန်ချမှတ်မှု ဖြစ်၏။
၃၆း၃၉။ လ ၎င်းကို ဆက်၍ ကြွေမကျသော စွံပလွန်ကိုင်း ကဲ့သို့ ဆင်းလာသည်ထိ စည်းချိန်ချထား၏။
၃၆း၄၀။ နေသည် သူမ – လကို အပြစ်ရှာ ခြုံလွှမ်းခွင့် မရှိ၊ ညသည် နေ့ကို လွန်ဆန်နိုင်ခွင့် မရှိချေ။ ၎င်းတို့ကိုယ်စီ ဂြိုလ်ပတ်လမ်း၌ တစိုက်မတ်မတ်ဖြစ် စေ၏။
၃၆း၄၁။ သူတို့အတွက် နိမိတ်လက္ခဏာမှာ၊ ငါသည် သူတို့၏ သားမြေးများကို ဝန်တင် သင်္ဘောဖြင့် သယ်ဆောင်ခဲ့ခြင်းပင်။
၃၆း၄၂။ သူတို့အတွက် ထိုကဲ့သို့ အရာကို ငါ ဖြစ်တည်စေတော်မူ၏။ သူတို့ စီးသွားနိုင်ကြလတ္တံ့။
၃၆း၄၃။ စံချိန်အလျောက်၊ သူတို့ အား ငါ နစ်မြုပ်စေနိုင်၏။ သူတို့အတွက် သနားသူ မရှိ၊ သူတို့မှာ ကယ်ဆယ်ခံရ မည်လည်း မဟုတ်ချေ။
၃၆း၄၄။ ငါ့ထံမှ ကရုဏာတော်သာ ရှိ၏။ သူတို့အား ကာလတစ်ခုထိ ချမ်းမြေ့စေ၏။
၃၆း၄၅။ သူတို့အား “သင်တို့အပေါ် ကရုဏာသက်အံ့ငှာ၊ သင်တို့၏ လက်ရှိ-ရှေ့မှောက် သင်တို့၏နောက်များ၌ စည်းစောင့်ကြလော့၊” ဟု ပြောသော အခါ၊
၃၆း၄၆။ သူတို့ထံသို့ ကံကြမ္မာရှင်၏ သုတ္တန်များမှ မည်သည့် သုတ်ဒေသနာ မဆို ရောက်ရှိလာသော်၊ သူတို့သည် ဘောင်ကန့် ထားသူများသာ ဖြစ်ကြ၏။
၃၆း၄၇။ သူတို့အား “ပရမတ်ဘုရားရှင်က သင်တို့အား ရိက္ခာပေးရာမှ ပေးကမ်း သုံးစွဲကြလော့”ဟု ပြောသောအခါ၊ ဖုံးကွယ်သော သူများက ယုံကြည်သော သူတို့ အား “စံချိန်ပြည့်မှီခဲ့သော် ပရမတ်ဘုရားရှင်က ကျွေးမွေးနိုင်ပါလျက်၊ ကျွန်ုပ်တို့က ကျွေးမွေးရမည်လော၊ သင်တို့သည်ကား ရှင်းလင်းထင်ရှားသော လမ်းလွဲ၌ ရှိနေ ၏၊”ဟု ပြန်ပြောကြ၏။
၃၆း၄၈။ သူတို့က “သင်တို့သည် ဖြောင့်မှန်သူများ ဖြစ်ကြလျှင်၊ ဤကတိ တော်မှာ မည်သည့် အချိန်၌နည်း၊”ဟု ပြောကြသေး၏။
၃၆း၄၉။ သူတို့၏ စောင့်ကြည့် ခြင်းမှာ သူတို့ချင်း အချေအတင် ဖြစ်စဉ် အရေးယူသွားမည့် အသံလှိုင်းကြီး တစ်ခု တည်းသာ ဖြစ်၏။
၃၆း၅၀။ ထိုအခါ သူတို့သည် သေတမ်းစာရေးရန်၊ သူတို့၏ ဝိုင်းသား များထံသို့ လှည့်ပြန်ရန် တတ်နိုင်တော့သည် မဟုတ်ချေ။
၃၆း၅၁။ ပုံစံ သက်ဝင်စေသောအခါ၊ သင်းချိုင်းဂူရှိသူများမှ ကံကြမ္မာရှင်၏ ထံသို့ စုဆောင်းခံရလတ္တံ့။
၃၆း၅၂။ သူတို့က “ကျွန်ုပ်တို့များနှယ်၊ မည်သူက ကျွန်ုပ်တို့ အား၊ အိပ်ယာမှ နိုးထစေသနည်း၊”ဟု ဆိုကြ၏။ ဤသည် ကရုဏာရှင်၏ ကတိတော်ပင် ဖြစ်၏။ ဉာဏ်စဉ်ဆောင်တို့သည် ဖြောင့်မှန်ကြကုန်၏။
၃၆း၅၃။ ဤသည် အသံလှိုင်းကြီး တစ်ခုမျှသာ ဖြစ်၏။ ထိုအခါ သူတို့ အားလုံး ငါ၏ထံပါးသို့ ဆင့်ခေါ်ခံသူများ ဖြစ်ရလတ္တံ့။
၃၆း၅၄။ ထိုနေ့ကာလ၌ မည်သည့် ဉာဉ် စရိုက်သည်မှ တစ်စုံတစ်ရာ မိုက်ကြေးခွဲခံရမည် မဟုတ်၊ သင်တို့၏ ကျင့်ကြံလေ့ ရှိသည်ကိုသာ အစားပေးခံရလတ္တံ့။
၃၆း၅၅။ ဧကန်ပင် သုခဘုံ၏ ပေါင်းဖေါ်များသည် ထို နေ့ကာလ၌ သီးနှံရ သကဲ့သို့ အလုပ်ရှုပ်နေကြ၏။
၃၆း၅၆။ သူတို့နှင့် သူတို့ စုဖွဲ့ဖေါ်တို့သည် အရိပ်ထဲ၌ ပလ္လင်များ ပေါ်၌ မှီလှဲနေရလတ္တံ့။
၃၆း၅၇။ သူတို့အတွက် သစ်သီး၀လံများနှင့် သူတို့ ဆုတောင်းသမျှ ရှိနေ၏။
၃၆း၅၈။ ငြိမ်းချမ်းစေသော် ဟု ကြင်နာသော ကံကြမ္မာရှင်၏ ထံမှ စကားတော်လာရှိ၏။
၃၆း၅၉။ အို- ရာဇဝတ်ကောင်တို့ ယနေ့၌ သင်တို့သည် သီးခြားနေလော့။
၃၆း၆၀။ အို- အာဒံ၏ သားမြေးတို့၊ မကောင်းဆိုးဝါးတို့အား မကိုးကွယ်ရန် သင်တို့အား ငါ ပဋိညာဉ်မပြုခဲ့သလော။ သူသည် သင်တို့အား ရှင်းလင်းထင်ရှားစွာ စည်းဖေါက်သူ မဟုတ်တုံလော။
၃၆း၆၁။ ငါ့သာ ကိုးကွယ်အပ်သည် မဟုတ်လော၊ ဤသည် မြဲမြံတည်တံ့သော လမ်းစဉ် ဖြစ်၏။
၃၆း၆၂။ သင်တို့မှ များစွာသော တောနေသူ များကို သူက မုချ လမ်းလွဲစေခဲ့ပြီ။ အတွေးအခေါ်ရှိသူများ သင်တို့ မဖြစ်ခဲ့သ လော။
၃၆း၆၃။ ဤသည် သင်တို့အား ကတိပေးခဲ့သည့် ငရဲဘုံပင် ဖြစ်၏။
၃၆း၆၄။ သင်တို့၏ ဖုံးကွယ်လေ့ရှိခြင်းကြောင့် ယနေ့တွင် သင်တို့သည် လောင်ကျွမ်းရမည်ပင်။
၃၆း၆၅။ ဤနေ့၌ သူတို့၏ ပါးစပ်များကို ငါ အဆုံးသတ်လိုက်ပြီ။ သူတို့ ကျင့်ဆောင်လေ့ရှိသည့် အတွက် သူတို့၏ လက်များကို စကားပြောစေ၍၊ သူတို့၏ ခြေထောက်များကို သက်သေသက်ကန် ဖြစ်စေ၏။
၃၆း၆၆။ စံချိန်ပြည့်မှီခဲ့လျှင် သူတို့ လမ်းကြောင်းကို အပြိုင်ရှာသောအခါ၊ သူတို့၏ မျက်လုံးများအား အရေကွာ စေလတ္တံ့၊ သို့ဖြင့် သူတို့ မည်သို့ မြင်နိုင်ပေအံ့နည်း။
၃၆း၆၇။ စံချိန်ပြည့်မှီခဲ့လျှင်၊ သူတို့၏ နေသားကျနေသည်ကိုပင် သူတို့အား အသွင်ပြောင်းပစ်လတ္တံ့၊ သူတို့သည် ဆက်လက်၍ ဖြစ်စေ၊ ပြန်လှည့်၍ ဖြစ်စေ ရွေ့ရန် တတ်နိုင်ခြင်း မရှိပြီ။
၃၆း၆၈။ ဘ၀သံသရာ၌ သူ့အား အားအင်ကျိုးလာစေရန် ငါ ဖြစ်တည်ပေး ထားသည်ကို သင်တို့ အတွေးအခေါ် မရှိကြလော။
၃၆း၆၉။ ငါသည် သူ့အား ကဗျာရေး ခြင်းကို သင်ပေးသည် မဟုတ်။ ၎င်းဖြင့် သူ့အား အပြစ်ရှာနိုင်သည်လည်း မဟုတ် ချေ။ ဤသည် သတိပေးတရားတော်နှင့် ရှင်းလင်းထင်ရှားသော ကုရ်အာန်သာ ဖြစ်၏။
၃၆း၇၀။ ရှင်သူများကို သတိပေးရန် အလို့ငှာ ဖြစ်၏။ ဖုံးကွယ်သူတို့ အပေါ်ထား သော သစ္စာ တရားတော်လည်း ဖြစ်၏။
၃၆း၇၁။ သူတို့အတွက် ငါ၏ ကျင့်ကြံ လုပ်ပိုင်ခွင့်ဖြင့် ဖြစ်တည်ပေးရာများမှ သူတို့ အုပ်ချုပ်နိုင်သည့် ကပ္ပိယတိရိစ္ဆာန်များကို မမြင်ကြကုန်သလော။
၃၆း၇၂။ သူတို့အတွက် ၎င်းတို့ကို ငါ နိမ့်ပါးစေ၏။ ၎င်းတို့မှ သူတို့ စီးနင်းကြ၏။ ၎င်းတို့မှ သူတို့ စားသုံးကြ၏။
၃၆း၇၃။ သူတို့အတွက် ၎င်းတို့မှ အခြားသော အကျိုးများ၊ သောက်သုံးရာများကို ရစေ၏။ ကျေးဇူးမသိ ထိုက်လေသလော။
၃၆း၇၄။ သို့တိုင်၊ ပရမတ်ဘုရားရှင် မှလွဲ၍ အခြားဘုရားများ ရှိသည်ဟု အကူအညီ ရလိုရငြား အယူထားနေကြ၏။
၃၆း၇၅။ ၎င်းတို့က သူတို့အား ကူညီရန် မတတ်နိုင်ကြ။ ၎င်းတို့သည် သူတို့အတွက် ဆင့်ခေါ်ခံရသော စစ်သည်များ ဖြစ်၏။
၃၆း၇၆။ သို့ဖြစ်၍၊ သူတို့၏ အပြောများကြောင့် သောက မဖြစ်နှင့်၊ ငါအရှင် သည် ကြိတ်ကြံစည်ရာ လူသိရှင်ကြားပြုရာများကို သိနေတော်မူ၏။
၃၆း၇၇။ ငါသည် သူ့အား သုတ်ပိုးမှ ဖြစ်တည်စေကြောင်း လူသားသည် မမြင်သလော၊ ထို့နောက် သူသည် ဗြောင်ငြင်းခုံသူ ဖြစ်၏။
၃၆း၇၈။ ထို့နောက် သူ့အား ဖြစ်တည်ပေးသည်ကို မေ့ပစ်လျက် ငါအရှင်အား ပမာဆောင် ဥပမာပေး၍ “တစ်စစီ ဖြစ်နေသည့် အရိုးများကို မည်သူက ပြန်ရှင်စေအံ့နည်း၊”ဟု ဆို၏။
၃၆း၇၉။ဟောလော့ “၎င်းတို့အား ပထမ အကြိမ် ပေါက်ပွားစေသည့် အရှင်က ပြန်ရှင်စေမည်ပင်၊ အရှင်သည် ဖြစ်တည်ပေးခြင်း ကိုယ်စီအား သိနေ အရှင် ဖြစ်၏၊”
၃၆း၈၀။ အရှင်သည် သင်တို့အတွက် အပင်စိမ်းမှ မီးကို စီစဉ်ပေး၏။ သို့ဖြင့် သင်တို့သည် ၎င်းမှ မီးကူးကြ၏။
၃၆း၈၁။ မိုးများနှင့် မြေအား စည်းချိန်တကျ ဖြစ်တည်စေသော အရှင်သည် ၎င်းတို့ကို အလားတူ ဖြစ်တည်စေနိုင်သည် မဟုတ်လော၊ အမှန်မှာ အရှင်သည် ဖြစ်တည်စေသော အရှင်၊ သိနေတော်မူသော အရှင် ဖြစ်၏။
၃၆း၈၂။ တစ်စုံတစ်ရာအား ဖြစ်စေလိုလျှင် အရှင်၏ ညွှန်ကြားချက်၌ “ဖြစ်”ဟု မိန့်လိုက်သည်နှင့် ဆင့်ကဲ ပြည့်စုံ ဖြစ်လာရ၏။
၃၆း၈၃။ အရှင့်အား ဦးထိပ်ထားကြလော့- အရှင့်၏ လုပ်ပိုင်ခွင့်၌သာ သဗ္ဗလုံးစုံအား အစိုးရခြင်းသည် ရှိ၏၊ အရှင့်ထံသို့သာ ဦးလှည့်ပြန်ရမည်တည်း။
၃၆းဓမ္မခန္ဓာ (၃၆) ဤတွင် ပြီး၏။
ဓမ္မခန္ဓာ (၃၇) လျာထားခံရသူများ
ဉာဏ်စဉ်ကိန်းပေးမှု အမှတ်စဉ်- ၅၈။ သုတ်ဒေသနာ- ၁၈၂ပါး။
ကရုဏာရှင် အကြင်နာရှင် ဖြစ်တော်မူသော ပရမတ်ဘုရားရှင်၏ ဂုဏ်တော်အားဖြင့်-
၃၇း၁။ ဝါစဉ်အလိုက် လျာထားခံရသူများ အားဖြင့်-
၃၇း၂။ အော်ဟောက်သူများ က အော်ဟောက်ခြင်း အားဖြင့်-
၃၇း၃။ သတိပေးတရားတော်အား ရွတ်ဖတ်သူများ- အားဖြင့်-
၃၇း၄။ သင်တို့၏ ဘုရားရှင်မှာ တစ်ဆူတည်း ဖြစ်၏။
၃၇း၅။ မိုးများနှင့် မြေကမ္ဘာ ထိုနှစ်ခုကြား ရှိရာတို့၏ ကံကြမ္မာရှင် ဖြစ်၏၊ နေထွက်ရာတို့၏ ကံကြမ္မာရှင် ဖြစ် ၏။
၃၇း၆။ ငါသည်- လောကီ ကောင်းကင်အား စွဲမက်စရာများ ဂြိုလ်များဖြင့် ဖမ်းစား ထားစေ၏။
၃၇း၇။ ၎င်းကို ထကြွနေသော မကောင်းဆိုးဝါး ကိုယ်စီမှ ကာကွယ် စောင့်ရှောက် ထား၏။
၃၇း၈။ အထွဋ်အထိပ်မှ ရှိသော အကြံပေးတို့အား သူတို့ ကြားနာ နိုင်သည် မဟုတ်ချေ၊ နံဘေးကိုယ်စီမှ သူတို့အား ဝန်ပိနေစေ၏။
၃၇း၉။ ပစ်ပယ်ထားလော့၊ သူတို့အတွက် ဝဋ်ကြွေး အနှစ်သည် ရှိနေ၏။
၃၇း၁၀။ သုတ်ကနဲ လစ်ထွက်သွားသူ ကိုသာ၊ သူ့နောက်သို့ ဖေါက်ထွင်းသော မီးဒုံးသည် လိုက်၏။
၃၇း၁၁။“ငါအရှင်၏ ဖြစ်တည်ပေးခြင်းများထက် သို့တည်းမဟုတ် သူတို့ အား ဖြစ်တည်စေခြင်းကို ပိုမိုအားစိုက်ရသလော၊” ဟု သူတို့အား မေးခွန်းထုတ် လော့၊ ငါသည် သူတို့အား စီးကပ်သော မြေမှ ဖြစ်တည်စေ၏။
၃၇း၁၂။ အမှန်မှာ၊ သင် အံ့ဩရမည်မှာ-သူတို့ ပျက်ရယ်ပြုလျှင်၊
၃၇း၁၃။ သူတို့အား သတိဖေါ်ပေးသောအခါ- သတိမမူကြလျှင်၊
၃၇း၁၄။ သူတို့အား သုတ်ဒေသနာအား မြင်စေသောအခါ- ပျက်ရယ်ပြုကြလျှင်၊- ဖြစ်၏။
၃၇း၁၅။ သူတို့က ပြောကြသည်မှာ “ဤသည်- ရှင်းလင်းထင်ရှားသော မှော်အတတ်သာ ဖြစ်၍၊
၃၇း၁၆။ ကျွန်ုပ်တို့ သေကြေပြီးသော် မြေမှုန့်များ အရိုးများ ဖြစ်ပြီးမှ ပြန်လည် နိုးထရမည်လော၊
၃၇း၁၇။ သို့မဟုတ် ကျွန်ုပ်တို့၏ ရှေးဦးပထမ ဘဘိုးများသည်ကော၊”ဟု ဖြစ်၏။
၃၇း၁၈။“မှန်၏၊ သင်တို့သည် ဝပ်တွားနှိမ့်ချရမည်တည်း၊”ဟု ပြန်ပြော လော့။
၃၇း၁၉။ ၎င်းမှာ- အော်ဟောက်သံ တစ်ခုမျှသာ ဖြစ်၏။ ထိုအချိန်တွင် သူတို့ ကြည့်နေရလတ္တံ့။
၃၇း၂၀။ “ကျွန်ုပ်တို့များနှယ်၊ ဤသည် စီရင်ချက်ချသော နေ့ကာလပါတကား၊” ဟု ညည်းညူရလတ္တံ့။
၃၇း၂၁။ ဤသည် သင်တို့ ငြင်းဆန်လေ့ရှိခဲ့သော ရှင်းလင်း ဆုံးဖြတ်သည့် နေ့ကာလပင်တည်း။
၃၇း၂၂။ မိုက်ကြေးခွဲသောသူတို့နှင့် သူတို့၏ စုဖွဲ့ဖေါ်များ၊ သူတို့ကိုးကွယ်ခဲ့လေ့ ရှိသည်များကို စုစည်းမည်ပင်။
၃၇း၂၃။ ပရမတ်ဘုရားရှင် မှလွဲ၍၊ သူတို့အား ငရဲမီး လမ်းဆီသို့ ညွှန်ခဲ့သည်ချည်း ဖြစ်၏။
၃၇း၂၄။ ရပ်တန်းကရပ်စေ၍ သူတို့အား မေးမြန်းမည်မှာ-
၃၇း၂၅။“သင်တို့အား ဘယ်အရာက မကူညီစေနိုင်သနည်း၊”ဟု ဖြစ်၏။
၃၇း၂၆။ အမှန်မှာ ထိုနေ့ကာလ၌ သူတို့အား တိတ်ဆိတ်ငြိမ်သက်စေ၍၊
၃၇း၂၇။ သူတို့မှ အချို့သည် အချို့ထံသို့ ရှေ့တိုးလာလျက် မေးမြန်းကြလျက်-
၃၇း၂၈။“သင်တို့ သည် ကျွန်ုပ်တို့ထံသို့ အားသန်ရာဘက်မှ ချည်းကပ်ရောက်လာလေ့ ရှိခဲ့၏၊”ဟု ပြောဆိုကြ၏။
၃၇း၂၉။ သူတို့ ပြန်ပြောကြသည်မှာ “အမှန်မှာ၊ သင်တို့ကိုယ်တိုင် ယုံကြည်ခဲ့ သူများ မဖြစ်ခဲ့၊-
၃၇း၃၀။ ကျွန်ုပ်တို့မှာ သင်တို့အပေါ်၌ ဩဇာအာဏာ မရှိချေ။ အမှန်မှာ သင်တို့သည် စည်းဖျက်သော လူမျိုးသာ ဖြစ်၏။
၃၇း၃၁။ ကံကြမ္မာရှင်၏ တရားတော် သည် သစ္စာတရားပင် ဖြစ်၏။ ကျွန်ုပ်တို့ မြည်းစမ်းရမည်ပင်-
၃၇း၃၂။ ကျွန်ုပ်တို့ ကိုယ်တိုင် တိမ်းပါးသူများ ဖြစ်ခြင်းကြောင့်၊ သင်တို့အား တိမ်းပါးစေခဲ့ပြီ၊”ဟု ဖြစ်၏။
၃၇း၃၃။ ထို့ကြောင့် ထိုနေ့ကာလ၌ သူတို့အားလုံး ရောပြွန်းလျက် ဝဋ်ကြွေး ကို ခံရစေ၏။
၃၇း၃၄။ ဤကဲ့သို့ ရာဇဝတ်ကောင်တို့အတွက် ငါ စီမံတော်မူ၏။
၃၇း၃၅။ သူတို့အား “ပရမတ်ဘုရားရှင်မှအပ အခြားဘုရားဟူ၍ မရှိ၊”ဟု ပြောသောအခါ၊ သူတို့သည် မာနတက်နေကြ၍၊
၃၇း၃၆။ ကဗျာဆရာ အရူးတစ်ယောက် ကြောင့် ကျွန်ုပ်တို့၏ ဘုရားများကို ချန်ထားရမည်လော၊”ဟု ဆိုကြ၏။
၃၇း၃၇။ အမှန်မှာ သူသည် ပရမတ္ထသစ္စာဖြင့် ရောက်လာပြီ။ ဉာဏ်စဉ်ဆောင် အပေါင်းကိုလည်း ဖြောင့်မှန်ကြောင်းပြ၏။
၃၇း၃၈။ စူးနစ်နာကျင်သော ဝဋ်ကြွေးအား သင်တို့ ဧကန် မြည်းစမ်းကြကုန် လော့။
၃၇း၃၉။ သင်တို့ ကျင့်ကြံခဲ့သည်မှ အပ အခြား အစားပေးခံရမည် မဟုတ်ချေ။
၃၇း၄၀။ ပရမတ်ဘုရားရှင်အား သန့်သန့်စင်စင် ကိုးကွယ်သူတို့သာ- ကင်း၏။
၃၇း၄၁။ ထိုသူများအတွက် အသိပေးပြီး ရိက္ခာတို့မှာ-
၃၇း၄၂။ သစ်သီး၀လံများ- ဖြစ်၏။ သူတို့အား ဘိသိက်မြှေက်ပေးမည်မှာ-
၃၇း၄၃။ ဂုဏ်ပေးထားသော သုခဘုံများရှိ၊
၃၇း၄၄။ ဇိမ်ခံခုံများပေါ်၌ အချင်းချင်း မျက်နှာချင်းဆိုင်လျက် ဖြစ်၏။
၃၇း၄၅။ စမ်းရေ ခွက်ဖြင့် သူတို့ထံသို့ လှည့်လည်ပေး၍-
၃၇း၄၆။ သောက်သုံးသူတို့ အတွက် ဖြူစင် အရသာ ရှိစေ၏။
၃၇း၄၇။ ထို၌ ခေါင်းမူးစေခြင်း မရှိ၊ ၎င်းတို့သည် ပျို့အံစေခြင်းလည်း မရှိချေ။
၃၇း၄၈။ သူတို့၏ ထံပါး၌ ရှိသော မျက်ရိပ်မျက်ခြည် တည်တံ့သူတို့သည် မျက်လုံးများကို-
၃၇း၄၉။ ကွဲတတ်သည့် ဥကဲ့သို့ ကာကွယ်ထား၏။
၃၇း၅၀။ သူတို့မှ အချို့ သည် အချို့သို့ ရှေ့တိုးလာလျက် မေးမြန်းကြသော်-
၃၇း၅၁။ သူတို့မှ ပြောရေးဆိုခွင့် ရှိသူက ပြောသည်မှာ “ကျွန်ုပ်၌ အဆက် အနွယ် တစ်ဦး ရှိ၍၊
၃၇း၅၂။ ၎င်းက ဆိုသည်မှာ- သင်သည် ဖြောင့်မှန်သူများမှ ဖြစ် သလော-
၃၇း၅၃။ ကျွန်ုပ်တို့ သေ၍၊ မြေမှုန့်များ အရိုးများ ဖြစ်ပြီးသော်၊ ကျွန်ုပ်တို့ အတွက် စီရင်ချက်ရှိသည်ဟု ဆိုသလော-၊”ဟု ဖြစ်၏။
၃၇း၅၄။ သင်တို့အား ဖေါ်ထုတ်ပြ ရမည်လော ဟု ဆို၍၊
၃၇း၅၅။ သို့ဖြင့် ၎င်းသည် ပုံစံကျပြီး ငရဲမီးထဲ၌ ထွက်ပေါ် လာသည်ကို မြင်ရ၏။
၃၇း၅၆။ သူက ပရမတ်ဘုရားရှင်အား တိုင်တည်၍ ပြောသည်မှာ “သင် ငရဲသားသည် ကျွန်ုပ်အား ကျဆုံးစေတော့မလို ဖြစ်၏၊-
၃၇း၅၇။ အရှင်သည်သာ ကျွန်ုပ်အား ဂုဏ်မပေးခဲ့လျှင်၊ ကျွန်ုပ်သည် ဆင့်ခေါ်ခံသူတို့မှ ဖြစ်ရလတ္တံ့
၃၇း၅၈။ ကျွန်ုပ်တို့သည် မသေရတော့ပြီလော၊
၃၇း၅၉။ ပထမအကြိမ်သေခြင်းသာ ရှိသလော၊ ကျွန်ုပ်တို့သည် ဝဋ်ကြွေးသင့်မည့်သူများ မဟုတ်ပြီလော၊”ဟု ဖြစ်၏။
၃၇း၆၀။ ဧကန်ပင် ဤ မဟာ အောင်ပွဲမှာ-
၃၇း၆၁။ ဤသို့ ကျင့်ကြံစေခြင်းအား ကျင့်ကြံသူများ အတွက် ဥပမာပင် ဖြစ်၏။
၃၇း၆၂။ ဤသို့ စံစားရမှုအဆင့်ဆင့်သည် ပိုကောင်းသလော၊ သို့တည်းမဟုတ် ပဒိုင်းပင်ကို လိုသလော။
၃၇း၆၃။ ဧကန်ပင် ငါသည် ၎င်းကို အမိုက်ကောင်များ အတွက် စမ်းသပ်ဘို့ရာ စီစဉ်ထားပြီ။
၃၇း၆၄။ ၎င်းသည် ငရဲမီးတွင်း အမြစ်တွယ် ပေါက်ရောက် သော အပင်တစ်ပင် ဖြစ်၏။
၃၇း၆၅။ ၎င်းမှ မကောင်းဆိုးဝါး၏ ဦးခေါင်းကဲ့သို့ သီးပွင့်၏။
၃၇း၆၆။ ဧကန်ပင် သူတို့သည် ၎င်းမှ စားသုံးရ၍၊ ဗိုက်ပြည့် တင်းကား၍။
၃၇း၆၇။ ထို့နောက် ဧကန်ပင်- ထိုအပေါ်၌ ရေနွေးပူဖြင့် ထပ်ဖြည့်ခံရ၏။
၃၇း၆၈။ ထို့နောက် သူတို့၏ အပြန်ခရီးသည် ငရဲမီးဘက်သို့ ဖြစ်၏။
၃၇း၆၉။ သူတို့သည် သူတို့၏ မိရိုးဖလာအား လမ်းလွဲနေကြောင်း တွေ့ရတော့ ၏။
၃၇း၇၀။ သူတို့သည် ၎င်းတို့၏ ရိုးရာများပေါ် အလျင်စလို လိုက်၏။
၃၇း၇၁။ သူတို့မတိုင်မှီ ရှေးဦးပထမ မျိုးဆက်များစွာသည် လွဲမှားခဲ့သည်ပင်။
၃၇း၇၂။ သူတို့ထဲမှ သတိပေးသူ များကို ငါ စေစားခဲ့ပြီ။
၃၇း၇၃။ သတိပေးခံရသူများ နိဂုံး မည်သို့ ချုပ်ရသည်ကို ကြည့်ကြလော့။
၃၇း၇၄။ ပရမတ်ဘုရားရှင်အား သန့်သန့်စင်စင် ကိုးကွယ်သူတို့သာ ကင်း၏။
၃၇း၇၅။ နူးဟ်သည် ငါ့ထံ၌ မုချ ပန်ထွာတင်ပြ၏။ ငါသည် ဂုဏ်ပေး ဖြေကြား ပေးနေသော အရှင် ဖြစ်၏။
၃၇း၇၆။ သူနှင့် သူ့ဝိုင်းသားတို့အား မဟာချောက်ချားမှုကြီးမှ ငါ လွတ်မြောက်စေတော်မူ၏။
၃၇း၇၇။ သူ၏ သားစဉ်မြေးဆက်အား တည်ရှိသူများ အဖြစ် စီစဉ်တော်မူ၏။
၃၇း၇၈။ နောက်လာနောက်သား အတွင်း၌ သူ့အကြောင်းအား ချန်ထားခဲ့၍-
၃၇း၇၉။ လောကခပ်သိမ်း အတွင်း နူးဟ်အား ငြိမ်းချမ်းမှုသက်စေသော်၊
၃၇း၈၀။ ဤသို့၊ သုမင်္ဂလာပြုသူတို့အား ငါ အစားပေးတော်မူ၏။
၃၇း၈၁။ ဧကန်ပင် သူသည် ငါ့အား ယုံကြည်သူ အမှုတော်ဆောင်တို့မှ ဖြစ်၏။
၃၇း၈၂။ တဖန် နောက်လူများကို တိမ်မြုပ်စေ တော်မူလိုက်၏။
၃၇း၈၃။ ဧကန်ပင် အီဗရာဟီးမ်သည် နူးဟ်၏ ဂိုဏ်းဝင်ထဲမှ ဖြစ်၍
၃၇း၈၄။ ကံကြမ္မာရှင်၏ထံသို့ ငြိမ်းချမ်းသော နှလုံးသားဖြင့် သူ ခရောက်၏။
၃၇း၈၅။ သူက သူ၏ ဖခင်နှင့် သူ့လူမျိုးတို့အား “သင်တို့သည် ဘယ်ရာကို ကိုးကွယ်နေကြ သနည်း-
၃၇း၈၆။ ပရမတ်ဘုရားရှင်မှ အပသော လုပ်ဇတ် ဘုရားများကို အလိုရှိကြသလော။
၃၇း၈၇။ လောကခပ်သိမ်း၏ ကံကြမ္မာရှင်အား မည်သို့ စဉ်းစားချက် ရှိသနည်း၊” ဟု မေး၏။
၃၇း၈၈။ ထို့နောက် သူသည် ကြယ်တာရာများသို့ ကြည့် ကြည့်၍၊
၃၇း၈၉။ “ကျွန်ုပ်သည်ပင် ဖျားချင်ချင် ဖြစ်လာပြီ၊”ဟု ဆိုသော်။
၃၇း၉၀။ သူတို့သည် သူ့ထံမှ နောက်သို့ လှည့်ပြေးတော့၏။
၃၇း၉၁။ သူသည် သူတို့၏ ဘုရားများထံသို့ လှည့်၍ “သင်တို့ ဆွမ်းစားကြ သလော၊-
၃၇း၉၂။ သင်တို့ အဘယ်ကြောင့် စကားမပြောကြသနည်း၊”ဟု ပြော၍၊
၃၇း၉၃။ သူတို့ဘက်သို့ လှည့်ကာ ညာလက်ဖြင့် ရိုက်ဖျက်လိုက်၏။
၃၇း၉၄။ ထိုအခါ သူ့ထံသို့ အရှိန်အဟုန်နှင့် ရှေ့တိုးလာကြသူများကို-
၃၇း၉၅။ သူ မေးသည်မှာ “သင်တို့ ထုဆစ်ထားသော အရာများအား ကိုးကွယ်ကြကုန်သလော၊
၃၇း၉၆။ ပရမတ်ဘုရားရှင်သည် သင်တို့နှင့် သင်တို့ ကျင့်ကြံရာများကို ဖြစ်တည် စေတော်မူ၏၊”ဟု ဖြစ်၏။
၃၇း၉၇။ သူတို့က သူ့အတွက် အဆောက်အဦး တစ်ခုကို ဆောက်လော့၊ ထို့နောက် ငရဲမီး၌ ခင်းကျင်းပေးလော့၊ ဟု ဆို၏။
၃၇း၉၈။ သူ့အတွက် ဗျူဟာတစ်ရပ် ဖြစ်စေလို၏၊ သို့ဖြင့်-သူတို့အား အနိမ့်ဆုံးဖြစ်စေရန် ငါ စီစဉ်တော်မူ၏။
၃၇း၉၉။ သူဆုတောင်းသည်မှာ “တပည့်တော်သည် လမ်းညွှန်ပြနေတော်မူ သော ကံကြမ္မာရှင်ထံသို့သာ သွားနေပါ၏။”
၃၇း၁၀၀။“အို- ကံကြမ္မာရှင် တပည့်တော် အား ပြုပြင်ပြောင်းလဲသူတို့မှ တစ်ဦးကို ချီးမြှင့်တော်မူပါ၊”ဟု ဖြစ်၏။
၃၇း၁၀၁။ သို့ဖြင့် ငါသည် “နူးညံ့သိမ်မွေ့သော ကလေးအကြောင်း သတင်းကောင်းကိုပါး၏။”
၃၇း၁၀၂။ ၎င်းသည် သူနှင့်အတူ လုံးပန်းနိုင်သော အရွယ်သို့ ရောက်သောအခါ၊ သူက “အို- ချစ်သား၊ ကျွန်ုပ်သည် သင့်အား စတေးရကြောင်း အိပ်စက်စဉ်၌ မြင်၏၊ ထိုမြင်ကွင်းအား သင် မည်သို့ ကြည့်မိသနည်း၊”ဟု မေးသော်၊ ၎င်းက “အို- ဖခင်၊ အသင့်အား ညွှန်ကြားသည့် အတိုင်း ပြုလုပ်လော့၊ ပရမတ်ဘုရားရှင်၏ စံချိန် ပြည့်မှီစေလျှင် ကျွန်ုပ်အား သည်းခံနိုင် သူတို့မှ အသင်တွေ့ရပါလိမ့်မည်၊”ဟု ဆို၏။
၃၇း၁၀၃။ သူတို့သည် ငြိမ်းချမ်းရေးပြုသောအခါ၊ ၎င်းကို ဦးတိုက်ဆောင်ရွက်ကြ၏။
၃၇း၁၀၄။ ငါအရှင်က “အို- အီဗရာဟီးမ်၊”ဟု ခေါ်၍၊
၃၇း၁၀၅။ သင်သည် သင်၏ အမြင်ရမှုကို ဖြောင့်မှန်စွာပြု၏၊ သို့ဖြင့် ငါသည် သုမင်္ဂလာပြုသူတို့အား ဤသို့ အစားပေးတော်မူပြီ။
၃၇း၁၀၆။ ဧကန်ပင် ဤသည်မှာ ရှင်းလင်းထင်ရှားသော စုံစမ်းမှုပင် ဖြစ်၏။
၃၇း၁၀၇။ ငါသည် ယင်းကို မဟာ စတေးမှုကြီးဖြင့် ရွေးယူတော်မူပြီ။
၃၇း၁၀၈။ နောက်လာနောက်သားများ၌ သူ့အကြောင်းအား ချန်ထား၍ -
၃၇း၁၀၉။ အီဗရာဟီးမ်အပေါ်သို့ ငြိမ်းချမ်းပါစေသော်၊
၃၇း၁၁၀။ သုမင်္ဂလာပြုသူတို့ကို ဤသို့ ငါ အစားပေးတော်မူ၏။
၃၇း၁၁၁။ ဧကန်ပင် သူသည် ငါ့အား ယုံကြည်သူ အမှုတော်ဆောင်တို့ အနက်မှ ဖြစ်၏။
၃၇း၁၁၂။ ငါသည် သူ့အား ပြုပြင်ပြောင်းလဲသူတို့မှ ဖြစ်သော သတင်းတော် ဆောင် အီစ္စဟာ့က် အကြောင်း သတင်းကောင်းပါး၏။
၃၇း၁၁၃။ သူနှင့် အီစ္စဟာ့က် အပေါ် ငါသည် ကျက်သရေရှိစေ၏။ သူတို့၏ သားမြေးတို့အနက် သုမင်္ဂလာပြု သူတို့ ရှိ၍၊ မိမိစရိုက်ကို မိမိ ရှင်းလင်းထင်ရှားစွာ အဝိဇ္ဇာသင့်စေသူတို့လည်း ရှိကြ၏။
၃၇း၁၁၄။ မုချပင် ငါသည် မူဆာနှင့် ဟာရွန်တို့အား မျက်နှာသာပေးခဲ့၍၊
၃၇း၁၁၅။ သူတို့နှင့် သူတို့၏ လူမျိုးတို့အား မဟာချောက်ချားမှုကြီးမှ လွတ်မြောက်စေခဲ့၏။
၃၇း၁၁၆။ သူတို့အား ငါအရှင် ကူညီစောင်မခဲ့၏၊ သူတို့သည် အနိုင်ရသူများ ဖြစ်လာခဲ့ လေ၏။
၃၇း၁၁၇။ သူတို့အား အလွန်ကျော်ဇော ရှင်းလင်းထင်ရှားသော ကျမ်းတော်ကို ချီးမြှင့်ခဲ့၏။
၃၇း၁၁၈။ မြဲမြံတည်တံ့သည့် လမ်းစဉ်သို့လည်း ငါ လမ်းညွှန်ခဲ့၏။
၃၇း၁၁၉။ နောက်လာနောက်သားများ၌ သူတို့အကြောင်းအား ချန်ထား၍၊
၃၇း၁၂၀။ မူဆာနှင့် ဟာရွန်အပေါ်သို့ ငြိမ်းချမ်းပါစေသော်၊
၃၇း၁၂၁။ သုမင်္ဂလာပြုသူတို့ကို ဤသို့ ငါ အစားပေးတော်မူ၏။
၃၇း၁၂၂။ ဧကန်ပင် သူတို့သည် ငါ့အား ယုံကြည်သူ အမှုတော် ဆောင်တို့ အနက်မှ ဖြစ်၏။
၃၇း၁၂၃။ ဧကန်ပင် အီးလ်ယာ့ဆ်သည် ဉာဏ်စဉ်ဆောင်တို့ အနက်မှ ဖြစ်၏။
၃၇း၁၂၄။ သူက သူ့လူမျိုးအား ပြောသည်မှာ “သင်တို့သည် စည်းမစောင့်ကြသလော၊
၃၇း၁၂၅။ သင်တို့သည် အတင့်တယ်ဆုံး ဖြစ်တည်ပေးသည့် အရှင်ကို ချန်၍ နေနတ်ဘုရား၌ ဆုတောင်းကြမည်လော၊
၃၇း၁၂၆။ ပရမတ်ဘုရားရှင်သည် သင်တို့၏ ကံကြမ္မာရှင်၊ သင်တို့ရှေ့ ရှေးဦးပထမ ဘဘိုးများ၏ ကံကြမ္မာရှင်၏၊”ဟု ဖြစ်၏။
၃၇း၁၂၇။ သူ့အား ငြင်းဆန်ကြကုန်ပြီ၊ သို့ဖြင့် ငါသည် သူတို့အား ဆင့်ခေါ်ခံရ သူများမှ ဖြစ်စေပြီ။
၃၇း၁၂၈။ ပရမတ်ဘုရားရှင်အား သန့်သန့်စင်စင် ကိုးကွယ်ကြသူတို့ သာ ထိုမှ ကင်း၏။
၃၇း၁၂၉။ နောက်လာနောက်သား အတွင်း၌ သူ့အကြောင်းအား ချန်ထား၍၊-
၃၇း၁၃၀။ အီးလ်ယာ့ဆ် အပေါ်သို့ ငြိမ်းချမ်းပါစေသော်-
၃၇း၁၃၁။ ငါသည် ဤသို့ သုမင်္ဂလာ ပြုသူတို့ကို အစားပေးတော်မူ၏။
၃၇း၁၃၂။ ဧကန်ပင် သူတို့သည် ငါ့အား ယုံကြည်သူ အမှုတော်ဆောင်တို့ အနက်မှ ဖြစ်၏။
၃၇း၁၃၃။ လု-တ် သည် ဉာဏ်စဉ်ဆောင်တို့ အနက်မှ ဖြစ်၏။
၃၇း၁၃၄။ သူနှင့် သူ့ဝိုင်း သား အားလုံးကို ငါ လွတ်မြောက်စေခဲ့ပြီ။
၃၇း၁၃၅။ အဘွားကြီးကိုသာ ကျန်ရစ်သူ များမှ ဖြစ်စေ၍
၃၇း၁၃၆။ နောက်ကျန်လူများအား ပျက်စီးစေတော်မူလိုက်၏။
၃၇း၁၃၇။ ထိုနေရာ များမှ သင်တို့ ဖြတ်သန်းသွားလာခဲ့သည်မှာ နံနက်စနှင့်-
၃၇း၁၃၈။ ညပိုင်းတို့၌ ဖြစ်၏၊ သင်တို့၌ အတွေးအခေါ် မရှိကြသလော။
၃၇း၁၃၉။ ဧကန်ပင် ယူနွတ်စ်သည် ဉာဏ်စဉ်ဆောင်တို့ အနက်မှ ဖြစ်၏။
၃၇း၁၄၀။ သူသည် ဝန်တင် သင်္ဘောဆီသို့ သုတ်ခြေတင်၍၊
၃၇း၁၄၁။ အခြားသူများနှင့် ဝင်ရော၏၊ သို့သော် သူသည် ငြင်းပယ်ခံရသူတို့မှ ဖြစ်ရ၏။
၃၇း၁၄၂။ သူ့အား ငါးကြီးသည် ပါးစပ်ဖြင့် ဟပ်၏။ သူသည် အပြစ်တင်ခံရသူတို့မှ ဖြစ်၏။
၃၇း၁၄၃။ သူသည် ငါ့အား ဦးထိပ်ထားသူတို့မှ မဖြစ်ခဲ့လေလျှင်၊
၃၇း၁၄၄။ သူသည် နိုးထရမည့် နေ့ထိတိုင် ၎င်း၏ ဝမ်းတွင်း၌ နေနေခဲ့ရလတ္တံ့။
၃၇း၁၄၅။ ထို့နောက် ငါသည် သူ့အား ဗလာလက်မဲ့ဖြင့် စွန့်ထား၍- သူသည် ဖျားနာအားပျော့နေသူ ဖြစ်၏။
၃၇း၁၄၆။ သူ့အတွက် အသီးဝေနေသော အပင်ကို ဖြစ်ထွန်းနေစေ၏။
၃၇း၁၄၇။ ထို့နောက် ငါသည် သူ့အား ထောင်ပေါင်း ရာချီသော သို့မဟုတ် ပို၍ တိုးပွားပေးသော သူတို့ထံသို့ စေစား၍၊
၃၇း၁၄၈။ သူတို့သည် ယုံကြည်လာကြ၏၊ သို့ဖြင့် သူတို့အား ကာလတစ်ခုထိ ချမ်းမြေ့နေစေ၏။
၃၇း၁၄၉။ သူတို့အား “သင်တို့၏ ကံကြမ္မာရှင် အတွက် သမီးများ ရှိစေ၍၊ သင်တို့အတွက် သားများ ရှိစေကြသလော၊”ဟု မေးခွန်းထုတ်လော့။
၃၇း၁၅၀။ သို့တည်း မဟုတ် ငါသည် နိမိတ်ဆောင်များကို လိင်မများ အဖြစ် ဖြစ်တည်စေခဲ့သလော၊ သူတို့သည် သက်သေများ ဖြစ်ကြသလော။
၃၇း၁၅၁။ ဧကန်ပင် သူတို့၏ လုပ်ဇတ်များ အဖြစ် ပြောဆိုမှုများမှာ-
၃၇း၁၅၂။ ပရမတ်ဘုရားရှင်၌ ကိုယ်ပွား ရှိသည်ဟူ၏ ဧကန် သူတို့သည် မုသာဝါဒီများ ဖြစ်၏။
၃၇း၁၅၃။ အရှင်သည် သားများထက် သမီးများကို ပို၍ ရွေးချယ်သလော။
၃၇း၁၅၄။ သင်တို့အား ဘယ်အရာက မည်သို့ စီရင်ထုံးဖြစ်စေသနည်း။
၃၇း၁၅၅။ သင်တို့ ဆင်ခြင်သတိ မရှိကြသလော။
၃၇း၁၅၆။ သို့တည်းမဟုတ် သင်တို့၌ ရှင်းလင်းသော လုပ်ပိုင်ခွင့် ရှိကြသလော။
၃၇း၁၅၇။ သင်တို့သည် ဖြောင့်မှန်သူများ ဖြစ်ကြလျှင်၊ သင်တို့၏ ကျမ်းများကို ပေးအပ် ကြလော့။
၃၇း၁၅၈။ သူတို့သည် အရှင်၏အကြား အန္ဓပုတုဇဉ်၏ အကြား၌ သွေးသားစပ်သည်ဟု စီစဉ်ကြပြီ။ အန္ဓပုတုဇဉ်တို့က သူတို့ကိုယ် သူတို့ ဆင့်ခေါ် ခံရမည့်သူများ ဖြစ်ကြောင်း သိနေကြ၏။
၃၇း၁၅၉။ ဦးထိပ်ထားအပ်သည့် ပရမတ်ဘုရားရှင်သည် သူတို့၏ သီအိုရီများ နှင့် မဆိုင်ချေ၊
၃၇း၁၆၀။ ပရမတ်ဘုရားရှင်အား သန့်သန့်စင်စင် ကိုးကွယ်သူများမှအပ-
၃၇း၁၆၁။ သင်တို့နှင့် သင်တို့၏ ကိုးကွယ်ဆည်းကပ်ရာများ--
၃၇း၁၆၂။ သင်တို့သည် အရှင့်အား သွေးတိုးစမ်းနိုင်ခြင်း မရှိဘဲ-
၃၇း၁၆၃။ ငရဲမီး လောင်ကျွမ်းရမည့် သူများသာ ဖြစ်၏။
၃၇း၁၆၄။ ကျွန်ုပ်တို့အနက် အသိပေးမခံရသော ရပ်တည်ချက်၌ ရှိသူ ဟူ၍ မရှိချေ။
၃၇း၁၆၅။ ကျွန်ုပ်တို့သည် လျာထားခံရသူများ ဖြစ်၏။
၃၇း၁၆၆။ ကျွန်ုပ်တို့သည် အရှင့် အား ဦးထိပ်ထားနေသူများ ဖြစ်၏။ ဟု ပြောသူများအား-
၃၇း၁၆၇။ ဧကန်ပင် သူတို့ ပြန်ပြောဆိုလေ့ရှိသည်မှာ-
၃၇း၁၆၈။ ကျွန်ုပ်တို့ထံ၌ ရှေးဦးပထမ မျိုးဆက်မှ သတိပေးတရားတော် ရှိခဲ့လေလျှင်-
၃၇း၁၆၉။ ကျွန်ုပ်တို့သည် ပရမတ်ဘုရားရှင်ကိုသာ သန့်သန့်စင်စင် ကိုးကွယ်ခဲ့မည်ပင်၊”ဟု ဖြစ်၏။
၃၇း၁၇၀။ သို့သော် သူတို့သည် ၎င်းကို ဖုံးကွယ်ထားကြ၏။ မကြာမှီ သူတို့ သိကြရလတ္တံ့။
၃၇း၁၇၁။ ငါ၏ အမှုတော်ဆောင် ဉာဏ်စဉ်ဆောင်များဖြင့် ဓမ္မတော်ကို မုချ ငါ သတ်မှတ်ခဲ့ပြီ။
၃၇း၁၇၂။ ဧကန်ပင် သူတို့သည် ကူညီစောင်မခြင်းခံရမည်ပင်။
၃၇း၁၇၃။ ဧကန်ပင် ငါ၏ စစ်သည်တော်များသည် အနိုင်ရသူများ ဖြစ်ရလတ္တံ့။
၃၇း၁၇၄။ သို့ဖြစ်၍ ထိုဖုံးကွယ်သူတို့အား ကာလတစ်ခု အလှည့်ပေးထား လော့။
၃၇း၁၇၅။ သူတို့အား မျက်ခြည်မပြတ်စေနှင့်၊ သူတို့သည်လည်း မကြာမှီ မြင်ရ လတ္တံ့။
၃၇း၁၇၆။ သူတို့သည် ငါ ပြဌာန်းထားသော ဝဋ်ကြွေးကို အလျင်လိုနေသလော။
၃၇း၁၇၇။ သို့ဖြင့် သူတို့ပိုင် ဒေသသို့ ထိုဝတ်ဒဏ်အား ချမှတ်သော်၊ သတိပေး ခံထားရသော သူတို့အတွက် အကုသိုလ် နံနက်စ ဖြစ်ရလတ္တံ့။
၃၇း၁၇၈။ သူတို့ထံမှ ကာလတစ်ခု လှည့်ထွက်ခဲ့လော့။
၃၇း၁၇၉။ မျက်ခြည်မပြတ်စေနှင့်၊ သူတို့သည်လည်း မကြာမှီ မြင်ရလတ္တံ့။
၃၇း၁၈၀။ ကံကြမ္မာရှင်အား ဦးထိပ်ထားလော့၊ အရှင်သည် သူတို့၏ သီ၀ရီတို့ မှ ကင်းသော ဘုန်းတန်ခိုးတို့၏ ကံကြမ္မာရှင် ဖြစ်၏။
၃၇း၁၈၁။ ဉာဏ်စဉ်ဆောင် အပေါင်းတို့ အပေါ်သို့ ငြိမ်းချမ်းပါစေသော်။
၃၇း၁၈၂။ ရည်သန်စူးစိုက်မှုအပေါင်းသည် လောကခပ်သိမ်း၏ ကံကြမ္မာရှင် ဖြစ်သော ပရမတ်ဘုရားရှင် အဘို့သာ ဖြစ်၏။
ဓမ္မခန္ဓာ (၃၇) ဤတွင် ပြီး၏။
ဓမ္မခန္ဓာ (၃၈) ဖြောင့်မတ်မှန်ကန်သော အရှင်
ဉာဏ်စဉ်ကိန်းပေးမှု အမှတ်စဉ်- ၃၈။ သုတ်ဒေသနာ- ၈၈ ပါး။
ကရုဏာရှင် အကြင်နာရှင် ဖြစ်တော်မူသော ပရမတ်ဘုရားရှင်၏ ဂုဏ်တော်အားဖြင့် -
၃၈း၁။ ဖြောင့်မတ်မှန်ကန်သော အရှင်သည်- သတိပေးတရားတော် ဖြစ်သော ဤကုရ်အာန်အားဖြင့် တိုင်တည်လျက်-
၃၈း၂။ အမှန်မှာ ဖုံးကွယ်သော သူတို့သည် ဘုန်းကံလု ဂိုဏ်းခွဲနေကြ၏။
၃၈း၃။ သူတို့၏ ရှေ့အလျင် မျိုးဆက် မည်မျှကို ငါ တိမ်ကောစေခဲ့သနည်း၊ ပြေးလွတ်ချိန် လွန်သော အခါတွင်မှ သူတို့ တင်ပြကြကုန်၏။
၃၈း၄။ သူတို့ထံသို့ သူတို့အနက်မှပင် သတိပေးသူ ရောက်လာလျှင်၊ အံဩနေကြ၏၊ ဖုံးကွယ်သူတို့က ပြောသည်မှာ “ဤသူသည် မှော်ဆရာ လူလိမ် ဖြစ်၏။-
၃၈း၅။ သူသည် ကျွန်ုပ်တို့၏ ဘုရားများအစား ဘုရားတစ်ဆူဝါဒကို စီစဉ် သလော။ ဤသည်မှ အံဩစရာပင်၊”ဟု ဖြစ်၏။
၃၈း၆။ သူတို့မှ အကြံပေးများက “ဆက်လျှောက်ကြ၊ သင်တို့၏ ဘုရားများ အပေါ် ဇွဲနပဲဖြင့်ရပ်တည်ကြ၊” “ဧကန်ပင် ဤသည်မှာ သူ ဖြစ်စေလိုသော အရာပင်”
၃၈း၇။ ဤအရာမျိုးကို အခြားသော ပဋိပတ်ကျင့်စဉ်များတွင် မကြားဘူးခဲ့ချေ။ ဤ သည်မှာ ဖန်တီးမှုသာ ဖြစ်၏။
၃၈း၈။ ကျွန်ုပ်တို့၏ကြားမှ သူ့ကိုသာ သတိပေးတရား တော် ချမှတ်ပေးသလော” ထွက်ပြောကြ၏။
၃၈းအမှန်မှာ သူတို့သည် ငါ၏ သတိပေး တရားတော်၌ ဒွိဟဖြစ်၏။ အမှန်မှာ ငါ၏ ဝဋ်ကြွေးဒဏ်အား သူတို့ မမြည်းရသေးချေ။
၃၈း၉။ သို့တည်းမဟုတ် သူတို့ထံ၌ ကံကြမ္မာရှင်၏ ကရုဏာတော်၊ ဘုန်းတန်ခိုးတော်နှင့် ချီးမြှင့်ရက်ရောခြင်း ဘဏ္ဍာ များ ရှိကြသလော။
၃၈း၁၀။ သို့တည်းမဟုတ် သူတို့သည် မိုးများနှင့် မြေကမ္ဘာ ထိုနှစ်ခု ကြား ရှိသမျှတို့ကို အစိုးရသလော။ သို့ဖြစ်လျှင် ရစ်ပတ်လှည့်မွှေ့၍ တက်ပြစေ ကြလော့။
၃၈း၁၁။ ဂိုဏ်းပေါင်းစုံမှ စစ်သည်တို့သည် ဤနေရာ၌ ချေမှုန်းခံရလတ္တံ့။
၃၈း၁၂။ သူတို့မတိုင်မှီ နူးဟ်၊ အာ့ဒ်နှင့် အဘက်ဘက်မှ ခြေကုပ်ခိုင်သော ဖာရိုး၏ လူမျိုးတို့သည် ငြင်းဆန်ခဲ့ကြပြီ။
၃၈း၁၃။ သမု-ဒ်၊ လု-တ်၏ လူမျိုး၊ တောတွင်း နေ ပေါင်းဖေါ်များလည်းပါ၏။ သူတို့သည် ဂိုဏ်းပေါင်းစုံ ဖြစ်ကြ၏။
၃၈း၁၄။ သူတို့ကိုယ်စီ ဉာဏ်စဉ်ဆောင်များအား ငြင်းဆန်ခဲ့သည်သာ၊ သို့ဖြစ်၍ ငါ၏ ချုပ်ကိုင်မှုကို အမှန်ပင် ဖြစ်စေ၏။
၃၈း၁၅။ သူတို့သည် အပေါ်စီးမှ ရှိသော- အသံလှိုင်းကြီး တစ်ခု မှအပ အခြား ကို စောင့်ကြည့်နေကြသည် မဟုတ်ချေ၊
၃၈း၁၆။ သူတို့က “အို- ကံကြမ္မာရှင် တပည့်တော်တို့၏ ခွဲတမ်းကို စာရင်းရှင်းမည့် နေ့ကာလ မတိုင်မှီ အလျင်စလို ဖြစ်စေပါ၊”ဟု ဆိုကြ၏။
၃၈း၁၇။ သူတို့၏ ပြောစကားများပေါ်၌ သည်းခံနေလော့။ ငါ၏ အမှုတော် ဆောင်ဖြစ်သော- အင်အားပိုင်သည့် ဒါဝိဒ်အား သတိမူလော့၊ သူသည် အရှင့်ဘက် သို့ ပြန်လှည့်သူ စင်စစ် ဖြစ်၏။
၃၈း၁၈။ သူ့အတွက် တောင်များကို အသုံးခံ ဖြစ်စေ၏။ သူနှင့်အတူ ညဦး နံနက်များတွင် အရှင့်အား ဦးထိပ်ထားစေ၏။
၃၈း၁၉။ ငှက်အပေါင်း စုစည်းလာကြ၍၊ ၎င်းတို့ကိုယ်စီ သူ့ဘက်သို့ ပြန်လှည့် ကြ၏။
၃၈း၂၀။ သူ၏ အာဏာကို အင်အားတိုးပေး၏။ သူ့အား စီရင်ထုံးနှင့် ရှင်းလင်း ဆုံးဖြတ်သည့် မိန့်ခွန်းပညာကို ငါ ချီးမြှင့်ခဲ့၏။
၃၈း၂၁။ သူ၏ စခန်း စည်းထဲရှိ အမှုပြိုင်တို့ သတင်းအကြောင်း- သင့်ထံသို့ ရောက်စေပြီလော။
၃၈း၂၂။ ဒါဝိဒ်ထံသို့ ဝင်လာကြသော်၊ သူ ကြောက်ရွံ့ချောက်ချား သွား၏၊ “မကြောက်ပါနှင့်၊ ကျွန်ုပ်တို့သည် အချို့ အချို့ အခြေအတင်ဖြစ်သူများ ပင်၊ သို့ဖြင့် ကျွန်ုပ်တို့ကြား၌ အမှန်ကို စီရင်ထုံးချပေးပါ၊ မတရား မဖြစ်စေပါနှင့်၊ ပုံစံချပြီး လမ်းသို့ ညွှန်ပြပေးပါ၊”ဟု ပြောကြ၏။
၃၈း၂၃။ ဤသည် ကျွန်ုပ်၏ အကို ဖြစ်၍၊ သူ့တွင် သိုးမ ကိုးဆယ်နှင့် ကိုးကောင် ရှိလျက်၊ ကျွန်ုပ်တွင် သိုးမ တစ်ကောင်သာ ရှိပါ၏။ ထို့နောက် သူက “၎င်းကို ကျွန်ုပ် ထိန်းမည်၊”ဟု ဆိုပါ၏။ အမိန့်သံဖြင့် ပါဝါသုံးပါ၏၊”ဟု ပြောပြသော်-
၃၈း၂၄။ ဒါဝိဒ်က “သူသည် သင်၏ သိုးမအား သူ့သိုးမ ဖြစ်ရန် တောင်းဆိုခြင်း ဖြင့် မိုက်ကြေးခွဲ၏။ အနည်းစု ဖြစ်သော- ယုံကြည်၍ ပြုပြင်ပြောင်းလဲခြင်းကို ကျင့်ကြံသော- သူများမှ အပ၊ ဧကန်ပင် များစွာသော အစုစပ်လုပ်သူတို့သည် အချို့ အချို့ အပြစ်ရှာကြ၏၊”ဟု ပြောလျက်- ငါအရှင်၏ စမ်းသပ်ခြင်းသာ ဖြစ်သည်ဟု သူ စဉ်းစားမိကာ၊ သူ့ကံကြမ္မာရှင်ထံ ဘက်လှည့် ဦးညွှတ် ပြဝပ်၍ လွတ်ငြိမ်းဆု ပန်၏။
၃၈း၂၅။ ဤ၌ သူ့အား ငါ လွတ်ငြိမ်းစေတော်မူ၏။ ဧကန်ပင် သူ့အတွက် ငါ့ထံသို့ ချည်းကပ်လာသည့် တင့်တယ်သော အပြန်ခရီး ရှိ၏။
၃၈း၂၆။ အို- ဒါဝိဒ် ငါသည် သင့်အား မြေကမ္ဘာ၌ သမ္မတမင်းအဖြစ် စီစဉ်တော် မူပြီ။ သို့ဖြစ်၍ လူသားတို့ကြား၌ မှန်ကန်စွာ စီရင်ထုံးပြုပေးလော့၊ ပရမတ် ဘုရားရှင်၏ လမ်းစဉ်တော်မှ လွဲချော်စေမည့် သင်၏ လိုဘနောက်သို့ မလိုက်နှင့်၊ ဧကန်ပင် ပရမတ်ဘုရားရှင်၏ လမ်းစဉ်တော်မှ လွဲချော်စေသော သူ၊ ထိုသူတို့ အတွက် စရင်းရှင်းရမည့် နေ့ကာလ၌၊ သူတို့၏ မေ့ပစ်မှုများကြောင့် ပြင်းထန်သော ဝဋ်ကြွေးသည် ရှိနေ၏။
၃၈း၂၇။ ဖုံးကွယ်သောသူတို့၏ စဉ်းစားချက်မျိုး- မိုးများနှင့် မြေကမ္ဘာ၊ ထိုနှစ်ခု စပ်ကြား ရှိသမျှအား မှားယွင်းစွာ ငါ ဖြစ်တည်စေခြင်း မဟုတ်ချေ။ သို့ကြောင့်သာ ဖုံးကွယ်သော သူတို့သည် အပူမီး၌ ပျက်စီးသွားရကုန်၏။
၃၈း၂၈။ သို့တည်းမဟုတ် ယုံကြည်၍ ပြုပြင်ပြောင်းလဲခြင်း ကျင့်ကြံသော သူများအား မြေကမ္ဘာ၌ အဖျက်လုပ်သူ ကဲ့သို့ ငါ စီစဉ်မည်လော။ သို့တည်းမဟုတ် စည်းစောင့်သူအား ဖေါက်ထွက်သူÚ ကဲ့သို့ စီစဉ်မည်လော။
၃၈း၂၉။ သင့်ထံသို့ ချမှတ်ပေးသော ကျမ်းတော်သည် ကျက်သရေအပေါင်း ပြည့်စုံ၏။ ထိုမှ သုတ်ဒေသနာများကို အရင်းအမြစ် စီစစ်စေဘို့ရာ၊ သဘောပေါက် နိုင်စွမ်း ရှိသူများအတွက် ဆင်ခြင်သတိရှိစေဘို့ရာ ဖြစ်၏။
၃၈း၃၀။ ဒါဝိဒ်အား ဂုဏ်တော်ရ အမှုတော်ဆောင် စိုလိုင်မံကို ငါ ချီးမြှင့်၏။ ဧကန်ပင် သူသည် အရှင့်ထံသို့လှည့်သူ ဖြစ်၏။
၃၈း၃၁။ သူ့အတွက် ဘောင်ဝင်စေရန် လေ့ကျင့်ထားသော စစ်မြင်းများနှင့်ပတ်သက်၍ တစ်ခုသော ညဦးပိုင်း၌-
၃၈း၃၂။ သူက ပြောသည်မှာ “၎င်းတို့အား စည်းကွယ်၌ ဖြစ်သည့်တိုင်၊ ကံကြမ္မာရှင်၏ သတိဖေါ် ပေးမှုဖြင့် နှစ်သက်စရာ ကောင်းသည်များကို ကျွန်ုပ် နှစ်သက်၏၊-
၃၈း၃၃။ ၎င်းတို့ကို ကျွန်ုပ်ထံသို့ ပြန်ယူခဲ့လော့၊”ဟု ဖြစ်၏။ သို့ဖြင့် သူသည် ၎င်းတို့၏ ခြေများ လည်တိုင်များကို စတင် ကြပ်ထိုးပေး၏။
၃၈း၃၄။ သူ့ စိုးစံရာ၌ ကိုယ်ထည်တစ်ခုကို ငါ ခင်းကျင်း၍ မုချပင် စိုလိုင်မံအား ငါ စုံစမ်းခဲ့၏။ ထို့ပြင် သူသည် ဘက်လှည့်လျှက်
၃၈း၃၅ အို- ကံကြမ္မာရှင်၊ တပည့်တော် အား လွတ်ငြိမ်းစေတော်မူပါ၊ တပည့်တော်၏နောက် မည်သူ တစ်ဦးမှ အပြစ်မရှာ နိုင်သည့် အာဏာအား ချီးမြှင့်တော်မူပါ၊ အရှင်သည် ချီးမြှင့်ရက်ရောသော အရှင် ဖြစ်ပါ၏၊”ဟု ဆုတောင်းခဲ့၏။
၃၈း၃၆။ ငါသည် သူ့အတွက် အသုံးခံရန် အရှင့် ညွှန်ကြားချက်ဖြင့် စီးမျော စေသော နေရာသို့ ထိသက် တိုက်ခိုက်သည့်- လေ၊
၃၈း၃၇။ မကောင်းဆိုးဝါးများ၊ ဆောက်လုပ်ရေးသမားများ၊ ရေငုပ်သမားများ ကိုယ်စီနှင့်
၃၈း၃၈။ ခြေကျဉ်းများဖြင့် သီထားသော အခြား သူများကို ဖြစ်စေ၍-
၃၈း၃၉။ ဤသည် သင့်အတွက် လက်ဆောင် ဖြစ်၏၊ သို့ဖြစ်၍ မျက်နှာသာပေးနိုင်၏၊ သို့မဟုတ် သင့်ထိန်းထားမှုအား စစ်ဆေး ခံရမည် မဟုတ်ချေ၊ ဟု ဖြစ်၏။
၃၈း၄၀။ ဧကန်ပင် ငါထံသို့ ချည်းကပ်လာသည့် တင့်တယ်သော အပြန်ခရီးသည် သူ့အတွက် ရှိ၏။
၃၈း၄၁။ ငါ့ အမှုတော်ဆောင် အိုင်ယုဘ်၏ အကြောင်းကို သတိရလော့။ သူသည် ကံကြမ္မာရှင်၏ ထံ၌ “မကောင်းဆိုးဝါးက တပည့်တော်အား ပင်ပန်းကြီး စေခြင်း ဝဋ်ကြွေးများဖြင့် ထိသက်စေပါပြီ၊”ဟု တင်ပြသော်၊
၃၈း၄၂။ သင့်ခြေဖြင့် ဆောင့်လော့။ ဤ၌ ဆေးကြောရန်နှင့် သောက်သုံးရန် ရေအေး ရှိ၏။
၃၈း၄၃။ ငါသည် သူ့ဝိုင်းသားများနှင့် သူတို့နှင့်အတူ သူတို့ကဲ့သို့သူများကို သူ့အား ချီးမြှင့်တော်မူ၏။ ငါ့ထံမှ ကရုဏာတော်ပင် ဖြစ်၏။ သဘောပေါက်နိုင်စွမ်း ရှိသူများ အတွက် သတိပေးတရားတော် ဖြစ်၏။
၃၈း၄၄။ အာရုံကို လက်ရ ကိုင်စွဲလျက်၊ ၎င်းဖြင့် ခရီးနှင်လော့၊ သင်သည် သစ္စာမဖျက်နှင့်၊ သူ့အား ဇွဲနပဲကြီးသူ၊ ဂုဏ်တော်ရ အမှုတော်ဆောင် အဖြစ် ငါ တွေ့ရ၏။ ဧကန်ပင် သူသည် အရှင့်ထံသို့လှည့်သူ ဖြစ်၏။
၃၈း၄၅။ ငါ၏ အမှုတော်ဆောင် အီဗရာဟီးမ်၊ အီစ္စဟာ့က်၊ ယာကုဗ် တို့အား သတိရလော့။ သူတို့သည် လက်ရုံးရည်နှင့် ဒိဗ္ဗစက္ခု ရှိသူများ ဖြစ်၏၊
၃၈း၄၆။ ငါသည် သူတို့အား အယူသန့်စေ၏၊ ဗိမာန်တော်ကို အယူသန့်ခြင်းဖြင့် သတိရစေ၏။
၃၈း၄၇။ ဧကန်ပင် ငါသည်သူတို့အား ငါ၏ထံတော်၌ ရွေးချယ်ခံရသူ၊ အကောင်းဆုံးသူတို့မှ ဖြစ်စေ၏။
၃၈း၄၈။ အီစ္စမာလ်အီလ်၊ ယာဆ်အ၊ ကပိလပြည့်ရှင်တို့အား သတိရကြ လော့။ သူတို့ကိုယ်စီ အကောင်းဆုံးသူတို့မှ ဖြစ်ကြ၏။
၃၈း၄၉။ ဤသည် သတိပေးတရားတော် ဖြစ်၏။ ဧကန်ပင် စည်းစောင့်သူတို့ အတွက်မူ တင့်တယ်သော အပြန်ခရီး ရှိ၏။
၃၈း၅၀။ အေးငြိမ်းရာ ဥယျာဉ်ဘုံများ၊ သူတို့အတွက် တံခါးများ ဖွင့်ထားစေ၏။
၃၈း၅၁။ ထို၌ မှီလှဲစံစားစေလျက်၊ ထို၌ သစ်သီး ၀လံ မြောက်များစွာနှင့် သောက်သုံးရာတို့ အားဖြင့် ဖိတ်ခေါ်လျက် ရှိကြ၏။
၃၈း၅၂။ သူတို့၏ ထံပါး၌ မျက်ရိပ်မျက်ခြည် တည်တံ့သည့် မြေလုပ်သားများ ရှိ၏။
၃၈း၅၃။ ဤသည် သင်တို့အား စရင်းရှင်းမည့် နေ့ကာလ ဟု ကတိပေးထား ရာပင် ဖြစ်၏။
၃၈း၅၄။ ဧကန်ပင် ဤသည် ခမ်းခြောက်ခြင်း မရှိသော ငါအရှင် ပေးရာ ရိက္ခာများ ဖြစ်၏။
၃၈း၅၅။ ဤသည် စည်းဖျက်သူများ အတွက် ကံဆိုးရသော အပြန်ခရီး ဧကန် ဖြစ်၏။
၃၈း၅၆။ ငရဲဘုံသည် သူတို့ကို လောင်ကျွမ်းစေလတ္တံ့၊ အမင်္ဂလာ ညိမ့်ညောင်းရာ ပင် ဖြစ်၏။
၃၈း၅၇။ သူတို့အား ဤ ရေနွေးပူနှင့် ရေခဲအား မြည်းစေလတ္တံ့၊
၃၈း၅၈။ အခြား သော ပုံစံများမှာလည်း အတွဲလိုက်ပင် ဖြစ်၏။
၃၈း၅၉။ သင်တို့၌ စိတ်ပြတ်လိုသော ဤအုပ်စုလိုက်- သူတို့အား ခရီးဦးကြို မရှိချေ။ သူတို့အား မီး လောင်ကျွမ်းရလတ္တံ့။
၃၈း၆၀။ “အမှန်မှာ သင်တို့အား ခရီးဦးကြို မရှိချေ။ ၎င်းသည် သင်တို့ စုံရပ်ခံခဲ့မှု ဖြစ်၏။” သို့ဖြစ်၍၊ “ကျွန်ုပ်တို့ အတွက် အမင်္ဂလာသည် အတည်တကျဖြစ်ပြီ၊”ဟု ဆိုကြ၏။
၃၈း၆၁။ ဆက်၍၊ “အို- ကံကြမ္မာရှင်၊ တပည့်တော်တို့အား ဤသို့ စုံရပ်ခံစေ ခဲ့သူကို အပူမီးထဲ၌ ဝဋ်ကြွေး နှစ်ဆတိုး၍ ခံစားစေပါ၊”ဟု ဆိုကြ၏။
၃၈း၆၂။ ၎င်းတို့က ပြောကြသည်မှာ “ဘယ်အရာကြောင့်နည်း။ ကျွန်ုပ်တို့က ဆိုးသွမ်းသူများဟု တွက်ထားလေ့ရှိသည့် လူသားများ ကို မမြင်ရပါတကား၊-
၃၈း၆၃။ ကျွန်ုပ်တို့သည် သူတို့အား ပျက်ရယ်ပြုရန် ယူမှတ်ခဲ့၏။ သို့တည်းမဟုတ် ကျွန်ုပ်တို့ အမြင်များ တိမ်းပါးခဲ့လေသလော၊”ဟု ဖြစ်၏။
၃၈း၆၄။ ဧကန်ပင် ဤသည် အမှန်တရားပင် ဖြစ်၏။ အပူမီး၏ ဝိုင်းသားတို့ သည် အချေအတင်ပြုသူများ ဖြစ်၏။
၃၈း၆၅။ ဟောလော့ “ကျွန်ုပ်သည် သတိပေးသူ မျှသာ ဖြစ်၏။ တစ်ဆူတည်း ဖူးခြာဖြစ်သော ပရမတ်ဘုရားရှင်မှအပ အခြား ဘုရားဟူ၍ မရှိပြီ၊-
၃၈း၆၆။ အရှင်သည် မိုးများနှင့် မြေကမ္ဘာ၊ ထိုနှစ်ခုကြားရှိ အရာအားလုံး၏ ကံကြမ္မာရှင်၊ ဘုန်းတော်ရှင်၊ လွတ်ငြိမ်းစေသော အရှင် ဖြစ်၏။”
၃၈း၆၇။ ဟောလော့ “၎င်းသည် မဟာ သတင်းကြီး ဖြစ်၍၊-
၃၈း၆၈။ ၎င်းမှ သင်တို့ ဘောင်ကန့်ထားသူများ ဖြစ်ကြ၏။
၃၈း၆၉။ အထွဋ်အထိပ်မှ အကြံပေးတို့ အချေအတင်ဖြစ်စဉ် ထိုအကြောင်း ကို ကျွန်ုပ်သည် သိနိုင်ခဲ့သူ မဟုတ်ချေ။
၃၈း၇၀။ ကျွန်ုပ်သည် ရှင်းလင်းထင်ရှားသော သတိပေးသူသာ ဖြစ်ကြောင်း ကျွန်ုပ်ထံ၌ အာရုံဈာန်ရ၏။
၃၈း၇၁။ ကံကြမ္မာရှင်က နိမိတ်ဆောင်တို့အား ပြောဆိုသည်မှာ “ဧကန်ပင် ငါသည် လူပုဂ္ဂိုလ်ကို မြေမှ ဖြစ်တည်စေ၏-
၃၈း၇၂။ သို့ဖြင့် သူ့အား ပုံစံချ၏၊ ထို့နောက် ငါ၏ ဉာဏ်စဉ်မှ သူ့အား သက်ဝင်စေ၏။ ထို့ကြောင့် ထိုင်ချ၍ သူ့အား ဦးချကြ ကုန်လော့၊”ဟု ဖြစ်၏၊
၃၈း၇၃။ သို့ဖြင့် နိမိတ်ဆောင်တို့သည်၊ သူတို့ကိုယ်စီ အတူစု၍ ဦးချကြကုန်၏။
၃၈း၇၄။ သို့သော် ရှေးရိုးစွဲ၊ သူသည် မောက်မာ၏၊ သူသည် ဖုံးကွယ်သူ တို့ အနက်မှ ဖြစ်၏။
၃၈း၇၅။ အရှင်က “အေ- ရှေးရိုးစွဲ၊ ငါ၏ လုပ်ပိုင်ခွင့်ဖြင့် ဖြစ်တည်ပေးခြင်း၌ ဦးမချရန် သင့်အား အဘယ်အရာက ဟန့်တားထားသနည်း။ သင်သည် စိတ်ကြီး ဝင်နေသူ သို့တည်းမဟုတ် အထွဋ်အထိပ်မှ ဖြစ်သလော၊”ဟု ဆို၏။
၃၈း၇၆။ “အရှင်က မီးမှ ဖြစ်တည်စေသော တပည့်တော်သည်၊ မြေမှ ဖြစ်တည်စေသော သူ့ထက် ပို၍ ကောင်းမွန်၏။”ဟု သူ ဆိုသော်။
၃၈း၇၇။ အရှင်က မိန့်သည်မှာ “သင်သည် ထိုမှ ထွက်သွားလော့၊ သင်သည် ပစ်ထုတ်ခံရသူတို့မှ ဖြစ်၏။
၃၈း၇၈။ စီရင်ဆုံးဖြတ်မည့် နေ့ကာလတိုင်၊ သင့်အား ငါ့ မေတ္တာဝေးစေပြီ၊”ဟု ဖြစ်၏။
၃၈း၇၉။ သူက “အို- ကံကြမ္မာရှင် တပည့်တော်အား နိုးကြွစေရသည့် နေ့ကာလ အထိ စောင့်ကြည့်ခွင့်ပေးပါ၊”ဟု ဆို၏။
၃၈း၈၀။ အရှင်က “သင့်အား စောင့်ကြည့်နေခွင့်ရသူတို့မှ ဖြစ်စေ ပြီ၊-
၃၈း၈၁။ အသိပေးပြီး ရက်ချိန်း နေ့အထိ ဖြစ်သည်၊”ဟု မိန့်၍-
၃၈း၈၂။ သူ ပြန်ပြောသည်မှာ “အရှင်၏ ဘုန်းတန်ခိုးတော်အားဖြင့်၊ တပည့်တော်သည် သူတို့ အားလုံးကို တိမ်းပါး စေပါမည်၊
၃၈း၈၃။ သူတို့မှ အရှင့်အား သန့်သန့်စင်စင် ကိုးကွယ်သော သူသည်သာ ကင်း၏၊”ဟု ဖြစ်၏။
၃၈း၈၄။ အရှင် မိန့်သည်မှာ “ဤသည်မှာ အမှန်တရားပင်၊ ငါ ဆိုသော အမှန် တရားဟူမူကား-
၃၈း၈၅။ သင်နှင့် သူတို့အနက်မှ သင့်အား လိုက်နာသူတို့ အားလုံးကို ငရဲဘုံ၌ ဖြည့်မည်၊”ဟု ဖြစ်၏။
၃၈း၈၆။ ဟောလော့ “ကျွန်ုပ်သည် သင်တို့ထံမှ အကျိုး ဆုလဒ်ကို မတောင်း ချေ၊ ကျွန်ုပ်သည် လခစားဝန်ထမ်းလည်း မဟုတ်ချေ။
၃၈း၈၇။ ဧကန်ပင်၊ ထိုအမှန်တရားသည် လောကခပ်သိမ်း အတွက် သတိပေး တရားတော် ဖြစ်၏။
၃၈း၈၈။ ကာလတစ်ခုပြီးနောက် ထိုသတင်းကို သင်တို့ သိလာကြ မည်ပင်။”
ဓမ္မခန္ဓာ (၃၈) ဤတွင် ပြီး၏။
ဓမ္မခန္ဓာ (၃၉) အသင်းအဖွဲ့များ
ဉာဏ်စဉ်ကိန်းပေးမှု အမှတ်စဉ်- ၅၉။ သုတ်ဒေသနာ- ၇၅ ပါး။
ကရုဏာရှင် အကြင်နာရှင် ဖြစ်တော်မူသော ပရမတ်ဘုရားရှင်၏ ဂုဏ်တော်အားဖြင့် -
၃၉း၁။ ချမှတ်ပေးသော ကျမ်းတော်သည် ဘုန်းတော်ရှင်၊ ဓမ္မသတ်ရှင် ဖြစ် သော ပရမတ်ဘုရားရှင်၏ ထံမှ ဖြစ်၏။
၃၉း၂။ ဧကန်ပင် သင့်ထံ၌ ကျမ်းတော်အား ပရမတ္ထသစ္စာဖြင့် ငါ ချမှတ်ပေး၏၊ သို့ဖြစ်၍၊ ပရမတ်ဘုရားရှင်အား အမှုတော် ဆောင်လော့၊ သာသနာတော်သည် အရှင့်အတွက် သီးသန့်ဖြစ်စေလော့။
၃၉း၃။ သန့်ရှင်းစင်ကြယ်သော သာသနာမှာ ပရမတ်ဘုရားရှင်၏ အချုပ် အခြာ၌ ရှိ၏။ အရှင် မှလွဲ၍ အားကိုးရသူများ ရှိသည် ဟု အယူထားသော သူတို့က ၎င်းတို့ကို ကိုးကွယ်ဆည်းကပ်ခြင်းမှာ ပရမတ်ဘုရားရှင်၏ ထံသို့ ချည်းကပ်မှု အတွက် ဆောင်ကြဉ်းပေးစေရန်ဟု ဖြစ်၏။ ပရမတ်ဘုရားရှင်သည် သူတို့၏ အကြား၌ ကွဲလွဲမှုများကို စီရင်ထုံးပြုတော်မူလတ္တံ့။ ဧကန်ပင် ပရမတ်ဘုရားရှင် သည် လိမ်ညာသူ ဖုံးကွယ်မှောင်ချသူအား လမ်းညွှန်တော် မမူချေ။
၃၉း၄။ အကယ်၍ ပရမတ်ဘုရားရှင်သည် ကိုယ်ပွား ယူထားလိုသော်၊ အရှင်၏ ဖြစ်တည်ပေးသည့် စံချိန်ပြည့်ရာများမှ ရွေးချယ်နိုင်၏။ အရှင်သည် ဦးထိပ်ထားရာ ဖြစ်၏။ အရှင်သည် တစ်ဆူတည်း ဖူးခြာ ပရမတ်ဘုရားရှင် ဖြစ် တော်မူ၏။
၃၉း၅။ အရှင်သည် မိုးများနှင့် မြေကမ္ဘာအား မှန်ကန်ညီညွတ်စွာ ဖြစ်တည် စေ၏။ အရှင်သည့် နေ့ကို ညအပေါ်သို့ လှိမ့်ပတ်စေ၍ ညကို နေ့အပေါ်သို့ လှိမ့်ပတ် စေ၏။ သတ်မှတ်ကာလ အချိန်၊ စီးကြောင်း ကိုယ်စီဖြင့် နေနှင့်လအား အသုံးခံ ဖြစ်စေ၏။ ဧကန်မလွဲ အရှင်သည် ဘုန်းတော်အရှင်၊ လွတ်ငြိမ်းစေသော အရှင် ဖြစ်၏။
၃၉း၆။ ငါသည် သင်တို့အား စရိုက်တစ်မျိုးတည်းမှ ဖြစ်တည်စေ၏။ ထို့နောက် ၎င်းမှ ၎င်း၏ စုဖွဲ့ဖေါ်ကို စီစဉ်တော်မူ၏။ ထို့နောက် ငါသည် သင်တို့ အတွက် ကပ္ပိယတိရိစ္ဆာန် ရှစ်စုံကို ချမှတ်ပေးတော်မူ၏။ အရှင်သည် သင်တို့အား သင်တို့ မိခင်များ၏ ဝမ်းကြာတိုက်တွင်း ဖြစ်တည်စေပြီးနောက် အမှောင်ဆင့် သုံးဆင့်အတွင်း ဖြစ်တည်စေ၏။ ထိုအရှင်သည် ပရမတ်ဘုရားရှင်၊ သင်တို့၏ ကံကြမ္မာရှင် ဩဇာအာဏာတည်ရာ အရှင် ဖြစ်၏။ အရှင်မှအပ အခြားဘုရားဟူ၍ မရှိပြီ။ သို့ပါလျက် မည်သို့ ဘက်လှည့်နေကြသနည်း။
၃၉း၇။ သင်တို့က ဖုံးကွယ်ကြလျှင်လည်း ပရမတ်ဘုရားရှင်သည် ဧကန်ပင် ကုံလုံပြည့်စုံတော်မူ၏။ သို့သော် ဖုံးကွယ်ထားမှုသည် အမှုတော်ဆောင်များ အတွက် ကျေနပ်နှစ်သက်ရာ မဟုတ်ချေ။ သင်တို့သည် ကျေးဇူးသိတတ်လျှင် သင်တို့ကို ကျေနပ်နှစ်သက်တော်မူ၏။ မိမိအတွက် ဝန်ထမ်းနေရသူသည် အခြား သူ၏ ဝန်အား မထမ်းပေးနိုင်ချေ။ သင်တို့သည် ကံကြမ္မာရှင်၏ ထံသို့သာ အပြန် ခရီး ရှိ၏၊ ထိုအခါ သင်တို့ ကျင့်ကြံလေ့ရှိခဲ့သည်များကို သင်တို့အား သတင်း ထုတ်ပြန်တော်မူလတ္တံ့။ ဧကန်ပင် အရှင်သည် သင်တို့၏ ရင်တွင်းခံစားချက်များ အားဖြင့် သိနေသော အရှင် ဖြစ်၏၊
၃၉း၈။ လူသားအား ဆိုးကျိုး ထိသက်သောအခါ၊ သူသည် ကံကြမ္မာရှင်ကိုသာ ဘက်လှည့်၍ အရှင့်ထံ၌ ဆုတောင်း၏။ ထို့နောက် သူ့အား ဂုဏ်ပေး နှစ်သိမ့်သော အခါ သူသည် ရှေ့အလျင်က အရှင့်ဘက်သို့ ဘက်လှည့် ဆုတောင်းလေ့ ရှိသည်ကို မေ့ပစ်၍၊ အရှင်၏ လမ်းစဉ်မှ လွဲဖယ်စေသော၊ အရှင်နှင့် တစ်ဂိုဏ်းတည်းထားရာ များကို စီစဉ်တော့၏။ ဟောလော့ “ဖုံးကွယ်ခြင်းဖြင့် အနည်းငယ် ပျော်နေကြ လော့၊ သင်သည် အပူမီး၏ ပေါင်းဖေါ်များသာ ဖြစ်၏။”
၃၉း၉။ နာခံလျက် ည၏ အချိန်များ၌ ဦးချလျက်၊ မတ်မတ်ရပ်လျက် နောင် ဘ၀အား သတိထားသူ သို့တည်းမဟုတ် ကံကြမ္မာရှင်၏ ထံမှ ကရုဏာတော်အား မျှော်ကိုးသူ ဖြစ်သလော။ ဟောလော့ “သိနေသောသူနှင့် မသိသောသူ တူညီ သလော၊” သဘောပေါက်နိုင်စွမ်း ရှိသူတို့သည်သာ ဆင်ခြင်သတိ ရှိကြ၏။
၃၉း၁၀။ ဟောလော့ “အို- ယုံကြည်သော အမှုတော်ဆောင်တို့၊ သင်တို့၏ ကံကြမ္မာရှင်အား စည်းစောင့်ကြလော့၊ ဤလောကကို သုမင်္ဂလာပြုသော သူတို့ အတွက် သုမင်္ဂလာသည် ရှိ၏။ ပရမတ်ဘုရားရှင်၏ ကမ္ဘာဂြိုလ်အား ဖြန့်ကျက် ပေးထား၏၊ ဧကန်ပင် သည်းခံပါရမီ ပြီးပြည့်စုံသူတို့၏ အကျိုးဆုလဒ်မှာ စရင်း အင်းမဲ့ ဖြစ်၏။
၃၉း၁၁။ ဟောလော့ “သာသနာတော်သည် အရှင့်အတွက် သီးသန့်ဖြစ်စေ လျက် ပရမတ်ဘုရားရှင်အား ကိုးကွယ်ရန်ကိုသာ ကျွန်ုပ်အား ညွှန်ကြား၏။
၃၉း၁၂။ ဦးဦး ဖျားဖျား ငြိမ်းချမ်းရေးပြုသူ ဖြစ်ရန်လည်း ကျွန်ုပ်အား ညွှန်ကြား၏။”
၃၉း၁၃။ ဟောလော့ “ကံကြမ္မာရှင်အား အာခံမိလျှင်၊ ဝဋ်ကြွေးသင့်မည့် နေ့ကြီး အား ကျွန်ုပ် စိုးကြောက်၏။”
၃၉း၁၄။ ဟောလော့ “ကျွန်ုပ်သည် ပရမတ်ဘုရားရှင်အား ကိုးကွယ်၏၊ သာသနာတော်အား အရှင့် အတွက် သီးသန့်ဖြစ်စေ၏၊
၃၉း၁၅။ သို့ဖြစ်၍ အရှင် မှလွဲ၍ သင်တို့ စံချိန်ထားရာကို သင်တို့ ကိုးကွယ်ကြလော့၊၊” “ရပ်တည်ရ မည့် နေ့ကာလ၌ မိမိ၏ စရိုက်များ၊ မိမိ၏ ဝိုင်းသားများအား ဆုံးရှုံးစေသော သူသည် ဆုံးရှုံးရသူ ဧကန် ဖြစ်၏။ ဧကန်မလွဲ ထိုသူသည် ရှင်းလင်းထင်ရှားသော ဆုံးရှုံးသူ ဖြစ်ရ၏၊”ဟု ပြောလော့၊
၃၉း၁၆။ သူတို့အပေါ်မှ အရိပ်၊ သူတို့အောက်မှ အရိပ်များမှာ သူတို့အတွက် အပူမီးမှ ဖြစ်၏။ ပရမတ်ဘုရားရှင်သည် ၎င်းအားဖြင့် အရှင်၏ အမှုတော်ဆောင် များကို စိုးကြောက်စေ၏။ အို- အမှုတော်ဆောင်တို့ ငါ့အား စည်းစောင့်ကြကုန် လော့။
၃၉း၁၇။ မိစ္ဆာအယူအား ကိုးကွယ်ခြင်းမှ ကင်းသန့်လျက် ပရမတ်ဘုရားရှင် ထံသို့ ဘက်လှည့်သောသူများ- ထိုသူတို့ အတွက် သတင်းကောင်းသည် ရှိ၏။ သို့ဖြစ်၍ ငါ၏ အမှုတော်ဆောင်တို့အား သတင်းကောင်းပါးလော့။
၃၉း၁၈။ သူတို့သည် စကားတော်ကို နားထောင်ကြ၏။ တင့်တင့်တယ်တယ် လိုက်နာကြ၏။ သူတို့သည် ပရမတ်ဘုရားရှင်၏ လမ်းညွှန်ပေးခြင်း ခံရသူများ ဖြစ်၏။ သူတို့သည် သဘော ပေါက်နိုင်စွမ်း ရှိသူများ ဖြစ်ကြ၏။
၃၉း၁၉။ မှန်ကန်သော တရားတော်အလျောက် ဝဋ်ကြွေးသင့်ခံရသူ၊ ထိုသူအား သင်သည် အပူမီးမှ ကယ်ဆယ်နိုင်သလော။
၃၉း၂၀။ သို့ရာတွင် ကံကြမ္မာရှင်အား စည်း စောင့်သောသူ၊ ထိုသူတို့အတွက် လုံးချင်းအိမ် အထပ်ထပ် တည်ဆောက်ထားသော လုံးချင်းအိမ်ယာရှိ၏၊ အောက်ခင်း၌ စမ်းချောင်းရေသွင် စီးဆင်းနေစေ၏။ ဤ သည် ပရမတ်ဘုရားရှင်၏ ကတိတော် ဖြစ်၏၊ ပရမတ်ဘုရားရှင်သည် ကတိတော် အား ပေါ့လျော့ထားသည် မဟုတ်ချေ။
၃၉း၂၁။ ဧကန်ပင် ပရမတ်ဘုရားရှင်သည် ကောင်းကင်ယံမှ ရေကို ချပေး တော်မူ၍၊ ၎င်းကို မြေအောက် ရေအိပ်များသို့ ဝင်စေခြင်း၊ ထို့နောက် ၎င်းအားဖြင့် အသွေးအရောင်များ ကွဲပြားသော စိုက်ခင်းများ ပေါက်စေခြင်း၊ ထို့နောက် တစ်စစ သင် မြင်ရသော အရွက်ဝါများ ဖြစ်လာခြင်း၊ ထို့နောက် အမှိုက်စများ ဖြစ်ရန် စီစဉ်ခြင်း တို့ကို မရှုစားမိသလော။ ဧကန်ပင် ဤ၌ သဘောပေါက်နိုင်စွမ်း ရှိသူတို့ အတွက် သတိပေးတရားတော် ဖြစ်၏။
၃၉း၂၂။ သန္တိသုခလမ်းစဉ်အတွက် ပရမတ်ဘုရားရှင်က ရင်ကို ကျယ်ဝန်းစေ ၍၊ ကံကြမ္မာရှင်၏ ထံမှ အလင်းတော်ပေါ်၌ ရှိသူ ဖြစ်သလော၊ သို့ဖြင့် ပရမတ် ဘုရားရှင်၏ သတိပေးတရား အတွက် နှလုံးသား ခက်ထန်သူတို့သည် ပျက်စီးရ လတ္တံ့၊ သူတို့သည် ရှင်းလင်းထင်ရှားစွာ လွဲချော်နေကြ၏။
၃၉း၂၃။ ပရမတ်ဘုရားရှင်သည် အတင့်တယ်ဆုံး ဆင်တူ မဏ္ဍိုင်များဖြင့် ဆင့်ပြန်ချက် ကျမ်းတော်ကို ချမှတ်ပေးတော်မူပြီ။ ကံကြမ္မာရှင်အား ကြောက်ရွံ ရိုကျိုးသော သူတို့၏ အရေပြားတွင် ၎င်းကြောင့် ကြက်သီးမွေးညှင်းထစေ၏။ တဖန် သူတို့၏ အရေပြား၊ သူတို့၏ နှလုံးသားသည် ပရမတ်ဘုရားရှင်၏ သတိပေး တရားတော် ဆီသို့ ပျော့ပြောင်း တိမ်းညွတ်လာ၏။ ဤသည် ပရမတ်ဘုရားရှင်က စံချိန်ပြည့်သူအား လမ်းညွှန်သည့် လမ်းညွှန်ချက်ပင် ဖြစ်၏။ ပရမတ်ဘုရားရှင်က လမ်းလွဲစေသူအား သူ့အတွက် လမ်းညွှန် မရှိချေ။
၃၉း၂၄။ ရပ်တည်ရမည့် နေ့ကာလ၏ အကုသိုလ် ဝဋ်ကြွေးအား မျက်မှောက် ပြု စည်းစာင့်သူ ဖြစ်သလော။ အမိုက်ကောင်တို့အား “သင်တို့ ကျင့်ဆောင်လေ့ ရှိခဲ့ သည်တို့အား မြည်စမ်းကြကုန်လော့၊”ဟု ပြောဆိုလတ္တံ့။
၃၉း၂၅။ သူတို့၏ ရှေ့အလျင် ဖြစ်သူများလည်း ငြင်းဆန်ခဲ့ကြပြီ။ သို့ဖြစ်၍ သူတို့ထံသို့ ဝဋ်ကြွေး ဆိုက်ရောက် လေပြီ။ မည်သည့် နေရာမှ ဆိုသည်ကို သတိမမူမိနိုင်ချေ။
၃၉း၂၆။ သို့ဖြစ်၍ ပရမတ် ဘုရားရှင်က သူတို့အား ဤလောကီ ဘ၀၌ အရှက်ရစေခြင်းကို မြည်းစမ်းစေပြီ။ နောင်ဘ
၃၉း၀၏ ဝဋ်ကြွေးသည် သာလွန်ကြီးမား၏။ သိနိုင်ကြပါလေစ။
၃၉း၂၇။ မုချပင် လူသားတို့အတွက် သူတို့ ဆင်ခြင်သတိ ရှိအံ့ငှာ ဤ ကုရ်အာန်၌ ပမာ ကိုယ်စီဖြင့် ငါ ဥပမာပေး၏။
၃၉း၂၈။ ကုရ်အာန်သည် အာရ်ဗီ ဘာသာဖြင့် ဖြစ်၏၊ ကောက်ကျစ်ခြင်း ကင်း၏၊ သူတို့ စည်းစောင့်အံ့ငှာ ဖြစ်၏။
၃၉း၂၉။ ပရမတ်ဘုရားရှင်က ပမာတစ်ခု ဥပမာပေးသည်မှာ ဖက်စပ်လုပ်လျက် ရန်ဖြစ် နေရသော လူသားသည်၊ လူသား တစ်ဦးတည်း၏ ငြိမ်းချမ်းမှုရှိသော လူသား ကဲ့သို့ ဖြစ်သလော။ ပရမတ်ဘုရားရှင်အား ရည်သန်စူးစိုက်လော့၊ အမှန်မှာ သူတို့မှ အများစုသည် သိကြသည် မဟုတ်ချေ။
၃၉း၃၀။ အသင်သည် ခန္ဓာဝန်ချရမည်သာတည်း။ သူတို့လည်း ကံကုန်ရမည် သာတည်း။
၃၉း၃၁။ တဖန် သင်တို့သည် ရပ်တည်ရမည့် နေ့ကာလတွင် သင်တို့၏ ကံကြမ္မာရှင် ထံပါး၌ အချေအတင် ဖြစ်ရမည်ပင်။
၃၉း၃၂။ ပရမတ်ဘုရားရှင်နှင့် စပ်လျဉ်း၍ ငြင်းဆန်သူ၊ ဖြောင့်မှန်ခြင်းတရား ရောက်လာသောအခါ ငြင်းဆန်သူထက် မည်သူက ပို၍ အမိုက်စီးဘိသနည်း၊ ဖုံးကွယ်သူတို့အတွက် တည်းခိုရာသည် ငရဲဘုံ၌သာ မဟုတ်တုံလော။
၃၉း၃၃။ ဖြောင့်မှန်ခြင်းဖြင့် ရောက်လာ၍ ဖြောင့်မှန်ခြင်း၌ ရှိသူ ထိုသူတို့ သည် စည်းစောင့်သူများ ဖြစ်ကြ၏။
၃၉း၃၄။ သူတို့အတွက် စံချိန်ပြည့်ရာသည် ကံကြမ္မာရှင်၏ ထံပါး၌ ရှိ၏။ ဤသည် သုမင်္ဂလာပြုသူတို့အား အစားပေးမှုပင်။
၃၉း၃၅။ ပရမတ်ဘုရားရှင်သည် သူတို့၏ အကုသိုလ် ကျင့်ကြံမိသည်များကို ဖုံးကွယ်ပေး တော်မူမည်။ သူတို့၏ တင့်တင့်တယ်တယ် ကျင့်ကြံလေ့ ရှိခဲ့သည် များကိုသာ ဆုလဒ်အဖြစ် အစားပေးတော်မူမည်ပင်။
