The Holy Islam
အစ္စလာမ် သာသနာတော်
Islam Myanmar
သူတစ်ပါးကိုးကွယ်သော ဘုရားများကို မဆဲဆိုရ (ကုရ်အံ၆း၁၀၈)
Utica
United States
htaylwin
လေ့လာသင့်သော ကျမ်းတော်
ကျွန်ုပ်တို့၏ ညီအစ်ကိုမြန်မာများ။ အိမ်နီးချင်း ထိုင်း၊ လာ အို၊ ကမ်ဘူးရှားမှ အများစုသည် နူးညံ့သိမ် မွေ့၍ ပျူငှာ ယဉ် ကျေးသော အလေ့အထကို ပိုင်ဆိုင်သည်မှာ ပိဋက တော် လာ အဆုံးအမများကြောင့် ဖြစ်ခြင်းမှာ စေဒ၀င် ဘွယ် မရှိ ချေ။
ပိဋက ကျမ်းတော်သည် ကျွန်ုပ်တို့ လက်ခံယုံကြည်သော ကုရ်အံကျမ်းတော်နှင့် နှိုင်းယှဉ်လျှင် မြောက်များစွာ များ ပြား သော စာသားများ၊ အဆိုအမိန့်များ၊ စာအုပ်တွဲများ ဖြစ် သော် လည်း စာပေကို ချစ်တတ်သူ။ ဗဟုသုတကို လိုလား သူ။ ညီ အစ်ကိုများ လက်ခံယုံကြည်နေသည်မှာ မည်သည့် အယူ အဆ ၀ါဒ လမ်းစဉ် ဖြစ်လေသနည်းဟု စေတနာဖြင့် လေ့လာ လိုသူများအတွက် အကျိုးမယုတ်သော စာပေ ဖြစ်ပေသည်။
ယခုအခါ ပါဠိတော်များကို မြန်မာပြန်ရှိနေပြီဖြစ်၍ ဖတ်ရှု လေ့ လာရန်မှာလည်း လွယ်ကူလှပေသည်။
ဗုဒ္ဓ၏ သွန်သင်ခြင်းများမှ - ငါပြောတိုင်းလည်း မယုံနှင့်။ ဆရာ ပြောတိုင်းလည်း မယုံနှင့်။ ကျမ်းစာပြောတိုင်းလည်း မယုံနှင့် လက်တွေ့ဘ၀ဖြင့် စီစစ်တိုင်းတာလျှက် ကိုက်ညီ မှု ရှိမှ ယုံ ကြည်လိုက်နာကြလော့ -- ဟူသော ကလာမ သုတ်ကဲ့သို့ အဆိုအမိန့်များ။
ဘယ်အရာကိုမဆို မှန်ကန်စွာ ရှုမြင်တတ်ရန်၊ မှန်ကန်စွာ ဆင် ခြင်သုံးသပ်တတ်ရန် သွန်သင်သော မဂ္ဂင် ရှစ်ပါးမှ သမာဒိဌိ၊ သမာသင်္ကပ ကဲ့သို့ အဆိုအမိန့်များမှာ လူ့ လောက အတွက် အလွန်အကျိုးရှိသော သွန်သင်ခြင်းများ ဖြစ်ပေသည်။
မစီစစ်ဘဲ ကြိုတင်ဆုံးဖြတ်သောစိတ်
ကျွန်ုပ်တို့ အစ္စလာမ်သာသာန၀င် အများစု။ ခရစ်သာသနာ ၀င် အများစု။ ဗုဒ္ဓသာသနာဝင် အများစု၏ အစဉ်အလာ သိ မှတ် ထားသည်မှာ- ခရစ်ယာန်ကျမ်းစာနှင့် အစ္စလာမ်ကျမ်း စာသည် အလွန်တရာ တူညီနီးစပ်ကြောင်း၊ ဗုဒ္ဓကျမ်းဂန် များ နှင့် အစ္စလာမ်သွန်သင်မှုများမှာ စပ်ဟပ်၍ ကွဲပြားခြား နား ကြောင်း၊ ဗုဒ္ဓကျမ်းစာသည် ဟိန္ဒူကျမ်းများနှင့်သာ နီး စပ်မှု ရှိကြောင်း စသည်ဖြင့် ဖြစ်၏။
အမှန်တကယ်တွင် အစ္စလာမ့်ဒသနနှင့် ခရစ်ယာန် ဒသန များ သည် လွန်စွာကွဲပြား သကဲ့သို့။
ဗုဒ္ဓ ဒသနနှင့် ဟိန္ဒူ ဒသနများ၏ ဆက်စပ်မှု မှာလည်း ပြဒါး တစ်လမ်း သံ တစ်လမ်းပင် ဖြစ် ၏၊ ဟု ဆိုနိုင်ပါသည်။