၃၉း၃၆။ ပရမတ်ဘုရားရှင်သည် အရှင်၏ အမှုတော်ဆောင် အတွက် မလုံလောက်လေသလော၊ သို့တိုင် အရှင် မှလွဲ၍ သူတို့၏ အားကိုးသူများဖြင့် သင့်အား ခြိမ်းခြောက်၏။ ပရမတ်ဘုရားရှင်က လမ်းလွဲစေသူအား သူ့အတွက် လမ်းညွှန် မရှိချေ။
၃၉း၃၇။ ပရမတ်ဘုရားရှင်က လမ်းညွှန်သူ- သူသည် လွဲမှားစေသူမှ မဟုတ်ချေ။ ပရမတ်ဘုရားရှင်သည် ဘုန်းတော်ရှင် တန်ပြန်စေသော အရှင် မဟုတ် တုံလော။
၃၉း၃၈။ သင်က မိုးများနှင့် မြေကမ္ဘာအား အဘယ်သူက ဖြစ်တည်စေနည်းဟု မေးသော် “ပရမတ်ဘုရားရှင်သာ ဖြစ်၏၊”ဟု ပြောကြလိမ့်မည်။ ဟောလော့ “သို့ဖြစ်လျှင် ပရမတ်ဘုရားရှင် မှလွဲ၍ သင်တို့ ဆုတောင်းနေကြသည်များကို မြင်ကြသလော၊ အကယ်၍ ပရမတ်ဘုရားရှင်က ကျွန်ုပ်အား ဥပဒ်သက်စေလိုလျှင် သူတို့က ထိုဥပဒ်မှ ဖယ်ရှားပေးနိုင် မည်လော။ အကယ်၍ အရှင်က ကျွန်ုပ်အား ကရုဏာတော် မြင်တွေ့စေလိုလျှင် သူတို့က ထိုကရုဏာတော်အား ဆိုင်းထားနိုင် သလော။” ဟောလော့ “ပရမတ်ဘုရားရှင်သည် ကျွန်ုပ်အတွက် စရင်းချုပ်ဖြစ်၏၊ ကိုးစားသူတို့သည် အရှင့်ကိုသာ ကိုးစားကြကုန်၏။”
၃၉း၃၉။ ဟောလော့ “အို- ကျွန်ုပ်၏ လူမျိုးတို့ သင်တို့ နေသားကျပြီးအတိုင်း ကျင့်ကြံကြလော့၊ ကျွန်ုပ်သည်လည်း ကျင့်ကြံနေ၏။ မကြာမှီ သိကြရမည်မှာ-
၃၉း၄၀။ မည်သူအား အရှက်ကွဲခြင်း ဝဋ်ကြွေးကို ဆိုက်ရောက်စေ၍၊ သူ့အား မလွတ်ကျွတ် သော ဝဋ်ကြွေး၌ ဘောင်ဝင်စေသနည်း၊”
၃၉း၄၁။ ဧကန်ပင် ငါသည် လူသားများ အတွက် ကျမ်းတော်ကို သင့်ထံ၌ ပရမတ္ထသစ္စာဖြင့် ချမှတ်ပေး၏။ လမ်းညွှန်လိုက်သူသည် သူ့စရိုက်အတွက် ဖြစ်၍၊ လမ်းလွဲလိုက်သူသည် သူ့ကိုယ်သူ လမ်းလွဲစေခြင်းသာ ဖြစ်၏။ သင်သည် သူတို့၏ ကိုးစားခံရ သူ မဟုတ်ချေ။
၃၉း၄၂။ ပရမတ်ဘုရားရှင်သည် ဉာဉ်စရိုက်အား ၎င်း၏ သေသည် မဟုတ် သော- သေခြင်းဖြင့် အိပ်စက်နေစဉ်၌ အားပြည့်စေ၍၊ ထိန်းထားတော်မူ၏၊ ၎င်းအပေါ်၌ သေခြင်းကို ဆုံးဖြတ်ပြီးသော် ထိုမှအပ အခြားတို့ကို သတ်မှတ်ကာလ အချိန်ထိ စေစားထားတော်မူ၏။ စဉ်းစားသုံးသပ်သော လူမျိုးအတွက် ဤ၌ နိမိတ်လက္ခာရပ် ရှိနေ၏။
၃၉း၄၃။ သို့တည်းမဟုတ် ပရမတ်ဘုရားရှင် မှလွဲ၍ အမျှဝေ ပေးနိုင်သူရှိ၏ဟု အယူထားနေကြသလော။ ဟောလော့ “မည်သည်မှ မဟုတ်၊ သူတို့၌ အစိုးရနိုင်ခြင်း တစ်စုံတစ်ရာ မရှိ။ အတွေးအခေါ်လည်း မရှိချေ။”
၃၉း၄၄။ ဟောလော့ “အမျှဝေပေးခွင့် အားလုံးသည် ပရမတ်ဘုရားရှင်၏ အချုပ်အခြာ၌ ရှိ၏။ မိုးများနှင့် မြေကမ္ဘာ၏ ဩဇာအာဏာ အလုံးစုံသည် အရှင့်၏ အချုပ်အခြာ၌ ရှိ၏။ တဖန် အရှင့်ထံသို့သာ ဦးလှည့်ကြရမည်သာတည်း။
၃၉း၄၅။ ပရမတ်ဘုရားရှင် တစ်ပါးတည်းကိုသာ သတိရစေသောအခါ၊ နောင်ဘ၀အား မယုံ ကြည်သော သူတို့၏ နှလုံးသားသည် ထိခိုက်ညှိုးငယ်၍၊ အရှင် မှလွဲသော အရာ များအား သတိရစေသောအခါ၊ သူတို့သည် သတင်းကောင်းရ သူများ ဖြစ်ကြ၏။
၃၉း၄၆။ ရင့်ကျူးလော့ “အို- ပရမတ်ဘုရားရှင်၊ အရှင်သည် မိုးများနှင့် မြေကမ္ဘာ သံသရာ၏ ဇစ်မြစ်တော် ဖြစ်ပါ၏၊ စက္ခုလွန်များနှင့် မျက်မှောက် သက်သေတို့အား သိနေသော အရှင် ဖြစ်၏၊ အရှင်သည်သာ အရှင့် အမှုတော် ဆောင်များ အကြား ကွဲလွဲလျက် ရှိသည်များကို စီရင်ထုံးပြုပေးတော်မူပါ၏။”
၃၉း၄၇။ မိုက်ကြေးခွဲသော သူတို့တွင် မြေကမ္ဘာ၌ အားလုံးကို ပိုင်ဆိုင်လျက်၊ ၎င်းနှင့်အတူ ထိုပမာဏ ရှိငြား၍၊ သူတို့က ရပ်တည်ရမည့် နေ့ကာလမှ ဖေါ်ပြ သော အကုသိုလ် ဝဋ်ကြွေးအတွက် ၎င်းဖြင့် လျောကြေးပေးလိုသော်လည်း၊ သူတို့ အတွက် ပရမတ်ဘုရားရှင်၏ထံ၌ သူတို့ မစဉ်းစားနိုင်ရာတို့ ရှိနေ၏။
၃၉း၄၈။ သူတို့ အတွက် သူတို့ ကျင့်ဆောင်ခဲ့သည့် အကုသိုလ်များအား ဖေါ်ပြ ခံရစေလတ္တံ့။ သူတို့ လှောင်ပြောင်လေ့ရှိခဲ့ရာများက သူတို့အား ပိတ်ဖုံးထားလတ္တံ့။
၃၉း၄၉။ လူသားအား ဘေးဥပဒ် ထိသောအခါ၊ သူသည် ငါ့ထံ၌သာ ဆု တောင်း၏။ သူ့အား ငါ့ထံမှ ဂုဏ်ပေး နှစ်သိမ့် သောအခါ၊ “ကျွန်ုပ်၏ အသိပညာ ကြောင့် ဤသည်ကို ဆိုက်မြိုက်ခြင်း၊”ဟု ဆို၏။ အမှန်မှာ ၎င်းသည် စမ်းသပ်ခြင်း တစ်ရပ်သာ ဖြစ်၏။ သူတို့မှ အများစုကြီးသည် သိကြသည် မဟုတ်ချေ။
၃၉း၅၀။ မုချပင် သူတို့၏ ရှေ့အလျင် ဖြစ်သူတို့လည်း ဤအတိုင်း ပြောခဲ့ကြ၏။ သူတို့၏ ကျင့်ဆောင်လေ့ရှိခဲ့ရာများသည် သူတို့အား ပြည့်စုံစေသည် မဟုတ်ချေ။
၃၉း၅၁။ ၎င်းတို့ ကျင့်ဆောင်သော အကုသိုလ်များသည် ၎င်းတို့အား ထိခိုက် ၏၊ သူတို့မှ မိုက်ကြေးခွဲသော သူများ၏ ကျင့်ဆောင်ခြင်း အကုသိုလ်များသည် လည်း သူတို့အား ထိခိုက်စေလတ္တံ့၊ ၎င်းကို သူတို့ ချိနဲ့စေနိုင်မည် မဟုတ်ချေ။
၃၉း၅၂။ စံချိန်ပြည့်မှီသူအား ပရမတ်ဘုရားရှင်က ရိက္ခာ တိုးပွားစေ၍၊ စည်းကြပ်မတ်ထား ကြောင်း သူတို့ မသိကြသလော။ ဧကန်ပင် ဤ၌ ယုံကြည်သော လူမျိုးအတွက် နိမိတ်လက္ခဏာရပ် ရှိနေ၏။
၃၉း၅၃။ ဟောလော့ “အို- မိမိစရိုက်ကို မိမိ အလွဲသုံးစားပြုမိသောသူတို့ ငါ၏ အမှုတော်ဆောင်တို့၊ ပရမတ်ဘုရားရှင်၏ ကရုဏာတော်အား စိတ်မပျက်ကြနှင့်၊ ပရမတ်ဘုရားရှင်သည် အပြစ် အားလုံးကို လွတ်ငြိမ်းစေတော်မူလတ္တံ့။ အရှင်သည် လွတ်ငြိမ်းစေသော အရှင် အကြင်နာရှင် ဖြစ်တော်မူ၏။-
၃၉း၅၄။ သင်တို့၏ ကံကြမ္မာရှင် ဆီသို့ ဘက်လှည့်ကြလော့။ သင်တို့ထံသို့ ဆိုက်ရောက်မည့် ဝဋ်ကြွေး မတိုင်မှီ အရှင့် အတွက် ငြိမ်းချမ်းရေးပြုကြလော့၊ ထို့နောက် အကူအညီ မရှိတော့ ချေ။”
၃၉း၅၅။ သင်တို့ သတိမမူမိဘဲ သင်တို့ထံသို့ ရုတ်တရက် ဆိုက်ရောက်စေမည့် ဝဋ်ကြွေး မတိုင်မှီ သင်တို့၏ ကံကြမ္မာရှင် ထံမှ ချမှတ်ပေးသည့် အတင့်တယ်ဆုံး သော အရာကို လိုက်နာကြလော့၊-
၃၉း၅၆။ ဉာဉ်စရိုက် တစ်ခုက “ကြေကွဲရလေခြင်း၊ ကျွန်ုပ်သည် လက်လွတ် စပယ်လုပ်မိ၍ ပရမတ်ဘုရားရှင်၏ အပြင်ဘက်မှ ဖြစ်ခဲ့ပြီ၊ ကျွန်ုပ်သည် ပျက်ရယ် ပြုသူတို့မှ ဖြစ်ခဲ့ရလေခြင်း၊”ဟု မညည်းညူရစေရန် ဖြစ်၏။
၃၉း၅၇။ သို့မဟုတ် “ပရမတ်ဘုရားရှင်က လမ်းညွှန်ခဲ့မူ၊ ကျွန်ုပ်သည် စည်းစောင့်သူတို့မှ ဖြစ်ခဲ့မည်၊”ဟု မဆိုရစေရန် ဖြစ်၏။
၃၉း၅၈။ သို့မဟုတ် ဝဋ်ကြွေးကို မြင်ရချိန်၌၊ “ကျွန်ုပ်တွင် အလှည့် ပြန်ရလျှင်၊ သုမင်္ဂလာပြုသူတို့မှ ဖြစ်ရမည်၊”ဟု မပြောရစေရန် ဖြစ်၏။
၃၉း၅၉။ အမှန်မှာ၊ ငါ၏ သုတ်ဒေသနာများကို သင်ထံသို့ မုချ ရောက်လာ စေပြီ။ သို့သော် သင်သည် ၎င်းကို ငြင်းဆန်ခဲ့၏၊ သင်သည် မာနာကြီးနေ၏၊ သင်သည်ကား ဖုံးကွယ်မှောင်ချသူတို့မှ ဖြစ်၏။
၃၉း၆၀။ ရပ်တည်ရမည့် နေ့ကာလ၌ သင်သည် ပရမတ်ဘုရားရှင်နှင့် စပ်လျဉ်း၍ ငြင်းဆန်ခဲ့သော သူတို့၏ မျက်နှာများ ကို မဲပုပ်လျက် မြင်တွေ့ရ မည်ပင်။ ငရဲဘုံသည် မောက်မာသော သူတို့အတွက် တည်းခိုရာပင် မဟုတ်တုံ လော။
၃၉း၆၁။ ပရမတ်ဘုရားရှင်သည် စည်းစောင့်သော သူများအား အောင်ပွဲခံ လွတ် မြောက်စေတော်မူမည်၊ သူတို့အား အကုသိုလ် သင့်စေမည် မဟုတ်ချေ၊ သူတို့သည် သောကရောက်ရစေမည်လည်း မဟုတ်ချေ။
၃၉း၆၂။ ပရမတ်ဘုရားရှင်သည် သဗ္ဗလုံးစုံအား ဖြစ်တည်စေသော အရှင် ဖြစ်၏။ သဗ္ဗလုံးစုံ ကိုးစားထိုက်သည့် အရှင် ဖြစ်၏။
၃၉း၆၃။ မိုးများနှင့် မြေကမ္ဘာ၏ သော့ချက်များသည် အရှင်၏ အချုပ်အခြာ၌ ရှိ၏။ ပရမတ်ဘုရားရှင်၏ သုတ်ဒေသနာများအား ဖုံးကွယ်သောသူ၊ ထိုသူတို့သည် ဆုံးရှုံးရသူများ ဖြစ်ကြ၏။
၃၉း၆၄။ “ပရမတ်ဘုရားရှင်မှ မဟုတ်သော အရာကို ကိုးကွယ်ရန် ကျွန်ုပ်အား ညွှန်ကြား ကြသလော၊ အို- ပညာမဲ့တို့၊”ဟု မေးလော့။
၃၉း၆၅။ သင့်ထံနှင့် သင့်ရှေ့အလျင် ဖြစ်သူတို့ထံသို့ အာရုံဈာန်ဖြစ်စေသည် မှာ “သင်သည် ရောပြွန်းကိုးကွယ်လျှင်၊ သင်၏ ကျင့်ကြံမှုသည် အချည်းနှီးသာ ဖြစ်၏။ သင်သည် ဆုံးရှုံးရသူတို့မှ မဖြစ်စေနှင့်၊”ဟု ဖြစ်၏။
၃၉း၆၆။ အမှန်မှာ ပရမတ် ဘုရားရှင်ကိုသာ၊ ကိုးကွယ်လော့၊ ကျေးဇူးသိတတ် သူတို့မှ ဖြစ်လော့။
၃၉း၆၇။ သူတို့ သည် ပရမတ်ဘုရားရှင်အား မှန်ကန်သော ချင့်ချိန်မှု ဖြင့် ချင့်ချိန်ကြသည် မဟုတ် ချေ။ ရပ်တည်ရမည့် နေ့၌ မြေကမ္ဘာမှ အားလုံးသည် အရှင်၏ စည်းချိန်ထဲ၌ ရှိ၏။ မိုးကောင်းကင်များအား အရှင်၏ ဩဇာဖြင့် ဆုပ်ကိုင်လျက် ရှိ၏။ အရှင့်အား ဦးထိပ်ထားလော့၊ အရှင်သည် ရောပြွန်းကိုးကွယ်ခံများထက် အထွဋ်အထိပ် ဖြစ် တော်မူ၏။
၃၉း၆၈။ ပုံစံ သက်ဝင်စေသောအခါ၊ ပရမတ်ဘုရားရှင်၏ စံချိန်ပြည့်မှီသူမှ အပ မိုးများ၌ ရှိသူ၊ မြေကမ္ဘာ၌ ရှိသူတို့သည် နားစည် ကွဲသေနေကြလတ္တံ့။ တဖန် ၎င်းအား နောက်တစ်ကြိမ် သက်ဝင်စေသော အခါ ရပ်လျက်၊ စောင့်ကြည့်နေကြ လတ္တံ့။
၃၉း၆၉။ ထို့နောက် မြေကမ္ဘာသည် ကံကြမ္မာရှင်၏ အလင်းတော်ဖြင့် ထွန်း လင်းရလတ္တံ့၊ မှတ်တမ်းကြီးကို ဖွင့်ချထားလျက် သတင်းတော်ဆောင်များနှင့် သက်သေသက်ကန်များအား ရောက်လာစေလတ္တံ့၊ ထို့နောက် သူတို့အကြားတွင် မှန်ကန်ခြင်းဖြင့် ဆုံးဖြတ်တော်မူလတ္တံ့။ သူတို့အား မိုက်ကြေးခွဲခဲ့လိမ့်မည် မဟုတ် ချေ။
၃၉း၇၀။ ဉာဉ်စရိုက်ကိုယ်စီ၏ ကျင့်ကြံခဲ့ရာသည် ပြန်ပြည့်ခံရလတ္တံ့၊ အရှင်သည် ပြုလုပ်ခဲ့သမျှကို အသိဆုံး ဖြစ်တော်မူ၏၊
၃၉း၇၁။ ဖုံးကွယ်သော သူတို့အား ငရဲဘုံ အသင်းအဖွဲ့များသို့ မောင်းထည့် ခြင်း ခံရလတ္တံ့၊ သူတို့သည် ၎င်းသို့ ရောက်လာ သောအခါ ၎င်း၏ တံခါးများအား ဖွင့်လျက်၊ ၎င်း၏ အစောင့်က သူတို့အား “သင်တို့၏ ကံကြမ္မာရှင်မှ သုတ်ဒေသနာ များကို ဖတ်ပြရန်၊ သင်တို့တွေ့ဆုံရမည့် ဤနေ့ကာလအကြောင်း သင်တို့အား သတိပေးရန် သင်တို့အထဲမှ ဉာဏ်စဉ်တော်ဆောင်များ မပေးရောက်ခဲ့သလော၊”ဟု မေးသော်၊ သူတို့က “အမှန်ပင်၊”ဟု ဆို၏။ သို့သော် ဖုံးကွယ်သူတို့ အပေါ်သို့ ဝဋ်သင့်မည်ဟု တရားတော်သည် အမှန်သစ္စာ ဖြစ်လေပြီ။
၃၉း၇၂။ ထို၌ အစဉ်ခံစားရန် တံခါးပေါက်များမှ ဝင်ကြလော့၊ မောက်မာသူ တို့အတွက် အမင်္ဂလာ တည်းခိုရာပင် ဟု ပြောခံရလတ္တံ့၊
၃၉း၇၃။ ကံကြမ္မာရှင်အား စည်းစောင့်သော သူတို့အား သုခဘုံ အသင်းအဖွဲ့ များသို့ မောင်းထည့်ခြင်း ခံရလတ္တံ့၊ သူတို့သည် ၎င်းသို့ ရောက်လာသောအခါ ၎င်း၏ တံခါးများအား ဖွင့်လျက်၊ ၎င်း၏ အစောင့်က သူတို့အား “သင်တို့ အပေါ်သို့ ငြိမ်းချမ်းပါစေ၊ သင်တို့သည် ကြည်ဖြူခံရသူများဖြစ်၏၊ သို့ဖြစ်၍ အစဉ်စံစားရန် ဝင်ရောက်ကြကုန်လော့၊”ဟု ဆိုလတ္တံ့။
၃၉း၇၄။ သူတို့က “ရည်သန်စူးစိုက်မှု အပေါင်းသည် ပရမတ်ဘုရားရှင် အဘို့ ဖြစ်ပါ၏။ အရှင်သည် အရှင်၏ ကတိတော်ကို တပည့်တော်တို့ အတွက် ဖြောင့်မှန် စေ၍၊ တပည့်တော်တို့အား မြေကမ္ဘာကို အမွေပေးခဲ့ပါပြီ။ တပည့်တော်တို့သည် သုခဘုံ၌ မိမိစံချိန်အလျောက် နေရာချရပေပြီ။ သို့ - ကျင့်ကြံသူများ အတွက် ဂုဏ်ရှိသော အကျိုးဆုလဒ်ပင် ဖြစ်၏။” ဟု လျှေက်တင်ကြလတ္တံ့။
၃၉း၇၅။ နိမိတ်ဆောင်တို့သည် ကံကြမ္မာရှင်အား ရည်သန်စူးစိုက် ဦးထိပ်ထား လျက် ထပ်ဆင့်ကွပ်ကဲမှု ပရဝုဏ် စည်းတွင်း၌ ရှိကြသည်ကို သင်မြင်ရလတ္တံ့။ သူတို့၏ ကြား၌ မှန်ကန်တိကျစွာ ဆုံးဖြတ်ခံရသော် “ရည်သန်စူးစိုက်မှု အပေါင်း သည် လောကခပ်သိမ်း၏ ကံကြမ္မာရှင် ဖြစ်သော ပရမတ်ဘုရားရှင် အဘို့သာ တည်း၊”ဟု ရင့်ကျူးကြ၏။
၃၉းဓမ္မခန္ဓာ (၃၉) ဤတွင် ပြီး၏၊
ဓမ္မခန္ဓာ (၄၀) လွတ်ငြိမ်းစေသော အရှင်
ဤဓမ္မခန္ဓာ၏ အမည်အား “ယုံကြည်သူများ”ဟုလည်း ခေါ်တွင်သည်-
ဉာဏ်စဉ်ကိန်းပေးမှု အမှတ်စဉ်- ၆၀။ သုတ်ဒေသနာ- ၈၅ ပါး။
ကရုဏာရှင် အကြင်နာရှင် ဖြစ်တော်မူသော ပရမတ်ဘုရားရှင်၏ ဂုဏ်တော်အားဖြင့် -
၄၀း၁။ ရည်သန်စူးစိုက်မှုတည်ရာ အရှင်၊ မြင့်မြတ်တော်မူသော အရှင်၊
၄၀း၂။ ဘုန်းတော်အရှင်၊ သိနေသော အရှင် ဖြစ်တော်မူသည့် ပရမတ်ဘုရားရှင်မှ ဤကျမ်းတော်အား ချမှတ် ပေး၏။
၄၀း၃။ အရှင်သည် အပြစ်များကို လွတ်ငြိမ်းစေ၏၊ ခဝါချခြင်းကို အကိုးပြည့်စေ၏၊ ပြတ်သားစွာ ချုပ်ကိုင်နိုင်၏၊ အဆုံးမရှိ အနန္တဖြစ် တော်မူသော အရှင်- အရှင်မှအပ အခြား ဘုရားဟူ၍ မရှိ။ ခရီးပန်းတိုင်သည် အရှင့် ထံသို့သာ ဖြစ်၏။
၄၀း၄။ ဖုံးကွယ်သော သူများ မှအပ မည်သူမျှ ပရမတ်ဘုရားရှင်၏ သုတ်ဒေသနာများကို စောဒကမတက်ကြချေ။ မြို့များ၌ သူတို့၏ ဦးတည်လှုပ်ရှား နေခြင်းက သင့်အား မမြှူဆွယ်စေနှင့်။
၄၀း၅။ ၎င်းတို့ မတိုင်မှီ နူးဟ်၏ လူမျိုးနှင့် သူတို့နောက်ပိုင်း ဂိုဏ်းသား များစွာ သည်လည်း ငြင်းဆန်ခဲ့ကြပြီ။ သူတို့အတွက် ဉာဏ်စဉ်ဆောင်များကို သူတို့ အသိုင်း အဝိုင်း ကိုယ်စီက လုပ်ကြံကြ၏။ ပရမတ္ထသစ္စာအား ယိုင်နဲ့စေရန် မိစ္ဆာတရားကို စွဲကိုင် စောဒကတက်ကြ၏။ ထို့ကြောင့် သူတို့အား ငါ အရေးယူလိုက်ပြီ၊ ငါ၏ ချုပ်ကိုင်မှုသည် မည်သို့ ရှိကြသနည်း။
၄၀း၆။ သင့်ကံကြမ္မာရှင်၏ တရားတော်အား ဖုံးကွယ်သောသူတို့၏ အပေါ်၌ ဤသို့ အမှန် ဖြစ်စေ၏။ သူတို့သည် အပူမီး၏ ပေါင်းဖေါ်များ ဖြစ်ကြကုန်၏။
၄၀း၇။ ထပ်ဆင့်ကွပ်ကဲမှုကို သယ်ပိုးနေကြသော သူများနှင့် ၎င်း၏ ပရဝုဏ်မှ ရှိသူများက သူတို့၏ ကံကြမ္မာရှင်အား ရည်သန်စူးစိုက် ဦးထိပ်ထားနေကြ၏။ အရှင့်အား ယုံကြည်ကြ၍၊ ယုံကြည်သော သူများအတွက် လွတ်ငြိမ်းဆုပန်သည် မှာ “အို- ကံကြမ္မာရှင်၊ အရှင်၏ ကရုဏာတော်နှင့် အသိတော်သည် သဗ္ဗလုံးစုံအား ဖြန့်ကျက်နေတော်မူ၏။ သို့ဖြစ်၍ ခဝါချသော၊ အရှင့်လမ်းစဉ်သို့ လိုက်နာသော သူများကို လွတ်ငြိမ်းစေ၍၊ သူတို့အား ငရဲမီး ဝဋ်ကြွေးမှ ကာကွယ်တော်မူပါ၊”
၄၀း၈။“အို- ကံကြမ္မာရှင်၊ သူတို့၏ အဖေများ၊ သူတို့၏ အိမ်ထောင်ဘက် များ၊ သူတို့၏ သားမြေးများမှ ပြုပြင်ပြောင်းလဲသူများ အတွက် ကတိတော်ထား သည့်၊ တည်မြဲခြင်း သုခဘုံများသို့ ဝင်စေတော်မူပါ။ အရှင်သည်သာ ဘုန်းတော်ရှင်၊ ဓမ္မသတ်ရှင် ဖြစ်ပါ၏၊”
၄၀း၉။“သူတို့အား အကုသိုလ်များမှ ကာကွယ်တော်မူပါ၊ အကုသိုလ်များမှ အရှင်၏ ကာကွယ်တော်မူခြင်းခံရ သူသည် ထို့နေ့တွင်ပင် အရှင်၏ ကရုဏာတော်သည် သူ့အား သက်တော်မူ၏။ ဤသည် သူ့အဘို့ မဟာ အောင်ပွဲပင်တည်း၊” ဟု ဖြစ်၏။
၄၀း၁၀။ “သင်တို့အား ယုံကြည်ခြင်းဆီသို့ ဖိတ်ခေါ်စဉ် သင်တို့က ဖုံးကွယ် လိုက်သောအခါ၊ သင်တို့ စရိုက်ကို သင်တို့ ရွံမုန်းသည်ထက်၊ ပရမတ်ဘုရားရှင်က ပိုမိုကြီးမားစွာ ရွံမုန်းတော်မူ၏၊”ဟု ဖုံးကွယ်သော သူတို့အား ကြေငြာသော်၊
၄၀း၁၁။ သူတို့က “အို- ကံကြမ္မာရှင်၊ အရှင်သည် တပည့်တော်တို့အား သေခြင်း နှစ်မျိုး၊ တပည့်တော်တို့အား ရှင်ခြင်း နှစ်မျိုး ဖြစ်စေခဲ့ပါပြီ။ တပည့်တော်တို့၏ အပြစ်များ ကို မှတ်မိပါပြီ၊ ထွက်ပေါက်သို့ နည်းလမ်း ရှိပါ၏လော၊”ဟု ဆိုကြ၏။
၄၀း၁၂။ ယင်းမှာ၊ ဧကောဒိပရမတ်ဘုရားရှင် ဆီသို့ သင်တို့အား ဖိတ်ခေါ်သော အခါ၊ သင်တို့ ဖုံးကွယ်မှောင်ချကြ၍၊ အရှင်နှင့် ရောပြွန်းကိုးကွယ်ခြင်းကို သင်တို့ ယုံကြည်ကြသောကြောင့် ဖြစ်၏။ သို့ဖြစ်၍ စီရင်ထုံးသည် အထွဋ်အထိပ် ဖြစ် တော်မူသော ကြီးကျယ်တော်မူသော ပရမတ်ဘုရားရှင်၏ အချုပ်အခြာ၌ ရှိ၏။
၄၀း၁၃။ အရှင်သည် သင်တို့အား သုတ်ဒေသနာများကို ပြသပေးသော၊ မိုးကောင်းကင်မှ ရိက္ခာများကို ချမှတ်ပေးသော အရှင် ဖြစ်၏။ အရှင့်ထံသို့ ဘက်လှည့်သူများသည် သာ ဆင်ခြင်သတိ ရှိကြကုန်၏။
၄၀း၁၄။ သို့ဖြစ်၍၊ ပရမတ်ဘုရားရှင်၌ ဆုတောင်းကြလော့။ ဖုံးကွယ်သူများ မကြိုက်သော်လည်း သာသနာတော်သည် အရှင့် အတွက် သန့်သန့်ဖြစ်စေလော့။
၄၀း၁၅။ ခင်းကျင်းပြသခြင်း နေ့ကာလအား သတိပေးရန်- မြှောက်စားခြင်း အခွင့် အလမ်းနှင့် ထပ်ဆင့်ကွပ်ကဲမှုအား ပိုင်စိုးသော အရှင်သည်၊ အရှင်၏ ညွှန်ကြား ချက်မှ ဉာဏ်စဉ်အား အရှင့်အမှုတော်ဆောင်များမှ စံချိန်ပြည့်မှီသူအား ခင်းကျင်း ပေးတော်မူလတ္တံ့။
၄၀း၁၆။ ပြန်ထွက်လာရသော နေ့ကာလ၌၊ သူတို့မှ တစ်စုံတစ်ရာကိုမျှ ပရမတ်ဘုရားရှင်၏ ထံ၌ ထိန်ဝှက်ထား၍ မရချေ။ ဤ နေ့ကာလကို မည်သူက အစိုးရလေသနည်း- တစ်ဆူတည်း ဖူးခြာဖြစ်သော ပရမတ်ဘုရားရှင်သာ မဟုတ် ပေလော။
၄၀း၁၇။ ဉာဉ်စရိုက် ကိုယ်စီအား၊ ကျင့်ဆောင်ခဲ့သမျှကို အစားပေးမည့် နေ့ ကာလသည် မိုက်ကြေးခွဲသော နေ့ကာလ မဟုတ်ချေ။ ဧကန်ပင် ပရမတ်ဘုရားရှင် သည် အချိန်နှင့်တပြေးညီ စရင်းစစ်နေတော်မူ၏။
၄၀း၁၈။ စိတ်နှလုံးများ ချောက်ချားလျက် ယူကြုံးမရ ဖြစ်ကာ လည်မြိုထိ တရိပ်ရိပ်တက်လာရမည့် နေ့ကာလ အကြောင်းကို သတိပေးလော့။ အမိုက်ကောင် များ အတွက် နွေးထွေးစေသူနှင့် နာခံသည့် အမျှပေးဝေနိုင်သူဟူ၍ မရှိချေ။
၄၀း၁၉။ အရှင်သည် မျက်လုံးများ၏ သစ္စာဖေါက်မှုနှင့် ရင်ဘတ်များ၏ ထိန်ဝှက်ထားမှုများကို သိနေတော်မူ၏။
၄၀း၂၀။ ပရမတ်ဘုရားရှင်သည် မှန်ကန် ညီညွတ်စွာဖြင့် ဆုံးဖြတ်တော်မူ၏။ အရှင်မှ လွဲ၍ အခြားတို့၌ ဆုတောင်းနေကြ၏၊ သူတို့သည် တစ်စုံတစ်ရာကိုမျှ ဆုံးဖြတ်နိုင်ခြင်း မရှိချေ။ ပရမတ်ဘုရားရှင် ဧကန်ပင် ထိုအရှင်သည် ကြားနေသော အရှင် မြင်နေသော အရှင် ဖြစ်၏။
၄၀း၂၁။ သူတို့သည် မြေကမ္ဘာ၌ လှည့်လည်သွားလာခြင်း မရှိကြသလော၊ သို့ဖြင့် သူတို့၏ ရှေ့အလျှင် ဖြစ်သောသူများ နိဂုံး မည်သို့ ချုပ်ရသည်ကို ကြည့်နိုင် ၏။ ၎င်းတို့သည် သူတို့ထက် ပိုမို သန်မာစွာဖြင့် မြေကမ္ဘာ၌ အစွမ်းရှိသည့် အစဉ် အလာရှိခဲ့၏။ ထို့နောက် သူတို့၏ အပြစ်များဖြင့် ပရမတ်ဘုရားရှင်က သူတို့အား အရေးယူလိုက်၏။ သူတို့အတွက် ပရမတ်ဘုရားရှင်၏ နိယာမမှ ကာကွယ်ပေးနိုင် သူ မရှိချေ။
၄၀း၂၂။ ဤသည်မှာ သူတို့ထံသို့ သူတို့၏ ဉာဏ်စဉ်ဆောင်များသည် ရှင်းလင်း ချက်များနှင့် ပေးရောက်စေပြီးသောကြောင့် ဖြစ်၏၊။ သူတို့သည် ဖုံးကွယ်မှောင်ချ ခဲ့ကြ၏။ သို့ဖြင့် ပရမတ်ဘုရားရှင်သည် သူတို့အား အရေးယူလိုက်ပြီ။ ဧကန်ပင် အရှင်သည် တန်ခိုးတော်ရှင် ဖြစ်၏၊ ပြတ်သားစွာ ချုပ်ကိုင်နိုင်တော်မူ၏။
၄၀း၂၃။ မုချပင် ငါသည် သုတ်ဒေသနာများ၊ ရှင်းလင်းထင်ရှားသော လုပ်ပိုင်ခွင့်များဖြင့် မူဆာအား စေစားသည်မှာ-
၄၀း၂၄။ ဖာရိုး၊ ဟာမံနှင့် ကာရွန်တို့ထံသို့ ဖြစ်၏။ သို့သော် သူတို့က “မှော်ဆရာ၊ လူလိမ်၊”ဟုသာ ဆိုကြ၏။
၄၀း၂၅။ ငါ့ထံမှ ပရမတ္ထသစ္စာအား သူတို့ထံ ရောက်လာ စေစဉ်၊ သူတို့က “သူနှင့်အတူ ယုံကြည်သော သူများ၏ သားယောက်ျားများအား သုတ်သင်လော့၊ အမျိုးသမီးများကိုသာ အသက်ဆက်ခွင့်ပေးလော့၊”ဟု ဆို၏။ ထိုဖုံးကွယ်သူ တို့၏ ဗျူဟာသည် လွဲမှားချွတ်ချော်ခြင်းသာ ဖြစ်လေ၏။
၄၀း၂၆။ ဖာရိုးက “ကျွန်ုပ်ကိုယ်တိုင် သုတ်သင်ရန် မူဆာအား ချန်ထားလော့၊ သူ့အား သူ့ကံကြမ္မာရှင်ထံ၌ ဆုတောင်းစေလော့၊ သူသည် သင်တို့၏ သာသနာအား လွှဲပြောင်းပစ်မည်- သို့မဟုတ်၊ ကမ္ဘာမြေပေါ် အဖျက်လုပ်မည်ကို ကျွန်ုပ် စိုးကြောက်၏၊”ဟု ဆိုသော်။
၄၀း၂၇။ မူဆာက “စရင်းရှင်းရမည့် နေ့ကာလအား မယုံကြည်သည့် မာနကြီး သူ ကိုယ်စီတို့မှ ကင်းရန် ကျွန်ုပ်သည် ကျွန်ု၏ ကံကြမ္မာရှင်၊ သင်တို့၏ ကံကြမ္မာရှင် ထံ၌ ခိုလှုံပါ၏၊”ဟု ဆို၏။
၄၀း၂၈။ ဖာရိုး မင်းဆက်မှ မိမိ၏ ယုံကြည်မှုကို ထိန်ဝှက်ထားသော ယုံကြည် သည့် လူတစ်ဦးက ပြောသည်မှာ “လူတစ်ဦးက သူ၏ကံကြမ္မာရှင်သည် ပရမတ် ဘုရားရှင် ဖြစ်သည်ဟု ဆို၍၊ သင်တို့ထံသို့ ကံကြမ္မာရှင်ထံမှ ရှင်းလင်းချက်များကို မုချ ရောက်လာစေသူအား တိုက်ခိုက်ကြမည်လော။ သူသည် လူလိမ် ဖြစ်လျှင် သူ့လိမ်လည်ခြင်းက သူ့ အဘို့ ဖြစ်၏။ သူသည် ဖြောင့်မှန်သူ ဖြစ်လျှင် သင်တို့ အတွက် သူပေးသော ကတိမှ အချို့သည် သင်တို့အား ထိသက်နိုင်၏။ ဧကန်ပင် ပရမတ်ဘုရားရှင်သည် အလွဲသုံးစားပြုသူ၊ လိမ်ညာသူအား လမ်းညွှန်တော် မမူ ချေ။-
၄၀း၂၉။ အို- ကျွန်ုပ်၏ လူမျိုးတို့၊ ယနေ့မူကား အာဏာသည် သင်တို့အဘို့ ဖြစ်၍ ကမ္ဘာ၌ သင်တို့သည် ပေါ်ပြူလာဖြစ်ကြပြီ။ သို့သော် ပရမတ်ဘုရားရှင်၏ အမင်္ဂလာနိယာမသည် ကျွန်ုပ်ထို့ထံသို့ ရောက်လာခဲ့သော် မည်သူက ကူညီနိုင် အံ့နည်း၊”ဟု ဖြစ်သော်၊ ဖာရိုးက “ကျွန်ုပ်၏ မြင်သည်ကိုသာ သင်တို့အား မြင်တွေ့ စေ၏၊ ကျွန်ုပ်သည် သင်တို့အား ဖြောင့်မတ်သော လမ်းစဉ်ကိုသာ ညွှန်ပြ၏၊”ဟု ဆို၏။
၄၀း၃၀။ ယုံကြည်သောသူက ပြောသည်မှာ “အို- ကျွန်ုပ်၏ အမျိုးသားတို့၊ သင်တို့အတွက် ကျွန်ုပ် စိုးရိမ်သည်မှာ- ထိုဂိုဏ်း အသင်းများ၏ နေ့ ပမာ၊
၄၀း၃၁။ နူးဟ်၊ အာ့ဒ်၊ သမု-ဒ်နှင့် သူတို့ နောက်မှ ကျဆုံးသွားရသော လူမျိုးများ၏ အလေ့အထ များ ကဲ့သို့ပင် ဖြစ်၏။ ပရမတ်ဘုရားရှင်သည် အမှုတော်ဆောင်တို့အား အဝိဇ္ဇာ သင့်စေလိုခြင်း မရှိချေ။
၄၀း၃၂။ အို- ကျွန်ုပ်၏ လူမျိုးတို့၊ သင်တို့၏အား ဆင့်ခေါ်မည့် နေ့ကာလကို ကျွန်ုပ် စိုးကြောက်မိပါ၏။
၄၀း၃၃။ ထိုနေ့ကာလမှ သင်တို့သည် နောက်သို့ လှည့်ပြေး ကြလတ္တံ့၊ သို့သော် သင်တို့သည် ပရမတ်ဘုရားရှင်၏ နိယာမမှ ကင်းရန် မားမား ရပ်ပေးနိုင်သူ မရှိချေ။ ပရမတ်ဘုရားရှင်က လမ်းလွဲစေသူ၊ သူ့အတွက် လမ်းညွှန် မရှိချေ။
၄၀း၃၄။ ရှေ့အလျင်က ယူဆွဖ်သည် ရှင်းလင်းချက်များနှင့် အတူ သင်တို့ ထံသို့ မုချ ရောက်လာခဲ့၏။ သို့သော် သူရောက်လာစေခဲ့ရာ၌ သင်တို့သည် မရပ်မနား ဒွိဟဖြစ်နေ၏။ သူ ကံကုန်သော်မှ “ပရမတ်ဘုရားရှင်သည် သူ၏ နောက်တွင် ဉာဏ်စဉ်တော်ဆောင် မပွင့်ပေါ်စေတော့ပြီ၊”ဟု သင်တို့ ဆိုကြ၏။ ပရမတ်ဘုရားရှင်သည် အလွဲသုံးစားပြုသူ၊ သံသယပွား သူကို ဤသို့ လမ်းလွဲနေ စေ၏၊”ဟု ဖြစ်၏။
၄၀း၃၅။ ပရမတ်ဘုရားရှင်၏ သုတ်ဒေသနာများမှ သူတို့ထံသို့ ဩဇာအာဏာ ပေးအပ်ခြင်း မရှိဘဲ စောဒကတက်သော သူတို့အား၊ ပရမတ်ဘုရားရှင် ထံမှ- ယုံကြည်သော သူများ၏ထံမှ ကြီးမားသော ရွံမုန်းမှုသို့ သက်ဆင်းသူ ဖြစ်၏။ ပရမတ်ဘုရားရှင်သည် မာနကြီးသူ ပုန်ကန်သူတိုင်း၏ စိတ်နှလုံးကို ယင်းသို့ တံဆိပ်ထုထားတော်မူပြီ။
၄၀း၃၆။ ဖာရိုးက ပြောသည်မှာ “အို- ဟာမံ၊ ရစ်ပတ်လှည့်မွှေ့ တက်ရောက် နိုင်ရန် ကျွန်ုပ်အတွက် နန်းတော် တည်ဆောက်လော့၊-
၄၀း၃၇။ ရစ်ပတ်လှည့်မွှေ့ ကောင်းကင်တက်လျက် မူဆာ၏ ဘုရားကို ကျွန်ုပ် ဖေါ်ထုတ်လို၏။ ကျွန်ုပ်သည် သူ့အား လူလိမ် ဟု စဉ်းစားမိ၏၊”ဟု ဖြစ်၏။ ဤသို့ ဖာရိုး၏ အကုသိုလ် ကျင့်ကြံ မှုကို သူ့ကိုယ်သူ ဖမ်းစားထားစေ၍၊ သူ့အား လမ်းစဉ်မှန်မှ ဖယ်ရှားထား၏။ ဖာရိုး၏ ဗျူဟာသည်ကား ပျက်စီးဆုံးရှုံးခြင်း၌သာ ရှိ၏။
၄၀း၃၈။ ယုံကြည်သော သူက ပြောသည်မှာ “အို- ကျွန်ုပ်၏ လူမျိုးတို့၊ ကျွန်ုပ် နောက်သို့ လိုက်ကြလော့၊ ကျွန်ုပ်သည် သင်တို့ အား ဖြောင့်မတ်သော လမ်းစဉ်အား ညွှန်ပြပါအံ့၊
၄၀း၃၉။ အို- ကျွန်ုပ်၏ လူမျိုးတို့၊ ဤလောကီ သက်တမ်းသည် ချမ်းမြေ့ရာ မျှသာ ဖြစ်၏၊ နောင်ဘ၀သည်ကား အတည်တကျ ဗိမာန် ဖြစ်၏။
၄၀း၄၀။ အကုသိုလ်အား ကျင့်ကြံသူသည် ၎င်း၏ ဆတူကိုသာ အစားရစေ၍၊ ပြုပြင်ပြောင်းလဲမှုအား ကျင့်ကြံသူ ယောက်ျား၊ မိန်းမတို့သည် ယုံကြည်သူများ ဖြစ်၍၊ သူတို့အား သုခဘုံသို့ ဝင်စေကာ ထို၌ စရင်းမဲ့ ရိက္ခာရစေလတ္တံ့။
၄၀း၄၁။ အို- ကျွန်ုပ်၏ လူမျိုးတို့၊ မည်သို့ပါနည်း၊ ကျွန်ုပ်က သင်တို့အား လွတ်မြောက်ခြင်းသို့ ဖိတ်ခေါ်၏၊ သင်တို့က ကျွန်ုပ်အား အပူမီးထဲသို့ ဖိတ်ခေါ်၏။
၄၀း၄၂။ သင်တို့က ကျွန်ုပ်ကို ပရမတ်ဘုရားအား ဖုံးကွယ်ရန်၊ ကျွန်ုပ်မသိသော အရာတို့အား အရှင်နှင့် ရောပြွန်းကိုးကွယ်မှု ထားရန် ဖိတ်ခေါ်၏၊ ကျွန်ုပ်က သင်တို့အား ဘုန်းတော်ရှင်၊ လွတ်ငြိမ်းစေသော အရှင် ဆီသို့ ဖိတ်ခေါ်၏။
၄၀း၄၃။ ဤဘ၀ နောင်ဘ၀အတွက် အချီးနှီးဆီသို့ ဖိတ်ခေါ်မှုဖြင့် ကျွန်ုပ်အား ဖိတ်ခေါ်ခြင်း ရာဇဝတ်မှုကိုမပြုကြနှင့် ကျွန်ုပ်၏ အပြန်ခရီးမှာ ပရမတ်ဘုရားရှင် ထံသို့သာ ဖြစ်၏။ အလွဲသုံးစားပြုသူတို့သည် အပူမီး၏ ပေါင်းဖေါ်များသာ ဖြစ် ကြ၏။
၄၀း၄၄။ သင်တို့အား ကျွန်ုပ် ပြောသည်များကို သတိရလာလတ္တံ့၊ ကျွန်ုပ်သည် ကျွန်ုပ်၏ အရေးအရာများကို ပရမတ်ဘုရားရှင်ထံ ပုံအပ်ထား၏။ ဧကန်ပင် ပရမတ်ဘုရားရှင်သည် အမှုတော်ဆောင်များကို မြင်နေသော အရှင်ဖြစ်၏၊”
၄၀း၄၅။ သို့ဖြင့် ပရမတ်ဘုရားရှင်သည် သူ့အား ၎င်းတို့ ကြံစည်သော အကုသိုလ်များမှ ကာကွယ်ထားတော်မူ၏၊ ဖာရိုး မင်းဆက်သည် အကုသိုလ် ဝဋ်ကြွေးသို့ သက်ဆင်းလေတော့၏။
၄၀း၄၆။ သူတို့အတွက် အပူမီးကို မနက်စောစော နှင့် မိုးချုပ်ချိန်ထိ ဘောင်ဝင်စေ၏။ အချိန်နာရီ ရပ်တည်ရမည့် နေ့ကာလ၌ ဖာရိုး မင်းဆက်အား ပို၍ပြင်းထန်သော ဝဋ်ကြွေးထဲသို့ ဝင်စေလော့။
၄၀း၄၇။ အပူမီးထဲ၌ စောကြောကြသည်မှာ အားနည်းသူတို့က အကြီးအကဲ ဖြစ်သူများကို “ကျွန်ုပ်တို့သည် သင်တို့၏ နောက်လိုက် ဒကာများသာ ဖြစ်၏။ သို့ဖြစ်၍ ကျွန်ုပ်တို့အတွက် အပူမီးမှ ပင်ပန်းရကျိုးမှာ သင်တို့ အတွက် ပြည့်စုံ ကြသလော၊”ဟု ဆိုသော်၊
၄၀း၄၈။ အကြီးအကဲ ဖြစ်သူတို့က “ကျွန်ုပ်တို့ ကိုယ်စီ ဤအထဲ၌ ရှိနေ၏။ ပရမတ်ဘုရားရှင်သည် အမူတော်ဆောင်များ အကြား၌ စီရင်ထုံးပြုတော်မူလေပြီ၊”ဟု ဆိုကြ၏။
၄၀း၄၉။ အပူမီးထဲမှ ဖြစ်သူများက ငရဲထိန်းတို့အား “ကျွန်ုပ်တို့အား ဝဋ်ကြွေးမှ တစ်ရက်မျှ ပေါ့ပါးစေရန် သင်တို့၏ ကံကြမ္မာရှင် ထံ၌ ဆုတောင်းပေးပါ၊”ဟု ဆိုသော်-
၄၀း၅၀။ ၎င်းတို့က “သင်တို့ထံသို့ ရှင်းလင်းချက်များဖြင့် သင်တို့၏ ဉာဏ်စဉ်ဆောင်များကို ပေးရောက်စေခဲ့သည် မဟုတ်လော၊”ဟု ပြန်ပြောစဉ်၊ သူတို့က “အမှန်ပင်၊”ဟု ပြောကြ၏၊ ၎င်းတို့က “သို့ဖြစ်သော်- ဖုံးကွယ်သူတို့ ဆုတောင်းသော ဆုတောင်းမှုသည် လွဲချော်နေသည်သာတည်း၊”ဟု ပြန်ပြောလတ္တံ့။
၄၀း၅၁။ ဧကန်ပင် ငါအရှင်သည် ငါ၏ ဉာဏ်စဉ်ဆောင်များနှင့် ယုံကြည်သော သူတို့အား လောကီ ဘ၀၌ ဖြစ်စေ၊ သက်သေ ရပ်တည်ရမည့် နေ့ကာလ၌ ဖြစ်စေ ကူညီစောင်မတော်မူပြီ။
၄၀း၅၂။ ထိုနေ့ကာလ၌ အမိုက်ကောင်တို့၏ တောင်းပန်မှုသည် အကျိုးထူးမည် မဟုတ်ချေ။ သူတို့အတွက် မေတ္တာဝေးစေပြီ။ သူတို့အတွက် အကုသိုလ် ဗိမာန်သည် ရှိ၏။
၄၀း၅၃။ ငါသည် မူဆာအား လမ်းညွှန်တော်ကို ချီးမြှင့်၍၊ ဂျူးလူမျိုးတို့အား ကျမ်းတော်ကို အမွေပေး၏။
၄၀း၅၄။ သဘောပေါက်နိုင်စွမ်း ရှိသူတို့ အတွက် လမ်းညွှန် နှင့် သတိပေးတရားတော် ဖြစ်စေ၏။
၄၀း၅၅။ သည်းခံပါရမီထားလော့၊ ပရမတ်ဘုရားရှင်၏ ကတိတော်သည် အမှန်သစ္စာဖြစ်၏။ သင်၏ အပြစ်များ အတွက် လွတ်ငြိမ်းဆုပန်လော့၊ ညဦးနှင့် မနက်ပိုင်းအချိန်၌ သင့်ကံကြမ္မာရှင်အား ရည်သန်စူးစိုက် ဦးထိပ်ထားလော့၊
၄၀း၅၆။ သူတို့အား လုပ်ပိုင်ခွင့်များ ပေးအပ်ခြင်း မရှိဘဲလျက် ပရမတ်ဘုရားရှင်၏ သုတ်ဒေသနာများအား စောဒကတက်သော သူများသည် သူတို့၏ ရင်ဘတ်တွင်း၌ သူတို့ မဆိုက်ရောက်နိုင်သည့် ကြီးကျယ်ခြင်းသာ ရှိ၏။ သို့ဖြစ်၍ ပရမတ်ဘုရားရှင် ဖြင့်သာ ခိုလှုံလော့၊ အရှင်သည် ကြားနေသော အရှင် မြင်နေသော အရှင် ဖြစ်၏။
၄၀း၅၇။ မိုးများနှင့် မြေကမ္ဘာအား ဖြစ်တည်စေခြင်းသည် လူသားအား ဖြစ်တည်စေခြင်းထက် သာလွန်ကြီးကျယ်၏၊ သို့ရာတွင် လူသား အများစုကြီး သည် သိကြသည် မဟုတ်ချေ။
၄၀း၅၈။ ကန်းနေသူနှင့် မြင်နိုင်သူသည် ဖြစ်စေ၊ ယုံကြည်လျက် ပြုပြင်ပြောင်းလဲခြင်း ကျင့်ကြံသောသူနှင့် အကုသိုလ်ကောင်သည် ဖြစ်စေ မတူညီကြချေ။ အနည်းငယ်မျှပင် ဆင်ခြင်သတိ မရှိကြချေ။
၄၀း၅၉။ ဧကန်ပင် အချိန်နာရီသည် ဆိုက်ရောက်လာနေ၏။ ထို၌ သံသယ ဖြစ်ဘွယ်မရှိချေ။ သို့သော် လူသား အများစုကြီးသည် ယုံကြည်ကြသည် မဟုတ်ချေ။
၄၀း၆၀။ သင်တို့၏ ကံကြမ္မာရှင်က “ငါ့ထံ၌ ဆုတောင်းကြလော့၊ ငါသည် တုန့်ပြန်တော်မူလတ္တံ့၊ ဧကန်ပင် ငါ့အား အမူတော်ဆောင်ရန် မာနကြီးနေသော သူတို့သည် ဝပ်တွားနှိမ့်ချလျှက် ငရဲဘုံသို့ ဝင်ရလတ္တံ့၊”ဟု မိန့်ဆို၏။
၄၀း၆၁။ ပရမတ်ဘုရားရှင်သည် သင်တို့အတွက် ညအား ထို၌ နားနေဘို့ရာ၊ နေ့အား ခွဲခြားမြင်နိုင်ဘို့ရာ စီစဉ်ပေးသော အရှင် ဖြစ်၏။ ဧကန်ပင် ပရမတ် ဘုရားရှင်သည် လူသားတို့အား သိက္ခာပေးသော အရှင် ဖြစ်၏၊ သို့သော် လူသား အများစု ကြီးသည် ကျေးဇူးမသိတတ်ချေ။
၄၀း၆၂။ ဤသည် ပရမတ်ဘုရားရှင် သင်တို့၏ ကံကြမ္မာရှင် သဗ္ဗလုံးစုံအား ဖြစ်တည်စေသော အရှင် ဖြစ်၏။ အရှင်မှ အပ အခြား ဘုရားဟူ၍ မရှိ၊ သို့ပါလျက် သင်တို့သည် မည်သို့ လှည့်စားခံကြဦး မည်နည်း။
၄၀း၆၃။ ပရမတ်ဘုရားရှင်၏ သုတ်ဒေသနာတို့အား ပယ်ပစ်လေ့ရှိသူများသာ ဤသို့ လှည့်စားခံကြရကုန်၏။
၄၀း၆၄။ ပရမတ်ဘုရားရှင်- အရှင်သည် သင်တို့အတွက် မြေကမ္ဘာအား အတည်ကျရာ၊ မိုးကောင်းကင်အား ထပ်ခိုးအဖြစ် စီစဉ်ပေး၏။ သင်တို့အား ပုံစံချပေး၏။ အတင့်တယ်ဆုံး ပုံစံဖြစ်စေ၏။ စင်ကြယ်ရာများမှ သင်တို့အား ရိက္ခာပေး၏။ ဤသည် ပရမတ်ဘုရားရှင်- သင်တို့၏ ကံကြမ္မာရှင် ဖြစ်၏၊ လောကခပ်သိမ်း၏ ကံကြမ္မာရှင် ဖြစ်သော ပရမတ်ဘုရားရှင်သည် ကျက်သရေ အပေါင်းနှင့် ပြည့်စုံ၏။
၄၀း၆၅။ အရှင်သည် နိစ္စထာ၀ရဖြစ်၏၊ အရှင်မှအပ အခြားဘုရားဟူ၍ မရှိချေ။ သာသနာတော်အား အရှင့်အတွက် သန့်သန့်ထား ဆုတောင်းလော့။ လောကခပ်သိမ်း၏ ကံကြမ္မာရှင် ဖြစ်သော ပရမတ်ဘုရားရှင်အား ရည်သန်စူးစိုက် လော့။
၄၀း၆၆။ ဟောလော့ “ကံကြမ္မာရှင်၏ ထံမှ ရှင်းလင်းချက်များ ကျွန်ုပ်ထံသို့ ရောက်လာစေစဉ်၊ ပရမတ်ဘုရားရှင် မှလွဲ၍ သင်တို့ ဆုတောင်းနေသော သူတို့အား ကိုးကွယ်ခြင်းမှ ကျွန်ုပ်အား ဟန့်တားထား၏၊ လောကခပ်သိမ်း၏ ကံကြမ္မာရှင် အတွက် ငြိမ်းချမ်းရေးပြုရန် ကျွန်ုပ်အား ညွှန်ကြား၏၊”
၄၀း၆၇။ ထို အရှင်သည် သင်တို့အား မြေမှုန့်မှ၊ ထို့နောက် သုတ်ပိုးမှ၊ ထို့နောက် သွေးမျှော့ဥမှ၊ ဖြစ်တည်စေ၍၊ ထို့နောက် ကလေးသူငယ် အဖြစ် ထုတ်ပေးတော်မူ၏၊ ထို့နောက် အရွယ်ရောက် ရင့်ကျက်စေ၏၊ ထို့နောက် အရွယ် အိုစေ၍၊ သင်တို့မှ ရှေ့အလျင် သက်တမ်းကုန်စေသူလည်း ရှိ၏။ သတ်မှတ်ကာလ အချိန်ထိ စေ့ရောက်စေသူလည်း ရှိစေ၏၊ သင်တို့ အတွေးအခေါ်ရှိအံ့ငှာ ဖြစ်၏။
၄၀း၆၈။ ထို အရှင်သည် နိစ္စ၊ အနိစ္စကို ဖြစ်စေသောအရှင် ဖြစ်၏။ ညွှန်ကြား ချက်အား ဆုံးဖြတ်ပြီးသော် ထိုအရာအား “ဖြစ်” ဟု မိန့်လိုက်လျင် သို့ဖြင့် ဆင့်ကဲ ပြည့်စုံ ဖြစ်လာရ၏။
၄၀း၆၉။ ပရမတ်ဘုရားရှင်၏ သုတ်ဒေသနာတို့၌ စောဒကတက် သော သူတို့အား သင် မမြင်မိသလော၊ သူတို့သည် မည်သို့ ဘက်လှည့်နေကြ သနည်း၊
၄၀း၇၀။ ငါစေစားသော ငါ၏ ဉာဏ်စဉ်ဆောင်များအားဖြင့် ဖြစ်သော ကျမ်း တော်အား ငြင်းဆန်သော သူတို့သည် မကြာမှီ သိကြရလတ္တံ့။
၄၀း၇၁။ ထိုအခါ၊ သူတို့၏ ဂုတ်ပိုးနှင့် မေးစေ့များမှ ချုပ်ကိုင်လျက် တွဲလောင်းကျစေမည်မှာ-
၄၀း၇၂။ ရေနွေးပူ ထဲသို့၊ ထို့နောက် သူတို့အား အလျှံဟုန်ဟုန် မီးထဲသို့ ဖြစ်၏။
၄၀း၇၃။ ထို့နောက် သူတို့အား မေးမြန်းမည်မှာ “သင်တို့ ရောပြွန်းကိုးကွယ်လေ့ ရှိခဲ့သော အရာများသည် အဘယ်မှာနည်း၊-
၄၀း၇၄။ ပရမတ်ဘုရားရှင် မှလွဲ၍ အခြား များ ဖြစ်၏၊”ဟု ဖြစ်သော် သူတို့က “ကျွန်ုပ်တို့အား လွှဲဖယ်သွားကြပါပြီ၊ အမှန်မှာ ကျွန်ုပ်တို့သည် ရှေ့အလျင်က မည်သည့် အရာထံမှ ဆုတောင်းခဲ့ခြင်း မရှိပါ၊”ဟု ဆိုကြ၏။ ဤသို့ ပရမတ်ဘုရားရှင်သည် ဖုံးကွယ်သူတို့အား အပါယ်သို့ရောက်စေ လတ္တံ့။
၄၀း၇၅။ ၎င်းမှာ သင်တို့သည် မြေကမ္ဘာ၌ သစ္စာမဲ့စွာ အူမြူးလျက်ရှိခြင်း၊ သင်တို့၏ ပမာမခန့်ပြုခြင်းများကြောင့်ပင်။
၄၀း၇၆။ ငရဲဘုံအား တံခါးပေါက်များမှ ဝင်ကြလော့၊ မာနကြီးနေသူများ အတွက် အမင်္ဂလာ တည်းခိုရာရှိ၏။ ထို၌ အစဉ် ခံစားလော့။
၄၀း၇၇။ သင်သည် သည်းခံပါရမီထားလော့၊ ပရမတ်ဘုရားရှင်၏ ကတိတော် သည် သစ္စာတစ်ရပ် ဖြစ်၏။ သူတို့အတွက် ထားသော ကတိမှ အချို့အား သင့်အား ပြသသည် ဖြစ်စေ၊ သို့မဟုတ် သင့်အား သက်တမ်းကုန်စေသည် ဖြစ်စေ၊ သူတို့သည် ငါ့ထံသို့သာ ဦးလှည့်ပြန်ခဲ့ရမည်သာတည်း။
၄၀း၇၈။ သင့်ရှေ့အလျင် ဉာဏ်စဉ်ဆောင်များကို ငါ မုချ စေစားခဲ့ပြီ။ သူတို့မှ သင့်အား ဖေါ်ပြသည်လည်း ရှိ၏။ သူတို့မှ သင့်အား မဖေါ်ပြသည်လည်း ရှိ၏။ ပရမတ်ဘုရားရှင်က ခွင့်မပြုဘဲ မည်သည့် ဉာဏ်စဉ်ဆောင်မျှ သုတ်ဒေသနာ တစ်ပါးကို ပေးရောက်စေနိုင်ခြင်း မရှိချေ။ ပရမတ်ဘုရားရှင်၏ ညွှန်ကြားချက် ရောက်လာသောအခါ၊ ၎င်းကို မှန်ကန် ညီညွတ်စွာ ဆုံးဖြတ်ပေး၏။ မိစ္ဆာဒိဌိတို့ သည် ဆုံးရှုံးနစ်နာရလတ္တံ့။
၄၀း၇၉။ ပရမတ်ဘုရားရှင်သည် ကပ္ပိယတိရိစ္ဆာန်များအား စီစဉ်ပေးသော အရှင်ဖြစ်၏။ ထိုမှ သင်တို့ စီးနင်းရန်၊ ထိုမှ သင်တို့ စားသုံးရန် ဖြစ်စေ၏။
၄၀း၈၀။ ထိုမှ သင်တို့အတွက် အကျိုးကျေးဇူးများလည်း ရှိစေ၏။ ၎င်းတို့သည် သင်တို့၏ ရင်းတွင်းဆန္ဒ တပ်မက်ရာများကိုလည်း ဆိုက်ရောက်စေ၏။ ၎င်းတို့၏ အပေါ်၌၊ သင်္ဘောများ၏ အပေါ်၌ ဝန်တင်ဆောင်နိုင်ကြ၏။
၄၀း၈၁။ အရှင်သည် သင်တို့အား အရှင်၏ သုတ်ဒေသနာများကို ပြသတော် မူ၏။ ပရမတ်ဘုရားရှင်၏ မည်သည့် သုတ်ဒေသနာတော်အား သင်တို့ အကျွမ်း မဝင်လို ဖြစ်အံ့နည်း။
၄၀း၈၂။ သူတို့သည် မြေကမ္ဘာအား လှည့်ပတ်သွားလာ၍ သူတို့၏ ရှေ့အလျင် ဖြစ်သူများ နိဂုံး မည်သို့ ချုပ်ရသည်ကို မကြည့်ကြသလော၊ သူတို့သည် ၎င်းတို့ ထက် ပိုမိုများပြား၏၊ အစွမ်း ပို၍ သန်မာ၏၊ မြေကမ္ဘာ၌ အစဉ်အလာ ပိုရှိခဲ့၏။ သို့သော် သူတို့၏ ကျင့်ဆောင်လေ့ရှိသည်များမှာ သူတို့အတွက် ပြည့်စုံမှု မရှိချေ။
၄၀း၈၃။ သူတို့ထံသို့ သူတို့၏ ဉာဏ်စဉ်ဆောင်များသည် ရှင်းလင်းချက်များ ဖြင့် ရောက်လာစဉ်၊ သူတို့သည် သူတို့ထံ၌ ရှိသော အသိပညာ၌သာ အူမြူးနေခဲ့ ကြ၏။ သူတို့၏ ပြောင်လှောင်လေ့ရှိရာများက သူတို့အား ပိတ်ဖုံးထားလေပြီ။
၄၀း၈၄။ အမင်္ဂလာကို မြင်ရသောအခါ၊ သူတို့က “တပည့်တော်တို့သည် ပရမတ်ဘုရားရှင် တစ်ပါးတည်းကိုသာ ယုံကြည်ပါပြီ၊ တပည့်တော်တို့ ရောပြွန်း ကိုးကွယ်လေ့ ရှိရာများကို ဖုံးကွယ်ပစ်ပယ်ပါပြီ၊”ဟု ဆိုကြ၏။
၄၀း၈၅။ ငါ့ထံတော်မှ အမင်္ဂလာသက်စေခြင်းအား မြင်ရ သောအခါမှ ယုံကြည်ခြင်းသည် သူတို့အတွက် အကျိုးမရှိတော့ပေ။ ၎င်းသည် အရှင်၏ အမှုတော်ဆောင်များ အတွက် ပရမတ်ဘုရားရှင်က ယခင်ကပင် သတ်မှတ်ပြီး နိယာမဖြစ်၏။ ယင်းသို့ ဖုံးကွယ်မှောင်ချသူတို့အား ဆုံးရှုံးရစေ၏။
ဓမ္မခန္ဓာ (၄၀) ဤတွင် ပြီး၏။
ဓမ္မခန္ဓာ (၄၁) အသေးစိတ်ရှင်းလင်းချက်
ဉာဏ်စဉ်ကိန်းပေးမှု အမှတ်စဉ်- ၆၁။ သုတ်ဒေသနာ- ၅၄ ပါး။
ဤဓမ္မခန္ဓာ၏ အမည်အား ဟာမင် ဟုလည်း ခေါ်တွင်သည်။
ကရုဏာရှင် အကြင်နာရှင် ဖြစ်တော်မူသော ပရမတ်ဘုရားရှင်၏ ဂုဏ်တော်အားဖြင့် -
၄၁း၁။ ရည်သန်စူးစိုက်မှုတည်ရာ အရှင်၊ မြင့်မြတ်တော်မူသော အရှင်၊
၄၁း၂။ ကရုဏာရှင်၊ အကြင်နာရှင်၏ ထံမှ ချမှတ်ပေးသော-
၄၁း၃။ ကျမ်းတော်သည် အသိပညာ ရှိသော လူမျိုးအတွက် သုတ်ဒေသနာများကို ရှင်းလင်းဆုံးဖြတ်သည့် အာရ်ဗီကုရ်အာန် ဖြစ်၍-
၄၁း၄။ သတင်းကောင်းနှင့် သတိပေးချက် ဖြစ်၏။ သို့သော် သူတို့မှ အများစုသည် ဘောင်ကန့်ထားလျက်၊ မကြားနာကြချေ။
၄၁း၅။ သူတို့က “ကျွန်ုပ်တို့၏ နှလုံးသားများကို သင်၏ ဖိတ်ခေါ်ခြင်း-ထိုမှ ကွယ်ကာထား၏၊ ကျွန်ုပ်တို့၏ နားများ၌ လေးလံနေ၏၊ ကျွန်ုပ်တို့နှင့် သင်၏ ကြား၌ စည်းခြားမှု ရှိနေ၏။ သင်ကျင့်ကြံလော့၊ ကျွန်ုပ်တို့လည်း ကျင့်ကြံသူများ ဖြစ်၏၊”ဟု ဆိုကြ၏။
၄၁း၆။ ဟောလော့ “ကျွန်ုပ်သည် သင်တို့ကဲ့သို့ လူပုဂ္ဂိုလ်သာ ဖြစ်၏၊ သင်တို့ ၏ ဘုရားရှင်သည် တစ်ပါးတည်းသော ဘုရားရှင် ဖြစ်ကြောင်း ကျွန်ုပ်ထံသို့ အာရုံဈာန်ဖြစ်စေ၏။ သို့ဖြစ်၍ အရှင့်အတွက် ရပ်တည်ချက်ရှိလော့၊ လွတ်ငြိမ်းဆု ပန်လော့။ ပျက်စီးရမည့် ရောပြွန်းကိုးကွယ်သူများမှာ-
၄၁း၇။ သူတို့သည် အခွန်ငွေဖြူ မပေးဆောင်ကြ၊ နောင်ဘ
၄၁း၀ အကြောင်းကိုလည်း ဖုံးကွယ်မှောင်ချထားသူများ ဖြစ်ကြ၏။
၄၁း၈။ ဧကန်ပင် ယုံကြည်၍ ပြုပြင်ပြောင်းလဲမှု ကျင့်ကြံသောသူ၊ ထိုသူတို့ အတွက် မျက်နှာမပျက်ရသော အကျိုးဆုလဒ်သည် ရှိ၏။”
၄၁း၉။ ဟောလော့ “သင်တို့သည် မြေကမ္ဘာအား ကာလနှစ်ခုအတွင်း ဖြစ် တည်စေသော အရှင်ကို ဖုံးကွယ်ထားကြ၍၊ အရှင်နှင့် ဂိုဏ်တုပြိုင်ဘက်များကို စီစဉ်ကြသလော၊ အရှင်သည်ကား လောကခပ်သိမ်း၏ ကံကြမ္မာရှင် ဖြစ်၏။
၄၁း၁၀။ မေးမြန်းတောင်းဆိုသူတို့ အတွက်၊ အလားတူ ဟန်ချက်ညီ ကာလ လေးခုအတွင်း တိုက်ကြီးများကို မြေမျက်နှာပေါ်၌ စီစဉ်ပေး၏၊ ၎င်းအား ကျက်သရေရှိစေ၍၊ ထို၌ အစားအစာများကို စည်းချိန်ချပေး၏။
၄၁း၁၁။ တဖန် အလား တူပင် အခိုးအငွေ့ဖြစ်သော ကောင်းကင်ယံသို့၊ ၎င်းနှင့် မြေကမ္ဘာအား “သဘော တူသည် ဖြစ်စေ၊ သဘောမတူသည် ဖြစ်စေ အတူလာကြလော့၊”ဟု မိန့်သော် ၎င်းတို့က “တပည့်တော်တို့ သဘောတူလျက် လာပါပြီ၊”ဟု လျှောက်တင်၏။
၄၁း၁၂။ သို့ဖြင့် အရှင်သည် အာကာခုနစ်ဆက်အား ကာလနှစ်ခု အတွင်း အပြီးသတ်စေ၏။ အာကာ တစ်ခုစီအား သူ၏ အရေးအရာတို့ အတွက် အာရုံဖြစ် စေ၏။ လောကီ ကောင်းကင်ယံအား စတင်တောက်ပမှုများဖြင့် ဖမ်းစားထားစေ၍၊ စောင့်ရှောက်ထား၏။ ယင်းသည် ဘုန်းတော်ရှင် သိနေသော အရှင်၏ စည်းချိန် ချမှတ်မှုပင်တည်း။
၄၁း၁၃။ အကယ်၍ ဘောင်ကန့်ထားကြလျှင်- ဟောလော့ “ကျွန်ုပ်သည် သင်တို့အား သမု-ဒ်နှင့် အာ့ဒ်တို့ကို ထိသော တော်လည်းသံကြီးကဲ့သို့ တော်လည်း သံ ကြီး အကြောင်း သတိပေးခြင်းသာ ဖြစ်၏၊-
၄၁း၁၄။ သူတို့ထံသို့ သူတို့၏ လက်ရှိ-မျက်မှောက် သူတို့၏ နောက်မှ ဉာဏ်စဉ်ဆောင်များ ရောက်လာ၍ “ပရမတ် ဘုရားရှင်မှအပ အခြား မကိုးကွယ်ကြကုန်နှင့်၊”ဟု ဆိုသော်၊ သူတို့က “ကံကြမ္မာရှင် ၏ စံချိန်ပြည့်မှီသော် နတ်ဒေ၀တာများကို တာဝန်ချပေးလလ္တံ့၊ သို့ဖြစ်၍ သင်တို့ အား စေစားခြင်း၌ ငြင်းပယ်ဖုံးကွယ်သူများမှာ ကျွန်ုပ်တို့ ဖြစ်၏။” ဟု ဆိုကြ၏။
၄၁း၁၅။ အာ့ဒ်တို့မူကား မြေကမ္ဘာ၌ သစ္စာမဲ့စွာဖြင့် မောက်မာမာန်တက်ကြ၍၊ “ကျွန်ုပ်တို့ထက် မည်သူက ပို၍ အစွမ်းသတ္တိ သန်မာနိုင်အံ့နည်း”ဟု ဆိုကြ၏။ သူတို့အား ဖြစ်တည်စေသော ပရမတ်ဘုရားရှင်သည် သူတို့ထက် သာလွန် အစွမ်းသတ္တိ ပို၍ သန်မာတော်မူသည်ကို သူတို့ မမြင်ကြသလော၊ သူတို့သည်ကား ငါ၏ သုတ်ဒေသနာများကို ပယ်ပစ်လေ့ရှိကြကုန်၏။
၄၁း၁၆။ အပူလှိုင်းဖြတ်သည့် နေ့များ၌ ဒေါသကြီးနေသော လေကို ငါ စေပို့တော်မူ၏။ ဤလောကီဘ၀၌ သူတို့အား အရှက်ရခြင်း ဝဋ်ကြွေးကို မြည်းစမ်းရစေရန် ဖြစ်၏။ နောင်ဘ
၄၁း၀ရှိ ဝဋ်ကြွေးသည် ပိုမိုအရှက်ရစရာ ဖြစ်စေ၏။ သူတို့သည် ကူညီခံရမည် မဟုတ်ချေ။
၄၁း၁၇။ သမု-ဒ်တို့မှာမူ၊ ငါသည် သူတို့အား လမ်းညွှန်တော်မူသော်လည်း၊ သူတို့သည်ကား လမ်းညွှန်ထက် အကန်းဘ၀ကို ပိုမို ချစ်ခင်စုံမက်၏၊ သူတို့၏ ကျင့်ဆောင်လေ့ ရှိသည်များကြောင့် သူတို့အား နိမ့်ကျသော ဝဋ်ကြွေး တော်လည်း သံကြီးဖြင့် အရေးယူခြင်းခံရပြီ။
၄၁း၁၈။ ယုံကြည်သော သူများနှင့် စည်းစောင့်လေ့ ရှိသူ တို့အား ငါ လွတ်မြောက်စေတော်မူ၏။
၄၁း၁၉။ ပရမတ်ဘုရားရှင်အား စည်းဖေါက်သူတို့ကို အပူမီးဆီသို့ စုစည်းစေ သော နေ့၌ သူတို့အား ရာထူးများသတ်မှတ်လတ္တံ့၊
၄၁း၂၀။ ထိုအချိန်၌ သူတို့၏ အကြား၊ သူတို့၏ အမြင်နှင့် သူတို့၏ အရေပြားတို့အား သူတို့နှင့် ဆန့်ကျင်လျက် သူတို့ ကျင့်ကြံ လေ့ရှိခဲ့သမျှကို သက်သေအဖြစ် ရောက်လာစေ၏။
၄၁း၂၁။ သူတို့က သူတို့၏ အရေပြားတို့အား “အဘယ်ကြောင့် သင်တို့က ကျွန်ုပ်တို့၏ ဆန့်ကျင် သက်သေဖြစ်ကြသနည်း၊”ဟု မေးသော်၊ ၎င်းတို့က “သဗ္ဗလုံးစုံအား စကားပြောစေသော ပရမတ်ဘုရားရှင်က ကျွန်ုပ်တို့အား စကား ပြောစေပြီ၊ အရှင်သည် သင်တို့အား ပထမ အကြိမ် ဖြစ်တည်စေခဲ့ပြီ၊ အရှင့်ထံသို့ သာ ဦးလှည့်ပြန်လတ္တံ့၊”ဟု ပြန်ပြောကြ၏။
၄၁း၂၂။ သင်တို့သည် သင်တို့၏ အကြားအာရုံ၊ သင်တို့၏ အမြင်အာရုံ၊ သင်တို့၏ အရေပြားများက သင်တို့အား ဆန့်ကျင် သက်သေခံခြင်းမှ မပုန်းကွယ် နိုင်ခဲ့ချေ။ သင်တို့၏ ကျင့်ကြံမှု အများစုကို ပရမတ်ဘုရားရှင်က မသိနိုင်ဟု စဉ်းစား ခဲ့ကြ၏။
၄၁း၂၃။ ဤသို့ သင်တို့၏ ကံကြမ္မာရှင်အပေါ် စဉ်းစားသည့် သင်တို့၏ စဉ်းစားချက်က သင်တို့အား ကျရှုံးစေပြီ။ သင်တို့သည် ဆုံးရှုံးရသူတို့၏ ဘောင်မှ ဖြစ်လာရ၏။
၄၁း၂၄။ သို့ဖြင့် သူတို့သည် ဇွဲနပဲကြီးသော်လည်း အပူမီးသည် သူတို့အတွက် တည်းခိုရာ ဖြစ်တော့၏။ အယူခံလျှောက် သော်လည်း သူတို့သည် အယူခံခွင့်ရှိသူ များမှ မဟုတ်ချေ။
၄၁း၂၅။ ငါသည် သူတို့အတွက် သူတို့၏ လက်ရှိ-မျက်မှောက် သူတို့၏ နောက်မှ ဖမ်းစားနိုင်သော အဆက်အနွယ်များကို အလုပ်ပေးထား၏၊ သူတို့၏ ရှေ့အလျင် လွန်လေပြီးသော ကလျာဏနှင့် အန္ဓပုတုဇဉ်တို့မှ အသိုင်း အဝိုင်းတို့ ကဲ့သို့ သူတို့ အပေါ်၌ တရားတော်မှာ အမှန် ဖြစ်ချေပြီ။ သူတို့သည် ဆုံးရှုံးရသူတို့ပင် ဖြစ်၏။
၄၁း၂၆။ ဖုံးကွယ်သော သူတို့က “ဤကုရ်အာန်ကျမ်းကို နားမထောင်ကြနှင့်၊ သင်တို့ အနိုင်ယူနိုင်အံ့ငှာ ပွစိပွစိလုပ်ကြလော့၊” ဟု ဆို၏။
၄၁း၂၇။ သို့ဖြစ်၍ ငါသည် ဖုံးကွယ်သော သူတို့အား ပြင်းထန်သော ဝဋ်ကြွေးကို မုချ မြည်းစမ်းစေလ္တံ့၊ အကုသိုလ်အဖြစ်ဆုံး ကျင့်ကြံမှုများ ရှိခဲ့ခြင်းကိုလည်း အစားပေးလတ္တံ့။
၄၁း၂၈။ ဤသည် စည်းဖေါက်သူများ အတွက် ပရမတ်ဘုရားရှင်၏ အစား ပေးမှုပင် ဖြစ်၏။ အပူမီး- ၎င်းသည် သူတို့အတွက် ထာ၀ရခံစားရန် ဗိမာန်သာ ဖြစ်၍၊ ငါ၏ သုတ်ဒေသနာများကို ပယ်ပစ်လေ့ရှိသောကြောင့် အစားပေးမှုဖြစ်၏။
၄၁း၂၉။ ဖုံးကွယ်သော သူတို့က “အို- ကံကြမ္မာရှင်၊ ကလျာဏနှင့် အန္ဓပုတုဇဉ် တို့မှ တပည့်တော်တို့အား လမ်းလွဲစေခဲ့သော သူတို့အား ပြပေးတော်မူပါ၊ သူတို့ အား တပည့်တော်တို့၏ ခြေဖဝါးအောက် အနိမ့်ဆုံးသို့ ဖြစ်ရန် စီစဉ်ပါမည်၊”ဟု ဆိုကြ၏။
၄၁း၃၀။ ဧကန်ပင် “ကျွန်ုပ်တို့၏ ကံကြမ္မာရှင်မှာ ပရမတ်ဘုရားရှင်သာ ဖြစ်၏။”ဟု ပြောဆို၍၊ ရပ်တည်သောသူ၊ ထိုသူတို့ ထံသို့ နိမိတ်ဆောင်များကို တာဝန်ချပေး၍၊ “မကြောက်ရွံ့ကြနှင့်၊ စိတ်မပူကြနှင့်၊ သင်တို့အတွက် ကတိတော် ရှိသော သုခဘုံ အကြောင်း သတင်းကောင်းရှိလေပြီ။-
၄၁း၃၁။ ကျွန်ုပ်တို့သည် သင်တို့၏ ဤလောကီသက်တမ်းနှင့် နောင်ဘ၀၌- မဟာမိတ်များ ဖြစ်၏။ ထို၌ သင်တို့၏ ဉာဉ်စရိုက်မှ အာသီသဖြစ်ရာသည် ရှိ၏။ သူတို့အတွက် သင်တို့ ဆုတောင်းပေး သော အရာ ရှိ၏။
၄၁း၃၂။ လွတ်ငြိမ်းစေသောအရှင်၊ အကြင်နာရှင်၏ထံမှ စံစားစေခြင်း အဆင့်ဆင့် ဖြစ်၏။”(ဟု ပြောစေပြီ၊)
၄၁း၃၃။ ပရမတ်ဘုရားရှင် ဆီသို့ ဖိတ်ခေါ်ခြင်း စကားကို ဆိုသော၊ ပြုပြင် ပြောင်းလဲမှုကို ကျင့်ကြံသော၊ ကျွန်ုပ်သည် သန္တိသုခဝါဒီတို့မှ ဖြစ်၏ဟု ပြောသော သူထက် မည်သူက ပိုမိုတင့်တယ်အံ့နည်း။
၄၁း၃၄။ သုမင်္ဂလာပြုခြင်းသည် အကုသိုလ် နှင့် မတူညီချေ။ သင့်ကြား သူ့ကြား စည်းဖေါက်သော သူအား၊ တင့်တင့်တယ်တယ် ခုခံလော့၊ သူသည် နွေးထွေးသော မဟာမိတ် ဖြစ်လာနိုင်၏။
၄၁း၃၅။ ၎င်းကို သည်းခံ ပါရမီ ကြီးသော သူတို့သည်သာ မျက်မှောက်ပြုနိုင်၏။ ၎င်းကို ကံကြီးသူသာ မျက်မှောက်ပြုနိုင်၏။
၄၁း၃၆။ မကောင်းဆိုးဝါး၏ သွေးခွဲခြင်းဖြင့် သင့်အား သွေးခွဲခံရလျှင်၊ ပရမတ်ဘုရားရှင်၏ ထံ၌ ခိုလှုံလော့၊ ဧကန်ပင် အရှင်သည် ကြားနေတော်မူသော အရှင် သိနေတော်မူသော အရှင် ဖြစ်၏။
၄၁း၃၇။ ညနှင့် နေ့၊ နေနှင့်လ တို့သည် အရှင်၏ နိမိတ်လက္ခဏာတော်များ အနက်မှ ဖြစ်၏။ သင်တို့သည် နေလတို့အား ဦးမချကြ ကုန်နှင့်၊ အကယ်၍ သင်တို့သည် အရှင့်ကိုသာ ကိုးကွယ်ကြလျှင် သင်တို့အား ဖြစ်တည်စေသည့် ပရမတ်ဘုရားရှင်ကိုသာ ဦးချကြကုန်လော့။
၄၁း၃၈။ အကယ်၍ သူတို့သည် မာနကြီးနေကြလျှင်လည်း၊ ကံကြမ္မာရှင်၏ အပါး၌ ရှိသောသူတို့သည် ကား ည နေ့မပြတ် အရှင့်အား ဦးထိပ်ထားနေကြ၏။ သူတို့သည်ကား မောပန်း သည် ဟု မရှိချေ။
၄၁း၃၉။ သင် မြင်ရသော ကျို့ငဲ့သည့် မြေကမ္ဘာ၊ သို့ဖြင့် ငါအရှင်က ထို အပေါ်၌ ရေကို ချပေးသောအခါ ၎င်းသည် လှုပ်ခါ ဖေါင်းကြွလာခြင်းမှာ အရှင်၏ နိမိတ်လက္ခဏာတော်များ အနက်မှ ဖြစ်၏။ ၎င်းအား ရှင်ပြန်စေသော အရှင်သည် အသေကိုလည်း ရှင်ပြန်စေသော အရှင်ဖြစ်၏။ ဧကန်ပင် အရှင်သည် သဗ္ဗလုံးစုံ အား စည်းချိန်ချမှတ်တော်မူ၏။
၄၁း၄၀။ ငါ၏ သုတ်ဒေသနာများကို လှီးလွှဲသော သူတို့သည် ငါထံတော်မှ ထိန်ဝှက်ထားနိုင်သည် မဟုတ်ချေ။ အပူမီး၌ ခင်းကျင်းခံရသူနှင့် သို့တည်းမဟုတ် ရပ်တည်ရမည့် နေ့၌ ယုံကြည်စိတ်ချရမှု ချီးမြှင့်ခံသူတို့ မည်သူက ပို၍ ကောင်း သနည်း။ သင်တို့ စံချိန်ပြည့်ရာကို ကျင့်ကြံကြလော့၊ ဧကန်ပင် အရှင်သည် ကျင့်ကြံသမျှကို မြင်နေသော အရှင် ဖြစ်၏။
၄၁း၄၁။ သတိပေးတရားတော် သူတို့ထံသို့ ရောက်လာစဉ်၊ သူတို့သည် ၎င်း၌ ဖုံးကွယ်သောသူတို့ ဖြစ်၏။ ၎င်းသည်ကား ဘုန်းကံကြီးသော ကျမ်းတော်ပင် တည်း။
၄၁း၄၂။ မိစ္ဆာတရားသည် ၎င်းအား ၎င်း၏ လက်ရှိ-မျက်မှောက်၊ ၎င်း၏နောက်မှ ချည်းကပ်နိုင်ခြင်း မရှိ၊ ၎င်းကို ဓမ္မသတ်ရှင်၊ ရည်သန်စူးစိုက်မှုတည်ရာ အရှင်ထံမှ ချမှတ်ပေးခြင်း ဖြစ်၏။
၄၁း၄၃။ သင့် ရှေ့အလျင် ဉာဏ်စဉ်ဆောင်တို့အား မပြောဆိုခဲ့သည်ကို သင့်အား ပြောဆိုသည် မဟုတ်၊ ဧကန်ပင် သင့် ကံကြမ္မာရှင်သည် လွတ်ငြိမ်းခွင့်ကို စိုးပိုင်သောအရှင်၊ စူးနစ်စေသော ချုပ်ကိုင်မှုကို စိုးပိုင်သော အရှင် ဖြစ်၏။
၄၁း၄၄။ အကယ်၍ ငါသည် ကုရ်အာန်အား လူမျိုးခြားစကားဖြင့် စီစဉ်ပေး ခဲ့သော် သူတို့က “ထိုမှ သုတ်ဒေသနာများကို အဘယ်ကြောင့် ရှင်းလင်းဆုံးဖြတ် ချက် မရှိဘိသနည်း၊ အာရဗ်တစ်ဦးဖြင့် လူမျိုးခြားစကား ဖြစ်နေပြီ၊”ဟု ဆိုကြ လတ္တံ့။ ဟောလော့ “ယုံကြည်သောသူတို့ အတွက် ၎င်းသည် လမ်းညွှန်နှင့် ဆေး တစ်ဖုံ ဖြစ်၏။ မယုံကြည်သော သူတို့သည်ကား သူတို့၏ နားများ၌ လေးလံနေ၍၊ ၎င်း၌ သူတို့ ကန်းနေကြ၏။ ထိုသူတို့သည်ကား ဖိတ်ခေါ်ခြင်းမှ နောက်ကျန်ရစ် ကြ၏။
၄၁း၄၅။ ငါသည် မူဆာအား ကျမ်းတော်တစ်ဆူ မုချ ချီးမြှင့်ခဲ့၏၊ သို့သော် ထို၌ ငြင်းခုံကွဲလွဲကြကုန်၏။ သင့် ကံကြမ္မာရှင် ထံမှ ဓမ္မတော် မသတ်မှတ်ခဲ့ ပြီးလျှင် သူတို့၏ကြား၌ ဆုံးဖြတ်ပြီးလတ္တံ့။ ဧကန်ပင် သူတို့သည် ဒွိဟဖြစ်၏၊ ထို၌ သံသယရှိ၏၊
၄၁း၄၆။ ပြုပြင်ပြောင်းလဲခြင်း ကျင့်ကြံသူသည် သူ့ဉာဉ်စရိုက် အတွက် ဖြစ်၏။ အကုသိုလ်ပြုလျှင်လည်း သူ့အတွက်ပင် ဖြစ်၏။ သင့် ကံကြမ္မာရှင်သည်
၄၁းအမှုတော်ဆောင်များအား အဝိဇ္ဇာသင့်စေခြင်း မဟုတ်ချေ။
၄၁း၄၇။ အချိန်နာရီအား သိနေခြင်းသည် အရှင့်ထံသို့ ထင်ဟပ်လျက်ရှိ၏။ အရှင် မသိဘဲလျက် မည်သည့် သီးနှံသည်မှ ၎င်း၏ အခွံထဲမှ မထွက်နိုင်၊ မည်သည့် အမသည်မှ ကိုယ်ဝန်ဆောင် သားမမွေးနိုင်ချေ၊ ငါအရှင် ခေါ်ယူတော်မူသော နေ့၌
၄၁းသင်တို့က ငါနှင့် ရောပြွန်းကိုးကွယ်ခဲ့သည်တို့သည် အဘယ်မှာနည်းဟု မေးသော်၊ သူတို့က “အရှင့်အား တင်လျှောက်ပါ၏၊ တပည့်တော်တို့ အနက် မည်သူမျှ သက်သေသက်ကန် မဟုတ်ပါ၊”ဟု ဆိုကြလတ္တံ့။
၄၁း၄၈။ ရှေ့အလျင်က သူတို့၏ ဆုတောင်းလေ့ရှိရာတို့သည် သူတို့အား လွှဲဖယ်သွားကြ၏။ သူတို့၌ လွတ်လမ်း မရှိကြောင်း သူတို့ စဉ်းစားမိကြလတ္တံ့။
၄၁း၄၉။ လူသားသည် ကောင်းကျိုးကို ဆုတောင်းပန်ထွာရာ၌ မောပန်းသည်ဟု မရှိချေ။ သို့သော် သူတို့အား ဆိုးကျိုး ထိသက်သော် သူသည် မျှော်လင့်ခြင်းမဲ့ လက်လျော့ တော့၏။
၄၁း၅၀။ သူ့အား ဆိုးကျိုး ထိသက်ပြီးနောက် ငါ့ထံမှ ကရုဏာတော်အား မြည်းစမ်းစေသောခါ၊ သူက “ဤသည် ကျွန်ုပ်ကြောင့် ဖြစ်၏၊ အချိန် ရပ်နေမည်ဟု ကျွန်ုပ် စဉ်းစား၏၊ ကျွန်ုပ်၏ ကံကြမ္မာရှင်ထံသို့ ကျွန်ုပ် လှည့်ပြန်ရလျှင်ပင် အရှင့် ထံ၌ ကျွန်ုပ်သည် ပို၍တင့်တယ်ခြင်းကို တွေ့ရလတ္တံ့၊”ဟု ဆို၏၊ ဧကန်ပင် ငါသည် ဖုံးကွယ်သော သူတို့အား သူတို့၏ ကျင့်ကြံမှုများ အတွက် သတင်းထုတ်ပြန်တော် မူလတ္တံ့၊ တိကျပြတ်သားသော ဝဋ်ကြွေးကို မြည်းစေလတ္တံ့။
၄၁း၅၁။ ငါက လူသားအား ဂုဏ်ပေးသောအခါ၊ သူသည် ဘေးတိုက် ဘောင်ကန့်၍ ကင်းကင်းနေ၏။ သူ့အား ဆိုးကျိုး ထိသက် သောအခါ သူသည် ဆုတောင်း လှိုင်လှိုင်ပြုတော့၏။
၄၁း၅၂။ ဟောလော့ “ဤသည် ပရမတ်ဘုရားရှင်၏ ထံမှ မဟုတ်ဟု မြင်ကြ သလော၊ ထို့နောက် ၎င်းကို သင်တို့ ဖုံးကွယ်ဘိသလော၊ ဂိုဏ်းခွဲ နောက်ကျန် နေသူ ထက် မည်သူက ပို၍ လွဲချော်ပေအံ့နည်း။”
၄၁း၅၃။ ဤသည် အမှန်တရား ဖြစ်ကြောင်း သူတို့အတွက် ရှင်းလင်းသည် အထိ မိုးကုတ်စက်ဝန်းများ အတွင်း သူတို့၏ ဉာဉ်စရိုက်များ အတွင်း နိမိတ် လက္ခဏာများကို သူတို့အား ငါ ပြသတော်မူလတ္တံ့၊ သင်၏ ကံကြမ္မာရှင်သည် သဗ္ဗလုံးစုံ အတွက် သက်သေသက်ကန် ဖြစ်ကြောင်းသည် မလုံလောက်လေ သလော။
၄၁း၅၄။ အမှန်ပင်၊ သူတို့သည် ကံကြမ္မာရှင်အား ဖူးတွေ့ရမည်ကို အချင်းများ နေကြ၏။ အရှင်သည်ကား သဗ္ဗလုံးစုံအား ဝန်းရံထားတော်မူလေသတည်း။
၄၁းဓမ္မခန္ဓာ (၄၁) ဤတွင် ပြီး၏။
ဓမ္မခန္ဓာ (၄၂) တိုင်ပင်ညှိနှိုင်းခြင်း
ဉာဏ်စဉ်ကိန်းပေးမှု အမှတ်စဉ် - ၆၂။ သုတ်ဒေသနာ - ၅၃ ပါး။
ကရုဏာရှင် အကြင်နာရှင် ဖြစ်တော်မူသော ပရမတ်ဘုရားရှင်၏ ဂုဏ်တော်အားဖြင့် -
၄၂း၁။ ရည်သန်စူးစိုက်မှုတည်ရာ အရှင်၊ မြင့်မြတ်တော်မူသော အရှင်၊
၄၂း၂။ ကုန်စင်သိ၊ ကုန်စင်ကြားနေ၍ ခပ်သိမ်းကုန်အား စည်းချိန်ချမှတ်တော်မူသော အရှင်အားဖြင့်-
၄၂း၃။ ဤသည် ဘုန်းတော်ရှင်၊ ဓမ္မသတ်ရှင် ဖြစ်သော ပရမတ် ဘုရားရှင်၏ထံမှ သင့်ရှေ့အလျင် ဖြစ်သူများထံ ကဲ့သို့ သင့်ထံသို့ အာရုံဈာန်ရ စေ၏။
၄၂း၄။ မိုးများအတွင်း မြေအတွင်း ရှိသမျှသည် အရှင်၏ အချုပ်အခြာ၌ ရှိ၏။ အရှင်သည် မဟာ့မဟာ အထွဋ်အထိပ်ဖြစ်တော် မူ၏၊
၄၂း၅။ သူတို့အပေါ်မှ ကောင်းကင်များသည် အသစ် ပြန်ဖြစ်လုတွင် နိမိတ် ဆောင်တို့သည်ကား ကံကြမ္မာရှင်အား ဦးထိပ်ထားလျက် ရည်သန်စူးစိုက်နေကြ၍ မြေကမ္ဘာ၌ ရှိသူတို့ အတွက် လွတ်ငြိမ်းဆုပန်နေကြ၏။ အမှန်သော်ကား ပရမတ် ဘုရားရှင်သည် လွတ်ငြိမ်းစေသောအရှင် အကြင်နာရှင် ဖြစ်တော်မူ၏။
၄၂း၆။ ပရမတ်ဘုရားရှင် မှလွဲ၍ မဟာမိတ်များ ရှိသည်ဟု အယူထားသော သူတို့- ထိုသူတို့အား ထိန်းကွပ်ထားတော်မူ၏၊ သင်သည် သူတို့၏ ကိုးစားခံရသူ မဟုတ်ချေ။
၄၂း၇။ သင်သည် အရပ်ဒေသတို့၏ မိခင်နှင့် ၎င်း၏ ပတ်ဝန်းကျင်၌ သတိ ပေးရန်၊ ဤသို့ပင် ငါသည် သင့်ထံသို့ အာရ်ဗီ ကုရ်အာန်အား အာရုံဈာန်ဖြစ်စေ ခဲ့၏။ သံသယ ဖြစ်ဘွယ်မရှိသော အတူစုပေါင်းရမည့် နေ့ကာလ အကြောင်း သတိ ပေးရန်လည်း ဖြစ်၏။ တစ်ဖွဲ့သည် ဥယျာဉ်ဘုံထဲ၌၊ တစ်ဖွဲ့သည် မီးလောင်စာထဲ၌ ဖြစ်ရလတ္တံ့။
၄၂း၈။ ပရမတ်ဘုရားရှင်၏ စံချိန်ပြည့်မှီခဲ့လျှင် အရှင်သည် သူတို့အား အသိုင်းအဝိုင်း တစ်ခုတည်းအဖြစ် စီစဉ်တော်မူခဲ့လတ္တံ့။ သို့ရာတွင် စံချိန်ပြည့်မှီသူ တို့ကိုသာ ကရုဏာတော်အတွင်းသို့ ဝင်စေတော်မူ၍၊ အမိုက်ကောင်များ အတွက်မူ ကူညီသူ မဟာမိတ် ဟူ၍ မရှိပြီ။
၄၂း၉။ သို့တည်းမဟုတ် သူတို့သည် အရှင်မှလွဲ၍ မဟာမိတ်များ အယူထားခဲ့ ကြသလော၊ ပရမတ်ဘုရားရှင်သည်သာ မဟာမိတ်ဖြစ် ၍၊ အနိစ္စကို နိစ္စဖြစ်စေနိုင်သော အရှင် ဖြစ်၏။ အရှင်သည်သာ သဗ္ဗလုံးစုံအား စည်းချိန်ချမှတ်တော်မူ၏။
၄၂း၁၀။ သင်တို့ ကွဲလွဲငြင်းခုံသည့် အရာ၏ ဓမ္မသတ်မှာ ပရမတ် ဘုရားရှင်၏ ထံ၌သာ ရှိ၏။ ထိုပရမတ်ဘုရားရှင်သည် ကျွန်ုပ်၏ ကံကြမ္မာရှင် ဖြစ်၏။ ကျွန်ုပ် သည် အရှင့်ကိုသာ ယုံပုံကိုးစား၏။ ကျွန်ုပ်သည် အရှင့်ထံသို့ ဘက်လှည့်ပါ၏။
၄၂း၁၁။ မိုးများနှင့် မြေကမ္ဘာ သံသရာ၏ ဇစ်မြစ်တော်အရှင်၊ ထိုအရှင်သည် သင်တို့အတွက် သင်တို့၏ စရိုက်တူမှပင် စုဖွဲ့ဖေါ်များကို စီစဉ်ပေး၍၊ တိရိစ္ဆာန်တို့ အားလည်း အစုဖွဲ့များ ဖြစ်စေ၏။ သို့ဖြင့် သင်တို့အား ပွားများစေ၏။ တုနှိုင်းရန် တစ်စုံတစ်ရာမျှ မရှိသော အရှင်၊ ထိုအရှင်သည် ကြားနေသောအရှင်၊ မြင်နေသော အရှင် ဖြစ်၏။
၄၂း၁၂။ မိုးများနှင့် မြေကမ္ဘာ၏ သော့ချက်များသည် အရှင်၏ အချုပ် အခြာ၌ ရှိ၏၊ စံချိန်ပြည့်မှီသူအား ရိက္ခာတိုးပွားစေ၍၊ စည်းကြပ်မတ်တော်မူ၏။ ဧကန်ပင် အရှင်သည် သဗ္ဗလုံးစုံ သိနေသော အရှင် ဖြစ်၏၊
၄၂း၁၃။ သင်တို့အတွက် ပညတ်သော သာသနာမှာ နူးဟ်အား မှာကြားခဲ့ပြီး ဖြစ်၏။ ၎င်းအား သင့်၌ အာရုံဖြစ်စေသည်မှာ အီးဗရာဟီးမ်၊ မူဆာ၊ ယေရှုတို့အား “သာသနာ၌ ရပ်တည်ကြလော့၊ ၎င်းကို မခွဲခြားပစ်ကြနှင့်၊”ဟု မှာကြားခြင်းမျိုးသာ ဖြစ်၏။ သူတို့အား သင်၏ ဖိတ်ခေါ်ခြင်းမှာ ရောပြွန်းကိုးကွယ်သူတို့ အတွက် ဝန်ကြီးလှချေ၏။ ပရမတ်ဘုရားရှင်သည် စံချိန်ပြည့်မှီသူအား အရှင့်ထံသို့ ရွေးချယ်တော်မူ၍၊ ဘက်လှည့်သူတို့အား အရှင့်ဆီသို့ လမ်းညွှန်တော်မူ၏။
၄၂း၁၄။ သူတို့ထံသို့ အသိပညာ ရောက်လာပြီးမှ သူတို့ချင်းကြား အပြစ်ရှာမှု များကြောင့် ဂိုဏ်းခွဲကြကုန်၏။ ကာလ အချိန်တစ်ခုထိဟု သင့် ကံကြမ္မာရှင်၏ ထံမှ ပြဌာန်းပြီး ဓမ္မတော် မသတ်မှတ်ခဲ့ပြီးလျှင်၊ သူတို့၏ကြား ဆုံးဖြတ်ပြီးလတ္တံ့၊ သူတို့၏နောက် ကျမ်းတော်အား အမွေဆက်ခံသောသူတို့သည် ဒွိဟဖြစ်၏၊ ထို၌ သံသယရှိကြ၏၊
၄၂း၁၅။ သို့ဖြစ်၍၊ ဖိတ်ခေါ်မှုပြုလော့၊ သင့်အား ညွှန်ကြားချက် အတိုင်း ရပ်တည်လော့၊ သူတို့၏ လိုဘများနောက်သို့ မလိုက်နာနှင့်။ ဟောလော့ “ကျွန်ုပ် သည် ပရမတ်ဘုရားရှင်က ချမှတ်ပေးသည့် ကျမ်းတော်ကို ယုံကြည်၏၊ ကျွန်ုပ်တို့ ၏ ကြား သင်တို့၏ ကြား၌ တန်းတူညီမျှမှု အတွက် ညွှန်ကြား၏။ ပရမတ် ဘုရားရှင်သည် ကျွန်ုပ်တို့၏ ကံကြမ္မာရှင်၊ သင်တို့၏ ကံကြမ္မာရှင် ဖြစ်၏။ ကျွန်ုပ် တို့ အတွက် ကျွန်ုပ်တို့ ကျင့်ကြံရာသည် ရှိ၍၊ သင်တို့အတွက် သင်တို့၏ ကျင့်ကြံ ရာသည် ရှိ၏။ ကျွန်ုပ်တို့ကြားနှင့် သင်တို့ကြား၌ စောကြောရန် မလိုပေ၊ ပရမတ် ဘုရားရှင်သည် ကျွန်ုပ်တို့အား အတူစုတော် မူလတ္တံ့၊ အရှင်ထံသို့သာ ခရီးဆုံး ပန်းတိုင်သည် ဖြစ်၏။”
၄၂း၁၆။ အရှင်အတွက် ဖြေကြားပြီးသည့် နောက်မှ ပရမတ်ဘုရားရှင်နှင့် စပ်လျဉ်း၍ စောကြောကြသော သူတို့၏ ငြင်းဆိုမှုသည် သူတို့၏ ကံကြမ္မာရှင် ထံပါး၌ ပယ်ချခံရပေမည်။ သူတို့အား ကံကြီးသင့်စေမည်သာ၊ သူတို့အတွက် ပြင်းထန်သော ဝဋ်ကြွေးသည် ရှိ၏။
၄၂း၁၇။ ပရမတ်ဘုရားရှင် အရှင်သည် ကျမ်းတော်နှင့် တိကျသည့်စံချိန်ကို မှန်ကန်ညီညွတ်စွာ ချမှတ်ပေးတော်မူ၏။ အချိန်နာရီသည် နီးကပ်လာနိုင်ကြောင်း သင် မည်သို့ မှန်းဆနိုင်မည်နည်း။
၄၂း၁၈။ မယုံကြည်သော သူတို့သည်သာ ၎င်းကို အလျင်လိုနေကြ၏။ ယုံကြည်သော သူတို့သည် ၎င်းကို စိုးထိတ်လျက် ရှိ၍၊ ၎င်းသည် အမှန်တရားဟု သိနေကြ၏။ ဧကန်အမှန်ပင် အချိန်နာရီနှင့် စပ်လျဉ်း၍ အချင်းများသော သူတို့သည် နောက်ကျန် လွဲချော်ခြင်း၌ ရှိကုန်၏။
၄၂း၁၉။ ပရမတ်ဘုရားရှင်သည် အရှင်၏ အမှုတော်ဆောင်များအား သက်ညှာနေတော်မူ၏။ စံချိန်ပြည့်မှီသူအား ရိက္ခာရစေတော်မူ၏၊ အရှင်သည် တန်ခိုးတော်ရှင် ဘုန်းတော်ရှင် ဖြစ်တော်မူ၏။
၄၂း၂၀။ နောင်ဘ၀ အတွက် စိုက်ပျိုးလေ့ ရှိလိုသူအား ငါသည် သူ၏ စိုက်ပျိုးခြင်းကို တိုးပွားစေတော်မူပြီ။ ဤဘ၀ အတွက် သာ စိုက်ပျိုးလေ့ရှိလိုသူအား ထိုအတွက်ကို ပေးကမ်းလတ္တံ့၊ နောင်ဘ၀၌ သူ့ အတွက် ပင်ပန်းရကျိုး မရှိချေ။
၄၂း၂၁။ သို့တည်းမဟုတ် ပရမတ်ဘုရားရှင်က ခွင့်ပြုခြင်း မရှိသည့် သာသနာ မှ ယူ၍ ရောပြွန်းကိုးကွယ်ခံတို့က သူတို့အတွက် ပညတ်ကြသလော၊ အကယ်၍ ရှင်းလင်းဆုံးဖြတ်ချက် ဓမ္မတော် မရှိခဲ့လျှင်၊ သူတို့၏ကြား၌ ဆုံးဖြတ်ပြီး ဖြစ်လတ္တံ့၊ အမိုက်ကောင်များအတွက် စူးနစ်နာကျင်သော ဝဋ်ကြွေးသည် ရှိနေ၏။
၄၂း၂၂။ အမိုက်ကောင်များအား သူတို့ကျင့်ဆောင်ခဲ့မှုများကြောင့် သူတို့ အတွက် စိုးရိမ်ကြောက်လန့်ရခြင်း အတည်ဖြစ်သည်ကို သင် မြင်တွေ့ရလတ္တံ့။ ယုံကြည်လျက် ပြုပြင်ပြောင်းလဲခြင်းကို ကျင့်ကြံသော သူများ အတွက် စိမ်းလန်း စိုပြေသော ဥယျာဉ်များ ရှိစေလတ္တံ့၊ သူတို့အတွက် စံချိန်ပြည့်ရာအလျောက် သူတို့ ကံကြမ္မရှင်ထံ၌ ရှိ၏။ ဤသည် ကြီးကျယ်သော သိက္ခာပေးမှုပင် ဖြစ်၏။
၄၂း၂၃။ ဤသည် ယုံကြည်လျက် ပြုပြင်ပြောင်းလဲမှု ကျင့်ကြံသော၊ အရှင်၏ အမှုတော်ဆောင်များအတွက် ပရမတ်ဘုရားရှင် ထံမှ သတင်းကောင်း ဖြစ်၏။ ဟောလော့ “သင်တို့မှ ကျွန်ုပ် တောင်းဆိုသည့် အကျိုးဆုလဒ်မှာ ဆွေမျိုးနီးချင်း လိုလားမှု ရှိခြင်းမှအပ အခြားမဟုတ်ချေ။” တင့်တယ်စွာ အသားကျသူ အတွက် ငါသည် ထို၌ သုမင်္ဂလာ ဆင့်တိုးစေမည်ပင်။ ဧကန်ပင် ပရမတ်ဘုရားရှင်သည် လွတ်ငြိမ်းစေသောအရှင်၊ ကျေးဇူးတော် အရှင် ဖြစ်တော်မူ၏။
၄၂း၂၄။ သို့တည်းမဟုတ် သူတို့က “သူသည် ပရမတ်ဘုရားရှင်နှင့် စပ်လျဉ်း၍ လိမ်ညာ လုပ်ကြံဖန်တီး၏၊”ဟု ဆိုကြသလော။ အကယ်၍ စံချိန်ပြည့်မှီခဲ့လျှင် ပရမတ်ဘုရားရှင်သည် သင်၏ နှလုံးသားကို အဆုံးသတ်ထားနိုင်၏။ ပရမတ် ဘုရားရှင်သည် အမှားကို ပျက်ပျယ်စေလျက် အမှန်ကို သစ္စာတရားတော် ဖြစ်စေ လတ္တံ့၊ ဧကန်ပင် အရှင်သည် ရင်တွင်း ခံစားချက်များ အားဖြင့် သိနေသော အရှင် ဖြစ်၏၊
၄၂း၂၅။ အရှင်သည် အမှုတော်ဆောင်များ၏ ခဝါချမှုကို အကိုးပြည့်စေသော၊ အကုသိုလ်များကို ကျေအေးပေးသော၊ ပြုလုပ် သမျှကို သိနေတော်မူသော အရှင် ဖြစ်၏။
၄၂း၂၆။ ယုံကြည်လျှက် ပြုပြင်ပြောင်းလဲခြင်း ကျင့်ကြံသော သူများအား ဖြေကြားတော်မူ၍၊ အရှင်၏ သိက္ခာပေးခြင်းမှ သူတို့အား တိုးပွားစေတော်မူ၏။ ဖုံးကွယ်သူတို့ အတွက်မူ ပြင်းထန်သော ဝဋ်ကြွေးသည် ရှိနေ၏။
၄၂း၂၇။ ပရမတ်ဘုရားရှင်သည် အရှင်၏ အမှုတော်ဆောင်များ အတွက် ရိက္ခာကို တိုးပွားစေခဲ့သော် သူတို့သည် မြေကမ္ဘာ၌ အပြစ်ရှာကြလတ္တံ့၊ သို့သော် စံချိန်ပြည့်ရာ စည်းချိန်အလျောက် အရှင် ချမှတ်ပေးတော်မူ၏။ ဧကန်ပင် အရှင် သည် အမှုတော်ဆောင်တို့အား သတင်းရနေသော၊ မြင်နေသော အရှင် ဖြစ်၏
၄၂း၂၈။ သူတို့သည် စိတ်ပျက်လက်မှိုင်ချနေ ပြီးနောက် အရှင်သည် မိုးရေကို သွန်းချစေ တော်မူ၍၊ ကရုဏာတော်ဖြင့် နိုးကြွစေတော်မူ၏။ အရှင်သည် ရည်သန်စူးစိုက်မှု တည်ရာ အရှင် မဟာမိတ် ဖြစ်တော်မူ၏။
၄၂း၂၉။ မိုးများ၊ မြေကမ္ဘာနှင့် ထို၌ ပြန့်ပွားစေသော သက်ရှိတို့အား ဖြစ်တည် စေခြင်းသည် အရှင်၏ သက်သေလက္ခဏာများမှ ဖြစ်၏။ အရှင်သည် စည်းချိန် စံချိန်ပြည့်မှီသောအခါ ၎င်းတို့ကို အတူစုပေါင်းခြင်းစေ၏။
၄၂း၃၀။ သင်တို့အား ထိခိုက်မှုများမှ ထိခိုက်စေခြင်းသည် သင်တို့၏ လက် ဖြင့် ကျင့်ဆောင်ခဲ့ရာများ ဖြစ်၍၊ မြောက်များစွာအား ကျေးအေးပေးပြီး ဖြစ်၏။
၄၂း၃၁။ သင်တို့က မြေကမ္ဘာ၌ ချိနဲ့စေနိုင်သည် မဟုတ်။ သင်တို့ အတွက် ပရမတ် ဘုရားရှင် မှလွဲ၍ ကူညီမည့်သူ မဟာမိတ် မရှိချေ။
၄၂း၃၂။ ပင်လယ်ပြင်၌ သိနိုင်လောက်သည့် သင်္ဘောများသည်လည်း အရှင် ၏ နိမိတ်လက္ခဏာများမှ ဖြစ်၏။
၄၂း၃၃။ စံချိန်ပြည့်မှီခဲ့လျှင် လေအား တည်ငြိမ်စေ လျက် ထိုပင်လယ်၏ ကျောပြင်၌ လှိုင်းရပ်စေလိမ့်မည်။ ဤသည် သည်းခံသူ၊ ကျေးဇူး သိသူတိုင်း အတွက် နိမိတ်လက္ခဏာများ ဖြစ်၏။
၄၂း၃၄။ သို့တည်းမဟုတ် သူတို့၏ ကျင့်ဆောင်မှုများကြောင့် သူတို့ကို တားဆီးကာရံပေးနိုင်၏၊ အများစုကို ကျေးအေးပေးခဲ့ပြီ။
၄၂း၃၅။ ငါ၏ နိမိတ်လက္ခဏာ များကို စောဒကတက်သော သူတို့အား သူတို့အတွက် လွတ်လမ်း မရှိဟု သိစေ လော့။
၄၂း၃၆။ သင်တို့အား ဤလောကီ သက်တမ်း၌ ပေးခြင်းခံရသော အရာသည် ချမ်းမြေ့မှုမျှသာ ဖြစ်၏၊ ယုံကြည်လျက် ကံကြမ္မာရှင်၏ အပေါ် ကိုးစားသော သူတို့ အတွက်၊ ပရမတ်ဘုရားရှင်၏ ထံပါး၌မူ ပိုကောင်း၏၊ တည်တံ့၏။
၄၂း၃၇။ သူတို့သည် ကြီးသော ပြစ်မှုများနှင့် ကိုယ်ကျင့်ပျက်မှုများမှ ကင်းသန့်ကြ၏။ ဒေါသထွက်နေ သည့်တိုင် လွတ်ငြိမ်းခွင့်ပေးကြ၏။
၄၂း၃၈။ သူတို့သည် ကံကြမ္မာရှင် အတွက် အဖြေ ပေးလျက်ရှိ၏၊ ဝတ်ပြု မြဲကြ၏။ ညွှန်ကြားချက်များ အတွက် သူတို့ချင်းကြား ဆွေးနွေးမှု ရှိကြ၏။ သူတို့အား ငါပေးသည့် ရိက္ခာများမှာ ပေးကမ်းသုံးစွဲကြ ကုန်၏။
၄၂း၃၉။ အပြစ်ရှာသောအခါ ထိခိုက်ခံရသောသူများ၊ ထိုသူတို့အား အကူ အညီပေးနိုင်၏။
၄၂း၄၀။ အကုသိုလ်လွန်ကျူးခံရသည်နှင့် အညီ အကုသိုလ် အစား ပေးခွင့်ရှိ၏၊ သို့သော် ကျေးအေးလျက် ပြုပြင်ပြောင်းလဲကြလျှင် ပရမတ် ဘုရားရှင်၏ ထံမှ ဆုလဒ်သည် ရှိ၏။ အရှင်သည် အမိုက်ကောင်တို့အား နှစ်သက် တော် မမူချေ။
၄၂း၄၁။ မိုက်ကြေးခွဲခံပြီးနောက် အကူအညီပေးသောသူ၊ ထိုသူတို့ အပေါ်၌ (အပြစ်ယူရန်) နည်းလမ်းမရှိချေ။
၄၂း၄၂။ လူသားအတို့အပေါ်၌ မိုက်ကြေးခွဲ၍၊ မြေကမ္ဘာ၌ သစ္စာမဲ့စွာဖြင့် အပြစ်ရှာသော သူတို့ အပေါ်၌သာ အရေးယူနိုင်သည့် နည်းလမ်းသည် ရှိ၏။ ထိုသူတို့အတွက် စူးနစ်နာကျင်သော ဝဋ်ကြွေးသည် ရှိနေ ၏။
၄၂း၄၃။ သည်းခံ၍ လွတ်ငြိမ်းခွင့်ပေးတတ် သူသည်- ဧကန်ပင် အရေးအရာများကို ဆုံးဖြတ်တတ်သူ ဖြစ်၏။
၄၂း၄၄။ ပရမတ်ဘုရားရှင်က လမ်းလွဲစေသူ အတွက်၊ အရှင်၏နောက် အခြား မဟာမိတ် မရှိချေ။ အမိုက်ကောင်များသည် ဝဋ်ကြွေးအား မြင်တွေ့ကြ သော အခါ၊ “နောက်လှည့်ပြန်ရာသို့ နည်းလမ်းများ ရှိသလော၊”ဟု သူတို့ ပြောဆို သည်ကို သင်မြင်ရလတ္တံ့။
၄၂း၄၅။ သူတို့အား ဘောင်တွင်းမှဖြစ်စေလျှင်- နိမ့်ပါး ကျို့ငဲ့လျက် “မျက်ရိပ် ဖြင့် ခိုးကြည့်သည်ကိုသာ သင် မြင်ရလတ္တံ့။ ယုံကြည်သော သူတို့က “အမှန် ဆုံးရှုံးရသော သူမှာ သူတို့၏ ဉာဉ်စရိုက်များ၊ သူတို့၏ ဝိုင်းသားများအား ရပ်တည်ရ မည့်နေ့၌ ဆုံးရှုံးနစ်နာစေသောသူ ဖြစ်၏။ အမိုက်ကောင်တို့သည်ကား မြဲသော ဝဋ်ကြွေးထဲ၌ နေရလတ္တံ့၊”ဟု ဆိုကြ၏။
၄၂း၄၆။ ထိုသူတို့အတွက် ပရမတ်ဘုရားရှင် မှလွဲ၍ အကူအညီနှင့် မဟာမိတ် ဟူ၍ မရှိချေ။ ပရမတ်ဘုရားရှင်က လမ်းလွဲစေသူ အတွက် လမ်းစလမ်းန နတ္ထိပင်။
၄၂း၄၇။ ပရမတ်ဘုရားရှင်၏ ထံမှ ပေးရောက်လာစေသည့် ဦးပြန်မလှည့်နိုင် သော နေ့ မတိုင်မှီ သင်တို့၏ကံကြမ္မာရှင် အတွက် ဖြေကြားလော့။ ထိုနေ့ကာလ၌ သူတို့အတွက် ခိုကပ်ရာဟူ၍ မရှိ၊ သူတို့အတွက် မကြုံဘူးရရာ မရှိ။
၄၂း၄၈။ အကယ်၍ သူတို့သည် ဘောင်ကန့်ထားကြလျှင်၊ ငါသည် သင့်အား စောင့်ရှောက်သူအဖြစ် သူတို့ထံသို့ မစေစားချေ။ သင့်ဝန်တာမှာ (ဓမ္မကို) ဆိုက် ရောက်စေရန်သာ ဖြစ်၏။ ငါသည် လူသားအား ငါ၏ ကရုဏာတော်အား မြည်း စမ်းစေ သောအခါ၊ ထို၌ ဝမ်းမြောက်နေ၏။ သူတို့၏ စုံရပ်ခံခဲ့သော လက်ချက် များကြောင့် သူ့အား အကုသိုလ် ထိသက်စေလျှင်၊ ဧကန်ပင် လူသားသည် ဖုံးကွယ် ကျေးစွပ်သူ ဖြစ်တော့၏။
၄၂း၄၉။ မိုးများနှင့် မြေကမ္ဘာအား အစိုးရခြင်းသည် ပရမတ်ဘုရားရှင်၏ အချုပ်အခြာ၌ ရှိ၏။ အရှင်သည် စံချိန်ပြည်မှီရာကို ဖြစ်တည်စေ၏။ စံချိန်ပြည့် သူအား သမီးရတနာကို ချီးမြှင့်၍၊ စံချိန်ပြည့်သူအား သားရတနာကို ချီးမြှင့်ပေး တော်မူ၏။
၄၂း၅၀။ သို့မဟုတ် ငါသည် သူတို့အား သားများ သမီးများဖြင့် အဖေါ်စုံဘက် ဖြစ်စေ၏။ မျိုးသုဉ်းမှု စံချိန်ပြည့်ရန် စီစဉ်ခံရသူ လည်း ရှိ၏။ ဧကန်ပင် အရှင်သည် သိနေသော အရှင်၊ စည်းချိန်ချမှတ်သော အရှင် ဖြစ်တော်မူ၏၊
၄၂း၅၁။ အာရုံဈာန်ဖြစ်စေ၍၊ သို့မဟုတ် စည်းခြား နောက်ကွယ်မှ၊ သို့မဟုတ် အရှင့် ခွင့်ပြုချက်ဖြင့် စံချိန်ပြည့်မှီသူ အာရုံဈာန် ဖြန့်ကျက်ခွင့်ရ ဉာဏ်စဉ်တော် ဆောင်များကို စေစား၍မှ အပ ပရမတ်ဘုရားရှင်နှင့် တိုက်ရိုက် စကားပြောဆို နိုင်သော လူပုဂ္ဂိုလ် ဟူ၍ မရှိ။ အရှင်သည် အထွဋ်အထိပ်ဖြစ်တော်မူ၏၊ ဓမ္မသတ် ရှင် ဖြစ်တော်မူ၏။
၄၂း၅၂။ ဤသို့ပင်၊ ငါသည် ငါ့ ညွှန်ကြားချက်များမှ ဉာဏ်စဉ်တော်ကို သင့်ထံသို့ အာရုံဈာန်ဖြစ်စေပြီ။ ကျမ်းတော်နှင့် ယုံကြည်ချက်ဟူသည်ကို သင် မှန်းခဲ့နိုင်သလော- သို့သော် ၎င်းကို အလင်းတစ်ဆောင်အဖြစ် စီစဉ်ပေး၏၊ စံချိန် ပြည့်မှီသူ ငါ၏ အမှုတော်ဆောင်များအတွက် လမ်းညွှန် ဖြစ်စေ၏။ ဧကန်ပင် သင်သည် မြဲမြံတည်တံ့သော လမ်းစဉ်သို့ ညွှန်ပြသူ ဖြစ်၏။
၄၂း၅၃။ ယင်းမှာ မိုးများအတွင်း မြေအတွင်း ရှိသမျှတို့၏ အချုပ်အခြာကို ပိုင်သော ပရမတ်ဘုရားရှင်၏ ထံသို့ လမ်းစဉ်တော် ဖြစ်၍။ ဧကန်အမှန် အရေးအရာအားလုံး၏ ခရီးဆုံးပန်းတိုင်သည် ပရမတ်ဘုရားရှင်၏ ထံသို့ ဖြစ်၏။
ဓမ္မခန္ဓာ (၄၂) ဤတွင် ပြီး၏။
ဓမ္မခန္ဓာ (၄၃) “ရွှေထည်ဝတ္ထု”
ဉာဏ်စဉ်ကိန်းပေးမှု အမှတ်စဉ်- ၆၃။ သုတ်ဒေသနာ - ၈၉ ပါး။
ကရုဏာရှင် အကြင်နာရှင် ဖြစ်တော်မူသော ပရမတ်ဘုရားရှင်၏ ဂုဏ်တော်အားဖြင့် -
၄၃း၁။ ရည်သန်စူးစိုက်မှုတည်ရာ အရှင်၊ မြင့်မြတ်တော်မူသော အရှင်၊
၄၃း၂။ ရှင်းလင်းထင်ရှားသော ကျမ်းတော်အားဖြင့်၊
၄၃း၃။ ဧကန်ပင်၊ သင်တို့ အတွေး အခေါ်ရှိအံ့ငှာ ၎င်းကို အာရ်ဗီ ကုရ်အာန်အဖြစ် ငါ စီစဉ်ပေးတော်မူ၏။
၄၃း၄။ ဧကန်ပင် ၎င်းသည် ငါ၏ အပါးတော်ရှိ မူလဘူတ ကျမ်းတော်မှ ဖြစ်၍၊ အထွဋ်အထိပ် ဖြစ်တော်မူ၏၊ ဓမ္မသတ်ရှင် ဖြစ်တော်မူ၏။
၄၃း၅။ ဥပမာ အဖြစ် သင်တို့သည် အလွဲသုံးစားပြုသော လူမျိုးဖြစ်လျှင် သင်တို့အား သတိမပေး ဥပက္ခာပြုထားသင့်သလော။
၄၃း၆။ ရှေးဦးပထမ မည်မျှသော သတင်းတော်ဆောင်များကို ငါ စေစားခဲ့ပြီနည်း။
၄၃း၇။ သူတို့ထံသို့ သတင်းတော် ဆောင် တစ်ပါး ပေးရောက်စေလျှင် သူ့အား ၎င်းတို့က လှောင်ပြောင်လေ့ရှိကြ၏။
၄၃း၈။ ငါသည် ၎င်းတို့မှ သန်မာအားကောင်းစွာ ဆက်လက် ကိုင်တွယ်ထားနိုင်သူတို့ အား တိမ်ကောစေလိုက်ပြီ။ ထို ရှေးဦး သူတို့သည် နမူနာပင် ဖြစ်၏။
၄၃း၉။ အကယ်၍ သင်က “မိုးများနှင့် မြေအား မည်သူက ဖြစ်တည်စေ သနည်း၊”ဟု မေးလျှင် သူတို့က “ဘုန်းတော်ရှင်၊ သိနေသော အရှင်က ဖြစ်တည် စေခြင်းပင်၊”ဟု ဖြေကြလတ္တံ့။
၄၃း၁၀။ အရှင်သည် သင်တို့အတွက် မြေကမ္ဘာကို ညိမ့် ညောင်းရာ အဖြစ် စီစဉ်ပေး၏၊ သင်တို့အတွက် သင်တို့ လမ်းညွှန်မှန်ရကောင်း အံ့ငှာ ထို၌ လမ်းကြောင်းများကို စီစဉ်ပေး၏။
၄၃း၁၁။ အရှင်သည် ကောင်းကင်ယံမှ ရေကို စည်းချိန်အလျောက် ချပေး တော်မူ၏။ သို့ဖြင့် သေနေသော မြို့အား နိုးကြွရှင်ပြန်စေ၏။ ဤသို့ပင် သင်တို့အား ထွက်လာစေမည်ပင်။
၄၃း၁၂။ အရှင်သည် ခပ်သိမ်းကုန်အား အစုဖွဲ့ ဖြစ်တည်စေတော် မူ၏။ သင်တိုအတွက် စီးနင်းဘို့ရာ သင်္ဘောများ၊ တိရိစ္ဆာန်များကို စီစဉ်ပေးတော် မူ၏။
၄၃း၁၃။ သင်တို့သည် ၎င်းတို့၏ ကျောပြင်ပေါ်၌ ပုံစံကျရန် အလို့ငှာ၊ တဖန် ထိုသို့ ပုံစံချစဉ် သင်တို့ ကံကြမ္မာရှင်၏ ဂုဏ်ပေးမှုအား သတိရစေလျက် ရင့်ကျူး စေသည်မှာ “ဤအရာတို့အား တပည့်တော်တို့အတွက် အသုံးခံဖြစ်စေသော အရှင့်အား ဦးထိပ်ထားပါ၏၊ တပည့်တော်တို့သည် ထိုသို့ မချိတ်ဆက်နိုင်ပါ၊-
၄၃း၁၄။ တပည့်တော်တို့သည်ကား ဧကန်ပင် ကံကြမ္မာရှင်၏ထံသို့သာ ဦးလှည့်ပြန်ရမည် သာတည်း။”ဟု ဖြစ်၏။
၄၃း၁၅။ သို့သော် အရှင်၏ အမှုတော်ဆောင်များမှ ခွဲတမ်းလုပ်၍ အရှင့် ကိုယ်ပွားဟု စီစဉ်ကြ၏။ ဧကန်ပင် လူသားသည် ရှင်းလင်းထင်ရှားသော ကျေးစွပ် ဖုံးကွယ်သူ ဖြစ်၏။
၄၃း၁၆။ သို့တည်းမဟုတ် အရှင်သည် အရှင့်အတွက် သမီးများကို ဖြစ်တည် ယူ၍၊ သင်တို့အတွက် သားတော်များကို ရွေးချယ်ပေးသလော။
၄၃း၁၇။ ကရုဏာရှင် အတွက် သူ ပမာဆောင် ဥပမာပြုရာကို သူတို့မှ တစ်စုံတစ်ယောက်အား သတင်း ကောင်း ပါးသော် သူ မျက်နှာ ကုပ်လျက် မဲသွား၏၊ သူသည် ယူကြုံးမရဖြစ်နေ၏။
၄၃း၁၈။ သို့မဟုတ် လက်ဝတ်တန်ဆာများဖြင့် ကြီးပြင်းရလျက်၊ အငြင်းအခုံမှ ရှင်းလင်း စွာ မနေနိုင်သော သူပင် မဟုတ်လော။
၄၃း၁၉။ ထို့ပြင် ကရုဏာရှင်အား ဣတ္ထိလိင် နတ်ဒေဝါများက အမှုတော် ဆောင်နေသည်ဟု စီစဉ်ကြ၏။ ၎င်းတို့အား ဖြစ်တည်ပေးခြင်း၌ သူတို့သည် သက်သေသက်ကန် ဖြစ်သလော၊ သူတို့၏ သက်သေထွက်ချက်များကို မှတ်တမ်း တင်ထားလျက် စစ်ကြောခြင်းခံရစေလတ္တံ့။
၄၃း၂၀။ သူတို့က “ကရုဏာရှင်၏ စံချိန် မပြည့်မှီခဲ့လျှင် ကျွန်ုပ်တို့သည် ၎င်းတို့ကို ကိုးကွယ်ခဲ့မည် မဟုတ်၊”ဟု ဆိုကြ၏။ ထိုအတွက် သူတို့၌ အသိပညာ မရှိ၊ မှန်းဆသူများသာ ဖြစ်၏။
၄၃း၂၁။ သို့တည်းမဟုတ် သူတို့ ဆုပ်ကိုင်ထားရန် ကျမ်းတစ်စောင်ကို ဤရှေ့ အလျင်က သူတို့အား ပေးအပ်ဘူးသလော။
၄၃း၂၂။ အမှန်မှာ၊ “ကျွန်ုပ်တို့သည် မိရိုးဖလာ အသိုင်းအဝိုင်းကို တွေ့ရ၏၊ ၎င်းတို့၏ အစဉ်အလာများသည် ကျွန်ုပ်တို့အား လမ်းညွှန် ဖြစ်၏၊”ဟု ဆိုကြ၏။
၄၃း၂၃။ ဤသို့ပင်၊ သင့်မတိုင်မှီ- ဒေသတစ်ခုသို့ သတိပေးသူ တစ်ဦး ငါ စေစား ၏၊ ထိုမှ စည်းဇိမ်ယစ်နေသူတို့က “ကျွန်ုပ်တို့သည် မိရိုးဖလာ အသိုင်းအဝိုင်းကို တွေ့၏၊ ၎င်းတို့၏ အစဉ်အလာအတိုင်း ကျွန်ုပ်တို့ လိုက်ကြ၏၊”ဟု ဆိုကြသော်၊
၄၃း၂၄။ သူက “ကျွန်ုပ် ရောက်လာသည်မှာ သင်တို့ တွေ့ရှိသော မိရိုးဖလာထက် ပိုမို လမ်းညွှန်ပေးသည် မဟုတ်လော၊”ဟု မေး၏။ သူတို့က “အသင်တို့အားဖြင့် စေစားရာကို ငြင်းဆန်ဖုံးကွယ်သူများမှာ ကျွန်ုပ်တို့ပင် ဖြစ်၏၊”ဟု ဆိုကြ၏။
၄၃း၂၅။ သို့ဖြင့် သူတို့အား တန်ပြန်ခံစားစေတော်မူ၏။ ငြင်းဆန်သူတို့၏ နိဂုံး မည်သို့ ချုပ်ရသည်ကို ကြည့်ကြလော့။
၄၃း၂၆။ အီဗရာဟီးမ်က သူ့ဖခင်နှင့် သူ့လူမျိုးအား ပြောသည်မှာ “ကျွန်ုပ် သည် အသင်တို့ ကိုးကွယ်ရာနှင့် ကင်းရှင်း၏၊
၄၃း၂၇။ ကျွန်ုပ်အဘို့ ကျွန်ုပ်အား စတည် သော အရှင်သာ ရှိ၏၊ အရှင်သည် ကျွန်ုပ်အား လမ်းညွှန်တော်မူ၏။”ဟု ဖြစ်၍၊
၄၃း၂၈။ အချုပ်၌ ၎င်းကို တည်တံ့သော စကားဆိုအဖြစ် စီစဉ်၍၊ ၎င်းတို့ ဦးလှည့်နိုင်အံ့ငှာ ဖြစ်စေ၏။
၄၃း၂၉။ အမှန်မှာ၊ ငါသည် သူတို့နှင့် သူတို့၏ ဘဘိုးတို့၊ သူတို့ထံသို့ သစ္စာ တရားနှင့် ရှင်းလင်းသော ဉာဏ်စဉ်ဆောင် ရောက်လာသည့်တိုင် ပျော်ပါးနေစေ၏။
၄၃း၃၀။ သူတို့ထံသို့ သစ္စာတရားတော် ရောက်လာစဉ်၊ သူတို့က “ဤသည် မှော်အတတ် သာ ဖြစ်၏။ ကျွန်ုပ်တို့သည် ၎င်းကို ငြင်းပယ်သူများ ဖြစ်၏၊”ဟု ဆိုကြ၏။
၄၃း၃၁။ ထို့ပြင် သူတို့က “ဤကုရ်အာန်အား မဟာ ဒေသကြီးနှစ်ခုမှ အခြား လူ အပေါ်သို့ အဘယ်ကြောင့် မချမှတ်ပေးသနည်း၊”ဟု ပြောကြ၏။
၄၃း၃၂။ သူတို့သည် သင့်ကံကြမ္မာရှင်၏ ကရုဏာတော်အား တိုင်တည် သတ်မှတ်ထားကြသလော။ ငါသည်သာ သူတို့ ကြား၌ ဤလောကီသက်တမ်း ဘ၀ဖြစ်တည်မှုကို တိုင်တည် ထားတော်မူ၏။ သူတို့မှ အချို့သည် အချို့ကို အသုံးပြုရာ အဖြစ် ယူမှတ်နိုင်ရန်- သူတို့မှ အချို့ကို အချို့ အပေါ် အခွင့်အလမ်းပိုမို မြှောက်စားပေးတော်မူ၏။ သင့်ကံကြမ္မာရှင်၏ ကရုဏာတော်သည် သူတို့ စုဆောင်းထားရာတို့ထက် သာလွန် ကောင်းမွန်လှပေ၏။
၄၃း၃၃။ အကယ်၍ လူသားတို့သည် အသိုင်းအဝိုင်းတစ်ခုတည်း ဖြစ်မလာ ခဲ့သော်၊ ကရုဏာရှင်အား ဖုံးကွယ်ကျေးစွပ်သူတို့ အတွက် ငါ စီစဉ်ပေးထားမည်မှာ ငွေကွပ်ထားသော အိမ်များ၊ အပေါ်မိုးရှိသော တက်လမ်းများ-
၄၃း၃၄။ သူတို့၏ အိမ် အဝင်တံခါးများ၊ သူတို့ လှဲမှီမည့် ဇိမ်ခံခုံများ ဖြစ်၍-
၄၃း၃၅။ ရွှေတည်ဝတ္ထုတို့လည်း ပါ၏။ ထိုအရာ အလုံးစုံသည် ဤလောကီဘ၀၏ ချမ်းမြေ့မှုမျှသာ ဖြစ်၏။ သင့်ကံကြမ္မာရှင်၏ ထံတော်၌ ရှိသော နောင်ဘ၀သည် စည်းစောင့်သူများ အတွက် ဖြစ်၏။
၄၃း၃၆။ ညဦး၌ ကရုဏာရှင်အား သတိမရသူ၊ သူ့အတွက် အဆက်အနွယ် ဖြစ်ရန် မကောင်းဆိုးဝါးအား ငါ အလုပ်ပေးတော်မူလတ္တံ့။
၄၃း၃၇။ ၎င်းတို့က သူတို့အား လမ်းစဉ်တော်မှ ဧကန် ဖယ်ရှားထား၏၊ သို့သော် သူတို့ကိုယ်တိုင် သူတို့ လမ်းညွှန် ခံနေရသူများဟု စိတ်ကူးယဉ်နေ၍၊
၄၃း၃၈။ ငါ့ထံသို့ ရောက်လာသောအခါ၊ သူက “ကျွန်ုပ်၏ကြား၊ သင်၏ကြား၌ နေထွက်ရာ အရပ်နှစ်ခုကဲ့သို့ နောက်ကျကျန်ရစ် ခဲ့လျှင် ကောင်းလေစွ၊ အမင်္ဂလာသည် အပါးတော်မြဲ ဖြစ်ရပြီ၊”ဟု ဆိုလတ္တံ့။
၄၃း၃၉။ သင်တို့၏ မိုက်ကြေးခွဲခဲ့မှုသည် ဝဋ်ကြွေးကို ပူးတွဲရယူရန်သာ ဖြစ်၍၊ ထိုနေ့၌ သင်တို့အား အကျိုးမပေးတော့ချေ။
၄၃း၄၀။ သင်သည် ပင်းနေသူကို ကြားစေနိုင်သလော၊ သို့တည်းမဟုတ် ကန်းနေသူ၊ ရှင်းလင်းထင်ရှားသော လမ်းလွဲ၌ ရှိသူကို လမ်းညွှန်နိုင်သလော၊
၄၃း၄၁။ သို့ဖြစ်၍၊ ငါသည် သင့်အား ရုပ်သိမ်းခဲ့သော်လည်း၊ ငါသည် သူတို့အား တန်ပြန် ခံစားစေမည်ပင်။
၄၃း၄၂။ သို့မဟုတ်၊ သူတို့နှင့်စပ်လျဉ်းသည့် ငါ့ ကတိတော်အား သင့်ကို ပြ တော်မူအံ့၊ ငါသည် သူတို့အပေါ်၌ စည်းချိန်ချမှတ်သော အရှင် ဖြစ်၏။
၄၃း၄၃။ သို့ဖြစ်၍ သင့်အား အာရုံဈာန်ဖြစ်စေသည်ကို ဆုပ်ကိုင်လော့၊ ဧကန်ပင် သင်သည် မြဲမြံ တည်တံ့သော လမ်းစဉ်၌ ရှိ၏။
၄၃း၄၄။ ၎င်းသည် သင်နှင့်သင့်လူမျိုး အတွက် သတိပေးတရားတော် ဖြစ်၏။ သင်တို့သည် စစ်ကြောခြင်းခံရစေလတ္တံ့။
၄၃း၄၅။ သင့်ရှေ့အလျင် ငါစေစားသော ဉာဏ်စဉ်ဆောင်များကို မေးကြည့် လော့၊ ကရုဏာရှင် မှလွဲ၍ ကိုးကွယ်ဆည်းကပ်ရန် ဘုရားများကို ငါ စီစဉ်ပေးဘူး သလော။
၄၃း၄၆။ မူဆာအား ဖာရိုးနှင့် သူ့အကြံပေးတို့ ထံသို့ ငါ၏ သက်သေလက္ခဏာ များဖြင့် ငါ စေစား၍၊ “ကျွန်ုပ်သည် လောကခပ်သိမ်း၏ ကံကြမ္မာရှင်၏ ဉာဏ်စဉ် ဆောင် ဖြစ်၏၊”ဟု ကြွေးကြော်စေ၏။
၄၃း၄၇။ သူတို့ထံသို့ ငါ၏ သက်သေလက္ခဏာ များကို ရောက်လာစေစဉ်၊ ထို၌ ဟားတိုက်ရယ်မောကြ၏။
၄၃း၄၈။ သူတို့အား ငါ ပြသသည့် သက်သေလက္ခဏာများကို ၎င်းတို့မှ ဆက်နွယ်မှုအား ပို၍ ကြီးလာ စေ၏။ ထို့ပြင် သူတို့ ဦးလှည့်အံ့ငှာ သူတို့အား ဝဋ်ကြွေးများဖြင့် အရေးယူလိုက် လေ၏။
၄၃း၄၉။ သူတို့က “အို- မှော်ဆရာ၊ ကျွန်ုပ်တို့ လမ်းညွှန်ခံရအံ့ငှာ၊ သင့်ထံမှ ပဋိညာဉ်ရှိသည့်အတိုင်း ကျွန်ုပ်တို့ အဘို့ သင့်ကံကြမ္မာရှင်ထံ ဆုတောင်းပေးလော့၊” ဟု ဆိုကြ၏။
၄၃း၅၀။ သို့သော် သူတို့ထံမှ ဝဋ်ကြွေးကို ငါ ဖယ်ရှားပေးသည်နှင့် သူတို့ ကတိဖေါက်ဖျက်လေတော့၏။
၄၃း၅၁။ ဖာရိုးက သူ့လူမျိုးအား ကြေငြာ ပြောဆိုသည်မှာ “အို- ကျွန်ုပ်၏ လူမျိုးတို့၊ ကျွန်ုပ်သည်သာ အီဂျစ်၏ ပြည့်ရှင်မင်းမြတ် မဟုတ်လော၊ ကျွန်ုပ်၏ အောက်၌ မြစ်ချောင်းအထွေထွေ စီးဆင်းနေရသည်ကို မမြင်ကြသလော၊-
၄၃း၅၂။ သို့တည်းမဟုတ် ကျွန်ုပ်သည် ဤ သူ့ကိုယ်သူ လိပ်ပတ်မလည် တန်ဘိုးမဲ့ အကောင် ထက် ပို၍ မကောင်းမွန်သလော။
၄၃း၅၃။ ရွှေစလွယ်များကို သူ့အတွက် အဘယ်ကြောင့် မခင်းကျင်းပေး သနည်း၊ သူနှင့်အတူ နိမိတ်ဆောင်များ အဆက်အနွယ်များ အဘယ်ကြောင့် မရောက်လာစေသနည်း၊”ဟု ဖြစ်၏။
၄၃း၅၄။ ဖာရိုးသည် သူ့လူမျိုးအား ပေါ့ပျက်ပျက် ဖြစ်စေ၍၊ သူ့ကိုသာ နာခံစေ၏။ ဧကန်ပင် သူတို့သည် ယုတ်မာသော လူမျိုးပင် ဖြစ်လေ၏။
၄၃း၅၅။ ငါ့အား သောကဂယက်ရိုက်စေသောအခါ၊ သူတို့အား တန်ပြန် စေ၏။ သူတို့ အားလုံးကို နစ်မြုပ်စေခဲ့ပြီ။
၄၃း၅၆။ သူတို့အား အတိတ်ပြယုဂ် စီစဉ် လိုက်၏။ နောင်လာနောက်သားတို့အတွက် ဥပမာပုံ ဖြစ်စေ၏။
၄၃း၅၇။ ငါသည် မာရိ၏ သားအား ပမာဆောင် ဥပမာပေးသော်၊ သင့်လူမျိုး တို့က ပယ်ချကြ၏။
၄၃း၅၈။ သူတို့က “သို့တည်းမဟုတ် ကျွန်ုပ်တို့၏ ဘုရားများက သူ့ထက် ပိုမကောင်းသလော။”ဟု ဆိုကြ၏။ သူတို့သည် စောဒကတက်ရန်သာ နည်းရှာကြကုန်၏။ အမှန်မှာ- သူတို့သည် အချင်းများတတ်သော လူမျိုးသာ ဖြစ်၏။
၄၃း၅၉။ သူသည် ငါအရှင် ဂုဏ်ပေးသော အမှုတော်ဆောင်တစ်ဦးမျှသာ ဖြစ်၏။ ငါသည် သူ့အား ဂျူးလူမျိုးတို့ အတွက် ပြယုဂ် အဖြစ် စီစဉ်ပေးတော်မူ၏။
၄၃း၆၀။ စံချိန်ပြည့်မှီခဲ့လျှင် သင်တို့၏ အနက်မှ နိမိတ်ဆောင်များကို မြေကမ္ဘာ ၏ သမ္မတများအဖြစ် ငါ စီစဉ်တော်မူနိုင်၏။
၄၃း၆၁။ သူသည် ခေတ်တစ်ခု အတွက် သိစရာ ဖြစ်၏။ ထို၌ အချင်းမများကြနှင့်၊ ငါ့အား လိုက်နာကြလော့၊ ဤသည် မြဲမြံတည်တံ့သော လမ်းစဉ်ပင် ဖြစ်၏-
၄၃း၆၂။ သင်တို့အား ရှင်းလင်းထင်စွာ စည်းဖေါက်သူဖြစ်သော မကောင်းဆိုး ဝါး က သင်တို့ကို မပယ်ချခိုင်းစေနှင့်၊
၄၃း၆၃။ ယေရှုသည် ရှင်းလင်းချက်များနှင့် ရောက်လာ၍၊ ဟောပြောသည်မှာ “ကျွန်ုပ်သည် သင်တို့ထံသို့ စီရင်ထုံးကို ရောက်လာစေပြီ၊ သင်တို့၏ ငြင်းခုံကွဲလွဲ ချက် အချို့အား ရှင်းလင်းစေပြီ၊ သို့ဖြစ်၍ ပရမတ်ဘုရားရှင်အား စည်းစောင့်ကြ လော့၊ ကျွန်ုပ်အား နာခံကြလော့။-
၄၃း၆၄။ ပရမတ်ဘုရားရှင်သည် ကျွန်ုပ်၏ ကံကြမ္မာရှင်၊ သင်တို့၏ ကံကြမ္မာရှင် ဖြစ်၏။ အရှင့်အား ကိုးကွယ်ကြကုန်လော့၊ ယင်းသည် မြဲမြံတည်တံ့သော လမ်းစဉ်ပင်တည်း၊”ဟု ဖြစ်သော်-
၄၃း၆၅။ သူတို့၏အကြား ဂိုဏ်းအသင်းများ ကွဲပြားကြ၏။ သို့ဖြင့် မိုက်ကြေးခွဲ သော သူတို့သည် စူးနစ်နာကျင်သော ဝဋ်ကြွေးသင့် နေ့ကာလ၌ ပျက်စီးဆုံးရှုံးရ လတ္တံ့။
၄၃း၆၆။ သူတို့ သတိမမူမိမှီ သူတို့ထံသို့ ရုတ်တရက် ပေးရောက်လာမည့် အချိန် နာရီကိုသာ သူတို့ စောင့်ကြည့်နေကြသလော။
၄၃း၆၇။ ထိုနေ့ကာလ၌ စည်းစောင့်သူ တို့မှ အပ အခြား အတွင်းလူများမှ အချို့သည် အချို့အား စည်းဖေါက်သူ ဖြစ်ရ လတ္တံ့။
၄၃း၆၈။ အို- ငါ့ အမှုတော်ဆောင်တို့၊ ထိုနေ့ကာလ၌ သင်တို့အား ကြောက်ရွံ့ စေမည်၊ သင်တို့အား စိတ်ပူရစေမည် မဟုတ်သော၊
၄၃း၆၉။ ငါ၏ သုတ်ဒေသနာများဖြင့် ယုံကြည်ကြသောသူများ၊ ငြိမ်းချမ်းရေးဝါဒီများ ဖြစ်ကြကုန်၏။
၄၃း၇၀။ သင်တို့နှင့် သင်တို့၏ စုဖွဲ့ဖေါ်တို့သည် ဓမ္မပီတိဖြင့် သုခဘုံသို့ ဝင်ရောက်ကြလော့။
၄၃း၇၁။ ရွှေပရပိုက်များဖြင့်- သူတို့၏ စိတ် အာသီသနှင့် မျက်လုံးများ၏ အရသာတို့ပါသော ရေခွက်များကို သူတို့ထံ လှည့်လတ္တံ့။ သင်တို့သည် ထို၌ အစဉ်စံစားကြကုန်လော့။
၄၃း၇၂။ သင်တို့ ကျင့်ကြံလေ့ရှိခဲ့မှုများကြောင့်- ဤသည် သင်တို့အား အမွေဆက်ခံစေမည့် ဥယျာဉ်တော် ဖြစ်၏၊၊
၄၃း၇၃။ ထို၌ သင်တို့ အတွက် သစ်သီး၀လံများ မြောက်များစွာ ရှိ၏။ ထိုမှ စားသုံးကြကုန်လော့။
၄၃း၇၄။ ဧကန်ပင် ရာဇဝတ်ကောင်တို့မှာ မူကား၊ ငရဲဘုံ ဝဋ်ကြွေးထဲ၌ အစဉ်ခံစားရမည့်ပင်။
၄၃း၇၅။ သူတို့နှင့်စပ်လျဉ်း၍ ဆတ်ငြိမ်နေမည် မဟုတ်၊ သူတို့ သည် ထို၌ တွေဝေနေရလတ္တံ့။
၄၃း၇၆။ ငါသည် သူတို့အား အဝိဇ္ဇာသင့်စေသည် မဟုတ်၊ သူတို့သည်သာ အမိုက်ကောင်များ ဖြစ်ကြ၏။
၄၃း၇၇။ သူတို့က “အို- သခင်၊ သင့်ကံကြမ္မာရှင်သည် ကျွန်ုပ်တို့အား ဆုံးဖြတ် စေပါ၊”ဟု တင်ပြ၏၊ သူက“သင်တို့ စောင့်နေရ ဦးမည်၊”ဟု ဆို၏။
၄၃း၇၈။ မုချပင်၊ ငါအရှင်သည် သင်တို့ထံသို့ သစ္စာတရားကို ရောက်လာစေ ပြီ။ သို့ရာတွင် သင်တို့မှ အများစုကြီးသည် သစ္စာတရားအား မုန်းတီးကြကုန်၏။
၄၃း၇၉။ သို့တည်းမဟုတ် သူတို့သည် ညွှန်ကြားချက်ကို ယတိပြတ် ဖြစ် သလော၊ ငါ့ဘက်လည်း ယတိပြတ် ဖြစ်၏။
၄၃း၈၀။ သို့တည်းမဟုတ် သူတို့၏ ကြိတ်ကြံစည်မှုများနှင့် သီးခြားတိုင်ပင်မှု များကို ငါအရှင် ကြားနေခြင်း မရှိဟု သူတို့ စဉ်းစားနေကြသလော။ အမှန်မှာ ငါ၏ ဉာဏ်စဉ်ဆောင်များသည် သူတို့၏ မျက်မှောက်၌ မှတ်တမ်းတင်နေကြကုန်၏။
၄၃း၈၁။ ဟောလော့ “အကယ်၍ ကရုဏာရှင်၌ ကိုယ်ပွား ရှိခဲ့မူ၊ ကျွန်ုပ်သည် ဦးဦးဖျားဖျား ကိုးကွယ်သူများမှ ဖြစ်လတ္တံ့။”
၄၃း၈၂။ ဦးထိပ်ထားရာဖြစ်သော၊ မိုးများနှင့် မြေကမ္ဘာ၏ ကံကြမ္မာရှင်၊ ထပ်ဆင့်ကွပ်ကဲ့မှု၏ ကံကြမ္မာရှင်သည် သူတို့၏ တင်ပြ မှုများမှ ကင်းသန့်၏။
၄၃း၈၃။ တွေ့ဆုံရမည်ဟု သူတို့အား ကတိပေးထားသော နေ့ထိတိုင် သူတို့ အား ဟာသ ပြက်လုံးထုတ်နေခြင်း၌ ချန်ထားလော့။
၄၃း၈၄။ အရှင်သည် ကောင်းကင်များ အတွင်းမှ ဘုရားရှင်၊ မြေကမ္ဘာ အတွင်း မှ ဘုရားရှင် ဖြစ်တော်မူ၏။ အရှင်သည် ဓမ္မသတ်ရှင် သိနေသော အရှင် ဖြစ်တော် မူ၏။
၄၃း၈၅။ မိုးများနှင့် မြေကမ္ဘာ၊ ထိုနှစ်ခုကြား ရှိသမျှအား အစိုးရသော အရှင်သည် ကျက်သရေအပေါင်းနှင့်ပြည့်စုံ၏။ အချိန်နာရီအား သိခြင်း ဆိုင်ရာသည် အရှင့်ထံ၌ သာ ရှိ၍၊ အရှင့်ထံသို့သာ ဦးလှည့်ပြန်ရမည် ဖြစ်၏။
၄၃း၈၆။ သူတို့သည် အမှန်သိလျက်၊ သစ္စာတရားအားဖြင့် သက်သေတည်ခဲ့ သော သူတို့မှအပ၊ အရှင် မှလွဲ၍ ဆုတောင်းခံခဲ့သူများသည် အမျှဝေပေးရန် အခွင့်အာဏာ မရှိချေ။
၄၃း၈၇။ သူတို့အား မည်သူက ဖြစ်တည်စေသနည်းဟု မေးသော်၊ “ပရမတ် ဘုရားရှင် ဖြစ်၏၊”ဟု ဆိုကြလိမ့်မည်၊ သို့ဖြစ်လျှင် မည်သို့ လှည့်စားခံနေကြကုန် သနည်း။
၄၃း၈၈။ သူ့ စကား၌ “အို- ကံကြမ္မာရှင်၊ ထိုသူတို့သည် ယုံကြည်ခြင်း မရှိသော လူမျိုးပင်-” ဟု ကျိန်ပြနေ၏၊
၄၃း၈၉။ “သူတို့အား ဥပက္ခာပြုထားလော့၊ ငြိမ်းချမ်းပါစေဟု ပြောဆိုလော့၊ မကြာမှီ သူတို့ သိကြရလတ္တံ့၊”
ဓမ္မခန္ဓာ (၄၃) ဤတွင် ပြီး၏။
ဓမ္မခန္ဓာ (၄၄) အခိုးအငွေ့
ဉာဏ်စဉ်ကိန်းဝပ်ပေးမှု အမှတ်စဉ် (၆၄)၊ သုတ်ဒေသနာ (၅၉)ပါး၊
ကရုဏာရှင် အကြင်နာရှင် ဖြစ်တော်မူသော ပရမတ်ဘုရားရှင်၏ ဂုဏ်တော်အားဖြင့်-
၄၄း၁။ ရည်သန်စူးစိုက်မှုတည်ရာ အရှင်၊ မြင့်မြတ်တော်မူသော အရှင်၊
၄၄း၂။ ရှင်းလင်းထင်ရှားသော ကျမ်းတော်အားဖြင့်-
၄၄း၃။ ၎င်းကို ကျက်သရေရှိသော ည၌ ငါ ချမှတ်ပေးတော်မူ၏၊ ဧကန်ပင်- ငါသည် သတိပေးနေတော်မူ၏။
၄၄း၄။ ထို၌ ဓမ္မ သတ်ဆိုင်ရာ ညွှန်ကြားချက်ကိုယ်စီ ခွဲခြမ်းစိတ်ဖြာဖွင့်ဆိုထား၏။
၄၄း၅။ ငါ့ထံတော်မှ ညွှန်ကြားချက် ဖြစ်၏။ ဧကန်ပင် ဉာဏ်စဉ်ဆောင်များကို ငါ စေစားနေတော်မူ၏။
၄၄း၆။ သင့်ကံကြမ္မာရှင်၏ ထံမှ ကရုဏာတော် ဖြစ်၏။ ဧကန်ပင် အရှင်သည် ကြားနေသောအရှင်၊ သိနေသောအရှင် ဖြစ်၏။
၄၄း၇။ မိုးများနှင့် မြေကမ္ဘာ ထိုနှစ်ခုကြား ရှိသမျှတို့၏ ကံကြမ္မာရှင် ဖြစ်၏။ သင်တို့ ဒိဌယုံကြည်မိပါလေစ။
၄၄း၈။ နိစ္စ အနိစ္စကို ဖြစ်စေသော သင်တို့၏ ကံကြမ္မာ ရှင်၊ သင်တို့ ဘဘိုး ရှေးဦးလူများ၏ ကံကြမ္မာရှင် ထိုအရှင် မှအပ အခြား ဘုရား ဟူ၍ မရှိပြီ။
၄၄း၉။ အမှန်မှာ သူတို့သည် ဒွိဟထဲ၌သာ ဟာသလုပ်နေ ကြ၏။
၄၄း၁၀။ မိုးကောင်းကင်အား ရှင်းလင်းထင်ရှားသော အခိုးထုဖြင့် ဆိုက် ရောက်လာမည့် နေ့ကာလကို စောင့်ကြည့်နေလော့။
၄၄း၁၁။ ၎င်းသည် လူသားတို့အား လွှမ်းခြုံလတ္တံ့။ ဤသည် စူးနစ်နာကျင်သော ဝဋ်ကြွေးပင် ဖြစ်၏။ ထိုအခါ
၄၄း၁၂။“အို- ကံကြမ္မာရှင်၊ တပည့်တော်တို့အား ဤဝဋ်ကြွေးမှ ဖယ်ရှားပေးပါ၊ တပည့်တော်တို့ သည် ယုံကြည်သူများ ဖြစ်ပါ၏။”(ဟု ဆိုကြလတ္တံ့)။
၄၄း၁၃။ သူတို့အား မည်သို့ သတိထပ်ပေးရအံ့နည်း၊ ဉာဏ်စဉ်ဆောင်သည် သူတို့ထံသို့ ရှင်းလင်းထင်ရှားစွာ ရောက်ခဲ့ပေပြီ။
၄၄း၁၄။ တဖန် သူ့ထံမှ လှည့်ထွက်ခဲ့ လျက် “သင်တန်းဆင်း ဦးနှောက်ပြင် ခံထားရသူ”ဟု ဆိုကြ၏။
၄၄း၁၅။ ဝဋ်ကြွေး အနည်းငယ်အား ငါ ဖယ်ရှားပေးသည်နှင့် သင်တို့သည် ဆက်မိုက်နေမြဲသာ ဖြစ်၏။
၄၄း၁၆။ ကိုင်တွယ်မှုကြီးဖြင့် ကိုင်တွယ်သော နေ့ကာလ၌ သူတို့ထံ တန်ပြန်စေလတ္တံ့။
၄၄း၁၇။ သူတို့မတိုင်မှီ ဖာရိုး၏ လူမျိုးအား ငါ စမ်းသပ်ခဲ့ပြီ။ သူတို့ထံသို့ ကျက်သရေရှိသော ဉာဏ်စဉ်ဆောင် ရောက်ရှိလာ၍
၄၄း၁၈။ ပရမတ်ဘုရားရှင်၏ အမှုတော်ဆောင်တို့၊ ကျွန်ုပ်ထံ၌ ပုံအပ်လော့၊ ကျွန်ုပ်သည် သင်တို့ အတွက် ယုံကြည်စိတ်ချရသော ဉာဏ်စဉ်ဆောင် ဖြစ်၏။
၄၄း၁၉။ သင်တို့သည် ပရမတ်ဘုရားရှင်ထက် ပို၍ အထွဋ်အထိပ် မဟုတ်၊ ရှင်းလင်းသော လုပ်ပိုင်ခွင့်ဖြင့် သင်တို့ထံသို့ ကျွန်ုပ်အား ပေးရောက်ပြီ။
၄၄း၂၀။ သင်တို့က ကျွန်ုပ်အား ပစ်ထုတ်သော်လည်း၊ ကျွန်ုပ်၏ ကံကြမ္မာရှင် သင်တို့၏ ကံကြမ္မာရှင်၌ ကျွန်ုပ် ခိုလှုံ၏။
၄၄း၂၁။ အကယ်၍ သင်တို့က မယုံကြည်ခဲ့လျှင်၊ ကျွန်ုပ်အား ရှောင်ခွာသွားခွင့်ပြုပါ။ (ဟု ဆို၍)
၄၄း၂၂။ ကံကြမ္မာရှင်ထံ၌ “ဤသူတို့သည် ရာဇဝတ်ကောင် လူမျိုးသာ ဖြစ်ပါ၏၊” အော်ကြွေး၏။
၄၄း၂၃။ သို့ဖြင့် “ငါ့ အမှုတော် ဆောင်များဖြင့် ည၌ ခရီးနှင်လော့၊ ဧကန်ပင် သင်တို့ကို နောက်မှ လိုက်ကြလိမ့် မည်၊-
၄၄း၂၄။ ပင်လယ်၀အား ဆိတ်ငြိမ်စွာ ချန်ထားခဲ့လော့၊ ၎င်းတို့ စစ်တပ်ကြီးအား နစ်မြုပ်စေလတ္တံ့။
၄၄း၂၅။ သူတို့သည် မည်မျှသော ဥယျာဉ်များ၊ စိမ့်စမ်းများကို နောက်၌ ချန်ထားခဲ့ရသနည်း။
၄၄း၂၆။ စိုက်ခင်းများ၊ ကျက်သရေရှိသော ဘုံဌာနေများ-
၄၄း၂၇။ သူတို့ ဂုဏ်ပေးလေ့ရှိသော သီးနှံများ-ပင်။
၄၄း၂၈။ ဤသို့ပင်၊ ငါသည် အခြား လူမျိုးအား သူတို့၏ အမွေကို ဆက်ခံစေ၏။
၄၄း၂၉။ မိုးနှင့် မြေသည် သူတို့အတွက် မျက်ရည်မကျ။ သူတို့အတွက် စောင့်ကြည့်နေခွင့်လည်း မရှိတော့ချေ။
၄၄း၃၀။ ငါသည် အရှက်တကွဲ နိမ့်ကျသော ဝဋ်ကြွေးမှ ဂျူးလူမျိုးတို့အား မုချ လွတ်မြောက်စေခဲ့သည်မှာ-
၄၄း၃၁။ အလွဲသုံးစားပြုသူတို့၏ ထိပ်သီး ဖာရိုးမင်းထံမှ ဖြစ်၏။
၄၄း၃၂။ ငါသည် သူတို့အား အသိပညာရှိသော လောကခပ်သိမ်းအပေါ် မုချ ရွေးချယ်တော်မူပြီ။
၄၄း၃၃။ သူတို့အား ငါ ပေးအပ်သည့် သုတ်ဒေသနာများ အနက်၊ ထို၌ ရှင်းလင်းထင်ရှားသော စုံစမ်းခြင်းမှုများ ရှိ၏။
၄၄း၃၄။ ဤသူတို့က ဧကန်ဆတ်ဆတ် ပြောကြမည်မှာ-
၄၄း၃၅။ ပထမအကြိမ် သေခြင်းမှအပ အခြားမရှိ၊ ကျွန်ုပ်တို့ နိုးကြွရှင်ပြန်ရမည်လည်း မဟုတ်ချေ။
၄၄း၃၆။ သင်တို့သည် ဖြောင့်မှန်သူများ ဖြစ်လျှင် ကျွန်ုပ်တို့၏ ဘဘိုးများကို ပြန်ယူခဲ့ လော့”ဟု ဖြစ်၏။
၄၄း၃၇။ သူတို့သည် တူဘာ လူမျိုးနှင့် သူတို့၏ရှေ့အလျင် ဖြစ်သူ များထက် ပို၍ကောင်းသလော၊ ထိုသူတို့သည် ရာဇဝတ်ကောင်များ ဖြစ်ခြင်း ကြောင့် သူတို့အား ငါ တိမ်ကောစေခဲ့ပြီ။
၄၄း၃၈။ ငါသည် မိုးများနှင့် မြေကမ္ဘာ ၎င်းတို့နှစ်ခုကြား အရာများကို ဖြစ်ကတတ်ဆန်း ပေါ့ပျက်ပျက် ဖြစ်တည်စေခြင်း မဟုတ်ချေ။
၄၄း၃၉။ ၎င်းတို့ကို မှန်ကန်ညီညွတ်ခြင်းဖြင့်သာ ငါ ဖြစ်တည်စေ၏၊ သို့သော် သူတို့မှ အများစုသည် သိကြသည် မဟုတ်ချေ။
၄၄း၄၀။ ဧကန်ပင် ရှင်းလင်းဆုံးဖြတ်မည့် နေ့ကာလသည် သူတို့ အားလုံး အတွက် ရက်ချိန်း ဖြစ်၏။
၄၄း၄၁။ မဟာမိတ်တစ်ဦးက မဟာမိတ်တစ်ဦးကို တစ်စုံ တစ်ရာ မပြည့်စုံစေနိုင်သော၊ သူတို့အတွက် အကူအညီ မရှိစေသော နေ့ကာလ တွင်-
၄၄း၄၂။ ပရမတ်ဘုရားရှင်မှ ကရုဏာသက်သူ သည်သာ ကင်း၏။ အရှင်သည် ဘုန်းတော်ရှင် အကြင်နာရှင် ဖြစ်တော်မူ၏။
၄၄း၄၃။ ဧကန်ဆတ်ဆတ်၊ ပဒိုင်းပင်သည်-
၄၄း၄၄။ အပြစ်ကောင်တို့၏ အစာ ဖြစ်၍၊
၄၄း၄၅။ ဝမ်းဗိုက်တွင်း၌ ကျွက်ကျွက်ဆူနေသော ကြေးနီးရည်ကဲ့သို့၊
၄၄း၄၆။ ကျွက်ကျွက်ဆူသော ရေနွေးပူကဲ့သို့ ဖြစ်၏။
၄၄း၄၇။ ထိုသူအား ဖမ်းဆီးလော့။ ပုံစံချပြီး ငရဲမီးထဲသို့ ဆွဲချလော့-
၄၄း၄၈။ ထို့နောက် သူ့ ခေါင်းပေါ်မှ ဝဋ်ကြွေး ရေနွေးပူကို သွန်း လောင်းလော့-
၄၄း၄၉။ ယင်းကို မြည်းစမ်းလော့၊ သင်သည်ကား ဘုန်းကံ ကျက်သရေ ရှိခဲ့လေ၏-
၄၄း၅၀။ ဤသည်ကား သင်တို့ အချင်းများလေ့ ရှိခဲ့ရာ ဖြစ်၏၊
၄၄း၅၁။ ဧကန်ပင်၊ စည်းစောင့်သူတို့သည် ယုံကြည်စိတ်ချရသော ဘုံဌာနေ၌-
၄၄း၅၂။ ဥယျာဉ်များ စိမ့်စမ်းရေသွင်များ၌
၄၄း၅၃။ ထည်ဝါ ခန့်ညားသော ပိုးဖဲကတ္တီပါများကို ဆင်ယင်လျက်၊ အချင်းချင်း မျက်နှာချင်းဆိုင်လျက်-
၄၄း၅၄။ ဤသို့ပင်၊ ငါသည် သူတို့အား ဖြူစင်သော မျက်လုံးပိုင်ရှင်များဖြင့် စုဖွဲ့ပေးတော်မူလတ္တံ့။
၄၄း၅၅။ ထို၌ သစ်သီးမျိုးစုံနှင့် ယုံကြည်စိတ်ချရမှုကို ဆုတောင်းပြည့်စေ၏။
၄၄း၅၆။ ပထမအကြိမ် သေဆုံးခဲ့ခြင်းမှ အပ- ထို၌ သူတို့သည် သေခြင်းတရားကို မြည်းစမ်းရမည် မဟုတ်ချေ၊ ငရဲမီး ဝဋ်ကြွေးမှလည်း ကာကွယ်စောင့်ရှောက် ခံရပြီ။
၄၄း၅၇။ ဤသည် ကံကြမ္မာရှင်၏ ထံမှ သိက္ခာပေးမှုပင်တည်း၊ ၎င်းမှာ မဟာ အောင်ပွဲပင် ဖြစ်၏။
၄၄း၅၈။ သို့ဖြင့် ငါသည် ၎င်းကို လွယ်ကူစေခြင်းငှာ သင်၏ ဘာသာစကား ဖြင့် ဖြစ်စေပြီ၊ သူတို့အတွက် ဆင်ခြင်သတိ ရှိအံ့ငှာလည်း ဖြစ်၏။
၄၄း၅၉။ သို့ဖြစ်၍ စောင့်ကြည့်နေကြလော့၊ သူတို့သည်လည်း စောင့်ကြည့်နေကြကုန်၏။
ဓမ္မခန္ဓာ (၄၄) ဤတွင် ပြီး၏။
ဓမ္မခန္ဓာ (၄၅) ဒူးထောက်ခြင်း
ဉာဏ်စဉ်ကိန်းဝပ်ပေးမှု အမှတ်စဉ် (၆၅)၊ သုတ်ဒေသနာ (၃၇)ပါး၊
ကရုဏာရှင် အကြင်နာရှင် ဖြစ်တော်မူသော ပရမတ်ဘုရားရှင်၏ ဂုဏ်တော်အားဖြင့်-
၄၅း၁။ ရည်သန်စူးစိုက်မှုတည်ရာ အရှင်၊ မြင့်မြတ်တော်မူသော အရှင်၊
၄၅း၂။ ချမှတ်ပေးသော ကျမ်းတော်သည် ဘုန်းတော်ရှင် ဓမ္မသတ်ရှင် ဖြစ်သော ပရမတ် ဘုရားရှင်၏ ထံမှ ဖြစ်၏။
၄၅း၃။ မိုးများနှင့် မြေအတွင်း၌ ယုံကြည်သူများ အတွက် သက်သေလက္ခဏာ များ ရှိနေ၏။
၄၅း၄။ သင်တို့အား ဖြစ်တည်စေခြင်းနှင့် သတ္တဝါအပေါင်းအား ပြန့်ပွား စေခြင်းများ၌ ဒိဌယုံသော လူမျိုးအတွက် သက်သေ လက္ခဏာများ ရှိ၏။
၄၅း၅။ ညနှင့် နေ့ကို အလှည့်ကျ ဖြစ်စေခြင်း၊ ပရမတ်ဘုရားရှင်က ကောင်းကင်ယံမှ ရိက္ခာ ချမှတ်ပေး၍ မြေအား သေပြီးနောက် ပြန်ရှင်စေခြင်း၊ လေများကို ဘက်ပြန်စေ ခြင်းများ၌ အတွေးအခေါ်ရှိသော လူမျိုး အတွက် သက်သေလက္ခဏာများ ရှိ၏။
၄၅း၆။ ဤသည် သင့်အား မှန်ကန်စွာ ဖတ်ပြသော ပရမတ်ဘုရားရှင်၏ သုတ်ဒေသနာတော်များ ဖြစ်၏။ ပရမတ်ဘုရားရှင်၏ သုတ်ဒေသနာများ နောက် မည်သည့် ဆင့်ပြန်ချက်ကို ယုံကြည်ဦးမည်နည်း။
၄၅း၇။ အပြစ်ရှိသူ လုပ်ဇတ်ဆင်သူ တိုင်း ပျက်စီးရမည်သာတည်း။
၄၅း၈။ သူ့အား ကြားနာရန် ဖတ်ပြသော ပရမတ်ဘုရားရှင်၏ သုတ်ဒေသနာ တို့အား သူ မကြားခဲ့ဟန် မောက်မာမန်တက် ဇွတ်တိုးလျက်ပင် ရှိ၏၊ သူ့အား စူးနစ် သော ဝဋ်ကြွေးအကြောင်း သတင်းကောင်းပါးလော့။
၄၅း၉။ ငါ၏ သုတ်ဒေသနာ တစ်စုံ တစ်ရာအား သိရသောအခါ၊ လှောင်ပြောင်စရာဟု ယူမှတ်သောသူ ထိုသူတို့ အတွက် နိမ့်ကျသော ဝဋ်ကြွေးသည် ရှိ၏။
၄၅း၁၀။ ငရဲသည် သူတို့အဘို့ ကွယ်လျက် ရှိ၏၊ သူတို့ ကျင့်ဆောင်ခဲ့သော အရာများ၊ ပရမတ်ဘုရားရှင်မှ လွဲ၍ သူတို့ အယူ ထားခဲ့သော မဟာမိတ်များသည် သူတို့အတွက် ပြည့်စုံမည် မဟုတ်၊ မဟာဝဋ်ကြွေး ကြီးသာ ရှိနေ၏။
၄၅း၁၁။ ဤသည် လမ်းညွှန်တော်ဖြစ်၏၊ ကံကြမ္မာရှင်၏ သုတ်ဒေသနာတို့ အား ဖုံးကွယ်သောသူ ထိုသူတို့အတွက် စူးနစ်သော ဝဋ်ကြွေး ဆိုးကျိုးသည် ရှိ၏။
၄၅း၁၂။ ပရမတ်ဘုရားရှင်သည် အရှင်၏ ညွှန်ကြားချက်ဖြင့် ပင်လယ်ပြင်၌ စီးမျောစေသော သင်္ဘောများကို သင်တို့အတွက် အသုံးခံ ဖြစ်စေသည့် အရှင် ဖြစ်၏၊ အရှင်၏ သိက္ခာပေးခြင်းအား သင်တို့ ရှာဖွေအံ့ငှာ၊ ကျေးဇူးသိအံ့ငှာ ဖြစ်၏။
၄၅း၁၃။ အရှင်သည် မိုးများအတွင်း မြေကမ္ဘာအတွင်း ရှိသမျှအားလုံးကို သင်တို့ အတွက် အသုံးခံ ဖြစ်စေ၏။ ၎င်းတို့သည် အရှင့်ထံမှ ဖြစ်၏။ ဧကန်ပင်- စဉ်းစား သုံးသပ်သော လူမျိုးအတွက် ဤ၌ သက်သေလက္ခဏာများ ရှိနေ၏။
၄၅း၁၄။ ပရမတ်ဘုရားရှင်၏ နေ့ကာလများအား မမျှော်လင့်ထားသော သူတို့ အား- လွတ်ငြိမ်းခွင့်ပေးရန် ယုံကြည်သော သူတို့အား- ဟောလော့၊ အရှင်သည် လူမျိုးတစ်မျိုးအား သူတို့၏ ကျင့်ဆောင်လေ့ရှိခဲ့ရာအား အစားပေးတော်မူလတ္တံ့။
၄၅း၁၅။ ပြုပြင်ပြောင်းလဲမှု ကျင့်ကြံသူသည် သူ၏ စရိုက်အတွက် ဖြစ်၍၊ အကုသိုလ် ကောင်သည်လည်း သူ့အတွက်ပင် ဖြစ်၏၊ ထို့နောက် ကံကြမ္မာရှင်၏ ထံသို့သာ ဦးလှည့်ပြန်ခဲ့ရမည်တည်း။
၄၅း၁၆။ ဂျူးလူမျိုးတို့အား ကျမ်းတော်၊ ဓမ္မသတ်တော်နှင့် သတင်းတော် ဆောင် ဘွဲ့များဖြင့် မုချ ငါ ချီးမြှင့်ခဲ့၏။ သူတို့အား သန့်စင်များရာမှ ရိက္ခာထောက် ခဲ့၏။ လောကခပ်သိမ်းထက် သူတို့ကို သိက္ခာပေးခဲ့၏။
၄၅း၁၇။ ညွှန်ကြားချက်တော်မှ ရှင်းလင်းချက်အား သူတို့ကို ငါ ပေးအပ်ခဲ့ပြီ၊ သူတို့ထံသို့ အသိပညာ ရောက်လာပြီး မှသာ သူတို့ချင်းကြား အပြစ်ရှာမှုများကြောင့် သူတို့၏ကြား ကွဲပြားကြကုန်၏၊ ဧကန်ပင် ရပ်တည်ရသော နေ့၌ ကံကြမ္မာရှင်က သူတို့၏အကြား၌ ငြင်းခုံကွဲလွဲလေ့ ရှိခဲ့သည်တို့ကို ဆုံးဖြတ်တော်မူလတ္တံ့။
၄၅း၁၈။ ညွှန်ကြားချက် ဥပဒေအတွင်း၌ သင့်ကို ငါ စီစဉ်ပေးထား၏၊ သို့ဖြစ် ၍ ၎င်းကို လိုက်နာလော့၊ အသိ မရှိသော သူများ၏ လိုဘများနောက်သို့ မလိုက် နာနှင့်။
၄၅း၁၉။ ပရမတ်ဘုရားရှင်အား ကင်းလျက် သူတို့သည် သင့်ကို တစ်စုံတစ်ရာ မပြည့်စုံနိုင်ချေ၊ အမိုက်ကောင်များမှာ သူတို့မှ အချို့သည် အချို့၏ မဟာမိတ်များ ဖြစ်၍။ ပရမတ်ဘုရားရှင်သည် စည်းစောင့်သူတို့အတွက် မဟာမိတ်ပင် ဖြစ်၏။
၄၅း၂၀။ ဤသည် လူသားတို့အဘို့ အမြင်အာရုံရစေခြင်း ဖြစ်၏၊ ဒိဌယုံသော လူမျိုးအတွက် လမ်းညွှန်တော်၊ ကရုဏာတော် ဖြစ်၏။
၄၅း၂၁။ သို့မဟုတ် အကုသိုလ် မှု၌ လုပ်ထည့်လိုက်သောသူတို့က ငါအရှင်သည် သူတို့အား ယုံကြည်လျက် ပြုပြင် ပြောင်းလဲခြင်း ကျင့်ကြံသော သူတို့ကဲ့သို့ စီစဉ်ပေးမည်ဟု စဉ်းစားနေကြသလော။ သူတို့၏ ရှင်ခြင်း သူတို့၏ သေခြင်းသည် အတူတူပင် ဖြစ်သလော၊ သူတို့၏ စီရင်ထုံးသည်ပင် အကုသိုလ် ဖြစ်၏။
၄၅း၂၂။ ဉာဉ်စရိုက် ကိုယ်စီ ကျင့်ဆောင်မှုအတွက် အစားရရန် ပရမတ်ဘုရားရှင်သည် မိုးများနှင့် မြေကို မှန်ကန်ညီညွှတ်စွာ ဖြစ်တည် စေတော်မူ၏။ သူတို့အား အဝိဇ္ဇာသင့်စေမည် မဟုတ်ချေ။
၄၅း၂၃။ မိမိ၏ လိုဘအား ဘုရားအဖြစ် အယူထားသူကို သင် ရှုစားမိသလော၊ ပရမတ်ဘုရားရှင်သည် သိနေသော်လည်း သူ့အား လွှဲဖယ်ထားလိုက်၏၊ သူ၏ ကြားနာခြင်းနှင့် နှလုံးသားအား အဆုံးသတ်ထားပြီ၊ သူ့ အမြင်၌ လွှမ်းခြုံမှုကို စီစဉ် ထား၏၊ ပရမတ်ဘုရားရှင်၏ နောက် သူ့အား မည်သူက လမ်းညွှန်ဦးမည်နည်း၊ သင်တို့သည် ဆင်ခြင်သတိ ရှိကြမည် မဟုတ်လော။
၄၅း၂၄။ သူတို့က “ဤလောကီ သက်တမ်းမှအပ အခြား မရှိချေ၊ ကျွန်ုပ်တို့ သည် အနိစ္စ၊ နိစ္စ ဖြစ်ရမည်ပင်၊ ခေတ်ကာလသည်သာ ကျွန်ုပ်တို့အား တိုက်စားလေ ၏၊”ဟု ဆိုကြ၏။ ဤအကြာင်းအရာ၌ သူတို့တွင် အသိပညာ မရှိချေ၊ စဉ်းစားမှု သာ ရှိလေ၏။
၄၅း၂၅။ ငါ၏ ရှင်းလင်းသော သုတ်ဒေသနာတို့ကို သူတို့အား ဖတ်ပြသော အခါ၊ သူတို့သည် စောကြောခြင်း မရှိဘဲ ပြောကြသည်မှာ “သင်တို့သည် ဖြောင့်မှန် သူများ ဖြစ်လျှင် ကျွန်ုပ်တို့၏ ဘဘိုးများကို ပြန်ယူခဲ့လော့၊”ဟု ဖြစ်၏။
၄၅း၂၆။ ဟောလော့ “ပရမတ်ဘုရားရှင်သည် သင်တို့အား အသက်ကိုပေး၏။ တဖန် သေဆုံးစေ၍ သံသယ ဖြစ်ဘွယ် မရှိသော ရပ်တည်ရမည့် နေ့ကာလဆီသို့ စုပေါင်းစေလတ္တံ့။ သို့သော် လူသား အများစုသည် သိကြသည် မဟုတ်ချေ။”
၄၅း၂၇။ မိုးများနှင့် မြေကမ္ဘာအား အစိုးရခြင်းသည် ပရမတ်ဘုရားရှင်၏ အချုပ်အခြာ၌ ရှိ၏။ ရပ်တည်ရမည့် နေ့ကာလ၊ ထို နေ့ကာလ၏ အချိန်နာရီတွင် မိစ္ဆာဒိဌိတို့သည် ဆုံးရှုံးပျက်စီးရလတ္တံ့။
၄၅း၂၈။ အသိုင်းအဝိုင်း ကိုယ်စီအား ဒူးထောက်လျက် သင် မြင်ရလတ္တံ့၊ ထို အသိုင်းအဝိုင်းတိုင်း၏ သူတို့အတွက် မှတ်တမ်းဆီသို့ ခေါ်ငင်လျက် ဤနေ့၌ သင်တို့၏ ကျင့်ကြံလေ့ရှိခဲ့သည်များကို အစားပေးခြင်းခံရလတ္တံ့။-
၄၅း၂၉။ ဤသည် ငါအရှင်၏ မှတ်တမ်းဖြစ်၍ ယင်းသည် သင်တို့အား မှန်ကန်စွာ စကားပြောလိမ့် မည်၊ ငါအရှင်သည် သင်တို့ ကျင့်ကြံလေ့ရှိသမျှကို ကမည်းထိုးထားတော်မူ၏။
၄၅း၃၀။ ယုံကြည်လျက် ပြုပြင်ပြောင်းလဲခြင်း ကျင့်ကြံသောသူများ အတွက် မူ ကံကြမ္မာရှင်သည် အရှင်၏ ကရုဏာတော်သို့ ဝင်ရောက်ခွင့်ပြု၏၊ ဤသည် သူ့အတွက် ရှင်းလင်းထင်ရှားသော အောင်ပွဲပင် ဖြစ်၏။
၄၅း၃၁။ ဖုံးကွယ်သော သူတို့အတွက်မူ ငါ၏ သုတ်ဒေသနာများကို သင်တို့အား ဖတ်ပြခဲ့သည် မဟုတ်လော၊ သို့ပါလျက် သင်တို့သည် မာနတက်နေကြ၍ သင်တို့ သည် ရာဇဝတ်ကောင် လူမျိုး ဖြစ်ကုန်၏။
၄၅း၃၂။ ပရမတ်ဘုရားရှင်၏ ကတိတော်သည် မှန်ကန်၏၊ ထိုအချိန်နာရီ၌ သံသယ မဖြစ်ကြကုန်နှင့် ဟု ပြောသောခါ၊ သင်တို့က “ကျွန်ုပ်တို့သည် ထိုအချိန် နာရီကို မည်သည်ဟု မမှန်းနိုင်၊ စဉ်းစားချက်မျှသာ ဖြစ်သည်ဟု ကျွန်ုပ်တို့ စဉ်းစား မိ၏၊ ကျွန်ုပ်တို့တွင် တိကျသေချာမှု မရှိချေ၊”ဟု ပြောကြ၏။
၄၅း၃၃။ သူတို့ကျင့်ကြံ သော အကုသိုလ်မှုသည် သူတို့အတွက် ဖေါ်ပြခံရလတ္တံ့။ သူတို့၏ လှောင်ပြောင် လေ့ရှိသည်များက သူတို့အား ပိတ်ဖုံးစေလတ္တံ့။
၄၅း၃၄။ သူတို့အား ပြောဆိုမည်မှာ “သင်တို့ ဆုံတွေ့ရမည့်နေ့ကာလကို သင်တို့ မေ့ပစ်ထားခဲ့ သကဲ့သို့ ဤနေ့၌ သင်တို့အား ငါ မေ့ပစ်လိုက်ပြီ။ ဤသည် သင်တို့အတွက် ခိုလှုံရာ အပူမီး ဖြစ်၏။ သင်တို့အတွက် ကူညီမည့်သူ မရှိပြီ။
၄၅း၃၅။ ယင်းမှာ သင်တို့သည် ပရမတ်ဘုရားရှင်၏ သုတ်ဒေသနာများကို လှောင်ပြောင် စရာဟု အယူထားခဲ့သောကြောင့်၊ သင်တို့အား လောကီ သက်တမ်းက မြှူဆွယ် ထားခြင်းကြောင့် ဖြစ်၏။ သို့ဖြစ်၍ သူတို့သည် ဤနေ့မှ ထွက်လမ်း မရှိချေ၊ အယူခံခွင့်ရှိသူများလည်း မဟုတ်ချေ။
၄၅း၃၆။ ရည်သန်စူးစိုက်မှု အပေါင်းသည် မိုးများ၏ ကံကြမ္မာရှင်၊ မြေကမ္ဘာ ၏ ကံကြမ္မာရှင်၊ လောကခပ်သိမ်း၏ ကံကြမ္မာရှင် ဖြစ်သော ပရမတ်ဘုရားရှင်၏ အတွက်သာ ဖြစ်၏။
၄၅း၃၇။ မိုးများနှင့် မြေမှ ကြီးကျယ်မြင့်မြတ်မှု အပေါင်းသည် အရှင်၏ အချုပ်အခြာ၌ ရှိ၏၊ အရှင်သည် ဘုန်းတော်ရှင် ဓမ္မသတ်ရှင် ဖြစ်တော် မူ၏။
ဓမ္မခန္ဓာ (၄၅) ဤတွင် ပြီး၏။
ဓမ္မခန္ဓာ (၄၆) လွင်တီးခေါင်
ဉာဏ်စဉ်ကိန်းဝပ်ပေးမှု အမှတ်စဉ် (၆၆)၊ သုတ်ဒေသနာ (၃၅)ပါး၊
ကရုဏာရှင် အကြင်နာရှင် ဖြစ်တော်မူသော ပရမတ်ဘုရားရှင်၏ ဂုဏ်တော်အားဖြင့်-
၄၆း၁။ ရည်သန်စူးစိုက်မှုတည်ရာ အရှင်၊ မြင့်မြတ်တော်မူသော အရှင်၊
၄၆း၂။ ချမှတ်ပေးသော ကျမ်းတော်သည် ဘုန်းတော်ရှင် ဓမ္မသတ်ရှင် ဖြစ်သော ပရမတ် ဘုရားရှင်၏ ထံမှ ဖြစ်၏။
၄၆း၃။ ငါသည် မိုးများနှင့် မြေကမ္ဘာရှိ အရာများ၊ ထိုနှစ်ခုကြားရှိ အရာများကို မှန်ကန်ခြင်းဖြင့်၊ သတ်မှတ်ကာလ အချိန်ဖြင့် ဖြစ်တည်စေသော်လည်း၊ ဖုံးကွယ် သော သူတို့သည် သတိပေးတရားတော်အား ဘောင်ကန့်ထားသူများ ဖြစ်ကြ၏။
၄၆း၄။ ဟောလော့၊ ပရမတ်ဘုရားရှင်မှ လွဲ၍ သင်တို့ ဆုတောင်းနေရာများကို မြင်သလော၊ မြေကမ္ဘာ၌ သူတို့က ဖြစ်တည်ပေးနိုင်ရာတို့ ရှိလျှင် ကျွန်ုပ်အား ပြလော့၊ သို့မဟုတ် အာကာသ၌ ဖက်စပ်ပိုင်ဆိုင်မှု ရှိလေသလော၊ သင်တို့သည် ဖြောင့်မှန်သူများ ဖြစ်လျှင်- ရှေ့အလျင် ကျမ်းတော် သို့မဟုတ် ရိုးရာစဉ်လာ ပညာ များအား ကျွန်ုပ်ထံ ပေးအပ်ကြလော့။
၄၆း၅။ ပရမတ်ဘုရားရှင်မှ လွဲ၍- ရပ်တည်ရမည့် နေ့ကာလတိုင် သူတို့အား အလိုတူ တုန့်ပြန်ပေးနိုင်ခြင်း မရှိသော အရာများထံ ဆုတောင်းနေသူများထက် ပို၍ မည်သူက လမ်းလွဲဦးမည်နည်း၊ သူတို့သည် သူတို့၏ ဆုတောင်းခြင်းအား မေ့လျော့ပေါ့ပျက်သူများ ဖြစ်ကြ၏။
၄၆း၆။ လူသားတို့ကို စုစည်းခံရသောအခါ၊ ထို ဆုတောင်းခံများက သူတို့ အတွက် စည်းဖေါက်သူများ ဖြစ်၍၊ သူတို့၏ ကိုးကွယ်ခဲ့ သည်တို့ကို ပယ်ချသူများ ဖြစ်ကြ၏။
၄၆း၇။ သူတို့အား ငါအရှင်၏ ရှင်းလင်းချက် သုတ်ဒေသနာများကို ရွတ်ဖတ် ပြသောအခါ၊ သူတို့ထံသို့ ရောက်လာသော သစ္စာတရားကို ဖုံးကွယ်သော သူတို့က “ဤသည် ရှင်းလင်းထင်ရှားသော မှော်အတတ်ပင်တည်း၊”ဟု ပြောဆိုကြ၏။
၄၆း၈။ သို့မဟုတ် “သူ၏ လုပ်ကြံဖန်တီးချက်၊”ဟု ပြောဆိုသည်များကို၊ ဟောပြောလော့ “အကယ်၍ ကျွန်ုပ်သည် ၎င်းကို လုပ်ကြံဖန်းတီးခဲ့သော်လည်း ပရမတ်ဘုရားရှင်မှ အပ ကျွန်ုပ်အား သင်တို့ တစ်စုံတစ်ရာ အစိုးရနိုင်ခြင်း မရှိချေ။ အရှင်သည် သင်တို့ ၏ စုပြုံပြောဆိုမှုကို အသိဆုံး ဖြစ်တော်မူ၏၊ သင်တို့၏ကြား ကျွန်ုပ်၏ကြား၌ အရှင်သည် လုံလောက်သော သက်သေပင် ဖြစ်၏။ အရှင်သည် လွတ်ငြိမ်းစေ သော အရှင် အကြင်နာရှင် ဖြစ်တော်မူ၏။”
၄၆း၉။ ဟောလော့ “ကျွန်ုပ်သည် ဉာဏ်စဉ်ဆောင်များအနက် အသစ်အဆန်း မဟုတ်ချေ၊ ကျွန်ုပ်၌ သင်တို့၌ မည်သို့ စီမံ ခံရမည်ကို ကျွန်ုပ် မမှန်းနိုင်၊ ကျွန်ုပ်သည် ကျွန်ုပ်ထံသို့ အာရုံဈာန်ရသည့် အတိုင်းသာ လိုက်နာ၏၊ ကျွန်ုပ်သည်ကား ရှင်းလင်း ထင်ရှားသော သတိပေးသူသာ ဖြစ်၏။”
၄၆း၁၀။ ဟောလော့ “သင်တို့ ဖုံးကွယ်မှောင်ချ သော ထိုအရာသည် ပရမတ်ဘုရားရှင်၏ ထံမှ ဖြစ်ကြောင်း မြင်မိသလော၊ ဂျူး လူမျိုးတို့ အနက်မှ သက်သေခံတစ်ဦးက ၎င်းသည် အလားတူ ဖြစ်သည်ဟု သက် သေခံလျက် ယုံကြည်သော်လည်း သင်တို့သည်ကား မာနတက်နေလျက်ပင် ရှိသေး ၏၊ ဧကန်ပင် ပရမတ်ဘုရားရှင်သည် မိုက်ကြေးခွဲသော လူမျိုးအား လမ်းညွှန်တော် မမူချေ။”
၄၆း၁၁။ ဖုံးကွယ်သော သူတို့က ယုံကြည်သော သူတို့အား “ထို၌ ကောင်းခြင်း ရှိခဲ့လျှင်- သူတို့သည် ကျွန်ုပ်တို့ထက် အလျင် ၎င်းကို သတ်မှတ်ပေးခဲ့မည် မဟုတ် ချေ၊ ထို့အတွက် သူတို့အား လမ်းညွှန်ခဲ့ခြင်းလည်း မရှိချေ၊”ဟု ပြောကြ၏။ သို့ဖြင့် သူတို့က “ဤသည် ရှိနေခဲ့သော လုပ်ဇတ်မျှသာ ဖြစ်၏၊”ဟု ဆိုကြသေး၏။
၄၆း၁၂။ ဤရှေ့အလျင် မူဆာခေတ်မှ ကျမ်းတော်သည် ရှေ့ဆောင်လမ်းပြနှင့် ကရုဏာကို ဆောင်၏။ အာရ်ဗီ ဘာသာစကားဖြင့် ဖြစ်သော ဤကျမ်းသည် ဖြောင့်မှန်စေ၏၊ အဝိဇ္ဇာသင့်နေသော သူတို့အား သတိပေးရာ၊ သုမင်္ဂလာပြုသူတို့အား သတင်း ကောင်းပေးရာ ဖြစ်၏။