မည်သည့်ဘာသာမှ မဆို ကျမ်းပြု ဆရာတော် များ၏ နောက်သို့သာ မျက်လုံးစုံမှိတ်လိုက်၍ ၄င်း တို့၏ တစ်ပိုင်း တစ်သော ကျမ်းချက် ဆွဲ ထုတ် ကိုးကားမှုများကို တရားသေလိုက် လျှက်- အဓိကကျမ်းကို သေချာစေ့ငှစွာ မလေ့ လာဘဲ ကြိုတင် ဆုံးဖြတ်သော စိတ်ဖြင့် ခံယူ ချက်ထားသူ တို့သည် မည်သည့် မျိုးဆက်ကိုမှ သူကောင်းပြုနိုင်လိမ့် မည် မဟုတ်ချေ။
အကယ်၍ အစွဲမထားသော စိတ်ဖြင့် လေ့လာ လျှင်။ ပိဋက တော် အဂ္ဂည သုတ်မှ ကမ္ဘာ၊ နေ၊ လေ၊ လူသား ဖြစ်တည် လာပုံ။ မြေဆီမြေနှစ်။ အပင် ကို မှီဝဲမိသောကြောင့် လူသား တို့ မြေ ကမ္ဘာ၌ ဘုန်းနိမ့်ခဲ့ရပုံ။ စသည်တို့မှာ ခရစ် ယာန်။ အစ္စလမ်တို့ အစဉ်အလာ နားလည် ထားသည့် အာဒံ (လူ သား) ဖြစ်ပေါ်လာရပုံ။ သူမတိုင်မှီ ကမ္ဘာ။ နေ။ လ ဖြစ် ပုံ လာပုံ။ အပင်ကို မှီဝဲ၍ ဘုန်းနိမ့်ရ ပုံများမှာ တင်ပြပုံ၊ ဒသန ကွာဟသော်လည်း- အခြေခံ တူညီမှု များကို တွေ့ရပေသည်။
အလားတူပင်- မလေ့လာ မစူးစမ်းဘဲ ရမ်းဆ ထင်မြင်ချက် ဖြင့် ကွာဟသည်ဟု စွပ်စွဲချက် များဖြစ်သည့် သံသရာ၏ အစ ကိစ္စမျိုးများ မှာလည်း ကျမ်းတော်များကို စေဒနာ ဖြင့် နှိုင်း ယှဉ် လေ့လာမှုမရှိဘဲ သုံးသပ်ခြင်းသာ ဖြစ် ပေသည်။ အင်္ဂုတ္ထိုရ်ပါဠိတော်တွင်- ဖေါ်ပြသော `ဤသံသရာသည် မသိအပ်သော၊ အစ ရှိ၏။´ ဆိုခြင်းမျိုးသည် ကုရ်အံကျမ်း တော်၏ သွန် သင်ချက်နှင့် အကြီးအကျယ် ကွာဟ ခြင်း မဟုတ်ပေ။
ကုရ်အံကျမ်းတော်တွင် မအပ်မရာသော ကိုး ကွယ် မှားများကို တားမြစ် သကဲ့သို့ ဓမ္မပဒ ၁၈၈ တွင်လည်း `တော၊ တောင်၊ ရေမြေ၊ သစ်ပင်၊ အဓိကရ စေတီပုထိုးများကို ကိုး ကွယ်ခြင်းသည် ကိုးကွယ်မှန်မဟုတ်။ ဒုက္ခ ခပ်သိမ်းမှ မ လွတ်မြောက်နိုင်ကြောင်း ဆိုဆုံးမထားခြင်းမျိုးမှာ တန်ဘိုး ကြီးလှသည် ဟု မသတ်မှတ်နိုင်ဘွယ် မရှိချေ။
ထိုသို့ပင် ပိဋကတော်၌ အခြားသော တန်ဘိုး ကြီးသည့် လူ့ယဉ်ကျေးမှု အမွေ အနှစ်များကို သွန်သင်ထားသည်မှာ အထင်အရှားပင် ဖြစ်ပေ သည်။
ပိဋကတော်၏ သမိုင်းကို ဗုဒ္ဓသာသနာ သမိုင်း သံဃာ ယနာ များ ခေါင်းစီးတွင် ကြည့်ပါ။
မိမိဘက်မှ နှလုံးသား တံခါးကို ပိတ်ထားလျှက် သူတစ်ပါးအား မိမိ၏ အယူဝါဒ ကိုသာ သွန်သင်လိုသူ၊ သာသနာပြုလိုသူမှာ အလွန် မိုက်ရိုင်းသော လူယုတ် မာ သာလျှင် ဖြစ်၏။
ဌေးလွင်ဦး
အချင်းချင်း အငြင်းပွားနေမယ့်အစား ကိုယ့်အလုပ်ကို ကိုယ်လုပ်ပါ။
လူ့အကျိုးပြု ပတ်ဝန်းကျင်အကျိုးပြု လုပ်ငန်းတွေ အများ အများကြီး စောင့်ဆိုင်းနေပါတယ်။
ကျမ်းမြတ်ကုရ်အံက “ကောင်းမှုများ၌ ပြိုင်ဆိုင်ကြလော့၊” လို့ သွန်သင်ထားပါတယ်။
Copyright 2008 Islam Myanmar! All Right Reserved
Islam Myanmar
သူတစ်ပါးကိုးကွယ်သော ဘုရားများကို မဆဲဆိုရ (ကုရ်အံ၆း၁၀၈)
Utica
United States
htaylwin