၄၆း၁၃။ ဧကန်ပင် “ပရမတ်ဘုရားရှင်သည် ကျွန်ုပ်တို့၏ ကံကြမ္မာရှင် ဖြစ်၏၊” ဟု ပြောဆိုသောသူ၊ ရပ်တည်ချက်ရှိသူ၊ သူတို့အား ကြောက်ရွံ့ရစေမည် မဟုတ်၊ သောကဖြစ်ရစေမည်လည်း မဟုတ်ချေ။
၄၆း၁၄။ ထိုသူတို့သည် ဥယျာဉ်ဘုံ၏ ပေါင်း ဖေါ်များ ဖြစ်၍၊ ထို၌ အစဉ်စံစားရမည်ပင်၊ သူတို့၏ ကျင့်ကြံလေ့ ရှိရာများကို သူတို့ အတွက် အစားပေးမှု ဖြစ်စေ၏။
၄၆း၁၅။ လူသားအား မွေးမိဘတို့အပေါ် တင့်တယ်စွာပြုမူရန် ငါ မှာကြား၏။ မိခင်သည် သူ့အား ကြိတ်မှိတ်၍ ကိုယ်ဝန်ဆောင်ခဲ့ရပြီး၊ ကြိတ်မှိတ်၍ မွေးဖွားခဲ့ ရ၏။ သူ၏ နို့ဖြတ်ခြင်း၊ သူ့အား သယ်ပိုးရခြင်းသည် လပေါင်းသုံးဆယ် ဖြစ်၏၊ သူသည် အရွယ်ရောက် ရင့်ကျက်၍၊ အသက်လေးဆယ်သို့ ဆိုက်ရောက်သော်၊ “အို- ကံကြမ္မာရှင် တပည့်တော်နှင့် မွေးမိဘအား ဂုဏ်ပေးခဲ့သည့် ဂုဏ်သိက္ခာ အတွက် ကျေးဇူးသိတတ်သည့် ရာထူးကို ပေးတော်မူပါ၊ တပည့်တော်အား အရှင် ၏ ကျေနပ်စေရာ ပြုပြင်ပြောင်းလဲခြင်းကို ကျင့်ကြံစေနိုင်၍၊ တပည့်တော်၏ သားစဉ်မြေးဆက်ကိုလည်း ပြုပြင်ပြောင်းလဲစေတော်မူပါ၊ တပည့်တော်သည် အရှင့်ထံ၌ ခဝါချပါ၏၊ တပည့်တော်သည် ငြိမ်းချမ်းရေးဆောင်သူတို့မှ ဖြစ်ပါ၏၊” ဟု ရင့်ကျူး၏။
၄၆း၁၆။ သူတို့၏ သုမင်္ဂလာ ကျင့်ကြံမှုများကို အကိုးပြည့်စေ၍ အကုသိုလ် များအား ကျော်ဖြတ်ပေးခံရသူများ ဖြစ်၏။ သူတို့အား ဥယျာဉ်ဘုံ၏ ပေါင်းဖေါ်များ ဖြစ်စေ၍၊ သူတို့အား ပေးခဲ့သည့် ကတိတော်အား ဖြောင့်မှန်သော ကတိဖြစ်စေ၏။
၄၆း၁၇။ မွေးမိဘအား “ရွံစရာကြီးဗျာ- ပြန်ရှင်လာရမည်ဟု – ကျွန်ုပ်အား သင်တို့ ကတိရှိသလော၊ ကျွန်ုပ်၏ ရှေ့အလျင် မျိုးဆက်များလည်း လွန်ခဲ့လေပြီ တည်း”ဟု ပြောဆိုသူ၊ သူတို့က ပရမတ်ဘုရားရှင်ထံ အသနားခံသည်မှာ” သင် သည် ပျက်စီးရလေခြင်း၊ ယုံကြည်ခြင်းရှိပါ၊ ပရမတ်ဘုရားရှင်၏ ကတိတော်သည် မှန်ကန်၏၊”ဟု ဖြစ်၏။ သို့ဖြင့် သူက “ဤသည် ရှေးသရောအခါက ဒဏ္ဍာရီများသာ တည်း”ဟု ပြောဆို၏။
၄၆း၁၈။ ကလျာဏနှင့် အန္ဓပုတုဇဉ်တို့၏ အနက်မှ သူတို့၏ ရှေ့အလျင် လွန်လေခဲ့ပြီးသော အသိုင်းအဝိုင်းများ၌ ဤသို့သော သူများအတွက် တရားတော် သည် မှန်ကန်ခဲ့၏။ သူတို့သည်လည်း လုံးပါးပျက်သုဉ်းရမည်ပင်။
၄၆း၁၉။ ကျင့်ကြံရာ အတိုင်းသာ အခွင့်အလမ်း ကိုယ်စီ ရှိစေ၏။ သူတို့၏ ကျင့်ကြံမှုများ အတွက် ပြန်ပြည့်စေလတ္တံ့၊ သူတို့အား အဝိဇ္ဇာသင့်စေမည် မဟုတ်ချေ။
၄၆း၂၀။ ဖုံးကွယ်သော သူတို့အား အပူမီး ဘောင်တွင်းမှ ဖြစ်စေသော နေ့၌ “သင်တို့သည် လောကီ သက်တမ်း၌ စင်ကြယ်ရာများကို ရုပ်သိမ်းပစ်လျက် သာယာခဲ့ကြ၏။ သို့ဖြစ်၍ မြေကမ္ဘာ၌ သင်တို့၏ သစ္စာမဲ့စွာ မာနတက်နေမှု၊ သင်တို့၏ ယုတ်မာလေ့ ရှိမှု များကြောင့်- ဤနေ့၌ သင်တို့အား နိမ့်ကျသော ဝဋ်ကြွေးကို အစားရစေမည်။”
၄၆း၂၁။ လွင်တီးခေါင်ထဲ၌ သတိပေးနှိုးဆော်သော အာ့ဒ်၏ ညီနောင် လူမျိုး များ အကြောင်းကို သတိဖေါ်ပေးလော့၊ သူ ကွယ်လွန်စဉ် သူ၏ လက်ရှိ-မျက်မှောက် သူ၏နောက်တွင် “ပရမတ်ဘုရားရှင်ကိုသာ ကိုးကွယ်ကြလော့၊ ကျွန်ုပ် သည် သင်တို့အပေါ် ဝဋ်ကြွေးသင့်မည့် နေ့ကြီးကို ကြောက်မိပါ၏၊”ဟူသော သတိ ပေးသူများ ရှိခဲ့ပြီ။
၄၆း၂၂။ သူတို့က “ကျွန်ုပ်တို့၏ ဘုရားများကို ကျွန်ုပ်တို့က လှည့်စားပစ်စေ အံ့ငှာ သင်ရောက်လာခြင်း ဖြစ်သလော၊ သင်သည် ဖြောင့်မှန်သူ ဖြစ်လျှင် သင်၏ ကတိအား ကျွန်ုပ်တို့ထံသို့ ရောက်စေလော့၊”ဟု ဆိုကြ၏။
၄၆း၂၃။ သူက “ကုန်စင် သိခြင်းသည် ပရမတ်ဘုရားရှင်၏ ထံ၌သာ ရှိ၏။ ကျွန်ုပ်သည် ကျွန်ုပ်အား စေစား ခံရသည်ကို သင်တို့ထံ ဆိုက်ရောက်စေခြင်းသာ ဖြစ်၏။ သို့သော် သင်တို့သည် ပညာမဲ့သော လူမျိုးဖြစ်သည်ကို ကျွန်ုပ် မြင်ရပြီ၊”ဟု ဆို၏။
၄၆း၂၄။ သူတို့၏ ချိုင့်ဝှမ်းဒေသသို့ ရှေ့တိုးလာသော တိမ်အကန့်များကို သူတို့ မြင်သောအခါ၊ “ဤတိမ်အကန့်များသည် ကျွန်ုပ်တို့ထံသို့ မိုးထုကိုဆောင်လာ၏၊” ဟု ဆိုကြ၏။ အမှန်မှာ ၎င်းသည် သူတို့ အလျင်လိုနေသော စူးနစ်သည့် ဝဋ်ကြွေးကို ဆောင်လာသည့် လေပင် ဖြစ်၏။
၄၆း၂၅။ ၎င်း ကံကြမ္မာရှင်၏ ညွှန်ကြားချက် အတိုင်း၊ ၎င်းက သဗ္ဗလုံးစုံကို တိုက်ဖျက်လိုက်၏။ သို့ဖြင် အခြေချခဲ့ရာ မှအပ မြင်စရာမရှိ ဖြစ်သွားတော့၏၊ ငါသည် ရာဇဝတ်ကောင် လူမျိုးအား ဤသို့ အစားပေးတော် မူ၏။
၄၆း၂၆။ မုချပင်၊ သင်တို့အား ထူထောင်ပေးသကဲ့သို့ သူတို့အားလည်း ငါ ထူထောင်ပေးခဲ့၏၊ ထို့ပြင် သူတို့အား အကြား အမြင် စိတ်နှလုံးများကို စီစဉ်ပေး ခဲ့၏၊ သို့သော် ပရမတ်ဘုရားရှင်၏ သုတ်ဒေသနာများကို ပယ်ပစ်ကြသောအခါ သူတို့၏ အကြား၊ သူတို့၏ အမြင်၊ သူတို့၏ စိတ်ခံစားချက်များသည် တစ်စုံတစ်ရာ မပြည့်စုံတော့ပေ။ သူတို့၏ လှောင်ပြောင်လေ့ ရှိရာများက သူတို့အား ပိတ်ဖုံးထား လေပြီ။
၄၆း၂၇။ ငါသည် သင်တို့ ပတ်ဝန်းကျင်မှ အရပ်ဒေသများကို မုချ တိမ်ကောစေခဲ့ ပြီ။ သူတို့ ဦးလှည့်စေအံ့ငှာ သုတ်ဒေသနာများကို ထပ်ပြန်တလဲလဲရှင်းပြခဲ့၏။
၄၆း၂၈။ ပရမတ်ဘုရားရှင်အား တုပြိုင်လျက် သူတို့ ပူဇော်ချည်းကပ် အယူ ထားခဲ့သော သူများက သူတို့အား အဘယ်ကြောင့် မကူညီကြသနည်း၊ အမှန်မှာ ၎င်းတို့သည် သူတို့ထံမှ လွှဲဖယ်သွားကြပြီ။ ဤသည် သူတို့၏ လုပ်ကြံဖန်တီးမှု လုပ်ဇတ်များသာ ဖြစ်၏။
၄၆း၂၉။ ငါသည် ပုတုဇဉ်များမှ ချီတက်လာသူတစ်စုအား ကုရ်အာန်ကို ကြားနာစေရန် သင့်ဘက်သို့ လှည့်စေ၏၊ အဆင်သင့် ဖြစ်သော် သူတို့က “ဂရုစိုက် ကြလော့၊”ဟု ဆို၏၊ သို့ဖြင့် ပြီးဆုံးသောအခါ သူတို့၏ လူမျိုးထံသို့ လှည့်ပြန်လျက် သတိပေး-
၄၆း၃၀။ ပြောဆိုကြသည်မှာ “အို- ကျွန်ုပ်တို့၏ လူမျိုးတို့ ကျွန်ုပ်တို့သည် မူဆာ၏ နောက်၌ ချမှတ်ပေးသော ကျမ်းတော်ကို ကြားနာခဲ့ရ၏၊ ၎င်းသည် လက်ရှိ-မျက်မှောက်များကို ဖြောင့်မှန်စေ၏၊ ပရမတ္ထသစ္စာသို့၊ ဖြောင့်မတ်မြဲမြံ သော လမ်းကြောင်းသို့ ညွှန်၏၊
၄၆း၃၁။ အို- ကျွန်ုပ်တို့၏ လူမျိုးတို့၊ ပရမတ်ဘုရားရှင်၏ ဖိတ်ခေါ်သူအား အဖြေပေးကြလော့၊ အရှင့်အား ယုံကြည်ကြလော့၊ အရှင်သည် သင်တို့အား အပြစ် များမှ လွတ်ငြိမ်းစေလတ္တံ့၊ စူးနစ်နာကျင်သော ဝဋ်ကြွေးမှ ကာကွယ်ပေးတော်မူ လတ္တံ့၊
၄၆း၃၂။ ပရမတ်ဘုရားရှင်၏ ဖိတ်ခေါ်သူအား ပြန်မဖြေသော သူက မြေကမ္ဘာ၌ ချိနဲ့စေနိုင်ခြင်း မရှိ၊ အရှင် မှလွဲ၍ သူ့အတွက် မဟာမိတ်လည်း မရှိချေ၊ ထိုသူတို့ သည် ရှင်းလင်းထင်ရှားသော အပါယ်လမ်း၌သာ ရှိ၏။
၄၆း၃၃။ ဧကန်ပင် ပရမတ်ဘုရားရှင် အရှင်သည် မိုးများနှင့် မြေကမ္ဘာအား ဖြစ်တည်စေတော်မူခြင်း၊ ထိုဖြစ်တည်ပေးခြင်း အတွက် နွမ်းလျတော်မမူခြင်း၊ စည်းချိန်အလျောက် ရှင်စေခြင်း သေစေခြင်းတို့ကို မမြင်မိကြသလော၊ ဧကန်ပင် အရှင်သည် သဗ္ဗလုံးစုံအား စည်းချိန်ချမှတ်တော်မူ၏။
၄၆း၃၄။ ဖုံးကွယ်သော သူတို့အား အပူမီး ဘောင်တွင်းမှ ဖြစ်စေသော နေ့၌၊ ဤသည် အမှန် မဟုတ်လောဟု မေးသော် သူတို့က “ကံကြမ္မာရှင်အား တိုင်တည် လျက်၊-အမှန်ပင် ဖြစ်၏၊”ဟု ဆိုကြ၏။ အရှင်က “သင်တို့၏ ဖုံးကွယ်လေ့ရှိသည် များ အတွက် ဝဋ်ကြွေးအား မြည်းစမ်းကြလော့၊”ဟု မိန့်တော်မူမည်၊”ဟု ဖြစ်၏။
၄၆း၃၅။ သို့ဖြစ်၍၊ လောကဓံအား စိတ်ဆုံးဖြတ်၍ သည်းခံပါရမီ ရှိသူ ဉာဏ်စဉ်ဆောင်များ ကဲ့သို့ သင်သည်လည်း သည်းခံပါရမီ ရှိလော့။ သူတို့နှင့် စပ်လျဉ်း၍ အလျင်မလိုနှင့်၊ သူတို့အား ကတိပေးထားသည့် အတိုင်း သူတို့ မြင် တွေ့ရသော နေ့ကာလ၌ သူတို့သည် တစ်နေ့တာ၏ တစ်နာရီမျှသာ နေခဲ့ရသည်ဟု ခံစားရလတ္တံ့၊ (ဓမ္မကို) ဆိုက်ရောက်စေလော့၊ ယုတ်မာသော လူမျိုးမှအပ အခြား တိမ်ကောရသူ ရှိလေသလော။
ဓမ္မခန္ဓာ (၄၆) ဤတွင် ပြီး၏။
ဓမ္မခန္ဓာ (၄၇) အရိမေတ္တေယျ
ဉာဏ်စဉ်ကိန်းဝပ်ပေးမှု အမှတ်စဉ် (၉၅)၊ သုတ်ဒေသနာ (၃၈)ပါး၊
ကရုဏာရှင် အကြင်နာရှင် ဖြစ်တော်မူသော ပရမတ်ဘုရားရှင်၏ ဂုဏ်တော်အားဖြင့်-
၄၇း၁။ ဖုံးကွယ်မှောင်ချ၍၊ ပရမတ်ဘုရားရှင်၏ လမ်းစဉ်တော်မှ ဖယ်ခိုင်း သော သူတို့၏ ကျင့်ကြံမှုများမှာ လွဲမှားခြင်းသာ ဖြစ်၏။
၄၇း၂။ ယုံကြည်လျက် ပြုပြင် ပြောင်းလဲခြင်း ကျင့်ကြံသော- မေတ္တေယျ ထံ၌ ချမှတ်ပေးသည်ကို ၎င်းသည် ကံကြမ္မာရှင်ထံမှ ပရမတ္ထသစ္စာ ဖြစ်သည်ဟု ယုံကြည်သော သူများအား သူတို့၏ အကုသိုလ်များကို ဖုံးပစ်လျက် အခြေအနေကို ပြုပြင်ပေးတော်မူမည်။
၄၇း၃။ ဤသည်မှာ၊ ဖုံးကွယ်မှောင်ချသော သူတို့သည် မိစ္ဆာတရားကို လိုက်နာကြ၍၊ ယုံကြည်သော သူတို့သည် ကံကြမ္မာရှင်၏ ထံမှ သစ္စာတရားကို လိုက်နာသောကြောင့် ဖြစ်၏။ ဤသို့၊ ပရမတ်ဘုရားရှင်သည် လူသားတို့အတွက် ပမာဆောင် ဥပမာပေးတော်မူ၏။
၄၇း၄။ သင်တို့သည် ဖုံးကွယ်သော သူတို့နှင့် ထိပ်တိုက်တွေ့သောအခါ သူတို့ကို ချုပ်ကိုင်နိုင်သည်ထိ စစ်လည်မြိုကို ဖြတ်တိုက်လော့။ ထို့နောက် အင်အား ဖြင့် ချုပ်နှောင်နိုင်၏ သို့မဟုတ်၊ မျက်နှာသာပေးနိုင်၏၊ သို့မဟုတ် လျော်ကြေး တောင်းနိုင်၏။ ဤသည် စစ်ပွဲ၌ လက်နက်ချစဉ် ဖြစ်၍။ အကယ်၍ ပရမတ် ဘုရားရှင်၏ စံချိန်ပြည့်မှီခဲ့လျှင် အရှင်သည် သူတို့အား ကူညီနိုင်၏။ သို့သော် အရှင် သည် သင်တို့အား အချို့ကို အချို့အားဖြင့် စုံစမ်းတော်မူ၏။ ပရမတ်ဘုရားရှင်၏ လမ်းစဉ်တော်၌ ကျဆုံးရသော သူများ၏ ကျင့်ကြံမှုတို့သည် လွဲမှားခြင်း မရှိချေ။
၄၇း၅။ အရှင်သည် သူတို့အား လမ်းညွှန်တော်မူလတ္တံ့၊ သူတို့၏ အခြေအနေကို ပြုပြင်ပေးတော်မူလတ္တံ့။
၄၇း၆။ သူတို့အတွက် အသိအမှတ်ပြုပြီးသော ဥယျာဉ်ဘုံသို့ ဝင်ရောက်စေတော်မူလတ္တံ့။
၄၇း၇။ အို- ယုံကြည်သော သူတို့၊ သင်တို့သည် ပရမတ်ဘုရားရှင်အား ကူညီမှု ပြုလျှင် သင်တို့အား ကူညီခံရစေလတ္တံ့။ သင်တို့၏ စုံရပ်ခံမှုကို ခိုင်မာစေလတ္တံ့။
၄၇း၈။ ဖုံးကွယ်မှောင်ချသော သူတို့အား ဆိတ်သုဉ်းစေလတ္တံ့။ သူတို့၏ ကျင့်ကြံမှုများမှာ လွဲမှားနေကြ၏။
၄၇း၉။ ဤသည်မှာ သူတို့သည် ပရမတ်ဘုရားရှင်၏ ချမှတ်ပေးခြင်းကို မုန်းတီးသောကြောင့်ပင်။ သို့ဖြင့် သူတို့၏ ကျင့်ကြံမှုများအား အချည်းနှီး ဖြစ် စေ၏။
၄၇း၁၀။ သူတို့သည် မြေကမ္ဘာအနှံ့ သွားလာလျက် သူတို့၏ ရှေ့အလျင် ဖြစ် သူများ နိဂုံး မည်သို့ ချုပ်ရသည်ကို မကြည့်ကြသလော။ ပရမတ်ဘုရားရှင်သည် သူတို့အား ပျက်စီးစေလိုက်၏။ ဖုံးကွယ်မှောင်ချသူတို့ အတွက် ဥပမာပင် ဖြစ်၏။
၄၇း၁၁။ ဤသည်မှာ ပရမတ်ဘုရားရှင်သည် ယုံကြည်သော သူတို့အတွက် မဟာမိတ် ဖြစ်သောကြောင့်တည်း၊ ဖုံးကွယ်သူတို့ အတွက်မူ သူတို့အတွက် မဟာမိတ်ဟူ၍ မရှိချေ။
၄၇း၁၂။ ဧကန်ပင် ပရမတ်ဘုရားရှင်သည် ယုံကြည်၍ ပြုပြင်ပြောင်းလဲခြင်း ကျင့်ကြံသောသူများအား အောက်ခင်း၌ စမ်းချောင်းရေသွင် စီးဆင်းလျက်ရှိသော ဥယျာဉ်ဘုံများသို့ ဝင်စေတော်မူမည်ပင်။ ဖုံးကွယ်၍ ပျော်ပါးမြူးထူးနေသော သူများသည်ကား၊ တိရိစ္ဆာန်များ စားသကဲ့သို့သာ စားသုံးရမည်ပင်၊ အပူမီးသည် သူတို့အတွက် တည်းခိုရာ ဖြစ်၏။
၄၇း၁၃။ မည်မျှသော အရပ်ဒေသများသည် သင့်အား မောင်းထုတ်ခဲ့သော ဒေသထက် ပိုမို သန်မာသော အစွမ်းသတ္တိ ရှိခဲ့ သနည်း၊ ငါအရှင်က သူတို့အား တိမ်ကောစေလျှင် သူတို့အတွက် ကူညီနိုင်သူ မရှိချေ။
၄၇း၁၄။ ကံကြမ္မာရှင်၏ ထံတော် မှ ရှင်းလင်းချက်များ ပေါ်၌ ရှိသူသည်- အကုသိုလ် ကျင့်ကြံမှုများ၏ ဖမ်းစားခံနေ သူ၊ သူတို့၏ လိုဘများသို့ လိုက်နေသူ ကဲ့သို့ ဖြစ်သလော။
၄၇း၁၅။ စည်းစောင့်သူများ အတွက် ကတိတော်ထားသည့် ဥယျာဉ်တော်၏ ဥပမာပုံသည်ကား- ထို၌ ရေ ညစ်ညမ်းမှု မရှိသော မြစ်ချောင်းများ အဟာရ မပြောင်းလဲသော နို့ရည် မြစ်ချောင်းများ၊ သောက်သုံးသူများ အတွက် အရသာရှိ သော ယစ်ရွှေရည် မြစ်ချောင်းများ၊ ရွေးချယ်ထားသော ပျားရည် မြစ်ချောင်းများ ရှိ၏။ ထို၌ သူတို့အတွက် ကံကြမ္မာရှင်၏ ထံမှ လွတ်ငြိမ်းခွင့်ပေးထားသည့် သစ်သီး၀လံမျိုးစုံ ရှိ၏။ ၎င်းသည် အပူမီးထဲ၌ အစဉ်ခံစားလျက် တိုက်မည့် ရေမှာ ရေနွေးပူဖြစ်၍ အိမ်သိမ်အူမ ပြတ်ကျရ-သူ ကဲ့သို့ ဖြစ်သလော။
၄၇း၁၆။ သူတို့အနက် သင့်ထံတွင် ကြားနာကြလျက် သင့်ထံမှ ထွက်သွား၍၊ အသိပညာ ချီးမြှင့်ခံရသော သူတို့အား “သူက ယခု ဘာများ ပြောသေးသနည်း၊”ဟု ပြောသူတို့ ရှိ၏။ သူပြောသည်မှာ “ပရမတ်ဘုရားရှင်က သူတို့၏ နှလုံးသားကို တံဆိပ်ထုထားသော သူတို့၊- ထိုသူတို့သည် သူတို့၏ လိုဘများသို့ လိုက်နေသူများ ဖြစ်ကြ၏။”
၄၇း၁၇။ လမ်းညွှန်ခြင်း ခံရသော သူတို့အား၊ ပရမတ်ဘုရားရှင်က လမ်းညွှန် ခြင်းကို တိုးပွားစေလျက် စည်းစောင့်နိုင်ခြင်းကို ချီးမြှင့်တော်မူ၏။
၄၇း၁၈။ သူတို့သည် သူတို့ထံသို့ ရုတ်တရက် ပေးရောက်လာမည့် အချိန်နာရီ အား စောင့်ကြည့်နေကြသလော။ မုချပင် ထို့အတွက် အတိတ်နိမိတ်တို့ ရောက်လာ ပြီ- သို့လျှင်၊ သူတို့ထံသို့ မည်သို့သော သတိပေးတရားတော် ရောက်လာစေမူ သူတို့အတွက် ကုံလုံပြည့်စုံနိုင်တော့မည်နည်း။
၄၇း၁၉။ သို့ဖြစ်၍၊ ပရမတ်ဘုရားရှင်မှ အပ အခြား ဘုရားဟူ၍ မရှိကြောင်း သိကြလော့။ သင်၊ ယုံကြည်သူများနှင့် ယုံကြည်သော သူမတို့၏ အပြစ်များမှ ကင်း ရန် လွတ်ငြိမ်းဆုပန်လော့။ ပရမတ်ဘုရားရှင်သည် သင်တို့၏ ဦးတည်လှုပ်ရှားမှု များ၊ သင်တို့၏ တည်းခိုမှုများကို သိနေတော်မူ၏။
၄၇း၂၀။ ယုံကြည်သော သူတို့က “အဘယ်ကြောင့် ဓမ္မခန္ဓာ တစ်ပါး မချမှတ် ပေးသနည်း၊”ဟု ဆိုကြ၏။ သို့သော် စီရင်ထုံးတည်သော ဓမ္မခန္ဓာတစ်ပါးကို ချမှတ် ပေး၍ ထို၌ ခုခံစစ်အကြောင်း သတိဖေါ်ပေးသော်၊ စိတ်နှလုံး၌ ရောဂါရှိသော သူ များက သူတို့ထံ လှည့်လာနေသော သေဘေး လွှမ်းခြုံခံရသည့် အကြည့်ဖြင့် သင့်အား ကြည့်နေသည်ကို သင် မြင်ရ၏။
၄၇း၂၁။ နာခံခြင်း၊ အသိအမှတ်ပြု ပြောဆိုခြင်း- ညွှန်ကြားချက် တစ်ခုအား ဆုံးဖြတ်သောအခါ၊ သူတို့သည် ပရမတ်ဘုရားအပေါ် ဖြောင့်မှန်ကြလျှင် သူတို့ အတွက် ပို၍ ကောင်းလေ၏။
၄၇း၂၂။ အကယ်၍ သင်တို့အား အလှည့်ပေးလိုက်လျှင်၊ သင်တို့သည် မြေ ကမ္ဘာ၌ အဖျက်လုပ်၍ သင်တို့၏ မွေးရာပါ အခွင့်အရေးများကို ဖြတ်တောက်သင့် သလော။
၄၇း၂၃။ ထိုသူတို့သည်ကား ပရမတ်ဘုရားရှင်၏ မေတ္တာဝေးစေပြီ၊ သို့ဖြစ်၍ သူတို့သည် နားပင်းခြင်း၊ အမြင်များ ကန်းခြင်းတို့ ဖြစ်ရ၏။
၄၇း၂၄။ သူတို့သည် အဘယ်ကြောင့် ကုရ်အာန်ကို အရင်းအမြစ်မစစ်ကြ သနည်း၊ သို့တည်းမဟုတ် သူတို့၏ စိတ်နှလုံးကို သော့ခတ်ထားကြသလော။
၄၇း၂၅။ သူတို့အတွက် လမ်းညွှန်ခြင်းကို ရှင်းလင်းစေပြီး နောက်မှ ပြန်လှည့်သွားသော သူ တို့သည် မကောင်းဆိုးဝါး၏ လှုံ့ဆော်မှုကို ခံရပြီ၊ သူတို့အား အချိန်လေလွင့်စေ၏။
၄၇း၂၆။ ယင်းမှာ သူတို့က ပရမတ်ဘုရားရှင်၏ ချမှတ်ပေးချက်ကို မုန်းတီး သော သူတို့အား “ညွှန်ကြားချက် အချို့တွင် ကျွန်ုပ်တို့သည် သင်တို့ကို နာခံပါမည်၊” ဟု ဆိုသောကြောင့် ဖြစ်၏။ ပရမတ်ဘုရားရှင်သည် သူတို့၏ ကြိတ်၍ကြံစည်မှု များကို သိနေတော်မူ၏။
၄၇း၂၇။ နိမိတ်ဆောင်တို့က သူတို့အား သက်တမ်းကုန်စေသော်၊ သူတို့၏ မျက်နှာများနှင့် နောက်ကျောများကို ရိုတ်ခတ်သော် မည်သို့ ရှိနိုင်အံ့နည်း။
၄၇း၂၈။ ယင်းမှာ၊ သူတို့သည် ပရမတ်ဘုရားရှင်၏ အမျက်တော်ရှခြင်းကို လိုက်နာကြ လျက်၊ အရှင်၏ နှစ်မြို့မှုကို ရွံမုန်းသောကြောင့် ဖြစ်၏။ သို့ဖြစ်၍ သူတို့၏ ကျင့်ကြံမှုများအား အချည်းနှီးဖြစ်စေ၏။
၄၇း၂၉။ သို့တည်းမဟုတ် စိတ်နှလုံး၌ ရောဂါရှိသောသူတို့က ပရမတ် ဘုရားရှင်သည် သူတို့၏ အမုန်းစိတ်များကို ဖေါ်ထုတ်တော်မူမည် မဟုတ်ဟု စိတ်ကူးယဉ်နေကြသလော။
၄၇း၃၀။ အကယ်၍ ငါအရှင်၏ စံချိန်ပြည့်မှီခဲ့လျှင် သင် သည် သူတို့အား မြင်နိုင်စွမ်း၏၊ သူတို့၏ အမှတ်သညှာများအားဖြင့် သင် မှတ်မိ နိုင်၏၊ သူတို့၏ ပြောဆိုသံအားဖြင့် သင် မှတ်မိနိုင်၏။ ပရမတ်ဘုရားရှင်သည် သင်တို့၏ ကျင့်ကြံမှု များကို သိနေတော်မူ၏။
၄၇း၃၁။ သင်တို့အနက် အားစိုက်ဆောင်ရွက်သူ၊ သည်းခံပါရမီကြီးသူအား သိသာသည့်တိုင် သင်တို့အား စုံစမ်းတော်မူမည်။ သင်တို့၏ သတင်းကိုလည်း စုံစမ်းတော်မူမည်။
၄၇း၃၂။ သူတို့အတွက် လမ်းညွှန်တော်ကို ရှင်းလင်းစေပြီး နောက်မှ ပရမတ်ဘုရားရှင်၏ လမ်းစဉ်တော်မှ ဖယ်ခိုင်းသော၊ ဉာဏ်စဉ်ဆောင်အား ဂိုဏ်းခွဲ သော၊ ဖုံးကွယ်သော သူတို့သည် ပရမတ်ဘုရားရှင်အား နစ်နာစေနိုင်ခြင်း တစ်စုံ တစ်ရာ မရှိချေ။ သူတို့၏ ကျင့်ကြံမှုများအား အချည်းနှီးဖြစ်စေ၏။
၄၇း၃၃။ အို- ယုံကြည်သော သူတို့၊ ပရမတ်ဘုရားရှင်အား နာခံကြလော့၊ ဉာဏ်စဉ်တော်ဆောင်အား နာခံကြလော့၊ သင်တို့၏ ကျင့်ကြံမှုများကို အမှား မဖြစ် စေနှင့်။
၄၇း၃၄။ ဧကန်ပင် ပရမတ်ဘုရားရှင်၏ လမ်းစဉ်တော်မှ ဖယ်ခိုင်းသည့် ဖုံးကွယ် သော သူတို့သည် ထို့နောက် ဖုံးကွယ်သူ အဖြစ်ဖြင့် သေဆုံးခဲ့သော် သူတို့အတွက် ပရမတ်ဘုရားရှင်ထံ၌ လွတ်ငြိမ်းခွင့် မရှိချေ။
၄၇း၃၅။ သင်တို့သည် အားလျော့လျက် ငြိမ်းချမ်းရေးကို မကြွေးကြော်ကြ နှင့်၊ သင်တို့သည် အပေါ်စီးမှ ဖြစ်ရလတ္တံ့၊ ပရမတ်ဘုရားရှင်သည် သင်တို့နှင့် အတူ ရှိတော်မူ၏။ သင်တို့၏ ကျင့်ကြံမှုအား အဆင့်မကျော်စေနှင့်။
၄၇း၃၆။ ဤလောကီ သက်တမ်းသည် မြူးထူးပျော်ပါးရာ ဟာသမျှ ဖြစ်၏။ သင်တို့သည် ယုံကြည်ကြလျှင် စည်းစောင့်ကြလျှင် သင်တို့အား အကျိုးဆုလဒ် ပေးခံရလတ္တံ့။ သင်တို့၏ ဥစ္စာပစ္စည်းများကို တောင်းခံလိမ့်မည် မဟုတ်ချေ။
၄၇း၃၇။ အကယ်၍ အရှင်သည် သင်တို့ထံမှာ တောင်းဆိုခဲ့ခြင်းနှင့် သင်တို့ အား တိုက်တွန်းခဲ့ခြင်း အတွက် သင်တို့သည် ကပ်စေးနဲခဲ့လျှင် သင်တို့၏ အမုန်း စိတ်များကို ဖေါ်ထုတ်တော်မူမည်ပင်။
၄၇း၃၈။ ကြည့်လော့၊ သင်တို့သည် ပရမတ်ဘုရားရှင်၏ လမ်းစဉ်တော်၌ ပေးကမ်းသုံးစွဲရန်သာ ဖိတ်ခေါ်ခံရသူတို့ ဖြစ်၏။ သို့သော် သင်တို့အနက် ကပ်စေးနဲသူတို့ ရှိ၏။ ကပ်စေးနဲသော သူသည် သူ၏ စရိုက်ကိုသာ ကပ်စေးနဲသူ ဖြစ်၏။ ပရမတ်ဘုရားရှင်သည် ကုံလုံပြည်စုံ၍ သင်တို့သည်သာ ဆင်းရဲချို့တဲ့သူတို့ ဖြစ်၏။ အကယ်၍ သင်တို့သည် လှည့်ပြေးကြလျှင် သင်တို့အစား သင်တို့ကဲ့သို့ မဟုတ်သော အခြားလူမျိုးကို လွှဲပြောင်းပေးတော်မူလတ္တံ့။
ဓမ္မခန္ဓာ (၄၇) ဤတွင် ပြီး၏။
ဓမ္မခန္ဓာ (၄၈) ထွက်ရပ်လမ်း
ဉာဏ်စဉ်ကိန်းဝပ်ပေးမှု အမှတ်စဉ် (၁၁၁)၊ သုတ်ဒေသနာ (၂၉)ပါး၊-
ကရုဏာရှင် အကြင်နာရှင် ဖြစ်တော်မူသော ပရမတ်ဘုရားရှင်၏ ဂုဏ်တော်အားဖြင့်-
၄၈း၁။ သင့်အား ရှင်းလင်းထင်ရှားသော ထွက်ရပ်လမ်းအား ထွက်ရပ်ပေါက် စေခြင်းမှာ-
၄၈း၂။ ပရမတ်ဘုရားရှင်သည် သင်၏ စုံရပ်ခံခဲ့မှုနှင့် အနာဂါတ် ပြစ်မှုများကို လွတ်ငြိမ်းစေရန်၊ သင့်အပေါ်၌ ဂုဏ်ပေးမှုကို ပြည့်စုံစေရန်၊ သင့်အား မြဲမြံတည်တံ့ သော လမ်းစဉ်သို့ ညွှန်တော်မူရန် ဖြစ်၏။
၄၈း၃။ ပရမတ်ဘုရားရှင်သည် သင့်အား ဘုန်းကံတက်ရန် ကူညီမှုဖြင့် ကူညီ တော်မူလတ္တံ့။
၄၈း၄။ ထို အရှင်သည် ယုံကြည်သူတို့၏ နှလုံးသား၌ ယုံကြည်ချက်ကို ထပ် လောင်း ယုံကြည်ချက် တိုးပွားစေရန် စိတ်တည်ငြိမ်ခြင်းကို ချမှတ်ပေးတာ်မူ၏။ မိုးများနှင့် မြေကမ္ဘာရှိ စစ်သည်အပေါင်းသည် ပရမတ်ဘုရားရှင်၏ အချုပ်အခြာ၌ ရှိ၏။ ပရမတ်ဘုရားရှင်သည် သိနေသောအရှင် ဓမ္မသတ်ရှင် ဖြစ်တော်မူ၏။
၄၈း၅။ ယုံကြည်သူ၊ ယုံကြည်သူမတို့အား အောက်ခင်း၌ စမ်းချောင်းရေသွင် စီးဆင်းနေသော ဥယျာဉ်များသို့ ဝင်စေ၍ ထို၌ အစဉ်စံစားစေမည်ပင်၊ သူတို့၏ အကုသိုလ်များကို ဖုံးကွယ်ပေးမည်ပင်၊ ယင်းသည် ပရမတ်ဘုရားရှင်၏ ထံတော်မှ မဟာ အောင်ပွဲပင် ဖြစ်၏။
၄၈း၆။ သီလကြောင်များ၊ သီလကြောင်မများ၊ ရောပြွန်းကိုးကွယ်သူများ၊ ရောပြွန်းကိုးကွယ်သူမများအား ဝဋ်ကြွေးသင့်နိုင်ရာ၏၊ သူတို့သည် ပရမတ် ဘုရားရှင် အပေါ်၌ အကုသိုလ် စဉ်းစားချက်ဖြင့် စဉ်းစားသူများဖြစ်၏။ သူတို့အား ရုံးတင်ခံရခြင်း အကုသိုလ်သင့်စေပြီ။ ပရမတ်ဘုရားရှင်ထံမှ ကံကြီးသင့်စေပြီ၊ သူတို့အပေါ်သို့ မေတ္တာဝေးစေပြီ၊ သူတို့ အတွက် ငရဲဘုံနှင့် အကုသိုလ် ပန်းတိုင်ကို တွက်ချက်ပြင်ဆင်ထားပေပြီ။
၄၈း၇။ မိုးများနှင့် မြေကမ္ဘာရှိ စစ်သည်အပေါင်းသည် ပရမတ်ဘုရားရှင်၏ အချုပ်အခြာ၌ ရှိ၏။ ပရမတ်ဘုရားရှင်သည် ဘုန်းတော်ရှင် ဓမ္မသတ်ရှင် ဖြစ်တော်မူ၏။
၄၈း၈။ ဧကန်ပင် သင့်အား သက်သေတော်၊ သတင်းကောင်းပါးသူ သတိပေး သူ အဖြစ် ငါ စေစားခြင်းမှာ-
၄၈း၉။ ပရမတ်ဘုရားရှင်နှင့် အရှင့်ဉာဏ်စဉ်ဆောင်အား သင်တို့ ယုံကြည်စေရန်၊ သူ့အား လေးစားဂုဏ်ပေးရန်၊ အလေးအနက်ထားစေရန် ဖြစ်၏။ နံနက်နှင့် နေကျချိန်၌ အရှင့်အား သင်တို့ ဦးထိပ်ထားစေရန်လည်း ဖြစ်၏။
၄၈း၁၀။ သင့်ထံ၌ ကတိသစ္စာပြုသော သူများသည် ပရမတ်ဘုရားရှင်၏ ထံ၌ ကတိသစ္စာပြုသူ မည်၏။ ပရမတ်ဘုရားရှင်၏ လုပ်ပိုင်ခွင့်တော်အား သူတို့၏ လက်များ အပေါ်၌ ပေးအပ်သည် မည်၏။ သစ္စာဖေါက်ဖျက်သူသည် သူ့ ဉာဉ်စရိုက် အတွက် ဖေါက်ဖျက်ခြင်းသာ ဖြစ်၏။ ပရမတ်ဘုရားရှင်နှင့်အတူ ပဋိညာဉ်အား ပြီးပြည့်စေသူ- သူ့အား အရှင်က မဟာ ဆုလဒ်ကြီးကို ပေးတော်မူလတ္တံ့။
၄၈း၁၁။ သင့်နောက်တွင် ချန်နေခဲ့သော ကန္တာရတိုင်းရင်းသားတို့က သင့်အား ပြောကြမည်မှာ “ကျွန်ုပ်တို့၏ ဥစ္စာပစ္စည်းများ၊ ဝိုင်းသားများဖြင့် ကျွန်ုပ်တို့ အလုပ် ရှုပ်နေ၏၊ သို့ဖြစ်၍ ကျွန်ုပ်တို့အတွက် လွတ်ငြိမ်းခွင့်ပန်ပေးပါ၊”ဟု ဖြစ်၏။ သူတို့ သည် နှလုံးသား၌ မရှိသည်ကို လျှာဖျားမှ ပြောဆိုကြ၏။ ဟောလော့ “အကယ်၍ ပရမတ်ဘုရားရှင်သည် သင်တို့အား တစ်စုံတစ်ရာ အဆိုးဖြစ်စေလိုသော်၊ သို့ မဟုတ် အကျိုးဖြစ်စေလိုသော် မည်သူက စိုးမိုးချုပ်ကိုင်ထားနိုင်သနည်း၊ အမှန်မှာ ပရမတ်ဘုရားရှင်သည် သင်တို့ ကျင့်ကြံသမျှကို သတင်းသိနေတော်မူ၏။-
၄၈း၁၂။ အမှန်မှာ ဉာဏ်စဉ်တော်ဆောင်နှင့် ယုံကြည်သူတို့သည် သူတို့၏ ဝိုင်းသားများထံသို့ မည်သည့်အခါမျှ ဦးလှည့်လာတော့မည် မဟုတ်ဟု စဉ်းစား နေကြ၍- ယင်းသည် သင်တို့၏ နှလုံးသားများကို ဖမ်းစားစေကြ၏။ သင်တို့သည် အကုသိုလ် စဉ်းစားချက်ကိုသာ စဉ်းစားနေကြ၏၊ သင်တို့သည် ပျက်စီးကြေမွရ မည့် လူမျိုးသာ ဖြစ်၏။”
၄၈း၁၃။ ပရမတ်ဘုရားရှင်နှင့် အရှင်၏ ဉာဏ်စဉ်တော်ဆောင်အား မယုံ သောသူ၊ ထိုဖုံးကွယ်မှောင်ချသူတို့ အတွက် ငါအရှင်သည် မီးလောင်စာကို ပြင်ဆင် ထား၏။
၄၈း၁၄။ မိုးများနှင့် မြေကမ္ဘာအား အစိုးရခြင်းသည် ပရမတ်ဘုရားရှင်၏ အချုပ်အခြာ၌ ရှိ၏။ အရှင်သည် စံချိန်ပြည့်မှီသူ အလျောက် လွတ်ငြိမ်းစေ၍၊ စံချိန်ပြည့်မှီသူ အလျောက် သူ့အား ဝဋ်ကြွေးသင့်စေ၏။ ဧကန်ပင် ပရမတ် ဘုရားရှင်သည် လွတ်ငြိမ်းစေသော အရှင် အကြင်နာရှင် ဖြစ်တော်မူ၏။
၄၈း၁၅။ သင်သည် စစ်လျော်ကြေး သိမ်းဆည်းနိုင်ရာသို့ ထွက်ခွာသော် သင့်နောက်တွင် ချန်နေခဲ့သော သူတို့က “ကျွန်ုပ်တို့သည် သင်တို့နှင့် လိုက်ပါ ရစေ”ဟု ပြောကြ၏။ သူတို့သည် ပရမတ်ဘုရားရှင်၏ ဓမ္မတော်အား လွှဲပြောင်းလို ကြ၏။ ဟောလော့ “ကျွန်ုပ်တို့နောက်သို့ မလိုက်ကြနှင့်၊ ဤသည် ပရမတ်ဘုရားရှင် ၏ ရှေ့ပြေး စကားတော် ဖြစ်၏။” သို့သော် သူတို့က “အမှန်မှာ၊ သင်သည် ကျွန်ုပ်အား မနာလိုဖြစ်နေခြင်းပင်၊”ဟု ပြောကြလတ္တံ့။ အမှန်မှာ သူတို့သည် အနည်းငယ်မျှပင် နားလည်မှု မရှိကြချေ။
၄၈း၁၆။ သင့်နောက်တွင် ချန်နေခဲ့သော ကန္တာရတိုင်းရင်းသားတို့အား ဟော လော့ “ပြင်းထန်စွာ တိုက်ခိုက်နိုင်စွမ်း ရှိသော လူမျိုးအား- သူတို့ ငြိမ်းချမ်းရေး ကမ်းလှမ်းစေရန် သို့မဟုတ် သူတို့အား ခုခံတော်လှန်ရန်- သင်တို့အား ဖိတ်ခေါ်ခြင်း ကို သင်တို့ နာခံကြလျှင် ပရမတ်ဘုရားရှင်က သင်တို့အား တင့်တယ်သော ဆုလဒ် ချီးမြှင့်တော်မူလတ္တံ့။ သို့သော် သင်တို့ သည် ရှေ့အလျင်က လှည့်သွား သကဲ့သို့ လှည့်သွားခဲ့လျှင် သင်တို့အပေါ်၌ စူးနစ်နာကျင်သော ဝဋ်ကြွေးဖြင့် ဝဋ်ကြွေးသည် သင့်လတ္တံ့။
၄၈း၁၇။ မျက်မမြင်တို့အား ခက်ခဲမှု မရှိစေသင့်၊ တက်ရောက်သူများကို မခက်ခဲစေသင့်၊ ဖျားနာနေသူများကို မခက်ခဲစေသင့် ပရမတ်ဘုရားရှင်နှင့် အရှင်၏ ဉာဏ်စဉ်တော်ဆောင်အား နာခံသူအား- အောက်ခင်း၌ စမ်းချောင်းရေသွင် စီးဆင်း နေသည့် ဥယျာဉ်ဘုံများသို့ ဝင်ရစေမည်ပင်၊ ဘက်လှည့်သူသည်သာ စူးနစ်နာကျင် သော ဝဋ်ကြွေးဖြင့် ဝဋ်ကြွေးသင့် ခံရလတ္တံ့။
၄၈း၁၈။ ယုံကြည်သူတို့သည် သင့်အား သစ်ပင်အောက်၌ ကတိသစ္စာပြုသော အခါ၊ ပရမတ်ဘုရားရှင်သည် သူတို့အား ကျေနပ်တော်မူ၏။ အရှင်သည် သူတို့၏ စိတ်နှလုံးကို သိနေတော်မူ၍၊ တည်ငြိမ်အေးချမ်းခြင်းကို ချမှတ်ပေးတော်မူ၏။ သူတို့ အပေါ်၌ ကုသိုလ်ဆက် ရှိ၍ ထွက်ရပ်ပေါက်ခြင်း နီးကပ်လာနေ၏။
၄၈း၁၉။ သူတို့သည် စစ်လျော်ကြေး များစွာ သိမ်းဆည်းရလတ္တံ့၊ ပရမတ်ဘုရားရှင်သည် ကား ဘုန်းတော်ရှင် ဓမ္မသတ်ရှင် ဖြစ်တော်မူ၏။
၄၈း၂၀။ သင်တို့သည် စစ်လျော်ကြေး များစွာ သိမ်းဆည်းရလတ္တံ့ဟု ပရမတ် ဘုရားရှင်က ကတိထားတော်မူ၏။ လူသားတို့၏ လက်များကို သင်တို့က အလျင် အမြန် ချုပ်ကိုင်နိုင်စေ၍၊ ယုံကြည်သူတို့အတွက် သက်သေနိမိတ် ဖြစ်စေ၏။ သင်တို့အား မြဲမြံတည်တံ့သော လမ်းစဉ်သို့ ညွှန်တော်မူ၏။
၄၈း၂၁။ သင်တို့ စည်းမကြပ် နိုင်သော အခြားသူတို့အား၊ မုချပင် ပရမတ်ဘုရားရှင်သည် သူတို့အား ဝန်းရံထား တော်မူ၏။ ဧကန်ပင် ပရမတ်ဘုရားရှင်သည် သဗ္ဗလုံးစုံအား စည်းချိန်ချမှတ်တော် မူ၏။
၄၈း၂၂။ ဖုံးကွယ်သော သူတို့သည် သင်တို့အား တိုက်ခိုက်ခဲ့လျှင်လည်း သူတို့ သည် နောက်လှည့်ပြေးကြမည်သာတည်း၊ သူတို့အတွက် ကူညီမည့်သူ မဟာမိတ် ဟု တွေ့ရမည် မဟုတ်ချေ။
၄၈း၂၃။ ရှေ့အလျင် အတိတ်ကပင် ရှိနေသော ပရမတ် ဘုရားရှင်၏ နိယာမ၊ ပရမတ်ဘုရားရှင်၏ နိယာမသည် အလွှဲအပြောင်း ဟူ၍ တွေ့ရမည် မဟုတ်ချေ။
၄၈း၂၄။ အရှင်သည် သင့်တို့အား မက္ကာဟ် တောင်ကြားချိုင့်ဝှမ်းပိုင်းကို ခြေကုပ်ယူစေပြီးနောက် သင်တို့ အပေါ် သူတို့၏ လက်များကို ဟန့်တားထား၍၊ သင်တို့၏ လက်များကိုလည်း သူတို့အား ဆန့်ကျင်၍ နောက်ပြန်ဆွဲထားစေသော အရှင် ဖြစ်၏၊ ပရမတ်ဘုရားရှင်သည်ကား ကျင့်ကြံသမျှကို မြင်နေသော အရှင် ဖြစ်၏။
၄၈း၂၅။ ဖုံးကွယ်သော သူတို့သည် သင်တို့အား ဘေးမဲ့ ဝတ်ကျောင်းတော်မှ ဖယ်ခိုင်းကြ၏၊ အလှုဝတ္ထုများ ဘောင်ဝင်ရာသို့ ဆိုက်ရောက်ရမည်ကို
၄၈း၀ဇီပိတ် နေ၏။ ထို၌ အသိမခံသော ယုံကြည်သူ အမျိုးသား ယုံကြည်သူ အမျိုးသမီးတို့ သည် ရှိနေလေပြီ၊ သင်တို့ ခွဲခြားမသိသောကြောင့် သူတို့အား နင်းချေမိနိုင်၏။ ပရမတ်ဘုရားရှင်သည် စံချိန်ပြည့်မှီသူအား အရှင်၏ ကရုဏာတွင်းသို့ ဝင်ရောက် စေလို၏။ သူတို့သည် သပ်သပ်စီ ရှိနေခဲ့မူ၊ ငါအရှင်သည် ဖုံးကွယ်သော သူတို့အား စူးနစ်နာကျင်သော ဝဋ်ကြွေးဖြင့် ဝဋ်ကြွေးသင့်စေခဲ့မည်သာ။
၄၈း၂၆။ ဖုံးကွယ်သော သူတို့၏ နှလုံးသားတွင်း၌ ပညာမဲ့ခေတ်မှ အပူများဖြင့် ပူလောင်ရန် စီစဉ်ထားစဉ်၊ ပရမတ်ဘုရားရှင်သည် အရှင်၏ ဉာဏ်စဉ်တော်ဆောင် နှင့် ယုံကြည်သူတို့၏ အပေါ်သို့ တည်ငြိမ်အေးချမ်းခြင်းကို ချမှတ်ပေးတော်မူ၏။ သူတို့အား စည်းစောင့်ခြင်း တရားတော်ဖြင့် တွန်းအားဖြစ်စေခဲ့၏၊ သူတို့သည် ၎င်း၌ သစ္စာသော ဝိုင်းတော်သားများ ဖြစ်ကြ၏။ ဧကန်ပင် ပရမတ်ဘုရားရှင်သည် သဗ္ဗလုံးစုံ သိနေသော အရှင် ဖြစ်၏၊
၄၈း၂၇။ မုချပင် ပရမတ်ဘုရားရှင်သည် ဉာဏ်စဉ်တော်ဆောင်၏ အမြင်ရမှု ကို သစ္စာဖြင့် ဖြောင့်မှန်စေခဲ့၏။ ပရမတ်ဘုရားရှင်၏ စံချိန်ပြည့်မှီချက်အရ သင်တို့ သည် ဦးခေါင်းများကို ရိတ်လျက်၊ သို့မဟုတ် တိလျက် ယုံကြည်စိတ်ချရစွာဖြင့် ဘေးမဲ့ ဝတ်ကျောင်းတော်သို့ ဝင်ရလတ္တံ့။ ကြောင့်ကြရခြင်း လုံး၀ မရှိချေ။ အရှင်သည် သင်တို့ မသိသော အရာကို သိနေတော်မူ၏။ ဤမှလွဲ၍- အခြား နီးကပ်လာနေသည့် ထွက်ရပ်ပေါက်ခြင်းကို အရှင် စီစဉ်ပေးလတ္တံ့။
၄၈း၂၈။ အရှင်သည် ဉာဏ်စဉ်တော်ဆောင်အား လမ်းညွှန်တော်၊ ပရမတ္ထ သစ္စာ သာသနာအားဖြင့် သာသနာ အားလုံး၏ ဖူးခြာ ဖြစ်စေရန် စေစားတော်မူ သော အရှင် ဖြစ်၏။ ပရမတ်ဘုရားရှင်သည် သက်သေအဖြစ် လုံလောက်တော် မူ၏။
၄၈း၂၉။ မေတ္တေယျသည် ပရမတ်ဘုရားရှင်၏ ဉာဏ်စဉ်တော်ဆောင် ဖြစ်၏။ သူနှင့်အတူရှိသော သူတို့သည် ဖုံးကွယ်သူတို့ အပေါ်၌ တိကျပြတ်သားကြ၍၊ သူတို့ချင်းကြား ကရုဏာပွားကြ၏။ သူတို့သည် ပရမတ်ဘုရားရှင်၏ထံမှ သိက္ခာ ပေးမှု၊ နှစ်မြို့မှုကို ရှာဖွေရန် ဦးညွှတ် ဦးချလျက် ရှိသည်ကို သင်မြင်ရလိမ့်မည်။ သူတို့၏ သူတို့၏ မျက်နှာများပေါ်၌ ဦးချသည့် အမှတ်သညှာ စွဲကပ်နေ၏။ ဤသည်မှာ တိုရာဟ်ကျမ်းမှ ဥပမာပုံကဲ့သို့ ဖြစ်၏။ သူတို့အတွက် သမ္မာကျမ်းမှ ဥပမာမှာ အားကောင်းမောင်းသန် အတက်များ ပုံစံကျသည့် ပျိုးစေ့ ဖြစ်၍-သန်မာ ဖွံ့ထွားသော အကိုင်းပေါက်ခြင်းကြောင့် စိုက်ပျိုးသူတို့ အံ့ဩစေလောက်၏။ အရှင် သည် သူတို့ကြောင့် ဖုံးကွယ်သူတို့ကို ဒေါသဖြစ်စေ၏၊ ပရမတ်ဘုရားရှင်သည် ယုံကြည်လျက် ပြုပြင်ပြောင်းလဲခြင်း ကျင့်ကြံသောသူများအား လွတ်ငြိမ်းခွင့် မဟာ ဆုလဒ်ကြီးကို ကတိထား တော်မူ၏။
ဓမ္မခန္ဓာ (၄၈) ဤတွင် ပြီး၏။
ဓမ္မခန္ဓာ (၄၉) အဆောင်တော်များ
ဉာဏ်စဉ်ကိန်းဝပ်ပေးမှု အမှတ်စဉ် (၁၀၆)၊ သုတ်ဒေသနာ (၁၈)ပါး၊
ကရုဏာရှင် အကြင်နာရှင် ဖြစ်တော်မူသော ပရမတ်ဘုရားရှင်၏ ဂုဏ်တော်အားဖြင့်-
၄၉း၁။ အို- ယုံကြည်သော သူတို့၊ ပရမတ်ဘုရားရှင်နှင့် အရှင့် ဉာဏ်စဉ် ဆောင်၏ လက်ရှိ-မျက်မှောက်တွင် ပေကပ်မခံကြနှင့်၊ ပရမတ်ဘုရားရှင်အား စည်းစောင့်ကြလော့၊ ဧကန်ပင် ပရမတ်ဘုရားရှင်သည် ကြားနေသောအရှင် သိနေသော အရှင် ဖြစ်၏။
၄၉း၂။ အို- ယုံကြည်သော သူတို့၊ သင်တို့၏ အသံကို သတင်းတော်ဆောင်၏ အသံထက် ပို၍ မမြင့်စေနှင့်၊ သင်တို့မှ အချို့က အချို့အား အသံကျယ်ပြော သကဲ့သို့ သူ့အား အော်ကြီးဟစ်ကျယ် မလုပ်နှင့်၊ သင်တို့၏ ကျင့်ကြံမှုများ အချည်းနှီး ဖြစ်နိုင်ကောင်းသည်ကို သင်တို့ သတိမမူမိကြချေ။
၄၉း၃။ ဧကန်ပင် ပရမတ်ဘုရားရှင်၏ ဉာဏ်စဉ်ဆောင်ထံပါး၌ သူတို့၏ လေ သံများကို လျှော့ချစေလော့။ သူတို့၏ နှလုံးသားကို ပရမတ်ဘုရားရှင်က စည်း စောင့်စေရန် စီစစ်ခံရသော သူတို့အဘို့ လွတ်ငြိမ်းခွင့်နှင့် မဟာ ဆုလဒ်ကြီး ရှိ၏။
၄၉း၄။ ဧကန်ပင်၊ ကျောက်တိုက်ဆောင်၏ နောက်ကွယ်မှ သင့်အား အော် ဟစ် ခေါ်သော သူ၊ သူတို့မှ အများစုသည် အတွေး အခေါ် မရှိကြချေ။
၄၉း၅။ သင်သည် သူတို့ထံသို့ ထွက်လာသည်တိုင် သည်းခံခဲ့လျှင် သူတို့ အတွက် ပို၍ ကောင်း၏။ ပရမတ်ဘုရားရှင်သည် လွတ်ငြိမ်းစေသော အရှင်၊ အကြင်နာရှင် ဖြစ်တော်မူ၏။
၄၉း၆။ အို- ယုံကြည်သော သူတို့၊ အကယ်၍ သူယုတ်မာတစ်ဦးက သင်တို့ ထံသို့ သတင်းတစ်ခုကို ရောက်လာစေလျှင်၊ ပညာမဲ့စွာဖြင့် လူမျိုးတစ်မျိုးအား မထိခိုက်ရစေရန် ၎င်းအား ရှင်းရှင်းလင်းလင်းဖြစ်စေလော့၊ သို့မဟုတ်က သင်တို့ ၏ ပြုလုပ်မှုကြောင့် သင်တို့သည် ယူကြုံးမရဖြစ်ရနိုင်ရာ၏။
၄၉း၇။ ပရမတ်ဘုရားရှင်၏ ဉာဏ်စဉ်တော်ဆောင်သည် သင်တို့၏ အထဲတွင် ရှိသည်ကို သိကြလော့၊ သူသည် ညွှန်ကြားချက် များစွာ၌ သင်တို့အား နာခံရလျှင် သင်တို့သည် စိတ်ပင်ပန်းရလတ္တံ့။ သို့ရာတွင် ပရမတ်ဘုရားရှင်သည် သင်တို့အား ယုံကြည်ခြင်းကို နှစ်သက်မြတ်နိုးစေ၍၊ ၎င်းကို သင်တို့၏ နှလုံးသား၌ ဖမ်းစား စေ၏။ အရှင်သည် သင်တို့အား ဖုံးကွယ်မှု၊ ယုတ်မာမှု၊ အာခံမှုများကို ရွံမုန်းစေ တော်မူ၏။ ထိုသူတို့သည် ဖြောင့်မတ်မှန်ကန်သူများ ဖြစ်ကြ၏။
၄၉း၈။ ဤသည် ပရမတ်ဘုရားရှင်၏ထံမှ သိက္ခာပေးခြင်း၊ ဂုဏ်ပေးခြင်းပင် တည်း၊ ပရမတ်ဘုရားရှင်သည်ကား သိနေသော အရှင် ဓမ္မသတ်ရှင် ဖြစ်တော်မူ၏။
၄၉း၉။ ယုံကြည်သူတို့မှ အုပ်စု နှစ်စုသည် အချင်းချင်း စစ်ဖြစ်ကြသော်၊ သူတို့ ကြား၌ ပြုပြင်ပေးကြလော့၊ ၎င်းတို့မှ တစ်စုသည် အခြားသူအား အပြစ်ရှာခဲ့သော်၊ ပရမတ်ဘုရားရှင်၏ ညွှန်ကြားချက်ဆီသို့ လိုက်လျောသည်ထိ ထိုအပြစ်ရှာသူအား စုပေါင်းခုခံတိုက်ကြလော့၊ ထိုလိုက်လျှောခြင်းရှိလျှင် သူတို့ချင်းကြား တန်းတူညီမျှ မျှတစွာ ပြုပြင်ပေးလော့၊ ဧကန်ပင် ပရမတ်ဘုရားရှင်သည် သမာသမတ်ရှိသူများ ကို နှစ်သက်တော်မူ၏။
၄၉း၁၀။ ယုံကြည်သူတို့သည် ညီနောင်သားချင်းများသာ ဖြစ်၏။ ညီနောင် သားချင်းများကြား ပြုပြင်ပြောင်းလဲပေးကြလော့၊ သင်တို့အား ကရုဏာသက်စေ ခြင်းငှာ ပရမတ်ဘုရားရှင်အား စည်းစောင့်ကြလော့။
၄၉း၁၁။ အို-ယုံကြည်သော သူတို့၊ လူတစ်မျိုးက လူတစ်မျိုးအပေါ် ပျက် ရယ်မပြုရ၊ ၎င်းတို့သည် သူတို့ထက် ပိုကောင်းနိုင်၏။ အမျိုးသမီးများသည်လည်း အခြားအမျိုးသမီးများ အပေါ် ယင်းသို့ မပြုရ၊ ၎င်းတို့သည် သူမတို့ထက် ပိုကောင်း နိုင်၏။ သင်တို့ စရိုက်တူချင်း မပုတ်ခတ်ကြနှင့်၊ နာမည်ဖျက်၍ မခေါ်ကြနှင့်၊ ယုံကြည်ခြင်း တရားရှိပြီးနောက် အမင်္ဂလာ အမည်ဖြင့် ခေါ်ခြင်းသည် ယုတ်မာမှု ပင် ဖြစ်၏။ ခဝါချခြင်း မရှိသောသူ၊ ထိုသူတို့သည် အမိုက်ကောင်များ ဖြစ်ကြ၏။
၄၉း၁၂။ အို- ယုံကြည်သော သူတို့၊ စဉ်းစားချက် အများစုမှ ကင်းသန့်ကြ လော့၊ ဧကန်ပင် စဉ်းစားချက် အချို့သည် ပြစ်မှုများပင် ဖြစ်၏။ သင်တို့မှ အချို့ သည် အချို့ကို သူလျှိုဒလန် မလုပ်နှင့်၊ ဂုံးမချောကြနှင့်၊ သင်တို့မှ သေသူဖြစ်သော ညီအစ်ကို၏ အသားကို စားရန် နှစ်သက်သူ တစ်ဦး ရှိသလော၊ အော့နှလုံးနာကြ ပါဘိ၊ သို့ဖြစ်၍ ပရမတ်ဘုရားရှင်အား စည်းစောင့်ကြလော့၊ ဧကန်ပင် ပရမတ် ဘုရားရှင်သည် သင်ပုန်းချေပေးသော အရှင် အကြင်နာရှင် ဖြစ်တော်မူ၏။
၄၉း၁၃။ အို- လူသားတို့၊ ငါအရှင်သည် သင်တို့အား လိင်ဖို လိင်မဟူ၍ ဖြစ်တည်စေတော်မူ၏။ သင်တို့ချင်း မှတ်မိစေရန် ကပြားများ မူလလူမျိုးများကို စီစဉ်ပေးတော်မူ၏။ သင်တို့အနက် ပရမတ်ပရားရှင်၏ ထံတော်၌ စည်းအစောင့် ဆုံး သူသည်သာ ကျက်သရေအရှိဆုံး ဖြစ်၏။ ဧကန်ပင် ပရမတ်ဘုရားရှင်သည် သိနေသောအရှင် သတင်းရနေသော အရှင် ဖြစ်တော်မူ၏။
၄၉း၁၄။ ကန္တာရတိုင်းရင်းသားတို့က “ကျွန်ုပ်တို့ ယုံကြည်ပါပြီ၊”ဟု ပြောကြ ၏။ ဟောလော့ “သင်တို့သည် ယုံကြည်သည် မဟုတ်သေး၊ သို့သော် ကျွန်ုပ်တို့ သည် ငြိမ်းချမ်းရေးဆောင်ပါပြီဟု ဆိုကြလော့၊ သင်တို့၏ နှလုံးသားသို့ ယုံကြည် ခြင်းသည် မဝင်သေးချေ၊ သင်တို့သည် ပရမတ်ဘုရားရှင်နှင့် အရှင်၏ ဉာဏ်စဉ် ဆောင်အား နာခံကြလျှင် အရှင်သည် သင်တို့၏ ကျင့်ကြံမှု တစ်စုံတစ်ရာကိုမျှ ပပျောက်စေမည် မဟုတ်ပေ၊ ဧကန်ပင် ပရမတ်ဘုရားရှင်သည် လွတ်ငြိမ်းစေသော အရှင် အကြင်နာရှင် ဖြစ်တော်မူ၏၊”
၄၉း၁၅။ ယုံကြည်သူ ဟူမူကား၊ ပရမတ်ဘုရားရှင်နှင့် အရှင့် ဉာဏ်စဉ်ဆောင် အား ယုံကြည်ကြ၍။ သံသယမစွက် သူတို့၏ ဥစ္စာပစ္စည်းများ၊ ဉာဉ်စရိုက်များကို ရင်း၍ ပရမတ်ဘုရားရှင်၏ လမ်းစဉ်တော်၌ အားစိုက်ဆောင်ရွက်သော သူတို့ပင် ဖြစ်၏၊ သူတို့သည် ဖြောင့်မှန်သူများ ဖြစ်ကြ၏။
၄၉း၁၆။ ဟောလော့ “သင်တို့သည် သင်တို့၏ သာသနာကို ပရမတ်ဘုရားရှင် အား သင်ကြားကြမည်လော။ ပရမတ်ဘုရားရှင်သည် မိုးများအတွင်း မြေကမ္ဘာ တွင်း ရှိသမျှကို သိနေတော်မူ၏။ ဧကန်ပင် ပရမတ်ဘုရားရှင်သည် သဗ္ဗလုံးစုံ သိနေသော အရှင် ဖြစ်၏၊”
၄၉း၁၇။ သူတို့သည် ငြိမ်းချမ်းရေးဝါဒီ ဖြစ်ပြီဟု သင့်ထံမှ မျက်နှာသာရလို ကြ၏။ ဟောလော့ “သင်တို့၏ ငြိမ်းချမ်းရေးဆောင်ခြင်း မျှဖြင့် ကျွန်ုပ်ထံမှ မျက်နှာသာ မလိုချင်ကြနှင့်၊ အမှန်မှာ သင်တို့သည် ဖြောင့်မှန်သူများ ဖြစ်ကြလျှင် ပရမတ်ဘုရားရှင်သည် သင်တို့အား ယုံကြည်ခြင်းသို့ လမ်းညွှန်၍ မျက်နှာသာပေး ပေလိမ့်မည်။”
၄၉း၁၈။ ဧကန်ပင် ပရမတ်ဘုရားရှင်သည် မိုးများနှင့် မြေကမ္ဘာ၏ စက္ခုလွန် များကို သိနေတော်မူ၏။ ပရမတ်ဘုရားရှင်သည်ကား ကျင့်ကြံသမျှကို မြင်နေ သော အရှင် ဖြစ်၏။
ဓမ္မခန္ဓာ (၄၉) ဤတွင် ပြီး၏။
ဓမ္မခန္ဓာ (၅၀) စည်းချိန်
ဉာဏ်စဉ်ကိန်းဝပ်ပေးမှု အမှတ်စဉ် (၃၄)၊ သုတ်ဒေသနာ (၄၅)ပါး၊
ကရုဏာရှင် အကြင်နာရှင် ဖြစ်တော်မူသော ပရမတ်ဘုရားရှင်၏ ဂုဏ်တော်အားဖြင့်-
၅၀း၁။ ”ခပ်သိမ်းကုန်အား စည်းချိန်ချမှတ်” မြင့်မြတ်တော်မူသော ကုရ်အာန် အားဖြင့်၊
၅၀း၂။ အမှန်မှာ သူတို့ထံသို့ သတိပေးသူ တစ်ဦး ရောက်လာသည်ကို အံ့ဩ လျက်- ဖုံးကွယ်သူတို့က ပြောကြသည်မှာ “ဤသည် အံ့ဘွယ်စရာပင်၊-
၅၀း၃။ ကျွန်ုပ်တို့ သည် သေဆုံးပြီး၊ မြေမှုန့်ဖြစ်ပြီးသော်မှ ယင်းသို့ နောက်ကျန်ရစ်သည်ကို ပြန်ရမည် လော၊”ဟု ဖြစ်၏။
၅၀း၄။ မုချပင် ငါသည် သူတို့အနက် မြေကမ္ဘာမှ ယုတ်လျော့သွားသူ အားလုံးကို သိနေတော်မူ၏။ ငါ့ထံတော်၌ ထိန်းသိမ်းစောင့်ရှောက်ထားသော မှတ် တမ်းသည် ရှိနေ၏။
၅၀း၅။ အမှန်မှာ ပရမတ္ထသစ္စာဖြင့် သူတို့ထံသို့ ရောက်လာစဉ် သူတို့သည် ငြင်းဆန်ကြကုန်၏။ သို့ဖြင့် သူတို့သည် အရှိန်သေနေသော အရေးကိစ္စထဲ၌ ဖြစ် ရပြီ။
၅၀း၆။ သူတို့သည် သူတို့၏ အပေါ်၌ ရှိသော မိုးကောင်းကင်ကို မကြည့်မိသလော၊ ငါသည် ၎င်းကို မည်သို့ တည်ဆောက်ထားသနည်း၊ မည်သို့ ဖမ်းစားစေသနည်း၊ ၎င်းတွင် ဟနေခြင်း မရှိချေ။
၅၀း၇။ တိုးရွေ့နေသော ကမ္ဘာဂြိုလ်၊ ထို၌ တိုက်ကြီးများကို ခင်းကျင်းထား၏။ ထို၌ ရှုချင်စဖွယ် စုဖွဲ့ကိုယ်စီ ဖြစ်ထွန်းစေသည်မှာ-
၅၀း၈။ သံဝေဂယူတတ်သော အရှင့် ထံသို့ လှည့်သည့် အမှုတော်ဆောင် ကိုယ်စီအတွက် အမြင်ရှိစေ၏။
၅၀း၉။ ငါသည် မိုးကောင်းကင်မှ ကျက်သရေရှိသော ရေကို ချပေးတော်မူ၍၊ ၎င်းဖြင့် ရိတ်သိမ်းရသော ကောက်ပဲသီးနှံ ဥယျာဉ်များကို ဖြစ်ထွန်းစေတော်မူ၏-
၅၀း၁၀။ အသီးအထပ်ထပ် စွံပလွန် ပင်မြင့်များကိုလည်း ပါဝင်စေ၍-
၅၀း၁၁။ အမှုတော် ဆောင်များ အတွက် ရိက္ခာဖြစ်စေ၏။ ငါသည် သေနေသော မြို့ကို ပြန်ရှင်စေ၏။ ထိုသို့ပင် ရှင်ပြန်ထွက်ပေါ်စေတော်မူလတ္တံ့။
၅၀း၁၂။ သူတို့ မတိုင်မှီ နူးဟ်၏ လူမျိုး၊ ရာ့ဆ်၏ ပေါင်းဖေါ်များနှင့် သမု-ဒ် တို့ သည်လည်း ငြင်းဆန်ခဲ့ပြီ။
၅၀း၁၃။ အာ-ဒ်၊ ဖာရိုးနှင့် လု-တ်၏ ညီနောင်များ-
၅၀း၁၄။ တောတွင်းနေ ပေါင်းဖေါ်များနှင့် တူဘာလူမျိုးများလည်း ပါဝင်၏။ သူတို့ကိုယ်စီ ဉာဏ်စဉ်ဆောင်အား ငြင်းဆန်ခဲ့ကြ၏။ သို့ဖြစ်၍ ငါ၏ ကတိတော်သည် အမှန် ဖြစ်ချေပြီ။
၅၀း၁၅။ ဦးစွာ ဖြစ်တည်စေခြင်း အတွက် ငါ နွမ်းလျှရမည်လော။ အသစ် ထပ်မံ ဖြစ်တည်ခြင်းအတွက် သူတို့က ဆင်ယင်ပေးရမည်လော။
၅၀း၁၆။ မုချပင် ငါသည် လူသားကို ဖြစ်တည်စေ၏။ သူသည် သူ့စရိုက်အား တီးတိုးလှုံ့ဆော်သည် ကို ငါ သိနေတော်မူ၏။ ငါအရှင်သည် သူနှင့် သူ၏ လည်ပင်း သွေးကြောထက် သူနှင့် ပိုမိုနီးကပ်လျက် ရှိ၏။
၅၀း၁၇။ သူ၏ ဘယ် ညာ၌ အထိုင်ချ ခင်းကျင်းသူများက ခင်းကျင်းနေကြ၏။
၅၀း၁၈။ သူသည် မရေရွတ်လေမှ၊ သို့မဟုတ်က သူ့အပါးတွင် စောင့်ကြည့်နေ သူ အသင့် ရှိ၏။
၅၀း၁၉။ သေငယ်ဇောနှင့် မြောချိန်သို့ အမှန်အကန် ရောက်လာစေလတ္တံ့၊ ဤသည် သင် ရှောင်နေလေ့ရှိသော အရာဖြစ်၏။
၅၀း၂၀။ ပုံစံ သက်ဝင်စေ၏၊- ဤသည် ကတိတော်ထားသည့် နေ့ကာလဖြစ်၏။
၅၀း၂၁။ ဉာဉ်စရိုက် ကိုယ်စီ မောင်းနှင်သူ သက်သေပြုသူနှင့် အတူ ရောက်လာစေလတ္တံ့။
၅၀း၂၂။ သင်သည် ဤအရာကို မေ့လျော့ ထားခဲ့၏၊ ထိုအကာကို ငါ ဖယ်ရှားလိုက်ပြီ။ သို့ဖြစ်၍ ဤနေ့ကာလ၌ သင်သည် သံကိုပင် ဖေါက်မြင်ရလတ္တံ့။
၅၀း၂၃။ သူ့ အဆက်အနွယ်က “ဤသည် ကျွန်ုပ်ထံ၌ အဆင်သင့်ရှိသော အရာ ဖြစ်၏၊”ဟု ဆို၏။
၅၀း၂၄။ အရှင်က “ခေါင်းမာ ဖုံးကွယ်သူတိုင်းအား ငရဲဘုံ၌ ခင်းကျင်းလော့-
၅၀း၂၅။ သူသည် ကောင်းမှုအား ဟန့်တားသူ၊ စည်းဖေါက်သူ၊ သံသယကြီးသူ ဖြစ်၏-
၅၀း၂၆။ သူသည် ပရမတ်ဘုရားရှင်နှင့်အတူ အခြား ဘုရားရှိသည်ဟု စီစဉ်၏။ သို့ဖြစ်၍ သူ့အား ပြင်းထန်သော ဝဋ်ကြွေး၌ ဆုံတွေ့စေလော့။”(ဟု မိန့်၏။)
၅၀း၂၇။ သူ့ အဆက် အနွယ်က “အို- ကံကြမ္မာရှင်၊ တပည့်တော်သည် သူ့အား စည်းဖျက်ခြင်း မပြုခဲ့ပါ၊ သို့သော် သူသည် နောက်ကျန် လွဲချော်ခြင်း၌ ရှိခဲ့သူ ဖြစ်ပါ ၏၊”ဟု လျှောက်ထား သော်၊
၅၀း၂၈။ အရှင်က မိန့်သည်မှာ “ငါထံပါး၌ အချေအတင်မပြုနှင့်၊ သင်တို့ အတွက် ကတိတော်ဖြင့် စုံရပ်ခံစေခဲ့ပြီ၊-
၅၀း၂၉။ ငါ့ထံ၌ ဓမ္မစကားသည် လွှဲပြောင်းခြင်း မရှိ။ ငါသည် အမူတော်ဆောင်တို့အား အဝိဇ္ဇာလည်း မသင့်စေရ”ဟု ဖြစ်၏။
၅၀း၃၀။ ငါက ငရဲဘုံအား “သင့်၌ ပြည့်ပြီလော၊”ဟု မေးသော နေ့၌ ၎င်းက “ထပ်တိုးရန်ရှိသေးသလော၊”ဟု ဖြေကြလတ္တံ့။
၅၀း၃၁။ ထို့ပြင် သုခဘုံအား စည်းစောင့်သူများထံသို့ ချည်းကပ်လာနေစေ ၏၊ ယင်းသည် နောက်ကျန်ရစ်သည် မဟုတ်ချေ။
၅၀း၃၂။ ဤသည် အရှင့်ဘက်သို့ လှည့်သူ၊ စောင့်ထိန်းသူတိုင်းအတွက် ကတိတော်ပင် ဖြစ်၏။
၅၀း၃၃။ သူတို့သည် ကရုဏာရှင်အား မျက်ကွယ်၌ပင် စိတ်နှလုံး ဘက်လှည့် ချစ်ကြောက်ရိုကျိုးကြ၏။
၅၀း၃၄။ ထို ငြိမ်းချမ်းမှုသန္တိသုခသို့ ခိုဝင်ဆိုက်မြိုက်စေလော့၊ ဤ နေ့ကာလ သည် ထာ၀ရဖြစ်စေသတည်း။
၅၀း၃၅။ ထို၌ သူတို့ စံချိန်ပြည့်မှီရာများသည် သူတို့ အတွက် ရှိ၏။ ငါ့ထံ၌ ထိုထက်ထပ်တိုး၍ ရှိနေ၏။
၅၀း၃၆။ သူတို့မတိုင်မှီ သူတို့ထက် အင်အားသန်မာစွာ ကိုင်တွယ်ထားနိုင် သော မျိုးဆက် မည်မျှကို ငါ တိမ်ကောစေခဲ့သနည်း၊ မြို့များ အနှံ့ ထိုးဖေါက် ကျက်စားသော သူတို့သည် ထို၌ လွတ်လမ်းရှိကြသလော။
၅၀း၃၇။ ဧကန်ပင် ဤ၌ နှလုံးသား ပိုင်ရှင်၊ သို့မဟုတ် ကြားနာမှု စွင့်ထားသူ အတွက် သတိပေးတရားတော် နှင့် သက်သေသက်ကန် ရှိနေ၏။
၅၀း၃၈။ မုချပင် ငါသည် မိုးများနှင့် မြေကမ္ဘာ ထိုနှစ်ခုကြား အရာများကို ကာလ ခြောက်ခုဖြင့် ဖြစ်တည်စေတော်မူ၏။ သို့အတွက် မောပန်းခြင်းသည် ငါ့အား မသက်ချေ။
၅၀း၃၉။ သို့ဖြစ်၍ သူတို့၏ ပြောစကားကို သည်းခံလျက်၊ သင့်ကံကြမ္မာရှင် အား နေမထွက်မှီ နေမဝင်မှီ၌ ရည်သန်စူးစိုက် ဦးထိပ်ထားလော့။
၅၀း၄၀။ ည၌ အရှင့် အား ဦးထိပ်ထားလျက် ပြန်လည်၍ ဦးချကြလော့။
၅၀း၄၁။ နေ့ပိုင်း၌ သင်တို့၏ အနီးနားမှ ဖိတ်ခေါ်သူ၏ ဖိတ်ခေါ်ခြင်းကို အာရုံစိုက် နားထောင်လော့။
၅၀း၄၂။ သူတို့သည် အမှန်တရား အသံလှိုင်းကြီးအား ကြားရသော နေ့၊ ၎င်း သည် ပြန်ထွက်လာရမည့် နေ့ကာလဖြစ်၏။
၅၀း၄၃။ ငါအရှင်သည် နိစ္စ၊ အနိစ္စကို ဖြစ်စေ သော အရှင် ဖြစ်၏။ ငါ့ထံသို့သာ ခရီးဆုံးပန်းတိုင်သည် ဖြစ်၏။
၅၀း၄၄။ ကမ္ဘာမြေသည် သူတို့မှ အက်ကွဲသော နေ့ကာလ၌ အလျင်စလို ရှိကြ လတ္တံ့။ သူတို့အား စုစည်းစေခြင်းသည် ငါ့ အတွက် လွယ်ကူလှချေ၏။
၅၀း၄၅။ ငါအရှင်သည် သူတို့၏ ပြောသမျှကို အသိဆုံး ဖြစ်တော်မူ၏၊ သင် သည် သူတို့အား ပုန်ကန်သူ မဟုတ်ချေ။ ငါ၏ ကတိတော်အား ကြောက်ရွံတတ် သူတို့ကို ကုရ်အာန်အားဖြင့် သတိဖေါ်ပေးလော့။
ဓမ္မခန္ဓာ (၅၀) ဤတွင် ပြီး၏။
ဓမ္မခန္ဓာ (၅၁) လေသရမ်း
ဉာဏ်စဉ်ကိန်းဝပ်ပေးမှု အမှတ်စဉ် (၆၇)၊ သုတ်ဒေသနာ အပါး (၆၀)၊
ကရုဏာရှင် အကြင်နာရှင် ဖြစ်တော်မူသော ပရမတ်ဘုရားရှင်၏ ဂုဏ်တော်အားဖြင့်-
၅၁း၁။ ပြန့်ကြဲစေရန် ဖြန့်ကြဲခြင်းအားဖြင့်၊
၅၁း၂။ သယ်ပိုးနေရသော တိမ်ထု အားဖြင့်၊
၅၁း၃။ လွယ်ကူချောမွေ့စွာ စီးမျောသောလေအားဖြင့်၊
၅၁း၄။ တိုင်တည်ထားသော ညွှန်ကြားချက်များ အားဖြင့်။
၅၁း၅။ ဧကန်ပင် သင်တို့အား ကတိတော်ထားရာသည် ဖြောင့်မှန်လျက်ရှိ၏။
၅၁း၆။ ဧကန်ပင်၊ သာသနာတော်သည် ခိုင်မာတည်တံ့လှ၏။
၅၁း၇။ လမ်းကြောင်း အပြည့်ရှိသော ကောင်းကင်ယံအားဖြင့်၊
၅၁း၈။ ဧကန်ပင် သင်တို့သည် ကွဲပြားခြားနားသော စကားများ၌ ရှိကြ၏။
၅၁း၉။ ထိုမှ လှည့်စားသူသည် လှည့်စားသူတို့မှ ဖြစ်၏။
၅၁း၁၀။ မှန်းဆပြောသူတို့သည် ခုခံတော်လှန်ခြင်းခံရလတ္တံ့။
၅၁း၁၁။ သူတို့သည် အရေးမစိုက်မှု၌ ကတုန်ကယင်ဖြင့် ရှိနေ၏။
၅၁း၁၂။“စီရင်မိန့်ချမည့် နေ့ကာလသည် မည်သည့်အခါနည်း၊”ဟု မေးကြ၏။
၅၁း၁၃။ သူတို့အား အပူမီးထဲ၌ စမ်းသပ်သော နေ့ကာလပင်။
၅၁း၁၄။ စမ်းသပ်ခြင်းကို သင်တို့ မြည်းစမ်းကြလော့၊ ဤသည် သင်တို့ အလျင်စလိုရှိခဲ့သော အရာ ဖြစ်၏။
၅၁း၁၅။ ဧကန်ပင် စည်းစောင့်သူတို့သည် ဥယျာဉ်များ စိမ့်စမ်းများ အတွင်း၌ ဖြစ်ရလတ္တံ့။
၅၁း၁၆။ ကံကြမ္မာရှင်၏ ထံမှ ချီးမြှင့်ရာကို လက်ခံရယူလျက်ပင်၊ ဧကန်ပင် သူတို့သည် ဤမတိုင်မှီက သုမင်္ဂလာပြုသူများ ဖြစ်ခဲ့ ကြ၏။
၅၁း၁၇။ သူတို့သည် ညအချိန်၌ အနည်းငယ်သာ အိပ်မောကျလေ့ရှိခဲ့၏။
၅၁း၁၈။ လှည့်စားခံရသော် သူတို့သည် လွတ်ငြိမ်းဆုပန်ကြကုန်၏။
၅၁း၁၉။ သူတို့၏ ဥစ္စာပစ္စည်း များမှ တောင်းခံရသူများနှင့် တားမြစ်ပိတ်ဆို့ခံရသူတို့ အတွက် ရှိ၏။
၅၁း၂၀။ ဒိဌဖြစ်လိုသူ အဘို့ သက်သေလက္ခဏာများမှာ မြေကမ္ဘာ၌-
၅၁း၂၁။ သင်တို့၏ စိတ်စရိုက်များ အတွင်း၌ ရှိနေ၏။ သင်တို့ မမြင်ကြသလော။
၅၁း၂၂။ ကောင်းကင်ယံ၌- သင်တို့၏ ရိက္ခာများ၊ ကတိတော်ထားရာများ ရှိနေ၏။
၅၁း၂၃။ မိုးများ နှင့် မြေကမ္ဘာ၏ ကံကြမ္မာရှင်အား တိုင်တည်လျက်၊ ဤသည် ပရမတ္ထသစ္စာတည်း၊ သင်တို့ စကားပြောဆို သကဲ့သို့ပင်။
၅၁း၂၄။ အီဗရာဟီးမ်၏ ကျက်သရေရှိသော ဧည့်သည်များ အကြောင်း ဆင့်ပြန်ချက် သင့်ထံသို့ ရောက်လာသလော။
၅၁း၂၅။ သူထံသို့ ဝင်ရောက်၍ “ငြိမ်းချမ်း ပါစေ၊”ဟု ဆိုကြသော်၊ သူကလည်း “ငြိမ်းချမ်းပါစေ၊”ဟု ပြန်ပြော၏။ သူစိမ်း လူမျိုးများပင်။
၅၁း၂၆။ သူက ဝိုင်းသားများဆီသို့ လှည့်လျက် အဟာရပြည့်သော နွားကင် တစ်ကောင်ဖြင့် ရောက်လာ၏။
၅၁း၂၇။ သူတို့အား ချည်းကပ်လျက် “သုံးဆောင်ကြမည် မဟုတ်လော၊”ဟု မေး၏။
၅၁း၂၈။ ထို့နောက် သူသည် သူတို့အား စိုးရိမ် စိတ်ခံစားမိ သော်၊ သူတို့က “မစိုးရိမ်နှင့်၊”ဟု ဆိုလျက် ပညာရှင် ကလေး အကြောင်း သတင်း ကောင်းကို ပါး၏။
၅၁း၂၉။ သူ့ဇနီးသည် ဇွတ်အတင်း ရှေ့ထွက်လျက် သူမ၏ မျက်နှာကို သပ်ကာ “ကျွန်ုပ်သည် မျိုးသုဉ်းနေသော အဘွားအို ဖြစ်ပါ၏”ဟု ဆိုသော်-
၅၁း၃၀။ သူတို့က “ဤသည် ကံကြမ္မာရှင်၏ စကားတော် ဖြစ်၏။ ဧကန်ပင် အရှင်သည် ဓမ္မသတ်ရှင် သိနေသော အရှင် ဖြစ်၏၊”ဟု ဆို၏။
၅၁း၃၁။ သူက “အို- ဉာဏ်စဉ်ဆောင်တို့ သင်တို့၌ မည်သည့် မှာကြားချက် ရှိပါ သနည်း၊”ဟု မေးသော်။
၅၁း၃၂။ သူတို့က ပြောသည်မှာ “ကျွန်ုပ်တို့အား ရာဇဝတ်ကောင် လူမျိုးထံသို့ စေစားခြင်းဖြစ်၍-
၅၁း၃၃။ ကျွန်ုပ်တို့သည် သူတို့အပေါ်သို့ မြေ ကျောက်ခဲ များတို့အား စေရလိမ့်မည်၊
၅၁း၃၄။ အလွဲသုံးစားပြုသူတို့ အတွက် သင့်ကံကြမ္မာရှင် ထံတော်၌ တံဆိပ်တပ်ပြီး ဖြစ်သည်၊”ဟု ဖြစ်၏။
၅၁း၃၅။ ထို့နောက် ငါသည် ယုံကြည်ခြင်း ရှိခဲ့သူများကို ထိုမှ ထွက်ခွာစေ တော်မူ၏။
၅၁း၃၆။ ထို၌ ငြိမ်းချမ်းရေးဝါဒီတို့၏ အိမ်ဟူ၍ ငါ တွေ့တော်မမူချေ။
၅၁း၃၇။ ထို့ နောက် စူးနစ်သော ဝဋ်ကြွေးကို ကြောက်ရွံ့သော သူတို့ အဘို့ သက်သေလက္ခဏာ ချန်ထားခဲ့တော်မူ၏။
၅၁း၃၈။ မူဆာ၌လည်း။ ငါသည် သူ့အား ဖာရိုးထံသို့ ရှင်းလင်းထင်ရှားသော လုပ်ပိုင်ခွင့်များဖြင့် စေစားတော်မူ၏။
၅၁း၃၉။ ဖာရိုးသည် သူ့အားယိမ်းညွတ်သူများ ဘက်သို့ လှည့်လျက်၊ “မှော်ဆရာ၊ အရူး၊”ဟု မူဆာအား ပြောသောကြောင့်
၅၁း၄၀။ သူနှင့် သူ့စစ်တပ်အား အရေးယူလျက် မြစ်တွင်းသို့ ငါ စွန့်ပစ်လိုက်၏။ သူသည် အပြစ်တင်ခံရသူတို့မှ ဖြစ်၏။
၅၁း၄၁။ အာ့ဒ်၌လည်း၊ ငါသည် သူတို့ထံသို့ သူတို့အား မျိုးသုဉ်းသွားစေသော လေကို စေစား၍၊
၅၁း၄၂။ ၎င်း လေသွားလမ်းတွင် ချန်ထားခဲ့ရာ တစ်စုံတစ်ရာမရှိ၊ သို့သော် တစ်စစီ စီစဉ်လိုက်သည်သာ ရှိ၏။
၅၁း၄၃။ သမု-ဒ်၌လည်း၊ သူတို့အား ကာလတစ်ခု အထိ သာယာနေကြလော့ ဟု ပြောသောခါ။
၅၁း၄၄။ သူတို့သည် ကံကြမ္မာရှင်၏ ညွှန်ကြားချက်ကို အာခံကြကုန်၏။ သူတို့ ကြည့်နေစဉ်ပင် သူတို့အား တော်လည်းသံကြီးဖြင့် အရေးယူလိုက်ပြီ။
၅၁း၄၅။ ရပ်တည်ရန် တတ်နိုင်ခြင်း မရှိကြ။ မိမိကိုယ်မိမိ ကူညီနိုင်ခြင်းလည်း မရှိကြတော့ ပေ၊။
၅၁း၄၆။ ရှေ့အလျင်က နူးဟ်၏ လူမျိုးများ၊ ဧကန်ပင် သူတို့သည် ယုတ်မာသော လူမျိုးပင် ဖြစ်၏။
၅၁း၄၇။ အာကာသ၊ ၎င်းကို လုပ်ပိုင်ခွင့်ဖြင့် တည်ဆောက်တော်မူ၍ ငါသည် ၎င်းကို ဖြန့်ကျယ်နေစေသော အရှင် ဖြစ်၏။
၅၁း၄၈။ မြေကမ္ဘာ၊ ငါသည် ၎င်းကို နားခို စရာ- ဂုဏ်ပေး၍ ဆိုင်းလျက်လွှဲနေစေရာ ဖြစ်စေ၏။
၅၁း၄၉။ သဗ္ဗလုံးစုံ၊ သင်တို့ ဆင်ခြင်သတိ ရှိအံ့ငှာ ငါသည် ၎င်းတို့ကို စုဖွဲ့ ပေါင်းစည်း ဖြစ်တည်စေတော်မူ၏။
၅၁း၅၀။ သို့ဖြစ်၍ ပရမတ်ဘုရားရှင်၏ ထံသို့သာ အပြိုင်ပြေးကြလော့၊ ကျွန်ုပ်သည်ကား အရှင့် အတွက် သင်တို့အား ရှင်းလင်းထင်ရှားသော သတိပေး သူသာ ဖြစ်၏။
၅၁း၅၁။ ပရမတ်ဘုရားရှင်နှင့်အတူ အခြားသော ဘုရားများကို မစီစဉ် ကြကုန်နှင့်။ ကျွန်ုပ်သည်ကား အရှင့်အတွက် သင်တို့အား ရှင်းလင်းထင်ရှားသော သတိပေးသူသာ ဖြစ်၏။
၅၁း၅၂။ ဤသို့ပင်၊ သူတို့၏ ရှေ့အလျင် ဖြစ်သူတို့ထံသို့ ဉာဏ်စဉ်တော်ဆောင် ရောက်လာလေသော် သူတို့က “မှော်ဆရာ၊ အရူး၊”ဟု ပြောကြသည်သာ။
၅၁း၅၃။ ၎င်းကို သူတို့သည် လက်ဆင့်ကမ်းကြကုန်၏၊ အမှန်မှာ သူတို့သည် စည်းဖျက်သော လူမျိုး ဖြစ်၏။
၅၁း၅၄။ သို့ဖြစ်၍ သူတို့ထံမှ လှည့်သွားလော့၊ သင်သည် သူတို့အား အပြစ် မတင်နှင့်။
၅၁း၅၅။ သတိဖေါ်ပေးလော့၊ သတိဖေါ်ပေးခြင်းသည် ယုံကြည်သူတို့အတွက် အကျိုးရှိနိုင်၏။
၅၁း၅၆။ ကလျာဏနှင့် အန္ဓပုတုဇဉ်တို့အား ငါ့ကို ကိုးကွယ်ရန်မှအပ ဖြစ် တည် စေခဲ့ခြင်း မဟုတ်။
၅၁း၅၇။ ငါသည် သူတို့ထံမှ ရိက္ခာကို မလိုလားချေ။ ငါ့အား ဆွမ်းကပ်ရန်လည်း မလိုအပ်ချေ။
၅၁း၅၈။ ဧကန်ပင် ပရမတ်ဘုရားရှင်၊ အရှင်သည် ရိက္ခာပေးသော အရှင်၊ အစွမ်းသတ္တိ ပိုင်စိုးသည့် တန်ခိုးတော်ရှင် ဖြစ်၏။
၅၁း၅၉။ ဧကန်ပင် မိုက်ကြေးခွဲသော သူတို့အတွက် သူတို့၏ ပေါင်းဖေါ်များ ပြစ်ဒဏ်ခံရ သကဲ့သို့ ပြစ်ဒဏ်သည် ရှိနေ၏။ အလျင်မလိုလေနှင့်။
၅၁း၆၀။ ဖုံးကွယ် သော သူတို့သည် သူတို့အတွက် ကတိတော်ပေးထားသည့် နေ့ကာလ၌ ပျက်စီး ဆုံးရှုံးရမည်သာတည်း။
ဓမ္မခန္ဓာ (၅၂) တောင်တော်
ဉာဏ်စဉ်ကိန်းဝပ်ပေးမှု အမှတ်စဉ် (၇၆)၊ သုတ်ဒေသနာ ပါး (၄၉)ပါး၊
ကရုဏာရှင် အကြင်နာရှင် ဖြစ်တော်မူသော ပရမတ်ဘုရားရှင်၏ ဂုဏ်တော်အားဖြင့်-
၅၂း၁။ တောင်တော်အားဖြင့်၊-
၅၂း၂။ ဤ-ရေးမှတ်ထားသော ကျမ်းတော်သည်-
၅၂း၃။ အသက်ဝင်နိုးကြွနေသည့် အက္ခရာတင်လွှာ ဖြစ်ပေသတည်း။
၅၂း၄။ လည်ပတ်ကြသော ဝတ်ကျောင်းတော်အားဖြင့်-
၅၂း၅။ မြှင့်ထားသော မျက်နှာကျက်အားဖြင့်-
၅၂း၆။ ပြည့်လျှံလာသော ပင်လယ်သမုဒ္ဒရာအားဖြင့်-
၅၂း၇။ သင့်ကံကြမ္မာရှင်ထံမှ ဝဋ်ကြွေးသည် ဧကန်ပင် ခိုင်မာတည်တံ့ပေ၏။
၅၂း၈။ ၎င်းကို ခုခံ နိုင်သူ ဟူ၍ မရှိချေ။
၅၂း၉။ ကောင်းကင်ယံသည် သွက်သွက်ခါ လှုပ်သော နေ့ကာလ၌၊
၅၂း၁၀။ တောင် တန်းများသည် ရွေ့မျော ရွေ့လျှားရလတ္တံ့။
၅၂း၁၁။ ထိုနေ့ကာလ၌ ငြင်းဆန်သူတို့သည် ပျက်စီးဆုံးရှုံးရလတ္တံ့။
၅၂း၁၂။ သူတို့က ဟာသလုပ် ပျက်လုံးထုတ်ခဲ့သော-
၅၂း၁၃။ အပူမီး ငရဲထဲသို့ သူတို့အား ဖိအားပေး၍ ဖိတွန်းပို့ခံရသော နေ့ကာလ၌-
၅၂း၁၄။ ဤသည် သင်တို့ ငြင်းဆန်လေ့ ရှိသည့် အပူမီးပင်တည်း။
၅၂း၁၅။ မှော်အတတ် ဖြစ်သလော၊ သို့တည်းမဟုတ် သင်တို့ အမြင် မရှိကြသလော၊-
၅၂း၁၆။ ထို၌ လောင်ကျွမ်းစေလတ္တံ့၊ သင်တို့ သည်းခံနိုင်သည် ဖြစ်စေ သည်းမခံနိုင်သည် ဖြစ်စေ သင်တို့အတွက် မထူး ချေ၊ သင်တို့ ကျင့်ကြံလေ့ရှိခဲ့ရာကိုသာ အစားပေးခံနေခြင်း ဖြစ်၏။
၅၂း၁၇။ ဧကန်ပင် စည်းစောင့်သူတို့သည် ဂုဏ်ရှိသော ဥယျာဉ်ဘုံများ၌ ဖြစ်ရ စေမည်။
၅၂း၁၈။ ကံကြမ္မာရှင်၏ ချီးမြှင့်မှုကြောင့် သူတို့သည် သီးနှံရသကဲ့သို့ ဖြစ်ရ လတ္တံ့၊ ကံကြမ္မာရှင်သည် သူတို့အား ငရဲမီး ဝဋ်ကြွေးမှ ကာကွယ်ထားတော်မူ၏။
၅၂း၁၉။ သင်တို့၏ ကျင့်ကြံလေ့ရှိမှုများကြောင့် ကျေကျေနပ်နပ် စားကြ သောက်ကြ ကုန်လော့။
၅၂း၂၀။ အစီအစဉ်ကျသော ဇိမ်ခံခုံများ၌ မှီလှဲစံစားစေ၍၊ ငါသည် သူတို့အား ဖြူစင်သော မျက်လုံးပိုင်ရှင်များနှင့် စုဖွဲ့ပေးတော်မူမည်ပင်။
၅၂း၂၁။ ယုံကြည်သော သူ၊ သူတို့အား ယုံကြည်ခြင်းဖြင့် လိုက်နာသော သူတို့ ၏ သားမြေးများ၊ ငါသည် သူတို့နှင့် သူတို့၏ သားမြေးတို့အား အတူဖြစ်စေတော် မူမည်။ သူတို့၏ ကျင့်ကြံမှု တစ်စုံတစ်ရာကိုမျှ ပပျောက်စေသည် မဟုတ်ချေ။ တစ်ဦးချင်းစီ၏ ကျင့်ဆောင်မှုတိုင်းသည် အာမခံပစ္စည်းပင် ဖြစ်၏။
၅၂း၂၂။ ငါသည် သူတို့အား သစ်သီး၀လံများနှင့် အသားများကို သူတို့ အာသီသ ရှိသလောက် တိုးပွားစေတော်မူလတ္တံ့။
၅၂း၂၃။ ထို၌ ပွစိပွစိမလုပ်။ ဖယ်ပစ်ခြင်းမရှိသော သောက်သုံးခွက်ကို ကမ်းလှမ်းပေးကြကုန်လတ္တံ့။
၅၂း၂၄။ မိမိကိုယ်မိမိ ပုလဲကဲ့သို့ ကာကွယ်ထားသော ကလေးများက သူတို့ထံပါး လှည့်လည်ဝိုင်းရံလျက် ရှိလတ္တံ့။
၅၂း၂၅။ သူတို့မှ အချို့က အချို့ထံသို့ ရှေ့တိုးလာလျက် မေးမြန်း-
၅၂း၂၆။ ပြောဆို ကြမည်မှာ“ရှေ့အလျင်က- ကျွန်ုပ်တို့၏ ဝိုင်းသားများ အတွင်း ကျွန်ုပ်တို့ စိုးထိတ် ခဲ့ရ၏၊-
၅၂း၂၇။ သို့သော် ပရမတ်ဘုရားရှင်သည် ကျွန်ုပ်တို့အား မျက်နှာသာပေးခဲ့ပြီ၊ အရှင်သည် ကျွန်ုပ်တို့အား ဝဋ်ကြွေး အပူထုမှ ကာကွယ်ခဲ့၏။
၅၂း၂၈။ ကျွန်ုပ်တို့သည် အရှင့်ထံ ရှေ့ကပင် ဧကန် ဆုပန်ခြင်း ရှိ၏။ အရှင်သည် ကောင်းမှုပြုသော အရှင် အကြင်နာရှင် ဖြစ်တော်မူ၏၊”ဟု ဖြစ်၏။
၅၂း၂၉။ သို့ဖြစ်၍၊ ကံကြမ္မာရှင်၏ ဂုဏ်ပေးမှုဖြင့် သတိဖေါ်ပေးလော့၊ သင် သည် ဗေဒင်ဆရာလည်း မဟုတ် ရူးသွပ်နေသူလည်း မဟုတ်ချေ။
၅၂း၃၀။ သို့တည်း မဟုတ် သူတို့က “သူသည် ကဗျာဆရာ ဖြစ်၏၊ သူ့အား သံသယဖြစ်ဘွယ် မျက်နှာသာရနေမှုကို ကျွန်ုပ်တို့ စောင့်ကြည့်နေ၏”ဟု ဆိုကြသလော။
၅၂း၃၁။ စောင့် ကြည့်ကြလော့၊ ကျွန်ုပ်သည်လည်း သင်တို့နှင့်အတူ စောင့်ကြည့်သူတို့မှ ဖြစ်၏၊” ဟု ဟောလော့၊
၅၂း၃၂။ သူတို့၏ ဤ စိတ်ကူးက သူတို့အား ညွှန်ကြားသလော၊ သို့တည်း မဟုတ် သူတို့သည် စည်းဖျက်လူမျိုး ဖြစ်သလော။
၅၂း၃၃။ သို့မဟုတ် “ကုရ်အာန်ကို သူ တီထွင်ခြင်း၊”ဟု ပြောကြသလော၊ အမှန်မှာ သူတို့သည် ယုံကြည်သူများ မဟုတ် ချေ။
၅၂း၃၄။ သူတို့သည် ဖြောင့်မှန်သူများ ဖြစ်ကြလျှင် ထိုကဲ့သို့ ဆင့်ပြန်ချက် တစ်ခု ပေးအပ်စေလော့။
၅၂း၃၅။ သို့တည်းမဟုတ် သူတို့အား နတ္ထိမှ ဖြစ်တည်ခံရသည် မဟုတ်လော၊ သို့တည်းမဟုတ် သူတို့က ဖြစ်တည်ပေးနိုင်သူများ ဖြစ်သလော။
၅၂း၃၆။ သို့တည်း မဟုတ် သူတို့သည် မိုးများနှင့် မြေအား ဖြစ်တည်စေခဲ့သလော၊ အမှန်မှာ သူတို့ သည် ဒိဌယုံကြည်မှု မရှိကြချေ။
၅၂း၃၇။ သို့တည်းမဟုတ် သူတို့ထံ၌ ကံကြမ္မာရှင်၏ ဘဏ္ဍာတော်များ ရှိ သလော၊ သို့တည်းမဟုတ် ရေးမှတ်နိုင်သူများ ဖြစ်ကြသလော။
၅၂း၃၈။ သို့တည်း မဟုတ် သူတို့သည် အကြားအာရုံ သန္တိသုခဈာန် ရထားသလော၊ သို့ဖြစ်လျှင် ကြားနာရသူများအား ရှင်းလင်းသော လုပ်ပိုင်ခွင့်ကို ပေးအပ်စေကုန်။
၅၂း၃၉။ သို့တည်းမဟုတ် အရှင့်အတွက် သမီးများ ရှိ၍ သင်တို့ အတွက် သားများ ရှိကြသလော။
၅၂း၄၀။ သို့တည်းမဟုတ် သင်သည် သူတို့ထံမှ အကျိုးဆုလဒ် တောင်းဘူးသလော၊ သို့အတွက် သူတို့မှာ အကြွေး ဝန်ပိနေကြသလော။
၅၂း၄၁။ သို့တည်းမဟုတ် သူတို့ထံ၌ စက္ခုလွန်များသည် ရှိ၍၊ သူတို့ မှတ်တမ်း တင်ထားကြသလော။
၅၂း၄၂။ သို့တည်းမဟုတ် သူတို့သည် ကြံစည်လိုကြသလော၊ သို့သော် ဖုံးကွယ်သော သူတို့သည်သာ သူတို့ကိုယ်သူတို့ ကြံစည်ခြင်း၌ ငြိနေကြေ ကုန်၏။
၅၂း၄၃။ သို့တည်းမဟုတ် သူတို့အဘို့ ပရမတ်ဘုရားရှင်မှ အပ အခြားဘုရား သည် ရှိနေသလော။ ဦးထိပ်ထားအပ်သော ပရမတ်ဘုရားရှင်သည် သူတို့၏ ရောပြွန်းကိုးကွယ်ရာတို့မှ ကင်း၏။
၅၂း၄၄။ မိုးကောင်းကင် အစိတ်စိတ် ပြိုကျသည်ကို သူတို့အား မြင်စေသော်၊ သူတို့က “မိုးတိမ် အစုအပြုံ၊”ဟု ပြောကြလတ္တံ့။
၅၂း၄၅။ သူတို့အား နားစည်ကွဲ၍ လဲနေသည့် နေ့ကာလကို ဆုံတွေ့ရသည့်တိုင် သူတို့အား ချန်ထားခဲ့လော့။
၅၂း၄၆။ ထိုနေ့၌ သူတို့၏ ကြံစည်မှုများသည် သူတို့အတွက် တစ်စုံတစ်ရာ ပြည့်စုံခြင်း မရှိ၊ သူတို့အား အကူအညီလည်း မရှိချေ။
၅၂း၄၇။ ဧကန်ပင် မိုက်ကြေးခွဲသော သူများ အတွက် ဤမှအပ ဝဋ်ကြွေးသည် ရှိသေး၏၊ သို့ရာတွင် သူတို့မှ အများစုကြီးသည် သိကြသည် မဟုတ်ချေ။
၅၂း၄၈။ သို့ဖြစ်၍ ကံကြမ္မာရှင်၏ ဓမ္မသတ်အား သည်းခံစောင့်လော့၊ ဧကန်ပင် သင်သည် ငါ့ စက္ခုရှေ့၌ ရှိ၏၊ သင်၏ ရပ်တည်ချိန်တွင် ကံကြမ္မာရှင် အား ရည်သန်စူးစိုက် ဦးထိပ်ထားလော့။
၅၂း၄၉။ ညပိုင်း- ကြယ်တာရာများ ကျောခိုင်း စဉ် အရှင့်အား ဦးထိပ်ထားလော့။
ဓမ္မခန္ဓာ (၅၂) ဤတွင် ပြီး၏။
ဓမ္မခန္ဓာ (၅၃) ကြယ်တာရာ
ဉာဏ်စဉ်ကိန်းဝပ်ပေးမှု အမှတ်စဉ် (၂၃)၊ သုတ်ဒေသနာ (၆၂)ပါး၊
ကရုဏာရှင် အကြင်နာရှင် ဖြစ်တော်မူသော ပရမတ်ဘုရားရှင်၏ ဂုဏ်တော်အားဖြင့်-
၅၃း၁။ သူ့သဘောသူဆောင်သော ကြယ်တာရာအားဖြင့်-
၅၃း၂။ သင်တို့၏ အဖေါ်သည် အယူလွဲနေခြင်း မရှိ၊ တိမ်းပါးစေခြင်းလည်း မရှိချေ။
၅၃း၃။ သူ၏ ပြော စကားများမှာ လိုဘ မဟုတ်-
၅၃း၄။ ဧကန် အာရုံရစေသော အာရုံဈာန်မျှသာ ဖြစ်၏။
၅၃း၅။ ပညာအလင်းကိုပေးသူမှာ အစွမ်းသတ္တိ ပြတ်သားထင်ရှားသော
၅၃း၆။ ရင့်ကျက်စေသော အရှင် ဖြစ်၏။ သို့ဖြစ်၍ သူသည် ရင့်သန်ဆိုက်မြိုက်ခဲ့၏။
၅၃း၇။ ထို့ပြင် သူသည် မိုးကုတ်စက်ဝန်း အထွဋ်အထိပ်သို့ ဆိုက်မြိုက်လျက်
၅၃း၈။ ဖြေးဖြေး ချင်း ကွေးညွတ် နီးကပ်လာ၍-
၅၃း၉။ လေးကိုင်းထိပ်နှစ်ဘက် အကွာ သို့မဟုတ် ထို့ထက် နီးကပ်လာခဲ့၏။
၅၃း၁၀။ အရှင်သည် အရှင်၏ အမှုတော်ဆောင်ထံသို့ အာရုံဈာန်ဖြင့် အာရုံဈာန်ဖြစ်တည်စေ၏။
၅၃း၁၁။ စိတ်အာရုံသည် သူ မြင်သည်ကို ငြင်းဆန်ခြင်း မရှိ ချေ။
၅၃း၁၂။ သင်တို့သည် သူ မြင်သည်ကို အချင်းများလိုသလော။
၅၃း၁၃။ မုချပင် နောက်တဖန် ဆင်းသက်လာခြင်းကို သူ မြင်ရ၏။
၅၃း၁၄။ အန္တိမပန်းတိုင် ဇီးဗောဓိပင် အပါး၌၊
၅၃း၁၅။ ထိုအပါး၌ ခိုလှုံရာ ဥယျာဉ်ဘုံ ရှိ၏။
၅၃း၁၆။ ထိုဇီးဗောဓိပင်အား လွှမ်းခြုံရာ ဖြင့် လွှမ်းခြုံသောအခါ။
၅၃း၁၇။ စက္ခုရုံသည် တိမ်းပါး-စည်းဖျက်မှု မရှိ။
၅၃း၁၈။ သူသည် ကံကြမ္မာရှင်၏ ကြီးကျယ်ဆုံးသော နိမိတ်တော်ကို မုချ မြင်ရ၏။
၅၃း၁၉။ သင်တို့သည် လာ့တ်နှင့် အုဇာရ်၏ အကြောင်းကို မြင်ကြပြီလော။
၅၃း၂၀။ သုံးပါးမြောက် အဖြစ် အခြားသော အရာမှာ မနတ် ဖြစ်သလော။
၅၃း၂၁။ သင်တို့ အတွက် သားများကို ဖြစ်စေ၍၊ အရှင့်အတွက် သမီးများကို ဖြစ်စေသလော။
၅၃း၂၂။ ဤသည် လုံး၀ တရားမမျှသော တိုင်တည်မှု ဖြစ်၏။
၅၃း၂၃။ ဧကန်ပင် ၎င်းတို့၏ အမည်များမှာ သင်တို့နှင့် သင်တို့၏ မိရိုးဖလာမှ အမည်ပေးထားခြင်းသာ ဖြစ်၏။ ပရမတ်ဘုရားရှင်သည် ၎င်းတို့အား လုပ်ပိုင်ခွင့် ချမှတ်ပေးခြင်း မရှိချေ။ ဧကန်ပင် သူတို့သည် စဉ်းစားချက်များနှင့် စရိုက်လိုဘ နောက်သို့ လိုက်နေကြ၏။ ကံကြမ္မာရှင်၏ထံမှ လမ်းညွှန်ချက်သည်ကား မုချ ရောက်လာခဲ့ချေပြီ။
၅၃း၂၄။ သို့တည်းမဟုတ် လူသားအတွက် အားကျမိသောအရာ ရှိသေးသလော။
၅၃း၂၅။ နောင်ဘ၀နှင့် ရှေးဘ၀များသည် ပရမတ်ဘုရားရှင်၏ အချုပ်အခြာ၌ ရှိ၏။
၅၃း၂၆။ ပရမတ်ဘုရားရှင်၏ စံချိန်ပြည့်မှု ကျေနပ်မှုဖြင့် အခွင့်ပေးထားပြီးသူ၏ နောက် ကောင်းကင်ယံမှ စွမ်းအင်စုများသည်ပင် ၎င်းတို့ အတွက် အမျှဝေပေးရန် တစ်စုံတစ်ရာ ပြည့်စုံခြင်း မရှိချေ။
၅၃း၂၇။ နောင်ဘ၀အား မယုံကြည်သော သူတို့က နိမိတ်ဆောင်တို့အား လိင်မ အမည်များဖြင့် အမည်ပေးကြ၏။
၅၃း၂၈။ ၎င်းအတွက် သူတို့၌ အသိပညာမရှိပေ၊ စဉ်းစားချက်ကိုသာ လိုက်နေကြ၏။ ဧကန်ပင် စဉ်းစားချက်သည် အမှန်တရား ထက် တစ်စုံတစ်ရာ ပြည့်စုံခြင်း မရှိချေ။
၅၃း၂၉။ ငါ၏ သတိပေးတရားကို ဘောင်ကန့်ထားလျက် လောကီ ဘ၀ကိုသာ လှည့်နေသူအား အရေးတယူမရှိနှင့်။
၅၃း၃၀။ ဤသည် သူတို့၏ ပညာ ဆိုက်ရောက်နိုင် အား ဖြစ်၏။ ဧကန်ပင် လမ်းစဉ်တော်မှ လွှဲဖယ်သွားသူအား ကံကြမ္မာရှင်သည် အသိဆုံး ဖြစ်တော်မူ၏၊ အရှင်၏ လမ်းညွှန်၌ ရှိသူကိုလည်း အသိဆုံး ဖြစ်တော် မူ၏၊
၅၃း၃၁။ မိုးများနှင့် မြေကမ္ဘာ၌ ရှိသည်များသည် ပရမတ်ဘုရားရှင်၏ အချုပ် အခြာ၌ ရှိ၏။ အရှင်သည် အကုသိုလ်ပြုသော သူတို့အား သူတို့ကျင့်ကြံမှုအတိုင်း အစားပေးတော်မူ၏။ သုမင်္ဂလာပြုသော သူတို့ကိုလည်း သုမင်္ဂလာ အစားပေး တော်မူ၏။
၅၃း၃၂။ ရှေ့ကျွံခဲ့မိသည်မှပ ကြီးမားသော ပြစ်မှုနှင့် ကိုယ်ကျင့်ပျက်မှုများမှ ကင်းသန့်သော သူတို့အဘို့- ဧကန်ပင် ကံကြမ္မာရှင်သည် လွတ်ငြိမ်းခွင့်ဖြင့် ဖြန့် ကျက်ထားသော အရှင်ဖြစ်၏။ အရှင်သည် သင်တို့အား မြေကမ္ဘာမှ ပေါက်ပွား စေခဲ့ သောအခါ၊ သင်တို့ မိခင်များ၏ ဝမ်းကြာတိုက် အတွင်း သန္ဓေသားဘ၀မှအစ အသိဆုံး ဖြစ်တော်မူ၏၊ သို့ဖြစ်၍ သင်တို့၏ စရိုက်များသည် အဖြူထည် မဟုတ် ချေ။ အရှင်သည် စည်းစောင့်သူများကို အသိဆုံး ဖြစ်တော်မူ၏၊
၅၃း၃၃။ လှည့်သွားသောသူကို သင် မြင်ကြသလော။
၅၃း၃၄။ သူသည် အနည်း အပါး လက်ဆောင်ပေး၍ တွန့်တိုတတ်၏။
၅၃း၃၅။ သူ့ထံ၌ စက္ခုလွန်အား သိနိုင်အား ရှိသလော၊ သို့မဟုတ် မြင်နိုင်သလော။
၅၃း၃၆။ သို့တည်းမဟုတ် မူဆာ၏ ပရပိုက်များပါ သတင်းကို ရမိသလော။
၅၃း၃၇။ တာဝန်အပြည့်ယူသော အီဗရာဟီးမ်အားဖြင့်-
၅၃း၃၈။ မိမိအတွက် ဝန် ထမ်းနေရသူသည် အခြားသူ၏ ဝန်အား မထမ်းပေးနိုင်ချေ။
၅၃း၃၉။ လူသားတွင် မိမိ လုံးပန်းခဲ့ရာမှအပ အခြား မရှိချေ။
၅၃း၄၀။ လုံးပန်းခဲ့မှုများကို မကြာမှီ မြင်ရစေလတ္တံ့။
၅၃း၄၁။ သူ့အား ပြီးပြည့်စုံသော အစားပေးခြင်းဖြင့် အစားပေးတော်မူ မည်ပင်။
၅၃း၄၂။ ကံကြမ္မာရှင်၏ ထံသို့သာ အန္တိမပန်းတိုင် ဖြစ်၏။
၅၃း၄၃။ အရှင်သည် ရယ်မောစေသော၊ ငိုကြွေးစေသော အရှင်
၅၃း၄၄။ ရှင်စေ သော အရှင်၊ သေစေသော အရှင် ဖြစ်၏။
၅၃း၄၅။ အရှင်က အဖို အမ စုဖွဲ့ ဖြစ်တည် စေသည်မှာ-
၅၃း၄၆။ ဇောဖြင့်တွန်း ထုတ်ရသော သုတ်ပိုးမှ ဖြစ်၍-
၅၃း၄၇။ ဧကန် သူ့အား နောက်တဖန် ပေါက်ပွားစေ၏။
၅၃း၄၈။ အရှင်သည် ကုံလုံပြည့်စုံသော၊ ပြည့်စုံလုံလောက်သော အရှင်-
၅၃း၄၉။ အကာသမြေပုံတို့၏ ကံကြမ္မာရှင် ဖြစ်၏။
၅၃း၅၀။ ရှေးဦးပထမ အာ့ဒ်တို့အား တိမ်ကောစေသော အရှင် ဖြစ်၏။
၅၃း၅၁။ သမု-ဒ်တို့အားလည်း လက်ကျန်ထားခဲ့ခြင်း မရှိချေ။
၅၃း၅၂။ ရှေ့အလျင်က နူးဟ်၏ လူမျိုးတို့ကိုလည်း ယင်းသို့ ဖြစ်စေ၏၊ သူတို့သည် ပို၍ အမိုက်စီး စည်းဖျက်လေ့ ရှိကြ၏။
၅၃း၅၃။ သူ့သဘောသူဆောင် ပြောင်းပြန်လန်သွားသောမြို့ရွာများ-
၅၃း၅၄။ လွှမ်းခြုံခြင်းဖြင့် ၎င်းတို့အား လွှမ်းခြုံသွားစေ၏။
၅၃း၅၅။ အရှင်၏ ကျေးဇူးပြုခြင်းများမှ မည်သည်ကို သင် အချင်းများနိုင် အံ့နည်း။
၅၃း၅၆။ ဤသူသည် ရှေးဦးပထမ သတိပေးသူများ အနက်မှ သတိပေးသူ တစ်ဦး ဖြစ်၏။
၅၃း၅၇။ နီးလာနေသော ဖြစ်ခြင်းအကြောင်းသည် နီး၍လာနေ၏။
၅၃း၅၈။ ပရမတ်ဘုရားရှင် မှလွဲ၍ ၎င်းကို ဖယ်ရှားပေးနိုင်သူ မရှိချေ။
၅၃း၅၉။ သို့ဖြစ်၍ မည်သူ သည် ဤဆင့်ပြန်ချက်ကို အံ့ဩနေကြသနည်း။
၅၃း၆၀။ သင်တို့သည် မျက်ရည်မကျ ရယ်မောနေကြသလော။
၅၃း၆၁။ သင်တို့သည် အူမြူးနေကြသလော။
၅၃း၆၂။ သို့ဖြစ်၍၊ ပရမတ်ဘုရားရှင်အား ဦးချကြလော့၊ ကိုးကွယ်ဆည်းကပ် ကြကုန်လော့။
ဓမ္မခန္ဓာ (၅၃) ဤတွင် ပြီး၏။
ဓမ္မခန္ဓာ (၅၄) လ
ဉာဏ်စဉ်ကိန်းဝပ်ပေးမှု အမှတ်စဉ် (၃၇)၊ သုတ်ဒေသနာ (၅၅)ပါး၊
ကရုဏာရှင် အကြင်နာရှင် ဖြစ်တော်မူသော ပရမတ်ဘုရားရှင်၏ ဂုဏ်တော်အားဖြင့်-
၅၄း၁။ အချိန်နာရီသည် နီးကပ်လာနေ၏၊ လလည်း ကွဲခဲ့ပြီ။
၅၄း၂။ သုတ်ဒေသနာတော်ကို မြင်တွေ့ရလျှင် ဘောင်ကန့်ထားလျက်၊ “လွန် လေခဲ့ပြီးသော မှော်အတတ်ပင်၊”ဟု ပြောကြ၏။
၅၄း၃။ သူတို့သည် ငြင်းဆန်ကြ၏၊ လိုဘများနောက်သို့ လိုက်ကြ၏။ အရေးအရာတိုင်းသည် ပြန်တည်ငြိမ်ရလတ္တံ့။
၅၄း၄။ သူတို့ထံသို့ သတင်းဝါဒ မုချ ဖြန့်ချီခံရပြီ။ ၎င်းကို အော်ဟောက်တားဆီးအပ်၏။
၅၄း၅။ ဓမ္မသတ်ကို ဖြန့်ချီပေးသော်လည်း၊ သတိပေးချက်သည် ပြည့်စုံသည် မဟုတ်ချေ။
၅၄း၆။ သို့ဖြစ်၍ သူတို့မှ လှည့်သွားလော့၊ ဖိတ်ခေါ်သူ၏ တစ်စုံတစ်ရာမျှ မကြုံဘူးရာသို့ ဖိတ်ခေါ်သော နေ့ကာလ၌-
၅၄း၇။ သူတို့၏အမြင်များ ကျို့ငဲ့လျက်၊ ထွက်လာသော နှံကောင်များကဲ့သို့ သူတို့သည် သင်းချိုင်းဂူများမှ နိုးထလာရ၍-
၅၄း၈။ ဖိတ်ခေါ်သူထံသို့ ပြာပြာသလဲ ချည်းကပ်လျက် ဖုံးကွယ်သူတို့က “ဤသည် ပြဿဒါးနေ့ပင်တည်း၊”ဟု ဆိုလတ္တံ့။
၅၄း၉။ သူတို့မတိုင်မှီ နူးဟ်၏ လူမျိုးသည်လည်း ငြင်းဆန်ခဲ့ပြီ။ သူတို့သည် ငါ၏ အမှုတော်ဆောင်အား ငြင်းဆန်၍ “အရူး”ဟု ဆိုကြ၏။ ထို့နောက် ဟောက် ထုတ်၏။
၅၄း၁၀။ သူက ကံကြမ္မာရှင်ထံ၌ “တပည့်တော်အား အနိုင်ကျင့်ကြပါပြီ၊ တပည့်တော်အား ကူညီတော်မူပါ၊”ဟု ဆုတောင်း၏။
၅၄း၁၁။ သို့ဖြင့် ငါသည် ကောင်းကင်တံခါးကို ဖွင့်၍ ရေများ လောင်းချပေး တော်မူ၏။
၅၄း၁၂။ ထို့နောက် ကမ္ဘာမြေမှ စိမ့်စမ်းများ စီးထွက်စေ၏၊ ညွှန်ကြားမှု အတိုင်း ရေများ ရင်ဆိုင်ဆုံစေရန် မုချ စည်းကြပ်မတ်၏။
၅၄း၁၃။ ထို့နောက် အချပ်ပြား သပ်စို့များဖြင့် ပြုလုပ်ထားရာပေါ်သို့ သူ့အား တင်ဆောင်ပေးတော်မူ၏။
၅၄း၁၄။ ၎င်းအား ငါ့ စက္ခုရှေ့ စီးမျောနေစေ၍၊- ဖုံးကွယ် လေ့ရှိခဲ့သူတို့ အတွက် အစားပေးခြင်းဖြစ်၏။
၅၄း၁၅။ မုချပင် ထို၌ သက်သေလက္ခဏာ တစ်ရပ် ချန်ထားစေ၏။ သို့သော် နှလုံးပိုက်သူ ရှိလေသလော။
၅၄း၁၆။ ငါ ပြဌာန်းသော ဝဋ်ကြွေး၊ သတိပေးချက်သည် မည်သို့ ရှိလေသနည်း။
၅၄း၁၇။ ငါသည် ကုရ်အာန်အား သတိရရှုမှတ်ရန် မုချ လွယ်ကူစေ၏၊ သို့သော် နှလုံးပိုက်သူ ရှိလေသလော။
၅၄း၁၈။ အာ့ဒ်တို့လည်း ငြင်းဆန်ခဲ့ပြီ၊ သို့ဖြင့် ငါပြဌာန်းသော ဝဋ်ကြွေး သတိပေးချက်သည် မည်သို့ ရှိလေသနည်း။
၅၄း၁၉။ ဧကန်ပင် ဒေါသကြီးနေသော လေကို သူတို့ အပေါ်သို့ အပူလှိုင်းဖြတ်သည့် နေ့၌ ငါ ဖြတ်သန်းစေ၍-
၅၄း၂၀။ စွံပလွန် ပင်အိုများအား အမြစ်လှန်ပစ်သကဲ့သို့ လူသားတို့အား ဖယ်ထုတ်လွင့်စင်သွား စေ၏။
၅၄း၂၁။ ငါပြဌာန်းသော ဝဋ်ကြွေး သတိပေးချက်သည် မည်သို့ ရှိလေသနည်း။
၅၄း၂၂။ ငါသည် ကုရ်အာန်အား သတိရရှုမှတ်ရန် မုချ လွယ်ကူစေ၏၊ သို့သော် နှလုံးပိုက်သူ ရှိလေသလော။
၅၄း၂၃။ သမု-ဒ်တို့သည်လည်း သတိပေးချက်ကို ငြင်းဆန်ခဲ့ကြပြီ။
၅၄း၂၄။ သူတို့က ပြောကြသည်မှာ “ကျွန်ုပ်တို့အထဲမှ လူပုဂ္ဂိုလ် တစ်ဦးမျှသာ- သူ့နောက်ကို လိုက် သင့်သလော။ ကျွန်ုပ်တို့သည် လွဲမှားမှု၌ လောင်စာဖြစ်နိုင်၏၊-
၅၄း၂၅။ ကျွန်ုပ်တို့အနက် သူ့ကိုသာ သတိပေးတရားတော် ခင်းကျင်းပေးသလော၊ အမှန်မှာ သူသည် အရိုင်း အစိုင်း ငြင်းဆန်သူသာ ဖြစ်၏၊”ဟု ဖြစ်၏။
၅၄း၂၆။ မည်သူသည် အရိုင်းအစိုင်း ငြင်းဆန် သူ ဖြစ်ကြောင်း စောစော သိလာရလေလတ္တံ့။
၅၄း၂၇။ သူတို့အား စမ်းသပ်ရန် ကုလားအုပ်မအား သူတို့ထံသို့ ငါ စေစားတော်မူ၏။ သို့ဖြစ်၍ သူတို့အား စောင့်ကြည့်နေလော့၊ သည်းခံခြင်းရှိလော့။
၅၄း၂၈။ သူတို့ချင်းကြား ရေကို သောက်ရေ ကိုယ်စီ အသင့်ဟု တိုင်တည်ပြီး သတင်းထုတ် လော့၊
၅၄း၂၉။ သို့ဖြင့် သူတို့၏ အဖေါ်များကို ခေါ်၍၊ မျိုး အ ခြင်း လက်ဆောင်ကို ယူ လိုက်ရ၏။
၅၄း၃၀။ ငါပြဌာန်းသော ဝဋ်ကြွေး သတိပေးချက်သည် မည်သို့ ရှိလေ သနည်း။
၅၄း၃၁။ သူတို့ထံသို့ အသံလှိုင်းကြီး တစ်ခုကို ငါ စေစားလိုက်၍ ခြံဘောင် ခတ်သူ၏ သစ်ကိုင်းခြောက်များ ကဲ့သို့ ဖြစ်သွားရ၏။
၅၄း၃၂။ ငါသည် ကုရ်အန်အား သတိရရှုမှတ်ရန် မုချ လွယ်ကူစေ၏၊ သို့သော် နှလုံးပိုက်သူ ရှိလေသလော။
၅၄း၃၃။ လု-တ်၏ လူမျိုးတို့သည်လည်း သတိပေးချက်ကို ငြင်းဆန်ခဲ့ကြပြီ။
၅၄း၃၄။ သူတို့အပေါ်သို့ သဲမုန်တိုင်းကို ငါ စေစားပြီ။ သို့သော် လု-တ်၏ အဆက်တို့မှာ ထိုမှကင်း၏၊ သူတို့အား လှည့်စားခံရမှုမှ လွတ်မြောက်စေတော်မူသည်မှာ-
၅၄း၃၅။ ငါ၏ ထံတော်မှ ဂုဏ်ပေးခြင်း ဖြစ်၏။ ကျေးဇူးသိသူတို့အား ယင်းသို့ အစားပေး တော်မူ၏။
၅၄း၃၆။ ငါ မည်သို့ကိုင်တွယ်မည်ကို သူက သူတို့အား သတိပေးသော် သတိ ပေးချက်အား အချင်းများကြ၏။
၅၄း၃၇။ ဧည့်သည်များအား စွန့်ခဲ့ရန် သူ့ကို သူတို့က ဖိအားပေးကြ၏။ သို့သော် ငါအရှင်က သူတို့၏ မျက်လုံးများကို အရေလှန်လိုက်၍ ငါ ပြဌာန်းသော ဝဋ်ကြွေးနှင့် သတိပေးချက်ကို မြည်းစမ်းစေရန်-
၅၄း၃၈။ တည်ငြိမ် သော ဝဋ်ကြွေးသည် အာရုဏ်ဦး၌ သူတို့အား ထိသက်လေပြီ။
၅၄း၃၉။ ငါ ပြဌာန်းသော ဝဋ်ကြွေးနှင့် သတိပေးချက်ကို မြည်းစမ်းကြလော့။
၅၄း၄၀။ ငါသည် ကုရ်အာန်အား သတိရရှုမှတ်ရန် မုချ လွယ်ကူစေ၏၊ သို့သော် နှလုံးပိုက်သူ ရှိလေသလော။
၅၄း၄၁။ ဖာရိုးမင်းဆက်ထံသို့လည်း သတိပေးချက်သည် မုချ ရောက်လာ ခဲ့ပြီ။
၅၄း၄၂။ သူတို့သည် ငါ၏ သုတ်ဒေသနာများကို ငြင်းဆန်ကြ၏။ သို့ဖြင့် စည်းချိန် ချမှတ်သော အရှင် ဘုန်းတော်ရှင်၏ အရေးယူခြင်းဖြင့် သူတို့ကိုယ်စီအား အရေး ယူတော်မူပြီ။
၅၄း၄၃။ သင်တို့သည် ထိုသူများထက် ပိုမိုကောင်းမွန်စွာ ဖုံးကွယ်သူများ ဖြစ်ကြသလော၊ သို့တည်းမဟုတ် သင်တို့သည် ကျမ်းမှတ်တမ်းပါ ကင်းလွတ်ခွင့် ကို ရထားကြသလော။
၅၄း၄၄။ သို့တည်းမဟုတ် “ကျွန်ုပ်တို့သည် အကူအညီရသော တပ် ပေါင်းစု ဖြစ်သည်၊”ဟု ဆိုကြသလော။
၅၄း၄၅။ ထိုတပ်ပေါင်းစုသည် ချေမှုန်းခြင်းခံရလတ္တံ့၊ ၎င်းတို့သည် နောက်သို့ လှည့်ပြေးရလတ္တံ့။
၅၄း၄၆။ အချိန်နာရီသည် ၎င်းတို့အတွက် ကတိတော်ဖြစ်၏၊ အချိန် နာရီသည် ၎င်းတို့အား နာကျင်စွာ ဖြတ်သန်းစေလတ္တံ့။
၅၄း၄၇။ ရာဇဝတ်ကောင်တို့ သည်ကား လွဲမှားမှု၌ လောင်စာဖြစ်ရလျက်-
၅၄း၄၈။ အပူမီးထဲသို့ မျက်နှာ ဦးဇောက် တွဲကျစေမည့် နေ့ကာလ၌ ငရဲ၏ ထိကပ်ခြင်းကို မြည်းစေလတ္တံ့။
၅၄း၄၉။ ဧကန်ပင်- သဗ္ဗလုံးစုံအား စည်းချိန်အလျောက် ငါ ဖြစ်တည်ပေး၏။
၅၄း၅၀။ ငါအရှင်၏ ညွှန်ကြားချက်သည် တစ်သမတ်တည်းဖြစ်၍၊ အမြင် တစ်ဝှေ့တွင် အတည်ဖြစ်၏။
၅၄း၅၁။ မုချပင် သင်တို့၏ ဂိုဏ်းသားတို့ကို တိမ်ကောစေခဲ့ပြီ၊ သို့တိုင် နှလုံးပိုက်သူ ရှိလေသလော။
၅၄း၅၂။ သူတို့၏ ပြုလုပ်ခဲ့မှု သဗ္ဗလုံးစုံသည် ကျမ်းမှတ်တမ်းများ ရှိနေ၏။
၅၄း၅၃။ ငယ်သည်မဟူ ကြီးသည်မခြား ကိုယ်စီ ရေးမှတ်ထား၏။
၅၄း၅၄။ ဧကန်ပင် စည်းစောင့်သူများသည် ဥယျာဉ်များ မြစ်ချောင်းများဖြင့်-
၅၄း၅၅။ ဖြောင့်မှန်သော ထိုင်ခုံများဖြင့် စည်းချိန်ချမှတ်သော အရှင်သခင်၏ အပါးတော် မြဲများ ဖြစ်ရလတ္တံ့။
ဓမ္မခန္ဓာ (၅၄) ဤတွင် ပြီး၏။
ဓမ္မခန္ဓာ (၅၅) ကရုဏာရှင်
ဉာဏ်စဉ်ကိန်းဝပ်ပေးမှု အမှတ်စဉ် (၉၇)၊ သုတ်ဒေသနာ (၇၈)ပါး၊
ကရုဏာရှင် အကြင်နာရှင် ဖြစ်တော်မူသော ပရမတ်ဘုရားရှင်၏ ဂုဏ်တော်အားဖြင့်-
၁။ မဟာကရုဏာရှင်သည်- ၂။ ကုရ်အာန်အားသင်ကြားပေး၏။ ၃။ လူသားကို ဖြစ်တည်စေ၏။ ၄။ ရှင်းလင်းချက်ကို သင်ကြားပေး၏။ ၅။ နေနှင့် လတို့ကို စီစစ် တွက်ချက်ထား၏။
၆။ ကြယ်တာရာများ၊ အပင်များသည် ဦးချနေရ၏။ ၇။ အာကာသအားမြှင့်ထား၍၊ စရွေးချပေးထား၏။ ၈။ သင်တို့သည် ထိုစရွေး၌ စည်းမဖျက်အပ်။
၉။ စရွေးစံချိန်၌ သမာသမတ်ဖြင့် ရပ်တည်ကြလော့၊ စရွေးစံချိန် မလျော့ စေကြနှင့်။ ၁၀။ မြေကမ္ဘာကို သတ္တဝါများနေရာချရန်ဖြစ်စေ၏။ ၁၁။ ထို၌ အခွံရှိ သစ်သီး၀လံများနှင့် စွံပလွန်ပင်များရှိစေ၍၊ ၁၂။ ကောက်ပဲသီးနှံနှင့် ရနံ့သင်းသည့် အနံ့လွင့်ပင်များလည်းရှိစေ၏။ ၁၃။ သင်တို့၏ ကံကြမ္မာရှင်ထံမှ အကျိုးဆက်များအားမည်သို့ ငြင်းဆန်အံ့နည်း။
၁၄။ အရှင်သည် ကလျာဏပုတုဇဉ်အားဝံ့ကြွားနိုင်သော မြေသားမှ ဖြစ် တည်စေ၍ ၁၅။ အန္ဓပုတုဇဉ်ကို အရှိန်သေသော မီးမှ ဖြစ်တည်စေ၏။ ၁၆။ သင်တို့၏ ကံကြမ္မာရှင်ထံမှ အကျိုးဆက်များအားမည်သို့ ငြင်းဆန်အံ့နည်း။
၁၇။ အရှင်သည် နေထွက်ရာ နှစ်ဘက်၊ နေဝင်ရာ နှစ်ဘက်တို့၏ ကံကြမ္မာ ရှင် ဖြစ်၏။ ၁၈။ သင်တို့၏ ကံကြမ္မာရှင်ထံမှ အကျိုးဆက်များအားမည်သို့ ငြင်းဆန် အံ့နည်း။
၁၉။ ပင်လယ်နှစ်ပြင်ကို အရှိန်သတ် တွေ့ဆုံစေ၏။ ၂၀။ ထိုနှစ်ခုကြား၌ အပြစ်မရှာနိုင်စေရန် တံတိုင်းကာပေးထား၏။ ၂၁။ သင်တို့၏ ကံကြမ္မာရှင်ထံမှ အကျိုးဆက်များအားမည်သို့ ငြင်းဆန်အံ့နည်း။
၂၂။ ၎င်းတို့မှ ပုလဲရတနာ သန္တာတို့ကို ထွက်စေတော်မူ၏။ ၂၃။ သင်တို့၏ ကံကြမ္မာရှင်ထံမှ အကျိုးဆက်များအားမည်သို့ ငြင်းဆန်အံ့နည်း။
၂၄။ ပင်လယ်၌ သိမှတ်သညှာများ၊ သင်္ဘောများ၏ ကြွတက်မှု- တို့သည် အရှင်၏ အချုပ်အခြာ၌ ရှိ၏။ ၂၅။ သင်တို့၏ ကံကြမ္မာရှင်ထံမှ အကျိုးဆက် များအားမည်သို့ ငြင်းဆန်အံ့နည်း။
၂၆။ အားလုံးကိုယ်စီ သင်္ခါရသာ ဖြစ်၍ ၂၇။ ဂုဏ်သရေအရှိဆုံးအမြင့် မြတ်ဆုံးဖြစ်တော်မူသော ကံကြမ္မာရှင်၏ ဥပတိသာ ထာ၀ရ ဖြစ်၏။ ၂၈။ သင်တို့၏ ကံကြမ္မာရှင်ထံမှ အကျိုးဆက်များအားမည်သို့ ငြင်းဆန်အံ့နည်း။
၂၉။ မိုးများနှင့် မြေကမ္ဘာအတွင်းရှိသမျှသည် အရှင့်ထံ၌ တောင်းခံနေ ရ၏၊ အရှင်သည် ကာလတစ်ခုစီ၌ သူ့ကိစ္စနှင့် သူ ဖြစ်စေ၏။ ၃၀။ သင်တို့၏ ကံကြမ္မာရှင်ထံမှ အကျိုးဆက်များအားမည်သို့ ငြင်းဆန်အံ့နည်း။
၃၁။ သင်တို့ဘက်သို့ ငါ အားဖြည့်ပေးတော်မူလတ္တံ့၊ အို-ဝန်ထမ်းစုတို့။ ၃၂။ သင်တို့၏ ကံကြမ္မာရှင်ထံမှ အကျိုးဆက်များအားမည်သို့ ငြင်းဆန်အံ့နည်း။
၃၃။ အို- တစ်ကျိတ်တစ်ကြံတည်းဖြစ်သော ကလျာဏနှင့် အန္ဓပုတုဇဉ် တို့၊ သင်တို့သည် မိုးများနှင့် မြေကမ္ဘာ၏ စက်ကွင်းမှ ဖေါက်ထွက်ရန် တတ်နိုင်လျှင် ဖေါက်ထွက်သွားကြလော့၊ ငါအရှင်၏ အခွင့်အာဏာမရဘဲ ဖေါက်ထွက်သွားနိုင်မည် မဟုတ်ချေ။ ၃၄။ သင်တို့၏ ကံကြမ္မာရှင်ထံမှ အကျိုးဆက်များအားမည်သို့ ငြင်းဆန်အံ့နည်း။
၃၅။ သင်တို့အပေါ်သို့ မီးမီးလျှံ မီးခိုးများကို စေစားလတ္တံ့၊ သင်တို့ကိုယ် သင်တို့ ကူညီနိုင်မည် မဟုတ်ပေ။ ၃၆။ သင်တို့၏ ကံကြမ္မာရှင်ထံမှ အကျိုးဆက်များအားမည်သို့ ငြင်းဆန်အံ့နည်း။
၃၇။ အာကာသသည် ကြေမွလျက် ဆီပွတ်ထားသော နှင်းဆီနီကဲ့သို့ ဖြစ် လာသောအခါ- ၃၈။ သင်တို့၏ ကံကြမ္မာရှင်ထံမှ အကျိုးဆက်များအားမည်သို့ ငြင်းဆန်အံ့နည်း။
၃၉။ ထိုနေ့ကာလ၌ ကလျာဏနှင့် အန္ဓပုတုဇဉ်တို့အားမိမိ၏ ပြစ်မှုများကို စစ်ကြောနေတော့မည် မဟုတ်။ ၄၀။ သင်တို့၏ ကံကြမ္မာရှင်ထံမှ အကျိုးဆက် များအားမည်သို့ ငြင်းဆန်အံ့နည်း။
၄၁။ ရာဇဝတ်ကောင်တို့အားသူတို့၏ အမှတ်သညှာအားဖြင့် မှတ်မိစေ လတ္တံ့။ သူတို့အားငယ်ထိပ်နှင့် ခြေဖဝါးများကို ဆွဲသိမ်းခံရစေလတ္တံ့။ ၄၂။ သင်တို့၏ ကံကြမ္မာရှင်ထံမှ အကျိုးဆက်များအားမည်သို့ ငြင်းဆန်အံ့နည်း။
၄၃။ ဤသည် ရာဇဝတ်ကောင်များငြင်းဆန်လေ့ရှိသည့် ငရဲဘုံပင် ဖြစ်၏။ ၄၄။ ထိုစပ်ကြားရေနွေးရေပူ ကာလကြား၌ လှည့်ပတ်နေကြရလတ္တံ့။ ၄၅။ သင်တို့၏ ကံကြမ္မာရှင်ထံမှ အကျိုးဆက်များအားမည်သို့ ငြင်းဆန်အံ့နည်း။
၄၆။ ကံကြမ္မာရှင်၌ ကြောက်ရွံရိုကျိုးစွာ ရပ်တည်သူအဖို့ ဥယျာဉ်နှစ်ခု ရှိ၏။ ၄၇။ သင်တို့၏ ကံကြမ္မာရှင်ထံမှ အကျိုးဆက်များအားမည်သို့ ငြင်းဆန် အံ့နည်း။
၄၈။ အမျိုးမျိုးအဖုံဖုံ ပြည့်နှက်နေစေ၏- ၄၉။ သင်တို့၏ ကံကြမ္မာရှင်ထံမှ အကျိုးဆက်များအားမည်သို့ ငြင်းဆန်အံ့နည်း။
၅၀။ ထိုနှစ်ခု၌ စိမ့်စမ်းများစီးဆင်းနေစေ၏။ ၅၁။ သင်တို့၏ ကံကြမ္မာရှင် ထံမှ အကျိုးဆက်များအားမည်သို့ ငြင်းဆန်အံ့နည်း။
၅၂။ ထိုနှစ်ခု၌ သစ်သီးမျိုးစုံ စုဖွဲ့နေစေ၏။ ၅၃။ သင်တို့၏ ကံကြမ္မာရှင်ထံမှ အကျိုးဆက်များအားမည်သို့ ငြင်းဆန်အံ့နည်း။
၅၄။ နားခိုရာများပေါ် မှီလှဲစံစားစေလျက် သူတို့၏ အတွင်းခံများသည် ပိုးဖဲကတ္တီပါတို့ ဖြစ်၏၊ ဥယျာဉ်နှစ်ခုမှ အသီးမှည့်တို့သည် အနီးကပ် ရှိကြ၏။ ၅၅။ သင်တို့၏ ကံကြမ္မာရှင်ထံမှ အကျိုးဆက်များအားမည်သို့ ငြင်းဆန်အံ့နည်း။
၅၆။ ထို၌ သူတို့မတိုင်မှီ ကလျာဏနှင့် အန္ဓပုတုဇဉ်တို့ မထိတွေ့ဘူးသော မျက်ရိပ်မျက်ခြည် တည်တံ့သူတို့ ရှိ၏။ ၅၇။ သင်တို့၏ ကံကြမ္မာရှင်ထံမှ အကျိုးဆက်များအားမည်သို့ ငြင်းဆန်အံ့နည်း။
၅၈။ သူတို့သည် ပတ္တမြား- သန္တာကဲ့သို့ ဖြစ်၏။ ၅၉။ သင်တို့၏ ကံကြမ္မာရှင် ထံမှ အကျိုးဆက်များအားမည်သို့ ငြင်းဆန်အံ့နည်း။
၆၀။ သုမင်္ဂလာအတွက် အစားပေးခြင်းသည် သုမင်္ဂလာမှအပ ဖြစ်မည် လော။ ၆၁။ သင်တို့၏ ကံကြမ္မာရှင်ထံမှ အကျိုးဆက်များအားမည်သို့ ငြင်းဆန်အံ့ နည်း။
၆၂။ ထို၌ ယှဉ်တွဲလျက် ဥယျာဉ်နှစ်ခု ရှိ၏။ ၆၃။ သင်တို့၏ ကံကြမ္မာရှင် ထံမှ အကျိုးဆက်များအားမည်သို့ ငြင်းဆန်အံ့နည်း။
၆၄။ စိမ်းစို ညို့မှိုင်းလျက် ရှိ၏။ ၆၅။ သင်တို့၏ ကံကြမ္မာရှင်ထံမှ အကျိုးဆက်များအားမည်သို့ ငြင်းဆန်အံ့နည်း။
၆၆။ ထိုနှစ်ခု၌ စိမ့်စမ်းနှစ်သွယ် ပန်းထွက်လျက် ရှိ၏။ ၆၇။ သင်တို့၏ ကံကြမ္မာရှင်ထံမှ အကျိုးဆက်များအားမည်သို့ ငြင်းဆန်အံ့နည်း။
၆၈။ ထိုနှစ်ခု၌ သစ်သီး၀လံများနှင့် စွံပလွန်သီးများပုလဲသီးများရှိ၏။ ၆၉။ သင်တို့၏ ကံကြမ္မာရှင်ထံမှ အကျိုးဆက်များအားမည်သို့ ငြင်းဆန်အံ့နည်း။
၇၀။ ထို၌ ကောင်းမွန် တင့်တယ်သူတို့ ရှိ၏။ ၇၁။ သင်တို့၏ ကံကြမ္မာရှင် ထံမှ အကျိုးဆက်များအားမည်သို့ ငြင်းဆန်အံ့နည်း။
၇၂။ ဘုံနန်းပြသဒ်များ၌ အဖြူထည် စောင့်တည်ထားသူများရှိ၏။ ၇၃။ သင်တို့၏ ကံကြမ္မာရှင်ထံမှ အကျိုးဆက်များအားမည်သို့ ငြင်းဆန်အံ့နည်း။
၇၄။ သူတို့မတိုင်မှီ ၎င်းတို့အားကလျာဏနှင့် အန္ဓပုတုဇဉ်တို့ မထိတွေ့ဘူးချေ။ ၇၅။ သင်တို့၏ ကံကြမ္မာရှင်ထံမှ အကျိုးဆက်များအားမည်သို့ ငြင်းဆန်အံ့ နည်း။
၇၆။ ၎င်းတို့သည် မြစိမ်းရောင် မှီအုံးများနှင့် တင့်တယ်သော ကော်ဇော များပေါ်တွင် မှီလှဲစံစားနေကြ၏။ ၇၇။ သင်တို့၏ ကံကြမ္မာရှင်ထံမှ အကျိုးဆက်များအားမည်သို့ ငြင်းဆန်အံ့နည်း။
၇၈။ ဂုဏ်သရေအရှိဆုံးအမြင့်မြတ်ဆုံးအရှင်- ကံကြမ္မာရှင်၏ ဂုဏ် တော်သည် မင်္ဂလာအပေါင်းနှင့် ပြည်စုံတော်မူပေသတည်း။
ဓမ္မခန္ဓာ (၅၅) ဤတွင် ပြီး၏။
ဓမ္မခန္ဓာ (၅၆) အဖြစ်အပျက်ကြီး
ဉာဏ်စဉ်ကိန်းဝပ်ပေးမှု အမှတ်စဉ် (၄၆)၊ သုတ်ဒေသနာ (၉၆)ပါး၊
ကရုဏာရှင် အကြင်နာရှင် ဖြစ်တော်မူသော ပရမတ်ဘုရားရှင်၏ ဂုဏ်တော်အားဖြင့်-
၁။ အဖြစ်အပျက်ကြီးဖြစ်ပျက်သောအခါ၊ ၂။ အဖြစ်အပျက်ကြီးကို လိမ်ညာမထားနိုင်ချေ။ ၃။ နှိမ့်ချခံရသူ၊ မြှောက်စားခံရသူတို့ ရှိလတ္တံ့။
၄။ မြေကမ္ဘာသည် တုန်ခါခြင်းဖြင့် တုန်ခါသောအခါ၊၅။ တောင်တန်းကြီးများသည် အစိတ်စိတ် စိတ်မွကုန်လတ္တံ့။
၆။ သူတို့သည် ပျံ့လွင့်သော အမှုန့်များကဲ့သို့ ဖြစ်ရသော်၊ ၇။ သင်တို့သည် စုဖွဲ့မှု သုံးမျိုးဖြစ်လတ္တံ့။
၈။ လက်ယာရံ ပေါင်းဖေါ်များ- လက်ယာ ပေါင်းဖေါ်တို့သည် မည်သို့ နည်း။ ၉။ လက်ဝဲရံ ပေါင်းဖေါ်များ- လက်ဝဲရံ ပေါင်းဖေါ်တို့သည် မည်သို့နည်း။ ၁၀။ လက်ဦးမှုရထားသော- လက်ဦးမှုယူထားသူများဖြစ်ကြ၏။
၁၁။ ထိုသူတို့သည် ချည်းကပ်ခွင့်ရသူများဖြစ်ကြ၍၊- ၁၂။ ဂုဏ်ပေးထားသော ဥယျာဉ်ဘုံများ၌-၁၃။ ရှေးရှိပြီးသူ အဖွဲ့လိုက်နှင့်- ၁၄။ နောက်ပေါင်းသူ အနည်းငယ် ခန့်သာ ဖြစ်၏။ ၁၅။ ဆင်ယင်ထားသော ဇိမ်ခံခုံများပေါ်၌ ၁၆။ မျက်နှာချင်းဆိုင် မှီလှဲစံစားကြရလတ္တံ့။ ၁၇။ ကာလစည်းခြားမရှိသော ကိုယ်ပွားရင်သွေးများက သူတို့အားလှည့်လည်ဝိုင်းရံလျက်- ၁၈။ ငှဲ့ပေးနေသည့် ရေတကောင်းရေဖလားရေခွက်များဖြင့် ဖြစ်၏။ ၁၉။ ထိုရေတို့သည် ခေါင်းကွဲမတတ် ဖြစ်ခြင်းပျို့အံခြင်းမရှိချေ။
၂၀။ လက်ရွေးစင် သစ်သီး၀လံများ- ၂၁။ သူတို့ အာသီသဖြစ်သော ကြက် ငှက် အသားများရှိ၏။ ၂၂။ အဖြူထည် မျက်လုံးများသည်၊ ၂၃။ ကာကွယ်ထားသော ပုလဲကဲ့သို့ ဖြစ်၍-၂၄။ သူတို့ ကျင့်ကြံလေ့ရှိခဲ့ရာအတွက် အစားပေးမှု ဖြစ်၏။ ၂၅။ ထို၌ ပွစိပွစိ၊ အပြစ်မကင်းသော စကားများကို မကြားရချေ။ ၂၆။ ငြိမ်းချမ်းပါစ၊ ငြိမ်းချမ်းပါ စေ၊”ဟု ပြောစကားသာ ရှိ၏။
၂၇။ လက်ယာရံ ပေါင်းဖေါ်များ၊ လက်ယာရံ ပေါင်းဖေါ်တို့သည် မည်သို့ ရှိကြသည် ဟူမူကား-
၂၈။ အစူးမဲ့ ဇီးပင်များ- ၂၉။ အသီးအထပ်ထပ် ငှက်ပျောပင်များ- ၃၀။ တိုးရွေ့ နေသော အရိပ်အဝါသများ- ၃၁။ စီးထွက်နေသော ရေများ- ၃၂။ မြောက်များစွာသော သစ်သီး၀လံများသည်- ၃၃။ ဖြတ်တောက်ထားခြင်းမရှိ၊ ဟန့်တားထားခြင်းမရှိ၊ ၃၄။ နားခိုရာနှင့် မြှောက်စားထားမှု ရှိ၏။ ၃၅။ ဧကန်ပင် ငါအရှင်သည် ပေါက်ပွားနေသော သူမတို့အားပေါက်ပွားနေစေရန်- ၃၆။ သူမတို့အားနုရွယ်နေရန် စီစဉ်ပေးထား၏။ ၃၇။ တိုင်းရင်းသားမြေလုပ်သားများသည်- ၃၈။ လက်ယာရံ ပေါင်းဖေါ်တို့ အတွက် ဖြစ်စေ၏။ ၃၉။ ရှေးရှိပြီးသူ အဖွဲ့လိုက်နှင့်- ၄၀။ နောက်ပေါင်းသူ အဖွဲ့လိုက်တို့ဖြစ်၏။
၄၁။ လက်ဝဲရံ ပေါင်းဖေါ်များ၊ လက်ဝဲရံ ပေါင်းဖေါ်တို့သည် မည်သို့ ရှိကြ သည် ဟူမူကား- ၄၂။ ရေနွေးပူ အပူထုထဲ၌- ၄၃။ ရေငွေ့ပူ လောင်းရိပ်၌- ၄၄။ အေးမြ ခြင်းမရှိ၊ ဂုဏ်ကျက်သရေမရှိ ဖြစ်ရလေပြီ။
၄၅။ သူတို့သည် ဤမတိုင်မှီက စည်းဇိမ်ရှိသော ဘ၀ဖြင့် ဖြစ်ခဲ့၏။ ၄၆။ သူတို့သည် မဟာ သစ္စာပျက်မှုကြီးကို ဇွတ်တိုးလုပ်လေ့ရှိ၏။ ၄၇။ သူတို့ ပြောလေ့ရှိ သည်မှာ “ကျွန်ုပ်တို့သည် သေကြေပြီးသော် မြေမှုန့်များအရိုးများဖြစ်ရပြီးနိုးထရ ဦးမည်လော၊ ၄၈။ ရှေးဦးပထမ ဘဘိုးများလည်းပါသလော၊”ဟု ဖြစ်၏။
၄၉။ ဟောလော့ “ဧကန်ပင်၊ ရှေးရှိပြီးသူ၊ နောက်ပေါင်းသူ အားလုံး- ၅၀။ -အသိပေးပြီးရက်ချိန်းနေ့သို့ အတူစုခံရမည်ပင်။ ၅၁။ ထို့နောက် သင်တို့၊ အို-လမ်းလွဲသူ၊ ငြင်းဆန်ခဲ့သူတို့- ၅၂။ ပဒိုင်းပင်အားစားသုံးကြကုန်လော့။ ၅၃။ ၎င်းဖြင့် သင်တို့ ဗိုက်ပြည့် တင်းကားနေကြလော့။ ၅၄။ သို့ဖြင့် ထပ်၍ ရေနွေးပူကို သောက်စေလတ္တံ့။ ၅၅။ အငမ်းမရ သောက်ကြလော့။
၅၆။ ဤသည် စီရင်မိန့်ချမည့် နေ့ကာလ၏ ခံစားစေမှုအဆင့်ဆင့်ပင် ဖြစ်၏။
၅၇။ ငါအရှင်သည် သင်တို့အားဖြစ်တည်စေ၏။ သင်တို့ ဖြောင့်ချက် မပေးလိုသလော။ ၅၈။ ဇောဖြင့်တွန်းထုတ်ရသော အရာကို သင်တို့ မြင်ကြသလော။ ၅၉။ ၎င်းကို အသင်တို့က ဖြစ်တည်စေသလော၊ သို့တည်းမဟုတ် ငါအရှင်က ဖြစ် တည်စေသလော။
၆၀။ ငါသည် သင်တို့၏ကြား၌ သေခြင်းကို စည်းချိန်ချထား၏၊ ငါ့အားလွန်ဆန်နိုင်ရာ မရှိချေ။ ၆၁။ ငါသည် သင်တို့၏ ပြယုဂ်ကို လွှဲပြောင်းစေတော်မူမည်၊ သင်တို့မသိခဲ့ခြင်းဖြင့် ပေါက်ပွားစေမည်ပင်။ ၆၂။ သင်တို့အားပထမအကြိမ် ပေါက်ပွားစေခဲ့ခြင်းကို မုချ သိနေပါလျက်၊ သင်တို့တွင် ဆင်ခြင်သတိ မရှိသလော။
၆၃။ သင်တို့ ထွန်ယက်မျိုးချခဲ့သည့် အရာကို သင်တို့ မြင်ကြသလော။ ၆၄။ ၎င်းကို သင်တို့က ပျိုးပေါက်စေသလော၊ သို့တည်းမဟုတ် ငါအရှင်က ပျိုးပေါက် စေ သူဖြစ်သလော။
၆၅။ စံချိန်ပြည့်မှီခဲ့လျှင် ငါသည် ၎င်းကို အမှိုက်စအဖြစ် စီစဉ်နိုင်၏၊ သို့ဖြင့် သင်တို့သည် ဆက်တိုက် သီးနှံပျက်လျက်- ၆၆။ ကျွန်ုပ်တို့သည်ကားအကြွေးနစ်ရလေပြီ၊ ၆၇။ အမှန်မှာ ကျွန်ုပ်တို့သည် တားမြစ်ပိတ်ဆို့ခံရလေပြီ ဟု ဖြစ်ရ၏။
၆၈။ သင်တို့ သောက်သုံးသော ရေကို မြင်ကြသလော။ ၆၉။ ၎င်းကို မိုးတိမ် သားမှ သင်တို့ သွန်းချပေးသလော၊ သို့မဟုတ် ငါအရှင်သည် သွန်းချပေးသော အရှင် မဟုတ်လော၊ ၇၀။ စံချိန်ပြည့်မှီခဲ့လျှင် ငါသည် ၎င်းကို ငံတူးစေရန် စီစဉ်ပစ်နိုင် ၏။ သင်တို့ အဘယ်ကြောင့် ကျေးဇူးမသိထိုက်သနည်း။
၇၁။ ကွယ်နေသော မီးကို သင်တို့ မြင်ကြသလော။ ၇၂။ ၎င်းကို သစ်ပင်မှ သင်တို့က ပေါက်ပွားစေသလော၊ သို့တည်းမဟုတ် ငါသည် ပေါက်ပွားစေသော အရှင် ဖြစ်သလော။ ၇၃။ ငါသည် ၎င်းကို သတိပေးရာ အဖြစ် စီစဉ်တော်မူ၍၊ အစွမ်းသတ္တိရှိသူတို့ အဘို့ ချမ်းမြေ့စရာ ဖြစ်စေ၏။ ၇၄။ သို့ဖြစ်၍ ကံကြမ္မာရှင်၏ အထွဋ်အမြတ် ဂုဏ်တော်အားဦးထိပ်ထားလော့။
၇၅။ အမှန်ပင်၊ ငါသည် ကြယ်တာရာများစခန်းချရာကို တိုင်တည်လျက်-၇၆။ သင်တို့ သိခဲ့ကြလေလျှင်- ဤသည် မဟာတိုင်တည်မှုကြီးဖြစ်၏၊ ၇၇။ ဤသည် ဂုဏ်ကျက်သရေရှိသော ကုရ်အာန် ဖြစ်၍- ၇၈။ ကာကွယ်ထားသော မှတ်တမ်း၌ ရှိ၏။ ၇၉။ ၎င်းကို သန့်စင်သူများမှအပ ထိတွေ့နိုင်သူ မရှိချေ။ ၈၀။ လောကခပ်သိမ်း၏ ကံကြမ္မာရှင်ထံမှ ချမှတ်ပေးခြင်းဖြစ်၏။
၈၁။ သို့ပါလျက် ဤဆင့်ပြန်ချက်ကို သင်တို့ လျှော့ချလိုကြသလော။ ၈၂။ ၎င်းကို ငြင်းဆန်ခြင်းဖြင့် သင်တို့အတွက် စားရေရိက္ခာရရန် စီစဉ်နေ ကြသလော။
၈၃။ အဘယ်ကြောင့် မဟုတ်ရသနည်း။ အသက်ငင်ခြင်းဆိုက်ရောက်နေ သူအား- ၈၄။ သင်တို့သည် စောင့်ကြည့်နေသော အချိန်၌-၈၅။ ငါသည် သင်တို့ထက် ပို၍ ထိုသူနှင့် နီးစပ်၏။ သို့သော် သင်တို့ မြင်နိုင်ကြသည် မဟုတ်ချေ။
၈၆။ အဘယ်ကြောင့် မဟုတ်သနည်း- သင်တို့သည် ဥပဒေဘောင်တွင်း၌ မရှိကြလျှင်- ၈၇။ သင်တို့သည် ဖြောင့်မှန်သူများဖြစ်ကြလျှင်၊ အသက်ငင်ခြင်းကို ဦးလှည့်နိုင်မည်လော။
၈၈။ သူသည် ချည်းကပ်ခွင့်ရသူများအနက်မှ ဖြစ်ခဲ့မူ- ၈၉။ ဉာဏ်သမာ ပတ် သင်းသည့် ဂုဏ်ရှိသော သုခဘုံ၌ ဖြစ်ရလတ္တံ့။
၉၀။ သူသည် လက်ယာရံ ပေါင်းဖေါ်များမှ ဖြစ်ခဲ့မူ- ၉၁။ သင်သည် ငြိမ်းချမ်းပါစေဟု လက်ယာရံ ပေါင်းဖေါ်များမှ (မေတ္တာပို့လတ္တံ့)။
၉၂။ အကယ်၍ သူသည် ငြင်းဆန်သူ လမ်းလွဲသူများမှ ဖြစ်ခဲ့မူ- ၉၃။ ရေနွေးပူမှ အဆင့်ဆင့်တက်၍-၉၄။ ငရဲမီးဖြင့် လောင်ကျွမ်းစေလတ္တံ့။
၉၅။ ဧကန်ပင် ဤသည် ဒိဌ အမှန်တရားပင် ဖြစ်၏။
၉၆။ သို့ဖြစ်၍ ကြံကြမ္မာရှင်၏ အထွဋ်အမြတ် ဂုဏ်တော်အားဦးထိပ် ထားကြကုန်လော့။
ဓမ္မခန္ဓာ (၅၆) ဤတွင် ပြီး၏။
ဓမ္မခန္ဓာ (၅၇) သံထည်ဝတ္ထု
ဉာဏ်စဉ်ကိန်းဝပ်ပေးမှု အမှတ်စဉ် (၉၄)၊ သုတ်ဒေသနာ (၂၉)ပါး၊
ကရုဏာရှင် အကြင်နာရှင် ဖြစ်တော်မူသော ပရမတ်ဘုရားရှင်၏ ဂုဏ်တော်အားဖြင့်-
၁။ မိုးများနှင့် မြေကမ္ဘာတွင် ရှိသမျှတို့သည် ပရမတ်ဘုရားရှင်၏ အချုပ် အခြာအားဦးထိပ်ထားနေရ၏၊ အရှင်သည်ကားဘုန်းတော်ရှင် ဓမ္မသတ်ရှင် ဖြစ် တော်မူ၏။ ၂။ မိုးများနှင့် မြေကမ္ဘာရှိ ဩဇာအာဏာနှင့် နိစ္စ အနိစ္စတို့သည် အရှင်၏ အချုပ်အခြာ၌ ရှိ၏။ အရှင်သည် သဗ္ဗလုံးစုံအားစည်းချိန်ချမှတ်တော်မူ၏။
၃။ အရှင်သည် ပထမနှင့် အန္တိမ၊ ဗဟိဒ္ဓနှင့် အစ္ဈတ္တ ဖြစ်တော်မူ၏။ အရှင် သည် သဗ္ဗလုံးစုံ သိနေသော အရှင် ဖြစ်၏၊ ၄။ အရှင်သည် မိုးများနှင့် မြေကမ္ဘာအားကာလခြောက်ခုတွင်းဖြစ်တည်စေသော အရှင်ဖြစ်၏။ ထို့ပြင် ထပ်ဆင့်ကွပ်ကဲမှု ကို ပုံစံကျစေ၍၊ မြေကမ္ဘာသို့ တိုးဝင်သွားရာ ထိုမှထွက်သွားရာ၊ ကောင်းကင်မှ သက်သောအရာ ထိုသို့ တက်သော အရာများကို သိနေတော်မူ၏။ မည်သည့် နေရာ၌ သင်တို့ ရှိစေ အရှင်သည် သင်တို့နှင့်အတူ ဖြစ်တော်မူ၏။ ထိုပရမတ် ဘုရားရှင်သည် ကျင့်ကြံသမျှကို မြင်နေသော အရှင် ဖြစ်၏။
၅။ မိုးများနှင့် မြေကမ္ဘာရှိ ဩဇာအာဏာနှင့် နိစ္စ အနိစ္စတို့သည် အရှင်၏ အချုပ်အခြာ၌ ရှိ၏။ အရေးအရာတိုင်းသည် ပရမတ်ဘုရားရှင်၏ ထံသို့သာ ဦးလှည့်ပြန်ရမည်သာတည်း။
၆။ အရှင်သည် ညကို နေ့ထဲသို့ တိုးဝင်စေ၍၊ နေ့ကို ညထဲသို့ တိုးဝင် စေ၏။ အရှင်သည်ကားရင်တွင်းခံစားချက်များအားဖြင့် သိနေသော အရှင် ဖြစ်၏၊
၇။ ပရမတ်ဘုရားရှင်နှင့် အရှင်၏ ဉာဏ်စဉ်တော်ဆောင်အားယုံကြည် ကြလော့၊ သင်တို့အားကိုယ်စားလှယ်လွှဲ စီစဉ်ပေးထားရာတို့မှ ထည့်ဝင်သုံးစွဲကြ လော့။ သင်တို့အနက် ယုံကြည်၍ ထည့်ဝင်သုံးစွဲသော သူတို့ အတွက် ကြီးမားသော အကျိုးဆုလဒ်သည် ရှိ၏။
၈။ ပရမတ်ဘုရားရှင်အားမယုံကြည်နိုင်လောက်အောင် သင်တို့အားဘယ်အရာက ဖြစ်စေသနည်း၊ ဉာဏ်စဉ်ဆောင်သည် ကံကြမ္မာရှင်အားယုံကြည် ရန် သင်တို့အားဖိတ်ခေါ်လျက် ရှိ၏။ သင်တို့သည် ယုံကြည်သူများဖြစ်ကြလျှင် သင်တို့၏ ပဋိဉာဉ်ကို အရှင်က အတည်ယူတော်မူ၏။
၉။ သင်တို့အားအမိုက်မှောင်မှ အလင်းရောင်ဆီသို့ ထုတ်ယူဘို့ရာ အရှင်
သည် အရှင်၏ အမှုတော်ဆောင်ထံသို့ ရှင်းလင်းသော သုတ်ဒေသနာများကို ချမှတ် ပေးသော အရှင် ဖြစ်တော်မူ၏။ ဧကန်ပင် ပရမတ်ဘုရားရှင်သည် သင်တို့အားညှာတာသော အရှင် အကြင်နာရှင် ဖြစ်တော်မူ၏။
၁၀။ ပရမတ်ဘုရားရှင်၏ လမ်းစဉ်တော်၌ မသုံးစွဲကြရန် သင်တို့အားဘယ်အရာက ဖြစ်စေသနည်း၊ မိုးများနှင့် မြေကမ္ဘာရှိ အမွေများသည် ပရမတ် ဘုရားရှင်၏ အချုပ်အခြာ၌ ရှိ၏။ သင်တို့အနက် ထွက်ပေါက်မရမှီအလျင် သုံးစွဲ၍ ခုခံတိုက်သူသည် အချိန်လွန်မှ သုံးစွဲ၍ ခုခံတိုက်သော သူတို့နှင့် အဆင့်မတူ အခွင့် အလမ်းကြီးရှိ၏။ ပရမတ်ဘုရားရှင်သည်ကားအားလုံးအတွက် တင့်တင့် တယ်တယ် ကတိတော်ထား၏။ ပရမတ်ဘုရားရှင်သည် ကျင့်ကြံသမျှကို သတင်းသိနေတော်မူ၏။
၁၁။ ပရမတ်ဘုရားရှင်အားတင့်တယ်စွာ ဆက်ကပ်ခြင်းဖြင့် ဆက်ကပ် သော သူသည် အရှင့်ထံမှ သူ့အတွက် နှစ်ဆတိုးစေလတ္တံ့။ သူ့အတွက် ကျက်သရေ ရှိသော အကျိုးဆုလဒ်သည် ရှိနေ၏။
၁၂။ ယုံကြည်သူ ယုံကြည်သူမတို့၏ လက်ရှိ-မျက်မှောက်မှ၊ သူတို့၏ အားသန်ရာများမှ လုံးပန်းမှု လင်းဝင်းလာသည်ကို သင် မြင်ရသော နေ့ကာလ၌- ထိုနေ့ကာလ၌ သင်တို့အတွက် သတင်းကောင်းရှိလတ္တံ့။ အောက်ခင်း၌ စမ်းချောင်းရေသွင် စီးဆင်းလျက်ရှိသော ဥယျာဉ်များ၊ ထို၌ ကာလမဲ့ စံစားရလတ္တံ့။ ဤသည် မဟာ အောင်ပွဲပင် ဖြစ်၏။
၁၃။ ထိုနေ့ကာလ၌ သီလကြောင်၊ သီလကြောင်မများက ယုံကြည်သော သူတို့အား“ကျွန်ုပ်တို့အားကြည့်ရှုပါ၊ သင်တို့၏ အလင်းရောင်မှ မီးတောက်ကို မျှဝေပေးပါ၊”ဟု ဆိုကြသော် “နောက်သို့ ပြန်လှည့်ကြ၍ အလင်းရောင်ကို ထိတွေ့ ကြလော့၊”ဟု ဆို၏၊ သူတို့၏ ကြား၌ တံခါးရှိသော စည်းဖြင့် ကွယ်ပစ်လိုက်၏။ ၎င်း၏ အတွင်း၌ ကရုဏာရှိနေ၏။ ထိုမတိုင်မှီ အပြင်ပန်း၌ ဝဋ်ကြွေးဒဏ်သည် ရှိနေ၏။
၁၄။ ၎င်းတို့က သူတို့အား“ကျွန်ုပ်တို့သည် သင်တို့နှင့်အတူ ဖြစ်ခဲ့သည် မဟုတ်လော၊”ဟု အော်ပြောကြသော်- ပြန်ပြောမည်မှာ “အမှန်ပင်။ သို့သော် သင်တို့သည် သင်တို့၏ စရိုက်များကို သွေးတိုးစမ်းခဲ့၏၊ စောင့်ကြည့်နေခဲ့၏၊ သံသယပွားခဲ့၏၊ ပရမတ်ဘုရားရှင်၏ ညွှန်ကြားချက်များရောက်လာသည့်တိုင် သင်တို့၏ ဆန္ဒရမက်များက သင်တို့ကို မြှူဆွယ်ထား၏။ မြှူဆွယ်သူများက
ပရမတ်ဘုရားရှင်နှင့်ကင်းရန် မြှူဆွယ်ထားလေ၏။-
၁၅။ သို့ဖြစ်၍- ယနေ့ကာလတွင် သင်တို့ထံမှ- ဖုံးကွယ်သော သူများထံမှ လျှော်ကြေးကို လက်ခံမယူချေ။ သင်တို့၏ ခိုလှုံရာမှာ အပူမီးဖြစ်၏၊ ၎င်းသည် သူတို့၏ မဟာမိတ်၊ အမင်္ဂလာ ခရီးဆုံးပင် ဖြစ်၏။
၁၆။ ဤသည် ယုံကြည်သောသူတို့ အတွက် ပရမတ်ဘုရားရှင်၏ သတိ ပေးတရားတော်နှင့် ပရမတ္ထသစ္စာမှ ချမှတ်ပေးရာတို့၌ နှလုံးသားကို ကျို့ငဲ့ရန် အချိန် မဟုတ်သလော၊ သူတို့သည် ရှေ့အလျင်က ကျမ်းတော် ပေးခြင်းခံရသော သူများကဲ့သို့ မဖြစ်ထိုက်ချေ။ ကာလ ရှည်ကြာလာသည်နှင့် ၎င်းတို့၏ နှလုံးသားသည် ခက်ထန်လာခဲ့၏၊ သူတို့မှ အများစုကြီးသည် ယုတ်မာသူများဖြစ်ကြ၏။
၁၇။ ဧကန်ပင် ပရမတ်ဘုရားရှင်သည် မြေကမ္ဘာအားသေနေစေပြီးနောက် အသက်ရှင်စေခဲ့သည်ကို သိကြကုန်လော့၊ သင်တို့ အတွေးအခေါ်ရှိအံ့ငှာ ငါအရှင်သည် သုတ်ဒေသနာများကို သင်တို့အတွက် ရှင်းလင်းစေခဲ့၏။
၁၈။ ဧကန်ပင်၊ အလှုရှင် အလှုရှင်မတို့၏ ပရမတ်ဘုရားရှင်အားတင့် တယ်စွာ ဆက်ကပ်ခြင်းဖြင့် ဆက်ကပ်မှုသည် သူတို့ အတွက် နှစ်ဆတိုးစေလတ္တံ့။ သူတို့အတွက် ကျက်သရေရှိသော အကျိုးဆုလဒ်သည် ရှိနေ၏။
၁၉။ ပရမတ်ဘုရားရှင်နှင့် အရှင်၏ ဉာဏ်စဉ်တော်ဆောင်အားယုံကြည် သောသူ- ထိုသူတို့သည် ကံကြမ္မာရှင်၏ ထံပါး၌ ဖြောင့်မှန်သူများ၊ သက်သေတည် သူများဖြစ်ကြ၏။ သူတို့အတွက် သူတို့၏ ဆုလဒ်၊ သူတို့၏ အလင်းရောင်သည် ရှိနေ၏။ ဖုံးကွယ်သောသူများ၊ ငါအရှင်၏ သုတ်ဒေသနာများကို ငြင်းဆန်သူများထိုသူတို့သည်ကားငရဲမီး၏ ပေါင်းဖေါ် များဖြစ်ကြ၏။
၂၀။ သိကြလော့၊ လောကီ သက်တမ်းသည် မြူးထူးပျော်ပါးရာ ဟာသမျှ ဖြစ်၏။ သင်တို့ချင်းကြားကြွားဝါလျက် ဥစ္စာပစ္စည်းရင်သွေးမြောက်များစွာကို စွဲမက်နေကြ၏၊ ဖုံးကွယ်သူတို့ အံ့ဩလောက်စေရန် သစ်ပင်ပန်းမာလ် ဖြစ်ထွန်းစေသော မိုးရေ ကဲ့သို့ ဖြစ်၏။ ထို့နောက် တစ်စစ ရော်ရွက်ဝါလာသည်ကို သင် မြင်ရ၏၊ ထို့နောက် ၎င်းသည် အမှိုက်စများဖြစ်လာခဲ့၏။ နောင်ဘ၀တွင်မူ ပြင်းထန်သော ဝဋ်ကြွေး- ပရမတ်ဘုရားရှင်၏ လွတ်ငြိမ်းခွင့်နှင့် ကျေနပ်နှစ်သက် ခြင်းသည် ရှိနေ၏။ ဤလောကီဘ၀သည်ကားမြှူဆွယ်ထားသော ဌာနေမျှသာ ဖြစ်၏။
၂၁။ ကံကြမ္မာရှင်၏ လွတ်ငြိမ်းစေခြင်းနှင့် မိုး- မြေ ဘောင်အနှံ့မျှ သုခဘုံ ဆီသို့ ဘောင်တွင်းသို့ ကြိုတင်သတ်မှတ်ကြကုန်လော့။ ပရမတ်ဘုရားရှင်နှင့် အရှင်၏ ဉာဏ်စဉ်တော်ဆောင်အားယုံကြည်သော သူတို့အတွက် တွက်ချက် ပြင်ဆင်ထားပြီ။ ယင်းသည် စံချိန်ပြည့်မှီသူအားပရမတ်ဘုရားရှင်က သိက္ခာပေးခြင်းပင်။ ပရမတ်ဘုရားရှင်သည်ကားမဟာ့မဟာ သိက္ခာပေးသော အရှင် ဖြစ်၏။
၂၂။ မြေကမ္ဘာတွင်း၌ သာမက သင်တို့၏ ဉာဉ်စရိုက်များအတွင်းထိခိုက် စေသည်များမှ ထိခိုက်မှုများသည် ထိုအရာ မကပ်ငြိမှီ အလျင် ပြဌာန်းမှုနိယာမ ထဲ၌ ရှိနေ၏။ ယင်းသည် ပရမတ်ဘုရားရှင်အတွက် လွယ်ကူလှချေ၏။
၂၃။ ယင်းမှာ သင်တို့သည် လက်လွတ်ရသော အရာအားဝမ်းနည်းပူဆွေးမဖြစ်စေရန်၊ သင်တို့အားချီးမြှင့်သော အရာ၌ အူးမြူးမနေကြရန် ဖြစ်၏။ ပရမတ် ဘုရားရှင်သည် ဂုဏ်ဖေါ် ကြွားဝါသူတိုင်းအားနှစ်သက်တော်မမူချေ။
၂၄။ ကပ်စီးနဲသော သူတို့က လူသားတို့အားလည်းကပ်စီးနဲရန် ညွှန်ကြားကြကုန်၏။ လှည့်သွားသူအတွက်- ဧကန်ပင် ပရမတ်ဘုရားရှင်သည် ကုံလုံပြည့်စုံ တော်မူ၏၊ ရည်သည်စူးစိုက်မှုတည်ရာ ဖြစ်၏။
၂၅။ မုချပင် ငါ၏ ဉာဏ်စဉ်ဆောင်များကို ရှင်းလင်းချက်များဖြင့် ငါ စေစားခဲ့၏။ သူတို့နှင့်အတူ ကျမ်းဂန်များစံချိန်များကို လူသားတို့ အတွက် သမာသမတ်ဖြင့် ရပ်တည်အံ့ငှာ ချမှတ်ပေး၏။ ငါသည် သံဝတ္ထုကို ချမှတ်ပေး၍ ၎င်း၌ ပြင်းထန်သော တိုက်ခိုက်အားရှိစေပြီးလူသားတို့အတွက် အကျိုးရှိစေ၏။ မည်သူသည် ပရမတ်ဘုရားရှင်နှင့် အရှင်၏ ဉာဏ်စဉ်တော်ဆောင်အားစက္ခုလွန်၌ ကူညီသည်ကို သိနိုင်အံ့ငှာ ဖြစ်စေ၏။ ဧကန်ပင် ပရမတ်ဘုရားရှင်သည် တန်ခိုးတော်ရှင် ဘုန်းတော်ရှင် ဖြစ်တော်မူ၏။
၂၆။ ငါသည် နူးဟ်နှင့် အီဗရာဟီးမ်တို့အားမုချ စေစားခဲ့၍၊ သူတို့၏ သားမြေးအတွင်းမှ သတင်းတော်ဆောင်ဘွဲ့နှင့် ကျမ်းတော်ကို စီစဉ်ပေးတော်မူ၏။ သူတို့မှ လမ်းညွှန်ခံရသူတို့ ရှိ၍၊ သူတို့မှ အများစုသည် ယုတ်မာသူများဖြစ်ကြ၏။
၂၇။ တဖန် ငါ၏ ဉာဏ်စဉ်ဆောင်များကို သူတို့၏ ရိုးရာစဉ်လာအတိုင်းထပ်ဆင့်ပွင့်ပေါ်စေခဲ့၏။ မာရိ၏သားယေရှုကိုလည်းထပ်ဆင့်ပွင့်ပေါ်စေခဲ့၍ သူ့အားဧဝံဂလိကို ချီးမြှင့်တော်မူ၏။ သူအားလိုက်နာသော သူတို့၏ နှလုံးသား၌ ညှာတာခြင်းကရုဏာသက်ခြင်းကို စီစဉ်ပေးတော်မူ၏။ ပုပ်ရဟန်းဝါဒသည်သည် သူတို့၏ မူပိုင် ဖြစ်၍၊ ပရမတ်ဘုရားရှင်၏ ကျေနပ်နှစ်သက်ခြင်းအားရှာဖွေရန် မှအပ- ထိုဝါဒကို ငါ ပြဌာန်းတော်မမူချေ။ သို့သော် သူတို့သည် သိုးထိန်းဝန်တာကို မှန်ကန်စွာ ထိန်းကျောင်းခြင်းမရှိချေ။ သူတို့အနက် ယုံကြည်သောသူတို့အားငါသည် ဆုလဒ် ချီးမြှင့်တော်မူ၏။ သူတို့မှ အများစုသည်ကားယုတ်မာသူများပင် ဖြစ်ကြ၏။
၂၈။ အို ယုံကြည်သော သူတို့၊ ပရမတ်ဘုရားရှင်အားစည်းစောင့်ကြ လော့၊ အရှင်၏ ဉာဏ်စဉ်တော်ဆောင်အားယုံကြည်ကြလော့၊ အရှင်သည် သင်တို့ အားကရုဏာတော် နှစ်ဆ ထိန်းပေးထားတော်မူလတ္တံ့။ သင်တို့အတွက် လျှောက် လှမ်းနိုင်ရန် အလင်းရောင်နှင့် လွတ်ငြိမ်းခွင့်ကို စီစဉ်ပေးလတ္တံ့။ ပရမတ်ဘုရားရှင် သည်ကားလွတ်ငြိမ်းစေသော အရှင် အကြင်နာရှင် ဖြစ်တော်မူ၏။
၂၉။ ယင်းမှာ ကျမ်းစာဝိုင်းသားတို့သည် ပရမတ်ဘုရားရှင်၏ သိက္ခာပေးမှုအားသူတို့သည် တစ်စုံတစ်ရာမျှ စည်းကြပ်နိုင်ခြင်းမရှိ၊ ဧကန်ပင် ပရမတ် ဘုရားရှင်၏ သိက္ခာပေးမှုသည် အရှင်၏ လုပ်ပိုင်ခွင့်၌သာ ရှိ၍ အရှင်သည် စံချိန်ပြည့်မှီသူအားချီးမြှင့်ကြောင်းကို သိစေရန် ဖြစ်၏။ ပရမတ်ဘုရားရှင်သည် ကားမဟာ့မဟာ သိက္ခာပေးသော အရှင် ဖြစ်၏။
ဓမ္မခန္ဓာ (၅၇) ဤတွင် ပြီး၏။
ဓမ္မခန္ဓာ (၅၈) ဦးတိုက်လျှောက်သောသူမ
ဉာဏ်စဉ်ကိန်းဝပ်ပေးမှု အမှတ်စဉ် (၁၀၅)၊ သုတ်ဒေသနာ (၂၂)ပါး၊
ကရုဏာရှင် အကြင်နာရှင် ဖြစ်တော်မူသော ပရမတ်ဘုရားရှင်၏ ဂုဏ်တော်အားဖြင့်-
၁။ သူမ၏ အိမ်ထောင်ဘက်နှင့် စပ်လျဉ်း၍ သင့်ထံ၌ စောဒကတက်သော သူမ၏ ပရမတ်ဘုရားရှင်ထံ လျှောက်လဲချက်နှင့် ပြောစကားကို ပရမတ်ဘုရားရှင် သည် မုချ ကြားတော်မူ၏။ ပရမတ်ဘုရားရှင်သည် သင်တို့နှစ်ဦး၏ အပြန်အလှန် ပြောဆိုခြင်းကို ကြားတော်မူ၏၊ ဧကန်ပင် ပရမတ်ဘုရားရှင်သည် ကြားနေသော အရှင် မြင်နေသော အရှင် ဖြစ်၏။
၂။ သင်တို့အနက်- တကယ်မဟုတ်ဘဲလျက် အမျိုးသမီးတို့အားသူတို့၏ မိခင်များဖြစ်သည်ဟု ကျိန်ဆိုကျောခိုင်းသောသူ ဖြစ်အံ့၊ အမှန်မှာ- သူတို့အားမွေးဖွားသော သူမ သည်သာ သူတို့၏ မိခင်များဖြစ်ကြ၏။ အမှန်ပင် သူတို့သည် စကားကို စိမ်းစိမ်းကားကားလှည့်ပတ် ပြောဆိုခြင်းဖြစ်၏၊ ဧကန်ပင် ပရမတ် ဘုရားရှင်သည် ကျေအေးသော အရှင် လွတ်ငြိမ်းစေသော အရှင် ဖြစ်၏။
၃။ ထိုသို့ အမျိုးသမီးတို့အားကျိန်ဆိုကျောခိုင်းနေသော သူတို့သည် သူတို့ ၏ ကျိန်ဆိုပြောစကားကို ဆက်မလုပ်လိုတော့လျှင်- သူတို့ချင်းမထိတွေ့မှီအလျင် ကျွန်တစ်ဦးလွှတ်ပေးရမည်၊ ဤသည် သင်တို့အတွက် အဆုံးအမပင် ဖြစ်၏၊ ပရမတ်ဘုရားရှင်သည် ကျင့်ကြံသမျှကို သတင်းသိနေတော်မူသည်ပင်။
၄။ ထိုသို့ ကိုယ်တွေ့မဖြစ်နိုင်သူ အတွက် သူတို့ချင်းမထိတွေ့မှီအလျင် ဥပုသ်သီလ နှစ်လဆက်တိုက် စောင့်တည်ရမည်။ ထိုသို့ မတတ်နိုင်သူသည် နွမ်းပါးသူ ခြောက်ဆယ်ကို ကျွေးမွေးရမည်။ ဤသည် ပရမတ်ဘုရားရှင်နှင့် အရှင်၏ ဉာဏ်စဉ်တော်ဆောင်အားယုံကြည်ခြင်းအတွက် ဖြစ်၏။ ဤသည် ပရမတ် ဘုရားရှင်၏ စည်းမျဉ်းတော် ဖြစ်၏၊ ဖုံးကွယ်သူတို့ အတွက်မူ နာကျင်သော ဝဋ်ကြွေးသည် ရှိနေ၏။
၅။ ဧကန်ပင် ပရမတ်ဘုရားရှင်နှင့် အရှင်၏ ဉာဏ်စဉ်ဆောင်အပေါ် မာရေကျောရေရှိသော သူတို့သည် သူတို့၏ ရှေ့အလျင် ဖြစ်သူတို့အားအရှက်ကွဲ စေ သကဲ့သို့ အရှက်ကွဲစေလတ္တံ့။ ငါအရှင်သည် ရှင်းလင်းသော သုတ်ဒေသနာများကို မုချ ချမှတ်တော်မူပြီ။ ဖုံးကွယ်သူတို့ အတွက်မူ နိမ့်ကျသော ဝဋ်ကြွေးသည် ရှိနေ၏။
၆။ ပရမတ်ဘုရားရှင်သည် နိုးထစေသော နေ့ကာလ၌ သူတို့ အားလုံး၏
ကျင့်ကြံခဲ့သမျှကို သတင်းထုတ်ပြန်တော်မူလတ္တံ့။ သူတို့သည် ၎င်းကို မေ့နေသော် လည်းပရမတ်ဘုရားရှင်သည် အမှတ်စဉ်မှတ်ထား၏။ ပရမတ်ဘုရားရှင်သည် သဗ္ဗလုံးစုံ အတွက် သက်သေသက်ကန် ဖြစ်တော်မူသတည်း။
၇။ မိုးများအတွင်းမြေကမ္ဘာအတွင်းရှိသမျှကို ပရမတ်ဘုရားရှင်သည် သိနေတော်မူကြောင်းသင် မမြင်မိသလော။ သုံးယောက် သီးခြားတိုင်ပင်နိုင်ခြင်းမရှိ၊ အရှင်သည် သူတို့မှ စတုတ္ထ ဖြစ်၏။ ငါးယောက် ဖြစ်လျှင် အရှင်သည် သူတို့မှ ဆဌမ ဖြစ်၏။ ဤထက် နည်းလျှင် ဖြစ်စေ၊ သို့မဟုတ် များလျှင် ဖြစ်စေ- မည်သည့် နေရာ၌ သူတို့ ရှိနေစေကာမူ အရှင်သည် သူတို့နှင့်အတူ ရှိနေ၏။ သူတို့ ကျင့်ကြံ သမျှအားရပ်တည်ရမည့် နေ့ကာလ၌ သူတို့အားသတင်းထုတ်ပြန် တော်မူလတ္တံ့။ ဧကန်ပင် ပရမတ်ဘုရားရှင်သည် သဗ္ဗလုံးစုံ သိနေသော အရှင် ဖြစ်၏၊
၈။ သီးခြားတိုင်ပင်ခြင်းဟန့်တားခံထားရသော သူများသည် သူတို့အားဟန့်တားသည်ကို- ဆက်လုပ်၍ ပြစ်မှု၊ စည်းဖေါက်မှုနှင့် ဉာဏ်စဉ်ဆောင်အားအာခံမှုများအတွက် သီးခြားတိုင်ပင်ကြသည်ကို သင် မရှုစားမိသလော။ သူတို့ သည် သင့်ထံသို့ ရောက်လာသောအခါ ပရမတ်ဘုရားရှင်က နှတ်ဆက်စေ သကဲ့သို့ မဟုတ်ဘဲ နှတ်ဆက်ကြ၍၊ သူတို့ စရိုက်တူချင်း“ပရမတ်ဘုရားရှင်က ကျွန်ုပ်တို့၏ ပြောဆိုမှုအတွက် ဝဋ်ကြွေးမသင့်စေဘူး၊”ဟု ပြောဆိုကြ၏။ ငရဲဘုံသည် သူတို့ အတွက် စရင်းချုပ်ဖြစ်၏၊။ ထို၌ လောင်ကျွမ်းရလတ္တံ့၊ ၎င်းသည် အမင်္ဂလာ ခရီးဆုံးဖြစ်၏။
၉။ အို- ယုံကြည်သော သူတို့၊ သင်တို့ချင်းသီးခြားတိုင်ပင်ကြသောအခါ ပြစ်မှု၊ စည်းဖေါက်မှု၊ ဉာဏ်စဉ်ဆောင်အားအာခံမှုများကို သီးခြားမတိုင်ပင်ကြနှင့်၊ ကုသိုလ်ကောင်းမှု စည်းစောင့်မှုများကိုသာ သီးခြားတိုင်ပင်ကြလော့၊ ပရမတ် ဘုရားရှင်အားစည်းစောင့်ကြလော့၊ သင်တို့သည် အရှင်ထံသို့သာ စုစည်းခံရစေ မည်ပင်။
၁၀။ အမှန်မှာ မကောင်းဆိုးဝါးတို့၏ သီးခြားတိုင်ပင်ခြင်းများသည် ယုံကြည်သော သူတို့အားသောကဖြစ်ရစေရန်သာ ဖြစ်၏။ သို့သော် ပရမတ် ဘုရားရှင်၏ ခွင့်ပြုချက် မရှိဘဲ ၎င်းသည် တစ်စုံတစ်ရာကိုမျှ မနစ်နာစေနိုင်ချေ။ ပရမတ်ဘုရားရှင်ကိုသာ ယုံကြည်သူတို့သည် ကိုးစားသင့်၏။
၁၁။ အို- ယုံကြည်သော သူတို့၊ သင်တို့အား“လူထုအစည်းအဝေး၌ နေရာပေးကြ”ဟု ပြောဆိုလျှင်၊ နေရာပေးကြလော့၊ ပရမတ်ဘုရားရှင်သည် သင်တို့အတွက် နေရာစီစဉ်ပေးလတ္တံ့။ “မတ်တတ်ရပ်”ဟု ဆိုလျှင် ရပ်ကြကုန် လော့၊ သင်တို့မှ ယုံကြည်သောသူ၊ အသိပညာ ချီးမြှင့်ခံရသော သူတို့အားပရမတ် ဘုရားရှင်သည် အခွင့်အလမ်းမြှောက်စားတော်မူလိမ့်မည်။ ပရမတ်ဘုရားရှင် သည်ကားကျင့်ကြံသမျှကို သတင်းသိနေတော်မူ၏။
၁၂။ အို- ယုံကြည်သော သူတို့၊ ဉာဏ်စဉ်ဆောင်နှင့် သင်တို့ သီးခြားတိုင်ပင်သောအခါ- စုံရပ်နေခြင်းနှင့် သင်တို့၏ လက်ရှိ-မျက်မှောက် သီးခြားတိုင်ပင်မှု၌ ဒါနပြုလော့။ ဤသည် သင်တို့အတွက် ပိုကောင်း၏။ ပိုမို သန့်စင် စေ၏။ သင်တို့ ကိုယ်တွေ့မဖြစ်နိုင်ခဲ့လျှင် ဧကန်ပင် ပရမတ်ဘုရားရှင်သည် လွတ်ငြိမ်းစေသောအရှင် အကြင်နာရှင် ဖြစ်တော် မူ၏။
၁၃။ ပေကပ်ခံလျက် သင်တို့၏ လက်ရှိ-မျက်မှောက် သီးခြားတိုင်ပင်မှု၌ ဒါနပြုရမည်ကို စိုးထိတ်နေကြသလော၊ သင်တို့သည် ထိုသို့ မပြုလုပ်နိုင်ခဲ့သော် လည်းသင်တို့အပေါ်၌ ပရမတ်ဘုရားရှင်သည် သင်ပုန်းချေပေးတော်မူ၏။ သို့ဖြစ် ၍ ဝတ်ပြု မြဲကြလော့၊ အခွန်ငွေဖြူ ပေးကြလော့၊ ပရမတ်ဘုရားရှင်နှင့် အရှင်၏ ဉာဏ်စဉ်ဆောင်အားနာခံကြလော့၊ ပရမတ်ဘုရားရှင်သည် သင်တို့ ကျင့်ကြံသမျှ ကို သတင်းသိနေတော်မူ၏။
၁၄။ ပရမတ်ဘုရားရှင်မှ ကံကြီးသင့်စေသော လူမျိုးတို့ဘက်သို့ လှည့်နေ သော သူများကို သင် မမြင်မိသလော၊ သူတို့သည် သင်တို့အထဲမှ မဟုတ်၊ ၎င်းတို့ ၏ အထဲမှလည်းမဟုတ်ချေ။ သူတို့သည် သိနေလျက်နှင့် လိမ်ညာ တိုင်တည်နေ ကြ၏။
၁၅။ ပရမတ်ဘုရားရှင်သည် သူတို့အတွက် ပြင်းထန်သော ဝဋ်ကြွေးကို တွက်ချက်ပြင်ဆင်ထားပြီ။ ဧကန်ပင် သူတို့၏ ကျင့်ကြံ လေ့ရှိရာတို့သည် အကုသိုလ်များသာ ဖြစ်၏။ ၁၆။ သူတို့၏ အားသန်ချက်ကို သုခဟု အယူထား၍ ပရမတ်ဘုရားရှင်၏ လမ်းစဉ်တော်မှ ဖယ်ရှားကြ၏။ သူတို့ အတွက်မူ နိမ့်ကျသော ဝဋ်ကြွေးသည် ရှိနေ၏။
၁၇။ သူတို့၏ ဥစ္စာပစ္စည်း၊ သူတို့၏ ရင်သွေးများသည် ပရမတ်ဘုရားရှင် အားဆန့်ကျင်ရန် တစ်စုံတစ်ရာ မပြည့်စုံနိုင်ချေ။ ထိုသူတို့သည် အပူမီး၏ အဖေါ် များသာ ဖြစ်ကြ၍၊ ထို၌ သူတို့ ကာလမဲ့ ခံစားရလတ္တံ့။
၁၈။ ပရမတ်ဘုရားရှင်က သူတို့ အားလုံးကို နိုးထစေသော နေ့ကာလ၌- သင်တို့အားယခု တိုင်တည် သကဲ့သို့ ပရမတ်ဘုရားရှင်အားလည်းတိုင်တည်ပြ လိမ့်မည်။ သူတို့အတွက် တစ်စုံတစ်ရာ ရှိသည်ဟု သူတို့ စိတ်ကူးယဉ်ကြ၏။ ဧကန်ပင် သူတို့သည် မုသာဝါဒီများသာ ဖြစ်ကြ၏။
၁၉။ မကောင်းဆိုးဝါးက သူတို့အားလွှမ်းမိုးချုပ်ကိုင်လျက် သူတို့အားပရမတ်ဘုရားရှင်ကို သတိရခြင်းမှ မေ့နေစေ၏၊ သူတို့သည် မကောင်းဆိုးဝါး၏ ဂိုဏ်းသားများဖြစ်ကြ၏။ ဧကန်ပင် မကောင်းဆိုးဝါး၏ ဂိုဏ်းများသည်သာ ဆုံးရှုံးနစ်နာ ရသူများဖြစ်၏။
၂၀။ ဧကန်ပင် ပရမတ်ဘုရားရှင်နှင့် အရှင်၏ ဉာဏ်စဉ်ဆောင်အပေါ် မာရေကျောရေရှိသော သူတို့- ထိုသူတို့သည်သာ နိမ့်ပါးရလတ္တံ့။
၂၁။ ငါနှင့် ငါ့ဉာဏ်စဉ်ဆောင်သည်သာ အနိုင်ရရမည်၊”ဟု ပရမတ် ဘုရားရှင်က ပြဌာန်းထားပြီးဖြစ်၏။ ဧကန်ပင် ပရမတ်ဘုရားရှင်သည် တန်ခိုးတော်ရှင် ဘုန်းတော်ရှင် ဖြစ်တော်မူ၏။
၂၂။ ပရမတ်ဘုရားရှင်၌၊ နောင်ဘ၀ကာလ၌ ယုံကြည်သူတို့သည်- သူတို့ ၏ အဖေများသို့မဟုတ် သူတို့၏ သားသမီးများသို့မဟုတ် သူတို့၏ သားချင်းများသို့မဟုတ် သူတို့၏ တစ်ကျိတ်တစ်ကြံတည်းများဖြစ်ငြားလည်းပရမတ်ဘုရားရှင် နှင့် အရှင်၏ ဉာဏ်စဉ်ဆောင် အပေါ် မာရေကျောရေရှိသော လူမျိုးအားလိုလို လားလားရှိမည်ဟု သင် တွေ့ရမည် မဟုတ်ချေ။ ယင်းမှာ သူတို့၏ နှလုံးတွင်း၌ ယုံကြည်ခြင်းကို ပြဌာန်းထားသောကြောင့်၊ သူတို့အားအရှင့် ထံမှ ဉာဏ်စဉ်တော် အားဖြင့် ထောက်ပံ့ပေးသောကြောင့် ဖြစ်၏။ သူတို့အားအောက်ခင်း၌ စမ်းချောင်းရေသွင် စီးဆင်းနေသော ဥယျာဉ်ဘုံများသို့ ဝင်ရောက်စေ၍ ထို၌ ကာလမဲ့ စံစားစေမည်ပင်။ သူတို့သည် ပရမတ်ဘုရားရှင်အားကျေနပ်နှစ်သက်ကြ၏။ အရှင် ကလည်းသူတို့ကို ကျေနပ်နှစ်သက်၏။ သူတို့သည် ပရမတ်ဘုရားရှင်၏ အသင်းသားများဖြစ်၍၊ ပရမတ်ဘုရားရှင်၏ အသင်းသားများသည်သာ အောင်မြင် ပေါက်မြောက်သူများဖြစ်ကြ၏။
ဓမ္မခန္ဓာ (၅၈) ဤတွင် ပြီး၏။
ဓမ္မခန္ဓာ (၅၉) အသုတ်လိုက်
ဉာဏ်စဉ်ကိန်းဝပ်ပေးမှု အမှတ်စဉ် (၁၀၁)၊ သုတ်ဒေသနာ (၂၄)ပါး၊
ကရုဏာရှင် အကြင်နာရှင် ဖြစ်တော်မူသော ပရမတ်ဘုရားရှင်၏ ဂုဏ်တော်အားဖြင့်-
၁။ မိုးများအတွင်းမြေအတွင်းရှိသမျှသည် ပရမတ်ဘုရားရှင်အားဦးထိပ်ထားနေကြ၏။ အရှင်သည်ကားဘုန်းတော်ရှင် ဓမ္မသတ်ရှင် ဖြစ်တော်မူ၏။
၂။ အရှင်သည် ကျမ်းစာ ဝိုင်းသားများမှ ဖုံးကွယ်သောသူတို့အားသူတို့၏ အိုးအိမ်များမှ ပထမအကြိမ် အသုတ်လိုက် မောင်းထုတ်စေသော အရှင် ဖြစ်၏။ သူတို့အားမောင်းထုတ်စေမည်ဟု သင်တို့ မစဉ်းစားခဲ့ချေ။ သူတို့ကလည်းသူတို့၏ ထိန်းသိမ်းကာကွယ်မှုသည့် ပရမတ်ဘုရားရှင်၏ထံမှ ဟန့်တားနိုင်မည်ဟု စဉ်းစားခဲ့၏။ သို့သော် ပရမတ် ဘုရားရှင်သည် သူတို့ မစဉ်းစားထားသော နေရာမှ ရောက်ရှိလာစေ၍ သူတို့၏ စိတ်နှလုံးကို ကြောက်လန့် ဝန်ပိစေခဲ့၏၊ သို့ဖြင့် သူတို့၏ လက်များဖြင့်- ယုံကြည်သူများ၏ လက်များဖြင့် သူတို့၏ အိမ်ယာများကို ဖြိုဖျက်စေခဲ့၏။ အို- ဒိဗ္ဗစက္ခုရှိသူတို့ သင်ခန်းစာယူကြကုန်လော့။
၃။ အကယ်၍ ပရမတ်ဘုရားရှင်သည် သူတို့အပေါ်၌ ကြည်လင်ပြတ်သားသော ပြစ်ဒဏ်ကို ပြဌာန်းတော်မမူခဲ့လျှင်၊ သူတို့အတွက် ဤလောကီ ဘ၀၌ ကံဝဋ် ကြွေးသည် ရှိနေ၍၊ နောင်ဘ၀၌ အပူမီးဝဋ်ကြွေးသည် ရှိလတ္တံ့။ ၄။ ဤသည်မှာ သူတို့သည် ပရမတ်ဘုရားရှင်နှင့် အရှင်၏ ဉာဏ်စဉ်ဆောင်အားဂိုဏ်းခွဲသော ကြောင့် ဖြစ်၏။ ပရမတ်ဘုရားရှင်အားဂိုဏ်းခွဲသူအားဧကန်ပင် ပရမတ်ဘုရားရှင် သည် ပြတ်သားစွာ ချုပ်ကိုင်နိုင်တော်မူ၏။
၅။ သင်တို့သည် အပင်ညွတ်အားဖြတ်ပစ်သည် ဖြစ်စေ၊ ၎င်း၏ အမြစ် ပေါ်၌ ရပ်လျက် ချန်ထားခဲ့သည် ဖြစ်စေ ပရမတ်ဘုရားရှင်၏ ခွင့်ပြုချက်အတိုင်းသာ ဖြစ်၏။ ယုတ်မာသူတို့အားအရှက်ရစေရန် ဖြစ်၏။
၆။ သူတို့ထံမှ- ပရမတ်ဘုရားရှင်က ဉာဏ်စဉ်ဆောင်အားလိုက်လျှော ပေးသော မြင်း၊ စီးနင်းနိုင်ရာ၌ သင်တို့ ဖိအားမပေးကြနှင့်၊ သို့ရာတွင် ပရမတ် ဘုရားရှင်သည် အရှင်၏ ဉာဏ်စဉ်ဆောင်အားစံချိန်ပြည့်မှီသူ အပေါ်၌ ဩဇာ အာဏာရှိစေ၏။ ပရမတ်ဘုရားရှင်သည်ကားသဗ္ဗလုံးစုံအားစည်းချိန်ချမှတ်တော် မူ၏။
၇။ အရပ်သားများထံမှ- ပရမတ်ဘုရားရှင်က ဉာဏ်စဉ်ဆောင်အားလိုက် လျှောပေးရာတို့သည် ပရမတ်ဘုရားရှင်၊ ဉာဏ်စဉ်ဆောင်၊ နီးစပ်သော သူများ၊ မိဘမဲ့များ၊ နွမ်းပါးသူများ၊ ခရီးသည်များအတွက် ဖြစ်၏။ ၎င်းသည် သင်တို့နှင့် ပြည်စုံသူတို့၏ စပ်ကြားမောင်ပိုင်စီးခြင်းမရှိရရန် ဖြစ်၏။ ဉာဏ်စဉ်ဆောင်က ပေးကမ်းရာကို လက်ခံကြလော့၊ ဟန့်တားရာကို ရပ်စဲကြလော့၊ ပရမတ်ဘုရားရှင် အားစည်းစောင့်ကြလော့၊ ဧကန်ပင် ပရမတ်ဘုရားရှင်သည် ပြတ်သားစွာ ချုပ်ကိုင် နိုင်တော်မူ၏။
၈။ သူတို့၏ အိမ်ဂေဟာများ၊ ဥစ္စာပစ္စည်းများမှ မောင်းထုတ်ခံရ၍ ပြောင်းရွေ့ခိုလှုံလာသော ချို့တဲ့သူများသည် ပရမတ်ဘုရားရှင်၏ ထံမှ သိက္ခာပေးမှုနှင့် အရှင်၏ ကျေနပ်နှစ်သက်မှုကို ရှာဖွေကြ၍ ပရမတ်ဘုရားရှင်နှင့် အရှင်၏ ဉာဏ်စဉ်ဆောင်အားကူညီထောက်ပံ့ကြကုန်၏။ ထိုသူတို့သည် ဖြောင့်မှန်သူများဖြစ်ကြ၏။
၉။ သူတို့၏ ရှေ့အလျင်ကပင် ယုံကြည်ချက်ရှိပြီးသူများသည် အိမ် ဂေဟာနှင့် နေရာတကျရှိပြီးဖြစ်ကြ၍၊ သူတို့ထံသို့ ပြောင်းရွေ့လာသော သူများကို ချစ်ခင်ကြကုန်၏။ သူတို့၏ ရင်တွင်း၌ ပြာပြာသလဲ ရှာဖွေ မတွေ့နိုင်လောက် အောင် ပေးကမ်းကြ၏။ ရွေးချယ်မှုဒဏ် ထိသက်လေ့ရှိသော်လည်းသူတို့၏ စိတ်ဉာဉ်များထက် ၎င်းတို့ကို အကျင့်ဖြစ်စေ၏။ သူ၏ စိတ်ဉာဉ်ကို အလိုရမက်မှ ကာကွယ်သူ ထိုသူတို့သည် အောင်မြင်ပေါက်မြောက်သူများဖြစ်၏။
၁၀။ သူတို့၏ နောက်တွင်မှ ရောက်လာသောသူများက “အို- ကံကြမ္မာရှင် တပည့်တော်တို့နှင့် တပည့်တော်တို့ထက်အလျင် သတ်မှတ်ပေးခဲ့သော နောင်တော် တို့အားလွတ်ငြိမ်းစေတော်မူပါ၊ တပည့်တော်တို့၏ နှလုံးသား၌ ယုံကြည်သော သူတို့အပေါ် စိတ်ချုပ်တီးရမှု မစီစဉ်ပေးပါနှင့်၊ အို- ကံကြမ္မာရှင် အရှင်သည် ညှာတာသောအရှင် အကြင်နာရှင် ဖြစ်ပါ၏၊”ဟု ဆုတောင်းကြ၏။
၁၁။ သီလကြောင် ဖြစ်သော သူတို့က သူတို့၏ ညီနောင် ကျမ်းစာ ဝိုင်းသားများမှ ဖုံးကွယ်သော သူတို့အား“သင်တို့ကို နှင်ထုတ်ခဲ့လျှင် ကျွန်ုပ်တို့ သည်လည်းသင်တို့နှင့်အတူ ထွက်သွားကြမည်၊ သင်တို့အတွက် ကျွန်ုပ်တို့သည် မည်သူ တစ်ဦးတစ်ယောက်ကို မည်သည့်အခါတွင်မှ နာခံမည်မဟုတ်၊ သင်တို့ကို တိုက်ခိုက်ခဲ့လျှင် ကျွန်ုပ်တို့က သင်တို့အားကူညီထောက်ပံ့မည်ပင်၊”ဟု ပြောဆိုခဲ့ သည်ကို သင် မမြင်မိသလော။ ပရမတ်ဘုရားရှင်သည်ကားသူတို့ လူလိမ်လူညာ များဖြစ်ကြောင်းသက်သေပင် ဖြစ်၏။
၁၂။ ၎င်းတို့ မောင်းထုတ်ခြင်းခံရသော် သူတို့သည် အတူတကွ ထွက်ခွာ သွားကြသည် မဟုတ်ချေ။ ၎င်းတို့သည် တိုက်ခိုက်ခံရသော်လည်းသူတို့သည် ကူညီကြမည် မဟုတ်ချေ။ ကူညီထောက်ပံ့သည့်တိုင် သူတို့သည် နောက်သို့ လှည့်ပြေးကြမည်ပင်၊ တဖန် အကူအညီရတော့မည် မဟုတ်ချေ။
၁၃။ အမှန်မှာ သူတို့၏ ရင်တွင်း၌ သင်တို့အားပရမတ်ဘုရားရှင်ထက် ပို၍ ကြောက်ရွံ့အားကောင်းကြ၏။ ယင်းမှာ သူတို့သည် နားလည်မှု မရှိသော လူမျိုးဖြစ်သောကြောင့်ပင်တည်း။
၁၄။ သူတို့ အားလုံးသည် ထိန်းသိမ်းကာကွယ်ထားသည့် ဒေသတွင်းမှ သို့မဟုတ် ခံတပ်နောက်ကွယ်မှ လွဲ၍ သင်တို့အားတိုက်ခိုက်ရဲသည် မဟုတ်ချေ။ သူတို့ချင်းကြားပဋိပက္ခမှာ ပို၍ ပြင်းထန်၏။ သူတို့အားတပ်စုနေသည်ဟု စဉ်းစားနိုင်သော်လည်းသူတို့၏ နှလုံးသားများမှာ ကွဲပြားနေကြ၏။ ယင်းမှာ သူတို့သည် အတွေးအခေါ် မရှိသော လူမျိုးဖြစ်ခြင်းကြောင့်ပင်တည်း။
၁၅။ သူတို့သည် သူတို့၏ ရှေ့အလျင် မကြာသေးမှီမှသူတို့ ကဲ့သို့ ဖြစ်၏၊ သူတို့ အစီအမံများ၏ အကျိုးဆက်ကို မြည်းစမ်းရတော့၏၊ သူတို့အတွက် စူးနစ် နာကျင်သော ဝဋ်ကြွေးသည် ရှိနေပြီ။
၁၆။ ၎င်းတို့သည် လူသားအားဖုံးကွယ်မှုပြုရန် ပြောဆိုသော မကောင်းဆိုးဝါးကဲ့သို့ ဖြစ်၏။ သူသည် ဖုံးကွယ်လေသော် ၎င်းက “ကျွန်ုပ်သည် သင်မှ ကင်း၏၊ ကျွန်ုပ်သည် လောကခပ်သိမ်း၏ ကံကြမ္မာရှင် ဖြစ်သော ပရမတ်ဘုရားရှင်အားကြောက်ရွံ၏၊”ဟု ဆိုတော့၏။ ၁၇။ သို့ဖြင့် သူတို့နှစ်ဦးလုံး၏ နိဂုံးမှာ သူတို့နှစ်ဦးကာလမဲ့ စခန်းချရာ အပူမီးပင် ဖြစ်တော့၏။ ဤသည် အမိုက်ကောင်များအတွက် အစားပေးခံရမှုပင်တည်း။
၁၈။ အို- ယုံကြည်သော သူတို့၊ ပရမတ်ဘုရားရှင်အားစည်းစောင့်ကြ လော့၊ ဉာဉ်စရိုက်တို့အားမနက်ဖြန်အတွက် စုံရပ်ခံရမည်ကို စောင့်ကြည့်စေ၍၊ ပရမတ်ဘုရားရှင်အားစည်းစောင့်ကြလော့။ ဧကန်ပင် ပရမတ်ဘုရားရှင်သည် ကျင့်ကြံသမျှကို သတင်းသိနေတော်မူ၏။
၁၉။ ပရမတ်ဘုရားဘုရားရှင်အားမေ့ထားသော သူတို့ ကဲ့သို့ မဖြစ်စေ နှင့်။ သို့ဖြင့် အရှင်သည် သူတို့၏ စရိုက်ကို သူတို့ မေ့နေစေ၏။ ထိုသူတို့သည် ယုတ်မာသူများဖြစ်ကြ၏။
၂၀။ အပူမီး၏ ပေါင်းဖေါ်များနှင့် ဥယျာဉ်ဘုံ၏ ပေါင်းဖေါ်များသည် မတူညီကြချေ။ ဥယျာဉ်ဘုံ၏ ပေါင်းဖေါ်များ- ထိုသူတို့ သည် အောင်ပွဲခံသူများဖြစ်ကြ၏။
၂၁။ အကယ်၍ ငါအရှင်သည် ကုရ်အာန်အားတောင်တစ်ခုပေါ်သို့ ချမှတ် ပေးလျှင် ၎င်းသည် ပရမတ်ဘုရားရှင်အားကြောက်ရွံ့ အက်ကွဲ တုန်လှုပ်သွားသည် ကို သင် မြင်တွေ့ရလတ္တံ့။ လူသားတို့ စဉ်းစားသုံးသပ်အံ့ငှာ ဤ ပမာကို ဥပမာ ပေးတော်မူ၏။
၂၂။ ထို အရှင်သည် ပရမတ်ဘုရားရှင် ဖြစ်၏။ အရှင်မှအပ အခြားဘုရားဟူ၍ မရှိ။ မျက်ကွယ် မျက်မှောက် သိနေသော ထို အရှင်သည် ကရုဏာရှင် အကြင်နာရှင် ဖြစ်တော်မူ၏။
၂၃။ ထို အရှင်သည် ပရမတ်ဘုရားရှင် ဖြစ်၏။ အရှင်မှအပ အခြားဘုရားဟူ၍ မရှိ။ အရှင်သည် အာဏာတည်ရာ အရှင်၊ မြတ်စွာသော အရှင်၊ ငြိမ်းချမ်းစေသောအရှင်၊ ယုံကြည်ပုံအပ်ရမည့် အရှင်၊ စောင့်ရှောက်သော အရှင်၊ ဘုန်းတော် ရှင်၊ မပုန်ကန်နိုင်သော အရှင်၊ အကြီးကျယ်ဆုံးသော အရှင် ဖြစ်၏။ ဦးထိပ်ထားရာ ပရမတ်ဘုရားရှင်သည် ရောပြွန်းကိုးကွယ်ရာတို့မှ ကင်းစင်၏။
၂၄။ အရှင်သည် ပရမတ်ဘုရားရှင် ဖြစ်၏၊ ဖြစ်တည်စေသော အရှင်၊ စင်ကြယ်သော အရှင်၊ ပုံစံချပေးသော အရှင် ဖြစ်၏။ သပ္ပါယ်သော ဂုဏ်တော် တိုင်းသည် အရှင်၏ အချုပ်အခြာ၌ ရှိ၏။ မိုးများအတွင်းမြေအတွင်းရှိသမျှတို့ သည် အရှင့် အားဦးထိပ်ထားနေကြ၏။ အရှင်သည် ဘုန်းတော်ရှင် ဓမ္မသတ်ရှင် ဖြစ်တော်မူ၏။
ဓမ္မခန္ဓာ (၅၉) ဤတွင် ပြီး၏။
ဓမ္မခန္ဓာ (၆၀) စစ်ဆေးခံရသည့် သူမ
ဉာဏ်စဉ်ကိန်းဝပ်ပေးမှု အမှတ်စဉ် (၉၁)၊ သုတ်ဒေသနာ (၁၃)ပါး၊
ကရုဏာရှင် အကြင်နာရှင် ဖြစ်တော်မူသော ပရမတ်ဘုရားရှင်၏ ဂုဏ်တော်အားဖြင့်-
၁။ အို- ယုံကြည်သော သူတို့၊ ငါ့အားစည်းဖေါက်သူများသင်တို့အားစည်းဖေါက်များအားမဟာမိတ် အဖြစ် မယူမှတ်ကြနှင့်၊ သင်တို့ ထံသို့ ရောက် လာသော သစ္စာတရားကို ဖုံးကွယ်ပစ်လျက် သင်တို့သည် ပရမတ်ဘုရားရှင်၊ ကံကြမ္မာရှင်အားယုံကြည်ခြင်းကြောင့် ဉာဏ်စဉ်ဆောင်နှင့် သင်တို့ကိုယ်တိုင်အားမောင်းထုတ်ခဲ့သော သူတို့အားလိုလိုလားလားကမ်းလှမ်းကြမည်လော။ သင်တို့ သည် ငါအရှင်၏ လမ်းစဉ်တော်၌ အားစိုက်ဆောင်ရွက်ရန် ထွက်ခွာခဲ့ကြ၍ ငါ အရှင်၏ ကျေနပ်နှစ်သက်မှုကို ရှာဖွေပါလျက် သူတို့အားကြိတ်၍ လိုလားနေဦးမည်လော။ ငါအရှင်သည် သင်တို့၏ လျှို့ဝှက်ရာ လူသိရှင်ကြားပြုရာများကို အသိဆုံးဖြစ်တော်မူ၏၊ သင်တို့ အနက် ထိုသို့ပြုလုပ်သူသည် ပုံစံချပြီးလမ်းစဉ်မှ မုချ လွဲချော်ရလေပြီ။
၂။ သူတို့သည် သင်တို့အားထိပ်တိုက်တိုးလျင် သင်တို့အားစည်းဖေါက် သူများဖြစ်လတ္တံ့၊ သင်တို့ထံသို့ သူတို့၏ လက်များကို ဆန့်ထုတ်လျက် အကုသိုလ် များဖြင့် နှတ်လျှာကြမ်းကြလတ္တံ့၊ သင်တို့အားဖုံးကွယ်မှောင်ချသူများဖြစ်စေ လိုကြ၏။
၃။ သင်တို့၏ မွေးရာပါအခွင့်အရေးရှိသူများ၊ သင်တို့၏ ရင်သွေးများသည် သင်တို့အတွက် အကျိုးရှိစေမည် မဟုတ်ချေ။ ရပ်တည်ရသော နေ့ကာလ၌ သင်တို့၏ကြားရှင်းလင်းဆုံးဖြတ်တော်မူလတ္တံ့။ ပရမတ်ဘုရားရှင်သည် ကျင့်ကြံ သမျှကို မြင်နေသော အရှင် ဖြစ်၏။
၄။ သင်တို့အတွက် အတင့်တယ်ဆုံးစံနမူတစ်ခု ရှိသည်မှာ- အီဗရာဟီးမ် နှင့် သူနှင့် အတူရှိသောသူတို့ ဖြစ်၏။ သူတို့က သူတို့၏ လူမျိုးအား“သင်တို့နှင့် ဖြစ် စေ၊ ပရမတ်ဘုရားရှင် မှလွဲ၍ သင်တို့ ကိုးကွယ်သည့် အရာများနှင့် ဖြစ်စေ ကျွန်ုပ် တို့ ကင်းရှင်း၏၊ ကျွန်ုပ်တို့သည် ပယ်ရှားလိုက်ပြီ။ သင်တို့သည် ပရမတ်ဘုရားရှင် အားတစ်ပါးတည်းသီးသန့် မယုံကြည်သ၍ သင်တို့၏ကြားကျွန်ုပ်တို့၏ကြား၌ စည်းဖေါက်မှု အာဃာတထားမှုသာ ပေါ်နေလတ္တံ့၊”ဟု ပြောဆို၏။ အီဗရာဟီးမ်က သူ၏ ဖခင်အား“ကျွန်ုပ်သည် သင့်၏ လွတ်ငြိမ်းခွင့်ကိုပန်ခဲ့၏၊ သို့သော် ပရမတ် ဘုရားရှင်အားဂုဏ်ပြိုင်၍ သင့်အားအာဏာသက်နိုင်စရာ ကျွန်ုပ်တွင် မရှိပါ၊”ဟု ဆိုခြင်းသည် သီးခြားဖြစ်၏။ သူတို့က “အို- ကံကြမ္မာရှင် တပည့်တော်တို့သည် အရှင့်အပေါ် ကိုးစားပါ၏၊ အရှင့်ထံသို့သာ ဘက်လှည့်ပါ၏။ အရှင့်ထံသို့သာ တပည့်တော်တို့၏ ခရီးဆုံးဖြစ်ပါ၏၊-
၅။ အို- ကံကြမ္မာရှင် တပည့်တော်တို့အားဖုံးကွယ်သော သူတို့၏ သွေးတိုးစမ်းခံရခြင်းကို မစီစဉ်ပါနှင့်။ တပည့်တော်တို့အားလွတ်ငြိမ်းစေတော်မူပါ၊ အို- ကံကြမ္မာရှင် အရှင်သည်သာ ဘုန်းတော်ရှင် ဓမ္မသတ်ရှင် ဖြစ်ပါ၏၊”ဟု ရင့်ကျူး၏။
၆။ သင်တို့အတွက် သူတို့ထဲ၌ အတင့်တယ်ဆုံးစံနမူ မုချ ရှိနေ၏။ ပရမတ်ဘုရားရှင်နှင့် နောင်ဘ၀ကာလအားမျှော်ကိုးလေ့ရှိသူတို့ အတွက်ပင် ဖြစ်၏။ ဘက်လှည့်သွားသူတို့- ဧကန်ပင် ပရမတ်ဘုရားရှင်သည် ကုံလုံပြည့်စုံ၏၊ ရည်သန် စူးစိုက်မှုတည်ရာ ဖြစ်၏။
၇။ ပရမတ်ဘုရားရှင်သည် သင်တို့၏ကြားသင်တို့အားစည်းဖေါက်သော သူများ၏ ကြားတွင် အချင်းချင်းလိုလားမှုကို စီစဉ်နိုင်ရာ၏။ ပရမတ်ဘုရားရှင် သည်ကားစည်းချိန်ချမှတ်သော အရှင် ဖြစ်၏။ ပရမတ်ဘုရားရှင်သည်ကားလွတ်ငြိမ်းစေသော အရှင် အကြင်နာရှင် ဖြစ်တော်မူ၏။
၈။ ပရမတ်ဘုရားရှင်သည် သင်တို့အားသာသနာရေးကြောင့် စစ်မတိုက် သောသူ၊ သင်တို့၏ အိမ်ဂေဟာများမှ မနှင်ထုတ်သော သူများအတွက် ဟန့်တားတော် မမူချေ။ သူတို့နှင့်အတူ ကောင်းမှုပြုလော့၊ သမာသမတ်ရှိကြလော့၊ ဧကန်ပင် ပရမတ်ဘုရားရှင်သည် သမာသမတ်ရှိသူတို့အားနှစ်သက်တော်မူ၏။
၉။ သင်တို့အားသာသနာရေးကြောင့် စစ်တိုက်သောသူ၊ သင်တို့၏ အိမ် ဂေဟာများမှ နှင်ထုတ်သော သူ၊ သင်တို့အားမောင်းထုတ်စဉ် ကျောထောက် နောက်ခံ ပြုသူတို့ထံ သင်တို့ ဘက်လှည့်ခြင်းကို ဟန့်တားတော်မူ၏။ သူတို့ထံ ဘက်လှည့် သူ၊ ထိုသူတို့သည် အမိုက်ကောင်များဖြစ်ကြ၏။
၁၀။ အို- ယုံကြည်သော သူတို့၊ ယုံကြည်သူမတို့သည် သင်တို့ထံ ပြောင်းရွှေ့ ရောက်လာသောအခါ၊ သူမတို့အားစီစစ်သင့်၏။ ပရမတ်ဘုရားရှင်သည် သူမတို့၏ ယုံကြည်ချက်ကို အသိဆုံးဖြစ်၏။ သူမတို့သည် ယုံကြည်သောသူမများဖြစ်သည်ဟု သင်တို့ တပ်အပ်သိကြလျှင် သူမတို့အားဖုံးကွယ်သူများထံသို့ ပြန် မပို့ကြနှင့်၊ သူမတို့သည် သူတို့အတွက် တရားဝင် မဟုတ်ချေ။ သူတို့သည်လည်းသူမတို့အတွက် တရားဝင် မဟုတ်တော့ချေ။ သူတို့ သုံးစွဲခဲ့သည်များကို ပြန်ပေးလိုက်ကြလော့၊ သူမတို့အားမင်္ဂလာဆုလဒ် လက်ဆောင်ပေး၍ သိမ်းဆည်းခြင်းသည် သင်တို့ကို အပြစ် မတင်ထိုက်ချေ။ ဖုံးကွယ်သော သူမတို့ဘက်မှ မားမားရပ် ထိမ်းမထားကြနှင့်၊ သင်တို့ သုံးစွဲခဲ့သည်များကို ပြန်တောင်းကြလော့၊ သူတို့ သုံးစွဲခဲ့ သည်များကိုလည်းပြန်တောင်းစေလော့။ ဤသည် ပရမတ်ဘုရားရှင်၏ စီရင်ထုံးပင် ဖြစ်၏။ အရှင်သည် သင်တို့၏ ကြား၌ စီရင်ထုံးပြုတော်မူ၏။ ပရမတ် ဘုရားရှင်သည်ကားသိနေသော အရှင် ဓမ္မသတ်ရှင် ဖြစ်တော်မူ၏။
၁၁။ သင်တို့၏ အိမ်ထောင်ဘက်များကြောင့် ဖုံးကွယ်သူများထံသို့ သင်တို့ တစ်စုံတစ်ရာ လက်လွတ်ခဲ့ရ၍၊ သင်တို့အားချုပ်ကိုင်ခဲ့လျှင်၊ အိမ်ထောင် ဘက် ထွက်သွားခဲ့သော သူအတွက် သူမတို့အားပေးသုံးခဲ့သည့် ပမာဏအတိုင်းပြန်လည် ပေးအပ်စေလော့။ ပရမတ်ဘုရားရှင်အားစည်းစောင့်ကြလော့၊ အရှင် သည် သင်တို့ ယုံကြည်အပ်သည့် အရှင် ဖြစ်၏။
၁၂။ အို- သတင်းတော်ဆောင်၊ ယုံကြည်သူမတို့သည် သင့်ထံသို့ ရောက်ရှိ လာခဲ့လျှင်၊ သင့်ထံ၌ “ကျွန်ုပ်တို့သည် ပရမတ်ဘုရားရှင်နှင့် တစ်စုံတစ်ရာကို ရောပြွန်းကိုးကွယ်ခြင်းမပြုပါ၊ ခိုးဝှက်ခြင်းမပြုပါ၊ လိင်စည်းဖေါက်ခြင်းမပြုပါ၊ ရင်သွေးများကို မသတ်ဖြတ်ပါ၊ ခြေစုံရပ်လျက် လက်ရှိ-မျက်မှောက် သိက္ခာကျ စရာ လုပ်ကြံဖန်တီးမှုကို ဆောင်ကြဉ်းပုတ်ခတ်ခြင်းမပြုပါ၊ အသင့်ကို အသိ အမှတ်ပြုခြင်း၌ အာမခံပါ၊”ဟူသော ကတိသစ္စာဖြင့် ကတိသစ္စာ ပြုစေ၍၊ သူမတို့ အတွက် ပရမတ်ဘုရားရှင် ထံ၌ လွတ်ငြိမ်းဆုပန်ပေးလော့။ ဧကန်ပင် ပရမတ် ဘုရားရှင်သည် လွတ်ငြိမ်းစေသော အရှင် အကြင်နာရှင် ဖြစ်၏။
၁၃။ အို- ယုံကြည်သော သူတို့၊ ပရမတ်ဘုရားရှင်က ကံကြီးသင့်စေသော လူမျိုးထံ ဘက်မလှည့်ကြနှင့်၊ သူတို့သည် သင်းချိုင်းများ၏ ပေါင်းဖေါ်တို့ အတွက် ဖုံးကွယ်သူတို့ လက်လျှော့ခြင်းမျိုးဖြင့် နောင်ဘ၀၌ လက်လျှော့ရကြလတ္တံ့။
ဓမ္မခန္ဓာ (၆၀) ဤတွင် ပြီး၏။
ဓမ္မခန္ဓာ (၆၁) အဆင့်အတန်းများ
ဉာဏ်စဉ်ကိန်းဝပ်ပေးမှု အမှတ်စဉ် (၁၀၉)၊ သုတ်ဒေသနာ (၁၄)ပါး၊
ကရုဏာရှင် အကြင်နာရှင် ဖြစ်တော်မူသော ပရမတ်ဘုရားရှင်၏ ဂုဏ်တော်အားဖြင့်-
၁။ မိုးများအတွင်းမြေကမ္ဘာအတွင်းရှိသမျှတို့သည် ပရမတ်ဘုရားရှင် အားဦးထိပ်ထားနေကြ၏၊ အရှင်သည်ကားဘုန်းတော်ရှင် ဓမ္မသတ်ရှင် ဖြစ်တော် မူ၏။
၂။ အို- ယုံကြည်သော သူတို့၊ သင်တို့ မပြုလုပ်သော အရာကို အဘယ် ကြောင့် ပြောဆိုကြသနည်း။ ၃။ မပြုလုပ်သည်အားပြောဆိုခြင်းသည် ပရမတ် ဘုရားရှင်၏ ထံတော်၌ ကြီးကျယ်သော ရွံမုန်းဘွယ် ဖြစ်၏။
၄။ ပရမတ်ဘုရားရှင်၏ လမ်းစဉ်တော်၌ အစီအစဉ်ဖြင့် ခုခံတော်လှန် သော သူများကို အရှင်သည် နှစ်သက်တော်မူ၏။ သင်တို့သည် မဟာဗျူဟာ မြောက် အဆောက်အအုံကဲ့သို့ ဖြစ်သင့်၏။
၅။ မူဆာက သူ့လူမျိုးတို့အား“အို- ကျွန်ုပ်၏ လူမျိုးတို့၊ ကျွန်ုပ်သည် သင်တို့ထံသို့ ပရမတ်ဘုရားရှင်၏ ဉာဏ်စဉ်တော်ဆောင် ဖြစ်သည်ကို မုချ သိနေပါ လျက်- အဘယ်ကြောင့် ကျွန်ုပ်အားထိခိုက်နစ်နာစေသနည်း၊”ဟု ပြော၏။ သို့သော် သူတို့ တိမ်းပါးနေကြစဉ်၊ ပရမတ်ဘုရားရှင်သည် သူတို့၏ နှလုံးသားကို တိမ်းပါးစေ၏၊ ပရမတ်ဘုရားရှင်သည် ယုတ်မာသော လူမျိုးအားလမ်းညွှန်တော် မမူချေ။
၆။ မာရိ၏သားယေရှုက “အို- ဂျူးလူမျိုးတို့၊ ကျွန်ုပ်သည် သင်တို့ထံသို့ ပရမတ်ဘုရားရှင်၏ ဉာဏ်စဉ်တော်ဆောင် ဖြစ်၏။ သင်တို့၏ လက်ရှိ-မျက် မှောက် တိုရာကျမ်းကို ဖြောင့်မှန်စေ၍၊ ကျွန်ုပ်၏နောက် ပွင့်ပေါ်မည့် မေတ္တာရှင် မည်သော ဉာဏ်စဉ်တော်ဆောင် အကြောင်းသတင်းကောင်းကို ပါး၏၊”ဟု ဆို၏။ သို့သော် သူသည် သူတို့ထံ ရှင်းလင်းချက်များနှင့် ရောက်လာစဉ်၊ သူတို့က “ဤသည် ရှင်းလင်းထင်ရှားသော မှော်အတတ်သာ ဖြစ်၏၊”ဟု ပြောကြ၏။
၇။ အစ္စလာမ်ဘက်သို့ ဖိတ်ခေါ်ခံရပါလျက် ပရမတ်ဘုရားရှင်နှင့် စပ်လျဉ်း၍ လိမ်ညာ လုပ်ကြံဖန်တီးသူထက် မည်သူက ပို၍ အမိုက်စီးဘိသနည်း။ ပရမတ်ဘုရားရှင်သည် မိုက်ကြေးခွဲသော လူမျိုးအားလမ်းညွှန်တော် မမူချေ။
၈။ သူတို့သည် ပရမတ်ဘုရားရှင်၏ ရောင်ခြည်တော်အားသူတို့၏ ပါးစပ်များဖြင့် မှုတ်ငြိမ်းလိုကြ၏။ ဖုံးကွယ်သူတို့သည် မည်မျှပင် မုန်းတီးငြားသော် လည်းပရမတ်ဘုရားရှင်သည် အရှင်၏ ရောင်ခြည်တော်အားပြည့်စုံစေလတ္တံ့။
၉။ အရှင်သည် အရှင်၏ ဉာဏ်စဉ်ဆောင်အားလမ်းညွှန်တော်၊ မှန်ကန် သော သာသနာတော်ဖြင့် စေစားသော အရှင် ဖြစ်၏။ ရောပြွန်းကိုးကွယ်သူတို့ မုန်းတီးသော်လည်း၎င်းသည် သာသနာအားလုံးအပေါ်၌ ဖူးခြာဖြစ်စေလတ္တံ့။
၁၀။ အို- ယုံကြည်သောသူတို့၊ သင်တို့အားစူးနစ်နာကျင်သော ဝဋ်ကြွေးမှ လွတ်မြောက်စေမည့် ရောင်းဝယ်ခြင်းကို ငါ ညွှန်ပြှရမည်လော။ ၁၁။ ပရမတ် ဘုရားရှင်နှင့် အရှင်၏ ဉာဏ်စဉ်ဆောင်အားယုံကြည်ကြလော့၊ ပရမတ်ဘုရားရှင် ၏ လမ်းစဉ်တော်၌ သင်တို့၏ ဥစ္စာပစ္စည်းဉာဉ်စရိုက်များဖြင့် အားစိုက်ဆောင်ရွက် လော့၊ ဤသည် သင်တို့အတွက် ပိုကောင်း၏၊ သင်တို့ သိကြပါလေစ။
၁၂။ သင်တို့၏ အပြစ်များမှ လွတ်ငြိမ်းစေ၍ သင်တို့အားအောက်ခင်း၌ စမ်းချောင်းရေသွင် စီးဆင်းနေသော ဥယျာဉ်ဘုံများသို့ ဝင်ရောက်စေလတ္တံ့။ ထို ထာ၀ရ ဥယျာဉ်များ၌ စင်ကြယ်သော အခြေချရာတို့သည် ရှိ၏။ ဤသည် မဟာ အောင်ပွဲပင် ဖြစ်၏။
၁၃။ သင်တို့အားနှစ်သက်စေသော အခြားတစ်ခုမှာ၊ ပရမတ်ဘုရားရှင်၏ အကူအညီနှင့် ထွက်ပေါက်သည် နီးကပ်လာချေပြီ။ ယုံကြည်သူများအတွက် သတင်းကောင်းကို ပါးလော့။
၁၄။ အို- ယုံကြည်သော သူတို့၊ သင်တို့သည် ဤသို့ ပရမတ်ဘုရားရှင်၏ ကူညီသူများဖြစ်ကြကုန်လော့၊- မာရိ၏သားယေရှုက ဝတ်ရုံဖြူတို့အား“ပရမတ် ဘုရားရှင်အတွက် မည်သူသည် ကျွန်ုပ်အတွက် အကူဖြစ်သနည်း၊”ဟု မေးသော်၊ ဝတ်ရုံဖြူများက “ကျွန်ုပ်တို့သည် ပရမတ်ဘုရားရှင်၏ ကူညီသူများဖြစ်ကြပါ၏၊” ဟု ပြန်ပြောကြ၏။ သို့ဖြင့် ဂျူးလူမျိုးမှ တစ်စုသည် ယုံကြည်ကြ၍၊ တစ်စုသည် ဖုံးကွယ်မှောင်ချကြ၏။ ငါအရှင်သည် ယုံကြည်သော သူတို့အားထောက်ပံ့ပေး၍ သူတို့အပေါ် စည်းဖေါက်သူများထက် ပေါ်ပြူလာ ဖြစ်လာကြ၏။
ဓမ္မခန္ဓာ (၆၁) ဤတွင် ပြီး၏။
ဓမ္မခန္ဓာ (၆၂) လူထုစုဝေးပွဲ
ဉာဏ်စဉ်ကိန်းဝပ်ပေးမှု အမှတ်စဉ် (၁၁၀)၊ သုတ်ဒေသနာ (၁၁)ပါး၊
ကရုဏာရှင် အကြင်နာရှင် ဖြစ်တော်မူသော ပရမတ်ဘုရားရှင်၏ ဂုဏ်တော်အားဖြင့်-
၁။ မိုးများအတွင်းမြေအတွင်းရှိသမျှတို့သည် အာဏာတည်ရာ အရှင်၊ မြတ်စွာသော အရှင်၊ ဘုန်းတော်ရှင်၊ ဓမ္မသတ်ရှင် ဖြစ်သော ပရမတ်ဘုရားရှင်အားဦးထိပ်ထားနေကြ၏။
၂။ အရှင်သည် စာပေသမားမဟုတ်သူများထဲမှ သူတို့အားသုတ်ဒေသနာ များကို ဖတ်ပြရန်၊ သူတို့အားသန့်ရှင်းဖြူစင်စေရန် ကျမ်းတော်နှင့် စီရင်ထုံးကို သင်ကြားပေးရန် ဉာဏ်စဉ်ဆောင်အားပွင့်ပေါ်စေသော အရှင် ဖြစ်၏။ သူတို့သည် ရှေ့အလျင်က ရှင်းလင်းထင်ရှားသော လွဲမှားမှု၌ ရှိခဲ့ကြ၏။
၃။ သူတို့ထံသို့ မပူးပေါင်းသေးသော သူ၊ အခြားသောသူများအတွက် လည်းဖြစ်၏၊ အရှင်သည်ကားဘုန်းတော်ရှင် ဓမ္မသတ်ရှင် ဖြစ်တော်မူ၏။ ၄။ ဤသည် စံချိန်ပြည့်မှီသူအားချီးမြှင့်သော ပရမတ်ဘုရားရှင်၏ သိက္ခာပေးမှု ဖြစ်၏။ ပရမတ်ဘုရားရှင်သည် မဟာ့မဟာ သိက္ခာပေးသော အရှင် ဖြစ်၏။
၅။ တိုရာဟ်ကျမ်းအားသယ်ဆောင်လျက် ၎င်းအားတာဝန်မထမ်းသော သူတို့၏ ပမာသည် လမ်းခရီးတစ်လျှောက် ဝန်တင်ထားသော မြည်းသတ္တဝါကဲ့သို့ ဖြစ်၏။ ပရမတ်ဘုရားရှင်၏ သုတ်ဒေသနာတို့အားငြင်းဆန်သော လူမျိုး၏ ဥပမာသည် အမင်္ဂလာ ဖြစ်၏။ ပရမတ်ဘုရားရှင်သည် မိုက်ကြေးခွဲသော လူမျိုးအားလမ်းညွှန်တော်မမူချေ။
၆။ ဟောလော့ “အို- ရေ၀တီ ဖြစ်သူတို့၊ အခြားလူသားများမှလွဲ၍ သင်တို့သည်သာ ပရမတ်ဘုရားရှင်၏ မဟာမိတ်များ ဖြစ်သည်ဟု ရပ်တည် ပြောဆိုကြသော်- သင်တို့သည် ဖြောင့်မှန်သူများဖြစ်ကြလျှင် သေခြင်းတရားသို့ ဇောတက်ကြလော့။” ၇။ သူတို့၏ စုံရပ်ခံခဲ့သော လက်ချက်များကြောင့် မည်သည့် အခါမှ သူတို့ ဇောတက်ကြမည် မဟုတ်။ ပရမတ်ဘုရားရှင်သည် အမိုက်ကောင် များအားသိနေသော အရှင် ဖြစ်၏၊
၈။ ဟောလော့ “သင်တို့ ထွက်ပြေးတိမ်းရှောင်နေသော သေခြင်းတရားက သင်တို့အားတွေ့ဆုံပွေ့ဖက်မည်သာတည်း။ ထို့နောက် မျက်ကွယ် မျက်မှောက် သိနေသော အရှင်ထံသို့ သင်တို့အားပြန်ပို့မည်သာတည်း။ အရှင်သည် သင်တို့၏ ကျင့်ကြံလေ့ရှိခဲ့သမျှကို သတင်းထုတ်ပြန်တော်မူလတ္တံ့။-
၉။ အို- ယုံကြည်သော သူတို့၊ လူထုစုဝေးပွဲ နေ့၌ ဝတ်ပြုခြင်းသို့ ဖိတ်ခေါ် သောအခါ၊ ပရမတ်ဘုရားရှင်အားသတိရရှုမှတ်ခြင်းဆီသို့ လုံးပန်းမှု ရှိကြ၍၊ စီးပွားကူးသန်းခြင်းကို ချန်ခဲ့ကြလော့။ ယင်းသည် သင်တို့အတွက် ပို၍ ကောင်း၏။ သင်တို့ သိကြပါလေစ။
၁၀။ ဝတ်ပြု ပြီးသောအခါ၊ ပရမတ်ဘုရားရှင်၏ သိက္ခာပေးမှုအားရှာဖွေ ရန် မြေကမ္ဘာ၌ နိုးကြားသွားလာကြလော့။ သင်တို့သည် အောင်မြင်ပေါက်မြောက် အံ့ငှာ ပရမတ်ဘုရားရှင်အားမြောက်များစွာ သတိရရှုမှတ်ကြလော့။”
၁၁။ သူတို့သည် အရောင်းအဝယ် သို့မဟုတ် အူမြူးစရာများကို မြင်လိုက် သည်နှင့် ထို့အတွက် သင့်အားမတ်တတ်ချန်ထားခဲ့လျက် ငွေရှာရန်သွားကြ၏။ ဟောလော့ “အူမြူးစရာများထက်၊ အရောင်းအဝယ်ထက် ပရမတ်ဘုရားရှင်၏ ထံပါး၌ ပိုမိုကောင်းမြတ်ရာသည် ရှိ၏။ ပရမတ်ဘုရားရှင်သည်ကားအကောင်းဆုံးရိက္ခာထောက်သည့် အရှင် ဖြစ်၏။”
ဓမ္မခန္ဓာ (၆၂) ဤတွင် ပြီး၏။
ဓမ္မခန္ဓာ (၆၃) သီလကြောင်များ
ဉာဏ်စဉ်ကိန်းဝပ်ပေးမှု အမှတ်စဉ် (၁၀၄)၊ သုတ်ဒေသနာ (၁၁)ပါး၊
ကရုဏာရှင် အကြင်နာရှင် ဖြစ်တော်မူသော ပရမတ်ဘုရားရှင်၏ ဂုဏ်တော်အားဖြင့်-
၁။ သင့်ထံသို့ သီလကြောင်များရောက်လာသောအခါ “အသင်သည် ပရမတ်ဘုရားရှင်၏ ဉာဏ်စဉ်ဆောင်ဖြစ်ကြောင်းကျွန်ုပ်တို့ သက်သေတည်ပါ၏၊” ဟု ပြောဆိုကြ၏။ သင်သည် အရှင်၏ ဉာဏ်စဉ်ဆောင်ဖြစ်ကြောင်းကို ပရမတ် ဘုရားရှင်သည် သိနေတော်မူ၏။ ထို့ပြင် ပရမတ်ဘုရားရှင်က သီလကြောင်တို့ သည် လိမ်ညာသူများဖြစ် ကြောင်းကိုလည်းသက်သေဖြစ်တော်မူ၏။
၂။ သူတို့၏ အားသန်ချက်ကို သုခဟု အယူထား၍ ပရမတ်ဘုရားရှင်၏ လမ်းစဉ်တော်မှ ဖယ်ရှားကြ၏။ သူတို့၏ ကျင့်ကြံလေ့ရှိသည်များမှာ အကုသိုလ် သာ ဧကန် ဖြစ်၏။ ၃။ ထိုသို့ ဖြစ်ရခြင်းမှာ သူတို့သည် ယုံကြည်ကြ၏။ ထို့နောက် ဖုံးကွယ်ကြကုန်၏။ သို့ဖြင့် သူတို့၏ နှလုံးသားပေါ်၌ တံဆိပ်ထုထားလေပြီ၊ သူတို့၌ နားလည်နိုင်စွမ်းမရှိချေ။
၄။ သူတို့အားသင် မြင်ရသော် သူတို့၏ ဟိတ်ဟန်ကာယကြောင့် သင် အံ့ဩလောက်နိုင်၏။ သူတို့ ပြောဆိုကြသော် သူတို့၏ အပြောအဆိုကို သင် နားထောင်လိုနိုင်၏။ သူတို့သည် သစ်ခေါင်းပွ ဒေါက်ကဲ့သို့ ဖြစ်၏။ သူတို့ထံ ကျသော အသံလှိုင်းတိုင်းကို ထင်ရာစဉ်းစားကြ၏။ သူတို့သည်သာ စည်းဖေါက်သူ များဖြစ်ကြ၏။ သူတို့အားသတိထားလော့။ ပရမတ်ဘုရားရှင်က သူတို့အားသုတ်သင်ခံရစေလတ္တံ့၊ သူတို့သည် မည်သို့ လှည့်စားခံနေကြသနည်း။
၅။ သူတို့အား“သင်တို့ကို လွတ်ငြိမ်းဆုပန်ပေးရန် ပရမတ်ဘုရားရှင်၏ ဉာဏ်စဉ်ဆောင်ဘက်သို့ လာကြလော့၊” ဟု ပြောသောအခါ၊ သူတို့ ဦးခေါင်းကို လှည့်သွားကြ၍၊ သူတို့က ဖယ်ရှားနေသည်ကို သင်မြင်ရ၏။ သူတို့သည် မာန်တက် နေသူများဖြစ်ကြ၏။
၆။ သင်သည် သူတို့အတွက် လွတ်ငြိမ်းဆုပန်သည် ဖြစ်စေ သို့တည်းမဟုတ် လွတ်ငြိမ်းဆု မပန်သည်ဖြစ်စေ မထူးချေ။ ပရမတ်ဘုရားရှင်သည် သူတို့ အားလွတ်ငြိမ်းစေမည် မဟုတ်ချေ။ ဧကန်ပင် ပရမတ်ဘုရားရှင်သည် ယုတ်မာ သော လူမျိုးအားလမ်းညွှန်တော် မမူချေ။
၇။ သူတို့သည် “ပရမတ်ဘုရားရှင်၏ ဉာဏ်စဉ်ဆောင် ထံပါး၌ ရှိသူများအတွက် မသုံးစွဲကြနှင့် သို့မှ သူတို့ ငွေရှာရန်သွားကြလတ္တံ့၊”ဟု ပြောဆိုသူများဖြစ် ကြ၏။ မိုးများနှင့် မြေကမ္ဘာတွင် ရှိသည့် ဘဏ္ဍာတော်များသည် ပရမတ်ဘုရားရှင် ၏ အချုပ်အခြာ၌ ရှိ၏။ သို့ရာတွင် သီလကြောင်တို့သည်ကားနားလည်နိုင်စွမ်းမရှိချေ။
၈။ သူတို့က “နေပြည်တော်သို့ ပြန်လာလျှင် ကျွန်ုပ်တို့ ဘုန်းကံမြင့်သူများက နိမ့်ပါးသူများကို ထိုမှ မောင်းထုတ်ပစ်မည်၊”ဟု ပြောဆို၏။ ဘုန်းကံတို့သည် ပရမတ်ဘုရားရှင်၊ အရှင်၏ ဉာဏ်စဉ်ဆောင်နှင့် ယုံကြည်သူတို့၏ အချုပ်အခြာ၌ ရှိ၏။ သို့သော် သီလကြောင်တို့ သိကြသည် မဟုတ်ချေ။
၉။ အို- ယုံကြည်သောသူတို့- ပရမတ်ဘုရားရှင်အားသတိရရှုမှတ်ခြင်းထက် သင်တို့၏ ဥစ္စာပစ္စည်း၊ သင်တို့၏ ရင်သွေးများက သင်တို့အတွက် အူမမြူးစေနှင့်။ ထိုသို့ ပြုလုပ်သူဖြစ်က ထိုသူတို့သည် နစ်နာဆုံးရှုံးသူများဖြစ်ကြလတ္တံ့။
၁၀။ သေခြင်းတရားသည် သင်တို့မှ တစ်စုံတစ်ဦးထံ ပေးရောက်မလာမှီ သင်တို့အားရိက္ခာပေးထားရာမှ သုံးစွဲကြ လော့။ သို့ဖြင့် သူသည် “အို- ကံကြမ္မာရှင် အရှင်သည် နီးကပ်လာသော သတ်မှတ်ကာလထိ တပည့်တော် အတွက် နောက် ဆုတ်မထားလေလျှင် တပည့်တော်သည် အလှုဒါနပြုခြင်းဖြင့် ပြုပြင်ပြောင်းလဲသူ တို့မှ ဖြစ်ရလတ္တံ့၊”ဟု ပြောမည်ပင်။
၁၁။ သူ၏ သတ်မှတ်ကာလ ရောက်လာသောအခါ ပရမတ်ဘုရားရှင် သည် မည်သည့် ဉာဉ်စရိုက်အတွက်မျှ နောက်ဆုတ် မထားချေ။ ပရမတ်ဘုရားရှင် သည်ကားကျင့်ကြံသမျှကို သတင်းသိနေတော်မူ၏။
ဓမ္မခန္ဓာ (၆၃) ဤတွင် ပြီး၏။
ဓမ္မခန္ဓာ (၆၄) မျက်ဝါးထင်ထင်အရှုံး
ဉာဏ်စဉ်ကိန်းဝပ်ပေးမှု အမှတ်စဉ် (၁၀၈)၊ သုတ်ဒေသနာ (၁၈)ပါး၊
ကရုဏာရှင် အကြင်နာရှင် ဖြစ်တော်မူသော ပရမတ်ဘုရားရှင်၏ ဂုဏ်တော်အားဖြင့်-
၁။ မိုးများအတွင်းမြေအတွင်းရှိသမျှတို့သည် ပရမတ်ဘုရားရှင်အားဦးထိပ်ထားနေကြ၏။ ဩဇာအာဏာတည်ရာသည် အရှင်၏ အချုပ်အခြာ၌ ရှိ၏။ ရည်သန်စူးစိုက်မှုတည်ရာသည် အရှင်၏ အချုပ်အခြာ၌ ရှိ၏။ အရှင်သည် သဗ္ဗ လုံးစုံအားစည်းချိန်ချမှတ်တော်မူ၏။ ၂။ အရှင်သည် သင်တို့အားဖြစ်တည်စေ၏။ သို့သော် သင်တို့မှ ဖုံးကွယ်သူ၊ သင်တို့မှ ယုံကြည်သူတို့ ရှိကြ၏။ ပရမတ်ဘုရားရှင် သည်ကားကျင့်ကြံသမျှကို မြင်နေသော အရှင်ဖြစ်၏။
၃။ မိုးများနှင့် မြေကမ္ဘာအားမှန်ကန်ညီညွတ်စွာ ဖြစ်တည်စေ၏။ ထို့ နောက် သင်တို့အားပုံစံချပေး၏။ ထို့နောက် သင်တို့အားအတင့်တယ်ဆုံးပုံစံဖြစ် စေ၏။ အန္တိမပန်းတိုင်သည် အရှင်ထံသို့သာ ဖြစ်၏။ ၄။ မိုးများနှင့် မြေအတွင်းရှိ သမျှကို သိနေတော်မူ၏။ ကြိတ်ကြံစည်ရာ လူသိရှင်ကြားပြုရာများကို သိနေတော် မူ၏။ ပရမတ်ဘုရားရှင်သည်ကားရင်တွင်းခံစားချက်များအားဖြင့် သိနေသော အရှင် ဖြစ်၏၊
၅။ ရှေ့အလျင်က ဖုံးကွယ်သော သူတို့၏ သတင်းချက်သည် သင်တို့ထံသို့ မရောက်လေသလော။ သူတို့သည် သူတို့ ညွှန်ကြားချက်၏ အကျိုးဆက်ကို မြည်းစမ်းရ၏။ သူတို့အတွက် စူးနစ်နာကျင်သော ဝဋ်ကြွေးသည် ရှိနေ၏။
၆။ ယင်းမှာ သူတို့ထံသို့ သူတို့အတွက် ဉာဏ်စဉ်ဆောင်များကို ရှင်းလင်းချက်များဖြင့် ပေးရောက်လာစဉ် “လူပုဂ္ဂိုလ်က ကျွန်ုပ်တို့အားလမ်းညွှန်မည် လော”ဟု ဆိုကြ၍၊ ဖုံးကွယ်မှောင်ချ လှည့်သွားသောကြောင့် ဖြစ်၏။ ပရမတ် ဘုရားရှင်သည်ကားကုံလုံပြည့်စုံ၏။ ပရမတ်ဘုရားရှင်သည် ကုံလုံပြည့်စုံသော အရှင် ရည်သန်စူးစိုက်မှုတည်ရာ အရှင် ဖြစ်တော်မူ၏။
၇။ ဖုံးကွယ်သော သူတို့က- သူတို့သည် နိုးထရမည် မဟုတ်ဟု ရပ်တည် ပြောကြ၏။ ဟောလော့ “ကံကြမ္မာရှင်အားဖြင့်- နိုးထရမည်သာတည်း၊ ထို့နောက် သင်တို့ ကျင့်ကြံခဲ့သမျှကို သတင်းထုတ်ပြန်တော်မူလတ္တံ့၊ ပရမတ်ဘုရားရှင် အတွက် ယင်းသည် လွယ်ကူလှချေ၏။ ၈။ သို့ဖြစ်၍ ပရမတ်ဘုရားရှင်၊ အရှင်၏ ဉာဏ်စဉ်ဆောင်၊ ငါအရှင် ချမှတ်ပေးသော ရောင်ခြည်တော်အားယုံကြည်ကြကုန် လော့၊ ပရမတ်ဘုရားရှင်သည် ကျင့်ကြံသမျှကို သတင်းသိနေတော်မူ၏။
၉။ နေ့- အတူစုရသော နေ့အတွက် သင်တို့အားအတူစုစေလတ္တံ့၊ ယင်းသည် မျက်ဝါးထင်ထင် အရှုံးပေါ်ရသော နေ့ ဖြစ်၏။ ပရမတ်ဘုရားရှင်အားယုံကြည်၍ ပြုပြင်ပြောင်းလဲခြင်းကျင့်ကြံသူ၊ ထိုသူမှ အကုသိုလ်များကို ဖုံးကွယ် ပေးတော်မူလျက် သူ့အားအောက်ခင်း၌ စမ်းချောင်းရေသွင် စီးဆင်းနေသော ဥယျာဉ်ဘုံများသို့ ဝင်စေပြီး၊ ထို၌ ထာ၀ရ ကာလမဲ့ စံစားစေလတ္တံ့။ ဤသည် မဟာ အောင်ပွဲပင် ဖြစ်၏။ ၁၀။ ဖုံးကွယ်၍ ငါ၏ သုတ်ဒေသနာများကို ငြင်းဆန်သောသူ၊ ထိုသူတို့သည် အပူမီး၏ ပေါင်းဖေါ်များဖြစ်ရ၍၊ ထို၌ ကာလမဲ့ ခံစားစေလတ္တံ့၊ ယင်းသည် အမင်္ဂလာ ခရီးဆုံးဖြစ်၏။
၁၁။ ပရမတ်ဘုရားရှင်၏ ခွင့်ပြုချက် မရှိဘဲ မည်သည့် ထိခိုက်ခြင်းသည်မှ ထိခိုက်စေမည် မဟုတ်ချေ။ ပရမတ်ဘုရားရှင်အားယုံကြည်သောသူ၊ သူ၏ နှလုံးသားကို အရှင်သည် လမ်းညွှန်တော်မူမည်၊ ပရမတ်ဘုရားရှင်သည်ကားသဗ္ဗလုံးစုံအားသိနေသော အရှင် ဖြစ်၏၊
၁၂။ ပရမတ်ဘုရားရှင်အားနာခံကြလော့၊ ဉာဏ်စဉ်ဆောင်အားနာခံကြ လော့၊ သင်တို့သည် လှည့်သွားကြလျှင်၊ ငါ့ ဉာဏ်စဉ်ဆောင်၏ ဝန်တာမှာ ဓမ္မကို ဆိုက်ရောက်စေရန်သာ ဖြစ်၏။ ၁၃။ ပရမတ်ဘုရားရှင်၊ ထိုအရှင်မှ အပ အခြားဘုရားဟူ၍ မရှိ၊ ယုံကြည်သူတို့အားပရမတ်ဘုရားရှင်ကိုသာ ယုံပုံကိုးစားစေ လော့။
၁၄။ အို- ယုံကြည်သော သူတို့၊ သင်တို့၏ အိမ်ထောင်ဘက်များသင်တို့ ၏ ရင်သွေးများမှ သင်တို့အတွက် စည်းဖေါက်သူများရှိနိုင်၏။ သို့ဖြစ်၍ သူတို့အားသတိထားလော့၊ သင်တို့သည် သူတို့အားကျေးအေး၊ ဥပက္ခာပြု၍ လွတ်ငြိမ်းစေ ကြလျှင်၊ ဧကန်ပင် ပရမတ်ဘုရားရှင်သည် လွတ်ငြိမ်းစေသောအရှင် အကြင်နာရှင် ဖြစ်တော်မူ၏။
၁၅။ သင်တို့၏ ဥစ္စာပစ္စည်းများ၊ သင်တို့၏ ရင်သွေးများသည် စမ်းသပ် သော အရာများဖြစ်၏။ ပရမတ်ဘုရားရှင် အရှင့်ထံ၌ မဟာဆုလဒ်ကြီးရှိနေ၏။
၁၆။ သို့ဖြစ်၍ သင်တို့သည် ပရမတ်ဘုရားရှင်အားတတ်အားသ၍ စည်းစောင့်ကြလော့။ ကြားနာကြလော့၊ နာခံကြလော့၊ ထည့်ဝင်သုံးစွဲကြလော့ သင်တို့၏ ဉာဉ်စရိုက်အတွက် ပို၍ကောင်းမြတ်၏။ ဆန္ဒရမက်ကို ကာကွယ်နိုင်သူ ထိုသူတို့သည် အောင်မြင်ပေါက်မြောက်သူများဖြစ်ကြ၏။
၁၇။ ပရမတ်ဘုရားရှင်အားတင့်တယ်စွာ ဆက်ကပ်ခြင်းဖြင့် ဆက်ကပ် လျှင်၊ သင်တို့အတွက် ၎င်းကို နှစ်ဆတိုးစေလတ္တံ့၊ သင်တို့အားလွတ်ငြိမ်းစေလတ္တံ့။ ပရမတ်ဘုရားရှင်သည် ကျေးဇူးတော်အရှင်၊ နူးညံ့သိမ်မွေ့သော အရှင်ဖြစ်၏။
၁၈။ မျက်ကွယ် မျက်မှောက် သိနေတော်မူသော အရှင်သည် ဘုန်းတော် ရှင် ဓမ္မသတ်ရှင် ဖြစ်တော်မူ၏။
ဓမ္မခန္ဓာ (၆၄) ဤတွင် ပြီး၏။
ဓမ္မခန္ဓာ (၆၅) ကွာရှင်းပြတ်စဲမှု
ဉာဏ်စဉ်ကိန်းဝပ်ပေးမှု အမှတ်စဉ် (၉၉)၊ သုတ်ဒေသနာ (၁၂)ပါး၊
ကရုဏာရှင် အကြင်နာရှင် ဖြစ်တော်မူသော ပရမတ်ဘုရားရှင်၏ ဂုဏ်တော်အားဖြင့်-
၁။ အို- သတင်းတော်ဆောင်၊ သင်တို့သည် အမျိုးသမီးတို့အားကွာရှင်းကြသော်၊ သူမတို့အတွက် ရက်ရေတွက်လျက် ကွာရှင်းကြလော့။ ရေတွက်ခြင်းကို အမှတ်စဉ်အတိုင်းဖြစ်စေလော့။ သင်တို့၏ ကံကြမ္မာရှင် ဖြစ်သော ပရမတ် ဘုရားရှင်အားစည်းစောင့်ကြကုန်လော့။ သူမတို့အားသူမတို့၏အိမ်များမှ မောင်းမထုတ်ကြနှင့်၊ ရှင်းလင်းစွာသော ကိုယ်ကျင့်ပျက်မှုမှ အပ ထွက်လည်းမသွားစေ နှင့်၊ ဤသည် ပရမတ်ဘုရားရှင်၏ စည်းမျဉ်းဖြစ်၏။ ပရမတ်ဘုရားရှင်၏ စည်းမျဉ်းအားစည်းဖေါက်သူသည် သူ့စရိုက်ကိုသူ မိုက်ကြေးခွဲသူ ဖြစ်၏။ ဤအစီအမံ ပြီးနောက် ပရမတ်ဘုရားရှင်က မည်သို့ ဆင့်ပြန်လိမ့်မည်ကို သင်တို့ မမှန်းဆနိုင် ကြချေ။
၂။ သူမတို့အတွက် သတ်မှတ်ကာလ ဆိုက်ရောက်ပြီးသော်၊ သူမတို့အားအသိအမှတ်ပြု၍ ထိန်းထားကြလော့၊ သို့မဟုတ် အသိအမှတ်ပြု ခွဲခွာကြစေ လော့။ သင်တို့အနက်မှ တန်းတူညီမျှ ရပ်တည်သော သက်သေ ရှိစေ၍၊ ပရမတ် ဘုရားရှင် ဘက်၌ ရပ်တည်လျက် သက်သေခံစေကြလော့။ ဤသည် ပရမတ် ဘုရားရှင်နှင့် နောင်ဘ၀ကာလအားယုံကြည်ခြင်း၌ ရှိသူတို့ အတွက် အဆုံးအမပင် ဖြစ်၏။ ပရမတ်ဘုရားရှင်အားစည်းစောင့် သူအတွက် အရှင်သည် ထွက်ပေါက် လမ်းကို စီစဉ်ပေး၍-
၃။ သူ မစဉ်းစားထားသော နေရာများမှ ရိက္ခာများထောက်ပေးလတ္တံ့။ ပရမတ်ဘုရားရှင်အားကိုးစားသူ၊ သူ့အတွက် ပရမတ်ဘုရားရှင်သည် စရင်းချုပ် ဖြစ်၏၊ အရှင်သည် ညွှန်ကြားချက်အားဆိုက်ရောက်စေတော်မူလတ္တံ့။ ပရမတ် ဘုရားရှင်သည် သဗ္ဗလုံးစုံအားမုချ စည်းချိန်ချ စီစဉ်တော်မူ၏။
၄။ သင်တို့၏ အမျိုးသမီးများမှ ရာသီသွေးဆုံးပါး၍ သူမတို့အတွက် သံသယ ဖြစ်နေလျှင် သူမတို့၏ ရေတွက်ရက်မှာ သုံးလ ဖြစ်စေရမည်။ ရာသီ သွေးမပေါ်သော သူမ- သူမသည် ကိုယ်ဝန်ဆောင်ဖြစ်လျှင် သူမတို့၏ သတ်မှတ် ကာလမှာ သူမတို့၏ ရှိနေသော ကိုယ်ဝန်ကို မွေးဖွားပြီးချိန်ထိ ဖြစ်စေရမည်။ ပရမတ်ဘုရားရှင်အားစည်းစောင့်သူ၊ သူ့အတွက် အရေးကိစ္စများကို လွယ်ကူစေ ရန် အရှင်က စီစဉ်ပေးမည်ပင်။
၅။ ဤသည် သင်တို့ထံသို့ ချမှတ်ပေးသော ပရမတ်ဘုရားရှင်၏ ညွှန်ကြားချက်များပင် ဖြစ်၏။ ပရမတ်ဘုရားရှင်အားစည်းစောင့်သူ ထိုသူ၏ အကုသိုလ်များကို ဖုံးကွယ်ပေး၏၊ ဂုဏ်ဒြဗ်ကြီးသော ဆုလဒ်သည် သူ့အတွက် ဖြစ်လတ္တံ့။
၆။ သင်တို့ သွားတွေ့နိုင်သော သင်တို့၏ နေထိုင်ရာ နေရာများ၌ သူမတို့ အားနေထိုင်စေကြလော့။ သူမတို့အားစိတ်ကျပ်တည်းစေရန် ဒုက္ခမပေးနှင့်။ သူမတို့သည် ကိုယ်ဝန်ဆောင်များဖြစ်ကြလျှင် သူမတို့၌ ရှိနေသော ကိုယ်ဝန်အားမွေးဖွားပြီးသည် အထိ ပေးကမ်းသုံးစွဲကြလော့။ သင်တို့ကိုယ်စားနို့တိုက်ကျွေးသူ ဖြစ်လျှင် သူမတို့အားအကျိုးဆုလဒ် ပေးကြလော့။ သင်တို့ချင်းကြားအသိအမှတ် ပြု စီမံပြောဆိုကြလော့။ သင်တို့သည် အခက်အခဲဖြစ်နေလျှင် အခြားတစ်ဦးအား၎င်းအတွက် နို့ထိန်းဖြစ်စေလော့။
၇။ ကျယ်ကျယ်ပြန့်ပြန့် ပိုင်သူအားကျယ်ကျယ်ပြန့်ပြန့် သုံးစွဲစေ၍၊ စည်းကြပ်မတ်ခံရသူသည် ပရမတ်ဘုရားရှင် ချီးမြှင့် သလောက် ရိက္ခာဖြင့် သုံးစွဲ စေလော့။ ပရမတ်ဘုရားရှင်သည် မည်သည့် ဉာဉ်စရိုက်ကိုမျှ အရှင် ချီးမြှင့်သည် ထက် ပိုမထမ်းစေရ။ ပရမတ်ဘုရားရှင်သည် ခက်ခဲမှုနောက်၌ လွယ်ကူမှုကို စီစဉ် ပေးတော်မူမည်ပင်။
၈။ မည်မျှသော အရပ်ဒေသတို့သည် ကံကြမ္မာရှင်၏ ညွှန်ကြားချက်နှင့် အရှင်၏ ဉာဏ်စဉ်ဆောင်အားအာခံကြသနည်း၊ သို့ဖြင့် အရှင်သည် ပြတ်သားသော စရင်းရှင်းခြင်းဖြင့် စရင်းရှင်းတော်မူခဲ့၏။ ထို့နောက် မကြုံဘူးသည့် ဝဋ် ကြွေးဖြင့် ဝဋ်ကြွေးသင့်စေခဲ့၏။
၉။ ၎င်းအစီအမံများ၏ အကျိုးဆက်ကို မြည်းစမ်းစေ၏။ ၎င်း၏ နိဂုံးချုပ် အစီအမံမှာ ပျက်စီးဆုံးရှုံးခြင်းပင် ဖြစ်၏။
၁၀။ ပရမတ်ဘုရားရှင်သည် သူတို့ အတွက် ပြင်းထန်သော ဝဋ်ကြွေးကို တွက်ချက်ပြင်ဆင်ထားပြီ။ သို့ဖြစ်၍ ပရမတ်ဘုရားရှင်အားစည်းစောင့်ကြလော့။ အို- သဘောပေါက်နိုင်စွမ်းရှိသူတို့၊ ယုံကြည်သောသူတို့၊ ပရမတ်ဘုရားရှင်သည် သင်တို့ ထံသို့ မုချ ချမှတ်ပေးသည့် သတိဖေါ်တရားဖြစ်သော-
၁၁။ ဉာဏ်စဉ်ဆောင်တစ်ပါးသည် ပရမတ်ဘုရားရှင်၏ ရှင်းလင်းချက် သုတ်ဒေသနာများကို သင်တို့အားဖတ်ပြပြီ- ယုံကြည်၍ ပြုပြင်ပြောင်းလဲမှု ကျင့်ကြံသော သူများအားအမိုက်မှောင်မှ အလင်းရောင်သို့ ထွက်လာစေရန် ဖြစ်၏။ ပရမတ်ဘုရားရှင်အားယုံကြည်၍၊ ပြုပြင်ပြောင်းလဲခြင်းကျင့်ကြံသူအားအောက်ခင်း၌ စမ်းချောင်းရေသွင် စီးဆင်းနေသော ဥယျာဉ်ဘုံများသို့ ဝင်ရောက် စေ၍၊ ထို၌ ထာ၀ရ ကာလမဲ့ စံစားစေမည်ပင်။ သူ့အတွက် ပရမတ်ဘုရားရှင်သည် သုမင်္ဂလာ ရှိသော ရိက္ခာကို မုချထောက်ပံ့မည်။
၁၂။ ပရမတ်ဘုရားရှင် အရှင်သည် မိုးများနှင့် မြေကမ္ဘာ ၎င်းတို့နှင့် အလားတူ ခုနစ်ဆက်ကို ဖြစ်တည်စေတော်မူ၍၊ ၎င်းတို့၏ ကြား၌ ညွှန်ကြားချက်ကို ချမှတ်တော်မူခြင်းမှာ ဧကန်ပင် ပရမတ်ဘုရားရှင်သည် သဗ္ဗလုံးစုံအားစည်းချိန် ချမှတ်တော်မူကြောင်းကို သိနိုင်စေရန် ဖြစ်၏။ ဧကန်ပင် ပရမတ်ဘုရားရှင်သည် သဗ္ဗလုံးစုံအားအသိကွန်ယက်ဖြင့် ဝန်းရံထားတော်မူ၏။
ဓမ္မခန္ဓာ (၆၅) ဤတွင် ပြီး၏။
ဓမ္မခန္ဓာ (၆၆) တားမြစ်ခြင်း
ဉာဏ်စဉ်ကိန်းဝပ်ပေးမှု အမှတ်စဉ် (၁၀၇)၊ သုတ်ဒေသနာ (၁၂)ပါး၊
ကရုဏာရှင် အကြင်နာရှင် ဖြစ်တော်မူသော ပရမတ်ဘုရားရှင်၏ ဂုဏ်တော်အားဖြင့်-
၁။ အို- သတင်းတော်ဆောင်၊ ပရမတ်ဘုရားရှင်က တရားဝင်ပြုထားသည်ကို အဘယ်ကြောင့် တားမြစ်လေသနည်း။ သင့်အပေါ်၌ သင့်ပေါင်းဖေါ်များ၏ ကျေနပ်မှုကို ရှာဖွေသလော။ ပရမတ်ဘုရားရှင်သည်ကားလွတ်ငြိမ်းစေသော အရှင် အကြင်နာရှင် ဖြစ်တော်မူ၏။
၂။ ပရမတ်ဘုရားရှင်က- သင်တို့၏ အားသန်ချက်များကို ဘောင်ပြန်ဝင် စေရန် ဝတ္တရားဖြစ်စေပြီ၊ ပရမတ်ဘုရားရှင်သည် သင်တို့ အတွက် မဟာမိတ် ဖြစ်၏။ အရှင်သည် သိနေသောအရှင် ဓမ္မသတ်ရှင် ဖြစ်တော်မူ၏။
၃။ သတင်းတော်ဆောင်သည် သူ၏ ပေါင်းဖေါ်များမှ အချို့ကို လက် တွင်းကြိတ် ဆင့်ပြန်၏။ သူမသည် ၎င်းကို သတင်းပေးသောအခါ၊ ပရမတ် ဘုရားရှင်က သူ့အားဖေါ်ထုတ်ပေးတော်မူ၍ သူက ထိုအကြောင်းချက်မှ အချို့ကို သတင်းဆင့်လျက် အချို့ကို ဘောင်ထား၏၊ ထိုအခါ သူမက “ဤအကြောင်းကို မည်သူက သင့်အားသတင်းပေးသနည်း၊”ဟု ဆိုသော်၊ သူက “သိနေတော်မူသော၊ သတင်းရနေတော်မူသော အရှင်က ကျွန်ုပ်အားသတင်းပေး၏၊”ဟု ပြောဆို၏။
၄။ သင်တို့သည် ပရမတ်ဘုရားရှင်ထံ၌ ခဝါချကြလျှင်၊ သင်တို့နှစ်ဦး၏ နှလုံးသားသည် တိမ်းညွတ်စေလိမ့်မည်။ အကယ်၍ ၎င်းအားဆန့်ကျင်ရန် ကျော ထောက်နောက်ခံပြုကြလျှင်၊ ဧကန်ပင် ပရမတ်ဘုရားရှင် - အရှင်သည် သူ၏ မဟာမိတ် ဖြစ်၏။ ထို့ပြီးနောက် မြတ်သောဉာဏ်စဉ်၊ ပြုပြင်ပြောင်းလဲသော ယုံကြည်သူများနှင့် နိမိတ်ဆောင်တို့သည် သူ့အားကျောထောက်နောက်ခံပြုသူများဖြစ်ကြ၏။
၅။ အကယ်၍ သူက သင်မတို့အားခွဲခွာခဲ့သော်၊ သင်မတို့ထက် ပို၍ ကောင်းမွန်သော ပေါင်းဖေါ်များကို သူ့အားကံကြမ္မာရှင်က- လွှဲပြောင်းပေးနိုင်ရာ ၏။ သူမတို့သည် ငြိမ်းချမ်းရေးပြုသောသူမ၊ ယုံကြည်သူမ၊ နာခံသူမ၊ ခဝါချသူမ၊ ဝတ်ကျေ သူမ၊ သီလမြဲသူမ၊ ကင်းရှင်းသူမနှင့် နုရွယ်သောသူမများဖြစ်ကြ၏။
၆။ အို- ယုံကြည်သော သူတို့၊ သင်တို့၏ ဉာဉ်စရိုက်များ၊ သင်တို့၏ ဝိုင်းသားများကို လူသား၊ ကျောက်သားများဖြင့် လောင်စာဖြစ်သော အပူမီးမှ ကင်းရန် စည်းစောင့်ကြလော့။ ယင်းကို ပြတ်ပြတ်သားသားတိကျပြတ်သားသော နိမိတ် ဆောင်များက လွှမ်းမိုးထား၏။ ပရမတ်ဘုရားရှင်အားအာခံကြသည် မဟုတ်ချေ။ သူတို့အားညွှန်ကြားသည့် ညွှန်ကြားချက် အတိုင်းစီမံနေကြ၏။
၇။ အို- ဖုံးကွယ်သော သူတို့၊ ဤနေ့ကာလ၌ မတောင်းပန်ကြနှင့်။ သင်တို့၏ ကျင့်ကြံခဲ့လေ့ရှိရာသည် သင်တို့အတွက် အစားပေးခံရမည်ပင်။
၈။ အို- ယုံကြည်သော သူတို့၊ ပရမတ်ဘုရားရှင်၏ ထံတော်သို့ စိတ် ထားဖြူစင်သော ခဝါချခြင်းဖြင့် ခဝါချကြလော့။ ကံကြမ္မာရှင်သည် သင်တို့အားသင်တို့၏ အကုသိုလ်များမှ ဖုံးကွယ်ပလပ်ပေးနိုင်ကောင်း၍၊ အောက်ခင်း၌ စမ်းချောင်းရေသွင် စီးဆင်းနေသော ဥယျာဉ်ဘုံများသို့ ဝင်ရောက်စေနိုင်၏။ ဤနေ့ ကာလ၌ ပရမတ်ဘုရားရှင်သည် သတင်းတော်ဆောင်နှင့် သူနှင့် အတူရှိသည့် ယုံကြည်သော သူတို့အားအရှက်ရစေမည် မဟုတ်ချေ။ သူတို့၏ လက်ရှိ-မျက် မှောက်နှင့်၊ သူတို့၏ အားသန်စွာ လုံ့ပန်းမှု အလင်းရောင်သည် ရှိလျက် “အို- ကံကြမ္မာရှင်၊ တပည့်တော်တို့၏ အလင်းရောင်အားတပည့်တော်တို့ အတွက် ပြည့်စုံစေပါပြီ။ တပည့်တော်တို့အားလွတ်ငြိမ်းစေတော်မူပါ၊ ဧကန်ပင် အရှင်သည် သဗ္ဗလုံးစုံအားစည်းချိန် ချမှတ်တော်မူပါ၏၊”ဟု ရင့်ကျူးကြလတ္တံ့။
၉။ အို- သတင်းတော်ဆောင်၊ ဖုံးကွယ်သူများနှင့် သီလကြောင်များအပေါ်၌ အားစိုက်ဆောင်ရွက်လော့၊ သူတို့အပေါ်၌ တိကျပြတ်သားလော့။ သူတို့၏ ခိုလှုံရာသည် ငရဲဘုံ ဖြစ်၍၊ ယင်းသည် အမင်္ဂလာ ခရီးဆုံးဖြစ်၏။
၁၀။ ဖုံးကွယ်သောသူတို့အတွက် ပရမတ်ဘုရားရှင် ပမာဆောင်သော ဥပမာမှာ နူးဟ်၏ အမျိုးသမီးနှင့်၊ လု-တ်၏ အမျိုးသမီးတို့ ဖြစ်၏။ သူတို့ နှစ်ဦးသည် ငါ၏ အမှုတော်ဆောင် နှစ်ဦးဖြစ်သည့် ပြုပြင်ပြောင်းလဲသော အမှုတော် ဆောင်များ၏ လက်အောက်၌ ဖြစ်ခဲ့သော်လည်း၊ သူတို့အပေါ်၌ သစ္စာမဲ့ခဲ့၏။ သို့သော် သူတို့သည် ပရမတ်ဘုရားရှင်အားဆန့်ကျင်စရာ မပြည့်စုံခဲ့ဘဲ၊ “အပူမီးသို့ ဝင်ရသူများနှင့် အတူ ဝင်ကြလော့၊”ဟုသာ အမိန့်ခံလိုက်ရ၏။
၁၁။ ယုံကြည်သော သူတို့အတွက် ပရမတ်ဘုရားရှင် ပမာဆောင်သော ဥပမာမှာ၊ ဖာရိုး၏ အမျိုးသမီးဖြစ်၏။ သူမက “အို- ကံကြမ္မာရှင်၊ တပည့်တော်မ အတွက် အရှင့်ထံပါးဥယျာဉ်တော်၌ အိမ်တော်တစ်ဆောင် တည်ဆောက်ပေးတော်မူပါ၊ ဖာရိုးနှင့် သူ့အကျင့်အကြံများမှ တပည့်တော်မအားလွတ်မြောက်စေ တော်မူပါ။ မိုက်ကြေးနေခွဲသော လူမျိုးမှလည်းလွတ်မြောက်စေတော်မူပါ၊”ဟု လျှောက်ထား၏။
၁၂။ အင်မရမ်၏ သမီးတော် မာရိသည်လည်း၊ သူမ၏ အရှက်အင်္ဂါကို ထိန်းသိမ်းသောသူမ ဖြစ်၏။ သို့ဖြင့် ထို၌ ငါ၏ ဉာဏ်စဉ်ကို သက်ဝင်စေ၏။ သူမသည် သူမ ကံကြမ္မာရှင်၏ စကားတော်နှင့် အရှင်၏ ကျမ်းတော်ကို ဖြောင့်မှန် စွာ လက်ခံ၏။ သူမသည်ကားနာခံသူတို့မှ ဖြစ်၏။
ဓမ္မခန္ဓာ (၆၆) ဤတွင် ပြီး၏။
ဓမ္မခန္ဓာ (၆၇) အာဏာစက်
ဉာဏ်စဉ်ကိန်းဝပ်ပေးမှု အမှတ်စဉ် (၇၇)၊ သုတ်ဒေသနာ အပါး(၃၀)၊
ကရုဏာရှင် အကြင်နာရှင် ဖြစ်တော်မူသော ပရမတ်ဘုရားရှင်၏ ဂုဏ်တော်အားဖြင့်-
၁။ အာဏာစက်အားချုပ်ကိုင်ထားတော်မူသော အရှင်သည် ကျက်သရေ အပေါင်းနှင့် ပြည့်စုံတော်မူ၏။ အရှင်သည် သဗ္ဗလုံးစုံအားစည်းချိန်ချမှတ်တော် မူ၏။
၂။ သင်တို့အနက် မည်သူသည် အတင့်တယ်ဆုံးကျင့်ကြံသည်ကို စုံစမ်းရန်အလို့ငှာ အရှင်သည် အနိစ္စ၊ နိစ္စကို ဖြစ်တည်စေတော်မူ၏။ အရှင်သည် ဘုန်းတော်ရှင်၊ လွတ်ငြိမ်းစေသော အရှင် ဖြစ်၏။
၃။ အရှင်သည် ကောင်းကင် ဂြိုလ်စဉ် ခုနစ်ဆက်ကို ဖြစ်တည်စေ၏၊ ကရုဏာရှင်၏ ဖြစ်တည်စေခြင်း၌ လွတ်ထွက်နေသည်ဟု သင် ရှု့မြင်ရမည် မဟုတ်ချေ။ ပြန်လှည့်ကြည့်လော့ မူလအတိုင်းရှိသည်ကို ရှုစားမိသလော။ ၄။ တဖန် မျက်စိ အကြိမ်ကြိမ် လှည့်ကြည့်စေလော့၊ သင့်အကြည့်သည် သင့် ထံသို့ အရှက်ရ ကြေကွဲစရာသာ ဦးလှည့်လတ္တံ့။
၅။ ငါအရှင်သည် လောကီ ကောင်းကင်ကို စတင်တောက်ပခြင်းများဖြင့် ဖမ်းစားထားစေ၍၊ ၎င်းကို မကောင်းဆိုးဝါးတို့ အတွက် ပစ်ဒုံးအဖြစ် စီစဉ်ထားပြီ။ မီးလောင်စာဝဋ်ကြွေးအားသူတို့အတွက် ငါ ပြင်ဆင်ထား၏။
၆။ ကံကြမ္မာရှင်အားဖုံးကွယ်သော သူတို့အဘို့ ငရဲ ဝဋ်ကြွေးသည် ရှိ၏၊ ၎င်းသည် အမင်္ဂလာ ခရီးဆုံးပင် ဖြစ်၏။ ၇။ သူတို့အားထို၌ ခင်းကျင်းသောအခါ၊ ငိုကြွေးကြသည်ကို ကြားရလတ္တံ့၊ ယင်းသည် ပွက်လောရိုက်လျက် ဖြစ်၏။ ၈။ ၎င်းသည် ဒေါသဟုန်းဟုန်းကွဲထွက်မတတ် ဖြစ်နေ၏။ ထို၌ အုပ်စုလိုက် ခင်းကျင်းလေ တိုင်း၊ ၎င်း၏ အစောင့်က “သင်တို့ထံသို့ သတိပေးသူ မပေးရောက်ခဲ့သလော၊”ဟု မေးမြန်းလတ္တံ့။
၉။ သူတို့က “အမှန်ပင်၊ ကျွန်ုပ်တို့ထံသို့ သတိပေးသူများမုချ ရောက်လာ ခဲ့ပါ၏၊ သို့သော် သူ့တို့အားကျွန်ုပ်တို့ ငြင်းဆန်၍၊ ပရမတ်ဘုရားရှင်သည် သင်တို့ အားမည်သည်ကိုမှ ချမှတ်ပေးခဲ့ခြင်းမဟုတ်၊ သင်တို့သည် ကြီးစွာသော အပါယ် လမ်း၌ ရှိသူများဖြစ်၏၊ ဟု ပြောဆိုမိပါ၏၊”ဟု ပြန်ပြောကြ၏။
၁၀။“အကယ်၍ ကျွန်ုပ်တို့သည် ကြားနာမှု သို့မဟုတ် အတွေးအခေါ် ရှိခဲ့လျှင်၊ ကျွန်ုပ်တို့သည် မီးလောင်စာ၏ ပေါင်းဖေါ်များမဟုတ်ခဲ့ချေ၊”ဟုလည်းပြောကြ၏။ ၁၁။ ထိုသို့- သူတို့၏ အပြစ်များကို မှတ်မိကြလျက်၊ မီးလောင်စာ၏ ပေါင်းဖေါ်တို့သည် အဝီစိသို့ကျရပြီ။
၁၂။ စက္ခုလွန်၌ပင် ကံကြမ္မာရှင်အားကြောက်ရွံရိုကျိုးသောသူတို့ အဘို့မူ ကား၊ လွတ်ငြိမ်းခွင့်နှင့် ကြီးမားသော အကျိုးဆုလဒ်သည် ရှိနေ၏။ ၁၃။ သင်တို့ ကြိတ်၍ ပြောခြင်းသို့မဟုတ် ကျယ်လောင်စွာဖွင့်ဟခြင်း-၊ အရှင်သည် သင်တို့၏ ရင်တွင်းခံစားချက်များအားဖြင့် သိနေသော အရှင် ဖြစ်၏၊ ၁၄။ ဖြစ်တည်ပေးတော် မူသော အရှင်က မသိတုံသလော။ အရှင်သည် သက်ညှာတော်မူ၏၊ သတင်းရနေ တော်မူ၏။ ၁၅။ မြေကမ္ဘာအားနိမ့်ပါးစေခိုင်းရာ အဖြစ် သင်တို့အတွက် စီစဉ်ပေးသော အရှင် ဖြစ်၏။ ထိုမှ ထွက်၍ အရပ်တိုင်းအားသွားလာကြလော့၊ အရှင် ရိက္ခာထောက်ရာမှ စားသုံးကြလော့။ အရှင့်ထံသို့သာ ရှင်ပြန်စုဆုံရမည်တည်း။
၁၆။ မြေကမ္ဘာ- ၎င်းသည် လှုပ်ခါသောအခါ သင်တို့အား မြိုလိမ့်မည် မဟုတ်ဟု- ကောင်းကင်မှ သင်တို့အားလုံခြုံပြီဟု ယုံကြည်စေသလော။ ၁၇။ သို့တည်းမဟုတ် သင်တို့ အပေါ်သို့ သဲမုန်တိုင်းအားစေစားမည် မဟုတ်ဟု- အထက်ကောင်းကင်မှ သင်တို့အားလုံခြုံပြီဟု- ယုံကြည်စေသလော။ ငါအရှင်၏ သတိပေးချက်သည် မည်သို့ ဖြစ်သည်ကို သူတို့ သိလာရလတ္တံ့။ ၁၈။ သူတို့၏ ရှေ့အလျင် ဖြစ်သူတို့သည် မုချ ငြင်းဆန်ခဲ့ကြပြီ။ မကြုံဘူးသည့် ပြစ်ဒဏ်သည် မည်သို့ ဖြစ်ဘိသနည်း။
၁၉။ သူတို့ အပေါ်ရှိ ငှက်များမှာ အစီအရီ ယှက်သန်းလျက်ရှိသည်ကို မမြင်ကြသလော။ ၎င်းတို့အားကရုဏာရှင်သည်သာ ထိန်းထားခြင်းဖြစ်၏။ ဧကန်ပင် အရှင်သည် သဗ္ဗလုံးစုံအားမြင်နေသော အရှင်ဖြစ်၏။ ၂၀။ သို့တည်းမဟုတ် ကရုဏာရှင် မှလွဲ၍ မည်သူသည် သင်တို့အားကူညီနိုင်သည့် စစ်သည် တော်များဖြစ်သနည်း။ ဖုံးကွယ်သူတို့၌ မြှူဆွယ်ခြင်းမှအပ အခြားမရှိချေ။
၂၁။ သို့တည်းမဟုတ် အကယ်၍ အရှင်က အရှင်၏ ရိက္ခာထောက်ခြင်းကို ဆိုင်းထားလျှင်၊ သင်တို့အားမည်သူက ရိက္ခာထောက်နိုင်မည်နည်း။ အမှန်မှာ သူတို့သည် အာခံမှုနှင့် စစ်သွေးကြွစိတ်၌ တိုးဝှေ့နေကြ၏။ ၂၂။ သို့တည်းမဟုတ် မျက်နှာအောက်စိုက် သွားလာသူသည် မြဲမြံတည်တံ့သော လမ်းစဉ်၌ ပုံစံတကျ သွားလာသူထက် ပိုမိုလမ်းညွှန်ခံရသလော။
၂၃။ ဟောလော့ “ထို အရှင်သည် သင်တို့အားပေါက်ပွားစေ၏၊ သင်တို့ အားအကြား၊ အမြင်၊ စိတ်နှလုံးများကို စီစဉ်ပေး၏။ သို့သော် အနည်းငယ်မျှသာ ကျေးဇူးသိတတ်ကြ၏။” ၂၄။ ဟောလော့ “အရှင်သည် သင်တို့အားမြေကမ္ဘာ၌ ပွားများစေ၏၊ သင်တို့သည် အရှင့်ထံသို့သာ စုစည်းခံရစေမည်ပင်။
၂၅။ သူတို့က “သင်တို့သည် ဖြောင့်မှန်သူများဖြစ်ကြလျှင်၊ ထိုကတိတော် မှာ မည်သည့်အခါ ဖြစ်မည်နည်း၊”ဟု ဆိုကြ၏။ ၂၆။ ဟောလော့ “ယင်းသည် ပရမတ် ဘုရားရှင်၏ ထံမှ အသိတော်၌သာ ရှိ၏။ ကျွန်ုပ်သည်ကားရှင်းလင်းထင်ရှားသော သတိပေးသူပင်။” ၂၇။ ၎င်းသည် ချည်းကပ်လာသည်ကို မြင်တွေ့သောအခါ၊ ဖုံးကွယ် သော သူတို့၏ မျက်နှာများသည် အကုသိုလ်သင့်လျက် “ဤသည် သင်တို့ ဖိတ်ခေါ် လေ့ရှိရာများဖြစ်သလော၊”ဟု ဆိုကြ၏။
၂၈။ ဟောလော့ “သင်တို့ မြင်မိသလော၊ ပရမတ်ဘုရားရှင်သည် ကျွန်ုပ်၊ ကျွန်ုပ်နှင့်အတူ ရှိသူတို့အားတိမ်ကောပျက်စီးစေသည် ဖြစ်စေ၊ ကရုဏာသက် သည် ဖြစ်စေ၊ ဖုံးကွယ်သူတို့အားစူးနစ်နာကျင်သော ဝဋ်ကြွေးမှ မည်သူက ကာကွယ်ပေးနိုင်မည်နည်း။”
၂၉။ ဟောလော့ “အရှင်သည် မဟာကရုဏာရှင် ဖြစ်၏။ ကျွန်ုပ်တို့သည် အရှင့်အားယုံကြည်၏။ အရှင့်အားကိုးစား၏၊ မည်သူသည် ရှင်းလင်းထင်ရှားသော လွဲမှားခြင်း၌ ရှိသည်ကို သင်တို့ သိလာရလတ္တံ့။”
၃၀။ ဟောလော့ “သင်တို့ မြင်မိသလော၊ သင်တို့၏ ရေသည် ငုပ်လျှိုးသွားလျှင်၊ ထို့နောက် မည်သူက သင်တို့အားစိမ့်စမ်းရေကို ပေးနိုင်အံ့နည်း။”
ဓမ္မခန္ဓာ (၆၇) ဤတွင် ပြီး၏။
ဓမ္မခန္ဓာ (၆၈) ကလောင်တံ
ဉာဏ်စဉ်ကိန်းဝပ်ပေးမှု အမှတ်စဉ် (၂)၊ သုတ်ဒေသနာ (၅၂)ပါး၊
ကရုဏာရှင် အကြင်နာရှင် ဖြစ်တော်မူသော ပရမတ်ဘုရားရှင်၏ ဂုဏ်တော်အားဖြင့်-
၁။ ကညစ်တံ၊ ကလောင်တံ၊ ရေးသားကြသော အရာများအားဖြင့်။ ၂။ သင့်ကရုဏာရှင်၏ ဂုဏ်ပေးခြင်းဖြင့်- သင်သည် ရူးသွပ်နေသူ မဟုတ်ချေ။ ၃။ သင့်အတွက် မျက်နှာမပျက်ရသော ဆုလဒ်သည် ဧကန် ရှိစေလတ္တံ့။
၄။ သင့်၌ မဟာ စိတ်ကူးတည်ဆောက်မှုကြီးရှိနေ၏။ ၅။ သို့ဖြင့် သင် မြင်ရမည်မှာ- သူတို့လည်းမြင်ရမည်မှာ- ၆။ သင်တို့ကြား၌ မည်သူက သွေးတိုးစမ်းသူဟု- ဖြစ်၏။ ၇။ ဧကန်ပင် ကံကြမ္မာရှင်၊ အရှင်သည် မည်သူက လမ်းစဉ်မှ လွဲချော်သည်ကို အသိဆုံးဖြစ်တော်မူ၏၊ အရှင်သည် လမ်းညွှန်ခံရသူများကိုလည်းအသိဆုံးဖြစ်တော်မူ၏၊
၈။ မုသားဝါဒီများကို မနာခံနှင့်။ ၉။ သူတို့သည် သင့်ဘက်က လျှော့ချစေ လို၍ သူတို့ဘက်ကလည်းလျှော့ချပေးလိုသည်ဟု- ၁၀။ တန်ဘိုးမဲ့ တိုင်တည်ပြသူ တိုင်းအားမနာခံနှင့်။ ၁၁။ သူသည်- ဂုဏ်သရေဖျက်သူ၊ လျှောက်၍ သွားပုပ်လေ လွင့် ပြောသူ-၁၂။ ကောင်းမှုကို ဟန့်တားသူ၊ စည်းဖေါက်သူ၊ ပြစ်မှုပြုသူ-၁၃။ ဆွဲချခံ ရသူ၊ ယင်းနောက် အသုံးမကျသူ-ဖြစ်၏။
၁၄။ အကြောင်းမှာ-သူသည် ဥစ္စာပစ္စည်းသားသမီးများပိုင်ဆိုင်သော ကြောင့် ဖြစ်၏။ ၁၅။ သူ့အားငါအရှင်၏ သုတ်ဒေသနာများကို ဖတ်ပြသောအခါ၊ “ရှေးသရောအခါက ဒဏ္ဍာရီများသာတည်း၊”ဟု ဆို၏။ ၁၆။ သူ့ နှာခေါင်းဖျား၌ ငါ တံဆိပ်ကပ်ထားတော်မူပြီ။
၁၇။ သူတို့အားဥယျာဉ် ပေါင်းဖေါ်တို့အားစုံစမ်းသကဲ့သို့ ငါ စုံစမ်းတော် မူ၏။ သူတို့သည် နံနက်စသောအခါ သစ်သီးခူးအံ့ဟု တိုင်တည်ကြ၏ ၁၈။ ဒုတိယာမိ မရှိချေ။ ၁၉။ သူတို့ အိပ်စက်နေစဉ်- ကံကြမ္မာရှင်၏ထံမှ လေဗွေမုန်တိုင်းသည် ထိုအပေါ်၌ လှည့်မွှေ့တော့၏။ ၂၀။ သို့ဖြင့် ၎င်းသည် ခူးချိန်လွန် ဖြစ်သွားတော့၏။
၂၁။ နံနက်စတွင် နှိုးဆော်ကြသည်မှာ- ၂၂။“သင်တို့သည် သီးနှံခူးလိုကြ လျှင်- သင်တို့၏ စိုက်ခင်းသို့ မနက်စောစော”ဟု ဖြစ်၏၊ ၂၃။ ထွက်ခွာလာကြစဉ်- လေသံတိုးတိုးဖြင့်- ၂၄။“ဤနေ့တွင် သင်တို့ထံသို့ မည်သည့် နွမ်းပါးသူမှ အဝင် မခံနှင့်၊”ဟု ဆိုကြ၍၊ ၂၅။ သူတို့သည် မနက်စောစော စည်းချိန်ကြပ်မတ် ဘုံဆုံးဖြတ် ၏။
၂၆။ သို့သော် သူတို့သည် ၎င်းကို မြင်လိုက်ရသည်နှင့် ပြောကြသည်မှာ “ကျွန်ုပ်တို့ လွဲမှားသူများဖြစ်လေပြီ၊- ၂၇။ အမှန်မှာ ကျွန်ုပ်တို့သည် တားမြစ်ပိတ်ပင် ခံရချေပြီ၊”ဟု ဖြစ်၏။ ၂၈။ သူတို့မှ အလယ်အလတ်ရှိသူက “ကျွန်ုပ်တို့သည် ဦးထိပ် မထားသင့် သလောဟု ကျွန်ုပ် မပြောခဲ့သလော၊”ဟု ဆို၏။
၂၉။ သူတို့က “ကံကြမ္မာရှင်အားဦးထိပ်ထားပါပြီ၊ ကျွန်ုပ်တို့သည် အမိုက် ကောင်များဖြစ်ခဲ့၏၊”ဟု ဆိုကြ၍- ၃၀။ သူတို့မှ အချို့က အချို့ထံသို့ ရှေ့တိုးလာ လျက် အပြစ်ဖို့ကြတော့၏။
၃၁။ သူတို့က ပြောကြသည်မှာ “ကျွန်ုပ်တို့နှယ် ပျက်စီးရလေခြင်း၊ ကျွန်ုပ် တို့သည် စည်းဖျက်သူများဖြစ်ခဲ့၏။- ၃၂။ ကံကြမ္မာရှင်သည် ကျွန်ုပ်တို့အားပို၍ ကောင်းသည်နှင့် လွှဲပြောင်းပေးနိုင်ရာ၏၊ ဧကန်ပင် ကျွန်ုပ်တို့သည် ကံကြမ္မာရှင် ထံသို့ ဦးစားပေးကြလတ္တံ့၊”ဟု ဖြစ်၏။ ၃၃။ ဝဋ်ကြွေးဒဏ်သည် ယင်းသို့ ဖြစ်၏။ နောင်ဘ၀၏ ဝဋ်ကြွေးသည်ကားပို၍ ကြီးမား၏။ သင်တို့ သိခဲ့ပါလေစ။
၃၄။ ဧကန်ပင် စည်းစောင့်သူတို့အဘို့ ကံကြမ္မာရှင်၏ ထံတော်၌ ဂုဏ်ရှိ သော ဥယျာဉ်များရှိ၏။ ၃၅။ ငါသည် ငြိမ်းချမ်းရေးဝါဒီတို့အားရာဇဝတ်ကောင်များကဲ့သို့ စီစဉ်လိမ့်မည်လော။ ၃၆။ သင်တို့၏ စီရင်ထုံးသည် မည်သို့ ဖြစ်ဘိသနည်း။
၃၇။ သို့တည်းမဟုတ် သင်တို့ လေ့လာဆည်းပူးဘို့ရာ ကျမ်းစာတစ်အုပ် ရှိသလော။ ၃၈။ ထို၌ သင်တို့ စိတ်ကြိုက်ထုတ်နှတ်စရာများရှိနေသလော။
၃၉။ သို့တည်းမဟုတ် ရပ်တည်ရသော နေ့သို့ ဆိုက်ရောက်သည့်တိုင် သင်တို့ စီရင်ထုံးချမှတ်နိုင်သည်ဟု ငါ့ထံမှ ဩဇာကို သင်တို့ ရထားသလော။ ၄၀။ ထိုမှ သူတို့အတွက် ရပ်တည်ပြောဆိုနိုင်မှု ရှိသလော ဟု မေးလော့။
၄၁။ သို့တည်းမဟုတ် သူတို့၌ ရောပြွန်းကိုးကွယ်ရာ ရှိသလော။ သူတို့ သည် ဖြောင့်မှန်သူများဖြစ်ကြလျှင် သူတို့၏ ရောပြွန်းကိုးကွယ်ရာတို့ကို ပေးအပ် စေလော့။ ၄၂။ ခြေ ဖယ်ရှားခံရသော နေ့ကာလ၌ ၎င်းတို့အားဦးချနာခံမှုသို့ ဖိတ်ခေါ် ခံရလတ္တံ့၊ သို့သော် ၎င်းတို့သည် တတ်နိုင်တော့သည် မဟုတ်ချေ။ ၄၃။ သူတို့၏ အမြင်များသည် ကျို့ငဲ့လျက်၊ နိမ်ခံရခြင်းသည် သူတို့အားဖိစီးမှုရှိလတ္တံ့။ သူတို့ သည် ငြိမ်းချမ်းမှု ရှိစဉ်က ဦးချ ရိုကျိုးခြင်းဆီသို့ ဖိတ်ခေါ်ခြင်းခံခဲ့ရပြီ။
၄၄။ သို့ဖြစ်၍၊ ဤ ဆင့်ပြန်ချက်အားငြင်းဆန်သူတို့ကို ငါ့ထံ ချန်ထားခဲ့ လော့။ ငါသည် သူတို့အားသူတို့မသိသော နေရာမှ အခွင့်အလမ်းလျော့ပါးနေ စေ၏။ ၄၅။ သူတို့အားငါအချိန်ပေးထား၏၊ ဧကန်ပင် ငါ၏ ဗျူဟာသည် အင်အားကောင်းတော်မူ၏။
၄၆။ သို့တည်းမဟုတ် သင်သည် သူတို့ထံမှ အကျိုးဆုလဒ် တောင်းခံ သောကြောင့် သူတို့မှာ အကြွေးဝန်ပိနေကြသလော။ ၄၇။ သို့တည်းမဟုတ် သူတို့ထံ၌ မျက်ကွယ် အသိများရှိ၍၊ ၎င်းတို့ကို မှတ်တမ်းတင်နေကြသလော။
၄၈။ သို့ဖြစ်၍၊ ကံကြမ္မာရှင်၏ စီရင်ထုံးကို သင် သည်းခံစောင့်ဆိုင်းလော့။ သင်သည် ငါးကြီး၏ ပေါင်းဖေါ်က သူ ယူကြုံးမရ ဖြစ်နေစဉ် တင်ပြသကဲ့သို့ မဖြစ်စေနှင့်။ ၄၉။ ကံကြမ္မာရှင်၏ ထံမှ ဂုဏ်ပေးခြင်းမလွှမ်းခြုံလျှင် သူသည် ထောက်ထားသူမဲ့ ဗလာလက်ဖြင့် စွန့်ပစ်ခံရလတ္တံ့။ ၅၀။ သို့သော် ကံကြမ္မာရှင်သည် သူ့အားရွေးချယ်တော်မူ၍၊ သူ့အားပြုပြင်ပြောင်းလဲသူတို့မှ စီစဉ်ပေး၏။
၅၁။ သတိပေးတရားတော်အားကြားရသောအခါ၊ ဖုံးကွယ်သော သူတို့ က သင့်အားအမြင်စောင်းလေဖြင့် “သူသည်ကားအရူးပင်”ဟု ဆိုကြလတ္တံ့။
၅၂။ ဤကုရ်အာန်သည် လောကခပ်သိမ်းအတွက် သတိပေးတရားတော်မှ အပ အခြားမဟုတ်ချေ။
ဓမ္မခန္ဓာ (၆၈) ဤတွင် ပြီး၏။
ဓမ္မခန္ဓာ (၆၉) ပရမတ္ထသစ္စာ
ဉာဏ်စဉ်ကိန်းဝပ်ပေးမှု အမှတ်စဉ် (၇၈)၊ သုတ်ဒေသနာ (၅၂)ပါး၊
ကရုဏာရှင် အကြင်နာရှင် ဖြစ်တော်မူသော ပရမတ်ဘုရားရှင်၏ ဂုဏ်တော်အားဖြင့်-
၁။ ပရမတ္ထသစ္စာ- ၂။ ပရမတ္ထသစ္စာဟူသည် အဘယ်နည်း-၃။ ပရမတ္ထသစ္စာ ဟူသည် အဘယ်အရာဟု သင် မည်သို့ မှန်းဆနိုင်မည်နည်း။
၄။ သမု-ဒ်နှင့် အာ့ဒ်တို့သည် ကပ်ကြီးဆိုက်မည်ကို ငြင်းဆန်ခဲ့၏။ ၅။ သမုဒ်တို့အတွက်မူ သူတို့သည် စည်းဖျက်ခြင်းဖြင့် တိမ်ကောရလေပြီ။ ၆။ အာ့ဒ်တို့ မှာမူ- သူတို့သည် ထိန်းမရ ဒေါသကြီးနေသော လေဖြင့် ပျက်စီးတိမ်ကောခဲ့ရ၏။ ၇။ ၎င်းအားသူတို့အပေါ်သို့ ခုနစ်ညနှင့် ရှစ်ရက်တိုင် အဆက်မပြတ် လေဖြင့် တိုက် ခိုက်စေခဲ့၏။ သို့ဖြစ်၍ သင်သည် ထိုလူမျိုးတို့၏ ပြိုလဲနေမှုကို မြင်တွေ့ခဲ့ရလျှင် စွံပလွန် ပင်အိုများဖရိုဖရဲ ဖြစ်ကဲ့သို့ ဖြစ်နေလတ္တံ့။ ၈။ သူတို့မှ ကျန်ရှိသူများကို သင် မြင်မိသလော။
၉။ ထို့ပြင် ဖာရိုးမင်း၊ သူ့မတိုင်မှီ သူများနှင့် ပြောင်းပြန်လန်သွားသော မြို့သားများသည် အမှားဖြင့် ရောက်လာခဲ့ကြ၏။ ၁၀။ သူတို့သည် ကံကြမ္မာရှင်၏ ဉာဏ်စဉ်ဆောင်များအားအာခံကြ၏။ သို့ဖြစ်၍ သူတို့အားဆတိုးအရေးယူခြင်းဖြင့် အရေးယူလိုက်၏။
၁၁။ ဧကန်ပင် ရေသည် စည်းဖျက်လာစဉ်- သင်တို့အားလှေ သင်္ဘော ပေါ်၌ ငါ တင်ဆောင်ခဲ့သည်မှာ-။ ၁၂။ သင်တို့အတွက် သတိပေးတရားတော် စီစဉ် ထား၏။ နားထဲသို့ ထည့်ထားလိုက ထည့်ထားနိုင်ရာ၏။
၁၃။ သို့ဖြင့် တစ်ကြိမ်တစ်ခါ ပုံစံ သက်ဝင်စေခြင်းဖြင့် သက်ဝင်သော အခါ။ ၁၄။ မြေကမ္ဘာနှင့် တောင်တန်းတို့အားသယ်ဆောင်လျက် တစ်ကြိမ်တည်းခြေမွှခြင်းဖြင့် ခြေမွှပစ်သောအခါ။ ၁၅။ ထိုနေ့ကာလ၌ အဖြစ်အပျက်ကြီးဖြစ်ပျက် ရလတ္တံ့။
၁၆။ ကောင်းကင်ယံသည် ကြေမွလျက်၊ ထိုနေ့ကာလ၌ ၎င်းသည် ကြွပ် ဆတ်နေလတ္တံ့။ ၁၇။ နိမိတ်ဆောင်တို့သည် မျှော်ကိုးလျက် ရှိပြီး၊ ထိုနေ့ကာလ၌ သူတို့၏ အပေါ်မှ ကံကြမ္မာရှင်၏ ထပ်ဆင့်ကွပ်ကဲမှု နံပါတ်ရှစ်ကို သယ်ပိုးကြရ လတ္တံ့။ ၁၈။ ထိုနေ့ကာလ၌ ဘောင်တွင်းမှ ဖြစ်ရလတ္တံ့၊ သင်တို့အနက် ထိန်ဝှက်ထားနိုင်သော ထိန်ဝှက်ထားနိုင်ရာဟု မရှိချေ။
၁၉။ သူ၏ မှတ်တမ်းအားသူ၏ အားသန်ရာသို့ ပေးခံရမူ၊ သူက ပြော မည်မှာ “ကျွန်ုပ် မှတ်တမ်းအားဖတ်ကြည့်လော့၊- ၂၀။ ကျွန်ုပ်သည် ဧကန်ပင် ကျွန်ုပ်၏ စရင်းကို ခင်းကျင်းခံရမည်ဟု ကျွန်ုပ် စဉ်းစားခဲ့၏၊”ဟု ဖြစ်၏။ ၂၁။ သို့ဖြင့် သူသည် ကျေနပ်နှစ်သက်သော ဘ၀ဖြင့် ဖြစ်စေ၍၊ ၂၂။ အထွဋ်အထိပ်ဖြစ်သော ဥယျာဉ်ဘုံ၌၊ ၂၃။ အပြွတ်ပြွတ်သီးနှံများသည် အနီးကပ်ရှိနေ၏။ ၂၄။ သင်တို့၏ အတိတ်ကာလများမှ ပြန်ပေးခြင်းအတွက် ကျေကျေနပ်နပ် စားစေ သောက်စေ၏။
၂၅။ သူ၏ မှတ်တမ်းအားသူ၏ လက်ဝဲလက်သို့ ပေးခံရမူ၊ သူက ပြော မည်မှာ “ကျွန်ုပ်များနှယ်၊ မှတ်တမ်းကို အပေးမခံရပါ လေစ၊ ၂၆။ ကျွန်ုပ်၏ စရင်းမည်သို့ ဖြစ်မည်ကို မမှန်းဆနိုင်ပြီတကား၊ ၂၇။ အလိုနှယ်- အပြီးတိုင် သေခဲ့ရလျှင် ကောင်းလေစွ၊ ၂၈။ ကျွန်ုပ်၏ ဥစ္စာပစ္စည်းပြည့်စုံမှုသည် အထောက်မမှီခဲ့ပြီ။ ၂၉။ ကျွန်ုပ်၏ တန်ခိုးအာဏာသည် ပျက်သုဉ်းသွားလေပြီ၊”ဟု ဖြစ်၏။ ၃၀။“သူ့အားဖမ်းဆီးချုပ်ကိုင်လော့- ၃၁။ ထို့နောက် ငရဲမီးအားလောင်ကျွမ်းစေလော့- ၃၂။ သူ့အားအတောင် ခုနစ်ဆယ်တောင် ရှိသော သံကြိုးထဲ၌ ဝင်နေစေလော့။
၃၃။ သူသည် အလွန် အထွဋ်အထိပ်ဖြစ်တော်မူသော ပရမတ်ဘုရားရှင် အားမယုံကြည်ခဲ့ချေ။ ၃၄။ သူသည် နွမ်းပါးသူတို့အားကျွေးမွေးရန်လည်းမတိုက် တွန်းခဲ့ချေ။ ၃၅။ သို့ဖြစ်၍ သူ့အတွက် ဤနေ့ကာလ၌ နွေးထွေးစေသူ မရှိတော့ချေ။ ၃၆။ သူ့အတွက် လက်ဆေးရေမှ အပ ကျွေးမွေးခံရခြင်းမရှိချေ။ ၃၇။ ၎င်းကို အမှားကျူးလွန်သူတို့မှအပ စားသုံးရခြင်းမရှိချေ။
၃၈။ ငါ တိုင်တည်သည်မှာ- သင်တို့ မြင်ရသည်များ- ၃၉။ သင်တို့ မမြင်ရ သည်များဖြစ်၍- ၄၀။ ဤသည် ဂုဏ်ကျက်သရေရှိသော ဉာဏ်စဉ်တော်ဆောင်၏ နှတ်ထွက်ဖြစ်၏။ ၄၁။ ၎င်းသည် ကဗျာဆရာ၏ စကားမဟုတ်၊ သို့သော် အနည်းငယ် မျှကိုသာ သင်တို့ ယုံကြည်ကြကုန်၏။ ၄၂။ ဗေဒင်ဆရာ၏ စကားမဟုတ်၊ သို့သော် အနည်းငယ်မျှကိုသာ သင်တို့ ဆင်ခြင်သတိ ရှိကြ၏။
၄၃။ လောကခပ်သိမ်း၏ ကံကြမ္မာရှင်ထံမှ ချမှတ်ပေးခြင်းဖြစ်၏။ ၄၄။ အကယ်၍ သူသည် ငါအရှင်နှင့်ပတ်သက်၍ ပါးစပ်ပြောပုံပြင် အချို့ တီထွင်ပြော ဆိုခဲ့လျှင်- ၄၅။ သူ၏ ငါ ဩဇာကို သိမ်းယူလျက်- ၄၆။ သူ၏ နှလုံးသွေးကြောကို ဖြတ် တောက်လေလတ္တံ့။ ၄၇။ သင်တို့အနက် မည်သူ တစ်ယောက်မျှ ငါ့အားကာရံ တားဆီးနိုင်မည် မဟုတ်ချေ။ ၄၈။ ဧကန်ပင် ဤသည် စည်းစောင့်သူများအတွက် သတိပေးတရားတော် ဖြစ်၏။
၄၉။ ဧကန်ပင် သင်တို့အနက် ငြင်းဆန်သူများရှိသည်ကို ငါ ကောင်းစွာ သိနေတော်မူ၏။ ၅၀။ ဧကန်ပင် ၎င်းသည် ဖုံးကွယ်သူတို့အဘို့ ကြေကွဲစရာဖြစ်၏။ ၅၁။ ဧကန်ပင် ၎င်းသည် ဒိဌ အမှန်တရားပင် ဖြစ်၏။
၅၂။ သို့ဖြစ်၍၊ ကံကြမ္မာရှင်၏ အထွဋ်အမြတ် ဂုဏ်တော်အားဦးထိပ်ထားလော့။
ဓမ္မခန္ဓာ (၆၉) ဤတွင် ပြီး၏။
ဓမ္မခန္ဓာ (၇၀) ထွက်ရပ်လမ်းများ
ဉာဏ်စဉ်ကိန်းဝပ်ပေးမှု အမှတ်စဉ် (၇၉)၊ သုတ်ဒေသနာ (၄၄)ပါး၊
ကရုဏာရှင် အကြင်နာရှင် ဖြစ်တော်မူသော ပရမတ်ဘုရားရှင်၏ ဂုဏ်တော်အားဖြင့်-
၁။ မေးသူတစ်ဦးက အတည်ဖြစ်သည့် ဝဋ်ကြွေးအကြောင်းကို မေး၏။
၂။ ဖုံးကွယ်သူများအတွက် ၎င်းကို ခုခံပေးနိုင်သူ မရှိချေ။ ၃။ ဉာဏ် သမာပတ် တက်လမ်းများအားစိုးပိုင်သော ပရမတ်ဘုရားရှင်၏ ထံမှဖြစ်၏။ ၄။ နိမိတ်ဆောင်များနှင့် ဉာဏ်စဉ်တော်သည် အရှင့်ထံသို့ ဉာဏ်သမာပတ် တက်လှမ်း၏၊ ယင်း၏ ကာလတစ်ခုသည် နှစ်ပေါင်းငါးသောင်းစည်းချိန် ဖြစ်၏။
၅။ သို့ဖြစ်၍ အမြင်လှသော သည်းခံခြင်းဖြင့် သည်ခံလော့။ ၆။ သူတို့မူ ကား၎င်းကို နောက်ကျလွန်းသည်ဟု မြင်ကြ၏။ ၇။ ငါအရှင်သည် ၎င်းကို နီးကပ်စွာ မြင်နေ၏။
၈။ ကောင်းကင်ယံသည် ကြေးနီရည် ကဲ့သို့ ဖြစ်သော နေ့ကာလ၊ ၉။ တောင်တန်းများသည် ဝါဂွမ်းဖတ်ကဲ့သို့ ဖြစ်၍- ၁၀။ နွေးထွေးခံရသူက နွေးထွေးမှု ပေးသူကို သတင်းမမေးဘဲ-၁၁။ သူတို့ကို မြင်နေစေ၏။ ရာဇဝတ်ကောင်သည် ထိုနေ့ကာလ၏ ဝဋ်ကြွေးမှ ကင်းရန် သားသမီးမှတဆင့် လျော်ပေးလိုသည်မှာ-
၁၂။ သူ၏ ပေါင်းဖေါ်သင်းဘက်များ၊ သူ၏ သားချင်းများ- ၁၃။ ယုတ်စွ သူတို့ အားရှင်းလင်းပြတ်သားစွာ ခိုလှုံခွင့်ပေးခဲ့သူများ- ၁၄။ မြေကမ္ဘာမှ အားလုံးကို ဖြစ်၍၊ ထို့နောက် လွတ်မြောက်လိုကြ၏။
၁၅။ အမှန်မှာ၊ ယင်းသည် မီးတောက်မီးလျှံသာ ဖြစ်၍၊၁၆။ လောင်မြိုက် ခြင်းမှ ဖယ်ပေးစေလျက်- ၁၇။ ဖိတ်ခေါ်နေသည်မှ -နောက်ခံဖြင့် ဦးလှည့်သွားသူ-၁၈။ စုဆောင်း၊ အိပ်သွပ်ထားသူအားဖြစ်၏။
၁၉။ ဧကန်ပင် လူသားကို မမြိုသိပ်နိုင်သော သဘာ၀ဖြင့် ဖြစ်တည်ပေးထား၏။ ၂၀။ ဆိုးကျိုးထိသက်သောအခါ ဒဏ်ခံနိုင်ခြင်းမရှိချေ။ ၂၁။ ကောင်းကျိုးထိသက်သောအခါ ဖက်ကပ်ထား၏။
၂၂။ ဝတ်ပြုသူတို့မှာ ထိုမှကင်း၍- ၂၃။ ထိုသူတို့သည် အစဉ် သူတို့၏ ဝတ်ပြုခြင်း၌ ရှိကြ၏။ ၂၄။ သူတို့သည် သူတို့၏ ဥစ္စာပစ္စည်းအားမှန်ကန်စွာ သိလာ နိုင်လျက်- ၂၅။ တောင်းခံရသူနှင့် တားမြစ်ပိတ်ဆို့ခံရသူတို့အတွက် ဖြစ်စေ၏။ ၂၆။ သူတို့သည် စီရင်မိန့်ချမည့် နေ့ကာလအားဖြောင့်မှန်စွာလက်ခံကြ၏။
၂၇။ ကံကြမ္မာရှင်၏ နိယာမ ဝဋ်ကြွေးကို စိုးထိတ်သောသူတို့ ဖြစ်ကြ၏။၂၈။ ကံကြမ္မာရှင်၏ နိယာမ ဝဋ်ကြွေးမှ ကင်းသည်ဟု ယုံကြည်စိတ်ချနိုင်ရာ မရှိချေ။
၂၉။ သူတို့သည် အရှက်အင်္ဂါများကို စောင့်ထိန်းကြသည်မှာ- ၃၀။ သူတို့၏ အိမ်ထောင်ဘက်များ၊ သူတို့အတွက် အပြစ်မထိုက်သော သူတို့၏ လက်အောက် ဩဇာခံများမှအပ ဖြစ်၏။ ၃၁။ ဤထက် နောက်ကွယ်ကို ရှာဖွေသူ၊ သူတို့သည် စည်းဖေါက်သူများဖြစ်ကြ၏။
၃၂။ သူတို့အားယုံကြည်စွာအပ်နှံမှုနှင့် သူတို့၏ ပဋိညာဉ်ကို ထိန်းကျောင်းသော သူများဖြစ်၏။ ၃၃။ သူတို့၏ သက်သေခံချက်ဖြင့် ခိုင်မာစွာရပ်တည်သော သူများဖြစ်၏။ ၃၄။ သူတို့၏ ဝတ်ပြုခြင်းကို စောင့်ထိန်းသော သူများဖြစ်ကြ၏။ ၃၅။ သူတို့သည် ဥယျာဉ်များ၌ ဘိသိက်မြှောက်ခံရလတ္တံ့။
၃၆။ ဖုံးကွယ်သော သူတို့သည် ပြာပြာသလဲ သင့်ထံသို့ ရှေ့ရှုလာကြ သည်မှာ မည်သို့ကြောင့်နည်း- ၃၇။ လက်ယာမှ လက်ဝဲမှ အုပ်စုကွဲများဖြစ်ကြ၏။ ၃၈။ သူတို့အနက်မှ တစ်ဦးချင်းစီက ဂုဏ်ရှိသော ဥယျာဉ်တော်သို့ ဝင်ရမည်ဟု မျှော်လင့်နေကြသလော။ ၃၉။ ထိုသို့မဟုတ်။ ငါသည် သူတို့အားသူတို့ သိသော ဝတ္ထုမှ ဖြစ်တည်စေခဲ့၏။
၄၀။ အမှန်မှာ- နေထွက်ရာများနေဝင်ရာများ၏ ကံကြမ္မာရှင်- ငါ တိုင်တည်၍-။ ငါသည် စည်းချိန်ချမှတ်တော်မူ၏။ ၄၁။ ငါသည် သူတို့ထက် ပို၍ ကောင်းသော သူများနှင့် လွှဲပြောင်းပစ်နိုင်၏၊ ငါ့အားလွန်ဆန်၍ မရချေ။
၄၂။ သို့ဖြစ်၍ ဆုံတွေ့ရမည်ဟု ကတိထားသော နေ့ထိတိုင်- သူတို့အားဟာသ ပြက်လုံးထုတ်နေခြင်း၌ ချန်ထားခဲ့လော့။ ၄၃။ ထိုနေ့ကာလ၌ သူတို့သည် အလျင်စလို အကိုးထိုးသကဲ့သို့၊ သင်းချိုင်းဂူများမှ သုတ်ခြေတင် ထွက်လာကြ လတ္တံ့။
၄၄။ သူတို့၏ အမြင်များကျို့ငဲ့လျက်၊ နှိမ်ခံရခြင်းသည် သူတို့အားဖိစီးမှုရှိလတ္တံ့၊- ယင်းသည် သူတို့အားကတိရှိသော နေ့ကာလပင် ဖြစ်၏။
ဓမ္မခန္ဓာ (၇၀) ဤတွင် ပြီး၏။
ဓမ္မခန္ဓာ (၇၁) နူးဟ်
ဉာဏ်စဉ်ကိန်းဝပ်ပေးမှု အမှတ်စဉ် (၇၁)၊ သုတ်ဒေသနာ (၂၈)ပါး၊
ကရုဏာရှင် အကြင်နာရှင် ဖြစ်တော်မူသော ပရမတ်ဘုရားရှင်၏ ဂုဏ်တော်အားဖြင့်-
၁။“စူးနစ်နာကျင်သော ဝဋ်ကြွေးအားသူတို့ထံသို့ ပေးရောက်ခြင်းမတိုင်မှီ- သင့်လူမျိုးအားသတိပေးလော့၊”ဟု နူးဟ်အားသူ့လူမျိုးထံသို့ ငါ စေစား၍- ၂။ သူပြောသည်မှာ “အို- ကျွန်ုပ်၏ လူမျိုးတို့ ကျွန်ုပ်သည်ကားသင်တို့အတွက် ရှင်းလင်းထင်ရှားသော သတိပေးသူပင်- ၃။ ပရမတ်ဘုရားရှင်အားကိုးကွယ်ကြ လော့၊ အရှင့်အားစည်းစောင့်ကြလော့၊ ကျွန်ုပ်ကို နာခံကြလော့-၄။ အရှင်သည် သင်တို့အားသင်တို့၏ အပြစ်များမှ လွတ်ငြိမ်းစေလတ္တံ့၊ သတ်မှတ်ကာလ အချိန် ထိ နောက်ဆုတ်ထားပေးလတ္တံ့။ ဧကန်ပင် ပရမတ်ဘုရားရှင်၏ သတ်မှတ်ကာလ ရောက်လာသောအခါ၊ နောက်ဆုတ်ထားနိုင်ခြင်းမရှိချေ။ သင်တို့ သိကြပါလေစ” ဟု ဖြစ်၏။
၅။ သူ လျှောက်ထားသည်မှာ “အို- ကံကြမ္မာရှင်၊ တပည့်တော်၏ လူမျိုးအားနေ့ည မအားတပည့်တော် ဖိတ်ခေါ်ပါသော်လည်း၆။ တပည့်တော်၏ ဖိတ် ခေါ်ခြင်းသည် သူတို့အားထွက်ပြေးမှုကိုသာ တိုးပွားစေ၏၊ ၇။ သူတို့အတွက် လွတ် ငြိမ်းစေခြင်းငှာ- သူတို့အားတပည့်တော် ဖိတ်ခေါ်တိုင်း၊ သူတို့က သူတို့၏ နားများကို လက်ချောင်းများဖြင့် စီစဉ်နေကြ၏။ ခြုံထည်များဖြင့် လွှမ်းခြုံထားကြ၏။ စိတ်ကြီးဝင်- မာနတက်လျက် ဇွတ်တိုးနေကြ၏။ ၈။ တဖန် တပည့်တော်သည် သူတို့အားကျယ်ကျယ်လောင်လောင် ဖိတ်ခေါ်ပါ၏။ ၉။ တဖန် တပည့်တော်သည် သူတို့အားလူသိရှင်ကြားတစ်မျိုး၊ လက် တွင်းကြိတ်၍ တစ်ဖုံ ဖြောင့်ဖျပါ၏။
၁၀။ တပည့်တော် ပြောသည်မှာ “ကံကြမ္မာရှင်ထံမှ လွတ်ငြိမ်းဆုသည် သင်တို့ အတွက် ဖြစ်ပါစေ၊ ဧကန်ပင် အရှင်သည် လွတ်ငြိမ်းစေသော အရှင်- ၁၁။ အရှင်သည် သင်တို့ အပေါ်သို့ ကောင်းကင်ယံမှ အကျိုးကျေးဇူးများစွာ စေစားပါ စေ- ၁၂။ သင်တို့၌ ဥစ္စာပစ္စည်းသားသမီးတိုးပွားပါစေ၊ သင်တို့အတွက် ဥယျာဉ်များကို စီစဉ်ပေးပါစေ၊ သင်တို့အတွက် မြစ် ချောင်းများကို စီစဉ်ပေးပါစေ၊”-ဟု ဖြစ်၍။
၁၃။ ပရမတ်ဘုရားရှင်ထံမှ အလေးထားမှုကို မမျှော်ကိုးရအောင် သင်တို့၌ မည်သည် ဖြစ်နေကြသနည်း- ၁၄။ မုချပင် အရှင်သည် သင်တို့အားအဆင့်ဆင့် ဖြစ်တည်စေခဲ့၏။ ၁၅။ ပရမတ်ဘုရားရှင်သည် အာကာ ခုနစ်ဆက်ကို အလွှာများဖြင့် မည်သို့ ဖြစ်တည်စေသည်ကို သင်တို့ မမြင်မိသလော။
၁၆။ အရှင်သည် လအား- သူမတို့၌ ရောင်ပြန်ကို စီစဉ်၍၊ နေအားလင်းရောင်ခြည်ကို စီစဉ်ထား၏။ ၁၇။ ပရမတ်ဘုရားရှင်သည် သင်တို့အားမြေ ကမ္ဘာမှ ဖြစ်ထွန်းအရွယ်ရောက်စေ၏။ ၁၈။ တဖန် သင်တို့အားထိုအထဲ၌ ဆက်ဖြစ် စေ၍၊ ပြန်ထွက်လာစေခြင်းဖြင့် သင်တို့အားပြန်ထွက်လာစေ၏။ ၁၉။ ပရမတ် ဘုရားရှင်သည် သင်တို့အတွက် မြေကမ္ဘာကို ဆန့်ထုတ်ရန် စီစဉ်တော်မူသည်မှာ-၂၀။ ထို၌ အဝေးပြေးလမ်းမများဖေါက်ကြစေရန် ဖြစ်၏။
၂၁။ နူးဟ်က လျှောက်ထားသည်မှာ “အို- ကံကြမ္မာရှင်၊ သူတို့သည် တပည့်တော်အားအာခံ၍၊ ဥစ္စာပစ္စည်းရင်သွေးများသာ ပွားများလျက်၊ လုံးပါးဆုံးရှုံးရမည့် သူများကိုသာ လိုက်နာနေကြ၏။ ၂၂။ သူတို့သည် ကြီးမားသော အကြံ အစည်ကို ကြံစည်နေ၏။ ၂၃။ သူတို့က “သင်တို့၏ ဘုရားများကို မချန်ပစ်ကြနှင့်။ အချစ်နတ်ဘုရား၊ အချိန်နတ်ဘုရား၊ မနုသီဟနတ်ဘုရား၊ နတ်မြင်းပျံနှင့် လင်းယုံ နတ်ဘုရားတို့ကို မချန်ပစ်ကြနှင့်၊”ဟု ဆိုကြ၍- ၂၄။ သူတို့သည် များစွာတို့ကို လမ်းလွဲစေကြပါပြီ။ အမိုက်ကောင်များသည် အပါယ်လမ်းသို့သာ တိုးပွားနေကြ၏။ ၂၅။ သူတို့၏ အမှားတရားများကြောင့် သူတို့ အားနစ်မြုပ်စေ၍၊ အပူမီးသို့ ဝင်ရောက်စေပြီ။ ပရမတ်ဘုရားရှင် မှလွဲ၍ သူတို့ အားကူညီမည့်သူ ဟူ၍ မတွေ့ရချေ။
၂၆။ နူးဟ်က လျှောက်ထားသည်မှာ “အို- ကံကြမ္မာရှင်၊ ဖုံးကွယ်သူများမှ မည်သည့် အိုးအိမ်ရှင်ကိုမျှ မြေကမ္ဘာပေါ်၌ ချန်မထားပါနှင့်-၂၇။ ဧကန်ပင် အရှင် သည် သူတို့အားချန်ထားပါလျှင်၊ သူတို့သည် အရှင့်အမှုတော်ဆောင်များအားလမ်းလွဲစေ၍၊ ဖုံးကွယ် ဖြာထွက်တတ်သော ရင်သွေးများကိုသာ ရလတ္တံ့။
၂၈။ အို- ကံကြမ္မာရှင်၊ တပည့်တော်နှင့် မွေးမိဘများ၊ တပည့်တော် အိမ် သို့ ဝင်သော ယုံကြည်သည့် ယုံကြည်သူ၊ ယုံကြည်သော သူမများကို လွတ်ငြိမ်းစေ တော်မူပါ။ အမိုက်ကောင်များအားဖျက်ဆီးခံရခြင်းမှအပ မတိုးပွားစေပါနှင့်၊”ဟု ဖြစ်၏။
ဓမ္မခန္ဓာ (၇၁) ဤတွင် ပြီး၏။
ဓမ္မခန္ဓာ (၇၂) အန္ဓပုတုဇဉ်များ
ဉာဏ်စဉ်ကိန်းဝပ်ပေးမှု အမှတ်စဉ် (၄၀)၊ သုတ်ဒေသနာ (၂၈)ပါး၊
ကရုဏာရှင် အကြင်နာရှင် ဖြစ်တော်မူသော ပရမတ်ဘုရားရှင်၏ ဂုဏ်တော်အားဖြင့်-
၁။ ဟောလော့ “ကျွန်ုပ်ထံသို့ အာရုံဈာန်ရသည်မှာ- အန္ဓပုတုဇဉ်များမှ ချီတက်လာသူတစ်စုသည် ကြားနာကြလျက်- ပြောကြသည်မှာ- “ကျွန်ုပ်တို့သည် အလွန်အံ့ဩဘွယ်ကောင်းသော ကုရ်အာန်အားကြားနာခဲ့ရ၏။-၂။ ၎င်းသည် ဖြောင့် မတ်မှု ဆီသို့ လမ်းညွှန်၏။ ကျွန်ုပ်တို့သည် ၎င်းကို ယုံကြည်ပါပြီ။ ကျွန်ုပ်တို့သည် ကံကြမ္မာရှင်နှင့် တစ်စုံတစ်ခုကိုသော်မျှ ရောပြွန်းကိုးကွယ်မည် မဟုတ်တော့ချေ။- ၃။ အရှင်သည် အစဉ်သစ်လွှင်လျက် အထွဋ်အထိပ် ဖြစ်တော်မူသော တပည့်တော် တို့၏ ကံကြမ္မာရှင် ဖြစ်၏။ အရှင်သည် ပေါင်းဖေါ်သင်းဘက် ကိုယ်ပွားရင်သွေးယူထားခြင်းမရှိချေ။
၄။ ကျွန်ုပ်တို့အနက် တုံးအသူတို့က “ပရမတ်ဘရားရှင်နှင့် စပ်လျဉ်း၍ မတရားသဖြင့် ပြောဆိုလေ့ရှိ၏။ ၅။ တဖန် ကလျာဏနှင့် အန္ဓပုတုဇဉ်တို့သည် ပရမတ်ဘုရားရှင်နှင့် စပ်လျဉ်း၍ လိမ်ညာ ပြောဆိုကြမည်မဟုတ်ဟု ကျွန်ုပ်တို့ စဉ်းစားခဲ့၏။
၆။ ကလျာဏပုတုဇဉ် လူသားတို့က အန္ဓပုတုဇဉ် လူသားတို့ထံ ခိုလှုံလို လေ့ရှိရာ- သို့ဖြင့် ၎င်းတို့အားဖိစီးမှု တိုးပွားစေ၏။ ၇။ ၎င်းတို့က စဉ်းစားသည်မှာ ပရမတ်ဘုရားရှင်သည် တစ်စုံတစ်ယောက်ကိုမျှ နိုးကြွစေမည် မဟုတ်ဟု သင်တို့ စဉ်းစားသကဲ့သို့ ဖြစ်၍- ၈။ ကျွန်ုပ်တို့သည် ကောင်းကင်ယံကို ထိတွေ့ကြ၏။ သို့သော် ၎င်းသည် ပြတ်သားသော အစောင့်များ၊ မီးဒုံးများဖြင့် ဖြည့်ထားသည်ကို ကျွန်ုပ်တို့ တွေ့ရ၏။ ၉။ ကျွန်ုပ်တို့သည် ထို၌ ထိုင်ခုံများတွင် ကြားနာရန် ထိုင်လေ့ ရှိခဲ့ကြ၏။ သို့သော် ယခု နားထောင်သူ- သူ့အတွက် စောင့်နေသော မီးဒုံးကိုသာ တွေ့ရ၏။
၁၀။ မြေကမ္ဘာ၌ ရှိသူတို့အတွက် အဆိုးကို ဖြစ်လိုသလော၊ သို့တည်းမဟုတ် ကံကြမ္မာရှင်က ဖြောင့်မတ်စေလိုသလော- ကျွန်ုပ်တို့ မမှန်းတတ်ချေ။ ၁၁။ ကျွန်ုပ်တို့မှ ပြုပြင်ပြောင်းလဲသူများရှိကြ၍၊ ထိုမှအပသော အတိုက်အခံများလည်းရှိလျက်- ကျွန်ုပ်တို့သည် ဆုတ်ဖြဲ လမ်းဖေါက်သူများဖြစ်ကြ၏။
၁၂။ ပရမတ်ဘုရားရှင်အားချိနဲ့စေရာ မြေကမ္ဘာ၌ မရှိချေ၊ ကျွန်ုပ်တို့ ပျံပြေးရာတွင်လည်းချိနဲ့စေနိုင်ရာ မရှိဟု ကျွန်ုပ် စဉ်းစားမိ၏။ ၁၃။ ကျွန်ုပ်တို့သည် လမ်းညွှန်တရားကို ကြားနာရ၍၊ ထို၌ ယုံကြည်၏။ ကံကြမ္မာရှင်အားယုံကြည် သော သူသည် ပေါ့ပါးမှု ဖိစီးမှုကို ကြောက်ရွံခြင်းမရှိ။ ၁၄။ ကျွန်ုပ်တို့၌ ငြိမ်းချမ်းရေးဝါဒီများရှိ၍- ကြားနေသူများလည်းရှိ၏။ ငြိမ်းချမ်းရေးပြုသူ- ထိုသူတို့သည် ဖြောင့်မတ်သော ရည်ရွယ်ချက်၌ ရှိ၏။ ၁၅။ ကြားနေသူများမှာမူ ငရဲဘုံအတွက် ထင်းများသာ ဖြစ်ကြလတ္တံ့။
၁၆။ ထိုငြိမ်းရေးဝါဒီတို့သည် လမ်းကြောင်းပေါ်၌ ဆက်လက် ရပ်တည် ကြလျှင်၊ သူတို့အားရေအေးပေါပေါသီသီ ငါ တိုက်ကျွေးလတ္တံ့။ ၁၇။ ၎င်း၌ ငါ စမ်းသပ်တော်မူနိုင်၏၊ ကံကြမ္မာရှင်အားသတိရရှုမှတ်ခြင်းအားဘောင်ကန့်ထားသူ၊ ထိုသူအားတရိပ်ရိပ်တက်နေသော ဝဋ်ကြွေးသို့ ဝင်စေတော်မူလတ္တံ့။
၁၈။ ဝတ်ပြုကျောင်းတော်များသည် ပရမတ်ဘုရားရှင်အဘို့ ဖြစ်၏။ သို့ဖြစ်၍ ပရမတ်ဘုရားရှင်နှင့် တဂိုဏ်းတည်းထား၍ တစ်ဦးတစ်ယေက်ထံမျှ ဆုမတောင်းကြနှင့်။ ၁၉။ ဧကန်ပင် ပရမတ်ဘုရားရှင်၏ အမှုတော်ဆောင်သည် အရှင်ထံ၌သာ ရပ်တည် ဆုတောင်းသောအခါ၊ ပိုလျှံခြင်းသည် သူ့အပေါ်၌ တကဲကဲ ဖြစ်နေ၏။ ၂၀။ ဟောလော့ “ကျွန်ုပ်သည် ကံကြမ္မာရှင်ထံ၌သာ ဆုတောင်း၏၊ အရှင် နှင့် တစ်စုံတစ်ဦးကိုမျှ ရောပြွန်းမကိုးကွယ်ချေ။”
၂၁။ ဟောလော့ “သင်တို့အားဘေးဥပဒ်ထိစေရန်၊ ဖြောင့်မတ်စေရန် ဩဇာ အာဏာ ကျွန်ုပ်တွင် မရှိချေ။” ၂၂။ ဟောလော့ “ကျွန်ုပ်အားပရမတ်ဘုရားရှင်ထံမှ ကာကွယ်ပေးနိုင်သူ တစ်စုံတစ်ယောက်မျှ မရှိ၊ ကျွန်ုပ်သည်လည်းအရှင် မှလွဲ၍ လှီးလွှဲရှောင်ကွေ့ရာကို မတွေ့ချေ။ ၂၃။ ကျွန်ုပ်တွင်ကားပရမတ်ဘုရားရှင်ထံမှ၊- ထို့ပြင် အရှင်၏ စေပို့ချက်များကို ဆိုက်ရောက်စေရန်သာ ဖြစ်၏။ ပရမတ် ဘုရားရှင်နှင့် အရှင့် ဉာဏ်စဉ်ဆောင်အားအာခံသူ၊ ဧကန်ပင် သူ့အတွက် ငရဲဘုံ၏ အပူမီးသာ ရှိ၍၊ ထို၌ ထာ၀ရ ကာလမဲ့ ခံစားရမည်တည်း။”
၂၄။ သူတို့အားကတိထားရာကို မြင်တွေ့ရသောအခါ မည်သူ့အားကူညီ မည့်သူ အားနည်း၍ အရေအတွက် နည်းပါးကြောင်းသိလာရလတ္တံ့။ ၂၅။ ဟောလော့ “ကထိထားရာသည် နီးကပ်လာသလော၊ သို့တည်းမဟုတ် ကံကြမ္မာရှင်က ကာလ စီစဉ်ထားသလော၊ ကျွန်ုပ် မမှန်းနိုင်ချေ၊- ၂၆။ အရှင်သည် စက္ခုလွန်ကို သိနေသော အရှင် ဖြစ်၏။ မည်သူတစ်ဦးကိုမျှ စက္ခုလွန်အကြောင်းဖွင့်ဖေါ်မပေးသည်မှာ- ၂၇။ အရှင်က ကျေနပ်နှစ်သက်သော ဉာဏ်စဉ်ဆောင်မှ အပ ဖြစ်၏။ အရှင်သည် သူ၏ လက်ရှိ-မျက်မှောက် သူ့၏ နောက်၌ အစောင့်အကြပ် ထည့်ထားတော်မူသည်မှာ-
၂၈။ ကံကြမ္မာရှင်၏ စေပို့ချက်များအားဆိုက်ရောက်စေခြင်းကို သိစေရန် ဖြစ်၏။ အရှင်သည် သူတို့၏ ပစ္စုပ္ပန်ကို ဝိုင်းရံထားတော်မူ၏။ အရှင်သည် သဗ္ဗလုံးစုံသော အရေအတွက်အားအမှတ်စဉ်မှတ်ထား၏။
ဓမ္မခန္ဓာ (၇၂) ဤတွင် ပြီး၏။
ဓမ္မခန္ဓာ (၇၃) ကိုယ်ရုံခြုံနေသူ
ဉာဏ်စဉ်ကိန်းဝပ်ပေးမှု အမှတ်စဉ် (၃)၊ သုတ်ဒေသနာ အပါး(၂၀)၊
ကရုဏာရှင် အကြင်နာရှင် ဖြစ်တော်မူသော ပရမတ်ဘုရားရှင်၏ ဂုဏ်တော်အားဖြင့်-
၁။ အို- ကိုယ်ရုံခြုံနေသူ၊ ၂။ ည၏ အနည်းငယ်မှ အပ မားမားရပ်လော့။ ၃။ တစ်ဝက် သို့မဟုတ် ထိုထက် အနည်းငယ် လျော့၍- ၄။ သို့မဟုတ် ထိုထက် တိုးစေ လော့။ ထို့နောက် ကုရ်အာန်အားရွတ်ဆိုရာတွင် သေချာစွာရွတ်ဆိုလော့။ ၅။ ငါ အရှင်သည် သင့်အားလေးနက်သော စကားတော်အားခင်းကျင်းပေးတော်မူလတ္တံ့။
၆။ ဧကန်ပင် ညအချိန်၌ နိုးထခြင်းသည် ပိုမိုသန်မာသော တက်လှမ်းမှု ဖြစ်၍၊ အခိုင်မြဲဆုံးပြောအားကိုရ၏။ ၇။ ဧကန်ပင် သင့်အဘို့ နေ့အချိန်၌ ရေရှည် စိမ်၍ ခေါင်းသုံးစရာများရှိ၏။ ၈။ ကံကြမ္မာရှင်၏ ဂုဏ်တော်အားသတိရလျက် ကြည်ညိုခြင်းဖြင့် အရှင့်အားကြည်ညိုလော့။ ၉။ အရှင်သည် နေထွက်ရာ နေဝင်ရာ တို့၏ အရှင်ဖြစ်၏။ အရှင်မှအပ အခြားဘုရားဟူ၍ မရှိ၊ အရှင့်အားကိုးစားထိုက် သည့် အရှင် အဖြစ် အယူထားလော့။
၁၀။ သူတို့ ပြောဆိုသမျှ၌ သည်းခံလော့၊ သူတို့ထံမှ အမြင်လှသော ခွဲခွာ ခြင်းဖြင့် ခွဲခွာသွားလော့။ ၁၁။ ငြင်းဆန်သူတို့အားငါအရှင်နှင့် ချန်ထားခဲ့လော့။ ဂုဏ်ပေးပြီးသားရှိသူတို့အားအနည်းငယ် အချိန်ဆွဲထားလော့။ ၁၂။ ဧကန်ပင် ငါ့ထံ၌မူ- နမူနာပေးမှုနှင့် ငရဲမီးသည် ရှိနေ၏။ ၁၃။ လည်မျိုဆို့မည့် အစားအစာနှင့် စူးနစ်နာကျင်သော ဝဋ်ကြွေးလည်းရှိနေ၏။
၁၄။ မြေကမ္ဘာနှင့် တောင်တန်းကြီးများတုန်လှုပ်သော နေ့၌ တောင်တန်းကြီးတို့သည် သဲမှုန်ကဲ့သို့ ပြေကျလာလတ္တံ့။
၁၅။ သင်တို့အပေါ် သက်သေတည်ရန် သင်တို့ထံသို့ ငါအရှင် ဉာဏ်စဉ် ဆောင် စေစားသည်မှာ ဖာရိုးထံသို့ ဉာဏ်စဉ်ဆောင် စေစားသကဲ့သို့ ဖြစ်၏။ ၁၆။ ဖာရိုးသည် ဉာဏ်စဉ်ဆောင်အားအာခံခဲ့၏။ သို့ဖြစ်၍ ငါသည် သူ့အားအရေးယူ ခြင်းအကျိုးဆက်ဖြင့် အရေးယူခဲ့ပြီ။
၁၇။ သင်တို့ ဖုံးကွယ်ခဲ့လျှင်- မည်သို့ စည်းစောင့်နိုင်အံ့နည်း၊၊ ရင်သွေးတို့ အားဆံဖြူရန် စီစဉ်ထားသော နေ့ကာလ၌-၁၈။ ကောင်းကင်ယံသည် အသစ်ပြန် ဖြစ်လျက်၊ အရှင့် ကတိတော်သည် စီမံပြီးဖြစ်၏။
၁၉။ ဧကန်ပင် ဤသည် သတိပေးတရားတော် ဖြစ်၏။ စံချိန်ပြည့်သူအားကံကြမ္မာရှင်၏ လမ်းစဉ်တော်ဆီသို့ အယူထားစေလော့။
၂၀။ ဧကန်ပင် ကံကြမ္မာရှင်က သင်၊ သင်နှင့်အတူ ရှိသည့် ယုံကြည်သော သူ တစ်စုသည် ည၏ သုံးပုံနှစ်ပုံထက်လျော့၍ ဖြစ်စေ၊ ထက်ဝက်ဖြစ်စေ၊ သုံးပုံ တစ်ပုံဖြစ်စေ မားမားရပ်နေသည်ကို သိနေတော်မူ၏။ ပရမတ်ဘုရားရှင်သည် ည၊ နေ့ကို စည်းချိန်ချထားတော်မူ၏။ သင်တို့သည် အစဉ်မပြတ် မဖြစ်နိုင်ကြောင်းကို အရှင်သည် သိနေတော်မူ၏၊ သို့ဖြစ်၍ သင်တို့အားသင်ပုန်းချေပေးတော်မူ၏။ သင်တို့သည် ကုရ်အာန်အားလွယ်ကူသောနည်းဖြင့် ရွတ်ဖတ်ကြလော့။ သင်တို့ အနက် ဖျားနာနေသူ ရှိ၍၊ အခြားသူတို့သည် ပရမတ်ဘုရားရှင်၏ သိက္ခာပေးခြင်းမှ ရှာဖွေရန် မြေကမ္ဘာ၌ ခရီးထွက်နေကြကြောင်း၊ အခြားသူတို့မှာ ပရမတ်ဘုရားရှင် ၏ လမ်းစဉ်တော်၌ ခုခံတိုက်နေရကြောင်းအရှင်သည် သိနေတော်မူ၏။ သို့ဖြစ်၍ ၎င်းအားလွယ်ကူသောနည်းဖြင့် ရွတ်ဖတ်ကြလော့။ ဝတ်ပြု မြဲကြလော့။ အခွန် ငွေဖြူ ပေးကြလော့။ ပရမတ်ဘုရားရှင်အားတင့်တယ်စွာ ဆက်ကပ်ခြင်းဖြင့် ဆက်ကပ်ကြလော့။ သင်တို့၏ စရိုက်များက စုံရပ်ခံခဲ့သော ကောင်းမှုများကို ပရမတ်ဘုရားရှင်၏ အပါးတော်၌ တွေ့ရလတ္တံ့။ ယင်းသည် ပိုမိုကောင်းမြတ်၍၊ မဟာ ဆုလဒ် ဖြစ်လတ္တံ့။ ပရမတ်ဘုရားရှင်၌ လွတ်ငြိမ်းဆုများပန်ကြလော့။ ဧကန်ပင် ပရမတ်ဘုရားရှင်သည် လွတ်ငြိမ်းစေသော အရှင် အကြင်နာရှင် ဖြစ် တော်မူပေ၏။
ဓမ္မခန္ဓာ (၇၃) ဤတွင် ပြီး၏။
ဓမ္မခန္ဓာ (၇၄) နှတ်ဆိတ်နေသူ
ဉာဏ်စဉ်ကိန်းဝပ်ပေးမှု အမှတ်စဉ် (၄)၊ သုတ်ဒေသနာ (၅၆)ပါး၊
ကရုဏာရှင် အကြင်နာရှင် ဖြစ်တော်မူသော ပရမတ်ဘုရားရှင်၏ ဂုဏ်တော်အားဖြင့်-
၁။ အို- နှုတ်ဆိတ်နေသူ- ၂။ မားမားရပ်လော့၊ ထို့နောက် သတိပေးလော့။ ၃။ ကံကြမ္မာရှင်သည် ကြီးကျယ်ကြောင်းရင့်ကျူးလော့။ ၄။ သင်၏ ခြုံထည်အားသန့်စင်စေလော့။ ၅။ ဆိုးကျိုးများကို ခွဲခွာလော့။ ၆။ အများစုကြောင့် မျက်နှာသာ မပေးနှင့်။ ၇။ သင့်ကံကြမ္မာရှင်အတွက် သည်းခံလော့။
၈။ တံပိုးခရာအားမှုတ်သောအခါ- ၉။ ယင်းသည် ပြဿဒါးနေ့- နေ့ကာလ ပင်၊ ၁၀။ ဖုံးကွယ်သူများအပေါ်၌ လွယ်ကူမှု မရှိချေ။ ၁၁။ ငါ ဖြစ်တည်စေသော သူအား၊ ငါတစ်ပါးတည်းဖြင့် ချန်ထားခဲ့လော့။ ၁၂။ ငါသည် သူ့အတွက် ဥစ္စာ တိုးပွားနေစေရန် စီစဉ်ပေး၏။ ၁၃။ သားသမီးများကိုလည်းမျက်မှောက်သက်သေရှိစေ၏။ ၁၄။ သူ့အတွက် ညိမ့်ညောင်းစွာဖြင့် ညိမ့်ညောင်းသာယာစေ၏။
၁၅။ တဖန် ထိုဖုံးကွယ်သူသည် တိုးပွားခြင်း၌ မျှော်လင့်နေ၏။ ၁၆။ အမှန် မှာ- သူသည် ငါ၏ သုတ်ဒေသနာများအတွက် ဧကန် ခေါင်းမာလေ့ရှိ၏။ ၁၇။ ငါသည် သူ့အားသွေးတက် ဖိစီးစေလတ္တံ့။ ၁၈။ ဧကန်ပင် သူသည် စဉ်းစား၏၊ ထို့နောက် ဥပဒေပြု၏။ ၁၉။ သို့သော် သူ၏ ဥပဒေက သူ့အားမည်သို့ သုတ်သင်မည်ကို၊ ၂၀။ တဖန် သူ၏ ဥပဒေက သူ့အားမည်သို့ အသေသတ်မည်ကို၊ ၂၁။ သူ ကြည့်ရှုရလတ္တံ့။
၂၂။ တဖန် မျက်နှာသုန်မှုန်၊ ရှုံ့မဲ့၏။ ၂၃။ တဖန် နောက်ခံဖြင့် မာန်တက်နေ၏။ ၂၄။ ထို့နောက် သူပြောသည်မှာ- “ဤကုရ်အာန်သည် ရှေးရိုးရာ မှော်အတတ်ပင်၊-၂၅။ ဤသည် လူပုဂ္ဂိုလ်၏ ပြောစကားပင်၊”ဟု ဖြစ်၏။ ၂၆။ သူ့အားအသူရာဘုံ၌ လောင် ကျွမ်းစေလတ္တံ့။ ၂၇။ အသူရာဘုံဟူသည်- သင် မည်သို့ မှန်းဆနိုင်မည်နည်း။ ၂၈။ လက်ကျန်မထား၊ ချန်မထား- ၂၉။ လူပုဂ္ဂိုလ် အားပြားချပ်သွားစေ၏။ ၃၀။ ထိုအပေါ်၌ ဆယ့်ကိုးရှိ၏။
၃၁။ နိမိတ်ဆောင်တို့ကိုသာ အပူမီး၏ ပေါင်းဖေါ်များအဖြစ် ငါ စီစဉ်၏။ သူတို့အားငါ စီစဉ်ထားသည်မှာ- ဖုံးကွယ်သော သူတို့အားစမ်းသပ်မှု တိတိကျကျ ဖြစ်စေရန်၊ ကျမ်းပေးအပ်ခံရသော သူတို့အားစည်းစောင့်လာစေရန်၊ ယုံကြည် သော သူတို့သည် ယုံကြည်ခြင်း၌ တိုးပွားလာစေရန်၊ ကျမ်းပေးခြင်းခံရသော သူတို့နှင့် ယုံကြည်သိူတို့အားသံသယ မဖြစ်စေရန်၊ နှလုံးသား၌ ရောဂါရှိသော သူတို့နှင့် ဖုံးကွယ်သူတို့က “ပရမတ်ဘုရားရှင်သည် ဤဥပမာအားဖြင့် မည်သည်ကို ဖြစ်စေလိုသနည်း”ဟု ပြောရစေရန်-တို့အတွက် ဖြစ်၏။ ယင်းသို့ ပရမတ် ဘုရားရှင်သည် စံချိန်ပြည့်မှီသူအလျောက် လမ်းလွဲစေသူ ဖြစ်စေ၍၊ စံချိန်ပြည့်သူ အလျောက် လမ်းညွှန်ရစေသူ ဖြစ်စေ၏။ အရှင်မှအပ ကံကြမ္မာရှင်၏ စစ်သည် တော်များကို သိနိုင်သူ မရှိချေ။ ဤသည် လူပုဂ္ဂိုလ်များအတွက် သတိပေးတရားတော်သာ ဖြစ်ချေ၏။
၃၂။ အမှန်မှာ- လအားဖြင့်-၃၃။ ည နှင့် နောက်ခံအစိတ်အပိုင်းအားဖြင့်-၃၄။ ခရီးဦးကြိုပြုသော နံနက်အစအားဖြင့်- ၃၅။ ဧကန်ပင် ၎င်းကုရ်အာန်သည် အကြီးကျယ်ဆုံးများမှ တစ်ခု ဖြစ်၏။ ၃၆။ လူပုဂ္ဂိုလ်တို့အားသတိပေးရန်မှာ-၃၇။ သင်တို့၏ စုံရပ်ခံခဲ့မှု၊ သို့မဟုတ် အနာဂါတ်အားစံချိန်ပြည့်မှီလိုသူ အတွက် ဖြစ်၏။၃၈။ ဉာဉ် စရိုက်တိုင်းသည် ကျင့်ဆောင်ရာအတွက် သူ၏ အာမခံပစ္စည်းဖြစ်၏။
၃၉။ သို့သော် လက်ယာရံ ပေါင်းဖေါ်တို့မှာ ကင်း၍- ၄၀။ ဥယျာဉ်များ၌ သတင်းမေးမြန်းကြမည်မှာ-၄၁။ ရာဇဝတ်ကောင်တို့ အကြောင်း- ၄၂။ သင်တို့အားအသူရာသို့ မည်သည်က ထည့်ထားခဲ့သနည်းဟု ဖြစ်၏။ ၄၃။ သူတို့က ပြောကြမည် မှာ “ကျွန်ုပ်တို့သည် ဝတ်ပြုသူများမဟုတ်ခဲ့ပါ။- ၄၄။ ကျွန်ုပ်တို့သည် နွမ်းပါးသူတို့ အားကျွေးမွေးသူများမဟုတ်ခဲ့ပါ၊ ၄၅။ အလေအလွင့်ပြောသူများနှင့် အလေအလွင့် ပြောလေ့ရှိခဲ့ပါ၏။ ၄၆။ စီရင်မိန့်ချမည့် နေ့ကာလအားငြင်းဆန်လေ့ရှိခဲ့မိသည်မှာ-၄၇။ ယခု ၎င်းသည် ကျွန်ုပ်တို့ထံ ဒိဌ ရောက်လာသည့်တိုင် ဖြစ်ပါ၏၊”ဟု ဖြစ်၏။
၄၈။ သို့ဖြစ်၍ အမျှပေးဝေသူတို့၏ အမျှပေးဝေခြင်းသည် သူတို့အတွက် အကျိုးမထူးတော့ချေ။ ၄၉။ သို့ပါလျက် သတိပေးတရားတော်အားအဘယ်ကြောင့် ဘောင်ကန့်ထားသူများဖြစ်ကြသနည်း။ ၅၀။ သူတို့သည် စစ်လန့်ပြေးသော မြည်းများကဲ့သို့-၅၁။ သူတို့သည် ခြင်္သေ့ထံမှ ထွက်ပြေးရခြင်းဖြစ်၏။ ၅၂။ အမှန်မှာ- သူတို့မှ တစ်ဦးချင်းစီ- အခန်းကဏ္ဍလိုက် နိုးကြွနေသော ပရပိုက်များချီးမြှင့်ခံလို ကြသလော။ ၅၃။ အမှန်ပင်- သူတို့သည် နောက်ဘ၀အတွက် ကြောက်လန့်မှု မရှိချေ။
၅၄။ အမှန်ပင်- ဤသည် သတိပေးတရားတော် ဖြစ်၏။ ၅၅။ စံချိန်ပြည့်မှီ လိုသူအား- ၎င်းကို သတိရစေလော့။ ၅၆။ သို့သော် ပရမတ်ဘုရားရှင်၏ စံချိန်ပြည့် သူမှအပ- သူတို့သည် သတိရတတ်မည် မဟုတ်ချေ။ အရှင်သည် စည်းစောင့်ခြင်းအရင်းခံ၊ လွတ်ငြိမ်းစေခြင်းအရင်းခံ ဖြစ်တော်မူ၏။
ဓမ္မခန္ဓာ (၇၅) ရပ်တည်ရမည့် နေ့
ဉာဏ်စဉ်ကိန်းဝပ်ပေးမှု အမှတ်စဉ် (၃၁)၊ သုတ်ဒေသနာ အပါး(၄၀)၊
ကရုဏာရှင် အကြင်နာရှင် ဖြစ်တော်မူသော ပရမတ်ဘုရားရှင်၏ ဂုဏ်တော်အားဖြင့်-
၁။ အမှန်မှာ- ရပ်တည်ရမည့် နေ့ကာလအား- တိုင်တည်လျက်၊ ၂။ အမှန် မှာ- မိမိကိုယ်တိုင်ဆုံးမသော ဉာဉ်စရိုက်အားတိုင်တည်လျက်--
၃။ လူသားသည် သူ၏ အရိုးများကို ငါအရှင်က စုပေါင်းစေမည် မဟုတ် တော့ဟု စဉ်းစားသလော။ ၄။ အမှန်မှာ- ငါသည် စည်းချိန်တကျ- သူ၏ လက်ဖျားထိပ်မှအစ ပုံစံချတော်မူ၏။
၅။ အမှန်မှာ လူသားသည် ဖေါက်ထွက်ရန် ရှေ့ဆက် လိုကြသလော။ ၆။ သူက “ရပ်တည်ရမည့် နေ့ကာလသည် မည်သည့်အခါနည်း၊”ဟု မေး၏။
၇။ အမြင်များလျှပ်ရောင်ဟပ်ခံရသောအခါ- ၈။ လအားကမ္ဘာရိပ်မှမြို သောအခါ- ၉။ နေနှင့် လတို့ အတူစုပေါင်းသောအခါ- ၁၀။ လူသားက ပြောဆိုမည်မှာ “ဤနေ့ကာလ၌ မည်သို့ ထွက်ပြေးရမည်နည်း၊- ၁၁။ အမှန်မှာ- ဝန်ထုပ်ချပြေးနိုင်ရာ မရှိချေ၊”ဟု ဖြစ်၏။
၁၂။ ကံကြမ္မာရှင်ထံသို့သာ၊ ထိုနေ့ကာလ၌ တည်ငြိမ်တွယ်ကပ်နေရ၏။ ၁၃။ ထိုနေ့ကာလ၌ လူသားသည် သူ၏ စုံရပ်ခံခဲ့မှုနှင့် အနာဂါတ်အားသတင်းထုတ် ပြန်ခံရမည်မှာ--၁၄။ အမှန်မှာ လူသားသည် မိမိစရိုက်အပေါ်၌ အမြင်အာရုံ ဖြစ်ရ မည်မှာ-၁၅။ သူ့ မေတ္တာရပ်ခံချက်အားခင်းကျင်းပြသော်လည်း-(မထူးတော့ပြီ)။
၁၆။ သင်၏ လျှာအားမရွှေ့စေနှင့် ထို၌ အလျင်မလိုနှင့်- ၁၇။ ဧကန်ပင် ကုရ်အာန်အားစုစည်းမှုမှာ ငါအရှင်၏ ဝန်တာပင် ဖြစ်၏။ ၁၈။ သို့ဖြစ်၍ ၎င်းကို ငါ ရွတ်ဖတ်ပြသောအခါ- ထိုကုရ်အာန်သို့ လိုက်လော့။ ၁၉။ တဖန် ဧကန်ပင်၊ ၎င်းအားရှင်းပြရန်မှာ ငါ၏ ဝန်တာဖြစ်၏။
၂၀။ အမှန်မှာ သင်တို့သည် အလျင်လိုနေခြင်းကို နှစ်သက်မြတ်နိုးနေကြ လျှက်- ၂၁။ အနာဂါတ်ကို ချန်ထားကြ၏။ ၂၂။ ထိုနေ့ကာလ၌ အချို့မျက်နှာများသည် လင်းဝင်းတောက်ပလျက်-၂၃။ ကံကြမ္မာရှင်၏ ထံသို့ ကြည့်ငေးနေကြလိမ့်မည်။ ၂၄။ ထိုနေ့ကာလ၌ အချို့မျက်နှာများသည် ရှုံ့မဲ့ညှိုးနွမ်းလျက်- ၂၅။ သူတို့အတွက် ပြုလုပ်ထားသော ဆင်းရဲဒုက္ခကို သင် စဉ်းစားမိလတ္တံ့။
၂၆။ အမှန်မှာ- ၎င်းသည် လည်မြိုသို့ ဆိုက်ရောက်သောအခါ- ၂၇။ “မည်သူ က အတွန့်တက်မည်နည်း၊”ဟု ဆိုကြလတ္တံ့။ ၂၈။ သူသည် ခွဲခွာရတော့မည်ဟု သူ စဉ်းစားမိ၏။
၂၉။ ခြေသလုံး-ခြေသလုံးချင်းလုံးထွေးလျက်။ ၃၀။ ကံကြမ္မာရှင်၏ ထံသို့ သာ ထိုနေ့ကာလ၌ မောင်းနှင်ခံရမည်ပင်။ ၃၁။ သူတို့သည် ဖြောင့်မှန်ခြင်းမရှိ၊ ဝတ်ပြုခြင်းလည်းမရှိခဲ့ချေ။ ၃၂။ သို့ရာတွင် ငြင်းဆန်လျက်၊ လှည့်ထွက်သွားသူ ၃၃။ ထို့နောက် သူ့ဝိုင်းသားများထံသို့ ရင်ကော့လျက် ပြန်သွားသူ- ၃၄။ သင့်ထံသို့ လှည့် လာနေ၏၊ သို့ဖြင့် လှည့်၍လာနေ၏။ ၃၅။ တဖန် သင့်ထံသို့ လှည့်လာနေ၏။ သို့ဖြင့် လှည့်၍လာနေ၏။ ၃၆။ လူသားသည် သူ့အားစရင်းမထည့်ဘဲ ချန်ထားမည်ဟု စိတ်ကူးယဉ်နေသလော။
၃၇။ သူသည် ဇောဖြင့်တွန်းထုတ်ရသော သုတ်ပိုးမှ မဟုတ်ခဲ့သလော။ ၃၈။ ထို့နောက် သွေးမျှော့ဥ ဖြစ်ခဲ့၏၊ သို့ဖြင့် ပုံစံချ ဖြစ်တည်စေခဲ့ပြီ။ ၃၉။ သို့ဖြင့် အရှင် သည် ၎င်းမှ ဖို၊ မ- ပေါင်းစုဖွဲ့ စီစဉ်ထား၏။
၄၀။ ဤသို့-သက်မဲ့အားသက်ရှိ အဖြစ် အရှင်က အဘယ့်ကြောင့် စည်းချိန်မချနိုင်ရမည်နည်း။
ဓမ္မခန္ဓာ (၇၅) ဤတွင် ပြီး၏။
ဓမ္မခန္ဓာ (၇၆) ခေတ်ကာလ
ဉာဏ်စဉ်ကိန်းဝပ်ပေးမှု အမှတ်စဉ် (၉၈)၊ သုတ်ဒေသနာ (၃၁)ပါး၊
ကရုဏာရှင် အကြင်နာရှင် ဖြစ်တော်မူသော ပရမတ်ဘုရားရှင်၏ ဂုဏ်တော်အားဖြင့်-
၁။ လူသားအတွက် သတိရနိုင်ရာ မရှိသော ခေတ်ကာလ အချိန်တစ်ခု ပေးရောက်ခဲ့ပြီလော။
၂။ ဧကန်ပင် လူသားအားစုံစမ်းရန်အလို့ငှာ ရောစပ်သော သုတ်ပိုးမှ ငါ ဖြစ်တည်စေခဲ့၏။ သို့ဖြင့် သူ့အားအကြား၊ အမြင်ကို ငါ စီစဉ်ပေးတော်မူ၏။ ၃။ သူ့အားလမ်းစဉ်တော်သို့ ငါ လမ်းညွှန်၏၊ သူသည် ကျေးဇူးသိနိုင်၏၊ သို့မဟုတ် ဖုံးကွယ်မှောင်ချနိုင်၏။ ၄။ ဖုံးကွယ်သူများအတွက် ချုပ်ကိုင်မှုနှင့် တွဲလောင်းကျနေ သော မီးလောင်စာကို ငါ ပြင်ဆင်ထားတော်မူ၏။
၅။ ကောင်းမှုပြုသူတို့ သောက်သုံးရမည့် ခွက်မှာ နတ်သုဒ္ဓါ ယမကာ ဖြစ်၍- ၆။ ပရမတ်ဘုရားရှင်၏ အမှုတော်ဆောင်များသောက်သော၊ ရေပန်းများစီးထွက်နေသည့် စိမ့်စမ်းမှ ဖြစ်၏။ ၇။ သူတို့သည် သူတို့၏ ရည်သန်မှုကို ပြီးပြည့် စေကြ၏၊ ဘေးကျပ်နံကျပ် လူးလာဆန်ခတ်ဖြစ်ရမည့် နေ့ကို ကြောက်ရွံ့ကြ၏။
၈။ သူတို့သည် အရှင့်အားချစ်ခြင်းဖြင့်- နွမ်းပါးသူများ၊ မိဘမဲ့များ၊ စစ်သုံ့ ပန်းများကို အစားအစာ ကျွေးမွေးကြ၍- ၉။ “ကျွန်ုပ်တို့သည် ပရမတ်ဘုရားရှင်၏ မျက်နှာသာပေးမှုအတွက် သင်တို့အားကျွေးမွေးပါ၏၊ သင်တို့ထံမှ အစားပေးမှုနှင့် ကျေးဇူးကို မလိုလားပါ၊- ၁၀။ ကျွန်ုပ်တို့သည် ကံကြမ္မာရှင် ထံမှ စိတ်ကျဝင် သုန်မှုန် စေမည့် နေ့ကာလကိုသာ ကြောက်ရွံ့၏၊”ဟု ဆိုကြ၏။
၁၁။ သို့ဖြင့် ပရမတ်ဘုရားရှင်သည် သူတို့အားထိုနေ့ကာလ၏ ဆိုးကျိုးများမှ ကာကွယ်လိုက်ပြီ။ သူတို့အတွက် လင်းဝင်းတောက်ပခြင်းကြိတ်၍ကြည်နူးရခြင်းကို ခင်းကျင်းပေးတော်မူပြီ။ ၁၂။ သူတို့၏ သည်းခံခြင်းများအတွက် ဥယျာဉ်ဘုံ နှင့် ပိုးဖဲကတ္တီပါတို့ကို အစားရစေလတ္တံ့။ ၁၃။ သူတို့အားပလ္လင်များပေါ်၌ မှီလှဲစံစားစေလျက်၊ ထို၌ ကျက်ကျက်တောက်နေနှင့် ခိုက်ခိုက်တုန်ခြင်းကို မြင်ရစေမည် မဟုတ်ချေ။
၁၄။ သူတို့အပေါ်သို့ ၎င်းမှအရိပ်တို့သည် အနီးကပ်ကျလျက်၊ အနိမ့်၌ပင် နိမ့်သော အပြွတ်ပြွတ်သီးနှံများရှိနေ၏။ ၁၅။ ငွေကွပ်ထားသည့် ခွက်များဖြင့် သူတို့ အားတည်ငြိမ်စွာ လှည့်လည်ပေးလတ္တံ့။ ၁၆။ တည်ငြိမ်သော ငွေခွက်များအား- စည်းချိန်အတိုင်းစည်းချိန်ချမှတ်မှု ဖြစ်၏။
၁၇။ သူတို့အားခံတွင်းရှင်းသော ဂျင်းယမကာပါသည့် ခွက်ဖြင့် တိုက်ကျွေးလတ္တံ့။ ၁၈။ ထိုမှ စိမ့်စမ်း၏ အမည်မှာ လိုတရ စီးလမ်း-ဟု ဖြစ်၏။ ၁၉။ သူတို့၏ အပါး၌ ကိုယ်ပွားရင်သွေးတို့သည် ကာလစည်းခြားမရှိ လှည့်လည်နေလျက်၊ သင် သည်သူတို့အားမြင်သောအခါ ပုလဲလေးများဝဲနေသည် ဟု စဉ်းစားမိမည်ပင်။
၂၀။ သင်သည် ထိုသို့ မြင်သောအခါ၊ ဂုဏ်ရှိသော ကြီးကျယ်သော နိုင်ငံ တော်ကို မြင်တွေ့ရလတ္တံ့။ ၂၁။ သူတို့၏ အပေါ်ယံ ခြုံထည်များမှာ ပိုးသားမြစိမ်းရောင် ပိုးဖဲကတ္တီပါတို့ ဖြစ်၏။ သူတို့အားငွေစလွယ်များဖြင့် ဆင်မြန်းပေးလျက်၊ ကံကြမ္မာရှင်က သူတို့အားသန့်စင်သော သောက်ရေအားတိုက်ကျွေးလတ္တံ့။ ၂၂။ ဧကန်ပင်- ဤသည် သင်တို့အတွက် အစားပေးမှု ဖြစ်၏။ သင်တို့၏ လုံးပန်းမှုများအတွက် ကျေးဇူးပြုတော်မူပြီ။
၂၃။ ဧကန်ပင် သင့်အားဤကုရ်အာန်အားတစ်ဆင့်ချင်းငါ ချမှတ်ပေးတော်မူပြီ။ ၂၄။ သို့ဖြစ်၍ ကံကြမ္မာရှင်၏ ဓမ္မသတ်အတွက် သည်းခံပါရမီကြီးလော့၊ သူတို့အနက်မှ အပြစ်ရှိသူ၊ ဖုံးကွယ်သူတို့အားမနာခံနှင့်။ ၂၅။ နံနက်နှင့် နေကျချိန်၌ ကံကြမ္မာရှင်၏ ဂုဏ်တော်အားရှုမှတ်သတိရလော့။ ၂၆။ ညပိုင်း၌ အရှင့်အားဦးချ နာခံလော့၊ ရှည်လျှားသော ညတာ၌ အရှင့်အားဦးထိပ်ထားလော့။
၂၇။ ဤသူတို့သည်ကားအလျင်လိုနေခြင်းကို နှစ်သက်လျက်- အကွယ်မှ လေးလံလှသော နေ့ကို ချန်ထားကြ၏။ ၂၈။ ငါသည် သူတို့အားဖြစ်တည်စေတော် မူ၏၊ သူတို့အားအားအင်တောင့်တင်းပုံစံကျစေ၏။ ငါ၏ စံချိန်ပြည့်မှီသောအခါ လွှဲပြောင်းခြင်းဖြင့် သူတို့ကဲ့သို့အခြားသူများကို ငါ လွှဲပြောင်းပေးနိုင်၏။
၂၉။ ဤသည်ကားသတိပေးတရားတော် ဖြစ်၏။ စံချိန်ပြည့်သူအားကံကြမ္မာရှင်၏ လမ်းစဉ်ဆီသို့ အယူထားစေလော့။ ၃၀။ ပရမတ်ဘုရားရှင်၏ စံချိန် မပြည့်မှီစေဘဲ- သင်တို့သည် စံချိန်ပြည့်မှီမည် မဟုတ်။ ဧကန်ပင် ပရမတ်ဘုရားရှင် သည် သိနေသော အရှင် ဓမ္မသတ်ရှင် ဖြစ်တော်မူ၏။ ၃၁။ စံချိန်ပြည့်မှီသူအားအရှင်၏ ကရုဏာတွင်းသို့ ဝင်ခွင့်ရစေလတ္တံ့။ အမိုက်ကောင်များ- သူတို့အတွက် စူးနစ်နာကျင်သော ဝဋ်ကြွေးကို တွက်ချက်ပြင်ဆင်ထားပြီ။
ဓမ္မခန္ဓာ (၇၆) ဤတွင် ပြီး၏။
ဓမ္မခန္ဓာ (၇၇) စေစားခံရသူများ
ဉာဏ်စဉ်ကိန်းဝပ်ပေးမှု အမှတ်စဉ် (၃၃)၊ သုတ်ဒေသနာ အပါး(၅၀)၊
ကရုဏာရှင် အကြင်နာရှင် ဖြစ်တော်မူသော ပရမတ်ဘုရားရှင်၏ ဂုဏ်တော်အားဖြင့်-
၁။ အသိအမှတ်ပြု စေစားသူများဖြင့်- ၂။ ထို့နောက် လွင့်ပါးစေခြင်းဖြင့် လွင့်ပါးစေသူများဖြင့်-၃။ နိုးကြားစေခြင်းဖြင့် နိုးကြားစေသူများဖြင့်-၄။ ခွဲခွာသွားစေ ရန် ခွဲခြားသူများဖြင့်-၅။ သတိပေးတရားတော်ကို ခင်းကျင်းပေးသူများဖြင့်- ၆။ မေတ္တာရပ်ခံခွင့်ရှိရန် သို့မဟုတ် သတိပေးနှိုးဆော်ရန်မှာ- ၇။ ဧကန်ပင် ကတိပေးထာ ရာသည် ခိုင်မာတည်တံ့လှပေ၏။
၈။ ကြယ်တာရာများကို အရေခွာစေသောအခါ- ၉။ ကောင်းကင်ယံအားအက်ကွဲစေသောအခါ-၁၀။ တောင်တန်းများလွှင့်ပစ်ခံရသောအခါ-၁၁။ ဉာဏ်စဉ် ဆောင်များရက်ချိန်းကျတွေ့ဆုံသောအခါ- ၁၂။ မည်သည့် နေ့အားသတ်မှတ်ချိန် ဖြစ်စေသနည်း။
၁၃။ ရှင်းလင်းဆုံးဖြတ် နေ့ကာလ-၁၄။ ရှင်းလင်းဆုံးဖြတ် နေ့ကာလ ဟူ သည် မည်သည် ဖြစ်ကြောင်းသင် မည်သို့ မှန်းဆနိုင်မည်နည်း။ ၁၅။ ထိုနေ့ကာလ၌၊ ငြင်းဆန်သူတို့သည် ပျက်စီးရလတ္တံ့။
၁၆။ ငါအရှင် သည် ရှေးဦးပထမသူတို့ကို တိမ်ကောစေခဲ့ပြီ မဟုတ်လော။ ၁၇။ တဖန် နောင်လာ နောက်သားတို့ကို သူတို့နောက်သို့ လိုက်စေ၏။ ၁၈။ ငါသည် ရာဇဝတ်ကောင်တို့အားယင်းသို့ စီမံတော်မူပြီ။ ၁၉။ ထိုနေ့ကာလ၌၊ ငြင်းဆန်သူတို့ သည် ပျက်စီးရလတ္တံ့။
၂၀။ ငါသည် သင်တို့အားတန်ဘိုးမဲ့ ရေတစ်စက်မှ ဖြစ်တည်စေသည် မဟုတ်လော။ ၂၁။ သို့ဖြင့် ၎င်းအားအတည်တကျ တည်ဆောက်ထားရာ၌ စီစဉ်ပေးထားသည်မှာ- ၂၂။ စည်းချိန်အလျောက် သိလာနိုင်သည်ထိ ဖြစ်၏။ ၂၃။ သို့ဖြင့် ငါ သည် စည်းချိန်ချမှတ်ထား၏၊ ငါ၏ စည်းချိန်ချမှတ်မှုသည် မည်မျှ ဂုဏ်ရှိလေ သနည်း။
၂၄။ ထိုနေ့ကာလ၌၊ ငြင်းဆန်သူတို့သည် ပျက်စီးရလတ္တံ့။
၂၅။ ငါသည် မြေကမ္ဘာအားတည်မှီစရာအဖြစ် စီစဉ်ပေးထားသည် မဟုတ်လော။ ၂၆။ သက်ရှိများနှင့် သက်မဲ့များအတွက်- ၂၇။ ထို၌ ကျွန်းမြင့် တိုက်ကြီးများနှင့် သင်တို့ သောက်ရေအတွက် ရေချိုကို စီစဉ်ပေးထား၏။
၂၈။ ထိုနေ့ကာလ၌၊ ငြင်းဆန်သူတို့သည် ပျက်စီးရလတ္တံ့။
၂၉။ သင်တို့က ငြင်းဆန်လေ့ရှိသည့် အရာဆီသို့ ထွက်ခွာလော့။ ၃၀။ အရိပ် သုံးဆွယ် ရှိရာသို့ ထွက်ခွာလော့။ ၃၁။ ၎င်းသည် အေးရိပ်မဟုတ်၊ မီးတောက်နေ ခြင်းသည် ပြည့်စုံသွားသည် မရှိ။ ၃၂။ ဧကန် ၎င်းသည် ဆိုးဆိုးဝါးဝါးပစ်ခတ်ခံနေရ သော ရပ်ခံရာစခန်းဖြစ်၏။ ၃၃။ ထိုပစ်ခတ်ခြင်းမှာ အဝါရောင် ကုလားအုပ်အတန်းကဲ့သို့ ဖြစ်၏။
၃၄။ ထိုနေ့ကာလ၌၊ ငြင်းဆန်သူတို့သည် ပျက်စီးရလတ္တံ့။
၃၅။ ဤသည် သူတို့ စကားမဟနိုင်သော နေ့ကာလ ဖြစ်၏။ ၃၆။ သူတို့ အတွက် တောင်းပန်ခြင်းကိုလည်းခွင့်မပြုတော့ချေ။
၃၇။ ထိုနေ့ကာလ၌၊ ငြင်းဆန်သူတို့သည် ပျက်စီးရလတ္တံ့။
၃၈။ ဤသည် ရှင်းလင်းဆုံးဖြတ်သော နေ့ဖြစ်၏။ ငါသည် သင်တို့နှင့် ရှေ့လူများကို စုပေါင်းစေတော်မူပြီ။ ၃၉။ အကယ်၍ သင်တို့၌ နည်းဗျူဟာ ရှိကြ လျှင် ဗျူဟာချကြကုန်လော့။
၄၀။ ထိုနေ့ကာလ၌၊ ငြင်းဆန်သူတို့သည် ပျက်စီးရလတ္တံ့။
၄၁။ ဧကန်ပင် စည်းစောင့်သူတို့သည် အရိပ်အဝါသ စိမ့်စမ်းများတွင် ဖြစ်ရလတ္တံ့။ ၄၂။ သူတို့ အာသီသဖြစ်သော သစ်သီး၀လံတို့သည် ရှိနေ၏။ ၄၃။ သင်တို့ ၏ ကျင့်ကြံလေ့ရှိမှုများကြောင့် ကျေကျေနပ်နပ် စားကြ၊ သောက်ကြကုန်လော့ ဟု ၄၄။ ဧကန်ပင် ငါသည် သုမင်္ဂလာပြုသူတို့အားဤသို့ အစားပေးတော်မူ၏။
၄၅။ ထိုနေ့ကာလ၌၊ ငြင်းဆန်သူတို့သည် ပျက်စီးရလတ္တံ့။
၄၆။ ပျော်ပါးမြူးထူး၍ အနည်းငယ်မျှ စားသုံးကြလော့၊ သင်တို့သည် ကားရာဇဝတ်ကောင်များဖြစ်ကြ၏။
၄၇။ ထိုနေ့ကာလ၌၊ ငြင်းဆန်သူတို့သည် ပျက်စီးရလတ္တံ့။
၄၈။ သူတို့အား“ဦးညွှတ်ကြလော့၊”ဟု ပြောသောအခါ၊ သူတို့သည် ဦးမညွှတ်ကြချေ။
၄၉။ ထိုနေ့ကာလ၌၊ ငြင်းဆန်သူတို့သည် ပျက်စီးရလတ္တံ့။
၅၀။ သို့ဖြစ်၍ ၎င်း၏ နောက် မည်သည့် ဆင့်ပြန်ချက်ကို ယုံကြည်ကြဦးမည်နည်း။
ဓမ္မခန္ဓာ (၇၇) ဤတွင် ပြီး၏။
ဓမ္မခန္ဓာ (၇၈) သတင်းကြီး
ဉာဏ်စဉ်ကိန်းဝပ်ပေးမှု အမှတ်စဉ် (၈၀)၊ သုတ်ဒေသနာ အပါး(၄၀)၊
ကရုဏာရှင် အကြင်နာရှင် ဖြစ်တော်မူသော ပရမတ်ဘုရားရှင်၏ ဂုဏ်တော်အားဖြင့်-
၁။ မည်သည့်အကြောင်းကို မေးမြန်းနေကြနည်း။ ၂။ မဟာ သတင်းကြီးနှင့် ပတ်သက်၍- ၃။ ဘယ်အရာ၌ သူတို့ ကွဲပြားနေကြသနည်း။
၄။ အမှန်မှာ- သူတို့ သိလာကြရလတ္တံ့။ ၅။ တဖန်၊ အမှန်ပင် သူတို့ သိလာ ကြရလတ္တံ့။
၆။ ငါသည် မြေကမ္ဘာအားညိမ့်ညောင်းရာ အဖြစ် စီစဉ်ပေးသည် မဟုတ် လော။ ၇။ တောင်တန်းများသည် သပ်မှိုများဖြစ်စေ၏။ ၈။ သင်တို့အားစုပေါင်းဖွဲ့ ဖြစ်တည်ပေးထား၏။ ၉။ သင်တို့ နားနေဘို့ရာ အိပ်စက်ခြင်းကို စီစဉ်ပေးထား၏။
၁၀။ ငါသည် ညအားအဆင်အယင် အဖြစ် စီစဉ်ပေးထား၏။ ၁၁။ ငါသည် နေ့အားသင်တို့အတွက် ဘ၀တည်ဆောက်ရန် စီစဉ်ပေးထား၏။
၁၂။ ငါသည် သင်တို့၏ အပေါ်မှ ခုနစ်ဆက်ကို သန်မာအားကောင်းစွာ တည်ဆောက်ပေးထား၍၁၃။ တောက်လောင်နေသော လင်းရောင်ခြည်ကို စီစဉ်ပေးထား၏။
၁၄။ ငါသည် ရေငွေ့ထုမှ ပေါပေါသီသီ ချပေးသည်မှာ- ၁၅။ ၎င်းအားဖြင့် ကောက်ပဲသီးနှံနှင့် သီးနှံဖြစ်ထွန်းစွာ ထွက်လာစေရန်- ၁၆။ အမြဲစိမ်းဥယျာဉ်များဖြစ်စေရန်ပင်။
၁၇။ ဧကန်ပင် ရှင်းလင်းဆုံးဖြတ်မည့် နေ့သည် ရက်ချိန်းဖြစ်၏။ ၁၈။ ပုံစံ သက်ဝင်စေသော နေ့ကာလ၌ သင်တို့အားအုပ်စုလိုက် ပေးရောက်လာစေလတ္တံ့။ ၁၉။ ကောင်းကင်ယံအားတံခါးပေါက်များအဖြစ် ဖွင့်ပစ်စေအံ့။ ၂၀။ တောင်တန်းများအားပြတ်ရွေ့စေလျှက် တံလျှပ်ပမာ ဖြစ်ရလတ္တံ့။
၂၁။ ဧကန်ပင် ငရဲဘုံသည် စောင့်ဆိုင်းငံ့လင့်နေသည်မှာ- ၂၂။ စည်းဖျက်သူ တို့ အတွက် အပြန်ခရီးဖြစ်၏၊ ၂၃။ သူတို့သည် ထို၌ ကြာမြင့်စွာ နေနေရလတ္တံ့။ ၂၄။ သူတို့ မြည်းစမ်းရမည်မှာ-အေးမြခြင်းနှင့် သောက်ရေမဟုတ်၊ ၂၅။ ရေနွေးပူနှင့် ရေခဲ ဖြစ်၍- ၂၆။ ပေါင်းစည်းထားသော အစားပေးမှု ဖြစ်၏။
၂၇။ သူတို့သည်ကားစရင်းရှင်းရမည်ကို မျှော်လင့်ထားခြင်းမရှိခဲ့ချေ။ ၂၈။ ငါ၏ သုတ်ဒေသနာတို့အားမုသားလုပ် ငြင်းဆန်ခဲ့ကြ၏။ ၂၉။ ငါသည် သဗ္ဗလုံးစုံ အားအမှတ်စဉ်အတိုင်းမှတ်တမ်းတင်ထားတော်ပြီ။ ၃၀။ မြည်းစမ်းကြလော့၊ သင်တို့အားတိုးပွားစေသည်မှာ ဝဋ်ကြွေးဒဏ်သာ ဖြစ်၏။
၃၁။ ဧကန်ပင် စည်းစောင့်သူတို့အတွက် အောင်ပွဲသဘင်မှာ- ၃၂။ စိုက်ခင်းများ- စပျစ်ခြံများ၊ ၃၃။ အရွယ်တူသော မြေလုပ်သားများ၃၄။ ပြည့်နေသော ရေခွက် ဖြင့်-ဖြစ်ကြ၏။ ၃၅။ သူတို့သည် ထို၌ ပွစိပွစိပြောသံ၊ မုသားစကားများကို ကြားရ မည် မဟုတ်ချေ။ ၃၆။ ကံကြမ္မာရှင်၏ ထံမှ အစားပေးမှုဖြစ်၍၊ စရင်းချုပ် လက်ဆောင်ပင် ဖြစ်၏။
၃၇။ မိုးများနှင့် မြေကမ္ဘာ ထိုစပ်ကြားတို့၏ ကံကြမ္မာရှင်- ကရုဏာရှင်- ထိုအရှင်အားမိန့်ခွန်းပေးရန် ဩဇာအာဏာမည် သူ့တွင်မှ မရှိချေ။ ၃၈။ ဉာဏ်စဉ် တော်နှင့် နိမိတ်ဆောင်တို့ ဝါစဉ်လိုက် ရပ်တည်ရမည့် နေ့၌ မည်သူမျှ ပြောဆိုနိုင် သည့် အခွင့်အာဏာ မရှိချေ။ ကရုဏာရှင်၏ ခွင့်ပြုချက် ရှိသူသည်သာ- ထိရောက် စွာ ပြောဆိုရလတ္တံ့။ ၃၉။ ဤသည် မှန်သော နေ့ကာလ ဖြစ်၏။ သို့ဖြစ်၍ စံချိန်ပြည့် သူအားကံကြမ္မာရှင်သို့ အပြန်ခရီးဟု အယူထားစေလော့။
၄၀။ ဧကန်ပင် ငါသည် သင်တို့အားနီးကပ်လာသည့် ဝဋ်ကြွေးကို သတိ ပေးနေ၏။ လူသားသည် မိမိ၏ စုံရပ်ခံခဲ့သော လက်ချက်များကို ကြည့်ရှုရသော နေ့၌ ဖုံးကွယ်သူများက “ကျွန်ုပ်တို့သည် မြေမှုန့်အတိ ဖြစ်ရလျှင် ကောင်းလေစွ၊” ဟု ဆိုကြလတ္တံ့။
ဓမ္မခန္ဓာ (၇၈) ဤတွင် ပြီး၏။
ဓမ္မခန္ဓာ (၇၉) လျှပ်တပြက်စီးနင်းသူများ
ဉာဏ်စဉ်ကိန်းဝပ်ပေးမှု အမှတ်စဉ် (၈၁)၊ သုတ်ဒေသနာ (၄၆)ပါး၊
ကရုဏာရှင် အကြင်နာရှင် ဖြစ်တော်မူသော ပရမတ်ဘုရားရှင်၏ ဂုဏ်တော်အားဖြင့်-
၁။ ဆောင့်နှစ်၍ ဆွဲထုတ်သူများအားဖြင့်- ၂။ ညှင်သာသိမ်မွေ့စေသော ညှင်သာစေသူများအားဖြင့်- ၃။ ခေါင်းသုံးစရာ၌ ခေါင်းသုံးစဉ်းစားသူများအားဖြင့်-၄။ လက်ဦးမှုရအောင် လက်ဦးမှုယူသူများအားဖြင့်-၅။ ညွှန်ကြားချက်အားကျော ထောက်နောက်ခံပြုသူများအားဖြင့်-
၆။ အတုန်လှုပ်ကြီးတုန်လှုပ်ရသည့် နေ့ကာလ- ၇။ နောက်မှကပ်လျက် လိုက်နေခြင်းအားဖြင့်-
၈။ စိတ်နှလုံးတို့သည် ထိုနေ့ကာလ၌ ဖိအားပေးခံနေရ၍- ၉။ အမြင်များသည် ကျို့ငဲ့နေ၍- ၁၀။ သူတို့က ပြောကြမည်မှာ “ကျွန်ုပ်တို့သည် ယခင်မူလအတိုင်းပြည်လည်ဖြစ်ရမည်လော- ၁၁။ မည်သို့နည်း၊ ကျွန်ုပ်တို့မှာ ကြေမွဆွေးမြေ့သော အရိုးတို့ ဖြစ်ခဲ့ပြီ မဟုတ်လော၊”ဟု ဖြစ်၏။ ၁၂။ သူတို့က “ယင်းသည် ဆုံးရှုံးရသော အလှည့်ပင်၊”ဟု ဆက်ပြောကြလတ္တံ့။
၁၃။ ယင်းသည် အော်ဟောက်သံ တစ်ချက်သာ ဖြစ်၏။ ၁၄။ သို့ဖြင့် သူတို့ သည် ရှင်ပြန်ခဲ့ရလတ္တံ့။
၁၅။ မူဆာအကြောင်းဆင့်ပြန်ချက် သင့်ထံသို့ ရောက်လာစေပြီလော။ ၁၆။ ကံကြမ္မာရှင်က သူ့အားမြတ်သော တောင်ခြေ ချိုင့်ဝှမ်း၌ ခေါ်တော်မူ၍- ၁၇။ ဖာရိုးထံသို့ သွားလော့၊ သူသည် စည်းဖျက်သူ ဖြစ်၏။ ၁၈။ သူ့အားပြောရမည်မှာ- “သင်သည် သန့်ရှင်းဖြူစင်လိုမှု ရှိသလော၊- ၁၉။ သင်သည် ကြောက်ရွံရိုသေအံ့ငှာ-သင့်အားကံကြမ္မာရှင်၏ ထံသို့ ကျွန်ုပ် လမ်းညွှန်ပါရစေ၊”ဟု ဖြစ်၏။
၂၀။ သို့ဖြင့် သူ့အားကြီးကျယ်သော နိမိတ်လက္ခဏာကို မြင်စေ၏။ ၂၁။ သို့သော် သူ ငြင်းဆန်၏၊ အာခံ၏။ ၂၂။ ထို့နောက် ကျောထောက်နောက်ခံရရန် လုံးပန်း၏။ ၂၃။ စည်းရုံး၏ ဖိတ်ခေါ်၏။ ၂၄။“ကျွန်ုပ်သည် သင်တို့၏ ကံကြမ္မာရှင် ဖြစ်၏။ အထွဋ်အထိပ် ဖြစ်၏”ဟု ဆို၏။
၂၅။ သို့ဖြင့် ပရမတ်ဘုရားရှင်သည် သူ့အားသိမ်းယူလိုက်ပြီ၊ နောက်ခေတ် ရှေးခေတ်အတွက် နမူနာတစ်ရပ် ဖြစ်စေ၏။ ၂၆။ ဧကန်ပင် ကြောက်ရွံ့ရိုကျိုးတတ် သူတို့အဘို့ ဤ၌ သင်္ခန်းစာတစ်ရပ် ရှိနေ၏။
၂၇။ သို့တည်းမဟုတ် အာကာသကို တည်ဆောက်သော အရှင် အတွက် သင်တို့အားဖြစ်တည်စေခြင်းက ပို၍ အားစိုက်ရသလော၊ ၂၈။ အရှင်သည် ၎င်း၏ မျက်နှာကျက်ကို မြှင့်မြှောက်ထား၏ ၎င်းကို ပုံစံချ၏။ ၂၉။ ၎င်း၏ ညကို အုံ့မှိုင်းစေ ၏၊ တောက်ပအလင်းကို ထွက်ပေါ်လာစေ၏။
၃၀။ ကမ္ဘာဂြိုလ် ဤနောက် ၎င်းကို ကြက်ဥပုံ ဖြစ်စေ၏။ ၃၁။ ထိုမှ ၎င်း၏ ရေနှင့် ၎င်း၏ ထိန်းကျောင်းရာကို ထွက်ပေါ်စေ၏။ ၃၂။ တောင်တန်ကြီးများကို အမြစ်ကုပ်ခိုင်မာစေ၏။ ၃၃။ သင်တို့အတွက်၊ သင်တို့၏ တိရိစ္ဆာန်များအတွက် ချမ်းမြေ့စေရန် ဖြစ်၏။
၃၄။ ထို့နောက် ကြီးမားသော ပေါက်ကွဲမှု ရောက်လာသောအခါ၊-၃၅။ လူသားသည် သူလုံ့ပန်းခဲ့သမျှကို ဆင်ခြင်သတိရှိစေသော နေ့ကာလ ဖြစ်၏။
၃၆။ မြင်တတ်သူအဘို့ ငရဲမီးသည် ချည်းကပ်လာနေပြီ။ ၃၇။ ယင်းမှာမူ စည်းဖျက်သူတို့ အတွက်- ၃၈။ လောကီ ဘ၀အားလိုက်မြဲလိုက်သူ- ၃၉။ ဧကန်ပင် ငရဲမီးသည် သူ၏ ခိုလှုံရာ ဖြစ်၏။
၄၀။ သို့သော် ကံကြမ္မာရှင်၏ရှေ့၌ ကြောက်ရွံ့ရိုကျိုးစွာ ရပ်တည်သူ၊ ဉာဉ်စရိုက်အားလိုဘများမှ ဟန့်တားခဲ့သူတို့ အတွက်မူ- ၄၁။ ဧကန်ပင် ဥယျာဉ်ဘုံ သည် သူ၏ ခိုလှုံရာ ဖြစ်၏။
၄၂။ ရပ်တန့်နေမည့် အချိန်နာရီ အကြောင်းနှင့် စပ်လျဉ်း၍ သူတို့က သင့်အားမေးမြန်းကြ၏။ ၄၃။ သင် သတိဖေါ်ပေးနေသော ထိုအကြောင်းပင် ဖြစ်၏။ ၄၄။ ၎င်း၏ အန္တိမပန်းတိုင်သည် ကံကြမ္မာရှင်ထံသို့ ဖြစ်၏။
၄၅။ အသင်သည်ကားကြောက်ရွံ့တတ်သူတို့ အတွက်သာ သတိပေးသူ ဖြစ်၏။ ၄၆။ ၎င်းကို သူတို့ မြင်တွေ့ရသောနေ့၌၊ နေထိန်ထိန်ပူချိန် သို့မဟုတ် ညဦးချိန်သာ သူတို့ နေထိုင်ခဲ့ရ သကဲ့သို့ ဖြစ်လတ္တံ့။
ဓမ္မခန္ဓာ (၇၉) ဤတွင် ပြီး၏။
ဓမ္မခန္ဓာ (၈၀) သုန်မှုန်သူ
ဉာဏ်စဉ်ကိန်းဝပ်ပေးမှု အမှတ်စဉ် (၂၄)၊ သုတ်ဒေသနာ (၄၂)ပါး၊
ကရုဏာရှင် အကြင်နာရှင် ဖြစ်တော်မူသော ပရမတ်ဘုရားရှင်၏ ဂုဏ်တော်အားဖြင့်-
၁။ သူသည် သုန်မှုန်လျက် လှည့်သွားသည်မှာ- ၂။ မျက်မမြင်သူ ရောက် လာသောကြောင့် ဖြစ်၏။ ၃။ သူ့ကိုယ်သူ သန့်ရှင်းဖြူစင်လိုကောင်း၏၊ သင် မည်သို့ မှန်းဆနိုင်မည်နည်း။ ၄။ သို့မဟုတ် ဆင်ခြင်သတိရှိနိုင်ကောင်း၍၊ သတိပေးတရားတော်သည် သူ့အားအကျိုးဖြစ်နိုင်ကောင်း၏။
၅။ သူ့ကိုယ်သူ ကုံလုံပြည့်စုံသူဟု ထင်သူအတွက်မူ- ၆။ ဩဘာသံကို သင် မျှော်၏။ ၇။ သူ့ကိုယ်သူ မသန့်ရှင်းမဖြူစင်သော်လည်းသင့် အကြောင်းမဟုတ်ချေ။
၈။လုံးပန်း၍ ရောက်လာသူမှာမူ- ၉။ သူသည် ကြောက်ရွံ့တတ်၏၊ ၁၀။ သင် သည် သူ့အားပျော်မြူးစေခြင်းမရှိချေ။
၁၁။ အမှန်မှာ ဤသည် သတိပေးတရားတော် ဖြစ်၏။ ၁၂။ စံချိန်ပြည့်မှီ သူအားသတိတရားထားစေရမည်မှာ- ၁၃။ ဂုဏ်ကျက်သရေရှိသော ပရပိုက်များမှ ဖြစ်၏။ ၁၄။ ယင်းသည် မြှောက်စားခံရ၍ သန့်စင်ရာ ဖြစ်၏။ ၁၅။ ခရီးဦးကြိုပြုသော လက်များဖြင့်-၁၆။ ကျက်သရေရှိသော ကောင်းမှုကုသိုလ်ရှိ၏။
၁၇။ လူသား၏ ဖုံးကွယ်မှုက သူ့ကိုယ်သူ သတ်နေ၏။ ၁၈။ အရှင်သည် သူ့အားမည်သည့်အရာမှ ဖြစ်တည်စေသနည်း။ ၁၉။ သုတ်ပိုးမှ၊ အရှင်သည် သူ့အားစည်းချိန်ချ ဖြစ်တည်စေတော်မူ၏။ ၂၀။ ထို့နောက် သူ့အတွက် လမ်းစဉ်ကို လွယ်ကူ စေ၏။ ၂၁။ တဖန်သူ့အားအနိစ္စရောက်စေ၏၊ သင်းချိုင်းသို့ရောက်စေ၏။ ၂၂။ တဖန် စံချိန်ပြည့်မှီသောအခါ၊ သူ့အားနိုးကြွရှင်ပြန်စေ၏။ ၂၃။ အမှန်မှာ- သူ့အားညွှန်ကြားသည်ကို အဆုံးမသတ်ချေ။
၂၄။ လူသားအားသူ၏ အစားအစာကို ကြည့်ရှုစေကုန်။ ၂၅။ ငါသည် သွန်းလောင်းသော ရေကို မည်သို့ သွန်းလောင်းခဲ့သနည်း။ ၂၆။ တဖန် မြေအားအစိတ်စိတ် ခွဲစိတ်ပေးလျက်- ၂၇။ ထိုမှ ကောက်ပဲသီးနှံများကို မည်သို့ ဖြစ်ထွန်းစေ သနည်း။
၂၈။ စပျစ်ပင်များ- စိမ်းလန်းသောစားကျက်များ- ၂၉။ သံလွင်ပင်များ- စွံပလွန်ပင်များ- ၃၀။ အနိုင်ရသော စိုက်ခင်းများ- ၃၁။ သစ်သီး၀လံများ- ဘယပင်များကို-၃၂။ သင်တို့နှင့် သင်တို့၏ တိရိစ္ဆာန်များအတွက် ချမ်းမြေ့ရာ ဖြစ်စေ၏။
၃၃။ သို့ဖြင့် နားကွဲမတတ်အသံကြီးရောက်လာသောအခါ- ၃၄။ ထိုနေ့ ကာလတွင် ထွက်ပြေးမည့် အကောင်မှာ သူ့ ညီနောင်များထံမှ- ၃၅။ သူ့အမိ၊ သူ့အဘ ထံမှ- ၃၆။ သူ့ပေါင်းဖေါ်သင်းဘက်၊ သူ့သားသမီးထံမှ-ဖြစ်၏။
၃၇။ သူတို့မှ တစ်ဦးချင်းစီ ကိုယ့်ကိစ္စဖြင့်ကိုယ် ပြည့်နေသော နေ့- ၃၈။ ထိုနေ့ကာလတွင် ခရီးဦးကြိုပြုခံရသော မျက်နှာများမှာ- ၃၉။ သတင်းကောင်းများ၌ ရယ်မောပျော်ရွင်ရလတ္တံ့။
၄၀။ ထိုနေ့ကာလ၌ ကျန်ရစ်ခံရသော မျက်နှာများအပေါ်၌-၄၁။ မျက်နှာမွဲ ဖြစ် ဖိစီးလျှက် ရှိလတ္တံ့။ ၄၂။ သူတို့သည်ကားဖုံးကွယ်သူ ဖေါက်ထွက်သွားသူများဖြစ်ကြ၏။
ဓမ္မခန္ဓာ (၈၀) ဤတွင် ပြီး၏။
ဓမ္မခန္ဓာ (၈၁) ဆွဲလိပ်ခံရခြင်း
ဉာဏ်စဉ်ကိန်းဝပ်ပေးမှု အမှတ်စဉ် (၇)၊ သုတ်ဒေသနာ (၂၉)ပါး၊
ကရုဏာရှင် အကြင်နာရှင် ဖြစ်တော်မူသော ပရမတ်ဘုရားရှင်၏ ဂုဏ်တော်အားဖြင့်-
၁။ နေလုံးအားဆွဲလိပ်ခံရသော အခါ- ၂။ ကြယ်တာရာများလွင့်စင်ကြေမွ သွားသောအခါ-၃။ တောင်တန်းများအားပြတ်ရွေ့စေသောအခါ- ၄။ ဆယ်လပြည့် မည့် ကိုယ်ဝန် စွန့်ပစ်ခံရသောအခါ-
၅။ တောရိုင်းတိရိစ္ဆာန်တို့အားစုစည်းစေသောအခါ- ၆။ ပင်လယ်သမုဒ္ဒရာ များပြည့်လျှံလာသောအခါ-၇။ ဉာဉ်စရိုက်တို့အားစုဖွဲ့ပေးသောအခါ- ၈။ အရှင် မြှုပ်ပစ်ခံရသောသူမအားမေးမြန်းမည်မှာ- ၉။ မည်သည့် အပြစ်ကြောင့် အသတ်ခံ ရသနည်း-ဟု ဖြစ်၍၊ ၁၀။ ပရပိုက်များကို နိုးကြွစေသောအခါ- ၁၁။ မိုးကောင်းကင် အားအဖုံးလှန်ခံရသောအခါ-
၁၂။ ငရဲမီးအားလောင်စာထိုးသောအခါ- ၁၃။ ဥယျာဉ်ဘုံအားချည်းကပ် လာစေသောအခါ-၁၄။ ဉာဉ်စရိုက်သည် သူ အသင့်ပြင်ရမည့် အရာကို သိရလတ္တံ့။
၁၅။ ငါ တိုင်တည်သည်မှာ-လှည့်နေသောဂြိုလ်များ၁၆။ ဂြိုလ်ပတ်လမ်းအတိုင်းလှည့်ပြေးနေခြင်းအားဖြင့်- ၁၇။ မှိန်ကွယ်လာသည့် ညအားဖြင့်- ၁၈။ စိတ်လန်းစေသော နံနက်စအားဖြင့်-
၁၉။ ဧကန်ပင်- ၎င်းသည် ဂုဏ်ကျက်သရေရှိသော ဉာဏ်စဉ်ဆောင်၏ နှတ်ထွက် ဖြစ်၏။ ၂၀။ အစွမ်းသတ္တိများပိုင်စိုးသော အရှင်၊ ထူထောင်ခြင်းများအားထပ်ဆင့်ကွပ်ကဲသည့် အရှင်၏ အပါးတော်မှ ဖြစ်၏။
၂၁။ နာခံထိုက်သူ ယုံကြည်စိတ်ချရသူ ဖြစ်သော- ၂၂။ သင်တို့၏ ပေါင်းဖေါ် သည် ရူးသွပ်နေသူ မဟုတ်ချေ။ ၂၃။ မုချပင်- သူသည် သူ့ကိုယ်သူ ရှင်းလင်းထင်ရှားသော မိုးကုတ်စက်ဝန်း၌ မြင်၏။ ၂၄။ သူသည် စက္ခုလွန်အားတွန့်တိုနေသူ မဟုတ်ချေ။
၂၅။ ၎င်းသည် ပစ်ထုတ်ခံ မကောင်းဆိုးဝါး၏ နှတ်ထွက်လည်းမဟုတ် ချေ။ ၂၆။ သို့ပါလျှက် သင်တို့သည် အဘယ်သို့ သွားကြမည်နည်း။
၂၇။ ဧကန်ပင် ဤသည် လောကခပ်သိမ်းအတွက် သတိပေးတရားတော် သာ ဖြစ်၍- ၂၈။ သင်တို့မှ စံချိန်ပြည့်မှီသူအတွက် ရပ်တည်ချက် ဖြစ်စေ၏။
၂၉။ လောကခပ်သိမ်း၏ ကံကြမ္မာရှင် ဖြစ်သော ပရမတ်ဘုရားရှင်၏ စံချိန်မပြည့်မှီဘဲ- သင်တို့သည် စံချိန်ပြည့်မှီမည် မဟုတ်ချေ။
ဓမ္မခန္ဓာ (၈၀) ဤတွင် ပြီး၏။
ဓမ္မခန္ဓာ (၈၂) အသစ်ပြန်ဖြစ်ခြင်း
ဉာဏ်စဉ်ကိန်းဝပ်ပေးမှု အမှတ်စဉ် (၈၂)၊ သုတ်ဒေသနာ (၁၉)ပါး၊
ကရုဏာရှင် အကြင်နာရှင် ဖြစ်တော်မူသော ပရမတ်ဘုရားရှင်၏ ဂုဏ်တော်အားဖြင့်-
၆။ အို- လူသား၊ ဂုဏ်ကျက်သရေရှိသော ကံကြမ္မာရှင်ထံမှ ကင်းရန် သင့်အားဘယ်အရာက မြှူဆွယ်နေသနည်း။ ၇။ အရှင်သည် သင့်အားဖြစ်တည် စေ၏။ ပုံစံချ၏၊ သင့်အားဟန်ချက်ညီစွာဖြင့်-၈။ အရှင့် စံချိန်ပြည့်မှီစေရာ ပုံစံမှ ဖြစ်၏။ အသင့်အားကိုယ်ထည်ဖွဲ့ပေး၏။ ၉။ သို့သော်လည်း- သင်သည် သာသနာ တော်အားငြင်းဆန်တော့၏။
၁၀။ ဧကန်ပင် သင်တို့၏ အပေါ်၌ ရှိသော အထိန်းအကွပ်များမှာ- ၁၁။ ကျက်သရေရှိသော မှတ်တမ်းတင်သူများဖြစ်၍- ၁၂။ သင်တို့ ပြုလုပ်သမျှအားသိနေကြကုန်၏။ ၁၃။ ဧကန်ပင် ကောင်းမှုပြုသူတို့သည် ဂုဏ်ရှိခြင်း၌ ရှိ၏။
၁၄။ ဧကန်ပင် ဖေါက်ထွက်သူတို့သည် ငရဲမီးတွင်း၌ ရှိ၍- ၁၅။ စီရင်မိန့်ချ မည့် နေ့ကာလတွင် ၎င်း၌ လောင်ကျွမ်းစေလတ္တံ့။ ၁၆။ သူတို့အား၎င်း၌ မျက်ကွယ် စီရင်ချက် မရှိချေ။
၁၇။ စီရင်မိန့်ချမည့် နေ့ကာလဟူသည်- သင် မည်သို့ မှန်းဆနိုင်မည်နည်း။ ၁၈။ တဖန် စီရင်မိန့်ချမည့် နေ့ကာလဟူသည်- သင် မည်သို့ မှန်းဆနိုင်မည်နည်း။
၁၉။ ဉာဉ်စရိုက်တစ်ခုက ဉာဉ်စရိုက်တစ်ခုအားစိုးစဉ်းမျှ ဩဇာအာဏာ မရှိသော နေ့ကာလ ဖြစ်၏။ ထိုနေ့ကာလ၌ အရေးအရာတို့သည် ပရမတ်ဘုရားရှင် ၏ အချုပ်အခြာ၌သာ ရှိ၏။
ဓမ္မခန္ဓာ (၈၂) ဤတွင် ပြီး၏။
ဓမ္မခန္ဓာ (၈၃) တာဝန်ဖျက်သူများ
ဉာဏ်စဉ်ကိန်းဝပ်ပေးမှု အမှတ်စဉ် (၈၆)၊ သုတ်ဒေသနာ (၃၆)ပါး၊
ကရုဏာရှင် အကြင်နာရှင် ဖြစ်တော်မူသော ပရမတ်ဘုရားရှင်၏ ဂုဏ်တော်အားဖြင့်-
၁။ တာဝန်ပေါ့ပျက်သူများပျက်စီးရမည်သာတည်း။ ၂။ သူတို့သည် လူသားတို့ထံမှ အလေးချိန်သောအခါ အပြည့် ဖြစ်၍- ၃။ သူတို့က အလေးသို့မဟုတ် ချိန်ပေးသောအခါ လျှော့ပေးကြကုန်၏။
၄။ သူတို့ မစဉ်းစားကြသလော၊ သူတို့ ပြန်လည်နိုးထရမည့်- ၅။ မဟာ နေ့တော်ကြီးသည်-၆။ လူသားတို့သည် လောကခပ်သိမ်း၏ ကံကြမ္မာရှင်ထံအတွက် ရပ်တည်ရမည့် နေ့ကာလ ဖြစ်၏။
၇။ အမှန်မှာ- ဖေါက်ထွက်သူတို့၏ မှတ်တမ်းသည် အချုပ်ခန်းထဲ၌ ဖြစ် ၏။ ၈။ အချုပ်ခန်းဟူသည် မည်သည်ဟု သင် မည်သို့ မှန်းဆနိုင်မည်နည်း။ ၉။ ရေးခြစ်ထားသော မှတ်တမ်းပင်တည်း။
၁၀။ ထိုနေ့ကာလ၌ ငြင်းဆန်သူတို့ ပျက်စီးရမည်သာတည်း။ ၁၁။ သူတို့သည် စီရက်ချက် နေ့ကာလကို ငြင်းဆန်ခဲ့ကြ၏။ ၁၂။ စည်းဖေါက်သူ၊ အပြစ် ကောင် ကိုယ်စီမှ အပ ငြင်းဆန်ခဲ့ကြသည် မရှိချေ။
၁၃။ သူ့အားငါ၏ သုတ်ဒေသနာများကို ဖတ်ပြသောအခါ၊ “ရှေးသရော အခါက ဒဏ္ဍာရီများသာတည်း၊”ဟု ဆို၏။ ၁၄။ အမှန်မှာ၊ ဧကန်ဆတ်ဆတ် သူတို့ ကျင့်ဆောင်လေ့ရှိရာများက သူတို့၏ နှလုံးသားပေါ် ပေကျံစွဲကပ်နေခြင်းသာ ဖြစ်၏။ ၁၅။ အမှန်မှာ၊ သူတို့သည် ထိုနေ့ကာလ၌ ကံကြမ္မာရှင်၏ထံမှ စည်းခြားခံထားရသူများဖြစ်ကြ၏။၁၆။ တဖန် သူတို့အားငရဲမီးဖြင့် လောင်ကျွမ်းစေမည်ပင်။ ၁၇။ ထို့နောက် သူတို့အား“ဤသည် သင်တို့ ငြင်းဆန်လေ့ရှိခဲ့ရာ ဖြစ်၏၊”ဟု ပြောဆို လတ္တံ့။
၁၈။ အမှန်မှာ- ကောင်းမှုပြုသူတို့၏ မှတ်တမ်းသည် အထွဋ်အထိပ်၌ ရှိ ၏။ ၁၉။ အထွဋ်အထိပ်ဟူသည်- အဘယ်နည်းဟု သင် မည်သို့ မှန်းဆနိုင်မည်နည်း။ ၂၀။ ရေးခြစ်ထားသော မှတ်တမ်းပင်တည်း။
၂၁။ ချည်းကပ်ခွင့်ရသူများ၏ သက်သေတည်ခြင်းသည်- ၂၂။ ကောင်းမှုပြု သူတို့အားဂုဏ်ရှိခြင်း၌ ဖြစ်စေ၍- ၂၃။ ပလ္လင်များပေါ်မှ ကြည့်ရှုစေလတ္တံ့။ ၂၄။ သူတို့ ၏ မျက်နှာများသည် ဂုဏ်ရောင် တောက်ပနေသည်ကို သင် မှတ်မိရစေလတ္တံ့။
၂၅။ သူတို့အားတံဆိပ်နှိပ်ထားသည့် ပေါင်းခံရေသန့်ဖြင့် တိုက်ကျွေးလတ္တံ့။ ၂၆။ ယင်းမှ တံဆိပ်မှာ အစဉ်သင်းလျက်ရှိ၏။ သို့ဖြစ်၍ စိတ်ဆန္ဒရှိသူတို့အားစိတ်ဆန္ဒပြည့်စေလော့။ ၂၇။ ပေါင်းခံရည်မှ ယမကာဖြစ်၍- ၂၈။ ချည်းကပ်ခွင့် ရသူ များသောက်သုံးသည့် စိမ့်စမ်းမှ ဖြစ်၏။
၂၉။ ဧကန်ပင် ပြစ်မှုကျူးလွန်သော သူတို့က ယုံကြည်သောသူတို့အားဟားတိုက်ရယ်မော လေ့ရှိခဲ့ကြ၏။ ၃၀။ သူတို့အနားမှ ဖြတ်သွားကြစဉ်- အချင်းချင်းမျက်စပစ်ပြကြ၏။ ၃၁။ သူတို့၏ ဝိုင်းသားများထံသို့ ဦးလှည့်ပြန်သောအခါ၊ သီးနှံရ သကဲ့သို့ ဦးလှည့်ပြန်ကြကုန်၏။
၃၂။ ၎င်းတို့က ကောင်းမှုပြုသူတို့ကို မြင်တွေ့သော် “ဧကန်ပင် ထိုသူတို့ သည် အပါယ်လမ်း၌ ရှိနေ၏၊”ဟု ပြောကြ၏။ ၃၃။ ၎င်းတို့အားသူတို့အပေါ်၌ ထိန်းသိမ်းစောင့်ရှောက်သူများအဖြစ် စေစားထားသည် မဟုတ်ချေ။ ၃၄။ သို့ဖြင့် ယနေ့မူကားယုံကြည်သော သူတို့သည် ဖုံးကွယ်သူများထက် ရယ်မောနိုင်ကြပြီ။
၃၅။ သူတို့အားပလ္လင်များပေါ်မှ ကြည့်ရှုစေလတ္တံ့။ ၃၆။ ဖုံးကွယ်သူတို့၏ အကျိုးဆက်မှာကားသူတို့ပြုလုပ်ခဲ့သော အရာပင် မဟုတ်တုံလော။
ဓမ္မခန္ဓာ (၈၃) ဤတွင် ပြီး၏။
ဓမ္မခန္ဓာ (၈၄) ကြေမွပျက်စီးခြင်း
ဉာဏ်စဉ်ကိန်းဝပ်ပေးမှု အမှတ်စဉ် (၈၃)၊ သုတ်ဒေသနာ (၂၅)ပါး၊
ကရုဏာရှင် အကြင်နာရှင် ဖြစ်တော်မူသော ပရမတ်ဘုရားရှင်၏ ဂုဏ်တော်အားဖြင့်-
၁။ ကောင်းကင်ယံသည် ကြေမွ၍- ၂။ သူ့ကံကြမ္မာရှင်အားမှန်ကန်တိကျ စွာ နားထောင်ရသောအခါ- ၃။ မြေကမ္ဘာအားတိုးရွေ့စေလျက်- ၄။ ထိုမှ သူမ၏ အတိတ်ဖြစ်ရပ်များကို ခင်းကျင်းစေ၍- ၅။ သူမကံကြမ္မာရှင်အားမှန်ကန်တိကျစွာ နားထောင်ရသောအခါ- ၆။ အို- လူသား၊ သင်သည် ကံကြမ္မာရှင်၏ ဆီသို့ မတွန့် မဆုတ် မဆုတ်မနစ် ဧကန် ရှိလျှင် အရှင့်အားဖူးတွေ့ရလတ္တံ့။
၇။ သူ၏အားသန်ရာသို့ သူ့ မှတ်တမ်းအားပေးအပ်ခံရသူ အတွက်မူ-၈။ သူ့အတွက် စရင်းသည် လွယ်ကူချောမွေ့သော စရင်းဖြစ်ရ၍- ၉။ ကြိတ်ကြည်နူးလျက်- သူ့ဝိုင်းသားများထံသို့ ဦးလှည့်ရလတ္တံ့။
၁၀။ သူ၏ အကွယ်မှ မှတ်တမ်းအားနောက်ကျောမှ ပေးအပ်ခံရသူ အတွက်မူ-၁၁။ သူသည် ဖျက်ပယ်ခံရခြင်းကို တမ်းတလေလတ္တံ့။ ၁၂။ သူ့အားမီးလောင်စာထဲ၌ လောင်ကျွမ်းစေလတ္တံ့။ ၁၃။ ဧကန်ပင် သူသည် သူ့ဝိုင်းသားများအတွင်း၌ ကြိတ်ကြည်နူးစွာ နေခဲ့ဘူး၏။ ၁၄။ ဧကန်ပင် သူသည် နောက်လိုက် နောက်ပါ မဖြစ်ရဟု စဉ်းစားခဲ့၏။ ၁၅။ အမှန်မှာ-ကံကြမ္မာရှင်သည် သူ့အားမြင်နေ သော အရှင် ဖြစ်၏။
၁၆။ အမှန်မှာ- စိုးထိတ်ဘွယ်ရာကို တိုင်တည်လျက်- ၁၇။ တရိပ်ရိပ် တင်းပြည့်လာသည့် ည အားဖြင့်- ၁၈။ တရိပ်ရိပ်ပြည့်ဖြိုးလာနေသော လအားဖြင့်- ၁၉။ သင်တို့သည် တစ်ဂြိုလ်မှ တစ်ဂြိုလ်သို့ စီးနင်းတက်သွားရလတ္တံ့။
၂၀။ သူတို့သည် အဘယ့်ကြောင့် မယုံကြည်ကြသနည်း။ ၂၁။ သူတို့အားကုရ်အာန်ကို ရွတ်ဖတ်ပြသောအခါ၊ အဘယ်ကြောင့် ဦးချနာခံခြင်းမရှိကြသနည်း။
၂၂။ အမှန်မှာ- ဖုံးကွယ်သော သူတို့သည် ငြင်းဆန်ကြကုန်၏။ ၂၃။ ပရမတ် ဘုရားရှင်သည်ကားသူတို့၏ အိပ်သွပ်ထားခြင်းကို အသိဆုံးဖြစ်တော်မူ၏၊ ၂၄။ သို့ဖြစ်၍- သူတို့အားစူးနစ်နာကျင်သည့် ဝဋ်ကြွေးအကြောင်းသတင်းကောင်းကို ပါးလော့။ ၂၅။ သို့သော် ယုံကြည်လျက် ပြုပြင်ပြောင်းလဲခြင်းကျင့်ကြံသော သူများအတွက် မျက်နှာမပျက်ရသော ဆုလဒ်သည် ရှိပေ၏။
ဓမ္မခန္ဓာ (၈၄) ဤတွင် ပြီး၏။
ဓမ္မခန္ဓာ (၈၅) နဂါးငွေ့တန်းများ
ဉာဏ်စဉ်ကိန်းဝပ်ပေးမှု အမှတ်စဉ် (၂၇)၊ သုတ်ဒေသနာ (၂၂)ပါး၊
ကရုဏာရှင် အကြင်နာရှင် ဖြစ်တော်မူသော ပရမတ်ဘုရားရှင်၏ ဂုဏ်တော်အားဖြင့်-
၇။ ယုံကြည်သူတို့အားသူတို့ မည်သို့ ပြုလုပ်ခဲ့သည်ကို သူတို့ကိုယ်တိုင် သက်သေများဖြစ်၏။ ၈။ ဘုန်းတော်ရှင်၊ ရည်သန်စူးစိုက်မှုတည်ရာ အရှင်- ပရမတ် ဘုရားရှင်အားယုံကြည်ခြင်းကြောင့်သာ သူတို့ လက်တုန့် ပြန်ခဲ့ခြင်းဖြစ်၏။
၉။ အရှင်- ထိုအရှင်သည် မိုးများနှင့် မြေကမ္ဘာ၏ ဩဇာအာဏာတည်ရာ အရှင်ဖြစ်၏။ ပရမတ်ဘုရားရှင်သည်ကားသဗ္ဗလုံးစုံ အတွက် သက်သေသက်ကန် ပင် ဖြစ်၏။ ၁၀။ ဧကန်ပင် ယုံကြည်သူ၊ ယုံကြည်သူမတို့အားသွေးတိုးစမ်းခဲ့၍၊ သူတို့ကိုယ် သူတို့ ခဝါမချသော သူတို့အတွက် ငရဲဘုံ ဝဋ်ကြွေးသည် ရှိနေ၏။ သူတို့အတွက် လောင်ကျွမ်းရခြင်းဝဋ်ကြွေးသည် ရှိနေ၏။
၁၁။ ဧကန်ပင် ယုံကြည်၍ ပြုပြင်ပြောင်းလဲခြင်းကျင့်ကြံသော သူများအတွက် အောက်ခင်း၌ စမ်းချောင်းရေသွင် စီးဆင်းနေသော ဥယျာဉ်ဘုံများရှိနေ ၏။ ဤသည် ကြီးကျယ်သော အောင်ပွဲပင် ဖြစ်၏။
၁၂။ ဧကန်ပင် ကံကြမ္မာရှင်၏ ကိုင်တွယ်မှုသည် ပြတ်သားလှ၏။ ၁၃။ ဧကန်ပင် အရှင်သည် စတည်ဖြစ်စေသော-ဆက်ဖြစ်နေစေသော အရှင်- ၁၄။ အရှင် သည် လွတ်ငြိမ်းစေသော၊ ချစ်ခင်သနားသော အရှင်- ၁၅။ ထပ်ဆင့်ကွပ်ကဲမှုအားပိုင်စိုးသော မြင့်မြတ်တော်မူသော အရှင်-၁၆။ အလိုတော်ရှိရာအားစီမံသော အရှင် ဖြစ်တော်မူ၏။
၁၇။ တပ်မဟာကြီးအကြောင်းဆင့်ပြန်ချက် သင့်ထံသို့ ရောက်လာစေ ပြီလော။ ၁၈။ ဖာရိုးနှင့် သမု-ဒ်တို့ပင်၊ ၁၉။ အမှန်မှာ ဖုံးကွယ်သောသူတို့သည် ငြင်းဆန် ကြကုန်၏။ ၂၀။ ပရမတ်ဘုရားရှင်သည် သူတို့အားအကွယ်မှ ဝိုင်းဝန်းထားတော်မူ၏။
၂၁။ အမှန်မှာ- ဤသည် မြင့်မြတ်သော ကုရ်အာန် ဖြစ်၍-၂၂။ ထိန်းသိမ်းစောင့်ရှောက်ထားသော အချပ်ပြား၌ ရှိ၏။
ဓမ္မခန္ဓာ (၈၅) ဤတွင် ပြီး၏။
ဓမ္မခန္ဓာ (၈၆) လမ်းဖေါက်သူ
ဉာဏ်စဉ်ကိန်းဝပ်ပေးမှု အမှတ်စဉ် (၃၆)၊ သုတ်ဒေသနာ (၁၇)ပါး၊
ကရုဏာရှင် အကြင်နာရှင် ဖြစ်တော်မူသော ပရမတ်ဘုရားရှင်၏ ဂုဏ်တော်အားဖြင့်-
၁။ မိုးကောင်းကင်နှင့် လမ်းဖေါက်သူ အားဖြင့်- ၂။ လမ်းဖေါက်သူဟူသည် အဘယ်နည်းဟု သင် မည်သို့ မှန်းဆနိုင်မည်နည်း။ ၃။ ၎င်းသည် ဖေါက်ထွင်းသော ကြယ်ဖြစ်၏။
၄။ ဧကန်ပင် ဉာဉ်စရိုက် ကိုယ်စီ အပေါ်၌ အထိန်းအကွပ် ရှိနေ၏။ ၅။ သူ့အားမည်သည့် အရာမှ ဖြစ်တည်စေသည်ကို လူသားကို ကြည့်ရှုစေလော့။ ၆။ သူအားညှစ်ထုတ်သော ရေမှ ဖြစ်တည်စေ၏။ ၇။ ၎င်းကို ကျောရိုးနှင့် နံရိုးများကြားမှ ညှစ်ထွက်စေ၏။ ၈။ ဧကန်ပင် အရှင်သည် သူ့အားပြန်လှည့်လာရန် စည်းချိန်ချမှတ်ထား၏။
၉။ မြှုပ်ကွယ်ရာများကို စစ်ဆေးရေးဝင်သော နေ့ကာလ၌- ၁၀။ သူ့တွင် အစွမ်းသတ္တိ၊ အကူအညီ မရှိချေ။
၁၁။ ပြန်လှည့်နေစေသော ကောင်းကင်ယံအားဖြင့်- ၁၂။ ခံစားချက် အက်ကွဲသော မြေကမ္ဘာအားဖြင့်-
၁၃။ ဧကန် ဤသည်- ရှင်းလင်းဆုံးဖြတ်ချက်- နှတ်ထွက်တော် ဖြစ်၏။ ၁၄။ ၎င်းသည် ဟာသ မဟုတ်ပေ။
၁၅။ သူတို့သည် မဟာဗျူဟာဖြင့် ဗျူဟာချနေကြ၏။
ဓမ္မခန္ဓာ (၈၆) ဤတွင် ပြီး၏။
ဓမ္မခန္ဓာ (၈၇) အထွဋ်အထိပ်
ဉာဏ်စဉ်ကိန်းဝပ်ပေးမှု အမှတ်စဉ် (၈)၊ သုတ်ဒေသနာ (၁၉)ပါး၊
ကရုဏာရှင် အကြင်နာရှင် ဖြစ်တော်မူသော ပရမတ်ဘုရားရှင်၏ ဂုဏ်တော်အားဖြင့်-
၁။ အထွဋ်အထိပ် ဖြစ်တော်မူသော ကံကြမ္မာရှင်၏ ဂုဏ်တော်အားဦးထိပ်ထားလော့။ ၂။ အရှင်သည် ဖြစ်တည်စေ၏။ ပုံစံချပေး၏။ ၃။ အရှင်သည် စည်းချိန်ချပေး၏။ လမ်းညွှန်ပေး၏။ ၄။ အရှင်သည် ထိန်းကျောင်းရာကို ထွက်ပေါ် စေ၏။ ၅။ ထို့နောက် ၎င်းကို ဖုံထနေသော အမှိုက်သရိုက် အဖြစ် စီစဉ်ပစ်၏။
၆။ သင် မမေ့စေရန် ငါအရှင်သည် သင့်အားရွတ်ဖတ်ပြမည်မှာ- ၇။ ပရမတ်ဘုရားရှင်၏ စံချိန်ပြည့်ခြင်းမှသာ ဖြစ်၏။ ဧကန်ပင် အရှင်သည် ဖွင့်ပြော ရာ ထိန်ဝှက်ရာတို့ကို သိနေတော်မူ၏။ ၈။ ငါသည် သင့်အားလွယ်ကူမှုဖြင့် လွယ်ကူ စေတော်မူလတ္တံ့။
၉။ သို့ဖြစ်၍ သတိဖေါ်ပေးလော့၊ သတိဖေါ်ပေးခြင်းသည် အကျိုးဖြစ် ထွန်းစေ၏။ ၁၀။ ကြောက်ရွံ့တတ်သူသည် ဆင်ခြင်သတိရနိုင်ကောင်း၏။ ၁၁။ ကံ အဆိုးဆုံးသူသည်သာ ၎င်းမှ ကင်းသန့်၏- ၁၂။ သူ့ကို ကြီးမားသော အပူမီး၌ လောင် ကျွမ်းစေလျက်-၁၃။ ထို၌ သူသည် မသေ မရှင် ခံစားရလတ္တံ့။
၁၄။ အောင်မြင်ပေါက်မြောက်မည့် သူမှာ မုချ သန့်ရှင်းဖြူစင်၍-၁၅။ ကံကြမ္မာရှင်၏ ဂုဏ်တော်အားသတိရရှုမှတ်လျက်- ထို့နောက် ဝတ်ပြု၏။
၁၆။ အမှန်မှာ သင်တို့သည် လောကီသက်တမ်းကို လိုက်မြဲလိုက်နေ၏။ ၁၇။ နောင်ဘ၀သည်ကားပိုမိုကောင်းမြတ်၏၊ သာ၍ တည်တံ့၏။
၁၈။ ဧကန်ပင် ဤသည် ရှေးပရပိုက်များမှ ဖြစ်သော- ၁၉။ အီဗရာဟီးမ်နှင့် မူဆာတို့၏ ပရပိုက်များ၌ ပါရှိ၏။
ဓမ္မခန္ဓာ (၈၇) ဤတွင် ပြီး၏။
ဓမ္မခန္ဓာ (၈၈) ခြုံလွှမ်းပစ်ခြင်း
ဉာဏ်စဉ်ကိန်းဝပ်ပေးမှု အမှတ်စဉ် (၆၈)၊ သုတ်ဒေသနာ (၂၆)ပါး၊
ကရုဏာရှင် အကြင်နာရှင် ဖြစ်တော်မူသော ပရမတ်ဘုရားရှင်၏ ဂုဏ်တော်အားဖြင့်-
၁။ ခြုံလွှမ်းပစ်မည့်အကြောင်းဆင့်ပြန်ချက်သည် သင့်ထံသို့ ရောက်စေ ပြီလော။ ၂။ ထိုနေ့ကာလ၌ ကျို့ငဲ့ရမည့် မျက်နှာများမှာ-၃။ အကျင့်အကြံကြီးဖြင့် ခြေကုန်လက်ပန်းကျလျက်-၄။ အပူဟပ်နေသော မီး၌ လောင်ကျွမ်းစေလျက်-
၅။ စီစဉ်ထားသော စမ်းမှ တိုက်ကျွေးလတ္တံ့။ ၆။ ဆူးခါးပင်များမှအပ သူတို့ အားကျွေးမွေးရာ မရှိချေ။ ၇။ ၎င်းသည် အဟာရ မဖြစ်၊ ငတ်မွတ်ဆာလောင်မှု အတွက်လည်းမပြည့်စုံနိုင်ချေ။
၈။ ထိုနေ့ကာလတွင် ဂုဏ်ပေးခံရမည့် မျက်နှာများမှာ- ၉။ သူတို့၏ လုံ့ပန်းခဲ့မှုများအတွက် ကျေနပ်နှစ်သက်လျက်-၁၀။ အထွဋ်အထိပ်ဖြစ်သော သုခဘုံ အတွင်း၌-၁၁။ ထို၌ ပွစိပွစိပြောသံကို ကြားရမည် မဟုတ်ချေ။ ၁၂။ ထို၌ စီးဆင်းနေ သော စိမ့်စမ်းများရှိ၏။ ၁၃။ ထို၌ မြှောက်စားထားသော ဇိမ်ခံခုံများရှိ၏။ ၁၄။ ချထားပေးသော ရေခွက်များလည်းရှိ၏။ ၁၅။ ဆိုဖာမှီအုံးများအစီအစဉ်တကျလည်းရှိ၏။ ၁၆။ ကောဇောများဖြန့်လျက်လည်းရှိ၏။
၁၇။ သူတို့ မကြည့်ကြသလော ကုလားအုပ်တို့အားမည်သို့ ဖြစ်တည်စေ သနည်း။ ၁၈။ ထို့နောက် ကောင်းကင်ယံအားမည်သို့ မြှင့်မြှောက်နေစေသနည်း။ ၁၉။ ထို့နောက် တောင်တန်းများအားမည်သို့ ကုပ်ကပ်နေစေသနည်း။ ၂၀။ ထို့နောက် မြေကမ္ဘအားမည်သို့ ကျဲဖြန့်ထားသနည်း။
၂၁။ သိုဖြစ်၍ သတိဖေါ်ပေးလော့၊ သင်သည် သတိဖေါ်ပေးသူသာ ဖြစ်၏။ ၂၂။ သင်သည် သူတို့အတွက် ရေးမှတ်နေရသူ မဟုတ်ချေ။
၂၃။ လှည့်သွားလျက် ဖုံးကွယ်သူကိုသာ- ၂၄။ ပရမတ်ဘုရားရှင်သည် သူ့အားကြီးမားသော ဝဋ်ကြွေးဖြင့် ဝဋ်ကြွေးသင့်စေလတ္တံ့။ ၂၅။ ဧကန်ပင် သူတို့၏ အပြန်ခရီးသည် ငါ့ထံသို့သာ ဖြစ်၏။ ၂၆။ တဖန် သူတို့၏ အချုပ်စရင်းသည် ငါ့ထံ၌ သာ ဖြစ်၏။
ဓမ္မခန္ဓာ (၈၈) ဤတွင် ပြီး၏။
ဓမ္မခန္ဓာ (၈၉) အာရုဏ်တက်
ဉာဏ်စဉ်ကိန်းဝပ်ပေးမှု အမှတ်စဉ် (၁၀)၊ သုတ်ဒေသနာ အပါး(၃၀)၊
ကရုဏာရှင် အကြင်နာရှင် ဖြစ်တော်မူသော ပရမတ်ဘုရားရှင်၏ ဂုဏ်တော်အားဖြင့်-
၁။ အလင်းဖြာထွက်ချိန်အားဖြင့်-၂။ တင်းပြည့်ကျပ်ပြည့် ညများအားဖြင့်- ၃။ စုံဂဏန်းမဂဏန်းအားဖြင့်- ၄။ ည ခရီးနှင်သော အားဖြင့်-
၅။ ယင်း၌ ကျောက်တိုင်ကဲ့သို့ သူတို့၏ တိုင်တည်ရာ ရှိသည် မဟုတ် လော၊
၆။ သင် မမြင်မိသလော၊ သင့် ကံကြမ္မာရှင်က မည်သို့ စီမံလိုက်သော အာ့ဒ်တို့မှာ- ၇။ မဏ္ဍိုင်ဖြစ်သော အေရာမ်မှ ဖြစ်၏။ ၈။ မြို့ဒေသများ၌ ထိုသို့ အလားတူ- ဖြစ်တည်ပေးခဲ့ခြင်းမရှိချေ။
၉။ ချိုင့်ဝှမ်းဒေသ ကျောက်ဆစ် ပဲ့တင်ရိုက်စေသော သမု-ဒ်တို့လည်း-ပါ၏။ ၁၀။ ခြေကုပ်ခိုင်သော ဖာရိုးလည်းပါသွား၏။ ၁၁။ သူတို့သည် မြို့ဒေသများ၌ စည်းဖျက်သူများဖြစ်ကြ၏။ ၁၂။ သူတို့သည် မြောက်များစွာ အဖျက်လုပ်ကြ၏။
၁၃။ သို့ဖြင့် ကံကြမ္မာရှင်က သူတို့အပေါ်သို့ ရိုက်ချက်ပြင်းသော ဝဋ်ကြွေးကို သွန်းလောင်းစေခဲ့ပြီ။ ၁၄။ ဧကန်ပင် ကံကြမ္မာရှင်သည် အမြဲစောင့်ကြည့်နေတော် မူ၏။
၁၅။ လူသားမှာမူ၊ ကံကြမ္မာရှင်က သူ့အားဂုဏ်ရှိစေခြင်း၊ ကျက်သရေ ရှိစေခြင်းဖြင့် စုံစမ်းသော် “ကံကြမ္မာရှင်က ကျွန်ုပ်အားကျက်သရေရှိစေ၏၊”ဟု ပြောဆိုလတ္တံ့။ ၁၆။ သူ့အပေါ်၌ ရိက္ခာ စည်းကြပ်ခြင်းဖြင့် စုံစမ်းသောအခါမူ “ကံကြမ္မာရှင်က ကျွန်ုပ်အားနှိမ့်ချထား၏၊”ဟု ဆို၏။
၁၇။ အမှန်မှာ သင်တို့သည် မိဘမဲ့တို့အားကျက်သရေရှိစေရန် လုပ်မပေးချေ။ ၁၈။ သင်တို့သည် နွမ်းပါးသူတို့အားကျွေးမွေးရန် မတိုက်တွန်းကြဘဲ-၁၉။ လက်ဦးမှုယူ စားသုံးခြင်းဖြင့် အမွေအနှစ်များကို စားသုံးနေကြ၏။ ၂၀။ ဥစ္စာပစ္စည်းကို အငမ်းမရ နှစ်သက်ခြင်းဖြင့် နှစ်သက်နေကြ၏။
၂၁။ အမှန်မှာ- မြေကမ္ဘာအားစိစိညက်ညက် ကြေအောင် ကြိတ်ပစ်သော အခါ- ၂၂။ ကံကြမ္မာရှင်နှင့် အာဏာပိုင် အဆင့် ဆင့်တို့သည် ရောက်လာလတ္တံ့။
၂၃။ ထိုနေ့၌၊ ငရဲဘုံကို ရောက်လာစေ၍၊ ထိုနေ့၌ လူသားသည် ဆင်ခြင် သတိရလေလတ္တံ့၊ ထိုသတိရခြင်းသည် သူ့အတွက် မည်သို့ ဖြစ်အံ့တော့နည်း။
၂၄။ သူက “ကျွန်ုပ်များနှယ်- ရှင်သန်ခြင်းဘ၀ အတွက် စုံရပ်ခံခဲ့လျှင် ကောင်းလေစွ၊”ဟု ဆိုလိမ့်မည်။ ၂၅။ ထိုနေ့၌ တစ်စုံတစ်ယောက်မျှ မသင့်သော ဝဋ်ကြွေးဖြင့် ဝဋ်ကြွေးသင့်စေလတ္တံ့။ ၂၆။ တစ်စုံတစ်ယောက်မျှ မဖမ်းချုပ်နိုင်ခြင်းဖြင့် ဖမ်းချုပ်တော်မူလတ္တံ့။
၂၇။ အို ဘဝင်ငြိမ်းအေးသော စိတ်ဉာဉ်- ၂၈။ သင့်ကံကြမ္မာရှင်၏ထံသို့ ဦးလှည့်လော့၊ သင့်အားကျေနပ်နှစ်သက်၏၊ သင်လည်းကျေနပ်နှစ်သက်ခြင်းရှိ၍-၂၉။ ငါ့ အမှုတော်ဆောင်များထံသို့ ဝင်လော့။ ၃၀။ ငါ့ ဥယျာဉ်တော်သို့ ဝင်လေ လော့။
ဓမ္မခန္ဓာ (၉၀) နေပြည်တော်
ဉာဏ်စဉ်ကိန်းဝပ်ပေးမှု အမှတ်စဉ် (၃၅)၊ သုတ်ဒေသနာ အပါး(၂၀)၊
ကရုဏာရှင် အကြင်နာရှင် ဖြစ်တော်မူသော ပရမတ်ဘုရားရှင်၏ ဂုဏ်တော်အားဖြင့်-
၁။ အမှန်မှာ ဤနေပြည်တော်အားတိုင်တည်၍- ၂။ သင့်အားတရားဝင် ဖြစ်စေမည့် ဤ နေပြည်တော်အားဖြင့်- ၃။ မွေးမိဘနှင့် ရင်သွေးတို့အားဖြင့်-
၄။ မုချပင် ငါသည် လူသားကို လုံ့လစိုက်ရသော ဘ၀ဖြင့် ဖြစ်တည် စေ၏။ ၅။ သူ့အားတစ်စုံတစ်ယောက်မျှ စည်းမကြပ်မတ်နိုင်ဟု သူ စိတ်ကူးယဉ် နေသလော။ ၆။ သူက “ကျွန်ုပ်သည် ဥစ္စာပစ္စည်းပိုပိုလျှံလျှံ ဖြုန်းတီးနိုင်သည်၊”ဟု ပြောဆိုလတ္တံ့။
၇။ သူ့အားတစ်စုံတစ်ယောက်မျှ မမြင်ဟု သူ စိတ်ကူးယဉ်နေသလော။ ၈။ သူ့အားမျက်လုံးများကို ငါ စီစဉ်ပေးခဲ့သည် မဟုတ်လော။ ၉။ နှတ်လျှာနှင့် နှစ်ခမ်းနှစ်ခုလည်းပါစေ၏။ ၁၀။ သူ့အားလျှောက်လမ်းနှစ်သွယ် ငါ ညွှန်ပေးထားသည် မဟုတ်လော။
၁၁။ အမှန်မှာ သူသည် ချုပ်ကိုင်ထားခြင်းကို စိတ်မပြတ်လို။ ၁၂။ ချုပ်ကိုင် ထားခြင်းဟူသည် အဘယ်နည်းဟု သင် မည်သို့ မှန်းဆနိုင်မည်နည်း။ ၁၃။ ကျေးကျွန် လွှတ်ပေးခြင်းဖြစ်၏။
၁၄။ သို့မဟုတ် ကျွေးမွေးရမည်မှာ- အလွန်ဆာလောင်သော နေ့ကာလ၌-၁၅။ မိဘမဲ့နှင့် ဆွေမျိုးနီးစပ်သူများ-၁၆။ မြေယာလုပ်သော နွမ်းပါးသူများကို ဖြစ်၍-
၁၇။ တဖန် ယုံကြည်သူမှ ဖြစ်သူတို့အားသီးခံပါရမီကြီးရန် မှာကြားခြင်း၊ ကရုဏာသက်တတ်ရန် မှာကြားခြင်းတို့ ဖြစ်၏။ ၁၈။ သူတို့သည် လက်ယာရံ ပေါင်းဖေါ်များဖြစ်ကြ၏။
၁၉။ ငါ၏ သုတ်ဒေသနာတို့အားဖုံးကွယ်သော သူ၊ သူတို့သည် လက်ဝဲရံ ပေါင်းဖေါ်များဖြစ်ကြ၏။ ၂၀။ သူတို့အပေါ်၌ အပူမီးသည် ပိတ်ဆို့လျက် ရှိ၏။
ဓမ္မခန္ဓာ (၉၀) ဤတွင် ပြီး၏။
ဓမ္မခန္ဓာ (၉၁) နေ
ဉာဏ်စဉ်ကိန်းဝပ်ပေးမှု အမှတ်စဉ် (၂၆)၊ သုတ်ဒေသနာ (၁၅)ပါး၊
ကရုဏာရှင် အကြင်နာရှင် ဖြစ်တော်မူသော ပရမတ်ဘုရားရှင်၏ ဂုဏ်တော်အားဖြင့်-
၁။ နေ၊ တောက်ပအလင်း- ၂။ လ၊ အလင်းကူးသောအခါ- ၃။ နေ့ ထိန်လင်းရသောအခါ- ၄။ ည လွှမ်းခြုံခံရစေသောအခါ-တို့အားဖြင့်
၅။ ကောင်းကင်ယံ၊ တည်ဆောက်စေရာ အားဖြင့်- ၆။ မြေကမ္ဘာ၊ ပြန့်ထွက် စေရာ အားဖြင့်-၇။ ဉာဉ်စရိုက်၊ ပုံစံချပေးရာ အားဖြင့်-၈။ သို့ဖြင့် ၎င်းအားဖြာထွက် မှုနှင့် စည်းစောင့်မှုအားအသိစိတ်သွင်းပေးခြင်းအားဖြင့်-
၉။ သန့်ရှင်းဖြူစင်သူသည် မုချ အောင်မြင်ပေါက်မြောက်လတ္တံ့။ ၁၀။ မသူတော်တို့ကားမုချ ကျဆုံးနစ်မြုပ်ရလတ္တံ့။
၁၁။ သမု-ဒ်တို့သည်လည်းစည်းဖျက်ခြင်းဖြင့်- ငြင်းဆန်ခဲ့ကြ၏။ ၁၂။ ကံအဆိုးဆုံးသူတို့ နိုးထရသောအခါ- ၁၃။ သူတို့အတွက် ပရမတ်ဘုရားရှင်၏ ဉာဏ်စဉ်ဆောင်က “ပရမတ်ဘုရားရှင်၏ ကုလားအုပ်မအား- ရေသောက်ခွင့် ပေးရန်” ပြောဆိုသည်ကို- ၁၄။ သူတို့ ငြင်းဆန်ကြလျက် သူမအားမျိုးအစေခြင်းကြောင့် သူတို့အားဖျက်သိမ်းပစ်၏၊ ကံကြမ္မာရှင်က သူတို့အားပြစ်မှုဖြင့် အညီ ဖြစ်စေ၏။
၁၅။ ထိုသို့နိဂုံးချုပ်ခြင်းကို တွန့်ဆုတ်နေခြင်းမရှိချေ။
ဓမ္မခန္ဓာ (၉၂) ည
ဉာဏ်စဉ်ကိန်းဝပ်ပေးမှု အမှတ်စဉ် (၅)၊ သုတ်ဒေသနာ (၂၁)ပါး၊
ကရုဏာရှင် အကြင်နာရှင် ဖြစ်တော်မူသော ပရမတ်ဘုရားရှင်၏ ဂုဏ်တော်အားဖြင့်-
၁။ ည လွှမ်းခြုံခံရစေသောအခါ- ၂။ နေ့ ထိန်လင်းစေသောအခါ-။
၃။ လိင်ဖို၊ လိင်မတို့အားဖြစ်တည်စေရာ အားဖြင့်- ၄။ ဧကန်ပင် သင်တို့၏ လုံးပန်းမှုများကို မတူကွဲပြားစေ၏။
၅။ လက်ဆောင်ပေးတတ်သူ- စည်းစောင့်သူ အတွက်မူ-၆။ သုမင်္ဂလာကို ဖြောင့်မှန်စေ၏။ ၇။ ငါသည် သူ့အားလွယ်ကူမှုဆီသို့ လွယ်ကူစေတော်မူပြီ။
၈။ ကပ်စီးနဲလျက် ကုံလုံပြည့်စုံပြီဟုထင်သူမှာမူ- ၉။ သုမင်္ဂလာကို ငြင်းဆန်၏။ ၁၀။ ငါအရှင်သည် သူ့အားခက်ခဲမှုဆီသို့ ကုန်းဆင်းစေတော်မူပြီ။ ၁၁။ သူ၏ ကျရှုံးချိန်၌ သူ့ ဥစ္စာပစ္စည်းက သူ့အတွက် မပြည့်စုံစေတော့ချေ။
၁၂။ ဧကန်ပင် လမ်းညွှန်ပေးခြင်းမှာ ငါ၏ ဝန်တာသာ ဖြစ်၏။ ၁၃။ ဧကန်ပင် နောင်ဘ၀၊ ရှေးဘ၀တို့သည် ငါ့အပေါ်၌သာ တည်၏။
၁၄။ သို့ဖြစ်၍ မီးညွန့်တလူလူအကြောင်းသင်တို့အားသတိပေးတော် မူပြီ။ ၁၅။ ၎င်းသည် ကံဆိုးသူကိုသာ လောင်ကျွမ်းစေလတ္တံ့။ ၁၆။ သူသည် ငြင်းဆန် ခဲ့၏၊ ထို့နောက် လှည့်သွားခဲ့၏-
၁၇။ စည်းအစောင့်ဆုံးသူတို့မှ ၎င်းကို ကင်းသန့်စေ၏။ ၁၈။ သူသည် ဥစ္စာ ပစ္စည်းအားပေးလှုလျက် သန့်ရှင်းဖြူစင်စေ၏။ ၁၉။ သူ့ထံ၌ သူ့အားဂုဏ်ပေး၍ အစားပေးမည့်သူ တစ်ယောက်မျှ မရှိဘဲလျက်-၂၀။ အထွဋ်အထိပ်ဖြစ်တော်မူသော ကံကြမ္မာရှင်၏ မျက်နှာသာပေးခံရခြင်းကိုသာ ရှာဖွေခဲ့၏။ ၂၁။ သူ့အားမကြာမှီ ကျေနပ်နှစ်သက်ရစေလတ္တံ့။
ဓမ္မခန္ဓာ (၉၃) တောက်ပအလင်း
ဉာဏ်စဉ်ကိန်းဝပ်ပေးမှု အမှတ်စဉ် (၁၁)၊ သုတ်ဒေသနာ (၁၁)ပါး၊
ကရုဏာရှင် အကြင်နာရှင် ဖြစ်တော်မူသော ပရမတ်ဘုရားရှင်၏ ဂုဏ်တော်အားဖြင့်-
၁။ တောက်ပအလင်းအားဖြင့်- ၂။ ည အပေါ်ယံလွှမ်းကာခံရခြင်းအားဖြင့်- ၃။ ကံကြမ္မာရှင်သည် သင့်အားလျှစ်လျူရှုထားခြင်းမရှိ၊ ငြိုငြင်ခြင်းလည်းမရှိချေ။ ၄။ နောင်အဆင့်သည် သင့်အတွက် ပထမအဆင့်ထက် ပိုမိုကောင်းမွန်၏။
၅။ ကံကြမ္မာရှင်သည် သင့်အားကျေနပ်နှစ်သက်မှုကို လက်ဆောင်ပေးလတ္တံ့။
၆။ အရှင်သည် သင့်အားမိဘမဲ့အဖြစ် တွေ့တော်မူ၍၊ ခိုလှုံရာပေးခဲ့သည် မဟုတ်လော။ ၇။ အရှင်သည် သင့်အားဆရာစဉ်မှရှောင်နေသည်ကို တွေ့တော်မူ၍၊ လမ်းညွှန်ခဲ့ပြီ မဟုတ်လော။ ၈။ အရှင်သည် သင့်အားချို့တဲ့မှု၌ တွေ့တော်မူ၍၊ ပြည့်စုံစေခဲ့ပြီ မဟုတ်လော။
၉။ မိဘမဲ့တို့အားအညွန့်မကျိုးစေရန် အတွက်။ ၁၀။ တောင်းခံလာသူတို့ အားခွန်းတုံ့မလှန်ရန် အတွက်၊ ၁၁။ ကံကြမ္မာရှင်၏ ဂုဏ်ပေးခြင်းဖြင့် ဆင့်ပြန်ကြ လော့။
ဓမ္မခန္ဓာ (၉၄) ကျယ်ဝန်းစေခြင်း
ဉာဏ်စဉ်ကိန်းဝပ်ပေးမှု အမှတ်စဉ် (၁၂)၊ သုတ်ဒေသနာ (၈)ပါး၊
ကရုဏာရှင် အကြင်နာရှင် ဖြစ်တော်မူသော ပရမတ်ဘုရားရှင်၏ ဂုဏ်တော်အားဖြင့်-
၁။ ငါသည် သင်၏ ရင်ကို ကျယ်ဝန်းစေပြီ မဟုတ်လော။ ၂။ သင့်ထံမှ ဝန်ထုပ်ကို လျှော့ချပေးခဲ့ပြီ။ ၃။ ယင်းသည် သင်၏ ကျောကို ချိုးဖေါက်မတတ်ပင်။ ၄။ သင့်အားသတိတရရှိစေရန် ငါအရှင် မြှောက်စားခဲ့ပြီ။ ၅။ သို့ဖြင့်၊ ဧကန်ပင်- အခက်အခဲနှင့် အတူ လွယ်ကူမှုသည် ရှိ၏။ ၆။ ဧကန်ပင်- အခက်အခဲနှင့် အတူ လွယ်ကူမှုသည် ရှိ၏။
၇။ သို့ဖြစ်၍- စိတ်တော်လှန်ရေးလုပ် သောအခါ အားတင်းထားလော့။ ၈။ ကံကြမ္မာရှင် ဆီသို့သာ ဦးစားပေးကြလော့။
ဓမ္မခန္ဓာ (၉၅) ပညောင်သီး
ဉာဏ်စဉ်ကိန်းဝပ်ပေးမှု အမှတ်စဉ် (၂၈)၊ သုတ်ဒေသနာ (၈)ပါး၊
ကရုဏာရှင် အကြင်နာရှင် ဖြစ်တော်မူသော ပရမတ်ဘုရားရှင်၏ ဂုဏ်တော်အားဖြင့်-
၁။ ပညောင်သီး၊ သံလွင်သီးအားဖြင့်- ၂။ ဆိုင်းနိုင်းတောင် အားဖြင့်- ၃။ ဤ ယုံကြည်စိတ်ချရသော နေပြည်တော် အားဖြင့်-
၄။ မုချပင် ငါသည် လူသားအားအတင့်တယ်ဆုံးသော ရပ်တည်ချက်ရှိ ရန် ဖြစ်တည်စေခဲ့၏။ ၅။ တဖန် ငါသည် သူ့အားနိမ့်ပါးသော အနိမ့်ဆုံးသို့ ပြန်ပို့ခဲ့ ၏။ ၆။ သို့သော် ယုံကြည်လျက် ပြုပြင်ပြောင်းလဲခြင်းကျင့်ကြံသော သူများမပါ ချေ။ သူတို့အတွက် မျက်နှာမပျက်ရသော ဆုလဒ် ရှိ၏။
၇။ သို့ဖြင့် သာသနာထွန်းတောက် ပြီးနောက် သင့်အားမည်သူက ငြင်းဆန်နိုင်အံ့နည်း။ ၈။ ပရမတ်ဘုရားရှင်သည် ဓမ္မသတ်ချမှတ်ခြင်း၌ ဓမ္မသတ်ချုပ် မဟုတ်သလော။
ဓမ္မခန္ဓာ (၉၆) သွေးမျှော့ဥ
ဉာဏ်စဉ်ကိန်းဝပ်ပေးမှု အမှတ်စဉ် (၁)၊ သုတ်ဒေသနာ (၁၉)ပါး၊
ကရုဏာရှင် အကြင်နာရှင် ဖြစ်တော်မူသော ပရမတ်ဘုရားရှင်၏ ဂုဏ်တော်အားဖြင့်-
၁။ ကံကြမ္မာရှင်၏ ဂုဏ်တော်အားဖြင့် ရွတ်ဖတ်လော့၊ အရှင်သည် ဖြစ် တည်စေတော်မူ၏။ ၂။ လူသားကို သွေးမျှော့ဥမှ ဖြစ်တည်စေတော်မူ၏။
၃။ ကျက်သရေအရှိဆုံးသော ကံကြမ္မာရှင်အားဖြင့် ရွတ်ဖတ်လော့။ ၄။ အရှင်သည် ကလောင်တံအားဖြင့် သင်ကြားပေး၏။ ၅။ လူသားအားမသိခဲ့ရာမှ သင်ကြားပေး၏။
၆။ အမှန်မှာ၊ လူသားသည် စည်းဖျက်လေ့ရှိသည်မှာ- ၇။ သူ့ကိုယ်သူ ကုံလုံပြည့်စုံသည်ဟု မြင်သောကြောင့် ဖြစ်၏။ ၈။ ဧကန်ပင် အပြန်ခရီးမှာ ကံကြမ္မာ ရှင်၏ ထံသို့ပင်။
၉။ သင် မြင်တွေ့ပြီလော-သူ ဟန့်တားနေသည်မှာ- ၁၀။ အမှုတော်ဆောင် က ဝတ်ပြုသောအခါ-၁၁။ သင် မြင်တွေ့သလော- သူသည် လမ်းညွှန်၌ ရှိသည်ဟု-၁၂။ သို့မဟုတ် စည်းစောင့်ရန် ညွှန်ကြားနေသည်ဟု။
၁၃။ သင် မြင်တွေ့ပြီလော-သူသည် ငြင်းဆန်၏၊ ထို့နောက် လှည့်သွား၏၊-၁၄။ ပရမတ်ဘုရားရှင်သည် မြင်တွေ့နေသည်ဟု သူ မသိခဲ့သလော။
၁၅။ အမှန်မှာ- သူသည် မရပ်စဲလျှင်၊ သူ၏ ငယ်ထိပ်ကို ငါ ဆွဲဆောင့် လတ္တံ့။ ၁၆။ ငြင်းဆန်သူ၊ မှားပြစ်ရှိသူ၏ ငယ်ထိပ်ပင် ဖြစ်၏။
၁၇။ ထိုအခါ၊ သူ့အားဖိတ်ကြားခံများကို ဖိတ်စေလော့။ ၁၈။ သူရဲကောင်းတပ်ကို ငါ ဖိတ်ခေါ်လတ္တံ့။
၁၉။ အမှန်မှာ- သူ့အားမနာခံနှင့်။ ဦးချလျက် အပါးတော်သို့ ချည်းကပ် လော့။
ဓမ္မခန္ဓာ (၉၇) ဖွဲ့စည်းပုံ
ဉာဏ်စဉ်ကိန်းဝပ်ပေးမှု အမှတ်စဉ် (၂၅)၊ သုတ်ဒေသနာ (၅)ပါး၊
ကရုဏာရှင် အကြင်နာရှင် ဖြစ်တော်မူသော ပရမတ်ဘုရားရှင်၏ ဂုဏ်တော်အားဖြင့်-
၁။ ငါအရှင်သည် ၎င်းကို ဖွဲ့စည်းပုံပြဌာန်းသည့် ည၌ ချမှတ်ပေးတော် မူ၏။ ၂။ ဖွဲ့စည်းပုံပြဌန်းသည့် ညဟူသည် အဘယ်နည်းဟု သင် မည်သို့ မှန်းဆနိုင် မည်နည်း။ ၃။ ဖွဲ့စည်းပုံပြဌာန်းသည့် ညသည် လပေါင်းတစ်ထောင်ထက် ပို၍ ကောင်းမြတ်၏။ ၄။ ကံကြမ္မာရှင်၏ ခွင့်ပြုချက်ဖြင့် ညွှန်ကြားချက် ကိုယ်စီအတွက် နိမိတ်ဆောင်များနှင့် ဉာဏ်စဉ်တော်အားထို၌ ချမှတ်ပေးတော်မူ၏။ ၅။ လင်းရောင် ဖေါက်ထွက် အာရုဏ်တက်တိုင် ထိုအပေါ်၌ ငြိမ်းချမ်းသာယာခြင်းရှိစေလတ္တံ့။
ဓမ္မခန္ဓာ (၉၈) ရှင်းလင်းချက်များ
ဉာဏ်စဉ်ကိန်းဝပ်ပေးမှု အမှတ်စဉ် (၁၀၀)၊ သုတ်ဒေသနာ (၈)ပါး၊
ကရုဏာရှင် အကြင်နာရှင် ဖြစ်တော်မူသော ပရမတ်ဘုရားရှင်၏ ဂုဏ်တော်အားဖြင့်-
၁။ ကျမ်းစာ ဝိုင်းသားများမှ ဖုံးကွယ်သော သူများနှင့် ရောပြွန်းကိုးကွယ် သူများသည် သူတို့ထံသို့ ရှင်းလင်းချက်များပေးရောက်လာသည်ထိ လွတ်မြောက် ခြင်းမရှိခဲ့ချေ။
၂။ ပရမတ်ဘုရားရှင်ထံမှ ဉာဏ်စဉ်ဆောင်သည် သန့်စင်သော ပရပိုက် များကို ဖတ်ပြပြီ။ ၃။ ထို၌ တည်တံ့ခိုင်မြဲသော ကျမ်းစာများရှိ၏။ ၄။ ကျမ်းပေးခံရ သော သူများအတွင်းသူတို့ထံသို့ ရှင်းလင်းချက်များရောက်လာပြီးမှသာ ဂိုဏ်းခွဲ ကြကုန်၏။
၅။ သူတို့အား- ပရမတ်ဘုရားရှင်ကိုသာ ကိုးကွယ်ရန်၊ သာသနာရေး၌ သရဏဂုံတည်ရာတွင် အရှင့်ကိုသာ သန့်သန့်ဖြစ်စေရန်၊ ဝတ်ပြု မြဲကြရန်၊ အခွန် ငွေဖြူ ပေးကြရန်၊ ဤသာသနာသည်သာ တည်တံ့ခိုင်မြဲကြောင်းညွှန်ကြား၏။
၆။ ဧကန်ပင် ကျမ်းစာ ဝိုင်းသားများမှာ ဖုံးကွယ်သော သူများနှင့် ရောပြွန်းကိုးကွယ်သူများသည် အပူမီးငရဲဘုံ ထိုအတွင်း၌ ကာလမဲ့ စံစားရလတ္တံ့။ ထိုသူတို့သည် အဆိုးဝါးဆုံးပစ်ပယ်ခံများ ဖြစ်၏။
၇။ ဧကန်ပင် ယုံကြည်၍ ပြုပြင်ပြောင်းလဲမှု ကျင့်ကြံသောသူ၊ ထိုသူ တို့သည် အကောင်းဆုံးသော ကင်းသန့်သူများဖြစ်၏။
၈။ သူတို့အတွက် အစားပေးမှုမှာ ကံကြမ္မာရှင်၏ ထံပါး၌ ရှိ၍၊ အောက် ခင်း၌ စမ်းချောင်းရေသွင် စီးဆင်းနေသော တည်မြဲ သည့် ဥယျာဉ်များပင် ဖြစ်၏။ ထို၌ ထာ၀ရ ကာလမဲ့ စံစားရလတ္တံ့။ ပရမတ်ဘုရားရှင်သည် သူတို့အားကျေနပ် နှစ်သက်တော်မူ၏။ သူတို့ကလည်း၎င်းနှင့် စပ်လျဉ်း၍ ကျေနပ်နှစ်သက်မှု ရှိ၏။ ယင်းသည် ကံကြမ္မာရှင်အားကြောက်ရွံ့ ရိုကျိုးတတ်သူ အဘို့ ဖြစ်၏။
ဓမ္မခန္ဓာ (၉၉) ငလျှင်
ဉာဏ်စဉ်ကိန်းဝပ်ပေးမှု အမှတ်စဉ် (၉၃)၊ သုတ်ဒေသနာ (၈)ပါး၊
ကရုဏာရှင် အကြင်နာရှင် ဖြစ်တော်မူသော ပရမတ်ဘုရားရှင်၏ ဂုဏ်တော်အားဖြင့်-
၁။ မြေကမ္ဘာ၊ သူမအားလှုပ်ခါခြင်းဖြင့် လှုပ်ခံရသော အခါ။ ၂။ မြေကမ္ဘာ သည် သူမ၏ ဝန်ထုပ်အားထုတ်ပစ်သောအခါ။
၃။ “ဘယ်အရာ ဖြစ်သနည်း၊”ဟု လူသားက ပြောဆိုသောအခါ။ ၄။ ထိုနေ့ကာလ၌ သူမ ဆင့်ပြန်ရမည့် သူမ၏ ထုတ်ပြန်ချက်ရမည်မှာ- ၅။ ကံကြမ္မာရှင် က သူမအားအာရုံဖြစ်စေသောကြောင့် ဖြစ်၏။
၆။ ထိုနေ့ကာလ၌ လူသားတို့သည် သူတို့၏ ကျင့်ကြံမှုများကို မြင်တွေ့ ရအံ့ငှာ သီးခြားခွဲ၍ ရင်ဘောင်တန်းရလတ္တံ့။ ၇။ ပရမံနုမြူ အလေးချိန်မျှ ကောင်းမှု ကျင့်ကြံခဲ့သူသည် ၎င်းအားမြင်တွေ့ရလတ္တံ့။ ၈။ ပရမံနုမြူ အလေးချိန်မျှ ဆိုးမှု ကျင့်ကြံခဲ့သူသည်လည်း၎င်းအားမြင်တွေ့ရလတ္တံ့။
ဓမ္မခန္ဓာ (၁၀၀) စစ်ဦးဘီလူး
ဉာဏ်စဉ်ကိန်းဝပ်ပေးမှု အမှတ်စဉ် (၁၄)၊ သုတ်ဒေသနာ (၁၁)ပါး၊
ကရုဏာရှင် အကြင်နာရှင် ဖြစ်တော်မူသော ပရမတ်ဘုရားရှင်၏ ဂုဏ်တော်အားဖြင့်-
၁။ သက်လုံကောင်းသော စစ်ဦးဘီလူးများ- ၂။ မီးပွင့်ထွက်စေသော ပြောက်ကျားတပ်များ-၃။ နံနက်စ၌ ရှောင်တခင်ပြောင်းလဲပစ်သူများ- ၄။ ၎င်းအားဖြင့် အမှုံအမွှားများကို ဖွထုတ်ပစ်သူများ- ၅။ ၎င်းအားဖြင့် တပ်ပေါင်းစုကို အလယ် ဗဟိုမှခွဲပစ်သူများ-
၆။ ဧကန်ပင် လူသားသည် ကံကြမ္မာရှင် အတွက် ကျေးဇူးကန်းလှ၏။ ၇။ ဧကန်ပင် သူသည် ထိုအပေါ်၌ သက်သေသက်ကန် ဖြစ်၏။ ၈။ ဧကန်ပင် သူသည် အကောင်းကြိုက်ရာ၌ ပြတ်ပြတ်သားသားချစ်ခင်စုံမက်၏။ ၉။ သူ အသိ မရှိခဲ့ သလော- သင်္ချိုင်းတွင်းမှ ရှိရာတို့ လှန်ခံရသောအခါ၊ ၁၀။ ရင်ဘတ်တွင်းရှိသည်များကို ရုပ်လုံးပေါ်စေလတ္တံ့။
၁၁။ ဧကန်ပင် ထိုနေ့ကာလ၌ ကံကြမ္မာရှင်သည် သူတို့အားမြင်သိနေ တော်မူ၏။
ဓမ္မခန္ဓာ (၁၀၁) ကပ်ဆိုး
ဉာဏ်စဉ်ကိန်းဝပ်ပေးမှု အမှတ်စဉ် (၃၀)၊ သုတ်ဒေသနာ (၁၁)ပါး၊
ကရုဏာရှင် အကြင်နာရှင် ဖြစ်တော်မူသော ပရမတ်ဘုရားရှင်၏ ဂုဏ်တော်အားဖြင့်-
၁။ ကပ်ဆိုးကြီး- ၂။ ကပ်ဆိုးကြီးဟူသည်- ၃။ ကပ်ဆိုးကြီးဟူသည် အဘယ်နည်းဟု သင် မည်သို့ မှန်းဆနိုင်မည်နည်း။ ၄။ ထိုနေ့ကာလ၌ လူသားတို့ သည် ပလူကောင်များပမာ ပျံ့လွင့်လျက် ဖြစ်လတ္တံ့။ ၅။ တောင်တန်းများသည် ဖတ်ထားသော ဝါဂွမ်းဖတ်ကဲ့သို့ ဖြစ်ရလတ္တံ့။
၆။ သို့ဖြင့် ချိန်ခွင်လျှာ အလေးစီးသူ အတွက်မူ- ၇။ သူသည် ကျေနပ် နှစ်သက်သော ဘ၀ဖြင့် ဖြစ်ရလတ္တံ့။ ၈။ သို့ဖြင့် ချိန်ခွင်လျှာ အလေးပေါ့သော သူ အတွက်မူ- ၉။ လိုဘကြီးခြင်းမှာ သူ၏ မိခင်ဖြစ်ရလတ္တံ့။ ၁၀။ ၎င်းသည် အဘယ်နည်းဟု သင် မည်သို့ မှန်းဆနိုင်မည်နည်း။
၁၁။ ယင်းသည် အပူဟပ်နေသော မီးဖြစ်၏-။
ဓမ္မခန္ဓာ (၁၀၂) အူမြူးနေခြင်း
ဉာဏ်စဉ်ကိန်းဝပ်ပေးမှု အမှတ်စဉ် (၁၆)၊ သုတ်ဒေသနာ (၈)ပါး၊
ကရုဏာရှင် အကြင်နာရှင် ဖြစ်တော်မူသော ပရမတ်ဘုရားရှင်၏ ဂုဏ်တော်အားဖြင့်-
၁။ မြောက်များစွာက အူးမြူးနေစေသည်မှာ- ၂။ လှည့်ရင်းပတ်ရင်းဖြင့်- သချိုင်းထိတိုင် ဖြစ်၏။ ၃။ အမှန်မှာ- မကြာမှီ သင်တို့ သိကြရလတ္တံ့။ ၄။ တဖန် အမှန်ပင်- မကြာမှီ သင်တို့ သိလာကြရလတ္တံ့။ ၅။ အမှန်မှာ သင်တို့သည် ဒိဌ အသိပညာဖြင့် သိကြပါလေစ။ ၆။ သင်တို့သည် ငရဲမီးအားမြင်တွေ့ရလတ္တံ့။ ၇။ တဖန် သင်တို့သည် ၎င်းကို ဒိဌ မျက်လုံးဖြင့် မြင်တွေ့ရလတ္တံ့။ ၈။ တဖန် ထိုနေ့ ကာလ၌ ဂုဏ်တက်ခဲ့မှုများအတွက် မေးမြန်းစစ်ကြောခံရလတ္တံ့။
ဓမ္မခန္ဓာ (၁၀၃) အငွေ့ပျံခြင်း
ဉာဏ်စဉ်ကိန်းဝပ်ပေးမှု အမှတ်စဉ် (၁၃)၊ သုတ်ဒေသနာ (၃)ပါး၊
ကရုဏာရှင် အကြင်နာရှင် ဖြစ်တော်မူသော ပရမတ်ဘုရားရှင်၏ ဂုဏ်တော်အားဖြင့်-
၁။ အငွေ့ပျံခြင်းအားဖြင့်- ၂။ ဧကန်ပင် လူသားသည် ဆုံးရှုံးနေရခြင်း၌ ရှိ၏။ ၃။ သို့သော် ယုံကြည်လျှက် ပြုပြင်ပြောင်းလဲမှု ကျင့်ကြံ၍ အမှန်တရား၌ မှာကြားနေသူ၊ သည်းခံပါရမီကြီးရန် မှာကြားနေ သော သူတို့ မပါဝင်ချေ။
ဓမ္မခန္ဓာ (၁၀၄) ပုတ်ခတ်သူများ
ဉာဏ်စဉ်ကိန်းဝပ်ပေးမှု အမှတ်စဉ် (၃၂)၊ သုတ်ဒေသနာ (၉)ပါး၊
ကရုဏာရှင် အကြင်နာရှင် ဖြစ်တော်မူသော ပရမတ်ဘုရားရှင်၏ ဂုဏ်တော်အားဖြင့်-
၁။ ဂုဏ်သရေဖျက်သူ၊ ပုတ်ခတ်တတ်သူတိုင်းပျက်စီးရမည်သာတည်း။ ၂။ ဥစ္စာပစ္စည်းစုဆောင်းသောသူသည်၊ ရေတွက်နေ၍၊ ၃။ ဥစ္စာပစ္စည်းသည် ဖက်တွယ် စရာ ဟု သူ စိတ်ကူးယဉ်၏။
၄။ အမှန်မှာ-သူသည် အမှုန့်ကြိတ်စက်တွင်းသို့ စွန့်ပစ်ခံရလတ္တံ့။ ၅။ အမှုန့်ကြိတ်စက် ဟူသည် အဘယ်နည်းဟု သင် မည်သို့ မှန်းဆနိုင်မည်နည်း။
၆။ ပရမတ်ဘုရားရှင်က လောင်စာထည့်ထားသော အပူမီးပင် ဖြစ်၏။ ၇။ ၎င်းသည် စိတ်အာရုံများအပေါ် ထိုးဖေါက်တက်နေ၏။ ၈။ ၎င်းသည် သူတို့အားပိတ်ဆို့ထားမည်မှာ- ၉။ တိုးရွေ့နေသော မဏ္ဍိုင်များထဲ၌ ဖြစ်၏။
ဓမ္မခန္ဓာ (၁၀၅) ဆင်တပ်
ဉာဏ်စဉ်ကိန်းဝပ်ပေးမှု အမှတ်စဉ် (၁၉)၊ သုတ်ဒေသနာ (၅)ပါး၊
ကရုဏာရှင် အကြင်နာရှင် ဖြစ်တော်မူသော ပရမတ်ဘုရားရှင်၏ ဂုဏ်တော်အားဖြင့်-
၁။ ကံကြမ္မာရှင်သည် ဆင်တပ် ပေါင်းဖေါ်တို့အားမည်သို့ စီမံလိုက်သည် ကို သင် မမြင်သလော။ ၂။ အရှင်သည် သူတို့၏ ဗျူဟာများကို လွဲမှားခြင်း၌ စီစဉ်ခဲ့ သည် မဟုတ်လော။ ၃။ ထို့နောက် သူတို့အပေါ်သို့ ငှက်များကို အအုပ်အသင်းလိုက် စေစားခဲ့၏။ ၄။ သူတို့အပေါ်သို့ လှိမ့်စေသော ကျောက်တုံးများဖြင့် ပစ်ချ၍- ၅။ သို့ဖြင့် သူတို့အားစားဖတ် အလွင့်များကဲ့သို့ စီစဉ်လိုက်၏။
ဓမ္မခန္ဓာ (၁၀၆) ကိုရိုက်ခ်ျ လူမျိုး
ဉာဏ်စဉ်ကိန်းဝပ်ပေးမှု အမှတ်စဉ် (၂၉)၊ သုတ်ဒေသနာ (၄)ပါး၊
ကရုဏာရှင် အကြင်နာရှင် ဖြစ်တော်မူသော ပရမတ်ဘုရားရှင်၏ ဂုဏ်တော်အားဖြင့်-
၁။ ကိုရိုက်ခ်ျတို့၏ စည်းလုံးညီညွတ်မှု- ၂။ ဆောင်းရာသီ နွေရာသီတွင်းထုပ်ပိုးသွားလာသော သူတို့၏ စည်းလုံးညီညွတ်မှု- ၃။ သို့ဖြင့် သူတို့သည် ဤ ဝတ်ကျောင်းတော်၏ ကံကြမ္မာရှင်အားကိုးကွယ်ခဲ့မှုကြောင့်- ၄။ အရှင်သည် သူတို့ အားငတ်မွတ်ခြင်းမှ ကျွေးမွေးထား၏၊ ပူးဆွေးကြောက်ရွံ့ရခြင်းမှ ယုံကြည်မှု အပြည့်ပေးထား၏။
ဓမ္မခန္ဓာ (၁၀၇) ကိုယ်ချင်းစာစိတ်
ဉာဏ်စဉ်ကိန်းဝပ်ပေးမှု အမှတ်စဉ် (၁၇)၊ သုတ်ဒေသနာ (၇)ပါး၊
ကရုဏာရှင် အကြင်နာရှင် ဖြစ်တော်မူသော ပရမတ်ဘုရားရှင်၏ ဂုဏ်တော်အားဖြင့်-
၁။ သာသနာတော်အားငြင်းဆန်သောသူကို သင် မြင်သလော။ ၂။ ယင်းသည် မိဘမဲ့တို့အားဖိအားပေးဆက်ခံသောသူ- ၃။ နွမ်းပါးသူတို့အားကျွေးမွေးကြ ဟု မတိုက်တွန်းသူ-တို့ ဖြစ်၏။
၄။ သို့ဖြင့်- ဝတ်ပြုသူများသည် ပျက်စီးရမည်သားတည်း။ ၅။ သူတို့၏ ဝတ်ပြုခြင်း၌ လေးလေးနက်နက် မရှိသောသူ-၆။ မြင်ကောင်းစေလိုသော သူများသာ ဖြစ်ကြ၍-၇။ ကိုယ်ချင်းစာစိတ်လေးကိုပင် ဟန့်တားနေကြကုန်၏။
ဓမ္မခန္ဓာ (၁၀၈) အမြောက်အများ
ဉာဏ်စဉ်ကိန်းဝပ်ပေးမှု အမှတ်စဉ် (၁၅)၊ သုတ်ဒေသနာ (၃) ပါး၊
ကရုဏာရှင် အကြင်နာရှင် ဖြစ်တော်မူသော ပရမတ်ဘုရားရှင်၏ ဂုဏ်တော်အားဖြင့်-
၁။ ဧကန်ပင် ငါသည် သင့်အားမြောက်များစွာ လက်ဆောင်ပေးပြီ။ ၂။ သို့ဖြစ်၍ ကံကြမ္မာရှင်အတွက် ဝတ်ပြုလော့။ ပေးဆပ်လော့။ ၃။ ဧကန်ပင် သင့်အားရန်ညှိုးထားသူတို့သည် အညွန့်တုံးသွားရလတ္တံ့။
ဓမ္မခန္ဓာ (၁၀၉) ဖုံးကွယ်သူများ
ဉာဏ်စဉ်ကိန်းဝပ်ပေးမှု အမှတ်စဉ် (၁၈)၊ သုတ်ဒေသနာ (၆)ပါး၊
ကရုဏာရှင် အကြင်နာရှင် ဖြစ်တော်မူသော ပရမတ်ဘုရားရှင်၏ ဂုဏ်တော်အားဖြင့်-
၁။ ဟောလော့ “အို ဖုံးကွယ်မှောင်ချသူတို့- ၂။ သင်တို့ ကိုးကွယ်ရာကို ကျွန်ုပ် မကိုးကွယ်ချေ။ ၃။ သင်တို့သည်လည်းကျွန်ုပ်ကိုးကွယ်ရာကို ကိုးကွယ်သူ များမဟုတ်ကြ။
၄။ ထို့အပြင် ကျွန်ုပ်သည် သင်တို့ကိုးကွယ်ရာကို ကိုးကွယ်သူ မဟုတ် ချေ။ ၅။ သင်တို့သည်လည်းကျွန်ုပ်ကိုးကွယ်ရာကို ကိုးကွယ်သူများမဟုတ်ကြချေ။ ၆။ သင်တို့၏ သာသနာသည် သင်တို့အတွက်၊ ကျွန်ုပ်၏ သာသနာသည် ကျွန်ုပ် အတွက်ပင် ဖြစ်၏။”
ဓမ္မခန္ဓာ (၁၁၀) ထွက်ပေါက်
ဉာဏ်စဉ်ကိန်းဝပ်ပေးမှု အမှတ်စဉ် (၁၁၄)၊ သုတ်ဒေသနာ (၃)ပါး၊
ကရုဏာရှင် အကြင်နာရှင် ဖြစ်တော်မူသော ပရမတ်ဘုရားရှင်၏ ဂုဏ်တော်အားဖြင့်-
၁။ ပရမတ်ဘုရားရှင်၏ အကူအညီနှင့် ထွက်ပေါက် ရောက်လာစေသော အခါ ၂။ လူသားတို့သည် ပရမတ်ဘုရားရှင်၏ သာသနာတွင်းသို့ အုပ်စုလိုက် ဝင်လာကြသည်ကို သင် မြင်ရသောအခါ။ ၃။ ကံကြမ္မာရှင်အားရည်သန်စူးစိုက် ဦးထိပ်ထားလော့။ လွတ်ငြိမ်းဆုများပန်ကြလော့။ ဧကန်ပင် အရှင်သည် သင်ပုန်းချေပေးသော အရှင် ဖြစ်၏။
ဓမ္မခန္ဓာ (၁၁၁) မီးတောက်မီးလျှံ
ဉာဏ်စဉ်ကိန်းဝပ်ပေးမှု အမှတ်စဉ် (၆)၊ သုတ်ဒေသနာ (၅)ပါး၊
ကရုဏာရှင် အကြင်နာရှင် ဖြစ်တော်မူသော ပရမတ်ဘုရားရှင်၏ ဂုဏ်တော်အားဖြင့်-
ဓမ္မခန္ဓာ (၁၁၂) ဧကောဒိ
ဉာဏ်စဉ်ကိန်းဝပ်ပေးမှု အမှတ်စဉ် (၂၂)၊ သုတ်ဒေသနာ (၄)ပါး၊
ကရုဏာရှင် အကြင်နာရှင် ဖြစ်တော်မူသော ပရမတ်ဘုရားရှင်၏ ဂုဏ်တော်အားဖြင့်-၁း၁
၁။ ဟောလော့၊ အရှင်သည် ဧကောဒိ ပရမတ်ဘုရားရှင် ဖြစ်၏။ ၂။ အစိန္တယျ ပရမတ်ဘုရားရှင် ဖြစ်၏။ ၃။ ကိုယ်ပွားမရှိ၊ ကိုယ်ပွားမဟုတ်ချေ။ ၄။ အရှင်နှင့် ဂုဏ်ရည်တူဟူ၍ တစ်စုံတစ်ရာမျှ မရှိချေ။
ဓမ္မခန္ဓာ (၁၁၃) ရောင်ခြည်
ဉာဏ်စဉ်ကိန်းဝပ်ပေးမှု အမှတ်စဉ် (၂၀)၊ သုတ်ဒေသနာ (၅)ပါး၊
ကရုဏာရှင် အကြင်နာရှင် ဖြစ်တော်မူသော ပရမတ်ဘုရားရှင်၏ ဂုဏ်တော်အားဖြင့်-
၁။ ဟောလော့ “ကျွန်ုပ်သည် ရောင်ခြည်ဖြာစေသော ကံကြမ္မာရှင်ထံ၌ ခိုလှုံသည်မှာ-၂။ ဖြစ်တည်ပေးခြင်းတို့အနက် ဆိုးကျိုးများမှ ကင်းရန်- ၃။ အေးစိမ့် သော မှောင်ထု-ပြန့်ဖုံးစဉ် ၎င်း၏ ဆိုးကျိုးများမှ ကင်းရန်။ ၄။ အယူသည်းမှု၌ စိတ်ဓါတ်ရိုက်သွင်းခံရသော ဆိုးကျိုးများမှ ကင်းရန်။ ၅။ မနာလိုသူက မနာလိုဖြစ် စဉ် ထိုဆိုးကျိုးများမှ ကင်းရန်၊- ဖြစ်၏။
ဓမ္မခန္ဓာ (၁၁၄) ကလျဏပုတုဇဉ်
ဉာဏ်စဉ်ကိန်းဝပ်ပေးမှု အမှတ်စဉ် (၂၁)၊ သုတ်ဒေသနာ (၆)ပါး၊
ကရုဏာရှင် အကြင်နာရှင် ဖြစ်တော်မူသော ပရမတ်ဘုရားရှင်၏ ဂုဏ်တော်အားဖြင့်-
၁။ ဟောလော့ “ကျွန်ုပ် ခိုလှုံသည်မှာ- လူသားတို့၏ ကံကြမ္မာရှင်- ၂။ လူသားတို့၏ ဘုရင်- ၃။ လူသားတို့၏ ဘုရားရှင်” ၌ ဖြစ်၍ ၄။ တီးတိုးလှုံ့ဆော်သော ဂြိုလ်ကောင်တို့၏ ဆိုးကျိုးများမှ ကင်းရန်- ၅။ လူသားတို့၏ ရင်ဘတ်တွင်းသို့ တီးတိုးလှုံ့ဆော်သော ၆။ ထိုအန္ဓပုတုဇဉ်နှင့် ကလျာဏပုတုဇဉ်တို့မှ ကင်းရန် ဖြစ်၏။”
ဤတွင် ကုရ်အာန်ကျမ်းတော်- စဆုံးပြီး၏။
၂၀၂၄ တည်းဖြတ်ခြင်း

Add a Comment

Your email address will not be published. Required fields are marked *